- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[aurorageneration] Re: [8888peoplepower] Re: [Women-Group-Burma] Ma Hla Myaing to Ko Ko Gyi
ဒီ အွန်လိုင်းတွေပေါ်မှာ ဘင်္ဂါလီရယ်အမည်ခံ တချို့ရယ်၊ ဘင်္ဂါလီရိုဟင်ဂျာဆီကနေ ငွေကြေးအခွင့်အရေးယူပြီး ကိုယ်ကျိုးအတွက်သက်သက်- လူ့အခွင့်အရေးနနှင့် ရောထွေးအောင် လုပ်နေတဲ့ ကိုယ်ကျိုးရှာ အခွင့်အရေးသမား အကောင်တွေ ရှိနေတာတော့ သတိထားရလိမ့်မယ်။ ဒီကောင်တွေဟာ ဗမာယောင်ဆောင်ပြီး တိုင်းရင်းသားတွေထဲမှာ အချင်းအချင်း အထင်အမြင်လွဲအောင်လည်း အများကြီးလုပ်နေတာ တွေ့နေရတယ်။ အထူးသတိထား စောင့်ကြည့်ရမှာပဲ။
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
[New post] “ဖခင်တစ်ယောက်ရဲ့ ဘဝ နှင့် ဆန္ဒ” (Kyaw Moe, Zagawa Myay)
|
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- RCSS/SSA နှင့် ဖြစ်နေသည့်ပြဿနာ ဖြေရှင်း၍မရသည့်အဆင့်မဟုတ်ဟု UWSA ခေါင်းဆောင်ပိုင်းပြော
- အုပ်စုဥက္ကဌနှင့်ပြည်သူ့စစ်ခေါင်းဆောင်ပူးပေါင်း ဒေသခံများလယ်မြေသိမ်းယူရောင်းစား
- သျှမ်းပြည်မှမျှစ် တရုတ်ပြည်ပို့ ဝါးမျိုးသုဉ်းရေး မြို့မိမြို့ဖ များတွေးပူ
| RCSS/SSA နှင့် ဖြစ်နေသည့်ပြဿနာ ဖြေရှင်း၍မရသည့်အဆင့်မဟုတ်ဟု UWSA ခေါင်းဆောင်ပိုင်းပြော Posted: 07 Aug 2012 08:29 AM PDT ဒုက္ခသည်အရေးကြောင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တို့အကြား တပတ်ကျော်ကြာ စစ်ရေးတင်းမှာနေမှုအား နှစ်ဘက်ဖြေရှင်း၍ မရသည့် ကိစ္စမဟုတ် ကြောင်း ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ခေါင်းဆောင်ပိုင်းတဦးက ပြောပါသည်။ ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်"အလှူရှင်တွေက ဒုက္ခသည်တွေအတွက် ထောက်ပံ့စရိတ် လျှော့ချလိုက်လို့ ဝမ်းရေးအတွက် အခက်အခဲ ကြုံလာရ တယ်။ အဲဒီ့အတွက် ကျနော်တို့ ဒုက္ခသည်တချို့နဲ့ စပါး၊ ပြောင်း၊ ပဲစိုက်ခင်းလုပ်ဖို့ ထွန်ယက် စိုက် ပျိုးဖို့ သွားတယ်။ ဝ တပ်ဖွဲ့က သူတို့နယ်မြေကို ကျူးကျော်တယ်ဆိုပြီး လုံခြုံရေးတပ်ဖွဲ့နဲ့ လူထု တချို့ ကို ဖမ်းသွားတယ်၊ အဲဒီကနေ စဖြစ်လာတာပါ" - ဟု RCSS/SSA အရာရှိတဦးက ပြောပါသည်။ ဂျူလိုင်လနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သောပြဿနာအားဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ဘက်မှ ကိုယ်စား လှယ် နှစ်ကြိမ်စေလွှတ်ခဲ့သော်လည်း ဝ တပ်ဖွဲ့က လက်ခံဖြေရှင်းခြင်းမရှိခဲ့ဟု သျှမ်းပြည်တပ်မတော် အရာရှိအချို့က ပြော၏။ ယနေ့ ဩဂတ်စ် ၇ ရက် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ခေါင်းဆောင်ပိုင်းတဦးက - ဖြစ်ပွားနေ သည့် ပြဿနာအား ဖြေရှင်း၍ မရသည့် ပြဿနာမဟုတ်ကြောင်း၊ ထိပ်တိုက်မှုဖြစ်ပွားလာလျှင် လူထု ရော တပ်ထုပါ ဆုံးရှုံးနစ်နာမှုများမည်ကို သိရှိကြောင်း၊ ထို့အတွက် သျှမ်းပြည်တပ်မတော်အနေဖြင့် ဖြေရှင်းနိုင် မည့် အဆင့်မြင့် ကိုယ်စားလှယ် စေလွှတ်ရန် လိုအပ်ကြောင်း - သျှမ်းသံတော်ဆင့်သို့ ပြောကြားပါသည်။ အဆိုပါပြဿနာအားဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ဘက်မှ နှစ်ကြိမ်ထက်မနည်း ကိုယ်စားလှယ်စေလွှတ်ရာမှာ မြို့နယ်အဆင့်အုပ်ချုပ်ရေးပိုင်းသာ စေလွှတ်ခဲ့သည့်အတွက်ကြောင့် ဝ ဘက်မှ လက်ခံတွေ့ဆုံခြင်း မပြုခဲ့ဟု လည်း ပြောပါသည်။ မြန်မာစစ်တိုင်းရုံးကလည်း ၎င်းတို့၏ လက်အောက်ခံ တပ်ရင်းများအပေါ် - ပြဿနာဖြစ်နေ သည့်နယ်မြေသို့ လက်နက်ကိုင်ဆောင်၍ ဝင်ထွက်သွားလာခွင့် မပြုရန် ၊ မျက်နှာလိုက်ခြင်း၊ တဖက်ဖက်အား အားပေးအားမြောက်ပြုခြင်း မပြုရန် တားမြစ်ထားသည်- ဟု တိုင်းရုံးနှင့်နီးစပ်သည့်ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့် သို့ပြောပြသည်။ ဂျူလိုင် ၃၀ ရက်နေ့က သျှမ်းပြည်တပ်မတော်မှ ဒုက္ခသည် အချို့နှင့် လုံခြုံရေးယူပေးသည့် တပ်သားအချို့ က မိုင်းတုံမြို့နယ် ပုံတောင်းဒေသတဝိုက် စိုက်ခင်းနှင့်နေထိုင်ဖို့ တဲများဆောက်လုပ်နေစဉ် ဝ တပ်ဖွဲ့က သျှမ်းပြည်တပ်မတော်အား ကျူးကျော်မှုပြုသည်ဟုဆိုကာ အင်အားဖြည့် ဝိုင်းပိတ်၍ လူသူ လက်နက် အစုံ ၁၄ ဦး၊ စကားပြောစက် ၄ လုံး နှင့် ဒုက္ခသည် ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားခဲ့သည်ဟု သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်းကပြောပါသည်။ |
| အုပ်စုဥက္ကဌနှင့်ပြည်သူ့စစ်ခေါင်းဆောင်ပူးပေါင်း ဒေသခံများလယ်မြေသိမ်းယူရောင်းစား Posted: 07 Aug 2012 08:28 AM PDT လားရှိုးမြို့ တာ့ပုံအုပ်စုဥက္ကဌနှင့် မန်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင်ပူးပေါင်းကာ လားရှိုးဒေသခံများ၏ လယ်ယာမြေ ဧကထောင်ချီကိုသိမ်းယူကြောင်း လားရှိုးမြို့သတင်းရပ်ကွက်ကဆိုပါသည်။ အသိမ်းခံရလယ်မြေများတာ့ပုံအုပ်စု ကောင်းဟော်ရွာ ဘုန်းကြီးကျောင်းမှ ရှုမဆုံးနိုင်သောမြင်ကွင်းအထိ ဧကထောင်ချီသော လယ်မြေများ ကို မတရားနည်းလမ်းဖြင့် သိမ်းယူကာ တရုတ်ကုမ္မဏီ (AAA) နှင့် နှင်းနှင်းခိုင်ကုမ္မဏီသို့ထံ ပြန်လည်ရောင်းချပေးကြောင်း တာ့ပုံဒေသခံ တဦးကပြောသည်။ " တချို့ကိုလဲ သူတို့အလကားသိမ်းယူတယ်။ တချို့ကိုလဲ ပိုင်ရှင်နဲ့ဈေးညှိ၊ ဈေးနှိမ် ဝယ်ယူပေမယ့် ပိုက်ဆံအကုန် မချေဘူး။ တချို့ကိုတော့ ဓါးပြတိုက်ယူသလို သေနတ်နဲ့ချိန်ပြီးမှ ပေးမလားမပေးဘူးလားဆိုတာမျိုးလဲလုပ်တယ်။ အဲဒီလယ်တွေ ကတော့ ခေတ်အဆက်ဆက်က ကျွဲနွားကျောင်းနဲ့နေရာ၊ မယ်ဇလီတော၊ လယ်တော၊ စိုက်ပျိုးမြေ အစုံရှိတယ်။ သူတို့ ၂၀၁၀ ကစပြီး သိမ်းယူတာ၊ အခုလဲ ထပ်သိမ်းဖို့ သတင်းကြားနေတယ်" ဟု လယ်သမားတဦးဖြစ်သော အသက် ၅၀ အရွယ် ရှိ အဆိုပါ ဒေသခံက ပြောသည်။ အဆိုပါလယ်မြေများကို တရုတ်ကုမ္မဏီ (အေသုံးလုံးကုမ္မဏီ)က သတ္တုတူးခြင်း၊ စက်ရုံဆောက်ခြင်းများလုပ်နေပြီး နှင်းနှင်းခိုင် ကုမ္မဏီကမူ ရော်ဘာပင်စိုက်သည်ဟုဆို၏။ ယခုနှစ်အတွင်း သတ္တုတူးဖော်ရေးကို တိုးချဲ့လုပ်ကိုင်လာနေပြီး အတည်မပြုနိုင်သေးသည့် သတင်းအရ သတ္တုတူးဖော်ရေးအတွက် ကျေးရွာများအား ထပ်မံပြောင်းရွှေ့ခိုင်းရန်ရှိကြောင်း ကုမ္မဏီအလုပ်သမားများ အသိုင်းအဝိုင်းများမှသတင်း ထွက်ပေါ်လာခဲ့သည်။ "အမှန်ဆိုရင် ဒီပြည်သူ့စစ်တွေ အုပ်စုဥက္ကဌတွေဆိုတာ လူထုဘက်ကနေပြီး ကာကွယ်ပေးရမယ်လေ။ လူထုရဲ့အားကိုးရာ နေရာ ဖြစ်သင့်တယ်လေ။ ဒါပေမယ့်အဲလိုမဟုတ်တော့ လယ်မြေအသိမ်းခံရတဲ့လူတွေ ကျားဖြူပါတီဆီကို စာတင်ပြီး အကူအညီတောင်းထားတယ်လို့ကြားရတယ်" ဟု လားရှိုးဒေသခံ လူငယ်တဦးကလည်းပြောသည်။ ဒေသခံများ အသိမ်းခံရလယ်ပိုင်ရှင်များက မြို့ရွာအုပ်ချုပ်ရေး၊ မြေတိုင်းဌာန စသည့် ဆိုင်ရာအာဏာပိုင်များအား ကူညီဖြေရှင်းပေးရန်၊ အေသုံးလုံး(တရုတ်)ကုမ္မဏီ၊ နှင်းနှင်းခိုင်ကုမ္မဏီ၊ တာ့ပုံအုပ်စုဥက္ကဌ စိုင်းညွန့်နှင့် မန့်ပန်ပြည်သူ့စစ်ခေါင်းဆောင် တို့ထံ ဆွေးနွေးပေးရန်အကူအညီ တောင်းထားသည်ဟုလည်း ဒေသခံများကပြောသည်။ |
| သျှမ်းပြည်မှမျှစ် တရုတ်ပြည်ပို့ ဝါးမျိုးသုဉ်းရေး မြို့မိမြို့ဖ များတွေးပူ Posted: 07 Aug 2012 08:24 AM PDT တရုတ်နိုင်ငံမှလက်ခံဝယ်ယူမှုကြောင့် သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ရှိ တရုတ်လူမျိုးများက ဒေသခံလူထုထံ မျှစ်များ တရက်ပိဿာချိန် ရာချီဝယ်ယူနေသဖြင့် ဝါးမျိုးသုဉ်းမည့်အရေး မြို့မိမြို့ဖများတွေးပူနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်ကဆိုပါသည်။ ![]() "လူတွေက ရှေ့ရေး သစ်တောပြုန်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာညာ ဘာမှမတွေးဘူး။ မသိကြဘူး။ တပိဿာ ၁၅၀ ထဲရယ်။ မက်စရာလဲမရှိ။ ဘာလို့ယူလာရောင်းပေးနေကြတာလဲမသိဘူး။ နောက် ၄ - ၅ နှစ်ဆိုရင် ဝါးမျိုးတွေ သုဉ်းမှာသေချာတယ်။ တရုတ်က ဝယ်သမျှ သူတို့ကောက်ရောင်း နေရင်တော့ အနာဂတ်သဘာဝ အရင်းအမြစ်တွေအတွက် ရင်လေးတယ်ဗျာ" ဟု လားရှိုး မြို့နေ မြို့မိမြို့ဖ တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။ မျှစ်ခြောက်လုပ်၍ တရုတ်ပြည်သို့ ပို့ဆောင်ရောင်းချရန် လားရှိုးမြို့နေ တရုတ်များက မျှစ်များကိုလက်ခံဝယ်ယူ နေခြင်းဖြစ် ကြောင်း၊ နမ္မတူချောင်းတလျှောက်၊ နမ့်ယော်ချောင်းတလျှောက်၊ မန်စံဒေသ၊ လွယ်တောက်ဒေသ၊ သိန္နီ မြို့ မိုင်းလီဒေသ တို့မှ လားရှိုးသို့ ဆိုင်ကယ်ဖြင့် လာရောက်ရောင်းချကြကြောင်းဒေသခံလူငယ်တဦးကလည်းပြောသည်။ "ဆိုင်ကယ်တစီးဆိုရင် မြွေရေခွံအိတ်ကြီး ၃-၄ အိတ်တင်ပြီး မြို့ထဲဆင်းကြတာ။ တနေ့တနေ့ ဆိုင်ကယ် အစီးရေမနည်းဘူး။ မျှင်ဝါး၊ ဝါးပိုးဝါးမျှစ်တွေပေါ့။ တရက်တရက်ကို ခန့်မှန်း ပိဿာချိန် ၆၀၀ နဲ့အထက် လောက် ဝယ်ယူနေရတယ်လို့ တရုတ် တွေနဲ့ သိတဲ့လူတွေကပြောတယ်။ ကန့်ရေနဲ့ဇိမ်ပြီးအခြောက်လှမ်းတယ်။ ဓါတုဆေးဆိုးပြီး တရုတ်ပြည်မကြီးပို့တာတဲ့။ သူများ နိုင်ငံက သစ်တောပြုန်းမှာစိုးလို့ ဝါးမျှစ်တွေပေးမယူဘူး။ ကျမတို့ဆီကတော့ ရှိသမျှထုတ်ရောင်းတယ်။ သစ်တောပြုန်းလား ဘာလား ဘာမှမစဉ်းစားဘူး။ရောင်းရဖို့ဘဲ သိတယ်။အခုလို ရောင်းဝယ်နေကြတာ ၂ လလောက်ရှိပြီ။" ဟု ခေတ်ပညာတတ် အဆိုပါ လူငယ်ကဆက်လက်ပြောပြသည်။ ယခုကဲ့သို့ မျှစ်စိမ်းရောင်းဝယ်မှုကို နမ္မတူမှ ကျားဖြူပါတီလွှတ်တော်အမတ် နန်းခမ်းအေးက လွှတ်တော်အတွင်း တင်ပြမှု ကြောင့် ယမန်နှစ်က အာဏာပိုင်များက ပိတ်ပင်ခဲ့ဖူးသည်ဟု လားရှိုးမြို့ခံများကပြော၏။ တနှစ်ခန့်ရောင်း ဝယ်မှုရပ်တန့် သွား ပြီး ယခုနှစ်မျှစ်ပေါ်ချိန် ပြန်လည်ရောင်းဝယ်လာကြခြင်းဖြစ်ကြောင်း၊ ယခုချိန်မထိမည်သည့်အာဏာပိုင်မှ တားမြစ်ခြင်း မပြကြသေးကြောင်း သဘာဝပတ်ဝန်းကျင်မြတ်နိုးသည့် ဘုရားဒကာတဦးက လည်းပြောပြသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
[mrsorcerer:28889] Fwd: [လူဗိုလ်ဟူသည် ...] ဥပဒေ စာအုပ်များ
From: Blogger <no-reply@blogger.com>
Date: 2012/8/7
Subject: [လူဗိုလ်ဟူသည် ...] ဥပဒေ စာအုပ်များ
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/08/2012 01:37:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:28888] Fwd: [လူဗိုလ်ဟူသည် ...] နတ်ဆိုးတွန်သံ
From: Blogger <no-reply@blogger.com>
Date: 2012/8/7
Subject: [လူဗိုလ်ဟူသည် ...] နတ်ဆိုးတွန်သံ
To: lubo601@gmail.com
by Manor Hary on Tuesday, August 7, 2012 at 9:48am ·
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/08/2012 12:40:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:28886] Fwd: [လူဗိုလ်ဟူသည် ...] ငါသည် ငြိမ်သက်စွာ စောင့်ဆိုင်းလျက်
From: Blogger <no-reply@blogger.com>
Date: 2012/8/7
Subject: [လူဗိုလ်ဟူသည် ...] ငါသည် ငြိမ်သက်စွာ စောင့်ဆိုင်းလျက်
To: lubo601@gmail.com
by Zay Ya on Tuesday, August 7, 2012 at 6:35am ·
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/08/2012 12:34:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:28886] Fwd: [လူဗိုလ်ဟူသည် ...] ပရဟိတ အနုပညာရှင်လူသားတစ်ဦးအား ထုဆစ်ခြင်း
From: Blogger <no-reply@blogger.com>
Date: 2012/8/7
Subject: [လူဗိုလ်ဟူသည် ...] ပရဟိတ အနုပညာရှင်လူသားတစ်ဦးအား ထုဆစ်ခြင်း
To: lubo601@gmail.com
မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များအစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)မှ ပညာရေးလှုပ်ရှားမှု အစီအစဉ်တစ်ရပ်အဖြစ် ပန်းချီဆရာမောင်မောင် (ခ) ဦးကျော်သူ (နာရေးကူညီမှုအသင်း-ရန်ကုန်) ဥက္ကဋ္ဌ အား ဂုဏ်ပြု၍ ပုံတူပန်းချီနှင့် ပန်းပု လက်တွေ့ရေးဆွဲ ထုလုပ်ခြင်း အခမ်းအနားအား ၅.၈.၂ဝ၁၂ ရက်နေ့ နံနက် (၉း၃ဝ) နာရီအချိန်မှ စတင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ တည်ဆောက်ဆဲ ခန်းမဆောင် (အသစ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးကျော်သူသည် ပန်းချီပညာရပ်အား ငယ်ရွယ်စဉ် ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ်အတွင်း နွေရာသီပန်းချီရက်တိုသင်တန်းအား ပန်းချီဆရာကြီး ဦးသောင်းဟန်ထံတွင် ပန်းချီပညာကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၈ဝ ခုနှစ်တွင် ဒေသကောလိပ် - ၂ (လှိုင်)၊ တက္ကသိုလ်ပန်းချီပြပွဲ၌ ပန်းချီ မောင်မောင်အမည်ဖြင့် ပိုစတာကာလာ ပန်းချီကားချပ် (၁ဝ) ချပ်ကို ဝင်ရောက်ပြသခဲ့သည်။ ဒုတိယ အကြိမ် ၁၉၈၆ ခုနှစ်တွင် ယုဒဿန်ခန်းမ၌ ကျင်းပပြုလုပ်သည့် "အဇ္ဈတ္တပန်းချီ" ပြပွဲ၌ "နာကြည်းမှု (ဘဝဈေး)" သရုပ်ဖော်ပန်းချီ ကားချပ်တစ်ချပ် ပြသခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ပန်းချီလောကသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ပန်းချီကျော်သူအမည်ဖြင့် ရေးဆွဲထားသော "မမြင်ချင်၊ မကြားချင်၊ မပြောချင်" ပန်းချီကားချပ်အား စိတ်ကျန်းမာရေး အထူးကုဆေးရုံရှိ ပန်းချီပညာရပ်ဖြင့် ကုသနည်းခန်းမအတွက် လှူဒါန်းခဲ့သလို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကအား "ကြာလိုလူ" အမည်ရှိ သရုပ်ဖော်ပန်းချီကားချပ်တစ်ချပ် လှူဒါန်းပေးအပ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် လောကနတ်ပန်းချီခန်းမ၌ "ဆူး" အမည်ရှိ ပေါက်ကွဲမှုပန်းချီကားချပ်တစ်ချပ် ပြသခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် ကမ္ဘာမြေပြင်ကို အလည်ရောက် ဘဝ … ဘဝတွေကိုဖြတ်သန်း လှော်ခတ်ရင်း ငြိမ်းချမ်းမှု သစ္စာတရားကို ရှာဖွေတွေ့ရှိခဲ့သူ လူသားတစ်ယောက်၏ ပုံရိပ်မှတ်တိုင်များ (သို့) ကျော်သူ၏ Kyaw Thu`s Art Zone အမည်ဖြင့် ကိုယ်ပိုင်ပန်းချီပြခန်းအား ဖွင့်လှစ်ကာ တစ်ကိုယ်တော်ပန်းချီပြပွဲအား ကျင်းပနိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် တစ်ကိုယ်တော် ပန်းချီပြပွဲအား Kyaw Thu`s Art Zone Vol:2 အဖြစ် ဒုတိယအကြိမ်မြောက် ပြသနိုင်ခဲ့သည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်၊ ဇွန်လတွင်လည်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် First Break Out အမည်ဖြင့် ပန်းချီပြပွဲအား ကျင်းပနိုင်ခဲ့သည်။ ပန်းချီမောင်မောင် (ခ) ကျော်သူသည် ယနေ့ချိန်ထိ ပန်းချီကားချပ်များအား ရေးဆွဲလျှက်ရှိသည်။
ထိုကဲ့သို့သော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးလည်းဖြစ်သူ ပန်းချီဝါသနာရှင်လည်းဖြစ်သူ လူမှုရေးလောကတွင်လည်း အများအတွက် ပေးဆပ်လုပ်ကိုင်နေသူတစ်ဦးအား ဂုဏ်ပြုသောအားဖြင့် ၅.၈.၂ဝ၁၂ ရက်နေ့ နံနက်တွင် ဦးကျော်သူ၏ ရုပ်ပုံလွှာအား ပုံတူပန်းချီ၊ ပန်းပုပညာရှင်များက အမှတ်တရဂုဏ်ပြု ရေးဆွဲပွဲအား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ပန်းပုပညာရှင်ဆရာကြီးများ ဖြစ်ကြသော ဦးလွင်မောင်၊ ဦးတင်မြ၊ ဦးကြည်စိန်လေး (ထားဝယ်)၊ ဦးမြမောင်၊ ဦးကျော်ညွန့်၊ ဦးဆန်နီညိမ်း၊ စာပေလောကမှ ဦးဝင်းငြိမ်း (ရွှေအမြုတေ၊ အလင်းတန်းဂျာနယ်)၊ ကိုမျိုး-မြန်မာစာ (ပေါ်ပြူလာဂျာနယ်) စာပေပညာရှင်များနှင့် စိတ်ဝင်စားကြသူများ တက်ရောက်အားပေးခဲ့ကြသည်။ ပန်းချီ ပညာရှင်ဆရာများဖြစ်ကြသော ဦးသက်အောင်၊ ဦးသပြေမြင့်သိန်း၊ ဦးဇော်ဝင်း(ငှက်ပျောသီး)၊ ဦးကြင်၊ ဦးဇော်ဝင်းဖေ၊ ဦးရဲမြင့်(ရှေ့သို့)၊ ဦးရွှေမြင့် အစရှိသည့် ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ) ဦးခန့်တို့သည် နံနက် (၉း၃ဝ) နာရီအချိန်ခန့်မှ စတင်ကာ ညနေ (၄းဝဝ) နာရီအချိန်ထိ ရေးဆွဲခဲ့ကြကာ ပန်းချီဆရာများ၏ မျိုးဆက်သစ် သမီးငယ်လေးတစ်ဦးမှလည်း ဦးကျော်သူ၏ ဂျိုးငှက်လွှတ်နေသည့်ရုပ်ပုံအား အမှတ်တရ ရေးဆွဲခဲ့ပြီး ပန်းပုပညာရှင် ကိုကျော်ကျော်မင်းမှ ဦးကျော်သူ၏ ပုံတူရုပ်တုအား ထုလုပ်ခဲ့ကြပြီး ပန်းချီ ကားချပ်များနှင့် ရုပ်တုအား ဦးကျော်သူအတွက် အမှတ်တရ ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။
ကျော်ကျော်မင်း (ပန်းပုပညာရှင်)
ကိုကျော်သူကတော့ မူလအစက ပန်းချီဆရာ မောင်မောင်ဖြစ်ပါတယ်။ ကျွန်တော်တို့လို ပန်းချီ ဆရာတွေထဲကနေ အခုလိုမျိုး ပြည်သူတွေကို အကျိုးပြုတဲ့လူတစ်ယောက် ပေါ်ထွန်းလာတဲ့အတွက် ကျွန်တော်က ဂုဏ်ပြုရေးဆွဲခြင်းဖြစ်ပါတယ်။
ရွှေမြင့် (ပန်းချီ)
ဦးကျော်သူလုပ်ခဲ့တာက ရုပ်ရှင်ကိစ္စတို့၊ နာရေးကူညီမှုကိစ္စတွေ သူကလုပ်ခဲ့တော့ ကျွန်တော်တို့က လေးစားတယ်။ လေးစားတော့ ဂုဏ်ပြုပွဲလေးလုပ်ပြီး သူရဲ့ ပေါ့ထရစ် ရေးဆွဲမယ်။ သူ့ရဲ့ပုံစံမျက်နှာက အရမ်းရေးချင်တဲ့ ပုံမျိုးဖြစ်တယ်။
ဇော်ဝင်း (ငှက်ပျောသီး)
ဦးကျော်သူကို များသောအားဖြင့် သိကြတာကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့ တွဲဖက်ပြီး ဘယ်လိုမှ ခွဲခွာလို့မရပါဘူး။ အဲဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ဂုဏ်ပြုရေးဆွဲခြင်း ဖြစ်ပါတယ်။
ဇော်ဝင်းဖေ (ပန်းချီ)
အရင်က ကျွန်တော်တို့ ရေးနေကြတာ အမျိုးသမီးပုံတွေ၊ ကိုရင်လေးတွေ ဒါမျိုးလေးတွေ။ အခု နောက်ပိုင်းမှာ တကယ့်အမှတ်တရ ဖြစ်နိုင်လောက်တဲ့၊ ဖြစ်စေလောက်တဲ့ ပုဂ္ဂိုလ်တွေကို ရေးဆွဲကြတာ တွေ့ရတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဦးကျော်သူဆိုတာ အခုအချိန်မှာ ကိုယ်မလုပ်နိုင်တဲ့ ကိုယ် မဖြည့်နိုင်တဲ့ ပါရမီကိုဖြည့်နေတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့က ရေးခွင့်ရခဲ့တယ်။
ကြည်စိန်လေး (ထားဝယ်)
ဦးကျော်သူလိုပုဂ္ဂိုလ်မျိုး ယခုမြန်မာနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီးတော့ အများအတွက် အထောက်အကူ ပြုနေတဲ့ လူတစ်ယောက် ကျွန်တော်တို့ မြန်မာမှာရော၊ ကမ္ဘာမှာရော ဂုဏ်ယူစရာ လူတစ်ယောက်အနေနဲ့ ရုပ်တုတစ်ခုထားသင့်တဲ့ အခြေအနေမှာလည်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ဦးကျော်သူရုပ်တုကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ အကောင်းဆုံးရုပ်တုတစ်ခုအနေနဲ့ နိုင်ငံခြားမှာ ဒေါက်တာတွေကို ထုထား သလို ထုချင်တဲ့ဆန္ဒ ပြင်းပြနေလျှက်ရှိပါတယ်။
ဦးဆန်နီညိမ်း (ပန်းပု)
ပုံတူဆွဲတယ်ဆိုတာ အနုပညာရှင်တစ်ယောက်ကနေပြီးတော့ နောက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြောင်းကို သူကတစ်ဆင့်ဖော်ပြတာပဲ။ ကိုယ်နဲ့နီးစပ်ရာတွေ ဒါမှမဟုတ် ကျော်ကြားတဲ့သူတွေ၊ အောင်မြင်တဲ့သူတွေ မှတ်တမ်းတင်ခဲ့ချင်လို့။ မှတ်တမ်းတင်သင့်တဲ့သူတွေကို ဆွဲတာပေါ့။ အခု ကိုကျော်သူကို ပုံတူဆွဲကြတယ်ဆိုတာကလည်း သူ့ဘဝမှာ သူလုပ်ဆောင်ခဲ့တာတွေ၊ သူသယ်ပိုးခဲ့တာတွေ ကို လေးစားတန်ဖိုးထားပြီးတော့ ပုံဆွဲကြတာပါ။ ဒီကနေပွဲရဲ့ ဖန်တီးမှုကတော့ အားရစရာပါပဲ။
ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ် အယ်ဒီတာချုပ်)
လက်တွေ့ရေးဆွဲတယ်။ လက်တွေ့ဓါတ်ပုံရိုက်တယ်ဆိုတာ များသောအားဖြင့် မိန်းမချောချောလေး တွေကို ဆွဲကြတယ်။ ဓါတ်ပုံရိုက်ကြတယ်။ အခုလို ထူးခြားတဲ့ပုံအနေနဲ့ ကိုကျော်သူကို ပန်းချီဆွဲကြတယ်။ ပန်းပုထုကြတယ်။ အင်မတန်ထူးခြားပါတယ်။ အဲဒါကြောင့် ကျွန်တော်ကြွရောက် ချီးမြှင့်ခဲ့တာပါ။ ပန်းချီ ကိုဇော်ဝင်း(ငှက်ပျောသီး)ဆိုလို့ရှိရင် စတိတ်ရှိုးတွေဆွဲရင် ပေအတော်မြင့်မြင့် ပုံကြီးတွေကို လက်တန်းဆွဲ နိုင်တဲ့ဆရာပါ။ သူဒီမှာလာပြီးတော့ ရေးဆွဲနေတယ်ဆိုတာ အတော်ကို အံ့သြစရာပါ။ ကြည်နူးစရာပါ။
ကိုလင်း (သတင်းထောက်)
ဓါတ်ပုံဆရာတွေစုပြီးတော့ မော်ဒယ်(လ်)တွေကို ရိုက်ကြတယ်။ အခုလို ထူးထူးခြားခြား ပန်းချီ လည်းပါတယ်။ ပန်းပုလည်းပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဘာလည်းဆိုတော့ ကျော်သူက မော်ဒယ်(လ်)သဘောမျိုး ထိုင်နေတယ်ဆိုပေမယ့် ကျော်သူကို ရေးဆွဲကြတာမဟုတ်ဘဲနဲ့ ကျော်သူရဲ့ အတွင်းစိတ်ကို ဖော်ထုတ်ပြီးရေးဆွဲကြတာဆိုတော့ ကောင်းပါတယ်။ ပန်းချီဆရာအချင်းချင်းနဲ့လည်း ရင်းနှီးမှု၊ ချစ်ကြည်မှု၊ တစ်ယောက်ပညာ တစ်ယောက်ရမယ်ဆိုတော့ အင်မတန်ကောင်းပါတယ်။
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် (နာရေးကူညီမှုအသင်း-ရန်ကုန်) အတွင်းရေးမှူး
ကိုကျော်သူကတော့ တစ်ချိန်က အင်မတန်မှ ရုပ်ရည်ချောမောလှပတဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ပေါ့။ အဲဒီဘဝတုန်းက ဘယ်သူမှသူ့ကို ပန်းချီဆွဲပေးဖို့၊ ပန်းပုထုပေးဖို့ သူ့အလိုလို စိတ်ဝင်စား တဲ့လူမရှိခဲ့ဘူး။ အခုချိန်မှာ သူ့အလိုလို စိတ်ဝင်စားပြီးတော့ ရုပ်ရည်အနေနဲ့တော့ မလှတော့ဘူး။ အများ အကျိုးကို ရွယ်သယ်ပိုးတဲ့လူတစ်ယောက်၊ ဒီလူရဲ့စိတ်ဓါတ်ကို လေးစားလို့ လာရောက်ပြီး ရေးဆွဲကြတော့။ ကျွန်မ ဘာသွားမြင်လည်းဆိုတော့ စိတ်ဓါတ်ရဲ့ အနှစ်သာရက ရုပ်ရည်ပကာသနထက် ပိုပြီးတော့ အင်အားကြီးတာကိုမြင်တယ်။ ရေးဆွဲကြတဲ့ ပညာရှင်တွေကလည်း အကာနဲ့အနှစ်ကို ခွဲတတ်တဲ့သူလို့ ကျွန်မနားလည်တယ်။
ကျော်ကျော်မြင့် (နာရေးကူညီမှုအသင်း-ရန်ကုန်) အသင်းသား
အရင်ကနဲ့ အခုအချိန်မှာ ကွာခြားမှုကတော့ အကြီးကြီးဖြစ်သွားပြီ။ အရင်တုန်းကတော့ မင်းသား တစ်ယောက်အမြင်နဲ့ သိကြတယ်။ အခုက ပြည်သူတွေကို အကျိုးပြုနေတဲ့ ပရဟိတဆိုတော့ မင်းသားနဲ့ ပရဟိတသမား ပြည်သူတွေကိုပေးဆပ်တဲ့ အနေအထားခြင်းလည်း အရမ်းကွာသွားပြီ။ အဲဒီအတွက်လည်း အရမ်းဝမ်းသာပါတယ်။
ဝင်းလဲ့ဇင် (နာရေးကူညီမှုအသင်း-ရန်ကုန်) အသင်းသူ
ဒီနေ့မြင်ကွင်းလေးက ကြည်နူးဖို့အရမ်းကောင်းပါတယ်။ ဘာပဲပြောပြော မင်းသားဘဝတုန်းက အခုလိုမျိုးမရှိခဲ့ဘူး။ အခုလိုမျိုး လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့အခါကြတော့ သူ့ပုံတူတွေလည်းဆွဲတယ်။ ပန်းပုထုကြတယ်ဆိုတော့ အရမ်းလည်း ဂုဏ်ယူဖို့ကောင်းပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ) ဦးတို့၏ မတူညီသော ရေးချက်များ၊ ရေးပုံ ရေးနည်း ပညာရပ်များတို့ ကြောင့် ဦးကျော်သူ၏ ပုံရိပ်လွှာများ၊ ပန်းချီကားများသည် ဦးကျော်သူကိုယ်ပွား ရုပ်ပုံလွှာ (၄ဝ) ထွက်ရှိလာခဲ့သော်လည်း ဦးကျော်သူ၏ အတွင်းစိတ်သဏ္ဍာန် ခံယူချက်များသည်ကား ပုံရိပ်လွှာတိုင်းတွင် ထူးခြားစွာဖြင့် တစ်ခုတည်းသော စိတ်အစဉ်ကို ဖော်ပြနေခြင်းအား တွေ့မြင်လိုက်ရ တော့သည်။
ကိုကျော်သူ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/08/2012 12:25:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ



