|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
Daily Newsletter
[mrsorcerer:18231] လူတန်းစားဝါဒ
လူတန်းစားဝါဒ
ဒီမိုကရေစီ ၊ ဆိုရှယ်လစ် ၊ ကွန်မြူနစ်၊ ဒီမိုကရက်တစ်၊ စတဲ့ နိုင်ငံရေး အခေါ်အဝေါ်များကို ကြားဖူးသော်လည်း ကျွန်တော်ထဲထဲဝင်ဝင် နားမလည်ပါ။ မည်သည့်စနစ်က မည်သည့်လူတန်းစားကို အကျိုးပြုစေသလဲဆိုတာ ကိုလည်း မသိပါ။
ကျွန်တော်သိထားတာကတော့ လူတန်းစားသုံးမျိုးရှိပါသည်။ ယင်းတို့မှာ အာဏာနှင့် လုပ်ပိုင်ခွင့်တို့ ကိုချုပ်ကိုင် ထားသော အုပ်ချုပ်သူလူတန်းစား။ ငွေ ကြေးချမ်းသာကြွယ်ဝသော ဓနရှင် လုပ်ငန်းရှင် လူချမ်းသာလူတန်းစားနှင့် သာမန် လက်လုပ်လက်စား တောင်သူလယ်သမား ဝန်ထမ်း စသော အခြေခံ လူတန်းစားတို့ပင်ဖြစ်ပါသည်။
နိုင်ငံရေးသမားများ ကျင့်သုံးသော စနစ်တစ်ခုသည် လူတန်းစားတစ်ရပ်ရပ် ကို လွန်ကျူးစွာ အကျိုးသက်ေ၇ာက်အောင် ပံ့ပိုးမှုကြီးစွာ သက်ရောက်နေပါက ထိုစနစ်ကို မကြိုက်ပါ။ လူတန်းစားအားလုံး သည် လောကကြီးတွင် သူ့နေရာနှင့်သူ အသုံးဝင်ကြသည်သာဖြစ်သည်။ အာဏာရှင်စနစ် နှင့် အရင်းရှင်စနစ် တို့ကိုတော့ အထူးပြောစရာမလိုပါ။ လူနည်းစုက လူအများစုကို အနိုင်ကျင့် ဗိုလ်လုပ် ဂုတ်သွေးစုတ် သောစနစ်ဖြစ်ရု် ထိုစနစ်မကောင်းကြောင်းကို ကားအားလုံးသိပြီးဖြစ်သည်။ သို့ရာတွင် ဆင်းရဲသားလူထုကို ဦးစားပေးလွန်းသော စနစ်သည်လည်း ကောင်းကျိုးမပေးကြောင်းကိုကား သတိထားသင့်ရု် ပြောလိုပ်ါသည်။
ကျွန်တော်ပြောဆိုလိုသည့် အဓိပ္ပါယ်ကို ပိုမိုပေါ်လွင်လာစေအောင် ဖြစ်ရပ်မှန်တစ်ခုကို ဥပမာပေးရု် ပြောကြားလိုပါသည်။ ကျွန်တော်သည် စက်ရုံတစ်ရုံတွင် တာဝန်ခံတစ်ဦးဖြစ်ပါသည်။ တစ်ခါတွင်စက်ရုံဋ္ဌ် အဆောက်အဦးတိုးချဲ့ရန် လိုအပ်ရု် တာဝန်ပေးရာ ကျွန်တော်က လိုအပ်သော နေ့စားအလုပ်သမားများကို ခေါ်ယူရန် လက်အောက်ဝန်ထမ်းတစ်ဦးအား ထပ်ဆင့်တာဝန်ပေးလိုက်သည်။
ဝရိန်သမား သံခြည်သံကွေးသမား လက်သမား ပန်းရံ အကူလူကြမ်း စသဖြင့် လူဦးရေကန့်သက် ပေးလိုက်ကာ သူ့ကို ရပ်ကွက်အတွင်းမှခေါ်လာရန် မှာလိုက်သည်။
ထိုဝန်ထမ်း၏ အိမ်ဘေးတွင်နေသော မိသားစုမှာ ဆင်းရဲသည်။ ဖခင်လုပ်သူမှာ အသက် ၅၀ ခန့်ရှိပြီဖြစ်သော်လည်း ကြံ့ခိုင်မှုတော့ရှိသည်။ သို့သော် ထိုဦးလေးကြီးကို အသက်ကြီးရု်ဟုဆိုကာ အလုပ်သမားခေါင်းဆောင်များက လူအများကြီးလိုသောအချိန်မျိုးတွင်သာ ခေါ်ယူအသုံးပြုတတ်ရု် သာမန်အချိန်မျိုးတွင် မခေါ်တတ်ပါ။ ထို့ကြောင့် ထိုဦးလေးကြီးသည် အလုပ်ရှိတလှည့် မရှိတလှည့် အမြဲဖြစ်နေတတ်သည်။ ထို့ကြောင့် ကျွန်တော်တာဝန်ပေးထားသော ဝန်ထမ်းက အလုပ်သမားများခေါ်နေမှန်း သိသောအခါ သူ့ကိုခေါ်ရန် သူလိုက်လုပ်ချင်ကြောင်းအကူအညီတောင်းလေသည်။
ကျွန်တော့ဝန်ထမ်းမှာ အားနာရု် ၄င်း ။ သနားရု် ၄င်း ထိုဦးလေးကြီးကို အလုပ်ကြမ်းသမားအဖြစ်ခေါ်ခဲ့ပါသည်။ အလုပ်ကြမ်းဆိုသော်လည်း ပြင်းပြင်းထန်ထန် မလုပ်ရပါ။ အဆောက်အဦးမှာလည်း တိုးချဲ့အဆောင်ဖြစ်ရု် ကြီးကြီးမားမားမဟုတ်ပါ။ တစ်နေ့ ထမင်းစားနားသည့် အချိန်တွင် ထိုဦးကြီးသည် သူ့တာဝန်မဟုတ်သော သံခြည်သံကွေးသမားများသုံးသည့် လက်ကိုင် ဂလိုက်ဒါ (ကျောက်ပြားဝိုင်းတပ်ဆင်ထားသော မော်တာပါစက်သေး) ဖြင့် သံချောင်းကိုဖြတ်လေသည်။ မလုပ်တတ် မကိုင်တတ်ခြင်း။ အသက်ကြီးခြင်း။ စက်၏တုန်ခါအားကို မထိမ်းတတ်ခြင်း။ သဘောတရားနားမလည်ခြင်းတို့ကြောင့် မတော်တဆဖြစ်ကာ လက်ချောင်းလေးများကို ခိုက်မိလေတော့သည်။
လက်ချောင်းကလေးများ ဖြစ်သော လက်သန်း လက်သူကြွယ်နှင့် လက်ခလယ် သုံးချောင်းလုံး အပေါ်ဆုံးတစ်ဆစ်နေရာမှာ ပြတ်လုခမန်းဖြစ်သွားသည်။ စက်ရုံမှ ကားဖြင့်ချက်ချင်း ပြင်ပဆေးခန်းပို့ရု် ကုပေးသည်။ လိုအပ်သည့်ဆေးဝါးကုသမှုများ ပြုလုပ်ပြီးသော်လည်း ကိစ္စက ကျွန်တော့်ခေါင်းပေါ် ရောက်လာသည်။
ကျွန်တော်သည် သူဌေးကို အမှန်အတိုင်းအစီရင်ခံလို့မဖြစ်ပါ။ လုပ်ငန်းတာဝန်နှင့် မသတ်ဆိုင်ပဲ မိမိသဘောနှင့် အကျွမ်းမဝင်သောစက်ကိုကိုင်ခြင်း။ တာဝန်ထမ်းဆောင်နေသည့်အချိန်မဟုတ်ပဲ နားနေချိန်တွင်ဖြစ်ခြင်း။အလုပ်အတွက်မဟုတ်ပဲ ကိုယ်ရေးကိုယ်တာ အသုံးပြုရန် သံတိုသံစကို ဖြတ်တောက်ခြင်း။ စသည့်ပြစ်ချက်များသည် လုပ်ငန်းခွင်မတော်တဆ ဖြစ်ခြင်းဟူသော ခေါင်းစဉ်အောက်သို့ ထည့်သွင်းရန် များစွာခက်ခဲပါသည်။ သို့သော် မုသားမပါ လင်္ကာမချောဟူသော သဘောကိုပိုက်ကာ ကျွန်တော်သည် ထိုဦးလေးကြီးအား အလုပ်ရှင်သူဌေးမှ သနားစေရန် ဖုန်းသင့်တာဖုန်း ဖာသင့်တာဖာ လုပ်ရု် ဆေးကုသပေးရန်နှင့် ဆေးဝါးကုသနေစဉ် လုပ်အားခ အပြည့်အဝ ရစေရန်ပြောပေးလိုက်သည်။
သူဌေးကလည်းသဘောကောင်းရု် ဘာမှထွေထွေထူးထူး မမေးတော့ပဲ ဒဏ်ရာအရှင်းပျောက်သည်အထိ စက်ရုံမှ လိုက်ကုပေးရန်နှင့် မိသားစု သုံးစွဲရန် ငွေနှစ်သိန်းခွဲ ပေးလိုက်သည်။ ထိုဦးလေးကြီး၏ တစ်နေ့လုပ်အားခမှာ ၂၅၀၀ ကျပ်ဖြစ်သဖြင့် ရက်တစ်ရာစာပေးခြင်းဖြစ်သည်။ သုံးလစာရသဖြင့် ကျွန်တော့်မှာ ဝမ်းသာနေသည်။
သို့သော်-----
ရပ်ကွက်အတွင်းမှ နိုင်ငံရေးပါတီတစ်ခုက--
လူတစ်ယောက်ရဲ့ လက်ချောင်းကို ငွေနှစ်သိန်းခွဲနဲ့ တန်ဘိုးဖြတ်ရပါ့မလား ---အဲဒီငွေမယူနဲ့ -- အနည်းဆုံး သိန်း ၂၀ လျော်ကြေးပေးရမယ်။ မပေးရင် အဲဒီစက်ရုံကို ပိတ်သွားအောင် သူတို့လုပ်မယ်--ဒေါသတွေ မာနတွေ ခြိမ်းခြောက်မှုတွေ အာဏာပြချင်လွန်းအားကြီးမှုတွေ-------------
စေတနာတွေ သဲထဲရေသွန်ဖြစ်သွားရသည်။ သိန်းနှစ်ဆယ်ရစေရမယ် ဆိုတော့ နှစ်သိန်းခွဲကို လက်ဖျားနဲ့တောင် မတို့ယုံမက ကျွန်တော့ကိုပင် ရန်သူသဖွယ်ဆက်ဆံလာသည်။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းတာဝန်ထမ်းဆောင်ရင်း မတော်တဆဖြစ်တာမျိုးဆိုလျှင် မပြောလိုပါ။ ခုဟာက အလုပ်ရှင်ကဲ မတရားနှိပ်စက်လို့ လက်ချောင်းပြတ်ရတာမဟုတ် ကိုယ့်ဖာသာ မဆိုင်တာတွေ လျှောက်လုပ်ရင်း ခိုက်မိတာဖြစ်သည်။ ဥပဒေ အတိုင်းသွားလျှင်တောင် ဒီလောက်လျှော်ကြေးရမည်မဟုတ်။ စေတနာကို ဝေဒနာဖြစ်အောင်လုပ်ခြင်း။
ကျွန်တော်လည်း စိတ်ဆိုးပြီး ပစ်ထားလိုက်သည်။ အစွမ်းအစ အာဏာတွေ ပါဝါတွေ သိပ်ရှိတယ် ဆိုရင်လည်း လုပ်ကြပေါ့ကွာ ဟုသာလျစ်လျှူရှုလိုက်တော့သည်။ လေကြီးမိုးကြီးသမားတွေ အစွမ်းထက်သလား မထက်သလားတော့မသိပါ ရက်များမကြာမီမှာပင် နှစ်သိန်းခွဲသာ ယူပါတော့မည်ဟု မျက်နှာငယ်လေးနှင့် ရောက်လာသောအခါတွင် ကျွန်တော့မှာ ဟင်းကနဲ သက်ပျင်းသာ ချလိုက်ရ ပါတော့သည်။ မြန်မြန်ပြီးအောင် လက်စသတ်ကူညီလိုက်သည်။
အလားတူကိစ္စများ မကြာခဏကြုံတွေ့ဖူးကြပေလိမ္မည်။ ဆင်းရဲသူ အားနည်းသူများကို ယိုင်းပင်း ကူညီပေးခြင်းသည် မွန်မြတ်သောစိတ်ထားဖြစ်ခြင်းကို မည်သူမှ မငြင်းနိုင်ပါ။ ကျွန်တော်လည်း လက်ခံပါသည်။ သို့သော် အမှား အမှန် နှင့် စည်းကမ်း ဘောင် ကလနားတော့ရှိသင့်ပါသည်။ ထိုသို့မဟုတ်ပဲ မှားတာ မှန်တာအပထား ဆင်းရဲသူဘက်ကသာ အမြဲတန်း တစ်ဖက်သက်လိုက်လျှင် လူတန်းစားပါတီဆန်သွားမည်။ ကျွန်တော်တို့ လူထုပတ်ဝန်းကျင်က ထိုစိတ်ထားများသည် ဟုခံစားမိသည်။ ဆိုက်ကားဆရာ ဘယ်လောက်မှားမှား ကားနဲ့တိုက်မိလို့ကတော့ ကားဆရာ ခံပေရော့။ နိုင်ငံခြားတွင် မျဉ်းကျားပေါ်မှ လူတစ်ယောက်ဖြတ်နေလျှင်ပင် ကားအစီးတစ်ရာက ရပ်ပေးသည်ဟုကြားဖူးသည်။ မျဉ်းကျားမဟုတ်သောနေရာမှ လူတစ်ရာဖြတ်လျှင်လည်း ကားတစ်စီးက တိုက်ပစ်လိုက်မည်သာဖြစ်သည် ရပ်ပေးမည်မဟုတ်ဟု လည်းဆိုကြသည်။ စည်းကမ်းက အဓိက ဟုဆိုလိုခြင်းပင်။
ထိုသို့ အသိဥာဏ်နည်းပါသော လူတန်းစားပါတီများ အာဏာရရှိသွားပါက မတွေးဝံ့စရာပင်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတတ်စေရန် လူတန်းစားအားလုံးအရေးကြီးပါသည်။
လွန်ခဲ့သောအတိတ် သမိုင်းထဲတွင် ဦးနေဝင်းသည် ဆင်းရဲသား သာမန်လူတန်းစားတို့ ဘက်မှဟု ကြွေးကြော်ကာ အလုပ်ရှင် စီးပွားရေး သမားများကို ရန်သူလိုသဘောထားပြီး လုပ်ငန်းအားလုံးကို ပြည်သူပိုင်သိမ်းခဲ့လေသည်။ ထိုမှားယွင်းမှုက တိုင်းပြည်ကို ယနေ့ထက်တိုင် ဆင်းရဲတွင်းမှ ရုံးမထွက်စေနိုင်ခဲ့ပါ။ ၈၈ မတိုင်မီက လူတန်းစားညှိသည် ဟုကြွေးကြော်ကာ ချမ်းသာသော ဈေးများ ရပ်ကွက်များကို ဆင်းရဲသား အကြမ်းဖက်အဖွဲ့များက မီးရှို့တတ်သည်ဟုလည်း ကြားဖူးသည်။
အနာဂတ်မြန်မာ နိုင်ငံ ချမ်းသာသောလမ်းပေါ်သို့ ရောက်ရန် လူတန်းစား တစ်ခုခုအပေါ် အလွန်အမင်း အကျိုးသက်ရောက်စေသော မူဝါဒများ မရှိပဲ အားလုံးကို ကာကွယ်ပေးစေသော တရားမျှတသော လူတန်းစားမရွေး လူ့အခွင့်အရေးတို့ကို ကာကွယ်ပေးနိုင်သော မှုဝါဒကို သာကြိုဆိုချင်ပါကြောင်း။
ကျေးဇူးတင်ပါသည်။
ကိုစိုးနိုင်
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
Re: [Real Family: 24002] ကိုယ်သေရင်မြှုပ်မယ့်ခေါင်းတလားလှလှလေးတွေကြိုမှာလို့ရပြီ
မသိဂီင်္ နော် ဘာတွေပိုမှန်းလဲမသိဘူး ။သမ္မတကြီးနဲတိုင်ပြောမယ်။
သူ၇
On 2/8/12, "☆•❤´¯``THAINGI´¯``❤•☆ -" <ms.theinginwe@gmail.com> wrote:
> ကိုယ်သေရင်မြှုပ်မယ့်ခေါင်းတလားလှလှလေးတွေကြိုမှာလို့ရပြီ<http://www.thettantcho.com/2012/02/blog-post_06.html>
>
> ကိုယ်သေရင်မြှုပ်မယ့်ခေါင်းတလားလှလှလေးတွေကြိုမှာလို့ရပြီ
>
>
>
> မလှမပတဲ့ ခေါင်းတလားပုံတုံးကြီးနဲ့ အမြှုပ်ခံရမယ့်ကိစ္စဟာ တကယ်တော့
> ပျင်းရိဖွယ်ကောင်းတယ်လို့ ကိုယ့်လူ တို့ မထင်မိကြဘူးလား ။ လှပတဲ့
> ပုဇွန်ထုပ်ကြီးပုံစံတွေ ငရုတ်သီးတောင့်ပုံစံတွေ နဲ့ ရှူးဖိနပ်ပုံစံလေးတွေရော ?
> Ghana မှ အာဖရိက လူမျိုးအနည်းငယ်ဟာ ခေါင်းတလား လှလှလေးတွေနဲ့ မြှုပ်ခံရ ရင်
> ကောင်း ရာမွန် ရာဘ၀ကို ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ် ။
>
> တကယ်တော့ အသုဘချတယ်ဆိုတာကလည်း သေဆုံးမယ့်သူကို တခြားကမ္ဘာသစ် တစ်ခုကို ရောက်
> ရှိ သွားအောင် အခမ်းအနားနဲ့ လိုက်ပါပို့ဆောင်ခြင်းတစ်မျိုးပါပဲ ။ ကဲ ဒါဆို
> ကိုယ့်လူတို့ နှစ်သက်မယ့်ခေါင်းတလား ပုံစံလေးတွေရွေးကြည့်ကြပါဦး ။
> ကျွန်တော်ကတော့ အောက်ဆုံးက ရှူးဖိနစ်ပုံစံကြီးကြိုက်သဗျ နွေးနေမှာပဲး))
>
>
>
>
>
>
>
>
>
>
>
>
>
>
>
>
>
>
>
>
>
> သက်တန့်ချို
>
> Source : http://zuzutop.com/2011/11/bizarre-coffins-from-ghana/
>
> စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
>
> http://www.thettantcho.com
> --
> [image: 12345.gif]
>
> --
> ♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
> ● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en
> ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ
> http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
> ● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ
> real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ
> ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
> ● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင်
> real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့်
> ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
> ● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ
> ဆက်ရေး၍ Reply ပြန်ပေးပါ။
> ● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက
> real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
> ● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ
> တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
>
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
Re: [mrsorcerer:18230] မှော်ဆရာအဖွဲ့ဝင်တွေဒီလိုသာဆို ဘယ်လောက်ကောင်းမလဲ
လှုမှု့ရေးလုပ်ငန်းတကယ်လုပ်ပေးနိုင်မလားလို့ ကျောန့်ကို မေးတာထက် ၊ ကောင်းတယ်ဗျာ
အတူတူလုပ်ကြတာပေါ့ ၊ အော်ဂနိုက်တစ်ခုကိုအတူတူဖွဲ့ကြတာပေါ့ ၊ ကျနော်တို့ စုစုစည်းစည်းနဲ့
ပိုက်ဆံတတ်နိုင်တဲ့သူတွေက ပိုက်ဆံ ၊ လူတတ်နိုင်တဲ့လူက လူ ၊ မီဒီယာဘက်က တတ်နိုင်တဲ့လူ
တွေက မီဒီယာ ၊ ဘာမှမလုပ်ပေးနိုင်ရင်တောင် ကောင်းတယ်ဗျို့ အားပေးတယ် ဆိုတာမျိုး
ကို ကျနော်ပိုလိုချင်ပါတယ် ။ အမာခံလူတွေလဲ လိုပါတယ် ။ လူတိုင်းက အမြဲမအားနိုင်ဘူးလေ ။
ဒီတော့ အရေးကြုံတိုင်း ပါဝင်နိုင်မယ့် အမာခံလူတွေ ၊ အတတ်နိုင်ဆုံး လုပ်အားပေးမဲ့ အဖွဲ့ဝင်တွေ
လဲလိုပါသေးတယ် ။ လုပ်ဖို့ ဘတ်ဂျက် ။ လုပ်ရမယ့် လူမှု့ရေးအမျိုးအစား ။ အားလုံးကို အော်ဂနိုက်
ဖွဲ့တဲ့အချိန်မှာပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။ ဆက်ဆွေးနွေးကြည့်ကြပါဦး ။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:18229] စိတ်သေ-၂
မနက်မိုးသောက်လို့
မျက်လုံးနှစ်လုံးဖွင့်လိုက်တိုင်း
စိတ်ရှုပ်ထွေးစရာ များတယ် . . .
