
နောက်ဆုံး ရေးသားချိန်20 ဖေဖေါ်ဝါရီလ 2012 - 20:39 GMT
အဲ့ဒါ ဓါတ်ကြိုးကို ခလုပ်တိုက်မိတာ ဖြစ်နိုင်တယ်
ကိုယ်က ထွက်ပြေးလဲ ကပ်ပါလာတယ်မလား
ခေါင်းစဉ်က အင်း
ဓါတ်သွားရာ ရစ်ရစ်ပါ ဆိုမကောင်းဘူးလား
2012年2月20日23:01 achitshone lay <achitshonelay@gmail.com>:
ကျွန်တော့်အမြင်ကိုပြောရရင်တော့ (ဘ၀နွံ) လို့ တပ်စေချင်တယ်ဗျာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
အချိန်ကား ညဥ့်နက်လေပြီ ညဆယ်နာရီကျော် စာရေးသူအသိဖြစ်သော ခင်းဝင်းဇော်အမည်ရှိ ကယ်ရီသမားသည် အရက်နံ့ကလေးသင်းမျမျဖြင့် မိမိသတင်းသုံးရာ ကျောင်းတိုက်သို့ရောက်ရှိလာ၏ ဆရာတော် ဆရာတော် ဘောနတ်ကြီး အောက်ကမ္ဘာမှာ ဈန်ရဆရာတော် ပုဂ္ဂိုလ်ထူးတစ်ပါး ပေါ်နေတယ် ပြောတယ် သွားဖူးရအောင် ကားရှိတယ် မဟုတ်လား ကားမရှိလဲ တပည့်တော်ကတော့ ဆိုင်ကယ်နဲ့သွားမှာ တစ်လအလွန်မှာပင်း ကားက မရှိတော့ ကားကြောင့် ဒရိုင်ဘာကြောင့် စိတ်ညစ်ရ ဆီကြောင့် စိတ်ညစ်ရ ကားကျမ္မာရေးကြောင့် စိတ်ညစ်ရ စိတ်ညစ်စရာဝန္တာများသောကြောင့် ကားမရှိတော့သည်ကို မသိသော ကယ်ရီသမားအား ပြောပြရှင်းပြမိသည် သို့သော် သူ၏ရည်ရွယ်ချက် ဆိုလိုချက် သူ၏ပြင်းပြနေသော ဆန္ဒကား အခြားမဟုတ် ထိုအောက်ကမ္ဘာဆရာတော် သွားဖူးမည်သာလိုရင်း အချိန်ကား ညဆယ်နာရီခွဲလေပြီ သို့နှင့် မိမိသည် သူအားသွားတက်သလား သွားရင်အဆင်ပြေပါ့မလား ခရီးတစ်ကြောင်း၏ အကြောင်းတရားတို့အား တစ်ခွန်းတစ်ပါဒမှ မမေးမိ မစမ်းမိ သို့နှင့် ကဲမင်းကလာပြောမှတော့ သွားဖူးကြတာပေါ့ ဒါနဲ့ ဒီလိုဆရာတော်ကို ဖူးခွင့်ကြုံတုန်း ဖူးရတုန်းလှူရတယ်ကွ ပြောပြောဆိုဆို မိမိသည် သင်္ကန်းလကဲာ ဘုရားခန်းထဲမှ သင်္ကန်းခြင်း တစ်ခြင်းအား ကောက်ကိုင်ပြီး ထိုကယ်ရီသမားနှင့် ညဆယ်နာရီခွဲ ခရီးနှင်ခဲ့လေပြီ ဘယ်နှမိုင်ရှိသည် မသိ ဘယ်က သွားရသည် မသိ ဘာမှန်းမသိခရီးတစ်ခုအား ဆရာတော်အား ဖူးမြင်လိုဇောဖြင့် နှစ်ယောက်သား တလပေါင်းမှ ခရီးနှင်လာခဲ့ပါသည် နေပြည်တော်လမ်း မန္တလေးလမ်းဟောင်းနှင့် လမ်းခွဲတွင် ရိုးရိုးလမ်းဟောင်းမှ သွားမည်ဟုစိတ်ကူးသော်လဲ ဆရာတော် တစ်ပါးယာဉ်အခက်ခဲကို သွား၍ကူးရမည်လား မေးစမ်းမိသောကြောင့် နေပြည်တော် အမြန်လမ်းမှ(ဆိုင်ကယ်မစီးရ)ရေးထာလျက် အမြန်လမ်းမှ မောင်းကြသည် တိုးဂိတ်အရောက်တွင် အရက်ကလေး တမျမျရှိလှသော ကယ်ရီသမားသည် အော်ကြီးဟစ်ကြယ် စကားများ ဝေေ၀ဆာလျက် ဆရာတော်ကိုမရရအောင် ဖူးမယ် ဒီနေ့ဖူးမယ် နံက်စောစောဖူးမယ် စသည် အော်ဟစ်မြည်းတွားလျက် လမ်းမှဝန်ထမ်းတစ်ဦးသည် ဟေ့ဆိုင်ကယ် ဘယ်တုန်းဟု မေးပါသည် ထိုဝမ်ထန်းနားရောက်အောင် ကယ်ရီသမားမှ မောင်းသွားပါသည် အောက်ကမ္ဘာဆရာတော်ကို သွားဖူးမလို့ အဲ့ဒါ မိုင်တိုင်ဘယ်လောက်လဲ ဟုကယ်ရီသမားမှ မေးပါသည် မိုင်တိုင် ၃၉ဟုပြောပါသည် အားလားလား မိုင်တိုင်၃၉ ကြီးဆိုတော့ များလှပါလားဟု မိမိတွေးမိ၏ ကယ်ရီသမားသည် ဆရာတော်ကို ဖူးခြင်သည်က တစ်ပိုင်း အရက်ကတစ်ပိုင်း နှစ်ပိုင်းကြောင့် သူကသွားမည်တာစူလျက်ရှိ၏ သို့နှင့် နေပြည်တော် အမြန်လမ်းမှ ဆိုင်ကယ်အား မိုင်ကုန်မှောင်းနှင်လေပြီ နောက်မှ သင်္ကန်းဘို့ရို့ဘားယားဖြင့် လိုက်ပါလာသော မိမိသည် ကိုယ့်ကိုယ်ကို သရဏဂုံတင်ထားရမလိုရှိ၏ ညချမ်းကာလမဟုတ် ညချမ်းတုန်ကာလဟုဆိုရဟန်ရှိ၏ ကားနှင့်ဆိုလျင် အလွန်ငြိမ့်ညောဖွယ်ကောင်းသော ဤအမြန်လမ်းကြီးသည် ဆိုင်ကယ်နှင့် ခရီးနှင်လာသော မိမိတို့အဖို့ အလွန်စိတ်ညစ်ဖွယ် သို့သော် ဆရာတော်ကိုဖူးမည်ဟူသော ရည်ရွယ်ချက်ကြောင့်သာ သက်သာရာရ၏ မိုင်တိုင် ၃၇အရောက်တွင် သားသားနားနားဖွင့်ထားသော ဆိုင်တစ်ဆိုင်တွေ့၍ ဆရာဒကာနှစ်ယောက် ၀င်ထိုင်မည်ပြုနေချိန်တွင် ဘီယာဆိုင်ဖြစ်နေလေသည် ထိုင်လို့မကောင်းပါဘူးလေဟု သိစိတ်က သိပြီး သတိကရှိလေသော်လည်း ခရီးဒဏ်ကြောင့် ရပါတယ်ကွာ ကိုယ့်ဟာကို ကော်ဖီသောက်မှာပဲ ဟု ကိုယ့်ကိုယ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကား ထိုဘီယာဆိုင်တွင် ကော်ဖီနှင့် ဆေးလိပ်ခဲလျက် ဒကာဖြစ်သူမှ အမူးနဲနဲပြေဟန်ရှိလာသည် ဆိုင်တွင်ရှိသော ဒကာမကြီးအား အမအမ ဈန်ရဆရာတော်တစ်ပါးပေါ်တယ် ဆိုတာ ဟုတ်လား အဲ့ဒါကျူပ်တို့ သွားမလို့ ဘယ်လိုသွားရမတုန်းဟု စကားကမ်းလှမ်းပါသည် ထိုဒကာမကြီး ပြန်ပြောသော စကားများသည် အားရဖွယ်ကောင်းလှ၏ ဈန်ရမရတော့ မသိဘူး ဒီနယ်တစ်ဝိုက်တော့ နာမည်ကြီးနေတာပဲ သွားမယ်ဆိုယင်တော့ ခရီးကဝေးလှတယ် အမြန်လမ်းက အောက်ဆင်းယင် ထန်းတောတို့ ၀ါးတံတားတို့ ရောက်အုံးမယ် အဲ့ဟိုဘက်ကျော်ယင် လူပျက်တယ် ဒီမှာ ညအိပ်ပါလားဟု ပြောသည် အမူနဲနဲပြေဟန်ရှိသော ကနဦးအစက ဆင်ဖမ်းမည် ကြားဖမ်းမည် မြွေပွေး ကစ်စင်ရိုက်မည်ဆိုသော ကယ်ရီသမားသည် ဒီမှာအိပ်ယင် မကောင်းဘူးလားဟု မိမိအား အားညှိပါသည် တော်တော် ဒီရောဂါမင်းက စတာ ရောက်အောင်သွားမယ် သူသည် သူစကားနှင့် သူမို့ မညင်းသာတော့ဟန်ရှိသည် သို့နှင့် မိမိတို့ ဆရာဒကာနှစ်ယောက်သည် ဘယ်က ဘယ်လိုသွားရမည်မသိသော ဘယ်သူမှ မေးစရာ မရှိလောက်သော ဥည့်နက်အချိန်ဖြစ်လျက် ဒီလမ်းက ချိုးရမှာလား ဟိုလမ်းလား ဒီအကွေ့လားပဲဟု တစ်ခုခု သံသယဖြစ်လျင် လူတယောက် မြင်တွေ့ရ၏ ဟေ့ အကိုအောက်ကမ္ဘာကို ဘယ်က သွားရလဲ တန်းတန်းမောင်း ဘယ်နားရောက်လျင် ဘယ်ကို ချိုး ဘယ်နားရောက်လျင် ဘယ်လို ညွှန်မည့်သူ ပေါ်ပေါ်လာ၏ ထူးခြားချက်ပင် သို့နှင့် အောက်ကမ္ဘာဆရာတော် ကျောင်းသို့ ရောက်သွားပါသည် ည၁နာရီခွဲ မိမိသည် အေးသောကြောင့် ဦးခေါင်းအစွတ် နှင့် ဥည့်ဆွမ်းချက်သော ကပ္ပိယအချို့ကား မအိပ်သေး မိမိအား ၀တ်ပြုကာ ရေနွေးချမ်းများ ကပ်ကြ၏ စကားစမြည်းပြောဆိုလျက်ရှိ၏ မိမိသည် သိချင်သော အလွန်စိတ်ဝင်စားနေသော မေးခွန်းကို မေးရကောင်းမည်လား မကောင်းဘူးလားဟု သံသယဖြစ်နေခိုက် အနားမှ ဒကာများသည် ဆရာတော်၏ ဆရာရင်း ဒကာရင်းများဖြစ်သော ကြောင့် မေးလိုသည်များကို ဖြေလိမ့်မည်ဟု သာမာန်တွေးထားပါသည် စိတ်ထဲကလဲ ပီတိဖြာလျက် မိမိမှ စ၍မေးပါသည် ဆရာတော်က ဘာထူးတုန်းဆိုတော့ သူကပြောပါသည် ဘာမှမထူးဘူး ဘာမှမလုပ်ဘူး သူ့ဟာသူနေနေတာပဲ အဲ့ဒါဟိုရွာကလူတွေလာ ဒီရွာကလူတွေလာ အဲ့ဟာတော့ထူးတာပဲဟု သူ့အမြင်ကိုပြောပါသည် မိမိသည် ဆိုင်ကယ်ဖြင့်ခရီကျမ်းကြီးအား စွန့်စွန့်စားစား ဖူးမြော်လိုစိတ်ဖြင့်လာခဲ့ရ၏ ထိုကပ္ပိယ ဒကာရင်းများ၏ အပြောဆို မတက်မှုကြောင့် စိတ်ထဲတွင် အောင့်သိအောင့်သက် ဖြစ်ခဲ့ရ၏ ဆက်ပြီးစကားများ ပြောဆိုကြရာတွင် မိမိမှ ထိုဒကာများအား မေးပါသည် ဆရာတော်ကို လျောက်ချင်တာလျောက်ယင် အဆင်ပြေပါ့မလားဟု မေးလိုက်ရာတွင် ကပ္ပိယဒကာမှ ပြန်ပြောပါသည် အင်းရပါတယ် ဒါပေမယ့် ဆရာတော်က နကန်းကြီး ဟုပြောပါသည် ထိုစကားသံကြားမှ မိမိသည် စိတ်ထဲတွင် ဆုံးဖျက်ချက် ချလိုက်ပါသည် သြော် သူတို့တတွေဟာ စကားအသုံးနှုံးနဲ့ နိယာမသဘောတရား ဘာသာတရားရဲ့ အကျိုးအပြစ် စသော ဗဟုသုတများ ဝေးနေဟန်ရှိသည်ဟု ယူဆလိုက်ပါသည် သို့နှင့် မိမိရောက်သည့်နေ့သည် ဆရာတော် ဘုန်းရှိန်တောက်ပသည်မှာ ၈ ရက်ပြည့်ကြောင်း ဟိုရွာသည်ရွာများမှ လူအများပြား တဖွဲဖွဲလာရောက်သည်မှာ အမျိုးမျိုး သတင်းတွေကြားပြီး လာကြသည် ဈန်ဖြင့်ဖူးသူက ဖူးရ၏ အေးချမ်းသော စိတ်ခံစားမှုမျိုး ရသူက ရ၏ တို့ကိုလဲ ပြောပြပါသည် စကားများ ဘတပြန် ကျားတပြန်ပြောယင်းမှ နံက် ငါးနာရီခွဲအချိန်တွင် ထိုကပ္ပိယမှ ထသွားပြီးဆရာတော်ကျောင်းပေါ်မှ ပြန်ဆင်းလာကာ မိမိအားလျောက်ပါသည် လက်အုပ်ကလေးချီ၍ ကိုတော် ဦးဇင်းကြီးနိုးနေပြီ ဟုဖြစ်၏ သြော် ဒီလိုပုဂ္ဂိုလ်မြတ် သူတော်မြတ်ကို ဆရာတော်ကြီးဟူ၍ပင် မသုံးနှုံးတက်ပါကလားဟု တွေးမိသေး၏ သူတို့အပြော သူတို့အတွေ့ကြုံများကားဤမျှပင် ရှိစေဦးတော့ မိမိ၏ အယူအဆ အတွေ့အမြင် ၀မ်းမြောက်ဘွယ်တို့ကား
ဆရာတော်အား ဖူးမြင်ရချိန်တွင် ဥပမာမပြတက်အောင် အေးချမ်းမှုမျိုးခံစားရခြင်း
အဦးဆုံး ဘယ်သူမျှမလှူရသေးခင် (ညတစ်ညလုံးစောင့်နေတာကိုး)သင်္ကန်းခြင်း ဆပ်ကပ်ခွင့်ရခြင်း
