[New post] Gyaw Dee – ဂျီးဒေါ် အင် ကုမ္မဏီ


Re: [aurorageneration] [Richard Aung] လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဆီ ဦးတည်နေပြီလား ...

ဒီကောင်စာက ကိုးကားတာ refer လုပ်တယ်ဆိုတာထက်၊ တပါးလူရဲ့ အတွေးအမြင်တွေကို plagiarise လုပ်ထားတာပါကွာ။ ကူးယူပြီး တတ်ယောင်ကား လုပ်ထားတာပါကွာ၊ အလကားပါဘဲ။

2012/6/14 အရက် သမား <gwatherkokko@gmail.com>
မင်းအိမ်မှာလာနေပြီး မင်းအမေတွေ နှမတွေတွေကိုစော်ကား၊ မင်းအိမ်ကိုမီးနဲ့ရှို့နေတဲ့ကောင်တွေကို မင်းဘာလုပ်မှာလဲ။ မေတ္တာသုတ်ရွတ်ပြီး သာဓုခေါ်နေမှာလား??????


2012/6/14 Richard Aung <richardaung68@gmail.com>
 နေဘုန်းလတ် ယဉ်ကျေးမှုတိုင်းလိုလိုမှာ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ အသားအရောင်၊ လိင် စတဲ့ ကွဲပြားခြားနားမှုတွေကို အခြေပြုပြီး ငါတို့နဲ့သူတို့ဆိုတဲ့ '' Us and Them'' ခွဲခြားမှုတွေရှိတတ်ပါတယ်။ ရန်၊ ငါ စည်းခြားတယ်လို့လဲ ဆိုနိုင်တာပေါ့။ ငါတို့ ဂျာမာန်တွေ၊ သူတို့က ဂျူးတွေ၊ ငါတို့က ဟူတူတွေ၊ သူတို့က တွတ်စီတွေ စသည်ဖြင့် လူလူချင်းအမျိုးအစားခွဲခြားလိုက်ခြင်း (Classification) ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ရခြင်းရဲ့ အစမှတ်လို့ ဆိုနိုင်ပါတယ်။ ရောယှက်နေသော ဆက်နွယ်မှုတွေရှိမနေတဲ့ လူမျိုးစုနှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုပြီးရှိကြတဲ့ နိုင်ငံတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေဖြစ်နိုင်ချေများပါတယ်။ ဒီလိုမဖြစ်ဖို့ ကာကွယ်နိုင်ချေရှိတဲ့ အဓိကစွမ်းအားကတော့ လူမျိုးရေးခွဲခြားမှုတွေ၊ အသားရောင်ခွဲခြားမှုတွေကို ကျော်လွန်သွားတဲ့၊ အချင်းချင်း အပြန်အလှန် စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှုတွေကို တိုးပွားစေတဲ့၊ ပိုင်းခြားမှုတွေကို ကျော်သွားတဲ့ အမျိုးအစားခွဲခြားခြင်းကိုသာ အားပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ အစုအဖွဲ့၊ အဆောက်အအုံတွေ ဖွံ့ဖြိုးလာဖို့ပဲဖြစ်ပါတယ်။ အဲဒီ့လို့ဖွံ့ဖြိုးလာခြင်းက ဘုံရပ်တည်ချက်တွေကို မဖြစ်မနေရှာဖွေလာရပြီး ... အဲဒီ့အချက်ကိုက လူမျိုးတုန်း သတ်ဖြတ်မှုတွေကို တားဆီးနိုင်တဲ့ အဓိကစွမ်းအားဖြစ်လာပါတယ်။ အရိုးဆုံး နဲ့ အရှင်းဆုံးပြောရရင်တော့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေ များများလုပ်ပြီး အချင်းချင်းနွယ်ယှက်နေသော အကျိုးစီးပွားတွေ များများရှိနေတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ပါ။ အမျိုးအစားခွဲခြားခြင်း (Classification) ဟာ အမျိုးအစားခွဲခြားထားရုံနဲ့တော့ သိပ်ပြဿနာမရှိသေး ပါဘူး။ သူ့နောက်ကနေ ထပ်ချပ်မကွာ လိုက်လာတဲ့ ... အမည်တပ်တံဆိပ်ကပ်ခြင်း (Symbolization) ကြောင့် အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာပါတယ်။ အုပ်စုတစ်ခုခုက အခြားအုပ်စုတစ်ခုခုကို အမည်နာမတစ်ခု ဒါမှမဟုတ် တံဆိပ်တစ်ခုကပ်လိုက်ပါတယ်။ အသားအရောင်ကို လိုက်ပြီးဖြစ်စေ၊ အဝတ်အစားကိုလိုက်ပြီး ဖြစ်စေ၊ မတူညီသော ဘာသာရေး၊ ယဉ်ကျေးမှုတွေကို လိုက်ပြီးဖြစ်စေ အခြားသူများကို အုပ်စုတစ်စုထဲ သွတ်သွင်းလိုက်ပြီး ... သူတို့ဟာ ဂျူးတွေပဲ၊ သူတို့ဟာ ဂျစ်ပစီတွေပဲ၊ သူတို့ဟာ နီဂရိုးတွေပဲ စသည်ဖြင့် တံဆိပ်တစ်ခု ကပ်လိုက်ခြင်းအားဖြင့် ... ခွဲခြားမှုဟာ ပိုပြီး ပီပြင်ထင်ရှားလာပါတယ်။ နာဇီတွေအုပ်စိုးစဉ်ကာလက ဂျူးတိုင်းကို အ၀ါရောင်ကြယ်ပုံတံဆိပ်တပ်ခိုင်းထားတာမျိုး၊ ကမ္ဘောဒီယားမှာ ခမာနီတွေအုပ်စိုးစဉ်ကာလက အရှေ့ပိုင်းဇုံမှာရှိတဲ့ လူတွေကိုအပြာရောင်လည်စည်းစီး ပေးထားတာမျိုးတွေဟာ ထင်ရှားတဲ့ ဥပမာတွေ ဖြစ်ပါတယ်။ အခုပြောသွားပြီးဖြစ်တဲ့ အမျိုးအစားခွဲခြားခြင်းနဲ့ အမည်တပ်တံဆိပ်ကပ်ခြင်း နှစ်ခုဟာ လူသားတွေ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့လုပ်ရပ်မျိုးတွေ လုပ်ဆောင်ခြင်း (Dehumanization) ဆိုတဲ့ နောက်တစ်ဆင့်ကို ဦးမတည်သေးသရွေ့တော့ မျိုးတုန်း သတ်ဖြတ်ခြင်းတစ်ခု ဖြစ်မလာနိုင်ပါဘူး။ အမည်အမှတ်တံဆိပ်တပ်ခြင်းတွေ ပပျောက်ဖို့ကတော့ မုန်းတီးမှုကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတတွေကို တရားဥပဒေအရကို တားမြစ်ဖို့လိုပါတယ်။ ဂိုဏ်းကဏ္ဍတစ်ခုခုကိုကိုယ်စားပြုတဲ့ အ၀တ်အစားတွေ ဝတ်ဆင်ခြင်းကိုလဲ ကန့်သတ်သင့်ပါတယ်။ ပြဿနာတစ်ခုရှိတာက ဥပဒေအရ ကန့်သတ် တားမြစ်ခြင်းတွေဟာ လူကြိုက်များနေတဲ့ ယဉ်ကျေးမှုဆိုင်ရာအင်အားတွေရဲ့ ထောက်ပံ့မှုမျိုးကိုမရတဲ့ အခါ အရာ မထင်တတ်ပါဘူး။ ဥပမာအားဖြင့် ... ဟူတူ၊ တွတ်စီ စတဲ့စကားလုံးတွေဟာ ... ၁၉၈၀ ခုနှစ် အထိ ရဝမ်ဒါဘာသာစကားအရ တားမြစ်ကန့်သတ်ထားပေမယ့် ... အများက လက်ခံသုံးစွဲ ခဲ့တာကြောင့် အတည်ဖြစ်ခဲ့ပါတယ်။ တတိယအဆင့်ဖြစ်တဲ့ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်း (Dehumanization) ဖြစ်စဉ်ကတော့ အားကြီးတဲ့ အုပ်စုက အားနည်းတဲ့ အုပ်စုရဲ့ လူသားဖြစ်တည်မှုကို ငြင်းဆန်ချင်လာရာကနေ စပါတယ်။ အမျိုးအစား ခွဲခြားပြီး အမည်တံဆိပ်တစ်ခုခု တပ်လိုက်တဲ့ အစုအဖွဲ့လေးတွေကို တိရစ္ဆာန်တွေ၊ ရောဂါသည်တွေ၊ အဆင့်နိမ့်သူတွေ နဲ့ တတန်းတစားတည်းထားလိုက်ပြီး ... လူသားအဖြစ်ကနေ ယုတ်လျော့သူတွေအဖြစ် သတ်မှတ်လိုက်ကြပါတယ်။ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းဟာ ... သာမန် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေထက် အများကြီး ပိုဆိုးပါတယ်။ အဲဒီ့အဆင့်မှာဆိုရင် ... အမုန်းတရားကိုတိုးပွားစေတဲ့ ၊ ဒေါသကိုလှုံ့ဆော်ပေးတဲ့ ဝါဒဖြန့်စာတွေ၊ ပုံတွေ၊ အသံလွှင့်မှုတွေကို ခပ်များများသုံးလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ... လူထုအနေနဲ့ မြင်ရကြားရသမျှတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု တွေကိုဦးတည်တဲ့ လှုံ့ဆော်မှုတွေလား၊ အမှန်တကယ် လူထုကို ကာကွယ် စောင့်ရှောက်လိုစိတ်နဲ့ ပြောတာတွေလားဆိုတာကို ခွဲခြားတတ်ဖို့ လိုပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ကြတဲ့ လူ့အဖွဲ့အစည်းတွေမှာ ... လှုံ့ဆော်မှုတွေကို တန်ပြန် ချေဖျက်ပစ်နိုင်တဲ့ စည်းစနစ်ကျသော၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်သော ကာကွယ်မှု၊ သတင်းထုတ်ပြန်မှုတွေ အားနည်းတာကို တွေ့ရပါတယ်။ လှုံ့ဆော်မှုတွေ တောက်လျှောက် လုပ်နေတဲ့ အမုန်းတရား တိုးပွားစေသော ဝါဒဖြန့်မှုတွေကို အမြန်ဆုံး တားမြစ်ကန့်သတ်နိုင်ဖို့ အရေးကြီးပါတယ်။ အမုန်းတရားနဲ့ ကျူးလွန်သော ရာဇ၀တ်မှုတွေ၊ ကြီးနိုင်ငယ်ညှင်းသတ်ဖြတ်မှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့လဲ လိုအပ်ပါတယ်။ အမျိုးအစားခွဲခြားခြင်း၊ တံဆိပ်ကပ်ခြင်း၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းစတဲ့ အဆင့်တွေနောက်မှာတော့ မိမိတို့ မဟုတ်သော အခြား အုပ်စုကို နှိပ်ကွပ်ဖျက်သိမ်းပစ်လိုတဲ့ အစုအဖွဲ့တစ်ခုခုက ... နောက်လာမယ့်အဆင့်တွေကို လုပ်နိုင်ဖို့အတွက် ... အခိုင်အမာ ဖွဲ့စည်းခြင်း (Organization) ဆိုတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။ များသောအားဖြင့် ... လူမျိုးတုန်း သတ်ဖြတ်မှုတွေကို အစိုးရတစ်ရပ်ရပ်(သို့မဟုတ်) အကြမ်းဖက်အုပ်စုတစ်ခုခုက စုစည်း ဆောင်ရွက်တာဖြစ်ပါတယ်။ ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန် ဖို့အတွက် တိုက်ခိုက်ရေး အစုအဖွဲ့လေးတွေ ဖွဲ့ပြီး လေ့ကျင့် ပေးတာမျိုး၊ လက်နက် တပ်ဆင်ပေးတာမျိုးတွေကို စတင်ဆောင်ရွက်ပါတယ်။ နောက်ပြီး ... လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် အစီအစဉ်ကို စနစ်တကျရေးဆွဲပါတယ်။ ဒီလိုအဆင့်မျိုးကို ကာကွယ်ဖို့ကတော့ ... အဲဒီ့လိုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး တရားဥပဒေအရ အပြစ်ပေးဖို့ပဲဖြစ်ပါတယ်။ အုပ်စုများခွဲထုတ်ခြင်း (Polarization) လို့ခေါ်တဲ့ဖြစ်စဉ်မှာတော့ ... အစွန်းရောက်တွေက အမုန်းတရားကို တိုးပွားစေတဲ့ ဝါဒဖြန့်မှုတွေကို သုံးပြီး အုပ်စုတွေအများကြီးဖြစ်အောင်ခွဲထုတ်လိုက်ပါတယ်။ အချို့နိုင်ငံတွေမှာဆိုရင် ... လူမျိုးခြားမယူရ၊ လူမျိုးခြားနှင့်မဆက်ဆံရ စတဲ့ ဥပဒေတွေတောင် ထုတ်ပြန်လေ့ ရှိပါတယ်။ အစွန်းရောက်သမားတွေဟာ ... ကြားအမြင်ရှိသူတွေကိုလည်း ပစ်မှတ်အဖြစ်သတ်မှတ်ပါတယ်။ ဒါကြောင့် ... ကြားအမြင်ရှိသူတွေကို ကာကွယ်ခြင်း၊ အစွန်း မရောက်သော သမာသမတ်ကျတဲ့ အမြင်မျိုးတွေကို များများပြန့်နှံ့စေခြင်းနဲ့ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီခြင်းအားဖြင့် ... အစွန်းရောက်အမြင်တွေကနေ ကင်းလွတ်နိုင်ပါတယ်။ အစွန်းရောက်သမားတွေဟာ ... ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုခုကို သူတို့ရဲ့ ကွဲပြားခြားနားမှုတွေကို အကြောင်းပြု ခွဲခြားရွေးထုတ်(Identification)ပြီး သတ်ဖြတ်ရမယ့် စာရင်းကိုပါ ရေးဆွဲလေ့ရှိပါတယ်။ ကျူးလွန်ခံကြရတော့မယ့် လူအုပ်စုဟာ တံဆိပ်တစ်ခုခု ကပ်ခံရတာမျိုး၊ တစ်နေရာရာကို အတင်းပို့ခံရတာမျိုးတွေဖြစ်လာပါတယ်။ နာဇီတွေဂျူးလူမျိုးတွေအားလုံးကို ... ချွေးတပ်စခန်းတွေဆီ ပို့တာမျိုး၊ ဂတ်တို လို့ခေါ်တဲ့ သီးခြားရပ်ကွက်တွေဆီပို့တာမျိုး၊ စားနပ်ရိက္ခာခေါင်းပါးပြီး ငတ်ပြတ်သေသွားနိုင်တဲ့ နေရာတွေဆီ အင်အားသုံးပို့ဆောင်တာမျိုးတွေဟာခွဲခြားရွေးထုတ်ခြင်း (Identification) ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေဟာလျှင်လျှင်မြန်မြန်တရားဝင် စတင်လာပါတော့တယ် ...။ ဒီဖြစ်စဉ်ကို သတ်ဖြတ်သူတွေဘက်ကတော့ သူတို့ရဲ့ ပစ်မှတ်သားကောင်တွေကို လူအဖြစ်မသတ်မှတ်တော့တာကြောင့် အမြစ်ဖြတ်ချေမှုန်းခြင်း (Extermination) လို့အမည်တပ်ကြပါတယ်။ အဲဒီလို အဖြစ်အပျက်မှာ ကျူးလွန်ခံရတဲ့သူတွေဘက်က ရှိတဲ့အားနဲ့ ပြန်ပြီးတုံ့ပြန်တာမျိုးတွေဖြစ်လာတဲ့အခါ အပြန်အလှန်သတ်ဖြတ်မှုတွေဖြစ်လာပြီး နှစ်ဦးနှစ်ဖက် လူမျိုးတုံးသတ်ဖြတ်ခြင်း သံသရာထဲကို ကျရောက်သွားနိုင်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့တော့ ... (Denial) လို့ခေါ်တဲ့ ငြင်းပယ်ဖုံးကွယ်ခြင်းအဆင့်ဖြစ်ပါတယ်။ ဒါဟာ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်စဉ်တွေ အပြီးမှာ ကျူးလွန်သူတွေတိုင်းလိုလိုပြုလုပ်တတ် ကြတဲ့အဆင့်ဖြစ်ပါတယ်။ သတ်ဖြတ်ခံရသူတွေရဲ့ အသက်မဲ့ခန္ဓာတွေကို ကျင်းကြီးတွေတူးပြီး မြှုတ်နှံခြင်း၊ မီးရှို့ဖျက်စီးခြင်း၊ အထောက်အထားတွေကို ဖျောက်ဖျက်ခြင်း၊ မျက်မြင်သက်သေများအား ခြိမ်းခြောက်နှုတ်ပိတ်ခြင်း တွေကိုပြုလုပ်လေ့ရှိပါတယ်။ နောက်ပြီး ... သူတို့ဟာ သူတို့တွေ ပြစ်မှုကျူးလွန်ခဲ့ကြတယ် ဆိုတာကို ငြင်းဆန်တတ်ကြပြီး ... အမြဲလိုလို အကျူးလွန်ခံရသူတွေအပေါ် ပြစ်တင်ပြောဆိုတာမျိုးတွေလုပ်တတ်ပါတယ်။ ကျူးလွန်သူအများစုဟာ ... ပြဿနာကိုအမြဲရှောင်လွှဲပြီး အခြားသူတွေအပေါ်ပုံချဖို့ကြိုးစားတတ်ကြပါတယ်။ ကျနော်တို့တိုင်းပြည်မှာ အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေဟာ ... လူမျိုးတုန်းသတ်ဖြတ်မှုတွေဆီ ဦးတည်သွားနိုင်လား ...။ ဦးတည်နေတယ်ဆိုရင်လည်း အဲဒီ့လိုမဖြစ်ရအောင် ကျနော်တို့တွေ ဘယ်လိုကာကွယ်ကြမလဲ။ ကျနော်တို့နိုင်ငံအနေနဲ့ အထက်မှာရေးထားတဲ့ အဆင့်တွေထဲက ဘယ်အဆင့်ကိုရောက်နေပြီလဲ ဆိုတာလေးကို အားလုံး ဝိုင်းစဉ်းစားကြည့်ကြဖို့ လိုမယ်ထင်ပါတယ်။ ဘယ်သူကမှ ဘယ်သူ့ကို အပြီးသတ်ချေမှုန်းပစ်ဖို့ မလိုအပ်ဘူးလို့ ကျနော် ယူဆပါတယ်။ ကိုယ့်လူမျိုးကို ချစ်ကြောင်း သေချာစေဖို့ ကျနော်တို့တွေ အခြားလူမျိုးတွေကို မုန်းတီးပြနေဖို့လဲ မလိုပါဘူး။ အခုလောလောဆယ် ရခိုင်မှာဖြစ်နေတဲ့ ပြဿနာတွေကို ကိုင်တွယ်ပုံမှားယွင်းရင်ဖြစ်ဖြစ်၊ ပြဿနာရဲ့ အချိန်ကြာမြင့်လာပြီး အခြားသောဒေသတွေကိုပါ ပြန့်ပွားဆိုးဝါးလာရင်ပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု(Genocide) ဖြစ်စဉ်တစ်ခုဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ... မြန်မာနိုင်ငံသား အမြောက်အများသေကြေပျက်စီးခြင်းနဲ့အတူ ကမ္ဘာမှာ မြန်မာနိုင်ငံ သိက္ခာကျပါလိမ့်မယ်။ ကျနော်တို့တွေအားလုံး ဘာပဲလုပ်လုပ် ... ကိုယ့်လုပ်ရပ်တစ်ခုခုဟာ တိုင်းပြည်ကို အန္တရာယ်တစ်ခုခုဆီတွန်းပို့နေတဲ့လုပ်ရပ်မျိုးဖြစ်နေမလား၊ တိုင်းပြည်ကို အန္တရာယ်မကျရောက် အောင် ကာကွယ်တဲ့လုပ်ရပ်မျိုးလားဆိုတာကို မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်နိုင်ကြပါစေ။ ပြီးတော့ ... ကိုယ်ရေးသမျှ၊ ကိုယ်ပြောသမျှ၊ အွန်းလိုင်းပေါ်မှာ ကိုယ်တင်သမျှတွေကိုလည်း တာဝန်ယူတတ်ကြပါစေ။ ကျေးဇူးတင်ပါတယ်။ Gregory H.Stanton, President, Genocide Watch ရဲ့ 8 Stages Of Genocide ကို ကိုးကားပါသည်။ ညွှန်း - http://www.nayphonelatt.com/2012/06/genocide.html   

