[mrsorcerer:30572] Fwd: [လူဗိုလ်ဟူသည် ...] မှားတတ်တဲ့အမှားများ

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/3
Subject: [လူဗိုလ်ဟူသည် ...] မှားတတ်တဲ့အမှားများ
To: lubo601@gmail.com

Posted by zar ni (My Way!) on September 1, 2012 at 10:10 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာSend Message View Discussions

အင်္ဂလိပ်စာဟာမိခင်ဘာသာစကားမဟုတ်တဲ့အတွက်ကြောင့် ဗမာလိုတွေး၊ မိခင်ဘာသာ လိုတွေးပြီး အင်္ဂလိပ်လိုပြောရာရေ
းရာမှာ သူတို့နားထဲ ကန့်လန့်ဝင်သွားတဲ့စကားတွေရှိပါတယ်။ သဒ္ဒါအမှားမဟုတ်သော်ငြားလည်း သူတို့ပြောလေ့ပြောထမရှိတာမျိုးတွေပါ။ ကျွန်တော်တို့ ခဏခဏနောက်ပြောင်ပြောနေတဲ့ အင်္ဂလိပ်ကြီးရဲ့ "ကျွန်ုပ်ကိုရေချမ်းချမ်းတစ်ခွက်ပေးပါ" လိုမျိုးတွေဖြစ်တတ်ပါတယ်။ အောက်မှာပေးထားတာလေးတွေက တရုတ်လူမျိုးတွေမှားတတ်တာတွေပါ။ ဗမာတွေလည်း သူတို့လိုမမှားအောင်ရှာဖွေတင်ပြပေးလိုက်ပါတယ်။

ခုနှစ်နာရီ နဲ့မိနစ်နှစ်ဆယ်ရှိပြီ။
Chinese Style It's seven twenty o'clock.
American Style It's seven twenty.

ကုတ်အင်္ကျီပြဲသွားတယ်။
Chinese Style Your coat is broken.
American Style Your coat is torn.

ဘာပဲဖြစ်ဖြစ် ဆူဇန်အမှားမလုပ်ခဲ့ဘူး။
Chinese Style Susan didn't make a fault anyway.
American Style Susan didn't make a mistake anyway.

ဒီစာလေးပို့ပေးလို့ရမလား။ သိပ်ရတာပေါ့။
Chinese Style Would you mind posting this letter for me ? Yes, certainly.
American Style Would you mind mailing this letter for me ? Of course not. OR ( Not at all )

သူပိုကောင်းလာတယ်။/ပိုတော်လာတယ်။
Chinese Style He becomes better.
American Style He got better.

မနက်ဖြန်နားထောင်မှုစွမ်းရည်စာမေးပွဲရှိတယ်။
Chinese Style We'll have a hearing test tomorrow.
American Style We'll have a listening test tomorow.

ခင်ဗျားအားလပ်ခွင့်ရက်ရှည်ယူဖို့ ကျွန်တော်အကြံပေးချင်တယ်။
Chinese Style I recommend you to take a long vacation.
American Style I recommend that you take a long vacation.

နောက်ဆုံးဘတ်စ်ကား ၁၁ နာရီမှာထွက်တယ်။ အခု ၁၁ နာရီထိုးတော့မယ်။ မြန်မြန်လုပ်။
Chinese Style The last bus leaves at eleven o'clock. It's about eleven now, Hurry up!
American Style The last bus leaves at eleven o'clock. It's nearly (almost ) eleven now, Hurry up!

အပြင်မှာ လင်းနေတုန်းပဲ။
Chinese Style It was still bright outside.
American Style It was still light.

ဒီကိုလာ။
Chinese Style Come to here.
American Style Come here.

ပုံမှန်အားဖြင့်တော့ အမေရိကန်ကျောင်းသားတွေ ယူနီဖောင်းမ၀တ်ကြဘူး။
Chinese Style Common students in US don't wear a uniform.
American Style The average students in US don't wear a uniform.

ဒီအသုပ်ဘယ်သူသုပ်တာလဲ။
Chinese Style Who cooked this salad ?
American Style Who made this salad ?

ကျွန်တော်နဲမတူတာက သူကအင်္ဂလိပ်စာကျွမ်းတယ်။
Chinese Style Different from me, she is proficient in English.
American Style Unlike me, she is proficient in English.

ဒါကိုကလေးလေးတွေနားလည်ဖို့ခက်တယ်။
Chinese Style Little children are difficult to understand that.
American Style It is difficult for children to understand that.

မြက်ခင်းပေါ်မနင်းရ။
Chinese Style Don't step on the grass.
American Style Keep off the grass.

တစ်လမှာနှစ်ကြိမ် လစာရတယ်။
Chinese Style I get my salary twice a month.
American Style I get paid twice a month..

တစ်ခုခုသောက်မလား။
Chinese Style Would you like a drink ?
American Style Would you like something to drink ?

သွေးခုန်နှုန်း တိုင်း/စမ်း ပါရစေ။
Chinese Style Let me examine your pulse.
American Style Let me feel your pulse.

ကျွန်တော်အားကစားမှာသိပ်အဖြစ်မရှိဘူး။
Chinese Style I have no exercise talent.
American Style I am not athletic.

ငါ့ကိုအများကြီးမမျှော်လင့်နဲ့။
Chinese Style Don't expect me too much.
American Style Don't expect too much from (of ) me.

ဦးထုပ်အိမ်ထဲမှာကျန်ခဲ့တယ်။
Chinese Style I forget my hat in the house.
American Style I left my hat in the house.

ပိုက်ဆံနည်းနည်းလောက်ချေးပါလင်းရာ။ ဆိုပါစို့ ဒေါ်လာ ၅၀၀ လောက်ပေါ့။
Chinese Style Lend me some money, for instance 500 dollars, Lin
American Style Lend me some money, say 500 dollars, Lin
ကျွန်တော်အားနေတယ်။
Chinese Style I have a free time.
American Style I am free.

နေက အရှေ့ဖက်ကထွက်တယ်။
Chinese Style The sun rises from the East.
American Style The sun rises in the East.

သူခိုးကပြတင်းပေါက်က၀င်လာတယ်။
Chinese Style The thief got in from the window.
American Style The thief got in through the window.

ကဲကျွန်တော်တို့ ပြောနေကြတာတွေနဲ့တိုက်ဆိုင်တာဘယ်လောက်များရှိကြလဲ။
ဆက်ရေးပါဦးမယ်။
ဇာနည်(MyWay!)
01-09-12

Read more: မှားတတ်တဲ့အမှားများ - Myanmar Networkhttp://www.myanmar-network.net/forum/topics/3423487:Topic:697783#ixzz25PSccnG3

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/03/2012 07:39:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30571] Fwd: [လူဗိုလ်ဟူသည် ...] ကျွန်မ နှလုံးသားနန်းတော်ကို သိမ်းပိုက်စိုးမိုးသွားသူ

---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/3
Subject: [လူဗိုလ်ဟူသည် ...] ကျွန်မ နှလုံးသားနန်းတော်ကို သိမ်းပိုက်စိုးမိုးသွားသူ
To: lubo601@gmail.com

