[mrsorcerer:30259] Fwd: [လူဗိုလ်ဟူသည် ...] Thomas Edison



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/30
Subject: [လူဗိုလ်ဟူသည် ...] Thomas Edison
To: lubo601@gmail.com




Thomas Edison...  သူကို အခုကနေ နောက်ပြန်ရေတွက်ရင် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ကျော်လောက်က Milan, Ohioမှာ မွေးဖွားခဲ့တယ်။

ငယ်ငယ်ကတဲက စပ်စုတတ်လွန်းခဲ့တယ်။ သူ့အသက် ၃ နှစ်ကျော်မှာ သူအိမ်က ကြက်မကြီးက ကြက်ဥတွေကို ဘာကြောင့်ဝပ်သလဲ၊ ဘာလိုအကောင်ပေါက်သလဲသိချင်လို့ ကြက်မကြီးကို ဖယ်ပြီး သူက အဌားဝပ်ပေးသတဲ့..

နောက်ပြီး စပါးကျီထဲကို လှည်းတွေနဲ့ စပါးတွေ သယ်ထည့်တာကို ကြည့်ပြီး စပါးတွေ စပါးကျီထဲမှာ ဘယ်လောက်ရှိမလဲ တက်ကြည့်တာ စပါးကျီထဲ လိမ့်ကျဖူးတယ်။ ပျားအုံကို လေ့လာတာလွန်လို့ ပျားတုပ်ခံရတာလည်း အကြိမ်မနည်းဘူးတဲ့။


၆-နှစ်သားအရွယ်ရောက်တော့ ရှာရှာကြံကြံ သူကသိချင်ပြန်တယ်။ ကြံခင်းကြီးကို ကြည့်ပြီး သူမိသားစုနဲ့ အိမ်နီးနားချင်းတွေ ပျော်နေတာကို ကြည့်ပြီး သူက စမ်းသပ်မှုတစ်ခုလုပ်ခဲ့မိတယ်။ အဲဒီတုန်းက သူလုပ်ခဲ့တာက ကြံခင်းကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ မီးရှိုရသလဲလို့ သူ့ကို မေးတော့ "ကြံခင်း မီးလောင်ရင် လူတွေ ဘယ်လိုနေမလဲ သူသိချင်လို့ ဖြစ်ပါတယ်"တဲ့။

အဖြေကို တကယ်ပဲ သူသေသေချာချာသိသွားရပါတယ်။ သူရှိုခဲ့တဲ့ မီးကြောင့် သူတို့အိမ်နားနီးချင်းတွေရော၊ သူတို့မိသားစုရော ဒုက္ခရောက်ခဲ့ရတယ်။ ၆-နှစ်သားသူ့ကို သူ့အဖေက လူအများရှေ့မှာ မီးလောင်မှုရဲ့တရားခံအဖြစ် ရိုက်နှက်အပြစ်ပေးခဲ့ပါတယ်။ နောက်ပြီး အဲဒီပတ်ဝန်းကျင်ကနေ Michigan ကို သူတို့ ပြောင်းရွေ့ခဲ့ရတယ်။

နေရာအသစ်ကို ရောက်တော့ သူဖျားနေတာမို့ အသက် ရှစ်နှစ်ထိအောင် ကျောင်းမနေရဘူး။ သူကို ကျောင်းအပ်တော့ ဆရာစကားနားမထောင်သူ ကလေးအရိုင်းအစိုင်းအဖြစ် ပြဿနာ မကြာခဏတက်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဆရာမပြောတာထက် သူသိချင်တာကိုပဲ လျှောက်မေးနေခဲ့လို့ ဖြစ်ပါတယ်။ နောက်တော့ သူအမေကပဲ သူ့ကို စာသင်ပြီး စာဖတ်တဲ့အတတ်ကို သင်ပေးခဲ့ရတယ်။

သူက သိပ္ပံစာအုပ်တွေကို အရမ်းစိတ်ဝင်စားတယ်။ ၁၁- နှစ်သား ဖြစ်တော့ သူမှာ ကိုယ်ပိုင် labလေးတစ်ခု ပိုင်နေပြီ ဖြစ်ပါတယ်။ တနေ့တော့ မိုးပျံပူဖောင်းအကြောင်းကို ဖတ်ရင်း သူက ဓါတုဗေဒ ဆေးဆိုင်မှာ ပစ္စည်းအချို့ကို သွားဝယ်ခဲ့တယ်။ ပြီးတော့ သူက ပစ္စည်းတစ်ချို့ကို ရောပြီး ပစ္စည်းတစ်ခု ဖော်စပ်တယ်။ ပြီးတော့ သူအိမ်မှာ ခေါ်ထားတဲ့ အိမ်ဖော်ကောင်လေးကို သောက်ခိုင်းတယ်။ သူဖော်တဲ့အရာက မိုးပျံပူဖောင်းလိုပဲ လူပျံအောင် စွမ်းတဲ့ ဓါတုပစ္စည်းတွေ ထည့်ထားတယ်လို့ ပြောပါတယ်။ ကောင်လေးက သူခိုင်းသလိုသောက်ပြီးနောက် မိုးပေါ်တော့ ပျံတက်မသွားပဲ ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ်။ သူအဖေ အရောက်စောပြီး ဆေးရုံတင်လို့သာပေါ့၊ မဟုတ်ရင် အဲဒီကောင်လေး သေသွားမှာ သေချာတယ်။ သူက အဲလို စူးစမ်းချင်သူဖြစ်ခဲ့တယ်တဲ့..။

၁၂ နှစ်သားအရွယ်ရောက်တော့ ကျောင်းစာလုပ်မယ့်အစား အလုပ်လုပ်ဖို့ပဲ သူတောင်းဆိုခဲ့တယ်။ ဒါနဲ့ မီးရထားပေါ်မှာ သတင်းစာ၊ ချိုချဉ်ရောင်းရင်း ပိုက်ဆံစုခဲ့တယ်။ စာအုပ်တွေဝယ်ဖတ်တယ်၊ နောက်တော့ ရထားပေါ်မှာ သူ့ရဲ့ labကိုယ်ပိုင်ခန်းဖွင့်နိုင်ခဲ့တယ်။ နောက်ပိုင်း ရထားမှာ သွားရင်း မတော်တဆဖြစ်လို့ သူရဲ့နားကန်းသွားခဲ့တယ်။ ဒါပေမဲ့ စိတ်ဓါတ်မကျခဲ့တဲ့ သူက ဒီလိုပြောခဲ့တယ်။

"ကျွန်တော် ကံကောင်းသွားတာဗျ။ အခုဆို စာကို တိတ်တိတ်ဆိတ်ဆိတ် အာရုံစူးစိုက် ပိုဖတ်နိုင်တယ်ဗျာ။"

အဲဒါကတော့ တခြားသူမဟုတ်ပါဘူး နာမည်ကျော်သိပ္ပံပညာရှင်ကြီး Thomas Edisonပဲ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကတော့ သူ့ကို ဘယ်သူက အခုလို နာမည်ကျော်ပညာရှင်ကြီးရယ်လို့ ထင်ခဲ့ပါ့မလဲနော်။ သူရဲ့ အကောင်းမြင်စိတ်၊ စူးစပ်လိုစိတ်က သူများကို အနည်းအကျဉ်း ဒုက္ခရောက်စေကောင်း ရောက်ခဲ့စေပေမဲ့ နောင်တချိန်မှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးအောင် သူပဲ တီထွင်ပေးခဲ့တာမို့လား။ နောက်ထပ်လည်း သူအများကြီးတီထွင်ခဲ့သေးတယ်လေ..။

ရွှေအိမ်စည်

Thomas Edison was born in Milan, Ohio, and grew up in Port Huron, Michigan. He was the seventh and last child of Samuel Ogden Edison, Jr. (1804–96, born in Marshalltown, Nova Scotia, Canada) and Nancy Matthews Elliott (1810–1871, born in Chenango County, New York).[2]  [citation needed] His father had to escape from Canada because he took part in the unsuccessful Mackenzie Rebellion of 1837.[citation neededEdison reported being of Dutch ancestry.[3]  
In school, the young Edison's mind often wandered, and his teacher, the Reverend Engle, was overheard calling him "addled". This ended Edison's three months of official schooling. Edison recalled later, "My mother was the making of me. She was so true, so sure of me; and I felt I had something to live for, someone I must not disappoint." His mother taught him at home.[4]   Much of his education came from reading R.G. Parker's School of Natural Philosophy and The Cooper Union.
Edison developed hearing problems at an early age. The cause of his deafness has been attributed to a bout of scarlet fever during childhood and recurring untreated middle-ear infections. Around the middle of his career, Edison attributed the hearing impairment to being struck on the ears by a train conductor when his chemical laboratory in a boxcar caught fire and he was thrown off the train in Smiths Creek, Michigan  , along with his apparatus and chemicals. In his later years, he modified the story to say the injury occurred when the conductor, in helping him onto a moving train, lifted him by the ears.[5]  [6]  
Edison's family moved to Port Huron, Michigan after the railroad bypassed Milan in 1854 and business declined;[7]   his life there was bittersweet. He sold candy and newspapers on trains running from Port Huron to Detroit, and he sold vegetables to supplement his income. He also studied qualitative analysis, and conducted chemical experiments on the train until an accident prohibited further work of the kind.[8]  
He obtained the exclusive right to sell newspapers on the road, and, with the aid of four assistants, he set in type and printed the Grand Trunk Herald, which he sold with his other papers.[8]   This began Edison's long streak of entrepreneurial ventures, as he discovered his talents as a businessman. These talents eventually led him to found 14 companies, including General Electric, which is still one of the largest publicly traded companies in the world.
  

