[mrsorcerer:24301] Fwd: [လူဗိုလ်ဟူသည် ...] ဂေါဏေ သည် ဂေါဏော ၏



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/7
Subject: [လူဗိုလ်ဟူသည် ...] ဂေါဏေ သည် ဂေါဏော ၏
To: lubo601@gmail.com



by Zay Ya on Monday, May 7, 2012 at 3:45am 

How Can A Troubled Mind
Understand The Way?
ရှုပ်ထွေး ပူလောင်နေတဲ့ စိတ်ဟာ
လမ်းကို ဘယ်လို မြင်မလဲ~

စင်စစ် ရှုပ်ထွေးပူလောင်တဲ့ စိတ်ဟာ လမ်းကို မြင်မယ့် အစား၊ လမ်းကိုတောင် အမှောင်ဖုံး၊ ချေဖျက်ချပစ်တတ်သေးတယ်။

ဗုဒ္ဓရဲ့ အနီးအနားမှာ ပရိသတ်က ထောင်နဲ့ သောင်းနဲ့ချီ ရှိတယ်။ သစ္စာ တရား ရှာဖွေသူ တွေ အများဆုံး ရှိမယ်။ ထောင်ဂဏန်းနဲ့ ချီပြီး ဗုဒ္ဓ အပါး ချဉ်းကပ် တယ်။ ပြဿနာ ပုစ္ဆာပေါင်း အများအပြား မေး တယ်။ ဒါပေမယ့် ဒီအမေး ပုစ္ဆာတွေဟာ ဗုဒ္ဓ အတွက် အဓိက မဟုတ်ဘူး။ အဲ့ အမေးပုစ္ဆာတွေ အတွက် အဖြေတွေ ရှာပေးဖို့ ဗုဒ္ဓ ရှိနေတာလည်း မဟုတ်ဘူး။
ပြဿနာ ပေါင်း၊ မေးခွန်းပေါင်း မြောက်မြားစွာ နဲ့ ရှုပ်ထွေးနေ တဲ့ လူအများအတွက် - အဲ့ ပုစ္ဆာ တစ်ခုချင်း စီရဲ့ အဖြေတွေထက်- အားလုံးကို ပြေရှင်း လွတ်မြောက် သွားစေမယ့် သဲလွန်စ ကို ညွှန်ပြပေး ဖို့ သာ ဖြစ်ပါတယ်။

လူသားတွေ ကြားထဲ အကြီးမားဆုံး ပြဿနာ တွေထဲက တစ်ခုကို ထုတ်ပါ ဆိုရင် ~ လူအများဟာ မိမိ ဘာသာ မေးခွန်းတွေ တရစပ် ထုတ် ရင်း၊ အဖြေပေါင်း မြောက်မြားစွာ ကြိုတင် စုဆောင်းတတ်တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ အကျင့်ကို လူ့အဖွဲ့အစည်း တိုင်းမှာ အစွဲ အမြဲ ထားရှိလေ့ ရှိတယ်။ လူတိုင်းမှာ အဲ့ဒီ စိတ်ကူးအတွေးတွေနဲ့ အဖြေတွေသာ စုဆောင်း မျှော်လင့်ထားတယ်။ အဲ့လို အမေးပုစ္ဆာတွေ ပြု၊ အဖြေ ကို တောင်းခံ၊ အဖြေတစ်ခုပြန်ရ ~ ပြဿနာ တစ်ခု ဖန်တီး။ ဒီ သံသရာ ကြားမှာ လူတိုင်း လိုလို မျောလွင့်တယ်။

How Can A Troubled Mind Understand The Way? ရှုပ်ထွေး ပူလောင်နေတဲ့ စိတ်ဟာ လမ်းကို ဘယ်လို မြင်မလဲ~ စင်စစ် ရှုပ်ထွေးပူလောင်တဲ့ စိတ်ဟာ လမ်းကို မြင်မယ့် အစား၊ လမ်းကိုတောင် အမှောင်ဖုံး၊ ချေဖျက်ချပစ်တတ်သေးတယ်။ ဗုဒ္ဓရဲ့ အနီးအနားမှာ ပရိသတ်က ထောင်နဲ့ သောင်းနဲ့ချီ ရှိတယ်။ သစ္စာ တရား ရှာဖွေသူ တွေ အများဆုံး ရှိမယ်။ ထောင်ဂဏန်းနဲ့ ချီပြီး ဗုဒ္ဓ အပါး ချဉ်းကပ် တယ်။ ပြဿနာ ပုစ္ဆာပေါင်း အများအပြား မေး တယ်။ ဒါပေမယ့် ဒီအမေး ပုစ္ဆာတွေဟာ ဗုဒ္ဓ အတွက် အဓိက မဟုတ်ဘူး။ အဲ့ အမေးပုစ္ဆာတွေ အတွက် အဖြေတွေ ရှာပေးဖို့ ဗုဒ္ဓ ရှိနေတာလည်း မဟုတ် ဘူး။ ပြဿနာ ပေါင်း၊ မေးခွန်းပေါင်း မြောက်မြား စွာ နဲ့ ရှုပ်ထွေးနေ တဲ့ လူအများအတွက် - အဲ့ ပုစ္ဆာ တစ်ခုချင်း စီရဲ့ အဖြေတွေထက်- အားလုံးကို ပြေရှင်း လွတ်မြောက် သွားစေမယ့် သဲလွန်စ ကို ညွှန်ပြပေး ဖို့ သာ ဖြစ်ပါတယ်။ လူသားတွေ ကြားထဲ အကြီးမားဆုံး ပြဿနာ တွေထဲက တစ်ခုကို ထုတ်ပါ ဆိုရင် ~ လူအများဟာ မိမိ ဘာသာ မေးခွန်းတွေ တရစပ် ထုတ် ရင်း၊ အဖြေပေါင်း မြောက်မြားစွာ ကြိုတင် စုဆောင်းတတ်တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ အကျင့်ကို လူ့အဖွဲ့အစည်း တိုင်းမှာ အစွဲ အမြဲ ထားရှိလေ့ ရှိတယ်။ လူတိုင်းမှာ အဲ့ဒီ စိတ်ကူးအတွေးတွေနဲ့ အဖြေတွေသာ စုဆောင်း မျှော်လင့် ထားတယ်။ အဲ့လို အမေးပုစ္ဆာတွေ ပြု၊ အဖြေ ကို တောင်းခံ၊ အဖြေတစ်ခုပြန်ရ ~ ပြဿနာ တစ်ခု ဖန်တီး။ ဒီ သံသရာ ကြားမှာ လူတိုင်း လိုလို မျောလွင့်တယ်။ အမေး ပုစ္ဆာတိုင်း အတွက် အဖြေတွေ ထပ်ဖြည့်ပေးမယ့် အစား၊ ဖြေရှင်းချက်တွေ၊ အဌကထာ ဋီကာတွေ ထပ်ဖြည့်စွက် ပေးတဲ့ အစား ~ အဆင်သင့် စုဆောင်းပြီး အဖြေတွေကိုပါ ဖျက်ချရင်း၊ အနုမာန အယူ အဆ တွေ ကို ထိုးခွင်း ဖယ်ချပစ်သူက ဗုဒ္ဓ ဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း အိန္ဒိယ ဟာ ဗုဒ္ဓ ကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်ခဲ့တာ ဖြစ်တယ်။ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုပြီးတာနဲ့ တစ်ပြိုင်နက်၊ အိန္ဒိယ နိုင်ငံရဲ့ အစဉ်အလာ ဓလေ့ထုံးတမ်း တွယ်ညိစိတ်၊ အယူအဆ လက်ကိုင်ထားစိတ်ဟာ - ဗုဒ္ဓ ပြုစု ပျိုးထောင် ခဲ့တဲ့ အရာတွေ ကို မြေလှန် ဖျက်ဆီး ပစ်တော့ တယ်။ ဗုဒ္ဓ ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ - အဲ့ဒီ အိန္ဒိယမြေပေါ်က နှင်းဆီပန်းခင်း ပေါင်း များစွာဟာ မီးလောင် ပြာကျ သွားကြ တယ်။ အဲ့ဒီ တိုင်းပြည်ကနေ ဗုဒ္ဓ ဘာသာ ကွယ်ပျောက် သွားခဲ့ရ တာဟာ ကနေ့ အထိပဲ ဖြစ်ပါတယ်။ ဗုဒ္ဓ ဟာ အိန္ဒိယ ပြည်ရဲ့ အထွန်းတောက်ဆုံး လူသား ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် အမှတ်အသား အားလုံး - အကာအကွယ်မဲ့ တိုက်ဖျက် ခံခဲ့ရတယ်။ ဗုဒ္ဓ ရဲ့ ညွှန်ပြ သွန်သင်ချက်တွေ ဟာ - တိုင်းတပါး မှာသာ ထောက်တည် ကပ်ရောက် နေရ တော့ တယ်။ ဒါဟာ မတော်တဆ ကြုံဆုံ ရတဲ့ ထူးထူးခြားခြား သမိုင်း ဖြစ်ရပ် မဟုတ်ပါဘူး။ လူ့သမိုင်းမှာ အမြဲတမ်း ဖြစ်နေတဲ့ ယေဘုယျ လက္ခဏာ တစ်ရပ် သာ ဖြစ်ပါတယ်။ ယေရှုခရစ်ကို ဂျူး တွေ က ပြစ်တင်မောင်းမဲ တယ်။ ဒီ ဂျူးတွေပဲ ကားစင်တင် သတ်ဖြတ် ပစ်ခဲ့တယ်။ ဒါပေ မယ့် ယေရှု ခရစ်ဟာ ဂျူးတွေထဲကမှ ထိပ်ဆုံး၊ ကနေ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဂျူးတွေအများကြီး ထဲ အထွန်းတောက် ဆုံး ဖြစ်ပါတယ်။ ဒါပေ မယ့် အဲ့သည် အချိန်က သူ့ကို ဂျူးတွေ ဘာလို့ ငြင်းပယ် ခဲ့ကြသလဲ။ တကယ်က - သူတို့ လူမျိုးမှာ ရှားရှား ပါးပါး ပေါ်ထွန်းလာတဲ့ သူ့လို လူ အတွက် ဝမ်းသာ အယ်လှဲ ဖြစ်နေသင့်တယ် ။ အခြားလူမျိုးတွေထက် ကြီးမြတ်လှပါလားလို့ - ပျော်ပျော် ရွှင်ရွှင် အောင်ပွဲ ခံနေ သင့်တယ် မဟုတ် လား။ ဒါပေမယ့် သူတို့ မဖြစ်ခဲ့ဘူး။ အဲ့ဒါထက်- ခွင့်တောင် ခွင့်မလွှတ်နိုင်ခဲ့ဘူး။ ယေရှုခရစ် ရှင်သန် ရှိနေတာဟာ - သူတို့ အတွက် သိမ်ငယ် ကြောက်ရွံ့စရာ တစ်ခုလို ခံစားခဲ့ တယ်။ သူတို့ အတွက် အဖျက်အမှောင့် လို မြင်ခဲ့ကြတယ်။ ဒီလိုနဲ့ ယေရှုခရစ်ဟာ သူတို့ အမြင်မှာ အပြစ်သား ဖြစ်သွားခဲ့တယ်။ ဒါ့ကြောင့် အပြစ်ပေးတယ်။ သတ်ပစ်တယ်။ ယေရှု ဘာများ လုပ်ခဲ့ လို့လဲ။ လက်ရှိ လောကရဲ့ အလွန် ကို ညွှန် ပြဖို့၊ လူအများရဲ့ စိတ်နှလုံးကို သိမ်မွေ့နိုင်ဖို့၊ ချမ်းမြေ့ တဲ့ အသိစိတ်နဲ့ ရှင်သန် တည်ရှိနေ ဖို့၊ မေတ္တာတရား ထုံမွှမ်း ထားနိုင်ဖို့ --- ယေရှု သွန်သင် ခဲ့တဲ့ ဒီ အရာတွေမှာ ဘာအမှား ပါလို့လဲ။ ဒါပေမယ့် --- သူ ရှင်သန်နေ တာကိုက -- သူတို့အတွက်၊ ဂျူးတွေ အတွက် သိမ်ငယ်စရာ ဖြစ်နေခဲ့ပါတယ်။ ဂျူးတွေဟာ မိမိတို့ ကိုယ်ကိုယ် ယေရှု နဲ့ နှိုင်းယှဉ် တယ်။ ယေရှု မြတ်နိုး ဖွယ် ကောင်းသလောက် - သူတို့ သန္တာန်မှာ မရှိတဲ့ အခါ- မနှစ်လိုတဲ့ အကြည့်၊ မကျေလည်တဲ့ အမြင်၊ သိမ်ငယ် စိတ် အပြည့် အဝ၊ ကြောက်ရွံ့စိတ် အပြည့်အဝ ခံစားခဲ့ကြရ ပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ယေရှုခရစ်ဟာ လူပုံအလယ်မှာ ခဲနဲ့ အပေါက် ခံခဲ့ရ သလို၊ အသတ်လည်း ခံခဲ့ရတယ်။ ကြည့်ကြည့်ပါ -- သူတို့ ခဲနဲ့ ပေါက်ခဲ့၊ ကားစင်တင် သတ်ခဲ့တဲ့ ယေရှုဟာ -- သူတို့ လူမျိုးထဲမှာ -ကနေ့ခေတ်ထိ ထွန်းတောက်ဆဲ၊ အလေး အမြတ်ပြုဆဲ လူသား ဖြစ်ပါတယ်။ သူတို့ အသွေးအသား၊ သူတို့ လူမျိုး ဖြစ်တယ် ဒါကို -- ဒီလောက်ထိ ဖြစ်စေ ခဲ့တဲ့ တရားခံဟာ စင်စစ် - ဂျူး လူမျိုး မဟုတ် ဘူး။ မိမိ အစွဲကို မိမိ သေမလောက် ဖက်တွယ်ထားတဲ့ အစွဲစိတ်၊ အဲ့သည် ခေတ်အခါက ဘာသာ စွဲ၊ကျမ်းစွဲ စိတ်တွေ ကြောင့် သာ ဖြစ်တယ်။ ဒါ့ကြောင့် ယေရှုကို သတ်တာ- ဂျူးတွေမဟုတ်ဘူး။ အဲ့ဒီ အစွဲအလမ်း စိတ်သက်သက်။ အိန္ဒိယ မြေပြင်မှာ ဗုဒ္ဓ ဘာသာ ကွယ်ပျောက်သွားရခြင်း ဟာလည်း အလားတူပဲ။ ဟိန္ဒူတွေ အတွက် ဗုဒ္ဓဟာ ခွင့်မလွှတ်နိုင်စရာ ဖြစ်ခဲ့တယ်- ဒါ အထင်အရှား ပဲရယ်။ သေသေချာချာ ကြည့်ကြည့် ရင် - ဟိန္ဒူ တွေ ထဲကမှ ဗုဒ္ဓဟာ ကြီးမြတ်၊ မြင့်မြတ်တဲ့ လူသား၊ အဖြူစင်ဆုံး လူသား ဖြစ်ပါတယ်။ အဲ့သည် ခေတ် အခါ မှာ (ဗုဒ္ဓရဲ့ ငယ်စဉ် အမည်) သိဒ္ဓတ္တ လောက် - ဥပ နိသျှဒ်တွေ ဝေဒတွေ ထွင်းဖောက် ကျေညက် ခဲ့တဲ့သူ မရှိခဲ့ဘူး လို့ ဆိုတယ်။ ယောဂကျင့်စဉ် အပါအဝင် အိန္ဒိယ အတွင်း က ဆရာ့ဆရာကြီးတွေ သင်နိုင်သမျှ တတ်မြောက် ခဲ့တာ ချည်းပဲ လို့ ဆိုတယ်။ ဒါဆို သူဟာ ဒီ အိန္ဒိယ အတွင်း ရှိရှိ သမျှ ပညာ ရပ်သားတွေ ကို ထုံးလို ချေနိုင်ခဲ့သူလို့ အကြမ်းဖျဉ်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲ့မြေမှာ အခု သူ မရှိတော့ဘူးပဲ။ သူနဲ့ သက်ဆိုင် သမျှ မြေလှန်ပြီး ပင်လယ်ထဲ ပစ်ချပစ်လိုက်သလို ပျောက်သွားတယ်။ အိန္ဒိယ တစ်ခွင်လုံးမှာ ဗုဒ္ဓရဲ့ သင်ကြား ချက် ဘယ်နေရာမှာမှ မထင် ကျန်နေတော့ဘူးရယ်။ ဗုဒ္ဓဘာသာ ဟာ အမိ အိန္ဒိယ မြေကနေ- သဲလွန်စ တစ်စ မကျန်- ပျောက်ကွယ် သွားပြီးတဲ့နောက်- အဝေးရောက် သွားခဲ့တယ်။ ဘာဖြစ်လို့ ပါလဲ။ ဗုဒ္ဓကို - ကနေ့ - တိဗက်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ တိုင်းတပါး နိုင်ငံတွေမှာ- မြတ်မြတ်နိုးနိုး အလေး အမြတ် ထားရှိတယ်။ ဒီနိုင်ငံတွေ အားလုံးပေါင်း ကြည့်ပါ။ ဒါဟာ အာရှ တစ်ခွင်လုံးပဲ မဟုတ်လား။ အာရှ တစ်တိုက်လုံး ဗုဒ္ဓ ကို မြတ်နိုး ပူဇော်ကြ ချိန်မှာ - အမိမြေ အိန္ဒိယ ဘာဖြစ်ပြီး ကျန်ရစ်ခဲ့သလဲ။ အိန္ဒိယ မြေမှာ ဗုဒ္ဓဟာ ချေဖျက်၊ ဖျောက်ဖျက် ခံခဲ့ရတယ်။ သူ့ စကား အမြုတေ စတင် ပေါက်ဖွားခဲ့ရာ မြေမှာ - သူ့အကြောင်း ကို အားလုံးက မေ့ပစ်လိုက်ကြတယ်။ စင်စစ် အိန္ဒိယ ဆိုတာက ပြယုဂ် သက်သက် ဖြစ်ပါတယ်။ နောက်ကွယ် အကြောင်းခံက - အိန္ဒိယ ရဲ့ ဓလေ့ထုံးတမ်း၊ ကျမ်းကိုင် အစွဲ အလမ်း စိတ်၊ မနာလို ဝန်တိုစိတ်တွေ ကြောင့်ပဲ မဟုတ်လား။ စင်စစ် ဒီလိုမျိုး သမိုင်းမှာ ဖြစ်နေကျ လို့ ဆိုနိုင်ပါတယ်။ ဗုဒ္ဓ ဘာသာ - အိန္ဒိယ မြေ က ပျောက်ကွယ် ရခြင်းဟာ - အိန္ဒိယ ဖြစ်ခြင်း ကြောင့်နဲ့ မဆိုင် ဘူး။ လူတိုင်းမှာ ရှိတဲ့ - ရှိရင်း အစွဲကိုသာ ဘူးပိတ် တွယ်တာ စိတ်နဲ့ သာ ဆိုင်တယ်။ The mediocre mind never allows the genius; အစွဲလမ်းစိတ်၊ ကျမ်းကိုး စိတ်တွေဟာ - ဖောက်ထွက်သူ တစ်ယောက်ကို ဘယ်တော့မှ ခွင့်ပြုလေ့ မရှိဘူး။ ဘာသာစွဲ ကျမ်းစွဲ တစ်ဦး ဟာ - အခြား အယူအဆတူ ဘာသာစွဲ၊ ကျမ်းစွဲ တစ်ဦး နဲ့ အတူ တကွ နေထိုင် ရမှ နေပျော် တယ်။ အရူးဟာ အရူးနဲ့ သာ နေပျော်တယ်။ ရူးသွပ်တဲ့ ပြည်သူတွေ ဟာ ရူးသွပ်တဲ့ ခေါင်းဆောင်နဲ့ သာ နေပျော်တယ်။ ခေါင်းဆောင် များများ ရူးလေ၊ ပြည်သူ များများ ပျော်လေ ပဲ ဖြစ်ပါတယ်။ အကြောင်းက - ခေါင်းဆောင်ဟာ သူတို့နဲ့ များများ တူလေ- သူတို့ သဘောခွေ့ လေ ဖြစ် လို့ပဲ။ ..................... The Dhammapada: The Way of Buddha. ..................... May 7th 2012 @ 4:30 PM



