[New post] ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ထူးဆန်းသည့် သတင်းတပုဒ်

admin posted: "မိုးမခအထောက်တော် အမှတ် ၀၀၇ သြဂုတ် ၁၇၊ ၂၀၁၂ မွန်ပြည်နယ်တွင် တွေ့ရသော ကားတစီး (ဓာတ်ပုံ - မိုးမခ"

[New post] အမေရိကန်သမ္မတ အိုဘားမား ၅၁ နှစ်ပြည့် (MoeMaKa)

admin posted: " မိုးမခဓာတ်ပုံသတင်း၊ သြဂုတ် ၁၈၊ ၂၀၁၂ ယမန်နေ့ သြဂုတ် ၁၇က အမေရိကန်ပြည်ထောင်စု၏ ၄၄ ဦးမြောက်၊ ပထ�"

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သမ္မတ ဦးသိန်းစိန်ကမ်းသောငြိမ်းချမ်းရေးလက် နှင့် တိုင်းရင်းသားတို့၏ခံစားချက်

Posted: 17 Aug 2012 03:05 AM PDT

၂၀၁၁ ဩဂတ်စ် ၁၈ ရက်နေ့ က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် က တိုးတက်သောနိုင်ငံတော်ကို တည်ဆောက်ရန်အတွက် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရန် လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အား ငြိမ်းချမ်းရေးအတွက် လက်ကမ်းခဲ့ပါ တယ်။ တစ်နှစ်ပြည့်တဲ့ ယနေ့မှာ ငြိမ်းချမ်းရေး ဘယ်အဆင့်အထိတည်ဆောက်ပြီးနေပြီလဲ။ အားသာချက်အားနည်း ဘာတွေရှိနေပါသလဲ။ လက်တွေ့မှာ တိုင်းရင်းသားတွေက ဘယ်လိုဆန္ဒ သဘောထားရှိပြီး ဘယ်လိုခံစားနေသလဲဆိုတာ သျှမ်းသံတော်ဆင့်ကနေ တိုင်းရင်းသားခေါင်းဆောင် တချို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

တစ်နှစ်ဆိုပေမယ့် အခုမှစနေတုန်း

နော်စီဖိုးရာစိန်ဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေး သဘောတူညီမှုလက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေအထွေ အတွင်းရေးမှူး ဖြစ်ပါတယ်။


"မြန်မာပြည် ပဋိပက္ခက နှစ် ၆၀ ကျော် ဖြစ်ပွားတယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်စလုပ်တာ၊ စခေါ်တာ Zipporah_Seinတစ်နှစ်ပြည့်ပေမဲ့ ဘယ်အထိရောက်ပြီလဲဆိုတော့ စတုန်းပါဘဲ။ နောက်ထပ်သွားရမှာ အများကြီး လို သေးတယ်။ ဒီ ၆၀ နှစ်အတွင်း နိုင်ငံရေး ပဋိပက္ခဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေး ပြဿနာကို နိုင်ငံ ရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် တဆင့်ပြီးတဆင့် သွားရမယ်။ အခုက အပစ်ရပ်စဲရေးအဆင့်ဘဲရှိသေး တယ်။ အပစ်ရပ်တာ တည်ငြိမ်ပြီးဆိုရင် နိုင်ငံရေးဆွေးနွေးရမယ်။ နိုင်ငံရေး ဆွေးနွေးတာလည်းတဆင့် ပြီးတဆင့် သွားရမယ်။ နိုင်ငံရေးပြဿနာကို တစ်နှစ်အတွင်း ဖြေရှင်းရမှာမဟုတ်ဘူး။ ခနလေးအတွင်း မှာလည်း မဟုတ်ဘူး။ အဲဒါကတော့ စိတ်ရှည်လက်ရှည်နဲ့ သွားရမယ်။ တဖြည်းဖြည်းနဲ့ တိတိကျကျ သွားမှ အောင်မြင်မှုရှိမယ်။

နော်စီဖိုးရာစိန်

အစစအရာသတိထားရမယ်

ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ သျှမ်းပြန်လည်ထူထောင်ရေးကောင်စီရဲ့ ဉက္ကဌ ဖြစ်ပါတယ်။ ၂၀၁၁ နိုဝင်ဘာ ၁၉ ရက်နေ့ က အစိုးရကိုယ်စားလှယ်နဲ့ ပထမဦးဆုံးတွေ့ဆုံပြီး ဒီဇင်ဘာ ၂ ရက်နေ့ ၂၀၁၁ က ပဏာမ အဆင့် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။


"သမ္မတ ဦးသိန်းစိန် က ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကြေငြာတာ တနှစ်ပြည့်ပေမဲ့ ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးရတာ တနှစ်မပြည့်သေးဘူး။ ဆွေးနွေးတဲ့ကာလပတ်လုံး ဘာမှမအောင်မြင်သေး Sao_Ywaut_Suekဘူးလို့ မြင်ပါတယ်။ သဘောတူညီချက်တွေကိုလည်း အကောင်အထည်ဖော်နိုင်တာ မရှိသေးဘူး။ အစိုးရက ငြိမ်းချမ်းရေး ကြေငြာထားပေးမဲ့ စစ်တပ်က တမျိုးလုပ်နေတယ်။ ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် တိုက်ပွဲ ဖြစ်နေတုန်း။ ဆွေးနွေးပြီးကတည်းက ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ အကြိမ် ၃၀ ရှိပြီ။ SSPP/SSA ၊ ကချင်၊ ကရင်၊ ကရင်နီတို့နဲ့လည်း တိုက်ပွဲဖြစ်နေတုန်း။ ယုံကြည်မှုမရှိ၊ တိုက်ပွဲတွေလည်း ဖြစ်နေတယ်ဆိုရင် အစစ အရာရာကို သတိထားရတော့မယ်။ အဲဒါဟာ ငြိမ်းချမ်းရေး ဖော်ဆောင်တာ မအောင်မြင်ဘူးလို့ ပြသနေတာဘဲ။ မိုင်းတော့-မိုင်းထားကို ပေးမယ်ဆိုတာလည်း မဖြစ်လာဘူး။ အစိုးရရဲ့ ပေါ်လစီအတိုင်း မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်မယ်ဆိုတာလည်း မဖြစ်လာသေးဘူး။ ဒါမလုပ်ရဘူး ဟိုဟာမလုပ်ရဘူးဆိုပြီး တားမြစ်တယ်။ ဆက်ဆွေးနွေးဖို့ လိုသေးတယ်။ ပြဿနာကို သုံးသပ်ပြီး ဆွေးနွေးရမယ်။ ဆွေးနွေးခြင်းဟာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မှာဖြစ်တယ်။ တိုက်ပွဲနဲ့ ဖြေရှင်းလာတာ အနှစ် ၆၀ ရှိပြီ။ ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် တိုင်းပြည်လည်း တနေ့ထက် တနေ့ ဆုတ်ယုတ်လာတယ်။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံစာရင်းမှာ ပါဝင်နေတယ်။ ကျနော်တို့ ရှေ့ဆက်ဆွေးနွေးဖို့ ကဏ္ဍ ၃ ခု ရှိတယ်။ နံပါတ်တစ်ကတော့ သဘောတူညီချက်တွေကို ပြန်ပြီး သုံးသပ်ရမယ်။ ဘာဖြစ်လို့ အကောင်အထည် မဖော်နိုင်သလဲဆိုတာ သုံးသပ်ပြီး ဖြေရှင်းရမယ်။ နံပါတ်နှစ်ကတော့ မူးယစ်ဆေးဝါး ပြဿနာဘဲ။ ပြည်သူတွေကို မူးယစ်ဆေးဝါးက ဖျက်စီးနေပြီ။ ဘိန်းစွဲတဲ့လူ၊ ဘိန်းရောင်းဝယ်တဲ့သူတွေ အရမ်းများနေပြီ။ ဒါလည်းဖြေရှင်းရမယ်။ အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ပေါ်လစီရှိပေမဲ့ တရားဝင် လုပ်ဆောင်နေတာတွေ မရှိဘူး။ အစီအစဉ်တကျ လုပ်ဆောင်တာ မရှိဘူး။ အစီစဉ်တကျ လုပ်ဆောင်နိုင်အောင် ဆွေးနွေးရမယ်။ နံပါတ်သုံးကတော့ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်တယ်။ နိုင်ငံရေး ဆွေးနွေးဖို့ အစိုးရက ဘယ်အချိန် သဘောတူမှာလည်းဆို တာ စောင်ကြည့်ရမယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး ဘယ်အချိန် သဘောတူမှာ လည်းဆိုတာ စောင်ကြည့်ရမယ်။ နိုင်ငံရေး ဆွေးနွေးတာ ပြည်သူလည်း ပါဝင်ရမယ်။"

ဒုတိယ ဗိုလ်ချုပ်ကြီးယွတ်စစ်

အမျိုးသားဆိုင်ရာရပိုင်ခွင့်သာပဓာန

ဗိုလ်မှူးကြီးခွန်သူရိန်ဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ အတွင်းရေးမှူးလဲ ဖြစ် ပြောခွင့်ရ ပုဂ္ဂိုလ်လဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက အစိုးရတပ်က SNPLO ကို အင်အားသုံးတိုက် ခိုက် ခဲ့လို့ အပစ်ရပ်စဲပျက်ပြားပြီး SNPLO အဖွဲ့ဖွဲ့ကွဲသွားပါတယ်။ ဗိုလ်မှူးချုပ်ခွန် ခွန်ထိဆောင် နဲ့ ဗိုလ်မှူးကြီး ခွန်သူရိန်တို့က တောပြန်ခိုပြီး ထိုင်းနယ်စပ်သို့ ပြောင်းရွေ့အချပါတယ်။ တခြားပအိုဝ်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး PNLO ကိုဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပါတယ်။


" ငြိမ်းချမ်းရေးဆိုတာ သမ္မတကြီးကပြောခဲ့တာဘဲ။ မြေပြန့်မှာနေတဲ့ဗမာအမျိုးသားတွေနဲ့ တောင်ပေါ် မှာနေတဲ့ တိုင်းရင်းသားတွေကြားမှာ ဖွံ့ဖြိုးမှုအဆင့်မညီမျှသေးဘူးဖြစ်နေတယ်။ သမ္မတဟာ တိုင်းရင်း သားတွေဒေသကိုမြေပြန့် မှာလို လမ်းတံတားတိုးတက်မှုတွေလုပ်ပေးဖို့ဆန္ဒရှိမယ်ဆိုရင် တိုင်းရင်းသား နဲ့ khun-thurein1ဗမာကြားမှာ အမြင်တိမ်းစောင်းမှု မရှိတော့ ဘူးလို့ သမ္မတကပြောတယ်။ သမ္မတရဲ့ယူဆချက်ဟာ မမှန်ဘူးလို့မပြောပါဘူး။ တချို့အားဖြင့်သာမှန်ပါတယ်။ အများစုလို အပ် ပါသေးတယ်။ ဘာလဲဆိုတော့ တိုင်းရင်းသားဆိုတာသူ့အမျိုးသားရဲ့ အမျိုးသားရေးဆိုင်ရာ ရပိုင်ခွင့်ကို ရချင်တာကိုး။ လမ်းပန်းဆက် သွယ်ရေး ဘာရေးညာရေး ဖွံ့ဖြိုးရေးကိစ္စလိုချင်တာမှန်ပေမယ့် အဲဒီထက်အရေးကြီးတဲ့ အမျိုးသားရေး ဆိုင်ရာ အခွင့်အရေးက ပထမတန်းပိုကျနေတဲ့အတွက်ကြောင့် အဲဒီဟာကိုနိုင်ငံတော်သမ္မတဖြစ်တဲ့ သိန်းစိန်တို့ကနေပြီး စဉ်းစား ဝေဖန်ပိုင်းခြားပေးရင် နိုင်ငံတော်သမ္မတပြောနေတဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာ မဖြစ်နိုင် စရာအကြောင်း မရှိဘူးလို့ပြော လိုပါတယ်။ အဲလိုမစဉ်းစားဘဲခုနပြောတဲ့ဟာလေး နဲ့အပေါ်ယံ တည် ဆောက်မှုလောက်ဘဲလုပ်မယ်ဆိုရင်တော့ ထာဝရငြိမ်းချမ်းရေးကိစ္စရပ်ဟာ တော် တော် ကြီး ကိုစဉ်းစားလို့မရလောက်အောင် ရှိတဲ့အနေအထားမှာရှိပါတယ်။"
ဗိုလ်မှူးကြီးခွန်သူရိန်


တိုင်းရင်းသားအရေးကို တပ်မတော် နဲ့ ဗမာလူမျိုးအားလုံးနားလည်ဖို့လို

စစ်အစိုးရ ဦးစီးအမျိုးသားတဲ့ အမျိုးသားညီလာခံကို လက်မခံလို့ ပြည်ထောင်စုကနေခွဲထွက်ဖို့ကြံစည် တယ် စတဲ့စွဲချက်တွေနဲ့ SNLD ခေါင်းဆောင်ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်ကို ဖမ်းဆီးပြီးထောင်ချခဲ့ ပါတယ်။ ဒီအစိုးရသစ်မှာ ထောင်ကနေလွတ်မြောက်လာပြီး ပါတီကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ စိုင်းလိတ်ဟာ SNLD ရဲ့ တွဲဖက်အတွင်းရေးမှူးလဲဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လဲဖြစ် ပါတယ်။



"ဖြစ်လာနိုင်တဲ့အနေအထားတော့ ကျနော်တို့ခန့်မှန်းရခက်ပါတယ်။ နှစ်နှစ်ဘက်ရဲ့ ရပ်တည်မှု နှစ်ဦး နှစ်ဘက်ရဲ့အခြေအနေပေါ်မူတည်တယ်။ ဖြစ်သင့်တာကိုပြောရရင်တော့ တိုင်းရင်းသားကို ဆက်ဆံ တဲ့နေရာမှာ အဖွဲ့စည်းအကြီးအငယ်မခွဲခြားဘဲ မူတခုကို သတ်သတ်မှတ်မှတ် အရင်ပြဌာန်းပြီး တော့မှ တည်ဆောက်မယ်ဆိုရင်တော့အောင်မြင်နိုင်လိမ့်မယ်လို့ယုံကြည်တယ်။ အဓိကအားဖြင့်တော့ နိုင်ငံရေး ကိစ္စကို -Sai_Lakeနိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲနဲ့တော့ ဒီငြိမ်းချမ်းရေးကိစ္စ ဟာ ၁၀ နှစ် ၁၅ နှစ်ဆက်သွား လည်း ဒီတိုင်းဟာ ဒီတိုင်းဆက်ဖြစ်နေမှာဘဲ။ တိုင်းရင်းသားအင်အားစုတွေ အဓိက လိုနေတာက ကိုယ် ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှခွင့်ဘဲ၊ အဲဒီဥစ္စာဟာ ခွဲထွက်ရေးမဟုတ်ဘူး၊ အဲဒီဥစ္စာဟာ ပြည်ထောင်စု ကနေဖဲ့ထွက်သွားအောင် ကြိုးစားနေတာ မဟုတ်ဘူးဆိုတာ အစိုးရအနေနဲ့ ရှင်းရှင်း လင်းလင်းဖြစ် အောင် ကြိုးပမ်းပြီးတော့မှ လူများစုဖြစ်တဲ့ ဗမာလူမျိုးအားလုံးဒီကိစ္စကိုနားလည်အောင် ပြီးတော့ တပ်မတော်အနေနဲ့ အောက်ခြေကနေ အထက်အထိ အထက်ကနေ အောက်ခြေအထိ အားလုံး ဒီကိစ္စ အပေါ် ကြည်ကြည်လင်နားလည်အောင် အစိုးရအနေနဲ့ ရှင်းပြနိုင်မှသာလျှင် ဒီကျနော်တို့အားလုံး လို အပ်တဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရရှိနိုင်မှာဖြစ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကြိုး ပမ်းရမှာ တော့ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေပေါ်မှာ ကြည်ဖြူမှုနဲ့နားလည်အောင်ကြိုးပမ်း သင့်တယ်။ ပြီးတော့မှ ငြိမ်းချမ်းရေးကိစ္စကိုဆောင်ရွက်သင့်တယ်လို့ သဘောထားပေးလိုပါတယ်"
စိုင်းလိတ်

ငြိမ်းချမ်းရေးတိုးတက်မှု အလားအလာသိပ်မကောင်း

နိုင်ဟံသာဟာ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတည်ဆောင်ထားတဲ့ မွန်ပြည်သစ်ပါတီ ရဲ့ အထွေထွေအတွင်းရေးမှူးလဲဖြစ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ အတွင်းရေးမှူးလဲဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လဲဖြစ်ပါတယ်။


"တစ်ဖွဲ့ချင်းစီ အပစ်ခတ်ရပ်စဲရေးအဆင့်လောက်ကိုတော့ တော်တော်များများရလာပါတယ်။ မရသေး တဲ့အဖွဲ့တွေလဲရှိနေသေးတယ်။ ဒါပေမယ့်နိုင်ငံရေးအရဆွေးနွေးဖို့ တက်လှမ်းဖို့ဆိုတဲ့နေရာမှာ အမြင် တွေမတူညီကြဘူး၊ ဒါကတပိုင်း။ နောက် တဖက်ကကြည့်မယ်ဆိုရင် တချို့နေရာမှာ ကနေ့ အထိ အပစ် Nai_Hong_Sarမရပ်နိုင်သေးဘူး ဥပမာ ကချင်ပြည်နယ်မှာ။ တခြားအဖွဲ့ကို အပစ်ရပ်ပြီး ကချင်ကိုဖိတိုက် နေတယ် လို့ ကျနော်တို့ခံစားနေရတယ်။ ဒါကလဲအလားအလာမကောင်းဘူးလို့မြင်တယ်။ နည်းပရိယာယ်တခုအရ အင်အားကြီးတခုကိုရပ်ထားပြီး တခြားအင်အားကြီးနောက်တခုကို တိုက်တဲ့သဘောမျိုဖြစ်နေတယ်။ နောက် အပစ်ရပ်ထားတဲ့ ဥပမာ သျှမ်းပြည်တပ်မတော် RCSS နဲ့ SSPP ရောဘဲ။ သူတို့အပစ်ခတ်ရပ်စဲ သဘောတူညီချက် လုပ်ထာပေမယ့် အစိုးရတပ်က မကြာမကြာလာတိုက်တယ်။ တိုက်ပွဲပေါင်းမနည်း ဘူး။ အဲဒီတော့ တဘက်က အပစ်ခတ်ရပ်စဲထားပေမယ့် တပ်ဘက်က သူတို့လိုချင်တဲ့အပိုင်းကို ဝင်လာ တယ်။ တိုက်တယ်။ အပစ်အခတ်ရပ်စဲရေးက သိပ်မရေရာဘူး၊ အခိုင်အမာပြောလို့မရသေးဘူး။ နောက်နိုင်ငံရေးအရ ဆွေးနွေးဖို့တက်မယ်ဆိုတဲ့နေရာမှာ အစိုးရကပြောလာတယ် ကျနော်တို့ကို နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင် လွှတ်တော် ထဲရောက်မှ လိုချင်တဲ့ဟာကိုပြော ပြင်ချင်တဲ့ အခြေခံဥပဒေကို ပြင်ပါ ဆိုတဲ့နည်းလမ်းက ဖြစ်သင့်တဲ့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့နိုင်ငံရေး ဆွေးနွေးပွဲမဟုတ်ဘူးဗျ ။ သူတို့ဘောင်ထဲကို ကျနော်တို့ကိုဆွဲတွင်းပြီးတော့ ကျနော်တို့ကို အကျပ်ကိုင် တဲ့ပုံစံမျိုး၊ တနည်းအားဖြင့် အပစ်ခတ်ရပ်စဲ လက်နက်ချခိုင်းတဲ့ပုံစံမျိုးလို ပြောနေတယ်ဗျ။ နိုင်ငံရေး အရ ဖြစ်သင့်ဖြစ်ထိုင်တဲ့ ဆွေးနွေးပုံစံမျိုးမဟုတ်ဘူးဗျာ။ အဲဒါကိုလဲကျနော်တို့ဘက်ကလက်ခံနိုင်တဲ့ အနေအထားမရှိဘူး။ ဒီကိစ္စက သမ္မတဦးသိန်းစိန်က ပြည်တွင်းငြိမ်းချမ်းတည်ဆောက်ဖို့ပြောနေပေ မယ့် ဒီလုပ်ငန်းစဉ်က တိုးတက်မှု အလားအလာသိပ်မကောင်းဘူးလို့ကျနော်တို့မြင်တယ်"

နိုင်ဟံသာ

အစိုးရရဲ့ ငြိမ်းချမ်းရေး ပြန်လည်သုံးသပ်သင့်

ဦးလာနန်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ က ချင် တပ်မတော်ဟာ ၁၉၉၄ ကတည်းက အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု တရားဝင်လက်မှတ်ရေး ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်း ငြင်းဆန်ခဲ့လို့ ၂၀၁၀ ဂျွန် ၉ ရက်နေ့ ကစပြီး အစိုးရ တပ်မတော်ကနေ ကနေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံရတဲ့အဖွဲ့ဖြစ် ပါတယ်။


" အစိုးရရဲ့ ဒီငြိမ်းချမ်းရေးဖွင့်ထားတဲ့ ပေါ်လစီကိုကြည့်မယ်ဆိုရင် သူတို့သွားချင်တဲ့ နိုင်ငံရေး ဆွေးနွေး မှု လမ်းကြောင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အားလုံးဝင်ရောက်ပြီးမှဘဲ လွှတ်တော်ထဲ ကနေ ဝင်ပြီးမှ တိုင်းရင်းရင်းသားအရေးဖြေရှင်းရမယ်ဆိုတဲ့ကိစ္စပါတယ်။ နောက်တခုက အားလုံးဟာ ထာဝရ ငြိမ်းချမ်းရပြီးမှဘဲ၊ lanan_laizaထာဝရငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်မယ်ပေါ့ဗျာ။ လက်နက် ကိုင်အဖွဲ့အစည်းအားလုံး မြန်မာ့တပ်မတော်လက်အောက်တခုထဲ ထားပြီးမှဘဲ သွားမယ်ဆို တဲ့ ဟာမျိုး တွေ့ရတယ်။ ဆိုလိုတာက အစိုးရရဲ့ ငြိမ်းချမ်းရေး Process ပေါ့ဗျာ။ အဲဒါကြည့်တဲ့အခါမှ တိုင်းရင်း သားတွေလိုလားတဲ့ လမ်းကြောင်းနဲ့ အများကြီးကွဲပြားမှုရှိတယ်။ တိုင်းရင်းသားတွေရဲ့ သဘောထားကို အသိအမှတ်မပြုဘဲနဲ့ သူတို့အစိုးရရဲ့ သွားချင်တဲ့လမ်းကြောင်းကို ခေါ်သွားချင်တဲ့ ဆန္ဒရှိတယ်။ ဒီလို မျိုးလုပ်တဲ့အတွက်ကြောင့်မို့ အခုထက်ထိ့ ပြည်တွင်းမှာ သူတို့ပြောနေတဲ့ ငြိမ်းချမ်း ရေးဆွေးနွေးမှု လမ်းစဉ်ဟာ အောင်အောင်မြင်မြင်မရှိဘူး။ အစိုးရကဘက်က ငြိမ်းချမ်းရေး ဆိုတဲ့ စကားပြော နေပေ မယ့် စစ်တပ်ဘက်ကနေပြီး စစ်ဆင်ရေးလုပ်နေတဲ့ စီမံကိန်းကို စနစ်တကျလုပ်နေ တယ်။ ဒီကိစ္စ က တွေ့ဆုံမှုဆွေးနွေးမှုမှာ နောင့်ယှက်ဟန့်တားမှုဖြစ်လို့ပြောလို့ရတယ်။ တခြားအချက် တွေလဲအများကြီးရှိပါတယ်။ ဒါကြောင့် လက်ရှိ အစိုးရ လုပ်နေတဲ့ ဒီငြိမ်းချမ်းရေးက သူတို့ပြန်လည်သုံး သပ်သင့်တယ်လို့ မြင်တယ်။ အဲဒီသုံးသပ်မှု ပြင်ဆင်မှုတာမလုပ်ဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ ဒီငြိမ်းချမ်း ရေးလမ်းကြောင်းက အဆင်ပြေနိုင်စရာအကြောင်းမရှိဘူး"
ဦးလာနန်


နှလုံးသားချင်းလဲလှယ်မှ ထာဝရငြိမ်းချမ်းရေးခိုင်မြဲမယ်

ဦးဇမ်ကျင့်ပေါင် (ခေါ်) ဦးဇိုဇမ် ဟာ ၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းအမျိုးသားပါတီ ဥက္ကဌ လဲဖြစ် ရွေးကောက်တင်မြောက်ခံ လွှတ်တော်အမတ်တဦးလဲ ဖြစ်ပါတယ်။


"ငြိမ်းချမ်းရေးဆိုတာလွယ်လွယ်နဲ့ရတဲ့အမျိုးမဟုတ်ဘူးဆိုတာကျနော်တို့အစကတည်းကသိပါတယ်။ ဒါကြောင့် ပါဝင်ပတ်သက်သင့်တဲ့ပုဂ္ဂိုလ်တွေအားလုံးမပါဝင်ရဘဲနဲ့ ငြိမ်းချမ်းရေးကဘယ်လောက်ဘဲ လုပ်လုပ် ဘယ်လောက်ဘဲပိုက် ဆံအကုန်အကျခံလုပ်ပါစေ အချိန်ကုန်လူပမ်းတာဘဲအဖတ်တင်တယ်။ Peace process အတွက် ပါဝင်ပတ်သက်သင့်တဲ့လူတွေဆိုတာ state holder တွေ armed U_Zau_Zam_Photo_ABCgroup တွေပြည်တွင်းကနိုင်ငံရေးသမားတွေ၊ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ နောက်တိုင်းရင်းသားထဲကလူထုရွေးထား တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီထဲမှာ လွှတ်တော်အမတ်တွေကိုတော့ ကျနော်မပြောလိုဘူး။ ဘာကြောင့်လဲဆိုတော့ အခုလွှတ်တော်အမတ်တွေ အများစုဟာ ကျနော်အပါအဝင်ပေါ့နော် လူထုကရွေးထားတဲ့ ရာနှုန်းပြည့် ကိုယ်စားလှယ်အစစ်အမှန် တွေမဟုတ်မှန်းကျနော်သိထားတော့လေ။ လွှတ်တော်အမတ်တွေနဲ့အလုပ်လုပ်ရတာစိတ်မချနိုင်သေးတဲ့အခြေအနေမှာရှိတယ်လေ။ အဲ-စောစောကပြောတဲ့ အဖက်ဖက်က ပါတဲ့ ပုဂ္ဂိုလ်တွေအားလုံး ဝေါ့ခ်ရှော့ပ်အကြီးကြီးတခုခေါ်ပြီးမှ စားပွဲဝိုင်းတခုမှာဝိုင်းထိုင်ပြီးတော့ ရင်ဖွင့်ကြရင် တော့သိပ်ကောင်း မှာဘဲလို့ ကျနော်မျှော်လင့်မိတယ်။ ဒါပေမယ့် ၂ ရက် ၃ ရက်က အစိုးရသတင်းစာ မှာတွေ့လိုက် တယ်။ သမ္မတက အဆင့် ၃ ဆင့်နဲ့ သွားမယ်။ ပြည်နယ်အဆင့်။ ပြည်ထောင်စုအဆင့်။ ပြည်ထောင်စုလွှတ် တော် အဆင့်ပေါ့။ ပြည်ထောင်စုလွှတ်တော်အဆင့် အရောက်ခင် ခုနကျနော်ပြောတဲ့ ဝေါ့ခ်ရှော့ပ်ကြီး တခု ကြားမှာခံလိုက်မှဘဲကောင်းပါမယ်"

" ငြိမ်းချမ်းရေးကမ်းလှမ်းတာ အခုသမ္မတမှမဟုတ်ပါဘူး။မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်က ငြိမ်းချမ်း ရေးကမ်းလှမ်းခဲ့တာချည်းပါဘဲ။ကမ်းလှမ်းပုံကမ်းလှမ်းနည်းတွေတော့မတူဘူးပေါ့။အရင်တုန်းက သူတို့ ဦးနှောက်အချင်းချင်းအလုပ်လုပ်ကြတာပါ။အခုကနေ့ခေတ်မှာတော့ ကျနော်တို့တိုင်းရင်းသားတွေရဲ့ နှလုံးသားကိုသူတို့ဦးနှောက်နဲ့လဲဖို့ကြိုးစားနေပါတယ်။ ဘယ်သမ္မတဘဲဖြစ်ဖြစ် ဘယ်အစိုးရ ဘဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကမ်းလှမ်းလာခဲ့ရင် သူတို့ရဲ့ နှလုံးသားနဲ့ စိတ်ရင်းနဲ့ ကျနော်တို့ရဲ့ နှလုံးသား တွေကိုလဲ လှယ်နိုင်တဲ့နေ့မှာဘဲခိုင်မြဲတဲ့ငြိမ်းချမ်းရေးရနိုင်မယ်လို့ကျနော်ယုံကြည် ပါတယ်။ ဆိုတော့ကျနော်တို့ နှလုံးသားထဲမှာဘာရှိသလဲဆိုတာသူတို့အရင်ရှာကြည့်ဖို့ကောင်းပါတယ်"

"ငြိမ်းချမ်းရေးယူတဲ့နေရာမှာ ကျည်ဆန်ကုန်လို့၊ လူကုန်လို့၊ ခြေ ကုန်လက်ပမ်းကျလို့ ဆိုတဲ့အချက် ၃ ချက်ကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်တာ မဖြစ်ဖို့ အရေးကြီးပါတယ်ခင်ဗျ။ ဒါမှထာဝရ ငြိမ်းချမ်းရေး တည်မြဲမှာပါ။ ကျနော့်အနေနဲ့တော့ ငြိမ်းချမ်းရေးကို တကယ်ဘဲလိုချင်လို့ နိုင်ငံရေးထဲဝင် တာ ဖြစ်တယ်လို့ပြောချင် ပါတယ်။ ဒီဟာ ရအောင် ကျနော်တို့ကြိုးစားသွားမယ်။ အားလုံး ကိုလဲကြိုးစား ကြပါလို့ အားပေးချင်ပါတယ်။ တဖက်က ဘာပြောချင်လဲဆိုတာကိုလဲတဖက်က သေသေချာချာ နားထောင်ပေးပါ။ ဒါမှနားလည်ကြမှာပါ။"

ဦးဇိုဇမ်

SSPP/SSA ဌာနချုပ်ဝမ့်ဟိုင်းတဝိုက် အစိုးရတပ် တပ်ရင်း ၁၀ ရင်းခန့် ဝန်းရံနေ

Posted: 17 Aug 2012 03:03 AM PDT

ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောက သျှမ်းပြည်တပ်မတော် SSPP/SSA အား လှုပ်ရှားနေသည့် နယ်မြေအတွင်းမှ မဆုတ်ခွါပါက ၅ ရက်အတွင်း နယ်မြေရှင်းလင်းရေး လုပ်မည်ဖြစ်ကြောင်း ဂျူလိုင်လ ၂၁ ရက်က ပြောဆိုခဲ့ပြီးနောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုမရှိသော်လည်း ဝမ့်ဟိုင်းဌာနချုပ်တဝိုက် မြန်မာတပ်ရင်း ၉ ရင်းထက်မနည်းဝိုင်းရံနေဆဲဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်နှင့်နီးစပ်သူများကပြောသည်။

" မိုင်းရှူး-တန့်ယန်းမှာဆိုရင် ၅ တပ်ရင်း ချထားပြီးတော့ ကျေးသီး နဲ့ သီပေါ မြို့နယ် ဘက်မှာ ၄ တပ်ရင်း ချထားတယ်။ ဒီကြားထဲ တိုက်ပွဲတော့ မကြားမိဘူး။ ငြိမ်နေတယ်။ ကျနော်တို့ ဌာနချုပ်မှာတော့ အရာရှိ၊ တပ်သားထုသိသင့် သိထိုက်တဲ့ ပညာပေးသင်တန်းတွေဘဲ ဆက်တိုက်လုပ်နေပါတယ်" - SSPP/SSA တပ်ဖွဲ့ဝင် အရာရှိတဦးကပြောသည်။

စကခ ၂ လက်အောက်ခံ ဗျူဟာ ၂ က မိုင်းရှူး၌ အခြေချကာ ခမရ ၅၁၆ (နမ့်စန်)၊ ၅၁၇ (မိုင်းပွန်) အပြင် ရမခတိုင်းမှ ခမရ ၃၂၂ (လောက်ကိုင်)၊ ခလရ ၁၂၇ (ကွန်လုံ)နှင့် ခမရ ၃၂၆ (တန့်ယန်း) ၃ တပ်ရင်းအား SSPP ၏ ၇ မိုင်တပ်စခန်း တဝိုက် ချထားကြောင်း အဆိုပါအရာရှိကပြောသည်။

အလားတူ ကျေးသီး-သီပေါလမ်း၌လည်း ခလရ ၂၂ (တန့်ယန်း) ခမရ ၅၁၃ (ပင်လုံ) ၂၄၇ (နမ့်ဇန်) ၁၃၁ (ကျေးသီး) တို့ လှုပ်ရှားနေသည်ကိုတွေ့ရကြောင်း ဆိုပါသည်။

" ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးဖို့ ဦးသိန်းဇော်လည်း မဆက်သွယ်လာဘူး။ တိုက်ပွဲတွေလဲ မရှိပါဘူး။ " - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလကပြောသည်။

အပစ်ရပ်ရေးဆွေးနွေးပြီးသည့်နောက်ပိုင်း ယနေ့အထိ သျှမ်းပြည်တပ်မတော် RCSS/ SSA နှင့် အကြိမ် ၃၀၊ SSPP/SSA တပ်ဖွဲ့နှင့် ၂၃ ကြိမ်ထက်မနည်း မြန်မာအစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

[mrsorcerer:29402] Fwd: [လူဗိုလ်ဟူသည် ...] ကျောင်းသားမိဘတစ်ဦး၏ နိုင်ငံတော်သမ္မတကြီးနှင့် ၀န်ကြီးဒေါက်တာမြအေးထံ ခံစားရင်ဖွင့် အသနားခံစာ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/17
Subject: [လူဗိုလ်ဟူသည် ...] ကျောင်းသားမိဘတစ်ဦး၏ နိုင်ငံတော်သမ္မတကြီးနှင့် ၀န်ကြီးဒေါက်တာမြအေးထံ ခံစားရင်ဖွင့် အသနားခံစာ
To: lubo601@gmail.com


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး ခင်ဗျာ

ကျွန်တော်သည် တောသူတောင်သားတစ်ဦးဖြစ်ပြီး ကျွန်တော်၏သားမှာ ယခုအခါ တက္ကသိုလ်များ လက်ရွေးစင်ဘောလုံးအသင်း (အဆင့်မြင့်ပညာဦးစီးဌာန၊အောက်မြန်မာပြည်) တွင် ရန်ကုန်တက္ကသိုလ်၊ ပင်းယဆောင်တွင် ဇွန်လ ၂၅ ရက်နေ့မှစပြီး သွားရောက် စခန်းသွင်းလေ့ကျင့်နေရပါသည်။ သို့သော် ၄င်းစခန်းသွင်းထားသော ဘောလုံးအသင်းမှာ ယနေ့အထိ ကစားသမား (၉) ဦး သာရှိပြီး စခန်းသွင်းထား ပါသည်။
အမှန်တကယ်ဆိုလျှင် လူကြီးမင်းတို့သိသည့်အတိုင်း ဘောလုံးတစ်သင်းတွင် ကစားသမားဦးရေ ၁၈-၂၀ ဦး အထိရှိရမည်ဖြစ်ပြီး၊ ပြိုင်ပွဲတစ်ပွဲတွင် ပွဲထွက်လူစာရင်းမှာ ၁၁ ဦးဖြင့် ကစားရသည်ပင်ဖြစ်ပါသည်။ ယခု
၎င်းတို့စခန်းသွင်းထားသည့်လူစာရင်းမှာ ၁၁ ဦးပင်မပြည့်ပဲ ( ၉) ဦးသာလျှင် ယနေ့အထိ ရှိနေပါသည်။

၎င်းအပြင် ၄င်းလက်ရွေးစင်ကစားသမားကျောင်းသားများကို ဇွန်လ ၂၅ ရက်နေ့ မှစပြီး ယနေ့အထိ လေ့ကျင့်ပေးနေသည်ဆိုရာတွင် အခြားရန်ကုန်မြို့ပေါ်ရှိကျောင်းများဘောလုံး ပြိုင်ပွဲများကို ကွင်းဘေးမှ မိုးစိုခံထိုင်ကြည့်ခိုင်းထားသည်။ သို့မဟုတ်လျှင် ဒိုင်လုပ်ခိုင်းသည်။ သို့မဟုတ်လျှင် ပင်းယဆောင်မှာ ပင်
အဆောင်ကိုပတ်ပြေးခိုင်းထားသည်ကို တွေ့မြင်နေရပါသည်။
စည်းကမ်းပိုင်းတွင်လည်း နေ့ဘက် တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိသွားချင်ရာသွားလာခွင့်  ပေးထားသည်။ ညပိုင်းဆိုလျှင် ည ၉ နာရီ အထိ အပြင်မှာသွားလာခွင့်ပြုထားသည်မှာ ထင်ရှားလှသည်။ နည်းပြငယ် ဆိုသူနှင့် ကစားသမားကျောင်းသားမှာ လှည်းတန်းရှိ အမျိုးသမီး ဆောင်တွင် ညကြီး အချိန် မတော် အထိ ရောက်ရှိနေသည်ကို ၄င်းကစားသမားများထဲကပင် ပြောဆိုသည့်အပြင်၊ နေ့စဉ်နှင့်အမျှ ထိုသို့ပြုမူနေသည်မှာ ယနေအထိပင်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် အတွင်းနှင့် အနီးတ၀ိုက်မှာနေထိုင်သူ မျက်မြင်များက ပြောပြသည့်အတွက် သိရှိရသောအခါ ၄င်းကျောင်းသားကစားသမားများ၏မိဘ ကျွန်တော်
အရမ်းကြေကွဲခံစားရပါသည်။ သုံးသပ်ကြည့်လျှင် ၄င်းလက်ရွေးစင်ကစားသမားကျောင်းသားများကို ဇွန်လ ၂၅ ရက်နေ့ကတည်းက ခေါ်ယူစခန်းသွင်းတာ ဘာအတွက်လဲ။ ပွဲကြည့်ပရိတ်သတ် မရှိလို့လား။ ဒိုင်လူကြီး မရှိလို့လား။ ကစားသမား (၉) ဦးထဲနဲ့ ဘယ်လိုကစားကွက်များဖော်သလဲ။ကျန်ကစားသမားများက ဘောလုံးကလပ်တွေမှာ သူ့ကလပ်နဲ့သူ လေ့ကျင့်နေပြီးသားဆိုလျှင် တက္ကသိုလ်လက်ရွေးစင် ဘောလုံး တစ်သင်းရဲ့ Team work ကိုဘယ်လိုလုပ်ယူပါသလဲ။ မျောက်ကို ရုံသွင်းပြီး စီးပွားလုပ်နေကြသလို ဖြစ်နေတယ်။ 
၎င်းနေရာဒေသရန်ကုန်တက္ကသိုလ်ဝန်းအတွင်းက လူတွေကပြောနေကြပါတယ်။ ထိုထက်ဆိုးသည်မှာ
၎င်းလက်ရွေးစင်ကစားသမားကျောင်းသားများမှာ တက္ကသိုလ်အသီးသီးမှ ကျောင်းတက်ဆဲ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသားများဖြစ်ပါတယ်။ ယခုပညာသင်နှစ် ဒုတိယနှစ်ဝက်မှာ ဇွန်လမှ စဖွင့်ပြီး စက်တင်ဘာမှာ စာမေးပွဲဖြေရပါမယ်။
၎င်းကလေးများကို ဇွန်လ ၂၅ ရက်နေ့ကစပြီး ခေါ်ထားတာ ယနေ့အထိ သက်ဆိုင်ရာ ဘာသာရပ်ကျောင်း စာများကို လုံးဝသင်ကြားခြင်းမရှိသလို ၄င်းကစားသမားများဟာ ဒီနှစ်ဝက်မှာ ဘာသာရပ် ဘယ်နှစ်ခု၊ မည်သည့်ဘာသာတွေ သင်ရတယ်ဆိုတာတောင် လုံးဝမသိသေးတာ မိဘတစ်ယောက်အနေနဲ့ သားသမီးရဲ့ အနာ၈ါတ်အတွက် ရင်နာစရာခံစားရပါသည်။
အခုလိုပြောတော့ ကျွန်တော်တို့သားသမီးများကို ဆိုင်ရာပုဂ္ဂိုလ်များက အမုန်းပွား အငြိုးထားကာ ထိခိုက်စေ မှာကိုတော့စိုးရိမ်မိပါတယ်။ စာမေးပွဲအတွက်မပူနဲ့ အအောင်ပေးမယ်ဆိုရင်လဲ ပြောတဲ့လူကြီး၊ အာမခံတဲ့ လူကြီးဟာ ဘယ်လိုပုဂ္ဂိုလ်လဲ။ မြန်မာနိုင်ငံ ပညာရေးစနစ်ကို အဲဒီပညာရှင် ဆရာကြီးတွေကပဲ တန်ဖိုးမထား ဖျက်ဆီးနေတာနဲ့အတူတူပါပဲ။
ထူးချွန်လို့ ဂုဏ်ပြုတာဆိုရင်လဲ သီးသန့် ဂုဏ်ပြုတဆိပ်ချီးမြင့်စေချင်တယ်။ ဘာစာမှမသင်ပဲ၊ ဘာစာမှ မတတ်ပဲ၊ ဘာစာတွေသင်မှန်းတောင်မသိပဲ စာမေးပွဲအောင်အောင်ပေးပြီး ဘွဲ့ပေးမယ်ဆိုတာ မြန်မာနိုင်ငံ ပညာရေးစနစ်ကိုသိက္ခာကျစေပါတယ်။ ဘွဲ့ဒီဂရီ အတွက်ကတော့ တက္ကသိုလ်ပညာသင်ယူနေတဲ့ အခြား ကျောင်းသားများနဲ့တန်းတူဖြစ်သင့်ပါတယ်။ ဒီခေတ် ဒီစနစ်မှာ အခွင့်ထူခံလူတန်းစားမဖြစ်သင့်ပါဘူး။ တတိယနှစ်ကျောင်းသားဆိုရင် သူတို့ ပညာရေးဝန်ကြီးဌာန ပညာရှင်ကြီးများချမှတ်ထားတဲ့ ယခုပညာရေး စနစ်အရ Term paper တစ်စောင် သုတေသနပြုပြီးတင်ရပါတယ်။ Term paper တင်ပြမှ ဘွဲ့ရမှာပါ။ အခု ၄င်းကစားသမားတွေ Term papar မပြောနဲ့ ဘာစာမှတောင်မသင်၊ မသိတာ ဘယ်လိုဘွဲ့ပေးကြမလဲ။ ကျွန်တော်ဟာ တက္ကသိုလ်ပညာကိုသင်ယူခွင့်ရပေမဲ့ ဘွဲ့မရခဲ့ပဲ တောမှာပင် လယ်သမားဖြစ်နေပါသဖြင့် သားသမီးကိုတော့ ပညာတတ်ဘွဲ့ရဖြစ်စေချင်ပါတယ်။ နိုင်ငံအတွက်အကျိုးပြု လူငယ်ဖြစ်စေချင်ပါတယ်။ တကယ်ဆိုရင် မြန်မာ့လက်ရွေးစင်အသင်းတောင်မှ ပြိုင်ပွဲနီးမှ ဖွဲ့စည်းလေ့ကျင့်နေတာ။ ဒီကလေး ကျောင်းသား တွေက တော်တော်များများလေ့ကျင့်ရမှာမို့ အစောကြီးကတည်းကခေါ်တာပါဆိုရင်လဲ
ဘာကြောင့် လူစုံတက်စုံမရှိပဲ ၉ ဦးတည်းနဲ့ ယနေ့အထိ စခန်းသွင်းထားရတာလဲ။  အခုဆိုရင် တက္ကသိုလ် စာမေးပွဲက ၁ လ ပဲကျန်တော့တယ်။
ဒီကလေးတွေဘယ်လိုစာမေးပွဲဖြေမလဲ။ တကယ်တမ်းဆိုလျှင် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲဟာ ဒီဇင်ဘာလမှကျင်းပမှာပါ။ အတော်လိုပါသေးတယ်။ ဘက်စုံထူးချွန်တဲ့ပညာတတ်လူငယ်ကစားသမားများ မွေးထုတ်တယ်ဆိုရင် စခန်းစတင်သွင်းတဲ့နေ့ကစပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးရင် အရှေ့တောင်အာရှ မက အာရှမှာပင် ဗိုလ်စွဲမှာသေချာပါတယ်။ ဘာရည်ရွယ်ချက်နဲ့စခန်းသွင်းသလဲဆိုတာ အဖြေရှာလို့မရ နိုင်ဖြစ် နေပါတယ်။
ပြီးတော့ သက်ဆိုင်ရာလူကြီးတွေကလဲ ၄င်းကလေးကျောင်းသားတွေ ပြန်မပြောရဲအောင်၊ သူတို့ ဖြစ်လိုတဲ့ အတိုင်းဖြစ်အောင်၊ မင်းတို့မရှိလဲဖြစ်တယ်၊ MNL- pro မှာ ကျောင်းသားကစားသမားတွေရှိတယ်လို့ ပြောတော့ လက်ရှိ ၉ ယောက်က ကောင်းကောင်းလေ့ကျင့်ပေးမှုမရှိဘူး၊ စာလဲမသင်ရဘူးလို့ မပြောရဲဖြစ် နေရတာ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ကျောင်းသားလက်ရွေးစင်ကစားသမားကိုတော့ သက်ဆိုင်ရာ
တက္ကသိုလ် မှာ ၁-လတာ စာသင်ခွင့်ရအောင်၊ စာမေးပွဲဖြေနိုင်အောင်တော့ ပြန်လွှတ်ပေးသင့်ပါပြီး။ မြန်မာ့လက်ရွေးစင်အသင်းကြီးမှာတောင် နားလည်မှုနဲ့ ခွင့်ပြုပေးနေတာပါ။ ဒါကြောင့် နိုင်ငံတော် အစိုးရ အဖွဲ့အကြီးအကဲများ၊ ၀န်ကြီင်္းဌာနမှ ၀န်ကြီးနှင့် ဒု-၀န်ကြီးများ၊ သက်ဆိုင်ရာအကြီးအကဲများက ကျွန်တော်တို့ သားသမီးများ ဘက်စုံထူးချွန်ဖို့နှင့် ကျွန်တော်တို့ မိဘများအားငဲ့ညှာသနားပေးပြီးအမြန်ဆုံး သိရှိဆောင်ရွက် ပေးနိုင်ရန် မေတ္တာရပ်ခံအပ်ပါသည်။ နိုင်ငံတော်အကြီးအကဲလူကြီးမင်းများကို အထူးမေတ္တာရပ်ခံတောင်းပန်အပ်ပါသည်ခင်ဗျား-

တာဝန်သိ မိဘပြည်သူတစ်ဦး


အခုကဲ့သို့ ပညာရေးလောကမှ ပညာရှင်ကြီးများ၊ အရာရှိကြီးများ စီမံဆောင်ရွက်နေတဲ့ ကိစ္စမှာ လူငယ် တက္ကသိုလ်ကျောင်းသားများကို အားကစားရင်မဟုတ်ပဲ ပညာရေးကိုလည်း ထူးချွန်ထက်မြက်မှုရှိအောင်
ဆောင်ရွက်ပေးသင့်ပါတယ်။ ဘ၀မှာ အသိပညာ၊ အတတ်ပညာဆိုတဲ့ ပညာရေးထက် ဘာကပိုပြီး အရေးကြီးလဲဆိုတာ ပညာရေးဝန်ကြီးဌာနရှိ ပညာရှင်ကြီးများကပိုသိပါတယ်။ ဒါကြောင့် ကျောင်းသားမိဘရဲ့ အသနားခံတောင်းပန်နေမှုကို သက်ဆိုင်ရာလူကြီးများ သိရှိစေနိုင်ရန်အတွက် လူဗိုလ်သို့ ဧဒင်ဥယျာဉ်မှ တဆင့်ကူးယူ သတင်းပေးပို့အပ်ပါသည်။ လူဗိုလ်မှလဲ ထပ်ဆင့်ကူညီပေးနိုင်ပါရန် တာဝန်သိတစ်ယောက် အနေဖြင့် မေတ္တာရပ်ခံပါသည်။

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/18/2012 02:17:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:29402] Fwd: [လူဗိုလ်ဟူသည် ...] မတော်တဆ သာမန်လူမျိုးရေး ပဋိပက္ခသက်သက် မဟုတ်ပါ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/17
Subject: [လူဗိုလ်ဟူသည် ...] မတော်တဆ သာမန်လူမျိုးရေး ပဋိပက္ခသက်သက် မဟုတ်ပါ
To: lubo601@gmail.com




by ဦး ယဉ်ကျေး on Friday, 17 August 2012 at 00:24 ·
ရခိုင်ပြည်နယ် အရေးဟာ သာမန် လူမျိုးရေး အထိကရုဏ်း သက်သက်မဟုတ်ပါဘူး။
မြန်မာနိုင်ငံ ဘာလဲ ဘယ်လဲ စဉ်းစားကြည့်ကြပါ။ သမိုင်းဝင်မြန်မာပြည် မြေပုံက နယ်မြေတစ်ခုက ဘယ်သူတွေရဲ့သွေးတွေ ဘယ်သူတွေရဲ့ အရိုးတွေ မြှုပ်နှံစတေးထားခဲ့ရတာလဲ။ ဒါဟာ လူမျိုးရေး ဘာသာရေး လုပ်ကြံမှု သက်သက်ပါ။


ပြည်နယ်တောင်းတာ လူ့အခွင့်အရေးတဲ့လား၊ နိုင်ငံထောင်တာ လူသားချင်း စာနာတာတဲ့လား၊
အစိုးရသော်လည်းကောင်း၊ ပါတီများ အားလုံးသော်လည်းကောင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ် 
နှိုးကြားသင့်နေပါပြီ။ နိုင်ငံတကာက ပေးအပ်ချီးမြှင့်တဲ့ ဘာဘွဲ့၊ ညာဘွဲ့တွေနဲ့ နိုင်ငံရဲ့ ပြည်နယ်တွေကို
လဲလှယ်တော့မှာလား။ မြန်မာနိုင်ငံရဲ့အထင်ကရ တိုင်းရင်းသားတွေ အားလုံးကရော လက်ပိုက်ကြည့်နေကြ တော့မှာလား။ ကျုပ်တို့တစ်တွေ စစ်ခင်းနေကြဦးမှာလား။ ယခုကတည်းက ရခိုင်ပြီးလျှင် ချင်းပြည်နယ် ဆိုပြီး စကားဦးသန်းနေပြီနော်။

အစိုးရနဲ့ တိုင်းရင်းသားပါတီတွေကြားမှာ ဘယ်လိုပဲသဘောထားကွဲခဲ့ပါစေ ရိုဟင်ဂျာ အရေးမှာတော့ အိပ်ချင်ယောင်ဆောင်၊ တို့ပြည်နယ်တော့ မီးမလောင်ဘူးဆိုပြီး ပြူံးပြနေမယ်ဆိုလျှင်တော့ မြန်မာပြည် ဆိုတာ သင်တို့လက်မှာမှ ပျက်ရလေတယ်ဆိုပြီး တို့ဘိုးဘွားတွေ တမလွန်က ငိုကြွေး ဒေါသဖြစ်ရ
တော့မပေါ့။

ဒါဟာ.............. ရခိုင်အရေးမဟုတ်ပါ၊ အမျိုးသားရေး .......ကချင်၊ကယား၊ ကချင်၊ ချင်း၊ ဗမာ၊မွန်၊ ရခိုင်၊ ရှမ်း၊ဆိုသော သင်တို့နှင့် တိုင်းရင်းသားစစ်စစ်တွေ မရှိလျှင် ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီး မရှိတော့ဘူးဆိုတာ သင်တို့တစ်ချက်လောက် ငဲ့ကြည့်လိုက်ကြပါဦး။

မြန်မာနိုင်ငံသားစစ်စစ် လို့ခံယူထားသူများလည်း ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်မှုတွေအောက်က
ယုံကြည်ချက်တွေ၊ မာန်မာနတွေ ခဏလောက်ရပ်ပြီး ခဏလောက် ညီညွတ်ပေးကြပါတော့ဗျာ...........

                                                                                                                         ဦးယဉ်ကျေး။ 

ပြည်ထောင်စုမြန်မာ နိုင်ငံတော် အစိုးရနှင့် မြန်မာနိုင်ငံတော် တမျိုးသားလုံး နိုးကြားသင့်ပါပြီ။

လွတ်လပ်သော ရိုဟင်ဂျာပြည်ထောင်စုကြညာခြင်း အလ္လာ၏ နှုတ်ကပါတ်တော်အောက် S.W.T မှကျွန်ုပ်တို့ ရိုဟင်ဂျာ ပြည်သူများမှာ ဤနည်းအားဖြင့် လွတ်လပ်သော ကျွန်ူပ်တို့ အမိမြေအား ထုတ်ဖော် ကြေငြာလိုက် ပါသည်။ ကျွန်ုပ်တို့ စွဲကိုင်ထားသော အမှန်တရားများမှ ပကတိအတိုင်း ရှင်းလင်း နေပြီးဖြစ် ပါ၍ ယောင်္ကျား၊ မိန်းမတိုင်း တူညီစွာဖန်တီးနိုင်ခွင့် အဖြူ၊ အမည်း ခွဲခြားခြင်းမရှိ တသားတည်းဖြစ်ရမည်ဟု အလ္လာ၏ ပံ့ပိုးမှု အာက်မှ ယုံမှားဖွယ်မရှိသောအလေ့အထနှင့် ထပ်တူညီသော ဘဝအခွင့်အရေးများရရှိမည် ဖြစ်ပါသည်။လွတ်လပ်ခြင်း ပျော်ရွှင်ခြင်းတို့ အတွက် Sunnah နှင့် Hadith ဟုခေါ်တွင်သော အစ္စလာမ်ဘာသာတရား၏ ညွှန်ကြားသင်ပြမှုကို လိုက်နာကြရမည်။ ကျွန်ုပ်တို့ ရိုဟင်ဂျာပြည်သူများသည် ရခိုင်ပြည်နယ်အား ဒိစတြိတ်/ခရိုင် နှစ်ခုအဖြစ်သတ်မှတ်မည်ဖြစ်၍ စစ်တွေနှင့် မောင်တော နှစ်မြို့သည် ကျွန်ုပ်တို့ အပိုင်ဖြစ်ကာ ဤတိုင်းပြည်အား "အစ္စလာမ် စော်ဘွားများ တိုင်းပြည်" ဟုသတ်မှတ်ခေါ်တွင်ရမည်။ ကျွန်ုပ်တို့ရိုဟင်ဂျာ ပြည်သူများသည် အမိမြေအား အုပ်ချုပ်ခွင့်ကို အပြည့်အဝ ရယူလိုပါ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရမှ အလုံးစုံလွှဲပြောင်း ပေးအပ်ရမည် ဖြစ်သောကြောင့် အချိန်တိုအတွင်း တရားဝင် အသိအမှတ်ပြု ပေးရမည်။ ဖြည့်စွက်ချက်အနေဖြင့် မြန်မာပြည်အတွင်းတွင် ကျွန်ုပ်တို့ပြည်သူများအား လူမျိုးတုံး သတ်ဖြတ်ခြင်းများကို ချက်ချင်းရပ်တန့်ပေးရမည်။

 ဘာသာပြန်(UYK)



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/18/2012 02:26:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:29399] Fwd: [လူဗိုလ်ဟူသည် ...] ကမ္ဘာမကျေဘူးလို့ ပြောလို့ရပြီလား (မောင်ဝံသ)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/16
Subject: [လူဗိုလ်ဟူသည် ...] ကမ္ဘာမကျေဘူးလို့ ပြောလို့ရပြီလား (မောင်ဝံသ)
To: lubo601@gmail.com



by Maung Wuntha on Tuesday, August 14, 2012 at 9:16am 

ပြည်သူ့ခေတ်ဂျာနယ်  ၁၆ သြဂုတ် ၂၀၁၂ ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

 ဒီရက်ပိုင်းအတွင်း ကြားရတဲ့ သတင်းတွေက အကောင်းရော အဆိုးပါ ရောသမမွှေနေပါလားဗျ။ ကောင်းတာတွေက စပြောရရင် ရှစ်လေးလုံးနေ့ အခမ်းအနားတွေ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြတယ်ဗျာ။ ပြည်ထောင်စု ၀န်ကြီး နှစ်ဦးက ရှစ်လေးလုံး အကြိုနေ့မှာ  ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ငွေကျပ် ၁၀ သိန်း မန္တလေးမှာ လှူဒါန်းတယ်ဗျာ။ ရှစ်လေးလုံးနေ့ကို သမိုင်းဝင်နေ့အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ ၈၈မျိုးဆက် ကျောင်းသားများက တောင်းဆိုတယ်ဗျာ။


ဒီလောက် မြန်မယ် မထင်ခဲ့ဘူး
    သတင်းဓာတ်ပုံတွေနဲ့ ရုပ်သံသတင်းတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့မှ ဟိုက် ဒါတွေဟာ အိပ်မက်တွေ မဟုတ်ဘူး၊ တကယ်ဟလို့ ကျွန်တော်ယုံတော့တယ်ဗျ။ သည်လို အခြေအနေရောက်ဖို့ နောက်ထပ် လွှတ်တော် သက်တမ်းတစ်ခုလောက် စောင့်ရလိမ့်ဦးမယ်လို့ ကျွန်တော် ထင်နေခဲ့တာကလား။ နိုင်ငံရေးဟောကိန်းတချို့ ကြက်ကန်းဆန်အိုးတိုးသလို မှန်သွားလို့ ဘယ်သူကမှ အသိအမှတ်မပြုချင်နေပေစေ၊ ကိုယ်တွေးခဲ့ ရေးခဲ့တဲ့ ဆောင်းပါးလေးတွေ လူတကာကို တပြပြလုပ်ပြီး ဂုဏ်ယူနေမိတဲ့ ကျွန်တော့်မှာ သည်တစ်ခါတော့ သည်လို မြင်ကွင်းတွေ ခုအချိန်မှာ ရုပ်လုံးပေါ်လာမယ်လို့ ထင်ကို မထင်ခဲ့တာဗျ။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်က ကျွန်တော်တို့ မမေ့နိုင်တဲ့ ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်ကို အတားဆီးခံခဲ့ရတယ်လေဗျာ။

၆၂ မျိုးဆက်ရဲ့ ခံစားချက်
    ၁၉၈၈ ရှစ်လေးလုံးကာလမှာ ကျောင်းသားတွေ ပြည်သူတွေ အသက်တွေ ပေးခဲ့ရသလို ၁၉၆၂ ဂျူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ် ကျောင်းသား အရေးအခင်းမှာလဲ ကျောင်းသားတွေ မရှုမလှ ခံခဲ့ကြရတာပဲဗျ။
    ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ နောက်ဆုံးအမှုဆောင်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကျွန်တော့်နောင်တော်ကြီး ကိုလှရွှေက သူတို့ ကျွန်တော်တို့ တစ်သိုက်ကို ၆၂ မျိုးဆက်လို့ သုံးနှုန်းလေ့ရှိတယ်။ ၆၂ မျိုးဆက်ဟာ အသက် ၇၀ တစ်ဝိုက်ရှိကုန်ကြပြီ။ သို့ပေမယ့် ဆဲဗင်းဂျူလိုင်ရောက်ပြီဆိုရင် ခုထိ မျက်ရည်လည်ကြတုန်း၊ အံကြိတ် လက်သီးဆုပ်မိကြတုန်းပါဗျာ။
    ရှစ်လေးလုံးအထိမ်းအမှတ်နေ့ အခမ်းအနားတွေကျင်းပဖို့ အစိုးရက ခွင့်ပြုခဲ့တာရယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းက ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်လက်ထဲ ငွေ ၁၀သိန်းပေးအပ် လှူဒါန်း တာရယ်ဟာ ရှစ်လေးလုံး ကာလ ရက်စက်ခဲ့တဲ့ လုပ်ရပ်များသည် မိမိတို့နဲ့ မသက်ဆိုင်ဘူး၊ သို့ကြောင့် ကျောင်းသားခေါင်းဆောင်ဟောင်းတွေက အထိမ်းအမှတ်နေ့ ကျင်းပတာကို မိမိတို့ သဘောတူတယ်လို့  လက်ရှိ နိုင်ငံခေါင်းဆောင်တွေက (တရားဝင်ထုတ်ဖော်ကြေညာခြင်းမပြုသော်လည်း) လက်တွေ့ အမူအရာနဲ့ ပြလိုက်တာပဲ လို့ ကောက်ယူရမှာပဲဗျ။ တစ်နည်း အားဖြင့်ပြောရင် ရှစ်လေးလုံးအရေးတော်ပုံကို နှိပ်ကွပ်ခဲ့သူများနဲ့ မိမိတို့ မသက်ဆိုင်ဘူးလို့ ဖြတ်လိုက် (discard) တာပဲ ဖြစ်တယ်ဗျ။ ကောင်းဗျာ။ သာဓု၊ သာဓု။
    တကယ်ကတော့ ရှစ်လေးလုံး ကာလတုန်းက လက်ရှိ ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေဟာ ဗိုလ်ကြီး၊ ဗိုလ်မှူးလောက် ရှိကြဦးမှာပါ။ အမိန့်နာခံရသူများပဲ ဖြစ်ကြပါလိမ့်မယ်။ သို့ပေမယ့် အဲဒီကတည်းကပဲ အမှားအမှန်ကို ဝေခွဲနိုင်ခဲ့ကြမယ်ထင်ပါတယ်။ ဒါကြောင့်လဲ မိမိတို့ မူဝါဒချမှတ် ဆုံးဖြတ်နိုင်ချိန်မှာ ခုလို သဘောထားထုတ်ဖော်ကြတာ ဖြစ်မယ်ဗျ။
    ဒါဆိုရင် ကျွန်တော်တို့ ၆၂ မျိုးဆက်အကြောင်း ပြန်ကောက်ရင် လက်ရှိ စစ်ခေါင်းဆောင်တွေထဲမှာ အဲဒီခေတ်က တပ်ထဲရှိခဲ့သူ တစ်ယောက် မှတောင် ရှိတော့မယ် မဟုတ်ပေဘူးဗျ။ ဟိုတုန်းက တာဝန်ရှိသူတွေနဲ့ ပိုပြီးတော့တောင် discard လုပ်နိုင်ရမှာပေါ့ဗျာ။

ပြောလို့မရသေးတာတွေ
    ခုချိန်ထိတော့ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အကြောင်း၊ ဆဲဗင်းဂျူလိုင်အကြောင်း၊ မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ တကသအဆောက်အဦကြီး ပြန်လည်တည်ဆောက်ရေး အကြောင်း ရေးခွင့် ပြောခွင့် မရသေးဘူးဗျာ။ အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့တော့ ဝေလာဝေးပေါ့။
    ဒီလိုရေးနေလို့ ကျွန်တော်က ဆဲဗင်းဂျူလိုင်နဲ့ ရှစ်လေးလုံး အရေး တော်ပုံကြီးကို လိုက်တိုင်းနေတယ်လို့တော့မထင်လိုက်ပါနဲ့။ နှိုင်းလဲ မနှိုင်းပါဘူး၊ မနှိုင်းကောင်းဘူးဆိုတာလည်း သိပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး လိုမျိုးဟာ ဆယ်သက်မှာတောင် တစ်ခါ ကြုံနိုင်ကြမှာ မဟုတ်ဘူးဗျ။
    ကျွန်တော့်ညီ ကဗျာဆရာ မောင်သွေးသစ် ရေးတဲ့ ကဗျာတစ်ပုဒ်  မြန်မာတိုင်းမ် ဂျာနယ်မှာ ဖတ်လိုက်ရတယ်။ ကြက်သီးမွေးညင်းတောင် ထသွားတယ်ဗျာ။ ရှစ်လေးလုံးကာလတုန်းက မျက်ရည်တွေနဲ့ သံပြိုင်ဆိုခဲ့ကြရတဲ့ နိုင်မြန်မာရဲ့ ကမ္ဘာမကျေဘူး သီချင်းစာသားတွေကို (အစအဆုံးတော့မဟုတ်) ပြန်ရေးပြထားတာကိုး။ စာပေစိစစ်ရေးက ခွင့်ပြုလို့လည်း ပုံနှိပ်ဖော်ပြနိုင်ခဲ့တာပ။
    (ကမ္ဘာမကျေဘူး...ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ...တော်လှန်ရေး... ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော....သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့ တိုင်းပြည်... ရဲရဲတောက် ဒို့ ပြည်သူတွေ...)
    (ကိုယ်တော်မှိုင်း... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ... အဘိုးရေ...သခင်အောင်ဆန်း...နိုင်ငံတော်မှာ သွေးစွန်းခဲ့ပြီ အဖရေ....သြော် .. လုပ်ရက်ကြပေ... )
    ဘာပဲပြောပြော ဒီလောက် ရေးနိုင်တာကိုပဲ ကျွန်တော်တို့ကတော့  ကြိုဆိုနေပါတယ်။

နိုင်ငံရေးအကျဉ်းသားလျော်ကြေး
    တိုက်ဆိုင်တာက ခုတစ်လော ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို နောက်တက်လာတဲ့ အစိုးရတွေက တိုင်းပြည်ဘဏ္ဍာငွေဖြင့်  လျော်ကြေးပေးတာမျိုး၊ ထောက်ပံ့ကြေးပေးတာမျိုး တချို့နိုင်ငံတွေမှာ ရှိတယ်ကြားဖူးတယ်၊ ရှာဖွေကြည့်စမ်းပါလို့ ပြောတာနဲ့ ကျွန်တော် ရှာကြည့်တဲ့အခါ ဇင်ဘာဘွေနဲ့ လက်တင်အမေရိကနိုင်ငံတချို့ (အာဂျင်တီးနားလိုနိုင်ငံတွေ)မှာ လျော်ကြေးပေးတာ၊ ထောက်ပံ့ကြေးပေးတာ၊ ကျန်းမာရေးစရိတ်တာဝန်ယူတာတွေ တွေ့ရတယ်ဗျ။ ဇင်ဘာဘွေမှာ သုံးနှုန်းပုံကတော့ the payment of gratuities to the ex-political prisoners, restrictees and detaineesလို့ ဆိုတယ်။``]နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကန့်သတ်ခံခဲ့ရသူများနှင့် ထိန်းသိမ်းခံများအတွက် ကရုဏာကြေး´´ လို့ သုံးနှုန်းတယ်။ တိုင်းပြည်က သူတို့အပေါ် ကရုဏာဖြင့် ပေးတယ်လို့ ဆိုရမှာပေါ့။ နောင်အလျဉ်းသင့်တဲ့အခါ ဒီအကြောင်းတွေ ရေးပါဦးမယ်။

တရားဥပဒေစိုးမိုးရေး ဥက္ကဌ
    ကောင်းသတင်းထပ်ပြောစရာတစ်ခုက သြဂုတ် ၇ ရက်က ပြည်သူ့လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်တာဝန်ပေးလိုက်တဲ့ သတင်းပေါ့ဗျာ။ အဲဒီကော်မတီရဲ့ တာဝန်တွေထဲက တစ်ခုက ]]ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊ တရားရေး အဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်းမီဒီယာနှင့် သက်ဆိုင်သူအားလုံးသည် တရားဥပဒေနှင့် အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိခြင်းပြုရမည်၊ အရေးယူဆောင်ရွက်ရန် ရှိပါက ပြည်သူ့လွှတ်တော် ဥက္ကဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်}}လို့ ဆိုတယ်ဗျ။ မဏ္ဍိုင်ကြီးလေးရပ်ကို ထိန်းညှိပေးတဲ့ တာဝန်ဖြစ်လေတော့ ကျွန်တော်တို့ မီဒီယာတွေနဲ့လည်း ပတ်သက်နေတယ်ဗျာ။ နည်းနည်းတော့ စိတ်ဝင်စားမိတယ်ဗျ။

ပိုင်ဆိုင်မှုကြေညာရေးအဆို ရှုံးသွားတယ်
    စိတ်ထဲ မတင်မကျဖြစ်ရတဲ့ သတင်းကတော့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများရဲ့ ပိုင်ဆိုင်မှု ကြေညာပေးရန် အဆို ရှုံးနိမ့်သွားတဲ့ ကိစ္စဗျာ။ သြဂုတ် ၈ ရက်ကကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး ၂၂ ရက် မြောက်နေ့မှာ ပုသိမ် မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အဆို တင်သွင်းထားတဲ့ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်များ အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသူများ၏ ပြောင်းရွှေ့ နိုင်သော ပစ္စည်းများ၊ မပြောင်း ရွှေ့  နိုင်သော ပစ္စည်းများ စာရင်းနှင့် ၎င်းတို့၏ အကျိုး စီးပွားများ စာရင်းကို ထုတ်ဖော် ကြေညာ၍ မှတ်တမ်းတင် ထားရန် အဆိုကို မဲခွဲ ဆုံးဖြတ်တော့ ထောက်ခံမဲ ၆၈ မဲသာ ရရှိပြီး ကန့်ကွက်မဲ ၂၁၇ မဲ ရှိလို့ ရှုံးနိမ့်သွားသတဲ့ဗျာ။ တိုင်းပြည်ကိုခေါင်းဆောင်နေသူများရဲ့ ရာထူးတာဝန် မထမ်းဆောင်ခင် ပိုင်ဆိုင်မှုတွေကို ကြေညာပေးဖို့၊ ကြေညာရဲဖို့ ကျွန်တော် လွန်ခဲ့တဲ့ ခြောက်လကျော်က ပြည်သူ့ခေတ်မှာပဲ ဆောင်းပါး ရေးခဲ့ဖူးတာဖြစ်လို့ သည်အဆိုကို စိတ်ဝင်စားစွာ နားစွင့်နေတာ အဆိုရှုံးသွားတယ်ဆိုတော့ ဟိုက်ခနဲ အော်မိတယ်ဗျာ။

ပြည်သူယုံကြည်မှုတိုးမြင့်လာစေဖို့  
    ဦးးဝင်းမြင့်ရဲ့ အဆိုကို အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၇ ဦး ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၃ ဦးး အပါအ၀င် ရှေ့ နေချုပ် ဒေါက်တာ ထွန်းရှိန်တို့ကပါ ၀င်ရောက် ဆွေးနွေးခဲ့ကြတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက အသွင် ကူးပြောင်းရေး ကာလမှာ နိုင်ငံတော် သမ္မတကြီးဦးဆောင်သော အစိုးရ အဖွဲ့ရဲ့ ဆောင်ရွက်ချက်များကို ပြည်သူများ ယုံကြည်မှု တိုးမြှင့်လာစေရန် အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြေငြာပေးရန် အထူးပင် လိုအပ်ကြောင်း ဆွေးနွေးပြီး မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကအစိုးရ အဖွဲ့ဝင်များကို သာမက တပ်မတော် ထိပ်တန်းခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ပါ ထုတ်ဖော်ကြေငြာပေးရန် လိုအပ်ကြောင်း ဆွေးနွေးသွားတယ်ဗျ။

လွှတ်တော်ဥက္ကဌတွေလည်း ကြေညာရမယ်
    ဒုတိယ ရှေ့ နေချုပ်ရဲ့ ဆွေးနွေးချက်မှာ ထူးခြားတာက  ဒီအဆိုကို အတည်ပြုမယ်ဆိုရင်  အစိုးရ အဖွဲ့ဝင် ၀န်ကြီးများရဲ့ ပိုင်ဆိုင်မှု စာရင်းသာမက လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ များရဲ့ ပိုင်ဆိုင်မှု စာရင်းကိုပါ ထုတ်ဖော် ကြေညာသင့်ကြောင်း၊ အစိုးရ အဖွဲ့ဝင် ဥပဒေ အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များရဲ့ ပိုင်ဆိုင်မှု စာရင်းကို နိုင်ငံတော် သမ္မတ ထံသို့ တင်ပြထားပြီ ဖြစ်ကြောင်း ဆွေးနွေးသွားတယ်ဗျ။

ပုံရိပ်ကို ဘယ်လောက်ထိခိုက်နိုင်သလဲ
    ဒီအဆို ရှုံးနိမ့်သွားတာဟာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ရဲ့ သန့်ရှင်းသော အစိုးရဖော်ထုတ်ရေးကြိုးစားနေပါတယ်ဆိုတဲ့ ပုံရိပ်ကို ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာ ကျွန်တော် တွေးနေမိတယ်ဗျာ။ ဒါတင်မက သမ္မတကိုယ်တိုင်က  စတုတ္ထ မဏ္ဍိုင် လို့ အသိအမှတ်ပြုထားတဲ့  သတင်းမီဒီယာများထဲက သတင်းဂျာနယ် တချို့ကို  အုပ်ချုပ်ရေးမဏ္ဍိုင်က ထုတ်ဝေခွင့် ရပ်ဆိုင်းတာ၊ တရားစွဲဆိုတာတွေ ဖြစ်ပေါ်နေတာဟာလဲ ဒီမိုကရေစီရဲ့ အဓိက ပေတံတစ်ချောင်းဖြစ်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ပုံရိပ်ကို ဘယ်လောက်ထိခိုက်နိုင်သလဲဆိုတာကိုပါ ဆက်တွေးနေမိတယ်ဗျာ။
၁၀၊ ၈၊ ၂၀၁၂


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/17/2012 12:02:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:29399] Fwd: [လူဗိုလ်ဟူသည် ...] ဆဌမမြောက် တံခါးခေါက်သံ........



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/16
Subject: [လူဗိုလ်ဟူသည် ...] ဆဌမမြောက် တံခါးခေါက်သံ........
To: lubo601@gmail.com




ပထမဆုံးသော တံခါးခေါက်သံ…….
                         မေမေ့ ၀မ်းကြာတိုက် တံခါးလေးကို ခေါက်ပြီး  ``မေမေရေ…... သားသားရောက်နေပြီလို့….´´  ရဲရဲဝံ့ဝံ့  အသိပေးရင်းကျွန်တော် ၀င်ရောက်ခဲ့တယ်….  ဒီ တံခါးခေါက် သံလေးက မေမေ့ဆီကနေ ဖေဖေ့ဆီကိုရောက်…. သူတို့နှစ်ယောက် ကြည်နူး  ပျော်ရွှင်ခြင်းတွေနဲ့ ရှေ့  ခရီးဆက်ကြတယ်……   ကျွန်တော် ထင်ပါတယ်….. ကျွန်တော့်ရဲ့ တံခါးခေါက်သံလေးက  ဖေဖေနဲ့ မေမေ့ကို အားအင်အသစ်နဲ့ ကြည်နူး ချမ်းမြေ့ခြင်းတွေ ပေးစွမ်းနိုင်ခဲ့တယ် ဆိုတာကိုပေါ့………။

ဒုတိယမြောက် တံခါးခေါက်သံ……
                      မေမေ့ကို ဝေဒနာနဲ့ ဒုက္ခတွေ (၁၀)လ လောက်ပေးပြီးတော့ ကျွန်တော် ဒုတိယမြောက် တံခါးလေးကို ခေါက်လိုက်မိတယ်။ အားအင် အပြည့်နဲ့  `` အူဝ… အူဝဲ…..´´ အော်မြည်ရင်းနဲ့လေ….. ပင်ပင်ပန်းပန်း နွမ်းနွမ်းနယ်နယ်နဲ့ ကမ္ဘာ့ အလှဆုံးအပြုံးတစ်ခုကိုတော့ မေမေ ဖန်ဆင်းပေးခဲ့မယ်လေ….။  ဘာမှ မသိသေးတဲ့ ကျွန်တော့်ကို ကြည့်ရင်းပေါ့….  နောက်ပြီး ဆူပူ အော်ဟစ်နေတဲ့ ကျွန်တော်ရယ်….
ပင်ပန်း နွမ်းနယ်လျှက်က..... ပြုံးနေတဲ့ မေမေရယ်ကို ကြည့်ရင်း  ဇနီးနဲ့သား ကောင်းမွန်စွာ ရှင်သန်ခြင်းတွေအစား တစ်ခုခုများ ဖြစ်ခဲ့လျှင်ဆိုတဲ့ သောကရာသီလေးတွေကို ကြိတ်မှိတ်ကျော်လွှား…. ဖြတ်သန်းခဲ့တဲ့ ဖေဖေ့အပြုံးတွေကိုလဲ မြင်ချင်လိုက်တာ….. အဲဒီ အချိန်မှာတော့
``သားတို့ရုပ်ရည်....´´ ဆိုတဲ့ စကားလေးအတိုင်း ကမ္ဘာကြီးမှာ နေနဲ့လ တစ်ပြိုင်တည်း ထွန်းလင်းခဲ့မှာပေါ့….  ကျွန်တော် ထင်ပါတယ်…
ကျွန်တော့်ရဲ့  ဒုတိယမြောက်တံခါးခေါက်သံလေးက ဖေဖေနဲ့ မေမေ့ကို အားအင်အသစ်နဲ့ ကြင်နာယုယခြင်းတွေပေးစွမ်းနိုင်ခဲ့တယ် ဆိုတာကိုပေါ့………။
တတိယမြောက် တံခါးခေါက်သံ…….
                          ဖေဖေနဲ့ မေမေရဲ့.. ကြင်နာယုယခြင်းတွေကို စိတ်ကြိုက် ရယူ စားသုံးပြီးတဲ့  (၅)နှစ်တာ ကာလမှာတော့  ကျွန်တော်ကျောင်းတက်ရတော့မယ်.....  ကျောင်းဝတ်စုံလေးကို ကျကျနန ၀တ်ဆင်ရင်း၊  ဆံပင် ဘေးခွဲလေးနဲ့ လွယ်အိတ်လေးကို ကျောပိုးရင်း.....
တတိယမြောက် တံခါးလေးကို ခေါက်လိုက်ပြီပေါ့….. `` ငါ့သားလေး ကျောင်းနေတော့မယ်…. ပညာတတ်ကြီးဖြစ်တော့မယ်…. ငယ်ငယ်လေးကတည်းက .အတန်းတိုင်းမှာ ထူးချွန်အောင် ဂရုစိုက်ရမယ်….. ဆုတွေလဲ ရရမယ်....... အားကစားလဲ ထူးချွန်ရမယ်…..  နောက်ပြီး
တည်တည် ကြည်ကြည် ခန့်ခန့်ညားညား....  လူတိုင်း ချစ်ခင်လေးစားတဲ့သူ ဖြစ်ရမယ်…´´ဆိုတဲ့   အတ္တရောင်စဉ်တွေက  အဲဒီအချိန်မှာဖေဖေရော…... မေမေ့ကိုပါဖုံးလွှမ်းနေခဲ့မှာပေါ့……..  ကျွန်တော် ထင်ပါတယ်….   ကျွန်တော့်ရဲ့  တတိယမြောက် တံခါးခေါက်သံလေးက ဖေဖေနဲ့ မေမေ့ကို မျှော်လင့်ခြင်းအသစ်တွေ၊  အားအင် အသစ်တွေကို ထပ်လောင်းပေးစွမ်းခဲ့ပြီ…. ဖြူစင်ခြင်းနဲ့ လမ်းခွဲတဲ့ အတ္တ မျက်ဝန်းတွေကို ကျွန်တော်ဖန်တီးပေးစွမ်းခဲ့မိပြီ ဆိုတာကိုပေါ့……။
စတုတ္ထမြောက် တံခါးခေါက်သံ......
                           ဖေဖေ..... မေမေတို့ရဲ့  ချွေးစက်တွေ….. စေတနာတွေ…. မေတ္တာတွေကနေ ဆရာ/ဆရာမတွေရဲ့ ချွေးစက်တွေ…..
စေတနာတွေ မေတ္တာတွေနဲ့ ရောယှက်ထားတဲ့ ပညာရည်နို့ကို သောက်စို့ခဲ့တဲ့ (၁၅)နှစ်၊  (၁၆)နှစ်တာ ကာလ အလွန်မှာတော့… ကျွန်တော်ပညာစုံခြင်း ဆိုတဲ့ စတုတ္ထမြောက် တံခါးလေးကို  ထပ်ပြီး ခေါက်လိုက်ပြန်ပြီပေါ့……. ပညာသင်ယူမှု ပြီးမြောက်တဲ့..  ဘွဲ့နှင်းသဘင် အခမ်းအနားကိုတော့….  ရင့်ကျက် တည်ငြိမ်ပြီး ကျက်သရေရှိလှတဲ့ ဟန်ပန် အမူအယာတွေနဲ့ ဖေဖေနဲ့ မေမေ တက်ရောက်ခဲ့ တယ်…. ဒီ အခမ်းအနားမှာ ပါဝင်ပါတ်သက်သူမှန်သမျှက ကိုယ့်သား ထက် မနိမ့်သူတွေ ဖြစ်နေပါလျှက်... သက်ဆိုင်သူတွေ ဖြစ်နေပါလျှက် ဖေဖေမေမေရဲ့ အပြုံးတွေက သိပ်ကို ပြီးပြည့်စုံနေခဲ့တာပဲ….. သူတို့ ဘယ်လောက်အထိ ကျေနပ်နေခဲ့သလဲ ဆိုတာကို ကျွန်တော် မခန့်မှန်းနိုင်ခဲ့ပါဘူး…..
ကျွန်တော်တွေးကြည့်တယ်လေ. ဖေဖေနဲ့ မေမေ ဘွဲ့ယူစဉ်ကရော ဒီလောက် အထိ ပီတိတွေ ဖြစ်ခဲ့သလား. လို့။ ကျွန်တော် ထင်ပါတယ်
… ကျွန်တော့်ရဲ့ စတုတ္ထမြောက် တံခါးခေါက်သံလေးက ဖေဖေနဲ့ မေမေ့ကို ယုံကြည်ခြင်းအသစ်တွေအပြင် .… ဂုဏ်ယူခြင်း အသစ်တွေ ကိုထပ်လောင်းပေးစွမ်းခဲ့ပြန်ပြီ…..  ကြည်နူးကျေနပ်ခြင်းနဲ့ ဘ၀အမောတွေ ပြေပျောက်စေတဲ့.. ခွန်အား တစ်ရပ် ကျွန်တော် ဖန်တီးပေးစွမ်းခဲ့မိပြီ ဆိုတာကိုပေါ့……
ပဉ္စမမြောက် တံခါးခေါက်သံ......
                        လူတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ မူလအရည်အသွေးတွေ ပြည့်စုံတဲ့ အခါမှာတော့..လုပ်ငန်းခွင် ၀င်ရောက်ခြင်းဆိုတဲ့ ပဉ္စမမြောက် တံခါးလေးကို ခေါက်လိုက်မိတယ်….. အရာရှိတစ်ယောက် ဖြစ်စေခဲ့တဲ့  မူလ ပိုင်ရှင်... ဖေဖေနဲ့ မေမေက ဘယ်တုန်းကနဲ့မျှမတူတဲ့ ပီတိတွေကို ဖြန့်ကျက်ရင်း… ဖေဖေကလဲ အတွေ့အကြုံတွေ မေမေကလဲ ကလေးငယ်လေးတစ်ယောက်လို ကျန်းမာရေး....၊ လူမှုဆက်ဆံရေး…. နေတာထိုင်တာတွေက အစ  မိန်းကလေးနဲ့ ပတ်သက်နိုင်တာတွေ အဆုံး  သိမ်းကျုံး မှာကြားနေလိုက်တာများ…. မိသားစုဘ၀မှာ အမှတ်ရစရာလေးတွေပေါ့……  ကျွန်တော် ထင်ပါတယ်…  ကျွန်တော့်ရဲ့ ပဉ္စမမြောက် တံခါးခေါက်သံလေးက ဖေဖေနဲ့ မေမေ့ကို ဥယျာဉ်မှူးရဲ့ ပီတိတွေအပြင်  ကျေနပ်ခြင်း….ရွှင်လန်း ၀မ်းမြောက်ခြင်းအသစ်တွေ ကို ထပ်လောင်းပေးစွမ်းခဲ့ပြန်ပြီ ဆိုတာကိုပေါ့……။
ဆဌမမြောက် တံခါးခေါက်သံ.......
                         မိဘများရဲ့ အမွေအနှစ်တွေကို ပြည့်ပြည့်စုံစုံရယူပြီး.. ကိုယ်တိုင်တတ်သိနားလည်သမျှ၊ ထင်သမျှ မြင်သမျှ…. စိတ်ကူးလေးတွေထဲက အတိုင်း ဘ၀ကိုရင်ဆိုင်ဖြတ်သန်းခဲ့တယ်လေ……
                          ဒီလို ဖြတ်သန်းခြင်းတွေထဲမှာ….. ဘ၀သစ်တစ်ခု ထူထောင်ခြင်းတွေပါရဲ့….. တစ်ချို့ကလဲ ချစ်တဲ့သူနဲ့ ပြည့်ပြည့် စုံစုံ တစ်ချို့  ကျတော့လဲ သင့်လျော်ရာ အိမ်ထောင်ဘက်နဲ့ ကံဇာတ်ဆရာရဲ့ ဇာတ်ညွှန်း အတိုင်းအဆင်ပြေသလိုရှင်သန် လည်ပတ်နေကြတာလဲ ပါတာပေါ့…။
                          ဘ၀တွေကို  ရင်ဆိုင်ဖြတ်သန်းရင်း  မိဘနေရာတွေကိုရောက်ပြီး…… တံခါးခေါက်သံတွေကို ကိုယ်တိုင် ပြန်ကြားခဲ့ရမှာပါ……..
                         ဒီလိုနဲ့ ချစ်သောသူတွေလဲ ခွဲသွားကြတယ်၊   မချစ်မနှစ်သက်သော သူများနဲ့လည်း ဆုံတွေ့ခဲ့ရတယ်... တကယ်တမ်းကိုယ့်မှာ ဘာတွေ ကျန်ရစ်မလဲဆိုတော့.… ကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေရယ်... ဒါနရယ်... သီလရယ်… ဘာဝနာရယ်သာလျှင် သံသရာအတွက် တကယ့် အဖော်မွန်တွေဆိုတာ...  ခံစား နားလည်တတ်တဲ့ အရွယ်တွေကိုလဲ မဖြစ်မနေလျှောက်လှမ်းရမှာပါပဲ
နောက်ဆုံးတော့ အနီးစပ်ဆုံး တံခါးလေးတံချပ်ကို တွေ့ရတယ်…. ။
                          အဲဒီတံခါးလေးကိုတော့ ကိုယ်တိုင် မခေါက်တော့ ပါဘူး… ဒီ တံခါးလေးကို လောကရဲ့ ဓမ္မတာ အတိုင်း လာရောက်ခေါက်သံကြားရင်….. ကိုယ့်ရဲ့ ကျန်ရစ်ရမဲ့ မိသားစုလေးတွေက အလွမ်းတွေ…. အားငယ်စိတ်တွေ…. ၀မ်းနည်းခြင်းတွေနဲ့…. ခံစားကြားယောင်ရမှာလေ….  ဘယ်သူလာခေါက်မှာပါလိမ့်.… ဒီတံခါးလေးခေါက်လာရင်... ကိုယ်တိုင်လဲ ကောင်းတာတွေရော…. မကောင်းတာတွေရော….. ကျေနပ်ခြင်းတွေရော……. မကျေနပ်ခြင်းတွေကိုရော…. အားလုံးကို ချန်ထားရစ်ရတော့မယ်…. ကျန်ရစ်မဲ့သူတွေအတွက်ကိုယ်ဘယ်လောက် အားအင်တွေ စိုက်ထုတ်ပေးခဲ့သလဲ... ဘယ်လောက် တာဝန်တွေကျေခဲ့သလဲ ဆိုတဲ့ အဖြေကို ကျန်ရစ်ခဲ့သူတွေက သုံးသပ်ရင်း ကောင်းသည်..... ဆိုးသည် ဆုံးဖြတ်ကြတော့မယ်…. နောက်တော့လဲ တဖြည်းဖြည်းနဲ့ မေ့သွားကြမှာပေါ့…. အခုထိ ဆဌမမြောက် တံခါးခေါက်သံကို မကြားရသေးပေမဲ့.... ကြားဖြစ်ခဲ့ရင်လဲ ပြန်လည်တွေးတောခွင့်နဲ့.... ပြန်လည် ပြင်ဆင်ခွင့်တွေကို.... မရနိုင်တော့ပါဘူး။
                          အင်း.. ကျွန်တော်ထင်ပါတယ် ဆဌမမြောက် တံခါးခေါက်သံဆိုတာ... နိဂုံး မတိုင်ခင်ကြိုတင် ပြင်ဆင်ခြင်း အချက်ပေးသံလေး ဖြစ်မယ် ဆိုတာကိုပေါ့…….။
ကွန်ဆူးမား


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/17/2012 11:25:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