[mrsorcerer:28525] Fwd: [လူဗိုလ်ဟူသည် ...] ရှစ်..သုံးလီ နှင့်..၈၈၈၈ အတွေးစများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/7/31
Subject: [လူဗိုလ်ဟူသည် ...] ရှစ်..သုံးလီ နှင့်..၈၈၈၈ အတွေးစများ
To: lubo601@gmail.com



by Robina Lwin on Tuesday, July 31, 2012 at 12:43pm 

                     ၂၀  ကျော် ငါးနှစ် ပတ်လည်..ကျမ..ကျမ..တို့ အရွယ်……………..
ရှေ့ခေတ် နံမည်ရ..သီချင်းလေးနဲ့ ..ယနေ့ ခေတ်ပေါ် အက ကို ခပ်ဟော့ဟော့လေး
က..ပြီး  ဘရုတ်ကျနေတဲ့..ကောင်မလေးတွေကို ပြုံးလိုက်မိတယ်..လန်းနိုင်တုံး အ
ရွယ် မို့  လန်းကြ ရတာ မဟုတ်လား…

                      အော်..တို့ များ တုံးက အဲ့ဒီ အရွယ်မှာ..လန်းဘို့  ခြေတစ်လှမ်း…
အရွေ့  `` ပမ်း ´´ ရမဲ့ ဘ၀ တစ်ခုကို မြန်မြန်ဆန်ဆန် ထောင့်ချိုး ချိုး ခဲ့ ရတာလေ..
ကားချပ် အသစ်စက်စက် တစ်ချပ် …..ကားချပ်ထဲမှာ အမေ အသစ်က  ကျမ အသစ်
လေးကို..မွေးဖွားလိုက်သလိုလို ….ပုံရိပ်ထဲမှာ  ၂၀ ကျော် လူကြီးသူမ..အသိစိတ်ဓါတ်
နဲ့  ..၈ လေးလုံးကို မိတ်ဖက် ခဲ့ ရပုံများ….
                      ၈..ရက်လောက်တော့ အားတင်းပြီး ဆန္ဒပြ ပါဝင်လိုက်မယ်ဆိုရင်…
သူတို့ ကလည်း ပြည်သူ့ ဆန္ဒကို လေးစား လိုက်နာကြမှာပါလို့  နုငယ်တဲ့ အတွေးလေး
နဲ့ ..လမ်းပေါ်က သွေး ရဲရဲတွေ ကိုကြည့်ပြီးကျောင်းသား ပြည်သူတွေနဲ့ အတူ  ဆန္ဒပြ
ခဲ့ကြတယ်..
လမ်းပေါ်က သွေးတွေက ..ရဲ ရာကနေ ကျဲမသွားဘဲ..ရွှဲ  လာတော့ ..၈ .ရက်က
နေ..၈. နှစ်လောက်တော့ တော်လှန်ရေး ခရီးကို ပစ် ၀င်ရတော့မယ်လို့  အများနည်းတူ
စိတ် ဒုန်းဒုန်း ချလိုက်တော့တယ်….
                    ၈. နှစ်လောက်တော့ ရီတာပေါ့လို့  ဆက်ပြောရပြန်ပြီလေ..ခံပြင်းမှု
ဒဏ်ရာ ပေါင်းစုံနဲ့  ၈.သုံးလီ ၂၄ .နှစ်ဆိုတဲ့ ယနေ့ ကို တိုင်လာပြီး..ကာရံက မပီ..အ
ဆုံးသတ်က မညီတဲ့ ..ဘ၀ တစ်ခုကိုေ၇ာက်လာခဲ့ တယ်..
                   ၈ သုံးလီ တိုင်ခဲ့ပြီး…၈ လေးလုံးဆိုတော့..၈ .လေးလီတော့မှာလား…
ဘုရား….ဘုရား....
                    ၈.လေးလုံး အရေးအခင်း ဆိုတာလည်း..ဖြစ်သင့် ဖြစ်ထိုက် ခဲ့ တာပါ
ဘဲလေ...၁၉၆၂ .ခုနှစ်မှာ .ဗိုလ်ချုပ်နေ၀င်းက စစ်တပ်အင်အားကိုသုံးပြီးတိုင်းပြည်
အာဏာကိုအပိုင်သိမ်းခဲ့တာ...စစ်တပ်ကဘဲ ချုပ်ကိုင်ထားတဲ့ မဆလ တစ်ပါတီစံနစ်
ကြောင့်မြန်မာပြည်သူတွေ ရင်ထဲက မကျေနပ်မှု အစိုင်အခဲကြီးက..၈၈၈၈ ..မှာထိန်း
မရအောင်ပေါက်ကွဲခဲ့ကြတာပေါ့..
                    အရှေ့တောင်အာရှမှာ .ထိပ်ဆုံးက ရှိနေခဲ့တဲ့ မြန်မာပြည် ဟာ ၈၈.မှာ
ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဘ၀ ကို ကြွေးမြီ တစ်ပုံတစ်ပင်ကြီးနဲ့ ရောက်လာခဲ့တယ်…
အာဏာရှင်တွေ ကတော့ စည်းစိမ်တွေအပြည့်နဲ့ ..ပြည်သူတွေက..မနက်စာ
 စားပြီး..ညစာအကြောင်း ဘာမှ မပြောနိုင်တဲ့  ဘ၀တွေက ဒုနဲ့ ဒေး..မကြုံဘူးရင်
တောင်..ယုံကြည်ကြပါတော့…
                    တခါတခါ ပြန် စဉ်းစားကြည့်မိတယ်. ၈ လေးလုံး အရေးအခင်းသာ မ
ဖြစ်ခဲ့ရင်..ဒီနေ့ အထိ ``မဆလ ´´ တစ်ပါတီ စံနစ်ရဲ့အောက်မှာ..မျက်စိပိတ် နားပိတ်
ခံ နေရပြီး..နိုင်ငံခြား ဆိုတာ ဂျိုနဲ့ လား လို့ တောင် မေးယူရမယ်ထင်တယ်..နေ့ စဉ်
မြန်မာ့အသံက.ဖြတ်တောက်ပြီး  ကြေငြာပေးတဲ့ သတင်းလေးကိုဘဲ နားထောင်ခွင့် ရပြီး..ဗဟုသုတမရှိ..ယောင် နေရမဲ့ မြန်မာပြည်သူများ ဘ၀ သာလျှင်…
                     ကျမရဲ့ အတွေးစ များဆီ သို့  ပြန်ဆက်ပါလိုက်ပါဦးမယ်..၈ လေး
လုံးမှာ ဘ၀ တစ်ခုလုံး..ထောင့်ချိုး ချိုးပြီး.တဖက်ကမ်းကို ရောက်သွားခဲ့တဲ့ ပထမဆုံး
နေ့ ရက်များပေါ့…..
                               ``ဒေါင်းနီပြန်သင့်ပြီ´´
ဒီစာဖြတ်ပိုင်းလေးကို ကျမတို့  ဒေါင်းနီသပိတ်စခန်း က ကျောင်းသားတွေ တစ်
ယောက်တစ်လက်..လက်ဆင့်ကမ်းပေးဖတ်ရင်း..တစ်ယောက်မျက်နှာတစ်ယောက်
မေးခွန်းတွေပါတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်..တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့
အသံတစ်သံ....
``ဟေ့...တို့  သပိတ်စခန်းအပြင်မှာ စစ်တပ်က ၀ိုင်းထားလိုက်ပြီ..နားထောင်ကြည့်
တို့ တွေကို အမိန့် ပေးနေတယ်..လာ.လာ ဘုန်းကြီးကျောင်းအနောက်ပေါက်က အ
မြန်ထွက်ကြစို့ ´´
                       အဲ့ဒီနေ့ က စပြီး..အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာလိုက်
တာ..ထိုင်းမြန်မာနယ်စပ်..တော်လှန်ရေး နယ်မြေထိ ရောက်လာခဲ့တော့တယ်…မထွက်
ဘဲ ကျန်ခဲ့သူတချို့ လည်း..ထောင်ထဲ.ရောက်တဲ့သူ.. ရောက်ကုန်ကြတယ်…….
                     မြန်မာတနိုင်ငံလုံး..ထွက်လာတဲ့ ကျောင်းသား..၅.ထောင်ကျော်က
 တနေရာမှာ ဆုံမိကြပြန်တယ်…တယောက်နဲ့ တယောက်မိတ်ဆက်ကြပြီး..နှုတ်ဆက်
စကားတွေပြောနေကြပေမဲ့..ဘယ်လို ရှေ့ဆက်ရမှန်း..မသိကြသေးဘူး..လောလော
ဆယ်..နေစရာ..ရိက္ခာ..ဆေးဝါးက အရေးကြီးတဲ့ ပြသနာပေါ့..ကျရောက်လာမဲ့
အန္တရာယ်တွေကိုကာကွယ်ဘို့  လက်နက်ဆိုတာ ..ဝေလာဝေး….
                     ထွက်လာလိုက်ကြတာ..မြို့ နယ်အသီးသီးက..ကောလိပ်ကျောင်းသူ
ကျောင်းသားများ.အထက်တန်း အလယ်တန်းကျောင်းသူ/သားများ.ဆရာ ဆရာမများ
ဆရာဝန်.အင်ဂျင်နီယာ နဲ့ ဝန်ထမ်းပေါင်းစုံပါဘဲ..
                    ထိုအချိန်က ငယ်ရွယ်သေးသူ ပီပီ..ပူပန်မှုတွေကြားက စိတ်ဝင်စား
လိုက်သေးတယ်..အဲ့ဒါကတော့..အဆိုတော်တွေဖြစ်တဲ့..မွန်းအောင်..ထူးအိမ်သင်
ပန်းအိစံ..တို့ လည်းလာတယ်ဆိုလို့  လိုက်ငမ်းလိုက်မိသေးတာပေါ့..နောက်ထပ်
ဒရမ်မာသီရိညွန့် ..ဒါရိုက်တာဦးစိုးခိုင်..ဒါရိုက်တာမောင်ဝိုင်း.  တဲ့လေ..သီပေါမင်းရဲ့
မြစ်တော်တွေလည်းရောက်လာတယ်ဆိုလို့ ..မျက်လုံးထဲမှာ မတွေ့ ခင် မြင်ယောင်
လိုက်သေးတယ်…..တောင်ရှည်ပုဆိုးနဲ့ ခေါင်းပေါင်းနဲ့ .ထိုင်မသိမ်းအကျီင်္..ဆံတုံးတော်
ကြီးနဲ့ ပေါ့လေ….
                   တွေ့ လိုက်တဲ့အချိန်..သီပေါ့မင်းရဲ့ဝေးစွာသောမြစ်တော်ဆိုတဲ့.(ရုပ်ရှင်မင်း
သားသီဟတင်စိုးတို့ မောင်နှမ)…ကိုယ်လေရူးမိပုံများ..ဘုရင်ခေတ်မှ မဟုတ်တော့ဘဲ
နော်သူတို့ လည်း..သူလိုကိုယ်လို ဘောင်ဘီနဲ့ အကျီင်္ဘဲဝတ်ထားတာ..
                   နောက်ထပ်..မျက်စိနောက်လောက်အောင်..ဟိုဒီလမ်းသလားပြီး
ရီစရာတွေပြော..ခင်မင်စရာကောင်းတဲ့ ရုပ်ရှင်မင်းသားကြီးဦးအောင်လွင်ရဲ့
သား..သာကျော်မောင်ဆိုဘဲ… ကျောင်းသူမလေးတွေကလည်း ငယ်ငယ်ချောချောလေး
တွေ..သီသီ..မီးမီး..မြင့်မြင့်စန်း.နွယ်နီထွန်း..နှင်းနွယ်စိုး..ညွန့် ညွန့် ဝေ.စိုးစိုးအေး
စီစီမာ ..သိန်သိန်းဦး..နောက်ထပ်..နောက်ထပ်..စုံလို့ ...
.စာသင်းခန်းထဲကနေ ရောက်လာကြတာပေါ့.ဒီရောက်မှဘဲ..လူစုံတက်စုံတွေ့ ရတော့
တယ်..မြန်မာပြည်ကိုချစ်လို့  ..အမှန်တရားကို ရင်ဆိုင်ခဲ့ကြတဲ့သူတွေပါ…
                  တစ်ယောက် စိတ်ကူးတစ်မျိုးစီနဲ့ ..၀င်လာလိုက်..ထွက်သွားလိုက်
ပြန်ရောက်လာလိုက်နဲ့ ..မျက်စိရှုပ် နားရှုပ်..ရင်တုန်ပြီး စိုးရွှံ့ ခဲ့ရသော နေ့ ရက်များပင်
                  ဒါကြောင့်လည်း..ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီး..စည်းနဲ့ 
ကမ်းနဲ့ ဖြစ်သွားအောင် အဖွဲ့ အစည်းလေး တစ်ခုကို စံနစ်တကျဖွဲ့ စည်းဘို့ သဘော
တူလိုက်ကြတယ်..
                 ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ပေါင်းများစွာ ပြီးဆုံးသွားတော့(မကဒတ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး....ဆိုပြီး ကျောင်း
သားအဖွဲ့ အစည်းတစ်ခု သမိုင်းစာမျက်နှာသစ် ပေါ်ပေါက်လာခဲ့တယ်..
                 မြန်မာပြည်အတွက်..ကောင်းသော ရည်၇ွယ်ချက်များဖြင့် ဖွဲ့ စည်းခဲ့ကြ
သော်ငြားလည်း..နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ရည်၇ွယ်ချက်ကြီးမားစွာ
လုပ်ဆောင်နေသူများရှိသလို..ဖျက်လိုဖျက်ဆီး နှံဖျက်ပိုးများလည်း..ရောနှောပါဝင်
လာကြတဲ့အတွက်..အဆိုး အကောင်းများ ဒွန်တွဲနေသော..သမိုင်းစာမျက်နှာကလည်း
မြင့်တက်လာခဲ့တယ်..
                 ၈၈.အရေးအခင်းမှာ..မြန်မာပြည်တွင်း၌အဖမ်းခံရသူများလည်း..ဘဝ
တွေ ခေါက်ရိုးကျိုး..လဲခဲ့ ကွဲခဲ့ကြတယ်..
                ပြည်ပ ထွက်လာသူတွေကလည်း..ကျိုးကန်းသူ..သေဆုံးသူ ဦးရေက
အများအပြား ..ဒုက္ခဆင်းရဲခြင်းနဲ့ သေတွင်းကို  ၁၀ နှစ်အတွင်း ကြံ့ကြံ့ခိုင် ရင်ဆိုင်
ခဲ့ကြတဲ့အတွက် နိုင်ငံတကာက အာရုံပြုမိလာပြီး..ကူညီခဲ့ကြတယ်..ဒါကြောင့်လည်း
 ၁၀..နှစ်ရဲ့ နောက်ပိုင်းကာလများမှာ..တတိယ နိုင်ငံများသို့ တဖြည်းဖြည်းရောက်
လာခဲ့ကြတယ်..တတိယ နိုင်ငံ ရောက်ကြသော်လည်း..၅ နှစ်အတွင်း..သူတို့ လူထု
အဆင့်နှင့်မမှီသော မကိုက်ညီသော အရည်အချင်းများကြောင့် စိတ်ဓါတ်ကျခြင်းနှင့်
ဒုက္ခများကို ဆက်လက်ရင်ဆိုင်ကြရပြန်တယ်..၁၅ နှစ်နောက်ပိုင်းကာလ မှာ တ
ဖြည်းဖြည်း အဆင်ပြေလာခဲ့ကြတယ်..
               ၈၈..နံမည်ကို ယူပြီး..ကောင်းစားနေကြပါတယ်ဆိုတဲ့ အရည်အတွက်
က လက်ချိုး ရေ လို့ ရပါသေးတယ်..ဒုက္ခမျိုးစုံကို ၁၅ နှစ်ကျော် ရုန်းကန်ပြီး..ကိုယ့်
ကြမ္မာကိုယ် ဖန်တီးနေရသော ..ဒဏ်ရာကိုယ်စီနှင့် သာမာန်ရဲဘော်များအရည်အ
တွက်က..များပြားနေဆဲပါ...သို့ သော်လည်း မြန်မာသမိုင်းတစ်ခေတ်ကို လုံးဝ
ပြောင်းစေခဲ့တဲ့..၈ လေးလုံးဆိုတာကိုတော့.ငြင်းလို့ မရနိုင်တော့ပေ..
              အဆိုးများအတွက် ကြေကွဲနေရသလို ..အကောင်းများအတွက် ကြည်
နူးရင်း..တယ်လီဖုန်းခေါ်သံကို အမြဲနားစွင့်နေတဲ့ အမေကို နှစ်သိမ့်ရင်း..ခေါင်း
လောင်းသံလည်းတိတ်..အမေလည်း အိပ်တော့..ရှစ် သုံးလီ က..၂၄ ..နှစ်တိုင်
သမိုင်းကို ရင်ဆိုင် ခဲ့ပါပြီ....
~~ Robina (8888)



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/01/2012 04:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:28524] Fwd: [လူဗိုလ်ဟူသည် ...] ဟိုမှာဘက် ကမ်းမှ သည်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/7/31
Subject: [လူဗိုလ်ဟူသည် ...] ဟိုမှာဘက် ကမ်းမှ သည်
To: lubo601@gmail.com



by Zay Ya on Sunday, January 8, 2012 at 9:34am 

 လောက်ဇူ ရဲ့ ဆိုစကား က
"တည်ငြိမ်သော အရာသည် ဖမ်းကိုင်ရ လွယ်ကူသည်။
မထင်ရှားသော အရာသည် နိမိတ်ဟောရ လွယ်ကူသည်။
ကျိုးပျက်လွယ်သော အရာသည် ကျေမွသွား ဖို့ရာ လွယ်ကူ၍
သေးငယ်သော အရာသည် လွင့်ပါသွားဖို့ရာ လွယ်ကူသည်။

ထို့ကြောင့်
မရှိလာခင် ကတည်းက ခွဲခြမ်းစိတ်ဖြာ၍၊
မရင့်မြည့် ခင်ကတည်းက ထိန်းသိမ်းစောင့်ရှောက်အပ်၏။
မိုင်ထောင်ချီသော ခရီးသည် ခြေတစ်လှမ်းမှသာ စတင်၏။


ထို့ကြောင့်
လုပ်ကိုင်သော သူသည် ပျက်စီး၍
ဆုပ်ကိုင်သော သူသည် လွတ်ထွက်လျက် ရှိ၏။
ယင်းကို သိသောသူသည် မလုပ်ကိုင်၊ ထို့ကြောင့် မပျက်စီး။
ယင်းကို သိသောသူသည် မဆုပ်ကိုင်၊ ထို့ကြောင့် လွတ်ထွက်သွားခြင်း မရှိ။"

ရှေးဒဏ္ဍာရီ တစ်ပုဒ်မှာ မြင့်မြတ်တဲ့ "ဓမ္မ" အသိကို ရှာဖွေသူ ရဟန်း တစ်ပါး ရှိခဲ့တယ်။ ဓမ္မ ဆိုတာ ဘာလဲလို့ သိဖို့ ရာအတွက် ခရီး အတန်တန်လည်း လှည့်လည် သွားလာ ခဲ့တယ်။ နှစ်ပေါင်း များစွာ ကြာတဲ့ အထိပဲ ဆိုပါတော့။ နောက်ဆုံး အကြိမ်မှာ ဗုဒ္ဓ သီတင်းသုံးခဲ့ရာ တိုင်းပြည်ကို ရောက်လာတယ်။ သူ က ဗုဒ္ဓနဲ့ မျက်နှာချင်းဆိုင် ကိုယ်တိုင် ကိုယ်ကျ တွေ့ချင်တယ်။ ဗုဒ္ဓ ဘယ်မှာ ရှိလဲ လို့ လမ်းခရီး တစ်လျောက် မေးမြန်းရင်း စုံစမ်းရင်း လာခဲ့တယ်။ အဲ့လိုနဲ့ အဆင့်ဆင့် လမ်းညွှန်ရင်း မြစ်ကမ်းနဖူး တစ်ခု ကို ရောက်သွားတယ်။

သူ့ရဲ့ ရှေ့မှာ ကျယ်ပြောတဲ့ မြစ်ပြင်ကျယ် တစ်ခု ရှိတယ်။ ရေတွေလည်း တသွင်သွင် စီးနေတာ ကို မြင်နေရတယ်။ သူ ကြားသိလာတဲ့ သတင်း စကားတွေ အရ - ဒီမြစ်ရဲ့ ဟိုမှာဘက်ကမ်းမှာ ဗုဒ္ဓ ရှိတယ်။ အားလုံး ကလည်း ထောက်ခံတယ် - ဟုတ်တယ် - ဒီမြစ်ရဲ့ ဟိုမှာ ဘက်ကမ်းမှာ ဗုဒ္ဓ ရှိသတဲ့။ သူ ရောက်အောင် သွားဖို့ ဆုံးဖြတ် လိုက်တယ်။ ဒါပေမယ့် ခက်နေတာက သမ္ဗာန် ၊ ကူးတို့ တစ်စင်းမှ မရှိဘူးရယ်။ ဒီ မြစ်ပြင်ကျယ်ကို ဘယ်လို ဖြတ်ရမလဲ။

သူ အဲ့ဒီ ကမ်းနဖူးမှာ ကူးတို့ လှေ ဘယ်မှာ ရနိုင်မလဲ အတော်ကြာကြာ ရှာနေခဲ့တယ်။ ဒါပေမယ့် မြစ်ကမ်းမှာ နေထိုင်ကြသူတွေက သူ့ကို ပြောပြကြတယ်။

"ခင်ဗျားကို အဲ့ဒီ ဘက်ကမ်းဆီ ဘယ်သူမှ ခေါ်သွားရဲမှာ မဟုတ်ဘူး။ ခေါ်သွားမယ့် လူလည်း မရှိဘူး။ ဘာလို့ဆို အဲ့ဘက်ကမ်းကို ရောက်သွားသူတွေဟာ ဘယ်တော့မှ ပြန်မလာ ကြတော့ဘူး။ ဒါ့ကြောင့် ဒီက လူတွေ အကုန်လုံး ဘယ်သူမှ ခင်ဗျားကို ပို့ပေးမှာ မဟုတ်ဘူး။ ခင်ဗျား သွားချင် လွန်းရင် ကိုယ့်ဘာသာ ကိုယ် ကူးခတ် သွားချည်တော့"

မြင်ပြင်က အကျယ်ကြီး၊ ရေစီးကလည်း သန်သန် နဲ့ မို့ ရဟန်းငယ် ခမျာ ကြောက်ကလည်း ကြောက်ရှာသေးတယ်။ အခြားနည်းလမ်းလည်း ရှာမတွေ့တာက တစ်ကြောင်း၊ သူတွေ့သိချင်လွန်းတဲ့ စိတ်ဆန္ဒက တစ်ကြောင်းကြောင့် ဒီ အတိုင်း လက်ပစ်ကူးဖို့ စတော့တယ်။ လူတွေကလည်း သူ့ကို စုတ်တသပ်သပ်နဲ့ မေ့ထား လိုက်ကြတယ်။ ဘယ်တော့မှ ပြန်မလာ နိုင်တော့မယ့် သနားစရာ လူတစ်ယောက် အဖြစ် သတ်မှတ်လိုက်ကြတယ်။

ရဟန်းငယ် လည်း စိတ်ဇောနဲ့ ကူးခတ်လာရင်း မြစ်ဧရာရဲ့ အလယ် လောက်ကို ရောက်သွားတယ်။ ကမ်းနဖူးက လူတွေ အမြင်မှာ - ဒီကိုယ်တော်ကို မတွေ့ရ တော့ဘူး ရယ်။ မြင်ကွင်းက ပျောက်သွားပြီ ဆိုပါတော့။ ရဟန်းဟာ ဆက်ပြီး ကူးခတ် လာတဲ့ အခိုက် ရုတ်တရက် ဟိုမှာဘက်ကမ်း ဆီကနေ သူ့ဆီကို တစ်စုံတစ်ခု မျောလာတာ တွေ့ရတယ်။ တဖြေးဖြေးနဲ့ အဲ့ဒီ တစ်စုံတစ်ခုက ရုပ်လုံးပေါ်လာတယ်။ - အလောင်းတစ်လောင်း ဖြစ်နေတယ် ဆိုတာ သိလိုက်တယ်။ အဲ့အလောင်းက သူ့အနားကို တစ်ဖြေးဖြေး နီးကပ်လာနေတယ်။

ဒါကို သိတော့ ကြောက်တယ်။ အဲ့ဒီ အလောင်း - သူ့အနား မရောက်လာခင် သူ ခပ်ဝေးဝေး ကို ကူးသွားနိုင်မှ ဖြစ်မယ်။ ဒါပေမယ့် ဘယ်လိုပဲ အားစိုက် ကူးခတ်၊ ရှောင်ရှားနေလည်း အလောင်းက သူ့အနားကို တဖြေးဖြေး မျောလာနေတုန်းပဲ။ မကြာခင် သူ့အနား ရောက်လာတော့တာပဲ။ သူ အပင်ပန်းခံပြီး ဘယ်လောက်ပဲ ရှောင်နေပါစေ- အလောင်းက သူနဲ့ လက်တစ်ကမ်း အကွာ အထိ ပိုပြီး နီးကပ်လာတယ်။

ရဟန်းငယ် လည်း ဒီအလောင်း ကို ရှောင်လို့ မရကြောင်း နားလည်သွားတဲ့ အခါ - ဘယ်က အလောင်းကောင်လဲ ဆိုတာ ကြည့်လိုက်တော့မယ် လို့ ဆုံးဖြတ်လိုက်တယ်။ သူ့ အမြင်မှာ ဒီအလောင်းရဲ့ ကိုယ်ပေါ်က သင်္ကန်းစ ကိုလည်း မြင်ရတယ်။ ဦးပြည်း ကတုံး ဖြစ်နေတာလည်း တွေ့ရတယ်။ ဒါ ရဟန်း တစ်ပါးပါးရဲ့ အလောင်း ဖြစ်မယ် လို့ တွေးလိုက်တယ်။ သူ အလောင်းနားကိုပဲ ကူးသွား လိုက်တော့တယ်။

အလောင်းကောင်ရဲ့ မျက်နှာပြင်ကို မြင်ရတဲ့ အခါ - ကြောက်လည်း ကြောက်၊ အံ့အားလည်း သင့်သွားတယ်။ ရူးသွပ်တဲ့ သူတစ်ယောက်လို အလောင်းကောင်ကို ကိုင်ပြီး အော်ရယ်နေ မိတယ်။ အကြောင်းက အဲ့ဒီ အလောင်းဟာ သူကိုယ်တိုင်ရဲ့ အလောင်း ဖြစ်နေပါတယ် ။ သူ့မျက်လုံးကို သူ မယုံနိုင် ပေမယ့် တကယ် ဖြစ်နေကြောင်း ။ သူ သေသေချာချာ ပြန်ကြည့်တယ်။ ခဏခဏ ကြည့်တယ်။ ဟုတ်တယ် - ဒီအလောင်းဟာ သူ့အလောင်း ဖြစ်နေတယ်။

ဒါကို သိလိုက်ပြီး မကြာခင်မှာ အဲ့ ဟိုမှာဘက်ကမ်းက အလောင်းတွေ တစ်လောင်းပြီး တစ်လောင်း ရေစီးနဲ့ အတူ မျောပါလာတာ တွေ့ရ တယ်။ သူ ကိုယ်တိုင်ရဲ့ အလောင်းတွေ ချည်း ပဲရယ်။ ဒီအလောင်းတွေ အကုန်လုံး ဟာ သူကိုယ်တိုင်ရဲ့ အတိတ်တွေချည်းပဲ လို့ သူ မျက်မြင် တွေ့လိုက်ရတယ်။ သူ သင်ကြားခဲ့တဲ့ အရာတွေ၊ သူပိုင်ဆိုင်ခဲ့တဲ့ အရာတွေ လည်း အဲ့အလောင်းတွေမှာ တွယ်ကပ် မျောပါလာနေတယ်။ သူ့ရဲ့ အတ္တ၊ သူ့ရဲ့ စိတ်သန္တာန်၊ သူ ခံစား ခဲ့ရတဲ့ ချစ်ခြင်း၊ မုန်းခြင်း ခံစားချက် တွေ အကုန်လုံးဟာ အဲ့ဒီ အလောင်းကောင်တွေမှာ တွယ်ညိ နေကြတယ်။ သူ ဖြတ်သန်းခဲ့ရာ ဘဝတစ်ခုလုံး အလဟဿ၊ ဗလာချည်း သက်သက် ဖြစ်နေပါပကော....

အခု - သူ ။ သူ့ အသိဟာ ရုတ်ခြည်း ရှင်းလင်း ငြိမ်ဝပ် သွားတယ်။ တစ်ပြိုင်နက်ထည်းမှာ ဟိုမှာဘက်ကမ်း ထိ ရောက်သွားစရာ မလိုတော့ ကြောင်း သူသိလိုက်ပါတယ်။ ဟိုမှာဘက်ကမ်းနဲ့ ဒီဘက်ကမ်း တွေဟာ သူ့အတွက် အရေးမပါ၊ အရေးမကြီး တော့ဘူး ။ သူ တစ်ချိန်က တွေးထင်ခဲ့ တာဟာ ဗုဒ္ဓနဲ့ တွေ့ဆုံပြီး ခဲ့ရင် ဘယ်တုန်းကမှ မသိနိုင်တဲ့ တရားထူး ကို ရရှိလိမ့်မယ် လို့ မျှော်မှန်း ထားခဲ့တယ်။ သူ မျှော်မှန်းတဲ့ တရားထူး ဆိုတာ မသိနိုင်တဲ့ အခြေအနေ တစ်ခု၊ အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်မယ် လို့ သူ ထင်မှတ်ထားခဲ့တယ်။

အခု သူကိုယ်တိုင်ရဲ့ အတွင်းရော၊ အပြင်မှာပါ သူ စိတ်ကူးနဲ့ ဘယ်လိုမှ ထပ်တူ မကျတဲ့ အသိနဲ့ ဗုဒ္ဓကို ရှာတွေ့ ခဲ့ပြီ ဖြစ်ပါတယ်။ သူ့သန္တာန်မှာ ရှိတဲ့ ကြောက်စိတ်တွေ၊ တွေးတော မျှော်လင့် ခဲ့သမျှတွေ ရုတ်ခြည်း ပျောက်ဆုံး ကုန်ကြပြီပဲ။

တကယ်လည်း သူ့ အသိတစ်ခုလုံးမှာ အလင်းချည်း သက်သက်သာ ရှိနေပါတော့တယ်။ သူ ပေါ့ပေါ့ပါးပါး ရယ်လိုက်တယ်။

 ပြီးခဲ့တဲ့ အချိန်ပိုင်း က တွေဝေ ငေးမာခဲ့ရာ ဒီမှာဘက်ကမ်း ဆီ ကို ဝမ်းမြောက်တဲ့ စိတ်နဲ့ ပြန်ကူး လာခဲ့တယ်။ ကမ်းကို ရောက်တော့ သူတွေ့ခဲ့ဖူးတဲ့ လူတွေ ကို သူ တွေ့သိခဲ့သမျှ ပြောပြဖို့ ကြိုးစားတယ်။ "ဟိုဘက်ကမ်းဟာ ဒီဘက်ကမ်းနဲ့ ဘာမှ မကွာခြားပါဘူး။ သိမြင်ဖို့ တစ်ခုတည်း လိုအပ်တာ ဖြစ်ပါတယ်" လို့ ပြောတယ်။ လူအများက သူ့ကို တအံ့တဩ တစိမ်းဆန်ဆန် ကြည့် တယ်။ "ခင်ဗျား ဘယ်သူလဲ။ ဘယ်ကလဲ။ ဟိုဘက်ကမ်းကို ဘယ်တုန်းက သွားခဲ့တာ မို့လို့လဲ။ အဲ့ဒီ ဘက်ကမ်းကို ဒီနေရာကနေ သွားကြသမျှ ကျုပ်တို့ အားလုံး သိတယ်။ ဘယ်သူမှ ပြန်မလာကြဘူး။ ခင်ဗျား အဲ့ဘက်ကမ်းကို သွားတာ ဆိုရင် ကျုပ်တို့ သိမှာပဲ။ ခင်ဗျား အဲ့ဘက်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ ခင်ဗျား လိမ်နေတာပဲ" လို့ ပြောတယ်။

ရဟန်းက - "စောနကလေးမှ ကျုပ် ဒီကနေ ကူးသွားတာလေဗျာ။ သမ္ဗာန်တောင် ရှာနေခဲ့သေးတယ်။ မှတ်မိရဲ့ မဟုတ်လား။ ခင်ဗျားတို့ပဲ ကျုပ်ကို လိုက်မပို့နိုင်ဘူး - ဒီ အတိုင်းသာ ကူးသွားတော့လို့ ပြောကြသေးတယ် မဟုတ်လား"  ဆိုတော့

-- သူတို့က "ခင်ဗျား အဲ့ရဟန်း မဟုတ်ပါဘူး။ အဲ့ရဟန်းက သွားနှင့်ပြီ။ သူပြန်မလာနိုင်တော့ဘူး။ နောက်ပြီး အခု ခင်ဗျားက အဲ့ရဟန်းမှ မဟုတ်ဘဲ"

လူတွေ အကုန်လုံး သူ့ကို တစ်ယောက်မှ မမှတ်မိတော့ပါဘူး။ ရဟန်းငယ် ဟာ -- မသွားခင်က "သူ"နဲ့  အခု ပြန်ရောက်လာတဲ့ "သူ" အတူတူပါပဲ ဆိုတဲ့  အကြောင်း ဘယ်လောက် ပြောပြော ဘယ်သူမှ လက်မခံတော့ဘူး။

တကယ် စင်စစ် ဟိုမှာဘက်ကမ်း သွားခဲ့သူတွေ အားလုံး ပြန်မလာ နိုင်ခဲ့တာ မဟုတ်ပါဘူး။ အားလုံး ပြန်လာခဲ့ကြသူတွေ ချည်း ဖြစ်ပါတယ်။ ဒါပေမယ့် အများဟာ အရင်တွေနဲ့ အတူအညီ မမြင်နိုင်တော့ဘူး။ တကယ်မှာလည်း မတူညီကြတော့ဘူး ။ လုံးဝ သစ်လွင်သွားတဲ့ အဖြစ်ကို အသိ တစ်ခုတည်း အတွင်းမှာ ရရှိပိုင်ဆိုင်ပြီး ဖြစ်ပါတယ်။ အဟောင်းတွေ ကုန်ဆုံးသွားတယ်။ အဟောင်းအမြင်း အတိတ်တွေဟာ အိပ်မက် တွေဖြစ်ကြောင်း၊ ဘဝကို အိပ်မက်တွေနဲ့သာ ရှင်သန်နေခဲ့တာ ဖြစ်ကြောင်း သိလိုက်ကြတယ်။ အဲ့ဒီ ခဏမှာ ယခင် မျက်လုံး မှိတ်၊ အိပ်ပျော် နေသမျှ  မျက်လုံး ဖွင့်ရက်သား နိုးကြားသွားတယ် ။ အိပ်မက်တွေ အားလုံး အပြည့်အဝ ထားရစ် ခဲ့လိုက်ကြတယ်။ သိမြင်မှု အသစ် တွေနဲ့ ဒီမှာ ဘက်ကမ်းကို အားလုံး ပြန်ရောက်ကြပါတယ်။ ဒါပေမယ့် ဒီဘက်ကမ်းက လူအများ - ဘယ်သူမှ မမှတ်မိတော့၊ မသိတော့ဘူးရယ်။  


9.1.2012
12:05 AM
..........................
Photo Credit - My Beloved Sis : Rachel Tin
..........................


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/01/2012 03:57:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:28524] Fwd: [လူဗိုလ်ဟူသည် ...] သွားဆေးခန်းနဲ့ ကားဝပ်ရှော့



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/7/31
Subject: [လူဗိုလ်ဟူသည် ...] သွားဆေးခန်းနဲ့ ကားဝပ်ရှော့
To: lubo601@gmail.com



by Phio Thiha on Saturday, July 28, 2012 at 3:05am 

မနေ့က ကျွန်တော့်သူငယ်ချင်းတစ်ယောက် သွားမှာဖြစ်နေသည့် ကျောက်တွေကို ခြစ်ပစ်ချင်သည်၊ အဖော်လိုက်ခဲ့ပေးပါ ဆိုသဖြင့် မြို့ထဲက သွားဆေးခန်းတစ်ခုကို နှစ်ယောက်သား သွားခဲ့ကြသည်။
ပြဖူးသူတစ်ယောက်က ကောင်းလွန်း သန့်လွန်းသည်ဟု ညွှန်းသဖြင့်သာ သွားရသည်၊ ဖုန်းနံပါတ်ပင် သေချာမသိ၊ သို့ဖြင့် နေရာအတိအကျ နှင့်၊ ကြိုတင်ဘွတ်ကင် လုပ်ဖို့ လိုမလို သိချင်တာကြာင့် တစ်ရက်ကြိုသွားကာ မေးမြန်းစုံစမ်းထားသည်။ ဆေးခန်းရှေ့က Receptionist က ဘွတ်ကင်လုပ်စရာ မလို၊ ဆေးခန်းဖွင့်ချိန်က မနက် ၉နာရီ တဲ့။ ထိုနေ့တွင်မှ အရေးကြီးကိစ္စတစ်ခုက မနက်၁၀နာရီခွဲမှာ ချိန်းထားမိသည်။ သို့နှင့် မနက်၉နာရီ အရောက်သွားမည်၊ ကျောက်ခြစ်တာ အလွန်ဆုံး တစ်နာရီပေါ့၊ ဒါဆို ဟိုတစ်ခုလည်း မီ၊ ဒီတစ်ခုလည်း ပြီးပြတ်၊ ကိစ္စနှစ်ခုလုံး အဆင်ပြေသွားမည်၊ ထိုအတွေးဖြင့် ကျွန်တော်တို့ ခပ်စောစောသွားခဲ့ကြသည်။ သို့သော်လည်း အဲဒါတွေက ကလေးအတွေးတွေ ဖြစ်သွားသည်၊ တကယ့်လက်တွေ့မှာ ကျွန်တော်တို့  စိတ်ကူးထားသလို အဆင်မချောခဲ့။ ကျွန်တော်တို့ ၉နာရီအတိ ဆေးခန်းရှေ့ ရောက်တော့ သံဆွဲတံခါးကြီးက သော့ခတ်ထားတုန်း၊ ဟိုငေးဒီငေး လုပ်နေတော့ ဆေးခန်းဘေးက မုန့်ဟင်းခါးဆိုင်မှ အစ်မကြီးက လှမ်းပြောသည်..
"မောင်လေးတို့က အစောကြီးလာတာပဲ၊ ဒီဆေးခန်းက ၉နာရီခွဲမှ စာရေးမက လာတာ၊ ဆရာကတော့ ၁၀နာရီလောက်မှ ရောက်တတ်တယ်၊ ခဏတော့ စောင့်လိုက်ဦးနော်"။

"ရပါတယ်၊ ဒီလောက်ကတော့၊ မြန်မာပြည်က ဆရာဝန်မှန်ရင် အနည်းနဲ့အများတော့ နောက်ကျတတ်ရမှာပေါ့၊ ကိုယ်တွေလည်း ဆရာဝန်တွေပဲ၊ ဒီလောက်တော့ နားးလည်ပေးလို့ ရပါတယ်"
သို့နှင့် အနီးအနားက ကော်ဖီဆိုင်တစ်ခုမှာ နာရီဝက်လောက် အချိန်ဖြုန်းနေလိုက်သည်။ ၉နာရီခွဲတော့ ဆေးခန်းရှေ့ တစ်ခေါက်ပြန်သွားသည်၊ သည်တစ်ခါတော့ ထူးခြားနေပြီ၊ ဆေးခန်းဖွင့်ထားတာတော့ မဟုတ်၊ ဆေးခန်းရှေ့မှာ ကိုယ်တွေလိုပဲ လာစောင့်နေကြသည့် လူနာများကို တွေ့ရ၍ဖြစ်သည်။ အပြိုင်အဆိုင်တွေ ပေါ်လာပြီဆိုတော့ ကားထဲပြန်သွားထိုင်နေလို့ မရတော့၊ ဆေးခန်းသံဆွဲတံခါးလေးရှေ့မှာပဲ ရစ်သီရစ်သီ လုပ်နေရသည်။ ပြောရလျှင် ကလေးတုန်းကလို နေရာဦးထားလိုက်ခြင်းပင်။ သို့သော်လည်း စာရေးမကတော့ ရောက်မလာ၊ စောင့်ရင်းစောင့်ရင်းနှင့် ကျွန်တော့်သူငယ်ချင်းက ဒေါသတွေပင် ထွက်လာသည်၊ "အချိန်ကို မလေးစားဘူး၊ ပါးစပ်ကနေ လွယ်လွယ်ကူကူ လျှောက်ချိန်းနေတယ်" စသဖြင့်ပေါ့။ သူ့ကို စိတ်လျှော့ဖို့ ထိန်းနေရင်း ကျွန်တော်ပင် စိတ်က တိုချင်လာသလိုလို၊ နောက်မှာကလည်း ချိန်းထားတာတစ်ခုက နောက်ဆံတင်းနေရသည်မဟုတ်လား။ (ထိုသို့ တစ်ဖက်သားကို အချိန်နောက်ကျ၍ ဒေါသထွက်နေကြသည်မှာ ကိုယ်တွေလည်း သိပ်ကို အချိန်တိကျတတ်သူတွေ ဖြစ်နေလို့တော့ မဟုတ်၊ ချိန်းထာတာတစ်ခု ရှိနေ၍သာ) ၁၀နာရီထိုးတော့မှ စာရေးမ ဆိုသူ ရောက်လာသည်၊ ဆေးခန်းကို ကမန်းကတန်းသော့ဖွင့်ပြီး ဘယ်သူအရင်ဆုံးရောက်တာလဲ မေးကာ တစ်ယောက်ပြီးတစ်ယောက် နာမည်စာရင်းသွင်းသည်။ စာရင်းပေးပြီးတော့ ရှေ့က ဆိုဖာခုံပေါ်မှာ ထိုင်စောင့်နေလိုက်ကြသည်။ ၁၁နာရီထိုးခါနီးမှ ဆရာဝန်ရောက်လာသည်။ လုပ်ရသည့် သွားကျောက်ခြစ်သော ကိစ္စကတော့ သိပ်မကြာလှ၊ နာရီဝက်ခန့်နှင့် ပြီးသွားသည်။

အပြန်လမ်းမှာတော့ ကျွန်တော့်အတွေးတွေ ကွန့်မြူးနေလေတော့သည်။ ပထမဆုံးက အချိန်မတိကျသည့်ကိစ္စ၊ ဒါက ဆရာဝန်တွေမှာ အတွေ့ရများသည် ဆိုသော်ငြား တကယ်တော့ ဆရာဝန်တွေမှ မဟုတ်၊ မြန်မာပြည်မှာ ဘယ်သူနှင့်ချိန်းချိန်း၊ ဒီလိုပဲ ကြုံတွေ့ရတတ်သည်။ ကျွန်တော်တို့တွေ တော်တော်များများအတွက် အချိန်ဆိုသည်က အပေါများဆုံးအရာ ဖြစ်နေသည်ကိုး။ ဂျပန်ပြည်မှာ စက္ကန့်နှင့်အမျှ အချိန်ကို တန်ဖိုးထားကြသည်ဟု ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ဖူးသည်၊ ကိုယ်နောက်ကျလျှင် တစ်ဖက်သားကို မလေးစားသကဲ့သို့ ဖြစ်တတ်သည် တဲ့။ ဒီမှာတော့ ထိုသို့မဟုတ်၊ နောက်ကျသူများကြားထဲတွင် ကိုယ်တစ်ယောက်တည်း ချွန်ပြီး ချိန်းသည့်အချိန် အတိအကျ သွားရောက်မိက ထိုသူ၏ အမှားပင်ဖြစ်သည်။ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကလည်း ရေးဖူးသည်၊ သူ့ရဲ့ဟောပြောပွဲတိုင်းမှာ တတ်နိုင်သမျှ အချိန်ကို တိတိကျကျ စတင်လေ့ရှိသည်၊ အကြောင်းကတော့ ကိုယ် ၁၀မိနစ်လောက် နောက်ကျသွားခဲ့လျှင် ဟောပြောပွဲတက်ရောက်သူ အယောက်တစ်ရာရှိက မိနစ်ပေါင်း တစ်ထောင်ကို ဖြုန်းတီးပစ်လိုက်ရာရောက်မည်စိုးသောကြောင့် ဖြစ်သည် ဟူ၍။

တွေးနေရင်းနှင့် ခုနက အချိန်ကိုမလေးစားကြဘူး ဟုဆိုခဲ့သည့် ကျွန်တော့်သူငယ်ချင်းကို တစ်ချက်လှည့်ကြည့်မိလိုက်သည်၊ သူကိုယ်တိုင်သည်လည်း ဘယ်အချိန် ချိန်းချိန်း အမြဲတမ်းနောက်ကျတတ်သူတစ်ဦး၊ သူ အဲဒီလို နောက်ကျလို့ ကျွန်တော်တို့တွေက အပြစ်ပြောသည့်အခါတိုင်း သူပြန်ချေပလေ့ရှိသည်က "နောက်ကျတယ်ဆိုတာ အလုပ်များတဲ့သူတွေရဲ့ စတိုင်ပဲ၊ ဆရာဝန်ကြီးတွေ ကြည့်ပါလား၊ ဘယ်မှာ အချိန်မှန်လို့လဲ၊ အောင်မြင်တဲ့သူမှ နောက်ကျတတ်တာ၊ အားနေတဲ့သူတွေက နောက်မကျဘူး" ဟူ၍။ သူပြောပုံအရဆို အောင်မြင်ချင်ရင်ပဲ နောက်ကျတတ်အောင် လေ့ကျင့်ရမည့်သဘော။ ခု သူများအချိန်မမှန်သည့်အခါကျမှ သူ့မှာ အပြစ်တင်လို့မဆုံးတော့။ ထို့ကြောင့် ကိုယ်ချင်းစာတရားဆိုတာ ကိုယ်တိုင်ကြုံဖူး၊ ခံစားဖူးမှပဲ တကယ်လက်တွေ့ ဖြစ်ပေါ်လာနိုင်တဲ့ အရာပါလား ဟူ၍ ခပ်နက်နက် သဘောပေါက်ခဲ့ရသည်။ တွေးနေရင်းနှင့် ငယ်ငယ်ကတည်းက ကျွန်တော့်အတွက် ဗီလိန်ဖြစ်ခဲ့သည့် အဇာတသတ်ကိုပင် စိတ်ထဲက နားလည်ပေးနိုင်သွားသည်။ သူသည်လည်း ဖခင်ရဲ့ ကျေးဇူးကို ကိုယ်တိုင်ဖခင်ဖြစ်မှ သိမြင်သွားခဲ့သူ မဟုတ်လား။ တစ်ခုသာရှိသည်၊ ကျွန်တော်တို့ရဲ့ ကိုယ်ချင်းစာစိတ်တွေ အဇာတသတ်လို နောက်ကျမသွားစေဖို့ပင်။

အဲဒီနောက်တော့ ကျွန်တော်တို့ ဟောက်စ်ဆာဂျင်ဆင်းခဲ့စဉ်က ပုံရိပ်လေးတွေ အစီအရီ ပေါ်လာခဲ့သည်။ အစိုးရဆေးရုံမှာက အရာရာ ကြန့်ကြာတတ်သည်မဟုတ်လား။ ထားတော့၊ ဗျူရိုကရေစီ ယန္တရားအကြောင်းတွေ၊ ကျွန်တော်တို့ထက် အကြီးဆရာဝန်တွေ၊ ဒါတွေ မပြောတော့ပါ။ ကိုယ့်အကြောင်းကိုယ်ပဲ ပြောတော့မည်။ နေ့လည် ၂နာရီ OPD ဆင်းရမည်ဆို အချိန်မှန် ဆင်းဖြစ်ခဲ့သည်က ခပ်ရှားရှား၊ အလုပ်များနေသည့်အခါလည်း ရှိသလို၊ တစ်ခါတစ်လေ ပင်ပန်းလို့ နားနေရင်း အချိန်ဆွဲနေမိသည့်အခါလည်း ရှိသည်ပေါ့။ အဲဒီအတွက်တော့ လူနာတွေရဲ့ စိတ်ခံစားချက်ကို တစ်ချက်လေးတောင် မတွေးမိခဲ့၊ သူတို့တွေမှာက ဝေဒနာ ခံစားရင်း စောင့်နေရတာ၊ သွားဆေးခန်းမှာ ကျောက်ခြစ်ရသည်က ဘာဝေဒနာမှ ခံစားနေရတာမရှိ၊ ဒါတောင် ကျွန်တော်တို့တွေ စိတ်မရှည်ကြသေးရင် သူတို့တွေဆိုရင်ရော စိတ်မတိုသင့်ဘူးလား။ ကျွန်တော်တို့မှာ အရေးတကြီး ချိန်းထားတာတွေ ရှိသလို၊ သူတို့တွေမှာရော ဘယ်အချိန် ကားထွက်မှာ၊ ဘယ်အချိန်အမီ တစ်ဖက်ကမ်းကို ပြန်ရမှာ စသဖြင့် ရှိမနေနိုင်ဘူးလား။ သို့သော်လည်း ကျွန်တော်တို့တွေက ဒါကိုမမြင်၊ စိတ်မရှည်တော့လို့ လူနာတစ်ယောက်တစ်လေက Complaint လာလုပ်ရင်တောင် ကျွန်တော်တို့တွေ ဒေါသထွက်မိသေး။ အကြောင်းကတော့ "ငါတို့က သူတို့ဆီကနေ ပိုက်ဆံမယူဘဲ ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ပေးနေတာ၊ ဒါကို သူတို့တွေ နားလည်ကြရမှာပေါ့" ဆိုသည့် မာနက ကျွန်တော်တို့ရဲ့ ကိုယ်ချင်းစာစိတ်ကို ဖုံးလွှမ်းထားသဖြင့်ဖြစ်သည်။ လူနဲ့ အလုပ် ၀န်မမျှသည်ကလည်း တစ်ခုအပါအ၀င်ပေါ့လေ။

ထိုနေ့ညနေ အပြင်တစ်နေရာက ပြန်လာတော့ ကားက ဘာထဖြစ်သည်မသိ၊ ရှေ့မီးတွေ၊ ဒိုင်ခွက်မီးတွေ၊ နာရီတွေ ဘာတစ်ခုမှ မလင်းတော့၊ ကားမှန်ပင် တင်လို့်မရတော့၊ သေချာပြီ၊ ဘက်ထရီလား၊ ဒိုင်နမိုလောင်တာလား၊ တစ်ခုခုပင်။ အိမ်ကို မနည်းထိန်းမောင်းလာပြီး ဒီမနက်မှ ၀ပ်ရှော့သွားပြရသည်။ ရာဇ၀င်ကို ပြန်လှန်ရရင်တော့ ပြီးခဲ့သည့်အပတ် စနေနေ့ကပင် ဒိုင်နမိုက IC လောင်သည်ဆို၍ ၃သောင်းပေးပြီး ပြင်ထားရသည်၊ ယခု တစ်ပတ်ပင် မကြာသေး၊ အလားတူ ထပ်ဖြစ်ရပြန်ပြီ။ သည်တစ်ခါရော ဘာဖြစ်ဦးမည်နည်း၊ ဘယ်လောက်တောင် တောင်းဦးမည်နည်း။ ပြောရရင် သူတို့ဝပ်လျှော့ဆရာများအပေါ် ကျွန်တော် ယုံကြည်မှု ထားမရ၊ သူတို့က သူတို့နှင့် မသိသည့်သူ၊ ကားအကြောင်း သိပ်နားမလည်သည့်သူဆို ခပ်များများလေး တောင်းတတ်သည်မဟုတ်လား။ ခံခဲ့ရပေါင်းလည်း များနေပြီလေ၊ သို့နှင့်တိုင် ခုချိန်ထိတော့ ကားအကြောင်းကို ဂဃနဏ မသိသေး။

ဝပ်ရှော့ရောက်တော့ စစ်ဆေးပြီး ထွက်လာသည့် Diagnosis က ဒိုင်နမိုပင်၊ မတူသည်က IC မဟုတ်တော့၊ ရှာ့ခ် ဟုဆိုသည်။ ဘာမှန်းတော့လည်း သေချာမသိ။ ရှာ့ခ်မကောင်းလို့ IC ကြောင်သွားတာ ဟု ရှင်းပြသည်။ ကုန်ကျစရိတ်ကတော့ ၃သောင်းပဲ တဲ့။ အကျိုးအကြောင်းပြောပြတော့မှ လက်ခ မယူတော့ပါဘူး၊ ၃သောင်းနဲ့ပဲ အပြီးအစီး လုပ်ပေးလိုက်ပါမယ် တဲ့။ မတတ်နိုင်ဘူးလေ၊ ကိုယ်မှ မသိဘဲကို၊ တောင်းသလောက် ပေးရတော့မည်ပေါ့။

ဝပ်ရှော့သွားခဲ့ရသည့် ခံစားမှုမျိုးကို ရေးတတ်သလောက် ပြန်ရေးပြချင်သည်။ ကိုယ်မကျွမ်းကျင်သည့် ပြဿနာတစ်ခုအတွက် ကျွမ်းကျင်နားလည်သူတစ်ဦးထံ သွားရောက် အကူအညီတောင်းရသည်။ ဒီပြဿနာက ဘာလဲ၊ ဒါရဲ့ အရင်းအမြစ်ကရော ဘာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘာတွေ လုပ်ဖို့လိုမလဲ၊ ဘယ်လောက်ကုန်ကျမလဲ စသဖြင့် သိချင်သည်။ ကိုယ်ကလည်း မသိ၊ မကျွမ်းကျင်၊ သိသူ ကျွမ်းကျင်သူကိုလည်း မယုံရဲ၊ ဖြစ်သည့်အခြေအနေကလည်း ထူးခြားနေသည်၊ ပြီးခဲ့သည့်အပတ်ကမှ ပျက်ထားသည့်နေရာကပင် တစ်ပတ်သာခြားပြီး ထပ်ဖြစ်သည်၊ သူတို့တွေ အစကတည်းက သေချာမစစ်ဘူးလား၊ ဒါ မကောင်းရင် ဒီလိုဖြစ်နိုင်တယ်ဆိုပြီး။ ဒါမှမဟုတ်၊ နောက်တစ်ခေါက် ထပ်မလာလာရအောင် တမင်အကွက်ဆင်တာလား၊ ဒါမှမဟုတ် ဒီလို ထူးထူးဆန်းဆန်းတွေက ဖြစ်ကိုဖြစ်တတ်တာလား၊ ကျွန်တော့်ခေါင်းထဲ မေးခွန်းပေါင်းများစွာ၊ မရေရာ မသေချာမှုပေါင်းများစွာဖြင့် ပြည့်နေလေသည်။

ထိုကဲ့သို့ပင်၊ ကျွန်တော်တို့ဆရာဝန်တွေဆီ လူနာတွေ လာပြကြသည့်အခါ သူတို့ ဘာရောဂါဖြစ်နေတာလဲ၊ စိုးရိမ်ရလား၊ ဘာတွေကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဘယ်လိုကုသရင် ပျောက်ကင်းနိုင်မလဲ၊ ကုန်ကျစရိတ်ကရော စသဖြင့် သိချင်နေမည်။ တစ်ခုကွာသည်က ပျက်နေသည့်ကားကို ပြန်ပြင်ဖို့ ဖြစ်နိုင်ရင် ကုန်ကျစရိတ်ကို တွန့်တိုချင်သော်လည်း လူနာတစ်ယောက် နေပြန်ကောင်းလာဖို့ဆို တော်တော်များများပြောလေ့ရှိသည်က ငွေဘယ်လောက်ကုန်ကုန် ဆိုသည့်စကား။ ၀ပ်ရှော့ဆရာဆို မသိရင် မယုံတတ်ပေမဲ့ ဆရာဝန်ဆိုရင်တော့ လေးစားကြသည်၊ ယုံကြည်ကြသည်။ သို့သော် ယခုအခါတွင်တော့ ဆရာဝန်တွေအပေါ် ထားရှိသည့် လူနာတွေ၏ ယုံကြည်မှုအတိုင်းအတာက တစ်ဖြည်းဖြည်း ကျကျလာသည်။ အချိန်မီပြန်ဆွဲတင်နိုင်ဖို့တော့ လိုနေလေပြီ။

ကျွန်တော့်ကားက ဒိုင်နမို တစ်ပတ်အတွင်း နှစ်ခါပျက်ခဲ့သလို၊ တစ်ခါတစ်လေကျတော့လည်း ဆရာဝန်မဟုတ်သူတွေ၊ ဆေးလောကပြင်ပက လူတွေ မသိနိုင်၊ နားမလည်နိုင်လောက်သည့် ဆန်းပြားမှုတွေ၊ ဆရာဝန်အပေါ် အထင်လွဲမှားလောက်စရာတွေကလည်း ဆေးပညာမှာ ရှိနေပြန်သည်။ ကျွန်တော်က ၀ပ်ရှော့ဆရာတွေကို ယုံထင်ကြောင်ထင် ထင်မိသလို၊ လူနာတွေကလည်း ဆရာဝန်တွေကို မကောင်းပြောမိတတ်ကြသည်။ ဒီလိုတွေ ဖြစ်လာခဲ့လျှင် လူနာတွေဘက်ကလည်း အကျိုးအကြောင်း သိချင်မှာဖြစ်သလို၊ ကျွန်တော်တို့ဆရာဝန်တွေဘက်ကလည်း သေသေချာချာ ရှင်းပြဖို့လိုမည်၊ သို့မှသာ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်မည်။

သွားဆေးခန်းကနေ သင်ပေးလိုက်သည်က အချိန်တိကျဖို့၊ ကိုယ်ချင်းစာတတ်ဖို့။ ကားဝပ်လျှော့မှ ပြောပြလိုက်သည်ကတော့ ယုံကြည်မှုတွေ အချိန်မီတည်ဆောက်ဖို့။ ပြောရလျှင် ဒီခရီးနှစ်ခုလုံးက အင်မတန် တန်ဖိုးရှိခဲ့သည်၊ ဟုတ်သည်၊ ကျွန်တော်တို့တွေ ရှေ့ဆက်လျှောက်မည့် ဆရာဝန်ဘ၀မှာလည်း သွားဆေးခန်းနှင့် ကားဝပ်ရှော့ကို မကြာမကြာလေး သွားရပါဦးမည်။ ဘာကြောင့်ဆို လူဆိုသည်က ကြာလျှင် မေ့ မေ့သွားတတ်သည်မဟုတ်လား။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/01/2012 03:52:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[New post] ပြည်တွင်းဖြစ် နိုင်ငံခြား ကိုယ်ပိုင်သံစဉ် (Ku Mo Jo)


[New post] ကဗျာရဲ့ မြှုပ်ထားတဲ့ အသံတသံ (Khin Aung Aye)


သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သျှမ်းပြည်တပ်မတော်နှင့် ၀ တပ်ဖွဲ့ ဒုတိယအကြိမ်စစ်ရေးတင်းမာနေမှုကိုဖြေရှင်း

Posted: 31 Jul 2012 03:02 AM PDT

သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်တို့ အကြား နယ်မြေနှင့်စပ်လျဉ်း၍ နှစ်ဘက်စစ်ရေးတင်းမာခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက်ကဆိုပါသည်။
Mongtonအခင်းဖြစ်ပွါးသောနေရာပြမြေပုံ

"မိုင်းဆတ်ဘက်ကနေ ဟိုပန်ဟိုယွက်ဘက်ကို ဝ အင်အားဖြည့်တဲ့ယာဉ်တန်း မနေ့ မနက်က ၁၀ စီး ညနေက ၁၀ စီး တက် တယ်" ဟု ထိုင်းနယ်စပ်လုံခြုံရေးအရာရှိများက သျှမ်းသံတော်ဆင့် အားပြောပြသည်။

၎င်းနှင့်ပတ်သက်၍ ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည် တပ် မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်း ဘက်၌ စိုက်ပျိုးရေးလုပ်ရာမှ စ ခဲ့ကြောင်း၊ အဆိုပါဒေသအား ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော် လာသည်ဟုဆိုကာ အင်အားဖြည့်တင်းလာခြင်းဖြစ်ကြောင်း ပြောပါသည်။

" ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အရင်ကတည်းက ကျနော်တို့အပေါ် သံသယရှိနေတယ်။ ဘာသံသယလဲဆိုတော့ SSA ဟာ အစိုးရနဲ့ပူးပေါင်းပြီးတော့ UWSA ကို တိုက်ခိုက်မယ်ဆိုတာပါဘဲ။ ကျနော်တို့ အဲလို လုံးဝ မရှိပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်က ညီအကိုမောင်နှမတွေဘက်ကို သေနတ်ပြောင်းဝ မလှည့်ပါဘူး။ တောကြက်ချင်းခုတ်ရင် မုဆိုးဝမ်းသာ မှာပေါ့။ ၂ ကောင်းစလုံးမောရင် သူဖမ်းစားရုံဘဲ" - ဟုလည်း သျှမ်းပြည် တပ်မတော်၏ အကြီးအကဲတဦးကလည်းပြောသည်။

အဆိုပါ ပုံတောင်း၌ ယခင့်ယခင်က ဝ တပ်ဖွဲ့အခြေချနေထိုင်ခဲ့ဖူးသော စခန်းဟောင်းတခုဖြစ်သည်ဟုလည်း ဒေသခံများ ပြောပြ ချက်အရသိရသည်။ နယ်မြေစိုးမိုးရေးပြဿနာအား ၀ ခေါင်းဆောင်ပိုင်းနှင့် ညှိနှိုင်းဖြေရှင်းနေဆဲဖြစ်ပြီး သဘော တူညီချက်အချို့ ရရှိပြီဖြစ်သဖြင့် ဝ တပ်ဖွဲ့ ယာဉ်အချို့တပ်ဆုတ်ပြန်နေပြီဖြစ်ကြောင်း ဒေသအတွင်းရှိ တပ်မှူးတဦး ကပြောပါသည်။

အတည်မပြုနိုင်သေးသည့်သတင်းအရ မြောက်ပိုင်း ဝ နယ် တရုတ်နယ်စပ်အခြေစိုက် တပ်မဟာ ၄၆၈ လီအိုက်စု ဦးဆောင်သည့် တပ်ဖွဲ့ကလည်း တောင်ပိုင်းသို့ အင်အားဖြည့်တင်းမည်ဟူသည့်သတင်းလည်းထွက်ပေါ်နေပါသည်။

သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က " အချင်းချင်းတိုက်မယ်ဆိုရင် အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဘယ်အဓိပ္ပါယ်ရှိတော့မှာလဲ" - ဟု ပြောဆိုကြောင်း အဆိုပါအကြီးအကဲက ဆက်လက်ပြောပြသည်။

RCSS/SSA ၏ ယခုလ ၂၆-၂၇ ရက်နေ့က ကျင်းပသော ၆ လ ပတ်အစည်းအဝေး၌လည်း အစိုးရနှင့် ဆွေးနွေးထားသော ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းဆက်လက်လျှောက်လှမ်းသွားမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း အဆိုပါအရာရှိက ဆက်လက် ပြောပြသည်။

အလားတူ သျှမ်းသံတော်ဆင့်မှအတည်မပြုနိုင်သည့် သတင်းအရ ယခုလ ၉ ရက်နေ့ကလည်း သီပေါဘက်လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ တဖွဲ့က ဟုန်ပန်းကုမ္မဏီမှ ဝန်ထမ်းတဦးအား ထိန်းသိမ်းထားကြောင်း၊ သို့သော် အဆိုပါ ဝန်ထမ်းအားလည်း ၁၄ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းအရင်းအမြစ်တဦးက ပြောပါသည်။

ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီဖွဲ့နိုင်ရေး အစိုးရကိုယ်စားလှယ်အား ရှေ့လအတွင်း RCSS ဆွေးနွေးမည်

Posted: 31 Jul 2012 03:01 AM PDT

ယခုလနောက်ဆုံးပတ်၌ RCSS/SSA က ခြောက်လပတ်အစည်းဝေးကျင်းပရာ ဆုံးဖြတ်ချက်များအနက် ငြိမ်းချမ်းရေးစောင့်ကြည့် ရေးကော်မတီဖွဲ့နိုင်ရေးအတွက် အစိုးရကိုယ်စားလှယ်နှင့် ရှေ့လအတွင်း တွေ့ဆုံ ဆွေးနွေးမည့်အစီအစဉ်ပါ ဆုံးဖြတ်ထားသည်ဟု တက်ရောက်သူ အရာရှိတဦးက ပြောပါသည်။

"ငြိမ်းချမ်းရေးခရီးစဉ်ကတော့ ကျနော်တို့ချထားတဲ့ နဂိုပေါ်လစီအတိုင်းဘဲ ဆက်သွားမှာဘဲ။ ကျနော်တို့ အစည်းအဝေးက ၂၆ နဲ့ ၂၇ ရက် ဌာနချုပ်လွယ်တိုင်းလျဲန်းမှာလုပ်တယ်။ ဆုံးဖြတ်ချက် ကိုတော့ (စတိတ်မဲန့်) ထုတ်ပြန်ကြေငြာချက်နဲ့ ထုတ်ပြန်တယ်" - ဟု အမည်မဖေါ်လိုသည့် ဌာနချုပ်မှ အရာရှိတဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ၆ လပတ်အစည်းအဝေး၌ အဓိက ဆုံးဖြတ်ချက် ၂ ချက် ချမှတ်ကြောင်း ပထမ အချက်က မတ်ခ်ျ ၁၆-၁၇ အစည်းအဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးတည်ဆောက်စဉ် ၆ ချက် အတိုင်းလျှောက်လှမ်းမည့်အကြောင်း အဆိုပါအရာရှိက သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။

ထိုအချက် ၆ ချက် မှာ -

၁။ သျှမ်းပြည်သားများသွေးစည်းညီညွတ်ရေး နှင့် စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေး၊
၂။ တိုင်းရင်းသားတိုင်း၊ ပြည်နယ်တိုင်း တန်းတူရေး နှင့် ခွဲထွက်ရေး မခွဲထွက်ရေးအတွက် လူထု ဆန္ဒသဘော ထားအပေါ်မူတည်၊
၃။ ပါလီမန်ဒီမိုကရေစီစနစ်အားနားလည်စွာဖြင့် မိမိအခွင့်အရေး အသုံးပြုတတ်ရေးအတွက် သျှမ်းပြည်သားများအား တွေ့ဆုံစည်းရုံးဟောပြောရှင်းလင်းရေး၊
၎။ သမ္မတကြီးဦးသိန်းစိန်နှင့်လက်တွဲ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊
၅။ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်ရပ်တည်၍ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး၊
၆။ မလွှဲမရှောင်နိုင်သည့်အဆင့်မှသာ စစ်ရေးနည်းဖြင့်အသုံးပြုဖြေရှင်းရေး၊ သျှမ်းပြည်တပ်မတော်သည် လူထုအသက်အိုးအိမ်စည်းဇိမ်လုံခြုံမှုအတွက်အကာအကွယ်ပေးရေး - စသဖြင့် RCSS/SSA ၏ ထုတ်ပြန်ကြေငြာချက်တွင် ပါရှိပါသည်။

"ဒုတိယအချက်ကတော့ ငြိမ်းချမ်းရေးစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းနိုင်ဖို့ လာမယ့်ဩဂတ်စ်လ ထဲမှာ အစိုးရ ကိုယ်စား လှယ်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးမယ်လို့ဆုံးဖြတ်တယ်" ဟု အဆိုပါအရာရှိတဦး က ပြောပြပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ထားသည်ဟု ဆိုသော်ငြားလည်း အစိုးရတပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

Burma News International 31 July 2012

Burma News International

Burma News International
July 31, 2012

Malaria program is positive sign of government reform

People in the eastern Burma town of Kyain Seikgyi have welcomed a joint health campaign program by government and international malaria experts to combat malaria in the their area in Karen State.

USDP-backed women’s peace rally in Kachin state halted

A women’s peace rally in Kachin state, which was being organized by Union Solidarity and Development Party (USDP) member and Sumprabum constituency Senator Hka Mai Tang’s wife, has been scrapped following a public outcry.

The corpse of missing Kachin man found

A body of a Kachin man who was arrested by the Burmese military has been found.

Wa, Shan to avert another close encounter

The United Wa State Army (UWSA) and the Shan State Army (SSA) ‘South’, after negotiations, have been working to prevent an unwanted war which would have benefited neither, according t a Shan commander.

Shan emperor’s monument to be completed in 2014

A monument for 14th century Shan king whose dominion reached as for as India’s Assam in the west, China’s Dali in the north, western Laos in the east, northern Thailand in the south and most of Burma today, has been under construction in Ruili, Yunnan province, opposite Muse, Shan State, since 2010, according to sources from the Sino-Burmese border. It is to be completed by 2014.

Three NGO Employees Produced in Court, and Six Civilians Sentenced to 10 Years

Three NGO employees were recently produced in court and six other individuals were sentenced to ten years in jail in Buthidaung, 80 miles north of the state capital Sittwe, reportedly on charges related to the recent violent unrest in the region.

Police Confiscate Anti-UN and INGO Posters

Local police have reportedly taken down posters that oppose the UN and INGOs that were put up in crowded areas in Buthidaung and Maungdaw in Arakan State.

Proportional representation for Burma?

Burma’s Election Commission chairman and a small group of political party leaders met last week to discuss a proportional electoral system, a representative from the group told Radio Free Asia last week.

Quintana on his way to Rakhine State

UN human rights expert on Burma, Tomas Ojea Quintana, left for Rakhine State on Tuesday to look into reports of abuses against Rakhine Muslims.

Burmese gov’t rejects accusations of excessive force in Rakhine State

The Burmese foreign ministry “strongly rejects the accusations made by some quarters that abuses and excessive use of force were made by the authorities” in dealing with the unrest in Rakhine State, it said in a statement issued on Monday.

Paletwa residents send letter to Thein Sein demanding more electricity

A petition letter with 279 signatures demanding adequate electricity for Paletwa residents in Chin state was sent to Burma’s President Thein Sein, on July 18.

Rohingyas in Maungdaw allowed to buy rice before UN visit

Maungdaw, Arakan State: Burmese soldiers have been posted around the markets in Maungdaw to ensure Rohingyas can buy rice in advance of an upcoming visit by UN Human Rights Special Rapporteur Tomas Ojea Quintana.

ချင်းပြည်နယ်တွင် မော်တော်ဆိုင်ကယ် လိုင်စင်ထုတ်ပေးနေ

မြန်မာနိုင်ငံ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ တွင် ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန မှ မော်တော်ဆိုင်ကယ်ပိုင်ရှင်များကို ဇူလိုင်လ (၂၃)ရက်နေ့ မှစ၍ လိုင်စင် ထုတ်ပေးနေ ကြောင်း သိရသည်။

ငြိမ်းချမ်းရေးခိုင်မာဖို့ တပ်ရင်း ၂၀ ကျော်မှ ၇ ရင်းဆုတ်ပေးရန်လို ဟုဆို

ကရင်နီပြည်ငြိမ်းချမ်းရေးအတွက် ညှိနိုင်းဆွေးနွေးဖို့ ခက်ခဲနေတဲ့ တပ်ကိစ္စမှာ ကရင်နီပြည်တွင်းမှာ ရှိနေတဲ့ တပ်တွေအားလုံးကိုဆုတ်ခိုင်းဖို့ တောင်းဆိုနေတာမဟုတ်ဘူးလို့ ကရင်နီတပ်မတော် ဒု - စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။

ရာမညရဌဗုဒ္ဓ မွန်သံဃာ့ တက္ကသိုလ်တည်ဆောက်ရေး အစည်းအဝေးကျင်းပခြင်း

ဗုဒ္ဓသာသနာတော်နှင့် ပရိယတ္တိသာသနာတော် ထွန်ကားရေးအတွက် ရာမညရဌဗုဒ္ဓ မွန်သံဃာ့ တက္ကသိုလ်တည် ဆောက်ရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲကို ဂျူလိုင်လ ၃၀ရက်နေ့ က မော်လမြိုင်မြို့ သာသနာ့ (၂၅၀ဝ) ခုနှစ် မွန်ကျောင်း၌ ကျင်းပပြုလုပ်ပါသည်။

KIO မသင်္ကာမှုဖြင့် အစိုးရစစ်သားများ ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ယိခူးရွာသားအလောင်း တွေ့ရှိ

မြန်မာအစိုးရစစ်တပ်မှ ပြန်လွတ်ပေးလိုက်ကြောင်း ပြောဆိုခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် ယိခူးကျေးရွာမှ ကချင်လွပ်မြောက်ရေးအဖွဲ့ KIO နှင့် မသင်္ကာသူဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) သည် ရက်အတော်ကြာပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ၄င်း၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

သျှမ်းပြည်တပ်မတော်နှင့် ၀ တပ်ဖွဲ့ ဒုတိယအကြိမ်စစ်ရေးတင်းမာနေမှုကိုဖြေရှင်း

သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော်တို့ အကြား နယ်မြေနှင့်စပ်လျဉ်း၍ နှစ်ဘက်စစ်ရေးတင်းမာခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကဆိုပါသည်။

သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ SSA တပ်စခန်းအား အစိုးရတပ်တိုက်ခိုက်

ဂျူလိုင် ၃၀ နှင့် ၃၁ ရက်အတွင်း သျှမ်းပြည်တောင်ပိုင်းရှိ RCSS/SSA တပ်စခန်းနှစ်ခုအား မြန်မာအစိုး ရတပ်က ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်ကပြောပါသည်။

မြန်မာသို့ ရောက်ရှိနေသော ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ထံ ရခိုင်အမျိုးသမီး အစည်းအရုံးမှ စာပို့

မြန်မာနိုင်ငံသို့ ရောက်ရှိနေသာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တေးနားထံသို့ ဒက္ကား အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံးမှ ဇူလိုင်လ ၃၀ ရက်နေ့က စာတစ်စောင်ရေးသား ပေးပို့လိုက်သည်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မောင်တောခရီးစဉ်တွင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများကိုင်ပြီး ဆန္ဒဖေါ်ထုတ်

ယနေ့နေ့လည် ၁ နာရီကျော်က မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနား မောင်တောသို့ ကားများဖြင့် လှည့်ပတ် ကြည့်ရှ့စဉ် ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ်ခဲ့ကြသည်ဟု သိရသည်။

ဒု-သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရေပန်းစား

လစ်ဟာနေသော ဒုတိယ သမ္မတနေရာသို့ အစားထိုး ခန့်ထားနိုင်မည့်သူနှင့် ပတ်သက်၍ ခန့်မှန်းချက် အမျိုးမျိုး ပေါ်ထွက်နေချိန်တွင် ယခုနောက်ဆုံး ရေပန်းစားလာသူမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း ဝန်ကြီး ထပ်လောင်းပြောဆို

မြန်မာနိုင်ငံရှိ တိုင်းရင်းလူမျိုးစု ၁၃၀ ကျော်တွင် ရိုဟင်ဂျာ ဟူ၍ မပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ထပ်လောင်း ပြောကြားလိုက်သည်။

အပတ်စဉ်ထုတ် ဂျာနယ် နှစ်စောင် ယာယီ ရပ်ဆိုင်းခံရ

အပတ်စဉ်ထုတ်ဝေနေသော The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက အကန့်အသတ်မရှိ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Chiang Mai 50202
Email Marketing Powered by MailChimp