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/08/2012 12:15:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24300] Fwd: [လူဗိုလ်ဟူသည် ...] ကော့သောင်းဒေသခံတစ်ဦးရဲ့ ရင်ဖွင့်သံလေးပါ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/7
Subject: [လူဗိုလ်ဟူသည် ...] ကော့သောင်းဒေသခံတစ်ဦးရဲ့ ရင်ဖွင့်သံလေးပါ
To: lubo601@gmail.com



(၆-၅-၂၀၁၂)ရက်နေ့ နံနက် (၁၀း၀၀)နာရီ မှာ ကော့သောင်းမြို့ သန်းဖြိုးသူကျောက်မီးသွေးစက်ရုံမှာ ကျောက်မီးသွေးစက်ရုံနဲ့ပတ်သက်ပြီးဘေးထွက်ဆိုးကျိုးတွေဖြစ်ပွားခြင်းမရှိကြောင်းနဲ့ စက်ရုံလည်ပတ်လို့ စစ်ဆေးတဲ့အခါဘေးထွက်ဆိုးကျိုးတွေရှိတယ်ဆိုရင် စက်ရုံကိုပိတ်သိမ်းပေးမယ်လို့ သန်းဖြိုးသူ မန်းနေးဂျင်းဒါရိုက်တာဦးကျော်လွင်က တာဝန်ရှိသူဒေသအာဏာပိုင်များနဲ့ပြည်သူလူထုများ ကိုတွေ့ဆုံရှင်းလင်းပွဲပြုလုပ်ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
ရှင်းလင်းပွဲမှာဒီမိုကရက်တစ်ပါတီမြန်မာပြည်က တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်းက ကျောက်မီးသွေးစက်ရုံကို(၁၀)မိုင်မှာပြောင်းလဲဖွင့်လှစ်ဘို့ တင်ပြဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။သူကဘဲကျောက်မီးသွေးစကိရုံကို(၁၀)မိုင်ကိုပြောင်းလဲဖွင့်လှစ်ဘို့သမတကြီးဆီကို တိုင်ကြားစာရေးပို့ခဲ့တယ်ဆိုတာကိုရှင်းလင်းပွဲမှာဖွင့်ပြောခဲ့ပါတယ်။  အေးရိပ်ငြိမ်ရပ်ကွက်
မှာနေတဲ့တိုင်းစည်းရုံးရေးမှူးနဲ့သူ့မိသားစု မှ လူလား။ (၁၀)မိုင်ကျေးရွာက ပြည်သူလူထုတွေက လူမဟုတ်ဘူးလား၊သန်းဖြိုးသူမန်းနေးဂျင်းဒါရိုက်တာဦးကျော်လွင်ပြောတာကတော့ သဘာဝကျပါတယ်။ ဘေးထွက်ဆိုးကျိုးရှိရင် စက်ရုံကိုပိတ်ပစ်လိုက်မယ်။ ဘယ်နေရာမှာမှဖွင့်မှာမဟုတ်ဘူးတဲ့။
ဦးသန်းထွန်း ကန့်ကွက်နေတာကလုပ်သားပြည်သူတွေအတွက်မှမဟုတ်ဘဲသူနဲ့ သူ့မိသားစုသေမှာစိုးလို့ ကန့်ကွက်နေတာပါလိုလာရောက်လေ့လာတဲ့ မိန်းမကြီးတစ်ဦးပြောပြတာကိုလည်းကြားသိရပါတယ်။ ဦးသန်းထွန်းဆိုတာအရင်က ပအုံးရေ ဆိုပြီးလက်ဝှေ့ထိုးတယ် ၊ နောက်တော့ မဖွယ်မရာမှုဖြင့် ထောင်ကျတယ်..


 နောက်ပိုင်းထောင်ကထွက်လာပြီးတော ဆိုင်ကယ့် Taxiဆွဲတယ်။ အခု ပါတီတွေ ခေတ်စားတော့ ဒီမိုကရက်ပါတီ လုပ်ပါတယ်။ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ဆိုတာကလည်းမြဲတမ်းပိတ်ထားပြီး ဆိုင်းဘုတ်လောက်ပဲတင်ထားတာပါ။ပြည်သူအတွက်အကျိုးရှိအောင် ကန့်ကွက်တာလား၊ ပိုက်ဆံရလို့မိမိကိုယ်ကျိုးအတွက်ကန့်ကွက်နေတာလားဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးပါ။
          ကော့သောင်းမြို့အတွက် ဆိုပြီး အခုလို တစ်ဦးတစ်ယောက်ကောင်းစားဘို့  လုပ်နေတာ ကော့သောင်းသားတွေက ဒီအတိုင်းငြိမ်ခံနေရမှာလား ၊ ထားဝယ်သားတွေကော့သောင်းမှာလာပြီး
လုပ်စားတာများနေပါပြီး၊ မင်းလွင်  ၊ ပြည်စိုးထွန်း ဘာမှမလုပ်ဘဲထားရင်နောက်ထပ် နှိပ်စက်မဲ့ ထားဝယ်သားတွေ ပေါ်လာဦးမှာဘဲ။
သန်းထွန်းလဲ ထားဝယ်သားဘဲ ၊ ဖိုးသီးချိုလည်း ထားဝယ်သားဘဲ ဒီလောက်ဆို ဘာလုပ်သင့်တယ်ဆိုတာ ၀ိုင်းဝန်းအကြံပေးသင့်ပြီးလို့ထင်ပါတယ်။

ဖိုးသီးချိုရဲ့လျှပ်စစ်မီးကြောင့် ဆင်းရဲတွင်းနက်နေသူ ကော့သောင်းသားတစ်ဦး

မှတ်ချက် ၊ မီတာခဘတ်နှင့်ပေးရသောကြောင့်ဖြစ်ပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/07/2012 09:50:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24299] Fwd: [လူဗိုလ်ဟူသည် ...] " မဲလုံးလွတ်မြောက်ခြင်း "



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/6
Subject: [လူဗိုလ်ဟူသည် ...] " မဲလုံးလွတ်မြောက်ခြင်း "
To: lubo601@gmail.com



by Ter Tee on Sunday, May 6, 2012 at 6:08am

 ရေးသူ - ဖေမြင့်
                                                                                 ( ရင်ခုန်ပွင့် မဂ္ဂဇင်း ၊ သြဂုတ် ၊ ၁၉၉၀ ) 

မဲလုံးက ဆရာဝန်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်းမသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ်မှန်းတော့ အလိုလိုသိနေသည်။ သူ့မှာဆက်လက်ရှင်သန်နိုင်လောက်သည့်ခွန်အားမရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓါတ်ပင်မရှိတော့။ တစ်သက်လုံး မတ်တတ်မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင်တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လှဲ၍နေချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြသည်ပဲဟု မဲလုံးတွေးမိသည်။



သို့သော် သူ မအံ့သြပါ။ သည်လူတွေသည် တစ်သက်လုံး သူ့ကိုခိုင်းစေလာကြသူများ ၊ သူ့ကို အမျိုးမျိုးအဖုံဖုံ စီမံခန့်ခွဲလာကြသူများ ၊ သူ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင်ခြယ်လှယ်ကြသူများဖြစ်၍ သူ့အကြောင်း သူ့ထက်ပင် သိကြမည်ဆိုလျှင်လည်း မဲလုံး အံ့သြမိမည်မဟုတ်ပါ။ ဖြစ်နီုင်မည်ဆိုလျှင် သည်လူတွေကို တစ်ခုလောက် မဲလုံးတောင်းပန်ချင်သည်။ သူ့ရှေ့ ခြေထောက် နှစ်ချောင်းမှာ ချည်နှောင်ထားသည့် သံကြိုးကို သူမသေမီ တဒင်္ဂကလေး ဖြစ်ဖြစ် ဖြေပေးပါဟူ၍ပဲဖြစ်သည်။


သံကြိုး အတုပ်အနှောင်ကင်းသောဘ၀ ၊ တစ်သက်လုံး မျှော်မှန်းတမ်းတခဲ့ရသည့် လွတ်လပ်သော ဘ၀ကို ယခုနောက်ဆုံးအချိန်ကျမှပင် သူအမွတ်သိပ်ကြီး မွတ်သိပ်နေမိတော့သည်။ သို့သော် စင်စစ်တော့လည်း နှောင်ကြိုးမဲ့သောဘ၀၏ အရသာ ၊ လွတ်လပ်သော ဘ၀၏ အရသာဆိုသည်ကို သူသေသေချာချာပင် မှန်းဆမိတော့သည်မဟုတ်။


သည်ဘ၀မျိုးနှင့် ဝေးနေတာကြာခဲ့ပြီ။


တောထဲမှာဆွေအုပ်မျိုးအုပ်နှင့် လွတ်လပ်စွာ လှည့်လည်သွားလာနေထိုင်ခဲ့ရသည့်ဘ၀။ တစ်နေကုန်တစ်နေခန်း စားလိုက်ဝါးလိုက် မြူးတူးပျော်ပါးလိုက်နှင့် နေထိုင်ခဲ့ရသည့် ဘ၀။ ကိုယ့်ခြေလေးခြောင်းလုံးကို ကိုယ်ပိုင်ပြီး ကိုယ့်ကျောပေါ်မှာလည်း ဘယ်သူ့ကိုမှတင်ခေါ်စရာမလို ၊ ဘယ်အလေးအလံတွေကိုမှလည်း တွန်းထိုးဆွဲငင်နေစရာမလိုသည့် ဘ၀။ ယခုတော့ သည်ဘ၀သည် သူမည်မျှပင်တမ်းတသည်ဆိုစေ အာရုံထဲတွင်ကား ၀ိုးတ၀ါးမျှသာ ရှိတော့ပြီ။ သို့သော် နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် ယနေ့ကာလတိုင် သူ့ခေါင်းထဲတွင် ပြက်ပြက်ထင်ထင် မြင်နေဆဲ အဖြစ်အပျက်တစ်ခုကား ရှိနေသည်။


လွတ်လပ်သော ဘ၀ နိဂုံးချုပ်သောနေ့။


ကျွန်ဘ၀သို့ ကျရောက်ခဲ့သည့်နေ့။



                                                 ******************************



သူတို့ဆင်အုပ်ကျက်စားရာအနီးတ၀ိုက်မှာ လူသတ္တ၀ါအချို့  ရောက်ရှိနေတာ သူတို့သတိပြုမိကြသည်။ တောထဲမှာရှိသည့် အခြားသတ္တ၀ါမျိုးစုံ၏ သဘောကို သူတို့ သိကြသည်။ သို့သော် လူဆိုသော သတ္တ၀ါ၏ သဘောသဘာဝကိုမူ သူတို့မသိကြ။ ထိုသူတို့၏ အလေ့အထကို သူတို့နားမလည်။ မကျွမ်းကျင်။


မကျွမ်းကျင်သည့်အတွက်ကြောင့် သူတို့သည် ထိုလူဆိုသော သတ္တ၀ါကို သတိထားကြသည်။ ကြောက်ကြသည်။ ရှောင်ကျဉ်ကြသည်။ သို့သော် ထိုသို့ကြောက်ရင်း ရှောင်ကျဉ်းရင်းပင် လူ၏ထောင်ခြောက်တွင်းသို့ သူတို့သက်ဆင်းခဲ့ကြခြင်းဖြစ်ချေသည်။


ထိုနေ့က တောထဲမှာအ၀ီစိပွက်လေသည်။


ပတ်ပတ်လည် တောတခွင်လုံးမှာ ကြောက်မက်ဘွယ် ဆူညံသံများ ရုတ်တရက် အဆက်မပြတ်ထွက်ပေါ်သည်။ သည်အသံတွေသည် လူတို့ ဖန်တီးသည့် သေနတ်သံ ၊ ဗျောက်အိုးဖောက်သံ ၊ တုံးခေါက်သံ ၊ သံပုံးတီးသံ ၊ အော်သံဟစ်သံများဖြစ်ကြောင်း မဲလုံးတို့မသိနိုင်။ သူတို့သိသည်မှာ ကြောက်မက်ဘွယ် တစ်ခဲနက် အသံကြီးများ အဆက်မပြတ်ပေါ်ထွက်နေခြင်းသာဖြစ်သည်။


သည်အသံဗလံများနှင့်အတူ မီးတောက်မီးလျှံတွေလည်း အရပ်မျက်နှာအနှံ့အပြားမှာ ခြောက်ခြားစရာမြင်တွေ့ကြရသည်။ တုန်လှုပ်ခြောက်ခြားရသည့် အချိန်အခါမျိုး၌ သူတို့အားကိုးရာသည် အဘ စွယ်စုံကြီးဖြစ်၏။ အဘစွယ်စုံကြီးပြေးရာနောက်သို့ သူတို့အားလုံး ထပ်ကြပ်မကွာ လိုက်ကြလေသည်။ သစ်ပင် သစ်ကိုင်းနှင့် ချုံနွယ်ပိတ်ပေါင်းတို့သည် သူတို့ ဆင်အုပ်ကြီးအောက်တွင် ပြားပြားဝပ်၍ ကျန်ရစ်သည်။ တစ်တောလုံးသည်လည်း လူတို့လုပ်သော အသံများထက်ပင် ပို၍ဆူညံ ပို၍ခြောက်ခြားဖွယ်ကောင်းသည့် ဆင်အုပ်ကြီး၏ ထိတ်လန့်တကြား အော်သံဟစ်သံ ပြေးလွှားသံများကြောင့် ကမ္ဘာပျက်သည့်နှယ် ပွက်ပွက်ညံလျက်ရှိလေသည်။


ကျုံး ...


ရှေ့ လည်း မတိုးနိုင် ၊ နောက်လည်းမဆုတ်နိုင်သော အနေအထားမျိုး တောထဲမှာမဲလုံး တစ်ခါမျှ မကြုံစဘူးခဲ့။ ရှိသမျှ အဆီးအတားကို အုပ်စုကြီး၏ အင်အားဖြင့် တရကြမ်းဖယ်ရှားကာ ကမူးရှုးထိုးပြေးလွှားခဲ့ရာက ရုတ်တရက် ရှေ့ မတိုးနိုင် နောက်မဆုတ်နိုင်ဘေးဘီပင် မလှည့်နိုင်သည့် ထူးဆန်းသော အကျဉ်းအကျပ်တစ်ခုထဲသို့ လျှပ်တပြက် ရောက်သွားသောအခါ မဲလုံး သွေးပျက်မတတ် ထိတ်လန့်သွားမိသည်။


ကျုံးထဲမှာပိတ်မိနေကြပြီ။


ထုံးစံအတိုင်း အဘစွယ်စုံကြီးကို အားကိုတကြီး လိုက်ရှာကြည့်သည်။ အဘစွယ်စုံကြီးသည် နံဘေးနံရံရှိ သစ်လုံးတိုင်ကြီးများကို တအားတို့ဝှေ့ကာ ဖြိုဖျက်နိုင်ရန် ကြိုးပမ်းနေသည်။ သစ်လုံးတိုင်တွေ ယိုင်၍ယိုင်၍သွားသည်။ သည်တိုင်တွေယိုင်လဲသွားလျှင် သူတို့အားလုံး ထွက်ပြေးလွတ်မြောက်နိုင်ကြမည်။ မဲလုံးတို့မျှော်လင့်တကြီးကြည့်နေဆဲ ရုတ်တရက်အလွန်ပြင်းထန် ကျယ်လောင်ပေါက်ကွဲသော အသံကြီးတစ်ခု အနီးကပ်ကြားလိုက်ရသည်။ အဘစွယ်စုံကြီး တုံ့ခနဲဖြစ်သွားပြီး တဖြည်းဖြည်း ဖင်ထိုင်ကျသည်။ အဘ၏ နားသယ်စပ်ဆီမှ နီရဲသော သွေးစီးကြောင်းတစ်ခု စီးဆင်းကျလာသည်။ ထို့နောက် စွယ်စုံကြီး ဘေးတိုက်လဲကျသွားပြီး နာကျင်စွာ ညည်းညူအော်မြည်သည်။ သို့သော် ခဏမျှသာကြာသည်။ အသံတိတ်သွားပြီး ခန္ဓာကိုယ်ကြီးလည်း မလှုပ်မယှက် ငြိမ်သက်သွားလေသည်။


အဘစွယ်စုံကြီး ကျဆုံးသွားခြင်းနှင့်အတူ မဲလုံးတို့ လွတ်လပ်သောဘ၀လည်း နိဂုံးချုပ်ခဲ့ရလေသည်။



                                                    ******************************



သူ့ခန္ဓာကိုယ် အသွေးအသားထဲ သူ့ဦးနှောက်နှင့် သူ့နှလုံးသားထဲမှ အရိုင်းစိတ်ကို လေ့ကျင့်ခန်းအမျိုးမျိုး သင်တန်းအမျိုးမျိုးဖြင့် ချိုးဖျက်ဖောက်ထုတ်ခဲ့ကြသည့် ရှည်လျားသောငရဲခန်းကာလကိုကား မဲလုံးပြန်မတွေးချင်။ သူ့လည်ကုပ်ပေါ် လူတစ်ယောက်ပထမဆုံး ခွစီးခံရသည့် အဖြစ်ကို သတိရလျှင်ပင် သူမျက်ရည်လည်လာသည်။


တကယ်တော့ မဲလုံးသည် ခွန်အားဗလကြီးမားသော်လည်း ဒေါသ အာဃာတနည်းပါးသူ ၊ အစွယ်နှစ်ချောင်း ပြိုင်းပြိုင်းရှိသော်လည်း တိုက်လိုခိုက်လိုစိတ်ကင်းမဲ့သူဖြစ်ခဲ့သည်။ လူသခင်များကို တော်လှန်ဖောက်ဖျက်ကာ ကျွန်ဘ၀မှလွတ်မြောက်ထွက်ပြေးဖို့ မဲလုံး တစ်ခါမျှ မကြိုးစားဘူးခဲ့။ လွတ်မြောက်နိုင်သည်ဟူသော ယုံကြည်ချက်ရော ၊ လွတ်မြောက်အောင်ကြိုးပမ်းမည်ဟူသောစိတ်ဓါတ်ပါ သူ့ရင်ထဲမှာ တစ်ကြိမ်တစ်ခါမျှပင် ပီပြင်ထင်ရှားစွာ မဖြစ်ပေါ်ဘူးခဲ့။ သူ့တစ်သက်လုံး လူတို့ ခိုင်းသမျှ စေသမျှကိုသာ ကျေပွန်စွာထမ်းဆောင်ကာ သဘောကောင်းသော ဆင်ကြီးဘ၀၌ ကျိုးနွံစွာနေထိုင်ခဲ့သည်။ စင်စစ်လည်း အဘစွယ်စုံကြီး ကျဆုံးချိန်တွင် သူ၏အရိုင်းစိတ်ဓါတ်နှင့် အရိုင်းသတ္တိများ တစ်ဝက်ကုန်ခဲ့၍ လေ့ကျင့်သင်တန်းဆင်းကာလတွင် လုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့သည်ဟု ဆိုရပေမည်။ ထိုကာလမှစ၍ မဲလုံးရင်ထဲ၌ အနှောင်အတည်းမှ ကင်းလွတ်လိုသောဆန္ဒနှင့် အနှောင်အတည်းခံဘ၀တွင် နေရခြင်းအတွက် ၀မ်းနည်းကြေကွဲခြင်း ခံစားမှုများမှတပါး အခြားမရှိတော့။


သို့သော် မမှန်းဆနိုင်သော အကြောင်းတစ်ခုခုကြောင့် တစ်နေ့သောအခါ မိမိအလိုအလျောက် လွတ်မြောက်လေမလားဟူသော မျှော်လင့်ချက်ကလေးတစ်ခုကမူ သူ့ရင်ထဲတွင်ကိန်းအောင်း၍နေခဲ့သည်။ စင်စစ် သည်မျှော်လင့်ချက်ကြောင့်ပင် မဲလုံးသည် လူတို့လက်တွင်သည်မျှ အသက်ရှည်ရှည်နေနိုင်ခဲ့ခြင်းဖြစ်သည်။ သူနှင့်အတူ အဖမ်းဆီးခံရသည့်အထဲမှ မဲမကြီး ဆိုလျှင် လေ့ကျင့်သင်တန်းပေးခံရစကာလမှာပင် ရင်ကွဲနာဖြင့်ကွယ်လွန်သွားခဲ့သည်။ တမှိုင်မှိုင် တတွေတွေနှင့် စိတ်ပျက်အားလျော့စွာ အလုပ်လုပ်ရင်း သူ့ထက်စောစီးစွာ သေဆုံးခဲ့ကြသူတွေကိုလည်း မဲလုံး မြင်တွေ့ ခဲ့ရပြီးဖြစ်သည်။


အဆိုးဆုံးကတော့ ဘညို ဖြစ်သည်။ ဘညိုသည် ဆင်သမားတွေ ၀ိုင်းဝန်းရိုက်ပုတ်အော်ဟစ်နေကြသည့်ကြားကပင် ကိုယ့်နှာမောင်းကို ကိုယ်တက်နင်းကာ အဆုံးစီရင်သွားခဲ့သည်။ ဘညို၏လုပ်ရပ်ကို ချီးမွမ်းရမလား ၊ အပြစ်တင်ရမည်လား မဲလုံးမဝေခွဲတတ်။ သို့သော် ဘညိုလုပ်သွားပုံကို ပြန်လည်မြင်ယောင်မိတိုင်း အကြီးအကျယ် တုန်လှုပ်ချောက်ချားရစမြဲ။ သည်မြင်ကွင်းကို ချက်ချင်းပြန်လည်မေ့ပစ်နိုင်ရန် သူအတင်းကြိုးစားစမြဲဖြစ်သည်။



                                                   *******************************



စင်စစ် မဲလုံးမျှော်လင့်ထားခြင်းသည် လူတို့၏စိတ်သဘောနှင့်ပတ်သက်၍ အကဲခတ်မှားခြင်းကြောင့်လည်းဖြစ်သည်။ မဲလုံး၏စိတ်၌ မိမိသည် လူတို့ခိုင်းသမျှစေသမျှကို မညည်းမညူဆောင်ရွက်ပေးလျှင်တစ်နေ့သောအခါ မိမိအပေါ် စေတနာတုံ့ပြန်လိမ့်မည် ၊ မဲလုံးကြီး သွားလိုရာသွားတော့ဟု ကြိုးဖြေပေးလိမ့်မည်ဟူ၍ တစ်ခါတစ်ရံ မျှော်လင့်နေမိသည်။ တစ်ခါတစ်ရံလည်းလူတွေမှာ တစ်နေ့သောအခါ လုပ်စရာကိစ္စ၀ိစ္စတွေပြီးစီးသွားပြီး သူတို့အရပ်သို့ သူတို့ပြန်သွားကြကာ မိမိတို့အား မိမိတို့သဘာဝအတိုင်း တောထဲတွင် လွတ်လွတ်လပ်လပ် နေကြရန် ထားပစ်ခဲ့ကြလိမ့်မည်ဟုလည်း မရေမရာမျှော်လင့်နေမိတတ်သေးသည်။


သို့သော် လူတို့၏ကိစ္စ၀ိစ္စများမှာ ပြီးဆုံးသည်ဟူ၍ မရှိခဲ့ချေ။ လူတွေလက်ထဲရောက်ရှိပြီး သူတို့အမိန့်ပေးစကားများကို နားလည်အောင် သင်ကြားပြီးသည့်အချိန်ကစ၍ သစ်လုံးတွေကို ဦးခေါင်းနှင့်တွန်းရွှေ့ သည့်အလုပ် ၊ သစ်လုံးရှည်ကို ကြိုးနှင့်ဆွဲသည့်အလုပ်များကို သင်ရင်းလုပ် လုပ်ရင်းသင်ရသည်။ အလုပ်သင်ဘ၀မှာပဲ နှစ်ပေါင်းအတန်ကြာခဲ့သည်။ စင်စစ် လမ်းမရှိသည့် လျှိုမြောင် ချောက်ကမ်းတောတောင်တန်းများကို ဖြတ်သန်းကာ သစ်လုံးများကို မြစ်ဆိပ်အရောက် သယ်ရဆွဲရသည့်အလုပ်သည် အန္တရာယ်များသလောက် ကျွမ်းကျင်မှုလည်း အထူးလိုအပ်သော အလုပ်ဖြစ်သည်။


မဲလုံးက သဘောကောင်းရုံ ၀ီရိယနှင့် ခွန်အားဗလ ရှိရုံသာမက ဥာဏ်ပညာလည်း ထက်မြက်သူဖြစ်သည်။ ထို့ကြောင့် သစ်လုပ်ငန်းပညာကို သူတကာထက် လျင်မြန်စွာတတ်မြောက်သည်။ အားတက်သရော ကျွမ်းကျွမ်းကျင်ကျင်လုပ်သည်။ မဲလုံးနှင့်လုပ်ရလျင် အလုပ်တွင်သည်ဟု လူတိုင်းက မှတ်ချက်ချကြသည်။


စင်စစ် အသက်နှစ်ဆယ်အရွယ်လောက်မှာပင် မဲလုံးသည် တကယ်ခန့်ညား၍ ဥပဓိရုပ်ကောင်းသော ဆင်ကြီးတစ်ကောင်ဖြစ်ခဲ့သည်။ ဦးခေါင်းကြီးသည်။ နဖူးပြင်ကျယ်သည်။ နားရွက်ဖားသည်။ မျက်လုံးများကြည်လင်၍ တကယ်စိတ်နှလုံးကောင်းရှိသောအသွင်အပြင်မျိုးဖြစ်သည်။ ကျောကုန်းက ရှေ့ ပိုင်းညီညာကာ နောက်သို့ပြေလျောကျဆင်းသွားသည်။ လည်ပင်းကတိုသော်လည်း ဗြက်ကျယ်သဖြင့် ဆင်ဦးစီးအတွက် အထိုင်ကောင်းသည်။ ထို့ပြင် ရင်အုပ်ကျယ်သည်။ ရှေ့ ခြေနှစ်ချောင်း ကားပြီးမြင့်လည်းမြင့်သည်။ နောက်ခြေနှစ်ချောင်းက တိုတုတ်သလောက် တောင့်တင်းခိုင်မာဟန်ရှိသည်။ ခြုံ၍ပြောရလျှင် မဲလုံးသည် ဆင်အကြောင်းနားမလည်သူများပင်မြင်ရုံနှင့် နှစ်သက်ကြမည်း ဆင်ခန့် ဆင်လှကြီး တစ်ကောင်ဖြစ်သည်။


သဘောကောင်းသော မဲလုံးကြီးကို ဆင်ဦးစီးများ ၊ ဆင်ခေါင်းများ သဘောကျသကဲ့သို့ ခံ့ညားတည်ကြည်သော ဥပဓိရုပ်နှင့် သူမတူသော လုပ်ရည်ကိုင်ရည်များကြောင့် ဆင်ပိုင်ရှင်များအတွက်လည်း ဂုဏ်ယူဝင့်ကြွားစရာဖြစ်ခဲ့သည်။ မက်ဂရီကာ ကုမ္ပဏီမှ ဖာဂူဆင်တို့ စမစ်တို့ဆိုလျှင် ကုမ္ပဏီဌာနချုပ်မှ ဧည့်သည်အသစ်ရောက်တိုင်း မဲလုံးကို တခမ်းတနား ပွဲထုတ်ပြလေ့ရှိသည်။ သူနှင့်တွဲ၍ ဓါတ်ပုံရိုက်ကြသည်။ သူ့တစ်ကိုယ်တည်းကိုလည်း ဓါတ်ပုံတွေရှုထောင့်အမျိုးမျိုးမှရိုက်ကြသည်။ သူ့ကိုကကြိုးတန်ဆာတွေ အမျိုးမျိုး ဆင်ယင်ကာ စီးကြည့်ကြသည်။ သစ်တုံးကြီးများကိုတွန်းကြည့်ခိုင်း ဆွဲကြည့်ခိုင်းကြသည်။ လေးတန်လောက် ဆေလးသော သစ်တုံးကြီးကို မဲလုံးဆွဲပြသည်ကိုကြည့်ကာ လက်ခုပ်သြဘာပေးကြသည်။ သူ့ကို ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လို တစိမ့်စိမ့်ကြည့်ကာ သူ့အမူအရာအမျိုးမျိုး ၊ သူ့ဟန်ပန်အမျိုးမျိုးကို ရိုက်ကူမှတ်တမ်းတင်ကြသည်။


တစ်ခါတစ်ခါတော့လည်း မဲလုံး၏စိတ်တွင် ဒီလူတွေသည်သူ့ကို တကယ်ပင်ချစ်ခင်တွယ်တာကြလေသလား ၊ တပ်မက်၍များပင် နေလေလားဟု တွေးမိသည်။ သို့သော် ဘယ်လောက်ပင်ချစ်ယောင်ခင်ယောင်ပြုကြသော်လည်း အလုပ်ခိုင်းသည့်နေရာ၌ကား လျော့ပါးသွားသည်ဟူ၍ မရှိခဲ့ချေ။


နှစ်ပေါင်း လေးဆယ်ကျော် ကြာခဲ့သည့် မဲလုံး၏ ကျွန်ဘ၀သက်တမ်းအတွင်း ပိုင်ရှင်အဆက်ဆက်ပြောင်းခဲ့သည်။ ရှမ်းလူမျိုး ဆင်ဖမ်းသမားများထံမှနေ၍ ဖာဂူဆင်တို့ မက်ဂရီကာ ကုမ္ပဏီသို့ရောက်သည်။ မက်ဂရီကာမှတဆင့် မြန်မာဆင်သူဌေး တစ်ဦးလက်သို့ရောက်သည်။ သူဌေးက ကိုယ်ပိုင်သစ်လုပ်ငန်းတွင်ခိုင်းသည်။ ထို့နောက် အခြား မြန်မာဆင်သူဌေးတစ်ဦးထံသို့ ရောင်းချသည်။ ပထမတွင် ကိုယ်ပိုင်အလုပ်။ ထို့နောက်တွင် အစိုးရ သစ်လုပ်ငန်းသို့ငှားရမ်းသည်။ နောက်ပိုင်း လုပ်အားကျလာသောအခါ အစိုးရအလုပ်မှ နှုတ်ထွက်ကာ သူဌေးထံမှာ ဘောက်အလုပ်တွေလုပ်ပြီး နေခဲ့ရသည်မှာ ယခုကွယ်လွန်ခါနီး အချိန်အထိ။


ယင်းနှစ်ကာလများအတွင်း သူ့လည်ကုပ်ပေါ် စီးနင်းခဲ့သည့် ဆင်ဦးစီးတွေလည်း မနည်းတော့။ သူ့ကို အလုပ်အတူ လုပ်ဖော်တစ်ယောက်လို ညီနောင်သားချင်းတစ်ယောက်လို ညှာညှာတာတာ ဆက်ဆံဖော်ရသည့် ရွှေထီးတို့ ဖိုးခတို့လို ဦးစီးများနှင့်လည်း ကြုံခဲ့ရဖူးသည်။ ဘမုန်းတို့လို အလကားနေရင်း စိတ်တိုနေတတ်သော ဦးစီးများ ၊ မညှာမတာ မစာနာတတ်သူများထံမှလည်း ဒုက္ခကြီးစွာ ခံခဲ့ရဖူးသည်။


ဘမုန်းအကြောင်း တွေးမိသောအခါ ဘမုန်းကို ချေမှုန်းခဲ့သည့် လရောင်ကြီးကို သတိရသည်။ လရောင်ကြီး ငါးနှစ်အတွင်း ဦးစီး လေးယောက် အပါအ၀င် လူကိုးယောက်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့ပြီး နောက်ဆုံးတိုက်ပွဲတွင် သေနတ်ဒါဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။


လရောင်ကြီး၏ ပြင်းထန်သောစိတ်ဓါတ်မျိုး မဲလုံးတွင်မရှိပါ။ သူ့တစ်သက်လုံး လူကိုအန္တရာယ်ဖြစ်အောင် မလုပ်ဘူးခဲ့။ မတော်တဆ အထိတ်တလန့်ဖြစ်စေဖူးတာပင် တစ်ကြိမ်တစ်ခါပဲရှိခဲ့ဖူးသည်။ အဲသည်တုန်းက သူနေမကောင်း။ တစ်ကိုယ်လုံးမအီမသာ နာကျင်ကိုက်ခဲနေသည်။ သူနေမကောင်းမှန်းသိသဖြင့် ပိုင်ရှင်တွေက သူ့ကို အလုပ်မခိုင်း။ နေမကောင်းဖြစ်နေတာ မသိဘဲ အတင်းအလုပ်လုပ်ခိုင်းသည့် အခါမျိုးတွင် သူ့မှာ အလွန်ဒုက္ခကြီးမားလှသည်။ ယခု အလုပ်မခိုင်းသည့်အတွက် သူကျေးဇူးတင်နေမိသည်။ သစ်ပင်ရိပ်မှာရပ်ကာ အဖျားဝေဒနာကို ခံစားရင်း သူ့အတွေးများကို ငယ်စဉ်ဘ၀ဆီသို့ လွှင့်မျောနေသည်။


မပီသသော ကြည်နူးမှုပုံရိပ်များ။


သို့သော် ကြည်နူးမှုက တာရှည်မခံ။


ထုံးစံအတိုင်း ကံဆိုးမိုးမှောင်ကျသော ထိုတစ်နေ့ဆီက အိပ်မက်ဆိုးများ သူ့ခေါင်းထဲ တိုးဝင်လာသည်။ သေနတ်သံ ၊ ဗျောက်အိုး ပေထုပ်တို့ပေါက်ကွဲသံ ၊ လူတွေ ညာသံပေး အော်ဟစ်သံများ။ ချောက်ချားစဖွယ် တောမီးရောင်များ။ ထို့နောက် အနီးကပ်ပေါက်ကွဲသည့် ဆင်ပစ်သေနတ်သံနှင့်အတူ အဘစွယ်စုံကြီးညည်းညူလဲကျသေဆုံးသွားရပုံ။


ရင်တုန်လှိုက်မောစွာ အတိတ် အိပ်မက်ဆိုးကို မြင်မက်နေဆဲ ညာဘက်နံဘေးမှ ထူးခြားသော လှုပ်ရှားမှုတစ်ခုကို ရုတ်တရက်မြင်လိုက်ရပြီး နှာမောင်းနှင့် ဆတ်ကနဲယမ်းကာ ကာကွယ်လိုက်မိသည်။ အခြေအနေမှန်ကို သူသတိပြုမိသည့် အချိန်တွင် သူ့အား ဆေးကုရန်လာသော တိရိစ္ဆာန်ဆေးကုဆရာဝန်သည် မြေပေါ်တွင် တလိမ့်ခေါက်ကွေးဖြစ်သွားရာက လူးလဲထကာ နောက်သို့ လေးငါးလှမ်း ဆုတ်ပြေးသည်ကို မြင်လိုက်ရသည်။


မဲလုံးရုတ်တရက်ထိတ်လန့်ပြီးလုပ်လိုက်မိခြင်းဖြစ်ကြောင်းရိပ်မိသည့် ဆင်သမားတစ်ယောက်က ဆရာဝန်၏ ဆေးထိုးအပ်နှင့် ရွှေကိုင်းမျက်မှန်ကို လိုက်ကေက်နေသည်။ ဘေးလူများဝိုင်းရယ်ကြပြီးနောက် ကတုန်ကယင်ဖြစ်နေသောဆရာဝန်အား ဆေးပုလင်းတစ်လုံးထဲမှ အရည်တစ်ခွက်ငှဲ့တိုက်တာတွေ့ ရသည်။


" မဲလုံးက ဒေါသမကြီးတတ်ပါဘူးဗျာ ၊ မတော်တဆဖြစ်သွားတာပါ "   ဟု သူ့အား မဲလုံးကိုယ်စား တောင်ပန်ကြလိမ့်မည်ထင်သည်။



                                                       *****************************



ခြေလေးချောင်းလုံးခွေကာ မြေမှာဝပ်စင်းလျက်ရှိသည့် မဲလုံး၏ အနီးတွင် လူတွေ တဖြည်းဖြည်းများလာသည်။ ဒီလူတွေ၏ မျက်နှာတွေသည် မကောင်းကြ။ အထူးသဖြင့် ပိုင်ရှင်၏ မျက်နှာသည် မကောင်း။ သူ့အလုပ်ကို နှစ်ရှည်လများ လုပ်ကိုင်ပေးခဲ့သည့် မဲလုံးကြီးအတွက် စိတ်မကောင်းခြင်းကြီးစွာဖြစ်နေဟန်တူသည်ဟု မဲလုံးတွေးမိသည်။


ကျွန်တော့်အတွက် စိတ်မကောင်းမဖြစ်ပါနဲ့တော့ ၊ ကျွန်တော့်ကိုချစ်ရင် သံကြိုးကလေးသာ ခဏဖြေပေးပါ ၊ တောထဲတောင်ထဲမှာလည်း ပြေးလွှားခုန်ပေါက်မနေနိုင်တော့ပါဘူး ၊ သံကြိုးမပါတဲ့ ခြေနဲ့ တစ်လှမ်းနှစ်လှမ်းလောက် လှမ်းလိုက်ရရင်ပဲ ကျွန်တော်သေပျော်ပါပြီဟု သူ့စိတ်ထဲပြောနေမိသည်။


လူတွေဟာ ငါ့မျက်နှာကိုချည်းကြည့်နေကြတာပဲ။ ခြေထောက်တွေကို ဘာလို့ မကြည့်ကြတာလဲ။ ခြေထောက်တွေကို ကြည့်မိရင် သံကြိုးတွေမြင်သွားပြီး ဖြေပေးဖို့စိတ်ကူး ရချင်ရကြမှာဟု သူမျှော်လင့်နေမိသည်။ သူတစ်ခါမျှ မမြင်ဘူးသော လူတစ်ယောက် ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းနား ချဉ်းကပ်လာသည်။ ပိုင်ရှင်နှင့်အတူ သူ့ဦးခေါင်းကို ပွတ်သပ်သည်။ သူဝမ်းနည်းသွားသည်။


သူ့အပေါ် ကြင်နာရှာသည်ပဲ။


ခိုင်းစေလွန်းသည့်အခါများတွင် တစ်ခါတစ်ရံ ငြူစူခဲ့ဖူးသည့်အတွက်ပင် သူအားနာသွားမိသည်။ လူစိမ်းက သူ့မျက်နှာကို တစ်ချက်မျှကြည့်လိုက်ပြီးနောက် သူ့အစွယ်ကို ပွတ်သပ်ကြည့်သည်။ အရှည်အလျားကြီး မဟုတ်သော်လည်း ညီညာဖြောင့်စင်း၍ အလွန်လှပသည့် စွယ်ငှက်ပျောဖူးနှစ်ချောင်း။ အစွယ်နှစ်ချောင်းကို ပွတ်သပ်နေရာက အစွယ်ရင်းရှိ အသားပျော့ထဲသို့ ထိုးကြည့်ဖိကြည့်သည်။


ရုတ်တရက် မဲလုံးသိလိုက်သည်။ ငါသေလျှင် ငါ့အစွယ်ကို ယူကြမည်ပဲ။ ငါသေလျှင်ဖြတ်ရောင်းမည့် အစွယ်ကို ငါမသေသေးခင်မှာပင် အားမနာ ပါးမနာ တိုင်းတာ ကြည့်ရှုနေကြသည်ပဲ။


သေသည့်နောက်မှာ ယူကြငင်ကြပါ။ အစွယ်သာမက အရိုးရော အသားပါ သူတို့ကြိုက်ရာ စီရင်ကြပါ။ မသေခင်လည်း ခိုင်းစေခဲ့ပြီးပြီ။ သေသည့်နောက်တွင်လည်း ကျန်သမျှကိုယူကြငင်ကြဦးမည်။ ယူကြပါ။ သူတို့အတွက်လုပ်ကြပါ။ သို့သော် ငါ့ကိုသံကြိုးဖြေပေးဖို့ကလေး လောက်ကိုပင် သူတို့လုပ်မပေးနိုင်ကြပြီလား။


တသက်လုံးမှာ ငါအတောင့်တဆုံး ၊ အငတ်မွတ်ဆုံးဖြစ်ခဲ့သည့် ဒီဟာလေးတစ်ခုကို ငါသေခါနီး အချိန်လေးမှာပင် သူတို့လုပ်ပေးရကောင်းမှန်း မသိကြပြီလား။ ဒီလူတွေ ကျေးဇူးကန်းလွန်းလှသည်တကား။


မဲလုံး ဒေါသမထွက်စဘူး အကြီးအကျယ် ထွက်သွားသည်။ လရောင်ကြီးတို့ ဘညိုတို့ကို သူမြင်ယောင်သည်။ ရုတ်တရက် ကုန်းရုန်းထဖို့သူကြိုးစားသည်။ မရ။ သူ့ခြေထောက်များမှာ အားမရှိတော့သလိုဖြစ်နေသည်။ မဲလုံးမလျှော့။ တအားအော်ဟစ်ကာ ရှိသမျှအားကိုညှစ်ထုတ်သည်။ မဲလုံးခန္ဓာကိုယ်ကြီး တဖြည်းဖြည်းကြွတက်လာသည်။ ခြေလေးချောင်းက တဖြည်းဖြည်းမတ်လာသည်။ လူတွေရုတ်တရက် နောက်ဆုတ်သွားကြသည်။ အားလုံးအံ့အားသင့်နေကြသည်။


တစ်သက်လုံး သဘောကောင်းပုံရခဲ့သော မဲလုံး၏မျက်နှာနှင့်မျက်လုံးတွင် ကြီးမားသော ဒေါသနှင့်အာဃာတကို သူတို့မြင်တွေ့နေကြရသည်။ လူတွေ နောက်ဘက် ထပ်ဆုတ်သွားကြသည်။ မဲလုံး ခြေလေးချောင်းပေါ်တွင် မတ်မတ်ရပ်ကာ စူးစူးစိုက်စိုက်ကြီးကြည့်နေသည်။ သူ့ခန္ဓာကိုယ်ကြီးကို အားစိုက်ပြီး တောင့်ထားသည်။ ရှေ့ သို့တိုးဖို့ သူ မကြိုးစား။ ကြိုးစားလျှင်လည်း မရနိုင်မှန်း သူသိနေသည်။


နေရာမှာပင် တောင့်မတ်ကာ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေသည့်လူစုကို အပြင်းထန်ဆုံးဒေါသဖြင့်စိုက်ကြည့်နေရင်း တဖြည်းဖြည်းယိုင်လာသည်။ ခြေထောက်များကလည်း ခွေညွတ်ကျလာသည်။ တောင့်ထား၍မရတော့။ ဘေးဘက်သို့ယိုင်သွားသည်။


မဲလုံး အသံအကျယ်ကြီးတစ်ချက် ကြွေးကြော်အော်ဟစ်ပြီးနောက် ဗုန်းကနဲ လဲကျသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ငြိမ်သက်သွားလေသည်။



                                                 ****************************



မဲလုံး သေဆုံးပြီးသည့်နောက်တွင် သူ့ခြေထောက်မှသံကြိုးကို ဖြုတ်ကြသည်။ မဲလုံးကား သံကြိုးအတုပ်အနှောင် ကင်းမဲ့သောဘ၀ကို ခံစားနိုင်ခြင်းမရှိတော့။


သို့သော် မည်သည့်ဆင်ပိုင်ရှင် ဆင်ဦးစီးမျှလည်း သူ့အား နှိပ်စက်ခိုင်းစေခြင်း မပြုနိုင်ကြတော့။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/07/2012 12:02:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24298] Fwd: [လူဗိုလ်ဟူသည် ...] ဘလော့ဂါ တစ်ယောက်ရဲ့ ခံယူချက်အပိုင်းအစများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/6
Subject: [လူဗိုလ်ဟူသည် ...] ဘလော့ဂါ တစ်ယောက်ရဲ့ ခံယူချက်အပိုင်းအစများ
To: lubo601@gmail.com



by Yin Nint Aung on Sunday, May 6, 2012 at 9:35pm 

အမှာစကား ..ကျွန်တော် ၂၀၁၁ ဒီဇင်ဘာမှာ ရေးခဲ့တာလေးကို ပြန်တင်တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြောင်းလဲမှုတွေကို ပြန်လည် ပြင်ဆင်ထားပါတယ်။ ဒီထဲမှာ ကိုနေမုန်း၊ ကိုဝေဖြိုး၊ ကိုမင်းလုလင်၊ ကိုဝေမှူးသွင်နဲ့ အခြားသော ဘလော့ဂါတွေရဲ့ နာမည်နဲ့ သူတို့ ပြောခဲ့တာလေးတွေ အနည်းငယ် ပါဝင်နေပါတယ်။ သူတို့ကို ခွင့်မတောင်းပဲ ရေးလိုက်လို့ စိတ်ဆိုးမယ်တော့ မထင်ပါဘူး။ ရေးခဲ့သမျှကို ဖတ်ခဲ့သမျှ စာဖတ်သူ၊ စာရေးဖေါ် သူငယ်ချင်းများကို  ကျေးဇူးတင်ပါတယ်။

(က)
"ညစ်မထုတ်နဲ့ … တကယ့်ခံစားချက်စစ်စစ်ကိုပဲ ချပြစမ်းပါဗျာ"
ကိုနေမုန်းက ပြောပြီးတော့ ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်တယ်။ ပြီးမှ ဆက်ပြောတယ်။
"အလုပ်ပြီးတာကတော့ Work Done ပေါ့ … ဒါပေမယ့် Artist တစ်ယောက်အတွက် Work Done ထက် Art ကို အလေးထားရမယ်ဗျ"

သူ့စကားဆုံးတော့ ကျွန်တော်လည်း နည်းနည်းတော့ တွေသွားတယ်။
ကျွန်တော်တို့တွေ အစစ်အမှန်တွေကို ဖန်တီးခဲ့ကြတာလား။
ကျွန်တော်တို့တွေ ပုံရိပ်ယောင်များကို ဖေါ်ဆောင်ခဲ့ကြတာလား။
ခင်ဗျားကကော။ သူကကော။
"နှလုံးသားဆာလောင်မှုကို နှလုံးသားပေးရမယ် .. အဲဒီအခါ ရင်ထဲက လာတဲ့ အနုပညာဖြစ်ရမယ်
ဒါပေမယ့် တစ်ချို့က ဦးနှောက်ဆာလောင်သူတွေ … သူတို့ကိုတော့ ကိုယ်သိတာကို သိသလိုပဲ ဝေမျှဖို့လိုမယ် .."
ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်။ ကိုဝေဖြိုးရယ်၊ နေမုန်းရယ်၊ ရင်နင့်အောင်ဆိုတဲ့ ကျွန်တော်ရယ် တရုတ်တန်းက လက်ဖက်ရည်ဆိုင်လေးတစ်ခုမှာ..။ လမ်းဘေးက ထိုင်ခုံလေးမှာ ထိုင်ပြီး အဲဒီညက ပြောဖြစ်ခဲ့တဲ့ စကားတွေ..။

(ခ)
ကျွန်တော်လည်း ဆက်တိုက်ဆိုသလို ကဗျာတွေ၊ အက်ဆေးတွေ၊ ၀တ္ထုတိုတွေ ရေးခဲ့တာပဲ။ တခါတလေ တစ်ညတည်း နှစ်ပုဒ်လောက်ရေးလိုက်တယ်။ အိုကေဗျာ။ ဒါက Work Done ပေါ့။ ဒါပေမယ့် ကျွန်တော်ရေးခဲ့တာတွေကို ကျွန်တော်ကိုယ်တိုင်ကော အားရပါရဲ့လား။
ကျွန်တော် ပြန်မေးဖြစ်တယ်။ ကိုယ့်ကိုကိုယ်။
(ကျွန်တော်ရဲ့ စာတွေကို ဖတ်တဲ့သူများက မိုဘာက ရောင်းရင်းတွေ ရှိမယ်။ facebook မှာ ပုံမှန်လာဖတ်သူ တစ်လ ပျမ်းမျှ တစ်ထောင်ကျော်ရှိမယ်။ ကျွန်တော့် ဘလော့ခ်မှာလည်း တစ်ထောင်နီးပါးရှိမယ်)
ကျွန်တော်ပြောချင်တာက သူတို့ကကော တကယ်တမ်း ကြိုက်မှ ကြိုက်တယ် ပြောတဲ့သူတွေလား။ မကြိုက်ဘဲ အားနာလို့ ကြိုက်နေကြတာလား။ ဒါမှ မဟုတ် လူချင်းရင်းနှီးသွားလို့ ပုဂ္ဂိုလ်ရေးဆန်ဆန် လာကြိုက်ကြတာလား။ ဒါမှမဟုတ် ကျွန်တော့်စာကို ကြိုက်ရင် ကျွန်တော်က သူတို့စာကို ပြန်ကြိုက်မယ်လို့ မျှော်လင့်ချက်နဲ့ လာကြိုက်တာလား။ တွေးမိတာ အများကြီး။

(ဂ)
"ကျွန်တော်တို့ ငှားလာတဲ့ ကားက ဘယ်အခြမ်းကို ယူထားတယ်။ ကွေ့ရမှာက ညာဘက်ဗျ"
ကိုဝေဖြိုးက သူ့စကားကို ဆက်ပြောတယ်။
"ကျွန်တော်တို့ မီးပွိုင့်ကလည်း မိနေတယ် … ကားကတော့ရှင်းနေတယ် .. ကွေ့လိုက်လို့လည်း ဖြစ်တာပဲ
ဒါပေမယ့် ရန်ကုန်မှာက ညဘက်ဖြစ်ဖြစ် မီးပွိုင့်ကို လေးစားကြတယ်လေ .. မန်းလေးမှာဆို ကားရှင်းရင် ကွေ့လိုက်တာပဲ .. မီးပွိုင့်တွေ ဘာတွေ မကြည့်တော့ဘူး"
ဟုတ်ပါတယ်။ ရန်ကုန်မှာက ကားကို သစ္စာနဲ့ မောင်းတယ်တဲ့။ မန်းလေးမှာက မေတ္တာနဲ့ မောင်းတယ်။ သူ့ကို ကြည့်လိုက်တယ်။ အရှိန်မလျှော့လောက်ဘူးဆို ကိုယ်က လျှော့လိုက်တယ်။ ဒါက မန်းလေး ထုံးစံ။ ရန်ကုန်မှာတော့ မဟုတ်ဘူး။ ကိုယ်မှန်တယ်ဆို မောင်းမှာပဲ။ ဘာလာလာ တိုက်မှ တိုက်ရောလေ။

(ဃ)
ကျွန်တော်စဉ်းစားကြည့်တယ်။ ကျွန်တော့် အချို့ ကဗျာတွေက သစ္စာနဲ့ ရေးတာ။ အချို့ ကဗျာတွေ၊ အက်ဆေးတွေက မေတ္တာနဲ့ ရေးတာ။ ထင်မြင်ချက်တွေ လာပေးသူတွေကကော။ သူတို့လည်း အချို့ ကွန်မန့်တွေက သစ္စာနဲ့ ပေးသွားတာ။ အချို့ကတော့ မေတ္တာနဲ့ ပေးတာ။
ဦးနှောက်ဆာလောင်နေတဲ့ အချိန်မှာ သစ္စာနဲ့ ပေးတဲ့ ကွန်မန့်တွေကို သဘောကျပေမယ့် နှလုံးသားဆာလောင်နေတဲ့ အချိန်မှာ မေတ္တာနဲ့ ပေးတာကို ပဲ လိုချင်တယ်။
ကွန်မန့်များသည် ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေပါသည် ဟူသော ကဗျာလိုလို၊ အက်ဆေးလိုလို၊ ဘာမှန်းမသိတဲ့ မိုးအိမ်လူရဲ့ စာကိုဖတ်လိုက်ရပါတယ်။ လူကြိုက်များသွားတယ်။ နံပါတ်တစ်မှာ အကြာကြီးနေသွားတယ်။ ကျွန်တော်ပြန်စဉ်းစားကြည့်တယ်။ ဘာလို့လဲ။ ဘာဖြစ်လို့လဲ။ လူတွေက ကိုယ်ဘာလုပ်လုပ် return ကို လိုချင်ကြတာ။ ဒါလုပ်လိုက်ရင် ဘာပြန်ရမလဲဆိုတာမျိုး။ ကွန်မန့်ဆိုတာက ဘလော့်ဂါတွေရဲ့ စာမူခတဲ့။ ဘယ်သူပြောတာလဲ မမှတ်မိတော့ဘူး။ ကျွန်တော်သဘောကျသွားတယ်။ ဒါပေမယ့် ခုဖတ်လိုက်ရတဲ့ ခေါင်းစဉ်က ကွန်မန့်များသည် ကျန်းမာရေးကို ထိခိုင်စေသည် ဆိုပဲ။
ကျွန်တော်ထင်ပါတယ်။ သူပြောတဲ့ ကွန်မန့်တွေက သူ့နှလုံးသားဆာလောင်နေတဲ့ အချိန်မှာ သစ္စာနဲ့ ကွန်မန့်တွေ သွားပေးလိုက်ကြလို့ဖြစ်မယ်။

(င)
"လူတစ်ယောက်က မြို့တစ်မြို့ဆီက ကားတစ်စင်းနဲ့ ထွက်ပြေးလာတယ်
အဲဒီမြို့က ရာသီဥတုတွေ ပျက်တော့မယ် .. ကျန်ခဲ့တဲ့သူက သေမှာပဲ"
ဒေါက်တာအောင်ထွန်းသက်ဆီက ကြားဖူးတဲ့ ပုံပြင်လေးတစ်ခုကို အဲဒီညက ပြန်ပြောဖြစ်ခဲ့တယ်။
"အဲလို ကားနဲ့ မောင်းပြေးလာတဲ့ အချိန်မှာ လူတစ်ယောက်ကို တွေ့လိုက်တယ်
သူ့ချစ်သူဗျ … သူကယ်ရမှာပေါ့ ..
ဒါပေမယ့် .. နောက်တစ်ယောက်ကို ပါတွေ့လိုက်တယ်… သူက သူ့ကျေးဇူးရှင် ..
မပြီးသေးဘူး …. နောက်တစ်ယောက်ကိုပါ တွေ့ပြန်တယ် … သူက သေခါနီး အဖိုးကြီး …
ခက်နေတာက သူ့ကားမှာ သူ့အပြင် တစ်ယောက်ပဲ တင်လို့ရမှာ ..
သူ ဘယ်သူကို ကယ်သင့်လဲ"
ကျွန်တော့် ပုံပြင်ဆုံးတော့ သူတို့ စဉ်းစားကြတယ်။
တစ်ယောက်က ချစ်သူ။ ဒါက မေတ္တာနဲ့ သမုဒယ ပေါင်းထားသူ။
တစ်ယောက်က ကျေးဇူးရှင်။ ဒါက သစ္စာ သက်သက်။
တစ်ယောက်က အဖိုးကြီးတစ်ယောက်။ ဒါက မေတ္တာ သက်သက်။
ဘယ်သူ့ကို ကယ်မလဲ။

(စ)
တခါတလေ ကျွန်တော်တို့ ရွေးချယ်ရတော့မည် ဆိုတိုင်း ကျွန်တော်တို့က ဘောင်ထဲက စဉ်းစားကြတာ များတယ်။ ပြီးတော့ ပိုဆိုးတာက လူကြားကောင်းအောင် စဉ်းစားကြပါတယ်။ အဲဒီ ပုံပြင်ထဲက မေးခွန်းကို ကိုနေမုန်းက ဒီလိုဖြေခဲ့တယ်။
"သူ့ချစ်သူနဲ့ သူ့ကျေးဇူးရှင်ကို ကားပေါ်တင်ပေးလိုက်မယ်တဲ့
သူကတော့ အဖိုးကြီးနဲ့ နေခဲ့မယ်တဲ့"
သူဘာလို့ ဖြေခဲ့တာလဲ။ ဘယ်လို ခံစားချက်နဲ့ ဖြေခဲ့တာလဲ။ ကျွန်တော်မသိပါ။ ဒေါက်တာအောင်ထွန်းသက် ဖြေသွားတာကတော့ …
"သူနဲ့ သူ့ချစ်သူက နေခဲ့ပြီး အတူတူ သေသွားမယ်တဲ့
သူ့ကျေးဇူးရှင်နဲ့ အဖိုးကြီးကို ကားပေါ်တင်ပေးလိုက်မယ်တဲ့"
တကယ်ဆို ဒီအဖြေကို လူတိုင်းကြိုက်ကြမှာပဲ။
ကျွန်တော်က ဖြေမယ်။ ကိုယ်ချစ်သူပဲ ကယ်မယ်လို့။ ကျွန်တော်လည်း အသေမခံနိုင်ဘူးလို့ ဆိုရင်….။ ခင်ဗျားတို့ ဘယ်လို ထင်ကြမှာလဲ။
သေချာတယ်။ ကားက နောက်တစ်ယောက်ပါ တင်လို့မရရင် ကျွန်တော်က မမြင်ချင်ဆောင်ပြီး ကိုယ်အသက်ရှင်ဖို့ ရုန်းသွားမယ်လို့။ ဒါဆို ပိုဆိုးကုန်မယ်။
တကယ်တော့ မေးခွန်းတိုင်းရဲ့ အဖြေဟာ ခင်ဗျားရင်ထဲက လာသင့်တာပေါ့။ ကြားကောင်းအောင် ဖြေတယ်ဆိုတာ ငယ်ငယ်က စာမေးပွဲခန်းမထဲမှာ ကျန်ခဲ့ပြီ။

(ဆ)
ကျွန်တော့်စာဟာ ရှည်သွားပြီလား။
ရှည်သွားရင် ဖတ်ချင်ကြပါ့မလား။
မဖတ်လည်း ရေးတယ်ကွာ။
မဟုတ်သေးဘူး ရေးတယ်ဆိုတာ ဖတ်ဖို့။
ဖတ်တဲ့ သူတွေကိုလည်း ဆွဲခေါ်ရမှာပေါ့။
ဒါပေမယ့် အမြဲတမ်းတော့ စာဖတ်သူစိတ်ကြိုက်လိုက်မလုပ်နိုင်ဘူး။ ကျွန်တော်က သာမန်လူ။ ဖျော်ဖြေရေးသမားမဟုတ်ဘူး။ (မိုဘာက) ကိုဗင်းဆင့်ရဲ့ လူဆိုတဲ့ သတ္တ၀ါကို ဖတ်ကြည့်မိခဲ့တယ်။ လူဆိုတဲ့ သတ္တ၀ါလို့ ခေါင်းစဉ်တပ်ပြီး လူတွေကို ဖတ်ခိုင်းတယ်။ လူတွေ မကောင်းတဲ့ အကြောင်း။ ကျွန်တော် ပြန်တွေးကြည့်တော့ အကြိုက်လိုက်လုပ်ဖို့ မလိုဘူး။ လိုတယ်။ နှစ်ခုကြားမှာ ကျွန်တော်တို့က နေရတာ။
အဲဒီတော့ …
ကျွန်တော်က ဆက်ရေးမယ်။
ခင်ဗျားက ရှည်လို့မဖတ်ချင်ရင်လည်း ဒီမှာတင် ပိတ်လိုက်ပေါ့။

(ဇ)
ကျွန်တော်က ကမောက်ကမတွေ တွေးချင်တယ်။ မဖြစ်နိုင်တာတွေ ရေးချင်တယ်။ ဒါပေမယ့် အဲဒီထဲမှာပဲ realism ဆိုတာလည်း ရှိနေမယ်။ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ကိုယ်အားစိုက်ထားတဲ့ ၀တ္ထုတစ်ပုဒ်ထက် ကိုယ်ပြီးရောဆိုပြီး ရေးလိုက်တာကို လူတွေက ပိုကြိုက်ချင်ကြိုက်ကြတာပဲ။
အနုပညာမှာ ပေးသူနဲ့ ယူသူက ထပ်တူကျဖို့ ဘယ်တော့မှ မလွယ်ဘူး။ ကြိုးစားဖို့လည်း မစဉ်းစားနဲ့တဲ့။
ဟုတ်ပါတယ်။ ဖြစ်နိုင်ရင် ကိုကြည်နိုင်ရေးခဲ့တဲ့ အရုပ်ဆိုင်ကိုသာ ပြေးသွားချင်ပါတယ်။
မိုးအိမ်လူမှာ ကဗျာထုတ်လုပ်တဲ့ စက်ရှိနေသလား။
ဗိုင်းရပ်စ်မှာ ကဗျာအမွှာပူးတွေ မွေးထားပါသလား။
ကျွန်တော်က ရင်ထဲက လာတဲ့ အနုပညာအစစ်တွေ လိုချင်ပါတယ်။
သူတို့ ရေးနေတာတွေက ရင်ထဲမလာဘူးဟု မပြောပါ။ မဆိုလိုပါ။ (တော်ကြာ .. ကျွန်တော့်ကို ချောင်းရိုက်နေဦးမယ် .. သူတို့ နှစ်ယောက်ပေါင်းပြီး)
ကျွန်တော့်ရေးခဲ့တဲ့ ကဗျာစာသားတစ်ခုကို အခုပြောချင်ပါတယ်။

"ကြိုပြောထားမယ်
ဘယ်မဂ္ဂဇင်း၊ ဘယ်စာအုပ်မှာ ပါပါ .. မပါပါ
အနုပညာဟာ စာရွက်ပေါ်မှာ မရှိဘူး … ရင်ဘတ်ချင်းဖတ်ရတာ
အရိုးရဲ့ လေတိုက်တဲ့ညတွေကို နားထောင်ကြည့်လိုက်
ဘာ.. နားထဲမှာ ငွေတွေထည့်ထားတယ် ဟုတ်လား"

ဒါသည်ပဲ အနုပညာရဲ့ ပေါက်ကွဲမှုတစ်ခုပါ။
ကျွန်တော်က နှလုံးသားဆာလောင်နေသူပါ။ တဆိတ်လောက် ခင်ဗျားတို့က ရင်ဘတ်ထဲက လာတာတွေ ပေးကြပါလား။

(စ်)
ဆရာဝေမှူးသွင်ရဲ့ Status တစ်ခုကို တွေ့လိုက်တယ်။ ဘာလို့များ စာရေးဆရာဘ၀ကို ရွေးခဲ့မိလဲ မသိဘူး၊ စာရေးရတာ သိပ်ပျင်းတာပဲတဲ့။ ကျွန်တော်ပြန်စဉ်းစားကြည့်တော့ ကျွန်တော်တို့ စာရေးသူ အများအပြားဟာ စာရေးရတာ တကယ် ပျင်းနေကြပါသလား။ ခင်ဗျားတို့တော့ ကျွန်တော် မသိဘူး။ ကျွန်တော်စာရေးနေရတဲ့ အကြောင်း၊ စာရေးဖို့ စိုက်ထုတ်ရတဲ့ ခွန်အားကို စာဖတ်သူများဆီက အားပေးမှု၊ ဝေဖန်မှုနဲ့ဆီက ၇၀ ရာခိုင်နှုန်းရပါတယ်။ ဒါဘာကြောင့်ပြောနိုင်လဲဆိုတာ ရှိပါတယ်။ ကျွန်တော် တစ်ယောက်တည်း ငယ်ငယ်ကတည်းက ၁ လကို သုံးပုဒ်ရေးပြီး ဘယ်သူမှ မပြခဲ့ဘူးဆိုရင် ကျွန်တော် အွန်လိုင်းစသုံးပြီး စာစရေးတော့ ကျွန်တော် တစ်လကို ၁၀ ပုဒ်လောက် ရေးဖြစ်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ ကျွန်တော့်စာတွေ ဖတ်ပြီး ဝေဖန်သူများ၊ အားပေးမှုများက ကျွန်တော့်ကို စာဆက်ရေးဖို့၊ နောက်ထပ်ခွန်အားတွေ ပေးနေတာ ကျွန်တော် ငြင်းလို့ မရပါဘူး။ အဲဒီအတွက် ကျွန်တော့် စာဖတ်ပရိတ်သတ်များကို ကျွန်တော် ကျေးဇူးတင်မိပါတယ်။

(ည)

ကျွန်တော်က စာရေးတဲ့နေရာမှာ ထားရှိတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒါကလည်း ကျွန်တော့်ကိုယ် ကျွန်တော် သုံးသပ်ထားတော့ မှန်ချင်မှ မှန်ပါလိမ့်မယ်။ ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော် စာရေးဆရာရယ်လို့ ဘယ်တော့မှ မခံယူဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော် စာရေးပါတယ်။ ဘာအတွက်လဲ။ ဘာကြောင့်လဲ။ အကြောင်းအရင်း သုံးခု ရှိပါတယ်။ ပထမတစ်ခုက အတ္တကြောင့်ပါ။ ကျွန်တော် ရေးတဲ့ တချို့သော ကဗျာတွေ၊ အက်ဆေးတွေဟာ ကျွန်တော့်အတွက် ကျွန်တော် ရေးနေတာပါ။ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မုန်းမိတာတွေ၊ ပြန်သရော်မိတာတွေကို စာအဖြစ်ရေးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့် ၀တ္ထုအချို့မှာ ကျွန်တော် နာမည်ကို ပြန်သုံးပြီး ရေးထားတာကို ခင်ဗျားတို့ သတိထားမိမယ် ထင်ပါတယ်။

နောက်တစ်ခုက မျှဝေဖို့သက်သက်ပါ။ ကိုယ်သိတာ၊ တတ်တာ၊ တစ်ချို့ကို ပြန်လည် မျှဝေချင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် စာရေးဖြစ်ခဲ့ပါတယ်။ ဒါကလည်း ကျွန်တော့် အစ်ကိုလိုကော၊ ဆရာလိုကော၊ သူငယ်ချင်းလိုကော၊ လုပ်ဖေါ်ကိုင်ဖက်လိုကော ဖြစ်တဲ့ ကိုဝေဖြိုးနဲ့တွေ့ပြီးမှ ဒီစိတ်လေးကို ပိုပီပြင်အောင် ဖန်တီးနိုင်ခဲ့တာပါ။

နောက်ဆုံးတစ်ခုကတော့ လူတွေရဲ့ စိတ်ကို ဖေါက်ထွက်နိုင်ဖို့ဒါမှမဟုတ်ရင် လူတွေ ပျော်ရွှင်ဖို့လို့ ပြောရမလား။ ဒါမှမဟုတ်ရင်လည်း လူတွေကို စာဖတ်ဖြစ်ဖို့ ထိရောက်တဲ့ အတိုအထွာလေးတွေ ပေးပြီး ရေးတာတွေရှိပါတယ်။ ဒါကလည်း ကိုယ်တတ်နိုင်သလောက်လုပ်ရုံလေးပါ။ မင်းလုလင်နဲ့ ကျွန်တော်ပြောဖြစ်သလို ချိုချဉ်ကျွေးတာ ဖြစ်ပါတယ်။ အလေးကြီးတွေ မဖတ်ချင်ကြတဲ့ ခေတ်ရဲ့ လူသားဆန်မှုတွေကို ကလေးတစ်ယောက် စာသင်သလို ချော့ကာ မြောက်ကာ တစ်ခါတစ်ခါ ချိုချဉ်ကျွေးတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ဒီလို ပြောလို့ ရိုင်းသွားသလား။ ကျွန်တော်ကိုယ့် ကျွန်တော် ပြန်စဉ်းစားဖြစ်သေးတယ်။ စာရေးဆရာတစ်ယောက်နဲ့ သူ့သူငယ်ချင်း Facebook မှာ ပြောခဲ့တာလေးသွားသတိရပါတယ်။ (နာမည်ကိုတော့ မပြောတော့ပါ) စာရေးဆရာက သူ့သူငယ်ချင်းကို ထိုးကျွေးတယ်ဆိုတဲ့ စကားကို သူတို့အချင်းချင်း ပြောတာလေးကို ကျန်တဲ့ စာဖတ်သူတစ်ယောက်က ထိုးကျွေးတယ်ဆိုတဲ့ စကားက ရိုင်းတယ်လို့ ကွန်မန့်ပေးသွားတာလေး ကြုံဖူးပါတယ်။
တကယ်တော့ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ အများကြီး လိုအပ်ချက်တွေ ရှိနေပါသလား။ စာရေးနေဖို့ထက်ပိုတဲ့ တခြား ကိုယ်ကျင့်တရားတွေဆိုင်ရာမှာ လိုအပ်ချက်တွေ ရှိနေသလား။ စာရေးဆရာဟာ Role Model လားဆိုတာ အမြဲတမ်း ကျွန်တော် တွေဝေနေခဲ့ဖူးပါတယ်။  

(အ)
"ကျွန်တော်က လူတွေ ပျော်ရွင်အောင်ထားချင်တယ်
အလုပ်ထဲရောက်ရင် အလုပ်ထဲက လူကို ပျော်အောင် ထားမယ်
အပြင်ရောက်ရင် အပြင်ပေါ့
မိသားစုထဲ ရောက်ရင် မိသားစု ..
ဒါပဲ .. ကျွန်တော့်ရဲ့ နေထိုင်မှု စတိုင်လ်က အဲလို … ရိုးရှင်းတယ်
ဒါသည်ပဲ ကျွန်တော့်ရဲ့ နိုင်ငံရေးအမြင်ပေါ့"
ကိုနေမုန်းမေးခွန်းကို ကျွန်တော်အဖြေပေးပြီးတော့ ကျွန်တော်တို့ အဲဒီညက သုံးယောက်သား သုံးဆယ့်လေးလမ်းထိ လမ်းလျှောက်ပြန်လာခဲ့ကြတယ်။
အပြန်မှာ ဒန်ဟေးလ်အမည်ရှိ စီးကရက်တစ်လိပ်ကို ဖွာလိုက်ပြီး ဒီနေ့ ပြောခဲ့တာတွေကို ထုံးစံအတိုင်း လျှောက်ရေးဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

(ပြောချင်တာတွေ များပေမယ့် ဖတ်တဲ့သူက ဘာမှန်းမသိတာတွေ ရေးထားတာကို စိတ်ညစ်သွားမှာစိုးလို့ (အ) ကို ကျော်ရေးပြီး အဆုံးသတ်လိုက်တယ်။)

ရင်နင့်အောင်



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/07/2012 11:51:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24297] Fwd: [လူဗိုလ်ဟူသည် ...] အငိုလွယ်အရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/6
Subject: [လူဗိုလ်ဟူသည် ...] အငိုလွယ်အရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေ
To: lubo601@gmail.com



9:49 AM  KO THET NAING  



၂ဝ၁ဝ နှစ်ဆန်းပိုင်းအချိန်လောက်ဖြစ်မယ်ထင်တယ် ပညာရေးလောကမှာ သတင်းတစ်ခုစတင်ထွက်လာပါတယ်။ အဲဒါကတော့ ပြင်ပမှာသင်ကြားနေတဲ့ ကျူရှင်တွေ ကိုယ်ပိုင်ကျောင်းထောင်ခွင့်ပေးတော့မယ်တဲ့ဆိုတဲ့အကြောင်းပါ။ 

ဒီကိစ္စနှင့်ပတ်သက်လို့ ကိုယ်ပိုင်ကျောင်းထူထောင်မယ့်သူတွေက စိတ်ဝင်တစားနဲ့ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူအသီးသီးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစ်စုံတစ်ရာအဖြေမပေးနိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ ကျောင်းဖွင့်ခါနီးအချိန်ရောက်တော့ ကိုယ်ပိုင်ကျောင်း ဖွင့်ခွင့်လိုင်စင်ကို ပညာရေးဝန်ကြီးဌာနမဟုတ်တဲ့ အဲဒီအချိန်က ဒေသဆိုင်ရာအာဏာပိုင်တွေဆီ လျှောက်ထားရမယ်ဆိုလို့ နီးစပ်သူတစ်ချို့ လက်သိပ်ထိုးလျှောက်လိုက်ကြတာ ရတဲ့သူရ မရတဲ့သူမရနဲ့ပေါ့၊ ဖွင့်လှစ်ခွင့်ရတဲ့သူတွေကလည်း လက်မတစ်ထောင်ထောင်နဲ့ ပိုယ်ပိုင်ကျောင်း ဆိုင်းဘုတ်တွေဘာတွေတင်ပြီးဖွင့်ပွဲတွေဘာတွေလုပ်လို့ပေါ့။ အဲဒီအချိန်ကြမှ ပညာရေးဝန်ကြီးဌာနက ဒီကိစ္စတွေကိုသူတို့မသိရပါဘူး . . . သူတို့ခွင့်ပြုချက်လည်းပေးမထားပါဘူးဆိုပြီးပြောတဲ့အခါကြမှ ဆိုင်းဘုတ်တွေပြန်ဖြုတ်ချကြရတယ်။

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခွင့်ပြုရေးဟာ စကတည်းက ဒီလိုအရှုပ်နဲ့စခဲ့ကြတာ။ ဒီကိုယ်ပိုင်ကျောင်းဆိုတာကိုသဲသဲလှုပ်ခဲ့ကြတာကလည်း . . .ဒီသက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ငွေကြေးချောင်လည်သူတစ်ချို့ က မိမိတိုသားသမီးများကို သူများထက်ထူးချွန်စေချင်တော့ ပြင်ပနာမည်ကြီးကျူရှင်တွေ၊ ဘော်ဒါတွေ၊ သီးသန့်ဝိုင်းတွေမှာ ထားကြတယ်၊ ဒီတော့ ကျူရှင်ဆရာများကလည်းသူတို့ကိုယ်သူတို့အမွန်းတင်ချင်တော့၊ ကျောင်းကဆရာ၊ဆရာမတွေက ဘာမှလည်းမတတ်၊ ကောင်းကောင်းလည်းမသင်၊ စေတနာလည်းမရှိ၊  သူတို့သင်မှဘဲကျောင်းသား၊ ကျောင်းသူတတ်တော့ မယောင်ယောင်ပြောဆိုခဲ့ကြတယ်။

 ပြီးတော့ကိုယ်တာဝန်ယူသင်နေရတဲ့ကလေးအခြေအနေမကောင်းတဲ့အခါကြတော့၊့ ကလေးကအမှတ်နည်းမှာပေါ့၊ တစ်နေကုန်နားမှမနားရဘဲ၊ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်း ပြေးလွှားနေရတာ၊ ဒီဘာမှမဟုတ်တဲ့အစိုးရကျောင်းတက်နေရတာ အချိန်ကုန်တယ်၊ပင်ပမ်းတယ် . .  ကိုင်ပိုင်ကျောင်းသာဖွင့်လှစ်ခွင်ရပြီး မိမိတို့စိတ်ကြိုက်သာကိုင်တွယ်ခွင့်ရရင် အားလုံးထူးချွန်တဲ့ကလေးတွေချည်းဖြစ်လာမှာဆိုပြီး . .  အာဏာရှိသူတွေထံ နားပေါက်အောင်ပြောဆိုခဲ့ကြတယ်။ တာဝန်ရှိသူတွေကလည်းမိမိတို့ကလေးတွေအတွက်ကရှိသေးတော့ ဟုတ်နိုးနိုး ယုံကြည်ခဲ့ကြတယ်။ တစ်ကယ်တမ်း ကျောင်းကဆရာတွေ၊ဆရာမတွေခင်ဗျာပညာရေးနဲ့မပတ်သက်တဲ့ တာဝန်တွေ အမျိုးမျိုးကြားထဲက  ကြိုးစားပမ်းစားသင်လားမသင်လားဆိုတာကို မိဘများသိသိကြီးနဲ့မျက်ကွယ်ပြုခဲ့ကြတယ်။

ပြင်ပမှ ကျူရှင်ဆရာများကလည်း ဆရာ၊ဆရာမများကိုတိုက်ခိုက်ခဲ့ကြတယ်။ အတန်းတွင်းမှာတော့ကောင်းကောင်းမသင်ဘူး၊ အိမ်မှာတော့ကောင်းကောင်းသင်တယ်စသည်ဖြင့်ပေါ့ . . ။ ဒါကို သိသိကြီးနဲ့ယုံပြီးအစိုးရကျောင်းများမှ ဆရာဆရာမများကို နှိမ်ချခဲ့ကြတယ်။ ကိုယ့်အတန်းထဲကကလေးကိုယ်ကျူရှင်ပြန်ပြတယ်ဆိုတာကလည်း မိဘတွေကစပြီးကိုယ်သားသမီးကိုယ် သူများထက်ထူးချွန်စေချင်လို့၊ ဌင်ပေါ်ချင်လို့ စတင်ဖန်တီးခဲ့ကြတာပါ။

အရိုးသားဆုံးပြောရရင် (Demand) ရှိလို့ (Supply) ရှိလာရတာပါ။ ဒါကလည်း အခြေခံပညာဦးစီးဌာနမှာရှိတဲ့ ကျောင်းပေါင်းသောင်းချီရှိတဲ့ထဲမှာမှ ဆယ်ဂဏန်း၊ ဆရာ၊ဆရာမဦးရေ သိန်းချီရှိသည်မှရာဂဏန်းမပြည့်ခဲ့ပါဘူး။ ဖြစ်ပွားမှုအများစုကြည့်ကြမယ်ဆိုရင်လည်း မြို့ ပေါ်မှာရှိတဲ့
 ကျောင်းအများစုပါ။ အဓိကတော့ ရန်ကုန်နဲ့မန္တလေးပါ။ မြန်မာပြည်အနှံ့အပြားမှာ အိပ်စိုက်စာသင်ပေးနေတဲ့ ဆရာ၊ဆရာမများစုရဲ့ မျက်နှာကိုမှမထောက်၊ သင်ကြားရေးဆရာ၊ဆရာမမပြည့်စုံလို့ တစ်ယောက်တည်းဘာသာစုံသင်နေရ ၊ လခနည်းပါးစွာဖြင့် တိုင်းပြည်ရဲ့အကြီးမားဆုံးသောတာဝန်ဖြစ်တဲ့ပညာရေးမှာဘဝနစ်မြုပ်ထားကြတဲ့ဆရာဆရာမတွေကို  မိဘတွေတင်မကဘူး မီဒီယာတွေကပါ ရေနစ်သူဝါးကူထိုးကြတယ်။

ဒီနေ့ဆရာ၊ဆရာမများမကောင်းပြောနေတဲ့သူတွေလည်းမိမိတို့ ကိုပညာရရှိအောင် ဒီဆရာ၊ဆရာမတွေကဘဲ သင်ကြားပေးခဲ့တယ်ဆိုတာမမေ့သင့်ဘူး။ ထားပါတော့ကိုယ်ပိုင်ကျောင်းအကြောင်းဆက်ရအောင်၊ ဒီလိုနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပညာရေးဝန်ကြီးဌာနဘယ်လိုညှိလိုက်ကြတယ်ဆိုတာတော့မသိဘူး၊ အခြေခံပညာက ညွှန်ချုပ်၊ တိုင်းပညာရေးမှုးတွေက အာဏာပိုင်တွေ စာရင်းပေးတဲ့ ကျောင်းတွေကိုသွားရောက်စစ်ဆေးစေပြီး၊ ဆက်လက်တင်ပြစေကာ အာဏာပိုင်တွေမှ စမ်းသပ်ဖွင့်လှစ်ခွင့်ပြုသည်ဆိုပြီး ကျောင်းအခိျု့ကို စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။ ဒီလိုဖွင့်လှစ်ခွင့်ပြုအောင်လည်းအခြေခံပညာမှတာဝန်ရှိသူတွေကို သိန်း(၅ဝဝ)အထိပေးခဲ့ကြရတယ်ဆိုတာကို အဲဒီ အချိန်တုန်းက ပညာရေးဒုတိယဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်အောင်မျိုးမင်းက  (Voice) ဂျာနယ်မှာ ပစ်တိုင်းထောင်ဆိုတဲ့ကလောင်အမည်နဲ့ဖော်ထုတ်ဝန်ခံရေသားခဲ့ပါတယ်။

ပြောရရင်တော့ ပညာရေးမှ ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ကျူရှင်ဆရာများအကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းပါ။ ပညာရေးကတာဝန်ရှိသူများကလည်း ကိုယ့်တပ်ကိုယ် စိစိညက်ညက်နင်းချေ၊ နှိမ်ချအပြစ်တွေဖို့ပြီး ကိုယ်ပိုင်ကျောင်းထောင်မဲ့သူတွေကို ဖူးဖူးမှုတ်ခဲ့ကြတာပါ။ ဒါပေမဲ့ အသိတရားရှိတဲ့ ဆရာကြီး၊ဆရာမကြီးများရဲ့ အသိတရားကြောင့်၊ ဒီကိုယ်ပိုင်ကျောင်းတွေကို၊ တန်းတင်တန်းချ၊ စာမေးပွဲစစ်ခွင့် မေးခွန်းထုတ်ခွင့်၊ ခွင့်မပြုခဲ့ပါဘူး။ ပြီးကျောင်းသားမှတ်ပုံတင်ကိုလည်း အနီးစပ်ဆုံးအထက်တန်းကျောင်းတစ်ကျောင်းမှာ မှတ်ပုံတင်ပြီး ဒီကျောင်းကဘဲစာမေးပွဲစစ်ဆေးအောင်စာရင်းထုတ်ပေးတာပါ။ (ဒါကလည်းအကြောင်းရှိပါတယ် . .  ဒီမတိုင်ခင်မှာ ကျွန်တော်တို့နိုင်ငံမှာ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကိုပြန်လည်အကောင်အထည်ဖော်ပြီး ကျောင်းသား၊ကျောင်းသူများ မှတ်ပုံတင်ခြင်း၊ အတန်းတင်၊ အတန်းချ၊ ကျောင်းပြောင်း၊ စာမေးပွဲစစ်ဆေးအောင်စာရင်းထုတ်ပြန်ခြင်းကိုခွင့်ပြုခဲ့ပါတယ်။

ဒီလိုခွင့်ပြုခဲ့ခြင်းဟာလည်း ဆရာတော်ကြီးများ၏သီလဂုဏ်၊ သမာဓိဂုဏ်ကိုယုံကြည်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါတောင်မှ အလိုရမက်ကြီးသောမိဘများနှင့် လုပ်ကိုင်စားသောပွဲစားများက ဆရာတော်ကြီးများအား ဆရာဒါယကာဖြစ်မှု၊ သနားကြင်နာမှုကိုအခွင့်ကောင်းယူပြီး၊ အတန်းတင်၊အတန်းချ၊ ကျောင်းပြောင်းလက်မှတ်၊ အောင်စာရင်း ထင်တိုင်းလုပ်ခဲ့ကြတာ၊ ကျောင်းမတက်ဘဲ တန်းစဉ်အအောင်ပေးခဲ့ကြတာ ရန်ကုန်၊ မန္တလေးဟိုးလေးတကျော်ကျော် မြင်မကောင်းကြားမကောင်းပါ။ ဒါကလည်း အာဏာပိုင်များနဲ့ သဲသဲလှုပ်မိဘတွေဘဲလုပ်ခဲ့ကြတာပါ . . . ပြီးတော့မှသာ ဒီကျောင်းတွေက တတ်အောင်မသင်နိုင်ဘူးဆိုပြီးပြောကြတာ  ဒီကိစ္စတွေကို  ဒီနေ့ကိုယ်ပိုင်ကျောင်းတွေကြရင်ဘယ်လိုထိမ်းချုပ်ကြမလဲ .)  ဒီမှာတင်ကိုယ်ပိုင်ကျောင်းထောင်ခွင့်ရတဲ့ ကျူရှင်ဆရာကြီးများက လေပေါင်မြင့်လာပါတယ်၊ သူတို့ကဘဲ ကလေးတွေကိုတတ်အောင်သင်နိုင်တယ်. . .။

သူတို့ကဘဲ ဂုဏ်ထူးမျာများရအောင်သင်ကြားလေ့ကျင့်ပေးနိုင်တယ် . . . ကိုယ်ပိုင်ျကာင်းတွေလွတ်လွတ်လပ်လပ်ဖွင့်လှစ်ခွင့်ရမှတိုင်းပြည်ပညာရေးကတိုးတက်မှာ. . . သူတို့ဆီမှာတက်ရင် ကျူရှင်ထပ်ယူစရာ မလိုဘူး . .  စသည်ဖြင့်ဂျာနယ်စာမျက်နှာတွေပေါ်ကနေ အင်တာဗျူးလုပ်ပြောခဲ့တာတွေဖတ်ခဲ့ရပြီးတော့ . . .စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်၊ တစ်ကယ်တော့ ဒီနေ့ကိုယ်ပိုင်ကျောင်းဆိုတာတွေက ကျူရှင်ပါဆိုနေမှ ကျူရှင်သာထပ်ယူနေရရင် စာတောင်သင်မစားသင့်တော့ဘူး၊ ဒါတောင်ရန်ကုန်၊မန္တလေးမြို့ တွေမှာ ထပ်ယူနေကြတာ တစ်ပုံတစ်ပင်။ . . ။နိုင်ငံတော်အစိုးရကျောင်းမှာယခုနှစ်တွေမှာ ကျောင်းစရိတ်ကိုအခမဲ့နီးပါးဖြစ်အောင် လုပ်ဆောင်ပေးနေတာတောင် ပြောနေကြတဲ့သူတွေကို . ..  ဆရာဆရာမများက ကျောင်းမှာအသုံးပြုမဲ့ ပစ္စည်းလေးတွေ ဝယ်ဖို့တစ်နှစ်လုံးမှ ထောင်ဏန်းမျှသော ငွေကိုကောက်ခံမှုကို ဇာချဲ့နေသောသူများ ကိုယ်ပိုင်ကျောင်းများမှ တစ်နှစ်အပြတ်       (၆-၈)သိန်းယူနေတာကိုကြတော့နှုတ်ပိတ်နေတာလည်းတစ်မျိုးချည်းပါ။

 ဒီနေ့နိုင်ငံတိုင်းမှာ အဓိကကျောရိုးဖြစ်တဲ့ အစိုးရကျောင်းတွေကိုဘဲအဓိကရင်းနှီးမြုပ်နှံတိုးတက်အောင်လုပ်ပေးကြတာပါ။
အခုတော့ . . .။ ဒီနောက် ၂ဝ၁ဝ နောက်ပိုင်း နိုင်ငံတော်သမတကြီးဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရတက်လာပြီးတဲ့နောက်၊ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့လို
အပ်ကြောင်းကိုလည်းအတိအလင်းဝန်ခံပြောဆိုခဲ့သလို ဗလငါးတန်နှင့် ပြည့်ဝသော ခေတ်မီဆန်းသစ်မှုများကိုတီထွင်ဖန်တီးနိုင်သော . .  နိုင်ငံတကာအဆင့်မီကျောင်းသားကျောင်းသူများကို မွေးထုတ် ပေးနိုင်ဖို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

 အဲဒီနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်းဖြစ်တဲ့ ဒေါက်တာမြအေးကို ပညာရေးပြည်ထောင်စု ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
(ဒေါက်တာမြအေးလက်ထက် ပညာရေးအခြေအနေများကို ဆက်လက်ရေးသားပါမည်)။

ဒီနောက်လွှတ်တော်များကို စတင်ကျင်းပရာ ပထမအကြိမ်ပြည်သူ့လွှတ်တော် ပထမအစည်းအဝေး မှာဘဲ ကိုယ်ပိုင်ကျောင်းဥပဒေကြမ်းကိုစတင်အဆိုပြုတင်သွင်းထောက်ခံခဲ့ပြီး၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်အစည်းအဝေးမှာ ကိုယ်ပိုင်ကျောင်းဥပဒေကို လွှတ်တော်အသီးသီးက မြန်မြန်ဆန်ကြီး အတည်ပြု ပြဌာန်းလိုက်တာပါဘဲ(ဒီလွှတ်တော်နှစ်ကြိမ်ဟာ (၆)လအတွင်းဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို စတင် တင်သွင်းသည့်အချိန်မှ ပြဌာန်းသည့်အချိန်ထိပညာရေးနျင့်ပတ်သက်သော မိဘ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ နှင့် ပြင်ပမှ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနှီးနှောခြင်း၊ ချပြဆွေးနွေးခြင်းမရှိသလို၊ နိုင်ငံတစ်ကာကျင့်သုံးပြဌာန်းထားသော ကိုယ်ပိုင်ကျောင်းဥပဒေများ၏ အားနည်းချက်၊ အားသာချက်၊့ မီငြမ်းခဲ့ရင်လည်း ကိုယ့်မြေကိုယ့်ရေ၊့ ကိုယ့်အသိုင်းအဝိုင်းနှင့်ကိုက်ညီမှုရှိမရှီ၊ ပညာရေးသုတေသနအဖွဲ့ ၏ဆောင်ရွက်ချက်များရှိ၊မရှိ၊ စမ်းသပ်ဖွင့်လှစ်ခွင့်ပေးထားသောကိုယ်ပိုင်ကျောင်းများမှတွေ့ ရှိချက်၊ အားသာချက်၊အားနည်းချက်များကိုမှိငြမ်းမှုရှိမရှိဆိုတာ ဥပဒေရေးဆွဲသူတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော အသိဆုံးပါ။

ဒီတော့ ဒီဥပဒေဘာကြောင့်မြန်မြန်ဆန်ဆန်ကြီးပြဌာန်းလိုက်တာလည်း . . . တိုင်းပြည်တစ်ပြည်ရဲ့ အဓိကကျောရိုးဖြစ်တဲ့ ပညာရေးကို ဘာမျှတိုင်းသူပြည်သား (Stakeholders) များကိုဆွေးနေီးညှိနှိုင်းခြင်းမပြုတာလည်း ဒီနေ့ မီဒီယာဥပဒေဖြစ်လာဖို့အတွက်တောင် မီဒီယာသမားတွေနဲ့အကြိမ်ကြိမ်ချပြဆွေးနွေးတာတောင် ဥပဒေကြမ်း မထွက်နိုင်သေးဘူး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ နိုင်ငံခြားပြန်၊ ပညာတတ်၊ ပါမောက္ခချူပ်ဟောင်းတစ်ယောက်ဖြစ်သော ဒေါက်တာမြအေးကရော ဘာကြောင့် လွယ်လွယ်ကူကူလက်ခံခဲ့ကြတာတုန်း၊ လွှတ်တော်မှာ ဒီအဆိုဖြစ်လာအောင်ဘယ်လိုလူမျိုးတွေကလှုံ့ဆော်ခဲ့ကြတာတုန်း၊ ပညာရေးဝန်ကြီးဒေါက်တာမြအေးနဲ့ ကျူရှင်ဘော်ဒါတွေ ပတ်သက်မှုဘယ်လိုရှိခဲ့တုန်း၊ မန္တလေးမြို့ပညာရေးအသိုင်းအဝိုင်းပတ်ဝန်းကျင်ကလူတွေအသိဆုံးပါ။ ဒီတော့ဘာတွေဆက်ဖြစ်လာသလဲဆိုတော့ ဥပဒေအတည်ပြုပြီးတာ(၆)လကျော်ပေမဲ့ အခုအချိန်အထိ နည်းဥပဒေ မထွက်နိုင်သေးဘူး ၊ထွက်လာခဲ့ရင်လည်းဒါတွေကိုဘယ်လိုထိမ်းသိမ်းကြမှာတုန်း . . .

၁။    ကိုယ်ပိုင်ကျောင်းထောင်မည့်သူများသည် လျှောက်ထားရတွင် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းသည် သတ်မှတ်ထားသော အချက်လက်များနျင့်ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ပြည်ထောင်စုဝန်ကြီး၏ သဘောထားသည် အတည်ဖြစ်သည်ဆိုသောအချက်သည် ဝန်ကြီးအားလာဘ်စားခွင့်ပေးထားခြင်းသာဖြစ်သည် (အခြားနိုင်ငံများတွင်မူ အလွှာစုံမှ ပညာရှင်များနှင့်ကွင်းဆင်းစစ်ဆေးချက်ပေါ်တွင်မူတည်ပြီးခွင့်ပြုသည်)

၂။    ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ကောင်းမွန်မှုစစ်ဆေးရာတွင် လိုအပ်သောကျောင်းကျယ်ဝန်းမှု၊ သင့်တင့်သောစာသင်ခန်းများနင့်တစ်ခန်းစီတွင်ကျောင်းသားဝင်ဆန့်မှုအရေအတွက်(အကယ်ကိုယ်ပိုင်ကျောင်းများအားသတ်မှတ်အရည်အသွေးနှင့်မပြည့်စုံဘဲခွင့်ပြုခဲ့သည်ရှိသော် နောင်တစ်ချိန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မိမိတို့ရပ်ရွာတွင်မူလတန်းကျောင်းမှ အလယ်တန်း၊အ လယ်တန်းကျောင်းမှ အထက်တန်းတိုးမြင့်ပေးရန် တောင်းဆိုလာလျှင် ကြုံတွေ့ရမည့်အခက်အခဲ)

၃။    ကိုယ်ပိုင်ကျောင်းများအား တန်းတင်၊တန်းချ၊ ကျောင်းပြောင်း ခွင့်ပြုလျှင်ဖြစ်လာမည့်နောက်ဆက်တွဲပြသနာ

၎။    ကိုယ်ပိုင်းကျောင်းထူထောင်သူများ၏ကျောင်းသားကျောင်းသူနှင့် မိဘမျာအပေါ် တာဝန်ခံမှု( အကယ်၍ ကိုယ်ပိုင်ကျောင်းထောင်သူများသည် စီးပွားရေးအလို့ငှာ ဆောင်ရွက်ခြင်းဖြစ်သဖြင့် အမြတ်စွန်းမရရှိချိန်တွင် ရုတ်တရက် ပိတ်သိမ်းချိန်တွင် ကျောင်းတွင်ရှိကျောင်းသားကျောင်းသူများ၏ရှေ့ရေးအာမခံ)

၅။    ကျောင်းတွင်းရှိအလုပ်ရှင်အလုပ်သမားပြသနာ

၆။    ကိုယ်ပိုင်ကျောင်းများ၏အရည်အသွေးစစ်ဆေးခြင်း(Government  or Separate Body)

၇။    ကိုယ်ပိုင်ကျောင်းများတွင်ရှိကျောင်းသားကျောင်းသူများ၏အခွင့်အရေး( အခိျု့သောကိုယ်ပိုင်ကျောင်းများသည် မိမိတို့အောင်ချက်နှင့် ဂုဏ်ထူးမြင့်မားရေးအတွက် စာမလိုက်နိုင်သောကျောင်းသားကျောင်းသူများအားနည်းမျိုးစုံဖြင့် ကျောင်းမှထုတ်ပစ်ခြင်း)

၈။    ကိုယ်ပိုင်ကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့ ရှိ/မရှိ

၁ဝ။    ကျောင်းကျန်းမာရေးအတွက်အစီအမံ

၁၁။    နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးတွင်ပူးပေါင်းပါဝင်မှုရှိ/မရှိ

၁၂။    ဝင်ငွေခွန်စည်းကြပ်မှု/အမြတ်ခွန်စည်းကြပ်မှု

၁၃။    မြို့တော်စည်ပင်သာယာရေးဥပဒေကိုလိုက်နာမှုနှင့် တာဝန်ယူမှု စတာတွေအပြင် မမြင်ရသေးသော၊ မမြင်နိုင်သော ပြသနာပေါင်းမြောက်များစွာပါ။

ဒီတော့နိုင်ငံတော်မှာမြန်မြန်ဆန်ဆန်ပြဌာန်းလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေမှ နည်းဥပဒေများဖြင့် နိုင်ငံသူနိုင်ငံသားများကို လုံခြုံမှုအပြည့်အဝပေးနိုင်ရန်အတွက် အလွှာအသီးသီးမှ ပညာရှင်များဖြင့်  ဆွေးနွေးညှိနှိုင်းရေးဆွဲပါရန်။
ပြီးတော့ နိုင်ငံတော်မှ အစိုးရခန့်ကျောင်းများနှင့် ဆရာ၊ဆရာမများ၏ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ပေးပါရန်                      ( အဘယ်ကြောင့်ဆိုသော် – (ကိုယ်ပိုင်ကျောင်းနေနိုင်သော ကျောင်းသားကျောင်းသူအရေအတွက်မှာ မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူအရေအတွက်၏(၁%)ပင်မရှိသေးသည့်အတွက်ကြောင့်ဖြစ်သည်။)

အစိုးရကျောင်းဆရာ၊ဆရာမများအား သင်ကြားရေးကို စူးစိုက်ဆောင်ရွက်နိုင်ရန်အတွက် သင်ကြားရေးနှင့်မပတ်သက်သော အခြားတာဝန်များပေးအပ်ခြင်းမှရှောင်ရှားရန်။ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူ၊မိဘများအပြန်အလှန်ဆွေးနွေးမှုများစဉ်ဆက်မပြတ်ဆောင်ရွက်ရင်းယုံကြည်မှုပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်။
ပညာရေးအာဏာပိုင်များ(ဝန်ကြီး၊ ညွှန်ချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှုးများ) မှလည်း ဆရာ၊ ဆရာမများ၏ ဥပဒေဘောင်အတွင်းမှ အခွင့်အရေးများကို မှန်မှန်ကန်ကန်ပေးအပ်မှု၊ ရာထူးတိုးခြင်း၊ အပြောင်းအရွေ့၊ သင်တန်း၊ ပညာသင်ဆု စသည်တို့တွင် ဘက်လိုက်မှု၊ လာဘ်စားမှုကင်းရှင်းရေး။ ဆရာ၊ဆရာမများအနေနှင့်ဆရာဆိုသောဂုဏ်နှင့်အညီ ပြုမူပြောဆိုနေထိုင်မှု၊မိမိ၏လုပ်ငန်းအပေါ်လေးစားမှု၊ ကျောင်းသားကျောင်းသူများအပေါ် သားသမီးနှင့်မခြား စောင့်ရှောက်မှု၊  နိုင်ငံတော့်ဖွံ့ဖြိုးတိုးတက်ရေးတွင်အဓိက နေရာမှပါဝင်နေသည်ဟူသော အသိအား ခံယူမှုများကို မဖြစ်မနေဆောင်ရွက်ရပေမည်။

မိဘများအနေဖြင့်လည်းမိမိတို့၏သားသမီးများအကျိုးအတွက် ပညာရေးလုပ်ငန်းများနျင့် ပညာရေးဝန်ထမ်းများအပေါ် ညစ်ညမ်းစေမည့် အပြုအမူမျိုးရှောင်ကြဉ်ရေးနိုင်ငံတော်၏အနာဂါတ်၊ မိမိတို့၏သားသမီးများအနာဂါတ်အတွက် ဆရာဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရန်လိုပါတယ်။
နောက်ဆုံးအနေနဲ့ပြောရရင် လမ်းဆုံလမ်းခွများတါင်ရောက်ရှိနေသောမိဘများသိစေ၇န်မှာ –

၁။    မိမိတို့သားသမီးများအား ဂုဏ်ထူးများဖြင် အောင်မြင်ရန်လိုအပ်သလို ဗလငါးတန်ဖွံ့ဖြိုးရန်လည်း လိုအပ်ကြောင်းသတိပြုပါ။

၂။    ယနေ့အချိန်ထိအစိုးရကျောင်းများတွင်ရှိသော အခြေခံအဆောက်အဦးနှင့် ဆရာဆရာမအရည်အသွေးပြည့်စုံသော နေရာမရှိသေးပါ။

၃။    ဆရာ၊ဆရာမများမိဘများယုံကြည်မှုပြန်လည်တည်ဆောက်နိုင်လျှင် တစ်ချိန်တွင်  . . . .

၎။    ယခုစာရေးသူမှာ  တကသိုလ်ဆရာတစ်ဦးဖြစ်သကဲ့သို့ ပြင်ပတွင်လည်း ကျူရှင်ပြစားနေသူတစ်ဦးပါ၊ ပြီးတော့     မြန်မာပြည်အနှံ တာဝန်ထမ်းဆောင်ဘူးသူပါ။

၅။    မိမိသားသမီးများကိုလည်းကိုယ်ပိုင်ကျောင်းများထက်သာလွန်သော ကျောင်းများတွင်ထားနိုင်သော်လည်း ယနေ့အချိန်ထိ  လုံခြုံ စိတ်ချရသော အစိုးရအထက်တန်းကျောင်းတွင်သာထားပါသည်။

၆။    စနစ်ကျသောကိုယ်ပိုင်ကျောင်း များပေါ်ထွက်လာလျှင် တိုင်းပြည်ဖွဲ့ဖြိုးတိုးတက်ရေးတွင် လျှင်မြန်စွာပြောင်းလဲမည်ဟု ယုံကြည်သူလည်းဖြစ်ပါသည်။၇။    မီဒီယာများအနေဖြင့်လည်းကိုယ်ပိုင်ကျောင်းများကောင်းကြောင်းရေသားသကဲ့သို့ နိုင်ငံတာဝန်ကို ပင်ပမ်း ဆင်းရဲစွာဖြင့် ထမ်းဆောင်နေသော ဆရာဆရာမများအားမနှိမ်ချမိစေရန်နှင့် အစိုးရကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဝိုင်းဝန်းရေးသားအကြံပြုပါရန်မေတ္တာရပ်ခံပါသည်။

၈။    ကျွန်တော်ဆောင်းပါးနှင့်ပတ်သက်ပြီးသဘောတူသူရော၊ မတူသူရော ဝေဖန်နိုင်ပါသည်။
ဘာဘဲပြောပြော ကိုယ်ပိုင်ကျောင်းများမြန်မြန်ခွင့်ပြုရမည်မှာအမှန်ဖြစ်သလို မြန်မြန်ဆန်ဆန် ဥပဒေပြုလိုက်သော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးတိုးတက်မှုရှိ/မရှိတောမသေချာ၊ (ဘာကြောင့်မသေချာခြင်းကို ဆက်ရေးပါမည်) သေချာတာကတော့ ကျောင်းသားရော၊မိဘရောဒီအချိန်မှာ ဝိရောဓိတော့များကုန်ပြီဖြစ်သည်။


ကိုကြီးသောင်း(အရာတော်)




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/07/2012 11:23:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[aurorageneration] Re: [paowyne:2133] Re: [mrsorcerer:24287] အဲလိုပါတဲ့ ခင်ဗျား

အဖမ်းခံရရင် အိုးဘိုထောင်ကိုရောက်အောင် တောင်းဆိုကွာ။ အိုးဘိုမှာ ထောင်မှူးက ငါ့အသိမိတ်ဆွေပဲ။ အခြေအနေကောင်းရင် တန်းစီးရာထူးပါ ရနိုင်တယ်။cheersssssssss.
အိုးဘိုကနေမျှော်နေမယ် တန်းစီးရဝေရေ။

ဘော်ဘော်ကြီးလစ်မစ်

Sent from "LIMIT"

On May 7, 2012, at 8:43 PM, ya wai <yawaitun747@gmail.com> wrote:

ထောင်ဝင်စာ လာတွေ့ကြမှာလားဟင်။

2012/5/7 kdar kdar <kdar600@gmail.com>
ဟာသပဲ  ဖမ်းပါစေ  အဖမ်းခံရတော.ထောင်တွင်းမှတ်တမ်းများဆိုပြီ ကိုယ်.တွေ.ရေးလို.ရတာပေါ...အဲကြမှ ပိုပြီးဒိုင်ယာလော.တွေလှလာမယ်ထင်တယ်
ချစမ်းပါ.....လာဖမ်းလို.ကတော.လိုက်သွား...နိင်ငံရေးသမားတွေဆို..အဖမ်းခံပြီးမှနာမည်ပိုကြီးတာ   ကိုယ်ယုံကြည်တာလုပ်လို အဖမ်းခ့ရတာလောက်ဂုဏ်ယူဖို.ကောင်းတာ လောကမှာမရှိပါဘူး  ကမ္ဘာပေါ်မှာတောင်ဘယ်နိင်ငံ မှမရှိဘူး မြန်မာနိင်ငံမှာပဲရှိနေတာ
ဂုဏ်ယူလိုက်စမ်းပါ...fri

2012/5/7 ya wai <yawaitun747@gmail.com>
ကျွန်တော့်ဆီရောက်လာတဲ့ မေးလ်လေးပါ။ ဖတ်ကြည့်ကြပါဦး။



သို.
 ရဝေထွန်း (သို.မဟုတ်)ပိုင်စိုးသူသိစေရန်
မင်းကိုအခု မြန်မာပြည် စစ်ထောက်လှမ်းရေးနဲ.
အင်တာနက်လုံခြုံရေးအဖွဲ.ကအရေးယူဖို.လုပ်နေပြီ
အဲတော့မင်းအနေနဲ.ဖွန်ရူးထတာတွေ
တပ်မတော်အပေါ် အမြင်စောင်းအောင်လုပ်တာတွေကိုရပ်ပါ
မင်းကို ငါတို.အရေးယူဖို.လုပ်နေပြီ
လာဖမ်းမဲ့ရက်ကိုစောင့်နေပေတော့

--
Your lovingly Fri

Ya Wai (Paing Soe Thu)

http://yawaitun.blogspot.com/

https://twitter.com/#!/mcyawai

http://www.facebook.com/ya.wai1

http://www.facebook.com/pages/The-People-who-Like-Our-President


မှန်တာကို ပြောသူသည် ဒီမိုကရေစီ ဘက်တော်သားဆိုလျှင် ကျွန်တော် ဒီမိုကရေစီ
ဘက်တော်သားဖြစ်သည်။ အကယ်၍ မှန်တာကို ပြောသူသည် စစ်ခွေးဟု ဆိုပါက
ကျွန်တော်သည် စစ်ခွေးတစ်ကောင် မျှသာ ဖြစ်ပေလိမ့်မည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက  http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး  မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက  mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်  http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en  တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.

ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ




--
Your lovingly Fri

Ya Wai (Paing Soe Thu)

http://yawaitun.blogspot.com/

https://twitter.com/#!/mcyawai

http://www.facebook.com/ya.wai1

http://www.facebook.com/pages/The-People-who-Like-Our-President


မှန်တာကို ပြောသူသည် ဒီမိုကရေစီ ဘက်တော်သားဆိုလျှင် ကျွန်တော် ဒီမိုကရေစီ ဘက်တော်သားဖြစ်သည်။ အကယ်၍ မှန်တာကို ပြောသူသည် စစ်ခွေးဟု ဆိုပါက ကျွန်တော်သည် စစ်ခွေးတစ်ကောင် မျှသာ ဖြစ်ပေလိမ့်မည်။



--
ပေါင်ပေါင်စာပေအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/paowyne ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။ မန်ဘာဝင်များ မိမိသိထားသည်များကို မျှဝေလိုပါက paowyne@googlegroups.com သို.မေးလ်ပို.နိုင်ပါသည်။ ပေါင်ပေါင်စာပေအဖွဲ့ မှ နှုတ်ထွက်လိုလျှင် paowyne+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။ စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် (သို့) စာမလိုချင်ပဲ Website မှသာဖတ်ရန် http://groups.google.com/group/paowyne?hl=en ကို သွားပါ ။

အကြံပေးစာများကို ပေါင်ပေါင် ( eniweniw@gmail.com ) ထံသို. ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ပေါင်ပေါင်(အရှင်ကြီးအို)

ဒီမိုဝေယံ

ဒီမိုဝေယံ


အများပြည်သူအတွက် အများပြည်သူ ကောင်းမှု... နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သောက်သုံးရေအလှူ...

Posted: 06 May 2012 08:15 AM PDT

၂၀၁၂ သောက်/သုံးရေအလှူ

၂၀၁၀ ခုနှစ်နောက်ပိုင်းမှစ၍ နွေရာသီ၌ ထူးခြားလာသည်မှာ ရေရှားပါးခြင်းဖြစ်တော့သည်။ အထူးသဖြင့် သောက်ရေ ရှားပါးခြင်းဖြစ်သည်။ သောက်ရေမရှိတော့မှ လူ့ခန္ဓာကိုယ်ကြီး ဒုက္ခရောက်တော့မည်ဖြစ်သည်။ လူ့ခန္ဓာကိုယ်ကြီးထဲတွင် ရေဓါတ် ၇ဝ ရာခိုင်နှုန်းမျှ ပါဝင်သည်။ လူ့ခန္ဓာကိုယ်ကြီးအားရေနှင့် တည်ဆောက်ထားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် အသက်ရှင်သန်ခြင်းသည် ရေကြောင့်ဖြစ်သည်။

သောက်သုံးရေကန်များခန်းခြောက်ပြီးသောက်သုံးရေ ပြတ်လပ်မှုကို ရင်ဆိုင်နေကြရသည့် ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းတွင် သောက်သုံးရေများ လုံလောက်စွာရရှိရန်အတွက် ၄.၅.၂၀၁၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်၊ အလုပ်အမှုဆောင် ဦးတင်မောင်အေးတို့ဦးဆောင်၍ အသင်းသားများတို့သည် ရွှေပြည်သာမြို့နယ်ရှိ Tun Linn Group Construction Co.,Ltd. မြေသယ်ယာဉ်၊ ယန္တရားများနှင့် Tran sporter ငှါးရမ်းခြင်းလုပ်ငန်းမှ ရေဂါလံ (၂၄၀၀) ဆန့်မော်တော်ယာဉ်တစ်စီး (အခမဲ့) ကူညီပံ့ပိုးပေးမှုနှင့် အတူတွံတေး တံတားအဆင်း (ရန်ကုန်ပေါက်)ရှိ လူနေအိမ်များမှ အဝီစိရေတွင်း ရေလှူဒါန်းသည့်အတွက် ရေဂါလံ (၂၄၀၀) ဆန့်မော်တော်ယာဉ်ပေါ်သို့ ရေဖြည့်ကာ ကျန်စစ်သားရပ်ကွက်ရှိ ရေဒုက္ခသည်များထံသို့ နှစ်ခေါက်တိုင်တိုင် သယ်ယူပို့ဆောင်ခဲ့ရာ သောက်သုံးရေ (၄၈၀၀) ဂါလံအား အိမ်ထောင်စု (၁၂၀၀) ကျော်ခန့်အတွက် လှူဒါန်းခဲ့ကြသည်။

ကျန်စစ်သားရပ်ကွက်ရှိ သောက်သုံးရေလှောင်ကန် ဂါလံ (၄၈၀၀) ဆန့်အုတ်ကန်တွင်းသို့ ဖြည့်တင်းပေးပြီး ရပ်ကွက်တွင်းရှိ ရေဒုက္ခသည် အိမ်ထောင်စုများ (တစ်အိမ်မကျန်) သောက်ရေရရှိနိုင်ရန် တိုကင်စနစ်ဖြင့် ဒေသခံတို့မှ စီစဉ်ဆောင်ရွက်ကာ သောက်ရေများ ဝေငှလှူဒါန်းခဲ့ကြပြီး ယင်းနေ့ ည(၈း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

၅.၅.၂၀၁၂ ရက်နေ့(ကဆုန်လပြည့်)နေ့ နံနက် (၅း၃၀) နာရီအချိန်တွင် ဆက်လက်၍ ဒလမြို့နယ်တွင်းရှိ သောက်သုံးရေ လိုအပ်နေသည့် ကမာကသွယ်၊ တပင်ရွှေထီး၊ ကျောင်းစုအစရှိသည့် ကျေးရွာများသို့လည်းရေဂါလံ (၇၂၀၀)တို့အား သွားရောက်၍ ဝေငှလှူဒါန်းခဲ့ကြပြီး ည (၈း၀၀) နာရီအချိန်မှ နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။ ယင်းကဲ့သို့ သောက်သုံးရေများ အရေးပေါ် ဝေငှရာ၌ ဒေသခံ လူမှုရေးသမားများတို့မှ ဝိုင်းဝန်း၍ ပံ့ပိုးကူညီခဲ့ကြသည်။
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဇွဲတွန်ကျေးရွာရှိ အိမ်ခြေ (၁၁၈)၊ လူဦးရေ (၅၅၂) ဦးခန့် နေထိုင်လျက်ရှိပြီး သောက်သုံးရေကန်များ ခမ်းခြောက်နေသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒေသခံ လူမှုရေးသမားများနှင့် လက်တွဲကာ"အများပြည်သူအတွက် အများပြည်သူကောင်းမှု" ကဗျည်းရေးထိုး၍ ဇွဲတွန် ဘုန်းတော်ကြီး ကျောင်းအတွင်း၌ အဝီစိစက် ရေတွင်းတူးဖော်ခြင်းနှင့် အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းအား အကောင်အထည်ဖော် လှူဒါန်းပေးခဲ့သည်။ ထို့အပြင် ပဲခူးတိုင်း၊အနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ရှိ ကြာနီကန်ကျေးရွာ၊ ပဲခူးတိုင်၊ ကဝမြို့နယ်၊ ကမာပုန်းကျေးရွာနှင့် အောင်သာ ကျေးရွာတို့တွင်လည်း အဝီစိစက် ရေတွင်းများအား အများပြည်သူအတွက် အများပြည်သူ ကောင်းမှုအဖြစ် ဆက်လက်၍ တူးဖော် လှူဒါန်းပေးလျှက်ရှိပေသည်။
အများပြည်သူအတွက် … အများပြည်သူ ကောင်းမှုတော်အတွက် သာဓုခေါ်ဆိုနိုင်ပါစေသတည်း။

ပြည်တွင်းမှ သောက်သုံးရေ၊ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာပြည်သားများအား ဝိုင်းဝန်းကူညီကြပါ...

Posted: 06 May 2012 07:51 AM PDT

အောင်ပန်းစိန် ရွာအတွင်း လယ်ထွန်စက်ဖြင့် လာလှူသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သောက်ရေ အလှူကို လက်ခံနေကြသော ရွာသားများ (ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဖေ့စ်ဘွတ်ခ်မှ)

ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်မှ မြန်မာပြည်အတွင်း ရေရှားရာ ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးနေပါတယ်..။ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များမှလည်း ကိုယ့်ပြည်တွင်းမှ ကိုယ့်မြန်မာပြည်သားတွေ အတွက် တတပ်တအား ကူညီဆောင်ရွက် လှူဒါန်းပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ် ခင်ဗျာ...။ (ကိုနေမျိုးဇင်ရုပ်သံအား ညီငယ်ဇေယျာ ပြန်လည် ဖန်တီးဖော်ပြပါသည်)
 
ကိုနေမျိုးဇင် Facebook