[moemakadaily@moemaka.biz] Fwd: May 15



---------- Forwarded message ----------
From: Mr. Win Lett <kowin2001@gmail.com>
Date: Tue, May 15, 2012 at 9:09 AM
Subject: May 15
To: burmeses <burmeses@googlegroups.com>, moemaka <moemaka@googlegroups.com>, myanmar-newsdelivery0109 <Myanmar-NewsDelivery0109@googlegroups.com>, news-from-burmese-media <news-from-burmese-media@googlegroups.com>, news-in-burmese <news-in-burmese@googlegroups.com>


ဖြန့် နိုင်ပါပြီ

--
http://www.facebook.com/MoeMaKaNews
http://www.rentamail.com/   




--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives

[aurorageneration] KIO နဲ့ တပ်သားသစ် စုဆောင်းရေး

http://abbsoluteright.blogspot.com/2012/05/kio_15.html

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

[aurorageneration] ဦးသိန်းစိန်ခေတ်မှာ ပုံစံပြောင်းလာတဲ့ ပေါ်လစီသီချင်း

http://abbsoluteright.blogspot.com/2012/05/blog-post_999.html

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

သစ်ထူးလွင်

သစ်ထူးလွင်


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အီမြောင်ဘတ် သတင်းစာရှင်းလင်းပွဲ

Posted: 15 May 2012 06:10 AM PDT

တောင်ကိုရီးယား နိုင်ငံသမ္မတ အီမြောင်ဘတ်က မြန်မာလူမျိုးတို့၏ လူမှုဘဝများ တိုးတက်ကောင်းမွန်စေရန် ကြိုး ပမ်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

 တောင်ကိုရီးယား နိုင်ငံသမ္မတ အီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည်  တို့သည် ယနေ့နံနက် ၁၀ နာရီခွဲက ဆီဒိုးနား ဟိုတယ်၌တွေ့ဆုံအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းက အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မနေ့က ပြုလုပ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံပွဲမှာ ကျွန်တော်တို့ ကဏ္ဍအတော်များများ ကို တွေ့ဆုံဆွေးနွေး ခဲ့ပါ တယ် ။ကျွန်တော်တို့ ကိုရီးယားတွေ အနေနဲ့ မြန်မာ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားဖို့ အစီအစဉ်တွေ ရှိပါ တယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝတွေကို ပိုမိုမြှင့်တင်ပေးဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု သမ္မတ အီမြောင်ဘတ် ကပြောကြားလိုက်သည်။

ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း စကားအများကြီးပြော့ဖြစ်ပါတယ်။ အဲဒီထဲမှာ ပညာရေး အကြောင်း လည်းပါ ပါတယ်။ ဒီပညာရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်လာ တာဟာ ဒီပညာရေးကြောင့်ပါပဲ။ ဟု ယင်းကဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းမ်


ဖားကန့်မြို့နယ်တစ်ခွင်က လူငယ်နှင့် မူးယစ်ဆေးပြသာာနာ

Posted: 15 May 2012 06:01 AM PDT

ဂျာတော့ပ် (မြစ်မခ)
by Myit Makha Mediagroup on 15 May, 2012


ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာသို့ မရောက်သည်မှာ လေးနှစ်ခန့်ပင် ကြာနေပြီဖြစ်သည်။ မူလတန်း ကျောင်း တက်ခဲ့သည့်   ကျေးရွာမို့ သံယောဇဉ်က ကြီးလှပေသည်။ ရောက်ရောက်ချင်းပင် အမောမပြေနိုင် ငယ်ငယ်က သူငယ်ချင်း အကြောင်းမေးနေရင်းက ထိုဇတ်နာသည့်ဇတ်လမ်းအား မြင်တွေ့ခွင့်ရခဲ့သည်။
 
မိုးသားကြည်လင်သည့် ညနေခင်းလေးတစ်ခုတွင် လူအုပ်အုပ်ကျပ်ကျပ်နှင့် ဝါးအိမ်တဲလေးထဲကို ဝင်ထွက် သွားလာနေကြသည်။ ထိုသူများသည် ယောက်ကျား၊ မိန်းမ၊ လူငယ်၊ လူကြီးများဖြစ်ပြီး ဟောာင်းနွမ်းစုတ် ပျက်နေသော အဝတ်အစားများ ဝတ်ဆင်ကာ ထိုတဲအိမ်ထဲမှ ပျာပျာသလဲလဲ ဆိုင်ကယ်များဖြင့် တစ်စီးဝင် တစ်စီးထွက် ဝင်လာနေကြသည်ကို မြင်တွေ့နေရသည်။
 
ထိုတဲအိမ်မှာ အပြာရောင်မိုးကာတခြမ်းနှင့် ဝါးထရံတစ်ခြမ်းဖြင့် လွယ်လွယ်ကူ ဆောက်လုပ်ထားဟန်ရှိပြီး ထိုအိမ်ထဲတွင် အိမ်ရှင်ဖြစ်မည်ဟု ယူဆရသူ အသက်(၄၀) ကျော်လူကြီးတစ်ဦးရှိနေသည်။ တဲအိမ်တွင်း ဝင်လာကြသည့် လူအုပ်သည် ၎င်းလူကြီးရှေ့တွင် တန်းစီးရပ်နေကြပြီး ထိုလူကြီးက တစ်ယောက် တစ်လှည့် စီအား စက္ကူပေါ် အဖြူမှုန့်များအား  သွန်ချပေး နေသည်။
 
"တစ်ထောင်ဖိုး" ဆိုသည့် အသံ နောက်က တန်ရာတန်ကြေးအတွက် အဖြူမှုန့်များ ပေးနေခြင်းဖြစ်သည်။ ကောင်သာရှေ့တွင် ထိုင်နေသော ဆိုင်ရှင်(သို့) အိမ်ရှင်ဟု ထင်မှတ်ရသော လူကြီးနောက်တစ်ဦးထံသို့ ဝယ် ယူပြီးသောသူများသည် အဖြူမှုန့်များ အနည်းငယ် ပေးဆောင်ရ နေသည်ကိုတွေ့ရသည်။ အခွန်ပေးဆောင် နေရခြင်းဖြစ်ကြောင်း ဆိုသည်။
 
ဝယ်ယူပြီးသော သူများသည် ဝမ်းသာအားရဖြင့်  ကိုယ်စီနေရာယုကြကာ ထိုအမှုန့်များကို ဆေးထိုးအပ်ဖြင့် ၎င်းသို့သွေးကြော အသီးသီးထဲ ထိုးသွင်းနေသည်ကို တွေ့ရသည်။ ၎င်းအဖြူမှုန့်မှာ လူတွေ ခန္ဒာကိုယ်ကို တဖြည်းဖြည်း ဝါးမျိုမည့် ကြောက်စရာကောင်း သည့် ဘိန်းဖြူများ ဖြစ်သည်။
 
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာသို့ သွားရောက်ခဲ့စဉ်က ခရီးဖော်လူငယ်တစ်ဦးက ဒေသခံများအနေဖြင့် မူးယစ်ဆေးသုံးစွဲရင်း အသက်ဆုံးရှုံးခဲ့ရသူ အများအပြားရှိကြောင်း ခရီးသွားရင်းစကားစပ်မိ၍ ပြောခဲ့သည်။
 
" ဘိန်းဖြူ ထိုးနေကြတာလေ။ တချို့က မိုးရေနဲ့ ရောထိုးတာ။ တချို့ဆိုရင် မိုးရေတောင် မသုံးတော့ဘူး သူတို့ သွေးကိုပဲ ထုတ်ပြီးတော့ ပြန်ထိုးကြတယ်။ တကယ် အဆင့်မြင့်တဲ့သူတွေကတော့ အဲ့အမှုန့်ကို နှာချောင်းနဲ့ ရှုကြတယ်။"  ဟု အဆိုပါ လူငယ်တစ်ဦးက စိတ်၇ှည်လက်ရှည်နှင့် ရှင်းပြသည်။
 
ယခင်က မူးယစ်ဆေးအား လက်သွေးကြော၊ ခြေထောက်သွေးကြောများတွင် ထိုးသွင်းခဲ့ကြသော်လည်း ယခုတွင်မူ ပေါင်နှင့် ဆီးခုံကြားတွင် နံပါတ်ဖိုးဆေးရည် ထိုးသွင်းကာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အသိုင်း အဝိုင်းအား မေ့လျော့ နေကြကြောင်းကိုလည်း သိရသည်။  
 
ဆိုင်းတောင်၇ှိ ငယ်သူငယ်ချင်းများအားတွေ့လို၍ ဘရန်တောင်၏ နေအိမ်သို့ သွားရောက်ခဲ့ရာတွင် ယခုကဲသို့ ကြားသိခဲ့ရသည်။
 
 "ဘရန်တောင်ရော သူခုဘာလုပ်နေလဲ။"ဟု ကျွန်တော်ကမေးရာ "ဟယ်.. မသိဘူးလား။ နံပါတ်ဖိုး ထိုးပြီး ရှော့်ဖြစ်လို့ ဆုံးသွားတယ်လေ။" ဟု သူ၏ ၀မ်းကွဲညီအစ်ကို တစ်ဦးကပြောသည်။  "ခွန်းဆိုင်းရော.. ရေမဆေး ကောက်နေတုန်းလား။" ဟု ကျွန်တော့်ဒုတိယမေးခွန်းကို ၄င်း၏ ဘေးတွင်းရပ်သော သူ့အမျိုးသမီးက "သူလည်း ဖိုးထိုးမှားလို့ ဆုံးသွားတယ်လေ။"ဟု ဆို့နင့်သည့်လေသံဖြင့်ပြောသည်။
 
ကျွန်တော့် မေးခွန်းတွေအတွက် အဖြေကာ တစ်ခုတည်းသာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် နောက်ထပ် မမေးရဲလောက်အောင်ပင်   နှုတ်တွန့်နေရတော့သည်။
 
ယခင် နှစ်များလို ယခု ဆိုင်းတောင်ကိုရောက်တာ မပျော်နိုင်တော့ပါ။ ချက်ချင်းပင်  မျက်ရည်ဝဲနေမိသည်။ ကျန်သည့် သူငယ်ချင်းတွေကိုလည်း ဒီလို ဆက်မဖြစ်စေချင်ပါ။ သို့သော် …။ ကံမကောင်းစွာဖြင့် သတင်းထပ်ကြားရသည်က ဖားကန့်တစ်ခွင်ရှိ လူငယ်များသည် မူးယစ်ဆေးဝါးနဲ့ မကင်းကြပေ။
 
၎င်းမူးယစ်ဆေးဝါးသုံးစွဲသူများသည် ငွေကြေးမချမ်းသာကြ။ ရေမဆေးကျောက် (ကုမ္ပဏီမှ မြေစာသွန်သည့်ချိန် ပါလာသည့် ကျောက်စိမ်း) များ ကောက်၊ ကျောက်ပွဲစားလုပ်နဲ့ တစ်နေ့စာ တစ်နေ့ ဝမ်းစာရှာနေကြသူများ သာဖြစ်သည်။ ရှာလာသည့် ငွေမှာ မူးယစ်ဆေး သုံးစွဲခြင်းဖြစ်သာ ကုန်နေရသည်မှာ စိုးရိမ်စရာအခြေအနေသို့ ပြောင်းလဲလာသည်။
 
ထိုသူငယ်ချင်းများကို ဆုံးမစကားထက် အားပေးစကားသာဆိုရင်း ဆိုင်းတောင်ကျေးရွာကြီးထဲမှ စိတ် မကောင်းစွာဖြင့် ကျွန်တော် နှုတ်ဆက်ခဲ့ရသည်။ မြစ်ကြီးနားမြို့ရောက်တော့မှ မိတ်ဆွေ သူငယ်ချင်းများကို စိတ်မကောင်းစွာဖြင့် ရင်ဖွင့်ခဲ့ရသည်။
 
တစ်နေ့ ဒူကထောင် ရပ်ကွက် တပ်ကုန်းဘုန်းကြီးကျောင်းရှေ့ လမ်းမကြီးပေါ်တွင် သူငယ်ချင်းနှင့် စကားတပြောပြော လမ်းလျှောက်လာချိန် မှုန့်ဆိုင်ရှေ့ရှိ ထိုင်ခုံတွင် ဓါးလွယ်ရှည်ကို ပခုံးအထက်လွယ်ကာ  ပုဆိုးခါးကြားတွင် ဓါးမြောင်သေးလေး ထိုးထားသည့် မျက်နှာထား တင်းတင်း လူကြီးတစ်ဦး ထိုင်နေသည်။
 
ဘာလို့ သူ့ ခများ မျက်နှာပျက်၊ စိတ်ပျက်လက်ပျက် ထိုင်နေရကြောင်း မဆိုင်ဘဲ တွေးနေမိသည်။ သူငယ်ချင်းထံမှအသံထွက်လာသည်။   "အဲ့လူကြီးက ဆေးရောင်းတာ။ ဟိုတစ်နေ့က သူ့ဆီက အကြွေးနဲ့ ဝယ်တဲ့လူကို ဓါးနဲ့ ဖြဲချောက် အကြွေးတောင်းနေတာ။" ဟု ဆိုသည်။
 
ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မူးယစ်ဆေးဝါးရောင်းချနေသူများမှာ နယ်မြေလုံခြုံရေးကြောင့် မဟုတ်ပဲ မူးယစ်ဆေး   ရောင်းချရာတွင်   မိမိကိုယ်ကိုယ် လုံခြုံရေးအတွက် သီးသန့် ဓါးလွယ်များ လွယ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
 
"ဟိုတစ်နေ့ကလည်း ဆေးရောင်းတဲ့သူကို နံပါတ်ဖိုးသမားတွေက ရိုက်ပြီး ဆေးတွေ လုသွားတယ်။ သူတို့က လမ်းကြို လမ်းကြားမှာ ရောင်းတော့ ဓါးလွယ်ထားတော့ ငွေမပေးတဲ့သူကို ဓါးနဲ့ ခြောက်နေရတာလေ။" ဟု ဝိုင်းမော် မြို့ခံ တစ်ဦးက စိတ်ရှည်လက်ရှည် ပြောပြနေသည်။
 
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလမှ ဧပြီလလယ်ထိ မူးယစ်ဆေးဝါးရောင်းချနေသူများအား ဖမ်းဆီးအရေးယူထားသည့် အမှုပေါင်း (၂၀၀)ကျော်ခန့် ရှိနေကြောင်း မူးယစ်တားဆီးနှိမ်နှင်းရေးအဖွဲ့ အထူးအဖွဲ့မှ ဒုရဲမှူး စိုင်းသိန်းဇော်က ပြောသည်။
 
"ပြည်ထဲရေးဝန်ကြီးကလည်း စီမံချက်တွေ ချမှတ်ပြီးနောက် ဖမ်းဆီးရေးဆောင်ရွက်လာတာဖြစ်တာ။ ခု လက်ထက်မှာတော့ လာတ်ပေးလာတ်ယူ မရတော့ဘူး။ လုံးဝ လက်မခံတော့ဘူး။ တော်တော်ကို မတရားကို ဖမ်းတာ။ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဟိုအရင် နာမည်ကြီးတဲ့ ဖားကန့်၊ မနေ့ကပဲ မိုးကောင်းမှာ နာမည်ကြီး မူးယစ်ကောင်ကို စောင့်ဖမ်းတယ်။ ၅ကောင်လောက်ရှိတယ်။" ဟု ဒုရဲမှူး စိုင်းသိန်းဇော်က ဆိုသည်။
 
၎င်းမှ ဆက်ပြီး ကချင်ပြည်နယ်တွင် မူးယစ်သုံးစွဲမှု များပြားနေရခြင်းနှင့်ပတ်သက်၍ "ကျောက်စိမ်းတူးတဲ့ ကျောက်မှော်တွေ  ၊ ရွှေမှော်တွေမှာ တနိုင်ငံလုံးမှာရှိတဲ့ လူတွေ အဲ့မှာရောက်လာပြီးမှ စီးပွားလာရှာတဲ့ အတွက်ကြောင့်မို့လို့ ဒီလူတွေက   ကောင်းတဲ့လူလည်းပါတယ်။ သူခိုး၊ ဓါးမြ၊ ဝရမ်းပြေး လည်းပါမယ်။ ပိုက်ဆံရလွယ်တယ်ဆိုတော့ကွာ မူးယစ်ဆေးဝါးသုံးစွဲကြတယ်။ အလုပ်ကို များများ လုပ်နိုင်အောင် သုံးကြတယ်။ လက်ဖျားမနာအောင် ရိုးရာ ခပ်ပုံရှုကြတယ်။" ဟု ရှင်းလင်းပြောဆိုသည်။
 
အဆိုပါပြည်နယ်တွင် မူးယစ်ဆေးဝါး အများဆုံးအသုံးပြုနေသည့် ဆေးအမျိုးအစားမှာမူ ဘိန်းမည်း၊ ဆေးပြား၊ ရာမ၊ ဘိန်းဖြူများ ဖြစ်ပြီး ဆင်ကော်ရှုခြင်း၊ ဆေးဆိုင်များတွင် အလွယ်တကူရနိုင်သည့် ထရိုဆစ် (ဘိန်းဖြတ်ဆေး) များတို့ ဖြစ်ကြောင်း သိရှိရသည်။
 
ဘိန်းစိုက်ပျိုးသည့် နေရာဒေသများသည် အိန္ဒိနယ်စပ် တနိုင်း၊ တရုတ်ပြည်နယ်နယ်စပ် ဆဒုံ၊ ကန်ပိုင်တီ၊ ပူတာအိုခရိုင် တို့တွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်သည်။
 
တရုတ်ပြည်နယ်သို့ ကချင်ပြည်နယ်မှ ဘိန်းမည်းများ ရောင်းချပြီး ၎င်းမှ ဈေးကြီးကြီးဖြင့် ဘိန်းဖြူ ထပ်မံ ဝင်ရောက် လာခြင်းဖြစ်သည်။ တရုတ်ပြည်- ဆံဒုံမှ ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများကို ဝါရှောင် ကျေးရွာတွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သည့်   ကျေးရွာတစ်ခုလိုပင်ဖြစ်လာတော့သည်။
 
"ဝါရှောင်က ဈေးအပေါဆုံးပဲ ဘိန်းဖြူ (နံပါတ် ဖိုး) ဆို ပယ်နယ်စလင်ပုလင်းသေး တစ်ခုကို ၃သောင်း ပေးရတယ်။   မြစ်ကြီးနားရောက်တော့ သောင်းကြီးဖြစ်သွားပြီ။" ဟု မန်ခိန်ရပ်ကွက်နေ လူငယ်တစ်ဦးက ဆိုသည်။
 
ယခုတွင်မူ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် မြန်မာအစိုးရတပ်မတော်တို့ စစ်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား   နေခြင်းကြောင့်   ဘိန်းစိုက်ပျိုးနိုင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးများမှာ ယခင်ထက် ရှားပါးပြီး ဈေးနှုန်းမြင့်တက်လာကြောင်း ကိုလည်း  စုံးစမ်းသိရှိရသည်


ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယားသမ္မတ တွေ့ ဆုံ (ရုပ်/သံ)

Posted: 15 May 2012 05:50 AM PDT

ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယားသမ္မတ (ရုပ်/သံ)


၈၈ ပွင့်လင်းခရီးစဉ် လောင်းလုံအာဏာပိုင်များ ဟန့်တားနှောင့်ယှက်

Posted: 15 May 2012 05:27 AM PDT

ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် အတွက်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ကို ခရီးထွက်ရာ မှာ လောင်းလုံမြို့အ၀င် မှာ နှောင့်ယှက်ခံခဲ့ရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ကို လှိုက်လှဲစွာကြိုဆိုပါ၏လို့ ရေးသားထားတဲ့ ဗီနိုင်း ဆိုင်းဘုတ် ကို လောင်းလုံမြို့နယ် အုပ်ချုပ်ရေးမှူးက ဥပဒေနဲ့ညီညွတ်မှု မရှိတဲ့ အတွက် ဖြုတ်ချခိုင်းတယ် လို့ ကိုမင်းကိုနိုင် တို့ ခရီးစဉ်ကို လိုက်ပါ အကူအညီပေးနေတဲ့ ထားဝယ်မြို့ခံ ကိုကျော်ကျော်သက် က ပြောပါတယ်။ 

ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဟာ လောင်းလုံမြို့ အောင်သပြေကျောင်း တိုက်မှာ ဒေသခံ ပရိသတ် ၅၀၀ ကျော်နဲ့တွေ့ဆုံပြီး ပွင့်လင်း လူအဖွဲ့အစည်း ဆိုင်ရာတွေ ကို ဟောပြောခဲ့ကြပြီး ဒေသခံတွေရဲ့ မေးမြန်းတာတွေ ကို ဖြေကြား ရှင်းလင်းပါတယ်။

ကိုမင်းကိုနိုင်တို့ အဖွဲ့ဟာ လောင်းလုံမြို့ကိုမရောက်ခင် လမ်းခရီးမှာရှိတဲ့ မင်းရပ်ကျေးရွာမှာလည်း အုပ်ချုပ်ရေး အာဏာပိုင်တွေက ကြိုဆိုပါ၏ ဆိုင်းဘုတ်နဲ့ အသံချဲ့စက်သုံးတာကို တားမြစ်ခံခဲ့ရပါသေး တယ်။
ထားဝယ်မြို့ခံတဦးဖြစ်တဲ့ ကိုကျော်ကျော်သက်က "မင်းရပ်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက အသံချဲ့စက် သုံးလို့မရဘူး။ ဆိုင်းဘုတ်ထောင်လို့ မရဘူးဆိုပြီး ဆိုင်းဘုတ်က ဖြုတ်ပေးလိုက်ရတယ်။ အသံချဲ့စက်ကိုလည်း သိမ်းထားလိုက်ရတယ်" လို့ ပြောပါတယ်။

လောင်းလုံမြို့အသွား နှစ်နေရာမှာ အာဏာပိုင်တွေရဲ့ အနှောင့်အယှက်တွေ ရှိခဲ့ပြီး ကျန်နေရာတွေ ကတော့ ပြဿနာတစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။
ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ အင်္ဂါနေ့ ညပိုင်းမှာ ထားဝယ်မြို့ပေါ် က လူမှုရေး အကူအညီပေးတဲ့ အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။


ရှမ်းတပ်တွင် ဘုန်းကြီးတစ်ပါးက လယ်ယာမြေများ သိမ်းယူ၍သံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထား

Posted: 14 May 2012 10:09 PM PDT

ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အုံးတောကျေးရွာအုပ်စုရှိ၊ ရှမ်းတပ်ကျေးရွားတွင်ဘုန်းကြီးတစ်ပါးမှ တောင်သူလယ် သမားတို့၏ လယ်ယာမြေများအားသိမ်းယူထားခြင်းကြောင့် တောင်သူလယ်သမားများမှ စစ်ကိုင်းတိုင်းသံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။

"ကျွန်တော်တို့ မေ(၁၂)ရက်နေ့က တိုင်ထားတာပါ၊ မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့ဘုန်းကြီး တစ်ပါးအနေနဲ့အဲ့လို
ဖြစ်ရပ်မျိုးတွေလုပ်နေတာ ဗုဒ္ဓဘာသာနဲ့မညီညွတ်တာတို့ဘာတို့ရှိနေတော့ကျွန်တော်တို့လည်း ဘုန်းကြီးကိစ္စတွေကို ဖြေရှင်ပေးတဲ့ သံဃာ့မဟာနာယကကိုတိုင်တာပါ" ဟုILO(International Labours Occupation) ၏ ကွန်ယက်မှ ကိုအေးသိန်းက ။ပြောသည်။

အဆိုပါကျေးရွာတွင် တောင်သူလယ်သမားတို့၏ ဓါးမဦးကျလုပ်ကိုင်ခဲ့သော်လယ်ယာမြေများအား၎င်းကျေးရွာ အတွင်းရှိ   ခြေရာတော်ကျောင်းမှ ဘုန်းကြီးဦးစန္ဒာသီရိမှ အတင်းအဓမ္မသိမ်ယူထားပြီးရွာသားများမှ တစ်ဧကလျှင် တစ်သောင်းကျပ် မှနှစ်သောင်းကျပ်အထိ ပေးမှသာလယ်ယာမြေများအားပြန်လည်လုပ်ကိုင်ခွင့်ပြုကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

"ဘုန်းကြီးကအဲ့ဒီလို မြေတွေကို ပိုက်ဆံနဲ့ပြန်ငှားနေတယ်လို့တော့မကြားဘူးဗျ၊ အဲ့ဒီမြေတွေကလည်းဘုန်းကြီး
ကို ဟိုးရှေးတုန်းက လှူထားတာလို့ကြားတယ်ဗျ၊ တောင်သူလယ်သမားတွေတောက်လျောက် လုပ်ကိုင်ခဲ့ တယ်ဆိုလည်း သူတို့မိဘတွေလုပ်ကိုင်ခဲ့တာနေမှာပေါ့" ဟု ရှမ်းတပ်ကျေးရွာ ဥက္ကဌ ဦးမောင်လွင်က ပြောသည်။

လက်ရှိတွင် ဘုန်ကြီးပိုင်မြေဟု သိမ်းဆည်းထားသော လယ်၊ မြေဧက (၄၀)ခန့်သည်မြေပိုင်ရှင်(၆)ဦးခန့် ပိုင်ဆိုင်သော မြေများဖြစ်သည်။

"ဘုန်းကြီးသိမ်းထားတာကြာတော့ကြာပြီဗျ၊ ဧက(၄၀)လောက်ရှိတယ်၊သူကကျွန်တော်တို့နဲ့အတွေ့မခံဘူးဗျသိမ်းထားတဲ့မြေက   ဧက(၄၀)လောက်ရှိတယ်" ဟု မြေအသိမ်းခံရသူတစ်ဦးဖြစ်သောဦးချစ်တင်ကပြောသည်။ အဆိုပါဒေတွင် ပဲ၊ နှမ်း၊ ဖရဲ၊ စပါး စသည်တို့စိုက်ပျိုးကြပြီးတောင်သူလယ်သမားများနေထိုင်သော ကျေးရွာဖြစ်သည်။

"ကျွန်မတို့မြေတွေကတော့ ၁၉၇၉ ခုနှစ်လောက်က စစ်တပ်က သိမ်းထားတာ၊စစ်တပ်လည်းပြောင်းသွားရော ဘုန်းကြီးက ဧက(၄၀)လောက်ကိုကျောင်းမြေဆိုပြီးသိမ်းလိုက်တာကိုကြားတယ်၊ သိမ်းတယ်ဆိုတဲ့မြေတွေကလည်း အခုလက်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့မြေတွေ၊ ကျွန်မတို့မြေတော့ဘုန်းကြီးယူတဲ့ မြေထဲမှာ မပါဘူး" ဟု အဆိုပါရွာသူဖြစ်သော
ဒေါ်ခင်မိုးမိုးကပြောသည်။
 Shwe Myitmakha Media Group


လမ်းတံတားစီမံကိန်းများကြောင့် မြောက်ဒဂုံမြေဈေး အဆမတန်မြင့်တတ်

Posted: 14 May 2012 10:06 PM PDT

ယမင်း(မြစ်မခ)
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
 
လမ်း၊ တံတား ပြုပြင်ခြင်းလုပ်ငန်းများကြောင့်ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး  မတန်တဆဈေးပေး၍ ဝယ်ယူမှုများရှိနေသည်ဟုအိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။
 
"ဒဂုံမြို့သစ်မြောက်ပိုင်း အိမ်ခြံမြေဈေးတွေက သင်္ကြန်မတိုင်မီကဈေးတွေအေးပြီး ပြန်ကျသွားသေးတယ်။ ဧပြီလကုန်ပိုင်းလောက်က ပြန်တက်လာတာဗထူးလမ်းမကြီးတစ်လျှောက်က အိမ်ခြံမြေတွေကတော့ လမ်းခင်း လိုက်တာနဲ့
ချက်ခြင်းကြီး ကိုတက်သွားတယ်။ ဈေးပေးဝယ်တဲ့သူကလည်းမူရင်းပေါက်တဲ့ဈေးထက် အများကြီး ကို ပေးဝယ်တာတွေ ရှိတယ်။

တချို့ဆိုငွေပိုပေးဝယ်တာတောင် မရောင်းချင်လို့ အိမ်မရောင်းပါဆိုပြီးဆိုင်းဘုတ်ကပ်ထားတာမျိုးတွေ ရှိတယ်"ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှအိမ်ခြံမြေအကျိုးတော်ဆောင်မနော်က ပြော သည်။

အဆိုပါ လမ်းပြုပြင်ရေးလုပ်ငန်းများကြောင့် ဗိုလ်မှုးဗထူးလမ်းမကြီးပေါ်ရှိအိမ်ခြံမြေဈေးများမှာ ကျပ်သိန်း တစ်ထောင်ကျော်အထိ မြင့်တက်ခဲ့သည်ဟုသိရသည်။ ယခင်က ထိုနေရာများမှာ ကျပ်သိန်း ငါးရာဝန်းကျင် သာရှိခဲ့ပြီးလမ်းပြုပြင်ရေးလုပ်ငန်းများကြောင့် ယခုကဲ့သို့ မြင့်တက်ခဲ့သည်ဟုအိမ်ခြံမြေအကျိုးတော်ဆောင်များ ကဆိုသည်။

"အခုလို အိမ်ခြံမြေဈေးတွေ မြင့်နေတာကို ထိန်းသင့်ပါတယ်။ အခုလိုမတရားမြင့်တက်လာတော့ အခြေခံ လူတန်းစားတွေအဖို့ အိမ်တစ်လုံးခြံတစ်ခုရှိဖို့ဆိုတာ ပိုပိုဝေးလာသလိုပါပဲ။ အိမ်ငှားဘဝနဲ့ ပဲသံသယာလည်နေကြမှာပဲ"ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၄၉ ရပ်ကွက်နေ မမိုးမိုးက ပြောသည်။

ငမိုးရိပ်ဘေလီတံတားစီမံကိန်းကြောင့် ဒဂုံမြိှု့သစ်မြောက်ပိုင်း (၃၅)၊(၃၄)၊ (၃၃)ရပ်ကွက်များရှိ အိမ်ခြံမြေ ဈေးများလည်း   မြင့်တက်ခဲ့သည်ဟုသိရသည်။တံတားစီမံကိန်းအနီးရှိ အိမ်ခြံမြေများသည် ပေ ၄၀ ပေ ၆၀တစ်ကွက်လျှင် သိန်းနှစ်ထောင်ကျော် အထိ ရှိနေသည်ဟု သိရသည်။

၎င်းတံတားစီမံကိန်းပြီးစီးပါက ဈေးနှုန်း များ ထပ်မံတက်လာနိုင်သည်ဟု အိမ်ခြံမြေအကျိုး တော်ဆောင်များက ခန့်မှန်းပြောဆိုသည်။ အဆိုပါနေရာများတွင်လွန်ခဲ့သည့် ၂ နှစ်ဝန်းကျင်က ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ခုလျှင် အနည်းဆုံးသိန်း ၂၅၀ မှ အများဆုံး သိန်း ၅၀၀ ဝန်းကျင်အထိ ရှိခဲ့ကြောင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း များထံမှ သိရသည်။ "စီမံကိန်းတွေကြောင့် ချည်းပဲမဟုတ်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် ဒဂုံမြို့သစ်မြောက်ပိုင်းက နေရာတကာ မှာ ဈေးတွေပြန်တက်နေ ကြတယ်"ဟုဒဂုံမြို့သစ်မြောက်ပိုင်း ၃၄ ရပ်ကွက်မှ ကောင်းသန့် အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်းမှ ကိုသက်မိုးခိုင်က ပြောသည်။

 Shwe Myitmakha Media Group


ဓါတ်ငွေ့ပိုက်လိုင်းကိစ္စနှင့်ပါတ်သက်ရ်ျ မတရားမှုအား တင်ပြခြင်း

Posted: 14 May 2012 09:59 PM PDT

ဓါတ်ငွေ့ပိုက်လိုင်းကိစ္စနှင့်ပါတ်သက်ရ်ျ မတရားမှုအား တင်ပြခြင်း
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာအုပ်စု သံဘို(အလယ်)ရွာ မှတောင်သူလယ်ယာ သမားများသည် မိမိတို့ လယ်ယာ များကို ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ပျက်စီးသွားပြီး  လျှော်ကြေးမရမှုကြောင့် သက်ဆိုင်ရာကို တိုင်ကြားထားကြောင်းသိရပါတယ်။
Myanmar News Now

ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ပျက်စီးသွားသောလယ်မြေများ



မူရင်းတိုင်ကြားစာ


မုံရွာမြို့၏နယူးဖက်ရှင်၊ အာရှဖက်ရှင် သရုပ်ပျက် အလှပြင်ဆိုင်များ

Posted: 14 May 2012 09:30 PM PDT

နယူးဖက်ရှင် အလှပြင်ဆိုင်
စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကျောက္ကာလမ်းမကြီးပေါ်တွင် နယူးဖက်ရှင်၊ အာရှဖက်ရှင်
အမည်များဖြင့် အလှပြင်ဆိုင်(၅)ဆိုင်ကို ခမ်းနားစွာဖွင့်လှစ်လုပ်ကိုင်နေပါသည်။

 ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များ၊ ယောက်ျားငယ်လေးများစွာတို့ဖြင့်
 သရုပ်ပျက်ဝတ်စားနေထိုင်ကြပြီး၊ နိုင်ငံခြားသံစဉ်တီးလုံးသီချင်းများကို ဆူညံစွာ
အချိန်ပြည့်ဖွင့်ပြီး မိန်းကလေးများမှာ ဘောင်းဘီ အတို၊ အင်္ကျီမလုံတလုံများဖြင့်
တီးလုံးနှင့်အတူ လှုပ်ရမ်းကပြီး ယောက်ျားလေးများကို ခေါင်းလျှော်ပေးခြင်း၊
နှိပ်ပေးခြင်းများပြုလုပ်ပေးကာ လမ်းပေါ်အထိ တက်ကာ ကြိုဆိုကြ ပါသည်။

မြန်မာစကားလည်း ပီပြင်အောင်မပြောတတ်ပါ။ မြန်မာမိန်းကလေးများလည်း
အားကျပြီး ပါဝင်နေကြပါသည်။ ညနေမှောင်သည့်အချိန်တွင် အခြားလူငယ်များဖြင့်
 မြင်မကောင်းပါ။ မြန်မာ့ယဉ်ကျေးမှုနှင့် တခြားစီဖြစ်ပါသည်။

မုံရွာမြို့လူငယ်ကျောင်းသား များသည် အတွေ့အကြုံနည်းပါးပြီး စူးစမ်း စမ်းသပ်ချင်
နေကြပါသည်။ စီးပွားရေးသမားများ သည် စီးပွားရေးအတွက်တစ်ခုတည်းသာကြည်
့ပါသည်။ နောက်ကွယ်ကဘာတွေရှိသလဲ။ ဘာတွေလုပ်နေသလဲမသိပါ။ ပါတ်ဝန်းကျင်
ကိုတော့ လုံးဝဂရုမစိုက်ပါ။ လမ်းမကြီးဘေး တက္ကသိုလ်ကျာင်းသား/သူအများဆုံးရှိ
သည့်နေရာတွင် သရုပ်ပျက်ဆူညံလွန်းလှပါသည်။

တိုက်အိမ်များကို အခကြေးငွေများစွာပေးငှားရမ်းပြီး၊ သရုပ်ပျက်မိန်းကလေးများ၊
ယောက်ျား လေးများစွာထားရှိပါသည်။ တိုင်းပြည်အတွက် အသိပညာအတတ်ပညာ
တိုးတက်ရေးကို လိုလားသော တာဝန်သိသူတာဝန်ရှိသူများအနေဖြင့် လူငယ်များ
 စာရိတ္တပျက်စီးမည့်အရေးကို ထောက်ရှုသောအားဖြင့် ယခုလိုသရုပ်ပျက်စွာစီးပွား
ရှာသော အလှပြင်ဆိုင်များကို တားဆီး ပေးပါရန်တင်ပြအပ်ပါသည်။

