[mrsorcerer:26536] Fwd: [လူဗိုလ်ဟူသည် ...] တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့အခါ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/19
Subject: [လူဗိုလ်ဟူသည် ...] တောင်တန်းကြီးတွေ အရောင်ပြောင်းသွားတဲ့အခါ
To: lubo601@gmail.com



by ဂျူး - Ju on Wednesday, May 9, 2012 at 9:12pm 

  
အဖေသည် လောကတွင် ဘယ်သူ့ကိုမှ မယုံကြည်။
သူ့သားအရင်း ကျွန်တော့ကိုပင် မယုံကြည်ပါ။


တစ်ခုခုတော့ မှားယွင်းနေပြီထင်သည်။ သည်ည အဘိုးကြီး ပြန်လာသည်ကို မမြင်ရသေးပါ။ သူ့ကို အဘိုးကြီးဟူသော အသုံးအနှုန်းဖြင့် ကျွန်တော်သတိရနေသည်ကို သိလျှင် အဖေ ဘယ်လောက်များ ဒေါပွလိုက်မလဲ။

တကယ်တော့လည်း အဖေ အဘိုးကြီး ဖြစ်နေပါပြီ။

                                                                            -----------------------------

ကျွန်တော့အိမ်ရှေ့မှ ညတိုင်းဖြတ်ပြီး အိမ်ပြန်သွားလေ့ရှိသော အဖေ့ကို ကျွန်တော် မုန့်ဟင်းခါးဖိုမှာ အလုပ်ရှုပ်နေသည့်ကြားက အမြဲစောင့်ကြည့်ဖြစ်ခဲ့သည်။ မုန့်နှစ် ကြိတ်သည့်ကြိတ်စင်ကြီးကိုကွယ်၍သော်လည်းကောင်း၊ မုန့်ညှစ်သည့် ညှစ်စင်ကိုကွယ်၍သော်လည်းကောင်း ဖြစ်သည်။ ကျွန်တော့အိမ်ခြံဝင်းရှေ့မှာ ကြီးကြီးမားမားသစ်ပင်မရှိသဖြင့် လမ်းပေါ်ကို အတိုင်းသားမြင်နေရပါသည်။ လရောင် ကြယ်ရောင်အောက်မှာပေမယ့် မှောင်ရီဝိုးတ၀ါး သဘာဝည အလင်းရောင်ဖြင့် အဖေ့ကို အဖေပဲဟု ကျွန်တော်အမြဲသိနေခဲ့သည်။ သိလိုက်တိုင်းလည်း ကွယ်စရာတစ်ခုခုဖြင့် ပုန်းကွယ်၍ ကျွန်တော် အကဲခတ်ကြည့်မိမြဲဖြစ်သည်။ အဖေနေကောင်းရဲ့လား၊ လမ်းလျှောက်တာပုံမှန် ဟုတ်ရဲ့လား ။ အဖေ့စိတ်တွေ ဆူပွက်ဒေါသကြီးနေခဲ့သလား။ သို့မဟုတ် အနည်းငယ် ကြည်လင်နေခဲ့သလား။

မခံချင်စရာကောင်းသည်မှာ အဖေသည် အိမ်ရှေ့က ဖြတ်လျှောက်တိုင်း ဘယ်သောအခါမျှ ကျွန်တော့ခြံဝိုင်းဘက်သို့ စောင်းငဲ့ကြည့်ဖော် မရခြင်းပင်ဖြစ်သည်။ ဘာသိဘာသာ ကျော်ဖြတ်ပြီး စောင်းငဲ့မကြည့်တာတော့ မဖြစ်နိုင်ပါ။ ဆီးပေါင်းထုတ် လုပ်သောအိမ်နှင့် ပဲလှော်ဖိုအကြားက ခြံဝိုင်းမှာ ကျွန်တော်နေထိုင်နေကြောင်း လွန်ခဲ့သည့် နှစ်တွေကတည်းက၊ အမေအသက်ရှိစဉ်ကတည်းက အမေပြန်ပြောပြလို့ အဖေသိနေခဲ့မှာပါ။ မကြည့်ရသည်မှာ မကြည့်ဖြစ်ဖို့ စိတ်ကိုဆုံးဖြတ်ထားလို့သာဖြစ်ရမည်။ အဲသည်လို မဟုတ်ဘူးဆိုလျှင် လပေါင်းများစွာ၏ ညပေါင်းများစွာအနက် တစ်ညတလေတော့ အမှတ်တမဲ့ အိမ်ဘက်သို့ မျက်လုံးအကြည့်ရောက်လာမှာပဲ။ လုံးဝ စောင်းငဲ့မကြည့်ဘူးဆိုတော့ အဖေ ကျွန်တော့အပေါ် ဒေါသကြီးနေဆဲ၊ အမှတ်တညာထားဆဲ၊ မာနကြီးဆဲ ဟု ယူဆရပါသည်။ တစ်နည်းတော့လည်း ဟောသည့်အိမ်တွင် သူစိတ်ဆိုးသော သားတစ်ယောက်နေထိုင်လျက်ရှိသည်ဟု ညတိုင်း ညတိုင်း အဖေ သတိရနေခဲ့လိမ့်မည်။ အဖေ့ဘ၀ထဲမှ ကျွန်တော် အပြီးတိုင်ထုတ်ပယ်မခံရသေးဘူး။ အဲသည့်အတွက် မခံချင်သည့်ကြားမှ စိတ်သက်သာရပါသည်။

ဒီည ကျွန်တော်မမြင်လိုက်ဘဲ အဖေပြန်သွားလိုက်တာလား။ အဲသည်လိုလည်း မဖြစ်နိုင်ပါ။ ယခုလို ညရှစ်နာရီနှင့် ကိုးနာရီကြားတွင် အဖေ ဆန်စက်မှ အိမ်သို့ ပြန်တတ်မှန်းသိ၍ အမြဲသတိထားပြီး အလုပ်လုပ်နေခဲ့တာမို့ မမြင်လိုက်ဘဲ လွတ်သွားစရာတော့အကြောင်း မရှိပါ။ မုန့်ကြိတ်စင်အတွက် ရေလိုလို့ ရေတွင်းဆီ သွားငင်လိုက်တုန်းကများ ပြန်သွားသလား။ ရေတွင်းမှာ ရေငင်တုန်းကလည်း ကျွန်တော် သည်ဘက်သို့ လှည့်၍ရပ်နေခဲ့ခြင်းဖြစ်သည်။ ရိပ်ခနဲ လူသဏ္ဌာန်တစ်ခုတွေပလျှင် မျက်စိက အလွယ်တကူ လမ်းဘက်သို့ လှမ်းကြည့်နိုင်ဖို့ဖြစ်သည်။ အဖေ့ကို ကျွန်တော်လွတ်သွားခဲ့တာ မဟုတ်။ အဖေ ညကိုးနာရီထိအောင် အိမ်ရှေ့က ဖြတ်ပြန်မသွားသေးတာသာ ဖြစ်သည်။ 

ဘာကြောင့်လဲ ၊ အလုပ်တွေ မပြတ်သေးတာလား။ အရင်ကလိုပင် အဖေလောဘတကြီး အလုပ်လုပ်နေဆဲလား၊ အဖေ့လောဘကြောင့် အဖေ့အလုပ်သမားတွေပါ ညဥ့်နက်အောင် အလုပ်ဆင်းနေရပြန်တာလား။ သို့မဟုတ် အဖေ နေမကောင်းဘူးလား။
 

အမေကွယ်လွန်ပြီးနောက် အဖေ့ အနားမှာ ဘယ်သူရှိနေပါ့မလဲ။

ဘယ်သူမှ မရှိဘူးဆိုလျှင်လည်း အရင်းခံမှာ အဖေ့ကြောင့်သာ ဖြစ်လိမ့်မည်။

အဖေသည် လောကတွင် ဘယ်သူ့ကိုမှ မယုံကြည်။ သူ့သားအရင်း ကျွန်တော့ကိုပင် မယုံကြည်ပါ။
 

                                                                 @@@@@@@@@@@@@@@


ဆန်စက်တွေရှိရာ စက်တန်းရပ်ကွက်အစွန်းထိ ဧရာဝတီမြစ် ရေတက်သော နှစ်ကစ၍ အဖေနှင့် ကျွန်တော်၏ ပဋိပက္ခ စခဲ့သည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းပိတ်၍ရွာပြန်ရောက်နေခဲ့၏။

အဖေ့စက်သည် ဤရွာတွင် ဒုတိယနောက်ဆုံးတည်ထောင်သော စက်ဖြစ်၍ ရပ်ကွက်အစွန်တွင် တည်ဆောက်ခဲ့ရသည်။ ဟိုဘက် အစွန်ဆုံးစက်က တစ်နှစ်အတွင်း ရပ်သွားခဲ့သဖြင့် စက်အဆောက်အအုံ အခွံသက်သက်သာ မဖျက်ရသေးဘဲကျန်နေခဲ့၏။ ထို့ကြောင့် မြစ်ရေသာ ဆက်ပြီး တိုးလာခဲ့လျှင် အဖေ့ဆန်စက်ထဲက ဆန်တွေ စပါးတွေက အရင်ဆုံး ရေမြုပ်ရမည့် ကုန်ပစ္စည်းတွေ ဖြစ်နေသည်။ စက်ထဲ ရေရောက်လို့ကတော့ အဖေ့ကြိတ်လက်စဆန်တွေ စပါးတွေ ရေထိတော့မည်။ အဖေ့စက်က အငှားကြိတ်စက်ရုံသက်သက်မဟုတ်ဘဲ စပါးဝယ်လှောင်ကာ ကြိတ်သောစက်လည်း ဖြစ်သဖြင့် ဆုံရှုံးရမည့် ပစ္စည်းတန်ဖိုးမှာ တော်တော်များသည်။ ထိုအခါ မြစ်ရေတိုးနှုန်း မြန်သည်နှင့်အမျှ မိမိက လှုပ်ရှားဆောင်ရွက်တာလည်း မြန်ဖို့ လိုသည်။ စက်ကြမ်းခင်းမှာ ပုံထပ်ထားသော ဆန်အိတ်များကိုရေလွှတ်ရန် အလျင်အမြန် သစ်သားစင်တစ်ခု ခိုင်ခိုင်ရိုက်ပြီး ထိုစင်ပေါ်သို့ ပြောင်းရွှေ့ပုံရသည်။ အဖေ့အလုပ်သမားများ အားလုံး ထိုနေ့က ည ဆယ်နာရီထိုးသည်အထိ အလုပ်လုပ်ရသည်။

အဲသည့်အချိန်မှာ ကျွန်တော် စက်ထဲမှာ ရှိနေခဲ့တာ အဖေကံဆိုးသွားခြင်းဖြစ်၏။ အင်းလေ အဖေ ကံဆိုးတာမဟုတ်ဘဲ ကျွန်တော် ကံဆိုးတာလည်း ဖြစ်နိုင်ပါသည်။

အဖေ့ အလုပ်သမားတွေ နှစ်မျိုးနှစ်စားရှိ၏ ။ လခစား စက်အလုပ်သမားနှင့် နေ့စား အထမ်းသမားများဖြစ်သည်။ အဖေက သူ့စပါးတွေ ဆန်တွေကို တစ်ညနေတည်းနှင့် ရေလွတ်ရာသို့ ပို့နိုင်ရန် အလုပ်သမား နှစ်မျိုးလုံးကို ခိုင်းခဲ့သည်။ ည ဆယ်နာရီထိုးသဖြင့် လုပ်ခငွေရှင်းသောအခါ နေ့စားအလုပ်သမားများကို တစ်နေ့တာအတွက် ရှစ်ဆယ်ကျပ်စီ ရှင်းပေးပြီး လခစားများကို လက်ဖက်ရည်ဖိုးဟု သုံးဆယ်စီ ပေးသည်။ အလုပ်သမားတွေကလည်း ဘာမျှ စောဒကမတက်ဘဲ အဖေပေးသမျှငွေကိုလက်ခံပြီး ပြန်ဖို့စီစဉ်ကြသည်။ လက်မခံနိုင်သည်က ကျွန်တော်ဖြစ်သည်။

" အဖေ အခုဟာက ညဆယ်နာရီကျော်ပြီနော် "

အဖေက ကျွန်တော့အား မျက်မှောင်ကြုတ်ကြည့်သည်။

" ဆယ်နာရီနဲ့ ဆယ့်ငါးမိနစ်လေ "

" ဒီအချိန်ထိအောင် အဖေ့အလုပ်သမားတွေကို ခိုင်းရင် အဖေ အချိန်ပိုဆင်းခ ပေးရမှာပေါ့ " ကျွန်တော် တိုးတိုးပြောမိ၏။ အဖေ မျက်လုံးပြူးသွားကာ ကျွန်တော့ပခုံးကို ဆွဖြက်ပြီး သူအနားယူနေကျ သူ့ရုံးခန်းဆီသို့ ဇွတ်ဆွဲခေါ်သွားသည်။

" မောင်ဌေးရေ . . . လူကုန်ရင် ၀င်းတံခါးပိတ်ထားလိုက်တော့ "

ညစောင့်အလုပ်သမားလေးအား လှမ်းအော်လိုက်ပြီး ကျွန်တော့ကို အခန်းထဲသို့ ဆွဲသွင်း၏။ ကျွန်တော်တို့နှစ်ယောက်စလုံး အထဲရောက်သောအခါ အဖေက တံခါးစေ့လိုက်သည်။

" အဖေ လက်ဖက်ရည်ဖိုး ပေးလိုက်တာ မင်းမမြင်ဘူလား "

" သုံးဆယ်စီပေးလိုက်တာ မြင်ပါတယ်၊ အဲဒါ နည်းတယ်အဖေ "

" ဟေ . . . တစ်နေ့လုံး လုပ်တာမှ ကိုးဆယ်ပဲ ရတဲ့ အလုပ်သမားကို လက်ဖက်ရည်ဖိုး သုံးဆယ်ပေးတာ နည်းတယ် ဟုတ်လား "

" နည်းတယ်အဖေ၊ အလုပ်သမားဥပဒေနဲပ ရပိုင်ခွင့် သတ်မှတ်ချက်တွေအရဆိုရင် အချိန်ပို တစ်နာရီစာက မူရင်းအလုပ်ချိန် တစ်နာရီစာ လုပ်ခထက် နှစ်ဆ၊ ဒါမှမဟုတ် သုံးဆ . . . "

" တော်ပြီ "

အဖေက ကျွန်တော့စကားကို အဆက်မခံဘဲ ခပ်တင်းတင်းပိတ်၍ အော်လိုက်သည်။

" မြို့သွား ကျောင်းတက်ရတယ်ဆိုပြီး မတော်တခေါက် အသိအမြင်လေးတွေနဲ့ ငါ့လာဆရာမလုပ်နဲ့၊ အခု ခိုင်းလိုက်ရတဲ့ အချိန်ပိုက ထွက်ကုန်တိုးဖို့ ငွေမြတ်ဖို့မဟုတ်ဘူး၊ ဒီစက်ရုံရဲ့ ပစ္စည်းတွေ မပျက်စီးအောင် ထိန်းသိမ်းဖို့လုပ်ရတာ၊ ဒီအချိန်ပိုကြောင့် ငါတစ်ပြားမှ ငွေပိုမ၀င်လာဘူး "

အဖေက သူ့ရုံးစားပွဲပေါ်က လယ်ဂျာစာအုပ်ပုံကို လက်ဝါးနှင့် ခပ်ဆတ်ဆတ်ရိုက်ထည့်လိုက်သည်။

" ဒါပေမဲ့ အဖေ့ဆန်တွေ စပါးတွေ ရေမစိုဖို့လေ၊ အဖေ့အကျိုးအမြတ်အတွက် သူတို့ လုပ်ပေးရတာလေ ကဲ သူတို့မရှိဘူး ၊ ဒါမှမဟုတ် မလုပ်ဘူးဆိုရင် ကျွန်တော်နဲ့ အဖေနဲ့ ဒီပစ္စည်းတွေကို မပျက်စီးအောင် ဘယ်လိုရွှေ့မလဲ၊ သူတို့ လုပ်ပေးလို့သာ "

အဖေ ကျွန်တော့ကို မျက်လုံးပြူးကြည့်ပြန်၏။

" ဟ ကံကြီးမောင်၊ မင်းက ငါ့ကို ဒီအိတ်တွေ ထမ်းစေချင်သေးလို့လား၊ ငါ့လို စက်ပိုင်က စပါးတွေ ထမ်းရမှာလား " သူ့ရင်ဘတ်သူ လက်မဖြင့် ညွှန်ပြ၍ ဒေါသတကြီး မေးသည်။

" မဟုတ်ပါဘူး အဖေ၊ အဖေ မထမ်းရအောင် သူတို့ကို ငှားထားတာပဲ၊ အခု သူတို့ ထမ်းပေး သယ်ပေးခဲ့တာလေ၊ ကျွန်တော်ပြောချင်တာက သူတို့သာ မလုပ်ပေးခဲ့ရင် . . . "

" သူတို့ မလုပ်လို့ ဘယ်ရမလဲ၊ သူတို့မလုပ်ရင် ထမင်းငတ်သွားမှာပေါ့၊ တစ်နေ့ ရှစ်ဆယ် ကိုးဆယ်မရရင် သူတို့ ဘာနဲ့သွားစားမလဲ၊ သူတို့မှာ လယ်မရှိဘူး ၊ ပညာမရှိဘူး၊ ထမ်းဖို့ ပိုးဖို့ ပခုံးပဲ ရှိတယ်၊ သူတို့ မလုပ်လို့ရမလား၊ သူတို့ မလုပ်ချင်ရင် ထွက်လေ၊ ရွာထဲမှာ လုပ်ချင်တဲ့သူတွေ ရိုက်သတ်လို့တောင် မကုန်ဘူး၊ တစ်ယောက်ထွက်ရင် တစ်ယောက်ဝင်မှာပဲ ရှင်းလား "

ရှင်းပါသည်။ အဖေ့စိတ်သဘောထားကို အဲသည့်အချိန်ကျမှ သိလိုက်ရခြင်းအတွက်လည်း ကျွန်တော်တုန်လှုပ်သွားခဲ့ပါသည်။

ကျွန်တော့က အဖေ့ကို ဒေါသကြီးသူဟုသာ သိထားခဲ့သည်။ အတ္တကြီးသူဟု မသိခဲ့။ စည်းစနစ်ကြီးသူဟုသာ သိထားခဲ့သည်၊ စေးကုတ်သူဟု မသိခဲ့။

" သူတို့ အချိန်ပိုလုပ်ရတဲ့ အချိန်မှာ ငါ သူတို့ကို အငတ်ထားလို့လား၊ မုန့်ရေ နဲ့ အကြော်နဲ့ ရေနွေးကြမ်းနဲ့ ကျွေးတာ မင်းမမြင်ဘူးလား "

ကျွန်တော် ဘာမှ ပြန်မပြောမိအောင် ထိန်းချုပ်ထား၏။ အဖေ့ မုန့်ရေနဲ့ အကြော်က သူတို့ ဗိုက်ဝဖို့မပြောနဲ့ နံတောင်စွတ်မှာ မဟုတ်ဘူးဟု ပြောလိုက်လျှင် အဖေ ကျွန်တော့ဇက်ပိုးအုပ်ကောင်းအုပ်လာနိုင်သည်ဟု ဆင်ခြင်မိသောကြောင့် ဖြစ်သည်။

တကယ်တော့ အဖေ့ကို နေ့စား အလုပ်သမားလုပ်ခ်ညလး ကျွန်တော် ဆွေးနွေးချင်ခဲ့သည်။ နံနက်၈ နာရီမှ ညနေ ၆ နာရီလောက်ထိ လုပ်ရသော လူတစ်ယောက်၏ တစ်နေ့လုပ်ခ ၈၀ ဆိုတာ မျှတသလား၊ မမျှတဘူးလား ကျွန်တော် တိတိကျကျမသိပါ။ သို့သော် ညနေ ၆ နာရီမှာ အိမ်ပြန်ခွင့်မရသေးဘဲ ဆန်အိတ်တွေ ၊ စပါးတောင်းတွေ ထမ်းပိုးသယ်ရွှေ့ပေးရသည့် နောက်ထပ် အချိန်ပို၊ ၀န်ပိုများပါ ပေါင်းလိုက်လျှင် ငွေ ကျပ် ၈၀ သည် လုံးဝမမျှတသော ငွေဖြစ်တာကတော့ သေချာသည်။