တစ်ညလုံး ဂျူတီဝင်ထားရတာမို့ ကြိမ်းစက်နေတဲ့ မျက်လုံးတွေက အိပ်ချင်စိတ်တွေဆီကိုသာ တွန်းပို့ နေခဲ့ပါသည် ။ ဂျူတီထွက်ဖို့မိနစ်ပိုင်းသာ လိုတာမို့ ပြန်ဖို့ ပြင်ဆင်နေချိန်မှာ
* ပန်းလေး ရေ ဆရာဦးမိုးမြင့်က သူရုံးခန်းကို ခဏ လာခဲ့ပါအုံးတဲ့ကွယ် * ဆိုတဲ့ အပြာဝတ်သူနာပြု ဆရာမကြီး အန်တီအေး အသံထွက်ပေါ်လာပါသည်။ အာ ..သွားပါပြီ ။ အဆောင်မပြန်ရသေးဘူးပေါ့ ။
စိတ်ရှုတ်ထွေး နောက်ကျိသွားသောမျက်နှာလေးဖြင့် အန်တီအေးကို အသာယာ ခေါင်းညိတ်ပြလိုက် မိပါသည်။ ပန်းလေး အိပ်ချင်နေတာကိုသိနေတဲ့ အန်တီအေးက ချော့ပြုံးလေး ပြုံးပြပြီး ထွက်သွား ပါတော့သည်။ အော် ..ဘ၀တွေရယ် အိပ်ချင်တာလည်း မအိပ်ရ ။ ကိုကိုယ့်နဲ့ သူများစိတ် ဆိုတာ ငါလို ဘ၀မျိုးတွေ ထင်ပါတယ်လေ။
*ဟူးးးးးးးးးးး* ဆိုတဲ့ လေပူတစ်ချက်ကို မှုထုတ်ကာ ဆရာ အခန်းဆီသို့ ဦးတည်လျှောက်လှမ်း လာခဲ့ပါတော့သည် ။ ဆရာ အခန်းရှေ့ရောက်တော့ ဆရာအခန်းတံခါးကို အသာယာ တွန်းဖွင့် ၀င်လာခဲ့ပါသည်။
*အယ် ...ဆရာအခန်းထဲ ဧည့်သည်ရှိနေတာဘဲ ...တောင်းပန်ပါတယ် ဆရာ ။ ပန်းလေးက ဆရာခေါ်နေတယ်ဆိုတာနဲ့ တံခါးမခေါက်တော့ဘဲ တန်းဝင်လာလိုက်တာပါ *
*ရတယ် ပန်းလေး ဆရာက သမီးကို စောင့်နေတာကွယ့် ။ ဒီဧည့်သည်ကလည်း သမီးကို စောင့်နေတဲ့သူဘဲလေ*
*ရှင့် .....သမီးကို စောင့်နေတာ ဟုတ်လား ဆရာ *
* ဟုတ်တယ် သမီးရေ သမီးကို စပယ်ရှယ်နာ့(စ်) ငှားချင်လို့လေ ။ ဒီက မောင်ကြယ်စင် မိခင်က လေဖြန်းပြီး အိပ်ယာထဲ လဲနေတယ်လေ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကဘဲ ဆေးရုံကဆင်းသွားတာပါ။ ခု မောင်ကြယ်စင်မင်းက အရေးတကြီး နိုင်ငံခြား ခရီးစဉ်တစ်ခု ပေါ်လာတာနဲ့ စိတ်ချရတဲ့ ဆရာမကို ငှားချင်တယ်ဆိုလို့ ဆရာက သမီးကို မျက်လုံးထဲ ပြေးမြင်လိုက်လို့ပါ ။ သမီး လူနာကည်း မနက်ဖြန်ဆိုဆင်းရတော့မှာဆိုတော့ လေ။ သမီးဆို နေ့ကော ညပါ နေပေးလို့ရမယ်လို့ ထင်လိုက်လို့ပါကွယ်။ နောက်ဆရာက သမီးကို လုပ်ပေးဖို့အကူညီတောင်းတယ်ဆိုရင်လည်း မမှားပါဘူးကွယ် *
* အယ်...ဆရာကလည်း မဟုတ်တာ ပန်းလေးကို ဒီလောက်ပြောဖို့ မလိုပါဘူး ။ ပန်းလေးက ဆရာတပည့်ပါ ။ ဆရာမိတ်ဆွေဘဲ ပန်းလေး ကူညီပေးမှာပေါ့ ။ နောက်တစ်ခု ပန်းလေးကတောင် ကျေးဇူးတင်ရမှာပါဆရာ ။ ပန်းလေးက အလုပ်ရတာလေ
 **ကဲ..ဒါဆိုရင်တော့ အဆင်ပြေပြီ မောင်ကြယ်စင်မင်းရေ *
*ကျွန်တော်မေမေကို  စောင့်ရှောက်ပေးမယ်ဆိုလို့ အရမ်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ ကျွန်တော်က တစ်လလောက်ကြာမယ်ထင်တယ်။ ကျွန်တော်ကိုယ်စား မေမေကို သေချာလေးတော့ ဂရုစိုက်ပေးပါဆရာမရယ် ။ မနက်ဖြန်ဆို ကျွန်တော်က သွားပြီလေ။မနက်ဖြန်ဆရာမ လာတဲ့အခါ ကျွန်တော်နဲ့ ဆုံချင်မှ ဆုံပါလိမ့်မယ် ။ အိမ်မှာက မေမေရယ် ကျွန်တော်ရယ် အိမ်ဖော် မတုတ်ရယ်ကားဒရိုင်ဘာ ကိုသန်းစိုး ရယ်ဘဲရှိကြပါတယ် ။ အိမ်မှာ ကျန်တဲ့သူတွေကို ကျွန်တော် သေချာမှာခဲ့ပါ့မယ်။ ဆရာမ အလုပ်ကျသင့်ငွေကိုတော့ ခုတစ်ခါတည်း ရှင်းပေးခဲ့ပါ့မယ်နော် *
*ဟုတ်ကဲ့ ကျွန်မ သေချာ ဂရုစိုက်ပါ့မယ်ရှင်။ ခုလို အလုပ်အပ်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် *တစ်ချိန်လုံးညိမ်နေတဲ့ သူက ခုမှ အသံထွက်လာပါတော့သည်။ သူအသံကြားမှ ကြယ်စင်မင်းဆိုတာကို သေချာ ကြည့်လိုက်မိပါတော့သည် ။ အိုး.......တော်တော်ကို စမတ်ကျတဲ့ သူပါလား ။ ယောကျာင်္းပီပီတတနဲ့ အရမ်းကို ကြည့်ကောင်းလွန်းစွာ လူကြီးလူကောင်းဆန်လွန်းပါသည်။ စကားပြောတာက အစ တည်တည်ကြည်ကြည်နဲ့ သူအသံထဲမှာ ဆွဲဆောင်မှုအမိန့်သံတစ်ခု ပါဝင်စီးမျောနေပါတယ်။ပန်းလေးထက်တော့ ကြီးမယ့်ပုံပေါက်ပါသည်။ အိုး...ငါဘာတွေ လျှောက်တွေးနေမိပါလဲ ။ သူတာ ကာမပိုင် မိန်းမရှိသူတစ်ယောက်တာဆို ငါငရဲကြီးရော့မယ် ။ အိပ်ချင်နေတဲ့ စိတ်တွေ ဘယ်ကိုရောက်ကုန်ပါလဲ ။ ဟီးးးးးးးးးး တစ်ယောက်ထဲ စိတ်ထဲက ကြိတ်ပြုံးရင်းဆရာကြီးကိုကော သူကိုပါ နှုတ်ဆက်ကာ အဆောင်သို့ ပြန်လာခဲ့ပါသည်။

အဆောင်ရောက်တော့ ခုန အိပ်ချင်နေတဲ့ စိတ်တွေက ပြန်လည်နှိုးထလာကြပါသည်။ မျက်လုံးတွေရဲ့ အလိုအရ အိပ်ယာပေါ်အသာယာလဲလျောင်းလိုက်စဉ်မှာဘဲ မျက်လုံးတွေက ဆန္ဒပြည့်ဝသွားကြဟန်တူပါတယ် ချက်ချင်းအိပ်ပျော်သွားပါတော့သည်။ ညနေလောက်မှာတော့ ဆန္ဒပြည့်ဝသွားတဲ့ မျက်လုံးအစုံက အိပ်ရေးဝစွာ နိုးထလာကြပါသည်။ မျက်လုံးအစုံ ဖွင့်လိုက်တယ်ဆိုရင်ဘဲ ပထမဆုံး ပေါ်လာတဲ့ ပုံရိပ်တစ်ခုက ကြယ်စင်မင်းဆိုတဲ့ လူရဲ့ပုံဖြစ်နေပါတော့သည်။ အိုးးးးးးးးးးး ရှက်လိုက်တာ ။ ဘယ်သူမှ မသိပေမယ့် ပန်းလေးရဲ့ကိုယ်စောင့်နတ်ကတော့ သိနေမှာဘဲလေ ။ ဘာဖြစ်ရတာလည်းကွာ ။ တစ်ကြိမ်လေးဆုံလိုက်ရတဲ့ ယောကျာင်္းတစ်ယောက်ကို ပန်းလေးလို သိက္ခာတရားကို ကိုးကွယ်တန်ဖိုးထားသူတစ်ယောက်က ဘာဖြစ်လို့ တစ်ခါမြင်လိုက်ရတာလေးနဲ့တင် ခုလို  ဖြစ်နေရတာလဲ။လုံးဝကို မဖြစ်သင့်ဘူး။ အယ် ...ခုလိုလေး တွေးမိနေချိန်မှာတောင် ပန်းလေး ရင်တွေ အဆင်မတန်ခုန်နေပါလား ။ ဟာ..ဒီခံစားချက်ကြီးက အချစ်ဆိုတာကြီးလား....ဟင်အင် ပန်းလေး မချစ်ချင်ဘူး မချစ်ပါရစေနဲ့ ဒီခံစားချက် ဒီဖီလင်ကြီးကို ပန်းလေး ခံစားပါရစေနဲ့ရှင် ။ပန်းလေး တို့ဘ၀တွေက စိတ်ကူးယဉ်ခံစားဖို့ အခွင့်ရေးမပေးပါဘူး ။ သူနဲ့ မဆုံခင်အချိန်ထိ မခံစားမိအောင် ထိန်းနေခဲ့တာမဟုတ်ခဲ့ပေမယ့်ဘယ်သူကိုမှလည်း ရင်မခုန်ခဲ့ပါဘူး ။ ခုန် မယ့်ခုန်တော့လည်း  မဆီမဆိုင် အသိုင်းဝိုင်းက သူတစ်ယောက်ကိုမှတက်ခုန်ရတယ်ရှင်။ တော်တော် အလိုက်ကန်းဆိုးမသိတဲ့  ရင်ခုန်သံဘဲနော် ။

မနက်မိုးသောက်အာရုံရောက်တာနဲ့ အ၀တ်အိတ်လေးကို ဆွဲကာ ရင်ခုန်သံပိုင်ရှင်လေးရဲ့ အငွေ့အသက်တွေ ရှင်သန်နေရာ သူအိမ်လေးကို ပန်းလေး ရောက်လာခဲ့ပါသည်။ သူမရှိနေဘူးဆိုတာ ကြိုတင်သိနေပေမယ့် သူအိမ်ဆိုတဲ့ အသိတစ်ခုက ကျွန်မရင်ကို နွေးထွေး လှိုက်မောစေပါသည် ။ ကျွန်မရင်ထဲက သူကို နာမည်လေး တစ်ခုကို တိတ်တခိုးလေး ကင်းပွန်းတပ်ပေးထားမိပါသည်။ * ကိုကို * တဲ့လေ ။ကိုကို မေမေက ဖော်ရွေသဘောကောင်းသူတစ်ဥိးပါ ။ နေမကောင်းနေပေမယ့် အပြုံးချိုချိုတွေက အန်တီမေ မျက်နှာပေါ်မှာ ပျောက်ကွယ်မသွားပါဘူး ။ ကိုကို မေမေနာမည်က အန်တီမေဇင်လေ။ ပန်းလေးကတော့ အားလုံးခေါ်သလို အန်တီမေလို့ဘဲခေါ်ပါသည်။ ကိုကို ကအန်တီမေနဲ့ တော်တော်ကို တူပါသည်။ ကိုကိုကအန်တီမေကို သိပ်စိုးရိမ်သလို အန်တီမေကလည်း ကိုကို ကို အရမ်းကို ချစ်ပါသည်။ ကိုကိုအကြောင်းတွေ ပြောပြနေရမယ်ဆိုရင် ထမင်းမေ့  ဟင်းမေ့ဆိုသလိုမျိုးပါပဲ ။ နေ့ရော ညပါ အန်တီမေနဲ့ တူတူနေရတာမို့ အချိန်ကာလတစ်ခုမှာဘဲ ပန်းလေး နဲ့ အန်တီမေ တော်တော်လေးကို ရင်နှီး သံယောဇဉ်ရှိနေကြပါပြီ ။ ကိုကို ရေ ကြာလာလေ ကိုကို ဆိုတဲ့ လူတစ်ယောက်ကို ကျွန်မ မြတ်နိုးစွဲလန်းလာလေဖြစ်နေပြီ။ တစ်ကြိမ်တစ်ခါတည်းနဲ့ ကိုကိုက ကျွန်နှလုံးသားနန်းတော်ကို သိမ်းပိုက်စိုးမိုးသွားခဲ့ပါအပြီ ကိုကို ။ အချစ်ဆိုတဲ့ ခံစားချက်ကို ခံစားမိပြီဆိုတာနဲ့ လူတိုင်းက ကိုယ်ပိုင် အဓိပ္ပါယ် လေးတွေ သတ်မှတ်ဖွင့်ဆိုတတ်ကြပါသည်။ကိုကို့ ကို ချစ်မိသွားတဲ့  ပန်းလေး ရဲ့  အချစ် အဓိပ္ပါယ် ဖွင့်ဆိုချက်လေးကတော့ အချစ်ဆိုသည်မှာ