မုံရွာမြို့ မှ တာဝန်သိပြည်သူတဦး


မြန်မာအပေါ် ပိတ်ဆို့မှု ဆိုင်းငံ့ဖို့ McCain တိုက်တွန်း

Posted: 14 May 2012 08:04 PM PDT

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ဖို့ အချိန်ရောက်ပြီလို့ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ ရီပတ်ပလင်ကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း က ပြောလိုက်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လူမှုကျင့်ဝတ် သိက္ခာတွေ စောင့်စည်းပြီး တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အဖြစ် စံပြဖြစ်ဖို့ လိုမယ် လို့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက ပြောသွားပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအတွင်း မကြာခင်က သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ခဲ့တာ၊ အထူးသဖြင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အနိုင်ရပြီး လွှတ်တော်ထဲ ၀င်ရောက်နိုင်တဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားရတော့မယ့် အချိန်ရောက်နေပြီလို့ အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောသွားပါတယ်။ ဒါပေမယ့်လည်း လက်နက်တင်ပို့ ရောင်းချမှုကို ပိတ်ပင်တာနဲ့ မြန်မာ့ ဒီမိုကရေစီရေးကို အနှောင့်အတားဖြစ်စေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူတာ မျိုးတော့ ခြွင်းချက်ဆက်ထားသင့်တယ်လို့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ၀ါရှင်တန်ဒီစီက CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ မနေ့က ပြောဆို သွားပါတယ်။
"မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့အရေးယူပိတ်ဆို့မှုတွေ ဆိုင်းငံ့ဖို့ အချိန်ကျနေပြီလို့ ထင်ပါ တယ်။ လက်နက်ရောင်းချမှုပိတ်ပင်တာနဲ့၊ မြန်မာ့ဒီမိုကရေစီကို အနှောက်အယှက် အဟန့်အတားဖြစ်စေ တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့၊ နိုင်ငံ့အရင်းအမြစ်တွေကို မတရားယူထားတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထားပြီး အရေးယူထားတာတွေက လွဲလို့ပေါ့။ ဒါပေမယ့် ဒါဟာ အရေးယူ မှုတွေကို ရုပ်သိမ်းတာမဟုတ်ပါဘူး၊ ဆိုင်းငံ့ထားဖို့ပါ။ မြန်မာနိုင်ငံအတွင်း တိုးတက် မှုတွေ၊ ပြုပြင်ပြောင်းလဲ မှုတွေ ဆက်ဖြစ်နေတဲ့ အပေါ်မှာတည်ပြီး ဒီ အရေးယူမှုလျှော့ပေးတာတွေကို လုပ်သွားပါ့မယ်။"
မြန်မာအာဏာပိုင်တွေအနေနဲ့  ဒီမိုကရေစီနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ဆောင်ရွက်တဲ့ အပေါ်မှာ အမေရိကန်ပြည်ထောင်စု ဘက်ကလည်း လုပ်ရပ်တခုချင်းကို တခုချင်းအလိုက်တုံ့ပြန်သွားမယ် လို့ ပြောထားတာပါ။ အခုလို မူဝါဒ ပြောင်းလဲဖို့ စဉ်းစားချက်ဟာ ပြုပြင်ပြောင်းလဲမှုတွေကို အားဖြစ် စေဖို့၊ မြန်မာပြည်သူတွေ အကျိုးခံစားခွင့်ရဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့ ရည်ရွယ်တယ်လို့လည်း အထက်လွှတ်တော်အမတ် မက်ကိန်းက ပြောသွားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါမှာ မြန်မာပြည်သူတွေ လက်တွေ့အကျိုးဖြစ်ဖို့နဲ့၊ မြန်မာ့ဒီမိုကရေစီရေးကို အားဖြစ်စေဖို့ စံနှုန်းစံထား သတ်မှတ်ထားရှိဖို့လိုမယ်လို့ အထက်လွှတ်တော်အမတ် မက်ကိန်းက ပြောပါတယ်။
"မြန်မာနိုင်ငံတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းတွေအတွက် လူမှုကျင့်ဝတ်သိက္ခာ စောင့်စည်းဖို့ အခြေခံ စံနှုန်းစံထားတွေ သတ်မှတ်ထားရပါမယ်။ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုမျိုးနဲ့ လက်ခံလို့မရတဲ့ရင်းနှီးမြှုပ်နှံမှုမျိုး ကို ဒေါ်အောင်ဆန်းစုကြည်က ပိုင်းခြားသတ်မှတ်ထားတာ ရှိပါတယ်။ မှန်ကန်တဲ့ရင်းနှီးမြုပ်နှံမှုမျိုး ဟာ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကအခန်းကဏ္ဍကို အားဖြစ်စေပါမယ်၊ နိုင်ငံသားတွေအတွက် အကျိုး ဖြစ်ထွန်းစေ ပါတယ်၊ နောက်ဆုံးမှာ စီးပွားရေးနဲ့ အရပ်ဘက်အုပ်ချုပ်မှုကို စစ်တပ်ကချုပ်ကိုင်ထားတာတွေ လျှော့ သွားစေပါလိမ့်မယ်။ လက်ခံလို့မရတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါ။ စီးပွားရေးမှာ နီးစပ်ရာလက်တဆုပ်ကပဲ လက်ဝါးကြီးအုပ်မှုကို အားဖြစ်စေပြီး မြန်မာနိုင်ငံဖွံ့ဖြိုးမှုဟာလည်း နောက် ဆယ်စုနှစ်နဲ့ချီ နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်က ချုပ်ကိုင်ထားတဲ့ မြန်မာနိုင်ငံထဲမှာ အမေရိကန်ကုမ္ပဏီတွေ၊ အစိုးရပိုင်လုပ်ငန်းတွေနဲ့ စီးပွားရေးတွဲလုပ်တာမျိုးကိုတော့ ခွင့်ပြုသင့်တယ်လို့ မထင်ပါဘူး။"
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ လူမှုဝတ္တရားတွေအပေါ် တာဝန်ယူလိုစိတ်ဖြစ်ဖို့၊ အလုပ်သမား အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ရှိဖို့ လိုမယ်လို့ သူက ထောက်ပြပါတယ်။ ဒါမှလည်း အမေရိကန်ကုမ္ပဏီတွေဟာ အခြား နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အကြား စံပြအဖြစ်နဲ့ မြန်မာနိုင်ငံထဲ လူ့ကျင်ဝတ်သိက္ခာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်လာစေရေး ဦးဆောင် ဦးရွက် ပြုနိုင်မယ်လို့ မစ္စတာမက်ကိန်းက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေကို အကဲဖြတ်ရာမှာတော့ မြန်မာအစိုးရသမ္မတဦးသိန်းစိန်နဲ့ လုပ်ဖော် ကိုင်ဘက်တွေဟာ ပြုပြင် ပြောင်းလဲလိုစိတ် ရှိသူတွေလို့ သူယုံကြည်တဲ့အကြောင်း ပြောပါတယ်။ နောက် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့အတွင်းမှာ ရှိနေသူတချို့ဟာလည်း အရင်တုန်းက အမေရိကန် မြန်မာနှစ်ဘက် ဆက်ဆံရေးကောင်းစဉ်က အမေရိကန် စစ်ကျောင်းတွေမှာလာပြီးတော့ သင်တန်းတက်ခဲ့ဖူးသူတွေ၊ သူတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ နီးစပ်လိုသူတွေဖြစ်တယ်လို့ သူက ယူဆပါတယ်။
"မြန်မာ့အရေးဟာ အမေရိကန်ပြည်ထောင်စုသံတမန်ရေးမှာ နောက်ထပ်အရေးပါတဲ့ စမ်းသပ်မှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း ကျနော် မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ဆောင် စရာတွေ အတော်ကျန်နေသေးတယ်၊ လုပ်ရဦးမယ်ဆိုတာကို သေချာစေချင်တာပါ။ အထူးသဖြင့်တော့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မြန်မာသမ္မတနဲ့ အစိုးရအဖွဲ့အတွင်းက သူ့မဟာမိတ်တွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် တကယ့်စိတ်ရင်းမှန်ရှိတယ်လို့ ကျနော် ယူဆပါတယ်။ တကယ့်ကို တိုးတက်မှုတွေ အတွက်လည်း ဆောင်ရွက်နေကြပါတယ်။"
မစ္စတာမက်ကိန်းဟာ အရင်တုန်းကတော့ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို တက်တက်ကြွကြွ ထောက်ခံအားပေးသူတဦးဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံရေး နဲ့ လွှတ်တော်ထဲ သြဇာကြီးမားသူတဦးဖြစ်တာကြောင့်လည်း အခုလို မြန်မာအပေါ် အရေးယူမှုတွေ ဆိုင်းငံ့ဖို့ သူ့သဘောထား ထုတ်ဖော်ပြောလိုက်တာဟာ မကြာခင် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထား ဖြစ်လာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ အခု မေလ ၂၀ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူမှုဥပဒေတရပ် ကို သက်တမ်းတိုးပေးရမယ့် အချိန်ရောက်တော့မှာပါ။ ဒါကြောင့် အခု မစ္စတာမက်ကိန်းပြောဆိုချက်ဟာ ဒီဆုံးဖြတ်ချက်အပေါ်မှာ သက်ရောက်လာနိုင်မယ်လို့ ယူဆရပါတယ်။
 By ကိုသားညွန့်ဦး


လွတ်မြောက်ခြင်းအတွက် ရုန်းကန်မှုများ ဒေါ်စု ပါဝင်ဆွေးနွေးမည်

Posted: 14 May 2012 08:01 PM PDT

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု မေလ ၁၅ ရက်နေ့၊ အမေရိကန် စံတော်ချိန် မနက်ပိုင်းမှာ ကမ္ဘာအရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုဖို့ ရှိနေပါတယ်။
အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ပြုလုပ်မယ့် ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် တိုက်ရိုက် ဗွီဒီယိုမိန့်ခွန်း ပြောဆိုမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာတော့ သမ္မတဟောင်းဘွတ်ရှ်ရဲ့ ဇနီးဖြစ်သူ Laura Bush က ဒေါ်အောင်ဆန်းစုကြည်အကြောင်း မိတ်ဆက် စကားပြောဖို့ စီစဉ်ထားပါတယ်။
သမ္နတ ဘွတ်ရှ်ကလည်း ကမ္ဘာအ၀ှမ်း လွတ်မြောက်ရေးလှုပ်ရှားမှုမှာ တိုက်ပွဲဝင်နေသူတွေအကြောင်းကို မှတ်ချက် မိန့်ခွန်းစကား ပြောဖို့ ရှိပါတယ်။ ၂၀ ရာစုနဲ့ ၂၁ ရာစုအတွင်း လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ဖိနှိပ်တဲ့အစိုးရအောက် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ ရဲစွမ်းသတ္တိ ပြည့်ဝတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့အကြောင်းကို ဖော်ပြတဲ့ Freedom Collection လွတ်မြောက်ရေး တိုက်ပွဲဝင် သူများရဲ့ အတ္ထုပ္ပတ္တိကိုလည်း ပြသဖို့ ရှိပါတယ်။
အဲဒီအထဲမှာတော့ မြန်မာနိုင်ငံကဆိုရင် ဒေါက်တာစင်သီယာမောင်၊ ရှမ်းတိုင်းရင်းသား နန်းချန်တောင်း၊ ချင်းတိုင်ရင်းသူ ချယ်ရီဇာဟောင်း၊ မြန်မာတိုင်းရင်းသူ မခင်ဥမ္မာနဲ့ ရွှေဝါရောင်တော်လှန်ရေးမှာပါခဲ့တဲ့ ပခုက္ကူကျောင်းတိုက်တခုက အရှင်ဣသရိယတို့အကြောင်းကို ထည့်သွင်း ဖော်ညွှန်းထားပါတယ်။
သမ္မတဟောင်းဘွတ်ရှ်ဟာ သူ့သမ္မတ သက်တမ်းနှစ်ခုအတွင်း မြန်မာ့အရေးကို အရေးတယူ ပြတ်ပြတ် သားသား ကိုင်တွယ်ခဲ့သူလို့ လှုပ်ရှား တက်ကြွသူတွေအကြား ထင်ရှားပါတယ်။ သူလက်ထက်မှာပဲ စစ်အစိုးရကို နှစ်ကြိမ်တိုင်တိုင် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။ ဇနီးဖြစ်သူ Laura Bush ဟာလည်း မြန်မာ့အရေးကို စိတ်ဝင်စားပြီး ဒေါ်အောင်ဆန်းစုကြည်ကို တက်တက်ကြွကြွ အားပေးထောက်ခံခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်အတွင်းမှာ ထိုင်း မြန်မာနယ်စပ်ကို သွားရောက်ခဲ့ပြီး အဲဒီမှာ မြန်မာဒုက္ခသည်တွေ လူမှုရေးအဖွဲ့တွေကို တွေ့ဆုံ အားပေးခဲ့ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)


ကြည့်ရှုခံစားရမယ့် 'ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလမ်းမများ' ဓာတ်ပုံပြပွဲ

Posted: 14 May 2012 07:50 PM PDT

မေစန္ဒီ
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)

ကြားဖြတ်ရွေးကောက်ပွဲအပြီး ၂၀၁၂ ခုနှစ်၊ မေလ ၂ ရက်နေ့ NLD ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို စကားပြောကြားနေစဉ် ရိုက်ကူးခဲ့တဲ့ မင်းဇေယျာရဲ့ ဓာတ်ပုံ လက်ရာ။
လူငယ်ဓာတ်ပုံ ပညာရှင်သုံးဦးက ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံအနှံ့ အပြားကို မဲဆွယ်စည်းရုံးရေးခရီးထွက်စဉ်က လိုက်ပါပြီးရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများကို 'ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလမ်းမများ'ဆိုတဲ့အမည်နဲ့ ပြင်သစ်ယဉ်ကျေးမှုစင်တာမှာ မေလ ၁၇ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ အများ ပြည်သူများ ကြည့်ရှုနိုင်အောင် ခင်းကျင်း ပြသသွားမှာ ဖြစ်ပါတယ်။
ပြပွဲမှာ ပါဝင်ပြသမယ့်ဓာတ်ပုံပညာရှင်တွေက ပြေကျော်မြင့်၊ မင်းဇေယျာနဲ့ အောင်ပြည့်တို့ ဖြစ်ကြပြီး သူတို့တွေဟာ ရန်ကုန် ဓာတ်ပုံပွဲတော်မှ ပြိုင်ပွဲဝင်များ ဖြစ်ကြပါတယ်။
လူငယ်ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်တဲ့ ကိုပြေကျော်မြင့်က ပြပွဲမှာပြ သမယ့်ဓာတ်ပုံတွေဟာ ဂျာနယ်တော်တော်များများမှာ မဖော်ပြခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်ခရီးစဉ်တစ်လျှောက်က ဓာတ်ပုံတွေကို မြင်တွေ့နိုင်မှာဖြစ်တယ်လို့ မြန်မာတိုင်း(မ်)ကို ပြော ပါတယ်။
"သတင်းသမားကတော့ ဒေါ်စု ခရီးစဉ်တွေကို သတင်းအနေနဲ့ ပေါ်အောင် အကောင်းဆုံးဖြစ်မယ့်နေရာကို ရွေးရိုက်တာ။ ကျွန်တော် တို့ကျတော့ နည်းနည်းပိုပင်ပန်းတာက နေရာစုံကို လိုက်ရိုက်တာ။ ဥပမာ - ကျွန်တော်တို့ အနေနဲ့ ဒေါ်စုစင်ပေါ်မှာ မိန့်ခွန်းပြော နေတာထက်စာရင် အောက်မှာ ဘယ်သူတွေနဲ့ တွေ့ပြီး ဘာလုပ်လဲဆိုတာ လိုက်ရှာပြီး ရိုက်တာပေါ့" လို့ ပြောပါတယ်။
ကိုမင်းဇေယျာကလည်း "ဒေါ်စုဒီလို ထွက်တယ်ဆိုတာ ကြုံရခဲတယ်။ သူလည်း အခု ၆၇ နှစ်ဆိုတော့ နောက် တစ်ကြိမ် ဒီလိုမျိုး ဘယ်တော့ထွက်နိုင်မယ်ဆိုတာ မသေချာဘူး။ သူနဲ့ပြည်သူတွေနဲ့ ဒီလိုမျိုးတွေ့တဲ့ အခိုက်အတန့်ကို ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ရိုက် ထားဖူးချင်တယ်။ အဲဒီကနေစပြီး ရိုက်ဖြစ်တာ"လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံများ ရိုက်ကူးဖြစ်ပုံကို ပြောပြပါတယ်။
ပြပွဲမှာ ပြသသွားမယ့် ဓာတ်ပုံတွေ အားလုံးကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်ခါ လိုက်ပါရိုက်ကူးခဲ့တာဖြစ်ပြီး ကော့မှူး၊ လှည်းကူး၊ ဖျာပုံ၊ ခရမ်း၊ သုံးခွ၊ မြစ်ကြီးနား၊ အောင်ပန်း၊ ကလော၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည် တော်၊ မိတ္ထီလာ၊ မော်လမြိုင်၊ လားရှိုး၊ မြိတ် စတဲ့မြို့တွေကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်တွေ အားလုံးပါဝင်တယ်လို့ ဓာတ်ပုံဆရာတွေက ဆိုကြပါတယ်။
"ခရီးတစ်ခုနဲ့တစ်ခုမှာ အန်တီစုရဲ့ ကျန်းမာရေးအခြေအနေ ကွာခြားတာ တွေ့ရတယ်။ မန္တလေးမှာဆိုရင် ပထမ ရောက်ရောက်ချင်း တုန်းက နေမကောင်းဘူး။ နောက်နေ့စစ်ကိုင်းရောက်တော့ ကောင်းသွားတယ်။ လားရှိုးမှာတော့ နေကောင်းတယ်။ ဒါပေမယ့် ပရိသတ် နည်းသလို ခံစားရတယ်။ ဓာတ်ပုံတွေထဲမှာဆိုရင် တောက်လျှောက်မှာ အရမ်း သိသာတယ်"လို့ ကိုမင်းဇေယျာက ပြောပါ တယ်။
ပြင်သစ်ယဉ်ကျေးမှုစင်တာမှာ အနုပညာပိုင်းဆိုင်ရာ အကြံပေးနဲ့ ဓာတ်ပုံပြပွဲ စီစဉ်သူ Christophe Loviny က ဓာတ်ပုံ ဆရာ သုံးဦးရဲ့ဓာတ်ပုံများကို နိုင်ငံတကာ မဂ္ဂဇင်းများ၊ သတင်းစာများ အထူးသဖြင့် ပြင်သစ်နိုင်ငံမှ သတင်းစာများဖြစ်တဲ့ Le Monde ၊ Paris - Match၊ နဲ့ Point de vue တွေမှာလည်း ဖော်ပြခဲ့ကြတယ်လို့ ပြောပါတယ်။
"ဒီဓာတ်ပုံတွေက နိုင်ငံရေးတစ်ခုတည်း မဟုတ်ပါဘူး။ သမိုင်းဝင်ဓာတ်ပုံတွေပါ။ ဘာလို့လဲဆိုတော့ ဒါကနေ့စဉ် နိုင်ငံရေးလောကထဲမှာ ဖြစ်တာတွေ မဟုတ်ဘူး။ ဒါကြောင့်လည်း ဒီပွဲကို ကျင်းပတာပါ။ ဒီပွဲမှာပြမယ့် အကြောင်းအရာတွေကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူလူထုကြားမှာ အပြန် အလှန်ထားရှိတဲ့ မေတ္တာကို ပြချင်တာပါ" လို့ဆိုပါတယ်။
ဓာတ်ပုံတွေကိုလည်း တစ်ပုံလျှင် အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ရောင်းချ ပေးသွားမှာဖြစ်ပြီး ရိုက်ကူးသူဓာတ်ပုံ ပညာရှင်များကိုယ်တိုင် လက်မှတ်ရေး ထိုးပေးမှာဖြစ်ပါတယ်။
ရောင်းချလို့ ရလာတဲ့ အမြတ်ငွေတချို့ကိုလည်း မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်းရဲ့ အိပ်ခ်ျ အိုင်ဗီစင်တာနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းတို့မှာ သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံပြပွဲဖွင့်ပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့သိရပြီး ဓာတ်ပုံဆရာသုံးဦးရဲ့ ဓာတ်ပုံတွေကို လာမယ့် ဇူလိုင်လ ပထမပတ်မှာ ပြင်သစ်နိုင်ငံ၊ အားလ်စ်မြို့မှာကျင်းပမယ့် ကမ္ဘာ့အကြီးဆုံးဓာတ်ပုံပွဲတော်မှာ သွားရောက်ပြသကြမယ်လို့
Mr Loviny
က ပြောပါတယ်။
မြန်မာ့တိုင်းမ်


ကြည့်မြင်တိုင် စက်ဆန်းတစ်ရွာလုံးရှိ သမ္ဗန်များအား ပြေးဆွဲခွင့် ပိတ်ထား

Posted: 14 May 2012 07:47 PM PDT

နိုနိုအောင်နှင့် ထူးအောင်
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)

ပြေးဆွဲခွင့် ပိတ်ခံထားရသဖြင့် ကမ်းနားတွင် ဆိုက်ကပ်ထားရသော သမ္ဗန်များကိုတွေ့ရစဉ်။
ဓာတ်ပုံ-နိုနိုအောင်
မတ်လလယ်က သမ္ဗန်တစ်စင်း နစ်မြုပ်ကာ လူတစ်ဦးသေဆုံးခဲ့မှု ဖြစ်ပွားပြီး နောက် ကာယကံရှင် သမ္ဗန်မောင်းသူကို အရေးယူသည့် အပြင် တစ်ရွာလုံးရှိ သမ္ဗန်များကို မောင်းခွင့်ပိတ်သိမ်းထားရာ စားဝတ်နေရေးခက်ခဲလျက်ရှိကြောင်း ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရွာမှ ရွာသူရွာသားများက မေလအစောပိုင်းက ပြောသည်။
"တစ်ရွာလုံးမှာ သမ္ဗန် ၁၀၈ စင်းရှိတယ်။ တိုက်မိတဲ့တစ်စင်းကတော့ အချုပ်ထဲမှာ။ ကျန်သမ္ဗန် ၁၀၇ စင်းရှိတယ်။ အားလုံးကို ပိတ်ထားတယ်။ အခုဆို တစ်လနဲ့ ရှစ်ရက်ရှိပြီ"ဟု ရေယာဉ်လုပ်သား ဦးသန်းအောင် ထွေးက ယခုလ ၄ ရက်နေ့ နံနက်ပိုင်းက ပြောသည်။
"မတ်လ ၂၁ ရက်နေ့က စက်ဆန်းကူးတို့ဆိပ်က ကိုလှရွှေမောင်းတဲ့ ခရီးသည်ငါးယောက်ပါတဲ့ စက်လှေက ကျောက်တံတားကူးတို့ဆိပ် (ကြည့်မြင်တိုင်)ကိုအကူး ရေလယ်စပ်မှာ စက်သေပြီး အေးချမ်းမောင် ဆိုတဲ့ သစ်လုံးတင်တဲ့ နှစ်စီးတွဲ သင်္ဘောဆီ ၀င်သွားတယ်။ လှမြင့်ထွန်းဆိုတဲ့ ကောင်လေးက သင်္ဘောအောက်ဝင်ပြီး ပျောက်သွား တယ်။ နောက်သုံးရက်နေမှ အလောင်းကို ကမာရွတ်ဆိပ်ကမ်းမှာ ပြန်တွေ့တယ်။ ကိုလှရွှေရဲ့ သမ္ဗန်ကိုတော့ ၂၈၀/၃၀၄(က)နဲ့ ဆိပ်ကမ်းရဲက အရေး ယူထားတယ်"ဟု ၎င်းက ပြောသည်။
ထို့နောက် မတ်လ ၂၅ ရက်နေ့မှ စတင်ခါ သမ္ဗန်များကြံ့ခိုင်ရေးပြင်ဆင်ရန်အတွက် ခေတ္တနားထားရမည်ဖြစ်ကြောင်း နှုတ်မိန့်ဖြင့် ပြောခဲ့သည်ဟု ၎င်းက ပြောသည်။
"ပထမတုန်းက ဒါ ဂိတ်ပိတ်တာ မဟုတ်ဘူး။ သမ္ဗန်ပြင်ဆင်ဖို့အတွက် ခဏနားပြီး သမ္ဗန်ကိုပြင်ဆင်ပါဆိုပြီး ပြောတာ။ လာပြောတဲ့ အချိန်မှာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက စာရေးတစ်ယောက် ပါတယ်။ စက်ဆန်း၊ အောက်ရုံ၊ အလတ်ချောင်း သုံးရွာအုပ်ချုပ်ရေးမှူး ပါတယ်။ မတ်လ ၂၆ ရက်နေ့ကျ တစ်ရွာလုံး သမ္ဗန် ပြေးဆွဲခွင့် ရပ်ဆိုင်းထားဖို့ စာကျလာတယ်"ဟု ဦးသန်းအောင်ထွေးက ပြော သည်။
အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးမှ ရောက် ရှိလာသောစာတွင် "စက်ဆန်း သမ္ဗန် ရေယာဉ်ဂိတ်မှ ယာဉ်မောင်း ဦးလှရွှေ မောင်းနှင်သော သမ္ဗန်ရေယာဉ်သည် ၂၁-၃-၂၀၁၂ နေ့တွင် သစ်လုံးတင် စီဘီတွဲအောက် ရောက်ရှိနစ်မြုပ်ခဲ့ သဖြင့် အဆိုပါစက်ဆန်းရေယာဉ် တစ်ဂိတ်လုံး အား ၂၅-၃-၂၀၁၂ ရက်နေ့မှ ဤ ရေယာဉ်ဂိတ်တစ်ဂိတ်လုံး ပြေးဆွဲခွင့် ရပ်ဆိုင်း ထားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားရှိလာခဲ့ပါသည်" ဟူ၍ ပါရှိသည်ကို တွေ့ရသည်။
"ဂိတ်ပိတ်တဲ့အချိန်မှာ ရွာရဲ့သွားရေး လာရေးအတွက် ဘလုပ်ညွန့်က ငါးစင်း၊ စက်ကလေးက အစင်း ၂၀ နဲ့ အောက်ရုံက အစင်း ၂၀ ကို ပြေးဆွဲခွင့်ပေးထားတယ်" ဟု ရေယာဉ်လုပ်သား ကိုဝင်းနိုင်ကပြော သည်။
"တခြားရွာတွေမှာလည်း ဒီကိစ္စမျိုး ဖြစ်တတ်တာပဲ။ ဒါပေမယ့် ဖြစ်တဲ့သမ္ဗန်ကို အရေးယူတာပဲရှိတယ်။ ဒီလို တစ်ရွာ လုံးပိတ်တာ မကြားဖူးဘူး။ အခု လှေသမား ၁၀၇ ယောက် အလုပ်လက်မဲ့ဖြစ်နေတယ်။ သူတို့ကို မှီခိုနေတဲ့ လူပေါင်းက ၆၀၀ ကျော်ရှိတယ်။ မော်တာတွေရော၊ အ၀တ်အစားတွေရော အပေါင်ဆိုင် ရောက်ကုန်ပြီ။ ကျောင်းသားရှိတဲ့ မိသားစုတွေလည်း အများကြီးပဲ" ဟု ၎င်းက ဆက်လက်ပြောသည်။
"အရင်က တစ်နေ့ကို ၀င်ငွေ ကျပ် ၄,၅၀၀၊ ၅,၀၀၀ လောက်ရတယ်။ အခု ၀င်ငွေမရှိတော့ ကလေးကျောင်းအပ်ဖို့ တောင်မှ အခက် အခဲဖြစ်နေတယ်။ လောလောဆယ် မိုးရွာလို့ အိမ်မိုးဖို့ တောင် မတတ်နိုင်ဘူး။ ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ အခု တစ်လကျော်ပြီ။ သမ္ဗန်တွေကလည်း ကုန်းပေါ်တင်ထားရတော့ ပျက်စီးကုန် ပြီ။ ကျွန်တော်တို့ကလည်း ပြန်ဆွဲရမယ် ဆိုတာသေချာမှ ပြင်နိုင်မှာ။ ကျွန်တော် တို့က အားကိုးရာလည်းမရှိတော့ ဘယ်နေ့ ပြန်ဖွင့်မလဲဆိုတာပဲ နားထောင်နေရတာပဲ"ဟု ရေယာဉ်လုပ်သား တစ်ဦးဖြစ် သူ ဦးသိန်းထွန်းက ပြောသည်။
မေလ ၄ ရက်နေ့ နေ့လယ်အချိန်တွင် စက်ဆန်းရေယာဉ်ဂိတ်မှ တာဝန်ရှိသူတို့ အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အစည်း အဝေး ခေါ်ခဲ့ရာ အစည်းအဝေးပြီးချိန်တွင် စက်ဆန်း ရေယာဉ်ဂိတ်အား လောလောဆယ် နှစ်လပိတ်ထားမည်ဖြစ်ကြောင်းနှင့် နှစ်လ ပြည့်ပါက စာတင်ရ မည်ဖြစ်ကြောင်း ပြောသည်။
"ကျွန်တော်တို့ကိုတော့ စက်လှေမြုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်လပိတ်လိုက်ပြီတဲ့။ နှစ်လပြည့်ရင် မောင်းခွင့်ရဖို့ အတွက် အသနားခံစာ ပြန်တင်ရမယ် လို့ ပြောတယ်။ စာလည်းပြတယ်။ တစ်ရွာလုံးကို ပိတ်ရတဲ့ တခြား အကြောင်းရင်းတော့ မသိရဘူး"ဟု စက်ဆန်းသမ္ဗန် အဖွဲ့ အတွင်းရေးမှူး ကိုသော်ဇင်က မေလ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က ပြောသည်။
တစ်ရွာလုံးရှိ သမ္ဗန်များကို ပြေးဆွဲခွင့် ပိတ်ထားရသည့် အကြောင်းရင်းအား ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသွေးထံသို့ မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာတွင် ၎င်းဖြေဆိုခွင့်မရှိကြောင်း ပြောကြားသည်။

မြန်မာ့တိုင်းမ်


အီတာလျှံ ထိုင်း ကုမ္ပဏီနှင့် မီးရထား ဒုတိယ၀န်ကြီး ထားဝယ်မြို့ ကြက်မင်းစေတီတွင် ကန်တော့ပွဲပေး

Posted: 14 May 2012 05:23 PM PDT

အီတာလျှံ ထိုင်း ကုမ္ပဏီမှ တာဝန်ရှိသူများ ၊ မီးရထား ဒုတိယ၀န်ကြီး ဦးသောင်းလွင်အပါအ၀င်ထားဝယ် ရေနက် ဆိပ်ကမ်းစီမံကိန်း တွင်ပါဝင်ကြသည့် စီးပွားရေး လုပ်ငန်းရှင်အချို့သည် မေလ ၁၀ ရက်နေ့တွင် ထားဝယ်မြို့ ကြက်မင်းစေတီတွင် ကန်တော့ပွဲ ၁၀၈ ပွဲကို လာရောက် ပူဇော်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ကြက်မင်းဂေါပက အဖွဲ့ဝင်တစ်ဦးကဆိုသည်။

ယင်းသို့ ကန်တော့ပွဲပေးသည်ကို နံနက်ခြောက်နာရီခန့်မှ စတင်ခဲ့ကာ ကြာမြင့်ချိန် သုံးနာရီကျော်ခန့်ရှိပြီး ၊ ဘုရားကိုးဆူ ဆရာ ၊ ကန်တော့ပွဲကိုင်သူအပါအ၀င် အားလုံးဆယ်ဦးခန့်တက်ရောက်ခဲ့ကြောင်း အထက်ပါ ကြက်မင်းဂေါပက အဖွဲ့ဝင်က ဆိုသည်။

စေတီတော် အထက်ပစ္စယံတွင် တင်လှုခဲ့သော ကန်တော့ပွဲများတွင် ထိုင်းနိုင်ငံ မင်းဆက် များ အားလည်းကောင်း၊ မြန်မာနိုင်ငံ ခေတ်အဆက်ဆက်မှ မင်းအပေါင်းနှင့် ခုနှစ်ရက်သားသမီးများအားလည်းကောင်း၊ လက်ရှိအစိုးရအဖွဲ့၊ လွှတ်တော်အသီးသီးနှင့် လွှတ်တော်စောင့်နတ်မင်းကြီးကိုပါ ရည်ညွှန်းစာဖြင့် ကန်တော့ပွဲများပါဝင်သည်။
The Voice Weekly (Facebook)


မအူပင်မြို့နယ် လယ်သမား ၄၀၅ ဦး လယ်ယာမြေပြန်လည်ရရှိရေး သမ္မတထံ စာတင်

Posted: 14 May 2012 05:13 PM PDT

ဧရာဝတီတိုင်းဒေသကြီး  မအူပင်မြို့နယ် မလက်တိုကျေးရွာ အုပ်စု ခနောင်ကြီးကျေးရွာရှိ လယ်သမား ၄၀၅ ဦးက သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် သမ္မတံထံသို့ စာတင်ထားကြောင်းသိရသည်။ အဆိုပါ လက်မှတ်ရေးထိုး စာတင်ခြင်းကို ၂၀၁၂ ခုနှစ် မေလ(၁၂) ရက်က ကျင်းပခဲ့သော တောင်သူလယ်သမားအရေး ဆောင်ရွက်သူများနှင့် တောင်သူလယ်သမား ရေလုပ်သား အပြန်အလှန် နှီးနှောဖလှယ်ပွဲ တွင် ဆုံးဖြတ် လတ်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း  သိရသည်။

တောင်းဆို ချက်များတွင် အဓိကအားဖြင့် အချက်(၇)ချက်ပါဝင်ပြီး ၄င်းအချက်(၇)ချက်တွင် ဌာနဆိုင်ရာ နှင့် ဦးပိုင် ကုမ္ပဏီမှများမှ အဓမ္မသိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိရေးဟူသော အချက်ပါဝင်သည်။ ခနောင်ကြီး ကျေးရွာရှိ လယ်ယာမြေများကို ၂၀၀၄ ခုနှစ်ကတည်းက သိမ်းယူထားခြင်း ဖြစ်ကြောင်း ခနောင်ကြီးကျေးရွာမှ လယ်သမား ကိုဝင်းမော်ကပြောသည်။

''၂၀၀၄ ခုနှစ်ကပေါ့ဗျာ .. စပါးတွေတောင်  မရိတ်ရသေးဘူး အလံတွေလာစိုက်ပြီး သိမ်းသွားတာပဲ အခုတော့ အဲဒီနေရာမှာ ငါးကန်တွေတူးပြီး မွေးမြူရေးတွေလုပ်နေကြတယ်၊ အဲဒီလယ်နေရာတွေက ၈၈ နောက်ပိုင်းမှာ ကျွန်တော်တို့ ကိုယ်တိုင် ရှင်း လင်းပြီး စိုက်ပျိုးခဲ့တဲ့ မြေတွေပါ '' ဟု ယင်းက ဆိုသည်။

အဆိုပါ ခနောင်ကြီး ကျေးရွာတစ်ဝိုက်သည် ရေနက်ကွင်းဒေသဖြစ်သည့် အတွက် နွေရာသီတွင် နွေစပါးတစ်သီးသာ စပါးစိုက်ပျိုးနိုင်ကြောင်း သိရသည်။ ထို့သို့လယ်ယာမြေ သိမ်းခံရခြင်းကြောင့် လယ်သမားအများစုမှာ အလုပ်လက်မဲ့ဖြစ်သွားပြီး လှိုင်သာယာ ၊ရွှေပြည်သာ၊မြို့များသို့ ပြောင်းရွှေ့ကာ စက်မှုဇုန်များတွင် ဝင်ရောက် လုပ်ကိုင်ခြင်းနှင့် ဈေးရောင်းခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရကြောင်း ကို လှိုင်သာယာတွင်ရောက်ရှိနေသည့် ခနောင်ကြီး ကျေးရွာသား တစ်ဦးကပြော သည်။

ခနောင်ကြီးကျေးရွာ တစ်ဝိုက်ရှိ လယ်မြေများမှာ အားလုံးလိုလို အသိမ်းခံရခြင်းဖြစ်ပြီး အသိမ်းခံလယ်မြေဧက ထောင်ကျော်ရှိကြောင်း လယ်သိမ်းခံထားရသူ တောင်သူကြီး ဦးအောင်သောင်းကပြောသည်။
Yangon Media Group


မေလ ၁၄ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၂

Posted: 14 May 2012 05:00 PM PDT

Weekly Eleven Vol 7 No 32
မေလ ၁၄ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၂



အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၄

Posted: 14 May 2012 04:54 PM PDT


အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၄


နယ်စပ် ငြိမ်းချမ်းရေး တရုတ် ကူညီဖို့ ဦးသိန်းစိန်ပြော

Posted: 14 May 2012 04:52 PM PDT

နယ်စပ် တည်ငြိမ် အေးချမ်းဖို့ နှစ်နိုင်ငံစလုံး လိုလားတယ်လို့ ပြော
တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို ကော်မီတီရဲ့ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် မစ္စတာ ဝမ်ဂမ်း Wang Gang ခေါင်းဆောင်တဲ့ အဖွဲ့ မြန်မာ နိုင်ငံကို ရောက်ရှိ လာခဲ့ ပါတယ်။

တရုတ် ကွန်မြူနစ် ပါတီ အတွင်းမှာ ဒုတိယ အဆင့် ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မစ္စတာ ဝမ်ဂမ်းဟာ သမ္မတ ဦးသိန်းစိန်နဲ့ တနင်္လာနေ့ မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။

သူဟာ တရုတ်ပြည်ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချတဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့ ၂၅ ယောက် ပါတဲ့ ပေါ်လစ်ဗျူရို မှာ အဖွဲ့ဝင် တစ်ယောက် ဖြစ်ပေမဲ့ တကယ့် ထိပ်သီး ခေါင်းဆောင် စာရင်းထဲမှာ မပါသလို အမြင့်ဆုံး အာဏာ ရှိသူ ကိုးယောက် ထဲမှာလည်း မပါဝင်ဘူးလို့ ဘီဘီစီ တရုတ် ဘာသာ အစီအစဉ် က ချိုင်းနား ဒေါ့ကွန်းရဲ့ အယ်ဒီတာ ယူဝမ်က ပြောပါတယ်။

သူဟာ တရုတ်အစိုးကို အကြံပေး နေတဲ့ အကြံပေး အဖွဲ့ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်ပြီး အခု အချိန်မှာက မြန်မာပြည်ကို နိုင်ငံတကာက ခေါင်းဆောင်တွေက သွားနေကြ တာကြောင့် တရုတ်ကလည်း သွားတာ ဖြစ်တယ်လို့ သူက ဆက်ပြော ပါတယ်။

မစ္စတာ ဝမ်ဂမ်း နဲ့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန် က တရုတ် နိုင်ငံ ခေါင်းဆောင် တွေနဲ့ တရုတ် ပြည်သူတွေ အနေနဲ့ နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရေး ကို လိုလားတဲ့ အတိုင်း မြန်မာ နိုင်ငံ ကလည်း နယ်စပ်မှာ အေးချမ်းအောင် ကြိုးပမ်း နေတယ်လို့ ပြောပါတယ်။

အဲဒီ အတွက် တရုတ် နိုင်ငံ ဘက်က လည်း ဝိုင်းဝန်း ကူညီ ပံ့ပိုး ပေးစေလိုတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ ပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ မြစ်ဆုံ စီမံကိန်း ကို မြန်မာ ဘက်က ရပ်တန့် လိုက်တဲ့ ကိစ္စကို တရုတ်ဘက်က ကျေနပ်မှု မရှိဘူးလို့လည်း ယူဝမ်က ပြောပါတယ်။ မြန်မာ နိုင်ငံမှာ တရုတ်ဟာ အဓိက ရင်နှီး မြှုပ်နှံသူ နေရာမှာ ရှိချင်တာကတော့ သေချာတယ်လို့ လည်း ယူဝမ်က ပြောပါတယ်။

မစ္စတာ ဝမ်ဂမ်း ရဲ့ ဂျော်ဒန်၊ အိုင်ယာလန်၊ နမ်မီးဘီးယားနဲ့ မြန်မာ စတဲ့ လေးနိုင်ငံ ခရီးစဉ် ပြုလုပ်ဖို့ ရှိရာမှာ လောလောဆယ် မြန်မာ နိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ရှားခဲအင်းလေလံကိစ္စ အင်းသားတွေ ဆန္ဒပြ

Posted: 14 May 2012 04:27 PM PDT

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျေးရွာ (၆) အုပ်စုက ရှားခဲအင်းကို မှီခိုလုပ်ကိုင်နေတဲ့ အင်းသူ အင်းသား (၁၀၀၀၀) ခန့်က ဒီအင်းကို သူတို့တွေ လုပ်ကိုင်စားသောက်ခွင့်ရဖို့ အခက်အခဲရှိတာကြောင့် အစိုးရထံကနေ သူတို့ကို လုပ်စားခွင့်ပြုဖို့ (၄) ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ပါတယ်။
ရှားခဲ၊ ကန်ဇွန်းကွင်း၊ သပြေငူ၊ ကျွဲခြံဒေါင့်၊ အင်းတယော်၊ မဲဂရက်စတဲ့ ကျေးရွာအုပ်စု (၆) အုပ်စုကလူတွေ မှီခိုလုပ်ကိုင်နေရတဲ့ (၅) မိုင်ပတ်လည် အကျယ်ရှိ အဲဒီအင်းကို အင်းသူဌေး တစ်ဦးတည်းကိုသာမကဘဲ သူတို့ကိုလည်း လုပ်ကိုင်စားသောက်ခွင့်ပေးဖို့ အင်းသားတွေက အစိုးရထံ (၄) ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ပါတယ်။
ဒါကို ဘာမှအကြောင်း မပြန်တဲ့အပြင် အစိုးရက လေလံပစ်မယ်လို့  အချိန်ကပ်ပြီး ကြေညာခဲ့တဲ့အတွက် အင်းသားတွေက မကျေနပ်ဘဲ ဒီနေ့မနက် (၉:၃၀) နာရီမှာ ရှားခဲကြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို သပြေငူကျေးရွာအုပ်စု၊ ကွင်းဒေါင့်ရွာကနေ အင်းသား (၂၀၀) ခန့် စုပေါင်းချီတက် ဆန္ဒပြကြတယ်လို့ အင်းသူ ဒေါ်မြင့်ခင်က ပြောပြပါတယ်။
"သူတို့လာ ကြေညာလိုက်တဲ့ အချိန်မှာ သောကြာနေ့ ၅ နာရီ၊ နောက်နေ့ မနက်မိုးလင်းသွားတယ်။ စနေဖြစ်သွားပြီ၊ ရုံးပိတ်သွားပြီ၊ တနင်္ဂနွေရုံးပိတ်သွားပြီ၊ ကျမတို့ ဘာမှ လုပ်လို့ မရပါဘူး။ လေလံတင်ဆွဲရမယ့် အချိန်သည် တနင်္လာနေ့မနက် (၈) နာရီတိတိပဲ၊ ရှားခဲနဲ့ ပတ်သက်လို့ မနက် (၈) နာရီထိုး အရောက်သွားဖို့ဆိုတာ ကျွန်မတို့ ပြည်သူလူထုမှာ အခက်အခဲတွေလည်း ရှိနေပါတယ်။ ကြိုတင်ပြင်ဆင်စရာလည်း ဘာမှ မရှိသေးတဲ့အတွက် ကျွန်မတို့က ဒီလေလံကို ရပ်တန့်ဖို့ရယ် ကျွန်မတို့ ပြည်သူလူထုကို ကြမ်းခင်းဈေးနဲ့ နိုင်ငံတော်က ချမှတ်ပေးဖို့အတွက်ကို ငြိမ်းချမ်းစွာ ဆန္ဒပြရခြင်း ဖြစ်ပါတယ် "
ယခင်အင်းသူဌေးက (၁၄) နှစ်တိုင်တိုင် လုပ်ကိုင်လာခဲ့ပြီး ဒီကာလအတွင်း သူတို့ကျေးရွာအုပ်စုတွေက အင်းသားတွေဟာ အင်းသူဌေးက ငါးဖမ်းတဲ့အချိန်၊ ငါးချတဲ့အချိန်သာ ခေါ်ခိုင်းခဲ့ပြီး ကျန်တဲ့အချိန် အလုပ်အကိုင်မပေးကြောင်း၊ လုပ်ကိုင်စားသောက်ဖို့ မြေလည်းမရှိတဲ့ ပညာမဲ့လူတန်းစားတွေ ဖြစ်ပါတယ် လို့လည်း ဒေါ်မြင့်ခင်က အခုလိုဆက် ပြောပါတယ်။
"သူတို့ လာလိုက်တဲ့အခါမှာ ဒီလူတွေကို ခေါ်ပြီးတော့ အလုပ်လည်း မပေးဘူး။ ခိုင်းလဲမခိုင်းဘူး။ ဒီလူတွေဟာ ဘယ်လိုဖြစ်လာလဲဆိုတော့ ကုန်းပေါ်မှာ အလုပ်ကိုရှာကြည့်တယ်။ ရှာလို့ မရဘူး။ စားဝတ်နေရေး အဆင်မပြေဘူး။ မပြေတဲ့အခါမှာ ဒီအင်းထဲကို ဆင်းပြီးတော့ ရှာလိုက်တယ်။ ရှာလိုက်တဲ့အခါမှာ သူတို့အဖွဲ့အစည်းနဲ့ လိုက်ဖမ်းတယ်။ လိုက်ဖမ်းလို့ မိသွားရင် ဒဏ်ငွေဆောင်ရတယ်။ မမိရင်လည်း ဒီလူဟာ ခိုးနေပါတယ်ဆိုတဲ့ ကျော်စောမှုနဲ့ သူတို့က ဝရမ်းတွေ ထုတ်ပြီးဖမ်းတယ်၊ ထောင်ချတယ်၊ ဒဏ်ငွေရိုက်တယ်။ ညဖက်ဆိုလို့ရှိရင် ဒီလူဟာ ငါးခိုးရှာတတ်တဲ့ လူဆိုရင် အဲဒီအိမ်ကို လူစုလူဝေးနဲ့ လာပြီးတော့ရှာတယ်။ ခွေးတစီစီနဲ့ ကျွန်မတို့ရွာမှာ ဒီလိုတွေ ဒီလိုတွေ ဖြစ်ခဲ့တာ ကျွန်မတို့ရွာမှာ (၁၄) နှစ်တိုင်တိုင်ရှိခဲ့ပါပြီ"
ဒီလိုလာရောက် ဆန္ဒပြတဲ့သူတွေကို ရဲတွေ၊ မီးသတ်တွေက ဒိုင်းကာတွေ၊ သေနတ်တွေနဲ့ ကြိုတင်စောင့်ဆိုင်းနေပြီး (၁၀) နာရီမထိုးခင် လူစုခွဲပေးဖို့၊ မခွဲရင် ပစ်ခတ်နှိမ်နင်းမယ်လို့ ပြောဆိုခဲ့သေးကြောင်း အင်းသားတွေကို လိုက်လံကူညီ ပေးနေတဲ့ လူ့အခွင့်အရေး မြှင့်တင်သူများကွန်ယက် (HRDP) က ဦးမြင့်နိုင်က ပြောပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ကိုယ်စားလှယ် (၃) ဦးကို ခေါ်ယူညှိနှိုင်းခဲ့ကြောင်း၊ ညှိနှိုင်းရာမှာ ပါဝင်တဲ့ ဦးစိုးက သူတို့တွေနဲ့ ရဲမှူးကြီး ဦးလှဝင်း၊ မြို့နယ်ဦးစီးမှူးတို့နဲ့ ဆွေးနွေးပုံကို အခုလိုပြောပါတယ်။
"မြို့နယ်ဦးစီးမှူးနဲ့ ရဲမှူးကြီးက ကျွန်တော်တို့အခု ပြည်သူပိုင်အင်းအဖြစ် ဆန္ဒတောင်းဆိုတာကို တရားမဝင်ဘူးဆိုပြီးတော့ ကျွန်တော်တို့ကို ဟန့်တားပါတယ်။ သူတို့က ဖုန်းနဲ့ပုသိမ်ကို လှမ်းဆက်တဲ့ အခါကြတော့ ကျွန်တော်တို့ ရှားခဲကြီးအင်းကို လေလံ ခဏပယ်ထားတယ်တဲ့။ ဒီအတွက်ကြောင့် ကျွန်တော်တို့ကို ပေးမယ်လို့လည်း ရည်ရွယ်ချက်မရှိ၊ ဘေးကိုလည်း ရောင်းမယ်လို့ ရည်ရွယ်ချက်မရှိဘဲနဲ့ လေလံကို ခေတ္တရပ်ဆိုင်း ပစ်လိုက်တယ်တဲ့"
RFA က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အဆက်အသွယ်မရပါဘူး။ ဆက်လက်ညှိနှိုင်းမှုတွေ ပြုလုပ်ရမှာ ဖြစ်တဲ့အတွက် ဆန္ဒပြပွဲကို မနက် (၁၁း၃၀) မှာ အဆုံးသတ်လိုက်တယ်လို့ သိရပါတယ်။
RFA-Burmese


ဒီမိုကရေစီ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Posted: 14 May 2012 04:08 PM PDT

ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ Democracy Lessons Learned အလုပ်ရုံဆွေးနွေးပွဲနဲ့ သတင်းမီဒီယာပို့ချပွဲ ပိတ်ပွဲအခမ်းအနားကို ဒီကနေ့ ကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားပါတယ်။
Photo courtesy of သံသာဝင်း
၂၀၁၂ ခုနှစ် မေလ ၁၄ ရက်က Democracy Lessons Learned အလုပ်ရုံဆွေးနွေးပွဲနှင့် သတင်းမီဒီယာပို့ချပွဲ ပိတ်ပွဲအခမ်းအနား၌ သင်တန်းသားများကို ဂုဏ်ပြုလွှာပေးအပ်နေစဉ်။
ဆီဒိုးနား ဟိုတယ်မှာ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပိုလန်နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ အတွေ့အကြုံတွေကို အခုလို ပြန်ပြီးမျှဝေခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ဒီသင်တန်းက ရရှိတဲ့ အတွေ့အကြုံတွေကိုလည်း သင်တန်းသားတွေအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တန်ဖိုးရှိရှိ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။
သင်တန်းပို့ချတဲ့ Community of Democracy Foundation အဖွဲ့ကလည်း သင်တန်းတက်ရောက်ခဲ့သူတွေကို ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါတယ်။
အခုလ ၁၀ ရက်နေ့ကစပြီး ၅ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီသင်တန်းကို နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သတင်းမီဒီယာသမားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ကျောင်းသားလူငယ်တွေ စုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။
RFA-Burmese


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Posted: 14 May 2012 03:57 PM PDT

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတတနိုင်ငံ၊ ကွန်မြူနစ်ပါတီဗဟိုကော်မတီ ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် H.E.Mr. Wang Gang ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
(နေပြည်တော် - မေ ၁၄)

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် H.E.Mr.Wang Gang ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်( ၁၁ ) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

   ထိုသို့ တွေ့ဆုံရာတွင် ဧည့်သည်တော်    H.E. Mr. Wang Gang က နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ မိမိ မြန်မာနိုင်ငံသို့ မလာရောက်မီ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ဟူကျင်တောင်က အဆွေတော် သမ္မတကြီးအား ရင်းရင်းနှီးနှီး နှုတ်ခွန်း ဆက်သလျက် ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟု အမှာစကား ပါးလိုက်ပါကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေး ထူထောင်သည့် နှစ်ပေါင်း( ၆၀ ) ကျော် ကာလ တစ်လျောက်လုံး တရုတ် - မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင် အဆက်ဆက် ပျိုးထောင်ခဲ့သည့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံတကာ ပြောင်းလဲမှုများ၏ မှတ်ကျောက်တင်ခံနိုင် ခဲ့ပြီး ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့ပါကြောင်း။

       ယခုနှစ်များအတွင်း နှစ်နိုင်ငံထိပ်သီး ခေါင်းဆောင်များ အပြန်အလှန် လည်ပတ် ခဲ့ကြခြင်းဖြင့် အပြန်အလှန် ယုံကြည်မှု တိုးပွားလာပါကြောင်း၊ ကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်းဖလှယ် ဆောင်ရွက်မှုများတွင် လည်း အောင်မြင်မှု များစွာ ရရှိနိုင်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်အတွင်း အဆွေတော်သမ္မတကြီး၏ တရုတ်နိုင်ငံ ခရီးစဉ်၌ တရုတ်နိုင်ငံသမ္မတကြီး မစ္စတာ ဟူကျင်တောင်နှင့် တွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေး မိတ်ဖက်နိုင်ငံများ အဖြစ် မြှင့်တင်နိုင်ရန် သဘောတူခဲ့ကြခြင်း ဖြင့် နှစ်နိုင်ငံဆက်ဆံရေး အခန်းကဏ္ဍသစ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ နှစ်ပေါင်း (၆၀) ကျော် ကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ တိုးတက်လာခြင်းသည် အမြဲတမ်း တန်းတူရည်တူ ဆက်ဆံခြင်း၊ အပြန်အလှန် ရိုသေလေးစားခြင်း၊ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမှု (Win-Win Situation) တို့အတွက် ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း။

   ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး( ၅ ) ချက်၏ အဓိကအနှစ်သာရမှာ အပြန်အလှန် ရိုသေလေးစားမှု၊ တန်းတူရည်တူ ဆက်ဆံမှု၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံက ဝင်ရောက် စွက်ဖက်မှုမပြုရေးပင် ဖြစ်ကြောင်း၊ အနောက် နိုင်ငံများ၏ ပိတ်ဆို့တားဆီးမှုများအား မိမိတို့ ရှေးမဆွ ကပင် လက်မခံပါကြောင်း။

    နှစ်နိုင်ငံ ပြည်သူပြည်သားများ၏ ကောင်းကျိုး သယ်ပိုးနိုင်ရေးအတွက် တရုတ်နိုင်ငံ က အမြဲတမ်း ဆန္ဒရှိ နေပါကြောင်း။

    အဆွေတော်သမ္မတကြီး ဦးဆောင်၍ ပြည်တွင်းပြည်ပ ဆက်ဆံရေးများ တက်ကြွစွာ ဆောင်ရွက်လာခဲ့ခြင်းကြောင့် စီးပွားရေး တိုးတက်မှု၊ ပြည်သူများ၏ လူမှုစီးပွားရေးဘဝ တိုးတက်လာ၍ အောင်မြင်မှုများအပေါ် စိတ်ရင်းစေတနာဖြင့် ဝမ်းသာပီတိ ဖြစ်မိ ပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တရုတ်နိုင်ငံက အမြဲတမ်း ထောက်ခံ အားပေးသွားမှာ ဖြစ်ကြောင်း။

       နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးဂုဏ်ဇာတိဂုဏ်ကို အမြဲတမ်း ရိုသေ လေးစားရေး မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အပြု သဘောဆောင်သော ကူညီမှုများ အမြဲတမ်း ပေးအပ်သွားစေ လိုပါကြောင်း။

 အဆွေတော်သမ္မတကြီး၏ ဦးဆောင်မှုအောက်မှ မြန်မာနိုင်ငံ ပြည်သူပြည်သား အပေါင်းတို့၏ ကြိုးပမ်း ဆောင်ရွက်မှုများသည် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်သို့ မလွဲမသွေ ရောက်ရှိနိုင်မည်ဟု တရုတ် နိုင်ငံက အမြဲတမ်း ယုံကြည်ပါကြောင်းနှင့် တရုတ်နိုင်ငံမှ ဦးလည်မသုန် ထောက်ခံအားပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

  နိုင်ငံတော်သမ္မတကြီးက ပြန်လည်ပြောကြားရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတတကြီး ဟူကျင်တောင်၏ နှုတ်ဆက်စကား ပါးလိုက်မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံ အနောက် မြောက်ပိုင်းတွင် ရာသီဥတုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် တရုတ်နိုင်ငံမိသားစုများအပေါ် စာနာမိကြောင်း ပြောကြားလိုကြောင်း၊ ယခင်နှစ် မေလအတွင်း မိမိတို့အစိုးရ တာဝန်ယူပြီးနောက် တရုတ်နိုင်ငံသို့ ဦးစွာ သွားရောက် လည်ပတ်ခဲ့ရာ၌ သမ္မတကြီးဟူကျင်တောင်နှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ အဖြစ် တိုးမြှင့်နိုင်ခဲ့၍ များစွာ ကျေနပ်ဝမ်းမြောက်မိကြောင်း၊ နှစ်နိုင်ငံ သံတမန်ထူထောင်မှု နှစ်ပေါင်း(၆၀) ကျော်အတွင်း နှစ်နိုင်ငံအကြီးအကဲများ အပြန်အလှန် လည် ပတ်ခြင်း၊ ရင်းနှီးချစ်ခင်စွာ နေထိုင်ခြင်းတို့သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေကြောင်း။

   မိမိတို့နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို ရေရှည်ဆက်လက်တည်တံ့တိုးမြှင့်ရန် ဆန္ဒရှိပါကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း( ၂၀ ) ကျော် အတွင်း မြန်မာနိုင်ငံဘက်မှ အမြဲတမ်း ထောက်ခံအားပေးခဲ့ခြင်း၊ အခိျု့ကိစ္စရပ်များတွင် ခက်ခဲနက်ရှိုင်းစွာ ရပ်တည် ပေးခဲ့ခြင်းများ အတွက် အမြဲတမ်း ကျေးဇူးတင်ရှိ နေမှာ ဖြစ်ကြောင်း။

လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ နိုင်ငံ့မဏ္ဍိုင်ကြီး( ၃ ) ရပ် ဟန်ချက်ညီစွာ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ဒီမိုကရေစီ အတွေ့အကြုံအလေ့အကျင့် နည်းပါးသေး၍ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတိုင်းကို သတိထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရှင်သန် ပြည့်စုံရေး အတွက် အဓိကကျသည့် အကြောင်းအချက်( ၂ ) ရပ်ဖြစ်သော တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် ပြည်တွင်း နိုင်ငံရေး အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်လည်း ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက် ရှိရာတွင် အဖွဲ့(၁၀)ဖွဲ့နှင့် နားလည်မှု၊ ငြိမ်းချမ်းမှုရရှိခဲ့ပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက် ရှိသော အစိတ်အပိုင်း တစ်ခုဖြစ်သည့် ကချင်ပြည်နယ်တွင်သာ ငြိမ်းချမ်းရေးရရှိရန် ကျန်ရှိနေပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် ပြည်သူများ က အထူးလိုလားလျက် ရှိသကဲ့သို့  မိမိတို့ကလည်း အထူးကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုပါကြောင်း။

မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ နိုင်ငံအပေါ် ပိတ်ဆို့ တားဆီးမှုများ အလုံးစုံ ဖယ်ရှားခြင်းမရှိသေး၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများသည်လည်း ရဲရဲ တင်းတင်း လာရောက်၍ ရေရှည် ရင်းနှီး မြှုပ်နှံနိုင်ခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် တားဆီးပိတ်ဆို့မှုများ ဖယ်ရှားနိုင်ရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လွန်ခဲ့သည့် နှစ်( ၂၀ ) ကျော် ကာလအတွင်း မိမိတို့နိုင်ငံအား စီးပွားရေးရင်းနှီးမြှုပ်နှံမှု အကူ အညီများ ပေးအပ်ခဲ့ခြင်းအတွက် ကျေးဇူးတင် ရှိပါကြောင်း၊ တရုတ် နိုင်ငံ၏ One China Policy ကို မြန်မာနိုင်ငံက အမြဲတမ်း ရပ်တည် ထောက်ခံသွားမှာဖြစ်ကြောင်း။

 တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာဟူကျင်တောင်၊ ဝန်ကြီးချုပ် မစ္စတာ ဝမ်ကျားပေါင်နှင့် တရုတ်နိုင်ငံ ခေါင်းဆောင်များ ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း ပို့သ လိုက်ပါကြောင်း ဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားကြသည်။

 ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်၊ အမှတ်( ၁ )လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ကြပြီး ဧည့်သည်တော် H.  E.  Mr. Wang Gang နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာလီကျွင်းဟွာနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
Myanmar President Office


သမ္မတ ဦးသိန်းစိန်နှင့် ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ် တွေ့ ဆုံ

Posted: 14 May 2012 03:58 PM PDT

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး
(နေပြည်တော်- မေ ၁၄)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်သို့ ရောက်ရှိလာသော ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ သမ္မတအိမ်တော်ရှေ့ မြက်ခင်းပြင်တွင် ယနေ့ ညနေ (၅)နာရီခန့်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အလေးပြုခံစင်မြင့်တွင် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူ၍ ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ညနေ(၅)နာရီ (၂၀)မိနစ်တွင် သမ္မတအိမ်တော်ရှိ သံတမန်ခန်းမဆောင်တွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားပြန်လည်စည်းလုံးရေးဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ရင်းနှီးပွင့်လင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေးအလားအလာများ ဆွေးနွေးကြပြီး သဘောထား အမြင် ဖလှယ်ကြသည်။
ထို့နောက် ညနေ(၆)နာရီ(၃၀)မိနစ်တွင် သမ္မတအိမ်တော်ရှိ Bilateral Meeting Room တွင် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပကြသည်။ ယင်းနောက် ဂုဏ်ပြုညစာစားပွဲ ဆက်လက်ကျင်းပမည် ဖြစ်သည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး

Myanmar President Office


မြရွှေဝါကုမ္ပဏီကို ဥပဒေကြောင်းအရရင်ဆိုင်မည်ဟု ဒဂုံဆိပ်ကမ်းလယ်သမားများဆို

Posted: 14 May 2012 03:21 PM PDT

မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် မြရွှေဝါကုမ္ပဏီ၏ လယ်မြေသိမ်းယူခြင်းကိုခံထားရသော ဒဂုံဆိပ်ကမ်းမြို့နယ်မှ လယ်သမားများအနေဖြင့် ထိုကုမ္ပဏီအား ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း  ယင်းလယ်သမားများအရေး ဆောင်ရွက်နေသူက ပြောသည်။

ယင်းလယ်သမားများအရေးဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်က " ခုအချိန်မှာ အချို့လယ်သမားတွေ လယ်စလုပ်နေပြီ။ ကုမ္ပဏီက အနှောင့်အယှက်ပေးလာရင် ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်။ဒီကိစ္စကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကိုလည်း တိုင်ထားတယ် " ဟုပြောသည်။

လယ်သမားများဘက်မှ ဆောင်ရွက်သူ အခြားရှေ့နေဦးဖြစ်သည့် ဦးအောင်သိန်းကလည်း လယ်ယာမြေအမှုများမှာ တရားစွဲဆိုရန်အခွင့်အရေး နည်းပါးသော်လည်း လယ်သမားများပိုင် လယ်ယာမြေများအား ကုမ္ပဏီမှ ၀င်ရောက် လုပ်ကိုင်လာပါက တရားရုံးမှတဆင့် တားဝရမ်း ထုတ်ပေးရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောသည်။

မြရွှေဝါကုမ္ပဏီဘက်မှလည်း ၎င်းတို့အနေဖြင့် လယ်ယာမြေများကို စတင် လုပ်ကိုင်တော့မည်ဖြစ်ပြီး နှောက်ယှက်ပါက ကာကွယ်ပေးရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပြောကြားထားသည်ဟု လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်မြင့်ကပြောသည်။

" သူတို့ဘက်က အာဏာသုံးပြီးလုပ်မယ့်ပုံစံရှိတယ်ဗျ။ ကျွန်တော်တို့က လယ်သမားတွေဆိုတော့ သူတို့နဲ့ ငွေအားလည်းမယှဉ်နိုင်ဘူး။ ဥာဏ်အားလည်းမယှဉ်နိုင်ဘူး " ဟု၎င်းကပြောသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဓနိခြံ ၇၄၉ ဧကအား ၂၀၀၈ ခုနှစ်က မြို့ရွာနှင့်အိုးအိမ်ဝန်ကြီးဌာနမှ သိမ်းယူခဲ့ကြောင်း၊ ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယင်းဝန်ကြီးဌာနမှတဆင့် မြရွှေဝါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း လယ်သမား များ၏ ပြောဆိုချက်အရ သိရသည်။

မြရွှေဝါကုမ္ပဏီအနေဖြင့် ယခုလ ၁၁ ရက်နေ့က လယ်သမားများအား ခေါ်ယူ၍ တွေ့ဆုံခဲ့ကြောင်း ယင်းသို့ တွေ့ဆုံရာတွင် လယ်သမားများအနေဖြင့် မိမိတို့ ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် လျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် နှစ်သိန်းခွဲရယူရန်ပြောခဲ့ကြောင်း ကျီစုရွာမှ လယ်သမားများက ဆိုသည်။

လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်မြင့်က " ကျွန်တော်တို့က လျော်ကြေးလည်း မလိုချင်ဘူး။ အကျိုးတူလည်း မလုပ်ချင်ဘူး။ ကိုယ့်လယ်ပဲ ကိုပြန်လိုချင်တာ။ လယ်ကိုပဲ သံယောဇဉ်ရှိတယ်" ဟုပြောသည်။

လယ်မြေအသိမ်းခံရသော လယ်သမားများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ တိုင်ကြားစာ သုံးကြိမ်တိုင်တိုင် ပေးပို့တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း လယ်သမားများက ပြောသည်။
 Yangon Press International


နေပြည်တော်နှင့် ရှမ်းမြောက်တွင် စက်မှုဇုန်သစ် ထပ်ဖေါ်ဆောင်မည်

Posted: 14 May 2012 03:15 PM PDT

မေလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ် -ပိုင်ပိုင် (YPI)

အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ နေပြည်တော်နှင့် တပ်ကုန်းအကြားနှင့် မူဆယ်နှင့် ကွတ်ခိုင်မြို့အကြား ဧက ၅၀၀ စီအကျယ်အ၀န်းရှိ စက်မှုဇုန်တခုဖေါ်ဆောင်မည်ဟု နေပြည်တော်ကောင်စီ၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

ယင်းစက်မှုဇုန်မှာ ပြည်တွင်းလုပ်ငန်းရှင်များကို အတွက်ရည်ရွယ်ထားကာ လုပ်ငန်းအမျိုးအစား သတ်မှတ်ချက် မရှိပဲ လုပ်ငန်းတခုချင်း အကျယ်အ၀န်း ကန့်သတ်ချက်လည်း လောလောဆယ် မရှိကြောင်း စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက YPI သို့ပြောသည်။

ပတ်ဝန်းကျင်ကို မထိခိုက်စေသော လုပ်ငန်းများ ဖြစ်ပါက နေပြည်တော်နှင့်ရှမ်းပြည်နယ်အတွင်း စက်မှုဇုန်များတည်ထောင်ရာတွင် လျှောက်ထားနိုင်ကြောင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဒုညွှန်မှူး ဒေါ်အေးအေးဝင်းကပြောသည်။

"ရန်ကုန်စက်မှုဇုန်လိုပါပဲ။ ဘယ်လုပ်ငန်းရယ်လို့ ကန့်သတ်မထားဘူး။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘူးဆိုရင် လျှောက်လို့ရတယ်" ဟု ၎င်းကဆိုသည်။

ယင်းစက်မှုဇုန်များတွင် လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ရက်အကန့်အသတ်မရှိ ဟု သိရသည်။
လျှောက်ထားလိုသူများသည် လုပ်ငန်းရှင်အသစ်ဖြစ်ပါက လုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုးအမည်၊ မြေအကျယ်အ၀န်းတို့ကို တင်ပြရမည်ဖြစ်သည်။  လုပ်ငန်းလုပ်ကိုင်နေသူများဖြစ်ပါက လုပ်ငန်းမှတ်ပုံတင်ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ပြီး ယင်းလျှောက်လွှာများကို စိစစ်ခွင့်ပြုသွားမည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်စိုးက ယင်းသို့စက်မှုဇုန်အသစ်များ တည်ထောင်ရာတွင် ဈေးကွက်ရရေးသည် အဓိကဖြစ်သောကြောင့် တရုတ်နိုင်ငံ ယူနန်နယ်ရှိ အထည်ချုပ်လုပ်ငန်းများနှင့် ချိတ်ဆက်နိုင်လျှင် ယခုတည်ထောင်မည့် စက်မှုဇုန်များတွင် လုပ်ကိုင်ရန် ဖြစ်နိုင်ခြေရှိကြောင်း ပြောသည်။

"ပုံစံကတော့မတူဘူးပေါ့။ ဒီမှာက ဆိပ်ကမ်းဖက်က သွားပေမယ့် အဲဒီနေရာတွေကျတော့ နယ်စပ်ဘက်ကနေပဲ သွားရမယ်။ ဈေးကွက်သာရှိရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်"ဟုဦးမြင့်စိုးက ပြောသည်။
ယမန်နှစ်ကုန်ပိုင်းအထိ စာရင်းများအရ မြန်မာနိုင်ငံတွင် စက်မှုဇုန်စုစုပေါင်း ၂၄ ဇုန်ရှိသည်။          ။
Yangon Press International