- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:20553] စိတ်အနေအထား
ကိုယ်ရွေးပိုင်ခွင့်အရှိခဲ့တာတွေအတွက် ကိုယ့်မှာတာဝန်မရှိဘူး။
ဘ၀ထဲကိုရောက်လာပြီဆိုရင် သေရမှာကို ကြောက်ကြတာမှန်သော်လည်း တစ်နေ့သေရမှာပဲဆိုတာကို အသိအမှတ်ပြုပြီး လက်ခံထားလိုက်ရသလို၊ အလိုက်သင့် လက်ခံထားရတာတွေဟာ အများကြီးပါပဲ။
စိတ်ကို တစ်ယောက်တည်းလို့သဘောထားတဲ့အခါထားရတယ်။ အများနဲ့နေရတာမို့ ကိုယ်ဟာအများထဲက သာမန်တစ်ယောက်မျှသာ ဖြစ်တယ်လို့သဘောထားတဲ့အခါ ထားရတယ်။
စိတ်ဆင်းရဲခြင်းတော့ဖြစ်မှာပေါ့။ ဒါပေမယ့် စိတ်ကိုမထိခိုက်ပါစေနဲ့။
စိတ်ကို နေတတ်အောင်လေ့ကျင့်ထားရမယ်။ ကိုယ်က ဘာမှမတတ်နိုင်တဲ့အခါမျိုးမှာ စိတ်ကိုမေ့မေ့လျော့လျော့ထားတတ်ဖို့ အလေ့အကျင့် လုပ်ယူရပါမယ်။
ဆင်နင်းလို့၊ ကျားကိုက်လို့ သေတဲ့မသာက အလွန်နည်းပါတယ်။
လက်သန်းလောက်ရှိတဲ့ မြွေပွေးကိုက်လို့သေတဲ့မသာက ပိုများပါတယ်။
ဖတ်ထားတဲ့စာများထဲက တစ်ခုကို မျှဝေပေးလိုက်ရပါတယ်။
လိုအပ်တာများရှိခဲ့ရင်လည်း ဝေဖန်အကြံပြုပေးကြပါနော်။
From
Julyphyo
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
Re: [mrsorcerer:20553] ဒေါ်စု၏ အတိတ်ရဲ့ အမည်းစက် ကို***********
အဘ လို့ခေါ်တာက ကိုယ့်အဖေအရွယ်မို့
ဒါဆိုပြီးပြီ
ဘာလို့အမေလို့ခေါ်တာကျကောင်းတယ်၊ အဘလို့ခေါ်တာကျမကောင်းဘူးဖြစ်နေတာလဲ
ကိုယ့်အဖေအရွယ်ကို အဘလို့ခေါ်ရင်တောင် သူ့မိန်းမ က မြန်မာမို့ အမေလို့သတ်မှတ်ရတာ ပြဿနာမဟုတ်ဘူး
ဒေါ်စုကို ကိုယ့်အမေအရွယ်မို့ အမေလို့ခေါ်လိုက်ရင် သူ့ယောင်္ကျားက အင်္ဂလိပ်ကြီးဆိုတော့ အဖေလို့သတ်မှတ်ရတာကို ဂရုထဲက လူနည်းစုက သဘောမကျဘူး
လူများစုကတော့ လိုလိုချင်ချင်ပဲ
အဖြေက ဒါပဲ
ဆက်ငြင်းမနေနဲ့
ကိုယ်ကျေနပ်ဖို့လိုတယ်
ဓာတ်ပုံကြည့်ပြီး အဖေခေါ်ခေါ်၊ ပထွေးခေါ်ခေါ် ကျနပ်နေရင် ဘာမှမဖြစ်ဘူး
ဆက်လုပ်
"ငါ မင်းအဖေ၊ မင်းက ငါ့သား" လို့ ပြောတာကို ဆဲတယ်ဆိုပြီး မကျေမနပ် ဖြစ်ကြပါတယ်
ကိုစိုးလင်းထွန်းပြောသလို အဘလို့ခေါ်ရတာကျတော့ ဘာမှမပြောပုံထောက်ရင် ကိုယ့်အမေကို ရက်ရက်ရောရော ပေးချင်နေကြပုံထောက်တယ်နော်
On Mon, Mar 5, 2012 at 10:14 AM, SOE LINN HTIKE <seoulhtike@gmail.com> wrote:အေး......မင်တို့ကဒီလိုပြောတော့လဲပြောရသေးတာပေါ့ကွာ။ အဘ အဘ နဲ့ခေါ်နေတာတွေကြားဖူးကြမှာပါ။ ဘယ်မှာလဲဆိုတာတော့မပြောလဲသိမှာပါ။ အဘ ဆိုတာကတနည်အားဖြင့်ရွာတွေမှာဖေကိုခေါ်ကြတာပဲလေ။ အဘလို့ခေါ်တဲ့သူတွေကလဲသူတို့အမေတွေကိုထိခိုက်ခံပြီးခေါ်တာလား ဒါမှမဟုတ် သူတို့အရမ်းလေးစားလို့ အရမ်းကြောက်ရလို့ မခေါ်မနေရဆိုလို့ခေါ်နေကြရတာလား။ သူတို့ပဲသိပါတယ်။ ဒါပေမယ်ငါတို့က အမေစုကို အမေစုလို့ခေါ်တာ လေးစားကြည်ညိုချစ်ခင်အားကိုး တဲ့စိတ်နဲ့ခေါ်ကြတယ်ဆိုတာ ထမင်းစားတဲ့လူတိုင်းသိပါတယ်ကွာ။ မိုးစက်ပွင့်ပြောသလို မိုက်ကယ်အဲရစ်ကိုဖေခေါ်ခြင်လို့လဲမဟုတ်ဘူး။ မည်သူ့ကိုမှထိခိုက်စေခြင်လို့လဲမဟုတ်ဘူးဆိုတာထမင်းစားတဲ့လူတိုင်းသိပါတယ်။
2012/3/3 myo thet oo <evermyonyo.bt@gmail.com>အခုမြန်မာပြည်မှာ မီဒီယာနှင့်ပြည်သူလူထု နယ်ပယ်မှာသတင်းမွှေးနေတာ အားလုံးအသိပါ။
ပြည်သူတွေထောက်ခံတဲ့နေ ရာမှာ အမေစုဆို တဲ့အသုံးကိုလုံးဝ သဘောမတွေ့ပါ။ဘာလို့လဲ အမေစုလို့ ခေါ်ရင် ကျုပ်တို့ အဖေဟာ ဘယ်သူဖြစ်သွား မလဲ?။ တန်ဆေးလွန်ဘေးတဲ့။
ကိုယ့်စကား တစ်ခွန်းကြောင့် တပါးသူ မထိခိုက်စေပါနှင့်။ ချီးမွန်းတာ ကောင်းပါတယ် မလွန်စေဖို့
သတိ မူကြပါ။
လူ တစ်ယောက်ကို အနေ အထားအမျိုးမျိုးကနေ ကြည့်ရင် သွင်ပြင် အမျိုးမျိုးပေါ်ပါတယ် ။
ဒေါ်စုရဲ့လုပ်ကိုင်မှု့ ကို လေးစားပါတယ်။ ဗိုလ်ချုပ်ကိုချစ်ခင်လေးစားပါတယ်။ နိုင်ငံတော်ကို မြတ်နိုးပါတယ်။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:20646] Fwd: The Most Unusual Meme .... Gosh...

