---------- Forwarded message ----------
From: Thit Htoo Lwin
Date: Thursday, June 28, 2012
Subject: သစ်ထူးလွင်
To:
snsoenaing4@gmail.comသစ်ထူးလွင်
________________________________
မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့် အချိန်
ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် ရေဘေးသင့် ဒုက္ခသည်များပါ ထပ်တိုးလာ
ဆောက်လုပ်ရေး လုပ်သားများ နှစ်ရက်စာ လုပ်ခမရ၍ ဆန္ဒပြ
ဒေါ်အောင်ဆန်း စုကြည်နှင့် ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)
နေအိမ်အတွင်း ဝင်၍ အိမ်ရှင်ကို ဓားဖြင့် ထိုးသတ်
ဒေါ်အောင်ဆန်းစုကြည် လူ့ အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့ ဝင်တွေနဲ့  ပဲရစ်မြို့  စိန်းမြစ်ထဲမှာ တွေ့ ဆုံ
ကမ္ဘာကျော် သိမ်းမြစ်ကမ်းက ဇာဂနာ ဆွေးနွေးပွဲ
နိုင်ငံတကာ ရင်းနှီးမြှုပ် နှံမှုတွေ နိုင်ငံရေး ပြုပြင်မှု အတွက် ဖြစ်ဖို့ ဒေါ်စုတိုက်တွန်း
မြန်မာ သံအမတ် နေရာအတွက် အမေရိကန် အထက် လွှတ်တော်မှာ ကြားနာ
မန်းမှရခိုင်သွား ကူညီရေးယာဉ်တန်း အခက်အခဲတွေ့
Myeik Shopping Centre မှာ ရက်လွန် စားသောက် ကုန်များ ရောင်းချနေ
အင်္ဂလန်နှင့် စင်္ကာပူ နိုင်ငံရှိ ကျောင်းများမှ ပေးအပ်မည့် ပညာသင် ထောက်ပံကြေး
သမ္မတ အကြောင်း ကြားပါက ဒုတိယ သမ္မတ နေရာ ပြန်လည် ရွေးချယ် မည်
ကိုယ်ဝန် ဆောင်အမျိုး သမီးများအား မိခင်နိုင်ငံ သို့ ပြန်ပို့မည့်
မထသ ယာဉ်လုပ် သားများအား စိတ်ပိုင်း ဆိုင်ရာ စစ်ဆေး
ဇွန်လ ၂၈ ရက်နေ့ ထုတ် 7Day News ဂျာနယ်
NLD ကူခဲ့သူ သားအဖ နှစ်ဦး ၅ (ဃ)ဖြင့် တရားစွဲခံနေရ
ဒေါ်အောင်ဆန်း စုကြည် ပြင်သစ် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သား ဘွဲ့ကို လက်ခံရယူ
ဒေါ်အောင်ဆန်း စုကြည်အား ပြင်သစ် နိုင်ငံသားဆု ပေးအပ် ချီးမြှင့်ပွဲ (ရုပ်သံ)
မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့် အချိန်
Posted: 28 Jun 2012 04:08 AM PDT
လူတစ် ရပ်ကျော်မြင့်သော ဆိုင်းဘုတ်ကြီးတွင် စည်းကမ်းချက် ၁၅ ချက်ကို တရုတ်-မြန်မာနှစ် ဘာသာဖြင့် ရေးသားထားသည်။ စည်းကမ်းချက်၊ နံပါတ်၁၂ တွင် "အရပ်သားနှင့် ချစ်ရေး ကြိုက်ရေးပြုခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ခြင်းမပြုရ"ဟူသောသတ်မှတ်ချက်ပါဝင်သည်။ ရခိုင်ပြည်နယ်၊
