From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/7/29
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com
သစ်ထူးလွင် |
- လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ မြန်မာနိုင်ငံက အားကစားတချို့ လည်း ပါဝင်ယှဉ်ပြိုင်
- မန္တလေးလူမှုရေးလုပ်ငန်း ၈၈ ကျောင်းသားများ သွားရောက် လှူဒါန်း
- ထိုင်းအိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ မွေးနေ့ မြန်မာနိုင်ငံတွင် ကျင်းပ
- မြန်မာ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် ထိုင်းပြင်ဆင်
- သတ္တုနှင့် သယံဇာတ ကော်မတီနှင့် ရွှေလုပ်ငန်းရှင်များ တွေ့ဆုံမည်
- အမျိုးသမီးများကို ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခွင့်ရှိ
- တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့
- ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်
- ဒုက္ခသည်ထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူ ပါဝင်နိုင်
- အများပြည်သူ သွားလာနေသည့် လမ်းကို ညအချိန် သံတံခါးပိတ်ဆို့ ထားသည့်ရေခဲစက်အား အရေးယူပေးပါရန်
- သီပေါမြို့မှာ သစ်တောဝန်ထမ်းများ အိပ်ပျော်နေခြင်း
- ကွန်ကရစ်လမ်းခင်းခ တစ်ပေ တစ်သောင်းကျပ်
- ငွေကြေးကောက်ခံခြင်းနှင့် ကျောင်းအုပ်ကြီး ကိုယ်တိုင် ကျူရှင်ပြ
- ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေးစိုးရိမ်
- ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို
- ADK အထည်ချုပ် ၏ ခုံသမာဓိကောင်စီ ကြားနာမှု
- အိုလံပစ် ပထမဆုံး ရွှေတံဆိပ် တရုတ်ဆွတ်ခူး
- လန်ဒန် ၂၀၁၂ အိုလံပစ် ဖွင့်ပွဲမြင်ကွင်း
- စစ်တပ်ဖမ်းတဲ့ ရွာသား အလောင်းပဲ ပြန်တွေ့
- ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်းချရန် ငွေကြေးများကောက်ခံနေ
- ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ ငါးမျှားတဲ့သူတွေဆီ ကနေ ငွေတောင်း (ပေးစာ)
- မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော
- မြို့လယ်ရှိ စက်သုံးဆီဆိုင် မြို့ပြင်ထုတ်ရေး သာစည်တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်ခွင့်ရပြီ
- ခရီးသွားဥပဒေအသစ်ပြဋ္ဌာန်းရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များသုံးသပ်
- ပြည်ပမှ ရိုပာင်ဂျာအရေးခြိမ်းခြောက်မှုများအား လက်ခံနိုင်ဖွယ်မရှိဟု ပြန်လည်တုံ့ပြန်
| Posted: 29 Jul 2012 07:18 AM PDT လန်ဒန် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ မြန်မာနိုင်ငံက အားကစားတချို့ လည်း ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ မြန်မာနိုင်ငံက အမျိုးသား တဦးချင်း သေနပ်ပစ်ပြိုင်ပွဲမှာ ကိုမောင်ကြူ ၊ တဦးချင်း လှေလှော်ပြိုင်ပွဲမှာ မရွှေစင်လတ်နဲ့ မြှားပစ်ပြိုင်ပွဲမှာ ကိုနေမျိုးအောင်တို့ဟာ ယှဉ်ပြိုင်ပါတယ်။ မအေးအေးအောင်က ဂျူဒိုအားကစားနဲ့ သြဂုတ်လ ၂ရက်မှာ ယှဉ်ပြိုင်မှာ ဖြစ်သလို ကိုသက်ဇော်ဝင်းက သြဂုတ်လ ၄ ရက်နေ့မှာ မီတာ ၄၀၀ ပြေးခုန်ပစ် ပြိုင်ပွဲနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လန်ဒန်ရောက် မြန်မာတွေကလည်း မနေ့ညက ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲ အခမ်းအနားကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ကြည့်နေကြသလို face book လို tweeter လို အင်တာနက် ဆက်သွယ်ရေးတွေကနေ မြန်မာနိုင်ငံ အသင်း အိုလံပစ်အားကစားကွင်းထဲ ဝင်လာတာကို စောင့်ပီး ကြည့်ရှု အားပေး တာတွေလည်း တွေ့ရပါတယ်။ ဒီလို လန်ဒန်မှာ ရောက်ရှိနေတုန်း အိုလံပစ်အားကစားပြိုင်ပွဲ နဲ့ ကြုံရတော့ မြန်မာနိုင်ငံသားတချို့က သွားရောက်ကြည့်ရူမယ်ဆိုပီး အားခဲနေကြ ပါတယ်။ အဲဒီလူတွေထဲက သြဂုတ်လ ၅ ရက်နေ့က ဘတ်စကက်ဘောပြိုင်ပွဲ သွားကြည့်မယ့် မတူးမာက- " အမသမီးက သူကျောင်းကနေ အိုလံပစ်အတွက် လက်မှတ်ရတယ်လေ။ ကျောင်းမှာ sport ထူးချွန်တဲ့သူတွေကို လက်မှတ်ပေးတယ်။ သူက ဘတ်စကက်ဘော ကစားတာများတယ်ဆိုတော့ ဘတ်စကတ်ဘော လက်မှတ်ရထားပါတယ်။ ၅ ရက်နေ့ သြဂုတ်ပါ။ အမတို့ ဗမာအဖွဲ့ တက်ရောက်တာကိုလည်း တွေ့ရတယ်။ အဲဒီအတွက် အရမ်းဝမ်းသာတယ် ဂုဏ်ယူပါတယ်။ နောက်ပီး ဗမာလူမျိုးတွေအနေနဲ့ အိုလံပစ်မှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုပီးဝမ်းသာမိမယ်လို့ ထင်ပါတယ်။" အိုလံပစ် အားကစားကွင်းနားမှာ နေတဲ့ ကိုရာဇာကလည်း အိုလံပစ် အားကစားပြိုင်ပွဲမှာ အနည်းဆုံး ပွဲစဉ်တခုကို ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မယ်။ နောက် ရပ်ကွက်သူရပ်ကွက်သားတွေ အလုပ်အကိုင် အသစ်တွေ ရရှိစေတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။ "ကျနော်တို့ရပ်ကွက်ထဲက ဗမာတွေ ဒီနားမှာ အလုပ်ရတယ်ခင်ဗျ။ အလုပ်ကတော့ temporary ပေါ့။ ခဏတဖြုတ် အိုလံပစ်ရဲ့ အရှိန်ကြောင့် ဈေးရောင်းတဲ့ဆိုင်တွေမှာရတယ်။ တချို့ဆိုလည်း ဈေးရောင်းတဲ့ ဆိုင်တွေမှာရတယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့ ဗမာအသိုင်းဝိုင်းကတော့ တော်တော်လေးကို ပျော်ကြတယ်ခင်ဗျ။ ကျနော် ကတော့ ဘောလုံးပွဲကြည့်မယ်လို့ စိတ်ကူးထားတယ်။ ဘရာဇီးနဲ့ ပွဲကို သွားကြည့်ဖို့ရာများတယ်ပေါ့နော်။ ဘရာဇီးနဲ့ ဘယ်အသင်းနဲ့ ဖြစ်ဖြစ်ပါ။ အိုလံပစ်မှာ ကြည့်ဖူးတယ်ရှိအောင် သွားကြည့်မှာက အဓိကပါ။" မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားတွေ လာရောက် ယှဉ်ပြိုင်တဲ့ အတွက် ကျေနပ်အားရကြောင်း ကိုရာဇာက - "ကျနော်ကတော့ ဗမာအားကစား အသင်း ဒီကို လာပီး ယှဉ်ပြိုင်တာကို အတော် သဘောကျတယ်ဗျ။ ကျနော်ကတော့ အနိုင်ရရှိသွားတာက အဓိကမဟုတ်ဘူး။ ဝင်ရောက်ယှဉ်ပြိုင်လိုက်တာက အဓိကဘဲ ။ ကျနော်ကတော့ မြန်မာနိုင်ငံက အားကစားသမားတွေ နိုင်ငံတကာပွဲတွေမှာ များများဝင်ရောက်ယှဉ်ပြိုင်လေ အားကျလေဘဲ။ ဒါပေမယ့် ကျနော် သဘောပေါက်ပါတယ် ငွေရေးကြေးအခက်အခဲတွေလည်း ရင်ဆိုင်ရမယ် ဆိုတာ။ သို့သော်လည်း တိုင်းပြည်အတွက် တော်တော်လေးကို အတွေ့အကြုံတွေ ရနိုင်တယ်ပေါ့ အဲဒီအတွက် ဝမ်းသာတယ်ခင်ဗျ။" RFA Burmese | ||||
| မန္တလေးလူမှုရေးလုပ်ငန်း ၈၈ ကျောင်းသားများ သွားရောက် လှူဒါန်း Posted: 29 Jul 2012 07:16 AM PDT မန္တလေးမြို့ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ခေါင်းဆောင်တွေဟာ ဒေသခံ လူမှုရေးလုပ်ငန်းတွေ အတွက် ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ 88 Generation Students Group မန္တလေးမြို့က နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းနှင့် ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါန စာသင်ကျောင်း အတွက် ၈၈ မျိုးဆက်ကျောင်းသားများက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က သွားရောက်လှူဒါန်းနေကြစဉ်။ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ အနေနဲ့ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ၀ိုင်းဝန်း ဖြည့်ဆည်းပေးမယ်ဆိုတဲ့ မူလုပ်ငန်းစဉ်အရ ရောက်ရှိတဲ့ဒေသတွေမှာ သွားရောက် လှူဒါန်းတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။ "ကျနော်တို့က ဒေသတော်တော်များများကို ရောက်တဲ့အခါမှာ ဒေသခံတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ချက်တွေ၊ နောက်ပြီးတော့ သူတို့လုပ်နေတဲ့ လုပ်ငန်းတွေမှာ လိုအပ်ချက်တွေကို တွေ့ဆုံပြီး စကားပြောတဲ့အခါမှာ အဲဒီအချက်အလက်တွေကို တွေ့ရတယ်။ တိုင်းပြည်မှာ တကယ့်ကို ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာ အစိုးရကနေပြီးတော့ ၀င်ရောက် အားဖြည့်နိုင်မှုတွေ ဘယ်လောက် လျော့နည်းနေလဲ ဆိုတာလည်း ပေါ်လွင်သွားတယ်။ နောက်တချက်က ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေက နေပြီးတော့ မိမိတို့ ၀န်းကျင်မှာ ရှိတဲ့ ပြည်သူလူထု အကျိုးစီးပွားအတွက် လုပ်ငန်းတွေ လုပ်ဆောင်နေရာမှာ အရှိန်ရအောင်လည်း ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ တတ်နိုင်သလောက် ကျနော်တို့ ရုံးကို လာရောက် ဆက်သွယ်လာတဲ့ အလှူရှင်တွေနဲ့ ကျနော်တို့က သဘောထားတွေ ရှင်းပြပြီးတော့ လိုအပ်ချက်တွေကို သတင်းအချက်အလက်တွေ ပေးပြီးတဲ့အခါမှာ သူတို့ရဲ့ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးလိုက်တယ်။" အောင်မြေသာစံမြို့နယ်က ပင်လယ်တိုက်၊ ရွှေမန်းအုတ်ကျောင်း၊ နှလုံးလှပင်လယ် ကုသိုလ်ဖြစ် ဆေးခန်းနဲ့ ဘုန်းတော်ကြီးသင် အခမဲ့ ပညာဒါန စာသင်ကျောင်းမှာ ဆေးခန်းသုံးနဲ့ ကျောင်းသုံးပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ကိုပြုံးချိုက ပြောပါတယ်။ ဒါအပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ရုံးကိုလည်း သွားရောက်ပြီး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ RFA Burmese | ||||
| ထိုင်းအိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ မွေးနေ့ မြန်မာနိုင်ငံတွင် ကျင်းပ Posted: 29 Jul 2012 07:12 AM PDT ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာဝချိရာလုံကွန်၏ ၆၀ နှစ်ပြည့်မွေးနေ့ အလှူတော် မင်္ဂလာ အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့နံနက် ၉နာရီတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ထိုင်းမြန်မာချစ်ကြည်ရေးကျောင်းတိုက်တွင်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို ထိုင်းသံရုံးမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၂၈တွင် ကျရောက်သည့် အိမ်ရှေ့မင်းသား၏ မွေးနေ့အထိမ်းအမှတ်အဖြစ်ပြုလုပ်ခြင်း ဖြစ်ကာ ယနေ့နံနက်တွင် သံဃာအပါး ၆၀ တို့အား နေ့ဆွမ်း၊ သင်္ဃန်းနှင့် လှူ ဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။၎င်းအပြင် ထိုင်းသံရုံးမှနေ၍ အဆိုပါကျောင်းတိုက်သို့ အလှူငွေအဖြစ် ဘတ်ငွေတစ်သိန်းခွဲလှူဒါန်းခဲ့ရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း)ဦးညွန့်ဆွေက လက်ခံပေးခဲ့သည်။ ယင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr.Pisanu Savanajata ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း)ဦးညွန့်ဆွေနှင့်ဇနီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ငြိမ်း) ဦးကိုကိုမောင်၊ ထိုင်းစစ်သံမှူးများနှင့် သံရုံးမိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။ Popular Myanmar News Journal | ||||
| မြန်မာ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် ထိုင်းပြင်ဆင် Posted: 29 Jul 2012 07:04 AM PDT
ထိုင်းအစိုးရ အနေဖြင့် နှစ်နိင်ငံ အစိုးရချင်း စာချုပ်ချုပ်ဆို၍ မြန်မာနိင်ငံမှ လုပ်သားများကို ကန်ထရိုက် စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားကြောင်း သတင်းကို ရုပ်သံလိုင်း ၇ တွင် ကြည့်လိုက်ရကြောင်း ဘန်ကောက် မဟာချိုင်မှ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောကြားသည်။ ထိုင်းအလုပ်သမား ၀န်ကြီး ဆုန်ဆပ်က မြန်မာ အလုပ်သမားများကို နှစ်ဖက်အစိုးရ သဘောတူညီချက်ဖြင့်သာ ခေါ်ယူသွားမည်ဖြစ်ပြီး ကန်ထရိုက်စာချုပ် ချုပ်ဆိုရန်အတွက် အနည်းဆုံး နှစ်နှစ် အများဆုံး လေးနှစ် ကြာမည်ဖြစ်ကာ မြန်မာ အလုပ်သမားများကို ယခုနှစ်ကုန်တွင် အလုပ်လုပ်ခွင့် ပါမစ် သက်တမ်း တိုးပေးရန် မရှိဟု ပြောဆိုခဲ့ကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။ လက်ရှိ ထိုင်းအစိုးရ အနေဖြင့် တရားမ၀င် ရောက်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများ ယာယီ နိင်ငံကူးလက်မှတ် ထုတ်ပေးကာ နှစ်အလိုက် သက်တမ်းတိုး စနစ်အစား ကန်ထရိုက်စနစ်ကို သုံး၍ ခေါ်ယူသည့် ပုံစံသို့ပြောင်းရန် မြန်မာအစိုးရနှင့် ညှိုနှိုင်းခဲ့ပုံ ရကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။ ရထားပို့ဆောင်ရေး ပြည်ထောင်စု ၀န်ကြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်ဆောင် ဦးအောင်မင်းက ထိုင်းတွင်မြန်မာ ရွှေ့ပြောင်းလုပ်သာ နှစ်သန်းခန့်ရှိပြီး ၄င်းတို့ ပြန်လာရေးအတွက် အလုပ်အကိုင် ရရှိရေးအတွက် Peace Centre နှင့် ချိတ်ဆက် ဆောင်ရွုက်ပေးသွားရန် ရှိသည်ဟု ယခင်အပတ်က နိင်ငံရေး ပါတီများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားသည်။ The Voice Weekly | ||||
| သတ္တုနှင့် သယံဇာတ ကော်မတီနှင့် ရွှေလုပ်ငန်းရှင်များ တွေ့ဆုံမည် Posted: 29 Jul 2012 06:25 AM PDT
ပြည်ထောင်စု လွှတ်တော်က တာဝန်ပေး ဖွဲ့စည်းခဲ့သော သတ္တုနှင့် သယံဇာတ ကော်မတီ သည် ရွှေတူးဖော်ရေး ကုမ္ပဏီ လုပ်ငန်းရှင်များ တွေ့ဆုံကာ နိုင်ငံတော်သို့ ပေးသွင်းရန်ကျန်ရှိနေသေးသော ရွှေစင်သားများနှင့် ပတ်သက်၍ ဇူလိုင်လ ၃၁ ရက်နေ့တွင်တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းဝိုင်းမှ သိရသည်။ " သတ္တုလုပ်ငန်းက ကျွန်တော်တို့ ကုမ္ပဏီတွေကို ပေးသွင်းရမယ့် ရွှေစင်သားတွေကိုသတ်မှတ်ထားတဲ့ စာချုပ်အတိုင်း တိတိကျကျ ဆောင်ရွက်ပေးဖို့ ကော်မတီနဲ့တွေ့မှာပါ" ဟု စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်း၊ ဗန်းမောက် နှင့် ပင်လည်ဘူးဒေသတို့တွင် ရွှေတူးဖော်ရေး လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွှေတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကုမ္ပဏီများအနက် နိုင်ငံတော်သို့ အခွန်အဖြစ် ရွှေစင်သားများ ပေးသွင်းရန် ကျန်ရှိနေသော ကုမ္ပဏီများကို သတ္တုတွင်းဝန်ကြီးဌာနအမှတ် ၂ သတ္တုလုပ်ငန်းက ကျန်ရှိသော ရွှေစင်သားများကို ပေးသွင်းကြရန်နှင့်ပေးသွင်းခြင်းမရှိပါက တည်ဆဲ ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ဇူလိုင် ၄ ရက်နေ့ရက်စွဲဖြင့် တရားဝင်ထုတ်ပြန် ကြေငြာခဲ့သည်။ ယခင် အစိုးရ လက်ထက်က စာချုပ် စည်းကမ်းချက်နှင့် မကိုက်ညီ၍ ဒဏ်ကြေးအဖြစ်ရွှေစင်သားနှင့် ငွေသားများပေးသွင်းရန် သတ်မှတ်ခဲ့ပြီး ယင်းဒဏ်ကြေးများကိုလည်းရွှေကုမ္ပဏီများ ပေးဆောင်ထားသော်လည်း အထက်ပါ ထုတ်ပြန်ကြေညာချက်တွင်ဒဏ်ကြေးပေးသွင်းထားပြီးသော ကာလများကိုပါ နိုင်ငံတော်သို့ ပေးသွင်းရန်ရွှေစင်သားအဖြစ် သတ်မှတ်လိုက်ကြောင်း ကချင်ပြည်နယ် အခြေစိုက် ရွှေတူးဖော်ရေးကုမ္ပဏီအဖြစ် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ နိုင်ငံတော်သို့ ရွှေစင်သား ပေးသွင်ကျန်ရှိနေသော ရွှေလုပ်ငန်း ကုမ္ပဏီများအနက်ကုမ္ပဏီ ၁၄၀ က သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းများနှင့် ပေးသွင်းရမည့် ပမာဏကိုညှိနှိုင်းနေကြောင်း အမှတ် ၂ သတ္တု လုပ်ငန်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ " ကျွန်တော်တို့ ပေးသွင်းဖို့ ကျန်တဲ့ ရွှေက(ဆယ်ဂဏန်းရှိသော) ကျပ်သားလောက်ပဲ တွက်ထားတာ။ခု စာရင်းက ၃ပိသာနဲ့ ၉၀သား(ကျပ်သား)ဆိုတော့ ကျွန်တော်တို့ဘက်က ဘယ်လိုမှ ပေးဖို့ မဖြစ်နိုင်လို့ပြန်ညှိုနှိုင်းနေတာပါ" ဟု စစ်ကိုင်းတိုင်းရှိ ရွှေလုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။ အသေးစား ရွှေကုမ္ပဏီ ၄၉ ကုမ္ပဏီမှာမူ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင် ရွှေသားများကို ပေးဆောင်ခြင်း မရှိသည့်အပြင် သက်ဆိုင်ရာနှင့်လည်း ညှိနှိုင်း ဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုလ ၁၈ ရက်နေ့ နောက်ဆုံးထားကာပေးသွင်းကြပါရန်နှင့် ပေးသွင်းခြင်း မရှိပါက ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များကို တည်ဆဲ ဥပဒေအရ အရေးယူ သွားမည့်အပြင် ကုမ္ပဏီများနှင့်ဒါရိုက်တာအဖွဲ့ဝင်များကို အမည်ပျက်စာရင်း သွင်းသွားမည် ဖြစ်ကြောင်း အထက်ပါထုတ်ပြန်ကြေငြာချက် တွင် ဖော်ပြပါရှိသည်။ The Voice Weekly | ||||
| အမျိုးသမီးများကို ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခွင့်ရှိ Posted: 29 Jul 2012 06:18 AM PDT ရန်ကုန်ဇူလိုင် ၂၉ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် ဥပဒေ ပြဒါန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အများပြည်သူ လေးစားပြီး သြဇာတိက္ကမ ကြီးမားသော ရပ်မိရပ်ဖ ငါးဦး ပါဝင်သော ကြီးကြပ်ရေးအဖွဲ့က ရွေးချယ် တင်မြောက်သော မည်သူမဆို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တင်မြောက်ပိုင်ခွင့် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဗိုလ်မှုးချုပ်ကျော်ဇံမြင့် က လွှတ်တော်တွင် ပြောကြားခဲ့သည်။ မြန်မာနိင်ငံ လူအဖွဲ့အစည်းတွင် အမျိုးသမီးများ၊ ကလေးများ၊ လိင်တူချစ်တူများ ခွဲခြား ဆက်ဆံလေ့ရှိကြောင်း အဖိုနှင့် အမ၊ အပူနှင့် အအေး၊အပေါင်းနှင့် အနှုတ်၊အမှောင်နှင့် အလင်း မတူကွဲပြားမှုများသည် သဘာဝဖြစ်ကြောင်း လိင်ကွဲပြားမှု အရ အမျိုးသမီးများ ခွဲခြား၊ နှိမ့်ချ၊ ဆက်ဆံမည့်အစား နိင်ငံတကာကဲ့သို့ လွတ်တော် အပါအ၀င် အုပ်ချုပ်ရေးနှင့် ဦးဆောင်မှု အခန်းကဏ္ဍများတွင် အချိုးကျ ကိုတာစနစ်ဖြင့် နေရာပေးသင့်ကြောင်း အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက အကြံပြု ပြောကြားသည်။ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်သည့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်က ရွာများတွင် လွန်ခဲ့သော နှစ်သုံးလေးဆယ် ကတည်းက အမျိုးသမီး သူကြီးများကို ရွာသားများက ရွေးချယ်ခဲ့ကြောင်း နှစ်ဖက်တပ်များ၏ ရိက္ခာနှင့် ပေါ်တာ ကိစ္စများကို အမျိုးသမီး သူကြီးများ အဆင်ပြေပြေ ဆက်ဆံနိင်ခဲ့ကြောင်း ၄င်းက သုံးသပ်ပြောဆိုသည်။ ၂၀၁၂ ဇူလိုင် ၂၆ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၁၅)ရက် မြောက်နေ့တွင် ဘားအံမြို့ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာ၏ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများတွင် အမျိုးသမီးများ ရွေးချယ်ပိုင်ခွင့် ရှိ၊ မရှိ မေးမြန်းမှုကို ပြည်ထဲရေး ဒုတိယ၀န်ကြီးက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်းဖြစ်သည်။ ၂၀၁၂ မတ်လ ၂၈ ရက်နေ့၌ နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ခန့်ထားရေး ဥပဒေတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ် ခံလိုသူများသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ မိမိအရွေးချယ်ခံမည့် ရပ်ကွက် တွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ်နေထိုင်သူ၊ ကျန်းမာရေး ကောင်းမွန်၍ ပညာအရည်အချင်း အသင့်အတင့် ရှိရမည်ဖြစ်ပြီး အထိုက်အလျောက် စားဝတ် နေရေး ဖူလုံသူ၊ မတရား အသင်းများနှင့် အဆက်အသွယ်ရှိသူ မဖြစ်ရခြင်း စသည့်အချက်များပါဝင်သည်။ The Voice Weekly | ||||
| တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့ Posted: 29 Jul 2012 06:12 AM PDT ရန်ကုန် ၊ ဇူလှိုင် ၂၉ မြန်မာနိုင်ငံအနောက်ဘက် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်သို့ ဆက်သွယ်မည့်တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းတည်ဆောက်ရေးကုပ္မဏီမှ ရခိုင်ပြည်နယ်တောင်သူလယ်သမားများအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းထောက်ပံ့ပေးခဲ့ကြောင်းယင်းပိုက်လိုက်စီမံကိန်းမှ ပြန်ကြားရေးဌာနက The Voice Weekly သို့ ပြောကြားသည်။ အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီ လီမီတက်နှင့် အရှေ့တောင်အာရှ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ လီမီတက်တို့ ပူပေါင်းကာ ထောက်ပံ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လိုအပ်နေသော စားဝတ်နေရေး အခက် အခဲများ အထောက်ကူ ဖြစ်စေရန်အတွက် ထောက်ပံ့ခြင်းဖြစ်ပြီးရခိုင်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းအထက်ပါ ပြန်ကြားရေးဌာနက ပြောကြားသည်။ ရခိုင်ပြည်နယ်တွင်း တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းလယ်မြေ ဧကများစွာကို အလျော်ပေးကာ သိမ်းယူသော်လည်း လျော်ကြေးမရရှိသေးသောလယ်ဧကများစွာ ကျန်ရှိနေသေးကြောင်း လျော်ကြေးမရရှိသေးသော အမ်းမြို့ဒေသခံများ ထံမှ သိရသည်။ The Voice Weekly | ||||
| ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ် Posted: 28 Jul 2012 11:13 PM PDT မန္တလေး၊ဇူလိုင်-၂၉ ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏ အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်း တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သမှတ်တမ်းနှင့် မြေငလျင်ဌာနမှ သတင်းထုတ်ပြန်သည်။ ယင်းငလျင်လှုပ်ခတ်မှုအား မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ လည်း ခံစားသိရှိလိုက်ကြသည်ဟု သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တစ်မြို့လုံး လှုပ်ခတ်မှုရှိခဲ့ ကြောင်းနှင့် လှုပ်ခတ်ချိန်မှာ အနည်းငယ်သာကြာမြင့်သည်ဟု ဟားခါးမြို့မှ ဒေသခံတစ်ဦးကပြောသည်။ "ခေါင်းမူးတယ်ထင်နေတာ. နှစ်ချက်လောက်လှူပ်သွားတယ်။ မုံရွာမှာလည်း လှူပ်တယ်ကြားတယ်။"ဟု မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 7Day News Journal | ||||
| ဒုက္ခသည်ထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူ ပါဝင်နိုင် Posted: 28 Jul 2012 10:35 PM PDT မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ၀င်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုလိုက်ပါတယ်။ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က လန်ဒန်ထုတ် Sunday Express သတင်းစာကို ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အဖြစ်အပျက် တချို့နဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| အများပြည်သူ သွားလာနေသည့် လမ်းကို ညအချိန် သံတံခါးပိတ်ဆို့ ထားသည့်ရေခဲစက်အား အရေးယူပေးပါရန် Posted: 28 Jul 2012 10:29 PM PDT တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို.၊ ကန်ဖျားရပ်ကွက်၊ ရဲသိပ္ပံလမ်းတွင် တည်ရှိသော ဦးဆွေသန်း ပိုင်ဆိုင်သည့် ရေခဲစက်သည်၊ လူနေအိမ် ထူထပ်သည့် ရပ်ကွက် အတွင်းတွင် နေညမပြတ် နှစ်ဆယ့်လေး နာရီပတ်လုံး စက်သံဆူညံစွာဖြင့် လည်ပတ်နေသည့်အပြင် လွန်ခဲ့သည့် လအနည်းငယ်ခန့်မှစ၍ ရဲသိပ္ပံလမ်းသွယ်နှင့် ကန်ဖျားလမ်းမကြီးအား ဆက်သွယ်အသုံးပြု့ သွားလာနေသည့် အများပြည်သူပိုင်လမ်းအား စက်ရုံလုံခြုံရေးအကြောင်းပြချက်ဖြင့် ညနေငါးနာရီမှ မနက် ရှစ်နာရီအထိ ပုံပါအတိုင်း သံတံခါးဖြင့် သော့ခတ်ပိတ် ပိတ်ဆို့ထားပါသဖြင့် ရပ်ကွက်နေပြည်သူများ သွားလာရန် အခက်တွေ့နေပါသည်။ ရပ်ကွက်နေပြည်သူများက သက်ဆိုင်ရာ ရ.ယ.က ရုံးတွင် သွားရောက်ညှိနိုင်းသော်လည်း ငွေကြေးအင်အားတောင့်တင်းသည့် ထိုစက်ရုံပိုင်ရှင်ကိုသာ အနိုင်ပေးခဲ့ပါသည်။ စစ်အစိုးရ ခေတ်တွင်လည်း အဆိုပါရေခဲစက်မှ နမိုးနီးယား အကြိမ်ကြိမ်ပေါက်ကွဲခဲ့သဖြင့် ရပ်ကွက်နေပြည်သူများ ထွက်ပြေးခဲ့ရသဖြင့် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သော်လည်း တိုင်တန်းသူ ရပ်ကွက်နေပြည်သူများသာ ဆူပူကြိမ်းမောင်း ခံခဲ့ရသဖြင့် မတိုင်ဝံ့တော့ပဲ ဆူညံနေသည့် စက်သံကို နားညီးခံပြီး သည်းခံနေခဲ့ပါသည်။ အရာရာကို ငွေနှင့်ဖြေရှင်းနိုင်သည်ဟူ ယူဆနေသည့် စက်ရုံပိုင်ရှင်သည် ပိုမို၍အတင့်ရဲလာကာ ယခုတစ်ဖန် အများပြည်သူ သွားလာနေသည့် လမ်းအား ပိတ်ဆို့ သည်အထိ ပြုလုပ်လာပါသဖြင့် သက်ဆိုင်ရာမှ ညှိနိုင်းဖြေရှင်းပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။ ကန်ဖျားရပ်ကွက်နေပြည်သူ တစ်ဥင်္ီး။ | ||||
| သီပေါမြို့မှာ သစ်တောဝန်ထမ်းများ အိပ်ပျော်နေခြင်း Posted: 28 Jul 2012 08:31 PM PDT ကျွန်တော်တို့ သီပေါမြို့တွင်း သစ်စက်နှင့် ပရိဘောဂ လုပ်ငန်းများ အရမ်းများနေပါသည်။ သူတို့ လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ဆူညံမှုများ ဆက်တိုက်ဖြစ်နေပါတယ်။ သစ်ခွဲစက်အသံ၊ ရေပေါ်စက် အသံများ ဟာ ပတ်ဝန်းကျင်ကို အင်မတန် ဒုက္ခပေးနေ ပါတယ်ခင်ဗျာ. သစ်တော ၀န်ထမ်းများမှာလည်း ပိုက်ဆံလောက်သာ လိုက်ကောက်ပြီး ဘာမှတာဝန်ယူခြင်းမရှိပါ..သို့သော် လူကြီးလာတဲ့ အချိန်သာ သစ်စက်သံများ မကြားရတာဖြစ်ပါတယ်။ ယခုလုပ်နေသောလုပ်ငန်းများမှာ တရားဝင်လုပ်ငန်းများဖြစ်ပါသလား? လမ်းဘေးရှိ ကျွန်းပင်များတွင် သစ်တစ်ပင်ခုတ် ထောင် (၃) နှစ်လို့တော့ ရေးထားပါတယ်။ သစ်ခွဲစက်ပိုင်တဲ့သူတွေနဲ့ ပရိဘောဂ လုပ်ငန်းလုပ်တဲ့သူတွေကို အရေးယူရင် ဘယ်လို့အရေးယူကြပါသလဲခင်ဗျာ.. မြို့တွင်းရှိသစ်စက်များနှင့် ပရိဘောဂလုပ်ငန်းများကို ရပ်ဆိုင်းပေးပါရန်တောင်းဆိုအပ်ပါသည်၊ သစ်တောဝန်ထမ်းများ အိပ်ယာကနိုးသင့်ပါပြီ။ သီပေါမြို့ ခံတဦး | ||||
| ကွန်ကရစ်လမ်းခင်းခ တစ်ပေ တစ်သောင်းကျပ် Posted: 28 Jul 2012 08:22 PM PDT နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးမင်းများ သိစေရန် အသိပေးအပ်ပါသည်။ ကျွန်တော်တို့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်း၌ ကွန်ကရစ်လမ်း ခင်းနေပါသည်။ ထိုသို့ခင်းရာ၌ လမ်းဘယ်ညာနှစ် ဘက်ရှိအိမ်များကို လမ်းခင်းခ ၁ပေလျှင် ၁၀၀၀၀/ကျပ် တောင်းခံပါသည်။ ခြံမျက်နှာစာပို ကျယ်သူများ ပိုကုန်ကျပါသည်။ မတတ်နိုင်၍ မပေးနိုင်ဟု ပြောသော်လည်း တာဝန်ရှိသူ များကမပေး မနေရဟု ဆိုပါသည်။ ထို့ကြောင့်ကျွန်တော်တို့လို ဆင်းရဲသား မတတ် နိုင်သူများ အတွက်ဆောင်ရွက်ပေးစေ လိုကြောင်း သမ္မတကြီးနှင့် သက်ဆိုင်ရာလူကြီးမင်းများ သိစေရန် မေတ္တာရပ်ခံအပ်ပါသည်။ ငါးသိုင်းချောင်းမှ ပြည်သူတစ်ဦး | ||||
| ငွေကြေးကောက်ခံခြင်းနှင့် ကျောင်းအုပ်ကြီး ကိုယ်တိုင် ကျူရှင်ပြ Posted: 28 Jul 2012 08:23 PM PDT ကျွန်တော်၊ ကျွန်မတို့ သျှမ်းပြည်နယ် (မြောက်ပိုင်း) မူစယ်မြို့ တောင်ရပ်ကွက်တွင်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် ကျောင်းသားမိဘများ ၀န်ထုပ်ဝန်ပိုး ဖြစ်စေမည့် ငွေကြေးကောက်ခံမှုဆက်လက်ပြုလုပ်နေသည်ကို သက်ဆိုင်ရာများ သိရှိနိုင်စေရန် တင်ပြအပ်ပါသည်။ ၂၅ - ၇ - ၂၀၁၂ ရက်နေ့ က မူစယ်မြို့ နယ်ပညာရေးမှူးရုံးမှ အခြေခံ ပညာကျောင်းများအနေဖြင့် ပညာသင်နှစ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော ရန်ပုံငွေနှင့် ကျောင်းလခတို့မှအပ မိဘများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည့် မည်သည့်ခေါင်းစဉ်နှင့်မျှ အခြားသောငွေကြေးကောက်ခံမှုများကို လုံးဝမပြုလုပ်ရန် မူစယ်မြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ရုံးစာဖြင့် ညွှန်ကြားအသိပေးခဲ့ကြောင်း သိရပါသည်။ သို့ သော်လည်း ၂၃ - ၇ - ၂၀၁၂ ရက်နေ့ မှစ၍ မူစယ်မြို့ တောင်ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဦးအောင်စိုး သည် ၀ါဆိုသင်္ဃန်းကပ်လှူရန် အကြောင်းပြ၍ ကျောင်းသား မိဘများနှင့် ညှိနှိုင်းခြင်းမရှိဘဲ ကျောင်းသားကျောင်းသူ ၁ ဦးလျှင် ငွေကျပ် (၅၀၀) မထည့်မနေရ ကောက်ခံ နေပါသည်။ ၎င်းအပြင် အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်းအတွင်း ကျောင်းသားကျောင်းသူများကို ကျောင်းအုပ်ကြီး ကိုယ်တိုင် အခကြေးငွေယူပြီး ကျောင်းတွင်း စားဖိုဆောင်တွင် ကျူရှင်ပြခြင်းကိုလည်း လုပ်ဆောင်နေပါသည်။ ကျောင်းအုပ်ကြီးအား အခကြေးငွေပေး၍ ကျူရှင်တက်ရောက်သည့် ကျောင်းသူကျောင်းသားများကိုသာ အတန်း အသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ စသည့် အဆင့်ဝင်သူအဖြစ် အတန်းပိုင် ဆရာ၊ ဆရာမများကို ဖိအားပေး၍ သတ်မှတ်ပေးနေကြောင်း ကြားသိရပါသည်။ မူစယ်မြို့ တောင်ရပ်ကွက်တွင်ရှိ အမှတ် (၃) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၅၀၀) ကျော်ရှိသော်လည်း အိမ်သာ (၃) လုံးသာ အသုံးပြုနေကြရသဖြင့် ကျောင်းသားကျောင်းသူများ ဒုက္ခခံစားနေပြီး ကျန်းမာရေးနှင့် ညီညွှတ်မှုမရှိကြောင်း ကြားသိနေရပါသည်။ တာဝန်ကျ ပညာရေးဝန်ထမ်းများ အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိဘဲ လစ်လျူရူ့ နေကြောင်း ကျောင်းသားကျောင်းသူများက ပြော၍ သိရပါသည်။ ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးကာလ (မေလ ၂၅ ရက် မှ မေလ ၃၁ ရက်နေ့အထိ) တွင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ အတွက် အလှူငွေဟု ခေါင်းစဉ်တပ်၍ အောက်ပါငွေကြေးများကိုလည်း ကောက်ခံခဲ့သည်။ (၁) ကျောင်းဝင်ခွင့်လျှောက်လွှာများကို တစ်စောင်လျှင် အလှူငွေ တစ်ထောင့်ငါးရာကျပ် (၁၅ဝဝ/ကျပ်) တောင်းခံခြင်း၊ (၂) ကျောင်းဝတ်စုံတွင် တပ်ဆင်ရမည့် ပညာရေးအမှတ်တံဆိပ်များကိုနှစ်စဉ် ကျောင်းဝင်ခွင့်လျှောက်လွှာနှင့်အတူ မဝယ်မနေရရောင်းချနေခြင်း၊ (၃) ကျောင်းပြောင်းလက်မှတ်ရရှိလိုသူ တစ်ဦးလျှင် တစ်သောင်းကျပ် (၁ဝဝဝဝ/ကျပ်) စီအလှူငွေ ကောက်ခံခြင်းတို့ ဖြစ်ပါသည်။ ၎င်းတို့ မှာ ကျောင်းသားမိဘများ ၀န်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသောငွေကြေးကောက်ခံမှုများကို အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးအောင်စိုး ကိုယ်တိုင် အလှူငွေဟု ခေါင်းစဉ်တပ်၍ ကောက်ခံ တောင်းယူ ရောင်းချနေခြင်းဖြစ်ပြီး ကိုယ်ကျိုးအတွက်သာ ရယူခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရပါသည်။ ၂ဝ၁၂ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေး က ၂ဝ၁၂ - ၂ဝ၁၃ ပညာသင်နှစ် ကျောင်းအုပ်နှံရေး အထိမ်းအမှတ်အခမ်းအနားတွင် "အခြေခံ ပညာကျောင်းများအနေဖြင့် ပညာသင်နှစ် တစ်လျှောက်လုံးတွင် သတ်မှတ်ထားသော ရန်ပုံငွေနှင့် ကျောင်းလခ တို့မှအပ မိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခြားသောငွေကြေးကောက်ခံမှုများကို ရှောင်ကြဉ်ကြရမည် ဖြစ်ကြောင်း၊ မိဘပြည်သူများကလည်း ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ ကျောင်းမှန်မှန် တက်စေရေးအတွက် အလေးထားဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပညာရေး စေတနာရှင်များ အနေဖြင့်လည်း ကျောင်းနေမြဲရေးလုပ်ငန်းများတွင် လိုအပ်သလို ပံ့ပိုးကူညီပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း" ပြောကြားခဲ့ပါသည်။ အခြေခံပညာကဏ္ဍ အမျိုးသားပညာရည်မြင့်မားရေး နှစ် (၃ဝ) နှစ်ရှည်စီမံကိန်း၏ လုပ်ငန်းစဉ် (၂) အရ နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်ရေးအတွက် အခြေခံပညာ မူလတန်းအဆင့် ကျောင်းနေနှုန်း တိုးတက် မြင့်မားရေး၊ ကျန်းမာရေးနှင့် ညီညွှတ်သော ကျောင်းပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်ရေးအား ထိခိုက်နေကြောင်း တွေ့  ရပါသည်။ တာဝန်ရှိသူ အထက်လူကြီးများအနေဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကျောင်းသား မိဘများ တောင်ရပ်ကွက်၊ မူစယ်မြို့ ၊ သျှမ်းပြည်နယ် (မြောက်ပိုင်း)
| ||||
| ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေးစိုးရိမ် Posted: 28 Jul 2012 06:58 PM PDT ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အဲဒီမှာနေဖို့အတွက် စိုးရိမ်ထိတ်လန့် နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ထိုင်း-မလေးနယ်စပ် ဆုံခလာ ခရိုင်ဟာ မြန်မာအလုပ်သမား အနည်းငယ်သာ အလုပ်လုပ်ကိုင်ကြပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေနဲ့ လူ သေဆုံးတာတွေ ရှိခဲ့ပြီးတဲ့နောက် အဲဒီဒေသက မြန်မာအလုပ်သမားတွေဟာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။ အလုပ်သမားတဦး ပြောပြတာကတော့ - "စိုးရိမ်ထိတ်လန့်တာပေါ့။ ကိုယ့်နေရာ ကိုယ့်ဒေသ ကိုယ့်တိုင်းပြည်လဲ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ကျနော်တို့မှာလည်း ဘာမှ လုံခြုံမှု မရှိတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် နေ့ခင်းဘက်တွေက ပြဿနာမရှိပေမဲ့ ညဘက်တွေမှာ ကျနော်တို့က အတော်လေးကို စိုးရိမ်နေရတယ်။ အခုဆို ကျနော်တို့ မစီစဉ်ရသေးဘူး၊ ကျနော်တို့ တနေနေရာရာမှာ ပေါင်းနေဖို့ အစီအစဉ်ရှိတယ်။ ဥပမာ ဒီစက်ရုံကနေ မထွက်နိုင်အောင် နည်းမျိုးစုံနဲ့ ရှေ့မှာ လုပ်ခဲ့တာတွေ ရှိတယ်။ အမျိုးမျိုး လှည့်ပတ်ပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ကြားထဲမှာလည်း ဒီလိုမျိုး ဓားထောက်ပြီးတော့ မြန်မာမိန်းကလေးတွေဆီက ပိုက်ဆံတောင်းတာတို့၊ နယ်မြေခံတွေက လုပ်ခဲ့ဖူးတာတွေ ရှိတယ်။ ထိတ်လန့်တယ် ဆိုတာက လူလည်းသေသွားတယ်။ မနေ့ကလည်း တဆက်တည်းမှာပဲ ဒီလိုမျိုး ပစ်ခတ်မှုတွေ ဖြစ်တယ်ဆိုတော့ ဘာတွေ ဘယ်လို ပတ်သက်လို့လဲ၊ ကျနော်တို့က အဲဒါတွေကို စိုးရိမ်တာပေါ့နော်။ လောလောဆယ်က ကျနော်တို့က လူသေမှု ဖြစ်သွားတဲ့အတွက် ကျနော်တို့ မနေရဲတာလေ။ ညဘက်တွေမှာကျတော့လည်း ကိုယ့်ရဲ့ လုံခြုံမှုကို ဘယ်သူကမှ တာဝန်ယူထားတာ မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ စိုးရိမ်တယ်။ ဒါကတော့ ကျနော်တို့က ထိုင်းလူမျိုးတွေကို ဘယ်လိုမှလည်း နားမလည်ဘူးလေ။" အလုပ်သမား ၂ ဦး သေဆုံးတဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အခင်းဖြစ်ပွားခဲ့တဲ့ ရနုတ်ရွာကနေ အလုပ်သမားတွေ ပြောင်းရွှေ့ကုန်ကြပြီး နောက်ထပ်လည်း အလုပ်အကိုင်အသစ်၊ နေရာအသစ်ကို ပြောင်းရွှေ့ဖို့အတွက် စီစဉ်နေကြပါတယ်။ အခုအခါမှာတော့ သူတို့တွေဟာ အလုပ်အကိုင် ရရှိရေးထက် လုံခြုံရေးက ပိုအရေးကြီးနေတယ်လို့ ဆိုပါတယ်။ "ကိုယ့်အလုပ်ကို ပုံမှန် လုပ်နေလျက်သားနဲ့ ဒီလို သေဆုံးသွားတာ ဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့က ဘယ်သူ့ကိုမှ ယုံကြည်မှု မရှိတော့ဘူး။ အခု ကျနော်တို့က agent ကိုပြောတယ်။ ကျနော်တို့ အမြန်ဆုံး သွားချင်တယ်ဆိုပြီးတော့။ ကျနော့်လူတွေကို ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီနေရာကနေပြီးတော့ စီးပွားရေးထက် အသက်မွေးဝမ်းကျောင်းထက် လုံခြုံရေးကို အဓိက ထားပြီး ပြောင်းရွှေ့တာဖြစ်တယ်။ အဲဒီအထဲကမှ အကောင်းဆုံးဆိုတာကို ထက် ရွေးချယ်ပြီးတော့ တောင်းတာ။ သေဆုံးသွားတဲ့ ကိုအောင်ရဲ့ ဆွေးမျိုးတွေကတော့ ဆုံခလာ ဘူတာကနေ ဘန်ကောက်ကို ရထားနဲ့ ဒီနေ့ပဲ ပြန်သွားပြီ။" ဆုံခလာ ခရိုင်ဟာ ထိုင်း-မလေး နယ်စပ်မှာ ရှိပြီး အဲဒီဒေသဟာ ဥပဒေ စိုးမိုးမှု အားနည်းပြီး လုယက်မှု၊ ပစ်ခတ်မှု၊ သတ်ဖြတ်မှု၊ သေဆုံးမှုကို မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတာပါ။ လက်ရှိမှာတော့ ပစ်ခတ်ခံရမှုတွေဖြစ်ပြီး စိတ်မလုံဘဲ အမြဲ ထိတ်လန့် တုန်လှုပ်နေရတဲ့ အလုပ်သမားတွေကို အလုပ်အကိုင် ရှာဖွေရေး agent ကုမ္ပဏီတွေက ထိထိရောက်ရောက် အကူအညီပေးတာမျိုးတွေ မရှိသေးသလို စိုးရိမ်ထိတ်လန့်မှုတွေ အတွက် အကျိုးအကြောင်း ရှင်းပြမှုတွေလည်း မလုပ်သေးတာကြောင့် အလုပ်သမားတွေ အနေနဲ့ စိုးရိမ်နေရပြီး အလုပ်သမားအချင်းချင်း စုဝေးပြီး တိုင်ပင်မှုတွေ လုပ်နေရတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ (မြန်မာဌာန) | ||||
| ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို Posted: 28 Jul 2012 06:23 PM PDT မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့ နိုင်ငံမှာ ထပ်မံလက်ခံဖို့  မဖြစ်နိုင်တော့ဘူးလို့  ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။ မိမိတို့ နိုင်ငံအနေနဲ့ လက်ရှိမှာတင် မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၃ သိန်းကို --- သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ AFP ၂၀၁၂ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ခ်ျ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။ | ||||
| ADK အထည်ချုပ် ၏ ခုံသမာဓိကောင်စီ ကြားနာမှု Posted: 28 Jul 2012 11:25 AM PDT ဇူလိုင် ၂၈ ADK အထည်ချုပ် ၏ ခုံသမာဓိကောင်စီ ကြားနာမှု မင်္ဂလာဒုံမြို့ နယ် မြို့ နယ် အုပ်ချုပ်ရေးမှုးရုံးတွင် ယနေ့  ပြုလုပ်ခဲ့သည်။ အထုပ်ခံရသော အလုပ်သမား အခြေခံအဖွဲ့ အလုပ် အမှုဆောင် ၇ ဦး အဖွဲ့ ဝင်နှစ်ဦး နှင့် အလုပ်၇ှင်ဖက် များကို အလှည့်ကျ တံခါးပိတ် စစ်ဆေးခဲ့ကြသည်။ ၄င်းကြားနာပွဲသို့ ဖွဲ့ စည်းခွင့်ရပြီး သောသမဂ္ဂအချို့  နှင့် လွတ်လပ်သော အလုပ်သမား သမဂ္ဂဖြစ်မြောက်ရေး ကော်မတီဝင်များ အကျိုးဆောင်ရှေ့နေများမှ--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| အိုလံပစ် ပထမဆုံး ရွှေတံဆိပ် တရုတ်ဆွတ်ခူး Posted: 28 Jul 2012 10:07 AM PDT
အမျိုးသမီး မီတာ ၁၀ ရိုင်ဖယ် သေနတ်ပစ် ပြိုင်ပွဲမှာ တရုတ်နိုင်ငံက ယီ ဆီလင်းက ပထမ ဆု ရရှိသွားတာ ဖြစ်ပါတယ်။ ဒီသေနတ်ပစ် ပြိုင်ပွဲမှာပဲ တရုတ်နိုင်ငံက ယူဒန်က ကြေးတံဆိပ် တခု ထပ်မံ ရရှိသွားပြီး ပိုလန်က ဘိုဂါကာ ဆီဝီယာက ငွေတံဆိပ် ဆွတ်ခူးသွားပါတယ်။စနေနေ့ ကစားမယ့် အဓိက အားကစားပွဲတွေ ထဲမှာ အမျိုးသား စက်ဘီးစီး ပြိုင်ပွဲ၊ ဂျွမ်းဘား၊ ရေကူး၊ လှေလှော် နဲ့ ဘတ်စကက်ဘော ပြိုင်ပွဲတို့ ပါဝင်ကြ ပါတယ်။အဲလ်ဘေးနီးယားနိုင်ငံ အလေးမ အားကစားသမား တဦး ကတော့ ဆေးစစ်ရာမှာ မအောင်တဲ့ အတွက် သူ့ကို ပြိုင်ပွဲကနေ ပိတ်ပင် လိုက်ပါတယ်။ ၂၀၁၂ လန်ဒန် အိုလံပစ် ဖွင့်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌက အံ့ဘွယ်မခန်း အခမ်းအနား ဖြစ်တယ်လို့ ချီးကျူး ပြောကြားပါတယ်။ ဗြိတိသျှတို့ရဲ့ တီထွင် ဖန်တီးနိုင်မှုနဲ့ ပတ်သက်တဲ့ သရုပ် ဖေါ်ချက် အားလုံးဟာ အင်မတန် ကောင်းမွန်တယ်လို့ သူက ပြောပါတယ်။ ဒါပမေယ့်လည်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ တရုတ်အစိုးရ သတင်းစာ ဖြစ်တဲ့ ရှင်ဝှာ မှာတော့ ဗြိတိန်ဟာ ခေတ်အဆက်ဆက် ကမ္ဘာ့ကို လွှမ်းမိုးထားပြီး၊ ရှေ့အနာဂတ် မှာလည်း ကမ္ဘာကြီးကို ဆက်လက် ကြီးစိုးသွားမှာ ကို ဖေါ်ကျူးဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ရေးသားထား ပါတယ်။ ဘီဘီစီ မြန်မာဌာန | ||||
| လန်ဒန် ၂၀၁၂ အိုလံပစ် ဖွင့်ပွဲမြင်ကွင်း Posted: 28 Jul 2012 10:01 AM PDT ဂျိမ်းစ်ဘွန်း၊ မစ္စတာဘင်း၊ ပန့်ခ်ဂီတ၊ ဘုရင်မကြီး၊ ဒေးဗစ်ဘက်ကမ်တို့နဲ့ လန်ဒန် ၂၀၁၂ အိုလံပစ် ဖွင့်ပွဲမြင်ကွင်း -DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
| ||||
| စစ်တပ်ဖမ်းတဲ့ ရွာသား အလောင်းပဲ ပြန်တွေ့ Posted: 28 Jul 2012 09:18 AM PDT ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် အတွင်းက ရွာသား တစ်ယောက်ကို မြန်မာ အစိုးရတပ်က ဖမ်းသွားပြီးနောက် သေဆုံးနေတဲ့ အလောင်းကိုပဲ မနေ့က ပြန်တွေ့ရတယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် ရီခူးကျေးရွာက ရွာသားတွေကို ဇူလိုင်လ တစ်ရက်နေ့က ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးတဲ့ နောက်ပိုင်းကေအိုင်အိုနဲ့ ပတ်သက်တယ်လို့ ယူဆပြီး အစိုးရစစ်တပ် အမှတ် ခမရ ၇၊ ခမရ ၉ နဲ့ ခလရ ၁၂၃ တပ်တွေက ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်းချရန် ငွေကြေးများကောက်ခံနေ Posted: 28 Jul 2012 08:56 AM PDT ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်း၊ အင်ကြင်းချိုင်ကျွန်း၊ ပိန္ဒဲချောင်းကျွန်းရှိ ကျေးရွာများတွင် န.စ.က မှ တပ်စခန်းချရန်ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံလျှက်ရှိကြောင်း သတင်းရရှိသည်။ " ပေါက်တောမြို့နယ် ပိန္နဲချောင်းကျေးရွာအုပ်စု၊ ကျောက်ပြင်ကျေးရွာတွင် ရပ်ရွာကိုလုံခြုံရေးယူရန်အတွက် တပ်ဖွဲ့အင်အား (၆၀)ခန့် ပါသော န.စ.က တပ်စုတစ်စုသည် ယခုအခါ ကျနော်တို့ ကျောက်ပြင်ကျေးရွာကို လုံခြုံရေးယူရန် ရောက်နေပါတယ်။ သူတို့ ရောက်ပြီးသိပ်မကြာဘူး ပိန္န္နဲချောင်းကျွန်းစု တစ်ခုလုံးက ကျေးရွာတွေမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး ဇူလိုင်လ (၂၄) ရက်နေ့က အစည်းအဝေး လုပ်ခဲ့ကြတယ်။ သူတို့က ဒီရွာမှာ စခန်းချမယ်၊ ဒီမှာနေတဲ့အချိန်မှာ သူတို့နေထိုင် စားသောက်ဖို့အတွက် ကျေးရွာတစ်ရွာက တစ်အိမ်ထောင်ကို ၅၀၀ ကျပ် ကောက်ပေးရမယ် ဆိုပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို အစည်းဝေးမှာ ပြောလိုက်ပါတယ်။ နောက်တစ်ခါ ထပ်ပြီးတော့ ဇူလိုင်လ (၂၅)ရက်နေ့ အစည်းအဝေးခေါ်ပါတယ်။ ဒီတစ်ခါကျတော့ ကျနော်တို့ ကျွန်းစုတစ်ခုတည်း မဟုတ်တော့ဘူး။ တစ်ခြားကျွန်းစုတွေဖြစ်တဲ့ မြေငူကျွန်း၊ အင်းကြင်းချိုင်ကျွန်း တွေလည်းပါလာတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပြင် ရာအိမ်မှူးတွေပါခေါ်တယ်။ အဲဒီနေ့ကျတော့ တစ်အိမ်ထောင်ကို (၁၅၀၀) ကျပ် ပေးရမယ်ဆိုပြီး ပြောတယ်။ မပေးတဲ့ အိမ်ထောင်စုရှိရင် သူတို့ ကိုဖမ်းပြီးတော့ ထောင်ချမယ်လို့  န.စ.က မှ အရာရှိတစ်ဦးက ခြိမ်းခြောက်ပြီး ပြောပါတယ်။ ကျနော်တို့ ကျွန်းသုံးကျွန်းပေါင်းရင် အိမ်ခြေ (၉၀၀၀) ကျော်၊ လူဦးရေ (၂၀၀၀၀) လောက် ရှိပါတယ်။ ကျနော်တို့ ရွာတွေက အိမ်ထောင်စု စာရင်းတွေကလည်း သူတို့ လက်ထဲမှာ အကုန်ရောက်နေပါပြီ " ဟု အစည်းဝေးသို့ တက်ရောက်ခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောသည်။ ၄င်းကျေးရွာများသည် ရေလုပ်ငန်းနှင့် လယ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဇွန်လမှစ၍ အခုထက်ထိဖြစ်ပွားနေသော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများမှာ ကုလားရန်ကိုကြောက်လို့ ငါးဖမ်းရန် လှေမထွက်ရ၊ လယ်အလုပ်ကိုလည်း မလုပ်ရသောကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေသည်ကို သိရပြီး ၄င်းအဆင်မပြေမှုကြောင့် ဒေသခံရွာသားများမှာ ကယ်ဆယ်ရေးအဖွဲ့အစည်းများကိုသာ အားကိုးနေရသည်ကို သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒေသခံတိုင်းရင်းသားများမှာ အကြမ်းဖက်ဘင်္ဂလီမူဆလင်များရန်ကြောင့် ဆင်းရဲဒုက္ခကို ခါးစည်းခံစားနေရသောကြားက သက်ဆိုင်ရာအာဏာပိုင်များ၏ အတင်းအဓမ္မခြိမ်းခြောက် ငွေတောင်းစားမှုများကို ထပ်မံခံနေရ၍ ၄င်းအာဏာပိုင်များမှာလည်း တိုင်းပြည်တာဝန်ကို မှန်မှန်ကန်ကန်မထမ်းဆောင်ဘဲ ဓါးပြသဖွယ်တောင်းစားနေမှုများသည် နိုင်ငံတော် သမ္မတကြီးက သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရလို့ ပြောဆိုနေသောစကားနှင့် ကွာဟမှုရှိနေသည်ကို သိရပြီး အောက်ခြေ၀န်ထမ်းတွေရဲ့ လာဘ်စားလိုတဲ့စိတ် ပြည်သူတွေအပေါ် အနိုင်ကျင့်လိုတဲ့စိတ် မပျောက်သေးသမျှ သမ္မတကြီးမျှော်မှန်းထားသောပန်းတိုင်ကို ဘယ်သောအခါမှ ရောက်ရှိမည်မဟုတ်ကြောင်းကို ဒေသခံတိုင်းရင်းသားများက ပြောဆိုနေကြသည်။ Written by ရွှေဘန်း(စစ်တွေ) အာရ်ကန်တိုင်းမ် | ||||
| ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ ငါးမျှားတဲ့သူတွေဆီ ကနေ ငွေတောင်း (ပေးစာ) Posted: 28 Jul 2012 09:03 AM PDT နိုင်ငံတော် သမ္မတကြီး၏ လက်နဲ့ရေးသော အဆိုအမိန့်အား ခြေနဲ့ဖျက်နေကြတဲ့ ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးဝန်ထမ်းများ.. (တိုင်ကြားစာ) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက် က၀ိမင်္ဂလာ လမ်းထိပ်ရှိ ရေကန်တွင် ၂၅.၇.၂၀၁၂နေ့ နေ့လည် ၂နာရီခန့် အချိန်က မောင်ဥာဏ်မျိုးအောင်၊ မောင်သံချောင်းနှင့် မောင်မင်းမင်းတို့ လူငယ်သုံးဦး အပျော်တမ်း ငါးမျှားနေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲများမှ လာရောက် ဖမ်းဆီးပြီး မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် မတရား တရားရုံး တင်ခံလိုက်ရပါသည်။ ထိုလူငယ်သုံးဦးမှာ အရက်သေစာ သောက်စားထားခြင်းလည်း မရှိပါဘဲ မတရားစွာ ရုံးတင် ခံလိုက်ရပါသည်။ တရားရုံးအမှတ်(၃)မှလည်း ထိုလူငယ်သုံးဦးအား လာဘ်ငွေ တစ်ယောက်လျှင် တစ်သောင်း တောင်းသော်လည်း ၃ယောက် ကိုးထောင်ဖြင့် ပြေလည်သွားပြီး အမှုကိုမူ မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် သတ်မှတ်ပြီး ဒဏ်ငွေ ကျပ်၅၀၀နှင့် မြက်နှုတ်ခိုင်း ခဲ့ပါသည်။ တရားဥပဒေအား အလွှဲသုံးစား ပြုမူနေကြသော မြို့နယ် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပေါ် မတရားစွာ အနိုင်ကျင့်လျက် ရှိနေသည်မှာ ကြာပြီဖြစ်ပါသည်။ အမှုလိုနေ၍ မဟုတ်သော်လည်း ပုဒ်မအတင်း တပ်လိုက်ကြပါသည်။ နိုင်ငံတော် သမ္မတကြီး၏ "Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် အထက်ပါ အောက်ခြေမှ ပြည်သူလူထုအပေါ် မတရား အနိုင်ကျင့်နေသည့် အာဏာပိုင်များ၏ လုပ်ရပ်များသည် သမ္မတကြီး၏ လက်နဲ့ ရေးသားချက်အား ခြေနဲ့ ဖျက်နေသလို အကျည်းတန် အရုပ်ဆိုးလှပါတယ်..။ ထို့ကြောင့် တရားဥပဒေအား အလွဲသုံးစားပြု၍ ပြည်သူလူထုအား မတရားပြုမူ နေကြသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးမှ တာဝန်ရှိသူများအား နိုင်ငံတော် သမ္မတကြီးမှ သိရှိပြီး ထိရောက်ပြင်းထန်စွာ အရေးယူ ပေးနိုင်ပါရန် ဤသတင်းဋ္ဌာနမှ တစ်ဆင့် ရင်ဖွင့်တင်ပြလိုက်ရပါသည် ခင်ဗျား။ မတရားမှုကို ပပျောက်စေလိုသူ မြို့ခံတစ်ဦး | ||||
| မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော Posted: 28 Jul 2012 08:48 AM PDT မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်သည့် TTP ၏ ရခိုင်ပြည်နယ် ရိုဟင်ဂျာ မူဆလင် အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက် ပြောဆိုမှုများကို ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။ "ကျနော်ပြောမယ်။ တာလီဘန် မကလို့ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့က လုံးဝမကြောက်ဘူး။ ကျနော်တို့မှာရှိတဲ့ လက်နက်နဲ့၊ ရှိတဲ့ စိတ်ဓါတ်နဲ့ ခုခံမယ်။ မည်သည့်ဘာသာရေး အစွန်းရောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ မည်သည့် ခြိမ်းခြောက် မှုမှ ကျနော်တို့ လက်မခံဘူး။ ကျနော်တို့မှာ အသက်ရှိနေသမျှ ကာလပါတ်လုံး ခုခံမှာပဲ။ ဒါပဲ။ ဒါဟာ ကျနော်တို့ လူမျိုး တခုလုံးရဲ့စိတ်ဓါတ်ကို ပြောတာ" ဟု မဇ္ဈိမကို ပြောုသည်။ TTP ၏ ခြိမ်းခြောက်စာတွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာ သံရုံးကိုလည်း ပိတ်ပစ်ရန်နှင့် ပိတ်မပစ်ပါက မြန်မာ့အကျိုးစီးပွား မှန်သမျှ ဖျက်ဆီးပစ်မည်ဟု ပါရှိသည်။ "ပါကစ္စတန်ရဲ့ တာဝန်ပဲလေ။ သံရုံး တရုံး ဆိုတာ နိုင်ငံတခုကို ကိုယ်စားပြုတယ်။ သံအမတ်ကြီး ခန့်အပ်လွာကို နိုင်ငံတကာ သံခင်းတမန်ခင်း ထုံးတမ်းစဉ်လာအရ သက်ဆိုင်ရာ နိုင်ငံ ကိုယ်စားပြုတဲ့ နယ်မြေအဖြစ် ခန့်အပ်ခြင်းခံရ တဲ့ နိုင်ငံကို အသိအမှတ် ပြုပေးရတာကိုး။ အဲဒီနိုင်ငံမှာရှိတဲ့ သံရုံးလုံခြုံရေးကို တာဝန်ခံရမယ့်သူက အဲဒီ သက်ဆိုင်ရာ နိုင်ငံက တာဝန်ရှိတဲ့ လက်ရှိအစိုးရပါပဲ" ဟု ဒေါက်တာအေးမောင် က ဆိုသည်။ ၎င်းတို့ တောင်းဆိုသည့်အတိုင်း မလိုက်လျောပါက မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ သတ်ဖြတ်ခံခဲ့ရသည်တို့ကို ပြန်လည် ဂလဲ့စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု TTP အဖွဲ့က ဆိုသည်။ ၎င်းတို့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအား "သင်တို့ကျခဲ့ရတဲ့ သွေးတွေ အတွက် ကျွန်ုပ်တို့ လက်စားချေမည်" ဟု ဆိုခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီက ဖြစ်ပွါးခဲ့သည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် မူဆလင် ရိုဟင်ဂျာများ၏ ပဋိပက္ခများကြောင့် ဘက်နှစ်ဖက်မှ စုစုပေါင်း လူ ၇၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန်အစိုးရ အာဏာပိုင်များက တရားဝင်ပြောဆိုသည်။ သို့သော် ပြည်ပရှိ မွတ်ဆလင်ကမ္ဘာကမူ ထိုပဋိပက္ခအတွင်းနှင့် ဖြစ်ပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်ဟု ဆိုကြသည်။ ထို့ပြင် ရိုဟင်ဂျာ အများအပြား နေထိုင်သည့် ဒေသများတွင် နယ်မြေရှင်းလင်းရေး အတွင်း အမျိုးသားကြီးများနှင့် ငယ်ရွယ်သူကောင်လေး အများစု ပါဝင်သည့် ရာပေါင်းများစွာသော လူများအား ဖမ်းဆီး အကျဉ်းချထားသည်ဟု ဆိုခဲ့ပြီး ထိုလူအားလုံးအား ထီးတည်း တည်ရှိနေသည့် နေရာများတွင် အကျဉ်းချထားကာ မမျှမတ ဆက်ဆံခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ပြောဆိုထားသည်။ ရခိုင် ဗုဒ္ဓဘာသာများနှင့် လုံခြုံရေး တပ်ဖွဲ့များက ပြုလုပ်ခဲ့သည့် မုဒိမ်းမှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ အပါအဝင် နိုင့်ထက် စီးနင်းမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရလောက်သော အစီရင်ခံစာများ ရရှိထားသည်ဟု AI က ဆိုသည်။ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ထိုပဋိပက္ခများကို လေ့လာကြည့်ပါက ဘာသာရေး ပြဿနာ မဟုတ်ကြောင်း ဒေါက်တာအေးမောင် က သုံးသပ်သည်။ "ဖြစ်ပျက်နေတာ အကုန်လုံးဟာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ဖြစ်တာမျိုး မဟုတ်ဘူး။ အစ္စလာမ်ဘာသာကလည်း ငြိမ်းချမ်းမှုကိုလိုလားတယ်။ ဗုဒ္ဓဘာသာကလည်း လိုလားတယ်။ ဖြစ်နေတာက တိုင်းရင်းသားအခွင့်အရေးကို လိုချင်တဲ့၊ တိုင်းရင်းသား ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေက၊ တိုင်းရင်းသား မဟုတ်ပါဘဲလျက် အဆင့်ကျော်ပြီး လုပ်တဲ့ ဇာတ်လမ်းလေးတွေပါ။ အခုကိစ္စက ဘာသာရေးကို ခုတုံးလုပ်ပြီးကာမှ ဘာသာရေးကို အကြောင်းပြပြီးကာမှ ဒီဘက်မှာနေတဲ့ လူများစုကြီးက ပြင်ပက လာတဲ့ လူမျိုးနည်းစုတွေကို ဖိနှိပ်တယ်၊ သတ်ဖြတ်တယ်၊ မတော်မတရား လုပ်တယ်ဆိုပြီးတော့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာ" ဟု မဇ္ဈိမကို ပြောသည်။ သူက ဆက်လက်၍ "အပြင်မှာရှိတဲ့ အုပ်စုက အပြင်ကလာတဲ့ ပုံစံအတိုင်း နှစ်ပေါင်း ဘယ်လောက် ကြာပြီ၊ ဒီဘက်နိုင်ငံမှာရှိတဲ့ နိုင်ငံသား အခွင့်အရေးတွေကို အဆင့်ဆင့်ပေါ့ဗျာ၊ တရားဥပဒေကြောင်းအရ တောင်းတယ်ဆိုရင် ပြည်ထောင်စုသားတွေက လက်ခံနိုင်ဖွယ် ရှိတယ်။ ဒါပေမယ့်လို့ ဒီဘက်မှာရှိတဲ့ လူမျိုးစုတစု ပုံသဏ္ဍာန်မျိုးနဲ့ နှစ်ပေါင်းများစွာက သမိုင်းအရနဲ့ နေလာခဲ့တယ်ဆိုပြီး ဇာတ်ကြောင်းထပ်နေတဲ့ လိမ်ထားတဲ့ဟာတွေကိုတော့ သမိုင်းကို ပြုပြင်ဖန်တီးပြီး လုပ်တာမျိုးကို ဒီဘက်က လူတွေကလည်း လက်မခံဘူး" ဟု RNDP ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောဆိုသွားသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှစ်သိန်းခန့်ရှိမည်ဟု ကုလသမဂ္ဂအဖွဲ့များက ခန့်မှန်းထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် ထွက်ပေါ်လာမည့် သန်းခေါင်စာရင်းတွင်လည်း ၎င်းတို့အား ထည့်သွင်းကောက်ခံမှု ပြု/မပြု ရေရာစွာ မသိရှိရသေးပေ။ ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ ခေါ် မူဆလင်များအကြား မေလ ၂၈ ရက်နေ့မှ ပြန်လည် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရရှိသူ ၁၁၁ ဦး၊ မီးရှို့ဖျက်ဆီးခံရသည့် အိမ်မြေ ၄,၈၂၂ လုံး၊ ဒုက္ခသည် ခုနှစ်သောင်းခန့်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ ညမထွက်ရ အမိန့်ကို ကျူးလွန်၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၈၇၂ ဦး ရှိကြောင်း ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က မဇ္ဈိမကို ပြောဆိုထားသည်။ နေမျိုး |နယူးဒေလီ (မဇ္ဈိမ) | ||||
| Posted: 28 Jul 2012 08:41 AM PDT သာစည်မြို့လယ်ခေါင်ရှိ စက်သုံးဆီ အရောင်းဆိုင်အား မြို့ပြင်ထုတ်ရေး ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ကို သက်ဆိုင်ရာမှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ သာစည်မြို့ အမှတ် (၄)ရပ်ကွက်ရှိ ကောင်းဇော်ဟိန်း စက်သုံးဆီအရောင်းဆိုင်အား မြို့တွင်းမီးဘေး အန္တရာယ်ကြောင့် မြို့ပြင်သို့ ထုတ်ပေးပါရန်အတွက် ဒေသခံများမှ ဆန္ဒထုတ်ဖော်ပြသမည်ဖြစ်ပြီး--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ခရီးသွားဥပဒေအသစ်ပြဋ္ဌာန်းရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များသုံးသပ် Posted: 28 Jul 2012 07:34 AM PDT မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ခရီးသွားဥပဒေမှာ ခေတ်ကာလပြောင်းလဲလာခြင်းနှင့် အမျှကိုက်ညီမှုအားနည်းလာခြင်းကြောင့် ခရီးသွားဥပဒေ(Tourism law)အသစ် ပြဌာန်းရန်လိုအပ်ကြောင်း သုံးသပ်နေကြသည်။ "အဲ့ဒီဥပဒေတွေက ခေတ်မမီတော့ဘူးဆိုတာ ဟုတ်တယ်။ လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့တဲ့ ဥပဒေတွေ အများကြီး ကျန်နေပါသေးတယ်။ NGO ဥပဒေဆိုရင် တော်တော်ကြီးကို ခေတ်မမီတာ လူမှုရေး လုပ်ငန်းလုပ်တဲ့လူတွေ ဒုက္ခရောက်မယ့်ဥပဒေ ဖြစ်နေတယ်" ဟု စီးပွားရေးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ လက်ရှိကျင့်သုံးနေသော Tourism ဥပဒေမှာ ၁၉၄၇ခုနှစ် တည်ဆဲဥပဒေအရ ထုတ်ပြန်ထားသော ဥပဒေဖြစ် ကြောင်း သိရသည်။ Tourism ဥပဒေခေတ်နှင့်အညီ ပေါ်ပေါက်ရေးအတွက် ၀န်ကြီးဌာနများက ဆောင်ရွက်လျက်ရှိသော်လည်း ယခင်ကပြဌာန်းထားသော ဥပဒေ(၄၀၀)ကျော်ကို ပြင်ဆင်နေခြင်းကြောင့် နှောင့်နှေးကြန့်ကြာခြင်း ဖြစ်နေကြောင်းကိုလည်း သိရှိရသည်။ "တိုင်းဒေသကြီးအစိုးရနဲ့ ပြည်နယ်အစိုးရကနေပြီးတော့ တစ်ဦး ဆွေးနွေးပြီးတော့ ညှို့နှိုင်းနေတာတွေ ရှိပါတယ်။ နှစ်(၂၀)ကျော်ပြီးဖြစ်တဲ့အတွက် Tourism ဥပဒေက ခေတ်မမီတော့ဘူးဆိုတာလဲ ဟုတ်ပါတယ်။ ကျွန်တော်တို့ ၀န်ကြီးဌာနကနေ လက်တလောလိုနေတဲ့ဟာတွေကို ပြင်ထားပြီးတော့ လိုအပ်နေတာလေး တွေလည်း ရှိပါတယ်။ ဥပဒေပေါင်းများစွာပြင်နေရတော့ အချိန်မမီတာလဲ ရှိပါတယ်။" ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူးချုပ်(ဟောင်း) ဦးလှမင်းက ပြောသည်။ ခရီးသွားလုပ်ငန်းဥပဒေ တည်တံ့ခိုင်မြဲခြင်းသည် လုပ်ငန်းရှင်များအပေါ်တွင် မူတည်၍ ထင်သာမြင်သာရှိသော ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်သင့်ကြောင်း၊ လက်ရှိအခြေအနေ အခက်အခဲများအရ ခရီးသွားလုပ်ငန်းဥပဒေသစ် တစ်ရပ်ပြင်ဆင် ပြဌာန်းသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုပြောဆိုသည်။ "ကျွန်တော်တို့နိုင်ငံကထွက်တဲ့ Proposal နဲ့ ထိုင်းနိုင်ငံကထွက်တဲ့ Proposal အားလုံး ထင်သာမြင်သာအောင် ဆွေးနွေးပြီးတော့ နိုင်ငံစုံပါတဲ့ ဆွေးနွေးပွဲတစ်ခု အောက်ခြေမှာ လုပ်ဆောင်နိုင်အောင် လူကြီးတွေကို ပြောပြီး တော့ လုပ်ဆောင်ပေးပါ။ အပြန်အလှန်ဆွေးနွေးကြမယ်. အဲ့ဒီမှာလက်ခံနိုင်တဲ့လူနဲ့ လက်မခံနိုင်တဲ့လူ ထွက် လာလိမ့်မယ်။ အများဆန္ဒနဲ့လက်ခံပြီးတော့မှ ထွက်လာတဲ့ စည်းမျဉ်းဥပဒေတွေက ခိုင်မြဲပါလိမ့်မယ်။ " ဟု Ruby Land ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က ဆက်လက်ပြောဆိုသည်။ မြန်မာနိုင်ငံနှင့်ဆက်အသွယ်လုပ်ကိုင်နေသော ပြည်ပကုမ္ပဏီများသည် ပြည်တွင်းတွင် လာရောက်၍ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ပါက မြန်မာ့စီးပွားရေးလုပ်ငန်းကို လွှမ်းမိုးခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် Tourism ဥပဒေ ပြဌာန်းရာတွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိုနှိုင်းခြင်းများ ပြုလုပ်သင့်ကြောင်း ခရီးသွားလုပ်ငန်း ရှင်အချို့က ဆိုသည်။ ၀န်ကြီးဌာနများအနေဖြင့် နိုင်ငံခြားခရီးသွားလုပ်ငန်း အဆင်ပြေစေရေးအတွက် နိုင်ငံခြားခရီးသွားအဆင်ပြေ လွယ်ကူချောမွေ့ရေးကော်မတီအဖွဲ့ဖွဲ့ထားပြီး လာမည့် သြဂုတ်လ (၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် အင်းလျားလိတ်ဟိုတယ်၌ ၀န်ကြီးအချို့နှင့် လုပ်ငန်းရှင်များတွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။ ၀င့်သင်ဇာကျော် (မြစ်မခ) by Myit Makha Mediagroup | ||||
| ပြည်ပမှ ရိုပာင်ဂျာအရေးခြိမ်းခြောက်မှုများအား လက်ခံနိုင်ဖွယ်မရှိဟု ပြန်လည်တုံ့ပြန် Posted: 28 Jul 2012 07:27 AM PDT ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ပပါလီမန်တို့  ၏ဝေဖန်ပြော ဆိုနေမှုအား မြန်မာ ဒီမိုကရေစီ အရေး ပျက်ယွင်း အောင်ဆောင် ရွက်ခြင်းဟု သတ်မှတ်ထားကြောင်း RNDPပါတီ အထွေထွေ အတွင်းရေးမှူး ကပြောသည်။ ထိုသို့ သတ်မှတ်ရခြင်း အကြောင်းမှာ ပြည်ပမှ တိုက်ခံနေသော အဖွဲ့ အစည်း၊ ပါလီမန်များ၏ ပြောဆိုမှုများသည် ခိုင်မာမှုမရှိခြင်း၊ ထုတ်ပြန်နေသော သတင်းများ မှားယွင်းနေခြင်းကြောင့် ဖြစ်သည်ဟုရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) က ဆိုလိုက်ခြင်းဖြစ်သည်။ "ဒါဒို့ နိုင်ငံရဲ့ ဒီမိုကရေစီအရေးကိုအသွင်ပြောင်းအောင်လုပ်တာပါ။ ရိုပာင်ဂျာ ပြဿနာကိုလည်းပိုမိုကြီးထွားလာနိုင်ပါတယ်။ အမှန်ကကျွန်တော်တို့က အစော်ကားခံနေရတာပါ"ပာု RNDP ပါတီက ရခိုင် တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောသည်။ ဘင်္ဂလီအရေးနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်လက်အောက်တွင်ရခိုင်တိုင်ရင်းသားများနှင့် တပ်မတော်က ပူပေါင်းဆောင်ရွက်သွားရန် RNDPပါတီမှ နိုင်ငံတော်အစိုးရသို့ တင်ပြထားပြီးဖြစ်သည်။ လက်ရှိအချိန်တွင်ပါကစ္စတန်နိုင်ငံရှိတာလီဘန်များကလည်း Tehreek-e-TalibanPakistan (TTP) အဖွဲ့ကရခိုင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သောရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ဇူလိုင်လ (၂၆)ရက်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်များတွင် နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းများဖြက်တောက်ရန်ဖိအား ပေးထားပြီး မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအားဖျက်စီးမည်ပာု ပါဝင်ရေးသားထားသည်။ ထိုသို့ ပြည်ပအဖွဲအစည်းများ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သတ်၍မြန်မာ-မွတ်စလင်လူမျိုးဖြစ်သော၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးကယခုကဲ့သို့ သုံးသပ်ခဲ့သည်။ "ကျွန်တော့်အနေနဲ့  အကြမ်းဖက်မှုတွေ ခြိမ်းခြောက်မှုတွေကိုလုံးဝလက်မခံပါဘူး။ ဒီလိုလုပ်ဆောင်မှုတွေပာာ ပြည်တွင်းမှာ ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်လုပ်နေတဲ့ သူတွေအတွက်လည်း အကျိုးမပြုပါဘူး။"ပာုပြောကြားသည်။ ထို့ပြင် ယခင်က မြန်မာနိုင်ငံမှ ပြည်ပသို့သွားရောက်ခိုလုံနေသောမြန်မာနိုင်ငံရေသမားပောာင်း အချို့ကလည်းရိုပာင်ဂျာအရေးနှင့် ပတ်သက်၍ သွေးထိုးလှုံဆော်မှုများလည်းပြုလုပ်လာကြကြောင်း ရခိုင်တိုးတက်ရေးပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သေးသည်။ "အခုဖြစ်နေတဲ့ ဘင်္ဂလီလူမျိုးအရေးပာာ မြန်မာလူမျိုးတွေရဲ့အရေးပါ။ အစိုးရကို တိုက်ခိုက်ချင်တိုင်း ဒီအရေးကို အကောင်းမမြင်တဲ့ဘက်ကနေ ၀င်စွက်ဖက်ဖို့မလိုပါဘူး။" ပာု ဦးဦးလှစောက မှတ်ချက်ပေးသည်။ အဆိုပါပြည်ပနိုင်ငံများမှ လက်နက်ကိုင်အဖွဲ့ အစည်းများ၏ခြိမ်းခြောက်ပြောဆိုမှုများကို မန္တလေးမှဘင်္ဂလီအရေးအားလေ့လာ သူ မြန်မာ-မွတ်စလင်လူမျိုး တစ်ဦးကလည်း နိုင်ငံတော်အစိုးရ၏ ဘင်္ဂလီလူမျိုး များဘက်မှသတင်းထုတ်ပြန်မှုအပိုင်းတွင် ပွင့်လင်းမြင်သာမှုအားနည်းနေသဖြင့်အခြားနိုင်ငံမှ အဖွဲ့အစည်းများ၏ ဖိနှိပ်ချုပ် ချယ်မှုများကိုအများဆုံခံရဖွယ်ရှိနိုင်ကြောင်း သုံးသပ်ဝေဖန် ပြောဆိုသည်။ "လူမျိုးရေးကိုအကြောင်းပြပြီး ဘာသာရေးကို ထိပါးလာရင်တစ်ကမ္ဘာလုံးမှာရှိတဲ့ မွတ်စလင်တွေက ငြိမ်ခံမှာ မပာုတ်ပါဘူး။" ပာုအစ္စလာမ်ဘာသာကိုးကွယ်သူ မြန်မာလူမျိုးတစ်ဦးက ဆိုသည်။ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ်Ekmeleddin Ihsanoglu ကလည်း မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ်အကြမ်းဖက်မှုများအား အဆုံးသတ်ရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့မှ ကူညီဆောင်ရွက် ပေးပါရန်ဇူလိုင်လ (၂၅)ရက်နေ့က ၎င်းတို့ထံသို့ စာရေးသားတောင်းဆိုခဲ့သည်။ စောဇင်ညီ (မြစ်မခ) by Myit Makha Mediagroup |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ




