                                        တွေ့ဆုံမှု အကြိမ်အရေတွက်တွေ မလိုအပ်ပါ ။
အချိန်ကာလတွေ မလိုအပ်ပါ ။
သတ်မှတ်ချက် စံထားချက်တွေ မပါဝင်ပါ။
အချစ်ဆိုသည်မှာ မထင်မှတ်တဲ့ အချိန်ကာလတစ်ခုမှ မထင်မှတ်လောက်အောင် သိပ်ချစ်သွားတတ်ပါသည်

ဧည့်ခန်းမှာ ချိတ်ထားတဲ့ ကိုကို ပုံကြီးကို စိုက်ကြည့်ရင်း ပါးပြင်ပေါ် မျက်ရည်တွေ တသွင်သွင် စီးကျလာပါသည်။ ကိုကိုရေအချိန်တန် အိမ်ပြန်ဆိုတဲ့ စကားလေးလို ပန်းလေး အိမ်ပြန်ရတော့မယ်နော်။ ပန်းလေး ကိုကို မျက်နှာလေးကိုတော့နောက်တစ်ကြိမ်လောက် တွေ့သွားပါရစေရှင် ။ ဘယ်တော့မှ ဘယ်ချိန်မှ ပြန်ဆုံစရာ အကြောင်းမရှိတော့တဲ့ ပန်းလေး ကိုကိုကိုနောက်ဆုံးအနေနဲ့ ဖြစ်ဖြစ် ပန်းလေး တွေ့ခွင့်ရပါစေ နော် ။ ကလေး တစ်ယောက်လို ဓာတ်ပုံကြည့်ကာတစ်တွတ်တွတ်တောင်းဆိုနေမိပါသည် ။ ပန်းလေး ရူးများနေပြီလား ။ မဖြစ်နိုင်တာတွေကို တမ်းတလွန်းနေပြီလား ။ မဟုတ်ရပါဘူး ။ပန်းလေး နှလုံးသားလေးက သူဘာသူ လွတ်လပ်စွာ ချစ်မိသွားတာပါ ကိုကို ။

ဒီလိုနဲ့ ကိုကို ပြန်ရောက်တဲကနေ့ ပန်းလေးက အိမ်ပြန်ရတဲ့ နေ့လေးဖြစ်ခဲ့ပါသည်။ ကံကြမ္မာက သနားလိုတဲ့ ပန်းလေး အိမ်အပြန်ခရီးကိုကိုကို ကိုယ်တိုင် လိုက်ပို့ပေးစေခဲ့ပါသည် ။ ပန်းလေး ပြန်တော့ အန်တီမေက မျက်ရည် အ၀ဲသားနဲ့ ကျန်ခဲ့ရှာပါသည်။ ဆေးရုံကဆင်းထဲက အခြေနေတော်တော် ကောင်းနေပြီ ဖြစ်တဲ့ အန်တီမေက ပန်းလေးရဲ့ စေတနာပါပါ ပြုစုဂရု စိုက်မှုတွေ အောက်မှာ လူကောင်းပကတိပြန်ဖြစ်လာခဲ့ပါသည်။ အိမ်ကို မကြာကြာလာလည်ဖို့ တတွတ်တွတ် မှာရင်း လက်ပြနှုတ်ဆက်ကျန်ခဲ့သူမှာ မျက်ရည်စတွေနဲ့ဖြစ်သလို ကားပေါ်ပါလာတဲ့ ပန်းလေးပါးပြင်မှာလည်း မျက်ရည်တွေနဲ့ပါ ။ အန်တီမေက ပန်းလေးကို ခွဲ့ရလို့ ခံစားရလို့ကျတဲ့ မျက်ရည်စတွေဖြစ်သလို ပန်းလေးကတော့ အန်တီမေကို ခွဲရခြင်းကော ချစ်ရသူ ကိုကို ကို ခွဲခွာရခြင်းကော ပေါင်းစုံ ကျဆင်းလာသော မျက်ရည်တွေက ပါးပြင်ပေါ်မှာ နေရာ အပြည့်ပါပဲ ။ ပန်းလေး ကိုကြည့်ပြီး ကိုကို လည်း စိတ်မကောင်းနေပုံရပါသည်။ တစ်လမ်းလုံးနှုတ်ဆိတ်နေလာပေးပါသည်။ အဆောင်ရောက်တော့မှဘဲ ကိုကို ဆီက စကားသံထွက်လာပါသည်။
* ကျေးဇူး အရမ်းတင်ပါတယ် ဆရာမ ...မေမေကို ခုလို ဂရုစိုက်ပေးတဲ့အတွက် ။ မေမေနဲ့ ဆရာမကို ကြည့်တာနဲ့ မေမေ အပေါ် ဆရာမဘယ်လောက်ထိ ဂရုစိုက်ခဲ့တယ်ဆိုတာ သိစေ မြင်စေပါတယ် ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားနဲ့ တောင် မလုံလောက်နိုင်ပါဘူး ။ဆရာ အချိန်ရတဲ့အခါတွေမှာ မေမေ ဆီကို လာလည်ပေးပါနော် ။ မေမေက သံယောဇဉ်အရမ်းကြီးတတ်တယ် ။ အိမ်မှာ တစ်ယောက်ထဲနေနေရတောာ့ အဖော်မျှော်နေတာလေ *
* ဟုတ်ကဲ့ပါ အန်တီမေကို ပန်းလေး အရမ်းချစ်ပါတယ် . ပန်းလေး အားတဲ့ အချိန်တွေ လာလည်ပါ့မယ် ။ ပန်းလေးကို ခွင့်ပြုပါအုံးရှင် *ဆိုတဲ့နှုတ်ဆက်စကားသံလေးနဲ့ အတူ အ၀တ်လေးဆွဲကာ ကိုကို့ ကို ကျောခိုင်းကာ အဆောင်ထဲသို့ ၀င်လာခဲ့ပါတော့သည် ။ ကိုကိုရေ ကျော်ခိုင်းထားပေမယ့် ပန်းလေး နှလုံးသားတွေကို ကိုကို ကို လှည့်ကြည့်နေကြပါတယ်ရှင် ။ အချစ်ဆိုတဲ့ ခံစားချက်နဲ့ ပူးတွဲ ပါလာတတ်တဲ့ အလွမ်းဆိုတဲ့ ဝေဒနာကလည်း တော်တော် ခံရဆိုးစေတာဘဲနော် ။

