|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[New post] NYC – ၆၅ နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲ နယူးယောက်မှာ ကျင်းပမည်
|
[New post] Ku Mo Jo – သိသူ ဖော်စား၊ ပြုပြင်ပြောင်းလဲရေး
|
[New post] Kyaw Home – ငွေစင်ရတု အကြို ဥဒါန်း
|
Re: [mrsorcerer:27440] CPI Company ရဲ့ လှည့်ကွက် .. နဲ့ မြန်မာ ပြည်သူ ၊ ပြည်သားအပေါင်း သတိမလွတ်စေရန် တောင်းပန်နှိုးဆော်အပ်ပါသည်။
မြန်မာ့မြေ ဘယ်မြေမှ မရောင်းစားကြပါနဲ့။
မြေနှင့်သဲတွေထဲမှာ အဖိုးမဖြတ်နိုင်တဲ့ သတ္ထုတွေ ပါဝင်ပါတယ်။
အခုချိန်မှာ နည်းပညာအားနည်းချက်ကြောင့် အသုံးမပြုနိုင်သေးပေမဲ့
နောင်တချိန်မှာ အသုံးဝင်မှာဖြစ်ပါတယ်။
လေးစားလျှက်.....
.............မျိုးချစ်သူ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
Re: [mrsorcerer:27423] Fwd: [လူဗိုလ်ဟူသည် ...] အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ
ကောင်းတယ်ဗျာ ဒါမျိုးလေးတွေဖတ်ချင်တာကြာပေါ့
ဗမာ့ခေါင်းဆောင်တွေရဲ့အကြောင်းလေးတွေလည်းသိခွင့်ရရင်သိပါရစေ
ဒါမှ နိုင်ငံကို ဘယ်လိုလူက ပညာနဲ့အုပ်ချုပ်သလဲ ဘယ်လိုလူကပညာမတတ်ပဲ အာဏာနဲ့အုပ်ချုပ်သလဲ ဆိုတာ
ပြည်သူတွေသိသွားကြမှာဗျ အားပေးပါတယ် ။
2012/7/7 Lu Bo <lubo601@gmail.com>---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/7/6
Subject: [လူဗိုလ်ဟူသည် ...] အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ
To: lubo601@gmail.com
လစ်ဗျားဝန်ကြီးချုပ် El-Keib က ၁၉၇၆ ခုနှစ်မှာ University of California ကနေ အီလက်ထရောနစ် အင်ဂျင်နီယာမာစတာဘွဲ့ ရခဲ့ပါတယ်။ ၁၉၈၄ မှာ North Carolina State University ကနေ အီလက်ထရောနစ် အင်ဂျင်နီယာဒေါက်တာဘွဲ့ကို "capacitive compensation planning and operation for primary distribution feeders."စာတမ်းနဲ့ ထပ်ရရှိခဲ့ပါတယ်။ University of Alabama မှာ နှစ် ၂၀ လောက် ဆရာလုပ်ခဲ့ပြီး၊ အခု လစ်ဗျား ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။လက်ရှိ ဂရိဝန်ကြီးချုပ် Papademos က ရူပဗေနဲ့ အီလက်ထရောနစ် အင်ဂျင်နီယာ မာစာတာဘွဲ့ကို ဂရိ တက္ကသိုလ်တွေက ရခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ အမေရိကန် MIT နည်းပညာတက္ကသိုလ်ကနေ စီးပွားရေး ဒေါက်တာဘွဲ့ရခဲ့ပါတယ်။ ကိုလံဘီယာနဲ့ ဟားဗတ်တက္ကသိုလ်တွေမှာ ဆရာလုပ်ခဲ့ပြီးနောက် ဂရိဘဏ်နဲ့ ဥရောပဗဟိုဘဏ်မှာအရာရှိတာဝန်ယူခဲ့ပါတယ်။အီတလီဝန်ကြီးချုပ် Monti ကတော့ အီတလီ တက္ကသိုလ်ကြီးသုံးခုမှာ ပညာ ဆည်းပူးခဲ့ပြီးနောက် အမေရိကန်ယေးလ် တက္ကသိုလ်မှာ စီးပွားရေးပညာ သင်ယူခဲ့ပါတယ်။ အီတလီ Bocconi University တက္ကသိုလ်မှာပါမောက္ခချုပ် ထမ်းဆောင်ခဲ့ပြီး ဥရောပ ကော်မရှင်နာမင်းကြီးဟောင်းလည်း ဖြစ်ပါတယ်ပြောရရင် သူတို့ သုံးဦးလုံးဟာ အမေရိကန်တက္ကသိုလ်တွေမှာ ပညာပြည့်အောင် ဖြည့်ဆည်းခဲ့သူတွေ ဖြစ်ပါတယ်။သူတို့လိုပဲ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်အချို့ဟာလည်း အမေရိကန် တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ပညာသင်ယူခဲ့ပြီး၊ တက္ကနိုခရက်အဖြစ် အုပ်ချုပ်ရေးယန္တရားမှာ ထမ်းဆောင်နေကြပါတယ်။ အလားတူပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရ ၀န်ကြီးတွေ အများစုဟာလည်း အမေရိကန်တက္ကသိုလ်ဆင်းတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အမေရိကန် တက္ကသိုလ်တွေက ကမ္ဘာရေးရာမှာ ဩဇာရှိနေတာကို ပိုမိုမြင်တွေ့လာရပါတယ်။
အခု ဆက်ပြီး အမေရိကန် တက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့တဲ့ နိုင်ငံခေါင်းဆောင် (၁၀) ဦးကို လေ့လာကြည့်ရအောင်ပါ။
ဂျင်မီ သင်းလေး (Jigme Thinley) ရာထူး။ ၀န်ကြီးချုပ်၊ ဘူတန်ကျောင်း။ Pennsylvania State Universityဘွဲ့။ Master's of Public Administration ('76)ပညာရေးဖြတ်သန်းမှု။ ၁၉၇၄ ခုနှစ်မှာ ဘူတန်ဘုရင်က သင်းလေး နဲ့ အခြားသူအနည်းငယ်ကို အမေရိကန်ကျောင်းတွေ ပို့ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်က ဘူတန်ကို ခေတ်မှီဖွံ့ဖြိုးစေဖို့ပါ။ သင်းလေးဟာ ပင်လ်ဆယ်ဗေးနီယား တက္ကသိုလ် (Penn State ) မှာ ပညာသင်တဲ့ ပထမဆုံး ဘူတန်နိုင်ငံသားဖြစ် ပါတယ်။ ပညာသင်ကာလအတွင်း ကျောင်းစာကြည့်တိုက်မှာ အချိန်ပေးပြီး အပြင်းအထန် လေ့လာခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ ကျောင်းကောင်စီ ရွေးကောက်ပွဲမှာ အရွေးခံရကတည်းက နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားခဲ့ပါတယ်။လက်ရှိအလုပ်။ ၂၀၀၈ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ အခြေခံဥပဒေစနစ် စတင်ပြောင်းလဲချိန်မှာဘူတန်နိုင်ငံရဲ့ ပထမဆုံး ရွေးကောက်ခံ ၀န်ကြီးချုပ်ဖြစ်လာပါတယ်။ သူက စုစုပေါင်း အမျိုးသားထုတ်ကုန်(GDP) စုစုပေါင်း အမျိုးသားပျော်ရွှင်မှု (GNP) အယူအဆနဲ့ ဘူတန်ကို ဦးဆောင်နေသူဖြစ်ပါတယ်။သူ့လက်ထက်မှာ ဘူတန်နဲ့ အမေရိကန် ဆက်ဆံရေး ရွှေလမ်း ငွေလမ်းဖြစ်လာပါတယ်။