--
ဘ၀ မှာ
အမှု့တရာလည်း မကြုံချင်
အသက်တရာလည်း မနေချင်
ခပ်ချဉ်ချဉ်ပေါက်လာတဲ့ စိတ်နဲ့
အမှားတွေလဲ များခဲ့ . . .
တရက်ပြီး တရက်
တနှစ်ပြီး တနှစ်
လုံးထွေးရစ်လာတဲ့
ပြသနာတွေ ကြား
ငါးမျှားချိတ်က ငါး နှယ် . . .
ကော်ဖီတစ်ခွက်နဲ့
သတင်းစာဖတ်လိုက်တိုင်း
နာရေးကြော်ငြာတွေကို
အားကျစိတ်နဲ့ ငေးမြဲ . . .
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[Real Family: 24001] ကိုယ်သေရင်မြှုပ်မယ့်ခေါင်းတလားလှလှလေးတွေကြိုမှာလို့ရပြီ
ကိုယ်သေရင်မြှုပ်မယ့်ခေါင်းတလားလှလှလေးတွေကြိုမှာလို့ရပြီ
ကိုယ်သေရင်မြှုပ်မယ့်ခေါင်းတလားလှလှလေးတွေကြိုမှာလို့ရပြီ
တကယ်တော့ အသုဘချတယ်ဆိုတာကလည်း သေဆုံးမယ့်သူကို တခြားကမ္ဘာသစ် တစ်ခုကို ရောက် ရှိ သွားအောင် အခမ်းအနားနဲ့ လိုက်ပါပို့ဆောင်ခြင်းတစ်မျိုးပါပဲ ။ ကဲ ဒါဆို ကိုယ့်လူတို့ နှစ်သက်မယ့်ခေါင်းတလား ပုံစံလေးတွေရွေးကြည့်ကြပါဦး ။ ကျွန်တော်ကတော့ အောက်ဆုံးက ရှူးဖိနစ်ပုံစံကြီးကြိုက်သဗျ နွေးနေမှာပဲး))

သက်တန့်ချို
Source : http://zuzutop.com/2011/11/bizarre-coffins-from-ghana/
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
http://www.thettantcho.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
[Real Family: 24000] မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို မတ်လကုန် ဧပြီလဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် စီစဉ်
မြန်မာနိုင်ငံသို့ လာရောက်သော ခရီးသွားများအတွက် E-Visa ကို ၂၀၁၂ ခုနှစ် မတ်လကုန် ဧပြီလ ဆန်းတွင် စတင်ထုတ်ပေးနိုင်ရန် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။
ယင်း E-Visa စနစ်ကိုဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနမှ ပြုလုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် ပြည်ဝင်ခွင့်နှင့် ပတ်သက်၍ လွယ်ကူမှုရှိစေရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရှိရသည်။
"ဒီစနစ်ကို မတ်လကုန် ဧပြီလ ဆန်းလောက်မှာ စတင်နိုင်မှာပါ။ E-Visa ကို လောလောဆယ် ရန်ကုန် လေဆိပ်မှာစပေးမယ်။ နောက်ပိုင်းမှာတော့ ခရီးသွားအ၀င်ရှိတဲ့ တခြား ၀င်ပေါက်တွေမှာပါ ပေးနိုင်အောင် စီစဉ်သွားမှာပါ။ ဧည့်သည်မှာ သူဗီဇာရပြီးသားပါဆိုတဲ့ Barcode ပါလာမယ်။ လေဆိပ်မှာ scanner နဲ့ စစ်မယ်။ ပတ်စပို့မှာ စတေကာကပ် ပေးလိုက်မှာပါ။ ဧည့်သည်က ဗီဇာရရှိဖို့အတွက် အချိန်ပေးရတာတွေ မရှိတော့ဘဲ လွယ်ကူသွားမယ့် သဘော ဖြစ်ပါတယ်"ဟု E-Visa စနစ်အား အကောင်အထည်ဖော်နေသည့် Myanmar Ease Net Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါစနစ်သည် အကောင်အထည် ဖော်နေဆဲဖြစ်ကာ www. myanmarevisa.gov.mm ၌ စတင် လွှင့်တင် ဖော်ပြထားသည်။ ခရီးသွားသည် E-Visa ကို လျှောက်ထားလိုပါက အဆင့်လေးခုကို ဖြတ်သန်းရမည်ဖြစ်ပြီး ကိုယ်ရေး အချက်အလက်များကို ဖြည့်သွင်းခြင်း၊ ထပ်မံစစ်ဆေးခြင်းနှင့် credit card ဖြင့် ငွေပေးချေခြင်း၊ လုပ်ဆောင်မှုနှစ်ရက်မှ သုံးရက်အတွင်း အတည်ပြုစာကို လက်ခံရရှိခြင်း၊ လေဆိပ်တွင် ပတ်စပို့စတေကာကို ရရှိခြင်းတို့ ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် မေလဆန်းမှစတင်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ကြိုတင်စီစဉ်ရန် မလိုအပ်သည့် ဆိုက်ရောက်ဗီဇာများကို ပထမဦးဆုံးအကြိမ် စတင် ခွင့်ပြုပေးခဲ့သည်ဟု သိရှိရသည်။ ယင်းစနစ် သည် စတင်ပြီး လေးလအကြာ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလဆန်း ၌ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။
ယခင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနသို့ လျှောက်ထားခြင်းမှ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောင်းလဲ တာဝန်ယူခဲ့ကာ ၂၀၁၁ ခု နှစ် မေလကုန်ပိုင်းတွင်မူ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ ပြန်လည်လျှောက်ထားမှု ပြုလုပ်နိုင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။
လက်ရှိတွင် MAI မှ ကွမ်ကျိုး နှင့် ဆီယမ်ရိ ခရီးစဉ်များဖြင့် လိုက်ပါလာသော ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ပေးအပ်ခြင်းရှိနေကာ မြန်မာနိုင်ငံသည် ဆိုက်ရောက် ဗီဇာရရှိခြင်း၊ ငွေကြေးသုံးစွဲမှု အဆင်ပြေခြင်းတို့ ရှိလာပါက ခရီးသွား ၀င်ရောက်မှု ပိုမို တိုးတက်လာမည့် အလားအလာများလည်း ရှိကြောင်း သိရှိရပါသည်။
http://www.news-eleven.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
Re: [mrsorcerer:18228] မှော်ဆရာအဖွဲ့ဝင်တွေဒီလိုသာဆို ဘယ်လောက်ကောင်းမလဲ
ရှင်းပြပါရစေ ခင်ဗျာ ။ ကျနော်ပြောတဲ့ ဒီလိုသာ ငြင်းခုံနေကြမဲ့အစားဆိုတာ ( အဓိပ္ပါယ်ရှိရှိ ဆွေးနွေး
မှု့တွေကို ပြောတာမဟုတ်ရပါ ) အမြဲတမ်းလိုလို ( အဲ့ဒါမှန်တယ် ၊ ဟာ ဘယ်လိုအသိညဏ်မျိုးနဲ့
အဲ့ဒါကိုမှန်တယ်လို့ပြောလိုက်တာလဲ ၊ ဒီလိုဟာမှ မှန်တယ်) စသည်ဖြင့် အလဟသငြင်းခုံမှု့လေး
တွေကို ပြောတာပါ ။
လူမှု့ရေးလုပ်ငန်းလုပ်ဖို့ကတော့ အစီအစဉ်ရှိပါတယ် ။ သင့်တင့်တဲ့ လူအင်အားရရင် အခြားဆိုရှယ်
ကွန်ရက်တွေနဲ့ ချိတ်ဆက်ဖို့ အစီအစဉ်လည်းရှိပါတယ် ။ စိတ်ဝင်စားတဲ့မန်ဘာများရှိရင် ကျနော့်
အကောင့်ကို ဆက်သွယ်နိုင်ပါတယ် ။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[Real Family: 23999] ကျန်းမာရေးရာ အတိုအထွာများ
ကျန်းမာရေးရာ အတိုအထွာများ
သူငယ်ချင်းတို့ ဗဟုသုတရအောင် ကျန်းမာရေးရာအတိုအထွာလေးတွေကို စုစည်းပေးထားပါတယ်။ အသစ်အသစ်တွေကို သူငယ်ချင်းတို့ရှာရလွယ်အောင် ပို့စ်ရဲ့အပေါ်ဘက်ကပဲ ထပ်ထပ်ထည့်ပေးသွားမယ်နော်။
မီးပူ ရေနွေးပူ.. အပူလောင်ရင်....