[aurorageneration] ဒီနေ့အတွက် အထူးသတင်းများ(Links)
မြန်မာကျပ်ငွေ ဒေါ်လာနဲ့လဲလှယ်နှုန်း ပြင်တော့မည် (http://yawaitun.blogspot.com/2012/03/blog-post_6952.html)
နေပြည်တော်ကို အန်တီစု ပိုင်ကြောင်းပြသ (http://yawaitun.blogspot.com/2012/03/blog-post_102.html)
နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် ရောက်မယ် (http://yawaitun.blogspot.com/2012/03/blog-post_2445.html)
ဗဟန်းမြို့နယ်တွင် နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွား(http://yawaitun.blogspot.com/2012/03/blog-post_1860.html)
ဖျာပုံခရီးစဉ်အတွင်း လူတစ်ဦးသေဆုံး(http://yawaitun.blogspot.com/2012/03/blog-post_5970.html)
ကမ္ဘာအရပ်ရပ်မှ ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်ရန် တာစူနေပြီ(http://yawaitun.blogspot.com/2012/03/blog-post_8700.html)
ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပပါလီမန်က မိန့်ခွန်းပြောကြားရန် ဖိတ်(http://yawaitun.blogspot.com/2012/03/blog-post_5801.html)
ရဲတိုက်က NLD တွင် သရုပ်ပြ(http://yawaitun.blogspot.com/2012/03/nld_05.html)
စစ်ကိုင်းမှာလဲ လူစည်(http://yawaitun.blogspot.com/2012/03/blog-post_05.html)
--
Your lovingly Fri
Ya Wai (Paing Soe Thu)
http://yawaitun.blogspot.com/
https://twitter.com/#!/mcyawai
http://www.facebook.com/ya.wai1
http://www.facebook.com/pages/The-People-who-Like-Our-President
အင်ဂျင်နီယာ တစ်ယောက် ဘဝထက် နိုင်ငံဝန်ထမ်း တစ်ယောက် ဘဝကို ပိုလိုလားပါသည်။ နိုင်ငံ တစ်ယောက် ဘဝထက် ကဗျာစပ်ပြီးနေရတဲ့ ဘ၀ကို ပိုလိုလားပါသည်။ သို့သော် အင်ဂျင်ယာတစ်ယောက် အနေဖြင့် လက်ရှိဘ၀ကို ဖြတ်သန်းနေပါသည်။
--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများအတွက်
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသဆိုင်ရာ နည်းပညာ ဗဟုသုတများအတွက်
http://sites.google.com/site/9spacestudy/
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
member များစိတ်အနှောင့်အယှက်ဖြစ်စေသော mail ပို့သူများရှိပါက active member 500 အား အခြေခံပြီး ထောက်ခံသူ 20% ရှိပါက ban သွားပါမည်။
[mrsorcerer:20471] မျက်စိနဲ့ချစ်တဲ့ အချစ်
Sunday, March 04, 2012
မျက်စိနဲ့ချစ်တဲ့ အချစ်
မောင်ရဲ့တောင်းဆိုချက်ကို ကျွန်မခွင့်ပြုလိုက်တယ်။ ချစ်သူနှစ်ဦး လမ်းခွဲတော့မယ်ဆိုတော့လည်း အနည်းအများတော့ နာကျင်ဝမ်းနည်းရဦးမှာပေါ့။ မောင်နဲ့ကျွန်မ တစ်နယ်တစ်ကျေးခြားနေတာ သုံးနှစ်ရှိပါပြီ။ နေ့တိုင်း ဖုန်းနဲ့ အင်တာနက်နဲ့ပဲ ဆက်သွယ်ခဲ့ရတယ်။ လူချင်းထိတွေ့ခွင့်မရ၊ မမြင်ရ၊ ဂရုမစိုက်ရတဲ့ ဒီလိုစိတ်ကူးအချစ်မျိုး ကျွန်မစိတ်ကုန်နေတာ ကြာခဲ့ပါပြီ။ တခြားသူပြောတဲ့ လှပတဲ့ တက္ကသိုလ်ကျောင်းသားဘဝမျိုး ကျွန်မ မခံစားခဲ့ရဖူးဘူး။ ကျောင်းဝင်းထဲမှာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး လမ်းလျှောက်နေကြတဲ့ချစ်သူတွေ၊ ကိုယ့်ချစ်သူကို တယုတယ ရေခပ်၊ မုန့်ခွံ့ပေးကြတဲ့ချစ်သူတွေ၊ ကိုယ့်ချစ်သူ မိုးစိုမှာစိုးလို့ ဂရုတစိုက် ထီးမိုးပြီး အဆောင်လိုက်ပို့ကြတဲ့ချစ်သူတွေ၊ ဒါတွေကို ကြည့်ပြီး ကျွန်မနှလုံးသားတွေ ပိုနာကျင်ခဲ့မိတယ်။ ငြင်းခုန်ရန်ဖြစ်ပြီးနောက် နှစ်သိမ့်၊ အလျော့ပေးတဲ့အပွေ့အဖက်တစ်ခုတောင် ကျွန်မ မရခဲ့ပါဘူး။ ဖုန်းခွက်ကိုကိုင်ပြီး အကူအညီမဲ့စွာ အကြိမ်ကြိမ်လဲပြိုခဲ့တာကို ကျွန်မကောင်းကောင်း မှတ်မိနေခဲ့တယ်။
မောင်လည်း ဒီလိုပဲ ခံစားခဲ့ရမယ်ထင်တယ်။ ဒါကြောင့် လမ်းခွဲဖို့ကို သူအလွယ်တကူ သဘောတူခဲ့တာဖြစ်မယ်။
ဖုန်းပြောပြီးနှစ်ရက်အကြာမှ ကျွန်မဆီ မောင်အခစားရောက်ခဲ့တယ်။ ဒီနှစ်ရက်အတွင်းမှာ နှင်းတွေ အဆက်မပြတ်ကျနေခဲ့တယ်။ ကျွန်မနေတဲ့မြို့တစ်ခုလုံးကို နှင်းတွေက လွှမ်းခြုံသိမ်းကျုံးထားလိုက်တယ်။ မောင့်ရဲ့ကိုယ်ပေါ်မှာလဲ အေးခဲတဲ့နှင်းပွင့်လေးတွေ ခပ်ပါးပါးဖုံးလို့.. ကျွန်မကိုတွေ့တော့ မောင်ကအပြုံးနွေးနွေးလေးနဲ့ နှုတ်ဆက်တယ်။ မောင့်အပြောကို ကျွန်မက နှင်းခဲတွေလို မာမာဆတ်ဆတ် အေးအေးစက်စက်တုန့်ပြန်တယ်။
ခွဲခွာနေတဲ့ ဒီသုံးနှစ်အတွင်းမှာ ရံဖန်ရံခါ မောင်နဲ့တွေ့ဆုံရတိုင်း မောင့်ရဲ့နွေးထွေးတဲ့အပြုံးက "ဒီတစ်ခါတွေ့ပြီးရင် လမ်းခွဲမယ်"ဆိုတဲ့ ကျွန်မရဲ့စိတ်ကူးကို ပြေပျက်သွားစေတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်မကိုယ်ကျွန်မ သတိပေးမိတယ်။ တခဏတာရလိုက်တဲ့ နွေးထွေးကြင်နာမှုကိုမက်မောပြီး တစ်ဘဝစာ အထီးကျန်ခြင်းကို မဖက်တွယ်နဲ့လို့ .....
"ထမင်း အရင်သွားစားရအောင်" လို့ ကျွန်မကဆိုတော့ မောင်က..
"မလောဘူးလေ... ဒီလောက်အေးတဲ့ရာသီဥတု ရတီ ရေတွေယူထားပြီးပြီလား? ဓာတ်ဗူးထဲ ရေအရင်ဖြည့်ဦး။ ရေတွေဖြည့်ပြီးမှ တခြားလုပ်စရာရှိတာ လုပ်ပေါ့။ တော်ကြာ.. ရေတွေခဲကုန်လို့ ညနေသုံးစရာမရှိရင် ဘယ်လိုလုပ်မလဲ?"
မောင် တတွတ်တွတ်ပြောနေချိန် ကျွန်မမျက်လုံးအိမ်မှာ မျက်ရည်တွေစို့နေခဲ့ပြီ။ သုံးနှစ်... သုံးနှစ်ရှိခဲ့ပါပြီ။ လမ်းခွဲခါးနီးမှ ဒီသုံးနှစ်အတွင်း လစ်ဟင်းခဲ့တာတွေကို ပြန်ဖာထေးဖို့ မောင်နားလည်ခဲ့ရသလား?
အဆောင်ကို ကျွန်မတို့အရင် ပြန်လာခဲ့တယ်။ လက်အိတ်ထူထူကိုဝတ်ပြီး ကျွန်မဓာတ်ဗူးတွေ ယူချလာခဲ့တယ်။ ဓာတ်ဗူးထဲရေဖြည့်ပြီးချိန် မောင့်လက်နှစ်ဖက်က အေးစက်နီရဲနေခဲ့ပြီ။ ကျွန်မလက်အိတ်ကိုချွတ်ပြီး မောင့်ကိုဝတ်ပေးလိုက်တယ်။ ပြီးတော့ ကျွန်မလက်ကိုလည်း လက်အိတ်ထဲ ခက်ခက်ခဲခဲ ထိုးထည့်လိုက်တယ်။ ဒီလိုဆိုတော့လဲ ကျွန်မတို့ရဲ့လက်နှစ်ဖက်က မြဲမြဲလေးချိတ်သွားမိပြန်တယ်။ မောင့်လက်က အေးစက်နေတယ်၊ လက်အိတ်က တင်းကျပ်နေတယ်ဆိုပေမယ့် တခြားချစ်သူကောင်မလေးတွေရဲ့ ပျော်ရွှင်ကြည်နူးမှုမျိုးကို ကျွန်မခံစားမိလိုက်တယ်။ မောင်က ကျွန်မကို ကြင်ကြင်နာနာကြည့်တယ်။ မောင့်ပါးပေါ်မှာ ကြေကွဲရိပ်တွေ ရောထွေးနေခဲ့ပါတယ်။
စားသောက်ဆိုင်ရောက်တော့ ကျွန်မက ကျွန်မနှစ်သက်တဲ့ဟင်းတွေကိုမှာပြီး မောင့်ကိုမှာဖို့ menu ကမ်းပေးလိုက်တယ်။ မောင်က ညင်ညင်သာသာလေးပြုံးပြီး "မောင်မှာမယ့်ဟင်းကလည်း ရတီမှာတဲ့ဟင်းတွေပါပဲ"လို့ဆိုတယ်။
"မောင်က အားနာနေတာလား"လို့ ကျွန်မကဆိုတော့ မောင်က တည်ငြိမ်တဲ့မျက်နှာနဲ့ လေးလေးနက်နက်ပြောတယ်။
"ရတီရဲ့အကျင့်၊ အကြိုက်တွေက မောင့်ရဲ့အကျင့်အကြိုက်တွေဖြစ်နေခဲ့တာ ကြာပါပြီ ရတီ"
မောင့်ဆီကနေ ပြတင်းပေါက်ဖက်ဆီ ကျွန်မအကြည့်လွှဲလိုက်တယ်။ ကျွန်မကို မောင်ချစ်နေသေးတယ် မဟုတ်လား! ထမင်းစားပြီး နှင်းတွေဖုံးနေတဲ့ အဖြူရောင်ဝန်းကျင်ထဲ ကျွန်မတို့လမ်းလျှောက်ခဲ့ကြတယ်။ တစ်ယောက်မှ စကားမပြောကြဘူး။
"ရေခဲမုန့်စားမလား?"
ရုတ်တရက်မေးလာတဲ့စကားကြောင့် မောင့်ကို တအံ့တသြ ကျွန်မကြည့်လိုက်တယ်။ ကျွန်မနေမကောင်းဖြစ်မှာစိုးလို့ ဆောင်းတွင်းမှာ ကျွန်မရေခဲမုန့်စားတာကို မောင်ကမကြိုက်ခဲ့ဘူး။
"ရတီဖျားမှာကို မောင်မစိုးရိမ်ဘူးပေါ့!"
ဒီစကားကိုပြောပြီးမှ ကျွန်မနောင်တရလိုက်တယ်။ လမ်းခွဲပြတ်စဲတော့မယ့် လူတစ်ယောက်က ကျွန်မဖျားမဖျားကို ဘယ်ဂရုစိုက်တော့မှာလဲ?
"အခု ရတီဘေးမှာ မောင်ရှိတယ်။ မောင်ဘာကို စိုးရိမ်မလဲ?"
အကြည့်ကို အဝေးတစ်နေရာဆီ မောင်ပို့လိုက်တယ်။ ကမ္ဘာခြားသွားတဲ့ အကွာအဝေးအကြည့်မျိုးနဲ့ပေါ့။ အေးစက်ရှတတဲ့လေက မျက်နှာပြင်ကို ဖျတ်ခနဲလာရိုက်တယ်။ မျက်နှာကို လက်နဲ့အုပ်ပြီး လေကို ကျွန်မကျောပေးလိုက်တယ်။ မျက်ခမ်းထောင့်ကမျက်ရည်တချို့ လက်ညိုးကြားထဲ စီးကျလာတယ်။ ဆီးနှင်းပေါ်မှာ မောင်နဲ့အတူ လျှောက်ခဲ့တဲ့ မညီမညာခြေရာလေးတွေကို ကျွန်မမြင်ရတယ်။ လမ်းအဆုံးကို ကျွန်မ မမြင်နိုင်ခဲ့ဘူး။
ရေခဲမုန့်ကိုကိုင်ပြီး နင်းလိုက်ရင်ကျွတ်ကျွတ်မြည်တတ်တဲ့ နှင်းပုံပေါ်မှာ ကျွန်မပြေးလွှားနေမိတယ်။ မောင်က အနောက်ကနေပြီး "ဖြည်းဖြည်း" လို့ လှမ်းအော်နေတယ်။ "စိတ်ချပါ... ရတီ မလဲဘူး........" နောက်လှည့်ပြီးပြောနေတဲ့ ကျွန်မစကားမဆုံးခင်မှာ ခြေချော်ပြီး ခန္ဓာကိုယ်နောက်လှန်ကျတဲ့ ခံစားမှုကို ကျွန်မခံစားလိုက်တယ်။ ကျွန်မတစ်ကိုယ်လုံး လဲကျမသွားခင် ရေခဲမုန့်ကိုင်ထားတဲ့ ကျွန်မရဲ့လက်ကို မောင်လှမ်းဆွဲလိုက်တယ်။ ဒါပေမယ့် မောင်ပြေးလာတဲ့အရှိန်နဲ့ ကျွန်မနောက်လှန်ကျတဲ့အရှိန်က "ဘုန်း..." ခနဲထိပ်တိုက်မိပြီး နှစ်ယောက်စလုံး နှင်းပြင်ပေါ်မှာ လဲကျသွားခဲ့တော့တယ်။ ရယ်ချင်စရာကောင်းတာက ကျွန်မလက်ထဲမှာ ရေခဲမုန့်ခွက်ပဲ ကျန်ခဲ့တယ်။ လွှင့်ထွက်သွားတဲ့ ရေခဲမုန့်ကို အရပ်လေးမျက်နှာ ကျွန်မပတ်ရှာကြည့်တယ်။ ပြီးတော့ မောင့်ကိုကြည့်လိုက်တယ်။ မောင့်မျက်နှာပေါ်မှာ ရေခဲမှုန့်တွေ လတ်လတ်ဆတ်ဆတ် တင်နေတယ်။ ခဏလောက် ကျွန်မတို့ ကြောင်အမ်းသွားတယ်။ ပြီးမှ တဟားဟားနဲ့ အော်ရယ်ခဲ့ကြတယ်။
မောင့်ကို တစ်ရှူးလှမ်းပေးပြီး ကျွန်မထရပ်လိုက်တယ်။ ကိုယ်ပေါ်က နှင်းစတွေကို ကျွန်မခါချလိုက်တယ်။ မောင်က လဲနေရာကမထဘဲ နှင်းပြင်ပေါ်မှာ ကိုယ်ကိုတစ်ပတ်လှိမ့်လိုက်တယ်။ ပြီးတော့ နှင်းပေါ်မှာ ဒူးထောက်ပြီး အသဲပုံတစ်ပုံဆွဲလိုက်တယ်။ အသဲပုံထဲမှာ "ရတီမိုး" လို့ သူရေးလိုက်တယ်။ အဲဒီအသဲပုံကို ကျွန်မ အကြာကြီးရပ်ကြည့်နေမိတယ်။
"ရတီ ပြန်သင့်ပြီ"လို့ ကျွန်မပြောပြီး မျက်ရည်တွေ ပါးပြင်ပေါ်စီးကျမလာအောင် မျက်နှာကို ကျွန်မမော့ထားလိုက်မိတယ်။ မျက်ရည်တွေက ပါးပြင်ပေါ်စီးကျမလာခဲ့ပါဘူး။ နှလုံးသားထဲ နောက်ပြန်စီးဝင်သွားခဲ့လို့ပါ။
အဆောင်ပြန်ရောက်တော့ အခန်းဖော်သူငယ်ချင်းတွေက ကျွန်မကိုစပ်စုတယ်။
"ရတီ .. နင့်ကောင်လေးက ချောလိုက်တာနော်"
"ရတီ.... သူက နင့်အပေါ် ကြင်နာလိုက်တာ"
"နင်တို့ အရမ်းလိုက်တယ် သိလား!"
သူတို့ပြောတာတွေကို ကျွန်မဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်နေလိုက်တယ်။
"ငါက နင့်လောက်ကံမကောင်းပါဘူး ရတီ။ ငါတကယ်ချစ်တဲ့ လူနဲ့မဆုံသေးပေမယ့် အခုလက်ရှိချစ်သူနဲ့နေရတာ ငါပျော်ပါတယ်"
"ဟင်း! နင်တကယ်မချစ်ဘဲ ဘာလို့အတူနေသေးလဲ?"
"နင် နားမလည်ပါဘူး။ သူက ငါ့ကိုပျော်ရွှင်စေတယ်လေ။ ဒါကြောင့် သူနဲ့ငါအတူနေတယ်"
"ငါကတော့ ငါချစ်တဲ့သူနဲ့ အတူနေပါတယ်။ ငါ မပျော်ခဲ့ရလည်း သူနဲ့ပဲအတူနေချင်တယ်"
သူတို့စကားဝိုင်းထဲ ကျွန်မ မပါခဲ့ပါဘူး။ လူတစ်ယောက်ကိုနှစ်သက်တာဟာ သူနဲ့အတူနေရချိန်ပျော်ရွှင်လို့၊ လူတစ်ယောက်ကိုချစ်တာဟာ မပျော်ရွှင်လဲ သူနဲ့အတူနေချင်လို့တဲ့။ အချစ်ဆိုတာ ဒီလိုပဲလား? ကျွန်မ နောင်တရမိပါတယ်။
ကျွန်မက အရည်အချင်းရှိတဲ့ ချစ်သူတစ်ယောက်မဟုတ်ခဲ့ဘူး။ ချစ်သူကောင်းတစ်ယောက် မပီသခဲ့ဘူး။ မောင့်ရင်ထဲက ချစ်သူမျိုးမဟုတ်ခဲ့ဘူး။ မောင်တည်းတဲ့ တည်းခိုခန်းကိုအသွား ကျွန်မကိုကျွန်မ အဲဒီလိုပဲ အမှတ်ပေးမိတယ်။
တည်းခိုခန်းရောက်တော့ မောင်မရှိတော့ဘူး။ ဗလာကျင်းတဲ့အခန်းက ဟာတာတာကျွန်မရင်ကို ပြေးဆောင့်တယ်။ မျက်ရည်တွေက ပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလာခဲ့တယ်။ တစ်လမ်းလုံး ကျွန်မဒယိမ်းဒယိုင်နဲ့ ကျောင်းဆောင်ပြန်ရောက်လာခဲ့တယ်။ မျက်ရည်ဖုံးနေတဲ့မျက်လုံးနဲ့ လောကကြီးကိုကြည့်တော့ လောကကြီးတစ်ခုလုံးကလည်း ငိုလို့....
အသိမဲ့တဲ့ခန္ဓာကိုယ်နဲ့ အဆောင်လှေကားဖက်ဆီ ကျွန်မခြေလှမ်းတွေဦးတည်တဲ့အခိုက် ရင်းနှီးနွေးထွေးတဲ့ အသံတစ်ခုကို ကျွန်မကြားလိုက်တယ်။ ကျွန်မ နောက်ပြန်လှည့်ကြည့်လိုက်တယ်။ ဓာတ်လိုက်ခံလိုက်ရတဲ့ လူတစ်ယောက်လို တွေတွေနဲ့ နေရာမှာတင် ကျွန်မရပ်နေမိတယ်။ ကျွန်မရှေ့ မောင်ရောက်လာပြီး ကျွန်မကို သူ့ရင်ခွင်ထဲ တင်းတင်းဆွဲပွေ့ထားလိုက်တယ်။ အသံတိတ်ငိုကြွေးနေတဲ့ ကျွန်မရဲ့အသံတွေ အပြင်ကို ပေါက်ကွဲထွက်လာခဲ့တယ်။
"ဘာလို့ ပြန်လာသေးလဲ! ပြန်သွားပြီ မဟုတ်လား! ဘာလို့ ပြန်လာသေးလဲ! ရတီကို မောင်ခွဲသွားပြီမဟုတ်လား! ရတီကို မောင်ပစ်ထားခဲ့ပြီ မဟုတ်လား? မောင်ကို မုန်းတယ်.. မောင် ရက်စက်တယ်...."
မောင့်ရင်ဘတ်ကို တဘုံးဘုံးထုပြီး ကျွန်မအော်ငိုလိုက်တော့တယ်။ မောင်က ကျွန်မလက်ကို ကြင်ကြင်နာနာ ဖမ်းဆွဲလိုက်တယ်။ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း "လမ်းခွဲမယ်လို့ အမြဲပြောသူက ရတီပါ။ မောင်ကို ပစ်သွားမယ့်သူက ရတီပဲလေ.."။ မောင့်ကို ကျွန်မတင်းတင်းလေး ပြန်ဖက်ထားလိုက်တယ်။ ဘယ်တော့မှ လက်မလွတ်တော့ပါဘူး....
တကယ်တော့ လူတစ်ယောက်ကိုနှစ်သက်တာဟာ နားရွက်တဲ့။ မနှစ်သက်တော့ရင် နားရွက်ကိုပိတ်ထားလို့ရတယ်။ လူတစ်ယောက်ကိုချစ်တာဟာ မျက်စိတဲ။့ မချစ်တော့ရင် မျက်စိကို မှိတ်ထားလို့ရတယ်ဆိုပေမယ့် မျက်ရည်တွေက နှလုံးသားထဲကို နောက်ပြန်စီးဝင်တယ်။
ကျွန်မတို့ကြားမှာ ရာသီတွေခြားတယ်၊ မြို့ရွာတွေခြားတယ် ဒါပေမယ့် အချစ်တွေကွာဝေးအောင် မတားနိုင်ခဲ့တော့ပါဘူး။
ဆောရီးပါမောင်... ကျွန်မကိုမောင်ချစ်သလို မောင့်ကိုလည်းရတီချစ်တတ်အောင် သက်ဆုံးထိ ရတီသင်ယူပါမယ်လို့.....
မူရင်း-- http://www.rs66.com/a/3/aiqinggushi/75585.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
--
Be Happy,
Moe Moe.
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:20470] နှလုံး ကျန်းမာရေး ကောင်းမွန် စေမည့် အလေ့ အထ ၁၀ မျိုး
နှလုံး ကျန်းမာရေး ကောင်းမွန် စေမည့် အလေ့ အထ ၁၀ မျိုး
လေ့လာမှု တွေအရ နှလုံး ကို ကျန်း မာဖွံ့ ဖြိုးစေမယ့် အကြောင်း အချက် လေး တွေကို ဖော်ပြ ပေး လိုက်ပါတယ်။
၁။ အနီရောင် စားပါ
စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဖရဲ သီး၊ ခရင်မ်ဘယ်ရီ၊ သလဲသီး၊ ခရမ်းချဉ် သီး၊ အနီရောင်ငရုတ်ကောင်းမှုန့်၊ ဝိုင်အ နီရောင်နဲ့ စပျစ်သီးအနီရောင်လိုအသီး တွေမှာ လိုင်ကိုပင်း (Lycopene)တွေ ပါဝင်ပြီး သစ်သီးအရောင်ကိုရင့်စေတဲ့ ကရိုတီနွိုက်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီ အစားအစာတွေထဲမှာ စွမ်းအင်ပြည့် အင်တီအောက်ဆီးဒင့်တွေပါဝင်ပြီး ဆဲလ် တွေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ကာ နှလုံးကျန်းမာရေးကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ အင်တီအောက် ဆီးဒင့်အပြင် ဗီတာမင်စီပါ ထပ်ဆောင်း ပါဝင်တာကြောင့် နှလုံးရောဂါသည်တွေ အတွက် အကောင်းဆုံး အာဟာရပါလို့ လေ့လာသူတွေက ဆိုပါတယ်။
၂။ ဟင်းခတ်အမွှေးအကြိုင်သုံးပါ
ဟင်းကို ပိုပြီးအရသာတိုးစေတဲ့အ ပြင် ဟင်းခတ်အမွှေးအကြိုင်တွေဟာ တခြားရောဂါတွေကို တိုက်ထုတ်ပေးနိုင် တဲ့ အာနိသင်ရှိပါတယ်။ ကမ္ဘာပေါ်မှာ ရိုးရာဓလေ့ ထုံးတမ်းအရ အသုံးပြုတတ် တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေများစွာ ရှိကြပါတယ်။ သစ်ကြံပိုးခေါက်၊ ဇာ တိပ္ဖိုလ်သီး၊ ပင်စိမ်းပင်၊ ငရုတ်ကောင်း စတဲ့ ဟင်းခက်အမွှေးအကြိုင်တွေ မှီဝဲပါ။
၃။ ပိုကောင်းတာကိုရှာပါ
အနီရောင်ဝိုင်နဲ့ အနက်ရောင် ချော ကလက် နှစ်မျိုးစလုံးဟာနှလုံးသွေးကြော ပျက်စီးတာကို ကာကွယ်နိုင်တဲ့ အကျိုး ကျေးဇူးတွေရှိပါတယ်။ ဒါပေမဲ့ ဘာနဲ့မှ ရောမထားတဲ့ အနက်ရောင်ချောကလက် ဖြစ်ဖို့လိုပါတယ်။ တစ်နေ့ဝိုင်တစ်ခွက်နဲ့ ချောကလက် တစ်လက်မခွဲပတ်လည် လောက် စားပေးပါ။
၎။ လက်ဖက်ရည်သောက်ပါ
Black Tea ဟာ သင့်နှလုံးအတွက် အရမ်းကိုကောင်းမွန်စေတယ်လို့လေ့လာ မှုတွေကဆိုပါတယ်။ နေ့စဉ်ပုံမှန် Black Tea တစ်ခွက်သောက်ရင် နှလုံးရောဂါနဲ့ ရုတ်တရက် နှလုံးဖောက်ပြန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် နေ့လည်နေ ခင်းမှာ Black Tea တစ်ခွက်လောက် သောက်ပါ။
၅။ ကခုန်ပါ
ကခုန်တာကြောင့် နှလုံးသွေးလည် ပတ်မှုကို ကောင်းစေတဲ့အပြင် ဖိစီးမှုတွေ ကိုပါ လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ထိန်းဖို့နဲ့စိတ်ကို လန်းဆန်းစေ ဖို့ အကောင်းဆုံးနည်းဟာ ကခုန်တဲ့ လေ့ ကျင့်ခန်းပါပဲ။
၆။ အိမ်ထဲမှာဖြစ်ပါစေ လမ်းလျှောက်ပါ
အမေရိကန်မှာ လူဦးရေ ၅၅ရာခိုင် နှုန်းလောက်ဟာ အိမ်ထဲမှာ အမြဲတမ်း ထိုင်နေတာကြောင့် နှလုံးရောဂါနဲ့တခြား သွေးကြောဆိုင်ရာရောဂါတွေ ပိုပြီးဖြစ် တတ်ကြပါတယ်။ ဒါကြောင့်ထိုင်နေမယ့် အစား အိမ်ထဲမှာလည်း လမ်းလျှောက် ပေးပါ။ အိမ်မှာ လက်ကိုင်ဖုန်းအစား ကြိုးဖုန်းကိုသုံးပါ။ တီဗီရီမုဒ်အစား တီဗီ ကို သွားပြီးဖွင့်ရတဲ့ခလုတ်ကိုသုံးပါ။
၇။ ပုံမှန်စစ်ဆေးပါ
နှလုံးကျန်းမာနေစေဖို့ လစဉ်ပုံမှန် ကျန်းမာရေးစစ်ဆေးပေးဖို့လည်း လိုပါ တယ်။ တချို့လေ့ကျင့်ခန်းတွေဟာ နှလုံးရောဂါသမားတွေအတွက် မပြုလုပ် သင့်တာတွေ ရှိတယ်ဆိုတာလည်း သိ ထားဖို့လိုပါတယ်။ ပုံမှန်စစ်ဆေးမှုအနေနဲ့ သွေးပေါင်ပုံမှန် ချိန်တာမျိုး၊ သွေးတွင်း ကိုလက်စထရောစစ်တာမျိုး၊ နှလုံးရောဂါ မျိုးရိုးရာဇဝင် ရှိ၊ မရှိ စတာတွေကို ပုံမှန် စစ်ဆေးဖို့ လိုပါတယ်။
၈။ ဂရုတစိုက်ရှိပါ
သင်ဟာ နှလုံးရောဂါဝေဒနာရှင်ဆို ရင် သင့်အတွက် ရောဂါအကြောင်းကို ပြောဆိုဆွေးနွေးတိုင်ပင်ဖို့ဆရာဝန်တစ်ဦး လိုအပ်ပါတယ်။ သွေးဖိအား၊ သွေးတွင်း သကြားဓာတ်၊ ကိုလက်စထရော၊ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ခန္ဓာကိုယ်အ လေးချိန်နဲ့ ဆေးဝါးတွေကို အမြဲတမ်း စမ်းသပ်စစ်ဆေးပေးနေဖို့ လိုပါတယ်။
၉။ လုံလောက်စွာ အနားယူပါ
ငါးနှစ်ကြာ လေ့လာမှုအရ ပုံမှန် အိပ်ချိန် ခြောက်နာရီခွဲနဲ့ ခုနစ်နာရီခွဲ ကြားရှိတတ်သူတွေဟာ နှလုံးရောဂါ အန္တရာယ်ကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်နှစ်ခြိုက်စွာ အိပ်ပျော် ပြီး လုံလောက်တဲ့အိပ်စက်မှုနဲ့အတူ နိုးထ လာဖို့ လိုအပ်ပါတယ်။
၁၀။ ပျော်ပျော်နေပါ
နှလုံးရောဂါသည်တွေအနေနဲ့ အ ပြုသဘောဆောင်တဲ့ အတွေးအခေါ်နဲ့ အတူ ပျော်ပျော်နေတတ်ဖို့ လိုပါတယ်။ မိသားစု၊ လုပ်ငန်းခွင်၊ လူမှုရေးရာတွေရဲ့ ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့ စိတ်ညစ် စရာတွေကို မတွေးဘဲ ပျော်ပျော်နေပါ။
Ref:Good Health
မေမွန်ကျော်
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:20469] စပျစ်သီးသန္ဓေ(Molar Pregnancy)အကြောင်း သိကောင်းစရာ
စပျစ်သီးသန္ဓေ(Molar Pregnancy)အကြောင်း သိကောင်းစရာ

စပျစ်သီးသန္ဓေဆိုတာဘာလည်း ?

အမျိုးသားဆီက ဖိုမျိုးစေ့နဲ့ အမျိုးသမီးဆီက မမျိုးစေ့တို့ ပေါင်းစပ်ထိတွေ့တယ်ဆိုရင်ပဲ ဇီဝကမ္မဖြစ်စဉ် Physiology နည်းအရ ကိုယ်ဝန်ဆိုတာဖြစ်လာရပါတယ် ။ ဒါပေမယ့် ကိုယ်ဝန်မရင့်သေးခင် အစောပိုင်းမှာ မှားယွင်း မှု ၊ ဖောက်ပြန်မှု ၊ အားနည်းမှု တစ်ခုခုကြောင့် အချင်းစတင်ဖြစ်ပေါ်ခြင်းအပေါ် အဓိကကျတဲ့ ပြောင်း လဲမှု တွေကြောင့် သန္ဓေသားဖြစ်ပေါ်လာရမယ့်အစား စပျစ်သီးလိုမျိုး ရေအိတ်အလုံးလေးတွေ ဖြစ်ပေါ်လာတဲ့ ကိုယ်ဝန် ကို စပျစ်သီး သန္ဓေလို့ခေါ်ပါတယ် ။
စပျစ်သီးသန္ဓေအမျိုးအစားတွေက ဘာတွေလည်း ?
ရောဂါရဲ့ ရာနှုန်းပြည့် စပျစ်သီးကဲ့သို့ အလုံး အပြွတ်လေးများသာ တွေ့ရပါတယ် ။ အချို့ကတော့ ရေအိတ် အလုံးလေးတွေနဲ့ အချင်းကို တွဲဖတ်ပြီးတွေ့ရပါတယ် ။ အချို့ကတော့ ရေအိတ်အလုံးငယ်လေးတွေနဲ့ သန္ဓေသား ကို ရေထွေးပြီးတွေ့ရတတ်ပါတယ် ။ အရှေ့တိုင်းနိုင်ငံသူတွေက အနောက်ဥရောပ သူတွေထက် အဖြစ်များပြီး အရှေ့ တိုင်းနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်ချိန် ၅၀၀ မှာ တစ်ယောက်နှုန်းလောက်ပဲ ဖြစ်တတ်ပါတယ် ။ ကျန်တဲ့ နိုင်ငံတွေမှာတော့ ကိုယ်ဝန်ဆောင် ၂၀၀၀ မှ ၃၀၀၀ လောက်မှာမှ တစ်ယောက်လောက်သာ ဖြစ်တတ်ပါတယ် ။
စပျစ်သီးသန္ဓေဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလည်း ?

ယခုအချိန်အထိ ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး ။ ဖြစ်နိုင်တဲ့အချက်တွေကတော
့
၁ ။ ဖိုမျိုးစေ့နဲ့ မမျိုးစေ့ ဓါတ်ခံအား မတူ၍ မတည့်၍သော်လည်းကောင်း
၂ ။ အစားအသောက်နဲ့အာဟာရ မတူ ချို့တဲ့ကြ၍ လည်းကောင်း
၃ ။ ရာသီဥတု အနေအထားကြောင့်လည်းကောင်း
၎ ။ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း ဖြစ်နိုင်ပါတယ် ။ မျိုးရိုးဗီဇနဲ့တော့ ဆက်စပ်မှု မရှိပါဘူး ။
ပြသတဲ့ လက္ခဏာတွေတွေက ဘာတွေလည်း ?
ကိုယ်ဝန်ဆောင်ချိန်ပထမပိုင်း 1st Trimester မှာအဖြစ်များပါတယ် ။ ဒါပေမယ့် နောက်တွဲကိုယ်ဝန်ကျမှလည်း ဖြစ်ပွားတာတွေရှိပါတယ် ။
၁ ။ သာမန်ကိုယ်ဝန်ကဲ့သို့ ဓမ္မတာသွေးထိမ်ခြင်း
၂ ။ ဆီးစစ်ရာတွင် နှစ်ကြောင်းပေါ်ခြင်း
၃ ။ ကိုယ်ဝန်ဆောင်ချိန်ခံစားရလေ့ရှိသော အော်ကလီဆန်ခြင်း ၊ မူးဝေခြင်း ၊ ပျို့အန်ခြင်းများ ပိုမိုဖြစ်ခြင်း
၎ ။ ကိုယ်ဝန်ရှိပြီး မကြာမီ သွေးမကြာမကြာဆင်းခြင်း
၅ ။ ကလေးလှုပ်ချိန်တွင် ကလေးမလှုပ်ခြင်း
၆ ။ သားအိမ်အရွယ်အစားနဲ့ အမြင့်မှာ သွေးထိမ်သည့်လထက် ပိုမိုကြီးထွားမြင့်တက်နေခြင်း(ရှိသင့်သည့် အရွယ် နှင့် ရှိသင့်သည်ထက် သေးငယ်နေခြင်း)
စသည်တို့ပဲ ဖြစ်ပါတယ် ။
ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်မလည်း ?

ဗိုက်ကို ကျွမ်းကျင်တဲ့ဆရာဝန်နဲ့စမ်းသပ်ခြင်း ၊ Ultrasound ရိုက်ခြင်း စတဲ့နည်းလမ်းတွေနဲ့ သိနိုင်ပါတယ် ။ တခါတရံ သွေးဆင်းရာမှာ စပျစ်သီးကဲ့သို့ အလုံးလေးတွေ သွေးခဲတွေနဲ့အတူ ပါလာတတ်ပါတယ် ။
စပျစ်သီးသန္ဓေကို ဘယ်လိုကုမလည်း ?
သွေးမဆင်းမီ နဲ့ ကိုယ်ဝန်ပျက်မကျမီ သိရှိခဲ့ရင်တော့ ထွက်ကျလာအောင် ဆေးပေး ဆေးသွင်းရပါတယ် ။ သားအိမ်ကို ချဲ့ပြီး သားအိမ်ခြစ်ခြင်း လေစုပ်စက်နဲ့ စုပ်ယူခြင်း (Vacuum suction Curettage ) တို့ဖြစ်ပါတယ် ။ လူနာဟာ အသက် ၄၀ ၀န်းကျင်လည်းဖြစ်မယ် မိသားစုလည်း စုံလင်မယ် သားသမီးတွေ လည်းရှိထား တယ်ဆိုရင်တော့ အဲဒီလိုလူနာတွေအတွက် နောက်ဆုံး သားအိမ်ထုတ်ခြင်းနည်းနဲ့ ကုသနိုင်ပါတယ် ။
ပုံမှန်အားဖြင့်တော့ မျက်စိနဲ့ စပျစ်သီးလိုမျိုး အလုံးလေးတွေ တွေ့နေရတယ်ဆိုသော်လည်း ဓါတ်ခွဲခန်းကို ပို့ပြီး သေချာစီစစ်ဖို့လိုပါတယ် ။ တစ်ချို့က တပိုင်းကင်ဆာ ပြောင်းလဲနေမှုများ (Chorio Carcinoma / Malignant Mole) စသဖြင့်တွေ့နိုင်ပါတယ် ။ အဲဒီလို ပြောင်းလဲတဲ့လူနာတွေအတွက်လည်း သင့်တော်တဲ့သွေးသွင်း ကုသခြင်းနဲ့ အချိန်တိုအတွင်း ရာနှုန်းပြည့်ပျောက်ကင်းနိုင်ပါတယ် ။
ကုသပြီးပြီဆိုသော်လည်း နောက်ဆက်တွဲ Follow Up ပြသဖို့ လိုအပ်ပါတယ် ။ ၁ လ တစ်ကြိမ် ၃ လ ။ ၃ လတစ် မကြိမ် ၆ လ တစ်ကြိမ်နဲ့ တစ်နှစ်တစ်ကြိမ် အနည်းဆုံး နှစ်နှစ်ထိပြသရန်လိုအပ်ပါတယ် ။ အဲဒီလိုပြန် လည်ပြ သတဲ့အခါတိုင်းမှာလည်း ဆီးစစ်ခြင်း (UCG) ၊ Ultrasound ရိုက်ခြင်းနဲ့ ရင်ဘတ်ကို ဓါတ်မှန်ရိုက်ခြင်းများ ပြုလုပ်ဖို့ လိုအပ်ပါတယ် ။ ဆိုလိုတဲ့သဘောကတော့ လာပြသတဲ့အခါတိုင်း အတွင်းပိုင်းစမ်းသပ်ခြင်း နဲ့ မလုံ လောက် ပါဘူး ။
ဒီရောဂါဟာနောက်ထပ် ထပ်ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အလွန်ကိုပဲ ရှားပါးပါတယ် ။
နောက်ထပ် ကလေးယူလို့ရမရ ?
နောက်ထပ်ကလေးယူလို့ရပါတယ် ။ ဒါပေမယ့် ရောဂါဖြစ်ပြီး Follow Up ၂ နှစ်အတွင်းမှာတော့ ကိုယ်ဝန် မယူရပါဘူး ။ ကိုယ်ဝန်တားတဲ့အခါမှာလည်း ဟော်မုန်းမပါတဲ့သန္ဓေတားနည်းတွေနဲ့ တားသင့်ပါတယ် ။ ဥပမာ ရက်ရှောင်ခြင်း ၊ ကွန်ဒုံးသုံးခြင်း စသည်တို့ပဲ ဖြစ်ပါတယ် ။ စပျစ်သီးသန္ဓေဖြစ်ပွားဖူးယုံနဲ့ အမျိုးသမီး တစ်ယောက် မှာ မျိုးဆက်ပွား အရည်အသွေး ကျဆင်းသွားခြင်းမရှိပါဘူး ။ စောစီးစွာ ပြသကုသလျှင် ထိရောက်စွာ ပျောက် ကင်း နိုင်သောရောဂါဖြစ်ပါတယ် ။
ဒါပေမယ့် ယနေ့ခေတ် တောရွာတွေမှာ မြို့နဲ့ ဝေးလံခေါင်သီတဲ့ကျေးလက်တွေမှာ ကိုယ်ဝန်သည်တွေဟာ ကလေး စတင်လှုပ်ချိန် ကိုယ်ဝန်ငါးပတ်အလယ်လောက်မှ ကလေးမလှုပ်မှန်းသိကြရပြီး အဲဒီအချိန်မှာ ကိုယ်ဝန်က လည်း အလွန်အမင်းတင်းကျပ်ပေါက်ထွက်ခြင်း ၊ ၀မ်းဗိုက်ထဲမှာ သွေးသွန်ခြင်း တို့ကြောင့် အသက် အန္တရာယ်ရှိနိုင်ပါတယ် ။ နောက်တခါ ကိုယ်ဝန်နုစဉ်မှာ သွေးထွက်လွန်နိုင်ပြီး သားအိမ်ပေါက်ပြဲခြင်း ဖြစ်တတ်တဲ့ အတွက် ကျွမ်ကျင်တဲ့ဝါရင့်ဆရာဝန်တွေကိုယ်တိုင် ဆောင်ရွက်ကုသဖို့လည်းလိုပါတယ် ။ Follow Up ကြည့်ရှုဖို့ အတွက်တော့ OG တွေရှိတဲ့ဆေးရုံတွေကိုသာ ညွှန်ကြားဖို့လိုအပ်ပါတယ် ။
Ref : (1) Reproductive Health
(2) Obestetric and Gynaecological Problems
(3) Google Image Search
(4) Health Education for Reproductive Health (Myanmar -Professor Myint Maung Maung)
သက်တန့်ချို
1st June 2010
မေမွန်ကျော်
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:20468] မိဘကိုပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့...
မိဘကိုပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့...
မိဘကိုပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့...
လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။
ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။
ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။ သူတို့အသက်ရှင်တုန်း
တဝကြီးပေးပျော်လိုက်မယ်။
ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက
အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။ အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင်
သင့်မိဘတွေ
လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့
အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့
မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ
မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့
နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊
အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။
ဖခင်များနေ့မှာ အဖေ့အတွက် ငါးတစ်ကောင်ဝယ်ပြီး
သင်ကိုယ်တိုင်အရောက်သွားပေးကြည့်... အဖေက ပါးစပ်တောင်မပိတ်နိုင်ဘဲ
ပြုံးပျော်နေတာကို
သင်တွေ့ရလိမ့်မယ်။ မိခင်များနေ့မှာ အမေ့အတွက် အနွေးထည်တစ်ထည်ဝယ်ပြီး
သင်ကိုယ်တိုင် အရောက်သွားဝတ်ပေးကြည့်... အမေရဲ့မျက်နှာလုံးထဲ
ကြည်နူးရိပ်လေးတွေ တွဲခိုနေတာကို သင်တွေ့ရလိမ့်မယ်။ မိဘတွေက အလွယ်တကူနဲ့
ရောင့်ရဲတင့်တိမ်တတ်သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့မေတ္တာက အနှိုင်းမဲ့ခဲ့ပါတယ်။
"အိမ်ကို မကြာခဏပြန်ပါ"
ဒါဟာ ကျွန်တော်တို့အပေါ်ထားတဲ့ မိဘတွေရဲ့
နွေးထွေးတဲ့မျှော်လင့်ချက်ဖြစ်တယ်။ သူတို့ရဲ့ချစ်ခြင်းမေတ္တာက
ကျွန်တော်တို့ကို ဒီလိုလုပ်ဖို့ (အိမ်ကို မကြာမကြာပြန်ဖို့)
မခက်ခဲစေခဲ့ပါဘူး။
သင့်မှာ ဂရုစိုက်၊ ပြုစုရမယ့်မိဘတွေရှိသေးလို့ သင်ကံကောင်းနေပါသေးတယ်။ ဒါကို
သင်တန်ဖိုးထားတတ်ခဲ့ပြီလား? မိဘတွေက တဖြည်းဖြည်း အိုမင်းလာခဲ့ပြီ... နွေ၊
မိုး၊ ဆောင်း ဥတုဘယ်နှခုကို သူတို့ဖြတ်ကျော်နိုင်ဦးမလဲ?
ကိုယ့်ရဲ့ရှေ့ဆက်ရက်တွေကို
ဝမ်းနည်းပူဆွေးနောင်တတွေ မကျန်ခဲ့ပါစေနဲ့။
"တိုင်းပြည်အတွက် သစ္စာရှိနိုင်သမျှရှိပါ။ အိမ်အတွက် ဂရုစိုက်နိုင်သမျှ
ဂရုစိုက်ပါ"
"မိဘကိုဂရုစိုက်၊ ပြုစုဖို့ အချိန်ကိုမစောင့်ပါနဲ့" တဲ့။
ဂရုစိုက်ပြုစုတယ်ဆိုတာ ပိုက်ဆံပုံပေးတိုင်း ရနိုင်တာမဟုတ်ပါဘူး။
မိဘအိုမင်းသွားပြီ...
ပိုက်ဆံတွေပေးတော့ သူတို့ဘာလုပ်နိုင်မှာမို့လဲ? သူတို့ သိပ်မစားနိုင်တော့ဘူး၊
သူတို့ မဝတ်နိုင်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ မိဘကို ဆပ်စရာအကြွေးတွေ
ဆပ်နေတယ်လို့ ပိုမထင်မြင်စေချင်ပါဘူး။
တကယ်တော့...
သူတို့လိုအပ်နေတာက သားသမီးတွေနဲ့ နွေးနွေးထွေးထွေး နေရဖို့ပါ။
သူတို့လိုအပ်နေတာက နှေးကွေးတဲ့ခန္ဓာကိုယ်အတွက် ဖေးမတဲ့လက်တစ်စုံကိုပါ။
သူတို့လိုအပ်နေတာက ဆာလောင်တုန်း ခွံကျွေးတဲ့ထမင်းတစ်လုပ်နဲ့ ရေတစ်ပေါက်ကိုပါ။
သူတို့လိုအပ်နေတာက အဖော်မဲ့အထီးကျန်ချိန် အဖော်ပြုမယ့်သူတစ်ယောက်ကိုပါ။
အဝေးကို ရောက်နေတဲ့ သားသမီးတွေ တစ်လတစ်ခါ၊ တစ်နှစ်တစ်ခါ.... သူတို့နဲ့
ပေါင်းစည်းတွေ့ဆုံဖို့၊ ဖျားနာတဲ့အခါ ဂရုစိုက်နွေးထွေးတဲ့စကားကို
အထပ်ထပ်အခါခါ ပြောဖို့... ဒါတွေဟာ သူတို့ရင်ထဲက လိုအင်တောင့်တမှုတွေပါ။
တော်ပြီနော် မေမေ ဖေဖေ တို့ကို သတိရ သွားလို့ နားတော့မယ်
Forward Mail
မေမွန်ကျော်
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:20467] ဝန်ခံချက်
ဝန်ခံချက်
ကဗျာတစ်ပုဒ် ဟာ
စက်ရုံက ထုတ်တာမဟုတ်ဘူး
ဖောမြူလာတွေနဲ့ ပေါင်းစပ်
ကော်ဖီတစ်ခွက်လည်း မဟုတ်ဘူး
ကဗျာ ဆရာရဲ့ နှလုံးသားက
ခံစားပြီး စီးထွက်
သံစဉ်လှိုင်း ကွန်ယက်နဲ့
ခံစားချက် တူသူတွေရဲ့ နှလုံးသား
ဖောက်ထွက်ပြီး သွားတတ်တာ
သူ့ပါဝါ ပါဘဲ။
ခံစားမှု ကဗျာ တစ်ပုဒ်ဟာ
သီးသန့် မှတ်ပုံတင်စရာမလိုဘူး
အနုပညာ သမားဆိုတာ
လောဘ- ဒေါသ - မောဟ
နည်းနိုင်သမျှ နည်းမှ
သူဖန်တီးတဲ့ အနုပညာ
အသက်ဝင်မှာပေါ့။
ဒီယုံကြည်ချက်ကြောင့်လည်း
အနုပညာ ရပ်ဝန်းရဲ့ ဘေးဘက်
ငါ ထွက်ထွက်ပြီး ထိုင်နေတာ
ငါ့ကိုယ်ငါ သိတယ်။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်၏ ဖေ့စ်ဘွတ်ပါ။ http://www.facebook.com/profile.php?id=100003122280668 သူငယ်ချင်း ဖြစ်လိုပါသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ကိုစိုးနိုင်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:20639] Fwd: Outstanding, Funny And Antique Jewellery For Women