[mrsorcerer:23668] လိင်၏တွန်းအားကို နားလည်ခြင်း Lesson 4 ; Understanding The Sex Drive

လိင်၏တွန်းအားကို နားလည်ခြင်း Lesson 4 ; Understanding The Sex Drive Friday, 06 April 2012 11:52 အန်ဒရူး

အန်ဒရူး
(မှတ်ချက်။  ဘာသာမတူသူများ၊ ဘုရားရှင် နေရာတွင် သဘာဝတရား .. ဟု အစားထိုးဖတ်ရှုနိုင်ပါသည်)

လူငယ်တစ်ဦးသည် လူကြီးဘ၀သို့ရောက်လာသောအခါ သူ၏ကိုယ်ခန္ဓာအတွင်း၌ အားပြင်းသည့် တွန်းအား တစ်ခု ဖြစ်ပေါ်လာသည်ကို သိရှိခံစားရမည်ဖြစ်သည်။ ဤအားပြင်းသည့် တွန်းအားအသစ်မှာ လိင်၏တွန်းအားပင် ဖြစ်သည်။ လိင်နှင့်ပတ်သက်၍ အာသီသစိတ်ကို ဘုရားရှင်က ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းထားသည်။ ဤအရာက မညစ်ညူးသလို၊ မကောင်းသောအရာမဟုတ်ပါ။ လိင်၏လှုံ့ဆောင်မှုသည် ဘုရားရှင်၏ အကြံအစည်ဖြစ်သည်။ သူသည် ဆန်ကျင့်ဘက်လိင်ကို စိတ်ဝင်စားစေသော ဟိုမုန်းများကို ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းဖန်ဆင်းထားသည်။ ဘုရားရှင် ရည်ရွယ်ထားသည့် လိင်ဆက်ဆံမှုပုံစံမှာ လှပသည်။ ဘုရားရှင်ဖန်ဆင်းထားသော အရာအားလုံးသည် ကောင်းသည်။

လူတဦးက ကားတစ်စီးအား မောင်းနေသည်ဟု ဆိုပါစို့။ တစ်နေရာသို့ရောက်သောအခါ ကားမောင်းသူသည် ဘယ်ကွေ့ရင်ကွေ့၊ မကွေ့ရင်ညာဘက်သို့ ကွေ့ရန် ရွေးချယ်ရမည့်အနေအထားသို့ ရောက်လာသည်။ သူ၏ဘယ်ဘက်၌ ""တစ်လမ်းသွားဖြစ်၏။ မ၀င်ရ""ဟူသော ဆိုင်းဘုတ်ကြီးကြီးကို မြင်ရသည်။ ကားမောင်းသူသည် ဆုံးဖြတ်ချက်ချကာ ဆိုင်းဘုတ်သတိပေးထားချက်ကို လျစ်လျူရှုပြီး ဘယ်ဘက်သို့ ကွေ့ဝင်ခဲ့သည်။ ယခုတွင် သူသည် လမ်းမှားအတိုင်း မောင်းနေပြီး ဥပဒေကိုလည်း ချိုးဖောက်၍ မိမိကိုယ်တိုင်နှင့် အခြားသူများအားလည်း အန္တရာယ်ဖြစ်စေမည်ဖြစ်သည်။

ကျွန်ုပ်တို့လိင်၏လှုံ့ဆော်မှုနှင့် ပတ်သက်လာလျှင်လည်း ထိုကဲ့သို့ပင် ရွေးချယ်ရမည့်အရာများရှိသည်။ လိင်၏ တွန်းအားသည် အပြစ်မရှိသော်လည်း ဤဆန္ဒကိုထိန်းချုပ်ရမည်ဟု ဘုရားရှင်က ပြောထားသည်။ ကျမ်းစာတွင် သူက ကျွန်ုပ်တို့အား မိမိကိုယ်ကိုသန့်ရှင်းအောင်ထားရန်နှင့် တနေ့တွင် မိမိ နှင့် လက်ထပ်မည့်သူအတွက် ခန္ဓာကို စောင့်ထိန်း ထားရန် ကြိမ်ဖန်များစွာ ပြောထားသည်။

ဘုရားရှင်က ကျွန်ုပ်တို့အား ပြောထားသည့်အရာများကို မနာခံခြင်းသည် လမ်းမှားအတိုင်း မောင်းနှင်နေသော ဒရိုင်ဘာကဲ့သို့ပင် ကျွန်ုပ်တို့နှင့် အခြားသူတို့အတွက် အန္တရာယ်ရှိပြီး အပြစ်လည်းဖြစ်သည်။ လိင်၏လှုံ့ဆော်မှု တွန်းအားကို မှားယွင်းသောနည်းလမ်းဖြင့် ကျေနပ်စေပါက၊ အပြစ်ဖြစ်လာသည်။

ဘုရားရှင်ကြံစည်ထားသည့် လိင်၏တွန်းအား

ဘုရားရှင်သည် သတ္တ၀ါတိုင်းအား မိမိဘာသာမျိုးပွားနိုင်သည့် စွမ်းရည်ကိုပေးထားသည်။ တိရစ္ဆာန်များတွင် ပြင်းပြသည့် လိင်ဆန္ဒရှိပြီး ထိုအရာက သူတို့အား မိတ်လိုက်စေသည်။ သို့သော် တိရစ္ဆာန်များ၌ လိင်၏တွန်းအားမှာ ရာသီ အလိုက်သာဖြစ်သည်။ တိရစ္ဆာန်အမသည် သူဆန္ဒပြင်းပြနေသည့် အချိန်မှသာ၊ အထီးဖြစ်သူကို လက်ခံမည်ဖြစ်သည်။ ကျန်သည့်အချိန်များ၌ အမသည် လိင်ကိစ္စကို စိတ်မ၀င်စားပါ။ ထင်ရှားစွာပင်၊ တိရစ္ဆာန်များ၌ လိင်၏တွန်းအားကို ဖြစ်ပေး စေခြင်းမှာ မျိုးပွားရန်အတွက် သာဖြစ်သည်ဟု ဘုရားရှင်က ရည်ရွယ်ထားသည်။

လူသားများတွင်မူ ထိုကဲ့သို့မဟုတ်ပါ။ ဘုရားရှင်က ကျွန်ုပ်တို့အား လိင်၏တွန်းအားကို ပေးထားခြင်းမှာ မျိုးပွားရန်အတွက်သာမဟုတ်ဘဲ။ ယောက်ျားနှင့်ဇနီးမယားသည် တဦးအပေါ်တွင်ထားသောတဦး၏မေတ္တာကို အပြည့် အ၀ ဖော်ပြနိုင်ရန်အတွက်လည်းဖြစ်သည်။ အမှန်မှာ နည်းလမ်းမျိုးစုံဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား ဖန်ဆင်းနိုင်ပါသည်။ သူက တိရစ္ဆာန်တွေကို ဖန်ဆင်းသလိုမျိုး၊ ကျွန်ုပ်တို့ လိင်၏တွန်းအားကို ရာသီအလိုက်သာ ဖြစ်ပေါ်စေလျက်၊ ကျွန်ုပ်တို့ အား ဖန်ဆင်းခဲ့နိုင်ပါသည်။ သို့သော် ဤသို့ဖန်ဆင်းခြင်းသည် လိင်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသော ပျော်ရွှင်မှု ကို သာ ကျွန်ုပ်တို့ရရှိမည် ဖြစ်သည်။ လိင်၏တွန်းအားပေးခြင်းကို အဆက်မပြတ်ခံနေရသောသူများအဖြစ်လည်း ကျွန်ုပ်တို့အား ဖန်ဆင်းခဲ့နိုင်ပါသည်။ သို့သော် ဤသို့ဖန်ဆင်းခြင်းက ကျွန်ုပ်တို့၏ဘ၀ကို မခံမရပ်နိုင် ဖြစ်စေနိုင်ပါသည်။

အထက်ပါနည်းလမ်းများထက် များစွာကောင်းသော နည်းလမ်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား ဖန်ဆင်း ခဲ့ သည်။ လှုံ့ဆော်မှုအားဖြင့် အသက်ဝင်လာသော လိင်ဆန္ဒအားဖြင့် ကျွန်ုပ်တို့အား ဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ ယောက်ျားနှင့်မိန်းမသည် လိင်ပိုင်းဆိုင်ရာ အာသီသစိတ်၏ ထိန်းချုပ် ထားခြင်းကို မခံရဘဲ အတူတကွ နေနိုင်ကြသည်။ သို့သော် သူတို့နှစ်ဦးသည် တော်လျော်သောအချိန်၌ သူတို့၏လိင်ဆန္ဒကို အပြန်အလှန်လှုံ့ဆော်ပေးနိုင်သည်။ အိမ်ထောင် ရေးဘ၀အတွင်း၌၊ ယောက်ျားနှင့် မိန်းမဖြစ်သူသည် အပြန်အလှန်လှုံ့ဆော်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော လိင်ဆန္ဒကို လိင်ဆက်ဆံခြင်းအား ဖြင့် တရားဝင် ကျေနပ်ဖြေသိမ့်စေနိုင်သည်။ ဘုရားရှင် ရည်ရွယ်ထားသော လိင်ဆက်ဆံမှု ပုံစံမှာ ဤပုံစံဖြစ်သည်။

သို့သော် ဤသို့သော ပြင်းပြသည့် ဆန္ဒများနှင့် စိတ်များသည် အိမ်ထောင်ရေးဘ၀အပြင်ဘက်၌လည်း ဖြစ်ပေါ် လာနိုင်သည်။ သို့သော် ဤသို့ပြင်းပြသည့်ဆန္ဒများကို အိမ်ထောင်ရေးဘ၀အပြင်ဘက်၌ တရားဝင်မဖြေနိုင်ပါ။ အိမ်ထောင် ရေး အပြင်ဘက်၌ ဆက်ဆံခြင်းသည် မတရားသောမေထုန်၌ မှီဝဲခြင်းဖြစ်ပြီး ဤအပြစ်က လူငယ်များ၌ အပျက်အစီးများစွာ ဖြစ်စေနိုင်သည့် အပြစ်များအနက် တစ်ခုဖြစ်သည်။ ထိုကြောင့် ကျမ်းစာက အိမ်ထောင်ရေးအပြင်ဘက်၌ ပြင်းပြသည့် လိင်ဆန္ဒများအား လှုံ့ဆော်ခြင်းနှင့် ပတ်သက်၍ များစွာ သတိပေးထားသည်။

လိင်၏လှုံ့ဆော်မှု တွန်းအားကို ရေနွေးငွေ့အိုးနှင့် နှိုင်းယှဉ်နိုင်သည်။ ရေနွေးငွေ့အိုး၏အောက်၌ မီးမွှေးသောအခါ၊ အိုးအတွင်းဘက်ရှိရေသည် ရေနွေးငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤရေနွေးငွေ့သည် ကြီးမားသည့်ဖိအားအောက်၌ ရှိသော်လည်း သင့်တော်သည့်ထွက်ပေါက်တစ်ခုကို စီမံပေးထားသည်။ လျှပ်စစ်စွမ်းအားကို ထုတ်ပေးသည့် ရေလှည့် စကြာ (Turbine) ကို လှည့်ရန်အတွက် ဤအငွေ့အား အသုံးပြုသည်။ သို့သော် ရေနွေးငွေ့အိုး၏အောက်၌ မီးမွှေးပြီး အငွေ့ထွက်ဖို့ရန် အတွက် ထွက်ပေါက်မရှိပါက အိုးသည် ပေါက်ကွဲသွားလိမ့်မည်။

လိင်သည် ဘုရားရှင်ပေးထားသော ကောင်းမွန်သည့် လက်ဆောင်ဖြစ်သော်လည်း ဖြစ်တည်လာသော ကြီးမား သည့် သင်၏ခန္ဓာပိုင်းနှင့် စိတ်ပိုင်းဖိအားများကို လျော့နိုင်မည့် သင့်တော်သော ထွက်ပေါက် မရှိဘဲ၊ လိင်ပိုင်းအရ စိတ်ဆန္ဒ ပြင်းပြမှုဟူသော မီးကို မမွှေးပါနှင့်။ ကျမ်းစာက အသိအမှတ်ပြုသည့် လုံခြုံ၍ သင့်တော်သော ထွက်ပေါက်မှာ အိမ်ထောင် ရေးပင်ဖြစ်သည်။ အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်၌ လိင်ဆန္ဒများကို လှုံ့ဆော်တွန်းအားပေးခြင်းသည် မှားသည်။

 

ယောက်ျားများသည် အမြင်အားဖြင့်လည်း လှုံ့ဆော်ခြင်းခံရသည်။

ကျွန်ုပ်တို့၏ စိတ်အာရုံအားလုံးသည် လိင်ပိုင်းအရ လှုံ့ဆော်မှု၌ တစိတ်တဒေသအဖြစ် ပါဝင်သော်လည်း၊ ယောက်ျားများမှာ ထိတွေ့ခြင်းအားဖြင့်သာမက၊ သူတို့မြင်သောအရာများအားဖြင့်လည်း လှုံ့ဆော် ခြင်းကို ခံရသည်။ အင်္ကျီ ခပ်ကျပ်ကျပ် (သို့)လျှပ်ပေါ်သောအ၀တ်အစားကို ၀တ်ထားသောမိန်းကလေးသည် ယောက်ျားတစ်ဦးအား လိင်ပိုင်းအရ လှုံ့ဆော်နိုင်သည်။ အချို့မိန်းကလေးများက ဒါကိုသိကြသည်။ ယောက်ျားများအား လှုံ့ဆော်ဖို့ရန်အတွက် သူတို့ ဘယ်လို ၀တ်ရမည်၊ ဘယ်လိုလျှောက်ရမည်၊ ဘယ်လိုထိုင်ရမည်၊ ဘယ်လိုလှုပ်ရှားရမည် စသည်တို့ကို သူတို့သိကြသည်။ ဤသို့လုပ်ခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ ယောက်ျားများအား အပြစ်ရှိသောအတွေးများကို တွေးစေနိုင်သော ကြောင့် ဖြစ်သည်။

မိန်းကလေးတဦးက ဤသို့ပြောခြင်းအားဖြင့် မိမိကိုယ်ကိုကာကွယ်လိမ့်မည်။ ""အကယ်၍သူတို့မှာသာ ဆိုးညစ် တဲ့ စိတ်မရှိဘူးဆိုရင် ဒီလိုမျိုးတွေးမှာမဟုတ်ဘူး"" ကျမ်းစာက အခြားသူတဦးအား အပြစ်ဖြစ် စေခြင်းသည် အပြစ် ဖြစ်သည်ဟု ပြောထားသည်။ ရမ္မက်အားဖြစ်ပေါ်စေသော ရုပ်ပုံများ၊ အပြာမဂ္ဂဇင်းများ၊ အပြာရုပ်ရှင်အား ကြည့်ခြင်းသည် လိင်ပိုင်းရမ္မက်များနှင့် ပြင်းပြသော စိတ်ဆန်္ဒများကို ဖြစ်စေနိုင်သည်။ ကျမ်းစာက ထိုအရာများကိုမလုပ်ရန် သတိ ပေးထား သည်။ နှုတ်ကပတ်တော်က ""....ကိုယ်ကာယ၏ တပ်မက်ခြင်းအလိုငှာ၊ မကြံစည်ကြနှင့်။ "" ဟုဆိုသည်။ ရောမ ၁၃း ၁၄

 

လိင်ကိစ္စသည် အရေးတကြီးပြုလုပ်ရမည့်ကိစ္စ မဟုတ်ပါ။

မည်သည့်အန္တရာယ်မှ မဖြစ်စေဘဲ၊ လိင်၏လှုံ့ဆော်မှုတွန်းအားကို ငြင်းပယ်နိုင်ကြောင်းကို လူငယ်များ သိသင့်  သည်။ အစာမစားပါက ကြာရှည်စွာ အသက်မရှင်နိုင်သည့် ဆာလောင်မွတ်သိပ်မှုနှင့် ဤလိင်၏ဆာလောင်မှုသည် မတူညီပါ။ သင်သည် သင့်အပေါ်တွင် ဆိုးရွားသည့် သက်ရောက်မှုများမရှိဘဲ လိင်၏တွန်းအား၊ တနည်းအားဖြင့် ဆာလောင်မှုကို ငြင်းပယ်နိုင်သည်။ လိင်သည် အရေးကြီးသည်မှာ သံသယဖြစ်စရာမလိုသော်လည်း၊ အရေးတကြီး လုပ်ရမည့် ကိစ္စမဟုတ်ပါ။ လူများစွာတို့သည် လိင်ဆက်ဆံမှု မရှိဘဲ သူတို့ဘ၀တစ်လျှောက်လုံးကို ပျော်ရွှင်စွာပြည့်ဝစွာ ဖြတ်သန်းနိုင်ကြသည်။

တစ်ခါတစ်ရံ၊ ယောက်ျားတဦးသည် ပွတ်သတ်ယုယခံရခြင်းနှင့် အခြားသောလှုံ့ဆော်မှုတစ်ခုခုကြောင့် လိင်စိတ် နိုးထလာပြီး၊ သူ့ကောင်းမလေးအား ""ငါတို့ဒီအထိတောင်လုပ်ခဲ့ပြီးပြီးပဲ၊ မင်းငါကိုခွင့်ပြု ပေးရတော့မယ်"" ဟု ပြောလိမ့် မည်။ ဤသို့ပြောခြင်းက အကယ်၍ သူမသာ သူ၏ဆန္ဒကိုမလိုက်လျောပါက ဆိုးဝါးသောအရာတစ်ခုခုသည် သူ၌ ဖြစ်လာ တော့မည်ဟု ထင်ရသည်။ ဤသို့မဟုတ်ပါ။ သူသည် သူမနှင့် လိင်မဆက်ဆံပါက သူ့အပေါ်၌ မည်သည့်ဆိုးဝါးသည့် သက်ရောက်မှုများရှိမည်မဟုတ်ပါ။ သို့သော် ဤအဆင့်အထိ ရောက်ခဲ့ခြင်းသည် ဥာဏ်ပညာရှိသော လုပ်ရပ်မဟုတ်ပါ။

 

ယောက်ျားများအတွက် အထူးစကား ။    ။ လူငယ်ယောက်ျားတဦးသည် လူကြီးအဖြစ်သို့ ကြီးထွားလာသောအခါ၊ သူ၌ပြင်းပြသည့်လိင်ဆန္ဒများရှိလာသည်။ သူ၏ကိုယ်ခန္ဓာသည် သုတ်ကောင်ထောင်ပေါင်းများစွာကို ထုတ်လျှက်ရှိသည်။ ဤသုတ်ပိုးများအား သူ၏ကိုယ်ခန္ဓာထဲတွင် သိုလှောင်ထားသည်။ အကယ်၍ သူသည် လက်မထပ်သေးဘဲ၊ စင်ကြယ်သော ဘ၀ကို နေထိုင်ပါက၊ သူ၏သိုလှောင်ရုံသည် ပြည့်လျှံသွား သောအချိန်သည် ရောက်လာလိမ့်မည်။ ဤသို့ပြည့်လျှံလာပါက၊ အိပ်ပျော်နေစဉ်အတွင်း ပိုလျှံနေသော အရာများကို ထုတ်ပစ်နိုင်ရန်အတွက် စီမံထားပေးသည်။ ဤအခြင်းအရာကို ညဘက် ထုတ်လွှတ်ခြင်း (သို့) စိုစွတ်သောအိပ်မက်ဟုလည်း ခေါ်သည်။ ဤကိစ္စသည် လူငယ်တစ်ဦး အတွက် သာမာန်သာဖြစ်ပြီး ရှက်စရာအကြောင်းမရှိပါ။

 

ရမ္မက်နှင့်စပ်လျဉ်း၍ သင်ခန်းစာ။ ။ ဒါဝိတ်မင်းကြီး၏ဘ၀မှ ပေးသည့်ကြေးကွဲဝမ်း နည်းဖွယ် ကောင်းသော သင်ခန်းစာ

 

ရမ္မက်ကိစ္စနှင့်စပ်လျဉ်း၍ သခင်ယေရှုတွင် ပြင်းထန်းသည့် စကားအချို့ရှိသည်။ ယေရှုက ""ငါပညတ်သည်ကား၊ ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ""ဟုဆိုသည်။ မဿဲ ၅း ၂၈။ ဒါဝိတ် King David သည် ဘုရားရှင်၏ကြီးမြတ်သူတစ်ဦးဖြစ်သည်။ သူသည် ဆာလံသီချင်းများစွာကို ရေးစပ်ခဲ့သည်။ အစ္စရေး၏ ဘုရင်များအနက် အကြီးမြတ်ဆုံး ဘုရင်တပါး ဖြစ်သည်။ သို့သော် ဒါဝိတ်သည် ရမ္မက်ကို သူ့အားနင်းချေခွင့်ပြုခဲ့ပြီး အဆိုးဆုံးအပြစ်များထဲမှ နှစ်ခုကို ကျူးလွန်ခဲ့သည်။ ထိုနှစ်ခုမှာ သူ့မယားနှင့်ဖောက်ပြားခြင်းနှင့် လူသတ်မှုပင်ဖြစ်သည်။

ကျမ်းစာက မည်သို့ဤကိစ္စဖြစ်ပျက်ခဲ့သည်ကို ပြောပြထားသည်။ တစ်ညတွင် ဒါဝိတ်သည် နန်းတော်၏ အမိုး၌ လမ်းလျှောက်ထွက်နေစဉ်အတွင်း၊ လှပသောမိန်းမတစ်ဦး ရေချိုးနေတာကို တွေ့ခဲ့သည်။ တခါတရံ သင်သည် ပထမဆုံး အကြည့်ကို မရှောင်လွဲနိုင်သော်လည်း၊ ဒါဝိတ်သည် ထပ်ခါတလဲလဲ ကြည့်ခြင်းအားဖြင့် ပြင်းပြသည့် ရမ္မက်စိတ်ကို သူ့နှလုံး အတွင်း၌ ဆူပွတ်စေခဲ့သည်။ သူသည် ထိုအမျိုးသမီး ဗာသရှေဘ ကို ခေါ်ခိုင်းလိုက်ပြီး သူမနှင့်ဖောက်ပြားခဲ့သည်။

အတန်ကြာပြီးနောက် ဗာသရှေဘက သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ဒါဝိတ်အား အကြောင်းကြား ခဲ့ သည်။ ဗာသရှေဘ၏ခင်ပွန်းမှာ အဝေးအရပ်၌ စစ်တိုက်ထွက်နေသော စစ်ဗိုလ်တဦးဖြစ်သောကြောင့် သူ၏ ဖောက်ပြားမှုအပြစ်သည် မကြာမီ အချိန်တွင် လူသိရှင်ကြားဖြစ်လာတော့မည်ကို ဒါဝိတ်နားလည်ခဲ့သည်။ သူ၏အပြစ်ကို ဖုံးကာရန်နှင့် ဗာသရှေဘနှင့် လက်ထပ်နိုင်ရန်အတွက် ဒါဝိတ်သည် ဗာသရှေဘ၏ ခင်ပွန်းကို သေစေရန် စီမံခဲ့သည်။ ထို့နောက်သူသည် ဗာသရှေဘနှင့် လက်ထပ်ရန် ဆက်လက်လုပ်ဆောင်သည်။ ဒါဝိတ်သည် သူ၏ဖောက်ပြားမှုနှင့် လူသတ်မှုအပြစ်များကို အောင်မြင်စွာ ဖုံးကာ နိုင်ခဲ့သည်ဟု ထင်ရသော်လည်း ကျမ်းစာက သူသည် ဘုရားသခင်အား စိတ်ပျက်စေခဲ့သည်ဟု ဆိုထားသည်။

ဘုရားသခင်သည် ပရောဖတ်နာသန်ကို ဒါဝိတ်အားရင်ဆိုင်ရန် စေလွှတ်ခဲ့သည်။ ဒါဝိတ်သည် သူ၏အပြစ်များ အတွက် အမှန်တကယ် နောင်တရခဲ့ပြီး ဘုရားသခင်ထံ ၀န်ချတောင်းပန်ခဲ့သည်။ ဒါဝိတ်က ""အိုဘုရားရှင်၊ ကျေးဇူးပြု ချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း ဂရုဏာ များပြားသည်နှင့် အညီ အကျွန်ုပ်ကျူးလွန်ခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ""ဟုဆိုခဲ့သည်။

ဒါဝိတ်သည် သူ၏အပြစ်များအတွက် အမှန်ပင်စိတ်နှလုံးကျိုးပဲ့ကြေမွခဲ့သည်။ ဘုရားသခင်က ဒါဝိတ်ကို ခွင့်လွှတ်ပြီး သူနှင့်ပြန်လည် မိတ်သဟာယဖွဲ့စေခဲ့သည်။ သို့သော် ဒါဝိတ်သည် သူ့အပြစ်၏ အကျိုးဆက်များကို ရိတ်သိမ်း ခဲ့ရသည်။ ကျမ်းစာက ""အလွဲမယူကြနှင့်၊ ဘုရားသခင်သည် မထီမဲ့မြင် ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည် အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်"" ဟုဆိုသည်။ဂလာ ၆း၇

ဒါဝိတ်၏အပြစ်များကြောင့် ""ဓားလက်နက်""သည် သူ၏အိမ်မှ မထွက်ခွာရဟူ၍ ဘုရားသခင်က ပရောဖက် နာသန်မှတဆင့် ဒါဝိတ်အားကြားပြောခဲ့သည်။ ဤအချက်က ဆိုလိုသည်မှာ ဒါဝိတ်သည် သူ၏မိသားစုအတွင်း၌ ၀မ်းနည်း စရာများနှင့် ကြေကွဲစရာများစွာကို ခံစားရမည်ဟု ဆိုလိုသည်။ ဘုရားသခင်ပြောထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ဗာသရှေဘနှင့်ရသောသားသည် သေဆုံးခဲ့သည်။ ဒါဝိတ်၏ သားတဦးဖြစ်သူ အာမနုန်သည် ညီမ၀မ်းကွဲ တာမာကို မုဒိမ်း ကျင့်ခဲ့သည်။ အခြားသားတဦးက အာမနုန်ကို သတ်ခဲ့သည်။ ဒါဝိတ်၏အခြားသားတဦးဖြစ်သူ မုဒိမ်းကျင့်ခံ၏ အစ်ကို အဗရှလုံသည် ဖခင်ကို ဦးဆောင်ပုန်ကန်ခဲ့ပြီး နန်းတော်ကိုသိမ်းပိုက်သည်။ အသက်ရွယ်ရသော ဘုရင်ကြီးဒါဝိတ် ထွက်ပြေးရသည်။ နောက်ဆုံး သားတော် အဗရှလုံသည် တိုက်ပွဲ၌ ကျဆုံးခဲ့ ပြီး ဒါဝိပ် နန်းတော်သို့ ပြန်လာနိုင်ခဲ့သည်။ ဤအရာတို့မှာ ဒါဝိတ်အပြစ်များ၏ ဆိုးရွာသော အကျိုးဆက်များထဲမှ အချို့ ဖြစ်သည်။

(ဒါဝိတ်မင်းကြီးအကြောင်း ဓမ္မရာဇ၀င်တွင်ဆက်လက်ဖတ်ရန် မြန်မာ၊အင်္ဂလိပ် လင့်ခ်)
http://burmesebible.com/buglish/Samuel2.htm

 

ဒါဝိတ်၏ကြီးမားသောအပြစ်များကို လေ့လာခြင်းအားဖြင့် အရေးကြီးသင်ခန်းစာ ၂-ခုကိုရရှိသည်။

ကျွန်ုပ်တို့၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်မှု၏အကျိုးဆက်ကိုမူ ရိတ်သိမ်း ရမည်။

အချို့သောအပြစ်များသည် ဆိုးဝါးသည့် တစ်ဘ၀စာအကျိုးဆက်များရှိသည်။

""ဒါမျိုး ကျွန်တော့်မှာမဖြစ်ပါဘူး"" ဟုသင်ကပြောလိမ့်မည်။ ဖြစ်နိုင်ပါသည်။ ဒါဝိတ်သည် ၀ိညာဉ် ရေးအရ ရင့်ကျက်သန်မာသူဖြစ်သော်လည်း၊ သူ၏လိင်ဆန္ဒ လှုံ့ဆော်ခြင်းခံရခြင်းကို အခွင့်ပေးခဲ့ပြီး ရမ္မက်အား ကျော်လွှား နိုင် လောက်အောင် မရင့်ကျက်ခဲ့ပါ။ သင်သည်လည်း သင်၏လိင်ဆန္ဒလှုံ့ဆော်ခံရ ခြင်းကို အခွင့်ပေးပါက၊ သင်၏ရမ္မက်စိတ်ကို နင်းချေနိုင်လိမ့်မည်မဟုတ်ပါ။ လိင်ဆန္ဒကို အဆက်မပြတ် လှုံ့ဆော်ပေးနေပါက၊ အပြစ်လုပ်မိမည်မှာ သေချာသည်။ ကျမ်းစာက ""မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည်၊ ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရ လိမ့်မည်။""ဟုဆိုသည်။ ဂလာ ၆း ၈

 

လိင်နှင့်စပ်လျဉ်း၍ ဘုရားသခင်စည်းမျဉ်းများ

ဤကောင်းမွန်သော လိင်ဆိုသည့် လက်ဆောင်ကို ကာကွယ်ရန်အတွက်၊ ဘုရားသခင်က စည်းမျဉ်းအချို့နှင့် ပညတ်အချို့ကို ကျွန်ုပ်တို့အား ပေးထားသည်။ ၄င်းတို့ထဲမှ အချို့ကို ကြည့်ကြပါစို့။

 

(စည်းမျဉ်း၁) မတရားသောမေထုန်၌မှီဝဲခြင်းကိုရှောင်ကြဉ်ပါ။

မတရားသောမထုန်၌ မှီဝဲခြင်းဆိုသည်မှာ လက်မထပ်ရသေးသော ယောက်ျားနှင့်မိန်းမတို့ ဆက်ဆံ ကြခြင်းကို ဆိုလိုသည်။ ဤအပြစ်သည် အလွန်ဆိုးသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ကျမ်းစာက "" ....ကိုယ်ခန္ဓာသည် မတရားသောမေထုန်အဖို့ ဖြစ်သည်မဟုတ်။ ....မတရားသောမေထုန်ကိုကြဉ်ရှောင် လော့။ ...မတရားသောမေထုန်ကို ပြုသောသူသည် မိမိကိုယ်ကိုပင် ပြစ်မှား၏""ဟုဆိုသည်။

 

(စည်းမျဉ်း ၂) အခြားသူများအား အပြစ်လုပ်မိစေရန် မသွေးဆောင်ပါနှင့်။

ကျမ်းစာက ယောက်ျားတဦးသည် သူ၏စိတ်နှလုံးအတွင်း၌ မိန်းမတဦးကို တပ်မက်ခြင်းသည် အပြစ်ဖြစ်သည်ဟု ပြောသည်။ ဤကဲ့သို့ပင် မိန်းမတဦးဘက်မှလည်း ယောက်ျားများ ရမ္မက်စိတ်နိုးထလာအောင် တမင်သက်သက် ၀တ်ဆင် ပြုမူခြင်းသည် အပြစ်ဖြစ်သည်။ အချို့သောမိန်းကလေးများသည် ယေက်ျားလေးများ သူတို့ကို တပ်မက်လာအောင် ၀တ်စား ဆင်ယင်၍ ပြုမူလုပ်ဆောင်ကြသည်။ သူတို့က ""အဲဒါ ယောက်ျားတွေ့ရဲ့ပြဿနာ" ပဲ ဟူ၍ ပြောနိုင်သော်လည်း၊ တနေ့တွင်မူ အခြားသူများအား အပြစ်ဖြစ် စေခြင်းအတွက် ဘုရားရှင်င်ရှေ့တွင် ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။

 

(စည်းမျဉ်း ၃) သင့်အား အပြစ်လုပ်မိစေရန် အခြားသူများ၏သွေးဆောင်ခြင်းကို ငြင်းပယ်ပါ။

ယေရှုက ""ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။""ဟုဆိုသည်။ အချို့သော သူတို့သည် သူတို့၏လိင်ပိုင်းအရ ကိုယ်ကျင့်တရားမကောင်းမှု၌ ၀မ်းမြောက်နေကြပြီး၊ အခြားသူတို့အားလည်းသူတို့၏ အဆင့်သို့ နိမ့်ဆင်း စေလိုကြသည်။ သူတို့က လုပ်ချင်တာမှန်သမျှလုပ်ရသည်မှာ ""လွတ်လပ်""ကြောင်း ပြောကြသော်လည်း၊ အမှန်မှာ သူတို့သည် တချိန်လုံး၌ သူတို့၏အပြစ်များ၏ ချည်နှောင်ထားခြင်းခံထားရသည်။ ကျမ်းစာက ""လွှတ်ခြင်း အခွင့် ရှိသည်ဟု ၀န်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ ကျွန်ဖြစ်ကြ၏။"" ဟုဆိုသည်။ ၂ပေ ၂း၁၉

(စည်းမျဉ်း ၄) ပုံမှန်မဟုတ်သော လိင်ဆန္ဒများကိုရှောင်ကြဉ်ပါ။

ပုံမှန်ယောက်ျား-မိန်းမ လိင်ဆက်ဆံမှုမှ သွေဖယ်ခြင်းမှန်သမျှသည် ဘုရားသခင်ကျွန်ုပ်တို့အတွင်း ၌ထည့်သွင်းထား သော လိင်သဘာဝကိုအလွဲသုံးစားလုပ်ပြီး မှားယွင်းစွာအသုံးပြုခြင်းပင်ဖြစ်သည်။ ဘုရားသခင်က ""မိန်းမနှင့် ပေါင်းဘော် သကဲ့သို့၊ ယောက်ျားချင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည် ရွံ့ရှာ ဖွယ်သောအမှု(အပြစ်)တို့ကို ပြုသောကြောင့်၊ ...""ဟုဆိုသည်။ ၀တ်ပြု ၂၀း၁၃ ကျမ်းစာက ဘုရားသခင်သည် သောဒုံမြို့နှင့်ဂေါမောရမြို့ကို ဖျက်ဆီးခဲ့ခြင်းမှာ သူတို့သည် လိင်တူဆက်ဆံမှုကို ကျယ်ကျယ် ပြန့်ပြန့် လုပ်နေသောကြောင့်ဖြစ်သည်ဟု ပြောထားသည်။ ဘုရားရှင်၏ နှုတ်ကပတ်တော်က ဤသို့ ဖျက်ဆီးခဲ့ခြင်းမှာ ဘုရားရှင်၏အလိုတော်နှင့်မညီသော အရာများကို သတိပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

 

(စည်းမျဉ်း၅) မကျီစယ်ပါနှင့်။

ကျီစယ်ခြင်းဆိုသည်မှာ အခြားသူတဦး၏ လိင်ဆန္ဒကို တမင်တကာလှုံ့ဆော်ပေးခြင်းကို ဆိုလိုသည်။ အခြား သူတဦး၏ ရမ္မက်မီးကို မမွှေးပေးပါနှင့်။ ဘုရားသခင်၏အမြင်၌ ဤသို့လုပ်ခြင်းသည် အပြစ် ဖြစ်သည်။

 

(စည်းမျဉ်း ၆) သင့်ကိုသင်သန့်ရှင်းစေပါ။

ဤစည်းမျဉ်းက ဆိုလိုသည်မှာ လိင်ပိုင်းအရ ဖောက်ပြားမှုအားလုံးကို ရှောင်ကြဉ်ရမည်ဟု ဆိုလို ခြင်းဖြစ်သည်။ သင်၏အနာဂတ်အိမ်ထောင်ဖက်အား သင်ပေးနိုင်သော အကောင်းဆုံးလက်ဆောင်မှာ သင်၏သန့်ရှင်းစင်ကြယ်ခြင်း ပင် ဖြစ်သည်။ ဤအချက်သည် မိန်းကလေးများနှင့်သာမက ယောက်ျားများ နှင့်လည်း သက်ဆိုင်သည်။

 

(စည်းမျဉ်း ၇) တနေ့တွင်အခြားသူတဦးက တရားဝင်ပိုင်ဆိုင်မည့်အရာကို ယူလည်းမယူပါနှင့်။ ပေးလည်းမပေးပါနှင့်

မတရားသောမေထုန်၌ မှီဝဲခြင်းသည် အလွန်မှားယွင်သည်။ မိမိ၏အပျိုစင် ဘ၀ကို စွန့်လွှတ်သော မိန်းကလေး သည် သူမ၏အနာဂတ်ခင်ပွန်းပိုင်ဆိုင်သောအရာကို အခြားသူတဦးအား ပေးလိုက်ခြင်း ပင်ဖြစ်သည်။ သူမ၏လိင်ဆက်ဆံ ဖက် မှာလည်း သူမကဲ့သို့ပင် အပြစ်ရှိသည်။

 

(စည်းမျဉ်း ၈) ရမ္မက်စိတ်ကို နိုးထလာစေသောအရာများကို ရှောင်ပါ။

အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်၌ လိင်ဆန္ဒကိုနှိုးဆော်ခြင်းနှင့် စပ်လျဉ်း၍ ကျမ်းစာက သတိ ပေးထားသည်။ ကျမ်းစာက ""လူပျိုတို့၏ တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်လော့""ဟုဆိုသည်။ ၂တိ ၂း ၂၂ တပ်မက်ခြင်း စိတ် ကို ကြဉ်ရှောင်လော့ဟု ဆိုရာ၌ ရမ္မက်စိတ်ကို ဖြစ်ပေါ်စေသော အရာအားလုံးကို လုံးဝငြင်းပယ်ရမည်ဟု ဆိုလိုသည်။ ရမ္မက်စိတ်သည် အန္တရာယ်ကင်းမဲ့သည်ဟု ထင်ရသော်လည်း သေစေနိုင်သောအရာပင်ဖြစ်သည်။

ယောက်ျားတဦးသည် ယနေ့ညတွင် ဒိတ်လုပ်ထားသည်ဆိုပါစို့။ သူသည် အိမ်မှမထွက်မီ ရမ္မက် စိတ်ကို နိုးထ စေသော မဂ္ဂဇင်းတစ်အုပ်ကိုဖတ်သည်။ သူ၏လိင်ဆန္ဒကို လှုံ့ဆော်သောရုပ်ပုံများအားကြည့်ပြီး စားသားများနှင့် သံစဉ်များ က ရမ္မက်စိတ်ကို နိုးကြွစေသောသီချင်းအား နားထောင်သည်။ ထို့နောက် သူသည် သူ့ကောင်မလေးကို သွားကြိုပြီး ရုပ်ရှင်ရုံသို့သွားခဲ့သည်။ သူတို့သွားကြည့်သည့်ရုပ်ရှင်မှာလည်း ရမ္မက်နှင့်ပြည့်နှက်နေပြီး လိင်ဆန္ဒကို ပြင်းပြစေသော ရုပ်ရှင်မျိုးဖြစ်သည်။ သူသည် တပ်မက်ခြင်းကိလေသာစိတ်ကို ရှောင်ကြဉ်နေသလော။ မရှောင်ကြည်သည့်အပြင် ပို၍ ပြင်းပြလာအောင်လုပ်နေခြင်းပင် ဖြစ်သည်။ ရုပ်ရှင်ပြီးနောက် သူတို့သည် ချိန်ချက်ထားသောနေရာ၌ကားကို ပါကင် ထိုးလိုက်သည်။ နှစ်ဦး စလုံးမှာ သူတို့မြင်သောအရာ၊ ကြားသောအရာများအားဖြင့် လှုံ့ဆော်ခြင်းကို ခံထားရပြီး ဖြစ်သောကြောင့် တဦးကိုတဦး ပွတ်သတ်ပြီးနောက် မကြာမီ လိင်ဆက်ဆံကြတော့မည်ဖြစ်သည်။ ထိုသို့ဖြစ်လာသည်ကို အံ့သြစရာလိုပါသလား။ မလိုပါ။ အမှန်မှာ အစပိုင်းတွင် သူတို့လုပ်ခဲ့သောအရာများ၏ ဖြစ်လေ့ဖြစ်ထရှိသော အကျိုးဆက် ပင်ဖြစ်သည်။ ကျမ်းစာက ""လူသည် အ၀တ်မပါဘဲ၊ လောင်သောမီးကို ပိုက်နိုင်သေလာ။ ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော"" ဟုဆိုသည်။ သု ၆း ၂၇ သင်သည် မီးလောင်နေသောမီးခဲပေါ် ၌ သင့်ခြေထောက်မီးမလောင်အောင် မလျောက်နိုင်သကဲ့သို့၊ လိင်ပိုင်းအရလှုံ့ဆော်မှုကို စဉ်ဆက်မပြတ် ရှာဖွေနေပါက အပြစ်လုပ်မိမည်သာဖြစ်သည်။

 

လိင်သည် ဘုရားသခင်ပေးထားသည့် ကောင်းမွန်သောလက်ဆောင်ဖြစ်သည်။

လိင်သည် နှစ်လိုဖွယ်ဘုရားသခင်က ပေးထားသောလက်ဆောင်ဖြစ်သည်။ ဤအရာက အိမ်ထောင် ရေးတစ်ခုကို ပိုမိုသန်မာစေပြီး၊ ဘ၀အသက်တာကို နိုးကြားထကြွစေသည်။ ဤအတွေ့အကြုံသည် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှ သော အတွေ့အကြုံဖြစ်သောကြောင့်၊ ယောက်ျားနှင့်ဇနီးမယားကို တလုံး တ၀တည်းပင်ဖြစ်စေသည်။ ကျမ်းစာက ""....ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။""ဟုဆိုသည်။ ဧဖက် ၅း ၃၁ တလုံးတ၀တည်း ဖြစ်သည် ဆိုရာ၌ ခန္ဓာပိုင်းအရ တလုံးတ၀တည်း ဖြစ်ခြင်းသာမဟုတ်ဘဲ လူနှစ်ဦး၏ ခန္ဓာဝိညာဉ်အားလုံးသည် ပေါင်းစပ် သွားခြင်းပင်ဖြစ်သည်။ လိင်ဆက်ဆံမှု၏ အမြင့်မားဆုံးသောပျော်ရွှင်မှုအား ယောက်ျားနှင့်ဇနီးနှစ်ဦးလုံးသည် ခရစ်ယာန် များ ဖြစ်ကြပြီး သခင်၌ တလုံးတ၀တည်းဖြစ်ချိန်တွင်ရရှိသည်။ ဤသို့ဖြစ်ပါက သူတို့သည် ကမ္ဘာပေါ်တွင် မခံစားရနိုင်သော တလုံးတ၀တည်းဖြစ်မှုကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ ဘုရားသခင်က အိမ်ထောင်ရေးအတွင်းရှိ လိင်ဆက်ဆံမှုကိုသာ ကောင်းချီးပေးသည်။ နှုတ်ကပတ်တော်၌ ဘုရားရှင်က ""သင်၏စမ်းရေးတွင်း၌ မင်္ဂလာရှိစေ၍ အသက်ပျိုရွယ်စဉ်ကာလ၊ ပေါင်းဘော်သောမယားနှင့်အတူ၊ ပျော်မွေ့လော့""ဟုဆိုသည်။

ဘုရားသခင်သည် အိမ်ထောင်ရေးဘ၀ရှိ ချစ်ရေးချစ်ရာကို ထောက်ခံကြောင်းကို အထက်ပါကျမ်း ပုဒ်အား ကြည့်ခြင်းဖြင့် သိနိုင်သည်။ ဘုရားသခင်သည် ၀မ်းမြောက်ဖွယ် အိမ်ထောင်ရေးနှင့် သာယာသော အိမ်လေးကို မြင်လို သည်။ သင်သည် နှစ် ၄၀ ကြာ အိမ်ထောင်ရေးဘ၀၌ ကျင်လည်နေပါက၊ ဘုရားသခင် က သင်နှင့်သင့်ဘ၀အဖေါ်အား အချစ်များဖြင့် ပြည့်လျက်ရှိသော နှစ်၄၀ ကို ရရှိစေလိုသည်။ အောက်ပါ ဇယားကိုကြည့်ခြင်းအားဖြင့် သင်၏ဒိတ်လုပ်သည့် အချိန်မှာ တိုတောင်းပြီး လက်ထပ်ထားသည်နှစ်များမှာ များစွာကြာရှည်ကြောင်းကို သိနိုင်သည်။

သင်နှင့်သင့်တော်သောသူ၊ မှန်သောအချိန်နှင့် မှန်ကန်သောအခြေအနေမျိုးကို စောင့်ဆိုင်းခြင်းသည် သင့်ဘ၀ အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤအချက်သည် ကောင်းမွန်သော လက်ဆောင်ဖြစ်သည့် လိင်နှင့်လည်း သက်ဆိုင် သည်။ သင်သည် ခဏတာမျှပျော်ရွှင်ကျေနပ်မှုကို ရွေးချယ်နိုင်သော်လည်း၊ နောက်ပိုင်းတွင် သင်ပြုသောအမှု၏ ခါးသီး သော အသီးများကို ရိတ်သိမ်းရလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သင်သည် မှန်သောလူ၊ မှန်ကန်သောအချိန်ကို စောင့်ဆိုင်း နိုင်ပြီး နှစ်ပေါင်းကြာရှည်စွာ လိင်ကိစ္စကို သင့်လက်တွဲဖော်နှင့်အတူ အပြည့်အ၀ ခံစားနိုင်သည်။

လိင်သည် ကစားပွဲမဟုတ်သလို ကစားစရာအရုပ်လည်းမဟုတ်ပါ။ အိမ်ထောင်ရေးဘ၀၏ တဦးကို တဦး ဆက်ကပ် အပ်နှံထားမှုနှင့် လုံခြုံမှုအောက်၌ ၀မ်းမြောက်စွာခံစားရမည့်အရာဖြစ်သည်။

အနှစ်ချုပ်ပါက၊ ခဏတာစိတ်လှုပ်ရှားသာယာမှုအတွက် လိင်ဆက်ဆံမှု၏ ရေရှည် အကျိုးအမြတ် အခွင့် ထူးများ ကို မစွန့်လွှတ်ပါနှင့်။

 

သင်၏ချစ်ခင်စုံမက်ခြင်းစိတ်ကို စောင့်ထိန်းပါ။

ကျွန်ုပ်တို့သည် စိတ်လှုပ်ရှားမှုကို ယခုပင်ရလိုကြသည်။ စိတ်ရှည်သည်းခံမှုရှိရန် ကျွန်ုပ်တို့အတွက် မလွယ်ကူပါ။ သင်၏ချစ်ခင်စုံမက်သောစိတ်ကို စောင့်ထိန်းရန်မှာ မလွယ်ကူပါ။ သင်၏လိင်ဆန္ဒအာသီသ ကို ငြင်းပယ်ရန်မှာလည်း မလွယ်ကူပါ။ အိမ်ထောင်ရေးဘ၀၏ အပြင်ဘက်မှာ လိင်ပိုင်းဆိုင်ရာကိစ္စများ၌ ပျော်မွေ့နေကြသောသူများကို အားမကျ မိအောင် စိတ်ကိုထိန်းဖို့ရန်လည်း မလွယ်ကူပါ။ သို့သော် ဘုရား သခင်၏ နည်းလမ်းသည်သာ အကောင်းဆုံးဖြစ်သည်။

လူငယ်များပြောကြသည့် ""ဂိတ်ဆုံးသွားပြီ""ဆိုသည့်စကားမှာ ဈေးပေါသောလိင်သာဖြစ်သည်။ အဖိုးထိုက်သော အချစ် မှာ အခြားအရာတစ်ခုဖြစ်သည်။ လူနှစ်ဦးသည် တဦးကိုတဦးပေးအပ်ထားပြီး အိမ်ထောင်ရေးဘ၀၌ လုံခြုံစိတ်ချမှု ရှိစွာ အသက်ရှင်နေထိုင်ကြချိန်တွင် ဤသို့သောအဖိုးထိုက်သည့် အချစ် ကိုခံစားရသည်။

ဤသင်ခန်းစာကို ရေးသောသူအနေဖြင့် ကျွန်တော်အကြောင်းကိုလည်း နည်းနည်းပြောပြပါရစေ။ ကျွန်တော့် မိန်းမနှင့် ကျွန်တော်သည် အချစ်ဖြင့်ပြည့်နှက်လျက်ရှိသော ၆၅ နှစ်တာကို အတူဖြတ်သန်းလာကြပြီး နောက်ထပ် နှစ်တွေ ကို လည်း အတူဖြတ်သန်းနိုင်ဖို မျှော်လင့်ထားပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကလေး ၆-ယောက်ပေးထားပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ရက်တွေကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ၀မ်းနည်းကြေကွဲစရာ ကိစ္စနဲ့လည်း တွေ့ကြုံ ဖူးပါ တယ်။ ကျွန်တော်တို့ရဲ့ အကြီးဆုံးသားဟာ အသက် (၇)နှစ်မှာ ကားမတော်တဆဖြစ်မှုနဲ သေဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထပ်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ဟာ ချစ်ရည်လူးနေပါတယ်။ သို့သော် နှစ်ပေါင်းကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အချစ် ဟာ ပိုပြီးနက်ရှိုင်းသန်မာလာပါတယ်။ ယောက်ျားတစ်ဦးနဲ့ ချစ်ကျွမ်းဝင်နေတဲ့အချိန်မှာ ရှိသင့်တဲ့ထူးခြား တဲ့လှပမှုမျိုး ကျွန်တော့်မိန်းမမှာရှိပြီး သူမချစ်တဲ့သူ ချစ်မြတ်နိုးခြင်းကို ခံရတာကိုလည်း သူမသိခဲ့ပါတယ်။

 

ကျွန်တော်တို့ဟာ လက်မထပ်မီ မိမိကိုယ်ကို စောင့်ရှောက်နိုင်ခဲ့ပြီး လိင်ကိစ္စတွေနဲ့ မပါဝင်မပတ် သက် မိခဲ့တဲ့ အတွက် ဘုရားသခင်အား ကြိမ်ဖန်များစွာ ကျေးဇူတင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ချစ်သူတွေ ဖြစ်ဆဲဖြစ်ပြီး လက်ချင်း ချိတ်လျက်ရှိတုံးပါပဲ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ တစုံတဦးနဲ့ချစ်ကျွမ်းဝင်နေ ရတာ ဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။

သင်က ""သိပ်လှပတဲ့ချစ်ပုံပြင်ပဲ""ဟု ပြောလိမ့်မည်။ ဟုတ်ပါတယ်။ ဘုရားရှင်ရည်ရွယ်ထားသော အိမ်ထောင်ရေးဘ၀မှာ ထိုကဲ့သို့ဖြစ်သည်။ သင်၏အိမ်ထောင်ရေးကိုလည်း ထိုကဲ့သို့ပင်ဖြစ်စေလိုသည်။

 

သင်းအုပ်ဆရာ George Gardner ၏သက်သေခံချက်

ဆယ်ကျော်သက်လေးတဦးသည် ကျွန်တော်၏စာကြည့်ခန်းထဲသို့ဝင်လာပြီး ဤသို့ရင်ဖွင့်ခဲ့သည်။ ""ဆရာ၊ ဆရာနဲ့စကားပြောလို့ရမလား၊ ကျွန်မမှာ ပြသနာတစ်ခုရှိနေတယ်"" ""ဘာကိစ္စလဲ""ဟု ကျွန်တော် မေးလိုက်သည်။ ""ကျွန်မနဲ့ ချိန်းတွေ့တဲ့သူတွေနဲ့ပတ်သက်ပါတယ်"" ""သမီးချိန်းတွေ့တဲ့သူတွေက ဘာမှား နေလို့လဲ"" ""ကျွန်မ မသိဘူးရှင့်။ သူတို့က အမြဲတမ်းအမှားအယွင်းတွေနဲ့ပဲ အဆုံးသတ်သွားတယ်။ ကျွန်မ သိလာတာတစ်ခုက ကျွန်မ ခရစ်ယာန်မဖြစ်မီ ဒိတ်လုပ်ခဲ့တဲ့သူတွေထက် ဘုရားကျောင်းက ကောင်းလေး တွေကအများကြီး ပိုသွက်နေတယ်လို့ ကျွန်မ ထင်တယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီအချက်က မှန်နေတယ်ရှင့်။ သူမကဤသို့ဆက်ပြောသည် ""ကျွန်မ ဘာဆက် လုပ်ရမလဲ? ကျွန်မသခင်ကို အစေခံလိုတယ်။ ခရစ်ယာန်တဦးဖြစ်လိုတယ်။ ကျွန်မဟာ သက်သေခံကောင်းတဦးဖြစ်လိုပြီး သန့်ရှင်းစေင်ကြယ်လိုတယ်။ ကျွန်မဘာလုပ်ရမလဲ၊ ကျွန်မအပျိုကြီးမဖြစ်လိုဘူး"" ထိုအခါ ကျွန်တော်က ""ကလေး၊ မင်းအပျိုကြီးဖြစ်စရာ အကြောင်းမရှိပါဘူး။ ငါ့ကိုယုံပါ။ ဒါပေမယ့် သမီးလုပ်ရမယ့်အရာရှိတယ်။ "ကောင်းပြီး ကျွန်မ ဘာလုပ် ရ မလဲ"ဟုသူမက မေးသည်။ "သမီးကိုတစ်ခုမေးပါရစေ။ သမီးနဲ့ဒိတ်လုပ်နေတဲ့ ကောင်လေးက ခရစ်ယာန် လား? ဆရာ၊ သူ့ကိုသိပါတယ်။ "မိမိကိုယ်ကိုခရစ်ယာန်ပါလို့ ၀န်ခံတဲ့ကောင်လေးတဦးပါ" "သမီးကလည်း ခရစ်ယာန်ပဲ၊ ဟုတ်တယ်မဟုတ်လား။" "ဟုတ်ကဲ့ရှင်" "သမီးရဲ့ ဒိတ်နှင့်ပတ်သက်ပြီး ဆုတောင်း ပေးမယ် ဆိုတဲ့ အတွေးမျိုး သမီးမှာ ရှိခဲ့ဖူးလား?" "ဒိတ်လုပ်ထားတဲ့သူနဲ့ပတ်သက်ပြီး ဆုတောင်းပေးရမယ်၊ ဟုတ်လား?" "ဟုတ်တာပေါ့ သမီး၊ ဘာများ ထူးဆန်း နေလို့လဲ" "သမီးနဲ့ဒိတ်လုပ်ထားတဲ့သူအတွက် ဆုတောင်းပေးရင်၊ သမီးဟာပျော့ညံ့တယ်လို လူတွေက ထင်မှာ ပေါ့ရှင့်" လူငယ်စည်းဝေးပွဲ၊ ကွာယာမတိုင်မီ၊ Sundayschool တို့အတွက်ဆိုရင်တော့ ဆုတောင်း ပေးရမှာပေါ့။ ဒါပေမယ့် ဘယ်သူက ဒိတ်လုပ်ထားတဲ့ သူနဲ့ပတ်သက်ပြီး ဆုတောင်းပေးမှာလဲ" "သမီးပြောတာကို နားထောင်ပြီး ဆရာ စဉ်းစား မိတာက သမီးကစပြီး ဘာကြောင့်မလုပ်ရမှာလဲ သမီးဒိတ်လုပ်ထားတဲ့သူအပေါ်မှာ ကောင်းချီး ပေးဖို့ ယခုပင် ဆုတောင်း လိုက်ပါ။" "ဟုတ်ကဲ့ရှင့်၊ ဒီလိုလုပ်ခြင်းက အခြေအနေကို ပြောင်းလဲသွားစေမှာပဲ ဆရာ လုပ်စေလိုတာက အဲဒီလိုလား၊ ကြိုးစားကြည့်ပါမယ်ရှင်" "သခင်က ဆုတောင်းပဌာနာပြု"ဟု ပြောထားတာပဲ။ ထိုသို့ဆုတောင်းခြင်းက ဘာများ မှားနေ လို့ လဲ၊ သမီ"။

ထိုသို့ ဆုတောင်းပေးရန်အတွက် သူမ တစ်ခါမှ  မစဉ်းစားဖူးပေ။ သို့သော် သူမသည် ကျွန်တော်၏ အကြံဥာဏ် ကို လက်ခံလိုက်ပြီး ကြိုးစားကြည့်ခဲ့သည်။ နှစ်ပတ်ခန့်ကြာပြီးနောက် သူမပြန်ရောက်လာသည် သူမ၏မျက်နှာမှာ ပြုံးဖြီးဖြီး ဖြစ်နေသည်။ "အခြေအနေဘယ်လိုလဲ၊ သမီး"ဟု ကျွန်တော်ကစူးစမ်းလိုက်သည် ""အရမ်းကောင်းတာပဲရှင်"" ""ဘာတွေ ဖြစ်ခဲ့လဲသမီး"" ""သမီးကောင်းလေးက၊ သမီးကိုအိမ်မှာလာကြိုပြီး ကားထဲကိုအတူ ၀င်ပြီးနောက်၊ ကားစက်မနှိုးခင်မှာ သမီးက "ခဏစောင့်ပါဦး" "ဘာကြောင့်လဲ"ဟု သူကပြောသည်။ "ကျွန်မတို့ ဒီညဘာလုပ်ကြမလဲ" "ငါမသိဘူးလေ" "ဒါဆို ကျွန်မ အခုဘာလုပ်ချင်လဲဆိုတာကို ရှင့်ကိုပြောပြမယ်" "ဘာလုပ်ချင်လို့လဲကွာ" "ကျွန်မတို့ ယခု ဒိတ်လုပ်တာအတွက် ဆုတောင်းချင်တယ်"။ သူ၏မျက်နှာကို သံပရာသီးနှင့်ပေါက်တာတောင်မှ သူ အဲ့ဒီလောက် အံ့သြ သွားလိမ့်မယ်လို့ မထင် ဘူးရှင်။ သူကတအံ့တသြဖြင့် ""မင်း၊ ဘာပြောလိုက်တယ်" မင်းလုပ်ချင်တာကဘာ?" "ကျွန်မတို့က ခရစ်ယာန်တွေ မဟုတ်လား" "ဟုတ်တယ်" ဒါဆို ဘာကြောင့် ကျွန်မတို့ချိန်းတွေ့တာနဲ့ပတ်သက်ပြီး ဆုမတောင်းရမှာလဲ၊ ရှင်က ကျွန်မတို့ ဒိတ်လုပ်တာအတွက် ဆုတောင်းပေးပါလား။ "ငါဆုမတောင်းဘူး၊ ဒါကမင်းအိုင်ဒီယာပဲ၊ မင်းပဲ ဒါနဲ့ ပတ်သက်ပြီး ဆုတောင်းပါ။" ထိုအခါ ကျွန်မက သခင်၏လက်တော်ကို ကျွန်မတို့နှစ်ဦးအပေါ်ထားရှိရန် သက်သေခံ ကောင်းများ ဖြစ်ရန် နှင့် ပျော်ရွှင်ဖွယ်ကောင်းသော အချိန်လေးကို အတူတကွဖြတ်သန်းနိုင်ရန်အတွက် ဆုတောင်းခဲ့သည်။ ""ဆရာ၊ သမီး လုပ်ခဲ့တဲ့ ဒိတ်တွေထဲမှာ အဲ့ဒီဒိတ်ဟာ အကောင်းဆုံးပါပဲ"။ အခြေအနေတွေဟာ အလွန်ကောင်းနေပါတယ်။ အရင်က မသိရှိ၊ မခံစားဖူးတဲ့ ရိုသေလေးစားမှုကိုလည်း ခံစားရပါတယ်။

 

မေးခွန်းများ (မှန်/မှား)၏

၁။ လိင်၏လှုံ့ဆော်မှု့၊ တွန်းအားသည် အပြစ်မရှိသော်လည်း ဘုရားရှင်က ဤလှုံ့ဆော်မှုဆန္ဒကို ထိန်းချုပ်ထားရန် ပြောထားသည်။

၂။ မတရားသောမေထုန်၌မှီဝဲခြင်းသည် အဓိကအပြစ်ကြီးတစ်ခုမဟုတ်ပါ။

၃။ မိန်းခလေးများသည် ထိတွေ့ခြင်းအားဖြင့် ကနဦးအဆင့်လှုံ့ဆော်ခြင်းကိုခံရသော်လည်း၊ ယောက်ျားများမှာမူ ထိတွေ့ခြင်းအားဖြင့်သာမက၊ သူတို့မြင်သောအရာများအားဖြင့်လည်း လှုံ့ဆော် ခြင်းကိုခံရသည်။

၎။ လိင်ဆက်ဆံမှုသည် အရေးတကြီးလုပ်ရမည့်ကိစ္စမဟုတ်ပါ။ လိင်၏တွန်းအား၊ လှုံ့ဆော်မှုကို ငြင်းပယ်ခြင်းအားဖြင့် သင်၌မည်သည့်အန္တရာယ်မျှ ကျရောက်လာမည်မဟုတ်ပါ။

၅။ ကျွန်ုပ်၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့မှု၏ အကျိုးဆက်ကိုမူ ရိတ်သိမ်း ရမည်။

၆။ ဘုရားရှင်က သောဒုံနှင့်ဂေါမောရမြို့ကိုဖျက်ဆီးခဲ့ခြင်းမှာ လိင်တူဆက်ဆံမှုသည် ထိုမြို့တို့၌ အလွန်များပြားသော ကြောင့် ဖြစ်သည်ဟု ပြောထားသည်။

၇။ ကျီစယ်ခြင်းအားဖြင့် လိင်ကိစ္စတို့ကို မလုပ်မိပါက၊ ကျီစယ်ခြင်းသည် "အိုကေ" ပါသည်။

၈။ တနေ့တွင် တစုံတဦးက တရားဝင်ပိုင်ဆိုင်မည့်အရာကို ယူလည်းမယူသင့်သလို၊ ပေးလည်း မပေး သင့်ပါ။

၉။ လိင်ပိုင်းအရ လှုံ့ဆော်မှုကို စဉ်ဆက်မပြတ် ရှာဖွေနေပါက သင်သည် လုပ်မိမည်သာဖြစ်သည်။

၁၀။ လိင်ဆိုသည်မှာ အိမ်ထောင်ရေးဘ၀၏ လုံခြုံစိတ်ချမှုနှင့် ဆက်ကပ်အပ်နှံမှုအတွင်း၌ ၀မ်းမြောက် စွာ အသုံးပြုရမည့် ဘုရားရှင်၏ လက်ဆောင်ဖြစ်သည်။



အန်ဒရူး

Original Document Download

Tags: ဘာသာရေး



http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:309063

--
With Faithfully
Zaw Aung



--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23661] Fwd: [လူဗိုလ်ဟူသည် ...] ထိပ်တန်းကျသော အစိုးရ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Sat, Apr 21, 2012 at 12:12 PM
Subject: [လူဗိုလ်ဟူသည် ...] ထိပ်တန်းကျသော အစိုးရ
To: lubo601@gmail.com


   Written by လူထုစိန်ဝင်း   
Sunday, 20 November 2011 00:54

အခုတလော စာရေးပျက်တာတွေ များနေတယ်။ နိုဝင်ဘာလလယ် ရောက်နေတာတောင် ရန်ကုန်မှာ ဆောင်းမ၀င်သေးဘဲ ပူမြဲပူနေသေးတာကြောင့် နေလို့ထိုင်လို့ သိပ်မကောင်းဘူး။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ခေါင်းပူစရာတွေကလည်း များတယ်။


လွတ်ပြီဆိုနဲ့ ၀င်မယ်ဆို

တိုင်းရေးပြည်ရေး လှုပ်လှုပ်ရှား ရှားဖြစ်လာတဲ့အခါမျိုးတွေဆိုရင် ဧည့်များသလို ဖုန်းခေါ်သံတွေလည်း များတယ်။ မျက်စိကြီး နားကြီး ရပ်ကွက်ထဲက လူတစ်ယောက်လို့ အများက ထင်မှတ်မှားနေကြလေတော့ တစ်ခုခု အသံကြားတိုင်း လှမ်းမေးတတ်ကြတယ်။ ဒီရက်ပိုင်းမှာတော့ 'လွတ်ပြီဆို' နဲ့ '၀င်မယ်ဆို' မေးခွန်း နှစ်ခုကို မောလောက်အောင်ကို ဖြေနေရတယ်။ မသိပါဘူး၊ မကြားပါဘူး၊ မသိပါဘူး။ မကြားပါဘူးပေါ့။ ဟုတ်တယ်လေ နိုင်ငံ့အရေး ပေါက်နဲ့ကျေးဆိုတာ အင်မတန်ခန့်မှန်းရ ခက်တာကလား။ မိုးလေ၀သခန့်မှန်းသလို ရာသီဥတုသာသာယာယာရှိ မယ် ခန့်မှန်းထားပေမယ့် တ၀ုန်းဝုန်း တဒိုင်းဒိုင်းထစ်ချုန်းပြီး မိုးတွေသည်း ကြီးမဲကြီး ရွာချင်ရွာချတတ်တာ။

ဒီမိုကရေစီကြာတောမိုး

မျက်စိကြီးနားကြီး ရပ်ကွက်သားဆိုပေမယ့် မျက်စိကမှုန်သီပြီး နားကလည်း ထိုင်းနေပြီဆိုတော့ တည့်တည့်ပြောမှ ရိပ်မိတယ်ဆိုရုံလောက် ရှိတော့တာ။ အဲဒီတော့ မသိပါဘူး။ မကြားပါဘူးဆိုတာထက် ဘာမှပိုမပြောနိုင် တော့ဘူး။ ဒီမိုကရေစီဆိုတာကလည်း ကြာတောမှာရွာတဲ့ ပေါက္ခရ ၀သမိုးလို စိုချင်တဲ့နေရာမှာစိုပြီး ခြောက်ချင်တဲ့နေရာမှာ ခြောက်တဲ့ သဘောရှိတယ်ထင်ပါရဲ့။ အများအားဖြင့်တော့ ရုပ်မြင်သံကြားမှာ  ထုတ်ပြန်ကြေညာ တော့မှ သိရတာချည်းပါပဲ။ ကိုယ်တိုင်က သတင်းသမားဖြစ်တော့ အချက်အလက် မရှိရင် မပြောတတ်ဘူး။ ရော်ရမ်းမှန်းဆလည်း မလုပ်တတ်ဘူး။ ခုအချိန်မှာ သတင်းစာထုတ်မလားလို့မေးရင် ခေါင်းခါမိမှာပဲ။ ဘယ်လိုမှ လုပ်တတ်မှာ မဟုတ်တာ သေချာတယ်။

ငါးကြင်းဆီနဲ့ ငါးကြင်းကြော်

စာတွေအများကြီးရေးနေတော့  ဓာတ်မသိသူတွေကတော့ မျက်စိကြီး နားကြီးလို့ ထင်ကြရှာတာပေါ့။ အဲဒီ အထင်နဲ့ပဲ တစ်ခုခုလှုပ်လှုပ်ရွရွ ကြားရမြင်ရတာနဲ့ ဖုန်းလှမ်းဆက်ကြတယ်။ တက္ကသိုလ်ရိပ်သာလမ်းက ခြံထဲကို ဘယ်အချိန်က ကားဘယ်နှစင်း ၀င်သွားတယ်ဆိုတာမျိုး၊ အင်းစိန်ထောင် ဗူးဝမှာ သတင်းထောက်တွေ အများကြီး လာစောင့်နေတယ်ဆိုတာမျိုး သတင်းတွေ လှမ်းပြောကြတယ်။ ဒီလိုနဲ့ပဲ ငါးကြင်းဆီနဲ့ငါးကြင်းကြော်သလို လူထုဆီကရတဲ့သတင်းတွေကို လူထုဆီပြန်ပို့ပေးရတယ်။ နည်းနည်းလေးဝါယမစိုက်ထုတ်ပြီး သေချာ အောင် ထပ်ဆင့်မေးမြန်းရတာမျိုးတော့ ရှိတာပေါ့လေ။ ဒါလောက်ကလေးမှ မလုပ်ရင်လည်း သတင်းသမားလို့ အခေါ်မခံထိုက်တော့ပါဘူး။

စောင့်ကြည့်မယ်ဆိုတဲ့ ကိစ္စ


သမ္မတဦးသိန်းစိန်အစိုးရကို မထောက်ခံသေးဘူး။ ထောင်ထဲက လူတွေလွှတ်၊ မလွှတ်ဆိုတဲ့စံနဲ့ ပြည်တွင်းစစ် ရပ်စဲရေး လုပ် မလုပ်ဆိုတဲ့ စံနှစ်ခုနဲ့ ချိန်ထိုးပြီး စောင့်ကြည့်ဦးမယ်လို့ ဂျာနယ်တွေအတော်တော်များများမှာ ရေးခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းကြသူ တော်တော်များတယ်။ တချို့က ဖုန်းဆက်တယ်။ တချို့က စာရေးတယ်။ တချို့က လူကိုယ်တိုင် လာပြီးမေးတယ်။ အင်တာနက်ကတစ်ဆင့် မေးတာတွေလည်းရှိတယ်။ တချို့က စောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲ တွေပဲမဟုတ်ဘူးလားလို့ စောဒက တက်ကြတယ်။ တက်ပါစေ။ဒီလို ကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင် ခေါင်းညိတ်လုပ်တဲ့ အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး။

ဖြည့်စွက်ချက်


စောင့်ကြည့်တာကို သဘောတူသူနဲ့ မတူသူပဲ ရှိတာမဟုတ်ဘူး။ ဖြည့်စွက်ဆွေးနွေးသူလည်း ရှိပါတယ်။ သူ့ဆွေးနွေးချက်ကလည်း မှန်နေတာကြောင့် ထည့်မစဉ်းစားလို့မဖြစ်ဘူး ယူဆတယ်။ သူက စံနှစ်ခုနဲ့ ချိန်ထိုးကြည့်ရုံ နဲ့တင် မလုံလောက်ဘူးလို့ ထောက်ပြတယ်။ တိုင်းသူ ပြည်သားအများစုကြီးရဲ့ကျောပေါ်မှာပိနေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို လျော့ချမပစ်သရွေ့ ကာလပတ်လုံး ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်ပြီလို့ မဆိုနိုင်ဘူးလို့ ဆိုပါတယ်။ ဆွေးနွေးသူ မိတ်ဆွေက မန္တလေးက လုပ်ငန်းရှင်တစ်ယောက်ပါ။ တိုင်းသူပြည်သားများအနေနဲ့ မြေခွန်၊ အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်စတဲ့ တရားဝင် အခွန်အတုတ်များကို မှန်မှန်ကန်ကန် ပေးသွင်းထမ်းဆောင်ဖို့ တာဝန်ရှိတယ်။ ရှောင်ရှားပျက်ကွယ်ရင် အရေးယူသင့်တယ်လို့ သူက လက်ခံပါတယ်။

တချို့ကစောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲတွေပဲ မဟုတ်ဘူးလားလို့ စောဒကတက်ကြတယ်။ တက်ပါစေ။ ဒီလိုကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင်ခေါင်းညိတ် လုပ်တဲ့အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး  . . . 



ခါးစည်းခံခဲ့ရ

တရားဝင်ဥပဒေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ အခွန်အတုတ်များအပြင် မလိုလားအပ်တဲ့ ဥပဒေနဲ့လည်း မကိုက်ညီတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ ကောက်ခံမှုတွေက တရားဝင် အခွန်အခတွေထက် အမျိုးပိုစုံပြီး ကောက်ခံ မှုပမာဏကလည်း မတန်တဆ ကြီးမားများပြားလွန်းတဲ့ဒဏ် ကို တောရောမြို့ပါမကျန် နှစ်ငါးဆယ်လုံးလုံး ခါးစည်းခံခဲ့ရတာကြောင့် တိုင်းပြည်ရဲ့စီးပွားရေး နာလန်မထူနိုင်အောင်ဖြစ်နေတာလို့ သူကဆိုပါတယ်။ မြို့ပေါ်က လုပ်ငန်းရှင်တွေဆိုရင် ဥပဒေအရ ကောက်ခံတဲ့အခွန်တွေအပြင် တော်တော်ကြာ လမ်းခင်းဖို့ဆိုပြီး အနည်းဆုံး ငါးသိန်းက ဆယ်သိန်း၊ ဆယ့်ငါးသိန်းထိ ကောက်လိုက်၊ တော်တော်ကြာ ထရန်စဖော်မာထိုင်ဖို့ဆိုပြီး ငါးသိန်း၊ ဆယ်သိန်းကောက်လိုက်၊ ရေပိုက်သွယ်ဖို့၊ ဖုန်းလိုင်းသွယ်ဖို့ဆို ကောက်လိုက်နဲ့ တစ်နှစ်ပတ်လုံးကောက်လို့ မပြီးနိုင်တော့ဘူး။

ပြာတာတောင် ဆရာခေါ်ရ
ဒီကောက်ခံမှုတွေလုပ်ပြီး လုပ်ငန်းတွေပြီးအောင် လုပ် မလုပ်ဆိုတာ မသိရသလို စာရင်းအင်းရှင်းတမ်းလည်း ဘယ်တော့မှမမြင်ရဘူး။ တောက တောင်သူလယ်သမားတွေဆို ပိုဆိုးတယ်။ ရုံးက စာလာပိုတဲ့ပြာတာကိုတောင် ကြောက်ပြီး ဆရာခေါ်နေကြရတာဆိုတော့ ဘာလာကောက် ကောက် မေးရဲ မြန်းရဲကြတာမဟုတ်ဘူး။ ထည့်လိုက်ကြရတာပဲ။ အမတော်ကြေးထုတ်ချေးတဲ့အခါများ ဟိုဟာဒီဟာတွေ ဖြတ်ယူထားလည်း မပြောရဲဘူး။ ငြိမ်နေကြရတယ်။ အဆိုးဆုံးကတော့ ဈေးလာရောင်းတဲ့သူတွေ ဖြစ်တယ်။ အမတော်ကြေး ထုတ်ပေးတဲ့နေရာနားမှာ ကားတွေ ထိုးဆိုက်ပြီး ဌာနဆိုင်ရာလိုလို ဘာလိုလိုနဲ့ ရောင်တော်ပြန်ရောလွှတ်ပြီး မြေဆီတွေနဲ့ ပိုးသတ်ဆေးတွေ မ၀ယ်မနေရ ဇွတ်ရောင်းကြတယ်။ သူတို့ ရောင်းတဲ့တံဆိပ်တွေက မကောင်းလို့ မ၀ယ်ချင်ပေမယ့်လည်း လယ်သမားတွေက ပြန်ပြောရဲတာ မဟုတ်ဘူး။

အမတော်ကြေးစနစ်ပြင်ဖို့လို

အမတော်ကြေးပေးတဲ့စနစ်ကို လည်းပြုပြင်ဖို့ စဉ်းစားသင့်တာကြာပြီ။ အမတော်ကြေးပေးရုံနဲ့ လယ်သမားတွေရဲ့ အခက်အခဲ ပြေလည်သွားတာမဟုတ်ဘူး။ ပေးတုန်းက ဟိုနှုတ် ဒီနှုတ်နဲ့ အပြည့်မရပေမယ့် ပြန်ဆပ်ချိန် ရောက်တော့ အပြည့်ဆပ်ကြရတာ။ လယ်သမားတွေရဲ့ဘ၀ အမှန် တကယ်တိုးတက်ဖို့ဆိုရင် မျိုးကောင်းမျိုးသန့် သီးနှံတွေ ဖြန့်ဖြူးပေးပြီး နည်းပညာအကူအညီတွေ လုံလုံလောက်လောက် ပံ့ပိုးပေးကြရမှာဖြစ်တယ်။ အဓိကကတော့ လယ်သမားတွေရဲ့ ကျောပေါ်က ၀န်ထုပ်ဝန်ပိုးတွေဖြစ်တဲ့ တရားမ၀င်ငွေကောက်ခံမှုမျိုးစုံကို အမြန်ဆုံး ရပ်စဲပစ်ဖို့ဖြစ်တယ်။ ဒါတွေမလုပ်ဘဲနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်မယ်ပြောဆိုနေခြင်းဟာ အိတ်ပေါက်နဲ့ဖားကောက်သလိုသာ ရှိလိမ့်မယ်လို့လည်း မိတ်ဆွေက ထောက်ပြပါတယ်။

ထိပ်တန်းကျသော အစိုးရ

နောက်ဆုံးတော့ မိတ်ဆွေက လူထုဦးလှရဲ့ 'ထောင်နဲ့လူသား' စာအုပ် အဖွင့်စာမျက်နှာမှာပါတဲ့ စာပိုဒ်ကလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စမ်းပါလို့ ညွှန်းလိုက်တဲ့အတွက် ရှာပြီးဖတ်ကြည့်လိုက်တော့ ဒီလိုတွေ့ရပါတယ်။

"အစိုးရ"

''ဆင်းရဲသားများပျော်ရွှင်၍ ပညာမတတ်သူ၊ ဒုက္ခရောက်သူများ မရှိဘဲ အကျဉ်းသားမဲ့သော ထောင်၊ သူတောင်းစားကင်းသော လမ်း၊ လူအိုများချမ်းသာ၍ အခွန်အတုတ်နည်းပါပေသည်ဟု ပြောနိုင်သော အစိုးရမျိုးမှ လောကတွင် ထိပ်တန်းကျသော အစိုးရဟု ကြွားနိုင်သည်"

သောမတ်စ်ပိန်း

EMG

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 4/21/2012 12:12:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23660] ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်

     အားလုံးကိုကျွန်တော်တခုပြောချင်ပါတယ်
NLD ဟာခက်ခဲမှုတခုကို ပြည်သူလူထုအားကိုးနဲ့ ဖြတ်သန်းနေပါတယ်  NLD ရဲ့အောင်မြင်မှုဟာ ပြည်သူတို့ရဲ့အောင်ပွဲ ပြည်သူတို့အတွက်အနာဂတ်ေ၇ွှလမ်းငွေလမ်း ဖြစ်သွားစေနိုင်ပါတယ် မျှော်လင့်ချက်ပေးနေတာမဟုတ်ပါဘူး
ဒါပေမဲ့နှစ်ပေါင်းများစွာအနာဂတ်ပျောက် လမ်းစမမြင် ခဲ့ရသူ ပြည်သူတွေအတွက် ဒါဟာတခုတည်းသောလင်းရောင်ခြည်ပါ
ဟိုးယခင်ကမြစ်တွေမှာ ရေမကြီးအောင် တာရိုးတာဘောင်တွေ ကါ၇ံတားဆည်းပြီးရေကြီးမှု ကိုကါကွယ်ကြတယ်
တာခေါင်းတို့တာဗိုလ်တို့ကိုခန့်ထားပြီး တာကိုဂရုတစိုက် သတိနဲ့ စောင့်ရှောက်ကြတယ်
ဒါပေမဲ့ဒီလောက်စောင့်ရှောက်ကြီးကြပ်နေတဲ့ကြားက တာတွေကျိုး လယ်တွေရေမြုပ် ကြရတယ်
အဲဒါကြွက်တွင်းလောက်ကလေး အပေါက်ကနေ တာတွေကျိုးရေတွေဒလဟောဝင်တဲ့အထိဖြစ်ကုန်ကြတာ
ပြောချင်တာကဒါကေါင်းသောဥပမာတခုပါ
တောင့်တင်းခိုင်မာပါတယ်ဆိုတဲ့ အစောင့်အရှောက်တွေနဲ့ စံနစ်ဆိုးနဲ့ မတရားတဲ့ဥပဒေတွေကို NLD က ရှေ့က ရသလောက်ဖေါက်ဝင်ပြီးနေပါပြီ
နောက်လဲ NLDတည်မြဲနေသမျှ ဒီလိုဘဲ ရနိုင်သလောက် ရှေ့သို့ရှောက်နေဦးမှာပါ
NLDကရှေ့ကဖေါက်သွားတဲ့ ဒီအပေါက်လေးကနေ မြစ်ရေနဲ့တူတဲ့ ပြည်သူတွေက ဒလဟောအဆက်မပြတ် စီးဝင် ကြမယ်ဆိုရင် စံနစ်ဆိုးနဲ့ အမွေခံဆိုး
ကိုယ်ကျိုးရှာ မတရားဥပဒေ တာရိုးကြီးကို အပိုင်းပိုင်းချိုးနိုင်ပြီပေါ့။
ဒေါ်အောင်ဆန်းစုကြည် ပြောခဲဘူးပါတယ် ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်
ကဲ ကျွန်တော်တို့ ညီညီညာညာနဲ့ မခိုမကပ် ပြိုင်တူ တွန်းကြရအောင်

                                                                                                  ပုဂံသား

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23659] ကားပေါက်ဈေး 21-4-2012

1။ ဟွန်ဒါ အင်ဆိုဒ် 2010 မော်ဒယ်
ဘတ်ထရီနှင့် ကီလို 20 ကျော် မောင်းလို့ရသည်။
ပါဝါ ၀င်းဒိုး ပါဝါ စီယာတိုင်
နောက်ဘက်ကင်မရာနှင့် တီဗွီ
ဆီစား အလွန်သက်သာသည်။
ရန်ကုန် ကျိုက်ထို အသွားအပြန် အောက်တိန်း 2 ဂါလန်
သာကုန်သည်။
ရောင်းဈေး 330 သိန်း

ဂျပန်နိုင်ငံ ပေါက်ဈေး ဒေါ်လာ 1သာင်6းထောင်ခန့်
ချက်ဆီ ze2....................
(ချက်ဆီ daa ze2 နှင့်စသော အင်ဆိုဒ်ကားများ ဒေါ်လာ 2သောင်းကျော်သည်)
09 42100 5717

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

ဒီမိုဝေယံ

ဒီမိုဝေယံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မမှောက်ပါ....

Posted: 20 Apr 2012 10:17 AM PDT

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေးမှ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်...
 (ဓာတ်ပုံ Getty Images)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မမှောက်ပါ..

  တချို့အင်တာနက် စာမျက်နှာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကို သပိတ်မှောက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်...။ အဆိုပါသတင်းအတွက် ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ ၂၃ရက်နေ့ မှာ ပြန်လည် စတင်မယ့် လွှတ်တော်ကို အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ မသေချာသေးတာပဲ ဖြစ်ပါတယ်..။ သဘောတူညီချက် ရတာနဲ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆို တက်ရောက်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ အဆိုပါကိစ္စအတွက် အဆင်ပြေနိုင်ဘို့ ရှိတယ်လို့လည်း သိရှိရပါတယ်..။ ဒီကြားထဲမှာလည်း သဘောတူညီချက် ရကောင်း ရနိုင်ပါသေးတယ်လို့လည်း ပြောဆိုပါတယ်...။

အခြေခံဥပဒကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ နေရာမှာ အခြေခံဥပဒေကို လေးစားလိုက်နာပါမည် ဆိုတဲ့စကားလုံးအတွက် လောလောဆယ် သဘောတူညီချက် မရသေးတဲ့အတွက် လာမယ့် (၂၃)ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်မှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ  လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ အတွက် လောလောဆယ်မှာ လွှတ်တော်သို့ တက်ရောက်နိုင်မှာ မဟုတ်သေးပါဘူး။ 

နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဇွန်လအလယ်မှာ ပြည်ပခရီးစဉ် သွားရောက်မယ်လို့ ကြားသိရပါတယ်..။
ယနေ့ သတင်းစာရှင်းလင်းပွဲမှ ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုချက်...။

သစ်ထူးလွင်

သစ်ထူးလွင်


နမ့်ဆန် မှာ လူငယ်တဦး ကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီး

Posted: 21 Apr 2012 06:44 AM PDT

မြန်မာပြည် ရဲတပ်ဖွဲ့ နဲ့ ပတ်သက်လို့ မကောင်း သတင်း တွေ မကြာခဏ ကြားရတတ်လေ့ရှိ
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့မှာ ပလောင် လူငယ် တဦးကို ရဲတွေ က ဝိုင်းရိုက်ဖမ်းဆီးမှု ဖြစ်ပွား ခဲ့ပြီး အဲဒီ လူငယ် ဦးခေါင်းတွင်း ဒဏ်ရာ ပြင်းထန် မလားလို့ စစ်ဆေးမှု တွေ ပြုလုပ် နေရ ပါတယ်။

နမ့်ဆန်မြို့ နမ့်ဝေါလ ရပ်ကွက် က အသက် ၂၀ ကျော်အရွယ် ပလောင် လူငယ် မိုင်နိုင်လင်း ဟာ ပြီးခဲ့တဲ့ နှစ်ဆန်း တရက်နေ့ ဧပြီလ ၁၇ ရက်နေ့ မှာ ရဲတွေ က သူထိုင်နေတဲ့ စားသောက်ဆိုင် အတွင်း က ဆွဲထုတ် ပြီး ဝိုင်းရိုက် တာကို ခံရတာ ကြောင့် ခေါင်းကွဲ သွားတဲ့ အပြင် ဦးခေါင်းအတွင်း ဒဏ်ရာ ရမှာ ကို စိုးရိမ် ရတာကြောင့် နမ့်ဆန် ဆေးရုံ ကနေ မန္တလေး ဆေးရုံ ကို အစစ်ဆေးခံ ဖို့ ပို့ လိုက်ရပါတယ်။

အဲဒီ နှစ်ဆန်း တရက် နေ့ က မိုင်နိုင်လင်း နဲ့ လူငယ် သူငယ်ချင်း တစု ထိုင်နေစဉ် အဲဒီနား ကဖြတ်သွားတဲ့ ရေပက်ခံ ဆိုင်ကယ် က မိန်းကလေး တဦး ကို ဆိုင်ထဲက နေ ရေပက် လိုက်လို့လား တခုခု လုပ်လိုက်သလား အကြောင်းရင်း မသဲကွဲပဲ အဲဒီမိန်းကလေး ဆိုင်ကယ် ပေါ်က ပြုတ်ကျသွားခဲ့ရ ပါတယ်။

အဲဒီနောက်ပိုင်း ရဲတွေ ရောက်လာပြီး မိုင်နိုင်လင်း က အဲသလို မိန်းကလေး ကို ဆိုင်ကယ် ပေါ်က ကျအောင် လုပ်တယ် ဆိုပြီး စွပ်စွဲ ရိုက်နှက်ခဲ့ကြတာပါ။

ဆိုင်ကယ် က ကျသွားတဲ့ မိန်းကလေး အနေနဲ့ အသေးစားထိခိုက်မှု က လွဲလို့ ဒဏ်ရာ ကြီးကြီးမားမား မရ ခဲ့ဘူး လို့ လည်း နောက်ပိုင်းမှာ သိရပါတယ်။အခုလို ရဲတွေရဲ့ ရိုက်နှက်မှု ဟာ မတရား ရိုက်နှက်မှု ဖြစ်တဲ့ အတွက် မိုင်နိုင်လင်းရဲ့ မိသားစု က အထက်အဆင့်ဆင့် ကို တင်ပြ ပြီး ကာယကံရှင် ရဲတွေကို တရားစွဲဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။

ဘီဘီစီ


ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပထမအဆင့် (၃) ဦးယာယီရွေးချယ်

Posted: 21 Apr 2012 06:10 AM PDT

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ မှ ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်ရန် ပဏာမရွေးချယ်ထားသူ (၁၃) ဦးအား ၂၀၁၂ ခုနှစ် ၊ ဧပြီလ ၊ ၇ရက်နေ့တွင် လူတွေ့စစ်ဆေးခဲ့ရာ သတ်မှတ်အရည်အချင်းနှင့် နီးစပ်သူ (၃) ဦး ကို     ယာယီရွေးချယ်ခဲ့ပြီး    ဖြစ်ပါသည်။  ထို (၃) ဦး၏ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

၁။ မောင်ကျောက်ခဲ                                             ၁၅၂     မှတ်

 
၂။ ဖြိုးတေဇာလင်း                                              ၁၄၅.၅  မှတ်
 
၃။ နေဦး (ခ) နန္ဒမိုး                                             ၁၃၈    မှတ်

သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတ်ရုပ်နှင့်ပို၍ အံဝင်ခွင်ကျဖြစ်သော သရုပ်ဆောင်ကို ထပ်မံကြိုးစားရှာဖွေလိုပါသောကြောင့် (၂၅.၄.၂၀၁၂)  မှ (၀၇.၀၅.၂၀၁၂) အတွင်း   လျှောက်လွှာများတင်နိုင်ရန် ထပ်မံ၍ ဖိတ်ခေါ်ထားကြောင်း ကို သတင်းစာ ၊  ပြည်တွင်းဂျာနယ် ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့  ၀က်ဆိုဒ်(website) နှင့် ဖေ့ဘုတ်(Facebook) စာမျက်နှာတို့တွင်  ဖော်ပြ  သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည် ။ 
 
 


ဂျပန်နိုင်ငံသို့ ပေးရန် ကြွေးမြီ ၃.၇၂ ဘီလျံလျှော်ပြီ

Posted: 21 Apr 2012 05:39 AM PDT

Myanmar President U Thein Sein sits next to Japan Prime Minister Yoshihiko Noda in Japan-Mekong summit in Tokyo April 21, 2012. နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဂျပန်နိုင်ငံ ၀န်ကြီးချုပ်နှင့် အတူ တွေ့ရစဉ်
ဧပြီ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်-YPI

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပြီး နောက်ထပ်ဖွံ့ဖြိုးရေး အကူအညီများ ပေးသွားရန် ဂျပန်နိုင်ငံမှ သဘောတူလိုက်ကြောင်း ရိုက်တာ သတင်းဋ္ဌာန၏ ဖေါ်ပြချက် အရသိရှိရသည်။

မြန်မာနိုင်ငံအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများ ဘက်အသီးသီးတွင် လုပ်ဆောင်လျှက်ရှိခြင်းကို ထောက်ခံသည့် အနေဖြင့် ယခုကဲ့သို့ ကြွေးမြီများအား လျှော်ပစ်လိုက်ခြင်းဖြစ်ကာ ဂျပန်-မြန်မာ စီးပွားရေး ဆက်ဆံမှုကိုလည်း တိုးမြှင့်သွားမည်ဟု ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ က ပြောကြားကြောင်း ယင်းသတင်းတွင် ဖေါ်ပြထားသည်။

ယမန်နေ့မှ စတင်ပြီး ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးအပြီး ယခုလို ကြေညာလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်တဦးနှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်တို့ ၂၈ နှစ်အကြာကာလအတွင်းပထမဆုံး အကြိမ်တွေ့ဆုံမှုလည်း ဖြစ်ကာ ဆယ်စုနှစ် ၂ ခုကျော်ကြာ အထီးကျန်နေထိုင်ခဲ့သည့် မြန်မာနိုင်ငံအား ယင်းအဖြစ်မှ အဆုံးသတ်စေမည့် နောက်ထပ် ခြေလှမ်းတလှမ်းဖြစ်သည်ဟု နိုင်ငံခြား သတင်းမီဒီယာများ ကဖေါ်ပြကြသည်။

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်ဆပ်ရန် ရှိသည့် ချေးငွေနှင့် အတိုးစုစုပေါင်း ကန်ဒေါ်လာ ၄.၉ ဘီလျံအနက် ၃.၇၂ ဘီလျံကို လျှော်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယင်း ကြွေးမြီ ၃.၇၂ ဘီလျံမှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အတွင်းက မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဂျပန်နိုင်ငံမှ ချေးယူထားသည့် ကြွေးမြီများဖြစ်သည်။ ။


Yangon Press International


ဗိုလ်တထောင်(စိန်ပေါလ်)ကျောင်းသားဟောင်းများအား ချီးကျူးဂုဏ်ပြုပွဲ

Posted: 21 Apr 2012 05:15 AM PDT

ယုံကြည်ချက်ကြောင့် နိုင်ငံရေးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသော အထက(၆) ဗိုလ်တထောင်(စိန်ပေါလ်)ကျောင်းသားဟောင်းများအား ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဒီကနေ့ ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ နေ့လည် ၁၀း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားမှာ ဗိုလ်တထောင်(စိန်ပေါလ်)ကျောင်းသားဟောင်းများဖြစ်သော ကိုမြအေး၊ ကိုနေကျော်၊ ဒေါက်တာ သာမြကျော်၊ ကိုမြတ်စံ၊ ကိုနေဘုန်းလတ်၊ ကိုဇော်ထက်ကိုကို၊ ကိုအောင်ဇေဖြိုး၊ ကိုဖြိုးဇေယျာသော် နှင့် ကိုဝင်းထွဋ် တို့ကို ချီးကျူးဂုဏ်ပြုခဲ့ကြတာ ဖြစ်ကြောင်း သိရပါသည်။ 

ဘားမားဗီဂျေ


မြန်မာ့အင်တာနက်ဖွံ့ဖြိုးရေး ဂျပန်က အကူအညီပေးမည်

Posted: 20 Apr 2012 09:25 PM PDT

တိုကျို ဧပြီ ၂၁

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် တယ်လီဖုန်းဆက်သွယ်မှုကွန်ရက်တိုးတက်ရေးစီမံကိန်းများတွင် ဂျပန်နိုင်ငံက အကူအညီပေးရန်ရှိကြောင်းသိရသည်။
တိုကျိုမြိုကတွင် ဧပြီင်္၂၁ရက်က ကျင်းပသည့် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးတွင် ဂျပန်က ညွှန်းဆိုပြသသည့် မဲခေါင်ဒေသတွင်းနိုင်ငံ(၅) နိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အဆိုပါ စီမံကိန်းနှစ်ခုအားရေးဆွဲထည့်သွင်းထားခြင်းဖြစ်သည်။
ထိုဖွံ့ဖြိုရေးစီမံကိန်းများတွင် မြန်မာနိုငငံက (၁၂)ခု။ကမ္ဘောဒီးယားက (၈)ခု၊လာအိုက (၇)ခု၊ထိုင်းက (၄)ခု၊ဗီယက်နမ်က (၂၆)ခုတို့ဖြစ်ကြသည်။
ထိပ်သီးအစည်းအဝေးတွင် အခြေခံအဆောက်အုံစီမံကိန်း (၅၇)ခုကို မိမိတို့အဆိုပြုတင်ပြခဲ့ပါကြောင်း ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီကိုနိုဒက ထုတ်ဖော်ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲအပြီး မဲခေါင်-ဂျပန်နိုင်ငံအကြီးအကဲများထွက်ခွာစဉ်။

 Yangon Media Group


မဲခေါင်ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ဂျပန်က အထောက်အပံ့ ယန်းဘီလျံ ၆၀၀ပေးမည်

Posted: 20 Apr 2012 09:24 PM PDT

တိုကျို ဧပြီ ၂၁

မဲခေါင်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမျာအတွက် ဂျပန်နိုင်ငံက ပင်လယ်ရပ်ခြားအထောက်အပံ့(အိုဒီအေ)း ယန်း ၆၀၀ဘီလျံကို လာမည့်သုံးနှစ်အတွက် ပေးအပ်သွားမည်ဟု ဂျပန်နိုင်ငံကတရားဝင်ထုတ်ဖော်ပြောကြားလိုက်သည်။
ဧပြီ၂၁ရက် နံနက်က ဂျပန်နိုင်ငံ တိုကျိုမြို့အစိုးရဂဧည့်ဂေဟာတွင် ကျင်းပနေသော မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးအပြီးတွင် ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီတိုနိုဒက သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
အဆိုပါထိပ်သီးအစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ်နှင့်အတူ မြန်မာနိုင်င့တော်သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာဗောင်၊ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းတို့ တက်ရောက်ကြသည်။
`အခု စတုတ္ထအကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ပူးပေါင်းဆောင်ရွက်ရေးနဲက နူကလီယားမပျံ့ ပွားရေးကိစ္စတွေဆွေးနွေးနိုင်ခဲ့ပြီး တိုကျိုမဟာဗျူဟာ ၂၀၁၂နှင့်အတူ မဏ္ဍိုင်ကြီး(၃)ရပ်ပူးပေါင်းဆောင်ရွက်ရေးတွေကို သဘောတူခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တိုကျိုမဟာဗျူဟာ(လုပ်ငန်းစဉ်)များ အောင်မြင်ရေးအတွက်အပြည့်အ၀ပူးပေါင်းသွားမှာဖြစ်ပါတယ်`  ဟု မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ဂျပန်ဝန်ကြီးချုပ်ကလည်း မဲခေါင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအနေဲ့ ဦးဆောင်ဦးရွက်ဆက်လက် ဆောင်ရွက်သွားမည့် အကြောင်းကတိပေးပြောကြားသွားခဲ့သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်ကလည်း မဲခေါင်ဒေသတွင်းဖွံ့ဖြိုးရေးအတွက် ထိုင်းက အထောက်အပံ့ ဒေါ်လာ ၇၇သန်းပေးရေးအစီအစဉ်များကို လည်းထပ်မံတင်ပြသွားခဲ့သည်။
စာမျက်နှာ ၁၂မျက်နှာပါ ၂၀၁၂ တိုကျိုမဟာဗျူဟာအစီအစဉ်တွင် မဲခေါင်ဒေသတွင်းချိတ်ဆက် ဆက်သွယ်မှုတိုးမြှင့်ရေး၊အတူတကွဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားဆိုင်ရာလုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစဉ်ဆက်မပြတ်ထိန်းသိမ်းရေးလုပ်ငန်းများ သေချာအောင်လုပ်ဆောင်ရေး ဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ကိုဖြင့် ဆောင်ရွက်ရန်ဖော်ပြပါရှိသည်။
မဲခေါင်-ဂျပန် ထိပ်သီးအစည်း အဝေးသို့ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ပြည်ထောင်စု ၀န်ကြီး များတက်ရောက်စဉ်။
 
 Yangon Media Group


မြန်မာ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ခရီးသွားတွေ များပြားလာ

Posted: 20 Apr 2012 08:26 PM PDT

တစ်ချိန်က စစ်အာဏာရှင် စိုးမိုးအုပ်ချုပ်ပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုအခါ ကမ္ဘာလှည့်ခရီးသွားတွေ စုပြုံဝင်ရောက်နေတဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။

မနှစ်က ခရီးသွားဧည့်သည် (၄) သိန်းကျော် လာရောက်ခဲ့ပြီး ဒီနှစ်မှာတော့ အရေအတွက် နှစ်ဆတိုးလိမ့်မယ်လို့ မျှော်လင့်ရကြောင်း Euro News က ဖော်ပြပါတယ်။

Khiri Travel Group ရဲ့ အထွေထွေ မန်နေဂျာ မစ္စတာ Edwin Briels ကတော့ - ဟိုတုန်းကတော့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူထားတော့ မသွားကောင်းတဲ့အရပ်လို့ ခရီးသွားတွေက မှတ်ယူခဲ့ကြတယ်။ အခုတော့ သွားကောင်းတဲ့အရပ် ဖြစ်သွားပါပြီ။ အတော်များများကတော့ စူးစမ်းချင်လို့ လာကြတာပါ။ ဒီကိုရောက်လာတဲ့ နိုင်ငံခြားသားတွေထဲမှာ ရိုးရိုးခရီးသွားတွေထက် အခွင့်အလမ်း လာရှာတဲ့ စီးပွားရေးသမားတွေက ပိုပြီးများတယ်လို့
ပြောဆိုပါတယ်။

မြန်မာပြည်မှာ သာယာလှပတဲ့ ရှုမြင်ကွင်းတွေ၊ ရှေးဟောင်း စေတီပုထိုး ဘုရားကျောင်းကန်တွေ ရှိသလို တစ်ဘက်မှာလည်း ပြည်သူအများစုကြီးရဲ့ လူနေမှုဘ၀ အခြေအနေက နိမ့်ကျနေဆဲ၊ လူ့အခွင့်အရေး အခြေအနေတွေက စိုးရိမ်စရာ ကောင်းဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တပြိုင်တည်းမှာ အကောင်းဘက်ကို မျှော်လင့်နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အတိုက်အခံဘက်ကလည်း အစိုးရ လက်ဝေခံတွေရဲ့ လက်ထဲရောက်သွားမယ့် ခရီးသွား အစီအစဉ်တွေထက် ပြည်သူတွေ အကျိုးရှိမယ့် ခရီးသွားလုပ်ငန်းမျိုး ထွန်းကားဖို့ ပိုပြီး အားပေးချင်တာကို တွေ့ရပါတယ်လို့ Euro News က ရေးသားဖော်ပြပါတယ်။
 
RFA


နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံးဝ ရုပ်သိမ်းနိုင်မည်

Posted: 20 Apr 2012 08:25 PM PDT

မြန်မာအစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး
ပြန်လွှတ်ပေးမယ်ဆိုရင် အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို လွတ်လွတ်ကျွတ်ကျွတ် ရုပ်သိမ်းပေးနိုင်တယ်လို့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။

လာမယ့် ဧပြီလ (၂၃) ရက်နေ့ လူဇင်ဘတ်နိုင်ငံမှာ ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တစ်နှစ်တိတိ ယာယီ ဆိုင်းငံ့ပေးဖို့ အီးယူ အဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီထားကြကြောင်း ကြေညာအပြီးမှာ ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski က ပြောဆိုခဲ့တာပါ။

နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပြီး၊ မြန်မာပြည် နောက်ပြန် မလှည့်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီဆိုရင် ယာယီ ဆိုင်းငံ့ထားတဲ့ အီးယူ ပိတ်ဆို့မှုတွေ အားလုံးဟာ လုံးဝ ပွင့်သွားနိုင်ပါတယ်လို့ ၀ါဆောမြို့မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အီးယူက ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ သစ်လုပ်ငန်း၊ သစ်အချောထည် လုပ်ငန်းနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ပါဝင်ကြတဲ့ ကုမ္ပဏီ (၈၀၀) ကျော်နဲ့ ကုန်သွယ်ခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်၊ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီ ( ၅၂) ခုမှာ ရင်းနှီးမြှုပ်နှံခွင့်၊ စစ်အစိုးရ အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ ပုဂ္ဂိုလ် စုစုပေါင်း (၄၉၁) ယောက်အပေါ် ဥရောပ၀င်ခွင့် ဗီဇာပိတ်ပင်ထားတာတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ ယာယီ ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ပစ္စည်း
ရောင်းချမှု မပါဝင်ပါဘူး။ မြန်မာအပေါ် ပိတ်ဆို့မှု (၁၂) လတိတိ ယာယီ ဆိုင်းငံ့ထားစဉ်အတွင်း အခြေအနေ တိုးတက်မှုရှိမရှိကို အီးယူက အနီးကပ် အသေအချာ စောင့်ကြည့်နေမှာဖြစ်ပြီး အောက်တိုဘာလမှာ ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း အီးယူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

ဒါအပြင် သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနေတယ်ဆိုရင် (၁၂) လ မတိုင်ခင်အတွင်း အီးယူအနေနဲ့ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းသွားနိုင် တယ်လို့ ဆိုပါတယ်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးကလည်း ပိုလန်နိုင်ငံဟာလည်း စစ်အစိုးရ လက်အောက် ကျရောက်ခဲ့ရဖူးပါတယ်။ အသွင်ကူးပြောင်းရေး
ဆောင်ရွက်လိုက်လို့ ပိုလန်ဟာ နောင်တမရတဲ့အပြင် စံနမူနာ ယူစရာတောင် ဖြစ်လာခဲ့ပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်များ အတွက်လည်း နမူနာယူစရာပါလို့ ပြောဆိုပါတယ်။
RFA


သင်္ကြန်ဒုတိယအကြတ်နေ့ကဖြစ်ပွားခဲ့တဲ့ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းမှု

Posted: 20 Apr 2012 07:17 PM PDT

ဓါတ်ပုံ(Google Images)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာမှာ သင်္ကြန်ဒုတိယအကြတ်နေ့  ဧပြီလ ၁၅ ရက်နေ့ နေ့လည်(၁း၃၀)နာရီခွဲက လမိုင်းအပိုင်ကော့ဒွတ်ကျေးရွာမှ လူငယ်အများစုနဲ့ သံဖြူဇရပ်အပိုင်အနင်းကျေးရွာမှ လူငယ်အချို့ (စုစုပေါင်း၂၅ယောက်ခန့်) 
Canter အမြင့်(ဒေသအခေါ် ရှမ်းကား / လိုင်စင်မဲ့) တစ်စီးနဲ့ရောက်လာခဲ့ပြီး ရွာခံလူငယ်

အချို့ကို လေးခွနဲ့ပစ်၊ အုတ်ခဲကျိုး၊ခဲလုံးများဖြင့်ပစ်ပေါက်၊ ဒါးနဲ့လိုက်ရမ်း၊ ပေါက်တူးဖြင့်ခုတ်၊ 
သံတုတ်ဖြင့်ရိုက် လက်နက်မျိုးစုံနဲ့ သောင်းကျန်းချင်တိုင်း သောင်းကျန်းခဲ့ကြပါတယ်။
 ထွေလာဂျီ တစ်စီးရဲ့ရှေ့ မှန်ကိုလည်း ရိုက်ခွဲခဲ့ပါတယ်။
 
လက်နက်မျိုးစုံဟာ သူတို့ကားနဲ့ တစ်ပါတည်း ယူဆောင်လာခဲ့ ကြတာပါ။ ဖြစ်ရပ်ပြီးပြီးချင်းမှာပဲ ကျေးရွာအုပ်ချုပ်ရေးမှုးဦးသောင်းနဲ့ ထင်းရူးရဲစခန်း

 စခန်းမှုးသန်းထိုက် ထံမှာ တိုင်တန်းဖို့သွားခဲ့ကြပါတယ်။ သို့သော်တစ်ယောက်မှ မတွေ့ခဲ့ရပါ။ 
ရဲတပ်ကြပ်ကြီးတစ်ယောက်နဲ့ တပ်သားနှစ်ယောက်လိုက်လာပြီး သက်သေခံကျန်ရစ်ခဲ့တဲ့ ဓါးတစ်လက်ကိုသိမ်းဆည်းပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မှတ်တမ်း ယူသွားခဲ့ပါတယ်။
သို့သော် ယနေ့အထိအရေးယူမှု တစ်စုံတရာ မပြုလုပ်ပေးကြပါ။ ငြိမ်းချမ်းနေပြီဖြစ်တဲ့ဒေသမှာ တရားဥပဒေစိုးမိုးမှုက မေးခွန်းထုတ်စရာပါ။

 
နှစ်ဆန်းတစ်ရက်နေ့မှာ စခန်းမှုးကို အမှုအကြောင်းမေးမြန်းတော့ အမှုဖွင့်ချင်ရင် သံဖြူဇရပ်မြို့နယ်ရဲစခန်းမှာမှ ဖွင့်လို့ရမယ်လို့ပြောပါတယ်။ ထင်းရူးကျေးရွာဟာ 

သံဖြူဇရပ်မြို့နယ်နဲ့ ၁၈ မိုင်ခန့်ဝေးပါတယ်။
 
ပြီးတော့လည်း အဲဒီစခန်းမှုးဟာ ငွေမရနိုင်တဲ့အမှုဆိုရင် လုံးဝကိုင်တွယ်လေ့မရှိသူအဖြစ် အဲဒီရွာမှာ နာမည်ကျော်ပါတယ်။ အစိုးရအာဏာစက် သက်ရောက်မှုအားနည်းတဲ့ဒေသမျိုးမှ
ာ စခန်းမှုးတစ်ယောက် ကာလရှည်ကြာ ရှိနေခြင်းဟာ မရိုးသားမှုတွေ ဖြစ်လာစေမှာ အသေအချာပါ။

 ကျေးရွာလူထုက အမှန်တကယ်အားထားယုံကြည်ရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးဆိုတာလည်း အဓိကလိုအပ်ချက်ပါ။အခုဖြစ်တဲ့ အမှုအတွက် ထင်းရူးလူငယ်တွေနဲ့ ရပ်မိရပ်ဖ လိုချင်တာက လက်နက်မှု နာကျင်စေမှုတွေနဲ့ အရေးယူ မပေးနိုင်ရင်တောင် တရားဝင်တောင်းပန်မှုလောက်ဖြစ်ဖြစ်ပါ။

ကျော်ဇေယျ 
Myanmar News Now


သရုပ်ဆောင် ဇင်ဝိုင်း (ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)နှင့် အင်တာဗျူး

Posted: 20 Apr 2012 05:33 PM PDT

မြန်မာ့ရုပ်ရှင်လောကအကြောင်း… (ယခင်၊ ယခုနှင့် နောင်ရေး)
သရုပ်ဆောင် ဇင်ဝိုင်း (ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)နှင့် အင်တာဗျူး

မြန်မာ့ရိုးရာ အတာသင်္ကြန်တွင်း ရုပ်ရှင်သရုပ်ဆောင် အမျိုးသမီးအချို့၏ ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ အမိန့်အာဏာဖြင့် အရေးယူ လုပ်ဆောင်သွားမည် မဟုတ်ဘဲ မေတ္တာရပ်ခံ ပညာပေးနည်းဖြင့်သာ တုန့်ပြန်သွားမည်
ဟု လွတ်လပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။

လွတ်လပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်များကို လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့တွင် သရုပ်ဆောင် ဇင်ဝိုင်း ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

မြန်မာ့ရုပ်ရှင်လောကအကြောင်း၊ ရုပ်ရှင်အစည်းအရုံး၏ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုများ၊ ပြန်ကြားရေးဌာန လက်အောက် ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ လုပ်ဆောင်ချက်များ၊ မြန်မာ့ရုပ်ရှင်လောကအတွက် အနာဂတ် ရည်မှန်းချက်တို့ကို သိရှိနိုင်ရန်အတွက် ဦးဇင်ဝိုင်းအား မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားသည်။
actristelection
၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲတွင် သရုပ်ဆောင်ဇင်ဝိုင်းနှင့် ဇာဂနာ တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ရုပ်ရှင်လုပ်ငန်းရှိ အလွှာအလိုက် လျို့ဝှက်မဲဖြင့် ရွေးချယ်ကြရာ အဓိကသရုပ်ဆောင်အလွှာတွင် ဇင်ဝိုင်းနှင့် လူမင်း တို့အား ရွေးချယ်ခံခဲ့ရသည်။

ဖွဲ့လိုက်တာ မကြာသေးတဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေး ဥက္ကဋ္ဌ အသစ်ဆိုတော့ ကျနော် ပထမဆုံးမေးချင်တာက ဒီနှစ်သင်္ကြန်မှာပေါ့။ ရုပ်ရှင်မင်းသမီးအချို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက် ပြီးတော့ ဝေဖန်သံတွေ တော်တော်လေး ထွက်လာပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

"ယေဘူယျ သုံးသပ်လိုက်မယ်ဆိုရင်တော့ ယဉ်ကျေးမှု
အောက်ခြေက အစည်းအရုံးဝင်များကိုသာ စည်းကမ်း သတ်မှတ်ပြီးတော့မှ ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချက်အလက်တွေ ပါပေမယ့် အလုပ်အမှုဆောင်များကို စည်းကမ်း သတ်မှတ် ပြီး ထိန်းချုပ်ထားတဲ့ အချက်အလက်တွေ မပါတာပါ။

စည်းတွေ လျော့ပါးလာတာတော့ အမှန်ပါပဲ။ ဒီနှစ်သင်္ကြန်
သည်နှစ်ပေါင်း ၃ဝ အတွင်းမှာတော့ လူတွေဟာ တော်
တော်လေး လွတ်လွတ်လပ်လပ် ပျော်ရွှင်လာကြတယ်လို့
ကျနော်တော့ မြင်မိပါတယ်။ လူတွေဟာ မျှော်လင့်ချက်
လေးတွေ ကိုယ်စီ ရှိလာတယ် ထင်ပါတယ်။ အဲဒီတော့
ဒီယဉ်ကျေးမှု လှိုင်းတံပိုးဆိုတာလည်း ရိုက်ခတ်တတ်တာ အမှန်ပါပဲ။ ကိုယ်ခံစွမ်းအား နည်းရင်လည်း ဒီလိုမျိုး ဖြစ်တတ်ကြတာပါပဲ။ ဒီနှစ်သင်္ကြန်မှာ မိန်းကလေး အယောက် ၁ဝဝ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး ဝတ်တယ်ဆိုရင် ကျနော်တို့ ရုပ်ရှင် သရုပ်ဆောင်ဆိုတာ တယောက်လောက် ပါတာပါ။ သို့သော်လည်း ထင်ရှားတဲ့သူများ ဖြစ်တဲ့အတွက် သူများ စံချိန်ထိုးစရာတော့ ဖြစ်တာပေါ့။ ဒါကလည်း သူ့ရဲ့ တဦးချင်း ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။"

ဆိုတော့ သူတို့ အပေါ်မှာ ရုပ်ရှင်အစည်းအရုံးရဲ့ လုပ်ပိုင်ခွင့်သုံးပြီးတော့ ကန့်သတ်မှုတွေ လုပ်သင့်တယ်လို့ ထင်ပါသလား။

"တချိန်သောအခါက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသည် ဝန်ကြီးဌာနတခုက ကျောထောက်နောက်ခံ ပေးထားတဲ့ အတွက် သူ့မှာ ကိုယ်တိုင် အရေးယူခွင့် မရှိသော်လည်း အမိန့်ပေး အရေးယူတာမျိုးတွေ လုပ်ပါတယ်။ ကျနော်တို့ ကတော့ စည်းရုံးရေးနဲ့ပဲ သွားရမှာပါ။ ကျနော်တို့ သားသမီးတွေ အရွယ်ဖြစ်တဲ့အတွက် ကျနော်တို့က ခေါ်ယူပြီးတော့
မေတ္တာရပ်ခံမယ် စည်းရုံးမယ် ဒါပဲလုပ်ရမှာပါ။ ကျနော်တို့လူမျိုးရဲ့ ကောင်းတဲ့လက္ခဏာတွေကို ပိုမိုခိုင်မာလာအောင်၊ ကျနော်တို့ယဉ်ကျေးမှု၊ ကျနော်တို့ရိုးရာတွေကို ပိုမိုလက်ခံကျင့်သုံးလာနိုင်အောင် ကျနော်တို့ ကြိုးစားကြည့်ကြရမှာပါ။ ဒါကတော့ ရုပ်ရှင်တခုတည်းနဲ့လည်း မပြီးပါဘူး။ ဥပဒေတွေနဲ့ တားဆီးကောင်းတဲ့အရာတွေလည်း မဟုတ်ပါဘူး။ ကိုယ်စီကိုယ်စီ ရင်ထဲမှာ အသိတရားတွေ ရှိလာမှ ဖြစ်လာမယ့်အရာပါ။ အဖွဲ့အစည်းအနေနဲ့ ပြစ်တင်ရှုတ်ချခြင်းထက် အများပြည်သူဘက်က ပြစ်တင်လာမယ် ရှုတ်ချလာမယ်၊ စာနယ်ဇင်းတွေကလည်း ရေးသားလာကြမယ်၊ ပြည်သူတွေ ကလည်း ဖယ်ကြဉ်လာမယ်ဆိုရင်တော့ ဒါမျိုးတွေ နည်းပါးလာမယ်လို့ မြင်ပါတယ်။"

ကြာသပတေးနေ့က ရုပ်ရှင်အစည်းအရုံးသစ်ရဲ့ ပထမဆုံး အစည်းအဝေးမှာ ဘာတွေများ ဆွေးနွေးဖြစ်ပါသလဲ။

ကျနော် ဇင်ဝိုင်းသည် သရုပ်ဆောင်အလွှာမှာ
ရွေးလိုက်လို့ မဲ တမဲပဲရတယ်။ သရုပ်ဆောင် လူမင်းက ရွေးလိုက်လိုက်လို့ မဲ ၁ဝဝ ရတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဦးလူမင်း တက်ရမှာ
ပေါ့ အခုတော့ မဟုတ်ဘူး။ 'ဇင်ဝိုင်း တက်' ဆိုပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနက အမိန့်
ပေးလိုက်ရင် ကျနော်က တက်သွားတယ်။
"အလုပ်အမှုဆောင်တွေ လိုက်နာသင့်တဲ့ စည်းမျဉ်း စည်းကမ်းလေးတွေ ကျင့်ဝတ်လေးတွေ ချပေးတာပါ။
အများပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ နှိမ့်ချဖို့တို့၊ အခွင့်အရေး ဆိုရင်လည်း သာမန်အစည်းအရုံးဝင်တွေ ရရှိတဲ့ အခွင့်အရေး မျိုးတွေကိုပဲ ခံစားဖို့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆိုပြီးတော့မှ အာဏာအလွဲသုံးစားလုပ်တာ၊ ကိုယ်ကျိုးစီးပွားရှာတာ၊ အခွင့်အရေးပိုယူတာမျိုးမလုပ်ဖို့ ကျနော်တို့ စည်းမျဉ်း
စည်းကမ်းတွေ လုပ်တာပါ။"

"ဒုတိယအချက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဖွဲ့စည်းပုံကို ပြန်လည်ရေးဆွဲဖို့ ကျနော်တို့ အဓိကထားပါတယ်။ ကျနော်တို့က NGO ဖြစ်သွားတဲ့အတွက် မူလဖွဲ့စည်းပုံထဲမှာပါတဲ့ မလိုအပ်တဲ့ အချက်တွေ ရှိပါတယ်။ တချို့အချက်တွေလည်း ဖြည့်စွက်ရမှာ ရှိပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံရေးဆွဲရေး ကော်မတီကိုလည်း ဖွဲ့စည်းတာပါ။ ဗီဒီယို စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့၊ ခိုးကူးခွေ တားဆီးရေးကော်မတီတို့၊ ဝန်ထမ်းကြီးကြပ်ရေး
ကော်မတီတို့၊ ကော်မတီပေါင်း ၁၆ ရပ် ရှိပါတယ်။"

အာဏာအလွဲသုံးစားလုပ်တာ၊ ကိုယ်ကျိုးစီးပွားရှာတာ ဘယ်လို အခြေအနေမျိုးတွေကို ဆိုလိုတာလဲခင်ဗျာ့။

"ဥပမာအနေနဲ့ဆိုရင် နိုင်ငံတကာက ဖိတ်ကြားလာလို့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာက ဆုပေးလို့ပဲဖြစ်ဖြစ် အရင့်အရင်တုန်း ကတော့ အများပြည်သူ မသိရှိလိုက်ရဘဲနဲ့ ကော်မတီဝင်အချင်းချင်းပဲ လက်သိပ်ထိုးပြီးတော့ သူသွား ကိုယ်လုပ် အဲဒီလိုမျိုးတွေပေါ့။ နောက် ပြင်ပက ဇာတ်ကားတကား ရိုက်ကူးဖို့ဆိုရင် အလုပ်အမှုဆောင်အဖွဲ့ထဲကပဲ သယ်ဆောင် လာပြီးတော့ ဘယ်ဝန်ကြီးဌာနက ရိုက်ကူးဖို့ သူကိုယ်တိုင်ပဲ ဒါရိုက်တာလုပ်၊ သူ့သားသမီး မင်းသားမင်းသမီးထည့် ဆိုတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့က အခု မူချမှတ်ထားတာတော့ ရုပ်ရှင်အစည်းအရုံးနဲ့ ပတ်သက်တဲ့ ကားတွေ ရိုက်ကူးမယ်၊ ပြင်ပက ကားတွေ ရိုက်မယ်ဆိုရင် ကျနော်တို့ အစည်းအရုံးထဲမှာပါနေတဲ့ ဒါရိုက်တာများ လုံးဝ မရိုက်ကူးပါနဲ့။ သရုပ်ဆောင်များလည်း လုံးဝ မပါပါနဲ့။ ကျနော်တို့တွေသည် သူများကို အခွင့်အရေး ပေးရမယ်။ ကိုယ်က အခွင့်အရေးကို နောက်ဆုတ်ပေးရမယ်ဆိုတဲ့ဟာမျိုး ဒီမူကို ချထားပါတယ်။ အသေးစိတ်ကိုတော့ ထပ်ထွက်လာပါမယ်။"
actristelection1
၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲတွင် ရရှိမဲများအား ရေတွက်နေကြသည့် ဒါရိုက်တာဝိုင်း၊ ဝါရင့်သရုပ်ဆောင် ဦးညွန့်ဝင်း တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ရုပ်ရှင်လုပ်ငန်းရှိ အလွှာ ၁ဝ လွှာမှ လျို့ဝှက်မဲဖြင့် ရွေးချယ်ခဲ့ကြသည်။

ဖွဲ့စည်းပုံလည်း ရေးဆွဲနိုင်ဖို့ ပြင်ဆင်နေတယ်ဆိုတော့ ဘယ်လို ဖွဲ့စည်းပုံမျိုးဖြစ်မလဲ။

"ဖွဲ့စည်းပုံဆိုတာ ခြံစည်းရိုးနဲ့ တူတာကိုး။ ခြံစည်းရိုးမခိုင်တဲ့အခါကျတော့ ဒီဝင်းထဲကို ဝင်ချင်တဲ့လူဝင် ထွက်ချင်တဲ့ လူထွက်နဲ့ ဒီအဖွဲ့ရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်ရပါတယ်။ ကျနော်တို့ ရုပ်ရှင်အစည်းအရုံးရဲ့ မူလဖွဲ့စည်းပုံကလည်း အဆင့်ဆင့်သာ တင်ပြနေကြတာ အခုထိကို အတည်ပြုနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲဒီတော့ ကျနော်တို့ ရုပ်ရှင်လောက ကလည်း တံခါးမရှိ ဓါးမရှိပါပဲ။ အခုတော့ ကျနော်တို့က ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်စစ်စစ် သမားများသာ ဝင်ပိုင်ခွင့်ရှိသည်ဆိုတဲ့ မူကိုတော့ အဓိက ကိုင်စွဲထားပါတယ်။"

အရင် ရုပ်ရှင်အစည်းအရုံးဟောင်းရဲ့ ဖွဲ့စည်းပုံကကော။

"ရေးခဲ့သမျှသော ဖွဲ့စည်းပုံများထဲမှာ အောက်ခြေက အစည်းအရုံးဝင်များကိုသာ စည်းကမ်း သတ်မှတ်ပြီးတော့မှ ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချက်အလက်တွေ ပါပေမယ့် အလုပ်အမှုဆောင်များကို စည်းကမ်းသတ်မှတ်ပြီး ထိန်းချုပ်ထား တဲ့ အချက်အလက်တွေ မပါတာပါ။"

ရုပ်ရှင်အစည်းရုံးဝင် ဖြစ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးဦး ခင်ဗျာ့။

ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်
မှာ ရုံပေါင်း ၂၃၈ ရုံရှိပါတယ်။ အခုဆိုရင်
၆၅ ရုံပဲကျန်ပါတယ်။ ၆၅ ရုံမှာ သုံးပုံတပုံပဲ
မြန်မာကားကို ပြပါတော့တယ်။ ပြည်သူပိုင်
သိမ်းတယ် အဲဒီရုပ်ရှင်ရုံနေရာမှာ ဟိုတယ်ကြီး
တွေသာ ပေါ်လာပြီးတော့ ရုပ်ရှင်ရုံ ပျောက် သွားပါတယ်။
"ဥပမာ အဓိက သရုပ်ဆောင်ဆိုရင် ရုပ်ရှင်ဇာတ်ကား
အနည်းဆုံး တကား ရိုက်ကူးဖူးရမယ်။ ဗီဒီယိုဆိုရင် ၁ဝ ကား ရိုက်ကူးဖူးရမယ်။ ဒါမှသာ ရုပ်ရှင်အစည်းအရုံးဝင် ဖြစ်မယ်။
အဲဒီလို သတ်မှတ်ချက်တွေ အရသာ၊ အစည်းရုံးဝင်ဖြစ်ခွင့်
ရှိတယ်။ သို့သော်လည်း တချို့ခေတ်များမှာတော့ အထူး မှတ်ချက်ဆိုပြီးတော့ တချို့သော ပုဂ္ဂိုလ်များကို အစည်းအရုံး
ကို တိုက်ရိုက်ဝင်ပိုင်ခွင့်ရှိတဲ့ တံခါးပေါက်တွေ ဖွင့်ပေးထားတာ ရှိတယ်။ ဥပမာအားဖြင့် ယဉ်ကျေးမှုဘွဲ့တခုခု ရရှိလာ ပြီးတော့ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူ အစည်းအရုံး ဝင်ပိုင်ခွင့်ရှိသည်ဆိုပြီးတော့ လုပ်တာရှိပါတယ်။ နောက်တခုက
ပြန်ကြားရေးဝန်ကြီးဌာနတွင် ၁ဝ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသူ အဲဒါမျိုးတွေက အရင်တုန်းက အစည်းရုံးဝင်ဖြစ်မှုအပေါ်မှာ သတ်မှတ်ချက်တွေပါ။ အဲဒါကြောင့် ကျနော်တို့က လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့အတွက် ပြင်ပက ပုဂ္ဂိုလ်များ ပါဝင်မလာနိုင်အောင်လို့ စည်းမျဉ်း စည်းကမ်းတွေ ပြန်ချရမှာဖြစ်ပါတယ်။"

အခု ရုပ်ရှင်အစည်းအရုံး အဟောင်းနဲ့ အသစ် နှစ်ခုရဲ့ မြင်သာတဲ့ ကွာခြားချက်က ဘာဖြစ်မလဲ။

"အဟောင်းကတော့ သူက ကြိုးပေါင်းစုံနဲ့ ချည်ထားကြတာခင်ဗျာ့။ ကျနော်တို့ရှေ့က အလုပ်အမှုဆောင်အဖွဲ့ဆိုရင် ၂၆ ယောက်ရှိပါတယ်။ ၂၆ ယောက်ထဲမှာ ၁၃ ဦးကို တိုက်ရိုက်ခန့်ထားတာပါ။ ၁၃ ဦးကတော့ ရွေးချယ်ခံပေါ့။
ရွေးချယ်ခံ ဆိုသော်လည်း အများရဲ့ ဆန္ဒနဲ့ တက်လာတာ မဟုတ်ပါဘူး။ ဥပမာ ကျနော် ဇင်ဝိုင်းသည် သရုပ်ဆောင် အလွှာမှာ ရွေးလိုက်လို့ မဲ တမဲပဲရတယ်။ သရုပ်ဆောင်လူမင်းက ရွေးလိုက်လိုက်လို့ မဲ ၁ဝဝ ရတယ်။ ပုံမှန်အတိုင်း ဆိုရင်တော့ ဦးလူမင်း တက်ရမှာပေါ့ အခုတော့ မဟုတ်ဘူး။ 'ဇင်ဝိုင်း တက်'ဆိုပြီးတော့ ပြန်ကြားရေး ဝန်ကြီးဌာနက အမိန့်ပေးလိုက်ရင် ကျနော်က တက်သွားတယ်။ မဲ ၁ဝဝ ရတဲ့လူက အောက်မှာကျန်ခဲ့တယ်။ တိုက်ရိုက်ခန့် ဆိုတာ ကတော့ ဒီလူကို ခန့်လိုက်ပါဆိုရင် ပြီးသွားပြီ။"

"အဲဒီအခါကျတော့ အလုပ်အမှုဆောင်အဖွဲ့သည် ကျနော်တို့ လောကကို ကိုယ်စားမပြုပါဘူး။ ဒီအလုပ်အမှုဆောင်ထဲ မှာ ကိုယ့်လောကရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်တဲ့အခါမျိုးမှာ တဘက်က ဌာနဆိုင်ရာများနဲ့ ထိပ်တိုက်
တွေ့ရတာမျိုးတွေရှိပါတယ်။ ဒီအခါမှာ အလုပ်အမှုဆောင်ထဲမှာရှိတဲ့ စိတ်ကောင်း စေတနာရှိတဲ့လူတွေမှာလည်း သူတို့ကို ချည်နှောင်ထားတဲ့ကြိုးတွေကြောင့် ရုန်းမထွက်ကြဘူး ဖြစ်ကြတယ်။ ကျနော်တို့ကတော့ ဒီကြိုးတွေကို အကုန်လုံး ဖြတ်တောက်ဖို့ ကြိုးစားကြတာပါ။"

ရုပ်ရှင်ကားတွေဟာ ဒါမှမဟုတ် ရုပ်ရှင်ဖန်တီးမှုတွေဟာ နိုင်ငံတခုအတွက် ဘယ်လောက် အထောက်အပံ့
ဖြစ်တယ်လို့ ထင်ပါသလဲ။


"ကျနော်တို့က ရုပ်ရှင်ဆိုပေမယ့်၊ ရုပ်ရှင်ဆိုတာဟာ အမျိုးသားရေး လက်နက်တခုပါ။ ကျနော်တို့ လူမျိုးတွေရဲ့
ကောင်းရာကောင်းကျိုးကို ဆောင်ပေးနိုင်ပါတယ်။ ကျနော်တို့ လူမျိုးတွေရဲ့ ကောင်းမြတ်တဲ့ ဓလေ့ စရိုက်တွေ ယဉ်ကျေးမှုတွေ၊ ကျနော်တို့ကို သဘာဝပေးထားတဲ့ အလွန်လှပတဲ့ ရေမြေတောတောင်တွေ ဒါတွေကို ကျနော်တို့ ရုပ်ရှင်ဆိုတဲ့ အနုပညာနဲ့ ကမ္ဘာကသိအောင် မြန်မာဆိုတာ ဒါလို့ ပြနိုင်အောင် ကျနော်တို့ လုပ်လို့ရပါတယ်။ အဲဒီလို လုပ်ဖို့ဆိုတာလည်း ကျနော်တို့ လောကသားတွေချည်းပဲ လုပ်လို့မရပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ရုပ်ရှင်ဆိုတာ မပျောက်ပျက်အပ်သော အမျိုးသားရေးလက်နက်တခုပါလား ဆိုတာကို အမြင်ကျယ်ကျယ်လေး ဆင်ခြင်သုံးသပ်ပြီးတော့မှ ကျနော်တို့ကို ဝိုင်းဝန်းဖေးမမှသာ ကျနော်တို့ သွားလိုတဲ့ လမ်းခရီးကို ရောက်မှာပါ။ အခုအချိန်မှာတော့ ကျနော်တို့သည် သေခါနီး လူမမာလိုပါပဲ။ အခုန ကျနော်ပြောသလိုပါပဲ မကူညီရင်တော့ တားဆီးတာတွေ ပိတ်ပင်တာတွေ မလုပ်ကြဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ဦးနှောက်စစ်စစ်နဲ့ တကယ်စစ်မှန် တဲ့ အနုပညာတွေ ဖန်တီးကြည့်ချင်ပါတယ်။ တစုံတဦးက ခိုင်းလို့ အဖွဲ့အစည်းတခုက ခိုင်းလို့ဆိုတဲ့ အနုပညာတွေ ကျနော်တို့ မဖန်တီးချင်တော့ပါဘူး။ ဒါမှသာလျှင် ကျနော်တို့ 'အောက်ပိုင်း'က မလွတ်တဲ့ ဟာသကားတွေ၊ ကလိထိုး ရယ်ခိုင်းတာတွေရဲ့ ဘဝကနေ လွတ်မြောက်မှာပါ။"

ရုပ်ရှင်လောကအတွက် အဓိက ကန့်သတ်ချက်က ဘာဖြစ်မလဲ။

ကားရိုက်ပါတော့မယ်ဆိုရင် ဒီဇာတ်ဆို လွတ်ပါ့မလားဆိုတဲ့ သံသယစိတ်ကြီးနဲ့ ကျနော်တို့ လုပ်ကြရပါတယ်။ ကျနော်တို့မှာ ဖြန့်ကျက်တွေးတာတို့၊ တီထွင်ဖန်တီးတာတို့ ဘာမှ မလုပ်နိုင်ဘူး။ အဲဒီတော့ လွယ်ပါတယ်ကွာ အဆင်ပြေအောင် ဟာသကားပဲ ရိုက်လိုက်ကြတာပေါ့ ဆိုပြီးတော့ ဖြစ်လာတာပါ။
"ဆင်ဆာ ကန့်သတ်ချက်က အလွန် ပြင်းထန်တယ်ခင်ဗျာ့။ ဆင်ဆာက အစက ၁၂၄ ချက်နဲ့ ပိတ်ဆို့ထားတာ ရှိပါ တယ်။ အချက်အလက်ပေါင်းများစွာ ဆွဲဆန့်လို့ရပါတယ်။ ဘာလုပ်လုပ် မလွတ်ဘူး။ အဲဒီတော့ ကျနော်တို့က စတင်ပြီးတော့ ကားရိုက် ပါတော့မယ်ဆိုရင် ဒီဇာတ်ဆို လွတ်ပါ့မလားဆိုတဲ့ သံသယ စိတ်ကြီးနဲ့ ကျနော်တို့ လုပ်ကြရပါတယ်။ ကျနော်တို့မှာ
ဖြန့်ကျက်တွေး တာတို့၊ တီထွင်ဖန်တီးတာတို့ ဘာမှမလုပ်နိုင်
ဘူး။ အဲဒီတော့ လွယ်ပါတယ်ကွာ အဆင်ပြေအောင် ဟာသကားပဲ ရိုက်လိုက်ကြတာပေါ့ ဆိုပြီးတော့ ဖြစ်လာတာပါ။
နောက်တခုက ရုံတင်တဲ့အခါမှာ လည်း ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်မှာ ရုံပေါင်း ၂၃၈ ရုံရှိပါတယ်။ အခုဆိုရင် ၆၅ ရုံပဲကျန်ပါတယ်။ ၆၅ ရုံမှာ သုံးပုံတပုံပဲ မြန်မာကားကို ပြပါတော့တယ်။ ပြည်သူပိုင်သိမ်းတယ် အဲဒီရုပ်ရှင်ရုံနေရာမှာ ဟိုတယ်ကြီးတွေသာ ပေါ်လာ ပြီးတော့ ရုပ်ရှင်ရုံပျောက်သွားပါတယ်။"

ဦးဇင်ဝိုင်း ခုန ပြောခဲ့သလိုပဲ ရုပ်ရှင်လောကအတွက် ရုပ်ရှင်လောကသားတွေ ပြင်ဆင်နေကြပြီပေါ့၊ ဒီပြင်ဆင်မှု
တွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ရှိမယ်လို့ ယူဆပါသလား။


"ကျနော်ကတော့ ယူဆပါတယ်ခင်ဗျာ့။ ရုပ်ရှင်လောက မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာတာနဲ့ အတူတူပါပဲ။ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် ဘက်စုံထောင့်စုံ ဖွံ့ဖြိုးမှသာ ဖွံ့ဖြိုးတိုးတက်တယ်လို့ ပြောလို့ရပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး တိုးတက်ဖို့လိုသလို ကျနော်တို့ ရုပ်ရှင်အနုပညာလောကလည်း တိုးတက်ဖို့ လိုပါ တယ်။ အခုအစိုးရကလည်း ကျနော်တို့ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရပါ။ အဲဒီတော့ ကျနော်တို့
ပြည်သူပြည်သားတွေအတွက် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကမှ ဝင်ရောက်ဟန့်တားမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ တကယ်လို့ ဒီအခွင့်အရေး မပေးဘူးဆိုလည်း ကျနော်တို့ကို အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို ကိုင်စွဲပြီးတော့ ဥပဒေတွေကို မဖေါက်ဖျက်ဘဲနဲ့ ဥပဒေဘောင်ထဲကနေ တိုက်ပွဲဝင်သွားမှာပါ။"

အနာဂတ် ရုပ်ရှင်လောကအတွက် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတယောက်ရဲ့ အိမ်မက်က ဘာဖြစ်မလဲ။

"ကျနော့်လက်ထဲကို၊ စုတ်ပြတ်သတ်နေတဲ့လောကကြီးကို ဘာမှမသိတဲ့ ဇင်ဝိုင်း လက်ထဲကို ရှေ့လူတွေက လွှဲပေး ခဲ့တာပါ။ ကျနော့်လက်ထက်ကျရင်တော့ ဒီလိုမဖြစ်စေရပါဘူး။ ဒီ့ထက်ပို ခိုင်မာတဲ့ ဒီ့ထက်ပိုမြင့်မားတဲ့ ပရိသတ်ရှိတဲ့ ရုပ်ရှင်လောကကို ဖန်တီးပြီးတော့ ကျနော့်ထက် တကယ်တတ်တဲ့ တကယ်သိတဲ့ နိုင်ငံတကာ အဆင့်မီသိတဲ့ ကလေးတွေ ကျနော့် မျိုးဆက်သစ်တွေ လက်ထဲကို ကျနော် ထည့်ပေးချင်ပါတယ်။ ကျနော်တို့မှာ အခု နိုင်ငံတကာ ပွဲတွေသွားရင် မင်းသားတွေကလည်း သူတို့ မင်းသားမင်းသမီးတွေကို မော့ကြည့်နေရတယ်။ ဒါရိုက်တာတွေကလည်း ဒါရိုက်တာချင်းယှဉ်ရင် သိမ်ငယ်နေရတယ်။ ထုတ်လုပ်သူချင်း ယှဉ်ရင်လည်း သိမ်ငယ်နေရတယ်။ ကျနော်တို့မှာ အရမ်းရှက်စရာ ကောင်းပါတယ်။ အဲဒီဘဝမျိုးတွေ မဖြစ်စေချင်တော့ဘူး။ နိုင်ငံတကာပွဲတွေမှာ ကျနော်တို့ တင့်တင့် တယ်တယ်နဲ့ တက်မယ်။ သူတို့ ကားပေါင်း ၁ဝဝ ရိုက်ပေမယ့်၊ ကျနော်တို့ တကားပဲ ရိုက်သော်လည်း ကျနော်တို့ ကားသည် ကျနော်တို့ ယဉ်ကျေးမှုအရ၊ စံချိန်အရ၊ အနုပညာအရ တန်းမီတဲ့ ကားမျိုးဖြစ်ရမယ်လို့ ကျနော် ရည်ရွယ်ပါတယ်။"

မျိုးသန့် (မဇ္ဈိမ)


မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း)

Posted: 20 Apr 2012 05:22 PM PDT

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း)ကို ပြည်တွင်းပြည်ပသတင်းမီဒီယာသမားများလေ့လာဆွေးနွေး အကြံပေးနိုင်အောင်

တင်ပြလိုက်ပါတယ်။

၂၀၁၂ မေလမကုန်မီ ဝေဖန် အကြံပေးချက်များ ပြန်လည်ပေးပို့ကြပါရန်။ ဝေဖန် အကြံပေးသူများသည်
ပြည်တွင်း ပြည်ပ သတင်းမီဒီယာသမားများနှင့် သတင်းဆိုင်ရာ ပညာရှင်များသာ ဖြစ်ရပါမည်။  အမည်နှင့် သတင်းအဖွဲ့အစည်းအမည်ကို ဖော်ပြပေးပါရန်။
mja2012.org  ဖြစ်စေ၊ mmjaorg@gmail.com ကိုဖြစ်စေ၊ maungwuntha@gmail.comကို ဖြစ်စေ ponainglin@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း)
Myanmar Journalists Association - MJA
Constitution (Draft)


 နိဒါန်း

၁။ မြန်မာနိုင်ငံတွင် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုကာလများမှစ၍ ၁၉၆၂ခုနှစ်အထိ လွတ်လပ်သော သတင်းစာဆရာအသင်း၊ သတင်းထောက်အသင်းနှင့်

စာရေးဆရာအသင်းများ ဖွဲ့တည်ခဲ့ပေသည်။ ထိုနောက်တစ်ပါတီစနစ်အောက်တွင် မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ဟူ၍ စာရေးဆရာအဖွဲ့ခွဲနှင့်သတင်းစာဆရာအဖွဲ့ခွဲကို

ပေါင်းစု ဖွဲ့စည်းခဲ့ပေသည်။ ထိုနောက် ၁၉၈၈ခုနှစ်မှ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

အစိုးရများအောက်တွင် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဟူ၍ ဖွဲ့စည်းတည်ရှိခဲ့ပေသည်။


၂။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယင်း ရွေးကောက်ပွဲ

ရလာဒ်အရ  ၂၀၁၁ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်တင်မြှောက်သော ပြည်ထောင်စု အစိုးရတစ်ရပ် ပေါ်ပေါက်လာပေသည်။ ထိုနောက်

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(ဂ)ပါ ပြည်သူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့် အသင်းအဖွဲ့သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်း

ဆောင်ရွက်ခွင့်နှင့်အညီ  မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းနှင့် မြန်မာနိုင်ငံ

ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများ အသင်းဟူ၍  အစိုးရအဖွဲ့အစည်း မဟုတ်သည့် သီးခြား လွတ်လပ်သော အသင်းအဖွဲ့ NGO) များအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် ၂၀၁၂ခုနှစ်

မတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသော မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ အရေးပေါ်ညီလာခံက ဆုံးဖြတ်ခဲ့ပေသည်။ 


၃။ ၁၉၈၈ခုနှစ်မှစ၍ မြန်မာနိုင်ငံပြည်သူများသည် ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရေးကို စွန့်လွှတ် စွန့်စားမှုများစွာဖြင့် ဦးတည် ကြိုးပမ်းလျက်ရှိရာ ပြည်သူများ၏

သဘောထားထင်မြင်ချက်ကို ထင်ဟတ်ခြင်းနှင့် ဦးဆောင်ခြင်း ပြုလုပ်နိုင်စွမ်း ရှိသည့် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပို၍

အရေးပါလာပေသည်။ သို့ဖြစ်ရာ  ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းရေးနှင့် ရေရှည်တည်တံခိုင်မြဲရေးအတွက် ထိရောက်စွာ အထောက်အကူ

ပြုနိုင်ရန်အလို့ငှာလည်းကောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရရှိခံစားနိုင်ရန်နှင့် သတင်းမီဒီယာသမားများ၏ လွတ်လပ်စွာ

လုပ်ငန်းဆောင်ရွက်ပိုင်ခွင့်ကို  အကာအကွယ်ပေးရန်အလို့ငှာလည်းကောင်း သတင်းမီဒီယာလောကသားများအား ကိုယ်စားပြုသည့်

မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ ဖွဲ့စည်းတည်ထောင်လိုက်ပေသည်။


အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

အမည်

၎။ ဤအသင်းကို မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (Myanmar Journalists Association - MJA) ဟု ခေါ်တွင်စေရမည်။

၅။ ဤဖွဲ့စည်းပုံစည်းမျဉ်းတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။

    (က) သတင်းစာဆိုသည်မှာ သတင်း၊ ဆောင်းပါး၊ အာဘော်၊ ကာတွန်း၊ သတင်းဓာတ်ပုံ၊ ကြော်ငြာစသည်တို့ ပါရှိသော နေ့စဉ်ထုတ် စာစောင်ကို ဆိုသည်။

    (ခ) ဂျာနယ် ဆိုသည်မှာ (မြန်မာနိုင်ငံတွင် အများ သိရှိလက်ခံထားသော သဘောသဘာဝအရ) တစ်ပတ်တစ်ကြိမ် (သို့မဟုတ်) နှစ်ပတ်တစ်ကြိမ် အချိန်မှန်

ထုတ်ဝေသော သတင်း၊ ဆောင်းပါး၊ အာဘော်၊ ကာတွန်း၊ သတင်းဓာတ်ပုံ၊ ကြော်ငြာစသည်တို့ပါရှိသည့် စာစောင် ဖြစ်သည်။

    (ဂ) သတင်းမဂ္ဂဇင်း ဆိုသည်မှာ ဂျာနယ်နှင့်အလားတူ တစ်ပတ်တစ်ကြိမ်ဖြစ်စေ၊ နှစ်ပတ်တစ်ကြိမ်ဖြစ်စေ၊ တစ်လတစ်ကြိမ် ဖြစ်စေ အချိန်မှန် ထုတ်ဝေသော

စာစောင်ဖြစ်သည်။

    (ဃ) သတင်းဌာန ဆိုသည်မှာ ယခင်အခေါ် ကြေးနန်းသတင်းဌာန (Wire News Service)၊ သတင်းအေဂျင်စီ (News Agency) စသည်တို့ကို ဆိုသည်။

    (င) ရေဒီယို ဆိုသည်မှာ  ပြည်တွင်းအခြေစိုက်နှင့် ပြည်ပအခြေစိုက် အသံလွှင့်ဌာနများကို ဆိုသည်။

    (စ) ရုပ်သံ ဆိုသည်မှာ ပြည်တွင်းအခြေစိုက်နှင့် ပြည်ပအခြေစိုက် ရုပ်မြင်သံကြား (Television Station) ဌာနများကို ဆိုသည်။

    (ဆ) အွန်လိုင်း မီဒီယာ ဆိုသည်မှာ အများသူငါ ဖတ်နိုင်ရန် အင်တာနက်ကို အသုံးပြု၍ သတင်း၊ သတင်းဓာတ်ပုံ၊ ဆောင်းပါး၊ ဝေဖန်ချက်စသည်တို့ကို

ရေးသားတင်ပြသည့် သတင်းလုပ်ငန်း (Website, Face book or Blog)များကို ဆိုသည်။

    (ဇ) အသင်း ဆိုသည်မှာ (ရှေ့တွင် ဖော်ပြသော အပိုဒ်များ၌ ရှေ့နောက်ဆန့်ကျင်မှု မရှိလျှင်) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းကို ဆိုသည်။ အသင်းဝင် ဆိုသည်မှာ

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ အသင်းသူ၊ အသင်းသားများကို ဆိုသည်။ သဟာယ အသင်းဝင် ဆိုသည်မှာ မြန်မာနိုင်ငံသား မဟုတ်သော မြန်မာနိုင်ငံဆိုင်ရာ

သတင်းမီဒီယာလုပ်ငန်း တစ်စုံတစ်ရာကို လုပ်ကိုင်နေသူများထဲမှ အသင်းဝင်အဖြစ် ပါဝင်လာသူကို ဆိုသည်။ စည်းမျဉ်း ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏

ဖွဲ့စည်းပုံ အခြခံ စည်းမျဉ်းကို ဆိုသည်။

    (ဈ) ပြည်နယ်/ တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဆိုသည်မှာ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ဖွဲ့စည်း ထားသည့်

ပြည်နယ်^ တိုင်းဒေသကြီး သတင်းစာဆရာအသင်း (သို့မဟုတ်) စည်းရုံးရေးကော်မတီကို ဆိုသည်။

    (ည) ပြည်နယ်/ တိုင်းဒေသကြီး သတင်းစာဆရာအသင်း အမှုဆောင်အဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ

ပြည်နယ်/ တိုင်းဒေသကြီး အသီးသီး၏ အသင်းဝင်များ မျက်နှာစုံညီအစည်းအဝေးက ရွေးကောက်တင်မြှောက်ထားသော အမှုဆောင်အဖွဲ့ကို ဆိုသည်။

    (ဋ) ဗဟို ဦးစီးအဖွဲ့ ဆိုသည်မှာ ဤ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံက လျှို့ဝှက်မဲစနစ်ဖြင့်

ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားပြုအဖွဲ့ကို ဆိုသည်။

    (ဌ) ဗဟိုအမှုဆောင်အဖွဲ့ ဆိုသည်မှာ ဤ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံက

ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့က ရွေးချယ်တာဝန်ပေးသည့်  အမှုဆောင်အဖွဲ့ကို ဆိုသည်။

    (ဍ) ဗဟိုစာရင်းစစ်အဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံက ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့က

ရွေးချယ်တာဝန်ပေးသည့် စာရင်းစစ်အဖွဲ့ ဖြစ်သည်။

    (ဎ) လုပ်ငန်း ကော်မတီ ဆိုသည်မှာ ဤ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဗဟိုအမှုဆောင်အဖွဲ့ကို အထောက်အကူပြုမည့်

အသင်းဝင်များ၏ အခွင့်အရေးကို အကာအကွယ်ပေးရေး၊ စည်းရုံးရေး၊ လှုံ့ဆော်ပညာပေးရေး၊ သက်သာချောင်ချိရေး၊ ကျင့်ဝတ်ထိန်းသိမ်းရေး၊ အရည်အသွေး မြှင့်တင်ရေး၊

နိုင်ငံတကာဆက်ဆံရေး စသည့်လုပ်ငန်းများအတွက် ဖွဲ့စည်းပေးသည့် လုပ်ငန်းကော်မတီများကို ဆိုသည်။

    (ဏ) အခြေခံအဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ အသင်းဝင်များအနက် လုပ်ငန်းသဘာဝ ကွဲပြားခြားနားမှုအလိုက် အမျိုးအစားခွဲခြားထားသော

အခြေခံအဖွဲများ ဖြစ်သည့် (က) ပုံနှိပ်မီဒီယာ အခြေခံအဖွဲ့ (ခ) ရေဒီယို နှင့် ရုပ်သံ အခြေခံအဖွဲ့၊ (ဂ) သတင်းဌာနများအခြေခံအဖွဲ့၊ (ဃ) အွန်လိုင်းမီဒီယာအခြေခံအဖွဲ့ တို့ကို

ဆိုသည်။


အခန်း (၂)

ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်


၆။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ရည်ရွယ်ချက်များ။

    (က) စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရရှိခံစားနိုင်ရေး၊

    (ခ) သတင်းမီဒီယာသမားများ၏ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်ပိုင်ခွင့်ကို  အကာအကွယ်ပေးရေး၊

    (ဂ) စာနယ်ဇင်းကျင့်ဝတ်များကို မြှင့်တင်ရင်း အင်အားတောင့်တင်းသော စတုတ္ထမဏ္ဍိုင် တည်ဆောက်ရေး၊

    (ဃ) သတင်းမီဒီယာသမားတို့၏ ခေတ်မီသတင်းပညာ လေ့လာဆည်းပူးခွင့်ကို အားပေးမြှင့်တင်ရေး၊

    (င) သတင်းမီဒီယာသမားတို့၏ လူမှုဘ၀တိုးတက်ရေး၊ သက်သာချောင်ချိရေးကိစ္စများကို ဆောင်ရွက်ရေး၊

    (စ) မြန်မာနိုင်ငံရှိ သတင်းစာဆရာများနှင့် နိုင်ငံတကာ သတင်းစာဆရာများ ချစ်ကြည်ရင်းနှီးမှုကို တိုးချဲ့တည်ဆောက်ရေး၊


၇။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ လုပ်ငန်းစဉ်များ။

    (က) သတင်းမီဒီယာသမားများ ရရှိ ခံစားအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊

    (ခ) တိကျမှန်ကန်သည့် သတင်းများ ရေးသားထုတ်ပြန်ခြင်းကို အားပေးရန်၊

    (ဂ) ခိုင်မာတောင့်တင်းသော စတုတ္ထမဏ္ဍိုင်အဖြစ် တည်ဆောက်ရန်၊

    (ဃ) ခေတ်မီ သတင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ (အဆင့်မြင့် သတင်းပညာ သင်တန်း ကျောင်း တည်ထောင်ရန်)

    (င) သတင်းမီဒီယာသမားများ၏ လူမှုရေးကိစ္စများ၊ သက်သာချောင်ချိရေးကိစ္စများတွင် ကူညီဆောင်ရွက်ရန်၊

    (စ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် နိုင်ငံတကာ သတင်းစာဆရာအသင်းများ ပေါင်းကူး ဆက်သွယ်၍ မြနိမာနိုင်ငံတွင် သတင်းနည်းပညာများ ဖွံ့ဖြိုးရေးကို

အလေးထားဆောင်ရွက်ရန်၊


အခန်း (၃)

အသင်း တည်နေရာနှင့် တံဆိပ်အမှတ်အသား

(၈) တည်နေရာ

    မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ တည်နေရာသည် ရန်ကုန်မြို့တွင် ဖြစ်ရမည်။

(၉) တံဆိပ်အမှတ်အသား၊ ဆောင်ပုဒ်နှင့် အလံ

    (က) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ တံဆိပ်အမှတ်အသားမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။

        (ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ရန်)

    (ခ) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ဆောင်ပုဒ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

        (ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ရန်)

    (ဂ) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ အလံမှာ အောက်ပါအတိုင်း ဖြစ်သည်။

        (ဗဟို အမှုဆောင်အဖွဲ့က သတ်မှတ်ရန်)

(၁၀) ရုံးတံဆိပ်

    အောက်ဖော်ပြပါတံဆိပ်သည် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ရုံးတံဆိပ်ဖြစ်သည်။

        (ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ရန်)


အခန်း (၄)

အသင်းဝင်ဖြစ်ခြင်း

၁၁။ အသင်းဝင်ဖြစ်ခြင်း

    ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများသည် လူမျိုး၊ ဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိဘဲ

မြန်မာနိုင်ငံသတင်းစာဆရာအသင်းသို့ ၀င်ခွင့်ရှိသည်။


    (က) ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်။

    (ခ) အသက် ၁၈နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

    (ဂ) မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ယုံကြည်လက်ခံ၍ လိုက်နာရန် ကတိပြုသူဖြစ်ရမည်။

    (ဃ) မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ပေးအပ်သော တာဝန်နှင့် ၀တ္တရားများကို မမှိတ်မသုန် ထမ်းဆောင်ရန် ကတိပြုသူဖြစ်ရမည်။

    (င) သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို မပျက်မကွက် ပေးဆောင်ရန်ကတိပြုသူ ဖြစ်ရမည်။

    (စ) အသင်းဝင်ပုံစံတွင် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဝင် ၂ ဦး၏ ထောက်ခံချက် ပါရှိရမည်။


    မှတ်ချက်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ အမှုဆောင်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီတစ်စုံတစ်ခု၏ အဖွဲ့ဝင်မဖြစ်စေရ။ မူလက ပါတီဝင်ဖြစ်ခဲ့လျှင်

အမှုဆောင်အဖွဲ့တာဝန်ကို ထမ်းဆောင်ချိန်တွင် ပါတီအဖွဲ့ဝင်အဖြစ်ကို စွန့်လွှတ်ရမည်။


၁၂။ အောက်ပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများသည် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဝင်အဖြစ် ပါဝင်ခွင့်ရှိသည်။

    (က) လက်ရှိ သတင်းစာ၊ သတင်းဂျာနယ်၊ သတင်းမဂ္ဂဇင်း၊ သတင်းအေဂျင်စီ၊ ရေဒီယို၊ ရုပ်သံ၊ အွန်လိုင်း မီဒီယာစသော သတင်းလုပ်ငန်းတစ်ခုခုတွင်

တာဝန်ထမ်းဆောင်လျက်ရှိသည့် သတင်းထောက်၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ သတင်းဘာသာပြန်၊ သတင်းကြေညာသူ၊ အစီအစဉ် တင်ဆက်သူ၊ ဓာတ်ပုံဆရာ၊

ကာတွန်းဆရာ၊  စာပြင်ဆရာ၊ နှင့် အလွတ်သတင်းသမားများ။

    (ခ) လက်ရှိ သတင်းလုပ်ငန်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေခြင်းမရှိသော်လည်း ယခင်က  တစ်နှစ်ထက် မနည်း သတင်းမီဒီယာ ဆက်စပ်အလုပ်တာဝန်

ဆောင်ရွက်ခဲ့သူများ။

    (ဂ) တည်ဆဲ သတင်းအဖွဲ့အစည်းတစ်ခုခုမှ သတင်းမီဒီယာသမားအဖြစ် အသိအမှတ်ပြု ထောက်ခံချက် ပေးသူများ။


၁၃။ အသင်းဝင်အမျိုးအစား

    အသင်းဝင်များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားရှိသည်။

    (က) သာမန်အသင်းဝင်

    (ခ) ရာသက်ပန်အသင်းဝင်

    (ဂ) ဂုဏ်ထူးဆောင်အသင်းဝင်

    (ဃ) သဟာယ အသင်းဝင


၁၄။ သာမန်အသင်းဝင်

    (က) အသင်း၏ စည်းမျဉ်း အခန်း ၄ အပိုဒ် (က) (ခ) (ဂ)နှင့် ညီညွတ်သူ မည်သူမဆို သာမန်အသင်းဝင်အဖြစ် လက်ခံနိုင်သည်။


    (ခ)သာမန်အသင်းဝင်သည် အသင်းဝင်သက်တမ်း ၃ နှစ်အနည်းဆုံး ရှိပြီးမှသာ အသင်း၏ အမှုဆောင် တာဝန်များတွင် ပါဝင် အရွေးခံခွင့်ရှိသည်။

    (ဂ) သာမန်အသင်းဝင်သည် အသင်းဝင် စတင်ဖြစ်ချိန်မှစ၍ အသင်း အမှုဆောင်ရွေးပွဲများတွင် ပါဝင် မဲပေးခွင့်ရှိသည်။


၁၅။ ရာသက်ပန် အသင်းဝင်

    (က) သာမန်အသင်းဝင်အဖြစ် ၅ နှစ် ဆက်တိုက်ပါဝင်ပြီးသူတစ်ဦးသည် သတ်မှတ် ထားသော ရာသက်ပန် အသင်ဝင်ကြေးများကို တစ်ကြိမ်တည်း ပေးသွင်းပြီး

ရာသက်ပန်အသင်းဝင်အဖြစ် အဆိုပြုပါက ၄င်းအား ရာသက်ပန် အသင်းဝင်အဖြစ် လက်ခံနိုင်သည်။

    (ခ) ရာသက်ပန် အသင်းဝင်သည် အသင်း၏ အမှုဆောင်အဖွဲ့တာဝန်များအတွက် ပါဝင်အရွေးခံခွင့်၊ မဲပေးခွင့်များ ရှိသည်။


၁၆။ ဂုဏ်ထူးဆောင် အသင်းဝင်

    (က) ပြည်တွင်းပြည်ပ သတင်းမီဒီယာလောက၏ ကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သူဟု ဗဟိုအမှုဆောင်အဖွဲ့က ထောက်ခံတင်ပြသော

အသင်းဝင်ဖြစ်စေ၊ အသင်းဝင်မဟုတ်သူဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှ ဖြစ်စေ၊ ပုဂ္ဂိုလ် ^ ပုဂ္ဂိုလ်များအား ညီလာခံကသော်လည်းကောင်း၊ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး

ကသော်လည်းကောင်း ဂုဏ်ထူးဆောင် အသင်းဝင်အဖြစ် အသိအမှတ်ပြု ဂုဏ်ပြုနိုင်သည်။

    (ခ) ဗဟိုအမှုဆောင်အဖွဲ့သည် ဂုဏ်ထူးဆောင် အသင်းဝင် အဖြစ် ချီးမြှောက်ရန် တစ်နှစ်လျှင် ပုဂ္ဂိုလ် ၂ ဦးထက် ပို၍ မထောက်ခံရ။

    (ဂ) ဂုဏ်ထူးဆောင် အသင်းဝင်သည် အသင်း၏ အစည်းအဝေးအားလုံးသို့ ဆန္ဒအလျောက် တက်ခွင့် ရှိသည်။ ပါဝင်ဆွေးနွေးခွင့် ရှိသည်။ မဲပေးခွင့်၊ အရွေးခံခွင့် မရှိ။


၁၇။ သဟာယ အသင်းဝင်

    (က) ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ မြန်မာနိုင်ငံသားမဟုတ်သော မြန်မာနိုင်ငံဆိုင်ရာ သတင်းမီဒီယာလုပ်ငန်း တစ်စုံတစ်ရာကို လုပ်ကိုင်နေသူ၊ မြန်မာ

သတင်းမီဒီယာလောကကို အလေးထား၍ ကူညီထောက်ပံ့နေသူများထဲမှ အသင်းဝင်အဖြစ် ပါဝင်လို၍ အဆိုပြုသူကို သဟာယ အသင်းဝင်အဖြစ် လက်ခံနိုင်သည်။

    (ခ) သဟာယ အသင်းဝင်သည် အသင်း၏ အစည်းအဝေးအားလုံးသို့ ဆန္ဒအလျောက် တက်ခွင့် ရှိသည်။ ပါဝင်ဆွေးနွေးခွင့် ရှိသည်။ မဲပေးခွင့်၊ အရွေးခံခွင့် မရှိ။


၁၈။ နုတ်ထွက်ခြင်း

    အသင်းဝင်တစ်ဦးသည် မိမိဆန္ဒအရ အသင်းဝင်အဖြစ်မှ နုတ်ထွက်ခွင့်ရှိသည်။ နုတ်ထွက်စာကို ပြည်နယ်^ တိုင်းဒေသကြီး အသင်းအမှုဆောင်အဖွဲ့မှတစ်ဆင့်

ဗဟိုအမှုဆောင်အဖွဲ့သို့ ပေးပို့ရမည်။   


အခန်း (၅)

အသင်းဝင်၏ပိုင်ခွင့်များနှင့် လိုက်နာရမည့် စည်းကမ်းများ

၁၉။ အသင်းဝင်၏ ပိုင်ခွင့်များ

    မြန်မာနိုင်ငံသတင်းစာဆရာ အသင်ဝင်တိုင်းသည် -

    (က) မိမိတက်ရောက်ခွင့်ရှိသော ညီလာခံ၊ အစည်းအဝေး၊ ဆွေးနွေးပွဲများတွင် ဆွေးနွေးခွင့်၊ ဆန္ဒမဲပေးခွင့်၊ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် ရှိသည်။

    (ခ) အသင်း၏ လုပ်ငန်းများ အောင်မြင်ရေးအတွက် အကြံပြုချက်၊ ဝေဖန်ချက်များကို ပြည်နယ်^တိုင်းဒေသကြီး အမှုဆောင်အဖွဲ့မှတစ်ဆင့် ဗဟိုအမှုဆောင်အဖွဲ့သို့

တင်ပြနိုင်သည်။

    (ဂ) မိမိအား ချီးမြှောက်သောအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိပြီး မိမိအား အရေးယူသည့် အစည်းအဝေးများသို့လည်း မိမိကိုယ်တိုင်တက်ရောက်၍

စည်းကမ်းနှင့်အညီ ရှင်းလင်းတင်ပြခွင့်၊ ပြန်လည် ချေပခွင့် ရှိသည်။

    (ဃ) အသင်းဝင်အဖြစ်မှသော်လည်းကောင်း၊ အသင်း၏ တာဝန် တစ်ရပ်ရပ်မှသော်လည်းကောင်း မိမိသဘောဆန္ဒအရ နုတ်ထွက်ခွင့်ရှိသည်။

    (င) မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ပေးအပ်သော အခြားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။

၂၀။ လိုက်နာရမည့် စည်းကမ်းများ

    အသင်းဝင်တိုင်းသည် -

    (က) အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်။

    (ခ) အသင်း၏ ရည်ရွယ်ချက်ကို ထိပါးစေမည့် လုပ်ရပ်များကို လုံးဝ မပြုလုပ်ရ။

    (ဂ) စာနယ်ဇင်းကျင့်ဝတ်များကို တိကျစွာ လိုက်နာစောင့်ထိန်းရမည်။

    (ဃ) စတုတ္ထမဏ္ဍိုင် ဂုဏ်သိက္ခာနှင့် တိုင်းပြည်ဂုဏ်သိက္ခာတို့ကို ထိပါးစေမည့် အပြုအမူများကို ရှောင်ကြဉ်ရမည်။

    (င) အသင်း၏ လှုပ်ရှားမှုတွင် မည်သည့်နိုင်ငံရေးအဖွဲ့အစည်း၏ လှုပ်ရှားမှုနှင့် သြဇာသက်ရောက်မှုမျှ မရှိစေဘဲ ကင်းရှင်းရမည်။

    (စ) အသင်း၏ ညီညွတ်ရေး ပျက်ပြားစေမည့် လုပ်ရပ်များနှင့် အသင်းဝင်အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေမည့် အပြောအဆို၊ အပြုအမူ၊ အရေးအသား၊

အကျင့်အကြံများကို မပြုလုပ်ရ။

    (ဆ) တစ်ဦးကောင်း တစ်ယောက်ကောင်း ဦးဆောင်မှု မဖြစ်စေဘဲ စုပေါင်းဦးဆောင်မှု၊ တစ်ဦးချင်း တာဝန်ယူမှု တို့ဖြင့်သာ အသင်း၏ ကိစ္စအ၀၀ကို ဆောင်ရွက်ရမည်။

    (ဇ) မိမိတက်ရောက်ခွင့်ရရှိသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများကို မှန်မှန် တက်ရောက်ရမည်။

    (ဈ) ပြည်နယ်^ တိုင်းဒေသကြီး အမှုဆောင်အဖွဲ့ဝင်တစ်ဦးဦးသည် မိမိနေထိုင်ရာဒေသမှ အခြား ပြည်နယ်^ တိုင်းဒေသကြီး တစ်ခုသို့ တစ်နှစ်ထက်ကျော်၍

သွားရောက်အလုပ်လုပ်ကိုင်နေလျှင်သော်လည်းကောင်း၊ ပြောင်းရွှေ့နေထိုင် လျှင်သော်လည်းကောင်း တာဝန်အရပ်ရပ်မှ အလိုအလျောက် ရပ်စဲစေရမည်။

    (ည) အသင်းဝင်တစ်ဦးသည် နိုင်ငံတော်၏ တရားဥပဒေအရလည်းကောင်း၊ ပြည်သူ့ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရလည်းကောင်း

အရေးယူအပြစ်ပေးခြင်းခံရပါက ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်သည်များကို စိစစ်၍ အောက်ပါအတိုင်း အရေးယူဆောင်ရွက်ရမည်-

    (၁) အသင်းဝင်တစ်ဦးသည် သာမန်အရပ်သား ဖြစ်ပါက အရေးယူအပြစ်ပေးခံရသည့်နေ့မှစ၍ အသင်းဝင် အဖြစ်မှ ချက်ချင်း ရပ်စဲရမည်။

    (၂) အသင်းဝင်တစ်ဦးသည် ၀န်ထမ်း ဖြစ်ပါက သက်ဆိုင်ရာဌာနက အရေးယူမှု ဆုံးဖြတ်ပြီးချိန်ကစ၍ အသင်းဝင် အဖြစ်မှ ချက်ချင်း ရပ်စဲရမည်။

    (၃) အရေးယူခံရသူသည် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပါက အနီးကပ်ဆုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးတွင် တင်ပြ၍ ဆုံးဖြတ်ချက်ဖြင့်

အသင်းဝင်အဖြစ်မှလည်းကောင်း၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် အဖြစ်မှလည်းကောင်း ရပ်စဲရမည်။

    မှတ်ချက်။ အရေးယူအပြစ်ပေးခံရခြင်းသည် နိုင်ငံရေးအရ အရေးယူခြင်း ဆိုပါက အသင်းအနေဖြင့် အသင်းဝင် အဖြစ်မှ ရပ်စဲခြင်း မပြုရ။

    (ဋ) နှစ်စဉ်ကြေးများကို မှန်မှန် ပေးသွင်းရမည်။


အခန်း (၆)

အသင်း ဖွဲ့စည်းတည်ဆောက်ပုံ မူများ

၂၁။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းသည် မည်သည့်နိုင်ငံရေးပါတီ သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခု၏ လက်အောက်ခံမှမဟုတ်သော ပညာရပ်ဆိုင်ရာ၊

အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် လူမှုရေးရာအဖွဲ့အစည်းဖြစ်သည်။ အသင်းအဆင့်ဆင့်သည် အသင်း၏ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များဘောင်အတွင်းမှသာ

တိကျစွာ လိုက်နာ ဆောင်ရွက်ရမည်။

၂၂။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းကို ပြည်နယ်^တိုင်းဒေသကြီးနှင့် ဗဟိုဟူ၍ အဆင့်နှစ်ဆင့်ဖြင့် ဖွဲ့စည်းရမည်။

၂၃။    အသင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းများကို ဒေသအလိုက် အကောင်အထည်ဖော် ကြီးကြပ်သွားရန်နှင့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို)၏

လုပ်ငန်းများကို အထောက်အကူပြုရန် ပြည်နယ်^ တိုင်းဒေသကြီး သတင်းစာဆရာ အသင်းများ ဖွဲ့စည်းရမည်။

၂၄။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ကို နိုင်ငံလုံးဆိုင်ရာ ညီလာခံက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည်။ ဗဟိုဦးစီးအဖွဲ့က

ဗဟိုအမှုဆောင်အဖွဲ့နှင့် စာရင်းစစ်အဖွဲ့ကို  ရွေးချယ် တင်မြှောက်ရမည်။ ပြည်နယ်/ တိုင်းဒေသကြီးအမှုဆောင်အဖွဲ့များနှင့် ညီလာခံကိုယ်စားလှယ်များကို သက်ဆိုင်ရာ

ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း မျက်နှာစုံညီအစည်းအဝေးများက ရွေးချယ်တင်မြှောက်ရမည်။

၂၅။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၊ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုစာရင်းစစ် အဖွဲ့ဝင်များ၊ ပြည်နယ်၊ တိုင်းဒေသကြီး အသင်းများ၏

အမှုဆောင်အဖွဲ့ဝင်များနှင့် ညီလာခံကိုယ်စားလှယ်များကို အများဆန္ဒအရ ရွေးချယ် တင်မြှောက်ရမည်။ အများဆန္ဒအရပင် တာဝန်မှ ပြန်လည် ရုပ်သိမ်းနိုင်သည်။

အသင်းဝင် တစ်ဦးသည် နိုင်ငံတော်၏ တရားဥပဒေအရ လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းဆိုင်ရာ စည်းကမ်းအရလည်းကောင်း အရေးယူအပြစ်ပေးခြင်းခံရပါက

အထူးကိစ္စရပ် တစ်ရပ်အနေဖြင့် ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်သည်များကို စိစစ်၍ တာဝန်မှ ရပ်စဲနိုင်သည်။ ထိုသို့ အရေးယူ အပြစ်ပေးခြင်းကို ပြည်နယ်^တိုင်းဒေသကြီး

အမှုဆောင်အဖွဲ့ဝင်ဖြစ်ပါက အနီးကပ်ဆုံး ပြည်နယ်^ တိုင်းဒေသကြီး လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြ အတည်ပြုချက် ရယူရမည်။

ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါက ဗဟိုဦးစီးအဖွဲ့၏ အနီးကပ်ဆုံး နှစ်ပတ်လည် လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၂၆။    မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအဆင့်ဆင့်တို့၏ ရွေးချယ် တင်မြှောက်ပွဲများ ပြုလုပ်ရာတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသော တက်ရောက်သူဦးရေအားလုံး၏

တစ်ဝက်ကျော် ဆန္ဒမဲရရှိမှသာ ရွေးချယ်တင်မြှောက်ခြင်းသည် အတည် ဖြစ်သည်။

၂၇။    အသင်းအဆင့်ဆင့်၏ ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပရာတွင် လျှို့ဝှက်ဆန္ဒမဲစနစ်ကို ကျင့်သုံးရမည်။

၂၈။    အသင်းအဆင့်ဆင့်အတွင်း စုပေါင်းဦးဆောင်မှုနှင့် တစ်ဦးချင်းတာဝန်ယူသည့်စနစ်ကို ကျင့်သုံးရမည်။ ဗဟိုဆုံးဖြတ်ချက်ကို ပြည်နယ်၊ တိုင်းဒေသကြီး

သတင်းစာဆရာများအသင်းက လိုက်နာ၍ ပြည်နယ်^ တိုင်းဒေသကြီး အမှုဆောင် အဖွဲ့၏ တင်ပြချက်နှင့် အကြံÓဏ်များကို ဗဟိုက အလေးဂရုပြုခြင်းစသော

ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးသည်။

၂၉။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သက်တမ်းသည် ညီလာခံသက်တမ်းနှင့်အညီ ဖြစ်စေရမည်။

၃၀။    ရွေးချယ်တင်မြှောက်ပုံနည်းစနစ်များကို ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်သလို ပြဌာန်းနိုင်သည်။




အခန်း (၇)

ဖွဲ့စည်းတည်ဆောက်ပုံ

ပြည်နယ်၊တိုင်းဒေသကြီးသတင်းစာဆရာအသင်း

၃၁။    ပြည်နယ်/တိုင်းဒေသကြီး သတင်းစာဆရာအသင်းများသည် နှစ်လည်အစည်းအဝေးများကို တစ်နှစ်တစ်ကြိမ်၊ တစ်ကြိမ်နှင့်တစ်ကြိမ်အကြား ၁၂ လထက် မပိုစေဘဲ

ကျင်းပရမည်။ မျက်နှာစုံညီအစည်းအဝေးကို လေးနှစ်တစ်ကြိမ် ကျင်းပရမည်။ အစည်းအဝေးများကျင်းပရာတွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ၏ ၆၀

ရာခိုင်နှုန်း တက်ရောက်မှသာ အစည်းအဝေးများ အထမြောက်သည်။

၃၂။    ပြည်နယ်/တိုင်းဒေသကြီးတစ်ခုတွင် အဖွဲ့ဝင် ၂၀ ဦးနှင့် အထက်ရှိလျှင် ပြည်နယ်^တိုင်းဒေသကြီး သတင်းစာ ဆရာအသင်းကို ဖွဲ့စည်းရမည်။

မျက်နှာစုံညီအစည်းအဝေးတွင် ပြည်နယ်^ တိုင်းဒေသကြီး အမှုဆောင်အဖွဲ့နှင့် ညီလာခံကိုယ်စားလှယ်တို့ကို ရွေးချယ်တင်မြှောက်ဖွဲ့စည်းရမည်။

၃၃။    ပြည်နယ်/တိုင်းဒေသကြီးအမှုဆောင်အဖွဲ့ဝင်ဦးရေနှင့် ညီလာခံကိုယ်စားလှယ်ဦးရေကို ဗဟိုအမှုဆောင်အဖွဲ့က သတ်မှတ်ပေးရမည်။

၃၄။    အသင်းဝင်ဦးရေ ၂၀ ဦးနှင့်အထက်ရှိသော်လည်း ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဖွဲ့စည်းခြင်း မပြုနိုင်သော

ပြည်နယ်/တိုင်းဒေသကြီးများတွင်လည်းကောင်း၊ အသင်းဝင်ဦးရေ ၂၀ ဦး မပြည့်သော ပြည်နယ်^တိုင်းဒေသ ကြီးများတွင်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး

သတင်းစာဆရာအသင်း စည်းရုံးရေးကော်မတီကို ဖွဲ့စည်းရမည်။

၃၅။    မျက်နှာစုံညီအစည်းအဝေးတွင် ပြုလုပ်သည့် ရွေးချယ်တင်မြှောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသော တက်ရောက်သူ အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲရရှိမှသာ

ရွေးချယ်တင်မြှောက်ခြင်းသည် အတည်ဖြစ်သည်။

၃၆။    မျက်နှာစုံညီအစည်းအဝေးများတွင် ပြည်နယ်^တိုင်းဒေသကြီးအမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာများ၊ ဘဏ္ဍာရေးအခြေအနေနှင့်

ရှင်းတမ်းများကို တင်သွင်းရမည်။ အဆိုပါတင်သွင်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို

ပြုလုပ်ရမည်။

၃၇။    ပြည်နယ်/တိုင်းဒေသကြီး အမှုဆောင်အဖွဲ့သည် ပထမအကြိမ်အစည်းအဝေးတွင် မိမိတို့ထဲမှ ဥက္ကဌ၊ အတွင်း ရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်မှူးတို့ကို

ရွေးချယ်တင်မြှောက်ရမည်။ ယင်းသို့ ရွေးချယ်တင်မြှောက်ခြင်းခံရသော ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်မှူးတို့သည်

ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း၏ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်မှူးတို့လည်း ဖြစ်ကြသည်။

၃၈။    ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း၏ ဥက္ကဌ၊ အတွင်းရေးမှူးအပါအ၀င် အမှုဆောင်အဖွဲ့ဝင် များထဲမှ ၁၀ ဦးကို ညီလာခံကိုယ်စားလှယ်များအဖြစ်

ရွေးချယ်တင်မြှောက်ရမည်။

၃၉။    (က)    ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း၏ လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရမည်။

အသင်းဝင်အားလုံး၏ ၆၀ ရာခိုင်နှုန်း တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်။ ယင်းအစည်းအဝေးတွင် ပြည်နယ်/တိုင်းဒေသကြီး အမှုဆောင် အဖွဲ့၏

လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းအခြေအနေကို အစီရင်ခံရမည်။ အမှုဆောင်အဖွဲ့ဝင်များ လစ်လပ်ပါက ရွေးချယ်တင်မြှောက်နိုင်သည်။ နောက်တစ်ကြိမ်

လုပ်ငန်းဆိုင်ရာအစည်းအဝေးမကျင်းပမီ အမှုဆောင်အဖွဲ့ဝင် လစ်လပ်လာပါက ပြည်နယ်^တိုင်း ဒေသကြီး အမှုဆောင်အဖွဲ့ အစည်းအဝေးကျင်းပ၍ အဖွဲ့အတွင်း

တာဝန်ခွဲဝေမှုကို ပြန်လည် ရွေးချယ်တင်မြှောက်နိုင်သည်။

    (ခ)    ညီလာခံကိုယ်စားလှယ်တစ်ဦးသည် ကွယ်လွန်ခဲ့လျှင်သော်လည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီး ပြောင်းရွှေ့နေထိုင်ခဲ့လျှင်သော်လည်းကောင်း၊

အကြောင်းတစ်ခုခုကြောင့်သော်လည်းကောင်း လစ်လပ်သွား သည့် ညီလာခံကိုယ်စားလှယ်အတွက် ရွေးချယ်တင်မြှောက်နိုင်သည်။ ရွေးချယ်တင်မြှောက်မှုအခြေအနေကို

ဗဟိုအမှုဆောင်အဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူရမည်။

၄၀။    ပြည်နယ်^တိုင်းဒေသကြီးအမှုဆောင်အဖွဲ့၏ သက်တမ်းသည် မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံ သက်တမ်းနှင့်အညီဖြစ်သည်။

၄၁။    မြန်မာနိုင်ငံ သတင်းစာဆရာအသင်းညီလာခံကို လက်ရှိ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်^တိုင်းဒေသ ကြီး မျက်နှာစုံညီအစည်းအဝေးများက

ရွေးချယ်စေလွှတ်လိုက်သော ညီလာခံကိုယ်စားလှယ်များဖြင့် ကျင်းပရမည်။

၄၂။    ညီလာခံကျင်းပရာတွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ၏  ၅၀ ရာခိုင်နှုန်းတက်ရောက်မှသာ ညီလာခံ အထမြောက်သည်။

၄၃။    ညီလာခံကို လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရမည်။ လေးနှစ်တစ်ကြိမ် ကျင်းပသည့် အသင်း၏ညီလာခံကို လိုအပ် ပါက ပုံမှန်ကျင်းပရမည့်ရက်မတိုင်မီ ရက်ပေါင်း ၁၈၀

စော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ ကျင်းပနိုင်သည်။

၄၄။    ညီလာခံကျင်းပသည့်နေ့ရက်နှင့် အစီအစဉ်ကို အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ညီလာခံကိုယ်စားလှယ် များထံသို့ အကြောင်းကြားရမည်။

၄၅။    ညီလာခံကျင်းပရေးအတွက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ညီလာခံ ကျင်းပရေးကော်မရှင်နှင့်လိုအပ်ပါက ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်ကို

ဖွဲ့စည်းရမည်။ ကော်မရှင်များ၏ လုပ်ငန်းတာဝန်များကို ဗဟိုအမှုဆောင် အဖွဲ့က သတ်မှတ်ပေးရမည်။

၄၆။    ညီလာခံတွင် ဗဟိုအမှုဆောင်အဖွဲ့က အစီရင်ခံစာတင်သွင်းရမည်။ အစီရင်ခံစာများနှင့်ပတ်သက်၍ တက်ရောက် လာသော ညီလာခံကိုယ်စားလှယ်များက

ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ပြုလုပ်ရမည်။


၄၇။    ညီလာခံတွင် ဗဟိုဦးစီးအဖွဲ့ဝင်များကို ဦးစွာပထမ ရွေးချယ်တင်မြှောက်ရမည်။ ရွေးချယ်တင်မြှောက်ရမည့် ဗဟိုဦးစီးအဖွဲ့ဝင်ဦးရေနှင့် အခြေခံအဖွဲ့အသီးသီးမှ

ကိုယ်စားလှယ်များ ရွေးချယ်စေလွှတ်ရမည့် စနစ်ကို ညီလာခံက သတ်မှတ်ပေးရမည်။ ဗဟိုဦးစီးအဖွဲ့က ဗဟိုအမှုဆောင်အဖွဲ့ဝင်များကို ဗဟိုဦးစီးအဖွဲ့ဝင်များထဲမှ ထပ်မံ

ရွေးကောက်တင်မြှောက်ရမည်။
    (က)    ညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပပြီး နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာအစည်းအဝေးကို တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရမည်။

    (ခ)    နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာအစည်းအဝေးသို့ တက်ရောက်ရမည့် ကိုယ်စားလှယ်ဦးရေကို ဗဟို အမှုဆောင်အဖွဲ့က သတ်မှတ်ရမည်။

    (ဂ)    ဗဟိုအမှုဆောင်အဖွဲ့က လိုအပ်လျှင် ညီလာခံသက်တမ်းအတွင်း နှစ်ပတ်လည်လုပ်ငန်းဆိုင်ရာ အစည်းအဝေးကို ခေါ်ယူနိုင်သည်။

၄၈။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံတွင် ပြုလုပ်သည့် ရွေးချယ်တင်မြှောက်ပွဲကို တက်ရောက်လာသော ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏

ထက်ဝက်ကျော်ဆန္ဒမဲရရှိမှသာ ရွေးချယ်တင်မြှောက်ခြင်းသည် အတည်ဖြစ်သည်။

၄၉။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း အရေးပေါ်ညီလာခံကို လိုအပ်လျှင် ခေါ်ယူကျင်းပနိုင်သည်။ အရေးပေါ် ညီလာခံကို နောက်ဆုံးအကြိမ်ကျင်းပခဲ့သည့်

ညီလာခံကိုယ်စားလှယ် ၃၄ ရာခိုင်နှုန်းက တောင်းဆိုလျှင်ဖြစ်စေ၊ ဗဟို အမှုဆောင်အဖွဲ့က လိုအပ်လျှင်ဖြစ်စေ ခေါ်ယူကျင်းပနိုင်သည်။

၅၀။    (က)    ညီလာခံက ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့သည်  ပထမအကြိမ်အစည်းအဝေးတွင် မိမိတို့အထဲမှ ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူး၊

တွဲဖက်အတွင်းရေးမှူးများနှင့် ဘဏ္ဍာရေးမှူးတို့ကို ရွေးချယ်ရမည်။ ထိုနောက် ဗဟိုအမှုဆောင်အဖွဲ့ဝင် သတ်မှတ်ဦးရေနှင့်အညီ ရွေးချယ်ရမည်။ ယင်းသို့ ဗဟိုဦးစီးအဖွဲ့က

ရွေးချယ်တင်မြှောက်လိုက်သူများသည်  မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအမှုဆောင်အဖွဲ့၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်

ဘဏ္ဍာရေးမှူးများလည်း ဖြစ်ကြသည်။

    (ခ)    အကြောင်းကြောင်းကြောင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦး လစ်လပ်ပါက ဗဟိုအမှုဆောင်အဖွဲ့ဝင် ၇၅ ရာခိုင်နှုန်းတက်ရောက်သောအစည်းအဝေးက

သင့်လျော်သည့် ဗဟိုဦးစီးအဖွဲ့ဝင်တစ်ဦးဦးကို အများဆန္ဒဖြင့် တာဝန်ပေးနိုင်သည်။ ထိုသို့ တာဝန်ပေးခဲ့ခြင်းကို အနီးကပ်ဆုံး နှစ်ပတ်လည်လုပ်ငန်း ဆိုင်ရာ အစည်းအဝေးသို့

တင်ပြအတည်ပြုချက်ရယူရမည်။

    (ဂ)    ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦးသည် မိမိတက်ရောက်ခွင့်ရှိသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ ကို မှန်မှန် တက်ရောက်ရမည်။

    (ဃ)    ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦးသည် မည်သည့်ကိစ္စဖြင့်မဆို နိုင်ငံခြားသို့ တစ်နှစ်သွားရောက် နေထိုင်ပါက လက်ရှိဗဟိုအမှုဆောင်အဖွဲ့ဝင်တာဝန်မှ

အလိုအလျောက် ရပ်စဲစေရမည်။

၅၁။    ဗဟိုစာရင်းစစ်အဖွဲ့သည် ပထမအကြိမ်အစည်းအဝေးတွင် မိမိတို့အထဲမှ စာရင်းစစ်မှူးကို ရွေးချယ်တင်မြှောက်ရမည်။ ရွေးချယ်တင်မြှောက်ခြင်းခံရသော

စာရင်းစစ်မှူးသည် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအမှုဆောင်အဖွဲ့၏ စာရင်းစစ်မှူးဖြစ်သည်။

၅၂။    (က)    ပြည်နယ်^တိုင်းဒေသကြီးသတင်းစာဆရာအသင်း အမှုဆောင်အဖွဲ့ဝင်တစ်ဦးသည် ဗဟိုအမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရလျှင်

ပြည်နယ်^တိုင်းဒေသကြီးအဆင့် တာဝန်များကို စွန့်လွှတ်ရမည်။

    (ခ)    လေးနှစ်တစ်ကြိမ် အသင်း၏ညီလာခံကို ပုံမှန်မပြုလုပ်နိုင်သောအခါ လက်ရှိဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုအမှုဆောင်အဖွဲ့သည် အသင်း၏လုပ်ငန်းအ၀၀ကို

ဆက်လက်တာဝန်ယူရမည်။


အခန်း (၈)
တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၅၃။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

    (က)    အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးနှင့် အောင်မြင်ရေးအတွက် နိုးကြားတက်ကြွစွာ ဆောင်ရွက်ရန်။

    (ခ)    မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်များ၏ အသိစိတ်ဓာတ်နှင့် အတွေးအခေါ်များ ဖွံ့ဖြိုးရေးအတွက် စည်းရုံးပညာပေးလှုံ့ဆော်ရန်။

    (ဂ)    မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်များ၏ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု တိုးတက်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်ရန်။

    (ဃ)    မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်များ၏ ဘ၀အခြေအနေ တိုးတက်မြင့်မားရေးအတွက် စီစဉ် ဆောင်ရွက်ရန်။

    (င)    မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်များနှင့် သက်ဆိုင်သော ပြဿနာအရပ်ရပ်ကို စည်းရုံးရေးအသွင် ဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးရန်။

၅၄။    မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

    (က)    အသင်းဝင်များ၏ တရားသဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများ၊ နစ်နာမှုများနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို ဥပဒေဘောင်အတွင်းမှ  ဆောင်ရွက်ပေးခြင်း။

    (ခ)    အသင်းဝင်တစ်ဦးသည် မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ ပြဌာန်းသော စာနယ်ဇင်းကျင့်ဝတ်များကို ထိန်းသိမ်းရေးအတွက် စည်းရုံးရေးနည်းဖြင့်

ဆောင်ရွက်ခြင်း။
    (ဂ)    အသင်းနှင့်သက်ဆိုင်သည့် ကိစ္စများနှင့်စပ်လျဉ်း၍ ညီနောင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ခြင်း။

    (ဃ)    သတင်းဆုများ ချီးမြှင့်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့များအား လိုအပ်သလို ကူညီဆောင်ရွက်ခြင်း။

    (င)    နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။

၅၅။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံသည် အသင်း၏ အမြင့်ဆုံး လုပ်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။ ညီလာခံ၏ တာဝန်များမှာ

အောက်ပါအတိုင်းဖြစ်သည် -

    (က)    ဗဟိုအမှုဆောင်အဖွဲ့က တင်သွင်းသော အစီရင်ခံစာများ၊ ဘဏ္ဍာရေးအခြေအနေရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊

အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း။

    (ခ)    အသင်း၏ ဗဟိုဦးစီးအဖွဲ့ကို ရွေးချယ်တင်မြှောက်ခြင်း။

    (ဂ)    အသင်းနှင့်ပတ်သက်သော စည်းရုံးရေး၊ လှုံ့ဆော်ပညာပေးရေး၊ သက်သာချောင်ချိရေးစသည့် ကိစ္စများကို ဆုံးဖြတ်ခြင်း။

    (ဃ)    အသင်း၏ ဘဏ္ဍာရေးကိစ္စရပ်များကို ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်း၊ အတည်ပြုခြင်း။

    (င)    အခြားလိုအပ်သော သတင်းလုပ်ငန်းကိစ္စရပ်များကို ဆုံးဖြတ်ခြင်း။


မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုအမှုဆောင်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၅၆။    ဗဟိုအမှုဆောင်အဖွဲ့သည် မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံမှ ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုဦးစီးအဖွဲ့ကို တာဝန်ခံရမည်။ ညီလာခံ တစ်ခုနှင့်

တစ်ခုအကြား၊ ဗဟိုဦးစီးအဖွဲ့ မျက်နှာစုံညီ အစည်းအဝေး တစ်ခုနှင့်တစ်ခုအကြားတွင် အသင်း၏လုပ်ငန်းအားလုံး ညီလာခံကိုယ်စား တာဝန်ယူဆောင်ရွက်ရမည်။

၅၇။    ဗဟိုအမှုဆောင်အဖွဲ့သည် လစဉ် ပုံမှန်အစည်းအဝေးများကို ကျင်းပရမည်။ လိုအပ်လျှင် အထူးအစည်းအဝေး ကို ခေါ်ယူကျင်းပနိုင်သည်။ အဆိုပါ

အစည်းအဝေးများသို့ စာရင်းစစ်အဖွဲ့ဝင်များကို တက်ရောက်ရန် ဖိတ်ကြားနိုင်သည်။

၅၈။    ဗဟိုအမှုဆောင်အဖွဲ့သည် လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူရရှိစေရန် ဗဟိုအမှုဆောင် အဖွဲ့ဝင်များအပြင် ဗဟိုဦးစီးအဖွဲ့ဝင်များနှင့်

အခြားသင့်လျော်သော အသင်းဝင်များဖြင့် လုပ်ငန်းကော်မတီများ၊ အခြားကော်မတီများနှင့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းနိုင်သည်။

၅၉။    ဗဟိုအမှုဆောင်အဖွဲ့သည် လုပ်ငန်းကော်မတီများ၊ အခြားကော်မတီများနှင့် လုပ်ငန်းအဖွဲ့များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ရမည်။

၆၀။    ဗဟိုအမှုဆောင်အဖွဲ့ဝင်တစ်ဦးဦးအား ဗဟိုအမှုဆောင်အဖွဲ့ဝင် ၇၅ ရာခိုင်နှုန်းတက်ရောက်သော ဗဟိုအမှု ဆောင်အဖွဲ့အစည်းအဝေးတွင် အများဆန္ဒအရ တာဝန်မှ

ရပ်စဲနိုင်သည်။ ထိုသို့ တာဝန်မှရပ်စဲခဲ့ခြင်းကို အနီးကပ်ဆုံး ဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့ တင်ပြ အတည်ပြုချက်ရယူရမည်။

၆၁။    ဗဟိုအမှုဆောင်အဖွဲ့သည် စည်းကမ်းအရ အရေးယူရန် ကိစ္စများကို ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရမည်။

၆၂။    ဗဟိုအမှုဆောင်အဖွဲ့သည် ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း ရွေးချယ်တင်မြှောက်ခြင်း မပြုနိုင်သော နေရာများတွင် ပြည်နယ်^တိုင်းဒေသကြီး

သတင်းစာဆရာအသင်း စည်းရုံးရေး ကော်မတီကို ဖွဲ့စည်းနိုင်သည်။ လိုအပ်ပါက ဖွဲ့စည်းပုံအခြခံစည်းမျဉ်းနှင့် မညီညွတ်သော ပြည်နယ်^တိုင်းဒေသကြီး

သတင်းစာဆရာအသင်း သို့မဟုတ် စည်းရုံးရေး ကော်မတီကို ဖျက်သိမ်းခြင်း၊ အစားထိုးဖွဲ့စည်းခြင်းတို့ကို ပြုလုပ်နိုင်သည်။ ယင်းဆောင်ရွက်ချက်ကို အနီးကပ်ဆုံး

လုပ်ငန်းဆိုင်ရာနှစ်ပတ်လည်အစည်းအဝေး သို့မဟုတ် ဗဟို ဦးစီးအဖွဲ့အစည်းအဝေးသို့ တင်ပြရမည်။

၆၃။    ဗဟိုအမှုဆောင်အဖွဲ့သည် အသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းကို ရေးဆွဲ၍ ဗဟိုအမှုဆောင်အဖွဲ့အစည်း အဝေးသို့ တင်ပြ အတည်ပြုချက်ရယူရမည်။

ဆောင်ရွက်ချက်များကို အနီးကပ်ဆုံး လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေး သို့မဟုတ် ဗဟိုဦးစီးအဖွဲ့ အစည်းအေဝေးသို့ တင်ပြရမည်။

၆၄။    ဗဟိုအမှုဆောင်အဖွဲ့သည် လိုအပ်သော ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်နိုင်သည်။

၆၅။    ဗဟိုအမှုဆောင်အဖွဲ့သည် ပြည်နယ်^တိုင်းဒေသကြီးအသင်းများက တင်ပြလာသော အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ အသင်းများ၏ လုပ်ငန်းများကို

ဦးဆောင်လမ်းလွှန်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း များ ပြုလုပ်ရမည်။


စာရင်းစစ်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၆၆။    စာရင်းစစ်အဖွဲ့သည် စာရင်းစစ်ဆေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ဗဟိုအမှုဆောင်အဖွဲ့ကို တာဝန်ခံရမည်။

၆၇။    စာရင်းစစ်အဖွဲ့သည် ဗဟိုအမှုဆောင်အဖွဲ့အစည်းအဝေးသို့ မိမိ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အစီရင်ခံစာ တင်ပြရမည်။

၆၈။    စာရင်းစစ်အဖွဲ့သည် အသင်း၏ ရငွေ-သုံးငွေများအား ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းတို့ကို ဘဏ္ဍာရေးစည်းမျဉ်း နှင့်အညီ မှန်ကန်မှုရှိအောင် စနစ်တကျ စစ်ဆေးရမည်။

၆၉။    စာရင်းစစ်အဖွဲ့သည် စစ်ဆေးတွေ့ရှိချက်များကို ဗဟိုအမှုဆောင်အဖွဲ့အား အသိပေးတင်ပြခြင်း၊ အကြံပြု ခြင်းများ ပြုလုပ်ရမည်။

၇၀။    စာရင်းစစ်အဖွဲ့သည် လစဉ်အစည်းအဝေးကို ပုံမှန်ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေးကို ခေါ်ယူ ကျင်းပနိုင်သည်။ ထို့အပြင် ဗဟိုအမှုဆောင်အဖွဲ့က

ဖိတ်ကြားသည့် အစည်းအဝေးများသို့ တက်ရောက်ရမည်။

၇၁။    စာရင်းစစ်အဖွဲ့သည် စာရင်းစစ်အဖွဲ့ဝင်တစ်ဦးအား အရေးယူရန် လိုအပ်ပါက ဗဟိုအမှုဆောင်အဖွဲ့သို့ တင်ပြရမည်။

ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၇၂။    ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့သည် ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းကို တာဝန်ခံရမည်။

၇၃။    ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့ (သို့မဟုတ်) ပြည်နယ်^တိုင်းဒေသကြီး စည်းရုံးရေးကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ

အောက်ပါအတိုင်းဖြစ်သည် -

    (က)    ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းသည် မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင်

ဆောင်ရွက်ရမည်။ ထိုသို့ အောင်မြင်အောင် ဆောင်ရွက်ရေးအတွက် ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းတွင် တာဝန်ရှိသည်။

    (ခ)    ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းသည် ညီလာခံက ချမှတ်ထားသည့် လုပ်ငန်းစဉ်များ၊ ဗဟိုအမှုဆောင်အဖွဲ့က ချမှတ်ပေးထားသော

လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်။

    (ဂ)    မျက်နှာစုံညီအစည်းအဝေးနှင့် လုပ်ငန်းဆိုင်ရာအစည်းအဝေးကို သတ်မှတ်ချက်နှင့်အညီ ကျင်းပရမည်။

    (ဃ)    မျက်နှာစုံညီအစည်းအဝေးနှင့် လုပ်ငန်းဆိုင်ရာအစည်းအဝေးတွင် မိမိလုပ်ငန်းဆောင်ရွက်မှုအခြေအနေ နှင့် စပ်လျဉ်းသည့် အစီရင်ခံစာ၊ ဘဏ္ဍာရေး

အခြေအနေနှင့် ရှင်းတမ်းများကို တင်သွင်းရမည်။

    (င)    ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့ဝင်များ (သို့မဟုတ်) စည်းရုံးရေး ကော်မတီဝင်များနှင့် အသင်းဝင်များပါဝင်သော

အထောက်အကူပြုလုပ်ငန်းကော်မတီများကို လိုအပ်ပါက ဖွဲ့စည်းနိုင်သည်။

    (စ)    လစဉ်အစည်းအဝေးကို ပုံမှန်ကျင်းပရမည်။ လိုအပ်လျှင် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။

    (ဆ)    ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့ အစည်းအဝေးသို့ ညီလာခံ ကိုယ်စားလှယ်များကို တက်ရောက်ရန် ဖိတ်ကြားနိုင်သည်။

    (ဇ)    ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့ (သို့မဟုတ်) စည်းရုံးရေး ကော်မတီသည် အသင်းဝင်တစ်ဦးဦးကို စည်းကမ်းအရ အရေးယူရန်

လိုအပ်လျှင် အထောက်အထား ခိုင်လုံစွာဖြင့် ဗဟိုအမှုဆောင်အဖွဲ့သို့ တင်ပြရမည်။

    (ဈ)    ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းအမှုဆောင်အဖွဲ့သည် အသင်းဝင်များထံမှ နှစ်စဉ်ကြေးများ အပြည့်အ၀ရရှိရေးအတွက် ဆောင်ရွက်ရန်

တာဝန်ရှိသည်။

အခန်း (၉)

ချီးမြှောက်ခြင်း

၇၄။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းဗဟိုအမှုဆောင်အဖွဲ့သည် မြန်မာ့လူ့အဖွဲ့အစည်းနှင့် အသင်း၏ အကျိုးစီးပွား အတွက် ထူးချွန်စွာ တာဝန်ထမ်းဆောင်သော

ပြည်နယ်^တိုင်းဒေသကြီး သတင်းစာဆရာအသင်းကိုလည်းကောင်း၊ အသင်းဝင်များကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းတင်၍ လိုအပ်သလို ချီးမြှောက်နိုင်သည်။


အခန်း (၁၀)

အရေးယူခြင်း၊ အပြစ်ပေးခြင်းနှင့် အယူခံခြင်း

၇၅။    (က)    မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်တစ်ဦးသည် အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ အချက် များကို ဖောက်ဖျက် ကျူးလွန်ပါက အသင်း၏

စည်းကမ်းအရ အရေးယူအပြစ်ပေးခြင်းခံရမည်။

    (ခ)    မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်တစ်ဦးသည် အောက်ဖော်ပြပါ ကိစ္စတစ်ရပ်ရပ်ကို ကျူးလွန်ပါက မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏

တည်ဆဲဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ အရေးယူအပြစ်ပေးခြင်း ခံရမည် -

        (၁)    မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ပြုမူ၊ ပြောဆို ရေးသားဖြန့်ချိခြင်း။

        (၂)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ပြုမူ၊ ပြောဆို ရေးသားဖြန့်ချိခြင်း။

၇၆။    အသင်း၏ စည်းကမ်းများအရ အရေးယူအပြစ်ပေးသည့်အခါ အောက်ပါမူများပေါ်တွင် အခြေခံရမည် -

    (က)    တာဝန်နှင့်အဆင့်အတန်းမခွဲခြားဘဲ အသင်း၏ စည်းကမ်းများနှင့်အညီ အရေးယူအပြစ်ပေးခြင်း။

    (ခ)    အသင်းဝင်တစ်ဦးအား အရေးယူအပြစ်ပေးခြင်းသည် အသင်းဝင်အနေဖြင့် နောင်အပြစ်ထပ်မံကျူးလွန် ခြင်းမရှိစေရန် ပညာပေး ပြုပြင်သည့်သဘောဖြစ်ခြင်း။

    (ဂ)    မြန်မာ့လူ့အဖွဲ့အစည်း၏အကျိုး၊ အသင်းဝင်ထု၏အကျိုးနှင့် အသင်း၏ အကျိုးတို့ကို မထိခိုက်စေရန် ကာကွယ်ခြင်း

၇၇။    ဗဟိုအမှုဆောင်အဖွဲ့သည် အရေးယူခြင်း၊ အပြစ်ပေးခြင်း၊ အယူခံခြင်းတို့နှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဌာန်းရမည်။

၇၈။    အသင်းဝင်တစ်ဦးဦးသည် မိမိအပေါ်ချမှတ်ထားသည့် ပြစ်ဒဏ်ကို မကျေနပ်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံသတင်းစာဆရာအသင်း

ဗဟိုအမှုဆောင်အဖွဲ့သို့ အယူခံနိုင်သည်။ ဗဟိုအမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တင်ပြ၍ အယူခံခွင့်ရှိသည်။


အခန်း (၁၁)
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ခြင်း

၇၉။    ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရန် လိုအပ်သည့်အခါ အသင်း၏ ညီလာခံက ပြင်ဆင်နိုင်သည်။

၈၀။    ပြည်နယ်/တိုင်းဒေသကြီး သတင်းစာဆရာအသင်းသည် ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပြဌာန်းထားချက် များအား ပြင်ဆင်လိုပါက အသင်းညီလာခံ

ကျင်းပခြင်းမပြုမီ ရက်ပေါင်း ၉၀ ကြိုတင်၍ ဗဟိုအမှုဆောင်အဖွဲ့သို့ ပေးပို့ရမည်။

၈၁။    ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

    (က)    ပြင်ဆင်ချက်ကို ဗဟိုအမှုဆောင်အဖွဲ့က ရေးသားပြုစုပြီး အသင်းညီလာခံမတိုင်မီက ရက်ပေါင်း ၃၀ ကြိုတင်၍ ပြည်နယ်^တိုင်းဒေသကြီး

သတင်းစာဆရာများအသင်းများသို့ အဆိုပြုထားပြီး ဖြစ်ရမည်။

    (ခ)    အသင်းညီလာခံသို့ တက်ရောက်ခွင့်ရှိ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ကိုယ်စားလှယ်ဦးရေ အနည်းဆုံး ၆၀ ရာခိုင်နှုန်း တက်ရောက်သည့် ညီလာခံကသာ

ပြင်ဆင်ချက်ကို စဉ်းစားဆွေးနွေး အတည်ပြုနိုင်သည်။

    (ဂ)    အဆိုပါ ညီလာခံသို့ တက်ရောက်ခွင့်ရှိ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ၏ အများစု ထောက်ခံသော ပြင်ဆင်ချက်သည် အတည်ဖြစ်ရမည်။


အခန်း (၁၂)

ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ်များပြဌာန်းခြင်း

၈၂။    ဗဟိုအမှုဆောင်အဖွဲ့သည် ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ်များကို ပြဌာန်းရမည်။

၈၃။    ဗဟိုအမှုဆောင်အဖွဲ့သည် အသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းကို ပြဌာန်းရမည်။


အခန်း(၁၃)
အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးနှင့် အသင်း၏ ရန်ပုံငွေ

၈၄။    မြန်မာနိုင်ငံသတင်းစာဆရာအသင်းသည် မိမိအသင်းရန်ပုံငွေဖြင့် ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ရမည်။

၈၅။    အသင်း၏ ရန်ပုံငွေများကို အောက်ပါတို့မှ ရယူရမည် -

    (က)    အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး၊

    (ခ)    အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံမှ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ရရှိသော ထောက်ပံ့ငွေ၊ လှူဒါန်းငွေ၊

    (ဂ)    အသင်း၏ လုပ်ငန်းများမှ ရငွေ၊

    (ဃ)    ဘဏ္ဍာရေးစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ ရရှိသော အခြားငွေများ၊

၈၅။    အသင်း၏ ရန်ပုံငွေများကို အောက်ပါတို့မှ ရယူရမည် -
    (က)    အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး၊
    (ခ)    အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံမှ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ရရှိသော ထောက်ပံ့ငွေ၊ လှူဒါန်းငွေ၊
    (ဂ)    အသင်း၏ လုပ်ငန်းများမှ ရငွေ၊
    (ဃ)    ဘဏ္ဍာရေးစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ ရရှိသော အခြားငွေများ၊
    (င)    နိုင်ငံတော်၏ မူဝါဒများနှင့် ညီညွတ်သော ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများကို ထူထောင်လုပ်ကိုင် သည့် လုပ်ငန်းများမှ ရသောငွေများ။

၈၆။    ဗဟိုအမှုဆောင်အဖွဲ့သည် အသင်း၏ ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲ၍ အသင်းညီလာခံ သို့ တင်ပြ အတည်ပြုချက်ရယူရမည်။
၈၇။    ပြည်နယ်^တိုင်းဒေသကြီး အမှုဆောင်အဖွဲ့သည် အသင်း၏ ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲ၍ လုပ်ငန်းဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးသို့

တင်ပြ အတည်ပြုချက်ရယူရမည်။

အခန်း (၁၄)
အထွေထွေ
၈၈။    ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ စကားရပ်တစ်ခုသော်လည်းကောင်း၊ စကားရပ်များကိုသော်လည်းကောင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် မရှင်းလင်းပါက

ဗဟိုအမှုဆောင်အဖွဲ့က အဆုံးအဖြတ်ပေးပြီး အနီးကပ်ဆုံးညီလာခံ သို့မဟုတ် ဗဟိုဦးစီးအဖွဲ့အစည်းဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။
၈၉။    မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေဖြန့်ချိသူများအသင်းတို့သည် မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၏

မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည်ဟု မှတ်ယူရမည်။ အခြေအနေအရ လိုအပ်ပါက မိတ်ဖက်အဖွဲ့အစည်း များ တိုးချဲ့သတ်မှတ်နိုင်သည်။

by Maung Wuntha



NLD လွှတ်တော်လုံးဝမတက်ဘူးဆိုသည်မှာမ ဟုတ်ဟု ဦးဥာဏ်ဝင်းငြင်းဆို

Posted: 20 Apr 2012 04:50 PM PDT

အွန်လိုင်းပေါ်တွင်ပျံ့နှံ့နေသော NLD လွှတ်တော်မတက်ဆိုသည့်သတင်းကို ဦးဥာဏ်ဝင်းက ယနေ့ ညနေ ၄နာရီကငြင်းဆိုလိုက်သည်။

"ကျွန်တော်တစ်ခါတည်းပြောမယ် NLD လွှတ်တော်မတက်ဘူးလို့ဘယ်တုန်းကမှမပြောဘူး။ဆုံးဖြတ် ချက်လည်းလုံးဝမရှိဘူး " ဟု ဦးဥာဏ်ဝင်းကပြောသည်

ဧပြီလ ၂၃ ရက်ခေါ်ယူကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ NLD အနေဖြင့် တက်ရောက်မည် မ ဟုတ်ဟု အွန်လိုင်းတွင်ပျံ့နှံ့နေသည့် သတင်းနှင့်ပတ်သပ်၍ ပေါ်ပြူလာနယူးဂျာနယ်မှ ယနေ့ညနေတွင် NLD ရုံးချုပ်သို့သွားရောက်ပြီး ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံးမေးမြန်းခဲ့သည့်တွင် ၄င်းကအထက်ပါအတိုင်း ပြန်လည်ပြော ကြားခဲ့ခြင်းဖြစ်သည်။

"၂၃ ရက်နေ့မှာ ကျွန်တော်တို့လွှတ်တော်မတက်ဖြစ်ဖို့များတယ်။ မတက်နိုင်ဘူးလို့ ကျွန်တော်မပြော ဘူး"ဟု ၄င်းကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ အောင်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပါ အ၀င် ဒီချုပ်ကိုယ်စားလှယ်များအား ဧပြီလ ၂၃ ရက် တွင်လွှတ်တော်တက်ရောက်ရန်ဖိတ်ကြားထားပြီး လွှတ်တော်တက်ရန်ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၄င်းတို့အနေဖြင့် လက်မခံနိုင်သည့် စကားစုအချို့အား ပြင်ဆင်ရန်နှောင့်နှေးနေသောကြောင့် ယင်းနေ့တွင် လွှတ်တော်တက်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိ သေးကြောင်း ဦးဥာဏ်ဝင်းကဆိုသည်။
 
Popular Myanmar News Journal


နတ်မောက်မြို့ NLD မှ ဆွမ်းဆန်စိမ်းလောင်းလှူ

Posted: 20 Apr 2012 04:38 PM PDT


မကွေးတိုင်း နတ်မောက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှနှစ်ဆန်း(၁)ရက်နေ့နံနက်တွင်
ကျင်းပမြဲဖြစ်သော တမြို့နယ်လုံး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြန်မာပြည်
 အေးချမ်းသာယာစေရန်နှင့်အမေစုကျန်းမာစေရန်စိတ်ရည်သန်ပြီးဆွမ်းဆန်
အိတ်(၈)အိတ်ကျော်ကိုအဖွဲ့ဝင်များမှစုပေါင်းလှုတန်းလောင်းလှုခဲ့ပါတယ်။
                           အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
                            နတ်မောက်မြို့၊မကွေးတိုင်း။


မီးလောင်မှုငြှိမ်းသတ်ရန် မောင်းနှင်လာသည့် မီးသတ်ယာဉ်တိုက်မှုကြောင့် တစ်ဦးဆုံး ၂ ဦးဆေးရုံရောက်

Posted: 21 Apr 2012 04:52 AM PDT

 ခေတ္တရာမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ရေကစားမဏ္ဍပ်ရှေ့မှ ဖြတ်ဝင်လာသော ဆိုင်ကယ်ကို တိုက်မိခဲ့ခြင်းဖြစ်သည် (ဓါတ်ပုံ-ပြေလင်းဆက်)
အိဖြူလွင်
ရန်ကုန်၊ ဧပြီ- ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် မီးလောင်မှုကို ငြှိမ်းသတ်ရန် သွားရောက်သည့် မီးသတ်ယာဉ်နှင့် ရေပက်ခံထွက်ဆိုင်ကယ်တစ်စီးတိုက်
မိ၍ သင်္ကြန်အတက်နေ့က ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်မြို့ရွာဘဲနယ် မြေ၊ အောင်သုခရပ်ကွက်ရှိ ကြက်ခြံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုကို စုစုပေါင်းမီးသတ်ယာဉ် ၆ စီးဖြင့် မီးငြှိမ်းသတ်ရန်သွားရောက်ခဲ့ပြီး

 ခေတ္တရာမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်သည် ရေကစားမဏ္ဍပ်ရှေ့မှ ဖြတ်ဝင်လာသော ဆိုင်ကယ်ကို တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်တိုက်မိမှုကြောင့်ဆိုင်ကယ်မောင်းသူ ဦးဇင်မင်းအသက် ၃၂ နှစ်နှင့် အသက် ၃၅ နှစ်ရှိ ဒေါ်လှလှဌေးတို့မှာ ဒဏ်ရာရရှိခဲ့ ပြီးပြည်သူ့ဆေးရုံတွင်အတွင်းလူနာ အဖြစ်ကုသခံနေရသည်။ ဆိုင်ကယ်နောက်တွင်ပါလာသည့် သမီးဖြစ်သူ အသက် ၇ နှစ်ရှိ မအေးဇာဇာထွန်းမှာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုနှင့်ယာဉ်တိုက်မှုတို့ကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ (ပ)၁၅၀/၂၀၁၂ ဖြင့် ဆက်လက်ဆောင်ရွက်နေကြောင်း မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

 7Day News Journal


သမ္မတဦးသိန်းစိန် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ကြိုဆို (ရုပ်/သံ)

Posted: 20 Apr 2012 04:24 PM PDT



ဒီကနေ့ ဧပြီလ ၂၀ရက်နေ့မှာ စတင်ကျင်းပတဲ့ ဂျပန်နဲ့ မဲခေါင်ဒေသတွင်း နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ သမ္မတ ဦးသိန်းစိန် က ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းများအနေနဲ့ လာရောက် ရင်းနှီး လုပ် ကိုင်ဖို့ ဖိတ်ခေါ် ပြောဆိုလိုက်ပါတယ်။

ဒီဗွီဘီ


နိုဘယ်လ်ဆုရှင်များရဲ့The Elders အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် အနားယူရမည်

Posted: 20 Apr 2012 04:18 PM PDT

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက်ခဲ့ပြီဆိုရင်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ
အောင်မြင်အောင် ဆထက်ထမ်းပိုး လုပ်ဆောင်နိုင်မယ်လို့ မိမိတို့ အနေနဲ့ ယုံကြည်ကြောင်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ၊ကမ္ဘာ့ခေါင်းဆောင်တွေ
နဲ့ စုဖွဲ့ထားတဲ့ the elders အဖွဲ့က မနေ့က ကြေငြာချက်ထုတ်ပြန် လိုက်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား
ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်သလို နိုင်ငံအနှံ့မှာ ဆက်လက် ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုလည်း အရေးယူ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားက ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ The Elders မှာ ဒေါ်အောင်ဆန်းစုကြည်က လည်း အဖွဲ့ဝင် ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် အာဏာရလာခဲ့ပြီးကတည်းက နိုင်ငံရေး အကျဉ်းသားတွေ
လွှတ်ပေးခဲ့တာ၊ အလုပ်သမားဥပေဒတွေ ပြဌန်းခဲ့တာ၊ မီဒီယာ အကန့်အသတ်တွေ လျော့ချပေးခဲ့တာ စတဲ့ ပြောင်းလဲမှုတွေကိုလည်း ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေက ချီးကျူးပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ the elders အဖွဲ့မှာ ဂုဏ်ထူးဆောင်
နေရာမှာ ရှိနေတာ ဖြစ်ပြီး မကြာခင် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက်တော့မှာ ဖြစ်တာကြောင့် The Elders အဖွဲ့ရဲ့ မူအရ အဲဒီနေရာ
ကနေ အနားယူတော့မှာ ဖြစ်တယ်လို့လည်း ကြေငြာချက်မှာ
ဖေါ်ပြထားပါတယ်။
RFA
 


မ​ကွေး​ ​ရေနံတွင်း​များ​တွင် ကုမ္ပဏီတခု ​ရေနံစိမ်း​ ​ဈေး​နှိမ်ဝယ်ယူ​နေ

Posted: 20 Apr 2012 03:58 PM PDT

မ​ကွေး​တိုင်း​ဒေသကြီး​ ပခုက္ကူခရိုင် မြိုင်မြို့​နယ်က လက်တူး​ရေနံတွင်း​က​နေ ​ရေနံစိမ်း​တွေ ဝယ်ယူခွင့်​ရထား​တဲ့​ ကုမ္ပဏီတခုက ​ရေနံတွင်း​တူး​သမား​တွေဆီက​နေ ​ပေါက်​ဈေး​အတိုင်း​မ​ပေး​ဘဲ ​ရေနံစိမ်း​တွေ ​ဈေး​နှိမ်ဝယ်ယူ​နေပါတယ်။

မြိုင်မြို့​နယ် ​ကျောက်ခွက် ​ရေနံ​မှော်က​နေ လက်တူး​ရေနံစိမ်း​တွေကို ချမ်း​မြေ့​သာ​အောင် ကုမ္ပဏီက​နေ ​ရေနံစိမ်း​ ၁ စည်ကို ပြင်ပ​ပေါက်​ဈေး​ထက် ၁ ​သောင်း​ခွဲ ​ဈေး​နိမ့်​ဝယ်လို့​ လက်တူး​ရေနံတွင်း​သမား​တွေ တွက်​ခြေမကိုက်ဘဲ အခက်​တွေ့​နေရတယ်လို့​ လက်တူး​သမား​တဦး​က ​ပြောပါတယ်။

"ဒီမှာက ​လော​လောဆယ် ဆီ​ဈေး​ကလည်း​ ​တော်​တော်​လေး​ နှိမ်ထား​တယ်​လေ၊​ ​နောက်တခါ ဆီကျ​တော့​လည်း​ အ​ကြွေး​ဝယ်တာ​ပေါ့​။ အ​ကြွေး​ဝယ်​တော့​ ကျ​နော်တို့​ ကျင်း​သူကျင်း​သား​တွေမှာ ​ငွေ​ကြေး​ပိုင်း​ကျ​တော့​ ​တော်​တော်​လေး​ အခက်အခဲ ရှိတာ​ပေါ့​။ အဲဒါနဲ့​ အခု ​ဒေသဖွံ့​ဖြိုး​ရေး​ အပိုင်း​တွေကျ​တော့​လည်း​ အခုအချိန်ထိ သိပ်လုပ်​ပေး​ထား​တာ ဘာမှ မရှိဘူး​လေ။"

မ​ကွေး​တိုင်း​ဒေသကြီး​မှာ အ​ခြေစိုက်တဲ့​ ချမ်း​မြေ့​သာ​အောင် ကုမ္ပဏီဟာ ​ကျောက်ခွက် ​ရေနံ​မှော်က ထွက်သမ်ွ ​ရေနံစိမ်း​တွေကို ဝယ်ယူခွင့်​ရထား​ပြီး​တော့​ ​ရေနံတူး​သမား​တွေက တခြား​မှာ သွား​ရောင်း​ခွင့်​မရှိဘဲ ​ရောင်း​ရင် အ​ရေး​ယူခံရမယ်လို့​ ဆိုပါတယ်။

ရေနံစိမ်း​ ၁ စည် ပြင်ပ​ပေါက်​ဈေး​မှာ ၉ ​သောင်း​ပေး​ဝယ်​နေပါတယ်။ လက်တူး​ရေနံတွင်း​သမား​တွေဟာ ချမ်း​မြေ့​သာ ​အောင်ကုမ္ပဏီကို ​ရေနံစိမ်း​ ​ဈေး​ကို ၁ စည် ကျပ်​ငွေ ၇ ​သောင်း​ခွဲက​နေ တိုး​မြှင့်​ပေး​ဖို့​ ​တောင်း​ဆိုခဲ့​ပေမယ် ကုမ္ပဏီဘက်က​နေ ခြိမ်း​ခြောက် ​ပြောဆိုခဲ့​တယ်လို့​ အဆိုပါ လက်တူး​သမား​က ခုလို ​ပြောပါတယ်။

"အဲဒီလို ​တောင်း​ဆို​တော့​လည်း​ သူတို့​က ဒီကျင်း​တွေကို ပိတ်ပစ်လိုက်ရမလား​၊​ သိမ်း​ပစ်လိုက်ရမလား​၊​ ဘူဒိုဇာနဲ့​ ထိုး​ပစ်လိုက်ရမလား​ဆို​တော့​ ကျ​နော်တို့​မှာလည်း​ ​တော်​တော်​လေး​ အခက်ကျတာ​ပေါ့​နော်။"

ပခုက္ကူခရိုင် မြိုင်မြို့​နယ်ထဲက ​ကျောက်ခွက် ​ရေနံ​မှော်မှာ လက်တူး​ ​ရေနံတွင်း​ပေါင်း​ ၄ ​ထောင်​လောက် ရှိ​နေပါတယ်။

by မင်းလွင် (ဒီဗွီဘီ)