သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ဝ တပ်ဖွဲ့လမ်းဖောက်လုပ်မှု တရုတ်ယွမ်ငွေဘီလီယံချီကုန်ကျ

Posted: 29 Aug 2012 02:39 AM PDT

သျှမ်းပြည်မြောက်ပိုင်း ဝ ပြည်သွေးစည်းရေးတပ်မတော်မှပြုပြင်ဖောက်လုပ်နေသော မြို့တော်ပန်ဆန်းမှ နမ့်တစ်၊ မိုင်းမော၊ မန်းဆိုင်လမ်း လာမည့် နှစ်ပွင့်လင်းရာသီအပြီးဖောက်လုပ်ရန်ရှိပြီး တရုတ်ယွမ်ငွေ သန်းပေါင်း ထောင်နှင့်ချီကုန်ကျ ထားပြီဖြစ် ကြောင်း အရာရှိများအသိုင်းအဝိုင်းကပြောသည်။
wa-road-systemဝ ပြည်သွေးစည်းရေးတပ်မတော်မှပြုပြင်ဖောက်လုပ်နေသောလမ်းပြမြေပုံ

" ကျနော်တို့ ဘက်က လုပ်နေတာ တရုတ်ယွမ်ငွေ သန်းပေါင်းထောင်ချီ ကုန်နေပြီ။ မြို့တော်ပန်ဆန်းကနေ နမ့်တစ် -မိုင်းမော- မန်းဆိုင် -ပန်ဆန်း၊ပန်ဆန်း -မိုင်းပေါက်-ဟိုတောင်း လမ်းတွေပေါ့။ တချို့နေရာလဲပြင်တယ်တချို့နေရာလဲ ဖောက်တယ်။ ဒီလလယ် ပိုင်းကရောက်လာတဲ့ အစိုးရရဲ့ နတလ ဝန်ကြီးနဲ့အဖွဲ့က ဒီလမ်းဖောက်လုပ်ရေးမှာ အနည်းအကျဉ်း ကူညီသွားတယ်။ ကျပ် သိန်း ၄၀၀၀ လောက်ပေါ့" ဟု ဝ ပြည်သွေးစည်းရေးတပ်မတော်မှ အရာရှိတဦးက သျှမ်းသံတော်ဆင့် အားပြောပြ သည်။

ယနေ့ငွေလဲနှုန်းအရ တရုတ်ယွမ်ငွေ သန်းပေါင်း တစ်ထောင်သည် အမေရိကန်ဒေါ်လာ သန်း ၁၅၇ နှင့်ကိုက်ညီသည်။ မြန်မာအစိုးရမှ လမ်းဖောက်လုပ်ရေးအတွက်ထောက်ပံ့သော ကျပ်သိန်းပေါင်း ၄၀၀၀ သည် အမေရိကန်ငွေ ဒေါ်လာ ၄ သန်း၊ တရုတ်ယွမ်ငွေ ၂၄ သန်းဝန်းကျင် နှင့်ညီမျှပါသည်။

၎င်းနှင့်ဆက်စပ်၍ ယခုလ ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆုံဖူးရေအားလျှပ်စစ် ထုတ်လုပ်ရေးမှ လျှပ်စစ် ဓါတ်အားများကို ပန်ဆန်း-ဝိန်းကောဝ်-မန်းဆိုင်သို့ဖြန့်ဖြူးပေးသည်ဟူသည့် ကိစ္စကိုလည်း သျှမ်းသံတော်ဆင့် ကမေးမြန်း ရာတွင် အဆိုပါအရာရှိက- အော် ဒီရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ကလည်း ကျနော်တို့ ဝ တပ်ဖွဲ့လုပ်ထား တဲ့ဟာဘဲ။ အရင့်အရင်ကတည်းက လျှပ်စစ်ဓါတ်အားကို ဖြန့်ဝေပေးနေတာဘဲ ။ သူတို့လာလည်ရုံသက်သက်ပါ- ဟု ဆိုပါသည်။

အဆိုပါ သတင်းစာတွင် နတလ ဝန်ကြီးက ဝ အထူးဒေသ ၂ အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ နှင့် ဆန်ဖိုးအတွက် ကျပ်သိန်း ၆၆၀ ထပ်မံ ထောက်ပံ့ပေးသည်ဟုလည်းပါရှိ သည်။

ဂျွန်လကလည်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် သည် မြောက်ကိုးရီးယားနိုင်ငံမှ သေနတ်မျိုးစုံ ကွန်တိန်နာ ၄၂ လုံးထက်မနည်းဝယ်ယူခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့သည်။



လယ်ဆင်းချိန်၌ လယ်သမားများ တောရှင်းလုပ်အားပေးခိုင်းခံရ

Posted: 29 Aug 2012 02:38 AM PDT

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့အခြေစိုက် ဝမ့်ပန်ဌာနေပြည်သူစစ်တပ်ဖွဲ့က ရွာသားများ လယ်ဆင်း ချိန်၌ လုပ်အားပေးခိုင်းစေနေသဖြင့် အခက်တွေ့နေကြောင်း ဒေသခံများကပြောသည်။

" လယ်ဆင်းချိန်ဗျာ။ ပေါင်းပင်တွေနှုတ်ချိန်တန်နေပြီ။ သူတို့လျှောက်မယ့်လမ်းကို အရင်ရှင်းပေးပါ။ ၅ ရက်အတွင်းလုပ်ပေးပါဆိုလို့ ကျနော်တို့လဲ လက်နက်ကိုင်တဲ့လူုကိုဘယ် တုန့်ပြန်ရဲမလဲဗျာ။ နှစ်တိုင်း ဒီလမ်းတလျှောက်ကို ရှင်းပေးရတယ်။ ဒီနှစ်တော့ အစိုးရသစ်လက်ထက်ဆို လွှတ်များလွှတ် မလားလို့" ဝမ့်ပန်ဒေသခံ တဦးကပြောသည်။

သျှမ်းပြည်တပ်မတော်မှခွဲထွက်ကာ ၂၀၀၆ က အစိုးရထံလက်နက်ချသည့် တပ်မဟာ ၇၅၈ သည် ဌာနပြည်သူ့စစ်အဖြစ်ပြောင်းလဲကာ လဲချားမြို့ ဝမ့်ပန်နှင့်နမ့်ဟူးဖရားထမ့်တို့တွင် စခန်းချလျက်ရှိ သည်။

" ကားလမ်းမကနေ သူတို့တပ်စခန်းအသွားလမ်းဘေးနှစ်ဘက်နှစ်ချက်မှာ ခြုံတွေရှင်းခိုင်းတယ်လေ။ တောပြုန်းတာဘဲအဖတ်တင်တယ်" ဟု ၎င်းကဆက်လက်ပြောပြသည်။

ဒေသခံလူထုအား နှစ်စဉ်နှစ်တိုင်း ခြုံနွယ်များရှင်းခိုင်းခြင်း၊ သဲတင်ခြင်း အစ ရှိလုပ်အားပေးများခိုင်းစေ လျက်ရှိသည်။

" ခြုံတော့ရှင်းပေးပြီးပြီး အခု သဲတွေတင်ပေးဖို့ထော်လာဂျီတွေကိုစရင်းကောက်နေတယ်။ လယ်ဆင်း ချိန် မဟုတ်ရင်တော့ ကျနော်တို့အတွက်ပြဿနာမရှိပါဘူး။ ခုဟာက လယ်ဆင်းချိန်ဖြစ်နေတော့ ကျနော်တို့ဝမ်းရေးအတွက် ဘယ်ချိန်အလုပ်လုပ်ရတော့မလဲဗျာ" ဟု လဲချားရောက် ဝမ့်ပန်ဒေသခံက ဆက်လက်ပြောပြသည်။

လုပ်အားပေးခိုင်းစေခြင်းခံနေရသော ရွာများမှာ ဝမ့်စယ့်အုပ်စု၊ ဝမ့်ဆန်းအုပ်စု၊ ဝမ့်ထီအုပ်စု၊ ဝမ့်ဟိုင့်အုပ်စု၊ ဝမ့်လေအုပ်စုနှင့် ကတ်မောက် အုပ်စုတို့ဖြစ်သည်ဟု ဆိုပါသည်။

Re: [mrsorcerer:30185] မိန်းကလေးများ လက်မတွဲသင့်သော ယောင်္ကျားများ

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ

99sanay ထဲကတွေ့ လို့ ပြန်တင်လိုက်တာပါ။


--

Be Happy,

          Moe Moe.






--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:30184] မိန်းကလေးများ လက်မတွဲသင့်သော ယောင်္ကျားများ


၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

--

Be Happy,

          Moe Moe.