မိမိလှူပြီးချိန်တွင် ဒကာဒကာမများမှ ဒလဟော ၀ိုင်းဝန်းလှူဒါန်းခြင်း
ဆရာတော်ကြီးသည် ပရိတ်သက်များအပေါ်တွင် အထင်ကြီးစေလိုသော အခြင်းအရာ ခက်ထန်သော အခြင်းအရာ တစ်စုံတစ်ရာမျှမရှိခြင်း
ဆရာတော်ကြီးသည် အနှစ်သုံးဆယ်တိုင်တိုင် တရားဓမ္မဖြင့် သီးတင်းသုံးနေထိုင်သောကြောင့် စင်္ကြန်လျောက်ရာတွင် ခြေထောက်နှင့် မြေကြီးလွတ်နေခြင်း (ထိုကဲ့သို့လွတ်ခြင်းကို မြင်တွေ့ရသော ကျောင်းသားကလေးများသည် သူရဲခြောက်သည်ဟု ယူဆကာ ကျောင်းမှထွက်ပြေးကြသည်ဟူ၏ ဤအဖြစ်ပျက်ကား ခြောက်နှစ်လွန်ပြီဟု ပြောကြသည်)သက်တော်အားဖြင့် အသက်၈၆နှစ်ရှိခြင်း အလွန်အေးချမ်းတည်ငြိမ်သော အသွင်သဏ္ဌာန်ရှိခြင်း
မိမိသည် အောက်ပါအတိုင်း ယူဆချက်များဖြစ်ပေါ်မိပါသည်
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကဲ့သို့ ဘုန်းတောက်ခြင်းလဲဖြစ်နိုင်၏(အကြောင်းဆိုသော်)ဟိုရွာ သည်ရွာ အတော်များများမှ လူများသည် ဆရာတော်အား ကောင်းကင်တွင် ဖူးမြင်ရသည်ဆိုကာ ကြက်ပျံမက စည်ကားခြင်း ဤကား လက်တွေ့ဖြစ်ပါသည် မိမိသည် နံက်မှ သွားလျင် နီးကပ်စွာဖူးတွေ့ခွင့် မရနိုင်သလို အဦးဆုံးလှူခွင့်ရဟန်မရှိ ပရိတ်သက်ကား များလှ၏း မည်သူမျှဦးဆောင် ဦးရွက် မရှိပါပဲလျက် ဝေယျာဝေစ္စလုပ်နေသူများ ခရီးဦးကြိုပြုသူများ လမ်းညွှန်သူများ များပြားခြင်း ဤကား တနည်း
နောက်တစ်နည်းဆိုရခြေမူ ရဟန်းကိစ္စပြီးချင်းမျိုးလဲ ဖြစ်နိုင်၏ အကြောင်းဆိုရမူ ဆရာတော်သည် ဘုန်းကြီးလိုသောကြောင့် လိမ်လည်မည့်အမူရာ မရှိသကဲ့သို့ သက်တော်အားဖြင့် ကြီးလွန်းခြင်း တရားဟောရာတွင် အထင်ကြီးစရာစကားများမသုံးပါပဲ သစ္စာလေးပါးဖြင့် နိဗ္ဗာန်ရောက်အောင် အားထုပ်ကြ ဒါသာမူရင်းဟု သစ္စာလေးပါး တရားသာ ဟောပြောခြင်း ထို့ကြောင့် ရဟန်းကိစ္စပြီးကာ ရဟန္တာဟုလဲယူဆမိပါသည် ထို့ကြောင့် ပုဂ္ဂိုလ်ထူးတစ်ပါးအား အများသူငါ သွားဖူးလိုက သွားနိုင်ကြရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည် (ပုံတော်ကိုတော့ စကင်မဖက်ရသေးလို့ နောက်မှ ပို့မယ် အခုတော့ ဤမျှသာ)
လိပ်စာ
နေပြည်တော်အမြန်လမ်းမှ မိုင်တိုင်၃၉တွင် ဘောနတ်ကြီးရွာမှ တဆင့် သံဇုံ ထိုမှတဆင့် ထန်းတော ထိုမှတဆင့် အောက်ကမ္ဘာ သို့ရောက်မည် မိုင်တိုင် ၃၉ရောက်လျင် တံတားအောက်ဆင်း ဂိတ်တစ်ခုတွေ့မည် ထိုဂိတ်တွင်လဲ မေးမြန်းလို့ရပါသည် အေးချမ်းလို့သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်အား ဖူးမြင်လိုသော လှူဒါန်းလိုသော သူများ သွားရောက်ကုသိုလ်ယူကြပါကုန်။
--






၅၀၀၀ တန်ဖုန်း ခွင့်ပြုပေးရေး ပြည်သူများ၏ လက်မှတ်ပေါင်း တစ်သောင်းကျော် သမ္မတရုံးသို့ ပေးပို့မည်
--photo..myanmarnewshub.com
ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်းမှ ဦးဆောင်၍ ငွေကျပ် ၅၀၀၀ တန်ဖုန်းများ ခွင်ပြုပေးရေးအတွက် ပြည်သူများ၏ လက်မှတ်ပေါင်းတစ်သောင်းကျော်ရရှိနေပြီ ဖြစ်သည့်အတွက် ယခုလအတွင်း နိုင်ငံတော်သမ္မတရုံးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့ထံ ပေးပို့သွားမည်ဟု အသင်းဥက္ကဌ စာရေးဆရာ ဗအုပ်ခိုင်ထံမှ သိရှိရသည်။
´´လက်မှတ်တော်တော်များများ ရနေပြီမို့ ပို့တော့မလို့ဘဲ၊ တချို့နယ်က လူတွေက ဖုန်းဆက်ပြီးပြောတယ်။ ဒီလကုန်ထိတော့ စောင့်ပေးပါ ဆိုတာနဲ့၊ ဒီလ ၂၀ရက်နေ့နောက်ဆုံးထားပြီး လက်မှတ်တွေကိုလက်ခံသွားမယ် ဒီလအတွင်းတော့ပို့ သွားမှာပါ´´ဟု အသင်းဥက္ကဌက the messenger သို့ ပြောသည်။