ရာဖေးလ် ကော်ရဲရား (Rafael Correa) ရာထူး။ သမ္မတ၊ အီကွေဒေါကျောင်း။ University of Illinois at Urbana-Champaignဘွဲ့။ Master's degree in economics ('99); Ph.D. in economics ('01)ပညာရေးဖြတ်သန်းမှု။ အီလီနွိုက်တက္ကသိုလ်မှ ကော်ရဲရား ရဲ့စာတမ်းကို ကြီးကြပ်ခဲ့သူ Werner Baer ကကော်ရဲရား ဟာ တစ်န့ စီးပွားရေး ပေါ်လစီဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကော်ရဲရား ရေးခဲ့တဲ့စာတမ်းက လာတင် အမေရိကရဲ့ ၀င်ငွေမမျှတမှုအပေါ် အိုင်အမ်ဖက်နဲ့ ကမ္ဘာ့ဘဏ်ရဲ့ "WashingtonConsensus" လမ်းစဉ်နဲ့ အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး သင်္ချာမော်ဒယ်တွေ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စည်းကမ်းရှိပြီး ဆုံးဖြတ်ချက်ခိုင်ကျဉ်တဲ့ စံပြုစရာ ကျောင်းသားပဲလို့ သူ့ဆရာက မှတ်ချက်ပေးခဲ့ပါတယ်။လက်ရှိအလုပ်။ ကော်ရဲရား ဟာ ၂၀၀၇ ခုနှစ်မှာ သမ္မတရာထူးရရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ထပ်အရွေးခံရပါတယ်။ အီကွေဒေါ သမိုင်းမှာ ပညာအတတ်ဆုံး ခေါင်းဆောင်ဖြစ်လာပါတယ်။ လာတင်အမေရိက ဆင်းရဲတွင်းကနေအီကွေဒေါ ကို ဆွဲထုတ်ဖို့ လူမှု ထောက်ပံ့မှုတွေနဲ့ စတင်ခဲ့ပါတယ်။ သူ့ကို လက်ဝဲဆန်တယ်လို့ စွပ်စွဲမှုတွေလည်းရှိပါတယ်။ ဒါပေမဲ့ သူဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု၊ တန်းတူညီမျှမှုနဲ့ ဒီမိုကရက်တစ် အုပ်ချုပ်မှု ဖြစ်ထွန်းရေးတို့အတွက် လာတင်အမေရိကကို လမ်းပြနေတဲ့ ကြယ်တစ်ပွင့် အဖြစ် ထင်ရှားလာပါတယ်။ကော်ရဲရားက သူသင်ယူခဲ့တဲ့ အမေရိကန် ပညာရေးဟာ ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်လို့ ချီးကျုးပြောဆိုပေမဲ့၊ အမေရိကန်ရဲ့ ဈေးကွက်စီးပွားရေးအပေါ် ဝေဖန်မှု အတော်မျာများ လုပ်ခဲ့ပါတယ်။ ကျူးဘား၊အီရန်နဲ့ ဗင်နီဇွဲလားတို့အပေါ် စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ပါတယ်။ အီကွေဒေါ ပိစိဖိတ်ကမ်းခြေမှာအမေရိကန် စစ်စခန်းချခွင့်ကိုလည်း ငြင်းဆန်ပါတယ်။ ဒါပေမဲ့ သမ္မတအိုဘားမားနဲ့ ဆက်ဆံရေးပြေလည်အောင် တည်ဆောက်နေသူဖြစ်ပါတယ်။
အီလန် ဂျွန်ဆင် ဆာလိဖ် (Ellen Johnson Sirleaf) ရာထူး။ သမ္မတ၊ လိုက်ဘေးရီးယားကျောင်း။ Madison Business College; Economics Institute; Harvard Universityဘွဲ့။ Undergraduate degree in accounting (Wisconsin '64); certificate in economics (EconomicsInstitute, '70); Master's of Public Administration (Harvard, '71)ပညာရေးဖြတ်သန်းမှု။ ဆာလိဖ် ဟာ အသက် ၁၇ နှစ်မှာ လိုက်ဘေးရီးယားကနေ အမေရိကန်ပြည်ထောက်စုကို ပြောင်းရွေ့ခဲ့ ပါတယ်။ သူ့ခင်ပွန်းက Wisconsin-Madison တက္ကသိုလ်မှာ စီးပွားရေး မာစတာဘွဲ့တက်ဖို့တိုက်တွန်းခဲ့ပါတယ်။ ဘွဲ့ရပြီး လိုက်ဘေးရီးယားကို ပြန် အလုပ်လုပ်ခဲ့ပါသေးတယ်။ နောက်တော့ Harvard Kennedy School မှာ မာစတာဘွဲ့ ထပ်တက်ပါတယ်။ ဟားဗတ် ဘွဲ့နှင်းသဘင်မှာ သူနဲ့အတူ ဘွဲ့ယူခဲ့သူတွေကတော့ ကိုလံဘီယာသမ္မတ Juan Manuel Santos ၊ မက္ကစီကိုသမ္မတ Felipe Calderon ၊ မွန်ဂိုလီးယားသမ္မတ Taskhiangiin Elbegdorj ၊ စင်္ကာပူဝန်ကြီးချုပ် Lee Hsein Loon နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး Ban Ki- moon တို့ပဲ ဖြစ်ပါတယ်။လက်ရှိအလုပ်။ ၂၀၀၅ မှာ ဆာအိဖ် သမ္မတ ရွေးမြှောက်ခံရပါတယ်။ ခေတ်သစ် အာဖရိကသမိုင်းမှာပထမဆုံး အမျိုးသမီး ခေါင်းဆောင်ဖြစ်လာပါတယ်။ ၂၀၁၁မှာ သမ္မတရာထူး ဒုတိယ သက်တမ်းယူခဲ့ပြီး၊အခြား အမျိုးသမီး နှစ်ဦးနဲ့အတူ ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့ပါတယ်။ အာဖရိက သံမဏိလေဒီ အဖြစ်တင်စားခံရသူ ဆာအိဖ် က ပြည်တွင်းစစ်ကြောင့် ကြေမွနေတဲ့ လိုက်ဘေးရီးယား ညီညွတ်ရေးနဲ့ ပြည်လည်တည်ဆောက်ရေးတွေ ဦးဆောင် လုပ်နေပါတယ်။ အခက်အခဲမျိုးစုံ ရှိပေမဲ့၊ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ဒီမိုကရေစီတည်ဆောက်ရေးအတွက် အကူအညီတွေ များစွာ ရရှိထားပါတယ်။
ရီကာဒို မာတီနယ်လီ (Ricardo Martinelli) ရာထူး။ သမ္မတ၊ ပနားမားဘွဲ့။ Undergraduate degree in business administration ('73)ပညာရေးဖြတ်သန်းမှု။ မာတီနယ်လီ က အမေရိကန် ဗာဂျီးနီးယားပြည်နယ် Staunton Military Academy ကျောင်းကနေ အထက်တန်း အောင်မြင်ပြီးနောက်မှာ၊ ပနားမားနဲ့ စိုက်ပျိုးရေး အစီအစဉ်တွေလုပ်နေတဲ့ Arkansas တက္ကသိုလ်ကို တက်ဖို့ ဖြစ်လာပါတယ်။ Arkansas ကျောင်းက ၂၀၀၂ ခုနှစ်မှာ သူ့ကို ထူးချွန်တဲ့ ကျောင်းသားဟောင်းအဖြစ် ဂုဏ်ပြုခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ သူ့နာမည်နဲ့ စကော်လားရှစ် ပရိုဂရမ်တစ်ခု ထူထောင်ပေးခဲ့ပါတယ်။မာတီနယ်လီ လိုပဲ ထူးချွန်တဲ့ ပနားမားနိုင်ငံက ကျောင်းသား များစွာကို Arkansas တက္ကသိုလ်က မွေးထုတ်ပေးနေပါတယ်။ လက်ရှိအလုပ်။ မာတီနယ်လီ က ၂၀၀၉ ခုနှစ်မှာ ပနားမား သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပါတယ်။ သူ့ရည်မှန်းချက်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ များများဝင်လာအောင် စွဲဆောင်ဖို့၊ ပနားမား စီးပွားရေးကို အညီအမျှဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ ဒေါ်လာ ၅ ဘီလီယံ အကုန်ကျခံပြီး ပနားမားတူးမြောင်းကို ထပ်ချဲ့ဖို့ တွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သူ့အစိုးရရဲ့ ဆက်ဆံရေးဟာ အကောင်းဆုံး အခြေအနေမှာ ရှိပါတယ်။
ဘင်ဂူဝါ မူသာရီကာ (Bingu Wa Mutharika) ရာထူး။ သမ္မတ၊ မာလာဝီကျောင်း။ Pacific Western Universityဘွဲ့။ Ph.D. in development economics (no date specified)
ပညာရေးဖြတ်သန်းမှု။ မူသာရီကာ ဟာ အိန္ဒိယ ဒေလီတက္ကသိုလ်ကနေ မာစတာဘွဲ့ရရှိခဲ့ပါတယ်။ နောက်ကယ်လီဖောနီးယား အခြေစိုက် Pacific Western တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ရရှိပါတယ်။ Pacific Wesrtern တက္ကသိုလ် ၀ဘ်ဆိုဒ်မှာ ထူးချွန်တဲ့ ကျောင်းသားအဖြစ် သူ့ကို ဖော်ပြထားခြင်းတော့ မရှိပါဘူး။လက်ရှိအလုပ်။ ၂၀၀၄ မှာ မာလာဝီ သမ္မတ ရွေးချယ်ခံရပြီး၊ ၂၀၀၉ မှာ ထပ်မံ အရွေးခံရပါတယ်။ မူသာရီကာရဲ့ စိုက်ပျိုးရေး အခြေပြု မူဝါဒများနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေက မာလ၀ီကို ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်မှုရှိပေမဲ့၊ အိမ်နီးချင်း ဆူဒန်နိုင်ငံကြောင့် မျက်နှာပျက်ရတာတွေ ရှိပါတယ်။
ယင်းလခ် ရှင်နာဝပ်ထရာ (Yingluck Shinawatra) ရာထူး။ ၀န်ကြီးချုပ်၊ ထိုင်းကျောင်း။ Kentucky State Universityဘွဲ့။ Master's of Public Administration with specialization in management information systems ('91)ပညာရေးဖြတ်သန်းမှု။ ၁၉၇၀မှာ Eastern Kentucky University ကနေ သူ့အစ်ကို ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် က ရာဇ၀တ်မှုနဲ့ တရားမျှတမှု ဘာသာရပ် မာစတာဘွဲ့ ရရှိပြီး၊ ဆယ့်ငါးနှစ်အကြာမှာ ယင်းလခ် က Kentucky State University ကနေ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မာစာဘွဲ့ကို ရရှိခဲ့ပါတယ်။ သူ့အစ်ကို အဲဒီကျောင်းကို တက်ခိုင်းတာဖြစ်ပါတယ်။လက်ရှိအလုပ်။ စီးပွားရေးလုပ်ငန်းတွေ ဦးစီးနေရာက ဘာမှနားမလည်တဲ့ နိုင်ငံရေးလောကထဲ သူ့အစ်ကိုပါတီမှ ခေါင်းဆောင် နေရာက ၀င်လာပြီး၊ ၂၀၁၁ ရွေးကောက်ပွဲမှာ ယင်းလခ် အရွေးခံရပါတယ်။ ဒါပေမဲ့ရွေးကောက်ပွဲ စည်းရုံးရေးမှာ အရည်အချင်းနဲ့ ကျွမ်းကျင်မှု ပြနိုင်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာပါတယ်။ နိုင်ငံရေးပြဿနာများနေတဲ့ တိုင်းပြည်ကို ညီညွတ်မှုရှိဖို့နဲ့ ကျန်းမာရေးပညာရေး စီးပွာရေး လုပ်ငန်းတွေ တိုးတက်ဖို့ ကတိက၀တ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်က ထိုင်းရဲ့ရေဘေး စီမံခန့်ခွဲမှုမှာ အကြီးအကျယ် အဝေဖန်ခံခဲ့ရပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေး အထူးကောင်းမွန်နေပါတယ်။
အက်စ်ဆမ် ရှရဖ် (Essam Sharaf) ရာထူး။ ၀န်ကြီးချုပ်၊ အီဂျစ်ကျောင်း။ Purdue Universityဘွဲ့။ Master's in civil engineering ('80); Ph.D. in civil engineering ('84)ပညာရေးဖြတ်သန်းမှု။ ကိုင်ရိုတက္ကသိုလ် ပညာသင်ယူပြီးနောက်၊ အင်ဒီယားနားပြည်နယ်က Purdueတက္ကသိုလ်မှာ မာစတာနဲ့ ဒေါက်တာဘွဲ့ကို သင်ယူခဲ့ပါတယ်။ အဝေးပြေးလမ်းမ ထိန်းသိမ်းရေး စီမံခန့်ခွဲမှုအင်ဂျင်နီယာပညာကို အထူးပြုလေ့လာပြီး၊ သူ့ စာတမ်းခေါင်းစဉ်က "Energy Conservation and Cost Savings Related to Highway Routine Maintenance: Pavement Maintenance CostAnalysis: Interim Report." ဖြစ်ပါတယ်။ ကျောင်းမှာ ဆရာတွေ ချီးမြှင့်တဲ့ဆုများစွာ ရရှိခဲ့ပါတယ်။လက်ရှိအလုပ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ သမ္မတမူဘာရခ် ပြုတ်ကျပြီးနောက်၊ အီဂျစ်စစ်တပ်ကသူ့ကို ကြားဖြတ်အစိုးရ ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း ကိုင်ရိုတက္ကသိုလ်ကနေဦးဆောင် ဆန္ဒပြခဲ့လို့ လူငယ် တော်လှန်ရေး သမားတွေကြား ရေပန်းစားတဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ဒါပေမဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး ကြံ့ကြာနေတဲ့အတွက် အီဂျစ်စစ်တပ်က သူ့အပေါ် လွှမ်းမိုးထားလားဆိုတာ သံသယရှိနေကြပါတယ်။ အိုဘားမား၊ ဟီလာရီ ကလင်တန်တို့နဲ့ တွေ့ဆုံပြီး အမေရိကန် အီဂျစ်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေခဲ့ပါတယ်။
ဆလမ် ဖာယာဒ် (Salam Fayyad) ရာထူး။ ၀န်ကြီးချုပ်၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကျောင်း။ St. Edward's University; University of Texas at Austinဘွဲ့။ Master of Business Administration (St. Edward's, '80); Ph.D. in economics (Texas, '86)ပညာရေးဖြတ်သန်းမှု။ University of Texas Alumni Association အသင်းအဆိုအရ၊ ဆလမ် ဖာယာဒ်ဟာ အနောက်ဘက် ဂါဇာကမ်းမြှောင်က လာတဲ့ ကျောင်းသားတွေအနက် ပထမဆုံး စီးပွားရေးဘာသာရပ်စိတ်ဝင်စားသူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ပါလက်စတိုင်း ကျောင်းသားတဦးအနေနဲ့ Texas တက္ကသိုလ်မျိုးမှာ တက်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ Texas တက္ကသိုလ် ကနေ စီးပွားရေး စီမံခန့်ခွဲမှု မာစတာဘွဲ့ (MBA) ကို ထူးထူးချွန်ချွန် ရရှိခဲ့ပါတယ်။လက်ရှိအလုပ်။ ၂၀၀၇ မှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ သမ္မတ မာမွဒ် အဘားစ် က သူ့ကို ပါလက်စတိုင်းဝန်ကြီးချုပ် ခန့်ခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှာ အရာရှိလုပ်ခဲ့ပေမဲ့၊ ဟားမတ်စ် တို့ဖာတာ တို့လို အစွန်းရောက် အဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးရာမှာ အခက်အခဲရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၉ မှာ ရာထူးက နှုတ်ထွက်ခဲ့ပြီး၊ မကြာခင် ပြန်ခန့်အပ် ခံရပါတယ်။ပါလက်စတိုင်း အုပ်စုတွေအကြား ပြည်လည်ရင်ကြားစေ့ရေး မပြေလည်ရင် ရာထူးက နှုတ်ထွက်မယ်လို့ပြောထားပါတယ်။ သူက ပါလက်စတိုင်း စီးပွားရေးနဲ့ အင်စတီကျူးရှင်းတွေ ထူထောင်ဖို့ ပိုစိတ်ဝင်စားပါတယ်။ ကုလသမဂ္ဂမှာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရေး ကြိုးစားခဲ့ပေမဲ့၊ အမေရိကန်ရဲ့ကန့်ကွတ်မှုတွေကြောင့် အထမမြောက်ပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂ ညီလာခံမှာ နိုင်ငံအားလုံးကချီးကျူးခံရတဲ့ ခေါင်းဆောင်ဖြစ်ခဲ့ ပါတယ်။
နဟက်စ် အန်ဂူလာ (Nahas Angula) ရာထူး။ ၀န်ကြီးချုပ်၊ နမီးဘီးယားကျောင်း။ Columbia Universityဘွဲ့။ Two master's degrees in education ('78 and '79)ပညာရေးဖြတ်သန်းမှု။ အန်ဂူလာ ဟာ ဇမ်ဘီယာ မှာ ပြည်ပြေးဘ၀နဲ့ နေထိုင်နေရစဉ်၊ နှစ်နိုင်ငံ နယ်စပ်မှာကျောင်းတစ်ကျောင်း ထောင်ခဲ့ပါတယ်။ အဲဒီကနေ ၁၉၇၆ မှာ ကိုလံဘီယာတက္ကသိုလ်က ဆရာဖြစ်သင်ကောလိပ်ကို သွားရောက်တက်ခဲ့ပါတယ်။ ပညာရေး ဒေါက်တာဘွဲ့ လေ့လာနေစဉ်၊ တောင်အာဖရိကအောက်က နမီးဘီးယားနိုင်ငံ ခွဲထွက်ရေး ကူညီဖို့ ပြန်လာခဲ့ပါတယ်။ ကိုလံဘီယာ ဆရာဖြစ်သင်ကောလိပ်က သူတို့ရဲ့ ထူးချွန်တဲ့ ကျောင်းသား ဒေါက်တာဘွဲ့ မပြီးခင် ပြန်သွားတာကို နှမျှော်မဆုံး ဖြစ်ခဲ့ပါတယ်။လက်ရှိအလုပ်။ ၁၉၉၀ မှာ လွတ်လပ်ရေးရပြီးစ နမီးဘီးယားနိုင်ငံရဲ့ ပညာရေးဝန်ကြီး ခန့်အပ်ခံရပါတယ်။၂၀၀၅ မှာ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ပါတယ်။
ဂျွန်ဆင် တိုရီဘိုင်အွန် (Johnson Toribiong) ရာထူး။ သမ္မတ၊ ပါလိုးကျောင်း။ University of Washingtonဘွဲ့။ Two law degrees -- Juris Doctor ('72) and Master of Laws ('73)ပညာရေးဖြတ်သန်းမှု။ တိုရီဘိုင်အွန် မှာ ငယ်စဉ်ကတည်းကပင် အမေရိကန်တွေနှင့် အဆက်အဆံရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ဂျပန်လက်အောက်ကနေ ပါလိုး ပိစိတ်ဖိတ်ကျွန်းလေးကို အမေရိကန်က လွတ်လပ်ရေးရယူပေးပြီးနောက်၊ ၀ါရှင်တန်မှာ သူ ပညာသင်ကြားခဲ့ပါတယ်။ ၀ါရှင်တန် တက္ကသိုလ် ဥပဒေကျောင်းမှာ ထူးချွန်တဲ့ကျောင်းသား စာရင်းဝင်ခဲ့ပြီး၊ ပိစိတ်ဖိတ်ကျွန်း နိုင်ငံလေးတွေက လာတဲ့ ကျောင်းသားတွေနဲ့ အသင်းအဖွဲ့တွေ ထူထောင်ခဲ့ပါတယ်။လက်ရှိအလုပ်။ ရှေ့နေဖြစ်ပြီး၊ ၂၀၀၈ မှာ သမ္မတအဖြစ် အရွေးခံရပါတယ်။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ ကတိက၀တ် ပေးထားပြီး၊ အဂတိလိုက်စားမှုကို သုတ်သင်ဖယ်ရှားနေပါတယ်။ ၁၉၉၄ ခုနှစ် ပါလိုးကျွန်းနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်နေပါတယ်။ ဒါပေမဲ့ အမေရိကန်အပေါ် မှီခိုမှု လျှော့ချဖို့ သူ ဆုံးဖြတ်လုပ်ကိုင်နေပါတယ်။ဝင့်ထန်း
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 7/07/2012 10:37:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
ဇ င် ထူး
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



.jpeg)