သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာဟု PYO ပြော

Posted: 26 Jun 2012 03:27 AM PDT

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းမှာ မထိရောက်သည့်အပြင် ပြည်သူများ စားဝတ်နေရေး အခက်အခဲကြောင့် ဘိန်းပိုမို စိုက်ပျိုးလာကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) က ပြောပါသည်။
khun-chankheပအိုဝ်းလူငယ်အဖွဲ့အစည်းမှ ခွန်ချန်းခဲ (Photo: SHAN)

"PNO က ပြည်သူ့စစ်အသွင် လုံးဝပြောင်းသွားတော့ ပြည်သူတွေလည်း သူတို့ကို မကြောက်ကြတော့ ဘူး။ အလေးမထားကြတော့ဘူး။ စိုက်ပျိုးသီးနှံတွေလည်း ဈေးကွက်မရှိတော့ စားဝတ်နေရေးကြောင့် ပြည်သူတွေ ဘိန်းပိုစိုက်လာတယ်။ ၂၀၁၀ မတိုင်ခင်က ခိုးကြောင်ခိုးဝှက် စိုက်ပျိုးလာတာ အခုတော့ လမ်းမကြီးနဲ့ သိပ်မဝေးတဲ့ နေရာတွေမှာ ဗြောင်စိုက်လာတယ်" ဟု ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO) မှ ခွန်ချန်းခဲ က ပြောပါသည်။

ဤကဲ့သို့ ပြည်သူများ ဘိန်းပိုမိုစိုက်ပျိုးလာခြင်းသည် စစ်တပ်က ဘိန်းစိုက်ပျိုးမှုကို အရေးမယူသည့် အတွက်ကြောင့်လည်း ဖြစ်သည်ဟု ဆို၏။

"စစ်တပ်က ဘိန်းစိုက်တာ အရေးမယူတဲ့အပြင် ဘိန်းခွန်ကောက်စားတယ်။ ဒါပေမဲ့ ဘိန်းဖျက်ကာလ ရောက်လာရင် သူတို့က ဘာမှမဖြေရှင်းပေးဘူး။ ဒါကြောင့် ပြည်သူတချို့ အချိန်ကုန် လူပန်းပြီး အမြတ် အစွန်း သိပ်မရကြဘူး" ဟု ခွန်ချန်းခဲ က ဆက်ပြောပါသည်။

ယနေ့ ကျရောက်သော ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ ဂျွန်လ ၂၆ ရက်၌ သျှမ်းပြည်မူးယစ် ဆေးဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးစီးပြီး ချင်းမိုင်တက္ကသိုလ်၌ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါးသည် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ ပြည်သူလူထု အားလုံးနှင့် ပတ်သက်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ကြောင်း သျှမ်းပြည်မူးယစ်ဆေး ဝါး လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးခွန်စိုင်း က ပြောပါသည်။

"မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့လိုတယ်။ ဒါကြောင့် အစိုးရနဲ့ အတိုက်အခံတို့ သဘောတူညီမှု ရယူရမယ်။ သဘောတူညီချက်ရရင် ရန်သူတွေ မဟုတ်တော့ဘူး။ အစိုးရဖက်က ရန်သူမရှိရင် စစ်တပ်တိုးချဲ့စရာ မလိုတော့ဘူး။ စစ်တပ်လျှော့ချဖို့ဘဲ လိုတော့တယ်။ ပြည်သူတွေလည်း စစ်တပ်အတွက် ဝန်ထုပ်ဝန်ပိုး မရှိတော့ဘူး။"

ပြည်သူတွေ ဘိန်းစိုက်ပျိုးရခြင်းမှာ ၁- စစ်တပ်ကို ကျွေးမွေးရန်၊ ၂- သူပုန်ကို ကျွေးမွေးရန်၊ ၃- ပြည်သူ့စစ်ကို ကျွေးမွေးရန်၊ ၄- အလှူအဒါန်းပြုလုပ်ရန်၊ ၅- မိသားစုကို ကျွေးမွေးရန်အတွက် စိုက်ပျိုးရခြင်းဖြစ်ကြောင်း သံလွင်အနောက်ခြမ်း ဘိန်းစိုက်တောင်သူတစ်ဦးက ပြောပြဖူးသည်ဟု ဦးခွန်စိုင်း က ဆို၏။

အစိုးရ အဆက်ဆက်မှာ လုပ်ဆောင်နေသော မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး ၁၅ နှစ် စီမံကိန်း မှာ အတုအယောင်သာဖြစ်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရန် မဟုတ်ဘဲ အတိုက်အခံကို တိုက်ဖျက်ရန် ဖြစ်ကြောင်း၊ အစိုးရနှင့် အတိုက်အခံကြား သဘောတူညီချက် မရမချင်း အစိုးရက ဆောင်ရွက်နေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသည် ညောင်ရွှေစော်ဘွား၏သား စဝ်ဇန့်ယောင်ဟွေ ပြောဆိုသည့်အ တိုင်း "မီးခိုးသာ ငြိမ်းအောင် လုပ်နေပြီး မီးညွှန့်ကျိုးအောင် မသတ်" ဟူသော နည်းလမ်းအတိုင်းဖြစ် နေဦးမည်ကြောင်း ၎င်းက သုံးသပ်ပြောဆိုပါသည်။

တရုတ်နယ်စပ်၌ မြန်မာဖုန်းလိုင်းများ အပိတ်ခံနေရသည့် ကိစ္စ ဒေသခံများ မကျေနပ်

Posted: 26 Jun 2012 03:25 AM PDT

ဖုန်းများ နယ်ခြားဖြတ်ကျော်မှု ဆိုသည့် အကြောင်းပြချက်ဖြင့် တရုတ်နယ်စပ် သျှမ်းပြည်(မြောက်ပိုင်း) မူစယ်နှင့် နမ့်ခမ်းမြို့ နေ ဒေသခံများ ကိုင်ဆောင်သည့် မြန်မာဖုန်းများ မကြာခဏ လိုင်းအပိတ်ခံနေရသည့် အပေါ် အဆိုပါ ဒေသခံများ မကျေမနပ် ဖြစ်နေကြောင်း သိရသည် ။
001012 ရွှေလီမြို့တွင်းတနေရာ

အဆိုပါ ဖုန်းလိုင်းများ အပိတ်ခံရသည့်ကိစ္စအား သက်ဆိုင်ရာ မြို့နယ်ဆက်သွယ်ရေးရုံးသို့ သွားရောက်ပြောဆိုသည့်အခါ တရုတ်နယ်စပ်သို့ ယူဆောင်သွားသဖြင့် ဖြတ်တောက်ခြင်း ဖြစ်ကြောင်း အကြောင်းပြပြောဆိုသည်ဟု ယခုရက်ပိုင်းအတွင်း ဖုန်းလိုင်းအဖြတ်ခံရသည့် နမ့်ခမ်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ကျမဖုန်းက CDMA 450 အမျိုးအစား ဆင်းကဒ်က ၅ သိန်းပေးရတယ်၊ အခုတရုတ်နယ်စပ်ဘက်ယူလာတော့ ဖုန်းလိုင်းဖြတ်ခံလိုက်ရတယ်၊ ဖုန်းထဲမှာ ပြောခက ၃ သောင်းကျော်ဖိုးကျန်သေးတယ်၊ ဒီကိစ္စ ဖုန်းရုံးမှာသွားပြောတော့ နယ်ခြား သယ် ဆောင်လို့ ဆိုပြီး အကြောင်းပြတယ်၊ ကျမတို့ဝယ်တုန်းက ဖုန်းနဲ့ပတ်သက်တဲ့ စည်းကမ်းချက်ထဲမှာ နယ်ခြားမဖြတ် ကျော်ရဆိုတဲ့ အချက်မပါဘူးကော " ဟု သူက ဆိုသည် ။

လှိုင်းအဖြတ်ခံရသည့် ဖုန်းအများစုမှာ တရုတ်နယ်စပ်နှင့် ကပ်နေသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်၊ နမ့်ခမ်းမြို့ခံ ဖုန်းများ ဖြစ်ကြောင်း သိရသည် ။

"တခြားနေပြည်တော်တို့ မန္တလေးတို့ ဘက်က ဖုန်းတွေလည်း တရုတ်နယ်စပ်ဘက် ယူလာတာပဲ၊ လိုင်းဖြတ်ခံရတာ သိပ်မရှိဘူး၊ ဒီဘက်မူစယ် ၊ နမ့်ခမ်းဘက်ကဆိုရင် နေ့စဉ်တရုတ်ပြည်ဘက်သွားလာနေကြတာ၊ နယ်ခြားဖြတ်တိုင်းလိုင်းဖြတ်မယ်ဆိုရင် ဖုန်းတစ်လုံးရဲ့ တန်ဖိုးကလည်း နည်းတာမဟုတ်ဘူး" ဟု သူက ဆက်ပြောသည် ။

ယခုရက်ပိုင်း တရုတ်နယ်စပ် ရွှေလီမြို့၌ ဖုန်းဆိုင်ဖွင့်ထားသော မြန်မာဖုန်းလိုင်းများလည်း ဖြတ်တောက်ခံနေရကြောင်း ဖုန်းအငှားဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည် ။

"လွန်ခဲ့တဲ့တစ်ပတ်လောက်က အကုန်လိုင်းဖြတ်ခံရတယ် မနေ့တနေ့ကတော့ တချို့ဖုန်းလိုင်းတွေ ပြန်ပြောလို့ရပြီ၊ သူများ နိုင်ငံမှာတော့ ဖုန်းများများပြောရင် ဘောက်ဆူးပေးတယ်၊ မြန်မာပြည်ကတော့ ဖုန်းများများပြောရင် လိုင်းဖြတ်ခံရတယ်၊ ဒီကိစ္စတွေ အထက်တက်ပြောလည်း ဘာမှမထူးဘူး၊ လိုင်းအဖြတ်ခံရရင် ပိုက်ဆံရှိတဲ့လူက ဖုန်းနောက်တစ်လုံးထပ်ဝယ် မရှိတဲ့သူက ဒီအတိုင်းနေပေါ့ " ဟု ဆိုသည် ။

ဖုန်းဝယ်ယူစဉ် လိုက်နာရမည့် စည်းကမ်းချက် ၁၅ ချက်ခန့်ရှိသည့် အနက် နံပတ် ၆ ပါ ဋ္ဌာနအနေဖြင့် မိုဘိုင်းဖုန်းဆက် သွယ်မှုကို အချိန်မရွေး ဖြတ်ထားနိုင်သည် ၄င်းအပြင် ငှားရမ်းအသုံးပြုသူအား သတ်မှတ်ပေးထားသော နံပတ်ကို အချိန်မရွေးပြောင်းလဲနိုင်သည် ဆိုသည့်အချက်မှလွဲ၍ နယ်ခြားဖြတ်ကျော် သယ်ဆောင်ခွင့်မရှိ ဆိုသည့် အချက်မပါဝင်ကြောင်း သိရသည် ။

မြန်မာအလုပ်သမားများ တရုတ်အာဏာပိုင် ဖမ်းဆီး လချီချုပ်နှောင်ထား

Posted: 26 Jun 2012 02:31 AM PDT

တရုတ် - မြန်မာနယ်စပ်ဖြတ်ကာ ရွှေလီ၊ ကျယ်ဂေါင်ဘက် အလုပ်သွားလုပ်ကြသော မြန်မာအလုပ်သမားများ၊ ခရီးသွားများအား တရုတ်အာဏာပိုင်များက လိုက်လံဖမ်းဆီးပြီး အာမခံ မပေးဘဲလချီချုပ်နှောင်ထား ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

MM-Chiina_Borderမြန်မာတရုတ်နယ်စပ်ဂိတ်

"ကျယ်ဂေါင်မှာကော ရွှေလီဘက်မှာကော အဖမ်းအဆီးအရမ်းထူတယ်။ တရုတ်အာဏာပိုင်တွေကဖမ်းတာ။ လူပုံမလန်းဆန်းရင် ဘိန်းစားနဲ့တူရင် ၊ မိုက်တိမိုက်ကန်းပုံပေါက်နေရင် အကုန်ဖမ်းတာဘဲ။ နောင်တောင်း-ရွှေလီအသွားလမ်း၊ ရွှေလီကနေ မန့်စီ - စန်ဟောင့် - ရင့်ကြိုင်အသွားလမ်းမှာ တရုတ်တွေကစောင့်ဖမ်းလေ့ ရှိတယ်။ အဖမ်းခံရတဲ့သူတွေ ၁ နာရီအတွင်း လာမရွေးရင်သွားပြီ။ လနဲ့ချီကြာတယ် တွေ့ခွင့်မပေးဘူး။ ၁ နာရီ မိုင် ၆၀၀ ပြေးဆွဲမယ့် အာဆီယံရထားလမ်းတို့ အာရှလမ်းမကြီးတို့ဖောက်လုပ်မယ့် စီမံကိန်းမှာလုပ်အား သွား သုံးမလို့တဲ့။ အဲဒါကြောင့် တရုတ်ဘက်ခြမ်းကိုသိပ်တောင်မသွားရဲတော့ဘူး" ဟု ဒေသခံစိုင်းခမ်းက ပြောသည်။