ကိုကို လွမ်းရင်း အလုပ်တွေကို မနားမနေ ကြိုးစားလုပ်နေခဲ့ပါသည်။ ဖြစ်နိုင်ရင် အားလုံးကို မေ့ထားချင်သည် ။ ဘယ်လောက်ဘဲမနားမနေ အလုပ်တွေ လုပ်နေပါစေ ကိုကို လွမ်းတဲ့ ခံစားချက်လေးကတော့ တိုးဝင်လာနေတတ်ပါသည် ။ အန်တီမေကိုသတိရနေပေမယ့်ဝေဒနာတွေ မတိုးပွားအောင် ကြိတ်မှိတ်နေခဲ့ပါသည် ။ ညစဉ်တိုင်း ငိုနေမိတာ ပန်းလေး ခေါင်းအုံးလေးကသက်သေပါပဲ ကိုကို ။ ပြန်တွေ့ချင်တယ် ကိုကို ရယ် ။ လောကဓံ ဆိုတာကို ရင်ဆိုင်နိုင်ခဲ့သူ ပန်းလေးက အချစ်ဆိုတဲ့ အရာနဲ့ကြမှ ဒူးထောက်အရှုံးပေးနေရပြီ ကိုကို ။ အလုပ်က နွမ်းနယ်စွာ ကိုကို့ ကို လွမ်းတဲ့ စိတ်တွေကို ရင်ဝယ်ပိုက်ရင်း လေးလံသော ခြေလှမ်းတွေနဲ့ ဆေးရုံကနေ အဆောင်သို့ ပြန်ရောက်လာခဲ့ပါသည်။ စိတ်နဲ့ လူ ဘယ်လောက် မကပ်လိုက်သလဲဆို ဧည့်ခန်းကဖြတ်ချိန်မှာတောင် ဘယ်သူကိုမှ မမြင်မိ မကြည့်မိပါဘူး ။ ပန်းလေး နာမည်ကို ခေါ်သံကြားလိုက်မှ လှမ်းနေတဲ့ ခြေလှမ်းတွေရပ်တံ့သွားပါတော့သည်။ ခုမှ ကြည့်မိပါတော့သည် ။ ဧည့်ခန်းမှာ ထိုင်နေကြသောသူများ .... အိုး  ဟုတ်ရဲ့လား ..မဖြစ်နိုင်တာကိုယ်လက်ဖျားကို မသိမသာ ဆိတ်ဆွဲကြည့်လိုက်မိတဲ့ အထိ အံ့သြမှင်သက်နေမိပါသည်။ ကိုကို ၊ အန်တီမေ ၊ ဆရာ လူစုံပါပဲ။
* ဆရာတို့ အန်တီမေတို့ ပါလား ။ အန်တီမေကို ပန်းလေး သတိရနေတာ *ပြောလည်းပြော အန်တီမေ ဘေးနားကို ချက်ချင်းရောက်သွားမိပါသည်။
* တွေ့မှ ချွဲမနေပါနဲ့ ။ အန်တီမေမှာတော့ ဘယ်နေ့များ လာလည်မလဲလို့ မျှော်လိုက်ရတာ ညဉ်းလေးကတော့ နေနိုင်တယ်နော် *
* မဟုတ်ပါဘူး အန်တီမေရယ် ။ ပန်းလေး လူနာတွေ ဆက်တိုက်စောင့်နေရလို့ပါ ။ အန်တီမေကို အရမ်းကို သတိရနေတာပါ *
*ဟုတ်ပါပြီ။ နောက်မှ အလွမ်းသယ်ကြပါနော်....ခုလာရင်းကိစ္စလေးကို ပန်းလေးကို ပြောပြလိုက်အုံးမယ်ဗျို့ *ဆရာကြီးပြောမှ လာရင်းကိစ္စဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ရှိသွားပါတော့သည်။
* ဆရာတို့လာရင်းကိစ္စကတော့ ပန်းလေးကို ခွင့်တောင်းစရာ ရှိလို့ပါ ။ အမှန်ဆို ဒီခွင့်ပြုချက်မျိုးက ပန်းလေး မိဘအုပ်ထိန်းသူတွေဆီမှာ ပြောရမယ့်စကားတွေပါ ။ ပန်းလေးက မိဘတွေလည်းမရှိတော့ဘူးဆိုတော့ ပန်းလေး မိဘအနေနဲ့ အန်တီမေက ဆရာဆီမှာပန်းလေးကို တောင်းရမ်းပါတယ်ကွယ် ။ အန်တီမေက သူသားကို ပန်းလေးနဲ့ နေရာ ချထားပါရစေတဲ့ *
*ရှင် *ပန်းလေး ကိုယ်နားကိုယ်ပင် မယုံနိုင်လောက်အောင်ပါပဲ ။ ဒါကြီးက တဂယ်ကြီးလား ။ သူကို လှမ်းကြည့်တော့ ပန်းလေးကို ပြုံးပြီးစိုက်ကြည့်နေပါသည်။
 အိုးးးးးးးးးးး ပန်းလေး ရှက်လိုက်တာ ။ လုံးဝကို မထင်မှတ်ခဲ့ မမျှော်လင့်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ ။ ရင်တွေ ခုန်နေတာ သေတောင်သွားမလားထင်ရပါတယ် ကိုကို ရယ် ။ ဘာပြန်ပြောရမှန်းမသိအောင် အရမ်းကို မှင်သက်သွားစေပါသည်။ ဆရာကဆက်ပြောလာပါသည် ။
* ပန်းလေး ရုတ်ရက်ဆိုတော့ တော်တော်လေး အံ့သြနေတယ် ထင်တယ် ။ ပန်းလေး အချိန်ယူစဉ်းစားပါနော် ။ ပန်းလေး အဖြေရပြီဆို ဆရာဆီကို အကြောင်းပြန်ပါနော် *
* ဟုတ်ကဲ့ ပါ ဆရာ ပန်းလေး စဉ်းစားပါရစေအုံးနော် *အန်တီမေက ပန်းလေး ပုခုံးလေးကို ညင်သာစွာ ဖက်ထားပါသည်။ ပန်းလေးကို စိုက်ကြည်ကနေတဲ့ သူမျက်လုံးတွေက စကားတွေအများကြီးပြောနေသလိုပါပဲ ။ အန်တီမေတို့ ပြန်သွားတဲ့အထိ ပန်းလေး ရှော့မိနေသလို မှင်သက်နေမိဆဲပါ ။ ဒါကြီးက တကယ်လား။အရေးကြီးဆုံးက ကိုကို ကကော ပန်းလေးကို ချစ်လို့လား ။ အန်တီမေ သဘောတူလို့ အန်တီမေ စိတ်ချမ်းသာအောင် လိုက်လျောတာလား။ ဒါမျိုးဆိုရင်တော့ ပန်းလေး ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး ကိုကို ။ ပန်းလေး အတွေးတွေနဲ့ ချာချာလည်နေစဉ် ပန်းလေးထိုင်နေတဲ့ ခုံရဲ့မျက်နှာချင်းဆိုင်ခုံပေါ်ကနေ အသံလေး ထွက်လာပါသည် ။ ဖုန်းသံလေးပါ ။ ဖုန်းလာတာ မထူးဆန်းပေမယ့် ဖုန်းသံလေးက အင်မတန်ကို ထူးဆန်းနေပါသည် ။
* ပန်းလေး ကို အရမ်းချစ်တယ် .... ပန်းလေးကို အရမ်းချစ်တယ် *ဆိုတဲ့ ကိုကို အသံက ဆက်တိုက်ကို မြည်နေပါတယ် ။ ဖုန်းလေးကို ကိုင်လိုက်ချိန်မှာတော့
* ပန်းလေးကို ကိုကို အရမ်းချစ်တယ်ဆိုတာ မပြောခဲ့ရလို့ ဖုန်းဆက်လိုက်တာ ပါ ပန်းလေး *
* အို *
*တကယ်ပြောတာပါ ပန်းလေး ..ကိုကို ကို လက်ထပ်ဖို့ စဉ်းစားတဲ့ အခါ ပန်းလေးကို ကိုကို သိပ်ချစ်တယ်ဆိုတဲ့ အချက်လေးကျန်နေမှာ ဆိုးလို့ ပါ ပန်းလေး *
* ဟုတ်ကဲ့ ပန်းလေး ထည့်စဉ်းစားလိုက်ပါ *ဖုန်းလေးကိုလည်း ပိတ်လိုက်ပါတော့သည်။ ကိုကို ရယ် ပန်းလေး ပျော်လို့ သေတော့မယ်ရှင့် ။ ကံကြမ္မာက သိပ်ချစ်ဖို့ကောင်းလိုက်ပုံများကိုကို ကို့ ပိုင်ဆိုင်ခွင့်ရတဲ့ အပြင် ကိုကို အချစ်တွေကိုပါ ထပ်လောင်းဖြည့်စွတ်ပေးလိုက်ပါသေးသည်။ ကျေးဇူးတင်ပါတယ် ရှင်။လှတယ်ဆိုတာထက် သိပ်ကို ရှင်းသန့်ပြီးချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို ဆေးရုံပေါ်မှာ စတွေ့မိလိုက်စဉ်ထဲကဒီကောင်မလေးက ငါလက်ထပ်မယ့် မိန်းကလေးလို့ သေချာစွာ ဆုံးဖြတ်ထားခဲ့မိပါသည်။ မေမေကိုလည်း ပြောပြခဲ့ပါသည်။ မေမေ ဆေးရုံတက်တဲ့ 2ပတ်အတွင်း ကောင်းမလေးကို ပိုင်ဆိုင်လိုစိတ်တွေက ပိုလို့ ပြင်းထန်လာခဲ့မိပါသည်။ နောက်ဆုံး မေမေဆေးရုံကဆင်းတာနဲ့ မေမေနဲ့ သဘောတူညီချက်ယူတာ ကောင်မလေးကို မေမေနားကို ခေါ်ကာ မေမေကို လေ့လာစေခဲ့ပါသည်။ဦးလေး ဆရာဝန်ကြီးရဲ့ တပည့်မလေးဖြစ်နေတာမို့ အစစအဆင်ပြေစေခဲ့ပါသည်။ အနီးကပ်လေ့လာကြည့်လိုက်ပြီး  မေမေဆီက အမှတ်ပြည့်အောင်ကြောင်း ထောက်ခံချက်ရလိုက်ချိန်မှာတော့ သူမလေးက ကျွန်တော် သတို့သမီးလေးဆိုတာ သေချာသွားစေခဲ့ပါသည် ။ သူမလေးမှာ ချစ်သူမရှိသေးဘူးဆိုတဲ့အချက်ကလည်း ကျွန်တော်အတွက် ပိုလို့အားတက်စေခဲ့ပါသည်။ ကောင်မလေးကိုကျွန်တော်သေချာ ပိုင်ဆိုင်ရမယ်ဆိုတာကို သိခဲ့ရတဲ့နေ့လေးကတော့ သူမလေးကို လွမ်းလို့ အိမ်ကို တိတ်တဆိတ်ပြန်လာတုန်းကျွန်တော် ပုံကိုကြည့်ပြီး စကားတွေ ပြေနေခဲ့တဲ့ ကောင်မလေး နှုတ်ဖျားကထွက်ကျလာတဲ့  အချစ်ဖြောင့်ချက်တွေကြောင့်သူဟာ ကျွန်တော် သတို့သမီးလေးဆိုတာ အတိကျသေချာသွားစေခဲ့ပါသည်။  သူမလေးကို ကျွန်တော် ဘယ်လောက်ထိချစ် မြတ်နိုးခဲ့တယ် ၊ တန်ဖိုးထားခဲပတယ်ဆိုတာလေးတွေကို တစ်နေ့မှာတော့ ကောင်မလေးသိအောင် ပြောပြရအုံးမယ် ။* ကိုကို * ဆိုတဲ့ ခေါ်သံလေးတစ်ခုကို အရူးမူး တမ်းတ်နေခဲ့တယ်ဆိုတာကိုလည်း ထည့်ပြောပြရမယ် ။ ဘယ်အချိန်မှာလည်းဆိုတော့  ပထမ သက်ဦးလေး မွေးတဲ့ နေ့လေးမှာပေါ့ ။

တွေ့ဆုံမှု အကြိမ်အရေတွက်တွေ မလိုအပ်ပါ ။
အချိန်ကာလတွေ မလိုအပ်ပါ ။
သတ်မှတ်ချက် စံထားချက်တွေ မပါဝင်ပါ။
အချစ်ဆိုသည်မှာ မထင်မှတ်တဲ့ အချိန်ကာလတစ်ခုမှာ မထင်မှတ်လောက်အောင် သိပ်ချစ်သွားတတ်ပါသည်

ခိုင်လေး (ရွှေတောင် )

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/03/2012 07:22:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[New post] ဗိုလ်ချုပ်ကြီးတို့က ၀ါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်ကို အမည်ပျက်စာရင်း သွင်းခဲ့ – Moe Moe Myint Aung in Black List

Yan Lo Kywe posted: " ဗိုလ်ချုပ်ကြီးတို့က ၀ါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်ကို အမည်ပျက်စာရင်း သွင်းခဲ့ မိုးမ"

[New post] မီုးသီးဇွန်တို့အဖွဲ့နှင့် မြန်မာပြည် ခရီး(၁) (May Thagyan Hein)

admin posted: " by May Thingyan Hein on Monday, 3 September 2012 at 08:10 · မေသင်္ကြန်ဟိန်(မြစ်မခ)  စက်တင်ဘာ ၃၊ ရန်ကုန်မြို့။ သူ့ဖေ့စ်ဘွတ်က ယူပါတ�"

[mrsorcerer:30570] မင်းသား သူငယ်ချင်းတော့ မလုပ်ချင်ဘူး။ မင်းသားပဲလုပ်မယ်ကွာ

မှော်ဂရုထဲမှာလဲတနေ့တခြား ပြဿနာပေါင်းသောင်းခြောက်ထောင်ရောက်ရောက်လာနေဘီ။ကိုမှော်လဲ လွန်ခဲ့တဲ့တပတ်လောက်ကကျုပ်ဆီလာလည်ပြီးထဲက အွန်လိုင်းမလာတာ ၃ ၄ ရက်လောက်ရှိပီ။ ကိုဂျက်လဲဒီဂရုကိုလှည့်မကြည့်တာတော်တော်ကြီးကြာပီပဲ။အနည်းဆုံး အဆက်အသွယ်လေးတော့လုပ်ပါဦးကိုဂျက်။

ကဲဗျာ ခု ကျုပ်ပြောချင်တာကို ဒဲ့ပဲပြောမယ်။ ကျုပ်တို့ဂရုမှာဘာသာရေးအရကိုယ့်အယူအဆကိုယ်တင်ပြတာလွတ်လွတ်လပ်လပ်ခွင့်ပြုထားတယ်။ ဒါပေမဲ့ဘာသာရေးအရ ဘယ်သူ့ကိုမဆိုတိုက်ခိုက်ပြီးစော်ကားတာမျိုးကိုလုံးဝလက်မခံပါဘူးလို့လဲခနခနပြောခဲ့ဖူးတယ်။ဒါကဘယ်ဘာသာဝင်ကိုမှကာကွယ်တာမဟူုတ်ဘူး။ဘာသာအားလုံးကိုစော်ကားပုတ်ခတ်တာမှန်သမျှကာကွယ်ပေးထားတာ။ဂရုထဲကမန်ဘာအားလုံးအတွက်အကောင်းဆုံးစည်းကမ်းတစ်ခုပဲ။ဂရုမှာမန်ဘာဝင်ထားတယ်ဆိုရင် ဂရုရဲ့စည်းကမ်းတွေကိုပါဖတ်ပြီးလက်ခံလို့ လို့ယူဆပါတယ် ။လူတိုင်းမှာ တဘက်သူကိုပက်ပက်စက်စက်စော်ကားဖို့အတွက်ပြောစရာစကားတွေရှိနေတယ်ဆိုတာ နားလည်ထားသင့်တယ်။မကြာခင်ကပဲမေးလ်တခုမှာကျုပ်တွေ့တယ်။

ခွေးကုလားတွေ၊ --ီးကုလားတွေဆိုပီးလျောက်ဆဲနေတော့ ဗုဒ္ဒကိုလဲကုလားလို့ပြောရောမခံနိုင်တော့ဘူး။တခြားသူတွေပါတော်တော်များများမကြေမနပ်ဖြစ်ပီးဆဲဆို တဲ့ ကွန်မန့်တွေတက်လာတယ်။ဒါဟာဘာလဲဆိုတော့ ကိုယ့်ကစပြီးမိုက်ရိုင်းနေလို့ကိုယ့်ကြောင့်တခြားသူတွေပါအစော်ကားခံရတာပဲ။ကျုပ်လဲဗုဒ္ဒဘာသာဝင်။ဒီတော့နာစရာရှိရင်နာတတ်တယ်။

ကျုပ်ပြောချင်တာကဗျာ ခင်ဗျားတို့ရိုဟင်ဂျာဘင်္ဂါလီဆန့်ကျင်ရေးလုပ်နေတာလား ။ဒါဆို ဒီဂ၇ုမှာလွတ်လပ်စွာလုပ်ကြပါ။ ဒါနိုင်ငံေ၇း။

ခင်ဗျားတို့ မူဆလင်ဆန့်ကျင်ရေးလုပ်နေတာလား။ ဒါဆို နေရာမှားနေဘီ။ဒါမျိုးခွင့်ပြုတဲ့တခြားနေရာမှာသွားလုပ်ကြပါ။မဟုတ်ရင်ကျုပ်တို့မောင်းထုတ်ရပါလိမ့်မယ်။

ဂရုကမော်ဒရိတ်တာတွေထဲမှာ ကျုပ်ကအွန်လိုင်းမှာအချိန်အများဆုံးထိုင်နေတဲ့အတွက်ဒီဂ၇ုကိုတက်လာတဲ့ မိုက်မိုက်ရိုင်းရိုင်းကွန်မန့်တော်တော်များများကို

မသိယောင်ဆောင်ပီးရှော်ပေးခဲ့တယ်။ဒီချိန်မှာဖြစ်တဲ့ခံစားချက်တွေကိုနားလည်တယ်။ဒါပေမဲ့ခုတော့လုံးဝလက်ခံလို့မရတော့တဲ့သူတွေကိုတော့ဂရုကနှင်ထုတ်ပစ်လိုက်ပါပီ။ လူတယောက်ထဲက အကောင့်လေးလေးခုခွဲပြီး ၀င်မွေနေတာကိုကျုပ်ရှာပြီးအားလုံးကိုဘန်းပါတယ်။ နောက်ထပ် ဒီလူရဲ့အကောင့်ထပ်တွေ့ရင်ထပ်ဘန်းမှာပါ။ လူတယောက်အကောင့်ဘယ်နှခုနဲ့သုံးနေတယ်ဆိုတာ ကျုပ်တို့ရှာလို့ရပါတယ်။ကိုယ်နဲ့မဆိုင်လို့မရှာတာပါ။ ဒါကြောင့်ဒီမေးလ်ခေါင်းစဉ်မှာပြောပါတယ်။

ဦးသိန်းစိန်လဲ ကုလား

ဒေါ်စုလဲ ကုလားမယား

ဦးခင်ရီလဲကုလား

ဦးဇာဂနာလဲကုလား

ညနေကဖတ်လိုက်ရတဲ့စာတခုမှာ ဦးမှော်ဆရာလဲ ကုလားကြီးတဲ့

ဒီတော့ကျုပ်ကိုလဲ ကုလားလို့ပြောကြပါဗျာ။ ကျုပ်လဲမင်းသားပဲလုပ်ချင်ပါတယ်။မင်းသားသူငယ်ချင်းတော့မလုပ်ချင်ဘူး

ဒီလောက်ပါပဲ။ကျုပ်စာအချောမရေးတတ်တော့နားလည်သလိုသာဖတ်ကြပါဗျာ ။

--
Sincerely ,

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30569] News from Dagon University Students Union

ယနေ. 3.9.2012 နံနက်ပိုင်း က ပညာရေးဝန်ကြီးဋ္ဌာန မှ ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်သည် ဒဂုံတက္ကသိုလ် သို.လာရောက်ခဲ့ရာအံ့သြဖွယ်အဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့ပါသည်။ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့်ရောက်လာလျှင်အတန်းထဲတွင် ကျောင်းသားများမရှိဘဲအတန်းပျက်ကြကြောင်းကိုသိရှိသွားမည်ကိုစိုးရိမ်သောကြောင့် မေဂျာအတွင်း ကျောင်းသားကျောင်းသူများရှိနေစေရန်ရည်ရွယ်လျက်နံနက်၁၀နာရီဝန်းကျင်မှ နေ.လည်၁၂နာရီအချိန်အထိ ကျောင်းသားကျောင်းသူများသည်မိမိတို.မေဂျာတွင်းမှအပြင်သို.ထွက်ခွာခွင့်မရရှိဘဲတားမြစ်ခံခဲ့ရပါသည်။အချိုမေဂျာများဆိုလျှင် အဆောင်တံခါးကို ပိတ်ထားသည်အထိ အခြေအနေဆိုးရွားခဲ့သည်။အချို့ဆရာမများဆိုလျှင်Tutorial(ကျူတိုရီရယ်)ဖြေနေသော ကျောင်းသားများကိုဒုဝန်ကြီးလာလျှင်Tutorial(ကျူတိုရီရယ်)ကိုစာရရ်ျအားကျိုးမာန်တက်ဖြေနေ ဟန်ဖြင့်နေကြရန်အကယ်ရ်ျစာမရပါကလည်းအရှေ့မှဖြေဆိုပြီးခဲ့သောစာများကိုပြန်လည်ကူးချနေရန်ကြိုတင်မှာကြားခဲ့ကြောင်းသိရပါသည်။ထိုသို့ဖြစ်ပျက်ခဲ့သည်ကိုဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှအပြင်းအထန်ကန့်ကွက်ကြောင်းအသိပေးအပ်ပါသည်။ဒီမိုကရေစီပညာရေးစနစ်သို့ဦးတည်ချီတက်နေစဉ်မှာထိုသို့ပွင့်လင်းမှုမရှိသောအပြုအမူများမှာမဖြစ်သင့်တော့ကြောင်း၊ထိုသိုပြုမူလိုက်ခြင်းသည်လက်ရှိဒီမိုကရေစီပညာရေးစနစ်ကိုဖော်ဆောင် နေသောနိုင်ငံတော်သမ္မတကြီးနှင့်တာဝန်ရှိသူများကိုအခက်အခဲဖြစ်စေသည့်အပြင်လက်ရှိအဆင့်အတန်းနိမ့်နေသောပညာရေစနစ်ကိုပြုပြင်ပြောင်းလဲရာတွင်များစွာအခက်အခဲဖြစ်စေကြောင်းဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးမှပြောကြားခဲ့သည်။

--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:30568] Re: [aurorageneration] Re: မွတ်ဆလင်ဘာသာရေးဆရာရဲ့..လုပ်ကြံစွပ်စွဲမှုကို..ဖော်ထုတ်

ကျနော်ကတော့ မုစ်လင်မ်တွေအနေနဲ့ ကိုယ့်မုစ်လင်မ်အချင်းချင်းက ခရစ်ယန်တစ်ဦးအပေါ်မှာ အကောက်ကြံတာထုတ်ဖော်ရဲတဲ့ ဒီသတင်းကိုဖတ်ပြီး ဂုဏ်ယူတယ်... မူရင်းလင့်တွေကိုလည်းရှာဖတ်ပြီးပြီ... အီမ္မမ် Khalid Chishti ရဲ့ အကြံအစည်တွေ လုပ်ရပ်တွေကို ထောက်လှမ်းစုံစမ်းထုတ်ဖော်ပေးတာက မုစ်လင်မ်တွေကိုယ်တိုင်ပဲ... ဒါဟာ မိမိအဝန်းအဝိုင်းအတွင်းမှာရှိတဲ့ ကိုးကွယ်ရာမတူတဲ့ ဘာသာဝင်လူနည်းစုကို အကာအကွယ်ပေးခြင်းလို့ သတ်မှတ်လို့ရပါတယ်... 

ပါကစ္စတန်ရဲ့ Blasphemy Law ဆိုင်ရာကျင့်ထုံးတွေလည်း ပိုမိုမြင်သာပြီး ပိုမိုပျော့ပြောင်းဖို့လိုအပ်နေတာတော့အမှန်ပဲ... Blasphemy Law ဆိုတာ ဘာသာရေးဆိုင်ရာပုတ်ခတ်စော်ကားမှုကို အကာအကွယ်ပေးဖို့အတွက် သတ်မှတ်ထားတဲ့ ဥပဒေပါ... ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဖော်ဆောင်ထားတဲ့ဥပဒေဖြစ်ပေမဲ့ ဥပဒေကိုအကောင်အထည်ဖော်သူတွေအနေနဲ့ပုံစံမမှန်ရင် ရည်ရွယ်ချက်ကောင်းတဲ့ ဥပဒေလည်း အမည်းစက်စွန်းထင်းရတာမျိုးပေါ့... ကမ္ဘာပေါ်မှာ Blasphemy Law သုံးနေတဲ့နိုင်ငံတွေ သုံးဖူးတဲ့နိုင်ငံတွေ အများကြီးပါ... 
>>>>>
Afghanistan, Algeria, Australia, Bangladesh, Brazil, Canada, Denmark, Egypt, European initiatives, Finland, Germany, Greece, India, Indonesia, Iran, Ireland, Israel, Italy, Jordan, Kuwait, Malaysia, Malta, Netherlands, New Zealand, Nigeria, Norway, Pakistan, Poland, Russia, Saudi Arabia, Spain, Sudan, United Arab Emirates, United Kingdom, United States of America, Yemen
>>>>>
:]

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: Re: [mrsorcerer:30567] ဆွစ်ဇလန်မှ မွတ်စလင်မ် မုန်းတီးရေး ဦးဆောင်ခဲ့သူ Daniel Streich

အကိုမောင်ကြီး လင်းထက်ဆွေ (ကောင်မလေးတွေခေါ်ရင်တော့ ဒို့မောင်ကြီးလင်းထက်ဆွေပေါ့). နဲ့တော့ ဒုတ်ခဘဲ...(ဒုတ်ခလို့သုံးတာ ဦးသုခက သေသွားလို့ပါ.. နောက်မို့ သုခပေါ့)....ကျွန်တော်ကို ဘယ်ဘုန်းကြီးကမှ စိတ်ထဲရိုက်သွင်းထားတာမရှိပါဘူး အကို ........ကျွန်တော့ အမြင်နဲ့ ကျွန်တော်သိသမျပြောတာပါ... ကျွန်တော့်စိတ်နဲ့ ကျွန်တော်ပြောခြင်းဖြစ်ပါတယ်......  ၂လုံးပေးတဲ့ ဘုန်းကြီး ကျွန်တော် မကြည်ညိုဘူး......ဘိုးတော်မယ်တော်ခေါင်းထဲမရှိဘူး....... ၃၇ မင်းနတ်ဝေးသေး နတ်ကတော်တွေမေးကြည့် ၃၇ မင်းပြည့်အောင်မရွတ်နိုင်ဘူး....၁ ပါးလိုလို့ သိကြားမင်းထည့်ထားတယ်......Inner 37 Outer 37 ကျွန်တော် စိတ်မ၀င်စားဘူး....... ကျွန်တော့်ကို စာဖတ်အားနည်းတယ် နကန်းတစ်လုံး မသိဘူးပြောလဲ စိတ်မဆိုးဘူး..... လူဆိုတာ ကိုယ့်ကိုကိုယ်ငါဘာလုပ်နေတယ်ဆိုတာသိဖို့ဘဲလိုတယ်.....

ကျွန်တော့်ကို တည်ပြီး အကိုက ပွားတယ် တခြားဟာတွေကိုပါ အကွက်ဝင်ပြီဆိုပြီး ......... အဲဒါအလွန်မကောင်းတဲ့လုပ်ရပ်ဘဲ..(ဆရာ့ဆရာကြီးကို ဆရာလုပ်မိပြန်ပြီ... အာခေါင်သွားကြားထိုးတံစူးမယ်ထင်ပါ့...ခု ချိန်ကစပြီး Oral-B ကြိုးနဲ့ဘဲ သွားကြားထိုးတော့မယ်..ဟိဟိ)..ပြောချင် ကျွန်တော့်ကို ထဲ့ပြောလို့ရပါတယ်.........အဆိပ်အတောက်ထည့်ပေးတဲ့ ဘုန်းကြီး ရဟန်းလို့အကိုသုံးတာနော်..(ငယ်ငယ်က ဘုန်းကြီးအတီးခံရလို့ နာကျည်းနေတာလည်း ဖြစ်နိုင်တယ်)... အကိုလည်း ပညာရှိလို့ထင်ပါတယ်.... ကိုယ်ပြောတဲ့စကားဟာ ဘယ်အထိရောက်နိုင်တယ်ဆိုတာအကိုစဉ်းစားဖို့လိုတယ်...တစ်ခြားဘာသာဝင်တွေကြတော့ အကိုအဲလိုမပြောရဲဘူး.....ဟဲဟဲ...ပြောရင်တောင် ဝေ့လည်ကြောင်ပတ်နဲ့......အကိုက ဇရှိတဲ့သူတွေကို ကြောက်ပုံဘဲ..ပညာရှိတွေက အလွန် သတိဖြစ်ခဲတာမို့ အကို့ကို သိအောင်ပြောပြတာပါ.......စိတ်ထဲတင်းပြီး ပြောရင်တော့လည်း စိတ်လျော့ပေါ့အကိုရာ......... သွေးတွေဘာတွေတိုးနေမယ်....

ဘာသာရေးမှာ အကိုလောက် ကျွန်တော်မနှံစပ်ပါဘူး ဒါပေမယ့်ကျွန်တော်စိတ်ထဲ တစ်ခုဘဲထားတယ်.... ကိုယ်ကောင်းတာလုပ်ရင် ကိုယ်ကောင်းတာဖြစ်မယ်...ကိုယ်ကောင်းပြီး သူများ မကောင်းရင်လည်း ပြသနာနော်....ဒါတော့ သတိရှိရမယ်.... စိတ်ထားကောင်းဖို့ အဓိကလို့မြင်တယ်... ဘယ်ဘာသာဝင်ဖြစ်ဖြစ်.......ခုထိလဲ ဘာသာပေါင်းစုံနဲ့ ပေါင်းပါတယ် ဘာပြသနာမှ မရှိသေးဘူး........

လူဆိုတာ စိတ်ထားမှန်ဖို့ဘဲလိုတယ်....... ငါသိသမျ လူအများသိအောင် အသိပညာဗဟုသုတများ ဖြန်ဝေနေတာလား..... ငါလိုချင်တဲ့ဆီရောက်အောင် ငါသိမ်းသွင်းနေတာလားဆိုတာ ... ကိုယ့်ကိုကိုယ်အသိဆုံးဖြစ်မယ်...... ဘာသာအကြောင်း မသိဘူးလို့ ပြောချင်ပြောလို့ရတယ်... လူတွေအကြောင်းတော့ အတော်သိတယ်.......

အကို့မှာ တာဝန်မကင်းဘူး ဆိုပြီး တာဝန်ယူမနေပါနဲ့တော့....၀န်ပိမယ်... (နေတတ်သလိုနေပါတော့ ..... နင်ရောက်ရှိတဲ့အရပ်ဆီမှာ လေ နင်ပျော်ရွင်အောင်ငါဆုတောင်းလို့ပေးပါတယ်....အဲဒီသီချင်းလေးကောင်းတယ်)....အဲယောင်လို့ ဘာသာရေး အကြောင်း ပြောတာ နောက်တီးနောက်တောက်နဲ့ဆိုပြီး အဆူခံရအုံးမယ်........

အကိုလေ့လာထားတာတွေ ရှယ်မနေပါနဲ့ ကျွန်တော်လိုလူက ဘာများနားလည်မှာလဲ (ဖြစ်နိုင်ရင် လက်ဖက်ရည် ရှယ်ကျစိမ့်လေး တစ်ခွက်နဲ့ ဆေးပေါ့လိပ်လေး တစ်လိပ်လောက်ပို့ပေးရင် အကို့ကို ရှယ်ကျေးဇူးတင်နေမှာပါ)

အသိဥာဏ် ချွတ်ခြုံကျ ပြီး အမြင်ကျဉ်းမြောင်းလွန်းတဲ့ (ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်ထက်စာရင် ဒီစာသားလေးကို သဘောကျမိတယ်)
စိုးထွဋ်

(ဟဲဟဲ ဒီဂရုရောက်မှ ကျွန်တော်လည်း ဘွဲထူးဂုဏ်ထူးတွေရလာတယ်... လူချစ်လူခင်များလာတဲ့သဘောတွေပေါ့..... မှန်ရာတွေပြောရင် လူချစ်လူခင်များတယ်ဆိုတာ အမှန်ဘဲဗျို့ .. ဒီဂရုက လူတွေလည်း ကျွန်တော့်လိုဖြစ်အောင် နမူနာယူကျ)...

ပျော်ပျော်မနေတတ်ရင် အနေခက် အသေခက်မယ်ကွဲ့...ရှေးလူကြီးတွေဆုံးမစာမဟုတ်ဘူး ကျွန်တော်ထင်ရာမြင်ရာလျောက်ရေးလိုက်တာ  :P....

2012/9/3 Lynn Htet Swe <myatchitshin@gmail.com>
ညီမောင် စိုးထွဋ် က ဘာသာရေး အကြောင်း ပြော တာ တောင် နောက်တီးနောက်တောက် နဲ့ အနှစ်မဲ့ တဲ့ လူငယ် မဖြစ်ချင်စမ်း ပါနဲ့ လား။ ပေါ့ပျက်ပျက် စရိုက် နဲ့မျက်ကန်းမျိုးချစ် စိတ်တွေ နဲ့ ရောစပ်လိုက် ရင် တော့ သွက်သွက်ခါ သွားလိမ့်မယ်။ ငါညီ ကြည့်ရတာ မဟာယာနဗုဒ္ဓဘာသာ ဆိုရင် တရုပ် သက်သတ်လွတ် ဘုရားကျောင်းလောက်ပဲ မြင်နိုင် တာ ကိုးကွဲ့။ အသိပညာ က လဲ ခေါင်းပါး စာ ကလဲ မဖတ်ဆိုတော့ ထင်ရာစွတ်ကြိတ် တော့ တာ ပဲ။ ညီမောင့် ဦးနှောက်ထဲ မှာ အစွန်းရောက် ဗမာ ဘုန်းကြီးတစ်ချို့ ရဲ့ ၀ါဒဖြန့် မှိုင်းတွေ က ချိုးကပ်နေ လောက်ပြီ ဆို တာ ၀မ်းနည်းစရာ။

မဟာယာနဗုဒ္ဓဘာသာ ဆို တာ ဘယ်တုန်း က မှ တစ်ခုတည်း တစ်ဂိုဏ်း တစ်ဂဏ တည်း မဟုတ်ဘူး ကွဲ့။ ညီမောင် ဖတ်ချင် ရင် သမိုင်းစာအုပ်များစွာ ဘာသာဓမ္မစာပေ များစွာ ရှိပါတယ် အကို ရှယ် ပေးပါမယ်။ ဒီ Group ထဲမှာ တောင် မဟာယာန သမိုင်း စာတမ်း တစ်စောင် အကို ရေးခဲ့ ဖူးသေးတယ်။ ပြန်ရှာ ကြည့် ကွယ်။ ဟုတ်ပါတယ် အကို က အသက် ၁၈ နှစ်လောက် ထိ ထေရ၀ါဒီ ဖြစ်ခဲ့ တယ်..အသက် ၂၅ လောက် အထိ ဘာသာမရှိ ဖြစ်ခဲ့ တယ်။ နောက်ပိုင်း ထေရ၀ါဒ မဟာယာန စာပေတွေ ပြန်လေ့လာတယ် အထူး သဖြင့် မဟာယာနဗုဒ္ဓဘာသာ ဆိုင်ရာ နက်နဲပေ့ဆို တဲ့ ကျမ်းဂန်စာပေ များစွာ လေ့လာ ခဲ့ တယ် တရားအားထုတ်ခဲ့ တယ်..နောက်ဆုံး မိုးပြာ ဦးဥာဏ ကို တောင် လေ့လာ ခဲ့ တာပဲ။ သစ္စာ ရှာမှီးသူ တစ်ယောက် အတွက် မစူးစမ်းမလေ့လာ အပ် တဲ့ ဒဿန ဘာသာတရား ရယ်လို့ မရှိ လို့ ပဲ။ ဒါတွေ နဲ့ စိတ်ဝိညာဉ် ခွန် အား ကို ရ ခဲ့ တယ်..အသိအမြင်တွေ ဆန်းသစ်ခဲ့ တယ်။

