[mrsorcerer:24270] Fwd: [လူဗိုလ်ဟူသည် ...] ကြက်ဥများက ပြောသောသမိုင်း ( အပိုင်း ၂ )



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/6
Subject: [လူဗိုလ်ဟူသည် ...] ကြက်ဥများက ပြောသောသမိုင်း ( အပိုင်း ၂ )
To: lubo601@gmail.com



by Spring Flowers on Saturday, April 7, 2012 at 2:48am

ဇာဘုရင်တို့စံမြန်းရာ နန်းတော်များထဲမှ တစ်ခုပုံလုပ်ထားတဲ့Gatchina Palace Egg
  •              နိကိုးလပ်စ်ဟာ နန်တက်ပြီးနောက် သူ့အဖေ အလက်ဇန်းဒါး အစပြုခဲ့တဲ့ ဆိုက်ဘေးရီးယား မီးရထားလမ်းကြီးကို ဆက်ဆောက်ခဲ့တယ်။ အဲဒီမီးရထားလမ်းဆောက်တာဟာ နည်းနည်းနောနော ပရောဂျက်မဟုတ်ဘူး။ ဆိုက်ဘေးရီးယားဆိုတာ ရုရှားတစ်ခုလုံးရဲ့ ၇၇ % ရှိတဲ့ နယ်မြေဖြစ်တယ်။ ၅၇၇၂ မိုင်ရှည်တဲ့ ဆိုက်ဘေးရီးယားမီးရထားလမ်းကြီးဟာ အခုလက်ရှိမှာကို ကမ္ဘာ့အရှည်ဆုံး မီးရထားလမ်းဖြစ်တယ်။ ရုရှား မြို့တော် မော်စကိုကနေ ဂျပန်ပင်လယ်အထိပေါက်တယ်။ မွန်ဂိုးလီးယားနဲ့ မန်ချူးရီးယားကို ဖြတ်ပြီး တရုတ်ပြည်ထိသွားတဲ့ လိုင်းတွေရှိတယ်။ အဲဒီကနေ မြောက်ကိုးရီးယားထိတိုင် ဆက်သွားလို့ရသေး။ မြောက်ကိုးရီးယားသား ပူပူနွေးနွေးဖတဆိုးလေး Kim Jong-un ကို အာရိငါ့ဆဲယော် သွားလုပ်ချင်ရင် မော်စကိုကနေ အဲဒီလမ်းအတိုင်း သွားရင် ရောက်တယ်တဲ့။ နည်းနည်းတော့ အေးမယ်လို့ ပြောတယ်။ အသေအေးတာကို ဆိုက်ဘေးရီးယားအအေးဒဏ် Siberian cold နဲ့ တင်စားလေ့ရှိကြတယ်မဟုတ်လား။ ဆိုက်ဘေးရီယားက Sakha ဆိုတဲ့အရပ်ဟာ ကမ္ဘာပေါ်မှာ လူနေတဲ့ အအေးဆုံးဒေသတွေထဲက တစ်ခုလို့ စံချိန်တင်ထားတယ်။ ၁၈၉၂ ကဆောင်းတွင်းမှာ မိုင်းနပ်စ်အောက် ၆၇.၈ ဒီဂရီစင်တီဂရိတ်ရောက်ခဲ့တယ်။ ၁၉၂၆ မှာ သုံညအောက်ကို စင်တီဂရိတ် ၇၁.၂ ဒီဂရီ ရောက်ခဲ့တယ်။ ကလောတို့ အင်းလေးတို့က တစ်ခါတစ်လေဆောင်းတွင်းမနက်နဲ့ညတွေမှာ -3 တို့ -4 တို့ ဖြစ်နေချိန် ဘယ်လောက်ချမ်းလဲ ရောက်ဖူးသူများသိမှာပါ။ ဒါဆို ဆိုက်ဘေးရီးယား အအေးဒဏ်ကို မှန်းလို့ရလောက်ပါပြီ။ အဲဒီ Sakha ဒေသဟာ အကျယ်အ၀န်းအားဖြင့် မြန်မာပြည်ထက် ၅ ဆလောက်ကြီးပေမယ့် အေးလွန်းလို့လူတစ်သန်းလောက်တောင် မရှိဘူးတဲ့။ ဆိုက်ဘေးရီးယားဒေသကြီးတစ်ခုလုံးမှာကို လက်ရှိလူ သန်း ၄၀ လောက်ဘဲရှိတယ်။ ရထားလမ်းကိုတော့ရာသီဥတုနည်းနည်းပိုနွေးတဲ့ နေရာမှာ ရွေးဆောက်ထားတယ်။ ရာသီဥတုကာင်းတဲ့ဒေသမှာ ဆောင်းတွင်းပျမ်းမျှအပူချိန်  သုံညအောက်ကို ၁၅ လောက်ရောက်ပြီး အပူဆုံးဂျူလိုင်လမှာတော့ သုံညအထက် ၁၉ ဒီဂရီလောက်ရှိတယ်လို့ ဆိုတယ်။ ဆိုက်ဘေးရီးယားမှာနေတဲ့ လူတွေအားလုံးနီးပါး အဲဒီ မီးရထားလမ်းမကြီးတစ်လျှောက်မှာ နေကြတယ်။
 Siberia မီးရထားလမ်းဆိုက်ဘေးရီးယားနယ်မြေပုံ
  •               အဲဒီ ရထားလမ်းကို အဖေလက်ထက် ၁၈၉၁ ကနေ ဆောက်လိုက်တာ သားလက်ထက် ၁၉၁၆ မှပြီးတယ်။ ၂၅ နှစ်တိတိကြာတယ်။ လူရင်း ငွေရင်းမသေးတဲ့ အဲဒီရထားလမ်းကြီးဖောက်နေတာ တစ်ဝက်ကျော်လောက်ပြီးချိန်မှာ ဖာဘယ်ဂျေးက နစ်ကိုးလပ်စ်ဘုရင်ကို ဂုဏ်ပြုသောအားဖြင့် ကြက်ဥတစ်လုံးလုပ်တယ်။ Trans-Siberian Railway Egg တဲ့။ ဖွင့်လိုက်တော့ ရွှေ၊ ပလက်တီနမ်နဲ့လုပ်ထားတဲ့ တစ်ပေသာသာ မီးရထားလေးထွက်လာတယ်။
  •                ရထားခေါင်းမီးနေရာမှာ စိန်လေးတွေတဖိတ်ဖိတ် ။နောက်မြီးက မီးကတော့ ပတ္တမြားလေးတွေတလဲ့လဲ့။ ရထားတွဲငါးခုမှာ ပြတင်းပေါက်ကလေးတွေနဲ့။ အမယ်...တွဲတွေမှာ စာတောင် ကပ်ထားလိုက်သေး။ စာပို့တွဲ Mail၊ အမျိုးသမီးသီးသန့် Ladies Only၊ ဆေးလိပ်သောက်လို့ရတဲ့တွဲ Smoking ဆေးလိပ်မသောက်ရတဲ့တွဲ Non Smoking ၊ ဘုရားခန်းတွဲ Chapel တဲ့ ။  အဲ...မောင်းလို့လဲရသဗျ။ ရွှေ့သော့လေးကို လှည့်လိုက်ရင် ရထားလေးက ခုတ်ပါလေရော။ အဲဒီ Trans-Siberian Railway Egg ဟာ ၂၀ ရာစုအစမှာ ရုရှားရဲ့ စက်မှုထွန်းကားမှုကို ဖော်ပြတဲ့ အနုပညာပစ္စည်းတစ်ခုဖြစ်လာတယ်။ ဖာဘယ်ဂျေးဟာလည်း နာမည်ကြီးသထက်ကြီးလာတယ်။ ရုရှားမှာ ဆိုင် ၃ ဆိုင်၊ လန်ဒန်မှာ ဆိုင်တစ်ဆိုင် ပိုင်လာပြီး သူ့ဆီမှာ အလုပ်လုပ်သူ ပန်းထိမ်ဆရာ ၅၀၀ လောက် ရှိလာခဲ့တယ်။ သူတို့အားလုံးကနေ ကြက်ဥပုံရတနာတွေသာမက တစ်ခြားဒီဇိုင်းတွေအပါအ၀င် ရတနာပစ္စည်းပေါင်း တစ်သိန်း နှစ်သောင်းကျော်ကို လုပ်ခဲ့ကြတယ်။