တရားဝင်နယ်စပ်ကူး လက်မှတ်ကိုင်ဆောင်သည်ဖြစ်စေ နယ်ခြားခြံစည်းရိုးပေါက်မှခိုးဝင်သူများဖြစ်စေ စစ်ဆေး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း စိုင်းယီ့ပီးကပြောသည်။

ယခုကဲ့သို့ မြန်မာဘက်မှအလုပ်သမားများအား အချိန်အကန့်အသတ်မရှိ စိတ်ကြိုက်ဖမ်းဆီးစစ်ဆေးနိုင်သည်ဟူ သည့်အချက်မှာ မြန်မာ နှင့် တရုတ်အာဏာပိုင် နှစ်ဘက်သဘောတူညီမှုရထားသောအချက်ဖြစ်ကြောင်း နမ့်ခမ်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

"စိုင်းယွမ် ခေါ် အေပီး လေ။ အသက် ၃၂ နှစ်ရှိပြီ။ နမ့်ခမ်း မြို့ ပေါက်နေရပ်ကွက် မှာနေတာလေ။ သူ ရင့်ကြိုင်မှာ သီချင်းခွေရောင်းဖို့ ရွှေလီမြို့အထွက်မှာအဖမ်းခံရတာ။ သူလဲ တရားဝင်ပတ်စပို့ စာအုပ်အနီ ကိုင်တာဘဲ။ အခု ရွှေလီစန့်ဟောင့် အချုပ်ခန်းမှာတဲ့၊ သွားကြည့်လို့မရဘူး။ နှစ် လပြည့်မှ တွေ့ခွင့်ပေးမယ်။ အဲဒီအချိန်မှ အာမခံနဲ့ ပြန်လွှတ်ရင်လွှတ်ပေးမယ် လို့ ရွှေလီကတရုတ်ရဲအရာရှိက ပြောတယ်" - ဟု ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းခမ်း က ဆက်လက်ပြောပြသည်။

Myanmar_workers_in_Chinaတရုတ်ရှိ မြန်မာအလုပ်သမားများ (ဓါတ်ပုံ- အင်တာနက်)

" နယ်စပ်ကူးလက်မှတ် ပတ်စ်ပို့ စာအုပ် အနီရောင်လုပ်ရင် စစ လုပ်ချင်း ၁ သောင်းကျပ်ကုန်တယ်။ တခါဖြတ် ကူးရင် နယ်စပ် အာဏာ ပိုင်တွေက တံဆိပ်တုံးထုပေးတယ်။ တခါထုခ ကျပ် ၁၀၀၀ ။ ပြီးရင်ဟိုးဘက်ခြမ်းမှာ အလုပ်သွားလုပ်ရင် တရက် လုပ်အားခ ကျပ် ၄၀၀၀ ဘဲရတယ်ဆိုတော့ တချို့က လက်မှတ်မလုပ်ချင်ကြဘူး လေ။ ဟိုဘက်ခြမ်းမှာ အိပ်ခွင့် ၇ ရက်ပေးတယ်ဆိုပေမယ့် အမျိုးတွေဟိုဘက်မှာမရှိရင်ဘယ်မှာသွားအိပ်မလဲ။ စက်ရုံအလုပ်သမားလဲ တရက် လုပ်အားခ ယွမ်ငွေ ၅၀ ။ စက်ရုံသူဌေးက လုပ်အားခကို တပတ်မှတခါထုတ်ပေး တယ်။ သူဌေးတချို့လဲ တပတ် ၁၀ ရက် ကြာရင် တရုတ်ရဲတွေ ကိုအကြောင်းကြားလိုက်တယ်။ အဲလိုညှစ်တာ လဲရှိ တယ်" ဟု ဆိုပါသည်။

တရုတ်ဘက်ခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများမှာ သျှမ်းပြည် ရွှေလီဒေသ၊ မူစယ်၊ နမ့်ခမ်းမှသျှမ်း၊ ပလောင်၊ ကချင်မှလာသော ဒေသခံများအပြင် အောက်ပြည်အောက်ရွာမှ ဗမာလူမျိုးများ ဖြစ်ကြကြောင်း သိရသည်။

အဖမ်းခံရသူများမှာလည်း မိသားစုရေး ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်နေကြသော သာမာန်လူတန်းစား အလုပ်သမား များသာဖြစ်ကြကြောင်း ဒေသခံများက ပြောပြသည်။

ကျောင်းချိန်အတွင်း တိုင်းရင်းဘာသာစာပေသင်ကြားနိုင်ရေး သျှမ်းစာပေပညာရှင်များတွေ့ဆုံ

Posted: 26 Jun 2012 02:26 AM PDT

အစိုးရစာသင်ကျောင်း၌တိုင်းရင်းသားဘာသာစာပေအား ကျောင်းချိန်အတွင်းသင်ကြားနိုင်ရန်အတွက် ပြည်ထောင်စု ပညာရေးဝန်ကြီး၏ ပထမအကြိမ်အစည်းအဝေးပြီးနောက်ပိုင်း ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအသင်းကြီးမှူး၍ သျှမ်းစာပေ ကျွမ်းကျင်သံဃာတော်အချို့နှင့် ပညာရှင်ဆရာကြီးများအား ဖိတ်ခေါ်ကာအစည်းအဝေး ကျင်းပခဲ့ကြကြောင်း အသင်းဝင် လူငယ်များကပြောသည်။
Shan_Text_Books စဝ်ဆိုင်မိန်းရေးသားသည့် သျှမ်းစာသင်ရိုးညွှန်းတမ်းအဟောင်း (ဓါတ်ပုံ- SECE facebook မှ )

"အစည်းအဝေး ဆုံးဖြတ်ချက် ၃ ချက်ကတော့ - ကျနော်တို့ သျှမ်းစာသင်ရိုးညွှန်းတမ်းအဟောင်းဖြစ်တဲ့ စဝ်ဆိုင်မိန်းရေးတဲ့ ကျားခေါင်းပုံပါစာအုပ်ကို အစိုးရရဲ့သင်ရိုးညွှန်းတမ်းကော်မတီထံတင်ပြဖို့၊ ပညာရေးဝန်ကြီးဆုံးဖြတ်ချက်ဖြစ်တဲ့ တိုင်းရင်း သားစာပေ ဘာသာရပ်ကိုကျောင်းချိန်ပြင်ပသင်ကြားရေးဆိုတဲ့အချက်အပေါ် ကျောင်းချိန်အတွင်းမှာ သင်ကြားခွင့်ရအောင် တောင်းဆိုဖို့၊ လာမယ့်ဩဂတ်စ်အတွင်း မန္တလေးမှာကျင်းပမယ့် ဗဟိုသျှမ်းစာပေယဉ်ကျေးမှုကော်မတီအစည်းအဝေးမှာ သျှမ်းစာပေ သင်ရိုးညွှန်းတမ်းနဲ့ပတ်သက်တဲ့ ကော်မတီတရပ်ဖွဲ့စည်းဖို့- စတဲ့အချက် ၃ ချက်ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရနဲ့တိုက်ရိုက်ဆက်သွယ်ဖို့ ကော်မတီပေါ့နော်" ဟုဆို၏။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဂျွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ ပြည်လမ်းရှိ ကိုးမိုင် သျှမ်းဘုန်းကြီး ကျောင်း နှီးဘုရားကျောင်းတော်၌ ကျင်းပသောအဆိုပါအစည်းအဝေးသို့ ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှု အသင်း နာယက၊ ဥက္ကဌ၊ အတွင်းရေးမှူး နှင့်အကြီးအကဲအချို့အပါအဝင် အသင်းဝင်များ ၃၀ ကျော် ခန့်တက်ရောက်သည်ဟုသိရပါသည်။

" ကျနော်တို့ ရန်ကုန် သျှမ်းစာပေယဉ်ကျေးမှုအသင်းကနေ သျှမ်းစာပေကျွမ်းကျင် ပညာရှင်သံဃာတော်တွေဖြစ်တဲ့ တောင် တန်း သာသနာပြုဆရာတော် စဝ်ဆုခမ်း၊ လွယ်လင်ဓါတ်တော်ကျောင်းဆရာတော်၊ ကိုးမိုင်သျှမ်းကျောင်း တိုက်အုပ်ဆရာ တော် စဝ်နိဂြောဓတို့အပါအဝင် စုစုပေါင်းသံဃာတော် ၅ ပါးနဲ့ သျှမ်းစာပေပညာရှင်/မြန်မာ့သမိုင်းပညာရှင် ဆရာကြီး စိုင်းအောင်ထွန်းတို့ ဒေါက်တာစိုင်းဆန်အိုက်တို့ ကိုလည်း ဖိတ်ခေါ်ပြီးဆွေးနွေးကြတယ်။ အစိုးရကျောင်းမှာ တိုင်းရင်းသား စာပေသင်ကြားဖို့ သင်ရိုးညွှန်းတမ်း ကော်မတီဆီကို ၂ လအတွင်း တင်ပြရမယ်ဆိုတော့လေ" ဟု အသင်း၌လှုပ်ရှားသူ စိုင်းလင်းကပြောသည်။

ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှုအသင်း၏ အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်များအား လာမည့် ဩဂတ်စ်လအတွင်း ကျင်းပ မည့် ဗဟို(ပြည်လုံးကျွတ်) သျှမ်းစာ ပေယဉ်ကျေးမှု ကော်မတီအစည်းအဝေးသို့ ထပ်မံတင်ပြရန် သဘောတူညီ ခဲ့ကြကြောင်း အစည်းအဝေးတက်ရောက်သူ အဆိုပါလူငယ် ကဆက်လက်ပြောပြသည်။

ယခုလ ၁၅ ရက်က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပညာရေးဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ တိုင်းရင်းသားဘာသာ သင်ကြားရေးအစည်းအဝေးဆင့်ခေါ်ရာ မြန်မာဘာသာကို ရုံးသုံးဘာသာစကား အဖြစ်လည်း ကောင်း၊ အင်္ဂလိပ်ဘာသာကို နိုင်ငံတကာသုံးဘာသာစကားအဖြစ်လည်းကောင်း သတ်မှတ်ပြီး မူလတန်းအဆင့်ကတည်းက စတင်သင်ကြားပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာကိုမူ ကျောင်းချိန်ပြင်ပတွင်သာ သင်ကြားပေးရန် လျာထား ကြောင်း၊ သင်ခန်းစာနှင့် ဆရာ့လက်စွဲများကို အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ဦးဆောင်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း (သို့မဟုတ်) တိုင်းရင်းစာပေပြန့်ပွါးရေးအဖွဲ့တို့မှ ပူးပေါင်းရေးဆွဲကာ ၂ လအတွင်းအပြီးပြုစု၍ ပညာရေးဝန်ကြီးထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ကပြောသည်ဟု မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်။ တိုင်းရင်းသားဘာသာကိုသင်ပြပေးမည့် ဆရာ၊ ဆရာမများ ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တိုင်းရင်းသားဘာသာစာပေကိုလည်း သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၌ စတင်သင်ကြားပေးမည်ဖြစ်ပြီး မွန်၊ ကရင်၊ ပလောင်၊ ချင်း၊ ဂုံ၊ သျှမ်း၊ ကယား၊ ကယန်း၊ ပအိုဝ်းစာပေများကိုသင်ကြာပေးရန်လျာထားကြောင်း၊ အင်း၊ ဓနု တိုင်းရင်းသား ဘာသာကိုမူ ဝေါဟာရစကား အသုံးအနှုန်းများပြုစုပေးရမည်ဖြစ်ကြောင်းလည်း အဆိုပါအစည်းအဝေး၌ ပြောကြားခဲ့သည်ဟု ဆိုပါသည်။

[mrsorcerer:26831] Fwd: [လူဗိုလ်ဟူသည် ...] တိုက်စားခြင်း (၃)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/25
Subject: [လူဗိုလ်ဟူသည် ...] တိုက်စားခြင်း (၃)
To: lubo601@gmail.com



by မိုးကြာညို မိုး on Monday, June 25, 2012 at 10:34pm

                                                              "ဝေးးးးးးးးးးးးးးးးးးးပြီးပြီကွ"
 သင်္ကြန်ရက်မတိုင်ခင်ကတည်းက ညိုတို့ Data Analysis တစ်ဖွဲ့လုံး Patients Coding ပြောင်းဖို့အတွက် နေ့ရောညရော သင်္ကြန်တတွင်းလုံးအပါအ၀င် တစ်လတိတိ အသေအလဲလုပ်ခဲ့ရသည်။ Patient chart file တွေမှာပြောင်းရုံတင်မက ကွန်ပြူတာထဲရှိ data များကိုလဲ အကုန် လိုက်ပြောင်းရပါသည်။ ဒီတစ်လအတွင်း data သမား ၄ ယောက်လုံး အဖျားအနာ အပျက်အကွက်မရှိတာကြောင့်ပဲ တစ်လနှင့်လုပ်ငန်းပြီးခဲ့ရသည်။ Coordination မှ reporting များလုပ်သူ မြန်မာဆရာဝန်နှစ်ယောက်၊ နိုင်ငံခြားသား Supervisor Ms.Yohana နှင့် Country Director Dr.Frank တို့  နှစ်ယောက်လည်း Data teamရဲ့စည်းလုံးညီညွတ်စွာ လုပ်ဆောင်နိုင်မှုကို အံ့သြခဲ့ရသလို အားရနှစ်သက်ကြသည်။
ထို့ကြောင့် Dr.Frank မှ
"မင်းတို့ကိုဂုဏ်ပြုချင်လို့ တစ်ညနေလောက် ငါတို့နဲ့ညစာအတူစားဖို့ ဖိတ်ချင်ပါတယ်။ မင်းတို့အဆင်ပြေမယ့်ရက်ရွေးပေးပါ"

"ဒီနေ့…………."

ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်က ဤကဲ့သို့ပြောလာသဖြင့် မတိုင်ပင်ထားရပါဘဲ ၄ယောက်လုံးဝမ်းသာအားရ "ဒီနေ့" လို့ပြိုင်တူပြောမိလိုက်သည်။  အခြားရုံးဝန်ထမ်းများကို ferry ပို့ပြီး ညိုတို့တစ်ဖွဲ့ကို Dinner party အတွက်ရုံးကားတွေ
ပြန်လာခေါ်တော့ ညနေ ၆နာရီခွဲနေပြီ။ ဆရာကြီးနှင့်ဆရာမတို့က သူတို့ကားကိုယ်စီနှင့်သွားကြမည်။ ကြိုတင်စီစဉ်ထားခြင်း မရှိသည့်အတွက် ၃နေရာလောက် သွားရောက်ရွေးချယ်ပြီးမှ ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်နားက Jade Garden ကိုရွေးလိုက်ကြသည်။ လူရှင်းသည့်အပြင် စုစုပေါင်းလူ ၉ ယောက်စာ private room ပါရသည်။ အဆင်ပြေလိုက်သည့်ဖြစ်ခြင်း။ စားကြသောက်ကြ၊ ကျန်ခဲ့တဲ့ operation period အတွင်း ရုန်းကန်ခဲ့ရသည်များ၊ ပျော်ရွှင်ခဲ့ရသည်များတို့ကို သူတို့သိရအောင် ပြောဆိုနေကြပြီး ည၉နာရီမှာ စကားဝိုင်းရော စားသောက်ခြင်း အမှုရော ပြီးစီးခဲ့သည်။ ပိုက်ဆံရှင်းတော့ ၉ ယောက်စာ အစားရောအသောက်ပါအတွက် မြန်မာငွေ ၂သိန်းခန့် ကုန်ကျလေသည်။ ချက်ချင်းပဲစိတ်ကတွက်ချက်မိတာတစ်ယောက် ပျမ်းမျှခြင်း ၂သောင်းခန့်ရှိပါလားဆိုပြီး လန့်သွားမိသည်။ မိန်းကလေး၂ယောက်ကို အရင်လိုက်ပို့မည်ဖြစ်သဖြင့် ရုံးကားက နီးသောဆရာဝန်မအိမ်ကို အရင်သွားကြမည်ဖြစ်သည်။ ကန်တော်ကြီးပတ်လမ်း အတိုင်းမောင်းလာပြီး မင်္ဂလာဈေးမီးပွိုင့်တွင် ဘယ်ဘက်ကိုချိုးချကာ သီတာလမ်းဘက်သို့ဦးတည်သည်။ ထိုစဉ် ယုဇနပလာဇာရှေ့က လမ်းလယ်ခေါင် ကွန်ကရစ် တုံးကလေးမှာ လူသေးသေးလေးတစ်ယောက်…. ညို့မျက်စိက မြင်ဖြစ်အောင်မြင်လိုက်တော့


ကားဆရာကြီးကို ခဏလေး ကားရပ်ပေးပါလို့ပြောမိလိုက်သည်။ ကားပေါ်မှကျန်သောသူအားလုံးက ဘာဖြစ်လို့လဲဆိုတဲ့အမေး မျက်လုံးနဲ့ ၀ိုင်းကြည့်ကြတော့ ဟိုမှာကလေးတယောက် ဒီချိန်ကြီးဘာလုပ်နေလဲ မသိဘူး။ သွားမေးချင်လို့။ ညို့မန်နေဂျာအကိုက နင်ဟာ…အားအားယားယား... လူဆိုးလေးတစ်ယောက် နေမှာပေါ့။ မစပ်စုချင်စမ်းနဲ့လို့ တားသော်လည်း ညို့စိတ်ကတားမရ ကားတံခါးဆွဲဖွင့်မိလျက်သားဖြစ်နေပြီ။ data team မှတစ်ဦးတည်းသော မိန်းကလေး၊ အငယ်ဆုံးလေးလဲဖြစ်လေတော့ အမြဲအလိုလိုက်တတ်တဲ့ အကို ၃ယောက်ပါ တပါတည်း လိုက်လာခဲ့ပြီး ကလေးဆီသွားလိုက်ကြသည်။ မန်နေဂျာအကိုကဦးဆောင်ပြီး စုံစမ်းရေး လုပ်ပါတော့သည်။

"ကလေး…..ဒီချိန်ကြီးမင်းအိမ်မပြန်သေးဘူးလား? ဘာထိုင်လုပ်နေတာလဲ?"

"ပိုက်ဆံမပြည့်သေးလို့"

"အမ်…ဘာပိုက်ဆံတုန်း?"

"အဖေက ပိုက်ဆံ ၃၀၀၀ မပြည့်ရင် အိမ်မပြန်လာနဲ့လို့မှာထားလို့… ခုသားမှာ ၂၂၀၀ပဲရှိသေးတယ်.. အဲဒါနဲ့ အိမ်ပြန်ရင်
အဖေကရိုက်မှာ အမေကလဲထမင်းကျွေးမှာမဟုတ်ဘူး"

ပြောရင်း ကလေးမှာမျက်ရည်ဝဲတဲတဲလေးဖြစ်လာတာ လမ်းမီးရောင်နဲ့မြင်မိလိုက်တော့ ၄ယောက်လုံး ကိုယ်စီ သက်ပြင်းချသံတွေကျယ်လောင်သွားသည်။

"ဒီအချိန်ကြီးဘယ်သူ့ဆီကတောင်းဦးမှာလဲ? လမ်းပေါ်မှာလူသွားလူလာပြတ်နေပြီဟာ"

"ဒီအချိန်မှသိမ်းတဲ့ဈေးသည်တွေရှိတယ် ဦးဦး။ တချို့ တက္ကစီတွေ ဆိုက်ကားတွေလဲ ဒီအချိန်မှသိမ်းတာ။ သူတို့ပြန်တဲ့အချိန် သား တောင်းလို့ရတာပဲလေ။ လက်ဘက်ရည်ဆိုင်တွေနားမှာလဲ တောင်းလို့ရတာပဲ။ဘောပွဲပြတဲ့ဆိုင်ဆို မြန်မြန်ရတယ်။"

"ကဲ အဲဒီ ၃၀၀၀ မပြည့်ရင်ရော မင်းဘယ်နားသွားအိပ်မလဲ? အိမ်မပြန်တော့ဘူးလား?"

"အဲ့လိုဆိုလဲ သားကိုသိတဲ့ လက်ဘက်ရည်ဆိုင်တခုမှာ ခွင့်တောင်းပြီး စားပွဲလေးတွေဆက်အိပ် လိုက်မှာပေါ့။ အဲဒီဆိုင်ကသဘောကောင်းတယ်ဗျ။ ဆမူဆာလေးကျန်ရင်လဲ ထမင်းနဲ့ကြိတ်လို့ရသေးတယ်။ ညဘက်သား အိပ်တုန်းပိုက်ဆံပျောက်မှာကြောက်ရင်လဲ အဲဒီကစားပွဲထိုး အကိုကြီးကို အပ်ထားလို့ရတယ်။ နောက်နေ့အတွက်
၃၀၀၀ ပြည့်မှ အဲဒီအကိုကြီးဆီက ပြန်ယူပြီး ၂ရက်စာ အဖေ့လက်အပ်လိုက်တာပေါ့"

"ကဲ..အဲဒါဆို သားလိုတဲ့ ၈၀၀ ဦးဦးတို့ပေးမယ်….မင်းပြန်တော့… မိုးချုပ်လှပြီ။ ဒါနဲ့ မင်းဘယ်ကိုပြန်ရမှာလဲ?

"သာကေတ"

"ဘယ်လိုပြန်မလဲ? သာကေတပြန်တဲ့ကားရှိသေးလား?"

"ကားစီးရင် ၃၀၀၀လျော့သွားမှာပေါ့… သားလမ်းလျှောက်ပြန်မယ်… ပြန်နေကြပါ"

"ဟေ… ဒီအချိန်ကြီးကို..လမ်းမှာမင်းကိုရိုက်လုရင် ဘယ်လိုလုပ်မလဲ?"

"မလုပါဘူးဗျ… ဒီနားတ၀ိုက်မှာသားကို သိနေကြပြီပဲ"

"ကဲ….ကိုယ်တော်လေး ကားစီးပြန်ပါကွာ… ၁ထောင်ပေးမယ်.. အဲဒါဆို ကားခ ၂၀၀ ရပြီပေါ့"

"တကယ်လား ဦးဦး…တကယ်ကြီးပေးမှာလား?"

ကလေးငယ်ရဲ့မျက်ဝန်းတွေက ခုနကလိုပဲအရောင်တလက်လက်နဲ့။ သို့သော် မျက်ရည်များနှင့်တော့ မဟုတ် ပါလေ။

….

ညိုတို့ကားပေါ်ပြန်အတက်မှာတော့ ငွေ၂သိန်းတန် bill စာရွက်ကလေးက ကားကြမ်းပြင်မှာ။ ၂နာရီ အတွင်းလူ ၉ ယောက်ဖြုန်းတီးခဲ့သောငွေက ၂သိန်းတဲ့။ ကလေးတစ်ယောက်တော့ ည ၉နာရီကျော်သည်အထိ ငွေ ၃၀၀၀ အတွက်လမ်းဘေးမှာထိုင်တောင်းနေရသည်တဲ့။

ကားကြမ်းပြင်မှ bill ဖြတ်ပိုင်းလေးကို ကောက်ယူလွှင့်ပစ်လိုက်မိသည်။

ညိုလွှင့်ပစ်လိုက်တဲ့ bill စာရွက်ကလေးက လမ်းမထက်မှာ ဟိုဟိုဒီဒီလွင့်လို့…........

ဒီကလေးလေးရဲ့ ဘ၀ရှေ့ရေး ကရော လမ်းမပေါ်မှာ ဘယ်ကို ဘယ်လို ဘယ်ချိန်ထိများ လွင့်မျောနေဦးမှာပါလိမ့်…..........

....

ချစ်ခြင်းများစွာဖြင့်

မိုးကြာညို



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/26/2012 01:54:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Burma News International 26 June 2012

Burma News International

Burma News International
June , 2012

Burma’s war in Kachin State leaves thousands stranded on border with China

A report released today in Bangkok by Human Rights Watch accuses Chinese authorities of forcing Kachin refugees back across the country’s border with Burma, amidst escalating conflict between Kachin armed forces and the Burma’s Army.

Mining, shooting all in a days work in Burma’s south

A Karen family alleged that they have been abused and expelled from their home by the Dawei Princess Company are now seeking help from the local Karen National Union (KNU) office.

Naypyitaw’s drug eradication programme doesn’t work in PaO areas: Researcher

According to researcher Khun Chankhe, PaO Youth Organization (PYO), the previous two 5 year phases of Naypyitaw’s 15 year master plan have failed to end poppy cultivation in the PaO Self-Administered Zone (SAZ) of Shan State.

Over 100 suspected immigrants arrested on Gwa Island

Over 100 men who are believed to be Bengali immigrants were recently arrested on Gwa Island that is situated seven miles away from Gwa Town in Arakan State.

Asian Development Bank official to meet President Thein Sein

The Asian Development Bank (ADB) – which has not worked with Burma for 24 years – has sent a top official to begin a process that could eventually lead to development loans.

Suu Kyi to visit France for four days

When Aung San Suu Kyi arrives in France on Tuesday for a four-day visit, she will be welcomed by President Francois Hollande at the Elysée Palace. France has rolled out all the stops, giving Suu Kyi a reception similar to a head of state. She will arrive in Paris by train from Britain.

လက်ရှိနိုင်ငံရေး အခြေအနေအပေါ် NMSP ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေး

လက်ရှိမြန်မာအစိုးရသစ်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့်ပတ်သက်ပြီး မွန်ပြည်သူလူထုတို့၏ ဆန္ဒသဘောထားကို သိရှိရန်မွန်ပြည်သစ်ပါတီ-NMSP က တွေ့ဆုံပွဲများကျင်းပလျှက်ရှိသည်။

ဒေါက်တာစင်သီယာမောင်နှင့် ဦးအောင်မင်း တွေ့ဆုံ

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်နှင့် မြန်မာအစိုး ရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းတို့က ထိုင်းနိုင်ငံ မဲဆောက်မြို့၊Wattana Village Resort ဟိုတယ်တွင် ယနေ့ နေ့လည် ၁၂နာရီ၌ တွေ့ဆုံခဲ့သည်။

မြစ်ကြီးနားမြို့၌ ရေကြီး၍ စာသင်ကျောင်းများ ပိတ်လိုက်ရ

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်၌ မိုးကြီး မှုကြောင့် မြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၅ ရွာ ရေမြုပ် နေပြီး ရေဘေး ဒုက္ခသည် များ အတွက် စခန်း ၄ ခု ဖွင့်ထား ရပြီး စာသင်ကျောင်း များလဲ ပိတ်ထား ရသည်ဟု မြစ်ကြီးနား မြို့ခံ တဦးက ပြောပါသည်။

ပြန်ပေးတစ်လဆွဲခံထားရသူ ကိုရွှေအသတင်းအစအနပျောက်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ ရာဘာခြံတစ်ခြံမှ လွန်ခဲ့သည့် မေလကုန်ပိုင်းအတွင်း ပြန်ပေးဆွဲခံထားရသူ ကိုရွှေအ၏သတင်းအစအန မကြားသိရသဖြင့် ၄င်းနှင့်အတူ မိသားစုဝင်များအထူးစိုးရိမ်နေရကြောင်း ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူးက ပြောသည်။

၃၆နှစ်မြောက် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း အထိမ်းအမှတ် ကျင်းပ

ပထမဦးဆုံး မဆလစစ်အစိုးရက ကြိုးပေးခံခဲ့ သည့် ကျောင်း သားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခဲ့သည့် (၃၆)နှစ်ပြည့် အထိမ်းအမှတ် အခန်းအနားကို နယူး ဒေလီ ရောက် မြန်မာဒီမိုကရေစီ အင်အားစုများက ယနေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။

တရုတ်ပြည်ရှိ ကချင်စစ်ပြေးဒုက္ခသည်များ အခက်အခဲ အစီရင်ခံစာ

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံမှ ကချင် စစ်ပြေး ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ရေးသားထားသည့် ‘ယူနန်ပြည်မှာ အထီးကျန်’ Isolated in Yunnan အမည်ရ အစီရင်ခံစာ တစောင်ကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW မှ ထုတ်ပြန်လိုက်သည်။

ရွေးကောက် တင်မြှောက်ပုံစနစ် ပြောင်းလဲရန် ၁၀ ပါတီ ဆွေးနွေး

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ရွေးကောက် တင်မြှောက်ပုံ စနစ်သည် မဲဆန္ဒရှင် အားလုံး၏ ဆန္ဒကို ကိုယ်စားမပြုဘဲ ဖြစ်နေ၍ လာမည့်ရွေးကောက်ပွဲများတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ကို ပြောင်းလဲ အသုံးပြုသင့်ကြောင်း အင်္ဂါနေ့တွင် ပြုလုပ်သည့် ဒီမိုကရေစီမိတ်ဆွေပါတီများ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဦးဆောင်၍ တင်ပြခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာဟု PYO ပြော

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းမှာ မထိရောက်သည့်အပြင် ပြည်သူများ စားဝတ်နေရေး အခက်အခဲကြောင့် ဘိန်းပိုမို စိုက်ပျိုးလာကြောင်း ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO) က ပြောပါသည်။

မြန်မာအလုပ်သမားများ တရုတ်အာဏာပိုင် ဖမ်းဆီး လချီချုပ်နှောင်ထား

တရုတ် - မြန်မာနယ်စပ်ဖြတ်ကာ ရွှေလီ၊ ကျယ်ဂေါင်ဘက် အလုပ်သွားလုပ်ကြသော မြန်မာအလုပ်သမားများ၊ ခရီးသွားများအား တရုတ်အာဏာပိုင်များက လိုက်လံဖမ်းဆီးပြီး  အာမခံ မပေးဘဲလချီချုပ်နှောင်ထား ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp
 

[mrsorcerer:26830] Re: ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက် (သမိုင်းတို့အားပြန်လှန်ကြည့်ခြင်း)


by Ye Yint Thitsar on Wednesday, June 27, 2012 at 12:34am ·

ဟုတ်ကဲ့ ကိုမြတ်သိန်းထွန်းခင်ဗျား အခုလို ပြန်ကြားပေးတာ ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။ အစ္စလာမ် ဘာသာဝင် ကမန် တိုင်းရင်းသားတွေ နဲ့ ပတ်သက်လို့ ကိုမြတ်သိန်းထွန်းနဲ့ ကျွန်တော့်ရဲ့ အမြင်တို့ဟာ ထပ်တူ ကျနေတဲ့ အတွက် ထပ်မံဆွေးနွေးရေးသား မေးမြန်းဖြေကြားနေစရာမလိုတော့ပါ။
 
"ရိုဟင်ဂျာ" နဲ့ပတ်သက်လို့ ကျွန်တော် ပြန်ကြားခြင်း မပြုခင် အောက်ပါအချက် (၃) ချက်ကို ကျွန်တော် အလေးထားပြောကြားလိုပါတယ်။
 
၁။ ကျွန်တော် ဟာ မြန်မာမွတ်စ်လင်မ် တစ်ဦးပါ။ ကျွန်တော် ဟာ ရိုဟင်ဂျာ   မဟုတ်ပါဘူး။
 
၂။ ကျွန်တော် ဟာ ရိုဟင်ဂျာ ဖက်က ကာကွယ်ပြောဆို နေသူမဟုတ်သလို၊    ရိုဟင်ဂျာ historian လည်း မဟုတ်ပါဘူး။
 
၃။  ကိုမြတ်သိန်းထွန်း က ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်ကိုမေးလို့ ကျွန်တော်သိသလောက်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။
 
ကျွန်တော့် နုတ် စာထဲမှာ ရိုဟင်ဂျာနဲ့ ပတ်သက်လို့ စာတွေ့ကိုဘဲကိုးကားပြီး သိသမျှရေးထားခဲ့တာ အမှန်ပါဘဲ။ ကျွန်တော်သူတို့ဒေသကို မရောက်ဖူးလို့ သူတို့အကြောင်း ကိုယ်တွေ့ မသိဘူးလို့လည်းကျွန်တော် ရိုးရိုးသားသား ဝန်ခံထားပါသေးတယ်။ "သူတို့ ရိုဟင်ဂျာ ဆိုတာ ဘင်္ဂလီလူမျိုး အဆက်အနွယ်လို့သိထားပါတယ်။" လို့လည်း ကျွန်တော်ရေးထားပါသေးတယ်။ နောက်ကျွန်တော် ဒီလို ရေးထားပါသေးတယ်။ "ရိုဟင်ဂျာ တွေက ဘင်္ဂလားဒေ့ရှ်မှာ တော့ ဘင်္ဂါလီ လို့ခေါ်ခံရပြီး မြန်မာပြည်မှာ တော့ ရိုဟင်ဂျာ လို့အမည်ခံထားပါတယ်။" အဲဒီ အရေးအသားကို ကျွန်တော် က "ဝ" တို့ "ကိုးကန့်" တို့ "ကချင်" တို့နဲ့ ပမာပေး support လုပ်ထားပါတယ်။  "ရိုဟင်ဂျာ" နဲ့ "ကမန်" တို့ဟာ ဘာသာစကား၊ ယဉ်ကျေးမှု စတာတွေ တူတယ်လို့ ကျွန်တော်ရေးသားခဲ့ခြင်းမျိုးလုံးဝ မရှိပါ။
 
"ရိုဟင်ဂျာ" ဟာတိုင်းရင်းသားဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးနု က တိုင်းသိ ပြည်သိ ကြေညာ ခဲ့တာတွေ၊ ဦးနုအစိုးရ လက်ထက် နဲ့ ဗိုလ်ချုပ်နေဝင်းအစိုးရ လက်ထက်ဦး မှာလည်း အစိုးရပိုင်းကိုယ်တိုင်က "ရိုဟင်ဂျာ" ကို တိုင်းရင်းသား အဖြစ် အတည်ပြု ခဲ့တာလည်း အမှန်ပါဘဲ။ သို့သော် ဝန်ကြီးချုပ်ရုံး က ကြေညာချက် ထုတ်ပြန်ခဲ့တာ မဟုတ်ကြောင်း၊ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာ မဟုတ်ကြောင်း ကျွန်တော်သိရပါတယ်။ အဲဒီလို သိရခြင်း ဟာ စာပေ အထောက် အထားမတွေ့ရတာက တစ်ကြောင်း၊ အခု အသက် ၉၀ နားနီးနေပြီ ဖြစ်တဲ့
ကျွန်တော့်ဖခင် နိုင်ငံရေးသမားဟောင်း ကို သေချာမေးမြန်းခဲ့တာရယ်၊ အသက် ၈၁ နှစ်ရှိပြီ ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် ကျွန်တော့် ဆရာ ကို ကိုယ်တိုင်မေးမြန်းခဲ့တာ ရယ် က တစ်ကြောင်းကြောင့်ပါ။ ကျွန်တော် ရေးသားခဲ့တဲ့ အထဲမှာ ရိုဟင်ဂျာဘာသာနဲ့ အသံလွှင့်ခွင့်ပြုခဲ့တယ် လို့ဘဲ ပါပါတယ်။ အသံလွှင့်ခွင့်ပြုခဲ့လို့တိုင်းရင်းသားဖြစ်သွားတယ် ဆိုတဲ့ သဘောကိုသက်ရောက်စေတဲ့ အရေးအသားမျိုး ကျွန်တော့် စာထဲမှာ လုံးဝ မပါရှိပါ။ ဝန်ကြီးချုပ် ဦးနု ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး အချို့က ဝေဖန်ပြောဆိုခဲ့ကြောင်းလည်း ကျွန်တော့်စာထဲမှာ ထည့်ရေး
ထားပါတယ်။ ရိုဟင်ဂျာ ကို တိုင်းရင်းသားအဖြစ် ပြုခဲ့ကြောင်း အထောက်အထား နောက်တစ်ခုကတော့ ၁၉၆၄ ခုနှစ်၊ စာပေဗိမာန် က ထုတ်ဝေခဲ့တဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ (၉-က) ပါဘဲ။ စာမျက်နှာ (၈၉-၉၀)၊ မေယုနယ်ခြား ခရိုင် entry မှာ ရိုဟင်ဂျာ ဟာ တိုင်းရင်းသားဖြစ်ကြောင်း၊ မေယုနယ်ခြားခရိုင်ရဲ့ လူများစု (၇၅) ရာခိုင်နှုန်းဟာ ရိုဟင်ဂျာ လူမျိုးများဖြစ်ကြောင်း အတိအလင်း ရေးသားထားပါတယ်။
 
ကို မြတ်သိန်းထွန်း က မြန်မာနိုင်ငံ ရဲ့ တိုင်းရင်းသားလူမျိုးတွေ အကြောင်း ကိုးကားရာမှာ Major C.M Enriquez ရဲ့ Races of Burma ကို အသုံးပြုထားတာ တွေ့ရပါတယ်။ Major C.M Enriquez ဆိုတာက အိန္ဒိယဖွား ဗြိတိသျှလူမျိုး စစ်အရာရှိတစ်ဦးပါ။ မြန်မာနိုင်ငံ ရဲ့ တိုင်းရင်းသားတွေဟာ ဘယ်သူဘယ်ဝါတွေပါလို့ သတ်မှတ်ပိုင်ခွင့် သူ့ မှာမရှိပါဘူး။ အဲဒီ စာအုပ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေကို ဖော်ပြထား တဲ့စာအုပ်လည်းမဟုတ်ပါဘူး။ အဲဒီ စာအုပ်က ဗြိတိသျှ India စစ်တပ် ရဲ့ စစ်သား စုဆောင်းရေးအရာရှိ တစ်ဦးရဲ့ perspective သာဖြစ်ပါတယ်။ စာရေးသူ မေဂျာဟာ သူ့ခေတ်သူ့ အခါက မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ လူမျိုးတွေ (Races) အကြောင်း သူသိသလောက်ရေးထားတာသာဖြစ်ပါတယ်။ မြောက်မြားလှတဲ့ စစ်တကောင်းသား (ဘင်္ဂါလီ) စိုက်ပျိုးရေးလုပ်ငန်းလုပ်သူတွေ နဲ့ ရခိုင်ပြည် ဟာ နှစ်စဉ် ပြည့်နှက်နေခဲ့ကြောင်း အဲဒီ စာအုပ် section-81 မှာ ရေးထားပါတယ်။ လေ့လာကြည့်ပါ။ ဒါကြောင့် ရခိုင်ပြည်နယ် က ရခိုင်လူမျိုးတွေဟာ ရခိုင်မှာရော ဘင်္ဂလားဖက်မှာ ရော အခြေချနေထိုင်မှုတွေ ရှိခဲ့သလို၊ ဘင်္ဂလား က ဘင်္ဂါလီတွေလည်း ရခိုင်ဖက်မှာ အခြေချနေထိုင်မှုတွေ ရှိခဲ့ကြောင်း ထင်ရှားပါတယ်။ တစ်ကယ်တော့ဒီလို နယ်စပ်ထိစပ် နေတဲ့ ဒေသတွေမှာ အပြန်အလှန် အခြေချနေထိုင်မှုတွေ၊ ယဉ်ကျေးမှု ကူးလူးဆက်ဆံ ဖလှယ်မှုတွေ ဟိုးအရင်ကတည်းကရှိခဲ့တယ် ဆိုတဲ့ကောက်ယူဆင်ခြင် မှု အတွက် ဘယ်ကျမ်းစာအုပ်ကိုမှ ကိုးကားစရာတောင်
မလိုပါဘူး။ အဲဒီခေတ်အခါတုန်းက ခိုးဝင်တာလား? ခိုးဝင်တာမဟုတ်ဘူးလား? ဆိုတဲ့ မေးခွန်းအတွက် နေရာတောင်မရှိပါ။ ကိုမြတ်သိန်းထွန်း ကိုးကားပြတဲ့ အဲဒီစာအုပ် မှာဘဲ မြန်မာနိုင်ငံမှာ အဲဒီ အချိန်က အိန္ဒိယအနွယ်လူမျိုးတွေဟာ အရေ
အတွက်အားဖြင့် ၁,၀၁၇,၈၂၅ ရှိပြီး တရုတ်အနွယ်တွေ ဟာ ၁၉၃,၅၉၄ ရှိကြောင်း ၁၉၃၁ Census ကို မှီငြမ်း ဖော်ပြထားပါတယ်။ အဲဒီစာအုပ်မှာ ရိုဟင်ဂျာ ဆိုတဲ့ နာမည်မပါတာတော့ အမှန်ပါဘဲ။ ကိုမြတ်သိန်းထွန်း တစ်ခုသတိထားရမှာက ကျွန်တော် ဟာ သူတို့ ပြောနေတယ် ဆိုတဲ့ "အာရပ်သဘောင်္သားတွေနဲ့ သက် လူရိုင်းဘုရင်မလက်ထပ်ပြီး ရိုဟင်ဂျာလူမျိုးဖြစ်ပေါ်" Idea ကို ပြောနေတာမဟုတ်ဘဲ၊ ဘင်္ဂါလီ တွေဟာ ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလား နှစ်ဖက်စလုံးမှာ အခြေချနေထိုင်ခဲ့ကြကြောင်းကို ပြောနေတယ် ဆိုတာပါဘဲ။ ဒါပေမဲ့ ရခိုင်
ဒေသမှာ အာရပ်သင်္ဘောသား အဝင်အထွက်ရှိခဲ့ကြောင်း သမိုင်းကိုလည်းမေ့ထားလိုက်လို့တော့မရပါဘူး။
 
ဟုတ်ပါတယ်။ အစ္စလာမ်သာသနာဟာ မြောက်ဦးခေတ်ကတည်းက ရခိုင်မှာရှိခဲ့တယ်ဆိုတဲ့သမိုင်းကို ဒေါက်တာအေးချမ်းအပါအဝင် ရခိုင်သမိုင်းပညာရှင်အားလုံးနီးနီးက လက်ခံပြီးသားအချက်ပါ။ မြောက်ဦးနန်းဆက်ကို တည်ထောင်ခဲ့သူ ရခိုင်ဘုရင် မင်းစောမွန်ဟာဘင်္ဂလား  ဘုရင်အကူအညီနဲ့ ထီးနန်းကို ပြန်လည်စိုးစံနိုင်ခဲ့ပြီး ဘုရင့်အမှုထမ်း ဘင်္ဂါလီတွေဟာ မြောက်ဦးမြို့ပြင်ရပ်မှာ အခြေချနေထိုင်ခွင့်ရရှိခဲ့တယ်လို့ ဒေါက်တာအေးချမ်း က သူ့ရဲ့ The Development of a Muslim Enclave.... မှာရေးသားထားပါတယ်။
ဗမာတွေ ရခိုင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးရခိုင်တွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ အတွက် ရခိုင်လူမျိုး အမြောက်အများဟာ ဗြိတိသျှ ဘင်္ဂလားဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေါက်တာအေးချမ်းက အထောက်အထားတွေနဲ့ ရေးသား
ထားပါသေးတယ်။ ဗမာတွေ ရခိုင်ကိုသိမ်းပြီးနောက်နေ့မှာဘဲ ရခိုင်အမျိုးသား ၄၀,၀၀၀ ကို သတ်ဖြတ်ခဲ့ပြီး၊ မြင်တွေ့သမျှသော လက်ထပ်ပြီးသားမိန်းမပျိုလှတွေ ရဲ့ ခင်ပွန်းတွေကို သတ်ဖြတ်၊ သူတို့ကို သိမ်းပိုက်ခဲ့ကြောင်း၊ မိန်းမငယ်တွေကို
လည်း သူတို့ မိဘတွေနဲ့ပတ်သက်လို့ လုံးဝ ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ယူဆောင်သိမ်းပိုက်ခဲ့ကြကြောင်း ဒေါက်တာအေးချမ်း က Fracis Buchanan ရဲ့ မှတ်တမ်းကို ကိုးကားရေးသားထားပါတယ်။ နယ်ချဲ့သိမ်းပိုက်သူ ဗမာတွေဟာ ရခိုင်တွေကို မြန်မာပြည်အလယ်ပိုင်းအထိ နယ်နှင်ခဲ့ကြောင်းနဲ့ ဗြိတိသျှတွေ ရခိုင်ကိုသိမ်းပိုက်တော့ ရခိုင်ပြည်နယ် လူဦးရေ ဟာ အလွန်နည်းပါးနေကြောင်း ဒေါက်တာအေးချမ်း က Michael W. Charney ရဲ့ PhD ကျမ်းကို ကိုးကားရေးသားထားပါတယ်။ ရခိုင်မြေ ဟာ ဗမာဘုရင်တွေရဲ့ လုပ်ရပ်
ကြောင့် ဖုန်းဆိုးအသွင်ဆောင်နေခဲ့တဲ့ အတွက် ဗြိတိသျှတွေက ဘင်္ဂလားက ဘင်္ဂါလီ တွေကို ခေါ်ဆောင်အခြေချ နေထိုင်စေခဲ့ကြောင်း ဒေါက်တာအေးချမ်းကဘဲ J.S Furnivall ရဲ့ Colonial Policy and Practice ကို ကိုးကားရေး သားထားပါတယ်။
 
ကိုမြတ်သိန်းထွန်း ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ ရခိုင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြား အဓိကရုံး အကြောင်းကို ရေးသားဖော်ပြလာပါတယ်။ ဒါပေမဲ့ အထောက်အထားအကိုးအကားမပေးထားပါဘူး။ ကျွန်တော့် အနေနဲ့ အဲဒီအကြောင်းတွေကိုဘဲ
အနည်းငယ်တင်ပြပေးချင်ပါတယ်။ အစ္စရေးလူမျိုး ပညာရှင် မိုရှေယေဂါရ် ရဲ့ သုတေသနပြုချက်အရဆိုရင်ရခိုင်ပြည်နယ်မေယုနယ်ခြားမှာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီလူမျိုးတွေ အကြား ဘာလူမျိုးရေး ဘာသာရေးအဓိက
ရုံး မှ မရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာကြတာဟာ ဒုတိယ ကမ္ဘာစစ်စတင်ချိန်အထိပါ။ ၁၉၄၂ ခုနှစ်မှာ ဗြိတိသျှ အုပ်ချုပ်ရေးဟာ ရခိုင်ပြည်နယ် ကနေရုပ်သိမ်းသွားခဲ့ပါတယ်။ အဲဒီ အချိန်မှာ ရခိုင်လူမျိုးထဲက ဆိုးသွမ်းသူ တွေဟာ
ရခိုင်ပြည်တောင်ပိုင်းမှာရှိတဲ့ မွတ်စလင်ရွာတွေကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်မှုကြောင့် မွတ်စလင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး  ဘူးသီးတောင်မောင်တော ဒေသတွေမှာ ရခိုင်တွေကို လက်တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ဒါက အဓိကရုံး စတင်ပုံအကြောင်း မိုရှေယေဂါရ် ရဲ့ သုတေသန ပြုချက်ပါ။ ဒေါက်တာအေးချမ်း က သူ့ရဲ့စာအုပ်မှာ အထက်ပါ သုတေသန အမြင်ကို ရေးသားထားသလို၊ Rakhine State People's Council 1986 : ၃၆ ကို ကိုးကားပြီး......မွတ်စလင်တွေ က ရခိုင်ရွာလူကြီးနဲ့သူ့
သားနှစ်ဦးကို စတင်သတ်ဖြတ်ခဲ့တဲ့ အတွက် ရခိုင်လူငယ် နှစ်ဦးဖြစ်တဲ့ သိန်းကျော်အောင် နဲ့ ကျော်ရတို့က လူစုစည်းပြီး မွတ်စလင်ရွာတွေကို တိုက်ခိုက်ရွာနေသူတွေကို သတ်ဖြတ်ခဲ့ကြောင်း ရေးသားထားပြန်ပါသေးတယ်။ တောင်ပိုင်းမှ ရာပေါင်းများစွာသော မွတ်စလင်တွေဟာ မြောက်ပိုင်းကို ထွက်ပြေးခဲ့ရတာရယ်၊ ပန်းတောင်း-တောင်ကုတ် လမ်းမှာ မွတ်စလင် ဒုက္ခသည်တွေကို လုယက်တိုက်ခိုက်သတ်ဖြတ် မုဒိန်းကျင့်မှု ဖြစ်စဉ်တွေဟာ တစ်ကယ်ကို ဖြစ်ခဲ့တာပါလို့ ဒေါက်တာအေးချမ်း က အတိအလင်းရေးထားပါတယ်။ ဗြိတိသျှတွေဟာ ရခိုင်ဒေသကို
ဗမာ နဲ့ ရခိုင်တွေ ရဲ့ လုယက်တိုက်ခိုက်ဖျက်စီးမှု အောက်မှာ ထားခဲ့တာဖြစ်ပါတယ်။ ရခိုင်ဒေသမှ အပ ဖြစ်တဲ့မြန်မာပြည်မှာနေထိုင်တဲ့ အိန္ဒိယ လူမျိုး ဒုက္ခသည် ဦးရေ (၉၀၀,၀၀၀) ဟာ ခိုလှုံရာအတွက် အိန္ဒိယပြည်ကို ခြေကျင်သွားရင်း လူပေါင်း (၁၀၀,၀၀၀) သေ
ဆုံးခဲ့ကြောင်း ဒေါက်တာ က အိန္ဒိယပညာရှင် N.R Chakravati ကို ကိုးကားရေးသားထားပါတယ်။  မေယုနယ်ခြားမှာ စစ်တကောင်းသား ဘင်္ဂါလီ တွေကို လက်နက်တပ်ဆင်ပေးခဲ့လို့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ ဟာ လူမျိုးရေးဘာသာရေး သွေးချောင်းစီး မှု အဖြစ်ဆိုးတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ဆိုရင်း ဒေါက်တာအေးချမ်းက ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို အပြစ်တင်ထားပါတယ်။ ရသေ့တောင်ဒေသမှာ စစ်တကောင်းသားတွေက ရခိုင်လူမျိုးတွေကို လက်နက်နဲ့ အနိုင်ကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့အချက်ကိုမြန်မာပြည် ဘုရင်ခံရဲ့ အတွင်းရေးမှူး က ပြန်လည်ပြောပြရာမှာ "I have been told harrowing tales of cruelty and suffering inflicted on the Arakenese villages in Rathedaung area......." လို့သုံးနှုန်း သွားကြောင်း ဒေါက်တာအေးချမ်း ကိုယ်တိုင် က အကိုးအကားနဲ့ရေးထားပါတယ်။ harrowing tales ရဲ့ အဓိပ္ပာယ် ဟာ "စိတ်ညစ်ညူးဖွယ်ရာပုံဇာတ်လမ်းများ" လို့ ရကြောင်း ကိုမြတ်သိန်းထွန်း ကို အထူးရှင်းပြစရာလိုမယ်မထင်ပါ။ တစ်ကယ်တော့ မွတ်စလင်လက်နက်ကိုင်တွေက ရခိုင်တွေကိုသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိုမြတ်သိန်းထွန်းရဲ့ အရေးအသားရော၊ ဒေါက်တာ
အေးချမ်းရဲ့ feeling တွေ ဟာ ပါးစပ်ပြောရာဇဝင်တွေ အပေါ်သာအခြေခံထားတာဖြစ်ပါတယ်။ တစ်ကယ်လို့သာ မွတ်စလင်လက်နက်ကိုင်တွေက ကိုမြတ်သိန်းထွန်း ရေးထားသလို ဘာသာရေး ခေါင်းစဉ်တပ်ပြီး ရခိုင်လူမျိုးစုအားလုံး ကို သတ်ဖြတ် genicide လုပ်ခဲ့တယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ တုန်းသွားတာကြာခဲ့ပြီ ဖြစ်မှာပါ။ အဖြစ်မှန် က ဘာလဲ ဆိုရင်အဓိကရုံးအပြီးမှာ တောင်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် ရခိုင်တွေ စုစည်း နေထိုင်ကြပြီး၊ မြောက်ပိုင်းမှာ တော့ မွတ်စလင်စစ်တကောင်းသား တွေ စုစည်းနေထိုင်ကြပါတယ်။
 ဗုဒ္ဓဘာသာဝင် ရခိုင်တွေ ကို ဂျပန် ကလက်နက်တပ်ဆင်ပေးပြီး ၊ မွတ်စလင်တွေကိုတော့ အင်္ဂလိပ် က လက်နက်တပ်ဆင်ပေးထားခဲ့ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ တစ်ဖက်နဲ့တစ်ဖက် လစ်ရင်လစ်သလို အငိုက်ဖမ်းတိုက်
ခိုက်တာတွေ ရှိပါတယ်။ သမိုင်း အမှန်က အဲဒါပါဘဲ။
 
ကိုမြတ်သိန်းထွန်း က ကျွန်တော့်ကိုမေးခဲ့တယ်၊ ရိုဟင်ဂျာ ဆိုသူတွေကနိုင်ငံတကာ မှာ ဘာသာရေးအဓိကရုံး ပုံစံ ဘာကြောင့် ပြောနေသလဲ ဆိုပြီး။ အဲလိုမေးတော့ ကျွန်တော် က ဖြေလိုက်တယ်၊ ရိုဟင်ဂျာတွေကလည်း ဘာသာရေးအဓိကရုံးလို့ခံယူမှာပါဘဲ  လို့၊ ဗလီတွေဖျက်စီးတာကိုး၊ online မှာ နည်းမျိုးစုံနဲ့ အစ္စလာမ် ကို ဆဲနေတာကြောင့်ဖြစ်နိုင်ပါတယ်လို့ ဖြေခဲ့ပါတယ်။ အဲဒီအခါ ကိုမြတ်သိန်းထွန်း က ရခိုင်တွေ က လည်းအစ္စလာမ်ဘာသာ ကိုနာကျည်းချက်ရှိလို့ ဘာသာရေးကိုသာတိုက်ခိုက်နေကြောင်း ၊ ဗလီ
တွေကိုဖျက်စီးနေကြောင်း၊ ဆဲနေကြောင်း အတိအလင်းဝန်ခံတဲ့အပြင် အဲဒီလို လုပ်ရပ်တွေ အတွက် justification ပြတဲ့ အနေနဲ့ ရခိုင်တွေကို မွတ်စလင်တွေ က အတိတ်မှာဘယ်လိုလုပ်ခဲ့ကြောင်းပါးစပ်ရာဇဝင်ကို သမိုင်းလုပ်ပြီးခင်းပြခဲ့ပါတယ်။ ရန်ငြှိုးတွေလည်း ဒီနေ့အထိရှိုနေကြောင်း ကိုမြတ်သိန်းထွန်းပြောခဲ့ပါတယ်။ ရန်ငြိုးတွေ အကြောင်း၊ အဲဒီ ရန်ငြှိုးတွေ လုပ်ရပ်တွေကြောင့် ရှေ့အလားအလာ ဘယ်လို မကောင်းနိုင်ကြောင်း ကျွန်တော် မပြောတော့ပါဘူးဗျာ။
 
"တရားဝင်နိုင်ငံသားဘင်္ဂလီတွေမြန်မာ့မြေပေါ်ရှိနေခြင်း ဟာ မြန်မာမွတ်စလင် တွေနဲ့ တစ်ခြားဘာသာဝင် မြန်မာတွေကြားမှာ ဘာပြဿနာမှ မရှိပါဘူး။" လို့ကျွန်တော်ပြောတာကို ကိုမြတ်သိန်းထွန်း က သဘောမတူပါဘူး။ " လောလောဆယ်ဖြစ် သွားတဲ့ ကျောက်နီမော်လူသတ်မှုနဲ့ ဆက်နွယ်ပြီး တောင်ကုတ်မှာ လူသတ်မှုကြီးတစ်ခုဖြစ်သွားခဲ့တယ်။ ပြဿနာရဲ့အစဟာ ဘင်္ဂလီတွေဆီကနေ စတာပါ" လို့ကိုမြတ်သိန်းထွန်း က ပြောလာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။နိုင်ငံသားမှန်ရင် ပြစ်မှုဆိုင်ရာ ဥပဒေ တွေ ရဲ့အကာအကွယ်ကို ယုံကြည်အားထားရပါတယ်။ တစ်စုံ တစ်ဦး က မိမိ (သို့) မိမိ နဲ့ပတ် သက်ဆက်နွယ်သူ တစ်ဦးဦးကို ပြစ်မှုကျူးလွန်ရင်  ဥပဒေ ရဲ့ အဆုံးအဖြတ်ကို မခံယူဘဲ ကိုယ့်နည်းကိုယ့်ဟန် နဲ့ တရားမျှတမှုကို ဆောင်ယူလိုက်လို့မရပါဘူး။
အစ္စလာမ် ဘာသာဝင် (၃) ယောက် က ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ် လိုက်လို့ အပြစ်မဲ့ ဘာသာရေးသူတော်စင် အစ္စလာမ်ဘာသာဝင် (၁၀) ဦး ကို လူပေါင်း (၃၀၀) က ရက်ရက်စက်စက် သတ်ဖြတ်
တဲ့လုပ်ရပ် ဟာဘယ်ရှုထောင့်က ကြည့်ကြည့် ဥပဒေနဲ့ညီတဲ့ လုပ်ရပ် မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ အစ္စလာမ် ဘာသာမှာ အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်ရင် သေဒဏ် ဥပဒေပြဋ္ဌာန်းထားပါတယ်။ အစ္စလာမ်ဘာသာ ရဲ့ သွန်သင်ချက်မှာ တရားဝင်လက်မထပ်ဘဲ နှစ်ဦးသဘောတူ နေထိုင်ခြင်းကို တောင် ပြစ်မှုအကြီးစားသတ်မှတ်ထားတာပါ။ ဘာသာခြားအမျိုးသမီးကို လက်ထပ်နိုင်ရင် ဘယ်လောက်ပေးမယ်တို့၊ မုဒိန်းကျင့်နိုင်ရင် ဘယ်လောက်ပေးမယ်တို့ ဆိုတာတွေ ဟာ လူယုတ်မာ တစ်ချို့ရဲ့ မဟုတ်မတရားအပုပ်ချ ဝါဒဖြန့်ချက်တွေပါ။ အစ္စလာမ်ဘာသာရေးအစွန်းရောက် ၀ါဒတွေဟာ ကိုလိုနီခေတ်အတွင်းမှာ အိန္ဒိယကနေရွေ့ပြောင်းလာတဲ့ မွတ်စလင်တွေဆီကပါလာတယ် ဆိုတာလည်းမဟုတ်ပါဘူး။
 
ရခိုင်လူမျိုးတွေနဲ့ အဲဒီဒေသ က မွတ်စလင်တွေအကြား ပြဿနာ ကို ငြိမ်းချမ်းစေချင်ရင် option ၃ ခု ကိုဘဲကျွန်တော်မြင်ပါတယ်။ တစ်ခုက....
အဲဒီဒေသမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်အားလုံးကို genocide လုပ်လိုက်ပါ။
နောက်တစ်ခု က တော့ ရခိုင်လူမျိုးတွေနဲ့ အစ္စလာမ်ဘာသာဝင်တွေကို သီးခြားနယ်သတ်မှတ်ပေးလိုက်ပါ။ ဘာကြောင့်လဲ ဆိုရင် ကိုမြတ်သိန်းထွန်းပြောသလိုပါဘဲ။ ရခိုင် တွေက အစ္စလာမ်ဘာသာအပေါ် မဆုံးနိုင်တဲ့ အငြှိုးထားနေတယ်၊ အဲဒီ က အစ္စလာမ်ဘာသာဝင်တွေ
အနေနဲ့လည်း သူတို့ ကိုးကွယ်ရာ ကိုစော်ကားခံရလို့၊ ဗလီ တွေကို မီးရှို့ဖျက်စီးခံခဲ့ရလို့ ရခိုင်တွေ အပေါ် ကမ္ဘာတည်သ၍ အငြှိုးပြေမယ် မထင်ပါဘူး။
နောက်တစ်ခု က တော့ ကမ္ဘာကုလသမဂ္ဂ ကိုအရေးဆိုဖို့ပါ။  ရိုဟင်ဂျာတွေ အတွက်သမုဒ္ဒရာထဲက ကျွန်းတကျွန်းမှာ သီးသန့်နေရာပေးပြီးသူတို့ ဘဝထူထောင်ရေးအတွက် ဝိုင်းဝန်း ကူညီထောက်ပံ့ကြဖို့ပေါ့ဗျာ။
ကျွန်တော် အားလုံးကို ငြိမ်းချမ်းစေချင်တဲ့အတွက် အထက်ပါ option ၃ ခုကိုပြောပြတာပါ။
 
ကိုမြတ်သိန်းထွန်း စေတနာစကားနဲ့ အသိပေးသလို ဗုဒ္ဓဘာသာဝင်တွေက မြန်မာမွတ်စလင်တွေ အပေါ်မှာ တစ်မျိုးမြင်လာရင်လည်းဘဲ ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာဝင် ဖြစ်လို့ ခံရမဲ့ ဒုက္ခတွေကို ခံရုံဘဲပေါ့ဗျာ။
 
ကျွန်တော် ဟာ မိမိတိုင်းပြည်ရဲ့ ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်တဲ့ အတွက် ဒီ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အဆုံးအဖြတ်အတိုင်း ခံယူမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အားလုံးရဲ့ ဆန္ဒ ဟာကျွန်တော့်
ဆန္ဒ ပါဘဲ။
 
ကိုမြတ်သိန်းထွန်း အနေနဲ့ မြန်မာမွတ်စလင်တွေ အကြောင်းလေ့လာတာတွေ၊ လေ့လာတဲ့အတိုင်းလည်း အမှန်မြင်တာတွေ ကျွန်တော် ကြားရတော့ပီတိ ဖြစ်မိတယ်လို့ ဝန်ခံလိုပါတယ်။ မြန်မာမွတ်စလင်တွေနဲ့ပတ်သက်တဲ့သဘောထား အရေးအသားကို မြင်လိုက်ရတော့ ကိုမြတ်သိန်းထွန်း ဟာအမှန် ကို ဝန်ခံဖော်ထုတ်ရေးသားဖို့ လုံးဝ ဝန်မလေးသူဖြစ်ကြောင်းသိရတဲ့ အတွက် လေးစားမိပါတယ်။ ကျွန်တော်လည်း ကိုမြတ်သိန်းထွန်းလိုပါဘဲ။
ဒီလို လေးစားစရာကောင်းတဲ့ဆွေးနွေးဖက် တစ်ဦးနဲ့ နောက်ကြုံတဲ့ အခါလည်း ဆွေးနွေးချင်ပါသေးတယ်။
 
ရဲရင့်သစ္စာ

 

အပြန်အလှန် ဆွေးနွေးပိုစ်များ

 

ရေးသူ- ရဲရင့်သစ္စာ - ကို Myat Thein Tun အားဖြေကြားခြင်း

ရေးသူ- ကိုမြတ်သိန်းထွန်း .. ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက်


2012/6/26 Lu Bo <lubo601@gmail.com>


---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/25
Subject: [လူဗိုလ်ဟူသည် ...] ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက်
To: lubo601@gmail.com



by Myat Thein Tun on Monday, June 25, 2012 at 3:50am 

ကိုရဲရင့်သစ္စာရေ ကျွန်တော်မေးထားတာကို တကူးတကနုတ်နဲ့ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ အဲဒီနုတ်အောက်မှာ ကွန်မန့်ပေးလို့မရတဲ့အတွက် ဒီမှာပဲ ရေးလိုက်ပါတယ်။ ကိုရဲရင့်သစ္စာရဲ့ ဖြေကြားမှုအရ ရခိုင်ပြည်နယ်အတွင်းက အစ္စလာမ်ဘာသာဝင်ကမန်တိုင်းရင်းသားတွေနဲ့ ရင်းရင်းနှီးနှီးရှိခဲ့တယ်လို့ သိရပါတယ်။ ကမန်တွေနဲ့ပတ်သက်ပြီး အစ်ကို့ရဲ့အမြင်နဲ့ ကျွန်တော့်အမြင် ထပ်တူကျပါတယ်။ ကမန်ဟာ ကျွန်တော်တို့ရခိုင်လူမျိုးစုဝင်၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ ကိုးကွယ်ယုံကြည်မှုကလွဲရင် ဘာသာစကား၊လူနေမှုစရိုက်က ရခိုင်လူမျိုးတွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် ရိုဟင်ဂျာအကြောင်းနဲ့ ပတ်သက်ပြီးတော့ အစ်ကိုပြောသွားတဲ့အထဲမှာတော့ စာတွေ့တွေကို ကိုးကားသွားတာ တွေ့ရပါတယ်။
သူတို့ရဲ့ ဘာသာစကား၊ လူနေမှုစရိုက်ဟာ မြန်မာနိုင်ငံကကျန်တဲ့တိုင်းရင်းသားတွေနဲ့ တော်တော်လေးကို ကွာခြားပါတယ်။ ဘာသာတူချင်းဖြစ်တဲ့ ကမန်နဲ့တောင်မတူပါဘူး။ ဒါကတော့ ကိုယ်တွေ့ပါ။ နောက်တစ်ချက်က ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် ၀န်ကြီးချုပ်ဦးနုက ကြေငြာခဲ့တယ်လို့ ပြောသွားတာ တွေ့ရပါတယ်။ ဒီနေရာမှာ မေးစရာရှိလာပါပြီ။ ဘယ်လိုမျိုး ကြေငြာခဲ့ပါသလဲ။ ၀န်ကြီးချုပ်ရုံးက ကြေငြာချက်ထုတ်ပြန်ခဲ့တာလား။ ဒါမှမဟုတ် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး တိုင်းရင်းသားအဖြစ်အတည်ပြုခဲ့တာလား။ မြန်မာ့အသံမှာ ရိုဟင်ဂျာဘာသာ ထုတ်လွှင့်ခွင့်ပြုခဲ့တယ်။ အဲဒါကိုတော့ငြင်းစရာမရှိပါဘူ။ ဒါပေမယ့် အသံလွှင့်ခွင့်ပြုတိုင်း ဌာနေတိုင်းရင်းသားဖြစ်လို့ဆိုတာကြီးကျတော့ သိပ်သဘာဝမကျဘူး ထင်ပါတယ်။ အဲလိုသာအသံလွှင့်ခွင့်ရလို့ တိုင်းရင်းသားဖြစ်စတမ်းဆိုရင် ဘီဘီစီမြန်မာပိုင်း ထုတ်လွှင့်ခွင့်ပေးထားတဲ့ ဗြိတိန်ကလည်း မြန်မာက တောင်းဆိုရင် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရမှာပေါ့။ နယ်စပ်တလျှောက် တိုင်းရင်းသားတွေ ဟိုဖက်ဒီဖက်ပျံ့နှံ့နေထိုင်ကြတယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်။ ဥပမာ ကော့သောင်းဖက်မှာဆိုရင် ဘုတ်ပြင်း၊မလိဝမ်းဖက်မှာ မြန်မာနိုင်ငံသား ထိုင်းလူမျိုးတွေရှိကြတယ်။ ပသျှူးတွေရှိကြတယ်။ အိန္ဒိယနယ်စပ်မှာဆိုရင် ကသည်းတွေ၊ချင်းတွေ ဟိုဖက်ဒီဖက် ရှိကြတယ်။ ရခိုင်-ဘင်္ဂလားနယ်စပ်မှာဆိုရင်လည်း ရခိုင်တွေဟိုဖက် ဒီဖက်ရှိကြတယ်။ ဒါပေမယ့် ကျွန်တော့်ဗဟုသုတအရ ရိုဟင်ဂျာကတော့ အဲလိုမဟုတ်ဘူးခင်ဗျ။ ရခိုင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထားရတယ်ဆိုတာက နဂိုကတည်းက အဲဒီနေရာမှာနေတဲ့တိုင်းရင်းသားဖြစ်နေလို့။ ဥပမာ ဗိုလ်မင်းတောင်ပေါ့လေ။ ခုထိမြို့စားတစ်ယောက်ကို ဌာနေခေါင်းဆောင်အဖြစ် အသိအမှတ်ပြုနေဆဲပဲ။ ခုလက်ရှိတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ၀တို့ ကိုးကန့်တို့ဆိုတာကလည်း တရုတ်ပြည်ကခိုးဝင်လာတာမဟုတ်ပဲ နဂိုကတည်းက ဟိုဖက်ဒီဖက် အဲဒေသမှာနေခဲ့တဲ့လူတွေဖြစ်တယ်လို့ ၁၉၃၃ခုနှစ်ထုတ် Races Of Burma စာအုပ်မှာမှတ်သားဖူးပါတယ်။ အဲစာအုပ်မှာတော့ ကိုလိုနီခေတ် မြန်မာနိုင်ငံတွင်းမှာ အခြေချနေထိုင်လာကြတဲ့ အိန္ဒိယနွယ်ဖွား လူမျိုးတွေကို တိုင်းရင်းသားအဖြစ် ဖော်ပြထားခြင်းမရှိပါဘူး။ ရိုဟင်ဂျာဆိုတဲ့ နာမည်လည်း လုံးဝမပါပါဘူး။ အဲဒါကြောင့် သူတို့ဖော်ထုတ်ပြောဆိုနေတဲ့ အာရပ်သဘောင်္သားတွေနဲ့ သက်လူရိုင်းဘုရင်မလက်ထပ်ပြီး ရိုဟင်ဂျာလူမျိုးဖြစ်ပေါ်လာတာတို့၊ ရခိုင်ပြည်မှာ နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့တာတို့ဆိုတာ ယုံတမ်းပုံပြင်တွေဖြစ်သွားခဲ့ပါတယ်။ အစ္စလာမ်သာသနာဟာ မြောက်ဦးခေတ်ကတည်းက ရခိုင်မှာရှိခဲ့တယ်လို့ မှတ်သားဖူးတယ်။ ဘင်္ဂလီ၊ပထန်၊မဂို စတဲ့လူမျိုးတွေလည်း အဲဒီအချိန်က အ၀င်အထွက်ရှိမှာပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာ သက်ဦးဆံပိုင်ဘုရင့်နိုင်ငံတော်မှာ နိုင်ငံခြားသား ဘာသာခြားအခြေချနေထိုင်တဲ့ အရေအတွက်ဟာ အတော်နည်းလိမ့်မယ်လို့ ယူဆမိပါတယ်။ အဲဒီလိုနည်းခဲ့လို့လည်း ဘာသာရေးအဆောက်အအုံ၊ စာပေ၊ယဉ်ကျေးမှုလက်ရာတွေ အားလုံးဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေဖြစ်နေတာပါ။ သမိုင်းကိုခြေရာကောက်မယ်ဆိုရင် များသောအားဖြင့် ကျောက်စာအထောက်အထားလိုအပ်ပါတယ်။ ၁၉၅၀ခုနှစ်ထိ ရိုဟင်ဂျာဆိုတဲ့အကြောင်းအရာပါတဲ့ ကျောက်စာတစ်ချပ်တောင် မတွေ့ဖူးပါဘူး။ ဒီလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီခေတ်မှာ ရခိုင်နယ်တွင်းကို အလုပ်လုပ်ဖို့ ၀င်လာတဲ့ အိန္ဒိယ(ပါကစ္စတန်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်)က ဘင်္ဂလီလူမျိုးတွေဖြစ်ကြပါတယ်။
နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ ဗလီတွေကို မီးရှို့ဖျက်ဆီးခံရလို့၊ အွန်လိုင်းပေါ်မှာ အစ္စလာမ်ဘာသာကို နည်းမျိုးစုံနဲ့ ပုတ်ခတ်စော်ကားကြလို့ ရိုဟင်ဂျာတွေက ဒီပြဿနာကို ဘာသာရေးပြဿနာလို့ ခံယူကြတယ်လို့ ကိုရဲရင့်သစ္စာဆိုထားတာ တွေ့ပါတယ်။ ခုကျွန်တော်တို့မြင်နေရ၊ကြားနေရတဲ့ အဲဒီအဖြစ်သနစ်တွေဟာ မျက်မှောက်အကျိုးတရားတွေဖြစ်ပြီး အဲဒီအကျိုးတရားတွေဖြစ်လာဖို့ ဘယ်လိုအဖြစ်သနစ်တွေ အကြောင်းခံခဲ့သလဲဆိုတာကို ကိုရဲရင့်သစ္စာ မသိသေးလို့ ဒီလိုပြောတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဒီဖြစ်ရပ်တွေ စတင်မြစ်ဖျားခံရာကို ကြည့်လိုက်ရင် ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျပန်အ၀င်၊ ဗြိတိသျှအထွက်မှာ ရခိုင်ပြည်နယ်အတွင်း အုံလိုက် ကျင်းလိုက်ရွေ့ပြောင်းအခြေချနေကြတဲ့ ဘင်္ဂလီတွေကို အင်္ဂလိပ်တပ်တွေ လက်နက်တပ်ဆင်ပေးရာကနေ  လက်နက်မရှိတဲ့ ဒေသခံဌာနေတိုင်းရင်းသား ရခိုင်၊မြို၊ခမီ၊သက်၊ဒိုင်းနက်၊မရမ္မာလူမျိုးတွေကို ဘာသာရေးခေါင်းစဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့ရာကနေ စတင်ခဲ့ပါတယ်။ အဲဒီကာလတုန်းက အဲဒီဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊စေတီ၊ဘုရားပုထိုးတွေ ဘယ်လောက်တောင်ပျက်စီးခဲ့ရသလဲဆိုတာ မီဒီယာဆိုတာ ဘာမှန်းမသိတဲ့ခေတ်ဖြစ်လို့ အပြင်ကဘယ်သူမှမသိခဲ့ကြပါဘူး။ အလ္လာအရှင်ရဲ့ နာမတော်ကို အော်ဟစ်တိုင်တည်ပြီး ရွာလုံးကျွတ်မီးရှို့၊သတ်ဖြတ်၊မုဒိန်းကျင့်ခဲ့ကြတဲ့ ဘင်္ဂလီတွေရဲ့ လုပ်ရပ်ကြောင့် ဒေသခံရခိုင်လူမျိုးတွေရဲ့ စိတ်ထဲမှာ အလ္လာဟာ နာကျည်းစရာအမည်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီကနေစခဲ့တဲ့ ရန်ငြိုးတွေဟာ ဒီနေ့အထိ ခါးသီးစွာတည်ရှိနေဆဲပါပဲ။ ဒီကြားထဲမှာ အပြန်အလှန်သတ်ဖြတ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာတော့ ရိုဟင်ဂျာဆိုတာ သနားစရာလူသားတွေအဖြစ် တစ်ယောက်ခံရတိုင်း နှစ်ယောက်စာသတင်း ဖြစ်နေခဲ့ပါတယ်။ ရခိုင်တွေဖက်ကတော့ ၁၀ယောက်ခံရရင်တောင်မှ ပြည်ပသတင်းဌာနမပြောနဲ့၊ ပြည်တွင်းသတင်းဂျာနယ်တွေမှာတောင် ထည့်သွင်းဖော်ပြမခံခဲ့ရပါဘူး။
ဒီဘင်္ဂလီတွေအကြောင်းနဲ့ဆက်စပ်ပြီး သမိုင်းထဲက မြန်မာမူဆလင်တွေအကြောင်း လက်လှမ်းမှီသလောက် လေ့လာဖြစ်ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဘာသာခြားလို့ ခွဲခြားသတ်မှတ်လို့မရလောက်အောင်ထိ လူနေမှုပုံစံ၊ ၀တ်စားဆင်ယင်ပုံ၊ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာတရား စတဲ့အချက်များစွာ ဗုဒ္ဓဘာသာမြန်မာတွေနဲ့ ထပ်တူကျနေတာ တွေ့ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်ကနေ ကိုလိုနီခေတ်ဖက် လေ့လာကြည့်တဲ့အခါ ဆရာကြီးဦးရာဇတ်တို့လို သွေးနှောမြန်မာမူဆလင်တွေရဲ့ ဘ၀မှတ်တမ်းတွေကလည်း တကယ့်ကို ချီးကျူးလေးစားစရာကောင်းလှပါတယ်။ ဒီလိုလူမျိုးတွေကို မြန်မာမဟုတ်ဘူးလို့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှခွဲခြားမြင်စရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် မြန်မာ့မြေမှာမွေး၊မြန်မာပြည်အပေါ် သစ္စာစောင့်သိ အနစ်နာခံခဲ့ကြတဲ့ မြန်မာမူဆလင်တွေဟာ ဒီဘင်္ဂလီတွေရဲ့ လုပ်ရပ်တွေကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ မှေးမှိန်ခဲ့ရပါတယ်။ အစ္စလာမ်ဘာသာဟာလည်း အန္တရာယ်ရှိတဲ့ ဘာသာတရားအဖြစ် ရှုမြင်သုံးသပ်ခံနေရပါတယ်။ ကျွန်တော်ထင်တာပြောရရင် အစ္စလာမ်ဘာသာရေးအစွန်းရောက် ၀ါဒတွေဟာ ကိုလိုနီခေတ်အတွင်းမှာ အိန္ဒိယကနေရွေ့ပြောင်းလာတဲ့ မူဆလင်တွေဆီကပါလာတယ်လို့ ယူဆမိပါတယ်။ အဲဒီအစွန်းရောက်မှုကလည်း ပြည်တွင်းကမြန်မာတွေကို အစွန်းရောက်ဖြစ်အောင် ပြုလုပ်လိုက်တယ်လို့ထင်မိပါတယ်။ အဲဒီထဲမှာအဆိုးဆုံးကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဆိုသူတွေပါပဲ။ ရခိုင်တွေသာ နဂိုကတည်းက မူဆလင်မုန်းတီးသူတွေဖြစ်ခဲ့မယ်ဆိုရင် ကမန်ဟာရခိုင်မှာ တိုင်းရင်းသားဖြစ်လာစရာ အကြောင်းလုံးဝမရှိပါဘူး။
အထက်မှာပြောခဲ့တဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး ကိုရဲရင့်သစ္စာနောက်ဆုံးဖြေထားတဲ့အဖြေကို ကျွန်တော့်အနေနဲ့ ထပ်ပြီးဆွေးနွေးချင်ပါတယ်။ ကိုရဲရင့်သစ္စာပြောသွားတာက-
[ကျွန်တော့် အမြင်ပြောရရင်တော့ တရားဝင်နိုင်ငံသားဘင်္ဂလီတွေမြန်မာ့မြေပေါ်ရှိနေခြင်း ဟာ မြန်မာမွတ်စလင် တွေနဲ့ တစ်ခြားဘာသာဝင် မြန်မာတွေကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ သမိုင်းသင်ခန်းစာ အများကြီးရထားတဲ့ ဆင်ခြင်တုံတရားရှိတဲ့ နိုင်ငံသားတွေက တော့ ပြဿနာ ကိုရှောင်ကြမှာ အသေအချာပါဘဲ။]
ဒီအချက်ကိုတော့ ကျွန်တော်သဘောမတူပါဘူး။ လောလောဆယ်ဖြစ်သွားတဲ့ ကျောက်နီမော်လူသတ်မှုနဲ့ ဆက်နွယ်ပြီး တောင်ကုတ်မှာ လူသတ်မှုကြီးတစ်ခုဖြစ်သွားခဲ့တယ်။ ပြဿနာရဲ့အစဟာ ဘင်္ဂလီတွေဆီကနေ စတာပါ။ တရားဝင်နိုင်ငံသား ဘင်္ဂလီ အရေအတွက်နည်းနည်းရှိခြင်းဟာ မြန်မာလူနေမှုစနစ်ထဲ အလွယ်တကူ ရောနှောစိမ့်ဝင်သွားနိုင်ပေမယ့် ခုမြန်မာပိုင်နက်အတွင်းမှာ ဘင်္ဂလီအများအစားရှိခြင်းကတော့ အလားတူဆိုးဝါးတဲ့ ပြဿနာပေါင်းမြောက်မြားစွာ ဆက်ပြီးဖြစ်ပေါ်စေပါလိမ့်မယ်။ သမိုင်းသင်ခန်းစာဘယ်လောက်ပဲရရ၊ မီးပွားလေးတစ်စက တစ်မြို့လုံးကို မီးလောင်တိုက်သွင်းပစ်နိုင်သလို ကိုယ့်သွေးကိုယ်သားကို ထိပါးလာရင် ဘင်္ဂလီပဲဖြစ်ဖြစ်၊မြန်မာပဲဖြစ်ဖြစ် ဘယ်သူမှဆင်ခြင်တုံတရား နှလုံးသွင်းနိုင်ဖို့ မလွယ်ပါဘူး။ ဗြိတိသျှတွေမွှေးခဲ့တဲ့ ဒီရန်ငြိုးတွေဟာ ကမ္ဘာတည်သရွေ့တည်ရှိနေအုန်းမှာပါပဲ။ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းနေဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ မတော်တဆပဲဖြစ်ဖြစ်၊ အဓိကရုန်းဖန်တီးလိုတဲ့ တစ်စုံတစ်ယောက်ကလုပ်လို့ပဲဖြစ်ဖြစ် အချိန်မရွေးသွေးမြေကျမှုတွေ ထပ်ဖြစ်လာပါလိမ့်မယ်။ ခုချိန်မှာ မြန်မာဗုဒ္ဓဘာသာအများစုက မြန်မာမူဆလင်တွေကို ဘင်္ဂလီရိုဟင်ဂျာနဲ့ခွဲခြားပြီး မြင်နေပါသေးတယ်။ အကယ်၍ ဘင်္ဂလီတွေသာ မြန်မာနိုင်ငံသားဖြစ်လာခဲ့မယ်ဆိုရင် မြန်မာမူဆလင်တွေရဲ့ သမိုင်းဟာ ဘင်္ဂလီတွေရဲ့အရိပ်ဆိုးလွှမ်းမိုးခံရပြီး အစ္စလာမ်ဘာသာဟာလည်း သူတို့ရဲ့စရိုက်ဆိုးတွေကြောင့် ပိုပြီးနာမည်ပျက်မယ့် အလားအလာတွေရှိနေတယ်လို့ မြင်မိပါတယ်။
ယုံကြည်ချက်ခြင်းမတူတဲ့အတွက် ကိုရဲရင့်သစ္စာရေးတဲ့အကြောင်းအရာတွေကို ရာနှုန်းပြည့်မကြိုက်ပေမယ့် အဆင့်အတန်းရှိတဲ့ ရေးသားတင်ပြပုံကို တကယ်ပဲနှစ်သက်မိတယ်ဆိုတာ ၀န်ခံပါရစေ။ အမြင်ချင်းမတူပေမယ့် ရေးတာကြိုက်လို့ လိုက်ဖတ်နေတဲ့ စာဖတ်ပရိသတ်တစ်ယောက်အဖြစ် ကျွန်တော့်ကိုမှတ်ယူပေးစေချင်ပါတယ်။ နောက်လည်း အခွင့်အခါသင့်ရင် အေးအေးဆေးဆေး ဆွေးနွေးခွင့်ရချင်ပါသေးတယ်

                                                                                                မြတ်သိန်းထွန်း(၂၅၊၆၊၂၀၁၂)



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/26/2012 09:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:26829] မယ်တော် ဆေးခန်း ရန်ပုံငွေ အကျပ်အတည်းဖြစ်

မယ်တော် ဆေးခန်း ရန်ပုံငွေ အကျပ်အတည်းဖြစ်


မယ်တော် ဆေးခန်းတွင် ဆေးကုသမှုပေးနေသည်ကို ယခုလအတွင်း တွေ့မြင်ခဲ့ရစဉ် (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ဦးစီးသည့် မယ်တော် ဆေးခန်းမှ စောင့်ရှောက်ထားသော ကလေး ၃၀၀၀ အတွက် အရေးပေါ် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေသည်။

"အရေးပေါ် ထောက်ပံ့ကြေး ရန်ပုံငွေ မရပါက လာမည့် အပတ်မှ စ၍ ယင်း ကလေးငယ်များ အတွက် ရိက္ခာခြောက် ထောက်ပံ့ပေး နေသော အစီအစဉ်ကို ရပ်ဆိုင်းရတော့မည်"ဟု မယ်တော်ဆေးခန်းက ထုတ်ပြန်ထားသည်။

မယ်တော် ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်အတွင်း စတင် တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းနှင့် ထိုင်း နိုင်ငံ ရှိ မြန်မာ ပြည်သားများကို အခမဲ့ ဆေးကုသပေးနေခြင်းဖြစ်ပြီး နှစ်စဉ် လူနာ ၁၃၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

ယခု အရေးပေါ်လိုအပ်သည့် အကူအညီမှာ မဲဆောက်မြို့နယ် အနီးဝန်းကျင်တွင် အိုးအိမ် အခြေတကျမရှိသော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ၏ ကလေးငယ်များ အတွက် ဖြစ်သည်။

ကလေးငယ် တဦး အတွက် ရိက္ခာခြောက် ထောက်ပံ့ငွေ တလလျှင် ဘတ်ငွေ ၃၀၀(၁၀ ဒေါ်လာခန့်)ကုန်ကျ၍ ထောက်ပံ့ကြေးများ မရရှိပါက နေ ရပ်သို့ ပြန်ရမည် ဖြစ်ပြီး ၎င်းတို့၏ ပညာသင်ကြားခွင့် အခက်အခဲများလည်း ရင်ဆိုင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိ မယ်တော် ဆေးခန်း ဘတ်ဂျက် အသုံးစရိတ်မှာ ဘတ် သန်း ၁၂၀ ခန့်(ဒေါ်လာ ၄ သန်းခန့်)ရှိပြီး ကျန်းမာရေး စောင့်ရှောက် မှု အပြင် တခြားသော ပညာရေးဆိုင်ရာ စာသင်ကျောင်းများ၊ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသားများနှင့် သက်ဆိုင်သော စရိတ်များကိုလည်း သုံးစွဲနေရကြောင်း သိရသည်။

မဲဆောက်မြို့အပါအ၀င် စာသင်ကျောင်း ၇၀ ကျော်၊ ကျောင်းသားပေါင်း ၁၇၀၀၀ ခန့်နှင့် ဆရာ ဆရာမ ၇၀၀ ခန့်အတွက် ဘတ်ဂျက် ငွေ ခွဲဝေ သုံးစွဲမှုများပြုလုပ်ရသည်ဟု မယ်တော် ဆေးခန်းက ဆိုသည်။

မယ်တော် ဆေးခန်းကို နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန်ပေးနေသည့် ငွေကြေးအကူအညီများမှာ လာမည့် အနာဂတ် ကာလ များအတွက် မရေရာသော အခြေအနေရှိနေသည်ဟုလည်း ဒေါက်တာ စင်သီယာမောင်က ဧရာဝတီသို့ ပြောသည်။

"ရိက္ခာ ကိစ္စတွေမှာ လူနာဦးရေနဲ့ ကျောင်းတွေမှာ ကလေးဦးရေတွေ တိုးလာတာ ပါတယ်၊ အခုအထိ ကျမတို့က တိတိ ကျကျပေါ့ နော်၊ ဒီရန်ပုံငွေတွေ ထပ်ပြီးတော့ ဒီဘက်ကို ရှိဦး မလား၊ မရှိဘူးလား ဆိုတာ အခုအထိ မသေချာသေးတာလည်း ပါတယ်"ဟု ၎င်းက ဆိုသည်။

မယ်တော်ဆေးခန်းကို ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းများမှာ အမေရိကန် အစိုးရ၏ USAID နှင့် နော်ဝေ၊ နယ်သာလန်၊ ကနေဒါ၊ အီတလီ စသည့်နိုင်ငံများ ပါဝင်ကြောင်း သိရသည်။

ထောက်ပံ့ရေး အကူအညီများ မရရှိခဲ့ပါက လတ်တလော သုံးစွဲနေရသည့် အသုံးစရိတ်များကို လျှော့ချ၍ ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။

မယ်တော်ဆေးခန်းကို ထိုင်း-မြန်မာ နယ်စပ် တလျှောက် ရွှေ့ပြောင်း အလုပ်သမားများသာမက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အပါအ၀င် မြန်မာပြည် အထက်ပိုင်းရှိ မျက်စိဝေဒနာရှင်များလည်း လာရောက် ကုသကြကြောင်း သိရသည်။
ကရင်ပြည်နယ်ရှိ ဘားအံ၊ လှိုင်းဘွဲ့၊ သင်္ကန်း ညီနောင်၊ ကော့ကရိတ်၊ မော်လမြိုင်၊ သထုံ၊ ပေါင် ၊ မုတ္တမ၊ ဘီးလင်း၊ မြိတ်၊ ထားဝယ်၊ ပဲခူးတိုင်း တောင်ငူ၊ ဧရာဝတီတိုင်း ပုသိမ်၊ အထက် မြန်မာပြည်မှ ရွှေဘို စသည့် ဒေသခံများက ယင်း ဆေးခန်းသို့ လာရောက် ကြ သည်။

မဲဆောက်မြို့သို့ ရောက်ရှိနေသော မီးရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီတို့ ဒေါက်တာ စင်သီယာမောင်နှင့် ယနေ့ တွေ့ဆုံခဲ့ကြရာ အလှူငွေထည့် မထည့် မသိရသော်လည်း မြန်မာပြည်သို့ ပြန်လာပြီး ဆေးခန်းများ ဖွင့်ရန် ဖိတ်ကြားသွားကြောင်း၊ မနက်ဖြန်တွင် မယ်တော်ဆေးခန်းသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဆန်၊ ဆီ၊ ပဲ၊ ငါးပိ စားသောက်စရာနှင့်ရန်ပုံငွေများကို မယ်တော်ဆေးခန်းသို့ ကူညီနိုင်ရန်လည်း တိုက်တွန်းထားရာ စေတနာရှင်များ http://maetaoclinic.org/how-to-help/donate/ သို့ ဆက်သွယ်နိုင်သည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