--
Posted By Richard Aung to Richard Aung at 6/14/2012 02:53:00 PM

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။



--
*I am just a person.*




--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

[New post] Pyi Thar Aung – မျှော်လင့်လျှက်ပါ ၅၀၀၀ တန်ရယ်


[mrsorcerer:26972] Fwd: [လူဗိုလ်ဟူသည် ...] Myanmar ကို ဘယ်သူ တကယ်ဂုဏ်ဖျက်နေသလဲ......



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/30
Subject: [လူဗိုလ်ဟူသည် ...] Myanmar ကို ဘယ်သူ တကယ်ဂုဏ်ဖျက်နေသလဲ......
To: lubo601@gmail.com



4 hours ago 

ကျွန်တော်တို့အပါအ၀င် လူငယ်အများစုက မြန်မာဟုသော အမည်နာမ Myanmar ဟုသောအသုံးအနှုန်းကို လက်ခံထားကြသည်..။ တချို့က တန်ဘိုးထားကြသည်။

သို့သော် ..စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်၏ ကုမဏီခွဲ Myanmar Brewery Ltd က ကိုယ့်နိုင်ငံ၏ ၂၀၀၈ အခြေခံဥပဒေပါ နိုင်ငံတော်၏ တရားဝင်အမည်ကို အရက်သေစာတစ်ခုအမည်အဖြစ် တိုက်ရိုက်ကူးယူအပြီး မြန်မာတိုင်းရင်းသား အမျိုးသမီးငယ်များဖြင့် ကြော်ငြာအသုံးပြုနေသည်.။

မိမိနိုင်ငံ၏ အမည်ကို တန်ဘိုးမထားပဲ အရက်သေစာတစ်ခု၏ အမည်အဖြစ် အသုံးပြုနေသော တပ်မတော်ပိုင် စီးပွားရေးဦးပိုင်ကုမဏီအား .. အခု Myanmar ဟုသော အသုံးအနှုန်းအား အရမ်းအရမ်းတန်ဘိုးထားပြသူများ၊ Myanmar မှ Myanmar ဟု အွန်လိုင်းတွင် အော်နေသူများက အဘယ့်ကြောင့် မကန့်ကွက်ကြသနည်း..။
အစိုးရအဖွဲ့အစည်း အဆင့်ဆင့်ကလည်း အဘယ့်ကြောင့် မသိချင်ယောင်ဆောင်နေကြသနည်း..။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာခေါင်းဆောင်များကြားတွင် Burma ဟု သုံးလိုက်တော့ အားလုံးက နာတတ်ကြသည်..။ သတင်းစာမှ ကြေညာချက်ပင်ထုတ်သည်။ သို့သော် ..ယခု နှစ်ပေါင်း ကြာရှည်စွာ ဘီယာတစ်ဗူးအပေါ်တွင် နိုင်ငံတော်အမည်အား အလွဲသုံးစားပြုလုပ်နေသော ထိုကိစ္စရပ်ကြီးကိုတော့ မည်သူမျှ တရားဝင် မဆွေးနွေးသလို သတင်းစာမှလည်း မည်သည့်ကြေညာချက်မှ မထုတ်ပါ..။

ကမ္ဘာပေါ်တွင် မိမိနိုင်ငံ၏ တရားဝင်အမည်ကို တိုက်ရိုက်သုံးကာ အရက်သေစာထုတ်လုပ်သော နိုင်ငံ မည်သည့်နိုင်ငံမှ မရှိပါ..။ မြန်မာနိုင်ငံတွင် ထိုသို့ လုပ်လို့ရသည်ဟု အခြေခံဥပဒေက ခွင့်ပြုထားသလော..။ ကမ္ဘာ့အလယ်တွင် မျက်နှာရနေသလော..။ ဂုဏ်တက်နေသလော..။ ဒါမှမဟုတ် ဦးပိုင်သည် အခွင့်ထူးခံလော..။

အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံအချို့၏ အနှိပ်ခန်းများ နိုက်ကလပ်များနှင့် ဘားများတွင် Myanmar ဟုသောအမည်သည် အရသာရှိစွာကျော်စောနေတာတော့သေချာသည်..။ Myanmar Beer သည် Export ပြုလုပ်ပါသည်..။ ဆုတံဆိပ်များစွာ ရရှိနေပါသည်။

ထိုကဲ့သို့ ဦးပိုင်လီမိတက်မှ Myanmar ဟုသောဝေါဟာရအား
အညှီနံ့သင်းကာ ကျော်စောစေခြင်းကို အစိုးရနဲ့ အခြေခံဥပဒေက လက်ခံသလားဆိုတာကိုတော့ ကျွန်တော် နားမလည်တော့ပါ..။

ဒီတော့ Myanmar ကို ဘယ်သူ တကယ်ဂုဏ်ဖျက်နေသလဲ......