  •              ဇာဘုရင်ဟာ သူ့ကို ဆက်ခံဖို့ဆိုရင် သားယောက်ျားလေးရှိမှ ရမယ်။ ဒါပေမယ့် သူ့မိဖုရား အဲလစ်စ်ဟာ နှစ်နှစ်တစ်ယောက်နှုန်းနဲ့ မွေးလိုက်တာ ကလေး  ( ၄ ) ယောက်သာထွက်လာတယ်။ အားလုံးမိန်းကလေးတွေချည်းဘဲ။ မင်္ဂလာဆောင်ပြီး တစ်နှစ်အကြာ ၁၈၉၅ မှာ သမီးဦးကလေး အော်ဂါ Olga ကို မွေးတယ်။ နောက် ၂ နှစ်ကြာတော့ ဒုတိယသမီး တာတီယာနာ Tatiana ကို မွေးတယ်။ စိုးရိမ်စရာတော့ကောင်းလာပြီ။ ယောက်ျားလေးခုထိမပါသေး။ ဇာဘုရင်လင်မယားဟာ မွေးလာသမျကိုတော့ ချစ်ရှာပါတယ်။ သမီးနှစ်ယောက်မွေးပြီး အဲလစ်စ်က ဟောဒီကြက်ဥလက်ဆောင်ကို သူ့ယောက်ျား နစ်ကိုးလပ်စ်ကို ပေးခဲ့တယ်။ ပန်းရောင်စဉ့်သုတ်ထားတဲ့ကြက်ဥပေါ်မှာ အရွက်စိမ်းလေးနွယ်တက်နေပြီး ပုလဲပန်းလေးတွေနဲ့။ ထိပ်က စိန်ခလုပ်လေးကို နှိပ်လိုက်ရင် နိကိုလပ်စ်ပုံရယ်၊ သမီးလေး နှစ်ယောက်ပုံရယ် ထွက်လာတယ်။ ဒီကြက်ဥနာမည်က Lilies of the Valley တောင်ကြားထဲမှ လီလီပန်းများတဲ့။
  •               နောက် ၂ နှစ်အကြာမှာ တတိယသမီးကို မွေးတယ်။ ဇာဘုရင်မျက်လုံးပြူးလာပြီ။ အခုထိ သားမပါသေး။ နောက် ၂ နှစ်အကြာမှာ နောက်ထပ်တစ်ယောက်ထွက်လာပြန်တယ်။ မိန်းကလေးဘဲ။ ဇာဘုရင်ဟာ သမီးမိန်းကလေးဘဲ ထပ်မွေးတယ်ကြားတော့ မီးဖွားပြီးစမိန်းမနဲ့ကလေးကို သွားကြည့်ဖို့ရာ အတော်အားယူရတယ်တဲ့။ စိတ်ဖြေဖို့၊ကိုယ့်ကိုယ်ကို အားတင်းဖို့ သွားမကြည့်ခင် အကြာကြီး လမ်းလျှောက်ထွက်ပြီး စိတ်ကို စုစည်းပြီးမှ သွားကြည့်နိုင်ခဲ့တယ်။ ယောက်ျားလေးမွေးဖို့ ဆုတောင်းရတာလည်း ဘုရားတောင် နားငြီးနေလောက်ပြီ။ မိဖုရားခမျာလည်း နှစ်နှစ်တစ်ယောက်နှုန်းနဲ့ ကိုယ်ဝန်ဆောင်ရတာရော၊ သားမွေးမယ်ထင်လို့ တမျှော်မျှော်လုပ်ရင်းနဲ့ ထွက်လာမျှ မိန်ကလေးဖြစ်နေလို့စိတ်ဓါတ်ကျရတာရော၊ ဇာဘုရင်အသိုင်းအ၀ိုင်းက သူ့ကို သားမမွေးနိုင်သူလို့ ကဲ့ရဲ့ပြစ်တင်သံနေကြားနေရတာရောနဲ့တော်တော်လေးပင်ပန်းနေပြီ။ ဒီတော့ သူတို့ဟာ ဘုရားသခင်က သူတို့ကို မျက်ကွယ်ပြုနေပြီလို့ တွေးစပြုလာတယ်။ နန်းတက်ပွဲနေ့က လူတွေ သေကြေဒဏ်ရာရခဲ့တဲ့အဖြစ်ဆိုးကလည်း သူတို့ကို ခြောက်လှန့်နေတယ်။ အဲဒီအဖြစ်ကို လူတွေက နိမိတ်ဆိုးလို့ ပြောနေကြတယ်။ ဒီတော့ ဒီလောက်တောင် စိတ်မကြည်လင်စရာတွေနဲ့ ပြည့်နေတဲ့ မော်စကိုနန်းတော်ကို ခဏရှောင်မှဘဲ ဆိုပြီး မြို့ပြင်က နန်းတော်တစ်ခုမှာ ကလေး ၄ ယောက်လုံးကို ခေါ်ပြီး စိတ်ပြေလက်ပျောက်သွားနေကြတယ်။ အဲဒီက ပြန်လာတော့ ဖာဘေဂျေးဟာ ဟောဒီကြက်ဥကို လုပ်ပါတယ်။ မော်စကိုက ခရင်မလင်နန်းတော်ကို ပြန်လာတဲ့ ဇာဘုရင်မိသားစုအတွက်ပါ။ Moscow Kremlin Egg လို့ ခေါ်တယ်။ ဖာဘယ်ဂျေးလုပ်ပေးသမျှကြက်ဥတွေထဲမှာ အကြီးဆုံးဘဲ။
  •               ခရင်မလင် နန်းတော်ဝင်းထဲက ဇာဘုရင်နန်းတက်ပွဲလုပ်ရာ ဘုရားကျောင်းကြီးရဲ့ ခေါင်မိုးလုံးလုံးကြီးပုံကို အဖွင့်အပိတ်လို့လို့ရတယ်။ မဖွင်ဘဲနဲ့ ပြတင်းပေါက်တွေက ကြည့်ရင်တောင် အသေးစိတ်လုပ်ထားတဲ့ဘုရားကျောင်းအတွင်းပိုင်းကို မြင်နေရတယ်။ နန်းတော်ကို ပုံဖော်ဖို့အတွက် နန်းတော်က မျှော်စင်တွေ သူရဲခိုတွေနဲ့ ရင်ပြင်တွေကိုပါ ထည့်ထားပေးတယ်။ ဒီကြက်ဥရဲ့ surprise ကတော့ ကြက်ဥအောက်ပိုင်းနားက သော့လေးကို လှည့်လိုက်ရင် သီချင်းလေး ၂ ပုဒ်ထွက်လာတယ်။ တစ်ပုဒ်က အိစ်တာသီချင်းနဲ့ နောက်တစ်ပုဒ်ကတော့ နစ်ကိုးလပ်စ်ရဲ့ အကြိုက်ဆုံး Izhe Khveruviny ဆိုတဲ့ သီချင်းပါ။
  •             ၁၉၀၃ မှာ လုပ်တဲ့ အဲဒီကြက်ဥကို ၁၉၀၆ မှာမှ ဇာဘုရင်ကို ပေးလိုက်နိုင်တယ်။ အကြောင်းကတော့ ကြားထဲက နှစ်နှစ်မှာ ရုရှား ဂျပန်စစ်ဖြစ်ပြီး အားလုံး အလုပ်ရှုပ်ကုန်လို့ပါ။ ကမ္ဘာ့ရဲ့ ၆ ပုံ ၁ ပုံရှိတယ်ဆိုတဲ့ ရုရှားအင်ပါယာဟာ ကျွန်းပိစိလေးတွေ စုထားတဲ့ဂျပန်ကို မမျှော်လင့်ဘဲ စစ်ရှုံးတယ်။ အတွင်းပူ ၊အပြင်ပူ အခြေအနေကို ရောက်နေပြီ။ 
  •               ရုရှားတော်ဝင်မိသားစုကတော့ အေးဆေးပါဘဲ။ ၁၉၀၄ မှာ လည်ပင်းရှည်အောင် စောင့်စားခဲ့ရတဲ့  သား အလက်ဆီ Alexei ကို မွေးလာတယ်။ အပူလုံးကြီး ကျသွားပြီပေါ့။ ထီးနန်းလျာလောင်း သားရယ် သမီးလေးယောက်ရယ်နဲ့အတူ ဇာဘုရင်လင်မယားဟာ ဆင်းရဲသားတွေဆီက ရတဲ့ ဘဏ္ဍာနဲ့ ဇိမ်ကျတဲ့ဘ၀မှာ ဆက်စံစားခဲ့တယ်။ နွေရာသီတွေဆိုရင် Standart လို့ခေါ်တဲ့ ပေ ၃၀၀ ကျော်ရှည်တဲ့တော်ဝင်သင်္ဘောကြီးပေါ်မှာ အပန်းဖြေသွားဆဲ။ အဲဒီ သင်္ဘောဟာ သူ့ခေတ်သူ့အခါကဆိုရင် တော်ဝင်သင်္ဘောတွေထဲမှာ ကမ္ဘာ့အကြီးဆုံး ။  ဘောတစ်ပင်လယ်တစ်လျောက် ခုတ်မောင်းနေတဲ့ အဲဒီ ဇိမ်ခံ သဘောင်္ကြီးပေါ်က အပူအပင်ကင်းမဲ့တဲ့ တော်ဝင်မိသားစုရဲ့ ဘ၀ကို ဖော်ကျူးဖို့ ဖာဘယ်ဂျေးဟာ Starndart လို့ခေါ်တဲ့ ဟောဒီကြက်ဥကို ၁၉၀၉ မှာ လုပ်ခဲ့တယ်။ ခရစ်စတယ်နဲ့လုပ်ထားတဲ့ ဖောက်ထွင်းမြင်ရတဲ့ ကြက်ဥထဲမှာ ရွှေသားအတိနဲ့ပြီးတဲ့ တော်ဝင်သင်္ဘောဟာ  aquamarine နဲ့လုပ်ထားတဲ့ပြာလဲ့လဲ့လှိုင်းထဲမှာ သွားနေပုံ။ လက်ကိုင်ကတော့ တော်ဝင်မိသားစုရဲ့ အမှတ်အသားဖြစ်တဲ့ အပြာရောင် သိမ်းငှက်ပုံနဲ့။
  •               ဇာဘုရင်မိသားစုရဲ့ ဇိမ်အပြည့်ရှိတဲ့ ဘ၀တွေနဲ့ မိုးနဲ့မြေလိုကွာတဲ့ ဘ၀တွေထဲက ရုရှားပြည်သူတွေရဲ့ မကျေနပ်ချက်တွေကတော့ ပွင့်အံလာနေပါပြီ။ စက်မှု ထွန်းကားလာပေမယ့် ပြည်သူတွေရဲ့ ဘ၀ကတော့ ဆင်းရဲတွင်းကမတက်ပါဘူး။ ကြာလာလေ တော်လှန်ချင်တဲ့စိတ်တွေဟာ တစ်ငွေ့ငွေ့တောင်လောင်လေ ။ ဒီလိုနဲ့ ၁၉၀၅ မှာ ဆင်းရဲသားပြည်သူတွေက စိန့်ပီတာဘတ်မြို့ကို ချီတက်ဆန္ဒပြကြတယ်။ နောက်မဆုတ်ရင် ပစ်သတ်လိုက်လို့ အမိန့်ပေးခြင်းခံထားရတဲ့ စစ်တပ်ကလည်း တာဝန်ကျေစွာ ပစ်သတ်ပါတယ်။ အဲဒီ လူသတ်ပွဲကြီးကို နောက်ပိုင်းမှာ သွေးချောင်းစီးတဲ့ တနင်္ဂနွေ Bloody Sunday လို့ ခေါ်ကြတယ်။ နိကိုးလပ်စ်ဟာလည်း Bloody Nicholas ဆိုပြီး နာမည်ဆိုးရသွားတယ်။
                    ချီတက်လာတဲ့ လူတစ်သိန်းနှစ်သောင်းလောက်ကို ဦးဆောင်သူက ဘုန်းတော်ကြီး George Gapon ဆိုသူပါ။ ချီတက်ဆန္ဒပြသူတွေဟာ အချင်းချင်းလက်တွဲပြီးတစ်ချို့၊ သာသနာ့အလံကိုင်ထားသူတစ်ချို့၊ ဘုရားသခင်ဆင်းတုတော်တွေကိုင်ထားသူတစ်ချို့၊ ဇာဘုရင်ရဲ့ ပုံတူကို ကိုင်ထားသူတစ်ချို့၊နိုင်ငံတော်အလံကို ကိုင်ထားသူတစ်ချို့နဲ့ ငြိမ်းချမ်းစွာ ချီတက်လာကြတယ်။ ဘာသာရေးသီချင်းတွေနဲ့ ''ဇာဘုရင်ကို ဘုရားသခင် ကယ်တင်ပါစေ God Save The Tzar '' ဆိုတဲ့ အဲဒီအချိန်က ရုရှားရဲ့ နိုင်ငံတော်သီချင်းကို သီဆိုလာကြပါတယ်။ အားလုံး ဇာဘုရင်ရဲ့ ဆောင်းရာသီနန်းတော် Winter Palace ရှေ့မှာ နေ့လည် ၂ နာရီမှာ ဆုံဖို့ ချိန်းဆိုထားကြတယ်။ လမ်းတစ်လျှောက်လုံးမှာ စစ်သားတွေတောက်လျှောက် ချထားတာကို တွေ့ပေမယ့် သူတို့ဆက်ချီတက်ခဲ့တယ်။ နန်တော်ရှေ့တောင်မရောက်ခင် ဟိုဘက်က ပစ်တော့တာပါဘဲတဲ့ ။ သေနတ်ကို မိုးပေါ်ထောင်ပစ်တာမဟုတ်ဘူးဆိုတာရယ်၊ သယ်လာတဲ့ ခရစ်တော်ရုပ်တုတွေကို ကျည်ဆံမှန်တာတွေရယ်ကို တွေ့ပြီးနောက်တော့ ချီတက်လာသူတွေဟာ '' ဇာဘုရင်က ငါတို့ကို မကူညီဘူး '' လို့ သွေးပျက်စွာမြည်တမ်းရင်း ထွက်ပြေးရတော့တယ်။ နိဂုံးချုပ်လိုက်တော့ ထုံးစံအတိုင်း မတူညီတဲ့ သတင်း ၂ မျိုးထွက်လာတယ်။ နန်းတော်က ထုတ်ပြန်တဲ့ ကျေငြာချက်အရ ဒီအရေးအခင်းမှာ ၉၆ ယောက်သေပြီး ၃၃၃ ယောက် ဒဏ်ရာရတယ်။ ဆန္ဒပြသူတွေဘက်ကတော့ လူ ၄၀၀၀ ကျော် အသေအပျောက်ရှိတယ်လို့ကြေငြာတယ်။

           ခေါင်းဆောင်ဘုန်းတော်ကြီး Gapon ဟာ လွတ်သွားပြီးနောက် ပုန်းအောင်းနေရာက စာထုတ်ပြန်တယ်။ '' အရင်က ဇာဘုရင်၊ အခုတော့ လူသတ်သမားဖြစ်သွားတဲ့ နစ်ကိုးလပ်စ်ရေ၊ အပြစ်မဲ့ မြေကျခဲ့ရတဲ့ အလုပ်သမားတွေ သူတို့ကလေးတွေ သူတို့မိသားစုတွေရဲ့ သွေးဟာ မင်းနဲ့ ရုရှားပြည်သူလူထုကြားမှာ ထာဝရ ပိုင်းခြားသွားခဲ့ပြီ။ မင်းလည်း သူတို့လို ခံရစေ့မယ်။ ဆိုရှယ်လစ်ပါတီတွေအားလုံးကို ငါ တောင်းဆိုတယ်။ အားလုံး အချင်းချင်းစုစည်းပြီး ဇာဘုရင်စနစ်ဆိုးကို လက်နက်နဲ့ ပုန်ကန်ကြပါ '' တဲ့။

              တိုတိုပြောရရင် ၁၉၀၅ မှာ ဖြစ်တဲ့ အဲဒီတော်လှန်ရေးဟာ မအောင်မြင်လိုက်ပါဘူး။ ဇာဘုရင်ရဲ့ အုပ်ချုပ်ရေး နောက်ထပ် ၁၂ နှစ် သက်ဆိုးရှည်ခဲ့တယ်။ ဒါပေမယ့် အဲဒီကတည်းက တောက်လာခဲ့တဲ့ တော်လှန်ရေးမီးဟာ မငြိမ်းနိုင်တော့ဘဲ ၁၉၁၇ မှာ တော်လှန်ရေးတွေထပ်ဖြစ်ပြီး ဇာဘုရင် ထီးနန်စွန့်ရတယ်။ နောက်ပိုင်းမှာ ကွန်မြူနစ်လုံးလုံးဖြစ်သွားခဲ့တဲ့ ဘော်ရှီဗစ်ပါတီအာဏာရပြီး ရုရှားအင်ပါယာနေရာမှာ ဆိုဗီယက်ပြည်ထောင်စုဆိုပြီး ပေါ်လာတယ်။ ဇာဘုရင်တို့ မိသားစုကတော့ မြို့တော်နဲ့ မိုင်ထောင်ကျော်ဝေးတဲ့ ရုရှား အလယ်ပိုင်းတစ်နေရာက မြို့တစ်မြို့မှာ အကျယ်ချုပ်ခံရတယ်။ တစ်နှစ်တောင်မပြည့်ခင် ၁၉၁၈  မှာ သူတို့မိသားစုကို အာဏာရကွန်မြူနစ်တွေက  ကျူပင်ခုတ်ကျူငုတ်မကျန်သုတ်သင်ပစ်လိုက်ပါတယ်။
နစ်ကိုးလပ်စ်နဲ့ သားသမီးငါးယောက်
  •               ဖာဘယ်ဂျေးပန်းထိမ်လုပ်ငန်းလည်း ပြည်သူပိုင်သိမ်းခံရပြီး ဖာဘယ်ဂျေးလည်း ဆွစ်ဇာလန်က သူ့အမျိုးတွေရှိရာကို ထွက်ပြေးရပါတယ်။ အဲဒီမှာဘဲ ဆုံးသွားပါတယ်။
                ထူးဆန်းတာက ဒီလောက်ရုတ်ရုတ်သဲသဲ သတ်ကြဖြတ်ကြတာတွေကြားထဲက များစွာသော ဖာဘယ်ဂျေးရဲ့ ကြက်ဥရတနာတွေဟာ အသက်နဲ့ကိုယ်မြဲမြဲနဲ့ ကျန်ခဲ့တယ်။ ဖာဘယ်ဂျေးလုပ်ပေးခဲ့တဲ့ ကြက်ဥပေါင်း  ၆၅ လုံးထဲက ၅၂  လုံးဟာ တော်ဝင်မိသားစုအတွက်လုပ်ပေးခဲ့တာ။ အဲဒီထဲက  ၄၂ လုံး မထိမခိုက်ကျန်ခဲ့တယ်။  မင်းမျိုးမင်းနွယ်မဟုတ်တဲ့  Rothschild လို သူဌေးတွေမှာလို့လုပ်ပေးရတာတွေလည်း ရှိခဲ့တယ်။ အဲဒါတွေကို ပါတွက်မယ်ဆိုရင်တော့ သူကြက်ဥပေါင်း ၅၇ လုံးတိတိ မကွဲမပြဲကျန်ရှိပါတယ်။
  •                  အားလုံးကို ပြည်သူပိုင်သိမ်းခဲ့တဲ့ ဘော်ရှိဗစ်ခေါင်းဆောင် စတာလင်ဟာ ၁၉၂၇ ကစလို့ ဖာဘယ်ဂျေးကြက်ဥတွေကို ထုတ်ရောင်းပါတယ်။ အမေရိကန်သူဌေးတစ်ယောက်က ပြန်ရောင်းဖို့အများကြီးဝယ်သွားတယ်။ ဒါပေမယ့် အစပိုင်းမှာ သိပ်အလုပ်မဖြစ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ၁၉၃၀ က ၁၉၄၀ အတွင်းမှာ တကမ္ဘာလုံးမှာ ဖြစ်တဲ့၂၀ ရာစုရဲ့ အဆိုးဆုံး အငတ်ဘေးကြောင့်ရယ်၊ စီးပွားရေးတွေနင်းကန်ထိုးကျနေတာကြောင့်ရယ်ပါ။ အဲဒါတွေကျော်လွန်ပြီးနောက် ဖာဘယ်ဂျေးကြက်ဥတွေကို ဈေးကောင်းပေးဝယ်လာကြတယ်။ Rothschild အမျိုးအနွယ်သူဌေးသမီးတစ်ယောက်လုပ်ခိုင်းခဲ့တဲ့ ကြက်ဥပုံဖာဘယ်ဂျေးနာရီဟာ ၂၀၀၇ မှာ လေလံပစ်တော့ ဒေါ်လာ ၁၄ သန်းလောက်ရပါတယ်။ ဈေးကြီးနာရီတွေရဲ့ လေလံသမိုင်းမှာ ဈေးအများဆုံးနာရီဖြစ်ခဲ့တယ်။
Rothschild သဌေးမတစ်ယောက် ဖာဘယ်ဂျေးကို လုပ်ခိုင်းတဲ့ နာရီပုံကြက်ဥ။ ၂၀၀၇ လေလံပွဲမှာ ဒေါ်လာ ၁၄ သန်းနီးပါးရခဲ့တယ်။
  •            လက်ရှိမှာတော့ Faberge' Eggs များစွာကို အမေရိကန်နိုင်ငံက ပိုင်ဆိုင်ထားတယ်။ ပြတိုက်တွေနဲ့ သဌေးတွေရဲ့ private collection တွေမှာပါ။ Faberge' Eggs ပေါင်း ၁၀ လုံးတိတိ တစ်စုတစ်စည်းတည်း တွေ့နိုင်တဲ့နေရာကတော့ မော်စကို ခရင်မလင်နန်းတော်က Kremlin Armoury ပြတိုက်မှာပါ။ သူပြီးရင်တော့ တစ်ချိန်က Forbes Magazine ကို ထုတ်ဝေခဲ့သူ Malcolm Forbes က ၉ လုံးနဲ့ ဒုတိယအများဆုံးပိုင်ခဲ့တယ်။ ၂၀၀၄ မှာ Malcolm Forbes ကို အမွေဆက်ခံသူတွေက သူတို့ပိုင်တဲ့ Faberge' Eggs တွေကို လေလံတင်မယ်လို့ကြေငြာတယ်။ လေလံပွဲမစခင်မှာတင် ရုရှားရေနံသဌေးတစ်ယောက်က သိမ်းကြုံးဝယ်သွားခဲ့တယ်။ ဘယ်လောက်နဲ့ ၀ယ်သွားတယ်ဆိုတာ အတိအကျမသိရပေမယ့် ဒေါ်လာ သန်း ၉၀ က ၁၂၀ ကြားလို့ ခန့်မှန်းကြပါတယ်။
                      ကဲ.....Happy Easter နော်....သူငယ်ချင်းတို့ ။ တို့တွေလည်း အိစ်တာမှာ ဖာဘယ်ဂျေးရဲ့ ကြက်ဥတွေကို သားရည်ကျကြည့်ရအောင်........ ။ ဘယ်အလုံးကြိုက်လဲ .... အားမနာတမ်းပြောထည့်လိုက်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/07/2012 01:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24269] Fwd: [လူဗိုလ်ဟူသည် ...] သတိကြောင့် ကြည်စင်၏



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/6
Subject: [လူဗိုလ်ဟူသည် ...] သတိကြောင့် ကြည်စင်၏
To: lubo601@gmail.com




by
 Zay Ya on Sunday, May 6, 2012 at 6:52am 


He watches.
He is clear.
How happy he is!
သူ စောင့်ကြည့်၏ ~
သူသည် ကြည်စင် လျက် ရှိ၏။
ထို့ကြောင့် သူသည် အဘယ်မျှ ရွှင်လန်း ချမ်းမြေ့ရ ပါသနည်း။

ဒီစကား ဟာ ရိုးရှင်း တယ်။ ဒါ့ကြောင့်လည်း လှပနေပါတယ်။ တည့်မတ်မှန်ကန်တဲ့ အရာမှန်သမျှ အစဉ်အမြဲ ရိုးရှင်းနေတတ်တယ်။ ဒါ့ကြောင့် လှပ တယ်လို့ ခေါ်ပါမယ်။

ဘဝ ရှင်သန်နေ သမျှမှာ လေ့ကျက် ထုံမွှမ်းထားသင့်တဲ့ တစ်ခုတည်းသော အရာဟာ - စောင့်ကြည့်မှု (သတိ၊ အပ္ပမာဒ) (ဝါ) Watchfulness ။ ဒီတစ်ခု တည်းသာ ဖြစ်ပါတယ်။

စောင့်ကြည့်ပါ။ ခင်ဗျား နိစ္စဓူဝ ဘာလုပ်နေလုပ်နေ စောင့်ကြည့်နေကြည့်ပါ။ ခင်ဗျား စိတ်သန္တာန် တွင်း ဖြစ်ပေါ်လာတဲ့ အတွေးစဉ် တိုင်းကို လည်း သတိမပြတ် စောင့်ကြည့် ပါ။ ခင်ဗျား ရယူလိုတဲ့ အလိုဆန္ဒ၊ လိုဘ၊ ဒေါသ ဖြစ်ပေါ် လာရင် လည်း မပြတ် သာ စောင့်ကြည့်နေ ပါ။ နောက်ဆုံး မှာ မျက်တောင် ခတ် မိတာလေးက အစ - အသိ ကင်းလွတ်ပြီး မခတ်မိသည် အထိ စောင့်ကြည့်နိုင် လာပါလိမ့်မယ်။ ခင်ဗျား လမ်းလျောက် တာ၊ စကားပြော တာ၊ စားသောက် နေတာ၊ ရေချိုးသန့်စင်တာ ~ စသဖြင့်တစ်ခုမှ မလွတ်အောင် စောင့်ကြည့်နေ ကြည့် ပါ။ ခင်ဗျား သန္တာန် မှာ ၂၄ နာရီ ဖြစ်ပေါ် သမျှ ထင်ရှားသမျှ အပြည့်အဝ စောင့်ကြည့် နေနိုင်ပါစေ။

ဥပမာ စားသောက်တဲ့ အခါ ဆိုပါစို့ ~ အတွေးတစ်ခြား၊ အစားတစ်ခြား၊ ဗိုက်ဝရင် ပြီးရုံ မစားဘူး။ (ဝါ) သတိ လွတ်ကင်းပြီး မစား ဘူး - စားတဲ့ ထမင်း လုပ် တိုင်း၊ အစား တစ်လုပ်တိုင်း ကို အသိ အပြည့်နဲ့ စားနိုင်ဖို့ ဖြစ်ပါတယ်။ ထမင်းလုပ် ကို ကိုင်တယ်။ ခံတွင်းထဲ ထည့် တယ်။ တစ်ချက် ချင်း ကြိတ်ဝါးတယ်။ ခံတွင်း ကနေ လည်ချောင်း အတွင်း မြိုချတယ်။ ( နှေးနှေး ကွေးကွေး လိုက်လုပ်နေစရာ မလိုဘူး ) အဲ့ ခဏ တိုင်း ကို အသိအပြည့် မပြတ် မလပ် ဖြစ်နေ ရုံလေးပဲ လိုအပ်ပါတယ်။ အဲ့ဒီ အခါ ခင်ဗျား စားသောက် နေတဲ့ အစား တစ်လုပ် တိုင်း အပေါ် နှစ်သိမ့် ကြည်စင်မှု အပြည့် ရှိကြောင်း တွေ့ရပါလိမ့်မယ်။ အဲ့ဒီ စောင့်ကြည့်မှု သတိနဲ့ ပြည့်စုံတဲ့ အခါ - ခင်ဗျား ရရှိတဲ့ အစား အသောက် က လည်း ခံတွင်းအရသာ ထက် သန္တိ၊ ကြည်စင်မှု အရသာက ပိုမို ချိုမြိန်နေပါလိမ့်မယ်။ အစားအသောက်ရဲ့ (ဝါ) ဟင်းကောင်း မကောင်း အတွက် ဃာန လျာ အရသာ မဟုတ်ဘူး။   စောင့်ကြည့်ရင်း ကြည်စင် လျက် ရှိနေတဲ့ သန္တိ အရသာဟာ အခြား အရာရာ ထက် သာလွန် နေ ပါတယ်။ အခု ခဏအတွင်း ကြည့်ကြည့်ပါ။ အဲ့ဒီ အခါလည်း ဒါကို ကောင်းကောင်း သိမြင်နိုင်ယ်။ ခင်ဗျား သတိမထား~ သတိ လွတ်ကင်းနေ မယ် ဆိုရင်တော့ ကမ္ဘာ့ အကောင်းဆုံး ဟင်းလျာ စား နေရင်တောင်  ဘာအရသာ၊ ဘာ အသိမှ ရမှာ မဟုတ်ဘူးရယ်။


အချို့က ခဏတိုင်း အသိ သတိ အလွယ်တကူ မထားနိုင် တာကြောင့် - နှေးနှေး ပြုမူတတ်တယ်။ ဒါဆိုရင်လည်း ပြဿနာ မရှိပါဘူး ~ အဆင်ပြေ ပါတယ်။ အဓိကက~  ပြုမူနေတဲ့ အချိန် အတွင်း လုပ်သမျှ အပြည့်အဝ သိနေဖို့၊ သိစိတ် အပြည့်အဝ ရှိနေဖို့ ပဲ လိုအပ်တယ်။ ခင်ဗျား လျှာ အရသာ၊ အနံအရသာ၊ ထိတွေ့မှု၊ စိတ်ခံစားချက် စသည် ဖြစ်တိုင်း ဖြစ်တိုင်း မှာ "သိတယ်" ဆိုရုံမျှလေး ဟာ ~ လွယ်ကူနေ တာတော့ မဟုတ်ဘူး။ လွယ်မယောင်နဲ့ လက်တွေ့မှာ ~ ခက်ခဲတဲ့ အကျင့် ဖြစ်ပါတယ်။ ခင်ဗျား နှစ်ဆယ့်လေး နာရီ မဆိုထားနဲ့  - အလေ့ အကျင့် မရှိ ရင် ~ နှစ်ဆယ့်လေးမိနစ် (ဝါ) နှစ်ဆယ့်လေး စက္ကန့်တောင် အပြည့်အဝ မဖြစ်ဘူး။

ဒါ့ကြောင့် ခင်ဗျား နှစ်ဆယ့်လေးနာရီ အပြည့်အဝ ဖြစ်တည်အောင် ကြိုးပမ်းနေတဲ့ ကြားမှာ - မကြာခဏ မေ့မေ့ နေခဲ့ မှာပဲ။ ဒါဆိုရင် လည်း~  မကျေလည် စရာ၊ ဒေါသ ဖြစ်စရာ၊ ဝမ်းနည်း စရာ မလိုဘူး။ "ငါ ပါရမီ မပါပါဘူးကွာ" လို့ ငြီးငြူ တတ်တဲ့သူ ရှိတယ်။ အဲ့လို့ ငြီးငြူ စရာလည်း မလိုဘူး။ အကြောင်းက ~ အဲ့လို မေ့မေ့ နေတတ် တာ က သဘာဝကျ တယ်။ ခင်ဗျား အဲ့လို နှစ်ဆယ့်လေးနာရီ အမြဲမပြတ် သတိ ရှိနေဖို့ တစ်ကြိမ်တစ်ခါ မှာမှ မလုပ်ခဲ့ဖူးဘဲ။ ဒါ့ကြောင့် အား မလျော့ပါနဲ့။ အားလျော့တဲ့ စိတ်ကြောင့် တခဏ လုပ်လိုက်တဲ့ ခင်ဗျား သတိ အကျင့် ဟာ ~ ကျန်တဲ့ မေ့မေ့လျော့လျော့ ကာလတွေ ကြားမှာ ပြန်လည် ပျောက်ရှ သွား ပါလိမ့်မယ်။ "ငါ လွဲသွားပြန်ပြီ၊ ငါမေ့ သွား ပြန်ပြီ" လို့ အမှတ်ပြန်ရမိရင် - အဲ့ဒီ အမှတ်ရ မိတဲ့ နေရာ က ပြန် စပါ။  ပြန် စောင့်ကြည့်နေ ပါ။  "ဒါ ငါနဲ့ မထိုက်တန် ဘူး ထင်တယ်၊ ငါ့ အချိန် မကျသေး ဘူး ထင် တယ်၊ အခြားအရာတွေ လုပ်ဖို့ ကျန်သေးတယ်" လို့ အတွေး ဝင်ရင်း - သတိပြန်ရမိရင်လည်း - အဲ့ဒီ "ဒါ ငါနဲ့ မထိုက်တန် ဘူး ထင်တယ်" ဆိုတဲ့ အတွေးအဆုံးမှာ တင် ~ ပြန်စပါ။ သတိ မကြာ ခဏ ပြတ်လတ် ကျန်ခဲ့လို့ မိမိ ကိုယ်ကိုယ် ပြစ်တင် ရုံ ပြစ်တင် နေ ရင်  အဲ့ဒါ အချိန် သက်သက် ကုန်ဆုံးစေ တာ သာ ဖြစ် ပါလိမ့်မယ်။ မေ့လျော့နေ ခဲ့တယ် ဆိုတဲ့ ခဏတွေဟာ အတိတ် အဖြစ် ကျန်ခဲ့ တယ်။ ဟုတ်တယ် ဟုတ်?? ခင်ဗျား "အခု" သတိပြန် ထားနိုင်တယ်။ "အခု" တည့်တည့် ပြန်စောင့်ကြည့်နိုင်တယ်။

အဲ့ဒီအခါ ခင်ဗျား ဘဝ တစ်ခုလုံးဟာ - အခု တည့်တည့် ဆိုတဲ့ ပစ္စုပ္ပန် အတွင်း မှာသာ  အပြည့်အဝ ရှင်သန်နေတော့ တယ်။ ခင်ဗျား က ပြော မယ် ~ "အခု ကို - ကျနော် မေ့သွားတယ်ဗျာ" ~ အဲ့တော့ ဘာဖြစ်သေးလဲ။ အဲ့ "အခု" ပြီးရင် သူ့ရဲ့ နောက်မှာ - နောက် "အခု" ရှိနေ ပါ တယ်။ ပြန် စောင့်ကြည့်နေရုံပဲ။ ပထမ - တစ်နေကုန်ပေါင်းမှ စက္ကန့်ပိုင်းလောက်။ နောက်- တစ်နေကုန် အားလုံးပေါင်းမှ မိနစ် ပိုင်း။ နောက်- တစ်နေ ကုန် အားလုံးပေါင်း နာရီပိုင်း စသဖြင့် (ဇွဲသာမလျော့ရင်) တိုးတိုး လာနိုင် ပါလိမ့်မယ်။ ဒီလိုနဲ့ - နှစ်ဆယ့် လေးနာရီ အပြည့်အဝ ခင်ဗျား သတိ စောင့်ကြည့် နိုင်တဲ့ အခါ ဒီအလေ့အလာ ထုံမွှမ်းနိုင်အား - ကောင်းကောင်း ရလာသလို၊ ခင်ဗျား ရှင်သန် နေထိုင် သမျှ ကြည်လင်မှု ရှိနေကြောင်း လက်တွေ့ တွေ့မြင် နိုင်တယ်။ နောက်ဆုံး - ခင်ဗျား အသိစိတ်ပျောက်ကင်းပြီး အိပ်စက်ချိန်မှာ တောင် သတိ စောင့်ကြည့် မှု မပြတ်အောင် ထားနိုင်တယ်။ ဒီစကားကို အကျင့်မရှိသူအနေနဲ့ အံ့ဩကောင်း အံ့ဩနိုင်တယ်။ ဒါပေမယ့် တကယ် ရှိပါ တယ်။ အဲ့လို သာ သတိမပြတ် ရှိမယ် ဆိုရင် - ခင်ဗျား သန္တာန်မှာ ကြည်လင်မှု အပြည့်အဝ ရှိလာပြီ လို့ ပြောနိုင်ပါလိမ့်မယ်။

"ကြည်လင်မှု" အကြောင်း ပြောကြည့်မယ်။ စောင့်ကြည့်မှု သတိ ရှိနေရုံနဲ့ - ဘာလို့ ကြည်လင်မှု ရှိတယ် ဆိုရသလဲ။ ခင်ဗျား ရှင်သန် နေ ထိုင်၊ လုပ်ကိုင်ရာ ခဏတိုင်းကို မပြတ် စောင့်ကြည့် နိုင်လာတဲ့ အခါ- ခင်ဗျား နိစ္စဓူဝ - လော- နေတဲ့ စိတ်၊ လှုပ်ခတ် နေတဲ့ စိတ်အတွေးတွေ တဖြေးဖြေး ငြိမ်ဝပ် ကျသွားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကို မှန်မမှန်။ အချိန် သိပ်များများ မလိုဘူး။ အခု ဒီစာ ဖတ်ရှုနေချိန်မှာလည်း စမ်း ကြည့်နိုင် တယ်။ တခဏ စောင့်ကြည့် ရင် ~ ဒီစာတွေပေါ် မျက်လုံး ပြေးနေတဲ့ ခဏ၊ ဒီစာလုံးတွေကို အတွေးတွေ အဖြစ် ဖလှယ် ဝင်ရောက် သွားတဲ့ ခဏ၊ ခင်ဗျား ကြံတွေးနေတဲ့ အတွေးစဉ်တွေရဲ့ ခဏ ~ အဲ့ဒီ ခဏတိုင်းကို စောင့်ကြည့် ကြည့်ပါ။ ခင်ဗျားတွေးနေတဲ့ ခဏ တခဏ ချင်း စီဟာ - လောလော လတ်လတ်  ငြိမ်သက် သွားတယ်။ အဲ့ဒီ ငြိမ်သက်မှု ကနေ ချမ်းမြေ့မှု အရသာ (သန္တိ) က အလိုလို ထွက်ပေါ် တယ်။ ဒါက တခဏချင်း အားဖြင့် ကိုသာ ဆိုလိုတယ်။ ခင်ဗျား သတိမေ့ထားခဲ့ရင် - ဒုံရင်းက ဒုံရင်းပဲ။  မိမိ သန္တာန်ကို မိမိ - မပြတ် မလပ် - အသေးစိတ် စောင့်ကြည့်နိုင်လေ ~ တစ်ပေါက်ပေါက် ဖောက်နေတဲ့ ခင်ဗျား အတွေးတွေ - ထပ်မပေါက်နိုင်၊ ထပ်မဖြစ် လာနိုင်တော့လေ ပဲ။

ကျနော်တို့ အတွေးတွေ အားလုံးထဲမှာ နေ့တိုင်းနေ့တိုင်း ဖြစ်ပေါ်သမျှဟာ - အလဟဿ အတွေးတွေ အများဆုံး ပါဝင်ပါတယ်။ အဲ့ဒီ အတွေးတွေ ဖြစ်ထွန်း နေသမျှကို - စောင့်ကြည့်မှု သတိ၊ သိမှု သက်သက် က အစားထိုး ပစ်ပါတယ်။ သူက - ခင်ဗျားကို အတွေး အိပ်မက်တွေ၊ အလို ရမ္မက်တွေ ထဲက ဆွဲထုတ်တယ်။ လက်တွေ့ ရှင်သန် နေမှု ဆီသာ တွန်းပို့တယ်။ အဲ့ဒါ ခင်ဗျား လုပ်တာ မဟုတ်ဘူး။ ခင်ဗျား စောင့်ကြည့်နေ ရင် အဲ့ဒါ သူ့ဘာသာသူ ဖြစ်ပါတယ်။ အဲ့ဒီ အခါ အလဟဿ ပါ ဆိုတဲ့ - အတွေးတွေ အားလုံး လျော့ပါးသွားတယ်။ ခင်ဗျား စောင့်ကြည့် မှု ကျပ်ကျပ် ရှိလာလေ၊ သူတို့ လျော့ပါးသွားလေပဲ။ ခင်ဗျား အပြည့်အဝ သတိရှိနိုင်တဲ့အခါ - အဆုံးသတ်မှာ သူတို့ သေ ဆုံး သွားကြ တယ်။ ခင်ဗျားဆီမှာ  ခင်ဗျားရဲ့ နိုးကြားမှု စင်စစ်၊ ရှင်သန် နေမှု စစ်စစ် သာ ကျန်ရစ်တယ်။ အဲ့ဒီ အခု ခင်ဗျား ရင်တွင်း က  အလိုဆန္ဒ၊ ရမ္မက်၊ အတွေး၊ စိတ်ကူးယဉ် အရှုပ်အထွေး တွေ သေဆုံးရခြင်း အကြောင်းကြောင့်  တစ်ခုတည်းနဲ့ - ခင်ဗျား သန္တာန် ရှင်းလင်း ကြည်စင် နေတာ ဖြစ်ပါတယ်။ အဲ့ဒီ ကြည်စင်မှုဟာ လွတ်မြောက်မှု မောက္ခရဲ့ အစဦး ပဏာမ လို့ ကျနော် ခေါ်ဆို လိုတယ်။
...................
အထက်ပါ ~ He watches, He is clear; How happy he is! သည်
အောက်ပါ ဓမ္မပဒ ပုဒ်ကို စာမဆန် စေလို၍ အလွယ်ပြန်ရှင်းခြင်း ဖြစ်သည်။

အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ

မမေ့လျော့ခြင်း တရားနှင့် ပြည့်စုံ သည် ဖြစ်၍
အရိယာတို့၏ တရား၌ ရွှင်လန်း မွေ့လျော်၏။
...................
May 6th 2012 at 8:00 PM
...................


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/06/2012 11:37:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24268] Fwd: [လူဗိုလ်ဟူသည် ...] ကျား/မ ဟာသလေးများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/6
Subject: [လူဗိုလ်ဟူသည် ...] ကျား/မ ဟာသလေးများ
To: lubo601@gmail.com



by Moenge Aung on Sunday, May 6, 2012 at 1:44am

သြော်... မိန်းမ... မိန်းမ...
1 . (ဘာပဲဖြစ်ဖြစ်)

Men: ငါတို့ ညစာအတွက် ဘာကိုစီစဉ်သင့်လဲ မသိဘူးနော်?
Women: ဘာပဲဖြစ်ဖြစ်ပေါ့ ရှင်ရယ်...
Men: မက္ကဆီကိုအစားအစာလေးများ မစားချင်ဘူးလားကွာ?
Women: ဟင်အင်း... ဟင်အင်း... ကျွန်မ တခါစားဖူးတယ်။ အဲနောက် မျက်နှာမှာ အဖုတွေ တစ်ခါတည်း ထွက်လာတော့တာပဲ။

Men: ကောင်းပြီလေ... ဒါဆိုလည်း တရုတ်စာလေး စားကြတာပေါ့...
Women: ရှင် မနေ့ကလည်း ဒါပဲ။ ဒီနေ့လည်း အဲဒါပဲလား? ကျွတ်!
Men: အင်း... ပင်လယ်စာ ဆိုရင်တော့ရော?
Women: ဟင်... ပင်လယ်စာတွေက မကောင်းပါဘူး ရှင်ရယ်... ဝမ်းတွေ လျှောတက်ပါဘိနဲ့...
Men: အင်း... ဒါဆိုရင် မင်း ဘာစားချင်သလဲ ပြောပြလေ?
Women : ဘာပဲဖြစ်ဖြစ်... ရပါတယ်ရှင့်...
2. (ဘာပဲလုပ်လုပ်)

Men: အင်း... ဒါဆို... ငါတို့ ဘာလုပ်ကြမလဲကွာ...?
Women: ဘာပဲလုပ်လုပ်လေ...
Men: ဇာတ်ကားလေးများ မကြည့်ချင်ဘူးလား.. ကိုယ်တို့ မကြည့်တာ အတော်ကြာနေပြီ ထင်တယ်။
Women: ဇာတ်ကားကြည့်တာ မကောင်းပါဘူး ရှင်ရယ်... အချိန်ကို သက်သက်ဖြုန်းနေကြတာပါ..
Men: ဒါဆိုလည်း.. ဘိုးလင်းသွား လှိမ့်ကြမလား? လှုပ်လှုပ်ရှားရှား ဖြစ်တာပေါ့..?
Women: ဒီလို ပူလောင်နေတဲ့နေမှာ ရှင်က?
Men: အင်း... လက်ဖက်ရည်ဆိုင်သွားပြီ တခုခုများ သောက်ကြမလား?
Women: လက်ဖက်ရည် ဖြတ်ထားတယ်ရှင့်...
Men: အင်း... ဒါဆိုရင် မင်း ဘာလုပ်ချင်လဲ ပြောကြည့်လေ?
Women: ဘာပဲလုပ်လုပ်... ရပါတယ်ရှင်...
3. (ရှင် ဆုံးဖြတ်ပါ.)

Men: ဒါဆိုလည်း... အိမ်ပဲ ပြန်ကြမလား?
Women: ရှင်ပဲ ဆုံးဖြတ်ပါ...
Men: အိုကေ.. ဘတ်(စ်)ကားစီးကြတာပေါ့... အတူတူး စီးမယ်လေ..
Women: အဲဒီကားတွေက ညစ်ပတ်ပြီး အမြဲတမ်း ကြပ်သိပ်နေတာပဲ..မကောင်းပါဘူး...
Men: ဟုတ်ပါပြီ... တက္ကစီပဲ ငှားလိုက်ပါမယ်...။
Women: ဘာ..ဒီလောက် နီးနီးလေးကို အသုံးဖြုန်း မကြီးစမ်းပါနဲ့ ရှင်ရယ်...
Men: ကောင်းပြီလေ.. လမ်းလျှောက်ပြီပဲ ပြန်ကြတာပေါ့.. ပတ်ဝန်းကျင်ကို ခံစားလို့ရတာပဲ..
Women: ကျမ ဗိုက်ဆာနေပြီ။ လမ်းမလျှောက်နိုင်တော့ဘူး ရှင့်...
Men: ဟင်..ဒါဖြင့်..ဘာလုပ်ချင်သလဲ ပြောလေ..?
Women: ရှင်ပဲ..ဆုံးဖြတ်ပါ..
Men: ညစာ အရင် စားကြမလားဟင်?
Women: ဘာပဲလုပ်လုပ်ပါရှင်...
Men: ဘာစားချင်လဲ ပြောကြည့်လေ..?
Women: ဘာပဲဖြစ်ဖြစ်..ရပါတယ်ရှင်...♦♣♠♥☺☻
အမဲရောင်နတ်ဆိုးလေး မှ တင်သွင်းခဲ့သည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/06/2012 11:28:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24267] Fwd: [လူဗိုလ်ဟူသည် ...] ဇူလိုင်(၇)ရက် အရေးတော်ပုံ ဖြစ်စဉ် အကျဉ်း ။



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/6
Subject: [လူဗိုလ်ဟူသည် ...] ဇူလိုင်(၇)ရက် အရေးတော်ပုံ ဖြစ်စဉ် အကျဉ်း ။
To: lubo601@gmail.com




၁၉၆၂-ခု၊ဇူလိုင်(၇)ရက်နေ့အရေးတော်ပုံ ဆိုတဲ့ ကျောင်းသား သမိုင်း တွေထဲက အကြီးအကျယ်ဆုံး သမိုင်း တစ်ခုဟာ
၂၀၁၂ ခု၊ ဇူလိုင် (၇)ရက် နေ့မှာ ဆိုရင် နှစ်ငါးဆယ် တိုင်ခဲ့ပါပြီ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) အနေ နဲ့ နှစ်-ငါးဆယ်ပြည့် အောင့်မေ့ဖွယ် ဂုဏ်ပြု အခမ်း အနား ကို ကြီးကျယ်စွာကျင်းပနိုင်ရန် ဆပ်ကော်မတီ အသီးသီးဖြင့် ဆောင်ရွက်နေပါသည်။

နှစ်ပေါင်း ငါးဆယ် ကြာမြင့် သည့် အားလျော်စွာ လက်ရှိကျောင်းသားများ သိစေလို့သည့် အတွက် အကျဉ်းချုပ် ဖော်ပြအပ်ပါသည်။


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရန်ကုန် ခရိုင် ကျောင်းသားများသမဂ္ဂ၊ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ဆိုတဲ့ကျောင်းသာထုကြီးဟာ နယ်ချဲ့ဆန့်ကျင်ရေး ကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ပြီး၊ လွတ်လပ်ရေးခေတ်ဦးကာလမှာလည်း လွတ်လပ် ရေး ထိမ်းသိမ်းရေး၊ ငြိမ်းချမ်းရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး စသည်တို့ကို ( မူ ) များ ချမှတ်လျက် ဥိးလည်မသုန် ဆောင်ရွက်ခဲ့ပါသည်။

၁၉၃၁-ခုနှစ်မှာ စခဲ့တဲ့ ကျောင်းသားသမဂ္ဂသမိုင်းမှာ ၁၉၅၁- ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့မှာဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂ (ABSU)မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ABFSU)သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး၊ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ၊ အလံ၊အမှတ်တံဆိပ်၊တို့ကိုချမှတ်ခဲ့ပြီး၊ထိုနှစ်မှာပဲ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ(ရကသ)ကို စတင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

၁၉၅၃ ခုမှ ၁၉၆၂-ခုထိ (၁၀)နှစ်တာကာလအတွင်းမှာ ဇူလိုင်(၇) ရက် အရေးတော်ပုံကြီးဟာ ကျောင်းသားများ ရာနှင့်ချီုပြီး အသက် များ စတေးလျက် သွေးမြေကျခဲ့ရသည့် နေ့တစ်နေ့ ဖြစ်သည်။ ဇူလိုင်လ(၈)ရက်တွင်သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ ကြီးကိုအုဌ်ပုံတစ်စပြင်ဖြစ်အောင်ဒိုင်းနမိုက်ဖြင့်ဖြိုခွဲ ဖျက်ဆီး ခဲ့သည်။

၁။ ၁၉၆၂-ခု၊ ကျောင်းတွေ ပြန်ဖွင်တဲ့အခါ ရန်ကုန်တက္ကသိုလ် ကျောင်း ကောင်စီမှာ ပါဝင်ရတဲ့ ကျောင်းသား ကိုယ်စားလှယ် (၂) ဦး ဖြစ်တဲ့ မစ္စတာ တီ ပီ ဝေါင်း နှင့် ဒေါက်တာမောင်မောင်ကျော် တို့ကို ကောင်စီမှ ထုတ်ပယ်ခဲ့သည်။

၂။ ကျောင်းဆောင်ဆပ်ကော်မတီ မှာရှိတဲ့ တကသ ကိုယ်စားလှယ် (၂) ဦး ဖြစ်တဲ့ ကိုလှရွှေ နှင့် ကိုခွန်ဝင်းလှိုင် တို့ကို ဆပ်ကော်မတီ မှ ထုတ်ပယ်ခဲ့သည်။

၃။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ အခါ ကျောင်းသားတိုင်းရဲ့ (ပထမအရစ်) ကျောင်းဆောင်ကြေးနှင့်အတူ သမဂ္ဂဝင်ကြေး ၁ ကျပ် ကို တက္ကသိုလ်ရုံးက ကောက်ခံမပေးတော့ပါဘူး။ (ပုံမှန် တစ်နှစ် တစ်သောင်းခွဲ ခန့် ရပါတယ်)။

၎။ ကျောင်းဆောင်နေ ကျောင်းသား/သူများ၏ " နေ့စဉ် သွားလာ နေထိုင်မှု " ကို ကန့်သတ်ပြီးမလိုအပ်တဲ့ စည်းကမ်း (၂၂)ချက် ကို ကျောင်းဆောင်ကော်မတီ က ထုတ်ပြန်ပါတယ်။ အဲဒီ အချက်တွေ ဟာ အကျဉ်းထောင် စည်းကမ်းတွေထက် ဆိုးပါတယ်။ ဒီစည်းကမ်း တွေဟာ ဇူလိုင်(၇) ရက် အရေးတော်ပုံကို ဖြစ်စေတဲ့ ဆွခဲ့ ဖွခဲ့ တဲ့ ဖိနှိပ်ရေး စည်းကမ်းတွေပါပဲ၊

၅၊ ဒီစည်းကမ်း(၂၂)ချက် အကောင်အထည်ဖော်ဖို့ ဘွဲ့ရ လက်ထောက် အဆောင်မှူးများ အဖြစ် (လဝက) (အကစ/ အကျဉ်း ဦးစီး) မှ ဘွဲ့ရ အရာရှိငယ်များ ခေါ်ယူခန့်ထားလိုက်ပါတယ်။ ဒီစည်းကမ်းတွေထဲမှာ ထမင်းစားချိန်၊ ကော်ဖီချိန်၊ ရေချိုးချိန်၊ အဆောင် ဝင်/ထွက်ချိန်၊ ဧည့်တွေ့စည်းကမ်း၊ ကျန်းမားရေး ကိစ္စ များနှင့်ပတ်သက်ပြီး တင်းကျပ်ထားပါတယ်။


၁၉၆၂-ခု၊ဇူလိုင်လ(၆)ရက်နေ့မှာ မီးပျက်တဲ့အတွက် မန္တလေးဆောင် ကျောင်းသားများ ပေါက်ကွဲပြီး စားပွဲ ကုလားထိုင်များ၊ စာအုပ်စဉ်များ ရိုက်ချိုး မီးရှိုပြီး ကျောင်းဆောင်စည်းကမ်း(၂၂) ချက် ဖျက်သိမ်းရေး " မီးဒုတ် ဆန္ဒပြပွဲ " ကို အသင့်ရှိနေတဲ့လမီးဒုတ်များထွန်းညှိပြီး Night March  ကို အားလုံးပါဝင်လုပ်ဆောင်ခဲ့ကြသည်။

ကျောင်း ဆောင်စည်းကမ်းနှင့် ပတ်သက်ပြီး ကျောင်းသားထုကြီးဟာ မကျေလည်မှုတွေ ဖြေရှင်းဖို့ ၁၉၆၂-ခု၊ဇူလိုင်(၇)ရက်နေ့မှာ ကျောင်း သားထုအစည်းအဝေး အကြောင်း(၂)ပတ် ကြိုတင် ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ အစည်းအဝေးမှာကျောင်းသားထုကြိးက " ဖိနှိပ် ချုပ်ချယ် တဲ့ စည်းကမ်း တွေ " "ဖျက်ပစ်" "ဖျက်ပစ်" လို့ တောင်းဆို ကြွေးကြော်ခဲ့ပါတယ်။


