
တစ်ခါတုန်းက လူတစ်ယောက်ဟာ လက်ထပ်ပြီးစ သူ့ဇနီးနဲ့အတူ နေအိမ်ကို ပြန်လာခဲ့တယ် ။ သူတို့ဟာ အိမ်ကိုရောက်ဖို့အတွက် ကန်ကြီးတစ်ကန်ကို ဖြတ်ရတယ် ။ အဲဒီကန်ကြီးကို လှေတစ်စင်းနဲ့အတူ သူတို့ ဇနီးမောင်နှံ ဖြတ်ခဲ့ကြတယ် ။ ဒါပေမယ့် ရုတ်တရက် လေမုန်တိုင်းတွေ တိုက်လို့ ကန်ထဲမှာ လှိုင်းကြီးလှေကြီးဖြစ် လာခဲ့တယ် ။ အမျိုးသားဖြစ်သူက စိုးရိမ်ပူပန်တတ်သူဖြစ်ပြီး အမျိုးသမီးကတော့ အရမ်းကို ထိတ် လန့် ကြောက်ရွံ့နေခဲ့တယ် ။ သူတို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့ ။
လှေကလေးက သေးငယ်ပြီး လေမုန်တိုင်းကြောင့်ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးတွေကပိုပြီးကြီးမားပါတယ် ။ အချိန် မရွေး လင်မယားနှစ်ယောက်စလုံး နစ်မြုပ်သွားနိုင်တယ်မဟုတ်လား ။ ဒါပေမယ့် အမျိုးသားဖြစ်သူက တိတ်ဆိတ် စွာနဲ့ ၀မ်းနည်းနေတယ် ။ ငြိမ်သက်လို့ ငူငူငိုင်ငိုင်ဖြစ်နေခဲ့တယ် ။ ဘာမှမဖြစ်တော့သလိုပေါ့ ။
အမျိုးသမီးဖြစ်သူကတော့ တစ်ကိုယ်လုံးကြောက်လန့်မှုနဲ့ တုန်ခါနေခဲ့ပြီး အမျိုးသားဖြစ်သူကိုမေးတယ် ။ " ရှင်မကြောက်ဘူးလား "
ဒါငါတို့ဘ၀ရဲ့ နောက်ဆုံးအချိန်နဲ့တူတယ် ဟိုဖက်ကမ်းစပ် ကို ဘယ်လိုနည်းနဲ့မှပြန်မရောက်နိုင်တော့ဘူး အချို့သော အံ့သြဖွယ်ရာ အဖြစ်အပျက်တွေကသာ ငါတို့ကို ကယ်ဆယ်နိုင်လိမ့်မယ် ဒါမှမဟုတ်ရင် ငါတို့သေ မှာကျိန်းသေပဲ
" ရှင်မကြောက်ဘူးလား ရှင်ရူးသွားတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား ရှင်က ကျောက်တုံးတစ်တုံးလား တစ်ခုခုပဲ "
အမျိုးသားဖြစ်သူကရယ်မောလိုက်တယ် ပြီးတော့ ဓါးရှည်ကို ဓါးအိမ်ထဲကနေ ဆွဲထုတ်လိုက်တယ် ။ အမျိုးသမီးဖြစ် သူကပိုပြီးတော့ စိတ်ဝင်စားသွားတယ် ။ သူ ဘာလုပ်ဖို့လဲ ??
ပြီးတော့ သူက အဲဒီဓါးရှည်ကို အမျိုးသမီးရဲ့လည်ပင်းနားကို နီးကပ်စွာထိလိုက်တယ် ။ ပြီးတော့ ထိလုထိခင်လေး အထိ ဓါးကို ထားလိုက်ပြီးနောက်ဆုံးဓါးကို လည်ပင်းနဲ့ထိအောင် ထားလိုက်တယ် ။ ပြီးတော့မေး တယ် " မင်းကြောက်နေလား "
အမျိုးသမီးဖြစ်သူကရယ်မောလိုက်ပြီး ပြောတယ် ။ " ကျွန်မက ရှင့်ကိုဘာလို့ကြောက်ရမှာလဲ ဓါးက ရှင့်လက်ထဲ မှာပဲ ကျွန်မ ဘာလို့ ကြောက်ရမှာတုန်း ရှင်ကျွန်မကို ချစ်တာ သိနေတာပဲ "
အမျိုးသားက ဓါးကို ဓါးအိမ်ထဲပြန်ထည့်လိုက်တယ် ။ " အဲဒါ ငါ့အဖြေပဲ " လို့ ပြောလိုက်တယ် ။
" ငါ့ကို ဘုရားသခင်ကချစ်တယ်ဆိုတာငါသိတယ် မုန်တိုင်းက သူ့လက်ထဲမှာပဲ ငါလည်းဘာကြောင့်ကြောက်နေ ရမှာလဲ "
-------------------------------------------
ဘာတွေပဲ မုန်တိုင်းထန်လို့ ဘယ်လောက်ပဲ ဆိုးရွားမှုတွေကြုံတွေ့နေရပါစေ ကောင်းတာတွေဖြစ်လာဖို့ ဆိုတဲ့ အတွေး ကို တွေးပါ ။
အကယ်၍ ကျွန်တော်တို့ အခြေအနေဆိုးတွေက လွတ်မြောက်ခဲ့သည်ဖြစ်စေ မလွတ်မြောက်ခဲ့သည်ဖြစ်စေ ကျွန်တော် တို့ကောင်းဖို့ဆိုတာကို တွေးကြည့်ပါ ။ဘာကြောင့်လည်းဆိုတော့ အရာရာဟာ ဘုရားသခင် ရဲ့လက်ထဲမှာ ရှိနေပြီး ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်တော့မှ မှားယွင်းမှုတွေကို မဖန်တီးဘူး ။ ကျွန်တော်တို့ကသာ လမ်းမှားတွေကို လျှောက်ခဲ့ကြတာဖြစ်တယ် ။
ဒီပုံပြင်လေးရဲ့ သော့ချက်ကတော့ " လူတစ်ယောက်အတွက် ဘ၀မှာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ - ယုံကြည်မှု - ကို ဖော်ညွှန်းသွားခြင်းဖြစ်တယ် ။ ယုံကြည်မှု ဟာ သင့်ရဲ့ဘ၀ တစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် တယ် ။
သက်တန့်ချို
TRUST IN GOD အား မူရင်းအတိုင်း ဘာသာပြန်ခံစားသည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။