မီးပူလောင်တာပဲ ဖြစ်ဖြစ် ဘယ်လိုအပူလောင်တာပဲဖြစ်ဖြစ် ဘာမှမလုပ်နိုင်သေးရင် ရေသေမှာ မစိမ်ထားပါနဲ့.. ရေဘုံဘိုင်ကိုဖွင့်ပြီး စီးနေတဲ့ရေမှာ အပူလောင်တဲ့နေရာကို ၁၀ မိနစ်လောက်ထားပေးပါ.. ရေအားမပြင်းပါစေနဲ့.. ရေခဲမကပ်ပါနဲ့.. ထောပတ်တွေ ဘာတွေ လျှောက်မလိမ်းပါနဲ့.. ဂွမ်းတွေ လျှောက်မကပ်ပါနဲ့.. သန့်ရှင်းအောင်ထားပါ.. ရည်ကြည်ဖုတွေကို မဖောက်ပါနဲ့.. အပူလောင်ရင် လိမ်းတဲ့ဆေးလေးလိမ်းပြီး ပတ်တီးကို အရမ်းမတင်းအောင် စီးပေးပါ.. လောင်တာများရင် ဆေးရုံ ဆေးခန်းသွားပါ..သူငယ်ချင်းတို့အတွက် ကျန်းမာရေးဗဟုသုတလေးပါ.. :)
လေဖြတ်နဲ့နှလုံးရောဂါကို ကာကွယ်မယ်
လေဖြတ်နဲ့ နှလုံးရောဂါတွေကို ကာကွယ်ချင်ရင် Vit B1, B6, B12, Folic acid ကို နေ့စဉ်စွဲသောက်ပါတဲ့.. ဒီအာဟာရတွေ ကြွယ်ဝတဲ့အစားအစာတွေကို စားလို့လည်း ရပါတယ်.. ဘယ်အစားအစာတွေကို စားရမယ်ဆိုတာကို သဘာဝရဲ့ အာဟာရ ဆိုတဲ့ပို့စ်လေးကို ဖတ်ကြည့်နော်.. ဆေးခန်းက ဆရာဝန်ကြီးသင်ပေးတာကို ပြန်မျှဝေတာပါ.. တန်ဆေး လွန်ဘေးကိုတော့ သတိရှိကြပါ သူငယ်ချင်းတို့.. :)
အရက်ရဲ့သားကောင်

ဒီနေ့ ရင်နှင်းဆေးခန်းမှာ စိတ်မချမ်းမြေ့စရာတစ်ခု ကြုံရပါတယ်.. ရင်နှင်းကို အိမ်ကို လိုက်ကြည့်ပေးဖို့ လာခေါ်တာပါ.. လူနာ ဆုံးသွားပြီလားမသိဘူးတဲ့.. လိုက်ကြည့်ပေးပါတဲ့.. အဲဒါနဲ့ လမ်းမှာ လူနာအကြောင်းမေးရတာပေါ့.. လူနာက ယောက်ျားလေးပါ.. အသက် ၂၀ ပဲ ရှိပါသေးတယ်.. မနေ့ညထဲက အဆက်မပြတ်အန်တာ ခု ဆေးရုံသွားမယ်အလုပ် ဇက်ကျိုးပြီး ငြိမ်သွားလို့တဲ့.. အရက်အရမ်းသောက်တယ်တဲ့.. တနေ့လုံး ဘာမှတောင် သိပ်မစားဘူး.. အရက်ပဲသောက်နေတာ များတယ်တဲ့.. တခြားဘာရောဂါမှ မရှိဘူးတဲ့.. ဒီလောက်ဆိုရင် တရားခံကို သိလိုက်ပါပြီ.. လူနာအခြေအနေကိုလည်း ခန့်မှန်းမိလိုက်ပါပြီ.. တလမ်းလုံး လူနာဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်ရတာ.. ရင်နှင်းဆုတောင်း မပြည့်ခဲ့ပါဘူး.. ကောင်လေးက ဆုံးသွားပါပြီ.. ငယ်ငယ်လေးနဲ့ ဆုံးသွားတာ တကယ်စိတ်မကောင်းဘူး.. ဒါပေမယ့် ဒေါသလည်း ထွက်မိတယ်.. အရက်ကြောင့် သေတဲ့သူတွေကို တွေ့တာ ကြားတာများပြီလေ.. အရက်သောက်လွန်းပြီး အသည်းရောင် အသည်းခြောက်ပြီး သေသွားတဲ့သူ.. အရက်သောက်လွန်းပြီး နှလုံးကြီးပြီး ညှစ်အားကျပြီး ရှော့ခ်ဝင်သေတဲ့သူ.. မစားမသောက်ပဲ အရက်ပဲသောက်နေလို့ ကိုယ်ခံအားကျ တီဘီဖြစ် ရောဂါဒဏ် ဆေးဒဏ်ကို မခံနိုင်လို့ သေသွားတဲ့သူ.. အရက်မူးပြီး ကားမောင်းလို့ ကားမှောက်သေတဲ့သူ.. အရက်မူးပြီး ကားကို မကြည့်ဘဲ လမ်းဖြတ်ကူးလို့ ကားတိုက်သေတဲ့သူ.. မူးပြီး ရန်ဖြစ် အချင်းချင်း ဓားနဲ့ခုတ်ပြီး သေတဲ့သူ.. ဒီလို အရက်ကိုမှ မကောင်းမှန်းသိရက်နဲ့ ဘာလို့ အသားကုန်သောက်နေကြမှန်း နားကိုမလည်ဘူး.. ခု ဒီကောင်လေးဆိုရင်လည်း အစားမစားပဲ အရက်သောက်လွန်းတော့ အစာအိမ်ရောင်ပြီး အရမ်းအန်ရာကနေ ရှော့ခ်ဝင်ပြီး သေသွားတာလေ.. ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်လည်း မကောင်းဘူး.. မိသားစုကလည်း စိတ်ဆင်းရဲရတယ်.. လူငယ်တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ကူး အိပ်မက် အနာဂတ်တွေ အရက်ထဲမှာ မျှောပြီး လုံးပါးပါးသေရတာ.. မိသားစုအတွက်ရော တိုင်းပြည်အတွက်ရော တအားလျော့သွားပြီ.. ရင်နှင်းကို မေးကြတယ်.. အရက်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ရေးပေးပါအုံးတဲ့.. အရက်မှာ ကောင်းကျိုးရှိပါတယ်.. တော်တန်ရုံသောက်ရင် သွေးလည်ပတ်မှုကောင်းပြီး နှလုံးသွေးကြောကျဉ်းရောဂါကိုတောင် ကာကွယ်ပေးသေးတယ်.. ဒါပေမယ့် တန်ဆေး လွန်ဘေးလေ.. ခုခေတ်က မကောင်းတဲ့အရက်တွေ ပေါပါဘိနဲ့.. Quality မကောင်းတာကို ပြောတာပါ.. ရာဘာဖိနပ်စုတ်ကိုတောင်ထည့်ပြီး အရက်ချက်ကြတယ်ဆိုလား.. အဲဒါတွေကိုမှ အရူးအမူးစွဲလန်းနေမှတော့ ဘယ်သူမပြု မိမိမှုပါပဲ.. ဥစ္စာကို ကံစောင့်၊ အသက်ကို ဥာဏ်စောင့်တာမို့ ယမကာလုလင်တွေ ဆင်ခြင်နိုင်ပါစေ..
တားဆေးသောက်နည်း

သူငယ်ချင်းတစ်ယောက် မေးလ်ပို့ပြီး မေးတာလေးကို ဒီကလည်း ဖြေပေးမယ်နော်.. သူငယ်ချင်းအားလုံး ဗဟုသုတရအောင်လို့ပါ.. ခု တားဆေးတွေထဲမှာ ဆေးသောက်မယ်ဆိုရင် Marvelon 28 က အကောင်းဆုံးလို့ ပြောရမှာပါ.. တခြားဆေးတွေကလည်း နေ့တိုင်းမှန်မှန်သာသောက်သွားရင် အရမ်းကောင်းပါတယ်.. ကောင်းကျိုးဆိုးကျိုးကတော့ ရင်နှင်းရေးထားတဲ့ "မင်္ဂလာဦးည" ထဲက အတိုင်းပါပဲ.. ဆေးသောက်ရင် ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်ရင် အကောင်းဆုံးပါရှင်.. တကယ်လို့ ၅ ရက် ကျော်သွားပြီဆိုရင်တော့ ဆေးစသောက်တဲ့ရက်ကနေ ၇ ရက်ကြာတဲ့အထိ အမျိုးသားနဲ့ အတူမနေနဲ့တော့နော်.. နေရင်လည်း ကွန်ဒုံးသုံးပါ..ဒီ ဆေးရဲ့ကျောဘက်မှာ မျှားထိုးပြီး 1 to 28 ရေးထားတာပါပါတယ်.. (((( ၁ရက်နေ့ကို ရာသီလာခဲ့ရင် Marvelong 28 ဆေးကဒ်မှာရေးထားတဲ့ 1 ဆိုတဲ့ဆေးကို စသောက်ရမလား ? ၅ ရက်နေ့မှာ ရာသီလာခဲ့ရင် ရေးထားတဲ့ 5 ဆိုတဲ့ဆေးလုံးကနေ သောက်ရမလား ? )))) လို့ သူငယ်ချင်းက မေးထားပါတယ်.. အဲလို ဟုတ်ပါဘူး.. ၅ ရက်နေ့မှာ ရာသီလာလို့ ၅ က စသောက်ရမယ်လို့ မဟုတ်ပါဘူး.. ဘယ်နေ့ပဲ စသောက်စသောက် ၁ ကနေ ၂၈ ထိ အစဉ်အလိုက် သောက်သွားရုံပါပဲ.. ရင်နှင်းသူငယ်ချင်းလေးတွေ သာယာချမ်းမြေ့ပြီး ပျော်စရာအိမ်ထောင်သည်ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေရှင်...
မီးပူလောင်တာပဲ ဖြစ်ဖြစ် ဘယ်လိုအပူလောင်တာပဲဖြစ်ဖြစ် ဘာမှမလုပ်နိုင်သေးရင် ရေသေမှာ မစိမ်ထားပါနဲ့.. ရေဘုံဘိုင်ကိုဖွင့်ပြီး စီးနေတဲ့ရေမှာ အပူလောင်တဲ့နေရာကို ၁၀ မိနစ်လောက်ထားပေးပါ.. ရေအားမပြင်းပါစေနဲ့.. ရေခဲမကပ်ပါနဲ့.. ထောပတ်တွေ ဘာတွေ လျှောက်မလိမ်းပါနဲ့.. ဂွမ်းတွေ လျှောက်မကပ်ပါနဲ့.. သန့်ရှင်းအောင်ထားပါ.. ရည်ကြည်ဖုတွေကို မဖောက်ပါနဲ့.. အပူလောင်ရင် လိမ်းတဲ့ဆေးလေးလိမ်းပြီး ပတ်တီးကို အရမ်းမတင်းအောင် စီးပေးပါ.. လောင်တာများရင် ဆေးရုံ ဆေးခန်းသွားပါ..သူငယ်ချင်းတို့အတွက် ကျန်းမာရေးဗဟုသုတလေးပါ.. :)
http://www.myanmarskylink.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
[Real Family: 23998] ပုလဲသွယ်သွားလေးများ
ပုလဲသွယ်သွားလေးများ
လူတိုင်းနီးပါးပါပဲ။ အစားအသောက်မျိုးစုံကို နေ့တိုင်းစားသောက်နေကြတော့ သွားလေးတွေမှာ အရောင်တွေစွန်းပြီး ၀ါညစ်ညစ်ဖြစ်နေတတ်တယ်နော်။ အဲလို သွားတွေ ညစ်နေရင် တစ်နေ့ ၂ ကြိမ် ပုံမှန်သွားတိုက်ပေးရုံနဲ့ ပျောက်ဖို့ မလွယ်ဘူးလေ။ အဲဒီတော့ ရီလိုက်တိုင်း သွားလေးတွေက ပုလဲဖြူဖြူလေးတွေ စီထားသလို ဖြူတောက်နေအောင် လုပ်ရမယ့်နည်းလေးတွေကို ပြောပြမယ်နော်။
- လက္ဘ်ရည်၊ ကော်ဖီနဲ့ အချိုရည်တွေ သောက်ပြီးရင် ချက်ချင်းပလုတ်ကျင်းပါ။
- ပန်းသီး၊ မုန်လာဥနီ၊ ကြံ၊ စတော်ဘယ်ရီသီးတွေက သွားတွေကို သဘာဝအတိုင်းဖြူစင်တောက်ပစေလို့ များများစားပေးပါ။
- သွားမှာ အရောင်တွေ စွန်းထင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ပန်းမုန်လာ၊ ဆလပ်ရွက်၊ နှင်းနှနွယ်ရွက်တွေကိုလည်း စားပေးပါ။
- စတော်ဘယ်ရီသီးတွေမှာ သွားတွေကို ဖြူစင်တောက်ပစေတဲ့အစွမ်း ရှိပါတယ်။ စတော်ဘယ်ရီသီးတွေကို ချေလိုက်ပါ။ ပြီးတော့ လက်ချောင်းနဲ့ ယူပြီး သွားတွေကို ပွတ်ပေးပါ။ ၂ မိနစ်လောက်ထားပြီး သွားပွတ်တံနဲ့ (သွားတိုက်ဆေးမပါ) သေချာသွားတိုက်ပေးပါ။
- မုန့်ဖုတ်ဆိုဒါနဲ့ ဆားကြမ်းကို ဆတူရောပြီး သွားတိုက်ပေးရင်လည်း သွားတွေဖြူလာနိုင်ပါတယ်။
ရင်နှင်းသူငယ်ချင်းလေးတွေ သွားဖြူဖြူ အပြုံးလှလှလေးတွေနဲ့ အလှပိုနိုင်ကြပါစေရှင်..