"Genius is one percent inspiration, ninety-nine percent perspiration."
– Thomas Alva Edison, Harper's Monthly (September 1932 edition)
Born Thomas Alva Edison
February 11, 1847
Milan, Ohio  , U.S. Died October 18, 1931 (aged 84)
West Orange, New Jersey, U.S. Nationality American Education School dropout Occupation Inventor, businessman Religion Deist Spouse

Mary Stilwell (m. 1871–1884)
Mina Miller (m. 1886–1931) Children Marion Estelle Edison (1873–1965)
Thomas Alva Edison Jr. (1876–1935)
William Leslie Edison (1878–1937)
Madeleine Edison   (1888–1979)
Charles Edison (1890–1969)
Theodore Miller Edison (1898–1992) Parents Samuel Ogden Edison, Jr. (1804–1896)
Nancy Matthews Elliott (1810–1871) Relatives Lewis Miller (father-in-law) Signature   

Credit....From Wikipedia, the free encyclopedia

Shwe Eaim Si



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/30/2012 10:04:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30258] Fwd: [လူဗိုလ်ဟူသည် ...] မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/30
Subject: [လူဗိုလ်ဟူသည် ...] မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ
To: lubo601@gmail.com



by ဂျူး - Ju on Wednesday, August 29, 2012 at 10:52pm ·


မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ ဘယ်ကိုပဲ သွားသွား အားကစားအင်္ကျီတံဆိပ် ကောင်းကောင်း တစ်ခု၊ အမျိုးအစား ကောင်းကောင်းတစ်ခု တွေ့ရင် သူ့ကို အားကစားမှန်မှန် လေ့ကျင့်စေချင်တဲ့ စိတ်နဲ့ သူ့အတွက် ဝယ်လိုက်မိတတ်တယ်။ ဝယ်လိုက်တော့လည်း သူ့ကိုယ်ခန္ဓာ အရွယ်အစားကို ခန့်မှန်းတဲ့ နေရာမှာ အလွန်မှန်ကန် နေလေ့ရှိတယ်။ ဖိနပ်တစ်ရန် ဝယ်ရင်တောင်မှ ဖိနပ်က သူ့ခြေထောက်နဲ့ အတော်ပဲ။

ယောက်ျား တစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူကလည်း ခရီးဝေးက အပြန် အင်္ကျီလက်ဆောင် ဝယ်လာတတ် တယ်။ ဒါပေမဲ့ သူခန့်မှန်းတဲ့ သူမရဲ့ ကိုယ်ခန္ဓာဟာ တကယ့် အစစ်ထက် သေးနေတော့ သူမှန်းပြီး ဝယ်လာတဲ့ အင်္ကျီဟာ သေးနေတော့ တယ်။ အဲဒီတော့ သူမကို "တခြား တူမတွေ ဘာတွေကို ပေးလိုက်ပေါ့ မေရယ်၊ နောက်တစ်ခါကျရင် ဒီ့ထက် ဆိုက်ဇ်ကြီးကြီးလေး ဝယ်ခဲ့ ပါ့မယ်" လို့ သူက ပြောရတယ်။
မိန်းမ တစ်ယောက်က ယောက်ျားတစ်ယောက်ကို ကိုချစ်တဲ့အခါ ကိုယ့်အတွက် ရည်စူးပြီး ဝယ်လာတဲ့ တစ်စုံတစ်ခုကို အလွန် တန်ဖိုးထားတယ်။ ကိုယ်နဲ့ မတော်တဲ့ အင်္ကျီပေမယ့် သူများကို မပေးရက်ဘဲ ဗီရိုထဲမှာ သိမ်းထားတော့တယ်။ သူက မေးရင်တော့ ပေး လိုက်ပြီပေါ့လို့ ပြောလေ့ရှိတယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူမ ကြိုက်တတ်တဲ့ ပန်းလို့ ထင်ပြီး တခြားပန်းတွေ ပွင့်နေတဲ့ သစ်ပင်ကို ဓာတ်ပုံတွေ ရိုက်လာတယ်။
"မင်းအတွက် မင်းကြိုက်တဲ့ပန်းတွေ တွေ့လို့ ကိုယ်ဓာတ်ပုံ ရိုက်လာတာ" လို့ ပြောတယ်။
"ဟင် ဒီ ညမွှေးပန်းကို မေ ကြိုက်တယ်လို့ ဘယ်သူက ပြောလဲ"
"ဟိုတစ်ခါ မေပြဖူးတဲ့ ပန်းလေ၊ မေ သိပ်ကြိုက်တယ်ဆို၊ မွှေးလည်း သိပ်မွှေးတယ်ဆို"
သူမက ရယ်မောပါတယ်။
"အဲဒီပန်းက ဧကရာဇ်ပန်းကွယ့် ဒီပန်း မဟုတ်ဘူး၊ အပင်ချင်းလည်း မတူဘူး၊ ဟိုက အပင်ကြီး၊ ဒါက ချုံပင်၊ သိလား"
"အို ဒီပန်းလည်း လှတာပဲကွနော်၊ မွှေးလိုက်တာလည်း အလွန်ပဲ၊ ညမှ ပွင့်လို့ ကိုယ်ညအချိန် အဲဒီရှေ့ကို သွားပြီး ခက်ခက်ခဲခဲ ရိုက်ယူခဲ့ရတာ၊ အောင်မာ ပန်းလေးတွေတောင် ကောက်လာခဲ့သေးတယ်၊ စာအုပ်ကြားမှာ ညှပ်ယူခဲ့တာ" လို့ မရမက ပြောရင်း ရယ်မော လိုက်ရုံပဲ ရှိပါတော့တယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ သွားလေရာမှာ သူကြိုက်တတ်တဲ့ စာရေးဆရာရဲ့ စာအုပ် တွေကို အားပါးတရ ဝယ်မိတော့တာပါပဲ။ သူမ ဝယ်သမျှက ဘယ်တော့မှ မမှားစေရဘူး။ သူ့ကို မပေးရခင် ဖတ်ရင်းလည်း စာအုပ်တိုင်း စာမျက်နှာတိုင်း စာကြောင်းတိုင်းဟာ သူ့မျက်နှာ၊ သူ့စကား၊ သူ့အသံတွေလိုပဲလို့ ခံစားလိုက်မိတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်မိတဲ့အခါ သူခရီးဝေးကနေ သူ့အတွက် သူပဲ စာအုပ်တွေ ဝယ်ပြီး ပြန်လာ တဲ့အခါ သူမက သူဝယ်လာတဲ့ စာအုပ်တွေကို တစ်အုပ်ချင်း ကောက်ကိုင်ကြည့်ပြီး
"ဒီစာအုပ်က ရှင့်မှာ ရှိပြီးသားလေ" လို့ သတိပေးနိုင်ခဲ့တယ်။
သူကတော့ မှား ဝယ်မိတာကို ဝန်မခံချင်တော့ အပြုံးမပျက်
"ဟုတ်တယ်၊ ဒီစာအုပ်က ကောင်းလွန်းတော့ နှစ်အုပ်လောက် ရှိရင် ပိုအဆင်ပြေတယ် မဟုတ်လား" လို့ပဲ ပြောလိုက်ရပါတယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ မိန်းမ အတွက်လား သူ့အတွက်လား ကိုယ့်ကိုယ်ကိုယ် မသေချာဘဲ ခရီးဝေးကြီးကို အချိန် အကြာကြီး သွားပြီး အလုပ်တွေ လုပ်တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ရပ် ဝေး ကို ရောက်နေတိုင်း နေ့စဉ်လိုလို တယ်လီဖုန်းနဲ့ လှမ်းဆက်ပါတယ်။ "ကိုယ် မင်းကို လွမ်းလှပြီ" လို့ လှိုက်လှိုက်လှဲလှဲ ပြောတတ် တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ ကိုယ် မင်းကို လွမ်းလှပြီ ဆိုတဲ့ စကားရဲ့နောက် အနည်းဆုံး ခြောက် လ၊ တစ်နှစ်တော့ ထပ်ဝေးနေရဦးမယ် ဆိုတာ သူမက အလိုလို သိလိုက်ပြီးသား ဖြစ်ပါတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ ပိုက်ဆံကုန်တဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေကို ငြိုငြင်လေ့ ရှိပါ တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ တစ်ယောက် တစ်နယ်စီ ခြားလို့ မတွေ့ရ မမြင်ရ ကြာလာရင် သူမ အင်တာနက် သုံးနေတဲ့အချိန် သူ့ကို အွန်လိုင်းမှာ တွေ့ဆုံနှုတ်ဆက်ရုံမက စကားတွေ မဆုံးတမ်း ပြောနေချင်တယ်။ "နေကောင်းလား" "ထမင်းစားပြီးပြီလား" "မောင့်ကို လွမ်းတယ်" ဒီစကားတွေကို ရေးတတ်တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့ အခါ အွန်လိုင်းမှာ တွေ့ပြီး "ဟေး နေကောင်းလား" လို့ တစ်ခွန်း နှစ်ခွန်းလောက် နှုတ်ဆက်ပြီးတော့ သူ့အလုပ် ကိစ္စတွေကို မနားတမ်း စာပြန်နေတာမျိုး၊ စာရေးနေတာမျိုး လုပ်တတ်တယ်။


ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ "ကိုယ့်ကို လက်ထပ်တော့မလား" လို့ သူမရဲ့ ဆန္ဒကို ဦးစားပေး သလို မေးလေ့ရှိတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ မောင့် ဆန္ဒအတိုင်းပဲပေါ့လို့ ရှက်စနိုးနဲ့ ပြန်ဖြေလိုက်တယ်။
ဒါဖြင့် "မေ့ ဆန္ဒကရော"လို့ မေးရင်
"မေ့ဆန္ဒက မောင့်ဆန္ဒပါပဲ" လို့ ဖြေတယ်။
"ကိုယ်သိပြီ၊ မင်း ကိုယ့်ကို လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင်လည်း ကိုယ်နားလည်ပါတယ်" လို့ သူက ပြောတယ်။
"ဘယ်သူက အဲလို ပြောလို့လဲ" လို့ သူမက နာကျင်မှုကို ဖုံးကွယ်ပြီး မေးတော့
"မင်းကို ကိုယ် အသိဆုံးပေါ့၊ မေ ကိုယ့်ကို အားနာနေတယ် မဟုတ်လား" လို့ ပြောတယ်။
"ဟုတ်တယ်၊ တကယ်တော့ မောင့်ကို ကျွန်မ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူး၊ တော်တော်နဲ့လည်း အဆင်သင့်ဖြစ်မှာ မ ဟုတ်ဘူး" လို့ သူမက ပြောလိုက်ရင် သူက ယုံတတ်တယ်။ အဲဒီစကားကို သူက မျက်နှာပျက်သွားတယ်။ နာကျင်တဲ့ဟန်ကို မဖုံးကွယ် ဘူး။
"မင်း ကိုယ့်အပေါ် မကြိုက်တာတွေ ဘာရှိလဲ" လို့ သူက မေးတယ်။
"အို အများကြီးပဲပေါ့" လို့ သူမက ဖြေတယ်။
"ဟိုဇာတ်ကား ကြည့်ဖူးတယ် မဟုတ်လား၊ မင်းနဲ့ ပတ်သက်လို့ ကိုယ်မုန်းတဲ့ အချက် ၁၀ ချက်ဆိုတဲ့ ဇာတ်ကားလေ၊ အဲဒီ ကောင်မလေးက ၁၀ ချက်ပဲ ရှိတယ်၊ ကျွန်မက အချက် ၂၀ လောက် ရှိတယ်၊ ရွတ်ပြရမလား"
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ မကြားချင်ဘူးလို့ မပြောရက်ဘဲ မချိပြုံးနဲ့ သူမ ပြောသမျှကို နား ထောင်ဖို့ ကြိုးစား ကြည့်တတ်ပါတယ်။
"ငွေ အသုံးအဖြုန်း ကြီးတာကို ကျွန်မ မကြိုက်ဘူး၊ ကတိတွေ ပျက်ကွက်တာကို ကျွန်မ မကြိုက်ဘူး၊ ကျွန်မနဲ့ မောင်ရဲ့ နှစ် ယောက်သား ဆက်စပ်မှု အခြေအနေကို သူငယ်ချင်းတွေကိုတောင် အမှန်အတိုင်း ဖွင့်မပြောဘဲ သူငယ်ချင်း အဆင့်လိုလို ဘာလိုလိုနဲ့ ဖုံး ကွယ် လျှို့ဝှက်ထားတာကို ကျွန်မ မကြိုက်ဘူး၊ လူရှေ့ သူရှေ့မှာ ကျွန်မကို မျက်နှာတည်ကြီးနဲ့ ဘာမှ မဆိုင်သလို စကားပြောတတ်တာ ကို ကျွန်မ မကြိုက်ဘူး၊ မကြိုက်ဘူး မကြိုက်ဘူး မကြိုက်ဘူး . . . တွေ အများကြီးကို ဆုံးအောင် သူ နားမထောင်နိုင်တော့ပဲ တစ်ချက် ချင်းကို ဖြေရှင်းဖို့ ကြိုးစားတော့တယ်။ သူမကလည်း သူမ အမှန်။ သူကလည်း သူ အမှန်။ ဒီလိုနဲ့ တစ်ယောက်တစ်ခွန်း စကားများတဲ့အခါ နောက်ဆုံးတော့ သူက "ကိုယ် အင်တာနက်ဆိုင် သွားလိုက်ဦးမယ်" လို့ ထွက်သွားပြီး သူမက ကော်ဖီဆိုင်မှာ တစ်ယောက်တည်း ကျန် နေခဲ့တယ်။ နောက်နာရီဝက်လောက် ကြာရင်တော့ သူမဆီ ဖုန်းဆက်လာတယ်။ "ကိုယ် ချိန်းထားတာ တစ်ခုရှိလို့ မင်းအိမ်ကို လိုက်မပို့ နိုင်တော့ဘူး၊ ကား ငှားသွားနော်" တဲ့။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ နှစ်ယောက်ရဲ့ အနာဂတ်အတွက် ကိုယ်တစ်ယောက်တည်းသာ တာဝန်ရှိတဲ့ ပုံစံမျိုး၊ ငွေစုချင်ဇောနဲ့ အငှားကားစီးမယ့် ပိုက်ဆံကို နှမြောလို့ ဘတ်စ်ကားကိုပဲ ရွေးလေ့ရှိတယ်။ သူ့ကိုတော့ အငှားကားနဲ့ သွားတာလို့ လိမ်လည်ပြောလေ့ရှိတယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူမ ပင်ပန်းမှာ အနေကျပ်မှာ သိလို့ အားလပ်ချိန်မှာ သူနဲ့အတူ သူ့အလုပ်ကိစ္စနဲ့ သွားသမျှ နေရာတကာ မလိုက်စေချင်ဘဲ အိမ်မှာ ဂီတနားထောင်၊ ရုပ်ရှင်ကြည့်၊ အနားယူ အပန်းဖြေ နေစေချင်တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူ့အနီးမှာ နေနိုင်သမျှ တွယ်ကပ်ပြီး သူ့ဘေးမှာ အရိပ်တစ်ခု ဖြစ်ချင် တယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ညအချိန်တွေမှာ တယ်လီဖုန်းထဲမှာ မက်ဆေ့ခ်ျစာလေးတွေ ရေး ပို့တတ်တယ်။
"နေ့လယ်က ကိုယ် ပြောလိုက်မိတာကို စိတ်ဆိုးလား"
"မနက်ဖြန်ကျရင် ကော်ဖီဆိုင်မှာ တွေ့ကြမလား"
"မေ ဘာလုပ်နေလဲ၊ စာဖတ်နေလား၊ သီချင်း နားထောင်နေလား"


ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ညသန်းခေါင် တယ်လီဖုန်းနဲ့ စာပြန်မရေးတဲ့ သူမကို သဘောကျ စွာ ရယ်မောလို့ စာတစ်စောင် ပြန်ရေးလိုက်ရင်း ညကို အဆုံးသတ် လိုက်ရတယ်။
"မင်း အိပ်နေပြီ မဟုတ်လား၊ အိပ်မက်လှလှ မက်ပါစေ" တဲ့။
သူပြောတာတောင် နောက်ကျနေသေးတယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမက ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အိပ်မက်ထဲမှာ မွှေးပျံ့တဲ့ ပန်းပင်အောက်မှာ သူနဲ့အတူ ထိုင်ပြီး သူ့ပခုံးကို နွဲ့မှီထားတတ်ပါတယ်။ အိပ်မက်ထဲမှာ နှစ်ယောက်သား ပြုံးလို့ပေါ့။

ဂျူး
(သရဖူ၊ နိုဝင်ဘာလ၊၂၀၁၁)

ကျေးဇူးတင်ခြင်း
ကျွန်တော်တို့ Page တွင် တင်ရန် ယခုဝတ္ထုတိုလေးကို သရဖူမဂ္ဂဇင်းမှ မိတ္တူကူးယူ၍ ကျွန်တော့်အား ပေးသော မရိုစီ (Ro zy) အား ကျွန်တော်တို့ Admin Team မှ ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားလိုပါသည်။

One of Admins


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/30/2012 09:57:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30256] Fwd: [လူဗိုလ်ဟူသည် ...] ကျောက်ခေတ်တမ်းချင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/30
Subject: [လူဗိုလ်ဟူသည် ...] ကျောက်ခေတ်တမ်းချင်း
To: lubo601@gmail.com



ပြောင်းလဲခြင်းကြောင့် 
မိဘအမွေလယ်ခင်းကို လွမ်းရတော့မယ်။

တိုးတက်ခြင်းကြောင့်
ရွာနံဘေးက တောတန်းလေး ပြောင်ရှင်းသွားတယ်။

ခေတ်ကောင်းလို့
တစ်ရပ်တစ်ကျေး ပြောင်းခဲ့ရတယ်။

ခေတ်သစ်ပြီမို့
မသိမသာနဲ့ ကျွန်ဖြစ်ကြတယ်။

စနစ်မှန်ကြောင့်
လူနေမှု ပြောင်းပြန်ဖြစ်သွားတယ်။

တော်ပါသေးရဲ့
ငါတို့ရဲ့ချစ်ခြင်း
ဥပဒေနဲ့ ကင်းခဲ့လို့
ငါတို့မေတ္တာ
ဘယ်ပုဒ်မမှာမှ မပါခဲ့လို့။

နှောင်တစ်ခေတ်မှာ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာ
သူတို့မူပိုင် ပြတိုက်ထဲမှာ 
ဝင်ရှာကြည့်ကြပါတော့။

ခမ်းကီး


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/30/2012 09:04:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30256] Fwd: [လူဗိုလ်ဟူသည် ...] မောင်ဝါဝါနှင့် ဖေ့စ်ဘုတ် နေ့လည်ခင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/30
Subject: [လူဗိုလ်ဟူသည် ...] မောင်ဝါဝါနှင့် ဖေ့စ်ဘုတ် နေ့လည်ခင်း
To: lubo601@gmail.com



by ရသစာပေအနုပညာဘလော့ဂ် on Thursday, August 30, 2012 at 12:09am ·

- သူရဿဝါ -

ဒီနေ့ ရုံးပိတ်ရက် ဆိုတော့ ထုံးစံအတိုင်း မောင်ဝါဝါ အိမ်မှာ မနေဘဲ သူငယ်ချင်း ဖြစ်သူ မယ်ဆူး၏ အိမ်ကို အလည် သွားမည်ဟု ဆုံးဖြတ် လိုက်သည်။ "ဆူးမ .. နင့်ဆီငါ လာလည်မယ် .. နေ့လည်စာ ကျွေးပါ" ဟု အွန်လိုင်းမှ နေ၍ လှမ်းပြော လိုက်သည်။ သိပ်မကြာ .. မယ်ဆူး၏ ဖေ့စ်ဘုတ် ဝေါလ်ပေါ်တွင် စတေးတပ်စ် တစ်ခု ချက်ချင်း တက်လာသည်။


"မောင်ဝါဝါ ဒီနေ့ အိမ်ကို အလည် လာမယ်တဲ့ … နေ့လည်စာ ထမင်းကျွေး ရမယ်လို့ ပြောတယ် .."
မောင်ဝါဝါ လာလည်မည့် အကြောင်း ဘယ်သူ့ကို အသိပေး တာပါလိမ့်။ ရောက်မှ မေးတော့မည်။ အခု လောလောဆယ် အိမ်က အရင်ထွက်မည်။ ဒီလိုနှင့် မောင်ဝါဝါ မယ်ဆူးအိမ် ရောက်လာသည်။ အိမ်ထဲတွင် ကွန်ပျူတာ တစ်လုံးနှင့် အင်တာနက် သုံးနေသော မယ်ဆူးကို လှမ်းတွေ့သည်။ မောင်ဝါဝါ တံခါးပေါက်ဝမှ လှမ်း၍ နှုတ်ဆက် လိုက်သည်။

"ဟေ့ .. ဆူးမ .. ငါရောက်ပြီဟေ့ .."
မောင်ဝါဝါ နှုတ်ဆက်တာ ကြားတော့ မယ်ဆူး တစ်ချက် လှမ်းကြည့်သည်။ ပြီးတော့ မောင်ဝါဝါ့ ကိုပင် အရေး မလုပ်ဘဲ သူ့ကွန်ပျူတာမှာ တဂျောင်းဂျောင်းနှင့် စာရိုက် လေတော့သည်။ မောင်ဝါဝါ မယ်ဆူး အနားကို ကပ်၍ သွားကြည့်တော့ …

"မောင်ဝါဝါ အငတ်ကြီး .. ရောက်လာဘီ"
"အွန် .."
မောင်ဝါဝါ အွန်သွားသည်။ ဘယ်လို ဖြစ်လို့ မောင်ဝါဝါ ရောက်လာ တာများ အရေးတယူ ဖေ့စ်ဘုတ်ပေါ် တင်လိုက် ပြန်ပါလိမ့်။ မောင်ဝါဝါလည်း သူ့ဘေးမှာ ဝင်ထိုင် လိုက်သည်။ မောင်ဝါဝါ့ကို တစ်ချက်မှ လှည့်မကြည့်ဘဲ လှမ်း ပြောသည်။

"ဘာဖြစ်လို့လဲမသိဘူး .. ခေါင်းတွေ မူးနေတယ်ဟာ .. မနက်ကတည်းက"
"အေး .. ခေါင်းမူးရင် ဆေး …"
မောင်ဝါဝါ့ စကားပင် မဆုံးလိုက်။ သူက ခေါင်းမူးသည့် အကြောင်းကို ဖေ့စ်ဘုတ်ပေါ် တင်ပြီးသား ဖြစ်နေပြီ။ ဖေ့စ်ဘုတ် ထဲမှာ သူခေါင်းမူး တာကို ဆေးကု ပေးမည့် ဆရာဝန် ရှိတာ ကျနေတာပဲ။ ဘယ်လို ဖြစ်နေ မှန်းကို မသိ။ ဒီလိုနဲ့ နှစ်ယောက်သား စကား ပြောလိုက်၊ မယ်ဆူး တစ်ယောက် ဖေ့စ်ဘုတ် လှည့်သုံးလိုက်နှင့် နေ့လည် ထမင်းစားချိန် ရောက်လာ သည်။ သူချက် ကျွေးတာများ စားရ မလားလို့ ဘယ်ဟုတ်မလဲ .. လမ်းထိပ် ထမင်းဆိုင်မှ ဟင်းတွေ သွားဝယ် ချလာပြီး ပန်းကန်ထဲ ထည့်ကာ ယူလာသည်။ ယူလာပြီး တော့လည်း ချက်ချင်း စားလို့ မရ။ ထို ဟင်းပန်းကန် တွေကို တစ်ပန်းကန်ချင်း ဓါတ်ပုံ လိုက်ရိုက် နေသေးသည်။ မောင်ဝါဝါလည်း နားမလည်နိုင်။

"ဟဲ့ .. အဲဒါက ဘာလုပ် တာတုန်း" ဆိုတော့ .. လက်ကာပြ၍
"နင် အသာနေစမ်းပါ .." ဟု ပြန်ပြော လေသည်။ ပြီးတော့ ထိုဓါတ်ပုံ တွေကို ကွန်ပျူတာ ထဲကိုပြောင်း၊ ပြီးတော့ ဖေ့စ်ဘုတ်တွင် ထိုဟင်းပန်းကန် ပုံများကို တင်လေ တော့သည်။ အောက်ကနေ စာလည်း ရေးလိုက်သေး။

"သူငယ်ချင်းတွေ စားဖို့ .. ဆူးဆူး ကိုယ်တိုင် ချက်ထားတဲ့ ဟင်းတွေ .. အတူတူစားကြမယ်နော်" တဲ့။ ကြည့်စမ်း။ ဘယ်လောက် မေတ္တာ တုံးစရာ ကောင်းသလဲလို့။ လိမ်တာမှ မောင်ဝါဝါ တစ်ယောက်လုံးကို ရှေ့ထားပြီး ဗြောင်ကို လိမ်နေတာ။ သူ့ဟာသူ လိမ်ပြီး ဓါတ်ပုံတွေ ဖေ့စ်ဘုတ်ပေါ် တင်တာက အရေးမကြီး။ မောင်ဝါဝါမှာ သူဓါတ်ပုံ တင်၍ မပြီး မချင်း ထမင်း မစားရသဖြင့် တွန့်လိမ် ကောက်ကွေးပြီး စောင့်လိုက် ရသည်။ ထမင်း စားရင်းဖြင့် မောင်ဝါဝါ မယ်ဆူးကို မေးမိသည်။

"နင် .. ဘာဖြစ်လို့ တစ်နေကုန် ဖြစ်သမျှ ပျက်သမျှကို ဖေ့စ်ဘုတ်ပေါ် Live Stream လွှင့်နေတာလဲဟေ .. နင် တစ်ချိန်လုံး လုပ်သမျှ ကိုင်သမျှကို အွန်လိုင်းက တဆင့် အသိပေး ရမယ့်လူများ ရှိနေလို့လား"
"ဟဲ့ .. ဒါက ခေတ်ပေါ် ဖေ့စ်ဘုတ် စတိုင်ဟဲ့ .. Status Box ကြီးတွေ ထားထားတာ ဘာလုပ်ဖို့တုန်း .. အဲဒါတွေ ရေးဖို့လေ"
ထမင်းစား၍ ပြီးသွားတော့ ဧည့်သည် ဖြစ်သော မောင်ဝါဝါက ပန်းကန်တွေ ဆေးရသည်။ သူကတော့ ကွန်ပျူတာ ရှေ့မှာ အခန့်သား ပြန်ထိုင်၍ နေလေသည်။ ပန်းကန် ဆေးပြီး ပြန်ထွက် လာတော့ မယ်ဆူးမှာ သူမနက် ကတည်းက တင်ထားသော စတေးတပ်စ်တွေ၊ ဓါတ်ပုံတွေ အောက်မှာ လိုက်ခ် ဘယ်နှစ်ခု ရသလဲ၊ ကော်မန့် ဘယ်နှစ်ခု ရသလဲ ဆိုတာကို စိတ်ရှည် လက်ရှည် ရေတွက် ကြည့်ရှု နေပြန်သည်။ ပြီးတော့ မောင်ဝါဝါကို ခေါ်၍ ပြောသည်။

"ငါ ပြောတဲ့ ဖေ့စ်ဘုတ် ခေတ်ပေါ် စတိုင်တွေ ပြမယ် … ဒီမှာကြည့် … ငါတစ်ယောက်တည်း ဒီလို လုပ်တာ မဟုတ်ဘူးဟဲ့" ဟုဆိုကာ ဖေ့စ်ဘုတ် ပေါ်တွင် သူ့ကဲ့သို့ အခြား သူများ ရေးထား ကြသော စတေးတပ်စ် များ၊ ဓါတ်ပုံ များကို မောင်ဝါဝါအား ပြသ လေတော့သည်။ လူပေါင်းစုံ ရေးထားခြင်း ဖြစ်သဖြင့် အကြောင်းအရာလည်း ပေါင်းစုံ လှလေ၏။

"အခု .. တော်ဝင်စင်တာက အိမ်သာထဲမှာ .. ဒန် တန် တန်"
"ကော်ဖီနဲ့ ဂျယ်လီ တွဲစားကြည့်ရင် ဘယ်လိုနေမလဲမသိဘူး ဟီဟိ"
"ပျင်းလိုက်တာ … ဘာလုပ်ရင် ကောင်းမလဲ"
"မန္တလေးကို အခုနေ လီယောင်ဂျေးရောက်လာရင် သိပ်ကောင်းမှာပဲ"
စသည်ဖြင့် ဖြစ်၏။ မောင်ဝါဝါလည်း အံ့သြရ လေပြီ။ တချို့များ တစ်နေကုန် ဘာလုပ်လုပ် ဘယ်နေရာ ရောက်ရောက် လုပ်သမျှ ကိစ္စကို ဖေ့စ်ဘုတ်ပေါ် မချွင်းမချန် အကုန်တင်၏။ ဒိုင်ယာရီ နေ့စဉ် မှတ်တမ်း ထဲတွင်ပင် ဒီလောက် ရေးချင်မှ ရေးမှာ။ အဲသလို လူမျိုးတွေ၏ နောက်ကြောင်း ရာဇဝင် တစ်ခုခု လိုက်ချင်လို့ ကတော့ ဘယ်နေရာမှ တကူးတက စုံစမ်း နေစရာမလို။ သူ၏ ဖေ့စ်ဘုတ်ထဲ ဝင်၍ Time Line ကြည့်ရုံနှင့် အကုန် စုံစမ်း၍ ရနိုင်မည် ထင်သည်။ မောင်ဝါဝါလည်း မယ်ဆူးအား "နင်တို့ ကိစ္စတွေ ကလည်း ရှုပ်နေတာပါပဲလားဟာ …" ဟု ပြောကာ နဝေတိမ်တောင်ဖြင့် အိမ်ပြန် လာခဲ့လေ၏။

သို့သော် မောင်ဝါဝါ မသိလိုက် သည်မှာကား မောင်ဝါဝါ ပြန်မည် အလုပ် အိမ်ပေါက်ဝပင် မရောက်သေး မယ်ဆူး ကတော့ ဖေ့စ်ဘုတ်ပေါ်တွင် မောင်ဝါဝါ ပြန်သွားသည့် အကြောင်းကို အောက်ပါအတိုင်း အွန်လိုင်းတွင် ဖောက်သည် ချ၍ နေခဲ့ခြင်းပင် ဖြစ်လေ၏။

"မောင်ဝါဝါ ငတိကြီးတော့ .. အွန်လိုင်း ဖေ့စ်ဘုတ် ယဉ်ကျေးမှု အကြောင်း ပြောပြလိုက်တာ အူတူတူနဲ့ ပြန်သွား ရှာပြီ … အွန်လိုင်း သုံးနေပြီး ဒါလေးတောင် နားမလည်ဘူး .. ရယ်ရတယ်တော့ .. ဗြဲ"

၂၃ - သြဂတ်စ် - ၂၀၁၂
TechSpace Journal
Volume (1), Issue (23)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/30/2012 09:47:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30255] Fwd: [လူဗိုလ်ဟူသည် ...] ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ် ။



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/8/30
Subject: [လူဗိုလ်ဟူသည် ...] ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ် ။
To: lubo601@gmail.com



by ကိုဝိုင် ဝိုင်ကေ on Thursday, August 30, 2012 at 6:55am



ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တစ်ခါ တစ်ခါ ပြန်တွေးမိတယ်။ တစ်ပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။
တိုင်းပြည်ကြီး ဒုက္ခရောက်ပြီဆိုတာ သိတယ်။ ကျုပ်တို့ တောမြို့လေးလည်း ငရဲကျပြီဆိုတာ သိတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်း ဆောင်ကြီးတွေ လုပ်ကြံခံကြရတယ်။ တိုင်းပြည် ဒုက္ခရောက်ပြီပေါ့။ ဒီလောက် တော့ ကျုပ်သဘောပေါက်ခဲ့တယ်။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေထဲမှာ ကျုပ်တို့ မြို့သား တစ်ယောက်ပါနေ တယ်။ ကျုပ်ထက် အသက် ၅ နှစ်ပဲ ကြီးတဲ့သူ။ ကျောင်းနေဖက်တော့ မဟုတ်ဘူး။ ကျုပ်နဲ့အတူ ပြည်သူ့ ရဲဘော်အဖွဲ့ဝင်။
ကျုပ်တို့ တောမြို့ကလေးက သေးသေးလေး။ ဒါပေမယ့် သူနဲ့ကျုပ် မရင်းဖူး။ ကောင်းကောင်းတော့ သိတာပေါ့။ သူက ဂျပန်ခေတ် တပ်မတော်သားဟောင်း။ စစ်ကြီးပြီးသွားတော့ ကျုပ်လိုပဲ ပြည်သူ့ရဲဘော် အဖွဲ့ဝင်။ ကျောင်းဘင်ခရာ တီးဝိုင်းတွေ ဘာတွေမှာ ခေါင်းဆောင်ပါတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ကိုလည်း အလွန် ကြည်ညို ကိုးကွယ်သူ။ လူက ကိုယ်လုံးတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူဆုံဖူး တွေ့ဖူးလားတော့ ကျုပ်မသိဘူး။ ကျုပ်ကတော့ ဗိုလ်ချုပ်ကို တွေ့ဖူး ဆုံဖူးတယ်။ စကားတစ်ခွန်းနှစ်ခွန်း ပြောဖူးတယ်။  ကျုပ်လည်း ဗိုလ်ချုပ်ကို အသေအလဲ ကြည်ညိုတဲ့သူ။
ဂျပန်ခေတ်မှာရော စစ်ပြီးခေတ်မှာပါ ဗိုလ်ချုပ်ကို လူတိုင်း ကြည်ညိုတယ်။ ကိုးကွယ်တယ်။ အဲဒီလူတိုင်းထဲ ကျုပ်လို မြီးကောက်ပေါက်လည်း ပါတာပေါ့။ ဗိုလ်ချုပ်ကို ပစ်သတ်တဲ့ ကိုစိန်ကြီးလို နှစ်ဆယ်ကျော်သမားလဲ ပါတာပေါ့။
ကျုပ်က ၁၉၄၅  မတ်လမှာ တော်လှန်ရေး စစ်မြေပြင်ထွက်လာတဲ့  ဗိုလ်ချုပ်ကို ခရီးသွားဟန်လွဲတွေ့ လိုက်ဖူးတယ်။ ""မင်းကျောင်းနေတယ် မဟုတ်လား။ စာတတ်အောင်သင်။ တို့မှာ စစ်တိုက်မယ့်လူတွေ ရှိတယ်။ စာသင်မယ့်သူတွေ ရှားနေတယ်"" ဆိုတဲ့ စကားကို  နားထဲမှာ စွဲနေတယ်။ ၂ နှစ်လောက်ကြာတဲ့ ၁၉၄၇ ထိ နားလုံးပြည့် စွဲနေတယ်။ ကိုစိန်ကြီးလည်း ဂျပန်ခေတ်တပ်ထဲမှာ ဗိုလ်ချုပ်စကား ကြားခဲ့ဖူးမှာ မုချ။ သူကတော့ ကျုပ်လို ဗိုလ်ချုပ်စကား နားမစွဲခဲ့ဖူးနဲ့တူရဲ့။ ဒါကြောင့် ဂဠုန်ဦးစောစကား နားဝင်ခဲ့တာပေါ့။ အာဇာနည် လုပ်ကြံမှုကြီးထဲမှာ သေနတ်သမား    ဖြစ်သွားခဲ့တာပေါ့။
ကိုစိန်ကြီးက မြို့တောင်ဖက်ရပ်ကွက်မှာ နေတယ်။ ကျုပ်က မြို့မြောက်ဖက် ရပ်ကွက်မှာ နေတယ်။သူ့ဆွေမျိုး အသိုင်းအဝိုင်းက ငွေသမား၊ ကြေးသမား၊ ကုန်သည်ပွဲစားတွေ။ ကျုပ်ဆွေမျိုးသားချင်းက တပ်မတော်သား၊ နိုင်ငံရေး လှုပ်ရှားသူတွေ။ ၁၉၄၇ မှာ သူက လုပ်ကြံရေးသမား ဂေါ့ဖားသားနောက် ကောက်ကောက်ပါ သွားတယ်။  သေနတ်ကိုင်တယ်။ ကြိုးစင်တက်တယ်။ ကျုပ်က နိုင်ငံရေး လှုပ်ရှားမှုနောက် ကောက်ကောက် လိုက်သွားတယ်။ ကလောင်ကိုင်တယ်။ တက္ကသိုလ် တက်တယ်။
သူရော ကျုပ်ရော ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဝင်တယ်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့ခေါင်းဆောင်က ဗိုလ်မျိုးကျော်။ တော်လှန်ရေးမှာ ဗိုလ်ဗထူးတပ်နဲ့ ရှမ်းပြည် အောင်ပန်းမြို့ကို ချီခဲ့တယ်။ ဗိုလ်ဗထူး ကျဆုံးသွားတော့ တပ်ကို သူဦးစီးခဲ့တယ်။(ကျုပ်နဲ့ သားချင်း တော်တယ်။ အခု အသက် ၉ဝကျော် ပြီ။ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် မှာနေတယ်။ ဂျပန်ခေတ်စစ်တက္ကသိုလ် ဒုတိယပတ်ဆင်း။ လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်။ နိုင်ငံ့ဂုဏ်ရည် ပထမဆင့်)
ကိုစိန်ကြီး ကြိုးပေးကွပ်မျက် ခံရတယ်။ ဂဠုန်ဦးစောတို့နှင့်အတူ ပေါ့။ သူ့အသက် ၂၂ နှစ်။ နိုင်ငံတော် လုပ်ကြံမှုကြီး သတင်းက အများကြီး ထွက်နေတာကိုး။ ကျုပ်တို့မြို့ကလေး မှာ အဲဒီအကြောင်းတွေပဲ အပြောဆုံး။ အကျယ်လောင်ဆုံး စကားဝိုင်းဖွဲ့ကြ တာပေါ့။
သူ့မိဘက စီးပွားတောင့်တယ်။ ဂဠုန်ဦးစောနှင့် ရင်းတယ်။ ဂဠုန် နိုင်ငံရေး ထောက်ခံတယ်။ ၁၉၄၇ နှစ်ဆန်းပိုင်း ကျုပ်တို့မြို့ကို ဦးစော ရောက်လာတယ်။ လူမိုက်လာစုတာ။ ကိုစိန်ကြီးက ကျားကျားလျားလျား၊ ထောင်ထောင်   မောင်းမောင်း၊ မာမာ တင်းတင်း၊ မှုန်မှုန် တေတေ (ကမ္ဘာကျော် အီတလီ ဘောလုံးသမား မန်စီးတီး အသင်းသား ဘာလော့တယ်လီလို ပုံပန်းဟန်ပန်မျိုး)။
ဦးစောအဆွယ် ကောင်းတာလည်း ဟုတ်မှာပေါ့။ သူ့မိဘ တွန်းတာလည်း ဖြစ်မှာပေါ့။ ကိုစိန်ကြီးက အစောပိုင်း မှာ အင်တင်တင်ပဲတဲ့။  နောက်ပိုင်းမှ ဦးစောဘက် ပါသွားတာတဲ့။
ကိုစိန်ကြီးက ကားမောင်းတတ်တယ်။ ကားမောင်းပျော်တယ်။ ဦးစောက ဂျစ်ကားပြ ဆွယ်မှာပေါ့။ ကိုစိန်ကြီးရဲ့ ပြည်သူ့ရဲဘော်တွေက ဦးစောကို မုန်းကြတယ်။ ဦးစောကို ခယနေကြတဲ့ ကိုစိန်ကြီးနဲ့ သူ့မိသားစုကိုလည်း မျက်မုန်းကျိုး လာကြတာပေါ့။ ကိုစိန်ကြီး ဝိုင်းပယ်ခံရသလို ဖြစ်လာတယ်။ ကိုစိန်ကြီးမှာ ရည်စားသနာရှိတယ်။ မိန်းမချောလေး။ ရန်ကုန်မှာ ကျောင်းတက်တယ်။ ကွန်ဗင့်ကျောင်းသူ။ (ရည်းစားရှိရာ သွားချင်တာလည်း ပါမှာပေါ့။)ကျုပ် တက္ကသိုလ်ရောက်တဲ့နှစ် ၁၉၄၈ မှာ အဲဒီအမျိုးသမီးက ကိုစိန်ကြီးရဲ့ သူငယ်ချင်း တော်လှန်ရေး ရဲဘော်နဲ့ ညားနေပြီ။ ၁ဝ နှစ်လောက်ကြာတော့ အရမ်းချမ်းသာနေပြီ။ ကျုပ် သူတို့အိမ် အမြဲရောက်တယ်။ ကိုစိန်ကြီး အကြောင်းတော့ စကားမဟဖြစ်ဘူး။
ကိုစိန်ကြီး ကြိုးတိုက်(လူသတ် ရာဇဝတ်ကောင်တွေထားတဲ့ ထောင်အခန်း)ရောက်တော့ သူ့ရည်းစားက ထောင်ဝင်စာ လာတွေသတဲ့။ ကိုစိန်ကြီးက သူ့ပိုင်ပစ္စည်း ၆ဝဝ ကျပ်ဖိုး လောက်ကို သူ့ရည်းစားနဲ့  သူ့ သူငယ်ချင်း ရဲဘော်မင်္ဂလာဆောင်ရင် လက်ဖွဲ့ဖို့ စာရေးထားခဲ့သတဲ့။ ဒီဘဝ ဒီမျှသာ နောင်ဘဝပေါင်းကြစို့ရဲ့ သဘောသွားနဲ့ အလွမ်းစာလေးတောင် ရေးခဲ့သေးတယ်တဲ့။
ကိုစိန်ကြီးအကြောင်း မကောင်းသတင်း ကောင်းသတင်းတွေ အများကြီး ထွက်ခဲ့တယ်။ လုပ်ကြံမှုကြီးဟာ ဧရာမ အမှားကြီးပဲ။ နိုင်ငံရေးသစ္စာ ဖောက်မှုကြီးပဲ။ ဦးစောဟာ သမိုင်းရာဇဝတ်ကောင်ပဲ။ နိုင်ငံရေး ဒေဝဒတ်ပဲ။ သူလူပေါင်း မှားခဲ့ပြီ။ သမိုင်းကြွေးကို အသက်ပေးပြီး ဆပ်ရတော့မယ်။ သူနောင်တရပြီ။ ဦးစောဟာ လူယုတ်မာကြီး ဆိုတာ သူသိပြီ။ ဦးစောကို သူမုန်းပြီ။ တရားခွင် ရောက်တော့ ဦးစောကို လုံးဝအဖက်မလုပ်တော့ ။ လှည့်မကြည့်တော့။ မေးထူးခေါ်ပြောတောင် မလုပ်တော့။ ဦးစောငှားပေးတဲ့ ရှေ့နေကို သူလက်မခံ။ ရှေ့နေမငှားဘူးလို့ ရုံးတော်ကို ငြင်းတယ်။ ဦးစောကခေါ်လည်း လှည့်မကြည့်။ ဦးစော ပေးတဲ့ အဝတ်အစားတွေ တောင်မယူ။
မကောင်းသတင်းတွေလည်း ထွက်သေးတယ်။ ကြိုးစင် တက်ရမယ့်ရက်မှာ ကိုစိန်ကြီးက ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဆဲသတဲ့။ ကြိုးစင် ပေါ်ရောက်တော့လည်း ဗိုလ်ချုပ်တို့ကို မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာ သွားသတဲ့။





နိုင်ငံတော် လုပ်ကြံမှုကြီး တရားခံ အဖြစ်နဲ့ ကိုစိန်ကြီး ကြိုးစင်တက်ရတော့ ငယ်သေးတာပေါ့။
လပိုင်းလောက် ကာလတိုလေး အတွင်းမှာ လူငယ်တစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေ ဘယ်လိုကြောင့်များ ဇောက်ထိုးမိုးမျှော် ပြောင်းလဲခဲ့ရသလဲ။ နှစ်နှစ်ကာကာကြီး ချစ်ခင်မြတ်နိုး ယုံကြည်ကိုးကွယ်ခဲ့သူကို လုပ်ကြံသတ်ဖြတ်တဲ့အထိ ဖောက်ပြန် မိုက်မှားခဲ့ရသလဲ။ ရိုင်းစိုင်းရမ်းကားတဲ့၊ ရက်စက်မိုက်ကန်းတဲ့ မျိုးရိုးဗီဇ ကြောင့်လား။ အနောက်တိုင်းသမိုင်း ဝတ္တုတွေထဲက လူရဲလူရမ်း၊ လူကြမ်း လူမာတွေ ပေါက်ဖွားတဲ့  ဂပ်စကွန် နယ်သားတွေလို မြန်မာလူရမ်းကားတွေ ထွက်တဲ့ သာယာဝတီနယ်သား ဖြစ်လို့ ဒီလိုအပြစ်မျိုး ကျူးလွန်တာလား။
လူငယ်ဘာဝ လောကမှာ ကောင်းစားချင်တဲ့ အမုန်းစိတ် အမိုက်စိတ်တွေ ဖိစီးလွှမ်းမိုးခံရလို့လား။ ချစ်သူ ရည်းစားနဲ့ မြန်မြန်ညားပြီး ကြီးပွားချင်စိတ်နဲ့ လမ်းမှားလိုက်ခဲ့တာလား။
ရဲဘော်ရဲဘက်တွေက သူ့ကို ဦးစောဘက် ခြံခုန်ဖို့ ဟန်ပြင်နေတယ်လို့ တံဆိပ်ကပ်ပြီး ဖယ်ကျဉ်ချင်သလိုလို လုပ်လာကြလို့ သူကတစ်လှည့် အရွဲတိုက်ပြီး ဦးစောဘက်ခြေစုံ ပစ်ဝင်လိုက်တာလား။
ကိုစိန်ကြီးဟာ ဆရာကြီးဦးဖိုးကွန်း (နောင်အခါ ပြည်သူ့ရဲဘော်ဌာန ချုပ်ခေါင်းဆောင်၊ ဖဆပလဝန်ကြီး၊ သံအမတ်ဗိုလ်မှူးဖိုးကွန်း)လို ထင်ရှား တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားဖြစ်ခဲ့တယ်။ အလယ်တန်း အဆင့်လောက်ပဲ စာသင်ဖူးတယ်။ စာမတတ် ပေမတတ် အသိ ဉာဏ်နုံနဲ့တဲ့ လူဖျင်းလူညံ့ ဖြစ်လို့လား။
သူရဲ့ ကျောင်းနေဖက်တွေထဲက ကိုစောလွင်(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးမင်းခေါင်)တို့ ကိုအောင်မြင့် (နောင် ကွန်မြူနစ်ပါတီအထက် မြန်မာပြည်တာဝန်ခံ)တို့၊ ကိုကြည်အေး (နောင်ဗြိတိန် စစ်တက္ကသိုလ် ဆင်းဟတ် ကျောင်းဆင်း၊ မေမြို့စစ် တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ဝန်ကြီး) တို့လို ထူးချွန်ပေါက်မြောက်သွားသူ တွေကို ပခုံးချင်း ယှဉ်ချင်လို့လား။
အကြောင်းတရား တွေကတော့ မျိုးစုံအောင် ရှိမှာပေါ့လေ။
ယတိပြတ် ပြောနိုင်တဲ့အကြောင်း တရားတစ်ခုကတော့ လူငယ်မျိုးဆက်သစ်တွေကို လမ်းမလွှဲအောင်၊ လမ်း မမှားအောင် သွန်သင်လမ်းပြတဲ့လုပ်ငန်းတွေပြုလုပ်ဖို့ လစ်ဟာ ပျက်ကွက်တာကြောင့်ဖြစ်တယ်။ အပြန်အလှန် သဘောပြောမယ်ဆိုရင် လမ်းမှန်ကို သိမ်းသွင်းလမ်းညွှန်ဖို့ လျော့ပါး အားနည်းတာကြောင့်ဖြစ်တယ်။
ဒါဟာ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့ရတဲ့ နိုင်ငံတော် လုပ်ကြံမှုကြီးရဲ့ သင်ခန်းစာပဲ။
ဒီသင်ခန်းစာဟာ ဒီနေ့ဒီခါ နှစ်ပေါင်း ၆ဝ ကျော်၊ ၇ဝ ကုန်လွန် လာတဲ့ အချိန်ကာလအထိလည်းပဲ ကောင်းကောင်းကြီး မှတ်သားသင်ယူနေရမဲ့ အသိပညာပဲရယ်လို့  လက်ခံနေကြရမှာဖြစ်ပါတယ်။
ခေါင်းဆောင်ကြီး ခေါင်းဆောင်ငယ်တို့…။ ခေတ်လူငယ် မျိုးဆက် သစ်တွေရဲ့စကားကို နားလည်အောင် သင်ယူကြပါ။ ခေတ်လူငယ် လူသစ်တွေရဲ့ ဓါးကို အသွားတစ်ဖက်လား အမှားနှစ်ဖက်လား သိမြင်အောင် ဆင်ခြင်ကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှားပြင်ပေးကြပါ။ ခေတ်လူငယ် လူသစ်တွေကို အမှန်သင် ပေးကြပါ။
အမှောင်ခေတ်အလွန် တစ်ဘူတာမှာ ခေတ်လူငယ်စကားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ် လူငယ်တရားတွေ အများကြီး စောင့်နေတတ်တယ်။ ခေတ်လူငယ်ဓားတွေ အများကြီး စောင့်နေတတ်တယ်။
ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓားနားမလည်ရင် နားပြတ်တတ်တယ်ဗျို့။ နားလောက် ပြတ်ရင် ခံသာသေး။ လည်ပြတ်ရင် အာဇာနည် ဇာတ် တစ်ပတ်ကျော့ နိုင်တယ်ဗျ။ မှတ်ထားကြ။
ကျုပ်ပြောပြချင်တာ ဒါပါပဲ။

ဟံသာဝတီ ဦးဝင်းတင်

Myanmar Independent News journal မှ ရယူဖော်ပြခြင်းဖြစ်ပါသည် ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/30/2012 09:39:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30254] Fwd: သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/8/30
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်


Black List မှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်း

Posted: 30 Aug 2012 02:04 AM PDT

နာမည်ပျက်စရင်းမှ ပယ်ဖျက်ပေး လိုက်တဲ့ မြန်မာနိုင်ငံသားများ စာရင်းမှာတော့ ပြည်ပရောက် NCGUB ညွန့် ပေါင်းအစိုးရ ဒေါက်တာစိန်ဝင်း အပါအ၀င်  ၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတချို့ ပါဝင်တာတွေ့ ရပါတယ်။  သမ္မတရုံးဝက်ဆိုဒ်မှာ ထုတ်ပြန်ထားတဲ့ Black List မှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်း မှာ နေရပ်လိပ်စာ၊ နာမည် နဲ့  အတူ ဖော်ပြထားတဲ့ လူပေါင်း(၉၃၅)ဦး ရဲ့ အမည်စာရင်းကို ---

အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများ စာရင်း

Posted: 30 Aug 2012 01:01 AM PDT

မြန်မာအစိုးရက အမည်မည်းစာရင်း (Black list) မှ ပယ်ဖျက်လိုက်သော လူပုဂ္ဂိုလ်၂၀၈၂ ဦး ၏ စာရင်းကို နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်မှ ထုတ်ပြန် ကြေညာလိုက်ပါတယ် ။ အဆိုပါ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးဖြစ်သော Aris, Alexander နှင့် Aris Kimတို့ နှစ်ဦး အပါအ၀င် အမည်မည်း စာရင်းမှ ပြည်ပရောက် မြန်မာနိုင်ငံ သားများလည်း ပါဝင်တာတွေ့ ရပါတယ်။ 

နိုင်ငံအလိုက် Black List မှ ပယ်ဖျက်လိုက်တဲ့  နိုင်ငံခြားသား ၁၁၄၇ နှစ်ယောက်ရဲ့  နာမည် စာရင်း ----

အပြည့်အစုံ ကို ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ဟူးကောင်း ဒေသ လယ်သများ ဆန္ဒပြမည် အစီစဉ် ရွှေ့ ဆိုင်း

Posted: 30 Aug 2012 12:25 AM PDT

ယုဇနကုမ္မဏီက လယ်ယာမြေ အသိမ်းခံ ထားရသည့် ကချင်ပြည်နယ် ဟူးကောင်း ဒေသခံများသည် သြဂုတ် ၃၀ရက်နေ့ တွင် ယင်းကုမ္မဏီရှေ.၌
မူလကဆန္ဒ ထုတ်ဖော်ရန် စီစဉ်ထားသော်လည်း ယုဇနဦးဌေးမြင့်က
ညှိနိုင်းပေးမည့် အတွက် ယာယီရွှေ. ဆိုင်းလိုက်ကြောင်း ဒေသခံ
လယ်သမားများ ကပြောကြောင်း Venus News Weekly - Facebook
စာမျက်နှာမှာ ရေးသားဖော်ပြ ထားပါသည်။

Venus News Weekly

ယုဇနကုမ္မဏီက လယ်ယာမြေ အသိမ်းခံ ထားရသည့် ကချင်ပြည်နယ် ဟူးကောင်း ဒေသခံများကို သြဂုတ်၃၀ရက်နေ.၊ယင်းကုမ္မဏီရှေ.တွင်တွေ.ရစဉ် ၊(ဓါတ်ပုံ-မနောထွန်း) Venus News Weekly

ယုဇနဟိုတယ်ရှေ.ရောက်ဟူးကောင်းဒေသလယ်သမားများ (ဓါတ်ပုံ-မနောထွန်း) Venus News Weekly



ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်လိုဟု ဒေါက်တာနိုင်အောင်ဆို

Posted: 30 Aug 2012 12:12 AM PDT

ဒေါက်တာနိုင်အောင်
ရန်ကုန်၊ သြဂုတ် ၃၀

၂၄နှစ်ကြာ မြန်မာနိုင်ငံနှင့် ဝေးကွာနေရာမှ ပထမဆုံးပြန်လာခွင့် ရမည့် ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင်ပင် သတင်းစာရှင်း လင်းပွဲလုပ်ရန် အကျိုးဆောင်များကို ကမ်းလှမ်းထားကြောင်း ၎င်းက The Voice Weekly သို့ပြောကြားသည်။

ဒေါက်တာနိုင်အောင်နှင့် ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်ကပြောကြားသည်။

ဒေါက်တာနိုင်အောင်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည်။

The Voice Weekly


သြဂုတ်လ (၃၀)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၆

Posted: 30 Aug 2012 12:07 AM PDT

သြဂုတ်လ (၃၀)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေစရင်း သိန်းနှစ်သောင်းကျော်ကွာဟ

Posted: 29 Aug 2012 08:07 PM PDT

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေး ဖွံ့ဖြိုးရေး ပါတီကို ဗဟိုမှ ရံပုံငွေ ကျပ်သိန်း သုံးသောင်းကျော် ချထားပေးရာ စာရင်း မှန်ကန်စွာ မပြနိင်ပဲ သိန်းနှစ်သောင်းကျော် အသုံးစရိတ် ပြထားကြောင်း -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကြံ့ခိုင်ရေး ၏ စီးပွါးရေး လုပ်ငန်း တခုဖြစ်သည့်  နယူးဒေး ဓါတ်ဆီဆိုင်


ဟာရီကိန်း Isaac အမေရိကန်ပြည်နယ်တွေ ဝင်မွှေ

Posted: 29 Aug 2012 07:10 PM PDT

ဟာရီကိန်း Isaac ဟာ နယူးအော်လင်းမြို့ကို ဦးတည်နေပြီး လူဝီဆီယားနား၊ မစ္စစ္စပီပြည်နယ်တွေကနေ အာကင်ဆောပြည်နယ်ကို ရောက်သွားနိုင်ပါတယ်။

အမေရိကန်မြောက်ဘက် ကမ်းရိုးတန်းကို မိုးသက်လေပြင်းတွေနဲ့အတူ ရောက်ရှိလာတဲ့ ဟာရီကိန်း မုန်တိုင်း Isaac ဟာ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်း ၀င်ရောက်လာနေပြီး-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာခေါင်းဆောင်တချို့ ပြည်ဝင်ခွင့်ပိတ်ပင်မှု အမေရိကန်ဖြေလျှော့

Posted: 29 Aug 2012 07:16 PM PDT

မြန်မာ အစိုးရ ခေါင်းဆောင်တွေ အပေါ်  ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ပိတ်ပင် ကန့်သတ် ထားတာကို အမေရိကန် သမ္မတ ဘာရက်ခ် အိုဘားမား (Barack Obama) က ဖြေလျှော့ပေး လိုက်ပါတယ်။

အဲဒါကြောင့် နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ သမ္မတဦးသိန်းစိန် လာရောက်တဲ့ အခါ အမေရိကန်နိုင်ငံ တွင်းမှာ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကချင်ဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း

Posted: 29 Aug 2012 06:16 PM PDT


မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အရပ်သား ဒုက္ခသည်တွေကို တရုတ်နိုင်ငံဘက်က လက်ခံအကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနေတဲ့ ကြားကပဲ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးရာမှာ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံတွင်း မ၀င်နိုင်အောင် နယ်စပ်ပိတ်ဆို့ထားတယ်လို့ သတင်းတွေ ဖြစ်နေ တာပါ။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

KIA ကချင်လွတ်မြောက်ရေးလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရအကြားမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်ပြီး လုပ်နေကြပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ၊ စစ်ပွဲတွေ အရှိန်ကတော့ ရပ်မသွားသေးပါဘူး။ အဓိကအားဖြင့် နယ်မြေသတ်မှတ်မှု စစ်ရေးကိစ္စတွေမှာ နှစ်ဘက် တင်းတင်း မာမာ ရှိနေကြပါတယ်။ အခုလို စစ်ပွဲတွေကြောင့် ဒေသခံ အရပ်သားတွေ မိမိတို့ကျေးရွာတွေကို စွန့်ခွာထွက်ပြေးကြရာမှာ နယ်ချင်းစပ် တရုတ်နိုင်ငံဘက်ကိုလည်း ကူးကြပါတယ်။

ကနဦးပိုင်းမှာ တရုတ်ဘက်က လက်ခံထားပေမယ့်လို့ နောက်ပိုင်းမှာ ကချင်အရပ်သား ဒုက္ခ သည်တွေ နေရပ်ကို ပြန်ဖို့ တရုတ်အာဏာပိုင်တွေဘက်က ဖိအားပေးမှုတွေ ရှိလာပါတယ်။ ဒုက္ခသည်သစ်တွေကိုလည်း လက်မခံဘဲ နယ်စပ်မျဉ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။ အခြားတဘက်မှာလည်း တရုတ်နိုင်ငံဘက်မှာရှိတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂဘက် က အကူအညီပေးဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ ဒီ ဒုက္ခသည်တွေအတွက် တရုတ်ဘက်က နယ်စပ်ဖွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းနေတာပါ။

"အဲဒီဒေသတွေမှာ ကုလသမဂ္ဂအနေနဲ့ ဒုက္ခသည်တွေကို ကူညီနိုင်အောင် နယ်စပ်ဖွင့်ပေးထားဖို့ တရုတ်ကို တိုက်တွန်း နေပါတယ်။ အလားတူပဲ စစ်ပွဲတွေ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ အရပ်သားတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကူညီနိုင်အောင်လည်း မြန်မာအစိုးကို တိုက်တွန်းနေတာရှိပါတယ်။"

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Vitoria Nuland ပြောသွားတာပါ။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေရပ်တန့်အောင် မြန်မာအစိုးရကိုရော အိမ်နီးချင်း တရုတ်နိုင်ငံကိုပါ အမေရိကန်ဘက်က တိုက်တွန်းဆွေးနွေးထားတယ်လို့ သိရပါတယ်။

"အဲဒီနယ်စပ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြန်လည်ရင်ကြားစေ့ပြီး သူတို့ကိုလည်း နိုင်ငံရေးလုပ်ငန်း စဉ်တွေထဲမှာ ထည့်သွင်း ပါဝင်စေဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် တိုက်တွန်းနေပါတယ်။ တဘက်မှာလည်း မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဆွေးနွေးတဲ့ အခါမှာ တရုတ်အနေနဲ့ အရပ်သားဒုက္ခသည်တွေ အတွက် နယ်စပ်တံခါးတွေ ဖွင့်ထားပေးဖို့၊ နောက်.. အဲဒီမှာ ဖြစ်နေတဲ့ နှစ်ပေါင်းရှည်ကြာတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေ ကို ကူညီဖို့ ကျမတို့ အမြဲတမ်း တရုတ်ကို တိုက်တွန်းနေပါတယ်။"

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေရာမှာ တနေ့ညကတော့ တိုက်ပွဲအခြေ အနေ တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့နယ်တွင်း ရွာတွေမှာပါ ကျရောက်တဲ့အတွက် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးတာတွေ ရှိနေပါတယ်။ အစိုးရဘက်က လက်နက်ကြီးအပါအ၀င် လေကြောင်း အကူတွေပါ ရှိခဲ့ပြီး အဲ့ဒီအနီးတ၀ိုက်မှာရှိတဲ့ ဒေသခံတွေ ညကတည်းက ထွက်ပြေးကုန်ကြတယ်လို့ ကချင်တိုင်းရင်း သူ ဒေါ်ဘောက်ဂျာက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာကတည်းက KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စ ဖြစ်ခဲ့တာပါ။ တနှစ်ကျော်ကြာ လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဆိုရင်လည်း တစ်သိန်း နီးပါး ရှိသွားပြီဖြစ်သလို လက်နက်မဲ့ အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ဆိုးဆိုးရွားရွားကို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရော၊ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကပါ ပြောဆိုကြပါတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပြီး ပျက်ပြယ်ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ရပ်စဲရေး နှစ်ဘက် အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပေမဲ့ အခုထိ ပြေလည်မှုမရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ထပ်မံ တွေ့ဆုံဖို့ ပြောဆို ထားခဲ့ပေမဲ့ တဖက်နဲ့တဖက် နေရာညှိနှိုင်းလို့ မရဖြစ်နေတာကြောင့် အခုထိ တွေ့ဆုံနိုင်ခြင်း မရှိဖြစ်နေ ချိန်မှာပဲ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာပါ။ 
 