--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30183] Fwd: [လူဗိုလ်ဟူသည် ...] ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြားပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၂)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/28
Subject: [လူဗိုလ်ဟူသည် ...] ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြားပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၂)
To: lubo601@gmail.com



by Yangon Press International on Tuesday, August 28, 2012 at 1:53am 

``ကုလသမဂ္ဂနဲ့ နိုင်ငံ တကာလူမှုအဖွဲ့အစည်းတွေ က ရိုဟင်ဂျာတွေကို ခုခံနိုင်စွမ်းအားနည်းတဲ့ အစု အဖွဲ့အဖြစ်မြင်ပြီး မျက်နှာသာပေးတဲ့အခါမှာ သာ မန်အရပ်သူ၊ အရပ်သား ရခိုင်တွေဟာ ငါတို့တော့ တစ်ခါထပ် ရှုံးရပြန်ပြီဆိုပြီး ဒေါသထွက်ကြတာပဲ။´´

ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။

(မော်ကွန်းမဂ္ဂဇင်း အမှတ် - ၁ တွင် ဖော်ပြပါရှိသော တွေ့ဆုံမေးမြန်းခန်းအား ပြန်လည်ဖော်ပြခြင်းဖြစ် ပါသည်။)
ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါ

MAWKUN -- အနာဂတ်မှာ အလားတူပဋိပက္ခတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ရင် အကောင်းဆုံးဖြစ်မလဲ။

LEIDER            - လောလောလတ်လတ်ပြဿနာက ဖြေရှင်းလို့ရသေးတဲ့ ပုံမပေါ်သေးဘူး။ အခုမှစတာပါ။
ပဋိပက္ခမှာ ပါဝင်သူ တွေအားလုံးက အခြားတစ်ဖက်ဟာ အမှားတွေလုပ်နေတယ်၊ ဘာတွေတော့ လုပ်ဆောင်ဖို့ ပျက်ကွက်တယ်စသဖြင့် စွပ်စွဲနေကြ တုန်းပါပဲ။ လူတွေဟာ ပြတ်ပြတ်သားသား တစ်ဖက်ဖက်မှာ ရပ်တည်နေကြတယ်။ မတူညီတဲ့အစုအဖွဲ့တွေဟာ ပိုပြီး ရန်စောင်လာ ကြတယ်။ သုံးနှုန်းတဲ့ ဘာသာစကားတွေက ရိုင်းစိုင်းလာတယ်။ ခံယူချက်တွေကလည်း အစွန်းရောက်လာကြတယ်။

တိုးတက်မှုကိုသွားတဲ့လမ်းက တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ်မှုရှိဖို့၊ ဘုံရည်မှန်းချက်တွေရှိဖို့ လိုအပ်တယ်။ အဲဒါတွေ အသင့်ရှိပြီးမှ စတင်ကြတာပါ။ ဒါပေမဲ့ အဲဒါက ဘယ်တော့မှ ဖြစ်နိုင်မလဲဆိုတော့ (ပဋိပက္ခမှာ) ခံစားနေကြရတဲ့ လူတွေဟာ သူတို့ရဲ့နစ်နာမှုတွေ၊ မကျေမနပ်မှုတွေကို အပြည့်အ၀ ထည့်သွင်းစဉ်းစားပေးကြတယ်လို့ ခံစားလာရတော့မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ အမြဲတမ်းပါပဲ ၊ အစီရင်ခံစာတွေထွက်လာပြီဆိုရင် ရိုဟင်ဂျာတွေ နဲ့ပတ်သက်တဲ့ လူလူချင်းစာနာထောက်ထားရေးဆိုင်ရာ အဖြစ် အပျက်တွေကိုပဲ ဗဟိုပြုရေးသားကြတယ်။ အဲဒါကြောင့် ရခိုင်တွေရဲ့ရင်ထဲမှာ သူတို့ကိုတော့ မျှမျှတတသဘောမထားကြဘူး၊ မျှမျှတတမဆက်ဆံကြဘူးလို့ ခံစားနေကြရတာပဲ။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေရဲ့ တရားဝင်တဲ့ ရည်ရွယ် ချက်တွေအပေါ်မှာတော့ ကျွန်တော်တို့ တကယ်ပဲ မေးခွန်း မထုတ်သင့်ပါဘူး။ အဲဒါတွေက ပွင့်လင်းမြင်သာမှုကို ရှိစေပါတယ်။ ဒါပေမဲ့ တင်းမာမှုတွေကို လျှော့ချဖြေထုတ်ဖို့ နည်းနာတွေကတော့ နိုင်ငံရေးနယ်ပယ်ထဲမှာရှိနေတယ်။ အဲဒါတွေက ဘာတွေလဲဆိုရင် ခံစားခဲ့ရသူတွေကို ပြောရေးဆိုခွင့်ပေးတာ၊ ကြားဝင်ဖျန်ဖြေတာ၊ ပညာရေး၊ ကျန်းမာရေးတို့လို ဘုံအကျိုးစီးပွားတူညီတဲ့အရာတွေနဲ့ လူတွေကို စေ့စပ်ညှိနှိုင်းပေးတာမျိုးပေါ့။

ရခိုင်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်တဲ့အလားအလာမှာ ဘာပါသင့် သလဲဆိုရင် အဲဒီဒေသမှာ နေထိုင်နေကြတဲ့ လူတွေရဲ့ဖြစ်တည်မှု၊ သူတို့ရဲ့ ပူးပေါင်းပါဝင်မှုတွေ ပါရှိရပါမယ်။ ရှေ့လာမယ့် အကြိတ် အနယ်စကားစစ်ထိုးပွဲတွေမှာ နိုင်ငံသားဖြစ်မှုဆိုတဲ့ကိစ္စကို ဗဟို ပြုဆွေးနွေးကြလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူတွေဟာ နိုင်ငံသား ဖြစ်ခွင့်ရှိတယ်။ ဘယ်သူတွေဟာတော့ နိုင်ငံသားဖြစ်ခွင့်မရှိဘူး ဆိုတာနဲ့ ပတ်သက်လို့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေဟာ လက်တွေ့ကျကျ ထည့်သွင်းစဉ်းစားကြရပါလိမ့်မယ်။


MAWKUN  - ရခိုင်လူမျိုးတွေဝေဖန်ကြတာရှိတယ်။ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေဟာ ဘင်္ဂါလီတွေကို တော်တော်ဦးစားပေးတယ်လို့ဆိုတယ်။ အဲဒီ အဖွဲ့အစည်းတွေဟာ ရခိုင်ပြည်နယ်မှာ ရှိနေကြတာဟာ ဘင်္ဂါလီ တွေကိုပဲ ကူညီဖို့ဆိုတဲ့သဘောနဲ့ ရောက်နေကြတယ်လို့လည်း ဝေဖန်နေကြတယ်။ ဒီအချက်ပေါ်မှာ ဘာများသုံးသပ်ချင်ပါသလဲ။

LEIDER              - ဗုဒ္ဓဘာသာရခိုင်တွေမှာရှိတဲ့ ထင်ရှားတဲ့ လက္ခဏာက သူတို့ရဲ့ နိုင်ငံတော်ပျက်စီးသွားကတည်းက သူတို့ ကံကြမ္မာရဲ့ အရှင်သခင်ဟာ သူတို့မဟုတ်တော့ဘူး။ (ကိုယ့်ကံ ကြမ္မာကို ကိုယ်ဖန်တီးခွင့်မရှိတော့ဘူး)လို့ ခံစားနေကြရတယ်။ ကိုလိုနီခေတ်မှာ ၀င်ရောက်လာကြတဲ့ အိန္ဒိယလူမျိုးတွေရဲ့ လူမှု ရေး၊ စီးပွားရေးဖိအားတွေက ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးနေတဲ့ ရခိုင်တွေရဲ့ခံစားချက်ကို ပိုပြီးပြင်းထန်သွားအောင် လုပ်လိုက်သလိုဖြစ်သွားတယ်။

ခြုံပြောရရင် ဒီအခြေအနေဟာ လွတ်လပ်ရေးရကတည်းက ပြောင်းကိုမပြောင်းလဲဘူး။ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာလူမှုအဖွဲ့အစည်းတွေက ရိုဟင်ဂျာတွေကို ခုခံနိုင်စွမ်းအားနည်းတဲ့ အစုအဖွဲ့အဖြစ်မြင်ပြီး မျက်နှာသာပေးတဲ့အခါမှာ သာ မန်အရပ်သူ၊ အရပ်သား ရခိုင်တွေဟာ ငါတို့တော့ တစ်ခါထပ် ရှုံးရပြန်ပြီဆိုပြီး ဒေါသထွက်ကြတာပဲ။ ကျွန်တော့်အထင် ရခိုင် တွေရဲ့အခြေအနေဟာ တခြားမြန်မာနိုင်ငံသားတွေထက် ပိုဆိုးကြတယ်လို့ မဆိုလိုချင်ဘူး။ ဒါပေမဲ့ သူတို့ဟာ မျှတမှုမရှိဘူး၊ မတရား ဘူးလို့ ခံစားနေရကြတာပါ။ ကျွန်တော် ထင်ပါတယ်၊ အခုဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်း တွေမှာရှိတဲ့ တာဝန်ရှိ ၀န်ထမ်းတွေဟာ ဒီပြဿနာကို သဘောပေါက်၊ နားလည်ကုန် ကြပြီ။ ဘာကြောင့် သူတို့တစ်တွေဟာ ပြည်သူတွေရဲ့ ပစ်မှတ်ဖြစ် ကြရသလဲဆိုတာကိုလည်း နားလည်လာကြပြီလို့ ထင်တယ်။


MAWKUN - တချို့က ရခိုင်ပြည်နယ်ဟာ အနာဂတ်မှာ ကိုဆိုဗိုလိုမျိုး ဖြစ်လာနိုင်တယ်ဆိုပြီး ယူဆနေကြတာရှိတယ်။ ဒီအပေါ်မှာ ဘာများသုံးသပ်ချင်ပါသလဲ။

LEIDER              - ပြည်ထောင်စုမြန်မာနိုင်ငံဟာ မပြိုကွဲသေးပါဘူး။ ရခိုင်ပြည်နယ်ကလည်း လွတ်လပ်တဲ့ သမ္မတနိုင်ငံ အဖြစ်လည်း ကြေညာဦးမှာမဟုတ်ဘူး။ ကိုဆိုဗိုကိစ္စမှာ ဆားဗီးယားက ဆာ့ဗ်လူနည်းစုတွေဘက်ကနေ ၀င်စွက်ဖက်ပေမယ့် ရိုဟင်ဂျာတွေနဲ့ ဘယ်နိုင်ငံခြားအင်အားကြီးနိုင်ငံကမှ ၀င်ရောက်၊ စွက်ဖက်တာ မရှိသေးဘူး။ ဒါကြောင့် ယူဂိုစလားဗီးယားကနေ ကိုဆိုဗိုခွဲထွက်သွားခဲ့တဲ့ နောက်ခံအကြောင်းအရာနဲ့ ယှဉ်ထိုးကြည့်တာဟာ မဆီလျော်ပါဘူး။


MAWKUN - ရခိုင်ပြည်နယ်လိုပဲ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ အာသံပြည်နယ်မှာလည်း ဘင်္ဂါလီရွှေ့ ပြောင်းလုပ်သားတွေပါဝင်တဲ့ အုပ်စုလိုက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်။ လူဒါဇင်နဲ့ချီ သေကြေပြီး လူနှစ်သိန်းကျော် နေရပ်က ထွက်ပြေး တိမ်းရှောင်နေကြရတယ်။ ရခိုင်မှာဖြစ်တဲ့ အရေးကိစ္စနဲ့ အာသံမှာဖြစ်တဲ့အရေး ဘာတွေမှာ တူညီမှုရှိလဲ။