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
http://www.myanmarskylink.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
[Real Family: 23997] နေလောင်ဒဏ်ခံရသူများအတွက်
နေလောင်ဒဏ်ခံရသူများအတွက်
နေပူထဲမှာပဲ အလုပ်လုပ်နေရတဲ့ သူတွေဟာ နေလောင်ဒဏ်ခံရလို့ အသားအရေတွေ ညိုမည်းလာနိုင်တယ်နော်။ တချို့သူတွေကတော့ တင်းတိပ်တွေ မှဲ့ခြောက်တွေထွက်လာရော။ တင်းတိပ်၊ မှဲ့ခြောက်တွေ၊ အမဲစက်တွေ ရှိသူတွေအတွက် အလှဖျက်တဲ့ တင်းတိပ် နဲ့ အစက်အပျောက်တွေရဲ့အဝေးဆုံးမှာ ဆိုတဲ့ ပို့စ်တွေကို တင်ပြီးပါပြီ။ ခုကတော့ နေပူထဲမှာအလုပ်လုပ်နေရတဲ့သူတွေ၊ နေပူထဲသွားလာနေရသူတွေ နေလောင်ဒဏ်မခံရအောင် နေလောင်ထားတာတွေ သက်သာအောင် ဘယ်လိုတွေဂရုစိုက်ရမယ်ဆိုတာလေးတွေကို သူငယ်ချင်းတို့ကို ပြောပြမယ်နော်။
- နေပူထဲမထွက်ခင် အနည်းဆုံး နာရီဝက်ကြိုပြီးတော့ နေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးနိုင်တဲ့ SPF
အနည်းဆုံး ၃၀ လောက်ပါတဲ့ Suncream တွေကို မျက်နှာရော၊ ခြေလက်တွေပါ နေရောင်ခြည်နဲ့ ထိတွေ့ရမယ့်
နေရာမှန်သမျှကို လိမ်းပေးပါ။
- အကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ၀တ်ဆင်ပါ။ အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် ချည်သားအ၀တ်အထည်တွေက အကောင်းဆုံးပါပဲ။
- အပြင်ထွက်တော့မယ်ဆိုရင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တွေကို မမေ့ပါနဲ့။
- ဖြစ်နိုင်ရင် မနက် ၁၀ နာရီမှ ညနေ ၃ နာရီကြားမှာ နေပူထဲမထွက်ပဲ အရိပ်ထဲမှာပဲနေပါ။ အလုပ်လုပ်မှ ဖြစ်မယ်ဆိုရင်လည်း နားနားပြီး လုပ်ပါ။
- နေပူထဲ အလုပ်လုပ်ရတဲ့သူတွေက ရေများများသောက်ပေးပါ။ ရေခဲရေတော့ မသောက်ပါနဲ့။ ချွေးထွက်များရင် ဓာတ်ဆားရည်သောက်ပါ။
- နေပူထဲ အလုပ်လုပ်ရတဲ့အခါ သာမန်ထက်ပိုပြီး စွမ်းအင်ကုန်တဲ့အတွက် အစားအစာများများစားပေးဖို့လည်း လိုပါတယ်။
- အရက်၊ ဘီယာ၊ ကော်ဖီတို့ဟာလည်း ရေဓာတ်ဆုံးရူံးမူကို ဖြစ်စေလို့ မသောက်သင့်ပါဘူး။
နေလောင်ပြီးသွားရင်တော့ နဂိုအတိုင်းပြန်ဖြစ်ဖို့ကို အချိန်တော့ယူရမှာပါ။ ခု နေလောင်ကွက်ရှိတဲ့သူတွေ အတွက် နေလောင်ကွက်တွေကို သက်သာပျောက်ကင်းသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြမယ်နော်။ တစ်ပတ်ကို တစ်ကြိမ်လောက်ပဲ လုပ်ပေးရမှာပါ။
- သံပရာရည်အနဲငယ်၊ သကြားနဲ့ ဂလစ်စရင်း ၂ စက်လောက်ကိုရောပြီး Facial Scrub အနေနဲ့သုံးရင် နေလောင်တာကို သက်သာပျောက်ကင်းစေပါတယ်။ အသားအရေကို နူးညံ့လှပစေပါတယ်။ Scrub နဲ့ မျက်နှာကို ညင်ညင်သာသာလေးပွတ်ပေးပြီး ၂ မိနစ်လောက်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ ခန္ဓာကိုယ် တခြားနေရာတွေမှာလဲ သုံးနိုင်ပါတယ်။
- ဂျူံမူန့်၊ ဒိန်ချဉ်နဲ့ ခရမ်းချဉ်သီးအရည် အနည်းငယ်ကိုရောပြီး နေလောင်တဲ့ နေရာတွေပေါ်မှာ ညီညီညာညာလေး လိမ်းပေးပါ။ ပြီးတော့ ခြောက်သွားတဲ့ အခါ ( သို့ ) မိနစ် ၂၀ - ၃၀ လောက်ကြာတဲ့အခါ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။
- သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး နေလောင်ထားတဲ့နေရာကို ပွတ်ပေးပါ။ ၅ မိနစ် ၁၀ မိနစ် ကြာတဲ့အခါ ရေစင်အောင် ဆေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ထက်တော့ ပိုမလုပ်မိပါစေနဲ့။
- ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ သံပုရာရည် ၁ ဇွန်းကို သမအောင် ရောမွှေပြီး နေလောင်တဲ့နေရာတွေကို
လိမ်းပေးပြီး ၂၀ မိနစ်လောက်နေပြီး ရေဆေးချလိုက်ရင်လည်း အစွမ်းထက်တဲ့ နည်းလေးပါပဲ။
- ဂျူံမူန့်စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပရာရည် ၂ - ၃ စက်၊ နွားနို့စိမ်း ၂ ဇွန်း တို့ကိုရောမွှေပြီး ညီညီညာညာလေး
လိမ်းပါ။ ၂၀ မိနစ်လောက်နေရင် ရေဆေးချလိုက်ပါ။ တပတ်ကို တစ်ကြိမ်လုပ်ရင် တလလောက်နေရင်
သိသိသာသာသက်သာလာမှာပါ။
http://www.myanmarskylink.com
--

--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
Re: [mrsorcerer:18227] 1500 နှင့်525 မေတ္တာ ဖြစ်ပေါ်လာပုံ
၁) လေကုန်ထန် မဟုတ်ပါခင်ဗျား လေထန်ကုန်း ဖြစ်ပါတယ်။ ကျနော့်ကို မိတ်ဆွေတချို့ နောက်လေ့ ရှိတယ်။ လေထန်ကုန်းကို လာ လည်သွားပါတယ်။ လေတော့ လည်မသွားဘူးနော် တို့ ဘာတို့။ ခင်လို့ နောက်တာ သည်းခံနိုင်ပါတယ်ခင်ဗျား။ ခင်ချင် အရင် မိတ်ဆွေ ဖွဲ့ပါ့ ခင်ဗျား
၂)
ဘုရားရှင်ကိုတော်မြတ်ကိုတိုင် အဘိဓမ္မာကျမ်းမှာ ဟောတော်မူခဲ့ပါတယ် ပြီးတော့ 1500အချစ်ထဲမှာ တဏှာအစစ် 108ပါးရှိပါသေးတယ် ကျန်1392ပါးက အတုပါ အသေးစိတ်သိချင်ရင်တော့ လေကုန်ထန်ကိုပဲ မေးကြည့်လိုက်ပါ...............နော်
၃) ဆောင်းပါးက လေထန်ကုန်းနဲ့ မဆိုင်သလို ရေးသားသူ မိုက်ခဲလေး ဆိုတာလည်း ဆောင်းပါးခေါင်းစဉ်မှာတင် ဖော်ပြချက် ပါပြီးသားပါ။ ကျနော့် လေထန်ကုန်းလေး ဆွဲမထည့်ပါနဲ့ ခင်ဗျား ...။ ကျနော် က အိုင်တီသမားပါ။ ကွန်ပျူတာစက်ပျက်ရင် နည်းနည်းပါးပါ ပြင်တတ်ပါတယ်။ 0 နဲ့ 1 နဲ့ပဲ လုံးထွေးနေသူပါ။ လူတွေရဲ့ ရုပ်ပျက်တာ၊ စိတ်ဓာတ်ပျက်ဆီးတာ မပြင်တတ်ပါဘူး။ တရားမဟောတတ်ပါဘူး။ လေထန်ကုန်း ဟာလည်း စီးပွားဖြစ် ဆောက်ထားတဲ့ဆိုဒ် မဟုတ်ပါ။ ဆွေးနွေးခဲ့သမျှထဲက ကောင်းနိုးရာရာ အိုင်တီနဲ့ ပတ်သက်တာတွေ Archive လုပ် သိမ်းတဲ့အနေနဲ့ အဓိက တင်ထားပါတယ်။ နောင် ပြန်ရှာရလွယ်အောင်ပါ။ ဗုဒ္ဓဘာသာမို့ ရင်ကို ထိမှန်တဲ့ ဓမ္မ တရားစကားတွေ ကူးယူထားပါတယ်။ ကျနော့် ဆိုဒ်ကလေးကို ချမ်းသာပေးပါ။ လူ အမြင်ကပ်အောင် မလုပ်ပါနဲ့ ခင်ဗျား ... :D
လေးစားစွာဖြင့်
လူစိမ်း
ဘုရားရှင်ကိုတော်မြတ်ကိုတိုင် အဘိဓမ္မာကျမ်းမှာ ဟောတော်မူခဲ့ပါတယ် ပြီးတော့ 1500အချစ်ထဲမှာ တဏှာအစစ် 108ပါးရှိပါသေးတယ် ကျန်1392ပါးက အတုပါ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:18226] "ဆန္ဒလှောင်အိမ်"(အကြင်နာနှင်းဆီ)
ကိုယ်စိုက်ပျိုးတဲ့ အပင် ကိုယ်ရိတ်သိမ်းရတယ်ဆိုပေမယ့်
နှစ်ရှည်ပင်စိုက်ချင်သူက ငါပါ
ဘယ်ရိတ်သိမ်းဖို့ ဖြစ်မလဲနော်
ကိုယ်ခင်းတဲ့ အိပ်ရာကိုယ်သိမ်းရမယ်ဆိုရင်လည်း
ငါ ကိုယ်တိုင်ခင်းပြီး မအိပ်ဖြစ်တဲ့ ညတွေ များပေါ့
အတိတ်နဲ့ ပစ္စုပ္ပန်ကို ကူးလူးပေးနေတဲ့
စာကြည့်ခန်းက စားပွဲလေးသာ ငါ့အိပ်ရာအမှန်ပါ
ကိုယ်တိုင် ကြိုးမညှိတတ်ပေမယ့်
အသံထွက်ကောင်းအောင်တီးပြတတ်တဲ့
ငါ တီးခတ်နေတဲ့ ဂီတာအိုလေးလို
နင့်ကို ရင်ခွင်ထက်မှာတစ်ခါတစ်ရံ ထွေးပွေ့ထားမိချင်ပါရဲ့
ဒါပေမယ့်လည်းဟာ
လှောင်ချိုင့်ထဲက ငှက်တစ်ကောင်လို
အစာတောင်းချိန်သာအသံပေးပြီး
အဝေးပျံထွက်ဖို့ စဉ်းစားနေတဲ့ နင့်အတွက်
လောက အပြင်တံခါးကို ငါ့နှလုံးသားနဲ့ ရင်းပြီး ဖွင့်ပေးလိုက်ပါတယ်
ပြန်တောင်လှည့်မကြည့်ဘဲ ဟိုး ! အဝေးကြီးကို
တရှိန်ထိုးပြေးထွက်သွားရက်တယ်
အဲ့ အချိန်က စလို့  ငှက်ကလေးတွေ ကိုမွေးရမှာ ငါ ကြောက်လာတယ်
ဟင့်အင်း ! ငှက်ကလေးတွေကိုမချုပ်ရက် မလှောင်ရက်တော့တာ
ငှက်ကလေးနဲ့ တူတဲ့ ချစ်ရသူရေ !
ဘယ်တစ်ဦးတစ်ယောက်ရဲ့ ချုပ်နှောင်မှုလှောင်ချိုင့်အတွင်းမှ
ပြန်မသက်ဆင်းပါနဲ့တော့............
လွတ်လပ်စွာပျံသန်းနေတာဘဲ ငါမြင်ပါရစေ
နှင်းဆီ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[moemakadaily@moemaka.biz] 8th Feb 2011 - MoeMaKa Daily
Yangon Press International
ဖေဖေါ်ဝါရီ ၈၊ ၂၀၁၂
ဝန်ထမ်းများ၏ လစာကို လာမည့် ဘဏ္ဍာနှစ်တွင် မဖြစ်မနေတိုးမြှင့်ပေးရေး၊ ပြည်သူအတွက် အကျိုးမရှိသော စီမံကိန်းများတွင် ပြည်သူ့ ဘဏ္ဍာငွေ
အသုံးပြုခြင်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ချ၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က "ဦးရွှေမန်းပြောတာတွေက ကောင်းပါတယ်။ အချို့စီမံကိန်းတွေက ပြည်သူတွေအတွက်အကျိုးမရှိဘဲ စီမံကိန်း ဖော်ဆောင်နေတဲ့သူတွေအတွက်ပဲ အကျိုးရှိနေတာတွေ ရှိတယ်။ သူပြောတာတွေကို လူကြိုက်များကြတယ် " ဟု ပြောကြားသည်။
သူရဦးရွှေမန်း၏ အဆိုပြုချက်များကို ရုပ်မြင်သံကြားတွင် ပြန်လည်ပြသရန် အဆိုတင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးဟွားကလည်း ယနေ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေးချက်များသည် ပြည်သူ့အကျိုးအတွက် ဦးတည်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပြည်သူအားလည်း အလုံးစုံ ကြားစေချင်ကြောင်း၊ ထို့ကြောင့် ရုပ်မြင်သံကြားတွင် တည်းဖြတ်ခြင်းမပြုဘဲ ပြန်လည်ပြသပေးရန် အဆို တင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။
" သူပြောတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေလည်း ကြိုက်ကြတယ်။ ဒီနေ့ အကယ်ဒမီကို ရုပ်ရှင်မင်းသားရမလဲ မသိပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့ အကယ်ဒမီကိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ရသွားတယ် ဆိုပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြောနေကြတယ် " ဟု ဒေါ်နန်းစေးဟွားက ယမန်နေ့က ပြောလိုက်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း " မဲဆွယ်တယ် ဆိုတာ ၂၀၁၅ မှ ဆွယ်လို့ရတာ မဟုတ်ပါဘူး၊ သူက အခုကတည်းက အလုပ်တကယ် လုပ်ပြပြီး မဲဆွယ်တဲ့ ပုံစံပါ၊ မှန်ကန်တဲ့ နည်းလမ်းနဲ့ မဲဆွယ်နေတယ်လို့ ထင်ပါတယ်" ဟု ပြောကြားသည်။
စီးပွားရေးပညာရှင် အငြိမ်းစား ပါမောက္ခ ဦးမော်သန်းကလည်း နိုင်ငံပိုင်ငွေကြေးများကို ထိရောက်စွာ အသုံး မပြုနိုင်ခြင်းကြောင့် ဘတ်ဂျတ်လိုငွေပြမှု များပြားလာသည့်အခါ တိုင်းပြည်၏ အနာဂတ် အတွက် အန္တရာယ်ရှိကြောင်း၊ လက်ရှိတွင်လည်း ထိရောက်စွာ လုပ်ကိုင်နိုင်ခြင်း မရှိသဖြင့် အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများစွာ ရှိကြောင်း ပြောကြားသည်။
၎င်းက " ဥပမာဗျာ မီးရထားလမ်းကို လူမရှိတဲ့တောထဲ သွားဖောက်တယ်။ တစ်နေကုန် သုံးမယ့်သူမရှိဘူး။ ကားလမ်းကို တောထဲ သွားဖောက်တယ် သုံးတဲ့သူ နည်းတယ်။ ဒါမျိုးတွေကလည်း အရှုံးပေါ်နေတဲ့ စီမံကိန်းတွေလို့ ပြောလို့ ရတယ်" ဟု ပြောကြားသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျတ်လိုငွေပြမှုမှာ ကျပ်ငွေ ဘီလီယံပေါင်း ၂၃၀၀ ကျော်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသည့် ရသုံးမှန်းချေစာရင်းတွင် ပါရှိသည်။
၁၉၈၉ ခုနှစ် မှ ယနေ့အထိ ၀န်ထမ်းလစာ ၅ ကြိမ် တိုးမြှင့်ပေးခဲ့ရာ နောက်ဆုံး တိုးမြှင့်ပေးသည့်အကြိမ်မှာ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင် ဖြစ်သည်။ ။
Kamar Pale - Poem
ဖေဖော်ဝါရီ ၈၊ ၂၀၁၂

ရုတ်ချည်း
စိတ်လိုလက်ရ ခုန်ချလိုက်တဲ့
ရော်ဝါရွှေရီ သစ်ရွက်ကလေး ...။
စိုးထိတ်ဗျာပွေ ပင်စည်မကြီး
လာလမ်းအတိုင်း လှည့်ပြန်သွားတဲ့
အရှေ့ မြောက်ပြန်လေ ...။
ခပ်နှေးနှေး ကြည်လင်လာစ
ဘ၀အမောပြေ စမ်းချောင်းကလေး
တားဆီး ကျောက်ဆိုင်ထုတွေ အကြား
အပြေးနှုန်းကို ရပ်ပစ်ခဲ့ ...။
ငှက်ကလေးရေ
သင် ဆိုနေကျ
ကြေကွဲတေးနဲ့
ဘ၀ကို တည်ဆောက်ခဲ့ကြ သူတွေပါ ...
ခြေလှမ်းမှားတဲ့ မြေပုံညွှန်းမှာ
(ငါတို့အားလုံး)
ပင်လယ်ပြာနဲ့ ဝေးခဲ့တယ်။ ။
Law Eh Soe - Saffron Uprising Lives Forever ...
သို့မျှ ဟန်ဆောင်၍ မရနိုင်တော့သည့် ကြောက်ရွံစိတ်များ ၀င်ခဲ့သော အချိန်များလဲ ရှိခဲ့ပါသည်။ ထို ထိတ်လန့်ဘွယ်ရာ ကြုံဆုံခဲ့ရသော အဖြစ်အပျက်တခုကို ပြန်၍ မြင်ယောင်မိပါသည်။
လွန်ခဲ့သော သုံးရက်တာကာလ ဗုဒ္ဓ၏သား ရဟန်းတော်များ ငြိမ်းချမ်းစွာ ရန်ကုန်မြို့ လမ်းမကြီးများပေါ် လမ်းလျှောက် ဆန္ဒပြတာတွေကို သတင်းမှတ်တမ်း ယူခဲ့လေတော့ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်မှာ ထမင်းစားပြီး ကျနော်တယောက် အပြင်မထွက်နိုင်လောက်အောင်ကို ပင်ပမ်းခဲ့ပါတယ်။ လာကြိုမဲ့ကားကလဲ ကျနော် ရှောင်တိမ်းပြီး ပုန်းခိုနေသော နေရာကို ဒီနေ့မနက် မရောက်လာ လေတော့ စက်တင်ဘာလ ၂၆ ရက်နေ့ရဲ့ အဖြစ်အပျက်မှတ်တမ်းတွေကို တခုမှ ကျနော် မှတ်တမ်းမတင်နိုင်ခဲ့ပါဘူး။
ဒီသတင်းမှတ်တမ်း အဖြစ်အပျက်တွေ လွတ်သွားတာက ကံဆိုးခြင်းလား ဆိုတာကိုတော့ မိမိကိုယ်ကိုယ်တိုင် ဝေခွဲလို့ မရတော့ပါဘူး။ စက်တင်ဘာလ ၂၇ နေ့မှာတော့ မနက် ၁၀ နာရီခွဲ ကတည်းက အိမ်ကနေ ထွက်ဖြစ်ပါတယ် ပထမဦးဆုံး ဆူးလေဘက်ကို သွားကြည့်ခဲ့ပါတယ်။
အလို....မနက် ၁၁ နာရီသာသာရှိသေးတယ် ဆူးလေ မီးပွိုင့်နဲ့ ဆူးလေ စေတီတော်အနီးဝန်းကျင်မှာ ဒုတ်ဒိုင်း သေနတ်တွေ ကိုယ်စီ ကိုင်ဆောင်ထားသော တပ်မတော်သားတွေနဲ့ လုံထိန်းတွေကို တွေ့မြင်ရပါတော့တယ်။
Zarganar with Maryland Burmese Community
NLD branch in Yay Tsp
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၇၊ ၂၀၁၂

မွန်ပြည်နယ် ရေးမြို့နယ် NLD ရုံး ဆိုင်းဘုတ်တင်ပွဲ၊ ရုံးခန်းဖွင့်ပွဲတို့ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ရာ ဒေသခံ နိုင်ငံရေးသမား အများအပြား တက်ရောက်ခဲ့ကြသည်။ (ဓာတ်ပုံများ - NLD)
အခမ်းအနားမှုးအဖြစ် မွန်ပြည်နယ် အောင်နိုင်ရေးအဖွဲ့ဝင် ဦးအောင်ကျော်ဦးက တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်၊ မွန်ပြည်နယ် အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် နိုင်သောင်းညွန့်၊ ၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် ဒေါတ်တာကျင်သိန်းနှင့် မြို့နယ်စည်းရုံးရေးအဖွဲ့ခေါင်းဆောင် ဦးမြ၀င်းတို့မှ နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြပါသည်။
မြို့ပေါ်ရပ်ကွက်များဖြစ်သော ရန်ကြီးအောင်၊ ရန်မျိုးအောင်၊ အောင်မင်္ဂလာ၊ အောင်မေတာ၊ အောင်သုခ၊ သီရိမာလာ၊ အဏ၀ါ ချောင်းတောင် စသောရပ်ကွက်များသာမက အစင်၊ ဇီးဖြူသောင်၊ ဓမင်းဆိပ်၊ ကံလှ၊ ဘားကြီး၊ ကျောက်မိကျောင်း၊ ကျုံလောင်း၊ ကွင်းရှည်၊ ကျောင်းရွာ စသော ကျေးရွာများမှ ကိုယ်စားလှယ်များ စုစုပေါင်း အင်အား ၃၀၀၀ ခန့် အတီးအမှုတ် အက အခုန်များဖြင့် သီဆိုတီးမှုတ် တက်ရောက်ခဲ့ကြပါသည်။
ဧည့်သည်တော်များဖြစ်ကြသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်များ ကိုလည်း နံနက်စာ ကောက်ညှင်းပေါင်း နှမ်းမနဲတို့ဖြင့် ဧည့်ခံကျွေးမွေးပြီး ရင်းရင်းနှီးနှီး မိတ်ဆက်စကားများ ပြောကြားခဲ့ကြပါသည်။

Daw Suu in Irrawaddy Division
by Yangon Press International
ဖေဖေါ်ဝါရီ ၇၊ ၂၀၁၂
ပုသိမ်မြို့တွင် ပုသိမ်ထီးနှင့် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် မြောင်းမြမြို့သို့ သွားရောက်သည့် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တလျှောက် မြို့များ ရွာများမှ လူပရိတ်သတ် ထောင်ပေါင်းများစွာ ကြိုဆိုကြပြီး ပုသိမ်မြို့တွင် ပြုလုပ်သည့် လူထုဟောပြောပွဲသို့လည်း လူပရိသတ် သောင်းနှင့်ချီ လာရောက် နားထောင်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့နံနက် ၅နာရီမှ စတင် ထွက်ခွာခဲ့ပြီး လမ်းခရီးမြို့များတွင် ကြိုဆိုလျှက်ရှိသည့် ပရိတ်သတ်များအား နှုတ်ဆက်နေခြင်းတို့ကြောင့် နဂို စီစဉ်ထားသည့်အတိုင်း ပုသိမ်မြို့၌ ၉ နာရီတွင် ဟောပြောပွဲ မစနိုင်ဘဲ နေ့လည် ၁၀နာရီ ၂၅ မိနစ်တွင် ပုသိမ်မြို့ထဲ စတင် ၀င်ရောက်ခဲ့သည်။
မြို့တွင်းဝင်သည့် လမ်းခွတ်လပ် ပုသိမ် ဂျီတီစီကျောင်းရှေ့၌ ကျောင်းဝတ်စုံများဖြင့် ထွက်ကြိုကြသည့် ဂျီတီစီကျောင်းသားများအား ခေတ္တရပ်၍ စကားပြောဆိုသည်။
ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်အား မြင်တွေ့ကြိုဆိုလိုသဖြင့် ကျောင်းထဲမှ ထွက်လာခြင်းဖြစ်ကြောင်း စာမေးပွဲ မဖြေရတော့ကြောင်း ပြောကြသည်။
ထို့နောက် ၁၁နာရီ ၁၀ မိနစ်တွင် ကိုးသိန်းအားကစားကွင်းအတွင်း စတင် ၀င်ရောက်ပြီး စောင့်ဆိုင်းနေသည့် လူထုအား နာရီဝက်ခန့် စကားပြောဆိုသည်။
ထိုသို့ပြောဆိုရာတွင် လူထုပရိသတ် ယခုလောက် လာရောက် ထောက်ခံအားပေးကြသည်ကို မြင်နေလျှက်သားနှင့် လာမည့် ရွေးကောက်ပွဲတွင် မဲရှုံးလျင် တခုခု မှားယွင်းနေလိမ့်မည်ဟု ပြောဆိုသွားသည်။
ထို့ပြင် အန်အယ်လ်ဒီပါတီအား လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးရန် ပြောဆိုသွားသကဲ့သို့ လမ်းတွင် ကရင် တိုင်းရင်းသားများက ဒုံးယိမ်းအကဖြင့် ကြိုဆိုကြသည်ကို ၀မ်းသာကြောင်း၊ ယခုလို နေပူပြင်းပြင်းတွင် လာရောက် ကြိုဆိုကြသဖြင့် ခံနိုင်ရည်ရှိလိမ့်မည်ဟု ယူဆကြောင်း၊ ယင်းခံနိုင်ရည်ကို နိုင်ငံ့အရေးဘက်တွင် အသုံးချစေလိုကြောင်းလည်း ပြောဆိုသည်။
ပြည်တွင်းငြိမ်းချမ်းရေး အရေးကြီးကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရမှ စစ်မှန်သည့် ဒီမိုကရေစီ ဖြစ်လိမ့်မည်ဟုလည်း ပြောဆိုသွားသည်။ ပုသိမ်မြို့က သူတွေ တက်တက် ကြွကြွရှိကြတာကို တွေ့မြင်ရကြောင်း၊ စည်းကမ်းပိုင်းတွင် အားနည်းသည်ကိုလည်း သတိထားမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
စီးပွားရေးနှင့် ပတ်သက်၍ ဆင်းရဲမွဲတေမှု ပပျောက်ရုံသာမက ချမ်းသာသည့်အဆင့် ရောက်အောင်လည်း လုပ်ရဦးမည်ဟု ပြောဆိုသည်။
ထို့နောက် နေ့ခင်း ၁၂ နာရီ ခွဲတွင် မြောင်းမြမြို့သို့ ထွက်ခွာသွားရာ ၃ နာရီ သာသာတွင် မြောင်းမြမြို့သို့ ၀င်ရောက်သွားပြီ ဖြစ်သည်။ မြောင်းမြမြို့ မီတာ ၄ရာ အားကစားကွင်းတွင် လူထုပရိသတ်အား ဟောပြောမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ လာရောက်မည့် နေ့နှင့် တိုက်ဆိုက်၍ တက္ကသိုလ်တွင် စာမေးပွဲ စစ်မေးခြင်း၊ ရပ်ကွက်ရုံးများတွင် စတုဒီသာ ကျွေးမွေးခြင်း၊ အိမ်ဂရန်များ ထုတ်ပေးမည်ဟု အကြောင်းကြားကာ အိမ်တွင် စောင့်ဆိုင်းနေဖို့ ဆော်သြခြင်းများကို သက်ဆိုင်ရာ အာဏာပိုင်တို့က လုပ်ဆောင်ခဲ့သည်ဟု မြို့ခံများက ပြောသည်။ ။