တကယ်တော့ အသိဥာဏ် ချွတ်ခြုံကျ ပြီး အမြင်ကျဉ်းမြောင်းလွန်းတဲ့ ညီလေးတို့ လို လူငယ် တွေ ကို အကို အဖြစ်မတင်ရက်ပါဘူး။ ညီလေး တို့ မှာ ပညာ ကို လေ့လာ ဆည်းပူး ဖို့ ပတ်ဝန်းကျင် မရှိခဲ့ လို့ ပဲ..။ ဘာသာဗေဒ အစုံ နဲ့ ဖြန့်ကျက်ပြီး သုတ ရသ ဒဿန စုံလင် အောင် လေ့လာခွင့် လဲ မရ ခဲ့ လို့ ပဲ ဖြစ်မယ်။ ဒါကြောင့် မသိနိုးနား နဲ့ ကုန်းအော် နေကြ တာ ပ။ အကို တို့ မှာ အများကြီး တာဝန် မကင်းပါ။ ညီတို့ ဦးနှောက် ငယ်နှောင်းနှောင်းလေး တွေ ထဲ ကို ကလေး ဘ၀ တည်း က အဆိပ် အတောက် အသိ တွေ ထည့် ပေးခဲ့ တဲ့ လူတွေ ဘုန်းကြီး ရဟန်း တွေ လဲ အပြစ်မကင်း ပါ။

လူငယ်တွေ က ထပ်ခါထပ်ခါ ပြောချင် တာ က စိတ် ကို ဖွင့်ထား ပါ.။ ရိုးရာ အစွဲ တွေ ကို ဝေဖန် ဆန်းစစ် ပါ။ အသိပညာ ကို ရင်းမြစ် အမျိုးမျိုး က နေ ရှာ ဖွေလေ့လာ စုဆောင်း ကြ ပါဆို တာ ပါပဲ။

2012/9/3 SOE HTUT <soehtut1@gmail.com>
အော် ကိုကြီးလင်းထက်ဆွေက မယာယနကြီးကိုး.....အ စောကြီးတည်းကတော့ထင်သား ခုလိုပေါ်တင်ဖွင့်ပြောတော့လဲ (တခြားမေးလ်မှာ) ရှင်းသွားတာပေါ့........ အကိုက ငရဲလွတ်တဲ့ သူဖြစ်သွားပြီ အကိုနာမည်ရေးထားတဲ့စာရွက်ကို မီးရှို့လိုက်လို့....၂၇ ခါလောက်လား ဘယ်လောက်လဲတော့မမှတ်မိတော့ဘူး အကိုလည်း မူးလောက်အောင် ရှိခိုးပြီးပြီပေါ့.....ပေးတဲ့စာရွက်လေး သေချာသိမ်းထား ဘယ်သူကိုမှ မပြောရ မပြရဘူးနော်.. အကိုလုပ်ချင်ရာလုပ်ငရဲမကျတော့ဘူး... နတ်ပြည်မှာ အကို့နာမည်က register စာရင်းဝင်သွားပြီ..........တီလိ (တရုတ်အသံဖြင့်) delete လုပ်လို့မရတော့ဘူး....ဟဲဟဲ

အကိုကော ခု သတ်သတ်လွတ်စားနေပြီလား.... ကြက်ဥစားလို့ရတယ်နော်အကို.....မေ့နေမှာစိုးလို့သတိပေးတာ.. သူတို့လည်း စားတယ်........ အဲဒီဘုရားကျောင်းမှာကျွေးတဲ့ အသားတုတွေ မှိုဟင်းချို... ပြောင်းဖူးဟင်းချိုတွေကလည်း အလွန်ကောင်းတယ်ကြားတာဘဲ.....

တစ်နှစ်တစ်ခါ မေမြို့က မဟာယနဘုန်းကြီးကျောင်းကိုလည်း အကိုသွားဖို့မမေ့နဲ့အုံး...... အဆင်ပြေရင် အပ်ကလေးဘာလေးစိုက်ခဲ့ပေါ့...........အပ်ဆိုက်တဲ့ဆီက တရုတ်မလေးတွေချောတယ်........ဟီးးးးးးး.......အေတော့ သတိထား...

အကိုလို ဘာသာရေးအကြောင်းတော်တော်များများသိတဲ့သူအတွက်ကတော့ ရှယ်ဘဲ.... မယာယနက ထောက်ပံ့ကြေးကောင်းတယ်အကို .... ဈေးကြီးတဲ့ တရုတ်တန်းလိုနေရာမျိုးမှာတောင် မြေညီထပ်ကို ငှားနိုင်တယ်.. ၀ယ်တောင်ဝယ်ထားလားမသိ.... နောက် Hi Ace ကားတွေလည်းပေးတယ်....

ငါ့အကိုကြီး ကြီးပွားချမ်းသာပါစေ..... ကျွန်တော့်စာကြောင့် အကိုဝါဒဖြန့်တာ ထိခိုက်သွား၇င် တောင်းပန်ပါတယ်........

ဘာဖြစ်ဖြစ်ပျော်ပျော်ဘဲ...........တစ်နေ့ကျသေမယ့်သူတွေ မသေခင် ပျော်အောင်နေကြ.... စိတ်ကောင်းလေး ထားကြ... အမိအဘကို လုပ်ကျွေးကြ..... (ဘာသာတိုင်းအတွက်ပါ)

2012/9/3 Lynn Htet Swe <myatchitshin@gmail.com>
ကိုယ့် ရှုထောင့် နဲ့ ကိုယ် ရူး ရ တာ က ရူး ချင်သလောက် ရူး ထူး ချင် သလောက် ထူး ပဲ..ကျေနပ်စရာ ပါ။ ရူး ရ ကျိုး နပ် တယ် ပြော ရ မယ်။

သူများ ရှုထောင့်တွေ ရိုက်သွင်းခံ ရ နဖားကြိုးထိုးခံ ရ ပြီး ရူး နေ ရ တာ မှ သွက်သွက်ခါ လေ ရော ပဲ..။ ကိုယ်လို သူလို အရူးတွေ တစ်သိုက် ကြီးဆို တော့ လဲ အချင်းချင်း ဘုံမြှောက် လို့ တွေ့ ကရာ ကောက်စား ကြ ရ တဲ့ အဖြစ် ကို ရောက် ကရော ပဲ။

2012/9/3 kdar kdar <kdar600@gmail.com>

ကိုယ်.ကိုကိုယ်ပြန်ပြီး ဆရာကြီးဘ၀င်လေဟတ်နေပါရော.လား
တောက်တဲ. တောက်တဲ.  ကိုယ်.နာမည်ကိုယ် ပြန်ခေါ် ပြန်ချီးကျုး
အော်....လောကမှာ သူ.ရှုထောင်.နဲ.တူ ရှုးနေတဲ.အရှုးတွေကလဲ
များလိုက်ပါ.ဘိနော်.....

2012/9/2 Lynn Htet Swe <myatchitshin@gmail.com>
ကိုစိုးနိုင် ရေ..

အတွေးခေါ်ဥာဏ်ပညာရင့်သန်သော ၊ အလွယ်တကူ လက်ခံလေ့မရှိပဲမယုံလွယ်သော၊ အလွန်စူးစမ်းလေ့လာ တတ်သော သူများသည် ဗုဒ္ဓဘာသာသို့
ပြောင်းလဲတတ်ကြသည်။

ဆိုတာ ထောက်ခံ ပါတယ်။ ကျွန်တော့် မှာ ရှိတဲ့မကြောက်မရွံ့ ဝေဖန်ဆန်းစစ် ချင် တဲ့ ပိုး က လဲ ဗုဒ္ဓဘာသာ က ပဲ ရ ခဲ့ တာ ဖြစ်တယ်။

ဒါပေမဲ့ ဗျာ..ကိုယ် နဲ့ ထိတွေ့ ဖူးတဲ့ ဗုဒ္ဓဘာသာဝင်ဆိုသူတွေ အများစု ကို ကြည့်လိုက် တော့

  • အတွေးဥာဏ် လဲ မရင့် သန်
  • ဘုန်းကြီးပြောတိုင်းလဲ အလွယ်တကူ လက်ခံ
  • ဟိုဟာလဲ ယုံ ဒီဟာလဲ ယုံ အကုန် မျက်စိမှတ်ယုံ
  • စူစမ်းလေ့လာ မှု က တော့ နတ္တိ (မြန်မာစာအုပ် အတိုအထွာ လောက် ကလွဲ လို့)

ဆိုတာ တွေပဲ တွေ့ နေရလေတော့ စိတ်များရယ် ညစ်မိရ ပါကြောင်း။

2012/9/3 dr.sithu1981 <dr.sithu1981@gmail.com>

ရေးတဲ့ပို့စ်အကြောင်းအရာနဲ့ အောက်ကပြန်တဲ့ ရီပလိုင်းတွေဘာမှလဲမဆိုင်ပါလား။

---------- Forwarded message ----------
From: "Thantsin Phyoe" <thantsinphyo@gmail.com>
Date: Sep 2, 2012 11:32 PM
Subject: Re: [mrsorcerer:30466] ဆွစ်ဇလန်မှ မွတ်စလင်မ် မုန်းတီးရေး ဦးဆောင်ခဲ့သူ Daniel Streich
To: "mrsorcerer" <mrsorcerer@googlegroups.com>

ကျနော်ပို့တဲ့ Email နဲ့ ဒီအောက်က Email နဲ့ဘာဆိုင်လဲမသိဘူးခင်ဗျာ... နောက်ပြီး စာလုံးကိုအနီရောင်နဲ့ စာလုံးအကြီးကြီးရေးထားတာတွေကရော ဘာဆိုင်လဲမသိဘူး... တစ်ခုခုတော့ မှားနေပြီထင်တာပဲ... အောက်ကမှတ်ချက်ဆိုတာကြီးကလည်း အကြီးအကျယ်ကြီးကိုအမိန့်ပေးနေပါလားဗျာ... အင်းမ်...

ကျနော်ပို့ခဲ့တဲ့ Original Email ပါအကြောင်းအရာနဲ့ ဦးစိုးနိုင်ပို့တာနဲ့ တစ်ကြောင်းတစ်ပါဒ တစ်လုံးတစ်စိမှမဆိုင်ဘူးဗျာ... 

ဦးဆန်းလွင် (ရှင်အာဒိစ္စရံသီ)ရဲ့အကြောင်းကို ကျနော်အကျယ်အကျယ်သိပ်မပြောချင်ဘူး... မပြောချင်ဘူးဆိုတာက သူ့ရဲ့ တစ်ဖက်သက်ဆန်လွန်းတဲ့ Self Judgement တွေနဲ့ ဘာသာတရားတွေကိုထောက်ပြတာကို ပြန်ရှင်းပြရင် မတူညီတဲ့ ဘာသာတရားတွေ အချင်းချင်းတိုးတိုက်ပြီး တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ဆော်နေတာကလွဲလို့ ဘာမှဖြစ်ထွန်းလာမှာမဟုတ်ဘူးလို့ ယုံကြည်လို့... ဖြစ်လည်းဖြစ်ခဲ့ပြီးပြီ...

ဒါကြီးကို အဟုတ်ကြီးလုပ်ပြီး မဆိုင်တဲ့ အကြောင်းအရာမှာ စာလုံးအနီကြီးတွေနဲ့ ဟိုက်လိုက်ဖောက်ပြတာတော့ နည်းနည်းလေးကြောင်သလိုပဲဗျာ... 

2012/9/2 soe naing <snsoenaing4@gmail.com>
ဆရာ ဦးဆန်းလွင် မဟာမေဒင် ဘာသာကနေ ပထမ ဖရီးသင့်ကားဖြစ်၊ ဘာသာမဲ့ပေါ့။ နောက်တော့ သူ့ချစ်သူလေးက ခရစ်ယံ ဖြစ်လို့ ခရစ်ယံ ကိုလေ့လာ။ သဘောမတွေ့သေး။  ဒါနဲ့ တစ်နေ့ သူ့ပါမေက္ခက ဗုဒ္ဓဘာသာနဲ့ပါတ်သတ်လို့ ကျမ်းပြုစုဖို့ (စာသင်ဘို့အတွက်) တာဝန်ပေး။ ပေးစက တော်တော် စိတ်ကသိကအောက်ဖြစ်သွားတယ်တဲ့။ ဘယ့်နှယ့် ဘာသာခြား ကို ဗုဒ္ဓဘာသာ လုံးဝ စိတ်မဝင်စားတဲ့ဘာသာကို တာဝန်ပေးရတာလဲပေါ့။ တော်တော်လေး အထင်လွဲသွားတယ် ။ သူ့ကို ဂျောက်ချ တာလားလို့တောင် ထင်မိတယ်တဲ့.။ သို့သော်လည်း တာဝန်ပေးရင် တာဝန်ကျေအောင် လုပ်ပြမယ် ဆိုတဲ့ စိတ်နဲ့ ကမ္ဘာဧ မှာ ဗုဒ္ဓ စာပေတွေကို စတင်လေ့လာကြည့်မိတော့--------

``အားပါးပါးးးး     ငါ   တစ်သက်လုံးရှာနေတဲ့ အမှန်တရားတွေ   ဆိုတာ   ဗုဒ္ဓရဲ့ တရားတော်တွေပါ လားးးး  ``

ဒါနဲ့  ဗုဒ္ဓဘာသာဝင် ဖြစ်ရောလား ။ မဖြစ်သေးဘူး။ ဦးဆန်းလွင်က ယုံလွယ် ပြောင်းလွယ် တဲ့သူမဟုတ်ဘူး။ အင်မတန်ခေါင်းမာပြီး အတွေးခေါ်ပညာလည်း သိပ်ထက်မြက်တာကိုး။ ဖလော်ဆော်ဖီသမားကြီးပဲဟာ။ အစစ အရာရာ အသေးစိပ် သံသယနဲ့ ဆန့်ကျင်ဘက် အမြင်တွေနဲ့ တိုက်စစ်ပြီးတော့ ဗုဒ္ဓဘာသာဖြစ်သွားတယ်။ နောက်ပြီး ရဟန်းဝတ်ချင်ပေမယ့်  သူ့ပါတ်ဝန်းကျင်က အချောင်စားချင်လို့ ဘဝကို ရင်မဆိုင်ချင်လို့  ဝတ်တယ်လို့ ကဲ့ရဲ့မှာစိုးလို့  ပထမ စီးပွားရေး ချမ်းသာအောင်ကြိုးစားတယ်။ ရည်ရွယ်ချက် ကောင်းလို့လားမသိဘူး။ စီးပွားရေးကလည်း အရမ်းမြန်စွာဖြစ်တယ်။ ချမ်းသာမှ  ရဟန်းဝတ်တယ်။ သူရဟန်းဘဝ ရှင်အာဒိစ္စရံသီ  ဘွဲ့နဲ့ ပျံလွန်တော်မူသွားတယ်။

(၂)
နောက် တစ်တွဲရှိသေးတယ်။ အချိန်က ကျွန်တော်တို့မြန်မာနိုင်ငံ သူ့ကျွန်ဘဝမှာပဲ။ အင်္ဂလန်မှာ ပုဒ်ရဟန်းမင်းကြီးမှာ အင်မတန် ညဏ်ထက်မြက်တဲ့ သားနဲ့ ချွေးမ ရှိတယ်တဲ့ ။ သူက ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကို တိုက်ထုတ်ပြီး တစ်နိုင်ငံလုံး ခရစ်ယံဘာသာ ဖြစ်အောင် ဗုဒ္ဓရဲ့ တရားတော်တွေ လေ့လာစေပြီး ပျော့ကွက် ဟာကွက်တွေ ရှာ တိုက်ထုတ်ဘို့ ကြံပြီး တာဝန်ပေးဆိုပဲ။  ရလဒ်ကတော့ သူ့သားရော  ချွေးမရော တာဝန်ထမ်းဆောင်ရင်း ဗုဒ္ဓဘာသာ ဖြစ်သွားပါလေရော။ လယ်တီဆရာတော်ဘုရားကြီးက ပါဠိအရမ်းကျွမ်းတဲ့ အဲဒီ ပုဒ်ရဟန်းမင်းကြီးချွေးမကို ``ပါဠိဒေဝီ`` လို့တောင် ခေါ်ပြီး ချီးကျူးတယ်ဆိုကိုး။
(၃)
နောက်တစ်ယောက် အများသိတဲ့ ဦးဂိုအင်ကာ  ။ ဦးနေဝင်းအစိုးရ ပြည်သူပိုင်တွေသိမ်းတော့ သူဋ္ဌေးဘဝကနေ ရုတ်တရက် မွဲပြာကျသွားပါေ၇ာ။ အဲဒီလောကဓံနဲ့အတူ တွဲပါလာတာက ခေါင်းကိုက်တဲ့ရောဂါပဲ။ ဆေးကုတယ် မပျောက်ဘူး။ နည်းစုံတယ်။ မပျောက်ဘူး။ နောက်ဆုံးမိတ်ဆွေက စမ်းကြည့်ပါ တိုက်တွန်းတော့ တရားပြနေတဲ့ ဦးခင် (အခုထိ သူအရမ်းလေးစားတဲ့သူ)ဆီရောက်သွားတယ် ။ အဲဒီအချိန်မှာ ဦးခင် တရားပြတာ တစ်ဝက် ရောက်နေပြီ။ နောက်နားကနေ တရားကို ဥာဏ်စိုက်ပြီး နားထောင် သုံးသပ်တော့ အံ့သြစရာကောင်းအောင် ဆေးမတိုးနဲ့ ခေါင်းကိုက်ရောဂါပျောက်ရော။ ဆေးကုတာမဟုတ်ဘူးနော်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါ စိတ်သန့်စင်သွားလို့ပျောက်သွားတာ။ အခုတော ကမ္ဘာသာသနာပြုကြီးတောင်ဖြစ်လို့။
(၄)
နိုင်ငံခြားမှာ ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) သွားယူတဲ့ ဆရာတော်တစ်ပါး ။ အခု ရွှေပြည်သာမှာရှိတယ်။ သူနဲ့အတန်းဖော်  နိုင်ငံခြားသူတစ်ယောက်က ဘာသာရေးအတွေးခေါ်နဲ့ပါတ်သတ်ပြီး ဗုဒ္ဓဘာသာကို အမြဲ ကန့်လန့်တိုက် မေးလေ့ရှိတယ်။ သူကလည်း ရဟန်းဝတ်မို့ သည်းခံပါတယ်။ နောက်တော့ သီရိလင်္ကာက ဆရာတော် အင်္ဂလိပ်လိုရေးထားတဲ့ ဗုဒ္ဓစာအုပ်တစ်အုပ်ကို သူ့ကို ဖတ်ခိုင်းတယ်။ ဖတ်ပါဆိုရင် အဲဒီအမျိုးသမီးက ဖတ်မှာ မဟုတ်ဘူး။ ဒီတော့ ဆရာတော်က ဥပါယ်တမြင်နဲ့  ငါ  နိုင်ငံခြားသူ စစ်စစ် (သူက အင်္ဂလန်သူ) အသံမူရင်းနဲ့ ဒီစာအုပ်လေးကို တိတ်နဲ့ ဖမ်းထားချင်လို့ ကူညီပေးပါ လို့အကူအညီတောင်းတယ်။ သူကလည်း လိုလိုချင်ချင် ကူညီပါတယ်။ ပထမ တစ်ပိုဒ်လောက်ထိ အသံပုံမှန်နဲ့ ဖတ်တယ်။ နောက်တော့ အသံမထွက်တော့ဘူး။ ဗုဒ္ဓရဲ့ တရားတွေက သူ့ကိုဖမ်းစားသွားပြီ။   ဟုတ်ကဲ့ အခု ဗုဒ္ဓဘာသာ ပြောင်းသွားပါပြီ။ 

မှတ်ချက်။      ။ အတွေးခေါ်ဥာဏ်ပညာရင့်သန်သော ၊ အလွယ်တကူ လက်ခံလေ့မရှိပဲ မယုံလွယ်သော၊ အလွန်စူးစမ်းလေ့လာ တတ်သော သူများသည် ဗုဒ္ဓဘာသာသို့ ပြောင်းလဲတတ်ကြသည်။ အကယ်၍ သင်ဗုဒ္ဓဘာသာကို မကူးပြောင်းချင်က  လုံးဝ လိုက်စားလေ့လာခြင်း မလုပ်ပါရန် ကြိုတင် သတိပေးပါသည်ခင်ဗျား။

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)