Re: [aurorageneration] Re: ဒေါ်အောင်ဆန်းစုကြည် ရှောင်ရမဲ့ အမေရိကန်တချို့ 
လွန်ခဲ့တဲ့နှစ် ၂၀ က ကိုသန်းဝင်းဟာ အခု ဦးသန်းဝင်း ဖြစ်လာသလို..
ကိုအောင်မိုးဝင်းဟာလည်း ဦးအောင်မိုးဝင်း ဖြစ်လာပါပြီ။
ကျနော် အိုးဝေအောင် ဆိုရင်လည်း အခု ကိုအိုးဝေအောင်ကနေ ဦးဝေအောင်လို့ အခေါ်ခံနေရပါပြီ။
အားလုံးကို မြွေမြွေချင်း ခြေမြင်တဲ့...
(တကယ်တော့ မြွေမှာ ခြေ မရှိပါဘူး..)
(မရှိတဲ့တရားကို အရှိလုပ်ပြီး မြင်တတ်တဲ့..)
ကို/ဦး အိုးဝေအောင်
2012/5/16 Aung Oo <ssye2008@gmail.com>
ဦးသန်းဝင်းခင်ဗျား
" နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လို့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးကို ဝေဘန်ပြော ဆိုမှာမဟုတ်ပါ၊ ပါတီမှ လည်း အမေရိကန်နိုင်ငံရေးသမား အချို့ ရဲ့အကြောင်းကို ဝေဖန်မှာ မဟုတ်ပါ။ မြန်မာပြည်က စာနယ်ဇင်းတွေ ကလည်း ဝေဖန်မှာ မဟုတ်ပါ၊ ဒီနေရာမှာ ခင်ဗျားတို့ ကျွန်တော်တို့ က အင်တာနက်မှာ ပိုပြီးလွတ်လပ်စွာ သုံးသပ်ဖေါ်ပြ နိုင်တာမို့ အသိပေး ခြင်း ဖြစ်ပါတယ်၊ "  ဆိုတဲ့စာပိုဒ်ဟာ မူလဘလော့ဂ်ပို့စ်ရဲ့  ရည်ရွယ်ချက်ဖြစ်တယ်လို့  ဖတ်ရှုနားလည်မိပါကြောင်း ။
လေးစားစွာဖြင့်
ssy
2012/5/13 ThanWin U <uthanwin@gmail.com>
ဒေါ်အောင်ဆန်းစုကြည် မှာ အများအကျိုးအတွက် အကောင်းဆုံးဆောင်ရွက်သွားမယ်ဆိုတာ သူ့ မှာဆုံးဖြတ်နိုင်တဲ့ခေါင်းဆောင်မှု အရည်အသွေး  စွမ်းအားတွေအပြည့်ရှိတယ် ဆိုတာသူ့ ကိုစစ်ခေါင်းဆောင်တချို့ နဲ့ ထောက်ခံသူတိုင်း ယုံကြည်လက်ခံပါတယ်၊
ဒါပေမဲ့ မြန်မာပြည်သူအများစု မှာ တော့ သူ့ လောက်တော့ နှလုံးရည် စွမ်းအားတွေအပြည့်မရှိသေးပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကပြည်သူတွေရဲ့ ခေါင်းဆောင်  ဖြစ်ရတာဖြစ်ပါတယ်၊
မိကျောင်းမင်းရေခင်းပြလို လို့ မဟုတ်ပါ၊ နေ့ စဉ် တွေ့ မြင်နေရတဲ့ အမေရိကန်က နိုင်ငံရေးသမားတချို့ တွေ ရဲ့ လုပ်စားတတ်တဲ့ အကျင့်တွေကို ထောက်ပြခြင်းဖြစ်ပါတယ်၊ အထူးသဖြင့် ဂျွန်မက်ကိန်းလို၊ လီဘာမင်လို နိုင်ငံရေးသမားတွေကို ပိုပြီး သတိထားသင့် တာလို့  မြန်မာ ပြည်သူတွေကို ပြည်သူတစ်ဦးအနေနဲ့ ကိုယ်သိတာကို ဖေါ်ပြ ခြင်းသာဖြစ်ပါတယ်၊
နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လို့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးကို ဝေဘန်ပြော ဆိုမှာမဟုတ်ပါ၊ ပါတီမှ လည်း အမေရိကန်နိုင်ငံရေးသမား အချို့ ရဲ့အကြောင်းကို ဝေဖန်မှာ မဟုတ်ပါ။ မြန်မာပြည်က စာနယ်ဇင်းတွေ ကလည်း ဝေဖန်မှာ မဟုတ်ပါ၊ ဒီနေရာမှာ ခင်ဗျားတို့ ကျွန်တော်တို့ က အင်တာနက်မှာ ပိုပြီးလွတ်လပ်စွာ သုံးသပ်ဖေါ်ပြ နိုင်တာမို့ အသိပေး ခြင်း ဖြစ်ပါတယ်၊
လေးစားလျှက်၊
2012/5/13 ven mudon <venmudon50@gmail.com>
လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ် အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပိုပြီးတော်တဲ့ လူစာရင်း ဝင်တာဖြစ်လို့ သူ့ရဲ့  ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တွေက အများအကျိုးအတွက် အကောင်းဆုံး ဆောင်ရွက်သွားမယ်ဆိုတာ ယုံကြည်ပါတယ်။ မိကျောင်းမင်း ရေခင်းပြသလို ဖြစ်နေတယ်လို့ ထင်ပါတယ်။
2012/5/13 WFWW <wefightwewin@gmail.com>
သုံးသပ်ချက်များ မှန်ကန် မှု မရှိပါ။
မိုးသီး
On Sat, May 12, 2012 at 7:05 PM, ThanWin U <uthanwin@gmail.com> wrote:
http://msaungsansuukyi.blogspot.com/
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
--
*ဟစ်တိုင်သို့ စာမူများပေးပို့ရာတွင် တတ်နိုင်သမျှ စာလုံးပေါင်း သတ်ပုံများ စီစစ်ပြီး ပေးပို့လျှင်-ကျနော်တို့ဘက်က အွန်လိုင်းပေါ်တင်ရာတွင် ကြန့်ကြာမှုမရှိ လျင်မြန်ချောမွေ့ကြောင်း တွေ့ရှိရပါသည်။editor.hittai@gmail.com
**စာမူရှင်များအနေဖြင့် မိမိတို့ ကိုယ်တိုင်ရေးဖြစ်လျှင် ကိုယ်တိုင်ရေးဖြစ်ကြောင်းနှင့် တခြားအင်တာနက် ဘလော့ဂ် ၊ ဆိုဒ်များတွင် ပူးတွဲ ပေးပို့ခဲ့ခြင်း ရှိခဲ့ပါက တပါတည်း ဖော်ပြပေးစေလိုပါသည်။
***တခြားအင်တာနက် ဘလော့ဂ် ဆိုဒ်များမှ ကောင်းနိုးရာရာစာမူများ၊ ဖော်ဝပ်မေးလ်များမှတဆင့် ရရှိခဲ့သောစာမူများ ပေးပို့လာပါကလည်း၊ မူလရရှိခဲ့သော (source) ရင်းမြစ်ကို ဖော်ပြပေးပို့ပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
"ထင်ပေါ်လျှင်- စင်တော်က ကောက်မည်။"
8 ငိုက်ခြင်းမှ NO ထကြ။
http://www.oway8888.com/
http://www.facebook.com/profile.php?id=100000489970875
http://www.hittai.net/
http://hittaiblog.blogspot.com/
http://www.associationofburmaexpoliticalprisoner.blogspot.com/
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
သစ်ထူးလွင်
သစ်ထူးလွင်
ပိတ်လှောင်ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်
Posted: 16 May 2012 04:48 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသရှိ စက်ရုံတခုတွင် လှောင်ပိတ် ခိုင်းစေခံထားရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်အား ထိုင်းရဲတပ်ဖွဲ့နှင့် အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲတို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲစခန်းသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ကူညီသူများက ကျွေးမွေးစဉ် (ဓာတ်ပုံ - BAT)
မဟာချိုင်ဒေသ၊ ဆွေမမလမ်းရှိ ဆန်းထေ့ ပုစွန်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာမရခြင်း၊ အပြင် ထွက်ခွင့် မရှိခြင်း၊ အစားအသောက် မလုံလောက်ခြင်း စသည်တို့နှင့် ကြုံနေရကြောင်း၊ စက်ရုံပြင်ပသို့ ရောက်ရှိလာသည့် အလုပ်သမားတဦးကို အကူအညီတောင်းခံရာမှ ယခုကဲ့သို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
"အလုပ်သမား ၁၄၆ ယောက်ပါ။ ဆိုင်းဘုတ်တွေ တရားဝင်ကပ်ထားပြီး လုပ်နေတဲ့ စက်ရုံ မဟုတ်ဘဲ အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ကျေးကျွန်သဖွယ် ဖိနှိပ် ခိုင်းစေခံထားရပါတယ်" ဟု ဦးကျော်သောင်း က ဆိုသည်။
ထိုစက်ရုံရှိ အလုပ်သမားတဦးမှ ၎င်းတို့ထံ ဆက်သွယ်လာ၍ ထိုင်းအာဏာပိုင်များထံ အကြောင်းကြားသော်လည်း ခိုင်လုံသည့် ဓာတ်ပုံ၊ ဗီဒီယို အထောက်အထား ပါရှိမှ ဆောင်ရွက်ပေးမည်ဟု ဆိုသည့်အတွက် မှတ်တမ်းဓာတ်ပုံရရှိရေးကို စွန့်စွန့်စားစား ကြိုးပမ်းခဲ့ရကြောင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သူတဦးက ပြောသည်။
"ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ခိုးပြီး ရိုက်ခဲ့ရတာပါ။ လူမိုက်တွေမြင်မှာ ကြောက်ရသလို ထိုင်းရဲတွေမြင်မှာကိုလည်း စိုးရိမ်ရပါတယ်။ ကျနော်ကိုယ်တိုင်က ဘတ် (အလုပ်သမားလက်မှတ်) မရှိဘဲ နေထိုင်ရလို့ပါ။ ကိုယ့်နိုင်ငံသားတွေလည်း လွတ်မြောက်စေချင်လို့ စွန့်စားခဲ့တာပါ" ဟု ၎င်း က ဆိုသည်။
မှတ်တမ်း ဓာတ်ပုံများအား ထိုင်းရဲတပ်ဖွဲ့၊ ကုလသမဂ္ဂ လက်အောက်ခံ အလုပ်သမားအဖွဲ့တို့ထံ တင်ပြကာ ၎င်းအဖွဲ့အစည်းများအကူအညီဖြင့် စက်ရုံ ပိုင်ရှင်နှင့် မြန်မာ အလုပ်သမားခေါင်းတို့အား ဖမ်းဆီး၍ အလုပ်သမားများကို ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)၊ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ (AHTD)၊ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (UNIAP)၊ မြန်မာသံရုံး အလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း (FED)  စသည့် အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကယ်ဆယ်ခဲ့သည့် အလုပ်သမားများအား အာဏာများက ခေါ်ဆောင်သွားပြီး ဒုက္ခသည် ထိန်းသိမ်းရေး စခန်းများ၌ နေရာချပေးထားကြောင်း ဦးကျော်သောင်းက ဆိုသည်။
ထိုစက်ရုံရှိ အလုပ်သမား တချို့သည် လှောင်ပိတ်ခံထားရသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ နေထိုင် မကောင်းပါကလည်း
ဆေးကုသခွင့် မရကြောင်း၊ တရက်လျှင် နာရီ ၂၀ ၀န်းကျင် လုပ်ကိုင်ရပြီး ပိတ်ရက်မရှိဟု လွတ်မြောက်လာသူ အလုပ်သမားတဦးက ဧရာဝတီကို ပြောသည်။
လွတ်မြောက်လာသူ တခြားအလုပ်သမားတဦးကလည်း "စက်ရုံထဲကနေ အပြင်ထွက်လိုက်တာနဲ့ ငရဲပြည်ကနေ နတ်ပြည်သို့ ချက်ချင်း ရောက်သွားသလိုပဲဗျာ" ဟု ပြောသည်။
အလုပ်သမားများသည် တခါတရံ၌ နံက် ၄ နာရီ မှ ည ၁၀ နာရီထိ အအေးခန်းထဲတွင် ပုစွန်အခွံများ ခွာရကြောင်း၊ ထမင်းစားချိန်မှ လွဲ၍ နားခွင့်မရှိကြောင်း၊ မတော်တဆ အိပ်ငိုက်မိပါက အလုပ်သမားခေါင်းဆောင်၏ ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း ခံရကြောင်း အလုပ်သမားများက ဆိုသည်။
"ထမင်းစားချိန် မိနစ် ၂၀ ပဲရတယ်။ ကျနော်ဆိုရင် အိပ်ငိုက်မှာစိုးလို့  စာရေးမတချို့ ခိုးရောင်းတဲ့ ၅ ဘတ်တန် မန်ကျည်းစေ့လှော်တွေကို ခိုးပြီး ၀ါးရတယ်" ဟု အလုပ်သမားတဦးက ဆိုသည်။
ယခုဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား အလုပ်သမားခေါင်းဆောင် ကိုကျော်စိုး ဆိုသူသည် မိမိနိုင်ငံသား အချင်းချင်းအပေါ် ကြမ်းတမ်းစွာ ဆက်ဆံပြောဆိုကြောင်း၊ ၎င်း မကျေနပ်သည့် အလုပ်သမားများကို ရှေ့မှောက် ခေါ်ယူပြီး ဒူးထောက်ခိုင်းကာ ပါးရိုက်လေ့ရှိကြောင်းလည်း အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံ စမွတ်ပကန်ဒေသ၌ ရဲဌာန ၁၄ ခု ပူးပေါင်း၍ တရားမ၀င် အလုပ်သမား အမျိုးသား၊ အမျိုးသမီး တထောင်ကျော်အား ယမန်နေ့က ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၃၈၆ ယောက်ပါဝင်ပြီး ကျန်သူများမှ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံမှ အလုပ်သမားများဖြစ်ကြောင်း၊ ၎င်းတို့အား စမွတ်ပကန် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းမှတဆင့် သက်ဆိုင်ရာ နယ်စပ်ဒေသများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် ထိုင်းသတင်းစာများ၌ ဖော်ပြထားသည်။
ထိုသို့ စီမံချက်ချမှတ်၍ ဖမ်းဆီးခြင်းသည် အလုပ်သမားများအကြား မူးယစ်ဆေးဝါး ပြန့်နှံ့နေသည့်အတွက် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသည် တရားမ၀င် အလုပ်သမား တချို့ထံမှလာကြောင်း၊ အလုပ်သမား တထောင်ကျော် ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲတပ်ဖွဲ့ အကြီးအကဲတဦး၏ ပြောကြားချက်ကို ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများ၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမား သိန်း၊ သန်းချီရှိကြောင်း၊ ထိုအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရေးကို  မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ဦးကျော်သောင်းက ပြောသည်။
၎င်းက "ပွဲစားတွေက တဆင့်မဟုတ်ဘဲ တရားဝင်လာပြီး လုပ်ခွင့်ရဖို့ရယ်။ ဒီက ပြန်သွားတဲ့ လူတွေကိုလည်းပဲ  အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ကိစ္စတွေ အရေးကြီးပါတယ်။ မဟုတ်ရင် ဒီလိုပဲ ဒုက္ခရောက်၊ ရောင်းစားတာတွေ ကြုံနေရဦးမှာပါ" ဟု ဆိုသည်။
အလားတူ တရားဝင် နိုင်ငံကူးစာအုပ် ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမား ၁၅ ဦးသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှ အကျိုးဆောင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုကာ ထိုင်းနိုင်ငံ အလုပ်ရုံတခု၌ အလုပ်ရရှိခဲ့ကြောင်း၊ အလုပ်ရှင်မှ လုပ်ခ မပေးဘဲ နှင်ထုတ်၍ မြန်မာသံရုံးထံ မေလ ၁၄ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း၊ သံရုံးမှ တာဝန်ယူဖြေရှင်း မပေး၍ ယခုအခါ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး သီးတင်းသုံးနေသည့် ရွှေတွံတေးဆရာတော် အရှင်ဝါယမ က ကူညီစောင့်ရှောက်ထားကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား တရားဝင်လက်မှတ်ရှိသူ အလုပ်သမား ဦးရေ ၂ သန်း ၀န်းကျင်နှင့် တရားမ၀င်သည့် အလုပ်သမားဦးရေ ၂ သန်းဝန်းကျင်ရှိကြောင်း အလုပ်သမားအရေး ကူညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။
ခင်ဦးသာ - ဧရာဝတီ
ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး
Posted: 16 May 2012 04:40 AM PDT
ဓားဖြင့် ၀ိုင်းဝန်းခုတ်မှု ဖြစ်ပွားရာ ပါရမီ ၂၃၂ ဂိတ်ရုံးအား တွေ့ရစဉ်
ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။
ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် ဈေး ကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၁၆၉/၁၂ ပုဒ်မ ၃၀၂/ ၃၂၄/ ၁၁၄ ဖြင့် အမှုဖွင့်ထားကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ဝိုင်းခုတ်ခံရ၍ သေဆုံးခဲ့သူ၏ ညီဖြစ်သူ ကိုတင်ဝင်းလှိုင်က "ကျွန်တော့် ရဲ့အစ်ကိုကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ၂၃၂ ပါရမီဂိတ်ရင်းက ဂိတ်မှူးက ခေါ်လို့သွားပြီးစကားပြောနေတဲ့အချိန် မှာအဲဒီအထဲကို လူနှစ်ယောက်က ဓားနဲ့ဝင်ခုတ်တယ်။ ပြေးထွက်လာတဲ့ သူတွေကို အပြင်ကနေ တစ်ယောက် က တုတ်နဲ့ရိုက်တယ်လို့ သိရပါတယ်။ ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲလို့ အပြည့်အစုံ မသိသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ အမှန်အတိုင်း ဖြစ်အောင် တရားဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်" ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပါရမီယာဉ်လိုင်းမှ တာဝန်ရှိသူ ဗိုလ်မှူးဌေးလွင်က "အဲဒီဈေးကြိုပို့ယာဉ် မောင်းတဲ့သူက ကျွန်တော်တို့ ၂၃၂ ပါရမီယာဉ်လိုင်းပြေးနေတဲ့ လမ်း ကြောင်းပေါ်မှာ တရားမ၀င်ပြေးဆွဲ နေတယ်။ သူနဲ့လည်းခဏခဏပါရမီ ယာဉ်မောင်းတွေနဲ့ယာဉ်နောက်လိုက် တွေနဲ့စကားများကြတယ်။ အဲဒီနေ့ မှာလည်း တရားမ၀င်ပြေးဆွဲလို့ အမှတ် ၂၃၂ ပါရမီယာဉ်တစ်စီးက ယာဉ်နောက်လိုက်တွေနဲ့ စကားများ ခဲ့ကြပါတယ်။ အဲဒီနေ့က ညပိုင်းမှာ ဈေးကြိုပို့ယာဉ် မောင်းနေတယ်ဆိုတဲ့ သူနဲ့သူ့သားသူငယ်ချင်း ယာဉ်မောင်း သုံးယောက်နဲ့ လူအုပ်စုကကားတစ်စီး နဲ့ ၂၃၂ ဂိတ်ကိုလာပြီး သူတို့ ဒီလမ်းကြောင်းမှာ ကားပြေးဆွဲမယ်စတဲ့ အကြောင်းအရာတွေ လာပြောတဲ့အချိန် မှာ စကားများလာတဲ့ ယာဉ်နောက်လိုက်ရဲ့ အဖေဖြစ်သူ ဦးခင်ဇော်နဲ့ တခြားသူတွေအ ဖွဲ့တစ်ဖွဲ့က၀င်ပြီးတော့ ဓားနဲ့ဝင်ခုတ်ခဲ့တာပါ။ အဲဒီ ၀င်ခုတ်တဲ့သူကိုလည်း ရဲတွေက စစ်ဆေးနေပါတယ်။ သူ့ကိုမမိခင်မှာ ကျွန်တော် တို့ရဲ့ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေကိုလည်း ရဲခစန်းက ခေါ်စစ်ပါ တယ်။ ပြီးမှ ပြန်လွှတ်ပေးတာပါ" ဟု ပြောကြားခဲ့သည်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဈေးကြိုယာဉ်မောင်းဖြစ်သူ ဦးစိန်မိုးက "ကျွန်တော်ရပ်ထားတဲ့ ကားရှေ့ကိုအဲဒီ ၂၃၂ ကားကရပ်ထားတော့ ကျွန်တော့်ရဲ့ကားထွက်လို့မရဘူး။ ဒါနဲ့ ဟွန်းတီးပြီး ရှေ့တိုးခိုင်းပါတယ်။ မလွတ်မကင်း ရှေ့တိုးပြီးတော့ရအောင် ထွက်တယ်။ ပြီးတော့ သူတို့ကို ကျွန်တော်ကပြန်ကြည့်မိတာကစပြီး တစ်ယောက်တစ်ခွန်း စကားများခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော့်ရဲ့ကား နောက်ကို အယောက်၂၀လောက်ပါ တဲ့ သူတွေက ပြေးလိုက်လာတော့ မောင်းပြေးထွက်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်ထမင်းစားပြီး အပြန်ကျတော့ အခုသေဆုံးသွားတဲ့သူရဲ့ အမေက နင်တို့ကို ၂၃၂ပါရမီဂိတ် ဂိတ်မှူး ဗိုလ်ကြီးအောင်အောင်က ခေါ်နေတယ်လို့ပြောတော့ ကျွန်တော်ရယ်၊ သေသွားတဲ့သူရယ်၊ သူငယ်ချင်းတစ်ယောက်ရယ် သုံးယောက်က အဲဒီဂိတ်ထဲကို ဂိတ်မှူးနဲ့ ၀င်စကားပြောလို့ ၁၀ မိနစ်လောက်အကြာမှာ လူနှစ်ယောက် က ပြေးဝင်လာတယ်။ ကျွန်တော့်သားနဲ့ စပယ်ယာတစ်ယောက်က ကားပေါ်မှာ ထိုင်နေခဲ့တယ်။ အဲဒီကားပေါ်ကိုလည်း ဓားနဲ့ ၀င်ခုတ် ပါတယ်။ တစ်ယောက်ကဓားကိုင် ထားတယ်။ တစ်ယောက်က တုတ် ကိုင်ထားတယ်။ ဓားကိုင်ထားတဲ့ သူက ဖိုးညီကိုထိုးလိုက်တော့ ကျွန်တော်လည်း ထပြီးထွက်ပြေးပြီးတော့ နီးစပ်ရာရဲကင်းကို အကြောင်းကြားခဲ့တာပါ။ ဂိတ်မှူးနဲ့ စကားပြောနေတဲ့ အကြောင်းအရာတွေ က ဒီလိုအချင်းများနေတာတွေ ဆက်မဖြစ်ဖို့နဲ့ ကျွန်တော်တို့မှာရှိတဲ့ ကားကိုကုမ္ပဏီတစ်ခုမှာ အပ်ဖို့ပြောနေတဲ့အချိန်မှာပဲ ၀င်ပြီး ခုတ်တာပါ" ဟု ၎င်းက ပြောကြားခဲ့သည်ဟု
Eleven Media Group အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။
မအီ EPC ကို မကျေနပ်၍ လူ ၇၀ ချီတက် တောင်းဆို ဆန္ဒပြ
Posted: 15 May 2012 10:51 PM PDT
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်းရှိ မအီမြို့နယ်ခွဲတွင် EPC လျှပ်စစ်ဌာနကို မကျေနပ်၍ လူပေါင်း ၇၀ ခန့်က မေလ ၁၂ ရက်နေ့တွင် ချီတက် တောင်းဆို ဆန္ဒပြ ခဲ့ကြသည်ဟု သတင်း ရရှိသည်။
မအီ EPC ကို မကျေနပ်၍ လူ ၇၀ ချီတက် တောင်းဆို ဆန္ဒပြ
ရခိုင်တွင် လျှပ်စစ်မီး ရရှိရေး အမြဲမပြတ် တောင်းဆိုမူများ ပေါ်ပေါက်နေသည်။ " မအီမှာ မီးမရတာ ၄၇ ရက်ရှိပြီ။ ကုန်ခဲ့တဲ့ လအတွက်ပါ မီတာဖိုးက ပေးရတယ်။ မီးမရဘဲနဲ့ တအိမ်ကို မီတာ ၃ ယူ နစ်၊ ၄ ယူနစ် တက်နေတယ်။ တအိမ်ကို ၂၇၀၀ ကျပ်၊ ၂၈၀၀ ကျပ်စီ ပေးသွင်း နေရတယ်။ အဲဒါကို မကျေနပ် လို့ EPC ရုံးကို သွားပြီး တောင်းဆိုကြတာ ဖြစ်ပါတယ်။" ဟု တောင်းဆိုရာတွင် ပါဝင်သူ တဦးက နိရဉ္စရာသို့ ပြောသည်။
EPC ကိုသွားရောက်ပြီး တောင်းဆိုသော်လည်း EPC ရုံးတွင် တာဝန်ရှိသူများက အပြင်ကို ရောက်နေသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်လက် ချီတက်ခဲ့ကြသည်ဟု သူက ဆက်ပြောသည်။
" EPC ရုံးကို ချီတက်ပြီးတဲ့ နောက်ပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးကို ချီတက်ကြပါတယ်။ ညနေ ၃နာရီ ခွဲမှာ မယက ရုံးကိုရောက်ပါတယ်။ မြို့ နယ် အုပ်ချုပ်ရေးမှူးက ဒီ ၂၉ ရက်နေ့လောက်ဆိုရင် မီးအမြန်ဆုံး ရရှိအောင် လုပ်ပေးမယ်ဆိုပြီး ပြောပါ တယ်။"
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစိုးဝေက ယခုလ ၂၉ ရက်နေ့တွင် မီးအမြန်လင်းအောင် လုပ်ဆောင်ပေး မည်ဟု ကတိပြု ပြောဆိုလိုက်သောကြောင့် ချီတက် တောင်းဆိုမှုကို ရပ်တန့် လိုက်ကြသည်ဟု သူက ပြောသည်။
မြို့နယ် အုပ်ချုပ်ရေးမှူး၏ ကတိအတိုင်း မီးမပေးပါက ဗဟိုထိ အဆင့်ဆင့် တောင်းဆိုသွားမည်ဟု သူက ဆက် ပြောသည်။
" မီးမပေးလို့ ရှိရင် ကျွန်တော်တို့ အဆင့်ဆင့် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခရိုင် သံတွဲ EPC ရေ၊ နောက် ပြည်နယ် EPC ရယ်၊၊ မရရင် ဗဟိုထိ တောင်းဆိုသွားဖို့ စီစဉ်ထားပါတယ်။"
မအီမြို့မှာ တောင်ကုတ်မြို့မှာ ၄၅ မိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ စုစုပေါင်း ၁၀၀၀ ကျော်ရှိသည်။ မအီမြို့ကို ၂၀၀၄ ခုနှစ်တွင် ရပ်ကွက် ၄ ခုခွဲကာ မြို့နယ်ခွဲအဖြစ် သတ်မှတ်ခဲ့ရာ ယခုအခါ ရပ်ကွက် ၄ ခုအနက် အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်များမှာ မီးမလင်းဘဲ ရှိနေသည်မှာ တစ်လကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
သို့အတွက် မအီမြို့သားများက လျှပ်စစ်မီး အချိန်မှန်ရရှိရေး တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
 နိရဉ္စရာ
သေမင်းတမန်ရထားလမ်း ပြန်ဖောက်လုပ်မည်ဟုဝန်ကြီးဦးအောင်မင်းပြော
Posted: 15 May 2012 10:50 PM PDT
ဒုတိယကမ္ဘာစစ်က ဖေါက်လုပ်ခဲ့သော ဘုရားသုံးဆူ-သံဖြူဇရပ် မီးရထားလမ်းကို ပြန်လည်ဖေါက်လုပ်တော့ မည်ဟု ပြည်ထောင်စု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဘုရားသုံးဆူမြို့သို့ ယနေ့တွင်ရောက်ရှိစဉ် မိန့်ခွန်းတရပ်၌ ထည့်သွင်းပြောကြားခဲ့သည်။
မီးရထား ဝန် ဦးအောင်မင်း
မီးရထား ဝန် ဦးအောင်မင်း
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဘုရားသုံးဆူမြို့၊ ဆက်ဆံရေးရုံးဖွင့်လှစ်ပွဲတွင် စင်မြင့်ပေါ်၌ မိန့်ခွန်းပြောကြားစဉ် လူထုများအား ယင်းကဲ့သို့အတိအလင်း ထုတ်ဖေါ်ပြောကြားခြင်း ဖြစ်သည်။
ဝန်ကြီးဦးအောင်မင်းက "လက်ရှိအသုံးပြုနေတဲ့ကားလမ်းက အရင်မီးရထားလမ်း ဟောင်းဖြစ်တဲ့အတွက် ဒီလမ်းကိုကျနော်ပြန်ယူမယ်၊ မီးရထားလမ်းနဲ့ယှဉ်ပြီး ကားလမ်းသစ်ဖေါက်လုပ်မယ်" ဟု ပြောသည်။
လာမည့် ၃-၄ နှစ်အတွင်း ဘုရားသုံးဆူမြို့သူ/သားများ ရန်ကုန်သို့ မီးရထားဖြင့်သွားလာနိုင်ကြပြီးပြည်တွင်း မှနေထိုင်သည့်ပြည်သူများလည်း မကြာခင်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရထားဖြင့်သွားလာနိုင်တော့ မည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။
ထို့အပြင် ဘုရားသုံးဆူဒေသ၌ စက်မှုဇုံတည်ဆောက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူမွန်ပြည်နယ် ဝန်ကြီးချုပ်ပါ ပူးတွဲတာဝန်ယူဆောင်ရွက်သွားရန် နိုင်ငံတော်မှ စီမံကိန်းများချမှတ် ထားကြောင်း ဝန်ကြီးက ဆက်ပြောသည်။
ဘုရားသုံးဆူမြို့၊ ကရင်အမျိုးသားအစည်းအရုံး KNU ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း တို့တက်ရောက်ခဲ့ကြသည်။
ထို့အတူ ကရင်အမျိုးသားအစည်းအရုံးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူးတူးဆေးဖိုးခေါင်းဆောင်သောအဖွဲ့တွင် KNU ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော ဗဒိုဒေးဗစ်ထော၊ ဗဒိုကွယ်ထူးဝင်း၊ ဗဒိုရွှေမောင်း၊ ဗဒိုအောင်မော်အေးနှင့် ဗိုလ်ချုပ်ဂျော်နီတို့ အခမ်းအနားဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။
ဘုရားသုံးဆူမြို့နှင့် သံဖြူဇရပ်မြို့သည် မိုင် ၆၀ ကျော်ရှည်လျှားပြီး တောင်ကြားလမ်းဖြစ်သဖြင့် ဒုတိယကမ္ဘာစစ်ကာလတွင် ဂျပန်တို့က မီရထားလမ်းဖေါက်လုပ်ရာတွင် လူအသေအပျောက်များသဖြင့် သေမင်းတမန်ရထားလမ်းဟု နာမည်ကျော်ကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် ဂျပန်များစစ်ရှုံးပြီး ရထားလမ်းသည်လည်း အဖျက်ဆီးခံခဲ့ရကာ ဘုရားသုံးဆူမှ သံဖြူဇရပ်ကားလမ်းအဖြစ် ယခုအခါဆက်လက်အသုံးပြုလျှက်ရှိသည် မွန်အေဂျင်စီ
KIO နဲ့ တပ်သားသစ် စုဆောင်းရေး
Posted: 15 May 2012 10:48 PM PDT
အစိုးရတပ်နဲ့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့ (၁၇) နှစ်တာ အပစ်အခတ် ရပ်စဲခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာ အချိန် တနှစ်နီးပါး ကြာမြင့်ခဲ့ပါပြီ။ အခုလို အခြေအနေမှာ KIA က အင်အားသစ် စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေ ဒေသထဲမှာ ထွက်ပေါ်နေခဲ့ပါတယ်။
nmg-kachin-army
မေလဆန်းပိုင်းကစလို့ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စုဆောင်းနေကြ ပြီးတော့ ကြမ်းတမ်းတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ 
မေလ (၉) ရက်နေ့ည သန်းခေါင်ယံအချိန်က ၀ိုင်းမော်မြို့နဲ့ ငါးမိုင်လောက်ဝေးတဲ့ နမ့်ဝါ ကျေးရွာမှာ အမျိုးသား (၁၀) ယောက်နဲ့ အမျိုးသမီး (၃) ယောက်ကို KIA က စုဆောင်းရေး ခေါ်သွားသလို မေလ (၃) ရက်နေ့ညကလည်း ၀ိုင်းမော်မြို့ အရှေ့ဖက် (၇) မိုင်လောက် အကွာမှာ ရှိတဲ့ နောင်ဆီပေါ ကျေးရွာက (၁၇) ယောက်ကို ခေါ်သွားခဲ့ပါတယ်။
အဲဒီထဲမှာ အသက် (၁၃) နှစ်ကနေ (၁၅) နှစ် အရွယ်ရှိတဲ့ ကလေးတွေ ပါဝင်ပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်လို့ KIO ရဲ့ တပ်သားသစ် စုဆောင်းရေး မူနဲ့ သဘောထားတွေကို မေလ (၁၁) ရက်နေ့က အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်နဲ့ မေးမြန်းထားတာပါ။
မေး။    ။ ၀ိုင်းမော် မြို့နယ်ထဲက ကျေးရွာ တချို့မှာ KIA က တပ်သားသစ် စုဆောင်း နေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စ ဟုတ်မဟုတ်ဆိုတာ သိပါရစေ။
ဖြေ။    ။ "လူသစ်ပြန်ပြီးတော့ ခေါ်တာမျိုးတော့ ရှိတယ်ခင်ဗျ။ ဒါကလည်း အစိုးရစစ်တပ် တွေရဲ့ ထိုးစစ်ရဲ့ အကျိုးဆက်တွေပါ။ တကယ်လို့များ စစ်ပွဲတွေ ငြိမ်သွားမယ်၊ ထိုးစစ်တွေ လျော့သွားမယ်ဆိုရင် ဒီကိစ္စတွေက သူ့ဟာသူ ပြေပျေက်သွားမယ့် ကိစ္စတွေပါ။ ကျနော်တို့ အပစ်အခတ် ရပ်ဆိုင်းရေးလုပ်တဲ့ (၁၇) နှစ်တာ ကာလမှာ အဲလိုဟာမျိုးတွေ မရှိခဲ့ဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူတို့အနေနဲ့ ထိုးစစ်ကို မတရားလုပ်လာတဲ့အခါမှာ ကျနော်တို့ဖက်မှာ အင်အားတွေက လိုအပ်လာတယ်ခင်ဗျ။ အဲလိုမျိုးကျရင်တော့ တချို့ ဒေသတွေမှာ အဲဒီကိစ္စတွေက ဖြစ်မှာပဲ။ ဒါတွေက အခု ဒီဒေသမှာ ဖြစ်တဲ့ တိုက်ပွဲရဲ့ ပြင်းထန်မှု အခြေအနေရဲ့ အနိဌာရုံလို့ပဲ ပြောလို့ရမယ်။ ဒါကတော့ ငြိမ်းချမ်းရေး အဆင်ပြေသွားတဲ့အချိန်မှာ ဒီကိစ္စတွေ ပြေလည်သွားမှာပါ။"
မေး။    ။ KIA ရဲဘော်တွေက ညဖက် အချိန်မတော် အိပ်ခန်းတွေထဲ အထိ ၀င်ဆွဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကိစ္စ ဘယ်လို သဘောရပါသလဲ။
ဖြေ။    ။ "အခုကတော့ ဒီလိုမျိုး အိမ်အထိ ၀င်ပြီးတော့ ခေါ်သွားတယ်ဆိုတဲ့ ကိစ္စတွေက သူ့ရဲ့ နယ်မြေ အခြေအနေအရ ဖြစ်ပါလိမ့်မယ်။ ညဆိုတာကလည်း သူ့ရဲ့ အခြေအနေ အရပေါ့ဗျာ။ အဲဒီဖက်မှာ သူတို့က တပ်လုံခြုံရေးတွေ အများကြီး ထားထားတယ်ဆိုတော့ နေ့လည်း ဖြစ်နိုင်သလို ညလည်း ဖြစ်နိုင်တယ်။ အဓိကတော့ အင်အားက ဖြည့်ရမယ့် ပုံစံ ဖြစ်လာတော့ ရှေ့တန်းမှာ လက်တွေ့ အကောင်အထည်ဖော်တဲ့ လူတွေရဲ့ ကြံစည်မှုပဲ ဖြစ်ပါလိမ့်မယ်။" 
"နောက်ပြီး တခုက ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သူတို့က KIO တပ်ဖွဲ့ဝင်တွေ ဖြစ်သွားတယ် ဆိုရင်တော့ KIO တပ်ဖွဲ့ဝင်တွေ ခံစားရတဲ့ အခွင့်အရေး တာဝန်ထမ်းဆောင်တဲ့ ၀န်ထမ်းတွေရဲ့ အခွင့်အရေး ရမှာပါ။"
"ဒါပေမယ့် စပြီးတော့ လူသစ် စုဆောင်းတဲ့ အခါမှာတော့ လူသစ်ရဖို့အတွက် လက်တွေ့ လုပ်တဲ့ ရဲဘော်တွေကနေပြီး ပြောဆိုတဲ့ စကားတွေ လုပ်တဲ့ အမူအယာတွေက ကြမ်းချင် ကြမ်းပါလိမ့်မယ်။ အဲဒီမှာ အရပ်သားတွေ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါက ရိုင်းစိုင်းတဲ့ အမြင် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အမှန်တကယ်ပဲ ဒီမှာ KIA ၀န်ထမ်း အနေနဲ့ တာဝန် ထမ်းဆောင်ပြီဆိုရင်တော့ သူတို့ကလည်း ဒီမှာ သူ့ရဲ့ ၀တ္တရားအရ၊ စည်းမျဉ်း စည်းကမ်း အရပဲ ဒီမှာက တာဝန် ထမ်းဆောင်ရမယ့် ဟာတွေ ဖြစ်တယ်။ မတရား စုဆောင်းထားတဲ့ ရဲဘော်တွေ ဖြစ်ပါတယ်ဆိုပြီးတော့ သူတို့ကို နှိမ်ပြီးတာ့ ဖိနှိပ်တာမျိုးတော့ မရှိပါဘူး။"
တဆက်တည်းမှာ အစိုးရနဲ့ နှစ်ဖက် တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အချိန်ကစလို့ ကချင်ပြည်နယ် အတွင်း မြို့ပေါ်ဒေသတွေမှာ အစိုးရတပ်က အင်အားသစ် စုဆောင်းတာတွေ ရှိခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။ ဒါကြောင့် KIO ဖက်ကလည်း အခုအချိန်မှာ လိုအပ်လာတဲ့ အတွက် ပြန်လည် စုဆောင်းရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 
မေး။    ။ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ ကလေး အခွင့်အရေးဆိုင်ရာ CRC စာချုပ်မှာ အသက် (၁၅) နှစ်အောက် ကလေးတွေကို စစ်မှု ထမ်းခြင်း မပြုရလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်မှု ထမ်း ဥပဒေမှာတော့ (၁၈) နှစ်အောက်ကို စစ်မှု မထမ်းရဘူးလို့ သတ်မှတ်ထားပါတယ်။ KIA ရဲ့ စစ်မှုထမ်း ဥပဒေကို ဘယ်လို သတ်မှတ် ထားပါသလဲ။
ဖြေ။    ။ "အသက်အရွယ်ကတော့ တာဝန်ထမ်းဆောင်နိုင်တဲ့ အရွယ်ပေါ့။ (၁၇)၊ (၁၈) နှစ် အထက်ပေါ့။ အသက်အရွယ်ရှိတဲ့သူဆိုရင်တော့ ယောကျာ်း မိန်းမ မရွေးပါဘူး။ လုပ်ရမယ့် ကိစ္စတွေပါ။ အဓိကတော့ ငယ်ရွယ်တဲ့ ကလေးကိစ္စတွေကတော့ စစ်ဆေးပြီးမှပဲ ငယ်ရွယ် တယ်ဆိုရင်တော့ ဒါက တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုချက် မရှိဘူးလေ။ နောက်ပြီးတော့ ကျန်းမာရေး အခြေအနေပေါ့ဗျာ။ ကျန်းမာရေးက လုံးဝ ဆိုးရွားနေတယ် ဆိုရင်တော့ ဒါလည်း ပြန်ပြီးတော့ လွတ်ပေးမှာပါ။ အဲဒီကိစ္စတွေက ဟိုမှာ အမှန်တကယ် စစ်ဆေး၊ မေးမြန်းပြီးလို့ ဟုတ်တယ်ဆိုရင်တော့ ဒါက ပြန်လွတ်မှာပါ။ ချက်ချင်းတော့ သူတို့ ပြန်လွတ်မှာ မဟုတ်ဖူး။ သူတို့ စခန်းကို ရောက်သွားပြီး မေးမြန်း စစ်ဆေးပြီးမှပဲ ဘောင်မ၀င်တဲ့ လူတွေတော့ ပြန်ပြီးတော့ လွတ်မှာပါ။" 
"တချို့ကတော့ တာဝန် ထမ်းဆောင် သင့်တဲ့ သူဆိုရင်တော့ အချိန်အတိုင်းအတာ တခုအထိတော့ ပြည်နယ် အရေးကိစ္စ ဖြစ်တဲ့ အတွက်ကြောင့်မို့ ပြည်နယ်သူ၊ ပြည်သားတွေ အားလုံးက ပါဝင်သင့်တဲ့ လုပ်ငန်းတွေ တတ်နိုင်တဲ့ အပိုင်းကနေပြီးတော့ တာဝန် ထမ်းဆောင်ဖို့ တာဝန်ရှိတယ် ခင်ဗျ။"
မေး။    ။ စစ်မှုထမ်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ KIO က ဘယ်လို မူတွေ ချမှတ်ထားပါသလဲ။
ဖြေ။    ။ "မူမှာကတော့ ကျနော်တို့က ပြည်နယ်သား အားလုံး လုပ်ရမယ်ဆိုတဲ့ စာရွက်ပေါ်မှာ ရေးထားတဲ့ မူတော့ မရှိဘူး။ ဒါပေမယ့် အခုလိုမျိုး အချိန်ပိုင်းမှာ အဲလို သဘောတရားက ပြန်ပြီးတော့ ပေါ်လာရမယ့် အခြေအနေ ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု လုပ်တဲ့ ထိုးစစ်တွေက မြောက်ပိုင်းတိုင်းမှာ ရှိတဲ့ တပ်တွေသာမက တနိုင်ငံလုံးမှာ ရှိနေတဲ့ တပ်တွေ အလုံးအရင်းနဲ့ ဖြည့်နေတယ်။ အင်အားက ကျနော်တို့ KIA တပ်ဖွဲ့ဝင်တွေထက် (၁၀)ဆ၊ (၁၅) ဆလောက် သူတို့ဖက်က တိုးမြင့်လာတော့ ကျနော်တို့ဖက်ကလည်း လိုအပ်တဲ့အင်အားတွေ ဖြည့်တင်းရမယ့် အခြေအနေ ရောက်လာတာပေါ့ဗျာ။"
KIO နဲ့ အစိုးရတို့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အချိန် (၁) နှစ်နီးပါးကာလအတွင်း မြို့ပေါ်နဲ့ တရုတ်မြန်မာ နယ်စပ် ဒေသတွေကို ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်ပေါင်း (၆) သောင်းကျော်ရှိနေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ပွဲတွေကြောင့် ရာနဲ့ ချီတဲ့ ဒုက္ခသည်တွေ ၀ိုင်းမော်နဲ့ မြစ်ကြီးနား မြို့တွေကို ထပ်မံ ရောက်ရှိ နေပါတယ်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် နှစ်ဖက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်တွေ (၆) ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြပေမယ့် ယနေ့ထိ ပြေလည်မှု မရသေးပါ။
သတင်းနှင့်မီဒီယာကွန်ယက်
ကချင် စစ်ရှောင်စခန်းရှိ ကလေးငယ်များ ပညာသင်ရေး အခက်အခဲရှိနေ
Posted: 15 May 2012 10:44 PM PDT
ကချင်ပြည်နယ် မန့်ဝိုင်းကြီး စစ်ဘေးရှောင်စခန်း အနီးတစ်ဝိုက်မှလွဲ၍ ဝေးကွာသည့်နေရာများရှိ ကလေးငယ်များမှာ စာသင်ကြားခွင့် အခက်အခဲရှိနေကြသည်ဟု အကူ အညီ သွားရောက်ပေးအပ် နေကြသူအဖွဲ့များထံမှ သိရသည်။
ကချင်ပြည်နယ်တွင်း၌ ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ အစိုးရတပ်နှင့် ကေအိုင်အိုကြား ပဋိပက္ခများကြောင့် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသော ကလေးငယ် ၁ဝဝဝ ကျော်ထဲမှ အများစုမှာ ထိုကဲ့သို့ အခက်အခဲများရှိနေကြသည်ဟု မန့် ဝိုင်းကြီးစခန်းမှ ပြန်ရောက်လာသူ ဦးဘိုဘိုက ပြောသည်။
"အဓိကကတော့ ကလေးတွ စာသင်ဖို့အတွက်ကို တိကျရေရာတဲ့ အစီအမံတွေ အဲဒီ့နေရာတွေမှာ မရှိကြတာပေါ့၊ ကလေးတွေ မေးကြည့်တော့လည်း မသိသလို၊ လူကြီးတွေကလည်း စီစဉ်တုံးပဲလို့ပဲဖြေကြတယ်" ဟု ၄င်းက ပြောသည်။
မန့်ဝိုင်းကြီး အနီးရှိ ငါနောင်းပါးခန်းတွင် စာသင်ကျောင်းတစ် ကျောင်းရှိသော်လည်း၊ စာသင်ခုံများ ကျောင်းသုံးပစ္စည်းများ အကူအညီ လိုအပ်နေကြကြောင်းလည်း အဖြူရောင်တွဲလက်များ အဖွဲ့မှ သိရသည်။
ရွာပေါင်း ၂၂ ရွာမှ ထွက်ပြေး တိမ်းရှောင်နေကြသော ရန်လုံစခန်းတွင်လည်း မူလတန်းကျောင်းသား ၂ဝဝ ရှိနေရာ စာသင်ကြားရမည့် စာသင်ခန်းများ လိုအပ်နေသည်ဟု ကူညီမှုပြုပေးနေသူမဇင်မာအောင်က ပြောသည်။
မန့်ဝိုင်းကြီးစခန်းမှ ယခုရက်ပိုင်းအတွင်း ပြန်လာသူ ဦးဘိုဘိုက "ဆရာမတွေတော့ရှိနေပါတယ်၊ ဒါပေမဲ့ လုံလုံလောက်လောက်တော့ မဟုတ်ဘူး၊ တိမ်းရှောင်စခန်း ဆိုတော့ ယာယီတဲတွေဆောက်ပြီး ဖြစ်သလို နေကြရတာဆိုတော့၊ အဓိကက ထပ်ချဲ့ပြီးဆောက်ကြမှ ဖြစ်မှာပါ၊ အဓိကလိုနေတာက ဆောက်ဖို့ပစ္စည်းနဲ့ သင်ထောက် ကူ ကျောင်းသုံးပစ္စည်းတွေပါပဲ"ဟု ပြောသည်။
ကချင်ပြည်နယ်အတွင်း အစိုးရလက်အောက်ခံ စာသင်ကျောင်းများ နှင့် ကေအိုင်အိုလက်အောက်ခံ စာသင်ကျောင်းများဟူ၍ ရှိနေရာ စစ်ဒဏ်ကြောင့် နှစ်ဖက်စာ သင်ကျောင်းများ ပျက်စီးခဲ့မှုအချို့နှင့် စွန့်ခွာမှုများပြု လုပ်ခဲ့ရသည့်အတွက် ကျောင်းသားများအနေဖြင့် စာသင်နှစ်အမီ ထိုကဲ့သို့စာသင်ကျောင်း မလုံလောက် မှု ပြဿနာနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။
တရုတ်ပြည်ဘက်ခြမ်း၊ တရုတ်ပြည်နယ်စပ်ရှိ ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီးတစ်ဦးက ကုလသမဂ္ဂအဖွဲ့များမှ အကူအညီများ ရောက်ရှိနေသည့် သတင်းများပါ ပြီးသွားသည့် အချိန်မှစကာ၊ အကူ အညီမလိုတော့ဘူးဟူ၍ ထင်သွားပုံရကာ လာရောက်ကြသူများ မရှိ တော့ကြောင်း လက်ရှိအခြေအနေ ကို ရှင်းပြသည်။
၎င်းက "အကူအညီတွေက အမှန်တကယ်တော့ အရမ်းကိုလိုအပ်နေဆဲပါ။ အခုစစ်ပွဲတွေ ဖြိုးဖြိုးဖြောက်ဖြောက် ဖြစ်နေတဲ့အချိန်မှာ ဒုက္ခသည်တွေ ထပ်တိုးလာဖို့ပဲ ရှိနေ ပါတယ်"ဟု ဆက်လက်ကာ ပြောသည်။
လက်ရှိစာရင်းများအရ ပြည်နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်ရှိပြီး၊ ကလေးငယ်များမှာ လေးပုံတစ်ပုံခန့်ရှိနေရာ ယခုထက်ပိုမိုများလာနိုင်ခြေ လည်း ရှိနေသည်ဟု သွားရောက်ကူညီ ကြသူများထံမှ သိရသည်။
Popular Myanmar News Journal
စစ်ဘေးဒုက္ခသည်များ လူကုန်ကူးသူတို့၏ ပစ်မှတ်ဖြစ်လာ
Posted: 15 May 2012 10:42 PM PDT
ရန်ကုန်၊ မေ ၁၅
 ပြည်တွင်းစစ်မီးကြောင့် စစ်ရှောင်စခန်းများတွင် ထွက်ပြေးတိမ်းရှောင်နေသူများအား ခေါင်း  ပုံဖြတ် အမြတ်ထုတ်၍ လူကုန်ကူးမှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများရှိ လာကြောင်း သိရသည်။
လူကုန်ကူးသူများသည် ကချင် ပြည်နယ်အတွင်း မငြိမ်မသက်မှု ကြောင့် နေရပ်ဒေသအား စွန့်ခွာ ကာ စစ်ရှောင်စခန်းများတွင် သွား ရောက်နေထိုင်သူများအား ပြည်ပ အိမ်နီးချင်းနိုင်ငံတွင် အလုပ်အကိုင် ရရှိမည်။ အိမ်နီးချင်းပြည်ပနိုင်ငံသား နှင့် လက်ထပ်ပါက ကောင်းမွန်စွာ နေထိုင်ရမည်ဟု ပြောဆိုစည်းရုံး၍ လူကုန်ကူးမှုများအား ကျူးလွန်ရန် ဆောင်ရွက်လျက်ရှိနေသည်ဟု ကု လသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင် ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ မှ တာဝန်ခံဒေါ်ဥမ္မာအိအိချောက ပြောသည်။
၎င်းက ဆက်၍ စစ်ရှောင်စခန်း များတွင် နေထိုင်သူများအား လက်နက်ကိုင်ခြိမ်းခြောက်၍ အတင်း အဓမ္မခေါ်ဆောင်သွားပြီး အိမ်နီးချင်း ပြည်ပနိုင်ငံတစ် ခုတွင်   ရောင်းစားခဲ့ သည့်ဖြစ်စဉ်များလည်း ယခုလ အတွင်း ဖြစ်ပေါ်ခဲ့သည်ဟု ပြော သည်။"နယ်မြေဒေသ မအေးချမ်း သေးတဲ့အခါကျတော့ဘယ်နှယောက် လောက်လူကုန် ကူးခံရတယ်ဆိုတဲ့ စာရင်းက အတိအကျမရသေးဘူး ဖြစ်နေတယ်"ဟု ၄င်းကပြောသည်။လူကုန်ကူးသူများသည် သ ဘာဝဘေးအန္တရာယ်များကြောင့် သော်လည်းေ ကာင်း၊ စစ်ဘေးဒဏ် ကြောင့်သော်လည်းကောင်း၊ စီးပွား ရေးအဆင်မပြေမှုကြောင့် ဆင်းရဲ နွမ်းပါးသူများနှင့် အယုံလွယ်သူ များကို အဓိကပစ်မှတ်ထား၍လူ ကုန်ကူးမှု များပြု လုပ်နေခြင်းဖြစ် သည်ဟု ၄င်းထံမှသိရသည်။ ထို့ ကြောင့် ကချင်ပြည်နယ်အတွင်းဖြစ် ပွားနေသော လူကုန်ကူးမှုဖြစ်စဉ် များနှင့် ပတ်သက်၍ပြည်နယ်အစိုးရ အဖွဲ့နှင့်KIA  တို့ဘက်မှ စစ်ပွဲများ ကြောင့် လူကုန်ကူးမှု သားကောင် များအဖြစ်ကျရောက်နိုင်သော စစ် ရှောင်ပြည်သူများအား လူကုန်ကူး ခံရမှုမှ ကာကွယ်ပေးနိုင်မည့် အစီ အမံများနှင့် တားဆီးကာကွယ်မှု များအား စောင့်ကြပ်ပြုလုပ်ပေးရန် အထူး လိုအပ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
 Popular Myanmar News Journal
လေးလအတွင်း ဖုန်းဖြင့် လူကုန်ကူး တိုင်ကြားမှု ၃ဝဝ ကျော် ရှိ
Posted: 15 May 2012 10:37 PM PDT
(ရန်ကုန်၊ မေ ၁၄)
ယခုနှစ် လေးလတာ ကာလအတွင်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့သို့ တိုင်ကြားခဲ့သည့် လူကုန်ကူးမှု အမှုပေါင်း သုံးရာကျော် အနက် တိကျစွာ သတင်းပေး တိုင်ကြားမှု အလွန်နည်းကြောင်း လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့သည် လူကုန်ကူး ခံရသည် ဟု မသင်္ကာဖွယ်ရာ တွေ့ရှိရ ပါက ဆက်သွယ် တိုင်ကြားနိုင် ရန် အရေးပေါ် (Hot Line) ဖုန်းများမှ တစ်ဆင့် မည်သူ မဆို အချိန်မရွေး တိုင်ကြားနိုင် သည့် စနစ်ကို ယမန်နှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ Hot Lineစနစ် ကြောင့် ယခင်ကထက် လူကုန်ကူးမှု ဖြစ်စဉ်များအား ပြည်သူများမှ သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားမှုမှာ လည်း ပိုမိုလာခဲ့ပြီး လက်ရှိ စာရင်းများ အရ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလ ကုန်အထိ Hot Line မှတစ် ဆင့် သတင်းပေး တိုင်ကြားမှု ၁ဝ၈ ကြိမ်နှင့် ယခုနှစ် ဇန်နဝါရီ မှ ဧပြီလကုန် အထိ သတင်း ပေး တိုင်ကြားမှု ၃ဝဝ ကျော် အထိ မြင့်တက်လာခဲ့ကြောင်း သိရ သည်။
သို့သော် သတင်းပေး တိုင် ကြားမှုများမှာ တိကျ ခိုင်လုံစွာ ပေးနိုင်မှု အလွန် နည်းပါးသည့် အတွက် ကာကွယ် တားဆီးရာတွင် မလိုလားအပ်သော အခက်အခဲများ နှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
လူကုန်ကူးမှု ဖြစ်စဉ်များအား မသင်္ကာဖွယ်ရာ တွေ့ရှိရပါက Hot Line ဖုန်းနံပါတ်များမှ တစ်ဆင့် မည်သူ့ကို မည်သူမှ မည်သည့်နေရာ၊ မည်သည့် အချိန်၌ မည်သို့ ပြော ဆိုစည်းရုံး ခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ခေါ်ဆောင် သွားခံရသည့်အခါ မည်သို့ ဖြစ်ပျက် ကြုံတွေ့ရသည်တို့ ကို ပြည့်စုံတိကျစွာဖြင့် ပြောဆိုတိုင် ကြားပေးမည် ဆိုပါက လူကုန်ကူးခံ ရမည့်သူများကို အချိန်မီ ကယ်တင်နိုင်မည် ဖြစ်သကဲ့သို့ လူကုန်ကူးသူ များကိုလည်း လွတ်မြောက်မှု မရှိစေဘဲ ဥပဒေအရ အချိန်မီ ဖမ်းဆီး အရေး ယူနိုင်မည် ဖြစ်သည့် အတွက် တိကျ ခိုင်လုံသော သတင်း အချက်အလက် များအား ပြည့်စုံစွာ ပြောကြား၍ တိုင်ကြားရန် အထူးလို အပ်ကြောင်း ၄င်းကဆက်ပြောသည်။
"သတင်း အတိအကျ ရအောင် မေးမြန်းပေမယ့် တချို့က မပြော နိုင်တာတွေ ရှိသလို၊ တချို့ကျ တော့လည်း မလုပ်ပေးချင်လို့ ရစ်နေတယ် ထင်ပြီး ဖုန်းချသွားတာမျိုး ကြုံရတယ်။ ကျွန်မတို့ဘက်က မေး မြန်းရတယ် ဆိုတာက တချို့ လူ ကုန်ကူးသူတွေဟာ လူကုန်ကူးမှု ကာကွယ်ရေး အဖွဲ့တွေကို သတင်း မှားတွေ ပေးပြီး တစ်ဖက် ကနေ လူကုန်ကူးမှုတွေ ကျူးလွန် သွားတာမျိုး မဖြစ်အောင်နဲ့ လူကုန်ကူးခံ ရသူတွေ ကို လူကုန်ကူးတဲ့ သူတွေက ဘယ် နေရာကနေ ဘယ်နေရာကို ခေါ် သွားလဲ ဆိုတာ သတင်း အတိအကျ ရရင် လမ်းကနေ အချိန်မီ ကယ်ဆယ် လို့ရနိုင်အောင် စစ်ဆေးမေး မြန်းရတာပါ" ဟု လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုမှ အဖွဲ့ဝင် ရဲအရာ ရှိကြီး တစ်ဦးက ပြော သည်။
ပြည်သူများ အနေဖြင့် အရေးပေါ် (Hot Line) ဖုန်းနံပါတ်များအား လူကုန်ကူးမှု ဖြစ်စဉ်များကို တိုင်ကြား သတင်း ပေးနိုင်ရုံမျှမက လူကုန်ကူးမှုနှင့် ပတ်သက်သော သတင်း အချက် အလက်များနှင့် သိရှိလိုသည် များကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်း၊ ထိုသို့ မေး မြန်းရာတွင် ဖုန်းလက်ခံဖြေကြား သူမှ ရိုင်းပြစွာ ပြောဆို ဆက်ဆံခြင်း၊ တိုင်ကြားမှုအား လက် မခံခြင်းနှင့် ဆက်ဆံရေး မပြေ ပြစ်မှုများ ရှိပါက ဖုန်းလက်ခံ ဖြေကြားသည့် နေ့ရက်၊ အချိန် နှင့် ဆက်သွယ်သည့် ဖုန်းနံပါတ် တို့အား မှတ်သားကာ နေပြည် တော် လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့ ဖုန်း ဝ၆၇-၄၁၂၅၅၅ နှင့် ဝ၆၇-၄၁၂၆၆၆ တို့သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
သူရထွန်း
 Popular Myanmar News Journal
မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ
Posted: 15 May 2012 10:32 PM PDT
ရန်ကုန်၊ မေ ၁၄
 ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
 "လောလောဆယ် ဆွေးနွေး နေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ထင်ရင် လွှတ်တင် မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံး သွားမှာပါ"ဟု မြန်မာ့ဆက်သွယ်   ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင်  ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။"မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ"ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှု များအတွက် ဖိုင်ဘာကွန်ရက်ကို သာ အဓိ ကထား ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင် ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း လာ မည့် နှစ်အတွင်း  နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက်လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။လက်ရှိ တိုးချဲ့ဆောင်ရွက်နေ သည့် ဖိုင်ဘာဆက်ကြောင်းမှာ မန္တလေး-မုံရွာဆက်ကြောင်း၊ မုံရွာ- ရွှေဘိုဆက်ကြောင်းနှင့် ရွှေဘို- မြစ်ကြီးနားဆက်ကြောင်းတို့ဖြစ်ပြီး ၄င်းဆက်ေ ကြာင်းများပြီးစီးပါက လားရှိုး-မန္တလေးဆက်ကြောင်းကို ဆက်လက်ချိတ်ဆက်သွားမည်ဖြစ် ကြောင်း၊ ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်းအချိန်နှင့်ငွေ   ကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။
အောင်ဇော် 
Popular Myanmar News Journal
ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်းငံ့ရေး သတိထားဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း
Posted: 15 May 2012 05:31 PM PDT
မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်မလှည့်ဘူးလို့ တရားသေသတ်မှတ်လို့ မရတဲ့ အတွက် သတိထားသွားဖို့ လိုတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အရေးတကြီး ကြိုးပမ်းသွားမှာဖြစ်ပေမယ့်လို့ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ ထောက်ခံမှုမပါဘဲနဲ့တော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ယာယီရုပ်သိမ်းပေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ပြောကြားခဲ့တဲ့အပေါ်မှာ သူ့အနေနဲ့ ကန့်ကွက် ဆန့်ကျင်ဖို့မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ အင်္ဂါနေ့ မနက်ပိုင်းက အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဂျော့ခ်ျ၊ ဒဗလျူဘွတ်ရှ် အမှတ်တရဌာနက ကြီးမှူးကျင်းပခဲ့တဲ့ Acceleration of Human Freedom လို့ ခေါ်တဲ့ လူသားနဲ့ လွတ်လပ်မှုအခွင့်အရေး အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ လက်ရှိ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ အကောင်းမြင်လွန်းလို့မရဘဲ သတိထားဖို့လိုတဲ့ အကြောင်း ပြောသွားတာပါ။
"အမေရိကန်နိုင်ငံသားတွေအနေနဲ့ လက်ရှိအခြေအနေမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သင့်လျော်တယ်လို့ ယူဆရင် ကျမအနေနဲ့ ဒါကို မကန့်ကွက်လိုပါဘူး။ ဒါပေမယ့် ဒီနေရာမှာ သတိထားဖို့ ကျမ ထောက်ပြလိုပါတယ်။ လူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် သိပ်ကို အကောင်းမြင်လွန်းကြတယ်လို့ ကျမအနေနဲ့ တခါတလေ ခံစားမိပါတယ်။ကျမတို့အနေနဲ့ မမေ့အပ်တာ ကတော့ ဒီမိုကရေစီဖော်ဆောင်မှုဟာ နောက်ပြန်မဆုတ်နိုင်ဘူးလို့ ပြောလို့ မရနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ကျမလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပါပြီ။ စစ်တပ်အနေနဲ့ ဒီမိုကရေစီဖော်ဆောင်ရာမှာ လေးလေး နက်နက်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတဲ့ သံဓိဌာန်ခိုင်မာစွာ မချမှတ်မချင်း ကျမတို့ အနေနဲ့ ဒီမိုကရေစီဖော်ဆောင်မှုကို နောက်ပြန်ဆုတ်လို့ မရနိုင်ဘူးဆိုတာကို ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ပါဘူး။"
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေဟာ ရည်မှန်းချက်ကို ထိရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပထမ ဆုံး ခေါ်ယူတဲ့လွှတ်တော်အတွင်းမှာပဲ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးအဆိုကို ပထမဆုံးတင်သွင်း အတည်ပြုခဲ့တာကိုကြည့်ရင် အရေးယူမှုတွေ ထိရောက်ခဲ့တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးကိစ္စကို အရေးတကြီး ကြိုးပမ်းမှာဖြစ်ပေမယ့် အလျင်စလိုတော့ ဆောင်ရွက်နိုင်မယ့်အခြေအနေ၊ အလားအလမှာ မရှိဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
"ကျမတို့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဦးဆုံးလုပ်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ ဖွဲ့စည်းပုံ ပြင်ဖို့ဆိုတာ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှ ဖြစ်မှာပါ။ ဒီအထဲ ၂၅ ရာခိုင်နှုန်းက စစ်တပ်က ခန့်ထားတဲ့ ကိုယ်စားလှယ်တွေပါ။ ဒီတော့ ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ စစ်တပ်ရဲ့ ထောက်ခံမှု ပါမှ ရမှာပါ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဖို့ဆိုတာ ဦးဆုံးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ကျမတို့ အရေးတကြီး အလေးထားလုပ်ဆောင်သွားမယ့်ကိစ္စဖြစ်ပါတယ်။"
နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်လို့လည်း မြန်မာအစိုးရအနေနဲ့ တကယ်တန်း ဒီမိုကရေစီရေး ဖော်ဆောင်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
"ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက နိုင်ငံရေးအကျဉ်းသားအတော်များများ လွတ်လာပါတယ်။ ဒီ လွှတ်လိုက်သူတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ စာရင်းမှာ ပါတဲ့သူတွေလို့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဒီ စာရင်းအတိုင်းပြောမယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား ၂၇၁ ဦး လွတ်ဖို့ ကျန်နေပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ပြောဆိုနေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ လည်း ထပ်ဆွေးနွေးချင်ပါတယ်။ သူတို့ကြေညာသလို ဒီ စာရင်းအတိုင်း လွှတ်ပေးတယ်ဆိုရင်တော့ ကျန်နေတဲ့ ၂၇၁ ဦးကို ဘာကြောင့် လွှတ်မပေးသေးတာလဲဆိုတာ တရားဝင် သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဖော်ဆောင်မှုတွေလုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ လုံးလုံးမရှိသင့်ပါဘူး။"
တိုင်းရင်းသားလူနည်းစုအရေးကိစ္စနဲ့ပတ်သက်လို့တော့ တိုင်းရင်းသားလူမျိုးတွေနဲ့ နိုင်ငံရေးအရ အဖြေထုတ်နိုင်မှသာ တိုင်းရင်းသားဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်လိမ့်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
"အပစ်အခတ်ရပ်စဲရေး လုပ်ရုံတင် မလုံလောက်ပါဘူး။ အပစ်အခတ်ရပ်စဲရေးဆိုတာ အစ သက်သက်ပါ။ နိုင်ငံရေးအရ အဖြေရှာမှုမျိုး မရှိသေးပါဘူး။ ဒီအခြေအနေနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ဖို့ မလုံလောက်ပါဘူး။ ဒါကြောင့် နိုင်ငံရေးအရ အဖြေထုတ်နိုင်ဖို့ လိုအပ်ပါတယ်။"
ဝါရှင်တန်မှာ အင်္ဂါနေ့လုပ်တဲ့ အဲဒီအခမ်းအနားမှာတော့ သမ္မတ ကတော်ဟောင်း လော်ရာ ဘွတ်ရှ် က ဒေါ်အောင်ဆန်းစုကြည်ကို တကမ္ဘာလုံးက လေးစားရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းဆောင် တဦးအဖြစ် မိတ်ဆက်ပေးပါတယ်။ အဲဒီနောက် ၀ါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ ပင်တိုင်ဆောင်းပါးရှင် မိုက်ကယ် ဂီယာ ဂါစင်က ပရိသတ်ကိုယ်စားလှယ် မေးမြန်းခဲ့ ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားတာတွေ ဖြစ်ပါတယ်။
 By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)
မြောက်ကိုရီးယား နဲ့ မပတ်သက်ရင် မြန်မာကို တောင်ကိုရီးယား အပြည့်အ၀ ကူညီမည်
Posted: 15 May 2012 05:29 PM PDT
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်ကို တောင် ကိုရီးယား သမ္မတ အီလ် မြောင်ဘာ့က်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာသမ္မတကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီ ကိစ္စအတွက် မြန်မာအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါမယ် လို့လည်း အခိုင်အမာပြောခဲ့သလို မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ခံ အားပေးသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွေ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ သမ္မတ အီလ်မြောင်ဘာ့က် က အဲဒီိလိုပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတဟာ ဒီကနေ့ မနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်တွေ နဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။
မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ကိစ္စရပ် မျိုးစုံကို ပြောခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ်ရောက်အောင် လုပ်ဆောင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ကို ပထမဆုံး ချီးကျူး ပြောဆို ခဲ့တာနဲ့အမျှ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တောင် ကိုရီးယားနိုင်ငံ ရဲ့ အဓိက စိုးရိမ်ချက် ဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံ ရေးကို သမ္မတ အီလ်မြောင်ဘာ့က် က အထူး အလေးပေး ပြောဆိုခဲ့တာပါ။
"ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ် ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တယ်လို့ ယူဆ ရနိုင် တဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့  မြန်မာနိုင်ငံ အကြား ဘယ်လို ဆက်ဆံရေးမျိုးကို မဆို မြန်မာအစိုးရ အနေနဲ့ ရှောင်ရှား လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ကို ကျနော် ပြောခဲ့ပါတယ်။ ဒါဟာ ကျနော်နဲ့ သမ္မတဦးသိန်းစိန်တို့ ထိပ်သီးဆွေးနွေးပွဲ အတွင်း တရားဝင် မေတ္တာ ရပ်ခံခဲ့တာ ဖြစ်ပါ တယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အီလ်က စကားပြန် ကနေ တဆင့် ပြောသွားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ပိုပြီးတော့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားဖို့ တောင် ကိုရီးယားနိုင်ငံ က ပြင်ဆင်ထား ပါတယ်ဆိုတာကိုလည်း သူက သမ္မတ ဦးသိန်းစိန်ကို ပြောခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေထဲမှာ လက်နက်ငယ်တွေ က လွဲပြီးတော့ ဘယ်လို စစ်လက်နက်ပစ္စည်းမျိုးကိုမှ မြောက် ကိုရီးယား နိုင်ငံဆီကနေ မရယူဖို့ နိုင်ငံတွေ ကို ပိတ်ပင် တားမြစ်ထားပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတအီလ်တို့ တွေ့ဆုံဆွေးနွေးကြတာမှာလည်း ကိစ္စရပ်မျိုးစုံ ပါဝင် ခဲ့ပြီး အဓိကအနေနဲ့ ပညာရေးရဲ့ အရေးကြီးပုံနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ အီလ်က ပြော ပါတယ်။
"တောင်ကိုရီးယားဟာ ဒီမိုကရေစီ နိုင်ငံတခုအဖြစ်နဲ့ရော၊ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတခု အဖြစ် ကိုရော ရောက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ကျနော်တို့ရဲ့ နောက် မျိုးဆက်သစ် ခေါင်းဆောင်တွေ အတွက် ပညာရေး အထောက်အပံ့ပေးတဲ့ နေရာမှာ ကျနော်တို့ဟာ သန္နိဋ္ဌာန်ခိုင်မာပြီး စိတ်အား ထက်သန် စွာ လုပ်ခဲ့ကြတယ်ဆိုတာကို ကျနော် ထောက်ပြ ပြောဆိုခဲ့ပါတယ်။"
လို့ မစ္စတာအီလ်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ဘယ်တော့မှ အနစ်နာခံ အလျှော့မပေးရဘူးဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ သဘောတူ ခဲ့ကြ တယ်လို့လည်း သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့အနေနဲ့ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ကြွယ်ဝ ချမ်းသာမှုတို့ အားလုံးကို တခုမဟုတ်တခု လိုချင်တာမဟုတ်ဘဲ အားလုံးကို လိုချင်တာ ဖြစ်ပါတယ်လို့ အလေးအနက် ပြောဆိုခဲ့ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး တော့လည်း ဒေါ်အောင်ဆန်းစုကြည် က -
"နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်ကြတာမှာ အုပ်ချုပ်သူတွေက လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘဲ သူတို့ ဖြစ်စေချင်တဲ့ပုံစံအတိုင်း တည်ဆောက်နိုင်စေမယ့် ပညာရေးမျိုးကို မြန်မာ ကလေးငယ်တွေ ရစေ ချင်ပါတယ်။"
လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
မြန်မာလူထုအနေနဲ့ ငြိမ်းချမ်းမှု၊ ကြွယ်ဝချမ်းသာမှုတွေနဲ့အတူ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နေထိုင်သွား ချင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို လုံခြုံတယ် ဆိုရုံနဲ့ မလုံလောက်ဘဲ အစိုးရကရော ကိုယ်ကိုယ်တိုင်ကပါ အကာအကွယ် ပေးနိုင်မယ့် လူသားဂုဏ်သိက္ခာကို မိမိတို့ လိုအပ်ပါ တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
မြန်မာလူထုအနေနဲ့ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုအခြေအနေကို ရောက်အောင် ခက်ခဲတဲ့ လမ်းကြောင်းကို ဆက်လျှောက်ရ ဦးမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး မြန်မာနိုင်ငံ ရဲ့ လက်ရှိ အခြေအနေကိုလည်း မီးမောင်းထိုး ပြောဆိုခဲ့ပါ တယ်။
"ကျမတို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အပြောင်းအလဲဖြစ်နိုင်ခြေရှိတဲ့ အဆင့်တခုမှာ ကျမတို့ ရောက်နေပါ တယ်။ ဒါပေမဲ့လည်း ဒီအပြောင်းအလဲဟာ မလဲမပြိုဘဲ ဖြစ်လိမ့် မယ် ဆိုပြီး ကျမတို့ သေချာပေါက် ယူဆနိုင်မယ်လို့ ကျမတော့ မထင်ပါဘူး။ ရည်ရွယ်ချက် ရှိနေပါတယ်၊ တကမ္ဘာလုံးက စိတ်ကောင်း  စေတနာကောင်းနဲ့ အားပေးနေ ကြပါတယ်၊ ဒါပေမဲ့ အဲဒီ စိတ်စေတနာကောင်းတွေ အလဟဿဖြစ်မသွားစေရေး သေချာအောင် ကျမတို့ လုပ်ရပါမယ်၊ ပြီးတော့ ကျမတို့လူထုအကျိုး အတွက် အဲဒီ စိတ်စေတနာကောင်းတွေကို အကောင်းဆုံးအသုံးပြုနိုင်အောင် လုပ်ကြရပါမယ်။"
လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဂုဏ်သိက္ခာရှိပြီး ကောင်းမြတ်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့နေရာမှာ မိမိ ကိုယ်တိုင်အနေနဲ့ရော၊ ကိုရီးယားလူထုနဲ့ အစိုးရကပါ ဆက်လက်ပြီး ထောက်ခံသွား ပါမယ် လို့လည်း မစ္စတာအီလ်ကပြောပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံတော် တရားဝင်ခရီးစဉ်အဖြစ် မနေ့ကရောက်လာတဲ့ တောင် ကိုရီးယား သမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ မနေ့ကပဲ တွေ့ဆုံဆွေးနွေးပြီး  နိုင်ငံတော် တရားဝင်ခရီးစဉ် အဆုံးသတ်ခဲ့ပြီး ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတနဲ့အဖွဲ့ဟာ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပါတယ်။
 By ကိုကျော်ကျော်သိန်း (ဗွီအိုအေ-မြန်မာပိုင်း)
စည်ပင်ဝန်ထမ်းအချို့ကြောင့် ရေစကြိုမှာ မြစ်ရေပိုက်များမှ ရေမလာဖြစ်နေ
Posted: 15 May 2012 05:24 PM PDT
ရေစကြိုမြို့တွင် မြို့ရေပေးဝေရေးလုပ်ဆောင်သည့် စည်ပင်သာယာဝန်ထမ်းတစ်ဦးကြောင့်
 မြို့လူထုမှာရေရရှိမှုမညီမမျြှုဖစ်နေကြောင်းသိရပါတယ်။
ရေစကြိုမြို့ စည်ပင်သာယာရေးဌာနက ဦးစီးပြီး မြို့ရေပေးရေးလုပ်ငန်းကို
 လုပ်ကိုင်လာခဲ့ရာ ၅နှစ်ခန့်ကြာမြင့် လာပြီဖြစ်ပြီး။ မြစ်ကမ်းပါးပေါ်တွင် ရေဂါလန်
 ၇၀၀၀ခန့်ဆန့်မည့်သံစည်ပိုင်းကြီးနှစ်ခုကို စင်မြင့်တွင်တင်ပြီး မြို့တွင်း သို့
ပိုက်ဖြင့်သွယ်တန်းဖြန့်ပေးခြင်းဖြစ်ပါတယ်။ သုံးစွဲသူများမှ မိမိတို့ နေအိမ်တွင်
ရေမီတာ များဖြင့် ကိုယ်သုံးသမျှ မီတာကျသမျှခံကြရပါတယ်။
ဒါပေမယ့် ပြီးခဲ့သည့်နှစ်နှစ်ခန့်ကစပြီး နောက်ဆုံးရေတိုင်ငုတ်ယူသူများကို
မီတာဝယ်မရဟုဆိုကာ သည်အတိုင်း အလွတ်သုံးခိုင်းခဲ့ပါတယ်။
သုံးသည့်အတွက်လစဉ် ၁၅၀၀ကျပ်သာစည်ပင်သို့ပေးစေပါတယ်။ ပိုသုံးသည့်
ရေမီတာမရှိသူများ ကိုမူ ရေပေးရေးဝန်ထမ်းနှင့်နားလည်မှုယူထားရတယ်လို့ 
ဆိုပါတယ်။
ရေမီတာကို မူလကထဲကယူထားသူများကတော့ ကိုယ့်မီတာတက်သမျှကို
တစ်ယူနစ်လျှင် ၇၅ကျပ်နှုန်းဖြင့်ပေးချေကြရပြီး၊ ယခုအခါ ရေမလာသည်
ကများနေပါတယ်။ မေးမြန်းကြည့်တော့ လျှပ်စစ်မီးမလာလို့ဟုဆိုပါတယ်။
 မီးမလာလျှင်သုံးနိုင်ရန် ၄လုံးထိုးအင်ဂျင်တစ်လုံးလည်း ရေစင်အနီးမှာအသင့်ရှိပါ
တယ်။ မီးစက်ဝန်ထမ်းကို နိုးပြီးရေတင်လျှင် ဆီဖိုးကျသင့်ငွေနှင့်မကိုက်လို့
ယင်းစက်ကိုမသုံးဘဲ ထားတာပါ ဟုဝန်ထမ်းတစ်ဦးကပြောပါတယ်။
ရေပေးရေးစနစ်တွင် မြို့အရှေ့ပိုင်းနှင့်အနောက်ပိုင်းအတွက် ရေတိုင်ကီမှထွက်
သည့်ပင်မ ရေပိုက်ကြီးနှစ်ခု ထားပြီးယင်းပိုက်တို့ကို ရေတံခါးပိတ်ဖွင့်ပေးဖို့
ဝန်ထမ်းနှစ်ဦးကိုလည်းခန့်ထားတာတွေ့ ရပါတယ်။  အနောက်ပိုင်းမြို့ကွက်
သို့ပေးသည့်ပိုက်ကိုတာဝန်ကျသူမှာ ရေမလာလျှင် သူ့ကိုအချိန်မရွေးပြောပါဟု
ဆိုထားပြီး ရေကိုအချိန်မှန်ဖွင့် ပေးနေရာရေသုံးစွဲသူတို့အကြိုက်ဖြစ်စေပါတယ်။
အရှေ့ပိုင်းပိုက်ကို တာဝန်ကျသည့် ကိုမြင့်ဆွေဆိုသူမှာ ရေပိုက်ပိတ်ဖွင့်ကို
ငွေပေးလျှင်ဖွင့်ပေးပြီး ငွေမပေးလျှင် အချိန်ကြာမြင့်စွာပိတ်ထားသည်ဟု
အရှေ့ ပိုင်း ကွက်သစ်က လူတွေကပြောနေကြပါတယ်။
အချို့ရေသုံးစွဲသည့်အိမ်များကိုလည်း ရေပိုက်မှရေကို တိုက်အိမ်များ၏ရေလှောင်
ကန်အမြင့်များပေါ်တင် ပေးနိုင်ရန် ရေမော်တာများဖြင့် စုတ်တင်ပေးနိုင်အောင်
သူတို့ကပင် ဖန်တီးပေးထားသည်ဟုလည်းသိရသည်။ အချုပ်အားဖြင့် ရေဂါလန်
၁၅၀၀၀ လောက်ရေကန်ဖြင့်မြစ်ရေတင်ပြီး မြို့သူမြို့သားများသုံးနိုင်အောင် အခဖြင့်
ရေရောင်းခြင်းကို စည်ပင်ဝန်ထမ်းအချို့၏ ကိုယ်ကျိုးရှာမသမာလုပ်ရပ်များကြောင့်
 မြို့လူထုတို့မှာ ငွေပေးပေသည့်ရေမရဘဲဖြစ်ခါ စည်ပင်ဌာနကိုပင်ဒေါသဖြစ်နေကြ
ပါတယ်။
အချို့ကလည်း ယင်းရေပေးရေးလုပ်ငန်းကို သူတို့မလုပ်နိုင်လျှင် ကံပွင့် ကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ပေးပြီးလုပ်စေချင်ကြပါသည်။သို့သော် စည်ပင်ဌာနက ငွေရသည့်
လုပ်ငန်းကိုပင် ပြည့်စုံအောင်မလုပ်နိုင်ဘဲ ငါဘဲလုပ်မယ် ဟူသောအတ္တဖြင့် ဖက်တွယ်
နေကြပါတယ်။
အလုပ်မှာဆိုလျှင်လည်း ဈေးကွက်ကတောင်းဆိုသလောက်ဖြန့်နိုင်အောင်ကျိုးစားစေ
လိုပါတယ်။ စည်ပင်သာယာဌာနမှာ ဘာမှမဟုတ်သည့် ပေါ့ဆမှု၊အဂတိလိုက်စားမှုများ
ကြောင့် နိုင်ငံတော်အတွက်ရမည့်ငွေများ ဘေးဖိတ်ကျနေသည်မှာများပြားလှပါပြီ။
 မကောင်းသည့်၊ ရှေးရိုးစွဲ ၀န်ထမ်းများကို ဖယ်ရှားပစ်သင့်ပါကြောင်း ရေစင်အနီး
နေထိုင်သူများက သတင်းရေးသားပေးပို့ ထားပါတယ်။
Myanmar News Now
အမေရိကန် သမ္မတဟောင်း George W.Bush နဲ့ ဒေါ်အောင်ဆန်းစုကြည် အမြင် (ရုပ်/သံ)
Posted: 15 May 2012 04:39 PM PDT
(From a conference hosted by former U.S. President George W. Bush)
"Vaclav Havel said that politics is not the art of the possible. It is the art of imagining the impossible - and then making it happen. From Havel, to Mandela, to Aung San Suu Kyi, dissidents have practiced the art of the impossible. (FORMER U.S. PRESIDENT GEORGE W. BUSH)
I am not against the suspension of sanctions as long as the people of the United States feel that this is the right thing to do at the moment. I do, I do advocate caution though. I sometimes feel that things, that people are too optimistic about the scene in Burma. You have to remember that the democratization process is not irreversible. I have said very openly that we can never look upon it as irreversible until such time as the military commits itself to democratization (inaudible) and efficiently." (DAW AUNG SAN SUU KYI)
၈၈ ကျောင်းသားခေါင်းဆောင်များ ထားဝယ်ခရီးစဉ် ဟန့်တားမှုဆက်တိုက်ကြုံ
Posted: 15 May 2012 03:49 PM PDT
ထားဝယ်၊ မေလ ၁၅ ရက်၊ ၂၀၁၂ -(YPI)
ယနေ့ နံနက် ၈ နာရီခန့်က ထားဝယ်မြို့သို့ ရောက်ရှိလာသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ခရီးစဉ်အတွင်း ကြိုဆိုရေးဆိုင်းဘုတ်များ ဖြုတ်ခိုင်းခြင်း ခရီးစဉ်များအတွက် နေရာအခက်အခဲများကြုံရခြင်းတို့ကို ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရကြောင်း ထားဝယ် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကျော်ကျော်သက်က ပြောကြားသည်။
ထားဝယ်မြို့မှ တဆင့် လောင်းလုံမြို့နယ်သို့ ယနေ့ နံနက်တွင် ထွက်ခွာသွားသော ၈၈ မျိုးဆက်ကျောင်းသား များ၏ ယာဉ်တန်းကို ကြိုဆိုရန် ချိတ်ဆွဲထားသည့် "၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခရီးစဉ် " ကို ကြိုဆိုကြောင်း ဆိုင်းဘုတ်များအား အာဏာပိုင်များမှ ဖြုတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။
" သူတို့ပြောတာက တရားဝင်အဖွဲ့အစည်းလဲမဟုတ်ဘူး၊ ပါတီလည်းမဟုတ်ဘူး၊ NGO လဲမဟုတ်ဘူးဆိုတော့ ဆွေးနွေးပွဲလုပ်ရင် ပရ၀ုဏ်တစ်ခုထဲမှာပဲ လုပ်ဖို့ပြောတယ်။ ခယက ဥက္ကဌ ဆီကိုတော့ ပြန်တင်ပြထားတယ်၊ ခုထိတော့ အကြောင်း မပြန်သေးဘူး " ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၁၆ ရက်နေ့ ကံပေါက်ခရီးစဉ်တွင်လည်း လူထုနှင့် တွေ့ဆုံဆွေးနွေးမည့် ကျောက်ကညာကျေးရွာ မှ ဘုန်းကြီးကျောင်း အတွင်း ပြင်ဆင်ထားသည့် စင်ကိုလည်း ဖျက်ခိုင်းလိုက်ကြောင်း၊ ကံပေါက်ဘောလုံးကွင်းကို အသုံးပြုခွင့်မရသည့်အတွက် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း ထားဝယ် ၈၈ ကျောင်းသားများအဖွဲ့မှ သိရသည်။
" ရေဖြူ မယက ကတော့ ကံပေါက်အုပ်ချုပ်ရေးမှုးကတဆင့် ကျနော်တို့ကို ဆိုင်ကယ်နဲ့ နှစ်ယောက်လောက်ပဲ သွားကြိုစေ ချင်တဲ့ သဘောပြောတယ်။ သိုက်သိုက်ဝန်းဝန်းမဖြစ်စေချင်တဲ့ သဘောပေါ့ဗျာ " ဟု ၈၈ ကျောင်းသားများ၏ ကံပေါက်ခရီးစဉ်အား စီစဉ်ပေးနေသူ ဒေသခံတစ်ဦးက ပြောသည်။
ကံပေါက်ရှိ ဘောလုံးကွင်းနေရာအစား ပုဂ္ဂလိကပိုင် ခန်းမတစ်ခုကို စီစဉ်ထားပြီးဖြစ်ကာ ကံပေါက်ဒေသရှိ လူထု၏ လက်ရှိအခြေအနေ နှင့် အခက်အခဲများအား စာတမ်းတစ်ခုအနေဖြင့် ဖတ်ကြားဆွေးနွေးရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။
" အောက်ခြေမှာ အပြောင်းအလဲမရှိသေးဘူး ဆိုတာ ဒါတွေက သက်သေပြနေတယ် " ဟု ထားဝယ်ဒေသခံ လူငယ်တစ်ဦး က ဝေဖန်ပြောဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ ထားဝယ်ခရီးစဉ်အတွင်း ပထမနေ့ခရီးစဉ်အဖြစ်လောင်းလုံမြို့နယ်၊ ဒုတိယနေ့တွင် ကံပေါက်ဒေသ၊ တတိယနေ့တွင် နဘုလယ်ဒေသနှင့် မောင်းမကန်တို့သို့ သွားရောက်မည်ဖြစ်ကာ ထားဝယ်ဒေသရှိ လူမှုရေး အသင်းအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု ထားဝယ် မျိုးဆက် ကျောင်းသားများအဖွဲ့မှ ထုတ်ပြန်သည့် လက်ကမ်းစာစောင်များတွင်  ဖော်ပြထားသည်။
ယခင်သီတင်းပတ်က ၈၈ မျိုးဆက်ကျောင်းသားများ၏ ဧရာဝတီတိုင်း ပုသိမ်ခရီးစဉ်တွင်လည်း အလားတူဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရသည်။
 Yangon Press International
အလုပ်သမား ဆန္ဒပြမှုပြဿနာ ပထမဦးဆုံးအကြိမ် အများရှေ့မှောက်ဖြေရှင်း
Posted: 15 May 2012 03:48 PM PDT
ရန်ကုန် ၊ မေ ၁၅၊ ၂၀၁၂ ခုနှစ်
သူရမျိုး (YPI)
လှိုင်သာယာမြို့နယ်စက်မှုဇုံ (၃) ဘုရားလမ်းပေါ်ရှိ ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုအား ညှိနှိုင်းပေးရာတွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန မှ ညွန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းနိုင်တို့က အများပြည်သူရှေ့မှောက်၌ ပထမဦးဆုံးအကြိမ်အဖြစ် ညှိနှိုင်းပေးခဲ့သည်။
ထိုသို့အများပြည်သူရှေ့မှောက်တွင် ညှိနိုင်းရခြင်းမှာ ဆန္ဒပြ အလုပ်သမားများထဲမှ ကိုယ်စားပြု ဖြေရှင်းမည့် ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ ထွက်ပေါ်လာခြင်းမရှိသည့်အတွက် ဖြစ်သည်။
မေလ ၁၅ ရက်နေ့ လှိုင်သာယာ စက်မှုဇုန်မှ ပုလဲ အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမားနှင့် အများရှေ့မှောက်တွင် ညှိနိင်းနေကြစဉ် (ဓါတ်ပုံ-သူရမျိုး YPI)
"သမီးတို့ထပြောရင် မနေနိုင်အောင် နည်းအမျိုးမျိုးနဲ့လုပ်တယ် နောက်ဆုံးအဲဒီလူက ကိုယ်သဘောနဲ့ကိုယ် ထွက်ကိုသွားရတာ"ဟု ဆန္ဒပြ အလုပ်သမ တစ်ဦးကပြောသည်။
အလုပ်သမားများဘက်မှ တစ်ထည်ချုပ်ခ ပမာဏ သိရှိရန် ၊ တနင်္ဂနွေ နှင့်အစိုးရရုံးပိတ်ရက်များ ပိတ်ရက်ရရှိရန် ၊နောက်ကျလျှင် လစာမဖြတ်ရန် ၊ခွင့်တိုင်ခွင့်ရရှိရန်၊ ရှားပါးစရိတ် သုံးသောင်းရရှိရန် တို့ပါဝင်သည့်  အချက် ၁၃ ချက် တောင်းဆိုခဲ့သည်။
ဆန္ဒပြအလုပ်သမ မသူက "လခနည်းတာရယ် တနင်္ဂနွေ အလုပ်ဆင်းရ တာရယ်ကို ပြောတာ၊  အထည်ကြေးကို အတိအကျမသိရဘူး၊  နေထိုင်မကောင်းလို့ရှိရင်လည်း လူမှုဖူလုံရေးဆေးခွင့်နဲ့ ယူလို့ရှိရင်လည်း ပိုက်ဆံ ဖြတ်တာပဲ " ဟုပြောသည်။
ဆန္ဒပြသည့် အလုပ်သမများအား အလုပ်ရှင်က တနင်္ဂနွေပိတ်ပေးရန် ၊ ရက်မှန်ကြေးငါးထောင်တိုးပေးရန်၊ အစိုးရရုံးပိတ်ရက်များ ပိတ်ပေးရန်၊ တစ်နှစ် ၆ ရက် ရရှိစေရန်၊ တစ်ထည်ကြေး ကြေငြာပေးရန် စသည့်တောင်းဆိုထားသည့် ၁၂ ချက် သဘောတူခဲ့သော်လည်း ရှားပါးစရိတ်သုံးသောင်း ပေးရန်ကိုမူ သဘောမတူဘဲ တစ်သောင်းသာတိုးပေးခဲ့သည်။
"ညီမတို့တောင်ဆိုတာအစ်မပေးနိုင်လို့ရှိရင်ပေးပါတယ် ။ တစ်သောင်းပေးမယ်နော်"ဟု ပုလဲအထည်ချုပ်ပိုင်ရှင် ဒေါ်စန္ဒာက ညှိနှိုင်းခဲ့သည်။
တစ်နှစ်လျှင်ကိုးလ အလုပ်ကောင်းချိန် တွင် လစာ ၆သောင်းကျော်ခန့်ရရှိပြီး ကျန်သုံးလ အလုပ်မကောင်းချိန်တွင် လစာ လေးသောင်းခန့်သာ ရရှိ သည့်အတွက် အလုပ်မကောင်းချိန်တွင် အစိုးရ၀န်ထမ်း အနိမ့်ဆုံးလစာ အတိုင်းငါးသောင်းလေးထောင်ခြောက်ရာ ပေးမည်ဟု ၎င်းက ပြောသည်။
သို့သော် ဆန္ဒပြအလုပ်သမများ ရှားပါးစရိတ် သုံးသောင်းမပေးသည့်အပေါ်ကြေနပ်မှုမရှိကြ အတွက် ဆက်လက်တိုင်ကြားသွားမည်ဟု ဆန္ဒပြအလုပ်သမများက ပြောသည်။
အလုပ်သမား ရေးရာပြဿနာများညှိနှိုင်းမှုနှင့်ပတ်သက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းနိုင်က "အလုပ်သမားရေးရာမူဝါဒနဲ့ တည်ဆဲ ဥပဒေတွေအရ လုပ်ပေးနေတယ်။ အလုပ်ရှင်နဲ့အလုပ်သမားမျှတသော ပြေလည်မှု ရရှိအောင် အလုပ်သမား ဥပဒေတွေအတိုင်း လုပ်ပေးနေတယ် "ဟု ပြောသည်။
လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြမှုအပြီး အလုပ်သမားဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိရာ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန အနေဖြင့် အလုပ်ရှင်အလုပ်သမား ပြဿနာ ၇ ခုခန့်ဖြေရှင်းပြီးခဲ့ပြီဖြစ်သည်။ 
အစိုးရက ယခုနှစ်ဆန်းတွင် အလုပ်သမား အသင်းအဖွဲ့ဖွဲ့စည်းရေး ဥပဒေကို ပြဋ္ဌာန်းအတည်ပြုပြီးနောက် အလုပ်သမား သမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်ရရှိလာကာ အလုပ်သမား ခံစားခွင့်ဥပဒေကိုလည်း မကြာသေးမီက အတည်ပြုပြဋ္ဌာန်းခဲ့သည်။        ။
Yangon Press International
ကျွန်းစုမြို့ နယ်မှာ NLD ကိုယ်စားလှယ်အား မထောက်ခံကြောင်း လက်မှတ်တွေ အတင်းအဓမ္မလိုက်လံစုဆောင်းနေ
Posted: 15 May 2012 01:59 PM PDT
ဒေါ်အောင်ဆန်းစုကြည် ကျွန်းစုမြို့ နယ် စည်းရုံးရေးခရီးသွားရောက်ခဲ့စဉ်
တနသာင်္ရီတိုင်း၊ကျွန်းစုမြို့နယ်သဲချောင်းကျေးရွာ(အမျိုးသားလွှတ်တော်အမတ်
ဦးကျားမောင်၊ကျွန်းစုမဲဆန္ဒနယ်၊စီးပွါးရေးလုပ်သောနေရာ)တွင်သဲချောင်းကျေးရွာ
အုပ်ချုပ်ရေးမှုးဦးလှအေး၊ပြည်ခိုင်ဖြိုးရပ်ကျေးအဆင့် အတွင်းရေးမှုးဦးသန်းရီ၊ကျေးရွာနေအမျိုးသားလွှတ်တော်အမတ်ဦးကျားမောင်၏
တပည့်ကျော်ဦးတင်ငယ်(ထိုင်းနိုင်ငံသို့တရားမ၀င်သစ်မှောင်ခိုကုန်ကူးနေသူ)
များကသဲချောင်းရွာသားများအားလက်မှတ်များကို အတင်းအဓမ္မ ယနေ့ညနှင့် ၁၆၊၅၊၂၀၁၂တွင်အပြီးလိုက်လံထိုးခိုင်းနေပါသည်။
ခေါင်းစဉ်မှာရွာသားများသည်ဒေါ်အောင်ဆန်းစုကြည်အားမဲပေးခြင်းဖြစ်သည်။
ဒေါ်တင်တင်ရီအားမဲပေးခြင်းမဟုတ်ဟုဆိုခြင်း။ ဒေါ်တင်တင်ရီနှင့်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်သည်ရွာသားများအားလမ်း၊တံတား။ကျောင်း၊ဓမ္မာရုံ။ဘိလပ်မြေများလုပ်ဆောင်ခြင်း၊
ပေးဆောင်ခြင်းမရှိ။ ပြည်ခိုင်ဖြိုးမှဦးချစ်သန်းမှသာလျှင်အာလုံးလုပ်ဆောင်ပေးနိုင်သည်။
ထို့ကြောင့် NLD မှ ဒေါ်တင်တင်ရီအားပြန်လည်ကန့်ကွက်ပြီး။ပြည်ခိုင်ဖြိုးမှဦးချစ်သန်းအား
ထောက်ခံပါသည်ဆိုသော အချက်များဖြင့်ရွာသားများအားအတင်းလိုက်လံလက်မှတ်
ထိုးခိုင်းနေပါသည်။ ယခုအချိန်ထိရွာသားများကလက်မှတ်ထိုးပေးခြင်းမရှိသေးကြောင်း။
၁၆၊၅၊၂၀၁၂ရက်နေ့မနက်ပိုင်းတွင်ထိုသူများမှအုပ်စု ၃ စုခွဲပြီးလိုက်လံ
ထိုးခိုင်းမည်ဖြစ်ပါကြောင်းကို ထိုရွာခံနှင့်တဆင့်ဖုန်းပြောထားသောအသံဖိုင်ကိုပူးတွဲပြီး
သတင်းတင်ပြလိုက်ပါသည်ခင်ဗျား။
ကျွန်းစုမြို့နယ်အခြားကျေးရွာများတွင်ပါထိုသို့လိုက်လံလုပ်ဆောင်နေပါကြောင်းကိုလဲ
ရွာခံများမှသတင်းပေးသည်။
မြိတ်မြို့ မှ  ကိုဥက္ကာ သတင်းပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံလုံးဝမချိတ်ရ
Posted: 15 May 2012 09:39 AM PDT
 ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ် အောင်ဆန်း
 ဓါတ်ပုံလုံးဝမချိတ်ရဟု ပါချုပ်(ဦးညီညီစံ)က အမိန့်ပေးပြီး တပ်ရဲများ အိမ်တိုင်ယာရောက်
လိုက်လံ ဖြုတ်သိမ်းခိုင်းနေကြောင်းသိရပါသည်။
မဖြုတ်လျှင် အလုပ်ဖြုတ်ပစ်မည် အလုပ်ပြုတ်ချင်သလားဟု ခြိမ်းခြောက် ပြောဆိုပြီး
ခိုးချိတ်ထားတာတွေ့ပါက အလုပ်ဖြုတ်ပစ်မည်ပြောပါသည်။
အဆိုပါလုပ်ရပ်နှင့်ပါတ်သတ်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ၀န်ထမ်းတဦး
က Myanmar News Now ကို အခုလိုပြောပြထားပါသည်---
(နိုင်ငံတော်သမ္မတကြီးနှင့် လွတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီစနစ်သို့ချီတက်ရာဝယ် လွှတ်လပ်စွာ
 ပြောဆို၊ရေးသား၊လုပ်ကိုင်နိုင်ခွင့် ရှိသည်ဟု ပြောဆိုပါလျှက် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလုံးဝ
မချိတ်ရဟု ပြောဆိုနေခြင်းသည် "ဘယ်လို ဒီမိုကရေစီလဲ?" ဤသို့ပြောဆိုနေသော ပါချုပ်
(ဦးညီညီစံ)ကိုရော ဒီမိုကရေစီစနစ်သစ် ချီတက်ရာဝယ် ထားသင့်ပါသလား?
 အချို့ စစ်တပ်လိုင်းခန်းများ နှင့်  အစိုးရဧည့်ဂေဟာများတွင်ပါ ဗိုလ်ချုပ်အောင်ဆန်း
ဓါတ်ပုံချိတ်ကြပါသည်။ ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
လိုင်းခန်းများတွင် မချိတ်ခိုင်းခြင်းမှာ အတော်မတရားပါသဖြင့် နိုင်ငံတော်အကြီးအကဲများ
 သိစေလိုကြောင်းပြောပြပါသည်။)
အလာတူ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော
 တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား
တစ်ဦးကလည်း  ၁.၅.၂၀၁၂ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတီရှပ် ဝတ်၍လာရာ
တပ်ရဲများရောက်လာပြီး အင်္ကျီချက်ချင်းချွတ်ခိုင်းပါကြောင်း၊ ပြန်လည်မေးမြန်းရာ
 ပါချုပ်(ဦးညီညီစံ)က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တီရှပ် ဝတ်ခွင့်မပြုဟုပြောပါသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတီရှပ်ကို နိုင်ငံတော်က ဝတ်ခွင့်မပြုတာပါလား?
ပါချုပ်(ဦးညီညီစံ)က မဝတ်ရဟု အမိန့်ပေးနိုင်ပါသလား?
မိမိကျောင်းဝန်း(ဗ.ဝ.တ)ထဲမို့ အမိန့်ပေးနိုင်တယ်ဆိုရင် ဘာ့ကြောင့်ပေးတာပါလဲ?
ကျွန်တော့်မှာ နိုင်ငံရေးလည်းနားမလည်ပါ ဗိုလ်ချုပ်ကိုချစ်လို့ ဝတ်မိပါတယ်
မိမိနိုင်ငံခေါင်းဆောင်ကို ချစ်လို့ဝတ်မိတာ အပြစ်ရှိပါသလား?
စတဲ့အချက်တွေကို အစိုးရအာဏာပိုင်များက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြော
ဆိုစေလိုကြောင်းလည်း ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော
 တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား တဦးက
ပြောဆိုထားပါသည်။
လျှပ်စစ်မီးဖြတ်တောက်ထားမှုအပေါ်ကျေနပ်မှုမရှိကြောင်း လူတစ်ထောင်ကျော်လက်မှတ်ရေးထိုးတောင်းဆို
Posted: 15 May 2012 09:14 AM PDT
ရန်ကုန်တိုင်း သုံးခွမြို့ နယ်မှာ ည(၁၂)နာရီကနေ နံနက်(၆)နာရီအထိသာ
လျှပ်စစ်မီးရရှိကြောင်းသိရပါတယ်။ ကျန်တဲ့အချိန်များမှာ လျှပ်စစ်မီးဖြတ်
တောက်ထားတာ လနှစ်ချီကြာမြှင့်နေပြီဖြစ်တာကြောင့် သုံးခွမြို့ ခံ ပြည်သူ
လူထု တစ်ထောင်ကျော်လက်မှတ်ရေထိုးပြီး မေလ(၁၄)ရက်နေ့ ၂၀၁၂
က ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ကို တောင်းဆိုစာ
တစ်စောင်ပေးပို့ ထားကြောင်းသိရပါတယ်။
သုံးခွမြို့ နယ်ကို ယခုလက်ရှိလျှပ်စစ်ဓာတ်အားဖြန့် ဖြူးပေးသည့်စနစ်နှင့်
ပါတ်သတ်၍ ကျေနပ်မှုမရှိပါသဖြင့် ဓာတ်အားအပြည့်အ၀ရရှိရေး အဆို
ပြုတောင်းဆိုထားတာဖြစ်ပါတယ်။
တောင်းဆိုစာပါ အသေးစိတ်အချက်အလက်တွေကို PDF File မှာ ဆက်
လက်ဖတ်ရှုနိုင်ပါတယ်။
Myanmar News Now
Thongwa EPC
၂၀၁၂ သင်္ကြန်သက်သာထောက်ပံ့ငွေများမရရှိကြောင်း တင်ပြခြင်း
Posted: 15 May 2012 08:50 AM PDT
သို့
ဦးရဲထွဋ်
ညွှန်ကြားရေးမှူးချုပ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံေ
ရးဦးစီးဌာန
နေပြည်တော်။
အကြောင်းအရာ။   ။ ၂၀၁၂ သင်္ကြန်သက်သာထောက်ပံ့ငွေများမရရှိကြောင်း တင်ပြခြင်း။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံေ
ရးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ
ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းသည် ရှမ်းပြည်နယ်တစ်ခုလုံးရှိ
ဝန်ထမ်းများအား ရုံးချုပ်နှင့်ဝန်ကြီးမှ ထောက်ပံ့ပေးသော
သင်္ကြန်ထောက်ပံ့ကြေးငွေများကို ယနေ့ထိ မြို့နယ်အားလုံးကို
ထုတ်ပေးထားခြင်းမရှိဘဲ လက်မှတ်များကို အတင်းအဓမ္မထိုးပြီး ရုံးချုပ်သို့
ပေးပို့လျှက်ရှိပါသည်။ 
အထက်ဌာနအကြီးအကဲမှ
ထောက်ပံ့ပေးသောငွေကျပ်(၂၀၀၀ိ)နှ
င့်(၁၀၀၀ိ)တို့သည် တန်ဖိုးမရှိသော်လည်း
ဝန်ကြီးမှထောက်ပံ့သောငွေ ဖြစ်သောကြောင့် လိုချင်သည့်ဆန္ဒရှိပါသည်။
အထက်ကိုဖား အောက်ကိုဖိသော စနစ်များမှာ ယနေ့ထိ ပြန်/ဆက်ရုံးတွင်
ရှိနေပါသေးသလားဆိုတာ သက်သေပြနေပါတယ်။ ပြည်သူ့ဆက်ဆံရေးအရာရှိ မပီသတဲ့
အရာရှိကို လူကြီးမင်းတို့ ဒီအတိုင်းဘဲ ကြည့်နေမှာလား၊
အမြန်ဆုံးအရေးယူပေးသင့်ကြောင်း တင်ပြအပ်ပါသည်။
မိတ္တူကို-
        - သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
တာ်၊ သမ္မတရုံး၊ နေပြည်တော်။
ငွေများရာ တရားနိုင်သည့်အမှု
Posted: 15 May 2012 08:43 AM PDT
ရေစကြိုမြို့နယ် ပေကုန်း-တမာတန်းကွက်သစ် မြေများတွင် မြေယာပိုင်နှင့် စလစ်ပိုင်တို့ အကြား တရားပြိုင်ဖြစ်နေကြရာ ငွေများရာ တရားနိုင်သည့်အမှုတစ်ခု(၄.၅.၁၂နေ့က)ဖြစ်ပေါ်ခဲ့သည်။
    မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ပေကုန်းကျေးရွာနှင့်တမာတန်းလမ်းဆုံအကြားတွင် ၁၉၉၅ခု နှစ်က စတင်ပြီး တိုးချဲ့မြို့ကွက်သစ်အဖြစ်သတ်မှတ်ခါ လျှောက်ထားသူများအား သပ်မှတ်တန်ကြေး များဖြင့် အိမ်ဝိုင်းစလစ်များကို ရောင်းချပေးခဲ့ပါသည်။တစ်ကွက်လျှင်ပေ၆၀xပေ၄၀ ရှိပြီး ၂၀၀၃ခုမတ်လ၃၁ ရက်နေ့က သပ်မှတ်တန်ဘိုးကျပ် လေးသောင်းနှုန်းဖြင့် ပခုက္ကူ(ခယက)ရုံးသို့ ပေးသွင်းကြကာ မိမိအိမ်ဝိုင်းကို အတည်ပြုစေ ခဲ့ကြရပါသည်။ မူလယာမြေပိုင်ရှင်များအားလည်း ကျေးရွာလူကြီးမှတဆင့် ထိုက်သင့်သော နစ်နာကြေးများပေးစေကာ မြေပိုင်ရှင်နှင့် အိမ်ဝိုင်းသစ်ပိုင်ရှင်တို့အကြားတွင် နှစ်ဘက်ပြေလည်မှုရစေခဲ့ပါ သည်။ သို့သော်.. အချို့ယာမြေရှင်များနှင့် အိမ်ဝိုင်းမြေကွက်ဝယ်ယူသော စလစ်ပိုင်ရှင်များကြားတွင် ညှိနိုင်းပြေလည်မှုမရှိကြဘဲ တရားရုံးသို့အမှုဖွင့်တိုင်တန်းကာ ဖြေရှင်းနေကြရပါသည်။ယင်းတွင်တရားသူကြီးတို့အကြိုက် ငွေလိုက်နိုင်သူကိုနိုင်စတမ်းဖြစ်နေကြပါသည်။
    ဖြစ်ရပ်(၁)။    ။၂၀၀၇-၂၀၀၈ခုနှစ်က မြေရှင်ဦးဇော်ခင်နှင့် အိမ်ဝိုင်းဝယ်သူ ဒေါ်ဝင်း တို့အမှုဖြစ် ပွားခဲ့ပါသည်။ မြေရှင်ဘက်မှ ရှေ့နေ ဦးကျော်လွင်လိုက်ပါခဲ့ပြီး၊ အိမ်ဝိုင်းဝယ်သူစလစ်ပိုင်ရှင်ဘက်မှ ရှေ့နေဦးကံပေါ် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။ ထိုအမှုတွင် အိမ်ဝိုင်းဝယ်သူ စလစ်ပိုင်ရှင်ဦးဒေါ်ဝင်းကို အနိုင်ပေး လိုက်ပါသည်။ယင်းအမှုကို ဇာရီမှုအမှတ်(၄/၂၀၀၈)ဟု အမည်ပေးထားပါသည်။ယင်းတွင် မြေယာရှင်ဘက်မှ လိုက်ပါဆောင်ရွက်ပေးသူအကျိုးဆောင်ရှေ့နေဦးကျော်လွင်လည်း မျက်နှာမရဖြစ်ခဲ့ရပေသည်။ ထိုစဉ်က ရေစကြိုမြို့နယ်တရားရုံးတွင် ဆုံးဖြတ်ပေးသူတရားသူကြီးမှာ ဦးညိုဌေး ဖြစ်ခဲ့ပါသည်။
    ဖြစ်ရပ်(၂)။    ။၂၀၁၁ ခု၊သြဂုတ်လတွင် တရားမကြီးမှုအမှတ် ၂၆/၂၀၁၁ အဖြစ် စလစ်ဝယ်ထားသူ ဒေါ်ညိုညိုဝင်းနှင့် မြေရှင်ဆိုသူ ဒေါ်ကြည်ဝင်းတို့အမှုဖြစ်ခဲ့ပါသည်။
    ဒေါ်ညိုညိုဝင်းက တမာတန်းကွက်သစ်မြေမှ အကွက်အမှတ် စီ-၁။ဦးပိုင်အမှတ် ၂၇၁နှင့်၂၇၂ တို့ကို ရေစကြိုမြို့နယ် မြေစာရင်းဦးစီးဌာန၏ ပုံစံ ၁၀၅၊နှင့် ၁၀၆တို့ကို ရရှိထားကာ ခရိုင်မြေယာချထားပေးရေး ကော်မတီထံသို့ ကျသင့်တန်ဖိုးကျပ် လေးသောင်းစီကို အကွက် ၂၇၁အတွက် ၃၁.၃.၂၀၀၃နေ့နှင့် ၂၇၂အတွက် ၂၀.၅.၂၀၀၃ နေ့များကပေးချေရယူထားခဲ့သူဖြစ်သည်။
    တရားပြိုင်ဒေါ်ကြည်ဝင်းကလည်း အဆိုပါမြေကွက်များကို သူမ၏ဘတော်သူဦးကျော်ဒင်ထံမှ ၂၀၀၈ခုကထဲကရယူထားခဲ့ပါသည်ဟုဆိုကာတရားရင်ဆိုင်ပါသည်။
    ၄.၅.၂၀၁၂နေ့က မြို့နယ် ဒုတရားသူကြီး ဦးပြည့်ဖြိုးဆွေ(ဘ)ဦးမြင့်ဆွေ ကမြေပိုင်ရှင် ဆိုသူဒေါ်ကြည်ဝင်း (တမာတန်း ဓာတ်ဆီဆိုင်ရှင်)အားအနိုင်ပေးကာ စလစ်ပိုင်သူ ဒေါ်ညိုညိုဝင်း (စိတ္တသုခ၊ရေစကြို)အားထိုမြေကွက်များကို သူမပိုင်ပါသည်ဟုကြေငြာမပေးဘဲအ ရှုံးကိုသာပေးလိုက်ပါသည်။ ဒေါ်ညိုညိုဝင်းဘက်မှ အကျိုးဆောင်ရှေ့နေ ဦးကျော်လွင်က လိုက်ပါခဲ့ပြီး ဒေါ်ကြည်ဝင်းဘက်မှ အကျိုးဆောင်ရှေ့နေဦးခင်ဝကလိုက်ပါဆောင်ရွက်ပေးခဲ့သည်ဟုသိရပါသည်။
    ယင်းအမှုများတွင် ရေစကြို တစ်မြို့တည်းကတစ်ခုတည်းသောတရားရုံးတွင် တမာတန်းကွက်သစ် မြေတစ်နေရာတည်းမှာပင်မြေရှင်နှင့်အိမ်ဝိုင်း ၀ယ်ယူသူ(စလစ်ပိုင်ရှင်)တို့အကြားမှာ ပထမအမှုက စလစ်ပိုင်ရှင်ကိုနိုင်စေပြီး၊ ဒုတိယအမှုမှာ စလစ်ပိုင်ရှင်ကို ရှုံးစေခဲ့ပြီဖြစ်သည်။ အကျိုးဆောင်ရှေ့နေ ဦးကျော်လွင်မှာ သူလိုက်ပါဆောင်ရွက်သောဘက်တိုင်းမှာ အရှုံးနှင့်ရင်ဆိုင်နေခဲ့ရရာ သူလည်း အတော်နာမည်ပျက်စရာဖြစ်နေပေသည်။ယင်းအမှုကိုသုံးသပ်ကြည့်ရာ …
    မြို့နယ်တရားရုံးမှ ဒု-တရားသူကြီး ဦးပြည့်ဖြိုးဆွေ ထံသို့ မြေကွက်ပိုင်ရှင်ဒေါ်ကြည်ဝင်းက ကြိုတင်ငွေကျပ်၅သိန်းပေး လပ်ထိုးခဲ့သည်ဟုတရားလိုဘက်ကပြောလာပါသည်။ထိုပြင်ဒုတရား သူကြီးဆိုသူသည်အရက် အလွန်အကျွံသောက်ပြီး အမှုသည်များထံမှ ငွေကြေးတောင်းခံလပ်စားမှုများ နေသည်ဟု၎င်း၊ သူသည် ချိန်ဘာဆင်းလာနေသော အလုပ်သင်ရှေ့နေမကလေးမရီရီလွင် နှင့်သားသမီးပေါ်ခဲ့ရာမှ တိတ်တဆိပ် လက်ထပ်ယူထားခဲ့ပြီး ယင်းကိုယ်ဝန်ရှိမိခင်ကို အချိန်မရွေး နှိပ်စက်အနိုင်ယူ လေ့ရှိခြင်း၊ဗိုက်ကိုကန်လိုက်၍ ယင်းကိုယ်ဝန်ပျက်ခဲ့ရခြင်း။ သူမူးလာလျှင် အိမ်သို့ညဉ့်အိပ်အလည်လာသည့် ဖခင်( ဦးမြင့်ဆွေ)ကိုပင် ဆဲဆိုရိုက်နှက်ကာ မကြားဝန့်မနာသာ ပြောဆိုနေတတ်သည်ဟု နီးရာရုံးဝန်ထမ်းများက ပြောဆိုနေကြခြင်း…စသည်..စသည်.. တို့ကြောင့်၊
    ….နိုင်ငံတော်မှ လျှောက်လှမ်းနေသော ကောင်းသောအုပ်ချုပ်မှုနှင့်သန့်ရှင်းသောအစိုးရဖြစ်စေရေး ၊တရားဥပဒေစိုးမိုးရေး…၊တရားရေးမဏ္ဍိုင်တည့်မတ်စေရေး.. ဟူသော ရည်ရွယ်ချက်များနှင့် များစွာဆန့်ကျင် နေပြီဖြစ်ပါသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူတို့မှ ရေစကြိုမြို့နယ်တရားရုံးနှင့်တရားသူကြီး ဦးပြည့်ဖြိုးဆွေ အားလာရောက်စစ် ဆေးကာ သန့်ရှင်းပေးပါမည့်အကြောင်း တာဝန်သိပြည်သူတစ်ဦး ကတင်ပြအပ်ပါသည်။  
အမှုအတွက် အောက်ပါပုဂ္ဂိုလ်များသို့ ထပ်မံမေးမြန်းစုံစမ်းနိုင်ပါသည်-
၁။ဦးကျော်လွင်၊အကျိုးဆောင်ရှေ့နေ။ ဖုန်း ၀၆၂ ၃၀၅၉၄။
၂။ဦးမော်စီ၊ဒေါ်ညိုညိုဝင်း၊ ဖုန်း ၀၆၂၃၀၃၅၇။၃၀၇၅၄။ ၀၉ ၆၈၀၄၃၄၇။၀၉၂၃၀၀၀၇၄။
၃။ဦးချစ်ဆွေ။ဒု ဦးစီးမှူး။မြို့နယ်မြေစာရင်းဦးစီးဌာန။ဖုန်း ၀၆၂၃၀၂၃၆။
မော့တောင်ကျေးရွာ NLD ရုံးဖွင့်ပွဲ
Posted: 15 May 2012 08:36 AM PDT
မေလ(၁၁)ရက်နေ့ က မော့တောင် NLD ရုံးဖွင့်လှစ်စဉ်
တနသာင်္ရီတိုင်းဒေသကြီး၊တနသာင်္ရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စု၊မော့တောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မေလ (၁၁)ရက်နေ့  11.5.2012ရက်နေ့၊နံနက်၉နာရီအချိန်တွင်မော့တောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်ဦးအောင်ရွှေနှင့်ဦးမောင်နိုင်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါသည်။
၎င်းနောက်နိုင်ငံတော်နှင့်အဖွဲ့ချုပ်အလံတော်အားအလေးပြုခြင်း၊ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း၊တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် ဦးသန်းထွန်းနှင့်တနသာင်္ရီမြို့နယ်မှအဖွဲ့ဝင်တစ်ဦး၊မော့တောင်ကျေးရွာမှအဖွဲ့ဝင် တစ်ဦးတို့မှအမှာစကားပြောကြားပြီးနောက်အခမ်းအနားကိုနေ့လည်(၁၁)နာရီအချိန် ခန့်တွင်ရုတ်သိမ်းလိုက်ပါသည်။
အခမ်းအနားသို့တက်ရောက်လာသောဧည့်သည်တော်များနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖတို့အားကြာဇံဟင်းခါးနှင့်လက်ဖက်ရည်တို့ကိုဧည့်ခံကျွေးမွေးခဲ့ ကြောင်းသိရပါသည်။
Myanmar News Now
အင်းဂေါင်းကန်ထိပ်ရှိ မြေကွက်များရောင်းချမှုကြောင့် အင်းဂေါင်းကန်ရေညစ်ညမ်းနေ
Posted: 15 May 2012 08:18 AM PDT
ရှမ်းပြည်နယ် ရပ်စောက်မြို့ နယ် အင်းဂေါင်း ကန်ထိပ် အိမ်ဝိုင်းတွေ လွယ်ကိုးရွာ
အုပ်ချုပ်ရေးမှူး ဦးရဲဝင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်စိုးလွင် မြို့နယ်မြေစာရင်မှူး
ဦးခင်မောင်ဝင်း နဲ့ အဖွဲ့တို့ သည် မြေတကွက် သိန်း၂၀ ကျပ်ဖြင့် ရောင်းစား နေပါသဖြင့်
 အင်းဂေါင်းကန် ရေထွက် လည်း ညစ်ညမ်း နေတယ်လို့ သိရပါတယ်။
"အင်းဂေါင်းကန် ရေထွက်လည်း ခန်းခြောက်တော့မည့် အခြေအနေသို့ ရောက်နေပါပြီး
ဝိုင်းဝန်းထိန်းသိမ်းမှ ကန်ရဲ.အခြေအနေဟာလဲ ပျက်ဆီးခြင်းကိုမရောက်မှာပါ။
ကိုဇေမောင် က Myanmar News Now ကိုပြောပြပါတယ်။
ရပ်စောက်မြို.မှ အင်းဂေါင်းကန်ထိပ်ရှိ မြေကွက်များရောင်းချမှုကြောင့် အင်းဂေါင်းကန်ရေညစ်ညမ်းနေပုံများဖြစ်ပါတယ်။