Re: [mrsorcerer:28751] အီဂျစ် နိုင်ငံရှိ မြန်မာ သံရုံး မှ လွင့်ထူထားသော မြန်မာနိုင်ငံတော်အလံကို အစ္စလာမ်အစွမ်းရောက်များမှ တတ်ရောက်ဖြုတ်ယူပြီး မီးရှို့ခြင်း

ပထမဆုံးလုပ်ရမှာက အီဂျစ်က မြန်မာသံအမတ်ကြီးအပါအဝင်သံတစ်ဖွဲ့လုံးကိုပြန်ခေါ်... ပြီးရင် UN ကိုတိုက်ရိုက်စာတင်ပြီး အီဂျစ်ရဲ့လုပ်ဆောင်မှုအတွက် အီဂျစ်နိုင်ငံရဲ့ တရားဝင် တောင်းပန်မှုကိုတောင်းဆိုရမယ်... အကယ်လို့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီး အီဂျစ်အနေနဲ့ရော OIC အနေနဲ့ရော UN အနေနဲ့ရော လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်ခံရတယ်လို့ယူဆရင် အစိုးရဘက်က လာရောက်လေ့လာဖို့အတွက် ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ပြောလိုက်... ဒါဆိုရင် မြန်မာမု(စ)လင်(မ)တွေရဲ့အနေအထားနဲ့ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ပုံတွေကို OIC လို UN လိုအဖွဲ့တွေအနေနဲ့ လေ့လာဆောင်ရွက်နိုင်မယ်... အခြားသောနိုင်ငံတွေက မြန်မာနိုင်ငံကိုစော်ကားတာကိုလက်မခံနိုင်သလို မြန်မာအစိုးရအနေနဲ့ မိမိရဲ့လုပ်ဆောင်မှုတိုင်းအတွက် နိုင်ငံတကာမှာ ပွင့်ပွင့်လင်းလင်းချပြဆောင်ရွက်နိုင်ရမယ်... ဒါမှ တစ်ဖက်နဲ့တစ်ဖက်အမြင်ရှင်းမယ်... 

ကိုယ့်ဘက်ကလည်း မရှင်းမရှင်းလုပ်နေမယ်ဆိုရင်တော့ နှစ်ဖက်စလုံးကို ညှိပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး... အယ်(လ)ဂျာဇီးယားလိုရုပ်သံဌာနရဲ့ တရားဝင်သတင်းထောက်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့ မိမိရဲ့အနေအထားနဲ့ ဖြစ်စဉ်အားလုံးကို ပွင့်လင်းမြင်သာစွာတင်ပြနိုင်သင့်တယ်... ခုတော့ နှစ်ဖက်စလုံးကိုမြင်နေရတာ အုံ့ပုန်းတွေလိုပဲ... ကိုယ့်အိမ်မှာကိုယ်ကျယ်နေကြတယ်... နိုင်ငံတကာဆက်ဆံရေးပညာဆိုတာ နိုင်ငံတစ်နိုင်ငံအနေနဲ့အထီးမကျန်စေရေးနဲ့ နိုင်ငံတကာနဲ့ရင်ပေါင်တန်းဖွင့်ဖြိုးတိုးတက်စေရေးအတွက် လိုကိုလိုအပ်တယ်... ၁၉၆၂ကနေ ၂၀၁၀အထိလောက်လိုမျိုး ကိုယ့်ဘာသာကိုယ်အထီးကျန်ဆန်ဆန်နေလို့ နိုင်ငံလည်း စုတ်ပြတ်သတ်နေပြီးပြီ... အခုလည်း လူမျိုးရေးလိုလို ဘာသာရေးလိုလိုအရေးအခင်းမှာ နိုင်ငံတကာအာရုံစိုက်နေချိန်မှာ ကိုယ့်ဘက်က ပွင့်လင်းမြင်သာစွာ အခြေခံကျကျဆောင်ရွက်နိုင်မှ တော်ကာကျမယ်... 

2012/8/4 aatolay <kkogyister@gmail.com>
Myo Set
Article 31. The host nation may not enter the consular premises, and must protect the premises from intrusion or damage.(Vienna Convention on Consular Relations)

ဗီယင်နာသဘောတူညီမှုအရ လက်မှတ်ထိုးထားသောနိုင်ငံတိုင်းသည် ထိုတိုင်းပြည်အတွင်းရှိ သံရုံးအတွင်းသို့ဝင်ရောက်ခွင့်မရှိ။

ထို့ပြင် မည်သည့်အခြေအနေတွင်မဆို ဖျက်ဆီးခြင်း
၊ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရမည်။ (အပိုဒ်း ၃၁)

"တိုင်းပြည်တစ်ပြည်သည် သူ့နိုင်ငံအခြေစိုက်သံရုံးကို ကာကွယ်ပေးရန်တာဝန်ရှိသည်။ ယနေ့ တွင် အီဂျစ်ရှိမြန်မာသံရုံးအလံအား ဖြုတ်ချကာ မီးတင်ရှို့ခဲ့သည်။

ထိုသို့သော အရေးအခင်းသည်လည်း အီရန်နိုင်ငံတွေ ဖြစ်ပွားခဲ့သည်။ အီရန်တွင်ဖြစ်သည်က ဗြိတိသျှသံရုံးအား ဝင်ရောက်စီးနင်းကာ ဗြိတိန်ဘုရင်မပုံကို မီးနှင့်ရှို့၍ ဗြိတိန်အလံအား ဆုတ်ဖြဲမီးရှို့ခဲ့ခြင်းဖြစ်သည်

ထိုကိစ္စအတွက ဗြိတိန်အစိုးရက အီရန်မှ တာဝန်ရှိသူများအာားလုံးကို 48 နာရီအတွင်း ဗြိတိန်နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အမိန့်ထုတ်ခဲ့သည်။

ထိုကဲ့သို့ ပြတ်သားသော အရေးယူမှုမျိုးမလုပ်နိုင်ပါက မြန်မာ့သိက္ခာသည် ကမ္ဘာ့အလယ်တွင် ထားဖွယ်မမြင်တော့ချေ။

အီဂျစ်သံရုံးလိပ်စာမှာ အမှတ်(၈၁) ပြည်ထောင်စုရိပ်သာလမ်း၊ ရန်ကုန်မြို့
ဖုန်း-(00951)222886 - 222887 - Dir 222296 ဖြစ်သည်။

မြန်မာအစိုးရအဖွဲ့ ကိုယ့်သံတမန် ထိုကဲ့သို့အစော်ကားခံရသည်ကို မည်ကဲ့သို့တုန့်ပြန်မည်နည်းဟု စောင့်ကြည့်နေပါသည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ရွှေဖြူ နှင့် အခြားသတ္တုတွင်းကြောင့် တာချီလိတ်ကျေးလက်များအခက်တွေ့

Posted: 03 Aug 2012 09:53 PM PDT

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျေးလက် ဒေသခံများ ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့် သုံးရေခက်၊ စပါးခင်းပျက်ကာ ၀မ်းရေးအတွက်ပါ အခက်အခဲဖြစ်နေကြောင်းဒေသခံများက ပြောပါသည်။

"မနှစ်ကလဲ စပါးစိုက်လို့မရဘူး၊ ဒီနှစ်ပိုဆိုးတယ်၊ သတ္တုကနေ ထွက်တဲ့ ဓါတုဆေးရေတွေ အညစ်အကြေး တွေက ချောင်းရေ နဲ့လယ်ကွင်း စိုက်ခင်းတွေထဲကို ၀င်ကုန်တယ်။ နွေတုန်းကလဲ ချောင်းရေ လုံးဝသုံးလို့ မရဘူး၊ နွေဘက်ဆိုရင် ကျနော်တို့ကျေးလက်တွေက ချောင်းရေကို ဘဲ သုံးကြတယ်လေ" - ဟု မိုင်းလင်းဒေသ ခံတဦးက ပြောပါသည်။
alt
ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့် တာချီလိတ်မြို့နယ် မုံးကိုးကျေးရွာအုပ်စုအပြင် တာလေမြို့ နယ်ခွဲအတွင်းရှိ နားဟိုင်းလုံရွာ၊ နားဟိုင်းနွဲ့ရွာ၊ မိုင်းလင်းကျေးရွာအုပ်စုဝင် နမ့်ခင်းရွာ၊ ပါလျောင်း၊ ကျိန်းလပ်၊ ဒေသခံများ လယ်ယာ စိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရ ကြောင်း၊ ဒေသခံအာဏာပိုင်များထံတိုင်ကြားထား သော်လည်း အရေးယူဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

"ကျနော်တို့ မိမိလယ်ယာ စိုက်ခင်းမထိခိုက်အောင်၊ အဲဒီသတ္တုတွင်းပိတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ထွေအုပ်ဆီ၊ အနိုင်ရပါတီဝင်တွေဆီ တိုင်တန်းထား တယ်။ အခုလဲ ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပါတိုင်တန်းထားတယ်၊ လာရောက် ဖြေရှင်းပေးလိမ့်မယ်လို့မျှော်လင့်တယ်" - ဟု ဒေသခံ စိုင်းကျောဝ်(က်) က ပြောပါသည်။

ထို့အပြင် သတ္တုသယ် ၁၀ ဘီး ၊ ၁၈ ဘီး ၊ ၂၆ ဘီး ကားများကြောင့် လမ်းများပျက်စီးကုန် ကြောင်း၊ အထူး သဖြင့် ကျောင်းသူ/သားများ ကျောင်းတက်/ဆင်း ရေးအတွက် အဓိကအခက် အခဲဖြစ်နေကြောင်း ဒေသခံ ကျောင်းသားမိဘ နန်းအွန် က ပြောပါသည်။

တာချီလိတ်မြို့ မြောက်ဘက် ၁၃ ကီလိုမီတာ( ၈ မိုင်ခန့်)အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေဖြူတူး ဖော်မှုကြောင့် ရွာပေါင်း ၈ ရွာ(လားဟူ၊ အခါ၊ သျှမ်း) ၊ အိမ်ခြေ ၃၉၃ အိမ်၊ လူဦးရေ ၂၀၀၀ ခန့် ဆိုးကျိုး ခံစားရပြီး အနည်းဆုံး လယ်မြေဧက ၉၂ ဧက ပျက်စီးသွားပြီဖြစ်ကြောင်း၊ ဒေသခံများ၏ လယ်မြေများ ကိုလည်း ကုမ္မဏီက ဈေးနှိမ်ဝယ်ယူကြောင်း၊ တချို့ခြံများကို ကန့် သတ်နယ်မြေအဖြစ် သတ်မှတ် လိုက် သောကြောင့် ခြံပိုင်ရှင်များ လုပ်ကိုင်ခွင့်မရဖြစ်နေကြောင်း လားဟူ အမျိုးသမီးအစည်းအရုံး (LWO) က အစီရင်ခံစာထုတ်ပြန်ဖူးပါသည်။

အဆိုပါဒေသအတွင်း ၂၀၀၇ ခုနှစ်မှစ၍ စိုင်းလောင်ဟိန်း၊ မြင့်ဦးအောင်၊ ဟိန်းလင်းစံ၊ စံပါရမီ၊ ၀ဏ္ဏသိန်းသန်း ကုမ္မဏီ က ရွှေဖြူတူးဖော်ပြီး ထိုင်းနှင့်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ ယခုနှစ်အတွင်း ရွှေဖြူတူးဖော်ရေး ကုမ္မဏီ ၁၅ ခု ရှိလာ ပြီဖြစ်ကြောင်း၊ ရွှေဖြူကုန် ကြမ်း ၁ တန်ကို ဒေါ်လာ ၃၀၀ ရရှိကြောင်း ယခုနှစ် မေ ၂၈ ရက် နေ့က ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာကရေးသားပါသည်။

[mrsorcerer:28750] Fwd: [လူဗိုလ်ဟူသည် ...] စားကျက်မြေများ၊ အင်းများနှင့် သင်္ချိုင်းမြေကိုပါ စတီးလ်စတုန်းကုမ္မဏီမှသိမ်းယူ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/4
Subject: [လူဗိုလ်ဟူသည် ...] စားကျက်မြေများ၊ အင်းများနှင့် သင်္ချိုင်းမြေကိုပါ စတီးလ်စတုန်းကုမ္မဏီမှသိမ်းယူ
To: lubo601@gmail.com



by Burma VJ Media Network on Saturday, August 4, 2012 at 1:37am ·

 ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် တောစွန်း ကျေးရွာ၊ ဘူးသနွတ် ကျေးရွာ၊ မကိုက်ပုံ ကျေးရွာ၊ ဘိုးနတ်ပေး ကျေးရွာ တို့ရှိ စားကျက်မြေ ၊ သင်္ချိုင်းမြေ၊ နှင့် မိရိုးဖလာ လုပ်ကိုင်ကြသော အင်းများ စုစုပေါင်း ၅၇၅.၉၄ ဧက ကို ၂၀၀၅ ခုနှစ်မှ စ၍ စတီးလ်စတုန်းကုမ္မဏီ(Steel Stone Company) က ကျေးရွာ ရ.ယ.က ၊ ထန်းတပင်မြို့နယ် မ.ယ.က တို့နှင့်ပူးပေါင်း၍ သိမ်းယူခဲ့ပါသည်။


   ယင်းသို့သိမ်းယူခဲ့သည့်အတွက်ကြောင့် ကျေးရွာများမှ စားကျက်မြေများ မရှိတော့သည့်အတွက် နွားကျွေးရန် မြစ်ကိုကူး၍ တစ်ဖက်ကမ်း ညောင်တုန်းမြို့နယ်သို့ သွားရောက်၍ မြက်ရိတ်ရသည့်အတွက် အလွန်ဒုက္ခရောက်ရကြောင်း၊ သွားရောက်၍ မြက်မရိတ်နိုင်လျှင် မြက်ပေါသော မိုးရာသီ ဖြစ်သော်လည်း ကောက်ရိုးများကိုသာ ကျွေးရကြောင်း၊ သိမ်းယူသည့် မြေများအတွင်း သချိုင်းမြေပါသွားသည့်အတွက် နာရေးဖြစ်လျှင် ကုမ္မဏီမှ သိမ်းယူထားသည့် နယ်နိမိတ်အနီးမှ တာရိုးတွင် တိတ်တဆိတ်မြုပ်နှံ သဂြိုဟ်ရကြောင်း၊ သိမ်းယူထားသည့် စားကျက်မြေများ အတွင်းသို့ နွားများ ဝင်ရောက်ပါက နွားများကို ဖမ်းထားသောကြောင့် နွားတစ်ကောင်လျှင် ငွေသုံးထောင်ကျပ်ပေး၍ ပြန်လည်ရွေးယူရကြောင်း တောစွန်းကျေးရွာမှ လယ်သမားတစ်ဦးမှ ဘားမားဗီဂျေမီဒီယာကို ပြောပါသည်။

     ထို့ပြင် ယခင်ကတည်းကရှိခဲ့သော ရွာချင်းဆက်လှည်းလမ်းကို ကုမ္မဏီမှ မြေဖို့ထားရာ လှည်းလမ်း ပြန်လည်ဖောက်လုပ်သော လယ်သမား ၁၃ ဦးကို ကုမ္မဏီမှ အကျိုးဖျက်ဆီးမှု (ပုဒ်မ ၄၂၇)ဖြင့် ထန်းတပင် မြို့နယ်တရားရုံးတွင် စွဲဆိုခဲ့သည့်အတွက် တရားရင်ဆိုင်နေရသည်။

စားကျက်မြေများ ပြန်လည်ရရှိရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ယခုနှစ် ၄ လပိုင်းတွင် အသနားခံစာတင်သွင်း လျှောက်ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရှိရပါသည်။




--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/05/2012 02:12:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:28749] Fwd: [လူဗိုလ်ဟူသည် ...] တရုတ်မှာဖြစ်တဲ့ မွတ်စလင်အဓိကရုန်းအပေါ် တိုင်းမ် မဂ္ဂဇင်းမှ ဖော်ပြချက်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/4
Subject: [လူဗိုလ်ဟူသည် ...] တရုတ်မှာဖြစ်တဲ့ မွတ်စလင်အဓိကရုန်းအပေါ် တိုင်းမ် မဂ္ဂဇင်းမှ ဖော်ပြချက်
To: lubo601@gmail.com



by Myo Set on Friday, August 3, 2012 at 7:02am ·

အီဂျစ်မှာရှိတဲ့ မွတ်စလင်မ်အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့တယ်။ ဒီကိစ္စဟာ မွတ်စလင်ကမ္ဘာကို ဒေါသ ဖြစ်စေခဲ့ပြီး ဂျာမဏီအစိုးရထံကနေ
တရားဝင် တောင်းပန်ခြင်းကို အလိုရှိခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒါနဲ့  နှစ်ပတ်လောက် အကြာမှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည် ရှန်ကျင်းပြည်နယ်က မွတ်စလင်-ဟန် အဓိကရုန်း
ကိုတော့ အာရပ်ကမ္ဘာ၇လည်း ဂရုမစိုက်ခဲ့သလို တရုတ်ပြည်ထဲက မွတ်စလင်ဆိုသူတွေကလည်း အရေးမလုပ်ခဲ့ကြပါဘူး။


ဇူလိုင် ၅ ရက်နေ့မှာ ရဲတွေက လူနည်းစု Uighurs လူမျိုးတွေ ဆန္ဒပြတာကို နှိမ်နင်းခဲ့တယ်။ အဲ့ဒီ မွတ်စလင်လူနည်းစုဟာ တရုတ်ပြည်အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်ရဲ့
မြို့တော် Urumqi ကဖြစ်တယ်။ Uighur လူငယ်တွေဟာ လူများစု ဟန်လူမျိုးတွေရဲ့ နေအိမ်တွေ ကို ဓါးတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ အဓိကရုန်းအပြီးမှာ ဟန် ၁၃၇ ဦးသေဆုံးပြီး
Uighurs ၄၆ ဦးသေဆုံးကာ ဟွေလူမျိုး မွတ်စလင်တစ်ဦးသေဆုံးတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်တယ်။ ဒါပေမယ့် ဒိုင်ယာနာ ရတ်ရှ်ဝန်း လို့ခေါ်တဲ့ နိုင်ငံရေးကျွမ်းကျင်သူ (ကိုင်ရိုအခြေစိုက်)
ကတော့ အာရပ်နဲ့ မွတ်စလင်ကမ္ဘာက ဒီကိစ္စအပေါ် အထူးတလည် အာရုံမထားပါဘူးလို့ ပြောကြားခဲ့တယ်။

အာရပ်မီဒီယာတွေအနေနဲ့ ဒီဖြစ်ရပ်ကို သာမန်ကာလျှံကာပဲ ဖော်ပြခဲ့ပြီး ဂျာမဏီက အမျိုးသမီး ဓါးနဲ့အထိုးသတ်ခံရတဲ့ ကိစ္စအပေါ် ခေါင်းမြီးခြုံအာဇာနည်မ (Headscarf Martyr) လို့ ဖော်ပြခဲ့တဲ့
မီဒီယာတွေ ဟာ ဒီလို တရုတ်ပြည်က မွတ်စလင်မ်-ဟန် အဓိကရုန်း ဖြစ်ရပ်တွေဖြစ်ပေါ်နေပေမယ့် အာရုံမထားခဲ့ကြပါဘူး။ အာရပ်တိုင်းမ် သတင်းစာ လို့ခေါ်တဲ့ ဆော်ဒီအခြေစိုက်သတင်းစာက တော့
ဒီဖြစ်ရပ်ကို ဘာသာရေးအရ ရုန်းကန်လှုပ်ရှားမှုအနေနဲ့ တင်စားခဲ့ပြီး Uighurs တွေကို ပါလက်စတိုင်းလူမျိုးတွေနဲ့ တင်စားခဲ့ကာ ဟန် လူမျိုးတွေကို ဂျုးတွေနဲ့ တင်စားခဲ့တယ်။ အီဂျစ်အခြေစိုက် Al-Ahram
သတင်းစာကတော့ နိုင်ငံတကာမိသားစုတွေကို ဒီလို နှိမ်နင်းဖြိုခွဲမှုအပေါ် အာရုံပိုစိုက်ကြပို့ လှုံ့ဆော်ခဲ့ပါတယ်။ သို့သော်လည်း မွတ်စလင်နဲ့ အာရပ်ခေါင်းဆောင်တွေကို တရုတ်မှာဖြစ်တဲ့ ကိစ္စအပေါ် တရုတ်အစိုးရ
ရဲ့ နှိမ်နင်းဖြိုခွဲမှုကို ရှုတ်ချဖို့ တောင်းဆိုမှုတွေဟာ တုန့်ပြန်မှု အလျင်းကင်းမဲ့ခဲ့ပြီး အာရပ်ကမ္ဘာဟာ ဒီအရေးအခင်းမှာ ရေငုံနှုတ်ပိတ်နေခဲ့တယ်။