ကျောက်ဖြူမြို့နယ်ရှိ မြဒေးကျွန်း၌ အခြေစိုက်ဆောင်ရွက်လျက်ရှိသောကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် မြန်မာ-တရုတ်ရေ နံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်မှ တရုတ်ဝန်ထမ်းများ လိုက်နာရန် ချမှတ်ထားသော စည်းကမ်းချက်ဖြစ်သည်။
အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ၀င် ရောက်လာတော့မည် အချိန်တွင် နိုင်ငံခြားသား၊ လူမျိုးခြားများလည်း အလုံးအရင်းဖြင့်ရောက် ရှိလာတော့မည်ဖြစ်သည်။ မြန်မာ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပွင့် လန်းလာမည်ဖြစ်သလို လူမှုရေးဆိုင်ရာ ကူးလူးဆက်ဆံမှုများလည်း ကြုံတွေ့လာတော့မည် ဖြစ်သည်။
အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးများအနေဖြင့် နိုင်ငံခြားသား၊ လူမျိုးခြားများနှင့် လုပ်ငန်းသဘောအရသော်လည်း ကောင်း၊ လူမှုရေးအရသော် လည်းကောင်း ထိတွေ့ဆက်ဆံရာမှ ချစ်ကြိုက်ခြင်း၊ အတူနေထိုင်ခြင်း၊ လက်ထပ်ထိမ်းမြားခြင်း အခြေအနေသို့ ရောက်ရှိသွားပါက ဥပဒေအကြောင်းအရ ကာကွယ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို လေ့လာသိရှိထားသင့်ကြောင်း ဥပဒေ ပညာရှင်အချို့က ဆိုသည်။
၁၉၅၄ ခုနှစ် "ဗုဒ္ဓဘာသာ ၀င် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေအရ" နိုင်ငံခြားသား၊ လူမျိုးခြားနှင့် လက်ထပ်မည့် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွက် အခွင့်အရေးနှင့် ရပိုင်ခွင့်များကို သတ် မှတ်ပြဋ္ဌာန်းပေးထားသည်။
ထို ဥပဒေနောက်ပိုင်း ယင်းနှင့်ပတ်သက်၍ ဥပဒေထပ်မံ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းပြုလုပ်ခြင်း မရှိပေ။ ထိုဥပဒေတွင် "တရား ဥပဒေကဲ့သို့ အာဏာရှိသော ဘာ သာရေးဓလေ့ထုံးစံ တစ်ခုခုကဖြစ်စေ၊ ထိုသို့သော ဘာသာရေး ဓလေ့ထုံးစံကို အကျိုးသက် ရောက်စေသည့် တရားဥပဒေတစ် ခုခုကဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျားတစ်ဦးအား ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးနှင့် လင်မယားအဖြစ် ပေါင်းဖက်နေခြင်းကို ခွင့်မပြုသည့်အကြောင်းကြောင့် ထိုယောက်ျားက ထိုမိန်းမကို ကွာရှင်းလိုလျှင် ကွာ ရှင်းနိုင်သည်။
ထိုအကြောင်းကြောင့် ထို ယောက်ျားက ထိုမိန်းမကို ကွာရှင်းလျှင် သို့တည်းမဟုတ် စွန့်ခွာ လျှင် သို့တည်းမဟုတ် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ရာ ရောက်သည်ဖြစ်စေ၊ မရောက် သည်ဖြစ်စေ၊ ရက်စက်သည့် အပြု အမူအားဖြင့် စိတ်ဆင်းရဲအောင် ပြုလျှင် အဆိုပါ ဓလေ့ထုံးစံက သို့ တည်းမဟုတ် တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ (က)ထို ယောက်ျားသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သော အစု
