သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်

နမ့်ခမ်းမြို့အနီး အေးရှားဝေါလ်ဂိတ်၌ ဗုံးကွဲ ရဲတစ်ဦးဒဏ်ရာရ

Posted: 04 Jul 2012 03:51 AM PDT

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ကောင်းဝိန်းရွာအနီးရှိ အေးရှားဝေါလ်ကုမ္ပဏီ တိုးလ်ဂိတ်တွင် ယမန်နေ့ နံနက် ၉ နာရီကျော်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။

၎င်းနေ့နံနက် ၇ နာရီခွဲခန့်က အဆိုပါဂိတ်အတွင်း မပေါက်ကွဲသေးသည့်ဗုံးနှစ် လုံးတွေ့ရှိခဲ့ပြီး နောက်ထပ် နှစ်နာရီခန့် အကြာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"မနက် ၇ နာရီခွဲလောက်က မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးအရင်တွေ့တာပေါ့၊ ရဲကသွားပြီး ဗုံးတွေကိုသွားရှင်းလင်း လိုက်တယ် ၊ နောက်နှစ်နာရီလောက်မှာ ကျန်တဲ့ဗုံးတစ်လုံး ထပေါက်ကွဲတာ၊ ဒဏ်ရာကသိပ်အပြင်းတော့ မဟုတ်ဘူး၊ ခေါင်းနဲ့ လက်မှာ ရှပ်ပြီးထိသွားတယ် " ဟု သူက ဆိုသည် ။

အဆိုပါ ဗုံးထောင်သည့် လက်သည်မှာ မည်သူ ဖြစ်သည်ကို သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားစုံစမ်း၍ မရရှိပေ ။

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်း၌ KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်ဖြစ်နေချိန်တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယခုလ ၂ ရက်နေ့က ကြူကုတ် - ပန်ဆိုင်းမြို့နယ် ရီခူးရွာအနီး KIA နှင့် အစိုးရတပ် ခလရ ၁၄၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄င်းတိုက်ပွဲ အတွင်း ခလရ ၁၄၁ မှ တပ်ရင်းမှူး ကျဆုံးသွားကြောင်း ကချင်သတင်းမီဒီယာများတွင် ကချင်ဘာသာဖြင့် ရေးသားထားသည်။

ဒေသခံ တက္ကသိုလ်ဝင်တန်းအောင်များ အခွင့်အရေးရှုံး

Posted: 04 Jul 2012 03:51 AM PDT

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ လျှပ်စစ်ဌာနက ဝန်ထမ်းများ ထပ်မံခေါ်ယူသော်လည်း မြန်မာပြည်မှ လူငယ် များကိုသာ ခေါ်ယူအလုပ်သွင်းနေသဖြင့် ဒေသခံလူငယ်တို့ အခွင့်အရေးရှုံးနေကြောင်း ဒေသတွင်းသတင်းရပ်ကွက်က ဆိုပါသည်။

"ဆယ်တန်းအောင် ၂ ယောက်နဲ့ ဆယ်တန်းအဆင့် ၁၀ ယောက် ဝန်ထမ်းလိုချင်တယ်လို့ပြောတယ်။ ကျမတို့ဒေသခံကလေး တချို့ လျှောက်လွှာတင်ဖို့ပြင်နေတုန်းဘဲ။ တချို့လဲဖေါင်တင်ပြီးသွားပြီ။ တယောက်မှမခန့်ဘူး။ ဗမာပြည်က ကလေးတွေဘဲ ခေါ်လာပြီး အလုပ်ခန့်တယ်။ ကျမတို့ကလေးတွေ စိတ်ဓါတ်ကျနေတယ်။ အခွင့်အရေးဆုံးရှုံးနေတယ်လို့ ခံစားရတယ်။ တချို့လဲ ထိုင်းနိုင်ငံဘက်ဘဲ အလုပ်သွားလုပ်တော့မယ်လို့ ပြောနေကြတယ်" ဟု ဒေသခံ နန်းလောဝ်က ပြောသည်။

ပြီးခဲ့သည့်လနှောင်းပိုင်းက ဝန်ထမ်းအသစ်ခေါ်မည်ဟုဆိုသော်လည်း မိုင်းနောင်မြို့နယ်ခွဲမှ ဒေသခံများအား ဦးစားမပေးဘဲ အောက်ပြည်မှ လူငယ်များသာခေါ်လာပြီး အလုပ်ခန့်နေကြောင်း၊ မိမိဒေသအတွင်းသာ ခန့်ထားရန်ဟုဆိုသဖြင့် အဆိုပါ လစ်လပ်နေရာအား ဒေသခံလူငယ်များ စိတ်ပါဝင်စားကြခြင်းဖြစ်ကြောင်း၊ မကျေနပ်သည့်ရပ်မိရပ်ဖများက နိုင်ငံရေးပါတီ ထံ တင်ပြရန်ပြင်ဆင်နေကြောင်း မိုင်းနောင်ဒေသခံဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။

ထို့အပြင် မိုင်းနောင်ဒေသခံများထံမှ လျှပ်စစ်မီတာခကိုလည်း မြို့နယ်လျှပ်စစ်ဌာနက ရမ်းသန်းကောက်ယူနေကြောင်း နန်းလောဝ်က ဆက်လက်ပြောပြသည်။

"မီတာခဆိုရင်လဲ မီတာဘောက်စ် ရှိရင်တော့ တွက်ပြီးယူပါရဲ့ ၁ ယူနစ် ၃၅ ကျပ်ပေါ့။ မီတာဘောက်စ်မရှိရင်တော့ ရမ်းသန်း ကောက်တာဘဲ။ မီတာခ တလ ငါးထောင်ကျပ်။ ထိန်းသိမ်းခ တလ ငါးထောင်ကျပ်။ နောက်ပြီးတခါမှမကြားဖူးတဲ့ မီးအား ပျောက်ခ (လမ်းမီး နဲ့ အခြားသောမီးအား ကုန်ဆုံးခ) ဆိုပြီး နှစ်ထောင်ကျပ် ထပ်ကောက်တယ်ဆိုတော့ မီတာမရှိတဲ့လူတွေ နာတာပေါ့။ တခါတလေ တလမှာ ၂ ခါ လာကောက်တာလဲရှိတယ်။ တော်တော့ကိုဆိုးရွားနေပြီ" ဟု သူမကဆက်ပြော သည်။

သျှမ်းပြည်အတွင်း နမ့်ခမ်းမြို့ ရွှေလီရေအားလျှပ်စစ်၊ လားရှိုးမြို့ မန်စန်းရေကျမှ ရေအားလျှပ်စစ်၊ သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ် ဇုံအန်ရေအားလျှပ်စစ်တို့ လျှပ်စစ်မီးအများအပြား ထုတ်လုပ်နိုင်ခဲ့သော်လည်း သျှမ်းပြည်သားများမှာ လျှပ်စစ်မီးလုံလောက်စွာ သုံးနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် မြို့နယ်တိုင်းနီးပါး၌ လျှပ်စစ်မီတာခကိုမူ ပုံမှန်နှင့် ပုံမှန်ထက်ပို သော အဖိုးအခများ ပေးဆောင်နေရကြောင်းဒေသခံများပြောပြချက်အရ သိရပါသည်။

သျှမ်းတပ်ဖွဲ့ သည်းခံပြီး တပ်ဆုတ်ပေးရန် ဦးသိန်းဇော်မေတ္တာရပ်ခံ

Posted: 04 Jul 2012 03:15 AM PDT

အပစ်ရပ်၍ ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်ထိုး စစ်ဆင်မှုအရှိန်မြင့်လာနေသည့်အပေါ် တိုက်ပွဲများရပ်တန့်နိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မတီများကြိုး ပမ်းနေချိန် သျှမ်းတပ်များအနေဖြင့် သည်းခံပြီးတပ်ဆုတ်ပေးပါရန် ဒုဥက္ကဌ ဦးသိန်းဇော်က မေတ္တာရပ်ခံထား သည် ဟုဆိုသည်။
SSPP_soldier