ယင်းသို့ပေးပို့ရာတွင် စာတိုက်မှ တစ်ဆင့်မဟုတ်ဘဲ၊ နေပြည်တော်သို့ ကိုယ်တိုင်သွားရောက်ပေးပို့ သွားမည် ဖြစ်ကာ၊ သမ္မတရုံးသို့ လက်မှတ်မူရင်းများကို ပေးပို့သွားမည်ဖြစ်ပြီး မိတ္တူများကို လက်ခံတစ်စုံ ထားရှိ မည့် အပြင် လွှတ်တော်ကိုယ်စားလှယ်အချို့ထံသို့လည်း ပေးပို့မည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်နှင့် ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံဒေသအတော်များများမှ ပြည်သူများ၏ ထောက်ခံချက်လက်မှတ်များအပြင် အစိုးရ၀န်ထမ်းများ၊ စစ်တပ်အဖွဲ့အစည်းများ၊ စာပေနှင့် စာနယ်ဇင်အသိုင်းအ၀န်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးတွင် ဆက်သွယ်ရေးသည် အရေးကြီးဆုံးနေရာက ပါဝင်ပြီး အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် လူတန်းစားမရွေး ဖုန်းသုံးစွဲနိုင်သကဲ့သို့ မြန်မာပြည်သူများလည်း တန်းတူခံစားနိုင်ရန်အတွက် ပြည်သူများ၏ကိုယ်စားတောင်းဆိုခြင်း ဖြစ်သည်ဟု စာရေးဆရာ ဗအုပ်ခိုင်က the messenger သို့ ပြောခဲ့သည်။
ငွေကျပ် ၅၀၀၀ တန်ဖုန်းများကို ပြည်သူများကိုင်ဆောင်ခွင့် ရရေးသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြည်သူများအပေါ်ထားရှိသည့် စေတနာသာမူတည်သည်ဟု ၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့ပြီး ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလည်း ပြည်သူများမျှော်လင့်လျက်ရှိသော ငွေ ၅၀၀၀ တန်ဖုန်းများမှာ ဆက်သွယမှုကွန်ရက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာလိုအပ်နေခြင်းနှင့် တည်ဆဲဥပဒေများအရ ကိုက်ညီမှုမရှိခြင်းတို့ကြောင့် လတ်တလောတွင် ချထားပေးရန်ဖြစ်နိုင်ခြေမရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
ဇင်မာဝင်းဇံ(The Messenger News Journal )အန်အယ်လ်ဒီ လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် မေးမြန်းချက်
ရန်ကုန်တိုင်း က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးရဲ့ ပါတီဝင်အဖြစ် လျှောက်ထားချက်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် ဒေါက်တာ မြတ်ဉာဏစိုးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သွားပြီလို့ အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ဒေါက်တာမြတ်ဉာဏစိုးဒေါက်တာမြတ်ဉာဏစိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက သတင်းစာရှင်းလင်းပါတယ်။ အဲဒီမှာ ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးလို့ ပြောသွားလို့လေ။
"ဟုတ်ပါတယ်။ အမျိုးသားလွှတ်တော်ပါခင်ဗျာ။ ပြည်သူ့ကိုယ်စားလှယ်လို့ ပြောသွားတာပါ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ပါ။"ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကို ဘယ်နေ့ကစပြီးတော့ စလျှောက်လိုက်တာလဲ။
"ကျနော်က တော့ ဇန်နဝါရီလဆန်းမှာ ပထမဦးဆုံး အဖွဲ့ချုပ်ကနေစပြီးတော့ ဒီ လျှောက်လွှာတွေ ဖြန့်ဝေတဲ့အချိန်က လျှောက်လိုက်တာပါ။"မလျှောက်ခင်က ဘယ်ပါတီကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရတာပါလဲ။
"ဟုတ်ကဲ့ ကျနော်က အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ခဲ့တာပါ၊ ၂၀၁၀ ရွေးကောက်ပွဲကိုပါ။ အန်ဒီအက်ဖ်ကနေပြီးတော့ ကျနော် တရားဝင် နုတ်ထွက်ခဲ့တာကတော့ ဒီဇင်ဘာလဆန်းမှာ ဖြစ်ပါတယ်။"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်တယ်ဆိုတော့ အခု လောလောဆယ် ပါတီက ဘာတာဝန်တွေ ပေးထားပါသလဲ။"အခု လောလောဆယ်မှာတော့ ကျနော်က နံပါတ် ၁ ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပေါ့နော်၊ ပါတီ၏ တဦးတည်းသော ကိုယ်စားလှယ်ပါ။ နောက်တခုကတော့ နေပြည်တော်မှာက နယ်မြေ ၄ ခု ပေါ့နော်။ နေပြည်တော် မြို့နယ် ၄ ခုမှာ ကျနော်တို့ ပါတီကနေပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက်ပြီးတော့ အရွေးချယ်ခံမှာပါ။ အဲဒီ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကိုလည်း ဆောင်ရွက်ဖို့ တာဝန်ပေးထားပါတယ်။"ပြည် ထောင်စုလွှတ်တော်မှာ အဓိကအားဖြင့် ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် တယောက်အနေနဲ့ ဘာတွေများ ဆွေးနွေးနေပါသလဲ။
"ကျနော် အခု လောလောဆယ်ကတော့ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပေါ့။ အဲ့ဒါကို ဆွေးနွေးပြီးပါပြီ။ စီမံကိန်းတွေရဲ့ မကျနမှုများပေါ့။ ကျနော်တို့ စီမံကိန်းဆိုတာက ပြည်သူ့အတွက် အကျိုးရှိသင့်တဲ့ စီမံကိန်းတွေ ဖြစ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့ ဘဏ္ဍာငွေတွေကို အကျိုးမဲ့ ဖြုန်းတီးမှု မဖြစ်ဖို့ လိုပါတယ်။ ဒီအကြောင်း ကိစ္စတွေကို ပါဝင်ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အခု လာမယ့် ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာလည်း ပြည်သူတွေအတွက် တကယ် ထိထိရောက်ရောက် လုပ်ကိုင် ဆောင်ရွက်ပေးရမယ့် အခန်းကဏ္ဍတွေ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း အစရှိသည်ဖြင့် ပေါ့နော်။ အလုပ်သမားရေးရာ စသည်တွေမှာ ဘတ်ဂျက်တွေကို ကျနော်တို့ ဒီထက်မက သုံးစွဲနိုင်ဖို့ ဒါတွေကို ကျနော် ဆွေးနွေးသွားမှာပါ။"ခုနက မေးခွန်းက ခါးပြတ်သွားလို့ ဒေါက်တာအနေနဲ့ အန်ဒီအက်ဖ် ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဟိုကနေထွက်ပြီးတော့ ဒီမှာ ပြောင်းတာ ဘာဖြစ်လို့လဲ။ ဒေါ်အောင်ဆန်းစုကြည်ကနေ လူထုထောက်ခံမှု အများအပြား ရနေလို့လား။ ဘာကြောင့်ပါလဲခင်ဗျာ။
"မဟုတ်ပါဘူး ဗျာ။ ကျနော် ဒီ အန်ဒီအက်ဖ် က နုတ်ထွက်ခဲ့စဉ်အခါတုန်း ကပေါ့နော်။ အဲဒီတုန်းကလည်း ကျနော် ဘီဘီစီတို့၊ ဗွီအိုအေတို့ကို ကျနော် စနစ်တကျ ရှင်းပြပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အန်ဒီအက်ဖ် ပါတီ ဆိုတာက မိခင် အန်အယ်လ်ဒီ ပါတီကနေပြီးတော့ ဆင့်ပွား ပေါ်ပေါက်လာတဲ့ ပါတီပါ။ နောက်တော့ အန်ဒီအက်ဖ် ပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကလည်း ကျနော်တို့ကို ဖွင့်ပွဲ အခမ်းအနားမှာ သူမိန့်ကြားခဲ့တဲ့ စကားရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ အဲဒီ့ အချိန်တုန်းက အခြေအနေ၊ အကြောင်းအရာ၊ အရပ်ရပ်အရ အန်အယ်လ်ဒီ သည် နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်သေးတဲ့ အချိန် ဖြစ်နေတယ်လေ။ အဲဒီ့တော့ အန်အယ်လ်ဒီအဖွဲ့ချုပ် မရှိတဲ့အချိန်မှာ အသက်ကယ်လှေ အနေနဲ့ပေါ့နော်။ အန်ဒီအက်ဖ်ကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ အန်အယ်လ်ဒီ ပြန်လည် ပေါ်ပေါက်လာတဲ့အချိန်ကျရင် ဒီအသက်ကယ်လှေကို ချက်ချင်း ပြန်ကပ်ပါ့မယ်ဆိုတဲ့ ကတိစကားလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ ကျနော် ဒီ အန်ဒီအက်ဖ် ဗဟိုဦးစီး ကော်မတီဝင် ဘဝမှာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးတော့ အဖွဲ့ချုပ်က မှတ်ပုံတင်ပြီးတဲ့ အချိန်မှာ ကျနော် ချက်ချင်း အန်ဒီအက်ဖ်ပါတီကို တင်ပြခဲ့ပါတယ်။ အဲဒါကတော့ အန်ဒီအက်ဖ်သည် မိခင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ အမြန်ဆုံး ပြန်လည် ပူးပေါင်းရေးပါ။ အဲဒီတော့ ဒီလုပ်ငန်းစဉ်တွေ အခုထက်ထိ အကောင်အထည် မဖော်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျနော်ဟာ အန်ဒီအက်ဖ်ကနေ နုတ်ထွက်ပြီးတော့ မိခင် အန်အယ်လ်ဒီပါတီနဲ့ ပြည်လည် ပူးပေါင်းရခြင်း ဖြစ်ပါတယ်။"အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၈ ပြည်သူ့အရေးတော်ပုံ ပြီးပြီးချင်းမှာ တည်ထောင်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ လူငယ်တွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ စသည်ဖြင့် အဲဒီလိုမျိုးပေါ့နော် ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ နေရာပေးလာတာ တွေ့ရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အခု လောလောဆယ်မှာ တဦးတည်းသော ပြည်သူ့ကိုယ်စားလှယ် တယောက်အနေနဲ့ အန်အယ်လ်ဒီရဲ့ အနာဂတ်ကို ဘယ်လိုမျိုး သုံးသပ်နိုင်ပါသလဲ။
"မှန်ပါတယ်။ အဖွဲ့ချုပ်ဟာ အခု ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးတော့ အဖွဲ့ချုပ်ကို ပြန်လည် ထူထောင်ခဲ့တာပါ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ဘဘဦးတင်ဦးနဲ့ ဘဘဦးဝင်းတင်တို့ အပါအဝင် အားလုံးဟာ ပါတီဝင် အဖြစ်ပေါ့နော်။ အသစ်ပြန်လည် ဝင်ရောက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ နောက် ပညာရှင်တွေရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးတော့ မြင့်မားလာပါတယ်။ နောက်ပြီးတဲ့အခါကျတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံဟာလည်း ပိုမိုစနစ်ကျနပြီးတော့ ကျနော်တို့ အခုပြောပြောနေတဲ့ ခိုင်မာသော အဖွဲ့အစည်းကြီး တခုအနေနဲ့ ကျနော်တို့ အနာဂတ် မြန်မာ့နိုင်ငံရေး ခရီးလမ်းမှာ ပိုမို ခိုင်မာကျစ်လစ်စွာနဲ့ ပေါ့နော်။ ထိထိရောက်ရောက် လွှတ်တော်နိုင်ငံရေးကိုရော၊ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုရော ဆောင်ရွက်သွားနိုင်မယ့် အနေအထားမျိုး၊ အခွင့်အလမ်းကောင်းတွေ ရှိနေပြီလို့ ပြောချင်ပါတယ်။"ဒီဗွီဘီ
သက်ကြီးဆရာဝန်များ အတွက် ပထမဆုံး Day Care Centre စတင်ဖွင့်လှစ်
MONDAY, 20 FEBRUARY 2012 11:24 မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့( SGED) မှ ဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး Day Care Centre ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ လ ၁၈ ရက်နေ့က ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ကာ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင်က အမှာစကား ပြောကြားခဲ့ပြီး သက်ကြီး ဆရာဝန်များ ထောက်ကူအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည် ဟု သိရှိရသည်။
ထို့နောက် Day Care Centre ၏ ကြေးကမ္ဗည်းစာတမ်းနှင့် အခန်းသော့ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က သက်ကြီး ဆရာဝန်များထောက်ကူအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်ထံသို့ ပေးအပ်ခဲ့သည်။
လက်ရှိ Day Care Centre တွင် အသက် ၇၀ နှစ်နှင့်အထက် ဆရာဝန်ကြီးများနှင့် ၎င်းတို့၏မိသားစုဝင်များ အသုံးပြုနိုင်ရန် ရည်ရွယ်ထားပြီး နောက်ပိုင်းတွင် အခြား ပြင်ပမှ သက်ကြီးများကိုပါ လက်ခံ သွားရန် စီစဉ်ထားကြောင်း သိရသည်။
Day Care Centre တွင် အခမဲ့ ဆေးစစ်ဆေးမှု (Physical Examination, B.P Check)လုပ်ပေးခြင်း၊ ပုံမှန်ဈေးဖြင့် ECG Blood Sugar စစ်ဆေးခြင်းနှင့် Physiotherapy ပြုလုပ်ပေးခြင်း စသည့် ကျန်းမာရေး ၀န်ဆောင်မှုများအပြင် တီဗီ၊ ဗီဒီယိုများ ထားရှိပေးခြင်းတို့ကို စီစဉ်ပေးထားမည်ဖြစ်သည်။ အမှတ်(၁၄) မြေညီထပ် တောင်မြင်းပြိုင်ကွင်း လမ်း တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားပြီး စင်တာတွင် လိုအပ်သည့် ပစ္စည်းများကို ဆက်သွယ်လှူဒါန်းနိုင် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက်၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုအ ရေအတွက်မှာ ၂၀၀၇ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၈ ဒသမ ၇ ရာခိုင်နှုန်း သာရှိရာမှ ၂၀၁၀ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်း(ငါးသန်းကျော်) ထိ တိုးတက်လာကြောင်း သိရသည်။
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

ဗိုလ်ချူပ် ရဲ့ စွန့်လွှတ်စွန့်စား ရဲ့ဝံ တဲ့ စိတ်ဓါတ် တိုင်းပြည် အကျိုးတွက် ဘယ်သူ မျက်နှာ မှ မထောက် ပြတ်ပြတ်သားသား ပြောတဲ့ စိတ်ဓါတ်မျိုး နိုင်ငံရေး သမားတွေရော လူငယ်တွေပါ နမူနာ ယူသင့်တယ် သူပိုင် တယ် ငါပိုင်တယ် ငြင်းမနေဘဲ ကိုယ်စွမ်း သလောက် ရပ်ရေး ရွှာရေး တိုင်းပြည်ရေး ထမ်းဆောင် နိုင်ကြပါစေ။ ( ပြည်သူ တစ်ဦး)
---------- Forwarded message ----------
From: orc ster <orchidster009@gmail.com>
Date: 2012/2/20
Subject: Re: [mrsorcerer:19062] Re: ဗိုလ်ချုပ်ဟာ ပါတီပိုင်လား ? တိုင်းပြည်ပိုင်လား ?
To: achitshonelay@gmail.com
Cc: moraya24@gmail.com, casper koko <casper9992009@gmail.com>, ဦးဦး မှော်ဆရာ <mrsorcerer@googlegroups.com>
ဘယ်သူကမောင်ပိုင်စီးနေလို့လဲ...မကျေနပ်ခင်ဗျားပါတီလဲတင်ပေါ့...ဗိုလ်ချုပ်ပုံကို...ဘယ်သူကကန့်ကွက်နေလဲ....
On 2/20/12, achitshone lay <achitshonelay@gmail.com> wrote:
> ဒီကိစ္စအဲဒီလောက်တောင် တင်းမာနေကြရလားဗျာ၊
> တကယ်တော့ ဒေါ်စုကောင်းပါတယ်၊ အဲဒီထက် ကျွန်တော်တို့ချစ်တဲ့ အမေစု
> အရမ်းတော်တယ်ပေါ့ဗျာ။ ဒါပေမဲ့ သူ့နောက်လိုက်တိုင်းတော့ မကောင်းဘူးဗျ၊
> ဗိုလ်ချုပ်ပုံပါတဲ့ အ၀တ်တွေ ၀တ်ထားပြီးတော့ လမ်းပေါ်မှာ မူးပြီးဆဲနေတာတွေ၊
> ကျိုက်ဝိုင်းဘုရားပွဲဈေးမှာ ရူးမူးနေတာတွေက အင်း ဗိုလ်ချုပ်ပုံအားကိုးနဲ့
> လူအထင်ကြီးခံချင်နေတာတွေထင်ပါရဲ့၊ တကယ်တော့ဗျာ NLD ခေါင်းဆောင်ပိုင်းတွေအနေနဲ့
> အဖွဲ့ဝင်တွေကို သေချာစီစစ်စေချင်ပါတယ်၊ အဖွဲ့သိက္ခာမကျရအောင်ပေါ့၊ တကယ်တော့ NLD
> အနေနဲ့ကလည်း ဗိုလ်ချုပ်အောင်ဆန်းပုံကို TOOL
> တစ်ခုအနေနဲ့အသုံးပြုနေတာလို့ထင်မြင်မိပါတယ်၊ လူတော်တော်များများက
> ဗိုလ်ချုပ်ပုံကိုမြင်ရင် အနည်းနဲ့အများကတော့ စိတ်ကိုင်းညွတ်သွားတာပဲလေ၊
> မလုပ်သင့်ဘူးလို့တော့ မပြောချင်ပါဘူး၊ လုပ်ပါ၊ ဒါပေမဲ့
> အမိုက်အဖြစ်လွင့်ပစ်ခံရမဲ့ တစ်ခါသုံးကျွတ်ကျွတ်အိပ်လေးတွေပေါ်မှာ
> ဗိုလ်ချုပ်ပုံရိုက်ပြီးတော့ စီးပွားမရှာသင့်ပါဘူး၊ ဗိုလ်ချုပ်က
> ပြည်သူပိုင်မဟုတ်ပါဘူး၊ ပြည်သူ့စိတ်နှလုံးသားအားလုံးကို ဗိုလ်ချုပ်က
> ပိုင်ထားတာပါ၊ အဲဒီပုံရိပ်ကို ကောင်းတဲ့နေရာအတွက် အသုံးချမယ်ဆိုရင်
> ဘယ်ပါတီဖြစ်ဖြစ်၊ ဘယ်လို အဖွဲ့အစည်းပဲဖြစ်ဖြစ် သုံးနိုင်ကောင်းပါတယ်၊ ဒါပေမဲ့
> မောင်ပိုင်စီးဖို့တော့မဟုတ်ပါဘူး --------------
> အကုန်လုံးကိုလေးစားပါတယ်ဗျာ
> သန့်ဇင်ဖြိုး
>
> --
> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
> မန်ဘာဝင်နိုင်ပါသည် ။
> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
> တွင် ဖတ်ရှုနိုင်ပါသည် ။
>
> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
> mrsorcerer2@groups.facebook.com
> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>
> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
> ပေးပို.နိုင်ပါသည် ။
>
> ခင်မင်စွာဖြင့်
> ဦးဦး မှော်ဆရာ
>
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
ရန်ကုန် ဖေဖော်ဝါရီ ၂၀
ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။
ယင်းအဆို တင်သွင်းနိုင်ရေးအတွက် လတ်တလောတွင် ပညာရှင်များထံမှာ အကြံဉာဏ်နှင့် သတင်းအချက်အလက်များ ရယူနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
" ပြည်သူအများကြီး အကျိုးရှိမယ့် ကိစ္စလို့ မြင်လို့ အဆိုတင်ဖို့ စီစဉ်တာပါ " ဟု ၎င်းက The Voice Weekly သို့ ပြောကြားသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မတ်လဆန်းတွင် ထုတ်လုပ်ရောင်းချမည့် တန်ဖိုးနည်းဖုန်းများ၏ ဈေးနှုန်းမှာလည်း ကျပ်တစ်သိန်းခွဲ ဝန်းကျင်သာ ရှိမည် ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်ပါတယ်။
RFA
၂ဝ၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့ စည်းရုံးရေးခရီးစဉ် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် လူထု ပရိသတ်များ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်း နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို လုံခြုံရေးအရ တားမြစ်တယ်လို့ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။ ဒီစာကို ဒီကနေ့ လက်ခံရရှိတာ ဖြစ်တယ်လို့ နမ္မတီး NLD တာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။
လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက် ကြိုတင် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။
ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။
Copyright © 1998-2011 Rad
အရှင်ဂမ္ဘီရကို အရေးယူမယ်လို့ အစိုးရထုတ် သတင်းစာမှာ ဖော်ပြ