" ငါ မင်းကိုမြို့သွားကျောင်းတက်ခိုင်းတာ စက်ကို ကောင်းကောင်း အုပ်ချုပ်နိုင်မယ့် ဗဟုသုတ အကြားအမြင်တွေ ရအောင်လို့ကွ၊ ငါ အနားယူရင် မင်းပဲ အုပ်ချုပ်ရမှာ၊ ဒီပုံအတိုင်းဆို မင်းကိုင်ရင် တစ်နှစ်အတွင်း စက်ပိတ်ရတဲ့အဖြစ် ရောက်သွားနိုင်တယ် "

" ဟာ အဖေကလဲ . . မဟုတ်တာ "

" အလုပ်သမားတွေ မင်းခေါင်းပေါ်တောင် တက်လာဦးမယ် "

" သူတို့က အခွင့်အရေးသမားတွေ မဟုတ်ပါဘူး "

" ဟား . . . မင်း ဘယ်လိုလုပ်သိမလဲ၊ မင်း သူတို့နဲ့ ဘယ်နှခါဆက်ဆံဖူးလို့လဲ ၊ သူတို့ကို ဘယ်နှခါ အုပ်ချုပ်ဖူးလို့လဲ "

" ကျွန်တော် အဖေ့ဆီမှာ အလုပ်လုပ်ကြည့်မယ်လေ "

ထိုစကားကြောင့် အဖေအံ့သြပြီး ကျွန်တော့အား ခပ်ကြာကြာစိုက်ကြည့်ပါသည်။

" မင်းအရင်က ဆန်စက်ကို တစ်နှစ်နေလို့ တစ်ခါတောင် လာဖော်မရဘဲ အခုမှ ဘာဖြစ်လို့အလုပ်လုပ်ဖို့ စိတ်ဝင်စားလာရတာတုံး "

ထို့နောက် အဖေသည် ကောက်ချက်တစ်ခုကို ဖြုန်းခနဲ ရသွားသည်။

" ဧကန္တ . . . မင်း ကိုဘသီရဲ့ သမီးလေးကို . . . "

ကျွန်တော် မျက်နှာနွေးခနဲပူသွား၏။

" အဖေ "

" ဟုတ်ပါပြီ၊ အဲဒီကောင်မလေးကြောင့် မင်း သူရဲကောင်း ဖြစ်ချင်နေတာ ငါသိပြီ "

ထားခင်ကို ကျွန်တော် စိတ်ဝင်စားမိတာတော့ မှန်ပါသည်။ သို့သော် အလုပ်သမားများ၏ ရပိုင်ခွင့်ကို မနစ်နာစေလိုသည့် ဆန္ဒကတော့ ထားခင်နှင့် ဘာမျှ မဆိုင်ပါ။

" ဖိုးကံ . . . မင်း ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော်၊ စက်ပိုင်သားနဲ့ ကူလီခေါင်းရဲ့သမီး အဆင့်အတန်းချင်းက လွှတ်ကွာတယ်၊ ငါ့ကို သိက္ခာချဖို့ မကြိုးစားနဲ့၊ အတည်လဲ မကြံနဲ့ ၊ အပျော်လဲ မကြံနဲ့ ၊ အို ကွာ . . . နည်းနည်းကလေးမှ မပတ်သတ်စေနဲ့၊ ငါ ကြိုတင်ပြောထားလိုက်မယ် ဒါပဲ "

ကျွန်တော် အံ့သြနာကျင်သွားခဲ့သည်။

အဖေ့မှာ အဲသည်လို လူတန်းစားခွဲခြားသည့်အမြင် ရှိနေလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့မိပါ။

" ကောင်မလေးကို မင်းဒီနေ့ စကားပြောတဲ့ အမူအရာ အဖေ မကြိုက်ဘူး "

ကျွန်တော် ဘယ်လိုအမူအရာနှင့် စကားပြောမိပါလိမ့်ဟု တစ်ခဏ ပြန်တွေးမိသွားသည်။ ကတ္တားချိန်ပြီးသွားလို့ ခဏနားနေတုန်း မှာ ဆီးပေါင်းထုပ် နှိုက်စားနေတာ မြင်ရသဖြင့် လက်ဆေးပြီးသား ဟုတ်ရဲ့လား၊ နင့်လက်က စောစော တုန်းက နွားချေးတွေ ကျုံးနေတာ မဟုတ်ဘူးလားဟု မေးခဲ့မိသည်။ ထိုမေးခွန်းကို မေးချိန်မှာ ကျွန်တော့မျက်နှာထား ဘာမှထူးခြားနေစရာအကြောင်းမရှိပါ။

ထို့ကြောင့် ကျွန်တော် အဖေ့ကို စိတ်ပျက်သွားပါသည်။

" ပြန်ရအောင် အဖေ၊ ကျွန်တော်ဆာလှပြီ " ဟု စကားဖြတ်ပြီး အခန်းထဲက ပြန်ထွက်ရန် ကျွန်တော်ဟန်ပြင်မိ၏။ " ငါစကားပြောနေတုန်း စကားမလွှဲနဲ့ " အဖေဒေါသတကြီး အော်ဟစ်လိုက်သဖြင့် ကျွန်တော်လန့်သွားရသည်။ အဖေသည် တစ်လောကလုံးကို သူ့အာဏာ တည်ချင်သူဖြစ်လိမ့်မည်ဟု ကျွန်တော် အလန့်တကြား တွေးမိသွားပါသည်။


                                                                           @@@@@@@@@@@@@@@

 

ကျွန်တော်ကလေးအရွယ်ကတော့ အဖေသည်ကျွန်တော့ သူရဲကောင်း၊ ကျွန်တော့အားကိုးရာ ဖြစ်ခဲ့သည်။

ကျွန်တော်ပထမဆုံးအကြိ ကျောင်းတက်သောနေ့က ကျောင်းသို့ အမေလိုက်ပို့ပေးသည်။ ကျောင်းတက်ခေါင်းလောင်းထိုးတော့ အမေ ပြန်မည်ပြင်သောအခါ ကျွန်တော်ဝမ်းနည်းအားငယ်စွာ ငိုခဲ့သည်ဟု ကျွန်တော်မှတ်မိနေပါသည်။ အမေ မပြန်နဲ့၊ ကျွန်တော်နဲ့ အတူနေရမယ်ဟု ကျွန်တော် တောင်းဆိုပြီး ငိုကြွေးခြင်းဖြစ်သည်။အမေက ကျွန်တော့ကို ချော့မော့သည်။

" ကျောင်းဆိုတာ ကျောင်းသားတွေပဲ နေရတဲ့နေရာ၊ လူကြီးမိဘတွေ ကျောင်းခန်းထဲမှာ မနေရဘူး ၊ နေ့လည်ထမင်းစားကျောင်းဆင်းတော့ အမေ သားကို လာခေါ်မှာပဲ "

သို့သော် ကျွန်တော်က ကျွန်တော်တစ်ယောက်တည်းကျွန်တော်မသိသည့် နေရာစိမ်းတစ်ခုမှာ မကျန်ရစ်ခဲ့လို။ ထို့ကြောင့်ဝမ်းနည်းပန်းနည်းဖြစ်နေသည်။ ဆရာမက ကျွန်တော့အား လက်မှဆွဲပြီး အမေကိုပြန်ခိုင်းသည်။ " အစပိုင်းမှာတော့ ဒီလိုပဲ၊ နောက်ရက်တွေကျ သူ နေသားကျသွားလိမ့်မယ်၊ ရှင်ပြန်မှာသာပြန် ၊ ကျွန်မတို့ရှိပါတယ် " အမေပြန်သွားသောအခါ အာခေါင်ခြစ်ပြီး ငိုရင်း ကျွန်တော် ကျန်ခဲ့၏။

သိပ်မကြာခင် အမေကျောင်းသို့ တစ်ခေါက်ပြန်လာသည်။

အမေ ချက်ချင်းပြန်လာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အမေ့ကို သူငယ်တန်းကျောင်းဆောင်ဘေးက စိန်ပန်းပင်ကြီးအောက်မှာ မြင်လိုက်ရသောအခါ ကျွန်တော်ပျော်သွားပါသည်။ အမေက ကျွန်တော့အား ပြုံးပြပြီး လက်ကာပြသည်။ ထို့နောက် စိန်ပန်းပင်အောက်က အုတ်ခဲတစ်ခုပေါ်မှာ အကျအနထိုင်ပြီး ကျွန်တော်နေ့လယ်ထမင်းစား ကျောင်းဆင်းသည့် အချိန်ထိ စောင့်နေခဲ့ပါသည်။ အမေ ကျွန်တော့ဘေးမှာ ရှိနေသည်ဟူသော အတွေးဖြင့် ကျွန်တော်လုံခြုံစိတ်ချသွားပါသည်။

" အမေ "

ထမင်းစား ကျောင်းဆင်းတော့ အမေ့ရင်ခွင်ထဲသို့ ကျွန်တော်ပြေးဝင်ခဲ့သည်။

" လာ . . . အိမ်ပြန်ပြီး ထမင်းစားကြမယ် "

အမေက ကျွန်တော့လက်ကိုဆွဲပြီး ကျောင်းသားကျောင်းသူတွေ ကြားထဲမှ တိုးဝှေ့ထွက်လာကြသည်။

" ဒါပဲနော် ဖိုးကံ၊ အမေ ကျောင်းမှာ လာစောင့်ရလို့ အဖေပဲ ထမင်းချက်ထားရမှာ၊ အမေ ဈေးလဲ ၀ယ်မပေးခဲ့ရဘူး၊ ဘာချက်ထားမလဲ မသိဘူး ၊ သား ကြေးများမယ်မကြံနဲ့ "

အဲသည်နေ့က ဘာဟင်းနှင့် ကျွန်တော်ထမင်းစားရသလဲ မမှတ်မိတော့ပါ။ စားမကောင်းတာပဲ ကျွန်တော်သိသည်။ အဖေက ပြောသတဲ့၊ ' ငါ့ သားလေး အားငယ်နေလိမ့်မယ်၊ သားမြင်သာတဲ့ အနီးအနားမှာ မင်းသွားစောင့်ပေးလိုက်၊ ငါ ချက်ပြုတ်ပြီးမှ လယ်ထဲသွားလိုက်ပါ့မယ် ' ဟု ခွင့်ပေးခဲ့သတဲ့။

ကျွန်တော်တို့ ထမင်းစားချိန်တွင် အဖေ လယ်ထဲသို့ဆင်းသွားခဲ့ပြီ။ အဖေ့ကို မတွေ့ခဲ့ရပါ။ ညနေ ကျွန်တော်ကျောင်းမှ အမေနှင့်အတူ ပြန်လာတော့လည်း အဖေပြန်မရောက်သေး။ ညမိုးချုပ်မှ ပြန်ရောက်ခဲ့၏။ ရောက်ရောက်ချင်း ချွေးသုတ် ခဏ အမောဖြေနေစဉ် အဖေ ကျွန်တော့အား လှမ်းခေါ်သည်။

" လာစမ်းပါဦး ကျောင်းသားကြီး ၊ ဒီနေ့ ကျောင်းမှာ ဘာတွေ သင်ခဲ့ရတုံး "

အဖေ ခွင့်ပေးသဖြင့် နေ့စဉ် ကျွန်တော့စာသင်ခန်းဘေးမှာ အမေ စောင့်စောင့်ပေးခဲ့သည်မှာ ကျွန်တော်သူငယ်ချင်းတွေရပြီး နေသားကျသွားသည်အထိ ဖြစ်ပါသည်။

ကျွန်တော်တို့ကျောင်းရှေ့ ဘောလုံးကွင်းကျယ်ကြီးထဲမှာ ဘောလုံးပွဲတွေ ခဏခဏ ကန်ကြသည်။

ကုန်းစောင်းနှင့် ရွာခိုင် ကစားကြသောပွဲကို အဖေနှင့် အတူ လိုက်ကြည့်ခွင့်ရသည်ကို ကျွန်တော် မှတ်မိနေပါသည်။

ကျွန်တော်တို့ ဘောလုံးကွင်းသည် ရွာကွင်းဖြစ်သဖြင့် အကာအရံလည်းမရှိ ၊ ထိုင်ခုံလည်းမရှိ ၊ မြက်ခင်းတောင်မရှိ။ ရှေ့ကလူတွေက ကွင်းအစပ်မြက်ခင်းမှာ ထိုင်ကြည့်ပြီး၊ နောက်ကလူတွေက မတ်တက်ရပ်ကြည့်ကြသည်။

ကျွန်တော့ကို သူ့ပခုံးပေါ်မှာ ထိုင်စေလျက် အဖေက မတ်တတ်ရပ်ကြည့်သည်။

အဲသည့်နေ့က ကျွန်တော်တို့ ကုန်းစောင်းအသင်းထက် ရွာခိုင်အသင်းကို ကျွန်တော်ပိုသဘောကျမိ၏။ ရွာခိုင်အသင်းမှာ နံပါတ်(၈)ကစားသမား ( ကျွန်တော်နာမည်မသိပါ၊ သူ့စွပ်ကျယ်အင်္ကျီနောက်ကျောမှာ နံပါတ် ၈ ဟူသော ဂဏန်းရိုက်နှိပ်ထားသူဟုသာ မှတ်မိသည်။) ကို ပိုပြီးသဘောကျသည်။ သူ ဘောလုံးသယ်ယူသောအခါ မထိတထိ လှည့်ပတ်ကွေ့ဝိုကာ အပါသယ်နိုင်သောကြောင့် ကျွန်တော် သဘောကျသည်။ ခေါင်းနှင့်တိုက်ပြီး သူဂိုင်းသွင်းတာ လှသောကြောင့် ကျွန်တော်လွှတ်ခနဲ အော်ဟစ် အားပေးမိ၏။

" ရှစ် . . ရှစ် ၊ ရွာခိုင် ရှစ်ကွ "

ထိုအခါ အဖေက ကျွန်တော့ ခြေသလုံးကို သူ့လက်ဖြင့် ထိန်းဆုပ်ထားရာက ဒေါသတကြီး ဖိညှစ်ပစ်သည်။

" ဟေ့ကောင် ဖိုးကံ၊ ငါတို့ ရွာကို ဂိုးဝင်သွားတာဟ၊ မင်းက ဘာကိစ္စ ရွာခိုင်ဘက်က အားပေးရတာတုံး "

" အဖေကလဲ သူက တော်တယ်ဗျ "

" တော်တော်ကွာ၊ ကိုယ့်ရွာဘက်က မလိုက်ရင် အဲဒါ သစ္စာဖောက်နဲ့ ဘာမှ မထူးဘူး "

အဖေကတော့ ရွာစွဲတော်တော်ကြီး၏။ ကုန်းစောင်းအသင်းက ရှုံးနိုင်သည်ဟု အဖေ ထင်ထားပါလျက် ကုန်းစောင်းအသင်းဘက်မှ လောင်းရလောက်အောင် အဖေ ခေါင်းမာခဲ့သည်။ ကျွန်တော်ကတော့ ကိုယ့်ရွာရယ် ကိုယ့်ကျောင်းရယ် မဟုတ်၊ တော်သူကို အားကျသည်။ တော်သူဘက်မှ အားပေးချင်သည်။ ဤကိစ္စအတွက် ကျွန်တော့အား မျိုးချစ်စိတ်မရှိတဲ့ကောင်ဟု နောင်အခါမှာ စွပ်စွဲလေ့ရှိပါသည်။

အဖေ မကြိုက်မှန်းသိသဖြင့် တစ်ဖက်အသင်းကို အားမပေးဖြစ်တော့သော်လည်း အားရ ကျေနပ်စွာ စိတ်လှုပ်ရှားမိဆဲတော့ ဖြစ်သည်။ ထို့ကြောင့် စိတ်ဓာတ်တွေ တက်ကြွကာ ခြေနှစ်ဖက်ကို ဆောင့်မိသွားသည်။ အဖေ့ပခုံးပေါ်မှာ ကျွန်တော်ထိုင်နေမိတာကို သတိမရတော့ဘဲ ဖြစ်သည်။

" ဟေ့ကောင် . . . ဟေ့ ကောင် ၊ မင်းထိုင်နေတာ ထိုင်ခုံမဟုတ်ဘူး ကွ "

အဖေက ကျွန်တော့ခြေသလုံးကို ဖြန်းခနဲ တစ်ချက်ရိုက်လိုက်ပြီး အော်ငေါက်တော့မှ ကျွန်တော်ငြိမ်သွားမိပါသည်။

ငယ်ငယ်တုန်းက အဖေ ကျွန်တော့ကို ချစ်ခဲ့သည်။ သို့မဟုတ် ကျွန်တော် အဖေ့ကို ချစ်ခဲ့သည်။ အဖေ လယ်ထွန်သည့်အခါ ထွန်တုံးပေါ်မှာ မတ်တပ်ရပ်နေသော အဖေ့အား လယ်ကန်သင်း ထနောင်းရိပ်မှ ထိုင်စောင့်ကြည့်ရင်း ဒီရွာထမြှာ အဖေက ခွန်အားအကြီးဆုံးဟု ဂုဏ်ယူမိသည်။ အဖေနင်းသည့် ထွန်ကြောင်းက ပို၍နက်ပြီး ပို၍ ညီညာသည်ဟု ကျေနပ်မိသည်။ လယ်ရိတ်သိမ်းသောအခါ ကျောင်းပိတ်ရက်များ၌ အဖေ့ဆီ ထမင်းချိုင့်သွားပို့ရတိုင်း အဖေ့တံစဉ်ချက်က သူများတံစဉ်ချက်ထက် စပါးပင်တွေ အများကြီးပိုပါသည်ဟု အားကျခဲ့မိသည်။ ငါ အသက်ကြီးလာရင်လည်း အဖေ့လို ခွန်အားရှိလာမှာဟု မျှော်လင့်ခဲ့သည်။ အဖေ့ကို ကူလုပ်မှ အဖေ ပင်ပန်းတာတွေ သက်သာမှာဟု ညှာတာစိတ် ၀င်ခဲ့သည်။ ထို့ကြောင့် ကျွန်တော် မြန်မြန်အသက်ကြီးကာ မြန်မြန် အရွယ်ရောက်ချင်လှသည်။

                                                                        @@@@@@@@@@@@@@@

အားကျစိတ်မှ မနှစ်မြို့စိတ်သို့ ပြောင်းလဲသွားခဲ့ခြင်းသည် အဖေ့ဘက်က ချို့ယွင်းချက်လား၊ ကျွန်တော့စိတ်အပြောင်းအလဲလား။ အရွယ်ရောက်လာသောအချိန်တွင် အဖေ့နောက်လိုက် မဖြစ်လိုစိတ်ဝင်လာခဲ့တာတော့ ကျွန်တော်သတိထားမိ၏။

ကျွန်တော် ၁၆ နှစ်အရွယ်တွင် အဖေက အသက် ၄၀ ရှိနေပြီ။ အသက်၄၀ ဟူသည်မှာ လူတစ်ယောက်အတွက် စိတ်ဓာတ်အပြင်းထန်ဆုံး၊ အတက်ကြွဆုံး၊ ခွန်အားအကောင်းဆုံးဖြစ်လေမလားမသိ။ ကျွန်တော် အခုထိ အသက်၄၀ မရောက်သေးသဖြင့် ကျွန်တော် အသေအချာ မပြောနိုင်ပါ။ သို့သော် အဖေ့ကိုကြည့်ရတာတော့ ကျွန်တော် အသက်၁၆ နှစ်တွင် အဖေ ခွန်အားအကြီးဆုံး၊ စိတ်အတက်ကြွဆုံး ဖြစ်သည်။ အဲသည်အချိန်မှာ အဖေသည် ထွန်တုံးနှင့် လယ်တွေကိုစွန့်ပယ်ပြီး ကျွန်တော်တစ်ခါမှ အိပ်မက်မမက်ဖူးသော ဆန်စက်တစ်ခုကို တည်ထောင်ပြီးခဲ့ပြီ ဖြစ်သည်။

အမေက အဖေ လယ်တွေ ရောင်းပစ်သည့်ကိစ္စကို ခါးခါးသီးသီးကန့်ကွက်ခဲ့၏။ မလုပ်တတ် မကိုင်တတ် အရင်းပြုတ်သွားမှဖြင့်ဟု တွေးပူခဲ့သည်။ အဖေက သူ့အပေါ်မယုံကြည်ခဲ့သူ အမေ့အား အားရပါးရ ရယ်မောခဲ့တာ ကျွန်တော်မှတ်မိပါသည်။