SSPP/SSA တပ်သားများ

"ကျနော်တို့အနေနဲ့ လူထုအကျိုးစီးပွားငဲ့ညာပြီး အစိုးရတပ်အနေနဲ့ အင်အားဖြည့်ပြီး ကျနော်တို့ကိုတိုက်ခိုက် နေတာတွေရပ်ဖို့ သမ္မတဦးသိန်းစိန်ကို နှစ်ရက်နေ့တုန်းက စာရေးထားတယ်။ အဲဒီအပေါ် သမ္မတက တစုံတရာ ဖြေကြားလာတာမရှိသေးဘူး၊ ကိုယ်စားလှယ်တော်ကြီးဦးသိန်းဇော် ဘဲ ကျနော်တို့ကို တပ်ဆုတ်ပေးဖို့ ပြော လာတာ" - ဟု သျှမ်းပြည် တပ်မတော် ပြောခွင့်ရဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဂျူလိုင် ၃ ရက်နေ့ မွန်းလွဲပိုင်း၌ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော်က အစိုးရနှင့် သျှမ်းပြည်တပ်မတော်တို့အကြားဖြစ်ပွားသောတိုက်ပွဲကြောင့် သျှမ်းပြည်တပ် မတော် SSPP/SSA အနေဖြင့် ဖြန့်ကျက်ထားသောတပ်များရုပ်ပေးရန် မေတ္တာရပ်ခံခြင်းဖြစ်သည်ဟု ဆို၏။

ဦးသိန်းဇော်မေတ္တာရပ်ခံချက်ကြောင့်လည်းကောင်း၊ စိုက်ချိန်ပျိုးချိန်၌ လယ်ယာပစ် ထွက်ပြေးတိမ်း ရှောင် နေရသည့်ကျေးလက်လူထုအပေါ် ငဲ့ညှာခြင်းကြောင့်လည်းကောင်း၊ သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မြောက်ဘက် မိုင်းအောက်ကျေးရွာအုပ်စုရှိကောင်းမိုင့်ဟုန်းစခန်း၊ တန့်ယန်းမြို့နယ်နမ့်လောင်းကျေးရွာအုပ်စု ရှိ ၇ မိုင် တပ်စခန်းများအား တပ်ရုပ်ပေးရန် SSPP/SSA ဗဟိုကော်မတီ ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ကြားသိရပါသည်။

"ပြည်သူ့အကျိုးစီးပွားကိုငဲ့ညှာတာတစ်ကြာင်း၊ ငြိမ်းချမ်းရေးမပျက်ပြားစေချင်တာတစ်ကြောင်းပေါ့၊ အဲဒါ ကြောင့် ကျနော်တို့အနေနဲ့ မိုင်းရှူးမြို့ထဲမှာရှိတဲ့ တပ်စခန်းတချို့၊ တန့်ယန်းမြို့နယ်အတွင်း တပ်စခန်းအချို့ ရုပ်ပေးဖို့ ဆုံးဖြတ်ချက်ချရတာပါ။ ခံတပ်ကြီးတွေတော့မဟုတ်ဘူး၊ တိုက်ပွဲကြောင့်လဲ နှစ်ဘက်အကျ အဆုံးများနေတယ်လေ။ သို့သော်လည်း ဗမာ့တပ်မတော်ဘက်က ဘယ်လိုတုန်ပြန်မလဲ၊ ဆုတ်ခွါမလား တပ်တိုးချမလားစောင့်ကြည့်နေတယ်" - ဟု ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ယမန်နေ့ ဂျူလိုင်လ ၃ ရက်နေ့က တန့်ယန်းမြို့နယ် နမ့်လောင်းအုပ်စု၌ဖြစ်ပွါးသော တိုက်ပွဲ၌လည်း မြန်မာအစိုးရဘက်မှ ၅ ယောက်ကျကြောင်း သျှမ်းပြည်တပ်မတော်နှင့်နီးစပ်သည့် ကုန်သည်တဦးက လည်းပြောသည်။

"မနေ့က တိုက်ပွဲမှာမှ မြန်မာစစ်တပ်ရဲ့ လူသေအလောင်း ၅ လောင်း သျှမ်းတပ်ဖွဲတွေ့ရတယ်။ အဲထဲမှာ ဗိုလ်တယောက် ဗိုလ်ကြီးတယောက်ရဲ့အလောင်းပါတယ်။ ကျောပိုးအိတ်အလုံး ၂၀ ၊ လက်နက်တချို့နဲ့ စကားပြောစက်တွေ သျှမ်းတပ်ဖက်က သိမ်းဆည်းရမိတယ် လို့သိရတယ်" ဟု ၎င်းက ဆက်လက်ပြောပြ သည်။

သျှမ်းပြည်တပ်မတော်သည် မြန်မာအစိုးရ နှင့် ယခုနှစ်ဆန်းပိုင်းက အပစ်ရပ်ဖို့ရန်သဘောတူ၍ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်အဖွဲ့သည်။

Re: [mrsorcerer:27213] ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် ဒုတိယသမ္မတ ရာထူးမှ နုတ်ထွက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတ

ဒီပုဂ္ဂိုလ်တွေဟာ တပ်မတော်သားတွေ မဟုတ်ကြတော့ပါဘူး( တရားဝင်အရ) ။ အခုဟာက တပ်မတော်သား အမတ်တွေက တင်ပေးရမယ့်ဟာမှာ ဘယ်လို လာမယ်တော့ မသိဘူးဗျာ ။ နားတော့ မလည်ပါဘူး။

၁။ ဦးစိုးသိန်း (လက်ရှိ ပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ)
၂။ ဦးတင်အေး (လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ)
၃။ ဦးဌေးဦး (ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး)

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
`` အိမ်ထောင်ဟူသည် မသာယာလျှင် အကျဉ်းထောင်တစ်မျိုး၊ သာယာပြန်လျှင် သံသရာ အမှောင်တိုး ´´

[New post] Po Htet – မြေကြီးက ရယ်သောသူ

[New post] TU MAUNG NYO – ဒုတိယသမ္မတ ဘယ်သူဖြစ်လာမလဲ

[mrsorcerer:27230] angel romeo ၏ကြေညာချက်

ကြေညာချက်
     မြန်မာပြည်တွင်တွေ့နေရသော အချို့သောကိစ္စရပ်များမှာမြင်မကောင်းအောင်ရုပ်ဆိုးလှသည်။
တိုင်းရင်းသား နှင့်ဒေသခံများ၏လက်ငုတ်နေအိမ် ခြ မြေများသိမ်းယူ၍လူတစ်စုအကျိုးစီးပွားအတွက် ဓားပြဆန်ဆန် အာဏာအလွဲသုံးစားနေကြခြင်းဖြစ်သည်။ ထိုကိစ္စအတွက်လယ်သမားများမှာ ထိုက်တန်သော လျော်ကြေးမရ အချို့ကျေးရွာများမှာ ဘာအကျိုးခံစားခွင့်မှမရဘဲနေရာဖယ်ပေးရသလို  မြို့ရွာများနှင့်ဝေးသော ဘယ်သူမှဦးမထားသောမြေယာများ၌လာရောက်နေထိုင်သောသူများအား လည်းကျူးကျော်ဟုဆိုကာဖယ်ခိုင်းသည်။ထို့နောက်ထိုအသစ်လုပ်သော စီမံကိန်းများအတွက် အကျိုးစီးပွားရသွားသည်မှာ လက်တစ်ဆုပ်စာ လူတန်းစားငပွကြီးများပင် ဖြစ်သည်။ကွက်သစ်ဖော်ရန် လက်ငုတ်ဆင်းရဲသားလူတန်းစား ကို ဖယ်ခိုင်းပြီး ကိုယ်နဲ့လဲဘာမှမဆိုင်မြေနေရာတွေ VIPအကွက်ယူကာ တရုတ်ကုလားများထံ ရောင်းစားသည်မှာလဲထိုငပွကြီးများပင်။ ဤကိစ္စရပ်များမှာ ရင်နာစရာကောင်းလှသည် ။ဥပဒေဘယ်လိုရှိရှိ လူကရေးထားခြင်းဖြစ်သည်။ ထိုလူတန်းစားတစ်ရပ် အကျိုးထိခိုက်မည့် ကိစ္စများကိုတော့လိုအပ်လျှင်ဘောင်ဝင်အောင်ပြန်ရေးကြသည်။ဤကဲ့သို့ ဆင်းရဲသား လူအများဒုက္ခရောက်မည့် ဥပဒေမျိုးကိုပြန်ပြင်ရန်တောင်းဆိုလိုက်သည်။ကျွန်ုပ်တို့မှာ နိုင်ငံတော်သီချင်းထဲမှဒါတို့ပြည် ဒါဒို့မြေဆိုသည့် စာသားကို ကိုယ်နှင့်မဆိုင်သလိုခံစားနေရခြေပြီ။ မြန်မာပြည်တွင် တရုတ်ကုလားနှင့် လက်တစ်ဆုတ်စာ ဝိသမလောဘသား များနှင့် အလိုတူအလိုပါ လူတစ်စု၏ဒါတို့ပြည်ဒါဒို့မြေဖြစ်၍ ဆင်းရဲသားနင်းပြားများမှာ ကိုယ့်နိုင်ငံထဲမှာပင်နေစရာမရှိတော့သည်မှာ ရင်နာစရာကောင်းလှသည်။ ထို့ကြောင့် angel romeo အနေဖြင့် မဟုတ်မခံစိတ် မြန်မာ နိုင်ငံသားတိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဒုက္ခကြုံလျှင်ကိုယ်နှင့်မဆိုင်သလိုသူရဲဘောမကြောင်ု ရပ်ကြည့်မနေနိုင်သောစိတ်ဖြင့် ဤသို့သော အာဏာဖြင့် ဓားပြတိုက်သော မတရားသော ကိစ္စရပ်များ ရပ်တန်းကရပ်ရန်နှင့် မလွှဲမရှောင်သာနိုင်ငံ့အရေးအစစ်အမှန်အတွက် သိမ်းယူသော မြေ များအား တန်ဖိုး ၏သုံးဆ ပေးလျော်ရန်တောင်းဆိုလိုက်သည်။
                                                   ပုံ
                                             angel romeoံ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:27289] Love Blossoms

Love Blossoms

Every day is a day I remember you.....
Every night is a night I dream about you......