LEIDER             - တူညီမှုတွေရှိရင် မတူညီမှုတွေလည်း ရှိမှာပါ။ ဖြစ်စဉ်နှစ်ခုစလုံးကို ကြည့်မယ်ဆိုရင် တင်းမာမှုတွေ မြင့်တက်လာနေတာကို ကြိုတင်မသိရကောင်းလား၊ အကြမ်းဖက်မှုတွေ မဖြစ်ပွားအောင် ကြိုတင်မကာကွယ်နိုင်ကောင်းလားဆိုပြီး ပဋိပက္ခဖြစ်နေတဲ့ ဒေသကရော နိုင်ငံတကာကပါ အစိုးရ နှစ်ရပ်စလုံးကို ဝေဖန်တာတွေရှိတယ်။

တစ်ကမ္ဘာလုံးအနေအထားနဲ့ကြည့်မယ်ဆိုရင် စီးပွားရေးအရ နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းနေထိုင်ကြတာကို တားလို့တော့မရဘူး။ ဒါပေမဲ့ အကောင်းဆုံးစီမံကွပ်ကဲလို့ရတယ်။ အစိုးရအရာရှိတွေရဲ့ ငြင်းပယ်မှုတွေ၊ လုံခြုံမှုမရှိတာတွေ၊ ခေါင်းပုံဖြတ် တာတွေ၊ တုံ့ပြန်မှုနောက်ကျတာတွေ၊ ရောထွေးနေတာဟာ စိတ်မချရဘူး။ အဲဒါတွေဟာ ဒေသခံတွေ၊  ရွှေ့ပြောင်းလုပ်သားတွေကို ထိခိုက်စေတယ်။ နောက်ဆုံး လူတွေကိုကိုင်တွယ်တာမှားတဲ့ အစိုးရတွေလည်း သူတို့ရဲ့ဂုဏ်သိက္ခာတွေ အထိအခိုက်ခံရတယ်။

အစိုးရတွေဟာ ရွှေ့ပြောင်းလုပ်သားတွေကြောင့် သူတို့နိုင်ငံရဲ့ စီးပွားရေးကို ရေရှည်ကောင်းကျိုးတွေဖြစ်ထွန်းတယ်ဆိုရင် တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်တဲ့ကိစ္စကို အရေးယူဆောင်ရွက်ဖို့ စိတ်အားမထက်သန်ကြဘူး။ ရခိုင်ပြည်နယ်မှာ တွေ့ရတဲ့ အခြေအနေမျိုးက အဲဒီလိုအခြေအနေမျိုးတော့ မဟုတ်ဘူး။ ရခိုင်မှာဖြစ်နေတာက အခြားအစုအဖွဲ့တစ်ခုက (သူတို့နယ်မြေမှာ) အခြားအစုအဖွဲ့တစ်ခုရှိနေတာဟာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ ခံစားနေရတယ်။


MAWKUN - ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေများပြားနေတာဟာ ပတ်ဝန်းကျင်နဲ့ ဒေသတွင်းနိုင်ငံတွေပေါ်မှာ ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်လာစေမလား။ ဖြစ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးတွေ ဖြစ်လာမလဲ။ အုပ်စုလိုက်တိုက်ပွဲတွေ မဖြစ်အောင် ဘယ်လိုကြိုတင်ကာ ကွယ်လို့ရမလဲ။

LEIDER             - ရခိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ ကို ဘင်္ဂါလီတွေ တရားမ၀င် ၀င်ရောက်မှုတစ်ခုတည်းကြောင့် ဖြစ်ရတာလို့စဉ်းစားရင် မှားသွားမယ်။ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေရှိနေတာဟာ တရားမ၀င် ရွှေ့ပြောင်းလာကြလို့ဆိုတဲ့ ယေဘုယျယူဆချက်ဟာ လက်ခံရခက်ပါတယ်။  နှစ်ပေါင်းများစွာကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်က မွတ်ဆလင်တွေဟာ သင်္ဘောတွေနဲ့ ထိုင်းနဲ့ မလေးရှားကို ထွက်သွားကြတယ်။

ဟိုမှာ သူတို့ဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ပြောကြတယ်။ ပြီးတော့ သူတို့ဟာ တိုင်းပြည်မဲ့ဒုက္ခသည်တွေအဖြစ် ဆက်ဆံခံကြရတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ တရားမ၀င်ဒုက္ခသည်တွေအတွက် ဆွဲဆောင်မှုကောင်းတဲ့ နေရာတော့ ဟုတ်ဟန်မတူဘူး။

တစ်ဖက်မှာ ကျယ်ပြန့်တဲ့ ဒေသတွင်းအခြေအနေကို ကြည့်မယ်ဆိုရင် စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်ကြတာဟာ အရေးကြီးတဲ့ သွင်ပြင်လက္ခဏာတစ်ခုအဖြစ် သေချာပေါက်ရှိနေတယ်။ ဒါပေမဲ့ ဒေသခံတော်တော်များများရဲ့ စိတ်ထဲမှာ အခိုင်အမာယူဆထားတဲ့ တရားမ၀င်ရွှေ့ပြောင်း၊ လာရောက်နေထိုင်ကြတဲ့ အတွက်ကြောင့်လို့ဆိုတဲ့ အချက်တစ်ခုတည်းနဲ့က မလုံလောက်တော့ဘူး။ အလွယ်တကူ ဖြတ်သန်းသွားလာလို့ရတဲ့ နယ်စပ်ရှိနေတာ၊ ခြစားမှုတွေရှိနေတာ၊ လူဦးရေရွေ့လျားမှုကို အစိုးရက ခြေရာခံဖို့ပျက်ကွက်တာ စတာတွေကို ကျွန်တော်တို့ ကြားသိလာရလိမ့်မယ်။

ကိန်းဂဏန်းတွေမရှိတာရယ်၊ အားကိုးအားထားပြုရလောက်တဲ့ သတင်းအချက်အလက်နဲ့ နောက်ခံအကြောင်းတရားတွေမရှိတာနဲ့ကိုပဲ လေးနက်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ ဆယ်စုနှစ်အတော်များများ နှောင့်နှေးခဲ့ရတယ်။ အရှေ့မြောက်အိန္ဒိယဒေသကို ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ ရွှေ့ပြောင်းသွားကြတာနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေ ထပ်ခါထပ်ခါ ပေါ်ထွက်လာခဲ့ဖူးတယ်။ ဒါပေမဲ့ မြန်မာနယ်စပ်တစ်လျှောက်မှာ ရွှေ့ပြောင်းသွားလာနေကြတဲ့ ပကတိအခြေအနေမှန်ဟာ ဘယ်လိုဟာမျိုးလဲဆိုတာကို လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့ မသိကြတော့ပါဘူး။

ဆိုတော့ကာ သူတို့ဟာ ဘယ်လိုလူတွေပဲဖြစ်ဖြစ် နယ်စပ်ကို ဘယ်လိုပဲ ဖြတ်ကျော်ဝင်ရောက်ပြီးတော့ပဲ လာကြလာကြ ဒီကနေ့ကမ္ဘာမှာ အစိုးရတွေဟာ သူတို့တွေကို ကန်ထုတ်ပစ်လိုက်လို့ မရတော့ပါဘူး။ ကျွန်တော် ထပ်ပြောပါဦးမယ်။ အရေးကြီးတဲ့ကိစ္စက အိမ်ရှင်နိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်သားတွေဟာ အဲဒီနိုင်ငံရဲ့စီးပွားရေးအတွက် ရေရှည်မှာအလုပ်ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာပါပဲ။ ထိုင်းမှာဆိုရင် မြန်မာလုပ်သား သိန်းပေါင်းများစွာဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေးက လိုအပ်နေတဲ့ လုပ်သားအင်အားကို ဈေးပေါပေါနဲ့ ပံ့ပိုးပေးနေတယ်။

တစ်ဖက်မှာ ရွှေ့ပြောင်းလုပ်သား တွေကို မှတ်ပုံတင်ပြီး ထိန်းချုပ်ဖို့ဆိုတဲ့ နိုင်ငံရေးယူဆချက်ရှိနေတယ်။ တစ်ဖက်မှာတော့ အစိုးရက ဘာတွေဘယ်လိုပဲလုပ်နေ လုပ်နေ ၀မ်းရေးအတွက် ရွှေ့ပြောင်းကြရတဲ့ စီးပွားရေးဖိအား တွေကရှိနေတယ်။ အဲဒီနှစ်ခုကြားမှာ ကွာဟမှုက တော်တော်ကို ကြီးနေတယ်။


MAWKUN - မကြာသေးခင်က ပါကစ္စတန်က တာလီဘန်အဖွဲ့က ရခိုင်မှာသေဆုံးသွားတဲ့ မွတ်ဆလင်တွေအတွက် သူတို့လက်စားချေတဲ့အနေနဲ့ မြန်မာအစိုးရကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ တကယ်တမ်းသာ သူတို့ခြိမ်းခြောက်တဲ့ အတိုင်း လုပ်ကြမယ်ဆိုရင် ဘယ်လိုလူမှုရေးနဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို မြင်တွေ့ရမလဲ။

LEIDER              - မြန်မာပြည်က မွတ်ဆလင်ခေါင်းဆောင်တွေဟာ တာလီဘန်အဖွဲ့တွေရဲ့ အဲသလို ဟောင်ဖွာ၊ ဟောင်ဖွာ ကြေညာချက်တွေထုတ်နေတာကို မကြိုဆိုရုံမက ပယ်ကို ပယ်ချ လိုက်ကြပါလိမ့်မယ်။ နိုင်ငံတကာက ပူးတွဲကာကွယ်မှုပေးထားတဲ့ ကိစ္စတွေ၊ မီဒီယာတွေကလည်း ၀ိုင်းရေးနေကြတဲ့ ကိစ္စတွေမှာ အစွန်းရောက်အဖွဲ့တွေဟာ လူအများရဲ့  အာရုံစိုက်မှုတွေကို ရယူဖို့ စိတ်အားထက်သန်ကြတယ်။ ယေဘုယျအားဖြင့် အောင်လည်း အောင်မြင်ကြပါတယ်။

အဲဒီတော့ သူတို့ဟာ အပြင်လူတွေ ဖြစ်ပေမယ့် ပါဝင်ပတ်သက်နေကြပြီ။ တကယ်တော့ သူတို့ရဲ့ အစွန်းရောက်အမြင်တွေဟာ သူတို့အတွက်ပဲ ကိုယ်စားပြုကြတယ်။ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် လုံခြုံရေးဆိုင်ရာ ပြဿနာဖြစ်လာမယ်ဆို ရင် နှစ်ဖက်အစိုးရအနေနဲ့ ပူးပါင်းဖြေရှင်းသင့်ပါတယ်။

အုပ်စု လိုက်တိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေဟာ တော်တော်ကို စိုးရိမ်နေရတဲ့ အနေအထားဖြစ်နေပါပြီ။ ဒီလိုအနေအထားမှာ အကြမ်းဖက်သမားတွေရဲ့ ကွန်ရက်တွေ ခြေကုပ်ယူမသွားနိုင်အောင် အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားကြရပါလိမ့်မယ်။       ။



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/29/2012 06:09:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30182] Fwd: [လူဗိုလ်ဟူသည် ...] စီမံခန့်ခွဲသူတို့ သိရှိထားသင့်သည်များ အပိုင်း (၁)(၂)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/28
Subject: [လူဗိုလ်ဟူသည် ...] စီမံခန့်ခွဲသူတို့ သိရှိထားသင့်သည်များ အပိုင်း (၁)(၂)
To: lubo601@gmail.com




ရေးသားသူ အောင်ကျော်ဆန်းလင်း သည် သြဂုတ်လ 26, 2012 တွင် 3:59pm အချိန်၌ရေးသားခဲ့သည်။

(1)   လူသားတိုင်း အမှားမကင်းပါ ဒါကြောင့် အမှားတစ်ခု လုပ်လိုက်မိရင် မှားပြီလို့လက်ခံလိုက်ပါ ပြီးရင် မှန်အောင် ပြင်ပါ ။

(2)   ကိုယ့်ဝန်းကျင်က လူတွေရဲ့ မွေးနေ့တွေကို ဒိုင်ယာရီ သတ်သတ်စာအုပ်နဲ့ ရေးမှတ်ထားတာမျိုး သီးသန့်ထားပါ လူတိုင်းကို သူတို့မွေးနေ့တွေမှာ ဆုတောင်းပေးနိုင်တာပေါ့ ( မွေးနေ့ အမှန်ဖြစ်ဖို့တော့ ဂရုစိုက်ပါ )

(3)   ရုံးဝန်ထမ်းတိုင်းရဲ့ မွေးနေ့တွေမှာ ကျန်လူတွေက ငွေစုထည့်ကျင်းပတဲ့ မွေးနေ့ပါတီ လုပ်ကြဖို့ စည်းရုံးထားပါ ဆော်ဩပါ ။


(4)   ဝန်ထမ်းတွေက ပြောစရာရှိလာရင် ဂရုတစိုက် နားထောင်ပါ သူတို့တင်ပြတဲ့ အကြံဥာဏ်တွေကို အသိအမှတ်ပြုပါ ။

(5)   သူများ စိတ်ကူးကို ကိုယ့်စိတ်ကူးလုပ်ပြီး အမှတ်မယူမိပါစေနဲ့ ။

(6)   အဖွဲ့နဲ့ လုပ်ရတဲ့ လုပ်ငန်းတစ်ခု စီမံချက်တစ်ခု ပြီးသွားတိုင်းမှာ အဖွဲ့ဝင်တွေကို သူတို့ရဲ့ပူးပေါင်းပါဝင် လုပ်ဆောင်မှုတွေအတွက် ကျးဇူးစကားပြောပါ ။

(7)   ကိုယ့်ဝန်ထမ်းတွေကို ကိုယ်တက်နိုင်တဲ့ အတိုင်းအတာအရ လက်ဖက်ရည် ကော်ဖီ ဘီစကွပ် စတဲ့ သရေစာတွေ ပံ့ပိုးပေးထားပါ ။

(8)   လုပ်ငန်းခွင်က သိပူအိုက်လွန်းတာ သိပ်အေးတာမျိုးဖြစ်ရင် အလုပ်လုပ်ရတာ အခက်အခဲ တွေ့ပါတယ် ပန်ကာတို့ အပူပေးစက်တို့ ဖန်တီးပေးထားပါ ။

(9)   ဝန်ထမ်းအသစ်ကို လုပ်ငန်းခွင်နဲ့ အကျွမ်းဝင်သွားအောင် လိုက်ပြပေးပါ သက်ဆိုင်သူတွေနဲ့လည်း မိတ်ဆက်ပေးပါ ။

(10)  အရင်တုန်းက အဆင်ပြေခဲ့တဲ့ နည်းစနစ်ဟာ ယခုအဆင်ပြေချင် ပြေမယ် ပြေချင်မှလည်း ပြေမယ် ဝန်းထမ်းတွေဟာ ကောင်းမယ် ထင်တာ ထွင်လုပ်ကြည့် စမ်းကြည့်နိုင်ကြကြောင်း ပြောပြထားပါ လိုအပ်တဲ့နေရာမှာကူးပြီး အကြံပေးပါ ။

(11)  တစ်ခုခုမှာ ပိုကောင်းအောင် လုပ်ချင်နေတဲ့ တိုးတက်မှု ရချင်နေတဲ့ ဝန်ထမ်းတစ်ဦးကို ညှိနှိုင်းအကြံပေးလိုက်ရတဲ့ အခါမျိုးမှာ သူ့ အခြေအနေ ဘယ်လိုလဲဆိုတာ ( နောက်တစ်ပတ် တစ်လအကြာ ) ထပ် စစ်ဆေးမေးမြန်းပါ တိုးတက်မှုရလာတာ တွေ့ရင် သူ့ ကိုအသိပေးပါ ။

(12)  ကိုယ်တစ်ယောက်တည်း တာဝန်ခံလုပ်ကိုင်ရတဲ့လုပ်ငန်းမျိုးမှာ ကိုယ့်ရဲ့စိတ်ပါမှု တက်ကြွမှု ဘယ်လောက်များပြားနေသေးသလဲဆိုတာ အမြဲပြန်စစ်ပါ မနိုင်ရင် အကူရှာပါ မကြာခဏဆိုသလို ကိုယ်စိတ်နှစ်ပါးစလုံး အနားယူပါ ။

(13)  တစ်နေ့နေ့မှာ ကော်ဖီတို့ မုန့်တို့နဲ့ ညနေခင်းပါတီကလေးလုပ်ပေးပါ ကိုယ့်အဖွဲ့သားအားလုံးကို ဖိတ်ပါ သူတို့လည်း လန်းသွားမယ် အချင်းချင်းလည်း ပိုရင်းနှီးတာပေါ့ ။

(14)  လုပ်ကြီးတစ်ခုပြီးမြောက်သွားရင် အထိမ်းအမှတ်ပွဲတစ်မျိုးမျိုး ဖန်တီးပေးပါ ။

(15)  လုပ်ငန်းတစ်ခု စီမံကိန်းတစ်ခုစီစဉ်ရင် ဝန်ထမ်းတွေအပေါ်ကျလာမယ့် အလုပ်ဒဏ်ကို ထည့်စဉ်းစားပါ အလုပ်တွေ စုပြုံမလာအောင် လွှဲပေးခြင်း ခွဲပေးခြင်း အားဖြင့် ဝန်ထမ်းတွေအပေါ် မလိုအပ်ဘဲ အလုပ်ဒဏ်ပိတာမျိုးကို ရှောင်နိုင်ဖို့ စီမံပါ ။

(16)  တကယ်အကောင်အထညိဖော်/ ကိုယ်တိုင်လုပ်ရတဲ့လူမျိုးကို အထောက်အကူပေးဖို့လိုပါတယ် အကြံပေးပြီး ပံ့ပိုးတာမျိုးပိုပြီးသုံးပါ ။

(17)  ဝန်ထမ်းတွေကို ရုံးတယ်လီဖုန်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် ပြောခွင့်ပြုထားလိုက်ပါ ။

(18)  အပြင်က ရေပိုက်ပြင်သမား မီးပြင်သမားတွေ ရုံးလာအလုပ်လုပ်တဲ့အခါ သူတို့ကို ရုံးဝန်ထမ်းတွေအတွက် သရေစာကျွေးမွေးသလိုပဲ ကျွေးမွေးဧည့်ခံပါ ပစ်မထားပါနဲ့ ။

(19)  ဝန်ထမ်းတွေကို ဌာနတွင်းသင်တန်းတွေ စီစဉ်ပေးပြီး အဆင့်မြှင့်တင်ပေးပါ အပြင်သင်တန်းတွေ သွားတက်နိုင်အောင် ပံ့ပိုးပေးပါ။ ဒါမှ သူတို့ရဲ့ အရည်အသွေးတွေ မြင့်လာမယ် ။

(20)  ကြီးကြီးမားမား မျှော်လင့်ထားရင် ကြီးကြီးမားမားတွေရလာတက်ပါတယ် အကောင်ဆုံး အားထုတ်ကြိုးပမ်းမှုမျိုးကိုပဲ မျှော်လင့်ထားကြာင်း ဝန်ထမ်းတွေကို ပြောပြထားပါ ကြိုးစားပြနိုင်သူကို ထိုက်ထိုက်တန်တန် ချီးမြှင့်မြှောင့်စားပါ ။

(21)  ဝန်ထမ်းတစ်ယောက်ရဲ့ အခက်အခဲတစ်ခုကို ကိုယ်က ဖြေရှင်းမပေးသာတဲ့ အနေအထားမျိုး ရှိတတ်တယ် ဖြေရှင်းမပေးနိုင်ပေမယ့် စာနာမှုကို ပြနိုင်မှာပါ အဲဒိလို စာနာပြလိုက်ခြင်းဟာ ထူးခြားမှု ရှိလာပါလိမ့်မယ် သူအားငယ်နေတဲ့အချိန်မှာ ကိုယ်က ရောက်လာပြီး အားပေးတာကို သူ နားလည်မှာပါ ။

(22)  ကိုယ့် ဝန်ထမ်းတွေဟာ "ကိုယ်နဲ့ လက်တွဲလုပ်ကြသူတွေ" လို့ပြောဖို့နဲ့ "ကိုယ့်အတွက်လုပ်ကိုင်ပေးနေကြတဲ့သူတွေ" ဆိုတဲ့ သဘောမျိုးမပြောမိဖို့ သတိထားပါ ။

(23)  လိုရင် ရှာမတွေ့နိုင်တာမျိုးမလုပ်ပါနဲ့ ကိုယ့်ကိုဘယ်မှာ တွေ့နိုင်မယ် ဘယ်မှာရှိနိုင်မယ်ဆိုတာ အသိပေးထားပါ ။

(24)  အတိုင်းအတာတွေကြောင့်ဖြေရှင်းရဖို့ရှိလာရင် မကျေနပ်ချက် တိုင်ချက်ကို သေသေချာချာ နားထောင်ပါ အချက်အလက်မှန်မမှန် ထပ်စစ်ပါ ပြီးမှလုပ်စရာရှိတာလုပ်ပါ ပြဿနာရဲ့ သဘာဝကို အရင်းဆိုက်အောင် မရှာဘဲနဲ့ အလျင်စလို ဆုံးဖြတ်ချက်ချရင် မျက်နှာပူစရာ အားနာစရာတွေ ဖြစ်လာတတ်တယ် ။

(25)  သိချင်တာတွေ အကြံပေးချင်တာတွေရှိရင် ရေးသူနာမည် ဖော်ပြစရာမလိုတဲ့ စာတွေရေးပို့ပြီး စုံစမ်းနိုင် အကြံပေးနိုင်ကြောင်းကိုပါ ဝန်ထမ်းတွေကို အသိပေးထားပါ အဲဒီစာမျိုးတွေ လက်ခံဖို့ ပုံးတစ်ပုံးထောင်ထားပေးပါ ကိုယ့်အုပ်စုကို ပုံမှန်အစည်းအဝေးခေါ်ပြီး အဲဒီစာတွေမှာပါတဲ့ မေးမြန်းချက်တွေဖြေပြပါ အကြံပေးချက်တွေကို အားလုံးရှေ့မှာ ပြောပြပါ ။

(26)  လုပ်ငန်းခွင် လောကမှာ အထူးသဖြင့် ထုပ်လုပ်တပ်ဆင်စက်တွေမှာ အလုပ်အမားတွေဟာ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နေမှုတွေနဲ့ အဆက်ပြတ်နေတက်ကြတယ်။ သူတို့ကို ခေတ်ပေါ်တိုးတက်မှုတွေအကြောင်း မှန်မှန်းအကြောင်းကြားပေး ဟောပြောပေးပါ ။

(27)  ရုံးသုံးစက်တွေ ဝယ်သုံးရင် ရိုးရိုးရှင်းရှင်းတွေကိုပဲ ရွေးပါ သုံးဖို့ကြုံလာတဲ့အခါ ဝန်ထမ်းတိုင်းက သုံးတက်နေဖို့လိုပါတယ် ။

(28)  ရာထူးသိပ်မကြီးလို့ဆိုပြီး ဝန်ထမ်းတစ်ဦးကို လူရာမသွင်းတာ အားငယ်အောင်လုပ်တာမျိုး မဖြစ်ပါစေနဲ့ ။

(29)  ဝန်ထမ်းတစ်ယောက်ကို ဘာမပြော ညာမပြောနဲ့ အလုပ်ရပ်စဲလိုက်တယ်ဆိုရင် မတရားရာ ကျပါတယ် အခြားဝန်ထမ်းတွေရဲ့ စိတ်ထဲ မှာလည်း စိုးရိမ်စိတ်တွေ ပွားလာစေနိုင်တယ် ။

(30)  ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကြောင့် ဝန်ထမ်းတွေကို လစာတိုးမပေးနိုင်သေးရင် အဲဒီအနေအထားကို သူတို့တွေကိုရှင်းပြပါ။ ဝန်ထမ်းတွေရဲ့ နားလည်မှု သစ္စာရှိမှုကိုရရင် အခက်အခဲ ကျော်လွှားနိုင်မှာပါ ။

(31)  ကိုယ့်ဝန်ထမ်းတော်တော်များများရဲ့ ဇနီး ခင်ပွန်း တွေကပါ အလုပ်လုပ်ကြရင် ( အိမ်မှာ မနေဘဲ အပြင်ထွက် လုပ်ကိုင်ကြတယ်ဆိုရင်) နေ့ကလေးထိန်း ဌာန မူကြို ကျောင်းတစ်ခု ဖွင့်ပေးပါ ကုန်ကျစရိတ်ကိုတော့ မိဘတွေနဲ့ ကုမ္မဏီကမျှခံပေါ့ ။

(32)  ဝါရင့်ဝန်ထမ်းတွေကို အခြားသူတွေနဲ့ အဆင်ကွဲအောင်စီမံပေးပါ ယူနီဖောင်းအရောင်ခွဲပေးတာ လည်စည်းအရောင်ခွဲပေးတာ  နာမည်ရင်ထိုး အထူးတံဆိပ်စသည်ဖြင့် စီမံပေးပါ ။

(33)  ကိုယ့်ရာထူးအရ လုပ်ငန်းအရ လက်ဆောင်တွေအပေးခံရရင် ကိုယ့်ဌာနကဝန်ထမ်းတွေကိုပါ သတိရလိုက်ပါ သူတို့ကိုပါခွဲဝေပေးပါ။ ဒါမှမဟုတ် ကိုယ့်အိတ်ထဲက စိုက်ပြီး သူတို့အတွက် လက်ဆောင်တွေ ဝယ်ပါ ။

(34)  ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရင် သူ့အတွက် ထိုက်ထိုက်တန်တန် နှုတ်ဆက်ဂုဏ်ပြုပွဲ လုပ်ပေးပြီး တန်ဖိုးရှိ လက်ဆောင်တစ်ခု ချီးမြှင့်ပါ ။

(35)  လုပ်ဆောင်စွမ်းရည်နဲ့ အသိအမှတ်ပြုမှုတို့ဟာ တိုက်ရိုက်ဆက်စပ်နေကြတယ် တစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြု ပေးလိုက်ရင် သူ့ကိုယ်သူ လေးစားမှုတွေ တိုးပွားလာပြီး လုပ်ဆောင်နိုင်စွမ်း ထုပ်လုပ်နိုင်စွမ်းတွေ ပိုမြှင့်လာလိမ့်မယ် ။

(36)  ဝန်ထမ်းတစ်ယောက်ဟာ သုံးမရလောက်အောင်ဖြစ်ရင် တန်းပြီးဖြုတ်မပစ်ပါနဲ့ သူနဲ့ ဟန်ကျမယ့် အလုပ်မျိုးကို ကုမ္မဏီတွင်း လုပ်ငန်းခွင်တွင်းမှာ လိုက်ရှာကြည့်ပါဦး သူဟာ တကယ့်အဖိုးတန် ဝန်ထမ်းတစ်ယောက် ဖြစ်လာနိုင်ပါတယ် ။

(37)  လူတိုင်းကို အပြုသဘော ဝေဖန်ချက်တွေ တအားလုပ်တာ ခဏခဏလုပ်လွန်းတာ ရှောင်ကြဉ်ပါ မရှောင်ရင် လူတွေက ကိုယ့်ကို တတ်နိုင်သမျှ ရှောင်လာကြလိမ့်မယ် ။

(38)  ကိုယ်ရေးလက်ထောက် အတွင်းရေးမှူးကို အထူးဂရုစိုက်နေရာပေးပါ သူတို့ဟာ ကိုယ်မရှိတုန်း ခရီးထွက်တုန်းမှာ လုပ်ငန်းတွေကို ဆက်လည်ပတ်ပေးနေကြမယ့်သူတွေဖြစ်တယ် ။

(39)  ကိုယ့်လုပ်ငန်းက ကြီးထွားလာတာနဲ့အမျှ ( ရာထူးမြင့်လာတာနဲ့အမျှ ) စာရွက်စာတမ်းတွေကြား ဆုံးဖြတ်ချက်ပေးရတာတွေကြားမှပဲ အချိန်ပိုကုန်နေတက်တယ် အဲဒီလိုနဲ့ အရင်က ဖက်လဲတကင်းရှိခဲ့တဲ့လူတွေနဲ့ တဖြည်းဖြည်းဝေးသွားရော အဲဒါမျိုးဟာ အန္တာရာယ်ရှိတယ် ။

(40)  အလုပ်လုပ်ရတဲ့အတွက် မျှော်လင့်သင့်တဲ့ရလဒ်နှစ်ခုကတော့ အလုပ်လုပ်ရလို့ ကျေနပ်ကြည်နူးမှုရယ် ကိုယ့်စွမ်းဆောင်မှုကိုသူများတွေ သဘောပေါက်သွားစေချင်တာရယ်ပဲ ဖြစ်ပါတယ်။ အောင်အောင်မြင်မြင်ဆောင်ရွက်လို့ ကြည်နူးရမှုရယ် အများက အသိအမှတ်ပြုခြင်းရယ် ဆိုပါတော့ ။

ဆက်ပါဦးမည် ----

http://www.mmitpalace.com/profiles/blogs/6456788:BlogPost:232404



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/29/2012 08:13:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30181] Fwd: [လူဗိုလ်ဟူသည် ...] မိမိ (Facebook, G talk,etc…) Account အခိုးမခံရအောင် ဘာတွေလုပ်ရမလဲ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/28
Subject: [လူဗိုလ်ဟူသည် ...] မိမိ (Facebook, G talk,etc…) Account အခိုးမခံရအောင် ဘာတွေလုပ်ရမလဲ
To: lubo601@gmail.com




အကောင့်အခိုးခံရတယ်၊ အဟက်ခံရတယ်လို့ ခဏခဏ ကြားနေရပါတယ်။ စာရေးသူ စဉ်းစားကြည့်လိုက် ပါတယ်။ ဘာလို့ သူတို့တွေချည်း ကွက်ကြားမိုး ရွာလို့ အကောင့်တွေ အခိုးခံနေရတာပါလိမ့်လို့။ မသိသူ ကျော်သွား သိသူဖော်စားဆိုတာထက်၊ မသိသူတွေချည်း ခံနေရပုံ ပေါက်ပါတယ်။ 

ဘာလို့ Account တွေ အခိုးခံရ သလဲ

အဓိကကတော့ မိမိ Account လုံခြုံရေးအားနည်းလို့ပါပဲ။ဘာလို့လုံခြုံရေး အားနည်းတာလဲလို့ မေးရင်တော့ နံပါတ် ၁ - နည်းပညာ ဗဟုသုတ နည်းပါးမှု၊ နံပါတ် ၂ - နမော်နမဲ့နိုင်မှု ဖြစ်ပါတယ်။ အချို့ ကျ Hardware ရော၊ Software ရော ဆရာကျနေအောင် တော်ပြီး အကောင့်လေးတစ်ခုကျတော့ ခဏခဏပျောက်တတ် ကြပါတယ်။ အချို့ ကျပြန်တော့လဲ တကယ်မသိလို့ အညှပ်ချခံရပြီး အကောင့်တွေ ဆုံးရှုံးကြပါတယ်။

ဒါဆို သိသင့်တဲ့အချက်တွေက ဒီမှာ စပါပြီ။

Facebook ပဲသုံးသုံး၊ Twitter ပဲသုံးသုံး - ဆိုရှယ် Network တော်တော် များများဟာ Address bar မှာ https:// ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ s ပါတယ်ဆိုတဲ့အကြောင်းက မိမိရဲ့ လျှို့ ဝှက်ကုဒ်နံပါတ်နဲ့ Data တွေကို SSL နည်းပညာနဲ့ ကာကွယ်တားဆီးပေးထားခြင်းဖြစ်ပါတယ်။ သူ့ကို Transport Layer Security လို့လည်း လူသိများပြီး မိမိ Transport လုပ်လိုက်တဲ့ အချက်အလက်တိုးကို လုံခြုံစေမှာ ဖြစ်ပါတယ်။ s သာ မပါရင်တော့ ဒါဟာ အင်မတန် လုံခြုံရေး ညံ့ဖျင်းတဲ့ ဝဘ်ဆိုဒ်ပဲဖြစ်ပါတယ်။ s မပါတဲ့ အခြား Social Network တွေလည်း ရှိကြပါတယ်။ သုံးသင့်မသုံးသင့်ဆိုတာကတော့ မိမိဘာသာ ဆုံးဖြတ်စေချင်ပါတယ်။.

နောက်တစ်ချက်ကတော့ Password ကိစ္စပါ။ စာဖတ်သူ ရဲ့  Password ဘာပေးထားတယ်ဆိုတာ ခန့်မှန်းကြည့်ပါရစေ။

၁။ Userရဲ့ နာမည် အင်္ဂလိပ်လို ( တစ်လုံး သို့မဟုတ် အားလုံး)
၂။ User ရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် ပေါင်းစပ်ထားမှု
၃။ မိမိဖုန်းနံပါတ် နှင့် နာမည်တစ်လုံး
၎။ ပြီးပြီးရော အလွယ်မှတ် ဂဏန်းများ (ဥပမာ- 123456 /asdfghjkl;/ အစရှိသဖြင့်)
၅။ User name နှင့် Password အတူတူ

အထက်ပါ အချက်များနဲ့ တစ်ချက်ချက် ညှိနေပြီဆိုရင်တော့ အကောင့် လုံခြုံမှု အားနည်းတယ်ဆိုတာ ကြိမ်းသေ နေပါပြီ။

စာရေးသူ ကြုံဖူးပါတယ်။ မိတ်ဆွေသူငယ်ချင်းအကောင့်ကို အားအားယားယားဆိုပြီး Password မှာ သူ့နာမည် ရိုက်ထည့်လိုက်တာ အကောင့်က ပွင့်ပါလေရော။ နာမည်ရင်းအတိုင်း အပြည့်အစုံထား တာမျိုးကတော့ တကယ်ကို အလွယ်လမ်းလိုက် လွန်းပါတယ်။

ဒါကြောင့် Password ဘယ်လို ရွေးရမလဲ။

အရွေးလွန်ပြီး လျှို့ ဝှက်လိုက်တာကျတော့ ကိုယ်တောင် မမှတ်မိတာမျိုး လဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့်

၁။ Password ကိုပေးရာမှာ မိမိ နာမည်က "အောင် " ပါမယ်ဆိုရင် အဲဒါကို control-shit မနှိပ်ပဲ ရိုက်ရင် atmig ဆိုပြီး ရပါတယ်။ ဒါကြောင့် ထွက်လာ မယ့် စာက adfenve; အစရှိသဖြင့် လူတိုင်း သိရန် ခက်ခဲသွား ပါတယ်။ Capital Letter, Small Letter အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။

၂။ 123 တို့တင်မကပဲ။ !@#$%^&* အစရှိသဖြင့်တို့ကိုလည်း Key Combination မှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။

၃။ Password က အနည်းဆုံး ၈လုံး ရှိသင့်တယ်လို့ အများက ဆိုကြပါတယ်။ အလုံးများလေ ကောင်းလေပါပဲ။ ဒါပေမယ့် မှတ်မိဖို့တော့လိုအပ်ပါတယ်။ သို့ပေမယ့် ၁၀လုံးထည့်တော့ မနည်းသင့်ပါဘူး။

ဒါဆို အထက်ပါ ဥပမာ သုံးခုထဲက အတိုင်း Password တစ်ခု ဥပမာ ပြပါမယ်။---- csrf;ajrh#99 -- ကိုယ်တိုင်အောင် မြန်မာလို စဉ်းစားပြီးရိုက်မှ သိနိုင်တဲ့ Password ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတောင်အလွတ် ကျက်ဖို့ ခက်ပါတယ်။

ဒီထက် ပိုကောင်းတဲ့ Password ပေးနည်းပေါင်းမြောက်များစွာ ရှိပါတယ်။ စာဖတ်သူများ သိရှိပြီ ဖြစ်ပါစေ မျှဝေ ပေးကြစေချင်ပါတယ်။
Password ကို ကိုယ်တစ်ယောက်တည်းသိပါစေ။ သူများ ပေးမသိပါ နဲ့။ ပြီးတော့ Password ကို ဒိုင်ယာရီထဲမှာ ထည့်ရေးထားတတ် တာမျိုးကလည်း စိုးရိမ်စရာပါပဲ။ ဖုန်းမှာရေးထားတာမျိုးကတော့ အခိုးခံရဖို့ ပိုနီးပါတယ်။ ဒါဆို ဘယ်နေရာမှာ သိမ်းမလဲ။ အကောင်းဆုံးကတော့ မှတ်ဥာဏ်သာ ဖြစ်ပါတယ်။ မေ့တတ်တယ်၊ Password အရမ်းများတယ်ဆိုမှ ကိုယ်တစ်ယောက်တည်း နားလည်နိုင်တဲ့ လက္ခဏာ၊ အမှတ်အသား နဲ့ ရေးမှတ်ထားသင့်ပါတယ်။

Password ကို ရှိရှိသမျှ Facebook ရော၊ G-Talk ရော၊ Twitter ရော တစ်ခုတည်း ပေးတတ်တာမျိုးကလည်း ဆိုးပါတယ်။ စာဖတ်သူအချို့ အဲလို ပေးထားကြမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ အကောင့်တစ်ခုသာ အခိုးခံရရင် အားလုံး အခိုးရမှာ ဖြစ်ပါတယ်။ တစ်မျိုးဆီ ခွဲပေးသင့်ပါတယ်။

အင်တာနက်ဆိုင် ထိုင်တဲ့အခါမှာ သေချာစစ်ဆေးပါ

အင်တာနက်ဆိုင်ထိုရင် အရေးကြီး သတိထားစရာတွေ ရှိပါတယ်။ ဥပမာ- CCTV ကင်မရာ၊ Key locker နဲ့ History remember တို့ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိအိမ်မှာပဲ၊ သို့မဟုတ် Personal PC ကိုသာ အသုံးပြုသင့် ပါတယ်။ ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့လည်း အသုံးများပါတယ်။ သို့ပေမယ့် မိုဘိုင်းဖုန်းရဲ့  လုံခြုံရေးကတော့ ကာယကံရှင်ရဲ့  တာဝန်ဖြစ်ပါတယ်။

မြန်မာပြည်မှာက အများစုဟာ အင်တာနက်ဆိုင်တွေမှာ သုံးကြရပါတယ်။ အဲဒီလိုအသုံးပြုတဲ့အခါကြရင်မိမိအသုံးပြုတဲ့ Browser ရဲ့ Setting ကိုဝင်ကြည့်ပါ။ History တွေကို Delete လုပ်ပေးပါ။ ပြီးတော့ အသုံးမပြုခင်မှာ ကွန်ပျူတာရဲ့ Password ကို မှတ်သား တဲ့ Locker Keyboard software တွေရှိနေသလားဆိုတာကို Control Panel မှာ ဝင်စစ်ပါ။ အသုံးပြုပြီးတဲ့အခါမှာလည်း clear recent history, clear recent browser ဝင်ပြီး History, save password, Site preference စသည်ဖြင့် အားလုံးကို Delete လုပ်ပေးရမှာ ဖြစ်ပါတယ်။

Facebook က ကိုယ့်ရဲ့ Personal imformation, IP address, မိမိကြည့်သမျှ ဝက်ဘ်ဆိုဒ်တွေလည်း အကုန်မှတ်ထားပါတယ်။ မိုဘိုင်းဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်။ ဒါကိုလုံခြုံအောင်လုပ်ဖို့ ခက်သော်လည်း https ကို သုံးဖြစ်အောင်သုံးရမှာ ဖြစ်ပါတယ်။

ဒါတွေကို Privacy Setting တွေမှာ ဝင်ပြောင်းလို့ရပါ တယ်။ Facebook မှာ ဂိမ်းကစားမယ်ဆိုပြီး ခေါ်တာဖိတ်တာရှိတယ်။ Username နဲ့ password တောင်းတယ်။ ကိုယ်ကလည်း ယင်းဂိမ်းကို ဝင်ဆော့ဖြစ်မယ် ဆိုရင် မိမိရဲ့  Facebook Account ဟာ အင်မတန် အားနည်းသွားပါပြီ။ Facebook ဂိမ်းဆော့တဲ့ သူတွေ Password ခဏခဏ ပြောင်းသင့်ပါတယ်။ ယင်း Game App က မိမိရဲ့  Personal Data အားလုံးကို ထိန်းသိမ်းထားမှာမို့ ဖြစ်ပါတယ်။

စာဖတ်သူတို့မှာ Second Hand ကွန်ပျူတာ၊ Second Hand ဖုန်း သုံးသူများ ရှိပါသလား။ အကယ်၍ ရှိတယ်ဆိုရင် သေချာစစ်ဆေးယူးစေချင်ပါတယ်။အနောက်တိုင်းတွေမှာဆိုရင် သုံးပြီးသား တစ်ပတ်ရစ် ကွန်ပျူတာတွေ မှာ ဆော့ဖ်ဝဲတွေ၊ Application တွေ ထည့်ထည့်ထားပြီး တစ်ဆင့်ဝယ် သူတွေရဲ့  အချက်အလက်တွေကို ခိုးယူတတ်ပါတယ်။

ဒါမျိုးတော့ မြန်မာပြည်မှာ သိပ်မကြားသေးပါဘူး။ သိရှိထားတာက အကောင်းဆုံးမို့ ဖြစ်ပါတယ်။

ဒီလောက် သိထားရင် စာဖတ်သူတို့ Account လုံခြုံရေး အတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိရှိလောက်ပြီ ထင်ပါတယ်။ အမှန်တော့ ဒီထက်နက်နဲစွာ ဖော်ပြသင့်ပေမယ့် အကြမ်းဖျင်းလေး သိလည်း အဆင်ပြေတာမို့ အနှစ်ချုပ်ဖော်ပြ လိုက်ရ ပါတယ်။
-----
အောင်ခမ်း
http://techspacejournal.blogspot.com/2012/08/facebook-g-talketc-account.html


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/29/2012 12:25:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30180] Fwd: [လူဗိုလ်ဟူသည် ...] အမွေပြတ်စွန့်လွှတ်ခြင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/29
Subject: [လူဗိုလ်ဟူသည် ...] အမွေပြတ်စွန့်လွှတ်ခြင်း
To: lubo601@gmail.com




မကြာမကြာ တွေ့နေရတဲ့ စကားစုလေး တစ်ခုကိုဖတ်မိတိုင်း ကျွန်မခေါင်းထဲကို အတွေးစတွေ ၀င်လာတတ်လေ့ရှိပါသည်။ အမွေပြတ်စွန့်လွှတ်ခြင်း  ဆိုတဲ့ ခေါင်းစဉ်လေးတွေကို သတင်းစာတွေထဲ မကြာခဏဆိုသလို ကျွန်မဖတ်မိရတတ်ပါသည်။
ဖတ်မိတိုင်း ၀င်လာမိတဲ့ အတွေးလေးတွေကတော့ ရင်နှစ်သည်းချာ သားသမီးတွေကို အမှန်တစ်ကယ် ပြတ်နိုင်ကြလို့လား။ ဒါမှမဟုတ် တဒင်္ဂကရုဏာ ဒေါသတွေကို မထိန်းနိုင်ကြလို့ ထည့်ကြခြင်းမျိုးလား ။ ခဏခဏတွေးဖြစ်ပေမယ့် သေချာတိကျတဲ့။

အဖြေကိုတော့ မရခဲ့ဘူးပါဘူး ။ ဒီလိုသတင်းလေးတွေ ထည့်ရတဲ့ အကြောင်းအရာလေးတွေလည်း ရှိနေတတ်ပါသေးသည်။ တစ်ခါတစ်လေမှာ သားသမီးတွေက အရမ်းဆိုးပေမဲ့ မိဘရဲ့ အရှိန်အ၀ါနဲ့ သူတို့ကို ယုံကြည်စွာ ငွေကြေး ချေးငှားနေတဲ့သူတွေ ပြဿနာလိုက်ရှင်းပေးနေ ကာကွယ်ပေးနေတဲ့ မိတ်ကောင်းဆွေကောင်းတွေ နဲ့ မိတ်တု ဆွေတုတွေကို ဟန့်တားတဲ့ သဘောလဲ ပါတတ်ပါသေးသည် ။ နောက်တစ်ခုက လုံးဝသဘောမတူတဲ့ ဘာသာကွဲကိုလက်ထပ်ခြင်း..... နောက်တစ်ခါ လူမှုရေး ဂုဏ်သိက္ခာ
ကျဆင်းစေတဲ့ ဆောင်ရွက်မှုမျိုးကို အကြိမ်ကြိမ် ဆောင်ရွက်လာရင်လဲ ထည့်တတ်ပြန်သေးပါသည်။ တကယ်တော့ နောက်ဆုံးအချိန်မှာ သားသမီးကို ဘယ်မိဘမှ ပစ်မထားကြပါဘူး ။ မိဘကို ထိပ်တိုက် ရင်ဆိုင်နေရင်တော့ အဲလိုလေး လုပ်တတ်ပါသည်။   အဓိကအချက်ကတော့ သူတို့ မိဘမကြိုက်တာကို လုံးဝမလုပ်နိုင်အောင် အားလျော့သွားအောင် လုပ်တဲ့ သဘောဆိုတာကို ကျွန်မနားလည်ပါသည်။ သို့သော်လည်း အမွေပြတ်စွန့်လွှတ်ခြင်း ဆိုတဲ့ သတင်းတွေကိုတော့ မဖတ်ချင်ဘူး ။

ဒီတခါလည်း အမွေပြတ်စွန့်လွှတ်ခြင်း ဆိုတဲ့ခေါင်းစဉ်လေးတစ်ခုကို ဖတ်မိနေပြန်ပါသည်။
ခုတစ်ခါ ဖတ်မိတာကတော့ သူငယ်ချင်းအရင်းကြီး တစ်ယောက်ကို သူ့မိဘတွေက အမွေပြတ်စွန့်လွှတ်ခြင်း သတင်းကို သတင်းစာထဲကို ထည့်လိုက်တယ်ဆိုလို့ ဖတ်နေမိခြင်းပါ ။ ကျွန်မ ဒီတစ်ခါမှာတော့ ဒီသတင်းလေးနဲ့ ခေါင်းစဉ်လေးကို အသေချာဖတ်ကာ တွေးမိလိုက်ပြန်ပါသည်။ လောကမှာ စွမ်းအားအကြီးမားဆုံးဖြစ်တဲ့ မေတ္တာတရားဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ခံစားချက် မိဘဆိုတဲ့ လူသားတွေရင်ထဲက သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ တရားကို သတင်းစာဖြတ်ပိုင်းထဲက အမွေပြတ်စွန့်လွှတ်ခြင်း   ဒီခေါင်းစဉ်လေးတစ်ခုနဲ့ ဖြိုခွဲပြောင်းလဲပစ်လို့ လဲ မရနိုင်ပါဘူး ။

ကျွန်မတို့ လူသားတွေ ကိုယ်ကိုကိုယ် ညာနေကြတာပါ ။ ကျွန်မ သေချာတဲ့ အဖြေတစ်ခုကို ရရှိလိုက် ပါသည်။ တစ်ကယ်တော့ အတ္တတွေနဲ့ ရင်ထဲက ခံစားချက်တွေကို သတင်းစာပေါ်က ကြေငြာချက်လေးနဲ့ ခဏတာ ဖုံးကွယ်လိုက်ခြင်းဘဲ ဖြစ်ပါသည်။ ဘယ်တော့မှ ဘယ်သောအခါမှ မပြတ်နိုင်တဲ့ သံယောဇဉ် မေတ္တာကြိုးတွေကို ဘယ်ကြောငြာဖြတ်ပိုင်းလေးကမှ မဖြတ်နိုင်ပါဘူး ။ အမွေဆိုတာ စံထိုက်မှ စံစားရ တာမျိုးပါ ။ သိပ်ကို ဆိုးတဲ့သားသမီးတွေ အတွက် မိဘက အပြစ်ပေး ဒဏ်ခတ်တယ်ဆိုရင်လည်း တစ်ခြား နည်းမျိုးတွေသာ ပိုပြီး အဓိပ္ပါယ် ရှိစေတယ်လို့ မှတ်ယူ ယူဆမိပါတယ် ။ အမွေဆိုတာ မိဘက သားသမီးကို ပေးမှ (သို့မဟုတ်) မိဘတွေ မရှိတော့သောအခါမှသာ ရမယ့်အရာမျိုးပါ ။ သတင်းစာထဲ လူသိရှင်ကြား
ထည့်ကြေငြာနေဖို့ မလိုအပ်ပါဘူး ။ ပေးချင်ပေး မပေးချင်အကုန်လှူခဲ့လို့ရပါသည်။ ကြေငြာတွေထည့်ပြီး သေသည့်တိုင်အောင် ပြန်မခေါ်တာမျိုး လူ ၁၀၀ မှာ တစ်ယောက်လောက်သာရှိနိုင်ပါသည်။ အချိန်တန် အများဆုံး နှစ်လောက်ကြာသောအခါ သတင်းစာထဲက အမွေပြတ်စွန့်လွှတ်ခြင်း ဆိုတာက ရယ်စရာလို ဖြစ်သွားတတ်တွေချည်းပါပဲ ။ မိဘနဲ့ သားသမီးကြား ရှိတဲ့ချစ်ခြင်းမေတ္တာတရားဆိုတာ လောကမှာ သိပ်ကို အင်အားကြီးမားတဲ့ ခံစားချက်လေးတစ်ခုပါ ။  ဘယ်သူအတွက်မှအဓိပ္ပါယ် မရှိတဲ့အမွေပြတ်စွန့်လွှတ်ခြင်း ဆိုတဲ့ ကြောငြာတွေကို ဖြစ်နိုင်ရင် နောက်ထပ် မဖတ်ရပါစေနဲ့လို့ ကျွန်မရင်ထဲမှာ ကြိတ်ခါဆုတောင်း
နေမိပါတော့သည်။

ခိုင်လေး (ရွှေတောင်) အချစ်ကို ကိုးကွယ်သူလေး



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/29/2012 11:52:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Burma News International 29 August 2012

Burma News International

Burma News International
August 29, 2012

Fighting displaces villagers in Kachin State

Up to 6,000 residents in Burma’s Hpakant jade mine area in Kachin State have fled from the area in the past two weeks, as Burmese government troops move into the area.

One-third of Karen experience human rights violations: report

Human rights violations by the Burmese army in Karen State continue even as the Karen National Union (KNU) and government negotiators prepare to meet next week for their third round of peace talks, according to a new report issued on Tuesday.

Thailand, Burma outline Dawei cooperation plan

Thailand submitted a coordination plan to Burma last week involving construction of the US$ 60 billion Dawei deep-sea port project and special economic zone.

Burma pardons three humanitarian aid workers

Burma’s President Thein Sein pardoned two local UN staff members and a third aid worker on Tuesday, who were sentenced to prison for their alleged roles in the sectarian unrest in Rakhine State.

International Accountability? Questioning the Silence

On Monday, August 20, Burma announced its abolition of press censorship, marking the most recent reform in its efforts toward democratization. After years of receiving criticism for its human rights violations, the Burmese government has begun instituting reforms within its quasi-civilian state.

KNU wants relocation of Burma Army high on peace-talk agenda

The Karen National Union (KNU) and the Burma Government announced today that they have agreed on the dates and location for the third round of their ‘peace-talk’ negotiation. The two parties finally agreed to meet in Hpan-an, Karen State on September 3rd and 4th after the Burma Government had earlier postponed the ‘peace-talks’ that were originally scheduled for August 27th to 29th.

KNU make historic appearance at Hpa-an Karen Wrist-Tying ceremony

The Karen National Union, despite being classified as an illegal organization, has attended a traditional wrist tying ceremony in Government controlled territory. Under article 17/1 of the Illegal Organization Act the KNU is still considered an outlaw group despite entering ‘peace-talks’ with the government.

Wa revamping road system

The United Wa State Army (UWSA) is spending billions of reminbi to improve its ancient road system in its controlled territory along the Sino-Burmese border, according a UWSA high official.

Village Administrator’s Brother Hospitalized after Torture

The eldest brother of the village administrator of Thaychaung Village in Sittwe in Arakan State had to be hospitalized after he was beaten by soldiers who deployed for security in the village.

Exiled Female Arakanese Leader Returns from Bangladesh

A prominent Arakanese female leader, Saw Mra Raza Lin has returned to Burma on Monday after living in exile for 24 years.

မိုးများ၍ နှမ်းစိုက်ပျိုးသူ အရှုံးပေါ်

ကရင်နီပြည်နယ် ရှားတောမြို့တွင် ယခုနှစ်မိုးများ၍ နှမ်းစိုက်ပျိုးလုပ်ကိုင်သော တောင်သူများ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်သို့ ရောက်ရှိလာသော NLD ခေါင်းဆောင်များကို မွန်ပြည်သစ်ကြိုဆို

မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိ လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ကိုယ်စားလှယ် အဖွဲ့များကို မွန် ပြည်သစ် ပါတီ ခေါင်းဆောင် တချို့က သွားရောက် တွေ့ဆုံ ခဲ့ကြသည်ဟု ဗဟို အလုပ်မှု ဆောင် တဦးဖြစ်သူ နိုင်တလညီက ပြောပါသည်။

မြ၀တီမြို့နယ်၊ ပေါလောကျေးရွာတွင် NLD ယာယီရုံးခွဲ ဖွင့်လှစ်

ဒေသခံပြည်သူများ စည်းလုံးညီညွတ်မှုရှိစေရန်အတွက် ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDက ၎င်းတို့၏ ယာယီရုံးခွဲတခုကို ကရင်ပြည်နယ် မြ၀တီမြို့ နယ်ရှိ ပေါလောကျေးရွာ၌ ယနေ့နံနက်ကဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ကော့သောင်းအာဏာပိုင်တို့ ဒေသခံ ဘိုးဘွားပိုင်မြေသိမ်းဆည်းရောင်းချ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက် ကွင်းအမှတ်၂၄၊ ဦးဥာဏ်စိန်ပိုင် မြေဧက၈.၂၄ဧကကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းပြီးသိမ်း ဆည်းရောင်းချခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ချင်းပြည်နယ်တွင် ဘိန်းအစားထိုးစိုက်ပျိုးရေးအကောင်အထည်ဖော်မည်

ချင်းပြည်နယ်အတွင်း ဘိန်းအများဆုံးစိုက်ပျိုးသည့် တွန်းဇံမြို့နယ်တွင် ဘိန်းအစားထိုးစိုက် ပျိုးရေးဖော်ဆောင်ဖို့ ပြည်နယ် အစိုးရက ငွေထုတ်ချေးမှု အစီအစဉ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကနေ စာရင်းကောက်နေကြောင်း သိရသည်။

ပြည်ပ ငွေအကူများကို လယ်ယာ ကဏ္ဍတွင် အဓိက သုံးစွဲသွားမည်

နိုင်ငံတကာက ပံ့ပိုးလာသည့် ငွေကြေးအကူအညီများကို မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကထား သုံးစွဲသွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကိုးကား၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။

ထိုးစစ်ဆင် ရှေ့တန်းတပ်များကို သမ္မတ အရေးယူရန် ကချင်များ တောင်းဆို

သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြသည်။

လွှတ်တော်နှင့် အခြေခံဥပဒေခုံရုံး အငြင်းပွားမှု စုံစမ်းစစ်ဆေးမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် လွှတ်တော်နှစ်ရပ်အကြား ငြင်းခုန်နေသည့် လွှတ်တော်ရေးရာအဖွဲ့များ အဆင့်သတ်မှတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ဗုဒ္ဓဟူးနေ့တွင် အောက်လွှတ်တော်က ဖွဲ့စည်းလိုက်သည်။

Last Updated on ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 29 ရက် 2012 ခုနှစ်

တရုတ်ဖက်ခြမ်းမှ မပြောင်းရွှေ့ရသေးသော ခဒေါင်းပါစခန်းတွင် ၀မ်းရောဂါ ကူးစက်ပြန့်ပွား

တရုတ်နိုင်ငံ နောင်တောင်းခရိုင်အတွင်း ခိုလှုံနေပြီး မိုးရာသီချိန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြောင်းရွှေ့ရန် ကျန်ရှိနေသေးသော ခဒေါင်းပါ (Hka Dawng Pa) ကချင် ဒုက္ခသည်စခန်းတွင် ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း ၎င်းဒုက္ခသည်စခန်း ကျန်းမာရေးဌာနမှ ပြောသည်။

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ

ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော်ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရ တပ်ဖွဲ့များမှ အသံချဲ့စက်အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်းကာပြောင်းရွှေ့ သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြောဆိုခဲ့ကြောင်း ဒေသခံများပြောသည်။

၄၁ နှစ်မြောက်မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နေ့အခမ်းအနားကျင်းပ

၄၁ နှစ်မြောက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

လယ်ဆင်းချိန်၌ လယ်သမားများ တောရှင်းလုပ်အားပေးခိုင်းခံရ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့အခြေစိုက် ဝမ့်ပန်ဌာနေပြည်သူစစ်တပ်ဖွဲ့က  ရွာသားများ လယ်ဆင်း ချိန်၌ လုပ်အားပေးခိုင်းစေနေသဖြင့် အခက်တွေ့နေကြောင်း ဒေသခံများကပြောသည်။

ဝ တပ်ဖွဲ့လမ်းဖောက်လုပ်မှု တရုတ်ယွမ်ငွေဘီလီယံချီကုန်ကျ

သျှမ်းပြည်မြောက်ပိုင်း ဝ ပြည်သွေးစည်းရေးတပ်မတော်မှပြုပြင် ဖောက်လုပ်နေသော မြို့တော်ပန်ဆန်းမှ နမ့်တစ်၊ မိုင်းမော၊ မန်းဆိုင်လမ်း လာမည့် နှစ်ပွင့်လင်းရာသီအပြီးဖောက်လုပ်ရန်ရှိပြီး တရုတ်ယွမ်ငွေ သန်းပေါင်း ထောင်နှင့်ချီကုန်ကျ ထားပြီဖြစ်ကြောင်း အရာရှိများအသိုင်းအဝိုင်းကပြောသည်။

သမ္မတကြီး ဦးသိန်းစိန် မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ဝေဖန်သံများညံ

မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ရခိုင်ပဋိပက္ခတွင် အပြစ်ရှိ၍ ဖမ်းဆီး ထောင်ချခံရ ဘင်္ဂလီ မွတ်ဆလင် များကို သမ္မတ အာဏာကို အသုံးပြုပြီး တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လွှတ်ပေး နေသော်လည်း ထောင်ချခံ ရခိုင် တိုင်းရင်းသားများကိုမူ တစ်ဦးတစ်ယောက်ကိုမှ ပြန်လည် လွှတ်မပေးသဖြင့် ယခုအခါ  သမ္မတကြီး ဦးသိန်းစိန်ကို မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ပြည်သူများက ဝေဖန် ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ပတ်စ်ပို့ဖြင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလာခွင့် ပြန်လည် ဖွင့်လှစ်

ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့် နေ့ချင်ပြန် နိုင်ငံ ဖြတ်ကျော်သွားလာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့က  ပြန်လည် ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp