Re: [Real Family: 24463] သွားနှုတ်ချင်လို့ပါ

နှုတ်တော့နှုတ်ဖူးဘူး
နာမှာတော့သေချာတယ်... :)

2012/7/23 မင်းချစ်သူ <minchittu18@gmail.com>
သွားကို အပြင်သွားဆေးခန်းမှာ သဖုန်းကိုခွဲပြီးနုတ်ရင် ဘယ်လောက်လောက်ကုန်းလည်းသိချင်ပါတယ် နှုတ်ဖူးတဲ့သူများရှိရင်ပြောပြကြပါလား ။ပြီတော့ အရမ်းနာလားဟင် :)

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[Real Family: 24462] သွားနှုတ်ချင်လို့ပါ

သွားကို အပြင်သွားဆေးခန်းမှာ သဖုန်းကိုခွဲပြီးနုတ်ရင် ဘယ်လောက်လောက်ကုန်းလည်းသိချင်ပါတယ် နှုတ်ဖူးတဲ့သူများရှိရင်ပြောပြကြပါလား ။ပြီတော့ အရမ်းနာလားဟင် :)

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[New post] the return of used cars in Thai-Burma border


[New post] Samsung ရဲ့ နောက်ဆုံးထုတ် Galaxy S3 – ကမ္ဘာပေါ်မှာ အကောင်းဆုံး စမတ်ဖုန်း


[aurorageneration] အာရပ်ကမ္ဘာရှိမူဆလင် အစွန်းရောက်များ ရခိုင်ပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်ရန်စသူ ခေါ်တောများအား ထောက်ပံ့

ယခုလ (၂၄/၂၅-၇-၂၀၁၂)ရက်နေ့များတွင် ရန်ကုန်၊မန္တလေးနှင့် ပြည်မတစ်ဝှန်းရှိ
ဘင်္ဂလီကျူးကျော်ခေါ်တော ဘာဘူများမှ အာရပ်ကမ္ဘာရှိမူဆလင် အစွန်းရောက်များ၏
ငွေကြေးထောက်ပံ့မှုများဖြင့် ရခိုင်ပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်ရန်စသူ
ခေါ်တောများအား ထောက်ပံ့ကြေး၊ ပစ္စည်း၊ ဆေးဝါး၊ အ၀တ်အထည်၊ ရိက္ခာတို့ကို
လာရောက်ပေးကမ်းကြမည်ဟု သတင်းရရှိထားပါသည်။ ပြီးခဲ့သည့်
(၁၇-၇-၂၀၁၂)ရက်နေ့ကလည်း UNHCR မှ ခေါ်တောကြီး
ဒေါက်တာထွန်းအောင်နှင့်အပေါင်းအပါ ကျူးကျော်သမိုင်းလိမ်သူများကို
ရှေ့နေလိုက်ပေးရန် ရန်ကုန်မှခေါ်တောဗလီဆရာနှင့်ဘာဘူအသိုင်းအ၀ိုင်းမှ
အထက်တန်းရှေ့နေဒေါ်မြင့်ကြည်အား ငှားရမ်းခဲ့သဖြင့် ရောက်ရှိလာခဲ့ရာ
စစ်တွေမြို့ရှိ မည်သည့် ဟိုတယ်တည်းခိုရိပ်သာ၊ မည်သည့်စားသောက်ဆိုင်၊
မည်သူကမှ လက်မခံ (ပြည်နယ်တရားရုံးသို့ပင် အ၀င်မခံ)ခဲ့သည့်အတွက် စစ်တွေ၊
အမှတ်(၁)ရဲစခန်းတွင် တစ်ညစတည်းချပြီး နောက်တစ်နေ့
(၁၈-၇-၂၀၁၂)ရက်နေ့နံနက်တွင် ရန်ကုန်သို့ ပြန်သွားခဲ့ပါသည်။ UNHCR နှင့်
WFP တို့မှ ပြည်နယ်အစိုးရအဖွဲ့၏ ခေါ်တောများအပေါ် ရိက္ခာထောက်ပံ့နေမှုအပြင်
ထပ်ဆောင်းထောက်ပံ့ခြင်းကို နှစ်ကြိမ်တိုင်တိုင်
ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ (၁၉-၇-၂၀၁၂)ရက်နေ့ UNHCR မှ ဂေါတူဖက်
ဒုက္ခသည်စခန်းရှိ ခေါ်တောကုလား (၁၇၂)ဆောင်အား သွားရောက်ပေးကမ်းစဉ်
လိုက်ပါသွားခဲ့သူ အစိုးရရုံးအဖွဲ့မှ ၀န်ထမ်းတစ်ဦးက
ခေါ်တောများမည်သို့တောင်းဆိုသည်ကို ပြန်လည်ပြောပြရာ -
ယ္ခုသူတို့နေထိုင်ကြသောနေရာမှာ အဆင်မပြေမှုများရှိပါသည်။
စစ်တွေမြို့တွင်းရှိ ယခင်နေထိုင်ခဲ့ကြသော
အိမ်များ၌ပြန်လည်နေရာချထားပေးပါ။ သူတို့တွင် သောက်သုံးရေအတွက်
တစ်နေ့လျှင် ရေဂါလံ(၁၀၀၀၀)သန့်စင်နိုင်သည့် ရေသန့်စက် တစ်လုံးပေးရန်၊
လျှပ်စစ်ဓါတ်အားရရှိအောင်ဆောင်ရွက်ပေးရန်၊ စာသင်ကျောင်းများနှင့်
စာသင်ကြားခွင့်ပေးရန်ဗလီဆရာများမှ အာရဗီကျောင်းဖွင့်လှစ်ခွင့် -
ဂျီဟတ်စစ်ပွဲအတွက် အစွန်းရောက်အောင်လှုံ့ဆော်သွတ်သွင်းခွင့်၊ အဓိက
အရေးအပါဆုံးသော ဗလီကြီးများ ဆောက်လုပ်ပေးရန် တို့ကို တောင်းဆိုခဲ့ကြောင်း
ကြားသိရပါသည်။ ဆွစ်ဇာလန်မှ ကြက်ခြေနီအဖွဲ့ကြီးက ဆူနာမီ Warning အတွက်
ဂါလံ(၁၀၀၀၀)ရေသန့်စက် နှစ်လုံး စစ်တွေမြို့ ကယ်ဆယ်ရေးဂိုဒေါင်တွင်
ရောက်ရှိနေမှန်း ပြည်နယ်အစိုးရအဖွဲ့သည်ပင် မသိရှိရပါဘဲ
ထိုခေါ်တောကုလားများမှ တောင်းဆိုလာမှသာ အစိုးရအဖွဲ့မှ သိရှိရသည်မှာ
ဘာ့အတွက်ကြောင့်လဲ။ မတန်မရာလည်း တောင်းဆိုပြောကြသေးသည်။
နိုင်ငံတကာစာမျက်နှာထက် သမိုင်းလိမ်မှုနှင့် ဂျီဟတ်စစ်ပွဲဆင်နွှဲမှု၊
ကျူးကျော်မှုများ ပြုလုပ်ကြတော့မည်။ သူများရေ၊ မြေကိုလည်း လာကျူးကျော်သေး၊
ဗုဒ္ဒဘာသာတွေရဲ့ ကိုယ်ချင်းစာစွာ သနားကြင်နာမှုကို အခွင့်ကောင်းယူပြီး
အိမ်ရှင်ကို နှင်ရုံမက အသေသတ်ရန်ပင် ကြံလာသေးသော ဘင်္ဂလီခေါ်တောများကို
နိုင်ငံတော်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများမှ မည်သို့လုပ်ဆောင်ရမည်ကို
တွေးကြပါတော့။ လုပ်ပြကြပါတော့။

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

[mrsorcerer:28004] please give a link and how can i do

now i used internet with phone and i cannot see myanmar font. so if possible, please give a link and some information how can continue in order to see myanmar font in my android phone. although i have already downloaded zawgyi one and installed it, i cannot see myanmar font. so i want to install it again and want to see your update news. kindly give me a hand.
best wishes

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:28004] မျက်စိမှိတ်ပြီး မုန်းတာမဟုတ်ပါ

သူတို့ဘာကြောင့်ငါတို့အမိနိုင်ငံတော်ကို စော်ကားတာလဲ


 ·

                

 


  ရိုဟင်ဂျာကိစ္စနဲ့ပတ်သတ်ပြီး ခံစားချက်ပြင်းပြင်းပြပြတွေကို ကျွန်တော်ရေးဖူးပါတယ်။

ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ သာသနာ၊ကိုယ့်ယဉ်ကျေးမှု အစော်ကားခံရတာကို ဖြေသိမ့်နိုင်တဲ့

ပုဂ္ဂိုလ်မျိုး၊၀မ်းသာပြီး သွေးထိုးပေးနိုင်တဲ့ ပုဂ္ဂိုလ်မျိုးဆိုတာ ဘယ်သူမျိုးတွေဖြစ်မယ်ထင်သလဲ။အမိ တိုင်းပြည်ကို ပြန်လာလို့မရနိုင်လောက်အောင် ငါစော်ကားခဲ့ပြီးပြီ၊ခုမှမထူးတော့ဘူးလို့ ကိုယ့်ကိုကိုယ် သိနေတဲ့သူတွေ ဖြစ်ရင်လည်းဖြစ်မယ်၊မြန်မာလို့နာမည်ခံထားပေမယ့်နဂိုတည်းကိုက သွေးနှောနေပြီး

သားသူတွေဖြစ်ရင်လည်းဖြစ်မယ်၊တိုင်းတပါးက ကျွေးထားတဲ့အစာရေစာကိုစားသောက်ပြီး တိုင်းတပါး

ကို ခြေသလုံးဖက်ခိုကိုးနေရသူတွေဖြစ်ရင်လည်းဖြစ်မယ်၊မြန်မာပြည်သူတွေကို အရင်တုန်းကလို ရေဒီယို

က အစိုးရဆန့်ကျင်ရေးအသံတွေလွှင့်တိုင်း မျက်စိမှိတ်ပြီး ယုံမှာပဲလို့ ထင်နေကြသေးသူတွေ ဖြစ်ရင်လည်း

ဖြစ်မယ်။

                  ရိုဟင်ဂျာကိစ္စမှာ ကျွန်တော်တို့တိုင်းရင်းသားတွေ ရင်ဆိုင်နေရတာ အဓိကလူတန်းစား 

လေးမျိုးရှိတယ်လို့ ကျွန်တော်မြင်တယ်။အဲဒီလူတန်းစားလေးမျိုးကို သီးသန့်ပုံစံတစ်မျိုးစီနဲ့ ဆက်ဆံပြီး ပညာသားပါပါ၊အဆင့်အတန်းရှိရှိ ရင်ဆိုင်နိုင်မှ ကိုယ့်လူမျိုးသိက္ခာမကျပဲ ရိုဟင်ဂျာအရေးကို အောင်နိုင်

မယ်လို့ ကျွန်တော်ယုံကြည်တယ်။

                  နံပါတ်(၁)ရင်ဆိုင်ရမှာက ဘင်္ဂါလီရိုဟင်ဂျာတွေဖြစ်တယ်။ ဘင်္ဂါလီခေါ်ခေါ်၊ရိုဟင်ဂျာအမည်

ခံခံ အဲသည်လူမျိုးစုကို မြန်မာလူမျိုးတစ်ယောက် အနေနဲ့ကိုယ့်နိုင်ငံထဲမှာလုံးဝလက်မခံနိုင်ဘူး။ဒီသဘော

ထားက ရှင်းတယ်။သို့ပေမယ့် ကိုယ့်နိုင်ငံထဲကို ရောက်နေပြီးသား အဲဒီသူတွေကို ဘယ်လိုရှင်းပစ်မလဲ။

လက်တွေ့ကျကျ စဉ်းစားရင် အရင်ဆုံး နောက်ထပ်ရိုဟင်ဂျာကို လုံးဝကိုယ့်နိုင်ငံထဲမ၀င်စေရတော့ဘူး။

အရင်က ဒီဘက်မှာ နေပြီးသား၊နိုင်ငံသား မှတ်ပုံတင်ရှိတယ်၊မီးရှို့ပြီးမှ ပြေးသွားတာ၊ပြန်လာချင်တယ်ဟုတ်

လား။ ရတယ်။ တပ်မတော်က လေ့ကျင့်ရေးကျည်ဆန်တွေကို အဲသည်မှာ သွားစမ်းရုံပဲ။ကျည်ဆန်ကောင်း

မကောင်း။ သဘောက နယ်စပ်ကိုခွေးတစ်ကောင်၊ကြောင်တမြီးမှ ၀င်လို့မရအောင် ပိတ်ဖို့ပဲ။

                နောက် ကိုယ့်နယ်မြေထဲမှာ ရှိနေပြီးသား ရိုဟင်ဂျာတွေ။အားလုံးကို မှတ်ပုံတင်စစ်။ မမှန်ကန်ရင် အားလုံးကိုထောင်ချ။ပြန်ပို့။တစ်ခုခုတော့လုပ်ရမယ်။ မြန်မာပြည်ထဲမှာ သူတို့အတွက်ဘ၀မရှိဘူးဆိုတာကို

သိသာအောင်လုပ်ပြရမယ်။အဲ မှတ်ပုံတင်အမှန်အကန်ရှိတဲ့သူကျပြန်တော့ မြန်မာနိုင်ငံသားဖြစ်တဲ့

အတွက်ကြောင့် မြန်မာပြည်ရဲ့စည်းကမ်းဥပဒေဘောင်ထဲမှာနေရမှာပြောစရာမလိုဘူး။အထူးစောင့်ကြည့်ကာလ

သတ်မှတ်ပြီးစောင့်ကြည့်။မဟန်ရင် နယ်နှင်ဒဏ်ပေး။သေသေချာချာစဉ်းစားကြည့်ရင် အဲဒီလုပ်ငန်းတွေအောင်

မြင်ဖို့က တို့မြန်မာတွေ ရဲ့အကျင့်ဆိုးကြီးတွေကိုအရင်ပြင်၊လာဘ်မစားနဲ့။မခိုးနဲ့။မှန်မှန်ကန်ကန်လုပ်။ဒီဟာ

အရေးကြီးဆုံးပဲ။

                 နံပါတ်(၂)ရင်ဆိုင်ရမယ့်သူတွေက တစ်ကမ္ဘာလုံးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ။ကျွန်တော်တို့

တိုင်းရင်းသားတွေအားလုံး အလွန်သတိထားရမှာနော်။ဖေ့ဘုတ်မှာ ကြည့်လိုက်ရင် အစ္စလာမ်ဘာသာကို

ရှုံ့ချတဲ့ မြင်ကွင်းတွေအများကြီးတွေ့ရတယ်။ ဘာသာရေးဆိုတာ ထိလွယ်၊ရှလွယ်။ မတူညီတဲ့ လူမျိုးစုတွေ

ကို ဘာသာရေးနဲ့စည်းရုံးရင် သိပ်လွယ်တာ။ မလေးလူမျိုးမူစလင်ကို မင်းတို့မလေးလူမျိုးခရစ်ယာန်ဘာသာဝင်

ကို သူများကစော်ကားနေတယ်လို့သွားပြောတာနဲ့၊ ရိုဟင်ဂျာမူစလင်ကို မြန်မာတွေ စော်ကားနေတယ်လို့

သွားပြောတာ ဘယ်ဟာကပိုနာစေမယ်ထင်သလဲ။ ဘာသာတူတဲ့သူကို ထိတာ ပိုနာတယ်။

               လူတိုင်းမှာ ကိုယ်ယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိတယ်။ဥပဒေများကခွင့်ပြုထားသရွေ့ ကိုယ်ကိုးကွယ်

ယုံကြည်ရာအတိုင်း ဘာသာရေးအမှုကိစ္စလုပ်တာကို သွားရှုံချလို့မရဘူး။ နိုင်ငံတကာအစ္စလာမ် ဘာသာဝင်

များအလယ်မှာ မြန်မာပြည်သည် အစ္စလာမ်ဘာသာဝင်များကို နှိမ့်ချနေပါတယ်လို့ အဖြစ်ခံလို့ကိုမရပါ။ ဒီလို

အချိန်မျိုးမှာ ပိုပြီးတော့ ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံသားမူစလင်များကို ပိုပြီးတော့ ဂရုစိုက်ရမယ်၊ညှာတာရမယ်။

စောင့်ရှောက်ရမယ်။စဉ်းစားကြည့်ပါ။ကျွန်တော်တို့ဟာ ဘာသာရေးစစ်ပွဲလုပ်နေတာမဟုတ်ပါ။ ကိုယ့်တိုင်းပြည်

ကိုကျော်ဝင်လာတဲ့သူများကို ဟန့်တားနေခြင်းသာဖြစ်တယ်။အစ္စလာမ်ဘာသာကို ဖျက်ဆီးနေတာလဲမဟုတ်ပါ။

ဒီတော့ ဒီလိုအချိန်မှာ ဖေ့ဘုတ်မှာ ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေ မူစလင်ဘာသာကို စော်ကားစေတဲ့ post

တွေတင်မယ့်အစား၊ ကိုယ့်နိုင်ငံထဲက မူစလင်ညီအစ်ကိုတွေကို ဒီလိုအရေးကြီးတဲ့အချိန်မှာ စောင့်ရှောက်နေ

ပါတယ်ဆိုတာကို ပြသင့်တယ်လို့ ကျွန်တော်ထင်တယ်။

                ဘင်္ဂလားဒေ့ရှ်ကိုကြည့်နော်။အရေးအခင်းတွေဖြစ်တော့ သူတို့နိုင်ငံထဲက ရခိုင်လူမျိုးတွေကို

စောင့်ရှောက်နေပါတယ်ဆိုတာ ပေါ်လွင်အောင်ပြသွားတယ်။ တကယ်လည်းစောင့်ရှောက်တယ်။သို့ပေမယ့်

မြန်မာပြည်ကပြေးလာတဲ့ ရိုဟင်ဂျာများကျတော့ လုံးဝအကပ်မခံဘူး။ သဘောထားကသိပ်ရှင်းပါတယ်နော်။

ကိုယ့်နိုင်ငံသား မူစလင်ညီအစ်ကိုတွေကိုစောင့်ရှောက်ပါလို့ ပြောတဲ့ကျွန်တော့်ကိုတစ်မျိုးထင်ကြမလား။သေသေ

ချာချာစဉ်းစားကြည့်ရင် ဒီသဘောထားက သိသာပါတယ်။ဖြစ်သင့်တဲ့အရာပါ။

                နံပါတ်(၃) ရင်ဆိုင်ရမယ့်သူတွေက မူစလင်မဟုတ်သော လူ့အခွင့်အရေးကို တန်ဖိုးထားကြပါသည်

ဆိုသော အနောက်နိုင်ငံများ၊ကုလသမဂ္ဂအဖွဲ့စတဲ့ တတိယအုပ်စုကိုပြောတာပါ။ သူတို့ကို ကျတော့ ကျွန်တော်တို

့နိုင်ငံဟာ တရားဥပဒေစိုးမိုးရေးရှိပါတယ်၊စည်းကမ်းရှိနေပါပြီ၊အရင်လို မဟုတ်တော့ပါဘူးဆိုတာပြရမှာ။ ပွင့်ပွင့်

လင်းလင်းပြောရရင် အမေရိကန်သမ္မတဟောင်း ဘုရှ်ဟာ အကြမ်းဖက်ဝါဒကိုစစ်ကြေညာခဲ့တယ်။မှတ်မိကြမယ်

ထင်ပါတယ်။ မူစလင်ဝါဒကို စစ်ကြေညာပါတယ်လို့ တစ်ခါမှမဟခဲ့ဘူးနော်။ သို့သော်လည်း အမေရိကန်လက်ချက်

နဲ့ ဆက်ဒမ်ကြီးလဲသေပြီ။ဘင်လာဒင်လဲသေပြီ။ သူတို့တွေ ဘယ်ဘာသာကိုးကွယ်ကြသလဲ။သို့သော်ယနေ့အချိန်

အထိ အမေရိကန်သည် အကြမ်းဖက်ဝါဒကို နှိမ်နှင်းနေတယ်လို့ပဲ အမည်ခံပါတယ်။

             အမှန်တော့ အစ္စလာမ်ဘာသာဟာ သမိုင်းအစဉ်အလာကြီးတဲ့ ဘာသာကြီးဖြစ်ပါတယ်။ကျွန်တော်အမြင်

အရ အယူတိမ်းသူဘာသာဝင် တချို့ကြောင့် အစ္စလာမ်ဘာသာဟာ အကြမ်းဖက်သမားများနဲ့ ရောထွေးပြီး ထိခိုက်နေရရှာတယ်လို့ မြင်တယ်။သို့တစေ သိမ်းကျုံးပြီးအစ္စလာန်ဘာသာ မကောင်းဘူးလို့ ပြောရင် ပြောသူဟာ အမြင်မကျယ်သူ၊သဘောထားသေးသူဖြစ်သွားမယ်။ဘာသာရေးကိုင်းရှိုင်းတဲ့ အစ္စလာမ် ဘာသာဝင်များအနေနှင့်

လည်း လက်ရှိအခြေအနေကို နှစ်မြို့ကြမယ်မထင်ပါ။

              နံပါတ်(၄) ရင်ဆိုင်ရမယ့်သူများကတော့ မြန်မာပြည်ကဆန်ကိုစားခဲ့၊မြန်မာပြည်ထဲက ရေကိုသောက်ခဲ့

ဖူးပြီး အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်လူမျိုးအပေါ်သစ္စာဖောက် နေကြတဲ့ မြန်မာတွေကိုယ်တိုင်ပဲ။အခြေအနေ

အမျိုးမျိုးဆိုပေမယ့် ကိုယ့်တိုင်းပြည်ကို သစ္စာဖောက်တယ်ဆိုတာဟာ ကိုယ်တိုင်ဝါသနာကြီးလွန်းမှ လုပ်လို့ရ

တာမျိုး။ထပ်ပြီးရှင်းအောင်ပြောရရင် ကိုယ့်တစ်ဦးချင်းဘ၀နဲ့ နိုင်ငံခြားမှာ နေရတိုင်းသစ္စာဖောက်တယ်လို့ ပြောလို့

မရပါ။ အခြေအနေအမျိုးမျိုး၊ဘ၀အမျိုးမျိုးမှာ ရုန်းကန်နေယင်းနဲ့က ကိုယ့်တိုင်းပြည်ထဲက ကိုယ့်ဆွေမျိုးမိဘ

ပြည်သူတွေ ဘ၀တိုးတက်စေချင်ကြတဲ့ ၊ရွှေတိုင်းပြည်ကို အင်တာနက်ကနေကြည့်ပြီး လွမ်းနေကြတဲ့ ပြည်ပ

ရာက် ရွှေမြန်မာတွေအမျာကြီးရှိပါတယ်။

               မြန်မာရုပ်ကြီး ဖြစ်နေရက်က ဘယ်လိုမှစဉ်းစားလို့ မရနိုင်အောင် မြန်မာတွေ၊ရခိုင်တွေဟာ ဆိုးတယ်၊ ရိုဟင်ဂျာတွေကသနားဖို့ကောင်းတယ်လို့ ပြောနေ၊အသံလွှင့်နေကြတဲ့ မြန်မာသစ္စာဖောက်များကို ဆိုလိုတာပါ။ ကျွန်တော့်စိတ်ထဲမှာလေ။ အဲသလိုမြန်မာတွေကို ရိုဟင်ဂျာ ထက်တောင်မုန်းသေးတယ်။ တကယ်တော့ အခုလို သူများတိုင်းတပါးကျူးကျော်ခံရတယ်ဆိုတာ မြန်မာတွေထဲမှာ အဲသလိုစုန်းပြူးတွေ အများကြီး၊အများကြီး ရှိနေသေးလို့ဖြစ်တယ်။သူများနိုင်ငံမှာ နေပြီးမှ ကိုယ့်တိုင်းပြည်ကိုမကောင်းပြောမှ သစ္စာဖောက်မဟုတ်ဘူုးနော်။

ရိုဟင်ဂျာတွေကို လာဘ်စားပြီး မှတ်ပုံတင်ပေးထားဖူးရင်လည်း ဘယ်ယူနီဖောင်းဝတ်ထားထား သူလဲသစ္စာဖောက်

ပဲ။သူတို့တွေကိုလည်းမုန်းတယ်။

                 ကျွန်တော့်ရဲ့ page ကိုအဓိကအားပေးကြသူတွေက အသက်၂၄က၃၄ကြားလူငယ်တွေ။ အဲဒီ ညီတွေ၊

အစ်ကိုတွေ၊ညီမတွေ၊အစ်မတွေကပဲ ဒီကနေ့ အင်တာနက်ပေါ်မှာ အများဆုံးရှိနေကြတာမဟုတ်လား။သူတို့တွေ

ကပဲ အနာဂတ်ရွှေမြန်မာကို ပိုင်စိုးမှာမဟုတ်လား။ ကျွန်တော်တို့သဘောထားကြီးကြရအောင်။ အမြင်ကျယ်ကြ

ရအောင်။ လူကြီးဆန်ကြရအောင်။ကျွန်တော်တို့ဟာ လူမျိုးရေးမုန်းတီးရေးဝါဒလုပ်နေတာမဟုတ်ပါ။

ဘာသာရေးစစ်ပွဲလုပ်နေတာမဟုတ်ပါ။ကျွန်တော်တို့ ရည်ရွယ်ချက်သည် ကိုယ့်တိုင်းပြည်ကို တိုင်းတပါးရန်မှ ကာကွယ်လိုရင်းသာဖြစ်ပါတယ်။ဒီတော့ သမာသမတ်ကျကျ၊ဓမ္မဒိဌာန်ကျကျ၊အများစုလက်ခံနိုင်တဲ့

အဖြေကိုစဉ်းစားတွေးခေါ်နိုင်မှ၊လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်မှ သူများတကာရဲ့ အမုန်းတီးကိုလည်း

မခံရပဲ ကျွန်တော်တို့ တိုင်းပြည်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။အခုရေးခဲ့သမျှဟာ အသက်၃၀ကျော်စာရေးဆရာ

တစ်ယောက်က ရေးတာမို့လို့ ဖတ်မိတဲ့ညီအစ်ကိုမောင်နှမတွေမှာ ဒီထက်ပိုကောင်းတဲ့အတွေးအခေါ်တွေရှိမယ်၊

သဘောမညီမျှမှုတွေရှိမယ်ဆိုတာ သေချာပါတယ်။ဒီဆောင်းပါးကို ကျွန်တော်လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်း

သာရှိသေးရင် သူဘယ်လိုစဉ်းစားမလဲလို့ တွေးပြီးရေးတာပါ။ သမာသမတ်ကျတယ်၊လက်ခံနိုင်တယ်လို့ ယူဆရင် တခြားညီအစ်ကိုမောင်နှမများကိုလည်း ဖြန့်ဝေပေးစေချင်ပါတယ်။ ကျွန်တော်တို့ဟာ မတရားမှုကိုမုန်းတယ်။

နယ်ချဲ့ကျူးကျော်တာကိုမုန်းတယ်။ အမိတိုင်းပြည်ကို သစ္စာမ၇ှိတာကိုလည်း မုန်းတယ်။လာဘ်စားတာကိုလည်း

မုန်းတယ်။ မုန်းသင့်တာကိုပဲ မုန်းတယ်။မျက်စိမှိတ်ပြီး မုန်းနေတာမဟုတ်ပါ။

                                                                                                                                                       (၂၂/၇/၁၂)


 ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Sunday, 22 July 2012 at 21:43 

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:28003] ငါ..မင်းကိုချစ်ခဲ့တာ


ငါ...မင်းကိုချစ်ခဲ့တာ
အပေါ်ယံက ဆေးဆိုးပန်းရိုက်တွေမဟုတ်ဘူး
မင်း ရဲ့ ရိုးရှင်းတဲ့ သဘာဝ အလှတရားကို 
ချစ်ခဲ့တာပါ......

ငါ.....မင်းကိုချစ်ခဲ့တာ
သာယာပျော်ရွှင် တဲ့ နေ့ရက်တွေအတွက် 
ချစ်ခဲ့တာ မဟုတ်ဘူး
ပျော်ရွှင်စရာကောင်းတဲ့ ဘဝ အတွက် 
ချစ်ခဲ့တာပါ ......

ငါ.....မင်းကိုချစ်ခဲ့တာ
တစ်ယောက်ကိုတစ်ယောက် အပြစ်ဖွဲ့ဖို့ 
ချစ်ခဲ့တာမဟုတ်ဘူး
တစ်ယောက်အပြစ်ကို တစ်ယောက်နားလည်ရင်း
အနာဂါတ်တစ်ခုကိုလျှောက်လှမ်းချင်လို့
ချစ်ခဲ့တာ......

ငါ...မင်းကိုချစ်ခဲ့တာ
စိတ်ထဲက ချစ်ခဲ့တာ မဟုတ်ဘူး
ငါ့..ရဲ့ ဘယ်ဘက် တစ်ခြမ်းက 
ငါမြတ်နိုးတဲ့ ငါ့ ရဲ့နှလုံးသားက နေပီး
ငါမြတ်နိုးတဲ့ နှလုံးသားပိုင်ရှင် အဖြစ် ပေးအပ်ချင်လို့ 
ငါ့..ဘဝရဲ့ အနာဂတ်ဘဝလေးတည်ဆောက်ချင်လို့ပါ

နောက်တစ်ယောက်တွေ့နိုင်ပေမဲ့ 
နောက်တခေါက် မချစ်နိုင်တော့ပါဘူး ချစ်သူ
မင်းကလွဲပြီး....တခြားသူကို 
ငါ့..နှလုံးသား ဧကရီ အဖြစ်အစားမထိုးနိုင်လို့
ပြန်လာခဲ့ပါတော့ .....ဒီရင်ခွင်........

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:27995] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin
Date: Sunday, July 22, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်

________________________________

နမ့်ခမ်းမြို့၌ တည်းခိုခန်းပိုင်ရှင်အား မြန်မာစစ်အရာရှိ ရိုက်နှက်၍ ဒါဏ်ရာပြင်းထန်စွာရ
နာကျင်စေမှုဖြင့် မင်းအုပ်စိုးကို ထပ်မံအမှုဖွင့်
ဒီလှိုင်း စာစောင် အတွဲ (၁၀) အမှတ် (၂၆)
ကလေးသူငယ် အက်ဥပဒေ
စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ ဆိုင်ခန်းရှင်များ ဇူလိုင် ၂၃ရက်တွင် ဆန္ဒပြမည်
သုခကုသိုလ်ဖြစ်ဆေးခန်းတွင်အကြောအဆစ်ရောဂါ အခမဲ့စတင်ကုသပေး
SHADE ဂျာနယ်၊(ဇူလိုင်၂၅ မှ ဇူလိုင် ၃၁ရက်နေ့အထိ။)
ဗန်းမော် ရှပ်ပြေးယာဉ်နစ်မြှုပ်မှု ကယ်ဆယ်ရေး နှောင့်နှေး
နိုင်ငံတကာ AIDS ညီလာခံစတင်
မြန်မာ့ရေပိုင်နက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၁ ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးအား ဖမ်းဆီး
သမ္မတဦးသိန်းစိန် စီးပွားရေးရာကိစ္စများ ဆွေးနွေးရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ
ကျူးကျော်ရပ်ကွက် ရုတ်တရက်ဝင် ဖျက်သိမ်း
ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ စတင်ရိုက်ကူး
ရှစ်လေးလုံး ငွေရတုအကြို အခမ်းအနားတွေ ကျင်းပဖို့ဆွေးနွေး
ရှပ်ပြေးရေယာဉ် တွေ့ရှိ၊ လူ ၅၀ ပျောက်ဆုံးနေဆဲ

နမ့်ခမ်းမြို့၌ တည်းခိုခန်းပိုင်ရှင်အား မြန်မာစစ်အရာရှိ ရိုက်နှက်၍ ဒါဏ်ရာပြင်းထန်စွာရ

Posted: 22 Jul 2012 07:00 AM PDT

ယခုလ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ရှိ သပြေတည်းခိုခန်းပိုင်ရှင် စိုင်းကျော်အေးထွန်းအား မြန်မာစစ်အရာရှိဗိုလ်ဝေမင်းဦးက ပစ္စတို သေနတ်ဖြင့် ချိန်ရွယ်၍ ၅ ချက်တိတိ ပစ်ခတ်ခဲ့ရာ သေနတ်ကျည် မပေါက် သဖြင့် သေဘေးမှလွတ်မြောက်ခဲ့သော်လည်း ၄င်းစစ်အရာရှိ၏ ရိုက်နှက်မှုကြောင့် ခေါင်းကွဲ၊ သွားကျိုးသည့် ဒဏ်ရာ များဖြင့် ပြင်းထန်စွာ ရရှိသွားကြောင်း ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Myanmar News Now




http://feeds.feedburner.com/thithtoolwin/yIWV

နာကျင်စေမှုဖြင့် မင်းအုပ်စိုးကို ထပ်မံအမှုဖွင့်

Posted: 22 Jul 2012 06:23 AM PDT

မင်းအုပ်စိုး လမ်းလယ်မှာ မူးယစ်သောင်းကျန်း ခဲ့စဉ်က တွေ့ ရပုံ
အိမ်သန့်ရှင်းရေး လုပ်သားကို နာကျင်စေမှုဖြင့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ဗဟန်းရဲစခန်းတွင် တရားစွဲရန် ထပ်မံ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိ ရသည်။

၂၀၀၉ ခုနှစ်တွင် သရုပ်ဆောင် မင်းအုပ်စိုး ၎င်း၏ နေအိမ်ရှိ လုပ်သားများ သတ္တိရှိမရှိ စမ်းသပ်မည်ဆိုကာ သံချောင်းကို ဖယောင်းတိုင်မီးဖြင့် နီရဲအောင် ဖုတ်၍--

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV

ဒီလှိုင်း စာစောင် အတွဲ (၁၀) အမှတ် (၂၆)

Posted: 22 Jul 2012 06:24 AM PDT

ဒီလှိုင်း စာစောင်  အတွဲ (၁၀) အမှတ် (၂၆)

ဂျာနယ်  အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV

ကလေးသူငယ် အက်ဥပဒေ

Posted: 22 Jul 2012 05:15 AM PDT

ရန်ကုန် ဇူလိုင် ၂၁

အသက် (၁၅) နှစ်အောက် အလုပ် လုပ်ကိုင်လိုစိတ်ရှိသော ကလေးများအနေဖြင့် တာဝန်ခံ ဆရာဝန် များ၏ ထောက်ခံချက်ဖြင့်သာ အသက်ပြည့်မီသော လုပ်သားများအတိုင်း အလုပ် လုပ်ကိုင်နိုင် ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားသည်။

ကလေးသူငယ် ဥပဒေနှင့် အလုပ်ရုံ ကလေးသူငယ် ဥပဒေသည် တူညီမှု မရှိကြောင်း၊ ကလေး သူငယ် ဥပဒေတွင် အသက် (၁၃)နှစ်မှ (၁၅)နှစ်အထိ၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ မပြည့် သေးသော သူများသည် လူငယ်အဖြစ် သတ်မှတ်ကြောင်း၊ ၁၉၅၁ ခုနှစ် အလုပ်ရုံ ဥပဒေအရ အသက် (၁၅)နှစ် အထက် အရွယ်များအား လူငယ်အဖြစ် သတ်မှတ် ထားသောကြောင့် လုပ်သား များ အတိုင်း အလုပ် လုပ်ရန်ခွင့် ပြုချက်များ ရရှိမှသာ အလုပ်လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

အသက် (၁၃)နှစ် ပြည့်ပြီးသည့် ကလေးများအား ကလေးလုပ်သား အဖြစ် လုပ်ကိုင်ခွင့် ပြုရာတွင် ၎င်းင်းတို့၏ ကိုယ်ကာယအလိုက် အဆင့်ခွဲ၍ သင့်လျော်ကြောင်း တာဝန်ခံ ဆရာဝန်၏ ထောက်ခံ ချက် လက်မှတ် ရပြီးမှသာ လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး ယင်းထောက်ခံချက် လက်မှတ်၏ သက်တမ်းမှာ ၁၂ ထိသာ ဖြစ်သည်။ အလုပ်ခန့်အပ်သော အလုပ်ရှင်ဘက်မှလည်း သက်ဆိုင်ရာ မြို့နယ်များမှ ဦးစီးအရာရှိများ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုကို အချိန်တိုအတွင်း အဆင်ပြေ စေရန် အသက် (၁၃) နှစ်ပြည့် ကလေးလုပ်သားများ၏ ဆရာဝန်ထောက်ခံချက် မှတ်တမ်းများကို သေချာစွာ သိမ်းဆည်း ထားရမည်။ အသက် (၁၅) နှစ်အောက် အရွယ်များကို ကလေးသူငယ်များ အဖြစ် သတ်မှတ် နိုင်စေခြင်း၊ တစ်ရက်လျှင် အလုပ်ချိန် ၄ နာရီသာ အလုပ်စေခိုင်းခြင်း ပြုရမည်ဟု ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေအရ ပြဌာန်းထားခဲ့ပြီး ဖြစ်ကာ ဖောက်ဖျက်မှုများရှိပါက အလုပ် ရှင်အား ဒဏ်ငွေ ကျပ် ၅၀၀ နှင့် ထောင်ဒဏ်ပြစ်မှုများ ကျခံရမည်ဖြစ်သည်။

အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်ဥပဒေကိုလည်း ယခုနှစ် ၂၀၁၂ ခုနှစ် အတွင်း ပြန်လည် ရေးဆွဲရန် စီစဉ်လျက်ရှိကြောင်း၊ အသက် (၁၃)နှစ်မှ (၁၅)နှစ်အထိ၊ အသက်(၁၅) နှစ်မှ (၁၈)နှစ် အထိ အသက်မပြည့်သေးသူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် ဦးစီးအရာရှိများနှင့် တာဝန် ရှိသူ များက စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်များနှင့် အလုပ်ဌာနများသို့ သွားရောက်ဆွေနွေးကာ သတိပေး မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)

ပြန်ကြားရေးဝန်ကြီးဌာန
http://feeds.feedburner.com/thithtoolwin/yIWV

စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ ဆိုင်ခန်းရှင်များ ဇူလိုင် ၂၃ရက်တွင် ဆန္ဒပြမည်

Posted: 22 Jul 2012 05:03 AM PDT

မန္တလေး၊ ဇူလိုင် - ၂၂

စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ ဆိုင်ခန်းရှင်များက မိမိတို့ကျောက်ဝိုင်း ပီပြင်စွာ ပေါ်ထွက်လာရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်များရှင်ကျောက်ဝိုင်းရှိ ဆိုင်ခန်းရှင်ဦးရေ (၁၀၀)ခန့်က ကျောက်ဝိုင်းဖြစ် မြောက်ရေးအတွက် ဇူလိုင် ၂၃ ရက်(မနက်ဖြန်) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ ယင်းကျောက်မျက်ဈေးရှေ့တွင် ဆန္ဒထုတ်ဖော်ကြမည်ဖြစ်သည်။ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှလည်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဦးတိုက်လျှောက်ထားသည့် ကျောက်မျက်ဆိုင်ခန်း ရှင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်သီက ပြောသည်။

" ၁၉ ရက်နေ့ (ဇူလိုင် ၁၉)က တရားဝင်စာနဲ့ ခွင့်ပြုပေးလိုက်ပါတယ်။ လျှောက်တာကတော့ ၂၁၊ ၂၂၊ ၂၃ သုံးရက်လျှောက်တာ တစ်ရက်ပဲခွင့်ပြုတယ်။ ၂၁၊ ၂၂ က စနေ၊ တနင်္ဂနွေ ဖြစ်နေလို့ မရဘူးတဲ့။ ကျန်တာကတော့ တင်ထားတဲ့အတိုင်း ခွင့်ပြုပါတယ်"ဟု ယင်းအမျိုးသမီးကပြောသည်။

ဆန္ဒထုတ်ဖေါ်ရသည့်အကြောင်းရင်းမှာ တိုင်းဒေသကြီးအာဏာပိုင်များက ယခင်ကတည်းက တည်ရှိနေသော ဘော်ဂါကျောက်ဝိုင်းကိုပိတ်ပြီး ဆင်များရှင်ကျောက်ဝိုင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် နှုတ်ဖြင့် အမိန့်ပေးသည့်အတွက် မိမိတို့ ကျောက်မျက်ဆိုင်ခန်းရှင် ၁၃၀ က တစ်ဦးလျှင် ကျပ် ၁၀ သိန်းနီးပါးထည့်ဝင်ပြီး ဆိုင်ခန်းများ တည်ဆောက်ခဲ့ရကြောင်း၊ ကျောက်ဝိုင်းကို ၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး ယင်းနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း၊ သို့သော် သမ္မတလာသည့်ရက်ပိုင်းသာ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ကျန်နေ့များတွင် ဘော်ဂါကျောက်ဝိုင်းတွင်သာ ပြန်လည်အရောင်းအ၀ယ် ပြုလုပ်နေကြသည်ဟုဆိုသည်။

တရုတ်ကုန်သည်များကလည်း စကားပြန်များ၏အလိုအရ ဘော်ဂါကျောက်ဝိုင်းတွင်သာ အရောင်းအ၀ယ် ပြုလုပ်နေကြ၍ မိမိတို့ဈေး တရားဝင်ဖြစ်ပေါ်လာရေးအတွက် ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဆင်များရှင်ကျောက် မျက်ရတနာဈေးမှ ဆန္ဒထုတ်ဖော်မည့် ဆိုင်ခန်းရှင်များက ပြောသည်။

"ကျွန်မတို့က အရင်ကတည်းက ဘော်ဂါမှာ အရောင်းအ၀ယ် လုပ်လာတာပါ။ အာဏာပိုင်တွေက ဘော်ဂါဈေးကို ဖျက်ပြီး ဆင်များရှင်ဝိုင်းကို ပြောင်းရမယ်ဆိုလို့ ကျွန်မတို့စိုက်ထုတ်ပြီး ဈေးဖြစ်အောင် လုပ်ရတာပါ။ ခုကျတော့ အရင်ဈေးဟောင်းနေရာမှာပဲ ရောင်းဝယ်ခွင့်ပြုနေတော့ ကျွန်မတို့ အများကြီးနစ်နာပါတယ်။ ဒါကြောင့် ခုလို ဆန္ဒထုတ်ဖော်ရတာပါ။"ဟု ပြောသည်။ ဘော်ဂါကျောက်မျက်ဈေးသည် စစ်ကိုင်းမြို့ ဘော်ဂါရပ်ကွက်ရှိ လမ်းမ၀ဲယာပေါ်တွင် တည်ရှိသည်။

7Day News Journal
http://feeds.feedburner.com/thithtoolwin/yIWV

သုခကုသိုလ်ဖြစ်ဆေးခန်းတွင်အကြောအဆစ်ရောဂါ အခမဲ့စတင်ကုသပေး

Posted: 22 Jul 2012 04:50 AM PDT

ရန်ကုန်၊ ဇူလိုင်-၂၁

နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ သုခကု သိုလ်ဖြစ်ဆေး ခန်းတွင် အကြောအ ဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန် စွမ်းရေးဌာန (Derartment of Physical Medicine and Rehabilation) ကို သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး ခုနစ်ဦးဖြင့် ဇူလိုင်လ ၁၉ ရက်တွင် စတင်ဖွင့်လှစ် ကုသပေးနေ ပြီဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးကျော်သူက 7Day News သို့ ပြောသည်။

"ဆရာဝန်ကြီးတွေက အလှည့်ကျ ကုသမှာဖြစ်လို့ တစ်ရက်ကြိုတင်ပြီးတော့ တိုကင်ယူထားဖို့လိုပါတယ်။ နေ့တိုင်း မနက် ၉ နာ ရီကနေ ညနေငါးနာရီခွဲအထိ ဖွင့်လှစ်ကုသမှာပါ။ သုခဆေးခန်းရဲ့ထုံးစံအတိုင်း အားလုံးအခမဲ့ ကုသပေးမှာပါ"ဟု ၎င်းကပြောသည်။

အဆိုပါဌာနကို ဦးဆောင်ကုသမည့် ပါမောက္ခဆရာဝန်ကြီး ဒေါက်တာဦးသန်းတိုးက "လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းက ကို ကျော်သူနဲ့ အကြောအဆစ်ရောဂါ ဝေဒနာသည်တွေ ပြန်ပြီးသန်စွမ်းနိုင်ရေးအတွက် ကုသခန်းဖွင့်မယ့်ကိစ္စကို ပြောခဲ့ဖူးပါတယ်။ အကြောအဆစ်နာကျင်ရင် တရုတ်အားကိုးပြီး သွားနှိပ်နယ်ကြတယ်။ မဖြစ်သင့်တာတွေဖြစ်တယ်။ အခု ဒီဆေးခန်းမှာ ကုသမှုအပိုင်းအတွက် အထောက်အကူပြုပစ္စည်းတွေအားလုံးကို နာရေးကူညီမှုအသင်းက စီစဉ်ပေးတဲ့အတွက် အရမ်းအဆင်ပြေတယ်"ဟု ပြောကြားသည်။

အဆိုပါဌာနမှ ကုသမှုလုပ်ငန်းများကို နောက်ပိုင်းတွင် လူနာများပေါ်မူတည်ကာ တိုးချဲ့ကုသသွားရန်ရှိကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ကုသမှုဌာနတွင် ပါမောက္ခဒေါက်တာဦးသန်းတိုး ဦးဆောင်၍ ဒေါက်တာဝါ၀ါအောင်၊ ဒေါက်တာသန်းသန်းဌေး၊ ဒေါက်တာအောင်ကိုဦး၊ ဒေါက်တာမွန်မွန်ခိုင်၊ ဒေါက်တာခင်စောဦးနှင့် ဒေါက်တာသိင်္ဂီလှိုင်တို့က ဝေဒနာရှင်များကို အလှည့်ကျကုသိုလ်ဖြစ် ကုသမှုပြုလုပ်သွားမည်ဖြစ်သည်။

7Day News Journal
http://feeds.feedburner.com/thithtoolwin/yIWV

SHADE ဂျာနယ်၊(ဇူလိုင်၂၅ မှ ဇူလိုင် ၃၁ရက်နေ့အထိ။)

Posted: 22 Jul 2012 01:38 AM PDT

SHADE ဂျာနယ်၊(ဇူလိုင်၂၅ မှ ဇူလိုင် ၃၁ရက်နေ့အထိ။)

 ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


http://feeds.feedburner.com/thithtoolwin/yIWV

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

ဒီမိုဝေယံ

ဒီမိုဝေယံ


မနစ်နာသင့်ဘဲ နစ်နာနေရတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဆရာ/ဆရာမများ ကိုယ်စား သမ္မတထံ အိတ်ဖွင့်ပေးစာ..

Posted: 22 Jul 2012 07:00 AM PDT

 သမ္မတကြီးဦးသိန်းစိန် သိရှိစေရန် တင်ပြပေးစေလိုပါသည် ဆိုပြီး ပေးပို့လာတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ် ဆရာ၊ ဆရာမများ ကိုယ်စားပေးစာကို ဖော်ပြလိုက်ပါတယ်..

ဒီမိုဝေယံ ရဲ့Sunday, July 22, 2012 နေ့စွဲပါ... တက္ကသိုလ် ဆရာ၊ ဆရာမများအား တာဝန်နှင့် မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင် စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန် သမ္မတကြီးထံ ပေးစာပါ Click အကြောင်းအရာတွေဟာ  အနယ်နယ် အရပ်ရပ်က တက္ကသိုလ်တွေအပြင် နိုင်ငံခြားဘာသာ တက္ကသိုလ် ဆရာ/ဆရာမ တွေလည်း အလားတူ ခံစားနေရကြောင်း ဖော်ပြနေတဲ့ ဘဝတစိတ် တပိုင်းပိုစ့် အမှန်အကန်ပါဘဲ၊ ကျေးဇူးအများကြီး တင်ပါတယ်..။ ကိုဒီမိုဝေယံ။

ထပ်မံဖြည့်စွက်ပြောချင်တဲ့ ရင်တွင်းစကားများစွာ ရှိပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နဲ့ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေ (ဥပမာ- တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ဂျာမန်..စသည်ဖြင့်..)ဟာ ကထိက ဘဝနဲ့ပဲ အရိုးထုတ် နေကြရတော့မလို ဖြစ်နေပါတယ်...။ ကထိက လုပ်သက်နဲ့ ဘားဆုံးနေတဲ့ ဆရာ/ဆရာမတွေမှာ တွဲဖက်ပါမောက္ခ အဆင့်ကို မရရှိကြပါဘူး။ ရာထူးတိုးပေးခြင်း မခံရပါဘူး။ ဆရာတစ်ယောက်ဆိုရင် ယခုနှစ်ထဲမှာ ပင်စင်ယူတော့ မှာပါ။ ကထိကဘဝနဲ့ပဲ မိမိဘဝတခုလုံးကို မြုပ်နှံပြီး အသက်၆၀ပြည့်ရတော့မှာပါ။ အကြောင်းရင်းကတော့.... ဒေါက်တာတွေ မဟုတ်လို့ ပါတဲ့..။ 

လုပ်သက်အရ ရာထူးတိုးမြှင့်ပေးခဲ့တဲ့ REASONABLE ဖြစ်တဲ့ အစဉ်အလာတွေ ပျက်သုဉ်းသွားခဲ့ပါပြီ...။ UFL (University of Foreign Languages) ဆိုတာအစက IFL (Institute of Foreign Languages) ဖြစ်ပါတယ်။ ဘွဲ့ ရပြီး ၄ နှစ် အချိန်ပိုင်း၊ သို့မဟုတ် ၂ နှစ် အချိန်ပြည့် တက်ပြီးမှ၊ နောက်ပြီးတော့.. Diploma ရပြီး ရှားရှားပါးပါး Credit ထွက်သူတွေကိုသာ ဆရာ/ဆရာမ လုပ်ဖို့ ရွေးချယ်ခံထားရသူတွေပါ...။ ဘွဲ့ လွန် ဒီပလိုမာ ပေးခဲ့တဲ့ IFL ကနေ B.A ဘွဲ့ပေးတဲ့ UFL ခေတ် ကိုရောက်ခဲ့တယ်...။

B.A တန်းတွေဖွင့်တော့လဲ ဘွဲ့ လွန်ဒီပလိုမာ ရထားတဲ့ ဆရာ/ဆရာမတွေကပဲ သင်ပေးခဲ့ကြရတာပါ၊ တခြားတက္ကသိုလ် အသီးသီးက B.A., ဘွဲ့၊ B.Sc.,ဘွဲ့ တွေအတွက် သင်ကြားချိန် တစ်မျိုးပဲ ရှိနေတဲ့ အချိန်မှာ UFL ဆရာ/ဆရာမ တွေကတော့ မနက် ၇ နာရီမှ ၉ နာရီ ဘွဲ့လွန်ဒီပလိုမာ ၄ နှစ်သင်တန်းတွေရော..B.A., သင်တန်းတွေပါ သင်ပေးနေကြရတာပါ။ အဲ... ရာထူးတိုးဖို့ ကျတော့.. ပါရဂူမဟုတ် လို့တဲ့...။ ရှေ့မှာဒေါက်တာရှိမှ နောက်ဒေါက်တာ ရှိကြစမြဲပါ.....။ ခါးဆက်ပြတ်နေကြရတဲ့ နိုင်ငံခြားဘာသာ တက္ကသိုလ်ဆရာ/ဆရာမ တွေရဲ့ ဘဝပါ။ ကထိက လုပ်သက် ၁၀ နှစ်ကျော် နေတာတောင် တွဲဖက်ပါမောက္ခ ဖြစ်မလာကြရပါဘူး...။

Minor ဘာသာ ဆရာ/ဆရာမတွေ ကတော့ အသက်ငယ်ငယ်တွေနဲ့ ဒေါက်တာဖြစ်.. ပါမောက္ခ ဖြစ်ကြပြီး၊ ကျောင်းရဲ့ အခမ်းအနားတွေမှာ.. ရှေ့ ဆုံးက ဆိုဖာထိုင်ခုံတွေမှာ မိန့်မိန့်ကြီး ထိုင်နိုင်ကြပြီး ဒေါက်တာ မဟုတ်ပေမဲ့ သူတို့ထက်စာရင် စာသင်ချိန် အချိန် နှစ်ဆ သင်ရပြီး ပင်ပန်းလှတဲ့ ဘာသာစကားဆိုင်ရာ ဋ္ဌာနမှုးတွေခမျာတော့... သူတို့ ရဲ့  နောက်ဖက်က ခုံတွေမှာပဲ ထိုင်ပြီးတက်ရောက်နေ ကြရရှာပါတယ်....။

အခုတော့...ဒီ ဘာသာစကားဆိုင်ရာ ဆရာ/ဆရာမ တွေကို M.A (မဟာဝိဇ္ဇာဘွဲ့) သင်တန်းတွေ တက်ခိုင်းနေပါပြီ...။ M.A ပထမ အသုတ် ပြီးသွားတဲ့ သူတွေရှိနေပါပြီ....။ ဒီကိစ္စမှာတုန်းကလဲ.. နိုင်ငံ့တာဝန်စေလိုရာ စေဘဝနဲ့ ထမ်းဆောင်ကျေပြွန်တဲ့ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြရတဲ့ ဆရာ/ဆရာမ တွေ ခမျာ အဲဒီ ပထမအသုတ် ကိုမတက်ရပဲ ကျန်ခဲ့တဲ့သူတွေ အများကြီးပါ။

ကျရာနေရာကို သွားရောက် တာဝန်ထမ်းဆောင်ရတဲ့ ဆရာ/ဆရာမတွေခမျာ၊ ကိုယ့်အိမ်နဲ့မဟုတ်ပဲ အခြားအရပ် ဒေသမှာ အဆောင် အခန်းကျဉ်းလေးမှာပဲနေပြီး မိသားစု တစ်ကွဲတစ်ပြားစီ နေပြီးနိုင်ငံ တာဝန်ဝတ္တရားတွေ ထမ်းဆောင်ရပေမဲ့ ဟော... M.A.,ကျတော့...နောက်ကျ ကျန်ခဲ့ရပြန်တယ်။ ရာထူးတိုးဖို့ သတ်မှတ်ချက် တစ်ခုသာဆိုရင်ဖြင့် အဲဒီ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ရောက် ဆရာ/ဆရာမတွေ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ် ကနေ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ကိုပြန်ပြောင်းလာပြီး M.A အတက် နောက်ကျရတဲ့ ဆရာ/ဆရာမတွေ နစ်နာကြရတော့မယ်..။

ဒါဖြစ်သင့်ပါသလား....။ မညီမျှမှုတွေ ဖြစ်နေခဲ့တာပါ..။ ရန်ကုန်ကို လာတက်ခွင့် ရသူတွေကရ..၊ မရတဲ့သူမရနဲ့ မညီမျှခဲ့ပါဘူး။ လူကိုခင်ရင် မူကိုပြင်ခဲ့ကြတယ်..။ လူကိုမုန်းပြန်တော့ မူကိုသုံးကြပြန် ပါတယ်...။ အဲဒီ ကထိကတွေထဲမှာပဲ ရန်ကုန်မှာပဲ မပြောင်းရ မရွှေခဲ့ ရတဲ့ သူတွေက M.A တက်ခွင့် ရသူရှိသလို... မန္တလေးလည်း ပြောင်းရပြီးတော့... သူများနဲ့တန်းတူ တက်ခွင့်မရခဲ့ရသူတွေ...၊ ကံကောင်းပြီး မန္တလေးပြောင်းပြီးမှ ထူးထူးခြားခြား ရန်ကုန်လာတက်ဖို့ လွှတ်ခြင်းခံရသူ၊ ကံဆိုးပြီး တက်ချင်လျှက်နဲ့ မတက်ရသူ... စသည်ဖြင့်အမျိုးမျိုးပါပဲ...။ တစ်ချို့မှာ မန္တလေးကို နှစ်ကြိမ် သုံးကြိမ် ပြောင်းခဲ့ ကြရပြီး တစ်ကြိမ်လျှင်အနည်းဆုံး ၂ နှစ်၊ ၂နှစ်ခွဲ နေခဲ့ကြရရှာပါတယ်။

ဒါတွေ.. ဒါတွေ ကိုတော့ဖြင့် ဟိုး အထက်လူကြီးတွေက လျစ်လျူရှုထားကြခဲ့တာ အစဉ်အလာလို ဖြစ်လေရော့သလား...။ ဒီလိုကိစ္စတွေကို ပညာရေးဝန်ကြီးတွေက မစဉ်းစားပေး ကြတော့ဘူးလား.......။ သိတောင် သိကြပါ ရဲ့လား၊ ဒါမှမဟုတ် သိရက်နဲ့ မသိချင်ဟန်ဆောင်၊ ဥပေက္ခာပြု ထားတာပါလား...။ ဒေါက်တာချမ်းငြိမ်းရဲ့  မတရားတဲ့မူဝါဒ တွေ မပြင်သေးတာလား...။ ရာထူးလေးတော့တိုးပါရစေ။

နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဆရာ/ဆရာမ များကိုယ်စား

မှတ်ချက်။ ။ သမ္မတကြိးဦးသိန်းစိန် သိရှိစေရန် တင်ပြပေးစေလိုပါတယ်...

ဘယ်သူကဖြင့် တမူးသာမလဲ...

Posted: 22 Jul 2012 06:28 AM PDT

ဘယ်သူကဖြင့် တမူးသာမလဲ...

သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဓာတ်ပုံပါ.. ဒီလိုနာမည်ပျက် ရှိသူ၊ စကားကို မဆင်မခြင် ပြောဆိုသူ အနှီပုဂ္ဂိုလ် နှစ်ဦးကို ပြတ်ပြတ်သားသား အရေးမယူဘူးဆိုရင်တော့ သမ္မတရဲ့ လူထုထောက်ခံမှု ရရှိခဲ့တဲ့ မြစ်ဆုံအရေးနဲ့ ဘင်္ဂလီအရေး ဆုံးဖြတ် ပြောဆိုချက်တွေဟာလည်း အနှီပုဂ္ဂိုလ် (၂)ဦးကြောင့် ထောက်ခံမှု ကျဆင်းနိုင်ပါတယ်..။
ပြည်သူတွေကို ရူးနေတာပါလို့ စော်ကားသူ အနှီပုဂ္ဂိုလ်တို့ မိမိတို့ ကိုယ်တိုင် ဥစ္စာရူး၊ အာဏာရူး၊ ဘဝင်ရူး၊ စည်းစိမ်ရူးရူး နေလား ဘာလားဆိုတာ မိမိကိုယ်တိုင် ပြန်လည်သုံးသပ်ဖို့ လိုပါလိမ့်မယ်..။ ဘယ်သူကဖြင့် တမူးသာနေပါသလဲ..။

ဓာတ်ပုံကတော့ မြန်မာပြည်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေထဲမှာ ပါဝင်တဲ့ ဦးအောင်သောင်း အလယ်နဲ့ ဦးအောင်သိန်းလင်း ညာအစွန်တို့ ၂ဦးရဲ့ လောဘဇောတိုက်နေတဲ့ မြင်ကွင်းကို သမ္မတဦးသိန်းစိန် စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေသလားပဲ.. (တရုတ်ကုန်စည်ပြပွဲ မြင်ကွင်း)

အောက်မှာတော့ ဇေယျာချောရဲ့ အောင်သိန်းလင်းအတွက် ရှေ့ဆုံးစာလုံးလေးတွေနဲ့ ဂုဏ်ပြု ကဗျာလေး တပုဒ်ကို ဖော်ပြလိုက်ပါတယ်..။

အောင်နိမိတ် အောင်တိတ်ဆောင်
သိန်းသန်းရာ ထောင်မေတ္တာများနဲ့
လင်းလင်းပပ ၀င်းဝင်းပပ နိုးထ
ချီးပမြှောက်စား 'က၀ိ' ကျင့်တရားဖြင့်
ပေအက္ခရာနှင့် ထုထွင်း
ကြီးမြတ်တဲ့ မနက်ခင်း။ ။

ချစ်ခြင်းမေတ္တာအားဖြင့်
ဇေယျာချော
၂၂။၇။၂၀၁၂

မီးပင်လယ်ခရီး အမှတ်စဉ် - ၃..

Posted: 22 Jul 2012 06:11 AM PDT

မီးပင်လယ်ခရီး အမှတ်စဉ် - ၃

ရခိုင်ပြည်နယ် အတွင်း မကြာသေးခင်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခကိစ္စရပ်များကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြသည့် ရခိုင်လူမျိုး ဒုက္ခသည်များအတွက် လူသားချင်းစာနာစိတ်ဖြင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ ပြည်တွင်း/ပမှ မြန်မာပြည်သူ/သားတို့သည် လာရောက်၍ အလှူငွေများ၊ အလှူပစ္စည်းများ ပေးအပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်ပြည်သူများအား တတိယအကြိမ် မြောက်အဖြစ် သွားရောက်ကူညီထောက်ပံ့ရန် ဇူလိုင်လ (၆) ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှ အသင်းသားများတို့သည် လှူဖွယ်ပစ္စည်းများဖြစ်သည့် အိုးခွက်ပန်းကန်များ၊ အဝတ်အထည်များ တင်ဆောင်၍ ၂၄ ပေ မော်တော်ယာဉ်ကြီးဖြင့် ဘုရင့်နောင်ပွဲရုံရှိ ရွှေပြည်သစ်ကားဂိတ်မှ နံနက် (၇းဝဝ) နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ကြပြီး ၉.၇.၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေ မြို့သို့ ရောက်ရှိခဲ့ကြပြီး စစ်တွေနာရေးကူညီမှုအသင်းမှ ကူညီဖေးမမှုဖြင့် သီရိဂုတ္တဓမ္မာရုံတွင် လှူဖွယ်ပစ္စည်းများအား ယာယီ ထားရှိခဲ့ပြီး စစ်တွေမြို့နှင့် ဒေသတစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများသို့ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။ ၁ဝ.၇. ၂ဝ၁၂ ရက်နေ့တွင် သင်္ဘောဖြင့် တစ်နေ့ကုန်နီးပါး မောင်းနှင်ခရီးဆက်ခဲ့ရာ ဘူးသီးတောင်မြို့သို့ ညနေ ပိုင်းတွင် ရောက်ရှိခဲ့ကြပြီး မောင်းတောမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ရောက်ရှိခဲ့ကြပြီး ဒေသခံ မောင်းတော ကုန်သည်ကြီးများအသင်းနှင့် မောင်တောခရိုင် အမျိုးသားကူညီ စောင့်ရှောက်ရေး ဖောင်ဒေးရှင်းတို့သည်လည်း မော်တော်ယာဉ်၊ နေရာထိုင်ခင်းတို့အား စီစဉ်ဆောင်ရွက် ကူညီဆောင်ရွက် ပေးခဲ့သည်။ 
မောင်းတောမြို့ပေါ်ရှိ အလိုတော်ပြည့်ကျောင်း၊ ပရဟိတကျောင်းနှင့် အစိုးရစာသင်ကျောင်း များရှိ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းများသို့လည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ၁၁.၇.၂ဝ၁၂ ရက်နေ့ တွင် ဆက်လက်၍ ပဋိပက္ခဖြစ်ပွားချိန်၌ မီးရှို့ခံခဲ့ရသည့် အလယ်သံကျော်ရွာ၊ မောရဝတီရွာများ (ဘင်္ဂလား ဒေရှ့်နယ်စပ်အနီး) နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဋ္ဌာနချုပ် အမှတ်(၇) နယ်မြေ တပ်တွင်း ဆေးခန်းရှိ ဒုက္ခသည်များနှင့် ပြည်သူ့ဆေးရုံ၊ မောင်တောအတွက် ဆေးဝါးများပေးအပ်ခဲ့ပြီး နောက် ၁၂.၇.၂ဝ၁၂ ရက်နေ့တွင် စစ်တွေမြို့ပေါ်သို့ ရေလမ်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ပါသည်။  

၁၃/၁၄.၇.၂ဝ၁၂ ရက်နေ့များတွင် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်သို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ၁၅.၇.၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လှူဒါန်းမှုခရီးစဉ်အား ရုပ်သိမ်းကာ အပြန်ခရီးအားစတင်ခဲ့ရာ ဘူးသီးတောင်မြို့မှ ရေလမ်းခရီးဖြင့် စစ်တွေမြို့သို့၎င်း၊ စစ်တွေမြို့မှ ရေလမ်းခရီးဖြင့် တောင်ကုတ်သို့ လည်းကောင်း၊ တောင်ကုတ်မှ မော်တော်ယာဉ်ဖြင့် ပြည်သို့၎င်း၊ ပြည်မြို့မှ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ မွန်းတည့် (၁၂းဝဝ) နာရီအချိန်တွင် ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ယင်းခရီးစဉ်သည် ရခိုင်ရိုးမ တောင်တန်းအား မော်တော်ယာဉ်ဖြင့် ခဲရာခဲဆစ် သွားခဲ့ရပြီးနောက် ပင်လယ်ရေလမ်းခရီးဖြင့် တစ်တန် ထပ်မံ၍ ရခိုင်ပြည်နယ်ရှိ လူမျိုးရေး ပဋိပက္ခဒေသသို့ ရောက်ရှိခဲ့သည်။
 
မိမိတို့အဖွဲ့သားများ ရောက်ရှိခဲ့ရ သော ရခိုင်ဒေသ အသီးသီးတို့တွင် မီးလောင်လွင်ပြင်များ၊ အိုးအိမ် ပျက်စီးမှုများကို စိတ်မချမ်းမြေ့စွာ ခံစား တွေ့ကြုံခဲ့ရသည်နှင့်အညီ ဒုက္ခသည် ရခိုင်ပြည်သူလူထု တို့နှင့်အတူ ထပ်တူထပ်မျှ ကြေကွဲမှု အပူမီးများ ဖြစ်ပေါ် ခံစားခဲ့ရသည်။ ထိုကဲ့သို့ ရခိုင်ဒုက္ခသည်များကို ကူညီဖေးမမှုခရီးစဉ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။ ထို့ကြောင့် ယင်းခရီးစဉ်အား မီးပင်လယ်ခရီး အမှတ်စဉ် - ၃ ဟု ကဗျည်းတတ်ခဲ့တော့သည်။

သို့သော် ခရီးလမ်းစဉ်တစ်လျှောက် ပင်ပန်းဆင်းရဲမှုအား ပဓါနမထားပဲ လူသားချင်း စာနာစိတ်ဖြင့် အများပြည်သူတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)ကိုယ်စား ဒုက္ခသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများ ထံသို့ ကိုယ်တိုင်ကိုယ်ကျ လက်ဝယ်သို့အရောက် အဆင်ပြေချောမောစွာ လှူဒါန်းနိုင်ခဲ့ခြင်း အတွက် ကျွန်တော့်၏ ရင်ထဲတွင် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတော့သည်။

စင်ကာပူနိုင်ငံသို့ ဗြဟ္မစိုရ် ခြေလှမ်းတစ်လှမ်း...

Posted: 22 Jul 2012 05:55 AM PDT

စင်ကာပူနိုင်ငံသို့ ဗြဟ္မစိုရ် ခြေလှမ်းတစ်လှမ်း

စင်ကာပူနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဂီတဖျော်ဖြေပွဲများ၊ စာပေဟောပြောပွဲများကို လစဉ်အလိုက် ကျင်းပပြုလုပ် ဖျော်ဖြေနေသည့်ကြားမှ ထူးခြားစွာဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လတွင် MAZ Entertainment Group (Singapore)မှ စီစဉ်ဆောင်ရွက်ပြီး "ဗြဟ္မစိုရ်ခြေလှမ်းများ" အမည်ရှိသော မြန်မာပြည်တွင်းရှိ လူမှုရေးသမားများ၏ ပေးဆပ်လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြား၍ ဂီတသံစဉ်များဖြင့် ဖျော်ဖြေမှု တစ်ရပ်အား ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ပရောက် မြန်မာမိသားစုများ အမျိုးဘာသာ သာသနာအား မမေ့မလျော့ပဲ လူသားချင်း စာနာစိတ်များ မွေးဖွားလာရန်အတွက် "ဗြဟ္မစိုရ်ခြေလှမ်းများ" ဟူသော အခမ်းအနားတစ်ရပ် ကျင်းပနိုင်ရန် MAZ Entertainment Group (Singapore) အဖွဲ့အား အဖွဲ့ဝင် (၄) ဦးဖြင့် စတင်စီစဉ် ဆောင်ရွက်ကြပြီး အခမ်းအနားမှ ရရှိသည့် ငွေကြေးအားလုံးကို လှူဒါန်းသွားကြမည်ဖြစ်ကြောင်း၊ အခမ်းအနားအတွက် အလှူခံဖို့အတွက် စင်ကာပူနိုင်ငံတွင် တရားဝင်အလှူငွေဖြတ်ပိုင်း ပြုလုပ်ခွင့်မရရှိသည့်အတွက် စက္ကူ သေတ္တာဘူးများများ ပြုလုပ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းငွေအဖြစ် ကောက်ခံကြရန်၊ နာရေးကူညီမှုအသင်း(ရန်ကုန်)အား ပံ့ပိုးနိုင်ရန်နှင့် စင်ကာပူနိုင်ငံရှိ မြန်မာမိသားစုဝင်များအနေဖြင့် မြန်မာ နိုင်ငံတွင်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများအား တိကျမှန်ကန်စွာ သိရှိနိုင်ရန်အတွက် ရည်ရွယ်၍ အကျိုးဆောင်ပေးနိုင်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကာ ၁၅.၇.၂ဝ၁၂ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ Jurong Sports & Culturo Center ခန်းမ၌ နေ့လည် (၃းဝဝ) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ လူမှုရေးလုပ်ဆောင်မှုအကြောင်း၊ လူမှုရေးသမားများ၏ကျင့်ဝတ် စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကာ ဥက္ကဋ္ဌ ဦးကျော်သူမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုပုံရိပ်မှတ်တမ်းများအား Slide Show ဖြင့် ပြသရှင်းလင်းခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသည့် မြန်မာမိသားစုများနှင့် အမေးအဖြေကဏ္ဍအား ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ မြန်မာမိသားစုများနှင့် နွေးထွေးစွာ ပြုလုပ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အထူးဧည့်သည်တော် အသင်းဝင် ကိုဆောင်းဦးလှိုင်မှ ဥက္ကာဦးသာနှင့် ပူးတွဲ၍ လူမှုရေးပရဟိတစိတ်ဓါတ်များ မြှင့်တင်ပေးသော ဂီတသံစဉ်များဖြင့် ပရိသတ်အား စကားပြောကြားကာ ဥက္ကာဦးသာနှင့်ပူးတွဲ၍ သီဆိုဖျော်ဖြေပေးခဲ့သည်။ ထိုအခမ်းအနားတွင် စင်ကာပူ ရောက် မြန်မာမိသားစုများ၊ မြန်မာ့လူမှုရေးအဖွဲ့အစည်းများ၊ လူမှုရေးသမားများတို့သည် Jurong Sports & Culturo Center ခန်းမအပြည့် လာရောက်အားပေး ကြကာ ပြည်တွင်းရှိ မြန်မာပြည်သူ လူထုတို့အား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည့် ကူညီမှုများကို ပြုလုပ်ပေးဆပ်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) အား အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြသည်။ ထို့နောက် ၁၇.၇.၂ဝ၁၂ ရက်နေ့ ညဘက်တွင် ဗြဟ္မစိုရ် ခြေလှမ်းများဖြင့် ခရီးသွားကြသော ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ကိုဆောင်းဦးလှိုင်တို့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
၂၁.၇.၂ဝ၁၂ ရက်နေ့ နေ့လည် (၂းဝဝ) နာရီအချိန်တွင် ပွဲစီစဉ်သူ MAZ Entertainment Group (Singapore) မှ ဦးဘိုဘိုဝင်း ဦးဆောင်၍ အဖွဲ့ဝင် (၃) ဦးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာ ရောက်၍ "ဗြဟ္မစိုရ်ခြေလှမ်းများ" လူမှုရေးဖျော်ဖြေပွဲ၍ ရရှိသည့် အလှူငွေ သိန်း (၈ဝ) ကျပ်တိတိအား လှူဒါန်းခဲ့ကြသည်။ ယင်းလှူဒါန်းပွဲ အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ စင်ကာပူနိုင်ငံသို့ ရောက်ရှိစဉ် မိမိသည် ကျန်းမာရေးမကောင်းသည့်အတွက် မိမိအား မိသားစုသဖွယ် အစစ အရာရာ ဂရုတစိုက် ဆေးဝါး ကုသပေးခဲ့သည့် MAZ Entertainment Group (Singapore) အဖွဲ့သားများနှင့်တကွ၊ ကြွရောက်အားပေး ကြသော မြန်မာမိသားစုဝင်များနှင့် စင်ကာပူနိုင်ငံရှိ လူမှုရေးအဖွဲ့သားများ အားလုံးတို့အား ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားခဲ့ပြီး MAZ Entertainment Group (Singapore)မှ ဦးဘိုဘိုဝင်းသည် "ဗြဟ္မစိုရ်ခြေလှမ်းများ" လူမှုရေးဖျော်ဖြေပွဲ ကျင်းပရခြင်းအကြောင်းနှင့် တွေ့ကြုံခဲ့ရသော အခက်အခဲများ အား ရှင်းလင်းပြောကြားကာ မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများအား စွမ်းစွမ်းတမံ လုပ်ဆောင်ပေး နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)အား လှူဒါန်းဖြစ်ခဲ့သည့် အကြောင်းအရာများကို ထပ်မံပြောကြား ခဲ့ပြီး အလှူငွေကျပ် (၈ဝ) သိန်းတိတိအား ပေးအပ်ခဲ့သည်။
ထို့နောက် ကိုဆောင်းဦးလှိုင်မှ ကျေးဇူးတင် စကားပြောကြားရာတွင် ယခင့်ယခင် မိမိသည် ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဂီတဖျော်ဖြေပွဲများ ကျင်းပခဲ့သော်လည်း ယခုကဲ့သို့ လူမှုရေးဖျော်ဖြေမှုပွဲအား ပထမဦးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေ ဖြင့် အားပေးသည့်ပရိသတ် နည်းပါးမည်ကို စိုးရိမ်မိကြောင်း၊ သို့သော် ယခုကဲ့သို့ စည်ကားသိုက်မြိုက် စည်းကမ်းရှိစွာဖြင့် အားပေးခဲ့ကြသော စင်ကာပူရောက် မြန်မာမိသားစုဝင်များရှိသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကြွရောက်လာကြသော စင်ကာပူရောက် မြန်မာမိသားစုဝင်များ၊ MAZ Entertainment Group (Singapore) အဖွဲ့သားများ၊ အလှူငွေ ကောက်ခံပေးကြသော လူမှုရေးစိတ်ဓါတ် ပြင်းပြကြသော ညီငယ်၊ ညီမငယ်များအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကာ အခမ်း အနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ယင်း "ဗြဟ္မစိုရ်ခြေလှမ်းများ" ဖြင့် သွားရောက်ခဲ့သော စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံရှိ မြန်မာမိသားစုများ၏ လူမှုရေးစိတ်ဓါတ် ပြင်းထန်မှုများ၊ ပြည်တွင်း/ပ မခွဲခြားဘဲ လူသားချင်းစာနာစိတ်ရှိ မှုများတို့အပြင် စင်ကာပူနိုင်ငံရှိ လူမှုရေးအသင်းအဖွဲ့များအား ရင်းနှီးစွာ ဆွေးနွေးခဲ့မှုများနှင့် စင်ကာပူနိုင်ငံ ရှိ မြန်မာ့ကရုဏာလူမှုရေးအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်မှ စတင်၍ ၁၅.၇.၂ဝ၁၂ ရက်နေ့၌ နာရေး ကူညီမှုအသင်းဟူ၍ စင်ကာပူနိုင်ငံတွင် ပေါ်ပေါက်လာခဲ့မှုတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ် ခြေလှမ်းတစ်လှမ်းအတွက် အောင်မြင်မှုတစ်ရပ်ပင် ဖြစ်ခဲ့တော့သည်။

တက္ကသိုလ် ဆရာ၊ ဆရာမများအား တာဝန်နှင့် မသက်ဆိုင်သည့် လုံခြုံရေးဝန်ထမ်းသဖွယ် လုပ်ဆောင် စေခိုင်းနေခြင်းများအား တားမြစ်ပေးပါရန် သမ္မတကြီးထံပေးစာ..

Posted: 21 Jul 2012 09:43 AM PDT

သို့
သမ္မတကြီးအား ရိုသေစွာဖြင့် အသိပေးအပ်ပါသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်ဖြင့် မည်သို့သော အခက်အခဲရှိ သည်ဖြစ်စေ ပြည်သူ့အကျိုးအတွက်ဟု ခံစားနားလည်ပေးကာ လုပ်ကိုင် ဆောင်ရွက်ပေးနေပါသော ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား အရိုအသေပြုပါ၏။

သို့သော်လည်း သမ္မတကြီးမှ ပြည်သူပြည်သားများအတွက် မည်သို့ပင်ဆောင်ရွက် ပေးနေပါသော်လည်း၊ အလယ်ဆင့်မှသူများ၊ အောက်မှသူများသည် ပြုပြင်ပြောင်းလဲရေး ကိုလိုလားဟန်မတူပေ။ တောင်ကိုရီးယားနိုင်ငံမှ မစ္စတာလီမြောင်ဘတ် လာစဉ်က တောင်ကိုရီးယားနိုင်ငံ သည်လည်း စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ပြီး ဦးစွာပညာရေး ကဏ္ဍကို မြှင့်တင်ခြင်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်ကို သိရှိရပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်မူ ပညာရေးကဏ္ဍကို ဦးစားပေးရမည့် အစားဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လွန်းသည်ဟု ထင်မြင်မိသည်။ 

သမ္မတကြီးမှ ထိုအကြောင်းများကို အကုန်အစဉ် သိရှိ နိုင်မည် မဟုတ်သောကြောင့် တင်ပြရခြင်းဖြစ်သည်။ တက္ကသိုလ် အသီးသီးတွင် ဖြစ်ပျက်နေသည်မှာ ဆရာ/ဆရာမများသည် မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်များကို ကောင်းစွာ သင်ကြားပေးခြင်းများ ပြုရမည့်အစား သာမန် ရုံးဝန်ထမ်းသဖွယ် ပြုမူဆက်ဆံ ခံနေရပါသည်။ သမ္မတကြီးသည်လည်း တစ်ချိန်က တက္ကသိုလ်များအကြောင်းကို သိရှိကြုံတွေ့ ခဲ့ရမည်ဖြစ်ပါသည်။ ဖြစ်သင့်သည်မှာ ဆရာ/ဆရာမ များသည် အချိန်ရလျှင် မိမိဘာသာရပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လေ့လာ ဆည်းပူးခြင်း၊ သင်ကြားရေး ပိုမိုတိုးတက်စေရန် မည်သို့ပြုရမည်ကို ရှာဖွေလေ့လာခြင်း၊ မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်လာရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရမည် ဖြစ်သည်။

 ထို့အပြင် ဆရာ/ဆရာမများဆိုသည်မှာ၊ စိတ်၏လွတ်လပ်ခြင်း၊ ကိုယ်၏လွတ်လပ်ခြင်း ရှိသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ရုံးဝန်ထမ်းများ အနေဖြင့် ရုံးအလုပ်ပြီးကာ အိမ်ပြန်ရောက်သော် ရုံးကကိစ္စကို မစဉ်းစားပဲ နေလို့ရသော်လည်း  (အခြေခံ၊ အဆင့်မြင့်) ဆရာ/ဆရာမများသည် ညဘက် အိမ်ရောက်သော်လည်း နောက်တစ်နေ့သင်ခန်းစာအတွက် ပြင်ဆင်ရခြင်း၊ စာဖတ် ရခြင်းများ ပြုရပါသည်။ အနည်းငယ်သော စုန်းပြူးများ ပါကောင်း ပါနိုင်သော်လည်း ၉၉%သော ဆရာ/ဆရာမများမှာ ထိုကဲ့သို့ ကြိုတင်ပြင်ဆင် ပြုလုပ်ကြရသည် ချည်းသာဖြစ်သည်။ 

ထိုကဲ့သို့သော ဆရာ/ဆရာမများအား သင်ကြားရေးနှင့် မသက်ဆိုင်သည့် တာဝန်များ ဥပမာ ဂိတ်ပေါက် စောင့်ခိုင်းခြင်း (စနေ၊ တနင်္ဂနွေပါ မကျန်)၊ နာရီဝက်တစ်ဆိုင်းနှုန်းဖြင့် ကျောင်းဝင်းအတွင်း လှည့်ကင်းပတ်ခိုင်းခြင်း၊ နံနက် ၆း၃၀ အရောက်လာစေပြီး အဆောင် အထပ်များကို လုံခြုံရေးဝန်ထမ်း သဖွယ် စောင့်ခိုင်းခြင်း စသည်တို့ကို စေခိုင်းခြင်းခံနေရပါသည်။ ရန်ကုန် နိုင်ငံခြားဘာသာနှင့် ပတ်သက်ပြီး ယခင်လကHot News Journal တွင် ထည့်သွင်း ရေးသားခဲ့ပါသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါ။ ထိုကဲ့သို့ စာသင်ကြားမှုနှင့် မဆိုင်သည့် ဂျူတီများကို ဆက်လက် ချထားနေခြင်းသည် မည်သို့မျှခေတ်နှင့် ဆီလျော်ခြင်း မရှိသကဲ့သို့ ဆရာ/ဆရာမများ၏ ကိုယ်စိတ် နှစ်ပါးစလုံးကို ဆင်းရဲပင်ပန်းအောင် ပြုမူနေခြင်းဖြစ်သည်ဟု ခံယူကြသည်။ 

ထိုဆရာ/ဆရာများသည် ဆယ်စုနှစ်၂ ခုတိုင်အောင် ထိုတာဝန်များကိုသာ ထမ်းဆောင်နေခဲ့ရသည်ကို သမ္မတကြီးသိမည် မဟုတ်ပါ။ ထိုခံစားချက်များသည် ကြာလေ ပိုဆိုးလာလေဖြစ်ကာ ပညာရေး ၀န်ကြီးဌာနအားလည်းကောင်း၊ နိုင်ငံတော်အစိုးရအား လည်းကောင်း ကြည်ညိုလေးစား စိတ်များကိုသာ ပျက်ပြယ်စေမည် ဖြစ်ပါသည်။

အမှန်မှာ လုံခြုံရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားခြင်း၊ လုံခြုံရေးအရာရှိမှ အုပ်ချုပ်ရမည့် နယ်မြေ လုံခြုံရေးဌာနများ ထားသင့်ပြီး လိုအပ်မှသာ ဆရာ/ဆရာမများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ဆိုလျှင် သင့်တော်သေးသည်။ ယခုအခါဆရာ ဆရာမများ၏ ကိုယ်စွမ်း၊ ဥာဏ်စွမ်းများကို အလဟဿ နင်းခြေဖျက်ဆီးသကဲ့သို့ ခံစားနေကြရပါသည်။ သိုဖြစ်ပါသောကြောင့် နိုင်ငံတော် သမ္မတကြီးမှ ဆရာ/ဆရာမများအား မေတ္တာရှေ့ထားပြီး ထိုကဲ့သို့ ခေတ်နှင့် မကိုက်ညီသည့် ကိစ္စများကို ရပ်တန့်အောင် လုပ်ဆောင်ပေးပါရန် ရိုသေ လေးမြတ်စွာဖြင့် အသနားခံ တင်ပြအပ်ပါသည်။

တက္ကသိုလ်ဆရာ/ဆရာမများ 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် တရားသူကြီးဦးမြင့်စိုးမှ လာဘ်စား၍ အမိန့်ချမှတ်မှုအပေါ် ကျေးရွာသူ ရွာသားများမှ မတရားမှု ပပျောက်ရေး လှုပ်ရှားမှုနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးစာ...

Posted: 21 Jul 2012 08:17 AM PDT

မတရားမှု ပပျောက်ရေး လှုပ်ရှားမှုမှ အရှင်သောပါက (ဝဲဘက်က ဆရာတော်ကတော့ Peace in Burma now မန္တလေးမဟာမြတ်မုနိ ဘုရားကြီးအတွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ဖော်ထုတ်ခဲ့တဲ့ ဂျာမဏီ ဆရာတော် ဦးသောပါက ဖြစ်ပါတယ်)အား ကျေးရွာသူ ရွာသားများနှင့်အတူ တွေ့ရစဉ်.
တရားသူကြီးဦးမြင့်စိုး၏ လာဘ်စား၍ အမိန့်ချမှတ်မှုအပေါ် မတရားမှု ပပျောက်ရေး လူထုဆန္ဒဖော်ထုတ် နေစဉ်

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှ တရာသူကြီးဦးမြင့်စိုး၏ လာဘ်စားမှုအပေါ် မကျေနပ်သူ ပြည်သူများမှ မတရားမှု ပပျောက်ရေး လှုပ်ရှားမှု (အကျင့်ပျက် လာဘ်စားမှုတွေ ပြည့်နေတဲ့ တရားရေးမဏ္ဍိုင်) အကြောင်းပေးစာကို ဖော်ပြလိုက်ပါတယ်..။
 သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရိုသေစွာ လျှောက်ထား မေးမြန်းနေစဉ်...
သို့
ဝန်ကြီးချုပ် ဦးသာအေး
စစ်ကိုင်းဒေသကြီး အစိုးရ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

အကြောင်းအရာ။ ။ ၂၉၊၃၊၂၀၁၂ ရက်နေ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနကားနှင့် အရပ်သား ထော်လာဂျီကားတို့ ယာဉ်တိုက်မှု ဖြစ်စဉ်အား တရားသူကြီး၏ ဆုံးဖြတ်ချက်ကို တရားမျှတမှုမရှိ၍ တိုင်ကြားခြင်း။

အထက်ပါ အကြောင်းရာပါကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အပိုင် တရော်ကျင်းရွာ ရေကျော်အလွန်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ယာဉ်မောင်း ဦးရန်အောင်လင်းသည် ယာဉ်အမှတ် ၄ခ/၂၂၅၂ ကို အရက်သေစာ သောက်စားပြီး မဆင်မခြင် မောင်းနှင်လာစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှ ထော်လာဂျီအား ပြင်းထန်စွာ ဝင်တိုက်မိရာ သပြေအေးရွာမှ မောင်တင်ဝင်းပိုနှင့် ကနီမြို့နယ် မိုးကောင်းရွာမှ မကြည်မြ တို့မှာ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံး သွားခဲ့ကြပါသည်။ ၎င်းအပြင် သပြေအေး ရွာသားများဖြစ်ကြသော မောင်ဖြိုးဝေထွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး နံရိုးလေးချောင်း ကျိုးသွားခဲ့ပါသည်။

ထော်လာဂျီမောင်းသူ မောင်ဖိုးဇော်မှာ ညာဘက်ပေါင်ကျိုးပြီး အသည်းအက်ကာ မောင်ခင်မောင်သည်လည်း ပြင်းထန်သော ဒဏ်ရာများ ဖြင့် ဆေးရုံသို့ ချက်ခြင်းတက်ရောက် ကုသခဲ့ရပါသည်။ ထိုသို့ဖြစ်ပွားပြီးနောက် ချောင်းမရဲစခန်းမှ စခန်မှူး ဦးတင်အောင်မိုး ရောက်ရှိလာကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ၄င်းနောက် ကနီမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ပါသည်။ ထိုသို့တရားစွဲဆိုစဉ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ကလေးဝလမ်းပိုင်း အပိုင်မှ ဦးကျော်စွာမြင့်သည် အမှုကို ကျေအေးစေရန် စစ်ကိုင်းတွင် တစ်ကြိမ်၊ မုံရွာတွင်နှစ်ကြိမ် ညှိုနှိုင်းခဲ့ပါသည်။ နစ်နာကြေးအနေဖြင့် (၄၂)လေးဆယ့်နှစ်သိန်း ပေးမည်ဟုလည်း နှုတ်ကတိဖြင့် ပြောခဲ့ပါသည်။ သို့သော် ထိုကတိကို လုံးဝ ထိန်းသိမ်းခြင်း မရှိပါ။

ကနီမြို့နယ်တရားရုံးမှလည်း အကြိမ်ကြိမ် ရုံးချိန်းဆင့်ခေါ်၍ ကာယကံရှင်များက သွားရောက် ပါသော်လည်း အကြိမ်များစွာ စစ်ဆေး ခြင်း မပြုဘဲ ပြန်လွှတ်ခဲ့ပါသည်။ နောက်ဆုံးတွင် ကနီမြို့နယ် တရားသူကြီး ဦးမြင့်စိုးသည် (၁၆၊၇၊၂၀၁၂) ရက်နေ့တွင် တဘက်သတ် ဆန်သော အမိန့်ကို ချမှတ်ခဲ့ပါသည်။ ထော်လာဂျီမောင်းနှင်သူ မောင်ဖိုးဇော်ကို ထောင်ဒဏ်သုံးနှစ်ချမည် အကယ်၍ တစ်နှစ်သာ ကျခံစေလိုပါက ငွေငါးသိန်း ပေးရမည်ဟု သိက္ခာမဲ့စွာ တောင်းခဲ့ပါသည်။ ကာယကံရှင်များသည် ဆင်းရဲနွမ်းပါး လှသည့်အတွက် သူတစ်ပါး ဆိုင်ကယ်ကို ငှါးရမ်း၍ ပေါင်နှံပြီး ၎င်းငွေကို ပေးခဲ့ရပါသည်။

သောက်စားမူးယစ်၍ မဆင်မခြင်မောင်းနှင်လာသည့်အတွက် လူ နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရစေခဲ့သော ယာဉ်မောင်း ဦးရန်အောင်လင်းမှာမူ (၉) ကိုးလသာ ထောင်ဒဏ်ကျစေခဲ့ပါသည်။ ထိုကဲ့သို့ တရားသူကြီး၏ မလျှော်ကန်စွာ ဆုံးဖြတ်မှုကို မကျေနပ်သည့် အတွက် သပြေအေးရွာသူ ရွာသားများ၊ မိုးကောင်းရွာသူ ရွာသားများ၊ တရော်ကျင်းရွာသူ ရွာသားများစုပေါင်း၍ တရော်ကျင်းရွာတွင် (၁၇၊ ၇၊၂၀၁၂) နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ ကြပါသည်။ ထိုသို့ဖြစ်ပွားစဉ် ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ရောက်ရှိလာပြီး ကာယကံရှင်များ၏ မကျေနပ်ချက်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ တိုက်ရိုက် တိုင်ကြားရန် လမ်းညွှန်ခဲ့သည့်အတွက် ယခုလို တိုင်ကြားရခြင်းဖြစ်ပါသည်။ သို့အတွက် ၀န်ကြီးချုပ်အနေနှင့် တရားမျှတမှုဖြစ်စေရေးအတွက် လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါရန် ကာယကံရှင်များနှင့် ရွာသူ၊ ရွာသားများက အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

ကာယကံရှင်များနှင့် သက်ဆိုင်သူတို့၏ လက်မှတ်များ

ဦးကြည်မောင်၊ ဦးရွှေလှိုင်၊ ဦးသန်းမောင်၊ ဦးဌေးလင်း

ဦးခင်မောင်၊ ဦးတင်ဝင်းလှိုင်(ကားပိုင်ရှင်)၊ ဦးသောပါက(ရွာသူ ရွာသားများကိုယ်စား)

(နောက်ဆုံးရရှိတဲ့ သတင်းအရ မုံရွာ ခရိုင်တရားသူကြီးပါ သုံးဦးအဖွဲ့မှ အထက်ပါ ကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ကာ ယနေ့မှ စ၍ စစ်ဆေးနေပြီ  ဖြစ်ကြောင်း သိရှိရပါသည်။)

ဒီမိုဝေယံ