[New post] မြစ်ကို အလျားလိုက်ကူးခိုင်းထားခံရသော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Aung Htoo)

admin posted: " /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0"

[New post] 26th August – MoeMaKa Radio

admin posted: " သြဂုတ် ၂၆ - မိုးမခရေဒီယို အဆက်အသွယ် - ဦးပန်တျာ သတင်းတိုထွာ၊ သီချင်းပဒေသာ မြန်မာစစ်တပ်၊ တ�"

[mrsorcerer:29975] Fwd: [လူဗိုလ်ဟူသည် ...] ရန်ကုန်မြို့တော် ရေကြီးခြင်း ပြဿနာများ

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/26
Subject: [လူဗိုလ်ဟူသည် ...] ရန်ကုန်မြို့တော် ရေကြီးခြင်း ပြဿနာများ
To: lubo601@gmail.com

by Lu Cifer on Sunday, August 26, 2012 at 1:01am

လွန်ခဲ့သော အပတ်များမှစ၍ ရန်ကုန်မြို့တော် CBD မြို့စီးပွားရေှးဇုန်ပြဿနာ၊ ယဉ်ကြောပိတ်ဆို့မှု ပြဿနာ၊ သမိုင်းအ မွေအနှစ်များ ထိန်းသိမ်းနိုင်ရေးပြဿနာ စသည်များကိုတင်ပြခဲ့ရာ ယနေ့ ရန်ကုန်မြို့အချို့နေရာများတွင် ရေတင်ခြင်း ရေကြီးခြင်းနှင့်ပတ်သက်၍ တင်ပြပါမည်။

ရန်ကုန်မြို့ကြီး သမိုင်းတလျှောက်ပြောင်းလဲ ကြီးထွားလာပုံကို အကြမ်းအားဖြင့် စတင်၍ သုံးသပ်ရပေမည်။ ပထမဦးစွာ ၁၉ ရာစုအဆုံးပိုင်း၊ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး ရန်ကုန်မြို့ကို စတင်ဆောက်လုပ်ခဲ့ကြရာ ထိုအချိန်က ရန်ကုန်မြို့ ၏ ဧရိယာမှာ ယခုမြို့ထဲခေါ် ကမ်းနားလမ်းမှစ၍ မြောက်ဘက် Winsor road ခေါ် ရှင်စောပုလမ်း၊ ဗဟန်းနှင့် ကန်တော် လေးတို့ အပါအ၀င် စုစုပေါင်း ၃၃့ ၂ စတုန်းမိုင်ခန့် ရှိခဲ့ပါသည်။ ဒုတိယ တိုးချဲ့မှုအနေနှင့် ရန်ကုန်တက္ကသိုလ် ပတ်ဝန် ကျင်နှင့်အတူ ရွှေတောင်ကြားရပ်ကွက၊် အင်းလျားလမ်း။ Windermere ခေါ် သံလွင်လမ်း စသောနေရာများကို ၁၉၂၀ ပတ်ဝန်းကျင်တွင် ဖော်ထုတ်ခဲ့ပါသည်။
ကြည့်မြင်တိုင်၊ စမ်းချောင်းစသော မြို့နယ်များမှာ ၁၉ ရာစုအဆုံးပိုင်း မှစ၍ မြို့ ပြင်နေရာများ Suburbs အဖြစ် ပါဝင်ခဲ့ပါသည်။

အခြားသော မြောက်ပိုင်းမြို့နယ်များဖြစ်သော ရန်ကင်း၊တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနှင့် အရှေ့ဘက်ခြမ်းရှိ သာကေ တမြို့တို့မှာ လွတ်လပ်ရေးရရှိပြီးမှ တိုးချဲ့မြို့များအဖြစ် တည်ဆောက်ဖော်ထုတ်ခဲ့ကြသော မြို့နယ်များ ဖြစ်ပေသည်။

ရန်ကုန်မြို့တွင် မည်သည်မြို့နယ်များတွင် ရေကြီးရသည်၊ ရေကြီးရသည်မှာ မြို့နယ်အလိုက် ခြုံ၍ ဖော်ထုတ်သတ်မှတ် နိုင်ခြင်းမရှိဘဲ နိမ့်သောနေရာများတွင် ရေတင်ရေကြီး၊ မြင့်သောနေရာများတွင် လွတ်ဟုသာ သုံးသပ်နိုင်ပါသည်။ ခြုံ၍ တင်ပြရသော် တမြို့လုံးအတွက် Sewage and Drainage Plan ရေမြာင်းနှင့် ရေဆိုးထုတ်စနစ် စီမံရေးဆွဲ အကောင်အ ထည်ဖော်ရန် ဖြစ်ပေသည်။

သို့သော် ရေကြီးရေတက်ရသော အကြာင်းအရင်းများကို အပိုင်းလိုက်လည်း ရှာဖွေတွေ့ရှိ နိုင်ပေသည်။
အထူးသဖြင့် စီးပွားရေးဇုန်ဟုခေါ်ကြသော ၇ မြို့နယ်တွင် ရေတင်ရေကြီးခြင်း၊ ယခုအခါများတွင် ပိုမိုကြန့်ကြာခြင်း အ ကြောင်းအရင်းများမှာ သိသာရှင်းလင်းစွာ ဖော်ထုတ်နိုင်ပေသည်။

ရန်ကုန်မြို့ကို ၁၉ ရာစုနှစ်အဆုံးပိုင်တွင် ဗြတိသျှတို့ စတင်အကောင်အထည်ဖော်စဉ်က ထိုမြို့ထဲပိုင်းနေရာများကို လေးထောင့်ပုံစံဖြင့် ရေမြောင်းများ၊ မိလ္လာစနစ်များနှင့်အတူ စနစ်တကျ အကောင်အထည်ဖော်ခဲ့ပေသည်။ ထိုစဉ်က ကမ်းနားလမ်းတလျှောက်တွင် sluice ခေါ်ရေတံကြီးများလည်း တပ်ဆင်ထားခဲ့ရာ ဒုတိယကမ္ဘာစစ် မတိုင်မီက ရေကြီးရေတင်ခြင်းသည် ကြီးမားသော ပြဿနာတရပ်ဟု မှတ်တမ်းများ တွင် မတွေ့ခဲ့ပါ။
ယခုအခါ ထိုယာဉ်သွားလာမှု အသိပ်သည်းဆုံး လူဦးရေ အသိပ်သည်းဆုံးနေရာတွင် ရေကြီးရေတင်ခြင်း သည် ပြဿနာတရပ်ဟု အများလက်ခံလာကြသော အကြောင်းအရင်းတို့ကို ရှာဖွေတွေ့ရှိနိုင်ပါသည်။

Green zone ခေါ် စိမ်းလန်းနယ်မြေများ လျော့နည်းလာခြင်း

စိမ်းလန်းစိုပြည်နယ်မြေများ၊ ပန်းခြံများသည် လူများအနားယူရန်အတွက်လည်းကောင်း၊ ယင်းနေရာတို့သည် percolation ခေါ် မြေကြီးထဲသို့ ရေစိမ့်ဝင်ခြင်းအတွက်သော်လည်းကောင်း လိုအပ်ပေသည်။

ဗြိတိသျှတို့ စီမံကိန်းရေးဆွဲ သွာ၍ ၎င်းတို့၏ မြို့ပြစီမံကိန်းမူဝါဒများ (British town design principles) အရ လူဦးရေနှင့် ပန်းခြံတို့ အချိုးအတိုင်း အတာ ရှိခဲ့ကြသည်။ ထိုလေးထောင့်ကွက်ပုံ လမ်းများနှင့် ရန်ကုန်မြို့၏ စီးပွားရေးဇုန်တွင် အလယ်တွင် Fytche Square ခေါ် ယခု မဟာဗန္ဓုလပန်းခြံ၊ အနောက်ဘက်ခြမ်းတွင် western park ခေါ် သခင်မြပန်းခြံနှင့် အရှေ့ဘက်ခြမ်းတွင် Dufferin Park ဟု ဖော်ထုတ်ခဲ့ကြသည်။
ယခုအခါ ထိုအရှေ့ဘက်ပန်းခြံ၊ ကုန်သည်လမ်းနှင့် အနော်ရထားလမ်းကြား၊ Enden road အီဒင်လမ်းခေါ် ဗိုလ်တထောင်ဘုရားဈေးလမ်း၏ အရှေ့ဘက် ပုဂ္ဂလိကကုမ္ပဏီကြီးများ၏ အဆောက်အဦ
များနှင့် ပြည့်နှက်လျက်ရှိပေပြီ။

Balancing drains ခေါ် ရေနုတ်မြောင်းများ ပိတ်ဆို့ခြင်း၊ ဖယ်ရှားခြင်း

၁၉ ရာစုအဆုံးပိုင်း ရန်ကုန်မြို့ကို ပြန်လည်တည်ဆောက်စဉ်က ထိုမြို့လယ်၏ ရေနုတ်မြောင်းစနစ်ကိုလည်း အရေးကြီး သော နှစ်နေရာ၊ အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် တည်ဆောက်ထားသည်။
စာရေးသူတွင်ရှိသော ၁၉၂၄ ခုနှစ် မြေပုံအရ အနောက်ဘက်တွင် ရန်ကုန်ဆေးရုံကြီး၏ တောင်ဘက် ရွှေတိဘုရားလမ်းပင်စ၍ အနော်ရထားလမ်းအတိုင်း အနောက်ဘက်သို့ ဖောက်လုပ်ထားပြီး ယခု အောင်ရတနာလမ်း၊ ရေပေါ်ဟိုတယ်အနီးတွင် တောင်ဘက်သို့ကွေ့၍ ရန်ကုန်မြစ်ထဲသို့ စီးဆင်းစေခဲ့သည်။

ထိုအကြောင်းကြောင့်ပင် အနော်ရထာလမ်း၏အနောက်ဘက်ခြမ်းကို စာရေးသူတွင် ရှိသော ၁၉၂၄ မှ မြေပုံတွင် canal street ဟု ရေးသားထားသည်။ ထိုနည်းတူစွာ အရှေ့ဘက်တွင် ယခင်က creek street ခေါ် ယခု ဗိုလ်မြတ်ထွန်းလမ်းနှင့် ယဉ်ပြိုင်၍ တောင်ဘက်မြောက်တန်း၍ ဖောက်လုပ်ခဲ့ရာ ထိုရေနုတ်မြောင်း သည် ဗိုလ်ချုပ်လမ်းအထိပင် ဖောက်ခဲ့သည်။ ယခုအခါ ထိုရေးကြီးမှု၊ ရေတင်မှုကိုထိန်းသော အဓိက ရေနုတ်မြောင်ကြီး များသည် အပိုင်းအစများသာ တွေ့ရှိနိုင်၍ ယင်းတို့၏ စီးဆင်းစုပ်ယူနိုင်မှုမှာလည်း လျော့နည်းစေတော့မည်။
အထူသဖြင့် အရှေ့ဘက်ခြမ်းရှိ creek street ခေါ် ဗိုလ်မြတ်ထွန်းလမ်းရှိ ရေဧရိယာကို ပိတ်၍ပင်အဆောက်အဦများ ဆောက်လုပ် ထားသည်ကို တွေ့ရှိရသည်။

မြို့လယ် ရေနုတ်မြောင်းစနစ်ကို အရေးကြီးသော နှစ်နေရာ၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် တည်ဆောက်ထားရှိခဲ့သည်

ရေနုတ်မြောင်းဟု မြန်မာအခေါ်အဝေါ်ကို အင်္ဂလိပ်စကားနှင့် Balancing pound/canal/creek စသည်ဖြင့် ခေါ်ဝေါ်ကြ ရာ ဘာသာရပ် နှစ်မျိုးစလုံးတွင် တိကျသော အဖြေပါဝင်လျက်ရှိသည်။
ထိုရေနုတ်မြောင်းကြီးများကို ပိတ်ခြင်း၊ အပေါ် တွင်တက်၍ အိမ်ဆောက်ခြင်းစသည်တို့သည် ရန်ကုန်မြို့လယ်ရှိ၏ ရေတင်ခြင်း၊ ရေကြီးခြင်းတို့၏ အကြောင်းရင်များ ဖြစ်ပေသည်။

ထို့အပြင် ကမ်းနားလမ်းတလျှောက်တွင် ယခင်က Sluice ခေါ်ရေတံကြီးများရှိခဲ့သည်။ ယင်းတို့ ယခုအခါ အလုပ်လုပ်နေသေးရန် ပုံမှန်စစ်ဆေးရန် လိုအပ်လျက် ရှိပေသည်။

ရန်ကုန်မြို့ ရေတင်ခြင်း၊ ရေကြီးခြင်းပြဿနာများကို ခြုံ၍သုံးသပ်သော်…

- ရန်ကုန်မြို့၏ တို့ချဲ့မြို့များဖြစ်သော ဥက္ကလာပ၊ သာကေတ၊ ဒဂုံမြို့သစ်များ စသည်တို့တွင် ရေကြီးရေတင်ခြင်းသည် စတင် ဆောင်လုပ်စဉ်ကပင် ရေစီးဆင်းပုံတို့ကို လေ့လာ၍ စနစ်တကျ ရေမြောင်းမျာနှင့် ဆောက်လုပ်ရန် အချိန်မရှိခဲ့ ခြင်း။

- ရန်ကုန်မြို့ထဲခေါ် စီးပွားရေးဇုန် ၇ နှစ် မြို့နယ်တွင်

(၁) ပန်းခြံများ၊ စိမ်းလန်းဧရိယာများပေါ် အိမ်များဆောက်လုပ်ကြခြင်း၊ ထို့ကြောင့် percolation area ခေါ် မြေကြီးထဲသို့ ရေစိမ့်ဝင်ခြင်း နည်းပါးလာခြင်း။

(၂) ရေနုတ်မြောင်းများ ပိတ်ဆို့ပျောက်ကွယ်သွားခြင်း၊ ရေ ဧရိယာများပေါ်တက်၍ အိမ်ဆောက်ကြခြင်း။

(၃) ရေတံခေါ် Sluice များကို ပုံမှန်ထိန်းသိမ်းရန် လိုအပ်ခြင်းတို့ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ပြည်သူ့ခေတ် ၁၅ စက်တင်ဘာ ၂၀၁၁ ၊ အတွဲ ၂၊ အမှတ် ၆၀

ဓါတ်ပုံ …Eleven Media Group

နေ့သစ်
August 25, 2012

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/26/2012 03:17:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:29975] Fwd: [လူဗိုလ်ဟူသည် ...] လွှတ်တော်သည် ကိုယ်ပိုင်အကျိုးစီးပွားရှေ့ တန်းတင် ပြောရမည့်နေရာ မဟုတ်ပါ -

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/26
Subject: [လူဗိုလ်ဟူသည် ...] လွှတ်တော်သည် ကိုယ်ပိုင်အကျိုးစီးပွားရှေ့ တန်းတင် ပြောရမည့်နေရာ မဟုတ်ပါ -
To: lubo601@gmail.com

by Ye Myint Thu on Saturday, August 25, 2012 at 11:17pm 

လွှတ်တော်ကြီးက "တောင့်တောင့် ကြီးဖြစ်နေတယ်" ဆိုတဲ့ ပြောသံကို ကျွန်တော်သတိပြုမိလိုက်တယ်။
ကိုယ်တိုင် လွှတ်တော်အနားမသီဘူးတဲ့အတွက် ကိုယ်တွေ့မျက်မြင်မဟုတ်သော်လည်း၊ ပြောကြဆိုကြတာတွေက သွက်သွက်လက်လက်ရှိပုံမရ၊ ဒက်ကနဲ၊ ချက်ကနဲ အချက် ကျကျပြောတာရှိမှရှိလေစ။ ကျွန်တော် သံသယဖြစ်မိတယ်။
အထူးသဖြင့် ကိုယ်စားလှယ်တစ်ယောက်ပြောတာသိသိ သာသာလွဲချော်နေပြီ၊ တိုင်းပြည်ရဲ့အကျိုးစီးပွား
နှင့် ဆန့်ကျင်နေပြီဆိုလျှင် တော့ သူပြောနေဆဲမှာပဲ၊ ကြားဖြတ်ပြီး ၀င်ထောက်သင့်တယ်။ Interrupt လုပ်တယ်လို့ ဗြိတိသျှလွှတ်တော်မှာသုံးနှုန်းပါတယ်။တစ်ယောက်ပြောနေဆဲအခြားတစ်ယောက်ဝင်ထောက်သင့်ပါသလား။
ယေဘူယျပြောရရင်တော့ရှောင်သွားသင့်တယ်။ သူပြောတာ ဂရုစိုက်နားထောင် သင့်တယ်။
စည်းကမ်းပြည့်ဝသောဒီမိုကရေစီ စနစ်မှာ လွှတ်တော်ကိုယ်စားလှယ်များ စည်းနဲ့ကမ်းနဲ့ ပြောဆိုရမှာပါ။
သို့သော် ပုဂ်္ဂိုလ်တစ်ယောက်ကပြောတဲ့အခါ နိုင်ငံအကျိုးနှင့် မဆိုင်တာပြော တယ်၊ သူပြောတာအကြောင်းအရာသိပ် လွဲနေတယ်။ ဆိုလျှင်တော့ စည်းကမ်းဖောက်နေပြီ။ တစ်ယောက်ယောက်က ၀င်ထောက်မှ တော်ပါလိမ့်မယ်။
တည့်မတ်ပေးဖို့လိုပါ တယ်။ လွှတ်တော်ကိုယ်စားလှယ်များ အချင်းချင်းထိန်းပေးဖို့ (Check and Balance)
တာဝန်ရှိပါတယ်။ခုတော့ လွှတ်တော်နှစ်ရပ်လုံးမှာ မပြောသင့်တာတွေပြောတာကို ဖတ်ရပါတယ်။
လွဲချော်နေတဲ့၊ မှားယွင်းနေတဲ့ အချက်အလက်ကိုပြောတာလည်း ဖတ်ရပါတယ်။ ပြင်ပေးမယ့်လူ၊ထောက်မယ့်လူ ရှိပုံမရဘူးထင်ရပါတယ်။

ပြောစရာဥပမာဟောဒီမှာ

"အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော်အမတ်များ ငိုက်မနေကြရန် သတိပေး" ခေါင်းစဉ်နဲ့
Hot News စာမျက် နှာ ၁၆ မှာပြောတဲ့အတိုင်း (တချို့အပိုင်း) ပြည့်ပြည့်စုံစုံသတင်းပေးထားတာဖတ်ရပါတယ်။
Hot news အယ်ဒီတာနှင့် အဖွဲ့ ကို အလွန်ကျေးဇူးတင်ပါတယ်။
အဲဒီသတင်းမှာ ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအပြန်အလှန်ပြော တဲ့စကားကို ကြားဖြတ်
ဝင်ပြော(Intenrrput)ပြီး ကန့်ကွက်မည့်သူမပေါ်ခဲ့လို့ ကျွန်တော်အားမလိုအားမရဖြစ်မိတာပါ။ (သတင်းမှာ ကိုယ်စားလှယ်ရဲ့နာမည် ဖော်ပြထားသော်လည်း၊ အများသိပြီးတဲ့ အတွက် ကျွန်တော်နာမည်မထည့်တော့ ပါဘူး။) ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌခလုတ်နှိပ်မဲခွဲဆုံးဖြတ်ခိုင်းရာမှာတော့
ဆုံးဖြတ်ချက်ကဖြစ်သင့်တဲ့အတိုင်းဖြစ်သွားတာတွေ့ရလို့ ကိုယ်စား လှယ်များကို ကျေနပ်ပါတယ်။
ဆွေးနွေးတာက အလုပ်ရှင်အလုပ် သမားဥပဒေနဲ့ ဆိုင်ပါတယ်။

တစ်နေရာ မှာ ဥက္ကဋ္ဌမှ ပြောပုံက ဒီလိုပါ

ဥက္ကဋ္ဌ- ပြန်ဖတ်ပြမယ်၊ ပြန်ဖတ်ပြမယ်။ လွှတ်တော်အမတ်တွေ ငိုက်မနေကြပါနဲ့ငိုက်နေတော့
ဘာမှမသိသလိုဖြစ်နေမယ် အစချီကာ....

ပြောလေ ပြောလေ။

လွှတ်တော်ကိုယ်စားလှယ်- ကျွန်တော်တို့ကစီးပွားရေးသမားတစ်ယောက်ဆိုတော့။

ဥက္ကဋ္ဌ- ဘယ်လောက်ချသင့်သလဲ။

လွှတ်တော်ကိုယ်စားလှယ်- ငွေဒဏ်ပဲချ သင့်တယ်။

ဥက္ကဋ္ဌ- ထောင်ဒဏ်မပါဘူးပေါ့။

ဆက်လက်ပြောဆိုတာကို Hot News Journal က ဖော်ပြပါတယ်။ သို့သော် ဒီမျှနဲ့ပဲ ကျွန်တော်ဆွေးနွေးစရာစကားပါ
သွားပါပြီ။ဝေဖန်ရလျှင် လွှတ်တော်ကိုယ်စားလှယ်က ""ကျွန်တော်တို့က စီးပွားရေးသမားဆိုတော့"" ဆိုတဲ့
စကားက အတော်မဆီလျော်ဖြစ်တယ်ခင်ဗျ။ အောက်ခြေလွတ်နေတယ်။
ဘ၀မေ့နေတယ်ဆိုတာ ထင်ရှားပါတယ်။လွှတ်တော်ထဲမှာပြောခွင့်ဆိုခွင့်ရတာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့
ရတဲ့အခွင့်အရေးဖြစ်ပါတယ်။ပြည်သူ တွေက ရွေးကောက်တင်မြှောက်လို့၊ ပြည်သူကို ကိုယ်စားပြုသော
သူပဲဖြစ်ရပါမယ်။ ပြည်သူကို ကိုယ်စားပြုပြောဖို့ စေလွှတ်ခံရသူဖြစ်လို့ လွှတ်တော်တွင် ပြောဆိုရန်ကိုယ်စားလှယ်လို့ (ရာထူး)အမည်တပ်ထားတာ ရှင်းပါတယ်။ယခုပြောတဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးက သူဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အကြောင်းမေ့သွားတယ်ဗျ။

""ကျွန်တော်တို့က စီးပွားရေးသမားတစ်ယောက် ဆိုတော့"" တဲ့။ လွှတ်တော်ထဲမှာ ပြော ဆိုဖို့
ဘယ်စီးပွားရေးသမားကိုမှ အခွင့်ပေးမထားပါဘူးခင်ဗျာ။
လွှတ်တော်ကိုယ် စားလှယ်ဘ၀ကို မေ့တာပေါ်လွင်ပါတယ်။

စည်းကမ်းပျက်တယ်

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကိုယ်စားပြုတဲ့ ပြည်သူတွေထဲမှာ လယ်သမား၊ အလုပ်သမား၊
စီးပွား ရေးသမား၊ ကုန်သည်၊ ပွဲစား၊ ကျောင်း သား၊ ကလေး၊ သက်ကြီးရွယ်အိုစတဲ့ လူတန်းစားအစုံပါဝင်ပါတယ်။
ကိုယ်စားလှယ်က သူတို့အားလုံးရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားဆွေးနွေးရန် တာဝန်ရှိပါတယ်။
ယခုတော့ ""ကျွန်တော်တို့က စီးပွားရေးသမားတစ်ယောက်ဆိုတော့""လို့ စကားခံပြီးပြောတဲ့အတွက်
စည်းကမ်းပျက်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာလို့အဲဒီစကားကိုမကန့်ကွက်ကြတာလဲ
လွှတ်တော်ဥက္ကဋ္ဌပြောစကားတွေ ကြည့်ရတာတော့ ပြောသင့်ပြောထိုက် တာတွေပါပါတယ်။
""ငိုက်မနေကြနဲ့"" စသည်။ ""ကျွန်တော်တို့ကစီးပွားရေးသမား တစ်ယောက်ဆိုတော့""ဆိုတဲ့ အသံထွက်
လာတဲ့အခါမျိုးမှာ ရှေးဒီမိုကရေစီလွှတ် တော် (၁၉၄၈-၆၂)ထဲမှာသာ ဖြစ်ခဲ့လျှင်တော့ လွှတ်တော်အမတ်
တစ်ယောက်ယောက်ကဒီလိုကြားဖြတ်တောက်မှာသေချာတယ်။
""ဥက္ကဋ္ဌကြီးခင်ဗျာ။ လွှတ်တော် အမတ်မင်းက သူ့ကိုယ်သူဘ၀မေ့ပြီး ကျွန်တော်တို့ကစီးပွားရေးသမား
တစ် ယောက်ဆိုတော့လို့ပြောနေပါပြီ။ ဘ၀မေ့ပြီးပြောနေတာ ဥက္ကဋ္ဌကြီးတားမြစ်ပေးပါ။""
အခြားသူများကပါ တစ်ယောက် တစ်ပေါက် ၀င်ပြောကြပါလိ့မ်မယ်။ လက်ခုပ်သြဘာသံလည်း ထွက်မှာပဲ။
သောသောညံသွားလျှင်တော့ဥက္ကဋ္ဌက ငြိမ်ကြပါ(သို့)စည်းကမ်းရှိကြပါ လို့ပြောပြီး ငြိမ်ခိုင်းမယ်။
စည်းကမ်းထိန်း ပေးလိမ့်မယ်။

လွတ်လပ်ရေးခေတ်ဦး လွှတ်တော် မှတ်သားဖွယ်များ

လွတ်လပ်ပြီးစ လွှတ်တော်မှာ အချီ အချ၊ အပြန်အလှန်ပြောစကားတွေရှိပါတယ်။
အဲဒီခေတ်သတင်းစာတွေက မှတ်တမ်းတင်ထားပါတယ်။ လွှတ်တော်မှတ်တမ်းစာအုပ်ကြီး
တွေမှာလည်း အပြည့် အစုံမှတ်တမ်းတင်ထားပါတယ်။ ပြည်သူလူထုဗဟုသုတအတွက် စာနယ်ဇင်းများ က
သုတေသနလုပ်ပြီး တတ်နိုင်သမျှ ဖော်ပြလျှင် သိပ် တန်ဖိုးရှိပါလိမ့်မယ်။
ကျွန်တော်မှတ်မိတာကလေးတစ်ခုကဒီလိုပါ။ အမတ်တစ်ယောက်က
ဝန်ကြီးချုပ် ဦးနုကို အမျိုးမျိုးဝေဖန်စကားပြောပြီး ""၀န်ကြီးချုပ်ပေးတဲ့ ကတိတည်ဖို့လိုပါတယ်""လို့ ပြောတဲ့အခါမှာ
ဦးနုက ""အမတ်မင်းလိုပုဂ်္ဂိုလ်မပြောပါနှင့်၊ ကျွန်တော့်ကို အတိုက်အခံလုပ်နေတဲ့ ထိပ်တန်းခေါင်းဆောင်တွေ
ကတောင် ကျွန်တော်ရဲ့ကိုယ့်ကျင့်သိက္ခာကို မပုတ်ခတ်ရဲ ပါဘူး။ စံရှားတင်ဘယ်မှာလဲလို့
တစ်ခါမေးခွန်းထုတ်တာပဲ ခံရဖူးပါတယ်""လို့ဖြေတော့ လွှတ်တော်က တ၀ါးဝါးဖြစ်သွားပါသတဲ့။
အဲဒီခေတ်လွှတ်တော်ထဲမှာ အပြန် အလှန်ဝေဖန်တာ၊ ကြားဖြတ်ဝင်ပြောရာ မှာ နာမည်ရသူတွေ
အတော်များများ ရှိပါတယ်။ ဦးသိန်းဖေမြင့်၊ ၀ိဓူရသခင် ချစ်မောင် စသည်တို့ပါပဲ။
ရုပ်ရှင်မင်းသမီး ဒေါ်စံရှားတင်နဲ့ ဦးနုကို သမုတ်ကြတဲ့ စကားကို ရည်ညွှန်းပြီးပြောတာဖြစ်တယ်။
လွှတ်တော်ထဲမှာ ဦးနုက အဲဒီလို ပြော လိုက်တော့ စံရှားတင်က ""ကာယကံရှင် က သူ့သိက္ခာရှင်းလို့ ဒီလိုပြောရဲ
တာပေါ့"" လို့ မှတ်ချက်ချပါသတဲ့။ အဲဒီခေတ်သတင်းစာမှာ ဖတ်ရပါတယ်။

တစ်ခါမှာတော့.......

ဗိုလ်ချုပ်နေ၀င်း- အဲဒီအချိန်တုန်း က ကျွန်တော်တို့တောင် ပြန်ပေးဆွဲပြီးအတင်းအာဏာသိမ်းခိုင်းဖို့
စီစဉ်ကြလို့ ကျွန်တော်လုံခြုံရာမှာ ပုန်းနေခဲ့ရတယ်။ အဲဒီထဲ ဦးသိန်းဖေမြင့်ပါပါတယ်။

ဦးသိန်းဖေမြင့်- ကျွန်တော်ယခုလိမ္မာနေပါပြီခင်ဗျာ။(ပြောစကားအတိအကျမဟုတ်ပါ။
ကျွန်တော်မှတ်သားမိသမျှကို အဓိပ္ပာယ်ပေါ်အောင်ပြန်ရေးတာပါ)

ဗြိတိသျှပါလီမန်မှာ ဒီဘိတ်

ဗြိတိသျှပါလီမန်ကို ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ပါလီမန်အဖြစ် အသိအမှတ်ပြုပြီး အခြားနိုင်ငံများကလည်း
အတုယူကြပါတယ်။ အပတ်စဉ် ၀န်ကြီးချုပ်ကို အမတ်များက မေးခွန်းထုတ်တဲ့ Prime Minister's Question Time
မှာ ဆိုရင် အတိုက်အခံတွေက ပိတ်သာလေးနဲ့ နံဘေးပြန်ထုတာပဲ။Interruption တွေလုပ်လွန်းလို့
ဆူဆူညံညံဖြစ်တဲ့အခါ ဥက္ကဋ္ဌက Order, order လို့ပြောရတယ်။ ဒီနေရာမှာ order (အော်ဒါ)က အမိန့်မဟုတ်ပါ။
စည်း ကမ်းရှိကြပါလို့ အဓိပ္ပာယ်ရပါတယ်။

သမိုင်းတွင်တဲ့ Interruption

ဒုတိယကမ္ဘာစစ်စောစောပိုင်း (၁၉၄၀ပြည့်နှစ်ထဲ)မှာ ဗြိတိန်စစ်ရေး အခြေအနေဖြစ်နေတယ်။ ဂျာမန်တွေ အောင်ပွဲတွေရ၊ ဥရောပသိမ်းထားတယ်။ ကမ္ဘာမှာ ပြိုင်ဘက်မရှိလို့ ယူဆထားတဲ့ Royal Navy လည်း သိပ်မဟန်လှဘူး။
နော်ဝေးဘက်မှာဖြစ်တဲ့ Narvik battle မှာ အတော်အခြေအနေဆိုးတယ်။ ဒီတော့ စစ်ရေးအခြေအနေကို
အောက်လွှတ် တော် (House of Commons) မှာ ၁၉၄၀ ပြည့် မေလ(၇)ရက်မှ (၈)ရက်အထိ အခြေအတင် (debate)
ပြောကြတယ်။ ၀န်ကြီးချုပ် ချိန်ဘာလိန်က ဒီဘိတ်ဖွင့် မိန့်ခွန်းပြောပြီး ဝေဖန်ကြတာ တစ်ယောက်တစ်ပေါက်။
ဥက္ကဋ္ဌကြီးက အော် ဒါအော်ဒါနဲ့ ခဏခဏ ငြိမ်ခိုင်းရတယ်။ပြောကြသူတွေအတော်များပါတယ်။
ရေတပ်ဦးစီးချုပ်(ငြိမ်း)ကလွှတ်တော် အမတ်ဖြစ်ပြီးစ မကြာသေးဘူး။ Sir Roger Keyes က
""နယ်လဆင် ကပြောခဲ့တယ် ခင်ဗျ"" "သတ်္တိအရှိဆုံးခြေလှမ်းဟာ၊အန္တရာယ်အကင်းဆုံးလို့ ကျွန်တော်ထင်တာပဲ"တဲ့။
အဲဒီစကား ဒီကနေ့အတွက်လည်း မှန်ကန်နေဆဲပါခင်ဗျာ"" လို့ပြောလိုက်တယ်။ တွန့်ဆုတ် တွန့်ဆုတ်မလုပ်နဲ့
ရဲရဲချလို့ အဓိပ္ပာယ်ရတဲ့စကားမို့ လွှတ်တော်က လက်ခုပ်သြဘာပေးတယ်လို့ မှတ်တမ်းရှိပါတယ်။
နောက်ဆုံးမမေ့နိုင်တဲ့စကားကိုပြော သူက အတိုက်အခံအမတ်(နောင်အခါ စစ်ရေး ကက်ဘိနက်
ဝန်ကြီးဖြစ်လာသူ) Leo Amery ဖြစ်ပါတယ်။သူပြောတဲ့ သမိုင်းဝင်စကားက ထိရောက်လွန်းလို့ မူရင်း
အတိုင်းရေးလိုက်ပါတယ်။

This is what Cromwell Said," you have sat too long here for any good you have been doing,
Depant,I say, and let us have done with you. In the name of God, go"

ဘာသာပြန်- ခရွမ်းဝဲက ဒီလိုပြောခဲ့ပါ တယ်။ ""ခင်ဗျားတို့ ဘာမှအသုံးမကျ
ဘဲ ဒီမှာထိုင်နေကြတာကြာလှပြီ။ထွက်ကြဗျာ၊ကျုပ်ပြောမယ်၊ခင်ဗျားတို့ကို မလိုချင် တော့ဘူး။
ဘုရားအလိုကျပြောလိုက်မယ်၊ သွားစမ်း။""

In the name of God, go ကိုလီယို အေမာရီက အော်ထည့်လိုက်ပါသတဲ့။
လီယိုအေမာရီက ဒီစကားပြောတော့ သြဘာသံသောသောညံသွားတယ်။ လွှတ်တော်အမတ်အားလုံးကလည်း
စစ် ဖြစ်နေချိန်မှာ ၀န်ကြီးချုပ် ချိန်ဘာလိန် ပျော့ညံ့တယ်။ခေါင်းဆောင်နေရာနဲ့မတန်ဘူးလို့ သဘောတူ
ကြတယ်။နောက်ဆုံးစကား " In the name of God ,go" နဲ့ ပဲ ချိန်ဘာလိန် ၀န်ကြီးချုပ်ရာထူးမှဆင်းပေး ရတယ်။ နောက်နေ့မှာ ချာချီ ၀န်ကြီးချုပ် ဖြစ်တယ်။

(ယခုဖော်ပြတဲ့ သမိုင်းမှတ်တမ်းကို Internet မှာ လွယ်လွယ်တွေ့နိုင်ပါတယ် ။ Noway debate ရိုက်ထည့်ပြီး ရှာရင်
ရ တယ်။ N.Chamberlam ရိုက်ထည့်ပြီး ရှာရင်လည်း ရတယ်။In the name of God, go နဲ့ရှာရင်
လည်း ရပါတယ်။ Wikipedia က ညွှန်လိမ့်မယ်။)

ဒါကြောင့် ကျွန်တော်(တစ်ဦးတည်း) ၏ ကိုယ်ပိုင်သဘောကတော့ လွှတ်တော်ဆိုတာ တိုင်းရေးပြည်ရေးဆွေးနွေးတဲ့
နေရာဖြစ်လို့ထောက်တန်ထောက်၊ကွက် တန်ကွက်၊အော်တန်အော်ရမည့်နေရာလို့ ယူဆပါတယ်။
ဒီလိုလုပ်လျှင်ဖြင့် Healthy debate (လျော်ကန်သင့်မြတ်တဲ့အခြေ အတင်စကား) အဖြစ် တိုင်းသူပြည်သား များက ထောက်ခံကြိုဆိုမှာ မုချပါပဲလို့ ကျွန်တော်၏အမြင်ကို တင်ပြပါတယ်။

 ဘိုးလှိုင်

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/26/2012 03:33:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:29974] Fwd: [လူဗိုလ်ဟူသည် ...] ပုဒ်မလေးတွေ တန်းစီ ...

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/26
Subject: [လူဗိုလ်ဟူသည် ...] ပုဒ်မလေးတွေ တန်းစီ ...
To: lubo601@gmail.com

by Maung Thant on Sunday, August 26, 2012 at 8:01am 

အခုတစ်လော ဖတ်ကြည့်မိတဲ့ ပုဒ်မလေးတွေပါ၊ လေ့လာလိုသူတွေ အတွက်ပါ၊ အကျယ်လိုချင်ရင်တော့
မူရင်းဥပဒေများကိုသာ ရှုပါလေ ...
  
                                             နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ
                                              အခန်း (၁) နိုင်ငံတော်အခြေခံမူများ

ပုဒ်မ ၁၁။ (က) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး

             အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း
             အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်၊
             (ခ) ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊
             ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းသည်။
ပုဒ်မ ၂၀။ (စ) တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက
တာဝန်ရှိသည်။

                                                   အခန်း (၅) အုပ်ချုပ်ရေး
                                       နိုင်ငံတော်သမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်

ပုဒ်မ ၂၀၃။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည်
နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အား
လည်းကောင်း တာဝန်ခံရမည်။

                                    ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ

ပုဒ်မ ၂၁၆။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု
အာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့လည်း
သက်ရောက်ပျံ့နှံ့သည်။

                                                 အခန်း (၆) တရားစီရင်ရေး
              နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု

ပုဒ်မ ၃၂၄။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်
အတည်ဖြစ်သည်။

                                  အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ

ပုဒ်မ ၄၄၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊
စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊
တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ်
အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျှက် ယင်းတို့အား
တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။
ပုဒ်မ ၄၄၆။ တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ
ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။

                                          အခန်း (၁၅) အထွေထွေပြဋ္ဌာန်းချက်များ

ပုဒ်မ ၄၄၉။ ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်။
ပုဒ်မ ၄၅၃။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် တည်ဆဲ
စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်။
                                          ---------------------------------------------

                      နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ အမှတ် ၂၁/၂၀၁၀

                                        အခန်း (၃) ခုံရုံး၏ လုပ်ငန်းတာဝန်များ

ပုဒ်မ ၁၂။ ခုံရုံး၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
            (က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊

        အခန်း (၄) ခုံရုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် တင်သွင်းခြင်း

ပုဒ်မ ၁၃။ ခုံရုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် ကိစ္စများပေါ်ပေါက်ပါက
အောက်ပါပုဂ္ဂိုလ်များသည် ခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည် -
            (က) နိုင်ငံတော်သမ္မတ၊
            (ခ) ပြည်ထောင်စုလွှတ်တော် နာယက၊
            (ဂ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊
            (ဃ) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊
            (င) ပြည်ထောင်စုတရားသူကြီးချုပ်၊
            (ဃ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ။

                  အခန်း (၅) စိစစ်ခြင်း၊ ကြားနာခြင်းနှင့် အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခြင်း

စိစစ်ခြင်း
ပုဒ်မ ၁၈။ ဥက္ကဋ္ဌသည် ပုဒ်မ ၁၆ သို့မဟုတ် ၁၇ အရ တင်သွင်းသော တင်ပြချက်ကို စိစစ်တင်ပြရန်
နိုင်ငံတော်သမ္မတက ရွေးချယ်သည့်အဖွဲ့ဝင်များ အနက်မှ တစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သည့်
အဖွဲ့ဝင်များအနက်မှ တစ်ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သည့် အဖွဲ့ဝင်များအနက်မှ
တစ်ဦးတို့ပါဝင်သော စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးရမည်။

ကြားနာခြင်း
ပုဒ်မ ၂၀။ တင်ပြချက်နှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များအားလုံးက ကြားနာဆုံးဖြတ်ရမည်။
ယင်းသို့ဆောင်ရွက်ရာတွင် တာဝန်တစ်ရပ်ရပ်အရဖြစ်စေ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ
အဖွဲ့ဝင်အားလုံး တက်ရောက်နိုင်ခြင်းမရှိပါက ဥက္ကဋ္ဌအပါအဝင် အနည်းဆုံးခြောက်ဦးဖြင့် ကြားနာရမည်။
ပုဒ်မ ၂၁။ ခုံရုံးတွင် ကြားနာသည့်အခါ -
            (ဂ) တင်ပြချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတို့၏ လျှောက်လဲချက်ကို ကြားနာနိုင်သည်။
            (ဃ) နိုင်ငံတော်၏ လျှို့ဝှက်ချက် သို့မဟုတ် နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေနိုင်သော
            အကြောင်းကိစ္စမှတစ်ပါး အများပြည်သူရှေ့မှောက်တွင် ကြားနာရမည်။
            (င) ဘာသာရပ်ကျွမ်းကျင်သူအား ဖိတ်ခေါ်၍ ယင်း၏ သဘောထားနှင့် အကြံဉာဏ်များကို
            ရယူနိုင်သည်။
            (စ) တရားမကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့် သက်သေခံအက်ဥပဒေပါ
            ပြဋ္ဌာန်းချက်များမှ စပ်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆီလျော်သလို ကျင့်သုံးဆောင်ရွက်နိုင်သည်။
            (ဆ) တင်ပြချက်ကို ဆောလျင်စွာ ကြားနာပြီးပြတ်စေရန် ဆောင်ရွက်ရမည်။

အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ခြင်း
ပုဒ်မ ၂၂။ ခုံရုံးသည် -
            (က) ကြားနာပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို ဆောလျင်စွာချမှတ်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။
            (ဂ) ခုံရုံး၏ အပြီးသတ်ဆုံးဖြတ်ချက်ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ထက်ဝက်ကျော်၏
            သဘောတူညီချက်ဖြင့် ချမှတ်ရမည်။

                              အခန်း (၆) ခုံရုံးဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု

ပုဒ်မ ၂၃။ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။
ပုဒ်မ ၂၅။ ခုံရုံး၏ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များသို့
လည်းကောင်း၊ သက်ဆိုင်ရာနေရာဒေသ အသီးသီးသို့လည်းကောင်း အာဏာသက်ရောက်စေရမည်။
                                       ---------------------------------------------

                              ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ အမှတ် ၁၁/၂၀၁၀။

       အခန်း (၃) လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ကျင့်ဝတ်၊ စည်းကမ်း၊ ရပိုင်ခွင့်နှင့်
                                                       အခွင့်အရေးများ

တာဝန်များ
ပုဒ်မ ၈။ (က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ကာကွယ်စောင့်ရှောက်ခြင်း။
           (ဂ) လွှတ်တော်သို့တင်သွင်းသော ဥပဒေကြမ်းများ၊ အဆိုများနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင်
           ပြည်ထောင်စု၏ အကျိုးစီးပွားကိုသာ အဓိကထားခြင်း၊
           (ဃ) နိုင်ငံသားများ၏ မူလအခွင့်အရေးများရရှိ ခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်း၊

လုပ်ပိုင်ခွင့်များ
ပုဒ်မ ၉။ (ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွှတ်တော်နှင့်
           လွှတ်တော်ပူးပေါင်းကော်မတီတို့တွင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိခြင်း။

ကျင့်ဝတ်နှင့်စည်းကမ်းများ
ပုဒ်မ ၁၀ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဤဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာ
            စောင့်ထိန်းခြင်း၊

                                          အခန်း (၄) လွှတ်တော်အစည်းအဝေးများ
                                       အစည်းအဝေး၌ ဆောင်ရွက်ရမည့် ကိစ္စရပ်များ

ပုဒ်မ ၂၁။ လွှတ်တော်အစည်းအဝေး၌ အောက်ပါကိစ္စရပ်များကို ဆောင်ရွက်သည် -
            (ခ) နိုင်ငံတော်သမ္မတက ပေးပို့သောသဝဏ်လွှာနှင့် နာယက က ခွင့်ပြုသော
            အခြားသဝဏ်လွှာများကို ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ခြင်း၊
            (င) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်ကဆောင်ရွက်ရမည့်
            ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း၊

                                        အခန်း (၁၃) တားမြစ်ချက်နှင့် ပြစ်ဒဏ်များ

ပုဒ်မ ၇၉။ မည်သူမဆို အောက်ဖော်ပြပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း
ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်
မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -
             (င) လွှတ်တော် သို့မဟုတ် လွှတ်တော်ပူးပေါင်းကော်မတီ တစ်ရပ်ကိုလိမ်လည်လှည့်ဖြားရန်
             အကြံဖြင့် အတုပြုလုပ်ထားသည့် စာရွက်စာတမ်း၊ အထောက်အထားများကို တင်ပြခြင်းမပြုရ။
             (စ) လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိရမည့် လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ၊
             အကြောင်းအရာများ၊ အချက်အလက်များ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံကားချပ်များနှင့် အခြား
             အထောက်အထားများကို ပြင်ပသို့ပေါက်ကြားစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊ ပုံနိုပ်ခြင်း၊
             ဖြန့်ချီခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဆက်သွယ်ပေးပို့ခြင်း မပြုရ။
ပုဒ်မ ၈၁။ ဤအခန်းပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
                                                          ----------

                          ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ အမှတ် ၄/၂၀၁၀

                                        အခန်း (၃) နာယကနှင့် ဒုတိယနာယက
                             နာယကနှင့် ဒုတိယနာယကတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပုဒ်မ ၈။ နာယက၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ။     ။ နာယက၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း
ဖြစ်သည် -
          (ဃ) လွှတ်တော်လုပ်ငန်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊
          ဤနည်းဥပဒေများနှင့် ကိုက်ညီမှုရှိစေရန် ကြပ်မတ်ခြင်း၊
          (ဌ) လွှတ်တော်တွင်ဆွေးနွေးဆဲ အကြောင်းအရာတစ်ရပ်ကို ရွှေ့ဆိုင်းရန် သို့မဟုတ် ရပ်ဆိုင်းရန်
          လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျိုးကြောင်းဖော်ပြချက်ဖြင့် တင်ပြလာပါက အဆုံးအဖြတ်
          ပေးခြင်းနှင့် ယင်းအဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်ခြင်း၊
          (ထ) လွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌
          ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာဥပဒေများတွင် အခြားနည်းပြဋ္ဌာန်းထားခြင်း မရှိလျှင်
          အစည်းအဝေးသို့တက်ရောက်၍ ဆန္ဒမဲပေးသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့်
          ဆုံးဖြတ်စေခြင်း၊
          (န) လွှတ်တော်၏ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသားပြောဆိုမှုနှင့် လွှတ်တော်အတွင်း
          ဆောင်ရွက်ချက်များကို အထင်အမြင်မှားစေသော ရေးသားပြောဆိုမှုများနှင့် စပ်လျဉ်း၍
          မည်သို့မည်ပုံ အရေးယူရမည်ကို ဆုံးဖြတ်ခြင်း၊

                                        အခန်း (၄) လွှတ်တော်အစည်းအဝေးများ

ပုဒ်မ ၁၉။ အစည်းအဝေးတွင် လိုက်နာရန်စည်းကမ်းများ။     ။ လွှတ်တော်ကိုယ်စားလှယ်များသည်
လွှတ်တော်အစည်းအဝေးတွင် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည် -
            (ဇ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်၏ အစဉ်အလာများ၊ ထုံးတမ်းများကို
            ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ။
            (ည) ဆွေးနွေးပြီးပြတ်ပြီးဖြစ်သော ကိစ္စတစ်ရပ်ကို ထပ်မံတင်ပြခြင်း မပြုရ။
            (ဋ) ဆွေးနွေးဆဲကိစ္စတစ်ခုနှင့် တိုက်ရိုက်မသက်ဆိုင်သောစကား မပြောဆိုရ။
            (ဌ) မိမိကိုယ်မိမိ အမွှမ်းတင်ခြင်းအားဖြင့်လည်းကောင်း၊ အခြားပုဂ္ဂိုလ်များအား သိက္ခာချခြင်းဖြင့်
            လည်းကောင်း လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးပိုင်ခွင့်ကို အလွဲသုံးစား မပြုရ။
            (ဍ) ဥပဒေကြမ်းတင်သွင်းသည့်ကိစ္စနှင့် နာယကခွင့်ပြုသည့် ကိစ္စများမှအပ အခြားကိစ္စများတွင်
            နုတ်ဖြင့်သာ ဆွေးနွေးပြောကြားရမည်။ ကြိုတင်ပြုစုလာသော စာတမ်းကို ဖတ်ကြားတင်သွင်းခြင်း
            မပြုရ။

                                    အခန်း (၆) လွှတ်တော်သို့ တင်သွင်းသည့်မေးခွန်းများ

မေးခွန်းနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်နှင့်စည်းကမ်းများ
ပုဒ်မ ၄၅။ ကန့်သတ်ချက်များ။     ။ မေးခွန်းတစ်ရပ်သည် အောက်ပါကန့်သတ်ချက်များနှင့် ကိုက်ညီစေရမည် -
            (က) ကိစ္စတစ်ရပ်ရပ်အတွက် ထင်မြင်ယူဆချက် တောင်းဆိုခြင်း၊ ဥပဒေဆိုင်ရာ နက်နဲသော
            ပြဿနာများကို ဖြေရှင်းချက်တောင်းဆိုခြင်း သို့မဟုတ် မဖြစ်ပေါ်သေးသော ကိစ္စနှင့်စပ်လျဉ်း၍
            မည်သို့ဆောင်ရွက်သင့်ကြောင်း ဖော်ပြမေးမြန်းခြင်းတို့ကို မပြုရ။
ပုဒ်မ ၄၆။ စည်းကမ်းချက်များ။     ။ မေးခွန်းတစ်ရပ်သည် အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီစေရမည် -
            (ဃ) မဆီလျော်သော အကြောင်းပြချက်များ၊ ခိုင်လုံသောအထောက်အထား မပါရှိသည့်
            ယူဆချက်များ၊ မသင့်လျော်သော အသုံးအနှုန်းများ၊ ဂုဏ်သရေကို ထိခိုက်စေသော ဖော်ပြချက်များ
            မပါရှိစေရ။
            (စ) အသေးအဖွဲကိစ္စရပ်များနှင့် စပ်လျဉ်းသော မေးခွန်းမဖြစ်စေရ။
            (ဆ) လိုအပ်ခြင်းမရှိဘဲ အတိတ်ကာလဖြစ်ရပ်များကို စုံစမ်းမေးမြန်းသည့်မေးခွန်း မဖြစ်စေရ။

                                   အခန်း (၇) လွှတ်တော်သို့ တင်သွင်းသည့်အဆိုများ

အဆိုနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်နှင့်စည်းကမ်းချက်များ
ပုဒ်မ ၆၂။ ကန့်သတ်ချက်များ။     ။ အဆိုများသည် အောက်ပါကန့်သတ်ချက်များနှင့် ကိုက်ညီရမည် -
            (က) နာယကသည် အဆိုတစ်ရပ်ကို လက်ခံသင့် မသင့် ဆုံးဖြတ်ရာတွင် ဤနည်းဥပဒေများနှင့်
            ညီညွတ်ခြင်းမရှိလျှင် အဆိုတစ်ရပ်လုံးကိုသော်လည်းကောင်း၊ အဆို၏အစိတ်အပိုင်းကိုသော်
            လည်းကောင်း ခွင့်မပြုရ။
            (ခ) အဆို သို့မဟုတ် အဆို၏အစိတ်အပိုင်း တစ်ခုကို နာယက က ခွင့်မပြုလျှင် ယင်းသို့ခွင့်မပြုသည့်
            နာယက၏ အဆုံးအဖြတ်ကို ဆွေးနွေးခြင်း မပြုရ။
            (ဃ) နာယက က ခွင့်မပြုရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုရ။
ပုဒ်မ ၆၃။ စည်းကမ်းချက်များ။     ။ အဆိုများသည် အောက်ပါစည်းကမ်းချက်များနှင့်ကိုက်ညီရမည် -
            (ဃ) မဆီလျော်သော အကြောင်းပြချက်များ၊ ခိုင်လုံသောအထောက်အထား မပါရှိသည့်
            ယူဆချက်များ၊ မသင့်လျော်သော အသုံးအနှုန်းများ၊ ဂုဏ်သရေကို ထိခိုက်စေသော ဖော်ပြချက်များ
            မပါရှိစေရ။
            (စ) အဆိုတစ်ရပ်ကို ဆွေးနွေးရာတွင် ပြောဆိုချက်များသည် လွှတ်တော်တွင်ဆွေးနွေးဆဲ
            အဆိုနှင့်သာ အတိအကျ သက်ဆိုင်စေရမည်။
            (ဆ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်၏အစဉ်အလာများ၊ ထုံးတမ်းများကို
            ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ။
ပုဒ်မ ၆၆။ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန်အဆို တင်သွင်းခြင်းနှင့် ဆွေးနွေးခြင်း။      ။အရေးကြီးကိစ္စ
တစ်ရပ်ကို ဆွေးနွေးရန်အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ -
            (က) နာယကသည် အောက်ပါစည်းကမ်းချက်များနှင့် ညီညွတ်လျှင် ယင်းနေ့အတွက် လွှတ်တော်
            အစည်းအဝေးအစီအစဉ်နှင့် လုပ်ငန်းကိုရပ်ဆိုင်းစေ၍ အများပြည်သူနှင့်သက်ဆိုင်သော
            လောလောဆယ် အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် အဆိုတင်သွင်းခွင့် ပြုနိုင်သည် -
            (၂) ယင်းအဆိုသည် လောလောဆယ်ပေါ်ပေါက်လာသော ကိစ္စလည်းဖြစ်၍ အများပြည်သူနှင့်
            အရေးတကြီး သက်ဆိုင်သောကိစ္စလည်း ဖြစ်ပြီးလျှင် လွှတ်တော်၏ဆုံးဖြတ်ချက်ကို ရယူရန်
            လိုအပ်သော ကိစ္စလည်း ဖြစ်ရမည်။
            (၃) လွှတ်တော်တွင် သာမန်နည်းလမ်းအားဖြင့် တင်ပြဆွေးနွေးရန် မဖြစ်နိုင်သော ကိစ္စ
            ဖြစ်ရမည်။
            (၅) လွှတ်တော်တွင် တင်သွင်းဆွေးနွေးခြင်းကို ခွင့်မပြုနိုင်သော ကိစ္စတစ်ရပ်လည်း မဖြစ်စေရ။

အဆိုနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း
ပုဒ်မ ၇၀။ လွှတ်တော်၏ ဆန္ဒကိုရယူခြင်း။     ။အဆိုတစ်ရပ်ကို အဆုံးအဖြတ်ပေးနိုင်ရန် လွှတ်တော်တွင်
ဆန္ဒရယူရာ၌ -
            (က) အဆိုတစ်ရပ်ကို လွှတ်တော်တွင် တင်သွင်းဆွေးနွေးနေစဉ် ဆွေးနွေးခြင်းကို ရပ်စဲ၍
            လွှတ်တော်၏ဆန္ဒရယူရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက နာယကအား တောင်းဆိုနိုင်သည်။
            ယင်းအဆိုကို လုံလောက်စွာဆွေးနွေးပြီး ဖြစ်သည်ဟု နာယက က ယူဆလျှင် အဆိုတင်သွင်းသူနှင့်
            သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်မချေပရသေးပါက ချေပစေပြီး
            နာယကသည် ဆွေးနွေးခြင်းကိုရပ်စဲ၍ လွှတ်တော်၏ဆန္ဒ ယူရမည်။
                                      ---------------------------------------------

                                ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ အမှတ် ၁၂/၂၀၁၀။
                              အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ အမှတ် ၁၃/၂၀၁၀။    

                                       အခန်း (၄) လွှတ်တော်ကိုယ်စားလှယ်များ

တာဝန်များ
ပုဒ်မ ၉။ (က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ကာကွယ်စောင့်ရှောက်ခြင်း။
           (ဂ) လွှတ်တော်သို့တင်သွင်းသော ဥပဒေကြမ်းများ၊ အဆိုများနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင်
           ပြည်ထောင်စု၏ အကျိုးစီးပွားကိုသာ အဓိကထားခြင်း၊
           (ဃ) နိုင်ငံသားများ၏ မူလအခွင့်အရေးများရရှိ ခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်း၊

လုပ်ပိုင်ခွင့်များ
ပုဒ်မ ၁၀။ (ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွှတ်တော်နှင့်
           လွှတ်တော်ပူးပေါင်းကော်မတီတို့တွင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိခြင်း။

ကျင့်ဝတ်နှင့်စည်းကမ်းများ
ပုဒ်မ ၁၁ (ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဤဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာ
            စောင့်ထိန်းခြင်း၊

                                          အခန်း (၇) လွှတ်တော်အစည်းအဝေးများ

                                       အစည်းအဝေး၌ ဆောင်ရွက်ရမည့် ကိစ္စရပ်များ

ပုဒ်မ ၂၁။ လွှတ်တော်အစည်းအဝေး၌ အောက်ပါကိစ္စရပ်များကို ဆောင်ရွက်သည် -
            (ခ) နိုင်ငံတော်သမ္မတက ပေးပို့သောသဝဏ်လွှာနှင့် ဥက္ကဋ္ဌက က ခွင့်ပြုသော
            အခြားသဝဏ်လွှာများကို ဖတ်ကြားခြင်းနှင့် မှတ်တမ်းတင်ခြင်း၊
            (ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်ကဆောင်ရွက်ရမည့်
            ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်း၊

                                        အခန်း (၁၀) တားမြစ်ချက်နှင့် ပြစ်ဒဏ်များ

ပုဒ်မ ၅၃။ မည်သူမဆို အောက်ဖော်ပြပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း
ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်
မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -
             (င) လွှတ်တော် သို့မဟုတ် လွှတ်တော်ပူးပေါင်းကော်မတီ တစ်ရပ်ကိုလိမ်လည်လှည့်ဖြားရန်
             အကြံဖြင့် အတုပြုလုပ်ထားသည့် စာရွက်စာတမ်း၊ အထောက်အထားများကို တင်ပြခြင်းမပြုရ။
             (စ) လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိရမည့် လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ၊
             အကြောင်းအရာများ၊ အချက်အလက်များ၊ ကိန်းဂဏန်းများ၊ ရုပ်ပုံကားချပ်များနှင့် အခြား
             အထောက်အထားများကို ပြင်ပသို့ပေါက်ကြားစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊ ပုံနိုပ်ခြင်း၊
             ဖြန့်ချီခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဆက်သွယ်ပေးပို့ခြင်း မပြုရ။
ပုဒ်မ ၅၅။ ဤအခန်းပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
                                                           ----------

                              ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ အမှတ် ၅/၂၀၁၀
                            အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေများ အမှတ် ၆/၂၀၁၀

                                              အခန်း (၅) ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ
                                  ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပုဒ်မ ၁၇။ ဥက္ကဋ္ဌ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ။     ။ ဥက္ကဋ္ဌ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း
ဖြစ်သည် -
          (ဃ) လွှတ်တော်လုပ်ငန်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊
          ဤနည်းဥပဒေများနှင့် ကိုက်ညီမှုရှိစေရန် ကြပ်မတ်ခြင်း၊
          (ဌ) လွှတ်တော်တွင်ဆွေးနွေးဆဲ အကြောင်းအရာတစ်ရပ်ကို ရွှေ့ဆိုင်းရန် သို့မဟုတ် ရပ်ဆိုင်းရန်
          လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျိုးကြောင်းဖော်ပြချက်ဖြင့် တင်ပြလာပါက အဆုံးအဖြတ်
          ပေးခြင်းနှင့် ယင်းအဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်ခြင်း၊
          (ထ) လွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌
          ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာဥပဒေများတွင် အခြားနည်းပြဋ္ဌာန်းထားခြင်း မရှိလျှင်
          အစည်းအဝေးသို့တက်ရောက်၍ ဆန္ဒမဲပေးသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့်
          ဆုံးဖြတ်စေခြင်း၊
          (န) လွှတ်တော်၏ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသားပြောဆိုမှုနှင့် လွှတ်တော်အတွင်း
          ဆောင်ရွက်ချက်များကို အထင်အမြင်မှားစေသော ရေးသားပြောဆိုမှုများနှင့် စပ်လျဉ်း၍
          မည်သို့မည်ပုံ အရေးယူရမည်ကို ဆုံးဖြတ်ခြင်း၊

                                           အခန်း (၆) လွှတ်တော်အစည်းအဝေးများ

ပုဒ်မ ၂၈။ အစည်းအဝေးတွင် လိုက်နာရန်စည်းကမ်းများ။     ။ လွှတ်တော်ကိုယ်စားလှယ်များသည်
လွှတ်တော်အစည်းအဝေးတွင် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည် -
            (ဇ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်၏ အစဉ်အလာများ၊ ထုံးတမ်းများကို
            ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ။
            (ည) ဆွေးနွေးပြီးပြတ်ပြီးဖြစ်သော ကိစ္စတစ်ရပ်ကို ထပ်မံတင်ပြခြင်း မပြုရ။
            (ဋ) ဆွေးနွေးဆဲကိစ္စတစ်ခုနှင့် တိုက်ရိုက်မသက်ဆိုင်သောစကား မပြောဆိုရ။
            (ဌ) မိမိကိုယ်မိမိ အမွှမ်းတင်ခြင်းအားဖြင့်လည်းကောင်း၊ အခြားပုဂ္ဂိုလ်များအား သိက္ခာချခြင်းဖြင့်
            လည်းကောင်း လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးပိုင်ခွင့်ကို အလွဲသုံးစား မပြုရ။
            (ဍ) ဥပဒေကြမ်းတင်သွင်းသည့်ကိစ္စနှင့် နာယကခွင့်ပြုသည့် ကိစ္စများမှအပ အခြားကိစ္စများတွင်
            နုတ်ဖြင့်သာ ဆွေးနွေးပြောကြားရမည်။ ကြိုတင်ပြုစုလာသော စာတမ်းကို ဖတ်ကြားတင်သွင်းခြင်း
            မပြုရ။

                                  အခန်း (၁၆) လွှတ်တော်သို့တင်သွင်းသည့် မေးခွန်းများ

မေးခွန်းနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်နှင့်စည်းကမ်းများ
ပုဒ်မ ၁၁၂။ ကန့်သတ်ချက်များ။     ။ မေးခွန်းတစ်ရပ်သည် အောက်ပါကန့်သတ်ချက်များနှင့် ကိုက်ညီစေရမည် -
            (က) ကိစ္စတစ်ရပ်ရပ်အတွက် ထင်မြင်ယူဆချက် တောင်းဆိုခြင်း၊ ဥပဒေဆိုင်ရာ နက်နဲသော
            ပြဿနာများကို ဖြေရှင်းချက်တောင်းဆိုခြင်း သို့မဟုတ် မဖြစ်ပေါ်သေးသော ကိစ္စနှင့်စပ်လျဉ်း၍
            မည်သို့ဆောင်ရွက်သင့်ကြောင်း ဖော်ပြမေးမြန်းခြင်းတို့ကို မပြုရ။
ပုဒ်မ ၁၁၃။ စည်းကမ်းချက်များ။     ။ မေးခွန်းတစ်ရပ်သည် အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီစေရမည် -
            (ဃ) မဆီလျော်သော အကြောင်းပြချက်များ၊ ခိုင်လုံသောအထောက်အထား မပါရှိသည့်
            ယူဆချက်များ၊ မသင့်လျော်သော အသုံးအနှုန်းများ၊ ဂုဏ်သရေကို ထိခိုက်စေသော ဖော်ပြချက်များ
            မပါရှိစေရ။
            (စ) အသေးအဖွဲကိစ္စရပ်များနှင့် စပ်လျဉ်းသော မေးခွန်းမဖြစ်စေရ။
            (ဆ) လိုအပ်ခြင်းမရှိဘဲ အတိတ်ကာလဖြစ်ရပ်များကို စုံစမ်းမေးမြန်းသည့်မေးခွန်း မဖြစ်စေရ။

                                    အခန်း (၁၇) လွှတ်တော်သို့တင်သွင်းသည့် အဆိုများ

အဆိုနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်နှင့်စည်းကမ်းချက်များ
ပုဒ်မ ၁၂၉။ ကန့်သတ်ချက်များ။     ။ အဆိုများသည် အောက်ပါကန့်သတ်ချက်များနှင့် ကိုက်ညီရမည် -
            (က) ဥက္ကဋ္ဌသည် အဆိုတစ်ရပ်ကို လက်ခံသင့် မသင့် ဆုံးဖြတ်ရာတွင် ဤနည်းဥပဒေများနှင့်
            ညီညွတ်ခြင်းမရှိလျှင် အဆိုတစ်ရပ်လုံးကိုသော်လည်းကောင်း၊ အဆို၏အစိတ်အပိုင်းကိုသော်
            လည်းကောင်း ခွင့်မပြုရ။
            (ခ) အဆို သို့မဟုတ် အဆို၏အစိတ်အပိုင်း တစ်ခုကို ဥက္ကဋ္ဌ က ခွင့်မပြုလျှင် ယင်းသို့ခွင့်မပြုသည့်
            ဥက္ကဋ္ဌ၏ အဆုံးအဖြတ်ကို ဆွေးနွေးခြင်း မပြုရ။
            (ဃ) ဥက္ကဋ္ဌ က ခွင့်မပြုရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေညာခြင်း မပြုရ။
ပုဒ်မ ၁၃၀။ စည်းကမ်းချက်များ။     ။ အဆိုများသည် အောက်ပါစည်းကမ်းချက်များနှင့်ကိုက်ညီရမည် -
            (ဃ) မဆီလျော်သော အကြောင်းပြချက်များ၊ ခိုင်လုံသောအထောက်အထား မပါရှိသည့်
            ယူဆချက်များ၊ မသင့်လျော်သော အသုံးအနှုန်းများ၊ ဂုဏ်သရေကို ထိခိုက်စေသော ဖော်ပြချက်များ
            မပါရှိစေရ။
            (စ) အဆိုတစ်ရပ်ကို ဆွေးနွေးရာတွင် ပြောဆိုချက်များသည် လွှတ်တော်တွင်ဆွေးနွေးဆဲ
            အဆိုနှင့်သာ အတိအကျ သက်ဆိုင်စေရမည်။
            (ဆ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်၏အစဉ်အလာများ၊ ထုံးတမ်းများကို
            ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ။
ပုဒ်မ ၁၃၃။ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန်အဆို တင်သွင်းခြင်းနှင့် ဆွေးနွေးခြင်း။      ။အရေးကြီးကိစ္စ
တစ်ရပ်ကို ဆွေးနွေးရန်အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ -
            (က) နာယကသည် အောက်ပါစည်းကမ်းချက်များနှင့် ညီညွတ်လျှင် ယင်းနေ့အတွက် လွှတ်တော်
            အစည်းအဝေးအစီအစဉ်နှင့် လုပ်ငန်းကိုရပ်ဆိုင်းစေ၍ အများပြည်သူနှင့်သက်ဆိုင်သော
            လောလောဆယ် အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် အဆိုတင်သွင်းခွင့် ပြုနိုင်သည် -
            (၂) ယင်းအဆိုသည် လောလောဆယ်ပေါ်ပေါက်လာသော ကိစ္စလည်းဖြစ်၍ အများပြည်သူနှင့်
            အရေးတကြီး သက်ဆိုင်သောကိစ္စလည်း ဖြစ်ပြီးလျှင် လွှတ်တော်၏ဆုံးဖြတ်ချက်ကို ရယူရန်
            လိုအပ်သော ကိစ္စလည်း ဖြစ်ရမည်။
            (၃) လွှတ်တော်တွင် သာမန်နည်းလမ်းအားဖြင့် တင်ပြဆွေးနွေးရန် မဖြစ်နိုင်သော ကိစ္စ
            ဖြစ်ရမည်။
            (၅) လွှတ်တော်တွင် တင်သွင်းဆွေးနွေးခြင်းကို ခွင့်မပြုနိုင်သော ကိစ္စတစ်ရပ်လည်း မဖြစ်စေရ။

အဆိုနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း
ပုဒ်မ ၁၄၁။ လွှတ်တော်၏ ဆန္ဒကိုရယူခြင်း။     ။အဆိုတစ်ရပ်ကို အဆုံးအဖြတ်ပေးနိုင်ရန် လွှတ်တော်တွင်
ဆန္ဒရယူရာ၌ -
            (က) အဆိုတစ်ရပ်ကို လွှတ်တော်တွင် တင်သွင်းဆွေးနွေးနေစဉ် ဆွေးနွေးခြင်းကို ရပ်စဲ၍
            လွှတ်တော်၏ဆန္ဒရယူရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက နာယကအား တောင်းဆိုနိုင်သည်။
            ယင်းအဆိုကို လုံလောက်စွာဆွေးနွေးပြီး ဖြစ်သည်ဟု နာယက က ယူဆလျှင် အဆိုတင်သွင်းသူနှင့်
            သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်မချေပရသေးပါက ချေပစေပြီး
            နာယကသည် ဆွေးနွေးခြင်းကိုရပ်စဲ၍ လွှတ်တော်၏ဆန္ဒ ယူရမည်။
                                          ---------------------------------------------

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/27/2012 01:06:00 AM