" အကြည် . . ငါ့ကို သေချာကြည့်စမ်းပါ၊ လေးမောင်ဟာ မနိုင်တဲ့ အလုပ်ကို လုပ်မယ့်ကောင်လားလို့၊ ကြည့်စမ်းပါ "

နောက်ဆုံးတော့ အမေသည် အဖေ့ကို ဇွတ်နှစ်ယုံကြည်လိုက်ရပြီး လက်ဝတ်လက်စားတွေကိုပါ အဖေ့အရင်းအနှီးထဲသို့ ထည့်ပေးလိုက်တော့သည်။

အဖေပြောတာ မှန်ပါသည်။ အဖေသည် သူ မနိုင်သည့် အလုပ်ကို လုပ်ခဲ့ခြင်းမဟုတ်၊ နိုင်နင်းမှာ သေချာသည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ဆန်စက်သည် တစ်နှစ်အတွင်း တစ်ရှိန်ထိုး အောင်မြင်ခဲ့သည်။ ကုန်းစောင်း စီးပွားရေးလောကာတွင် နေသူရိန်ဆန်စက်သည် ဆက်ဆံရေး အကောင်းဆုံး၊ ထုတ်ကုန် အသန့်ဆုံးဟူသော ဂုဏ်ပုဒ်ကို ရခဲ့သည်။ ကျွန်တော့ကို သူ့ခြေရာအတိုင်း လိုက်နင်းစေချင်သော အဖေသည် ကျွန်တော့ပညာရေးကိုတော့ အားပေး၏။ ကျွန်တော် ဆယ်တန်းရောက်သောအခါ စနစ်ကျကျ စာကြိုးစားအောင်ဟု အဖေက ကျွန်တော့ကို ရေနံချောင်းမြို့မှ နာမည်ကြီးဘောဒါဆောင်တစ်ခုသို့ အပ်၍ စာကြိုးစားစေခဲ့သည်။ သို့သော် ကျွန်တော် နှစ်နှစ်ဖြေခဲ့ရပါသည်။ ထို့နောက် ရွာခဏပြနရပြီး ကောလိပ်တက်ရန် ရေနံချောင်းသို့ ပြန်သွားရသည်။

ကောလိပ်ဒုတိယနှစ် အပြီး ရွာခဏပြန်သောအချိန်မှာ ကျွန်တော်တို့အိမ်သည် အိမ်မဟုတ်တော့ဘဲ တိုက်ဖြစ်နေခဲ့ပြီ။

ပထမတော့ ကျွန်တော်သည်ကျွန်တော်တို့၏ ကြွဝချမ်းသာမှု၌ပျော်ရွှင်ယစ်မူးခဲ့၏။ သို့သော် မကြာခင်မှာပင် ကျွန်တော်တို့ မိသားစု၏ ထူးခြားဉာဏ်လည်း ရှိ၏။ ကျွန်တော်တို့သားအမိ အဖေ့ကို ဘယ်ကိစ္စမဆို ဆွေးနွေးတိုင်ပင်ဝံ့သည်။ အဖေ့မှာ ကျွန်တော့်အတွက်လည်း အချိန်ရှိ၏။ အဖေပင်ပန်းလွန်းသဖြင့် လယ်ထဲမှ အပြန်တွင် အမေကအဖေ့ကို နင်းနှိပ်ပေးသောအခါတွင် အဖေ့အာရုံသည် ခြံထောင့်က ဇောင်ချမ်းပင်မှာ ၊ ပွင့်တော့မည့် ဇွန်ပန်းရုံမှာ ၊ နီးကပ်လာသည့် မြစေတီဘုရားပွဲမှာ ညွတ်နူးနေနိုင်ခဲ့၏။

ယခုအခါ အဖေသည် ဤအရာများဆီ၌ စိတ်အာရုံ မရှိတော့ပြီ။ အဖေ့စိတ်သည် အမြဲတင်းကျပ်နေသောအခါ အဖေ့မျက်နှာသည် ပြေလျော့မှု မရှိ၊ ထာဝရ တည်တင်းနေတော့သည်။

အဖေ နေပူမရှောင် မိုးရွာမရှောင် လယ်လုပ်ရသဖြင့် ပင်ပန်းဆင်းရဲနေသည်ဖြစ်လျှင် အခုအခါမှာ ကျွန်တော်က အရွယ်ရောက်ပြီးသည့် ယောက်ျားဖြစ်ပြီမို့ ကျွန်တော်ကူညီလုပ်ကိုင်ပေးနိုင်ပါလိမ့်မည်။ သို့သော် အဖေက စက်မှာ တစ်နေကုန်နေထိုင်ပြီး ကြီးကြပ်အုပ်ချုပ်ရင်း အလိုမကျမှုတွေ၊ ဘာမှန်းမသိသော ဒေါသတွေ၊ ပူပင်မှုတွေဖြင့် ပင်ပန်းဆင်းရဲနေသည့်အခါ ကျွန်တော်အဖေ့ကို ဘယ်လိုကူညီနိုင်ပါ့မလဲ။ ကျွန်တော်အကူညီနိုင်ဆုံးမှာ ကျောင်းပိတ်ပြီး အိမ်ပြန်ရောက်သည့်အခါတိုင်း အဖေ့ဆန်စက်မှာ ၀င်လေ့လာပြီး အဖေ ခိုင်းသမျှ လုပ်ပေးခြင်းပင်ဖြစ်လိမ့်မည်။ ထိုအတွေးဖြင့် အဖေ့စက်မှာ စက်စာရေးဝင်လုပ်ပေးခဲ့ပါသည်။ သို့သော် ကျွန်တော်ကူညီလုပ်ကိုင်သည်ကို အဖေက ကူညီသည်ဟု မယူဆဘဲ နှောက်ယှက်အာခံသည်ဟု ယူဆသွားခဲ့သည်။

ကျွန်တော် နာမည်မမှတ်မိတော့သော အဖေ့အလုပ်သမား တစ်ယောက်နှင့်ပတ်သတ်ပြီး ဒုတိယအကြိမ် အဖေနှင့် ကျွန်တော် အတိုက်အခံ ဖြစ်ခဲ့ရ၏။ သူ့ကလေး နေမကောင်းသဖြင့် တိုက်တယ်ဆေးရုံတွင် တင်လိုက်ရသည့်အခါ ဆေးဖိုးနှင့် ကုန်ကျစရိတ်တွေ အတွက် အဖေ့ထံမှ သူက လခကြိုထုတ်ချင်သည်။ အဖေက ခွင့်မပေး။ ပြီးခဲ့သည့်လတုန်းက အိမ်အမိုးမိုးရန်ဟု လခကြိုထုတ်ပေးပြီးပြီဖြစ်၍ နှစ်လစာတော့ ကြိုထုတ်မပေးနိုင်ဟု ဆိုပါသည်။

" ဆရာကြီးရယ် ၊ ကျွန်တော့သားကလေးရဲ့ အသက်ကို ကယ်ပေးပါဗျာ၊ လခတွေကိုကျွန်တော်ခွန်အားရှိနေသမျှ ကုန်းကျုံးဆပ်သွားမှာပါ၊ ဆရာကြီး မနစ်နာစေရပါဘူး "

အလုပ်သမားက မျက်ရည်စမ်းစမ်းဖြင့် တောင်းပန်သော်လည်း အဖေက လက်မခံချင်။

" မင်းကလေးက ဖျားတာဆို၊ ဖျားတာနဲ့ပဲ သွေးသွင်းရမယ်ဆိုတာ မဖြစ်နိုင်ဘူး၊ မင်း ငါ့ကို ခဏခဏ လိမ်ခဲ့တဲ့ကောင် ၊ မပေးဘူးကွာ "

" အဖေ "

ကျွန်တော် မနေနိုင်တော့ဘဲ ကြားဝင်မိပါသည်။ အဖေ့ကို တစ်နေရာသို့ ခေါ်သွား၍ တိုးတိုးပြောရသည်။

" တစ်လခစာငွေဟာ ဘယ်လောက်မှလဲ ရှိတာမဟုတ်ဘူး ၊ အလကားပေးလိုက်ရတာလဲ မဟုတ်ဘူး၊ ချေးလိုက်ရတာတောင် မဟုတ်ဘူး၊ သူက အလုပ်နဲ့ ပြန်ဆပ်မှာပဲဥစ္စာ၊ ပေးလိုက်ပါ အဖေရယ် "

အဖေ ဒေါပွသွားခဲ့၏။ ကျွန်တော်က တိုးတိုးပြောပေမယ့် အဖေက ကျယ်ကျယ်အော်ငေါက်ခဲ့သည်။

" ဖိုးကံ . . . ငါနဲ့ ငါ့အလုပ်သမားတွေကိစ္စမှာ မင်း ဘာမှဝင်မရှုပ်နဲ့လို့ ပြောထားတယ်မဟုတ်လား "

" အသက်တစ်ချောင်းဆိုတာ ရခဲပါတယ် အဖေ "

" မရခဲပါဘူး၊ သူ့မှာ ကလေးဘယ်နှယောက်ရှိလဲ မင်းသိလို့လား "

ကျွန်တော် မသိပါ။ ကလေးဘယ်နှယောက်ရှိရှိ ကလေးတစ်ယောက်၏ အသက်က တန်ဖိုးလျော့မသွားပါ။

" သွား . . ကိုယ့်အလုပ် ကိုယ်သွားလုပ်စမ်း " ကျွန်တော့ကို ငေါက်ပြီးနောက် အလုပ်သမားကိုပါ ဆက်ပြောသည်။ " မင်းကလေးတကယ်ဆေးရုံတက်မတက် ငါစုံစမ်းပြီးမှ လိုသလောက်ကိုပဲပေးမယ်၊ အခု မင်းပြန်တော့ "

" ကျွန်တော် ဆရာကြီးကို မလိမ်ပါဘူးဗျာ "

" ပြန်တော့ "

ကုပ်ကုပ်လေး ပြန်လှည့်ထွက်သွားသော အလုပ်သမားကို ကျွန်တော်သနားသွားခဲ့၏။ ကျွန်တော့အိတ်ကပ်ထဲမှာပါလာသော ငွေ ၃၀၀ ကို သူ့ကလေးဆေးဖိုးအတွက် ကူညီချင်ပါသည်။ သို့သော် အဖေ့ရှေ့မှာမို့ ကျွန်တော်နေရာမှ မရွှေ့ရဲပါ။

အဖေ့ကို နှလုံးသား မာကျောအေးစက်သူအဖြစ်ကျွန်တော် လက်မခံချင်။

သို့သော် အဖေသည် တကယ်ပဲ မာကျောအေးစက်သူဖြစ်နေခဲ့၏။

အပိုင်း ၂ ကိုဆက်လက်ဖတ်ရှုပါရန်။
Typing Credit to @Green February



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 05:10:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:26520] မြန်မာအမျိုးသမီးများ ထမီဝတ်ကြသည်

မြန်မာအမျိုးသမီးများ ထမီဝတ်ကြသည်  .. (ဆောင်းပါး)

ခမောက်ဆောင်းထားတဲ့ ဗီယက်နမ်မိန်းကလေး၊ ပုသိမ်ထီးနဲ့သနပ်ခါးပါးကွက် မြန်မာမိန်းကလေး .. ဒီ၂ယောက်ရဲ့ ဓါတ်ပုံတွေဟာ မြို့ပေါ်မှာ တမင်ဖန်တီးရိုက်ယူထားတာ မဟုတ်မှန်း ထင်ရှားပါတယ်။ ကျေးလက်ဒေသကို ကင်မရာမင်း ကိုယ်တိုင် သွားပြီး ရိုက်ယူတာကြောင့် သဘာဝကျပါတယ်။ လှပပါတယ်။

ကျွန်တော်ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ဆိုင်ဂုံ) အလုပ်လုပ်နေပါတယ်။
 မနေ့က အီးမေးမှာ Happy Planet လူမျိုးအဖြစ် ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးအဆင့်ကို တက်လာပါတယ်။ ပြုပြင်ပြောင်းလဲမှု ၁၈နှစ်အကြာမှာ တင်းတိန်ရောင့်ရဲသော နိုင်ငံအဖြစ် နောင်အမေရိကနိုင်ငံများနဲ့အတူ ပျော်ပျော်နေထိုင်သော နိုင်ငံအဖြစ်ကို တိုးကတ်လာပါတယ်။

ငွေကြေးအားဖြင့်တော့ ဆင်းရဲပါတယ်။ ဗီယက်နမ်မှာ တလကို လစာ အနည်းဆုံး ဒေါ်လာ ၂၀၀ ကနေ အများဆုံး ဒေါ်လာ၅၀၀လောက်ပဲ ရပါတယ်။ ဘွဲ့ရကျောင်းသားတယောက် လစာ ဒေါ်လာ ၂၀၀လောက် စတင်ရပါတယ်။ အလုပ်ကြမ်း ဆောက်လုပ်ရေးအလုပ်သမားလည်း ဒီလောက်လစာတော့ မြို့ကြီးတွေမှာ အလွယ်တကူ ရပါတယ်။ ကျွမ်းကျင်တဲ့ Top Grade Welder တယောက်ကို တနာရီ ၂ဒေါ်လာမှ ၅ဒေါ်လာလောက်အလွန်ဆုံး လုပ်ခရပါတယ်။ တက္ကစီဒရိုင်ဘာတယောက် တနေ့ နာရီ၂၀လောက် မောင်းရင် တလကို ဒေါ်လာ ၅၀၀လောက် ၀င်ငွေရပါတယ်။

တက္ကစီဒရိုက်ဘာတဦးအကြောင်း

အမျိုးသမီး ကားမောင်းသူတယောက်နဲ့ တက္ကစီကားငှားစီးရင်း၊ ကြုံလို့ မေးမြန်းအင်တာဗျူးခဲ့ပါတယ်။ .. တက္ကစီကုမဏီ VINASUN  ဆိုတဲ့ ကုမဏီမှာ တက္ကစီ အစင်း ၆၀၀၀ ခြောက်ထောင် နဲ့ ဒရိုင်ဘာ တစ်သောင်းနှစ်ထောင်လောက် ရှိပါတယ်။ တက္ကစီကုမဏီကို နေ့တွက်နဲ့ပေးရတယ်။ ဓါတ်ဆီကိုယ့်ဖာသာ ၀ယ်ထည့်၊ Accident ဖြစ်ရင် တ၀က်စီခံရတယ်။ Car maintenance ကိုတော့ ကုမဏီက လုပ်ပေးတယ်။ သူတို့ လင်မယား၂ယောက် အလှည့်ကျ မောင်းကြတယ်။ လူသာနားတယ် ကားကမနားဘူး .. ။ တလကို ၀င်ငွေ US$500 လောက်ရပါတယ်။ ဒါပေမဲ့ သူတို့ ကလေးတွေကို အင်္ဂလိပ်စာ မသင်ပေးနိုင်ပါဘူး။ စင်ကာပူ International School ဆိုရင် တလကို ဗီယက်နမ်ငွေ ၁၀သန်းအထက် (> US$600) လောက်ပေးရတော့ သာမန်အစိုးရကျောင်းပဲထားရတယ်။ အင်္ဂလိပ်စာ သင်ပေးပေမဲ့ ကလေးက အဂီလိပ်စာ မတတ်ဘူး ..လို့ ပြောပါတယ်။ သူတို့ဟာ Poor အဆင့်အတန်းမှာရှိကြောင်း၊ Very Poor တော့မဟုတ်ကြောင်း၊  ကလေးကျောင်းပို့၊ ဈေးဝယ်ဆိုရင် ကိုယ်ပိုင် ဆိုင်ကယ်တစင်းနဲ့ သွားကြောင်း၊ သား၊သမီး ၂ယောက်နဲ့ မိဘ အားလုံး ၄ယောက် ဆိုင်ကယ်တစင်းစီးပြီး လျှောက်သွားရကြောင်း၊ ကုမဏီတက္ကစီနဲ့ သွားလို့ရပေမဲ့ တက္ကစီက Millage နဲ့ ကုမဏီက ပိုက်ဆံရှင်းရတော့ ကုမဏီတက္ကစီကို ကိုယ်ရေးကိစ္စတွေမှာ မသုံးကြောင်း၊ ဓါတ်ဆီလည်း အင်မတန်ဈေးကြီးကြောင်း၊ 7 seater Toyota ကားအသစ်ဆိုရင် US$40,000 လောက်ပေးရပြီး၊ ထိုင်းနိုင်ငံမှာဝယ်ရင် တစ်သောင်းလောက်ပဲ ပေးရကြောင်း၊ ဓါတ်ဆီဈေးနှုန်းကလည်း တဂါလန်ကို အမေရိကန် ၄ဒေါ်လာလောက်ဈေးရှိကြောင်း၊ ..စသဖြင့် ပြောပြပါတယ်။

အမျိုးသမီး တက္ကစီမောင်းသမားက ဒရိုင်ဘာတစ်သောင်းကျော်မှာ တစ်ရာထဲရှိတယ်ဆိုပြီး၊ သူမက ဂုဏ်ယူစွာပြောပါတယ်။ ကားမောင်းသက်တမ်း ၁၀နှစ်အတွင်း တခါမှ ဒါထောက်လုယူတာမျိုး၊ ပိုက်ဆံမပေးပဲ ဆင်းပြေးတာမျိုး မရှိခဲ့ကြောင်း ပြောပြတော့ အံ့သြစရာကောင်းလှပါတယ်။ ဒါကြောင့် Happy Planet Index ထိပ်ဆုံးအဆင့်ကို ဗီယက်နမ်လူမျိုးများ ရောက်လာခြင်းဖြစ်ပါတယ်။ ဆင်းရဲပေမဲ့ ပျော်ပျော်၊ ရောင့်ရဲတင်းတိန်နေတတ်အောင် အစိုးရက ဦးဆောင်နေပါတယ်။ စင်ကာပူမှ တက္ကစီမောင်းသမားမှာ လျှိုဝှက်ခလုပ်တွေရှိပါတယ်။ လုယက်သူ၊ လူဆိုးများနဲ့တွေ့ရင် အဲဒီလျှိုဝှက်ခလုပ်ကို နှိပ်လိုက်၊ မိနစ်ပိုင်းအတွင်း ရဲကားရောက်လာပြီး ကာကွယ်တဲ့နည်းလမ်း လုပ်ထားရပါတယ်။ တက္ကဆီသမားရဲ့ ၀င်ငွေများကို အနုကြမ်းဓပြတိုက်သူများတော့ ကာကွယ်ထားရတယ်။ အမေရိကန်နိုင်ငံက တက္ကစီဒရိုင်ဘာများဆို ပိုလို့ ဆိုးသေးတယ်။ ခဏခဏ လုယူခံရတယ်။ အမေရိကန်နိုင်ငံသား မြန်မာမိတ်ဆွေ တက္ကစီဒရိုင်ဘာတဦးပြောတာတော့ နှစ်တိုင်း လုခံရတယ်။ အထူးသဖြင့် လူမဲတွေဆို လုံးဝမတင်ဘူး၊ မလွယ်ဘူး၊ လုရင်တော့ အသာတကြည် အကုန်ထုတ်ပေးလိုက်ပေတော့။ အဲ .. တက္ကစီခမပေးပဲ ဆင်းသွားတာမျိုးတော့ ခဏခဏဖြစ်တယ် ဆိုပဲ။  ချမ်းသာလှတဲ့ အမေရိကန် နဲ့ စင်ကာပူ တက္ကစီဒရိုင်ဘာ ဘ၀ကို ဗီယက်နမ်တက္ကစီဒရိုင်ဘာဘ၀နဲ့ နှိုင်းယှဉ်တာပါ။

ကြုံလို့ ရေးရမယ်ဆိုရင်၊ ဗီယက်နမ်မှာ စီးပွားလုပ်ငန်းများ ဥပမာ တက္ကစီကုမဏီ၊ မိုဘိုင်းဖုန်းကုမဏီ၊ လောင်စာဆီကုမဏီ၊ စတဲ့လုပ်ငန်းကြီးများဟာ စစ်တပ်၊ အစိုးရ၊ ၀န်ကြီးဌာန စတဲ့ ဆိုရှယ်လစ်ပါတီများကပဲ လက်ဝါးကြီးအုပ်ထားကြတာကို မြင်ရတော့ မြန်မာပြည် နောက်၁၀နှစ်ကြာလို့ စီးပွားလုပ်ငန်းကြီးများကို စစ်တပ်ဆွေမျိုးတွေပဲ ဆက်လက်မကိုင်တွယ်တော့ဘူးဆိုရင် (အာဏာကို လက်လွှတ်၊ခွဲဝေပေးနိုင်ရင်)၊ ဗီယက်နမ် ၁၈နှစ် ပြုပြင်ပြောင်းလဲမှုရလဒ် - ၂၀၁၂ အခြေအနေမျိုးကို  မြန်မာပြည်ဟာ ၁၀နှစ်အတွင်း ခံစားရမယ်၊ ခံစားရပါစေလို့ မျှော်လင့်မိပါတယ်။

Money can not buy TRUE happiness.   Off course, money can buy physical happy happiness.  TRUE happiness mean, spiritual happiness.
 


အလုပ်သမား၊ ၀န်ထမ်းဘဝ

ဘွဲ့ရ လူငယ် အသက်၃၀ အမျိုးသမီးတဦး၊ အမျိုးသား တဦး တို့ကို အင်တာဗျူးတဲ့အခါ ၊ သူတို့ အင်္ဂလိပ်စကား အသင့်တင့် ပြောနိုင်တဲ့အတွက် နိုင်ငံခြားကုမဏီရဲ့ Sub-Company မှာ အလုပ်လုပ်ခွင့်ရကြောင်း၊ လစာငွေ ဒေါ်လာ ၃၀၀ လောက်ရကြောင်း၊ အင်္ဂလိပ်စကား ပိုပြောနိုင်ရင် နိုင်ငံခြားကုမဏီမှာ တိုက်ရိုက်အလုပ်ရနိုင်ကြောင်း၊ လိုကယ် Local Staffs တွေဆိုရင် ဘယ်လောက် စကားပြောနိုင်နိုင် လစာမပေးကြောင်း၊ သြစတြေးလျှား၊ အမေရိကား၊ ဥရောပနိုင်ငံများက ဗီယက်နမ်များစွာ နိုင်ငံခြားကုမဏီများမှာ Expat Salary နဲ့ လုပ်ကိုင်နေကြကြောင်း၊ နိုင်ငံခြားသားများ ရတဲ့ လစာနဲ့ သူတို့ ဒေသခံ၊ ပညာတတ်များရတဲ့လစာ အလွန်ကွာခြားကြောင်း၊ ဗီယက်နမ်မှာ အေးအေးနေလို့ကောင်းပေမဲ့ ငွေများများရတဲ့သူများကတော့ နိုင်ငံခြားသားများ၊ ဗီယက်နမ်ဒေသခံ သူဌေး၊ကုမဏီပိုင်ရှင်များ ဖြစ်ကြောင်း၊ ချမ်းသာသူများက အရမ်းချမ်းသာကြောင်း၊ လူလတ်တန်းစား နည်းကြောင်း .. စသဖြင့် ပြောပြသွားပါတယ်။

တိုင်းပြည်နဲ့ Official Name ကတော့ ဆိုရှယ်လစ်ဗီယက်နမ် ဆိုတော့ မြန်မာဆိုရှယ်လစ်သမ္မတနိုင်ငံ လို့ခေါ်ခဲ့တဲ့ ဦးနေ၀င်း စစ်အာဏရှင်စနစ်ကို ပြန်လည်သတိရမိပါတယ်။ ဆိုရှယ်လစ်စနစ်ရဲ့ အသက်ငွေ့တွေ ဗီယက်နမ်မှာ အများကြီး တွေ့နိုင်ပါတယ်။ တပါတီ အာဏာရှင်စနစ်ကို တရုပ်ပြည်လို One Counry - two System ကျင့်သုံးတဲ့နိုင်ငံဖြစ်လို့ပါ။
 

 

 



လှပသောဗီယက်နမ်အမျိုးသမီးများ
ဗီယက်နမ်အမျိုးသမီးများ ထမီမ၀တ်ကြပါ။ သူတို့ဟာ ပိတ် ဘောင်းဘီရှည်ဝတ်ကြပါတယ်။ ဟိုးတုန်းက လယ်သူမတွေ ဗီယက်နမ်ခမောက်ဆောင်းပြီး လယ်လုပ်၊ စစ်တိုက်ကြတယ်။ အခုတော့ ဗီယက်နမ်အမျိုးသမီးများ စက်ရုံအလုပ်သမတွေ မြို့ပေါ်တက်လာပြီး အလုပ်လုပ်ကြတယ်။ ကျွန်တော်အလုပ်လုပ်တဲ့ ဗီယက်နမ်-စင်ကာပူ စက်မှုဇုံမှာ ဗီယက်နမ်အလုပ်သမတွေ သိန်းနဲ့ချီပြီး တွေ့ရတယ်။ မနက် ၇နာရီဆိုရင် အနီးနားက ရပ်ကွက်တွေမှာ နေတဲ့ ဗီယက်နမ်အမျိုးသမီးများစွာ မော်တော်ဆိုင်ကယ်စီး၊ စက်ဘီးစီး၊ တချို့လည်း လမ်းလျှောက်ထွက်လာကြတယ်။ အထည်ချုပ်စက်ရုံ၊ ဘိနပ်စက်ရုံ၊ အစားသောက်စက်ရုံ စသဖြင့် စက်ရုံအလုပ်သမတွေဖြစ်ပါတယ်။ ဟိုချီမင်းမြိျု့မှာ အနိမ့်ဆုံးလစာကို Us$130 သတ်မှတ်ထားပါတယ်။ ဆောက်လုပ်ရေး၊ ရေနံဓါတုစက်ရုံအလုပ်သမားများစွာကတော့ အမျိုးသားများဖြစ်ပါတယ်။ အားလုံး မော်တော်ဆိုင်ကယ်စီးပြီး အလုပ်လာကြတယ်။ ကားလမ်း တခုလုံးလည်း မော်တော်ဆိုင်ကယ်တွေနဲ့ အပြည့်ပါပဲ။ ဆိုင်ကယ်အဟောင်းတစင်းကို US$200-1000 လောက်ပေးရပြီး၊ အကောင်းစားဆိုင်ကယ်ဆို US$5000 လောက်ပေးရတဲ့ ဟွန်ဒါ၊ ဂျပန်ဆိုင်ကယ်များစွာ ဗီယက်နမ်မှာပဲ ထုတ်လုပ်ပါတယ်။ ရောင်းချပါတယ်။ ကလေး၊လူကြီးကအစ ဆိုင်ကယ်ကို တနာရီ ၁၅မိုင်နှုန်းလောက်နဲ့ စည်းကမ်းရှိစွာ မြို့ထဲမှာ မောင်းကြတော့ ယဉ်တိုက်မှုနည်းပါတယ်။

တနင်္ဂနွေနေ့ ဟိုချီမင်းမြို့ကို သွားလည်တော့ လမ်းမှာ ဗီယက်နမ်မင်္ဂလာဆောင်ပွဲ များစွာတွေ့ရပါတယ်။ အထူးသဖြင့် အမျိုးသမီးများ လှပစွာဝတ်ဆင်ထားပြီး၊ မင်္ဂလာပွဲ အ၀င်တံခါးဝမှာ တန်းစီ၊ ပန်းစည်းများနဲ့ ဖက်ရှင်ဒီဇိုင်းများဝတ်ဆင်ပြီး စောင့်ကြိုကြပါတယ်။ တချို့မင်္ဂလာဆောင်တွေမှာ ဥရောပ၀တ်စုံကို ဆင်တူဝတ်ထားတဲ့ လူငယ်သတိုးသား အရံများစွာ အ၀င်ဝမှာ တန်းစီစောင့်ကြိုနေတဲ့ မြင်ကွင်းများစွာ တွေ့ရပါတယ်။ မင်္ဂလာဆောင်မှာ အကောင်းဆုံး၊ အလှပဆုံး ဗီယက်နမ် အမျိုးသမီး အ၀တ်ဒီဇိုင်းများ တွေ့နိုင်ပါတယ်။



ဗီယက်နမ်အမျိုးသမီးများဟာ မြန်မာပြည်က ရှမ်းမကလေးများလိုပဲ အသားရည်ဖြူဖွေးပြီး၊ စကားပြောလည်း ညင်သာပါတယ်။ ထိုင်းအမျိုးသမီးများ စကားပြောသလို ယဉ်ကျေးပါတယ်။ တရုပ်ပြည်ယဉ်ကျေးမှုလွှမ်းမိုးတော့ တရုပ်အ၀တ်အစားများ၊ အမျိုးသမီး အကြီးအငယ်မရွေး ပိတ်ဘောင်းဘီရှည် ၀တ်ဆင်ကြပါတယ်။ ဘောင်ဘီတို၊ ခြေပေါ်၊ လက်မောင်းပေါ် အ၀တ်အစားများ သိပ်မ၀တ်ဆင်ကြပါ။ စင်ကာပူမှတော့ ပိုက်ဆံမတတ်နိုင်လို့၊ မိန်းမယူဖို့ ခက်နေတဲ့ လူပျိုကြီးများကို ဗီယက်နမ်အမျိုးသမီးနဲ့ ထိမ်မြားပေးတဲ့ Match Maker ကုမဏီများစွာ ရှိပါတယ်။ ဗီယက်နမ်သတိုးသမီးများဟာ တရုပ်အမျိုးသမီးများထက် သစ္စာပိုရှိတယ်လို့ ကြော်ငြာကြပါတယ်။ ကျွန်တော့အမြင်တော့ မထူးပါလေ... မိန်းမသည်၊ မိန်းမပင်ဖြစ်ပါတယ်။ အလှအပကြိုက်သည်။ စကားပြောကောင်းသည်။ ဖိနပ်နှင့်အိတ် ခဏခဏ ၀ယ်သည်၊ မိဘဆွေမျိုးများကို ခင်တွယ်သည်.. ။



လှပသောမြန်မာအမျိုးသမီးများ၏ ထမီ

စင်ကာပူ၊ မြန်မာသံရုံးဧည့်ခံ၊ ထမင်းစားပွဲတခုကို မြန်မာမိန်မငယ်လေးများ ဂျင်းဘောင်းဘီရှည်တယောက်၊ စကပ်တို တယောက် ၀တ်ပြီး သွားတဲ့အခါ၊ ဧည့်ကြိုအမျိုးသမီးက ... မောင်းမထုတ်ပေမဲ၊ မကြေနပ်တဲ့ စကားတခုကို ပြောပါတယ်။ အန်တီတို့ ထမင်းစားပွဲမှာ မြန်မာချိန်ထမီပဲ အမျိုးသမီးတွေ ၀တ်ရတယ်။ နောက်ဆို ထမီဝတ်လာဖို့ .. မကြိုက်တဲ့လေသံနဲ့ ပြောခံရတယ်။ စကပ်တိုတို စိတ်ဆပ်တဲ့ မိန်းကလေးက ဧည့်ခံပွဲမတတ်တော့ပဲ၊ ပြန်ပြေးချင်စိတ်၊ ပြန်ပြောချင်စိတ်ကို မနည်းထိန်းချုပ်ပြီး အခန်းအနားတက်ခဲ့ရကြောင်း ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အခုတလော နိုင်ငံတကာမှာ အရမ်းခေတ်စားနေပါတယ်။ ချိတ်ထမီနဲ့ရင်ဖုံးအင်္ကျီဝတ်ဆင်ပြီး ကျက်သရေရှိလိုက်တာလို့ မြန်မာတွေ၊ နိုင်ငံခြားသားတွေက ပြောကြတယ်။

အခုခေတ်မှာတော့ နိုင်ငံခေါင်းဆောင် ဦးသိန်းစိန်ဇနီး၊ ဦးရွှေမန်းဇနီးသည်တွေ ထမီလှလှလေးတွေ ၀တ်ဆင်တာပဲ တွေ့ရတယ်။ ဒီတော့ အစိုးရအရာရှိကြီးငယ်အားလုံး အမျိုးသမီး (သို့မဟုတ်) ဇနီးသည်များ   ထမီဝတ်ရသည် ဆိုတာ မြန်မာ့ယဉ်ကျေးမှုတခုလို ဖြစ်နေပါတယ်။ မ၀တ်ရင် .. အစိုးရလူကြီးကတော်နဲ့ မထိုက်တန်သကဲ့သို့ ယူဆနေကြပါတယ်။  အုပ်ချုပ်သူမဟုတ်ရင်တော့ ကြိုက်သလို ၀တ်ဆင်လို့ရတယ် ဆိုပါတော့။

ကြုံလို့ ၁၉၄၅ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးကာစ ထိုင်းနိုင်ငံ အမျိုးသမီး၊ အမျိုးသား တိုင်းပြည်လူထု ၀တ်စားဆင်ယင်မှု ဓါတ်ပုံများကို ပြန်ကြည့်မိပါတယ်။ လက်ရှိ မြန်မာကျေးလက်ဝတ်ဆင်မှုအတိုင်း မိန်းမထမီရင်လျှား၊ ယေကျှင်္ား ပုဆိုး၊ မိန်းမထမီနဲ့ရင်ဖုံးအင်္ကျီ  ..အခုခေတ် ကျေးလက် မြန်မာတွေအတိုင်းပဲ ၀တ်စားဆင်ယင်ကြတာတွေ့ရပါတယ်။ နောက်ပိုင်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း ထိုင်းပြုပြင်ပြောင်းလဲမှုတွေကြောင့် ထပ်ပိုင်းခေါင်းဆောင်၊ ဘုရင်၊ မိဘုရားကအစ အနောက်တိုင်းဝတ်စုံတွေတလှည့်၊ ရိုရာယဉ်ကျေးမှုဝတ်စုံတလှည့် ၀တ်ဆင်နေကြပါတယ်။ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ တရုပ် အစိုးရခေါင်းဆောင်ရဲ့ ဇနီးသည်များမှာ စကပ်၊ ဂါဝန် ၀တ်ထားရင်လည်း သူတို့တိုင်းပြည်သားများက လက်ခံပါတယ်။ မြန်မာအစိုးရခေါင်းဆောင်များရဲ့ ကတော်ကြီးများ ထမီလှလှ ၀တ်တဲ့ယဉ်ကျေးမှုကို စစ်အာဏာရှင်စတိုင် ထိန်းသိမ်းထားပါတယ်။ ထိုင်းနိုင်ငံ အစိုးရလူကြီးများရဲ့ ဇနီးသည် ထမီမ၀တ်လို့တော့ ခင်ပွန်းသည်ရာထူး မထိခိုက်ပေမဲ၊ မြန်မာနိုင်ငံ စစ်ဗီုလ်ချုပ် (သို့မဟုတ်) အဆင့်မြင့် အစိုးရရာထူးတယောက်ရဲ့ ဇနီးသည် ထမီမ၀တ်ပဲ၊ ဂါဝန်ဝတ်ပြီး ပွဲထွက်လို့ကတော့ ခင်ပွန်းသည်ရဲ့ ရာထူးကို ထိခိုက်သွားနိုင်ပါတယ်။

ဒါဟာ မြန်မာအမျိုးသမီး၊ထမီဝတ်သည် ဆိုစကားရဲ့ ပထမ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။ နောက်အခွင့်သာရင် မြန်မာများ ပုဂ္ဂိုလ်ခင်မင်မှုများ၊ လောကွတ်ပြုမှုများ၊ မြန်မာသွေးအပြည့်ပါမှ ခင်မင်မှုများ .. စတဲ့အကြောင်းများကို စဉ်းစားနေမိပါတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

ဇော်အောင်(မုံရွာ)
၁၉-ဇွန်-၂၀၁၂


http://burmeseamericasingapore.blogspot.com/

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:26519] CDMA 800MHz အတွက် my ringtune

http://www.myringtune.com.mm/

မှာ ဖတ်ကြည့်လိုက်ပါ။

Service ကို အသုံးပြုလိုသော Customer များ အားလုံး
 SMS ဖြင့် 09-731 744 88 သို့ YES ဟု ရိုက်၍ ပို့ပေးပါရန် ... တဲ့ ။



2012/6/19 နိုးလေး . <sn.mypg@gmail.com>
CDMA 800MHz အတွက် my ringtune ကို ဘယ်လိုထည့်ရမလဲ ဘယ်မှာသွားထည့်ရမလဲ GSM တွေမှာပဲ အရင်ကရတာ ခု CDMA တွေမှာလည်း ဒီလအကုန်ရအောင်လုပ်ပေးမယ်ပြောတယ် အဲ့ဒါ ဘယ်လို ဘယ်မှာသွားထည့်ရမလဲ သိရင်တစ်ချက်လောက် ပြောပြပေးပါခင်ဗျာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



--
`` အိမ်ထောင်ဟူသည် မသာယာလျှင် အကျဉ်းထောင်တစ်မျိုး၊ သာယာပြန်လျှင် သံသရာ အမှောင်တိုး ´´

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:26536] Fwd: [လူဗိုလ်ဟူသည် ...] မရဏ (ဝါ) သူမှတစ်ပါး မသေချာသော အရာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/19
Subject: [လူဗိုလ်ဟူသည် ...] မရဏ (ဝါ) သူမှတစ်ပါး မသေချာသော အရာ
To: lubo601@gmail.com



by Zay Ya on Tuesday, June 19, 2012 at 3:14am 


၁။ အဓိက ပြဿနာမှာ - အကုသိုလ် ကို ကုသိုလ် သို့ ပြောင်းလဲ နိုင်ရန် မဟုတ်။ ဒုက္ခ မှ သုခ သို့ ကူးပြောင်းရန် မဟုတ်။ နာကျင်မှုကို ချမ်းမြေ့မှု အဖြစ် ပြောင်းလဲ ပစ်ရန် မဟုတ်ပေ။


၂။ စင်စစ် အဓိက ပြဿနာမှာ - မသိမှုကို - သိမှု (အသိ သက်သက်) သို့ ပြောင်းလဲနိုင် ရန်သာ ဖြစ်သည်။ အိပ်ပျော်နေ သည့် အဖြစ်မှ နိုးထ လာရန် သာ ဖြစ်သည်။ ပြင်ပ ဗဟိဒ္ဓနှင့် ရှင်သန် နေသည့် အဖြစ်မှ - အတွင်း အဇ္ဈတ္တ သို့ လျှိုးဝင် ရှင်သန် နိုင်ရန် ဖြစ်သည်။ ရှေ့အလိုဆန္ဒ တို့၏ အဟုန်ဖြင့် ပြေးလွှားနေသည့် အဖြစ်မှ - အလိုဆန္ဒတို့ ပျက်သုဉ်း ငြိမ်ဝပ် သွားသည့် အဖြစ်သို့ ကူးပြောင်း ရန်သည်သာ စင်စစ် အရေးပါ၏။

၃။ လက်ရှိ သာမန် ရှင်သန်နေသော လမ်းသည် - အိပ်မက်ကို ပဓာန ပြုသော လမ်း ဖြစ်သည်။ ထို့ကြောင့် အိပ်မက် သည် အတုအယောင် အချည်းနှီး ဖြစ်သကဲ့သို့ - ရှင်သန်နေထိုင်မှုသည်လည်း အတုအယောင် အချည်းနှီး သာ ဖြစ်လာရ ၏။

၎။ ဗုဒ္ဓ၊ တထာဂတ တို့၏ လမ်းသည် - ဉာဏ ကို ပဓာန ပြုသော လမ်း ဖြစ် ၏။ ရှင်သန်မှု ဘဝ ၌ အိပ်မက် မရှိ။ ရှင်သန်မှု နိုးကြားမှု စင်စစ် သာ ရှိ၏။ ထို့ကြောင့် အတုအယောင် အချည်းနှီး မဖြစ်ဘဲ၊ ခဏတိုင်း ၌ ပြည့်ဝလျက် ရှိသည်။

၅။ တထာဂတ တို့ မိန့်ဆိုသည့် စကားမှာ -

"လောက၌ မည်သည့် အရာသည် သေချာ ရောရာ ရှိပါသနည်း။ အဘယ် ဓမ္မ၊ သင်္ခါရတရား သည် မည်သို့ အခြေတည် ခိုင်မြဲ နေပါသနည်း။ အရာအားလုံး ကုန်ဆုံး ပျက်သုဉ်း ရစမြဲ ဖြစ်ကြောင်း သိအပ်၏။ အဖန်တလဲလဲ ဖြစ်ပျက် ပြောင်းလဲ နေမြဲ ဖြစ်ကြောင်း - အရာရာတို့၌ ရှုမြင်လွယ်၏။

"ခိုင်မြဲသော မဖောက်ပြန်သော အရာ ရှိတန်ရာသလော ဟု ရှာဖွေလျှင် - ဤလောက၌ "သေခြင်းတရား" မှ တစ်ပါး အခြားမရှိ။ အရာရာ တို့၏ ဖြစ်ပျက် ပြောင်းလဲမှု သဘော၌ မသေချာမှုများဖြင့် ဖွဲ့တည် ထားသော်လည်း၊ "သေခြင်းတရား" သည်ကား မလွဲမသွေ ရောက်လာ ရပေလိမ့်မည်" ~ ဟူ၏။

၆။ ယင်းသို့ - "မခိုင်မြဲ သည့် သဘာဝ" အား အစဉ်ထာဝရ ခိုင်မြဲနေလိုခြင်း အဖြစ် ကိုပင် "မသိမှု (အဝိဇ္ဇာ)" ဟု လည်းကောင်း၊ အမြင် မှောက်မှားမှု (မာယာ) ဟူ၍လည်းကောင်း ခေါ်ဆို၍ - ၎င်းတို့ ဦးတည်ရာ သည် - သောက၊ ပရိဒေဝ၊ ဇရာ၊ မရဏ တို့ထံသာ ဖြစ်၏။

.....................
June 14th 2012 at 12:00 AM
......................


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 04:54:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:26540] Fwd: [လူဗိုလ်ဟူသည် ...] နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားသည့် မိန့်ခွန်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/19
Subject: [လူဗိုလ်ဟူသည် ...] နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားသည့် မိန့်ခွန်း
To: lubo601@gmail.com



by 7Day News Journal on Tuesday, June 19, 2012 at 12:26am 


နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊
တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများ၊
ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများအား ပြောကြားသောမိန့်ခွန်း

၂၀၁၂ ခုနှစ်၊ ဇွန် (၁၉) ရက်
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသ ကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများခင်ဗျား၊
ယနေ့အခမ်းအနားကို တက်ရောက်လာကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန်
ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။


နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်
ကစတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသားပြန်လည် စည်း
လုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်က စတင်ဆောင်ရွက်လျက်ရှိတဲ့
ဒုတိယအဆင့်ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့အကျိုး
စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသား
ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့
ဘ၀လုံခြုံရေးတို့ ကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရက ရေးဆွဲလျာထားပြီး ပြည်ထောင်စု လွှတ်တော်သို့ မကြာမီတင်သွင်းမယ့် အမျိုးသား
စီမံကိန်း (မူကြမ်း) ဟာ ၂၀၁၁- ၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတို (၅)နှစ်စီမံကိန်း
ဖြစ် ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း၊
နှစ်စဉ်စီမံကိန်း(၂)ခုကိုပြည်ထောင် စုလွှတ်တော်သို့ တင်သွင်းမှတ်တမ်းတင် အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးချက်များအရ ပြည် ထောင်စုဝန်ကြီးဌာနများရဲ့ လုပ်ငန်းကဏ္ဍအချို့ကို
လျှော့သင့်တာလျှော့ချ၊ တိုးသုံးသင့်တာ တိုးတက်လျာထားသုံးစွဲမှုများ ပြုလုပ်ခဲ့ပြီး တစ်ဖက်ကလည်း
နိုင်ငံတော် ဖွံ့ ဖြိုးဖို့အတွက် ထပ်မံလိုအပ်လာမယ့် ရေရှည်အစီအမံများကို ဖြည့်စွက်
ပြင်ဆင်ရေးဆွဲထားတာဖြစ်ပါတယ်။

ပဉ္စမကာလတို (၅)နှစ်စီမံကိန်း (မူကြမ်း)(၂၀၁၁-၁၂ မှ ၂၀၁၅-၁၆) ကို လက်ရှိ နိုင်ငံတော်ရဲ့
စီးပွားရေးအခြေအနေ ပေါ်မူတည်ပြီး အနာဂတ်မှာ ဖြစ် ပေါ်တိုးတက်လာနိုင်မယ့် အနီး စပ်ဆုံး အနေအထားကို
မျှော်မှန်း ထားပြီး စီမံကိန်း ကော်မရှင် အစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နိုင်
ငံတော်အနေနဲ့ (၅)နှစ်တာကာလအတွင်း-
- တစ်မျိုးသားလုံးရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)ကို ၂၀၁၀-၁၁ ခုနှစ် ပုံမှန် ဈေးနှုန်းအရ
တစ်နှစ်ပျမ်းမျှ (၇ ဒသမ ၇ ရာခိုင်နှုန်း)တိုးတက်ရန်၊နိုင်ငံတော် ရဲ့ ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏
ပါဝင်မှုအချိုးအစားကို ၃၆ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၉ ဒသမ ၂ ရာခိုင်နှုန်းသို့ လည်ကောင်း
- စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၆ ဒသမ ၀ ရာခိုင်နှုန်း မှ ၃၂ ဒသမ ၁ ရာခိုင်နှုန်းသို့လည်းကောင်း၊
ဝန်ဆောင်မှု ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇ ဒသမ ၆ ရာခိုင်နှုန်းမှ ၃၈ ဒသမ ၇ ရာခိုင်နှုန်းသို့
လည်းကောင်းအသီးသီးပြောင်းလဲ ဖြစ်ပေါ်စေရန်။
- လူတစ်ဦးစီ၏ ပျမ်းမျှပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး(Per Capita GDP)ကို အခြေခံ နှစ်ထက်
(၁.၇)ဆ တိုးတက်စေ ရန် ရည်မှန်းထားပါတယ်။
တွက်ချက်ရရှိထားတဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းအရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမယ့် ပြည်သူများရဲ့
ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီဟာ အခြေခံနှစ်ထက် (၁ ဒသမ ၇) ဆရရှိရန် တွက်ချက်ခန့် မှန်းထားသော်လည်း
ကျွန်တော်တို့အစိုးရ အနေနဲ့ကတော့ ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီကို အခြေခံ နှစ်ထက် (၃)ဆတိုးတက်အောင်
ကြိုးစားချင်တာ ဖြစ်ပါတယ်။တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေ
ဖြည့်ဆည်းနိုင်အောင်၊ အမှန်တကယ် ၀င်ငွေတိုးအောင် ကြိုးစားပေရမှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ငါးနှစ်အတွင်းမှာ (၃)ဆ တိုးအောင်ဆိုရင်လူ့စွမ်းအား၊ငွေကြေး  အရင်းအနှီးနဲ့
နည်းပညာပေါင်း စပ်ပြီးတိုးတက်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ လက်ရှိ ကျွန်တော် တို့အသုံးပြုနေတဲ့
ငွေကြေး၊ အရင်းအနှီး ထည့်ဝင်ရင်းနှီးသုံးစွဲနိုင်မှုကို သုံးသပ်ရင်း
- နိုင်ငံတော်၏ အရ-အသုံးငွေ စာရင်း (အစိုးရဘတ်ဂျက်) အကန့်သတ်ရှိခြင်း။
- ပြည်ပအကူအညီ အထောက်အပံ့(Grant)နှင့် ချေးငွေ(Loan) တိုးတက်ရရှိရန် လိုအပ်ခြင်း။
- ပြည်တွင်းပြည်ပရင်းနှီးမှုများအရှိန်အဟုန်ဖြင့်တိုးတက်ရန် လို အပ်ခြင်းတို့ကို အဓိက တွေ့ရှိရမှာ ဖြစ်ပါတယ်။
လက်ရှိငွေကြေးအရင်းအနှီးထည့်ဝင်ရင်းနှီးနိုင်မှုပမာဏထက် ၂ ဆခန့်တိုးတက်ရင်းနှီးမြှုပ်နှံ
ဆောင်ရွက်နိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းနှင့် ၀င်ငွေတွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ ၃ ဆကို
တိုးတက်ရရှိမှာဖြစ်ပါတယ်။
နိုင်ငံတော်အရအအသုံးငွေ စာရင်းကို ကြည့်ရင် (၂၀၁၁-၁၂) ဘဏ္ဍာနှစ်မှာ လိုငွေ (-)၂.၁၅၉. ၅၃၄
ကျပ်သန်းရှိပြီး (၂၀၁၂-၁၃) ဘဏ္ဍာနှစ်မှာ လိုငွေ (-)၁.၉၅၃. ၇၁၂ ကျပ်သန်းခန့်ဖြစ်ပေါ်တာ ကို
တွေ့ရမှာဖြစ်ပါတယ်။ ဒါ ကြောင့်ဘတ်ဂျက်လိုငွေ နှစ်ရှည်ကြာစွာဖြစ်ပေါ်ပါက နိုင်ငံ့စီးပွားရေးကို ထိခိုက်လာပြီး
နောက် ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။  ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော်နှင့်
ပြည်သူတို့အတွက် အကျိုးရှိ ထိရောက်မယ့် လုပ်ငန်းများမှာ ထိရောက်အကျိုးရှိအောင် အသုံးပြုခြင်း၊
စီးပွားရေးတွက်ခြေမကိုက်တဲ့ လုပ်ငန်းများ၊ မလိုအပ်တဲ့ လုပ်ငန်းများကို လျော့ချခြင်း၊ အသုံးစရိတ်များ
ချွေတာခြင်းတို့ကို တစ်ဖက်က လုပ်ဆောင်ရမှာ ဖြစ်သလို အခြားတစ်ဖက်ကလည်း နိုင်ငံပိုင် အခန်းကဏ္ဍကို
လျှော့ပြီး ပုဂ္ဂလိကပိုင်အခန်းကဏ္ဍကို ပြောင်းလဲဆောင်ရွက်တဲ့ပုဂ္ဂလိကပိုင်ပြုလုပ်ရေး(Privatization) ကို
ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရရဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်
တစ်ရပ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး   (Privatization)လုပ်ငန်းကို ထုခွဲရောင်းချခြင်းမျိုးမဟုတ်ဘဲ
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့အညီ နိုင်ငံပိုင် အချိုးအစား များနေသောဆက်သွယ်ရေးကဏ္ဍ၊  
လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ငွေရေးကြေး
ရေးကဏ္ဍများကို ကဏ္ဍတစ်ခုချင်း လေ့လာသုံးသပ်လျက်ပုဂ္ဂလိကပိုင်    အချိုးအစားသို့ ပိုင်ဆိုင်မှုအချို့
ကူးပြောင်းပေးရင်း စွမ်းဆောင် ရည်မြင့်မားအောင် အားပေးမြှင့် တင်သွားရမှာဖြစ်ပါတယ်။ ဒါ ကြောင့်
ပြည်ထောင်စု ၀န်ကြီး ဌာန တစ်ခုချင်းစီရဲ့ လုပ်ငန်းနယ် ပယ်နှင့် အချိုးအစားပါဝင်မှုကို ပြန်လည်စိစစ်၊
သုံးသပ်၊ ပြုပြင် ပြောင်းလဲဆောင်ရွက်နိုင်အောင် ဒုတိယသမ္မတဦးဆောင်တဲ့ "ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်
အသစ်"ကိုပြင်ဆင်ဖွဲ့စည်းပေးပြီး ပြောင်းလဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုဝန် ကြီးဌာနများအနေနဲ့ မိမိတို့ တာဝန်ယူရတဲ့ကဏ္ဍနဲ့ ဌာနရဲ့ လုပ်ငန်းများအနက်
မည်သည့် လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူ ဟာလုပ်ငန်းစဉ် (Reform
Strategy)ကို ချမှတ်ရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။    Reform Strategy    ရေးဆွဲနိုင်ရေးအတွက်
ကိုလည်း အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင် စီးပွားရေးပညာရှင်များနဲ့
ဌာနဆိုင်ရာများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခဲ့ကြလို့ အတိုင်း အတာတစ်ခုထိ ပြုပြင်ပြောင်းလဲ ဆောင်ရွက်မယ့်
အစီအမံအဆင့် တစ်ခုကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ကဏ္ဍစီမံကိန်း တစ်ခုချင်းအတွက် ဖွံ့ဖြိုးမှုစီမံ
ကိန်း (Development Plan) များကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ရေးဆွဲ
ဆောင်ရွက်နေသကဲ့သို့၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများကလည်း ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်း၊
မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကို အသေးစိတ်ရေးဆွဲဆောင်ရွက်ရန် အဆင့်
ဆင့်သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေတာကိုတွေ့ရှိ ရပါတယ်။ စတင်ပြောင်းလဲ
ဆောင်ရွက်ချိန်ဖြစ်လို့ အကူးအပြောင်းကာလအတွင်း လိုအပ်ချက်များ ရှိနေမှာဖြစ်သော်လည်း ပြည်တွင်းပြည်ပ
အဖွဲ့အစည်းများ၊ ပညာရှင်များအကူအညီဖြင့် ပိုမိုသိရှိနားလည်ဆောင်ရွက်လာ နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီ
နေရာမှာ ပြည်ထောင်စု အစိုးရအနေနဲ့ တစ်နိုင်ငံမှာရှိတဲ့ မြို့အားလုံးကို ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း တွေ
ရေးဆွဲဖို့ကြိုးစားပေမယ့် မြို့ အားလုံးတစ်ပြိုင်နက်တည်း ကိုင် တွယ်အကောင်အထည်ဖော်ဖို့ လူအား၊
ငွေအားနဲ့အမှန်တကယ် လိုအပ်မှုအနေအထားရှိ/မရှိ သုံး သပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တိုင်းဒေသကြီး/
ပြည်နယ်အစိုးရများကလည်း မိမိတို့ရဲ့ မြို့နယ် အားလုံးအပေါ် ခြုံငုံလေ့လာသုံး သပ်ကြည့်ရင် ပြည်သူတွေ
လတ် တလောမြို့ကွက်၊ ရွာကွက်ချဲ့ပေး ရန် လိုတဲ့မြို့နယ်၊ သောက်သုံးရေ ဖူလုံရေးနှင့် သစ်တောသစ်ပင်ပြုစု
ပျိုးထောင်ရေးဦးစားပေး လုပ်ပေး ရမယ့် မြို့နယ်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက်နှစ်တို၊
နှစ်ရှည်စိုက်ခင်းများ၊ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းများ ဦးစားပေးထူထောင်ရမယ့် မြို့နယ်၊ ပညာရေး၊
ကျန်းမာရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးဦးစား ပေးလုပ်ရမယ့် မြို့နယ်တွေစာရင်း ပေါ်ထွက်လာမှာဖြစ်ပါတယ်။
ဒီ လေ့လာတွေ့ရှိချက်အပေါ် ဦး စားပေးမြို့နယ်များကို နှစ်အလိုက် ဆောင်ရွက်နိုင်အောင် ဦးစားပေး
အစီအစဉ်(Priority)   များရေးဆွဲ ထားပြီး ဘတ်ဂျက်၊ နိုင်ငံခြား အကူအညီ အထောက်အပံ့၊ပြည်
တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေဘယ် လိုရအောင် ကြိုးစားမလဲ၊ ဘယ် လိုခွဲဝေသုံးစွဲမလဲဆိုတာကို နှစ်အလိုက်
အဆင့်ဆင့် စီမံကိန်း (Plan) ရေးဆွဲခြင်းဟာ မြို့ရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းရေးဆွဲ
ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ ပဉ္စမကာလတို ငါးနှစ်စီမံကိန်းရေးဆွဲအ တည်ပြုပြီးတဲ့နောက် နှစ်သုံးဆယ်
နှစ်ရှည်စီမံကိန်းကို ပြန်လည် သုံး သပ်ရေးဆွဲခြင်းလုပ်ငန်းအပြင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်း    
(National Development Plan) ကို-
- ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးစီမံကိန်း
- လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း
- ရင်းနှီးမြှုပ်နှံမှုစီမံကိန်း
- ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း
- စက်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
- ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
- ဒေသန္တရစီမံကိန်းများ
- ကဏ္ဍအလိုက် စီမံကိန်းများဖြင့် (Comprehensive Development Plan)  အဖြစ် ဆက်လက် ရေးဆွဲ
အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာန များနဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရများကလည်း (ဂျီဒီပီ)တိုး တက်ရေးထက်
ပြည်သူတစ်ဦး ချင်း၊ တစ်အိမ်ထောင်ချင်းရဲ့ ၀င်ငွေတိုးတက်ရေးနဲ့
လူမှုစီးပွားရေးဘ၀မြင့်မားတိုးတက်ရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေး   (People-Centered
Development)    လုပ်ငန်းတွေကို ဦးစားပေးပြီး၊ အစီအမံရှိရှိနဲ့ မြေပြင်မှာ အမှန်တကယ် တိုးတက်အောင်
ကျိုးပမ်းဆောင်ရွက်သွား ကြဖို့ တိုးတွန်းပြောကြားလိုပါတယ်။

ဒုတိယပိုင်းအနေနဲ့ ဆက် လက်ပြောကြားလိုတာကတော့ နိုင်ငံခြားအကူအညီ အထောက်အပံ့များကို
ထိရောက်စွာရယူ အသုံးပြုခြင်းဖြင့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်များ   (National
Development Goals) နဲ့ ကမ္ဘာ့ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals)
အောင်မြင်အောင်ဆောင်ရွက်ရေးဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများကို လေ့လာကြည့်ရင့် အဲဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ   (Development
Goals)   နဲ့ ဆင်းရဲမှုလျှော့ချရေးစတဲ့ ထောင်စုနှစ်ရည်မှန်းချက်များ   (Millennium Development Goals)    
ကို အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်ရာမှာ နိုင်ငံရဲ့ ဘတ်ဂျက်ငွေတစ်ခုတည်းနဲ့မလုံလောက်
တဲ့အတွက်နိုင်ငံတကာအကူအညီအထောက်အပံ့  (Grant/Aid),  ချေးငွေ (Loan)    နဲ့နည်းပညာအကူ
အညီများရယူဆောင်ရွက်ကြရပါတယ်။ ဒီလိုရယူဆောင်ရွက်တဲ့ အခါမှာ ကူညီထောက်ပံ့ကြတဲ့ နိုင်ငံများ၊
အလှူရှင်များအနေနဲ့ ၎င်းတို့ ကူညီထောက်ပံ့လိုတဲ့ ကဏ္ဍနဲ့ နယ်မြေ/ဧရိယာ ဦးစားပေးမှုအစီအစဉ်အမျိုးမျိုး၊
ရည် ရွယ်ချက် အမျိုးမျိုးရှိကြပြီး အကူအညီရယူတဲ့နိုင်ငံကလည်း မိမိတို့ရဲ့ ဦးစားပေးကဏ္ဍနဲ့ နယ်မြေများကို
မိမိတို့ရဲ့ ဖွံ့ဖြိုးမှုစီမံကိန်း (Development Plan)နဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ Reform Strategy  
လုပ်ငန်းစဉ် ဦးစားပေး အစီအစဉ်များနဲ့ အကျိုးရှိထိရောက်အောင်ရည်ရွယ်ဆောင်ရွက်ကြတာဖြစ်ပါတယ်။
ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများမှ အကျိုးအမြတ် ပြန်ရချက် နည်းလို့ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ချင်တဲ့
နယ်မြေဒေသများ၊ အစွန်အဖျားဒေသများကို အစိုးရဘတ်ဂျက်နဲ့ အကူအညီ အထောက်အပံ့(Grant/aid)ကို
ဦးစားပေးသုံးစွဲပြီး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူက စီးပွားရေးတွက်ခြေကိုက်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နယ်မြေများမှာ
ပြည်တွင်းပြည်ပရင်း နှီးမြှုပ်နှံမှု (Investment)နဲ့ ဆောင်ရွက်ဖို့ စဉ်းစားရမှာ ဖြစ်ပါ တယ်။ ချေးငွေ(Loan)
ကိုတော့ အတိုးနှုန်း၊ ပြန်ဆပ်ရမယ့်ကာလနဲ့ ဆောင်ရွက်မယ့်လုပ်ငန်းစီမံကိန်း(Project)ကို
စီးပွားရေးတွက်ခြေကိုက်မှု၊ အကျိုးအမြတ်ပြန်ပေါ်နိုင်မှု၊ ချေးငွေပြန်ဆပ်နိုင်မှုစတဲ့ အခြေအနေတွေနဲ့
စဉ်းစားရွေး ချယ်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ စီးပွားရေးအရချက်ချင်း အကျိုးအမြတ် မပေါ်နိုင်သော်လည်း
နိုင်ငံနဲ့လူမျိုးအတွက် ရေရှည်အကျိုးရှိမယ့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ လမ်း၊ တံတား၊
ဆိပ်ကမ်းစတဲ့အ ခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာတော့ လိုအပ်ချက် အရ သုံးကြရန်
ဖြစ်ပါတယ်။ ဒါ ကြောင့် နိုင်ငံတကာအတွေ့အကြုံ တွေအပေါ်မူတည်ပြီး ထိရောက် သော နိုင်ငံခြားအကူအညီ
အ ထောက်အပံ့များ စီမံခန့်ခွဲမှု(Effective Aid Management)ရရှိ ရန်အတွက် နိုင်ငံတော်အစိုးရအ နေနဲ့
နိုင်ငံခြားအကူအညီ အ ထောက်အပံ့ စီမံခန့်ခွဲရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ နဲ့ အမျိုးသားစီးပွားရေးနှင့်
လူမှုရေးအကြံပေးကောင်စီ တို့ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံခြားအကူအညီ အထောက်အပံ့ဆိုင်ရာ ကိစ္စရပ် များကို

စီမံချက်များ စနစ်တကျ ရေးဆွဲပြီး စီမံခန့်ခွဲအကောင်အ ထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန် ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၀န်ကြီးချုပ်များအ နေနဲ့ မိမိတို့ရဲ့
ကဏ္ဍစီမံကိန်း၊ ဒေသန္တရစီမံကိန်းများနဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ်များနဲ့အညီ
နိုင်ငံခြားအကူအညီ(Grant/Aid)   အသုံးပြုရန်လိုအပ်သည့် ဦးစားပေးကဏ္ဍများနှင့်
ဦးစားပေးနယ်မြေများကိုလည်းကောင်း၊ ချေးငွေ(Loan)   ရယူဆောင်ရွက်သင့်သည့် လုပ်ငန်းများအတွက်
ပြည်ထောင်စုဝန်ကြီး ဌာနများက တိုင်းဒေသကြီး/ပြည်နယ်များနှင့် ညှိနှိုင်းပြီး မိမိတို့ တာ ၀န်ယူ၍
တိုးတက်အောင် ဆောင် ရွက်နိုင်မည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိထိ ရောက်မည့်
လုပ်ငန်းများကို ဦး စားပေးရွေးချယ် ဆောင်ရွက်သွား ရမှာဖြစ်ပါတယ်။ ရှေးကကဲ့သို့    Top-Down     

ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာမဟုတ်ဘဲ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နှင့်အညီ တိုးတက်အောင်

ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး   Bottom-Up    

လုပ်ငန်းစဉ်ဖြင့် တင်ပြဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများ (ဥပမာ- ဆက်သွယ်ရေး၊ လျှပ်စစ်၊ စက်မှု) ကလည်း မိမိတို့ ၏ ကဏ္ဍအလိုက်

ချေးငွေမည်မျှ ရယူ၍ ရင်းနှီးမြှုပ်နှံလျှင် တိုးတက်မှုမည်မျှရအောင် ဆောင်ရွက် နိုင်မည်ကို တွက်ချက်ပြီး

တာဝန် ယူ၍ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့တာဝန် ယူတဲ့

ကဏ္ဍတိုးတက်အောင် စီး ပွားရေးတွက်ခြေကိုက်မယ်ဆို ရင်    Calculated Risk      ဖြင့် နိုင်

ငံခြားချေးငွေရယူပြီး ရဲရဲတင်း တင်း တာဝန်ယူဆောင်ရွက် သွားမှသာ တိုင်းပြည်တိုးတက် မှာ ဖြစ်ပါတယ်။

တစ်ဖက်ကလည်း သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး မထိခိုက်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို

ရွေးချယ်ပြုလုပ်ဖို့လို အပ်ပါတယ်။

ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရာမှာ အလုပ်ရရုံသက်သက် မဟုတ် ဘဲ

ထိုက်သင့်သော အခြေခံလ စာများ ပြည့်ပြည့်၀၀ရရှိရေးအတွက် အလေးထားဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ အ ခြားနိုင်ငံများနည်းတူအနည်းဆုံး အခကြေးငွေဥပဒေတစ်ရပ်ရေး

ဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားပါတယ်။

ဘတ်ဂျက်နဲ့ နိုင်ငံခြားအကူ အညီ အထောက်အပံ့ကိစ္စ ပြော ကြားပြီးတဲ့နောက် တတိယပိုင်း မှာ

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအ တွက်

ကြိုးပမ်းလုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်။ ရင်းနှီးမြှုပ် နှံသူများအတွက် ဥပဒေ၊ စည်းမျဉ်း၊

လုပ်ထုံးလုပ်နည်းများဟာ အရေး ကြီးပြီး လုပ်သာကိုင်သာရှိဖို့ လို သလို ဥပဒေအရ အကာအကွယ်

ပေးမှုရှိမှသာ လာရောက်ရင်းနှီး မြှုပ်နှံကြမှာဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ် နည်းများကို

နိုင်ငံတကာလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြင်ဆင် ရေးဆွဲခဲ့ပြီး မကြာမီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို

ပြည်ထောင်စုလွှတ်တော်မှာ အတည် ပြုပြဋ္ဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာ့အထူးစီးပွား

ရေးဇုန် ဥပဒေ(မူကြမ်း)ကို ရေးဆွဲပြီးဖြစ်၍ သက်ဆိုင်ရာဌာနများနဲ့ စီးပွားရေးအဖွဲ့အစည်းများရဲ့

သဘောထားအကြံပြုချက်များ ရ ယူပြီးပါက လွှတ်တော်သို့ တင် သွင်းမှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ကုန်သွယ်မှုနှင့်

ရင်းနှီးမြှုပ်နှံမှုတို့ဟာ အဓိကမောင်းနှင်အားဖြစ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများနဲ့

လူမှုစီးပွားရေး တိုးတက်မှုအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကို တစ်ဖက်က တိုးတက်အောင်

ကြိုးပမ်းရမှာ ဖြစ်သလို တစ်ဖက်ကလည်း မိမိနိုင်ငံနှင့် လူမျိုး အကျိုးစီးပွား မထိခိုက် ရေး၊ နိုင်ငံဂုဏ်သိက္ခာ

မထိခိုက်ရေး၊ နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်ရေးနှင့် သဘာဝပတ်ဝန်း ကျင် မထိခိုက်ရေးတို့ကိုလည်း ရပ်

တည်စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္တုသယံ ဇာတ

စသည့် သဘာဝသယံဇာ တ အရင်းအမြစ်များကို နောင် သားစဉ်မြေးဆက်အထိ စနစ်တကျသုံးစွဲနိုင်မယ့်

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု(Sustainable Development)ရရှိရေးကို စနစ်တကျစီမံတွက်ချက် အသုံးပြု

ဆောင်ရွက်သွားကြရန် လိုအပ်ပါ တယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆောင်ရွက်ရာမှာ

အခြားနိုင် ငံများနှင့်မတူဘဲ အခက်အခဲတွေ့ နေရတဲ့ ကိစ္စရပ်တစ်ခုကတော့ မြေအသုံးချမှု(Land Use)  မြေ

ကစားမှု(Land Speculation) စတဲ့ မြေယာပြဿနာများပဲ ဖြစ်ပါ တယ်။ အိမ်နီးချင်းနိုင်ငံအချို့ကို ကြည့်ရင်

ကိုယ့်နိုင်ငံထက်သာတဲ့ မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့ လူနေမှုအဆင့်အတန်းနဲ့

လူမှုစီးပွားရေးဘ၀ မြင့် မားတိုးတက်မှု အခြေအနေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများနဲ့

ရင်ပေါင်တန်း နိုင်ဖို့အတွက် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Regional Development Plan)၊ မြို့ပြဖွံ့

ဖြိုးတိုးတက်ရေး စီမံကိန်း(City Development Plan) ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Township

Development Plan) ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Village Development Plan) တို့ကို

မြို့နယ်အဆင့် ကစပြီး ကော်မတီများ ဖွဲ့စည်းရေး ဆွဲဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။ မြို့နယ်တစ်မြို့နယ်ရဲ့

အကျယ်အ၀န်း၊ လူဦးရေအချိုးအစားနဲ့ ပြည်သူတို့၏ နေမှုထိုင်မှုလိုအပ်ချက်၊ ပြည်သူတို့၏ စား

သောက်မှုလိုအပ်ချက်နှင့် အလုပ် အကိုင်အခွင့်အလမ်း လိုအပ်ချက် တို့အတွက် လယ်ယာမြေများ၊ နှစ်

ရှည်စိုက်ခင်းကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းများ၊ သစ်တော သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူ တို့၏

သောက်သုံးရေလိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေးအခြေအ နေနှင့် ပြည်သူတို့၏ သွားလာရေး လိုအပ်ချက်၊

လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေးစသည့် ပြည်သူတို့

လိုအပ်ချက်ကိစ္စအ၀၀ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု

စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှုမူဝါဒ(Land Use Policy)နှင့် မြေအသုံးချမှုစီမံခန့်ခွဲရေး (Land

Use Management) တို့ကို စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။

သစ်တောမြေနှင့် မြေလွတ် မြေရိုင်းများ၊ အခြားမြေများတွင် တရားမ၀င်ကျူးကျော်ဝင်ရောက် နေထိုင်

လုပ်ကိုင်ရာမှ ၎င်းတို့ လက်ငုတ်လက်ရင်းပိုင်ဆိုင်သကဲ့ သို့ဖြစ်ပြီး အစိုးရ၏စီမံခန့်ခွဲမှုမှာ

အခက်အခဲရှိလာတဲ့အတွက် အ ခြားနိုင်ငံများကဲ့သို့ မြေဟက်တာ များစွာကို ရင်းနှီးမြှုပ်နှံမှုအတွက်

ခွင့်ပြုမပေးနိုင်တဲ့အခြေအနေများ၊ မြေယာပြဿနာများကို နေရာအ နှံ့အပြားမှာတွေ့ရှိရပါတယ်။

နှစ်တိုနှစ်ရှည် စက်မှုကုန် ကြမ်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်နိုင်ရန် မိမိတို့၏ ပြည်သူများကို

သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၌ တရားမ၀င်ကျူးကျော်နေထိုင်လုပ်ကိုင် စားသောက်ခြင်းအစား

မြို့ကွက်ရွာကွက်များ စနစ်တကျ ထူထောင်နေရာချထားပေးခြင်း၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများ

ချထားစီမံပေးခြင်း တို့ကို စုစည်းပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နဲ့ နှစ်ရှည်ပင် များ၊ ရင်းနှီးမြှုပ်နှံမှု

စီးပွားရေး စိုက်ခင်းကြီးများ ပြောင်းလဲထူ ထောင်ပေးနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော

သဘာဝပတ်ဝန်းကျင် ဖြစ်ထွန်း စေလျက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏အလုပ်အကိုင် အ

ခွင့်အလမ်းနှင့် စီးပွားရေးတိုးတက်မှု၊ လူနေမှုအဆင့်အတန်းမြင့်မား မှုတို့အတွက် မြေယာစနစ်တကျ

စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ် ပြုပြင်ပြောင်းလဲရေး(Land Reform)ကို ဆောင်ရွက်ရန် အ

ချိန်ကျရောက်ပြီဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်အနေ နဲ့ မြေယာအသုံးချမှုမူဝါဒများ ရေးဆွဲပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ

မြေယာခွဲဝေအ သုံးချမှုစနစ်တကျဆောင်ရွက်နိုင်ရန်အတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် ရင်းနှီး

မြှုပ်နှံမှုစီမံကိန်းများအတွက် မြေ ယာခွဲဝေအသုံးချမှုစိစစ်ဆောင် ရွက်ရေးကော်မတီကို ဖွဲ့စည်းထား ပြီး

ဖြစ်တဲ့အတွက် ပြည်ထောင်စု ၀န်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေနဲ့ မိမိ တို့ရဲ့

မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် စပ်လျဉ်း၍လည်း ကောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း

များနှင့်စပ်လျဉ်း၍လည်းကောင်း၊ သတ္တု၊ ကျောက်မျက်၊ စွမ်းအင်၊ တွင်းထွက်ပစ္စည်းများ ရှာဖွေထုတ် လုပ်မှု၊

စိုက်ခင်းကြီးများနှင့် မွေး မြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊

အဆိုပါ ကော်မတီသို့ မြေယာခွဲဝေအသုံးချရေး စိစစ်အတည်ပြုပေးနိုင်ရန် ပေးပို့တင်ပြညှိနှိုင်းဆောင်ရွက်သွားရ

မှာဖြစ်ပါတယ်။ ယင်းကော်မတီမှ စိစစ်ပြီးပါက ပြည်ထောင်စုအစိုး ရအဖွဲ့နှင့်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပုဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၊ မြေလွတ်မြေရိုင်းများ

စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေညှိနှိုင်းဆက်စပ်ဆောင်ရွက်သွား ကြရမှာဖြစ်ပါတယ်။

မြေယာနဲ့ စပ်လျဉ်းတဲ့ ဌာနဆိုင်ရာ အသီးသီးအနေနဲ့ မိမိတို့ ရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ မြေဧရိယာ

ခွဲဝေအသုံးပြုသည့် သတ်မှတ်ချက်များ အမျိုးမျိုးအဖုံ ဖုံကွဲပြားပြီး လက်တွေ့မြေပြင်၌ စီ

မံခန့်ခွဲနိုင်ခြင်းမရှိသည့် အခြေအနေမှ နိုင်ငံတကာနှင့်အညီ ခေတ် နှင့်အညီ လက်တွေ့စီမံခန့်ခွဲနိုင်

သည့်ဥပဒေလုပ်ထုံးလုပ်နည်းများ၊ အခွန်အကောက်ဆိုင်ရာ ကိစ္စရပ် များကို ပြန်လည်ညှိနှိုင်းရေးဆွဲ အတည်ပြု

ပြဋ္ဌာန်းဆောင်ရွက်သွားမှသာ ထိရောက်တဲ့ စီမံခန့်ခွဲမှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

မြို့ကွက်၊ ရွာကွက်၊ အိမ် ကွက်၊ စိုက်ကွက်နှင့် အခြားစီး ပွားရေးလုပ်ကွက်များကိုလည်း တိကျမှန်ကန်စွာ

စာရင်းကောက်ယူ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ အ ရောင်းအ၀ယ်ပြုလုပ်မှုများကို အခွန်အကောက်

လုပ်ထုံးလုပ်နည်း များနှင့် ဆက်စပ်ညှိနှိုင်း၍ ပိုင်ဆိုင်မှုစာရင်းများ တိကျမှန်ကန် အောင်

ဆောင်ရွက်ပေးခြင်းများကိုလည်း အခြေခံခိုင်မာအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ များအနေနဲ့

နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးစုများနဲ့

ရွှေ့ပြောင်းအလုပ်သ မားများအတွက် နယ်စပ်ဒေသတွေမှာ နေရေးထိုင်ရေး၊ လုပ်ကိုင် စားသောက်ရေးနှင့်

အလုပ်အ ကိုင်အခွင့်အလမ်းများ ရရှိရုံသာမက အခြားနိုင်ငံများသို့ သွား ရောက်အလုပ်လုပ်နေရသူများ၊ မိ

မိဒေသများသို့ ပြန်လည်အခြေချ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်
-မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း များနှင့်အညီ စနစ်တကျ နေရာချထားပေးခြင်း။
-ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးအခြေအနေများ ပြည့်စုံအောင်ဖြည့်ဆည်းပေးခြင်း။
-စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် အဆင့်မှ

စီးပွားဖြစ် အဆင့်သို့ ကူးပြောင်းနိုင်ရန် စီးပွားဖြစ်စိုက်ခင်းကြီးများ စီးပွားဖြစ်မွေးမြူရေး  

ကုန်ထုတ်လုပ်ငန်းကြီးများ၊ စက်ရုံစုကြီးများ၊ စနစ်တကျထူထောင်ပေးခြင်း။
-ယင်းကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိလာသော ကုန်ပစ္စည်းများကို လက်လီအဆင့်မှ လက်ကား

ကုန်စည်ဒိုင်ကြီးများ၊ ကုန်သွယ် ရေးဇုန်များအဖြစ် ဈေးကွက်ဖွံ့ဖြိုး အောင် စီမံဆောင်ရွက်ပေးခြင်း။
-နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြင့် ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှု

လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

သို့မှသာ မိသားစုနဲ့ခွဲခွာပြီး အခက်အခဲကြားက ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြရတဲ့

ပြည်သူများအနေနဲ့ မိမိတို့ဒေသဖွံ့ဖြိုးလာတာနဲ့အမျှ ပြန်လည်လာရောက်လုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။

အလားတူ နိုင်ငံတကာမှာ ရောက်ရှိနေပြီး အောင်မြင်နေကြ တဲ့ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းကဏ္ဍအလိုက်

စီမံကိန်းဆိုင်ရာကျွမ်းကျင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များကိုလည်း နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ

တော်အစိုးရနဲ့အတူ လာရောက်လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါလို့ လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါတယ်။

စတုတ္ထပိုင်းအနေနဲ့ လျှပ်စစ် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လတ်တလောလိုအပ်ချက်၊ ရေတို

လိုအပ်ချက်နှင့် ရေရှည်လိုအပ် ချက်များအတွက် စီမံကိန်းရေးဆွဲ ဆောင်ရွက်ရမယ့် ကိစ္စများနဲ့ စပ်လျဉ်းပြီး

ပြောကြားလိုပါတယ်။ ယ ခင်အစိုးရအနေနဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်ကို

အာရုံစိုက်ပြီးဆောင်ရွက်နိုင်ရန် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနဲ့ အမှတ်(၂)လျှပ်စစ်စွမ်း

အားဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်း တာဝန်ယူဆောင်ရွက်စေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခု နှစ်အထိ

သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်းအပါအ၀င် နိုင်ငံတော်ရဲ့ ဘဏ္ဍငွေ စုစုပေါင်းကျပ် သန်း (၂၈၀၂၈၉၇)နှင့်

နိုင်ငံခြား ချေးငွေဖြင့် ဆောင်ရွက်သော ရေအားလျှပ်စစ်လုပ်ငန်းလေးခုအတွက် အမေရိကန်ဒေါ်လာ (၆ ဒသမ

၇)ဘီလီယံကျော် သုံးစွဲခဲ့ပြီး လျှပ်စစ်ဓာတ် အား တိုးတက်ထုတ်လုပ်ရေး ကြိုး ပမ်းဆောင်ရွက်ခဲ့ရာ ၁၉၈၈ ခုနှစ်

တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစုစုပေါင်း ကီလိုဝပ်နာရီ သန်းပေါင်း (၂၂၂၆)ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂

ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစုစုပေါင်း ကီလိုဝပ် နာရီသန်းပေါင်း (၉၇၁၁) အထိ

တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သို့ရာတွင် တိုးတက်လာသောလူဦးရေနှင့် လျှပ်စစ်ဓာတ်အား

တိုးတက်သုံးစွဲလာမှုကြောင့် လျှပ်စစ်ဓာတ်အားမှာ လိုအပ်နေဆဲဖြစ်ပါတယ်။

မကြာမီကလည်းလျှပ်စစ်ဓာတ်အားလျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့

လျှပ်စစ်မီးလိုအင်ဆန္ဒကိုဖော်ထုတ်ပြသခဲ့ကြပြီးဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်အစိုး ရအနေနဲ့ ပြည်တွင်းပြည်ပနဲ့ဆက်သွယ်ပြီး



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 04:44:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:26532] Fwd: [လူဗိုလ်ဟူသည် ...] 19.06.2012 နေ့ဖတ်ရန်သတင်းများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/19
Subject: [လူဗိုလ်ဟူသည် ...] 19.06.2012 နေ့ဖတ်ရန်သတင်းများ
To: lubo601@gmail.com



by Myanmar Journal on Monday, June 18, 2012 at 4:18pm 

စာပေ အခမ်းအနား တခုမှာ တွေ့ရတဲ့ လူထုစိန်ဝင်း (ယာ)လူထုစိန်ဝင်း ကွယ်လွန်
ဝါရင့် စာရေးဆရာ သတင်းစာ ဆရာကြီး လူထု စိန်ဝင်းဟာ အသက် ၇၁ နှစ် အရွယ်မှာ ရန်ကုန်မှာ ကွယ်လွန် သွားပါတယ်။
ဦးစိန်ဝင်းဟာ ကျောင်းသား ဘဝထဲက သတင်းစာ နယ်ကို ဝင်လာခဲ့ပီး ဦးကြီး တော်သူ စာရေးဆရာကြီး ရွှေဥဒေါင်းနဲ့ နီးစပ်တဲ့ လူထု သတင်းစာမှာ ရန်ကုန် အယ်ဒီတာ လုပ်ခဲ့ပါတယ်။
တော်လှန်ရေး ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြား သွားပီးနောက် စာရေးဆရာ သတင်းသမား နိုင်ငံရေး အတိုက်အခံ တွေကို ထိန်းသိမ်းတဲ့ အထဲ ဦးစိန်ဝင်း ပါသွားခဲ့ပီး ကပ္ပလီ ပင်လယ်ထဲက ကိုကိုးကျွန်းမှာ အကျဉ်းကျ ခဲ့ပါတယ်။

ကျန်းမာရေး သိပ်ဆိုးရွား လာလို့ စစ်တွေထောင်ကို ပြန်ပို့ခဲ့ပေမယ့် လေဖြတ် ကိုယ်တပိုင်း သေသွားခဲ့ပါတယ်။
ကျန်းမာရေး မကောင်းတဲ့ကြားက ဦးစိန်ဝင်းဟာ စာနယ်ဇင်း များစွာမှာ အပတ်စဉ် စာရေးခဲ့ပီး စာရေး အများဆုံး စာရေးဆရာ တယောက် ဖြစ်လာပါတယ်။
မြန်မာ ပြည်မှာ ဆယ်စု နှစ်နဲ့ချီပီး ဆိတ်သုဉ်း နေတဲ့ သတင်းစာ ပညာ ပြန်လည် ထွန်းကားရေး ၊ ပြည်သူတွေ နိုင်ငံရေး နိုးကြားရေး အတွက် အစဉ် တိုက်တွန်း နှိုးဆော် နေသူ ဖြစ်ပါတယ်။
မြန်မာ စာပေ ယဉ်ကျေးမှု ထိန်းသိမ်းရေး ၊ ကျား မ တန်းတူ ညီမျှရေး၊ အများ အကျိုး သယ်ပိုးရေး စတဲ့ လူထု စိန်ဝင်းရဲ့ စာတွေဟာ လူငယ် လူကြီး စာဖတ် ပရိသတ် တွေကြားမှာ သြဇာ ကြီးမား ပါတယ်။
လူထု စိန်ဝင်း ကွယ်လွန် တာဟာ မြန်မာ့ နိုင်ငံရေး လမ်းကြောင်းမှာ အောက်ခြေ လူထုဘက်က အမြဲ ရပ်တည် ရေးသားသူ ဖြစ်တာမို့ အင်မတန် နစ်နာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း အယ်ဒီတာ ဦး အောင်ကျော်ဆန်း က ဆိုပါတယ်။
မြန်မာ နိုင်ငံရေး သတင်းသမား တွေထဲမှာ ဦးဝင်းတင်နဲ့ သူသာ ထိပ်ဆုံးက ရှိတော့ တာမို့ ဆုံးရှုံးမှု အတွက် များစွာ ကြေကွဲကြောင်းလဲ နယူးယောက် နေ စာရေးဆရာ ကဗျာဆရာ မောင်စွမ်းရည်က ပြောပါတယ်။

မဲစာရင်း အတွက် စိတ်စော နေသူများဂရိ ရွေးကောက်ပွဲ အနိုင် စာရင်း ထွက်ပေါ်
၆ ပတ်တွင်း ဒုတိယ အကြိမ် လုပ်တဲ့ ဂရိ ရွေးကောက်ပွဲမှာ ဗဟို လက်ယာယိမ်း ဒီမိုကရေစီ သစ် ပါတီ နိုင်သွားပီလို့ ပါတီ ခေါင်းဆောင် အန်ဒေါ်နစ် ဆာမရပ်စ်က ကြေညာ လိုက်ပါတယ်။
ဂရိ နိုင်ငံအနေနဲ့ ယူရိုဇုန်ထဲ ဆက်ပီး နေလိုတဲ့ ဆန္ဒကို ထုတ်ပြလိုက်တာပဲ ဆိုပီး တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်ကို မစ္စတာ ဆာမရပ်စ်က ဂုဏ်ပြု ပါတယ်။
ဒီလို သန္နိဋ္ဌာန် ချထားတဲ့ ပါတီ တွေ အားလုံး ညီညီညွတ်ညွတ်နဲ့ တည်ငြိမ်တဲ့ အစိုးရ သစ်ဖွဲ့ဖို့ သူက ဆော်သြ လိုက်ပါတယ်။
လက်ဝဲယိမ်း ဆိုင်ရီဇာ ပါတီ ခေါင်းဆောင် အလက်ဆစ် ဆီးပရက်စ်ကတော့ ညွန့်ပေါင်း အစိုးရမှာ ပါမှာမဟုတ်ဘဲ ယူရိုဇုန် ကယ်ဆယ်ရေးက ထုတ်ချေးတဲ့ ငွေတွေအတွက် ချိုးခြံ ချွေတာရေး အစီအစဉ်ကို ဆက်ပီး ဆန့်ကျင် သွားမယ်လို့ ဆိုပါတယ်။
ဂရိ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆို လိုက်ပီး အစိုးရ အမြန်ဖွဲ့ဖို့ တောင်းဆို လိုက်ကြပါတယ်။
ဂရိ နိုင်ငံ အကျပ်အတည်း တွေက ရုန်းထွက် နိုင်ဖို့ အကောင်းဆုံး နည်းက စီးပွားရေး ပြုပြင်မှု လုပ်ဖို့ပဲ လို့ ယုံကြည်နေဆဲ ဖြစ်ကြောင်း ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးများ အဖွဲ့ အကြီးအကဲ ယန်း ကလောက် ယန်ကာက ဆိုပါတယ်။
အားလုံးက ဂရိကို ယူရိုဇုန်ထဲ မှာ ဆက်နေစေချင်ကြောင်းလည်း အမေရိကန် ပြည်ထောင်စုက ပြောကြား ပါတယ်။

အီဂျစ် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတဉီးစစ်ကောင္စီ ကြေညာခ်က် အီဂ်စ် အတိုက်အခံတြေ မေက်နပ်
အီဂျစ်မှာ သမ္မတ ရွေးကောက်ပွဲ ရလဒ် က အငြင်းအခုံ ဖြစ်နေကြဆဲရှိတဲ့ အချိန် လက်ရှိ အာဏာပိုင် စစ်ကောင်စီ က ထုတ်ပြန် တဲ့ ကြေညာချက် ကြောင့် အီဂျစ် အတိုက်အခံတွေ က ဒါဟာ စစ်အာဏာသိမ်း ဖို့ လုပ်နေတာ လို့တောင် စွပ်စွဲ နေကြပါတယ်။
စစ်ကောင်စီ ရဲ့ ကြေညာချက် အသေးစိတ် ကို လာမယ့် နာရီပိုင်း မှာ သိကြရမှာ ဖြစ်ပေမယ့် အခု အချိန်ထိ သိထားရသမျှ ကတော့ ဖွဲ့စည်းပုံ အခြေခံ အသစ် မဆွဲပြီး မချင်း နောက်ထပ် အထွေထွေရွေးကောက်ပွဲ ကို မကျင်းပရ ဘူး ဆိုတဲ့ အချက် အပါအဝင် ဥပဒေ ပြုရေး နဲ့ နိုင်ငံ့ ဘတ်ဂျက် စီမံခန့်ခွဲတာ တွေကို လည်း စစ်ခေါင်းဆောင် တွေ ကို အာဏာ ပေးထားတာ ဆိုတော့ ဒါဟာ စစ်တပ် ကို အရေးကြီးတဲ့အာဏာ တွေ ပေးလိုက်တာ ပဲ လို့ ဝေဘန် သံတွေ ညံပြီး ထွက်လာနေ ပါတယ်။
နိုင်ငံရေးအရ အထင်အရှား အတိုက်အခံ ခေါင်းဆောင် တယောက် ဖြစ်တဲ့ မိုဟာမက် အယ်ဘာရာ ဒေး က ဒါဟာ အီဂျစ် ဒီမိုကရေစီနဲ့ တော်လှန်ရေး ကို အကြီးအကျယ် နောက်ပြန် ဆွဲ လိုက်တာပဲ လို့ မှတ်ချက် ချ ပါတယ်။
တဟီရာ ရင်ပြင် တော်လှန်ရေး တုန်း က ထင်ပေါ် ခဲ့သူ နောက်ထပ် နိုင်ငံရေးခေါင်းဆောင် တဦး ဖြစ်သူ ဟမ်ဒန် ဆာဘာဟီ က လည်း အီဂျစ် အနာဂတ် ကို သိမ်းပိုက် လိုက်တဲ့ ကြေညာချက် လို့ ပြောပါတယ်အဓိက အတိုက်အခံ ဖြစ်လာနေတဲ့ အစ္စလာမ်မစ် အဖွဲ့ အစည်း မွတ်ဆလင် ညီအကိုတော်များ အဖွဲ့ က တော့ ဒီကြေညာချက် ဟာ တရားဝင် မှု လုံးဝ မရှိဘူး လို့ တုန့်ပြန်ထားပါတယ်။
S C A F SCAF လို့ အတိုကောက်ခေါ်ကြတဲ့ စစ်ကောင်စီ ကတော့ တနင်္ဂနွေ နေ့ က ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ က ထွက်ပေါ်လာတဲ့ ရလဒ် အတိုင်း အဲဒီ သမ္မတဖြစ်လာမယ့် သူ ကို အခုလ ကုန်ကျရင် အာဏာလွှဲပါ့မယ် ကြေညာထားပါတယ်
ထပ်ကျော့ပြီး လုပ်ခဲ့ရတဲ့ သမ္မတ ရွေးကောက်ပွဲ ရလဒ် က တရားဝင် မထွက်သေးပေမယ့် အတိုက်အခံ အစ္စလာမ်မစ် အဖွဲ့ အစည်း တခု ဖြစ်တဲ့ မွတ်ဆလင် ညီအကိုတော်များ အဖွဲ့ ကတော့ သူတို့ သမ္မတလောင်း ကိုယ်စားလှယ် ဖြစ်တဲ့ မိုဟာမက် မာဆီ အနိုင်ရ ပြီ လို့ ပြောနေပါတယ်။
ဒါပေမယ့် အရင် မူဘာရက် အစိုးရ လက်ထက် က ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတလောင်း အာမစ် ရှာဖစ် ဘက်က ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ က တော့ မစ္စတာ မာဆီ နိုင်ပြီ ဆိုတာ မဟုတ်တဲ့ အကြောင်း ငြင်း ပါတယ်။
စစ်ကောင် စီ က အရင် ၇က်ပိုင်းတုန်း ကလည်း မနှစ် ကလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ် ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ မကိုက်ညီ ဘူး လို့ ဆိုပြီး ပယ်ဖျက်ထားတာကြောင့် လကုန်လို့ သမ္မတ ဘယ်သူဆိုတာ ကြေညာ ရင်တောင် လွှတ်တော် ကျင်းပ လို့ မရနိုင်သေး တဲ့ အခြေအနေ လည်း ဖြစ် နေပါတယ်။
ဒါ့ကြောင့် အီဂျစ် နိုင်ငံရေး ကတော့ လောလောဆယ် မှာ တင်းမာမှုတွေ ရှိနေသလိုရှေ့ဘာဖြစ်လာ မလဲဆိုတာ မှန်း ရခက် တဲ့ မရေရာမှု တွေ လည်း တွေ့နေရပါတယ်။                      



သမ္မတ ဦးသိန်းစိန် နိုင်ငံတော် မိန့်ခွန်း ပြောမယ်
ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် ဦးသိန်းစိန် နာမည်ကောင်းထွက်
သမ္မတ ဦးသိန်းစိန်ဟာ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းတွေ၊ အစိုးရ ဝန်ကြီးတွေ နဲ့ ဇွန်လ ၁၉ရက်နေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ စီမံကိန်းဆိုင်ရာ ကိစ္စတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် ဆောင်ရွက်မယ့် ကိစ္စတွေကို ပြောဆိုမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
ဖွဲ့စည်းပုံ ဥပဒေအရ ပြည်နယ် အဆင့်ကို လုပ်ပိုင်ခွင့် ပေးထားပေမယ့် လုပ်လို့မရ၊ အသက်မဝင်တာတွေ ရှိနေကြောင်း၊ ဥပမာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ကိစ္စ တွေမှာ ပြည်နယ် အဆင့်ကို လုပ်ပိုင်ခွင့် ပေးထားပေမယ့် ဥပဒေ အဆင်သင့် မရှိတဲ့ အတွက် မလုပ်နိုင်သေးတာမျိုးလို ကိစ္စတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဖွဲ့စည်းပုံ ဥပဒေထဲမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေ အနေနဲ့ ပြည်ထောင်စု အစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေ၊ ပြည်ထောင်စု ဥပဒေတွေနဲ့ မဆန့်ကျင်ဘူး ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အတွင်းမှာ ဆောင်ရွက်မယ့် လုပ်ငန်းစီမံကိန်းတွေကို သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်တွေရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်ရမယ်လို့ ဖေါ်ပြထားပါတယ်။
လွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဇူလိုင်လ ၄ရက်နေ့မှာ ပြန်လည် ခေါ်ယူ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဇွန်လ ၁၉ရက်နေ့ မနက်မှာ သမ္မတ ဦးသိန်းစိန် နိုင်ငံတော်ကို မိန့်ခွန်းပြောမယ်လို့ အစိုးရ သတင်းမီဒီယာတွေ မှာ ထုတ်လွှင့် ကြေညာသွားပါတယ်။

၂၀၁၁ ခုနှစ် မေလတုန်းက ကာလကတ္တား အကျဉ်းထောင် ကနေ လွတ်လာစဉ်အိန္ဒိယက ရခိုင်၊ကရင် အကျဉ်းသားဟောင်းတွေ နယ်သာလန်ကို ထွက်ခွာ
ကာလကတ္တား ထောင်နဲ့ အက်ဒမန်ကျွန်းက Port Blair အကျဉ်းထောင်တွေမှာ ၁၃ နှစ်ကျော် အကျဉ်းချခံခဲ့ရတဲ့ ရခိုင်နဲ့ ကရင် တော်လှန်ရေးသမား တချို့ဟာ နယ်သာလန် နိုင်ငံကို အခြေချနေထိုင်ဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
သူတို့ဟာ စစ်အစိုးရကိုလက်နက်ကိုင် တော်လှန်တဲ့ ရခိုင် အမျိုးသား ညီညွတ်ရေးပါတီနဲ့ ကရင် အမျိုးသား အစည်းအရုံး KNUအဖွဲ့ဝင်တွေ ဖြစ်ကြပြီး ၁၉၉၈ ခုနှစ်တုန်းက စခန်းသစ် ရမယ်ဆိုတဲ့ အိန္ဒိယ ထောက်လှမ်းရေးရဲ့ ကမ်းလှမ်းချက်အရ အိန္ဒိယပိုင် အက်ဒမန်နဲ့ နီကိုဘာ ကျွန်းစုတွေဆီ ရောက်လာခဲ့ကြရာကနေ အိန္ဒိယ အစိုးရရဲ့ ဖမ်းဆီး ထောင်ချ ခံခဲ့ကြတာပါ။
၂၀၁၁ခုနှစ် မေလကမှ ကာလကတ္တားထောင်ကနေ လွတ်မြောက်လာခဲ့တဲ့ အဲဒီလူ ၃၄ယောက်ထဲက ၃၁ယောက်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ အစီအစဉ်နဲ့ နယ်သာလန် နိုင်ငံမှာ အခြေတကျ နေထိုင်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။
အဲဒီထဲက တဦးဖြစ်တဲ့ ကေအန်ယူအဖွဲ့ဝင် ဦးဖိုးချိုက သူတို့ ထောင်က လွတ်မြောက်လာတုန်းက ၃၄ ယောက်ဖြစ်ပေမယ့် ဒီနှစ်ဖေဖေါ်ဝါရီလက ရခိုင်ရဲဘော်တယောက်ဟာ နှလုံးရောဂါနဲ့ ဆုံးပါးသွားပြီး ၂ယောက်ကတော့ နယ်သာလန်နိုင်ငံက လက်မခံခဲ့ဘူးလို့ ဘီဘီစီကို ပြောပြပါတယ်။
ရခိုင်တော်လှန်ရေးသမား ကိုဓညလင်းကတော့ ခုခရီးစဉ်မှာ လူစုံတက်စုံ မပါတဲ့အတွက် ၀မ်းသာဝမ်းနည်း ဖြစ်ရပါတယ်လို့ ပြောပါတယ်။
သူတို့ အဖွဲ့တွေ အဖမ်းခံရတုန်းက ခေါင်းဆောင် ၆ယောက်ကို အိန္ဒိယ ထောက်လှမ်းရေး က သတ်ပစ်လိုက်ပြီး ကျန်တဲ့ ၃၆ ယောက်ထဲက ၂ယောက် ကတော့ ပင်လယ်ပြင် ဖြတ်ပြီး ထွက်ပြေး သွားတာမို့ ဒီနေ့ထိ သေသလား ရှင်သလား ဆိုတာ စုံစမ်းလို့ မရခဲ့ဘူးလို့ ပြောပါတယ်။
ကျန်တဲ့သူတွေကိုတော့ ရုံးတင်စစ်ဆေးခြင်းမလုပ်ဘဲ အက်ဒမန်ကျွန်းက Port Blairထောင်မှာ ဖမ်းဆီးထားခဲ့ရာက လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ၂၀၀၆ ခုနှစ်မှာမှ ကာလကတ္တားထောင်ကို ပြောင်းပြီး ရုံးတင်စစ်ဆေးခဲ့တာပါ။
၂၀၁၀ ဇူလိုင် ၁၂မှာတော့ သူတို့ ၃၄ယောက်ကို ထောင်ဒဏ် ၁၅လနဲ့ ငွေဒဏ် ရူပီး ၆ထောင်စီ ချမှတ်လိုက်တော့ လွက်ရက်စေ့လို့ လွှတ်ပေးရမှာမှန်ပေမယ့် ထောင်ပြင်ပမှာ နေထိုင်ခွင့် မရှိဘူးဆိုပြီး ကာလကတ္တားထောင်မှာ ဆက်နေခဲ့ရပါတယ်။
အဲဒီနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCRရဲ့အကူအညီနဲ့ ၂၀၁၁ မေလ ၁၉ ရက်က လွတ်မြောက်ခဲ့ပြီးနောက် ခုလို နယ်သာလန်နိုင်ငံကို အတည်တကျနေထိုင်ခွင့်ရသွားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဒုက္ခသည်များ ဆေးကုသမှု ရရှိရန်လိုဟု MSF ဆို
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၇ မိနစ်

မဇ္ဈိမသတင်းဌာန ။       ။ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်တော်တော်များများသည် ယခုအခါ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ဆေးဝါးကုသမှုများ မရရှိဘဲဖြစ်နေသည်ဟု နယ်စည်းမခြား ဆရာဝန်များအသင်း MSF က ဆိုသည်။ MSF အနေဖြင့် ဒေသတွင်းရှိ ၎င်း၏ လုပ်ငန်း များ ရပ်ဆိုင်းရန် ဖိအားပေးခြင်း ခံနေရသည်။

ဇွန်လ ၉ ရက်နေ့တွင် ပဋိပက္ခများ ဖြစ်ခဲ့ပြီးနောက် ဒေသတွင်းရှိ MSF ကျန်းမာရေး ဝန်ထမ်းများမှာ အန္တရာယ် အနေအထားနှင့် ရင်ဆိုင်ခဲ့ရသည်ဟု MSF ၏ တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။"ပဋိပက္ခကြောင့် ဒုက္ခသည် ဖြစ်ခဲ့ရသူတွေဟာ အရေးပေါ် ဆေးဝါးကုသမှုတွေ မရရှိသလို ကျနော်တို့ရဲ့ လူနာတွေဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုကို တောက်လျှောက် လိုအပ်နေတဲ့အတွက် MSF အနေနဲ့ အလွန်အမင်း စိုးရိမ်မိပါတယ်" ဟု MSF ၏ လုပ်ငန်းမန်နေဂျာ Joe Belliveau က ဆိုသည်။
"ကျနော်တို့ရဲ့ လတ်တလော စိုးရိမ်သောက တွေကတော့ အရေးပေါ် ကုသမှုတွေ ပြုလုပ်ပေးဖို့၊ လူတွေအတွက် အစားအစာနဲ့ အထောက်အပံ့များ ရရှိဖို့နဲ့ HIV လူနာတွေအတွက် အသက်ကယ် ကုသမှုတွေ ပြုလုပ်ပေးရေးတွေနဲ့ ပတ်သက်နေပါတယ်" ဟု ဆိုသည်။

ဆက်တိုက် ဖြစ်ပွါးနေခဲ့သော အကြမ်းဖက်မှုများ၏ အန္တရာယ်မှ လွတ်မြောက်ရေးအတွက် ထွက်ပြေးလာသူများနှင့် နယ်စပ်ဒေသ တလျှောက်တွင် ဆေးဝါး ကုသမှု လိုအပ်နေသူများအား ဘင်္ဂလားဒေ့ရှ် အစိုးရက ငြင်းပယ်ခဲ့ကြောင်း သတင်းများအရ သိရသဖြင့် MSF မှ စိုးရိမ်မိကြောင်းလည်း ဆိုသည်။ MSF အနေဖြင့် ဆေးဝါး အကူအညီ လိုအပ်နေသူ များအား ဒေသစွဲ မထားဘဲ မည်သူ့ကိုမဆို ကုသပေးရန် အဆင်သင့် ရှိသည်ဟု ဆိုသည်။

"မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှာ ရှိနေတဲ့၊ အကြမ်းဖက်မှုဒဏ် ခံရသူတွေဆီကို အကူအညီတွေ ပေးအပ်နိုင်အောင် MSF အနေနဲ့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူတို့ကို ကျနော့်တို့ဆီ ရောက်လာအောင်လည်း ခွင့်ပြုသင့်ပါ တယ်" ဟု Joe Belliveau က ဆိုသည်။

ရခိုင်ပြည်နယ်တွင် MSF အနေဖြင့် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုများ အပြင် ငှက်ဖျား၊ ဝမ်းရောဂါ၊ AIDS နှင့် TB ကဲ့သို့သော ကူးစက် ရောဂါများကို အလေးပေး၍ နှစ်ပေါင်း ၂၀ ခန့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေ သည်။

MSF အနေဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဝေဒနာရှင်နှင့်တွေ့ဆုံကာ ဆေးကုသပေးမှု အကြိမ်ပေါင်း ၄၈၇,၀၀၀ ခန့်ပြုလုပ်ပေးခဲ့ပြီး ART ဆေးဝါးကုသမှုနဲ့ စောင့်ရှောက်ပေးနေသည့် AIDS ဝေဒနာရှင်ပေါင်း ၆၀၀ ကျော် ရှိသည်ဟု သိရသည်။

MSF ၏ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ဆေးကုသပေးရေး အစီအစဉ်များအနက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက် ကုသပေးမှု အစီအစဉ်သည်လည်း တခုအပါအဝင် ဖြစ်ကြောင်း သိရသည်။ MSF သည် မြန်မာနိုင်ငံတွင် AIDS ဝေဒနာရှင်များအား ကုသပေးနေသည့် အဓိက အဖွဲ့အစည်း တခုဖြစ်ပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွင် လည်း ဦးဆောင်မှု ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် 'ပန်းရဲ့လမ်း'
အောင်ဝင်း | တနင်္လာနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်အတွင်းရှိ အိုးအိမ်မဲ့ ဒုက္ခသည်များအား ကူညီထောက်ပံ့ရန် 'လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း' လူမှုကွန်ယက်က ပရိသတ်အား ဂီတဖြင့် တိုက်ရိုက် ထိတွေ့ ဖျော်ဖြေကာ ရန်ပုံငွေ ရှာဖွေသည့် အစီအစဉ် ကို ရန်ကုန်မြို့တွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ပြုလုပ်နေသည်။

"ကျနော်တို့အဖွဲ့က ပြီးခဲ့တဲ့လကစပြီး စစ်ဘေးဒဏ်ခံ ကချင်ဒုက္ခသည်တွေအတွက် ဂီတနဲ့ လူထုကို ဖျော်ဖြေပြီး ရံပုံငွေ ရှာဖွေပေးနေတာပါ။ အခု ဒီနေ့က စပြီး ရခိုင်ပြည်သူတွေ အတွက် ရန်ပုံငွေ ကောက်ခံပေးတဲ့ အစီအစဉ်ကို ရန်ကုန်မြို့ မှာ စလုပ်တာပါ" ဟု အဆိုပါ ကွန်ယက်မှ အဖွဲ့ဝင် တဦးဖြစ်သူ ဦးအောင်သန်း က ဆိုသည်။

မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ ခေါင်းဆောင် ကိုရဲလွင် ဦးဆောင်သော လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့ဝင်များသည် ဂီတသမားများ ပါဝင်ကူညီမှုဖြင့် တနင်္ဂနွေနေ့တွင် ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်အနီးရှိ Morning Star လက်ဖက်ရည်ဆိုင်၊ မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ Mercury လက်ဖက်ရည်ဆိုင်၊ ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းဝင်းနှင့် လသာမြို့နယ်ရှိ ရွှေငါးမောင်မောင်ပင်လယ်စာ ရောင်းဝယ်ရေး ဆိုင်ရှေ့တို့တွင် ဂီတဖျော်ဖြေမှုများပြုလုပ်ခဲ့ကြသည်။

"လာမယ့် အပါတ် စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း ဖိတ်ခေါ်တဲ့ နေရာတွေမှာ သွားရောက် ဖျော်ဖြေပေးဦးမှာပါ" ဟု ဦးအောင်သန်းက ပြောသည်။

တနင်္ဂနွေနေ့က ဂီတဖျော်ဖြေမှုတွင် ရခိုင်ပြည်နယ်ရှိ အိုးအိမ်မဲ့ ဒုက္ခသည်များအတွက် ပရိသတ်များက ထည့်ဝင်သော အလှူငွေ စုစုပေါင်း ၂၆ သိန်းကျော် ရရှိခဲ့သည်။

၎င်းတို့ ဖျော်ဖြေတင်ဆက်ချိန်တွင် လာရောက်ကြည့်ရှု အားပေးသော ပရိသတ်များနှင့် လမ်းသွားလမ်းလာများကလည်း အလှူငွေများကို အသီးသီး ထည့်ဝင်လှူဒါန်းကြသည်ကို တွေ့ရှိရသည်။

"ကျမက လသာမြို့နယ် ၂ ရပ်ကွက် ၁၇ လမ်းမှာ ဂဏန်း ရောင်းတဲ့ ဈေးသည်ပါ။ အခုတလော ရခိုင်မှာ ဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရော ဘာများ ရုတ်ရုတ်သဲသဲ ဖြစ်မလဲလို့ စိုးရိမ်နေတဲ့ အချိန်မှာ အခုလို ဒုက္ခရောက်သူတွေအတွက် အလှူငွေကောက်ခံဖို့ ဂီတဖျော်ဖြေတာကို တွေ့လိုက်ရလို့ ဝမ်းသာပါတယ်။ အလှူငွေလည်း သုံးသောင်း ထည့်လိုက်ပါတယ်" ဟု ဈေးသည်တဦး ဖြစ်သူ မချိုက ဆိုသည်။

"ဒီနေ့ ကောက်ခံရတဲ့ အလှူငွေတွေကို လာမယ့် အင်္ဂါနေ့ ဇွန် ၁၉ ရက်နေ့မှာ ကိုကျော်စိုးနိုင် ဦးဆောင်တဲ့ လူငယ်အဖွဲ့က စစ်တွေကို ချက်ချင်းသွားလှူမှာပါ " ဟု ကွန်ယက်အဖွဲ့ဝင် ဦးမျိုးဦး က ဆိုသည်။

"ရန်ပုံငွေရှာဖို့ ဂီတ ဖျော်ဖြေပွဲတခု လုပ်မယ်ဆိုရင် အသားတင် အလှူငွေ သိန်း ၂၀၀ လောက် ရဖို့ မလွယ်ပါဘူး။ အခု လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ လူထုနဲ့ တိုက်ရိုက် ထိတွေ့ဖျော်ဖြေပြီး အလှူငွေ ကောက်ခံတာ တလကျော်အတွင်း သိန်း ၂၀၀ နီးပါး ရနေပါပြီ" ဟု အဖွဲ့ဝင် ဦးအောင်သန်း က ပြောသည်။

ဖျော်ဖြေရေအတွက် ကိုရဲလွင်နှင့် အတူ ပါဝင်ကူညီသူ အမာခံ ဂီတသမားများထဲတွင် သားထွေး၊ ကိုရဲထွဋ်၊ E ချို ၊ ညီညီလွင်၊ တိုးလွင် (ဥတ္တရအလင်း) အစရှိသော တေးရေးနှင့် တေးဆိုရှင်များ ပါဝင်ကြသည်။

"ကျနော်တို့ အမာခံ ဂီတအဖွဲ့သားတွေအပြင် တခြား အဆိုရှင်တွေလည်း အချိန်ရရင် ရသလို ကျနော်တို့ အဖွဲ့ကို လာ ပူးပေါင်း ကူညီပေးတာတွေလည်း ရှိပါတယ်" ဟု ဦးမျိုးဦးက ဆိုသည်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့သည် ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များအတွက် လွန်ခဲ့သောမေလ ၆ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ အထိ ရန်ကုန်၊ မန္တလေး၊ မတ္တရာနှင့် မေမြို့တို့တွင် ဖျော်ဖြေတင်ဆက်မှုများပြုလုပ်ကာ ရန်ပုံငွေ ရှာဖွေခဲ့သည်။
"ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်တွေအတွက် တလအတွင်း အလှူကောက်ခံရရှိငွေ သိန်း ၁၇၀ ကျော် ရပါတယ်။ အလှူငွေတွေကို လူမှုကယ်ဆယ်ရေး အဖွဲ့တွေက တဆင့် လှူဒါန်းမှုတွေ လုပ်နေပါတယ်" ဟု ဦးမျိုးဦး က ဆိုသည်။

ပန်းရဲ့လမ်း ကွန်ယက်အဖွဲ့သည်  ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေး၊ စစ်ဘေးသင့် သူများအား ကူညီပေးရေး အတွက် လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် "ပြည်သူကို ပြည်သူက ကာကွယ်စောင့်ရှောက်ခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် လုပ်ဆောင်လျက် ရှိသည်ဟုဆိုသည်။

ကောက်ခံရရှိသော အလှူငွေများထဲမှ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အတွက်သာ မကဘဲ လွန်ခဲ့သော မေလ အတွင်း ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ အောင်ဆန်းပျိုးခင်း အမည်ရှိ အခမဲ့ ပညာသင်ကြားရေး မူလတန်းကျောင်း အတွက် အလှူငွေ ၆ သိန်းကျပ် မတည် လှူဒါန်းခဲ့သည်ဟု သိရသည်။

ရန်ကုန်လွှတ်တော်တွင်း မွန်ကိုယ်စားလှယ်ရရေး စတင်ကြိုးပမ်း
ကွန်းချမ်း | တနင်္လာနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၅ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသည့် မွန်လူမျိုးများ၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိ မှားယွင်းသည့် အချက်အလက်များကို ပြန်လည်ပြင်ဆင်ပေးရန် လူဝင်မှု ကြီးကြပ်ရေးဌာနသို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် မွန်တိုင်းရင်းသား တသိန်းခန့် နေထိုင်လျက်ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRP က ခန့်မှန်းထားသော်လည်း ရန်ကုန်တိုင်း လဝက စာရင်းအရ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (ဝ.၁) ရာခိုင်နှုန်းဖြစ်သည့် ၅၇,ဝဝဝ ဦး မပြည့်မီသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် တင်သွင်းခွင့် မရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး က ပြောသည်။

"ရန်ကုန်တိုင်းမှာ မွန်တိုင်းရင်းသားတွေ ဒီလောက်များတာတောင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် မရဘူး။ ဒါကို မပြင်နိုင်ရင် ရန်ကုန်မြို့ကနေ မွန်ကုန်မြို့ ဖြစ်သွားမယ်" ဟု မဇ္ဈိမကို ပြောသည်။

မွန်လူမျိုး ဖြစ်သော်လည်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များတွင် ဗမာ ဗုဒ္ဓဘာသာဟု ဖော်ပြခံထားရသည့်အတွက် AMRP ၏ တိုက်တွန်းချက်ဖြင့် ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ လက်အောက်ရှိ မွန်သာရေး နာရေး ကူညီမှုအသင်းက ပြင်ဆင်ရန် စီစဉ်ခြင်း ဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် အသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင် မှားယွင်း ဖော်ပြခံရသည့် မွန်တိုင်းရင်းများ စာရင်းကို စတင်ကောက်ယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

"အဲဒီအစည်းအဝေးမှာ မွန်တွေ အားလုံးသိအောင် ပြောမယ်။ စာရင်းတွေ ရရင်တော့ ဒါဟာ ကျနော်တို့ ရှေ့ဆက်လုပ်ဖို့ အခြေခံတော့ ဖြစ်သွားမယ်။ ၂၀၁၄ မကုန်ခင် အပြီး လုပ်နိုင်လိမ့်မယ်" ဟု မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌနိုင်မင်းသောင်းသျှင်က ပြောသည်။

စာရင်းများ ကောက်ယူပြီးပါက အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို ပူးတွဲကာ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ပြင်ဆင်ပေးရန်အတွက် တင်ပြသွားမည် ဖြစ်သည်။

"ပြင်တာက သူတို့ ပြင်ပေးတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က လျှောက်လွှာတွေ တင်ပြီး အသိပေးရမယ်။ ဘယ်မှတ်ပုံတင်နံပါတ်၊ ဘယ်ရပ်ကွက်၊ ဘယ်ရွာ၊ အိမ်နံပါတ် ဘယ်လောက်။ နောက်တော့ အိမ်ထောင်စုစာရင်း အဲဒါတွေကိုပါ တွဲပြီး တင်ပြရမယ်" ဟု ဒေါက်တာဗညားအောင်မိုး က ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်များ ရရှိရန် AMRP က ရည်ရွယ်ခဲ့သော်လည်း ကရင်ပြည်နယ်တခုတွင်သာ တင်သွင်းခွင့် ရရှိခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လူမျိုးအမည် လွဲမှားနေသည့် မှတ်ပုံတင်များအား အမည်မှန်ပြန်လည်ပြင်ဆင်ပေးရန် ရှိ/မရှိ ရှမ်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦး၏ မေးမြန်းချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည် ပြင်ဆင်ပေးမည်ဟု ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် မွန်ပြည်နယ် မုဒုံမြို့သူ မိမိုရ်ချမ်း ကလည်း "ကျမ သူငယ်ချင်းတွေရဲ့ မှတ်ပုံတင်မှာ ဗမာ ဗုဒ္ဓလို့ တွေ့ရတာ အများကြီးပဲ။ သူတို့က မွန်လို့ ထည့်ခိုင်းတယ်။ လဝက က အတူတူပဲ ဆိုပြီး ဗမာလို့ ထည့်လိုက်တာ" ဟု ပြောသည်။

သူမ၏ အဆိုအရ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ သာကေတနှင့် တာမွေ စသည့် မြို့နယ်များတွင် မွန်လူမျိုး အများအပြားနေထိုင်ကြသည်။

မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မွန်တိုင်းရင်းသား ၃ သန်းခန့် နေထိုင်လျက် ရှိသည်။

ကားဟောင်းအပ်နှံ ကားတင်သွင်းသူများအား အခွန်လျှော့ပေါ့လိုက်
အောင်ဝင်း | တနင်္ဂနွေနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၅၅ မိနစ်

ရန်ကုန် (မဇ္ဈိမ)။     ။ ကားဟောင်းအပ်နှံကာ ကားတင်သွင်းမည့် သူများနှင့် အငှားယာဉ် Taxi အဖြစ် တင်သွင်းမည့် ယာဉ်များအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးမည့် အစီအစဉ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကတဆင့် ဇွန်လ ၁၅ ရက်နေ့ညက ကြေညာသွားသည်။

ကညန တွင် မှတ်ပုံတင် သတ်တမ်း နှစ် ၂ဝ နှင့်အထက် ယာဉ်များကို အပ်နှံကာ ကားသစ်တင်သွင်းခွင့် ပေးမည့် အစီအစဉ်သစ်ကို လွန်ခဲ့သော မေလက ကြေညာထားခဲ့ရာ ယခုအခါတွင် "ဗ" အက္ခရာမှ စ၍ အနှစ် ၂ဝ ကျော် ယာဉ်ဟောင်များကို ကောင်း/ညံ့ မခွဲခြားတော့ဘဲ အခွန် ၆ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံမည် ဖြစ်သည်။

ဌာနဆိုင်ရာများမှ အသုံးပြုပြီးသော ကားများကို ပုဂ္ဂလိကသို့ လေလံစနစ်ဖြင့် ရောင်းချထားသော အက္ခရာမြင့် လေလံ ယာဉ်များအား ပိုင်ရှင်ဆန္ဒအရ ဖျက်သိမ်း၍ အစားထိုး တင်သွင်းလိုလျှင် ကောင်း/ညံ မခွဲခြားဘဲ ၆ဝ ရာခိုင်နှုန်းလျှော့ချ၍ အခွန်ကောက်မည် ဟုလည်း ဆိုသည်။

ကားဟောင်း တက္ကစီယာဉ်ပိုင်ရှင်များအားလည်း တက္ကစီယာဉ်များအား ကိုယ်ပိုင်ယာဉ်အဖြစ် ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ်ချက်ဖြင့် ၈ဝ ရာခိုင်နှုန်း အခွန် လျှော့ချ ကောက်ခံပါမည် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ပြည်နယ်/တိုင်း အစိုးရအဖွဲ့၏ ထောက်ခံမှုဖြင့် တက္ကစီအဖြစ် အသုံးပြုရန် တင်သွင်းသော တက္ကစီယာဉ်များအား နယ်မြေ မပြောင်းရ ကိုယ်ပိုင်ယာဉ် အဖြစ် ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ်ချက်များဖြင့် ၅ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံပါမည် ဟုလည်း ဆိုသည်။

ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် တက္ကစီ ယာဉ်များ တင်သွင်းခွင့် ပြုထားသည့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် အပါအဝင် ကုမ္ပဏီပေါင်း ၁၁ ခုရှိကြောင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ နောက်ဆုံးပတ်က ထုတ်ပြန်ထားခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့ နေ့စွဲဖြင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်း ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ တက္ကစီအဖြစ် အသုံးပြုရန် တင်သွင်းသော ယာဉ်များအား ကိုယ်ပိုင်ယာဉ်အဖြစ်ပြောင်းလဲခြင်း၊ ရောင်းချ၍ အမည် ပြောင်းလဲခြင်း မပြုရဟုသော ကန့်သတ်ချက်ဖြင့် ၅ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်ဟု ဆိုသည်။

ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းသည့် မူလအစီအစဉ်အရ အပ်နှံရမည့် "ပ" အက္ခရာအထိ ကားများကိုလည်း ကားကောင်း/ညံ့ မခွဲခြားတော့ဘဲ မူလက ၁ဝဝ ရာခိုင်နှုန်း အခွန် သတ်မှတ်ထားရာမှ ၄ဝ ရာခိုင်နှုန်း အခွန်လျှော့ချကောက်ခံမည် ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မှုလက ကားဟောင်းအပ်နှံသည့် အစီအစဉ်အရ အပ်နှံမည့် ကားများကို ကားဟောင်း ကားသစ် ခွဲခြားကာ ကညန အခွန် ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိသာ လျှော့ချပေးခဲ့ပြီး ၁၉၉၆ ခုနှစ်မော်ဒယ်မှ ၂ဝဝ၆ ခုနှစ် မော်ဒယ်အထိ တပတ်ရစ်ကားများကို တင်သွင်းခွင့် ပြုခဲ့သည်။

စက်တင်္ဘာလမှ စတင်ကာ လုပ်ဆောင်လျက်ရှိသော ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းခွင့် အစီအစဉ်အရ ကားဟောင်းအပ်နှံမှုများကို ကညန က မူလက ကြေညာထားသည့် အတိုင်း "ပ" အက္ခရာအထိ ယာဉ်ဟောင်းများကို လက်ခံသည့် အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိရာ မေလမှ စတင်ကာ နိုင်ငံသားတိုင်း နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ကာ ၂ဝဝ၇ ခုနှစ်မော်ဒယ်နှင့်အထက် ယာဉ်များကို တင်သွင်းခွင့် ပြုခဲ့ရာ ကားဟောင်းအပ်နှံမည့် သူများ မရှိသလောက် နည်းပါးသွားခဲ့သည်။

အဆိုပါ အခွန် အရပ်ရပ် ကောက်ခံရရှိငွေများကို ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေရေးအတွက် တည်ဆောက်မည့် ခုံးကျော်တံတားများ တည်ဆောက်ရာတွင် ကျခံသုံးစွဲသွားမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကြေညာချက်တွင် ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်နှင့် စပယ်ယာ လက်မှတ်များကို သုံးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်ပေးပါမည်။ အငှားယာဉ်မောင်း လိုင်စင်များကို သုံးနှစ်သို့ ထားရှိမည် ဟုလည်း ဆိုသည်။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/20/2012 04:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