Every second I wasted just thinking about you...
Every minute I still give my heart to you....
Every hour I honor myself for loving you.....

My faith in my love is true.....

Just as I wish to be always with you......

Oh under the sunshines, the flowers bloom....
Yet they bow before the bride and groom......

Whether this be a fairy tale, or a nightmare...
I am seeing, and feeling you everywhere......

Your answer of a "Yes" blew me into the air......
On the day of May 12th.......

The happiest day of the happiest days of my life....
Is no doubt the date of May 12th....

For every single tear I dropped during 2012....
....
I received a perfect return that keeps me so well...........

Thanks to everyone whom I could ever tell................
That I have now got out of the hell !

Written By : Haroon1992

Sincerely,

Haroon aka Wai Yan

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[MM Daily Mail:3193] Fwd: Maltesar INGO ၏အကူအညီကို မောင်တောမြို့ရှိတိုင်းရင်းသားဒုက္ဓသည်များလက်မခံ

---------- Forwarded message ----------
From: Win Rooney <winrooney.aung@gmail.com>
Date: Wed, 4 Jul 2012 20:46:05 +0630
Subject: Maltesar INGO ၏အကူအညီကို မောင်တောမြို့ရှိတိုင်းရင်းသားဒုက္ဓသည်များလက်မခံ
To: aurorageneration <aurorageneration@googlegroups.com>,
khineshwehtun <khineshwehtun@gmail.com>, "kaykhine.myat"
<kaykhine.myat@gmail.com>, ohnmar hlaing <hlaingqueen1@gmail.com>,
mayjuly16 <mayjuly16@gmail.com>, moepyae111 <moepyae111@gmail.com>

မောင်တောမြို့ရှိတိုင်းရင်းသားဒုက္ဓသည်စခန်း(၆)ခု၌ရှိသောရခိုင်တိုင်းရင်းသားများသည်ဂျာမန်အခြေစိုက်INGO
တစ်ခုဖြစ်သော Maltesarအဖွဲ့၏ဒီနေ့(၄၊၇၊၂၀၁၂)
တွင်လာရောက်လှူဒါန်းသောအကူညီများကို လက်မခံဘဲတညီ
တညွတ်တည်းငြင်းပယ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။ုလက်မခံရတဲ့အကြောင်းရင်း
ကတော့Maltesarအဖွဲ့ဟာမောင်တောမြို့တွင်လွန်ခဲ့သော(၈)နှစ်ခန့်မှစ၍ဘင်္ဂလီကုလားများကိုအဓိကထား
လာရောက်အကူညီပေးနေတဲ့အဖွဲ့ဖြစ်တာကြောင့်သိရှိရပါတယ်။
ဒေသခံတိုင်းရင်းသားများအား မည်
သည့်အကူညီမျှတခါမှမပေးဘဲဘင်္ဂလီကုလားများအတွက်သာလာရောက်လုပ်ကိုင်ဆောင်ရွက်
နေသောအဖွဲ့အစည်းဖြစ်နေသောကြောင့်ဒေသခံတိုင်းရင်းသားများမှဘင်္ဂလီကုလားအကြမ်းဖက်သမား
များအားအဆိပ်ပင်ရေလောင်းပေးနေသောအဖွဲ့အစည်းအဖြစ်ယူဆကြသောကြောင့်ယခုလိုလက်မခံ
ဘဲငြင်းပယ်ရခြင်းဖြစ်ကြောင်းမောင်တောမြို့ခံတစ်ဦးထံမှသိရှိရပါသည်။
မောင်တောမြို့တွင်လုပ်ကိုင်ဆောင်ရွက်နေသော INGOs များတွင် ACF, AZG,
Maltesar နှင်. UNHCR
အဖွဲ့များသည်ဘင်္ဂလီကုလားများအတွက်ရည်ရွယ်ပြီးလာရောက်လုပ်ကိုင်နေသောအဖွဲ့အစည်းများဖြစ်ပြီး
ဝန်ထမ်းခန့်ထားရာတွင်လည်း၎င်းဘင်္ဂလီကုလားများကိုသာဦးစားပေးခန့်ထာကြသောကြောင့်
ဒေသခံတိုင်းရင်းသားများနှင့်အာဏာပိုင်များမှလည်းမျက်မုန်းကျိုးနေသောအဖွဲ့အစည်းများဖြစ်ကြကြောင်းလည်းသိရှိရပါသည်။

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။

ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။

Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။

[MM Daily Mail:3193] Fwd: ဘင်္ဂလီကုလားများကရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှသေနတ်လုယူမှုဖြစ်ပွား

---------- Forwarded message ----------
From: Win Rooney <winrooney.aung@gmail.com>
Date: Wed, 4 Jul 2012 20:49:30 +0630
Subject: ဘင်္ဂလီကုလားများကရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှသေနတ်လုယူမှုဖြစ်ပွား
To: aurorageneration <aurorageneration@googlegroups.com>,
khineshwehtun <khineshwehtun@gmail.com>, "kaykhine.myat"
<kaykhine.myat@gmail.com>, moepyae111 <moepyae111@gmail.com>,
mayjuly16 <mayjuly16@gmail.com>, ohnmar hlaing
<hlaingqueen1@gmail.com>, "sweetkhay.21" <sweetkhay.21@gmail.com>

ယနေ့ (၄၊၇၊၂၀၁၂) ၊ဗုဒ္ဓဟူးနေ့ နေ့လည်(၁၂း၀၀)နာရီဝန်းကျင်ခန့်တွင်
မောင်တောမြို့၊ (မီးစက်လမ်းဆုံအနီ)
ဘင်္ဂလီကုလားလူမျိုးများနေထိုင်ရာရပ်ကွက်ဖြစ်သောမောင်နီရပ်ကွက်တွင်လုံခြုံရေးတာဝန်ထမ်းဆောင်နေသောလုံထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှဘင်္ဂလီကုလားများကသေနတ်လက်နက်လုယူရန်ကြိုးစားခဲရာအနီးရှိအခြားတပ်ဖွဲ့ဝင်များကမိုးပေါ်သေနတ်ဖေါက်၍အချိန်မှီတားဆီးနိုင်လိုက်သည်ဟုသတင်းရရှိပါသည်။
သေနတ်လုယူခြင်းမခံခဲ့ရသော်လည်း
၎င်းလုံထိန်းရဲတပ်ဖွဲ့ဝင်မှာဒဏ်ရာပြင်းထန်စွာရရှိခဲကြောင်းသိရှိရပါသည်။
လက်နက်လုယူရန်ကြံစည်ခဲကြသော၎င်းရပ်ကွက်အတွင်းမှဘင်္ဂလီကုလား(၃၇)ကောင်အားသက်ဆိုင်ရာမှဖမ်းဆီးခေါ်ဆောင်နိုင်ခဲကြောင်းလည်းသတင်းရရှိသည်။

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။

ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။

Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။

[mrsorcerer:27229] ဦးစိန္တာ၏ ရခိုင်နိုင်ငံတော်- (၁) - (၂)

ဦးစိန္တာ၏ ရခိုင်နိုင်ငံတော်- (၁)

ဤစကားလုံးကို သုံးလိုက်၍ မြန်မာရခိုင် တိုင်းရင်းသား စစ်စစ်များအား စော်ကားခြင်း မဟုတ်ပါ။ ရာဇ၀င်ထဲရှိ ရခိုင်နိုင်ငံတော်အား စော်ကားခြင်းလည်း မဟုတ်ပါ။ ရခိုင်ပြည် တောင်ပိုင်း မြောက်ပိုင်း သွေးခွဲခြင်းလည်း မဟုတ်ပါ။ သို့သော် မြန်မာနိုင်ငံကို ရိုးသားစွာ ချစ်သည့် မြန်မာနိုင်ငံရေးသမားများနှင့် မြန်မာရခိုင်စစ်စစ်တို့ ဆင်ခြင်နိုင်ကောင်းစေဘို့သာ ရည်ရွယ်ပါတယ်။