ဗွီအိုအေ မြန်မာဌာန

ကချင်ဒုက္ခသည်များ။


KIA နဲ့ အစိုးရစစ်တပ် တိုက်ပွဲပြင်းထန်

Posted: 29 Aug 2012 09:50 PM PDT

သြဂုတ်လ ၃၀ ရက်နေ့  ၂၀၁၂ နံနက် မှာ မြင်တွေ့ ရတဲ့ အစိုးရနဲ့ KIA ဖားကန့် တိုက်ပွဲ မြင်ကွင်း (ဓါတ်ပုံ - Myanmar News Now)
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာမှာ မနေ့ညကတော့ တိုက်ပွဲအခြေ အနေ တော်တော်လေး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားကန့်မြို့နယ်တွင်း ရွာတွေမှာပါ ကျရောက်တဲ့အတွက် ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေးတာတွေ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ စစ်ရပ်စဲရေးကို အမြန်ဆုံး လုပ်ဆောင် ဖို့ ပြည်ပအခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့အစည်းတွေကနေ သမ္မတဦးသိန်းစိန် အစိုးရကို တောင်း ဆိုလိုက်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရတပ်တွေက KIA တပ်ဖွဲ့တွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ထိုးစစ်တွေ ဆင်နွှဲနေ တာမှာ အင်္ဂါနေ့ညက ဖားကန့်မြို့နယ်တွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲက အတော်လေး ပြင်းထန်တယ်လို့ ဒေသ ခံတွေက ပြောပြပါတယ်။ အစိုးရဘက်က လက်နက်ကြီးအပါအ၀င် လေကြောင်းအကူတွေပါ ရှိခဲ့ပြီး - အဲ့ဒီအနီးတ၀ိုက်မှာရှိတဲ့ ဒေသခံတွေ ညကတည်းက ထွက်ပြေးကုန်ကြတယ်လို့ ကချင်တိုင်းရင်း သူ ဒေါ်ဘောက်ဂျာ က ပြောပြပါတယ်။

"ဖားကန့်မှာကတော့ နေ့တိုင်းပဲ။ ဒီမနက်လည်း အစောကြီးကတည်းက တိုက်ပွဲတွေ ဖြစ်နေလို့ ဒီမနက် လုံး ည သန်းခေါင် ကနေ ရွာသားတွေက ထွက်ပြေးနေကြတာ။ တဒုံးဒုံး တဒိုင်းဒိုင်း ဖြစ်နေတယ်။ အခု ဖားကန့်ဘက်မှာကျတော့ တောက် လျှောက်လိုဖြစ်နေတာ။ ည ၁ နာရီ ၂ နာရီကနေ ဖြစ်နေတာ မနက် ၉ နာရီ ၁၀ နာရီလောက်အထိ မပြီးသေးဘူး။ လေယာဉ်တွေနဲ့ပါ စစ်တပ်ဘက်က လာကူပေး တယ်။ လာကူတယ်ဆိုတာက လက်နက်တွေ လာချပေးတယ်။ လက်နက်တွေ ကျည်ဆံတွေ လာချပေး တယ်။ ပြီးလို့ရှိရင် အပြန်ကျတော့လည်း ဒီဒဏ်ရာရတဲ့သူတွေကိုလည်း လေယာဉ်နဲ့ပဲ သယ်သွား တာပေါ့။ လိုင်ဇာဘက်မှာလည်း နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတယ်။"

ဒါ့အပြင် တိုက်ပွဲအတွင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ ရွာတွေဘက်ကို ကျရောက်တာတွေ ရှိနေပြီး - မီးခိုးလုံးတွေ တက်လာတာ ကိုလည်း တွေ့မြင်နေရတယ်လို့ ဖားကန့်ဒေသခံ ကချင် တိုင်းရင်းသူတဦးကလည်း ပြောပြပါတယ်။

"မနေ့ညကတော့ အကြီးအကျယ်ဖြစ်တယ်။ ဒါကြောင့် မနက်မလင်းခင် ၂ နာရီလောက်ကတည်း ကပေါ့နော် စစ်ပြေးဒုက္ခသည် တွေ ဖားကန့်မှော်ထဲဘက် ထွက်ပြေးကြတာ အကုန်ပဲ။ အခု ညနေ ပိုင်းမှာလည်း --နားက ကုမ္ပဏီရှိတဲ့ဘက်မှာ မီးခိုးလုံးတွေ ထ နေတာ အခုထိကို မငြိမ်းသေးဘူး။ အဲ့ဒီ မီးခိုးလုံးတွေကတော့ မြင်နေရတာပေါ့။ ကျမတို့ ကြိုးတံတားကနေ ကြည့်နေရတာကိုး။"

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကုန်မှာကတည်းက KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ စ ဖြစ်ခဲ့တာပါ။ တနှစ်ကျော်ကြာ လာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေအကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည် အရေအတွက်ဆိုရင်လည်း တစ်သိန်း နီးပါး ရှိသွားပြီဖြစ်သလို လက်နက်မဲ့ အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာလည်း ဆိုးဆိုးရွားရွားကို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရော၊ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကပါ ပြောဆိုကြပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်မက်ပဋိပက္ခတွေကို အမြန်ဆုံး ရပ်ဆိုင်းပြီး နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေး အဖြေရှာဖို့ကို ပြည်ပအခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ကနေ သြဂုတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး သမ္မတဦးသိန်းစိန် အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကချင်ကျောင်းသား လူငယ်သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆိုင်းက အခုလို ပြောပါတယ်။

"အဓိကအချက်ကတော့ အခု လက်ရှိ ထိုးစစ်ကို ချက်ခြင်း ရပ်တန့်စေချင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆို ဒီ ထိုးစစ်ကြောင့် ဒုက္ခသည်လည်း ပိုပို များလာတယ်လေ။ ဒီ ထိုးစစ်ကို ရပ်ပြီးမှ ဒုက္ခသည်တွေကို အမြန်ဆုံး ကူညီ စောင့်ရှောက်ပေးဖို့ဟာ ကို အဓိကထားပြီး ပြောစေချင်တယ်ပေါ့။ အဓိက-ကတော့ နိုင်ငံရေးအရ တန်းတူ ရည်တူ တွေ့ဆုံဆွေးနွေးမှပဲ တတိုင်းတပြည်လုံး ငြိမ်းချမ်းနိုင် မယ့် အနေအထားဖြစ်တာပေါ့။ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့နော်- တိုင်းရင်းသားတွေနဲ့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ရင် တိုင်းပြည်တခုလုံး အေးချမ်းသွားမယ်လို့ အဲလိုပဲ ယုံကြည်တယ်။"

ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေကို စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့နဲ့ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကို ထွက်ပြေးကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်အစိုးရ အနေနဲ့ မောင်းမထုတ်ဘဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ကိုလည်း ကချင်တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့က တောင်းဆိုခဲ့ပါတယ်။

KIO နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးပြီး ပျက်ပြယ်ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ရပ်စဲရေး နှစ်ဘက် အပြန်အလှန် အကြိမ်ကြိမ်ဆွေးနွေး ခဲ့ကြပေမဲ့ အခုထိ ပြေလည်မှုမရသေးပါဘူး။ ပြီးခဲ့တဲ့ ဂျူလိုင်လကုန်မှာ ထပ်မံ တွေ့ဆုံဖို့ ပြောဆို ထားခဲ့ပေမဲ့ တဖက်နဲ့တဖက် နေရာညှိနှိုင်းလို့ မရဖြစ်နေတာကြောင့် အခုထိ တွေ့ဆုံနိုင်ခြင်း မရှိဖြစ်နေ ချိန်မှာပဲ တိုက်ပွဲတွေ ပိုမိုပြင်းထန် လာနေတာလည်း ဖြစ်ပါတယ်ရှင်။

မနန္ဒာချမ်း (ဗွီအိုအေ မြန်မာဌာန)


မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အနုပညာ အရည်အချင်းအရ ရွေးချယ်မည်

Posted: 29 Aug 2012 07:24 PM PDT

မြန်မာနိုင်ငံမှာ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်ရာမှာ အနုပညာ အရည်အချင်း အပေါ် အခြေခံပြီး စတင် ဆုံးဖြတ်ရွေးချယ် သွားတော့မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အကြီးအကဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သတင်းစာ ရှင်းလင်းပွဲတွင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း အမှာစကား ပြောကြားနေစဉ်။


နေပြည်တော် ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး

Posted: 29 Aug 2012 07:31 PM PDT

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ထိုင်း-မြန်မာ နယ်စပ်က ပြန်သွားတဲ့ရှေ့နေ အမှုဟောင်းအတွက် ထောင်ဒဏ်ကျ

Posted: 29 Aug 2012 07:35 PM PDT

ပြည်ပရောက် မြန်မာတွေပြန်လာဖို့ သမ္မတက ဒီနှစ်ဆန်းမှာ ဖိတ်ခေါ်လိုက်တဲ့နောက် ထိုင်းမြန်မာ နယ်စပ်ကနေ ပြန်သွားတဲ့ ရှေ့နေ ကိုစောကျော်ကျော်မင်းကို သူအရင်က စွပ်စွဲခံထားရတဲ့ တရာရုံးတော်ကို မထေမဲ့မြင်ပြုမှုနဲ့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။---


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

Posted: 29 Aug 2012 07:58 AM PDT

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊   ၂၇  / ၂၀၁၂ )

၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း   ၁၂   ရက်

(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ   ၂၉   ရက်)

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ  အောက်ပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်-

(၁) ဦးသန့်ကျော်   -  နိုင်ငံခြားရေးဝန်ကြီးဌာန

(၂) ဦးဇင်ယော် - နိုင်ငံခြားရေးဝန်ကြီးဌာန

(၃) ဒေါက်တာမောင်မောင်သိမ်း - ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန


 (ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတရုံး ၀က်ဆိုဒ်



သုံးရက်အတွင်း ပြည်ထောင်စု အဆင့် ရာထူး (၃၀) အပြောင်းအလဲ ဖြစ်

Posted: 29 Aug 2012 07:53 PM PDT

နိုင်ငံတော် သမ္မတရုံး သြဂုတ် ၂၇ ၊၂၈ ၊၂၉၊ ရက်နေ့များတွင် ထုတ်ပြန် ကြေညာချက်များ အရ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အပါအဝင် ပြည်ထောင်စု အဆင့် ရာထူးနေရာ ၃၀ အပြောင်းအလဲ ဖြစ်ခဲ့သည်။


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြုပြင်လဲမှုများ ဆက်တိုက် ပြုလုပ်နေသည့် သမ္မတဦးသိန်းစိန်


7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၂၅

Posted: 29 Aug 2012 07:25 AM PDT

You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