Re: [mrsorcerer:17959] Fwd: [aurorageneration] လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ

ချီဗွေက တရုတ်နှစ်ကူးပြီးတော့ ပြန်စ နေပြီ။ မြစ်ဆုံလည်း ပြန်လုပ်မယ်လို့  ကြားထားပါတယ်။ သတင်းသေချာရင် ပြန်ပြောပေးပါ့မယ်။

2012/2/4 htuthtut htut <htut18@gmail.com>
ခေါင်းမပါသော တကိုယ်ကောင်းဆန်သော
ဦးဆောင်မှုတွေရှိနေသရွေ့
အနုတ်လက္ခဏာတွေပဲပြနေပါလိမ့်မယ်။
ပွင့်လင်းမြင်သာမှုရှိသော အသိပညာအတတ်ပညာများဖြင့်ဦးဆောင်မှုဆိုတာ ?
(ပြင်ကြပါဗျာ စရိုက်တွေပြင်ကြပါ)

2012/2/4 PETER URE <mr.peterure@gmail.com>

---------- Forwarded message ----------
From: globallinn09 <globallinn09@gmail.com>
Date: 2012/2/4
Subject: [aurorageneration] လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ
To: mrsorcerer <mrsorcerer@googlegroups.com>, aurorageneration@googlegroups.com

ကျွန်တော်ဟာလျှပ်စစ်(၁)မှာတာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှုးတစ်ဦးပါ။
ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက ကျွန်တော်တို့ဌာန၊ကျွန်တော်တို့အစိုးရရဲ့
ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ် စီးပွါးရေးသမားတွေနဲ့တရုပ်
တွေနဲ့လက်ဝါးချင်းရိုက်တဲ့ကိစ္စတွေပါ။(၁၅-၁၂-၁၁)နေ့မှာလျှပ်စစ်(၁)၊အေးရှားဝါးနဲ့
စီပီအိုင်(တရုပ်)တို့ ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာစတင်အကောင်အထည်ဖော်ဘို့စာချုပ်
ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတယ်။(၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီးဦးဇော်မင်း
အမိန့်နဲ့ညွှန်ချုပ်ဦးကြီးစိုးကသူလက်မှတ်ထိုးခဲ့ရတယ်လို့ပြောပါတယ်။(၁၆-၁၂-၁၁)နေ့
မှာဒုသမ္မတ(၁)နဲ့ဒီစီမံကိန်းကိစ္စကိုတစ်နေ့လုံးအကြေအလည်ဆွေးနွေးကြတယ်။ဒါတွေ
အားလုံးကိုကျွန်တော်တို့ရဲ့ပြည်သူတွေကိုလုံးဝချမပြပါဘူး သတင်းစာမှာလည်းမဖေါ်ပြ
ပါဘူး၊ကျွန်တော်တို့အတတ်ပညာရှင်တွေကိုတောင်အသိပေးဆွေးနွေးခြင်းမပြုခဲ့ပါဘူး
ငါသိတယ် ငါတတ်တယ်၊ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ် ပြည်သူသဘော
တူစရာမလိုဘူးဆိုတဲ့သဘောပါ။ တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်
မဟုတ်ပါဘူး။မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက(၁)ခုပါ ဒီစီမံကိန်းကသမ္မတကိုယ်တိုင်
ရပ်ဆိုင်းကြောင်းကြေညှာထားတာပါ။မြစ်ဆုံရဲ့အထက်ဘက်မိုင်(၆၀)အကွာမေခမြစ်ပေါ်
မှာရှိပြီးမဂ္ဂါဝပ်(၃၄၀၀)ထုတ်မှာပါ။စာချုပ်စည်းကမ်းတွေကတော့အရင်စာချုပ်ထဲက
အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲကတစ်ခုဖြစ်တဲ့မြစ်ဆုံစီမံကိန်းမှာစိုက်ထုတ်
ခဲ့တဲ့ငွေပမာဏကို ကျန်(၆)ထဲခွဲထည့်လို့ငွေစာရင်းအရပြောင်းသွားတာဘဲကွာပါတယ်။
ပြည်သူသိသွားလည်းမြစ်ဆုံကိုလုပ်တာမဟုတ်ဘူးချီဖွေကိုလုပ်တာပါဆိုပြီးမလှိမ့်တစ်
ပတ် နဲ့ လိမ်ညာမုသားတွေပြောအုံးမှာပါ။ပြည်သူတွေမသိရင်တောင်မှတာဝန်သိဝန်
ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်းအသိပေးအုံးမယ်ဆိုတာသိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းကြီးတစ်ခုလုံးပါ၊မြစ်ဆုံလေးတစ်ခု
တင်မဟုတ်ပါဘူး၊ချီဖွေကိုလုပ်ရင်လည်းလူမှုရေးရော၊သဘာဝပတ်ဝန်းကျင်ရောထိခိုက်
ပျက်စီးမှာဘဲ၊အဲဒီနယ်ကလူမျိုးတွေရောသယံဇာတတွေရောအကုန် တရုပ်ကသိမ်းမှာဘဲ
ထွက်လာမယ့်လျှပ်စစ်ကလည်းတရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါးဦးထွန်းမြင့်နိုင်၊ဦးဇော်
မင်းနဲ့ဒုသမ္မတ၁တို့မိသားစုကော်မရှင်ရကောင်းစားရေးအတွက်ကချင်လူမျိုးနဲ့တိုင်းပြည်
သယံဇာတတွေရင်းလိုက်ရတာဘဲအဖတ်တင်မယ်။သမ္မတကြီးကိုပြောပေးပါဒီကိစ္စပွင့်
လင်းစွာပြည်သူကိုချပြပေးစေလိုပါတယ်။ကျွန်တော်တို့အတတ်ပညာရှင်တွေကိုကြေ
ညက်စွာဆွေးနွေးခွင့်ပြုပါ။ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့သက်ဆိုင်ရာအုပ်ချုပ်သူအဆင့်
ဆင့်ကိုသန့်ရှင်းကောင်းမွန်တဲ့အုပ်ချုပ်မှုမျိုးဆောင်ရွက်တတ်အောင်လေ့ကျင့်ပျိုးထောင်
 ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။

--
အေးချမ်း တည်ငြိမ်သော ဘ၀ကိုပိုင်ဆိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်

သူတို့တွေရှိရက်နဲ့ ဒါမျိုးတွေ ဖြစ်ရသလား။
                                                          ကိုပီတာ
                                                        စမ်းချောင်း
--
I pray for you. please pray for me.
                                    peter l ure

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။

Re: [aurorageneration] Online Mart <အိမ် ခြံမြေ ပိုင် ရှင် ကိုယ် တိုင် ရောင်း မည်၊>

အာ ရှတော် ၀င် ဘေး။ ကံမြင့် ကျောင်း
တိုက် တည် ရှိ သော လမ်း
အ လျား ပေ 85 အ နံ 60 ရှိ မြေ ကွက် ။ ပိုင် ရှင် ကိုယ် တိုင် ရောင်း မည်၊
တန် ဖိုး ငွေ သိန်း 2500 ကျပ်၊......စိတ်ဝင်စားပါသည်..joo453@gmail.comဆက်သွယ်ပါလား

2012/2/4 greendays.htoo <greendays.htoo@gmail.com>
သီရီ မင်္ဂလာ လမ်း ။ အိမ် အ မှတ် 20 ။ အာ ရှတော် ၀င် ဘေး။ ကံမြင့် ကျောင်း
တိုက် တည် ရှိ သော လမ်း
အ လျား ပေ 85 အ နံ 60 ရှိ မြေ ကွက် ။ ပိုင် ရှင် ကိုယ် တိုင် ရောင်း မည်၊
တန် ဖိုး ငွေ သိန်း 2500 ကျပ်၊

ကြံခင်း လမ်း ။ ပထ မ ထပ် 25 x 50 တိုက် ခန်း . ကာ လ တန် ဖိုး ငွေ သိန်း 480 ကျပ် ။

ဆက် သွယ် ရန် -  greendays.htoo@gmail.com သို့  ဆက် သွယ် မေး မြန်း နိုင် ပါ သည်၊

ဈေး ညှိ နှိုင်း နိုင် သည်၊

****************************************

စီး ပွား ရေး ။ ပ ညာ ရေး ။ အ လှ အ ပ ။ လူ အ သုံး အဆောင် ။ အလုပ် အ ကိုင်
ကြော် ငြာ များ ။ စသော မည့် သည့်စီး ပွား ရေး နှင့် သက် ဆိုင် သော လုပ်
ငန်း များ အား Online Mart တွင် ကြော် ငြာ နိုင် ပါ သည်၊ ရောင်း လို ။
ဝယ် လို သော အ ရာ များ အ သုံး အဆောင် များ ကို လည်း Online Mart သို့ 
Mail ပေး ပို့  ခြင်း ဖြင့် လုပ် ငန်း များ အား ပြီး မြောက် စေ နိုင် ပါ
သည်၊
ကြော် ငြာ ခြင်း နှင့် ပတ် သတ် ပြီး အ ခက် အ ခဲ တစ် စုံ တစ် ရာ ရှိ ပါ က
Admin greendays.htoo@gmail.com သို့  Mail ပို့  အကြောင်း ကြား နိုင် ပါ
သည်၊
ရောင်း လို ၀ယ် လို သူ များ မှ ဆက် သွယ် ရန် လိပ် စာ မ ဖော် ပြ လို ပါ
လျှင် လည်း Admin greendays.htoo@gmail.com သို့  Email ပေး ပို့  ပြီး
ဆက် သွယ် ရန် လိပ် စာ အား Group Address ဖြင့် သာ ဆောင် ရွက် ပေး ပါ
သည်၊
*************************************
Group သို့  member ၀င် လို ပါ လျှင်
http://groups.google.com/group/onlinemart/subscribe?hl=en >> Link ကို
နှိပ် ပြီး ၀င် ရောက် နိုင် ပါ သည်၊