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 7/01/2012 02:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:26971] Fwd: [လူဗိုလ်ဟူသည် ...] ကြည့်ခဲ့ဖူးသော အိန္ဒိယဇာတ်ကားလေး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/30
Subject: [လူဗိုလ်ဟူသည် ...] ကြည့်ခဲ့ဖူးသော အိန္ဒိယဇာတ်ကားလေး
To: lubo601@gmail.com



by Phio Thiha on Saturday, June 16, 2012 at 9:40am 

အခုတလော အင်တာနက်မှာပဲ ကြည့်ကြည့်၊ ဂျာနယ်စာမျက်နှာတွေကိုပဲ ဖတ်ဖတ်၊ တော်တော်များများ နေရာယူထားတာက ရခိုင်ပြည်နယ်အရေး။ ပြောရရင် ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘ၀ဟောင်းက ကံတွေပဲဆိုးလွန်းလို့လား၊ ဒါမှမဟုတ် အတိတ်ရဲ့အရိပ်ဆိုးတွေကြောင့်ပဲလားတော့ မသိ၊ နှစ်ပေါင်းများစွာ ဒုက္ခအမှောင်ကျခဲ့သမျှ အခုမှ အလင်းရောင်တစ်စွန်းတစ်စ ရမယ်ကြံကာရှိသေး၊ အဖျက်က ၀င်လာပြန်လေပြီ။ ကချင်စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ ပြင်ဆင်နေတုန်းရှိသေး၊ ရခိုင်မှာက အခြေအနေပိုဆိုးနေပြီ။
ကချင်အရေးက နှစ်ဦးနှစ်ဖက် သဘောထားမတူညီမှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်ဆိုပေမဲ့လည်း ရခိုင်အရေးကတော့ ရှုပ်ထွေးမှုပေါင်းများစွာ ရှိနေပါတယ်။ တစ်ယောက်က အယ်ကိုင်ဒါကြောင့်လို့ ဆိုတယ်၊ နောက်တစ်ယောက်က မွတ်ဆလင်အစွန်းရောက်တွေက လုပ်တာဆိုပြီး ပြောနေပြန်ပါတယ်၊ တခြားတစ်ယောက်ကတော့   နောက်ကြောင်းပြန်လှည့်ချင်လို့   ထောင်ချောက်ဆင်ထားတာ တဲ့။ လက်ရှိအနေအထား၊ လက်ရှိလုပ်ဆောင်ချက်တွေအပေါ်မှာလည်း သဘောကျသူလည်း ရှိသလို၊ အားမလို အားမရဖြစ်ကာ မိုးပေါ်ထောင်ပစ်မနေဘဲ တည့်တည့်ပဲ ပစ်လိုက်ပါလားဆိုပြီး ပြောနေကြသူတွေလည်း ရှိပါတယ်။

ဒီကြားထဲ ပြည်ပမီဒီယာတွေရဲ့ ဖော်ပြမှုတွေကလည်း အံ့သြလောက်စရာ လွဲမှားနေပြန်တယ်၊ တရားဥပဒေ စိုးမိုးမှုရှိတဲ့ သူတို့တိုင်းပြည်တွေမှာ ဘာလုပ်လုပ်၊ ကျင့်ဝတ်ကို စောင့်ထိန်းကြရတယ်၊ မီဒီယာလွတ်လပ်ခွင့်ပေးထားတာနဲ့ တစ်ပြိုင်နက်တည်းမှာ တစ်စုံတစ်ရာ အငြင်းပွါးမှုဖြစ်လို့ မီဒီယာကျင့်ဝတ်နှင့်မညီကြောင်း တွေ့ရှိရရင်လည်း ထိထိရောက်ရောက် အရေးယူခံကြရတယ်။ ယခုလို နိုင်ငံရေး၊ လူမျိုးရေး မဆိုထားနဲ့၊ သာမန်ပုဂ္ဂိုလ်ရေး အသရေဖျက်မှုမျိုးကိုတောင် လျော်ကြေးဒေါ်လာ သန်းနှင့်ချီ ပေးကြရတယ်။ အဲလို သတိထားလုပ်ကိုင်ရတဲ့ မီဒီယာတွေဆီက အခုကိစ္စမှာကျတော့ တကယ့်အဖြစ်မှန်နဲ့ ဆန့်ကျင်နေတဲ့ သတင်းတွေကို ဖော်ပြနေတာ တွေ့ရတဲ့အခါ အံ့သြလို့မဆုံးတော့၊ နောက်ကွယ်မှာ ဘာတွေများရှိနေမလဲ သံသယဖြစ်လာမိတယ်။

ကျွန်တော်တစ်ဦးတည်းအနေနဲ့ဆိုရင်တော့ ကိုယ်တိုင်သေချာမသိတဲ့ ကိစ္စတစ်ခုဖြစ်နေတဲ့အတွက် ဘာစာမှလည်း မရေးခဲ့သလို၊ ဘာဓါတ်ပုံမှလည်း မရှယ်ခဲ့ပါဘူး။ သဘောထားချင်းဆင်တဲ့ စာနှစ်ပုဒ်မှာသာ ထင်မြင်ချက်ဝင်ပေးခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်သူ့ကိုမှ မယုံရဲတော့လို့ပါပဲ၊ တင်ထားတဲ့ ဓါတ်ပုံတွေ၊ ပို့စ်တွေက တကယ်သိလို့ ရေးထားကြတာလား၊ ဖွချင်ရုံသက်သက်လား၊ ဒါမှမဟုတ် စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ရေးထားကြတာလား၊ ကျွန်တော် သေချာမသိ၊ နောက်တစ်ခုက ကိုယ်သေချာမသိဘဲ ၀င်ပြော ၀င်ရေး ၀င်လုပ်လိုက်မှ အခြေအနေကို ပိုဆိုးသွားစေမှာ စိုးလို့ဖြစ်ပါတယ်။ (အခုစာမှာလည်း မသုံးသင့်တဲ့ အသုံးအနှုန်းတွေများ ပါသွားခဲ့ရင် တောင်းပန်ပါကြောင်း ကြိုတင်ပြောထားပါရစေ)

