[mrsorcerer:24098] နွေရာသီတွင် ဆင်ခြင်သင့်သည်များ



နွေရာသီတွင် ဆင်ခြင်သင့်သည်များ  

၁။ ရေခဲရေသောက်တဲ့အခါ

နွေရာသီမှာ ပူပြင်းတာ မှန်ပေမယ့် ရေခဲရေ အေးအေးသောက်တာ သင့်ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်တွေကြားမှာ အပူအအေး မမျှတမှု ဖြစ်စေတာကြောင့် မသောက်သင့်ပါဘူး။ သင်က ရေခဲရေ သောက်လေ့၊ သောက်ထရှိသူ တစ်ယောက်ဖြစ်နေရင် နေပူထဲကနေ ပြန်ရောက်လာချင်းတော့ ရေခဲရေကို ချက်ချင်း မသောက်ပါနဲ့။ ခဏလောက်နားပါ။ ပြီးမှ ရေခဲရေ သောက်ပါ။ ဖြစ်နိုင်ရင်တော့ ရိုးရိုးရေ သောက်တာ အကောင်းဆုံးပါ။

 

၂။ ကိုယ်ပူကြီးတဲ့အခါ

နွေရာသီမှာ ဖျားနာလာတဲ့အခါ အဝတ်အစား ထူထူဝတ်၊ စောင်အထပ်ထပ်ခြုံပြီး ချွေးထုတ်တာမျိုးတွေ မလုပ်ပါနဲ့။ ရောဂါ ပိုဆိုးသွားနိုင်ပါတယ်။ ဖျားနာပြီး ကိုယ်ပူကြီးနေခဲ့ရင် ခန္ဓာကိုယ်ကို အေးအောင်လုပ်ပေးပါ။ ရေဖတ်ဝတ် ကပ်ပေးတာ၊ ရေခဲကပ်ပေးတာမျိုး ပြုလုပ်ပေးပါ။ လိုအပ်ပါက တစ်ကိုယ်လုံး အေးသွားအောင် ရေချိုးချပေးပါ။

 

၃။ လေ့ကျင့်ခန်းလုပ်တဲ့အခါ

လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးအတွက် သင့်တော်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ။ ဒါပေမဲ့ နွေရာသီမှာတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်တာမျိုးကို ရှောင်ပါ။ ချွေးထွက်များပြီး ကုန်ခန်းသွားတဲ့ ဓာတ်ဆားနဲ့ ရေဓာတ်ကို ပြန်မဖြည့်ပေးနိုင်ရင် အသက်အန္တရာယ်အထိ ဒုက္ခပေးနိုင်ပါတယ်။ ရေများများသောက်ပေးပါ။ နွေရာသီရဲ့ အပူဒဏ်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်စေဖို့ ရေများများ သောက်သုံးပေးတာက အသင့်တော်ဆုံးပါ။

 

၎။ နေပူထဲသွားတဲ့အခါ

နွေရာသီရဲ့ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ ထီး၊ ဦးထုပ် မပါဘဲ လျှောက်သွားနေလို့ သင့်တော်ပါ့မလား။ ထီးနဲ့ဖိနပ် မပါရင် နွေရာသီက သင့်အတွက် အကျည်းတန်နေမှာပါ။ နွေရာသီရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ သင့်အသားအရေကို နွေအပူဒဏ်ကနေ ကြံ့ကြံ့ခံ ကာကွယ်ပေးဖို့ သင်အပြင်သွားတိုင်း ထီးယူသွားဖို့နဲ့ နေရောင်အောက် ရောက်တဲ့အခါ ထီး၊ ဦးထုပ်ဆောင်းဖို့ မမေ့ပါနဲ့။ နေရောင်ခြည်ကြောင့် မျက်ဝန်းတစ်ဝိုက်မှာ အရေးကြောင်း ဖြစ်တာကို ကာကွယ်ဖို့ နေပူထဲသွားတဲ့အခါ နေရောင်ခြည်ကို အမှန်တကယ် ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တပ်ပါ။

 

၅။ ဝမ်းနုတ်ဆေးသောက်တဲ့အခါ

ဝမ်းနုတ်ဆေးသောက်တာတွေက ဓာတ်ဆားနဲ့ ရေဓာတ်ကို ခန်းခြောက်သွားစေပါတယ်။ နွေရာသီလို ပူပြင်းချိန်မှာ ဝမ်းနုတ်ဆေး မစားသင့်ပါဘူး။ လိုအပ်ပါက ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။

 

၆။ အသီးအနှံစားတဲ့အခါ

နွေရာသီမှာ အပူရှိန်ပြင်းတာကြောင့် အသီးတွေ မှည့်လွယ်ပါတယ်။ အဲဒါကြောင့် သင့်အိမ်မှာ ဝယ်ထားတဲ့ အသီးတွေ အမှည့်လွန်သွားခဲ့ရင် လွှင့်ပစ်ရမှာ နှမြောပြီး မစားပါနဲ့။ အထူးသဖြင့် လမ်းမှာ သင်ဝယ်စားတဲ့ အသီးတွေကလည်း အမှည့်လွန်နေနိုင်ပါတယ်။ အမှည့်လွန် အသီးတွေက ပိုချိုတာကြောင့် ယင်ကောင်တွေ နားနိုင်ပါတယ်။ ယင်ကောင်ရဲ့ ခြေထောက်မှာ ရောဂါပိုးတွေ သယ်ဆောင်ထားတာကြောင့် သင့်ဆီ ရောဂါပိုးတွေ ကူးစက်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။

 

၇။ အစားအသောက်တွေ စားတဲ့အခါ

ရောဂါပိုးတွေထဲက အသည်းရောင်အသားဝါ အေပိုးတွေကို အစားအသောက်တွေကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ အေပိုးရှိသူရဲ့ မစင်ကနေ တစ်ဆင့် တခြားသူတွေကို ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ အီးပိုးကတော့ ရေကနေ တစ်ဆင့် ကူးတာများပါတယ်။ အေပိုးက သာမန်လူကောင်းတွေမှာ ရောဂါဆိုးဆိုးရွားရွား မဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေမှာတော့ အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ နွေရာသီမှာ ကူးစက်မှုအများဆုံး ရောဂါပိုးကတော့ Escherichiacoli (E-coli) ဖြစ်ပြီး ဝမ်းရောဂါကို ဖြစ်စေပါတယ်။ တခြားဝမ်းရောဂါ ဖြစ်စေတဲ့ပိုးတွေထဲက Rota-viruses က ကလေးရော၊ လူကြီးမှာပါ အဖြစ်များတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။

 

၈။ အဝတ်အစား ဝတ်ဆင်တဲ့အခါ

ချည်ထည် ပွပွချောင်ချောင် အင်္ကျီတွေက လေဝင်လေထွက် ကောင်းတာကြောင့် ခန္ဓာကိုယ်ကို အေးမြနေစေပြီး ချွေးထွက် နည်းစေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်း လုပ်တဲ့အခါ ချွေးစုပ်ယူနိုင်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ဖို့လိုပါတယ်။ အဝတ်အစားကို နှစ်ထပ်၊ သုံးထပ်ဝတ်ဆင်တာမျိုးက နွေရာသီမှာ ဖက်ရှင်ကျတဲ့ ဝတ်ဆင်မှုမျိုး မဖြစ်စေဘဲ ပူအိုက်ကာ စိတ်ရှုပ်ထွေးမှု ဖြစ်စေပါတယ်။ ဒါ့အပြင် ချွေးထွက်တာကို ပိုအားပေးတာကြောင့် အထပ်ထပ် ဝတ်ဆင်တာမျိုးကို ရှောင်ပါ။

 

၉။ ဖိစီးမှုများတဲ့အခါ

ပူအိုက်လွန်းတာကြောင့် ချွေးထွက်များပြီး စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု များတာကြောင့်လည်း ချွေးထွက်များတာကို ဖြစ်စေပါတယ်။ ဖိစီးမှုနဲ့ ချွေးထွက်များတာက အပြန်အလှန် သက်ရောက်မှု ရှိနေပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်ကို အနားရစေမယ့် ယောဂကျင့်တာ၊ တရားအားထုတ်တာနဲ့ အသက်ရှူ လေ့ကျင့်ခန်း လုပ်ပေးပါ။ ဒီနည်းတွေက ချွေးထွက်များတာကို ကုစားနိုင်ပါတယ်။

 

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)


Posted by.....  May Mon Kyaw

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24097] ဇာတ်တူသားစားတဲ့မြွေ

ဇာတ်တူသားစားတဲ့မြွေ

ငယ်ငယ်က မြွေတွေက အခြားမြွေတကောင်ဆီမှာ အစားခံဖိုလာတယ်ဆိုတာကို ပုံပြင်မှတ်နေတာ
ဇာတ်တူသားစားတဲ့ မြွေတမျိုးပါပဲ king corba ပါ
ဘယ်လိုဖမ်းယူသလဲ သို့မဟုတ် ဘာကြောင့်လာအစားခံခံလဲ ဆိုတာမတွေးတတ်အောင်ပါပဲ
မြန်မာနိုင်ငံမှာရှိတဲ ငန်းတော်ကျား လဲ အဲလိုစားတယ်လို့ ပြောကျပါတယ်
နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် မျိုနိုင်ခဲ့ပါတယ်
ဒီလိုကြီးသူက ငယ်သူကို အနိုင်ကျင့်တိုက်ခိုက်ပြီး

ဒီလိုအောင်ပွဲခံ စားသုံးတာလား
http://wwwlinnzawhtike.blogspot.com/

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

ဒီမိုဝေယံ

ဒီမိုဝေယံ


ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ယနေ့နံနက်ပိုင်းက မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့ပါတယ်...

Posted: 30 Apr 2012 11:11 PM PDT

 မြန်မာနိုင်ငံကို ၃ရက်ကြာ အလည်အပတ်ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ ယနေ့နံနက်ပိုင်းက မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ပါသည်...။

ဓာတ်ပုံ Reuters

ပါဝါ(၅၄) (ကဗျာရှင် နေရဲနီ)

Posted: 30 Apr 2012 11:22 AM PDT

ပါဝါ(၅၄) 
(ကဗျာရှင် နေရဲနီ)

အမှတ်(၅၄)
တက္ကသိုလ်ရိပ်သာလမ်း
ဗဟန်းမြို့နယ်
ရန်ကုန်မြို့။

ဒီခြံထဲက အိမ်ကြီးမှာ
တို့ဖခင်ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်
အသက်ထက်ဆုံး နေသွားခဲ့ဘူးတယ်။

ညီမဖြစ်သူရဲ့ကရုဏာနဲ့
သခင်သန်းထွန်းဇနီး ဒေါ်ခင်ကြီး
ဒီခြံထဲမှာဘဲချို့ချို့တဲ့တဲ့ နေသွားခဲ့ဘူးတယ်။
မိခင်ဖြစ်သူကို နေစရာ ပေးထားသည့်အတွက်
ကျေးဇူးဆပ်သောအားဖြင့်
ဒေါ်ခင်ကြီးက ပါလာတဲ့သား
ဗိုလ်မှူးခင်မောင်အေးဆိုသူက
သူ့အမေနေခဲ့တဲ့ မြေနေရာကို
ပိုင်းရောင်းစားဖို့ ကြံခဲ့ဖူးတယ်။

ပါဝါ(၅၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမွေးဖွားပေးရာ
ဘူမိနက်သန် နေရာမှန်ဖြစ်တယ်။

အကြောက်တရား ကြီးမားလှတဲ့
လက်နက်ကိုင် အာဏာပိုင်တို့အတွက်
မုဆိုးမတစ်ယောက်ရဲ့ နှုတ်ဖျားက
ထွက်လာတဲ့ စကားသံတွေ
ဒီမိုကရေစီအရေး တိုက်ပွဲခေါ်သံ
လူထုခေါင်းဆောင်
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်
ဒီမိုကရေစီမိခင် အတွက်
အင်းစိန်ထောင်ရဲ့လက်ခွဲအဆောင်
တစ်ဆယ့်လေးနှစ် ကျော်ကျော်
အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတဲ့
အကျဉ်းထောင်လည်း ဖြစ်ခဲ့ဘူးတယ်။
ပြဿနာကို မီးခွက်ထွန်းရှာဖို့အတွက်
ဂျွန်ယက်တောဆိုတဲ့ လူ
ဒီခြံထဲကိုတိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့ဖူးတယ်။

ဒီခြံထဲကို နဝတ နအဖ အစရှိတဲ့အဖွဲ့တွေက
နိုင်ငံ့ခေါင်းဆောင်တွေ လူမသိသူမသိ
ဝင်ထွက်သွားလာဖူးတယ်။
လူထုခေါင်းဆောင်နဲ့ တွေ့ဆုံဖို့
နိုင်ငံခြား သံတမန်တွေ
ဒီခြံထဲကို ဝင်ထွက်သွားလာဖူးတယ်။

ဟီလာရီကလင်တန် ဒေးဗစ်ကင်မရွန်း
အစရှိတဲ့ ကမ္ဘာ့နိုင်ငံအသီသီးက နိုင်ငံ့ခေါင်းဆောင်တွေ
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ
ဝင်ထွက်သွားလာဘူးတယ်။

စကားမစပ်
အကျဉ်းကျနေတဲ့လူထုခေါင်းဆောင်ကို
UNကအတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းက
ထောင်ဝင်စာတွေ့ဖို့ ကြိုးစားခဲ့ပေမဲ့
တန်းစီးက တံခါးဖွင့်မပေးလို့
ဘန်ကီမွန်းကြီး နောက်လှည့်ပြန်ခဲ့ရဘူးတယ်။

လှပတဲ့အနာဂတ်ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက်
တိုင်းရင်းသားပေါင်းစုံတို့ရဲ့ ခေါင်းဆောင်တွေ
လူထုအမေနဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာဖို့ ဆွေးနွေးကြရာ
နေရာလည်း ဖြစ်တယ်။

ပါဝါ(၅၄)
နိုင်ငံတော် ဧည့်ဂေဟာမဟုတ်
ခမ်းနားထည်ဝါတဲ့ ဧည့်ခန်းမရှိသော်ငြား
နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေ
သံတမန်ဧည့်သည်တွေ ဝင်ထွက်သွားလာနေမြဲ။

ပါဝါ(၅၄)
ပင်လုံဒေသ မဟုတ်သော်ငြား
ငြိမ်းချမ်းရေး လိုလားတဲ့
တိုင်းရင်းသား ခေါင်းဆောင်တွေ
ဝင်ထွက်သွားလာနေမြဲ။

ပါဝါ(၅၄)
ရှားရှားပါးပါး
ဒီအစ်ကိုဒီနှမ
မိဘတွေ မရှိကြတဲ့နောက်
အစ်ကိုဖြစ်သူ ဈေးသုံးပြတ်လို့
နေစရာမရှိတဲ့ နှမထံမှာ
အမွေခွဲတဲ့ အတွက်
အမှုဆိုင်နေရဆဲ မြေဇာပင်အိမ်တလုံး။

နေရဲနီ

ဓာတ်ပုံ On Asia (1996)ခုနှစ်.

အဖွဲ့အစည်းနှင့် တရားရေးပူးပေါင်းပြီး နိုင်ငံသားတစ်ဦးအပေါ် အနိုင့်အထက်ပြုကျင့်မှု.. (တိုင်ကြားစာ)

Posted: 30 Apr 2012 10:57 AM PDT

ယခင်ကတည်းက အုတ်တံတိုင်း မရှိသည့် အိုးစည်တန်း အုတ်တံတိုင်းအား ဖျက်ဆီးမှုနှင့် တရားစွဲခံခဲ့ရသည်..
(အုတ်တံတိုင်း မရှိသည့် အိုးစည်တန်းရှိ ဆိုင်ခန်းများ အနောက်ဘက်မြင်ကွင်း)
မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး ဂေါပက အဖွဲ့ပိုင် အိုးစည်တန်းရှိ ဆိုင်ခန်းတစ်ခန်းအား ဦးအောင်တင့်စန်းက ၀ယ်ယူပိုင်ဆိုင် ထားပါသည်။ ဆိုင်ခန်း၏ နောက်ဖေးဝင်၊ ထွက်ပေါက် လုံခြုံစိတ်ချမှု ရှိစေရန်အတွက် ဂေါပကရုံးမှ ခွင့်ပြုချက်ရရှိပြီးမှ ပြုပြင်ရာ ဂေါပကအဖွဲ့မှ ဦးစန်းလွင်ဦး၊ ဦးခင်မောင်မြင့်နှင့် အဖွဲ့က ဆိုင်ရှင်ခွင့်ပြုချက် မတောင်းပဲ ဆိုင်ခန်းအတွင်း ၀င်ရောက် ဟန့်တားခဲ့ရာမှ နှစ်ဖက် အငြင်းပွားခဲ့ပါသည်။ ဘုရားကြီးဂေါပကအဖွဲ့က ဦးအောင်တင့်စန်း အပေါ် လုံးဝမရှိသော ဘုရား အုတ်တံတိုင်း ဖျက်ဆီးမှုနှင့် အမှုဖွင့် အရေးယူခဲ့တဲ့အတွက် ဦးအောင်တင့်စန်းမှာ ချမ်းမြသာစည်မြို့နယ် တရားရုံးကနေ အဆင့်ဆင့်တရားရုံးများသို့ အချိန်ကြာမြင့်စွာ ဖြေရှင်းခဲ့ရပါသည်။

ဦးအောင်တင့်စန်းက မိမိဆိုင်ခန်းအတွင်း ခွင့်ပြုချက်မတောင်းပဲ ၀င်ရောက်ခြိမ်းခြောက် ဟန့်တားခဲ့ကြသော ဘုရားကြီး ဂေါပကအဖွဲ့မှ ၀န်ထမ်းများအပေါ် ပြန်လှန် အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် အရေးယူ ဆောင်ရွက်ခြင်း မရှိပဲ အမှုကို ပလပ် ခဲ့ပါသည်။ ဦးအောင်တင့်စန်းအပေါ် စွဲဆိုထားသည့်အမှုက ချမ်းမြသာစည်တရားရုံးမှ စစ်ဆေးမှုမှာ ဘက်လိုက်မှုများပေါ်ပေါက်ခဲ့လို့ ရုံးပြောင်းခွင့် လျှောက်ထားပြီး ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ဆက်လက် စစ်ဆေး အမိန့်ချမှတ်ရာမှာ အမှုကို မှားယွင်းမှုအဖြစ် သတ်မှတ်ပြီး ဦးအောင်တင့်စန်းကို အမှုမှ အပြီးအပြတ် လွှတ်ပေးခဲ့ပါသည်။ ဦးအောင်တင့်စန်းအနေနှင့် အချိန်တစ်နှစ်မျှ ရင်ဆိုင်ဖြေရှင်းရခြင်း အမှန်မရှိသော အုတ်တံတိုင်း ဖျက်ဆီးသည်ဟု မမှန်စွပ်စွဲ ခဲ့ခြင်းတို့အပေါ် မကျေနပ်သဖြင့် ၄င်းအား အပြီးပြတ်လွှတ်ပေးပြီးချိန်မှာ တိုင်ကြားသူများအပေါ် ဂုဏ်သိက္ခာထိခိုင်နစ်နာအောင် ဆိုင်ရွက်ခဲ့ခြင်းနှင့် မမှန်စွပ်စွဲတိုင်ကြားခဲ့ခြင်းများအတွက် အရေးယူပေးရန် အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ ချမ်းမြသာစည်မြို့နယ် တရားရုံး တွဲဖက်တရားသူကြီး ဒေါ်ဥမ္မာအေးက လက်ခံကြားနာပြီး အမှုကို စုံစမ်းစစ်ဆေးစေရန် အမှတ်(၁၀) ရဲစခန်းသို့ တာဝန်ပေးအပ်ခဲ့ပါသည်။ အမှတ်(၁၀) ရဲစခန်းမှ စခန်းမှူးနှင့် အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ခင်ကိုကို တို့က အမှုကို စုံစမ်းစစ်ဆေးပြီး ဦးအောင်တင့်စန်းက ရဲတိုင်ကြားချက်များ မှန်ကန်ကြောင်း တရားရုံးသို့ အစီရင်ခံတင်ပြခဲ့ပါသည်။ သို့သော် ချမ်းမြသာစည် တရားရုံးမှ အမှုအား လက်ခံခြင်းမပြုပဲ ပလပ် ခဲ့ပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် အဖွဲ့အစည်းများနှင့် အငြင်းပွားမှုပေါ်ပေါက်လာလျှင် တဖက်သတ် ဖိနှိပ်အနိုင်ကျင့်ခံရမှုသာ များပြီး တရားရေးအနေနှင့် အမှန်တရားဘက်မှာ မရှိပဲ အဖွဲ့အစည်းဖက်မှ ကူညီပံ့ပိုးခြင်းဟာ တရားစီရင်ရေး ယန္တရားကို အလွဲသုံးစားပြုရာ ရောက်ပါသည်။

နိုင်ငံသားတစ်ဦးမှာ တာဝန်ကိုယ်စီရှိသလို အခွင့်အရေးလည်း ရှိပါသည်။ မိမိအခွင့်အရေးကို ထုတ်ဖော် တင်ပြခွင့်မရဘဲ အဖွဲ့အစည်းနှင့် တရားရေးတို့ပူးပေါင်း ချေဖျက်မှုများအား အမှန်တရား ပေါ်ပေါက် လာစေရေးအတွက် ဒီစာကို တင်လိုက်ဖြစ်ပါတယ်။

ဦးအောင်တင့်စန်း (အနန္တဂုဏ်ရောင် သင်္ကန်း ပရိက္ခရာတိုက်)
၀၉-၅၁၅၃၇၅၈

NLD (BG) သွေးအကူအညီပေးရေး အဖွဲ့၏ လူမှုရေးလုပ်ငန်းများ.... (သတင်း၊ ဓာတ်ပုံ)

Posted: 30 Apr 2012 10:37 AM PDT

သင်္ကြန်ရက်များအတွင်း NLD-BG အလှပြယာဉ်အား ရန်ကုန်တိုင်း ဒေသကြီးမြို့နယ်ပေါင်းစုံမှ ပြည်သူ လူထု၏ ချီးမြှောက်လူဒါန်းမှုနှင့် BG-တိုးချဲ့ဆောင်အား ထပ်မံ ဆောက်လုပ် ဆောင်ရွက်နေပါသည်။ လက်ရှိတိုးချဲ့ ဆောက်လုပ် ဆောင်ရွက်နေသော အဆောင်အား အမှိုက်ကောက် ကလေးငယ်များအတွက် စာရိတ္တမြှင့်တင်ရေးနှင့် ယဉ်ကျေးလိမ္မာ စေရေးအတွက် အနီးကပ်ပြုစု ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် လှူဒါန်းပံ့ပိုး ကူညီပေးကြသော မိဘပြည်သူများကို မြို့နယ်ပေါင်းစုံမှ NLD-BG လူငယ်များက အထူးပင် ကျေးဇူးးတင်ရှိပါသည်။

အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော NLD-BG အသက်ကယ် သွေးအကူအညီပေးရေးနှင့် အသိပညာ၊ အတတ်ပညာ သင်ကြားပေးရေး ပညာဒါနကျောင်းသို့ လာရောက် ပူးပေါင်း ဆောင်ရွက်လိုသူများနှင့် ပံ့ပိုးကူညီ လှူဒါန်းလိုသူများကို NLD-BG မှ လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ--
အမှတ်-၈၃၉၊ (ခ)။ မြရည်နန္ဒာလမ်း၊ ၁၉-ရပ်ကွက်၊ဒဂုံ-တောင်၊ (ကျန်းမာရေးမှတ်တိုင်)
ဖုန်း-၀၉-၇၃၁၂၅၈၈၅
ဖုန်း-၀၉-၇၃၁၇၀၁၆၅
ဖုန်း-၀၉-၄၂၁၀၈၀၃၆၁
အသေးစိတ် အချက်အလက်များကို ထပ်မံဖော်ပြပေးပါမည်။

NLD-BG
အမေ့မေတ္တာဖြင့် လွှမ်းခြုံထားသော NLD-BG- သွေးအကူအညီပေးရေးနှင့် ပညာဒါနကျောင်းမှ အမှိုက်ကောက် ကလေးငယ်များအား ကျန်းမာရေး၊ စာရိတ္တမြှင့်တင်ရေးနှင့် NLD-BG ကျောင်း၏ တိုးချဲ့ဆောင် ဆောင်ရွက်နေပုံ..
အမှိုက်ကောက် ကလေးငယ်များအား အပတ်စဉ်ကျန်းမာရေးနှင့် တကိုယ်ရေ သန့်ရှင်းမှုများ
ပြုလုပ် ဆောင်ရွက်နေပုံ။
အမှိုက်ကောက် ကလေးငယ်များကို အပတ်စဉ် ပင်တိုင် သင်ကြားပေးနေသော ဆရာကြည်သာဖြိုး (NLD-BG)မှ အမှိုက်ကောက် ကလေးငယ်များအား ရင်းရင်းနှီးနှီး စကားပြောဆိုနေကြပုံ
မေလဆန်းပိုင်းတွင် ဖွင့်လှစ်မည့် သင်တန်းများတွင် သင်တန်းသူ/သားများနှင့် သာသနာ့နွယ်ဝင် ဆရာလေးများမှ စာရင်းပေးသွင်းနေကြပုံ
နွေရာသီကျောင်းပိတ်ရက်တွင် ဆရာဒေါက်တာကျော်စွာ (NLD-BG) မှ အင်္ဂလိပ်စာသင်ကြားပေးနေပုံ
မေမေ့သား လင်းဆက် (NLD-BG) အားကျေးဇူးတင်ပါသည်။

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ အသံဖိုင်နှင့် ထုတ်ပြန်ကြေငြာချက်...

Posted: 30 Apr 2012 07:32 AM PDT

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်တက်ရောက်ရေး ဆုံးဖြတ်ချက် သတင်းစာရှင်းလင်းပွဲ အသံဖိုင်နှင့် ထုတ်ပြန်ကြေငြာချက်...

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ  ပြန်လည်ဖတ်ရှုရန်..

