[MM Daily Mail:3035] သင်္ကြန်ဆိုတာ

http://api.ning.com/files/o*ITZGYL9lFh2B98sY0L1cMGcTOV6xpPCSow8ijR7wiQTbFsCbXW1Zc1xJWGCIEXLg25oEKXb8nc4VlcPIbZN5CVYREqT9r0/padauk041.jpg
သင်္ကြန်ဆိုတာ..

သင်္ကြန် သည် သင်္ကန္တ ဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ရွတ်ဆိုသည့် အခါမှာ သင်ကန်တ အရ ရရစ်သံနဲ့ ရွတ်ရာကနေ သင်္ကြန်ဖြစ်လာတယ်ဟု ဆိုကြပါသည်။ အဓိပ္ပါယ်က ကူးပြောင်းခြင်းပါ။

သင်္ကြန်ပုံပြင်

သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားပြောရာမှ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပါသည်။ ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသည်။ ထို့နောက် ရှုံးတဲ့လူက ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသည်။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟုပြောလေသည်။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်လိုက်ပါသည်။ ထို ဗြဟ္မာခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်တွင် ရောက်သည့်အခါ သိကြားမင်းမှာ စဉ်းစာပါသည်။ မြေပေါ်ထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်ပါမည်၊ ရေတွင် ထားပါက သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်မည် ဖြစ်သဖြင့် နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မဦးခေါင်း ကိုင်ရန် တာဝန်ကျပါသည်။ ထို နတ်သမီး တစ်ဦးနှင့်တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်းတွင် သင်္ကြန်ကျပါသည်။ ထိုအကူအပြောင်းအခါကို တွက်၍ ဘယ်နေ့တွင် ကူးပြောင်မည်ဟု သတ်မှတ်ကြပါသည်။  အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်ပါသည်။ ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးပါသည်။ ထိုကာ ရှေးဟောင်း ပုံပြင် ဖြစ်ပါသည်။

ဗေဒင်ကျမ်းများအရ

လူမျိုးတော်တော်များများတွင် ရိုးရာ ပြက္ခဒိန်မျာရှိကြပါသည်။ မြန်မာတို့၏ ရိုးရာပြက္ခဒိန်သည် သူရိယမာသခေါ် နေသွားလမ်းကြောင်းကို မူတည်ပြီတွက်ခဲ့ကြပါ သည်။ ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် ကနေ မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်ပါသည်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်း စ ပါသည်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူး သေးပါ။ နောက် ထပ် (၂)ရက်၊ (၄) နာရီ၊ (၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ် ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ နှစ်သစ်ကို ကျရောက်လေ့ရှိပါသည်။ ကြွင်းကျန် ၂ ရက်နှင့် ၄ နာရီကို ပြန်ဖြည့်သည့်အနေဖြင့် ၀ါထပ်နှစ်များထည့်တွင်းကာ ရက်များ ထပ်တိုးပြီး အမှား အယွင်းကင်းစွာ ပြက္ခဒိန်များရေးဆွဲခဲ့ကြသည်။ ထို့အပြင် ကျန်နေသေးသည့် မိနစ်နှင့် စက္ကန့်များအားလုံးကို ပေါင်းကာ ရက် အစားထိုး သည့်အနေနှင့် အချို့ နှစ်များတွင် ကဆုန်လတွင် သင်္ကြန်ကြပါသည်။ ထိုသည်ကို သိသာစေရန်အတွက် သင်္ကြန်စာများတွင် တနင်္ဂနွေ ဂြိုဟ်မင်း ဆင်းသည်ဟု ရေးသားခဲ့ကြပါသည်။ သင်္ကြန်းကျသည့် နေ့အပေါ် မူတည်ကာ တနင်္ဂနွေဂြိုဟ်မင်း လက်ကိုင်သည့် ပစ္စည်း ကွဲသွားပါသည်။ စီးသည့် ယဉ် ကွဲပါသည်။ ဗေဒင်ကျမ်းများတွင် သင်္ကြန်အခါ သိကြားမင်း ဆင်းသည်ဟု လုံးဝ မရေးထားပါ။

သိကြားမင်းဆင်းသည်ဟု ပြောနေကြသည်မှာ မှားယွင်းစွာ ပြောနေကြခြင်းဖြစ်ပါသည်။

ပွဲတော်ဖြစ်လာပုံ
သင်္ကြန်ပွဲတော် သည် မှတ်တမ်းများအရ ပုဂံခေတ်မှ စတင်ပါသည်။ နှစ်ဟောင်းမှ အညစ်အကျေးများ နှစ်သစ်သို့ မပါစေရန် ရေသဘင်ပွဲ ကျင်းပ ခဲ့ခြင်းမဟုတ်ဘဲ နှစ်ဟောင်းတွင် ပြုလုပ်ခဲ့မိသည့် အကုသိုလ်များ ပြေပျောက်စေရန်အတွက် နှစ်ကူးခါနီး တွင် ဘိုးဘွားမိဘဆရာသမားများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ခြေသည်း၊ လက်သည်းလှီးပေးခြင်း၊ သီလစောင့်ခြင်း၊ တရားနာခြင်း၊ ကုသိုလ်ရေးအတါက် ဘေးမဲ့ လွှတ်ခြင်း၊ စတုဒီသာ မုန့်များပြုလုပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုနေ့များတွင် ကလေးသူငယ်များမှ အချင်းချင်း ရေပတ်ကစားခဲ့ကြသည်။ ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး  စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် စတင်ပါသည်။ ထိုမင်းလက်ထက်တွင် သင်္ကြန်ကို ရက် ၄၀ ကျခဲ့သည်ဟု မှတ်တမ်းများအရ သိရပါသည်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့သည်။ သင်္ကြန်၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုပါ။
ပုဂံသဋ္ဌကဿန်



မူရင်း-အလင်းစေတမန်(MULTIPLY)

http://www.youtube.com/watch?v=GZKsYiYWEk8&feature=related

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။

[aurorageneration] စာပေ၊ နည်းပညာ၊ သတင်းနှင့် အသိပညာဆိုင်ရာ Web Site လိပ်စာများ

ကျနော်စာကြည့်တိုက်ပေါ်တင်မလို့ သူငယ်ချင်းပေးပို့ တာပါ

စာပေ၊ နည်းပညာ၊ သတင်းနှင့် အသိပညာဆိုင်ရာ Web Site လိပ်စာများ

1. www.worldenglishinstitute.org (အင်္ဂလိပ်စာလေ့လာလိုသူများအတွက် TOEFL
အထောက်အကူပြုစာစဉ်ရရှိနိုင်သည်)
2. www.shareme.com (ကွန်ပျူတာပညာရပ်များ၊ စီးပွားရေးပညာရပ်များအပါအ၀င်
ဆော့ဖ်ဝဲလ်များအကြောင်းစုံလင်စွ
ာရရှိနိုင်သည်)
 3. www.learningpage.com (ဘာသာရပ်အတော်စုံပါသည်။ လူလတ်ပိုင်းများလေ့လာသင့်သည်)
4. www.myanmarnlp.org.mm ( အင်္ဂလိပ်မှ မြန်မာသို ဘာသာပြန်ဆိုနိုင်သည့်
ဆော့ဖ်ဝဲလ်စမ်းသပ်ရန်အတွက် အခမဲ့ ရယူနိုင်သည်)
5. www.merriam-webster.com (အင်္ဂလိပ်စာလေ့လာသူများအတွက် အကောင်းဆုံးနေရာဖြစ်သည်)
6. www.commerce-database.com (စီးပွားရေးစကားအသုံးများကို လေ့လာနိုင်သော
အဘိဓါန်ဖြစ်သည်)
7. www.computerweekly.com (နည်းပညာဆိုင်ရာ သတင်းစုံဖော်ပြထားသည်)
8. http://knowfree.net (စာအုပ်တော်တော်များများကို ဖတ်ရှုနိုင်၊ ကူးယူနိုင်သည်)
9. www.fixya.com ( အလွန်ကောင်းပါသည် အိမ်သုံးလျှပ်စစ်
ပစ္စည်းများအတွက်ပြင်ဆင်နည်း၊ အသုံးပြုနည်းများ အတော်စုံလင်ပါသည်)
10. www.universalclass.com (အွန်လိုင်းပေါ်မှ
အဝေးရောက်သင်ယူနိုင်သောတက္ကသိုလ်ဖြစ်သည်။ ရုပ်မြင်စနစ်ဖြင့်
တိုက်ရိုက်သင်ယူနိုင်သည်)
11. www.houseofplant.co.uk (အိမ်တွင်းပန်းအလှဆင်နည်းပညာများအကြောင်းလေ့လာနိုင်သည်)

*******************************************************************************************************************

ကွန်ပျူတာပညာရပ်များ


1. www.thelinuxlab.net www.lpi.org (Linux စနစ်ကိုလေ့လာနိုင်ရန်ဖြစ်သည်။
စာမေးပွဲများ အကြောင်းလည်ပါရှိသည်)
2. www.helpwithpcs.com (ကွန်ပျူတာသင်ခန်းစာများကို အမျိုးအစားစုံလင်စွာတွေ့ရသည်)
 3. www.simplehelp.net (မိမိကွန်ပျူတာနဲ့ ပတ်သက်၍ ပြဿနာများရှိခဲ့လျှင်
မေးမြန်းနိုင်သည်)
4. www.asia-oss.net (Open Source စနစ်ကိုလေ့လာသူများ မဖြစ်မနေ၀င်လေ့လာသင်သည်)
 5. www.databasejournal.com (Database သီးသန့်စုစည်းထားသည်။
အလွယ်တကူသင်ယူနိုင်သည်)
 6. www.wwpi.com (ကွန်ပျူတာပညာရပ်များအပြင်၊ Network ပညာများကိုလည်းသင်ယူနိုင်သည်)
 7. www.fstutorials.com www.psdfreebee.com (Photoshop နည်းပညာကို
စလယ်ဆုံးလေ့ကျင့်ခန်းများစွာဖြင့် လေ့လာနိုင်သည်)
 8. www.educational-software.com (ဆော့ဖ်ဝဲဘာသာရပ်များကို လေ့လာသင်ယူနိုင်သည်)
 9. www.educationalsoftware.co.uk (ဆော့ဖ်ဝဲဘာသာရပ်များကို သင်ယူနိုင်သည်)
 10. www.okino.com (ဂရပ်ဖစ်သုံးဆော့ဖ်ဝဲဘာသာရပ်များစွာကို လေ့လာနိုင်သည်)

 *********************************************************************************************8


အခမဲ့ရနိုင်သော E-mail များ


 1. www.emailaccount.com (Domain များစွာကို
စိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံးချ အခမဲ့ရသော mail ဖြစ်သည်)

 2. www.gawab.com (Language များစွာကို စိတ်ကြိုက်ရနိုင်ပြီး
လွယ်ကူစိတ်ကြိုက်ရနိုင်ပြီးလွယ်ကူသုံး ချ အခမဲ့ရသော mail ဖြစ်သည်)

 3. www.inbox.com (သုံးအားကောင်းပြီး လိုင်းဝင်ထွက်လွယ်ကူမြန်ဆန်ကာ 5GB
ပေးထားသော free mail ၀န်ဆောင်မှုဖြစ်သည်)

 4. www.hotmail.com (Microsoft မှ လွှင့်တင်ထားသော ၀န်ဆောင်မှုဖြစ်သည်)

5. www.mail.com (အလွန်ကောင်းမွန်သော ၀န်ဆောင်မှုများစွာကိုရရှိသုံးစွဲနိုင်သည်)

 6. www.myway.com (အလှဆုံးသောပြင်ဆင်မှုများဖြင့် ရရှိနိုင်သော ၀န်ဆောင်မှု ဖြစ်သည်)

7. www.dora.com (၎င်းတွင်လည်း ပြင်ဆင်ပုံအလှတစ်မျိုးနှင့် မြင်တွေ့ရရှိနိုင်သည်)

8. http://mail.yahoo.com (အတန်အသင့် နာမည်ရှိသော yahoo mail ဖြစ်သည်)

 9. www.eudora.com (နာမည်တော့ရှိပါတယ် မြန်မာပရိသတ်နည်းပါတယ်)

10. www.30gigs.net (အခမဲ့ 30GB ရရှိနိုင်သော မေးလ် ၀န်ဆောင်မှုဖြစ်သည်)

************************************************************************************************

 မြန်မာပရိသတ်တွေဟာ တစ်ခုခုရှာမယ်ဆိုင်ရင် google ကိုပဲ သတိရမိကြပါတယ်။

ဒါပေမယ် အခြားရှာဖွေရေးအင်ဂျင်အသစ်တွေပေါ်နေတယ်ဆိုတာကို အချို့က မသိကြပါဘူး။

 တစ်ချို့ ရှာဖွေရေးအင်ဂျင်တွေဆိုရင် google လောက်နီးပါးကောင်းမွန်ပြီး၊
အချို့ဆိုရင် သာတယ်လို့တောင်ဆိုနိုင်လောက်အောင်ကောင်းတာတွေ့ရပါတယ်။


အခု ရှာဖွေရေးအင်ဂျင်အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်……

 1. www.goodsearch.com

 2. www.kumo.com

 3. www.WolframAlpha.com

4. www.clusty.com

 5. www.dogpile.com


 6. www.bing.com

 7. www.altavista.com

 8. www.ask.com

9. www.lycos.com

10. www.webcrawler.com

 11. www.cuil.com

12. www.yahoo.com

13. www.ixquick.com

14. www.msn.com

15. www.alltheweb.com

16. www.excite.com စသည်တို့ပဲဖြစ်ပါတယ်

 စမ်းသပ်သုံးစွဲကြည့်ကြပါလို့ အကြံပြုပါရစေ

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

Daily Newsletter

ABC Widgets
11/04/2012

Daily Newsletter

 

သတင်း
ဦးခင်ညွန့်အကြောင်း ဘန်ကောက်ပို့စ် ဖော်ပြချက် မှားယွင်းဟု ဆို

၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သော ထောက်လှမ်းရေး အဖွဲ့က ကယ်ဆယ် လိုက်သည်ဆိုသောဘန်ကောက်ပို့စ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် အရေးပေါ် တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့နံနက် ၁၁ နာရီခန့်က နေပြည်တော်ရှိ သမ္မတ ရုံးတွင်

ဦးခင်ညွန့်ကို ပြန်ဖမ်းနိုင်

ဒီပဲယင်း လုပ်ကြံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ခဲ့သည်ဟု ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ပြောဆိုခဲ့မှုအပေါ် နေပြည်တော်အစိုးရ အဖွဲ့အတွင်းစိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး ၎င်းအား ပြန်လည်

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းမှုကြောင့် အပြောင်းအလဲများ ဖြစ်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သမိုင်းဝင် အပြောင်းအလဲများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ နှစ်ဦး၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း

ကိုးကြိမ်မြောက် ရခိုင်ရိုးရာ သင်္ကြန်ပွဲ ရန်ကုန်တွင် ကျင်းပမည်

ရန်ကုန်မြို့တွင် ကျင်းပမည့် ကိုးကြိမ်မြောက် ရခိုင်ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် အပါအ၀င် ရခိုင် တိုင်းရင်းသားများစုံစုံညီညီ

အခပေး ရေကစားမဏ္ဍပ် နည်းပါး၊ ရေပက်ခံကား ဈေးမြင့်

ရန်ကုန်မြို့တွင် အခပေး သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ဖွင့်လှစ်သူ ယခုနှစ်တွင် လျော့ကျနေပြီး ရေကစားခ နှုန်းထားများ မြင့်မားကြောင်း သတင်းရရှိသည်။

KIO နှင့် အပစ်ရပ်ပြီးမှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်

လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းလိုက်သည့် ကချင်ပြည်နယ်မှ ကြားဖြတ်ရွေးကောက်ပွဲကို ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အစိုးရကြား အပစ်ရပ်ပြီး

အင်တာဗျူး
ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် တွေ့ဆုံမေးမြန်းခြင်း (၂)

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်တော်တွင် ပြီးခဲ့သည့်မတ်လအတွင်းက

သူ့အတွေး သူ့အမြင်
လူမှန်နေရာမှန်

ဒီတပတ် ရန်ကုန်မှာ ဖြစ်နေတဲ့ နောက်ဆုံးပေါ် သတင်းကတော့ ဝန်ကြီးရာထူး အပြောင်းအလဲတွေ ရှိတယ်၊ အလုပ် မလုပ်တဲ့ ဝန်ကြီးတွေ၊ အလုပ်မဖြစ်တဲ့ ဝန်ကြီးတွေကိုသင့်တော်တဲ့

ချင်းမိုင်ရုက္ခစိုး
လွှတ်သဘင် သင်္ကြန် သံချပ် နဲ့ …

မိုးလေး တပြိုက် နှစ်ပြိုက် ရွာလိုက်၍ ယခင်ရက်များက အပူငွေ့များနှင့် အာကာပြင်မှာ ဟီးလေးခို နေသည့် မီးခိုးမြူများ လွင့်ပြယ်စ ချင်းမိုင်မြို့ကလေးမှာဖြင့် အတာသင်္ကြန် ၏ အငွေ့အသက်များက

ရုပ်သံသတင်း
Dateline Irrawaddy

ဒီတပါတ် Dateline Irrawaddy အစီအစဉ်မှာ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သမ္မတ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်အား ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်က မေးမြန်း ဆွေးနွေးထားတာ ဖြစ်ပါတယ်။

သတင်းတို

ငြိမ်းချမ်းရေး အတွက် ၈၈ နှင့် ကယန်းမျိုးဆက်သစ် ပူးပေါင်း

ဒေါ်အောင်ဆန်းစုကြည်ကို Elie Wiesel ဆုချီးမြှင့်မည်

ပိတ်ဆို့မှုများ အမြန်ဆုံး ရုပ်သိမ်းသင့်ဟု ICG ပြော

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ထပ် တွေ့မည်

[aurorageneration] Re: ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ

ကိုဆွေရေ

သည်ဆောင်းပါးမှာ ပါတဲ့ ဗုဒ္ဓဘာသာ ဆင်းသက်ပုံဟာ သစ်ပင်မ ကြီး တစ်ခုတည်းက ခက်ဖြာသွားတာမျိုးမဟုတ်ဘဲ ချုံနွယ်ပိတ်တောင်း သစ်ပင်အပေါင်း စန္ဒကူးကောင်း တို့ နဲ့ ရူပ်သလောက် မြိုင်တဲ့ အတွက်  စုံတောမြိုင် သဘောမျိုး ဖြစ်တယ် ဆိုတဲ့ အယူအဆကို အထူးနှစ်သက်ပါတယ်။ မြန်မာပြည်မှာ ပိတ်ဆို့နေတဲ့ ခေါင်ချုပ် စကြာမင်း အတွေးအခေါ်မျိုး ကနေ ပွင့်လင်းတဲ့ liberalism ဝါဒကို ကူးပြောင်းဖို့ရန်မှာ သည်လို ကောင်းမွန်မှန်ကန်တဲ့ အတွေးအခေါ်မျိုးကို ကျွန်တော်တို့ စဉ်းစားမိဖို့ လိုပါတယ်။

စင်စစ် တရား ဂုဏ်တော် ခြောက်ပါးကို လေ့လာကြည့်ရင် သန္နိဌိကော ( to be scrutinized ) ဆိုတဲ့ လက္ခဏာကို ဒုတိယမြောက် လက္ခဏာ အဖြစ်တွေ့ရပါတယ်။ သည် ဂုဏ်တော် (ဝါ) philosophy ဟာ ဘာသာ ကိုးကွယ်မှု အားလုံးနဲ့ ခြားနားတဲ့ ဗုဒ္ဓဘာသာရဲ့ ပင်မ လက္ခဏာ ( ကံမကောင်းစွာ မြန်မာပြည် ဗုဒ္ဓဘာသာမှာ ကြုံလှီသလောက် မဖွံ့ဖြိုးတဲ့ လက္ခဏာ) ဖြစ်ပါတယ်။ သို့သော် ရှေးဦး ဗုဒ္ဓဘာသာ နဲ့ တိုးယိုပေါက် တစ်ဆက်တည်း ဖြစ်တာ သေချာသလောက်ရှိတဲ့ ဝါစုဗန္ဓုတို့ရဲ့ critical thinking ဟာ နှစ်ဆယ်ရာစု
ကမ္ဘာ့ ထိပ်တန်း လူးဝစ် ဗစ်ဂန်စတိုင်းတို့ထက် များစွာကျန ကောင်းမွန်တာကို ကြည့်ရင် (သေသပ်စေ့ဌမှုဟာ ကန့်တို့ ဗစ်ဂန်စတိုင်း တို့တောင် ထိုင်ငိုသွားလောက်တာကို ကြည့်မယ်ဆိုရင်) ရှေးဦး အဂ္ဂသာဝက ရှင် သာရိပုတြာတို့ ရှင်အာနန္ဒာ တို့ ရှင်ရေဝတို့က ဆင်းလာတဲ့ ရှေးရှေးဆရာ စဉ်ဆက်ဟာ လက်ရှိ အရှေ့တောင်အာရှ ထေရဝါဒ ဗုဒ္ဓဘာသာထက်ရော ၊ ဒလိုင်းလားမားရဲ့ တိဗက်ဗုဒ္ဓဘာသာထက်ရော သန္နိဌိကော (စူးစမ်းလေ့လာ ခွဲဖြာသုံးသပ်) တဲ့နေရာမှာ များစွာ ကောင်းမွန်သာလွန်မယ်လို့ ကျွန်တော်တို့ တိကျစွာ ခန့်မှန်း နိုင်လောက်ပါတယ်။ လက်ရှိ မြန်မာပြည် ဗုဒ္ဓဘာသာတွေးခေါ်မှုဟာ သုစိပုဘာ ဝိလိသိဓာ လို့ သွန်သင်ပြတဲ့ ရှင်မဟာရဌသာရတို့ရဲ့ အင်းဝခေတ်ထက်ပင် အပုံကြီး နိမ့်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဆင်ခြင် စဉ်းစားသိရှိနိုင်ပါတယ်။

သည်နေရာမှာ ကျွန်တော် နဲနဲ ချဲ့ပြီး ပြောလိုပါတယ်။ စင်စစ် conventional thinking နဲ့ သိကြတဲ့ တရားဂုဏ်တော် ခြောက်ပါး ဆိုတာ တရားဓမ္မရဲ့ လက္ခဏာ (characteristic) မဟုတ်ပါဘူး ။ အဲဒီ လက္ခဏာလို့ အလွယ်ပြောတဲ့ ဂုဏ်တော်ခြောက်ပါးဆိုတာ တရားဓမ္မရဲ့  primary function သို့မဟုတ်လည်း purpose  ခြောက်ခုဖြစ်ပါတယ်။ တရားဓမ္မဟာ ကောင်းသော လက္ခဏာရှိတာ မဟုတ်ပါဘူး (inductive reasoning) ၊ ကောင်းအောင် ရှေးရူသွားနေတဲ့ ကောင်းအောင် အားထုတ်ရတဲ့ လက္ခဏာသာ ရှိပါတယ် (deductive reasoning) ။ တရားဓမ္မဟာ အစမ်းသပ်ခံနိုင်တဲ့ လက္ခဏာ မဟုတ်ပါဘူး ၊ အဖန်တလဲလဲ စမ်းသပ် စူးစမ်း (ထပ်ပြီး deduce) infinite progress လုပ်ရတဲ့ လက္ခဏာသာရှိပါတယ် ။ ထိုနည်းတူစွာ ကျန်ရှိတဲ့ လက္ခဏာလေးပါးကို နားလည်အပ်ပါတယ် ။ ထေရဝါဒမှ အနှစ်၊ မဟာယာနမှ အနှစ်လို့ ကွဲကြပြဲကြခြင်းဟာ တရားဓမ္မကို သုံးစွဲရမယ့် function လို့ မမြင်ဘဲ characteristic လို့ မြင်နေတဲ့ အတွက် ကွဲကြပြဲကြခြင်း ဖြစ်ပါတယ်။ လောကဓမ္မကို နားလည်သွားသူဟာ ငြင်းခုံ ခုခံစရာ ဘာမှ မရှိတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ လောကတစ်ခွင်လုံးမှာ ဖက်တွယ်ပြီး ငြင်းစရာ ခုခံစရာ characteristic တစ်ခုတစ်လေမှ ရှိသေးတယ်လို့ မမြင်တော့လို့ ဖြစ်ပါတယ်။

သေချာစူးစမ်းမယ် ဆိုပါရင် တရားဂုဏ်တော် ခြောက်ပါး ( function လုပ်ငန်းဆောင်တာ ကြီး ခြောက်ပါး) မှာ Particular function ၊ ဒါမှ မဟုတ်လည်း specific function၊ ဒါမှမဟုတ်လည်း typical/ stereotyped function  ရယ်လို့ ခြောက်ပါးလုံးမှာ မရှိကြောင်း၊ ခြောက်ပါးလုံးဟာ General Function ယျေဘုယျ လုပ်ငန်းဆောင်တာ နဲ့ ရည်ရွယ်ချက်ကိုသာ ဖော်ပြထားကြောင်း တွေ့ရပါလိမ့်မယ် ။ ဗောဓိသတ္တ တရားကို သိမှ သိခြင်းလို့ မဆိုပါဘူး၊ သဗ္ဗေညုတ ဥာဏ်တော်ကို သိခြင်းမှ သိခြင်းလို့ မဆိုပါဘူး ။ သိအောင်လုပ်ရမယ်ဆိုတဲ့ လုပ်ငန်းဆောင်တာ သဘောဟာ ဗောဓိသတ္တဘုရားလောင်းပင်ဖြစ်ပစေ  အဂ္ဂသာဝက ရှင်သာရိပုတြာပင် ဖြစ်ပစေ လူပြိန်းဥာဏ်မွဲ ကျွန်တော်တို့ လိုလူတွေဖြစ်ပစေ မကွဲပြား အတူတူ ပစ္စတံဝေဒိတဗ္ဗော သာ ဖြစ်ပါတယ် ။ ပိုမိုခေါက်ခက် စဉ်းစားလိုက်ပါရင် Function ဆိုသည်မှာ specify လုပ်လိုက်တာနဲ့  characteristic ဆိုတာ ပေါ်လာလို့ ပါပဲ။  Impartiality ဟာ သည်ခြောက်ပါးလုံးရဲ့ အနှစ်သာရ (ဝါ) ဓမ္မသာရ (purpose)  ဖြစ်ပါတယ် ။ စောက်ထိုးမိုးမျှော် မှန်ကန်နေမှုကတော့ (Paradox) ကတော့ ဂုဏ်တော်တစ်ခုမှ particularly မရှိလို့ ကို တရားဂုဏ်တော် ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဘုရားဂုဏ်တော် ကိုးပါးကိုလဲ သည် အတိုင်း လူတွေ သိနေတာနဲ့ စောက်ထိုးမိုးမျှော် မှန်ကန်နေတာကို သိနားလည် နိုင်ပါတယ်။

ထိုနည်းအတူ လူအများက မြင့်မြတ်မှုလို့ ထင်တဲ့ တရားဓမ္မဟာ ကိုးကွယ်ရာ လို့ မြင်တာဟာ အကြီးစား သက္ကာယ ဒိဌိသာ ဖြစ်ပါတယ်။ တရားဓမ္မဟာ ကိုးကွယ်ရာ မဟုတ်ပါဘူး။ မည်သူမဆို သုံးစွဲဖွယ်ရာ အရသာခံဖွယ်ရာ ဆေး အာဟာရ ဖြစ်ပါတယ်။ သည် သဘောကို မြတ်စွာဘုရားကိုယ်တော်တိုင် ဓမ္မဓက္ကလို့ ရှေးဦးဆုံး တရားဟော ကတည်းက အသိပေးထားပြီး ဖြစ်ပါတယ်။ စက္က ရဲ့ အဓိပ္ပာယ်ကို ကျွန်တော်တို့ မြန်မာတွေက စကြာ လို့ မှားယွင်းစွာ သိကြပါတယ်။ စက္ကရဲ့ မူရင်း အဓိပ္ပာယ်ဟာ အင်မတန် ရိုးစင်းပါတယ်။ " နွားလှည်းဘီး " ပါတဲ့ ။ စင်စစ် ဗြဟ္မဏတွေရဲ့  စကြာမင်း သကျသာကီ ဝါဒရဲ့ ဗိုလ်ကျ ကြီးစိုးမှုကို လယ်သမား ဆင်းရဲသားတွေနဲ့ လက်ရေ တစ်ပြင်တည်း တော်လှန်ဖောက်ထွက်တဲ့ ဗုဒ္ဓဟာ သူ့ တရားရဲ့ function သဘောကို အများသူငါ ဆင်းရဲသား နားလည်ပြီး သူတို့ လယ်သမား ဆင်းရဲသားတွေရဲ့ ဘဝရဲ့ အစိတ်အပိုင်း ဇြစ်တဲ့ နွားလှည်းဘီးလို့ ဘဲ prosaically (ဘာ ဘုန်းတော်ဘွဲ့မှ မပါဘဲ) သုံးထားတာပါ။ ကမ္ဘာကြီးကို ဖြန့်ကျက်လွှမ်းမိုးတဲ့ စကြာမင်းလက်နက် လိုမျိုး အဓိပ္ပာယ် ပြန်မှားပြီး ရှိခိုးတာက ကျွန်တော်တို့ မြန်မာ အရူးဘုရင်တွေ ဒါမှမဟုတ်လည်း ဘုရင်ရူးတွေသာ ဖြစ်ပါတယ်။ ယာန (ယာဉ်) ဆိုပြီး ယနေ့အထိ အမည်တွင်ခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း  သည် နွားလှည်းဘီးဟာ ယာဉ် အဖြစ် သုံးဖို့ စီးသွားဖို့ ပါပဲ ၊ ဘယ်ရှေးဦး ရဟန်းတော်ကမှ နွားကို လှည်းဘီးကို တရားဓမ္မကို ရှိခိုးဖို့ ဆိုပြီး မမြင်ဘူးဆိုတာကို ကျွန်တော်တို့ အတိအကျ ပြောနိုင်ပါတယ်။

အဘိဓမ္မာ ကောသ ကျမ်းကို လေ့လာမယ်ဆိုရင် တရားဓမ္မဟူသည် မြည်းစမ်းရမည့် လုပ်ငန်းဆောင်တာသည် ဗုဒ္ဓတရား (ဝါ) မြတ်စွာဘုရား လူ့လောကကို ဆင်းတော်မူခြင်း၏ အချုပ်ပေတည်း လို့ ရှေ့ဆုံးမှာ တစ်ခွန်းတည်းနဲ့ ကျမ်းကြီးတစ်ခုလုံးကို ချုပ်ပြထားတာကို တွေ့ရပါလိမ့်ယ်။ တရားဓမ္မဟူသည် မှာ ကိုးကွယ်ရန် ရှိခိုးရန် ရိုသေရန် ဆည်းကပ်ရန် လို့ တစ်လုံးမှ မပါပါဘူး။ မိမိကို သင်ပြပေးသော ရှေးဦးဆရာများနှင့် ပထမဦးဆုံး ဆရာ ဗုဒ္ဓရှင်တော်ကို အလေးအမြတ်ပြုပါ၏ လို့သာ ကျေးဇူးကို အလေးအမြတ်ြပုပါ၏ လို့  ကျေးဇူးရှင် ပုဂ္ဂိုလ်ကိုပဲ ကန်တော့ထားတာကို တွေ့ရပါလိမ့်မယ်။ ရှေးဦးဆုံး ဆရာကြီးတွေ ဗုဒ္ဓကိုယ်တော်တိုင်က မြည်းစမ်းသုံးစွဲ ဖွယ်ရာ လို့ အသေအချာပြောခဲ့တဲ့ တရားကို  သုံးစွဲရကောင်းမှန်း မသိဘဲ ကိုးကွယ်ရာ လို့ လူ့ သက္ကာယ ဒိဌိနဲ့ မြင်ခဲ့တာဟာ နောက်ပိုင်း ဗုဒ္ဓဘာသာဝင် တွေ (sectarian Buddhists) တွေရဲ့ လုံးလုံးကြီးကို လမ်းလွဲနေတဲ့ ပြဿနာလို့ ကောင်းစွာ ရူမြင်နိုင်ပါတယ် ခင်ဗျား။




2012/4/11 Lynn Htet Swe <myatchitshin@googlemail.com>
ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ
(လင်းထက်ဆွေ-စုစည်းတင်ပြသည်)

ဗုဒ္ဓဘာသာ မှာ အခြားသော ဘာသာတရားများ နဲ့ မတူ ထူးခြားတဲ့ အချက်ရှိတယ်။ ဘာသာတရားတိုင်းမှာ တော့ ဂိုဏ်းကွဲတွေ ရှိကြတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျမ်းစာ အရတော့ ဆိုင်ရာ ဂိုဏ်းကွဲတွေ အားလုံးက တစ်ခုတည်းသော ကျမ်းစာ ကို လက်ခံ ကြတာ ပဲ များပါတယ်။ ဗုဒ္ဓဘာသာ မှာ အခြားသော ဘာသာတရားများ နဲ့ မတူတာက ဂိုဏ်း အသီးသီး မှာ မိမိ တို့ ကိုယ်ပိုင် ပိဋကတ်စာပေ တွေ သီးခြားစီ ရှိနေတာ ပဲ ဖြစ်တယ်။ ထေရ၀ါဒ ဂိုဏ်းမှာက ပါဠိပိဋကတ် ရှိနေပြီးတော့ မဟာယာနဗုဒ္ဓဘာသာ မှာ တော့ သက္ကဋပိဋကတ် ကို ဘာသာပြန်ဆိုထားတဲ့ တိဗက်ပိဋကတ် တရုပ် ပိဋကတ် မွန်ဂိုလီးယားပိဋကတ် စသဖြင့် ရှိနေပါတယ်။ ဂိုဏ်းကွဲတွေ အားလုံး က လဲ မိမိ တို့ ဂိုဏ်း ရဲ့ ပိဋကတ် ဟာ မူလ ဘုရားဟော ပိဋကတ် ဖြစ်ကြောင်း အသန့်စင် အမွန်မြတ်ဆုံး ဖြစ်ကြောင်း ယုံကြည်ကြတာ ပါပဲ။ ဒါဆိုရင် ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပေါ်လာပါတယ်။ ဘယ်သူ့ ပိဋကတ်က မူလ ဘုရားဟောပိဋကတ် အစစ်အမှန်လဲ ဆိုတာ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်း တစ်ရပ် ဖြစ်လာခဲ့ပါတယ်။


ဂန္ဓာရဒေသ မှ ပေါ်တော်မူ ဓမ္မစာပေများ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ဗုဒ္ဓဘာသာဝင်ရဟန်းတော်တွေ ဟာ သစ်ခေါက်ပုရပိုက်တစ်ချို့ မှာ ပိဋကတ်ကျမ်းစာတွေ ကို ရေးသားပြီး မြေအိုးတွေထဲ မှာ ထည့် လို့ (အခု ပါကစ္စတန်နိုင်ငံ ဂန္ဓာရဒေသ မှာ ရှိတဲ့) သဲကန္တာရ ထဲ မှာ မြုပ်ထားခဲ့ပါတယ်။ သူတို့ ဘာရည်ရွယ်ချက် နဲ့ ဒီလို မြုပ်ထားခဲ့သလဲ ဆိုတာ ဘယ်သူ မှ မသိပါဘူး။ မြင့်မြတ်တဲ့ ဓမ္မစာပေတွေ ကို အလေးအမြတ်ပြု စွန့်ထားခဲ့တာလား။ စေတီထူပါ တစ်ခုခု မှာ ပဲ ထည့်သွင်းဋ္ဌာပနာ ဖို့ ရန် စီစဉ်ခဲ့တာလား။ ရာစု များစွာ ကို ဖြတ်ပြီး ဗုဒ္ဓရှင်တော် ရဲ့ ဓမ္မတရားတွေ ကို ရာစုခေတ်သစ်ကလူသားတွေဆီ ရောက် အောင် အချိန်စုဘူး (Time-Capsule) ထဲ ထည့် ပို့ လိုက်တာ ဆိုရင်တော့ ဒီ ရဟန်းတော် တွေ ရဲ့ လုပ် ဆောင်ချက် အောင်မြင် တယ်လို့ပဲ ဆိုရမှာ ဖြစ်တယ်။ ဒီလုပ်ရပ် ဟာ ဘယ်လောက် ကြီးကျယ်ခမ်းနားတယ် ဆိုတာတောင် သူတို့ သိချင်မှ သိပေလိမ့်မယ်။

ဒီ ပေါ်တော်မူ ဓမ္မစာပေတွေ ကို ရှာဖွေတွေ့ ရှိခဲခြင်းဟာ ရှေးဟောင်းဗုဒ္ဓဘာသာ စာပေလေ့လာမှု ဆိုင်ရာနယ်ပယ် ကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တာကြောင့်ပဲ ဖြစ်တယ်။ ရှေးဟောင်းဗုဒ္ဓဘာသာ စာပေလေ့လာသူ ပညာရှင်တွေ အတွက် အရင်က မှားယွင်းနေတဲ့ အမြင်ဟောင်းတွေ ကို အသစ်ပြန်လည် ပြန်ဆင်နိုင်ခွင့် ရလာခဲ့တယ်။ ထူးခြားတဲ့ အမြင်သစ် တွေ လဲ ရလာစေခဲ့ ပါတယ်။ အရင်ကရှိခဲ့တဲ့ ဘာသာရေး ဂိုဏ်းဂဏ စွဲ တွေနဲ့ ယူဆခဲ့တဲ့ အမှားတွေကိုလဲ ထောက်ပြ လာနိုင်ခဲ့ကြပါတယ်။

ဒီလို အသစ်ရှာဖွေတွေ့ရှိချက် ဟာ ရှေးဟောင်းဗုဒ္ဓဘာသာ စာပေလေ့လာမှုဆိုင်ရာနယ်ပယ်ကနေ လက်တွေ့ ဓမ္မကျင့်စဉ် အားထုတ်နေသူတွေအထိ ပျံ့နှံ့ရောက်ရှိလို့ အမြင်ပြောင်းစေခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဂိုဏ်းဂဏတွေ (ထေရ၀ါဒ မဟာယာန ဇင် ၀ဇိရာယာန) အကြား ရှိနေတဲ့ အတ္တစွဲတွေ ဂိုဏ်းဂဏစွဲ စိတ်တွေ ကို ပြောင်းလဲ စေနိုင်ခဲ့ ပါတယ်။ ဒီနေ့ခေတ် ရဲ့ ပို့စ်မော်ဒန်ယဉ်ကျေးမှု ၀န်းကျင် ကလဲ ဗဟု အမှန်တရားတွေ အပြိုင်လက်ခံ နေကြရတဲ့ ကာလ မှာ ဒီ တွေ့ရှိချက် ဟာ ဂိုဏ်းဂဏစွဲ သန်တဲ့ ဗုဒ္ဓဘာသာ လောက အတွက် အလင်းတစ်ချက် ပြိုးပျက်လိုက် သလို ပါပဲ။

ဒီ ပိဋကတ်ကျမ်းစာတွေ စတင်တွေ့ရှိခဲ့တာ ၁၉၉၄ ခုနှစ်လောက်က ဖြစ်ပါတယ်။ ဖေါက်ထွင်းသူတစ်စု ဟာ ရှေးဟောင်း ဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက် (၂၉) ခုလောက် ပါတဲ့ မြေအိုးတွေ ကို  အာဖဂန်နိုင်ငံ အရှေ့ပိုင်း နဲ့ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ထိစပ်ရာ ဒေသတစ်ဝိုက်မှာ တူးဖော် တွေ့ ရှိခဲ့ ကြတယ်။

ဒီ နေရာ က ရှေးအခါ က ဂန္ဓာရတိုင်း လို့ ခေါ်တဲ့ နေရာဒေသပဲ ဖြစ်တယ်။ ခရစ်နှစ် အစ ပိုင်း ရှေးအခါက ဗုဒ္ဓဘာသာ စာပေ ယဉ်ကျေးမှု တွေ အကြီးအကျယ် ထွန်းကားခဲ့တဲ့ နေရာလဲ ဖြစ်တယ်။ ဘီစီ (၄) ရာစု ကနေ အေဒီ (၃) ရာစု အထိ ဂန္ဓာရတိုင်း မှာ ယဉ်ကျေးမှုတွေ လူ့ အဖွဲ့ အစည်းတွေ ဆက်တိုက်ထွန်းကားခဲ့တယ်။ အစပထမ က ဒီဒေသ ဟာ အာခေမိနစ် အင်ပါယာ ( Achaemenid Empire) ရဲ့လက်အောက်ခံဒေသဖြစ်တယ်။ နောက်တော့ အလက်ဇန်းဒါးဘုရင် ရဲ့ မက်ဆီဒိုနီယန် အင်ပါယာ ( Macedonian Empire) အောက် ကျရောက်တယ်။ ဂရိကိုလိုနီတွေ နဲ့ ဘက်ထရီရှား အိန္ဒိယ တိုင်းရင်းသားတွေ အကြားကူးလူးဆက်ဆံမှုတွေ ဖြစ်ခဲ့တယ်။ ဘီစီ (၁) ရာစုလောက်ကစတင်လို့ ဆီသိယန် (Scythian)  ပါသီယန်(Parthian) ကုရှန်(Kushan) မျိုးနွယ်တွေ က ဒီ ဒေသ ကို လွမ်းမိုးအုပ်စိုးခဲ့ကြပါတယ်။ နာမည်ကျော် ဂန္ဓာရ အနုပညာ လက်ရာတွေ လဲ ပေါ်ပေါက်ခဲ့ပါတယ်။

တူးဖေါ်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက် တွေ ကို ပါကစ္စတန်နိုင်ငံ ပက်ရှဝါ မြို့တော် ရဲ့ ရှေးဟောင်း ပစ္စည်းဈေးကွက်မှာ စတင် တွေ့လာရပါတယ်။ ဒီအချိန်ဟာ တာလီဘန်အစွန်းရောက်တွေ အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန် ဒေသ က ဗုဒ္ဓရုပ်ပွားတော် ကြီး ကို ဒိုင်းနမိုက် နဲ့ ဖြိုချတဲ့ ကာလလဲ ဖြစ်ပါတယ်။ ဗြိတိသျှအမျိုးသား စာကြည့်တိုက်က ဒီ ရှေးဟောင်း ဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက် တွေ ကို ၀ယ်ယူစုဆောင်းခဲ့ပါတယ်။

ဂန္ဓာရီဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ စုဆောင်းမှုများ
အင်္ဂလန် ကို ရောက်ရှိလာတဲ့ ဒီ ရှေးဟောင်းဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက်ကျမ်းစာ အလိပ်တွေ ကို ရှေးဟောင်းပစ္စည်း လေ့လာသူ ပညာရှင်တွေ က ဂရုတစိုက် ကိုင်တွယ် ဖြည်ထုတ် လို့ လေ့လာ ကြတဲ့ အခါ သူတို့ တစ်ခါ မှ မမြင်ဘူးတဲ့ ရှေးဟောင်း အက္ခရာတစ်မျိုး နဲ့ ရေးသားထားတာ ဖြစ်လို့ ဘယ်လိုမှ အဓိပ္ပါယ်မဖေါ် နိုင်အောင် ဖြစ်ခဲ့ ကြတယ်။ ဒီ ရှေးဟောင်း အက္ခရာတစ်မျိုး ဟာ ဂန္ဓာရတိုင်းမှာ ပေါ်ပေါက်ခဲ့ ဖူးတဲ့ ဂန္ဓာရီ အက္ခရာ (Gandhari Alphabets) ဖြစ်မယ်လို့ ထင်ကြတဲ့ အတွက် ဒီ ကျမ်းစာတွေ ကို အနက်ဖွင့်ပေးနိုင်မဲ့ပညာရှင်အနည်းငယ်ထဲ က တစ်ဦးတည်းဖြစ်တဲ့ အမေရိကန် နိုင်ငံ ၀ါရှင်တန်တက္ကသိုလ် က သက္ကဋ နဲ့ ဗုဒ္ဓစာပေ ပညာရှင် ရစ်ချတ် ဆော်လမွန်  (Richard Salomon) ဆီ ကို မိတ္တူ ကူးပြီး ပို့ပေးခဲ့ ပါတယ်။


လေ့လာစစ်ဆေးချက်တွေ အရ အဖြေထွက်လာတာကတော့ ဒီ ရှေးဟောင်း ဗုဒ္ဓဘာသာ သစ်ခေါက်ပုရပိုက်ကျမ်းစာ သိပြီးသမျှ ဗုဒ္ဓဘာသာဆိုင်ရာ စာပေ တွေထဲ မှာ ရှေးအကျဆုံး မှတ်တမ်းတင်ထားတဲ့ ပိဋကတ်စာပေ ဖြစ်တယ် ဆိုတာပါပဲ။ အခု ဒီ ကျမ်းစာတွေကို ဗြိတိသျှစာကြည့်တိုက် စုဆောင်းမှု (British Library Collection) လို့ ခေါ်တွင်ပြီး ဒါတွေ ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုတဲ့ လုပ်ငန်း ကို ရှေးဦးဗုဒ္ဓဘာသာစာပေလက်ရာများ ပရိုဂျက် (Early Buddhist Manuscript Project) အမည်နဲ့ ဆော်လမွန်က ဦးစီးပြီး လုပ်ဆောင်နေပါတယ်။ နောင်ဆယ်စုနှစ်တစ်ခု အတွင်း မှာ ဒီလို ဂန္ဓာရီ အက္ခရာနဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ တွေ အလျှိုလျှို ထပ်မံ တွေ့ ရှိလာ ပါတယ်။ ဒီကနေ့ အချိန်ထိ ဆို တစ်ကမ္ဘာလုံးမှာ ဂန္ဓာရီ အက္ခရာနဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ စုဆောင်းမှု ငါးခု လောက်တောင် တွေ့ ရှိခဲ့ ပြီ ဖြစ်ပါတယ်။ ရာပေါင်းများစွာသော ပိဋကတ် ကျမ်းစာတွေ နောက်ထပ် ရာပေါင်းများစွာသော ဓမ္မစာပေ အပိုင်းအစတွေကို စုဆောင်းတွေ့ရှိခဲ့ ပြီဖြစ်ပါတယ်။


အခုအချိန်အထိတော့ ကမ္ဘာပေါ်မှာ ဂန္ဓာရီဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ စုဆောင်းမှု (၅) ခုလောက်ရှိတယ် သိရပါတယ်။

(၁) ဗြိတိသျှစာကြည့်တိုက် စုဆောင်းမှု (British Library Collections) က ၁၉၉၄ ခုနှစ် က စခဲ့တယ်။ လက်ရေးမူတွေ ဟာ ဂန္ဓာရဒေသ သုံး ခါရိုဌီ ( Kharosthi) အက္ခရာ တွေ နဲ့ မှတ်တမ်းတင်ထား တာ ဖြစ်တယ်။ ရစ်ချတ်ဆော်လမွန် ရဲ့ အလိုအရ ဆိုရင်တော့ ဂန္ဓာရီ ပိဋကတ်တွေ ဟာ ရှေးဟောင်း ဓမ္မဂုတ္တက ဂိုဏ်း ရဲ့ ကျမ်းစာတွေ ဖြစ်နိုင်တယ်လို့မှန်းဆ ရပါတယ်။ ဗြိတိသျှစာကြည့်တိုက် က စုဆောင်းခဲ့တဲ့ ပုရပိုက်စာလိပ် တွေ ဟာ နာဂရာဟာရ ဒေသ အနီး ရှိ ရှေးဟောင်း ဓမ္မဂုတ္တက ဂိုဏ်း ရဲ့ စာကြည့်တိုက် က ဖြစ်နိုင်တယ်လို့ ဆိုတယ်။ ဓမ္မပဒ အ၀ါဒါန သုတ္တ တွေ နဲ့ အဘိဓမ္မာ ဆိုင်ရာ ကျမ်းတွေ ပါဝင်ပါတယ်။

(၂) ဆီနီယာ စုဆောင်းမှု (The Senior Collections) က တော့ ဗြိတိသျှလူမျိုး ရှေးဟောင်ပစ္စည်းစုဆောင်းသူ ဆီနီယာ ရဲ့ ၀ယ်ယူစုဆောင်းမှု ပါပဲ။ ပိဋကတ်တစ်ခုလုံး နီးပါး စုဆောင်းရရှိထားပါတယ်။ ဒီ စုဆောင်းမှုမှာ တော့ မြေအိုးတွေ အပေါ်မှာ မက်ဆီဒိုနီးယား အင်ပါယာ သုံး လ အမည်တွေ ရေးထိုးထားပါတယ်။ ကုရှန်မင်းဆက်တွေ နဲ့ ဆက်စပ်နေ ပါတယ်။ အေဒီ (၁) ရာစု လောက်မှာ ပြုစုခဲ့တဲ့ ပိဋကတ်တွေ ဖြစ်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ သက္ကဋပိဋကတ် ရဲ့ သံယုတ္တနိကာယ် တစ်ခု လုံး နဲ့ တိုက်ဆိုင်တူညီမှု ရှိတဲ့ ပိဋကတ် ကို တွေ့ ရပါတယ်။

(၃) ရှိုယန်း စုဆောင်းမှု (The Schoyen Collection) ကတော့ ဘာမီယန်ဒေသ က လှိုဏ်ဂူတွေ ထဲ က ရ ရှိခဲ့တာ ဖြစ်ပါ တယ်။ နော်ဝေးလူမျိုး ရှေးဟောင်ပစ္စည်းစုဆောင်းသူ မာတင် ရှိုယန်း က ၀ယ်ယူစုဆောင်းခဲ့ ပါတယ်။ အေဒီ (၂) ရာစု လောက်မှာ ပြုစုခဲ့တဲ့ ပိဋကတ်တွေ ဖြစ်မယ်လို့ ဆုံးဖြတ်ကြပါတယ်။ ဒီ စုဆောင်းမှု မှာ နောက်ပိုင်း သက္ကဋ ပိဋကတ် တွေ လဲ ပါဝင် နေပါတယ်။ အဘိဓမ္မာ ၀ိနည်း နဲ့ မဟာယာနသုတ္တန် တွေ ပါဝင်နေပါတယ်။

(၄) ၀ါရှင်တန်တက္ကသိုလ် စုဆောင်းမှု မှာ တော့ ရှေးဟောင်း အဘိဓမ္မာဂိုဏ်းတစ်ခုရဲ့ ကျမ်းတွေ ပါဝင်ပြီး ၂၀၀၂ မှာ တွေ့ ရှိစုဆောင်းခဲ့တာဖြစ်တယ်။

(၅) ခိုတန် ဓမ္မပဒ (The Khotan Dharmapada) ကတော့ ၁၈၉၂ ခုနှစ်မှာ တရုပ်နိုင်ငံတောင်ပိုင်း ဆင်ကျန်ပြည်နယ် အရင်က ခိုတန်ပြည် ရှိခဲ့တဲ့ဒေသမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဂန္ဓာရီပြာကရစ် ဘာသာနဲ့ ရေးထားတဲ့ ဓမ္မပဒ ဖြစ်ပြီး ၁၉၆၂ ခုနှစ်မှာ ဂျွန် ဘရိုး (John Brough) က ဘာသာပြန်ဆို ခဲ့ ပါတယ်။


ဒီပိဋကတ်ကျမ်းစာ တွေ ဟာ ဘီစီ (၁) ရာစု ကနေ အေဒီ (၃) ရာစု အထိ နှစ်ပေါင်း ၄၀၀ လောက်အတွင်း ဂန္ဓာရဒေသ မှာ ရေးသားမှတ်တမ်း တင်ခဲ့ ကြတဲ့ ကျမ်းစာတွေ ဖြစ်ပါတယ်။ ဂန္ဓာရီဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာ တွေ ဟာ ရှေးအကျဆုံး ဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာ တွေ တင်မကပဲ တောင်အာရှဒေသ တစ်ခုလုံး မှာ အခုထိတွေ့ရှိရသမျှ လူသားတို့ ပေထက် အက္ခရာ တင်ရေးသားထားတဲ့ စာပေလက်ရာတွေ ထဲ မှာ လဲ ရှေး အကျဆုံး ဖြစ်ပါသတဲ့။ ဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာ တွေ ကို ပေထက် အက္ခရာတင် ရေးသားမှု စတင်တဲ့ အချိန်ကာလ လောက်မှာ ပဲ ဒီ ဂန္ဓာရီ ဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေ ပေါ်ပေါက် ခဲ့ လိမ့်မယ်လို့ ပညာရှင်တွေ ခန့်မှန်းကြပါတယ်။

ဒီတွေ့ရှိချက်မတိုင်ခင် က ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ ကို တွေ့ရှိခဲ့ ကြဖူးပါတယ်။ တစ်ခု ကတော့ တရုပ်ပြည် အနောက်မြောက်ပိုင်း က တက်ကလာမာကန်သဲကန္တာရ(Taklatmakan Desert)အနီးမှာ ရှိတဲ့ ထွန်းဝမ် (Dunhuang) အရပ် မှာ တွေ ခဲ့ တာပါ။ (၂၀) ရာစု အစပိုင်းလောက်မှာ ထွန်းဝမ် အရပ်က လှိုဏ်ဂူတွေ ထဲ မှာ တရုပ်ဘာသာစကား တိဗက်ဘာသာစကား စသည်တို့ နဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ အမြောက်အများ တွေ့ခဲ့ကြ ပါတယ်။ ဒီ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ ကတော့ အေဒီ (၈) ရာစု ကနေ အေဒီ (၁၂) ရာစု အတွင်း ရေးသားခဲ့ ကြတာတွေ ဖြစ်ပါတယ်။

ထိုနည်းတူပဲ ၁၉၃၁ နှစ် မှာ အိန္ဒိယနိုင်ငံ ကာရာကိုရမ်တောင်တန်းတွေ နား က ဂီးလ်ဂစ် (Gilgit) အရပ်မှာ ရှေးဟောင်း သက္ကဋဘာသာနဲ့ ရေးသားထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ တွေ့ရှိခဲ့ ပါသေးတယ်။ ဒီလက်ရေးမူတွေကတော့ အေဒီ (၆) ရာစု ၀န်းကျင်က လက်ရာတွေ လို့ ပညာရှင်တွေ သတ်မှတ်ကြပါတယ်။ ဒီ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေး မူ တွေ ထဲ မှာ နာမည်ကျော် မဟာယာနကျမ်းစာတွေ ဖြစ်တဲ့ ၀ဇိရစ္ဆေဒိကာပညာပါရမိတာသုတ္တန် သဒ္ဒမ္မပုဏ္ဍရိကသုတ္တန် စတာ တွေ ပါဝင် နေပါတယ်။ ဒီ ဗုဒ္ဓဘာသာဆိုင်ရာ လက်ရေးမူတွေ နဲ့ နိုင်းယှဉ်ရင်တောင် ဆိုခဲ့တဲ့ ဂန္ဓာရီ ဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာ တွေ ဟာ ရာစုနှစ်ပေါင်း များစွာ ရှေးကျ နေတာ ကို တွေ့ ရပါတယ်။


လေ့လာမှု အစပိုင်းမှာတော့ ဂန္ဓာရီဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ တွေ ဟာ အရင်က သိနှင့်ပြီးတဲ့ ပါဠိပိဋကတ် နဲ့ တိဗက် ပိဋကတ် တရုပ်ပိဋကတ် ဘာသာပြန်တွေ ထဲ မှာ ပါပြီးသား ဓမ္မ နဲ့ ၀ိနယတွေ ကိုပဲ ဂန္ဓာရီဘာသာ စကားနဲ့ရေးထားတာ ပဲ လို့ ထင်ခဲ့ ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းတွေ့ရှိချက်တွေ အရ အရင်က မသိခဲ့တဲ့ အဘိဓမ္မာဆိုင်ရာ ကျမ်းစာတွေ အခြား သုတ္တန်ဒေသနာကျမ်းတွေ အဋ္ဌကထာ ကျမ်းတွေ သျှတ္တရကျမ်းတွေ ကိုပါ တွေ့ ရှိလာခဲ့ ပါတယ်။ ဒီအထဲ မှာ ခေတ်ပြိုင် ဂန္ဓာရဒေသ ရဲ့ သမိုင်း မှတ်တမ်းတွေ ပါ တွေ့ရတယ်။ နောက်ပြီး မဟာယာနဗုဒ္ဓဘာသာ ရဲ့ ရှေးအကျဆုံး ပညာပါရမီတာ သုတ္တန် ကျမ်းတွေ နဲ့ အခြား မဟာယာနဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းဂန် အများအပြား ကို တွေ့ရပါတယ်။


ပိဋကတ်သမိုင်း အမြင်ပြောင်းလဲခြင်း
ဒီ ဂန္ဓာရီ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ တွေ ကို ရှာဖွေ့ တွေ့ရှိနိုင်ခဲ့ ခြင်းဟာ ဗုဒ္ဓဘာသာစာပေသမိုင်းလေ့လာမှု အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ အလို ကတော့ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ် ကျမ်းစာ တွေ ထဲ မှာ ဗုဒ္ဓဓမ္မနဲ့ ပတ်သက်ပြီး အတွေးအမြင် အသစ်အဆန်း မပါရှိပါဘူး။ ပဉ္စမမြောက် သစ္စာတရား တစ်ခု ထပ်တိုးထည့်ထားတာမျိုး မဂ္ဂင် (၈) ပါး လမ်းစဉ်မှာ နောက်ထပ် အင်္ဂါ အသစ်တွေ တိုးထားတာ မျိုး တွေတော့ မရှိပါဘူး။ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေ ဟာ အရင့်အရင် က ရှာဖွေတွေ့ရှိခဲ့တဲ့ ဗုဒ္ဓဘာသာ ပိဋကတ်စာပေတွေ နဲ့ အနှစ်သာရသင်ကြားမှုတွေ က အတူတူ ပါပဲ။ ဒါပေမဲ့ ဗုဒ္ဓဘာသာ ပိဋကတ်စာပေ အုပ်စု အသစ် တစ်ခု ကို တွေ့ ရှိလိုက် ရတာ ဟာ ဗုဒ္ဓဓမ္မ ကို ကျင့်သုံးနေသူတွေ အတွက် တော့ ထူးခြားလှတဲ့ အမြင်တွေ ကို ပေးပါတယ်။

ဗုဒ္ဓဘာသာ ပိဋကတ်စာပေ လောက မှာ ငါ့ပိဋကတ်က မူလ အစစ် သူ့ပိဋကတ်က မူလ အစစ်မဟုတ် ဆိုတဲ့ အငြင်းပွားမှု တွေ ရှိခဲ့တာ တွေ ကို ဒီ တွေ့ ရှိချက်က အဖြေ တစ်ခု ပေးနိုင်လို့ ပါပဲ။ ဘယ်လို အဖြေမျိုးပေးမယ်ထင်ပါသလဲ။ဂိုဏ်းဂဏ တစ်ခုခု ရဲ့ ပိဋကတ် ကို အနိုင်ပေး လိုက်တာ မျိုး မဟုတ်ပဲ ဒီ ငြင်းခုန်မှု တွေ ရဲ့ အခြေခံ အနုမာန အယူအဆ မှားကြောင်း ကို ပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရှင်တော် ဗုဒ္ဓဟာ မိမိ ဗောဓိဥာဏ်ကို ရရှိတော်မူပြီးတဲ့ အခါ (၄၅) ၀ါ လုံးလုံး အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂင်္ဂါမြစ်ဝှမ်းလွင်ပြင် မှာ တရားရေအေးတိုက်ကျွေးတော်မူခဲ့ ပါတယ်။ တပည့်သာဝကတွေ ထဲ က မှတ်ဥာဏ် အကောင်းဆုံး ရှင်အာနန္ဒာက ရှင်တော်ဗုဒ္ဓရဲ့ တရား တွေ ကို တစ်လုံးမကျန် တစ်သဝေမတိမ်း မှတ်သားခဲ့ပြီး ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် ပထမသင်္ဂါယနာတင်တဲ့ အခါ ဒီလို မှတ်သားခဲ့တာတွေ ကို ရှင်အာနန္ဒာက ပြန်လည်ရွတ်ဆို ပြပါတယ်။ ကျန်ရဟန်းတော် ၅၀၀ ကလဲ ထပ်မံ ရွတ်ဆိုကြပြီးတော့  တစ်ခုတည်းသော သန့်စင်မွန်မြတ်တဲ့ ဗုဒ္ဓဓမ္မရဲ့ ပိဋကတ်တွေ ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုတယ်။

ဗုဒ္ဓဘာသာဂိုဏ်းတွေ အားလုံးက မိမိတို့ ရဲ့ ဆိုင်ရာ ပိဋကတ်စာပေ ဟာ ဆိုခဲ့တဲ့ ပထမသင်္ဂါယနာတင်တဲ့အချိန်မှာ ရှိနေ ခဲ့တဲ့ မူလပိဋကတ်တွေဖြစ်တယ်လို့ ပဲ အခိုင်အမာ ပြောဆိုကြပါတယ်။ ဗုဒ္ဓဘာသာဂိုဏ်းတွေအားလုံးက အခုလက်ရှိ ပစ္စုပ္ပန်မှာ တည်ရှိနေတဲ့ မိမိတို့ ရဲ့ ဆိုင်ရာ ပိဋကတ်စာပေဟာ ပထမသင်္ဂါယနာတင်ပိဋကတ်စာပေ နဲ့ တစ်လုံးမကျန် တစ်သဝေမတိမ်း ထပ်တူဖြစ်ကြောင်းလဲ ယုံကြည်ကြပါတယ်။ ဒီ လို မှ မတူ ရင် မိမိတို့ ရဲ့ ဆိုင်ရာ ပိဋကတ်စာပေဟာ ဘုရားဟော အစစ် မဖြစ်နိုင်တော့ လို့ အားကိုးအားထားပြုလောက်စရာလဲ မဖြစ်နိုင်ဘူး လို့ လဲ ယူဆကြပါတယ်။ ဒါကတော့ အံ့သြစရာကိစ္စပါပဲ။ အံ့သြစရာကိစ္စ လို့ ဆိုရာမှာ ဗုဒ္ဓဘာသာဟာ မတည်မြဲမှု အနိစ္စတရား ကို တွင်တွင်ကြီး ဟောကြားပေမဲ့ မိမိတို့ရဲ့ ဆိုင်ရာ ပိဋကတ်စာပေဟာ သမိုင်းစဉ်တစ်လျှောက် ၀စ္စပေါက် တစ်လုံးသော်မှ အပြောင်းအလဲ မဖြစ်နိုင်ဘူး လို့ ထင်မြင်ယူဆကြတာ ကို ဆိုလိုပါတယ်။ ဗုဒ္ဓဘာသာဟာ အစိုးမရမှု အနတ္တတရား ကို တွင်တွင်ကြီး ဟောကြားပေမဲ့ မိမိတို့ရဲ့ ဆိုင်ရာ ပိဋကတ်စာပေဟာ သမိုင်းစဉ်တစ်လျှောက် ရဟန်းတော်များ က အစိုးရ ပိုင်နိုင်စွာ လုံးဝ မဖိတ်မစင် လက်ဆင့်ကမ်းနိုင်ခဲ့တယ် လို့ ထင်မြင်ယူဆကြတာ ကို ဆိုလိုပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ က ဒီလို ယုံကြည်ကြပေမဲ့ သမိုင်း က အလုပ်လုပ်ပုံ ကတော့ တစ်မျိုးတစ်ဘာသာ ဖြစ်တယ်။ ဒီနေရာမှာ သမိုင်း ရဲ့ အမှန်တရားတွေ အချက်အလက် အထောက်အထားတွေကို မျက်ကွယ်မပြုပဲ ပကတိအရှိ အတိုင်း မြင်အောင်ကြည့် နိုင်ခဲ့ ရင် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ တစ်ယူသန် ဂိုဏ်းဂဏအစွဲ တွေကနေ လွတ်မြောက် ပြီးတော့ ဂိုဏ်းတွေ အကြားရှိနေတဲ့ ကွဲပြားခြားနားချက်တွေ ကိုလဲ သဘောထားကြီးကြီး နဲ့ လက်ခံ နိုင်လာမှာ ဖြစ်တယ်။

ဗုဒ္ဓပိဋကတ် စာပေသမိုင်း ကို သစ်ပင်မိုဒယ်ဖြင့်ကြည့်ခြင်း
ရစ်ချတ်ဆော်လမွန် ရဲ့ အလိုအရ ဆိုရရင် အစဉ်အလာအရ ဗုဒ္ဓစာပေပညာရှင်တွေဟာ အရင်ကာလတည်းက ဗုဒ္ဓပိဋကတ် စာပေသမိုင်း ကို သစ်ပင်မိုဒယ် (Tree Model) နဲ့ မြင်ယောင်ကြည့်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ ဒီ မိုဒယ်အရဆိုရင် အခက် တွေ က လိုက် ရင် အကိုင်း တွေ ကို ရောက်မယ် အကိုင်းတွေ က တစ်ဆင့်ဆက်လိုက်ရင် ပင်စည် ကို ရောက်မယ် ပင်စည် က နေ ဆက်လေ့လာ ရင် အမြစ်ဆီ ကို နောက်ဆုံးရောက်မယ် ဆိုတဲ့ အမြင်ပါ။

အခု လက်ရှိ ရှိနေတဲ့ ထေရ၀ါဒ ဂိုဏ်းရဲ့ပါဠိပိဋကတ် ပြီးတော့ မဟာယာနဗုဒ္ဓဘာသာ ရဲ့ သက္ကဋပိဋကတ် ကို ဘာသာပြန် ဆိုထားတဲ့ တိဗက်ပိဋကတ် တရုပ်ပိဋကတ် မွန်ဂိုလီးယားပိဋကတ် စသဖြင့် တွေဟာ အကိုင်းအခက်တွေလို့ သဘောထား လိုက်ရင် ဒီ အကိုင်းအခက်တွေ အားလုံး ဆုံဆည်းရာ မူလပင်စည်သဖွယ် ဖြစ်တဲ့ ရှေးအကျဆုံး ပိဋကတ်တစ်ခု ရှိနေမယ်။ ဒီ ရှေးအကျဆုံး ပိဋကတ်တစ်ခု ဟာ အမြစ်သဖွယ်ဖြစ်တဲ့ ရှင်တော်ဗုဒ္ဓရဲ့ တိုက်ရိုက် သွန်သင်ဆုံးမချက်တွေကနေ ဖြစ်ပေါ် လာတာပဲ ဖြစ်ရမယ်လို့ ပညာရှင်အများ က သစ်ပင်မိုဒယ် ကို လက်ခံပြီး ဒီ ပိဋကတ် ကို တွေ့လိမ့်နိုး နဲ့ ရှာဖွေခဲ့ ကြတာ ဖြစ်ပါတယ်။

ဒါဆိုရင် အခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေဟာ ဒီ သစ်ပင်မိုဒယ်အရ ပင်စည်သဖွယ် မူလ ပိဋကတ်များ ဖြစ်နေလေရော့လား။ ပညာရှင်တွေ ဟာ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေ ကို စေ့စေ့ငုငု လေ့လာ ကြည့်တဲ့ အခါ သူတို့ မျှော်လင့် သလို ဒါဟာ ပင်စည်သဖွယ်မူလပိဋကတ် မဟုတ်တဲ့ အပြင် ဗုဒ္ဓစာပေ ရဲ့ သမိုင်းဟာ သူတို့ တွေးထင်ထားတဲ့ သစ်ပင်မိုဒယ် နဲ့ လဲ အံမ၀င်ဘူး ဆိုတာ တွေ့ခဲ့ကြပါတယ်။

ဗုဒ္ဓပိဋကတ် စာပေသမိုင်း ကို မြစ်ဝကျွန်းပေါ်မိုဒယ်ဖြင့်ကြည့်ခြင်း
ဗုဒ္ဓဘာသာဆိုင်ရာ ပိဋကတ်စာပေဟာ တစ်ခုတည်းသော မူလရင်းမြစ် က နေ ဆင်းသက်ဖြာထွက်ပြီးတော့ ပိဋကတ်စာပေ အသီးသီး ဖြစ်ထွန်းပေါ်ပေါက်လာတယ် ဆိုတဲ့ အနုမာန အယူအဆ ကို မှားမှန်း သဘောပေါက်လာကြ ပါတယ်။ အတိတ် သမိုင်း ကို ပြောင်းပြန်ဆန်တက်ပြီး လေ့လာတဲ့ အခါ မျှော်လင့်ထားသလို တစ်ခုတည်းသော မူလရင်းမြစ် ပိဋကတ် ကို မတွေ့ရပဲ ရင်းမြစ်အမျိုးမျိုး ကနေ စတင်လာတဲ့ ပိဋကတ်စာပေအသီးသီး ရဲ့ အပြန်အလှန် ယှက်နွယ် ဆက်သွယ်နေမှု ကို ပဲ တွေ့ရပါတော့တယ်။

အကိုင်းအခက်တွေ အချင်းချင်းလိမ်ယှက်ထွေးရှုပ်နေတဲ့ ခြုံတောပမာ ဒါမှမဟုတ် မြစ်သိမ်မြစ်မွှာ မြစ်လက်တက်ပေါင်း များစွာ ယှက်နွယ်ဆက်သွယ်နေတဲ့ မြစ်ဝကျွန်းပေါ်တစ်ခုပမာ ပဲ ပိဋကတ်စာပေအသီးသီး ဟာ ဆက်သွယ်နေကြတာမို့ တစ်ခုတည်းသော မူလရင်းမြစ် ပိဋကတ် အနုမာန ကို နောက်ဆုံးမြေမြုပ်သင်္ဂြိုဟ် လိုက်ရပါတော့တယ်။ အခု လက်ရှိ ရှိနေတဲ့ ထေရ၀ါဒ ဂိုဏ်းရဲ့ပါဠိပိဋကတ် ပြီးတော့ မဟာယာနဗုဒ္ဓဘာသာ ရဲ့ သက္ကဋပိဋကတ် ကို ဘာသာပြန် ဆိုထားတဲ့ တိဗက်ပိဋကတ် တရုပ်ပိဋကတ် မွန်ဂိုလီးယားပိဋကတ် စသဖြင့် တွေဟာ ဘယ်ဟာက မှ မူလပိဋကတ် ဖြစ်တယ်လို့ မပြောနိုင်တော့ လို့ ပါပဲ။

ဒီလို အခြေအနေ မှာ ဗုဒ္ဓဘာသာ ဂိုဏ်းအသီးသီးဟာ ဘယ်သူ့ ကို မှ ဘယ်သူ တစ်မူးပိုမသာသင့်တဲ့ အခြေအနေပါပဲ။ ရှေးဦး ဗုဒ္ဓ၀ါဒ ဟာ အာဂုံဆောင် ဓမ္မအစဉ်အလာ (Oral Tradition) တစ်ခု သာ ဖြစ်ပြီး ပိဋကတ်စာပေ မှန်သမျှရဲ့ အစ ကို ခြေရာကောက် တာတွေ ဟာ ဒီလိုပဲ သမိုင်းအချိုးအကွေ့တစ်နေရာမှာ ဝေေ၀၀ါးဝါး ရပ်တန့် သွားရတာ မဆန်းဘူး လို့ ဒေါက်တာ ဆော်လမွန် က ဆိုပါတယ်။ ဒီ သမိုင်း ရဲ့ အချိုးအကွေ့တစ်နေရာမှာ ရဟန်းတော်တွေ ဟာ ရှင်တော်ဗုဒ္ဓရဲ့ တရားတော်တွေ ကို အာဂုံဆောင် ထိန်းသိမ်းလာရာ က နေ ပိုလို့ ခိုင်မြဲတည်တံ့နိုင်တဲ့ စာပေမှတ်တမ်းအသွင် ကို ကူးပြောင်းခဲ့ ကြတဲ့ ကာလ ဟာ ထူးခြားတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်ပြီး ပိဋကတ် စာပေ မှန်သမျှရဲ့ အစ လို့ လဲ ဆိုနိုင်ပါတယ်။

ထေရ၀ါဒအစဉ်အလာရဲ့ အဆိုအရ ပါဠိပိဋကတ် ကို ဘီစီ (၁) ရာစုခန့်မှာ သီဟိုဠ်မှာ ပေထက်အက္ခရာတင်ခဲ့ တယ်လို့ ဆို သော်လဲ ဒီကနေ့ အထိ အစောဆုံးရှာဖွေတွေ့ရှိထားတဲ့ ပါဠိပိဋကတ် လက်ရေးမူ တွေ ဟာ အေဒီ (၈) ရာစုထက် မစော ပါဘူး။ အခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေဟာ ဘီစီ (၁) ရာစုခန့်မှာ ရေးသားခဲ့တယ်လို့ သိရပြီဖြစ်တဲ့ အတွက် ပါဠိပိဋကတ် ကို ဘီစီ (၁) ရာစုခန့်မှာ သီဟိုဠ်မှာ ပေထက်အက္ခရာတင်ခဲ့ တယ်ဆိုတဲ့ ထေရ၀ါဒအစဉ်အလာရဲ့ အဆို ဟာ ဖြစ်နိုင်ခြေရှိ ပါတယ်။ အိန္ဒိယ ရဲ့ နေရာဒေသတစ်ခုမှာ စာရေးသားခြင်းအတတ် ကို ကျင့် သုံး နေကြပြီဆို အခြားနေရာဒေသတွေ မှာ လဲ ခေတ်ပြိုင်အရေးအသား နဲ့ စာပေမှတ်တမ်းတင်မှုတွေ ရှိနေမှာ အမှန်ပါပဲ။

သမိုင်းကို ဆန်တက်၍ မူလပိဋကတ်ကိုရှာပုံတော်ဖွင့်ခြင်း
တကယ်လို့ တစ်ခုတည်းသော မူလရင်းမြစ် ပိဋကတ် ကိုသာ ရှာဖွေတွေ့ခဲ့မယ်ဆိုရင် အာဂုံဆောင်ရာကနေ စာပေ အရေး အသားအဖြစ် စတင်မှတ်တမ်းတင်တဲ့ ကာလ မှာ ပဲ ရှာတွေ့ နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လဲ ဗုဒ္ဓစာပေ ပညာရှင် တွေ ဟာ ရှေးအကျဆုံး အရေးအသား ဖြစ်တဲ့ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ တွေ ကို တွေ့ရှိခဲ့ချိန်မှာ ဒါဟာ မူလ ပိဋကတ်များ ဖြစ်လေမလား ရယ်လို့ တွေးထင်ခဲ့ကြတာ ဖြစ်တယ်။ ပညာရှင်တွေ အသုံးပြုတဲ့ နည်းကတော့ ဂန္ဓာရီ ဗုဒ္ဓဘာသာ ပိဋကတ်ကျမ်းစာ တွေ ကို ပါဠိ သက္ကဋ တိဗက် တရုပ် စတဲ့ ပိဋကတ်မူတွေ နဲ့ တိုက်ဆိုင်စစ်ဆေး နိုင်းယှဉ် ကြည့် တဲ့နည်းပါပဲ။ ဒီလို နိုင်းယှဉ်ကြည့်ခဲ့လို့ ရှိခဲ့ပြီး ပိဋကတ်မူတွေ နဲ့ အများဆုံးတူညီနေတဲ့ အပိုင်း ဟာ မူလပိဋကတ် ဖြစ်ပြီး ဒီ ပိဋကတ် ကို ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာတွေထဲ မှာ ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲကြတာပဲဖြစ်တယ်။

ဒါပေမဲ့ မျှော်လင့်တဲ့အတိုင်း အဖြေကထွက်မလာပဲ အထင်နဲ့ အမြင်လွဲခဲ့ပါတယ်။ ဆော်လမွန် က ဥပမာတစ်ခု ထုတ်ပြ တယ်။ ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ မှာ ပါတယ် ခဂ္ဂ၀ိသာဏသုတ် ကို ပါဠိ သက္ကဋ တိဗက် တရုပ် စတဲ့ ပိဋကတ်မူ တွေ နဲ့ တိုက်ဆိုင်စစ်ဆေး နိုင်းယှဉ်ကြည့်တဲ့ အခါ ထူးခြားချက်တွေ ကို တွေ့ လာရတယ်။

ဂန္ဓာရီဗုဒ္ဓဘာသာပိဋကတ်ကျမ်းစာ မှာ ပါတယ် "ခဂ္ဂ၀ိသာဏသုတ်" ဟာ အစီအစဉ်နဲ့ သုတ် ဖွဲ့စည်းတည်ဆောက်ပုံ အရ ထေရ၀ါဒ ပါဠိပိဋကတ် လာ ခဂ္ဂ၀ိသာဏသုတ် ရဲ့ အစီအစဉ်နဲ့ သုတ် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဆင်တူတာကို တွေ့ ရပါ တယ်။ ဒါပေမဲ့လဲ အထဲမှာ ပါဝင်နေတဲ့ စာသားတွေ နဲ့ ဝေါဟာရတွေ က သက္ကဋ ပိဋကတ် ရဲ့ ခဂ္ဂ၀ိသာဏသုတ် နဲ့ သွားပြီး တူညီ နေတာ ကို တွေ့ ရပါတယ်။ ဒီတော့ ဂန္ဓာရီပိဋကတ်ဟာ ပါဠိပိဋကတ်နဲ့ ပိုနီးစပ်သလား သက္ကဋ ပိဋကတ် နဲ့ ပို နီးစပ် သလား အပြတ် ဆုံးဖြတ်လို့ မရနိုင် တဲ့ အသွင် ကို ဆောင်နေပါတယ် လို့ ဆော်လမွန် က ပြောပါတယ်။

အတိအကျပြောရရင်တော့  ဂန္ဓာရီပိဋကတ်ဟာ ပါဠိပိဋကတ် သက္ကဋ ပိဋကတ် နှစ်ခုလုံး နဲ့ တစ်မျိုးစီ ဆင်တူ နီးစပ်တယ် လို့ ပဲ ဆိုနိုင်ပါလိမ့်မယ်။ နောက်ထပ် သုတ္တန် အများအပြား ကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့ အခါ မှာ လဲ အလားတူပဲ ဖြစ် နေတာ ကို တွေ့ လာရတော့ နောက်ဆုံး ပညာရှင်တွေ ကောက်ချက်ဆွဲ လိုက်တာကတော့ ဂန္ဓာရီပိဋကတ်ဟာ ပါဠိ ပိဋကတ် သက္ကဋ ပိဋကတ် တွေ ထက် စောပြီး အရင် ရှိနေနှင့်တဲ့ မူလရင်းမြစ် ပိဋကတ်မဟုတ်ပဲ နှစ်ပေါင်းများစွာ သမိုင်းရဲ့ အံဝှက်ထဲ မှာ ပျောက်ကွယ်နေခဲ့တဲ့ ပါဠိပိဋကတ် သက္ကဋ ပိဋကတ် တွေနဲ့ ခေတ်ပြိုင် ညီနောင် ပိဋကတ် တစ်ခုသာ ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ ကြပါတော့တယ်။

ဒီ တွေ့ရှိချက်နဲ့ အတူ ဗုဒ္ဓစာပေပညာရှင်တွေ ဟာ မူလရင်းမြစ် ပိဋကတ် တစ်ခု ကို ဆုပ်ဆုပ်ကိုင်ကိုင် ရှာဖွေ တွေ့ နိုင် လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် ကို အပြီးတိုင်စွန့်ခဲ့ကြပါတော့တယ်။ မူလရင်းမြစ် ပိဋကတ်တစ်ခု ရှိခဲ့မယ်ဆိုလဲ ရှေးဦး အာဂုံဆောင် ကာလ မှာ ရှိခဲ့တာပဲ ဖြစ်မယ်။ရုပ်ဝတ္တုစာပေအမှတ်အသား အသွင်နဲ့တော့ ဘယ်အခါ မှမတွေ့နိုင်တော့ဘူး လို့ သာ ကောက်ချက်ချခဲ့ ကြ ပါတော့တယ်။

သူတို့ တွေ့ရှိခဲ့တဲ့ အချက် ကတော့ ဘီစီ (၁) ရာစု မှာ ပါဠိပိဋကတ်နဲ့ အပြိုင် အခြားဘာသာစကားတစ်ခုနဲ့ ပိဋကတ် တစ်ခုက အိန္ဒိယပြည်ရဲ့ အခြားနေရာဒေသ တစ်ခုမှာ ရှိနေခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ၀ါရှင်တန်တက္ကသိုလ် က သက္ကဋစာပေ ပါမောက္ခ ကောလက် ကောက်စ် ( Collett Cox) ရဲ့ မှတ်ချက်က တော့ လက်ရှိ ပိဋကတ်နှစ်ခု ရှာတွေ့ ရင် ဘီစီ (၁) ရာစု မှာ ပါဠိပိဋကတ်နဲ့ အပြိုင် အခြားဘာသာစကားတွေနဲ့ အခြားသော ပိဋကတ် တွေ ရှိနေနိုင်တယ် လို့ ဆိုပါတယ်။ ၁၈၉၂ ခုနှစ် ကတည်းက ဂန္ဓာရီ ဘာသာစကားနဲ့ ရေးသားထားတဲ့ ဓမ္မပဒ လက်ရေးမူ တစ်ခု ကို ရှာဖွေတွေ့ ရှိပြီးလဲ ဖြစ်ပါတယ်။ အိန္ဒိယ မှာ စာအရေးအသား စတင်ပေါ်ပေါက်ချိန်ကစလို့ ယဉ်ကျေးမှု ထွန်းကား တဲ့ တိုင်း ဒေသတွေ အားလုံးမှာ ဒီလို အလားတူ သာသာကွဲတွေနဲ့ မှတ်တမ်းတင်ထားကြမဲ့ ပိဋကတ်တော်မူကွဲ တွေ အများကြီး ရှိနေနိုင်မယ် လို့ လဲ ကောက်စ် က မှန်းဆခဲ့ ပါတယ်။

ရင်းမြစ် မူလ ပိဋကတ်စာပေ အနုမာနကျဆုံးခြင်း
ဒီတော့ ဒီ အချက် က ဘာကိုညွန်ပြနေသလဲ။ ဗုဒ္ဓ၀ါဒ ဟာ အစကတည်း က ရင်းမြစ်အမျိုးမျိုးနဲ့ ဒေသ အသီးသီးမှာ ဆရာစဉ်သမားစဉ် အဆက်ဆက်နဲ့ အသီးသီး ရှိနေနိုင်ပြီး ဒီ ဆရာစဉ်သမားစဉ် တွေ အားလုံး ရဲ့ မူလရင်းမြစ်ဟာလဲ ရှင်တော်ဗုဒ္ဓ ရဲ့ သင်ကြားချက်တွေ ပဲ ဖြစ်လိမ့်မယ်။ ခေတ်ပြိုင် ဂျိန်းဘာသာဆိုင်ရာစာပေမှတ်တမ်းတွေ မှာ လဲ ဒီသဘော မျိုး ဖေါ်ပြထာတာကို တွေ့ ရတယ်။ ရှင်သာရိပုတ္တရာ ရှင်အာနန္ဒာ စတဲ့ ဗုဒ္ဓရဲ့ သာဝကကြီးတွေ ကို သီးခြား သမဏ အစုအဖွဲ့ တွေ  ရဲ့ ခေါင်းဆောင်တွေ အဖြစ် ရေးသား မှတ်တမ်းတင်ခဲ့ တာ တွေ ရှိပါတယ်။

ကမ္ဘာ့ထိပ်သီး ပါဠိစာပေပညာရှင် ဖြစ်တဲ့ အော်စကာ ဖွန် ဟိုင်နျူဘား ( Oskar von Hinuber) က ဘယ် ပါဠိစာပေ ပညာရှင် မှ မူလရင်းမြစ်ပိဋကတ်တော် တစ်ခုရှိ ခဲ့မယ်ဆိုတဲ့ ထင်မြင်ယူဆချက်အနုမာန မရှိကြတော့ဘူး လို့ ဆိုပါ တယ်။ ဟိုင်နျူဘား ရဲ့ အမြင်အရ ဆိုရင် ပါဠိပိဋကတ်မှာ ဖေါ်ပြထားတဲ့ ပထမသင်္ဂါယနာပွဲ ဟာ ရှေးဦးသံဃာအဖွဲ့အစည်း အတွင်းမှာ အတွင်းပဋိပက္ခများ အားပြိုင်မှု များ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ အဓမ္မ၀ါဒတွေ အားမကောင်းခင် ဓမ္မ နဲ့ ၀ိနယ ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ပထမသင်္ဂါယနာပွဲကို ကျင်းပခဲ့ရတာလို့ ဆိုတဲ့အတွက် အယူအဆရေးရာပိုင်း မှာ အမြင် မတူညီမှုတွေ ရှိနိုင်တယ်လို့လဲ ယူဆရပါတယ်။

ပထမသင်္ဂါယနာပွဲ မှာ ပါဝင်ကြမဲ့ ရဟန်းတော် ၅၀၀ ကလွဲလို့ ကျန်တဲ့ ရဟန်းတွေ အားလုံး ကို (သံဃကံ ပျက်မှာစိုးတဲ့ အတွက်) ရာဇဂြိုဟ်ပြည် က နေ မင်းအာဏာ နဲ့ နှင်ခဲ့တာ ကလဲ စိတ်ဝင်စားဖို့ ကောင်းတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ (၄၅) နှစ်ပတ်လုံး ဗုဒ္ဓဟောကြားခဲ့သမျှတရား အကုန်လုံး ကို  ရဟန်းတော် ၅၀၀ က အသိအမှတ်ပြု ခြင်း ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ ကို လဲ စဉ်းစားစရာ အဖြစ် ဟိုင်နျူဘား က တင်ပြပါတယ်။ ပထမသင်္ဂါယနာပွဲ အပြီး ၀ါကျွတ်ချိန်မှာ ဒက္ခိဏဂီရိ ဇနပုဒ်ကနေ ရာဇဂြိုဟ် ကို နောက်ပါ ရဟန်း တွေ နဲ့ အတူ ရောက်လာတဲ့ အရှင်ပုရာဏ က သင်္ဂါယနာတင်ထားတဲ့ ဓမ္မ ၀ိနယ တို့ ကို မလေ့လာနိုင်တော့ပဲ မိမိ ဘာသာ မိမိ ဘုရားရှင်ထံ က ကြားသိခဲ့ ရတဲ့ အတိုင်း ဆောင်မယ်ပြောဆိုခြင်း ကို ထောက်ရင် ပါဠိပိဋကတ်အပြင် အခြား အခြားသော ဘာသာစကားများနဲ့ အာဂုံဆောင်ထားတဲ့ ပိဋကတ်တွေ လဲ ရှိနိုင်တယ်လို့ ယူဆစရာ ရှိပါတယ်။

ဒီ အဖြစ်အပျက်လေး က အလွန် အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင် က ရှေးအခါ ကာလ ကတည်းက ဗုဒ္ဓဘာသာမှာ ဒေသ အလိုက် ဆရာ အလိုက် ဂိုဏ်းကွဲ အမျိုးမျိုး ရှိနေနိုင်ကြောင်း လက်ခံထားကြတယ် ဆိုတာ ကို ဖေါ်ပြ နေတယ်လို့  ဟင်နျူးဘား က ဆိုပါတယ်။ ဘာသာရေးမှာ တော့ ဂိုဏ်းဂဏအစွဲ ဆိုတာ ရှိပါတယ် ကိုယ့်ဂိုဏ်းက ကျမ်းစာ က မှ အစစ်ဆုံး အမှန်ဆုံး လို့ ယုံကြည်တတ်ကြတာ သဘာဝပါပဲ။ ဒါမှလဲ ဒီကျမ်းစာတွေ ဟာ အားကိုးလောက် တယ် လို့ ဘာသာဝင်တွေ က လက်ခံကြမှာ ဖြစ်လို့ပါပဲ။ ဒီလို ယူဆ လိုက်တဲ့ အခါ မှာ အခြားဂိုဏ်းတွေ ရဲ့ ပိဋကတ် ကျမ်းစာတွေ က အတုအယောင်တွေ ပြင်ဆင်သွတ်သွင်းချက်တွေ အမှားတွေ အဖြစ်လဲ ဆိုကြမှာ ပါပဲ။

ပိဋကတ်စာပေ သည် သမိုင်း၏ ထုတ်ကုန်
တကယ်တော့ သမိုင်းလေ့လာမှုတွေ က ဖေါ်ပြနေတဲ့ အမှန်တရား က တော့ ဒီ ပိဋကတ်စာပေတွေ ဟာ နတ်ရေကန်ထဲ က ထွက်ပေါ်လာသလို ဘွားကနဲ ဖြစ်ပေါ်တည်ရှိလာတာ မျိုးမဟုတ်ပဲ ခေတ် အဆက် ဆက် အထပ်ထပ် ရေးသားစုဆောင်းခဲ့ ကြတဲ့ စာပေ အစု အဝေး တွေ ပဲ ဖြစ်ပါတယ်။ သမိုင်း ရဲ့ အလှည့် အပြောင်းမျိုးစုံ ကို ဖြတ်သန်းပြီးမှ ပေါ်ပေါက် လာတဲ့ စာပေ တွေ ပဲ ဖြစ်ပါတယ်။ ဘာသာရေး အဖွဲ့အစည်း တွေ အနေနဲ့ ကတော့ သမိုင်းဖြစ်စဉ် ကို မျက်ကွယ်ပြု လို့ မိမိ ရဲ့ ကိုယ်ပိုင် ပိဋကတ် ကိုပဲ အကောင်းဆုံး လို့ မြင်တတ်ကြတာ ဓမ္မတာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဗုဒ္ဓဘာသာ စာပေ ရဲ့ သမိုင်း က နောက်ဆုံး မှာ ညွှန်ပြနေတဲ့ အမှန်တရားက တော့ ဒီလို ပကတိ သန့်စင်ပြီး လူသားတို့ ရဲ့ ဖန်တီးမှုတွေ နဲ့ ကင်းတဲ့ မူလ ပိဋကတ်တစ်ခု ဆိုတာ ဟာ စိတ်ကူးယဉ် အိပ်မက် တစ်ခု ပဲ ဖြစ်တယ် လို့ စတန်းဖို့ဒ် တက္ကသိုလ် က ဘာသာရေး စာပေ ပါမောက္ခ ပေါလ် ဟာရစ်ဆန် (Paul Harrison) က ဆိုပါတယ်။

ရှေးဟောင်း ပိဋကတ်စာပေတွေ ကို ဘာသာပြန်နေတဲ့ ပါမောက္ခ ဟာရစ်ဆန် က ဘာသာပြန်လုပ်ငန်းရဲ့ အခက်အခဲ ကို လဲ ရှင်းပြတယ်။ ဘာသာပြန်သူတွေဟာ မူကွဲ အမျိုးမျိုး ဖြစ်နေတဲ့ လက်ရေးမူတွေကို တိုက်ဆိုင်ပြီး အပိုတွေကို ဖယ်ထုတ် ရင် စစ်မှန်တဲ့ အတွင်းသား အကြောင်းအရာ က ကျဉ်းသထက်ကျဉ်းလာမယ် နောက်ဆုံး ဘာမှထပ်ပြီး ထုတ်ပယ်စရာ မလို တော့တဲ့ အခြေအနေ ကို ရောက်ရင် ဒါဟာ မူလနဲ့ အနီးစပ်ဆုံး မူပဲ ဖြစ်မယ်လို့ ယူဆပြီးတော့ အလုပ်လုပ်ကြပါတယ်။ ဒါပေမဲ့ အလုပ်လုပ်ရင်းတွေ့ ရှိလာရတာကတော့ ပို၍ ပို၍ ကွဲပြားမှုတွေ ပဲ ဖြစ်ပါသတဲ့။

ပါမောက္ခ ဟာရစ်ဆန် ရဲ့ အလိုအရ ဆိုရင် ဒီလို မတူကွဲပြားေ၀၀ါးတဲ့ အခြေအနေကို တွေ့ ရတာ ကိုက ဗုဒ္ဓဓမ္မ က ညွှန်ပြ နေတဲ့ အနတ္တ အသာရ သုညတ သဘောတရားတွေ ပါပဲ။ လူ ရဲ့ အတွင်းစိတ်ထဲ မှာ ခိုင်မာတဲ့ စစ်မှန်တဲ့ သန့်စင်တဲ့ ထူးခြားတဲ့ တစ်သီးတစ်သန့်ဖြစ်တဲ့ အတ္တ ကို စွဲနေတယ်။ မိမိ ရဲ့ ပိဋကတ် က လဲ ခိုင်မာတဲ့ စစ်မှန်တဲ့ သန့်စင်တဲ့ ထူးခြားတဲ့ တစ်သီးတစ်သန့်ဖြစ်တဲ့ အတ္တ လိုပဲ တစ်ခုတည်း စစ်စစ်မှန်မှန် ကို ရှိရမယ်လို့ အထင်ရောက်နေပါတယ်။ သမိုင်း က ပြတဲ့ အမှန်တရားကတော့ ဒီလို အတ္တနဲ့တူတဲ့ မူလပိဋကတ်တစ်ခု မရှိဘူး ဆိုတာပဲ ဖြစ်တယ် လို့ ဟာရစ်ဆန် က သုံးသပ်ပါတယ်။ ဒါပေမဲ့ လဲ လူ့စိတ်သဘာဝမှာ အတ္တအစွဲ က အနုသယ အနေနဲ့ ကပ်ငြိနေ တော့ ဒီ အစွဲ ကို ချွတ်ရ အတော်ခက်ပါတယ်။

အရင်က သစ်ပင်မိုဒယ် ကို လက်ခံခဲ့ ကြတဲ့ ပညာရှင်တွေ ဟာ အတိတ်က နေ အနာဂတ် ကို ပိဋကတ်စာပေ စီးဆင်းတဲ့ ထောင်လိုက်တစ်လမ်းသွား ဖြစ်စဉ် (One-way vertical Influences) တွေ ကိုပဲ တွေးခဲ့ ကြတယ်။ ခေတ်ပြိုင်ရှိနေတဲ့ ဗုဒ္ဓဘာသာဂိုဏ်းတွေ အချင်းချင်း အလျားလိုက် အပြန် အလှန် လွှမ်းမိုးဆက်သွယ်မှု ဖြစ်စဉ် (Cross-Horizontal Influences) တွေ ကိုတော့ ထည့်တွက်ပုံ မရဘူးလို့ ဟာရစ်ဆန် က သုံးသပ်ပါတယ်။ ဒါအပြင် ပိဋကတ်စာပေ မူ အသီးသီး က နေ ကူးရေးကြတဲ့ အခါ မရည်ရွယ်ပဲ နဲ့ မူသစ်တွေ ဖန်တီးနေမိတတ်တာတွေ လဲ ဖြစ်နိုင်တယ်လို့ သူ က ဆိုပါတယ်။

ဒါကြောင့် ရှေးဟောင်း ပိဋကတ်လက်ရေးမူတွေ ကို လေ့လာတဲ့ အခါ ပိုစောတာ နည်းနည်းနောက်ကျတာ လို့တော့ရှိနိုင် တယ်။ ဘီစီ (၂) ရာစု က ဂန္ဓာရီ ပိဋကတ်လက်ရေးမူတွေ က အေဒီ (၁၈) ရာစု သီဟိုဠ် ပိဋကတ် လက်ရေးမူတွေ တော့ ပို ရှေးကျလို့ ရှေးဦး ဗုဒ္ဓ၀ါဒ ကို ပိုလို့ ထွန်းလင်းပြနိုင်မယ်လို့ ပဲ ပြောလို့ရမယ် တစ်စုံတစ်ခုသော ပိဋကတ်လက်ရေးမူ ကို ပဲ မူလ ပိဋကတ် ဖြစ်ပါတယ်လို့ ပြောဖို့ ခိုင်မာတဲ့ အထောက်အထားမရှိဘူးလို့ ဟာရစ်ဆန်က ထောက်ပြပါတယ်။ သမိုင်းကို ဆန်တက်လို့ အတိတ်ကို ပြန်သွားတဲ့အခါ မဟာယာန နဲ့ မဟာယာနမဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ အကြားမှာ အနားသတ် ခွဲခြားထားတဲ့ မျဉ်းကြောင်းဟာေ၀၀ါးသထက်ေ၀၀ါးလို့ သွားပါတယ်။ မဟာယာနမဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ အကြားမှာ လဲ အပြန်အလှန် လွှမ်းမိုးမှုတွေ ကူးစက်မှုတွေ အယူဝါဒ ဆင်တူမှုတွေ တွေ့လာရလို့ ဗုဒ္ဓစာပေ ရဲ့ သမိုင်းဟာ လှေကြီးထိုး ရိုးရိုး မဟုတ်ဘူး ပဲ ရှုပ်ထွေးပွေလီတဲ့အသွင်ရှိတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။

ပိဋကတ်ဟူသမျှ ဗုဒ္ဓ၀စန (ဘုရားဟော)ဖြစ်ကြောင်း
တကယ်တော့ ရှင်တော် ဗုဒ္ဓ ကိုယ်တိုင်က မိမိ ရဲ့ သွန်သင်ဆုံးမချက်တွေ ကို လူသားအားလုံး အတွက် ရည်စူးခဲ့တာပဲ ဖြစ်လို့ လူမျိုးတစ်မျိုး ဒေသတစ်ခု ဘာသာစကားတစ်ခု ရဲ့ ဘောင်ထဲ မှာ အသေချုပ်နှောင် ထားချင်တဲ့ ဆန္ဒမျိုးမရှိခဲ့ပါဘူး။ ကောသလတိုင်း မဂဓတိုင်း နဲ့ အိန္ဒိယပြည် အရှေ့ပိုင်းတစ်ခွင် မှာ သာသနာပြုခဲ့စဉ်မှာ ဆိုင်ရာဒေသနဲ့ သင့်လျှော်တဲ့ ဒေသိယဘာသာ စကားတွေ (Dialects) ကို သုံးပြီး ပြောခဲ့မှာ အမှန်ပါပဲ။ ရှေးဦး သံဃာ အဖွဲ့အစည်း ကလဲ ဗဟိုချုပ်ကိုင်မှု မရှိပဲ လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ ရွှေ့လျှား သံဃာ အဖွဲ့အစည်း မျိုး ဖြစ်ဟန်တူပါတယ်။ ရဟန်းတော်တွေ ဟာ မိမိ တို့ ဥပနိဿယပြု ရမဲ့ ဆရာတစ်ဆူဆူ ထံ မှာ ၀န်းရံ လို့ ၀ိနည်းတော် အတိုင်း ကျင့်သုံးနေထိုင်ကြပြီး ဒုက္ခလွတ်မြောက်ရေး တရားတွေ အားထုတ် ခဲ့ ကြတာ ဖြစ်ပါတယ်။

ရှင်တော်ဗုဒ္ဓ ကိုယ်တိုင်လဲ မိမိ ရဲ့ သွန်သင်ချက်တွေ အသွင်အမျိုးမျိုးနဲ့ နေရာဒေသအသီးသီးမှာ ပျံ့နှံ့ ရောက်ရှိနေ လိမ့် မယ် ဆိုတာ ကြိုတင်မြင်ခဲ့ ဟန်တူပါတယ်။ ပါဠိပိဋကတ် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါက်မှာ ပါရှိတဲ့  မဟာပဒေသ တရား (၄) ပါး အရ ဆိုရင် ပေါ်ပေါက်လာသော တရားသစ်ဟူသမျှကို ချက်ချင်း လက်ခံခြင်း ငြင်းပယ်ခြင်းမပြုပဲ ဘုရားရှင်ဟော တော် မူခဲ့ပြီးသော ဓမ္မ၀ိနယ ပိဋကတ်များတွင် သွတ်သွင်းတိုက်ဆိုင်စစ်ဆေးကြည့်ပြီးမှ လက်ခံခြင်း ငြင်းပယ်ခြင်း ပြုကြရန် ဟောကြားချက် ရှိတာ ကို ထောက်လို့ ရှင်တော်ဗုဒ္ဓ ဟာ ပိဋကတ်စာပေ နဲ့ ပတ်သက်လို့ တော်တော်လေး လစ်ဘရယ် ဖြစ်သူလို့ မြင်ရပါတယ်။ စာပေ ရဲ့ ၏ သည် မရွေ့ ဆိုတာထက် စာပေ က ပေးတဲ့ သင်ကြားမှု အနှစ်သာရ ကိုပဲ ဂရုစိုက် တော်မူပါတယ်။

အေဒီ (၈) ရာစုတွင် ပေါ်ထွန်းခဲ့တဲ့ မဟာယာန ရဟန်းတော် ဒဿနပညာရှင် သန္တိဒေ၀ ရဲ့ သိက္ခာသမုစ္စယ ကျမ်းမှာလဲ ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် အကြောင်းတရား (၄) ပါးကို ဖေါ်ပြထားခဲ့တာကို အောက်ပါအတိုင်း တွေ့ နိုင်ပါတယ်။
(၁) သစ္စာဓမ္မကိုညွန်ပြ ခြင်း မိစ္ဆာဓမ္မကို ပယ်ရှားခြင်း
(၂) ဓမ္မ၀ါဒ ကို သင်ကြားခြင်း အဓမ္မ၀ါဒ ကို မဟောကြားခြင်း
(၃) ကိလေသာတရား ခေါင်းပါးရေးကိုညွန်ပြခြင်း ကိလေသာတရား ပွားစီးရေးကို မညွန်ပြခြင်း
(၄) နိဗ္ဗာန်နှင့် အလျှော်ဖြစ်ခြင်း သံသရာလည်မှုနှင့် ဆန့်ကျင်ခြင်း

ဒီအချက် က ဂန္ဓာရီပိဋကတ် ရှာဖွေတွေ့ရှိမှု မှာ ထင်ရှားလို့နေပါတယ်။ မဟာယာန နဲ့ မဟာယာနမဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ စာပေတွေ ကို ဒီမှာ ရောထွေးပြီးတွေ့ ရလို့ ပါပဲ။ ဒီအချက်က ညွှန်ပြနေတာကတော့ ဒီ ပိဋကတ်တွေ ရေးသားတဲ့ အချိန် တုန်းက မဟာယာနဗုဒ္ဓဘာသာ ဟာ သီးခြားဂိုဏ်းတစ်ခု မဟုတ်သေးပဲ မဟာယာနမဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ အတွင်းထဲ မှာ သန္ဓေတည် ရှိနေခဲ့မယ် ဆိုတာ ထင်ရှားနေပါတယ်။ မဟာယာနဗုဒ္ဓဘာသာ ကျင့်ကြံတဲ့ ရဟန်းတွေဟာ မဟာယာန မဟုတ်တဲ့ ဂိုဏ်းတွေ ရဲ့ ၀ိနည်းတွေ နဲ့ အညီ နေထိုင်ကြလိမ့်မယ်လို့လဲ မှန်းဆနိုင်ပါတယ်။ ဟာရစ်ဆန် ရဲ့ အလိုအရ ဆိုရင် ဂန္ဓာရီပိဋကတ် မှာ ပါတဲ့ မဟာယာနသုတ္တန်တွေဟာ တော်တော်လေး ဖွံ့ဖြိုးတိုးတက်တဲ့ အဆင့် ကို ရောက်နေ တာမို့ ဒီသုတ္တန်တွေ ရဲ့ အစ ဟာ ဂန္ဓာရီပိဋကတ် ထက်တောင် အလွန်ရှေးကျနိုင်ကြောင်း ယူဆပါတယ်။

ရှေးဦး မဟာယာနဗုဒ္ဓဘာသာ ဟာ ပညာရှင်တွေ တွေးထင်ယူဆကြတာထက်တောင် များစွာ ရှေးကျ ပေါ်ပေါက်လာနိုင်ပေမဲ့ ဟာရစ်ဆန် ရဲ့ အလိုအရ ဗုဒ္ဓလွန်ပြီးမှ မဟာယာနဗုဒ္ဓဘာသာ ပေါ်ပေါက်တာ ကို တော့ လက်ခံရမယ်လို့ဆိုပါတယ်။ လေ့လာကြည့်တဲ့အခါမှာ မဟာယာနဗုဒ္ဓဘာသာ သုတ္တန်တွေ နောက်မှာ သာဝကယာန လမ်းစဉ်ရောနေတဲ့ သုတ္တန်တွေလဲ ရှိတာကို ကြည့်ရဖြင်းအားဖြင့် ဒီကာလ ဟာ အယူအမြင်တွေ ကျင့်စဉ်တွေ ထွေပြားစည်ပင်ချိန် သီးပွင့်ဝေဆာချိန်ဖြစ်မယ် လို့မှန်းဆရ ပါတယ်။ အာသောက မင်းမတိုင်ခင် အချိန်အထိ ဗုဒ္ဓဘာသာဟာ လွတ်လပ်စွာ ပွင့်လန်းနေတဲ့ ဂိုဏ်းဂဏပေါင်းစုံ ရှိ နေမယ်လို့ မှန်းဆရပါတယ်။ ပညာပါရမီတာ လမ်း သုခ၀တီ လမ်း ဗုဒ္ဓ ကို ကိုးကွယ်တဲ့ လမ်း အစုံ ရှိနေချိန် ဖြစ်ပြီးတော့ ဒီ ဂိုဏ်းဂဏပေါင်းစုံ အားလုံး ပေါင်းစည်းမှု အဖြစ် မဟာယာနဗုဒ္ဓဘာသာ ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်။

ဗုဒ္ဓဘာသာသမိုင်း ကို လေ့လာကြည့် ရင် ဂိုဏ်းဂဏတွေ နဲ့ သူတို့ အသီးသီးဆောင်ထားကြတဲ့ ပိဋကတ်စာပေတွေ ဟာ မြစ်လက်တက်တွေ မြစ်မွှာတွေ လို ကွဲထွက်လိုက် ပြန်ပေါင်းစည်းလိုက် နဲ့ ကွန်ယက်သဖွယ် စီးဆင်းနေ တာပဲ ဖြစ်တယ်။ သစ်ပင်လို ဗဟိုချက်မ ရင်းမြစ် တစ်ခုတည်း က မဟုတ်ပဲ ရင်းမြစ်များစွာ ကနေ စီးဆင်းလာတာ မျိုး သာ ဖြစ်ပါတယ်။
မဟာယာနဗုဒ္ဓဘာသာ ပေါ်ပေါက်လာခဲ့ တာဟာ ရှေးဦး ဗုဒ္ဓ ဘာသာကို အခြေခံ ဆင့်ကဲတိုးတက် လာခဲ့သော ဖြစ်စဉ် ရဲ့ သမိုင်းဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ သမူဟသဘော (Historical Cultural Synthesis) သာ ဖြစ်ပါတယ်။ နောက်ဆုံးတော့
ဗုဒ္ဓဘာသာရဲ့ အသွင်မှန်သမျှဟာ (၀ိမုတ္တိရသ) တစ်ခုတည်းဆီ ကိုပဲ ဦးတည်နေတာ ကို ပဲ တွေ့ရပါတော့တယ်။

ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ ဆိုတဲ့ မေးခွန်း အတွက်အဖြေ
အထက်မှာ တင်ပြခဲ့သလို ပိဋကတ်စာပေ တွေ ဟာ ပြောင်းလဲတိုးတက်ပြီး အချင်းချင်း လွှမ်းမိုးကူးစက် ပေါင်းစပ် မှုတွေ ရှိခဲ့ တဲ့အခြေအနေမှာ ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ ဆိုတဲ့ မေးခွန်း အတွက် တစ်ခုတည်းသော အဖြေမရှိနိုင်ပါဘူး။ ဒါပေမဲ့ ဂိုဏ်းဂဏစွဲ အယူအဆ (Sectarianism) က ဗုဒ္ဓ ရဲ့ နုတ်မြွက်တရား ကို မိမိတို့ သာ ပိုင်ဆိုင်တယ် လို့ထင်နေပါ တယ်။ ပိဋကတ်စာပေ တွေ ဟာ ပြောင်းလဲတိုးတက် အချင်းချင်း လွှမ်းမိုးကူးစက် ပေါင်းစပ် မှုတွေ ဖြစ်ခဲ့တယ် ဆိုတာ ဟာ မြစ်တစ်ခု စီးဆင်းနေသလိုပါပဲ မိမိ ပိဋကတ်စာပေ ဟာ မြစ်အညာ ကလား မြစ်အကြေ ကလား ဒါတွေ အားလုံးရောစပ် နေတာလား မသိနိုင်ပေမဲ့ ဂိုဏ်းဂဏစွဲ အယူအဆ သန်သူတွေကတော့ မိမိ ပိဋကတ်စာပေ ဟာ မြစ်အညာ က အသန့်စင် အကြည်လင်ဆုံး ရေ အဖြစ် ယူဆကြတာ ပါပဲ။ ဒီ စွဲလန်းမှု နဲ့ ပဲ ပိဋကတ်စာပေတွေ ကို အသက်နဲ့လဲလို့ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းခဲ့ ကြတာ ဖြစ်တယ်။

ဘာသာရေး ဂိုဏ်းတွေ က ဗုဒ္ဓ ရဲ့ နုတ်မြွက်တရား ကို ဟောခဲ့တဲ့ ၀န်းကျင် (Context) ကနေ ဆွဲထုတ်ပြီး စကားလုံး ဝေါဟာရ ပညတ်တင်ထားလိုက်ရင် ငြိမ်သက် တည်တံ့ခိုင်မာ ပြီး အပြောင်းအလဲ မရှိသော အနက် အဓိပ္ပါယ် ကိုဆောင် နေမယ် လို့ ထင်ကြပါတယ်။ ဥပမာ ဆိုရရင် ဗုဒ္ဓရဲ့ နုတ်မြွက်တရား ကို ရတနာသေတ္တာထဲမှာ ကျောက်မျက်ရတနာကို ထည့်သိမ်းထားသလို ဒီရတနာ သေတ္တာကို မျိုးဆက် တစ်ခုပြီးတစ်ခု ပကတိမပြောင်းလဲ ပဲ လက်ဆင့်ကမ်းသွားနိုင် လိမ့်မယ် လို့ထင်မြင်ကြပုံပါပဲ။ တကယ်တော့ ဘာသာ စကား က အလုပ်လုပ်ပုံ က ဒီလောက်မရိုးစင်းပါဘူး။ သူတို့ထင်မြင်သလို နှမ်းဆီ ဟာ နှမ်းစေ့ထဲမှာ ကိန်းပြီး တည်ရှိနေသလို အနက် အဓိပ္ပါယ် တွေ ဟာ စကားလုံး ဝေါဟာရ ပညတ် တွေထဲ မှာ ပကတိမပြောင်းလဲ ပဲ ထာဝရတည်နေ တာမျိုး မဟုတ်ပါဘူး။ ဘာသာစကားရဲ့ အနက်အဓိပ္ပါယ် တွေ ဟာ ဆိုင်ရာ ယဉ်ကျေးမှု နောက်ခံ ၀န်းကျင် သမိုင်းနဲ့ လူမှုရေး အခြေအနေ နောက်ခံ ၀န်းကျင် တွေ ထဲ မှာ ကြီးပြင်းလာရတဲ့ လူသားတွေ ရဲ့ စကားလုံး ဝေါဟာရ ပညတ်တွေ ကို အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် တွေသာ ဖြစ်တယ်။ ဆိုင်ရာယဉ်ကျေးမှုနောက်ခံ ၀န်းကျင် သမိုင်းနဲ့ လူမှုရေး အခြေအနေ နောက်ခံ ၀န်းကျင် တွေ ပြောင်းလဲ နေသလို အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကလဲ လိုက်ပါပြောင်းလဲနေမှာ ဖြစ်တယ်။


ဗုဒ္ဓ ရဲ့ နုတ်မြွက်တရား ကို ပိဋကတ်စာပေ အဖြစ် မှတ်တမ်းတင်ထားတဲ့တွက် ရှင်တော်ဗုဒ္ဓ ဟောခဲ့တဲ့ တရားတော်တွေ ကို သိရ တယ်ဆိုတဲ့ ကျေးဇူးတော့ ရှိတာ အမှန်ပဲ။ ဒါပေမဲ့ဒီတရားတွေ ရဲ့ အနက်မှန်ကို သိဖို့ ကတော့ ဒီတရားတွေ ကို ဟောခဲ့ တဲ့ ဘီစီ (၅) ရာစု ကာလ အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု နောက်ခံ ၀န်းကျင် သမိုင်းနဲ့ လူမှုရေး အခြေအနေ နောက်ခံ ၀န်းကျင် တွေ ကို နားလည် မှသာ ဖြစ်နိုင် မယ်။ဘီစီ (၅) ရာစု ကာလ အိန္ဒိယနိုင်ငံရဲ့ နောက်ခံ အခြေအနေ တွေ ကို ပို သိလေ ဒီတရားတွေ ရဲ့ အနက်မှန်ကို ပိုနားလည်နိုင်လေလေပါပဲ။

ဒါပေမဲ့ ယဉ်ကျေးမှု နောက်ခံဝန်းကျင် သမိုင်းနဲ့ လူမှုရေး အခြေအနေ နောက်ခံဝန်းကျင် တွေ ဆိုတာ အလွန်ကျယ်ဝန်း အပြန်အလှန်ဆက်နွယ်နေ တစ်ခဏ ပြီးတစ်ခဏ ပြောင်းလဲနေတဲ့ အနိစ္စတရား ခယ ၀ယ တရားတွေ ပဲ ဖြစ်တယ်။ ဒါအပြင် ဗုဒ္ဓ နဲ့ တရားနာသူတွေ ရဲ့ သီသန့် ပုဂ္ဂလိက ဆက်နွယ်မှုတွေ ကလဲ ရှိနေပြန်တဲ့ အခါ တရားကို ဟောအပြီးမှာ တရားတော် ရဲ့ အနက်စစ်အနက်မှန် ဟာ ဆက်သွယ်မှု ဖြစ်ပွားပြီး နောက်ခံဝန်းကျင် ပြောင်းတာနဲ့ အတူ ပျောက်ကွယ် သွားပါတယ်။

ဘာသာရေး ဂိုဏ်းတွေ က ဒါကို ထိန်းချုပ်ဖို့အတွက် အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကို တရားသေ ဖြစ်အောင်ပြုလုပ် ထားတဲ့ အဋ္ဌကထာ ဋီကာ စာပေတွေ နဲ့ ဗုဒ္ဓ ရဲ့ နုတ်မြွက်တရား ကို ဘောင်ခတ်ဖို့ကြိုးစားခဲ့ ကြတာ ကို တွေ့ရတယ်။ ဒီလိုကြိုးစားပေမဲ့လဲ အဋ္ဌကထာ ဋီကာ စာပေတွေ ကိုယ်တိုင် က စကားလုံး ဝေါဟာရပညတ်တွေ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီးတော့ ဒီ စကားလုံးဝေါဟာရပညတ်တွေ ကိုယ်တိုင်ကလဲ အနက်ဖွင့်ဆိုချက်တွေ ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ အဋ္ဌကထာ ဋီကာ စာပေတွေ ဆိုတာ ကိုယ်တိုင် က ဂိုဏ်းဂဏစွဲ အမြင်တွေ ကနေထွက်ပေါ်လာတဲ့ စာပေတွေ ဖြစ်လို့ ဂိုဏ်းဂဏ ရှုထောင့် မတူတဲ့ အမြင်တွေ က လက်ခံမှာ မဟုတ် တော့ နိုင်းရရှုထောင့် အမြင်တွေ သာ ဖြစ်နေပြန်ပါ တော့တယ်။
 
ဒီတော့ ဘယ်သူ့ ဗုဒ္ဓဘာသာ အမှန်ဆုံးလဲ ဆိုတဲ့ မေးခွန်း အတွက် အဖြေ ကတော့ ဗုဒ္ဓ ညွှန်ပြခဲ့တဲ့ ၀ိမုတ္တိရသ ကို ပေးတဲ့ တရား မှန်သမျှ အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် တောင်ဖြစ်ဖြစ်မြောက်ဖြစ်ဖြစ် ၁၀၀% ပြည့် ဗုဒ္ဓဓမ္မ ပဲ ဖြစ်တယ်လို့ ဆို ရမှာ ပါပဲ။ ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းကွဲ အသီးသီး မှာ ရှင်တော်ဗုဒ္ဓ ရဲ့ တရားတော် အခြေခံတွေ ဖြစ်တဲ့ သစ္စာ(၄)ပါး မဂ္ဂင် (၈)ပါး ပဋိစ္စသမုပ္ပါဒနိဒါန (၁၂)ပါး လက္ခဏာရေး (၃)ပါး သတိပဋ္ဌာန် (၄)ပါး ဗောဓိပက္ခိယတရား (၃၇) ပါး ၀ိမုတ္တိတရား စတာတွေ က အတူတူ ပဲ ဖြစ်ပါတယ်။ သမိုင်းနောက်ခံ ယဉ်ကျေးမှုနောက်ခံ အခြေအနေတွေ ကွဲပြားမှုကြောင့် သာ ဓမ္မ ကို ဖေါ်ဆောင်တဲ့ နည်းဗေဒ တွေ ကျင့်စဉ်တွေ ကွဲပြားခြားနား နေကြတာ ဖြစ်ပါတယ်။

ဒီရှုထောင့် ကကြည့်ရင် ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းကွဲ အသီးသီး ဟာ နေရာဒေသ အသီးသီးမှာ တစ်ကွဲစီ ဖြစ်နေတဲ့ ညီနောင် တွေ နဲ့ တူပါတယ်။ ညီနောင်တွေ အားလုံး မိမိ မျိုးရိုးရဲ့ ဂုဏ်လက္ခဏာတွေ တစ်ခုမဟုတ်တစ်ခုတော့ ပိုင်ဆိုင်နေ ကြတာ ပါပဲ။ မျိုးရိုးရဲ့ ဗီဇ လက္ခဏာတွေ ဟာ ညီနောင်တွေ အားလုံးဆီမှာ ပျံ့နှံ့တည်ရှိနေတာ ကို ထောက်ပြီး အားလုံးဟာ တစ်အူတုံဆင်း ပဲ ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့်မို့ မိမိဂိုဏ်း က သာ အစစ်မှန်ဆုံးဖြစ်တယ် မိမိ တရား ကသာ ရွှေစင်လက်ကောက်ဖြစ်တယ် အခြားသော ဂိုဏ်းတွေ က အတုအယောင် အရောနှောတွေ ဖြစ်တယ် တန်ဖိုးမရှိတဲ့ ကြေးလက်ကောက်တွေ ဖြစ်တယ် လို့ ဘယ်ဂိုဏ်း ဂဏ ကမှ ပြောပိုင်ခွင့်မရှိ သလို ဒီလို ပြောဆိုခြင်းဟာ ဗုဒ္ဓဘာသာ ပိဋကတ်စာပေတွေ ရဲ့ ဖြစ်ထွန်းတိုးတက်တဲ့ သမိုင်း ကို မသိကျိုးကျွံပြုရာ ကျနေပါတယ်။

ဓမ္မတရား အမှန် ကို ဘယ်လို ရှာကြမလဲ
ဗုဒ္ဓ၀ါဒရဲ့ ဓမ္မတရား အမှန် ကို ဘယ်လို ရှာကြမလဲ ဆိုတာ ရှင်တော်ဘုရား က ကာလာမသုတ်ထဲ မှာ ညွှန်ပြထားတယ်။ အကြင် ဓမ္မတရား တစ်ရပ်ဟာ...

(၁) ကျင့်သုံးကြည့်တဲ့ အခါ မိမိ အတွက် ကုသိုလ်တွေ တိုးပွားပြီးတော့ အကုသိုလ်တွေ ကို လျှော့ပါးစေရင်
(၂) လောကမှာ ရှိတဲ့ ပညာရှိသူတော်ကောင်းတွေ က ချီးမွမ်းအပ်တဲ့ တရားဖြစ်ရင်

ဒီ ဓမ္မတရား ဟာ ကျင့်ဆောင်ထိုက်တဲ့ ဓမ္မတရား ပဲ ဖြစ်တယ်။ အကြင် ဓမ္မတရား တစ်ရပ်ဟာ

(၁) ကျင့်သုံးကြည့်တဲ့ အခါ မိမိ အတွက် အကုသိုလ်တွေ တိုးပွားပြီးတော့ ကုသိုလ်တွေ ကို လျှော့ပါးစေရင်
(၂) လောကမှာ ရှိတဲ့ ပညာရှိသူတော်ကောင်းတွေ က ကဲ့ရဲ့အပ်တဲ့ တရားဖြစ်ရင်

ဒီ ဓမ္မတရား ဟာ မကျင့်ဆောင်ထိုက်တဲ့ ဓမ္မတရား ပဲ ဖြစ်တယ်။

ဒီတော့ မေးစရာ ဖြစ်လာပါတယ်။ ကျင့်သုံးကြည့်တဲ့ အခါ မိမိ အတွက် ကုသိုလ်တွေ တိုးပွားပြီးတော့ အကုသိုလ်တွေ ကို လျှော့ပါးစေတဲ့ ဓမ္မတရား လောကမှာ ရှိတဲ့ ပညာရှိသူတော်ကောင်းတွေ က ချီးမွမ်းအပ်တဲ့ ဓမ္မတရား ဟာ ဘယ်လို ဓမ္မတရား မျိုး ဖြစ်လေမလဲ။ ဒီလို ဓမ္မတရား စစ်စစ် ရဲ့ ဂုဏ်လက္ခဏာ (၆) ခု ရှိတယ်လို့ ဟောကြားထားပါတယ်။

(၁) ပထမ ဂုဏ်လက္ခဏာ ကတော့ အစ အလယ် အဆုံး သုံးပါး၌ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော ဓမ္မတရား (သွက္ခာတ ဓမ္မ) ဖြစ်ရမယ်။ ဓမ္မဆိုတာ ခရီးတစ်ခု လိုပဲ။ လမ်းဟာ အစ အလယ် အဆုံး အပိုင်းအားလုံးမှာ အပြစ်အနာအဆာမရှိ အမှားအယွင်းမရှိ ပဲ ပြည့်စုံ နေတဲ့ ဓမ္မတရား ဖြစ်ရပါမယ်။

(၂) ဒုတိယဂုဏ်လက္ခဏာ ကတော့ လက်ငင်းလက်တွေ့ ကျင့်ကြံသိမြင်နိုင်တဲ့ တရား (သန္ဒိဋ္ဌိက ဓမ္မ) ဖြစ်ရမယ်။ စစ်မှန်တဲ့ တရား ဟာ လေပေါ်မှာ စိတ်ကူးယဉ်ဆောက်ထားတဲ့ ဆင်စွယ်ရဲတိုက်မဟုတ်ဘူး။ လက်တွေ့ ဘ၀ ထဲ မှာ ကျင့်ကြံပြီး ကျင့်သုံးမှု ရဲ့ အကျိုး ကို လက်ငင်းလက်တွေ့ ရရှိခံစားစေနိုင်ရမယ်။

(၃) တတိယ ဂုဏ်လက္ခဏာ တော့ အချိန်မရွေး နေရာမရွေး ကျင့်ဆောင်နိုင်တဲ့ ဓမ္မတရား (အကာလိက ဓမ္မ) ဖြစ်ရမယ်။ အ-ကာလိက ဆိုတာ ဘ၀ ရဲ့ ဘယ်လို အချိန်မျိုး မှာ ဖြစ်ဖြစ် ဆင်းရဲချမ်းသာ သုခ ဒုက္ခ အမြင့်အနိမ့် အချိန်အခါ အမျိုးမျိုး ဘ၀ ရဲ့ အယုတ်အလတ်အမြတ် အရွယ်မရွေး အမြဲ ကျင့်သုံးထိုက်တဲ့ တရား ဖြစ်ရမယ်လို့ ဆိုချင်ပါတယ်။

(၄) စတုတ္တ ဂုဏ်လက္ခဏာ ကတော့ လာပါ ရှုပါ စုံစမ်းပါဟု ဖိတ်ခေါ်ခြင်းငှာ ထိုက်တဲ့ ဓမ္မတရား (ဧဟိပဿိက ဓမ္မ) ဖြစ်ရပါမယ်။ ဓမ္မတရား ဟာ လျှို့ဝှက်နက်နဲပြီး လူတစ်ချို့လောက်ပဲ သိနိုင်တဲ့ စိတ်ကူးယဉ်လူလွန်တရားတွေ မဖြစ်ရဘူး။ မိမိ လူမျိုး မိမိ ယဉ်ကျေးမှုထဲ မှာ ပဲ ကွက်ကွက်ကလေး ကျင့်သုံး နိုင်တဲ့ တရားမျိုးလဲမဖြစ်ရဘူး။ အသိဥာဏ်ရှိတဲ့ စွမ်းနိုင်တဲ့ လူသားတိုင်း လက်တွေ့စမ်းသပ်ကြည့် လို့ ရပြီးတော့ ရလာဒ်တွေ အချင်းချင်း လဲ တိုက်ဆိုင်စစ်ဆေး အဖြေထုတ်ကြည့် နိုင်တဲ့ ဓမ္မတရား ဖြစ်ဖို့ လိုပါတယ်။

(၅) ပဉ္စမ ဂုဏ်လက္ခဏာ ကတော့ မိမိတို့၏စိတ်သန္တန် ၌ အမြဲဆောင်ထား ကပ်ထားခြင်းငှာ တည်အောင်ကျင့်ခြင်းငှာ ထိုက်သော ဓမ္မတရား (သြပ နေယျိက ဓမ္မ) ဖြစ်ရပါမယ်။ ဓမ္မတရား တစ်ခု ဟာ ရိုသေစွာကျင့်ဆောင်ခြင်း (သက္ကစ္စ ဓမ္မ) ဖြစ်ဖို့ လို သလို စဉ်ဆက်မပြတ်ကျင့်ဆောင်ခြင်း (သာတစ္စ ဓမ္မ) လဲ ဖြစ်ရပါမယ်။ မိမိ စိတ်သန္တန် ကို တရား နဲ့ အမြဲ ရွဲစိုထုံးမွမ်းထား အပ်တဲ့ ဓမ္မတရား မျိုးလဲ ဖြစ်ရ ပါမယ်။ ရံခါ ကျင့်လိုက် မကျင့်လိုက် ပူးလိုက်ကွာလိုက် ဖြစ် နေတဲ့ တရားမျိုး မဖြစ်စေရပါဘူး။

(၆) ဆဋ္ဌမ ဂုဏ်လက္ခဏာ ကတော့ ပညာရှိသူတို့သည် မိမိတို့၏ ဥာဏ်တို့ဖြင့် အသီးသီးကိုယ်ပိုင် ကိုယ်တိုင်သိအပ် သော ဓမ္မတရား (ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ ဓမ္မ) ဖြစ်ရပါမယ်။ ဓမ္မ ဟာ အဆင့် အမျိုးမျိုး အလွှာ အမျိုးမျိုး ရှိသလို ရှုထောင့်အမျိုးမျိုး နည်းလမ်းအဖုံဖုံ လဲ ရှိပါလိမ့်မယ်။ ဓမ္မ ဟာ တစ်ခုတည်း သဘော ဖြစ်သလို ဓမ္မ ဟာ အများသဘော ကို လဲ ဆောင်ပါတယ်။ မိမိ အလွှာ အဆင့် ရှုထောင့် အသီးသီး က နေ ဓမ္မရသ ကို မိမိ အတိုင်းအတာ နဲ့ မိမိ ကိုယ်တိုင် ကိုယ်ကျ ထိသိခံစား (ကာယသစ္ဆိကရဏ) ဖြစ်နိုင် ပါတယ်။ ဥာဏ်ဖြင့် သက်ဝင်ကျက်စား (ဥာဏသစ္ဆိကရဏ) ဖြစ်နိုင်ပါတယ်။

ဒီ ဂုဏ် လက္ခဏာတွေ နဲ့ ပြည့်စုံသော ဓမ္မတရား ဟာ အမှန်တကယ် လက်ခံ ကျင့်သုံးထိုက်တဲ့ ကျင့်သုံးကြည့်တဲ့ အခါ မိမိ အတွက် ကုသိုလ်တွေ တိုးပွားပြီးတော့ အကုသိုလ်တွေ ကို လျှော့ပါးစေတဲ့ ဓမ္မတရား လောကမှာ ရှိတဲ့ ပညာရှိ သူတော်ကောင်းတွေ က ချီးမွမ်းအပ်တဲ့ ဓမ္မတရား ဖြစ်ကြောင်း ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ ဒီ အနက်ဖွင့်ချက် ကို လက်ခံ နိုင်ရင်တော့ ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းဂဏ အသီးသီးဟာ ရှင်တော် ဗုဒ္ဓရဲ့ တရားဝင် အမွေခံ သားသမီးတွေ ပဲ ဖြစ်ကြတယ်လို့ ဆိုနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။               

ရည်ညွှန်း။
Linda Heuman, Whose Buddhism is Truest?, Tricycle Magazine, Summer 2011
Salomon, Richard. Ancient Buddhist Scrolls from Gandhāra, University of Washington Press, Seattle, 1999
Salomon, Richard. A Gāndhārī Version of the Rhinoceros Sutra: British Library Kharoṣṭhi Fragment Univ. of Washington Press: Seattle and London, 2000.

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

Re: [mrsorcerer:23378] ဗမာပြည်ကိုသိမ်းပိုက်ကြ

   စာတွေများတယ် မဖတ်နိုင်ဘူး . . သူပြောမှ ဘာ မှ ကောင်းတာ မရှိတော့  ဘူး . . အရင်းရှင်နဲ့  ပေါင်းပြီး မြန်မာ နိုင်ငံ သား အားလုံး အရင်းရှင် ဖြစ်အောင်ကြိုးစားပြီး သူများနိုင်ငံတွေ လေးစားရ တဲ့  အရင်းရှင် နိုင်ငံသား မြန်မာလူမျိုးတွေ. ဖြစ်အောင်ကြိုးစားမှာ ဗျ . . ကိုယ့်လူမျိုးချင်း လာ ခွတ် မနေနဲ့  . 

Regards 

Aung



On Apr 11, 2012, at 7:39 PM, Shwe Aeim Siှ <shweaeimsi@gmail.com> wrote:

ဗမာပြည်ကို သိမ်းပိုက်ကြ

Occupy Burma!


ဗမာ့ လမ်းကြောင်း ကမ္ဘာနဲ့ ပြောင်းပြန်


ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာက အတွေး အမြင်တွေ အဖြစ်အပျက်တွေကို ရယူတဲ့ နေရာမှာ ခြေတလှမ်း အမြဲ နောက်ကျခ့တဲ ယ်။

တချိန်က မာ့စ်ဝါဒ၊ လီနင်ဝါဒ ကျွန်တော်တို့ဆီကို ရောက်လာတ့အဲ ချိန်ဟာ ကမ္ဘာမှာ အောက်တိုဘာတော်လှန်ရေး ဖြစ်ပွားပြီးနောက်

နှစ်ပေါင်း နှစ်ဆယ်လောက်နောက်ကျခဲ့တယ်။ ကားလ်မာ့စ် အရင်းကျမ်း ရေးခဲ့တဲ့ အချိန်ထက် နှစ်ပေါင်း ၇၀ လောက်နောက်ကျခ့တဲ ယ်။

အခုတခါ ကမ္ဘာနဲ့ တဝှန်း သိမ်းပိုက်ရေး လှုပ်ရှားမှု (Occupy movement ) တွေ ပြန့်နှံ့နေတဲ့ အချိန်မှာ ကျွ န်တော်တို့ နိုင်ငံမှာတော့

ဂလိုဘယ်လိုက်ဇေးရှင်း အော်လို့ ကောင်းနေတုန်း။ ကမ္ဘာပြားပြီ လုပ်နေကြတုန်း။ ကမ္ဘာမှာ အရင်းရှင်စနစ်ကို

တွန်းလှန်တိုက်ခိုက်နေကြချိန်မှာ ကျွန်တော်တို့ကတော့ စစ်အာဏာရှင်စနစ်ကို တိုက်ပြီး အရင်းရှင်စနစ်ဆီကို သွားဖို့

စိတ်အားထက်သန်နေကြသလို ဖြစ်နေတယ်။ ဘယ်လိုလဲ။ တခေတ်လုံးလုံး နောက်ကျဦးတော့မှာပါလား။ ကမ္ဘာပြားပြီဆိုတဲ့

သောမတ်ဖရီးမင်းတို့၊ ယဉ်ကျေးမှု တိုးတိုက်ခြင်းဆိုတဲ့ ဟန်တင်တန်တို့ ကို ကမ္ဘာမှာတော့ အပေါစား အမေရိကန်

ဝါဒဖြန့်ချိရေးသမားလောက်ပဲ သဘောထားကြချိန်မှာ ကျွ န်တော်တို့ဆီမှာ အခုထိ အသစ်ထင် နေကြတဲ့သူတွေ

တော်တော်များများရှိနေတုန်း။ တကယ်တော့ စစ်အာဏာရှင်စနစ်ကနေ အရင်းရှင် စနစ်ဆီ ကူးပြောင်းမယ်ဆိုတာဟာ

ဆီပူဒယ်အိုးထဲကနေ မီးဖိုထဲ ခုန်ချသလိုသာရှိမှာပ။ အပူသက်သာရင်လည်း နည်းနည်းပဲ။ ပိုပူချင်တောင် ပူနိုင်သေး။

ကျွန်တော်တို့ အခု သွားနေတဲ့ လမ်းကြောင်းဟာ ကမ္ဘာ့ပြည်သူတွေရဲ့ လမ်းကြောင်းနဲ့ ပြောင်းပြန်ကြီးဖြစ်နေတယ်။ ကမ္ဘာမှာ

အရင်းရှင်ထမ်းပိုး၊ ကော်ပိုရေး ရှင်းထမ်းပိုးကို ပုခုံးပေါ်က ခါချနေတဲ့ အချိန် ကျွ န်တော်တို့ကတော့ အရင်းရှင်ထမ်းပိုးကို

ခါးတောင်းကျိုက်ပြီး ထမ်းဖို့ ဟန်တပြင်ပြင်။ ကြည့်ပါဦး။ စစ်ကျွန်ဘဝကနေ ငွေဝယ်ကျွန်ဘဝကိုများ ကျွန်တော်တို့ သွားကြဦးမလို့လား။

စစ်ကျွန်ဘဝကနေ လွတ်ဖို့ရာ ငွေဝယ်ကျွန်အဆင့်ကို မဖြတ် သန်းဘဲ လတ်ွနိုင်တဲ့ နည်းမရှိတော့ဘူးလား။ ဘယ်သူ့ကျွန်မှမခံဘဲ

ဒီမိုကရေစီ စစ်စစ်ရတဲ့ လွတ်လပ်တဲ့ ပြည်သူတွေ မဖြစ်နိုင်ဘူးလား။


စစ်အာဏာရှင်မှ အရင်းရှင်အာဏာရှင်သို့


စစ်အာဏာရှင်စနစ်ကနေ အရင်းရှင်အာဏာရှင်စနစ်ဆီသွားချင်နေကြတာ ဘယ်သူတွေပါလဲ။ အလုပ်သမား၊ လယ်သမား လူများစု

ပြည်သူတွေ မွဲငတ်ပြီး လက်တဆုပ်စာ လူနည်းစု အရင်းရှင်ကြီးတွေ ကျိကျိတက် ချမ်းသာမယ့်လမ်းကို သွားချင်နေတာ

ဘယ်သူတွေပါလဲ။ ၉၉% ကမွဲသထက်မွဲပြီး ၁% ကချမ်းသာသထက်ချမ်းသာမယ့်လမ်းကို သွားချင်နေတာ ဘယ်သူတွေလဲ။

တခြားသူတွေ ဟုတ်ပါရိုးလား။ ဒီနေ့ တိုင်းပြည်ကို အုပ်ချုပ်ဗိုလ်လုပ်နေတဲ့ စစ်အာဏာရှင်တေပွါပဲ။

မှန်ပါတယ်။ တကယ်တော့ စစ်အာဏာရှင်စနစ်ကနေ စစ်တပ်လွှမ်းမိုးတဲ့ အရင်းရှင်စနစ်ဆီသို့ ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းလို

သူတွေထဲမှာ စစ်အာဏာရှင်တွေက ထိပ်ဆုံးကပါ။

အခု တလော ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ မကြာခဏ ပြောကြတဲ့ စကားတခွန်းရှိတယ်။ မပြောင်းလဲရင် မဖြစ်တော့

ဘူးဆိုတာကို အုပ်ချုပ်သူတွေကိုယ်တိုင် သိလာလို့ အပြောင်းအလဲတွေ စတင်ပေါ်ပေါက်လာတယ်ဆိုတဲ့ စကားပါ။ ဒီစကားဟာ

မမှားဘူး၊ ဒါပေမဲ့ မပြည့်စုံဘူးလို့ ဆိုရလိမ့်မယ်။ စစ်အစိုးရကို လျော့တွက်ပြီး အကောင်းမြင်လွန်းနေတယ်။

ဘာ့ကြောင့်လဲ။


မပြောင်းလဲရင် မဖြစ်တော့ဘူး၊ ဒီပုံစံအတိုင်းဆက်သွားလို့ ရေရှည် မရတော့ဘူး၊ ပြည်သူကဆက်ပြီး ခေါင်းငုံ့ခံမှာ မဟုတ်တော့ဘူးဆိုတာ

စစ်အာဏာရှင်တွေသိလာတယ်ဆိုတာ အမှန်ပဲ။ ဘယ်မှာ သိသွားသလဲဆိုတော့ ၂၀၀၇ သံဃာ့လှုပ်ရှားမှုကြီးမှာ သိသွားကြတယ်။ သူတို့

သိပ်ကြောက်သွားတယ်။ လူထုက ပုန်ကန် တော်လှန်မှာကို သူတို့ကြောက်တယ်။ သူတို့ စစ်တပ်ထဲက ပြန်ပြီး တော်လှန်မှာကို ပိုပြီး

ကြောက်တယ်။ ဒါ့ကြောင့် မပြောင်းမဖြစ်၊ ပြောင်းမှဖြစ်မယ်လို့ သူတို့သိလာတယ်။ အဲဒီလို မပြောင်းမဖြစ်တဲ့ အဆုံးမှာ စစ်အစိုးရဟာ

အပြောင်းအလဲ အရိပ်အယောင်ကို စပြီး ပြလာတယ်။ ဒါပေမဲ့ သူတို့ ပြောင်းချင်တာက ဘယ်လို ပြောင်းချင်တာလဲ ဆိုတော့ ဖိနှိပ်တဲ့

အသွင်သဏ္ဍနကို ပြောင်းချင်တာဖြစ်တယ်။ ဖိနှိပ်တဲ့ စနစ်ကနေ မဖိနှိပ်တဲ့ စနစ်ဆီကို ပြောင်းချင်နေတာ မဟုတ်ဘူး။ စစ်အာဏာရှင်

စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းချင်နေတာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကနေ စစ်တပ်လွှမ်းမိုး ကြီးစိုးသော အရင်းရှင်

အာဏာရှင်စနစ်ဆီ ပြောင်းချင်နေတာ ဖြစ်တယ်။ ခေတ်မမီတော့တဲ့ ဖိနှိပ်မှု အသွင်ဟောင်းကနေ ခေတ်မီတဲ့ ဖိနှိပ်မှု အသွင်သစ်ဆီကို

ပြောင်းချင် တာသာ ဖြစ်တယ်။


တရုတ်ကို အားကိုးပြီး ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ ပုံစံကနေ၊ အမေရိကန်နဲ့ ဥရောပကို အားကိုးပြီး ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့

ပုံစံသစ်ကို ပြောင်းလဲချင်နေတာသာ ဖြစ်တယ်။ အဲသလို ပုံစံပြောင်းလတဲ့ဲ အခါ ဖိနှိပ်တဲ့ ပုံစံ အသွင်သဏ္ဍန်ကိုသာ ပြောင်းလြဲပီး

ဖိနှိပ်မှုဆိုတဲ့ အနှစ်သာရကိုတော့ သူတို့ မပြောင်းချင်ဘူး။ ဒါ့အပြင် ဖိနှိပ်မှု အသွင်သဏ္ဍန်ကို ပြောင်းလတဲ့ အဲ ခါ ဆက်လက် အခွင့် ထူးခံ

မယ့် ပုဂ္ဂိုလ်တွေဟာ ဒီလူတွေပဲ ဆက်ဖြစ်နေရေး၊ သူတို့ အုပ်စုပဲ ဆက်ဖြစ်နေရေးဟာ စစ်အာဏာရှင်တွေရဲ့ အဓိက ရည်မှန်းချက်ပါပဲ။

မူလဖိနှိပ်မှု အသွင်ဟောင်း ဖြစ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်စစ်အစိုးရကို ပြည်သူတေကွ လက်မခံကြတော့ဘူး။ဒီပုံစံနဲ့

ဆက်သွားလို့မရတော့ဘူး။


ဒါ့ကြောင့် ဒီလူတွေကိုပဲ တံဆိပ်အသစ်ကပ်ပြီး စစ်အုပ်စုလွှမ်းမိုးသော အရင်းရှင်အာဏာရှင်စနစ် အဖြစ်

ဖိနှိပ်မှု အသွင်သစ်ပြောင်းဖို့ ကြိုးစားတာဖြစ်တယ်။ ပြည်သူတွေနဲ့ နိုင်ငံတကာကို အသွင်သဏ္ဍန်အပြောင်းအလနဲ့ဲ လှည့်စားပြောင်းလဲ

ပြတာဖြစ်ပါတယ်။ လူလက်မခံတော့တဲ့ ဖိနှိပ်မှု အသွင်ဟောင်းကနေ လူတေကွို လှည့်စားလို့ ရလောက်တဲ့ ဖိနှိပ်မှု အသွင်သစ်ဆီ

ပြောင်းချင်တာဖြစ်တယ်။ အတိတ်မှာတုန်းက စစ်အာဏာသိမ်းတော်လှန်ရေး အစိုးရကိုလူတွေ လက်မခံတော့ မဆလထောင်ပြီး

လှည့်စားတဲ့ နည်းမျိုးနဲ့ လှည့်စားချင်တာဖြစ်တယ်။ ဆိုရှယ်လစ်ကို ပြည်သူတွေလိုချင်နေတဲ့ အချိန်မှာ ဆိုရှယ်လစ် အတုအယောင်နဲ့

လှည့်စားပြီး ဒီမိုကရေစီကို ပြည်သူတွေလိုချင်တဲ့ အချိန်မှာ ဒီမိုကရေစီအတုအယောင်နဲ့ လှည့်စားဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

သူတို့ရဲ့ အခုလို ဖိနှိပ်မှု အသွင်သဏ္ဍန်ပြောင်းလဲမှုကြောင့် အတိုက်အခံတွေကြားမှာ အမြင်ရှုပ်ထွေးလာတာလည်း အမှန်ပဲ။ တချို့က

စစ်အစိုးရဟာ ဒီမိုကရေစီ အဖြစ် အသွင်ပြောင်းတော့မယ်လို့ထင်လာတယ်။ တချို့က လုံးဝမပြောင်းဘူး၊ ဟန်ပြလုပ်ရပ်တွေလို့ထင်

တယ်။ တချို့ကပြောင်းတော့ပြောင်းတယ်၊ ကောင်းမလာဘူးလို့ မြင်ကြတယ်။ ဒီလို အမြင်ကြွဲကတဲ့ အထဲမှာ ပိုဆိုးလာတာ ကတော့

"စစ်အစိုးရထဲက ပြောင်းလဲနေတာကို ရပ်သွားမှာစိုးလို့ စစ်အစိုးရကို မဝေဖန်ကြပါန့၊ဲ ဦးသိန်းစိန် အခက်တွေ့မှာစိုးလို့ တောင်းဆို

တာတွေ၊ ဆန္ဒပြတာတွေ၊ တိုက်ပွဲဝင်တာတွေ မလုပ်ကြပါန့၊ဲ မတရား အဖိနှိပ်ခံကြရပေမဲ့ သည်းခံကြပါ၊ စောင့်ဆိုင်းကြပါ" ဆိုပြီး

ကိုယ့်လူကိုယ် ပြန်တားတာမျိုးတွေ၊ ခေါင်းငုံ့ခံခိုင်းတာမျိုးတွေ အထိဖြစ်လာတယ်။ အဆိုးဆုံးဖြစ်လာတာကတော့ ကိုယ့်အခွင့်အရေး

ကိုယ် တောင်းဆို တိုက်ပွဲဝင်ကြသူတွေ၊ မတရားအလုပ်ခံရလို့ တုန့်ပြန်ကြသူတေကွိုတောင် "သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့

ပွဲကို ဖျက်တယ်" လို့ စွပ်စွဲလာကြတဲ့ အထိဖြစ်လာတယ်။


စစ်အစိုးရအတွင်းမှာလည်း စစ်အာဏာရှင်စနစ်ပီပီသသနဲ့ ရက်ရက်စက်စက်ပြတ်ပြတ်သားသား ဆက်လက် အုပ်ချုပ်ချင်သူတွေနဲ့

ခေတ်မီပုံစံပြောင်းပြီး "စစ်တပ်ကြီးစိုးသော အရင်းရှင်အာဏာရှင်စနစ်ပုံစံ" နဲ့ ပြည်သူကို လှည့်ဖျားအုပ်ချုပ်ချင်သူတွေအကြား လုပ်နည်း

လုပ်ဟန် ကွဲပြားမှုတွေ တွေ့လာရတယ်။ လုပ်နည်းလုပ်ဟန်ပဲ ကတွဲာဖြစ်တယ်။ အခြေခံသဘောထား မကွဲဘူး။ မူမကွဲဘူး။ ဒါပေမဲ့

ဒါကိုပဲ စစ်အုပ်စုကြားမှာ အပျော့အမာကွဲနေပြီဆိုပြီး အတိုက်အခံတွေကြားမှာ အားတက်သူက အားတက်ကြတယ်။ ငါတို့ ဘက်သား

(သူတို့ အထင် )အပျော့ ကလေးတွေကို အမာက မျိုမသွားအောင်ဆိုပြီး ကိုယ့်လူကိုယ် ပြန်ဟန့်သူကဟန့်ကြတယ်။

တကယ်တော့ စစ်တပ်ထဲမှာ အပျော့အမာကွဲနေတယ်ဆိုတာလည်း သူတို့ စစ်တပ်ကပဲ သတင်းလွှင့်ထားတာတွေ ဖြစ်ပါတယ်။


အများဆုံးသတင်းလွှင့်ကြတာကတော့ အပျော့တေလွို့ နာမည်ခံထားကြတဲ့ ရထားဝန်ကြီး ဗိုလ်အောင်မင်းတို့၊ စက်မှုဝန်ကြီး ဗိုလ်သိန်းစိုး

တို့က ဗဟုတို့ သမ္မတ အကြံပေးတို့ ဆိုသူတွေဆီကနေတဆင့် တိုးတိုးတိတ်တိတ် အလံရှူးလုပ်ကြတာ ဖြစ်ပါတယ်။

အပြောင်းအလဲ အစ အမေရိကန်က

စစ်အာဏာရှင်တွေအတွက် မပြောင်းမဖြစ်တဲ့ အခြေအနေကို ရင်ဆိုင်လာရချိန်မှာပဲ သူတို့လိုချင်တဲ့ အပေါ်ယံအပြောင်းအလဲ၊ ဖိနှိပ်မှု

အသွင်သဏ္ဍန်အပြောင်းအလဲကို လုပ်နိုင်မယ့် အခွင့်အလမ်းပေါ်လာတယ်။

သူတို့ အသွင်ပြောင်းချင်တဲ့ အချိန်ဟာ အမေရိကန်က ဆက်မအောင့်နိုင်တော့ဘဲ ပေါ်လစီ ပြောင်းမယ့်ကာလနဲ့ လာတိုက်ဆိုင်နေတယ်။

အဲသလို တိုက်ဆိုင်နေတဲ့ အတွက်လည်း စစ်အစိုးရ အနေနဲ့ သူပြောင်းလဲချင်တဲ့ ပုံစံနဲ့ ပြောင်းလလဲို့ ရနိုင်ဖို့ အသက်ရှူပေါက်

ပွင့်လာတယ်။ ဒါကတော့ သူတို့ စစ်အာဏာရှင်တွေ ကံကောင်းပြီး ပြည်သူတွေ ကံဆိုးတဲ့ အချက်ပါပဲ။


စစ်အစိုးရက ဖိနှိပ်မှု အသွင်ပြောင်းပြီး လူရာဝင်ချင်တဲ့ အချိန်မှာ အမေရိကန်နဲ့ ဥရောပကလည်း တဘက်မှာ စီးပွားပျက်လာတယ်။

သူတို့ အနေနဲ့ အာရှကို ခြေဦးလှည့်ဖို့ စိတ်အားထက်သန်လာတယ်။ ဗမာပြည် ဒီမိုကရေစီ ရတဲ့ အထိ ဆက်မစောင့်နိုင်တော့ဘူး။ သူတို့

ဆက်ပြီး မအောင့်နိုင်ကြတော့ဘူး။ တကယ်တော့လည်း အမေရိကန်ရဲ့ ပေါ်လစီဟာ ဗမာတနိုင်ငံတည်းနဲ့ သက်ဆိုင်တဲ့ ပေါ်လစီ

မဟုတ်ဘူး။ အာရှတခုလုံးနဲ့ သက်ဆိုင်တဲ့ ပေါ်လစီ။ အာရှမှာ တရုတ်လွှမ်းမိုးတာကို တားဆီးပြီး အမေရိကန် ဥရောပ လွှမ်းမိုးနိုင်ရေး

ဆောင်ရွက်မယ့် ပေါ်လစီ။ ဒါ့ကြောင့် ၂၀၀၉ ခုနှစ် အာဆီယံ အစည်းအဝေးမှာ TAC ASEAN's Treaty of Amity and Cooperation

အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန်တို့ လက်မှတ်ရေးထိုးခ့တဲ ယ်။ တချိန်တည်းလိုလိုမှာပဲ

အမေရိကန်ရဲ့ ဗမာဆိုင်ရာ မူဝါဒဟာ ချဉ်းကပ်မှုပေါ်လစီကို ပြောင်းလဲ ကျင့်သုံးတော့မယ်ဆိုတာ ကြေညာလာတယ်။ ဒါဟာ

တရုတ်လွှမ်းမိုးပြီး အရေခွံခွာနေတဲ့ ဗမာနိုင်ငံကို သူတို့ပါဝင်ပြီး နွှာဖို့ ခြေလှမ်းပြင်လာတာလည်း ဖြစ်တယ်။ ဒီ့ထက် အရေးကြီးတဲ့

အချက်က အာရှကို သူတို့ ခြေဦးလှည့်တော့မယ်ဆိုရင် ဗမာကို စိုးမိုးထားဖို့ လိုတယ်ဆိုတဲ့ အချက်ပဲ။ ဗမာပြည်ဟာ ပထဝီ နိုင်ငံရေး အရ

အရေးပါတဲ့ နိုင်ငံ တနိုင်ငံလို့ သူတို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ အချက်ဖြစ်ပါတယ်။


အမေရိကန် သမ္မတ အဆက်ဆက်တို့ရဲ့ ပရောဟိတ်ဆရာကြီးဖြစ်တဲ့ ဇဘစ်နူးဘာဇင်ဆကီ ဆိုသူက ပထဝီနိုင်ငံရေးအရ ယူရေးရှားကို

စိုးမိုးနိုင်တဲ့သူဟာ ကမ္ဘာကို စိုးမိုးနိုင်လိမ့်မယ်လို့ တက်ွချက် ဟောကိန်းထုတ်ပြခဲ့ဖူးတယ်။ (Zbignew Brzezinski ရဲ့ The Grand

Chessboard စာအုပ်ကို ကြည့်ပါ။) အဲဒီတွက်ကိန်းနဲ့ အညီ ယူရေးရှားရဲ့ အသည်းနှလုံးဖြစ်တဲ့ အာဖဂန်နစ္စတန်ဟာ စစ်တလင်း

ဖြစ်ခဲ့တယ်။ အာဖဂန်နစ္စတန်ဟာ အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ဥရောပတို့ရဲ့ အဆက်အစပ် အသည်းနှလုံးမို့ အရေးကြီးတာဖြစ်တယ်။

ဒါဆို ကျွန်တော်တို့ ဗမာပြည်ကရော။ ကမ္ဘာ့အရေးမှာ ပထဝီနိုင်ငံရေး အရ ဗမာဟာ အာဖဂန်နစ္စတန်လောက် အရေးမပါပေမဲ့ အာရှ

အရေးမှာတော့ ဗမာဟာ အရေးပါဆုံး နိုင်ငံတနိုင်ငံပဲ။ ကျွ န်တော်တို့ ဗမာပြည်ဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှရဲ့ အဆက်အစပ်

အသည်းနှလုံးဖြစ်တယ်။ ကမ္ဘာ့နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သလို အစဉ်အလာ ရန်ဘက်တြွေ ဖစ်ကြတဲ့ တရုတ်၊ အိန္ဒိယတို့နဲ့လည်း

ဆက်စပ်နေတယ်။ ဒါ့အပြင် အရှေ့ အလယ်ပိုင်းက ရေနံကို တရုတ်တို့ ရယူနိုင်ဖို့အတကွ် ရေနံကို ပင်လယ်ကနေသယ်ယူပြီး ပိုက်လိုင်းနဲ့

တဆင့်ခံသွယ်ယူနိုင်တဲ့ နေရာဟာလည်း ဗမာပြည်ဖြစ်တယ်။ ဒီလို သေနင်္ဂဗျူဟာ အရ အချက်အချာကျတဲ့ နေရာ အချက်အချာကျတဲ့

နိုင်ငံဟာ တရုတ်ရင်ခွင်မှာ ပျော်ပါးနေတာကို အန်ကယ်ဆမ် (US) က မနာလို မရှုစိမ့်တော့ဘူး။

ဒါ့ကြောင့် အမေရိကန်ဟာ ဗမာကို စိုးမိုးနိုင်ဖို့ သိပ်အရေးကြီးလာတယ်။ ဗမာကို အမေရိကန် စိုးမိုးနိုင်ရေးသည် ပဓာန၊ ဗမာပြည်

ဒီမိုကရေစီ ရမရသည် သာမည ဖြစ်သွားတယ်။


ဒါ့ကြောင့် အမေရိကန် ထိပ်တန်း သံတမန်တွေ မြန်မာနိုင်ငံကို လာရောက်ပြီး အစိုးရနဲ့ ညှိနှိုင်းပြောဆိုခြဲ့ကသလို ဒေါ်အောင်ဆန်းစုကြည်

ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း သူတို့ မူဝါဒပြောင်းတော့မယ်ဆိုတာကို အချက်ပေး ပြောဆိုခဲ့တယ်။

ဘဲအုပ်က တရာ၊ နှစ်ရာ၊ မဗေဒါက တပင်တည်း

NLD ရဲ့ အကြပ်အတည်း

"မင်းတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် ငါတို့ ထောက်ခံခြဲ့ပီးပြီ။ မင်းတို့ အာဏာရအောင် မယူနိုင်ရင်

ငါတို့ကတော့ ဆက်မစောင့်နိုင်တော့ဘူး။ ဗမာစစ်အစိုးရနဲ့ ပေါင်းရတော့မယ်၊ မင်းတို့လည်း ပေါင်းဖို့ ပြင်ပေတော့" လို့ အမေရိကန်က

အချက်ပြလာတယ်။

တချိန်က တရုတ်နိုင်ငံဟာ ပြည်သူချင်းဆက်ဆံရေးကနေ အစိုးရချင်းဆက်ဆံရေး ပေါ်လစီကို ပြောင်းတုန်းကလည်း တရုတ်ဟာ

ဗမာပြည်သူတွေကို မျက်ကွယ်ပြုပြီး၊ စစ်အစိုးရနဲ့ ပေါင်း၊ ဗမာပြည်က သယံဇာတတွေ စုပ်မြိုခဲ့ဖူးတယ်။ အခု အနောက်နိုင်ငံတွေ

စီးပွားပျက်ကပ်ဆိုက် ၊ ပေါ်လစီပြောင်းတော့မယ်ဆိုတော့လည်း ဗမာပြည်သူတေကွို မျက်ကယ်ွပြုပြီး၊ စစ်အစိုးရနဲ့ ပေါင်း၊ ဗမာပြည်ကို

ဂုတ်သွေးစုပ်မြိုဖို့ ပြင်လာပြန်တယ်။ တရုတ်ဟာ ဗမာပြည်သူတေကွို သစ္စာဖောက်ပြီး သူ့တိုင်းပြည် အကျိုးကို သူလုပ်ခဲ့ဖူးသလို၊

အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာလည်း အခု ဗမာပြည်သူတွေကို သစ္စာဖောက်ပြီး သူတို့ အကျိုး အတွက် သူတို့ လုပ်တော့မယ်။

ကဲ..ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘာလုပ်မလဲ။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကို ဝင်ဖို့၊ ပါတီထောင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ အမေရိကန်က

ဖိအားပေးလာတယ်။NLD ပါတီမထောင် ရွေးကောက်ပွဲ မဝင်ရင် NLD ကို ရာဇဝင်ထဲမှာ ထားရစ်ခြဲ့ပီး၊ အမေရိကန်၊ အနောက်နိုင်ငံ

တွေနဲ့ စစ်အစိုးရတို့ ပူးပေါင်းကြတော့မယ်လို့ ဖိအားပေးလာတယ်။ အစိုးရဘက်ကိုလည်း NLD ကို သိက္ခာရှိရှိနဲ့ ရေွး ကောက်ပွဲ

ဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ အမေရိကန်ပဲ ကြားဝင်ညှိနှိုင်းပေးခ့တဲ ယ်။ NLD နဲ့ စစ်အစိုးရကို အမေရိကန်တို့ အောင်သွယ်ပေးခ့တဲ ယ်။

ဒါပေမဲ့ NLD ကိုသာ အမေရိကန်တို့ ဖိအားပေးနိုင်ခြဲ့ ပီး စစ်အစိုးရကိုတော့ အမေရိကန်တို့ ဖိအားမပေးနိုင်ခ့ဘဲူး။ အခွင့်အရေးပြပြီး

မြူဆွယ် ဖျားယောင်းတာမျိုးလောက်ကိုပဲ အလန်ွဆုံးလုပ်နိုင်ခဲ့တယ်။


ဒါ့ကြောင့်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်အစိုးရက ပြင်ပေး၊ ဖွင့်ပေးတဲ့ အခါ စိတ်မပါ လက်မပါနဲ့ ထိန်းသိမ်း

စောင့်ရှောက် ဆိုတဲ့အစား၊ လေးစားလိုက်နာလောက်ပဲ မပြောင်းချင်၊ ပြောင်းချင် ပြောင်းပေးခဲ့တယ်။ ကြားဖြတ် ရေွး ကောက်ပမွှဲာ

မဝင်မနေရ ဆိုပြီး ထပ်ပြီးတောင် ကြပ်လိုက်သေးတယ်။ ဒါပေမဲ့ NLD မှတ်ပုံတင်နိုင်အောင် ထောင်ကျနေတ့သဲူ ပါတီက ထုတ်ပေးရမယ်

ဆိုတဲ့ စည်းကမ်းချက်ကိုတော့ ပြင်ပေးခဲ့တယ်။


အမေရိကန် စေ့စပ်ရေးကြောင့် ဗမာ့နိုင်ငံရေး ရေ့သွားတယ်။ ဒါပေမဲ့ ကောင်းတဲ့ အရြေွ့ဖစ်မလာဘူး။ ဘာ့ကြောင့်ဖြစ်မလာသလဲ

ဆိုတော့ အမေရိကန်ရဲ့ စေ့စပ်ရေးဟာ မမျှတလို့။ စစ်အစိုးရကို ချော့ပြီး NLD ကို အကြပ်ကိုင်တဲ့ စေ့စပ်ရေးဖြစ်နေလို့ပဲ။

တဘက်မှာ NLD ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ကြည့်ရအောင်။

NLD ဟာ ပြည်သူလူထုရဲ့ အားကို ဘယ်တုန်းကမှ လေးလေးနက်နက် မယုံကြည်ဘူး။ NLD ဟာ ၈၈ လူထုလှုပ်ရှားမှုကြီးကနေ

ပေါက်ဖွား ပေါ်ထွက်လာတာမှန်ပေမဲ့ လူထုလှုပ်ရှားမှုကို မယုံကြည်ဘူး။ လူထုလှုပ်ရှားမှုကို ဘယ်တုန်းကမှ ဦးမဆောင်ဘူး။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဟာလည်း လူထုလှုပ်ရှားမှုထမှဲာ ဘယ်တုန်းကမှ တခါမှ မပါဝင်ခ့ဖဲူးဘူး။ ဒါတင်မက လူထုရှေ့ကနေ

ဦးဆောင်ပြီး ချီတက်ဆန္ဒပြရဲပုံလည်း မရဘူး။ ( ၈၉ ခု ဇူလိုင် ၁၉ အဖြစ်အပျက်ကို ပြန်ကြည့်ပါ။) NLD နဲ့ ဒေါ်အောင်ဆန်းစု ကြည်

အားကိုးတာဟာ အနောက်နိုင်ငံတွေသာဖြစ်တယ်။ အနောက်နိုင်ငံတွေရဲ့ ဖိအားသာဖြစ်တယ်။ အနောက်နိုင်ငံတေကွ ပိတ်ဆို့ ပေးနေတဲ့

ဆန်ရှင်ကိုသာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သေနင်္ဂဗျူဟာ ဟာ မီဒီယာကို အသုံးပြုပြီး နိုင်ငံတကာဖိအား နဲ့

စစ်အစိုးရကို ပြုပြင်ပြောင်းလဲရေးသာဖြစ်တယ်။


ဒီတော့ သူအားကိုးတဲ့ အနောက်နိုင်ငံတွေဟာ သူ့ကို ပစ်ပြီး စစ်အစိုးရနဲ့ ပြန်ပေါင်းထုတ်တော့မယ်ဆိုတာ ရိပ်မိလာတဲ့အခါ

ဒေါ်စုပြာသွားတယ်။ လူထုလှုပ်ရှားမှုကို မယုံကြည်တဲ့ ဒေါ်စုမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ တခြားလုပ်တတ်တာလည်း

မရှိတော့ဘူး။ ဒေါ်စု နိုင်ငံရေး သွေးဆုံးသွားတယ်။ နောက်ဆုံးတော့ စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာနမ်းရုံမှတပါး ဒေါ်စုမှာ

တခြားလုပ်စရာ ဘာမှ မရှိတော့ဘူး။

ဒီလိုနဲ့ ၂၀၁၀ မှာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပကွဲို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တဲ့ NLD ဟာ အခုတော့ ဘာမဟုတ်တဲ့ ကြားဖြတ်

ရွေးကောက်ပွဲကို အောက်ကြေးနဲ့ ဝင်ဖို့ ပြင်လိုက်ရတယ်။ မောင်မောင်ခေါ်လို့ ဗျာမထူးခဲ့တဲ့ NLD ဟာ အောင်ကျော်ခေါ်တော့မှ

ဘုရားထူးရပါတော့မယ်။


ဒါ့ကြောင့်လည်း အစိုးရ အဖွဲ့ဝင်မဟုတ်ဘဲ လွှတ်တော်နာယကသာဖြစ်တဲ့ ခင်အောင်မြင့်က စိတ်မပါလက်မပါ ၉၀ ရလဒ်ကို

အသိအမှတ်ပြုပါတယ် တခွန်းပြောရုံလေးနဲ့ ဒါလောက်ဆိုရပါပြီ၊ ကျမတို့ ကျေနပ်ပါပြီဆိုပြီး ဒေါ်စုဟာ ပြာပြာသလနဲ့ဲ ၉၀ ရလဒ်ကို

စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၉၀ ရလဒ်ကို ဘာ့ကြောင့် ဒီလောက် ဈေးပေါပေါနဲ့ ထုတ်ရောင်းလိုက်သလဲ။

ဘာ့ကြောင့် ဒီလောက်တန်ဖိုးရှိတဲ့ ပစ္စည်းကို ဈေးမကိုင်ရဲ ဈေးမဆစ်ရဲသလဲ။ ရှင်းပါတယ်။ ဒေါ်စု သိပ်ဗိုက်နာနေလို့ပါ။ အမေရိကန်

မရှိရင် ဘာမှ မလုပ်တတ်လို့ပါ။ ဒါ့ကြောင့်လည်း တနိုင်ငံလုံးလူထုက အပ်နှင်းထားတဲ့ သမိုင်းဝင် ၉၀ ရလဒ်ကို ပါတီတခုလုံး ရဲ့

သဘောထား၊ ပြည်သူလူထုရဲ့ သဘောထားကို တခွန်းတပါဒမှ မရယူပဲ ကိုယ်ပိုင် ပစ္စည်းကို လူပေးသလို ပေးပစ်ခဲ့တာပါ။ ဒီလိုနဲ့

တနိုင်ငံလုံး ပြည်သူတွေ ယုံကြည်ကိုးစား အပ်နှင်းခ့တဲ့ဲ ၉၀ ရလဒ်ဟာ ထဘီဟောင်းတထည်ကို စနွ့်ပစ်သလို စနွ့်ပစ်တာခံခဲ့ရတာ

ဖြစ်ပါတယ်။


ဒီမိုကရေစီ အရေးလား၊ ကော်ပိုရေးရှင်းကြီးတွေ အရေးလား


နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာအောင် ဗမာ့အရေးလှုပ်ရှားသူ၊ ဒီမိုကရေစီအရေး လှုပ်ရှား သူတေကွို ထောက်ပံ့ပြီး အမေရိကန်နဲ့

ဥရောပနိုင်ငံတွေက ရင်းနှီးမြုပ်နှံခဲ့ကြတယ်။ ဒီမိုကရေစီ အရေး လှုပ်ရှားသူဆိုသူတွေကို ခေါ်ပြီး အမေရိကန် ပုံစံ တွေးခေါ်ပုံ

တွေးခေါ်နည်းကို သင်ပေးခဲ့တယ်။ အခုအမေရိကန်က ဗမာပြည်ကို ဝင်ပြီး စစ်အစိုးရနဲ့ ပြန်ပေါင်းထုတ်ချင်တဲ့ အချိန်မှာ

ဗမာအသားအရေရှိပြီး အမေရိကန် ဥရောပ အတေွး အခေါ်ရှိတဲ့ အဲဒီလူတေဟွာ အသုံးဝင်လာတယ်။ အဲဒါကတော့ ဗဟုတွေပဲ။

သာမန်အားဖြင့် ဗမာစစ်အာဏာရှင်တွေဟာ ဘာမှ မဟုတ်တဲ့ ဗဟုလို ငမျောက်၊ ငခြောက်တေကွို အရေးလုပ်နေရိုး ထုံးစံမရှိဘူး။

စစ်အာဏာရှင်တွေဟာ နိုင်ငံခြားသားကို မုန်းလနွ်းလို့ ဗိုလ်ခင်ညွန့်တောင် နိုင်ငံခြားသူနဲ့ လက်ထပ်ထားတ့သဲားကို

အမွေပြတ်ကြေညာရဖူးတယ်။


အခု နိုင်ငံခြားသူတေနွ့ဲ လက်ထပ်ထားသူတချို့ ပါဝင်တဲ့ ဗဟုတွေ ၊ တချိန်က သူတို့ကို ဆန့်ကျင်ခ့ဖဲူးတဲ့

အဲဒီဗဟုတွေကို သူတို့ အနေနဲ့ အရေးလုပ် စကားပြောနေတာဟာ အမေရိကန် မျက်နှာကြည့်ပြီး ပြောနေတာ ဖြစ်တယ်။

ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်မှာ အမေရိကန် ထောက်ခံမှုရခဲ့တဲ့ ဗဟုတွေကတော့ အမေရိကန်ကို ဒီမိုကရေစီ သူရဲကောင်းကြီးလို့ 

မှတ်ထင်ထားခဲ့ကြတယ်။ တကယ်တော့ အမေရိကန်တွေရဲ့ မပြောင်းမလဲတဲ့ တသမတ်တည်း ပေါ်လစီဟာ ဒီမိုကရေစီ မဟုတ်ဘူး၊

အရင်းရှင် ကော်ပိုရေးရှင်းကြီး တွေရဲ့ အကျိုးစီးပွားကို ကာကယ်ွစောင့်ရှောက်တဲ့ ပေါ်လစီပါပဲ။ အမေရိကန် သမ္မတနဲ့ ဆီးနိတ်အမတ်

တွေဆိုတာကလည်း အားလုံးဟာ အဲဒီ ကော်ပိုရေးရှင်းကြီးတွေမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံ ထားကြ သူတွေချည့်ပဲ။

ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ပေါ်လစီကတော့ တသမတ်တည်း မဟုတ်ကြောင်း၊ အကြိမ်ကြိမ်အခါခါ

ရှေ့နောက်မညီခဲ့တာတွေရှိကြောင်း သက်သေ အထောက်အထားတွေ အများအပြားရှိခ့တဲ ယ်။


အမေရိကန်ဟာ

ကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ အခါ ဒီမိုကရေစီကို ထောက်ခံတယ်။ အဲဒီကော်ပိုရေးရှင်းကြီးတွေရဲ့

အကျိုးစီးပွားက အာဏာရှင်တွေနဲ့မှ ကိုက်ညီတဲ့ အခါမှာတော့ အာဏာရှင်တွေနဲ့ ပေါင်းလိုက်တာပဲ။ အဲသလို အထောက်အထားတွေ

အများကြီးရှိခဲ့ ရှိနေတုန်းပဲ။ လယ်သမား အလုပ်သမား ငါးသိန်းကျော်ကို ကွန်မြူနစ်တံဆိပ်ကပ်ပြီး သတ်ခ့တဲ့ဲ အာဏာရှင် ဆူဟာတို

အစိုးရကို ကျောထောက်နောက်ခံပေးခဲ့တာဟာ အမေ ရိကန်ပဲ။ ဒီနေ့ ကမ္ဘာမှာ အဖောက်ပြန်ဆုံး အာဏာရှင်နိုင်ငံဖြစ်တဲ့

ဆော်ဒီအာရေဗျကို ထောက်ခံမှု အပြည့်ပေးနေတာ ဟာလည်း အမေရိကန်ပါပ။ဲ ဆဒန်ဟူစိန်ကို တချိန်ကထောက်ခံခဲ့တာ၊ အီဂျစ်

အာဏာရှင် ဟော်စနီ မူဘာရက်ကို အာရပ်နွေဦးမတိုင်ခင်အထိ တလျောက်လုံး ထောက်ပံ့ပေးနေခဲ့ တာလည်း အမေရိကန်ပဲ။

အတိတ်ကာလမှာ တာလီဘန်ကို ထောက်ပံ့ကူညီခ့တဲာလည်း အမေရိကန်ပဲ။ အယ်လ်ခိုင်းဒါး အဖွဲ့ကို မေွးထုတ် လေ့ကျင့်

ပေးခဲ့တာလည်း တခြားမဟုတ်၊ အမေရိကန်ပါပဲ။


ဒီတော့ ယေဘုယျသဘောကို ပြောရရင် နိုင်ငံကြီးတေဟွာ သူတို့ အကျိုးရှိရင် ဘယ်သူမှ အာဏာရှင်နဲ့ ပေါင်းဖို့ ဝန်မလေးဘူး။

ဗမာပြည်သူတွေကို သစ္စာဖောက်ဖို့လည်း ဝန်လေးမှာ မဟုတ်ဘူးဆိုတာပဲ။

အမေရိကန်ရော တရုတ်ရော နှစ်နိုင်ငံစလုံးဟာ ကမ္ဘာလှည့်ပြီး သူတို့ကိုယ်ကျိုးရှာကြတဲ့ အခါ ဘယ်သူမှ သက်ဆိုင်ရာ နိုင်ငံက

ပြည်သူတွေအကျိုးကို တချက်မှ ငဲ့ကွက်ကြည့်တာ မဟုတ်ဘူး။ အနောက်နိုင်ငံ ကော်ပိုရေးရှင်းကြီးတွေ ဖြစ်ကြတဲ့ ရလှဲ် က

နိုက်ဂျီးရီးယားမှာ၊ ယူနီယံကာဘိုက်က အိန္ဒိယ ဘိုပါးလ်မှာ၊ တိုတယ်ဖီနာက ပြင်သစ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး

ချိုးဖောက်ဖျက်ဆီးမှုတွေဆိုတာကလည်း ကမ္ဘာကျော်ပဲ။ တရုတ်နိုင်ငံထကဲ ကျောက်မီးသေွးတွင်းတွေရဲ့ အလုပ်သမားတွေ အပေါ်

လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာကလည်း ကမ္ဘာကျော်ပဲ။ ဒါပေမဲ့ အမေရိကန်က ပိုဆိုးတယ်။ အမေရိကန်ဟာ နိုင်ငံတကာကို

လက်နက်နဲ့ ကျူးကျော်ဖျက်ဆီးခဲ့တာ မရေတွက်နိုင်လောက်အောင် များတယ်။ တရုတ်မှာ အဲသလို လက်နက်နဲ့ ကျူးကျော်တဲ့

လုပ်ရပ်မျိုး ဒီနေ့အထိ မရှိသေးဘူး။ ဒီနေရာမှာ တရုတ်က အမေရိကန်နဲ့ စာရင်တော်သေးတယ်။ (ဒါပေမဲ့ နောင်မှာ တရုတ်လည်း ဒါမျိုး

ရှိမလာလို့တော့ အာမမခံနိုင်။ နောင်မှာ တရုတ်စစ်ရေးအင်အား ကြီးလာတဲ့ အခါ ဘာဖြစ်လာမယ်ဆိုတာ ကြိုမပြောနိုင်။)

အပြောင်းအလဲကို ဒီလိုမောင်းနှင်ခဲ့ကြတယ်….

.

ဒီမိုကရေစီဆိုတာ အရင်းရှင်စနစ်ကို ပြောတာမဟုတ်


ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီ အစစ်အမှန်ကို လိုချင်တယ်ဆိုရင် ကိုယ့်ဖာသာ လုပ်ယူရမှာပဲ။ ပြည်ပကို အားကိုးလို့

မရသလို NLD တခုတည်းကို ပုံအပ်ထားလို့လည်း မဖြစ်တော့ဘူး။ ဗမာပြည်သူတွေအတကွ် စစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တယ်ဆိုရင်

အလုပ်သမားလယ်သမားအရေးကို အကာအကယ်ွပေးဖို့ သိပ်အရေးကြီးတယ်။ အလုပ်သမား၊ လယ်သမားကို အကာအကယ်ွမပေးဘနဲ့ဲ

ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်မရပ်ဘဲ ဒီမိုကရေစီ မဖြစ်နိုင်ဘူး။ ဒါဟာ ဗမာပြည်ရဲ့ ဘဝပေးအခြေအနေပဲ။

ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာဟာ အလုပ်သမား၊ လယ်သမားတွေ အားလုံးခံစားခွင့် ရှိမယ့် ဒီမိုကရေစီ ဖြစ်ရမယ်။

တိုင်းရင်းသားတွေ အားလုံးခံစားခွင့်ရှိမယ့် ဒီမိုကရေစီ ဖြစ်ရမယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ မပါတဲ့ ခရိုနီ

ဒီမိုကရေစီဆိုတာဟာ ဒီမိုကရေစီ မမည်ဘူး။ ဒီမိုကရေစီဆိုတာဟာ အများပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်စားပြု ရလိမ့်မယ်။

အရင်းရှင်စနစ်ဟာ ဒီမိုကရေစီ မဟုတ်ဘူး။ အရင်းရှင် ဒီမိုကရေစီ ဆိုတာဟာ ဒီမိုကရေစီ မဟုတ်ဘူး။


ဒါပေမဲ့ စစ်အာဏာရှင်နဲ့ NLD တို့လက်တွဲပူးပေါင်းပြီး စစ်တပ်စိုးမိုးတဲ့ အရင်းရှင် အာဏာရှင်စနစ်သစ်ဆီ ဦးတည်သွားဖို့ လိုလားနေသူ

မျှော်မှန်းနေသူတွေလည်း အများအပြားရှိကြတယ်။ အခုဆိုရင်ပဲ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာမယ်ထင်ပြီး ခရိုနီတွေဟာ

ဒေါ်အောင်ဆန်းစုကြည်ကို ကပ်လာတာတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကပ်ခံတာကို မြင်နေရတယ်။

အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ် အလိုတော်ရိလုပ်သူတွေဟာ ဂျပန်ခေတ်ရောက်တော့ ဂျပန်ကို ပြေးကပ်ပြီး ဂျပန်စကားပြန်လုပ်တဲ့

အလုပ်မျိုးကို အခုလည်း ငို့ဘသမားတွေ လုပ်လာကြတာ မြင်လာရတယ်။ အရင်က အဘ၊ အဘ နဲ့ မရှက်မကြောက်ဖားခ့သဲူတွေဟာ

အခုလည်း အမ၊ အမနဲ့ မရှက်မကြောက်ထဘီနားဆွဲရမှာကို ဝန်မလေးကြဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံစည်းရိုးကို ဘယ်

ခရိုနီက ကာပေးလိုက်တယ်ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ဆင်းဖို့ လေယာဉ်စင်းလုံးငှားပေးတယ်ဆိုတာမျိုး၊

ဒေါ်အောင်ဆန်းစုကြည်ကို သိန်းဘယ်နှဆယ်တန် ထဘီလက်ဆောင်ပေးတယ် ဆိုတာမျိုးတွေကို ကြားလာရတယ်။ ကျွန်တော်

သူဌေးမောင်ဘယ်သူဟာ အခုမှ မဟုတ်၊ ဘယ်တုန်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့ခဲ့ဖူးပါတယ်ဆိုတဲ့ အပြောမျိုးတွေ

ပြောလာကြသူတွေကိုလည်း ကြားရရဲ့။ ဒါမျိုးတေဟွာ ဒေါ်စုနောက်အစိုးရဖြစ်လာရင် ခရိုနီလုပ်ချင်သူတွေရဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ

စီးပွားရေးပညာ တတ်ဖို့တောင်မလိုပါဘူး၊ ရန်ကုန်မှာ အိမ်ပွဲစား၊ ကားပွဲစားလောက်လုပ်ဖူးသူတွေတောင် နောကြေနေအောင်

နားလည်ပါတယ်။


စစ်အစိုးရဘက်ကတော့ သူတို့ချည်း စားသောက်နေရာက၊ NLD ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ NLD ခရိုနီသစ်တေကွိုပါ နည်းနည်းပါးပါး

ခွဲဝေမျှပြီး ကျွေးလိုက်ရင် သူတို့ရဲ့ အာဏာသစ်ဟာ နှစ်ပေါင်း ငါးဆယ် တရာ ဆက်လက်တည်မြဲနိုင်မယ်လို့ မျှော်လင့်ထားကြပုံရ

ပါတယ်။ NLD ဟာ စစ်အစိုးရဘက်က လုပ်လာမယ့် အဲဒီ အပေးအယူမျိုးကို သဘောတူမတူ၊ လက်ခံမခံဆိုတာကိုတော့ အချိန်နည်း

နည်းယူပြီး ဆက်ပြီးစောင့်ကြည့်ရဖို့ ရှိပါတယ်။ ဒါပေမဲ့ အဲသလို အလားအလာမျိုးဆီ ဦးတည်နေတဲ့ ရှေ့ပြေးအရိပ်လက္ခ ဏာ

တချို့ကိုတော့ ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ NLD ဟာ ဒီမိုကရေစီပါတီအဖြစ်ကနေ အခွင့်ထူးခံပါတီတခု ဖြစ်သွားမသွားဆိုတာ

ပြည်သူတွေရဲ့ ဖိအား၊ ပြည်သူတွေရဲ့ ထိန်းကျောင်းမှု အပေါ်မှာလည်း အများကြီးမူတည်သလို၊ NLD မှာ နောက်မျိုးဆက်ခေါင်းဆောင်

ကောင်း ထွက်လာမလာဆိုတဲ့ အချက်ပေါ်လည်း မူတည်ပါတယ်။


ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာ ပြည်သူ့လက်ထဲမှာ အာဏာရလာဖို့၊ လွတ်လပ်ခွင့်တွေ ရလာဖို့ ၊ ပြည်သူတွေ စားဝတ်နေရေး

ချောင်လည်ဖို့ ဖြစ်တယ်။


ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီဟာ နှောင်ကြိုးမဲ့ အရင်းရှင်စနစ် unfettered capitalism မဟုတ်ဘူး။ အများပြည်သူကို

လွတ်လွတ်လပ်လပ်ကြီး မတရား သွေးစုပ်ခိုင်းစေနိုင်တဲ့စနစ်ကို ကျွန်တော်တို့ လိုလားတာမဟုတ်ဘူး။ အဲသလို ဒီမိုကရေစီမျိုး

ထွန်းကားလာရင် စစ်အစိုးရနဲ့ ပေါင်းတဲ့ ခရိုနီကြီးတွေ၊ အတိုက်အခံNLDကို ကပ်ဖားရပ်ဖားလုပ်နေတဲ့ ခရိုနီဟောင်း၊

ခရိုနီသစ်တွေလောက်ပဲ အကျိုးရှိပြီး အများစု ပြည်သူကြီးက လည်စင်းပေးရလိမ့်မယ်။

စစ်ကျွန်ဘဝမှ နင်းပြားဘဝသို့ သွားမည်လော

ကမ္ဘာမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ ကမ္ဘာ့ဘဏ် World Bank တို့ရဲ့ ဆောင်ရက်ွချက်တေကွို လူထုကိုယ်စားပြုတဲ့

သူတွေက ဆန့်ကျင် ဝေဖန်နေကြတယ်။ ဆီယယ်တလဲ် လှုပ်ရှားမှု အပါအဝင် Wold Bank, IMF, WTO တို့ကို ဆန့်ကျင်ကန့်ကက်ွတဲ့

ဆန္ဒပြပွဲ တွေ၊ G8၊ G20 ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ သိမ်းပိုက်ရေး (occupy) လှုပ်ရှားမှုတွေကို ကြည့်ပါ။ ကျွန်တော်တို့ဆီမှာတော့

အစိုးရကရော၊ အတိုက်အခံကပါ IMF နဲ့ World Bank တို့ဆီက အကူအညီရရေးကို အရူးအမူးတောင်းဆိုနေကြပါတယ်။ ဒီတော့

အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်ပါသလဲ။


တကယ်တော့ IMF ၊ World Bank ရဲ့အကူအညီကို မယူရမဟုတ်။ ယူနိုင်ပါတယ်။ ဒါပေမဲ့ မူရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ်

ကာကွယ်ထားနိုင်ဖို့ လိုတယ်။ ကိုယ့်နိုင်ငံက အလုပ်သမား၊ လယ်သမားတွေ ကို အကာအကယ်ွပေးဖို့လိုတယ်။ အကာအကယ်ွပေးတဲ့

ဥပဒေတွေ ပြဌာန်းထားဖို့ လိုပါတယ်။ ဘာ့ကြောင့် IMF ၊ World Bank ရောက်လာရင်၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေရောက်လာရင် အလုပ်

သမား၊ လယ်သမားကို အကာအကွယ်ပေးဖို့ လိုသလဲဆိုတော့ IMF ၊ World Bank ဟာ လယ်သမားနဲ့ အလုပ်သမားတွေ

ဒုက္ခရောက်သွားစေနိုင်တဲ့ စီးပွားရေး မူဝါဒအပြောင်း အလဲတွေ လုပ်ဖို့ရာ အစိုးရကို အကြပ်ကိုင်တတ်လို့ပါ။ အဲသလို အကြပ်ကိုင်ခ့ဖဲူးတဲ့

အစဉ်အလာတွေ ရှိခဲ့လို့ပါ။


IMF ၊ World Bank ဟာ သူတို့ ငွေကို ထုတ်ချေးတော့မယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံရဲ့ စီးပွားရေးကို သူတို့ လိုသလို ပြောင်းခိုင်းတယ်။

သူတို့ ကော်ပိုရေးရှင်းကြီးတွေရဲ့ ပစ္စည်းတွေကို အဟန့်အတား မရှိ ရောင်းချနိုင်အောင် စာချုပ်ချုပ်တယ်။ သူတို့ ဝယ်ချင်တဲ့ ပစ္စည်းကို

အကန့်အသတ်မရှိ ဝယ်လို့ရအောင် စာချုပ်ချုပ်တယ်။ အဲဒီတိုင်းပြည်မှာ လုပ်ခဈေးချိုအောင် ဖန်တီးတယ်။ အလုပ်သမားအင်အား

တိုးပွား လာအောင်လုပ်တယ်။ လယ်သမားတွေ အလုပ်သမားဖြစ်ကုန်အောင်လုပ်တယ်။ လယ်မြေတွေ ကုမ္ပဏီတွေလက်ထဲ

ရောက်သွားအောင်လုပ်တယ်။ IMF ၊ World Bank ရောက်လာပြီးတဲ့ နောက် ဖံြွ့ ဖိုးဆဲ နိုင်ငံတေမွှာ လယ်သမားတွေ၊ အလုပ်သမားတွေ

အတိဒုက္ခရောက် သွားကြတဲ့ နမူနာတွေ ရှေ့မှာ အများကြီး။ ဘရာဇီး၊ အာဂျင်တီးနား၊ အီရတ်၊ ရဝမ်ဒါ၊ အင်ဒိုနီးရှားတို့မှာ Unholy

Trinity လို့ ခေါ်တဲ့ IMF ၊ World Bank၊ WTO ( World Trade Organization ) တို့ တက်ညီလက်ညီ ပူးပေါင်းပြီး ဘယ်လို

ဒုက္ခပေးခဲ့ကြတယ်ဆိုတာကို လေ့လာ ကြဖို့ သင့်ပါတယ်။

IMF ၊ World Bank ဆိုတာဟာ ဒီမိုကရေစီ မကျတဲ့ အဖ့အွဲ စည်းပါ။ ဥရောပနဲ့ အမေရိကန်က ဗိုလ်ကျစိုးမိုးထားတဲ့ အဖ့အွဲ စည်း၊

ဒီမိုကရေစီနည်းနဲ့ တနိုင်ငံတမဲ မဲခွဲခွင့် မရှိတဲ့ အဖ့အွဲ စည်း၊ လက်တဆုပ်စာ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီး တွေရဲ့ အကျိုးစီးပွားကိုပဲ

ကြည့်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။


ဒီတော့ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများဟာ အလုပ်သမားအရေး၊ လယ်သမားအရေးကို ဘယ်လောက်များ

အကာအကွယ်ပေးကြပါသလဲ။


အခု နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာဖို့ မျှော်လင့်နေကြတဲ့ အချိန်မှာလည်း NLD လို ဒီမိုကရေစီ ရည်မှန်းချက်ထားရှိတဲ့

ပါတီမျိုးကတောင် ရင်းနှီးမြုပ်နှံမယ့်သူတွေကို အကာအကွယ်ပေးမယ့် ရင်းနှီးမြုပ်နှံမှု ဥပဒေထားရှိပေးဖို့ကိုသာ တောင်းဆိုပြီး၊

အလုပ်သမား အခွင့်အရေး ကာကွယ်ပေးတဲ့ ဥပဒေမျိုး ထားရှိဖို့ တောင်းဆိုတာမျိုး မတေ့ရွ ဘူး။ တိုင်ယီ အလုပ်သမားအရေး

လိုဟာမျိုးမှာလည်း ဘာတခုမှ ဝင်မပြော၊ ဝင်မပါဘဲ ကိုယ်နဲ့ မဆိုင်သလို ရေငုံနှုတ်ပိတ်နေတာမျိုးကိုပဲ တွေ့ရတယ်။ တိုင်ယီအရေးဟာ

အလုပ်သမား အရေးပါ။ ဗမာနိုင်ငံလို နိုင်ငံမျိုးမှာ အလုပ်သမား ပြဿနာ၊ လယ်သမားပြဿနာဆိုတာဟာ တနိုင်ငံလုံး ပြည်သူတွေရဲ့

အနာဂတ်နဲ့ ဆိုင်တဲ့ ရှေ့ပြေးပြဿနာဖြစ်တယ်။ ကြိုတင်ပြသတဲ့ နိုင်ငံရေး အတိတ်နိမိတ်ဖြစ်တယ်။ ဒါဟာ အေသးအဖျဲြပႆနာ

မဟုတ်ဘူးဆိုတာကို ဗမာ့နိုင်ငံရေး မှာ ခြေမြှောက် လက်မြှောက်လောက် ပါဖူးသူတောင် သိကြပါတယ်။

မကြာခင်က လယ်ယာမြေဥပဒေ ပြဌာန်းသွားခဲ့တယ်။ တောင်သူလယ်သမားတွေက မကွေးစစ္စရံညီလာခံ၊ ဟင်္သာတ သပြုအိုင်ညီလာခံ

တွေလုပ်ပြီး အကြိမ်ကြိမ်ကန့်ကွက်ခဲ့တဲ့ကြားက ပြဌာန်းသွားခ့တဲ့ဲ ဥပဒေပါ။ ကျွန်တော်တို့ကို ပြည်သူကရေွး ကောက်ထားတာပါလို့ မရှက်

မကြောက် အကြိမ်ကြိမ်ပြောင်ညာရဲကြတဲ့ ၂၀၁၀ မဲခိုး ကြံ့ဖတ်ွအမတ်တေဟွာ အဲဒီလယ်သမားတွေရဲ့ အသံကို တချက်မှ အရေးမလုပ်ခဲ့

ကြဘူး။ တတိယအကြိမ်ပြုလုပ်မယ့် ကြို့ပင်ကောက်ညီလာခံကိုတောင် အာဏာသုံးပြီး တားခ့တဲ ယ်။ ဒီကိစ္စကိုလည်း ကျွ န်တော်တို့ရဲ့

ဒီမိုကရေစီ ခေါင်းဆောင်ကြီးတွေ နှာစေးခဲ့ပြန်တယ်။ သမ္မတကြီးစိတ်ဆိုးမှာ ကြောက်ကြပြန်သလား မပြောတတ်၊ လယ်သမားအရေးကို

လျစ်လျူရှုခဲ့တယ်။


ဒီလိုနည်းနဲ့ ကိုယ့်လယ်မြေကိုယ်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ ကြိုက်တဲ့ သီးနှံစိုက်ပျိုးခွင့်မရှိတဲ့ လယ်ယာမြေဥပဒေ၊ စီမံကိန်းသီးနှံ

စိုက်ရဦးမယ့် လယ်ယာမြေဥပဒေ၊ စစ်တပ်နဲ့ အစိုးရက လယ်သိမ်းပိုင်ခွင့်ရှိတဲ့ လယ်ယာမြေဥပဒေဟာ လယ်သမားတွေ ကန့်ကွက်တဲ့

ကြားထဲက အတည်ဖြစ်သွားခဲ့ပြန်တယ်။ လယ်သမားတေကွ န့်ကက်ွတြဲ့ကားက ပြည်သူ့လွှတ်တော်က အတည်ပြုသတ့။ဲ ဒါလား..

ပြည်သူ့လွှတ်တော်။ ဒီလိုနာမည်မျိုးကို မရှက်မကြောက် မှည့်မှမှည့်ရဲကြပလေ။

စစ်အစိုးရကတော့ အလုပ်သမား၊ လယ်သမားတွေ ထိခိုက်မယ့် ကိစ္စမျိုးကို IMF ၊ World Bank ကပြင်ခိုင်း လုပ်ခိုင်းရင် လုပ်မှာပဲ။

တသက်လုံး အလုပ်သမားအကျိုး ၊ လယ်သမား အကျိုး မကြည့်ခ့တဲ့ဲ စစ်အစိုးရဟာ အခုအချိန်ကျမှ ဘာမှ အကာအကယ်ွပေးနေမှာ

မဟုတ်ဘူးဆိုတာ သိပ်သေချာတယ်။ သူတို့က IMF ၊ World Bank ကိုသိပ်လိုလားတာကိုး။ ဘာ့ကြောင့်သိပ်လိုလား သလဲဆိုတော့

အစိုးရနဲ့ သူတို့ရဲ့ ပုလင်းတူဗူးဆို့ ခရိုနီတွေ အတကွ် သိပ်အကျိုးရှိမယ့် အချက်ဖြစ်လို့။ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေရဲ့ အကျိုးကို

ကြည့်တဲ့ IMF ၊ World Bank ရဲ့ မူဟာ ဗမာခရိုနီတွေရဲ့ အကြိုက်နဲ့ ကွက်တိဖြစ်နေလို့ပဲ။ IMF ၊ World Bank ရောက်လာပြီးနောက်မှာ

ဒေသခံ ခရိုနီတွေ ကမ္ဘာကျော် ဘီလျံနာ၊ မီလျံနာကြီးတွေ ဖြစ်သွားကြတဲ့ အစဉ်အလာဟောင်းတေကွိုလည်း သူတို့ သိကြပြီးသား။ IMF ၊

World Bank တို့ရောက်လာပြီးနောက်မှာ ပြည်တွင်းကခရိုနီတေနွ့ဲ ပြည်ပက နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းကြီးတွေ အတူတကွ

ချမ်းသာသထက် ချမ်းသာ သွားကြတာကလည်း ထုံးစံပဲ။ ဒါတွေကို သူတို့ သိပြီးသား။ တကယ်တန်း ဒုက္ခရောက်ကြမယ့်သူတွေကတော့

အလုပ်သမား၊ လယ်သမားအပါအဝင်ဖြစ်တဲ့ လူများစုပြည်သူကြီးပါ။ ၉၉% ပါ။ လယ်သမားတွေ လယ်မြေတွေ ဆုံးရှုံးပြီး

လက်ခစားအလုပ်သမားတွေ ဖြစ်ကုန်ကြတာကိုပဲ အလုပ်အကိုင်ရှာဖွေပေးနိုင်တယ်လို့ သူတို့ အမြဲ ကြွားဝါကြပါတယ်။ လုပ်ခဈေးချိုလို့

အလုပ်သမားတွေပေါပေါရှိတဲ့နေရာကို စက်ရုံတွေရောက်လာပြီး ညှင်းပန်းခိုင်းစေကြတာကိုပဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ

တိုးတက်အောင်လုပ် ပေးနိုင်ခဲ့တယ်လို့ အမြဲ ကြွေးကြော်ပါတယ်။ တကယ်တန်းမှာ အလုပ်သမားတွေဟာ အလုပ်ပိုလုပ်လာရတာပဲ

ရှိတယ်။ ဘဝက ဘာမှ တိုးတက်မလာကြဘူး။ အလုပ်ပဲ ပိုရလာတယ်၊ ဝင်ငွေ ပိုရမလာဘူး။ သက်ဆိုင်ရာ နိုင်ငံတွေမှာ

အလုပ်သမားတွေကို ခုခံကာကွယ်ပေးထားတဲ့ ဥပဒေတွေ အလုံ အလောက် မရှိရင် အလုပ်သမားတွေဟာ စက်ရုံ အလုပ်ရုံတွေထဲမှာ

ကျွန်စုပ်တဲ့သရက်စေ့ဘဝ ရောက်သွားကြတာချည့်ပဲ။ နီးနီးနားနား အင်ဒိုနီးရှားကိုပဲ ကြည့်ပါ။


အခုကျွန်တော်တို့ကို စစ်အစိုးရက တွန်းပို့နေတဲ့ လမ်းကြောင်းက စစ်ကျွန်ဘဝကနေ နင်းပြားဘဝ တွန်းပို့နေတဲ့ လမ်းကြောင်း

ဖြစ်ပါတယ်။ စစ်အာဏာရှင်တစုတည်းက ဗိုလ်ကျ ကျွန်ပြုနေရာက စစ်အာဏာရှင် အပါအဝင်၊ ပြည်တွင်းပြည်ပ ဧရာမ အရင်းရှင်ကြီး

တွေက ဝိုင်းဝန်း ကျွန်ပြုနိုင်မယ့် စနစ်ဆီ ဦးတည်နေတာပါ။ အဲဒီလမ်းကြောင်းပေါ်ကို သူတို့ ချောချောမောမောရောက်ဖို့ အတွက်

အမေရိကန်ရဲ့ အကူအညီနဲ့ NLD ရဲ့ အကူအညီကို ရယူဖို့ သူတို့ ကြိုးစားနေကြတာပါ။ အမေရိကန်နဲ့ NLD ပါမှသာ ပြည်သူကို

လှည့်စားလို့ ရနိုင်မှာမို့ သူတို့ အကူအညီကို လိုလားနေတာဖြစ်ပါတယ်။ သူတို့ဖာသာ သူတို့ ပြောင်းနေပါတယ် ပြောတာကို ပြည်သူက

ဘယ်တော့မှ မယုံ၊ ဘယ်တော့မှ လက်မခံဘူး။ အခု NLD က အစိုးရပြောင်းပါပြီပြောတော့ တော်တော်များများ လက်ခံလာတယ်။

တော်တော်များများ ဇဝေဇဝါဖြစ်လာတယ်။ အချင်းချင်း အငြင်းအခုန်တွေ ဖြစ်ကုန်တယ်။ ဒါ့ကြောင့် အစိုးရဟာ NLD ရဲ့ အကူအညီ

လိုအပ်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အကူအညီကိုလည်း သူတို့လိုအပ်တယ်။ အမေရိကန်ရဲ့ အကူအညီမပါဘဲ သူတို့ ဒီ့ထက်

ချမ်းသာဖို့ မဖြစ်နိုင်ဘူး။ အမေရိကန်ရဲ့ အကူအညီမပါဘဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ မလာနိုင်ဘူး။ ဒါ့ကြောင့် အမေရိကန်ရဲ့

အကူအညီကို သူတို့ လိုအပ်တာဖြစ်ပါတယ်။


အခု အမေရိကန်က စိတ်ပါလက်ပါနဲ့ ကူညီနေတာ တွေ့ရတယ်။ သူ့ရည်ရယ်ွချက်နဲ့ သူပါ။ NLD ကတော့ စိတ်မပါ့တပါနဲ့ ကူညီ

နေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ သူ့အခက်အခဲနဲ့ သူပါ။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ အမေရိကန်နဲ့ NLD ဟာ

စစ်အစိုးရရဲ့ ပါရမီဖြည့်ဖက်တွေ ဖြစ်လာပါတယ်။


အခုချိန်မှာ အမေရိကန်ဟာ NLD နဲ့ ဗမာပြည်သူတွေရဲ့ ဒီမိုကရေစီရေးထက် သူတို့ ရင်းနှီးမြုပ်နှံဖို့ သူတို့ နောက်ကျမကျန်ဖို့ကိုသာ

စိတ်စော နေပုံရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲ လုပ်ခ့ပဲါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် ကြိုလုပ်ခဲ့တယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ အဒဲီ သတင်းစာရှင်းလင်းပွဲမှာ ကြားဖြတ်ရေွး ကောက်ပဟွဲာ

မတရားဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့တာတေကွို မလျော့ပါနဲ့ဦးလို့

သတင်းစကားပေးပို့တာပါ။ ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့တ့သဲူတွေအနေနဲ့ သူတို့ ပိတ်ဆို့တဲ့ ရည်ရယ်ွချက်ကို ရပြီလားဆိုတာ စဉ်းစားပြီးမှ

ပိတ်ဆို့တာကို ဖွင့်ပါလို့လည်း ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတန်တန် သတိပေးပါတယ်။ ဒါပေမဲ့ အမေရိကန်

ဘာလုပ်ခဲ့သလဲ။ စစ်အစိုးရ အငမ်းမရလိုချင်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တေကွို ဖွင့်ပေးပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေ

ဝင်လို့ရအောင် တံခါးဖွင့်ပေးလိုက်တာပဲ မဟုတ်လား။ စစ်အစိုးရဘက်က သိပ်အူမြူးသွားသလောက်၊ ဒေါ်အောင်ဆန်းစုကြည်

ဘက်ကတော့ အောင့်သက်သက်နဲ့ အခံရခက်မဲ့ပုံပါပဲ။


စစ်အစိုးရ အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာလေးဆယ်ကျော်ပေးရကျိုး နပ်လှပါပေရဲ့။ ပေးရတာ သိပ်ကို တန်လှပါပေရ့။ဲ

ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြီး အသုံးချရတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ထဲမှာ ချုပ်ထားရတာထက် အများကြီး ပိုအကျိုး

ရှိတယ်ဆိုတာကို အသိနောက်ကျလေခြင်းလို့ စစ်အစိုးရမှာ တက်တခေါက်ခေါက်ဖြစ်ကောင်းဖြစ်နေမှာပါ။ ကုန်ခ့တဲ့ဲ နှစ်တေကွို

နှမျောကောင်း နှမျောနေမှာပါ။


NLD ကို ဘယ်လို သဘောထားရမလဲ


ကျွန်တော်တို့ ပြည်သူတွေဟာ NLD ကို ထောက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြတယ်။ မကြုံစဖူး ကြီးမားတဲ့

အင်အားနဲ့ ထောက်ခံကြပါတယ်။ အဲသလို ထောက်ခံကြတာ ဟာ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရံရွှာလို့သာ ဖြစ်တယ်။ NLD ဟာ

စစ်အာဏာရှင်စနစ်ကို ဖြိုချပေးနိုင်မယ်လို့ မျှော်လင့်နေကြသေးလို့သာဖြစ်တယ်။ ဒါပေမဲ့ NLD ကို ဒေါ်အောင်ဆန်းစုကြည်ကို

စစ်အစိုးရက အသုံးချပြီး သူ့လိုဘ ပြည့်အောင်ဖြည့်ဖို့ ကြိုးစားရင် ကျွန်တော်တို့ဟာ NLD ကို ထောက်ခံရင်းနဲ့ စစ်အစိုးရလိုဘ

ဖြည့်ပေးတဲ့ အဖြည့်ခံဘဝ ရောက်သွားနိုင်တာကိုတော့ သတိထားကြရလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရရဲ့ ပါရမီဖြည့်ဖက်

ဆိုရင် ကျွန်တော်တို့လည်း ဘုမသိဘမသိ ကူညီပါရမီဖြည့်ရာရောက်တော့မယ်။ ကျွန်ဝယ်ရာမှာ ကျွ န်တော်တို့ အဆစ်ပါကြလိမ့်မယ်။

ကျွန်တော်တို့မှာ ရွေးစရာလမ်းနှစ်လမ်းရှိတယ်။ NLD ကို ဒီမိုကရေစီ အသွင်သဏ္ဍန် စစ်စစ်မှန်မှန် ပြန်ဖြစ်လာအောင် ကြိုးစားကြမလား။

ဒါမှမဟုတ် NLD ကို စွန့်ခွာကြမလားဆိုတဲ့ လမ်းနှစ်လမ်းဖြစ်ပါတယ်။ NLD အနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့

ဆုံးဖြတ်ချက်ကို မပြင်သေးသမျှ၊ NLD ကိုလူထုက ထောက်ခံနေသေးသမျှမှာ ကျွန်တော်တို့ဟာ သည်းခံပြီး လက်တွဲ ရဦးမယ်

ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို မပြင်တော့ဘူးလို့ NLD ကပြောလာတဲ့ အခါ၊ ဒါမှ မဟုတ် မပြင်နိုင်တော့ဘူးလို့ လူထုက

ယူဆလာတဲ့ အချိန်မှာတော့ NLD ကို ကျွန်တော်တို့ စွန့်ခွာကောင်း စွန့်ခွာရပါလိမ့်မယ်။


ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားနှစ်ခနွ်းကို သတိထားသင့်ပါတယ်။ ရေွး ကောက်ပွဲ မဲဆယ်ွမိန့်ခွန်းမှာပြောတဲ့ စစ်သား

တမတ်သား လွှတ်တော်ထဲမှာ ရှိနေတာဟာ ဒီမိုကရေစီ မကျဘူးဆိုတာန့၊ဲ စစ်တပ်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ သူမပြောဘူးဆိုတဲ့

စကားဖြစ်ပါတယ်။ ဒီစကားနှစ်ခွန်းဟာ ရှေ့နောက်မညီပါဘူး။ မရှင်းလင်းပါဘူး။ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ တပ်မတော်သား ၂၅ % ကို

လွှတ်တော်ထဲက ထွက်ခွာပေးဖို့ရာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား မပြောရတဲာထင်ရှားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် စကားဝဲလာတယ်။ မပီကလာ ပီကလာ ဖြစ်လာပါတယ်။ ရပ်တည်ချက် မပြတ်သားလို့ အပြောအဆို

မပြတ်သားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ မကိုက်ညီသော်ငြားလည်း စစ်တပ်ကို မဖယ်ရှားပါဘူးလို့ သူ့အနေနဲ့ ဆိုလိုသလား

ဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။ စစ်တပ် ၂၅ % ကို ဖယ်ရှားဖို့တောင် မပြောရတဲ့ဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့

လက်ညှိုးထောင် ခေါင်းငြိမ့် NLD ကို ကျွန်တော်တို့ ဘယ်လောက် ဆက်အားကိုးလို့ရမလဲဆိုတာလဲ စဉ်းစားစရာ….။


တကယ်လို့ တပ်မတော်သား ၂၅ % ကို ဖယ်ထုတ်ဖို့ မကြိုးစားဘူးဆိုရင် အခြေခံဥပဒေပြင်မယ်ဆိုတာ ဘာပြင်မှာပါလဲ။ ဒါ့အပြင်

တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်တွေကို ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးပြီး လွှတ်တော်ထဲမှာ အင်အားတိုးချ့သွဲားဦးမယ်လို့လည်း

ဆိုပါတယ်။ တပ်မတော် ကြီးစိုးတဲ့ စစ်အာဏာရှင် အခြေခံဥပဒေကို ပြင်ဖို့ အတကွ် တပ်မတော်သားတွေနဲ့ ကြံ့ဖွတ်တေကွို

ဘယ်လိုစည်းရုံးမှာပါလဲ။ ဘယ်နှယောက်စည်းရုံး လို့ ရမှာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်နေ

ပါသလား။ ဒါမှမဟုတ် ပြည်သူတွေကို မျှော်လင့်ချက်မှားတွေ ပေးနေပါသလား။ ဒါမှ မဟုတ်တခြားလည်း ဘာမှ မလုပ်တတ်တော့လို့

အလုပ်မဖြစ်မှန်းသိပေမဲ့ သိသိနဲ့ ရှေ့ဆက်တိုးနေတာလား။ ဒီအဖြေကို သိဖို့ရာ ကျွန်တော်တို့ မျက်ခြေမပြတ်စောင့်ကြည့်ရပါလိမ့်မယ်။

ဗမာပြည်ကို သိမ်းပိုက်ကြ

ကျွန်တော်တို့ နိုင်ငံဟာ အစွန်းရောက် အရင်းရှင်စနစ်ဆီ ဦးတည်မယ့် အရိပ်အယောင်တွေ မြင်နေရချိန်မှာ နိုင်ငံတကာမှာတော့

အရင်းရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကျယ်ပြန့်လာတယ်။

IMF ၊ World Bank၊ WTO ( World Trade Organization ) တို့နဲ့ ကမ္ဘာမှာ ၁ ရာနှုန်းတောင်မရှိတဲ့ နိုင်ငံပေါင်းစုံ ကော်ပိုရေး ရှင်းကြီးတို့

ပူးပေါင်းပြီး လူများစု ကမ္ဘာ့လူထုကြီးကို အမြတ်ထုတ်သွေးစုပ်တာကို မခံနိုင်ကြတော့လို့ ကမ္ဘာပေါ်မှာ ၉၉ ရာနှုန်း သို့မဟုတ် Occupy

ဆိုတဲ့ လှုပ်ရှားမှုတွေ အနှံ့ အပြားပေါ်လာတယ်။


ဒီနေ့ Occupy လှုပ်ရှားမှုတွေဟာ ၁၉၉၉ ခုနှစ်တုန်းက ဆီယယ်တလ်ဲမှာ ဖြစ်ခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင် လှုပ်ရှားမှု

(antiglobalization ) ၊ ကမ္ဘာလုံးဆိုင်ရာ တရားမျှတရေး လှုပ်ရှားမှု ( global justice movement) ရဲ့ အဆက်လို့ ဆိုရင် ဆိုနိုင်တဲ့

လှုပ်ရှားမှု ဖြစ်ပါတယ်။ ဆီယယ်တဲလ် လှုပ်ရှားမှုဟာ IMF ၊ World Bank၊ WTO ( World Trade Organization ) တို့ရဲ့ တကမ္ဘာလုံးမှာ

မတရားလုပ်နေတာတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုကြီးပါ။

အခု Occupy လှုပ်ရှားမှုတွေကတော့ ဒီ့ထက်ပိုကြီး ဒီ့ထက်ပိုလေးနက်ပါတယ်။ အနောက်ကမ္ဘာမှာ စီးပွားပျက်ကပ်ဆိုက်တော့ ကော်ပို

ရေးရှင်းကြီးတွေ၊ ကမ္ဘာ့ထိပ်သီးလက်တဆုပ်စာတွေကို အစိုးရတွေက အကာအကွယ်ပေးကြတယ်။ သူတို့အတွက် ငွေကြေးအမြောက်

အများစိုက်ထုတ် ပံ့ပိုးပေးကြတယ်။ အဲဒီလို ပံ့ပိုးပေးနိုင်ဖို့ အတကွ် အများပြည်သူတွေအတွက် သုံးတဲ့ အသုံးစရိတ်တေကွို ဖြတ်တောက်

ကြတယ်။ အများပြည်သူ အတွက် အသုံးစရိတ်ဆိုတာဟာ နို့စို့ကလေးတွေအတွက် ထောက်ပံ့ကြေး၊ သက်ကြီးရွယ်အိုတွေ အတွက်

ထောက်ပံ့ကြေး၊ ပင်စင်ငွေတွေက အစ၊ အများပြည်သူအတကွ် ကျန်းမာရေး ထောက်ပံ့စရိတ်၊ လူမှုဖူလုံရေး အတွက်ပေးတဲ့ ငွေဆိုတာ

မျိုးတွေ အားလုံးဖြစ်ပါတယ်။


ဒီတော့ ၁ ရာနှုန်းအကျိုးအတွက် မတရားလုပ်နေတဲ့ လုပ်ရပ်တေကွို တားမြစ်ဟန့်တားဖို့ သိမ်းပိုက်ရေး လှုပ်ရှားမှုတွေဟာ တကမ္ဘာလုံး

ပြန့်နှံ့လာတာ ဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားတဲ့ ပထမဆုံး သိမ်းပိုက်ရေး လှုပ်ရှားမှုက Occupy Wallstreet ဝေါလမ်းမကို

သိမ်းပိုက်ကြဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ၂၀၁၁ ခု စက်တင်ဘာလ ၁၇ ရက်နေ့မှာ စဖြစ်ခဲ့ပါတယ်။ အခုအထိ နိုင်ငံပေါင်း ၈၂ နိုင်ငံက

မြို့ကြီးပေါင်းမှာ ၉၅ မြို့မှာ သိမ်းပိုက်ရေးလှုပ်ရှားမှုတြွေဖစ်ခ့၊ဲ တချို့ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ငါတို့ဟာ ၉၉ ရာနှုန်း We are 99 %

ဆိုတာဟာ သူတို့ရဲ့ ကြွေးကြော်သံဖြစ်ပါတယ်။


အာရပ်နွေဦး လှုပ်ရှားမှုတွေဟာလည်း သိမ်းပိုက်ရေး လှုပ်ရှားမှုတေကွို ပိုမိုတက်ကြွအားကောင်းလာစေခ့တဲ ယ်။ ၂၀၁၂ ခုနှစ်ထမှဲာတော့

IOPS International Organization for a Participatory Society ကို ဖွဲ့စည်းခ့ပဲါတယ်။

အခုချိန်အထိ မြင်တွေ့နေရတာက သူတို့ လှုပ်ရှားမှုတေကွို နိုင်ငံနယ်နမိတ်စည်းကန့်သတ်ချက်ကို ကျော်လနွ် ဆောင်ရွက်နိုင်လာတဲ့

အချက်နဲ့ သူတို့လှုပ်ရှားမှုတွေဟာ ပါတီတခု အဖ့အွဲ စည်းတခုတည်းက ဦးဆောင်နေတာ မဟုတ်ဘဲ၊ လူများစု ဆင်းရဲသား လူထုကြီးရဲ့

လှုပ်ရှားမှုဖြစ်နေတာကို တွေ့ရတဲ့ အချက်ပါပဲ။

သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ ခေါင်းဆောင်တဦးတယောက်ကို ဒါမှမဟုတ် တချို့ကို ဗဟိုပြုလှုပ်ရှားတာမျိုး မဟုတ်တာကိုလည်း အတိတ်က

လှုပ်ရှားမှုတွေနဲ့ မတူတဲ့ ထူးခြားချက်တရပ် အဖြစ်တွေ့ရပါတယ်။ သူတို့လှုပ်ရှားမှုတေနွ့ဲ တြွဲ ပီး နာမည်ကျော်ခေါင်းဆောင်ကြီး

ဘယ်သူဘယ်ဝါဆိုပြီး ထွက်ပေါ်လာတာမျိုး အခုထိ မတွေ့ရသေးဘူး။ ခေါင်းဆောင်ရဲ့ နောက်မှာ အားလုံးစုဝေးလိုက်ပါတာမျိုးမဟုတ်ဘဲ၊

ခေါင်းဆောင် ကြည်ညိုကိုးကွယ်မှုနဲ့ လှုပ်ရှားကြတာမဟုတ်ဘဲ၊ ကိုယ့်အစုနဲ့ ကိုယ်၊ ကိုယ့်အသိနဲ့ ကိုယ် လှုပ်ရှားကြတာမျိုးကို

တွေ့ရတယ်။ ဒီလှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ လေ့လာသင့်တဲ့ လှုပ်ရှားမှုတွေဖြစ်ပါတယ်။


ကျွန်တော်တို့ ပြည်သူတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ၊ သံဃာတွေ၊ ဝန်ထမ်းတွေကရော ဗမာပြည်ကို

သိမ်းပိုက်ကြဖို့ မသင့်ပေဘူးလား။ ကျွန်တော်တို့တတွေ ကိုယ့်အားကိုယ်ကိုး ကြဖို့ မသင့်ပေဘူးလား။ ဗမာပြည်ဟာ တကယ်တော့

ကျွန်တော်တို့ တိုင်းပြည်ပဲ မဟုတ်လား။ ဗမာပြည်ကို သိမ်းပိုက်ရေး အတေွးအခေါ်ကလည်း ကျွ န်တော်တို့ အတက်ွသိပ်မစိမ်းလှပါဘူး။

ဒို့ဗမာ သီချင်းမှာကတည်းက ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒါငါတို့ပြေ လို့ ကြေွး ကြော်ခြဲ့ကတယ်မဟုတ်လား။


ဒါ့ကြောင့် အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေ ၊ သံဃာတွေ ခေတ်နဲ့ အမီလိုက်ကြရအောင်ပါ။ ဆီပူဒယ်အိုးထကဲ နေ

မီးပုံထဲကို ခုန်မချကြပါနဲ့။ ၁% အတွက် ဒီမိုကရေစီကို ကျွန်တော်တို့ မလို၊ ၉၉% အတွက် ဒီမိုကရေစီကို ကျွန်တော်တို့ လိုပါတယ်။

အလုပ်သမား၊ လယ်သမား၊ ဝန်ထမ်း၊ ကျောင်းသားနဲ့ သံဃာတေဟွာ ၉၉% ပါ။ ဘယ်နိုင်ငံခြားကိုမှ မမီခိုဘဲ၊ ဘယ်သူ့ကိုမှ အားမကိုးဘဲ

ကိုယ့်အားကိုကိုးပြီး ဗမာပြည်ကို သိမ်းပိုက်ကြပါစို့။


ဇော်ဝင်း

၈၈ ကျောင်းသားဟောင်း


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