          ထိုနေ့က ကျောင်းသားတွေဟာ ဟိုနားအချို့ သည်နားအချို့ ၊ တကသ စားသောက်ဆိုင်မှာ အချို့၊ တကသ စာဖတ်ခန်း နှင့် နေရာ အသီးသီးမှာ နေခဲ့ ကြပါတယ်။ ထိုအချိန်မှာပဲ သမဂ္ဂ အဆောက်အဦ ရဲ့ အရှေ့ဘက်၊ အနောက်ဘက်(အားကစားရုံကြီးဘက်)တွေကနေ သတင်းတပ်ဖွဲ့၊ နှင့် သီးသန့်ရဲများပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အရှိန် နဲ့ ဝင်ရောက်လာပါတယ်။ ဗကသ ဥက္ကဌ ကိုသက် ၊ တကသ ဥက္ကဌ ကိုဗဆွေလေး၊ ရကသ အတွင်းရေးမှူး ဥာဏ်ဝင်းတို့ အဖမ်း ခံရပါတယ်။ ပင်းယဆောင် ထမင်းစားခန်းထဲမှာ ရသမျှ တာဝန်ရှိသူ တွေ အမြန်စုစည်းပြီး ဆက်သွယ်ရေးစနစ်များ စီစဉ်ပြီး အလုပ်အဖွဲ့ စုဖွဲ့၍ လူစုခွဲခဲ့ကြရသည်။


ညနေ(၄)နာရီခွဲ အချိန်တွင် ဒူ-ဗိုလ်မှူးကြီး စိန်လွင် ကွက်ကဲတဲ့ တပ်ရင်း (၄) မှတပ်များ နေရာယူလာကြသည်။ အသံလွင့်ရုံမှာရှိတဲ့ ကွက်ကဲရေးအဖွဲ့မှ ဗလက ( ဗဟိုလုံခြုံရေးနှင့်အုပ်ချုပ်ရေး ကော် မတီ ) ဥက္ကဌ ဗိုလ်မှူးကြီးကျော်စိုး၊ နိုင်ငံတော် ကောင်စီဝင် တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး သန်းစိန်၊ ပညာရေး ဝန်ကြီး ဒေါက်တာ လှသန်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီး ဗနီ၊ တက္ကသိုလ် ပါမောက္ခ ချုပ် ဦးကာ တို့ ရှိကြပါတယ်။ ညနေ(၆း၁၅)နာရီမှာစီစဉ်ထားတဲ့ အတိုင်း သတ်ဖြတ်ပွကြီးကို စိတ်တိုင်းကျ ကျးလွန်ခဲ့ကြပါတယ်။ ည (၁၁း၀၀)နာရီထိ " မြင်မြင်သမျှ စိတ်ကြိုက် ပစ်ခဲ့တယ်" လို့ သတိပြုမိသူတွေက ဆိုပါတယ်။


ဇူလိုင်(၈)ရက်နေ့ နံနက်မှာတော့ ခေတ်အဆက်ဆက် ခေါင်းဆောင် များ မွေးထုတ်ပေးခဲ့တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက် အဦ ကြီးကို ဒိုင်းနမိုက် ဖြင့် ဖြိုခွဲင်္ပြီ်း အုဌ်ပုံတစ်စပြင် အဖြစ် အမြစ် ပြတ်အောင် ကမ်းကုန်စွာ ယုတ်မာ ခဲ့ကြပါတယ်။
ဇူလိုင်(၉)ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရန်ကုန် ဆေးရုံ အုပ်ကြီး ဦးအောင်သိန်းရဲ့ ပြောကြားချက်မှာ  RGH ကို ဒါဏ်ရာ ရသူ (၈၆) ဦး၊ သေဆုံးသူ (၁၇)ဦး ရှိပြီး၊ မင်္ဂလာဒုံ စစ်ဆေးရုံ ကိုတော့ ဒါဏ်ရာရ လူနာ (၆၈)ဦး ရောက်ရှိလာကြောင်း ဆိုပါတယ်။
ကျောင်းသားတွေမည်မျှကျဆုံးတယ် အတိအကျစာရင်း ကတော့ ပွင့် လင်းတဲ့ နိုင်ငံရေးအခြေအနေရရှိမှသာ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ် ။


ထို့အပြငိ ၁၉၆၂ ကျောင်းသား ခေါင်းဆောင်များဟာလဲ စစ်မြေပြင် များ၊ ကိုကိုးကျွန်း (တစ်ကျွန်းထောင်)၊ အင်းစိန်၊ သာယာဝတီ ၊ မန္တလေး စတဲ့ ထောင် အသီးသီးမှာ ချေမှုန်းခံ အသက်ပေးခဲ့ ရတာ တွေ ဒုနဲ့ဒေးပါ။


အဲဒီနောက်ပိုင်း နှစ်စဉ်နှစ်တိုင်း ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ နေရာ အမျိုးမျိုး မှာ အထိမ်းအမှတ်တွေ ပြုခဲ့ကြပါတယ်။ ၇-၇-၇၇ (ခွန်လေးလုံး) အရေးတော်ပုံအဖြစ် ဆင်နွဲရန်ထိ စီစဉ်ခဲ့ကြပါတယ်။ ထိုအချိန်က တိုးတက်တဲ့ စီးပွားရေး တက္ကသိုလ် ကျောင်းသားများ နှစ်လည်မဂ္ဂဇင်းမှ  အနက်ရောင် မျက်နှာဖုံးကြီးဖြင့် ထုတ်ဝေခဲ့သည်။ ၇-၇-၇၇ နှစ်ပတ်လည်ကျင်းပရန် အစီအစဉ်ရှိရှိ တိုက်ပွဲခေါ်သံပေးခဲ့ သော်လည်း မဆလ၏ နှိပ်ကွက်ထောင်ချခြင်းကို ခံခဲ့ရသည်။

ဇူလိုင်(၇)ရက် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ များမကြာမီ နှစ် ငါးဆယ် တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ ထိုစဉ်အခါက လူ မဖြစ်သေးတဲ့ အသက်(၅၀)အောက် ကျောင်းသားမျိုးဆက် အဆက် ဆက်က ယနေ့ ကျောင်းသားတွေ ဖြစ်တဲ့ လက်ရှိ မျိုးဆက် ကျောင်း  သားတွေကို လက်ဆင့်ကမ်းရင်း " ဆဲဗင်းဂျုလိုင်" ဆိုတဲ့ အသံကြား တိုင်း၊ တရားမျှတမှုလိုလားတဲ့ နိုးကြားတဲ့ ကျောင်းသားမှန်သမျှ ရင်ခုန် လှုပ်ရှားခဲ့ကြပါတယ်။ ခွပ်ဒေါင်းသွေးတွေနဲ့ တောင်ပံခတ်ရင်း ခေတ်အဆက်ဆက်က ကျောင်းသားတွေရဲ့ အရိုးတွန်သံကို မြည်ဟီး စေပါတယ်။ ၈၈၈၈အရေးတော်ပုံကလွဲရင် ကျောင်းသားသမိုင်းမှာ ဒီ အရေးတော်ပုံကြီးဟာ ပဲ့တင်သံအားအမြှင့်ဆုံး အရေးးတော်ပုံကြီးပါ။ ဒိအရေးတော်ပုံကြိး နှစ်ငါးဆယ်ပြည့် အောင့်မေ့ဖွယ် ဂုဏ်ပြု အခမ်း အနား ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မှ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မန္တလေးမှာ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)အနေဖြင့် ဇူလိုင် (၇)ရက်အရေးတော်ပုံအခမ်းအနား ကျင်းပရေးကော်မတီကို ဆပ် ကော်မတီ အသီးသီးဖြင့်ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ၎င်းအခမ်းအနား ကျင်းပနိုင်ရေးအတွက် ခေတ်အဆက်ဆက်က ကျောင်းသားဟောင်း ကြီးများအား ဖိတ်ခေါ်တိုင်ပင်လျက် ပူးပေါင်းဆောင်ရွက်ရေးကို ညှိနိုင်းဆွေးနွေးခဲ့ပါတယ်။ ကော်မတီအသီးသီးမှာ ကျရာစေရာ ပါဝင် ကြမယ်လို့ ကျောင်းသားကြီးတွေက ဂတိ ဆန္ဒပေးပါတယ်။

ဤအခမ်းအနားကျင်းပရေးကော်မတီတွင် လက်ရှိကျောင်းသားများ ပါဝင်သော မန္တလေးခရိုင်ကျောင်းသားများ သမဂ္ဂ နှင့် တကသ အသီးသီးမှ ကျောင်းသားများလည်းကော်မတီမှာ ပါဝင်ပါတယ်။ အထက်ဗမာပြည် ဧရိယာထဲရှိ ဖွဲ့စည်းပြိးသော သမဂ္ဂ အသီးသီးကို ဖိတ်ကြားသွားမှာ ဖြစ်ပြီး ကျောင်းသားများစုံညီအောင် ချိတ်ဆက် ဆောင်ရွက်မှာဖြစ်ပါတယ်။ နယ်/ခရိုင်များနှင့်ကျောင်းအသီးသိးသို့ ဆဲဗင်းဂျုလိုင် အရေးတော်ပုံနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲများ၊ လှုံ ဆော်မှုများနှင့် လုပ်ငန်းဆိုင်ရာညှိနှိုင်းပွဲများ ခွန်အားပြည့်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

သို့ပါ၍ မိဘပြည်သူ ရဟန်းရှင်လူ နှင့် ကျောင်းသားထုများမှလည်း တတ်နိုင်သည့် အခန်း ကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်ေးကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
နှစ်ငငါးဆယ်ပြည့်ဇူလိုင်(၇)ရက်အရေးတော်ပုံ ကျင်းပရေးကော်မတီ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်)





--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/06/2012 11:07:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