Ashin Pyinnar Nanda - Articles
ဖေဖော်ဝါရီ ၇၊ ၂၀၁၂
မိမိအမေရိကားရောက်ပြီး (၂) နှစ်လောက်ကြာမှ ဒုက္ခသည်အစီအစဉ်နဲ့ သူလည်း ဥရောပကိုရောက်သွားပါတယ်။ ဒီနေ့တော့ မိတ်ဆွေဆရာ တော်က ထူးထူးခြားခြားစကားဆိုလာပါတယ်။
"အေးကွာ နိုင်းငံခြားရောက်မှ အကူအညီတောင်းတဲ့သူတွေပေါမှဟေ့။ မိတ်ဆက်ပြီး အကူ အညီတောာင်းတဲ့သူ။ ပိုက်ဆံအိပ်ပျောက်သွားလို့ အကူအညီတောင်းတဲ့စာ၊ အိမ်ပြောင်းရမှာမို့ အကူအညီတောင်းတဲ့စာ၊ မိတ်ဆွေဘုန်းကြီးတပါးက ချင်းပြည်နယ်မှာကျောင်းထိုင်နေတာ သွားရေးလာရေးခက်ခဲလို့ ကားဝယ်ချင်လို့ အလှူခံတဲ့အီးမေးလ်၊ သူ့အရင်က ဟန်းဖုန်းတလုံး ပူဆာတဲ့ အီးမေးလ်၊ ဒစ်ဂျီတယ်ကင်မရာလို ချင်လို့ ပူဆာတဲ့သူ၊ ကွန်ပြူတာအဟောင်းလေးရှိရင် စွန့်ကျဲပါလို့ တောင်းဆိုတဲ့သူ၊ အဲဒီအရင်က ကလေးကျောင်းစရိတ်မရှိလို့  အကူအညီ တောင်းတဲ့အီးမေးလ်၊ အဲဒီအရင်က အက်ဖ်အာအာအိုလုပ်ချင်လို့ ငွေလိုလို့ အကူအညီတောင်းတဲ့အီးမေးလ်နဲ့ တခြား တောင်းတဲ့ ရမ်းတဲ့ အီးမေးလ်တွေက စုံပါပေ့ကွာ" တဲ့။
တတ်နိုင်သလောက်တော့ လှူနေရတာပါဘဲ။ ငါ့မလဲ ကျောင်းမနေနိုင်တဲ့ကလေးတွေ ကျောင်းထားပေးရ။ စွန့်ပစ်ခံ သက်ကြီး ရွယ်အိုးများလို လစဉ်လှူတဲ့အလှူတွေအပြင် ခွဲခြမ်းစိပ်ဖြာပြီး ဟိုလှူရ ဒီလှူရ စုံနေတာပါဘဲကွာ။ မိဘနေမကောင်းတာတောင် သိပ်မထောက်ပံ့နိုင်ဘူး။ လှူရလို့ပြောတာမဟုတ်ပါဘူး။ နိုင်ငံခြားမှာနေတယ်ဆိုပြီး အထင်ကြီးနေကြလို့ပါကွာ။ တကယ်တော့ အစိုးရက ငါ့ကိုထောက်ပံ့ငွေက နေထိုင်ရရုံလောက်ပါ။ အဲဒီအထဲက ခြိုးခြံခြွေတာ လှူဒါန်းနေရတာပါကွာ။ ချမ်းသာလို့တော့မဟုတ်ပါဘူးလို့ ငြီးရှာပါတယ်။ ငြီးလည်း ငြီး လောက်ပါပေတယ်။ အရင်အိန္ဒိယမှာနေတုန်းကလည်း ထိုနည်းကောင်းပါဘဲ။
အကူအညီတောင်းသူတွေများကြောင်း အငတ်ခံပြီး အကူအညီပေးကြောင်း သူ့သတင်းတွေကြားနေရပါတယ်။ တချို့များဆို ဘုန်းကြီးနဲ့ သိတာလည်းမဟုတ်၊ မြင်လည်းမမြင်ဘူး။ နတ်လမ်းညွှန်မှုတွေကြောင့် တက္ကစီငှားလာပြီး ဘုန်းကြီးကျောင်းရောက်မှ တက္ကစီဖိုး ဘုန်းကြီးဆီ မှာတောင်းပြီးပေးတဲ့သူကလဲ ရှိရဲ့။
ဘုန်းကြီးဆီရောက်ရင် သေချာပေါက်အဆင်ပြေမယ်ဆိုတာ တွက်ထားကြပါတယ်။ အဲသလောက် အပူသည်တွေရဲ့ ယုံကြည်အားကိုးမှုခံရတဲ့ မိတ်ဆွေဘုန်းကြီးပါ။ အလိမ်ခံရတာတွေလဲအများကြီးရှိတယ်လို့ ရင်နှီးတဲ့ဒကာတယောက်ကလည်း ပြောပြဘူးပါတယ်။
"အေးကွ ငါက သူတို့ကို စားဝတ်နေရေးအတွက်တော့ မကူညီနိုင်ဘူး။ ကူညီနိုင်လောက်အောင်လည်း ငါကမချမ်းသာပါဘူးကွာ။ ချမ်းသာတဲ့ နိုင်ငံရောက်ပေမဲ့ ငါကမချမ်းသာပါဘူး။ ပါးစပ်သွက်မှ အသပြာလှူသူကလည်း ပေါတာ၊ ငါက အလှူခံဘို့ အပြောအဟောဝါသနာကလည်း မပါ။ ဘယ်သူကိုမှလဲ တခါမှမပြောဘူး။ မဟောဘူး။ ရပ်တည်လို့ရသမျှ ရပ်တည်မယ်၊ ရပ်တည်လို့ မရသည့်အဆုံး လူဝတ်လဲ အလုပ် လုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားတယ်။ အတိတ်ကံနည်းခဲ့လို့ မွဲနေရတဲ့ဘ၀။ နောင်ဘ၀မမွဲရအောင် လိုတရအောင် တတ်နိုင်သမျှ အလှူဒါန လေးတော့ပြုကွာလို့ ဆုံးမရှာပါတယ်။
သူ့စကားနားထောင်ပြီး လေပူတွေကို ခပ်ပြင်းပြင်းမှုတ်ထုတ်မိပါတယ်။ နိုင်ငံခြားမှာနေတဲ့ဘုန်းကြီးဘ၀ (အထူးသဖြင့် ကိုယ့်ဘ၀) ကလည်း ဘာမှမထူးပါဘူးဘုရား။ အခြားနေရာဌာနတွေမှာ ဘယ်ပုံဘယ်နည်းရပ်တည်နေကြတယ်ဆိုတာမသိပေမဲ့ တပည့်တော်လည်း ရပ်တည်နိုင် ဘို့အတွက်တော့ ဒီလိုဘဲ ကိုယ့်ဖာသာရှာကြံဖန်တီးနေရတာပါဘုရားလို့ စိတ်ထဲကဘဲ လျောက်ထားလိုက်ပါတယ်။
ဒုက္ခသည်ဘ၀ကလာတဲ့ဘုန်းကြီးမို့ထင်ပါရဲ့။ ဒုက္ခသည်တွေနဲ့ဘဲ ရောက်ရာဘ၀မှာ ဆုံးဆည်းနေရတာမို့ ဒုက္ခတွေကမကုန်သေး၊။ ကြုံနေ ဆဲ။ ရဟန်းဘ၀လေးကို မြတ်နိုးလှတာမို့ အသွင်မပြောင်းရအောင် မနည်းရုန်းကန်ပြီးတွယ်ဖက်ထားရတယ်ဆိုတာ ကိုယ့်ရဟန်းအချင်းချင်းမှ သိကြတာပါ။ မိတ်ဆွေဘုန်းကြီးပြောသလို ရပ်တည်လို့ရသမျှ ရပ်တည်မယ်၊ ရပ်တည်လို့မရသည့်အဆုံး လူဝတ်လဲ အလုပ်လုပ်မယ်လို့ စိတ်ဆုံးဖြတ်ထားတာကတော့ သူနဲ့ ကိုယ်နဲ့ အတော်လေးတိုက်ဆိုင်တယ်။ ကိုယ်ကလည်း သူများအတွက်သာ အလှူခံရဲတာ။ ကိုယ့်အ တွက်ဆိုရင်တော့ ဘာမှမပြောရဲ။ ဆက်ပြီး လျောက်ထားမိပါတယ်။
စနေ တနင်္ဂနွေနေ့တွေမှာတော့ ဒကာ ဒကာမတွေလာမှာပေါ့နော်လို့ လျောက်ထားမိပါတယ်။ အခု ငါနေတဲ့ဘုန်းကြီးကျောင်းရှေ့မှာ ခရစ္စ ယာန်ဘုရားရှိခိုးကျောင်းရှိတယ်။ စနေ တနင်္ဂနွေနေ့တွေဆို သူတို့ဘာသာဝင်တွေဘုရားရှိခိုးလာကြတာ ကားတွေပြည့်နေတာဘဲ။ ငါနေ တဲ့ ကျောင်းမှာ ဥပုသ်နေ့လဲ လူမလာဘူး။ စနေ တနင်္ဂနွေလဲ သီလယူ တရားနာဖို့ လူမလာဘူး။ အလုပ်မအားဘူးပြောတာဘဲ။ ဘယ်တတ်နိုင် မလဲကွာ။ ကိုယ်က ဘယ်လောက်ဟောပြောသင်ကြားပေးချင်ပေမဲ့  သင်ယူချင်တဲ့သူကလည်း ရှိအုံးမှကိုးကွတဲ့။ မင်းကမှ စနေ တနင်္ဂနွေနေ့ တိုင်း ကလေးတွေကိုစာသင်ပေးနေရသေးတယ်။ ကံကောင်းတယ်မှတ်တဲ့။
(စနေ တနင်္ဂနွေ ဘုန်းကြီးကျောင်းမလာတာကတော့ သူ့အိမ်ကဘုရားမှာဘဲ ဘုရားရှိခိုး ကုသိုလ်လုပ်နေလို့ဖြစ်မှာပါ။ ခရစ်ယာန်တွေအိမ် မှာက ဘုရားစဉ်မှမရှိတာ။ ချာ့ခ်ျကျောင်းသွားပေါ့။ ဟုတ်ဘူးလား။ အဲဒီလိုလေးတော့လည်း လျော့တွေးအုံးမှပေါ့ဘုရား)
တင်ပ ဘုရား။ ကံကောင်းတယ်လို့ဘဲ မှတ်လိုက်ပါမယ်ဘုရား၊ ဆရာတော်နဲ့က တူတာတွေ တိုက်ဆိုင်တာတွေများလွန်းလို့  အံ့သြမိပါတယ် ဘုရား။ တခုဘဲလျောက်ထားပါရစေဘုရား။ ရဟန်းဘ၀လေးကိုတော့ လွယ်လွယ်နဲ့တော့ မစွန့်လွှတ်ပါနဲ့ဘုရား။ ဘာသာရေးကို စိတ်ဝင် စားသူတွေ၊ သဒ္ဓါတရားကောင်းကောင်းနဲ့ သင်ယူလိုတဲ့သူတွေ တနေ့ ရှိလာအုံးမှာပေါ့ဘုရား။ ကြိုးစားပြီးသာသနာပြုပါလို့  (နှုတ်ခမ်းပဲ့ခြင်း) အားပေးလိုက်ပါရစေဘုရား။ ။
Monday, February 6, 2012
Daw Suu in Pathein
ဓာတ်ပုံသတင်း/အသံဖိုင်
ဖေဖော်ဝါရီ ၇၊ ၂၀၁၂
ဓာတ်ပုံများ - Messenger သတင်းဂျာနယ်၊
အသံဖိုင် - DVB
--
Send email to - editors@moemaka.com to contact and contribute with MoEmAKa
MoeMaKa on Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives