Re: [mrsorcerer:23550] အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ

အမယ်မင်းရယ်တဲ့မှ ဘာစားရမှန်းကို မသိတော့ပါဘူး

2012/4/18 MayMonkyaw 27 <mmonkyaw36@gmail.com>

အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ




လူ့ခန္ဓာကိုယ်သည် ဒြပ်စင်(Element)ပေါင်း ၃၃ မျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဒြပ်ပေါင်းများ(Compounds) နှင့် သတ္တုဓာတ်များ (Minerals)ကို အစားအသောက်များ စားသောက်ခြင်းဖြင့် အစာလမ်းကြောင်းမှတစ်ဆင့် ရရှိပါသည်။

အမှန်ဆိုရသော် ဓာတုဒြပ်ပေါင်းအတော်များများသည် အဆိပ်အတောက်ပစ္စည်းများ (Toxic Materials)  များပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသောဒြပ်ပေါင်း များမှာမူ အရေအတွက်အားဖြင့် နည်းပါးပါသည်။ ဥပမာအားဖြင့် ရေ၊ အငန်ဓာတ်ပါသော   အိမ်သုံးဆား (Sodium Chloride)၊ အချိုဓာတ်ပါ သကြားတွင်ပါဝင်သော ဂလူးကို့စ်(Glucose)၊ အချဉ်ဓာတ်ရှိ စားသောက်ဖွယ်ရာများတွင် ပါရှိသော Citric Acid နှင့်  Acetic Acid ဓာတ်၊ ခါးသောအစားအ စာများတွင်ပါဝင်သော   Alkaloid ဓာတ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင်ပါဝင်သည့် Lactose ဓာတ်၊ ဆန်၊ဂျုံပြောင်းတို့မှရရှိသော ကစီဓာတ်(Carbon hydrate)၊ အသားငါးဥနှင့်ပဲအမျိုးမျိုးမှ   ရရှိသောအသားဓာတ်(Protein)အစရှိသည်တို့ဖြစ်ပါသည်။

လူ၏ ခန္ဓာကိုယ်အတွင်းသို့ အကျိုးပြုဒြပ်ပေါင်းများကို အစာလမ်းကြောင်းမှတစ်ဆင့်ရရှိသလို အကျိုးမပြုသော ဒြပ်ပေါင်းများကိုလည်း    ယင်းအစာလမ်းကြောင်းမှပင် အများဆုံးရရှိသည်။ အကျိုးပြုသည့်ဒြပ်ပေါင်းများကိုရရှိလျှင်   ကျန်းမာရေးအတွက်  လွန်စွာအထောက်အကူပြုသလို အကျိုးမပြုသည့်ဒြပ်ပေါင်းများ  ရရှိပါကကျန်းမာ အသက်ရှည်ရေးအတွက် အလွန်ဒုက္ခပေးပါသည်။

ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည့်  အကျိုးမပြုသော  ဒြပ်ပေါင်းများသည် ခန္ဓာကိုယ်က အလိုမရှိသည့် အဆိပ်ပစ္စည်း(Toxic Materials)ဖြစ်သဖြင့် ယင်း
အဆိပ်တွေကို အသည်းက ချေဖျက်ပေးရသည်။ အသည်းကလည်း နိုင်သလောက်ဝန်ကိုသာ ချေဖျက်ပေးနိုင်သဖြင့် အဆိပ်တွေများလာလျှင် မချေဖျက်ပေးနိုင်တော့
ချေ။  ထိုရောအခါ  အသည်းကလပ်စည်း(Cell)များတွင်   ကင်ဆာဝေဒနာဖြစ်ရပါ တော့သည်။ ထို့အတူပင် ယင်းအဆိပ်ဓာတ်များသည် အစာလမ်းကြောင်းတစ် လျှောက်ရှိ လည်ချောင်း၊ အစာအိမ်နှင့် အူ စသည့်အင်္ဂါအစိတ်အပိုင်း(Organ)အမျိုးမျိုးကို ဖြတ်သန်းသွားသဖြင့် ထိုအင်္ဂါအစိတ်အပိုင်းတို့သည် အကာအကွယ်မဲ့(Exposure)သွားကာ အဆိပ်ဓာတ်များနှင့်ထိ တွေ့မှု (Contact)  ဖြစ်ပြီး အင်္ဂါအမျိုးမျိုးတွင် ကင်ဆာဝေဒနာ အမျိုးမျိုးကို ဖြစ်ပွားစေ ပါတော့သည်။

အကျိုးမပြုဘဲ အန္တရာယ်ပေးသည့်ဒြပ်ပေါင်းများ အစာလမ်းကြောင်းမှတစ် ဆင့် ခန္ဓာကိုယ်အတွင်းသို့  ၀င်ရောက်သည့် ဥပမာ သာဓကများကိုတင်ပြပါမည်။ အစားအ သောက်ဆိုးဆေး(Edible Dye)  မဟုတ်ဘဲ ဈေးပေါပြီး လူကို ဒုက္ခပေးသည့်  အ၀တ်အထည်ချည်မျှင် ဆိုးဆေး (Textile Dye)များဖြင့် ပြုပြင်စီမံထားသော  မျှစ်၊ အသားကင်အမျိုးမျိုး၊ ၀က်သားတုတ်ထိုး၊  ၀က်ဆီဖတ်ကြော်၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ဆတ်သား၊ ဆိတ်သား-အမဲခြောက်၊ အအေးဖျော်ရည်အမျိုးမျိုး၊ ဆီးထုပ်၊ ယိုစုံအမျိုးမျိုး၊ လက်ဖက်၊ ငရုတ်ဆီ၊  ငရုတ်အရောင်တင်မှုန့် အစရှိသည်တို့ဖြစ်ပါသည်။  မှတ်မိသလောက်သာ  ဖော်ပြထားခြင်းဖြစ်ဖြစ်ပါသည်။ ယင်းပစ္စည်းများမှာ "ပြောမဆုံးပေါင် တောသုံးတောင်"ဆိုသလို များပြားလှပါသည်။    အမျိုးအမည်အမျိုးမျိုးကို စာရှုသူများ ဉာဏ်ဗဟုသုတဖြင့် ဆင်ခြင်ကြည့်ကြစေလိုပါသည်။

ဤသည်မှာ ဆိုးဆေးကိစ္စကိုသာ ပြောနေရင်းဖြစ်ပါသည်။ ဆိုးဆေးမဟုတ်ဘဲခန္ဓာကိုယ်အတွင်းသို့  ရောက်ရှိနိုင်သည့် အခြားအန္တရာယ်ပြု   ဒြပ်ပေါင်းများအကြောင်းကို ဆက်လက်၍ ဖော်ပြပါဦးမည်။ လက်ဖက်ရည်နှင့်  နို့ထွက်ပစ္စည်းလောကအကြောင်းကိုပြောပါမည်။ ဤကိစ္စနှင့်ဆက်စပ်၍  စာရေးသူ ၏အတွေးသည် လွန်ခဲ့သော ၂၅ နှစ်
ခန့်က ဖြစ်ရပ်တစ်ခုဆီသို့ ရောက်ရှိသွားပါသည်။ စာရေးသူ စစ်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် စတင်တာဝန်ထမ်းဆောင်စဉ်ကာလများဖြစ်ပါသည်။ ထိုစဉ်က မိမိ၏
အထက်အရာရှိ လုပ်ဖော်ကိုင်ဖက်နောင်တော်ကြီး  စစ်တက္ကသိုလ်အမှတ်စဉ်(၈) ဆင်း စာပေထူးချွန်ဆု(သိပံ္ပ) ရရှိခဲ့သူသည် ဓာတုဗေဒဌာန ပါမောက္ခ/ဌာနမှူး ယာယီ
ဒုဗိုလ်မှူးကြီးဘ၀တွင် အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့ရရှာပါသည်။ အဖိုးတန်ပညာတတ် ပုဂိုလ်တစ် ဦး အကြေစောခဲ့ရ၍ နှမြောတသ ယူကျုံးမရဖြစ်ခဲ့ရပါသည်။ နောင် တော်ကြီးသည် ဘ၀ကို အလွန်ရိုးသားစွာဖြတ်သန်းလာခဲ့သူဖြစ် သည်။ အရက်မသောက်၊ ကွမ်း မစား၊ ဆေးလိပ်မသောက်၊ ဘာ အပျော်အပါးမှ မလိုက်စားချေ။

သို့သော် နောင်တော်ကြီး သည် လက်ဖက်ရည်နှင့် မလိုင်မုန့် ကို အင်မတန်ကြိုက်ရှာသည်။ သူ မန္တလေးတက္ကသိုလ်တွင် ဘွဲ့လွန် သင်တန်းသွားတက်တော့ သူနေ သည့်အဆောင်အခန်း၌ နို့ဆီဘူး ခွံတွေ၊ မလိုင်မုန့်ဘူးခွံတွေ တောင် လိုပုံနေသည်ဟု အခန်းနီးချင်းနေ စာရေးသူ၏ မိတ်ဆွေ တက္ကသိုလ် ဆရာကပြောပြပါသည်။
ထိုစဉ်က ပြည်တွင်းဖြစ် နို့ဆီတွေ စတင်ခေတ်စားချိန်ဖြစ်ပါသည်။ အချို့ နို့ဆီများတွင် တာ ရှည်အထားခံအောင် အဆိပ်အတောက်ဖြစ်ပြီး ဓာတုဒြပ်ပေါင်း တစ်မျိုး ဖြစ်သည့်   Formalin   ခေါ်   Formaldehyde    ကို လောဘသား စီးပွားရေးလုပ်ငန်းရှင်အချို့ က တရားမဲ့ ရောစပ်ထားကြောင်း သတင်းစကားများ ကြားသိခဲ့ရဖူး ပါသည်။ ယင်း   Formalin    ခေါ်   For-maldehyde    ဒြပ်ပေါင်းကို ဆေး သုတေသနလုပ်ငန်းများအတွက် အသုံးဝင်သည့်  သေဆုံးသွားသူ များ၏  ခန္ဓာကိုယ် အစိတ်အပိုင်း များကို တာရှည်ခံအောင် ဆေးရည်စိမ်ခြင်း၊ နာရေးအသုဘများတွင် ကွယ်လွန်သူ၏  ရုပ်အလောင်းကို မပုပ်မသိုးအောင်  ဆေးသွင်း ခြင်းကိစ္စများ၌  အသုံးပြုလေ့ရှိပါသည်။

ထိုစဉ်က မန္တလေးလက်ဖက်ရည်လောကတွင် ဂယက်တစ်ခု ရိုက်ခတ်သွားခဲ့ဖူးပါသည်။ "လက်ဖက်ရည်ဆို ရှယ်ပဲသောက်မယ်၊ ရိုးရိုးမသောက်ရဲဘူး။ အသည်းကင်ဆာ ဖြစ်မှာစိုးလို့"ဟု ပြောစမှတ်ပြုခဲ့ဖူးသည်ကို ယခုခေတ် လူငယ်များအား အသိပေးပြောလို ပါသည်။ ဖော်ပြပါ နောင်တော်ကြီး သည် လက်ဖက်ရည်နှင့် မလိုင်မုန့် ကို အလွန်ကြိုက်နှစ်သက်ကာ နှစ် ပေါင်းများစွာ သုံးဆောင်မှီဝဲခဲ့ရာ ၎င်းအစားအသောက်များတွင် ပါရှိနိုင်ခဲ့သည့်   Formalin    တန်ခိုး ဖြင့် သက်ဆိုးမရှည်ခဲ့သည့် သာဓ ကကို တခုတ်တရဖော်ပြအပ်ပါ သည်။ စကားစပ်သဖြင့် အရက် လောကကို ပြောပါဦးမည်။ လူ တွေသောက်နေကြသော အရက် အမျိုးမျိုးမှာ အီသိုင်းအယ်လ်ကို ဟော -   Ethyl Alcohol  ဒြပ်ပေါင်းဖြစ်သည်။ ၎င်းဓာတ်ပစ္စည်းသည် အဆိပ်အတောက်ပစ္စည်းစင်စစ် မဟုတ်သော်လည်း ခန္ဓကိုယ်အ တွက် လိုအပ်သော ဓာတ်ပစ္စည်း မဟုတ်သဖြင့် အသည်းက အလကားသက်သက် အလုပ်ပိုကာ ချေဖျက်ပေးနေရသည်။ ကြာလာ တော့လည်း အသည်းက မနိုင် ၀န်ထမ်းနေရသည့် ဒုက္ခကြောင့် အသည်းကျုံ့ခြင်း၊ အသည်းခြောက်ခြင်း၊   အသည်းအဆီ  ဖုံး ခြင်း စသည့်ဝေဒနာများကို ခံစား ရပါတော့သည်။

ပို၍ဆိုးသည်က  တောအ ရက်များနှင့် အရက်တုများ၏ အန္တ ရာယ်ဖြစ်သည်။ အရက်တုကိစ္စ ပြောပါဦးမည်။ အရက်တွင်ပါသော   Ethyl Alcohol    နှင့် အနံ့အရသာခွဲမရ အောင်တူသည့် အလွန်အဆိပ် ပြင်းသည့် ဓာတုပစ္စည်း    Methyl Alcohol    ၏ အန္တရာယ်မှာ လွန် စွာကြောက်မက်ဖွယ်ကောင်းပါ သည်။ နည်းနည်းသောက်မိလျှင် မျက်စိကွယ်မည်၊ လေဖြတ်မည်။ အတော်အတန်သောက်မိလျှင် သေဆုံးမည်။ သတင်းစာနှင့် ဂျာ နယ်များတွင်    Methyl Alcohol ပါသည့် အရက်တုများ သောက် မိသဖြင့် လူရာနှင့်ချီ၍ သေဆုံး ရသောသတင်းများကို မကြာခဏဖတ်ရသည်။

သီးနှံဟင်းသီးဟင်းရွက် လောကအကြောင်းပြန်၍ ကောက်ပါဦးမည်။ အဖေတို့၊ အမေတို့ပြော ခဲ့ဖူးသည့် "အသီးအရွက်များများစား အားရှိတယ်"ဆိုသောစကားသည် ယခုခေတ်တွင် ရာနှုန်းပြည့် မမှန်နိုင်တော့ပေ။ ခေတ်ပြောင်း သွားခဲ့ပါပြီ။ သိပံ္ပပညာထွန်းကား လာခြင်း၊ လူတို့၏ အတတ်ကျူး လာခြင်းနှင့် မဆင်မခြင်စည်းမဲ့ကမ်းမဲ့ ဆောင်ရွက်မှုများကြောင့် စိုက်ပျိုးရေးလောကတွင် အန္တ ရာယ်ကြီးလှသော ပိုးသတ်ဆေး များ(Insecticides နှင့် Pesticides   ကို ပရမ်းပတာသုံးလာကြ သည်။ သက်ဆိုင်ရာ တာဝန်ရှိသူ များက ယင်းပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲရန် ပညာပေးညွှန်ကြားထားသော်လည်း တောင် သူ/စိုက်ပျိုးရေးသမား အတော် များများက စိတ်မ၀င်စားကြချေ။ သူတို့ စိတ်ဝင်စားသည်က သီးနှံများ ရောင်းပန်းလှ ဈေးကောင်း ရရေးသာဖြစ်သည်။ ပိုးသတ်ဆေး ဖျန်းအပြီး သုံးပတ်အကြာမှ ဆွတ်ခူး ရိတ်သိမ်းရမည်ဖြစ်သော်လည်း တောင်သူ/စိုက်ပျိုးရေးသမား အတော်များများက အသိပညာ၊ ဗဟုသုတ၊ မေတ္တာစေတနာ နည်း လှစွာဖြင့် ယင်းစည်းကမ်းကို မလိုက်နာကြချေ။

ထိုရောအခါ ဈေးကွက်သို့ ရောက်ရှိလာသော သီးနှံဟင်းသီး ဟင်းရွက် အတော်များများတွင် အဆိပ်ဓာတ်များပါသည့် ပိုးသတ် ဆေးဓာတ်ကြွင်းများ(Toxic Residues of Insecticides and Pesticides)ပါရှိနေပေသည်။ ၎င်းအန္တရာယ်ကို မျက်စိဖြင့်လည်း မမြင်နိုင်၊ အနံ့အားဖြင့်လည်း မဆုံးဖြတ်နိုင်၊ အရသာအားဖြင့် လည်း မသိရှိနိုင်ပါပေ။ လူတွင် ၎င်းအန္တရာယ်ကို ရှာဖွေနိုင်သောကိရိယာ(Instrument)မရှိပေ။ဓာတ်ခွဲခန်း၌သာ ၎င်းအန္တရာယ်ကိုစစ်ဆေးအဖြေရှာနိုင်ပါသည်။    စာရေးသူမှာ နံနက် လမ်း လျှောက်ရင်း ကိုယ်တိုင်ဈေးဝယ် သူဖြစ်၍ ဈေးအတွင်းရှိ ချော ချောလှလှဖွံ့ဖွံ့ထွားထွား ဟင်းသီး ဟင်းရွက်များကိုမြင်တိုင်း ကြက် သီးတဖြန်းဖြန်းထပါသည်။ ဆရာ ကြီးရွှေဥဒေါင်း၏ စာရေးဟန်အ တိုင်းပြောရပါလျှင် "ကျွန်ုပ်သည် ပိုးသတ်ဆေးဓာတ်ကြွင်းများ၏ အန္တရာယ်ကို လွန်စွာကြောက် လန့်လှပါသည်။ သင်တို့ ယခု ရောင်းချနေသော ချောချောလှ လှဖွံ့ဖွံ့ထွားထွား ဟင်းသီးဟင်း ရွက်များကို ကျွန်ုပ် စိုးစဉ်းမျှ အလိုမရှိပါ။ မီးယပ်ပိန် မီးယပ်ခြောက် ပိုးစားလောက်ကိုက် ဟင်းသီးဟင်းရွက်များကိုသာ  ကျွန်ုပ်ရွေးချယ် ၀ယ်ယူပါတော့မည်"ဟု ဆိုရမလို ဖြစ်ပါတော့သည်။

စာရေးသူသည် ထိုပိုးစား လောက်ကိုက် ဟင်းသီးဟင်းရွက်  များကို ဈေးတွင် ခက်ခက်ခဲခဲ ရှာ ဖွေဝယ်ယူရပါသည်။ သို့သော် လည်း ချက်ပြုတ်အပြီး မသဒီလှသေး သဖြင့် ကောင်းစွာ မျိုမကျ ချေ။ အခွံပါသော အသီးများကို တော့ အနည်းငယ်သဒီပါသေး သည်။ အခွံပါ အသီးအမျိုးမျိုးတို့ သည်လည်း ယနေ့ခေတ်တွင် မယုံကြည် စိတ်မချရတော့ချေ။ အသီး အမျိုးမျိုးသည် အသိဉာဏ်နုန့် နည်းသည့် လောဘသား စီးပွား ရေးသမားအချို့၏ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေကြောင့် မသန့်စင်တော့ ကြောင်းကို အလျဉ်းသင့်၍ ဖော်ပြရပါဦးမည်။ အချို့ အုန်းသီး၊ ငှက်ပျောသီးဆိုင်ရှင်တို့သည် ငှက် ပျောသီးအစိမ်းများကို ၀ယ်ယူစု ဆောင်းထားပြီး အချိန်ကိုက် အမြန်မှည့်အောင် ရောင်းပန်းလှ တွက်ခြေကိုက်အောင် ဆောင် ရွက်ကြပါသည်။ ပြုလုပ်ပုံမှာ ငှက် ပျောသီးအဖီးလိုက်၊အခိုင်လိုက်ကိုဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်သည့်    Ethylene Oxide  အရည်တွင် စိမ်ပစ်လိုက်ခြင်းဖြစ်ပါသည်။  ဤ ဓာတုဒြပ်ပေါင်းမှာ ဆန်၊ဂျုံ၊ပဲများ သိုလှောင်ရာတွင် ပိုးမထိုးစေရန် အသုံးပြုသည့် ပိုးသတ်ဆေးတစ်မျိုး ပင်ဖြစ်ပါသည်။ ကဲ..စာရေးသူတို့ စားသုံးနေကြသည့် ဟင်းသီးဟင်းရွက်ကအစ သစ်သီးအဆုံး ဘယ်ဟာမှ မသန့်စင်တော့ချေ။

နိဂုံးချုပ်ပြောရလျှင် အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ၏ အန္တရာယ်ကို ပညာဗဟုသုတဉာဏ် မျက်စိဖြင့်ကြည့်၍ ဝေးစွာရှောင်ရှားကြစေလို ကြောင်း စေတနာကောင်းဖြင့်တင်ပြလိုက်ရပါသည်။

7 Day News ဂျာနယ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မေမွန်ကျော်


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:23550] ပျောက်ဆုံးနေသော မအေးယုအောင်အမှု ရဲနှင့် တရားသူကြီးကို တရားစွဲမည်

ခလေးအတွေးနှင့် တရားသူကြီး ဟားဟားဟား လို့တောင်မရယ်ချင်ဘူး အရှက်မရှိ သရက်စိလိုကောင်စားမျိုး ဒင်းအမိန့်ချခဲ့တဲ့အမှုတွေ ဘယ်လောက်တောင် အကြံပတ်စက် ခဲ့လဲ မေးဖို့တောင်မလိုတော့ဘူး ခွေးကျင့်ခွေးကြံလို့ပြောရင်တောင် ခွေးသိက္ခာကျတယ်

2012/4/18 demonprince13 <demonprince13@gmail.com>





အမည် = မအေးယုအောင်
မွေးသက္ကရာဇ်= ၂၊ ၆၊ ၁၉၉၆ ဖွားချိန် ၂၀း၃၀နာရီ
အဖအမည် = ဦးအောင်မျိုး(ခ) ဦးမျိုးဝင်း ဆေးတပ်သား ကိုယ်ပိုင်အမှတ် တ-၈၅၅၉၈၅
မှော်ဘီဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး
အမိအမည် = ဒေါ်ကြူကြူ သိမ်တန်းရပ်ကွက်၊ အပိုင်း(၂) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး

facebook မှတဆင့် အင်တာနက် သတင်းမိဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူ
သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ၏ ကျေးဇူးကြောင့် ပဲခူးမြို့ တွင် တရားသူကြီးဦးအောင်ဘုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ
မီးပူနှင့်ကပ်ခဲ့ရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင်၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှ
ဒေါ်ကြူကြူ ကြားသိရပါသဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံး
သို့သွားရောက်စုံစမ်းခဲ့ပါသည်။
တရားသူကြီးဦးအောင်ဘုန်းဝင်းကို ၄င်း၏ ရုံးခန်းတွင်မတွေ့ရှိရပဲ စာရေးမတစ်ဦးကိုသာ တွေ့ရှိရပါတယ်၊
ထိုနောက် တရားသူကြီး ဦးအောင်ဘုန်းဝင်းမှ တရားရုံးဘေးနားတွင် ကားဖြင့်လာစောင့်နေပြီး မအေးယုအောင်၏ မိခင်ဖြစ်သူဒေါ်
ကြူကြူအား ပဲခူးမြို့ ရွှေမော်တော် ဘုရားအနီးဝန်းကျင်တွင်(၁၀)ပတ်ကျော် ကားဖြင့်ပတ်၍ အိမ်အမှတ်(42 B)၊ (၅)ရပ်ကွက်၊ မရမ်း
ကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ခေါ်ဆောင်သွားကြောင်း တရားကြီးဦးအောင်ဘုန်းဝင်းနှင့် ကောင်မလေး၏မိခင်ဖြစ်သူ ဒေါ်
ကြူကြူတို့ ၀န်ခံသဘောတူညီချက်မှတ်တမ်း လက်မှတ်ထိုးစာရွက်တွင်တွေ့ရှိရပါသည်။
ဒေါ်ကြူကြူမှာ အနီးပတ်ဝန်းကျင်တွင် အ၀တ်လျှော်စားရပြီး စာမတက်သူတစ်ဦးဖြစ်သည်ကို တရားသူကြီး
ဦးအောင်ဖုန်းဝင်းမှ အခွင့်ကောင်းယူပြီး (၆၊ ၄၊ ၂၀၁၂)ရက်နေ့တွင် ငွေ(၃၀၀၀၀၀)သိန်းကျပ်အား လှူဒါန်းသည်ဟု လိမ်လည်ပြီး
ဝန်ခံသဘောတူညီချက်မှတ်တမ်းမှာလက်ဗွေနှိပ့် လက်မှတ်ကို ပန်းချီဆွဲသလို ရေးဆွဲခိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စာရွက်
ပေါ်ပါ အချက်အလက်များအား ဖက်ပြခြင်းမရှိပါ၊
" သမီးဖြစ်သူ မအေးယုအောင်နှင့် ပေးတွေ့ရန် တောင်းဆိုသော်လည်း ဦးအောင်
ဘုန်းဝင်းမှ ပေးမတွေ့သေးကြောင်းပြောဆိုသဖြင့် ဥပဒေအရပဲပြောတော့မယ်ဆိုမှ သမီးဖြစ်သူနှင့် တစ်နာရီခန့်သာ မလွတ်မလပ်
တွေ့ခွင့်ရခဲ့ပါတယ်၊ သမီးဖြစ်သူမအေးယုအောင်အား လကုန်မှ ပြန်ပို့ပေးမည်ဟုသာပြောဆိုနေသဖြင့် ကျောက်ကြီးမြို့ ကို ပြန်လာရပါတယ်၊
ကျောက်ကြီးရောက်မှ လက်မှတ်ထိုးခိုင်းတဲ့ စာမိတ္တူကို ပတ်ဝန်းကျင်းမှ အသိမိတ်ဆွေများအား ဖက်ခိုင်းရာမှ တရားသူကြီး ဦးအောင်ဘုန်းဝင်း
မှ ကျမကိုလိမ်ညာပြီးလက်မှတ်ထိုးခိုင်းကြောင်းသိရှိခဲ့ရပါတယ်၊ ကျမလို မိခင်တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်ကျင်အသိုင်းအ၀ိုင်း
ကြားမှာ အရမ်းကျောက်နေရတာ ကျမ သမီးလေးမှာ ကျမထက်အဆပေါင်းများစွာ ကြောက်လန့်တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက်
အနေနဲ့သိနေတယ်၊ ကျမ သမီးလေးကို သူတို့လာပြန်မပို့ဘူးဆိုလျှင်တော့ ဥပဒေအရပဲရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊
အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်းကျေးဇူးအရမ်းတင်ပါတယ်၊ ကျမသမီးလေးရဲ့အသက်ကလည်း အင်တာနက်ကလူတွေပေးတဲ့
အသက်ပဲရှိပါတော့တယ်လို့ " မိခင်ဖြစ်သူ ဒေါ်ကြူကြူမှပြောဆိုခဲ့ပါတယ်။

မှတ်ချက်။ ။ လက်မှတ်ထိုး စာရွက်မိတ္တူကို တင်ပြပေးလိုက်ပါသည်။
          

မအေးယုအောင်အမှု ရဲနှင့် တရားသူကြီးကို တရားစွဲမည်။
(နောက်ဆုံးရ သတင်းတို- ဧရာဝတီ)
ဲခူးမြို့နယ် ဒု တရားသူကြီး၏ ဇနီးက မီးပူနှင့် ကပ်၍ နှိပ်စက်ခံရသော အသက် ၁၅ နှစ်အရွယ် အိမ်ဖော်မိန်းကလေး မအေးယုအောင် ပျောက်ဆုံးနေကြောင်း ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ၎င်းတို့ကိုယ်တိုင် ကာယကံရှင်မိဘများထံ လိုက်လံ စုံစမ်းပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်သည်။ မအေးယုအောင်နှင့် ပတ်သက်ပြီး အိမ်ရှင် ဒု တရားသူကြီး ဦးအောင်ဖုန်းဝင်းက မိဘထံ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်အတွင်းက ပြည်တွင်း သတင်းဂျာနယ်နှင့် မြို့ခံရဲအရာရှိများကို သတင်းလွှင့်ထားသည်။ သို့သော် မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူမှာ သမီးဖြစ်ရပ်နှင့် ပတ်သက်၍ ရေဒီယိုများမှတဆင့်သာ သိရကြောင်း၊ ဦးအောင်ဖုန်းဝင်းက နှုတ်ပိတ်ရန် ငွေကျပ် ၃ သိန်းပေးကာ လက်မှတ်ထိုးခိုင်းရန် ကြိုးစားကြောင်း၊ သမီးဖြစ်သူကို ဘုရားဖူး ထည့်လိုက်သည်ဟု သိရကြောင်း လမ်းပြကြယ်အဖွဲ့က ဒေါ်ကြူကြူထံမှ စုံစမ်းသိရှိခဲ့ရသည်ဟု ဆိုသည်။ ယနေ့တွင် ဒေါ်ကြူကြူနှင့် လမ်းပြကြယ်အဖွဲ့တို့ ဖြူးမြို့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး အမှုထိန်ချန်သူ ပဲခူးမြို့ ရဲနှင့် တရားသူကြီးကို တရားစွဲရန် ပြင်ဆင်ထားကြောင်း ဦးအေးမြင့်ကပြောသည်။ (ဧရာဝတီ)


 မာဃလုလင်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23547] Fwd: [လူဗိုလ်ဟူသည် ...] အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည် - တက္ကသိုလ်နေ၀င်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Thu, Apr 19, 2012 at 1:47 AM
Subject: [လူဗိုလ်ဟူသည် ...] အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးရေးစွမ်းရည် - တက္ကသိုလ်နေ၀င်း
To: lubo601@gmail.com



by Ye Myint Thu on Sunday, February 12, 2012 at 12:12pm

မြန်မာ့ လွပ်လပ်ရေးသမိုင်းကို မှတ်တန်းတင်ရေးသားသည်ရှိသော် ၁၉၄၇-ခုနှစ်ဆန်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကိစ္စအရေးဆိုရန် ရန်ကုန်မြို့မှ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်ကိုလည်းကောင်း၊ ဗိုလ်ချုပ်တို့ အဖွဲ့နှင့် ဗြိတိသျှနန်းရင်းဝန် (၀န်ကြီးချုပ်) မစ္စတာအက်တလီဦးဆောင်သည့် ဗြိတိသျှကိုယ်စာလှယ်အဖွဲ့တို့ ၁၉၄၇-ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ လန်ဒန်မြို့ရှိ ကမ္ဘာကျော် လိပ်စာတစ်ခုဖြစ်သော အမှတ် ၁၀၊ ဒေါင်းနင်းလမ်း (No. 10, Downing Street)တွင် စတင်ဆွေးနွေးခဲ့သည်ကို လည်းကောင်း ချန်လှပ်ထားလိုက်ပါက ပြီးပြည့်စုံမည် မဟုတ်ချေ။


ထိုနှစ်ဆန်းက သမိုင်းတွင်ကျန်ရစ်မည့် ရက်စွဲတစ်ခုကား ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ရက်နေ့ပင် ဖြစ်သည်။ အကြောင်းမူကား ထိုနေ့တွင် ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လုံးဝလွပ်လပ်ရေး ပေးပါတော့မည်ဟု အာမခံချက်ပေးသည့် 'အောင်ဆန်း-အက်တလီစာချုပ်' ကိုအောင်မြင်ချောမောစွာ လက်မှတ်ရေးထိုး လိုက်ကြသောကြောင့်ပင်တည်း။

'လုံးဝလွတ်လပ်ရေး' ဆိုသည်မှာလည်း မြန်မာပြည်မနှင့်တကွ တောင်တန်းဒေသရှိ လူမျိုးစုများနေထိုင်ရာဒေသ (ပြည်နယ်) များ အပါအ၀င် UNION 'ယူနီယံ' ခေါ် 'ပြည်ထောင်စု' ပုံစံအဖြစ် လွတ်လပ်ရေးပေးခြင်းကို ဆိုလိုပေသည်။

(မှတ်ချက်။ ။ ၂၇-၁-၄၇ နေ့တွင် 'အောင်ဆန်း-အက်တလီစာချုပ်' လက်မှတ်ရေးထိုးပြီးနောက် ၁၉-၇-၄၇ နေ့တွင် ဗိုလ်ချုပ်နှင့် တကွ အပေါင်းအပါ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရ၍ ကျဆုံးသွားလင့်ကစား ဗိုလ်ချုပ်၏ ဦးဆောင်မှုဖြင့် ဆွေးနွေးတောင်းဆိုရာမှ ရရှိခဲ့သော 'အောင်ဆန်း-အက်တလီစာချုပ်'သည် ပျက်ပြယ်မသွားခဲ့ပါချေ။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းနေရာ ဆက်ခံရန်၊ တာဝန်ဆက်လက်ယူရန် ဗြိတိသျှဘုရင်ခံက ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ သခင်နု (ဦးနု)ကို ဖိတ်ခေါ်ခန့်ထားပြီးနောက် မကြာမီ ဦးနု ကိုယ်တိုင် ဗြိတိသျှအစိုးရ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြို့သို့ သွားရောက်၍ လွတ်လပ်ရေးအပြီးသတ် အစီအစဉ်အဖြစ် 'နု-အက်တလီစာချုပ်'ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။)

မည်သို့ပင်ဖြစ်စေ 'တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေးပေးပါမည်' ဟု ဗြိတိသျှ အစိုးရက အာမခံချက်ပေးခဲ့သည့် 'အောင်ဆန်း-အက်တလီစာချုပ်' အရ မြန်မာနိုင်ငံသည် ၁၉၄၈-ခု၊ ဇန်န၀ါရီ ၄ ရက်နေ့၊ နံနက် ၄နာရီ မိနစ်၂၀ မှစ၍ 'ပြည်ထောင်စုသမ္မတနိုင်ငံ' အဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သောကြောင့် ယင်းသို့ တကယ်လွတ်လပ်ရေးရချိန်၌ သူ အသက်ထင်ရှား မရှိတော့လင့်ကစား သူ၏ဦးဆောင်ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်းဖြစ်လေရာ ဗိုလ်ချုပ်အောင်ဆန်းအား 'လွတ်လပ်ရေးဗိသုကာ' ဟု ဂုဏ်ပြုတင်စား ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။

ယနေ့လူငယ်များ အထူး သိရှိမှတ်သားကြစေချင်သည်ကား လွတ်လပ်ရေး အတွက် ၂၇-၁-၄၇ နေ့က လန်ဒန်မြို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သော 'အောင်ဆန်း-အက်တလီစာချုပ်'ကို ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အခက်အခဲမရှိ လွယ်ကူချောမောစွာ ချုပ်ဆိုနိုင်ခဲ့ခြင်း မဟုတ်ဟူသော အချက်ပင်တည်း။

* * *

ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့ရောက်ပြီး ၀န်ကြီးချုပ် မစ္စတာအက်တလီ ခေါင်းဆောင်သော ဗြိတိသျှအစိုးရအဖွဲ့နှင့် စတင်ဆွေးနွေးကြသည့် ၁၉၄၇-ခု၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ကပင် သူ၏လိုလားချက်ကို ဘွင်းဘွင်းနှင့် ပြတ်သားစွာပင် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် မြန်မာနိုင်ငံ ပြည်မအတွက်သာမက တောင်တန်ဒေသရှိ တိုင်းရင်းသားလူမျိုးစုအတွက်ပါ ကိုယ်စားပြု၍ လာရောက်ခြင်းဖြစ်ကြောင်း၊ လိုချင်သည့် လွတ်လပ်ရေးပုံစံကလည်း ပြည်မနှင့် တောင်တန်းဒေသနေ လူမျိုးစုများ၏ ဒေသနယ်ပယ် (ပြည်နယ်) များ စုပေါင်းဖွဲ့စည်းအပ်သည့် UNION 'ပြည်ထောင်စု' အသွင်မျိုးဖြစ်ကြောင်းကို ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဆွေးနွေးပွဲတွင် စတင်အရေးဆိုနေဆဲမှာပင် အနှောက်အယှက်၊ အထစ်အငေါ့တစ်ခု ပေါ်လာပါတော့သည်။

ယင်းကား ဗြိတိသျှ အစိုးရထံသို့ မြန်မာနိုင်ငံမှ ကြေးနန်းတစ်စောင် ရောက်လာခြင်းဖြစ်သည်။ ကြေးနန်းစာတွင် ယခု လန်ဒန်ရောက်နေသူ အောင်ဆန်းသည် တောင်တန်ဒေသ တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြု၊ အထူးသဖြင့် ရှမ်းပြည်နယ်ကို ကိုယ်စားပြုသူမဟုတ်၊ မြန်မာပြည်မ၏ ကိုယ်စားလှယ်သာဖြစ်ကြောင်း ပါရှိလာပြီး ကြေးနန်းစာ၏ အောက်တွင် ရှမ်းစော်ဘွားနှစ်ဦး၏ အမည် ပါလာသည်။

ဤတွင် ဗြိတိသျှ အစိုးရက အဆိုပါ ကြေနန်းစာကိုပြပြီး ဗိုလ်ချုပ်အောင်ဆန်းအား 'မင်းပြောသလို တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြု အရေးဆိုပိုင်ခွင့်မရှိ'ဟု ပြောပါသည်။

ကြေးနန်းစာကြောင့် သခင်မြစသော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များသည် အထူးစိုးရိမ် တုန်လှုပ်သွားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကမှု ယခုကြေနန်းရိုက်သူ စော်ဘွားနှစ်ဦးသည် လူနည်းစုသာဖြစ်ကြောင်းသိသဖြင့် ဣနြေ္ဒမပျက်ချေ။

ရှမ်းစော်ဘွားနှစ်ဦးက ဗြိတိသျှအစိုရထံ ကြေးနန်းရိုက်လိုက်ကြောင်းကို ရန်ကုန်မြို့ရှိ ဖဆပလဋ္ဌာနချုပ်မှ တာဝန်ရှိလူကြီးများက ကြားသိရလေရာ ချက်ချင်းပင် တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြပါသည်။

ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော် ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး) တို့နှင့်တိုင်ပင်၍ ဗိုလ်ချုပ်အောင်ဆန်းအား အလေးအနက် ထောက်ခံသည့် လူထုစည်းဝေးပွဲတစ်ရပ် ပြုလုပ်ရန် ဗိုလ်မှုးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) နှင့် ဦးဖေခင် (နောက်ပိုင်းသံအမတ်ကြီး၊ အငြိမ်းစား) တို့အား တောင်ကြီးမြို့သို့ စေလွှတ်လိုက်ပါသည်။

ဦးတင်အေးနှင့် ဦးထွန်းမြင့် (တောင်ကြီး) တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွှင်းမဲ့ လက်ခံ ယုံကြည်သူများဖြစ်သည့်ပြင် အလွန်တက်ကြွသော လူငယ်များဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်သည့် ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ် သည် ရှမ်းပြည်နယ်တွင် အထူးသြဇာညောင်းပြီး လူငယ်ထုအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပါသည်။ ထို့ကြောင့် ဦးတင်အေး အမှုးပြုသော အဖွဲ့ချုပ်ခေါင်းဆောင်များက ပြည်နယ်အတွင်းရှိ မြို့နယ်အဖွဲ့ခွဲများအား စော်ဘွားနှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းကို ကန့်ကွက်ရှုတ်ချသည့် အစည်းအဝေးများ ပြုလုပ်၍ ဆန္ဒ ပြကြရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် တောင်ကြီးမြို့နယ်တွင် လူတန်းစား အလွှာအသီးသီးပါဝင် သည့် လူထုစည်းဝေးပွဲကြီးတစ်ရပ် ကျင်းပရန် စီစဉ်လိုက်သည်။ ယင်းလူထုစည်းဝေးပွဲသို့ တက်ရောက်သူလူဦးရေမှာ နှစ်ထောင်ကျော်ရှိရာ မြန်မာပြည်မတွင်ဆိုလျှင် ပရိတ်သတ် မများလှဟုဆိုနိုင်သော်လည်း ရှမ်းပြည်နယ်အဖို့မှာမူ မကြုံစဖူး ထူးကဲစွာ အင်အားပြလိုက်သော ဆန္ဒပြမှု သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုကြီးတစ်ရပ် ဖြစ်ခဲ့သည်။ ယင်းအစည်းအဝေးကြီးက ရှမ်းပြည်နယ်အနေဖြင့် မြန်မာပြည်မနှင့်အတူ တစ်ပြိုင်တည်း လုံးဝလွတ်လပ်ရေး တောင်းဆိုကြောင်းနှင့် ပြည်မနှင့်အတူ တောင်တန်းဒေသ ပြည်နယ်များ စုပေါင်းဖွဲ့စည်းအပ်သော 'ပြည်ထောင်စု' အသွင်ဖြင့် လုံးဝလွတ်လပ်ရေးရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ တောင်းဆိုချက်ကို အကြွင်းမဲ့ထောင်ခံပါကြောင်း တခဲနက် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ အစည်းအဝေးကို ကြွေးကြော်သံများဖြင့် ရုတ်သိမ်း၍ စနစ်တကျ တန်းစီလှည့်လည်ကာ ဗြိတိသျှအစိုရ တောင်တန်ဒေသ အုပ်ချုပ်ရေးရုံးရှေ့သို့သွားပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော် ဆန္ဒပြခဲ့ကြသေးသည်။ ဤကား ရှမ်းပြည်နယ် သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူလူထု၏ နိုင်ငံရေး ဆန္ဒပြမှုကြီးပင် ဖြစ်တော့သည်။

ထိုနေ့မှာပင် ဦးတင်အေး၊ ဦးဖေခင်တို့ အဖွဲ့က ရန်ကုန် ဖဆပလ ဋ္ဌာနချုပ်နှင့် လန်ဒန်မြို့ရောက် ဗိုလ်ချုပ်အောင်ဆန်းတို့ထံသို့ လူထုစည်းဝေးပွဲကြီး၏ ဆုံးဖြတ်ချက်ကို အမြန်ကြေးနန်းရိုက် အကြောင်းကြားလိုက်ကြသည်။

ဗိုလ်ချုပ်ကလည်း ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီအား တောင်ကြီးမြို့ လူထုအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက်ကို ထုတ်ပြလိုက်သောအခါ 'အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု' ဟူသော စော်ဘွားနှစ်ဦး၏ ကြေးနန်းသည် အလိုအလျောက် ပျက်ပြယ်သွားလေတော့သည်။

သို့နှင့်ပင် ဗိုလ်ချုပ်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှ အစိုရတို့ ညှိနှိုင်း ဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ရာ နောက်ဆုံး၌ ဗြိတိသျှတို့သည် မတတ်သာတော့ဘဲ မြန်မာနိုင်ငံအား 'ပြည်ထောင်စု' ပုံစံဖြင့် လုံးဝလွတ်လပ်ရေးပေးရန် သဘောတူကြောင်း အတည်ပြုသည့် 'အောင်ဆန်း-အက်တလီစာချုပ်' ကို ၂၇-၁-၄၇ နေ့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုလိုက်ရတော့သည်။

သို့ရာတွင် မစ္စတာ အက်တလီဦးဆောင်သော ဗြိတိသျှအစိုးရသည် ၀န်ကြီးချုပ်ဟောင်း 'ချာချီ' ဦးဆောင်သည့် 'ကွန်ဆာဗေးတစ်' ပါတီ၏ ဖိအားပေးမှုကြောင့် 'အောင်ဆန်း-အက်တလီစာချုပ်' တွင် မသိမသာ လှည့်ကွက်သဖွယ် '၀ှက်ဖဲ' တစ်ခု ထည့်သွင်းရေးသားထားလေသည်။ ယင်း '၀ှက်ဖဲ' ကတော့ ဤသို့ဖြစ်သည်။

'အောင်ဆန်း-အက်တလီစာချုပ်' ၏ အပိုဒ် ၃(ဂ) တွင် –

'တောင်တန်းဒေသ ပြည်နယ်များအတွက်မူ သက်ဆိုင်ရာ လူမျိုးစု ခေါင်းဆောင်များကိုယ်တိုင်က မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေး ရယူကာ 'ယူနီယံ' ခေါ် ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်း အခိုင်အမာ စာချုပ်တစ်ခု လက်မှတ်ရေးထိုးပေးကြရမည်' ဟု ထည့်သွင်းထားခြင်းပင်ဖြစ်သည်။

ဤကား တောင်တန်းဒေသမှ တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ပြည်နယ်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းအား 'စိန်ခေါ်' လိုက်ခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်ကလည်း ယင်းစိန်ခေါ်ချက်ကို ရဲဝံစွာပင် လက်ခံကာ ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ အရောက် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။

* * *

ထိုအချိန်၌ တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ၏ စုံညီအစည်းအဝေးကို ရှမ်းပြည်နယ် ပင်လုံမြို့၌ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းအား အဆိုပါ 'ပင်လုံအစည်းအဝေး၌ လူမျိုးစု ခေါင်းဆောင်များ၏ သဘောတူ လက်ခံကြောင်းစာချုပ် လက်မှတ်ရေးထိုးအောင် တတ်နိုင်လျှင် လုပ်ပြပါလော့' ဟုစိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

ဗိုလ်ချုပ်တို့ ဗြိတိန်နိုင်ငံရောက်နေချိန်တွင် မြန်မာပြည်ရှိ ဗြိတိသျှအစိုရ တောင်တန်းဒေသ အုပ်ချုပ်ရေးဋ္ဌာနမှ 'စတီဗင်ဆင်'ဆိုသူ ဦးဆောင်သော နယ်ချဲ့လက်ပါးစေများသည် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအား နည်းမျိုးစုံဖြင့် သွေးခွဲနေခဲ့ကြသည်။

'အောင်ဆန်းတို့ မယုံကြနဲ့၊ သူနဲ့ပေါင်းရင် ခင်ဗျားတို့ ဒုက္ခရောက်မှာပဲ၊ ဗြိတိသျှအုပ်စိုးမှု အောက်မှာပဲနေမှ ခင်ဗျားတို့သက်သာမယ်' စသည်ဖြင့် ခြေထိုးသွေးခွဲသလို တစ်ဖက်ကလည်း နိုင်ငံခြားမှ အကောင်းဆုံး အရက်ယမကာများ၊ စားကောင်းသောက်ဖွယ်များဖြင့် ဖြားယောင်းစည်းရုံးမှုကြောင့် လူမျိုးစုခေါင်းဆောင်အချို့သည် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ် လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားရာ၌ တွေဝေလျက် ရှိကြသည်။

ထို့ကြောင့်လည်း ဗိုလ်ချုပ်သည် လန်ဒန်မြို့၌ တစ်လလုံးလုံး အလွန်ပင်ပန်းစွာ အလုပ် လုပ်ခဲ့ရပြီးနောက် ရန်ကုန်ပြန်ရောက်သောအခါ အနားယူ အပန်းဖြေရန်ပင် စိတ်မကူးတော့ဘဲ ပင်လုံသို့ ဖေဖေါ်ဝါရီလ ၈ ရက်နေ့အရောက် ခရီးထွက်ခဲ့ပါသည်။

ဗိုလ်ချုပ် ပင်လုံသို့ရောက်သွားချိန်၌ အခြေအနေမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကျင်းပမည့် ပင်လုံညီလာခံကြီးတွင် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာဖြင့် လက်မှတ်ရေးထိုးကြပါ့မလား ဟုစိုးရိမ်ဖွယ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။

ယင်းအခြေအနေကို ကောင်းစွာသိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုကို အကြွင်းမဲ့ယုံကြည်ထောက်ခံသူ ကချင်ခေါင်းဆောင် ဆမားဒူဝါဆင်ဝါးနောင်၊ မိုင်းပွန်စော်ဘွားကြီး (အာဇာနည်ခေါင်းဆောင်) နှင့်တကွ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့မှ ဦးတင်အေး၊ ဦးထွန်းမြင့် (တောင်ကြီး)၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ဦးဖေခင် စသောပုဂ္ဂိုလ်များက ပင်လုံရောက် ကိုယ်စာလှယ်များအား အလျင်အမြန် စည်းရုံးလှုပ်ရှားမှုဖြင့် နှစ်နာရီ အတွင်း ကိုယ်စားလှယ်ပေါင်းစုံပါဝင်သော အစည်းအဝေးတစ်ခု ဖြစ်မြောက်သွားပါတော့သည်။

ယင်းအစည်းအဝေးသို့ ဗိုလ်ချုပ်ကိုယ်တိုင်တက်ရောက်ပြီး 'ယူနီယံ' ခေါ် ပြည်ထောင်စု အသွင်ဖြင့် ပြည်နယ်များနှင့် ပြည်မတို့ ပူးပေါင်းဖွဲ့လျက် လွတ်လပ်ရေး ရယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း အချက်အလက် စုံလင်စွာဖြင့် ရှင်းလင်းပြောပြရာ အားလုံးက နားလည်သဘောပေါက်သွားပြီး လက်ခံသဘောတူညီသွားကြလေသည်။

ထိုနေ့ကား ၁၉၄၇-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ (ဖေဖေါ်ဝါရီလ ၁၂) ဖြစ်ပေါ်လာစေသည့် ပင်လုံညီညွတ်ရေး စာချုပ်ကြီး ဖြစ်မြောက်အောင်မြင်ရန် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ ညနေကျမှပင် သေချာသွားခဲ့ပါသည်။

ထိုအချိန်၌ 'စတီဗင်ဆင်' ဦးဆောင်သော ဗြိတိသျှနယ်ချဲ့လက်ပါးစေအုပ်စုကတော့ နောက်ဆုံးအခြေအနေကို မသိကြသေး။ သူတို့သွေးခွဲ ခြေထိုးထားသည့်အတိုင်း ပင်လုံစာချုပ် မည်သို့မှ ဖြစ်မြောက်နိုင်မည် မဟုတ်ဟု တထစ်ချ ထင်နေကြဆဲပင် ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့်တကွ ကချင်ဒူဝါများ၊ ရှမ်ပြည်နယ်မှ နယ်ရှင်စော်ဘွားများသည် ဗိုလ်ချုပ်၏ နှလုံးသားအတွင်း အခိုင်အမာ ကိန်းအောင်းနေသည့် 'ပြည်ထောင်စုစိတ်ဓါတ်' အကြောင်း ကောင်းစွာသိမြင် သဘောပေါက်သွားကြပြီ ဖြစ်လေသည်။

ထို့ကြောင်ပင် နောက်တစ်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှုးပြုသော ကိုယ်စာလှယ် ၂၂ဦး တို့သည် သမိုင်းဝင် 'ပင်လုံညီညွတ်ရေး စာချုပ်ကြီး' ကို တစ်ယောက်ပြီးတယောက် ဆက်တိုက် လက်မှတ်ရေးထိုးလိုက်ကြသည်။

ဤကား ၁၉၄၂-ခုနှစ် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ခေတ်မှစ၍ ဗိုလ်ချုပ်အနေဖြင့် အထူးကြိုးစာ တည်ဆောက်ခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပြီးခေတ် ဖဆပလ အဖွဲ့ချုပ် သို့မဟုတ် အမျိုးသားတပ်ဦးကြီး၏ ဥက္ကဋ္ဌအဖြစ် တိုင်းရင်းသားလူမျိုးစု များအား တရင်းတနှီး စည်းရုံးခဲ့ခြင်း၊ (၂၆-၉-၄၆) နေ့တွင် အစိုးရ အာဏာရရှိပြီး နောက်တွင်လည်း တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်လျက် သွေးချင်းလူမျိုးစုများအား အပင်ပန်းခံ စည်းရုံးခဲ့ခြင်းတို့၏ ရလဒ်ပင်တည်း။

တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ၏ စည်းရုံးရေးစွမ်းရည်ဖြင့် 'ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်' ဟူသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကမ္ဘာ့မြေပုံပေါ်တွင် ထင်ရှား ပေါ်လွင်စွာ ရေးဆွဲဖန်တီးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသတည်း။

စတိုင်သစ်မဂ္ဂဇင်း (ဖေဖေါ်ဝါရီ-၁၉၉၅)

* * * Posted by မြတ်လေးငုံ * * * via: Ko Thaung facebook notes


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/19/2012 01:47:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23545] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာ့နိုင်ငံရေးနှင့် ကျင့်ဝတ်ပိုင်းေ၀၀ါးမှု - စောထူးပွယ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Thu, Apr 19, 2012 at 1:11 AM
Subject: [လူဗိုလ်ဟူသည် ...] မြန်မာ့နိုင်ငံရေးနှင့် ကျင့်ဝတ်ပိုင်းေ၀၀ါးမှု - စောထူးပွယ်
To: lubo601@gmail.com



by Ye Myint Thu on Wednesday, April 18, 2012 at 9:02pm 

ဒီရက်ပိုင်းမှာ အာရပ်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့၊ ဖြစ်ပျက်နေဆဲဖြစ်တဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေအကြောင်း အများကြီး ဖတ်မိပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်မိရင်လည်း အီဂျစ်အကြောင်းက စကားထဲကို ပါလာတော့တာပါပဲ။ အီဂျစ်အကြောင်းကို နိုင်ငံတကာက ရေးကြတဲ့ ဆောင်းပါးတွေထဲမှာ အီဂျစ်မှာ မူဘာရက် ပြုတ်ကျသွားပြီမို့ အမေရိကန်အစိုးရအတွက် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စ ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ အကျပ်တွေ့သွားစေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း တွေ့နေရပါတယ်။ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်ပြီး အီဂျစ်မှာ ဖြစ်ပေါ်ခဲ့တာတွေကို အခြေခံပြီး ပြောရမယ်ဆိုရင် အမေရိကန်အစိုးရရဲ့ ပေါ်လစီတွေဟာ ကျင့်ဝတ်ပိုင်းအရ ပြတ်သားရှင်းလင်းမှု (Moral Clarity) နည်းနေတယ်လို့ ဆိုကြပါတယ်။ အမေရိကန်ဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ လက်တွဲလာတဲ့ မူဘာရက်ကို မျက်နှာလွဲခဲပစ်လုပ်ပြီး၊ အနောက်တိုင်းကို လိုလားမှုမရှိတဲ့အပြင် ပြည်တွင်း လွှမ်းမိုးမှု အားကောင်းနေတဲ့၊ ပြီးတော့ ဘာသာရေးပြင်းထန်တဲ့ မွတ်ဆလင်ညီအစ်ကိုများပါတီကို ကြိုဆိုမှာလား။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စမှာ ပဓာနကျတဲ့ အီဂျစ်နဲ့ အစ္စရေးဆက်ဆံရေးကို အရင်ကအတိုင်း ထိန်းထားလို့ ရမရ ဆိုတာတွေလည်း ပါနေပါတယ်။
ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ နေးလ်ဖာဂူဆင်ကဆိုရင် အိုဘားမားစိတ်ကူးထဲမှာ အရှေ့အလယ်ပိုင်းမြေပုံတစ်ခု ရေရေရာရာမရှိဘူး လို့တောင် နယူးစ်ဝိခ်မဂ္ဂဇင်းမှာ ရေးပါတယ်။ ဒီတော့ အမေရိကန်ဟာ အယူဝါဒအရ အာရပ်နိုင်ငံတွေ ဒီမိုကရေစီ ဝေဆာရေးကို လုပ်မှာလား၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို ဖန်တီးခြင်းအားဖြင့် နာမည်ကောင်း ယူနိုင်မယ့် သွယ်ဝိုက်အကျိုးစီးပွားအရ ဘာသာရေးပြင်းထန်တဲ့ မွတ်ဆလင်အစိုးရတွေ ပေါ်ပေါက်လာတာကို မတတ်သာလို့ လက်ခံရပေမယ့် ဖာသိဖာသာပဲ နေမှာလား ဆိုတဲ့ ကျင့်ဝတ်ပိုင်း မပြတ်သားမှု ပေါ်လာတာပါပဲ။
အီဂျစ်အရေးကိစ္စကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ အရေးကိစ္စမှာရောလို့ ဆက်တွေးမိပါတယ်။ အစိုးရယိမ်းသတင်းမီဒီယာတွေမှာ "ဖြစ်နိုင်တာကို လုပ်တာဟာ နိုင်ငံရေးပါ"လို့ ပြောဆိုသံတွေ ထွက်ခဲ့တာကို မှတ်မိကြဦးမှာပါ။ အောက်စ်ဖိုဒ်တက္ကသိုလ်ပုံနှိပ်တိုက်က ထုတ်ဝေတဲ့ နိုင်ငံရေးသိပ္ပံ မိတ်ဆက်အကျဉ်း (A Very Short Introduction to Political Science) မှာတော့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာနဲ့ ကျင့်ဝတ်ပိုင်းကို တွဲစပ်ပြီး လုပ်ရတဲ့ အနုပညာတစ်ရပ် (Politics is the art of possibility and ethic.) ဖြစ်တယ်လို့ ဆိုထားတာကို သတိပြုမိပါတယ်။ တကယ်တော့ ဖြစ်နိုင်တာတွေချည်း လုပ်လို့ မသင့်သလို၊ ဖြစ်သင့်တာတွေချည်းလုပ်ဖို့ မဖြစ်နိုင်တော့တဲ့အခါ ဖြစ်နိုင်တာ(possibility)နဲ့ ဖြစ်သင့်တာ (Ethic) ကို ချိန်ဆပြီးပေါင်းစပ်ရတာမို့ အနုပညာတစ်ရပ်လို ဖြစ်နေတယ်လို့ တင်စားတာပါပဲ။ ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ချိန်ဆပြီး လုပ်ကိုင်နိုင်မှ သမိုင်းရေစီးတစ်ခုထဲ ပါဝင်နိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ဖြစ်သင့်တာတွေ ချန်ထားပြီး၊ ဖြစ်နိုင်တာတွေချည်း ထိုင်လုပ်နေရင်၊ ဒါမှမဟုတ်ရင်လည်း ဖြစ်သင့်တာတွေ ဖိလုပ်ရင်း ဖြစ်နိုင်တာတွေကို မျက်နှာလွှဲလိုက်ရင် သမိုင်းဟာ ရေသေအိုင်ကြီးတစ်ခုလို အီနေမှာပါပဲ။ ကြာရင် တိမ်ကောသွားတဲ့အထိ အခြေအနေဆိုးသွားနိုင်ပါတယ်။
အဲဒီတော့ ဖြစ်နိုင်တာက ဘာလဲ၊ ဖြစ်သင့်တာက ဘာလဲ ဆိုတဲ့ အတိုင်းအတာမေးခွန်းတွေ ပေါ်လာပါတယ်။ ဒီနေရာမှာ possibility ဖြစ်နိုင်ချေ ကိစ္စကို ခဏထားပြီး ဖြစ်သင့်တဲ့ကိစ္စ (ethic) ကို တွေးနေမိပါတယ်။ နိုင်ငံရေးအယူအဆတွေမှာ လက်ဝဲယိမ်းတာ၊ လက်ယာယိမ်းတာ ရှိကြပါတယ်။ ပြည်သူကြီးစိုးမှုကို လက်ခံသူတွေနဲ့၊ လူတစ်ဦး၊ အုပ်စုတစ်ဖွဲ့ရဲ့ ကြီးစိုးမှုကို လက်ခံသူတွေ ရှိပါတယ်။ လူတိုင်းဟာ ကိုယ်စွဲကိုင်တဲ့ အယူအဆ၊ ကြိုက်နှစ်သက်မှုကို မှန်တယ်၊ သင့်တော်တယ်လို့ ယူဆကြစမြဲပါ။ ဒါပေမယ့် ကိုယ်စွဲကိုင်တဲ့ အယူအဆက ဘာလဲဆိုတာကိုတော့ ပြတ်ပြတ်သားသား သိရပါမယ်။ နားလည်ရပါမယ်။ သိသလိုလိုလေး ရှိပါတယ်လို့တောင် လျှောချခံလို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဆရာဇော်ဂျီရဲ့ ညီသစ်ဆင်း ကဗျာစုထဲက ၀ိဓူရအမတ်ကြီးအကြောင်း ကဗျာထဲမှာ "သိပြီချက်ချင်း သိမရှင်းကို" ဆိုတဲ့ အသုံးလေး ပါပါတယ်။ နဂါးမင်းသမီးလေး၊ နဂါးမိဖုရား၊ နဂါးမင်းကြီးနဲ့ နတ်ဘီလူးပုဏ္ဏကတို့ ကြားမှာ ပြောတဲ့စကားတွေဟာ သိသလိုလိုနဲ့ တကယ်မသိကြတဲ့၊ ဝေေ၀၀ါးဝါးနိုင်လွန်းလှတဲ့ သိပြီချက်ချင်း သိမရှင်းတွေပါပဲ။ နောက်ဆုံးတော့ ၀ိဓူရအမတ် ပင်ပန်းတာပဲ အဖတ်တင်ပါတယ်။  အဲဒီတော့ "ဖြစ်နိုင်ခြေ"သက်သက်ဆိုတဲ့ နိုင်ငံရေးအယူအဆက ပင်ပန်းရုံပဲဆိုတဲ့ အဖြေတွေ ထွက်လာရင်ကောလို့ မေးစရာတွေ ထပ်တိုးလာပါတယ်။
ပြီးတော့ ဒီရက်ပိုင်းထဲမှာပဲ စီးပွားရေးပိတ်ဆို့မှုကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတာတွေ ကြားရပါတယ်။ ဆန်ရှင်ကို ထားရကောင်းမလား၊ ဖြုတ်ရကောင်းမလားဆိုတာကို ငြင်းခုန်နေကြတာပါပဲ။ ဒါပေမယ့် ရိုးရိုးသားသား မေးကြည့်ရင် ဆန်ရှင်ဆိုတဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်အရေးယူမှုကြောင့် ဖြစ်ရတဲ့ အကျိုးအမြတ်တွေကို တွက်ချက်ရာမှာ သေသေချာချာ သိတဲ့သူတွေက အနည်းအကျဉ်းလောက်ပါပဲ။ ဂျာနယ်ထဲဖတ်ရ၊ သတင်းစာထဲတွေ့ရ၊ ရေဒီယိုထဲ နားထောင်ရနဲ့ နတ်ကရာကျီးမော့နေတဲ့သူတွေက အရာအထောင်ပါ။ ထပ်ပြောရရင် အကယ်ဒမစ်ဆန်တဲ့ သုတေသနမျိုးတွေ အခြေခံပြီး ပြောဆိုဆွေးနွေးကြတာ မဟုတ်မူဘဲ သူတစ်လူ ငါတစ်မင်း ထင်ရာရမ်းတုတ်ကြတဲ့အဆင့် ဖြစ်နေပါတယ်။ အထက်မှာပြောခဲ့သလို ခေတ်မီသူတိုင်း လက်ဖက်ရည်ဆိုင်ထိုင်ပြီး အီဂျစ်အကြောင်း ပြောကြသည် ဆိုသလို၊ ခေတ်မီသူတိုင်း ဆန်ရှင်အကြောင်း ငြင်းခုန်ကြသည်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဒါပေမယ့် တကယ်ငြင်းခုန်စရာ အကြောင်းရင်း၊ အချက်အလက်ရှိလို့ ငြင်းတာလားဆိုရင်တော့ ဥသျှစ်သီးကြွေတာကို မိုးပြိုတယ်ထင်ပြီး လျှောက်ပြေးရင်းက တစ်တောလုံးလန့်သလို မေးလိုက်မှ ဟိုလူက ဟိုလိုပြောလို့၊ ဒီလူက ဒီလိုပြောတယ်ကြားလို့ ဆိုတာတွေနဲ့တင် လျှောကျပျောက်ကွယ် သွားပါတယ်။ တချို့ကလည်း အရှက်ပြေအောင် ငါ့စကားနွားရ ဘုတောကြပါတယ်။ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ဖြစ်စေ၊ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်ရင်ဖြစ်စေ၊ အမျိုးမျိုးသော အကြောင်းခြင်းရာ ကိစ္စရပ်တိုင်းမှာ အထင်နဲ့ အမှားအမှန်ကို မဆုံးဖြတ်ကြဘဲ၊ အထောက်အထားနဲ့ ကိုယ့်အယူအဆတစ်ခုကို ကိုင်စွဲနိုင်တာမျိုး၊ လိုအပ်ရင် မှန်ကန်တဲ့ အထောက်အထားသစ်တွေ တွေ့ရတဲ့အခါ ကိုယ့်အယူအဆကို ပြင်ဆင်ဝံ့တာမျိုးတွေက တကယ်ပဲ လိုအပ်ပါတယ်။ ဗုဒ္ဓကတော့ ကိုယ့်ဘာသာဆင်ခြင်ပြီး မှန်တယ်လို့ တွေ့ရ သိရခါမှ ယုံပါလို့ ကာလမသုတ်မှာ ဟောပါတယ်။ ကာလမသုတ်နဲ့ ကိုင်ပေါက်တာ မဟုတ်ပါဘူး။ လူဆိုတာ အသိဥာဏ်ရှိတဲ့ သတ္တ၀ါပေပဲမို့ ကိုယ့်အသိဥာဏ်ကိုယ် စိန်ခေါ်စေချင်တာပါ။
ပြောချင်တာက ပြတ်သားမှု ရှိကြဖို့ပါပဲ။ ပြတ်သားမှု မရှိကြရင်တော့ နိုင်ငံရေးမှာ လည်သူ ၀င်စားမယ့်အခြေအနေကို ရောက်သွားပါလိမ့်မယ်။ အိုဘားမားမှ ကျင့်ဝတ်ပြတ်သားမှုဆိုတဲ့ စိန်ခေါ်သံကို ခံရတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံက ပြည်တွင်းနိုင်ငံရေးကို နိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်ပါဝင်စားမှု ရှိရင်ကိုပဲ ဒီစိန်ခေါ်မှုကို တွေ့ရမှာပါ။ နိုင်ငံသားတစ်ဦးရဲ့ ကျင့်ဝတ်ပြတ်သားမှုဟာ ဘယ်လောက်အထိ ရှိရမလဲ။ ကျင့်ဝတ်ပြတ်သားမှုရှိဖို့အတွက် ဘာတွေက အခြေခံ သိစရာတွေလဲ။ ဘယ်မှာ အချက်အလက်တွေကို ရနိုင်မလဲ။ ဘယ်ကိစ္စက မှားပြီး ဘယ်ကိစ္စက မှန်သလဲ။ အထင်နဲ့ မှန်တာ မှားတာလား။ ခိုင်မာတဲ့ အထောက်အထားနဲ့ မှန်တာ မှားတာလား။ ဒါမှသာ နိုင်ငံရေးအရ ကျင့်ဝတ်ပိုင်း ethic ဖြစ်သင့်တဲ့ကိစ္စကို ပေါင်းစပ်နိုင်မှာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမျိုးမှာေ၀၀ါးနေသရွေ့ ခိုင်းသမျှ ဆက်ခံနေရမယ့်အရေး၊ ပြုသမျှ ဆက်နုနေရတဲ့အခြေအနေတွေက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကြပ်ကြပ် သတိထားရမှာက တချို့လူတွေကတော့ အဲသလိုဖြစ်လေ ကြိုက်လေပါပဲ။ နွားကွဲမှ ကျားဆွဲနိုင်တာကို အပြစ်တင်ရင် အပြစ်တင်တဲ့သူပဲ မိုက်လိုက်တာလို့ အပြောခံရပါလိမ့်မယ်။ နာလည်းနာ နံလည်းနံမယ့် အဖြစ်တွေပါ။
သေချာတာကတော့ ကိုယ် နှစ်သက်ရာ ကျင့်ဝတ်တစ်ခုကို တည်ဆောက်ထားနိုင်ပြီဆိုရင်လည်း ဘယ်သူ့ကိုမှ ဝေဖန် ပုတ်ခတ်နေစရာ မလိုတော့ပါဘူး။ အများသူငါကို ကိုယ်ပြောတာ ယုတ္တိကျကြောင်း တည်တည်ငြိမ်ငြိမ် သက်သေပြလိုက်ဖို့ပါပဲ။ မမှန်တာကို မှန်သယောင် လူတွေကို လှည့်ဖျားဖို့ နိုင်ငံရေးမှာ လိုင်စင်မရှိပါဘူး။ အာဏာရသူတွေအတွက်ဖြစ်စေ၊ မရသူတွေအတွက် ဖြစ်စေ နိုင်ငံရေးဆိုတာ လိမ်ခွင့်လိုင်စင်မဟုတ်ပါဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ဆိုတဲ့ ဝေါဟာရကိုသုံးပြီး ကိုယ်နဲ့ သဘောမတိုက်ဆိုင်သူတွေကို နှိပ်ကွပ်လိုက်မယ်၊ နှံလိုက်မယ် ဆိုတာကလည်း လုပ်ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ပြီးတော့ ဒါဟာ တိုင်းပြည်တည်ဆောက်တဲ့ နိုင်ငံရေးမျိုး၊ ဒီမိုကရေစီတည်ဆောက်တဲ့ နိုင်ငံရေးမျိုးလည်း မဟုတ်ပါဘူး။ အချုပ်ပြောလိုတာက ဒီနေ့ခေတ် ပြည်တွင်းနိုင်ငံရေးမှာ တိုက်ရိုက် ပါဝင်ဆောင်ရွက်နေသူတွေရော၊ အားပေးနေတဲ့ နိုင်ငံရေးပရိသတ်တွေကပါ သိပြီချက်ချင်းသိမရှင်း လုပ်ကြရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာလည်း ၀ိဒူရအမတ်ကြီးလို ပင်ပန်းစရာတွေ ကြုံလာမှာ စိုးရိမ်နေမိပါတယ်။ အဲဒါဆိုရင်တော့ လာမယ့်အနာဂတ်မှာလည်း ဒီမြန်မာနိုင်ငံဟာ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးစတာတွေမှာ အောက်ကျနောက်ကျ ဆက်ရှိနေပါဦးမှာ သေချာနေပါတယ်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/19/2012 01:11:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23544] Fwd: [လူဗိုလ်ဟူသည် ...] ဒီမိုကရေစီတည်ဆောက်ရေးနှင့် ယုံကြည်မှု



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Thu, Apr 19, 2012 at 12:56 AM
Subject: [လူဗိုလ်ဟူသည် ...] ဒီမိုကရေစီတည်ဆောက်ရေးနှင့် ယုံကြည်မှု
To: lubo601@gmail.com



by KyawLinOo on Friday, August 19, 2011 at 3:39pm 

( From Yangon Chronicle)

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလသည် ရှည်ကြာလွန်းရုံသာမက အကန့်အသတ်များ၊ နိုင်ငံရေးအင်အားစုများကြား ညှိနှိုင်း ဆောင်ရွက်မှု အားနည်းချက်များလည်း ရှိနေပါသေးသည်။ ဒီမိုကရေစီဆိုကို လူထုလှုပ်ရှားမှုဖြင့်သာ ရနိုင်သည်ဟူသော ရှုထောင့်မှ ကြည့်လျှင် ၈၈ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင်သံဃာ လူမှုလှုပ်ရှားမှုများဖြင့် ရသွားနိုင်စရာအကြောင်း ရှိပါသည်။ သို့သော် ဤအရေးအခင်းများသည် ထင်သလောက် ခရီးပေါက်ခဲ့သည်မဟုတ်။ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဝိုင်းဝန်းရှုတ်ချ ခြင်းသာခံခဲ့ရလေသည်။
တချို့သော လေ့လာသုံးသပ်သူများက မြန်မာနိုင်ငံတွင် လူလတ်တန်းစား အားမကောင်းသလို၊ အရပ်ဖက် လူ့အဖွဲ့အစည်းများလည်း အားနည်း သည့်အတွက် ဒီမိုကရေစီလူထုလှုပ်ရှားမှုများ မအောင်မြင်ရခြင်းဖြစ်သည်ဟု သုံးသပ်ကြခြင်း မျိုးလည်း ရှိပါသည်။ ဤရှုထောင့်မှ ကြည့်လျှင် မြန်မာနိုင်ငံ အဖို့ ဒီမိုကရေစီ အပြည့်အဝ ရနိုင်ဖို့မှာ လွန်စွာ နည်းပါးသွားမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံမှာ လူလတ်တန်စား အားကောင်းဖို့ ဆိုသည်မှာဝေးစွ ဆင်းရဲမွေတေသော လူဦးရေ သန်းနှင့်ချီပြီးတည်ရှိနေရုံမျှမက အရပ်ဘက် လူ့အဖွဲ့အစည်းမှာလည်း နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အမြင်ဖြင့် မျိုးစုံကန့်သတ်ခံထားရကြောင်း တွေ့ရှိရလေသည်။
အရပ်ဖက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍမှာ နာဂစ် မုန်တိုင်း တိုက်ခိုက်ခံရပြီး နောက်ပိုင်း လူ့အဖွဲ့ အစည်း၏ ဖိအားပေးမှုကြောင့် တစ်စုံတစ်ရာ ဖွင့်ပေးလိုက် သည်မျိုးတော့ ရှိလေသည်။
တချို့သော နိုင်ငံရေးသုတေသီများက ဒီမိုကရေစီ အမှန်တကယ် ဖြစ်ပေါ်စေနိုင်သော အဓိကလုပ်ငန်းစဉ်မှာ ဒီမိုကရက်တစ် အင်စတီကျူးရှင်း များကို စနစ်တကျတည်ဆောက်ခြင်းပင်ဖြစ်သည်ဟု ဆိုကြသည်။ ဥပမာ- နာမည်ကျော် နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဖရန်စစ် ဖူးကူးယားမားက ဒီမိုကရက်တစ်အင်စတီ ကျူးရှင်းများ စနစ်တကျ တည်ဆောက်ခြင်း၊ စွမ်းဆောင်ရည် အပြည့်ရှိသော ပြည်သူ့အုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခြင်း ဖြင့်သာ ဒီမိုကရက်တစ်ဝိဉာဉ်မှာ အမှန်တကယ် ရှင်သန်နိုင်မည်ဟု ဆိုလေသည်။ မြန်မာနိုင်ငံ ယခု သွားရောက်နေသည့် ဒီမိုကရေစီလမ်းကြောင်းမှာ ဤကဲ့သို့သော လမ်းကြောင်းမျိုး ဖြစ်လေသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို စနစ်တကျတည်ဆောက်ရန် အစိုးရရော၊ နိုင်ငံရေး အင်အားစုများရော နည်းမျိုးစုံဖြင့် ကြိုးပမ်းနေရသည့်အချိန် ဖြစ်သည်။ ဤသို့တည်ဆောက်ရေးအတွက် အဓိကလိုအပ်သည်မှာ အရည်အချင်း ဖြစ်လေသည်။ အရည်အချင်းနည်းပါးလျှင် ဒီမိုကရက်တစ် ဖြစ်စဉ်များဖြင့် ကမောက်ကမ ဖြစ်နိုင်ရုံမျှမက လုပ်ထုံးလုပ်နည်းဝေဝါးကာ စွမ်းဆောင်ရည်လည်း ပြည့်ဝမည်လည်းမဟုတ်ပါ။
ဤနေရာ၌ မီဒီယာနှင့် အရပ်ဖက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍမှာ ဒီမိုကရေစီစနစ် လက်တွေ့အလုပ်ဖြစ်လာအောင် ဝေဖန်ထောက်ပြ၊ ထောက်ပံ့ပေးသည့် ယန္တရားကြီးတစ်ခုဖြစ်လေသည်။ တစ်စုံတစ်ရာ ပွင့်လင်းမြင်သာမှုရှိအောင်၊ ဒီမိုကရက်တစ်ဖြစ်စဉ်အတွင်း နိုင်ငံရေးသမားများ၊ ပါတီများ၊ ဗျူရိုကရက်များအတွင်း အဂတိလိုက်စားမှု၊ မသိနားမလည်၍ မှားယွင်းဆောင်ရွက်မှုများကို မပြတ်တမ်းဝေဖန်ပြောဆိုနေမည်သာဖြစ်သည်။
လွှတ်တော်၊ ပါတီ၊ ရွေးကောက်ပွဲ အစရှိသည့် နိုင်ငံရေးအင်စတင်ကျူးရှင်များ တည်ဆောက်နိုင်ရုံနှင့် ဒီမိုကရက်တစ် နိုင်ငံရေးဖြစ်စဉ်ကြီး ချောမွေ့ လာမည်မဟုတ်၊ စီးပွားရေး အင်စတီကျူးရှင်းများ၊ လူမှုရေး အင်စတီကျူးရှင်များကို စနစ်တကျ တည်ဆောက်နိုင်ဖို့မှာ နိုင်ငံရေးနည်းတူ အရေးကြီးပါသည်။ စီးပွားရေး အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရကြား နီးနီးကပ်ကပ်အလုပ်လုပ်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလား အလာများစွာ ဖြစ်ထွန်းသွားနိုင်ပါသည်။ ထိုအတွက်ကြောင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် စီးပွားရေးလုပ်ငန်းရှင်များစုပေါင်းပြီး ယခုထက်ပိုမို၍ ဖွဲ့စည်းတည်ဆောက် နိုင်ဖို့မှာ လွန်စွာ အရေးကြီးပါသည်။ ဤသို့သော စီးပွားရေးအဖွဲ့အစည်းများသည်လည်း အမှုဆောင်ချုပ် ရွေးချယ်ခြင်း၊ ယင်းတို့၏ လုပ်ငန်းနှင့် အစိုးရ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများတွင် ဒီမိုကရက်တစ်ကျင့်စဉ်ကို လိုက်နာနိုင်ရန် လိုအပ်ပါသည်။ ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာနိုင်မှသာလျှင် ယင်းတို့၏ လုပ်ငန်းနှင့် သက်ဆိုင်သော အခက်အခဲများကို အစိုးရထံသို့ မူဝါဒဆိုင်ရာ သွင်းအားစုအဖြစ်တင်သွားနိုင်မည်ဖြစ်သည်။ ဤသို့မှ မဟုတ်လျှင် အစိုးရ အဖွဲ့အတွင်းရှိ လုပ်ပိုင်ခွင့်ရှိသူများထံသို့ ချဉ်းကပ်ကာ လုပ်ပိုင်ခွင့် ရှာစေခြင်းမျိုးဖြင့်တော့ စီးပွားရေး ဖွံ့ဖြိုးမှုကို အမှန်တကယ် ရပ်တန့်သွားနိုင်မှာ ဖြစ်လေ သည်။
သမ္မတအစိုးရအဖွဲ့သစ်မှ နိုင်ငံခေါင်းဆောင်းများရော၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အတိုက်အခံအသွင် ဆောင်နေသော နိုင်ငံရေး အင်အားစုများရော၊ ရွေးကောက်ပွဲ ထက်ထက်သန်သန် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးအင်အားစုများပါ မြန်မာနိုင်ငံကို အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးစေချင်သည့် ဆန္ဒထက်သန်မှုများ ရှိမည်သာ ဖြစ်ပေသည်။ သမ္မတ အစိုးရအဖွဲ့သစ်နှင့် အောင်ဆန်းစုကြည်မှာ ဒုတိယအကြိမ် တွေ့ဆုံပြီး သော်လည်း နှစ်ဖက်စလုံးက မီဒီယာများနှင့် တွေ့ဆုံစဉ် အကောင်ရှုမြင်သုံးသပ်မှုများသာပြောကြားခဲ့ပြီး ဆွေးနွေးပွဲ အသေးစိတ်များကို ပြောသင့်သည့် အချိန်ရောက် ထုတ်ဖော်ပြောကြားသွားမည်ဟုသာ ဆိုသွားခဲ့လေသည်။ ဤနေရာ၌ နှစ်ဖက်စလုံးမှာ ဖြစ်နိုင်ချေအလွန်နည်းသည့် နိုင်ငံရေး ရည်မှန်းချက်ကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော် ဖို့ကြိုးစားရန်မသင့်တော့ဘဲ နှစ်ဖက်စလုံး အမှန်တကယ် အကျိုးရှိနိုင်မည့် ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ အထူးပင် အရေးကြီးပါသည်။ သို့မှသာ စစ်မှန်သော အမျိုးသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး ဒီမိုကရေစီ အသီးပွင့်များကို ပြည်သူတို့ ခံစားနိုင်ရန် လက်တွဲကြိုးပမ်း ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။
 ·  · Share


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/19/2012 12:56:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23544] Fwd: [လူဗိုလ်ဟူသည် ...] အမေ့နံနက်ခင်းလေးဆီသို့



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Thu, Apr 19, 2012 at 12:37 AM
Subject: [လူဗိုလ်ဟူသည် ...] အမေ့နံနက်ခင်းလေးဆီသို့
To: lubo601@gmail.com



by သစ်နေ မိုး on Thursday, January 19, 2012 at 3:10pm ·

      
    အသက်အရွယ်များ ငယ်ရာမှကြီးလာသည်နှင့်အတူ အမေ့အိပ်ရာတွင် အိပ်စက်ခဲ့ရသည့် ညချမ်းများနှင့် ကျွန်တော်တို့တစ်တွေဝေးပြီးရင်းဝေးခဲ့ကြရသည်။ ငယ်ငယ်ကအိပ်ယာဝင်ချိန်များတွင် အမေ့ရင်ခွင်ခေါင်းဝှေ့၍ အိပ်ပျော်ခဲ့ရသည့် အချိန်များကို လူတိုင်းဆိုသလို အမှတ်တရဖြစ်မိသည့်အခါ များရှိတတ်ပါလိမ့်မည်။ အမေ့အိပ်ယာ အမေ့ရင်ခွင်နှင့် ကာလများစွာကင်းကွာဖြတ်သန်းရင်း အမေ့ရင်ခွင်ကို ခေါင်းဝှေ့အိပ်မောကြရသည့်အချိန်ပိုင်းတို့ကိုပြန်လည်ကြုံကြိုက်ရသောအခါတွင်ကား ဘ၀၏ အေးချမ်းဆုံးအချိန်တို့ကိုဖြတ်သန်းရသည့်နှယ်ဟု ဆိုချင်ပါသည်။ ဤအချိန်ပိုင်းတို့သည် လုံးဝမေ့၍မရနိုင်သော ကြည်နူးမှုတို့ကို ထပ်ခါထပ်ခါဖြစ်ပေါ်စေ၏။

ထပ်ခါထပ်ခါလည်းသတိရမိစေ ပါသည်။ ယခုလည်း ကျွန်တော်သည် ထိုအချိန်ပိုင်းတို့ကို ပြန်လည်လွမ်းဆွတ်တမ်းတနေမိလျှက် ရှိသည်။ ထိုသို့ကျွန်တော် လွမ်းဆွတ်တမ်းတမှုတို့နှင့်အတူ ကျွန်တော့်အာရုံတို့တွင် အမေ့အိပ်ယာ အမေ့ရင်ခွင်နှင့် မေ့မရနိုင်သော အတိတ်ပုံရိပ်တို့က ၀ိုးတစ်ဝါးနှင့် ပေါ်လာခဲ့ပါတော့သည်။ ထိုသို့ဖြင့်ပင် ထိုအတိတ် ထိုအရိပ်များနှင့် အမေ့ရင်ခွင်တွင် အိပ်ခဲ့ရသည့်ကျွန်တော့ဘ၀ညတစ်ည အကြောင်းရေးဖြစ်လိုက်ပါသည်။
          အိမ်တွင်အမြဲလိုလို မရှိတတ်သော သားများ အိမ်ပြန်ရောက်လာသည့်ရက်များတွင် အမေ သည် သူနှင့်အတူတူ ကျွန်တော်တို့ကို အိပ်စေချင်သည်။ သားတွေအိပ်ယာဝင် နှိပ်နယ်ပေးသည်ကို ခံရင်းစကားတွေတစ်ဝကြီးပြောတတ်သည်မှာ အမေ့၏ဗီဇလည်းဖြစ်သည်။ အခြားအမေများ ထိုသို့ ဟုတ်မဟုတ် မပြောနိုင်သော်လည်း ကျွန်တော်တို့အမေမှာ ထိုအတိုင်းဖြစ်သည်။ သားအမိတွေဆုံ၍ အမေ့အိပ်ရာတွင် အိပ်ရသည့်ညဆိုလျှင် မင်းတို့အဖေက ဘယ်လိုဆိုပြီး အဖေ့အကြောင်းက စ၍ အမေရင်ဖွင့်တတ်သည်။ သားသမီးတွေအဝေးရောက်နေသော အချိန်များတွင် ဖိုးကြီးအို ဖွားကြီးအို သူတို့နှစ်ဦး၏ အထီးကျန်မှု၊ အဖေက ကျွန်တော်တို့သားများအပေါ်တွင် ထားရှိသည့် ယုံကြည်မှု၊ ရည်မှန်းမှုတွေကစလို့ အဖေ့အသက်အရွယ်ကြီးလာ၍ သူဟင်းချက်ကျွေးသည်ကိုတောင် ဂျီးများတတ် လာသည့်အကြောင်းများအထိ အမေရင်ဖွင့်သည့်အထဲတွင် ပါလေ့ရှိသည်။
          ပြီးခဲ့သည့်တစ်ခေါက် ကျွန်တော်အိမ်ပြန်ရောက်သောရက်များအတွင်း ညတစ်ညအမေနှင့် အတူ အိပ်ဖြစ်သည်။ ညအိပ်ရာဝင်ထုံးစံအတိုင်း အဖေ့အကြောင်း မောင်နှမတွေအကြောင်းပြောရင်း အမေ့ကို နှိပ်နယ်ပေးရင် ကျွန်တော်အိပ်ပျော်သွားခဲ့သည်။ အမြဲတစေ စောစောနိုးလေ့နိုးထမရှိသော ကျွန်တော်မှာ ဘာကြောင့်ရယ်မသိ ထိုနေ့ညက နံနက်အစောကြီးနိုးနေခဲ့သည်။ သို့သော် ဇိမ်ခံရသည် ကို ၀ါသနာထုံသည့် ကျွန်တော့်အကျင့်အတိုင်း အညာဆောင်းတွင်း၏ နံနက်စောစောအချမ်းကို စောင်အတွင်းမှာမှိန်း၍ ခံစားနေမိသည်။ ထိုအချိန်မှာပင် ကျွန်တော့်ဘေးမှ အမေသည်လည်း အိပ်ရာမနိုးသည်။ သူ့ထုံးစံအတိုင်း အိပ်ရာမှ နိုးနိုးခြင်း စောင်များကိုခေါက်သိမ်းနေသည်ထင်ပါ၏။ အသံတွေကျွန်တော်ကြားနေရသည်။ သူ့သားတွေအကျင့်ကို သူအသိဆုံးဟု ခဏခဏပြောတတ်သည့် အတိုင်း ကျွန်တော့်ကိုလည်း အမေက အိပ်ပျော်နေဆဲထင်ပုံရ၏။ ထို့အတွက် အမေက ကျွန်တော့်ကို မနှိုးပါ။ သို့သော် ထိုအချိန်တွင် အမေ့လက်ချောင်းများက ကျွန်တော့်မျက်နှာပေါ်သို့ လာထိ၏။ ကျွန်တော့်နဖူးပြင်ကဆံပင်တို့ကို အမေပွတ်သပ်ကြည့်နေသည်ကို ကျွန်တော်သတိထားမိသည်။ အမေဘာလုပ်နေတာလဲလို့တော့ ကျွန်တော်မမေးဖြစ်ပါ။ မျက်လုံးမဖွင့်ဘဲ ဒီအတိုင်းမှိန်းနေရသည်ကို ကြေနပ်နေမိသည်။ ထိုစဉ်မှာပဲ အမေ့ဆီမှ စကားသံတိုးတိုးသည်လည်း ထွက်၍လာခဲ့ပါသည်။ "သြော်…. ငါ့သားလေး…. ငါ့သားလေး။ အိပ်နေလိုက်တာ…. ကြည့်ပါဦး"တဲ့….။
          ကျွန်တော်တစ်ကိုယ်လုံး ဘယ်လိုဖြစ်သွားသည်ပင် ကျွန်တော့်ကို ကျွန်တော်မသိ။ အမေ့အသံ ဟာကျွန်တော်စာနဲ့ချရေးမပြတတ်တဲ့ အသံမျိုး။ ကြားကြားခဲ့သမျှ အသံများထဲတွင် အချိုဆုံးအသံ တစ်ခုဟု ဆိုလျှင်တောင် လုံလောက်မည်ဟုမထင်ပါ။ အမေကတော့ ကျွန်တော့နဖူးပြင်ကို သူ့လက် ကလေးနဲ့ ပွတ်သပ်နေဆဲ….။ နှုတ်မှလည်း ငါ့သားလေး… ငါ့သားလေးဆိုသည်ကိုဆက်၍ညဉ်း နေသည်ကိုကြား၏။ ကျွန်တော်မျက်လုံးတွေကို ဖွင့်ဖို့မကြိုးစားတော့ပါ။ ပြောမပြနိုင်သော စိတ်အတွင်း ခံစားရသည့် ကြည်နူးမှုအရသာကို တိတ်တိတ်လေးခံစားနေမိသည်။ ထိုစဉ်မှာပဲ အမေ့နှာသီဖျားက ထွက်သက်ငွေ့ငွေ့နွေးနွေးဟာ ကျွန်တော့်နဖူးပြင်သို့ လာ၍ထိသည်ကို ကျွန်တော်သိရသည်။ နောက်တော့ ကျွန်တော့ပါးပြင်ပေါ်တွေကိုထိ၏ အမေက ကျွန်တော့်မျက်နှာတစ်ပြင်လုံးကို နမ်းရှုံ့၏။ အမေ့နှုတ်ကလည်း သူ့သားကို သူခေါ်မ၀ဖြစ်နေရှာ၏။ ခဏကြာမှ အမေ့အနမ်းတို့ရပ်သွားသည်။ ထို့နောက်တွင်တော့ အမေကျွန်တော့ဘေးမှထ၍သွားသည်။ အိပ်ရာထဲတွင် သူ့သားတစ်ယောက် အတွေးတို့ဖြင့် ကြည်နူးစွာ ကျန်ရစ်နေမည်ကို အမေသိလိမ့်မည်မဟုတ်ပါ။ ကျွန်တော်ကတော့ အတွေးတို့ဖြင် ဟိုး… ငယ်ငယ်ကအမေသနပ်ခါးလိမ်းပေးတာခံခဲ့ရသည့် ကလေးဘ၀ဆီကိုတောင် ပြန်ရောက်သွားကြည့်မိသည်။ သနပ်ခါးလိမ်းပေးပြီး ကိုယ့်သားကိုပြန်နမ်း၇ှုံတက်တာလည်းဒီအမေပဲလေ..ထိုအတွေးဖြင့်ကိုယ့်ပါးကိုယ်စမ်းမိတော့ မ၇ှိပါ ..သေနပ်ခါးတို့ ကွှန်တော့်ပါးမှာရှိမနေကြပါ...သိုသော်.. အမေ့အနမ်းပူပူနွေးနွေးကတော့ ရှိနေဆဲပင်ဖြစ်၏။
          နံနက်ခင်းသည်လည်း ဆွတ်ပျံ့ဖွယ်ရာအတိဖြင့် ပြီးပြည့်စုံနေသည့်အလား ကြည်နူးမှုတို့ဖြင့် ဝေဆာကုန်၏။ တဆက်တည်းဆိုသလို အမေ့အနမ်းဖြင့် နိုးထရသော နံနက်ခင်းလေးကို ကျွန်တော် နှမျောနေမိပြန်သည်။ ကုန်ဆုံးမသွားစေချင်ပါ။ ဖြစ်နိုင်လျှင် ဒီနံနက်ခင်းလေးကို ဆွဲဆန့်ထားလိုက်ချင် ပါသည်။ သို့သော် အချိန်က ကျွန်တော့ကို မျက်နှာသာမပေးပါ။ ကျွန်တော်ချစ်သော နံနက်ခင်းလေး ကို ဖက်တွယ်ထားခွင့်မရ။ ကျွန်တော်ခွဲခွာခဲ့ပါသည်။ ထိုနံနက်ခင်း ထိုညချမ်းများနှင့် အဝေးဆုံးသော တစ်နေရာသို့ပင် ကျွန်တော်ရောက်နေခဲ့ပြီဖြစ်သည်။ သို့သော် ကျွန်တောက ထပ်ကာထပ်ကာ ပြန်လွမ်းဆွတ်မိ၏။ အမေကျွန်တော့ကို ခုချိန်ထိ နမ်းရှုံ့တုန်းဆိုသည့် အတွေးတစ်ခုနှင့် ထိုနံနက်ခင်း လေးအား လွမ်းဆွတ်ရသည်ကို ကျွန်တော်သဘောကျသည်။ ထိုအတွေးထိုလွမ်းဆွတ်မှုသည်ပင် ဘယ်အရာတို့နှင့်မျှ နှိုင်းယှဉ်၍ မရသော ကျွန်တော့ဘ၀၏ ကြည်နူးမှုကို ဖြစ်ပေါ်စေပါသည်။
          ကျွန်တော့ အိမ်ပြန်ရက်တို့က နီး၍လာခဲ့ပါပြီ။ ဒီတစ်ခေါက် အိမ်ပြန်ရောက်လျှင်လည်း ကျွန်တော်တစ်ယောက် အိပ်ရာအစောကြီး နိုးနေဦးမည်မှာအသေအချာပင်ဖြစ်သည်။ အမေ့အနမ်းကို အိပ်ချင်ယောင်ဆောင်ပြီး ကျွန်တော်ခံယူရပါဦးမည် အမေသည်လည်း မတွေ့တာကြာနေသော သူ့သားများကိုမျှော်နေလောက်ပြီ….။စိတ်ကူးတို့က ကျွန်တော့်ကို ပျော်ရွှင်လာမိစေသည်။ မျက်နှာတွင် အပြုံးပင်လာဟပ်၏။ အမေညဉ်းခဲ့သည့်စကားသံတို့ကို ကျွန်တော့နားထဲတွင် ပြန်လို့ကြားယောင် လာသည်။ "သြော်… ငါ့သားလေး… ငါ့သားလေး။ အိပ်နေလိုက်တာ… ကြည့်ပါဦး" တဲ့………။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/19/2012 12:37:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23548] သင်္ကြန်ယဉ်ကျေးမှု

My Thingyan (1) ဆိုပြီး ဆောင်းပါးလေးရေးခဲ့ပါတယ်။ ဆက်ရေးမယ်ဆိုပြီးလည်း တွေးခဲ့ပါတယ်။

သို့ သော်................
သင်္ကြန်မှာ ကျနော်ဘယ်သွားတယ် ဘာလုပ်တယ် တိတိကျကျတွေလိုက် မရေးချင်တော့ပါ.........ရေးချင်စိတ်မရှိတော့ပါ...................


.................................................................................
အကြတ်နေ့ နှစ်ရက် နေယုနဲ့ လည်တယ်။ နောက်ဆုံးနေ့ တစ်ယောက်တည်းလည်တယ်။

ကန်တော်ကြီးကို သွားကြတယ်။ လမ်းလျှောက်ပြီးပါပဲ....................
လူတွေ လူတွေ ကြက်ပျံမကျ စည်ကားနေတဲ့ ကန်တော်ကြီးပတ်လမ်းတစ်လျှောက် ကြီးမားခန့် ထည်တဲ့ မဏ္ဍပ်တွေက သူ့ ဟာနဲ့ သူ disco တွေမြည်ဟီးနေကြတယ်။

လူတွေအားလုံးထဲမှာ လွယ်အိတ်လွယ်ပြီး ထီးတစ်ချောင်းနဲ့ သွားနေတာဆိုလို့ ဆိုလို့ ကျနော် တစ်ယောက်တည်းပဲရှိမယ်လို့ ထင်မိတယ်။ (ကန်တော်ကြီးကို လာလည်ကြတဲ့သူတွေထဲ ဒီဂရုထဲက လူတွေလည်း ပါမယ်လို့ ထင်ပါတယ်။)

ဘီယာဘူးတွေဆိုတာ နေရာအနှံ့ .......ရောင်းနေတဲ့ ဆိုင်တွေကလည်း ဟိုနားသည်နားနဲ့ ....................................
ကျနော်ပြောချင်တာက ဘီယာရောင်းတာမကောင်းဘူးမဟုတ်ဘူး......ရောင်းပါ........အေး ၀ယ်ပြီးလည်း သောက်ကြပါ................................
အဲဒီအထိက အေးဆေးပေါ့.............

နောက်မှ မူးသွားမှ ပြဿနာက စတာ...........................

မိန်းကလေးတွေ...............မြန်မာမိန်းကလေးတွေ................................မဏ္ဍပ်တွေပေါ်မှာ မူးရူးပြီးကနေကြတာဗျာ.....မြင်လို့ မကောင်းဘူး။ (ဒါပေမယ့် သေချာတော့ ကြည့်မိပါတယ်.....ဒါမှလည်း စာပြန်ရေးရင်သေချာရေးလို့ ရမှာပေါ့ ဟဲဟဲ)

မိန်းမတွေက စင်ပေါ်ကနေ အမျိုးစုံလုပ်ပြနေကြတယ်..........
အောက်က ကားပေါ်က ယောင်္ကျားတွေကော မိန်းမတွေကော လမ်းပေါ်က လူတွေရော အားလုံးက ၀ိုင်းကြည့်ပြီး ဘာလုပ်တယ်ထင်ပါသလဲ?

အားပေးနေကြပါတယ်ဗျာ..........
အားပေးနေကြပါတယ်.......................................................

လက်ခုပ်တီးလိုက် လေချွန်လိုက်နဲ့ .......................

"ကဲကြဟေ့......နင်တို့ တွေ ဖော်ချင်တာ အကုန်ဖော် အောက်က ငါတို့ အကုန်ကြည့်ပေးမယ် ဘာမှမပူနဲ့ " လို့ များ ၀ိုင်းပြောနေလေသလား?

လူအုပ်ကြီးထဲမှာ.......မိသားစုလိုက်လာရောက်လည်ပတ်သူတွေလည်း တွေ့ ရပါတယ။် တချို့ သမီးပျိုတွေလည်း ပါပါတယ်။
မိန်းမကြီးတွေကတော့ ကဲနေတဲ့ ကောင်မလေးတွေကြည့်ပြီး နှာခေါင်းရှုံ့ ကြတာမြင်ပေမယ့်....... သူတို့ သမီးတွေကိုတိုင်ကလဲ ဘောင်းဘီပေါင်တိုနဲ့ ပါ.................

မိန်းကလေး ဆယ်ယောက်မှာ ငါးယောက်က အတိုအပြတ်တွေနဲ့ လို့ တောင် ပြောနိုင်ပါတယ်။

မိန်းကလေးတစ်ယောက်ဆို စင်ပေါ်ကနေအောက်ကလူတွေ အားလုံးကို လက်ခလယ်ပြပါတယ်။ အဲပြီးတော့ ဗိုက်လှန်ပြပါတယ်။
မဏ္ဍပ်တစ်ခုမှ We will rock you ကို We will fuck you လုပ်ပြီး အောက်ကလူတွေကို လက်ခလယ်တွေ ထောင်ပြနေပါတယ။်

အောက်မှ လမ်းသွားနေတဲ့ လူများကလည်း သူတို့ ကို စင်ပေါ်က ၀ိုင်းဆဲနေလို့ ဆဲနေမှန်းမသိ ပြုံးပြုံးကြီးနဲ့ သီချင်းကို တောင် လိုက်ဆိုလိုက်သေး အဟေးဟေး..............


ဘာကို အဓိကပြောချင်တာလဲဆိုတော့......................

ပျက်စီးနေတဲ့ မိန်းကလေးတွေကို မပြုပြင်ရင်နေပါ ဘာလို့ အားပေးအားမြောက်ပြုနေကြပါသလဲ?
မိန်းမတစ်ယောက်ဒီလို ကဲနေတာကို လူတွေ အားလုံး ရှုပ်ချဖို့ နေနေသာသာ ပိုပြီးကဲလာအောင်တောင် ဖိအားပေးနေသလို ပါပဲ။

တစ်ခုလောက်စဉ်းစားကြည့်ပါ.............
အဲဒီ မိန်းကလေးသာ ကို့ နှမ ဒါမှမဟုတ် ကို့ သမီး ဒါမှမဟုတ် ကို့ ရည်းစား ဒါမှမဟုတ် အရမ်းခင်ရတဲ့သူငယ်ချင်း ဆိုရင် ဒီလို အားပေးနေမှာလား?


ဟာ ငါနဲ့ ဘာမှလဲသိတာလည်းမဟုတ်ဘူး ငါ့ညီမလည်းမဟုတ်ဘူးကွာ
ဒီတော့ မြှောက်သာပေး ကောင်မတွေကဲတော့ ငါတို့ တွေ ကြည့်ရတာ ဇိမ်ရှိတာပေါ့ ဆိုတဲ့အတွေးနဲ့ မြှောက်ပေးကြတာဆိုရင်တော့.........ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို နည်းနည်း
ပြန်ကြည့်ဖို့ လို နေပြီထင်ပါတယ်။


မိန်းမတွေကို အစက အသိဥာဏ်ရှိတယ် အရှက်အကြောက်ကြီးမားတယ်လို့ ကျနော်ထင်နေခဲ့တာ ဘယ်ဟုတ်မလဲ..........
အခုမှပဲသိတော့တယ်........မိန်းမတွေရဲ့ တစ်ဝက်က ဦးနှောက်မရှိ လူတွေ မြှောက်ပေးရင် -ျီးပါစားမယ့် ပုံပဲဗျာ။

ကို့ ကို ယောင်္ကျားတွေ အာသာငမ်းငမ်းသွားရည်တမြားမြားကြည့်နေကြတာကို စိတ်ထဲက အမျိုးမျိုးပြစ်မှားနေကြတာကို သိသိကြီးနဲ့ ဖော်ချွတ်ပြနေကြတာလည်း အင်မတန်ရှက်စရာကောင်းတယ်ထင်ပါတယ်။
ဒီခေတ်ကြီးမှာလို့ လာမပြောနဲ့ ................................................
ဒီခေတ်မှာ သိပ္ပံ၊စီးပွားရေး၊အသိပညာ ဗဟုသုတ အများကြီးတိုးပွားလာတယ်........ဒါတွေ ကျမလိုက်စားပဲ ဘာလို့ ဖက်ရှင်ကျမှအကြီးအကျယ်လိုက်ခေတ်မှီချင်နေကြလဲ အံ့သြပါတယ်။

လူတစ်ယောက် သားသားနားနားအပျံစား အလန်းစားဝတ်စားထားရင် စစတွေ့ ချင်း မြင်မြင်ချင်းမှာ အထင်ကြီးသွားမယ်။
ဟာဒီကောင်မလေး ဒီကောင်လေး လန်းလှချည်လားလို့ ..........
ဒါပေမယ့် အဲဒီသူနဲ့ ၁၅ မိနစ်လောက်ပဲစကားပြောကြည့်လိုက်..................ဘာမှမသိတဲ့ နုံအအကြောင်တောင်တောင်ဆိုရင် သူဘယ်လောက်ပဲ ကောင်းအောင် ၀တ်စားထား အပေါစာရင်းထဲ ၀င်သွားမှာပဲ။

ပြောရင်းနဲ့ လွဲကုန်ပီ..............


ယောင်္ကျားတိုင်းနီးပါး အပျိုစစ်စစ် ကောင်မလေးကိုပဲ ချစ်ချင်ကြ လိုချင်ကြပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးက မိမိအပျိုဂုဏ်ပါ။
အဲဒီ ကနေကြတဲ့ မိန်းကလေးတွေက အပျိုစစ်စစ်တွေပါပဲလို့ ဆိုထားဦး....................လူဆယ်ယောက်မှာ သုံးယောက်လောက်ပဲယုံကြလိမ့်မယ်။
လူရှေ့သူရှေ့တောင်ဒီလောက်ဖြစ်နေတာ ကွယ်ရာမှာဆိုသွားပြီလို့ ပဲ အများစုက တွေးကြမှာပဲ။

ဒီနေရာမှာ ဇယားတွေကိစ္စလဲပါသေးတယ်။ အဲလိုကနေတာတွေမှာ ဇယားတွေလည်း ပါနိုင်တယ်။
အဲဒီတော့ ကိုယ့်ကိုပါ ရောရောင်ပြီး ဇယားလို့ ထင်သွားမှာ မကြောက်ကြဘူးလားလို့ မေးချင်ပါတယ်။

ဒါက မူးယစ်ဆေးဝါးမသုံးပဲ သိသိကြီးနဲ့ ကဲနေတဲ့ မိန်းကလေးတွေကို ပြောတာပါ။
မူးယစ်ဆေး ထိုးဆေးတွေ မိသွားလို့ control မဲ့သွားတဲ့ မိန်းကလေးတွေလည်း ရှိပါတယ်။

တချို့ ကျတော့လည်း သိသိကြီးနဲ့ စိတ်ကြွဆေးတွေသုံးပြီး ကဲကြသတဲ့.........................


တစ်ခုတော့ရှိတယ်။ လူတစ်ယောက်က နဂိုဗီဇကတည်းက ကောင်းနေရင် ပျက်စီးဖို့ ရာအခွင့်အလမ်းနည်းပါတယ်။
ချစ်သူက ရေသန့် ဘူးမှာ ဆေးထိုးပြီး တိုက်လိုက်လို့ ကဲမိတာလို့ ချစ်သူကို အပြစ်တင်မယ့်အစား............
.အိမ်ကမိဘမသိပဲ ချစ်သူနဲ့ ဒီလို မဏ္ဍပ်မှာ နှစ်ယောက်တည်း လာကဲနေတဲ့ ကိုယ့်ကိုကိုယ် အရင်ကောင်းလားလို့ ပြန်မေးကြည့်ကြပါလို့ ပြောချင်ပါတယ်။

ယောင်္ကျားတွေဟာ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့နေရာမှာ ဆရာကျတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးများတော်ရုံတန်ရုံကလေးနဲ့ လွယ်လွယ်နဲ့ မယုံလိုက်ပါနဲ့ ။


သင်္ကြန်မှာ မဆင်မခြင်ကဲခဲ့ကြတဲ့ မိန်းကလေးများရဲ့ ပုံတွေလည်း အွန်လိုင်းမှာ ပျံ့ နှံ့ နေလောက်ပြီ..........ဒါကို မြင်ကြတွေ့ ကြတဲ့ လူတိုင်းအားလုံးလည်း အဲဒီမိန်းကလေးတွေကို အပြင်မှာတွေ့ ရင် ရွံကြလိမ့်မယ်ထင်ပါတယ်။


အဲဒီမဏ္ဍပ်အောက်လူတွေ ကိစ္စဆက်ပြောချင်ပါတယ်။

မြန်မာပြည်မှာ လူတွေက အချင်းချင်းကူညီရိုင်းပင်းကြတယ် လူကြီးသူမတွေက မကောင်းတာမြင်ရင် ဆုံးမသွန်သင်ကြတယ်ဆိုတယ်။
အခု ဘယ်မှာလည်း အဲဒီဟာတွေက?

ဘယ်အစိုးရကမှလဲ တားဆီးတာမတွေ့ သလို ဘာလူကြီးသူမမှလဲ ဆုံးမတာမမြင်...............
အပေါ်ကကနေတာကိုကြည့်ပြီး
ကြည့်စမ်းမိန်းကလေးတွေတော်တော်ကဲပါလားလို့ မှတ်ချက်ချပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်သွားကြတာချည်းပဲ..................

ဘာလို့ လဲ?

ဘာလို့ လဲဆိုတော့ ကိုနဲ့ မဆိုင်ရင် ၀င်မပါတာအကောင်းဆုံးပဲဆိုတဲ့ အသိက လူတိုင်းနီးပါးမှာစွဲနေလို့ လို့ ထင်ပါတယ်။
ငါ့သမီးမှ မဟုတ်တာ.........
င့ါရည်းစားမှ မဟုတ်တာ...........
.......................အကြောင်းပြချက်အမျိုးမျိုးနဲ့ ပေါ့......................

မင်းသွားပြီးပြောပါလားလို့ ကျနော့်ကိုတော့ လာမပြောနဲ့ ကျနော်လည်း အခုမှ ၁၉နှစ်ပဲရှိသေးတာပါ။ ကျနော်သွားပြောလို့ လည်း ကျွဲပါးစောင်းတီးပဲဖြစ်မှာ။
ဘာလို့ ဆို အားလုံးက မူးနေကြတာလေ........................

ဆိုလိုချင်တာက သက်ဆိုင်ရာက ပိတ်ပင်တားမြစ်မှုမျိုးလုပ်သင့်တယ်။ လူထုက ဒါမျိုးသရုပ်ပျက်တာကို လွယ်လင့်တကူ လက်မခံပဲ၊ ဒီတိုင်းကြီး ရပ်ကြည့်မနေပဲ....ရှုပ်ချသင့်တယ်လို့ တိုက်တွန်းချင်တာပါ။



ပျော်တာတော့ပျော်ကြတာပေါ့...........ဒါပေမယ့် ပျက်နေကြတယ်လို့ ထင်လို့ ပါ။

ဒီလိုမျိုး ပျက်စီးနေတဲ့ မိန်းကလေးတွေ ကဲချင်တိုင်းကဲနေတဲ့ မိန်းကလေးတွေကိုမှ မြတ်မြတ်နိုးနိုးတန်ဖိုးထားချစ်မိနေတဲ့ ယောင်္ကျားလေးတွေတော့ သနားပါတယ်။
တော်သေးတယ် ကျနော်က အရမ်းကံကောင်းတယ်လို့ ပြောရမယ်။


တစ်ကမ္ဘာလုံးမှာ ဗမာပြည်မှာပဲ မိန်းကလေးတွေကို မြတ်မြတ်နိုးနိုးတန်ဖိုးထား ချစ်ရတာတန်တယ်လို့ ထင်ထားတာ အခုတော့ မြန်ပြည်လဲ တဖြည်းဖြည်းနဲ့ ..........................



စိတ်ထဲရှိတာတွေ လျှောက်ရေးချလိုက်တာမို့ အဆီအငေါ်မတည့်တာတွေ ရှိပါတယ်။
စိတ်သဘောထားချင်း မတိုက်ဆိုင်ရင် ခွင့်လွှတ်ပါ။



Regards,
Haroon1992









--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23543] Fwd: [လူဗိုလ်ဟူသည် ...] Installing Zawgyi Font in MAC OSX (Apple တွင် Zawgyi font ထည့်နည်း)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Wed, Apr 18, 2012 at 3:36 PM
Subject: [လူဗိုလ်ဟူသည် ...] Installing Zawgyi Font in MAC OSX (Apple တွင် Zawgyi font ထည့်နည်း)
To: lubo601@gmail.com




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/18/2012 03:36:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [aurorageneration] Re: [mrsorcerer:23089] ချားလ် ဒါဝင်..ကြောင့်သာမဟုတ်ခဲ့ ရင်...။

as far as I know, Charles Darwin didn't study Evolution in Oxford or other well-known university. And another thing is studying  at university doesn't make you a professional. If you don't believe, ask Bill Gates and Mark Zukerberg of facebook. And another thing is I never said human are monkeys. And the last, judging the reliability of one source of knowledge over another involve thinking. No matter where you learn, at the university or under the street lights like Abraham Lincoln did, the only thing that matter is sound judgmental thinking to weight why this source of knowledge is reliable or not.

On Wed, Apr 18, 2012 at 8:25 AM, romeo .l2009 <romeo.l2009@gmail.com> wrote:
i said in geologic terms...........my friends are  geologists and they
study about fossils including primates.............in geologic no  one
comment that human beings are descended from monkeys..........but
humans and some kinds of monkeys, like apes and chimpanzees are
descended from a root specie that we call
primates..................note that i say in professional
terms...........and not childish terms that you searched  in untrusted
sources like from internet..........you cannot find  professional
knowledge in internet but in an university........ professional
knowledge are supported only by universities where you can trust your
information............ so you have no right to argue professional
things like that because you haven't studied professionally about
these terms in an university............but we did...so humans are not
monkey but brothers with monkeys and these two kinds are descended
from primates

On 10/04/2012, Htike The Great <htikethegreat@gmail.com> wrote:
> It is a historical event. It changed the way we see the world. That link
> provide the story of how Darwin identified Finches from different islands
> had different kind of beaks according to the environments they lived and
> the food they eat. Whether it make sense to you or not is up to you. Yes,
> everyone can edit. But they have rules. Read it first and then make an
> argument which is not true. Everyone can write on auroragroup. So this
> group is not true. I can't accept it logically. Sorry about that.
> On Mon, Apr 9, 2012 at 7:05 PM, romeo .l2009 <romeo.l2009@gmail.com> wrote:
>
>> wiki ဆိုတိုင်းမမှန်ပါဘူး။လူတိုင်းရေးတင်နေတာပဲ။သူတို့လဲ
>> သတိပေးထားတယ်။သူတို့ကိုယ်တိုင် သူတို့ ၀ီကီကို သိပ် အားမကိုးဖို့။ဘူမိဗေဒ
>> term မှာ မျောက် (monkey )လို့မပြောပါဘူး
>> ။primate(လူတူမျောက်တူရှေးဦးသတ၀ါ)လို့ပဲပြောထားပါတယ်။
>> On 08/04/2012, Htike The Great <htikethegreat@gmail.com> wrote:
>> > Theory of Evolution can't be grasped by people who are not fully
>> > evolved.
>> > Darwin never says human are evolved from monkey.  But surprisingly, we
>> > share 99% of our DNA with the monkeys and other apes like species. This
>> is
>> > a scientific fact. Nothing make sense in biology under the light of
>> > evolution. And  it is a very strong theory. Even after 150 years after
>> > Origin of Species was published, evidences to support its claims are
>> > overwhelmingly abundant (at least for open-minded). Here is a link to
>> which
>> > explains how Darwin discovered the fascinating ideas of  Evolution;
>> > en.wikipedia.org/wiki/*Darwin's*_*finches*<http://en.wikipedia.org/wiki/*Darwin%27s*_*finches*>
>> >
>> > On Sun, Apr 8, 2012 at 10:06 AM, romeo .l2009 <romeo.l2009@gmail.com>
>> wrote:
>> >
>> >> မျောက်က ဆိုတာ ဘယ်သူပြောလိုက်လဲမသိဘူး ။ဘာသာပြန်တာမတိကျပါဘူး။ လူဆိုတာ
>> >> primate ဆိုတဲ့ ရှေးဦးလူတူမျောက်တူ သတ၀ါကနေ
>> >> ဆင့်ပွားပြောင်းလဲမှုအရဒီနေ့လူတွေပုံစံပြောင်းလာတာပါ။ငါ့ညီပြတဲ့
>> >> မျောက်တွေကနေမဟုတ်ပါဘူး။ငါ့ညီလေး သေသေချာချာ နားမလည်သေးရင်
>> >> နားလည်တဲ့သူတွေကိုအရင်မေးပါ။
>> >>  ဆင့်ပွားပြောင်းလဲမှုက လူမှာ မျိုးဆက် ဘယ်လောက်မှာ
>> >> ဘယ်လောက်ပြောင်းလဲတယ်ဆိုတာ ရှိပါတယ်။ ဥပမာ မျိုးဆက်
>> >> ပေါင်းများစွာရေငုပ်လာတဲ့ ဆလုံလူမျိုးတွေက
>> >> ကျွန်တော်တို့ထက်ပိုငုပ်နိုငတာမျိုး။ဒီထက်ပိုလွယ်တာဆို ခနတိုင်း
>> >> အကြမ်းပတမ်းထိတဲ့နေရာမှာ ခံနိုင်ရည်ရှိလာအောင် အသမာတက်လာတာမျိုး။ ဒီထက်
>> >> ပို ကြာ ဥပမာ မျိုးဆက်ပေါင်းများစွာဆိုရင်တော့ ပိုပြီး သိသိသာသာ
>> >> ပြောင်းလဲမှု ရှိလာမယ်။ ဥပမာ water world ကားထဲမှာခန့်မှန်းပြသလို
>> >> ပါးဟက်တွေပေါက်လာတာမျိုးပေါ့။
>> >>
>> >> On 08/04/2012, kdar kdar <kdar600@gmail.com> wrote:
>> >> > ပုံမှန်တွေးနေကြအတွေးတွေထက်
>> >> >
>> >>
>> ထူဆန်းလှပတဲ.အတွေးနဲ.အပြလေးတွေပါ..အတွေးတစ်ခုတော.စိတ်ထဲမှာရလိုက်သလိုခံစားရပါတယ်..သေချာဆုပ်ကိုင်ပြလို.တော.မရဘူးဖြစ်နေတယ်
>> >> > ညကအိမ်မက်တစ်ခုမက်ပြီးပြန်မပြောတတ်သလိုမျိုးပေါ.
>> >> >
>> >> > On Sun, Apr 8, 2012 at 8:06 AM, Shwe Aeim Siှ <shweaeimsi@gmail.com>
>> >> wrote:
>> >> >
>> >> >> by Shwe Eaim Si <http://www.facebook.com/shweaeimsi> on Saturday,
>> March
>> >> >> 31, 2012 at 4:05pm ·
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> *သမိုင်းသုတေသီရှေးဟောင်းသတင်းအရ*
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> *ချားလ် ဒါဝင် ဆိုသော ပုဂ္ဂိုလ်က ၄င်း၏ ဆင့်ကဲဖြစ်စဉ် ဟူသည့်
>> >> >> သီအိုရီတွင်
>> >> >> လူသည်မျောက်က ဆင်းသက်လာသည်ဟု အဆိုရှိခဲ့သည် ။ အမှန်ပင် လူသည်မျောက်က
>> >> >> ဆင်းသက်လာသည်လော ... ။*
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> * မျောက်အုန်းသီးရသို့ အင်တာနက်ကိုအထူးအဆန်းဝိုင်းကြည့်ပြီး*
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> *မျောက်က ကနေကြသူများတချို့ လည်း မျောက်မီးခဲ ကိုင်မိသလို
>> ဖြစ်နေကြတော့သည်
>> >> >> ။လူဘ၀ အစသည်...မိမိတို့ ကစတင်ခဲ့ သည်*
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> *မျောက်တေးသီဆိုမြူးနေသူများ*
>> >> >>
>> >> >>
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> * *
>> >> >>
>> >> >>
>> >> >>
>> >> >> *သည်လူတို့ ဧ။်   မူလအစသည်မျောက်ဖြစ်နေသောကြောင့် လူနဲ့ မျောက်
>> >> >> ဘာကွာလည်းတွေးရင်း မျောက်မှိုင်..မှိုင်ကြတော့မည်။*
>> >> >>
>> >> >> * *
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> *မျောက်သားစားလိုက မျောက်မျက်နှာမကြည့်လေနှင့်ဟူ ၍လည်း ဆိုစရာမလိုချေ
>> >> >> ။*
>> >> >>
>> >> >> * *
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> *.ဟိုအော်ဒီအော်နေသူများလည်းရှိသေးသည်။*
>> >> >>
>> >> >> * *
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> * လူတို့ သည်..ဆက်လက်ပြီ အကျင့်ပျက်မျောက်မများ နဲ
>>့ မျောက်ဇာတ်ကမည်ဆိုပါက
>> >> >> ဧကန်မုချ  လူ့ ဘ၀သို့ ရောက်မည်မဟုတ် မျောက်ဘ၀၌ပင် ရှိနေကြပေလိမ့်မည် ။*
>> >> >>
>> >> >> * *
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> **
>> >> >>
>> >> >> * *
>> >> >>
>> >> >> *မျောက်ဆိုသည်ကား အမြဲတန်းဌက်ပျော်သီးစားသည်ဟုမည်သူပြောသနည်း*
>> >> >>
>> >> >> * *
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >>
>> >>
>> *တခါတရံ..ပန်းသီးစားချင်စားမည်....မျောက်လုပ်ချင်တာမျောက်လုပ်မည်....မျောက်ဆိုသည်ကား..မျောက်သာတည်း
>> >> >> ။*
>> >> >>
>> >> >> * *
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> *ကိုယ့်ကိုယ်ကို မျောက်ဖြစ်မှန်းမသိ ဖြစ်နေရရှာသော မျောက်မဟာများလည်း
>> >> >> မျောက်နန်းစံနေကြလေပြီ ။*
>> >> >>
>> >> >> * *
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> *ရုတ်တရက်.......မြေပေါ်သို
>> >> >>
>>့ ဦးသျှစ်သီးကြွေကျသည်....သတင်းစာဖတ်အိပ်ပျော်ရာမှ..ရုတ်တစ်ရက်..နိုးသည်။*
>> >> >>
>> >> >>
>> >> >>
>> >> >>
>> >> >>
>> >> >>
>> >> >>
>> >> >> **
>> >> >>
>> >> >>
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> **
>> >> >>
>> >> >> နွေဦးလေရူးနဲ့ နှင့်အတူ....စိတ်တို
>> >> >>
>> >>
>>့ သည်...ကြောင်ဖြစ်..ခွေးဖြစ်..ကလေးဖြစ်...အခုတော့မျောက်ဖြစ်ပြန်ပြီ......အော်ဘ၀သံသရာကြီးပါတကား
>> >> >>
>> >> >>
>> >> >>
>> >> >> ရွှေအိမ်စည်
>> >> >>
>> >> >> --
>> >> >> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>> >> >> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို
>> နှိပ်ပြီး
>> >> >> မန်ဘာဝင်နိုင်ပါသည် ။
>> >> >> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>> >> >> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>> >> >> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
>> >> >> mrsorcerer+unsubscribe@googlegroups.comကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>> >> >> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>> >> >> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>> >> >> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>> >> >>
>> >>
>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>> >> တွင်
>> >> >> ဖတ်ရှုနိုင်ပါသည် ။
>> >> >>
>> >> >> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>> >> >> mrsorcerer2@groups.facebook.com
>> >> >> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>> >> >> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>> >> >>
>> >> >> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
>> >> >> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com )
>> ထံသို.
>> >> >> ပေးပို.နိုင်ပါသည် ။
>> >> >>
>> >> >> ခင်မင်စွာဖြင့်
>> >> >> ဦးဦး မှော်ဆရာ
>> >> >>
>> >> >
>> >> > --
>> >> > မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>> >> > http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို
>> နှိပ်ပြီး
>> >> > မန်ဘာဝင်နိုင်ပါသည် ။
>> >> > မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>> >> > mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>> >> > မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်
>> >> mrsorcerer+unsubscribe@googlegroups.com
>> >> > ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>> >> > စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>> >> > http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>> >> > မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>> >> >
>> >>
>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>> >> >  တွင် ဖတ်ရှုနိုင်ပါသည် ။
>> >> >
>> >> > Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>> >> > mrsorcerer2@groups.facebook.com
>> >> > FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>> >> > http://www.facebook.com/home.php?sk=group_173571176006981&ap=1
>> >> >
>> >> > မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
>> >> > ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com )
>> ထံသို.
>> >> > ပေးပို.နိုင်ပါသည် ။
>> >> >
>> >> > ခင်မင်စွာဖြင့်
>> >> > ဦးဦး မှော်ဆရာ
>> >> >
>> >>
>> >> --
>> >> group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im   ကို add
>> ပါ။
>> >> Computer နည်းပညာများ
>> >> http://groups.google.com/group/auroracomputerservice?hl=en_US
>> >> ဂြိုဟ်တုနှင့်အာကာသ
>> >> http://sites.google.com/site/9spacestudy/
>> >> Aurorageneration အတွက် facebook link ပါ။
>> >> http://www.facebook.com/groups/186830348042417
>> >> --
>> >> သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု
>> >> mail
>> >> ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကို
>> >> http://groups.google.com/group/aurorageneration/topics?start=10&sa=N
>> >> မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါက
>> >> aurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group
>> ကိုဝင်ချင်ပါက
>> >> aurorageneration+subscribe@googlegroups.com သို့   mail ပို့ ခြင်းဖြင့်
>> >>  ၀င်နိုင်ပါတယ်။  group မှထွက်ချင်ပါက
>> >> aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
>> >>
>> >> group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက
>> >> aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
>> >>
>> >
>>
>

--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။