၂ဝဝ၇ သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တစ်ပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဓမ္မစက်နဲ့ ထိန်းသိမ်းဖို့ ကြိုးပမ်းပေမယ့် မရတော့တဲ့အတွက် အာဏာစက်နဲ့ အရေးယူတော့မယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
Screenshot
၂ဝဝ၇ သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် အရှင်ဂမ္ဘီရကို အာဏာစက်ဖြင့် အရေးယူမည့်အကြောင်း ၂ဝ၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပုံ။
ဦးဂမ္ဘီရဟာ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာပြီး သင်္ကန်း ပြန်လည်ဝတ်ခွင့် လျှောက်ထားခြင်း မရှိခဲ့ဘဲ ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်္ကန်းကျွန်းမြို့နယ်က ချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းတိုက်မှာ ကျူးကျော်ဝင်ရောက် နေထိုင်တယ်လို့လည်း ရေးထားပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သံဃာ့မဟာနာယက ဆရာတော်များရဲ့ သြဝါဒ ခံယူဖို့ ၃ ကြိမ် ခေါ်ဆိုရာမှာလည်း ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီရေးသားချက်နဲ့ ပတ်သက်ပြီး အရှင်ဂန္ဘီရကို အာအက်ဖ်အေက ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
မဂ္ဂင်ကျောင်းတိုက်ကို အစိုးရ အာဏာပိုင်တွေက နောက်ပိုင်း တရားဝင် ပြန်ဖွင့်ပေးခဲ့ပြီး အရှင်ဂမ္ဘီရ အပါအဝင် သံဃာတစ်ချို့ သီတင်းသုံး နေထိုင်ခဲ့ကြပါတယ်။ ဦးဂမ္ဘီရဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မဂ္ဂင်ကျောင်းမှာ သီတင်းမသုံးတော့ကြောင်း ကျောင်းထိုင်ဆရာတော် က မိန့်ပါတယ်။
မြန်မာ့အလင်း သတင်းစာရဲ့ အဆိုအရ သံဃာ့မဟာ နာယက ဆရာတော်ကြီးများအား သွားရောက် သြဝါဒ ခံယူစဉ်ကလည်း ရွှေညဝါ ဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားခိုင်းတဲ့ ကိစ္စ၊ အကျဉ်းထောင်တွေမှာ ကျန်နေသေးတဲ့ သံဃာတွေရဲ့ လွတ်မြောက်ရေး နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးများက ကြိုးပမ်းပေးရန် ပျက်ကွက်သည့် ကိစ္စတွေအပေါ် ကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်း စတဲ့ နိုင်ငံရေးဆန်တဲ့ အသုံးအနှုန်းတွေနဲ့ သုံးနှုန်းလျှောက်ထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ အပြင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကြောင့် နိုင်ငံတကာ ကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံ လိုကြပေမယ့် ငွေကြေး လဲလှယ်မှုနှုန်းထား မတည်ငြိမ်သေးတာနဲ့ ဘဏ်စနစ် မခိုင်မာသေးတာကြောင့် မြန်မာ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အလားအလာ မရှိသေးဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
The World Economic Forum
အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ် စီးပွားရေး နိုဘယ်ဆုရှင် Jospeh Stiglitz ။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေနဲ့ မြန်မာစီးပွားရေး ပညာရှင်တွေ ဆွေးနွေးပွဲမှာ သုံးသပ်ရာမှာ မြန်မာနိုင်ငံ ပိုမို ပွင့်လင်းလာတာနဲ့ အတူ မြန်မာ့စီးပွားရေးဟာ ရှေ့ဆက်ပြီး ပိုလမ်းစ ဖွင့်ပေးသလို ဖြစ်လာလိမ့်မယ်လို့ သဘောတူကြပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီး နှစ်နိုင်ငံအကြားမှာ ရှိနေတာရယ်၊ ပွင့်လင်းလာပြီ ဆိုတာနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ တိုးလာဖို့ ရှိတာကြောင့် အားသာချက်တွေ အများကြီး ရှိပါတယ်လို့ နေပြည်တော် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်တဲ့ အမေရိကန်နိုင်ငံ ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေး နိုဘယ်ဆုရှင် Jospeh Stiglitz က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်း စီးပွားရေး လုပ်ငန်းတွေအပြင် ကမ္ဘာလှည့် ခရီးသွားလာရေး လုပ်ငန်း အောင်မြင်လာဖို့ အလားအလာ ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံကြီးတွေက သူတို့ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ စတင် ပြောဆိုနေကြပြီ ဖြစ်တာကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ဝင်လာမယ့် အလားအလာ ရှိနေတယ်လို့လည်း သုံးသပ်ကြပါတယ်။