ကျော်မိုး (စကားဝါမြေ) ဒီဇင်ဘာ ၁၄၊ ၂၀၁၂   လက်တွင်ကိုင်ထား အဖေ့ဓားသည် အသွားလွန်ထက် ဖွေးလက်အရောင် ဂုဏ်ဆောင်သမိုင်း တို့တိုင်းတစ်ခွင် ပေါ်လွင်ထင်ရှား တန်ဘိုးထား၍ ပြည်သားပြည်သူ ဂုဏ်ယူ၏။ တန်ခိုးလျှံတောက် နတ်မောက်နယ်ဖွား ကျောင်းသားအရွယ် လူငယ်အောင်ဆန်း အရိုင်းပန်းသည် ခေတ်လမ်းကိုရှာ ပညာ သတ္တိ ဇွဲရှိ ရိုးသား တရားကိုပိုင် ဓားကိုကိုင်၍ နိုင်ငံအတွက် လုပ်ခဲ့၏။ သူ့ကျွန်ဘဝ လွတ်မြောက်ရဖို့ လက်ကဓားကိုင် အနိုင်ချေမှုန်း ပျက်သုဉ်းရန်သူ ရှင်လူဘဝ လွတ်လပ်ကြလည်း အဖအောင်ဆန်း ပြည့်ဦးပန်းက လူနှမ်းတစ်သိုက် လုပ်ကြံတိုက်စဉ် လက်၌ကိုင်ထား သူ၏ဓားကို ချထားအမွေ ပေးခဲ့လေ၍ အဖေထွက်ခွာ နတ်ရွာဆီ .... မသွေရက်ကြာ ဖြတ်ရာသီ.... အနေခက်လာ ရပ်ရွာပြည် .... အချေပျက်ကာ ငတ်ရှာပြီ [...]

Read more of this post