ရခိုင်နိုင်ငံတော်လို့ ပြောဆိုနေကြတဲ့ စကားလုံးဟာ သမိုင်းမှာ မှားယွင်းနေပါတယ်။ ရခိုင်လူမျိုးစုတစ်စုတည်းက မောင်ပိုင်စီးပြီး အမည်နာမ ကင်းပွန်းတပ် ခေါ်ဆိုထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ပင်လယ်ကမ်းမြောင်ဒေသကြီးဟာ နိုင်ငံတစ်ရပ်အနေနဲ့ ဘီစီ ၃၃၂၅ ခုနှစ်ကတည်းက တည်ရှိခဲ့တယ်လို့ သမိုင်းမှာ ဖေါ်ပြပြီး- ရခိုင်နေပြည်တော် ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ နာမည်နဲ့ နိုင်ငံကို ထူထောင်ခဲ့ခြင်း မဟုတ်ပါ။ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး- ဆိုတဲ့ နေရာဒေသအမည်များနဲ့သာ တိုင်းပြည်အဖြစ် ထူထောင်ခဲ့တာ ကိုတွေ့ရပါတယ်။

ဓည၀တီနေပြည်တော်ခေတ်မှသည် မြောက်ဦးနေပြည်တော်ခေတ်အထိ တိုင်းပြည်အုပ်ချုပ်မှု ဧရိယာဟာ စစ်တ ကောင်းမှသည် မော်ဒင်စွန်းထိ ရှိခဲ့ပါတယ်။ အထူးသဖြင့် မြောက်ဦးခေတ် အေဒီ ၁၄၃၃ ခုနှစ် မင်းစောမွန် (မွတ်စလင်အမည် အလီခန်)က စပြီး အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ သတ်မှတ်ထားတဲ့ နိုင်ငံရဲ့ ထက်ဝက် စစ်တကောင်းနယ် တစ်ခုလုံးနဲ့ ဒါ့က်ကားထိ ဓည၀တီနိုင်ငံတော်ထဲမှာ ပါဝင်ခဲ့ပါတယ်။ မြောက်ဦး နေပြည်တော် နိုင်ငံရဲ့ နောက်ဆုံးမင်း မဟာသမ္မတရာဇာ နန်းတက်လာတော့၊ သူဟာ ရမ်းဗြဲ- ဇိန်ချောင်း ဇာတိဖြစ်လို့ မြောက်ပိုင်းသားများက မကျေမနပ် ဖြစ်လျှက် ကုန်းဘောင်မင်း ဘိုးတော်ဦးဝိုင်းဆီမှာ စစ်ကူတောင်းပြီး တောင်ပိုင်းသား သမ္မတမင်းကို ထီးနန်းဖြုတ်ချစေခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာ မြောက်ဦးနေပြည်တော်ကို ဗမာက သိမ်းလိုက်တယ်။ ဒီလိုသိမ်းလိုက်တော့လည်း- မြောက်ဦးနေပြည်တော် ပိုင်မြေသည် မောင်းတောမြို့မှ ဂွမြို့ထိ ဖြစ်စေရမည်ဟု သတ်မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦးနေပြည်တော်ကို သိမ်းပိုက်သည် ဆိုခြင်းမှာ မြောက်ဦးနေ ပြည်တော် ပိုင်ဆိုင်ရာ နယ်နမိတ်အားလုံးကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗမာများရဲ့ လက်အောက်မှာ မနေလို လို့ အင်္ဂလိပ်ကို စစ်ကူတောင်းပြီး ဗမာကို ပြန်လည်တော်လှန်ခဲ့ပြီး ၁၈၂၆ ခု ရန်တပို စာချုပ်အရ အင်္ဂလိပ် လက်အောက်ကို ရောက်သွားတဲ့ မြောက်ဦးနေပြည်တော်ဟာ- မောင်းတောမှ ဂွမြို့ထိ ဖြစ်စေရမယ်လို့ သတ် မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦးနေပြည်တော်က ပိုင်စိုးအုပ်ချုပ်ခဲ့ရာ ဒေသတစ်ခုလုံးကို အင်္ဂလိပ်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက မင်းတွေ ခေတ်တွေပဲ ပြောင်းသွားတယ်၊ မြောက်ဦးနေပြည်တော်ရဲ့ အကျယ်အ၀န်းနဲ့ အဲ့ဒီမှာ နေခဲ့တဲ့ တိုင်းရင်းမျိုးနွယ်စုတွေက ပျောက်ပျက်သွားခြင်း မရှိခဲ့ပါ။

ဘီစီ ၃၃၂၅ ခုနှစ်- ဓည၀တီခေတ်ကစ စစ်တကောင်းထိ ကျယ်ဝန်းခဲ့တဲ့ နိုင်ငံတစ်ခုကို ၁၉၄၈ (နု- အက်တလီ) စာချုပ်မှာမှ ပိုင်းခြားခံလိုက်ရခြင်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မင်းတွေက မွတ်စလင်ဘွဲ့ မခံယူခဲ့တဲ့ အကြောင်းရင်းက အဲ့ဒီ ခေတ်တွေက အစ္စလာမ်သာသနာလည်း မပေါ်သေးသလို၊ စစ်တကောင်း ဒေသကိုလည်း အစ္စလာမ် သာသနာမရောက်သေးပါ။ အဲ့ဒီ ဒေသကို အစ္စလာမ်သာသနာက အေဒီ ၁၂ ရာစု လောက်မှစတင်ရောက်လာခဲ့တာပါ။ ဒီရာစုတွေ မတိုင်မှီ ရှေးပဝေဏသီကပဲ ဒီလူမျိုးတွေဟာ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့နေပြည်တော်အတွင်းနေ လူမျိုးများ ဖြစ်ပြီး- သူတို့ဟာ သူတို့ လွတ်လပ်စွာ ဘာသာကူး ပြောင်း သွားခဲ့ခြင်းသာ ဖြစ်တယ်။ အဲ့ဒီ ခေတ်က ဘုရင်မင်းများကလည်း တိုင်းသူပြည်သားများ ကြိုက်နှစ်သက် ရာကို ကိုးကွယ်ယုံကြည်စေခဲ့လို့ သူတို့ကိုယ်တိုင် သာသနာပြောင်းခွင့် ရခဲ့ခြင်း ဖြစ်တယ်။ မဂိုမင်းတွေက နယ်လု သာသနာပြုခဲ့ခြင်း မဟုတ်ပါ။ မဂိုမင်းများ စစ်တကောင်းနယ်ကို ရောက်လာတဲ့ သမိုင်းက ၁၆၆၆ ခုနှစ် ဖြစ်တယ်။ ဒီမတိုင်မှီကတည်းက မြောက်ဦးပြည့်ရှင် မင်းစောမွန်က အလီခန် ဆိုတဲ့ မွတ်စလင်ဘွဲ့ကို ကိုယ်တိုင် ခံယူပြီး ဖြစ်နေခဲ့ပါပြီ။ ၁၆၆၆ ခုနှစ်မှာ မဂိုမင်းတွေ စစ်တကောင်းကို သိမ်းပိုက်ခဲ့ပေမယ့်- သူတို့က စစ်တကောင်း နယ်ကို မြောက်ဦးနေပြည်တော်ထံပဲ ပြန်အပ်ခဲ့ပါတယ်။

နေပြည်တော် တစ်ခုတည်း အတွင်း နေထိုင်ခဲ့တဲ့ လူမျိုးစုံဟာ အဲ့ဒီနေပြည်တော်အတွင်းမှာ လွတ်လပ်စွာ သွားလာနေထိုင် အခြေချခဲ့ပါတယ်။ ရခိုင်ဗုဒ္ဓဘာသာများ စစ်တကောင်းနယ်ထဲမှာ အင်နဲ့အားနဲ့ တည်ရှိသလို၊ ရိုဟင်ဂျာများ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲထိ အင်နဲ့အားနဲ့ တည်ရှိနေခဲ့ပါတယ်။ မြန်မာပြည်မထဲက မွန်နဲ့ ဗမာကဲ့သို့ တည်ရှိနေခဲ့ပါတယ်။ (ဒီကိစ္စက သမိုင်းလိမ် မဟုတ်ပါ။ ရခိုင်ရာဇ၀င်ကျွမ်းကျင်သူ ရခိုင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများရဲ့ သမိုင်းအထောက်အထားအားဖြင့် သော်လည်းကောင်း၊ ယုတ္တဗေဒအားဖြင့် သော် လည်း ကောင်း ဖျောက်ဖျက်၍ မပျောက်နိုင်သေးသော လက်တွေ့ သမိုင်းအထောက်အထားများဖြင့် သော်လည်း ကောင်း မည်သူနှင့်မဆို ရှင်းနိုင်ပါတယ်။)

ကိုလိုနီဖြစ်ရတဲ့ ကမ္ဘာ့နိုင်ငံငယ်တွေ လွတ်လပ်ရေး ရတော့မယ် ဆိုတော့-၊ အင်္ဂလိပ်တို့ရဲ့ ဘုရင်ခံခွဲ အုပ်ချုပ်မှု ဒေသတစ်ခုစီကို နိုင်ငံတစ်ခုအဖြစ် လွှဲအပ် လွတ်လပ်ရေးပေးရတော့မှာပါ။ ဒီအချိန်အခါမှာ ဘာသာရေးအရ ဖြစ်စေ၊ သမိုင်းအရဖြစ်စေ သီးခြားဖြစ်တည်ခဲ့တဲ့ ဒေသနဲ့ လူမျိုးများက ခွဲထွက်ရေးကို လုံးပန်းခဲ့ပါတယ်။ အနီး စပ်ဆုံး အိန္ဒိယပြည်ကို ကြည့်ပါ။ အင်္ဂလိပ်မအုပ်ချုပ်မှီက မဂိုလ်မင်းများ လက်ထက် တစ်နိုင်ငံတည်း ဖြစ်ခဲ့တဲ့ ဒေသကြီးကို လွတ်လပ်ရေး ရယူစဉ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်လို့ ခွဲယူခဲ့ကြပါတယ်။ ပြသနာက ခေါင်းဆောင်ချင်း အာဏာလုတဲ့ ကိစ္စပါ။ အလီဂျင်းနားကြီးနဲ့ ဂန္ဒီကြီးတို့ အချင်းချင်း အစာကြေအောင် မဆွေးနွေးနိုင်ခဲ့တာက စတယ်လို့ ဆိုရပါမယ်။ လူများစုကြီး ဖြစ်တဲ့ ဟိန္ဒူများက လူနည်းစု မွတ်စလင်တွေကို ဖိနှိပ်လာရင် ဘယ်လို လုပ်မလဲ ဆိုတာ ဥပဒေ မပြုနိုင်ခဲ့လို့ မွတ်စလင်များက စိုးရိမ်ပြီး မွတ်စလင်များရာ နယ်များကို သီးခြားခွဲယူ ခဲ့ရတဲ့ အဖြစ်ပါ။ ဒီလို နိုင်ငံခွဲယူတာက အရေးမကြီးဘူး ပြသနာက နိုင်ငံခွဲတဲ့အခါမှာ မွတ်စလင်များ မွတ်စလင် များရာဒေသကို ပြောင်း၊ ဟိန္ဒူများက ဟိန္ဒူများရာ ဒေသကိုပြောင်း- (မပြောင်းချင်ရင်လည်း အတင်းအဓမ္မ ပြောင်း)နဲ့ လူသန်းပေါင်းများစွာ သေကျေခဲ့ရပါတယ်။

လွတ်လပ်ရေး သမိုင်းတစ်လျှောက် အိန္ဒိယနဲ့ ဆင်တူခဲ့တဲ့ မြန်မာဟာ အိန္ဒိယ အတုကို အကုန်ခိုးချခဲ့တယ်လို့ ပြောနိုင်တယ်။ အဓိက ပြသနာက ရခိုင်က စခဲ့ပြန်တယ်။ ရခိုင်ဘုန်းကြီး ဦးစိန္တာဟာ ရခိုင်ကို မြန်မာက သီးခြားခွဲ ထွက်ပြီး သီးခြားနိုင်ငံ ထူထောင်လိုခဲ့တယ်။ ဒါပေမယ့် သူ့အိပ်မက် ရခိုင်နိုင်ငံ ဆိုတာ မြောက်ဦးနေပြည်တော် လွတ်လပ်ရေးဆုံးရှုံးခဲ့တဲ့ နိုင်ငံတစ်ခုလုံး မဟုတ်ဘဲ- ရခိုင်ဗုဒ္ဓဘာသာများသာ သီးသန့်နေထိုင်တဲ့ ရခိုင်နိုင်ငံ တော် အဖြစ် စိတ်ကူးယဉ်ခဲ့တယ်။ ဒီအတွက် ပါကစ္စတန်နဲ့ အိန္ဒိယ လူချင်း ကူးပြောင်းနေရာရွှေ့မှုကို အတုယူပြီး ရခိုင်ဒေသက မွတ်စလင်များကို စစ်တကောင်းထဲကို မောင်းထည့်၊ စစ်တကောင်းဒေသက ရခိုင်ဗုဒ္ဓဘာသာများ ကို ရခိုင်ပြည်ထဲကို မောင်းထည့်တဲ့ စီမံချက်ကို စတင်ခဲ့တယ်။ ဒီကိစ္စကို သူနဲ့ အပေါင်းပါ တစ်စုသာ လက်ခံခဲ့ပြီး သာမန်ပြည်သူကြီး ဘယ်မှာနေနေ ကိုယ့်ဒေသကို ကိုယ်ချစ်နေတော့ ရွေ့ပြောင်းရ ခက်ခဲခဲ့တယ်။

ဒီအတွက် လူဆိုးလူမိုက် တစ်ချို့ကို မွေးပြီး မွတ်စလင်လူနည်းစုနေ ကျေးရွာများက မွတ်စလင်တွေရဲ့ အိမ်တွေ ကို မီးရှို့၊ မွတ်စလင်တွေကို သတ်ဖြတ်မောင်းထုတ်ခဲ့တယ်။ ဒီတော့ မွတ်စလင်တွေဘက်ကလည်း မခံမရပ်နိုင် ဖြစ်- မွတ်စလင်များတဲ့ ဒေသက ရခိုင်ဗုဒ္ဓဘာသာ အိမ်တွေကို မီးရှို့၊ ရခိုင်ဗုဒ္ဓဘာသာများကို မောင်းထုတ် အပြန် အလှန်ဖြစ်ကုန်တယ်။ ဒီကစ လူမျိုးရေး အဓိကရုန်းကြီး ဖြစ်သွားတယ်။ ဒီကိစ္စကြီးက မြန်မာပြည် လွတ်လပ်ရေး ရလုရလု အချိန် ၁၉၄၂ ခုနှစ်က ဖြစ်ရပ်ပါ။ လွတ်လပ်ရေး ရပြီ ဆိုတာနဲ့ ပါကစ္စတန်ကို အတုခိုးပြီး- ဦးစိန္တာက ရခိုင် ဗုဒ္ဓဘာသာ နိုင်ငံထူထောင်ဘို့ စိတ်ကူးယဉ်ခဲ့ပါတယ်။

ဦးစိန္တာရဲ့ ရည်ရွယ်ချက်ကို စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ တို့မှာ ရှိတဲ့ ဆရာတော်ကြီးတွေက သဘောမတူ ခဲ့ဘူး။ ဆရာတော်ကြီးများက ဘုန်းကြီးနဲ့ နိုင်ငံရေး မပတ်သက်လို့ ခံစားခဲ့တယ်။ ဒါကြောင့် ဦးစိန္တာကို ကန့်ကွက် ခဲ့တယ်။ အထူးသဖြင့် ရမ်းဗြဲဆရာတော်၊ သံတွဲဆရာတော်ကြီးများက ကန့်ကွက်ခဲ့ခြင်း ဖြစ်တယ်။ ဒါကြောင့် ရမ်းဗြဲနဲ့ သံတွဲနယ်က လူတွေကို ဗမာလူ- (အောက်သား)များလို့ ကင်ပွန်းတပ်ခဲ့တယ်။

ဦးစိန္တာရဲ့ လှုပ်ရှားမှု အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်များကို အတော်အတန် သွင်းနိုင်ခဲ့သလို၊ ရခိုင်ပြည်ထဲ က မွတ်စလင်များကိုလည်း အတော်အတန် မောင်းထုတ်နိုင်ခဲ့တယ်။ အထူးသဖြင့် လူနည်းစုနေ နေရာဒေသ များမှာ ဖြစ်ခဲ့တယ်။

ဆက်လက်တင်ပြပါမည်။

ဦးစိန္တာ၏ ရခိုင်နိုင်ငံတော်- (၂)

၁၉၄၂ ခုနှစ်- ရခိုင်ခွဲထွက်ရေး ခေါင်းဆောင် ဘုန်းကြီးဦးစီန္တာရဲ့ ပရောဂဖြင့် ရခိုင်ပြည်ဘက်မှာ ဖြစ်ခဲ့တဲ့ အထိကရုန်းကြီးကို- အမှန်တကယ်မှာ ဗမာလူမျိုး ဗိုလ်ရန်နိုင်ရဲ့ ပရောဂ ဖြစ်ပြီးတယ်၊ ဂျပန်ခေတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထားတဲ့ ရခိုင်ဘက်သို့ ဗိုလ်ရန်နိုင်ရဲ့ စစ်ကြောင်း ချီတက်လာစဉ် လမ်းခရီးမှာ လုယက်မှုများ၊ မုဒိန်းမှုများ၊ မတရားသတ်ဖြတ်မှုများ များစွာ ကျူးလွန်ခဲ့ပြီး အဲ့ဒီရာဇ၀တ်မှုများအား လမ်းကြောင်းလွှဲရန် မွတ်စလင်၊ ဗုဒ္ဓဘာသာ အဓိကရုန်းကြီးကို ဖန်တီးလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာအေးကျော် အပါအ၀င် ရခိုင်သမိုင်းသုတေသီ တစ်ချို့က ပြောဆိုကြတယ်။

ဒီအဆိုကို ရိုဟင်ဂျာ ပညာရှင်များက လက်မခံပါ။ ဒီစကားက "လူလိမ္မာ ပိန္နဲသီးစား လူမိုက်ပါးသုတ်" ခြင်းသာ ဖြစ်တယ်။ ဗမာနဲ့ ငါတို့ကြားမှ ဘာပြသနာမှာ မရှိခဲ့၊ ၁၉၄၂ ခု အထိကရုန်း မဖြစ်မှီကပဲ--၊ ရခိုင်ဗုဒ္ဓဘာသာ များ ကြားထဲမှာ ဂျပန်အားကိုးနဲ့ မွတ်စလင်မုန်းစိတ်များကို ဦးစိန္တာအုပ်စုက လှုံ့ဆော်ပြီးသား ဓါတ်ခံက ရှိနေပြီလို့ ပြောဆိုကြတယ်။

မြန်မာပြည်တစ်ပြည်လုံး လွတ်လပ်ရေး ရယူခြင်းကို ဦးစိန္တာက လက်မခံပါ။ ရခိုင်ပြည် (ရခိုင်နိုင်ငံတော်)ကို ဗမာ လက်အောက်က သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ်သာ ခွဲထွက်ဘို့ ဦးစိန္တာက ရွယ်ရွယ်ခဲ့တယ်။

ရခိုင်နဲ့ ပတ်သက်ပြီး မြန်မာတို့ရဲ့ ခံစားချက်၊

မြန်မာဘက်ကလည်း ရခိုင်ဆိုတာ မြန်မာနိုင်ငံရယ် စတင်ထူထောင်တဲ့ ပုဂံခေတ်ကတည်းကစ မြန်မာနိုင်ငံရဲ့ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့တယ်။ အင်းဝမင်း မင်းခေါင် လက်ထက်ရောက်မှ မြောက်ဦးမင်း နရမိတ်လှက ဘန်ဂေါစစ်သား ထောင်ပေါင်းများစွာကို ဦးဆောင်တဲ့ မွတ်စလင်ဗိုလ်ချုပ် လ၀ီခန်ရဲ့ အကူအညီနဲ့ ၁၄၂၉ ခုနှစ်မှာ ဗမာကို တော်လှန်ပုန်ကန်ခဲ့တာ ဖြစ်တယ်။ အင်းဝ ခေတ်ကစ ဗမာအင်ပါယာကို အရှေ့ဘက် (ယိုးဒယား)ဘက်သာ ဦးတည် ချဲ့ထွင်နေတာ ဖြစ်လို့ ရခိုင်ဘက်ကို မကြည့်အားပေမယ့်- ရခိုင်၊ မွန်၊ ရှမ်း တို့ဟာ ဗမာရဲ့ လက်အောက်ခံနယ်တွေ ဖြစ်တယ်လို့ စိတ်မှာ စွဲမှတ်နေခဲ့ တယ်။ ဗမာဘက်မှာ အင်းဝ မင်းဆက်၊ တောင်ငူ (ညောင်ရမ်း)မင်းဆက်၊ ကုန်းဘောင်မင်းဆက်များ ပြောင်းသွား ခဲ့ပေမယ့် ရခိုင်ဘက်မှာ မြောက်ဦး မင်းဆက်က အပြောင်းအလဲမရှိ မြောက်ဦးနေပြည်တော်ကို ထိမ်းသိမ်း ထားနိုင်ခဲ့တယ်။

မြောက်ဦး မင်းဆက် ဘယ်လိုပင် အားကောင်းအားကောင်း မြန်မာနိုင်ငံရယ်လို့ စတင်ထူထောင်ပြီးကတည်းက မြန်မာထဲမှာ တည်ရှိလာတဲ့ ဗမာများ သတ်မှတ်တဲ့ ရခိုင်ပြည်ဟာ- မြန်မာနိုင်ငံနဲ့ အဆက်အသွယ် မပြတ်တည် ရှိခဲ့တယ်။ မြောက်ဦးမင်းဆက်ကို တော်လှန်ပုန်ကန်တဲ့ အုပ်စုတွေက မနိုင်ရင် မြန်မာနိုင်ငံထဲကို ထွက်ပြေး တိမ်း ရှောင်တာမျိုးရှိသလို၊ မြန်မာသူလျှိုများကလည်း မြောက်ဦးနေပြည်တော်မှာ အမြဲတမ်းရှိနေခဲ့တယ်။ တစ် နည်းအားဖြင့် မြန်မာက ယိုးဒယားဘက်ကို ဦးလှည့်နေရပေမယ့် မြန်မာလူတွေက မြောက်ဦးနေပြည်တော်ကို အချိန်မလပ် စောင့်ကြည့်နေခဲ့တယ်လို့ ဆိုနိုင်တယ်။

မြောက်ဦးခေတ် အစပိုင်းမှာ မြောက်ဦးဘုရင်များဟာ ဘင်္ဂလားစစ်သည်များရဲ့ အင်အားနဲ့ မြောက်ဦးနိုင်ငံတော် အားကောင်းနေခဲ့ပေမယ့်-၊ မြောက်ဦးခေတ်နှောင်းပိုင်းမှာ အာဏာမက် ရခိုင်ဗုဒ္ဓဘာသာ တစ်စုက မွတ်စလင်နဲ့ ရခိုင်အကြား စတင်သွေးခွဲခဲ့တယ်။ မြောက်ဦးနေပြည်တော်ရဲ့ အဓိက စစ်အင်အား ကမန် (ရခိုင်တိုင်းရင်းသား များက အစ္စလာမ် သာသနာသို့ ကူးပြောင်းလာသူ)များကိုလည်း ဘုရင်နဲ့သွေးခွဲပြီး-၊ တပ်ကို ဖြိုခွဲစေခဲ့တယ်။ တစ်ပြိုင်နက်မှာ မြန်မာဘက်ကို အားသန်တဲ့ ရခိုင်တောင်ပိုင်းနဲ့ ဘင်္ဂလားဘက်ကို အားသန်တဲ့ မြောက်ပိုင်းအုပ် စု စတင်သွေးကွဲလာခဲ့တယ်။ ရခိုင်တောင်ပိုင်းက အချိန်မရွေး ဗမာနဲ့ ပူးပေါင်းဘို့ အနေအထားများ ဖြစ်တည် လာခဲ့တယ်။

ဒီအခြေအနေမှာ ဗမာက မြောက်ဦးအင်ပါယာကို ပြန်လည်သိမ်းပိုက်ဘို့ အခွင့်အခါ သာခဲ့ပြန်တယ်။ ဒါကြောင့် ကုန်းဘောင်မင်း ဘိုးတော်ဘုရားလက်ထက် ၁၇၈၄ မှာ မြောက်ဦးနိုင်ငံတော်ကို ဗမာက သိမ်းပိုက်လိုက်တော့ တယ်။

ရခိုင်တို့ရဲ့ ထုံးစံအတိုင်း ဘန်ဂေါနဲ့ သွေးခွဲလိုပြီး ရခိုင်သီးခြား နိုင်ငံ ဖြစ်ချင်ရင် ဗမာကို ပြေးပေါင်းသလို၊ ဗမာ အောက်ကို ရခိုင်တို့ ကျဆုံးပြန်ရင်လည်း ဘန်ဂေါဘက်ကို ပြေးကပ်ပြန်တယ်။ ဒီနေရာမှာ ကြားညပ်နေတာက ဘန်ဂေါနဲ့ ဘာမှ မဆိုင်တဲ့ စစ်တကောင်း လူမျိုးစု ဖြစ်နေတယ်။ စစ်တကောင်း လူမျိုးစုဟာ ဘိုးစဉ်ဘောင်ဆက် သမိုင်းစဉ်တစ်လျှောက် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးနေပြည်တော်များရဲ့ လက်အောက်မှာ နေခဲ့ ရသူများ အမှုထမ်းခဲ့ရသူများ၊ တိုင်းရေးပြည်ရေး ဆောင်ရွက်ခဲ့ရသူများ၊ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခဲ့ရသူများ ရခိုင်နဲ့အတူ ဒိုးတူဘောင်ဖက် တစ်မြေတည်းနေ တစ်ရေတည်းသောက် နိုင်ငံတော်ကို ထူထောင်ခဲ့သူများ ဖြစ် ကြတယ်။ သူတို့ဟာ ဘန်ဂေါနဲ့ နယ်စပ်ဖြစ်နေလို့ ဘန်ဂေါဘက်က ကျူးကျော်လာသူများကို ဒိုင်ခံတော်လှန်ပေး ခဲ့ရတဲ့ စစ်သားများ၊ ပြည်သူများလည်း ဖြစ်နေတယ်။ စစ်တကောင်းရဲ့ အနောက်ဘက် အခြမ်းဆိုရင် ဘန်ဂေါက အုပ်ချုပ်လိုက်၊ ရခိုင်က အုပ်ချုပ်လိုက် ကြားညပ်နေရတဲ့ အဖြစ်နဲ့ အမြဲရင်ဆိုင်နေရတယ်။

ဆက်လက်တင်ပြပါမည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:27232] ငါသာ သမ္မတကြီးဖြစ်ခဲ့လျှင်----

ငါသာ သမ္မတဖြစ်ရင် ကိုစိုးနိုင်ကို အရင်ဖမ်းချုပ်မယ် ဆိုတဲ့ဘဲတွေလဲ မနဲလောက်ဘူးထင်တယ်ဗျ။။ အဟီး။

On Jul 4, 2012 5:48 PM, "soe naing" <snsoenaing4@gmail.com> wrote:
ကျွန်တော်တို့ငယ်ငယ်  ဟိုး-- မ-ဆ-လ ခောတ်တုန်းကဖြစ်သည်။
ကျွန်တော်တို့ရွာတွင် အဲဒီအချိန်တုန်းက နွားနို့ဈေးများကောင်းလှသည်။
နွားနို့လုပ်ငန်းကလည်း ပုဂ္ဂလိက လုပ်ပိုင်ခွင့်မရ။ အားလုံး သမဝါယမ  က
ချုပ်ကိုင်ထားသည့် ဗဟိုလ်ထိမ်းချုပ်သည့် စီးပွားရေးဖြစ်သည်။
နွားနို့ထဲကိုလည်း ရေရောပြီး သမဝါယမကို သွင်းကြသဖြင့်
ဝင်ငွေဖြောင့်နေကြသူများမှာ  ရွာတွင် နွားအငှားကျောင်းသည့်
နွားကျောင်းသားများပင် ဖြစ်သည်။

လုပ်ငန်းလည်ပတ်ပုံပြောပြပါမည်။  နွားပိုင်ရှင်က နွားကျောင်းသားထံ
နွားကိုအပ်နှံသည်။ နွားကျောင်းသားက ထိုနွားကို ဝဖြိုးအောင်
ထိုခိုက်ပျောက်ဆုံးတာမျိုးမဖြစ်အောင် တော နွားစားကျက်တွင် ဂရုတစိုက်
ကျောင်းပေးရသည်။ ထိုအတွက် နွားကျောင်းသူက နွားနို့ ညှစ်ပြီး
ရောင်းစားခွင့်ပေးရသည်။ နွားပိုင်ရှင်က ပေါက်ပွားလာသော နွားကိုသာ ယူသည်။
နွားကျောင်းသားက အစာရေစာ တာဝန်ယူသည့်သဘောဖြစ်သည်။

တစ်နေ့နွားကျောင်းသားတစ်သိုက်  အရိပ်ကောင်းသော သစ်ပင်ကြီးတစ်ပင်အောက်တွင်
ဆုံမိကြသည်။ နွားနို့ ဘယ်သူက ဘယ်နှစ်ပိဿာရကြောင်း ပြောကြဆိုကြ
ကြွားကြသည်။ ထိုအချိန်တွင် ဖိုးကို အမည်ရှိ နွားကျောင်းသား တစ်ယောက်မှာ
ဘာမှ ဝင်မပြောပဲ ငေးနေရာမှ---

        ``တောက်  ငါသာ  ရှင်ဘုရင်ဖြစ်လို့တော့ကွာ------``

        ဟု အားမလိုအားမရ အသြံကီးဖြင့် စကားစလိုက်သည်။ ကျန်နွားကျောင်းသားများက
ဘာဆက်ပြောမလဲ ဟု နားစွင့်နေရာမှ ဖိုးကိုဆက်ပြောလိုက်သော စကားကြောင်း
``ဝါး ``ကနဲ သဘောကျကာ ယနေ့ထိတိုင် ပြောစမှတ်ပြုနေကြလေသည်။ ဖိုးကို
ဆက်ပြောလိုက်သည်မှာ-

        ``ဒီရွာ ကနွားတွေအားလုံး  ငါတစ်ယောက်တည်းကိုကျောင်းပြစ်မယ်-----``ဟူသတည်း။

        ကျွန်တော်လည်း နွားကျောင်းသားအတွေးဟု ပင်ဆိုချင်ဆိုကြပါတော့--- ``တောက်
ငါသာ အခုနေသမ္မတ ဖြစ်လို့တော့ကွာ----``ဟု  အားမလိုအားမရ  ကြုံးဝါးရင်း---
ဆက်တွေးမိသည်မှာ--

၁။          ။ ယခုထွက်သည့် တစ်သောင်းတန်ငွေစက္ကူကို ဗိုလ်ချုပ်ပုံဖြင့်ထုတ်လိုက်မည်။

၂။          ။လစ်လပ်နေသော ဒုတိယသမ္မတနေရာကို ပြည်သူ့အချစ်တော် ပြည်သူတို့၏
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှဲစွာတာဝန်ပေးလိုက်မည်။

၃။          ။၅၀၀၀ တန်တယ်လီဖုန်းတွေကို ချက်ချင်းအကောင်ထည်ဖော်ခိုင်းမည်။

၎။          ။တိုင်းရင်းသား အချင်းချင်းတိုက်ခိုက်နေသည့်စစ်ပွဲများကို
အရေးကြီးဆုံးကန့်သတ်ချက် အနည်းဆုံးဖြင့်
ငြိမ်းချမ်းရေးရအောင်ကြိုးစားမည်။

၅။           ။ရင်းနှီးမြုတ်နှံမှုများ အများဆုံးဝင်လာအောင်
စွမ်းဆောင်ပေးနိုင်မည့် ဒေါ်အောင်ဆန်းစုကြည် အားဖူးဖူးမှုတ်
အမွှမ်းတင်ထားမည်။ဆင်းရဲသား လူတန်းစားတွေအတွက်။

၆။           ။နိုင်ငံပိုင် လုပ်ငန်းများ အားလုံး ပုဂ္ဂလိကလွှဲပြီး
ထိုက်သင့်တဲ့အခွန်အခများ အပြည့်အဝရအောင် အထူးကြပ်မတ်ကာ
နိုင်ငံတော်ဖွံ့ဖြိုးရေးတွင် သုံးမည်။

၇။           ။ဝန်ကြီးများအတွင်း အရည်အချင်းမပြည့်သော သူများကိုဖော်ထုတ်
ပြီး နေရာလဲပြစ်မည်။

၈။           ။ အစိုးရဝန်ထမ်းများအတွင်း အဂတိလိုက်စားသော
အာဏာအလွဲသုံးစားလုပ်သော ပြည်သူကို အာဏာဖြင့် အနိုင်ကျင့်သောကိစ္စများကို
ဖော်ထုတ်ပေးနိုင်သည့်  မီဒီယာများကို နိုင်ငံ့ဂုဏ်ရည်တာဝန်ကျေဆု
ပေးအပ်မည်။ အစစအရာရာ ဥပဒေဘောင်တွင်းမှ  ကာကွယ်ပေးမည်။

၉။           ။ပညာရေးစနစ်တွင် အလွတ်ကျက်ဖြေသည့် အဆင့်မှ
ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်းသိမြင်တတ်သော သဘာဝသိပ္ပံ ဇီဝသိပ္ပံ ဓါတု ရူပ
သချာင်္ စသော---စသော  အဆုံးမသတ်နိုင်သည့် ပညာရပ်တွေကို
တကယ်တတ်မြောက်သည့်သူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးမည်။

၁၀။         ။လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော တောင်သူလယ်သမား
ပြည်သူလူထု၏ မြေယာများကို အာဏာဖြင့် သိမ်းပိုက်ခြင်း၊
ခရိုနီများအကျိုးအတွက် သိမ်းယူခြင်းမရှိပဲ မည်သည့်သီးနှံမှ မစိုက်ဖူးသော
မြေကိုသာ နိုင်ငံပိုင်အဖြစ် နိုင်ငံအကျိုးရှိမည့် စီမံကိန်းများအတွက်
ဖော်ဆောင်ပေးမည်။ အကယ်၍ မဖြစ်မနေ ကြုံကြိုက်ခဲ့သော် တောင်သူဦးကြီးများ၏
အကျိုးအတွက် ထိုက်တန်သော လျှော်ကြေးပေးပြီးမှ ၊
လိုလိုလားလားသဘောတူအောင်စည်းရုံးပြီးမှ အကောင်ထည်ဖော်ရမည်။

၁၁။          ။နိုင်ငံ  နှင့်အမျိုးကို ချစ်သော
မျိုးချစ်စိတ်ဓါတ်များမွေးမြူ ပြုစုပျိုးထောင်ပေးမည်-----

        တကယ်တန်းစဉ်းစားကြည့်တော့ စိတ်ကူးယဉ်တာနဲ့တင်  ရူးသွားနိုင်လောက်အောင်
ပြုပြင်စရာတွေ များလှ၍  ကုန်အောင်ပင် စိတ်ကူးမယဉ်ရဲတော့ပဲ    သမ္မတရာထူးမှ
အလိုက်တသိ ဖြင့် ကိုယ့်ဖာသာ နှုတ်ထွက်လိုက်ရလေတော့သတည်း။   ။

ကိုစိုးနိုင်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက  http://groups.google.com/group/mrsorcerer/subscribe?hl=en  ကို နှိပ်ပြီး  မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက  mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင်  mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်  http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en  တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက  >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

July 04, 2012 (Burmese Version)

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

လယ်မြေသိမ်းမှု ဖြေရှင်းမပေးလျှင် အိုးအိမ်ကို ဆန္ဒ ထပ်ပြမည်

ဒီမြေတွေက ကျမတို့ ဘိုးစဉ်ဘောင်ဆက် ကတည်းက လုပ်ကိုင်လာတဲ့ မြေတွေပါ၊ စာရွက်စာတမ်း အထောက် အထားတွေလည်း ရှိပါတယ်၊ အခုကျမတို့ လယ်မြေတွေကို Read More

လွှတ်တော် သီးသန့် ရုပ်သံလိုင်း လွှင့်ရန် ကြိုးပမ်း

“လွှတ်တော်ဆိုတာ နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းတခုပဲ။ အခုတော့ နိုင်ငံပိုင် မီဒီယာတွေက လွှတ်တော်ရဲ့ အထက်မှာ ရှိသလိုဖြစ်နေတာပေါ့” Read More

KIA နှင့် အစိုးရ ဒု စစ်ဦးစီးချုပ်များ တွေ့မည်

နှစ်ဘက်တပ်တွေ ဖယ်ရှားပေးရမယ့် ကဏ္ဍတွေ၊ နှစ်ဘက်တပ်တွေ နီးနီးကပ်ကပ်ဖြစ်နေတဲ့ အတွက်ကြောင့်မို့ အစိုးရဘက်က တိုးချဲ့ထားတဲ့ တပ်မတွေ ပြန်ရုပ်ဖို့ Read More

ဒု သမ္မတသစ် ရွေးတော့မည်

ခေါင်းမာဂိုဏ်းသားဟု လူသိများသည့် ဦးတင်အောင်မြင့်ဦး ပြီးခဲ့သည့် မေလအတွင်းက ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်သွားကြောင်း Read More

ဂျက်ကီချန်း မြန်မာပြည် လာမည်

မြန်မာပရိသတ်တွေက ကွန်ဖူးမင်းသားဆိုပြီး အားပေးကြတဲ့ ကမ္ဘာကျော် ဟောင်ဟောင် ရုပ်ရှင်မင်းသား ဂျက်ကီချန်းဟာ ကလေးသူငယ်များ လူကုန်ကူးမှုဆိုင်ရာ Read More

ဆန်စပါး အထူးပြုကုမ္ပဏီများ ပြိုလဲနိုင်

ပြည်ပဆန် တင်ပို့မှု ပမာဏ မြင့်တက်မှုရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေမှာ တိုးတက်မှု ရှိခဲ့တယ်လို့ ပြောလို့ရပေမယ့် ဒီနှစ်မှာတော့ အခြေအနေက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ Read More

အစိုးရအတွင်း ပြောင်းလဲရေး လုပ်ရမည့်အချိန်

မကြာခင်က လစ်လပ်ခဲ့သော ဒုတိယ သမ္မတ၏ နေရာကို အစားထိုးမှုအပြင် ဝန်ကြီးဌာန တချို့ကို ပေါင်းစည်းခြင်း၊ ခွဲဝေ နေရာပေးခြင်း၊ နေရာမှ အပြီးတိုင် ဖယ်ရှားခြင်း စသည်တို့ကို ဦးသိန်းစိန်အစိုးရ Read More

မြန်မာ လူငယ်အသင်း အာရှ အသက် ၂၂ အောက် ခြေစစ်ပွဲအောင်မြင်

မြန်မာလူငယ် အသက် ၂၂ အောက် အသင်းဟာ မနေ့က ရန်ကုန်မြို့သုဝဏ္ဏ လူငယ်အားကစားကွင်းမှာ မလေးရှားအသင်းနဲ့ အုပ်စုတက်ရေး အရေးပါတဲ့ နောက်ဆုံးပွဲစဉ်ကို ကစားခဲ့ကြပါတယ် Read More

ပျောက်ဆုံးနေတဲ့ ကျောင်းသားမျိုးဆက်

တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကျနော်တို့ အနည်းဆုံး ၁၀ နှစ် လိုလိမ့်မယ်။ ကျနော်တို့ရဲ့ ပညာရေး ယဉ်ကျေးမှုတခုလုံးကိုလည်း ပြောင်းပစ်ရမယ် Read More

Dateline Irrawaddy (ရုပ်/သံ)

ဒီတပါတ် Dateline Irrawaddy အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ပတ်သက်ပြီး ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်နှင့် ဧရာဝတီသတင်းထောက်များဖြစ်တဲ့ ကိုခက်ထန်နဲ့ ကိုလင်းသန့်တို့က ပါဝင်ဆွေးနွေးထားပါတယ်။ Read More

ထားဝယ်စီမံကိန်းမှ မက်စ်မြန်မာနုတ်ထွက်

ထိုင်းနိုင်ငံအခြေစိုက် အီတလီ-ထိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီနှင့် ပူးတွဲ၍ ထားဝယ် ရေနက်စီမံကိန်းတွင် မြန်မာနိုင်ငံဘက်မှ ပူးပေါင်းတည်ဆောက်ရန် တာဝန်ယူမည့် မက်စ်မြန်မာက စီမံကိန်း Read More

ဦးတင်အောင်မြင့်ဦး နေရာ အစားထိုးမည်

ဦးတင်အောင်မြင့်ဦး နုတ်ထွက်၍ ဒု သမ္မတ တဦး အစားထိုးခန့်အပ်ရန်အတွက် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ ဇူလိုင် ၁၀ ရက် နောက်ဆုံးထားပြီး အမည်စာရင်း Read More

၈၈ နှင့် စင်ပြိုင် အာဆီယံအဖွဲ့ တွေ့ဆုံ

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် စင်ပြိုင် အာဆီယံ ပါလီမန်အဖွဲ့ ကိုယ်စားလှယ်များ ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ M3 Food Center ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည် Read More

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား အခွင့်အရေး ဥပဒေ ပြဌာန်းရန်လိုအပ်

တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ဥပဒေ လွှတ်တော်တွင် ပြဌာန်းပေးပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အလျှင်အမြန်အောင်မြင် မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။ Read More

ဂျက်ကီချန်း မြန်မာပြည်လာမည်

ဟောင်ကောင် အက်ရှင်မင်းသား ဂျက်ကီချန်းသည် ဇူလိုင် ၅ ရက်တွင် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်အဖြစ် လာရောက်မည် ဖြစ် ကြောင်း သိရသည်။ ၎င်းသည် UNICEF ၏ ချစ်ကြည်ရေး Read More

ကချစ်စစ်ပြေး ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်

ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် KIO ၏ ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည် စခန်းများတွင် ဇွန်လ နှောင်းပိုင်းမှစ၍ ၀မ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။ Read More

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။