သို့သော်လည်း ပြတ်ပြတ်သားသား ခံယူထားတာတော့ ရှိပါတယ်၊ အဲဒါကတော့ ယခုအဖြစ်အပျက်ဟာ ဘာသာရေးပဋိပက္ခမဟုတ်ဘူး၊ တိုင်းရင်းသားမဟုတ်တဲ့ ရိုဟင်ဂျာတွေရဲ့ ကျူးကျော်မှုအရေးဖြစ်တယ်၊ ဒါကြောင့် မြန်မာနှင့် မွတ်စလင်၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ သွေးကွဲရမှာ မဟုတ်ဘူး၊ သွေးစည်းကြရမှာ ဖြစ်တယ်။ ဒီနေရာမှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ ရိုဟင်ဂျာတွေ မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာကိုးကွယ်သူတွေ ဖြစ်နေလျှင်လည်း တူညီတဲ့တုံ့ပြန်မှုမျိုးကိုပဲ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေအားလုံး အဲဒီလိုမျိုး သဘောထားကြနိုင်ကြဖို့ လိုနေပါပြီ။ ဘာလို့ဆိုတော့ မကောင်းမှုမှန်ရင် ဘယ်ဘာသာကမှ ကောင်းချီးပေးမှာ မဟုတ်လို့ပါပဲ။ ပြည်ပမီဒီယာတွေရဲ့ မှားယွင်းဖော်ပြမှုတွေကို ပြည်တွင်းမီဒီယာတွေက ဦးဆောင်ပြီး ကန့်ကွက်နေကြပါပြီ၊ အဲလိုအချိန်မျိုးမှာ ကျွန်တော်တို့ပြည်သူတွေကလည်း လူသားတစ်ဦးရဲ့ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ကို လေးစားတန်ဖိုးထားကြဖို့ လိုပါတယ်၊ ဒါဟာ ဒီကိစ္စကို ဘာသာရေးပဋိပက္ခအသွင် ဆောင်မလာအောင် ကာကွယ်ပေးလိုက်ခြင်းပါပဲ။ ပြောရရင်တော့ ဒီကိစ္စဟာ အကောင်းဆုံးသာ ကိုင်တွယ်ကျော်ဖြတ်နိုင်ခဲ့ရင် အစိုးရ၊ မီဒီယာနဲ့ပြည်သူ၊ မြန်မာနဲ့ မွတ်စလင် စည်းလုံးမှု ရသွားကြမဲ့ အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒီကိစ္စက ကချင်အရေးလို မရိုးရှင်းတော့ ဖြေရှင်းရလည်း ခက်မဲ့သဘောမှာ ရှိနေပါတယ်။ စိတ်ထဲ ရှိတဲ့အတိုင်း လုပ်ပစ်လိုက်လို့လည်း မရပြန်ဘူး၊ ပြဿနာရဲ့ တကယ့်အရင်းအမြစ်ကို သေချာအောင် လုပ်ပြီးမှ အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ပြောရရင်တော့ ဒါတွေက ကျွန်တော့်ဦးနှောက်၊ ကျွန်တော့်အတွေ့အကြုံတွေနဲ့တော့ လက်လှမ်းမီနိုင်တဲ့ အရာတွေမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် ဖြေရှင်းနည်းတွေနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ မိကျောင်းမင်း ရေခင်းပြမနေချင်တော့ပါ။

ဒီနေရာမှာ ပြောပြချင်တာကတော့ ရုပ်သံလိုင်းတစ်ခုကလွှင့်လို့ တစ်ပိုင်းတစ်စ ကြည့်ခဲ့ဖူးတဲ့ အိန္ဒိယဇာတ်ကားလေးတစ်ကားအကြောင်းပါ။ အိန္ဒိယဇာတ်ကားတွေကို ကြိုက်နှစ်သက်တတ်တာကြောင့် ဘာရယ်မဟုတ်၊ ကြည့်မိလိုက်ခြင်းဖြစ်ပါတယ်၊ ဇာတ်ကားနာမည်လည်း မသိလိုက်၊ ဇာတ်ဆောင်တွေထဲကလည်း မင်းသမီးတစ်ယောက်သာ နာမည်ကြီးဖြစ်လို့ သိတာ၊ ကျန်တဲ့သူတွေက မြင်တောင်မမြင်ဖူးဘူး။ ကျွန်တော် စကြည့်မိတော့ ဇာတ်လမ်းက တစ်ဝက်လောက်ပြီးနေပြီ။ စစကြည့်လိုက်တဲ့ အခန်းမှာကတည်းက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်၊ အဲဒီအခန်းကနေပဲ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ၊ ထိမိတဲ့ စကားလုံး အသုံးအနှုန်းတွေ၊ ခိုင်ခံ့တဲ့ ဇာတ်လမ်းရည်ရွယ်ချက်တွေနဲ့ ဇာတ်ကားဆုံးတဲ့အထိ ကျွန်တော့ကို မျောပါသွားစေခဲ့တာပါ..

အဲဒီအခန်းမှာ မင်းသားက အမေရိကန်ကို ကျောင်းတက်ဖို့အတွက် ရောက်လာပါတယ်၊ လေယာဉ်ကွင်းမှာ ခရီးသည်အားလုံးကို အစစ်ဆေးမရှိ သွားခွင့်ပေးလိုက်ပြီးမှ အဲဒီမင်းသားကို ရဲက သီးသန့်စစ်ပါတယ်။ အကြမ်းဖက်သမားများလားဆိုတဲ့ အမြင်နဲ့ပါ။ ရိုးရိုးကျောင်းလာတက်တာပဲ ဖြစ်တဲ့အတွက် ဘာမှတော့ ရှာမတွေ့လိုက်ပါဘူး။ နောက်တော့ အဲဒီမင်းသားက မင်းသမီးတို့လင်မယားနေတဲ့ အိမ်ကို တိတ်တဆိတ်စောင့်ကြည့်နေပါတယ်။ သူတို့ကလည်း အိန္ဒိယလူမျိုး မိသားစုပါပဲ။ သူတို့ဘာတွေလုပ်တယ်၊ ဘယ်သူနဲ့တွေ့တယ် ဆိုတာတွေကို မင်းသားက အနီးကပ်စောင့်ကြည့်နေတာပါ။ အဲဒီမင်းသမီးရဲ့ ယောကျာ်းက မင်းသားတက်မဲ့ တက္ကသိုလ်က ဆရာဖြစ်ပါတယ်၊ တကယ့်လူရိုးလူကောင်းအဖြစ် ဇာတ်ကောင်စရိုက်သွင်းထားပါတယ်။

နောက်တော့ မင်းသားက အဲဒီဆရာရဲ့ နာမည်ကို စုံစမ်းပြီး သူ့ရဲ့ အတန်းကို ရအောင်သွားတက်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းကတော့ ဆရာစာသင်နေတုန်း မင်းသားက အဲဒီစာသင်ခန်းထဲကို ၀င်လာပြီး ဆွေးနွေးတဲ့အခန်းပါ။ ဆွေးနွေးတဲ့အကြောင်းကတော့ မွတ်ဆလင်တွေအကြောင်းပါ။ အတန်းထဲက လူဖြူကျောင်းသားတစ်ယောက်က ထပြောပါတယ်၊ မင်းတို့မွတ်စလင်တွေ လုပ်လို့ ကမ္ဘာအနှံ့မှာ ဒုက္ခရောက်နေကြရတယ်၊ ငါတို့ WTC ပြိုတာလည်း မင်းတို့ကြောင့်ပဲ၊ မင်းတို့ကို ငါ အရမ်းမုန်းတယ် တဲ့။ အဲဒီမှာ မင်းသားက WTC အဖြိုခံရလို့ သေတဲ့လူဦးရေက မင်းတို့ အာဖဂန်နစ္စတန်ကို လာတိုက်လို့ သေရတဲ့ လူဦးရေနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူး တဲ့၊ မင်းတို့ရဲ့ အမုန်းကလည်း ငါတို့ရဲ့ အမုန်းနဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူးတဲ့။ ဆရာဖြစ်သူကတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ပဲ ပြောပြီး အဆုံးသတ်ပေးလိုက်ရပါတယ်။ ဒါပေမဲ့လည်း ဆရာဖြစ်သူဟာ မင်းသားရဲ့ အယူအဆနဲ့ အရည်အသွေးကို သဘောကျသွားတာကြောင့် သူ့အိမ်ကို ခေါ်လာပြီး သူ့မိသားစုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

အဲဒီနောက်တော့ မင်းသားဟာ ဆရာရဲ့အိမ်ကို လူယုံအဖြစ်နေရင်း အနီးကပ်စောင့်ကြည့်ခွင့် ရသွားခဲ့ပါတယ်၊ အဲလိုကြည့်နေရင်းနဲ့မှ တစ်ရက်တော့ အဲဒီဆရာနဲ့ သူ့ယောက္ခမတို့က လူတစ်စုကို အိမ်မှာခေါ်တွေ့ပါတယ်၊ အဲဒီတော့မှပဲ ပရိသတ်က သူတို့တွေဟာ အကြမ်းဖက်သမားတွေ ဖြစ်မှန်း သိလိုက်ရပါတယ်၊ တကယ့်ကို လက်နက်အပြည့်အစုံနဲ့ အစီအစဉ်တွေ အသေးစိတ်ချမှတ်နေကြတာပါ။ သူတို့ရဲ့ အစီအစဉ်က မြို့ထဲက အချက်အချာကျတဲ့ ရထားဘူတာတွေမှာ ဗုံးခွဲဖို့ပါ။ မင်းသားက ဒီသတင်းတွေကို ကြားလို့ ဒါကို အချိန်မီထိန်းသိမ်းဖို့ ရောက်လာတဲ့သူပါ။ သူ့ယောကျာ်းရဲ့ အစီအစဉ်တွေကို မင်းသမီးဖြစ်သူကတော့ လုံးဝမသိရှာပါဘူး၊ သူ့ယောကျာ်းကို တက္ကသိုလ်က ဆရာအဖြစ်ပဲ မှတ်ထင်ထားတာပါ။ ဒါကိုလည်း မင်းသားက ရိပ်မိပါတယ်။ မင်းသားက စောင့်ကြည်နေရင်း အခြေအနေတွေ သတိထားမိလာပေမဲ့ ဘာမှလည်း လုပ်လို့မရတဲ့အဆုံး မင်းသမီးဆီကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး အဲဒီအကြောင်းတွေ ပြောပြလိုက်ပါတယ်၊ ဗုံးဖောက်ခွဲမဲ့နေရာ အသေးစိတ်ကို စုံစမ်းပေးဖို့ပါ တောင်းပန်လိုက်ပါတယ်။ မင်းသမီးလည်း အဖြစ်မှန်ကို သိသွားတော့ အတော်လေး တုန်လှုပ်သွားပါတယ်၊ ယောက္ခမကို အကျိုးအကြောင်း မေးကြည့်တော့ သူ့ယောကျာ်းက သူ့မတိုင်ခင် အိမ်ထောင်ရှိခဲ့ဖူးတယ်၊ အဲဒီမိသားစုဝင်တွေအားလုံးဟာ အမေရိကန်တွေရဲ့ စစ်ပွဲဆင်နွှဲမှုကြောင့် သေဆုံးသွားခဲ့ကြရတယ်၊ အဲဒီတော့လည်း ဒီအမုန်းတရားဟာ လွယ်လွယ်နဲ့တော့ ဘယ်မေ့ပျောက်နိုင်ပါ့မလဲတဲ့။ အကြမ်းဖက်မှုကို အားမပေးတဲ့ မင်းသမီးဟာ သူကိုယ်တိုင် ဒါကို တားမရတဲ့အဆုံး သူ့ထက်ပိုမျှော်လင့်ချက်ရှိတဲ့ မင်းသားဆီကိုပဲ ဗုံးခွဲမဲ့နေရာတွေ စုံစမ်းပေးဖို့ ကြိုးစားပါတော့တယ်။ သူ့ယောကျာ်းသေချာဖွက်ထားတဲ့ကြားကနေ မရရအောင် ကြိုးစားပေးလိုက်ပေမဲ့ အချိန်ကတော့ အနည်းငယ်နောက်ကျသွားခဲ့ရပါတယ်။

တကယ့်နေ့ကိုရောက်လာပါပြီ၊ အသေခံဖောက်ခွဲမဲ့သူတွေကိုလည်း နေရာချပြီးပြီ၊ အစီအစဉ်အားလုံး ကွက်တိ၊ ပေါက်ကွဲမဲ့အချိန်ကိုသာ စောင့်နေတဲ့အချိန်၊ ပေါက်ကွဲတဲ့နေရာတချို့လည်း ပေါက်ကွဲကုန်ပြီ၊ မင်းသားကလည်း ရဲတွေကို အကြောင်းကြားပြီး လိုက်လာနေပြီ၊ လက်ကျန်ဘူတာတစ်ခုမှာတော့ ဗုံးပေါက်ဖို့ နီးကပ်လာတဲ့အချိန်မှာ မင်းသမီးက ရုတ်တရက်ဆိုသလို ရထားထဲ ပြေးဝင်လိုက်ပါတယ်၊ တကယ်တော့ သူကိုယ်တိုင် အသေခံဗုံးခွဲဖို့အတွက် သူ့လွယ်အိတ်နဲ့ လွယ်အိတ်ချင်း လဲထားခဲ့တာပါ။ ဒါကို အချိန်မီသိလိုက်တဲ့ သူ့ယောကျာ်းက ဇနီးကို ချစ်တဲ့စိတ်နဲ့ လူမျိုးရေးအမုန်းတရားတွေကို ဘေးဖယ်ပြီး၊ ချိန်ကိုက်ထားတဲ့ အချိန်မရောက်မီ သူလုပ်ထားတဲ့ဗုံးကို သူကိုယ်တိုင်ပဲ ပြန်ဖျက်ဆီးပစ်လိုက်ရပါတော့တယ်။ နောက်ဆုံးတော့ မင်းသားခေါ်လာတဲ့ ရဲတွေက သူ့ကို ဖမ်းခေါ်သွားတဲ့အခန်းလေးနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားပါတယ်။

ဒီဇာတ်ကားလေးကို ကြည့်ပြီး ရင်ထဲဘယ်လိုဖြစ်သွားလဲတော့ မပြောတတ်ပါဘူး၊ မထင်မှတ်ဘဲ ရင်ကို လာထိတဲ့ ဇာတ်ကားလေးလို့ ဆိုရမှာပါ။ ဒီကားလေးကို ကြည့်ရင်း တစ်ဖက်နဲ့တစ်ဖက် ထားနေကြတဲ့ အမုန်းတရားတွေဟာ ဘယ်လောက်ကြောက်ဖို့ကောင်းတယ်၊ ဘယ်လောက်ထိ ဒုက္ခပေးနိုင်တယ်ဆိုတာ သိခဲ့ရသလို၊ မွတ်စလင်တိုင်း အကြမ်းဖက်နေတာ မဟုတ်ပါဘူး၊ မွတ်စလင်တွေထဲမှာလည်း အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ နေထိုင်ချင်တဲ့သူတွေ ရှိတယ်၊ အဲဒီသူတွေကလည်း "ဒါမျိုးတွေ ကိုယ်မှ မလုပ်တာ၊ ကိုယ်မလုပ်ရင် ပြီးရောပေါ့၊ ကျန်တာကိုယ်နဲ့မဆိုင်ပါဘူး" ဆိုပြီး လက်ပိုက်ကြည့်မနေဘဲ ကိုယ်တိုင်အနစ်နာခံကာ ဒီအကြမ်းဖက်မှုတွေကို ကာကွယ်တားဆီးလိုစိတ် ရှိကြတယ် ဆိုတာတွေကို သဘောပေါက်ခဲ့ရပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ လူဟာ ဘယ်လောက်ပဲ အမုန်းတရားတွေ များနေပါစေ၊ ကိုယ်ချစ်တဲ့ ခင်တဲ့သူကိုတော့ ဒုက္ခမရောက်စေချင်ပါဘူး။ ဆိုလိုချင်တာက အကြမ်းဖက်မှုတစ်ခုကို တားဆီးတဲ့နေရာမှာ အကြမ်းဖက်သူနဲ့ မတူညီတဲ့ တစ်နည်းအားဖြင့် အကြမ်းဖက်သူ မုန်းနေတဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေတင်မကဘဲ၊ အကြမ်းဖက်သူနဲ့ တူညီတဲ့၊ အကြမ်းဖက်သူ ချစ်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကပါ ပါဝင်ကူညီ ဆောင်ရွက်ပေးကြဖို့ လိုပါတယ်၊ ဒါမှလည်း ကမ္ဘာမှာ ဖြစ်ပေါ်နေသမျှသော အကြမ်းဖက်မှုတွေအားလုံး ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။

လက်ရှိမြန်မာ့အရေးမှာလည်း ဒီလိုပါပဲ၊ ကျွန်တော်တို့လည်း ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမရိုက်ဘူး၊ မိတ်ဆွေတို့လည်း ခွဲထွက်ခဲ့ပါ၊ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကြီးကို အစိုးရ၊ မီဒီယာနဲ့ ပြည်သူ အားလုံးပူးပေါင်းကာကွယ်ကြရအောင်ပါ၊ ကျွန်တော်တို့တွေ သင့်မြတ်မှ စည်းလုံးမှ ဖြစ်တော့မှာပါ။  ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 7/01/2012 02:47:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:26970] Fwd: [လူဗိုလ်ဟူသည် ...] .....အမကြီး ပြတ်ပြတ်သားသားလုပ်....



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/6/30
Subject: [လူဗိုလ်ဟူသည် ...] .....အမကြီး ပြတ်ပြတ်သားသားလုပ်....
To: lubo601@gmail.com






တခါတုန်းက.....မီးရထားပေါ်မှာ စီးနင်းလိုက်ပါလာကြတဲ့

ခရီးသည်တွေထဲမှာ နို့စို့အရွယ် ကလေးတစ်ယာက် နဲ့ မိခင်တစ်ဦးပါ ပါလာတယ်၊

ခရီးသည်တွေက များတော့ ကလေးက မနေတတ်ဘူး ငိုတယ်..

ဒါနဲ့ မိခင်က နို့လှန်တိုက်ပြီးချော့တယ်
ဒါပေမယ့် ကလေးက အငိုမတိတ်ဘူး ဆက်ငိုနေတယ်

ဒါနဲ့မိခင်က ချော့တယ် ချော့ပုံကဒီလို....
ို ''သားလေးရယ် စို့ပါကွယ် စို့ပါ သားသား မစို့ရင်

ဟိုရှေ့က ဦးဦးကို မေမေပေးစို့လိုက် မယ်နော်'' တဲ့

ဒီတော့ ကလေးက သူ့အမေစကားကို နားလည်လို့

လားတော့ မပြောတတ်ဘူး အငိုတိတ်သွားတယ်..

ခဏအကြာမှာပဲ ကလေးက ထပ်ငိုတယ်..

မိခင်ကလဲ အရင်ကချော့သလို ထပ်ချော့တယ်

""သားလေးရယ် စို့ပါကွယ် စို့ပါ သားသား မစို့ရင် ဟိုရှေ့က ဦးဦးကို မေမေပေးစို့လိုက် မယ်နော်""

ဒီလိုနဲ့ ချော့လာတာ အကြိမ်ကြိမ်ပေါ့ ရထားကလဲ မောင်းနေတာ ခရီးတော်တော် ရောက်နေပြီ..

ဒါပေမယ့် ကလေးကလဲ ငိုလိုက် မိခင်က ချော့လိုက် လုံးလုံး အငိုတိတ်တယ်ရယ်လို့ ကိုမရှိဘူး..

ကလေးက ငိုနေပြန်တယ် မိခင်က ထပ်ချော့တယ်........

အရင်ကလိုပဲ "သားလေးရယ် စို့ပါကွယ် စို့ပါ သားသား မစို့ရင်

ဟိုရှေ့က ဦးဦးကို မေမေပေးစို့လိုက် မယ်နော်"

ဒီတခါတော့ ရှေ့မှာလိုက်လာတဲ့ လူက ထပြောလိုက်တယ်

ပြောလိုက်ပုံက.......................

'"ဒီမယ် အမကြီး ဒီတစ်ခါတော့ ပြတ်ပြတ်သားသား လုပ်တော့ဗျာ

ဒီကကောင်က ဆင်းရမယ့် ဘူတာနဲ့ နှစ်ဘူတာ လွန်လာပြီ"' တဲ့ကဲ....

ရီမောပျော်ရွှင်ပါစေ...

by Lon Elys; 30-6-12


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 7/01/2012 02:45:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