[mrsorcerer:23960] ကျန်ရစ်သူ


ကျန်ရစ်သူ


မိုးကြိုးမီးလျှံ သောသောညံ...
ဆူညံပွက်လော ငရဲတော...

မိုးထိမြင့်မား မျှော့်လင့်ငြား..
ပြိုလဲကြိုးပဲ့ ပျက်စီးတယ်...

ခဲရာခဲဆစ် အချစ်စစ်..
လေ့လွင့်ပျောက်ကွယ် အိမ်မက်ငယ်...

အမှောင်ဖုံးလွှမ်း ဒီညချမ်း..
တယောက်တည်းရယ် အားငယ်တယ်..

ဦးတည်ရာမဲ့ ခရီးလမ်း...
မဖြောင့်မဖြူး လျှောက်လှမ်းတယ်...

ထားခဲ့သည့်ခါ ကျန်ရစ်ခဲ့..
အသည်းနှလုံး နာကျင်တယ်...

အိမ်မက်ထဲဝယ် ကြည်နူးစဲ
မျက်လုံးများကို ခိုးသွားတယ်....

ဘယ်လိုကြောင့်များ ထားခဲ့တယ်
အဖြေမသိပါ ချစ်သူရယ်................





Regards,
Haroon1992

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23958] Help!

Microsoft security essential ရဲ့ weekly update လိုချင်ပါတယ်
ဘယ်ကနေယူလို့ရမလဲသိချင်လို့ပါ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:23957] စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

Haaa .. you are wrong as even cemetery is still better than that place.


2012/4/27 SOE HTUT <soehtut1@gmail.com>
ကျွန်တော်အရင်ပြောမိတဲ့ သင်ချိုင်းမြေဆိုတာ လွန်သလားဗျာ......... မြန်မာပြည်သူတွေဘယ်သူမှ မသွားချင်တဲ့နေရာ


2012/4/27 Myo Min Swe <kommswe@gmail.com>
This is very true and they are acting very badly, and there are many other problems with dealing Singapore embassy for us. I hope MOFA would look into the issue clearly. NOw they have online Q system and useless which never work and server always down. I call them and email them of the Q system and no news after all.



2012/4/27 July * <julysmit@gmail.com>

စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

Browse › Home » စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

by Ei Chaw San (facebook)

 မြန်မာ မီဒီယာအသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့်
ကျွန်မ စင်ကာပူနိုင်ငံ တွင်  ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။
ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လိုင်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။
 လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်က သံရုံးဖုန်းခေါ်သည့် အတွေ့အကြုံတို့ကို ဦးစွာတင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်မတို့ သူငယ်ချင်းတစ်စု စင်ကာပူနိုင်ငံမှ ဒစ်ပလိုမာ တစ်ခု ပြီး ၍့ အလုပ်အကိုင် စတင်ရှာဖွေခဲ့ကြပါတယ်။ ကျွန်မ သူငယ်ချင်း တစ်ယောက် မှာ အလုပ် ရရှိခဲ့သော်လည်း အလုပ်သမား လက်မှတ်လျောက်ထားရန် ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးခါနီးဖြစ်နေပါသဖြင့် သံရုံး သို့ သက်တမ်းတိုးရန် သွားရောက်ခဲ့ပါတယ်။ သို့သော် သံရုံးမှ အခွန်မဆောင်လျင် တိုးမပေးပါဟုပြောကြားခဲ့ကြောင်းကျွန်မကို ပြန်ပြောပါတယ်။ ကျွန်မ နားလည် ထားသလောက် အလုပ်မလုပ်ကိုင်သေးသော ကျောင်းသားတစ်ယောက်ကို နိုင်ငံတော်က အခွန်စည်းကြပ်ခြင်းမရှိဘူးဆိုတာပါ။ သို့သော် သံရုံးမှ တိုးမပေးပါက ပတ်စ် လျောက်ထားရန် အခက်ခဲရှိပါသဖြင့် ထိုသူက သဘောတူညီကာ ဆောင်ပါမည်ဟု ကတိပြုလိုက်ပါသည်။ ထိုအကြောင်းကို ကြားသိသောအခါ အလွန်အမင်း တရားမမျှတမှုကို ခံစားရပါသဖြင့် သံရုံးကို ကျွန်မဖုန်းဆက်ခဲ့ပါတယ်။ အကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပါသော်လည်း နိုင်ငံခြားသူ အမျိုးသမီး တစ်ယောက်နှင့်သာတွေ့ဆုံရွေ့ မည်သည့် သံအရာရှိကို မှ ဖုန်းလွှဲပြောင်းပေးခြင်းမရှိခဲ့ပါဘူး။ အရာရှိများ အစည်းအဝေးရောက်နေသည် အလုပ်ရှုပ်နေသည်ဟူသော အကြောင်းပြချက်ကိုသာ အကြိမ်ကြိမ် ရရှိခဲ့ပါသည်။ ကျွန်မ တို့ဘက်က အမှန်တကယ် လိုအပ်နေသည်က တကြောင်း ကာယကံရှင်ကိုယ်တိုင်က စိတ်အားထက်သန်မှုမရှိသည်က တစ်ကြောင်း ထိုခေတ် နိုင်ငံအခြေနေအရ ကျွန်မတို့ ဘက်ကို ရပ်တည်ပေးနိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်သည့် အခြေနေကို နားလည်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်မ ထိုကိစ္စကို ထိုတွင်ရပ်ခဲ့ပါသည်။

ဒုတိယတစ်ခါက လွန်ခဲ့ သော တစ်လခန့်ကပါ။ သံရုံးမှ အွန်လိုင်း Q နံပါတ်ယူခြင်းဆိုတာကို စတင်မိတ်ဆက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယခင်က လူပေါင်းများစွာတန်းစီပြီးမှ မိမိကိစ္စပြီးပြတ်မှု သံရုံး မှ ယနေ့အတွက် ဆောင်ရွက်ပေးမယ့် သူပြည့်ပြီဆို စောဒကတက်ခွင့်မရပဲ ပြန်ရမှုစတာတွေကို ရှောင်ကွင်းနိုင်အောင်လုပ်ခဲ့တာဟု သိရပါသဖြင့် အလွန်မင်းဝမ်းသာခဲ့ရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့တိုးတက်မှုကိုလည်း ကြိတ်ဝမ်းသာခဲ့ရတာအမှန်ပါပဲ။ ဒီလိုနဲ့ ကျွန်မ ပတ်စပို့သက်တမ်းလည်း ကုန်တော့မှာဖြစ်လို့ Q ယူဖို့ စဉ်းစားလိုက်ပါတယ်။ Q ရယူနိုင်တဲ့ နေ့စွဲတွေကို ရွေးချယ်ကြည့်လိုက်တော့ ကျွန်မ ပတ်စ် ကုန်မယ့် နေ့ရက်နဲ့နီးကပ်နေတာ တွေ့ရလို့ စိတ်ပူသွားပါတယ်။
သံရုံးဝန်ထမ်းတွေများ တစ်ခုခု အကြံဥာဏ်ပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မ သံရုံးကို ဖုံးဆက်ပါတယ်  ။ အဲ့မှာလည်း နိုင်ငံခြားသူတစ်ယောက်ပဲလာကိုင်ပါတယ်။ သူ့က ကျွန်မ ကို သံရုံးပဲလာခဲ့ဖို့တွင်တွင်ပြောပါတယ်။ အရာရှိတစ်ယောက်ယောက်ကို ဖုန်းလွှဲပေးဖို့ ပြောတဲ့ အခါ လွှဲပေးဖို့ကြိုးစားပါတယ်။ ပြီးရင် ဘယ်သူမှဖုန်းမကိုင်ဘူး အကုန် အစည်းဝေးခန်းထဲရောက်နေတယ်လို့ပြောပါတယ်။ ကျွန်မ အပါအ၀င် တခြားသူငယ်ချင်းတွေရဲ့အတွေ့ကြုံအရ သံရုံးအရာရှိများ မည်သည့်အခါမှဖုန်းမကိုင်တတ်မှန်း သိထားပါတယ်။ အဲ့ဒါကြောင့် ကျွန်မ ထို နိုင်ငံခြားသူကိုမေးပါတယ် ။ အခုလွှဲပေးတဲ့ အရာရှိက ဘယ်သူလဲ။ တခြားအရာရှိမရှိတော့ဘူးလားဆိုတော့ အခုလွှဲပေးတာ ဦးတင်ဝင်း ပြီးတော့ တခြားသူတွေလည်းမအားဘူး နင် သံရုံးလာခဲ့လို့ပြောတယ်။ ကျွန်မလည်း ငါ ဘာလုပ်ရင် အဆင်ပြေနိုင်မလဲဆိုတာလေး အရာရှိတစ်ယောက်ဆီက အကြံဥာဏ်လေး သိရဖို့ ငါက ရုံးတရက်ဖျက်ရမယ်ဆိုတာ ဖြစ်သင့်သလား။ ပြီးတော့ ငါက သံရုံးကိုဖုန်းဆက်ပြီး သိချင်တာလေးမေးတာကို ငါ့ကို သံရုံးလာခိုင်းရအောင် ငါ ကသိပ်အားနေတယ်ထင်လား။ ဟုတ်ပြီ အရာရှိတွေကိုပြောလိုက် ။ ကျွန်မ နောက် ၃၀ မိနစ်မှာပြန်ဆက်မယ်။ အဲ့ဒီချိန်မှာ ဆက်လို့ မအားသေးဘူး ဒါမှမဟုတ် အစည်းဝေးထဲမှာဆိုရင် ကိစ္စမရှိသေးဘူး။ နောက်ထပ် ၃၀ မိနစ်မှာထပ်ဆက်မယ်။ ဆက်တိုင်းဆက်တိုင်းမှာ နင်ဘာပြောတယ် ဘယ်သူ့ကို လွှဲပေးတယ် အဲ့သူက ဘာပြန်ပြောတယ်ဆိုတာအားလုံးကို ငါ သက်သေယူထားမယ်။ သုံးခါမြောက်လို့မှ ဘယ်သူမှမဖြေဘူးဆို ရင် အဲ့ ဒီအကြောင်းအရာ ကို သက်ဆိုင်ရာကို ငါ သတင်းပို့မယ်လို့ပြောပြီး နှုတ်ဆက်ဖို့လုပ်ပါတယ်။ အဲ့တော့မှာ ခဏနေပါဦးဆိုပြီး သူ နောက်ထပ်ထပ်လွှဲပေးပါတယ်။ မသီရိအောင် ဆိုတဲ့ အမျိုးသမီး တစ်ယောက်လာကိုင်ပါတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ ။ ကျွန်မကို ကိုယ် ထုတ်စရာရှိတဲ့ နံပါတ်ကို ကိုယ်ထုတ်ပြီး သံရုံးလာပြီး အကျိုးအကြောင်းလာဆွေးနွေးဖို့ နဲ့ အဲ့လိုလူတွေကိုစဉ်းစားပေးတဲ့အကြောင်းပြောသွားပါတယ်။ ကျွန်မလည်း ကျေးဇူးတင်ကြောင်းပြောပြီးဖုန်းချလိုက်ပါတယ်။
ဒီမှာ ကျွန်မသုံးသပ်ချင်တာတွေရှိပါတယ်။
၁) နိုင်ငံသားတစ်ယောက်ဟာ အခြားနိုင်ငံတစ်ခုကို ရောက်ရှိနေပြီဆိုရင် သူတို့ရဲ့အဓိကအားကိုးရာ ဟာ သံရုံးပါ။  သံရုံးဆိုတာ မိမိနိုင်ငံသားကို အကာအကွယ်ပေးဖို့ တခြားနိုင်ငံက မိမိနိုင်ငံနဲ့ဆက်ဆံတဲ့ အခါအဆင်ပြေချောမွေ့ဖို့ ကိုယ်စားလှယ်အဖြစ်ထားတာလို့လက်ခံထားပါတယ်။ ဒီလိုနေရာမျိုးမှာ ဘာလို့ လုပ်ပိုင်ခွင့်မရှိ ဆုံးဖြတ်နိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသူတစ်ယောက်ကို Information ကောင်တာမှာထားထားပါသလဲ။
၂) တခြားသံရုံးများတော့မသိပါဘူးရှင်။ စင်ကာပူသံရုံးကတော့ မြန်မာနိုင်ငံရုံးပိတ်ရက် ရော စင်ကာပူနိုင်ငံရုံးပိတ်ရက် မှာပါ  ရုံးမဖွင့်ပါဘူး။ ရုံးဖွင့်ရက်တွင်လည်း မနက် ၉း၃၀ မှာ ညနေ ၅ နာရီထိပဲဖွင့်ပါတယ်။  ကျွန်မယူဆတာကတော့ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံသူနိုင်ငံသားတွေ အဆင်ပြေရေးကို ဦးစားပေးသင့်တယ်လို့ ယူဆပါတယ်။ နိုင်ငံခြားမှာ လာရောက်အလုပ်ကိုင်တဲ့သူတွေ ကို အဆင်ပြေစေချင်တဲ့ စေတနာ တစ်စုံတစ်ရာသာရှိမယ်ဆို ရုံးပိတ်ရက်မှာ သံရုံးဖွင့်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ အခုလောလောဆယ်တော့ မည်သည့် ကိစ္စကြီးငယ်ရှိသည်မဆို သံရုံး နှင့်ပက်သက်ပါက အလုပ် ကျောင်း တို့ကို မဖျက်မနေရဖျက်ရပါတယ်။ ဒိလိုဖျက်လို့ လွယ်ကူ အဆင်ပြေစွာပြီးမြောက်မယ်လို့လည်း မှန်းထားလို့မရပြန်ပါဘူး။ ငါ့ ဘာများ ရစ်ဦးမလဲ ဆိုတာကို ပဲ ရင်တထိတ်ထိတ်နဲ့ပါ။ ဖြစ်နိုင်ရင်  Shift နဲ့ ဖြစ်စေ သံရုံး ကို စနေတနင်ဂနွေမှာပါ ဖွင့်စေချင်ပါတယ်။ ကျွန်မ အမြင်တော့ ယခု စင်ကာပူမြန်မာသံရုံး၏ ပေါ်လစီတွင် ၀န်ထမ်း အခွင့်ရေးကိုသာ ဦးစားပေးထားရွေ့ ပြည်သူ့လိုအပ်ချက်ကို ထည့်သွင်းမစဉ်းစားထားဘူးဆိုတာ သိသာထင်ရှားပါတယ်။

ဒါက ဖုန်းဆက်တဲ့ ပြဿနာပါ။

တနေ့က ဖြစ်ပျက်သွားတဲ့ စင်ကာပူမြန်မာသံရုံးနဲ့ပက်သက်တဲ့ ကျွန်မအတွေ့ကြုံကတော့ ထင်တာထက်ကို ပိုဆိုးပါတယ်။
အဲ့ဒီနေ့က ၂၃ ရက် ဧပရယ်လ ၂၀၁၂ ခုနှစ်ပါ။ အွန်လိုင်း မှ Q နံပါတ်ရယူပြီး ပတ်စ်ပို့သက်တမ်းတိုးဖို့ ကျွန်မရုံးမှခွင့်ယူ ပြီး မြန်မာသံရုံးသို့ သတ်မှတ်ထားတဲ့ အချိန်ရောက်အောင်ထွက်လာခဲ့ပါတယ်။
သံရုံးနားအရောက်မှာတော့ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်။ လူပေါင်း ၅၀၀ လောက် ကိုယ့်ရှေ့မှာတန်းစီနေတာကိုတွေ့လိုက်ရလို့ပါ။ နောက်တော့ အွန်လိုင်း စနစ်မှားယွင်းပြီး အကန့်သတ်မရှိ Q နံပါတ်ထုတ်ပေးမိတာဖြစ်ကြောင်းသိရပါတယ်။ မေးမြန်းကြည့်တော့ စနစ်ပျက်နေတယ်ထင်လို့ မသင်ကာလို့ သံရုံးကို အီးမေလ် ပို့ခဲကြောင်း သို့သော်ရတယ် လာခဲ့ဟုသာ အကြောင်းပြန်ခဲ့ကြောင်းသိရပါတယ်။ ဒါနဲ့ စောင့်နေရင်း မနက် ၁၀ နာရီနီးပါးလောက်မှာ ၀န်ထမ်းကားတွေရောက်လာပြီး သံရုံးစဖွင့်ပါတယ်။ လူတန်းကြီးအရှည်ကြီးကိုလည်းမြင်ပါတယ်။ (မှတ်ချက် ။ ။ သံရုံးတွင်၁၀၀ ကျော်ပါက ပလက်ဖောင်းပေါ်တွင်သာ ထိုင်စရာ မတ်တပ်ရပ်စရာရှိပါတယ်)
သူတို့တစ်ခုခုလုပ်မယ်လို့မျှော်လင့်ခဲ့ပေမယ့် ဘာမှလုပ်ဆောင်တာမတွေ့ရပါဘူး။ အဲ့ဒီချိန်မှာ ရုတ်တရက်ကြေငြာလိုက်တာက စာရွက်တွေထပ်လိုက် Q နံပါတ်ပြန်ပေးမယ် ဆိုတာပါ။ အမှားအယွင်းက အဲ့ မှာစတာပါ။ တကယ်ဆို လူတွေက တစ်ယောက်ချင်း အတန်းလိုက်စီနေတာပါ ။ တစ်ယောက်ပြီးတစ်ယောက် တလှည့်စီဝင်သွားရင်ဒီလောက်ပြဿနာမကြီးနိုင်ပါဘူး။ စာရွက်ပေးဆိုတာနဲ့ လူတွေကလည်းဝုန်းဆို အနားရောက်သွားပြီးဝိုင်းပေးကြတာပေါ၊ အရင်ရောက်တဲ့သူတွေကနောက်ရောက်လိုရောက် နောက်ကလူတွေရှေ့တက်နဲ့ ရှုပ်ရှက်ကိုခတ်ကုန်တော့တာပါပဲ။ ၁နာရီလောက်ကြာတော့ စာရွက်ထပ်တာ ပြီးသွားတွေ့ Q နံပါတ်ပေးဖို့ နံမည်စခေါ်ပါတယ်။ ခေါ်ရင်းခေါ်ရင်းနဲ့ နေ့ ခင်းရောက်သွားတော့ နံပါတ် က ၅၀၀ ကျော်သွားတယ်။
  အဲ့ဒီချိန်မှာအော်တယ် အခု ၅၀၀ ကျော်က စပြီးခေါ်တဲ့နံပါတ်တွေကို နောက်နေ့မှပြန်လာခဲ့တဲ့
  တောင်းပန်ခြင်းအာမခံချက်ပေးပြီး  အကျိုးကြောင်းရှင်းပြခြင်းမရှိဘဲပြန်ခိုင်းတော့ လူတွေက ဒေါသထွက်ကုန်တယ် ။ငါတို့ ဒီလာတာ အားလို့လာတာမဟုတ်ဘူး
  ခွင့်ယူရတယ် မလွယ်ဘူး ဘာညာပြောတော့ ပြင်းပြင်းထန်ထန်ပြောတဲ့ လူတွေကို ရှေ့တက်လာခဲ့ဆိုပြီး ၀န်ထမ်းက စိန်ခေါ်တယ်(ကြားပဲကြားရတာပါ။ လူအုပ်နဲ့ ဘယ်ဝန်ထမ်းဆိုတာကျွန်မမမြင်ရပါဘူး ။ တကယ်တက်သွားပြီးထိန်းမရတော့မှန်းသိမှ ငြိမ်သွားတယ် ။)  ။ လူတွေက နင်တို့ လည်းမ ပြန်နဲ့ ငါတို့လည်းစောင့်မယ်ဆိုပြီးစောင့်ကြတယ်။
  အဲ့ဒီမှာ ပထမဆုံးအဆင့်က လိုအပ်တဲ့ စာရွက်စာတမ်းစစ်ဆေးခြင်း။အဲ့ အဆင့် က စာရွက် ၃ ရွက် ပါမပါစစ်တာ။  အနည်းဆုံး တစ်ယောက်ကို ၂ မိနစ်ကြာရင် လူ ၁၀၀၀ ကိုစဉ်းစားကြည့် ။ပြီးတော့ လုပ်ငန်းစဉ်တိုင်းကို တဆင့်ပြီးတဆင့် အဆင်ပြေအောင် စီစဉ်ထားခြင်းမရှိဘူး ။  တစ်ခါပြီးတိုင်း နောက်တဆင့်အတွက် အစကပြန်တန်းစီရတယ်။
အဲ့ အဆင့်ပြီးရင် အခွန်တွက်ချက်ခြင်း  အခွန်ပေးဆောင်ခြင်း  ပတ်စ်ပို့ သက်တမ်းတိုးဖို့ ဓါတ်ပုံရိုက်ခြင်း ဆိုတဲ့ အဆင့်တွေကို အဆင့်တိုင်းအဆင့်တိုင်း တန်းစီပြီးလုပ်ဆောင်ရတယ်။
ထိုင်စရာ အလုံအလောက် နားခိုးရာအလုံအလောက်မရှိလို့ လမ်းပေါ်မှာထိုင်ခဲ့ရတယ်
အသက်ကြီးတဲ့ လူကြီးတွေအပေါ်ဦးစားပေးခြင်းဆိုတာလုံးလုံးမတွေ့ရဘူး။  ဒါပေမယ့် သူတို့ လုပ်ပေးနေတာပဲဆိုပြီးဘယ်သူမှ စောဒကမတက်ဘူး။ အဖိုးကြီးအဖွားကြီးတွေစောင့်ရှာတယ်။
နောက်တနေ့ မနက် ၄ နာရီမှာ အဖိုးကြီး အဖွားကြီးလင်မယား အလှည့်ရောက်တယ်
အဲ့ဒါနဲ့ အဲ့ဒီဝန်ထမ်းက ဘာပြောလဲဆိုတော့ အဖိုးကြီးအဖွားကြီးကို သက်တမ်းမတိုးပေးနိုင်ဘူးတဲ့  ဘာလို့လဲဆိုတော့ သူတို့ သမီးက အခွန်မကြေလို့တဲ့။ ဒါနဲ့ သူတို့ကပြန်ပြောတယ်
မင်းတို့ အခွန်ဆောင်လို့ ငါ့ သမီးကပတ်စ်ပို့ကိုင်ထားတာ သူ့ပတ်စ်ပို့ကလည်းသက်တမ်းရှိတယ်

သူအဲ့သက်တမ်းကုန်ရင်လည်း မဆောင်မနေရ ဆောင်ရမှာ။  ဒါဥပဒေနဲ့ညီတယ်ဆိုတာကို ခင်ဗျားချင်းကိုထပ်နေတာပဲဝန်ထမ်းကပြန်ပြောတာ။ အဖွားကြီးအဖိုးကြီးလည်း မင်း ငါတို့ကို ခင်ဗျားချင်းထပ်နေအောင်ပြောစရာမလိုဘူး မင်း အဖေအရွယ်လောက်ရှိတယ်ဆို ပြီး ဒေါသထွက်ကြပြီး အော်တာ ဟစ်တာတွေဖြစ်ကုန်တယ်။ သူကတော့မခိုးမခန့်နဲ့ တခြားဘယ်ဝန်ထမ်းကမှလည်း စိတ်ဝင်စားဟန်မပြပါဘူး ပြည်သူတွေပဲမခံနိုင်လို့ဝိုင်းပြောပေမယ့်မရပါဘူး ။ကျွန်မ က ကင်မရာနဲ့သွားရိုက်တော့ ကျွန်မ ဆီက ကင်မရာတောင်းတယ်။ကျွန်မလည်း ဘာလို့ပေးရမှာလဲ ငါ ဘာဥပဒေမှမဖောက်ထားဘူး နင်တို့ က မဟုတ်တာလုပ်တော့ ဘယ် အရိုက်ခံနိုင်မလဲလို့ ပြန်အော်လိုက်တယ် ။ အဲ့ဝန်ထမ်းကို ဓါတ်ပုံရိုက်တဲ့သူက ရိုက်နေတာ့ အထဲဝင်သွားရော။ ကျွန်မ ကင်မရာမှာတော့ သူ့ပုံပါမလာဘူး။ သူငယ်ချင်း ဆီမှာပါမယ်ထင်တယ်။   ကျွန်မတို့ မနက် ၆ နာရီမှ ပြန်ရတယ် ။တချို့တွေဆို နောက်နေ့ ၁၂ နာရီမှ။  နေ့ခင်းလောက်ကလည်း ကျွန်မ အရာရှိနဲ့သွားညှိတယ်
စာရွက်စာတမ်းစစ်ဆေးတဲ့ အဆင့်ကို စေတနာ့ဝန်ထမ်းစုပေးမယ် ။ အရာရှိတယောက် ကြည်းကြပ်မလားလို့ပြောတယ်။မြန်သွားအောင်လို့။  လက်မခံပါဘူး။ အဖြစ်ကတော့အဲ့ဒါပဲ ။
အစောကြီးကတည်းက လူတွေကို ပြေပြေလည်လည်ရှင်းပြ တောင်းပန်သင့်တောင်းပန် ညှိနှိုင်းသင့်ညှိနှိုင်းလုပ်ခဲ့မယ် ဆို ဒီလို အဖြစ်မျိုးတွေမဖြစ်ပါဘူး။ နောက်ဆုံး သတင်း ကတော့ ကျွန်မ တို့ ပတ်စ်ပို့တွေ ကို ၂၄ ရက်နေ့ ညနေ ၅း၃၀ ချိန်းပေမယ့် ၆း၃၀ မှ စပြီးနံမည်ခေါ်ခဲ့ပြီး ၂၅ ရက်နေ့ မနက် ၈ နာရီကျမှ ပတ်စ်ပို့ လက်ထဲရောက်ပါတယ်။

 နိုင်ငံတကာမှာ Senior Citizen ဆိုတာကို ဦးစားပေးတယ်။အခုတော့ မိုက်ရိုင်းချက်က ကမ်းကုန်တယ်
 တကယ်ဆို အဖိုးကြီးအဖွားကြီးတွေပါတာမြင်ကတည်းက တာဝန်ရှိသူတစ်ယောက်က လာခေါ်သွားပြီး  VIP Facility လုပ်ပေးရမှာ။  အခုတော့ စဉ်းစားကြည့်။ တကယ်ပဲ Rule ဖြစ်ခဲ့ရင်တောင် အပြေလည်ဆုံးနည်းလမ်းတစ်ခုကိုစဉ်းစားပေးသင့်တာ။
သံရုံးက ပြည်သူနဲ့ ပြဿနာဖြစ်မှ မဖြစ်မနေလုပ်ပေးတာကလွဲပြီးဘာတာဝန်ယူမှုမှမရှိဘူးဆိုတာကို ထင်ရှားပါတယ်။ ပြည်သူအပေါ်မှာလေးစားခြင်း မရှိသလို အရာရှိတွေအနေနဲ့ PROBLEM SOLVING ပြဿနာ ဖြေရှင်းတဲ့ အရည်အချင်း အရလည်း လုံးဝကို ဟိုးအောက်ဆုံးမှာပါ။ အစကတည်းကသာ လူတွေကို စနစ်ချို့ယွင်းတဲ့ အကြောင်းအကြေအလည် ယဉ်ယဉ်ကျေးကျေးပြောပြမယ် တခြားလက်ခံနိုင်တဲ့ အဖြေတစ်ခုခု ပေးဖို့ကြိုးစားမယ် (ဥပမာ သက်ကြီးရွယ်အိုနဲ့ တခြား မလုပ်မဖြစ်လူတွေကို အရင်ဦးစားပေးပြီး အလျင်မလိုတဲ့သူတွေကိုလည်း နောက်ထပ် အလုပ်အကိုင်မပျက်ရအောင် စနေ တနင်ဂနွေမှာ အစားထိုးလုပ်ပေးသွားမယ်ဆိုတာမျိုးသာကြေငြာခဲ့ရင် သူတို့လည်း ဒီလောက်မပင်ပန်းသလို လူထုလည်း ဒီလောက်ဒုက္ခမရောက်ဘူးဆိုတာ သေချာပါတယ်။ ၂၄ ရက်နေ့လာတဲ့သူတွေကိုတော့ တနင်ဂနွေချိန်းတယ်လို့ကြားပါတယ်။

အချုပ်အနေနဲ့သုံးသပ်ရင် ၀န်ထမ်းအပါ ၀င်သံရုံးအကြီးအကဲမှာပါ ပြည်သူအပေါ်တကယ်ပဲ စဉ်းစားပေးတတ်တဲ့ စေတနာရှိပါရဲ့လား။ တကယ်လို့စဉ်းစားပေးတဲ့စေတနာရှိတယ်လို့ ပြန်ငြင်းခုန်မယ်ဆို ကျွန်မတို့နိုင်ငံရဲ့ ၀န်ထမ်းတွေ အရည်အချင်း ဟာ ရင်လေးဖွယ်သံသယရှိစရာပါ။ ဘယ်မှာလဲ ယဉ်ကျေးမှုဆိုတာကရော။ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘတ်စ်ကားစီးရင်တောင် လူကြီးတစ်ယောက်တက် လာရင် လာအမေထိုင် အဘ ထိုင်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေရှိနေသေးတယ်ဆိုတာကိုပါ။ ဒါတွေကို သံရုံးဝန်ထမ်းတွေမှာဘာလို့မတွေ့ရတာလဲ။ ပြည်သူတွေထဲကတော့ နီးစပ်ရာ အဘိုးအဘွား နဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လက်လှမ်းမှီသလောက်ကူညီနေတာ တွေ့ရလို့ဝမ်းသာစရာပါ။

ဒီစာကို ဖတ်မိတဲ့ မီဒီယာသမားများ အရာရှိအရာခံများ ဒီလို ဌာနမျိုးကို ဘယ်လို ကိုင်တွယ်သင့်လဲ ဘယ်လို အရေးယူသင့်လဲဆိုတာကို ၀ိုင်းဝန်းဆုံးဖြတ်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ်ရှင်။


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24005] Fwd: 10 Crazy And Awesome Balconies

10 Crazy And Awesome Balconies


The common unique thoughts one would think off is a high rise, a levitated airport, or the pyramids of Giza. No one will ever imagine that there are balconies that would mind boggle ones imagination. Here is a list of the 10 Awesome Balconies.

1) Swimming pool balcony

10 Crazy And Awesome Balconies

These unique swimming pool balconies are a part of the skyscrapers located in Mumbai. The 37 storey skyscrapers are known as Aquaria Grande. This exceptional design has swimming pools enclosed in glass instead of balconies. It is the outcome of a collaboration between James Law, a Hong Kong based architect and Wadhwa Group, an Indian real estate company.

2) Underground balcony

10 Crazy And Awesome Balconies

If you thought that all balconies are supposed to be above the ground, then think again. In Japan, a very chic home called Sukiya House contains a distinctive underground tunnel that also serves as a balcony. It has been designed by architect Yukiharu Suzuki.

3) Willis Tower balcony

10 Crazy And Awesome Balconies

These four glass-box viewing balconies are part of the Sears Tower in Chicago, the tallest building in America. They are placed at a height of 1,353 feet above the ground and extend four feet from the building's Skydeck. If you're not afraid of heights then this is the place for you to be as it offers splendid views of Chicago. They make the visitors feel like they're floating above the city.

4) VM House's balconies

10 Crazy And Awesome Balconies

These balconies have been designed more for functional reasons rather than aesthetic ones. They are located in VM House, an apartment house that consists of two buildings. They are in the shape of letters 'V' and 'M' which seem to hug each other. They appear like the spikes of a hedgehog as they jut out from the fascia of the apartment. What makes this house especially striking is that the interior is visible from the outside due to the glass curtain wall covering the front of the apartment. These balconies were designed to let in ample sunlight into each home and to give an opportunity for maximum communication with people in the neighboring apartments.

5) Block balconies

10 Crazy And Awesome Balconies

Located in Izola on the Slovenian coast, this housing block offers authentic and affordable options for you to live. It has been designed to target young families and each of the two apartment buildings contains 30 flats of varying sizes ranging from studios to three-bedroom flats. These unique trapezoidal-shaped balconies allow for more spacious areas taking into account the limited area of each unit. They also offer direct views of the sea. The team of Ofis Arhitekti won a national design competition for their apartment design.

6) Teacup balcony

10 Crazy And Awesome Balconies

Ever had the wild notion of wanting to sit in a teacup? Well then this is your chance. These attention-grabbing balconies were part of a promotional strategy to market the range of teas produced by Niimi.

7) Car balcony

10 Crazy And Awesome Balconies

A private, safe and convenient parking space is a rare thing. German architects Manfred Dick and Johannes Kauka have come up with a concept that includes privacy, convenience, safety as well as an added luxury of a car elevator that lifts the car to the respective apartment. This concept involves a simple procedure of driving to the car elevator, pressing the button and reaching your swanky penthouse. The advantages entail unloading your groceries, having the car right in front of you, and protection from kidnapping.

8) Hammock Portable balcony

10 Crazy And Awesome Balconies

This is an ideal solution if you want your own space and get a little fresh air in the process. Designed by G10 Design, the 'Hommokum' is an interesting type of hammock that clips onto the portico of your apartment. It has been specially designed for people in Amsterdam, known as "Amsterdammers" as most of the houses here don't have a balcony.

9) Noida's Residential Project balcony

10 Crazy And Awesome Balconies

Noida, once a shadow of Delhi, today has grown into a commercial hub with a strong economic identity for itself. In order to cater to this large demand many luxurious and exclusive housing have sprung up around the city. One such project that stands out has a distinctive balcony. This 80m mid-rise residential project contains a park and a golf course.

10) Bloomframe balcony

10 Crazy And Awesome Balconies

This bloomframe balcony made from steel, glass and aluminum is a novel window frame that can be transformed into a balcony. It has been designed by Hofman Dujardin Architects and manufactured by Hurks Geveltechniek. It has received the 2008 red dot design award in the product design category.




--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[aurorageneration] အရူးလွယ်အိတ်ကတွေ့လို့ပြန်မျှဝေပေးလိုက်ပါတယ် မလေးရှားကို အိမ်ဖေါ်လာလုပ်မယ့် မြန်မာမိန်းကလေးများ သိရှိနားလည်ကြစေရန် ပြန်လည် မျှဝေနိုင်ကြပါစေ



---------- Forwarded message ----------
From: Yan Linn <yanlinn005@gmail.com>
Date: Fri, Apr 27, 2012 at 7:57 PM
Subject: အရူးလွယ်အိတ်ကတွေ့လို့ပြန်မျှဝေပေးလိုက်ပါတယ် မလေးရှားကို အိမ်ဖေါ်လာလုပ်မယ့် မြန်မာမိန်းကလေးများ သိရှိနားလည်ကြစေရန် ပြန်လည် မျှဝေနိုင်ကြပါစေ
To:


မလေးရှားဝန်ကြီး၏ မုဒိန်းကျင့်ခံရသော အင်ဒိုနီးရှားအိမ်ဖော်နှင့် မလေးရှားဥပဒေ

 

မလေးရှားဝန်ကြီး၏ မုဒိန်းကျင့်ခံရသော အင်ဒိုနီးရှားအိမ်ဖော်နှင့် မလေးရှားဥပဒေ

နွားကျောင်းသား (Friend Ever)

ဧပြီ ၂၆၊ ၂၀၁၂

မလေးရှား ကဘိနက် (Cabinet) ၀န်ကြီးတစ်ဦးက သူ့အိမ်ဖော်ကိုမုဒိန်းကျင့်သည့် လူမဆန်သည့်လုပ်ရပ်အတွက် မည်သို့သောတရားစီရင် မှုမှပေါ်ထွက်မလာဘဲ ၀န်ကြီးအဖွဲ့မှ ဖုံးဖိကာကွယ်ပေးခြင်း၊ သတင်းမထွက်ပေါ်စေခြင်း၊ သတင်းထွက်ပေါ်အောင် ဘလော့များမှ တစ်ဆင့်တင်ပြသူများကိုဖမ်းဆီးခဲ့ခြင်း စသောလုပ်ရပ်များကြောင့် မလေးရှားသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့်တရားမျှတမှု အဆင့်နိမ့်ကျသော နိုင်ငံတစ်ခုအဖြစ် ရောက်ခဲ့သည်။

 

Robengah (MeRobekNgah)
 

လွန်ခဲ့သောရက်သတ္တတစ်ပတ်က မလေးရှားဘလော့ဂါများသည် သူတို့ဘလော့များတွင်၊ မလေးရှား၏ လက်ရှိတာဝန် ထမ်းဆောင်နေသော ၀န်ကြီးတစ်ဦးက သူ၏အိမ်ဖော်ကို မုဒိန်းကျင့် ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ (ယခင်ဝန်ကြီးချုပ် Tun Abdulla Ahmad Badawi လက် ထက် -၂၀၀၇- ခုနှစ်)။ (ထိုအချိန်က Najib Abdul Razak သည် ဒုတိယ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေခဲ့သည်)။

 

ဝန်ကြီးချုပ် Badawi သည် ဤမတရားမှုကိုဖုံးဖိပေးခဲ့ပြီး၊ ထိုဝန်ကြီးအား တာဝန်ရာထူးကို ဆက်လက်ထမ်းဆောင်စေခဲ့သည်။ ကဘိနက် (Cabinet) အဖွဲ့တွင်လည်းမည်သို့သော ဝေဖန်မှုမှမရှိဘဲ၊ သတင်းမထွက်ပေါ်အောင်၊ အားလုံးသေချာစွာ ဆောင်ရွက်ခဲ့ကြသည်။ မတရားမှု ခံခဲ့ရသောမိန်းခလေးကို အင်ဒိုနီးရှားသို့ ချက်ချင်းပြန်လည်ပို့ဆောင်ခဲ့သောကြောင့်၊ သူမအမှုမှာ မလေးရှားတရားဥပဒေ၀န်းကျင်တွင် လုံးဝ ဖော်ပြခွင့်မရခဲ့ရှာပါ။

 

သူမ အင်ဒိုနီးရှားနိုင်ငံသို့ပြန်ရောက်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေး (အင်ဒိုနီး ရှား ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့) မှ ကြိုး ပမ်းဖော်ထုတ်သောအခါတွင်မှ၊ ထိုအဖွဲ့သို့တင်ပြ၍ အစီ အရင်ခံစာထွက်ပေါ်ခဲ့သည်။

 

ထိုဖြစ်ရပ် မှန်၊ မမှန်ကို မည်သူမှ ဝေဖန်ခြင်းမပြုမီ မလေးရှားဘလော့ဂါတချို့မှ ၀န်ကြီးနာမည်ကို ဖော်ထုတ်ခဲ့ကြသည်။ ၀န်ကြီးအဖွဲ့မှမည် သို့သော် ပြောဆိုမှု၊ ထုတ်ပြန်မှုတို့နှင့်မှ မတုံ့ပြန်ခဲ့ပါ။

 

အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေးသည် အစီအရင်ခံစာကို အင်တာနက်စာ မျက်နှာများပေါ်တင်ခဲ့ရာ၊ ၀န်ကြီးအမည်နှင့် အိမ်ဖော် အမည်ပါသော စာမျက်နှာဟူသမျှအားလုံး၊ အဟက် (Heck) ခံရခြင်း၊ ဖျက်ဆီးခံရခြင်းများ ရှိခဲ့သည်။ သို့သော် အချို့ဘလော့ဂါများ မှာ အချိန်မီသတင်းအတိအကျ ရခဲ့ကြသည်။ အချို့စာမျက်နှာများမှာ တိုက်ခိုက်ရန်ခက်ခဲ၍၊ ၀န်ကြီးနာမည်နေရာကို အနက်ရောင်ဟိုက်လိုက် (High-light) ဖြင့် ပိတ်ထားနိုင်အောင်ထိ မလေးရှားဘက်မှဆောင်ရွက်ခဲ့သည်။ သို့သော် Wikileaks စာမျက်နှာပေါ်ရောက်သွားသည့် အ ချိန်တွင် ဖုံးဖိ၍မရနိုင်တော့ပါ။

 

အစိုးရလက်ကိုင် မလေးရှားရဲများကလည်း ဤအမှုသတင်းပေါ်ထွက်ခဲ့သောကြောင့် များစွာခုခံပြောဆိုခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များက ဖြေရှင်းချက်များရှင်းလင်းချက်များ ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း၊ ဒုတိယ၀န်ကြီးချုပ် နာဂျစ် (ယခုဝန်ကြီးချုပ် နာဂျစ်) သည် အဖက်ဖက်မှ ခုခံကာကွယ်ဖုံးဖိခဲ့သဖြင့်၊ တရားမျှတမှုနှင့် တရားစီရင်မှုများ မရှိခဲ့ပါ။

 

မလေးရှားအစိုးရသည် အံ့သြစရာကောင်းလောက်အောင် ဥပဒေကိုမထီမဲ့မြင်ပြုခဲ့သည်။ Wikileaks မှ ဤအမှုကိုဖွင့်ချခဲ့သည့်အချိန်၌ မ လေးရှားအစိုးရအဖွဲ့သည် သူတို့အတိုက်ခံပါတီခေါင်းဆောင် Anwar Ibrahim ကို မဟုတ်မတရားစွပ်စွဲပြီး၊ အများပြည်သူများ သို့လော သို့ လောထင်မြင်အောင် အာရုံလွှဲခဲ့ကြသည်။ Wikileaks ၏ဖော်ထုတ်မှုကြောင့် အင်တာနက်စာမျက်နှာများသို့ ပြန့်နှံ့ခဲ့သည်။

 

Wikileaks ဖွင့်ချမှုအရ၊ ယခင်မလေးရှားဝန်ကြီးချုပ် Abdullah Ahmad Badawi တာဝန်ထမ်းဆောင်နေစဉ်၊ ဤအမှုဖြစ်ပွားခဲ့သည်။

 

ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံနှင့် နိုင်ငံရေးရာပြဿနာများရှိလာနိုင်သည့်အတွက် မျက်ကွယ်ပြု ကာကွယ်ပေးခြင်း၊ ဖုံးဖိပေးခြင်းများ ပြု လုပ်ခဲ့သည်ဆိုပါသည်။ ထိုစဉ်က ယခုလက်ရှိဝန်ကြီးချုပ်နာဂျစ်သည် ကဘိနက်တာဝန်ရှိသူဖြစ်ခဲ့သည်။ နာဂျစ်ဝန်ကြီးချုပ်ဖြစ်လာသည့် ယခုအချိန်ထိလည်း အမှုကိုဖုံးဖိထား ဆဲဖြစ်ပါသည်။

 

အင်ဒိုအိမ်ဖော်ကို သူမုဒိန်းမကျင့်ပါဟုပြောသော …. Rais Yatim
 
ရိုက် (စ) ယာတင်
 

အင်တာနက်အွန်လိုင်း စာမျက်နှာများပေါ်တွင်ဖော်ပြခဲ့သည့် အင်ဒိုနီးရှားအိမ်ဖော်ကို မုဒိန်းမှုကျူး လွန်သောဝန်ကြီးဆိုသူမှာ သတင်းဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဖြစ်သူ Rais Yatim ဖြစ်ပါသည်။ သူသည် သူအပေါ်စွပ်စွဲသောမုဒိန်းမှုကို သူလုံးဝမလုပ်ခဲ့ကြောင်း၊ ငြင်းဆိုခဲ့သည်။ ယင်းမှာ အတိုက်ခံပါတီနှင့် နိုင်ငံရေးသမားဘလော့ဂါများက သူ့အားနာမည်ဖျက်သိက္ခာကျအောင် ပြုလုပ်ခြင်းသာဖြစ် သည်ဟု ကြေငြာခဲ့သည်။

 

ရိုက် (စ) ယာတင်နှင့် ဘာဒါဝီ
 

သူက သူကိုဤအမှုနှင့် ပတ်သက်၍ ရေးသားစိန်ခေါ်မှုမှန်သမျှကို နိုင်ငံတရားရုံးတွင်ဖြေရှင်းလိုက အချိန်မရွေး ဖြေရှင်းမည်ဟု ပြောခဲ့သည်။ (Wikileaks ကဖွင့်ချပြီး)

 

သူသည် သူ့အကြောင်းရေးသားသောဘလော့ဂါကို ရဲစခန်းတွင်အမှုဖွင့်ခဲ့သည်။ သို့သော် ရဲများက စစ်ဆေးမှုများပြုလုပ်သည့်အခါ၊ ရေး သားထားသောအချက်အလက်များမှာ NGO အစီအရင်ခံစာများနှင့် Wikileaks တို့မှ ကိုးကားထားသည်ကိုတွေ့ရ၍ ဘလော့ဂါကို တိုးတိုး တိတ်တိတ် ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် Rais သည် သူ့အားကာကွယ်ပေးသော ၀န်ကြီးအဖွဲ့ကိုသာ အားကိုးရတော့သည်။

 

ဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ
 

ဘလော့ဂါက ဖြေရှင်းချက်ထုတ်သည်မှာ သူသည် စွပ်စွဲသူမဟုတ်၊ သူကြားသည်ကို စမ်းစစ်၍ရေးသည်။ အထောက်အထားခိုင်လုံသည်ကို သူကိုးကားသည်။ Rais Yatim သည်လည်း ယခင်က သတင်းလွတ်လပ်မှုကိုအားပေးသူအဖြစ်နာမည်ရ၍ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။ သူပြောခဲ့သောမိန့်ခွန်းတစ်ခုမှအဆိုအရ၊ သတင်းသမားဟူသည် နိုင်ငံရေးနှင့်နယ်ပယ်အသီးသီးမှ ပြည်သူအတွက်ကိုယ်စားပြုဆောင်ရွက် နေသူများကို တစိုက်မတ်မတ်စောင့်ကြည့်ထိန်းကြပ်ပေးသူများဖြစ်သည့်အတွက် နိုင်ငံတွင် မရှိမဖြစ် လိုအပ်သည်ဟုပြောခဲ့သည်။ သူပြောခဲ့ သည် ကိုကိုးကား၍ အများက လွပ်လပ်စွာစုံစမ်းရေးသားခွင့်၊ မေးမြန်းခွင့်နှင့် ဖြစ်ရပ်မှန်ကို ကြေငြာချက်ထုတ်ပေးရေးတို့အတွက် တောင်း ဆိုခဲ့ကြသည်။ (Malaysiakini News)

 

ဘလော့ဂါများစွာတို့သည် ဤကိစ္စကိုရေးသားခဲ့ကြပြီး၊ အများပြည်သူကို သိအောင်သတင်းပေးခဲ့သည်။ ယင်းတို့အနက်မှ ဘလော့ဂါ Bunny Bru (Rocky Bru) ၏ရေးသားချက်ကို ဖော်ပြလိုက်ပါသည်။ သူ၏ရေးသားချက်ကို က၀ီကီလိ (ခ) ဖွင့်ချစာမျက်နှာတွင် ကိုးကားခဲ့သည်။

 

တရားခံ ရိုက်(စ)ယာတင် ဒီလို ပြစ်ဒဏ်ခံရသင့်တယ် (၀ီကီလိ (ခ) မှ ပုံတစ်ပုံ)
 

ဘလော့ဂါ Bunny Bru ရေးသားဖော်ထုတ်ခဲ့သောသတင်း….

• ၀ီကီလိ (ခ): မလေးရှားထိပ်တန်းနိုင်ငံရေးသမားနှင့် သူအိမ်ဖော်အတွင်းရေး? ၂၃ ဒီဇင်ဘာ ၂၀၁၀
(၀ီကီလိ (ခ) ကရေးသောခေါင်းစဉ်)

အိမ်ဖော်လေးကို မုဒိန်းကျင့်သတဲ့လား ။ ။ (၂၀၀၇)။ ကျနော်အနေနှင့် မည်သို့ပင်ဖြစ်စေဤအကြောင်းအရာကို စိတ်ထိန်းစေကာမူ၊ မရနိုင် သဖြင့် ရေးသားလိုက်ရပါသည်။ ၀ီကီလိ (ခ) က ဖွင့်ချခဲ့သောစာများတွင် မလေးရှားကဘိနက်အဖွဲ့ဝင်ဝန်ကြီးတစ်ဦးက သူ့၏အိမ်ဖော်အင်ဒို နီးရှားနိုင်ငံသူကို မုဒိန်းကျင့်သည်ဟုတွေ့လိုက်ရသည်။

 

သေချာမသေချာသည်ကို ကျနော် မည်သို့မှမပြောနိုင်ပါ။ မပြောလိုပါ။ သို့သော် တချို့အသိုင်းအ၀ိုင်းတွင် တိုးတိုးတိတ်တိတ်ပြောဆိုနေကြပါသည်။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအစိုးရအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့များ (NGOs) ကလည်း ဤအမှုသည် ဖြစ်ခဲ့သည်ဟု ရေးသားအစီအရင်ခံမှုများရှိနေသည်ကို ကြားသိရသည်။

 

ရိုက် (စ) ယာတင်အမှုနှင့်ပတ်သက်၍ ၀ီကီလိ (ခ) မှ ပုံတစ်ပုံ
 

မုဒိန်းမှုမှာ လွန်ခဲ့သော (၃) နှစ်က ဖြစ်ခဲ့သည်။ အစီအရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းအလယ်ပိုင်း၊ ရွာလေးတရွာတွင် နေထိုင် သော အိမ်ဖော်ထံသို့သွားရောက်၍ မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုမှရလဒ်ကို အစီရင်ခံစာပြုလုပ်၍ အမေရိကန်သံရုံး၊ အင်ဒိုနီးရှားသံရုံးတို့ မှ ထိပ်တန်းအရာရှိများသို့ တင်ပြခဲ့ကြောင်းသိရသည်။ ထိုသတင်းရင်းမြစ်အဆိုအရ အစီရင်ခံစာကော်ပီတစ်စုံကို ၀န်ကြီးချုပ်ရုံး သို့ပေးပို့ခဲ့ ကြောင်း သိရပါသည်။ (ထိုအချိန်က ၀န်ကြီးချုပ်အဖြစ် Abdullah Ahmad Badawi)

 

အိမ်ဖော်လေးသည် ထိုနိုင်ငံရေးသမားအိမ်တွင် အမှုမဖြစ်ပေါ်ခင် (၈) နှစ်မှစ၍ အိမ်ဖော်အလုပ်လုပ်ခဲ့သည်။ သူမသည် အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်းအလယ်ပိုင်းမှဖြစ်ပြီး၊ အိမ်ထောင်သည်တစ်ဦးဖြစ်ကာ၊ ကလေးနှစ်ယောက် မိခင်လည်းဖြစ်ပါသည်။ အစီအရင်ခံစာတွင် ဖော်ပြ ချက်တစ်ခုမှာ မုဒိန်းမှုကို လင်ယောက်ျားဖြစ်သူသိရှိသော်လည်း ကလေးများကို မသိစေကြကြောင်း ဖြစ်သည်။

 

သူတို့သည် အန္တရာယ်ဖြစ်လာမည်ကိုစိုးရိမ်သောကြောင့်နှင့် ရှက်သောကြောင့် သတင်းစာများနှင့်ဂျာနယ်များတွင် မဖော်ပြခဲ့ပါ။

ဘန်နီဘရူး (ရော့ကီးဘရူး)

 

ဘန်နီဘရူးသည် ထိုအတောအတွင်း မလေးရှားကုမ္ပဏီကြီးများနှင့် Rais Yatim ပတ်သက်မှု ပို့စ်တပုဒ်ဖော်ထုတ်ရေးသားခဲ့သည်။ ထို့ ကြောင့် Rais Yatim က သူ့ကို ရဲစခန်းတွင်အမှုဖွင့်ခဲ့သည်။
………………………………………

 

သူ၏ဘလော့ကို Rais Yatim အမှုဖွင့်ထားသည့်အကြောင်းကို ဘလော့စာမျက်နှာတွင် အောက်ပါအတိုင်းသတ္တိရှိရိ ရေးသားဖော်ပြသည်။

• ကျနော်ဘလော့ကို Rais Yatim ကတရားစွဲလိုက်ပါပြီ…..


ဘာဖြစ်နေတာလဲ ၀န်ကြီး..? ကျနော်ရေးသားခဲ့သော ပို့စ်နှစ်ခုသည် သူ့ကို မတရားစွပ်စွဲသည်ဆိုကာ Rais Yatim က ကျနော်ကို ရဲစခန်းတွင် အမှုဖွင့်လိုက်ပါပြီး။ Rais ဘာကြောင့် ရဲစခန်းတွင်အမှုဖွင့်ရကြောင်းကို ကျနော် နားမလည်ပါ။ မည်သည့်ကဘိနက်ဝန်ကြီးမှ၊ ဘလော့ဂါကို အမှုမဖွင့်ဖူးပါ။ မလေးရှားဆက်သွယ်ရေးနှင့်မီဒီယာဌာနမှ ကျနော်ကို ဆင့်ခေါ်ထားပါသည်။

 

ကျနော်၏ဘလော့နှင့်ပတ်သက်၍ တရားစွဲဆိုထားခြင်းကြောင့်၊ ရဲအဖွဲ့ကသူတို့ကိုကျနော်ဘလော့အား စစ်ဆေးပါရန်ပန်ကြားလာ၍ ဆင့် ခေါ်ခြင်းဖြစ်ကြောင်း ပြောပါသည်။ ကျနော်သွားပါမည်။ ဘလော့ဂါတစ်ဦး၏သိက္ခာနှင့် သတင်းလွတ်လပ်မှုအတွက် ကျွန်ုပ်ရှောင်တိမ်းမည် မဟုတ်ပါ။ ရဲအဖွဲ့မှာ ကျနော်အားယခုထိလာရောက်စုံစမ်းခြင်း မပြုသေးပါ။ မကြာမီ လာရောက်နိုင်သည်ဟုသာ ယူဆရသည်။ သတင်း သမားများကိုအားပေးသော Rais ၏ဖြစ်ရပ်မှန်သတင်းအမှန်ကို ကျနော်သည် သက်ဆိုင်သူများအား အထောက်အထားခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်တော့မည်ဟု ကျနော်ကျေနပ်နေမိပါသည်။


………………………………..

 

ဘလော့ဂါ ဘန်နီဘရူး
 

ဘန်နီဘရူးသည် ဂျာနယ်လစ်သတင်းစာဆရာတစ်ဦးဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများစွာ၏ အတိုင်ပင်ခံဖြစ်သည်။ သူသည် ဤအမှုကြောင့် ကန့်သတ်ချုပ်ချယ်ခြင်းများ ခံနေရသည်။ မလေးရှား Blog House ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။


……………………………….

 

လူများစွာတို့သည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မလေးရှားသို့ပြန်ခေါ်ပြီး၊ စုံညီသတင်းစာရှင်းလင်းပွဲလုပ်ပေးရန် တောင်းဆိုခဲ့သည်။ အကယ် ၍ Rais သည်မှန်ကန်ပါက သူ့ဘက်မှ ဥပဒေက ရပ်တည်ပေးမည်ဖြစ်သည်။ ထို့သို့မဟုတ်လျှင်လည်း နှစ်နိုင်ငံရဲများမှ ထိုမိန်းခလေးကို စစ် ဆေးချက်ယူ၍ အမှန်ကိုရှာဖွေသင့်သည်။ ဤသို့သောသတင်းကို ပြည်တွင်းသတင်းစာများတွင် ဖော်ပြသင့်သည်။

 

Pure Malaysian ကပြောသည်မှာ မလေးရှားသည် အိမ်ဖော်ကိစ္စနှင့်ပတ်သက်လျှင် Nirmala Bonat အမှုကြောင့် မလေးရှားသည် အပြည် ပြည်ဆိုင်ရာတွင် နာမည်ပျက်နေရပြီးဖြစ်သည်။ ထိရောက်မှုမရှိသော်လည်း လူသိရှင်ကြား တရားရေးများဆာင်ရွက်နေသည်။

 

ယခုအမှုကို အဘယ်ကြောင့် တရားရေးရာစီစဉ်မှုနှင့် ဖြစ်ရပ်မှန်ကို လူအများသိအောင် မလုပ်ရသနည်းဟု ဆိုပါသည်။ မည်သူမဆို သက် သေသက္ကာယနှင့် အခိုင်အလုံစွဲချက် အတင်မခံရသရွေ့အပြစ်ရှိသည်ဟု ပြောမရပါ။ အပြစ်ရှိလျှင်လည်း ၀န်ကြီးရာထူးပင်ဖြစ်စေ နှုတ်ထွက် ပြီး၊ တရားဥပဒေ၏အဆုံးအဖြတ်ကို ခံယူရမည်ဖြစ်သည်။

 

ယခုဝန်ကြီးချုပ် Najib Razak ကလည်း ဤအမှုကို ရေငုံနှုတ်ပိတ်ဆက်နေမည်ဆိုရင် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဆိုးကျိုးရလဒ် များ ရှိလာနိုင်သည်။

 

PKR ပါတီမှလူငယ်ရေးရာခေါင်းဆောင် Shamsul Iskandar Mohd Akin ကပြောသည်မှာ NGO Migrant Care ၏အစီအရင်ခံစာကို အင် ဒိုနီးရှားအလုပ်သမားများအကျိုးအတွက် စဉ်းစားဖြေရှင်းပေးသင့်သည်ဟု ဆိုလိုက်သည်။ လူငယ်ရေးရာ၏ လေ့လာချက်အရ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၉၊ ရက်နေ့တွင် အင်ဒိုနီးရှားအိမ်ဖော်မှာ မုဒိန်းကျင့်ခံခဲ့ရပြီး၊ သူအားနေရပ်ကို ချက်ချင်းပြန်ပို့ခဲ့ကြောင်း၊ သူမနှင့် သူမအမေတို့ သည် ဤကိစ္စကို မည်သူကိုမှမပြောရန်အတွက် ဖိအားပေးခြိမ်းခြောက်ခံထားရကြောင်း တွေ့သိခဲ့ရသည်။

 

ဝန်ကြီးချုပ် ဘာဒါဝီသည် နိုင်ငံရေးအရှုပ်တော်ပုံကို အရေးမယူခြင်း၊ ထုတ်ပယ်ခြင်းမပြုသည့်အပြင် ကာကွယ်ပေးမှုများလုပ်ခဲ့သည်။

ထို့ကြောင့် လူငယ်ရေးရာက ယခုလက်ရှိ ၀န်ကြီးချုပ်နာဂျစ်လက်အောက်တွင် ကဘိနက်ဝန်ကြီးတစ်ဦးအဖြစ် ဆက်လက်တာဝန်ထမ်း ဆောင်နေသော ထိုဝန်ကြီးအား၊ ဤကိစ္စအမှန်ကို လူအများသိအောင်ရှင်းလင်းပေးပါရန် တောင်းဆိုခဲ့သည်။

 

ယခု မလေးရှားဝန်ကြီးချုပ်နာဂျစ်သည် ထိုသို့ လိင်မှုကျူးလွန်သူကို ၀န်ကြီးအဖွဲ့တွင် သိလျက်နှင့် ဆက်လက်ခန့်ထားခဲ့သည်။ အဆိုးဆုံးမှာ ဤကိစ္စသည် မလေးရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံအရေးဖြစ်သဖြင့် ဆက်လက်ပြီး ၀န်ကြီးချုပ်အသစ်အနေနှင့် ရေငုံနှုတ်ပိတ်မနေသင့်ကြောင်း ပြောဆိုသည်။ Shamsul Iskandar က ၀န်ကြီးချုပ်နာဂျစ်အား၊ ဤအမှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ၊ ပြုလုပ်ပေးရန်တောင်း ဆိုလိုက်သည်။ သို့မှသာ မလေးရှားနိုင်ငံ၏ နိုင်ငံရေးနှင့်အမည်သည် နိုင်ငံတကာသံသယများကြားမှ ပြန်လည်ရှင်သန်ခွင့်ရမည် ဖြစ်ကြောင်း သတိပေးသည်။

 

• လူငယ်ရေးရာက အမှုဖွင့်ခဲ့….
PKR ပါတီမှ လူငယ်အဖွဲ့ဖြစ်သော Solidariti Anak Muda Malaysia (SAMM – လူငယ်များအဖွဲ့) မှ Nor Azizi Abd Aziz သည် ဤကိစ္စကို တရားလိုပြု၍ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ SAMM အဖွဲ့ခေါင်းဆောင် Badrul Hisham Shaharin သည် Nor Azizi နှင့် ရဲစခန်းသို့လိုက်ပါခဲ့ သည်။

 

Badrul Hisham က Malaysiakini သတင်းစာသို့ပြောသည်မှာ သူတို့သည် Migrant Care အစီအရင်ခံစာအပါအ၀င် အခြားစာတမ်းများကို ရဲစခန်းသို့ပေးအပ်ခဲ့ကြောင်း၊ Nor Azizi ၏တရားစွဲဆိုမှုကို လက်ခံကြောင်းနှင့် ရဲအဖွဲ့က သူတို့ထံမှ နောက်ထပ် မည်သည့်သတိပေးချက်မှ မရသေးဘဲ ဤသတင်းနှင့်ပတ်သက်၍ထုတ်ပြန်ခြင်းမပြုရန် သူတို့အား တောင်းဆိုလိုက်ကြောင်း ပြောဆိုသည်။ "ရဲဘက်ကတော့ စုံစမ်းစစ် ဆေးမှုတွေ လုပ်နိုင်မယ်လို့ထင်ပါတယ်" ဟု သူကပြောသည်။

 

ထို့ပြင် PKR ပါတီ၊ လူငယ်ရေးရာမှ အဖွဲ့များကိုအင်ဒိုနီးရှားသို့စေလွှတ်ပြီး သတင်းအတိအကျရရှိရန် တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်မည် ဖြစ်ကြောင်း ပြောပါသည်။ အစီခံစာအရ အိမ်ဖော်မလေးမှာ အင်ဒိုနီးရှားသို့ချက်ချင်းပြန်ပို့ခံခဲ့ရသည်။

 

သူမ၏ညီမငယ်မှာ မလေးရှားသို့လာရောက်၍ သူမ အစ်မကြုံတွေ့ခဲ့ရမှုကို ဥပဒေအရဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာများနှင့် ဆက်သွယ်ကြိုး စားလျှက်ရှိပါသည်။ သူမက သူမအစ်မအား ကျူးလွန်စော်ကားခဲ့သောဝန်ကြီးမှာ ငွေကြေးများစွာချမ်းသာသည့်အပြင်၊ အင်ဒိုနီးရှားတွင် သူ၏သြဇာခံများစွာရှိကြောင်း စသည်ဖြင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း မလေးရှားရှိ အမေရိကန်သံရုံးနှင့် အင်ဒိုနီးရှားသံရုံးများသို့တင်ပြခဲ့ သည်။ PKR မှ သူမ၏အမည်ကို မထုတ်ပြန်ခဲ့။ သူမအသက်လုံခြုံရေးကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ဆိုသည်။

 

ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ဆင်တူအမှုတွင် Altantuya Shaariibuu (မွန်ဂိုးလီယား နိုင်ငံသူ၊ မိုဒယ်) သည် မလေးရှားတွင် အသတ်ခံခဲ့ရ၍ ဖြစ်သည်။ မုဒိန်းမှုသည် မလေးရှားဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်အများဆုံး အနှစ် -၂၀- နှစ်နှင့် ကြိမ်ဒဏ်ခံရမည်ဖြစ်သည်။ ဥပဒေက တရားခံကို ကာကွယ်ပေးထားသော်လည်း၊ အင်တာနက်နှင့်မီဒီယာများက သူမအတွက် များစွာကြိုးပမ်းခဲ့ကြသည်။ မီဒီယာဘက်မှ လည်း သူတို့သည် ၀န်ကြီးကို ဖြစ်ရပ်မှန်မဖော်ပြမချင်း၊ ဥပဒေအရ မဖြေရှင်းမချင်း ရေးသားဖော်ပြမှုများကို ရပ်မည်မဟုတ်ဟု ပြောလိုက် သည်။ (အစီအရင်ခံစာ – S Pathmawathy, Malaysiakini)

 

• သတင်းစာဆရာ…Steve Oh ရေးသားသော ဤအမှုအတွက်သတင်း (ဇန်န၀ါရီ -၁- ရက်နေ့၊ ၂၀၁၁)
မုဒိန်းမှုသည် နိုင်ငံတကာတွင် ရာဇ၀တ်အမှုအဖြစ်သတ်မှတ်သည်။ အစိုးရပိုင်းဖြစ်စေ၊ သာမန်လူဖြစ်စေ၊ မည်သူကျူးလွန်သည်ဖြစ်စေ၊ နေ ရာ၊ ရာထူးကြောင့်ရှောင်တိမ်းခွင့် မရသင့်။ မလေးရှားကဘိနက်ဝန်ကြီးသည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မုဒိန်းကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်။

 

ယခင် အစ္စရေးသမ္မတ Mostsave Katsav (အသက် ၆၅- နှစ်) သည် ၁၉၉၈- နှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး အဖြစ်တာဝန်ယူ နေစဉ်၊ မုဒိန်းမှုနှစ်ခုကို ကျူးလွန်ခဲ့သည်။ နိုင်ငံရေးတွင် ထိုအမှုပေါ်ထွက်လာသည့်အခါ သူ့အားတရားစွဲဆိုခဲ့ကြသည်။ တရားရုံးမှ သူ့အား ၂၀၀၀ ခုနှစ်မှ ၂၀၀၇ အတွင်း သူအတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော အမျိုးသမီးနှစ်ဦးကို မုဒိန်းကျင့်မှုနှင့် ဥပဒေကို ရှောင်လွှဲမှုတို့အတွက် အပြစ်ရှိကြောင်း သတ်မှတ်ခဲ့သည်။

 

ယင်းသည် အစ္စရေးဒီမိုကရေစီနှင့်ဥပဒေတို့၏ အောင်ပွဲဖြစ်ခဲ့သည်။ မည်သူမှ တရားအရ အခွင့်ထူးခံခြင်းမရှိရပါ။ အာဏာကြီးသော နိုင်ငံရေး သမားတို့သည်လည်း မုဒိန်းမှုကို လွယ်လွယ်ကျူးလွန်ပြီး ဥပဒေကိုရှောင်ဖယ်၍ မရသင့်ပါ။ အစ္စရေးလူမှုရေးအဖွဲ့များနှင့် အမျိုးသမီးအဖွဲ့ များက တရားမျှတစွာဖြစ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

 

မုဒိန်းမှုများစွာတို့သည် သက်သေသက္ကာယ၊ အထောက်အထားပြနိုင်ရန်ခဲ ယဉ်းသည်။ စော်ကားခံရသူရာခိုင်နှုန်းများစွာတို့မှာ ရှက်ကြောက်၍ အမှုမလုပ်ကြပါ။ ယခု အင်ဒိုနီးရှားအိမ်ဖော်လေးဆိုလျှင် ရှက်ကြောက်ခြင်း၊ ကျူးလွန်သူ၏ ရာထူးဂုဏ်ရှိန်တို့ကြောင့် နိုင်ငံသို့ပြန်ပို့ခံရသည့်အပြင်၊ နိုင်ငံ၌လည်း ထုတ်ဖော်ခြင်းမပြုရန် ခြိမ်းခြောက်ခံရသည်။

 

မုဒိန်းမှုကို အာမခံမပေးသင့်ပါ။ အိန္ဒိယနိုင်ငံ၊ ဂိုအာ (Goa) မြို့မှ နိုင်ငံရေးသမား John Fernandes သည် ၂၀၀၉ ခုနှစ်တွင် ရုရှားနိုင်ငံသူ တစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့ရာ အာမခံရခဲ့သည်။ သူသည် နောက်တရားရုံးတွင်ရောက်မလာတော့ဘဲ ထွက်ပြေးခဲ့သည်။ မုဒိန်းမှုကျူးလွန်သူ များသည် ချမ်းသာခြင်း၊ ရာထူးကြီးခြင်းဖြစ်ခဲ့လျှင် အာဏာ၊ ငွေတို့ဖြင့် အမှုကို အစဖျောက်ကြသည်။ Rais သည်လည်း ဤလမ်းစဉ်အတိုင်း လုပ်ခဲ့သည်။ သူ့ကိုဆန့်ကျင်၍ အိမ်ဖော်သည် အမှုမဖွင့်ရဲ၊ မပြောရဲဆိုသည်မှာ လွန်စွာဆိုးဝါးပြီး၊ ဒီမိုကရေစီနှင့်ဆန့်ကျင်နေပါသည်။

 

အကယ်၍ နိုင်ငံခြားအိမ်ဖော်လေးတစ်ဦးသည် အိမ်ရှင်ယောက်ျား၏ မုဒိန်းကျင့်ခံနေစဉ်၊ အိမ်ရှင်မိန်းမကလည်း အားပေးအားမြှောက်ပြုနေသည်ဆိုလျှင် ထိုမိန်းခလေးသည် မည်သူ့ကိုအားကိုးရမည်နည်း။ ထိုသို့သောဖြစ်ရပ်များစွာ မလေးရှားနိုင်ငံတွင် ဖြစ်နေခဲ့သည်။

 

ထို့ကြောင့် မလေးရှားသည် ဥပဒေကို လေးစားလိုက်နာသောအားဖြင့် ကျူးလွန်သူသည် သမ္မတဖြစ်စေ၊ ခံရသူသည် အိမ်ဖော်ပင်ဖြစ်စေ အစ္စရေး၏ဥပမာကိုယူ၍ ဆောင်ရွက်သင့်သည်။

 

အင်ဒိုနီးရှား NGO အစီရင်ခံစာအရ ၀န်ကြီးချုပ် Abduallah Ahmad Badawi နှင့် သူ၏ ကဘိနက် (နာဂျစ်အပါအ၀င်)၊ တို့သည် အင်ဒိုနီးရှားရှိ အိမ်ဖော်နှင့် သူမမိသားစုကို ဤကိစ္စမည်သူမှမပြောရန်နှင့် လျှို့ဝှက်ထားရန် တောင်းပန်ခဲ့သည်ဆိုသည်။

 

ညီမဖြစ်သူသည် မလေးရှားတွင် တရားဥပဒေစီရင်မှုများအတွက် အကူညီရှာနေသော်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်းပြော သည်။ မွန်ဂိုလီးယားနိုင်ငံသူ Altantuya Shaariibuu ကဲ့သို့ အသတ်ခံရမည်ကိုစိုးရိမ်၍ ဖြစ်သည်။

 

မွန်ဂိုလီးယားသူ၊ မိုဒယ် Altantuya Shaariibuu
 

ထိုအမှုမှာလည်း နိုင်ငံရေးသြဇာမကင်းခဲ့ပါ။ Shariibuu ၏အလောင်းကို အောက်တိုဘာ ၂၀၀၆ တွင်၊ Shah Alam မြို့ပြင်တွင် တွေ့ခဲ့ရသည်။

 

ဒီသတ်မှုမှာလည်း မတရားမှုအတွက် သူပါခဲ့တယ်
 

လူသတ်တရားခံအဖြစ် ၃ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဖမ်းဆီးခဲ့သည်။ သို့သော် ၂ ဦးကိုသာ အပြစ်ရှိကြောင်းအမိန့်ချ၍ သေဒဏ်ချမှတ်ခဲ့သည်။ တစ်ဦးကို တရားသေလွှတ်ခဲ့သည်။ လွတ်မြောက်ခဲ့သူမှာ ယခု ၀န်ကြီးချုပ်နာဂျစ်၏ မိတ်ဆွေ၊ ၀န်ကြီးအဖွဲ့မှ Abdul Razak Baginda ဖြစ် သည်။ သူသည် Shariibuu ကိုသတ်ရာတွင်ပါဝင်ခဲ့သူဖြစ်ပြီး၊ Shariibuu ၏ ချစ်သူရည်းစားလည်းဖြစ်သည်။ ယခုလက်ရှိဝန်ကြီးချုပ် နာ ဂျစ်ကို မြန်မာမိန်းခလေးများ အိမ်ဖော်အရေးနှင့်ပတ်သက်၍ ယုံကြည်စိတ်ချရနိုင်မည်လားဆိုသည်ကို စဉ်းစားကြပါကုန်။

 

Abdul Razak Baginda
 

Tenaganita လူ့အခွင့်အရေးအဖွဲ့မှ Robengah အိမ်ဖော်အမှုကို Rais ကျူးလွန်ခြင်းဆိုသည်မှာ မှန်သည်၊ မှားသည်ကို အမြန်ဆုံးထုတ်ပြန် ကြေငြာပါရန် ပန်ကြားခဲ့သည်။ ယခု နာဂျစ်တာဝန်ယူသည့်ကာလထိ မည်သို့သော ထုတ်ပြန်ကြေငြာချက်၊ စစ်ဆေးချက်မှ ထွက်ပေါ်မလာခဲ့။

• Harakahdaily မှသတင်းတစ်ပုဒ်… (အင်္ဂါနေ့ ၂၈ – ဒီဇင်ဘာ၊ ၂၀၁၀)


ဘန်နီးဘရူးနှင့် ၀ီကီလိ (ခ) ကြောင့်လူအများ Yatim Rais အမှုကို စိတ်ဝင်စားလာကြပါပြီ။ လွန်ခဲ့သော ၃ နှစ်ကအမှု ယခုထိတရားစီရင်မှု မရှိသည်မှာ မလေးရှား၏ဥပဒေဖြစ်သလော။ ဤသတင်းကို ပထမဆုံးထုတ်ဖော်ခဲ့သူ ဘန်နီးဘရူး ခေါ် ရော့ကီဘရူး (နာမည်ရင်း – Ahirudin Attan) သည် မလေးမေးလ် သတင်းစာအယ်ဒီတာချုပ်ဖြစ်သည့်အပြင်၊ ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါသည်။

 

Migrant Care (Indonesia) မှ ဤအမှုနှင့်ပတ်သက်၍ အစီအရင်ခံစာတစ်စောင်ထွက်ပေါ်လာခဲ့သည်။ ထိုအစီရင်ခံစာကိုပြုစုသူများမှာ -
1. Wahayu Sushlo (Policy Analyst; Ph: 08129307964)
2. Anis Hidayah (Executive Director; Ph: 081578722874)
3. Alex Ong (Country Director; Ph: +60163121201) တို့က သြဂုတ်လ ၁ ရက်နေ့၊ ၂၀၀၇ (ဂျကာတာ၊ အင်ဒိုနီးရှားနိုင်ငံ) တွင် ထုတ်ပြန်ခဲ့သည်။ အိမ်ဖော်အမည်ကိုလည်း Robengah ဟု အတိအကျတင်ပြခဲ့သည်။

 

Migrant CARE
Perhimpunan Indonesia untuk Buruh Migran Berdaulat
(Member of Migrant Forum in Asia and International NGO Platform on Migrant Workers' Convention)
Jl. Pulo Asem I C No 15 RT 015 RW 001 Jati, Jakarta Timur 13220 Indonesia. Telp/Fax: +62 21 4752803
E-mail: alexmigrantcare@gmail.com
Website: www.buruhmigranberdaulat.blogspot.com

 

(အစီရင်ခံစာမှ ရရှိသောဒေတာများဖြစ်ပါသည်။) နှစ်နိုင်ငံလုံးမှ လူများသည် ဤအမှုကိုစိတ်ဝင်းစားခဲ့သည်။

 

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များနှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မ လေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာဇာတ် ခင်းနေသော သိန်းစိန်နှင့်အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သ မိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက်မဖြစ်စေရန် ကာကွယ်ကြပါစို့ဟု လေးစားစွာတိုက်တွန်းရင်း ….

 

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀စာများ၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာ ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများ တွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလိုသုံးနိုင်သည်။

ဆက်လက်ဖော်ပြပါမည်။

 

Ref:
http://www.malaysia-today.net/mtcolumns/newscommentaries/
http://malaysianindian1.blogspot.com/2011/01/
http://thexbusiness.blogspot.com/2011/01/
http://www.rockybru.com.my/2011/01/
http://www.rockybru.com.my/2010/12/
http://www.malaysiakini.com/news/152572
http://www.malaysiakini.com/news/152498
http://www.mmail.com.my/content/59915
http://www.malaysiakini.com/news/152452
http://www.malaysiakini.com/news/152161
http://www.malaysiakini.com/news/151885
http://www.malaysia-today.net/mtcolumns/newscommentaries/37111

Wikileaks
Migrant Care Reports

မူရင်းhttp://mgpala.blogspot.com/2012/04/blog-post_25.html

 

Posted by www.moemaka.com


--
group chat လုပ်လိုပါက gtalk တွင် aurorageneration@jaconda.im ကို add ပါ။
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

April 27, 2012

 

If you don't visualize this mail correctly please click here

 
 

သူဘယ်သူလဲ

အဆိုပါ စစ်အရာရှိကြီးသည် ရွှေဝါရောင်တော်လှန်ရေးအတွင်း တပ်မ ၇၇ လက်အောက်တွင် ဒု ဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်နေပြီး ဆက်သွယ်ရေးစက်ကို ကိုင်ကာ Read More

 

အလုပ်သမားအရေး လ၀က အရာရှိများ ထိုင်းမှာရုံးထိုင်ပြီ

“အလုပ်သမားတွေ တရားဝင် လက်မှတ် ရှိပြီဆိုရင် အနှိမ်မခံရတော့ဘူး၊ ထိုင်း ဥပဒေနဲ့ ပတ်သက်တဲ့ ရပိုင်ခွင့်တွေတောင်းဆိုလို့ ရလာမယ်၊ နယ်စပ်မှာ သွားလုပ်စရာ မလိုတော့ဘဲ အဆင်ပြေအောင် လာလုပ်ပေးတာ ဖြစ်တယ်” Read More

 

NLD အမတ်များ သြစတြေးလျသို့ ချစ်ကြည်ရေးခရီးစဉ် သွားမည်

“မနက်ဖြန် စပြီး ရန်ကုန်က ထွက်မယ်။ ဒီခရီးစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင်စေလွှတ်တာပါ။ သြစတြေးလျ လေဘာပါတီက ဖိတ်လို့ပါ။ စုစုပေါင်း ၄ ယောက်ပါ” Read More

 

ကမ္ဘာ့ဘဏ်ရုံးခွဲ မြန်မာပြည်တွင် ဖွင့်မည်

“အခုလို ဆက်ဆံတာအရမ်းကောင်းတယ်၊ သူတို့ဆီက ချေးငွေက ပုံမှန်အတိုးနှုန်းထက် လျှော့ယူတဲ့ Soft Lone တွေဆိုတော့ တိုင်းပြည် တိုးတက်ရေးအတွက် ဆက်ဆံသင့်တယ်” Read More

 

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြု

ရင်းနှီးမြှုပ်နှံမှု ဥပဒေက အမျိုးသားလွှတ်တော်ကို စ တင်တယ်။ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ ပြည်သူ့လွှတ်တော်ကို ပို့တယ်။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ Read More

 

ရန်ကုန်တိုင်းအတွင်း ကျေးရွာ ၅၀ ကျော် သောက်သုံးရေ ပြတ်လတ်နေ

“သောက်ရေကန်တွေက လုံးဝ ခမ်းခြောက်သွားတာ။ တချို့ဆို လက်ယက်တွင်းလေးတွေ တူးပြီးတော့ ခပ်နေကြတယ်။ ရေတွေကလည်း နောက်ကျိ နေတာပဲ။ အဲဒီရေတွေကို ထိန်းပြီး သုံးနေကြရတယ်” Read More

 

ရွှေတူးလုပ်ငန်းများ ရပ်တန့်ပေးရန် တိုင်ကြားသူ ထိန်းသိမ်းခံရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးဒေသ၀န်းကျင်ရှိ ရွှေတူးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ကျေးရွာများ ထိခိုက်နစ်နာရမှုများအကြောင်း သမ္မတထံ စာပေးပို့တင်ပြ တိုင်ကြားသူကို Read More

 

စီးပွားရေးထိပ်သီးများ အရောင်ပြောင်းချိန် (၁)

“အဖေက အရင်လို မဟုတ်တော့ဘူး။ အစစအရာရာ ပြောင်းသွားပြီ” လို့ အသက် ၂၅ နှစ်အရွယ် ပြည့်ဖြိုးတေဇက သူ့အဖေ လွန်ခဲ့တဲ့ ၂ နှစ်က ဝယ်ခဲ့တဲ့ ကန်တော်ကြီးဟိုတယ်မှာ ၂ နာရီကြာ ညစာစားတုန်း ပြောခဲ့ပါတယ်။ Read More

 

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ . . .

ကလေးကတော့ ၅ ယောက် ရှိတယ် ဆရာ။ အကြီးဆုံးသမီးက ၈ တန်း မအောင်ဘဲ ကျောင်းထွက်ပြီး ကျမကို ကူနေတယ်။ အငယ်ဆုံးလေးက ခုဆို ၄ နှစ် ထဲမှာ။ အာလုံးကို ပညာတတ်လေးတွေ ဖြစ်စေချင်တာပေါ့ ဆရာရယ် … Read More

 

ဖယ်ရှားပေးရမည့် ကျူးကျော်နေထိုင်သူများ (ရုပ်/သံ)

ပြေးစရာမြေမရှိ၊ ပေးစရာငွေမရှိတဲ့ ဒီဆင်းရဲသားတွေဟာ ၁၉၉၄-၉၅ ခုနှစ်ကာလတွေမှာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း Read More

 

Hello, this newsletter contains information about my site for any query please send an email to news@irrawaddy.org.

 

If you no longer wish to receive this newsletter please click Here and automatically unsubscribe.

 
 

[mrsorcerer:23944] Cats




























★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚

*Mr.Jugger*   

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:23943] Cartoons




















★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚

*Mr.Jugger*   

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