[New post] Tu Maung Nyo – ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး


RFA Burmese News Letter, June 29, 2012

လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ

၂၀၁၂ ခုနှစ် ဇွန်လ (၂၃) မှ ဇွန်လ (၂၉) ရက် အထိ

အင်တာနက် ဝက်ဘ်ဆိုက်ပေါ်တွင် တပတ်အတွင်း ဖော်ပြခဲ့သည့် သတင်းနှင့် ဖတ်စရာ မှတ်စရာများကို စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။ မိမိ၏ အီးမေးလ်လိပ်စာ ပေးပို့ကာ သတင်းလွှာ မှာကြားနိုင်ပါသည်။

သတင်းလွှာမှာကြားရန်

သတင်းလွှာကို ဆက်လက် အလိုမရှိတော့ပဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။

သတင်းလွှာရပ်ဆိုင်းရန်

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


အပစ်ရပ်အပေါ်ပြန်သုံးသပ်ပေးရန် ငြိမ်းချမ်းရေးကော်မတီထံ RCSS စာရေး

Posted: 29 Jun 2012 02:33 AM PDT

ငြိမ်းချမ်းရေးယူထားသော်လည်း အစိုးရတပ်မှ ပစ်ခတ်တိုက်ခိုက်မှု လက်တွေ့မလုပ်သေးသောကြောင့် ပြန်လည် သုံးသပ် စိစစ်ပေးရန် သျှမ်းပြည်တပ်မတော်မှ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဒုဉက္ကဌ ဗိုလ်ချုပ်ကြီးစိုးဝင်းထံ စာရေးကြောင်း ကြားသိရပါသည်။
RCSS_at_KTမန်မာအစိုးရကိုယ်စားလှယ် ဦးအောင်မင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတွေ့ရသော ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဗိုလ်မှူးချုပ် စိုင်းလူးတို့အဖွဲ့

"ကျနော်တို့နဲ့ အစိုးရတပ်အကြား တိုက်ခိုက်မှုမလုပ်ဘဲ အပစ်အခတ် ရပ်ထားဖို့ သဘောတူထားတယ်။ မေ ၁၉ ကျိုင်းတုံမှာ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ထပ်မံတွေ့ဆုံ လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာတောင် တိုက်ပွဲက အကြိမ်ကြိမ် ဖြစ်ပွားတယ်။ အဲဒီတိုက်ပွဲတွေအားလုံးက အစိုးရတပ်ကနေဘဲ အရင်ပစ်ခတ်တိုက်ခိုက်တယ်" - ဟု ဗိုလ်မှူးချုပ်စိုင်းလူး က ပြောပါသည်။

ဂျွန် ၂၈ ရက် ရက်စွဲဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဗိုလ်မှူးချုပ်စိုင်းလူးက ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဒုဉက္ကဌ(၃)၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးစိုးဝင်းထံ စာရေးခြင်းဖြစ်ကြောင်း၊ အဆိုပါစာတွင် သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့်အပစ်ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ထားသော်လည်း အစိုးရ တပ်မှ ရန်ရှာပစ်ခတ်တိုက်ခိုက်မှု မရပ်နားသေးသည့်ကိစ္စ၊ အပစ်ရပ်ချင်းတူသော်လည်း တခြားအဖွဲ့အစည်းများကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်မရသေးသည့်ကိစ္စရပ်များကြောင့် ပြန်လည်သုံးသပ်ပေးရန် ဖြစ်ကြောင်း - ကြားသိရပါသည်။

"လောလောလပ်လပ် ၂၇ ရက်နေ့တုန်းက ခလရ ၆၄ လိုင်းခ(လဲချား) တပ်က ဝမ့်ယိန်းရွာမှာရှိတဲ့ ကျနော်တို့ တပ်စခန်း ကို တက်တိုက်တယ်။ ဒီကိစ္စတွေဟာ ယုံကြည်မှု ခိုင်မြဲ အောင်တည်ဆောက်ဖို့ အရမ်းကိုထိခိုက်စေပါတယ်။ နောက် တခု ကျနော်တို့ကို ဌာနချုပ်အဖြစ်ပေးထားတဲ့ မုန်းထား ဘက်မှာတောင်မှ ကျနော်တို့တပ်ဖွဲ့ဟာ တခြားတပ်ဖွဲ့တွေလို လွတ်လွတ်လပ်လပ်သွားလာလို့မရသေးဘူး၊ အဲဒါကို ကြည့်ရင် ကျနော်တို့တပ်ဖွဲ့ကို တခြားတပ်ဖွဲ့လို မထားသေးဘူး၊ ခွဲခြားဆက်ဆံနေသေးတယ်ဆိုတာ ထင်ရှားနေတယ်" - ဟု ဗိုလ်မှူးချုပ်စိုင်းလူးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရ တို့ ဒီဇင်ဘာ ၂၀၁၁ ပဏာမအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ယနေ့အထိ တိုက်ပွဲ ၂၄ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။

တဘက်ကလည်း ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ဂျွန်လဆန်းကတည်းက သျှမ်းပြည်တပ်မတော်မှ ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့်အဖွဲ့က ( ၃ ဖွဲ့ခွဲ၍ သျှမ်းပြည် မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းသို့ ) လူထုဆန္ဒသဘောထားကောက်ယူရန်ကွင်းဆင်းလျက်ရှိရာ ဌာနချုပ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသေးပေ။

တရုတ်ထောင်၌ မြန်မာတသောင်းခန့် ထောင်ကျနေ

Posted: 29 Jun 2012 02:31 AM PDT

တရုတ် - မြန်မာ နယ်စပ် ရွှေလီမြို့ အလွန် တရုတ်အကျဉ်းထောင်တခု၌ မြန်မာနိုင်ငံသား တစ်သောင်း ထက်မနည်းအကျဉ်းကျနေကြောင်း - အဆိုပါထောင်မှ လွတ်မြောက်လာသူတဦးက ပြောပါသည်။


"အဲဒီမှာ ထောင်ကျနေတာ မြန်မာပြည်က လူမျိုးပေါင်းစုံဘဲ၊ တစ်သောင်းလောက်ရှိမယ်။ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ မန္တလေး၊ မိတ္ထီလာ၊ သီပေါ၊ ကျောက်မဲ၊ မန်တုံ၊ မူစယ်၊ နမ့်ခမ်း ဘက်ကကောဘဲ၊ ကျယ်ဂေါင်၊ ရွှေလီ က ဖမ်းမိတဲ့သူတွေ အဲဒီအထဲမှာဘဲ" - ဟု ထောင်ကျခဲ့တူ အေဘီးက ပြောပါသည်။

ဂျွန်လအတွင်း ကျယ်ဂေါင်၊ ရွှေလီ၊ စန့်ဟောင်၊ မန်စီဘက် သွားလာရောင်းဝယ် အလုပ်လုပ်သည့် မြန်မာ အလုပ်သမားများ အား တရုတ်အာဏာပိုင်များ ဆက်တိုက်ဖမ်းဆီးပြီး အကျဉ်းချထားကြောင်း၊ တနာရီ အတွင်း အာမခံမည့်လူမရှိက အကျဉ်းထောင်သို့ ပို့ဆောင်ကြောင်း၊ ယခုလအတွင်းဖမ်းမိသူ မြန်မာနိုင်ငံသား တစ်သောင်းခန့် ရှိကြောင်း၊ တရုတ်လူမျိုးရာဇဝတ်အကျဉ်သားများနှင့် သီးခြားစီထားရှိကြောင်းလွတ်မြောက် လာသူများက ပြောပါသည်။

" ကျနော် ပြန်လွတ်လာရတာက ရွှေလီကအမျိုးတွေ ပိုက်ဆံစုပြီး ယွမ်တစ်သောင်း(၁ ယွမ် = ၁၃၃ ကျပ်)နဲ့ သွားရွေးခဲ့လို့၊ ဒါတောင် လမ်းကြောင်းနဲ့ ဝိတ်မရှိရင်တော့သွားပြီ။ ဂျူလိုင်လဆန်းဆို ခွန်းမင်ဘက်ပို့ပြီး မြန်မာ - ကူမင်း အမြန်ရထား လမ်းဖေါက်ဖို့ အကျဉ်းသားတွေကို အကုန်ပို့မှာတဲ့" - ဟု ဂျွန် ၂၈ ရက်နေ့ စန့်ဟောင်ထောင်မှ လွတ်မြောက် လာသည့် အိုက်ယွမ်ကပြောပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ အဆိုပါ အကျဉ်းသားများအင်အားဖြင့် ဖေါက်လုပ်မည့် ရထားလမ်းသည် အာဆီယံနိုင်ငံများအတွင်း ပြေးဆွဲမည့် အမြန်ရထားလမ်းဖြစ်ကြောင်း ပြောဆိုကြပါသည်။

တရုတ်အာဏာပိုင်များ အဖမ်းဆီးထူသောကြောင့် လက်ရှိတွင် မြန်မာနိုင်ငံသားများ တရုတ်ဘက်ခြမ်း၌ ဝမ်း ရေးအတွက် အလုပ်သွားလုပ်ရန်မဝံ့မရဲဖြစ်နေကြာင်း၊ သျှမ်းသီချင်းများ၊ တရားတော်များ ဗီစီဒီခွေသွားရောင်း သည့် အိုက်ယွမ်ပင်လျှင် အမျိုးများ ပိုက်ဆံစိုက်ပြီး ထောင်မှရွေးထုတ်သည့် အကြွေး ပြန်ဆပ်ရမည့် အရေး အခက်အခဲဖြစ်နေကြောင်း ကြားသိရပါသည်။

မြန်မာနိုင်ငံသားများသည် စီးပွားရေးအခက်အခဲအတွက်သော်လည်းကောင်း၊ မူးယစ်ဆေးဝါးမှ ရှောင်တိမ်းရန် အတွက်သော်လည်းကောင်း၊ စီးပွားရှာလွယ်သည့် တရုတ်နယ်စပ်ဘက် ပြောင်းရွှေ့အလုပ် လုပ်ကိုင်ကြခြင်း ဖြစ်ပါသည်။

ထိုင်းရဲများဖမ်းမိသည့်လက်နက် မိမိတို့နှင့်မသက်ဆိုင်ဟု RCSS/SSA ခေါင်းဆောင်ပြော

Posted: 29 Jun 2012 02:27 AM PDT

မြန်မာဘက်ကမ်းကိုပို့မည်ဟု ယူဆရသော ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးမိလက်နက်များမှာ မိမိတို့နှင့်မသက်ဆိုင် ကြောင်း သျှမ်းပြည်တပ်မတော်ခေါင်းဆောင် က ငြင်းဆိုခဲ့ပါသည်။
thai-burma-border-weapon-b305ချင်းရိုင်း၌ ထိုင်းအာဏာပိုင်များဖမ်းမိသော လက်နက်ပစ္စည်းများ

" အဲဒီလက်နက်တွေဟာ ကျနော်တို့အတွက်မဟုတ်ဘူး။ ကျနော်တို့နဲ့မဆိုင်ဘူး။ အဲဒီကုန်သည်နဲ့လည်း ကျနော်မသိဘူး" ဟု သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဂျွန်လ ၂၅ ရက် ညနေ ၅ နာရီခွဲ က ထိုင်းနိုင်ငံမယ်ဆိုင်မြို့ ပုံဖာရပ်ကွက်နေ မစ္စတာဆဝမ်ကျိုင်ကယောက်၏ နေအိမ်၌ မယ်ဆိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ကဝင်ရောက်ရှာဖွေရာ အာပီဂျီ လောင်ချာ (၁၂) လက်၊ အေကေ (၄၇) မောင်းပြန်ရိုင် ဖယ်(၁၇) လက်၊ အမ် (၇၉) လောင်ချာ (၁၂) လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် (၆) လက်၊ အာပီဂျီ ဗုံးသီး (၉)လုံး သိမ်းဆည်းရမိ ခဲ့သည်။ အဆိုပါ လက်နက်များကို မြန်မာဖက်ခြမ်းပို့ပေးရန်ဖြစ်ကြောင်း ဆဝမ် ကပြောကြားခဲ့သဖြင့် ထိုင်းမီဒီယာတချို့က သျှမ်းပြည်တပ်မတော်ထံပို့မည့်လက်နက်များဖြစ်ကြောင်း ရေးသားခဲ့သည့်အပေါ် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က တုန့်ပြန်ဖြေရှင်းခြင်းဖြစ်ပါသည်။

ဆဝမ်အိမ်၌ရဲများဝင်ရောက်ရှာဖွေပြီးနောက်ပိုင်း ၎င်းနှင့်စပ်ဆိုင်သည့် စိုင်းခမ်း ခေါ် မစ္စတာပရတ်ယား ခွန်ခမ်းအိမ်သို့ ထပ်မံ ဝင်ရောက်ရှာဖွေရာတွင် စိုင်းခမ်းနှင့် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွဲရိုက်ထားသော ဓါတ်ပုံကိုတွေ့ရှိသဖြင့် ၎င်းတို့ ရင်းနှီး သည့်မိတ်ဆွေများဖြစ်နိုင်ကြောင်း၊ ထို့ကြောင့်လက်နက်များမှာ သျှမ်းပြည်တပ်မတော်သို့ ပို့မည့် လက်နက်များ ဖြစ်ကြောင်း ရေးသားပြောဆိုခဲ့ကြသည်။

" ဥက္ကဌကြီး ယွက်စစ်က သျှမ်းပြည်လူထုအတွက် တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တဦး ဆိုတော့ ဘယ်သူမဆို သူနဲ့ဓါတ်ပုံ တွဲရိုက်ကြမှာ ဘဲ။ ဓါတ်ပုံတွဲရိုက်တိုင်း ရင်းနှီးတဲ့မိတ်ဆွေလို့လဲ မဆိုနိုင်ဘူးလေ။ ကျနော်တောင်မှ ထိုင်းဝန်ကြီးချုပ် ယင့်လတ် နဲ့ဓါတ်ပုံတွဲ ရိုက်ထားတာဘဲ။ ကျနော်တို့လဲ ရင်နှီးတဲ့လူတွေမှမဟုတ်တာ။ သူ အခုနေများ ကျနော့်ကိုတွေ့ရင် မှတ်မိချင်မှမှတ်မိမယ် လေ။ အဲလိုမျိုးပေါ့" ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦးကလည်းပြောသည်။

တရားခံ ဆဝမ်၏ ပြောစကားအရ အဆိုပါလက်နက်များကို မယ်ဆိုင်- တာချီလိတ်အရှေ့ဘက်ခြမ်းရှိ နမ့်ဆိုင်ချောင်းကူးဆိပ် မှ မြန်မာဘက်ခြမ်းသို့ ပို့မည်ဟုဆိုသော်လည်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်များသည် ထိုအပိုင်းသို့ သွားရောက်လှုပ်ရှားခြင်းမရှိ။ တာချီလိတ်- မယ်ဆိုင် အနောက်ဘက်ခြမ်း မယ်ဖှာ့လုံ နှင့်မျက်နှာချင်းဆိုင်၌သာ သျှမ်းတပ် များလှုပ်ရှားကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။

"ဒီလက်နက်တွေ သျှမ်းတပ်အတွက်တော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီလို အသေးစားကုန်သည်တွေဟာ သျှမ်းတပ် ကိုသိပ်မကြိုက်ကြဘူး။ သျှမ်းတပ်ကမှာရင်ပစ္စည်းများတယ်။ ဒီလောက်လေးမဟုတ်ဘူး။ ပစ္စည်းမှာရင်ဈေးအရမ်းဆစ်တယ်။ အခုဖမ်းမိလက်နက်တွေဟာ တာချီလိတ်အရှေ့ခြမ်းမှာလှုပ်ရှားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကိုပို့ဖို့ဖြစ်နိုင်တယ်။ ဒီကုန်သည်တွေ ဟာ ပြည်သူ့စစ်တပ်ဖွဲ့ကိုပိုပြီးကြိုက်တယ်။ ပြည်သူ့စစ်တွေက ပစ္စည်းမှာရင်ဈေးမဆစ်ဘူး။ ငွေကိုဖေါဖေါသီသီသုံးနိုင်တယ်" ဟုလည်း သျှမ်းပြည်အရှေ့ပိုင်းမှ ကုန်သည်တဦးကလည်း ပြောပြသည်။

အသက်( ၄၈ )နှစ်ရှိ ဆဝမ် ကျိုင်ကယောက်ထံမှ ဖမ်းဆီးရမိသော အဆိုပါလက်နက်များတန်ဖိုးမှာ ဘတ်ငွေ ( ၅ ) သန်းခန့် ရှိသည်ဟု ထိုင်းရဲများကပြောသည်။ မြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ ပြောင်းဖူးခြံသို့သယ်ယူရန် မိမိနေအိမ်အတွင်း သိမ်း ဆည်းထားရာတွင် သယ်ဆောင်ခ တစ်ခေါက်လျှင်ဘတ် ၁၀,၀၀၀ ရရှိကြောင်းနှင့် တစ်ခေါက်သာသယ်ယူဖူးကြောင်း ဆဝမ် ကပြောသည်ဟု ထိုင်းရဲများက ပြောပါသည်။

[aurorageneration] နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ

ရခိုင်ပြည်နယ် မောင်တောနယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး တာဝန်ခံ
ဒုတိယ ဗိုလ်မှူးကြီးအောင်ကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ

၈-၆-၂၀၁၂ နေ့ ဘင်္ဂါလီကုလားများ မောင်တောမြို့ ၌ စုဝေး ၀တ်ပြ
ုဆုတောင်းပွဲလုပ်ရန် လက်ဆောင် ဘဏ္ဍာငွေ ရယူ၍ ဒုတိယ
ဗိုလ်မှူးကြီးအောင်ကြီးမှ ခွင့်ပြုပေးခဲ့ပါသည်။

၎င်းနေ့  နေ့ လည်၂ နာရီခန့် တွင်ဘဂါင်္လီ ကုလားများ ဆုတောင်း အပြီးတွင် မြိ
ု့ မ ဘုန်းကြီးကျောင်းနှင့် ယူနှိုက်တက် ဧည့်ရိပ်သာကို ခဲဖြင့် ပေါက်ပြီး
မီးရှို့ရန် ကြံရွယ်နေစဉ် ရဲတပ်ရင်း အမှတ် ၂ တပ်ဖွဲ့ ဝင်များ သေနတ်ဖြင့်
မိုးပေါ်သို့ ထောင်ပစ်ခတ်သဖြင့် ၄င်းဘင်္ဂါလီလူစုမှ ရပ်ကွက် ၄ ဗိုလ်မှူးရွာ
သဇင် ဧည့်ရိပ်သာ ဘက်သို့ ရွေ့ လျား စုရုံးလာပြီး ဧည့်ရိပ်သာကို မီးရှို
့ရန် အော်ဟစ်နေစဉ် နစက ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး အောင်ကြီးမှာလည်း
ကိုယ်ရံတော် တပ်ဖွဲ့ ဝင်များနှင့် အတူကားနှစ်စီးနှင့် ၄င်းဆူပူနေသော
ဘင်္ဂါလီလူစုနှင့် ကိုက်တစ်ရာခန့် အကွာသို့ ရောက်ရှိနေပြီး အချိန်မှီ
တားဆီး နိုင်ပါလျှက် မျက်ကွယ်ပြုပြီး ဆူပူမူုဖြစ်နေသော ဘင်္ဂါလီ လူစုနှင့်၂
ဖာလုံခန့် ကွာဝေးသော ဆေးရုံဝင်း အတွင်းသို့ ကားကို နောက်ဆုတ် ရပ်တန့် စဉ်
အတွင်း တွင် သဇင် ဧည့်ရိပ်သာနှင့် ဗိုလ်မူးရွာ အိမ်တန်းကို မိးရှို့ ပြီး
ဒေါက်တာခင်မောင်လတ်တို့  တစ်အိမ်သားလုံး ကိုလည်း ဓါးဖြင့်ထိုး လုယက်
အကြမ်းဖက်နေခြင်းများကို ၄င်း နစကဒုဗိုလ်မှူးကြီး အောင်ကြီး မှ မတားဆီးပဲ
မျက်ကွယ် ပြုနေခဲ့ပါသည်။

၎င်းနာရီပိုင်းအတွင်းမှာပဲ မောင်တောမြို့နယ်ရှိဝေသာလီရွာ၊ ရွှေရင်အေးရွာ၊
ခရေမြိုင်ရွာ၊ ကန်သာယာရွာ၊ ဗောဓိကုန်းရွာ၊ သရီကုန်ဘောင်ရွာ၊
ကိုင်းကြီးရွာ၊ မောရ၀တီရွာ များကိုလည်းမီးရှို့ လုယက်
သတ်ဖြတ်ခံရခြင်းမှာလည်း ၄င်းနစကတပ်ဖွဲ့ မှ နယ်စပ် တလျောက်
ကုလားကျေးရွာများ၌ တဖက် နိုင်ငံမှ တရားမ၀င် GSM တယ်လီဖုန်း တစ်လုံးလျှင်
၄၀၀၀၀ ကျပ်နှုန်းဖြင့် လာဘ်ငွေယူ၍ ရိုဟင်ဂျာ ဘင်္ဂါလီ ကုလား များအား
ကိုင်ဆောင်ခွင့်ပြုထားခြင်းကြောင့် ဆက်သွယ်မူ အားကောင်းကာ
နာရီပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျယ်ပြန်
့စွာလုပ်ဆောင်သွားနိုင်ခြင်းဖြစ်သည်။

အဆိုပါအကြမ်းဖက်မူတွင် ဦးဆောင် ပါဝင်သူ ဘင်္ဂါလီ လူမျိုးများဖြစ်သော
ကမ်းနား ဟိုတယ်ပိုင်ရှင် ဒီလ်လာ၊ မောင်လှမြိုင်၊ ဆော်လာမောက် နှင့်
တခြားစီးပွားရေးသမား ဘင်္ဂလီ ကုလားများကို မောင်တောနယ်စပ် ဒေသလုံခြုံမှူး
ကွပ်ကဲရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး အောင်ကြီးနှင့် အမှတ်(၁)
ဝင်ထွက်ဂိတ် မောင်တော နယ်မြေခံ နစက အရာရှိများမှ ၄င်းကုလားများထံမှ
လာဘ်ငွေယူပြီး သတင်းပေး အမာခံဆိုပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဝင်များ
မဖမ်းဆီးနိုင်အောင်အကာကွယ်ပေးနေသောလုပ်ရပ်များကိုလည်းမျက်ဝါး ထင်ထင် တွေ
့မြင် နေရပါကြောင်း နိုင်ငံတော်သမ္မတကြီးနှင့် ကာကွယ်ရေး ဦးစီးချူပ်ကြီး
သိသာနိုင်ပါရန် တင်ပြအပ်ပါသည်။

မောင်တောဒေသခံ နစကတပ်ဖွဲ့ ဝင်တစ်ဦး

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

[New post] Dhamma Beri Sayadaw – ဓမ္မဘေရီဆရာတော် ဦးဝီရိယ (တောင်စွန်း) ၏ အမေရိကန် ဓမ္မသင်တန်းခရီးစဉ်


[mrsorcerer:26943] အင်္ဂလိပ်စကားပြောနမူနာပုံစံများ


                                            အင်္ဂလိပ်စကားပြောနမူနာပုံစံများ ( ကလစ် )

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Ei khang sung in, a mangthang kha thei minam pawlkhat

2.
Navajo minam (Navaho, Diné cih bang in zongh ki thei)
Amau pen(Eyak-Athabaskan, Athabaskan, Southern Athabaskan pan hi ding aa ki ngaihsun)
Amau ii Authority code pen ISO 639-3 hi-in Language code pen nav hi.
American Navjo Nation a ki ci American south-west lam ah pawlkhat om lai hi.
Hih a mau pau pen, a minam sung vuah kum 60 nuai siah a thei a om nawn lo phial hi ta ki ci hi.

3. 
Ojibwa minam (Ojibwe (Minnesota), Ojibwa, Ojibway, Ojibwe, Chippeway, Chippewa, Chipewa, Chipeway ci in zongh ki thei)
Amau pen(Algic, Algonquian, Ojibwayan, Southern Ojibwe, Saulteaux, Saulteaux pan hi ding aa ki ngaihsun)
Amau ii Authority code pen ISO 639-3 hi-in Language code pen ciw hi.

American Navjo Nation a ki ci American south-west lam ah pawlkhat om lai hi.
Gam leh leitang ki cian nei lo in, a ki theh thang leh ninam dang mi ki bang lo a tuamtuam tek a suaksuak uh hi ta hi.

4.
Aragonese minam 


One More Link 


[mrsorcerer:26942] Fwd: [လူဗိုလ်ဟူသည် ...] လောကတွင်းမှ နေ၍သာ : On sufism



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/29
Subject: [လူဗိုလ်ဟူသည် ...] လောကတွင်းမှ နေ၍သာ : On sufism
To: lubo601@gmail.com



by Zay Ya on Friday, June 29, 2012 at 12:48am 


ဆူဖီ သည် ရှောင်ခွာပြေးတတ်သူ မဟုတ်။ ရှောင်ခွာ ထွက်ပြေးခြင်း သည် ဆူဖီတို့၏ အစဉ်အလာ မဟုတ်ပေ။ ဆူဖီသည် ယင်း သို့ ရှောင်ခွာပြေး သည့် ဝါဒကို အပြည့်အဝ ဆန့်ကျင်သည်။ လောက တွင် ချမ်းမြေ့ ကြည်ရွှင် စွာ နေထိုင်ခြင်း၊ ဖြစ်တည်သည် ကို ဖြစ်တည် သည့် အတိုင်း ကြည်နူးနှစ်သိမ့်ခြင်း၊ ဘဝ၌ မွေ့ပျော်ခြင်း သည်  ဆူဖီတို့၏ အခြေခံကျသော အမူ အကျင့် ဖြစ် သည်။
လောက ၌ ဖန်ဆင်းရှင် ဆီသို့ ဆိုက်ရောက် ရန် အကြောင်းသည် ဖန်ဆင်းထားရှိသည့် အရာတို့၌ အပြည့်အဝ နေထိုင်ခြင်းမှ တစ်ပါး အခြား မရှိကြောင်း ဆူဖီတို့ လက်ခံ သည်။ ဘုရား သခင် ဖန်ဆင်း ထားရှိပြီးသော အဘယ်အရာ ကမှ သင်သည် စွန့်ခွာပြေးခဲ့ရန် မ လိုအပ်ပေ။ ဖြစ်ရှိနေသည့် လောက ကို စွန့်ခွာပြေးခြင်း ဟူသည် ဘုရားသခင် ကို စွန့်ခွာပြေးခြင်းသာ ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရား သခင် ဖန်ဆင်းထားပြီး သည်တို့ကို ရှောင်ခွာ ပစ်ခြင်း သည် ဘုရားသခင် ကို သွယ်ဝိုက်သော နည်း အားဖြင့် ဆန့်ကျင်ခြင်း ဖြစ် ပါ၏။

သို့သော် Renunciation တောထွက်ခြင်း၊ ကြဉ်ရှောင်ခြင်း အကျင့် ဟူသည် မရှိ မဟုတ်၊ ရှိ၏။ ယင်း၏ အဓိပ္ပာယ်မှာ ဆူဖီတို့ သည် လောက ကို ကြဉ်ရှောင်ခြင်း မဟုတ်၊ ဘုရားသခင် ထံသို့ ချဉ်းကပ်သွား ခြင်း သာ ဖြစ်သည်။ ဘုရားသခင် ထံ ဆိုက်ရောက်သည့် ခဏ ၌ လောက သည် မြူတစ်စနှယ် ပပျောက်ပြီး ဖြစ်သည်။ ဆိုလိုသည်မှာ -- ဤလောက၌ ဘုရားသခင်ထံ ဆိုက်ရောက်သည် ၏ အဖြစ်နောက် ၌ အဘယ် အရာ ကိုရော စွန့်ခွာ ခဲ့ရဦး မည်နည်း - စင်စစ် ဘုရားသခင်မှ တစ်ပါး အခြား မရှိပေ။

ဆူဖီ တို့ သည် လောက ကို အရင်းအတိုင်း ချဉ်းကပ်သည်။ ဤသို့ဖြင့်သာ ဘုရားသခင် ထံသို့ ဆိုက်ရောက် ၏။ ယင်း၏ ဟိုမှာဘက်တွင် ဘာမျှ ရှိမနေ တော့ ပေ။ လောကသည် လည်းကောင်း၊ မိမိ၏ အထင်အမြင်မှား အတ္တမ သည်လည်းကောင်း - ယင်းအခါ၌ စိမ့်ဝင် ပပျောက်ပြီး ဖြစ်သည်။ ဤကမ္ဘာ - အခြားကမ္ဘာ၊ ဤလောက - အခြားလောက ကွဲပြားဖြစ်တည် မနေပေ။ အားလုံးသည် တစိတ် တပေါင်း တည်း ဘုရား သခင် အဖြစ် ဖြစ်တည်လျက် ရှိသည် ဖြစ်၍ ၎င်းတို့အတွက် "စွန့်ခွာရန်" ဟူသည့် ဝေါဟာရ မှာ စင်စစ် အဓိပ္ပာယ် မရှိတော့ပေ။

ထို့ကြောင့် ဆူဖီ တို့က -

"God is available, it is already available. All that you need is an uncomplicated mind, all that you need is a state of no-motivation. All that you need is to fall into the silence of this moment, no trying to achieve something tomorrow"

"ဘုရား သခင် သည် အလှမ်းကွာဝေး နေသည်မဟုတ်။ ယခု ပင်လျှင် တည်နေပြီး၊ ရှိနေပြီး ဖြစ်သည်။ အဆင်သင့် ရှိပြီး ဖြစ်သည်။ သင် အားထုတ် ရန် လိုသည့်အရာမှာ - ရှုပ်ထွေး နောက်ကျိ မနေသော (ဝါ) ကြည်လင်သော သင်၏ စိတ်သာ ဖြစ်သည်။ သင့် အတွက် ယခု တခဏ ဆိတ်ငြိမ်နေ သည့် အဖြစ်သာ လိုအပ်သည်။ နက်ဖြန်၊ နောက် တစ်ခဏ၊ အနာဂတ် တို့ အတွက် ကြိုးပမ်း ရယူနေစရာ တစုံတရာ ဘာမျှ မရှိ။" ဟူ၏။

ဆူဖီ တို့သည် ဘဝကို ပြည့်ဝ ရိုးရှင်းစွာ နေထိုင် သည်။ အနှောင် အတွယ် မရှိ၊ ကပ်ညိ သက်ရောက်မှု မရှိ။ ယင်း နေထိုင်မှုဖြင့် ၎င်း၏ စွမ်းရည် သည် တစစ ပြောင်းလဲ လာခဲ့၏။ ဤ နေရာ၌ ပြောင်းလဲ လာသည် ဆို သည်မှာ - ၎င်းက ပြုပြင် ဖန်တီး၍ ပြောင်းလဲ လာခြင်း မဟုတ်ကြောင်း နားလည် ထားရန် လိုပါသည်။ ဆူဖီသည် မည်သည့် အရာကိုမျှ ပြောင်းလဲ ရယူရန် ကြိုးပမ်းမနေ။ ၎င်း၏ အားအစွမ်း မှန် သမျှ အားလုံး သည် ဘုရားသခင် ထံသို့သာ တိုက်ရိုက် ဦးတည်သည်။ ဘုရားသခင် ထံသို့သာ ဦးညွှတ် စိမ့်ဝင်ပြီး ဖြစ်သည်။ ထိုမှ တစ်ပါး ၎င်း ကိုယ်တိုင် အတွက် ဘာမျှ ပြင်ဆင်မနေ။


ဤအချက် သည် အရေးကြီး ပါသည်။ အဘယ်ကြောင့် ဆိုသော် ဤသည် ကို နားမလည် လျှင် ဆူဖီ တို့ နှင့် ပတ်သက်သမျှ ဘယ် အရာ ကို မျှ  သင် နားလည်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဆူဖီတို့ စူးစိုက် ဦးညွှတ် ထားသည့် တစ်ခုတည်း သော အမှု မှာ - Zikr (ဇကေရ်) - Remembrance of God - ဘုရားသခင် သို့ အောက်မေ့သတိရခြင်း ဖြစ်သည်။ အောက်မေ့မှု သတိ နက်ရှိုင်းလေ - လောကနှင့် ပတ်သက် သည့် နှောင်တွယ်မှု ပိုမို ပါးလွှာ လာလေ ဖြစ်သည်။ အောက်မေ့မှု သတိ နက်ရှိုင်းသည်ထက် နက်ရှိုင်း လာ သည်နှင့် အမျှ - ဗဟိဒ္ဓ တို့၏ သရုပ်သကန် သည် ၎င်းအတွက် အရေးအရာ ဝင်ပါ မနေ တော့ပေ။ ရွှေငွေ၊ ဥစ္စာ၊ ရတနာသည် လည်းကောင်း၊ တိုက်တာ အိုးအိမ် အခြွေအရံ စည်းစိမ် တို့ သည် လည်းကောင်း သမားရိုးကျ အဖြစ်မှ တစ်ပါး အခြား ထင်ရှား မနေတော့ပေ။

ဤသို့ဖြင့် ဆူဖီ တို့သည် လောက စည်းစိမ်မှ - ဇွတ်အတင်း - ရှောင်ခွာ မနေခြင်း ဖြစ်၏။ ဘာသာ ဂိုဏ်းဂဏ တိုင်း နီးပါးက - စည်းစိမ်ချမ်းသာ ကို စွန့်လွှတ် ခဲ့ရန် ညွှန်းဆို ကြသည်ချည်း ဖြစ်သည်။ သို့သော် ဆူဖီ တို့အတွက်မူ- စည်းစိမ်ချမ်းသာ သည် စွန့်ခွာရန် မဟုတ် - ၎င်းတို့သည် အသုံးပြု ခံ သာ ဖြစ်သည်။ အရာ အားလုံး ထဲက အရာ တစ်ခုသာ ဖြစ်သည်။ မမြင်နိုင်သော ချမ်းသာ ဖြစ်သည့် ဘုရားသခင်နှင့် တစ်ပေါင်း တည်း တည်ရှိနေခြင်း အလို့ငှာ - Zikr - သတိတရ ပြုသည် ၏ အဖြစ်၌  ၎င်း စည်းစိမ်ဥစ္စာ ဟူသည်မှာ အနှောင့်အယှက် မဟုတ်၊ လောက ရှိ အရာရာ တို့ ကဲ့သို့ - အထောက်အပံ့ သက်သက် သာ ဖြစ်သည်။ တွယ်တာ ရန်လည်း မဟုတ်၊ စွန့်လွှတ် ရန်လည်း မဟုတ်။

To know the real is enough. "အစစ်အမှန် ဟူသည် မည်သို့ ဖြစ်ကြောင်း သိလျှင် လုံလောက်သည်"။ ဤထက် မပိုနေပေ။ စင်စစ် ရှောင်ခွာမှု၊ ကြဉ်ရှောင်မှု ဟူသည် (လိုအပ်လျှင်) သူ့အလိုအလျောက် ဖြစ်လာမည့် အရာသာ ဖြစ်၏။ ဤ အကြောင်းကြောင့် ဆူဖီ တို့သည် - အတ္တကိလာမထ ကို လုံးဝ ငြင်းပယ်ခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့် အတ္တကိလမထ ဖြင့် လူ့လောကီ ကို ရှောင်ခွာ ထွက်ပြေး သူ များ မဟုတ်ကြခြင်း ဖြစ်သည်။ မိမိ ကိုယ်ကို ညှင်းပန်းသော အားဖြင့် အားထုတ် ခြင်း သည် မမှန်ကန်သော အကြောင်းခံ သာ ဖြစ်သည်။ မရင့်ကျက်ခြင်း၊ မ ရင့်မှည့်ခြင်း သာ ဖြစ်သည်။ မရင့်မှည့်ခင် အစိမ်း သက်သက် အဖြစ်မှ စိတ်လို လက်ရ ခြွေချ လိုနေခြင်း သာ ဖြစ်၏။

အသီး မှန်လျှင် ရင့်မှည့် လုံလောက် သည့် ခဏ၌ သူ့အလိုလို ကြွေကျ မည်ချည်း။ သဘာဝက အလို အလျောက် ခြွေချ ပေးကြမည် ချည်း ဖြစ် သည်။ သို့အတွက်နှင့် - မရင့်ခင်၊ မမှည့်ခင် - အဘယ်ကြောင့် အတင်းအကျပ် ခြွေယူ ပါသနည်း။ မိမိ အလိုဆန္ဒဖြင့် ခြွေယူ ရမည် ဟု မည်သူ သတ်မှတ် နိုင်ပါသနည်း။ အတင်းအကျပ် ခြွေယူကြသည့် အဖြစ်ကြောင့် အပင်သည်လည်း ထိခိုက်၍ အသီး သည် လည်း ထိခိုက်ရသည် ချည်း ဖြစ်ကြောင်း၊ စင်စစ် မိမိ အလိုဆန္ဒ စိုက်ထုတ်ခြင်း ကိုယ်၌သည် သဘာဝ ကို အနှောင့် အယှက် ပြုခြင်း သာ ဖြစ်ကြောင်း ဆူဖီ ဆရာတို့ ဆိုကြ၏။

ရင့်မှည့်သော အသီးတစ်လုံး သူ့အလိုအလျောက် ကြွေကျသည့် အလှ ကို တခုတ်တရ မြင်တွေ့ဖူး ပါသလား။ အလို အလျောက်၊ အကြောင်း အားလျော်စွာ၊ (ဝါ) တိတ်ဆိတ်ငြိမ်သက်စွာ အလှပဆုံး ကြွေကျသွားကြသည်။ အပင်သည်လည်း နှုတ်ဆက်၍ အသီး သည် လည်း နှုတ်ဆက် ထွက်ခွာ သွားကြသည်။ ယင်းတို့ အကြားတွင် မည်သည့် ပဋိပက္ခမျှ ရှိမနေပေ။ ဤသို့ အကြောင်း ဖြင့်ပင်လျှင် ဆူဖီဆရာ တို့က - လောက တွင်း နေထိုင် ၍ လောကအလွန်သို့ ဆိုက်ရောက်ကြောင်း ညွှန်ပြကြခြင်း ဖြစ်ပါ၏။
....................
~ On sufism
....................
June 29th 2012 at 12:15 PM
...................




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/30/2012 12:17:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:26941] Fwd: [လူဗိုလ်ဟူသည် ...] ကျနော်နှင့် ဆဲဗင်းဂျူလိုင်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: Fri, Jun 29, 2012 at 10:08 AM
Subject: [လူဗိုလ်ဟူသည် ...] ကျနော်နှင့် ဆဲဗင်းဂျူလိုင်
To: lubo601@gmail.com


I and 7th Jyly

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 6/30/2012 12:08:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Burma News International 29 June 2012

Burma News International

Burma News International
June 29, 2012

Minister calls for ‘Panglong’ type conference

Aung Min, the vicechairman of the Union Peacemaking Working Committee, said the Burmese government would convene a conference similar to the “Panglong Conference” sometime before 2014. The minister mentioned the plan in a meeting with Burmese exiled groups in Mae Sot earlier this week.

Suu Kyi not thinking about leading Burma – but she’s prepared

Aung San Suu Kyi said she is prepared to lead Burma’s government in 2015 if her party wins the nationwide election, but working for the present is most important now, as she wrapped up events in Paris prior to returning home on Friday from a triumphant European tour which has firmly placed Burma’s needs on the international agenda.

Mudon Township achieves highest exam passing percentage five years in a row

Recent 2011-2012 exam results confirm that Mon State achieved the highest exam passing percentage in all of Burma. Among Mon State’s townships, Mudon produced the topmost scores for the fifth consecutive year, according to its Education Administration Office.

Heavy rain causes flooding near Myitkyina

Flooding is causing difficulties for residents of Myitkyina, after heavy rain has caused the Irrawaddy (Mali Hka) river water levels to rise since June 23.

SSA: Seized weapons in Thailand not bound for Shan army

Officers from the Shan State Army (SSA) ‘South’ has denied it had anything to do with the 47 assorted weapons seized in Maesai opposite Tachilek, on Tuesday, 26 June.

SSA sends protest letter after 24th clash

The Shan State Army (SSA) ‘South’ sent a letter of protest to Gen Soe Win, Deputy Supreme Commander and Commander of the Burma Army, yesterday following a clash which took place in Laikha, Shan State South, on Wednesday, 27 June.

Arakanese peace groups demand reorganization as border-guards

Arakanese peace groups that are accommodated in border township of Maungdaw in Arakan State have put up a proposal to the regional government for reorganizing them as border-guard force like other ethnic peace groups.

မြေပုံ တစ်ရာတန်ကန် အဆိပ်ခတ်ခံရ၍ ငါးများ သေဆုံး

ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်ရှိ မြို့သူ မြို့သားများ အသုံးပြုနေသော တစ်ရာတန်ကန် အဆိပ်ခတ်ခံရပြီး ငါးများ သေဆုံးနေကြောင်း သတင်း ရရှိသည်။

တရုတ်ထောင်၌ မြန်မာတသောင်းခန့် ထောင်ကျနေ

တရုတ် - မြန်မာ နယ်စပ် ရွှေလီမြို့ အလွန် တရုတ်အကျဉ်းထောင်တခု၌ မြန်မာနိုင်ငံသား တစ်သောင်း ထက်မနည်းအကျဉ်းကျနေကြောင်း - အဆိုပါထောင်မှ လွတ်မြောက်လာသူတဦးက ပြောပါသည်။

အပစ်ရပ်အပေါ်ပြန်သုံးသပ်ပေးရန် ငြိမ်းချမ်းရေးကော်မတီထံ RCSS စာရေး

ငြိမ်းချမ်းရေးယူထားသော်လည်း အစိုးရတပ်မှ ပစ်ခတ်တိုက်ခိုက်မှု လက်တွေ့မလုပ်သေးသောကြောင့် ပြန်လည် သုံးသပ် စိစစ်ပေးရန် သျှမ်းပြည်တပ်မတော်မှ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီ ဒုဉက္ကဌ ဗိုလ်ချုပ်ကြီးစိုးဝင်းထံ စာရေးကြောင်း ကြားသိရပါသည်။

မြစ်ကြီးနား ဘောလုံးကွင်းအနီး ဗုံးကွဲ လူတဦးသေဆုံး

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မိုးလုံလေလုံ ဘောလုံးကွင်းအနီးတွင် သောကြာနေ့ ညနေ ၆ နာရီကျော်ခန့်က ဗုံးတလုံး ပေါက်ကွဲခဲ့၍ လူတဦး သေဆုံးခဲ့သည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။

အစိုးရနှင့် KIO တိုက်ပွဲ ပြင်းထန်နေစဉ် KIO နှင့် UKA ပူးပေါင်း

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ခြောက်မိုင်အကွာရှိ ဒေါ့ဖုန်းယန် မြို့နယ် ခွဲတွင် အစိုးရတပ်နှင့် KIO တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp