[mrsorcerer:24536] Fwd: [လူဗိုလ်ဟူသည် ...] ပုံပြင် အရသာ (လူထုဦးလှ ၏ စာတမ်း)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/12
Subject: [လူဗိုလ်ဟူသည် ...] ပုံပြင် အရသာ (လူထုဦးလှ ၏ စာတမ်း)
To: lubo601@gmail.com



မမြင့်မြင့်သိန်း

ရှေးရှေးတုန်းက ဆိုတဲ့စကားဟာ ကလေးအဖြစ်နဲ့ ကျွန်တော်တို့ နှစ်နှစ်သက်သက် အစောဆုံးကြားရတဲ့ စကား တစ်လုံး ဖြစ်ပါတယ်။ ဒီစကားကို ကျွန်တော်တို့ ငယ်ငယ်က အားကြီးမျှော်ပါတယ်။ မိခင်က ယုယ ပိုက်ထွေးရင်ခွင်ထဲမှာ ထာပြီး " ရှေး..ရှေး….တုန်းက " လို့စလိုက်ရင် ပုံပြင်ကြားကြရတော့မယ် ဆိုပြီး ကျွန်တော်တို့ တတွေ အင်မတန်သဘောကျကြတယ် မဟုတ်လား ။

ရွှေယုန် နဲ့ ရွှေကျား သစ်ကယ်ရိပ်သွားတဲ့ ပုံပြင်ကို အမေက ထပ်တလဲလဲ ပြောပြ ရင်လဲ ကြိုက်တာပဲ ။

ပုံပြင်မကြိုက်တဲ့ သူရယ်လို့ လောက ကြီးထဲမှာ ရှိပါ့မလား။ ကျွန်တော်ကတော့ မရှိဘူးလို့ ထင်တာပဲ၊ ကလေးတွေလဲ ကြိုက်၊ လူပျို လူရွယ်တွေလဲ ကြိုက်၊ ကြီးသူ အိုသူတွေလဲ ကြိုက်တာပဲ ။ တကယ်လို့ မကြိုက်ဖူးဆိုရင် ပုံပြင်ပြောသူက သူ့နေရာနဲ့သူ ပုံပြင်ကို အံကိုက်အောင်မရွေးလို့၊ ပြောဟန်လို လို့သာ ဖြစ်ရမှာပဲ ။ အံကိုက်ရင် ပုံပြင်ကို မကြိုက်သူ မရှိနိုင်ပါဘူး ။


ပုံပြင်ဘယ်တုန်းကစပေါ်သလဲလို့ မေးရင် လူရယ်လို့ လောက ကြီးမှာ ရှိလာပြီး စကား တော်တော်သင့်သင့် စုံစုံပြောလာကတည်းက စပေါ်တယ်လို့ ဆိုရင် မမှားနိုင်ဘူးလို့ ထင်ပါတယ် ။ ပုံပြင်ဟာ လူ့သမိုင်းမှာ အစောဆုံးပေါ်တဲ့ စာပေပဲ ။ စာအရေးအသား မရှိသေး၊ မပေါ်သေးတော့ လေစာ အနေနဲ့ ရှိခဲ့တဲ့ စာပေလို့ ဆိုရမှာပေါ့ ။

ကျွန်တော်တို့ တိုင်းပြည်ဟာ မကျယ်ဝန်းလှပေမယ့် လူမျိုးလည်း များတယ်၊ ပုံပြင်တွေလည်း ပေါတယ် ။ သမိုင်းပညာရှင်များက ဘုရင်တွေ၊ နိုင်ငံရေးပုံစံပြောင်းပုံတွေ ကို အထောက်အထား အမျိုးမျိုးနဲ့ တင်ပြ ကြတာကို တွေ့ကြရပါတယ် ။ သာမာန်တိုင်းသူပြည်သားရိုးရိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ အတွေးခေါ် အယူဆတွေနဲ့ ပါတ်သက်လို့တော့ မှတ်တမ်းတင်ထားတာတွေ နည်းလိမ့်ဦးမယ်လို့ ယူဆပါတယ်။

လူပအဖွဲ့စည်း တိုးတက်ပုံကို လေ့လာကြတဲ့အခါ ပညာရှင်တွေ အနေနဲ့ ပြည်သူတွေရဲ့ ဓလေ့ထုံးစံတွေ၊ အယူတွေ နှစ်ပေါင်း ထောင်သောင်းကာလ အတွင်းမှာ ဘယ်လိုအဆင့်ဆင့် ပြောင်းလဲလာတယ် ဆိုတာ အထူးဂရုစိုက် လေ့လာကြရပါတယ်။ ဒီနေရာမှာ ပုံပြင်တွေဟာ ပြည်သူတွေရဲ့နောက်ခံသမိုင်းကို အထိုက်လျောက်သိစေနိုင်ဖို့ အထောက်ကူ ရနိုင်ပါတယ်။

ကျွန်တော်တို့ ပုံပြင်စာအုပ်တွေထဲမှာ ကုန်သည်တွေ၊ စစ်သားတွေ၊ သာသနာပြုတွေနဲ့ အတူ ဇာတ်နိပါတ်တွေ၊ ပုံပြင်တွေ၊ ခရီးသွားပုံတွေ ကို ကျွန်တော် ဖော်ပြဖူးပါတယ်။ ပြည်တွင်းမှာလဲ ဘုရားဖူးသွားရင်း၊ ဆွေမျိုးများဆီ အလည်သွားရင်း၊ အရောင်းဝယ်ကိစ္စ နဲ့သွားရင်း ပုံပြင်တွေ၊ သီချင်းတွေ၊ စကားထာတွေ၊ စကားပုံတွေ သိမှတ်စရာ နီတိစကားတွေဟာ ဟိုဟို ဒီဒီ အနှံ့ရောက်ကြပေါက်ကြတယ်။ ပြည်ပနဲ့သွားလာဆက်ဆံမှုရှိနေတာလည်း ကြာပြီဖြစ်လို့ ကုန်းလမ်း၊ ရေလမ်း နဲ့ (အခုဆို လေလမ်းနဲ့ပါပေါ့) သွားခဲ့ လာခဲ့တဲ့ ပုံပြင်တွေ အင်မတန်များပါတယ်။

ဒီလိုပဲ နှစ်ပေါင်းရာထောင် နှုတ်နဲ့သယ်၊ နှုတ်နဲ့ ပြောနေခဲ့ကြတာပဲ။ စာပေါ်ပေပေါ် တင်ခဲ့ကြတာ တကယ်ကတော့ တယ်မကြာသေးဘူး။

ပုံပြင်သုတေသီ (Folklorists) များက ပုံပြင်တွေ အပေါ် မြင်ပုံ ၃ မျိုးရှိပါတယ်။

မက်(စ) မူလား (Max Mueller) ဆိုသူက စာပေဆိုတာ ရှေးတုန်းက နတ်တွေ၊ ပြင်ပလောက တန်ခိုး ဣဒ္ဒိပါတ် ရှိသူတွေ အကြောင်းပြောဆိုခဲ့ကြတယ် ဆိုတဲ့ အထောက်အထားဖြစ်တယ်လို့ ဆိုပါတယ်။

ဆာအယ်ဂေါ်မီ ( Sir L Gomme) ဆိုသူက ပုံပြင်ကို သမိုင်းရှုထောင့်က ကြည့်လေ့လာတာ အကောင်းဆုံးပဲ လို့ဆိုတယ် ။

ဖရေဇာ (Frezer)  ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ ယှဉ်ပြီးလေ့လာဖို့ တိုက်တွန်းတယ်။

ဖရေဇာက လူကြိုက်များတဲ့ ပုံပြင်စာပေဟာ တစ်ခုနဲ့ တစ်ခု အမှီပြုတယ်။ အခြေခံ လူ့သဘာဝဖြစ်တဲ့ ထူးထူးဆန်းဆန်းကို ကြားသိချင်တဲ့ စိတ်ကို နှစ်သိမ့်စေတယ် လို့ဆိုပါတယ်။ ယခုနှစ် အနည်းငယ်အတွင်းမှာပဲ ပုံပြင်သုတေသီ ပညာရှင်များဖြစ်တဲ့ မလင်နိုစကီး ( Malinosky ) နဲ့ ရက်ဒ်ကလစ် ဘရောင်း (Redcliff Brown) တို့လိုပုဂ္ဂိုလ်များက ပုံပြင်ဟာ ဒီကနေ့ ယဉ်ကျေးမှုရဲ့ အရင်းခံ အစိတ်အပိုင်း တစ်ခုဖြစ်တယ် လို့ ဆိုကြပါတယ် ။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပုံပြင်တွေကို ကျွန်တော်ဘာ့ကြောင့်စုသလဲ၊ နိုင်ငံခြားပုံပြင်တွေကို ဘာဖြစ်လို့ ဘာသာပြန်သလဲမေးရင် ပုံပြင်ကောင်းတွေ ဟာ ကလေးသူငယ်တွေရဲ့ ဘဝကို ကောင်းအောင် ဖန်တည်းနိုင်စွမ်း ရှိလို့ဖြစ်တယ်လို့ ကိုယ်တွေ့နဲ့တွဲပြီး အလေးအနက်ဖြေကြားလိုပါတယ်။ အခြား အကြောင်း များလည်း ရှိပါသေးတယ်။

ကျွန်တော်ပုံပြင်နားထောင်တတ်စအရွယ် ငယ်ငယ်တုန်းက ကျွန်တော်တိုရွာမှာ ဦးဖိုးလှိုင်ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက် ရှိပါတယ်။ အင်မတန် ပုံပြင်အပြောကောင်းတဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော်တို့က "ဘကြီးဦးဖိုးလှိုင်"လို့ ခေါ်ကြပါတယ်။ အားလပ်တဲ့ရက်တွေမှာ ကျွန်တော်တို့ အဖေက ဘကြီးဦးဖိုးလှိုင်နဲ့ အခြားခင်မင်သူ လေး ငါးယောက်ကို လက်ဘက်ရည်သောက်ဖိတ်လေ့ရှိပါတယ်။ ဒီစကားဝိုင်းကို ည ၇ နာရီခွဲလောက်မှာ စတာ၊ ည ၁၁ နာရီ၊ ၁၂ နာရီလောက်မှာ သိမ်းလေ့ရှိပါတယ်။ ကျွန်တော်တို့က လူကြီးတွေ ဘေးနားကပေါ့ ။ ဘကြီးဦးဖိုးလှိုင်ပြောပြတဲ့ ပုံပြင် တစ်ခုဟာ ကျွန်တော်တို့ကို အများကြီး သတိရှိစေခဲ့ပါတယ်။ ပညာတတ်ဖို့ လိုတယ်၊ ပညာတတ်မှ ဖြစ်ပါမယ်၊ ဗဟုသုတ ရှိရမယ် လို့ တတွတ်တွတ် သတိပေးသလို ရှိနေခဲ့ပါတယ်။ ဒီပုံပြင်လေးကို ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က ဘကြီးဦးဖိုးလှိုင် ပြောပြတဲ့ ဟန်အတိုင်း ပြောပြပါရစေ ။

ရှေးရှေးတုန်းက ရွာတစ်ရွာမှာ လယ်သမား လင်မယားနှစ်ယောက်ရှိကြတယ်။ လယ်သမားဆိုပေမယ့် ဆင်းရဲတဲ့ လယ်သမားပါ။ လယ်သမားဆိုတာက ယဉ်အောင်ခေါ်တာ၊ တကယ်တော့ သူများငှားရင် လယ်ထဲမှာ လိုက်လုပ်ရတဲ့ အလုပ်သမားပါပဲ ။ သူတို့မှာ သားကလေး တစ်ယောက်ရှိတယ်။ ပညာတတ်တဲ့ လူတွေကြီးပွားတယ်၊ ကောင်းစားတယ်လို့ ကြားဖူးတာကြောင့် မိဘများက သူတို့ သားကလေးကိုလည်း ပညာတတ်ကြီး ဖြစ်စေချင်ကြတယ်။ ဒါပေမယ့် နေ့ဖို့ ညစာ စားရေးသောက်ရေးမှာ အနိုင်နိုင်မို့ သူတို့ သားလေးပညာသင်ကြားရေး အတွက် သူတို့ ဘာမှ မလုပ်နိုင်ကြပါဘူး။

သူတို့သားကလေး ကျောင်းသားအရွယ်ရောက်လာပေမယ့် သူတို့ရွာမှာက ကျောင်းမရှိဘူး။ ဘုန်းကြီးကျောင်းထားတာလည်း ကလေးက မှန်မှန်မသွားဘူး။ လယ်ထဲမှာ ပုဇွန်နှိုက် ဖားရိုက်လုပ်နေတာပဲ။ ဒါကတော့ သူမှ မဟုတ်ပါဘူး ကျေးလက်က ကလေးတွေဒီလိုပဲ များတာပဲ။

ဒီကလေးဟာ ကြီးလာတဲ့ အထိ စာလည်းမရေးတတ်၊ မဖတ်တတ်၊ ပညာဗဟုသုတလည်း ဘာမှ မရှိဘူး။ ဒီတော့ စဉ်းစားဆင်ခြင်ဥာဏ်လည်း နုံနေ အနေတာပေါ့။ ဒါကြောင့် အရပ်ထဲကလူတွေက အ လွန်း၊ န လွန်း၊ တုံးလွန်းတယ် ဆိုပြီး " တုံးတာ " လို့ နာမည်ပေးကြတယ်။

အဲဒီ မောင်တုံးတာကလေးဟာ ပညာဗဟုသုတဘက်က မတိုးတက်ပေမယ့် တဖြည်းဖြည်းနဲ့ လူကောင်က ကြီးလာလိုက်တာ လူပျိုပေါက် ကလေးဖြစ်လာရော။ လူပျိုပေါက်ဆိုတာ ကျွဲပေါက် ဆင်ပေါက် ဆိုတာလို အရွယ်ပေါ့။

ဒီအရွယ်ရောက်လာတော့ လူက အ ပေမယ့် အတွင်းစိတ်၊ အတွင်းသဘာဝက တော့ အ ခံမနေဘူး။ နောက်ပိုး ပိုးတတ်လာတယ်။ သူ့အကြောင်း တစ်ရွာလုံးသိကြပေမယ့် သူ့ကို သနားပြီး ချစ်တဲ့ မိန်းကလေးက ရှိသေးတယ်။ မောင်တုံးတာ ၁၈ နှစ် ၁၉ နှစ် ရွယ်လောက်ရှိလာပြီ။

တစ်နေ့တော့  "သန်ဘက်ခါညမှာ ငါလာခဲ့ မယ်။ စကားပြောရအောင်၊ စောင့်ပါ " လို့ ချစ်သူကို ပူဆာတယ်။ သနားချစ် ချစ်နေသူက အလိုလိုက်မှပဲ ဆိုပြီး "ဒီလိုဆိုရင် အဖေတို့ အမေတို့ အိပ်ပျော်နေတဲ့ အချိန် သန်းခေါင် လောက်မှာ လာခဲ့ပါ။ ကျွန်မ ဗူးစင်အောက်မှာ စောင့်နေပါမယ် " လို့ပြန်ပြောသတဲ့။

မောင်တုံးတာဟာ မိုး ဒူးနဲ့ တိုက်ချင်လောက်အောင် ဝမ်းသာပြီး အိပ်လို့တောင် မပျော်ရှာဘူး။ နောက်နေ့မှာတော့ နေဝင်ခဲ ဝင်ခဲ နဲ့ မရိုးမရွ ဖြစ်နေတော့တယ်။

ချစ်သူက သူ့ကို သန်းခေါင်အချိန်မှာ ချိန်းလိုက်တာပဲ။ သူက အချိန်နာရီဆိုတာလည်း ကောင်းကောင်းမသိဘူး။ ချစ်သူနဲ့ နှစ်ယောက်ထဲ တွေ့ချင်ဇောကလည်း အလောတကြီးဖြစ်နေတာကြောင့် ည ၉ နာရီလောက်မှာ သူသွားတော့တာပေါ့။

ဗူးစင်အောက်က ကွပ်ပျစ်ပေါ်မှာ တစ်စုံတစ်ယောက်ထိုင်နေတာကို သူအဝေးကြီးက မြင်ရတယ်။ ဒီလိုမြင်လိုက်တော့ ပီတိတွေ ဖြန်းကနဲ ထပြီး ဝမ်းသာလုံးဆို့မတတ် ဖြစ်သွားတယ်။ ခြံစပ်နားရောက်သွားတော့ မောင်တုံးတာက ခြေသံမကြားအောင် ခြေဖျားလေးထောက်ပြီး သွားတယ်။ သူကလည်း မခေဘူး။ လူဆိုတာ တခြားနေရာမှာ တုံးပေ အ ပေမယ့် ဒီလိုနေရာမှာ အ ချင်မှ အ တာ။ တခြားနေရာမှာ လူလည် ဖြစ်ပေမယ့် ဒီလိုနေရာမှာ အ ချင် အ နေတတ်တာ။

ခြေဖျားထောက်ပြီး အသာလေးဝင်သွားတော့ ကွပ်ပျစ်ပေါ်က လူက ဘယ်သိပါ့မလဲ၊ သူက သူ့ချစ်သူ ရုတ်တရက် အံ့အားသင့်သွားအောင် လုပ်ချင်တာကိုး။ ဒီလိုနဲ့ မောင်တုံးတာ ဟာ ကွပ်ပျစ်ကလေးနား ရောက်သွားရော။ သူ့စိတ်ထဲမှာ ငါ့ချစ်သူဟာ လသာထဲမှာ စောင်ဖြူကလေးခြုံပြီး ငါ့ကို စောင့်နေတယ်လို့ ထင်ရှာသတဲ့။ ချစ်သူလန့်သွားအောင် ကြည်စယ်မယ် ဆိုပြီး မောင်တုံးတာက နောက်ကနေ ဖက်လိုက်တာ။ လား…လား…ကွပ်ပျစ်ပေါ်က ခွေးမကြီး က လန့်ပြီး ကိုက်ဖို့ လိုက်ပါလေရော။ အောင်မယ်လေး ကံကောင်းလို့၊ အပြေးကောင်းလို့ မကိုက်မိတာပေါ့။

ကွပ်ပျစ်ပေါ်မှာ ထိုင်နေတာ သူ့ရည်းစားမဟုတ်ဘူး၊ အဲဒီအိမ်က ခွေးဖြူမအိုကြီး။ သန်းခေါင်ချိန်မှာ ချိန်းထားပြီး ည ၉ နာလောက်မှာလာတော့ အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်တာပေါ့။ စိတ်ကူးယဉ်ထားသမျှ အလကားဖြစ်ကုန်တာပဲ။ တုံးသူ အ သူ ဆိုတော့ ဒီလိုဖြစ်ရတာ သူ့ကြောင့်လို့ သူ သဘောမပေါက်ဘူး။ သူ့ရည်းစားက သူ့ကို တပါတ်ရိုက်တယ် လို့ထင်တယ်။ နည်းနည်းမှ သူမကျေနပ်ဘူး။

နောက်တစ်နေ့မှာ သူ့ရည်းစားနဲ့တွေ့တော့ မောင်တုံးတာက အပြစ်တင်တာပေါ့။ မင်းလုပ်ပုံကောင်းရဲ့လားပေါ့။ သူ့ရည်းစားကလည်း သန်းခေါင်ချိန်က လင်းကြက်တွန်ခါနီးထိ သူစောင့်နေတဲ့ အကြောင်း ပြန်ပြောပြသတဲ့။ သေသေချာချာ စစ် လိုက်တော့ သူက ၃ နာရီ ၄ နာရီ စောပြီးလာတာ ဖြစ်နေတာပေါ့။

ဒါနဲ့ ထပ်ချိန်းကြပြန်တယ်။ ချစ်သူက " ဒီနေ့ည ရှင်လာချင်တဲ့ အချိန်လာခဲ့၊ အိမ်အောက်ကနေ ပဲကြီးဝါးလိုက်ပါ။ ပဲကြီးဝါးသံကြားရင် ကျမဆင်းလာမယ် " လို့ပြောလိုက်တယ်။ အဲဒီနေ့ ည ၉ နာရီ ၁၀ နာရီလောက်မှာ မောင်တုံးတာသွားတာပဲ။ ပါသွားတဲ့ ပဲကြီးတွေ ဝါးဝါးစားတာပဲ။ ဒါပေမယ့် သူယူလာတာတွေက ပဲလှော်မဟုတ်ဘူး။ ပဲပြုတ်တွေ။ ဒီတော့ အိမ်ပေါ်က လူက ဘာမှ မကြားရတော့ဘူးပေါ့။ သူကတော့ သူ့ရည်းစားဟာ သူ့ကို လှည့်စားပြန်ပြီ ဆိုပြီး ဒေါပွနေတာပေါ့ ။ ပဲကြီးပြုတ် တစ်ပိသာလောက်လဲကုန်တော့မယ်။ ရည်းစားကလဲ ဆင်းမလာသေးဘူး။

ကံအားလျော်စွာ ည ၁၁ နာရီလောက်ရှိတော့ ပဲစုန်းပြူးလေး တစ်စေ့ ပါတာကို မောင်တုံးတာ ဝါးလိုက်မိတာနဲ့ တောက်ကနဲ မည်သွားတယ်။ အိမ်ပေါ်က နားစွင့်နေသူကလည်း ဒီအသံ ကြားတာနဲ့ ဆင်းလာရတယ်။ ဖြည်းဖြည်းဆင်းလာလို့ သူ့နားရောက်လာတော့ မောင်မင်ကြီးသားက အပြစ်တင်လိုက်တာ မပြောပါနဲ့တော့။ ဒီတော့ မိန်းကလေးက " ကျွန်မလည်း နားစွင့်နေတာပဲ ပဲလှော်ဝါးသံ မကြားလို့ ဆင်းမလာတာပါ။ အခုကြားကြားခြင်းဆင်းလာတာပဲ " လို့ ပြန်ပြောရှာတာပေါ့။ မောင်တုံးတာက  " ပဲလှော်ဝါးနေတာ တစ်နာရီ မက တော့ ဘူး မင်းဟာ လွန်လွန်းအားကြီးတယ် " လို့ ပြန်ပြောပြန်တယ်။

မိန်းခလေးက မသင်္ကာလို့ သူ့ပဲလက်ကျန်ကို ကြည့်လိုက်တော့ ပဲလှော်မဟုတ် ပဲပြုတ်တွေ ဖြစ်နေတာ တွေ့ရတယ်။ ဒီတော့ " သြော် ကိုတုံးတာ ဖြစ်မှ ဖြစ်ရပလေ၊ ပဲလှော်ကို ဝါးပါမှပေါ့၊ ပဲပြုတ်ကို ဝါးလို့ ဘယ် အသံထွက်ပါ့မလဲ " ဆိုပြီး ညည်းရှာသတဲ့။ အဲဒီတော့မှ မောင်တုံးတာက " ဟင် ဟုတ်လား။ ဟင် ဟုတ်ပါရဲ့" နဲ့ ဖြစ်တော့ တာပေါ့။

စကားပြောနေရင်းပဲ ဗိုက်က နာလာတယ်။ မနာခံနိုင်ပါ့မလား။ ပဲကြီးပြုတ်က ရှစ်ဆယ်သား ကိုးဆယ်သား လောက် ဗိုက်ထဲဝင်နေပြီကိုး။ ဒါနဲ့ သူ့ရည်းစားကို ဗိုက်နာတဲ့ အကြောင်း ပြောပြတော့ အိမ်က အိမ်သာမှာသွားရင် လူစိမ်းတစ်ယောက်လာတယ်ဆိုတာ လူကြီးမိဘ ရိပ်မိမှာစိုးတာနဲ့ " ဟိုအရှေ့ဘက်ခြံထောင့်ကိုသွားပါ။  အဲဒီမှာ ခြံတိုင် အသစ်တွေ စိုက်ထားတယ်။  မြေမဖို့ကြရသေးဘူး။ တိုင်တစ်တိုင်ကို အသာဆွဲနှုတ်ပြီးနောက်ဖေးသွားပါ။ နောက်ပြီးခြံတိုင်ကို ဖြေးဖြေး ပြန်စိုက်ထားခဲ့ပါ " လို့မှာလိုက်တယ်။ မောင်တုံးတာခမျာ ဗိုက်နာနာနဲ့ သွက်သွက်ကလေး သွားရရှာတယ်။ အန္တရာယ်ကြာကြာလွယ်မထားနိုင်ဘူးလေ။

ကိစ္စတွေပြီးတော့ ရည်းစားဆီ မြန်မြန်ပြန်ပြေးချင်လို့ မှာလိုက်တာတွေ ဘာမှ သတိမရတော့ဘူး။ မြေမဖို့ရသေးတဲ့ ခြံတိုင်ကို ဖြည်းဖြည်း ပြန်မချပဲ အရှိန်နဲ့လွှတ်ချတော့  သူစွန့်ထားတဲ့ မစင်ပျော့တွေ တစ်ကိုယ်လုံးပေကုန်တာပေါ့။ ဒါပေမယ့် သူကတော့ မသိဘူး။

သူ့ရည်းစားနားကို ပြန်ရောက်တော့ သူက " ဟေ့ လေသင့်လို့ထင်တယ်၊ အိမ်သာစော်နံလိုက်တာ " တဲ့။ မိန်းကလေးကတော့ ရိပ်မိပြီ။ " ရှင် တိုင်ကို ဖြည်းဖြည်းပြန်မချဘူးထင်တယ် ဒရောသောပါး ချခဲ့လို့ ပေကုန်ပြီထင်တယ် " လို့ပြောလိုက်တော့မှ သူ့ကိုယ်သူ စုံစမ်းကြည့်ပြီး " အေး ဟုတ်တယ်၊ ပေကုန်ပြီ " လို့ ဆိုတယ်။

ဒီတော့ " ဖြည်းဖြည်းသွား၊ ရေချိုးခန်း တောင်ဘက်တန်းမှာ ရှိတာက သစ်စေးအိုး၊ အဲဒီအဖုံးပေါ်က ဖလားကိုယူပြီး မြောက်ဘက်တန်းမှာ ရှိတဲ့ စဉ့်အိုးကြီးထဲက ရေကို ချိုးပါ။ အသံမမြည်အောင် ဖြည်းဖြည်းလည်း လောင်းပါ " လို့ ပြောပြတယ်။
ရည်းစားမှာတဲ့ အတိုင်း စဉ့်အိုးကလေး အဖုံးပေါ်က ကြေးဖလားကို ယူတယ်။ ဒါပေမယ့် အရင်လိုနေသူ မဟုတ်လား။ မြောက်ဘက်တန်းက ရေအိုးကြီးဆီ မကူးတော့ဘူး။ စဉ့်အိုးကလေးထဲမှာရှိတဲ့ သစ်စေးတွေကိုပဲ လောင်းချိုးလိုက်တယ်။ မစင်နံ့ကတော့ ပျောက်သွားတာပေါ့။ မိန်းကလေးဆီပြန်ရောက်တော့ မောင်တုံးတာက " မင်းတို့ ရေ က ကပ်စေး ကပ်စေး နဲ့ပါလား " လို့ ပြောသတဲ့။ ဒီစကားကြားကတည်းက သူ့လူတလွဲ လုပ်လာပြီ ဆိုတာ မိန်းကလေးက သိပြီ။ သစ်စေးနံ့လည်းရနေပြီလေ။ ဒီတော့ အံ့ပါရဲ့ ကိုတုံးတာရယ် သေသေချာချာမှာလိုက်ပါရဲ့နဲ့ ဘယ့်နှယ်လုပ်တာလဲ။ သစ်စေးတွေ တစ်ကိုယ်လုံး ပေနေပြီ။ ဒုက္ခပါပဲ " လို့ညည်းရှာသတဲ့။ မောင်တုံးတာလည်း ငါလည်း အရင်လိုတာနဲ့ မှားကုန်တာပါဟယ် လို့ ပြန်ပြောတယ်။

သစ်စေးတွေကို ချွတ်ဖို့ လိုပြန်တယ်။ ဒီတော့ မိန်းကလေးက " အိမ်ပေါ်မှာ အဖေတို့ အမေတို့ အိပ်နေကြတယ်။ သူတို့ခေါင်းရင်းမှာ ဆီထည့်ထားတဲ့ ဆယ်ဝင်အိုး ရှိတယ်။ အိုးဖုံးကို ဖြည်းဖြည်းဖွင့်ပါ။ အိုးအနား အတွင်းပိုင်းမှာ ဆီခပ်တဲ့ခွက်ကလေး ချိတ်ထားပါတယ်။ လက်ကိုင်လေးကို အသာကိုင်ပြီး ဆီအိုးကို ဖြည်းဖြည်းခပ်ပါ။  ကိုယ်ပေါ်ကို သုံးလေးခွက်လောက် ဖြည်းဖြည်း လောင်းခဲ့ပါ " လို့ မှာတယ်။ ဒီတစ်ခါတော့ မောင်တုံးတာ သေသေချာချာ နားထောင်တယ်လေ။  ထပ်မှားလို့ မကောင်းတော့ ဘူးမဟုတ်လား။

မှာထားတဲ့အတိုင်း အိမ်ပေါ်ထပ်တက်သွားတယ်။ ခေါင်းရင်းခန်း ရောက်တော့ လူကြီးတွေ အိပ်နေတဲ့ အိပ်ယာ ခေါင်းရင်းဘက်မှာ ဆီအိုးကို တွေ့တယ်။ မှာလိုက်တဲ့ အတိုင်း အိုးအဖုံးကိုဖွင့်ပြီး ဆီခွက်ကို နှိုက်ယူလိုက်တယ်။  သတိကလည်း အင်မတန်ထားရပါတယ်။ ဆီခွက်လက်တံရှည်ကို ကိုင်ပြီး ဆီကိုခပ်မလို့လုပ်တုန်း သူ့ရည်းစားရဲ့ ဖခင်ကြီး ဦးခေါင်း ပြောင်ပြောင်ကြီး ခြင်ထောင်အပြင်ဖက် ထွက်နေတာ တွေ့လိုက်ရတယ်။ ဒီလိုတွေ့ လိုက်တော့ ဘယ်လိုဖြစ်သွားတယ် မသိဘူး။  ဆီအိုးထဲက ဆီကို မခပ်မိတော့ဘဲ နဖူးကြီးကို ဆီခွက်နဲ့ ခပ်လိုက်တာ အဘိုးကြီးက " လူ..လူ..လူ..လူ.." နဲ့အော်လို့ မောင်တုံးတာ ထွက်ပြေးရတော့တာပေါ့။

သူခိုးထင်လို့ လိုက်ကြည့်တဲ့ အခါ မိန်းကလေးရဲ့ ဖခင်ကြီးက သမီးကို အိမ်အောက်မှာ တွေ့တယ်။ ဒီတော့       " အင်း တန်တော့ တန်တော့ ဒါ သူခိုး မဟုတ်ဘူး။ မောင်တုံးတာပဲ ဖြစ်ရမယ်။ ငါ့သမီးနှယ်နော် မိုက် လိုက်ပါဘိ" ညည်းရှာတယ်။

မနက်မိုးလင်းတော့ ဇနီးမောင်နှံတိုင်ပင်ကြပြီး ဒီလိုဖြစ်နေကြမှတော့ ပေးစားလိုက်တာပဲ ကောင်းတယ် ဆိုပြီး သူတို့ သမီးကို မောင်တုံးတာနဲ့ ပေးစားလိုက်ကြတယ်။

အိမ်ထောင်ကျပြီးတဲ့နောက် ယောက္ခမ မိဘများအပေါ် တာဝန်မဖြစ်စေချင်ဘူးဆိုပြီး သူတို့အိမ်ကလေးတစ်လုံးဆောက်ပြီး ခွဲနေကြတယ်။ ကိုယ့်ဝန်ကိုယ်ထမ်းမယ်။ မှီခိုမနေချင်ဘူးဆိုတဲ့ မာနမျိုးလည်းမောင်တုံးတာမှာရှိတယ်။  ဒါကတော့ အကောင်းပါပဲ။

ဇနီးသည်က မနက်ကို စောစောထပြီး ဈေးရောင်းတယ်။ ခေါင်းရွက်ဈေးသည်ပေါ့။ မောင်တုံးတာက တော့ အိမ်မှာပဲ တောင်းကွပ်တယ်။ သူက အဲဒီလက်မှုပညာတော့ နဲနဲပါးပါး တတ်ထားတယ်လေ။ ရှေးတုန်းကတော့ တောင်သူလယ်သမား သားသမီးဆိုတာ ထရံရက်တတ်တယ်။ နှီးဖျာတတ်တယ်။ ကြိုးကျစ်တတ်တယ်။ ဒီလိုမတတ်လို့မဖြစ်ဘူး။ အင်မတန် တုံးတယ် အ တယ် န တယ်ဆိုတဲ့ မောင်တုံးတာ လည်း ဒီလောက်တော့ တတ်တယ်။ အလုပ်လည်း လုပ်ရတယ်။ ပေါ်ကြော့နေလို့ မရဘူး။

ဒီလိုလုပ်ကိုင်စားသောက်နေကြရင်းက ၁ နှစ်ခွဲ ၂ နှစ်လောက် နေကြတော့ သူတို့ ဇနီးမောင်နှံမှာ သားလေးတစ်ယောက် ရလာတယ်။ ဝဝ လှလှ ချစ်စရာကလေးပါ ။ ဇနီးဖြစ်သူက မနက်စောစော ကလေးကို နို့ဝအောင် တိုက်ထားခဲ့ပြီး ဈေးရောင်းထွက်တယ်။ မောင်တုံးတာကတော့ အိမ်မှာရေခပ်၊ ထမင်းဟင်းချက်၊ ကလေးပုခက်လွှဲ၊ ကလေးထိန်း၊ အားတဲ့အချိန်မှာ တောင်းကွပ်တယ်။ ပျော်စရာကြီး။

တစ်နေ့တော့ သူ့မိန်းမ ဈေးရောင်းသွားတာက ပြန်ရောက်ရမယ့်အချိန် ပြန်မရောက်ဘူး။ ရောင်းမကောင်းတဲ့နေ့ဖြစ်လို့ နေ့တွက်ကလေး ကိုက်အောင်၊ ဟင်းသီးဟင်း ရွက်တွေလည်း အလကားမဖြစ်ကုန်အောင် ရွာရိုးလျှောက်ပြီး ရောင်းနေရလို့ပေါ့။ ဒီလိုခေါင်းရွက် ဈေးသည်ဆိုတာ မရောင်းရရင် ပင်ပန်းတဲ့ အပြင် ရှုံးတတ်သေးတယ်။ ဒါကြောင့် ခြေတိုမတတ် လျှောက်ရတယ်။ အော်ရ ဟစ်ရတယ်။

မောင်တုံးတာကတော့ တောင်းကွပ်ရင်း ပုခက်လွှဲနေတယ်။ နေမြင့်တော့ ကလေးက နို့ဆာပြီး ငိုတာပေါ့ ။ သေးတွေကလည်း ရွဲလို့။ မောင်တုံးတာကတော့ " မိန်းမနှယ် ခုထိပြန်မလာဘူး။ နေမြင့်လှပြီ " ဆိုပြီး သူ့မိန်းမကို အပြစ်တင်နေတယ်။ ကလေးကလည်း ငိုလှပြီကိုး။

ပုခက်လွှဲပြီး မောင်တုံးတာက " လူကလေးရဲ့ငို ခိုဖမ်းလို့ပေး " ဆိုတဲ့သီချင်းကို ဆိုပေမယ့် မရဘူး။ ငိုတာပဲ။ အော်အော်ပြီးငိုတယ်။ တွန့်တွန့်ပြီး ငိုလာတယ်။ ဒီလောက် ငိုအားကြီးတော့ မောင်တုံးတာက ကလေးနေမကောင်းဘူးထင်တယ်။ အရင်ဘယ်တော့မှ ဒီလောက်မငိုဖူးဘူး။  အခုကြည့်စမ်း တိတ်ကို မတိတ်ဘူး။ တက်မတတ်ငိုနေပြီ ဆိုပြီး ကလေးကို ပုခက်ထဲက ကောက်ချီ လိုက်တယ်။ စိတ်ပူတယ်လေ။

ကလေးက မရပ်မနား ငိုနေတာပဲ။ အမေကလည်း ပြန်မလာသေးဘူး။ ဘယ်သူမှလည်း တိုင်ပင်စရာ မေးစရာ မရှိဘူး။  ဒါနဲ့မောင်တုံးတာ ကလေးကို သေသေ ချာချာစစ်ဆေးကြည့်တယ်။ ဘာကောင်ကိုက်သလဲ ဘယ်က နာနေတာလဲပေါ့။ လားလား ထိပ်တည့်တည့်က လှုပ်နေတာပါကလား။ ငယ်ထိပ်ကလေး လှုပ်နေတာကို သူတွေ့ရတယ်။

မိန်းမနှယ် မိုက်လိုက်ပါဘိ၊ ကလေးခေါင်းမှာ အနာကြီးဖြစ်နေတာတောင် မသိဘူး။ အနာက ပြည်တွေတည်လို့ ကြည့်စမ်း။ အနာနဲ့ ကလေး မမျှဘူး။ နာရှာမှာပေါ့။ အနာကိုက်ရင် လူကြီးတောင် ငိုချင်တာ " လို့မြည်တွန်ပြီး တောင်းကွပ်စူးနဲ့ ဖောက်ပေးလိုက်တယ်။ ကလေးကလည်း ငယ်ထိပ်ပေါက်သွားတော့ ငြိမ်သွားရှာတာပေါ့။

နာရီဝက်လောက်နေတော့ သူ့မိန်းမ ပြန်ရောက်လာတယ်။ အိမ်ထဲ ဝင်လာကတည်းက မောင်တုံးတာက ဆီမာန်တာပဲ။  ကလေးခေါင်း အနာကြီးဖြစ်ပြီး ပြည်တည်နေတာကိုတောင်မှ မသိဘူး။ မင်းအင်မတန် မိုက်တယ်။ ကလေးကို ဘာမှာ ဂရုမစိုက်ဘူး။ အနာနာပြီး ငိုရတာ ကလေးကို ပင်ပန်းလို့။ တောင်းကွပ်စူးနဲ့ ငါ ပြည် ဖောက်ပေးလိုက်မှ သက်သာသွားတော့တယ်။ ပြည်တွေလည်း ညှစ်ပေးလိုက်ရော ကလေးလည်း အနာသက်သာပြီး အိပ်ပျော်သွားတာပဲ " လို့ ပြောသတဲ့။
မိခင်က " အောင်မလေး အောင်မလေး၊ တစ်ခါတော့ ဒုက္ခ ဖြစ်ကုန်ပါပြီ " ဆိုပြီး ငိုတော့တာပဲ။ သိပြီလေ ။
မောင်တုံးတာကတော့ ပုခက်လွှဲမပျက်ဘူး။ သူ့မိန်းမ ဘာဖြစ်လို့ ငိုတယ်ဆိုတာလဲ သူနားမလည်ဘူး။ ပုခက်ထဲက ကလေးကို ပြေးချီလိုက်တော့ ဦးနှောက်ပေါက်ပြီး သေနေတာတွေ့ရ တော့တာပေါ့။

ကလေးဆိုတာ ငယ်ရင် ငယ်ထိပ်မစေ့သေးဘူး။ ဒီလိုပဲ လှုပ်နေတာပဲ၊ အနာမဟုတ်ဘူး၊ ပြည်တည်တာမဟုတ်ဘူး၊  ရှင်လုပ်လို့ ကလေးသေပြီ " လို့ ပြောတော့ မောင်တုံးတာ ငိုရှာသတဲ့။ "ငါလည်း ငါ့သားလေး ငိုရလွန်း လို့ သနားတာနဲ့ လုပ်ပေးလိုက်တာပဲကွယ် " လို့ ပြောသတဲ့။ ပညာနည်းတဲ့၊ အ တဲ့၊ န တဲ့ လူချစ်တာ၊ သနားတာ ဟာ ဒုက္ခပေးတာ လိုလည်းဖြစ်တတ်တယ် ဆိုတာ ထင်ရှားတာပဲ။

ဒါနဲ့ ကလေးအလောင်းကို မြုပ်နှံဖို့ စီစဉ်ကြရတာပေါ့။ ဇနီးဖြစ်သူက ရှေ့က ပေါက်တူးထမ်းပြီး ငိုလို့၊ မောင်တုံးတာက ကလေးအလောင်းကို ဖျာလိပ်ထဲထည့်ပြီး နောက်က ပွေ့လိုက်လာခဲ့တာပေါ့။ ရွာကိုလွန်ပြီး သင်္ချိင်္ိင်္ိုင်းရောက်တော့ အလောင်းဖျာလိပ်လေးကို ခဏချထားပြီး မောင်တုံးတာကမြေတူးတယ်။ နောက်ပြီး အလောင်းထည့်လိပ်လာတဲ့ ဖျာလိပ်ကို အသာလေးချပြီး မြေဖို့ခဲ့ကြတယ်။

အိမ်ပြန်လာကြတော့ မောင်တုံးတာက ရှေ့က ပေါက်တူးထမ်းလို့။ သူ့မိန်းမက နောက်က ငိုလို့ပေါ့။ ရွာအဝင် ရောက်ခါနီးတော့ လှည်းလမ်းကြောင်းထဲမှာ ကလေးတစ်ယောက်ရဲ့ အလောင်းကို တွေ့ကြသတဲ့။ ဒီတော့ မောင်တုံးတာက သူ့မိန်းမကို " ရှင်မရယ် မငိုပါနဲ့၊  တို့ကလေးကမှ ကောင်းကောင်းမွန်မွန် မြုပ်နှံရပါသေးတယ်။ ကြည့်စမ်းပါဦး၊ သူများကလေးများ ရွာဦး လှည်းလမ်းကြောင်းထဲမှာ ပစ်ထားကြတာ " လို့ ပြောတယ်။

သူ့မိန်းမက " ကလေးအလောင်းကို သေသေချာချာကြည့်လိုက်ပါဦး" ဆိုပြီး ပြောပြောဆိုဆို ကြည့်လိုက်ကြတော့မှ သူတို့ကလေး အ လောင်းဖြစ်နေတာ တွေ့ကြရတယ်။ ဖြစ်ပုံက အလောင်းပါတဲ့ ဖျာလိပ်ပိုက်ပြီး သင်္ချိင်္ိင်္ိုင်းကို သွားကြတုန်းက နမော်နမဲ့နဲ့ အလောင်းကျကျန်ခဲတာ မောင်တုံးတာ မသိဘူး။ ဖျာလိပ်မြုပ်ပြီးပြန်ခဲ့တာပဲ။ ဒါနဲ့ ကလေးအလောင်းကို ဇနီးသည်က ကောက်ယူပွေ့ပိုက်ပြီး တငိုငိုနဲ့ ဇနီးမောင်နှံသုသာန် ပြန်သွားပြီး ထပ်မံမြုပ်နှံကြရတော့တယ်။

လူထုဦးလှ




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/13/2012 03:27:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:24535] Fwd: [လူဗိုလ်ဟူသည် ...] အင်တာနက်ကို စတင်အသုံးပြုသူများအတွက် လမ်းညွန်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/5/12
Subject: [လူဗိုလ်ဟူသည် ...] အင်တာနက်ကို စတင်အသုံးပြုသူများအတွက် လမ်းညွန်
To: lubo601@gmail.com



အခုတင်လိုက်တဲ့ post ကကျွန်တော့်ပို့လေးမဟုတ်ပါဘူး။ myanmar nerwork မှာတွေ့တော့ဖတ်ကြည့်ပြီးကြိုက်လို့တခြားသူတွေအတွက် တင်ပေးလိုက်တာပါ။ အိုင်တီကို အခုမှ စတင်အသုံးပြုသူများအတွက် ရည်ရွယ်ပါသည်။ ပထမဦးဆုံးအနေနဲ. အင်တာနက်ဆိုတာကြီးနဲ. စပြီးမိတ်ဆက်ပေးပါမယ်။
ကျွန်တော်ဟိုးအရင် အင်တာနက်စသုံးကာစက အင်တာနက်ဆိုတာ ကြီးကဟိုးကောင်းထဲမှာပဲ ရှိသလိုလို စကြာဝလာအပြင်ဖက်မှာပဲ ရှိသလိုလိုနဲ. ထင်ခဲ့ဖူးတယ်။ တကယ်ကအဲသလို မဟုတ်ဖူးဗျ။ မြန်မာနိုင်ငံထဲမှာ အင်တာနက်ချိတ်မယ်ဆိုတဲ့ ကွန်ပြူတာတွေက မြန်မာ ISP ဆိုတဲ့ကွန်ပြူတာ Server ကြီးမှာ နက်ဝက်သွားချိတ်ဆက်ရတယ်။ ချိတ်ဆက်ပုံကတော့ အမျိုးမျိုးပေါဗျာ။ အဓိက ကတော့ တယ်လီဖုံးလိုင်းတွေက တဆင့်ချိတ်ဆက်ကြတယ်။ အဲဒီလိုပဲ တခြားနိုင်ငံအသီးသီးကလဲ သူတို.ရဲ့ကွန်ပြူတာတွေကို သူတို.နိုင်ငံက Server ကြီးတွေနဲ သွားချိတ်ကြတယ်။ ပြီးတော့နီးဆက်ရာ နိုင်ငံအချင်းချင်း ISP ဆာဗာကြီးတွေ အချင်းချင်း ပြန်ချိတ်ဆက်ကြပြန်တယ်။ အဲဒီအချိန်မှာ ကဘာ တစ်ဝန်းလုံး အတွင်း နက်ဝက်ကွန်နက်ရှင် ကြီးတစ်ခုဖြစ်သွားတယ်။ အဲဒါကိုစာနဲ.ပြောမယ်ဆိုရင် (WAN)Wide area Network လို.ခေါ်တယ်။Remote နက်ဝက်ကွန်နက်ရှင်ဆိုလည်း မမှားဘူး။


အဲဒီတော့မှ ကဘာအရပ်ရပ်ကလူတွေက Remoteနက်ဝက်ကနေ သတင်းအချက်အလက်တွေယူတယ်။ ဖိုင်၊ ဖိုဒါတွေ
Share သုံးတာကို အင်တာနက်သုံးတယ်လို.ခေါ်တယ်။ သြော်ပြီးတော့ ခုနကပြောတဲ့ဆာဗာကြီးတွေမှာ ၀က်ဆာဗာတွေ ပေါင်းထည့်ပြီး ၀က်ဆိုဒ်တွေ ထောင်ပေးတယ်ဗျာ။ မေးလ်ဆာဗာတွေ ပေါင်းထည့်ပြီးအီးမေးလ်းတွေ ပို.လို.ရအောင်လုပ်ပေးတယ်ဗျာ။ ကဲတော်ပါပြီဗျာ စကားကြောတွေ ရှည်သွားပြီ ကျွန်တော်တို.ရဲ. လမ်းညွန်လေးကို စလိုက်ကြရအောင်။

ကီးဘုတ်ကနေ ရှော့ကတ်ကီးလေး သုံးကြည့်ကြရအောင်။

၁။ ၀င်းဒိုးကီးရယ်၊ E ကီးရယ်ကို နှိပ်ရင် My Computer ကို ဖွင့်တာပါ။
(၀င်းဒိုးကီး = Ctrl ကီးနဲ. Alt ကီးကြားထဲက ခလုပ် )
၂။ ၀င်ဒိုးကီးရယ်၊ R ကီးရယ်က Run Box ပါ။

၃။ ဖွင့်ထားတဲ့ Program တွေကို ပိတ်ချင်ရင်တော့ Alt နဲ. F4 ကီးပါ။
၎။ ဖွင့်ထားသမျှ Programs တွေအားလုံးကို တချိန်တည်းမှာ minimize လုပ်ချင်ရင် ၀င်းဒိုးကီးနဲ. D နဲ.။
၅။ Mozilla firefox မှာ New Tab ဖွင့်ချင်ရင် Ctrl နဲ. T ၊ Tab တွေကို ပြန်ပိတ်ချင်ရင် Ctrl နဲ. W ပါ။ Ctrl နဲ. N နဲ့က နောက်ထက် Mozilla window အသစ်ခေါ်တာပါ။
၆။ ကိုယ်က Program windows တွေအများကြီး ဖွင့်ထားရင် Alt ကို နှိပ်ထားပြီး Tab ကီးကို တစ်ချက်ခြင်းစီနှိပ်ပြီးကိုယ်လိုချင်တဲ့ Program window ကို အလွယ်တကူ သွားလို.ရပါတယ်။

၇။ Ctrl နဲ. S နဲ.ကတော့ save လုပ်ပြီး သိမ်းမယ်လို. ဆိုလိုတာပါ။

၈။ Ctrl နဲ. X နဲ.ကတော့ select လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Cut လုပ်တာ။

၉။ Ctrl နဲ. C နဲ.ကတော့ select လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Copy လုပ်တာ။

၁၀။ Ctrl နဲ. V နဲ.ကတော့ copy လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Paste လုပ်တာ။


Freedom ဆိုတာ..


ဖရီးဒန်း ဆိုတာလေးကိုတော့ သိကြမှာပေါ့။ သူက တချို.ဘမ်းထားတဲ့ ဆိုက်တွေကို ကျော်ဝင်လို.ရအောင် လုပ်ပေး
တယ်။ အသုံးပြုပုံကတော့ www.your-freedom.net မှာ ဒေါင်းလော့ယူ၊ အင်စတောလုပ်ပြီး Web Application နဲ.ချိတ်ဆက်ပြီးသုံးရင် ဘယ်လောက်ပိတ်ထားတဲ့ဆိုတ်ပဲဖြစ်ဖြစ်ကျော်ဝင်လို.ရပြီပေါ့။ အသေးစိတ်သိချင်ရင်တော့ အီးမေးလ်နဲ.လှမ်းမေးလ်လို.ရပါတယ်။

အဲဒီလိုလုပ်ရတာကြာပါတယ် မြန်မြန်လေးကျော်ဖြတ်ချင်တယ်ဆိုရင်တော့ https://polysolve.com,
www.proxyter.net တို.လို Web browserထဲမှာ ဘမ်းထားတဲ့ ကိုယ်သွားချင်တဲ့ ၀တ်ဆိုတ် ကိုရိုက်ထည့်ပြီး ကျော်ဖြတ်လို.လဲရပါတယ်။ ဒါပေမယ့် freedom လောက်တော့ဘယ်လွတ်လပ်မလဲပေါ့နော်။

ခက်မြန်မြန်လေး ဖောင့်များကို ထည့်သွင်းနည်း။


ပထမဦးဆုံး ဖောင့်သွင်းဖို.အတွက် ဖေါင့်ဒေါင်းလော့ဆိုတာတွေကို ဒေါင်းလော့ယူ။ပြီးရင် Right click နှိပ်ပြီး Copy
ဆိုတာကို ကလစ်နှိပ်။ ဒါနဲ.စကားမဆက် Run ဆိုတာကိုသိလားမသိဘူး။ Start ပတ်တန်လေးကို ကလစ်လုပ်လိုက်
ရင် Run ဆိုတာကို တွေ.တယ်မလား။ အဲဒါကိုပြောတာ။ အဲဒီ Run Box ကို ရှော့ကတ်ကီးနဲ.သွားချင်ရင် ကီးဘုတ်ကwindow ကီးရယ်၊ R ကီးရယ်ကို နှိပ်ပေးလို.ရတယ်။ Window ကီးဆိုတာကောသိလား။ ကီးဘုတ်ဘယ်ဘက်ချမ်းကCtrl ကီးနဲ. Alt ကီး ကြားထဲက ကီးကိုပြောတာ။ အဲဒီ Run Box ထဲမှာ fonts လို.ရိုက်ပြီး Enter ခေါက်။ ဖောင်းဖိုင်တွေအများကြီး ပေါ်လာပြီဆိုရင် လွတ်တဲ့တနေရာပေါ်မှာ Right Click နှိပ်ပြီး Paste ကိုနှိပ်။ ဒါဆိုဖောင့်သွင်းခြင်းကိတ်စပြီးသွားပါပြီ။ လုပ်နေကြဆိုရင် တစ်မိနစ်တောင် မကြာဘူး။ 

on-screen keyboard ကို ဖန်တီးရအောင်

ကိုယ်ကစာတွေ အများကြီးတော့ ရိုက်ချင်တယ်။ ကီးဘုတ်လက်ကွက်တွေတော့ မနှိပ်တက်ဘူး၊ အဲဒီလို ဖြစ်နေရင်
ဒီလိုလုပ်။ Start ကို ဖွင့် ပြီးရင် Programs ထဲသွား၊ Accessories ထဲကနေတဆင့် Accessibility ပြီးရင် on-screenkeyboard ဆိုတာကို ကလစ်လုပ်။ ကီးဘုတ်ပုံစံလေး မော်နီတာမှာပေါ်လာလိမ့်မယ်။ အဲဒီ မော်နီတာပေါ်က ကီးဘုတ်
ပုံစံလေးမှာ Settings ထဲကိုဝင် ပြီးရင်ဖောင့်ဆိုတာကို ကလစ်လုပ်။ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေး ပြီးရင် OK လုပ်။ ဒါဆိုရင် Mouse လေးနဲ.နှိပ်ပြီး စာတွေရိုက်လို. ရပြီပေါ့။

ဂျီတော့ ကို အင်စတောမလုပ်ရသေးလို.ပဲဖြစ်ဖြစ် ၀င်လို.မရလို.ပဲဖြစ်ဖြစ် Launch Google Talk Gadget ကလစ်နှိပ်
ပြီး sign in ၀င်လို.ရပါပြီ။

အပေါ်မှာပြောခဲ့တဲ့ Run Box ကိုမှက်မိတယ်မလား။
အဲဒီ Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောပြမယ်။ Run box ထဲမှာ ရိုက်ထည့်ပြီး OK လို.ပြောရမှာနော်။
၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့ အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့နေရာကို သွားတာ။

၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက control panel ထဲကိုသွားတာ။

၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။
၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။
၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။
၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။
၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။
၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။
၉။ calc ဆိုတာက ဂဏန်းပေါင်းစက်
၁၀။ cmd ဆိုတာက Command Box
၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို
၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ
၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင် ကွန်ပြူတာသုံးရတာ
နဲနဲတော့ ပိုမြန်သွားတယ်။ Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း
ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။
၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။
၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။
၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို.
၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး Enter ခေါက်ရင် D Drive
အောက်ကို ရောက်သွားမယ်။

၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။
၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။
၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက် ထပ်ရေးချင်သေးတယ်။
ဒါပေမယ့် အဲဒီအကြောင်းတွေ ရေးတာနဲ.တင် နေရာတွေအများကြီး ယူသွားမှာဆိုးလို.။

ဒီတခါပေးမယ်ဟာလေးက ကျွန်ပြူတာ windows တက်တဲ့ အချိန်တွေတို.၊ ဒါမှမဟုတ် log off လုပ်တဲ့ အချိန်မှာ
တို. Turn off လုပ်တဲ့ အခါမျိုးတို.မှာ ကိုယ်က မြည်စေချင်တဲ့ အသံမျိုး ကွန်ပြူတာကနေ ထွက်အောက်လုပ်တဲနည်းပါ။

၁။ ပထမဦးဆုံး Run box ထဲမှာ sndrec32 ဆိုပြီး Enter ခေါက်။

၂။ စပီကာက ဂျက်ပင်ကို ကွန်ပြူတာမှာထိုးတဲ့ အပေါက်နားမှာ ပန်းရောင်အပေါက်ရှိတယ်၊ အဲဒါက မိုက်ကရိုဖုန်း
တက်ဖို. ၊ တကယ်လို မိုက်ကရိုဖုန်းမရှိရင် စပီကာကိုလည်း မိုက်ကရိုဖုန်း ပုံစံမျိုး ပြောလို.ရတယ်။ အဲဒီ ပန်းရောင်အပေါက်မှာ မိုက်ကိုတက်။

၃။ ပြီးရင် ခုနက ခေါ်ထာတဲ့ sound Recorderက အနီရောင် ခလုပ်လေးကို နှိပ်ပြီး ကိုယ်က ကွန်ပြူတာမှာ မြည်စေ
ချင်တဲ့ စကားလုံးတွေ ပြောထည့်။

၎။ ပြီးတော့ Save လုပ်။ ကိုယ် Save လုပ်တဲ့နေရာရယ်၊ File name ရယ်ကိုတော့ မှက်ထားဦးနော်။

၅။ နောက်တခါ Run box ထဲမှာ control Enter၊r။

၆။ sounds and Audio Devices ဆိုတဲ့ စပီကာပုံ လေးပေါ်မှာ ကလစ်လုပ်။

၇။ sounds and Audio Devices ထဲ ရောက်ပြီဆိုရင် Volume တပ် ရဲ့ဘေးမှာ Sounds ဆိုတာရှိတယ်။ အဲဒီထဲဝင်။
၈။ အောက်နားမှာ Program Events ဆိုတဲ့ Box ထဲမှာ တခုခုကိုရွေး ။ ဥပမာ windows log off ကို ရွေးမယ်ဆိုရင်
ကွန်ပြူတာ log off ချတိုင်းမှာကိုထည့်ထားတဲ့ အသံကမြည်မှာလေ။

၉။ ပြီးရင် အဲဒီဘေးမှာ Browse ဆိုတဲ့ ဟာလေးလင်းလာပြီဆိုရင် ကလစ်လုပ်ပြီး ကိုယ်ခုနက သိမ်းထားတဲ့
(Record) file ကို ပြန်ရွေးပေးလိုက်။ ပြီးရင် ok . Apply . ok �ဒါဆိုရပြီ။

ဒီတခါ ပြောပြမယ့် အကြောင်းလေးကတော့ Mouse မရှိတဲ့ အခါ Mouse အသုံးပြုသလိုမျိုး ကီးဘုတ်ကနေ
သုံးလို. ရတဲ့နည်းပါ။

၁။ Alt + Shift + Num Lock
( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ)

၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။

၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။

၎။ ပြီးရင် ဘေးက Settings ထဲသို့ ထပ်ဝင်ပါ။

၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။

၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့
အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေးခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေး
ပျောက်သွားအောင် လုပ်နိုင်ပါတယ်။

၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။

၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။

၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်း
ချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။ Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။

၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာ
မဟုတ်ပါဘူး။ နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်၊

lose Folder Options (ပျောက်ဆုံးခြင်း)

ကျနော်နဲ့ Folder Options (ပျောက်ဆုံးခြင်း)

ကျနော့်ကွန်ပြူတာမှာ Folder Options ပျောက်သွားလို့ ခဏလောက်တော့ ခေါင်းစားသွားရပါတယ်။ စဉ်းစားခန်းဖွင့်
လိုက်သေးတယ်။ ဘယ်နဲ့ပျောက်သွားရတာပါလိမ့်။ Folder Option ဆိုတာကို မိမိရဲ့ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ်အများကိုမမြင်မတွေ့စေချင်တဲ့ file (or) folder များကို မြင်ကွင်းမှ ဖျောက်ထားခြင်း၊ မြင်ကွင်းပေါ်သို့ ပြန်ရောက်အောင် ပြန်ခေါ် ခြင်းတို့မှာ များသောအားဖြင့် အသုံးပြုတတ်ကြပါတယ်။

ကျနော်လည်း file တစ်ချို့ကို ဖျောက်ထားမလို့ လုပ်မယ်အကြံမှာ Tools ထဲမှာ Folder Options ရှိမနေဘူး။ ဒါများ
ခက်တာမှတ်လို့ Control panel ထဲကိုသွားမှာပေါ့။ ရော အဲဒါမှ ခက်ပြီး . . . Control panel ထဲမှာ လည်း မရှိဘူးဗျ။
ဘယ်လိုလုပ်ရမလဲ ? အဲဒီတော့ ကျနော့်ဆရာတွေအထဲက ကျနော်နဲ့အနီးဆုံးရှိနေတဲ့ ဆရာကိုမေးရတော့မှာပေါ့။
အဲလိုနဲ့ ကျနော့်ဆရာတစ်ဦးဖြစ်တဲ့ google.com ဆီဝင်မေးလိုက်ရပါတယ်။ 


Folder Options ပျောက်ဆုံးခြင်းဟာ ဗိုင်းရပ်စားတာ ဖြစ်နိုင်ပါတယ်တဲ့။ ကဲ့ ပျောက်သွားတဲ့ Folder Options ကို 
ကျနော်တို့ ပြန်ခေါ် ကြရအောင် . . .


အရင်ဆုံး Start ထဲက Run ဆီကိုသွားရပါမယ်။ Run box ထွက်လာတဲ့အခါမှာ gpedit.msc ကိုရိုက်ပြီး ok ပေါ့။


ကဲ ပေါ်လာတဲ့ box ထဲမှာမှ . . . .
User Configuration -> Administrative Template -> Windows Components -> Windows Explorer အဲလို တစ်ဆင့်ပြီးဆင့်သွားလိုက်ပေါ့။

ထွက်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး ၂ချက်ကလင့်လိုက်ပါ။ ထပ်ထွက်လာတဲ့ box ထဲက Disableကိုရွေးလိုက်ပေါ့။


ကဲ့ အဲဒါတွေအားလုံးပြီးရင်တော့ ကျနော်တို့ Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့
ပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေဗျာ . . .။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/13/2012 03:08:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