[mrsorcerer:28580] [Richard Aung] KIO မသင်္ကာမှုဖြင့် အစိုးရစစ်သားများ ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ယိခူးရွာသား အလောင်း တွေ့ရှိ

KNG



မြန်မာအစိုးရစစ်တပ်မှ ပြန်လွတ်ပေးလိုက်ကြောင်း ပြောဆိုခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် ယိခူးကျေးရွာမှ ကချင် လွပ်မြောက်ရေးအဖွဲ့ KIO နှင့် မသင်္ကာသူဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) သည် ရက်အ တော်ကြာပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ၄င်း၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။




အစိုးရစစ်တပ်များသည် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အား ဖမ်းဆီးခေါ်ဆောင်သွားစဉ် ရိုက်နှက်နှိပ်စက်မှု အမျိုးမျိုးပြု လုပ်ခဲ့ ခြင်းကြောင့် သေဆုံးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယိခူးဒေသခံတစ်ဦးပြောသည်။




"မြုပ်ထားတဲ့နေရာက အရင်က စစ်တပ်ဟောင်း နောက်ဘက်က ကဒုတ်ကျင်းအရှည်ကြီး လုပ်ထား တယ်။ အဲဒီမှာပဲ.. နည်းနည်းပြန်တူးပြီး မြုပ်ထားတာ။ သူတို့ထမ်းလာတဲ့ ၀ါးတုတ်လည်း အဲဒီမှာ ဖြတ်ထည့်ထားတယ်။ ပေါက်ပြားလည်း ထားထားတယ်။ ပလပ်စတိတ်နဲ့ပဲ လိပ် ပြီးမြုပ်ထားတယ်။ ခေါင်းပိုင်းတော့ အကုန်ပျက်နေပြီ။ ကိုယ်ပိုင်းတော့ ဖောင်းနေတယ်။ ညာဘက် ပေါင်မှာလည်း ရိုက်ချိုးထားတဲ့ အရာ ထင်နေတယ်။ ခြေတစ်လုံးတွေမှာလည်း ရိုက်ထားတဲ့ အရာတွေထင်နေတယ်။ ကိုယ်ပေါ်တွေမှာ လည်း အရာတွေ အရမ်းထင်နေတယ်။ သွေးဥတွေ မဲတူးနေတာပဲ။ ပါစပ်လည်းအရမ်းဟနေတယ်။ တချို့က အရမ်းအော်ပြီး သေသွား တာ လားလို့ ယူဆတာလေနော်။ ဆရာဝန်ခွဲစိတ်ပြီးပြောတာက ဦးနှောက်မှာ သွေးကြောတစ်ကြော ပေါက်တယ်တဲ့" ဟု ပြော သည်။




ဇူလိုင် ၁ ရက်နေ့တွင် အစိုးရစစ်တပ်များနှင့် ကချင်လွပ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲဖြစ်ပွားခဲ့စဉ် အနီးရှိ တောင်ယာလုပ်ကိုင်နေသူ ယိခူး ကျေး ရွာသား ၂၆ ဦးကို KIO နှင့်ပတ်သက်ဆက်သွယ်သူများအဖြစ် စစ်ဆေးမေးမြန်းရန် ပန်ဆိုင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ရွာလူကြီး၏ အာမခံချက်ကြောင့် ၂၃ ဦးကို အရင်လွတ်ပေးခဲ့သည်။




ထို့နောက် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အပါအ၀င် ၃ ဦးကိုမူ အစိုးရစစ်တပ်အခြေချစခန်း သို့ ဆက်လက် ဖမ်းဆီး ခေါ် ဆောင်ခြင်းကိုခံခဲ့ရပြီး ရွာလူကြီး၏ ထပ်မံအာမခံပေးမှုကြောင့် ပြန်လည် လွတ်ပေးခဲ့ကြောင်း စစ်တပ်မှပြောဆိုခဲ့ပြီးနောက် ၂ ဦး သည် နေအိမ်သို့ရောက်ရှိလာခဲ့ပြီး မကြာသေးခင်ထိ ၄င်းသည် အတော်ကြာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။




ထိုသို့ပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပန်ဆိုင်းမြိုနယ်ရှိ ယခင် အစိုးရစစ်တပ်ဟောင်းနယ်မြေတွင် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အား မြုပ်ထားသည်ကို ထိုနေရာတ၀ိုက် တောင်ယာ လုပ်ကိုင်နေသောသူများ မြေဆွနေစဉ်တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ယိခူးဒေသခံမှဆက်ပြောသည်။




"တရုတ်အမျိုးသမီးက ၂၂ ရက်မှာ လူမြုပ်ထားသလိုတွေ့တယ်ဆိုပြီး အိမ်ကိုလာပြောတယ်တဲ့။ ဒါနဲ့ မိသားစုတွေက သွားကြည့်ပြီး အသင်း တော်က ဆရာတွေကို ပြန်လာပြောတယ်။ ဆရာတို့ကလည်း ကောင်းကောင်း ကြည့်အုံးပေါ့။ ဒါနဲ့ သူတို့က ၂၇ ရက် သောကြာနေ့မှာ မြေနည်း နည်း သွားတူးကြည့်တော့ လုံးဝသေချာတယ်ဆိုပြီး ပန်ဆိုင်းက အသင်းတော်ဆရာတွေ၊ ဌာနဆိုင်ရာ ရဲတွေ မီးသတ်တွေ ဆရာဝန် တွေနဲ့ ဇူလိုင်၂၈ ရက်နေ့မှာ သွားပြီး ဖော်ပြီး အဲဒီနေရာမှာ ပဲခွဲစိတ်တယ်။ တချို့က ရွာကို ပြန်ပြီး အခေါင်းတွေ သွားလုပ်ယူပြီးအဲဒီနားမှာပဲပြန်မြုပ် လိုက်တယ်။ ည ၇ နာရီလောက်မှပြီးတာ။ ကျမတို့လည်းအဲဒီချိန်မှ ဓါတ်မီးနဲ့ပြန်လာတာ" ဟုပြောသည်။




မိသားစုဝင်များသည် အပြစ်မဲ့ သေဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့်ရန်ပြင်ဆင်နေချိန် ပန်ဆိုင်းရဲစခန်းမှ ၎င်းနှင့် အတူဖမ်းဆီးခံခဲ့သူများအား စစ် ဆေးမြေးမြန်းခြင်းပြုလုပ်ကာ ဟုတ်မဟုတ် သက်သေအထောက်အထား ရှာဖွေနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သေဆုံးသူ၏ ဇနီးပြော သည်။




စစ်တပ်မှ လွတ်ပေးခဲ့ကြောင်းပြောဆိုပြီးနောက် ဇူလိုင်လလယ်ပိုင်းမှစ၍ မိသားစုဝင်များသည် နေရာအနှံ့ရှာဖွေခဲ့သော်လည်း မတွေ့သော ကြောင့် စိုးရိမ်ပူပန်မှုအမျိုးမျိုးရှိခဲ့သည်ဟု ဇနီးဖြစ်သူ ဒေါ်ဖောင်ရယ်ခေါန်ဖန် (Hpaure Hkawn Hpang) KNG ကချင်သတင်းဌာန သို့ပြော သည်။




"ကျမက ဘယ်လိုမှ မပြောတတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ်အခုတော့ အလောင်းလည်းတွေ့ပြီလေ နော်။ သူ့ရဲ့ အလောင်းလည်း ကောင်းကောင်း ပြန်မြုပ်လိုက်ပြီဆိုတော့ အခုတော့ သူ့ရဲ့ ဆုတောင်းပွဲကို ပျော်အောင် လုပ်လိုက်လို့ ရရင် တော့ ကျေနပ်ပါပြီ" ဟုပြောသည်။




ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) ၏ အောက်မေ့ဖွယ်ဆုတောင်းပွဲကို သြဂုတ်လ ၁ ရက်နေ့တွက် ပြုလုပ်မည်ဖြစ် ကြောင်း သိ ရသည်။



--
Posted By Richard Aung to Richard Aung at 8/02/2012 04:47:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[New post] ရွှေည၀ါဆရာတော်၏ တရားတော်များ တစုတစည်းတည်း တင်ဆက် – (အမေရိကန်ပွဲဦးထွက်တရား အပါအ၀င်)


[New post] ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် (Naing Oo Nyo (Po Zero)


[New post] အကျဉ်းမှလွတ်မြောက် သံဃာ၊ ရဟန်းဘောင်ပြန်ဝင်ရေး တိုင်းသာသနာရေး ဆောင်ရွက်မှု နှောင့်နှေး


သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ဒုက္ခသည်များအရေးဖြေရှင်းရန် သျှမ်းပြည်တပ်မတော်အကျပ်တွေ့

Posted: 01 Aug 2012 03:56 AM PDT

ငြိမ်းချမ်းရေးဆွေးနွေးပြီးသော်လည်း ဒုက္ခသည်များအရေးဖြေရှင်းရန် သျှမ်းပြည်တပ်မတော် အနေဖြင့် အကျပ်တွေ့နေ ရကြောင်း အရာရှိများအသိုင်းအဝိုင်းကပြောသည်။

GK_Gung_Kyaw_refugee_campထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့ရှိ ကုန်းကျော်ဒုက္ခသည်စခန်း

" အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးယူလိုက်တော့ ကျနော်တို့ဆီမှာမှီခိုနေတဲ့ ဒုက္ခသည်တွေကို အလှူရှင် တွေက အထောက် အပံ့ ဖြတ်တောက်လိုက်တယ်လေ။ သူတို့ကနေရပ်လဲ မပြန်ရဲသေးတော့ သူတို့ နေ့စဉ်စားဝတ်နေရေးအတွက် ကျနော်တို့ စစ်တပ်က ဦးဆောင်ပြီး စိုက်ခင်းတွေဘာတွေလုပ်ရ တယ်။ ဒါကြောင့်မို့လို့လဲ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ အခုလို ပြဿနာဖြစ်ရတာပါ။ အရင်လ ကလည်း လွယ်ကော်ဝမ်းမှာလဲ ဒုက္ခသည်တွေစိုက်ခင်းနဲ့ပတ်သက်ပြီး ဝ တပ်ဖွဲ့နဲ့ တကြိမ် ပြဿနာ တက်ပြီးပါပြီ" ဟု သျှမ်းပြည်တပ်မတော်မှ အကြီးအကဲတဦးကပြောပါသည်။

ယမန်နေ့က ဝ တပ်ဖွဲ့လှုပ်ရှားသွားလာသည့်လမ်းတလျှောက် စစ်ဝတ်စုံအပြည့်ဝတ်ဆင်ထားသည့် ဝ တပ်ဖွဲ့ က ဖြတ်သန်း သွားလာသူများအား တင်းကျပ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ဂျူလိုင်လ ၃၀ ရက်က မိုင်းတုံမြို့နယ် ပုံတောင်းဒေသ၌ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်မဟာ ၇၂၇ က ဒုက္ခသည်များအတွက် စိုက်ခင်းလုပ်ပေးရာတွင် မိမိနယ်မြေအတွင်းကျူးကျော် ဝင်ရောက်သည်ဟုဆိုကာ ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော်က တပ်အင်အားဖြည့်ဆည်းခဲ့သည်။ သျှမ်းပြည်တပ်မတော်၏ တပ်သားတချို့ကိုလည်း ဖမ်းဆီးထားသည်ဟုဆိုသော်လည်း ယမန်နေ့က စေ့စပ်ညှိနှိုင်းဆွေးနွေးရန် သျှမ်းပြည်တပ်မတော်မှ လူလွှတ်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါတပ်မဟာမှူး စဝ်တင်းခေးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အလားတူသျှမ်းပြည်တပ်မတော်၏ နမ့်စန်မြို့နယ် မိုင်းစစ်ဒေသရှိ လွယ်ယေးတပ်စခန်းမှ ဂွဏ်းဇိန်း စစ်ကြောင်းကိုလည်း ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ နှင့် ဘန်းယဉ် အခြေစိုက် ခမရ ၄၂၅ တို့က ဂျူလိုင်လ ၃၀ ရက်က ဝင် ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ ၃ ကြိမ်ထက်မနည်းဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ်ဖက်မှ သေကြေ ဒဏ်ရာရမှုနှင့် ပစ္စည်းဆုံးရှုံးမှုများရှိခဲ့ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ်ကွက် ကပြောသည်။
latest-fightingတိုက်ပွဲဖြစ်ပွားသည့် နမ့်စန်မြို့ လွယ်ယေးနှင့် မိုင်းပန်မြို့ နောင်လုမ် အုပ်စုပြ မြေပုံ


ဂျူလိုင် ၃၁ ရက်မနက်ပိုင်းတွင်မူ မိုင်းပန်မြို့နယ် အနောက်တောင်ဘက်ရှိ နောင်လုမ်အုပ်စု၌ လှုပ်ရှား နေသော သျှမ်း ပြည်တပ်မတော်၏ သစ်တောစစ်ဆေးရေးအဖွဲ့မှ စိုင်းလျဲန်ဦးဆောင်သောအဖွဲ့အား အမည်မသိမြန်မာစစ်တပ်မှ တပ်ဖွဲ့ တဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။

"အခုလို ဆက်တိုက်ဖြစ်နေတဲ့တိုက်ပွဲတွေအပေါ် ဆန့်ကျင်တယ်။ တိုက်ပွဲတွေဆက်မဖြစ်စေချင်ဘူး။ ငြိမ်းချမ်းရေး သဘော တူညီချက်အရ တိုက်ပွဲတွေ ရပ်တန်းကရပ်အောင် ဘယ်လိုဖြေရှင်းပေးမလဲ။ ဦးအောင်မင်းဆီကို စာပေးပို့ထား ပါတယ်" ဟုလည်း အဆိုပါအရာရှိက ပြောသည်။

သျှမ်းပြည်တပ်မတော်၏ တပ်မဟာ ၇၂၇ အခြေစိုက်ရာ လွယ်ဆမ်ဆစ်ပ်တပ်စခန်းတွင် ဒုက္ခသည် ၁၅၀၀ ကျော်ရှိရာ အပစ်ရပ်ပြီးနောက်ပိုင်း အများစု ၁၀၀၀ ကျော် ၎င်းတို့နေရပ်ပြန်သွားကြပြီး ကျန်ဒုက္ခသည် ၄၀၀ အနက် ၂၀၀ ကျော် မှာမြို့ထဲဆင်းအလုပ်လုပ် ဝင်ငွေ ရှာကြကြောင်း ထို့ကြောင့် စခန်း၌ လူ ၁၅၀ ဝန်းကျင် ကျန်ရှိကြောင်း သျှမ်းပြည် တပ်မတော်အသိုင်းအဝိုင်းကပြောပါသည်။

သျှမ်း-ထိုင်းနယ်စပ်၌ (နာမည်ကြီး ၊ အနေများသောနေရာ၌) အခြေချနေထိုင်သော ဒုက္ခသည်များမှာစာရင်းဟောင်းအရ ၈၀၀၀ ခန့်ရှိသည်ဟု သိရသည်။

၎င်းတို့မှာ -
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ ကောင်းမုံမိန်းစခန်း၌ - ၂၅၀
ထိုင်းနိုင်ငံ ပန်မဖနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်တိုင်းလျဲန်းစခန်း၌ - ၂၃၀၀
ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်စခန်း၌ - ၄၀၀
ထိုင်းနိုင်ငံ ဖှန်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ဆမ်ဆစ်စခန်း၌ - ၁၅၀၀
ထိုင်းနိုင်ငံ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ကော်ဝမ်းစခန်း၌ -၂၉၀၀
ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့ရှိ ကုန်းကျော်ဒုက္ခသည်စခန်း၌ - ၆၂၀
စုစုပေါင်း - ၇၉၇၀ ဦးတို့ဖြစ်သည်။

အပစ်ရပ်အဖွဲ့များ၏ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးအတွက် နော်ဝေအစိုးရ၏ Myanmar Peace Support Initiative(MPSI) အဖွဲ့က တိုက်ရိုက်အကူအညီပေးသွားမည်ဟုလည်း သတင်းထွက်ရှိနေပါသည်။

မူစယ်မြို့ အိမ်ရာစီမံကိန်း လျော်ကြေးငွေ အပြည့်မပေး

Posted: 01 Aug 2012 03:55 AM PDT

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ တည်ဆောက်မည့် မြို့ပြအိမ်ရာစီမံကိန်း အတွက် မြေများ သိမ်းယူရာတွင် New Star Light ကုမ္ပဏီမှ သတ်မှတ် လျော်ကြေးငွေအတိုင်း အပြည့်ပေးခြင်း မရှိကြောင်း စုံစမ်းသိရသည် ။

ယခုနှစ် ဂျွန်လလယ်ပိုင်းက ၄င်းစီမံကိန်းအတွက် သိမ်းယူမည့် မြေတစ်ဧက ကျပ်သိန်း ၂၄၀ နှုန်း လျော်ကြေးပေးမည်ဟု ကုမ္ပဏီဘက်မှ သဘောတူခဲ့သော်လည်း ယခုအခါ ၄င်းဈေးနှုန်း အတိုင်း အပြည့်မပေးသဖြင့် ဒေသခံ မြေပိုင်ရှင်များနှင့် ကုမ္ပဏီတို့ အကြား ညှိနှိုင်းဆဲ ဖြစ်ကြောင်း မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ကုမ္ပဏီဘက်က လျော်ကြေးတွေတော့ ပေးနေပြီ အရင် သဘောတူထားတာက မြေတစ်ဧက ကျပ်သိန်း ၂၄၀ လျော် မယ်ပေါ့။ အခုက လယ်မြေတွေကိုပဲ ဒီဈေးပေးမယ် ကျန်တဲ့မြေကွက်တွေ မပေးနိုင်ဘူးဆိုပြီးလုပ်တော့ ဈေးနှုန်းကိစ္စ ပြန် ညှိနှိုင်းနေကြတယ် " ဟု မူစယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

အဆိုပါ အိမ်ရာစီမံကိန်းမှာ မူစယ်မြို့ တော်ရွဲ့နှင့် ဟိုဆောင်ရွာများမှ လေယာဉ်ကွင်းအထိ ဧက ၃၀၀ ကျော်ခန့် ကျယ်ဝန်း မည်ဖြစ်ပြီး ၄င်းအနက် လယ်မြေဧက ၁၀၀ ခန့်သာ ပါဝင်ကြောင်း သိရသည် ။

"လယ်ဧကက ၁၀၀ လောက်ပဲပါတယ်။ အဲဒါတော့ လျော်ပေးပြီးပြီ။ ကျန်တာကတော့ ခြံတို့ မြေလွတ်တို့ပေါ့။ အဲဒါတွေ ကိုတော့ ကုမ္ပဏီဘက်က သိန်း ၂၀ ၊ ၃၀ လောက်ပဲ ပေးချင်နေတာ ဘယ်လိုဖြစ်လာအုံးမလဲ မပြောတတ်ဘူး " ဟု ဆို သည် ။

၎င်းစီမံကိန်းအတွက် မြေတိုင်းတာမှုများ ပြုလုပ်နေရာ မြေစာရင်းဦးစီးဋ္ဌာနမှ ၀င်ငွေအမြောက်အများ ရရှိကြောင်းလည်း သိ ရသည် ။

သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ SSA တပ်စခန်းအား အစိုးရတပ်တိုက်ခိုက်

Posted: 31 Jul 2012 07:37 PM PDT

ဂျူလိုင် ၃၀ နှင့် ၃၁ ရက်အတွင်း သျှမ်းပြည်တောင်ပိုင်းရှိ RCSS/SSA တပ်စခန်းနှစ်ခုအား မြန်မာအစိုး ရတပ်က ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်ကပြောပါသည်။


သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် လွယ်ယေးရှိ SSA တပ်စခန်းအား အစိုးရစစ်တပ်က ယမန်နေ့ ညမှ စ၍ ယနေ့မနက်ပိုင်းအထိချီတက်တိုက်ခိုက်ခဲ့ကြောင်း၊ အစိုးရဘက် သေကျေကျဆုံးမှုများကြောင်း RCSS/SSA အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ထို့အပြင် ယနေ့မနက် ၈ နာရီခန့်က မိုင်းပန်မြို့ နောင်လေအုပ်စု၌ ရှိနေသော သျှမ်းပြည်တပ်မတော်မှ တပ်ဖွဲ့တစ်ဖွဲ့လည်း မြန်မာအစိုးရ၏ထိုးစစ်ဆင်တိုက်ခိုက်မှုခံခဲ့ရကြောင်း၊ သေကြေဒဏ်ရာရမှု အသေး စိတ် မသိရသေးကြောင်း အဆိုပါအရာရှိကပြောသည်။

၎င်းနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု ဥက္ကဌ မီးရထားဝန်ကြီး ဦးအောင်မင်းထံ 'နှစ်ဦးနှစ်ဖက်ကြား တိုက်ပွဲထပ်မံမဖြစ်ပွါးအောင် မည်သို့လုပ်ဆောင်ရမည်' ဟူသည့် အကြောင်းကြားစာတစောင် ယနေ့ပေးပို့ပြီးဖြစ်ကြောင်း၊ 'ဦးအောင်မင်းလဲ ဝိုင်းဖြေရှင်းဖို့တာဝန်ရှိတယ်' ဟု ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။

ယခုထပ်မံဖြစ်ပွါးသော တိုက်ပွဲနှစ်ပွဲသည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိပြီး နောက်ပိုင်း ၂၆ နှင့် ၂၇ ကြိမ်မြောက်ဖြစ်သည်။

[aurorageneration] Link shared from cybernautical@gmail.com

cybernautical@gmail.com has shared the following link with you via Lockerz Share:

http://www.myanmarnewshub.com/?p=31931


--
Sent via Lockerz Share: http://share.lockerz.com

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

[aurorageneration]့  ခြံစည်းရိုးကျော်ဝင်လာသူများကို ပြင်းထန်သော အရေးယူမှု့ များ၊ ပစ်ခတ်မှု့ များပြုလုပ်သွားမည်

မန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြံစည်းရိုးကာရံသည့်
လုပ်ငန်းစဉ်မှာ ထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပထမဆုံး
ထုတ်ဖော်ပြောဆို......

ရခိုင်အရေးအခင်း ဖြစ်ပွားပြီး မကြာမီမှာပြုလုပ်ခဲ့သည့် လုံ/ကာ
အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက်
သမ္မတ၏ အမိန့် ဖြင့်
မိုင်းပေါင်း ( ၁၅၂ ) မိုင် အကွာအဝေးရှည်လျှားသော
နယ်စပ်မျဉ်းတလျှောက် လုံခြုံစိတ်ချရသော ခြံစည်းရိုးကာရံခြင်းကို
စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းနှင့်ပတ်သတ်၍ နယ်စပ်ရေးရာနှင့် မြန်မာစက်မှု့ လက်မှု့ 
ဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် လူဝင်မှု့ ကြီးကြပ်ရေးနှင့်
ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီတို့ မှ
( ၃၀-၇-၂၀၁၂ ) ရက်နေ့ တွင် အတည်ပြုပြောကြားခဲ့သည်။

" တိုင်းပြည်လုံခြုံရေးအတွက်ပါ... အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က
ခြံစည်းရိုးလိုပါဘဲ... လုံခြုံအောင်ဆောင်ရွက် သွားမှာပါ... " ဟု
ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ မှ ပြောကြားသည်။

ခြံစည်းရိုးမှာ သုံးထပ်ပါဝင်ပြီး ခြံစည်းရိုးတလျှောက် နယ်စပ်
လုံခြုံရေးကို တင်းကျပ်စွာ ကိုင်တွယ်မှု့ များဆောင်ရွက်နေပြီ
ဖြစ်ကြောင်နှင့် ခြံစည်းရိုးကျော်ဝင်လာသူများကို ပြင်းထန်သော
အရေးယူမှု့ များ၊ ပစ်ခတ်မှု့ များပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

( ပြည်မြန်မာ ) ( အက်ရှင်ဘဘ ဒီမို )

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

Re: [aurorageneration] မွတ်ဆလင်တွေက ခရစ်ယာန်ဘာသာဝင်တွေကို ဘာလို့ သတ်နေတာလဲ

မှားတယ်ဆိုလည်း ဘာကြောင့်ဆိုတာလေးတော့ ရေးပေါ့ဗျာ။

On 8/1/12, joo 453 <joo453@gmail.com> wrote:
> မှားနေပြီးနော်.....................
>
> 2012/7/30 Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း <
> cybernautical@gmail.com>
>
>> မွတ်ဆလင်တွေက ခရစ်ယာန်ဘာသာဝင်တွေကို ဘာလို့ သတ်နေတာလဲ။
>> မုန်းလို့ သတ်တာ
>>
>>
>> ဘာလို့ မုန်းသလဲ။ ဘာဖြစ်လို့ သူ့ဟာသူနေနေတဲ့ ခရစ်ယာန်ဘာသာဝင်တွေကို
>> ဘာကြောင့် မုန်းရတာလဲ ၊
>> ခရစ်ယာန်ဘာသာဝင်တွေက အလ္လာဟ်ကို မကိုးကွယ်လို့ ၊ အစ္စလမ် ရဲ့ ရန်သူတွေ မို့လို့
>> ။
>> အလ္လာဟ်ကို မကိုးကွယ်တဲ့လူသား အားလုံးကို မုန်းတယ်။ အစ္စလမ် ရဲ့ ရန်သူတွေ
>> မို့လို့ ။
>>
>>
>> ဘယ်သူပြောသလဲ။ ဘယ်က သင်ပေးထားတာလဲ၊
>> အလ္လာဟ်နဲ့ မိုဟာမက်က အမိန့်ပေးထားတာ
>>
>>
>> ဘယ်က သင်ပေးထားတာလဲ၊ ဘယ်ထဲမှာရေးထားတာလဲ ။
>> ကုရ်အာန်ကျမ်း က မွတ်ဆလင်တွေ ဦးနှောက်ထဲ ရိုက်သွင်းထားတာ ၊
>>
>>
>> ဘာသာတရားတစ်ခု ဆိုရင် အဲဒီလို လူသားတွေကို မုန်းစရာလား။ အလ္လာဟ်က
>> မွတ်ဆလင်တွေကို မဆုံးမဘူးလား။
>> အလ္လာဟ်ကိုယ်တိုင် က အစ္စလမ်ကို မကိုးကွယ်တဲ့ ဘာသာအားလုံး ၊
>> လူသားအားလုံးကို အင်မတန်မုန်းပြီး အလ္လာဟ်ရဲ့ ရန်သူတွေ အဖြစ်
>> အစ္စလမ်မဟုတ်တဲ့ ဘာသာအားလုံးကိုဖျက်ဆီးပစ်ဖို့ ၊ အလ္လာဟ်ကို
>> မကိုးကွယ်တဲ့လူတွေကို သတ်ပစ်ဖို့ မွတ်ဆလင်တွေကို အမိန့်ပေးထားတာ။ ။
>>
>>
>>
>> အဲဒီလို ခရစ်ယာန်တွေကို သတ်လိုက်တော့ မွတ်ဆလင်တွေ အတွက်ဘယ်လို
>> အကျိုးရှိသွားမလဲ။ ဘယ်လိုအကျိုးကျေးဇူးတွေခံစားရမလဲ။
>> အလ္လာဟ်နဲ့မိုဟာမက်က ဘယ်လိုပြောခဲ့ပြန်သလဲ။
>> အလ္လာဟ်ကို မကိုးကွယ်ပဲ အစ္စလမ်ကိုငြင်းပယ်တဲ့ လူသားတွေကို မွတ်ဆလင်တွေ က
>> အောင်အောင်မြင်မြင် သတ်နိုင်ရင် အလ္လာဟ်ဘုံမှာ အပျိုစင် ၇၂ယောက်
>> ၁၂နှစ်အရွယ်လူပျိုပေါက်ကောင်လေး ၂၈ ယောက်နဲ့ ၂၄နာရီ လိင်ဆက်ဆံခြင်းသုခကို
>> သားတို့မွတ်ဆလင်တွေ စံစားရမှာ။
>>
>>
>> ဒါဆို သားသားတို့ မွတ်ဆလင်တွေ ကောင်းကင်ဘုံရောက်ဖို့ ဦးဦးတို့
>> မွတ်ဆလင်မဟုတ်သူလူသားတွေ က သေပေးရမှာပေါ့နော်။
>>
>> ဒါပေါ့ ။ မွတ်ဆလင်မဟုတ်ဘူးဆိုတည်းက အဲဒီကောင်ဟာ လူမှမဟုတ်တော့တာ။
>> ဒီလို အစ္စလမ်ကို ငြင်းပယ်တဲ့ လူဖြစ်ဖို့ မထိုက်တန်တဲ့ ကောင်တွေ သေတာ
>> သားတို့ မွတ်ဆလင်တွေ နည်းနည်းမှ ၀မ်းမနည်းဘူး။
>>
>> ဒီကောင်တွေ ( ဟိန္ဒူ ၊ခရစ်ယာန် ၊ ဗုဒ္ဓဘာသာ၊ ဂျူး ၊ အခြားအားလုံး
>> )သေပြီးရင်လည်း
>> သားတို့ အလ္လာဟ်က ဒီဘာသာခြားကောင်တွေကို ငရဲမှာ ကောင်းကောင်းကြီး
>> နှိပ်စက်အုန်းမှာ။
>>
>>
>>
>>
>>
>>
>> အဲဒီလို ဟိန္ဒူ ၊ခရစ်ယာန် ၊ ဗုဒ္ဓဘာသာ ၊ ဂျူးတွေရဲ့ လူ့အသက်တွေကို
>> သတ်လိုက်ပြီး ရင် သားတို့ မွတ်ဆလင်တွေရဲ့ ရင်ထဲမှာ စိတ်ထဲမှာ
>> ဘယ်လိုခံစားရသလဲ။
>> အစ္စလမ်အလ္လာဟ် ရဲ့ အမိန့်တော်ကို အောင်မြင်အောင်ဆောင်ရွက်နိုင်လို့
>> ကြည်နူးတယ်၊ ၀မ်းသာအားရဖြစ်မိ တယ်
>>
>>
>> အစ္စလမ် ရဲ့ရန်သူတွေကို ( ဟိန္ဒူ ၊ခရစ်ယာန် ၊ ဗုဒ္ဓဘာသာ၊ ဂျူး ၊
>> အခြားအားလုံး )သုတ်သင်နိုင်လို့ အရမ်းဝမ်းသာပီတိဖြစ်ရတယ် Allahu Akabar.
>>
>>
>>
>> အစ္စလမ် ရဲ့ရန်သူတွေကို ( ဟိန္ဒူ ၊ခရစ်ယာန် ၊ ဗုဒ္ဓဘာသာ၊ ဂျူး ၊
>> အခြားအားလုံး ) အခုလို အောင်အောင်မြင်မြင် သတ်နိုင်ခဲ့တဲ့ အတွက်
>> အလ္လာဟ်ဘုံမှာ အပျိုစင်လေးတွေနဲ့ စံစားရတော့မယ်ဆိုပြီး ပျော်ရွှင်မိတယ်။
>> ကောင်လေးတွေ နဲ့ ရောပဲပေါ့ ။
>>
>>
>> ကိုယ်တိုင် မသတ်နိုင်သေးတဲ့ မွတ်ဆလင်တွေ အားလုံးကလည်း
>> ရန်သူဘာသာခြားတွေကို အောင်မြင်အောင်သတ်နိုင်တဲ့ သတင်းတွေ ကြားရရင်
>> ပါးစပ်ကဖွင့်မပြောပေမယ့် ၀မ်းသာတယ်။ အားရတယ်။ ကျေနပ်တယ်။
>> ကိုယ်တိုင်သတ်ရဘိ သကဲ့သို့ ပီတိဖြစ်ကြတယ်လေ။
>> ဖွင့်ပြောလို့တော့ ဘယ်ကောင်းမလဲ။
>>
>>
>> ဒီလို အစ္စလမ် ရဲ့ရန်သူတွေ ( ဟိန္ဒူ ၊ခရစ်ယာန် ၊ ဗုဒ္ဓဘာသာ၊ ဂျူး ၊
>> အခြားအားလုံး ) ကို အောင်မြင်စွာသတ်နိုင်အောင် လမ်းညွှန်ပေးတဲ့အတွက်
>> အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်တယ်။
>>
>>
>>
>>
>>
>> သားသားတို့လို စွန့်စားပြီး အသေခံဗုံးမခွဲတဲ့ မွတ်ဆလင်တွေ ကျတော့
>> ဘယ်လိုကုသိုလ်ရအောင် လုပ်ရမလဲ။
>> သာမန်အားဖြင့်တော့ မွတ်ဆလင်အာဇာနည်( အသေခံတပ်သား) တွေ ဟာ
>> အမြင့်မြတ်ဆုံးပါပဲ။ ဒါပေမဲ့ သာမန်မွတ်ဆလင်တွေ ကျတော့ သားတို့လို
>> စွန့်စားပြီး အစ္စလမ် အတွက် အသက်မပေးရဲဘူးလေ။
>>
>>
>> ဒီတော့ အသက်မပေးရဲတဲ့ သာမန်မွတ်ဆလင်တွေ ကတော့ တခြားနည်းလမ်းတွေနဲ့ အစ္စလမ်
>> အတွက် ဆောင်ရွက်ကြရတာပေါ့။
>>
>>
>> မွတ်ဆလင်မျိုးဆက်တွေ ပွားများဖို့ ၊ မိန်းမ ၄ယောက် ၊ ရသလောက်ယူပြီး
>> မွတ်ဆလင်မျိုးဆက် များစွာထားခဲ့ဖို့ပါပဲ။
>>
>>
>> အဓိက အချက် ကတော့ ဒီကမ္ဘာ ကြီးကို မွတ်ဆလင်မျိုးဆက်တွေနဲ့ လွှမ်းမိုးဖို့ပေါ့။
>>
>>
>> ဒီလို သာမန်မွတ်ဆလင်အများစုတာဝန်ကတော့ မွတ်ဆလင်လူဖေါက်ဖို့ပါပဲ။
>> အလ္လာဟ်အတွက် မစွန့်စားနိုင်ရင်လည်း တစ်ခုခုတော့ လုပ်ပေးခဲ့ရမယ်လေ။
>> အလ္လာဟ်အတွက် ဘာတစ်ခုမှမလုပ်ပဲ မွတ်ဆလင်တွေ ထိုင်နေရင်တော့ ငရဲကျမှာပဲ။
>> သာမန်မွတ်ဆလင်အများစုတာဝန်ကတော့ မွတ်ဆလင်မျိုးဆက်များများထားခဲ့၊ ဗလီတွေ
>> အများကြီးဆောက်ခဲ့ရမယ်လေ။
>>
>>
>> ဒီလို သာမန်မွတ်ဆလင်အများစုက သားသားတို့လို မွတ်ဆလင်အာဇာနည် (
>> အသေခံတပ်သား) တွေလောက်တော့ ကုသိုလ်မရဘူးပေါ့။
>>
>>
>> ဒါပေမယ့် သာမန်မွတ်ဆလင်အများစုအနေနဲ့လည်း
>> မွတ်ဆလင်မျိုးဆက်များများထားခဲ့၊ ဗလီတွေ အများကြီးဆောက်ခဲ့ နိုင်ရင်လည်း
>> မဆိုးပါဘူး။ ကိုယ်နိုင်သလောက်၊ မွတ်ဆလင်တွေ ကျရာတာဝန်ကျေပွန်မယ်ဆိုရင်
>> အလ္လာဟ်က စိတ်ကျေနပ်မှာပါ။
>> မွတ်ဆလင်မျိုးဆက်များများထည်းခဲ့၊ ဗလီတွေ အများကြီးဆောက်ခဲ့ ပြီး
>> ဘာသာခြားနိုင်ငံတွေကို အကြမ်းမဖက်ပဲ၊
>> ဗလီဆောက်၊ မွတ်ဆလင်လူဖေါက်နည်းနဲ့ Islamized လုပ်နိုင်ရင်လည်း
>> တစ်မျိုးကောင်းပါတယ်။
>> ကိုယ့်မွတ်ဆလင်ဗလီတွေ များများဆောက်ပြီး ဒီကြားထဲလည်း ဘာသာခြား
>> အဆောက်အအုံတွေကို လည်း ရရင် ရသလို တဖြည်းဖြည်းဖျက်ဆီးပစ်ရမှာပေါ့နော်
>>
>>
>> ဘာပဲပြောပြော သားတို့ မွတ်ဆလင်တွေ အားလုံး အနေနဲ့ အခြေအနေနဲ့ အချိန်အခါ
>> အားလုံးကို ကြည့်ပြီး အစွမ်းကုန်ကြိုးစားကြရမှာ ကတော့
>>
>>
>> လူသားအားလုံး အလ္လာဟ်ကို ကိုးကွယ်ရေးအတွက်၊
>> ကမ္ဘာတစ်ခုလုံး အစ္စလမ်ဖြစ်ရေး၊ ကမ္ဘာတစ်ခုလုံးမှာ အစ္စလမ်ကလွဲလို့
>> ဘယ်ဘာသာမှာ မရှိရေးအတွက် ၊ မွတ်ဆလင်အားလုံး ကိုယ်ကျရာနေရာ အလ္လာဟ် အတွက်
>> ကိုယ်တတ်နိုင်တဲ့ ဘက်က ၊ လုပ်နိုင်သလောက် အစွမ်းကုန် မွတ်ဆလင်တွေ
>> အားလုံးပေးဆပ်သွားကြရမှာ ကတော့ အသေအချာပါပဲ။
>> ကုရ်အာန် ညွှန်ကြားချက်ပေကိုး။
>>
>>
>>
>>
>>
>>
>>
>> မွတ်ဆလင်တွေရဲ့ ဦးနှောက်ထဲ မှာ ရိုက်သွင်းခံထားရတဲ့ ကုရ်အာန်ကျမ်းရဲ့
>> မုန်းတီးခြင်း Hatred , Islamic Racist, Islamic Supremacy, Islamic
>> Domination
>>
>> ကုရ်အာန်ကျမ်းဟာ မွတ်ဆလင်တွေ ဦးနှောက်ထဲကို အမုန်းတရား Hatred တွေပဲ
>> ရိုက်ထည့်ပေးထားတယ်
>>
>> --
>> Computer နည်းပညာများ
>> http://groups.google.com/group/auroracomputerservice?hl=en_US
>>
>> ဂြိုဟ်တုနှင့်အာကာသ
>> http://sites.google.com/site/9spacestudy/
>>
>> Entertainment (game)
>> www.vaperida.com
>>
>> Aurorageneration အတွက် facebook link ပါ။
>> http://www.facebook.com/groups/186830348042417
>>
>> Aurorageneration facebook page
>> https://www.facebook.com/Aurorageneration (Still fixing)
>>
>> --
>> သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail
>> ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကို
>> http://groups.google.com/group/aurorageneration/topics?start=10&sa=N
>> မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါက
>> aurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက
>> aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့်
>> ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက
>> aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
>>
>> group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက
>> aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
>>
>>
>>
>

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

[mrsorcerer:28562] Fwd: [လူဗိုလ်ဟူသည် ...] အမျိုးသားရေးဆိုတာ နှစ်ခါတွေးရသတဲ့လား



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/1
Subject: [လူဗိုလ်ဟူသည် ...] အမျိုးသားရေးဆိုတာ နှစ်ခါတွေးရသတဲ့လား
To: lubo601@gmail.com



by Myo Set on Wednesday, August 1, 2012 at 9:10am


ဆလိုင်းတင်မောင်ဦးရဲ့ ညီမဆိုသူက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ကို ပုဂ္ဂိုလ်ရေး ခပ်ပါးပါးထည့်ပြီး "ပုတ်" ပြလိုက်တဲ့ စာကိုဖတ်လိုက်ရတယ်။ သူ့စာထဲမှာ ပထမဆုံးမြင်ရတာက စစ်အာဏာရှင်တွေ နှိပ်စက်လိုက်တဲ့ ဒဏ်ရာဒဏ်ချက်တွေပါပဲ။ သူ့အကို သေဒဏ်၊ သူက ထောင်ကိုးနှစ်၊ သူ့မောင်က ထောင် ၇ နှစ်၊ သူ့မိဘတွေက ထောင်ငါးနှစ်စီ ဆိုပြီး စိတ်မကောင်းဖွယ်ရာ အတိတ်ကိုလှစ်ဟ ပြသွားတာကိုတွေ့ရတယ်။

ဒါက စစ်အစိုးရရဲ့ အကျည်းတန်တဲ့သမိုင်းဖြစ်တယ်။ဖုံးကွယ်လို့လဲမရသလို၊ ခံစားခဲ့ရသူတွေဟာလည်း အမှန်အတိုင်းပါပဲ။


ဒါပေမယ့် သူမက သူမရဲ့ Rewarding Sacrifice (အဲ့လိုပဲသုံးပါရစေ။ ဘာလို့လဲဆိုတော့ သူမက ကိုကိုကြီးတို့၊ ကိုပေါ်တို့လိုလိုအခုမှ ထောင်ကထွက်ပြီး အထောက်အပံ့ခံနိုင်ငံရေးလှုပ်ရှားနေသူမဟုတ်ဘဲ ကနေဒါလို ကြွယ်ဝတဲ့နိုင်ငံမှာနေထိုင်နေပါတယ်) ကို ထုတ်ပြပြီး ရိုဟင်ဂျာကိစ္စကို အစ ဆွဲထုတ်လာတယ်။

နောက်ပြီး ၈၈ ကိုကိုကြီးရဲ့စကားမှာ တိုင်းပြည်အရေးကို ပြည်ပစွက်ဖက်မှုပါလာရင် တပ်မတော်နဲ့လက်တွဲတိုက်ထုတ်ရမယ်ဆိုတဲ့ စကားကို ဆတ်ဆတ်ခါ နာနေဟန်တူပါတယ်။

အံ့သြမိတာက ၁၉၈၈ လှုပ်ရှားမှုကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူလဲဖြစ်ပြီး ယနေ့အသက်အရွယ်အရ၊ ဘဝအတွေပအကြုံနဲ့ နိုင်ငံရေးရေချိန်အရ အကောင်းအဆိုး ခွဲခြားနိုင်သူ ဖြစ်သင့်ပါလျက်နဲ့ သူမရဲ့ ပုဂ္ဂလိက အမုန်းနဲ့ ပြည်ထောင်စုကိစ္စကို ခွဲမမြင်နိုင်တာပါပဲ။

ကျနော်တို့တိုင်းပြည်ဟာ နှစ်တစ်၇ာကျော် သူ့ကျွန်ဖြစ်ခဲ့ရတယ်။ အခုလွတ်လပ်ရေးပြန်ရတာ ဆယ်စုနှစ်ခြောက်စုကျော်ကျော်ပဲရှိပါသေးတယ်။ လွတ်လပ်ရေးရဲ့ တန်ဘိုး ဆိုတာကို ကျွန်ဘဝရောက်ဖူးသူတွေက ပိုနားလည်ပါတယ်။ ဒီတော့ ဒီကျွန်ဖြစ်ခဲ့သူတွေ ရေးသားခဲ့တဲ့ စာကောင်းပေမွန်တွေကို ဖတ်ပြီး ကိုယ့်တိုင်းပြည်ရဲ့ ရေ၊မြေ၊လေ အားလုံးကို အထိမခံ ကာကွယ်ချင်တဲ့ စိတ်ဓါတ်တွေကို ထုံကူးသလို ကူးယူခဲ့ကြတယ်။

တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာဆိုတာ တန်ဘိုးမဖြတ်နိုင်ပါဘူး။ လွတ်လပ်ရေးဆိုတာ နှိုင်းစရာမရှိပါဘူး။ ကိုယ့်တိုင်းကိုယ့်ပြည်ထဲ အလုံးအရင်း ဝင်ရောက်နေထိုင်ပြီး ကိုယ့်တိုင်းရင်းသားတွေနဲ့ ပြဿနာတက်၊ အကြမ်းဖက်မှုတွေဖန်တီး၊ ကမ္ဘာကို မျက်ရည်ခံထိုးပြပြီး လုပ်ဇာတ်တွေခင်းလို့ ကိုယ့်တိုင်းပြည်ကို အကြမ်းဖက်သမားတွေက ခြိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို စကားမျိုးကို စာရေးသူမိုင်ပိုပိုအောင် ဘယ်လို ဦးနှောက်မျိုးနဲ့ပြောထွက်သလဲဆိုတာကို နားမလည်နိုင်လောက်အောင်ဖြစ်မိတယ်။

နောက်ပြီး တရုတ်-ဗမာအရေးအခင်းကို ပြန်လည်သက်သေပြပြီး လက်ရှိ ရခိုင်-ဘင်္ဂလားအရေးအခင်းဟာ ဦးနေဝင်းလုပ်ရပ်ကို ပြန်ပုံတူကူးချသလို လုပ်နေတဲ့ပုံစံရေးပြသွားတယ်။ မျက်စိကို ဖွင့်ကြည့်စေချင်ပါတယ်။ တရုတ်-ဗမာအေ၇းအခင်း၊ ၁၉၈၈ ကာလတွေတုန်းက လူငယ်တွေရဲ့ မျက်စိဒီလောက်အထိမပွင့်ခဲ့ဘူး။ ယနေ့ ဒီလို အိုင်တီခေတ်မျာ လူငယ်တွေရဲ့ ဆင်ခြင်ဥာဏ်ဟာ ထင်သလောက်မသေးသိမ်ပါဘူး။ စာရေးသူ မိုင်ပိုပိုအောင် တို့ မျက်စိကို ဒီထက်ဖွင့်ကြည့်ဖို့လိုနေပြီထင်ပါတယ်။ ဒီ ရခိုင်ကိစ္စကို သိချင်ရင် ရခိုင်ပြည်နယ်က ရခိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ကနေဒါကနေ ကိုယ်တွေးမိတွေးရာတွေးပြီး စိတ်ကူးနဲ့ ဇာတ်လမ်းရုပ်ရှင်ရိုက်ပြီး ၈၈ ကိုကိုကြီးကို စော်ကားတာမျိုးက အဓိပ္ပါယ်ကင်းမဲ့ပါတယ်။ ကိစ္စရပ်တစ်ခုမှာ ဒင်္ဂါးပြားရဲ့ မျက်နှာနှစ်ဖက်လို ဘက်နှစ်ခုကနေ မျှတွေးဖို့လိုတယ်ဆိုတာကို လက်ခံပါတယ်။ ဒီတော့ စာရေးသူက ရိုဟင်ဂျာတွေတင် ရခိုင်တွေအပေါ်လုပ်တာမဟုတ်၊ ရခိုင်တွေကလည်း ပြန်လုပ်တယ်လို့ ဘက်မျှတွေးသလို ဒီကိစ္စဟာ စစ်အစိုးရက ရန်တိုက်ပေးတာထက် ဒီဘင်္ဂလားတွေကိုယ်တိုင် ၂ဝ၁၄ သန်းခေါင်စာရင်းကောက်မယ့်သတင်းထွက်လာအပြီးမှ ထဖြစ်တာ၊ ဒေါ်စုနိုင်ငံခြားသွားပြီး မြန်မာအပေါ်အာရုံစိုက်လာတဲ့အချိန်နဲ့ကွက်တိထဖြစ်တာ ဒါတွေဟာ ဘာကြောင့်လဲဆိုတာကိုလဲ တစ်ဖက်ကနေတွေးဖို့လိုပါလိမ့်မယ်။

နောက်ပြီး ရိုဟင်ဂျာတွေအပေါ် သတ်ချင်သလိုသတ်၊ အမျိုးသားရေးဆိုပြီး ရက်စက်ချင်သလို ရက်စက် လုပ်နေတာမျိုးကို ရှုံ့ချတယ်ဆိုပဲ။ စာရေးသူ မိုင်ပိုပိုအောင်အနေနဲ့ UNHCR လို ရုံးမျိုးကို တိုက်ရိုက်ဆက်သွယ်ပြီး သေမှုသေခင်းစာရင်းကို တောင်းသင့်ပါတယ်။ အန်ဂျီအိုတွေနဲ့ ကုလသမဂ္ဂအဖွဲ့တွေ မောင်တောမှာ မနည်းမနောတည်ရှိနေပါတယ်။
ရခိုင်က ဘုန်းကြီးတွေ၊ ရခိုင်သူ ရခိုင်သားတွေ ဒီယူအန်၊ အန်ဂျီအို အထောက်အပံ့ကိုမယူဘဲ ဘာကြောင့်ငြင်းပယ်ရသလဲဆိုတာကို ထောက်လှမ်းကြည့်ဖို့ကောင်းပါတယ်။

ကမ္ဘာပေါ်မှာ နိုင်ငံတွေ၊ အစိုးရတွေဆိုတာရှိနေသရွေ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာမထိပါးရေးကိုပဲ ဦးစားပေးကြပါတယ်။ အမေရိကန်ကအစ၊ မြောက်ကိုးရီးယားအဆုံး ဒီလိုချည်းပါပဲ။ ဒီလိုမဟုတ်ဘဲ ကျွန်စိတ်များနေမယ်ဆိုရင်တော့ တိုင်းပြည်ပျောက်တတ်တယ်။ ဘင်္ဂလားတွေကို သတ်ဖြတ်နေစရာမလိုပါဘူး။ ဒါပေမယ့် သတ္တိရှိရှိ ကိုကိုကြီးပြောသလို ဘင်္ဂလားတွေဟာ တိုင်း၇င်းသားမဟုတ်ဘူးလို့ ဆလိုင်းတင်မောင်ဦးရဲ့ ညီမဖြစ်သူက ပြောရဲပါ့မလား။ ကိုမြအေး လို လူတစ်ဦးပြောသလို ပြောထွက်နိုင်ပါ့မလား။

ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ဒီရိုဟင်ဂျာကိစ္စမှာ ပါဝင်ပတ်သက်နေတာကို မကြိုက်ဘူးလို့ ကိုကိုကြီးပြောသွားတာကို မိုင်ပိုပိုအောင်က အတော်နာနေဟန်တူပါတယ်။ ဟန်ညောင်ဝေနဲ့ လက်မှတ်ထိုးနေတဲ့ အာရပ်တွေ၊ ဝေနှင်းပွင့်သုန်တို့ရဲ့လုပ်ရပ်တွေ၊ မြန်မာသံရုံးေ၇ှ့ဆန္ဒပြတယ်ဆိုတိုင်း မြန်မာတွေမပါဘဲ မွတ်စလင်တွေချည်းဖြစ်နေတာတွေ. ဒါတွေက မပြေးသော်လဲ ကန်ရာရှိနေပြီမဟုတ်လား။ ဒီတော့ ဒီလိုစကားထွက်လာတာဟာ ဒီပုတ်ထဲက ဒီပဲမို့ပဲဆိုပြီး ထပ်တွေးချင်စရာဖြစ်တာ အမှန်ပါပဲ။

Genocide လုပ်နေတာကို လက်မခံနိုင်ဘူးလို့ပြောတယ်။ ဟုတ်ပါတယ်။ လက်ခံနိုင်စရာ တစ်စက်ကလေးမှမရှိပါဘူး။ ဒါပေမယ့် ပြောချင်တာက ကချင်လိုဒေသမျိုးမှာတောင် Genocide မဖြစ်ဘဲ ဘာလို့ ရခိုင်လိုဒေသမှာ Genocide ဆိုတဲ့ စကားလုံးကို အီရန်ကလူရဲ့ လေသံကို လိုက်ပြီး သမိုင်းအစဉ်အလာရှိတဲ့ မိသားစုထဲက မိုင်ပိုပိုအောင်က သုံးစွဲသလဲဆိုတာကို အံ့သြမိပါတယ်။ ဒီလိုစကားလုံးမျိုး၊ လေသံမျိုးကို သုံးပြတာဟာ ဒီခေါင်းစဉ်ဖက်ကို တမင် မရောက်ရောက်အောင်လုပ်တဲ့သဘောဆောင်ပါတယ်။ သံချေးတက်နေတဲ့ ဓါးတုံးတုံးတွေ၊ ဝါးချွန်တွေနဲ့ ကိုယ့်အိမ်ကို စောင့်ရှောက်နေရတဲ့ ကိုယ့်တိုင်းရင်းသား ရခိုင်တွေက ဒီ ဂျီနိုဆိုက်ကို ကျူးလွန်နေနိုင်တယ်လို့ မသိတဲ့ကမ္ဘာက ထင်ယောင်ထင်မှားဖြစ်လာအောင် Repeatedly ပြောပေးတာပဲလား။ စကားလုံးတစ်လုံးကို မျက်စိထဲ ခဏခဏ စွဲလာရင် စိတ်ထဲတစ်ကယ်ထင်လာတတ်တယ်ဆိုတဲ့ သဘောတရားအတိုင်းပဲ အီရန်က လူရဲ့လေသံကိုလိုက်လို့ မြန်မာနိုင်ငံကို Genocide ကျူးလွန်တဲ့နိုင်ငံဖြစ်အောင် တစ်မင်ရေးပြတာလား ဆိုတာ ကာယကံရှင်ပဲသိပါလိမ့်မယ်။ 

"ရိုဟင်ဂျာကိစ္စကို အမျိုးသားရေးကိစ္စလို ဘာလို့သတ်မှတ်ရတာလဲ" ဆိုပြီး ၈၈ ကိုကိုကြီးကို သူမကဝေဘန်လိုက်တဲ့စကား၊  ပြောတဲ့စကားကို ဖတ်ရတဲ့အခါမှာ စိတ်အပျက်ကြီးပျက်ရုံသာမက မျက်လုံးတွေပါ ကန်းသွားလိုက်ချင်ပါတော့တယ်။ ကိုယ့်နိုင်ငံရဲ့ ရေ၊မြေ၊နယ်နိမိတ်ကို ခြိမ်းခြောက်လာနိုင်တဲ့အနေအထား...သန်းတစ်ရာ့ငါးဆယ်သော နိုင်ငံနဲ့ဘေးချင်းကပ်နေပြီး ရခိုင်ပြည်နယ်ကို လူနဲ့တက်သိမ်းလို့ရနိုင်တဲ့အနေအထားမှာ ရခိုင်တွေနဲ့ ထပ်တူကျစွာ ဗမာတွေ၊ ကျန်နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တစ်သားတည်းရပ်နေတဲ့ဖြစ်ရပ်၊ ကိုယ့်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို အကြမ်းဖက်အဖွဲ့တွေက ခြိမ်းခြောက်၊ ကိုယ့််နိုင်ငံသံရုံးကို သူတစ်ပါးတွေက သတင်းတု၊ သတင်းမှားတွေနဲ့ စော်ကားမော်ကားလုပ်နေတဲ့ဖြစ်ရပ်မျိုးကိုမှ အမျိုးသားရေးလို့မသတ်မှတ်ရင် အမျိုးသမီးရေးလို့ သတ်မှတ်သင့်သလားလို့ပဲ ဘုတောချင်ပါတော့တယ်။


၈၈ ထဲက ကျောင်းသားအများစုဆိုသူတွေက ဒီလိုဦးနှောက်နဲ့လူတွေလား။ ဒီလိုအမြင်ကျဉ်းပြီး စိတ်ခံစားချက်လောက်သာ လိုက်တတ်၊ တိုင်းပြည်အကျိုးကို မငဲ့တတ်သူတွေလား လို့ နောက်မျိုးဆက်တွေမေးလာရင် ဘယ်လိုဖြေပါမလဲ။ ကိုယ့်လုပ်ရပ်၊ ကိုယ့်စကားက ကိုယ့်ခေတ်က လှုပ်ရှားမှုကြီးကို သိက္ခာကျသွားစေနိုင်တယ်ဆိုတာကို နားလည်သင့်ပါတယ်။ စစ်အာဏာ၇ှင်ကို တော်လှန်ရေးဟာအမျိုးသားရေးလှုပ်ရှားမှုလို့ နားလည်ထားရင် ကိုယ့်နိုင်ငံမြေပုံပဲ့ထွက်သွားနိုင်တဲ့ကိစ္စကို ဘယ်လို ဦးနှောက်မျိုးနဲ့ အမျိုးသားညီလာခံလို စုံညီတိုင်းရင်းသားတွေခေါ်ပြီး "ဤကားအမျိုးသားရေးကိစ္စရပ်ဖြစ်တော့သကိုး" လို့ သတ်မှတ်စေချင်နေရတာလဲ နားမလည်နိုင်တော့ပါဘူး။ အမျိုးသားရေးကိစ္စရပ်ဆိုတာ တိုင်ပင်ထားစရာမလိုဘဲ လူတိုင်းရင်ထဲက နိုးကြားလာတဲ့ တိုင်းပြည်ချစ်စိတ်တွေနဲ့ နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုတွေပဲမဟုတ်ဘူးလား။ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ဒီစိတ်င်္ဓါတ်တွေနဲ့ ရှင်သန်လှုပ်ရှားခဲ့တာမဟုတ်ဘူးလား။ အခု ဒီလိုမျိုးပဲ ကိုယ့်ရခိုင်သွေးချင်းတွေရဲ့ "မြေ" ကိုယ့်နိုင်ငံပိုင်နက်အတွက် ပူပန်သောကရောက်နေတဲ့ သာမန်ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေရဲ့ စကားသံတွေဟာ အမျိုးသာရေး လှုပ်ရှားမှုအသံတွေပဲမဟုတ်ဘူးလား။ 

ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလို့ရရိုးထုံးစံမရှိပါဘူး။ မပြေးသော်လည်းကန်ရာရှိနေတတ်တဲ့ ပြည်ပရောက် ရိုဟင်ဂျာပွဲစားတွေတစ်ဖြစ်လဲ ဒီမိုကရေစီအရေးလှုပ်ရှားသူလို့ ဆိုတဲ့ Money Making Politicians ဆိုသူတွေထဲက လူတစ်ယောက်က ၈၈ ထဲက တောက်ပတဲ့ လူတစ်ဦးဖြစ်သော ကိုကိုကြီးကို တိုက်ခိုက်တဲ့စာလို့ပဲ မှတ်ထားလိုက်ပါဦးမယ်။ ပြည်ပမှာ ကျင်လည်ဖူးသူတစ်ဦးအနေနဲ့လဲ ဒီအဖွဲ့တွေရဲ့ စည်းလုံးမှုနည်းပါးပုံ၊ ထောက်ပံ့ကြေးတွေအတွက် ပြဿနာတက်တတ်ပုံတွေကို နားနဲ့မဆန့်အောင်ကြားခဲ့ရပါတယ်။ ကိုယ်နဲ့လဲ မဆိုင်တာမို့ ဘာမှ သိပ်မပြောချင်တော့ပေမယ့် အခုလို ကိုယ့်တိုင်းပြည်ရဲ့ ကိစ္စအပေါ် ပြဿနာထပ်ရှာလာတော့ ဒီလို တစ်ယောက်နဲ့တစ်ယောက်ရန်င်္ဖြစ်နေတတ်တဲ့လူတွေကို ပြန်မြင်ယောင်လာပါတယ်။

ရင်ကတော့ လေးမိပါတယ်။ ဇာဂနာက အင်္ဂလိပ်သတင်းစာမှာ သေချာမသိဘဲ တက်ရေးခဲ့ပါတယ်။ နေဘုန်းလတ်ရေးတဲ့စာကို ရိုဟင်ဂျာပွဲစားတွေက ကောင်းကောင်းအသုံးချနေပါတယ်။ အခု ဆလိုင်းတင်မောင်ဦးရဲ့ နာမည်နဲ့ သူ့ညီမဆိုသူရေးတဲ့စာအတွက် ဘင်္ဂလားပွဲစားတွေ အားရနေသလောက် ရခိုင်ပြည်သူတွေက မချိမဆန့်ခံနေရဦးမှာပါပဲ။

သြော်..ဒီလိုလူတွေ ဘယ်လောက်ထပ်ထွက်လာဥိးမလဲ။ ကျနော်တို့ တိုင်းပြည်ထဲက ရခိုင်တွေ ဘယ်လောက်ထပ်ခံစားနေရဦးမလဲ။ ကျနော်တို့ဆီမှာ ဦးနှောက်နည်းပြီး နာမည်ကြီးတဲ့သူပေါနေသရွေ့ ရခိုင်တွေကတော့ လှိမ့်ပြီး ခံနေရဦးမှာအသေအချာပါပဲ။ လူသတ်ဖို့ အားပေးမနေတဲ့လူတွေကြားမှာ Genocide ဆိုပြီး အစဆွဲထုတ်လာကြတယ်၊ နောက်သံယောင်လိုက်ကြတယ်၊ နောက် စွပ်စွဲကြတယ်။
အခုအနေအထားက ဟုတ်ဟုတ်မဟုတ်ဟုတ် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ညံ့ဖျင်းမှုနဲ့ မြန်မာအစိုးရရဲ့ နာမည်ဆိုးကြောင့် တစ်ကယ်ပဲဟုတ်နေသယောင်ယောင် အထင်ခံနေရပါပြီ။ ကျနော်တို့ တိုင်းပြည်ထဲက ယဉ်ကျေးတဲ့ ရခိုင်လူမျိုးတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ပျော်မွေ့တဲ့သူတွေလို့ အစွပ်စွဲခံနေရပြီ။ ဒီလိုဖြစ်လာရခြင်းအကြောင်းရင်းထဲမှာ ကိုယ့်တိုင်းပြည်ထဲက ကိုယ့်လူမျိုး ဥာဏ်နည်းပါးပြီး နာမည်ရှိတဲ့လူတွေရဲ့ မိုက်မဲတဲ့လုပ်ရပ်တွေပါနေတယ်ဆိုတာ သိရလေလေ ရင်နာရလေလေပဲ။

နှစ်ခါတွေးစရာမလိုဘဲ ရင်ထဲ ဝင်လာတဲ့အရေးဟာ အမျိုးသားရေးဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စဟာ အမျိုးသားရေးဟုတ်သလားလို့ နစ်ခါတွေးနေတဲ့သူဆိုရင်တော့ အဲ့ဒီလူဟာ မြန်မာနိုင်ငံနဲ့ မပတ်သက်သင့်တော့တဲ့လူပဲဖြစ်ပါတယ်။ ကျမက စစ်တပ်ကို မမုန်းပါဘူးလို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်စကားကို ကျနော်ထပ်ခါ တလဲလဲတွေးနေမိစဉ်မှာတော့ မိုင်ပိုပိုအောင်ဆိုတဲ့ စာရေးသူတစ်ဦးက အာဏာသိမ်းစစ်ဘီလူးနဲ့ တိုင်းပြည်အတွက် ချစ်ချစ်မုန်းမုန်း လိုနေတဲ့ စစ်တပ်ကို မကွဲပြားဘဲ တစ်သားတည်း အမုန်းကြီးမုန်းပြီး ဘင်္ဂလားတွေလက်ထဲ ရခိုင်ပြည်ထိုးအပ်ရေးအတွက် ၈၈ မျိုးဆက်ကိုကိုကြီးကို ထိုးနှက်လို့နေပါတော့တယ်။
Share


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/02/2012 12:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:28561] Fwd: [လူဗိုလ်ဟူသည် ...] ၁၇၊၀၇၊၂၀၁၂ ရက်နေ့ထုတ် news watch weekly ဂျာနယ် ပါ ဆောင်းပါးလေးပါ။ သောကြာသမီး ရေးသားခဲ.တာပါ ပြည်သူများအတွက် အကျိုးရှိမယ်ထင်လို. ပြန်လည်ရေးသားတင်ပြလိုက်ပါတယ်။



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/7/31
Subject: [လူဗိုလ်ဟူသည် ...] ၁၇၊၀၇၊၂၀၁၂ ရက်နေ့ထုတ် news watch weekly ဂျာနယ် ပါ ဆောင်းပါးလေးပါ။ သောကြာသမီး ရေးသားခဲ.တာပါ ပြည်သူများအတွက် အကျိုးရှိမယ်ထင်လို. ပြန်လည်ရေးသားတင်ပြလိုက်ပါတယ်။
To: lubo601@gmail.com



ယခင်ခေတ်အဆက်ဆက် မြန်မာတွေ ဆီကြိတ်ဆုံကြီးများ သုံးကာ ပဲဆီ၊ နှမ်းဆီစစ်စစ်များကို စားသုံးလာသော်လည်း ယနေ.ခေတ်တွင်တော.တိုးတက်လာပါသည်ဟုဆိုကာ အဆင်သင်.(ရယ်တီမိတ်)တွေဖြစ်လာသည်။
ခေတ်ရေစီးကြောင်းအရတွေ.မြင်နေကျဈေးဆိုင်မှဆီတိုင်ကီများနှင့် စက်ရုံထုတ်ရယ်ဒီမိတ်ဘူးများကို ၀ယ်ယူစားသုံးမှုနှင်. အသားကျသော အခြေအနေဖြစ်လာသည်။ သို.သော် တိုးတက်လာသောခောတ်၏ ပြောင်လဲမှုနှင်.လူနေမှုစရိုက်ကို အခွင်.ကောင်းယူကာ စီးပွာရေးဝိသမလောဘ သားတွေက ပုံစံအမျိုးမျိုးဖြင့်ပြုလုပ်စီမံထားသော၊ သန်.ရှင်းမှုအလျဉ်းမရှိသော အလွန်ဆိုးရွားသည့် ဖြစ်စဉ်များကို အသုံးပြုထားသည့် စားသုံးဆီများကိုအရောင်သန်.စင်ပြီးအမြင်လှအောင်ပြုလုပ်ရ၍ ဖြန့်ချီရောင်းချသော ဆီများရှိလာပြီး အဆိုပါစားဆီများမှာလူထုအတွင်းသို.ဆိုးရွားစွာပြန်.နှံ.လျက်ရှိနေသည်။ ယနေ့ခေတ်တွင် ဆီအရောအနှောမျာလာတော့ ၂၁ ရာစု လူသားပီသစွာ သိမြင်ထားရပါသည်။ သို့သော် မကောင်းသည့် နေရာတွေမှာပါ အလွန်အမင်းခေတ်မှီလာသည်. ဒီနေခေတ်ကြီးမှာ 'ရောဆီ'ဟုခေါ်သည့်ဆီထက် စက်ဆုပ်ဖွယ်ကောင်းသည်. ဆီများလူ့အသိုင်းအ၀ိုင်းတွေထဲကို ၀င်လာပါသည် ။ ယခင်က ပဲဆီဆိုလျှင် ဆီသန်.၊စားအုန်းဆီဆိုလျှင် မသန်.သောအရောအနှောဆီဟုအလွယ်ပင် သိထားကြသည်။ဈေးနှုန်းမှာလဲ နှစ်ဆကျော် ကွာသဖြင့် ခွဲခြာရလွယ်ကူသည်။ ထိုးကြောင့်စီးပွားရေးကျပ်တည်းသောမိသားစုများသာ စားသုံးပြီးအတော်များများက ပဲဆီ ကိုရွေးချယ်ဝယ်ယူကြသည်။ထိုအခါ ပဲဆီ ဟုနာမည်တပ်ကာ ဈေးလျော.ရောင်းသည်။
အမှန်မှာတော့ မသန့်သောဆီမျာရောနှော၍ လူအများက ပဲဆီကို ဈေးသက်သက်သာသာဖြင့်ရသည် ဟုထင်ကာအလုအယက်ဝယ်ကြသည်။ လေးထောင်ကျော်နေသော ပဲဆီကို သုံးထောင်ကျော်ဖြင့် ရောင်းပါသည်။နှစ်ထောင်ကျော်ဖြင့်ရောင်းပါသည်။ စားသုံးသူတွေအနေဖြင့်သေသေချာချာ ရွေးချယ်စားသုံးဖို့လိုအပ်ပါသည်။ တရုတ်ပြည်မှာဤသို့ မကောင်းသောစားသုံးဆီများကို စားသုံးလို. ကိုယ်တပိုင်းသေရသူတွေ၊ခြေတွေလက်တွေ လှုပ်မရ၊ သုံးမရ ဖြစ်တာတွေ ကို ၂၀၁၀ - ၂၀၁၁ ခုနှစ်တွေမှာ တွေ့ခဲ.ရပါတယ်။ ယခုဤဆီများ မြန်မာနိုင်ငံအတွင်းသို့လည်း ရောက်ရှိပျံ့နှံ့လို့နေပါပြီ။ အရောအနှော ကင်းသည့်ပဲဆီဆို.လို. အတော်လေးရှာပါးလာပါသည်။
  ဤသို.စက်ဆုပ်စရာကောင်းသည့် စားသုံးဆီတွေကို အမှိုက်သရိုက်တွေကနေပြန်ပြီးချက်ယူထားကြောင်း သိရပါသည်။ စွန့်ပြစ်အမှိုက်တွေမှာပါသွားသည့် ဟင်းကျန်၊ ထမင်းကျန်နှင်. ကျွတ်ကျွတ်အိတ်လို ဟာမျိုးတွေမှာကပ်ပါသွာသည့်စားသုံးဆီတွေကို ဆုံကြီးတွေမှာထည့််ပြီး ပြန်စစ်ယူ ချက်ယူပါသည်။ တရုတ်လူမျိုး သတင်းထောက်တစ်ဦး က ဒီလို ဟင်းချက်ဆီကိုပြုလုပ်သည့် အမှိုက် သရိုက်တွေထဲ
မှာ မစင်တွေ ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ တွေ့သည်.အကြောင်းကို သူရိုက်ကူးခဲ.တဲ. မှတ်တမ်း ဗီဒီယို ဖိုင်အတွင်း ရိုက်ကူးထားသည်ကိုလည်းတွေ.ရပါသည်။ ဒီလို အမှိုက်ကနေ ဆီဖြစ်လာဖို့အတွက် အမှိုက်တွေကို သိုလှောင် ကာ အရောင်ကြည်ပြီး သန့်လာတဲ့အထိအဆင့်ဆင့် စစ်ယူခဲ့ကြပါသည်။ အမှိုက်တွေကို ဧရာမဒယ်အိုးကြီးတွေထဲကို ထည်ကျိုပါသည်။ ထိုသို.ကျိုနေစဉ် ပွက်ပွက်ဆူနေသော အမှိုက်အရည်တွေထဲမှာ အမှိုက်အကြီးကြီးတွေတက်လာရင်လည်းဆယ် မယူပါ။ ထိုအရာတွေ ကို ကတ်ကြေးနှင့်ညှပ်ပြီးပြန်ထည့်ဖို့အတွက် ဧရာမကတ်ကြေးနှင့် ၀န်ထမ်း တစ်ဦးက ဆီးအိုးကြီး အပေါ်မှာထိုင်စောင့်နေပါတယ်။ သူကအမှိုက်စကြီးကြီးတက်လာတာနဲ့ကတ်ကြေးနှင့် အိုးပေါ်ကနေ လှမ်းညှပ်ပြီးပြန်ထည့်ပါသည်။ သတင်းထောက်တွေကိုယ်တိုင်က စက်ဆုပ်ဖွယ်ကောင်းလွန်းလို. ယုံတောင် မယုံနှိုင်ဘူးဟု ဆိုပါတယ်။ မယုံချင်ပါဘူးဟုဆိုသော်လည်း ဒါတွေက တရုတ်မှာရှိသည့် စားသောက် ဆိုင်တွေ ၊ စူပါမားကတ်တွေမှာ အချိန်အကြာကြီးရှိခဲ့ခြင်းပါ။ ပြီးခဲ့သည့် ၂၀၁၀ မေလမှာ တုန်းကလည်း ပါကစ္စတန်ပြည်နယ်ဖက် မှာ မြင်း၊ ခွေး၊ ကျွဲ စသည့်တိရစ္ဆာန် အသေတွေ ကနေ စားသုံးဆီတွေ ထုတ်လုပ်သည့်အကြောင်းကို ရှာဖွေတွေ.ရှိခဲ.ပါသေးတယ်။ ဒီလိုစားသုံးဆီတွေကြောင့် ပါကစ္စတန်လူထု ကင်ဆာရောဂါနှင့် အခြားသောရောဂါများ ဆိုးဆိုးရွားရွား တွေ.ရှိခဲ.ကြရပါတယ်။ သူတို့က စားသုံးဆီတွေကို ဟင်းချက်ဆီတွေအပြင် ဂျယ်လီများ ၊ ဆေးတောင့်များ၊နှုတ်ခမ်းနီလို အဆီ လိုသည့် အလှပြင် ပစ္စည်းများ ထုတ်လုပ်သည့်နေရာတွေမှာ ပါ အသုံးပြုခဲ့ကြပါသည်။
                သို့ဆိုလျှင် ဆီအစစ်နှင့်အတု၊ မြေပဲဆီနှင်. မသန်.သောဓါတုဗေဒပစ္စည်းများပေါင်းစပ်ထားသော စားသုံးဆီကိုမည်ကဲ.သို့ခွဲခြားနိုင်ပါမည်နည်း။
  အောက်ပါအတိုင်းခွဲခြားနှိုင်ပါသည်  ၊  ပဲဆီ တစ်ဆယ်သားကို ဒယ်အိုးထဲထည့် မီးဖိုပေါ်တင် ငါးမိနစ်ကနေ ဆယ်မိနစ်ထား ဆူပွက်လာအောင်ထားပါ။ မြေပဲဆီအနံ့များ ထွက်လာသည်ကိုတွေ့ရမည်။ မကောင်းသော အနံ့များထွက်လာသည်ကို မတွေရပါ ။ မြေပဲဆီ၏ အရောင်မှာလဲ ပိုမို ၀င်းလက်လာမည်ဖြစ်ပြီး နီခြင်း။ညိုခြင်း၊ မဲနက်ခြင်း စသည့်အရောင်များပြောင်းလဲသွားခြင်းမရှိပါ။ အေးသွားလျှင်လဲ အေးနေသော ဆီကျက်ကိုကိုင်ကြည့်လျှင်လည်း ချွဲပျစ်ခြင်းမရှိပါ။ ဆီ၏အပျစ်အကျဲအတိုင်းသာတွေရပါမည်။ ပြန်လည်ချိန်တယ်ကြည့်လျှင်လဲ အလေးချိန်မှာ သိသိသာသာလျှော့နဲမနေပါ၊အရသာကို မြည်းကြည့် ပါကလည်း စပ်ရှရှ အရသာရှိမနေပါ။
ပဲဆီအတုများမှာလည်း ပဲဆီအနံ့ထည့်ထာပြီးပဲဆီအစစ်ကဲ.သို.ပင် ခဲခြင်း၊အနည်ထိုင်ခြင်း၊နောက်ကျိခြင်းမရှိမှုတို့ကြောင့် ခွဲခြားရန်အလွန်ခက်ခဲလှပါသည်။ စားသုံးသူတွေအနေဖြင့်ဘေးထွက်ဆိုးကျိုးများသော ရောဆီ၊ အရည်အသွေးနိမ့်ပြီးမသန့်စင်သော ဆီမျာကို သတိထားရှောင်ရှားဝယ်ယူကြသင့်သည် ။ ထိုသို့ဆိုလျှင် အကြော်မျိုးစုံပြုလုပ်သော လုပ်ငန်းရှင်များနှင့် စားသုံးဆီနှင့်သာပါတ်သက်ရသော ထမင်းဆိုင် ၊ အကြော်ဆိုင်ကဲ့သို့ စားသောက်ကုန်လုပ်ငန်းအားလုံးကကော မည်သည်.ဆီများကို သုံးနေကြသနည်း။ သေချာတာတစ်ခု ကတော့ မည်သူကမျှ မိမိတို.ထုတ်လုပ်သော အာလူးကြော်၊ငါးမုန့်ကြော် စသည်များကို ပဲဆီစစ်စစ်ဖြင့်မကြော်နှိုင်ပါ။ လမ်းဘေးထမင်းဆိုင်နှင့် သရေစာ ဆိုင်များ အတွက် မသုံးနိုင်ပါ။ ရည်ရွယ်ပြီးဖြစ်စေ၊မရည်ရွယ်ဘဲ မခွဲခြာတတ်၍ဖြစ်စေ ၊ မှားယွင်းဝယ်ယူမှုကြောင့်သုံးစွဲ ခဲ.သောယင်းစားသုံးဆီများသည် နည်းပေါင်းစုံဖြင့် ပြည်သူလူထု၏ စားသုံးမှု အတွင်းသို့ ၀င်ရောက်နေကြသည်။ အဆိုပါဝင်ရောက်နေသော လမ်းကြောင်းများကိုထိရောက်စွာ ပိတ်ပင် တားဆီးနိုင်သော အခန်းကဏ္ဍ ကိုပိုင်ဆိုင်ထားသော အရည်အချင်းနှင့် အမိန့်အာဏာရှိသူများကသာ မဖယ်ရှာလျှင် အဆိုပါ ဆိုးရွားသည့် ဆီများအလွယ်တကူပျောက်ကွယ်သွားလိမ့်မည်မဟုတ်ချေ။ လူ
ထု လူတန်းစားများစွာ မသန့်သောဆီ၏ ဘေးအန္တရာယ်ကြောင့် ရောဂါမျိုးစုံ အချိန်တို အတွင်းဝင်ရောက်လာမည်၊ အသက်တိုလာကြမည်ကို အခွင့်အာဏာရှိသူများ ထည့်သွင်းစဉ်းစားအရေးယူသင့်ပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/01/2012 12:32:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