သစ်ထူးလွင်

သစ်ထူးလွင်


ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂသို့ လာရောက်ရန် ဘန်ကီမွန်း ဖိတ်ကြား

Posted: 01 May 2012 12:11 AM PDT

ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအပြီး သတင်းထောက်များနှင့် တွေ့ရန် ထွက်အလာ
ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ 
(မေလ ၁ ရက်-၂၀၁၂)
 
မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မေလ ၁ ရက်နေ့ နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပြီးနောက် ဘန်ကီမွန်းက သတင်းထောက်များနှင့် တွေ့ဆုံပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ၎င်းအနေဖြင့် အားရကျေနပ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ဆက်လက်ထောက်ပံ့မှု ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားလျှက်ရှိကြောင်းတို့ကို ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကုလ အထွေထွေ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂသို့ လာရောက်ရန် ဖိတ်ကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် သွားချင်စိတ်ရှိကြောင်းနှင့် ဆွေးနွေးပြီးနောက် အချိန်ကျလျှင် အကြောင်းပြန်ပါမည့်အကြောင်း ပြန်ကြားခဲ့သည်။

(သတင်းဓါတ်ပုံ-ကျော်စိုးလင်းYPI)

 Yangon Press International


ရခိုင်ပြည်နယ်မှသေမင်းတမန်ရထားလမ်းနှင့်ဖြိုဖျက်ခံရှေးဟောင်းဘုရားပုထိုးများ

Posted: 01 May 2012 12:03 AM PDT



စစ်တွေ၊ အမ်း၊ မင်းဘူး (မြန်မာနိုင်ငံ အလယ်ပိုင်း) မီးရထားလမ်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှနေ၍ မြို့နယ် (၅) မြို့နယ်ကို ဖြတ်လျှက် မြန်မာစစ်တပ်၏
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်းမြို့သို့ ဆက်သွယ်သော မီးရထားလမ်းသစ်
 တည်ဆောက်မှုကို (၂ဝဝ၉) ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စတင်ခဲ့ပါသည်။

 လုပ်ငန်းမစမီ ၂၀၀၈ခုနှစ်အတွင်းနှင့်လုပ်ငန်းစတင်ပြီး၂၀၀၉၊၂၀၁၀အတွင်းရထားလမ်း
စီမံကိန်းတလျောက်ရှိစစ်တွေမြို့၊ပုဏ္ဍားကျွန်း မြို၊ ကျောက်တော်မြို့၊မြောက်ဦးမြို့၊အမ်းမြို့နယ်များအတွင်းရှိဒေသခံပြည်သူများ၏အိုးအိမ်ရပ်ရွာများအားအတင်းအကျတ်
ပြောင်းရွေ့ဖယ်ရှားခိုင်းခြင်းများပြုလုပ်ခဲ့ပါသည်။

လျော်ကြေးငွေလုံးဝမပေးဆောင်ပဲ အရပ်သားများ၏ လယ်ယာ ဥယျာဉ် ခြံမြေ အများ
အပြားကို ဥပဒေမဲ့ သိမ်းယူခဲ့ခြင်း၊ဒေသခံစစ်တပ်များနှင့်ပူးပေါင်းပြီး ရထားလမ်းဖေါက်
လုပ်ရေး ကုမ္ပဏီများက လုပ်ခများ မပေးဘဲဒေသခံပြည်သူများအားအတင်းအကျတ်
လုပ်အားပေးစေခိုင်းခြင်းများပြုလုပ်ခဲ့ကြပါသည်။

မြောက်ဦးနှင့်အမ်းမြို့နယ်အကြားကျေးရွာ(၆)ရွာမှာရွာလုံးကျွတ်အတင်းအဓမ္မနေရာ
ရွှေ့ပြောင်းရွေ့ခြင်းခံခဲ့ရသော်လည်းမည်သည့်လျော်ကြေးတစုံတရာမှရရှိခဲ့ခြင်းမရှိခဲ့ကြပါ ။

ပူပြင်းလှပြီးအရိပ်အာဝါသမရှိသော ကွင်းပြင်များတွင်လုပ်အားပေးစေခိုင်းခံရမှုကြောင့်
ဖျားနာသေဆုံးခြင်း ရေရှားပါးမှုကြောင့်ဝမ်းပျက် ၀မ်းလျောဖြစ်ကာသေဆုံးခြင်းများ ထိခိုက်ဒဏ်ရာရပြီးသေဆုံးမှုများရှိခဲ့သော်လည်းမည်သည့်သတင်းမှထွက်ပေါ်မလာပဲ
အမှောင်ချထားခြင်းခံခဲ့ရပါသည်။

အဆိုးဝါးဆုံးဖျက်စီးခံရမှုများကတော့ ရခိုင်ရှေ့ဟောင်းအမွေအနှစ်များဖြစ်ပါသည်။
မြောက်ဦးမြို့အားရှောင်ကွင်းဖေါက်လုပ်ရနိုင်သော်လည်း ရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေ
အားဖြတ်သန်းဖေါက်လုပ်ခဲ့သောကြောင့် တန်ဖိုးမဖြတ်နိုင်သောသမိုင်းအမွေအနှစ်များ
ပျက်စီးခဲ့ရပါသည်.

(၂ဝ၁ဝ) ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် စတင်ခဲ့သော မြောက်ဦး ကျောက်တော်
မီးရထားလမ်းပိုင်းကြောင့် အေဒီ (၁၄ဝ၄) ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်
တည်ဆောက်ခဲ့သော ရခိုင်ပြည်နယ် မြောက်ဦးရှိ၊ ရှေးဟောင်း ကျောင်းကန်၊ ဘုရားများ
ထိခိုက်ပျက်စီးခဲ့သည်။

နယ်မြေဒေသတွင်းမှရှေးဟောင်းသုတေသနပညာရှင်များ၏ ပြောပြချက်များ၊ဒေသခံပြည်
သူများပြောပြချက်များ၊မျက်ဝါးထင်ထင်ဖြိုဖျက်နေသောသတင်းဓါတ်ပုံများအရ ရှေးဟောင်း
သဘင်သည်ဘုရား၊မင်္ဂလာမာန်အောင်ဘုရားနှင့်ကျောက်မြို့ရိုးတံတိုင်းများ၊သဇင်တန်တောင
ပေါ်ရှိ ဘုရားများအပြင် ပြည်စိုးကြီးဘုရား၊ ငကြေးအိုင် နှင့် ရဲလှရှိ ကျုံးများ၊ မင်းသမီးဆည
်-ရေတံခါး-ရေပြွန်ပေါက်များ၊ရဲလှခံတပ်နှင့်အမြင့်တောင်ခံတပ်တံတိုင်းများ၊ခြင်ကိုက်ပိဋ
ကတ်တိုက်တော် အစရှိသောရှေးဟောင်းသမိုင်းဝင်ဘုရားပုထိုးအဆောက်အဦးများ
 ဖြိုချဖျက်စီးစီးခံခဲ့ရ ပါသည်။

 တစ်ချိန်တည်း ၂၀၀၉ခုနှစ်ဒီဇင်ဘာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီ (နအဖ) က ကြက်ဆူပင် စိုက်ခင်း စိုက်ပျိုးရေးအတွက် နယ်မြေလူထုများအား
 မြောက်ဦးမြို့ရှိ ရှေ့ဟောင်း နန်းတော်ကုန်းကို ဖျက်ခိုင်းကြောင်းလည်း ကြားသိရသည်။

နယ်သူနယ်သားများက မီရထားလမ်းဖောက်လုပ်ရေး စီမံကိန်းကို ကန့်ကွက်ကြပြီး၊
ဆောက်လုပ် ရေးလုပ်ငန်းကို ရပ်တန့်ပေးရန် အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့ကြသည်။
သို့ရာတွင် အစိုးရက အကြောင်းတစုံတရာ ပြန်ကြားခြင်း မရှိဘဲ၊ စီမံကိန်းကို ဆက်လက်၍
အကောင်အထည်ဖေါ်ခဲ့သည်။

ဒေသခံလူထုများက သယ်ယူပို့ဆောင်ဆောင်ရေး တိုးတက်ကောင်းမွန်ရန်ကို အလွန်တရာ
 လိုလားကြသည်။ အကြောင်းမှာ ရခိုင်ပြည်နယ်ရှိ လမ်းများသည် အခြေအနေအလွန်ဆိုးရွား
နေခြင်းကြောင့် ဖြစ်သည်။လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်အတွင်းကားလမ်း ၇၀
ရာခိုင်နှုန်းမှာ ပျက်စီးလျက်ရှိပြီး ပြည်သူလူထုမှာ ရေကြောင်းခရီးကိုသာအားထားသွား
လာနေကြရပါသည်။

မီးရထားလမ်းမှာစစ်တွေမှကျောက်တော်မိုင်၅၀ခန့်လမ်းပိုင်းကို၂၀၁၁တွင်ဖွင့်ပွဲပြုလုပ်ခဲ့သော်
လည်းအသုံးပြုလို့မရအောင်လမ်းတစ်လျောက်လုံးယိုယွင်းပျက်စီးနေပြီးရထားပုံမှန်ပြေးဆွဲ
နိုင်ခြင်းမရှိသေးပေ။ ပုံတွင်တွေ့မြင်ရသည့်အတိုင်းစစ်တွေကျောက်တော်ရထားလမ်းပိုင်းမှာ နွေရာသီတွင်ပင်ယိုယွင်းပြိုပျက်နေပြီးရထားသွားလာမှုအတွက်စိတ်ချရသည့်အနေအထား
မရှိပေ။

 ရထားလမ်းကတော့ခုထိမပြီးသေးပါဘူး ဖွင့်ပွဲလုပ်လိုက်ပြန်ပြိုလိုက်နဲ့
ရထားအမှန်တကယ်သွားလို့မရသေးပါဘူး.စစ်တွေ-ကျောက်တော်ရထားလမ်းပိုင်းလောက်
သာတခါတလေ ခုတ်မောင်းနေတာတွေ့ရပါတယ်.ပုံမှန်ပြေးဆွဲခြင်းမပြုလုပ်နိုင်သေးပါဘူး။

မိုးအားကောင်းသောရခိုင်ဒေသအတွင်းအဆင့်မမှီသောကားလမ်းရထားလမ်းများမှာအသုံး
မပြုမှီကပင်ပျက်စီးလျက်ရှိပြီး ခရီးသွားပြည်သူများမှာရထားလမ်းကားလမ်းများကိုကြည့်ပြီး အထူးစိတ်ဆင်းရဲလျက်ရှိနေကြကြောင်းသိရှိရပါသည်။

ခိုင်ဇော်အောင် (Myanmar News Now)


မစ္စတာဘန်ကီမွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ (ဓါတ်ပုံ)

Posted: 30 Apr 2012 11:36 PM PDT


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင်အချိန် တစ်နာရီကျော် အကြာ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမြင်ကွင်းဓာတ်ပုံများ။
The Voice Weekly


ကိုမင်းကိုနိုင်နှင့် ၈၈ ကျောင်းသားဟောင်းများ၏ ရပ်စောက်မြို့ခရီးစဉ် (ဓါတ်ပုံ)

Posted: 30 Apr 2012 11:40 PM PDT

မေလ ၁ ရက်နေ့ ၂၀၁၂

ကိုမင်းကိုနိုင် နှင့် ၈၈ ကျောင်းသားဟောင်းများ ယနေ့ နံနက် ရှမ်းပြည်နယ် ရပ်စောက်မြို့ ရောက်ရှိသွားတဲ့ ဓါတ်ပုံတွေဖြစ်ပါတယ်။ ရပ်စောက်မြို့ ခံ လူထုနှင့်တွေ့ ဆုံပြီး ဟောပြောပွဲ ပြုလုပ်နေပါတယ်။

Myanmar News Now







 


နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်

Posted: 30 Apr 2012 10:12 PM PDT

ဓာတ်ပုံ ASSOCIATED PRESS
ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား တွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ မိန့်ခွန်း ပြောကြားပုံ။ နေပြည်တော်၊ မြန်မာ။ ဇူလိုင် ၁၁ ၂၀၁၁။

ပြောင်းလဲမှုတွေ ထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာစေနိုင်တဲ့ အဓိက အပြောင်းအလဲ အဖြစ် သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပြန်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာ အစိုးရ နဲ့ ကုလသမဂ္ဂတို့ အကြားရခဲ့တဲ့ ဒီသဘော တူညီချက် နဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒယ်နီရယ် ဘန်စတိန်း (Danielle Bernstein) သတင်းပေးပို့ ထားတာကို မခင်မျိုးသက် က တင်ပြထားပါတယ်။

မြန်မာအစိုးရက ၂၀၁၄ ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့  သန်းခေါင်စာရင်း ကောက်ယူဖို့ ကတိပြု ကြောင်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီက အတည်ပြု လက်မှတ်ရေးထိုး ခဲ့ပါတယ်။ စာထဲမှာ  နှစ်ပေါင်း ၃၁ နှစ် အတွင်း ကောက်ယူမယ့် လူဦးရေစစ်တမ်းကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီလုပ်ဆောင်ရမှာ ဖြစ်သလို  ဒီသန်းခေါင်စာရင်း ကောက်ယူရာမှာ  လူမျိုးမရွေး ဘာသာ မရွေး ပါဝင်ရမှာဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူသူတွေကို  နိုင်ငံအနှံ့  သွားရောက် ခွင့်ပေးဖို့ပါ  ပါဝင်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက တိုင်းရင်းသား ဒေသတွေမှာ အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကနေ ဒီသန်းခေါင်စာရင်း ကောက်ယူရေး ဖြစ်မြောက် လာစေဖို့ မျှော်လင့် ထားသလို လူနဲစု တိုင်းရင်းသားတွေ နဲ့ လူမှု့လူ့အဖွဲ့အစည်းတွေပါ ပါဝင်လုပ်ဆောင်ဖို့ လိုတယ်လို့  ပြောဆိုခဲ့ပါတယ်။

တိကျမှုရှိတဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကိစ္စဟာ  မြန်မာ အစိုးရ လုပ်ဆောင်နေတဲ့  နိုင်ငံရေး အပြောင်းအလဲတွေ ထဲမှာ  အရေး အကြီးဆုံး ဖြစ်တယ်လို့  လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှုး ဒေ့ဖ် မက်သီဆန် (Dave Mathieson) ကပြောပါတယ်။

"တကယ်လို့ မြန်မာနိုင်ငံမှာသာ သန်းခေါင်စာရင်း ရှိခဲ့ရင် နိုင်ငံသားတိုင်း မဲပေး ပိုင်ခွင့်ရှိ လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ အခုထက်ပို မျှတပြီး  အများရဲ့ လက်ခံ ယုံကြည်မှု ကိုလည်း ပိုပြီး ရလာဖို့ ရှိပါတယ်။  နောက် လူထုအပေါ်မှာ  တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိမယ်ဆိုရင်တော့  ဒီလူတွေမဲပေးလာကြမှာပဲ။"

မြန်မာနိုင်ငံမှာ  ၁၉၈၃ ခုနှစ်က နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူခဲ့တာပါ။ အဲဒီတုန်းက အမဲရောင် နယ်မြေ လို့ခေါ်တဲ့ လက်နက်ကိုင်တွေ ကြီးစိုးတဲ့ ဒေသတွေမှာ နေထိုင်သူတွေ ကို ထည့်တွက်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအရင်က အများလက်ခံလောက်တဲ့ လူဦးရေ စာရင်းကောက်ခဲ့တာကတော့ ၁၉၃၁ ခုနှစ် မှာဖြစ်ပြီး ဗြိတိသျှအုပ်ချုပ် နေတုန်းက ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းပါ။

လူ့အခွင့်ရေး စောင့်ကြည့်သူ တွေကတော့  သန်းခေါင်စာရင်း ကို သေသေချာချာ မကောက်ရင် မြန်မာနိုင်ငံသား အဖြစ် ထည့်သွင်းရေး မသွင်းရေး  အငြင်းပွါးနေတဲ့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာနိုင်ငံထဲ က တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို  စာရင်းထဲ ကနေ ဖယ်အထုတ်ခံ ရမှာကို စိတ်ပူနေကြပါတယ်။

ကုလသမဂ္ဂကတော့ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ တသန်းလောက်နေထိုင်မယ်လို့ ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ကောက်ယူ မှတ်တမ်းတင်ရေးမှာ တာဝန်ရှိတဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အကြီးအကဲ ဦးမြင့်ကြိုင်ကတော့  မြန်မာနိုင်ငံထဲမှာ နိုင်ငံမဲ့သူများဆိုတာ ရှိမနေဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့ဆီမှာ နိုင်ငံမဲ့ သူများဆိုတာရှိ မနေသလို မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ ဆိုတာလည်း မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ ဘင်္ဂါလီ လူမျိုးတွေ မြန်မာနိုင်ငံထဲမှာ မနေကြလို့ပါ" လို့ စကားပြန် က တဆင့် ပြောသွားတာပါ။

ပြောင်းလဲမှုတွေ လုပ်ဖို့  ကတိပြုထားတဲ့ အစိုးရကိုရော သန်းခေါင်စာရင်း ရဲ့ တိကျမှု ဆိုင်ရာအတွက်ပါ  ဒီလို အမျိုး ခွဲခြားမှုမျိုးတွေက အဓိကစမ်းသပ်မှု လိုဖြစ်နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေ အတွက် အစိုးရရဲ့ ယုံကြည်လောက် စရာမရှိတဲ့ စာရင်းဇယားတွေကိုဘဲ နှစ်ပေါင်း များစွာ သုံးစွဲနေ ကြရတာမို့  အခုလို နိုင်ငံတကာ စံနှုန်းနဲ့ အညီ သန်းခေါင်စာရင်း ကောက်ယူမှုက အရေးပါတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဒီသန်းခေါင်စာရင်း ကောက်ယူရေးအတွက် (UNPF) လို့ခေါ်တဲ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့ ကနေ အချက်အလက် စုဆောင်းကာလ အဖြစ် သတ်မှတ်ထားတဲ့ ၂နှစ်အတွင်းမှာ ဦးဆောင်ပြီး စူးစမ်း လေ့လာမှု တွေ လုပ်မှာဖြစ်သလို မှတ်တမ်းတွေကိုလည်း ပြုစုရေးသားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မိုဟာမက် အဒယ် အဟက် (Mohamed Abdel-Ahad) ကတော့ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ခဲ့တဲ့ အချိန်ဟာ သိပ်ကြာနေပြီမို့ ဒါဟာ တကယ့် စိန်ခေါ်မှု တရပ်ဖြစ်နေသလို ဒါဟာ အရေးအကြီးဆုံး  လုပ်ဆောင်ရမှာလည်း  ဖြစ်နေတယ်လို့ ဆိုပါတယ်။

"အားလုံး သိတဲ့အတိုင်းပဲ လူထုက ဒီသန်းခေါင်စာရင်း နဲ့ ပါတ်သက်ပြီး  သေသေချာချာ သိမထားဘူး။ သန်းခေါင်စာရင်း နောက်ဆုံးယူ ထားတာက နှစ်ပေါင်း ၃၀ ကျော်နေပြီ ဆိုတော့ ၁၉၈၃ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ ဆိုရင် သန်းကောင် စာရင်းယူတဲ့  အတွေ့အကြုံ မရှိကြဘူး။ ဒါ့ကြောင့် သူတို့ကို မြန်မာနိုင်ငံသားအနေနဲ့ ထည့်သွင်းရေတွက်ဖို့ လိုတယ် ဆိုတဲ့ သူတို့ရဲ့ ရပိုင်ခွင့်ကို ကျွန်တော်တို့က ရှင်းပြဖို့ လိုပါတယ်။"

သန်းခေါင်စာရင်း ကောက်ယူသူတွေကတော့ သန်းခေါင်စာရင်း ကို  ၂၀၁၄ ခုနှစ် ဧပြီလမှာ ကောက်ယူနိုင်မယ်လို့ မျှော်လင့်ထား ကြောင်း မစ္စတာ အဒယ် အဟက် ( Abdel-Ahad ) က ပြောပါတယ်။  ကုလသမဂ္ဂက အနေနဲ့ ဒီလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၅၃ သန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။
By ခင်မျိုးသက် (ဗွီအိုအေ-မြန်မာပိုင်း)


သတင်းမီဒီယာသမားတွေကို ထပ်စော်ကားလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်

Posted: 30 Apr 2012 10:06 PM PDT

လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် (ဓါတ်ပုံ-Hot News)
    အများသိပြီးသားဖြစ်တဲ့ Hot news Journal မှာ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကကောင်တွေ ဆယ်တန်းမအောင်ပါဘူးလို့ အစချီကာ မိုက်မိုက်ရိုင်းရိုင်းပြောထားခဲ့တဲ့ လယ်/ဆယ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို လွှတ်တော်အမတ် (232)ယောက်ကနေ တောင်းဆိုချက်အရ လွှတ်တော်အခွင့်အရေးကော်မတီမှာ  ၂၉.၄.၂၀၁၂ ရက်စွဲပါ အစီအရင်ခံစာအတိုင်း ဧပြီလ ၃၀ ရက်နေ့ မှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ရှင်းလင်းပါတယ် ။သူ့ရဲ့ ပြန်လည်ဖြေကြားချက်မှာ ဟိုပုတ်ခတ်ဒီပုတ်ခတ် (သူ့နဂိုရ် အကျင့်အတိုင်း)ပေါ့။ 

    လွှတ်တော်အခွင့်အရေးပူးပေါင်းမှုကော်မတီက ``အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်လုပ်တယ်ဆိုတာက လွှတ်တော်ကို ဆိုလိုတာပါလား တစ်ခြားဘယ်သူကို ရည်ရွယ်ပါသေးသလဲ´´ဟုမေးမြန်းရာ----


 ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ``ကျနော်က လွှတ်တော်ကို မရည်ရွယ်ပါဘူး ကျနော်တို့ ပြည်တွင်ပြည်ပ မီဒီယာတွေဟာ နည်းမျိုးစုံနဲ့ ကျနော်တို့ရဲ့ အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်၊ စည်းလုံးမှုတွေ ပြိုကွဲအောင် ဖန်တီးလိုတဲ့ အသံတွေ၊ စာနယ်ဇင်းတွေ ဂျာနယ်တွေ--- အဲဒီထဲမှာ ကောင်းတဲ့ ဂျာနယ်တွေရှိသလို မကောင်းတဲ့ စာနယ်ဇင်းတွေလည်းရှိပါတယ်။ မကောင်းတာတွေကများပါတယ်။ အမျိုးမျိုးဝေဖန်ကြ၊ ပြစ်တင်ရှုတ်ချကြ နဲ့ ကျနောတို့ကို တစ်ခုဟုတ် မဟုတ်  ကြားလေသွေးဆွေးမယ်လို့ ရည်ရွယ်ချက်တွေနဲ့ လုပ်နေကြတယ်လို့ ဖြေကြားခြင်းသာဖြစ်ပြီး လွှတ်တော်ကို ရည်ရွယ်ခြင်းလုံးဝမဟုတ်ပါဘူး´´ လို့ မီဒီယာသမားစော်ကားတဲ့ အသုံးအနှုန်းတွေနဲ့ ဖြေကြားခဲ့ပါတယ်။
  
    ထိုပြင် `` ဥပဒေပြုလွှတ်တော်က တည့်တည့်မတ်မတ်ကလေး ဖြစ်အောင်လုပ်ရမယ်။ ဥပဒေက ကမောက်ကမဖြစ်နေရင် အစိုးရကိုဝေဖန်နေရင် မီဒီယာသမားတွေရဲ့ကဏ္ဍကလည်း ၀ိုင်းသမနေရင် ကမောက်ကမဖြစ်ပြီး လှေကြီးနစ်သွားရင် ဘယ်သူနစ်နာမလဲ။ ပြည်သူပဲ အရင်နစ်နာလိမ့်မယ်။ လှော်တဲ့ကောင်ကလဲလှော်ရမယ်။ ထိုင်တဲ့ကောင်ကလဲ ထိုင်နေရမယ်။ အသက်ကြီးသွားရင် ငြိမ်နေရမယ်။ အငြိမ်မနေပဲ ထိုင်နေရင် ဘုန်းကြီးရူးနဲ့လှေလူး ဖြစ်လိမ့်မယ်´´ဟုသော စကားရဲ့ အဓိပါယ်အား ရှင်းခိုင်းရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က `` ကျနော်ဂျာနယ်တွေ အတော်များများဖတ်ပါတယ်ခင်ဗျား။ဖတ်ရင် မကောင်းတာတွေချည့်ပဲ။ စိတ်မချမ်းသာဘူးပေါ့ဗျာ။ အမှန်ကတော့ အဲဒိဟာတွေပဲ။ ကျနော်ဂျာနယ်တွေနဲ့တွေ့တဲ့အခါ သူတို့ဂျာနယ်တွေထဲမှာ ကျနော်တို့လွှတ်တော်၊ ကျနော်တို့နိုင်ငံတော်ကိုယ်စားပြုမယ့် ဂျာနယ်လေးတစ်ဆောင်လောက် ပေါ်လာမလားလို့ အားကိုးမိတာပါ´´ဟု ဂျာနယ်တွေမကောင်းကြောင်း၊  မကောင်းတာတွေ့ချည့် ဂျာနယ်များမှ ရေးသားကြောင်း၊ ဂျာနယ်များသည် လွှတ်တော်နှင့်အစိုးရအား ကိုယ်စားမပြုကြောင်း အတင်းတုတ်ခဲ့ပြန်သည်။


 နေပြည်တော်သတင်းထောက် (Myanmar News Now)


ပညာရေးလား၊ စီးပွာရေးလား

Posted: 30 Apr 2012 07:38 PM PDT

အထက်တန်းကျောင်းအုပ်ကြီး ဒေါက်တာတွေတော်လိုက်ပုံများ
၁။         23-4-2012 (တနင်္လာနေ့) ည (၈း၀၀) နာရီ ရုပ်မြင်သံကြားသတင်းတစ်ခုမှာ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာချမ်းငြိမ်း (ဒေါက်ချာချမ်း) ကို စာစစ်ဥပေဒနှင့် ပတ်သက်ပြီး တင်ပြနေတာမြင်ရတော့။ ဒီလူတွေ (အချို့အပေါင်းပါ) လွှတ်တော်အရှေ့မှာ နေရာပေးတာ ယခင်ကြိုးနီစနစ်က ဘယ်ညာလွှဲပြီးဆက်ပြီး ရှင်သန်နေရာ ရောက်တယ်။ ဒေါက်ချမ်း (အခြေခံပညာဆရာ၊ ဆရာမများ အခေါ်) ပညာရေးဝန်ကြီးတာဝန်ယူစဉ်ကာလတလျှောက် အခြေခံပညာကို ကောင်းကောင်းကြီးဖျက်ဆီးသွားတဲ့နံပါတ် (၁) တရားခံပါ။ ဥပမာတစ်ခုကိုပဲ ပြောပါရစေ ဒေါက်တာဘွဲ့ရတာတက္ကသိုလ်က ဆရာ၊ ဆရာမတွေကို အထက်တန်းကျောင်းအုပ်ရာထူးခန့်ထား တာဟာ အခြေခံပညာကို ဖျက်စီးလိုက်တာဘဲ။ ပညာရေးသဘောတရားနားမလည်တဲ့လုပ်ရပ်ဖြစ်တယ်။ တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ရ တယ်ဆိုတာ သူ့ရဲ့ဘာသာရပ်မှာ အထူးကျွမ်းကျင်တာ (Professional) လို့ထင်ပါတယ်။ [ဒေါက်တာ တွေအသိဆုံးပါ ကျွမ်းကျင်လား၊ တတ်လားမတတ်ဘူးလားဆိုတာ] အဲဒီလိုဘာသာရပ်တစ်ခုကို ကျွမ်းကျင်တာနဲ့ အထက်တန်းကျောင်းအုပ်တာဝန်ပေးတာဟာ တခြား ဆီပါ။ အထက်တန်းကျောင်းအုပ်ဆိုတာ ကျောင်းတစ်ကျောင်းကို စီမံရတယ်၊ အုပ်ချုပ်ရတယ်၊ သင်ကြားရတယ်၊ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများကို မောင်နှမလို၊ မိသားစုလို၊ ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင် အကြံဉာဏ်ယူရတယ်၊ ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များအတွက် စံပြနမူနာပြုရတယ်၊ ဆရာဂုဏ်၊ သမားဂုဏ်၊ နာယဂုဏ်(၆) ပါးနဲ့ညီညွှတ်ရတယ်။ အသက်အရွယ်၊ လုပ်သက်အတွေ့ အကြုံ၊ ပညာကြီးရတယ်။ ဒါမှတာ အထက်တန်းကျောင်း တစ်ကျောင်းကို တိုးတက်အောင်၊ စည်းကမ်းရှိအောင် ဦးဆောင်ရင်း လိမ္မာတဲ့၊ တော်တဲ့၊ ထူးချွန်ထက်မြက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လုပ်ဖော် ကိုင်ဖက်ဆရာ၊ ဆရာမများနဲ့အတူ မွေးထုတ်နိုင်မှာဖြစ်ပါတယ်။
            အခုတော့ကြည့်ပါဦး ဒေါက်ချမ်းလုပ်ခဲ့တာက သူလိုဒေါက်တာဘွဲ့ရတွေ သူ့ကိုယှဉ်မှာစိုးလို့ တက္ကသိုလ်မှာ မထားတော့ဘူး အခြေခံကျောင်းတွေကို ပို့ခဲ့တယ်။ ဒေါက်တာဆိုတဲ့(အထက်တန်းကျောင်းအုပ်လုပ်နေသူများ) လူတွေကလည်း ကိုယ့်ပညာကိုယ်မှ တန်ဖိုးမထား၊ ပညာမာနမရှိ(အရှက်မရှိ) ကိုယ့်ဌာန (မိမိMajor-ဥပမာ မြန်မာစာ ဌာန)၊ မိမိတက္ကသိုလ်တို့ကို သစ္စာဖောက်ပြီး အထက်တန်းကျောင်းအုပ်နေရာကို စီးပွားရေးတစ်ခုလို အသုံးချပြီး ၀န်ကြီးဆီအတင်းကပ်ဖား၊ မရ/ ရအောင်သိန်းဆယ်ချီကန်တော့ တဲ့သူတွေ အခုတော့ ဒေါက်ချမ်းက အခြေခံပညာကို ကောင်းကောင်းကြီး အမွေဆိုးပေးခဲ့တယ်။
            ဒေါက်တာတွေဆိုတာ လူကလည်းမလောက်လေးမလောက်စား၊ အသက်ကလည်းငယ်၊ မဟုတ်တဲ့ပညာ မာနကလည်းရှိ၊ ဒေါက်တာဆိုကို ပါးစပ်ကမချဘူး။ အခြေခံပညာသဘောတရားလည်းနားမလည်။ ဆရာလုပ်သက် ၊ ပညာရေးလုပ်သက် ၊ အခြေခံပညာ ဆရာ၊ ဆရာမအတွေ့အကြုံလုံးဝမရှိဆိုတော့ အထက်တန်းကျောင်း တစ်ကျောင်းကို ဘယ်လိုစပြီး ကိုင်တွယ်ရမယ် ဆိုတာ နည်းမလည်ဘူး။ သူတို့သိတဲ့ စီးပွားရေး(ငွေ) တစ်ခုတည်း ဘယ်လိုရအောင်လုပ်မယ်ဆိုတာကို နည်းမျိုးစုံ မတရား(လောဘကြီးစွာ) နဲ့နေ့တစ်ဓူဝကြိုးစားကြတယ်။ လက်တွေ့လေ့လာကြည့်ကြပါ မြန်မာတစ်နိုင်ငံလုံးမှာ ဒေါက်တာတွေကုပ်စုပ်တဲ့အခြေခံပညာ အထက်တန်းကျောင်းတွေ ဘယ်လောက်တိုးတက်လာသလဲ ဆိုတာလက်ချိုးရေပြီးစစ်တမ်းကောက်ကြည့်ကြပါ။ ဒါတောင် ဒေါက်ချမ်းက သူ့ရဲ့လူတွေကို ကောင်းတဲ့အထက်တန်းကျောင်းတွေကိုပဲ ရွေးပြီးပေးခဲ့တာ။ ရန်ကုန်မှာဘဲကြည့်ကြည့်၊ မန္တလေးမှာဘဲ ကြည့်ကြည့် ဒေါက်တာတွေကျောင်းက ဆရာ၊ ဆရာမတွေစိတ်ဆင်းရဲမှုပေါင်းများစွာနဲ့ အလုပ်လုပ်နေရတယ်။
            ဒေါက်ချမ်း(ဒေါက်ချာကြီး) က မတရားတာမှလွန်ရော သူရဲ့ဒေါက်တာတွေကို အခြေခံကသူ့အဆင့်လိုက် တက်လာတဲ့ ကျောင်းအုပ်ကြီးတွေထက် လစာ ပိုပေးထားတယ်။ ဒေါက်ချမ်းမြှောက်စားတော့ လူပါးဝလိုက်တာမှ လွန်ပါလေရော၊ ဒေါက်တာတွေ ကျောင်းအုပ်အချင်းချင်းမပြောနဲ့ သူတို့အထက်က မြို့နယ်ပညာရေးမှူးတွေ၊ တိုင်းဒေသကြီးပညာရေးမှူး/ပြည်နယ်ပညာရေးမှူးတွေ ကိုတောင် လူမထင်ဘူး။ ထစ်ကနဲဆို ၀န်ကြီးဆီဖုန်းဆက်လိုက် မယ်နဲ့အမြဲချိမ်းခြေက်ပြီး ရတဲ့အခွင့်အရေးအကုန်ယူတယ်။
            ဒေါက်တာကျောင်းအုပ်တွေလည်းတော်တော်လေးချမ်းသာသွားကြပါပြီ။ နောက်ဆုံးပေါ်ကားအမျိုးမျိုး (၃-၄) စီးနဲ့၊ အိမ်တွေ၊ ခြံတွေ၊ မြေကွက်တွေ၊ ရွှေတွေနဲ့ သူဋ္ဌေးဖြစ်ကုန်ပါပြီ။ ဒီဖက်မှာလည်း  ကျောင်းသူ၊ ကျောုင်းသားတွေ အကျင့်ပျက်၊ စာရိတ္တယိုးယွင်း၊ စာခိုးတတ်တဲ့ အချောင်သမားလေးတွေ၊ ကျောင်းပြေးတဲ့ ဝေလေလေလူငယ်တွေ တိုးပွားလာပါပြီ အနာဂတ်အတွက် ရတနာဆိုး တွေ များများထွက်လာပါပြီ။
            ဒေါက်တာတွေကို ပိုပြီးချမ်းသာစေတဲ့ အဓိက အချက်တစ်ချက် ရှိပါသေးတယ် အဲဒါက ရန်ကုန်၊ မန္တလေးမှာ ခေတ်စားတဲ့ Day, Night, ဘော်ဒါ၊ ကျူရှင်တွေ၊ Private School တွေ [သီးခြားဖော်ပြ၊ ရေးသားပါဦးမည်] ပါ။
            ဒေါက်တာတွေရဲ့ဆက်ဆံရေးကတော့ အသက်ငယ်ပြီး လုပ်ငန်းအတွေ့အကြုံမရှိတော့၊ ဆရာ၊ ဆရာမတွေကို သူတို့အိမ်က အခိုင်းအစေအတိုင်းဘဲ ၊ မောက်မောက်မာမာဆက်ဆံတယ်၊ မတူမတန် ငါကျောင်းအုပ်ပဲ ဆိုပြီး ပညာပြတယ်။ မလိုအပ်တာတွေကို ချဲ့ပြီး ခိုင်းတယ်၊ အစည်းအဝေးတွေကို အချိန်ကြာမြှင့်စွာ လိုရင်းမရောက်နိုင် ဘဲ ညနေကျောင်းဆင်းကနေ ညနေ(၅/ ၆) နာရီအထိလုပ်တယ်။ ကျောင်းဆင်းပြီးလည်း မပြန်ခိုင်းသေးဘဲ လက်မှတ် ထိုးစာအုပ်ကို သိမ်းထားတယ်။ နောက်ကျမှ ပြန်ခိုင်းတယ်။ ငါကျောင်းအုပ်ပြန်မပြောနဲ့၊ ငါကျောင်းအုပ်ငါခိုင်းတာလုပ် ၊ ငါကျောင်းအုပ်ငါပြောတာလုပ်။ အာဏာရှင်စနစ်နဲ့ကျောင်းတွေကို အုပ်ချုပ်နေကြတာ။ ဒီကြားထဲရှုပ်ရှုပ်ရှက်ရှက်တွေ ကပါလာသေးတယ်မဟုတ်လား
            ပြောရရင်တော့ အခြေခံပညာအထက်တန်းကျောင်းတွေ ဒေါက်တာကျောင်းအုပ်တွေကြောင့် လုံးဝ ဥဿုန် ပျက်စီးသွားပါပြီ။ ဒေါက်တာချမ်းငြိမ်းလည်းနားလိုက်ပါတော့ လွှတ်တော်ကနေ နှုတ်ထွက်လိုက်ပါ၊ ပညာရေးကော်မတီ ကတော့နှုတ်ထွက်လိုက်ပါ။

ကိန်းဂဏာန်းနဲ့ပြီးတော့မှာလား
[မြန်မာနိုင်ငံပညာရေးကို ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန်အဆိုကို လွှတ်တော်အတည်ပြု အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူက နိုင်ငံတကာပညာသင်ဆုများဖြင့် (၂၅၈၆) ဦးတို့အား ပြည်ပသို့စေလွှတ်ခဲ့ပြီး နှစ်စဉ်တိုးချဲ့စေလွှတ်လျက်ရှိကြောင်း] သစ်ထူးလွင်မှ ပြန်လည်ကောက်နုတ်ချက်
            ပြည်ပကို ပညာတော်သင်တွေ နှစ်စဉ်တိုးချဲ့စေလွှတ်တယ်လို့ ကိန်းဂဏာန်းကြီးကြီးနဲ့ လွှတ်တော်မှာ ဒုဝန်ကြီးဦးအေးကြူက ပြောနေပေမယ့် ပညာရေးကတော့ နှစ်စဉ်မပြောနဲ့ တစ်ရက်နဲ့တစ်ရက် လိုက်လို့မမီအောင် ပျက်စီးနေတာ ၊ ကျောင်းသားလူငယ်တွေ ပျက်စီးနေတာ ၊ အကျင့်စာရိတ္တ၊ စည်းကမ်း၊ ယဉ်ကျေးမှုဘာဆိုဘာမှ မသိအောင် အခြေခံကျောင်းတွေမှာရော၊ တက္ကသိုလ်မှာပါ ပျက်စီး နေပါပြီ။
            တစ်ခုတော့မေးပါရစေ နိုင်ငံခြားကို ပညာတော်သင်တွေ နှစ်စဉ် ထောင်နဲ့ချီစေလွှတ်နေတာ အဲဒီ ပညာတော်သင်တွေ အမိနိုင်ငံပြန်လာတော့ ဘယ်လို ပြန်အသုံးချသလဲ၊ ဘယ်လိုနေရာပေးသလဲ၊ သူတို့ကို မူလနေရာ ၊ မူလရာထူးနဲ့ပဲ ထားတယ်မဟုတ် လား၊ ပိုတောင်မှ ဘေးဖယ်ထုတ်တယ်မဟုတ်လား။ ဒါဆိုရင် ဒုဝန်ကြီးပြောတဲ့ ကိန်းဂဏာန်းတွေ ဘယ်လောက်ကြီးကြီး အလကားပဲ မဟုတ်လား။ ပညာတော်သင်အများစုက အမိမြေကို ပြန်လာကြတယ် ၊ တချို့ပြန်မလာဘူး။ တချို့ပြန်လာပြီး အလုပ်ထွက်တယ်၊ တချို့ ပြန်လာပြီး ပြန်ထွက်သွားတယ်၊ ဒါတွေဟာ ပညာတော်သင်တွေကို တန်ဖိုးမထားလို့ နေရာအတိုင်းအတာတစ်ခု မပေးလို့ဖြစ်တာ။ အမိနိုင်ငံပြန်လာတဲ့ ပညာတော်သင်တွေကို သူတို့ယူခဲ့တဲ့ ဘွဲ့နဲ့ထိုက်တန်အောင် ရာထူးနေရာတစ်ခုပေးမယ်ဆိုရင် နိုင်ငံခြားပညာတော်ဌာနမှာ အခုထိရှင်းလို့မရတဲ့ပြဿနာတွေ၊ ရှင်းလို့မနိုင်တဲ့ပြဿနာတွေရှိမှာမဟုတ်ဘူး။ ပညာတော်သင် တစ်ယောက်ဖြစ်ဖို့ဆိုတာ အမှန်တကယ်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ မြန်မာပြည်မှာ Interview (လူတွေ့/စာတွေ့) အဆင့်ဆင့်၊ ၀န်ကြီးရုံးပြီးတော့ နောက်ဆုံး သံရုံးဖြေဆိုပြီးတဲ့အပြင် ပါတီ/နိုင်ငံရေးကို မိမိကိုယ်တိုင်ရော၊ မိသားစုအသိုင်းအ၀န်း၊ ဆွေမျိုးအားလုံး ကင်းရှင်းကြမှ သွားခွင့်ရကြတာမဟုတ်လား။ အခြေခံပညာမှာဆိုရင် နိုင်ငံခြားပညာတော်သင်ဆုရဖို့ဆိုရင် ကုသိုလ်ကံထူးမှ တော်တော် ကံကောင်းမှ ရတာလေ။ အဲဒီလိုဆရာ၊ ဆရာမတွေ နိုင်ငံခြားကနေ ပညာသင်ပြီး ဘွဲ့တစ်ခုခုယူလာနိုင်ရင် မြန်မာပညာရေးဝန်ကြီးဌာန က မမြှောက်စားသင့်ဘူးလား၊ နေရာမပေးသင့်ဘူးလား၊ သူတို့ယူလာတဲ့ ဘွဲ့နဲ့ထိုက်တန်အောင် တစ်ခုခုတော့ လုပ်သင့်တာပေါ့ ဒါမှ ပညာရေးဟာ တိုးတက်မယ်၊ ဥပမာ- အခြေခံပညာကဆရာ၊ ဆရာမနိုင်ငံခြားမှာပညာတော်သင်ပြီး ဘွဲ့တစ်ခုခုရလာရင် ကျောင်းအုပ် အဆင့်ရာထူးပေးမယ်ဆိုရင် အဲဒီကျောင်းတစ်ကျောင်းကတော့အနည်းဆုံး နိုင်ငံတကာပညာရေးအငွေ့အသက်ကိုရကြမှာပဲ၊ မြန်မာပြည်ကဒေါက်တာကျောင်းအုပ်နဲ့ စစ်ဗိုလ်ကျောင်းအုပ်တွေထက်အများကြီးသာမှာပါ။ အခြေခံပညာမှာ နိုင်ငံခြားဘွဲ့ရဆရာ၊ ဆရာမတွေဘယ်လောက်ရှိမှာလဲ လက်ချိုးရေလို့ရမှာပါ။ သူတို့တွေကိုသာ နေရာပေးလိုက်လို့ လုပ်ပိုင်ခွင့်ရသွားရင် အခြေခံကျောင်း အားလုံးမဟုတ်ရင်တောင်တချို့မှာ နိုင်ငံတကာပညာရေးနည်းစနစ်တွေ ရှင်သန်ခွင့်ရမှာပါ။ အခုတော့ ပညာတော်သင်ပြန်လာတယ် ပြန်လာတဲ့ ဆရာ၊ ဆရာမတွေ ဘာအကျိုးမှ မပြုဘူး နှမျောစရာကောင်းလိုက်တာ။ ဘွဲ့ပေးလိုက်တဲ့နိုင်ငံကိုလည်း မလေးစားရာမရောက် ဘူးလား။
            ဒုဝန်ကြီးဦးအေးကြူပြောတဲ့ ကိန်းဂဏာန်းတွေ အကျိုးရှိအောင်သုံးပြပါဦး ၊ အရေအတွက်ထက် အရည်အချင်းကပိုအကျိုးရှိ မယ်ထင်တယ်။ စာရွက်ပေါ်မှာပဲ အလုပ်လုပ်နေကြမှာလား၊ စာရွက်ပေါ်မှာတင်လိမ်ညာလို့အားမရတော့ အခုတော့ လွှတ်တော်ထဲအထိ လိုက်ပြီး အကျိုးမရှိတဲ့ ကိန်းဂဏာန်းမျက်လှည့်ပြနေပြီလား၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ (ပြည်သူ့ကိုယ်စားလှယ်ကြီးများ) တင်ပြတဲ့အခြေအနေအရပ်ကို လေ့လာပေးပါ၊ သုံးသပ်ပေးပါ၊ ဝေဖန်ဆန်းစစ်ပေးပါ။ တင်ပြတဲ့ ကိန်းဂဏာန်းပေါ်ကြည့်ပြီး ကောင်း၏ ဆိုး၏ဆိုပြီး မျဉ်းမသားလိုက်ပါနဲ့ ပြင်ပလက်တွေ့ဘ၀နဲ့နှိုင်းယှဉ်ဆန်းစစ်ပြီး ဖြစ်သင့်တာဖြစ်ရမှာကို ပြန်လည်ချေပဆွေးနွေးစေချင်ပါ တယ်။ ဒါမှ ၀န်ကြီးဌာနတွေရဲ့ On Paper တွေစနစ်လျော့ပါးသွားမှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားကြီးများ ပညာရေးကဏ္ဍ (အဆင့်မြင့်၊ အခြေခံ) စနစ်ပြောင်းလဲဖို့အရေးကြီးသလို လူတွေကိုပြောင်းဖို့လည်းလိုမှာဖြစ်ပါတယ်။အမှန်တကယ် တတ်သိနားလည် ပြီး လုပ်ငန်းအတွေ့အကြုံရှိတဲ့ပညာတတ်၊ ပညာရှင်တွေ သူတို့နေရာမှာ အစားထိုးသွားဖို့လိုမှာဖြစ်ပါတယ်။ ပညာရေးကို သုတေသန စနစ်တကျလုပ်ပြီး ပြည်သူ့အသံ၊ ကျောင်းသူ၊ ကျောင်းသားအသံ၊ ကျောင်းဆရာ၊ ဆရာမစစ်စစ် (ဒေါက်တာ၊ စစ်ဗိုလ် မပါ)၊ ကျောင်းသားမိဘများအသံ အားလုံးရအောင်စုဆောင်းသုတေသနပြုပြီး ပညာရေးပြုပြင်နိုင်ကြပါစေလို့ မျှော်လင့်ဆုတောင်းလိုက်ပါ ရစေ။

ပညာရေးလား၊ စီးပွာရေးလား
            ဒီကနေ့ခေတ်မှာ ဘော်ဒါ ၊ နေ့အထူး၊ စာကျက်ဝိုင်း၊ ကျူရှင်၊ Guide၊ သုံးလပြတ် အဲဒါတွေမှ မထားနိုင်ရင် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) မအောင်ဘူး၊ အမှတ်ကောင်းကောင်းမရဘူး၊ ဂုဏ်ထူးမရဘူး၊ လို့ခံယူထားတဲ့မိဘနဲ့ အဲဒါတွေကို အားကိုးတဲ့ကျောင်းသားက ၉၀%လောက်ရှိမယ်ထင်တယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ မိဘတွေကအပြိုင်အဆိုင်၊ ကျောင်းသား တွေက ကျောင်းကလွှဲရင်ပြီးရောနဲ့စာကိုအဓိကမထားပဲ[မထားတာမဟုတ် မထားမိတာ] အပြင်ကိုအားကိုးနေကြတယ်လေ။ ခေတ်ကိုက ဒီလိုဖြစ်အောင်တွန်းအားပေးတယ်လေ။ မနှစ်က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မန္တလေးခရီးစဉ်မှာ အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်း မန္တလေး အထက (၁၆၊ ၂၆) နဲ့ Private ကျောင်း (၂) ကျောင်းသွားကြည့်ရာမှာ Private ကျောင်းတွေက သူတို့ရဲ့ကျောင်းအဆောက်အဦအပြင် ကျောင်းသူကျောင်းသားများရဲ့ အိပ်ယာ၊ ကုတင်တွေပါ Presentation မှာ တင်ပြကြတယ် ဒါဟာ ကျောင်းအိပ်ကျောင်းစားဘော်ဒါဆောင်တစ်ခုပဲ အဲဒီကျောင်းသားတွေကို ဘယ်မှာ Enroll လုပ်သလဲ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းတွေမှာပဲ အခြေခံကျောင်းတွေမှာ စာရင်းသွင်း ၊ အခြေခံကျောင်းကဆရာ၊ ဆရာမ တွေကို အသုံးမကျကြောင်း၊ စာမသင်ကြောင်း၊ စာမတတ်ကြောင်း၊ ဝေဖန်တယ်လေ။ ကျောင်းသားမိဘနဲ့ကျောင်းသားတွေကို ခြိမ်းခြောက်တယ်၊ မြှောက်ပင့်တယ်။ မိဘကလည်း အောင်ချင်ဇောတစ်ခုပဲသိတယ် ကျောင်းသားရဲ့အခြေအနေမှန်ကို မသိဘူး၊ နားမလည်ဘူး ကျောင်းကဆရာ၊ ဆရာမပြောတာကို နားမထောင်ဘူး အပြင်ကိုယုံတယ်
            ဘာပဲဖြစ်ဖြစ်စဉ်းစားကြည့်ပါ၊ ကျောင်းသား၊ ကျောင်းသူတစ်ယောက်ဟာ ဒီကျောင်းမှာ သူငယ်တန်းကစပြီးနေလာတယ် ဆိုရင် အဲဒီကလေးရဲ့စာရိတ္တ၊ အမူအကျင့်၊ စည်းကမ်း၊ အပြောအဆို၊ အနေအထိုင်၊ ကျောင်းစာဘာသာရပ် အားနည်းချက်၊ အားသာချက် အားလုံးကို ဆရာ၊ ဆရာမများကသိတယ်၊ အဲဒါကို န၀မတန်းရောက်မှ ဒသမတန်းရောက်မှ ကျောင်းကမကောင်းပါဘူး၊ ဆရာတွေစာသင်မကောင်းဘူး၊ စာမတတ်ဘူးဆိုပြီး အပြင်အားကိုးလာတယ်၊ ငွေတစ်ခုပဲသိတဲ့ကျောင်းအုပ်ကြီးတွေနဲ့လက်ဝါးချင်းရိုက် ကျောင်းမှာစာရင်းသွင်း အပြင်မှာ အပြင်ဆရာတွေနဲ့နေတော့တာပဲ၊ စာမေးပွဲအောင်ရင်၊ ဂုဏ်ထူးပါရင် သတင်းစာထဲကနေ အပြင်က ဘယ်ဆရာတွေကို ကျေးဇူးတင်ကြောင်းချီးကျူးဂုဏ်ဖော်ပြီး ဂုဏ်ပြုပွဲလေးတွေလုပ်ကြတယ်လေ။ စာမေးပွဲရှူံးရင် ကျောင်းက ဘယ်ဆရာက၊ ဘယ်ဆရာမက နဲ့အမျိုးမျိုးထောပနာပြုတော့တာပဲ၊ မိဘများသတိထားသင့်တယ် ဒီကနေဆရာ၊ ဆရာမတွေကို မဟုတ်၊ မမှန်တာပြောကြလို့ ကလေးတွေမှာ မဖြစ်သင့်ပဲ ဂိုဏ်းသင့် နေတယ်။ အဲဒီအပြင်ကတော်လှပါတယ်ဆိုတဲ့ စာသင်စားတဲ့ ပညာရေးဘွဲ့တစ်စုံတစ်ရာ မရတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ဆေးကျောင်းသားတွေ၊ တက္ကသိုလ်ဆရာတွေ၊ တက္ကသိုလ် ကျောင်းသားတွေအားလုံးဟာ ဟောဒီအခြေခံကျောင်းကနေသင်ပေးလိုက်တာပဲ၊ အခြေခံကျောင်းကဆရာ၊ ဆရာမတွေက သင်ပေး လိုက်တာပဲမဟုတ်လား။
            အပြင်လောကမှာ ရှိတဲ့ဘော်ဒါ၊ စာကျက်ဝိုင်း၊ နေ့အထူး၊ သုံးလပြတ်၊ ကျူရှင် တချို့တကယ်ကိုအားကိုးထိုက်ပါတယ်။ ဆရာကောင်းတွေရှိတယ် ၊ ကျောင်းဆရာစိတ်ဓာတ်အပြည့်အ၀ရှိတယ်၊ စေတနာထားတယ်။ (လူနည်းစုပေါ့နော်) အဲဒီဆရာကောင်း တွေကြောင့် အပြင်လောကဟာ နာမည်ကောင်းခဲ့တာပါ။ ဒါပေမယ့်ခုနောက်ပိုင်းခေတ်မှာတော့ စီးပွားရေးတွက်နေကြပါပြီ၊ တစ်လကို ကျပ်တစ်သိန်းကနေ လေးငါးသိန်းအထိ လစာပေးထားတော့ ကျောင်းကဆရာ၊ ဆရာမတွေတောင် အသက် ၆၀ ပြည့်လို့ ပင်စင်ယူရင် သွားကြတယ်။ (နည်းလမ်းမကျလိုက်တာ အစိုးရတောင်ပင်စင်ပေးထားတာ အပြင်မှာ ပြန်ခန့်တယ်လို့) ။ တချို့ဆိုရင် လုပ်သက်ပြည့် (နှစ် ၃၀) နဲ့ ပင်စင်ယူတယ်၊ ဆေးပင်စင်ယူတယ် ၊ အလုပ်ထွက်တယ် နည်းမျိုးစုံနဲ့ အပြင်လောကဆီမှာ လွတ်လပ်မှုနဲ့ စီးပွားတွက် ကျောင်းဆရာ၊ ဆရာမဘ၀ကို စွန့် အပြင်ဆရာ၊ ဆရာမဘ၀ကို ခံယူသွားကြတယ်၊ ဒီနေရာမှာ စဉ်းစားသင့်တာက ပညာရေးကို ပြုပြင်မယ်ဆိုရင် [ဘက်စုံထောင့်စုံကနေသုတေသနပြုဖို့လိုမယ်ဆိုတာပဲ]
            အဲဒီအပြင်လောကပညာရေးကို လူပါးဝအောင် (ကျောင်းပညာရေးကို စော်ကားအောင်) ဘယ်သူတွေလုပ်နေတယ်ထင်သ လဲ။ ရုံးချုပ်ကအရာရှိကြီးတွေပဲ သူတို့ စာသင်တာနားမလည်ဘူး ၊ စာတတ်တာနားမလည်ဘူး၊ အခြေခံပညာကျောင်းတွေကို နားမလည်းဘူး သူတို့သိတာ အခြေခံပညာကျောင်းဆိုတာ သူတို့လက်ထဲမှာရှိတယ်လို့ ယူဆထားတယ်။ နားမလည်ဒါလည်းမပြောနဲ့ ဦးစီးမှူး၊ ဦးစီးအရာရှိဆိုတာ ရုံးစာရေးကဖြစ်လာတာ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်ဆိုတာ စစ်ဗိုလ်ကဖြစ်လာတာ၊ စဉ်းစားတာကြည့် ပညာရေးမပျက်စီးပဲခံနိုင်ရိုးလား၊ အခုထိ ကျောင်း၊ ကျောင်းသား၊ ဆိုတာရှိသေးတာကျောင်းဆရာတွေကို ကျေးဇူးတင်ရမယ်။ အဲဒီရုံးချုပ်ကလူကြီးဆိုတဲ့လူတွေက နယ်ပေါင်းစုံက ကျောင်းသားတွေကို ကော်မရှင်ယူပြီး ဘော်ဒါအပ်ပေးနေတာ၊ ကျောင်းအုပ်ကြီးတွေလည်းအတွန့်မတက်ရဲဘူး၊ လက်ခံဆိုရင်လက်ခံရတာပဲ။ အဲဒီလိုဆိုမှ တော့အပြင်ဘော်ဒါတွေ လူပါးဝပြီပေါ့ အားကိုးရှိတာကိုး။ အဲဒီအားကိုးက ရုံးချုပ်တစ်ခုတင်မကဘူး ဟိုအထက်အထိပါသေးတယ်။
            ဘော်ဒါတွေမှာ ပညာရေးကပင်စင်ယူပြီးတဲ့ဆရာ၊ ဆရာမတွေသွားပြီးအလုပ်လုပ်ကြတယ်။ ဘော်ဒါဆောင်ဆိုတာ စီးပွားရေး တွက်ထားတာ။ဆယ်တန်းအောင်တွေ ပေါချောင်ကောင်း Guide တွေထားပြီး အဓိက ၁၀ တန်းကို နာမည်ယူကြတာလေ။ တခြား ၅ တန်းကလေ ၈ တန်းလောက်ကတော့ လုံးဝအလေးမထားဘူး ပျော်ရင်ပြီးရော၊ Guide တွေ၊ ဆရာတွေကလည်း B.Ed ဘွဲ့မရဘူး ဆိုတော့ ပညာရေးသဘောတရား၊ ကလေးစိတ်ပညာ၊ ကျောင်းသားအုပ်ချုပ်မှု သိပ်ညံ့တာ၊ ဒီတော့ ကျောင်းသူ၊ ကျောင်းသားနဲ့ Guide နဲ့ပေါင်းမိပြီး ပျက်စီးချင်တိုင်းပျက်စီးနေတာပဲ၊ အခြေခံပညာကလာတဲ့ ဆရာ၊ ဆရာမတွေနဲ့တော့လုံးဝ အဆင်မပြေဘူးလေ။ နောက်ဆုံးတော့ အခြေခံကျောင်းကလာတာအတွေ့အကြုံရင့်ကျက်ပြီး ဆရာ၊ဆရာမတွေ ပင်စင်စားတွေ၊ ဘော်ဒါကနေ ထွက်ပြေးရတာပေါ့။
            ပညာရေးကိုပြုပြင်မယ်ဆိုရင် အမှန်ကို မြင်ကြည့်ပါ၊ ဘက်စုံထောင့်စုံကနေဆန်းစစ်ပါ။ အပေါက်ကြီးလွန်းရင် လူကအပေါက်ကြီးထဲရောက်နေလို့ မမြင်ရပါဘူး၊ အပ်ပေါက်လောက်ရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ အားနည်းချက်ကို လိုက်ကြည့်နေရင် မြန်မာ့ပညာရေးဟာ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ပါဘူး။

ဆရာစိုင်းမင်း - ရေးသားပေးပို့ ထားတဲ့ ပညာရေးဆိုင်ရာဆောင်းပါးဖြစ်ပါတယ်။
Myanmar News Now



ပထက်ကျွန်းက ပြည့်ဖြိုးထွန်း ငါးလုပ်ငန်းခွင်

Posted: 30 Apr 2012 07:18 PM PDT

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ပထက်ကျွန်း ၊ပြည့်ဖြိုးထွန်းတန်(၁၀၀၀)ဆန့် အအေးခန်း
 စက်ရုံတွင်အလုပ်သမား(၁၀၀၀)ခန့်သည်နေ့စဉ်နံနက်(၈)နာရီမှနေ့လည်(၁၂)
နာရီထိ၊နေ့လည်(၁)နာရီမှည(၈)နာရီထိ၊တစ်ရက်အလုပ်ချိန်(၁၁)နာရီတိတိ
လုပ်ကိုင်ပေးနေရပါတယ်။တစ်နှစ်လျှင်မြန်မာသင်္ကြန်(၅)ရက်နှင့်တရုတ်သင်္ကြန်
(၂)ရက်၊စုစုပေါင်း(၇)ရက်ကိုအလုပ်ပိတ်ရက်များအဖြစ်ကုပ္မဏီကသတ်မှတ်ပြီး
ကျန်ရက်ပေါင်း(၃၅၀)ကျော်ကိုအလုပ်ဖွင့်ရက်များအဖြစ်ကုပ္မဏီကသတ်မှတ်ထား
တာဖြစ်ပါတယ်။

အလုပ်ချိန်အတွင်းအချင်းချင်းစကားပြောခြင်း၊ပါးစပ်ထဲတွင်သကြားလုံးငုံထားခြင်း
ပြုလုပ်တွေ့ရှိပါကဒဏ်ငွေ(၁၀၀၀)ကျပ်ကိုလစာမှဖြတ်နေပါတယ်။ လုပ်ငန်းတွင်ခေါင်းဆောင်ခန့်ထားသူများသည်ကုပ္မဏီမန်နေဂျာကျေနပ်အောင်၊
၎င်းတို့နေရာမြဲအောင်လက်အောက်အလုပ်သမားများကိုနားမခံသာအောင်တနေကုန်
ဆဲဆိုနေပါတယ်။ အိမ်သာသွားလာရာတွင်တိုကင်ပြားစံနစ်ဖြင့်သွားလာရပြီးအချိန်
ကြာလျှင်ဆဲဆိုခံရပါတယ်။

အလုပ်သမားတစ်ဦးလစာကတော့ယောင်္ကျားဆိုရင်(၉၀၀၀၀)ကျပ်ခန့်၊ မိန်းမဆိုရင်
(၇၅၀၀၀)ကျပ်ခန့်ရရှိပါတယ်။အချိန်ပို(၁)နာရီ(၅၀)ကျပ်ရရှိပါတယ်။ ထိုလစာငွေမှ
တစ်လအတွင်းအလုပ်(၁)ရက်မဆင်းလျှင်(၁၅၀၀၀)ကျပ်၊(၂)ရက်မဆင်းလျှင်နောက်
ထပ်(၅၀၀၀)ကျပ်ထပ်မံဖြတ်တောက်ပါတယ်။ (၅)ရက်(၆)ရက်အလုပ်မဆင်းဘဲနေ
ပါကအလုပ်မှထုတ်ပစ်ပါတယ်။အလုပ်ပြုတ်မှာစိုးရိမ်တာကြောင့်အလုပ်သမားအများ
အပြားကတော့တစ်လကို(၄)ရက်ပျက်ကွက်ကြပါတယ်။ (၄)ရက်အတွက်(၂၅၀၀၀)ကျပ်ကိုအအေးခန်းမန်နေဂျာကအလုပ်သမား
အများအပြား၏လစာမှလစဉ်ဖြတ်တောက်နေခဲ့တာကြာနေပြီလို့
အလုပ်သမားတစ်ဦးကပြောပြပါတယ်။

ကိုကျော်လှိုင် (ကျွန်းစု)


စည်းကမ်းမဲ့ပြုမူလုပ်ဆောင်နေသော ကျောင်းတစ်ကျောင်း

Posted: 30 Apr 2012 07:03 PM PDT

မောင်မယ်ရှောင်ရွာ၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ)
တနင်္သာရီတိုင်း ထားဝယ်မြို့ ၊ မောင်မယ်ရှောင်ရွာ ၊ ထားဝယ်-ရေး ကားလမ်းမကြီး
ပေါ်တွင်မောင်မယ်ရှောင်ရွာ၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရှိပါသည်။

ထိုကျောင်းသည် ထားဝယ် အ.ထ.က.(1) ၏ကျောင်းခွဲတစ်ခုဖြစ်ပါသည်။
မူလက အခြေခံပညာအလယ်တန်းကျောင်းတစ်ခုသာဖြစ်သော ထိုကျောင်းကို
အ.ထ.က (ခွဲ) တစ်ခုဖြစ်လာစေရန်အတွက်ထိုရွာရှိကျောင်းသားမိဘများ
၊ကျောင်းကော်မတီဝင်ရပ်မိရပ်ဖများ၊ပြင်ပမှခေါ်ယူထားသော တွဲဖက် ဆရာ၊
ဆရာမများနှင့် ကျောင်းသူကျောင်းသား များက အထူးကြိုးစားတည်ဆောက်
ခဲ့ကြရပါသည်။

အထက်တန်းကျောင်း(ခွဲ)သက်တမ်းနုစဉ်က ထိုကျောင်းသည်တက္ကသိုလ်ဝင်
တန်းတွင်အောင်ချက်အထူးကောင်းမွန်ပြီး လေးဘာသာဂုဏ်ထူးရှင်တစ်ဦး
ပေါ်ထွက်ခဲ့သည်အထိ အောင်မြင်မှုရခဲ့ပါသည်။

သို့သော်လည်း ထိုကျောင်းမှလက်ထောက်ကျောင်းတာဝန်ခံဖြစ်ပြီးတက္ကသိုလ်
ဝင်တန်းအင်္ဂလိပ်စာသင်သောရွာခံဆရာမ ဒေါ်ယုယုဌေး နှင့် သင်္ချာဆရာမ
ဒေါ်ခင်စော တို့ဦးဆောင်လျက် ပြင်ပကျူရှင်တစ်ခုဖွင့်လှစ်သင်ကြားခဲ့သော
အချိန်မှစ၍ ထိုကျောင်း၏အောင်ချက်သည်အလွန်အမင်းကျဆင်း လာခဲ့ပါသည်။

ထိုဆရာမနှစ်ဦးသည် ရွာသူရွာသားကျောင်းသားမိဘများ၏ အေးချမ်းရိုးသားမှုကို
အခွင့်ကောင်းယူကာ ထိုကျောင်းတွင် ဆရာ့ဝတ္တရားငါးပါးနှင့် မကိုက်ညီသော
အပြုအမူ၊အပြောအဆိုများကို ပြုမူပြောဆိုလျက် ရှိပါသည်။

မိမိတို့ကျူရှင်တွင်တက်သော ကျောင်းသူကျောင်းသားများကို အစမ်းစာမေးပွဲ
ရမှတ်များတိုးပေးခြင်း၊အစမ်းစာမေးပွဲ အခန်းစောင့်ရင်းအဖြေများကူညီ
ပြောပြပေးခြင်း၊အခြားပြင်ပကျူရှင်တွင်တက်သောကျောင်းသူကျောင်းသားများကို
ကျောင်းစာသင်ခန်းထဲတွင်ချိုးနှိမ်ဆက်ဆံခြင်း၊သင်္ချာဘာသာရပ်တွင် ခက်
ခဲသောမေးခွန်းများကို ချန်တွက်ခြင်း စသောလုပ်ဆောင်ချက်များလုပ်ဆောင်လျက်
ရှိသည်ကို ရွာရှိကျောင်းသားမိဘများက စိတ်မချမ်းသာစွာ ကြားသိမြင်တွေ့နေရပါသည်။

အခြားဘာသာရပ်များတွင်လည်း သင်ကြားပို့ချမှု အပိုင်း၌အားနည်းချက်များစွာ
ရှိနေပါသည်။ပွင့်ပွင့်လင်းလင်းဝေဖန်ရပါလျှင် ထိုကျောင်းမှဆရာ၊ဆရာမများ၏
သင်ကြားပို့ချချက်များသည် တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ယောက်အတွက်
ဂုဏ်ထူးထွက်ရန်မဖြစ်နိုင်ပါ။(ထိုကျောင်းမှ လေးဘာသာဂုဏ်ထူးရှင်သည် ထိုရွာမှပြင်
ပ ကျူရှင်တွင် တက်ရောက်ခဲ့ကာ ထိုပြင်ပဆရာများ၏ကွပ်ကဲမှုအောက်တွင်
 ကြိုးစားလိုက်နာခဲ့သူသာ ဖြစ်ပါသည် )ထို့ကြောင့်ပင် ထိုကျောင်းကိုကျောင်းသားမိဘ
များက လွန်စွာမှပင်အယုံအကြည် ကင်းမဲ့လျက် ရှိနေကြပါသည်။

ကျောင်းအုပ်ဆရာမကြီးမှာလည်း ရပ်ရွာနှင့်ကျောင်းအပေါ်စေတနာနည်းပါးလှသည့်
အပြင် ထိုဆရာမနှစ်ဦး၏ လုပ်ရပ်များကိုလည်း တားဆီးထိန်းကွပ်နိုင်စွမ်းမရှိပါ။
သို့ဖြစ်ရာ စာတော်၍ ရည်မှန်းချက်ကြီးမားသောကျောင်းသားကျောင်းသူများ၏
မိဘများက မိမိတို့၏သားသမီးများ တက္ကသိုလ်ဝင်တန်းရောက်သောအခါ ထိုကျောင်း
တွင်တက်စေရန်ဆန္ဒမရှိတော့သဖြင့် အခြားကျောင်းများ ( ဥပမာ-ပြင်ဦးလွင်၊ရန်ကုန်၊
မန္တလေး၊ထားဝယ် ရှိကျောင်းများနှင့် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းများ)သို့
ပို့ရန် ကြိုးစားလာကြပါသည်။

မိမိတို့၏သားသမီးများကို တော်သထက်တော်၊မြင့်သထက်မြင့်သောနေရာ သို့ပို့ဆောင်
ရန်အတွက် မိဘတိုင်းတွင် ဆန္ဒရှိကြပါသည်။

ထိုအခါတွင်လည်း ထိုကျောင်းမှလက်ထောက်ကျောင်းတာဝန်ခံ ဒေါ်ယုယုဌေးသည်
ထိုကျောင်းသားများကို ကျောင်းထွက်လက်မှတ်မပေးရန် ကျောင်းအုပ်ဆရာမကြီးကို
ဖိအားပေးပြောဆိုခြင်း၊ထိုကျောင်းသား၏မိဘများအား ဝေဖန်အပုပ်ချပြောဆိုခြင်း၊`ငါဒီကျောင်းမှာရှိနေသရွေ့ကျာင်းထွက်လက်မှတ်လုံးဝမရစေဘူး´
ဟုခြိမ်းခြောက်ပြောဆိုခြင်း တို့ကိုပြုလုပ်ပြန်ပါသည်။

ရပ်ရွာတွင် သြဇာအာဏာရှိသူ၊ငွေကြေးတောင့်တင်းသူများ၏သားသမီးများဆိုလျှင်တော့
ကျောင်းထွက်လက်မှတ်ထုတ်ပေးပါသည်။( ဒေါ်ယုယုဌေး၏အစ်ကိုအရင်းဖြစ်သော
ဦးကိုဝင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့စဉ်က ဦးကိုဝင်း၏သမီးသည် တက္ကသိုလ်
ဝင်တန်းကို ထားဝယ်မြို့မှကိုယ်ပိုင်သင်တန်းကျောင်းတစ်ခုတွင် အဆင်ပြေစွာ
တက်ရောက် အောင်မြင်ခဲ့ပါသည်။လက်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်ဝင်း၏သမီး
မှာလည်း တက္ကသိုလ်ဝင်တန်းကို အခြားမြို့တွင် သွားရောက်ဖြေဆိုထားပါသည် )
သို့ဖြစ်ပါ၍ ကျေးလက်နေပြည်သူလူထု၏ ရိုးသားအေးဆေးမှုကိုအခွင့်ကောင်းယူကာ
ဥပဒေကိုမျက်ကွယ်ပြုလျက် မိမိကိုယ်ကျိုးအတွက်သာ ကြည့်တတ်သော ထိုဆရာမများနှင့်
ထိုကျောင်းအား သက်ဆိုင်ရာများက လိုအပ်သလို လမ်းညွှန်ထိန်းသိမ်းဆာင်ရွက်ပေးပါရန်
တင်ပြအပ်ပါသည်။

ကျောင်းသားမိဘတစ်ဦး

မောင်မယ်ရှောင်ရွာ ၊ ထားဝယ်မြို့ ။


တန်ပိုကြေးများ အဆမတန်ကောက်ခံမှုကြောင့် ကားသမားများ ဒုက္ခရောက်နေ

Posted: 30 Apr 2012 06:31 PM PDT


ဧပြီလ ၃၀ ရက်နေ့  ၂၀၁၂ က တန်ပိုကြေးကောက်ခံထားသည့် ဖြတ်ပိုင်း
မေလ ၁ ရက်နေ့ ၂၀၁၂
အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူထားသော မွန်ပြည်နယ်
 မော်လမြိုင် - ရေး -သံဖြူဇရပ် လမ်းအပိုင်းတွင် တန်ပိုတင်ဆောင်လာသော
 မော်တော်ယာဉ်များကို တန်ပိုကြေးလိုအပ်သည်ထက် ပိုမိုကောက်ခံနေပါသဖြင့် 
ကားသမားများအတွက် အခက်အခဲဖြစ်နေပါသည်။

မော်လမြိုင် - ရေး - သံဖြူဇရပ်လမ်းတွင်ပြေးဆွဲမောင်း
နှင်လျက်ရှိသော
ဟိုင်းလပ်မော်တော်ကားများကို ၂ တန် အထိသာ တင်ခွင့်ပြုပြီး
တန်ပိုတင်ဆောင်လာသော မော်တော်ကားများကို တန်ပိုကြေးကောက်ခံနေပါသည်။

 
လိုင်းကားများသည် လူစီးရန်နှင့် ကုန်ပစ္စည်းတင်ဆောင်ရန်အတွက်ပြေး

ဆွဲကြသော ကားများဖြစ်သောကြောင့် စက်သုံးဆီနှင့်အခွန်အခစရိတ်အတွက်
ဝန်ပိုတင်ဆောင်ကြရပါသည်။

မော်လမြိုင် ကြာအင်းဂိတ်တွင် ကတ္တားချိန်သောအခါ ကား၏ အရှေ့ဘီး၂
ဘီးသာချိန်ပြီး တန်ပိုကြေးများကို အဆမတန်ကောက်ခံနေသောကြောင့်
ကားသမားများအတွက် အဆင်မပြေမှုများဖြစ်နေ၍ သက်ဆိုင်ရာလူကြီးမင်းများမှ
အဆင်ပြေအောင် လုပ်ဆောင်ပေးစေလိုကြောင်း
  ဒေသခံ ကားသမားများက
 ပြောပါသည်။
Myanmar News Now


ဧပြီ ၃၀ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Jouranl

Posted: 30 Apr 2012 06:16 PM PDT

Weekly Eleven Vol 7 No 30
ဧပြီ ၃၀ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Jouranl


အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၀၂

Posted: 30 Apr 2012 04:37 PM PDT


ဧပြီလ ၃၀ ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၀၂


ကျေးလက်ကျန်းမာရေးမှာ လုံခြုံမှုက အရေးပါ

Posted: 30 Apr 2012 09:38 PM PDT

ကင်မွန်းခြုံ၊ ဧပြီ ၃၀၊ ၂၀၁၂ (YPI) -ချစ်ဦးမောင် ရေးသားသည်။

- အရင်က ရွာထဲမှာ ၀မ်းပျက်၊ ၀မ်းလျှောတွေဖြစ်ပြီဟေ့ဆိုရင် ဒါဟာ အစားအသောက်မဆင်ခြင်လို့ ဖြစ်ရတာလို့ပဲ ကင်မွန်းခြုံရွာသား အများစုက မှတ်ယူထားကြပါတယ်။
"အခုနောက်ပိုင်းကျမှ ယင်လုံအိမ်သာတွေ မသုံးလို့ ၀မ်းပျက်ဝမ်းလျှောတွေ အဖြစ်များရတယ်ဆိုတာ သိလာကြတာ" လို့ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ထဲမှာရှိတဲ့ ကင်မွန်းခြုံရွာရဲ့ ဥက္ကဋ္ဌဦးသန်းမောင်က ပြောပါတယ်။

ယင်လုံအိမ်သာ ဘာကြောင့် သုံးဖို့လိုလဲဆိုတာကို အသေအချာ မသိတဲ့အတွက်ကြောင့်လည်း အရင်က အိမ်သာသွားချင်ကြပြီဆိုရင် နီးစပ်ရာ တော၊ ခြုံတွေမှာပဲ ဖြစ်သလို သွားလိုက်ကြတာများတယ်လို့ ကျေးရွာဥက္ကဋ္ဌက ဆိုပါတယ်။
ရွာနီးချုပ်စပ်မှာ အဆင်ပြေသလို စွန့်ပစ်လိုက်တဲ့ မစင်တွေ ကိုယ်စားတဲ့အစားအစာထဲကို ဘယ်လိုရောက်လာ နိုင်တယ်ဆိုတာကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(Unicef)နဲ့  အစိုးရကျန်းမာရေး ၀န်ထမ်းတွေက ပြီးခဲ့တဲ့ ၆ လလောက်က လက်တွေ့ကျကျ မျက်စိထဲမှာ ထင်မြင်လာအောင် သင်တန်းပေး အပြီးမှာတော့ အိမ်ခြေ ၉၀ နီးပါးရှိတဲ့ ကင်မွန်းခြုံရွာမှာ ယင်လုံအိမ်သာတွေ သူ့ထက်ငါ ဆောက်လုပ်လာကြ တယ်။

Unicef နဲ့ အစိုးရ ကျန်းမာရေးဝန်ထမ်းတွေဟာ ကင်မွန်းခြုံရွာအပါအ၀င် ကျေးရွာပေါင်း ၁၄၀ ကျော်မှာ Community Led Total Sanitation ခေါ် "လူထုဦးဆောင် အလုံးစုံသန့်ရှင်းရေး" စီမံချက်ကို ဖော်ဆောင်နေ ကြပါတယ်။

"သင်တန်းတွေ ပြီးတဲ့အခါမှာ ယင်လုံအိမ်သာကို ဘာကြောင့် အားလုံး သုံးဖို့သင့်တယ်ဆိုတာကို ရွာကလူတွေ သဘောပေါက်ကုန်ကြတယ်။…ရွာတစ်ရွာမှာ အခြားအိမ်တွေက ယင်လုံအိမ်သာသုံးပြီး တစ်အိမ်က မသုံးဘူးဆိုရင်တောင် တစ်ရွာလုံးမှာ ၀မ်းပျက်၊ ၀မ်းလျှောဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သဘောပေါက်ကုန်ကြတယ်" လို့ Unicef ရဲ့ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဌာန အကြီးအကဲ မစ္စတာ ဒါရာ ဂျွန်စတန်က ပြောပါတယ်။

တစ်ရွာလုံးရဲ့ ကျန်းမာရေးအတွက် တစ်အိမ်မကျန် ယင်လုံအိမ်သာ သုံးရမယ်ဆိုတယ်ကို နားလည်လာကြတဲ့ အလျောက် ပေါက်ခေါင်းမြို့နယ်ထဲက ဆယ်အိမ်မှူး၊ ရာအိမ်မှူးအချို့အတွက် အလုပ်တစ်ခုလည်း တိုးလာပါတယ်။ အဲဒါကတော့ ယင်လုံအိမ်သာ ဆောက်ကြရဲ့လား၊ ဆောက်ပြီးရင်ကော သုံးကြရဲ့လားဆိုတာ ကြပ်မတ်ပေး ကြရတဲ့ အလုပ်ပါ။ လက်ထဲမှာ ငွေအသင့်မရှိလို့ မဆောက်နိုင်ရင် ပိုက်ဆံစုပြီး မဖြစ်မနေလိုက် ဆောက်ပေးကြ တာ တွေလည်း ရှိပါတယ်။

ပြည်မြို့ကနေ ပေါက်ခေါင်းမြို့ကိုသွားတဲ့ ကားလမ်းရဲ့ ညာဘက်ခြမ်းက ရေဦးဆိုတဲ့ ရွာမှာ ဆယ်အိမ်မှူး ကိုသက်နိုင်ဟာ သူ့ရွာထဲမှာ အိမ်သာမဆောက်ရသေးတဲ့ မိသားစုဆီကို နေ့စဉ်လိုလို သွားကာ "အိမ်သာ ဘယ်တော့ ဆောက်မှာတုန်း၊ အိမ်သာ ဘယ်တော့ ဆောက်မှာတုန်း" ဆိုပြီး တွန်းအားပေးနေရတာတဲ့။

ယင်လုံအိမ်သာကို သုံးလိုက်ရပြီဆိုရင်၊ ယင်လုံအိမ်သာရဲ့ ကောင်းကွက်တွေကို သိရှိလာတဲ့ ရွာသူ၊ ရွာသားတွေဟာ ယင်လုံအိမ်သာဆိုတာ သူတို့အတွက် ကျန်းမာရေးကိစတစ်ခုတင်မဟုတ်၊ လူနေမှု အဆင့်အတန်း တစ်ခုကို ဖော်ပြသော ပြရုပ်တစ်ခုဖြစ်တယ်လို့လည်း ခံယူထားကြပါတယ်တဲ့။

အရင်တုန်းကဆိုရင် တောတိုးရင်တိုး၊ အိမ်မှာရှိတဲ့ အိမ်သာကို သုံးမယ်ဆိုရင်လည်း တွင်းအိမ်သာ၊ အနံ့တွေက တထောင်းထောင်း၊ ယင်တွေကလည်း တ၀ီဝီနဲ့ အောက်ငုံ့ကြည့်ရင် မစင်တွေက ဒုနဲ့ဒေး။

"ပြန်စဉ်းစားကြည့်ရင် ရှက်စရာ တော်တော်ကောင်းတယ်။ ရွံ့စရာလည်း တော်တော်ကောင်းတယ်" လို့ ကင်မွန်းခြုံရွာမှာ မွေးဖွား၊ ကြီးပြင်းကာ အိုမင်းစပြုလာပြီဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်စန်းက ပြောပြပါတယ်။

ဒီကနေ့တော့ သူမခြံထောင့်မှာ ယင်လုံအိမ်သာတစ်လုံးရှိလာပြီ။ အပေါ့အလေးသွားချင်တိုင်း အိမ်သာကို မပျက်မကွက်သုံးတတ်တဲ့ အလေ့အထလည်း သူ့မှာ ရှိလာပြီတဲ့။

နိုင်ငံတကာမှာ အောင်မြင်နေပြီး မြန်မာနိုင်ငံမှာ ၂၀၁၀ လောက်ကမှ စတင် မိတ်ဆက်၊ အကောင်အထည်ဖော် တဲ့ "လူထုဦးဆောင် အလုံးစုံသန့်ရှင်းရေး" စီမံချက်ဟာ ယင်လုံအိမ်သာ ဆောက်ဖို့ ပစည်းပစယထောက်ပံ့ ပေးတဲ့ စီမံကိန်းမျိုးမဟုတ်ပါဘူး။ အိမ်သာဆောက်ဖို့ ပစ္စည်းပစ္စယ ထောက်ပံ့ပေးတဲ့ ချဉ်းကပ်နည်းဟာ ရေရှည်မှာ အောင်မြင်မှုမရှိတတ်ဘူးလို့ မစ္စတာ ဂျွန်စတန်က ပြောပါတယ်။

အကြောင်းကတော့ "အိမ်သာ ဘာကြောင့် သုံးဖို့လိုလဲဆိုတာကို ပြည့်ပြည့်စုံစုံ နားမလည်ထားကြတဲ့ အတွက်ကြောင့် အိမ်သာ ပျက်သွားလို့ရှိရင် ပြန်ပြင်ဖို့ကို ဦးစားပေးပြီး လုပ်ကြမှာ မဟုတ်ဘူး။ ပစ္စည်းလာထောက်ပံ့မှပဲ ပြင်ကြလိမ့်မယ်" လို့ မစ္စတာ ဂျွန်စတန်က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၀ နှစ်လယ်လောက်ကတည်းက အိမ်သာတွေ ကောင်းမွန်ရေးအတွက် အစိုးရက လုပ်ဆောင်လာခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ယင်လုံအိမ်သာတွေ ဆောက်ဖို့ အစိုးရက ပစ္စည်းပစ္စယအချို့ကို ထောက်ပံ့ပေးလာခဲ့ပါတယ်။

ထိုစဉ်က အစိုးရ ထောက်ပံ့ပေးတာကို မယူရင် သက်ဆိုင်ရာက အရေးယူမှာစိုးလို့ လက်ခံထားကြရပေမဲ့ အသုံးပြုရကောင်းမှန်း တော်တော်များများ မသိကြဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပြပါတယ်။

"တချို့က အိမ်မှာ ချောင်ထိုးထားကြတယ်။ တချို့က ဈေးမှာ သွားရောင်းပစ်ကြတယ်။ သုံးရကောင်းမှန်း သိတဲ့လူ မရှိသလောက်ပဲ" လို့ ပေါက်ခေါင်းမြို့နယ်ထဲက ကြို့ပင်ဝိုင်းရွာဘက်မှာ အနှစ် ၂၅ ကျော် ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ ၀မ်းဆွဲဆရာမ ဒေါ်မြင့်မြင့်အေးက ပြန်ပြောင်းပြောပြပါတယ်။

"အခုနောက်ပိုင်းကျမှ လူတွေက (ယင်လုံအိမ်သာ ဘာကြောင့် အရေးကြီးလဲဆိုတာကို) သိလာကြပြီး အိမ်သာတွေ ဆောက်လာကြတာ" လို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

အစိုးရက ထုတ်ပြန်တဲ့စာရင်းတွေအရ မြန်မာနိုင်ငံ လူဦးရေရဲ့ ၈၄ ရာခိုင်နှုန်းမှာ ကောင်းမွန်တဲ့ အိမ်သာတွေ ရှိကြတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေက ဒီအချက်အပေါ်မှာ သံသယရှိတယ်လို့ဆိုပါတယ်။

"အိမ်သာသုံးတဲ့နှုန်းမြင့်ရင် ၀မ်းလျှောနှုန်း ကျလာရမယ်။ အခုက အဲလိုမဟုတ်ဘူး။ ၀မ်းလျှောတဲ့နှုန်းတွေ တက်တက်လာတာကို ကြည့်ရင် အဲဒီကိန်းဂဏန်းဟာ မမှန်နိုင်ဘူး" လို့ Unicef အရာရှိဆိုပါတယ်။

Unicef အဆိုအရ ၂၀၀၃ ခုနှစ်တုန်းက ၀မ်းပျက်၊ ၀မ်းလျှောတဲ့နှုန်းဟာ ၂၁ ယောက်မှာ ၁ ယောက်နှုန်းရှိခဲ့ရာက ၂၀၁၀ ခုနှစ်ရောက်တော့ ၁၅ ယောက်မှာ ၁ ယောက်နှုန်းရှိလာပါတယ်။ (ရာခိုင်နှုန်းအနေနဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းကနေ ၆ ဒသမ ၇ ရာခိုင်နှုန်းကို တက်လာတာပါ။)

အာရှတိုက်မှာ ငါးနှစ်အောက် ကလေးသေဆုံးနှုန်း အာဖဂန်နစတန်ပြီးရင် ဒုတိယအမြင့်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကြား ၀မ်းပျက်၊ ၀မ်းလျှောနှုန်းဟာ အတော်ကို မြင့်မားနေတယ်လို့ဆိုပါတယ်။ ကလေးငယ်တွေကြား ၀မ်းပျက်၊ ၀မ်းလျှောနှုန်းဟာ ၇ ဒသမ ၉ ရာခိုင်နှုန်း(ကလေး ၁၃ ယောက်မှာ ၁ ယောက်နှုန်း)အထိကို ဖြစ်ပွားတယ်လို့ဆိုပါတယ်။

ဝမ်းပျက်၊ ၀မ်းလျှောနှုန်းကို လျှော့ချရေး လုပ်ဆောင်တဲ့နေရာမှာ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေကို အကြီးအကျယ်စိန်ခေါ်တာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျေးလက်နေပြည်သူတွေ အိမ်သာတက်တဲ့အခါ ရေနဲ့ သန့်ရှင်းရေးမလုပ်ဘဲ "ဒုတ်" ကိုပဲ သုံးနေကြတဲ့ ကိစလို့ဆိုပါတယ်။

"ဒုတ် မသုံးကြဖို့ လိုက်လိုက်ပြောရတာ တော်တော် ပင်ပန်းတယ်" လို့ ကင်မွန်းခြုံရွာ အပါအ၀င် ကျေးရွာပေါင်း တစ်ဒါဇင်လောက်ကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေးလုပ်သားတစ်ယောက်က စိတ်ရှုပ်ထွေးဟန်နဲ့ ပြောပြပါတယ်။

ဒုတ်သုံးရင် ဒုတ်မှာ ကပ်နေတဲ့ မစင်ကို ယင်နားမယ်။ အဲဒီကနေ အစားအစာထဲကို ရောက်မယ် ဆိုတာကို နားလည်အောင် ရှင်းပြတာတောင် ဒုတ်ကိုပဲ သုံးနေတဲ့သူတွေက သုံးနေကြတုန်းပဲ။

အသိရှိလာပေမဲ့ အဲဒီအသိကို လက်တွေ့အသုံးချဖို့ဆိုတာ လွယ်ကူတဲ့ကိစတော့ မဟုတ်ဘူးလို့ ကင်မွန်းခြုံရွာအနီးမှာရှိတဲ့ ဒွရွာက ရာအိမ်မှူး ဦးရဲထွဋ်ကဆိုပါတယ်။

ဆေးပေါ့လိပ်ကို ဖြည်းဖြည်းချင်းဖွာရှိုက်ရင်း ဦးရဲထွဋ် တွေးတွေးဆဆပြောတာက "အကျင့်ဟောင်းကို ဖျောက်ဖို့ ကျနော်တို့ အချိန်တော့ ယူကြရလိမ့်ဦးမယ်ဗျ"တဲ့။          ။

ယင်လုံအိမ်သာနှင့် ကျေးရွာသား တဦး
Yangon Press International


အန်အယ်ဒီအမတ်များ လွှတ်တော် တက်မယ့်အပေါ် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ သဘောထား အမြင်များ (ရုပ်/သံ)

Posted: 30 Apr 2012 03:30 PM PDT

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်ဒီအမတ်များ လွှတ်တော် တက်မယ့်အပေါ် လက်ရှိလွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ သဘောထား အမြင်များ။
ဒီဗွီဘီမှ မေးမြန်း ရိုက်ကူးတင်ဆက်ထားတာပါ။




 


လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် နှင့်တွေ့ဆုံခြင်း အသံဖိုင်ပါစာသားအပြည့်အစုံ

Posted: 30 Apr 2012 09:39 PM PDT


လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် နှင့်တွေ့ဆုံခြင်း အသံဖိုင်ပါစာသားအပြည့်အစုံ(အသံဖိုင်အား စာသားအဖြစ် ပြောင်းလဲရေးသားဖော်ပြထားပါသည်)
မေး- စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး လယ်သမားတွေကို ဘယ်လိုအကူအညီ တွေပေးပါသလဲ။
ဖြေ- အကူအညီပေးတာက နည်းစနစ် တို့၊ မျိုးစေ့တို့ စီစဉ်ထုတ်လုပ်ပြီးတော့မှ အကူအညီပေးတာပါ။ လယ်သမားက ဘယ်လောက်ပဲ အကူအညီပေးပေမဲ့ အဘက်ဘက်က အားနည်းချက်၊ လိုကွက်တွေ မပြည့်စုံတာတွေရှိမှာ ပေါ့နော်၊ ဥပမာ ငွေကြေးမတတ်နိုင်တာ၊ အရင်းအနှီးမတတ် နိုင်တာ၊ နောက် နည်းစနစ်မလိုက်နိုင်တာဒါတွေကို ၀န်ကြီးဌာနကနေအကူအညီပေးတာပေါ့။
မေး- ကုန်သွယ်ရေးဝန်ကြီးကလည်းဆန် Export ကိစ္စတွေကိုပြောသွားတယ်။
ပုလဲသွယ်ဆန်စပါးမျိုးကို လယ်ယာစိုက် ပျိုးရေးဝန်ကြီးဌာနကပြည်ပပို့ကုန်အဖြစ် ပို့ဖို့ အစီအစဉ်ရှိလို့ပါလား။
နိုင်ငံခြားကပုလဲသွယ်ဆန်စပါး မျိုးကို ၀ယ်ချင်တဲ့အတွက် ဆန်ကုန်သည်တွေက နေ သူတို့သဘောနဲ့သူတို့ ဈေးကွက်သေ ချာတဲ့ ဒီစပ်မျိုးစပါးကို စိုက်ပေးမယ်ဆိုရင် သူတို့ယူမယ်ပြောတယ်။သူတို့ချင်း ချိတ်ပေးလိုက်တာပါ။  တောင်သူက လည်း တွက်ခြေ ကိုက်မှ ဒီနည်းစနစ်တွေ ကိုလိုက်မှာ ဘာလို့ဆိုတွက်ခြေ မကိုက် ရင်သူ မလိုက်ဘူး၊
မေး-အခုခေတ် စနစ်ကပြောင်းသွားတယ် မူဝါဒက ပြောင်းသွားတယ်ဝန်ကြီးရဲ့လက် ထက်မှာ လယ်ယာကဏ္ဍနဲ့ပတ်သက်ပြီး တော့ချဲ့ထွင်ထားတယ်ဆိုတာတွေရှိပါ သလား။
ဖြေ- ဒီဆည်တွေ၊ တာတမံတွေမြစ်ရေ တင်တွေဆိုတာက ငွေကြေးအကျိုးသက် သက် Econony  ဖြစ်တာသက်သက်တည်  ထားတာမဟုတ်ပါဘူး။ နိုင်ငံတော်ခေတ် အဆက်ဆက်ကဟိုရှေ့တုန်းကဆိုရင်လည်း မင်းတွေတုန့်ကလည်းဆည်မြောင်တာတ မံတွေတည်ဆောက်ခဲ့ကြတယ်။ ဒီဘက် ခေတ်ကြတော့ပိုပြီးတော့မှ အားထည့်ပြီး  တော့လုပ်လာတယ်။ အားစိုက်လာတယ်။ ဘာကြောင့်လည်းဆိုတော့ နံပါတ် (၁)က တော့ လူဦးရေတိုးလာတယ်၊ ကမ္ဘာကြီး ကမချဲ့နိုင်ဘူး။ တိုင်းပြည်ကလည်းဖွံ့ဖြိုး တိုးတက်လာတယ်ပေါ့၊ စက်ရုံအလုပ်ရုံ တွေ လမ်းတွေချဲ့လာတယ်။ လေယဉ် ကွင်းတွေဆောက်လာတယ်။ ဟိုတယ်တွေ ဆောက်လာတယ်။ ဟိုအရင်တုန့်ကမူလ တန်းကျောင်းလောက်ပဲရှိတဲ့နေရာ အခု အထက်တန်းကျောင်းတွေပြင်လာပြီ၊ နဂိုတုန့်ကကျေးလက်ဆေးပေးခန်းမရှိတဲ့ နေရာ အခုကုတင် (၁၀၀) ဆေးရုံတွေ ဖြစ်လာပြီဆိုတော့ Civitlization ဖွံ့ဖြိုး လာတာနဲ့ အမျှ လူနေမှုအဆောက်အအုံ တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ မြေကြီးတွေ သုံးလာတဲ့အခါ စိုက်ပျိုးမြေတွေလျော့ သွားတယ်။
မေး-လွှတ်တော်ထဲမှာလဲ ၀န်ကြီးဌာန အသုံးစရိတ်တွေကို တော်တော်ဖြတ်လိုက် တာကိုတွေ့လိုက်ရတယ်။ ဘတ်ဂျက်ဖြတ် တာ တွေနဲ့ပတ်သက်ပြီးတော့ Pablic  ကအမျိုးမျိုးဝေဖန်ပြောဆိုနေတာတွေ ရှိတယ်။ ၀န်ထမ်းတွေလစာတိုးဖို့အတွက် Project တွေလျှော့ချရမယ် လို့လည်း ဂျာနယ်တွေမှာ အမြင်အမျိုးမျိုးနဲ့ ဖော်ပြထားတာတွေ့ရတယ်။ ဘယ် Trans နဲ့ သွားနေတယ်ဆိုတာကိုသိချင် ပါတယ်။
ဖြေ- စိုက်ပျိုးမြေကလျော့တယ်စား မယ့်သူတွေကတိုးလာတယ် စားနပ်ရိပ် က္ခာဖူလုံဖို့အတွက် ပြဿနာက ဖြေရှင်း ဖို့အမျှော်အမြင်ရှိတဲ့ လူကြီးတွေကတွက် ပြီးတော့မှ မိုးစပါးနွေစပါးဒီလိုတစ်သီး စိုက်နိုင်အောင်ဆည်မြောင်းတာတမံတွေလုပ် ပေးတယ်လုံးဝတစ်သီးတောင်မစိုက်နိုင်တဲ့ မိုင်းခေါင်ရေရှားတဲ့ဒေသတွေမှာလည်း စိမ်းလန်းစိုပြေအောင်လို့ သူတို့ပတ်ဝန်း ကျင်မျာသောက်ရေသုံးရေ၊ ကျွဲနွား တိရစ္ဆာန်တွေအတွက်သောက်ရေသုံးရေ ဖူလုံလာအောင်၊ အနည်းဆုံးတစ်သီးစိုက် နိုင်တဲ့ အကျိုးရှိတယ်ဆိုတဲ့အမြင်နဲ့ လူ ကြီးတွေကလုပ်ပေးတာပေါ့။ ဒီနေ့ကမ္ဘာ မှာရှေ့ပြေးနေတဲ့ နိုင်ငံတိုင်းက အဲဒီလိုပဲ အရင်လုပ်ခဲ့တာ၊ လူဦးရေအများဆုံးဖြစ် တဲ့ နိုင်ငံတိုင်းနိုင်ငံတိုင်း ဒီလိုပဲစိုက်ပျိုးရေး ကစခဲ့တာပါ။ ဘယ်နိုင်ကမှ စက်မှုနိုင်ငံ ကနေမစပါဘူး။ အခြေခံလူတန်းစားတွေ က စားဝတ်နေရေးအဆင်ပြေပြီးတော့မှ ပညာကိုဆည်းပူးနိုင်မယ်။ အားကစားကို လိုက်စားနိုင်မယ်။ အဲဒီလိုသုံးနိုင်စွဲနိုင်မယ် ပေါ့နော်၊ အဲဒီလိုလူတန်းစားတွေက တိုး တက်လာမှ တဆင့်တဆင့်ကူးကြတာပေါ့၊ ပြီးတဲ့အခါမှ ဖွံ့ဖြိုးတိုးတက်သွားသည့် တိုင်အောင်လည်းပဲ အခြေခံလူတန်းစား တွေလို လယ်ကွင်းထဲမှာပျော်အောင်လည်း ပဲ ဖန်တီးပေးရတယ်။ ဘယ်နိုင်ငံမဆို ရင်းနှီးမြှုပ်နှံပေးရတယ်။
မေး- ကျမတို့လည်း ဒီအချက် လေးကိုမြင်ပါတယ်ဦး၊ မြင်လို့သမီးက လည်း ဆည်တွေနဲ့ ပတ်သက်ပြီးတော့  ဆက်စပ်နေတဲ့ဘတ်ဂျက် အသုံးပြုမှုအနေ အထားလေးကို သိချင် တာပါ။ အဲဒါ ကြောင့်သမီး ဒီမေးခွန်းလေးကိုထည့် မေးတာပါ။
ဖြေ- (၁)က အဲဒါနော်ဒီငွေရေးကြေးရေး နဲ့ တန်ဖိုးမဖြတ်နိုင်ဘူးဆိုတာ တန်ဖိုးကြီး မားမှုပေါ့၊ (၂)က သဘာဝဘေးအန္တရာယ်  ဆိုတဲ့ အကာအကွယ်ကိုလည်းပဲ ဒီဆည် တွေတာတမံတွေကနေအများကြီးပေး တယ်။ Climate Change ကနေဖြစ်ပေါ် လာတဲ့ မိုးတွေက အားကြီးပြီး တာတမံ တွေကြောင့်မို့လို့ရေတွေကို ထိန်းသိမ်းထား  နိုင်တယ်။ အဲဒီရေထိန်းသိမ်းနိုင်တဲ့အတွက်  ကြောင့် ရေးကြီးခြင်းအန္တရာယ်တွေကို ကာကွယ်ပေးနိုင်တယ်၊ ဥပမာ- ပခုက္ကူ မှာ ထိန်းသိမ်းတာမရှိတာမရှိတော့ နာရီ ပိုင်းအတွင်းမှာ မိုးရေချိန် ၁၂ လက်မ လောရွာချတော့ လူတွေလဲ ၂၀၀ ကျော်  လောက်သေတယ်။ ကျွဲ၊ နွား အကောင် ထောင်နဲ့ချီပြီးသေတယ်။ တံတားအကြီး ကြီးတွေလည်း (၇) စင်းလောက်ပျက်သွား  တယ်။ အိမ်ခြေ (၃၀၀၀)လောက် ရေထဲ ပျောက်သွားတယ်ဆိုတော့ အဲဒီလိုတာတ  မံတွေနဲ့ ထိန်းသိမ်းကာကွယ်ထားမယ်ဆို ရင် လွန်ကတဲ့ မိုးရွာသွန်းမှုရှိလည်းသူ့ဟာ သူကာကွယ်ပေးထားတယ်။ သူဟာသူပို တဲ့ဟာလောက်ပဲစစ်ဆေးမယ်ဆိုတော့ အန္တရာယ်မရှိဘူး၊ ဒီလိုအမျိုးမျိုးပေါ့။ ပို ပြီး ခြောက်သွေ့တဲ့နေရာမှာ စိမ်းလန်းဆို ပြေအောင်သောက်ရေသုံးရေ ရအောင်  ရည်ရွယ်ချက်ရှိသလို့သဘာဝဘေးအန္တရာယ် ကာကွယ်လိုဆိုတဲ့ ရည်ရွယ်ချက်တွေ လည်းရှိတယ်။ ဒါကြောင့်မို့တာတမံတွေ ရဲ့ တန်ဖိုးဟာ အင်မတန်မှ ကြီးမားပါ တယ်။
မေး- Druns တွေတည်ဆောက်ခဲ့ကြ တယ်။  ငမိုးရိပ် ဆည်ဆိုရင် မင်္ဂလာဒုံ လယ်သမား တွေအတွက်လယ်တွေက တိုးစိုက်နိုင်တယ်၊ လယ်သမားတွေကြား ထဲမှာဖြစ်နေတဲ့ ရေပြဿနာမှာ ဆည် မြောင်းက တာတမံတွေကို ရေသွင်း မြောင်းတွေ လုပ်ပေးထားတယ်။ လုပ်ပေးတဲ့အခါမှာ ဆည်ရေသွယ်ပြီးတော့ သူတို့လယ်စိုက် နေကြရတယ်။ ရေမြောင်း တွေပိတ်လို့ ပြဿနာတွေဘာတွေ လို့ဖြစ်ကြတယ်။ ဆည်တွေဟာ တောင်သူ လယ်သမားတွေ အတွက်အကျိုးမပြု ဘူးလို့ ပြောတဲ့ပြယုဂ်တစ်ခုအပေါ်မှာ အန်ကယ်လ်အမြင်ကို ပြောပြပေးပါ။
ဖြေ- အမှန်တကယ် သိသိရဲ့နဲ့မှ မျက်စိ မှိတ်ပြီးတော့ ရေးထားတာပါ၊ အမှန် ကတော့ သူတို့လုပ်တဲ့အခါကျတော့၊ အဲဒီရေးတဲ့အခါမှာ ထောက်ခံသူနဲ့ ဘာနဲ့ ဖြစ်တဲ့အကြောင်းတရားကတော့ မျက်စိ စုံမှိတ်ပြီး စုံလုံးကန်းပြီးတော့မှ ဝေဖန်ပြီး တော့ အပြစ်တင်ထားတာပါ။ တကယ် တော့ အဲဒါကြောင့်မို့လို့ ရေအကျိုးဆယ် ပါးတို့ ဘာတို့ ညာတို့ဆိုတာ အဲဒါပဲ၊ တကယ်တော့ ရှေ့က လူကြီးတွေက လုပ် ခဲ့တာက အေးချမ်းမှာ သေချာပါပဲ။ အဘတို့လိုလဲ မားမားမတ်မတ်ရပ် တည်မဲ့လူတွေလည်း မြောက်မြားစွာရှိ တယ်။ တကယ်တမ်းသာစိန်ခေါ်ရမယ်ဆို  ရင် မျက်စိစုံမှိတ်ပြီးတော့ လုပ်နေတာက လဲ သူတို့ရဲ့ မှားယွင်းမှုပဲ၊ ဒါလဲ အမှန် တရားဆိုတာ တစ်ချိန်ချိန်ကြရင် သူဟာ နဲ့ သူပေါ်လာမှာပဲ၊ ဒီစပ်ကူးမတ်ကူးအချိန်  မှာ အစိုးရအဖွဲ့ကို မတည်ငြိမ်အောင်လုပ် တာတွေက အချိန်တန်ရင်လူတွေက Brain ရှိတာကို အချိန်တန်ရင်သူ့ဟာနဲ့ သူသိလာကြမှာပဲ။
မေး- ရေအားလျှပ်စစ်တွေ၊ ဆည်မြောင်း တာတမံတွေ၊ မြစ်ရေတင်စီမံကိန်းတွေ စတဲ့ ဘတ်ဂျက်အသုံးပြုမှုတွေဟာ ပြည် သူလူထုအပေါ် အကျိုးပြုမှုနည်းပါးပြီး သဘာဝရင်းမြစ်ပျက်စီးတယ်လို့ ပြောဆို ဝေဖန်မှုအပေါ်-
ဖြေ- မြစ်ရေတင်စီမံကိန်းတွေ ဆည် မြောင်းတာတမံတွေ လုပ်ပေးထားခဲ့ခြင်း သည် လယ်တစ်ဧကမှာ ဘယ်လောက် အကျိုးပြုတယ်ဆိုတဲ့ ကိန်းဂဏန်းနဲ့ တိုင်း တာတာ မဟုတ်ဘူး။ သားစဉ်မြေးဆက်  အဆက်ဆက်တိုင်အောင် ဘိုးဘွားဘီ ဘင်တွေကနေပြီးတော့မှ နောင်လာ နောက်သားတွေ အဆက်ဆက်တိုင် အောင် ရာသီဥတုမျှတအောင် စားရေး နေရေး အဆင်ပြေအောင် ဖွံ့ဖြိုးတိုးတက် အောင် အဲဒီလို ရည်ရွယ်ချက်ကြီးကြီးနဲ့ လုပ်ထားတာဖြစ်တဲ့ အတွက်ကြောင့် သူ့ ကို တစ်ဧကကို သိန်းဘယ်လောက်ကုန် တယ် လယ်တစ်ဧကထဲကို ရေရောက်ဖို့ ဘယ်လောက်ကုန်တယ်ဆိုတာကို အဲဒီ ဈေးတွက်နည်းနဲ့ တွက်တာက သက် သက် အပြစ်တင်ဖို့ ဝေဖန်တာပဲ။ ဒါဦး နှောက်မရှိတာပေါ့၊ ရှိရဲ့သားနဲ့ သက် သက် Negative  ဆန်တာပေါ့၊ ကမ္ဘာမှာ လူတိုင်းကသိတယ်၊ အာဖရိကတို့ဆိုရင် ရေရဖို့ကို၊ အစ္စရေးနိုင်ငံမှာ ဘယ်လို ရေရ အောင်လုပ်လဲ သူတို့မှာက တိုင်းပြည်ရဲ့ အရေးကြီးဆုံး ကိစ္စပဲ Life Secusity အတွက်၊ လူ့ဘ၀ကြီး အသက်ရှင်ရပ် တည်ဖို့အတွက် နေ့တိုင်းစားဖို့ကို လိုတယ် နေ့တိုင်းသောက်ဖို့ ရေလိုတယ်၊ ရေ အသက် တစ်မနက် ထမင်းအသက် ၇ ရက်ဆိုရှိတယ်။ အမျှော်အမြင်ရှိတဲ့ လူကြီးတွေလုပ်ထားတွေကိုဝေဖန်ပြစ်တင် နေတာ သည်အင်မတန်မှားယွင်း တဲ့အလုပ်ပဲ။ တကယ်တော့ တစ်ယောက်နှစ်ယောက် ကဝေဖန်တာကိုလည်း အသားပေးပြီးလုပ်  တဲ့အခါကြတော့အများက နှစ်နာတာပေါ့၊ ရေရဖို့အတွက်အခက်အခဲဖြစ်နေတယ် ဒုက္ခဖြစ်တယ်။ ကသိကအောက်ဖြစ်တာ ပေါ့၊ ပြည်သူတွေပဲပေါ့၊ ပြည်သူဆိုတာ ဆန္ဒရှင်တွေပဲပေါ့၊ သူတို့ရွေးချယ်တင် မြောက်ခဲ့တဲ့ဝါးလုံးတုန်ပြီး ရန်းတဲ့အခါမှာ ထိတဲ့လူတွေကတအားနာတယ်။ တချို့ နေရာမှာ အဲဒီလိုအပေါက်ရှာပြီးတော့မှ ပြဿနာရှာပြီးတော့မှ ဒီစက်ရုံကြီးက မြတ်နေသလားဘာဖြစ်သလဲ၊ ညာဖြစ်သ လဲလျှောက်ပြီးတွက်နေရင် ဒီရုံးကြီးဆောက်   ထားတာ ဒီလောက်အကုန်အကျခံပြီး တော့မှ ဖြစ်ပါမလား။ ဒီလိုပြောလို့ရှိရင် ဒီနေ့လွှတ်တော်ကြီးကိုဆောက်ထားတဲ့ တန်ဖိုးကလည်းတိုင်းပြည်ရဲ့ဂုဏ်သိက္ခာ မရှိဘူးလား၊ အဲဒီလိုပေါ့၊ ရှေ့တုန့်က ဘုရားပုထိုးကြီးတွေတည်ထားတဲ့ လူတွေ ကြောင့်မို့လို့ ပုဂံဆိုတာ မြန်မာ့ဂုဏ်ကို ဆောင်တာပေါ့၊ ဒါရှေ့လူကြီးတွေတည် တာပေါ့၊ အဲဒီတုန်းက ဒီလိုပဲ ငါတို့ ဒီလောက်ဆင်းရဲတဲ့ နိုင်ငံဘုရားစေတီတွေ  ပဲတည်ရလားဆိုပြီး အပြင်သွားပြောလို့ ဘယ်ရမလဲ၊ သမိုင်းရဲ့ ယဉ်ကျေးမှုအမွေ အနှစ်တွေအဖြစ်ထိန်းသိမ်းထားခဲ့လို့ ဒီနေ့ ဗမာ့ဟေ့ဆိုတဲ့ ကိုယ့်တိုင်းပြည်ရဲ့ဗုဒ္ဓဘာ သာအမွေအနှစ်တွေကိုစောင့်ရှောက်နိုင် တာပေါ့၊ အဲဒီလိုဝေဖန်တဲ့သူတွေက အဘ  တို့က ရှင်းပြရတယ်။ ဆိုပေမဲ့လည်း တအားမိုက်ရိုင်းလွန်အားကြီးတာပေါ့နော်။ မိုက်ရိုင်းတာမခံနိုင်လို့ရှင်းပြရတာပါ။ သူတို့က မသင့်တော်တာပေါ့တစ်ချက် ပေါ့။
မေး- ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လယ်ယာ မြေနဲ့ စိုက်ပျိုးပြီးအသက်မွေးဝမ်းကြောင်း ပြုကြတဲ့လူတန်းစားတွေဟာ ပညာတတ်လူငယ်တွေ များလာကြတာကို တွေရတယ်။ ကျမတို့နိုင်ငံမှာ လယ်သမား လူတန်းစားတွေကိုကြည့်လိုက်တဲ့အခါ  ပညာတတ်နည်းပါးနေတာကိုတွေ့ရတယ်။ နိုင်ငံတော်အနေနဲ့ လယ်သမားတွေကို ပံ့ပိုးမှုပေးတဲ့အပိုင်းနဲ့ ပတ်သက်ပြီး လယ်သမားတွေဟာ ပညာအခြေခံ နည်းပါးတဲ့အတွက် အကျိုးခံစားခွင့်ရရှိ သင့်သလောက်မရကြတာကိုတွေ့ရတယ်။စိုက်ပျိုးနည်းပညာတွေကို ဘယ်လောက်ပဲ ပံ့ပိုးပံ့ပိုး ပညာအခြေခံလိုအပ်ချက်ကြောင့် အပြည့်အ၀မရဘူးလို့ ထင်ပါတယ်။
လယ်သမားကိုစောင့်ရှောက်ခြင်း သည် ကို့ကိုယ်  ကို စောင့်ရှောက်တာနဲ့ အတူတူပဲ၊ လယ်သမားတွေသုံးနိုင်စွဲနိုင်မှ လယ်သမား  တွေကျောင်းတက်နိုင်မှာ တက်္ကသိုလ်တက်နိုင်မှ သူတို့သားတွေ သမီးတွေထွန်းကား သူတွေများများရှိမှ တိုင်းပြည်လည်းတိုး တက်မှာပါ။ လယ်သမားသားသမီးတွေ လှလှပပ ၀တ်နိုင်စားနိုင်မှဟုတ်လား၊ လယ် သမား သားသမီးတွေကအောက်ခြေ သိမ်း အလုပ်တွေလုပ်နေ၊ ကျွန်အလုပ် သာ သာလောက်လုပ်နေရရင်တိုင်းပြည်က ဖွံ့ဖြိုးမတိုးတက်နိုင်ဘူး။ ဒီအခြေ ခံလူတန်းစားတွေတိုးတက်လာမှသာ လျှင် တိုင်းပြည်က အေးချမ်းမယ်။ တိုင်းပြည်နောင်ရေးစိတ်အေးရမယ်။ တကယ်တမ်းကျတော့ အဲဒါလုပ်ရမယ့် ကိစ္စပဲ။ ပညာတတ်တွေလည်းပေါ် ထွန်းလာအောင် လူကြီးတွေကတော် တော်ကိုလုပ်ကြရမယ်။ တက္ကသိုလ်ကြီး တွေ ဆောက်ပေးခဲ့တယ်စာသင်ကျောင်း တွေဆောက်ပေး ခဲ့တယ်။ ဘာကြောင့် လည်း အခြေခံဖြစ်တဲ့ ဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်ဆိုပြီးရောက် လာတဲ့လူကစာမှမတတ် ဆယ်တန်းမှ မအောင်ဘဲ လွှတ်တော်ထဲလာထိုင်တော့ သူများထဆိုမတ်တပ်ထနေတယ်သူများ ထိုင်ဆိုထိုင်နေတယ်။ သူများခလုပ် နှိပ်ဆိုနှိပ်တယ်။ သူ့မှာဘာမှ မှမသိတာ။ဘာတွေပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ။ အဲဒီ ဟာတွေကို ဒေသအလိုက်နယ်ပယ် အသီးသီးက ပညာတတ်တွေထွက်ပေါ် လာအောင်ဆိုပြီး လုပ်ပေးခဲ့တယ်။ ဒါပေမမဲ့ အချိန်ကယူရဦးမယ်။သူငယ်တန်းက စပြီး train လုပ်နေရတာ။ဆယ်တန်း။ နောက်လည်း၁၄ နှစ် သဘောကတော့ ဆယ်စုနှစ် တစ်စု နှစ်စုလောက်တော့ကြာ ဦးမယ်။ အဲလောက်ကြရင်တော့ educated များလာတဲ့အခါမှာ အစစအရာရာ ခိုင်ခန့်တဲ့ နိုင်ငံ ဖြစ်လာမှာပေါ့နော်။အဲဒါကတော့ အခြေခံကိုယူရဦးမယ်။နောက်ပြီး တော့လူတွေရဲ့ စာရိတ္တတွေ ဆိုတာလည်း အခြေကိုပြန်ပြီး တော့မှ တည်ယူရမှာ။မကောင်းဘူးလားဆို အခု ပြောနေကြတာ ဝေဖန်နေတာတွေဟာ ကောင်း ပါတယ်။ သို့သော်ပျက်လောက် အောင်တော့ မဖြစ်ရဘူး။ တိုင်းပြည် ထိခိုက်သွားအောင်တော့ မဖြစ်သင့်မလုပ် ရဘူး။ အစိုးရပျက်အောင်လုပ်တယ်။ တိုင်းပြည် ပျက်အောင်လုပ်တယ်ဆိုတာ တွေ ဒီလှေကြီးထဲမှာ ခရီးသွားတဲ့လူတွေ လှေဝမ်းကြီးပေါက်သွားတယ်ဆိုရင် အကုန်နစ်မှာ။ဝဲထဲမှာ မြုတ်သွားရင် လည်း အကုန်သေမှာပဲ။ တည့်တည့် ပြောမယ်ဆိုရင်တော့ အစိုးရဆိုတာ မောင်းနှင်တာပဲထိန်းပေးတာ။ ပြည်သူ တွေနဲ့ လက်တွဲပြီးတော့မှ ခရီးသည် ထဲမှာပါနေတဲ့ အတွက် လှေဝမ်းကြီး မလူးအောင်ဟန်ချက်ညီအောင်သူထိန်း ပေးရမယ်။ လိုအပ်ရင်လည်းဝိုင်းလှော် ရမယ်။နောက်က ဥပဒေပြုမယ့်လွှတ်တော် တို့ ဘာတို့က တည့်တည့်လေး ဖြစ် အောင်လုပ်ရမယ်။ ဥပဒေက ကမောက် ကမဖြစ်နေရင် အစိုးရကိုပဲ ဝေဖန်နေ မယ်။ အထဲမှာရှိတဲ့မီဒီယာတွေ အနေနဲ့ ကလည်း အစိုးရကိုဝိုင်းပြီး သမနေရင် ကမောက်ကမဖြစ်ပြီး လှေကြီးနစ်တဲ့ အခါကြရင် ဘယ်သူကအ ရင်ဆုံးနာ မလဲ။ပြည်သူက အရင်ဆုံးနာမယ်။တလှေတည်းစီးတခရီးထဲသွားဆိုတာ တဖွဖွနေရ တယ်ဆိုတာ အဲဒါပဲ။လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်။ အသက်ကြီးပြီးဆိုရင် ငြိမ်နေရမယ်။ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်ရင် ဒါကြောင့်လဲ ဘုန်းကြီးအရူးနဲ့ လှေလူးလို့ပြောတာ။
မေး- လက်ရှိသွားတဲ့မူဝါဒအရ လွှတ်  တော်နဲ့လက်ရှိအစိုးရဆိုတာ ဟန်ချက် ညီအောင်တစ်ယောက်နဲ့ တစ်ယောက်အပြန် အလှန်ထိန်းကျောင်း ရမယ် ဆိုတာသည် မူဝါဒအရကို သွားရမှာပေါ့နော်။ အဲဒီဟာကို ဘယ်လိုဖြစ်နေလဲဆိုတော့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ check and balance  လုပ်ရမယ့် အစားတချို့ဟာလေးတွေမှာ cross section လုပ်သလိုဖြစ်နေတယ်။ အဲလို အမြင်လွဲစေတဲ့ ပုံစံလေးတွေလည်း တွေ့ရပါတယ်။ အခုဆိုရင်ဘတ်ဂျက် ကိစ္စတွေနဲ့ ပတ်သက်တဲ့ လွှတ်တော်ထဲ မှာလဲ အတိုက်အခံပါတီဘက်ကနေပြီး တက် လာတဲ့ ဒီမိုကရေစီအင်အားစု အမတ် တွေလည်း ရှိတယ်။အထူးသဖြင့် သူတို့တွေက ဘက်ဂျက်ကိစ္စကို ကျယ်ကျယ် လောင်လောင်အော်နေတာ တွေ့ရပါတယ်။ အဲဒီလိုအခြေ အနေမှာ လက်ရှိလုပ်နေရတဲ့ ၀န်ကြီး ဌာနတွေအနေနဲ့ကတော့ အခက် အခဲကို အမြင်ဆုံးပဲလေ။ ဒီဘက်ဂျက်မှာ လယ်ယာစိုက်ပျိုးရေးကို ၆၀ ရာခိုင် နှုန်းလောက် ဘတ်ဂျက် နောက်ဆုံးresult ကတော်တော် လေးလျှော့သွားတာကို တွေ့ရ ပါတယ်။ ထုတ်ပြန်ကြေညာချက် တွေအရပေါ့။ အဲဒီကိစ္စနဲ့ပတ်သက်လို့ရော ဒီဘက်မှာနှောင့်နှေးမှုတစ်ခု ဖြစ်သွား လိမ့်မယ်လို့မြင်တယ်။ အဲဒါ ကိုရောဦးအနေနဲ့ လယ်ယာမြေခေါင်းစဉ်ကို ဦးစားပေးပြီး ဘတ်ဂျက်လျှော့သွားတဲ့အပေါ်မှာ အောင်မြင် အောင် ဆက်လုပ်သွားဖို့ ဘယ်လိုစဉ်းစားထား ပါသလဲ။
ဖြေ- အဘတို့အတွက်က မခက်ခဲဘူး။ ဘာလို့မခက်ခဲလဲ ဆိုတော့ရှိတဲ့အခြေ အနေနဲ့ ရုန်းကန်ဖို့ဆိုတဲ့ လုပ်တတ်ကိုင် တတ်တဲ့ အလေ့အထရှိတဲ့အတွက် ဘယ်လောက်ပဲ ငွေကိုပုံပေးတိုင်းပြည်ကို ချက်ချင်းပြောင်းလဲဖို့ဆိုတာမဖြစ်နိုင်ဘူး။  မဖြစ်နိုင်သေးတဲ့ ကာလမှာလွှတ်တော် ကနေပြီးတော့မှ ဘက်ဂျက်တွေကို တအားဖြတ်လိုက်တာမျိုးသူတို့တာဝန် တော့ရှိသွားတာပေါ့။ အဘတို့ကတော့ ပြည်သူတွေရဲ့ ဒါလေးဆောက်ပေးပါ၊ ဒါလေးလုပ်ပေးပါမီးလင်းချင်ပါတယ် လမ်းလေးဖောက်ပေးပါဆိုတဲ့ ကဏ္ဍ အသီးသီးပေါ့ဆည်မြောင်းတာတမံနဲ့ မီးလင်းတာလည်း ဆက်စပ်တယ်။ အဲဒါလေးတွေ မတိုးတက်လာတာကို လည်း သူ့ဒေသအလိုက် တစ်ယောက် တောင်းဆိုတယ်။ တစ်ယောက်က ဘတ်ဂျက်ဖြတ်တယ်။ တာဝန်ရှိတဲ့ လူကြီးတွေအနေနဲ့ကတော့ လစ်မစ် ရှိတာပေါ့။ငါတို့အတိုင်းအတာနဲ့ ငါတို့ ပြည်သူအတွက်ဘယ်လောက် လုပ်နိုင် မလဲ ။ လွှတ်တော်ဆိုတာ ပြည်သူတွေ ထဲကလူတွေပဲလေ။ သူတို့ တွေးတာ ခေါ်တာမှန်လို့ရင် တိုင်းပြည်ကအတွက် အဖြေမှန်ထွက်မှာပေါ့။ သူတို့ရွေးတာပဲ လေ။ တစ်တိုင်းပြည်လုံးပျံ့နှံ့ဖို့ဆိုရင် သုတေသနလုပ်ငန်းတွေ မျိုးစေ့ထုတ်တဲ့ လုပ်ငန်းတွေ အကုန်လုံးနဲ့ စက်မှု လယ်ယာကို ဖွံ့ဖြိုးအောင်တစ်ပြိုင်တည်း လုပ်နိုင်မယ်။ နည်းနည်းပဲ ဆိုရင် နေပြည်တော်တစ်ဝိုက်ပဲလုပ်မှာပေါ့။ နေပြည်တော်နှင့် တ၀ိုက်ရန်ကုန်မြို့နှင့် တစ်ဝိုက် သာယာစေပဲ ဖြစ်မှာ ပေါ့။ပြည်နယ်နှင့်တိုင်းမြန်မြန်ပျံ့အောင် တစ်ခါတည်းဖြန့်ကျက်ပြီးလုပ်ရမှာ။ အဲလောက်မလုပ်နိုင်လည်းလုပ်နိုင်တဲ့ အတိုင်းအတာအထိလုပ်မယ်။ တည့်တည့်ပြောမယ်ဆိုရင်တော့အစိုးရ အဖွဲ့ဝန်ကြီးတွေအနေနဲ့က သက်သာ တယ်။အလုပ်က ပေါ့သွားတယ်။ အော် — ငါတို့ ဆယ်ခုလုပ်ဖို့ ရှိနေတာတစ်ခုပဲ လုပ်နိုင်တော့တစ်ခုပဲ သက်သောင့် သက်သာလေးပေါ့။ အမှန်ကတော့ သက်သာတယ်။ သို့သော်တိုင်းပြည် အပေါ်မှာ တာဝန်ကျေချင်တဲ့ သူကျတော့ မခံနိုင်ဘူးပေါ့။ ငါတို့တိုးတက်အောင် လုပ်ရမယ့်ကာလမှာ ငွေအား၊ လူအား အရမ်းအရေးကြီးတယ်။ နည်းပညာ ရှင်တွေရောအကုန်လုံးပေါ့ အဲဒီလို လိုနေတဲ့အချိန်မှာ တစ်ဖက်ကိုဖိထားရင် မတိုးတက် နိုင်ဘူးပေါ့။နာတာကတော့ ပြည်သူပဲနာတာ။ တဲ့တဲ့ပြောရရင် အစိုး ရ၀န်ထမ်းတွေက သက်သာပါတယ်။
မေး- ကျုံ့သွားတာပေါ့။ ၁၀ခုလုပ်ရ မယ့်နေရာမှာ ၁၀ခုမလုပ်ရတော့သက်သာ တယ်။ တိုင်းပြည်အပေါ်တာဝန်ကျေ ချင်တဲ့သူကတော့ မခံနိုင်ဘူးပေါ့။ တိုးတက်အောင်လုပ်ရမယ့် အခုလိုအချိန် ကာလမှာ ပိုက်ဆံအရင်းအနှီးဆိုတာ ထက် ငွေအားနဲ့လူအားကလည်းအရမ်းအ ရေးကြီးပါတယ်။ ဘဲလင်စ် (BALLANCE) ညီရမှာပေါ့။ အခုလို တိုင်းပြည် အတွက် လိုအပ်ချက်ရှိနေတဲ့အချိန် မှာတစ်ဘက်ကို တစ်အားဖိထားရင် မတိုးတက်နိုင်ဘူး။ ဘယ်သူနာမလဲဆို တော့ ပြည်သူပဲနာမယ်။
မေး- ဖွံ့ဖြိုးပြီးသားအနောက်နိုင်ငံကြီး တွေတောင်မှလယ်သမားလူတန်းစားကို သူတို့က ပံ့ပိုးမှုတွေ၊ ဖြည့်တင်း ပေးတာတွေ အများကြီးပေးတာ တွေ့ရပါတယ်။ ဘာ့ကြောင့်ပါလဲ။
ဖြေ- ဘာကြောင့် ဦးစားပေးလဲ တကယ် လို့ စစ်ဖြစ်ခဲ့ရင်ကိုယ့်နိုင်ငံမှာ ကိုယ်ဆန် မစိုက်တော့ဘူး။ ဂျုံမစိုက်တော့ဘူးဆိုရင် စစ်ဖြစ်ခဲ့ရင်လောလောဆယ်ကတော့ရမှာ ပေါ့၊ တစ်နေ့စာလောက်တော့အရန်ထား  နိုင်မှာပေါ့၊ စစ်ဆိုတာဘယ်ပြောလို့ရမလဲ တစ်နှစ်ဖြစ်မလား၊ နှစ်နှစ်ဖြစ်မလား၊ သုံး နှစ်ဖြစ်မလား အဲလိုဖြစ်လာရင်ထမင်းငတ်  ကုန်မှာပေါ့၊ ကိုယ့်တိုင်ပြည်မှာကိုစားနိုင် သောက်နိုင် ဂျပန်ကော၊ ထိုင်ဝမ်ကော။ အမေရိကန်ကော သူနိုင်ငံမှာသူဖူလုံပြီး  ဖိုလျှံအောင်လုပ်တယ်။ ပိုအောင်လုပ်တယ်၊ ဒါကြောင့်မို့ ဒီတတ်နော်လော်ဂျီကလည်း  သုတေသနလုပ်တာလဲစိုက်ပျိုးရေးမှာ ဦးစားပေးပြီးအရင်ဆုံးဖူလုံအောင်လုပ် တယ်။ ပိုလျှံအောင်လုပ်တယ်။ ဒီလိုလို လျှံအောင်လုပ်ပြီတော့မှ အခြားနိုင်ငံတွေ ကို ရောင်းရင်ရောင်းမှာပေါ့၊ အိန်္ဒိယတို့ ဘာတို့လည်း ဒီတိုင်းပဲ လူဦးရေသန်းနဲ့ ချီတယ်။ ဒါပေမဲ့ ဖူလုံပိုလျှံအောင်လုပ် တယ်။ ဘယ်လောက်လုပ်ရလဲဆိုတော အဲဒီရင်းနှီးမြှုပ်နှံမှုရတယ်ပေါ့၊ ဆည်တွေ တာတမံတွေတည်ဆောက်ပြီးတော့မှ တစ်သီးနှစ်သီးစိုက်နိုင်မှပိုလျှံတယ်။ နောက်မို့ဆိုမပိုလျှံနိုင်ဘူး။ ဆိုတော့ သူက တော့ကွင်းဆက်တွေပါပဲ တိုင်းပြည်က ဖွံ့ဖြိုးပြီးမှ ဖွံ့ဖြိုးတဲ့နိုင်ငံကျတော့ပြစ်ထား လို့လားမရပါဘူး။ လယ်သမားကိုလည်း ဂရုစိုက်နေရတယ်။
မေး-လယ်ဧကတွေကို လက်ရှိရှိနေတဲ့ လူဦးရေရယ် နောက်ပွားလာမယ့် လူဦးရေနဲ့ရယ်ကိုမျှော်မှန်းတွက်ပြီးတော့ မြန်မာနိုင်ငံမှာ လယ်စိုက်ဧက ဘယ် လောက်   ရှိရမယ်ဆိုတဲ့ ဟာမျိုးကော ဦးတို့အနေနဲ့ ဒီ Long time plan အတွက် လျာထားပြီးတော ပြင်ဆင် ထားတာတွေကောရှိပါသလားဆိုတာလေး သိချင်ပါတယ်။
ဖြေ- သာမန်အားဖြင့် ကြည့်မယ်ဆိုရင် တော့ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ ရှိနေတဲ့ Land Result နဲ့က ကြည့်လိုက်ရင် Probility Density က အင်မတန်မှနည်း တယ်။ အိမ်နီးနားခြင်း ဘင်္ဂလားဒေ့ရှ်တို့ နောက်ကျန်တဲ့ကျွန်းနိုင်ငံလေးဘာပေး တွေ ကိုရီးယားတို့ဖိလစ်ပိုင်တို့စတဲ့ ကျွန်း နိုင်ငံလေးတွေပေါ့နော်။ ကျန်တဲ့ထိုင်ဝမ် တို့ပေါ့နော် အဲဒီနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အဘတို့နိုင်ငံက လူဦးရေနဲ့ မြေကြီးနဲ့က အများကြီးအဆမတန်ကွာတယ်အဲဒါ ကြောင့် တကယ်က အဲဒီလောက်ထိ ပူစရာမရှိသေးဘူးအဘတို့နိုင်ငံက မြေကြီး ကို ဘာလုပ်ဖို့ညာလုပ်ဖို့ Technology နဲ့ပဲ နည်းပညာနဲ့ပဲ နှစ်ဆတိုးအောင်ထုတ်နိုင် မယ် တစ်သီးကနေနှစ်သီးစိုက်မယ်ဆိုရင် တိုင်းပြည်က Export ကောင်းကောင်းလုပ်  လို့ရတယ်။ အလျှံအပယ်ပို့လို့ရတယ်။
နောက်ပြီးတော့သမီးတို့မြန်မာ နိုင်ငံက ဟိုအရင်ခေတ်ကဆို ကမ်္ဘာမှာဆန်ကို Export အများဆုံး တင်ပို့နိုင်တဲ့နိုင်ငံတစ်ခု ဖြစ်ပြီး အဲဒီရာစုတစ်စုမှာ ရပ်တည်နိုင် ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ပေါ့နော် သမီးတို့က
မေး- မှန်ပါတယ်ဦး၊ အခုသမီးမေးတဲ့ မေးခွန်းကတော့ အခုဆိုရင်သစ်တောဧရိ ယာတွေဆိုရင်လည်း သစ်တောကနေပြီး တော့ သမီးတို့ကျွန်းစိုက်ခင်းတွေစိုက်လို့ ရတယ်။ နှစ်ရှည်စီမံကိန်းတွေနဲ့ ကုမ္ပဏီ တွေကို ပေးတာရှိပါတယ်။ ရာဘာဆို လည်း ရာဘာမို့သူဟာနဲ့ သူ အဲဒီအခါ ကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ သမီး တို့ကလောလောဆယ်လယ်စိုက်တာထက် ပိုပြီး အကျိုးရှိတဲ့ အဲဒါမျိုးတွေကို မြင်လာ တဲ့အခါမှာ ငွေရှင်ကြေးရှင်တွေကနေ များသောအားဖြင့်ကတော့ လက်ရှိငွေ ကြေးအကျိုးအမြတ်ကိုပဲတွက်ကြပြီးတဲ့ အခါကျတော့ ဦးရယ်ယူပြီးတော့လုပ် ကြ တာတွေရှိတယ်။ ဦးပြောသလိုပါပဲ လက် ရှိအနေအထားအရတော့ သမီးတို့ နိုင်ငံ ဟာရှိနေတဲ့ လူဦးရေနဲ့ မြေဟက်တာ တွေနဲ့က အများကြီးမြေတွေ ပေါများပါ တယ်။ အဲဒါကြောင့် ကျန်တဲ့ အိမ်နီး ချင်းနိုင်ငံတွေက မြေယာနဲ့ ပတ်သက် ပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ နောက်ဆုံးဦး ရယ် လားရှိုးမှာဆိုရင်တရုတ်တွေက ဒီဘက်မှာမြေငှားပြီးလာစိုက်တယ်။ ဖရဲ သီးစိုက်တာတို့ကအစ ဒါတွေလေးတွေ့ နေရပါတယ်။ ဒီဘက်အပိုင်းငါးနှစ် ခြောက်နှစ်လောက်ကပေါ့။ သူတို့နိုင်ငံ တွေမှာ မြေကရှားပါးပြီးတော့ သမီးတို့ နိုင်ငံမှာ မြေကပေါနေတယ်ဆိုတာ ဒီပြယုဒ် က သက်သေပဲလေဦး ဒါပေမဲ့ကာလ ရွှေ့လျားလာတာနဲ့ အမျှ ဒီမြေတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကသာ ပေး လိုက်မယ်ဆိုရင် လောလောဆယ်ဖူလုံ နေ ပေမယ့် လယ်မြေက ဟက်တာ ဘယ် လောက်ထားမယ်ဆိုတာရည်းမှန်းချက်ရှိ နိုင်ပါသလားဆိုတာ သိချင်ပါတယ်။
ဖြေ- ဒီဟာလည်း အမှန်ကတော့ ဘ ဘာဝတရားကြီးက မလိုဘူး။ ပြင်းထန် ရင်လည်း မဖြစ်နိုင်ဘူး။ ပြင်းထန်မယ်ဆို ရင်ဒီလယ်မြေတွေကို မတိုးချဲ့ရဘူး။ ဒါ ကြောင့်မို့ လယ်ယာမြေဥပဒေဆိုတာ မနက်ဖြန်လောက်ဆို ထွက်လာမှာပါ။ တစ်နေ့ထဲက ပြီးသွားပြီ။ ဒီနေ့ဆိုအားလုံး ပြီးသွားပြီ၊ ရေးဆွဲပြီးတော့မှလေ ဒီနေ့ ဆိုရင် လွှတ်တော်ကနေ လွှတ်တော်က နေ ပြထန်းတဲ့အဆင့်ကပြီးသွားပြီ၊ အဲဒီ မှာ လွတ်လွတ်လပ်လပ်နဲ့ဖြစ်လာပြီ၊ အဲ တော့လယ်မြေတွေမဖွံ့ဖြိုးဘူးမတိုးတက် ဘူးလယ်ယာပေါ်မှာရင်းနှီးမြှုပ်နှံမှုနည်း တယ်ဆိုတဲ့ အကြောင်းတရားကလည်း  အဲဒီလယ်ယာမြေကို ဆိုရှယ်လစ်ခေတ် မှာရော ဟိုတုန်းကခေတ်တွေမှာရော ကိုလိုနီခေတ်မှာရော လယ်ယာမြေကို  ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုမရှိခဲ့ဘူး။ သူတို့ က မင်းညီမင်းသားတွေနဲ့ မှူးမတ်တွေက ပဲ ပိုင်တယ်၊ လက်လုပ်လက်စားတွေက မပိုင်ရှာဘူး။ နောက်ကျွန်ခေတ်မှာလည်း ဒီအတိုင်းပဲ ပြီးတော့ဆိုရှယ်လစ်ခေတ်မှာ လည်း လယ်လုပ်ကိုင်ခွင့်ပဲပေးတယ်။ အဲဒါကြောင့်မို့ လယ်ယာယာမြေဟာ မဖွံ့ဖြိးမတိုးတက်ဘူး။ အခုကတော့ Land Law Right  ပဲ သို့သော်လည်းပဲ ဒီလယ် မြေကို နာမည်လွှဲပြောင်းခွင့်ရှိတယ်။ ရောင်းခွင့်ရှိတဲ့ အခါကျတော့ သူ့လယ် ကို သူလည်းပဲဒီလယ်မြေကို နာမည်လွှဲ ပြောင်းခွင့်ရှိတယ်။ ရောင်းခွင့်ရှိတဲ့အခါ ကျတော့ သူ့လယ်ကိုသူလည်းပဲ ဒီလယ် မြေကို နာမည်လွှဲပြောင်းခွင့်ရှိတယ်။ ရောင်းခွင့်ရှိတဲ့အခါကျတော့ သူ့လက်ကို သူဖွံ့ဖြိုးတိုးတက်အောင်လုပ်လာတယ်။ ဒီလယ်က အမှန်ကတော့ လယ်စိုက်တာ မကိုက်လို့မဟုတ်ဘူး။ လယ်ယာမဖွံ့ဖြိုး လို့၊ လယ်ယာမဖွံ့ဖြိုးတဲ့အတွက်ကြောင့် မကိုက်တာ တချို့တွေတစ်သီးပြီတစ်သီး လေးလတိုင်းအမြဲတမ်းရနေမှာဖြစ်တဲ့ အတွက်ကြောင့် ကျန်တဲ့ဟာထက်ကို အကိုက်ဆုံး။
မေး- အဲဒါကို သမီးမြင်ပါတယ်ဦး အခုဆိုရင် ငွေရှိတဲ့လူကကိုယ်လယ်မြေ ကို သေသေချာချာလုပ်တာပေါ့ ခုနက ဦးပြောတဲ့ အချက်ပါပဲ၊ ဒါပေမဲ့ လယ် သမားတွေကကြတော့ နိုင်ငံတော်ကငွေ ထုတ်ချေးပေးပေမယ့် သူတို့က ချေး ထားတဲ့ပိုက်ဆံကို များသောအားဖြင့် မလောက်ဘူး။ သူတို့က လောလော ဆယ်ဒီဟာကို လုပ်တယ်ဆိုတာထက် တချို့ကတခြားဟာကို အသုံးပြုလိုက် တာတွေရှိပါတယ်။
ဖြေ- သူတို့လယ်ယာက မဖွံ့ဖြိုးတဲ့အခါ ကျတော့ ပြန်အထွက်နှုန်းကမကိုက်တော့ ဘူး။ အဲဒီဖွံ့ဖြိုးအောင်နိုင်ငံတော်အနေနဲ့ အတိုင်းအတာတစ်ခုထိအောင် လယ် သမားအပေါ်မှာနိုင်ငံတော်က ဒီနိုင်ငံမှာ  မွေးလာတယ်။ ဒီနိုင်ငံမှာပဲ သေကြတယ်။  ဒီနိုင်ငံသားတွေဖြစ်တဲ့အတွက်ကြောင့်  ဒီနိုင်ငံကိုကာကွယ်ကြရမှာပဲ ဘာပဲဖြစ် ဖြစ်တကယ်တမ်းကြတော့ အိုးပူလာရင် ဘာဖြစ်လဲ ဟုတ်လားအကုန်လုံးပါပဲလှည်း နေလှေအောင်းမြင်းဇောင်းပါမကျန် ဒီလို လာရင်ဒီလိုပဲနေကြရမှာပဲ။ ဒါကြောင့်ပမို့ ရွေးစရာမှမရှိတာ ဒီမြေမှာမွေးလာတဲ့သူ တွေဆိုတော့ ဒီနိုင်ငံကပဲကာကွယ်ရမယ် ပြန်စောင့်ရှောက်ရမှာပဲ အဲဒီတော့ လယ် သမားကိုစောင့်ရှောက်ခြင်းသည် ကို့ကိုယ်  ကို စောင့်ရှောက်တာနဲ့ အတူတူပဲ၊ လယ်သမားတွေသုံးနိုင်စွဲနိုင်မှ လယ်သမား  တွေကျောင်းတက်နိုင်မှာ တက္ကသိုလ်တက် နိုင်မှ သူတို့သားတွေသမီးတွေထွန်းကား သူတွေများများရှိမှ တိုင်းပြည်လည်းတိုး တက်မှာပါ။ လယ်သမားသားသမီးတွေ လှလှပပ၀တ်နိုင်စားနိုင်မှဟုတ်လား၊ လယ်သမားသားသမီးတွေက အောက်ခြေ  သိမ်းအလုပ်တွေလုပ်နေ၊ ကျွန်အလုပ် သာသာလောက်လုပ်နေရရင်တိုင်းပြည်က ဖွံ့ဖြိုးမတိုးတက်နိုင်ဘူး။ လူနည်းစုပဲချမ်း သာနေလိမ့်မယ်အဘတို့လိုဝန်ကြီးတွေရဲ့  အသိုင်းအ၀ိုင်းတွေညွှန်ချုပ်တွေရဲ့ အသိုင်း အ၀ိုင်းတွေလောက်ပဲတိုးတက်ထွန်းကား နေမယ်။ တိုင်းပြည်ဘယ်လိုမှမတိုးတက် နိုင်ဘူး။ Develope မဖြစ်ဘူး။ အဲဒီတော့ တိုးတက်တဲ့နိုင်ငံတိုင်းက အောက်ခြေက  နေစြီ့းတော့တက်လာတာ အဲဒါပြီးတော့ မှ ဒီလိုသွားကြတာ။ အဘတို့နိုင်ငံကြ တော့ အပေါ်ကစပြီးတော့ဖြစ်သလိုဖြစ် နေတော့ ဒါကိုပြန်ပြီးတော့မှပြန်စရတာ။ ဆိုရှယ်လစ်ခေတ်ကျတော့ တပြေးညီဆို ပြီးတော့ လုပ်တဲ့အခါကျတော့ မတိုးတက်  ဘူး။ ဒါကလူထုသဘောသဘာဝအရ ကိုယ်ပိုင်မရှိတာကြီးကို အဲတော့မတိုး တက်ဘူးတပ်မတော်အစိုးရလက်ထက် မှာကျတော့လည်း အကုန်လုံးကိုမဖြတ် ဖြစ်နိုင်ဘူးယုံကြည်စိတ်ချရတဲ့လူအသိုင်း အ၀ိုင်းနဲ့ပဲသွားတဲ့အခါကျတော့လူတစ် ခုပဲချမ်းသာလာတာပေါ့။ အခုကျတော့ မှ တကယ့်ကို အဲဒီစနစ်ကို ပြန်ပြီးတော့ မှ သွားနေတုံးဆက်ကူးမတ်ကူးပေါ့။ အဲဒီ ကာလတစ်ခုမှာတော့ လူတွေက အနစ် နာခံပေးရမယ်။ နိုင်ငံဝန်ထမ်းတွေလည်း အနစ်နာခံစရာရှိခံရမယ်။ အာဏာရှိတဲ့ လူတွေလည်း အနစ်နာခံရမယ်။ ဒီလိုမျှ မျှတတနဲ့ အာရုံစိုက်ပြီးတော့မှ အခြေခံ လူတန်းစားကိုလုပ်ပေးလိုက်ရင် အခြေခံ လူတန်းစားက Basement တောင့်လာလို ရှိရင် တိုင်းပြည်ကခိုင်မာတိုးတက်လာ မယ်၊ Basement ယိုင်နဲ့နေရင် တိုင်းပြည် ကမတည်ငြိမ်ဘူး နိုင်ငံရေးအရလည်း မတည်ငြိမ်ဘူးစားဝတ်နေရေးလည်းမပြေ လည်ဘူးရုတ်ရုတ်တော့ဖြစ်မှာပဲ။အောက်ခြေကတောင့်လာလို့ရင် အပေါ် ထပ်အဆောက်အဦခိုင်မာလာမယ်။အောက်ခြေကမတည်ငြိမ်ရင် တိုင်း ပြည်က မတည်ငြိမ်ဘူး။စားဝတ်နေရေး မှာလည်း မတည် ငြိမ်ဘူး။လူတွေ ရုတ် ရုတ်နဲ့ထဖြစ်မယ်။သူတို့ Educated မဖြစ်ဘူးဆိုရင်တိုင်း မတိုးတက်ဘူး။အခြေခံဥပမာ ပြောမယ်ဆိုရင် အဘတို့ ဆိုရင် အခြေခံကနေ လူကြီးဖြစ်လာ တယ်။ လူနည်းစုလောက်ပဲ လူ့မလိုင်ထဲ ကနေပြီးတော့မှ ချမ်းသာတဲ့လူတွေက ဗိုလ်ချုပ်ကြီးသားသမီးတချို့သာလျှင် ဗိုလ်ချုပ်ကြီးပြန်ဖြစ်တယ်။ဗိုလ်ချုပ် ကြီးသာတချို့သာလျှင် တိုင်းပြည်ရဲ့ ပညာတတ်ကြီးတွေ၊ ပါမောက္ခချုပ် ကြီးတွေ၊ ဒေါက်တာကြီးတွေ ဖြစ်တယ်။ အခြေခံကတော့ဘယ်လိုလဲဆို စောစော ကလို struggle လုပ်လာတဲ့လူတွေသာ လျှင် နိုင်ငံရေးလောကမှာပဲဖြစ်ဖြစ် တပ်မတော်စစ်ခေါင်းဆောင်မှာပဲ ဖြစ်ဖြစ်။ ဘာလို့လဲဆိုတော့သူကအကြမ်း ပတမ်းခံတယ်။အဘတို့သားသမီးတွေဆို တအား ကြိုးစားတယ်။ိမငလနလုပ်ထား တဲ့အတွက် ကြိုးစားတယ်။ ဗိုလ်လောင်း ဖြစ်လာတဲ့ အခါကြတော့တောက တက်လာတဲ့ကလေးတွေက ကြက်ဥတစ် လုံးလောက်စားရတာတအားပျော်နေ တယ်။ဒီက အဖေက ဖူးဖူးမှုတ်ပြီးတော့မှ ဘာစားချင်သလဲ။ပန်းသီးစားမလား။ အသီးအနှံကို ဒီလိုကျွေးတဲ့ ကောင်နဲ့ နွားနိုးတိုက်တဲ့ကောင်နဲ့ ဆိုတော့ မစားနိုင်တော့ဘူး။ ဒဏ်မခံနိုင်တော့ဘူး။ အဲဒါသဘာဝတရားပဲ။
မေး- ဒီဟာနဲ့ ပတ်သက်ပြီး မေးချင် တာလေး နောက်တစ် ခုက အခုဆိုလို့ရင် ဖြစ်နေတဲ့ ဟာတွေအကုန်လုံးကို လည်းအကုန် လုံးကမြင်နေရပါတယ်။ အခုပိုဆိုးလာတာက တိုင်းဒေသကြီး တွေမှာဆိုရင် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကာလမှာ လွတ်တော်ဆို တာရှိလာတယ်ပေါ့။ တိုင်းသူပြည်သား တွေကလည်း ဒီမူဝါဒတွေကို — မဖြစ် သေးဘူး ဦးခုနက ထောက်ပြတဲ့ ထောက် ချက်ကမှန်ပါတယ်။ အတိုင်းအတာ တစ်ခုထိ မီဒီယာတွေက လည်းဆိုတဲ့ ကဏ္ဍမှာ မှန်ပါတယ်။ ဒီနိုင်ငံဟာ အသွင်ကူးပြောင်းရေးကာလမှာ ဘယ် လိုဖြစ်နေလဲဆိုတော့ လူတွေတော် တော်များများကလက်ရှိအစိုးရကို ဘုံရန် သူအနေနဲ့ ၀ိုင်းတိုက်နေတာကိုတွေ့ရ ပါတယ်။ ဒါသမီးတစ်ဦး တစ်ယောက်ထဲ မြင်တဲ့ အမြင်ကိုပြောတာပါ။ ကျန်တဲ့ သူတွေ ဘယ်လိုမြင်လဲတော့ သမီးမသိ ပါဘူး။ ဒါတစ်ခုကိုတော့ မှားယွင်း နေတယ်လို့မြင်တယ်။ တိုင်းပြည် ကစီးပွားရေးမအောင်မြင်ဘူးတို့ ဘာတို့ ဆိုတာ တကယ်တန်း တစ်ဦးတစ်ယောက် တည်းက မဟုတ်ဘဲ အားနည်းချက်တွေ ရှိတာကို ကိုယ်စီပြင်ကြရမှာ။ ဒါပေမယ့် တော်တော်များများက လက်ရှိရာထူးကို ဆုပ်ကိုင်ထားတဲ့   အစိုးရကိုသာလျှင် ဘုံရန် သူလိုဝိုင်းတိုက်နေတာလေး တစ်ခု တွေ့ရတယ်။
ဖြေ – ဒါကလည်း ဦးရဲ့ သဘာဝ တရားက ၀ိုင်းတိုက် တယ်ဆိုတဲ့အထဲမှာ ယခင်အစိုးရအဆက်ဆက်က လူဟောင်း တွေပြန်ပါလာတာက တစ်ချက်။လူဟောင်းတွေ ပြန်ပါလာတာ ကိုမြင်နေ တဲ့ အခါကြတော့ မျက်စိထဲမှာထောက် ပြမယ်ဆို ထောက်ပြစရာပေါ့ ပြည် သူတွေ ဘက်ကထောက်ပြမယ်ဆိုလည်း Uniform ချွတ်လိုက်တာပဲရှိတယ်။တိုင်းပြည်ကလည်းချက်ချင်းလက်ငင်း ပြည်သူတွေလိုလားသလို တိုးတက်မှု ပြောင်းလဲမှုဆိုတာ မဖြစ်နိုင်တဲ့အခါမှာ အဲသလို အာဏာကိုရအောင် ဖြတ်လမ်း ကနေရချင်တဲ့သူကတော့ ဒီလိုအခြေ အနေမျိုးကို အစိုးရကို မတည်အောင် မငြိမ်အောင် လှုပ်လှုပ်ရွရွဖြစ်နေအောင် ဖန်တီးဖို့က သူ့အလုပ်ပဲ။သူ့အလုပ်ဖြစ် နေတဲ့အတွက် negative အနေနဲ့ လှုံဆော် ပေးမယ်။ အဲဒီအခြေအနေကလည်း သဘာဝတရားပဲ။
မေး- ဒီဟာကိုသမီးအနေနဲ့ ကိုယ်တိုင် အင်တာဗျူးတယ်ဆိုတာက ပြည်သူကို လည်း အကျိုးသက်ရောက်မှု ရှိစေချင် တယ်။ အစိုးရကိုလည်းအကျိုးရှိစေ ချင်တယ်။ အစိုးရတစ်ရပ်အနေနဲ့ ကိုယ့်တိုင်း ပြည်ကို အကောင်းဆုံး ဖြစ်စေချင်တယ်ဆိုတဲ့ စေတနာမှန်ကို သမီးက မြင်စေချင်တယ်။ သမီးတို့ လည်းဒီနေရာမှာနေခဲ့ဖူးတဲ့အတွက် အဲဒီခံစားချက်ကို သမီးသိပါတယ် သမီးမေးတာသည် တကယ်တန်း တော့ အာဏာကိုဖြတ်လမ်းက လိုချင်တဲ့ လူကတော့ လက်ရှိအစိုးရကို တိုက်မှာ ပဲလေ။ ဒါလဲသဘာဝတရားအရမှန် ပါတယ်။
ခုနသမီးကလည်း အဲဒီရှုထောင့် ပြောတာ ဘာဖြစ်လို့လဲဆိုတော့ အလုပ်  လုပ်တယ်ဆိုတဲ့နေရာမှာ ဦးခုနကပြော ပြတာလေးကို သဘောပေါက်ပါတယ်။ သမီးတို့လည်း တပ်ကလာတာဆိုတော့ သဘောပေါက်တယ်။ ဘာဖြစ်လို့လဲဆို တော့ အရပ်သားနှင့်စစ်သားတာဝန်ပေး ကြည့်တော့ သမီးတွေ့ရတယ်။ အရပ် သားကလေးတွေက ဒီဘက်က specalist ကိုပိုင်နိုင်ကျွမ်းကျင်ပေမယ့် အားထုတ်မှု ကျတော့ စနစ်တကျဖွဲ့စည်းထားတဲ့ဟာနဲ့ ကျတော့ မတူညီနိုင်ဘူးပေါ့။ သူတို့အဖွဲ့အစည်းသွားတဲ့ forment ကသမီးလည်းမြင်ပါတယ်။ သမီးမြင်တဲ့အမြင်က ဘတ်ဂျက်ကလျှော့ သွားတယ်။ အလုပ် ၁၀ခုလုပ်ရမယ့်ဟာ ကို အရေးကြီးတဲ့ ၃-၄ခုလောက်ပဲဦးစား ပေးလုပ်ရတော့တာပေါ့။ လျှာထားချက် ကိုပြောင်းရတော့မယ်ဆိုတာ သမီးသိတာ ပေါ့။ အဲဒါကြောင့် ဒီမေးခွန်းကလေးကို မေးတာပါ။ ဘတ်ဂျက်တွေနဲ့ ချုံ့လိုက် တဲ့အနေအထားတစ်ခုမှာ လယ်ယာအနေ နှင့် ဦးဘယ် Topic ကိုဦးတည်ချက် ထားပြီး တော့လုပ်ကိုင်မယ်လို့စဉ်းစားထား ပါလည်းဦး။
ဖြေ- နိုင်ငံတော်မှာ လူဦးရေအများဆုံး မှီတင်းပြီးတော့ စားသုံးနေတဲ့အရာက ဆန်စပါးပေါ့။ ကျန်တဲ့ဆီလဲလိုတယ်။ ရာဘာလည်းလိုတယ်။ ၀ါဂွမ်းလည်းလို တယ်။ ကြံလည်းလိုတယ်။ အဓိကဖွံ့ဖြိုး အောင်ကတော့ ဆန်ဘဲအဓိက နောက် နယ်မြေအလိုက်ပြန်ကြည့်ရင်လည်းလူဦး ရေ (ခရောက်ဒက်) ဖြစ်တဲ့နေရာဦးစား ပေးမှာပေါ့။ နေပြည်တော်ဖွံ့ဖြိုးတိုးတက် အောင် ဦးစားပေးမယ်။ ရန်ကုန်လည်းပါ တယ်။ ပဲခူးလူဦးရေများတယ်။ သူတို့ဟာ သူတို့ထိမ်းမယ်။လိုခြင်ရင်လာလေ့လာကြ တစ်ပြိုင်တည်း Center တွေထူထောင် ပေးမယ်။ ဘယ်ဧရိယာကို ဖတ်စ်ကွာလ တီလုပ်မယ်စဉ်းစားတာပေါ့။ နောက် (နောက်ဆက်တွဲကျတော့) အဲဒီလိုဘဲ သာမညနဲ့ အဓိကကျတာတွေကို STEP BY STEP သွားတာပေါ့။ ကျန်တာက တော့ ဟိုလူတွေဆန္ဒရှိလာရင်အကုန်ဖြစ် သွားမှာပါ။ လူတွေညီညီညွတ်ညွတ်နဲ့ ဆန္ဒရှိလာရင်ပေါ့။ စိုက်ပျိုးရေးဆိုတာ သိပ်တော့မခက်ခဲပါဘူး။ လူအပင်ပန်း ခံဘို့ အဓိကကျတယ်။ အနုမြူဗုံးထုတ် တာလဲ မဟုတ်ဘူး။ လေယာဉ်ထုတ်တာ လဲမဟုတ်၊ ရထားထုတ်လာလဲမဟုတ် ဘူး။
မေး- အပင်လေးတွေက ကိုယ်ကဂရုစိုက် ရင် စိုက်သလိုအပင်လေးတွေက ဖြစ် ထွန်းမြန်တဲ့အနေထားပေါ့။ အဲဒီလိုဆိုရင် ဦး ဟိုနေ့က လုပ်လိုက်တဲ့ ပုလဲသွယ် ကိစ္စဆိုရင် အဲဒီစပါးမျိုးနဲ့ပတ်သက်ပြီး  တော့ဦးအနေနဲ့ အိတ်စပို့အပိုင်းကတော့ သက်သက်ပေါ့။ ဦးတို့လယ်ယာစိုက်ပျိုး ရေးအနေနဲ့ကတော့ လယ်သမားတွေလုပ် ငန်းရှင်နဲ့ လယ်သမားချိတ်မိသွားအောင် အစိုးရကတော့ ပူးပေါင်းကူပေးတာပေါ့။
မေး- လက်ရှိဥပဒေတွေကတော့ လယ် ယာမြေတွေဟာ နိုင်ငံတော်ကပိုင်ဆိုင်တယ် လယ်သမားကို သီးစားချထားပေးခြင်း သာဖြစ်တယ်လို့ ဥပဒေကလောလော ဆယ်ရှိနေတယ်ဆိုတာ အားလုံးသိပြီးဖြစ် ပါတယ်။ တချို့ကုမ္ပဏီကြီးတွေလယ်မြေ ဧကအများကြီးပေးပြီး တစ်ဧကကိုဘယ် လောက်ပေးရမယ်ဆိုပြီး လယ်သမားတွေ ကိုပေးနေတာတွေ့ရတယ်။
ဖြေ- အဲဒီလိုမဟုတ်ပါဘူး။ နိုင်ငံတော် ကအဲဒီလိုလုပ်တာမဟုတ်ပါဘူး။ သို့ သော်ကန်ထရိုက်ကမ်မင်းဆိုတဲ့ စနစ်ကို အဓိပ္ပာယ်ဖွင့်တာမှားနေတယ်။ ကန်ထ ရိုက်ကမ်းမင်ဆိုတာ အဲဒါမဟုတ်ဘူး။ ဆန်ကစက်ကြီးတွေ ဘာတွေနဲ့ ဆန်တွေ ကုန်ချောထုတ်ဆိုပြီးတော့ သူရလာတဲ့ အကျိုးအမြတ်ကို လယ်သမားနှင့်ဝေမျှ ပြီးတော့ လယ်သမားကိုလ်ညး ထွန်းစက် တွေ ဘာတွေထူထောင်ပေး၊ ထွက်လာ တဲ့အကျိုးအမြတ်ကို ခွဲဝေယူကြဒါကန် ထရိုက်ကမ်းမင့်က ဒက်ဖနေရှင်း အဲဒီလို သဘောမပေါက်တဲ့ အခါကျတော့ပိုက် ဆံပဲထုတ်ပေးပြီးတော့ လယ်သမားထွက် လာတဲ့ဟာကို သီးစားချသလို ဖြစ်နေတာ ပေါ့။ အဲဒါလမ်းကြောင်းလွဲနေတာ။
မေး- ကျွန်မက အဲဒါကိုမေးချင်တာပါ။ အခုအဲလို ဖြစ်နေတဲ့ဟာကို အပြင်မှာကျ တော့ဘယ်လိုဖြစ်နေလဲဆိုတော့ ရန်ကုန် တိုင်းထဲမှာဆိုင် အနီးကပ်ဆုံး၊ သမီး ဥပမာပြရရင် ဦးတို့သွားခဲ့တဲ့ အရင်တစ် ခါ သမီးတို့လဲ လိုက်ခဲ့တယ်။ ကုမ္ပဏီ တွေက နေပြီးတော့ ဧကဘယ်လောက် ဆိုပြီးတော့ ငွေရှင်းကြေးရှင်းတွေကလည်း လယ်သမားကို ငွေထုတ်ပေးတယ်။ အဲ့ တော့ဦးပြောသလို အေးအေးလူလူနဲ့ သူတို့မှာ ရင်းနှီးမြှပ်နှံဘို့သူတို့မှာ မျိုးဝယ် ဘို့ ထွန်ယက်ဘို့တွေကို အတိုးကြီးကြီးနဲ့ မချေးရတော့တဲ့အတွက် အလုပ်ကိုလုပ်နိုင် အောင် ဒီကိစ္စလေးက Supporting  ဖြစ်နေ တာပေါ့။ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာနက ကုမ္ပဏီတွေကိုချပေးလုပ်ခိုင်း တာပါ။ ထိုင်းဒေသကြီးအစဉ်အလာမ ဟုတ်ပါဘူး။ သူ့သဘော သူဆောင်တော့ တိုင်းဒေသကြီးကလုပ်တာမဟုတ်သလိုဌာန ကလုပ်တာလည်းမဟုတ်ဘူး။ သမီးတို့ အဖေလက်ထက်ကဆို လှေတွေနဲ့မြွေ လိုက်ရှာအဲဒီလို တောတွေပတ်။
မေး- အဲဒါကိုပြောတာမဟုန်ပါဘူး။ လယ်ယာမြေဖော်ထုတ်ပြီးသားကို ပြော တာပါ။ အဲဒါမြေလွတ် မြေရိုင်းကိုဖော် တာပါ ဦး။ မြို့တွေနဲ့သိပ်မဝေးတဲ့နေရာကို ပြောတာပါ။ အဲဒီမှာလယ်ယာမြေဖြစ်ပြီး သားပါ။ နိုင်ငံတော်က သီးစားချထား တာ လုပ်နေတဲ့ လယ်သမားတွေကိုသီးစား ချထားတာ အဲဒီဟာအပေါ်မှာမှ အဲဒီမှာ ၃နှစ်လောက်က ချထားတာ အတိအကျ တော့မဟုတ်။ အဲဒီမှာ ကုမ္ပဏီအကြီးတွေ ကို တာဝန်ပေးခဲ့တာ။
ဖြေ- အမှန်က လယ်ကိုမလ်ုပတာ ဓာတ် ပုံတွေရှိတယ်။ ပုံဆိုးတောကြီးတွေဖြစ် တယ်။ အစိုးရက နိုင်ငံတ်ာက ပရော့ဂျက် တွေအတွက် လယ်သမားတွေကိုရော် ကြေးတွေပေးပြီး ယူထားတယ်ဘူတာရုံ ကြီးတွေ ဘာတွေအတွက်နောက်မလုပ် ဖြစ်ဘူး။ အဲဒီတော့ အဲဒီမှာ စက်မှုလယ် ယာတွေ ဘာတွေလုပ်သူဋ္ဌေး တတ်နိုင် တဲ့သူတွေကို ဆွဲထည့်ကာ ဆွဲထည့်ပြီး တော့ခိုင်းလိုက်တာ။ တချို့ကအင်နှင့် အားနှင့်လုပ်တယ်။ တချို့ကမလုပ်ဘူး။ အဲဒီမှာဘဲ အဲဒီနားကလူတွေနှင့်ဝဲလယ် ဖြစ်ပြီးတော့ ဒါပေမယ့်တပ်မတော်အစိုး ရလက်ထက်က ၃နှစ်လောက်အဲဒီလိုဘဲ ဒီဘက်ကာလကြတော့ ရေတွေနှင့်ဘာ တွေနှင့် ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ပြောင်းလဲပြီး မျိုးစေ့တွေဘာတွေထုတ် လုပ်ပြီးတော့ တစ်နေ့တစ်နေ့မှာမျိုးစေ့ ထုတ်တဲ့ ကုမ်္ပဏြီံကီးတွေပေါ်ပေါက်လာ ပြီးတော့ ဒီနေရာကနေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေပေါလာပြီး လူတွေလို လားပြီး ဧရာဝတီတိုင်းကသါားပြီးတော့ လိုက်ခေါ်ရတယ်။ စပါးစိုက်တာ ပျိုးတာ နှုတ်တာ လာလုပ်ပေးရတယ်။ သာမန် အားဖြင့် ရန်ကုန်မှာအလုပ်လုပ်တာ တစ် နေ့ ၂၀၀၀ မရဘူး။ အခုအဲဒီဂွင်ထဲမှာ လုပ်တဲ့သူတွေက အဆင်တွေပြေပြီး တော့ ရတဲ့လုပ်ခတွေရတယ်။ တိုင်းပြည် ရဲ့ လယ်ယာကဏ္ဍကို အထောက်ပြုပြီး တော့ အဆင်ပြေပါတယ်။ သို့သော် လည်း ဒါကိုဘဲ ပြဿနာရှာဖို့လိုက်လုပ် နေတဲ့သူတွေ ဥပမာ ဖိုးဖြူတို့ဘာတို့က အဲဒါကို ဘဲလိုက်ပြီးတော့ ပြဿနာရှာ နေတယ်။ သူ့ပြဿနာသူရှာနေတယ်။ အမှန်က ဂရောင်းမှာ ဘာပြဿနာမှမရှိ ဘူး။ ဂရောင်းမှာတော့ စက်မှုလယ်ယာ ကြီးဖြစ်ပြီးတော့ စိတ်ကြမျိုးကြအဲဒီက ထွက်တဲ့ မျိုးစေ့တွေဘာတွေထွက်လာပြီး သုံးစွဲနေကြတယ်။ ဒါကြောင့်မို့လို့လဲ ငမိုး ရိပ်ပြပွဲမှာ အဲဒါတွေအသားပေးပြပွဲလုပ်ခဲ့ တယ်။ အုံကြီးဆည်မှာလည်း ပြအုံးမယ်။
အဲဒါတွေက တချို့ယာတွေက လယ်ယာ မြေတွေဖြစ်ပြီး တခြားယာတွေလုပ်နေ ကြတယ်။ အဲဒါတွေကြတော့ မြေပုံမှာ ပေါက်နေတာလယ်ယာမြေဖြစ်နေပြီးတော
ဖြေ- အဲဒါတွေက ဥပဒေအသစ်တွေပေါ် ပေါက်လာရင်လေ မနက်ဖြန်သဘက်ခါ ပေါ်လာမှာ။
မေး- အခုအဲဒါက ဥပဒေဟောင်းက တည်းက လုပ်နေတာလေ။
ဖြေ- ဒါပေမယ့် အဲ့ဒါကလုပ်ခွင့်ရှိတယ် လေ။ သူကုဟိုဒင်းမဖြစ်လို့ ကိုယ်လိုရာ ကိုယ်ဆွဲပြီး ပြောနေတာ။
မေး- လုပ်ခွင့်ရှိတာတော့ အာဏာပိုင် သက်ဆိုင်တဲ့ထဲက ဒါတွေကခွင့်ပြုချက် ရှိမှလုပ်လို့ရမှာလေ။
ဖြေ- ဘယ်လိုဟာကို ပြောချင်တာလဲ။ ခွင့်ပြုချက်ရှိမှလုပ်လို့ရမှာလေ။
မေး- ဒါပေမယ့် အခုဟာက နိုင်ငံနေတာ် စီမံကိန်းမဟုတ်ဘူး။ အမိန့်
ဖြေ- အမိန့်ဆိုတာက စက်မှုလယ်ယာထူ ထောင်ပါဆိုတော့ စက်မှုလယ်ယာအင်္ဂါ ရပ်နှင့်ညီအောင် ပေါက်တူးတွေနွားတွေ နှင့် လုပ်လို့မရဘူး။ စက်တွေဝင်နိုင် အောင်လမ်းတွေဖောက်မယ်။ ဂိုဒေါင် တွေဆောက်မယ်။
မေး- သမီးဆိုလိုတာက လယ်လုပ်တာ မဟုတ်ဘူး။ အခြားအိမ်ယာစီမံကိန်းလို ထူထောင်တာ။
ဖြေ- ဘယ်သူတွေလုပ်နေတာလဲ။
မေး- ပတ်စ်မ်ဖြစ်တဲ့ဟာ ရွှေနဂါးက အခုအဲဒါပြဿနာဖြစ်နေတာ။
ဖြေ- အဲဒါတော့ သူပြဿနာသူရှင်းရ မှာ တိုင်းဒေသကြီးအစိုးရတွေရှိတယ်။ မှန်ပါတယ်။ တိုင်းဒေသကြီးအစိုးရက လည်း စာတွေထုတ်ထားပြီးတော့ အခု အခါစာတွေ ထွက်နေပါတယ်။ ဒီယာနဲ့ ပတ်သက်ပြီးတော့ ဦးပိုင်းလောက်က လယ်မြေပေါက်နေတယ်။

 Hot News


ဒလမြို့နယ်အတွင်း ရေလှူဒါန်းရန် လိုအပ်နေသေး

Posted: 30 Apr 2012 09:34 PM PDT

ဒလမြို့နယ်အတွင်းတွင် သောက်သုံးရေပြတ်လပ်မှုကြောင့် အလှူရှင်းများ သွားရောက်လှူဒါန်းနေကြသည်ကို သိရှိရ၍ ကိုယ်တိုင် သွားရောက်လှူဒါန်းနေသူ ဒလမြို့နယ်အတွင်းမှ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေးခံခဲ့သူ ဦးဝင်းချိုအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။
ဦးဝင်းချိုမှ `ဒီနေ့ သုံးခေါက်လှူဖြစ်တယ်။ တစ်ခေါက်ကို ဂါလံ ၁၂၀၀ လောက်ပါတယ်။ ပထမဆုံးတစ်ခေါက်က ၁၁/၁၄ရပ်ကွက်မှာပါ။ အဲဒီမှာက အပိုင်း ၄ ပိုင်းရှိတယ်။ ၁၁ ကတစ်ပိုင်း ၁၄ က တစ်ပိုင်း ၉ နံပါတ်က တစ်ပိုင်း တစ်ပိုင်းကတော့ နာမည်မမှတ်မိတော့ဘူး။ မနက်ပိုင်းမှာ ၁၄ အပိုင်းကို ဝေဖြစ်တယ်။ ရေကို ရန်ကုန်ပေါက်ကျေးရွာကနေသွားသယ်ရတယ်။ ဆိပ်ကြီးစာပါချောင် ရပ်ကွက်ကို ရေဝေပေးတယ်။ အဲဒီမှာ ရေဝေနေတုံးမှာပဲ ကိုးနံပါတ်ကနေပြီေးတာ့ သူတို့ရေလိုပါတယ် ဆိုပြီး ထပ်အကြောင်းကြားတဲ့အတွက် သွားလိုက်ကြည့်တဲ့အခါ မှာ တကယ်လည်း ရေလိုနေတဲ့အတွက် ၉နံပါတ်ကို နောက်တစ်ကြိမ်သွားလှူခဲ့တယ်။ အဲဒီရပ်ကွက်မှာက ကားအ၀င်အထွက် အရမ်းခက်တယ်။ လမ်းကြမ်းတယ်။လမ်းကျဉ်းတယ်။အကွေ့အကောက်လည်းများတယ်။ တော်တော်တန်တန်ကား မ၀င်နိုင်တဲ့ အတွက် ရေကိုဒိုင်နာကားကြီးနဲ့ တာလပတ်ခံပြီးသယ်တာဖြစ်တဲ့အတွက် ဘောက်ဆာလိုမငြိမ်ဘူး။ မော်တော်ကား ပိုင်ရှင်တွေ ကိုယ်၌က အဲဒီလမ်းတွေကို မလိုက်ဘူး။ ဒီနေ့တော့ သုံးနေရာလှူဖြစ်တယ်။ မနေ့က ၃ နေရာ။  ညောင်ကုန်း ၊အံ့ကြီးအရှေ့၊ အံ့ကြီးအနောက်၊တစ်နေ့ကတုန်းက ကျန်စစ်သား ရပ်ကွက်မှာ နှစ်ကြိမ်၊ ရာဇသင်္ကြန် တစ်ကြိမ်၊ တာကြီးပိုင်း တစ်ကြိမ်၊ ၂၆ ရက်နေ့တုန်းကကြတော့ ခနောင်ချောင်းဝနဲ့ ခနောင်မီးခြစ်စက်ကို သမာန်နဲ့သွားတာဖြစ်တဲ့အတွက် တစ်ခေါက်ကို ဂါလံ ၃၅၀၀ ဆံ့တဲ့သမာန်ကြီးနဲ့ တစ်ခေါက်သွားခဲ့တယ်။ မနက်ဖြန်ခါသွားရအုံးမယ်။ ၁၁/၁၄ဘက်ကို ၁၁အပိုင်က သူတို့မရလို့ပါဆိုပြီးတော့ ၉နံပါတ်ကိုသွားတဲ့အချိန်မှာ အတင်းတောင်းကြတယ်။ ကျန်စစ်သားရပ်ကွက်ရဲ့ ဧရာဝတီ ၁လမ်း၊ ၂လမ်းဆိုတာ ကျူးကျော် ရပ်ကွက်တွေများတယ်။ အဲဒီတော့ သူတို့ဆီကိုလည်း ရေအလာနည်းတယ်။ ရေ၀ယ်မသုံးနိုင်ကြဘူး။´လို့ ရှင်းပြပါတယ်။
လက်ရှိဒလမှာရေပေါက်ဈေးက ၆ထမ်းဝင်တဲ့ ၄၈ ဂါလံဆံ့ ပေပါနဲ့ ရေစည်လှည်း တစ်လှည်းကို ၁၈၀၀၊ ၂၀၀၀ ပေါက်နေတယ် ဆိုတဲ့အကြောင်းလည်း သိရပါတယ်။ ရေဆည်လှည်းတွေကလည်း ရန်ကုန်ကနေပြီးတော့ သမာန်တွေနဲ့သယ်တယ်။ သမာန်တွေကလည်း ရန်ကုန်ရေပေးတဲ့နေရာကနေ ရေ၀ယ်ရတယ်။ ရေ၀ယ်ရတာနဲ့ ဟိုဘက်ကမ်းဒီဘက်ကမ်းသမာန်ကူးရတဲ့ ဈေးနှုန်းနဲ့ စက်နဲ့မောင်းတင်းရတာ တစ်ခါဆိုတော့ ရေစည်လှည်းတွန်းတဲ့လုပ်အားခလည်း ပါသေးတော့ ပေါက်ဈေး ၁၈၀၀ လောက်အထိ ဖြစ်နေတာပါလို့ ရှင်းပြပါတယ်။
အခြားလှူဒါန်းသူများအနေဖြင့် တောင်ဥက္ကလာမှ မျှဝေခြင်း ဆိုတဲ့လူငယ်အဖွဲ့ကလည်း ခနောင်ချောင်းဝမှာကတည်းက ဦးဝင်းချိုတို့နှင့်အတူ လှူဒါန်းနေကြောင်း ၊ ရန်ကုန်ပေါက်ကျေးရွာမှ ဦးညွန့်ရွှေက ရေကိုအလကားလှူဒါန်းပေးကြောင်း ဦးဝင်းချိုတို့အနေဖြင့် ကားစရိတ်သာ ကုန်ကျရကြောင်း သိရပါတယ်။
NWT (Hot News)


ဦးသိန်းစိန်နှင့် ဒေါ်စုအား မစ္စတာဘန်ကီမွန်း ချီးကျူး

Posted: 30 Apr 2012 09:34 PM PDT

နယူးဒေလီ (မဇ္ဈိမ) ။        ။ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အရည်အချင်း ပြည့်ဝသော
နိုင်ငံ့ခေါင်းဆောင်များအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း က တနင်္လာနေ့တွင် ချီးကျူးပြောဆိုလိုက်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ နေ့လည် ၁၂ နာရီခန့်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့စဉ် ထိုသို့ ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံတော်အကျိုးအတွက် နိုင်ငံရေးကို ကျော်လွှားနိုင်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် နိုင်ငံ့ခေါင်းဆောင် အရည်အချင်း ပြည့်ဝမှုကို ဖော်ဆောင်ပြသနိုင်ခဲ့သည်"ဟု အတွင်းရေးမှူးချုပ်က ပြောဆိုသွားသည်။
ben1
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တက်ရောက် မိန့်ခွန်းပြောကြားနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ထို့ပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံအချို့မှ အရေးယူ ပိတ်ဆို့မှုများအား ပိုမိုလျှော့ပေါ့ ပိုမိုဖွင့်ပေးကြရန် တိုက်တွန်း
တောင်းဆိုလိုက်သည်။

"ဒီကနေ့ ကျနော်က အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းကို ပိတ်ဆို့မှုအပေါင်းကို ဖယ်ရှားခြင်း၊ လျှော့ပေါ့ခြင်း၊ ဆိုင်းငံ့ခြင်းတို့ကို ပိုမိုဆောင်ရွက်ကြပါရန် တောင်းဆိုလိုပါတယ်" ဟု မစ္စတာဘန်ကီမွန်း က ပြောသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးအဖြစ် တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့သော မစ္စတာဘန်ကီမွန်းက "ပြုပြင်ပြောင်းလဲမှုရဲ့ အကောင်းဆုံးအားပေးမှုက ထောက်ပံ့မှုမှာ ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လွှတ်တော်ဟာ အကူအညီ ထောက်ပံ့ခြင်းကို ဖြစ်စေတဲ့ အခြေအနေများ ဖန်တီးရမှာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် ဆက်လက် ပြောကြားသွားသည်။

သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် မနက်ပိုင်းတွင် သီးခြားစီ တွေ့ဆုံခဲ့ပြီးနောက်
ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်မိန့်ခွန်း မြွက်ကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအား အပြည့်အဝ ဖော်ဆောင်နိုင်ရန်အတွက် တိုးတက်ရန် လိုနေသေးသည်များ လည်း ထောက်ပြပြောဆိုသွားခဲ့သေးသည်။

"ဥပမာ ရွှေ့ပြောင်းခံရသော လူထုများ၊ တိုင်းရင်းသားလူမျိုးစုနှင့် နိုင်ငံရေးအဖွဲ့များအတွက် လုံခြုံရေး အာမခံခြင်းနှင့်
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းတို့ ဖြစ်ပါတယ်" ဟု မစ္စတာဘန်ကီမွန်း က ဆိုသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း ကျန်ရှိနေသေးသည့် ကချင်လွတ်လပ်ရေးအဖွဲ့နှင့် သဘောတူညီမှုမရသေးသည့်အပေါ်တွင်လည်း "ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဖော်ဆောင်စေမယ့် အပစ်အခတ်ရပ်စဲမှုနှင့် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် အခွင့်အလမ်းကို ကချင်လူမျိုးစုတွေ မဆုံးရှုံးသင့်ပါ" ဟု ထောက်ပြ ပြောဆိုသွားခဲ့သည်။

လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ရန်အတွက် ကချင်ပြည်နယ်တွင်း ကုလသမဂ္ဂအဖွဲ့အစည်းများ သွားလာခွင့်ပြုသည့်အပေါ်လည်း မစ္စတာဘန်ကီမွန်းက မြန်မာအစိုးရကို အသိအမှတ်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံ၏ ရှေ့ခရီးတွင် နိုင်ငံတကာမျက်နှာစာ၌ မှတ်ကျောက်ကြီးနှစ်ခု ရှိနေပြီး ၎င်းတို့မှာ ၂ဝ၁၄ ခုနှစ်အတွင်း အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းယူခြင်းနှင့် ၂ဝ၁၅ ခုနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပခြင်းတို့
ဖြစ်သည်ဟု ဆိုသည်။

၂ဝ၁၄ ခုနှစ်တွင် နှစ်ပေါင်း ၃၁ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခံရေး အတွက်လည်း ကုလသမဂ္ဂ အဖွဲ့အစည်းများအနေနှင့် ပူးပေါင်း ပါဝင်ကူညီရန် အတွင်းရေးမှူးချုပ်က တနင်္လာနေ့တွင်ပင် သဘောတူ လက်မှတ်ရေးထိုးသွားခဲ့သည်။

မြန်မာ့လူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး အာရှဖွဲ့ဖြိုးရေးဘဏ်က သန်း ၆၀ ဟု ခန်ပမှန်းက နိုင်ငံတကာ ငွေကြေး
ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု မြန်မာနိုင်ငံ လူဦးရေအား ခန့်မှန်းထားကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုများရှိရာ ရှမ်းပြည်နယ်သို့လည်း သွားရောက်
ကြည့်ရှု လေ့လာဦးမည် ဖြစ်သည်။ ကုလသမဂ္ဂ HIV/AIDS အစီအစဉ်၏ အဆိုအရ မြန်မာနိုင်ငံသည် အာဖကန်နစ္စတန် ပြီးလျှင် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ကာ မူးယစ်ဆေးသုံးစွဲသူ ပိုမိုများပြားလာလျက်ရှိပြီး အာရှတိုက်တွင် HIV ကူးစက်မှု တတိယအများဆုံးနိုင်ငံအဖြစ် တည်ရှိနေသည်။
မဇ္ဈိမသတင်းဌာန


ဦးအောင်သောင်း ငြိမ်းချမ်းရေး အဖွဲ့သစ်မှာ မပါဝင်တော့ကြောင်း ပြော

Posted: 30 Apr 2012 02:48 PM PDT

အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ပါဝင်တော့မည် မဟုတ်ကြောင်း ကာယကံရှင်က တနလာင်္နေ့ တွင် ပြောကြားလိုက်သည်။

"ပြန်ပြီးတော့ ဖွဲ့မယ်ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ကျနော် မပါတော့ဘူးလို့ပဲ ပြောချင်ပါတယ်။ ကျနော်က အသက်အရွယ်အရရော၊ မိသားစု ကျန်းမာရေးအရပါ အခုလို ဆုံးဖြတ်လိုက်တာပါ"ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစတင်မီ သတင်းထောက်များ၏ မေးမြန်းချက်ကို ဦးအောင်သောင်း က ဖြေကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့မှ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်
ရေးထိုးထားပြီး ဖြစ်သော်လည်း ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့နှင့်သာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးကြောင်းနှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဦးအောင်သောင်းက
ပြောသည်။
AungHdown
အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း ပါဝင်တော့မည် မဟုတ်ကြောင်း ကာယကံရှင် ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

"KIA က ပန်ဝါဒေသကို တိုက်မယ်လို့ လုပ်နေတာကို အစိုးရဘက်က သိလို့ စစ်တပ်က ကြိုစောင့်ပြီး ပစ်ကြခတ်ကြ
ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့လည်း မဖြစ်ချင်တော့ပေမယ့် ဆွေးနွေးမယ့် နေရာတွေ ချိန်းဆိုမှုက ပြဿနာ ရှိနေပါတယ်။ သူတို့ ချိန်းတဲ့နေရာကို သွားဖို့ကျပြန်တော့လည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အခက်အခဲ ရှိနေပါတယ်။ ကျနော်ကတော့ သူတို့နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးပြီးသားပါ"ဟု ဦးအောင်သောင်း က ပြောဆိုသွားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ခုရှိရာ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့တို့ ရှိနေသည်။

ဦးအောင်သောင်း ဦးဆောင်သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင်ဆွေးနွေးခဲ့စဉ် စစ်ရေးအရှိန်များ ထိန်းသိမ်းသွားရန်နှင့် ပြဿနာ ဖြစ်ပွားနေသည့် ဒေသများတွင်
နှစ်ဖက်ညှိနှိုင်း လုပ်ဆောင်သွားရန် သဘောတူညီခဲ့သော်လည်း ယခုထိ အကောင်အထည်ဖော်သည့် တုံ့ပြန်မှု မတွေ့ရသေးကြောင်း KIO က ဆိုသည်။

ပြန်လည်ဖွဲ့စည်းမည့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်တွင် ဒု-သမ္မတ တဦးလည်း ပါဝင်လာမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်မှ တပ်မတော်သားများ ပါဝင်မည်
ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်က မီးရထားဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များအား ပြောဆိုခဲ့သည်။

လိုင်ဇာဌာနချုပ်ကို သိမ်းပိုက်ရန် မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုထားပြီး ဖြစ်ကြောင်း ဦးအော်မင်း က
ပြောဆိုခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်းမှုနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း KIO က ပြောသည်။ ထို့ပြင် ဝန်ကြီး ဦးအောင်မင်း၏ ပြောဆိုချက်နှင့် ကချင်ပြည်နယ် လိုင်ဇာဌာနချုပ် အနီးတဝိုက် အစိုးရ စစ်တပ်ဖွဲ့၏ လှုပ်ရှားနေမှုများ
နှင့် ကွဲလွဲမှုများ ရှိနေကြောင်း  KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

"ဒါပေမယ့် စစ်တပ်က လုပ်နေတာက လိုင်ဇာကို ချေမှုန်းဖို့ လုပ်နေတယ်။ ဒါကြောင့် ဦးအောင်မင်း ပြောတာက သိလျက်နဲ့ လိမ်ညာပြီးပြောတာလား။ နိုင်ငံတကာ မျက်နှာ ရအောင်လုပ်တာပဲ၊ ဘန်ကီမွန်း ရောက်နေလို့ ပြောတာဘဲ။ ဒါပေမယ့် ဒီမှာက စစ်တပ်ကနေပြီးတော့ အကုန်လုံး အဆင်သင့်လုပ်ထားပြီ။ သူတို့က လက်နက်ကြီးနဲ့ ဦးစားပေး ပစ်နေတယ်။ ဒါကြောင့်မလို့ ဦးအောင်မင်းပြောတာက လှအောင်ပြောတာပဲ"ဟု မဇ္ဈိမကို ပြောသည်။

လက်နက်ကြီးနှင့် ပစ်ခတ်ရန် ပြင်ဆင်ထားသဖြင့် လိုင်ဇာမြို့မှ ၇ မိုင်အကွာရှိ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာ အခြေစိုက်ထားသည့် တပ်ဖွဲ့၊ ရဲ၊ စရဖ တပ်ဖွဲ့များကို ဧပြီလ ၂၆ ရက်နေ့က ရုပ်သိမ်းသွားပြီ ဖြစ်ကြောင်း ဦးလနန်က
ပြောသည်။

ဧပြီလကုန်ပိုင်းအတွင်း ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ခမ်းဂိုင်တောင်မှ အစိုးရ၏ ၁ဝ၅ မမ လက်နက်ကြီးနှင့် ပတ်ခတ်ခဲ့သဖြင့် KIO နယ်မြေ လိုင်ဇာမြို့မှ ၄ မိုက်အကွာ ကားနှင့် ၁ဝ မိနစ်ခန့်အကြာရောက်သည့် လဝါးယန်ကျေးရွာတွင် ကျရောက် ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်ရှိ ဂန်ဒေါင်ယန်ကျေးရွာမှ လက်နက်ကြီးဖြင့် လိုင်ဇာမြို့ကို ပစ်ခတ်ရန် မမီသဖြင့် ထိုမှ နီးစပ်သည့် အင်ပွန်ကျေးရွာဘက် သယ်ဆောင်ထားမှုများ ရှိသလို၊ လိုင်ဇာမြို့မှ ၁ဝ မိုင်ခန့်အကွာရှိ ရှဒါန်ပါဒေသဆိုသည့် ရာဘာခြံတွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိသည်ဟု သိရသည်။

အစိုးရဘက်မှ ၈၁ မမ၊ ၁၂ဝ မမ၊ ၁ဝ၅ မမ လက်နက်ကြီးများနှင့် ပစ်ခတ်နေပြီး နေ့စဉ်ဆိုသလို တိုက်ပွဲများ ဖြစ်ပွား
နေပြီး လိုင်ဇာဌာနချုပ်ကို သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် KIA ဗဟိုကလည်း အောက်ခြေ တပ်သားများကို ညွန်ကြားထားပြီး ဖြစ်၍ တိုက်ပွဲများမှု ပိုမိုများပြားလာနိုင်သည်ဟု ဦးလနန်က ပြောသည်။

ဧပြီလအတွင်း အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း ၁၃ဝ ကြိမ် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
မင်းသက်၊ ဖနိဒါ  ချင်းမိုင်(မဇ္ဈိမ) ။        ။


အသက် ၁၃ နှစ်အောက် ကလေးများအား ခိုင်းစေမှုကို တရားဝင် အရေးယူနိုင်

Posted: 30 Apr 2012 09:39 PM PDT

အသက် ၁၃ နှစ်အောက် ရှိတဲ့ ကလေး တွေကို လုပ်သား အဖြစ် ခိုင်းစေမှုတွေနဲ့ မိသားစု လုပ်ငန်းမျိုး မဟုတ်ဘဲ အလုပ်သမား ခိုင်းစေမှုတွေ ပြုလုပ်မှု အတွက်
တရားဝင် အရေးယူခွင့် ရှိတယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ တာဝန်ရှိသူရဲ့ပြောပြချက် အရ သိရပါတယ်။ ဒီလို အသက်မပြည့်သေးတဲ့ သူတွေကို လုပ်သား အဖြစ် ခိုင်းစေမှုမှာ အချို့ အလုပ်ရုံတွေ အတွင်း အသက် ၁၅ နှစ်၊ ၁၆ နှစ်နဲ့  ၁၇ နှစ်အရွယ် လုပ်သားတွေ ကိုယ်တိုင် အလုပ်လုပ် လိုတဲ့ အတွက် ခိုင်းစေ ရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ လူမှုဖူလုံရေး အဖွဲ့တို့ရဲ့ Save Cetificate ရှိမှသာ အလုပ်လုပ် ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေမှာ အသက်မပြည့် ခိုင်းစေပြီး အဆိုပါ ဆေးစစ်ချက် မရှိရင်တော့ သက်ဆိုင်ရာက ဆေးစစ်မှုကို ချက်ချင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို သက်ဆိုင်ရာက ဆေးစစ်မှု ပြုလုပ်ရင်တော့ အဆိုပါ အသက် ၁၅ နှစ်၊ ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ်တွေ အနေနဲ့ သက်ဆိုင်ရာက သတ်မှတ် ထားတဲ့ ၁၈ နှစ်အရွယ် အလုပ်လုပ် နိုင်မှု စံမှာ မရှိပါက အလုပ်ခန့် ထားတဲ့ မန်နေဂျာမှာ တာဝန် ရှိတယ် လို့လည်း အလုပ်ရုံနှင့် အလုပ်သမား အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးမှု နည်းပါး နေသေးတဲ့ ဒေသ အချို့မှာ အသက်အရွယ် မပြည့်သေးတဲ့ ကလေးငယ်၊ ၁၃ နှစ်အောက် ကလေးငယ် တွေကို အလုပ် ခေါ်ယူ စေခိုင်းမှု ကြေညာ စာတမ်း တွေ့ရှိခဲ့ရင်လည်း သက်ဆိုင်ရာ အလုပ်သမား ရုံးတွေကို ဆက်သွယ် တိုင်ကြား နိုင်တယ်လို့ သတင်း ရရှိပါတယ်။
MRTV-4