ဒါက အံ့သြစရာတော့သိပ်မရှိပါဘူး။ ဒီ အရှေ့အလယ်ပိုင်းအစိုးရတွေနဲ့ အာရပ်မီဒီယာတွေ အထူးသဖြင့် အစိုးရအာဘော်သတင်းမီဒီယာတွေဟာ တရုတ်အစိုးရရဲ့ မွတ်စလင်လူနည်းစု ဆန္ဒပြတဲ့အပေါ် နှိမ်နင်းဖြိုခွဲမှုကို ပါးစပ်ပိတ်နေစရာ အကြောင်းတွေအများကြီးရှိနေပါတယ်။
တစ်ချို့တစ်ချို့သော အာရပ်အစိုးရတွေအတွက်ဆိုရင် သွေးရဲရဲ သံရဲရဲနဲ့ ဒီ အဓိကရုန်းက ဓါတ်ပုံတွေဟာ သူတို့ တိုင်းပြည်တွေမှာ နေ့တစ်ဓူဝဖြစ်နေကြ၊ မြင်နေရတဲ့ မြင်ကွင်းတွေပဲလေ။" ဒီ မွတ်စလင်နိုင်ငံတွေထဲက အစိုးရတွေကိုယ်တိုင် သူတို့နဲ့
ဆန့်ကျင်ဖက် အတိုက်အခံအဖွဲ့အစည်းတွေကို စံနစ်တကျ ဖြိုခွဲနေတာပဲ။ ဖမ်းဆီးနေတာပဲ။ ပြီးတော့ သတ်ဖြတ်ပစ်တာလည်း နည်းတာမှမဟုတ်ဘဲ "လို့ အီဂျစ်မွတ်စလင်ဘရားသားဟုဒ် အဖွဲ့က ခေါင်းဆောင် Essam el-Erian က ပြောပါတယ်။
"ဒီတော့ သူတို့ တရုတ်အစိုး၇ကို ဘယ်လိုလုပ် စွပ်စွဲနိုင်မလဲ။ သူတို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေတဲ့လူတွေလေ" လို့ ဆက်ပြောသွားပါတယ်။

တစ်ကယ်တမ်းတော့ ဒီ Uighurs တွေနဲ့ နာမည်ကျော် မွတ်စလင်ဘရားသားဟုဒ် အဖွဲ့နဲ့ တူညီနေတာတွေ ရှိပါတယ်။ Uighurs တွေက ဘာသာရေးအရ၊ စီးပွားရေးအရ ဟန် လူမျိုးတွေကြီးစိုးတဲ့ ဒေသခံအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို မကျေနပ်ကြဘူး။ အီဂျစ်မှာရှိတဲ့ မွတ်စလင်ဘရားသားဟုဒ်
အဖွဲ့လို အစိုးရက နိုင်ငံရေးမှာပါဝင်ခွင့်မပေး၊ အဖွဲ့ဝင်တွေ ခဏခဏ အဖမ်းခံရ ဖြစ်တာတွေနဲ့ ခပ်ဆင်ဆင် တရုတ်အစိုးရကလဲ ဒီ Uighurs ဗတွကို နိုင်ငံတကာကို သွားလာခွင့်တွေနဲ့ သူတို့ ဘာသာရေးအရ ဝတ်ပြုခွင့်တွေအပေါ် ထိန်းချုပ်ထားပါတယ်။ လောလောဆယ်တော့ တူရကီနိုင်ငံက
တရုတ်အစိုးရအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တယ်။ တူရကီ ဝန်ကြီးချုပ်ကတော့ ဒီကိစ္စကို မျိုးတုန်းသတ်ဖြတ်မှုလို့တောင် စွပ်စွဲလိုက်တယ်။ တူရကီတွေနဲ့ Uighurs တွေကြားမှာ ဘာသာရေးနဲ့ ဘာသာစကားအရ ပတ်သက်မှုတွေ အများကြီးရှိနေပါတယ်။ တူရကီမှာ ဒီမိုကရေစီအစိုးရ
ရှိနေပြီး ဒီလို ဘာသာရေးအရဆက်နွယ်မှုဟာ တူရကီရဲ့ ရှုတ်ချမှုကို ပိုမို တွန်းအားပေးသွားစေတယ်လို့ el-Erian က ဆက်ပြောသွားတယ်။

ဒီတစ်ပါတ်ထဲမှာတော့ ဂျော်ဒန်မှာ ဆန္ဒပြတာလေး နည်းနည်းပါးပါးတွေ့ရတယ်။ အမေရိကန်ထောက်ပံ့ထားသော သတင်းမီဒီယာဖြစ်တဲ့ al-Hura လို့ခေါ်တဲ့ မီဒီယာမှာ ဂျောဒန် ဥပဒေပြုအမတ်များက ရှင်ကျန်းအရေးအခင်းကို ရှုတ်ချဖို့ အစိုးရကို အဆိုတင်သွင်းခဲ့ကြတယ်။
ဂျော်ဒန်ရဲ့ အလယ်အလတ်ကျင့်လမ်းစဉ်ကျင့်သုံးတဲ့ အစ္စလာမ်ပါတီက အာရပ်နဲ့ အစ္စလာမ်အစိုးရတွေကို ဂျာမဏီနဲ့ တရုတ်က မွတ်စလတွေအရေးကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုလုပ်ဖို့ တိုက်တွန်းခဲ့ပေမယ့် အာရပ်နဲ့ကျန်အစိုး၇တွေအားလုံး ပါးစပ်ပိတ်နေခဲ့ကြပါတယ်။

ဒီလို ပါးစပ်ပိတ်နေရတဲ့အဓိက အကြောင်းအရင်းကတော့ ကုန်သွယ်ရေးပဲဖြစ်ပါတယ်။  တစ်ခြား နိုင်ငံရေးနဲ့ စီးပွားရေးအကျိုးအမြတ်ပိုင်းဆိုင်ရာတွေ လည်းရှိသေးတယ်လို့ ဟာလာမူစတာဖာ (အီဂျစ် သတင်းစာအယ်ဒီတာ) ကပြောပါတယ်။ တရုတ်က
အရှေ့အလယ်ပိုင်းမှာ အင်မတန်ကို အရေးပါတဲ့ စီးပွားရေးဇာတ်ကောင်ကြီးဖြစ်နေပါတယ်။ အမေရိကန်က ပိတ်ဆို့ထားသမျှ သူက ဖြည့်ပေးနေပါတယ်။ တရုတ်က အီရန်နဲ့ ဂျော်ဒန်တို့ကို ထောက်ပံ့ပေးနေတဲ့ အကြီးဆုံး ကုန်သွယ်ဖက်ကြီးဖြစ်တယ်။ နောက်ပြီး တစ်ခြား သွင်းကုန်လုပ်ငန်း
တွေကလည်း မနည်းမနောရှိနေပါသေးတယ်။ နောက်ပြီး Double Standard ပုံစံ ချိုးနေတဲ့ကိစ္စကလည်း ရှိသေးတယ်။ အီဂျစ်မှာ နိုင်ငံရေးအရ စိန်ခေါ်မှုတွေဖြစ်လာတိုင်း တရုတ်က ဘယ်တော့မှ ဝင်မစွက်ခဲပဘူး။ အဲ့ဒီအဆင့်အထိ တရုတ်က ဝင်မပတ်သက်ပါဘူးလို့ မူစတာဖာက ဆက်ပြောပါတယ်။
ဒီလိုအနေအထားက အီဂျစ်ကို တရုတ်ပြည်က မွတ်စလင်မ်အရေးအခင်းတွေ ဖြစ်တိုင်း ပါးစပ်ပိတ်နေစေခဲ့တယ်လို့ပြောပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ မကြာခင် တရုတ်အစိုးရအပေါ် ရှုတ်ချမှုတွေ ပေါ်ထွက်လာမယ်လို့ ယူဆကြပါတယ်။ ရတ်ရှ်ဝန်းကတော့ "ဒါက အခုမှ အစပိုင်းပဲရှိသေးတာမို့ မကြာခင် အာရပ်နဲ့
ကျန်မီဒီယာတွေမှာ ဆက်တိုက်ပါလာမယ်လို့ မျှော်လင့်ပါတယ်" လိုပဆိုပါတယ်။ အယ်လ်ခေးဒါးအဖွဲ့ကတော့ မြောက်အာဖရိကမှာရှိတဲ့ ဟန်တရုတ်တွေကို သတ်ဖြတ်လက်စားချေဖို့ နှိုးဆော်လိုက်ပါတယ်။
အီရန်နိုင်ငံကတော့ ဒီကိစ္စမဖြစ်ခင် လွန်ခဲ့တဲ့ လပိုင်းကပဲ ဆန္ဒပြတဲ့လူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး ပါးစပ်ပိတ်နေပါတယ်။ ကြည့်ရတာတော့ အရှေ့အလယ်ပိုင်း နိုင်ငံအစိုးရတွေအနေနဲ့ ပါးစပ် ဆက်ပိတ်နေဖို့ ပဲ များနေပါတယ်။

( ဆောင်းပါးထွက်သော ခုနှစ်မှာ ၂ဝဝ၉ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ဖြစ်ပါသည်။ ဆောင်းပါးရှင်မှာ Abigail Hauslohner ဖြစ်ပြီး ကိုင်ရိုအခြေစိုက်ဖြစ်ပါသည်။ အီဂျစ်တော်လှန်ရေးမဖြစ်သေးသောကာလဖြစ်ပါသည်။ ယနေ့ ရိုဟင်ဂျာအရေးအခင်းနှင့်
နှိုင်းယှဉ်လေ့လာနိုင်ရန် ဖော်ပြလိုက်ပါသည်။)



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/05/2012 02:10:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:28748] Fwd: [လူဗိုလ်ဟူသည် ...] နေပူ မိုးရွာ...



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/4
Subject: [လူဗိုလ်ဟူသည် ...] နေပူ မိုးရွာ...
To: lubo601@gmail.com



by မင်းလူ၏ ၀တ္တုတိုများ on Saturday, August 4, 2012 at 9:16am ·


         သူတို့ကိုယ် သူတို့ ငတက်ပြားအုပ်စုဟု ခေါ်ကြသည်။
ဟိုးရှေးရှေးတုန်းက နာမည်ကျော် စူပါသူခိုးကြီး ငတတ်ပြားကို အားကျပြီး မှည့်ခေါ်ထားခြင်းဖြစ်သည်။


         ခါး ခေါ် ခါးပိုက်နှိုက်များ၊ ဓား ခေါ် ဓားပြများလိုပင် သူတို့သည်လည်း ဥပဒေပြင်ပကလူများဖြစ်သည်။ သို့ရာတွင် တစ်အုပ်စုနှင့် တစ်အုပ်စု မစည်းလုံးမိကြချေ။
       တကယ်တော့လည်း လူဆိုးသူခိုးဆိုသူများသည် တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ်ပင် သစ္စာဖောက်ချင် ဖောက်တတ်သူများဖြစ်ရာ တခြားအုပ်စုတွေနှင့် စည်းလုံးမှုရှိဖို့ မလွယ်ချေ။ ထို့ကြောင့်ပင် သူတို့ကို ဥပဒေဘတ်တော်သားများက အမြဲအနိုင်ရနေခြင်းဖြစ်သည်။ သူတို့တွေအချင်းချင်း မရိုင်းပင်းကြခြင်းကပင် လူကောင်းသူကောင်းများအဖို့ ကံကောင်းနေခြင်းဟု ယူဆရမည်ဖြစ်၏။

       ဓါးပြတွေက သူတို့သာ လူချင်းယှဉ်၍ တိုက်ရဲသူများဖြစ်၍ သတ္တိရှိသူများဖြစ်သည်။ ခါးပိုက်နှိုက်များသည် အလစ်တွင်သာ နှိုက်ရဲကြသည်။ သူခိုးများကား အိပ်ပျော်နေသော လူများ၏ ပစ္စည်းများကို ယူခြင်းဖြစ်၍ သူရဲဘောနည်းသည်များဟု ဆို၏။

       ခါးပှိုက်နှိုက်များကလည်း မိမိတို့သည် အနှိုက်ခံရမည့်သူနှင့် ပညာချင်းပြိုင်၍ အရယူခြင်းဖြစ်သည်။ ဓါးပြတွေလို လက်နက်အားမလိုး။ သူခိုးတွေလိုလည်း ညအမှောင်ကို အကာအကွယ်ယူသူများ မဟုတ်ကြဟု ချေပကြသည်။

      သူခိုးတွေကလည်း ဓါးပြဆိုသည်မှာ လက်နက်မဲ့သူကိုသာ အကြောင်းမဲ့သက်သက် အနိုင်ကျင့်ခြင်းဖြစ်သည်။ လူသတ်တတ်သည်။ ခါးပှိုက်နှိုက်များကား အဆင့်အတန်းနိမ့်သည်။ အုပ်စုလိုက် သောင်းကျန်းတတ်သည်။ မိမိတို့လို တစ်ကိုယ်တော် မစွန့်စားရဲ။ အခိုင်အခံ့ ကာရံထားသော အိမ်များထဲသို့ ပညာသားပါပါ ထိုးဖောက်ဝင်ရောက်နိုင်သူများမှာ မိမိတို့သာ ဖြစ်၍ ဂုဏ်ယူထိုက်သည်ဟု ယူဆကြလေသည်။

*************************************

     ငတတ်ပြားအုပ်စုများမှာ တစ်နေရာတွင်မကြာခဏဆုံကြသည်။ လူစုံတက်စုံတော့ မဟုတ်။ ထိုနေရာသို့ ရောက်ခွင့်ကြုံသူများသာ ဖြစ်သည်။
      ထိုအခါ တစ်ယောက်နှင့် တစ်ယောက် အတွေ့အကြုံချင်း ဖလှယ်ကြသည်။ ၀ါရင့်ပြီးသူတွေက နုသေးသူတွေကို သင်ခန်းစာပေးတတ်ကြသည်။

     " ခါးတွေ ဓါးတွေနဲ့ ငါတို့နဲ့ မတူတဲ့ ကိစ္စကတော့ သူတို့က လူအုပ်စုတောင့်မှ ကောင်းတာ..။ ငါတို့ကျတော့ လူနည်းလေ ကောင်းလေပဲ။ အများဆုံး နှစ်ယောက်လောက်ပဲ ကောင်းတယ်..။ အကောင်းဆုံးကတော့ တစ်ကိုယ်တော်ပဲ..။ ငါတို့လို လူမျိုးဆိုတာက ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် ယုံရတာမဟုတ်ဘူး..။ စကားအဖြစ်ပြောတာ မဟုတ်ဘူး ကိုယ့်လူတို့.. တကယ်ကွ.... တစ်ခါက ငါ အိမ်တစ်အိမ်ကို ၀င် ခိုးရင်းက စားပွဲပေါ်တင်ထားတဲ့ ပန်းအိုးကို ဒူးနဲ့ တိုက်မိလို့ ပန်းအိုးက ကျကွဲရော... အိမ်ရှင်တွေ နိုးလာလို့ မနည်းလွတ်အောင် ပြေးခဲ့ ရတယ်..."
       တစ်ကိုယ်တော် ဘကြိုင်က ပြောလိုက်သည်။ ဘကြိုင်ဆိုသော နာမည်မှာ သူ့နာမည်ရင်းတော့ မဟုတ်။ သူ့နာမည်ရင်းကိုတော့ ဘယ်သူမှ မသိကြချေ။ သူသည် အလုပ်ကလေးဖြစ်လို့ ငွေယားကလေးရှိပြီဆိုလျှင် သုံးလိုက်၊ ဖြုန်းလိုက်နှင့် နေတတ်သည်။ ဖဲကစား ၀ါသနာ ပါသည်။ မကောင်းသော အလုပ်ဖြင့် ရသော ပိုက်ဆံသည် မကောင်းသည့် နည်းဖြင့် ပင် ကုန်တတ်သည့် သဘာဝအတိုင်း အမြဲလိုလို ဖဲရှုံးတတ်သည်။ ထို့ကြောင့်လည်း သူသည် အမြဲလိုလို  "ဘိုင်ကျ"  နေတတ်သည်။  ဤသို့ဖြင့် သူ့နာမည် " ဘကြိုင် " ဟု တွင်လာခြင်းပင်။

        သူသည် အားလုံးထဲတွင် ၀ါအရင့်ဆုံး အသက်အကြီးဆုံးဖြစ်သည်။ ငါးဆယ်နီးပါးပင် ရှိနေပြီ။ တကယ်ဆိုလျှင် သူ့အသက် အရွယ်နှင့် ဒီအလုပ် လုပ်ဖို့ မကောင်းတေ့။ ဒီအလုပ်ဆိုတာကလည်း ကျော်ဟယ်၊ လွှားဟယ်၊ ပြေးဟယ်နှင့် သွက်လက်ဖျတ်လတ်နေမှ ကောင်းသည် မဟုတ်လား။
         သူနှင့် သက်တူရွယ်တူ ခေတ်ပြိုင်တွေဆိုလျှင် တစ်ချို့လည်း အမြင်မှန်ရပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားကြ၊ တစ်ချို့လည်း အခြားပြစ်မှုမျိုးစုံနှင့် ထောင်ဒဏ်နှစ်ရှည်ခံနေကြရသည်။
        သူသာလျှင် သားမယား သံယောဇဉ်ကလည်း မရှိ။ သုံးလွယ် ဖြုန်းလွယ်သဖြင့်  ကုန်ခန်းသွားလိုက်၊ အကြံအဖန်လေး ပြန်လုပ် လိုက်ဖြင့် ဒီသံသရာထဲမှာ လုံးလည်ချာလည် လိုက်နေတုန်း။

       " သူခိုးဆိုတာ ဘယ်တော့မှ လက်နက်မကိုင်ရဘူးကွ... လက်နက်ဆိုတာ လက်ထဲမှာ အသင့်ရှိနေရင် အရေးကြုံလာတဲ့အခါ သုံးမိမှာပဲ... တစ်မှုက နှစ်မှု ဖြစ်အောင် လုပ်တာနဲ့ အတူတူပဲ... ။ အကောင်းဆုံးက ဟန်ပုံမပေါ်ရင် ထွက်ပြေး.. ပြေးပေါက် မရှီဘဲ ဖြစ်နေ ရင် အသာတကြည် အဖမ်းခံလိုက်၊ ၀ိုင်းရိုက်တော့မယ်ဆိုရင် မရှိလို့ လုပ်စားရတာပါ.. ဘာညာဆိုပြီး သနားလောက်အောင်ပြော... ။
အိမ်ရှင်ကို ရန်မမူမိစေနဲ့ကွ... ငါ့သူငယ်ချင်းတစ်ယောက်ဆိုရင် အိမ်ရှင်က မိသွားတာကို ဓါးနဲ့ ထိုးသတ်လိုက်မိလို့ ထောင် အနှစ် နှစ်ဆယ် ကျသွား.." ဟု သြ၀ါဒ ပေးတတ်လေသည်။

        " ကိုဘကြိုင်ပြောတာ မှန်တယ်ဗျ"
တစ်ယောက်က ထောက်ခံလိုက်သည်။
       " ဟုတ်တယ်.. ကိုယ်က ကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတာ သိပ်မှန်တယ်.."
မဟာကာဘော်လိပ်က ၀င်ပြောသည်။ ညီဖြစ်သူ စူဠကာဘော်လိပ်က သူ့အစ်ကို ကို မျက်ထောင့်နီကြီးနှင့် မကျေမနပ် ကြည့်လိုက်၏။

       သူတို့ ညီအစ်ကိုသည် သူခိုးသာ ဖြစ်မလာဘူးဆိုလျှင် လေယာဉ်ပျံတီထွင်သူ "ရိုက် ညီနောင်" လို ကျော်ကြားကောင်း ကျော်ကြား လာနိုင်ပေသည်။
        သူတို့ နှစ်ယောက်ကား အဆောက်အအုံတစ်ခုအတွင်းသို့ ဖောက်ထွင်း ၀င်ရောက်ရာတွင် ပစ္စည်းကိရိယာ အမျိုးမျိုးကို အသုံးပြုခြင်းတွင် ၀ါသနာထုံ၏။

        ညီဖြစ်သူသည် နိုင်ငံခြား ရုပ်ရှင်ကားများထဲမှ အထူးထူးော ပစ္စည်းကရယာဆန်းတို့ကို သုံးပြီး ဘဏ်တိုက်ကြီးတွေ၊ ရတနာတိုက်ကြီး တွေကို ဖောက်ထွင်းသည့် စောရမင်းသားတွေကို အလွန်အားကျသည်။ ထိုသို့သောနည်းဖြင့် ကြီးကြီး ကျယ်ကျယ် ခိုးယူနိုင်သော လူတစ်ယေက်အကြောင်းဖြစ်သည့် ဒိုင်ယာဘောလစ်ဇာတ်ကားအကြောင်းကို မကြာခဏ တဖွဖွ ပြောသည်။ ဒိုင်ယာ ဘောလစ်ဖြစ်ချင်သည်။ ထို့ကြောင့် သူ့ကို ဒိုင်ယာဘောလစ်နှင့် ခပ်ဆင်ဆင် ကာဘော်လိပ်ဟု ခေါ်ကြခြင်းဖြစ်သည်။
သူက အငယ်ဖြစ်၍ စူဠကာဘော်လိပ်၊ သူ့အစ်ကိုကို မဟာကာဘော်လိပ်ဟု ခေါ်ကြ၏။

         သူတို့ ညီအစ်ကို နှစ်ယောက်သည် သော့တုအမျိုးမျိုး၊ လွန်ပူများ၊ မှန်ဖြတ်စိန်သွား၊ သံဖြတ်ကတ်ကြေး စသည်တို့ကို ကျွမ်းကျင်စွာ အသုံးချတတ်သည်။
          ထို့အတူ သူများတွေ မသုံးဖူးသော နည်းများကိုပင် တီထွင် အသုံးပြုတတ်သည်။ အောင်မြင်ခဲ့တာတွေလည်း ရှိသည်။
           စတိုးဆိုင် တစ်ဆိုင်ကို ဖောက်ထွင်း ၀င်ရောက်ဖူးသည်။ ဆိုင်ပိုင်ရှင်က သူ့ဆိုင်၏ လုံခြုံမှုကို အထင်ကြီးထားပုံ ရသည်။ ဖြစ်နိုင်လောက်သည်။ တံခါးက သံတံခါးဖြစ်သည်။ ဘယ်လိုမှ ဖောက်ထွင်းဖို့ မလွယ်။ တစ်နည်းပဲ ရှိသည်။ ဆွဲတံခါးဖြစ်၍ အောက်ခံဘီးကို မြောင်းထဲက လွတ်အောင် မပြီး အံလွဲအောင်လုပ်၊ လူတစ်ကိုယ်စာ ၀င်နိုင်လောက်အောင် ဟ ရမည်။ ဒါကလည်း အတော်မလွယ်သည့် ကိစ္စ။ သံတံခါးကြီးကို ဆွဲမဖို့ လူအင်အား အနည်းဆုံး ဆယ်ယောက်လိုမည်။ လူနည်းနည်းနှင့် တိတ်တိတ် ဆိတ်ဆိတ်လုပ်ရမည့် ကိစ္စမှာ လူဆယ်ယောက်လောက် " ဟေး.. ဟား... ဗေလေဆပ်.... " အော်ပြီး လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ။

        သို့ရာတွင် သူတို့ ညီအစ်ကို နှစ်ယောက်တည်းနှင့် ဖြစ်အောင် လုပ်သွားသည်။ မော်တော်ကား ဂျိုက်ထောက်ရာတွင် သုံးသော "ဂျိုက်" ကို အသုံးပြုသည်။ လေးငါးတန်ရှိသော ကားကြီးတွေကိုပင် မြောက်ကြွသွားအောင် ဂျိုက်ထောက်လို့ ရသေးတာ ..။ သံတံခါးလောက်တော့ အသာလေးပင်။
         သူတို့ အောင်မြင်သည်။ မြိုးမြိုးမြက်မြက်ကလေး စားလိုက်ရသည်။ သို့ဖြင့် နောက်တစ်ကြိမ် အကြံကြီး ကြံကြပြန်၏။

        ဒီတစ်ခါ ပိုပြီး အနုစိတ်ရသည်။ ပစ္စည်း ကိရိယာစုံအောင် ယူသွားရသည်။ ရေစုပ်စက်မော်တာ တစ်လုံးကို ၀င်ဖြုတ်ကြမည်ဖြစ်သည်။
        ကြိုတင် စနည်းနာထားချက်အရ သိထားသမျှမှာ မော်တာက ဂျပန်လုပ် အသစ်စက်စက်ဖြစ်သည်။ အပြင်ဈေး ငါးထောင်လောက် တန်သည်။
        ည လူခြေတိတ်ချိန်တွင် သူတို့ ညီနောင် ခြံစည်းရိုးနား ချဉ်းကပ်သွားသည်။ သံဆူးကြိုးအဟောင်းတွေ လော့ရိလျော့ရဲ ကာထားသဖြင့် သိပ်မခက်ခဲပဲ ၀င်နိုင်သည်။
       ညီဖြစ်သ ကာဘော်လိပ်က နိုင်ငံခြား ရုပ်ရှင်ကားတွေထဲကလို မျက်နှာတွေ လက်တွေကို ဆေးမည်းခြယ်သွားဖို့ အကြံပေးခဲ့သေးသည်။ အစ်ကိုက ......
      " မလိုပါဘူးကွာ.. ငါတို့အသားက နဂိုကတည်းက မည်းပြီးသားပါ.." ပယ်ချလိုက်သည်။ သို့တိုင်အောင် ညီကာဘော်လိပ်က ဂျာကင်နက်ပြာရောင်နှင့် ဘောင်းဘီအနက်ကို ၀တ်ပြီး ကင်းဗတ်ဖိနပ်ကို ဆေးမည်းသုပ်၍ စီးလာခဲ့သည်။ ခါးမှာ သူကိုယ်တိုင် တီထွင်ထားသော ခါးပတ်။ ပလာယာ၊ ၀က်အူလှည်၊ လွန်သွား.. စသ်တို့ကို သူ့နေရာနှင့် သူ ထည့်ထားချိတ်ထားနိုင်သည်။
ကျောကုန်းမှာတော့ ဒီနေ့ ကိစ္စအတွက် အရေးပါဆုံး ဖြစ်သည့် ဂတ်စ်ဘူး။ သူ့ကိုယ်သူ ရေငုပ်သမားတစ်ယောက်နှင့် တူသည်ဟု ထင်ပြီး အတော်ကျေနပ်နေမိသည်။
         အုတ်တိုက်အဆောက်အအုံငယ်ကလေးဆီသို့ ကျွမ်းကျင် တိတ်ဆိတ်စွာ ပြေးကပ်လိုက်ကြသည်။ အရေးအကြီးဆုံး အပိုင်းက တံခါးကို ဖွင့်ဖို့ပင်ဖြစ်သည်။ တော်ရုံတန်ရုံနှင့် ဖွင့်ဖို့ မလွယ်။ တစ်မတ်နီးပါး ထုရှိသည့် သံတံခါး။ သော့ကလည်း အာမခံ သော့ကြီး။
         သို့ရာတွင် ကိစ္စမရှိ။ သူတို့မှာ ပစ္စည်း ကိရိယာတွေ ပါသည်။
         အားလုံး ပြီးစီး၍ အစ်ကိုဖြစ်သူက လက်တို့လိုက်သောအခါ ညီက သံတူရွင်း အငယ်စားလေးဖြင့် ကလန့်လိုက်သည်။
သော့ကွင်း ပြုတ်ထွက်သွား၏။ ညီဖြစ်သူက ၀မ်းသာအားရဖြင့် စိတ်လောကြီးပြီး သော့ကို ဖြတ်ရန် လှမ်းကိုင်လိုက်၏။

        " အမလေးဗျ" ...ဟု လန်ပြီး အော်သည်။

************************************

       " ဘာပြောကောင်းမလဲဗျာ... ခွေးပြေး ၀က်ပြေး ပြေးလိုက်ရတာ... ဘယ့်နှယ့်ဗျာ... ဂက်စ်မီးတောက်နဲ့ ဒီလောက်တောင် အပူပေးထားတဲ့ သော့ကို သွားကိုင်တာကိုး... ဒီကောင်က အဲဒီလောက် စိတ်မချရတာ... "
        မဟာ ကာဘော်လိပ်က သူ့ညီကို အပြစ်တင်သည်။ စူဠ ကာဘော်လိပ်ကလည်း .....
       " အောင်မယ်... မင်းကကောကွ... လူတွေ နိုးပြီး ထ လိုက်တော့.. ကိုယ်လွတ်ရုန်းပြီး တစ်ယောက်တည်းပြေးတာ မဟုတ်လား.. ငါ့မှာသာ ဂတ်စ်ဘူးကြီးက တစ်ဖက်၊ ပစ္စည်း ကိရိယာတွေ တိုးလို့ တွဲလောင်းနဲ့ အထွက်မှာ ခါးပတ်က သံဆူးကြိုးနဲ့  ငြိပြီး ဂဏန်းလက်မတစ်ခုနဲ့ ပလာယာတစ်ခု ကျခဲ့သေးတယ်... ကိုယ်က မရတဲ့ အပြင် ကိုယ့်ပစ္စည်းတောင် ပြန်ပါသွားသေးတယ်...."

"ဟားဟား....ဟား...အစ်...အစ်...အစ် "
       ဖိုးထောင်က သူတစ်ယောက်သာ ရယ်တတ်သော တကျီကျှီ အသံဖင့် ရယ်လိုက်သည်။ ထို့ကြောင့်ပင် သူ့ကို ပုရစ်ဟု ခေါ်ကြခြင်းဖြစ်သည်။

      " မင်းတို့ ညီအစ်ကို နှစ်ယောက်က သိပ်မထူးပါဘူးကွာ.. ဟိုပုံပြင် ရှိပါရောလား.. ကျေးညီနောင်လေ... မုန်တိုင်းကျပြီး တကွဲစီ ပျံသွားကြတာ... တစ်ကောင်က သူတော်ကောင်း ရသေ့ကြီးဆီ ရောက်ပြီး ..တစ်ကောင်က လူဆိုးတွေဆီ ရောက်သွားတာလေ... မင်းတို့ညီအစ်ကိုကတော့ .. လေမုန်တိုင်းတိုက်ရင် လူဆိုးတွေဆီကိုချည်း နှစ်ကောင်လုံး သူ့ထက်ငါ ဦးအောင် ပျံကြမယ့် ကောင်တွေ..."
         ညီအစ်ကို နှစ်ယောက်က ပုရစ်ကို တစ်ယောက်တစ်ခွန်းဆီ ပျစ်ပျစ်နှစ်နှစ် ဆဲလိုက်သည်။

        ဆေးပေါ့လိပ်တိုကလေး ဖွာ၍ မှိန်းနေသော မှော်ဆရာက ထထိုင်လိုက်ပြီး....
       " အင်း ... .. ကိုယ်နဲ့ အဖော်ခေါ်သွားတဲ့လူက အသုံးမကျရင် ပြဿနာ ဖြစ်တတ်တယ်ဆိုတာ မှန်ပါတယ်... တစ်ခါတစ်လေကျတော့လည်း အဖော်မပါဘဲ တစ်ယောက်တည်း ခံရတတ်တယ်ကွ....."

******************************

          မှော်ဆရာသည် ၀ါးထရံကို အသာဖြဲ၍ လျှိုဝင်လိုက်သည်။ အိမ်ထဲရောက်ပြီ။ လက်မောင်းမှာ ချည်လာသော လက်ဖွဲ့ကို စမ်းကြည့်လိုက်သည်။ သည်လက်ဖွဲ့က အလွန်အစွမ်းထက်သည်။ လက်ဖွဲ့ အစွမ်းကြောင့် တော်ရုံ တန်ရုံဖြင့် သူ့ကို လူတွေ မမြင်နိုင်။  ဒီညအဖို့ ပိုတောင် မမြင်နိုင်။ မီးတွေ ပြတ်နေသည်။

           သူက ခြေသံကို လုံအောင် ထိန်းပြီး နေရာရွှေ့လိုက်သည်။ မှောင်ထဲမှာ မျက်စိကျင့်သားရအောင် ခဏစောင့်သည်။ ညအမှောင်မှာ ကြည်နေကျမို့ အမြင်အာရုံက ခဏချင်းမှာ ထက်မြက်လာသည်။
          နေ့လည်က အိမ်မှားဝင်မိသလိုလိုနှင့် လေ့လာထားခဲ့သည့်အတိုင်း ကက်ဆက်က စားပွဲပေါ်မှာ ရှိနေသည်။ ထိုနေရာသို့ အသာကလေး ရွှေ့လာသည်။ ကက်ဆက်ရှိရာသို့ လက်အလှမ်းလိုက်တွင်.............

       " ဟေ့ကောင်... မလှုပ်နဲ့ ..."
တုံ့ခနဲ ဖြစ်သွားသည်။
       " ခွေးမသား.. မင်းဝင်လာကတည်းက သိလို့ စောင့်နေတာ..ကွ"

         အိမ်ရှင်သည် သူနှင့် လေးငါးပေ အကွာမှာ ရပ်နေသည်။ လက်ထဲမှာ တစ်ခုခုရှီကြောင်း သူခန့်မှန်းမိသည်။
ဓါးမြောင်ဖြစ်မည်။ သူ့ကို အလစ်ဝင် မဆော်ပုံထောက်တော့ သိပ်သတ္တိကောင်းမည့်ပုံမပေါ်။ ဟန်ကိုယ့်ဖို့ လုပ်ရမည်။
ထွက်ပြေးစရာ ထွက်ပေါက်ကလည်း မရှိ။ ထရံကို ဖြဲပြီး ပြန်ထွက်ဖို့လည်း အချိန်ရမည် မဟုတ်။

        အိမ်ရှင်က ရှေ့မတိုးရဲပဲ ဖြစ်နေသည်။ ထို့ကြောင့် မှော်ဆရာက သူ့မှာလည်း လက်နက်ရှီနေသည့် ဟန်မျိုးဖြင့် လက်ကို တစ်ခုခု ကိုင်ထားသလိုလုပ်ပြီး နည်းနည်းမြောက်လိုက်သည်။

        အိမ်ရှင် နောက်တစ်လှမ်း ဆုတ်သွားသည်။ ဟန်ကျပြီ။ မှော်ဆရာ ရှေ့တစ်လှမ်း တိုးလိုက်သည်။ အိမ်ရှင် ထပ်ဆုတ်သည်။
  " ဟေ့ယောင်...သူခိုး.... ရှေ့မတိုးနဲ့နော်..."
သူခိုးက မပြေးရဘဲ အိမ်ရှင်က ပြေးမည့်ကိန်းနှင့် လာဆိုက်နေပြီ။ မှော်ဆရာက အခွင့်အရေးကို လက်လွတ်မခံ။ ရှေ့ဆက်တိုးသည်။
အိမ်ရှင်က နှစ်လှမ်း ..သုံးလှမ်း ထပ်ဆုတ်သည်။

           မှောင်ထဲမှာမို့ နည်းနည်းဝေးသွားလျှင် ကောင်းကောင်းမမြင်တော့။ ခုနေခါ ထွက်ပြေးရ ကောင်းမလား။ မဖြစ်သေး။ တစ်ချက်လောက်တော့ ထပ်လှန့်ရဦးမည်။ မှော်ဆရာ ရှေ့တစ်လှမ်း အတိုး........

      " ဟေ့ကောင်....မင်းနော်... ထပ်မတိုးနဲ့တော့.... ငါ ထပ်ပြီး နောက်ဆုတ်လို့ မရတော့ဘူး... ထရံနဲ့ ကျောနဲ့ ကပ်နေပြီ.."
       အိမ်ရှင့် အသံက တုန်နေပြီ။  မှော်ဆရာက အခွင့်သာခိုက် ခုန်အုပ်မည့်ဟန်ဖြင့် .. ဟေ့...ဆို ခြောက်လိုက်သည်။
အိမ်ရှင်က ယောင်ပြီး လက်ထဲက ဓါးကို လွှတ်ချ၍ ...........
        " သ.... သ.....သ....."

        အထစ်ထစ် အငေါ့ငေါ့ဖြင့် သူခိုးဟု အော်တော့မည်။ မှော်ဆရာက ခုန်အုပ်လိုက်သည်။ နှစ်ယောက်သား လုံးထွေးနေသည်။ မှော်ဆရာက မိရာကိုလှမ်းထိုးသည်။ မျက်ခွက်ကို ထိုးမိ၏။ အိမ်ရှင်ကလည်း ခြေထောက်ဖြင့် ကြောက်ကန် ကန်ထည့်လိုက်သည်။ မှော်ဆရာ ပက်လက်လန်ပြီး တိုင်နှင့် နောက်စေ့ အရှိန်ပြင်းစွာ ဆောင့်သည်။
မိုက်ခနဲ.. ပြာခနဲ ဖြစ်သွား၏။

         အမူးပြေသွားတော့ သူ့ကို တိုင်မှာ ကြိုးနှင့် တုပ်ထားကြောင်း သိလိုက်သည်။ သူ့ရှေ့မှာ အိမ်ရှင်က မီးခွက်တစ်ဖက် ဓါးမြောင်တစ်ဖက်ကိုင်ပြီး ရပ်နေသည်။ မျက်လုံးတစ်ဖက်က သူထိုးထားသဖြင့် ဖူးယောင်နေသည်။ ဒေါသထွက်နေပုံလည်း ရသည်။
မှော်ဆရာက မျက်လုံးကလေး ကလယ်ကလယ်ဖြင့် မော့်ကြည့်သည်။

         " ခွေးသူခိုး... ဒီမှာကြည့်စမ်း........ မင်းထိုးထားတဲ့ ဒဏ်ရာ.. မင်းမျက်လုံးကို ပြန်ဖောက်ပစ်မယ်ကွ..."
ဓါးမြောင်က မျက်နှာနား ၀ဲလာသည်။
        " မလုပ်ပါနဲ့ ဆရာရယ်... ချမ်းသာပေးပါ..."
       " ဘာကွ...ဟင်း.... မင်းနားရွက်ကို -ဖြတ်ပစ်မယ်.."
       " ကြောက်ပါပြီ ခင်ဗျ...."

         ဓါးတစ်ကိုင်ကိုင်ဖြင့် ပြောသာပြော ကြိမ်းသာ ကြိမ်းနေသော်လည်း တကယ်မလုပ်ရဲ။ ခြေထောက်နှင့် တစ်ချက်ပိတ်ကန်ပြီးနောက်ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြန်သည်။ အတော်ကြာမှ တစ်စုံတစ်ခု စဉ်းစားမိဟန်ဖြင့် မီးခွက်နှင့် ဓါးမြောင်ကို စားပွဲပေါ်တင်ပြီး နောက်ဖေးဘက် ထွက်သွားသည်။
          ပြန်ထွက်လာတော့ လက်ထဲမှာ ရေပုံးတစ်ပုံး ဆွဲလာသည်။

        " ဟား...ဟား.... မင်းကို အကောင်းဆုံးနည်းနဲ့ ပညာပေးရမယ်..."

မှော်ဆရာ့ ခေါင်းပေါ်သို့ ရေလောင်းချသည်။ အား .... ရေခဲရေတမျှ အေးစက်နေတဲ့ ညသိပ်ရေတွေ....
တစ်ကိုယ်လုံး ရွှဲနစ်သွားသည်။ ကျော်ထဲက စိမ့်ခနဲ ဖြစ်သွား၏။

         အိမ်ရှင်က ပြတင်းပေါက်တံခါးကို သွားဖွင့်လိုက်သေးသည်။ ဆောင်းလေ၏ အအေးဆုံး မြောက်ပြန်လေက တိုးဝင်လာသည်။
မှော်ဆရာ တုန်သွား၏။
          အိမ်ရှင်က ကျေနပ်အားရစွာ ပြုံးပြီး ပက်လက်ကုလားထိုင်ကို ဆွဲ၍ ထိုင်သည်။ ရှေ့တည့်တည့်မှ မိန့်မိန့်ကြီး အရသာခံကာ တစိမ့်စိမ့်ကြည့်နေသည်။

          အတော်ကြီးကြာတော့ မှော်ဆရာ ခိုက်ခိုက်တုန်နေပြီ။ အိမ်ရှင်သည် စိတ်ကူးပေါက်တိုင်း ရေ ထ ထ လောင်းသည်။ ထိုမျှနှင့် အားမရဘဲ ယပ်ခတ်ပေးလိုက်သေးသည်။ မှော်ဆရာ မခံနိုင်တော့...။

         " ဟေ့လူ....ရှိကြီး ခိုးပါရဲ့ဗျာ... ရဲလက်အပ်မှာဖြင့် အပ်ပါတော့ ...ဒီမှာ ချမ်းလို့ သေတော့မယ်..."
         " မအပ်သေးဘူးကွ... မနက်ကျမှ ..အပ်မယ်.."
မှော်ဆရာကား မေးချင်း ရိုက်နေပြီ... ။ တဖြည်းဖြည်း တစ်ကိုယ်လုံး တုန်တက်လာသည်။ ငုပ်နေသော ငှက်ဖျားရောဂါ ပြန်ထလာပြီ။
မှော်ဆရာ တဟီးဟီး အော်ပြီး တုန်နေသည်ကို ကြည့်ရင်း အိမ်ရှင်မှာ လန့်လာဟန်တူသည်။

        " ဟေ့ကောင် .. မင်း...မင်း...သိပ်ချမ်းနေပြီလား..."
        " ဟုတ်...ဟုတ်... အမလေး... ငှက်ဖျားတက်နေပြီဗျ... ဟီး....ဟီး......"
အိမ်ရှင်သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ မှော်ဆရာက အထစ်ထစ် အငေါ့ငေါ့ဖြင့်.....
       " ရေ...ရေနွေးလေး...တစ်..တစ်ခွက်လောက်ပေးပါဗျာ...."
အိမ်ရှင်လည်း ယောင်ယောင်ကန်းကန်းဖြင့် ရေနွေးသွားယူပေးသည်။ ကြိုးဖြေမပေးရဲသဖြင့် ပါးစပ်နားတေ့ပြီး သူကိုယ်တိုင် တိုက်သည်။
မှော်ဆရာက ရေနွေးတစ်ငုံကို မှုတ်သောက်ပြီး.....

    " ဟင်း...ဟင်း...တလက်စတည်း ပါရာစီတမော့လေး တစ်လုံးလောက် တိုက်...တိုက်ပါ့လားဗျာ...."

**************************************

        " ဟား...ဟား... ဒါနဲ့ မင်းကို ဆေးတိုက်ပြီး သနားလို့ လွှတ်လိုက်ရောလား...." ဟု ကြက်စုတ်ခေါ် ဥာဏ်ကျယ်က မေးသည်။
       " ဘယ်လွှတ်မလဲကွ... ဆေးရုံကို ခေါ်သွားတာပေါ့... ဆေးရုံကလည်း ဆင်းရော...ဟဲ..ဟဲ... အချုပ်ထဲ တန်းဝင်ရတာပါပဲ..."

        " လုမိ ခံရတဲ့ထဲမှာတော့ .. ငါ့အဖြစ်မျိုးက အတော်ရယ်ရတယ်ကွ.."  ပုရစ်က ပြောသည်။ ထို့နောက် တကျီကျီ ရယ်ပြီး....
        " အဲဒီနေ့က ငါ့မှာ အိမ်တစ်အိမ်ကို ၀ယ်မယ်လို့ စိတ်ကူးမရှိဘူးကွ... ဟိုလျှောက်ဒီလျှောက် လျှောက်ရင်းအိမ်တစ်အိမ်ရဲ့
နောက်ဖေးတံခါးက နည်းနည်း ဟနေတာကို သွားတွေ့တယ်.. အချိန်က အချိန်မတော်ကြီး.... မီးတွေကလည်း မှိတ်လို့.. တမင်ဖွင့်ထားတာတော့ မဖြစ်နိုင်ဘူး.. မေ့ပြီး တံခါး မပိတ်မိတာ ဖြစ်မယ်.. ဘာပဲဖြစ်ဖြစ် အခွင့်သာရင် အလုပ်ဖြစ်သွားမှာပဲ ဆိုပြီး အိမ်နားအ သာကပ်သွားတယ်.. လူသံ သူသံ မကြားရဘူး... အိပ်နေကြတယ် ထင်တယ်... အတော်ကြာအောင် နားစွင့် ကြည့်သေးတယ်... သေချာပြီ ဆိုမှ တံခါးဖွင့်ပြီး အိမ်ထဲ ၀င်လိုက်တယ်.. ငါ့စိတ်ကူးက ရတဲ့ ပစ္စည်းလေး သိမ်းကျုံးဆွဲပြီး လစ်မလို့ပဲ..."

         ပုရစ်က ကာဘော်လိပ်အငယ်ကောင် လက်ထဲမှ ဆေးပေါ့လိပ်ကို ယူ၍ နှစ်ဖွာ သုံးဖွာ ဖွာပြီးမှ ဆက်ပြောသည်။
" မီးဖိုချောင်ထဲ အရောက်မှာ ခြေထောက်က ဖွနင်းတာပဲ...ကြမ်းကိုက မခိုင်တော့ ကျွိခနဲ မြည်သွားရော.. အဲဒီအချိန်မှာ အိပ်ခန်းထဲက မိန်းမသံ တစ်သံထွက်လာတယ်.. အစ်ကိုလား..တဲ့...."
           နားထောင်သူများ စိတ်ဝင်စားလာကြသည်။

           " ငါက ငြိမ်နေတော့ နောက်တစ်ခါ အစ်ကိုလား ထပ်မေးပြန်ရော... ငါ့ကို သူ့ယောကျာ်းနဲ့ မှားနေပြီလို့ ထင်တယ်... အိပ်ခန်းထဲက လှုပ်လှုပ်ရှားရှား အသံကြားတော့ ငါလည်း ဘာလုပ်ရမှန်း မသိဘူး.. .ငြိမ်ကုတ်နေတုန်း....... "

          " လာလေ... ဟိုနွားကြီး အပြင်သွားပါပြီ အစ်ကိုရဲ့...တဲ့ .. လက်စသတ်တော့ အဲဒီမိန်းမက သူ့လင်ကြီးကွယ်ရာမှာ ဖောက်ပြန်နေတာကိုး...ငါ့ကို သူ့အကောင် မှတ်လို့ ...."
           " မင်းက ယောရောရှိ .. ၀င်မလုပ်ဘူးလား..."
           " နေစမ်းပါဦး...အဲဒါနဲ့ ငါကလည်း ယောင်ယောင်ကန်းကန်းနဲ့ အဟမ်းဆို ချောင်းဟန့်သံပေးလိုက်ရော.. အဲ... အဲဒီမှာပဲ.. ပြဿနာက အိမ်ထဲမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး.. အခြားတစ်ယောက် ရှိသေးတယ်.. သူ့အကောင်ပေါ့.. သူကလဲ အဟမ်းဆို ချောင်းဟန့်သံအပေး.. နှစ်ယောက်ပြိုင်တူ ထွက်သွားတာပေါ့... ဖြစ်ပုံက ဒီကောင်က ငါ့ကို လင်ကြီး ပြန်လာပြီး သူ့ကို ချောင်းတယ်မှတ်လို့ လန့်ပြီး ပုန်းနေတာ.. အထဲက မိန်းမကလည်း စိတ်မရှည်တော့ဘဲ ထွက်လာတော့ ဟိုကောင်ကလည်း လန့်ပြီး နောက်ဖေးပေါက်က အထွက်.. ငါကလည်း လစ်အပြေး နှစ်ယောက် ၀င်တိုက်မိကြရော... အလဲလဲ အပြိုပြို ပေါ့ကွာ... မိန်းမက မီးဖွင်လိ့က်တော့ ..ငါ့ကို တွေ့သွားတာပေါ့....."

       "အော် ရောလား..."
       " ဘယ်အော်ရဲ မလဲကွ.. အော်လို့ လူတွေ ရောက်လာရင် သူ့အကောင်ပါ မိမှာကိုး..ဒါနဲ့ ငါလည်း အိမ်မှားဝင်မိလို့ဗျာ.. ဆောရီးပဲ ဆိုပြီး လစ်ထွက်လာရတယ်... "

      ရယ်ကြသည်။
      " လူမမိဘဲ တစ်ယောက်တည်း ပိတ်မိနေတာမျိုးက ပိုပြီး ဖြုံဖို့ကောင်းတာ..." ဟု
ကြောင်လိမ်လှေကားက အားကျမခံ ပြောလိုက်သည်။ သူက ကြောင်လည်းကြောင်သည်။ လိမ်လည်း လိမ်တတ်သည်။
အစလည်း ထောင်တတ်သည်။ ထို့ကြောင့် ကြောင်လိမ် လှေကားဟု ခေါ်ကြဖြင်းဖြစ်၏။

*********************************
မင်းလူ
(ရယ်စရာ ..မောစရာ စာအုပ်)
၁၉၈၇ ဒီဇင်ဘာ၊ ၁၉၉၅ ဇွန်



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/05/2012 02:06:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:28747] Fwd: [လူဗိုလ်ဟူသည် ...] နည်းပညာ အားနည်းချက်ကြောင့် ဟိုင်ဒြိုဂျင် ပါရောက်ဆိုဒ် စက်ရုံပေါက်ကွဲမှုဖြစ်ရဟု စက်ရုံမှူးပြော



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/4
Subject: [လူဗိုလ်ဟူသည် ...] နည်းပညာ အားနည်းချက်ကြောင့် ဟိုင်ဒြိုဂျင် ပါရောက်ဆိုဒ် စက်ရုံပေါက်ကွဲမှုဖြစ်ရဟု စက်ရုံမှူးပြော
To: lubo601@gmail.com



by Yangon Press International on Saturday, August 4, 2012 at 6:47am ·


သြဂုတ် ၄၊ ၂၀၁၂၊ ၀င်းလွင် (ရေနံချောင်း) YPI
  
ဝါဆိုလပြည့်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်း ချောက်မြို့နှင့် စလေမြို့အကြားရှိ စက်မှုဝန်ကြီး
ဋ္ဌာနပိုင် အိမ်သုံးပစ္စည်းစက်ရုံ  မှ ဓါတုပစ္စည်း ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ရခြင်းမှာ တရုတ် ကုမ္ပဏီမှ တည်ဆောက်သည့် စက်ရုံ၏ နည်းပညာဆိုင်ရာ အားနည်းမှုကြောင့် ဟု စက်ရုံမှူးက သုံးသပ်ပြောဆိုသည်။

စက်ရုံတွင် ကွန်ပျူတာစနစ်နှင့် လူကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက်ရသည့် (Manual) ဖြင့်လုပ်ဆောင်ရသည့် စနစ် ၂ မျိုးရောနှောနေကာ ဗား(valve) အဖွဲ့အပိတ်ကဲ့သို့သော လုပ်ဆောင်မှုမျိုးကို လူကိုယ်တိုင် ဆောင်ရွက်ရသည်ဟု ၎င်းကပြောသည်။


ကွန်ပျူတာနှင့် အလိုအလျှောက်ထိန်းချုပ်သည့် စနစ်နှင့် လူကိုယ်တိုင် ဆောင်ရွက်ရသည့် စနစ်နှစ်မျိုးကြောင့် ယခုလို မတော်တဆအဖြစ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းအနေဖြင့် မှတ်ချက်ချ ပြောဆိုသည်။

သြဂုတ်လ ၂ ရက်နေ့က စက်ရုံမီးလောင်မှု ကို ငြိမ်းသတ်နေစဉ်။

အခင်းဖြစ်ပွားစဉ်နေ့က ဗား ချို့ယွင်းကာ  ဓါတုအရည်များ ဖိတ်လျှံလာပြီး ယင်းအရည်များက လေနှင့်ထိတွေ့ကာ မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း စက်ရုံမှူးက ပြောသည်။

"အဲဒီနေ့ နေ့လည် ၁နာရီဝန်းကျင်က ကျွန်တော်အိမ်မှာရှိနေတုန်း စက်ရုံထဲက စက်ပုံမှန် မဟုတ်တဲ့ အသံထွက်လာတယ်၊ ဘာဖြစ်တာလဲလို့ သွားကြည့်တော့ ဒုတိယထပ် တာဝါတိုင်က ဓါတုအရည် လျှံကျနေတာတွေ့တယ်၊ အဲနောက် မကြာခင် အသေးစားပေါက်ကွဲမှု တခုဖြစ်တာပဲ" ဟု ယင်းနေ့အဖြစ်အပျက်နှင့် ပတ်သက်၍ စက်ရုံမှူးက ရှင်းပြသည်။


အသေးစားပေါက်ကွဲမှု မှထွက်လာသည့် အပူနှင့် မီးတောက်ကြောင့် နောက်ထပ်ပေါက်ကွဲမှုကြီး ဖြစ်ပွားရခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။ ပထမ အသေးစားပေါက်ကွဲမှုဖြစ်ပွားလိုက်ခြင်းက စက်ရုံဝန်ထမ်းများကို စက်ရုံမှ ဝေးရာသို့ တိမ်းရှောင်ခဲ့သဖြင့် နောက်ဆက်တွဲ ပေါက်ကွဲမှုတွင် ဒဏ်ရာရမှု နည်းပါးခဲ့ခြင်းဖြစ်သည်ဟု စက်ရုံဝန်ထမ်းများ၏ ပြောဆိုချက် အရသိရှိရသည်။

သြဂုတ်လ ၂ ရက်နေ့ ပေါက်ကွဲမှုကြောင့် စုစုပေါင်း ၇ ဦးဒဏ်ရာရခဲ့ကာ တဦးမှာ နောက်ကျော မီးလောင်ဒဏ်ရာ ပြင်းထန်သဖြင့် ချောက်ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း၊ အခြားဒဏ်ရာရသူများမှာ မျက်စေ့ထဲသို့  ဓါတုဆေးရည် ၀င်သဖြင့် မျက်လုံးစပ်သည့် ဒဏ်ခံစားနေရကြောင်း စက်ရုံဝန်ထမ်းများက ပြောဆိုသည်။

ရေနံချောင်းမြို့မှ စက်ရုံဝန်ထမ်းတဦးဖြစ်သူ ကိုမင်းမင်းထွန်းမှာလည်း မျက်စေ့ ဒဏ်ရာရသဖြင့် ၎င်းနေထိုင်ရာမြို့သို့ ပြန်လာပြီး မျက်စေ့အထူးကု ဆရာဝန်ဖြင့် ပြသလျှက်ရှိသည်ဟု ကိုမင်းမင်းထွန်း၏ ပြောဆိုချက်အရ သိရသည်။

ယင်းစက်ရုံကို ၂၀၀၅ ခုနှစ်တွင် တရုတ်ကုမ္ပဏီ CMCEC က တည်ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ပြီးစီးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ ၀န်ထမ်းအင်အား ၁၈၀ ဖြင့်လည်ပတ်လျှက်ရှိကြောင်းလည်း သိရှိရသည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေ့က စက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဒုဝန်ကြီး နှင့် ကျောက်ပန်းတောင်း တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းဝင်း လာရောက်ခဲ့ကာ နောက်တရက်တွင် စက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်းနှင့် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တို့လာရောက်ခဲ့သည်။

ပျက်စီးဆုံးရှုံးမှု တန်ဖိုး မသိရှိရသေးသော်လည်း စက်ရုံတခုလုံး မီးကျွမ်းလျှက်ရှိသည်ကို တွေ့မြင်ရသည်။



မီးလောင်ကျွမ်းနေသည့် ဟိုင်ဒြိုဂျင် ပါရောက်ဆိုဒ် စက်ရုံ
ပေါက်ကွဲမှု အရှိန်ကြောင့် စက်ရုံမှန်များနှင့် နံရံကြွေပြားများ ကွဲအက် ပျက်စီးခဲ့သည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/05/2012 02:02:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[aurorageneration] Re: သူတို့ဘာတွေကော်မန့်ပေ့းကြလSocial media is lying to you about Burma’s Muslim ‘cleansing’ – The Express Tribune Blog

ွှံWho created this site? Who did it? Do you think our Myanmar
Muslims didn't protest such kind of fake photo? That is why we Myanmar
Muslims faced sandwich situation. We are sandwich . I hope you can be
sympathetic upon our status that is we are falling between two
valleys.


On Sat, Aug 4, 2012 at 11:16 AM, aatolay <kkogyister@gmail.com> wrote:
> http://blogs.tribune.com.pk/story/12867/social-media-is-lying-to-you-about-burmas-muslim-cleansing/

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။

Burma News International 4 August 2012

Burma News International

Burma News International
August 4, 2012

Burmese military forces Kachin man to work as a porter

A Kachin man who was arrested by the Burmese military Battalion 125 is now being forced to work as a porter, according to a Chinese man who was also detained.

KIO says free education to continue despite conflict

Following one year of conflict between Burma's military and the armed wing of the Kachin Independence Organization (KIO), the number of internally displaced students currently enrolled in KIO-run schools is more than 10,000, according to the KIO's education department.

I will become a medic for my village…

After she finishes her study, Naw Hsa K’Mwee Paw wants to become a medic to help her village. To achieve her dream Naw Hsa K’Mwee Paw has had to pay a high price. Naw Hsa K’Mwee Paw, now 18, has had to live hundreds of miles apart from her family since she was 13 so she could study in a refugee camp across the border in Thailand.

KNPP completes the opening of its three liaison offices

The Karenni National Progressive Party opened keep to ceasefire agreement with the government by opening its second and third liaison offices last week.

Health workers from inside and outside Burma get together

Health organizations and non-governmental organizations from inside Burma and those based on the Thailand border attended a seminar on July 28 to review and plan for health services.

Burma Army launches operation against SSA in Shan State South

The Burma Army has been launching a military operation against the Shan State Army (SSA) ‘South’ in the Loi Ye mountain range, Namzang township since Monday, 30 July, according to SSA sources.

Armed security forces encounter problems with Muslims in two places in Sittwe

Armed security forces encountered problems with Muslim mobs in two different places in Capital Sittwe in Arakan State on 31st of July, said U Aung Mra Kyaw, a legislator of the regional parliament.

Quintana on the arrested NGO employees and demonstration in Buthidaung

The UN special human rights envoy to Burma, Tomas Ojea Quintana, has met the three arrested UNHCR employees in Buthidaung Prison, their lawyers and relatives on his investigation tour to Buthidaung in Arakan State on Wednesday.

Citizenship issue complicates Rohingyas’ plight

The Burmese government, at the highest levels, continues to assert that the Rohingya ethnic group living in northwestern Burma has no claim to citizenship rights.

World Bank, Burma working on monetary ‘master plan’

Burma has outlined a master plan for monetary development that will allow local banks to set up joint-venture banks with foreign banks with branches in Burma.

Quintana meets with detained UN staff workers

The UN special human rights reporter for Burma, Tomas Ojea Quintana, met with five detained UN staff members on Wednesday in Burthidaung Prison in Rakhine State.

ငြိမ်းချမ်းရေးကာလအတွင်း ဆိုးကျိုးများကိုရှောင်ရန် ECDF ဆွေးနွေး

အခုမြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလမှာ တိုင်းရင်းသားဒေသအသီးသီးမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတရပ်ကို တိုင်းရင်းသားလူမျိုး လူထုဖွံ့ဖြိုးရေးဆုံရပ် ECDF အဖွဲ့မှ ထိုင်း - မြန်မာ နယ်စပ်တနေရာမှာ ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။

ကရင်နီ ဘုံ စာပေ တခု ဖြစ်ပေါ်ရန် KNPP ကြိုးပမ်း

ကရင်နီ လူမျိုးများတွင် စာပေ (၃) မျိုးဖြစ်နေရာ တခုထဲဖြစ်ရန် သင်ကြားရေး၌ အစိုးရနှင့် ထပ်မံ တွေ့ဆုံဆွေးရန် အစီစဉ်ရှိ ကြောင်း၊ ပြောရေးဆို ခွင့်ရှိသူ ကရင်နီတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင်ဆန်းမြင့်က ဆိုပါသည်။

ကလေးစစ်သား ပပျောက်ရေး KNPP လက်မှတ်ရေးထိုး

ကရင်နီ တိုးတက်ရေး ပါတီ (KNPP) သည် ကလေးစစ်သားအသုံး မပြုရေးအတွက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကလေးစစ်သား ပံ့ပျောက်ရေး (Geneva call) ဌာနချုပ်တွင် သြဂုတ် (၃) ရက်နေ့တွင် လက်မှတ် ရေးထိုး ခဲ့သည်ဟု KNPP အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင်စန်းမြင့်က ပြောပါသည်။

KIO နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းရောဂါဖြစ်ပွား

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည် များ၌ မိုးရာသီချိန် မသန့်ရှင်းသော ရေကိုသောက်သုံးခြင်းကြောင့် ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း KIO ဗဟို ကျန်းမာရေးဌာနမှ ပြောသည်။

ဒေသဖွံ့ဖြိုးရေးအကောင်အထည်ဖော် သွားမည်ဟု ပြည်နယ်အစိုးရပြော

ကရင်နီ(ကယား)ပြည်နယ် အစိုးရက ပြည်သူလူထုတို့နှင့် ဇူလိုင်လ ၂၈ရက်နေ့က တွေ့ဆုံခဲ့ကြရာလူထုတောင်း ဆိုသည့် ပြည်နယ်အ တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဟု ပြောကြားသွားခဲ့သည်။

အိမ်မပြန်နိုင်သေးသည့် ဘားအံမြို့ ရေဘေးဒုက္ခသည်များ ကျန်းမာရေးကောင်းမွန်

ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက သံလွင်မြစ်ရေ မြှင့်တက်လာကာ ရေကြီးမှုကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေထိုင် နေရသည့် ကရင်ပြည်နယ် ဖားအံမြို့ပေါ်ရှိ ရပ်ကွက်အချို့မှရေဘေး ဒုက္ခသည် များမှာ ယနေ့အချိန်ထိ အိမ်မပြန်နိုင်သေးသော်လည်း ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း ကယ်ဆယ်ရေးစခန်းများက ပြောသည်။

ရွှေဖြူ နှင့် အခြားသတ္တုတွင်းကြောင့် တာချီလိတ်ကျေးလက်များအခက်တွေ့

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျေးလက် ဒေသခံများ ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့်  သုံးရေခက်၊ စပါးခင်းပျက်ကာ ၀မ်းရေးအတွက်ပါ အခက်အခဲဖြစ်နေကြောင်းဒေသခံများက ပြောပါသည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်းတွေကို အသီးသီး ချမှတ်ထားပေမယ့် အဲသလို  ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့  တရားရုံး ရှေ့နေ တစ်ဦးက ပြောပါတယ်။

ကင်တေးနားခရီးစဉ် ရခိုင် အတွက် အကျိုး မရှိနိုင်ဟု တွေ့ဆုံခဲ့သူ ဦးအေးသာအောင်က ပြောကြား

“ ကင်တေးနား ပြောတဲ့စကားတွေ အပေါ်မှာ သုံးသပ်လိုက်ရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာမှာ ရခိုင် ဒုက္ခသည် တွေ အပေါ်မှာ အာရုံမစိုက်ဘဲ ဘင်္ဂလီ ဒုက္ခသည်တွေ အပေါ်မှာဘဲ အာရုံ စိုက်တာကို တွေ့ရတယ်။

မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည်

မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ကြောင်းကို သက်သေ အထောက်အထားများဖြင့် ရှင်းလင်းသွားမည်ဟု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သောကြာနေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ပြောသည်။

အမေရိကန် ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို USCB ကြိုဆို

မြန်မာ့သွင်းကုန် ပိတ်ပင်တားမြစ်မှု အပါအဝင် အခြား အရေးယူ ပိတ်ဆို့မှုများကို သုံးနှစ် ထပ်မံ သက်တမ်းတိုးရန် အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့သည့်အပေါ် မြန်မာ့အရေး လှုပ်ရှားနေသည့် အမေရိကန်အခြေစိုက် US Campaign for Burma (USCB) က ကြိုဆိုလိုက်သည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Chiang Mai 50202
Email Marketing Powered by MailChimp