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im   ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N  မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့   mail ပို့ ခြင်းဖြင့်  ၀င်နိုင်ပါတယ်။  group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။

[aurorageneration] Zombie (ဖုတ်ကောင်) ဆိုသည်မှာ

Zombie ( ဖုတ်ကောင် ) ဆိုသည်မှာ

          Zombie (ဖုတ်ကောင်) (ဟေတီဘာသာစကားဖြင့် Zonbi ၊ အာဖရိကတိုက် အင်ဂိုလာနိုင်ငံ အနောက်မြောက်ပိုင်းရှိ Mbundu ဘာသာစကားဖြင့် Nzumbe) ဆိုသည်မှာ လူသေကောင်အား စုန်းအတတ်၊ မှော်ပညာတို့ဖြင့်အသက်ပြန်လည်သွင်းပြီး ရှင်သန်ထမြောက်လာသော အလောင်းကောင်ကိုဆိုလိုသည်။ ထို့ပြင်အိပ်မွေ့ချခံထားရပြီး လမ်းလျှောက်နိုင်၍ ပတ်ဝန်းကျင် စေ့ဆော်မှုကို သိရှိသော်လည်း သတိလက်လွတ်ဖြစ်ကာ မိမိကိုယ်ကိုသတိမထားနိုင်သော သူများကိုလည်း Zombie ဟု သုံးနှုန်းသည်။ အဆိုပါ Zombie များသည် ၁၉ ရာစုမှစ၍ ထင်ရှားလာပြီး အထူးသဖြင့် ဥရောပနှင့် မြောက်အမေရိကဒေသတို့၏ ရိုးရာပုံပြင်များတွင် ဖုတ်ကောင်များအကြောင်း အများအပြားပါရှိခဲ့သည်။
          ယခုခေတ်တွင် Zombie (ဖုတ်ကောင်) များသည် ထိတ်လန့်သည်းဖိုဝတ္ထုများတွင် အများအပြား ပါဝင်လျက်ရှိသည်။ ၁၉၆၈ ခုနှစ်တွင် George A. Romero ရိုက်ကူးသော Night of the Living Dead ဇာတ်ကားမှစတင်၍ လူကြိုက်များခဲ့ပြီး အဆိုပါ Zombie (ဖုတ်ကောင်) များသည် များစွာသော စာအုပ်များ၊ ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းများတွင် ပါဝင်ခဲ့သည်။
          လတ်တလောအချိန်တွင် အဆိုပါဖုတ်ကောင်များပါဝင်သော ဇာတ်လမ်းများ၏ ဦးတည်ရာ သည် ပြောင်းလဲလျက်ရှိသည်။ ယခင် ဖုတ်ကောင်ဇာတ်လမ်းများသည် မှော်ပညာနှင့် စုန်းအတတ်များ ပါဝင်ပြီး ဖုတ်ကောင်အနည်းငယ်သာ ပါဝင်သော်လည်း ယခုဖုတ်ကောင်ဇာတ်လမ်းများသည် ဗိုင်းရပ်စ်ပိုး ပြန့်ပွားခြင်း ကြောင့် လူအမြောက်အမြား ဖုတ်ကောင်များ အဖြစ်သို့ ရောက်ရှိသွားသော ဇာတ်လမ်းများသို့ ဦးတည်ချက်ပြောင်းလျက်ရှိသည်။ ထိုသို့ပြောင်းလဲလာခြင်းမှာ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော အခြေအနေများကိုထင်ဟပ်ပြီး ဖုတ်ကောင်ဇာတ်လမ်းများကို ရေးသားလာသော ကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်တွင် AIDS ရောဂါ၊ SARS ရောဂါ နှင့် ကြက်ငှက်တုပ်ကွေးကဲ့သို့သော ဗိုင်းရပ်စ်ပိုးကိုအခြေခံသည့်ရောဂါများ အရှိန်အဟုန်နှင့် ပျံ့နှံလျက်ရှိခြင်းကြောင့် ဖုတ်ကောင် ဇာတ်လမ်းများအား ဗိုင်းရပ်စ်ပိုးအပေါ်အခြေခံ၍ ရေးသားလာကြခြင်း ဖြစ်သည်။ ထို့ပြင် သဘာဝဘေး အန္တရာယ်များ ကျရောက်မှုများပြားလာသောကြောင့် အဆိုပါအန္တရာယ်များကျရောက်လျှင် ကြုံတွေ့ ရမည့်အနေအထားများကိုလည်း ဖုတ်ကောင်ဇာတ်လမ်းများတွင် ထင်ဟပ်ဖော်ပြလျက်ရှိသည်။
          ဗိုင်းရပ်စ်ပိုးပျံ့နှံ၍ လူသားများအနည်းငယ်သာကျန်ရှိတော့သည့် အချိန်တွင်ဖြစ်ပေါ် တတ်သော လူသားတို့၏စိတ်ခံစားချက်၊ အနာဂတ်ရည်မှန်းချက်များ ပျောက်ဆုံးပြီး ဘေးအန္တရာယ်များ နှင့် ရင်ဆိုင်ရချိန်တွင် ဖြစ်ပေါ်တတ်သော လူသားတို့၏အနေအထား ၊ စိတ်ခံစားချက်နှင့် အန္တရာယ် ကျရောက်ချိန်တွင် သူတစ်ပါးအား ကူညီတတ်သော ကိုယ်ချင်းစာစိတ်ဓာတ်၊ ခေါင်းဆောင်မဲ့ နေချိန်တွင် ဦးဆောင်နိုင်မည့် ခေါင်းဆောင်ကောင်းအား ရှာဖွေခြင်းအစရှိသည့် လူသားတို့၏ ကမ္ဘာပျက်စီးသွားသော အခြေအနေ (Apocalyptic Event) တွင် လူသားတို့ ဘ၀ပြန်လည်ဦးမော့လာ စေရန် ထားရှိအပ်သော ရှင်သန်လွတ်မြောက်ရေးမူဝါဒ (Survivalism) ကို အဆိုပါ ဖုတ်ကောင် ဇာတ်လမ်းများတွင် အများအပြားမြင်တွေ့ရသည်။
          ထို့ပြင် ဖုတ်ကောင်အန္တရာယ်များကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်စေ ကမ္ဘာကြီးပျက်စီးလုနီးသော ၀ရုန်းသုန်းကား အခြေအနေမျိုးဖြစ်ပေါ်ပြီး လူသားများ အတိဒုက္ခ ရောက်ချိန်တွင် တစ်ဦးပေါ်တစ်ဦးကူညီစောင့်ရှောက်ခြင်း၊ ကိုယ်ချင်းစာစိတ်ထားရှိခြင်း၊ မိမိ တစ်ဦးတည်းကောင်းစားရေးကိုမကြည့်ဘဲ အခြားသူများအတွက် အနစ်နာခံဆောင်ရွက်ပေးခြင်း အစရှိသည့် ခေါင်းဆောင်ကောင်းစိတ်ဓာတ်များထားရှိရန် လိုအပ်ခြင်းသည်လည်း ဖုတ်ကောင် ဇာတ်လမ်းများကို ကြည့်ခြင်းဖြင့်သိရှိရသည်။ ထို့ကြောင့် ဖုတ်ကောင်ဇာတ်လမ်းများသည် ယခင်ကဲ့သို့ စိတ်ကူးယဉ်ဇာတ်လမ်းများမဟုတ်ဘဲ ကမ္ဘာပေါ်တွင် လက်ရှိကြုံတွေ့နေရသော ပြဿနာများကို ထင်ဟပ်ဖော်ပြလျက်ရှိသောကြောင့် သိရှိနားလည်ထားသင့်သော အကြောင်းအရာ ဇာတ်လမ်းများ ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါသည်။
Zombiemyanmarblog အား ၀င်ရောက်ကြည့်ရှုလိုပါက အောက်ပါ link မှတစ်ဆင့်ဝင်ရောက်နိုင်ပါသည်။

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။

[aurorageneration] Zombie (ဖုတ်ကောင်) နှင့် မြန်မာ့ဓလေ့

Zombie နှင့် မြန်မာ့ဓလေ့

           ဖုတ်ကောင်များ နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ  ပထမဦးဆုံးလွှင့်တင်တဲ့ blog ဖြစ်တယ်လို့ယူဆပါတယ်။ ဖုတ်ကောင်တွေနဲ့ ပတ်သက်လို့ ပရိသတ်များ ကြားဖူးနားဝရှိမှာပါ။ သရဲကားကြိုက်နှစ်သက်တဲ့သူတွေဆို ပိုပြီးတော့ သိမှာပေါ့။ ဖုတ်ကောင်တွေပါတဲ့ ရုပ်ရှင်ကားတွေကို ကြည့်ဖူး ကြမယ်ထင်ပါတယ်။ ဖုတ်ကောင်တွေပါဝင်တဲ့ နာမည်ကြီးရုပ်ရှင်ကား တွေကတော့ Resident Evil ရုပ်ရှင်ကား တွေပါပဲ။ အဲဒီရုပ်ရှင်က ဂိမ်းလဲရှိတော့ ဂိမ်းဝါသနာရှင်တွေ တော်တော် များများသိကြမှာပါ။ ဆော့လို့ကောင်းတဲ့ ဂိမ်းအမျိုးအစားတွေထဲမှာ ပါတယ်လေ။ ပြီးတော့ Plant Vs Zombie ဆိုတဲ့ ဂိမ်းဟာလည်း ၂၀၀၉ ခုနှစ်ကစပြီး အခုချိန်ထိ ကလေး၊ လူငယ်၊ လူကြီး အားလုံးကြိုက်နှစ်သက်ပြီး ဆော့ကစားနေကြတဲ့ ဂိမ်းဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တဲ့ ဖုတ်ကောင်တွေဆိုတာကတော့ အဲဒီဂိမ်းလေး ထဲမှာပါတဲ့ Zombie ဆိုတဲ့ ခြေထောက် ထော့နဲ့ထော့နဲ့ အကောင်လေးတွေပါပဲ။
          ဂိမ်းထဲမှာတော့ ကလေးတွေမကြောက်ဖို့နဲ့ အပျင်းပြေ ဆော့လို့ရအောင် ဟာသလုပ်ပြီး ပုံဆွဲထားတာ ပေါ့။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ လူကြီးတွေက သရဲပုံပြင် ပြောပြီ ဆိုရင် တစ္ဆေ၊ တဘက်၊ ကြတ်၊ စုန်းအစရှိတဲ့ သရဲတွေအကြောင်းပဲပြောတာ များပါတယ်။ ဖုတ်ကောင် အကြောင်းပြောတာ တော်တော်ကြီးကို နည်းပါတယ်။ ဖုတ်ကောင်အကြောင်းလို့ ဆိုလိုက်တာနဲ့ သေကာနီး လူမမာဆီကို ၀င်ပူးတဲ့ သရဲအကြောင်း တွေပဲများပါတယ်။ သရဲက လူမမာကိုယ်ထဲ ၀င်ပူးပြီးတော့ ညကျရင် အစားအသောက်တွေခိုးစားတဲ့အကြောင်း၊ မနက်ကျရင် ညောင်းတယ်ဆိုပြီး နှိပ်ခိုင်း ပြီးတော့ အသားချင်းကပ်ရင် သွေးစုပ်တဲ့အကြောင်း၊ ဖုတ်ကို ထွက်စေချင်ရင် သြဇာရွက်တို့၊ ဖဲချပ်တို့၊ ဘုရားအုတ်နီခဲတို့ကို ဖျာအောက်သွင်းထားရမယ်ဆိုတဲ့ အကြောင်း၊ ဖုတ်ထွက်သွားပြီးရင် ချက်ချင်းပဲ လူမမာကြီးက ပုပ်ပွသွားတဲ့အကြောင်း စတဲ့အကြောင်းတွေကိုပဲ နားထောင် ခဲ့ရပါတယ်။
          လူကြီးတွေကတော့ ရပ်ကွက်ထဲမှာပဲ ဖြစ်ခဲ့သလိုလို၊ သူတို့ကိုယ်တိုင်ပဲ ကြုံခဲ့သလိုလိုနဲ့ ပြောကြ တာပေါ့။ ဒါပေမယ့် ကလေးတွေကို ကြောက်အောင်ခြောက်တာတွေ များပါတယ်။ မမြင်ရတဲ့ အရာတွေနဲ့ ကလေးတွေကို အကြောက်တရား ပိုများသွားအောင် ခြောက်တဲ့ သဘောမျိုးပါပဲ။ ညဘက်အပြင်ထွက်ကစားရင် ထိခိုက်မိမှာစိုးလို့ အမှန်မပြောဘဲ မှောင်ရင် သရဲလာမယ်လို့ ကလေးတွေစိတ်ထဲကို ရိုက်သွင်းပေးခဲ့ကြပါတယ်။ အဲဒီတော့ ကလေးတွေမှာ မှောင်ရင်လည်းကြောက်၊ တစ်ယောက်တည်းနေရင်လည်းကြောက်၊ အိပ်မပျော်ရင်လည်း ဟိုတွေးဒီတွေးနဲ့ကြောက်၊ အပင်ကြီးကြီး တွေ့လဲကြောက်၊ အသံကျယ်ကျယ်ကြားလဲကြောက် အကြောက်သံသရာကြီးထဲမှာ တစ်ဝဲလည်လည်ဖြစ် နေတာပေါ့။ အဲဒီလွန်အကြောက်လွန်တတ်တဲ့ ကလေးတွေ က လူကြီးဖြစ်တဲ့အထိ ကြောက်တတ်ပါတယ်။ အဖိုးကြီး၊ အဖွားကြီးဖြစ်တဲ့အထိလည်း ကြောက်ဦးမှာပါပဲ။ သရဲကို ကြောက်တာဟာ သွေးသံရဲရဲကို ကြောက်တာနဲ့ မဆိုင်ပါဘူး။ အမှောင်ကို ကြောက်တာကလည်း စိတ်ရောဂါတစ်မျိုးပါ။ သရဲကို ကြောက်တယ်ဆိုတာ မမြင်ဘူးတဲ့ဟာကို စိတ်ထဲက မှန်းဆပြီး ကြောက်နေတာပါပဲ။ ဟိုအပင်အောက် မသွားရဲ၊ သချိုင်္င်းကုန်း မဖြတ်ရဲ၊ လူသေကောင်ကိုမကြည့်ရဲတာတွေဟာ လူကြီးတွေရဲ့ မှားယွင်းတဲ့ဆုံးမမှု တွေကြောင့်ပါ။ နောက်တစ်ချက်ကတော့ မြန်မာပြည်မှာ ထုတ်ဝေနေတဲ့ ထိတ်လန့်သည်းဖို ၀တ္ထုတွေ ကြောင့်ပါ။
          မြန်မာပြည်မှာထုတ်တဲ့ သရဲဝတ္ထုတွေ ကလည်း တစ္ဆေ၊ သရဲ၊ ဘီလူး စတဲ့ အကြောင်းတွေ ပဲပါပြီး ဖုတ်ကောင်အကြောင်းတော့ ဘယ်စာအုပ်ထဲမှာမှ မတွေ့မိပါဘူး။ အဲဒီလိုဖြစ်ရတာဟာ ဆင်ဆာကြောင့် လို့လည်းထင်ပါတယ်။ ဖုတ်ကောင်ဇာတ်လမ်းတွေဟာ များသောအားဖြင့် ၀ရုန်းသုံးကားနဲ့ မြို့ပျက်၊ ကမ္ဘာပျက်တာတွေများတော့ မြန်မာပြည် ဆင်ဆာအဖွဲ့က အဲဒီလိုဇာတ်လမ်းဝတ္ထုမျိုးတွေ ထုတ်ဝေခွင့်ပေးမှာ မဟုတ်ပါဘူး။ စာအုပ်တောင် ထုတ်ဝေခွင့်မပေးမှတော့ ရုပ်ရှင်ဇာတ်လမ်းဆိုတာ စဉ်းစားလို့တောင် မရတော့ပါဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့တွေ ထိတ်လန့်သည်းဖို ၀တ္ထုတွေ ဖတ်လိုက်ရင် ဂမ္ဘီရဆန်ဆန် အကြောင်းနဲ့ သရဲလိုလို နတ်လိုလိုအကြောင်းတွေပဲ ဖတ်နေရတာပါ။ စာအုပ်လေးတွေက ပါးရတဲ့ အထဲ ဇာတ်လမ်းနဲ့ ဘာမှ မဆိုင်တဲ့ ဂမုန်းအကြောင်းကို စာမျက်နှာ ၂၀ လောက်ထည့်ထားတာတွေလည်း ဖတ်ဖူးပါတယ်။ ပြီးတော့ ဇာတ်လမ်းတွေက ဆန်းသစ်မှုမရှိပါဘူး။ ဖော်မြူလာ ပုံသေနည်းနဲ့ သွားနေတဲ့ ဇာတ်လမ်းတွေပါပဲ။ နောက်ဆုံးမှာ လောဘဇောတိုက်တဲ့သူတွေက သေပြီး မင်းသားက မင်းသမီးနဲ့ ညားသွားတယ်ဆိုတာပဲ များပါတယ်။
          အဲဒီစာအုပ်တွေထဲမှာပါတဲ့ ဒဿနတွေကလည်း ရှေးရှေးတုန်းက ပါပြီးသား ဒဿနတွေပါပဲ။ ထိုးဖောက်တဲ့ အတွေးအမြင် တစ်ခုမှ မပါဝင်ပါဘူး။ အဲဒီလို စာအုပ်မျိုးတွေပဲ ဖတ်နေလို့ကတော့ ကျွန်တော်တို့ လူမျိုးရဲ့ အတွေးအခေါ်တွေ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်အဓိကပြောချင်တဲ့ အကြောင်းကတော့ ထိတ်လန့်သည်းဖိုဝတ္ထုတွေ ဖတ်ရတာခြင်း အတူတူ ဖော်မြူလာပုံသေနည်းတွေနဲ့ မဲပြာပုဆိုးအကြောင်းအရာတွေပဲ ပါတဲ့ဝတ္ထုတွေပဲ ဖတ်နေရတာထက်စာရင် ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ တင်ပြပုံသစ်လွင်တဲ့ ၀တ္ထုမျိုးကို ဖတ်ရတာကောင်းပါတယ်။ မြန်မာပြည်ထိတ်လန့်သည်းဖိုဝတ္ထုလောကမှာတော့ လတ်တလော ဆန်းသစ်တဲ့ အတွေးအခေါ်အချို့ကို ချပြနေတာကတော့ စာရေးဆရာ သတိုးတေဇပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူလည်း ဆင်ဆာနဲ့ ငြိစွန်းနေတဲ့အတွက် ဖုတ်ကောင်ဝတ္ထုတွေကို မထုတ်ဝေနိုင်ပါဘူး။ အဲဒါကြောင့်မို့လို့ မြန်မာပြည်မှာ ဖုတ်ကောင်နဲ့ ပတ်သက်တဲ့ ရုပ်ပြတွေ၊ ၀တ္ထုတွေ တစ်ခုမှ မရှိသေးပါဘူး။ Website တွေ၊ blog တွေလည်း မရှိသေးပါဘူး။ ဒါကြောင့် မြန်မာပြည်မှာ ဖုတ်ကောင်ဇာတ်လမ်းကောင်းတွေ ပေါ်ထွက်လာနိုင်အောင် Zombie မြန်မာ blog ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
          ဒီ blog ထဲမှာ ဖုတ်ကောင်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဖုတ်ကောင် အမျိုးအစားတွေ၊ ဖုတ်ကောင်တွေကို ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတဲ့ အချက်တွေ၊ ဖုတ်ကောင်တွေ လက်ထဲက ဘယ်လို လွတ်မြောက်အောင် ပြုလုပ်ရမလဲဆိုတဲ့ အချက်တွေ၊ ဖုတ်ကောင်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်၊ ဂိမ်းစတဲ့ အကြောင်းအရာတွေကို တတ်နိုင်သမျှ စုံလင်အောင် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Blog ကို ၀င်ရောက်ကြည့်ရှုလိုပါက အောက်ပါ link မှတစ်ဆင့် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။

Fwd: [aurorageneration] လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ

---------- Forwarded message ----------
From: globallinn09 <globallinn09@gmail.com>
Date: 2012/2/4
Subject: [aurorageneration] လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ
To: mrsorcerer <mrsorcerer@googlegroups.com>, aurorageneration@googlegroups.com

ကျွန်တော်ဟာလျှပ်စစ်(၁)မှာတာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှုးတစ်ဦးပါ။
ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက ကျွန်တော်တို့ဌာန၊ကျွန်တော်တို့အစိုးရရဲ့
ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ် စီးပွါးရေးသမားတွေနဲ့တရုပ်
တွေနဲ့လက်ဝါးချင်းရိုက်တဲ့ကိစ္စတွေပါ။(၁၅-၁၂-၁၁)နေ့မှာလျှပ်စစ်(၁)၊အေးရှားဝါးနဲ့
စီပီအိုင်(တရုပ်)တို့ ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာစတင်အကောင်အထည်ဖော်ဘို့စာချုပ်
ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတယ်။(၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီးဦးဇော်မင်း
အမိန့်နဲ့ညွှန်ချုပ်ဦးကြီးစိုးကသူလက်မှတ်ထိုးခဲ့ရတယ်လို့ပြောပါတယ်။(၁၆-၁၂-၁၁)နေ့
မှာဒုသမ္မတ(၁)နဲ့ဒီစီမံကိန်းကိစ္စကိုတစ်နေ့လုံးအကြေအလည်ဆွေးနွေးကြတယ်။ဒါတွေ
အားလုံးကိုကျွန်တော်တို့ရဲ့ပြည်သူတွေကိုလုံးဝချမပြပါဘူး သတင်းစာမှာလည်းမဖေါ်ပြ
ပါဘူး၊ကျွန်တော်တို့အတတ်ပညာရှင်တွေကိုတောင်အသိပေးဆွေးနွေးခြင်းမပြုခဲ့ပါဘူး
ငါသိတယ် ငါတတ်တယ်၊ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ် ပြည်သူသဘော
တူစရာမလိုဘူးဆိုတဲ့သဘောပါ။ တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်
မဟုတ်ပါဘူး။မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက(၁)ခုပါ ဒီစီမံကိန်းကသမ္မတကိုယ်တိုင်
ရပ်ဆိုင်းကြောင်းကြေညှာထားတာပါ။မြစ်ဆုံရဲ့အထက်ဘက်မိုင်(၆၀)အကွာမေခမြစ်ပေါ်
မှာရှိပြီးမဂ္ဂါဝပ်(၃၄၀၀)ထုတ်မှာပါ။စာချုပ်စည်းကမ်းတွေကတော့အရင်စာချုပ်ထဲက
အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲကတစ်ခုဖြစ်တဲ့မြစ်ဆုံစီမံကိန်းမှာစိုက်ထုတ်
ခဲ့တဲ့ငွေပမာဏကို ကျန်(၆)ထဲခွဲထည့်လို့ငွေစာရင်းအရပြောင်းသွားတာဘဲကွာပါတယ်။
ပြည်သူသိသွားလည်းမြစ်ဆုံကိုလုပ်တာမဟုတ်ဘူးချီဖွေကိုလုပ်တာပါဆိုပြီးမလှိမ့်တစ်
ပတ် နဲ့ လိမ်ညာမုသားတွေပြောအုံးမှာပါ။ပြည်သူတွေမသိရင်တောင်မှတာဝန်သိဝန်
ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်းအသိပေးအုံးမယ်ဆိုတာသိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းကြီးတစ်ခုလုံးပါ၊မြစ်ဆုံလေးတစ်ခု
တင်မဟုတ်ပါဘူး၊ချီဖွေကိုလုပ်ရင်လည်းလူမှုရေးရော၊သဘာဝပတ်ဝန်းကျင်ရောထိခိုက်
ပျက်စီးမှာဘဲ၊အဲဒီနယ်ကလူမျိုးတွေရောသယံဇာတတွေရောအကုန် တရုပ်ကသိမ်းမှာဘဲ
ထွက်လာမယ့်လျှပ်စစ်ကလည်းတရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါးဦးထွန်းမြင့်နိုင်၊ဦးဇော်
မင်းနဲ့ဒုသမ္မတ၁တို့မိသားစုကော်မရှင်ရကောင်းစားရေးအတွက်ကချင်လူမျိုးနဲ့တိုင်းပြည်
သယံဇာတတွေရင်းလိုက်ရတာဘဲအဖတ်တင်မယ်။သမ္မတကြီးကိုပြောပေးပါဒီကိစ္စပွင့်
လင်းစွာပြည်သူကိုချပြပေးစေလိုပါတယ်။ကျွန်တော်တို့အတတ်ပညာရှင်တွေကိုကြေ
ညက်စွာဆွေးနွေးခွင့်ပြုပါ။ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့သက်ဆိုင်ရာအုပ်ချုပ်သူအဆင့်
ဆင့်ကိုသန့်ရှင်းကောင်းမွန်တဲ့အုပ်ချုပ်မှုမျိုးဆောင်ရွက်တတ်အောင်လေ့ကျင့်ပျိုးထောင်
 ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။

--
အေးချမ်း တည်ငြိမ်သော ဘ၀ကိုပိုင်ဆိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်

သူတို့တွေရှိရက်နဲ့ ဒါမျိုးတွေ ဖြစ်ရသလား။
                                                          ကိုပီတာ
                                                        စမ်းချောင်း
--
I pray for you. please pray for me.
                                    peter l ure

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။

[aurorageneration] Zombie ဖုတ်ကောင်များအကြောင်း

Zombie ဖုတ်ကောင်များအကြောင်း

ဒီနေ့ကြည့်နေကြတဲ့ နိုင်ငံခြား ဗီဒီယိုရုပ်ရှင်တွေထဲက zombie ( ဖုတ်ကောင် ) များအကြောင်း သိကောင်းစရာများ ကိုဖော်ပြထားတဲ့ blog ဖြစ်ပါတယ်။ ဖုတ်ကောင်ဆိုတာ တကယ်ရှိမရှိ၊ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ငြင်းခုန်ဖို့မဟုတ်ပါဘူး.. ရုပ်ရှင်တွေထဲမှာတော့ တကယ်လို့ဖြစ်လာခဲ့ရင်သာ ဘယ်လိုရင်ဆိုင် ရှင်သန်ကျန်ရစ်မလဲဆိုတာကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်လမ်း တွေ ဖြစ်ပါတယ်… စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကြည့်ရှုရတာ အပျင်းလည်းပြေသလို စိတ်ကူး ဥာဏ်ထပ်ဆင့်ကွန့်မြူးဖို့လည်း ကောင်းပါတယ်။။ ဖုတ်ကောင်တွေနဲ့ ပတ်သက်ပြီး မြန်မာ ၀တ္ထုတွေမရှိသေးတာက တစ်ကြောင်း.. သူငယ်ချင်းများ အပျင်းပြေစေဖို့အတွက်က တစ်ကြောင်း ..စတဲ့ အကြောင်းများကြောင့် ဒီ blog ကို ပြုလုပ်ခဲ့ပါတယ်….စိတ်ပါဝင်စားသူများအတွက် ဖုတ်ကောင် အကြောင်းများနဲ့ အပျင်းပြေ ဂိမ်းများကို တင်ပေးထားပါတယ်…..အောက်ပါ link မှ ကြည့်ရှုနိုင်ပါတယ်…….

http://zombiemyanmar.blogspot.com/