ကို စွန့်လွှတ်ရမည်အပြင် ဗုဒ္ဓဘာသာဝင် မိန်းမအား လျော်ကြေးပေးရ
မည်။
(ခ)ဗုဒ္ဓဘာသာဝင် မိန်းမသည် သားသမီးအားလုံး ထိန်း သိမ်းခွင့်ကို ရရှိရမည်။ (ဂ)ထို့ပြင် ထိုသူသည် အရွယ်မရောက်သေးသည့် သားသမီးများအတွက် ကလေးစရိတ်ပေးရမည်"ဟု ပြဋ္ဌာန်းထားသည်။
"မြန်မာနိုင်ငံမှာ ဒီနေ့ဖြစ် နေတာက ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာ သာဝင် မိန်းမများ ထိမ်းမြားမှု ဥပဒေအရ နိုင်ငံခြားသားနဲ့ လက်ထပ်ရင် မနစ်နာအောင်လို့ ဥပဒေ ပြဋ္ဌာန်းပြီးပြီ။ စီရင်ထုံးတွေလည်း ထွက်ထားပြီ။ ဒါပေမဲ့ နောက်ပိုင်း မှာကျတော့ သက်ဆိုင်ရာလူကြီးတွေက ဒီဥပဒေထုတ်ပြန်ထားတာရှိရဲ့သားနဲ့ ဒီဥပဒေကို မဖျက် သိမ်း၊ မပယ်ဖျက်ဘဲနဲ့ ညွှန်ကြားချက်တွေနဲ့ လက်မထပ်ရဘူးလို့ တားမြစ်ထားတယ်။ ဥပဒေအရ လက်ထပ်လို့ရတယ်။ လက်ထပ်ရင် ဒါတွေဆောင်ရွက်ဖို့ ပြဋ္ဌာန်း ထားတယ်။ နောက်တစ်ခါ ညွှန်ကြားချက်က ဥပဒေကို လွှမ်းမိုးနေတယ်။ ဒါတော့ မဖြစ်သင့်ဘူး။ ညွှန်ကြားချက်ကြီးကို ဖျက်သိမ်း
သင့်ပါပြီ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးဆိုပြီး ဒါကြီးက ရှိနေတယ်။ မြန်မာမိန်းကလေးတွေအတွက် နစ်နာနေတယ်။ လက်ထပ်လို့ မရတဲ့အတွက် အလွယ်လိုက်သွားကြတယ်။ ကိုယ့်ဘာသာကို စွန့်လွှတ်သွားကြတယ်။ တခြားဘာသာကို ကူးပြောင်းသွား ကြတယ်။ နိုင်ငံခြား သားနဲ့ လက်မထပ်
ရဘူးဆိုတဲ့ ညွှန်ကြားချက်ကြောင့် ခိုးကြောင် ခိုးဝှက်နဲ့ ဖြစ်သွားကြ တယ်။ မိန်းကလေးတွေရဲ့ အခွင့်အ
လမ်းဆုံးရှုံးသလို လူမျိုးရေးပါ နစ်နာနေတယ်" ဟု စာရေးဆရာရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြော သည်။
၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ ၀င် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ မြန်မာနိုင်ငံသားအမျိုးသမီးများကို နိုင်ငံခြားသားနှင့် ထိမ်း မြားလက်ထပ်သည့် ဥပဒေပြဋ္ဌာန်းထားသော်လည်း မြန်မာနိုင်ငံတော်တရားရုံးချုပ်၏ ၁၉၉၈ ခုနှစ် ဇူလိုင် ၁ ရက် နေ့စွဲပါ ညွှန်ကြား ချက်အမှတ် ၂/၉၈ နှင့် ပြည် ထောင်စုမြန်မာနိုင်ငံတော် ရှေ့နေချုပ်ရုံး ၁၉၉၈ ခုနှစ် ဇူလိုင် ၂ ရက် နေ့စွဲပါ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားလွှာအမှတ် ၁/၉၈ တို့ဖြင့် မြန်မာနိုင်ငံသား အမျိုးသမီးများကို မည်သည့်နိုင်ငံခြားသား နှင့် မျှ ထိမ်းမြားလက်ထပ်ပေးခြင်း မပြုလုပ်ရန် ဥပဒေအရာရှိ အဆင့်ဆင့်တို့ကို ညွှန်ကြားချက်များ ထုတ်
ပြန်ထားခြင်းဖြစ်သည်။
"ဒီညွှန်ကြားချက်တွေ ဖျက်သိမ်းသင့်တယ်။ ညွှန်ကြားချက်ကို တည်စေချင်ရင် ဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းပါ။ မြန်မာမိန်းကလေးတွေ မထိခိုက်၊ မနစ်နာ မဆုံးရှုံးရအောင် ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေပြဋ္ဌာန်းသင့်တယ်"ဟု ဦးခင်ဇော်က ဆို သည်။
ညွှန်ကြားချက်အရ မြန်မာမိန်းကလေးများသည် နိုင်ငံခြားသား၊ လူမျိုးခြားနှင့် တရားဝင် ထိမ်းမြားလက်ထပ်ခွင့် မရှိသော ကြောင့် အိမ်ထောင်ဖက် အမျိုး သမီးတစ်ဦးအနေဖြင့် ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ ဆုံးရှုံးနေမှုများရှိ နေသည်။ နိုင်ငံခြားသား၊ လူမျိုးခြားနှင့် လက်ထပ်ထိမ်းမြား အတူ နေထိုင်ပြီးနောက် လူမှုရေးပြဿ နာတစ်စုံတစ်ရာ ပေါ်ပေါက်၍ အိမ်ထောင်ဖက်အဖြစ်မှ စွန့်ခွာရန် စီစဉ်လာချိန်တွင် မြန်မာမိန်း ကလေးများ ထိခိုက်နစ်နာသော အခြေအနေများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ငွေကြေးအထောက်အပံ့ရရှိလိုသော ရည်ရွယ်ချက်ဖြင့်သော်လည်းကောင်း ချစ်ကြိုက်စုံမက်၍ သော်လည်းကောင်း၊ နိုင်ငံခြားသား၊ လူမျိုးခြားနှင့်ထိမ်းမြားလက်ထပ်ရန် ရည်မှန်းထားသော မိန်းကလေးများအနေ ဖြင့် မိမိအခွင့်အရေး ဆုံးရှုံးမှုများကိုသတိပြုသင့်ကြောင်း ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ဒွဲဘူကဆိုသည်။
"သူတို့နိုင်ငံသားတွေက ဒီမှာခဏတဖြုတ် အလုပ်လာလုပ်တာလေ။ တချို့လည်းပါသွားတာ တွေ ရှိတာပေါ့။ အခုလည်း တရား ရုံးတွေမှာ နိုင်ငံခြားသားနဲ့လက် ထပ်ဖို့ ကန့်သတ်ထားတယ်ပေါ့ နော်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေက လည်း ဒီကိစ္စတွေကို လွှမ်းမိုးမှာမဟုတ်ဘူး။ မြန်မာအမျိုးသမီးတွေ နိုင်ငံခြားသားနဲ့လက်ထပ်ပြီး ဒုက္ခရောက်သွားကြတာတွေ ရှိ တယ်။ အဲ့ဒါကြောင့် ကာကွယ်ဖို့ လုပ်ထားတာပါ။ အမျိုးသမီးတွေ အနေနဲ့ ငွေကြောင့်သော်လည်း ကောင်း၊ ချစ်ကြိုက်လို့သော်လည်းကောင်း၊ ယူမိရင်လည်း တရားဝင်မှာ မဟုတ်ဘူး။ အဲ့ဒီလိုတရားမ၀င် ဘဲနဲ့ သွားပြီးပတ်သက်တယ်ဆိုရင် သူတို့ရဲ့ အခွင့်အရေးတွေ အကုန်ဆုံးရှုံးမှာပဲ။ ဘာပဲပြောပြော အမျိုးသမီးတွေဘက်က သတိထား ရှောင်ရှားသင့်တယ်"ဟု ၎င်းက ပြောသည်။
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသားများအနေဖြင့် နိုင်ငံ ခြားသူနှင့် တရားဝင်လက်ထပ်ထိမ်းမြားခွင့် ရှိပြီး သီးခြားဥပဒေနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားခြင်း မရှိပါ။လက်ရှိချိန်တွင် ကြုံတွေ့နေရသော အခြေအနေမှာ နိုင်ငံခြားသား၊ လူမျိုးခြားအချို့သည် မြန်မာ မိန်းကလေးများကို ထိမ်းမြားလက်ထပ်၍ ပြည်တွင်းရှိ စီးပွားရေးရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အမည် ခံလုပ်ငန်း လုပ်ကိုင်စေခြင်းများရှိ နေခြင်းဖြစ်သည်။ မြန်မာမိန်းက လေးများကို ငွေကြေးနှင့် အခြား ထောက်ပံ့မှုများပေးကာ အယုံ သွင်း၍ နာမည်ခံစီးပွားရေးများ လုပ်ကိုင်စေပြီး ၎င်းတို့က နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေခြင်း ဖြစ်သည်။
အတူ နေထိုင်ပေါင်းသင်းကာ စီးပွားရေးလုပ်ငန်းများကို နာမည်ခံလုပ်ကိုင်စေပြီးနောက် ၎င်းတို့လိုအပ်မှု မရှိတော့ချိန်တွင် မြန်မာမိန်းကလေးများကို နစ်နာကြေးပေး၍ စွန့်ခွာမှုများကို နိုင်ငံခြားသားများက ပြုလုပ်လေ့ရှိ ကြောင်း လူမှုရေးပြဿနာများကို တိုင်ပင်ဆွေးနွေးနေသော ဒေါက် တာယတြာဒေ၀ီကဆိုသည်။
"အစ်မဆီကို လာတဲ့တစ်ယောက်ဆိုရင် ကုမ္ပဏီတစ်ခုမှာ စကားပြန်အနေနဲ့လုပ်ရင်း သူ ဌေးနဲ့ပတ်သက်လိုက်တယ်။ သူ့ကို FMI မှာ အိမ်ငှားထားတယ်။ ဒါပေမဲ့ သူကငှားထားတာကို မသိ ဘူး။ ၀ယ်ပေးထားတယ်ထင်နေ တယ်။ စီးပွားရေးလာလုပ်တာပြန်ရင် အကုန်လုံးပေးထားခဲ့မှာပေါ့။ နောက်ပြန်သွားပြီး မဆက်သွယ် တော့ဘူး။ ဟိုမှာကလည်း မယားကြီးရှိနေတယ်။ နောက်တော့ သူ က မလာဘဲ သူ့ညီကနေတစ်ဆင့် ကွာရှင်း စာချုပ်ရယ်၊ နစ်နာကြေး ကျပ်သိန်း ၇၀ ပေးတယ်။ လက် ထပ်စာချုပ် ချုပ်ထားပြီး အမည်ခံလုပ်ငန်းတွေ အများကြီးလုပ် ထားတာကိုး။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီး ပစ္စည်းတွေနဲ့ ဘာ မှမဆိုင်ဘူးဆိုတာ လက်မှတ်ထိုး ရင် သိန်း ၇၀ ပေးမယ်ပေါ့။ သူ ကိုယ်တိုင်မလာဘူးနော်။ သူ့ညီနဲ့ ရှေ့နေကို လွှတ်လိုက်တာ။ အစ်မ ဆီကို ရောက်လာတဲ့အချိန်မှာ သူ ကဘာပြောလဲဆိုတော့ ကျွန်မ လက်မှတ်ထိုးပေးလိုက်ရတယ်တဲ့။ သူပြန်သွားပြီး ခြောက်လကြာတဲ့ အချိန်မှာ တစ်ပြားတစ်ချပ်မှ မ ပေးတဲ့အတွက် အိမ်ငှားကလည်း ဆင်းရတော့မယ်။ အိမ်ထပ်ငှားဖို့လည်း ပိုက်ဆံမရှိဘူး။ အကျပ် ရိုက်အောင် လုပ်ထားတာပေါ့။ အချိန်တန် သူတို့ပြန်တဲ့အခါထားသွားကြတာပဲ။ သူတို့နဲ့ မပတ်သက်တော့တဲ့ အချိန်ကျရင်တော့ ဘာမှတာဝန်မယူတော့ဘူး"ဟု ၎င်းကပြောသည်။ ထိုသို့ထားခဲ့သော လုပ်ငန်းရှင်မှာ တရုတ်နိုင်ငံသားဖြစ်သည်။
နိုင်ငံရပ်ခြားနှင့် သွားလာ ဆက်ဆံရမှုမြင့်တက်လာခြင်းနှင့် အတူ ယဉ်ကျေးမှုများ ကူးလူးဆက်နွှယ်မှု ကြီးထွားလာခြင်းတို့ သည် ဗုဒ္ဓဘာသာဝင် မြန်မာမိန်း ကလေးများ၏ အိမ်ထောင်ဖက်ရွေးချယ်မှုကို သက်ရောက်မှုများ ဖြစ်ပေါ်နေသည်။ နိုင်ငံခြားသား၊ လူမျိုးခြားနှင့် လက်ထပ်မည့် မိန်း ကလေးများအနေဖြင့် ခေတ်စနစ် ဖြစ်ပေါ်နေမှု၊ ဥပဒေကြောင်း ဖြစ်တည်မှုတို့ကို သိရှိနေရမည်ဖြစ် သလို ယင်းမိန်းကလေးများအ တွက် နိုင်ငံတော်မှ ဥပဒေကြောင်း အရ ကာကွယ်ပေးထားခြင်း၊ မိဘအုပ်ထိန်းသူများ၏ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် လူမှုအသိုင်းအ၀ိုင်း၏ ဂရုပြုစောင့်ကြည့်မှုများလည်း လိုအပ်နေသည်။
"နိုင်ငံခြားသားနဲ့ လက်ထပ်ပေါင်းသင်းခြင်းအကြောင်းကို ပြောကြမယ်ဆိုရင် နိုင်ငံခြားသားဆိုတဲ့အနက် အဓိပ္ပာယ်ကို ဖွင့်ရမယ်။ ပြီးရင် လက်ထပ်ပေါင်းသင်းခြင်းကို ဖြစ်စေတဲ့ နောက်ကွယ်က အကြောင်းရင်းကို ခွဲခြမ်းစိတ် ဖြာရပါမယ်။ နိုင်ငံခြားသားဆိုရင် အများက မျက်နှာဖြူနဲ့ ခေါင်းရှည်ကိုပဲ မြင်ပါလိမ့်မယ်။ တကယ် တော့ နိုင်ငံခြားသားဆိုတာ ကိုယ့်မြန်မာနိုင်ငံသား မဟုတ်သူအားလုံးက နိုင်ငံခြားသားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်လိုနိုင်ငံခြားသားက ပိုများပြီး ထပ်လာဖို့ရှိတဲ့ သူတွေထဲမှာလည်း ဘယ်လိုနိုင်ငံ ခြားသားက ပိုများနိုင်တယ်ဆိုတာ လူတိုင်းခန့်မှန်းနိုင်ပါတယ်။ အိမ် ထောင်တစ်ခုကို တည်ဆောက်တဲ့ အခါမှာ Motive (အကြောင်းရင်း) နှစ်မျိုးတော့ အနည်းဆုံးရှိမှာပေါ့။ တစ်မျိုးက ချစ်ခင်စုံမက်လို့ ဘ၀ချင်းပေါင်းစပ်ဖို့ ရည်ရွယ်ချက်နဲ့၊ နောက်တစ်မျိုးက စီးပွားရေးကြောင့် အားကိုးရှာတဲ့အနေနဲ့ ကိုယ့်ကို ထောက်ပံ့နိုင်တဲ့သူကို လက်ထပ်တာရှိနိုင်ပါတယ်။ အန်တီ့အနေနဲ့ကတော့ မြန်မာအမျိုး သမီးတွေ နိုင်ငံခြားသားနဲ့ လက်
ထပ်ထိမ်းမြားမယ်ဆိုရင် မေတ္တာနဲ့အရင်းခံတာလား၊ တစ်ဘ၀လုံး အတွက် ပျော်ရွှင်မှုပေးနိုင်မလား ဆိုတာကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်ပါလို့ အကြံပေးချင်ပါတယ်" ဟု အငြိမ်းစားပါမောက္ခ တစ်ဦးဖြစ်သော ဒေါ်ရှယ်လီနန်းဟွမ်လိတ်ကဆိုသည်။
ရေးသားသူ- နေလင်းထွန်း
7Day News Journal
http://feeds.feedburner.com/thithtoolwin/yIWVရခိုင် ပြည်နယ် မြောက်ပိုင်းတွင် ရေဘေးသင့် ဒုက္ခသည်များပါ ထပ်တိုးလာ
Posted: 28 Jun 2012 03:10 AM PDT
ရခိုင်ပြည် နယ်မြောက် ပိုင်းဒေသ များဖြစ်သော ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များ၌ ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ သောကြောင့်  ဒုက္ခသည်ဦးရေ ပိုမိုများပြားလာ ကြောင်းသိရသည်။
ဘူးသီးတောင်မြို့တွင် ရေဘေးသင့် ဒုက္ခသည်လူဦးရေ (၃၀၀)ခန့် ရှိပြီး အိမ်ထောင်စု(၆၀)ခန့် မှ ဒုက္ခသည်များ တိုးပွားလာသည်ဟု ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးတာဝန်ယူထားသော ဒုတိယ ဗိုလ်မှုးတစ်ဦးက ဆိုသည်။
"အိမ်တွေထဲကို ရေတွေဝင်ပြီး တဲတွေပျက်စီးကုန်တယ်၊ ပုစွန်ကန်တွေလည်း တော်တော်ပျက်စီးတယ် တောင်တွေပါ ပြိုတော့  တော်တော် အခက်အခဲ ဖြစ်နေပါတယ်။ ရေဘေးဒုက္ခသည်တွေကိုလည်း ကယ်ဆယ်ရေးစခန်းဖွင့် ပေးထားပါတယ်"ပာု အထက်ပါ ဒု-ဗိုလ်မှုးက ပြောသည်။
မိုးသည်းထန်ခြင်းနှင့် ရေကြီးမှုများကြောင့်  ကယ်ဆယ်ရေးစခန်းများသို့ ပိုဆောင်ပေးရမည့် ဆန်တင်ဆောင်လာသော ကားများမှာ လမ်းပျက်စီးမှုများကြောင့်  ပိုဆောင်နိုင်ခြင်း မရှိကြောင်းကိုလည်း ဒေသခံတစ်ဦးက ဆိုသည်။
"မေယုတောင်က မြေသားပဲ ကျတာတွေကြောင့်  လမ်းပျက်စီးပြီး ဆန်ကားတွေရောက်တဲ့ နေရာမှာရပ်တန့်  ထားရပါတယ်"ပာု ဒေသခံ ဦးလှရွှေက ပြောသည်။
ဘူးသီးတောင်မြို့ရှိ မြို့မဈေးအား ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံမှ လူနာများအား အ.လ.က(၁) ကျောင်း သို့ ပြောင်းရွှေ့နေရာချထားရကြောင်း သိရသည်။
ထိုပြင်ဘူးသီးတောင်မြိုနယ်အတွင်း ရေးကြီးရေလျှံမှုများကြောင့်  ဒုက္ခသည်စခန်း(၅)ခုဖွင့် လှစ်ထား၍ အဆိုပါဒုက္ခ သည်စခန်းများမှာ အ.လ.က(၁) ဘူးသီးတောင်၊ သုဓမ္မာရုံစာသင်တိုက်၊ ရွှေကျင်ပရိယတိ စာသင်တိုက်၊ လမ်းမဘုန်းကြီးကျောင်း ၊မြတောင်ပရိယတ္တိစာသင်တိုက်တိုက်စသည့် ကုန်းမြင့်နေရာများတွင် တည်ရှိသော နေရာများအား ရေဘေးဒုက္ခသည်စခန်းအဖြစ်`ထားရှိခြင်းဖြစ်သည်။
"မနက်ကတည်းကမိုးတိတ်သွားပါပြီ။မနေ့ ညကတည်းက ရွှာတဲ့မိုးပါ။ ဒေသခံတွေ တော်တော်လည်း ဒုက္ခရောက်ခဲ့ပါတယ်။"ပာု ဘူသီးတောင်မြို့ နယ်နေ ဦးဇော်သန်းဝေ ကပြောသည်။
မောင်တောမြိုနယ်နှင်ကျောက်တော်မြို့ နယ်များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ ပြီး ကျောက်တော်မြို့ နယ်တွင် ဇွန်လ၂၆ရက်နေ့ ၌ လေဆင်နှာမောင်းတစ်ခုတိုက်ခတ် ခဲ့သောကြောင့် ဒေသခံ(၆၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များတွင် ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခဒုက္ခသည် (၄၀၀၀)နီးပါးနှင့် ကျောက်တော်မြို့တွင် ဒုက္ခသည်(၁၀၀၀)ကျော် ရှိခဲ့ရာမှ ရေဘေးဒုက္ခသည်များပါ ထပ်တိုးလာခြင်းဖြစ်သည်။
စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup
http://feeds.feedburner.com/thithtoolwin/yIWVဆောက်လုပ်ရေး လုပ်သားများ နှစ်ရက်စာ လုပ်ခမရ၍ ဆန္ဒပြ
Posted: 28 Jun 2012 02:47 AM PDT
ဓာတ်ပုံ - အောင်သူရ 7Day News Journal
ရန်ကုန် ၊ဇွန်-၂၈
တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ က ဆောက်လုပ်နေသော မုဒိတာ (၂)တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ ထောင်ဂဏန်းခန့်ရှိသော လုပ်သားများသည် နှစ်ရက်စာလုပ်ခ လစာမရသဖြင့် ဇွန်လ ၂၈ ရက် နံနက် ၈ နာရီမှစ၍ ဆန္ဒပြနေကြသည်။
"နှစ်ရက်ကို နားလိုက်ပါ (တ နင်္လာ၊ အင်္ဂါ) ဗုဒ္ဓဟူးနေ့ကျရင် ပြန်ဆင်း သုံးရက်ခကို အပြည့်ပေးမယ်လို့ ပြောတယ်။ ဆင်းတဲ့အခါကျတော့ နှစ်ရက်ခလည်း မပေးတဲ့အတွက် ဆန္ဒပြကြတယ်"ဟု အဆိုပါစီမံကိန်းတွင် လက်သမားတစ်ဦးဖြစ်သူ ကိုမောင်မောင်ထွန်းက ပြောသည်။
ထို့ကြောင့် အလုပ်သမားများသည် ယနေ့နံနက်မှစ၍ ဆန္ဒပြခဲ့ပြီး ဆနပြအလုပ်သမားထဲမှ ခေါင်းဆောင် ၁၃ ဦးအား ယနေ့နံနက် ၁၀ နာရီခန့်တွင် တော်ဝင်ဆောက်လုပ်ရေးက ညှိနှိုင်းခဲ့ကြသည်။
ထိုသို့ ညှိနှိုင်းရာတွင် လုပ် သားအားလုံးကို အလုပ်ပြန်ခန့်မည်ဖြစ်ပြီး နှစ်ရက်စာလုပ်အားခကို ပြန်ပေးမည်ဖြစ်ကာ အပြစ်ရှိသူကိုဖြုတ်၍ လုပ်သားများကို သင်တန်းပေးမည်ဟု ကုမ္ပဏီဘက်မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
သို့သော် အလုပ်သမားအ များစုမှာ ထိုပြောကြားမှုကို မယုံ ကြည်ဘဲ နစ်နာကြေးရရန်သာ တောင်းဆိုနေကြပြီး အလုပ်သမား ခေါင်းဆောင် ၁၃ ဦးနှင့် ဒုတိယအကြိမ် ထပ်မံညှိနှိုင်းနေကြသည်။
7Day News Journal
http://feeds.feedburner.com/thithtoolwin/yIWV ဒေါ်အောင်ဆန်း စုကြည်နှင့် ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)
Poste
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
http://www.facebook.com/home.php?sk=group_173571176006981&ap=1 မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