- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
[mrsorcerer:30730] ယောကျာင်္းမှမိန်းမအဖြစ်သို့ လိင်ပြောင်းလည်းသူများ၏အလှပြိုင်ပွဲ
http://thebestenglish4you.com/miss-tiffanys-universe.html
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- အမျိုးဂုဏ်ဇာတိဂုဏ်ပြန်လည်ဖော်ဆောင်ဖို့ ရည်ရွယ်သည်ဟု သျှမ်းနီပါတီရုံးဖွင့်ပွဲ၌ ပါတီဥက္ကဌပြော
- ကျေးလက်လူထုအားနှိပ်စက်မှုကြောင့် အစိုးရတပ်အရာရှိနှင့်တပည့်တယောက်ပျောက်ဆုံးနေ
- မူစယ်မြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်နေ
- သီပေါမြို့နယ်အတွင်းအစိုးရတပ်ချောင်းပစ်ခံရ အရာရှိ နှင့် ရွာသားတဦးသေဆုံး
- UWSA ၏ အင်အားကြီးတပ်မဟာတခု၏တပ်မှူး ရာထူးလျှော့ချခံရ
- မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ် အခါကျောင်းသူ/သား ၁၄ ဦးသေ
- သို့- သျှမ်းသံတော်ဆင့်
- အကျင့်ပျက်ဝန်ထမ်း ထိန်းကျောင်းသင့်ပြီ
- ဥပဒေနှင့်အညီဆောင်ရွက်ပေးပါရန်
| အမျိုးဂုဏ်ဇာတိဂုဏ်ပြန်လည်ဖော်ဆောင်ဖို့ ရည်ရွယ်သည်ဟု သျှမ်းနီပါတီရုံးဖွင့်ပွဲ၌ ပါတီဥက္ကဌပြော Posted: 05 Sep 2012 03:24 AM PDT ကနေ့မနက်ပိုင်းက မန္တလေးမြို့မှာ သျှမ်းနီပါတီရုံးဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။ အဲဒီဖွင့်ပွဲမှာ သျှမ်းနီလူငယ်တွေတက်ကြွပါဝင်တယ်လို့ ကြားရပါတယ်။ အဲဒါအပြင် သျှမ်းပါတီ ၂ ခုကလည်း သဝဏ်လွှာတွေ ပေးပို့ဖတ်ကြားတယ်လို့ဆိုပါတယ်။ အကြောင်းစုံသိရအောင် သျှမ်းနီပါတီရဲ့ဥက္ကဌ စိုင်းဌေးအောင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။ ![]() မေး။ ။ ဒီကနေ့ မန္တလေးမှာ သျှမ်းနီပါတီရုံးဖွင့်ပွဲလုပ်တယ်လို့ကြားရတယ်။ ဘာတွေထူးထူးခြားခြား လုပ်သေးလဲ ပြောပြပေးပါဦးခင်ဗျ။ ဖြေ။ ။ဟုတ်ပါတယ်။ ဒီနေ့ သျှမ်းနီပါတီရုံးဖွင့်ပွဲလုပ်တယ်။ မနက် ၆ နာရီမှာ သံဃာ ၅ ပါးကိုပင့် ဖိတ်ပြီး အာရုဏ်ဆွမ်းကပ်တယ်။ တရားနာတယ်။ မနက် ၉ နာရီမှာ ဖွင့်ပွဲအခမ်းအနားစတင် တယ်။ အဲဒီမှာ ကျနော်က အဖွင့်အမှာစကားပြောတယ်။ SNLD ကပေးပို့တဲ့သဝဏ်လွှာကို ကျနော်တို့ ပါတီ အလုပ်အမှုဆောင် ဦးသန်းထွဋ်က ဖတ်ကြားတယ်။ နောက်ပြီး SNDP က ပေးပို့တဲ့သဝဏ်လွှာကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ဖတ်ကြားပေးတယ်။ နောက်ပြီး ဝံသာနု ဒီမိုကရက်တစ်ပါတီက ကြိုဆိုတဲ့စကားပြောပေးတယ်။ တစည ကလဲဝမ်းမြောက်ကြောင်း စကားပြောတယ်။ ကျနော်တို့ မန္တလေးအခြေစိုက်တဲ့ပါတီအကုန်လုံးကိုဖိတ်ပါတယ်။ ဓနုပါတီလဲလာတက်တယ်။ မေး။ ။ ဆရာ့မိန့်ခွန်းတွေထဲမှာ အဓိက ဘာပြောသွားလဲ ပြန်ပြောပြပေးလို့ရမလားခင်ဗျ။ ဖြေ။ ။အဓိကကတော့ ငြိမ်းချမ်းရေးပေါ့နော်။ ကျနော်တို့နယ်မြေက ငြိမ်းချမ်းရေးမရှိသေးတော့ ဖွံ့ဖြိုးတိုးတက်မှုလည်းမရှိဘူး။ နောက်တခုက ကျနော်တို့လူမျိုးတွေ စာရင်းပျောက်နေတာများတယ်။ ၂၀၁၄ ကျရင် သန်းခေါင်စာရင်းကောက်ရင် နိုင်ငံသားစီစစ်ရေးကဒ်ပြားရဖို့ တိုက်တွန်းတယ်။ မေး။ ။ မန္တလေးမှာ ဆရာတို့ဘယ်နားတွေမှာ ဖွင့်ထားလည်း ခင်ဗျ။ ဖြေ။ ။၆၆ လမ်း ၃၉ လမ်းဒေါင့်။ ၂၀၁၅ အတွက်တော့ ကော်မတီတွေဖွဲ့မယ် ။ တခုပြီးတခု တဆင့်ပြီး တဆင့်လုပ်သွားမယ်။ မေး။ ။ သီးသန့်ပါတီထောင်ရခြင်းရဲ့ရည်ရွယ်ချက်။ ဖြေ။ ။လူမျိုးပျောက်နေတယ်။ လူမျိုးပျောက်နေရင် အမျိုးဂုဏ် ဇာတိဂုဏ်လက္ခဏာလဲပျောက်တယ်။ အဲဒီအတွက် ယဉ်ကျေးမှုလဲပျောက်တယ်။ တိမ်ကောလာတာပေါ့ဗျာ။ အဲတာလေးကိုပြန်ဖော်ချင်လို့ ဆိုတဲ့ရည်ရွယ်ချက်ပါဗျာ။ မေး။ ။ အခုသီးခြားပါတီပြန်ဖွဲ့တဲ့အပေါ်မှာကော် ကျေနပ်အားရမှုရှိပါသလား။ တိုင်းလျဲန်လူငယ်တွေ တက်ကြွပါဝင်လာပါသလား။ ဖြေ။ ။ရုံးမဖွင့်ခင်တုန်းက ကျေနပ်အားရမှုသိပ်မရှိဘူး။ ရုံးဖွင့်ပွဲမှာ မန္တလေးမှာနေထိုင်ကြတဲ့တိုင်းလျဲန် တွေတော်တော်များများလာတက်ကြတော့ ကျနော်တို့တော်တော်လေးကို ကျေနပ်အားရမှုရှိပါတယ်။ ကျနော်တို့ပါတီဝင်တွေအားလုံးနီးပါးဟာခေတ်ပညာတတ်လူငယ်တွေပါဘဲ။ မေး။ ။ သျှမ်းပါတီ ၃ ခုဖြစ်ပေါ်နေမှုအပေါ် လူထုကနေ ပေါင်းစည်းရေးကိုလိုလားနေကြပါတယ်။ ဆရာ့အနေနဲ့ ဘယ်လို ပြန်လည်ဖြေကြားပေးလိုပါသလဲခင်ဗျ။ ဖြေ။ ။ကျနော်တို့ ၃ ပါတီပေါင်း နိုင်ငံရေးရည်မှန်းချက်တွေကိုလူထုကိုချပြရမယ်။ ကျနော်တို့ အတိတ် က သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ တနိုင်ငံတည်းနဲ့ဖြစ်လာတာမဟုတ်ဘူးလေ။ ၆ နိုင်ငံပေါင်းပြီးမှ ညီညီညွတ်ညွတ်နဲ့ ပေါင်းပြီးတည်ဆောက်ထားတဲ့နိုင်ငံဖြစ်တယ်။ ကျနော်တို့ သျှမ်းပြည်နယ်ဆိုရင်အင်အားအကြီးဆုံးပြည်နယ်ဖြစ်တယ်လေ။ သို့ပေမယ့် ကျနော်တို့အိမ်တွင်းရေး ကျနော်တို့လုပ် သူတို့လဲသူတို့အိမ်တွင်းရေးသူတို့လုပ်ကြပြီးတော့မှ ကျနော်တို့ခေါင်းဆောင်ပိုင်းကဘဲ ညီညွတ်ကြဖို့လိုတယ်လေ။ မေး။ ။ ရုံးဖွင့်ပွဲကနေ သျှမ်းလူထုကို ဘယ်လိုမှာကြားချင်ပါသလဲ။ ဖြေ။ ။သျှမ်းစာဆိုတာ တမျိုးတည်းရှိတယ်လေနော်။ ဒါအရေးကြီးဆုံးဘဲ။ သျှမ်းစတေးတပ်စ် ရှိရ မယ်လေ။ သျှမ်းလူမျိုးဆိုတာ မြင့်မြတ်တဲ့လူမျိုးတွေလေ။ ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်မငယ်ဖို့ အတွက် စွမ်းဆောင်ကြဖို့ပါ။အဲတာလေးမှာချင်ပါတယ်။ သျှမ်းလူမျိုးအားလုံးအတွက်ပါ။ သျှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ဇန်နဝါရီ ၂၀ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီ ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ပြီး ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ကော်မရှင်က တရားဝင်ပါတီ တည်ထောင်ခွင့် ပြုခဲ့ပါတယ်။ ပါတီ၏ ဥက္ကဌကတော့ စိုင်းဌေးအောင်ဖြစ်ပါတယ်။ |
| ကျေးလက်လူထုအားနှိပ်စက်မှုကြောင့် အစိုးရတပ်အရာရှိနှင့်တပည့်တယောက်ပျောက်ဆုံးနေ Posted: 05 Sep 2012 03:23 AM PDT သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဒေသခံလူထုတချို့အား သျှမ်းပြည်တပ်မတော်၏ အမာခံလူ ဟု ဆိုကာ လိုက်လံဖမ်းဆီးနှိပ်စက်မှုကြောင့် တုန့်ပြန်သည့်အနေဖြင့် မြန်မာစစ်အရာရှိတဦး နှင့် နောက်လိုက် တပည့် တဦးအား SSPP/SSA က ပြန်ပြေးဆွဲသွားကြောင်း ဒေသခံသတင်း ရပ်ကွက်ကပြောပါသည်။ ![]() မြန်မာအစိုးရစစ်သား "မန်စံ မိန်းမု နဲ့ လားရှိုးမြို့ ကြားမှာ ပျောက်သွားတာ။ ဗိုလ်ကြီးသက်စိုး နဲ့ သူ့ တပည့်တယောက် ။ အခု ထက်ထိ ပြန်လွတ် လာပြီလို့ မကြားရသေးဘူး၊ ကျနော်တို့ ကြားရတာက လူထုကို ဒီအစိုးရတပ်က သျှမ်းတပ်ရဲ့အဆက်အသွယ် အမာခံလူဆိုပြီး ဖမ်းဆီးနှိပ်စက်တယ်။ အခုထိ ချုပ်နှောင်ထားတုန်းဘဲ၊ အဲဒီလူကို ပြန်လွှတ် ပေးဖို့ အဲဒီဗိုလ်ကြီးကို ပြန်ပြေးဆွဲသွားတာတဲ့" - ဟု အစိုးရစစ်တိုင်းရုံးနှင့် နီးစပ်သည့် ဘူတာရပ်ကွက်နေ တပ်ထွက်တဦးကပြောပါသည်။ ဩဂတ်စ် ၃၁ မွန်းလွဲ ၁၄:၀၀ နာရီအချိန် ခမရ ၃၂၂ မှ ဗိုလ်ကြီးသက်စိုးနှင့် ၎င်း၏နောက်လိုက်တပည့်တဦး အား အရပ်ဝတ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ပြန်လည်လွှတ်ပေးရန် လားရှိုးရှိ သျှမ်းပြည် တပ်မတော် SSPP/SSA ၏ ကိုယ်စားလှယ်ရုံးတာဝန်ခံအား ရမခ စစ်တိုင်းရုံးက အကြောင်းကြားထားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။ "ကျနော်တို့လူထုကို ဗမာတပ်က ပြန်လွှတ်ပေးပါ့မယ်လို့ ကတိပေးလာလို့ မနေ့ကဘဲ ကျနော်တို့ လွှတ်ဖို့ အမိန့်ပေး လိုက်ပြီ။ လူထုက ဓါးစာခံဖြစ်နေလို့လေ။ စားပွဲပေါ် ညှိနှိုင်းဖို့လဲ မရောက်သေးဘူး။ ကျနော်တို့ ကို အစိုးရတပ်က ထိုးစစ်ဆင်ပြီးနောက်ပိုင်း နေစရာမရှိလို့ ကျနော်တို့ လှုပ်ရှားဖူးတဲ့နေရာဟောင်းကို ကျနော်တို့ ပြန်လှုပ်ရှားတယ်။ ကျနော်တို့ကို အဲဒီဒေသအတွင်း မလှုပ်ရှား စေချင်ရင် ကျနော်တို့နယ်မြေထဲလာရောက် တပ်စွဲထားတဲ့ အစိုးရတပ်တွေ ပြန်ရုပ်ပေးရမှာပေါ့" - ဟု SSPP/SSA ထိပ်ပိုင်း အရာရှိ တဦးကပြောပါသည်။ "ကျနော်တို့ လူထုက သေနတ်ပါလာတဲ့သူတိုင်းကို ကြောက်နေရတယ်။ ဗမာတပ်ဘဲမပြောနဲ့ မိမိလူမျိုးတခုတည်းဖြစ် တဲ့ သျှမ်း တပ်လာလဲကြောက်ရတာဘဲ။ အခု လယ်မဆင်းရဲကြဘူး။ ခြံလဲ မဆင်းရဲဘူး။ ရေရှည် ဘယ်လိုအသက်ရှင်ကြမလဲ" - ပိန်းလုံရွာ သားတဦးက ပြောပါသည်။ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အမာခံလူဟုဆိုကာ အစိုးရတပ် ဖမ်းဆီးထား သူ နမ့်တောင်ကုန်း အုပ်စု ပိန်းထောန် ရွာသား စိုင်းကျော်အေး၊ နမ့်ပိုင်ရွာသား စိုင်းထွေးညွှန့် ၊ ပိန်းလုံရွာသား စိုင်းလ နှင့် စိုင်းတိန်း တို့လေးဦး ကျန်ရှိနေသေးကြောင်း၊ စိုင်းလ နှင့် စိုင်းတိန်းနှစ်ဦးလုံးအား ခြေထောက်ကျိုး၊ မျက်လုံးပြူးထွက် သည်အထိ အစိုးရတပ်က ရိုက်နှက်ထားသောကြောင့် သေဆုံးပြီဟု ယူဆနိုင်ကြောင်း မန်စံ ရပ်မိရပ်ဖ တဦးကပြောပါသည်။ |
| မူစယ်မြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်နေ Posted: 05 Sep 2012 03:22 AM PDT သြဂုတ်လ ၈ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ်ကွက် ကောင်းထက်တည်းခိုခန်း အနီးရှိ တရုတ် လူမျိုးတစ်ဦး ပိုင် လောင်းကစားဝိုင်းအား အာဏာပိုင်များ ဖမ်းဆီးပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ ပိတ်ထားသော် လည်း ယခုရက်ပိုင်း အတွင်း လောင်းကစားဝိုင်းများ မြို့နေရာအနှံ့၌ ပြန်ဖွင့်နေကြောင်း သိရသည် ။ မြို့ခံတစ်ဦးက " ဆင်ဖြူဂိတ်နားမှာက ၃ ဆိုင် ၊ နန်းတော်ပေါက် ရွှေနဂါးတည်းခိုခန်းနားမှာက ၁ ဆိုင် ၊ မန်ဝိန်းပေါက် စိန် ကမ္ဘာ တည်းခိုခန်းနားမှာက ၁ ဆိုင် ၊ ရွှေသီရိ တည်းခိုခန်းရှေ့မှာက တစ်ဆိုင် ၊ နာရီစဉ်နားမှာက တစ်ဆိုင် ၊ ကားဝင်းနား မှာက ၃ ဆိုင် ၊ အထက ၂ စာသင်ကျောင်းနားမှာက တစ်ဆိုင် တစ်မြို့လုံးဆိုရင် ဆိုင် ၃၀ လောက် ပြန်ဖွင့်နေပြီ " ဟု ၄င်းက ဆိုသည် ။ ၄င်းလောင်းကစားဝိုင်းများအနက် ဆင်ဖြူပေါက်အနီးဖွင့်လှစ်ထားသော ပန်းဆေးပြည်သူ့စစ်ပိုင် Royal တွင် ကစားဝိုင်းမျိုးစုံ ပါဝင်သဖြင့် အကြီးဆုံးဖြစ်ပြီး ကစားဝိုင်း အကြီး ၊ အသေးအလိုက် တစ်လလျှင် ကျပ် ၇ သိန်းမှ ၁၅ သိန်းအထိ လစဉ် ကြေး ပေးဆောင်ရကြောင်း သိရသည် ။ လွန်ခဲ့သည့်လပိုင်းက ဖမ်းဆီးခံခဲ့ရသည့် တရုတ်လူမျိုး လောင်းကစားဝိုင်းပိုင်ရှင်မှာ ယနေ့အအထိ ဖမ်းဆီးထားဆဲဖြစ်ပြီး ယခု လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်ခွင့်ရနေပြန်ရာ မြို့ခံများအကြား ဝေဖန်ပြောဆိုမှုရှိနေကြောင်းလည်း သိရသည် ။ |
| သီပေါမြို့နယ်အတွင်းအစိုးရတပ်ချောင်းပစ်ခံရ အရာရှိ နှင့် ရွာသားတဦးသေဆုံး Posted: 05 Sep 2012 03:21 AM PDT သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသည့် မြန်မာစစ်ကြောင်းတခုအား လက်နက် ကိုင် တပ်ဖွဲ့တခုက ခြုံခိုတိုက်ခိုက်ရာ ထော်လာဂျီမောင်းသူ နှင့် အစိုးရတပ် အရာရှိတဦး သေဆုံးကြောင်း သီပေါမြို့ခံများက ပြောပြပါသည်။ "အစိုးရတပ်က ဘာတပ်ဆိုတာမသိဘူး။ လာတိုက်တာကလဲ သျှမ်းတပ်လို့ဘဲသိ တယ်။ အစိုးရတပ်က အရာရှိ တယောက်သေတယ်။ ထော်လာဂျီမောင်း လဲပွဲချင်း ပြီးဘဲ" - ဟု ဒေသခံ စိုင်းလုံ က ပြောပါသည်။ ဩဂတ်စ်လ ၃၀ ရက်က အင်အား ၂၀ ခန့်ရှိ အဆိုပါမြန်မာအစိုးရ၏ စစ်ကြောင်း(တပ်ရင်းအမည်စုံစမ်းဆဲ) က သီပေါ မြို့နယ် ဒေသခံများ၏ ထော်လာဂျီ ၂ စီးကိုချောဆွဲကာ သီပေါမြို့အနောက်ဘက် ၆ မိုင်အကွာရှိ ဝမ့်ပန်ကီ၊ ဝမ့်မူး လေးရွာသို့ ထွက်သွားရာ နေ့ခင်း ၁ နာရီအချိန် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲကြောင့် တပ်ရင်းမှူးတဦးနှင့်ထော်လာဂျီမောင်းတဦး သေဆုံးခဲ့ပြီး ဒဏ်ရာရမှုလည်း များပြားကြောင်း ဆိုပါသည်။ " ပန်ကီရွာအလွန်မှာ ပထမ တစီးက စက်ပျက်သွားလို့ စစ်သားတွေက ဆင်းပြီး တွန်း ပေးတယ်။ တပ်ရင်းမှူးပါတဲ့ နောက်ကတစီးက ပထမတစီးကိုကျော် တက်သွားလို့ သူ ထိသွားတာပေါ့။ တိုက်ပွဲက ၁၅ မိနစ်ဘဲကြာတယ်" ဟု ဘော်ကြိုဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။ သေဆုံးသည့်ထော်လာဂျီယာဉ်မောင်းမှာ ပန်ကီရွာသား စိုင်းကို (အသက် ၂၀ နှစ်) ဖြစ်ပြီး ကိုယ်ဝန်ဆောင် ဇနီး ကျန် ရစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ အတည်မပြုနိုင်သေးသည့်ဒေသခံများပြောပြချက်အရ မြန်မာစစ်တပ်ဘက်မှ စိုင်းကို၏ဇနီးအား လျော်ကြေး ၂၃ သိန်း ပေးမည်ဖြစ်ပြီး ကိုယ်ဝန်တွင်းရှိ ကလေး ကိုလည်း အသက် ၂၂ နှစ်ပြည့်သည်အထိ ပညာရေး ထောက်ပံ့ ပေးမည်ဟု ဆိုပါသည်။ အဆိုပါဒေသတွင် RCSS/SSA နှင့် SSPP/SSA သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံး လှုပ်ရှားမှုရှိသော်လည်း ၎င်းတို့ထံမှ အတည်ပြုချက်မရရှိသေးပေ။ သျှမ်းပြည်တပ်မတော်တောင်ပိုင်းမှ အရာရှိတဦးကမူ - မန္တလေး-သီပေါ-လားရှိုးကားလမ်းမြောက်ဘက်ခြမ်း၌ မိမိတို့ သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့ပူးပေါင်း၍ စစ်ရေးလှုပ်ရှား ကြပြီး ၎င်းတို့အပြင် (တအာန်း) ပလောင် အမျိုးသား လွတ် မြောက်ရေး တပ်မတော် TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနပြည်သူ့စစ်တပ်ဖွဲ့ တို့လည်း လှုပ်ရှားပါသည်။ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့သည် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့နှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပြီးကြသည့်အဖွဲ့များဖြစ်သည့်တိုင် အကြိမ် ၃၀ စီထက်မနည်း မြန်မာစစ်တပ်နှင့်တိုက်ပွဲများဖြစ်ပွါးနေသေးသည်။ |
| UWSA ၏ အင်အားကြီးတပ်မဟာတခု၏တပ်မှူး ရာထူးလျှော့ချခံရ Posted: 04 Sep 2012 07:21 PM PDT ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ လူအား၊ ငွေအား၊ လက်နက်အား အတောင့်တင်းဆုံးဖြစ်သည့် တပ်မဟာတခု၏ တပ်မှူးအား သြဂတ်စ်လနှောင်းပိုင်းက ရာထူးလျှော့ချ၍ အပြောင်းအလဲ လုပ်လိုက်ကြောင်း နီးစပ် သည့် အသိုင်းအဝိုင်းက ပြောပါသည်။ ![]() "တပ်မှူး လီအိုက်ဆု ကို အုပ်ချုပ်ရေးပိုင်းဘက်ပြောင်းလိုက်တယ်။ သူ့နေရာကိုတော့ မကြာခင်ကမှ မြန်မာအစိုးရထောင် ကနေလွတ်မြောက်လာတဲ့ ပေါက်ယူချန်း ရဲ့ တူ တာ့ပန်းဆိုသူ အစားထိုးခန့်အပ်မယ်လို့ ကြားရတယ်" - ဟု အမည် မဖေါ်လိုသည့် အရာရှိတဦး က ပြောပါသည်။ မိုင်းပေါက် အခြေ စိုက် တပ်မဟာ ၄၆၈ တပ်မှူး အိုက်ဆု ခေါ် လီအိုက်ဆု (အသက် ၄၀ ၀န်းကျင်)အား မိုင်းပေါက် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းလဲကြောင်း ကြားသိရပါသည်။ လီအိုက်ဆု "အိုက်ဆုက သူဌေးကြီးဘဲ။ တပ်မဟာမှူးတွေထဲမှာ သူက ပိုက်ဆံအရှိဆုံး၊ ၀ တပ်မဟာတွေထဲမှာလဲ တပ်ထုအင်အား အတောင့်တင်းဆုံးလို့ ပြောလို့ရတယ်။ အိုက်ဆု က ကိုယ်ပိုင်လေယာဉ် (ဟတ်စကီး)တောင် ၀ယ်စီးနိုင်တယ်။ တောင်ပိုင်း ၀ တပ်ဖွဲ့ ခေါင်းဆောင် ဝေ့ရှော်ကန်း နဲ့လဲ အရမ်းရင်းနှီးတယ်" - ဟု ၄င်းနှင့်နီးစပ်သည့် ၀ တပ်အရာရှိ တဦးက ပြောပါသည်။ တာ့ပန်းမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ဘိန်းဖြူ ၄၉၆ ကီလိုဂရမ်နှင့်အတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် တုံတာ၌ အဖမ်းခံခဲ့ရ၏။ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ဒုတိယ အကြိမ် အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ပြီးနောက်ပိုင်း ဦးသိန်းစိန်အစိုးရ က ၄င်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ သည်။ UWSA တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်ဒေသကို မြန်မာအစိုးရက သံလွင်အရှေ့ခြမ်း မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စု တခုအဖြစ်သတ်မှတ်၏။ ၀ တပ်ဖွဲ့မှာမူ မိုင်းပေါက် အား ခရိုင်တခုအဖြစ် သတ်မှတ်ထားသည်။ |
| မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ် အခါကျောင်းသူ/သား ၁၄ ဦးသေ Posted: 04 Sep 2012 07:16 PM PDT မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ်မှုကြောင့် အထူးဒေသ ၄ မိုင်းလား နယ်မြေမှ တရုတ်ပြည်သို့ ကျောင်းသွားတက်သည့် အခါကျောင်းသားလူငယ်ကလေးများ ၁၄ ဦးသေဆုံးကြောင်း နယ်စပ်သတင်းရပ်ကွက် က ဆိုပါသည်။ မဲခေါင်မြစ်အတွင်း နစ်မြုပ်သူများအား ကြိုးစားကယ်တင် နေစဉ် (ဓါတ်ပုံ-CNTV)"မိုင်းလားဘက်ကနေ တရုတ်ပြည်ဘက် တက်သွားတဲ့လှေပေါ့။ တနင်္ဂနွေနေ့မွန်းတည့်မှာနစ်မြုပ်တာ။ လူသုံး ဆယ်လောက်ပါတယ်။ အဲဒီမနက်က ခေါက်တုန့်ခေါက်ပြန်ဘဲ။ အဲဒီအချိန်မှာရေကလဲကြီးပြီး ရေစီးကြမ်းတာ ကြောင့်မြုပ်တာပေါ့" - ဟု မိုင်းလားဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။ သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာလုံ - ဖာလိုင် အုပ်စုမှ တရုတ်နိုင်ငံယူနန် ပြည်နယ် ကွန်းလွေးမြို့သို့ တက်မည့် မဲခေါင်မြစ်အတွင်း ခရီးသည် ၃၀ ခန့်တင်ဆောင်သည့် စက်လှေနစ်အနက် ၂၂ ဦး နစ်မြုပ်သေဆုံး ခဲ့ခြင်းဖြစ်သည်ဟုဆို၏။ "သေဆုံးတဲ့လူတွေထဲမှာ ကလေးတွေများတယ်။ ကျနော်တို့ဘက်က အခါလူမျိုးလေးတွေပေါ့။ တရုတ်ပြည်ဘက်ခြမ်း မှာ ကျောင်းသွားတက်ကြတာလေ။ သောကြာညဆိုအိမ်ပြန်၊ တနင်္ဂနွေဆို ကျောင်းပြန်သွား အဲလိုမျိုးပေါ့။ ပိတ်ရက်လဲဖြစ်တဲ့အလျောက် လူအသွားအလာများတယ်လေ။ အလောင်း ၂၂ လောင်းထဲမှာ ကလေး ၁၄ ယောက်ပါတယ်။ အချိန်မီကယ်တင်နိုင်တာ ၈ ယောက်ဘဲ ။ အလောင်းပျောက်နေတာလဲရှိနိုင် သေးတယ်။ လူဦးရေက အတိအကျမသိဘူး" ဟု ၎င်းကဆက်လက်ပြောပြသည်။ အဆိုပါနစ်မြုပ်သည့်စက်လှေတွင် ခရီးသည် ၅၀ ထက်မနည်းတင်ဆောင်သည်ဟု ပြောသူများလည်း ရှိသည်။ လှေနစ်မြုပ်မှုမတိုင်ခင် ၂ ရက်အလို ပြီးခဲ့သည့်ကြာသပတေးနေ့ကလည်း ကွန်းလွေးမြို့၌ ကူညီကယ် ဆယ်ရေး အဖွဲ့ဖွဲ့စည်း၍ စက်လှေကြီးများအသင်းနှင့်ပူးပေါင်းကာ နေ့စဉ်တက်ဆင်းသွားလာသည့် ခလေးငယ် ၂၀၀ ကျော် ၏ လုံခြုံရေးကိုတာဝန်ယူမည်ဟု တရုတ်သတင်းစာများကဖော်ပြထားသည်ဟု ဆိုပါသည်။ တနင်္ဂနွေနေ့ညပိုင်း၌လည်း ကွန်းလွေးမှ နယ်စပ်လုံခြုံရေးတပ်ဖွဲ့က ကယ်ဆယ်ရေးအတွက် အယောက် ၅၀ ထပ်မံစေလွှတ်ကြောင်း၊ ကူညီကယ်ဆယ်နိုင်ခဲ့သော လူများအနက် ခလေးငယ်တယောက်မှမပါရှိကြောင်း၊ သေဆုံးသည့်ခလေးငယ်များ၏ မိသားစုများထံသို့လည်းသွားရောက်အားပေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ရေးသားသည်။ |
| Posted: 04 Sep 2012 07:15 PM PDT ကျနော်တို့ လဲချားဒေသခံတွေဟာ ဗမာစစ်တပ်ကတဖက် ဒေသခံ သျှမ်းလူမျိုးပြည်သူ့စစ်တွေကတဖက် ဖိနှိပ်ငြင်းဆဲမှုကိုခံနေရပါတယ်။ ဝမ့်ပန်တပ်စခန်းအသွားလမ်းအား ရှင်းလင်းပေးနေရသော ရွာသားများမကြာသေးခင်ကဘဲ (ဩဂတ်စ်လနှောင်းပိုင်းကဘဲ) ပြည်သူ့စစ်ဌာနချုပ်ကိုသွားတဲ့လမ်းကို သန့်ရှင်းရေးလုပ်ပေးခဲ့ရပြီးပြီ။အခုလည်း ဩဂတ်စ်လကုန် ၃၁ ရက်က လဲချားအခြေစိုက် ခမရ ၅၁၅ က ကျနော်တို့ ဝမ့်ထီအုပ်စုထဲက ထော်လာဂျီ ၄ စီး လာပြီးချောဆွဲတယ်။ တပ်ထဲမှာ ရေတင် သဲတင် နဲ့ တောက်တိုမယ်ရခိုင်းဖို့ဆိုဘဲ။ ချောသွားဖို့ ထော်လာဂျီတွေကိုစုပေးတာကတော့ ကျနော်တို့ ဝမ့်ထီက အုပ်စုဥက္ကဌကြီး လုံးကောလ ပေါ့ဗျာ။ မြန်မာစစ်သားတွေချောဆွဲသွားတဲ့ ထော်လာဂျီတွေထဲက စိုင်းဝိဇောတ ရဲ့ထော်လာဂျီကို ဗမာစစ်သားတယောက်တက်မောင်းတယ်။ ဝမ့်ဇင်းကိုအသွားလမ်းမှာ ထော်လာဂျီမှောက်သွားတယ်။ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီမှ ပြန်လွှတ်ပေးတယ်။ လွှတ်ပေးတဲ့အချိန်မှာလဲ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းဆိုတဲ့လက်မှတ်ထိုးခိုင်းတယ်။ ပိုက်ဆံ ငါးထောင်ကျပ်ဘဲပေးလျော်တယ်။ ဆီဖိုးတောင်မလောက်ဘူး။ ဩဂတ်စ်လ ၂၀ ရက်နေ့ကလည်း ကျနော်တို့ ဝမ့်စယ့်အုပ်စု၊ ဝမ့်ဆန်းအုပ်စု၊ ဝမ့်ထီအုပ်စု၊ ဝမ့်ဟိုင့်အုပ်စု၊ ဝမ့်လေအုပ်စုနှင့် ကတ်မောက် အုပ်စုသားတွေကို ဝမ့်ပန်ဌာနေပြည်သူစစ်တပ်ဖွဲ့က ကားလမ်းမကနေ သူတို့တပ်စခန်းအသွားလမ်းဘေးနှစ်ဘက်နှစ်ချက်မှာ ခြုံတွေရှင်းခိုင်းတယ် ။ လယ်ဆင်းချိန်မှာ အခုလို တဖွဲ့ပြီးတဖွဲ့ ဆက်တိုက်ဆက်တိုက် ခိုင်းနေတော့ ကျနော်တို့ မိသားစုအတွက်လုပ်စားချိန်ဘယ်မှာရှိပါတော့မလဲဗျာ။ လဲချားဒေသခံ စိုင်းဆမ် |
| အကျင့်ပျက်ဝန်ထမ်း ထိန်းကျောင်းသင့်ပြီ Posted: 04 Sep 2012 07:14 PM PDT သို့ - သျှမ်းသံတော်ဆင့်အယ်ဒီတာရှင့် သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် မြေစာရင်းဦးစီးဌာနမှူး သည် နိုင်ငံတော်မှ အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ မဘိမ်းမြို့နယ်အတွင်း ရွှေလုပ်ငန်းလုပ်ကိုင် စားသောက်သူများထံမှ လာဘ်ယူ တာဝန်မဲ့လုပ်ကိုင်နေမှုများကြောင့် အစိုးရသိက္ခာ၊ နိုင်ငံတော်သိက္ခာကို ထိပါးစေသည်သာမက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသော နိုင်ငံတော်၏ တိုးတက်မှုကိုပါ အနှောက်အယှက်ဖြစ်စေသည့်နှောင်ကြိုး သဖွယ် ဖြစ်နေကြောင်း သိရှိရသည်။ ဦးစီးဌာနမှူး သည် သတ္တုတွင်းဝန်ကြီးဌာနသို့ ရွှေတူးဖော်ထုတ်လုပ်ခွင့် လျှောက်ထား နိုင်ရေးအတွက် မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့် တင်ပြလာသော ကုမ္ပဏီများအပေါ် လုပ်ပိုင်ခွင့်ကို လိုရင်လိုသလို အသုံးချ၍ "ငါလုပ်ပေးမှရဒါ၊ ငါမလုပ်ပေးရင် ဘာတတ်နိုင်မှာတုံး၊ ငါလိုလားတဲ့သူကို ဦးစားပေးမယ်ဆိုတဲ့သဘောနဲ့" ၀န်ထမ်းကျင့်ဝတ် ကတိသစ္စာကို ဖောက်ဖျက်၊ လာဘ်လာဘကို ထိပ်တန်းတင်၊ လုပ်ကွက်ထပ်မထပ် မစဉ်းစား၊ နောက်မှလိုက်၍ လျှောက်ထားသူအား မစီမစစ် ထောက်ခံမှုကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်ကြ သောကုမ္ပဏီ အချင်းချင်း မပြေမလည် မကျေမနပ်မှုများ ဖြစ်ပေါ်ရသည့်အပြင် ပြည်နယ်အစိုးရ အဖွဲ့နှင့် မိမိအထက် ဦးစီးဌာနတို့မှ ခွင့်ပြုပြီးဖြစ်သော ကုမ္ပဏီအား အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲ၍ မြေပုံ (၁၀၅) ရေးဆွဲပေးခြင်းမပြုဘဲ လျှောက်ထားရာမှာလည်းနောက်ကျ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ခွင့်ပြုချက်လည်း (၁) လကျော်ကြာ နောက်ကျခဲ့သည့် ကုမ္ပဏီကို လုပ်ကွက်ဆက်စပ်လျက်ရှိသော အခြားကုမ္ပဏီမှ တာဝန်ရှိသူ များအား ညှိနှိုင်းအသိပေးခြင်း မပြုဘဲ မိမိလိုရာဆွဲယူ၍ မြေပုံ (၁၀၅) ရေးကူးပေးလိုက်ခြင်းသည် ပေါ်ပေါ် ထင်ထင် မမျှမတ ဘက်လိုက်လွန်းရာကျသဖြင့် ဌာနအပေါ် များစွာအကြည်ညိုပျက်စေလှပါသည်။ ဦးစီးဌာနမှူး၏ အထက်ဌာနအပေါ် မလေးမစား၊ လာဘ်လာဘမျက်နှာကြည့် ဘက်လိုက်ဆောင်ရွက်မှု များကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်သူများသာမက အခြေအနေမှန်သိရှိသော မြို့နယ်အတွင်း ဘေးဌာနများကပါ မြေစာရင်းဌာနအပေါ် ငြိုငြင်ပြစ်တင်ကဲရဲ့ ပြောဆိုမှုများရှိလာ၍ မဘိမ်းမြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်အောက်ဝန်ထမ်းအများစုသည် ရှက်လည်းရှက်၊ စိတ်လည်းပျက်လျက် ဦးစီးဌာနမှူးအပေါ် မလိုလားကြ ကြောင်း သိရှိရသည်။ မြို့နယ်တာဝန်ခံအရာရှိတစ်ဦး၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသောလုပ်ရပ်ကြောင့် လက်အောက်ဝန်ထမ်း အများစု အရှက်ရစိတ်ပျက်၊ မညီမညွတ်ဖြစ်နေရခြင်းမှ ပြန်လည်တည့်မတ်စေရန်နှင့် ဌာနသိက္ခာ ဆက်လက်မကျဆင်းစေရန်အတွက် အထက်တာဝန်ရှိ လူကြီးများမှ အမြန်ဖြေရှင်းပေးပြီး နိုင်ငံတော်၌ လာဘ်ပေးလာဘ်ယူပပျောက်ရေး ဆောင်ရွက်နေချိန်တွင် အတ္တလွန်ကဲ၊ လာဘ်လာဘမက်မောသည့် အကျင့်ပျက်ဝန်ထမ်းအား ထိန်းကျောင်းသင့်ပြီဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲများ သိရှိရန် တင်ပြလိုက် ရပါသည်။ အမှန်လိုလားသူ |
| Posted: 04 Sep 2012 07:14 PM PDT သို့ - သျှမ်းသံတော်ဆင့်အယ်ဒီတာရှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို.နယ် နောင်တရားမြို့နယ်ခွဲနယ်မြေအတွင်း တုံဟုန်းကားလမ်းမကြီးပေါ်တွင် တုံဟုန်းတံတားနှင့် ၁ မိုင်ခန့်အကွာ ဘန်းပိန်ကျေးရွာအနီးတွင်၂၇.၇.၂၀၁၂ ရက်နေ့လည် ၁ နာရီအချိန် ပင်လောင်းမြို့ဘက်မှ တုံဟုန်းတံတားဘက်သို့ မောင်းနှင်လာသော နှစ်လုံးထိုးထော်လာဂျီကားသည် တုံဟုန်းကားလမ်းဘေးချောက်အတွင်းသို့ထိုးကျခဲ့ပါ သည်။ ထိုနေ့တွင်နောင်တရားမြို့ရဲစခန်းမှရဲ အရာရှိကသွားရောက်မှတ်တမ်းယူခဲ့ပါသည်။ ၂၈.၇.၂၀၁၂ တွင်နောင်တရားစခန်းမှူးဦးစီးသောနယ်ထိန်းတပ်ဖွဲ.၀င်များလာရောက်ပြီး ညောင်ရွှေမြို့နယ်တုံဟုန်းတံတား ရဲကင်းမှူးနှင့်ဆွေးနွေးနေသည်ကို တွေ့မြင်ခဲ့ပါသည်။ ထိုကဲ့သို့ရဲတပ်ဖွဲ့ဝင်များလုပ်ငန်းတာဝန်ထမ်းဆောင်နေကြသော်လည်း ၄င်းထော်လာဂျီအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ အဆိုပါယာဉ်အားနောင်တရားစခန်းမှူးမှ သိန်း ၃၀ နှင့်ရောင်းမည်ဟုကြား သိရပါသည်။ ၄င်းယာဉ်အားဥပဒေနှင့်အညီဆောင်ရွက်ပေးပါရန်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
Re: [mrsorcerer:30729] မြန်မာ့အရုဏ်သစ်၏ စိတ်ဓါတ်
On Wednesday, September 5, 2012, soe naing wrote:
သူတောင်းစား ခွက်ပျောက်တဲ့နေ့----
************************
တစ်နေ့သ၌ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခု၏ တစ်ခုသော လူစည်ကားရာ
ဈေးတစ်ခုတွင် အသက် ၅၀ ခန့် သူတောင်းစားကြီး တစ်ဦးသည် သူ၏ တစ်နေ့တာ
တောင်းရမ်းခြင်းအတွက် လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသည်။ သူ၏ရှေ့တွင်
ပိန်နေသော ဒန်ဖလားကြီး တစ်လုံးလည်း ချထားလိုက်၏။ သူသည် တစ်ချိန်က
အနာကြီးရောဂါ၏ ပြင်းထန်စွာ နှိပ်စက်ခြင်းကို ခံခဲ့ရပုံရသည်။
သူ့လက်ချောင်းလေးများ အားလုံး တိုနေကာ လက်ဖဝါး လက်ဖမိုးသာ ကျန်နေပြီး
နှာခေါင်းမှာလည်း သိသာစွာ ချိုင့်ဝင်နေရကား နှာသံပါသော အသံဖြင့်
အောက်ပါအတိုင်း တောင်းနေလေတော့သည်---
``တနားဂျပါခညာ--- တနားဂျဘာ - အတိုကြီး အမဂျီးဒို့ တနားမှ ချားရမယ့်
ဘဝဘာ-- အတိုကြီးအမဂျီးဒို့ -- ပေးမှ ကျွေးမှ ချားရမယ့်ဘဝဘာ----``
အနှီသူတောင်းစားကြီးမှာ အထက်ပါအတိုင်း သံစဉ်နရီ စည်းဝါး ကျစွာ
ဒိုင်ယာလော့ခ် မပြောင်းပဲ ပုံမှန် ပြောပြီး တောင်းနေလေ၏။ မကြာမီ
ဈေးကလေးမှာ သက်ဝင်လာပြီး လူစည်ကားလာသကဲ့သို့ သူတောင်းစားကြီး၏
ခွက်ထဲတွင်လည်း တစ်ကျပ်တန်လေးများ ငါးကျပ်တန်လေးများသာမက နှစ်ဆယ်တန်လေး
အချို့ပင် ရစပြုလာသည်။ သူတောင်းစားကြီးမှာ ပုံမှန် အော်တောင်းရင်
ခွက်ထဲမှ ဝင်ငွေ ကိုလည်း မကြာခဏရေတွက်ကြည့်နေတတ်၏။
ထိုအချိန်တွင် စက်ဘီးတစ်စီးဖြင့် အဖြူရောင်အကျီ င်္လည်ကတုံးဝတ်ဆင်ထားသော
လူငယ်တစ်ဦးသည် အဆိုပါ သူတောင်းစားကြီးနားသို့ ရောက်သောအခါ ရပ်ပြီး
ဘောင်းဘီအိပ်ထဲမှ ပိုက်ဆံအိပ်ကို ထုတ်လေ၏။ သူတောင်းစားကြီးလည်း
ကတ်စထော်မာ(customar) မှန်းသိသည်နှင့် သူ၏ နရီစည်းဝါးကိုဖြတ်ကာ
--``တနားဂျပါခညာ--- ``အစချီပြီး တောင်းလေတော့သည်။
လူငယ်သည် သူတောင်းစားကြီး၏ ခွက်ထဲတွင် ငါးကျပ်တန်တစ်ရွက်ထည့်ပြီး
မသွားသေးပဲ သူတောင်းစားကြီး နားတွင် ငုတ်တုတ်ထိုင်ကာ --
``ဘကြီး-- ဒီနေရာမှာ တောင်းတာ တစ်နေ့ ဘယ်လောက်ရလဲ--``
မထင်မှတ်သော မေးခွန်းကြောင့် သူတောင်းစားကြီးမှာ ကြောင်သွားပြီး---
``မောင်ရင်လေးက ဒီတောင်းဂျားဂို အင်တာဂျူးမီယို့ယား ဘီဂျာနီကယဲ--``
``အင်တာဗျူးဘို့ မဟုတ်ပါဘူးဗျ--``
``ဒီလိုချို အထွန်ဦးဂျီးထာန ကယား မီယုတ်ပါနဲ့ဂွယ်
အထွန်ချောင်ဘို့ထိ မီရပါဘူးဂွယ်-- တီနီရာယေး မှာ ပူမန်နေဘို့ ချီဘင်ကိုယဲ
ပေးရတေးဒယ်ယေ--``
``အာ--- အခွန်ဦးစီးကလည်း မဟုတ်ဘူး စည်ပင်ကလည်းမဟုတ်ဘူး ကျွန်တော်က
ပရဟိ ဝါသနာပါလို့ အဲဒါ ဘကြီးကို ဒီနေ့ ကူပြီးအလှုခံပေးမယ် --``
ဟုပြောပြောဆို ဆို သူတောင်းစားကြီး၏ ခွက်ကိုယူကာ အောက်ပါအတိုင်း စပြီး
အလှုခံလေတော့သည်---
``လမ်းသွားလမ်းလာနဲ့ ဈေးသွားဈေးလာ ရပ်မိရပ်ဖ သူတော်ကောင်း
သူမြတ်လောင်းတို့ခင်ဗျားးး အတိတ်ကံအကျိုးကြောင့် အခုဘဝမှာ
ဒုက္ခဆင်းရဲရောက်နေသော လူသားများကို လူသားစိတ်ဓါတ်ဆန်စွာဖြင့် စေတနာ မေတ္တာ
ဂရုဏာ တည်းဟူသော ဗြမ္မထိုလ် တရား လက်ကိုင်ထားကာ ----------``
ဟု အစချီကာ ကရားရေလွှတ်သကဲ့သို့ စတင်အလှုခံလေတော့သည်။ လမ်းသွားလမ်းလာ
သူများမှာ ထိုသူငယ်ကို အထူးအဆန်းသဖွယ် ကြည့်ပြီး အချို့က ပြုံးစိစိဖြင့်
လှုသွားကြ၏။ အချို့က လူငယ်ကို ပုခုံးညင်သာစွာ ပုတ်ရင်း ချီးကျူးပါတယ်
ဟုပြောကာ လှုသွား၏။ အချို့လည်း လက်ဆွဲနှုတ်ဆက်ကာ လှုသွား၏။ အချို့လည်း
အထူးအဆန်းသဖွယ်ကြည့်ပြီး လှုသွားကြ၏။ မည်သို့ပင်လှုစေကာမူ သူတောင်းစားကြီး
၏ခွက်ထဲတွင် အလှုငွေ များကား တဖွဲဖွဲဖြင့် ဝင်နေလေတော့၏။
သူတောင်းစားကြီးမှာ ထိုအလှုခံရရှိငွေများကို မှန်းကြည့်ပြီး များစွာ
ပျော်ရွှင်လျှက်ရှိသကဲ့သို့ သူ၏ စိတ်ထဲတွင်လည်း `` တီကောင်ဂွာ --
တော်တော် အကြောဂေါင်းဒယ် တီဂေါင် တီတောင်းချား လုပ်ရင် နာတို့
တော့ထီမင်း ငဲ့ယောက်ဒယ်----``ဟု တွေးနေလေ၏။
သူတောင်းစားကြီး၏ ခွက်ပိန်ကြီးထဲဝယ် အလှုခံရရှိငွေ အတော်ရလာသောအခါ
လူငယ်သည် သူတောင်းစားကြီးနားသို့ ငုတ်တုတ်ထိုင်ရင်း---
``အင်း-- အလှုခံပေးရင်းနဲ့ ကျွန်တော် အလုပ်သွားဖို့တောင်
အချိန်မမှီတော့ဘူး ကျွန်တော့လုပ်အားခ လေးတော့ နည်းနည်းယူမယ်နော်--``
``ယူပါ မောင်ယင်ယယ် ယူဘာ ယူဘာ--``
သူတောင်းစားကြီး ခွင့်ပြုတာနဲ့ အဆိုပါလူငယ်သည် သူ၏ ကြီးမားသော
လက်ကြီးဖြင့် သူတောင်းစားကြီး၏ ခွက်ပိန်ထဲသို့ အပြည့်နှိုက်ကာ
ပါသလောက်ယူပြီး ဘောင်းဘီအိပ်ထဲထည့်ကာ စက်ဘီးစီး၍ ထွက်သွားလေတော့သည်။
သူတောင်းစားကြီးလည်း ကြောင်ပြီးကြည့်နေရာမှ သူ့ခွက်ပိန်ထဲကိုတစ်လှည့်
စက်ဘီးစီးထွက်သွား သော လူငယ်ကို တစ်လှည့် နားမလည်သလို
အံ့သြခြင်းကြီးစွာဖြင့် ကြည့်ပြီး နောက် သတိကပ်သွားကာ အောက်ပါတိုင်း
ငိုချင်းချ ဆိုဆဲနေပါတော့သတည်း။
`` အီးးး -----ဟီးးးး တေဂျင်းချိုးယေး တတောင်းချား - လေး
တောင်းချားတာတောင် ညောက်ကျပြီး (အဲ) အနူပြပြီး တောင်းရဒယ်လို့ အီးးး
နာတောင်းလို့ရထားဒါလေးတောင် အဆစ်ပါတွားဒေးတယ် ကာလနာယေး တူညားတွေက
ပယဟိတယူငယ်ယေး ချိုပီး အထင် ဂျီးနေယိုက်ဒါ တူက ဒီယုံမြီယို့
ဒီခြုံထွင်တွားဒယ် အီးးး ဟီးးးး-----``
**************************************************************
လေးစားရပါသော စေတနာရှင် မိတ်ဆွေများခင်ဗျား--
အခုခါမှာ ပရဟိတလုပ်ငန်းလုပ်တဲ့ အဖွဲ့လေးများ မြောက်များစွာ
ပေါ်ပေါက်လာတာဖြင့် အင်မတန်ကို ဝမ်းသာကြည်နူးအားတတ်ဖွယ်တွေ့ရပါတယ်။
လေးစားဂုဏ်ယူပါတယ်။ အဲဒီလို လူသားဆန်တဲ့ အဖွဲ့လေးတွေ ပေါ်ပေါက်လာသလို
အဖွဲ့လေးတွေကို ကပ်ပြီး အင်းမတန်ဖြူစင်တဲ့ ပရဟိတ လုပ်ငန်းကိုမှ
မျက်နှာမထောက်ဘဲ နူရာဝဲစွဲ လဲရာသူခိုးထောင်း ချင်သောစိတ်ဓါတ်၊ တစ်ပူပေါ်
နှစ်ပူဆင့်စေတဲ့စိတ်ဓါတ်၊ ရေနစ်သူ ဝါးကူလို့ထိုးတဲ့စိတ်ဓါတ်၊ စတဲ့
အင်မတန်အောက်တန်းကျတဲ့ စိတ်ဓါတ်ရှိသူ အချို့ဟာလည်း ပရဟိတကို ဘန်းပြပြီး
လုပ်စားတတ်ကြတာကိုလည်း ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို မျိုး ကြားနေရတာလည်း
ရှိတတ်ပါတယ်။ လက်တွေ့တော့ မမြင်ဘူးသေးသော်လည်း တစ်ထစ်ချ
မရှိပါဘူးလို့တော့ဖြင့် အာမမခံရဲပါ။ အင်မတန်စက်ဆုတ်ဖွယ်ကောင်းတဲ့
စိတ်ဓါတ်မျိုးမို့ ``မြန်မာ့အရုဏ်သစ်``က ထိုလူမျိုးများကို
ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
``မြန်မာ့အရုဏ်သစ်`` ပရဟိတ လူမှုကူညီရေးအသင်း ရယ်လို့ ပရဟိတလုပ်ငန်းတွေ
လုပ်ရင်း အမြဲတန်း အာမခံချက်ပေးနိုင်တာကတော့ ကျွန်တော်တို့အသင်းမှာ
အဆိုပါ ``ကြွက်ချေး`` နဲ့တူသူများ လုံးဝမရှိပါကြောင်း ကတိပေးပါတယ်။
ကျွန်တော်တို့အသင်းရဲ့ အသက်အဖြစ်-
၁။ စိတ်ထားဖြူစင်သန့်ရှင်းခြင်း
၂။ ကိုယ်ကျိုးမဖက် အများတွက် ဦးစားပေးခြင်း
၃။ ပွင့်လင်းမြင်သာခြင်း
၎။ နွေးထွေးခိုင်မာ ကျစ်လှစ်သော မိတ်ဆွေစစ်စိတ်ဓါတ်တို့ဖြင့် ဖွဲ့စည်းထားခြင်း
၅။ စာရင်းဇယား တို့ဖြင့် စနစ်တကျဖြစ်ခြင်း
၆။ ယူခြင်းထက် ပေးခြင်းတွင်သာ မွေ့လျှော်ကြသူများဖြစ်ခြင်း
၇။ အတ္တနှင့် ပရကို ခွဲခြားနားလည်ခြင်း
စသော ကောင်းမြတ်တဲ့ စိတ်ဓါတ်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသဖြင့်
မိတ်ဆွေတို့ လှုဒါန်းသော ငါးရာ တစ်ထောင်မှသည် ငါးသောင်း တစ်သိန်းသာမက
သိန်းရာချီထောင်ချီအထိ တစ်ပြားတစ်ချပ်မှ အလဟဿတ် မဖြုံးတီးပဲ
စည်းစနစ်ကျနစွာ လှုဒါန်းသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)
************************************************************************
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
--
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆
သုခကုသိုလ်ဖြစ်ဆေးခန်း
၅၈၃၅၁၄
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:30728] ခေတ်သစ်ပန်းဦးလွှတ်ပွဲ
သောက်နေကျလက်ဖက်ရည်ဆိုင်သို့သွားကာ လူစုံသည်နှင့်တပြိုင်နက် အစပြု
လိုက်ကြသည်။ မိုးကလည်း အလွန်စွေနေသည်မှာ ကြာပြီဖြစ်သောကြောင့်
အိမ်တွင်းအောင်းနေရင်း စကားဝိုင်းလေး ပြန်မစဖြစ်သည်မှာ
အချိန်အတော်နှောင်းသွားရသဖြင့် ပြောစရာထွေလီကာလီ အကြောင်းအရာတွေလည်း
အားလုံးတွင် ကိုယ်စီကိုယ်ငှ တပုံတပင် များပြား လှနေတော့မည်။
လူငယ်လေးတွေချည်းစုပြီး ဝိုင်းဖွဲ့နေကြသော စကားဝိုင်းမှ အသံများသည်
မိုးသံလေသံများအကြားတွင် တဝါးဝါး တဟားဟားဖြင့် မိုးမင်းနှင့်အပြိုင်
သူနိုင်ကိုယ်နိုင်ကျဲနေကြသည်။ ထိုသို့မိုးသံလေသံများအကြားမှ
တစ်ယောက်သောသူ၏ အသံက ကျယ်လောင်စွာထွက်ပေါ်လာပါတယ်။
"ငယ်ငယ်က မိုးရာသီကျောင်းဖွင့်ရက်တွေမှာ ကိုရွှေမိုးမင်းက
ညနေကျောင်းဆင်းချိန်တိုင်း အခုလို အုံးအုံးဒိုင်းဒိုင်းနဲ့ သည်းသည်းမဲမဲ
ကို ရွာသွန်းဖြိုးလေ့ရှိတယ်။ အိမ်ကိုပြန်တဲ့လမ်းနဘေး ကားလမ်းက
ဘယ်ညာမျက်စိတစ်ဆုံး လယ်ကွက်ကြီးတွေတစ်လျှောက်မှာ မိုးစက်
မိုးပေါက်တွေအကြား တေးတကြော်ကြော်နဲ့ လယ်ထွန်နေတဲ့ လယ်သမားကြီးတွေကို
အမြဲတွေ့ရလေ့ရှိတယ်။ ကိုယ်တွေကတော့ ထီးကလေးကိုဆောင်း လွယ်အိတ်ကလေးကို
ရင်မှာပိုက်လို့ ကွင်းပြင်ကြီးထဲမှာ အပေါ်ပိုင်းဗလာ ခါးတောင်းကျိုက်လေးနဲ့
မိုးတရွှဲရွဲ ရွှံ့ထဲ ဗွက်ထဲမှာ ခြေသလုံး 'မျှော့' အတွယ်ခံရင်း
လယ်ထွန်နေကြတဲ့ သူတို့တွေကိုကြည့်ရင်း အံသြမိတယ်။ ဒါတောင် "ထွေးညို
ထွေးညို" ဆိုတဲ့တေးချိုချိုအသံလေးတွေလည်း မိုးသံလေသံကို ထိုးဖောက်ပြီး
ကိုယ်တွေနားထဲရောက်အောင် တေးတကြော်ကြော်နဲ့ ဦးကြီးတွေသီဆို လယ်ထွန်ရင်း
ပျော်နေကြတယ်။ ပြောချင်တာက အခုလိုမိုးရာသီဟာ ဆန်ကိုသာအဓိကထားစားသုံး
စိုက်ပျိုးရောင်းချကြတဲ့ ကိုယ်တို့နိုင်ငံ အတွက် မိုးစပါးစိုက်ရတဲ့
အချိန်ပဲဖြစ်တယ်။ ဒီအချိန်မှာ တောင်သူဦးကြီးတွေဟာ မိုးထဲရေထဲ
မျှော့တွဲလွဲနဲ့ ပျော်တပြုံးပြုံး နွားနှင့်ဖက်ပြီး ရုန်းကြရလေ့ရှိတယ်။
အခုတော့…"
ဟုဆိုကာ
စကားကိုဆက်ပြောသေးဘဲ လက်ဖက်ရည်တစ်ခွက်ကို အသာယူမော့လိုက်ပါတယ်။ ပြီးမှ
သူ့စကားကို စိတ်ဝင်တစားအာရုံစူးစိုက်နားထောင်နေကြတဲ့ သူတွေကို
တစ်ချက်ဝှေ့ကြည့်ကာ သူကပဲဆက်ပြောပါတော့တယ်။
" တကယ်တော့ ကိုယ်တို့နိုင်ငံရဲ့ အဓိကထွက်ကုန်ဟာ ဆန်စပါးဖြစ်တယ်။
ဒါကြောင့် တောင်သူဦးကြီးများကို နိုင်ငံဝင်ငွေ အတွက်ရော
တိုင်းပြည်စားနပ်ရိက္ခာအတွက်ပါ အားကိုးအားထားပြုရတယ်။ သူတို့တတွေဟာ
လက်မှုလယ်ယာတောင် မနည်းကုန်းရုန်း အားစိုက်ပြီး လုပ်နေကြရတဲ့
ကိုယ်တို့နိုင်ငံမှာ တစ်မိသားစုလုံး မိုးရွာနေပူမရှောင် ရွှံ့ထဲဗွက်ထဲမှာ
ထမင်းကြမ်းခဲစားပြီးတစ်နှစ်ပတ်လုံး ပါတ်ချာလည်နေကြရှာတယ်။ သူတို့တတွေဟာ
သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေကို ဘိုးဘွားပိုင်အဖြစ်
စဉ်ဆက်မပြတ်ထိန်းသိမ်း စောင့်ရှောက်ရင်း အခြားတိုးတက်ရာ လုပ်ငန်းတွေထက်
ပင်ပန်းဆင်းရဲတဲ့ လယ်ယာလုပ်ငန်းကိုပဲ မိရိုးဖလာအလုပ်အကိုင်အဖြစ်
ရိုးဂုဏ်မြောက်စွာ ဆက်လက်လုပ်ကိုင်ကြတယ်။ မြန်မာပြည်မှာရှိတဲ့ သန်း(၆၀)
သောလူထုဟာ သူတို့ချွေးနဲ့ ရင်းထားတဲ့ ဆန်ကိုချက်ပြီး ထမင်းအဖြစ်
အဟာရနေ့စဉ်မှီဝဲကြရတယ်။ ဒါကြောင့် တောင်သူဦးကြီးတွေဟာ လူထုရဲ့ ထမင်းရှင်၊
ကျေးဇူးရှင်ဖြစ်တယ်။ အခုလိုမိုးသည်းတဲ့ကာလမှာ မျက်ရည်ရွှဲနေရတဲ့
သူတို့ရဲ့အဖြစ်ကိုမြင်တော့ ရင်ထဲမချိအောင်ခံစားရတယ်။ အရင်က "ထွေးညို"
သံချိုနဲ့ ကောက်စိုက်တေးသံတွေ အစား ကိုယ့်ဘိုးဘွားပိုင် လယ်ယာမြေကို
အသာငေးကြည့်ရင်း တောင်သူဦးကြီးတွေ ရင်ထဲနှလုံးသားထဲ နှစ်လုံးသားထဲက
မချိတင်ကဲ ခံစားချက်တွေနဲ့ မတရားမှုအပေါ် မတရားမှန်းသိပေမယ့် အံကြိတ်ကာ
မျက်ရည်တလိပ်လိပ်ကျနေတဲ့ မျက်ဝန်းညို စိုစိုကြီးတွေနဲ့ ငိုရှိုက်သံတွေဟာ
မိုးသံလေသံကို လွှမ်းလို့ လယ်ကန်သင်းရိုးတစ်လျှောက် ပျံ့လွှင့်နေတယ်။"
" ဘာကြောင့် 'ထွေးညို' အစား ' ဆွေးငို' နေရတာလည်းဆိုတော့ အာဏာကို
တိုင်းပြည်ကောင်းစားရေးထက် မိမိကြီးပွားရေးကို သာ တလွဲသုံးတဲ့
အာဏာရူးတွေရယ်၊ " ဘယ်သူသေသေ ငတေမာပြီးရော" ဆိုတဲ့အာဏာရူးတွေနဲ့
ပေါင်းပြီး အကျင့်ပျက်ခြစားနေကြတဲ့ ခေတ်ပျက်စီးပွားရေးသမား
လောဘရူးတွေကြောင့် ပဲဖြစ်တယ်။ အဲဒီအာဏာရူး၊ လောဘရူးတွေဟာ လူထုတွေဖြစ်တဲ့
အလုပ်သမား လူတန်းစားအလွှာကို ဂုတ်သွေးစုတ်လို့ အားမရသေးတဲ့အပြင်
ကိုယ့်နိုင်ငံရဲ့ ကျေးဇူးရှင် ထမင်းရှင်ဖြစ်တဲ့ ရိုးသားတဲ့ စာပေမနှံစပ်၊
ဥပဒေမကျွမ်းကျင်တဲ့ တောင်သူဦးကြီးတွေကိုပါ ပါဝါပြပြီး ဥပဒေကိုင်ကာ
ခြောက်လိုခြောက်၊ ငွေထုတ်ကလေးတရမ်းရမ်းနဲ့ ဂုဏ်မောက်ကာ ငေါက်လိုငေါက်နဲ့
ယုတ်မာကောက်ကျစ်ကြတယ်။ နိုင်ငံတော်ကို နှစ်ပေါင်းများစွာ
အခွန်မပြတ်ပေးဆောင်လာတဲ့ ဘိုးဘွားပိုင် လယ်ယာမြေ ဧကပေါင်းများစွာကို
မတရားသဖြင့် သိမ်းတယ်။ ပြီးတော့သူတို့တွေ ကြီးပွားရာကြီးပွားကြောင်း
စက်ရုံကြီးတွေထောင်ဖို့ မြေကွက် ရိုက်ရောင်းစားကြတယ်။ လယ်သမားကြီးတွေဟာ
ဘာလို့ဘာကိုင်ရမှန်းမသိဘဲ အခွန်တော်ဖြတ်ပိုင်းလေးတွေ
လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်ရည်ဖြိုင်ဖြိုင်ကျနေရတယ်။
အဲဒီမျက်ရည်တွေကို ခြေဆေးရေအဖြစ် အာဏာရူးတွေ လောဘရူးတွေက
ပျော်ပျော်ပါးပါးကြီး မျက်နှာပြောင်တိုက်ကာ
ဆေးကြောသန့်စင်နေကြတုန်းဖြစ်တယ်။"
"လယ်သမားကြီးတစ်ဦးရဲ့ ဆန္ဒထုတ်ဖေါ်နေတဲ့ ဓာတ်ပုံတစ်ခုကို
ဖေ့ဘုတ်စာမျက်နှာပေါ်မြင်ရတဲ့အခါ ရင်ထဲ သိပ်ကိုမွန်းကြပ်ခံစား သွားရတယ်။
လယ်သမားကြီးက မျက်ရည်တွေစိုရွှဲနေတဲ့ မျက်ဝန်းညိုညိုကြီးနဲ့အတူ လက်ထဲမှာ
ကိုင်ထားတဲ့ ကတ်ထူပြားလေးပေါ် "ကျွန်တော်တို့ စာမတတ်တဲ့အတွက်
စာတတ်တဲ့သူများ ကူညီပေးကြပါခင်ဗျား" ဆိုပြီး ရေးထားတယ်။ လှိုင်သာယာက
မတရား လယ်မြေအသိမ်းခံရတဲ့ လယ်သမားထုကြီးဆီက မြင်တွေ့လိုက်ရတဲ့
ပုံရိပ်လွှာတစ်ခုပဲဖြစ်တယ်။ တခြား တွံတေးမြို့နယ် ထော်ကူးဘက်က
မတရားအသိမ်းခံထားရတဲ့ လယ်မြေဧက(၈၀၀) ကျော်၊ နောက်ထပ်ပေါ်ပေါက်လာတဲ့
လှိုင်သာယာမြို့နယ် ပဒန်းကျေးရွာ၊ ကျွန်းကလေး၊ ကျွန်းကြီး၊ ကမ်းပြို
စတဲ့ရွာပေါင်းလေးရွာက လယ်မြေဧက (၆၈၀) ကျော်၊ မုံရွာခရိုင်
ကက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် မတရားအသိမ်းခံရတဲ့
ဆားလင်းကြီးမြို့နယ်က လယ်ဧကပေါင်း(၇၈၀၀) ကျော်စသဖြင့်
နိုင်ငံတော်တဝှမ်းမှာ မတရားသဖြင့် အမြတ်ထုတ် မှုတွေ ဖုံးလွှမ်းနေတယ်။
အမှန်တရားနဲ့ တရားဥပဒေဆိုတာ ဘာလဲလို့ တောင်သူဦးကြီးတွေအဖို့ ဘယ်သူမှ
အဖြေမထုတ်ပေးနိုင်ကြတော့ ဘူးလားလို့ တွေးမိတယ်။"
"မတရားအသိမ်းခံရတဲ့ နိုင်ငံတော်တဝှမ်းသတင်းတွေထဲက မောင်းစည်သံလွှမ်းပြီး
မေတ္တာပို့သံနဲ့အတူ ညာချီသံ နံပါတ်တုတ်နဲ့ ဒိုင်းကို
တဘုန်းဘုန်းခြောက်လှန့်ရိုက်မြည်သံ လွှမ်းတဲ့ရမ်းချင်တိုင်းရမ်းနေကြတဲ့
မုံရွာ ဆားလင်းကြီးမြို့ အဖြစ်အပျက်တစ်ခုကိုပဲ ထုတ်ပြီးပြောပြရမယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က တောင်သူဦးကြီးတွေကို စီမံကိန်းအတွက်
လယ်ကွင်းတွေကို ကားကြီးတွေဖြတ်ပြီးမောင်း သွားမှာ ဖြစ်တာကြောင့်
ဆိုပြီးသီးနှံတွေအတွက်လျော်ကြေးအဖြစ် သုံးနှစ်စာ ကျပ်ငွေငါးသိန်းနဲ့
နှစ်သောင်းလောက်ပေးခဲ့တယ်။ တောင်သူဦးကြီးတွေခမျာ
မိမိတို့စိုက်ပျိုးထွန်ယက်ထားတဲ့ လယ်ယာမြေတွေအပေါ်
ကားကြီးတွေဖြတ်မောင်းသွားမှာကို မကြိုက်ပေမယ့် လည်း
မပြောဝံ့မပြောရဲတာတွေကြောင့် တစ်နှစ်စာ သီးနှံအထွက်ဖိုးလောက်တောင်မရှိတဲ့
ငွေကိုသုံးနှစ်စာလျော်ကြေးအဖြစ် ကြောက်ကြောက်နဲ့ ရိုးသားစွာ
လက်ခံလိုက်ရတယ်။ အခုလိုသုံးနှစ်အကြာ ၂၀၁၂ ခုနှစ်လည်းရောက်ရော
"စည်းကျော်လျှင် ပစ်မည်" ဆိုတဲ့ ဆိုင်းဘုတ်တွေတပ်ပြီး
အပြီးတိုင်သိမ်းပိုက်လိုက်ကြတယ်။ တစ်ထောင်ကျော်ခန့်သော လယ်သမားထုကြီးဟာ '
ကျေးရွာပိုင် ယာမြေများအပေါ် မည်သူမျှ မကျူးကျော်ရ'
ဆိုတဲ့ဆိုင်းဘုတ်ကလေးတွေကို ကိုင်ပြီး သူတို့လယ်ယာမြေတွေဆီ
ငြိမ်းချမ်းစွာ ချီတက်လာကြတယ်။ ' ပြည်သူ့အသက်ဦးအိမ်စည်းစိမ်ကို
ကာကွယ်စောင့်ရှောက်ပါမည်' ဆိုတဲ့ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေက
ကားကြီးတွေတဝူးဝူးမောင်းလို့ ဒိုင်းကို ရာဘာတုတ်နဲ့ ရိုက်ပြီး
ညာသံချီချောက်လို့ ဘာလက်နက်မှမပါတဲ့ တောင်သူဦးကြီးတွေကို
သူပုန်သူကန်တွေလို သေနတ်ကြီး တွေထောင်လို့ တောမောင်းသလို ခြောက်ကြ
လှန့်ကြတယ်"
" ကိုယ့်ရဲ့ ဆွေစဉ်မျိုးဆက်နှစ်ပေါင်းများစွာ စိုက်ပျိုးထွန်ယက်လာကြတဲ့
ဘိုးဘွားပိုင်မြေကို မည်သူမဆိုမြတ်နိုးကြမှာဖြစ်တယ်။ အခုလို
မတရားအသိမ်းခံရတဲ့အခါ ' ငါတို့က စာမတတ်ဘူး၊ တရားရုံးတက်ပြီးရှင်းရင်လည်း
ရှုံးမှာပဲ၊ ဒါကြောင့်သေရင်သေပါစေ၊ တို့မြေကို
အဆုံးရှုံးမခံနိုင်ဘူး၊'ဆိုတဲ့ မတရားမှုကို တော်လှန်တဲ့ ရိုးမာန်နဲ့
ညာချီသံတွေကို လွှမ်းအောင် မောင်းကိုထုပြီးချီတက်ကြတယ်။
အရင်ရိုးရိုးသားသား လယ်ယာစိုက်ပြိုးဖို့အတွက် အသုံးပြုတဲ့ ပေါက်တူး၊
တံစဉ်၊ ဝါးချွန်တွေကို ကိုယ်စီကိုင်လို့ ' ရန်ပြုရင် လှန်မဟယ်' ဆိုပြီး
မဝံ့မရဲ လက်နက်သဖွယ် ကိုင်ဆောင်ထားကြတယ်။ ပြည်သူထဲက ပေါက်ဖွားလာတဲ့
သကောင့်သား ပြည်သူ့ရတပ်ဖွဲ့တွေရှေ့မှာ ငုတ်တုတ်ကလေးတွေထိုင်ပြီး
တောင်သူဦးကြီးတွေ၊ ကောက်စိုက်သမလေးတွေ အချို့ဟာ
ငိုယိုရှိခိုးတောင်းပန်ကြတယ်။ "စည်းကျော်ရင် ပစ်မည်"
ဆိုတဲ့ဆိုင်းဘုတ်ရှေ့မှာ " ကျေးရွာပိုင်ယာမြေ မည်သူမျှ မကျူးကျော်ရ"
ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ရဲဝံ့စွာစိုက်ထူကြတယ်။
"ကိုယ်စိုက်ပျိုးတဲ့အပင်၊ ကိုယ်ပြန်ရိတ်သိမ်းရတယ်" ဆိုတဲ့စကားဟာ
သူတို့အတွက်တော့ အမှား၊ နားခါးစရာပဲဖြစ်တယ်။ တကယ်တော့ တောင်သူဦးကြီးတွေဟာ
့ပြန်ရိတ်သိမ်းဖို့နေသာသာ စိုက်ပျိုးစရာမြေတောင် မရှိဖြစ်နေရရှာတယ်။
မတရားအသိမ်းပိုက်ခံထားရတယ်။ သူတို့တတွေပြောလေ့ရှိတဲ့ 'မင်းမဲ့စရိုက်'
ဆိုတာဥပဒေကို နားရွက် တံတွေးစွတ်နေကြတဲ့ သူတို့ဆီမှာသာလျှင် ရှိနေတယ်။
လယ်သမား ကြီးတွေဟာ လယ်ယာမြေကို မှီခိုအားထားပြီး အသက်ဆက်နေရသူတွေဖြစ်တယ်။
သူတို့ရဲ့ မိသားစုတွေဟာ လယ်ယာမြေမရှိတော့တဲ့ အတွက် ဘာကိုလုပ်လို့
ဘာနဲ့စားပြီး အသက်ဆက်ရမလဲဆိုတာ မသိနိုင်တော့ကြအောင်ကို ဖြစ်နေတယ်။အခုလို
မိုးရာသီကျောင်းဖွင့်ချိန် တောင်သူဦးကြီးတွေရဲ့ ကလေးတွေ ဘယ်ကငွေနဲ့
ကျောင်းဆက်ထားရမလဲဆိုတာ သူတို့မတွေးတတ်တော့ကြရအောင် ဖြစ်နေတယ်။
အရင်လိုမိုးရာသီမှာ တေးတကြော်ကြော်အော်ရင်းးထွန်တုံးနဲ့ ပျော်နေကြရတဲ့
တောင်သူဦးကြီးတွေဟာ သောကအပူမီးတွေ ရင်မှာပိုက်ပြီး မျက်ရည်စက်လက်နဲ့
စိုက်ပျိုးစရာ လယ်ယာမဲ့ဘဝဟာ အနာဂတ်မဲ့နေသလို ခံစားနေကြရရှာတယ်"
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်လောက်က ပုဂံပြည်ကြီးမှာ
အရည်းကြီးတွေဟာ "ပန်းဦးလွှတ်" ပွဲတော်ကို ကျင်းပလေ့ရှိတယ်။ "
ပန်းဦးလွှတ်ပွဲ" လို့ဘာကြောင့်ခေါ်ရသလဲဆိုတော့ ပန်းကလေးတစ်ပွင့်လို
လှပဖြူစင်တဲ့ အပျိုစင်အမျိုးသမီးငယ်လေးကို ဦးဦးဖျားဖျား
တစ်ညတာအိပ်စက်ဖို့ အရည်းကြီးတွေဆီပို့လွှတ်ရတဲ့အတွက်ဖြစ်တယ်။ မိဘတွေဟာ
သူတို့သမီးပျို အိမ်ထောင်ပြု မင်္ဂလာဆောင်တော့ မယ်ဆိုရင် အရည်းကြီးတွေရဲ့
ကျောင်းတော်ကြီးဆီ ပန်းဦးလွှတ်ပွဲလုပ်ပြီး တစ်ညသွားပိုရလေ့ရှိတယ်။
အရည်းကြီးဆိုသူ လူယုတ်မာတွေ ရဲ့ အုပ်စုလိုက် အပျိုရည်ဖျက်တာခံပြီးတော့မှ
သတို့သမီးဟာ သတို့သားလောင်းကို လက်ထပ်ခွင့်ရှိတယ်။ ဘုရင်က
အရည်းကြီးဆိုသူတွေ ကို ကိုးကွယ်ထားလေတော့ ပြည်သူတွေဟာ
ကိုယ်သမီးပျိုလေးကို မျက်ရည်စက်လက်ကနဲ့ အဖျက်အဆီးခံရမယ့်ဆီ
ပွဲတော်ကျင်းပလို့ ပို့ဆောင်ခဲ့ရတယ်။ အရည်းကြီးတွေဟာ
ဘာသာရေးမှိုင်းတိုက်ပြီး မသိနားမလည်တဲ့ ပြည်သူနဲ့
ဘုရင်ကိုမျက်လှည့်ပြလိမ်လည်လှည့်ဖျားပြီး မိဘတွေရဲ့ သောကအပူမီး
မျက်ရည်ပူတွေနဲ့ ခြေဆေးလို့ သမီးပျိုလေးတွေကို ဖျက်ဆီးတဲ့
ကိုယ်ကြိုးသက်သက်သမား လူယုတ်မာတွေ သာဖြစ်တယ်။ တောင်သူကြီးတွေဟာ
သူတို့စိုက်ပျိုးနေတဲ့လယ်ယာမြေကို သားသမီးသဖွယ်
စောင့်ရှောက်ထိန်းသိမ်းမြတ်နိုးကြတယ်။ အခုတော့ မုံရွာဆားလင်းကြီးက
တောင်သူဦးကြီးတွေဟာ မသက်သာတဲ့အဆုံး ခေတ်သစ်အရည်းကြီးလက်သစ်တွေထဲ ကို
ပန်းဦးလွှတ်သလို သုံးနှစ်စာလောက် ကားလမ်းအဖြစ် မိမိတို့ရဲ့လယ်ယာမြေကို
အပျိုရည်အဖျက်ခံရတယ်။ အရည်းကြီးတွေကမှ ပန်းဦးလွှတ်ပွဲတစ်ညပြီးရင်
သမီးပျိုကို ပြန်အပ်ပေမယ့် ခေတ်သစ်အရည်းကြီးတွေကတော့
အပိုင်သိမ်းလိုက်ကြတော့တယ်။ အခုလို မိုးသည်းတွေအတိုင်း
ငယ်ငယ်ကျောင်းသားဘဝက ညနေကျောင်းပြန်ချိန်တိုင်း မြင်ခဲ့ရတဲ့
လယ်ကွင်းထဲမှာ တေးတကြော်ကြော်နဲ့ မိုးထဲရေထဲက နွားနဲ့အတူ လယ်ထွန်နေကြတဲ့
တောင်သူကြီးတွေရဲ့ ကောက်စိုက်သေးသံကို နားထဲပြန်ကြားနေမိတယ်။ ပြီးတော့
မိုးရေထဲမှာ အရင်လိုစိုက်ပျိုးခွင့်မရှိတော့တဲ့ မတရားအသိမ်းခံလိုက်ရတဲ့
ကိုယ်ပိုင်ယာမြေလေးတွေကို ကြည့်ရင်းနားထဲမှာ နိုင်ငံရဲ့ ရိုးသားလှတဲ့
ကျေးဇူးရှင်တောင်သူဦးကြီးတွေရဲ့ ငိုရှိုက်သံတွေကို သဲ့သဲ့
ကြားယောင်နေမိတယ်..။"
ဟုပြောကာ သူ့မျက်ဝန်းတွင်းမှလည်း မျက်ရည်စလေးများ စီးကျလာပါတော့တယ်။
သူ၏စကားအဆုံးတွင် ကျွန်တော်သက်ပြင်းရှည်ကြီးတစ်ခုကို ပင်ပန်းကြီးစွာ
မှုတ်ထုတ်မိလိုက်ပါတယ်။ အဘယ်ကြောင့်ဆိုသော် 'စာတတ်သူများ ကူညီကြပါ' ဆိုတဲ့
တောင်သူဦးကြီးတွေအတွက် စာတတ်ပညာတတ်သော ကျွန်တော်တို့တတွေရော ဘာများ
လုပ်နိုင်ဦးမည်နည်းဟု စဉ်းစားကာ သူပြောသလို "ခေတ်သစ်
ပန်းဦးလွှတ်ပွဲ"တွေကို အရသာရှိရှိခြေတော်တင်နေကြတဲ့ မျက်ရည်ပူတွေနဲ့
ခြေဆေးနေကြတဲ့ ခေတ်သစ်အရည်းကြီးများသည် ယနေ့လွှတ်တော်ထဲသို့ ရောက်ရှိနေသော
အမတ်လောင်းကြီးများ ဖြစ်နေသည်ရှိသော် ဟုတွေးမိကာ ရင်ထဲမွန်းကြပ်စွာ
ခံစားမိသွားသောကြောင့်ပါတည်း။
မောင်ပြည်သိမ်း
ခေတ်လူများ၏မှတ်စု ဂျာနယ်၊ အမှတ်(၈)
ထွေလီကာလီစကားဝိုင်း ကဏ္ဍမှ
--
[image: Inline image 1]http://www.facebook.com/groups/Myanma.ArunThit.Org/
*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
[mrsorcerer:30727] ရုပ်တုကိုးကွယ်မှု
ဗုဒ္ဓဆင်းတုတော် ထုလုပ်ကိုးကွယ်မှုဟာ ဗုဒ္ဓကိုယ်တိုင် ခွင့်ပြုတော်မူခဲ့တဲ့
အတွေးအမြင်ဟုတ် မဟုတ်ဆိုတာ အတိအကျဆိုဖို့ ခဲယဉ်းပါတယ်။ ထေရ၀ါဒပိဋကတ်မှာ
မြတ်ဗုဒ္ဓက မိမိရဲ့ဆင်းတုကို ထုလုပ်ကိုးကွယ်ရမယ် လို့ တိုက်ရိုက်
မြွက်ဟထားတာာ မရှိပါဘူး။ ဓာတ်တော် မွေတော်တွေကို စေတီတည် ထား
ကိုးကွယ်ဖို့တော့ ခွင့်ပြုခဲ့ပါတယ် (ဒီ ၂၊ ၁၁၀)။ မြင့်မြတ်တဲ့
ပုဂ္ဂိုလ်တွေကို ပူဇော်ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းတို့ရဲ့ သင်္ဂြိုဟ်ကြွင်းကို
စေတီတည် ကိုး ကွယ်တဲ့ အဲဒီခေတ်အချိန်က အိန္ဒိယ ဓလေ့ထုံးစံအရ အဲဒီလို
မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓအနေနဲ့ ရုပ်ပွားဆင်းတု
ကိုးကွယ်မှုကို တားလဲ မတားမြစ်ပါဘူး။ ဗုဒ္ဓဆင်းတုကို ကိုးကွယ်လို တဲ့
အတွေးအမြင်ဟာ မြတ်ဗုဒ္ဓကို ရှိခိုးပူဇော်ဖို့နဲ့
ဗုဒ္ဓရဲ့တည်ငြိမ်အေးချမ်းတဲ့ ရုပ်သွင်ကနေ စိတ်ဓာတ် ခွန်အားကို
ရရှိလိုတာကနေ စတင်ခဲ့တာဖြစ်နိုင်ပြီး ထေရ၀ါဒပိဋကတ်မှာရော သမိုင်းအရပါ
ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးနောက် နှစ်ငါးရာခန့်ထိ အိန္ဒိယမှာ ဗုဒ္ဓဆင်းတု
တည်ရှိခဲ့တယ်ဆိုတာကို ဖော်ပြဖို့ ခိုင်လုံတဲ့ အထောက် အထား မရှိဘူးလို့
သုတေသီတွေက ဆိုပါတယ်။
ခြေတော်ရာစေတီ
ဗုဒ္ဓဆင်းတု ကိုးကွယ်မှု မတိုင်မီက ကြည်ညိုသူတွေဟာ ကြာပန်းပုံကို ဖြစ်စေ၊
မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာ ပုံကိုဖြစ်စေ ပူဇော်ကိုးကွယ်ခဲ့ကြတယ်။ ဗုဒ္ဓ၀ါဒ
အစောပိုင်းကာလမှာ ရုပ်ပွားဆင်းတု ကိုးကွယ်တာကို ဗုဒ္ဓ၀ါဒီအချို့
နှစ်သက်ကြဟန် မတူဘူး။ ဘာကြောင့်ဆို ဗုဒ္ဓရဲ့ ထူးခြားတင့်တယ်တဲ့
ရုပ်သွင်တော် ပျက်ယွင်း သွားနိုင်လို့ ဖြစ်ဖွယ်ရှိပါတယ်။
ဂရိနဲ့ဆက်သွယ်မိချိန်ကျမှ ဗုဒ္ဓဆင်းတု ထုလုပ်ကိုးကွယ်မှု
ပြန့်နှံ့လာတယ်လို့ သမိုင်းသုတေသီတို့ ယုံကြည်ကြ ပါတယ်။ ဗုဒ္ဓဆင်းတု
တည်ဆောက်မှု အနုပညာနဲ့ပတ်သက်ပြီး အိန္ဒိယလူမျိုးတွေကို ဂရိတို့က
ကူညီအားပေးခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး အခြား နိုင်ငံတွေမှာလဲ
ရုပ်ပွားဆင်းတု ကိုးကွယ်မှု ခေတ်စားလာတယ်။ မိမိနိုင်ငံ လူမျိုးအသီးသီးရဲ့
ရုပ်သွင်ပုံဟန်တွေနဲ့ ဆင်းတုတွေ ထုလုပ်ခဲ့ကြတယ်။ ဗုဒ္ဓ ဘာသာ
တစ်နိုင်ငံတည်းမှာပင် သမိုင်းခေတ် တစ်ခုနဲ့တစ်ခု မတူဘဲ သွင်ပြင်ဟန်ပန်
အမျိုးမျိုး ထုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒက္ခိဏသာခါ
ဒက္ခိဏသာခါဆိုတဲ့ ပါဠိစကားက "တောင်ဖက်ကိုင်း"လို့ အဓိပ္ပာယ်ရပါတယ်။
ဗောဓိပင်ရဲ့ တောင်ဖက်ကိုင်း ကို ထုလုပ်တဲ့ ဆင်းတုလို့ ဆိုဖွယ်ရှိပါတယ်။
ဒက္ခိဏသာခါ ဆင်းတုအကြောင်းကို ပိုမို နားလည်ဖို့ဆိုရင် ဆက်လက်သုတေသန
ပြုရဦးမှာပါ။ ဆင်းတုတော်ရဲ့ ပုံစံကလဲ တစ်မူထူးခြားနေပါတယ်။ ဘယ်ခေတ်က
ဘယ်လိုအဓိပ္ပာယ်နဲ့ အဲဒီပုံစံမျိုး ထုလုပ်ခဲ့တယ်ဆိုတာကို ပညာရှင်တို့
တင်ပြပါကုန်။ ရုပ်ပွားဆင်းတု ကိုးကွယ်ရာမှာ ကိုးကွယ်ခံဆင်းတုက
မီးကွင်းအောင် လေကွယ်အောင်လုပ်ပေးတယ်လို့ မယူဆသင့်ပါဘူး။ ဘာကြောင့်ဆို
သက်တော်ထင်ရှား ဗုဒ္ဓဘုရားကိုယ်တိုင် အဲဒီလို လုပ်မပေးလို့ပါဘဲ။
ဗုဒ္ဓဆင်းတု ကိုးကွယ်တဲ့ ရည်ရွယ်ချက်က ဗုဒ္ဓဂုဏ်တော်ကို
ပုံဖော်နိုင်ဖို့ပါ။ မြတ်ဗုဒ္ဓရဲ့ တည်ငြိမ်တဲ့ သွင်ပြင်၊ မေတ္တာတရား၊
သန့်ရှင်စင်ကြယ်မှုနဲ့ ပြီးပြည့်စုံ မှုတွေကို ထင်ဟပ်စေတဲ့ သင်္ကေတဟာ
ကိစ္စမြားမြောင် လူ့ဘောင်ထဲက နေ့စဉ်လူမှုဘ၀ လှုပ်ရှားမှုတွေမှာ
ရင်ဆိုင်ရဖွယ်ရှိတဲ့ အခက်အခဲတွေ၊ စိုးရိမ် ပူပန်မှုတွေကို ကျော်လွှားဖို့
စိတ်ဓာတ်အင်အားကို ရရှိစေပါတယ်။ စိတ်သက်ရာရမှု၊ စိတ်ဓာတ် ပြန်လည်
လန်းကြွလာမှုတို့အတွက်လဲ ကြီးစွာ အထောက် အပံ့ပြုပါတယ်။ ဗုဒ္ဓဆင်းတုကို
ပူဇော်ကန်တော့ဆဲမှာ သက်တော်ထင်ရှား ဗုဒ္ဓဘုရားရဲ့ ကြီးမြတ်တဲ့
ဂုဏ်ရည်တွေအပေါ်မှာ တစ်ခဏလောက် မိမိ စိတ်ကို တည်ကြည်စွာ ထားလိုက်နိုင်ရင်
အဲဒီကြည်လင်တဲ့စိတ်ဟာ အမှန်ပင် ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။
မီးကွင်း ဆင်းတု
တစ်ခါတစ်ရံ လူအများ ပူဇော်ခံ စေတီတော်နဲ့ ဆင်းတုတော်တွေမှာ ထူးခြားတဲ့
စွမ်းအင် သို့မဟုတ် တန်ခိုးတစ်မျိုး ရှိနေတတ်ပါတယ်။ ဗုဒ္ဓ၀ါဒဟာ ပရ လောကကို
လက်ခံယုံကြည်ပါတယ်။ သူတော်စင် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်အချို့ဟာ မိမိတို့
ပြုလုပ်တဲ့ ကုသိုလ်ထူးအတွက် ကွယ်လွန်ပြီးနောက်မှာ မိမိတို့
အထူးကြည်ညိုတဲ့ စေတီ သို့မဟုတ် ဗုဒ္ဓဆင်းတုတော်တွေကို
စောင့်ရှောင့်လိုကြောင်း ဆုတောင်းကြတာ တွေ ရှိပါတယ်။ အဲဒီလို
အစောင့်အရှောင့်တွေရှိရင်၊ အနည်းဆုံး အဲဒီဗုဒ္ဓဆင်းတုကို ကြည်ညိုတဲ့
ပရလောကသားတွေ ရှိခဲ့ရင်၊ ကိုယ်တိုင်ကလဲ ဗုဒ္ဓါနုဿတိ
(ဗုဒ္ဓကိုအာရုံပြုမှု)နဲ့ ကြည်ညိုစိတ်တွေ အားကောင်းနေရင်
အဲဒီဗုဒ္ဓဆင်းတုတွေရဲ့ ထူးခြားအံ့သြဖွယ်ကို ရံဖန်ရံခါ
တွေ့မြင်ရဖွယ်ရှိပါတယ်။ အဲဒီအခါမျိုးမှာ အဲဒီဗုဒ္ဓဆင်းတုက မီးကွင်း လေကွယ်
ဆိုတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ဘုန်းကြီးအနေနဲ့ ယုံကြည်ပါတယ်။ ဆင်းတုဟာ
ဆင်းတုပါပဲ။ အထဲမှာ ဗုဒ္ဓဓာတ်တော်မှ မရှိဘဲ။ ဒါကြောင့် ဗုဒ္ဓဆင်းတုက
တိုက်ရိုက်ကြီးတော့ တန်ခိုးမပြတန်ရာပါဘူး။
မရှိ မဖြစ်လား
ဗုဒ္ဓ၀ါဒီတွေဟာ ဗုဒ္ဓဆင်းတော်ကို ဖူးမြော်ရခိုက် နှလုံးသားထဲမှာ
ဗုဒ္ဓရုပ်သွင် ထင်မြင်လာပြီး ကြည်ညိုသဒ္ဓါ တိုးပွားပါတယ်။ အဲဒီကြည်လင်တဲ့
စိတ်ဟာ ကြည်ညိုသူ ဗုဒ္ဓ၀ါဒီကို အတွေးအကြံကောင်းတွေ ရစေပါတယ်။
စိုးရိမ်ပူပန်မှု၊ စိတ်ညစ်ညူးမှုတွေနဲ့ နေ့စဉ်ဘ၀ပြဿနာ အထွေထွေကို
တဒင်္ဂမေ့ပျောက် ထားနိုင်ပြီး စိတ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ဖို့
အထောက်အပံ့ပြုပါတယ်။ ဒါကြောင့် ဗုဒ္ဓဆင်းတုကို ကိုးကွယ်ကြတာလို့
နားလည်သင့်ပါတယ်။ ဗုဒ္ဓ၀ါဒမှာ ဓမ္မကို ကျင့်သုံးဖို့ ဗုဒ္ဓဆင်းတုကို
ကိုးကွယ်ရမယ်လို့ အတင်းအကြပ် မတိုက်တွန်းပါဘူး။ ဗုဒ္ဓဆင်းတုတော် မရှိဘဲလဲ
ဓမ္မကို ကျင့်သုံးနိုင်ပါတယ်။ ဗုဒ္ဓဆိုတာ လမ်းညွှန်သူသာဖြစ်ပြီး ဒုက္ခမှ
လွတ်မြောက်ဖို့ဆိုရင် မိမိကိုယ်တိုင်ပဲ အားထုတ်ရပါတယ်။ ဒါပေမဲ့
ယဉ်ကျေးပြီး ကမ္ဘာတစ်လွှားက မျိုးဆက်တစ်ခုပြီး တစ်ခု
လူသန်းပေါင်းများစွာရဲ့ စိတ်ဓာတ်အင်းအားကို ပေးစွမ်းနိုင်ခဲ့တဲ့ ဗုဒ္ဓနဲ့
ဗုဒ္ဓဂုဏ်တော်တွေကို အောင်မေ့နိုင်ဖို့ ဗုဒ္ဓဆင်းတုတော် လိုအပ်ပါတယ်။
ဗုဒ္ဓ၀ါဒီ တစ်ယောက်အနေနဲ့ မိမိအိမ်မှာ ဗုဒ္ဓဆင်းတု သို့မဟုတ်
ဗုဒ္ဓရုပ်ပုံပန်းချီကားချပ် ထားရှိကောင်းပါတယ်။ ရှိပြီးဖြစ်ရင်လဲ
အိမ်အလှပြဖို့ မဟုတ်ဘဲ ချီးမွမ်း ထောမနာပြုမဲ့ အရာ၊ စိတ်ဓာတ် အင်အားကို
မြှင့်တင်ပေးမဲ့အရာ၊ ရိုသေပူဇော်မဲ့ အရာအနေနဲ့ အမြတ်တနိုး
သိမ်းဆည်းထားပါလေ။
သူတို့အမြင်
တည်ကြည်တဲ့ ဗုဒ္ဒဆင်းတုတော်ပုံဟာ စံဝင်လှပပြီး အာရှယဉ်ကျေးမှုရဲ့
အဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဒဿန (တွေးခေါ်)ပညာရှင် တွေ၊
နိုင်ငံခေါင်းဆောင်တွေဟာ ကိုယ်တိုင် မြင့်မြတ်ထက်မြက်တဲ့ အတွေးအကြံတွေနဲ့
စိတ်ဓာတ်အင်အားကို ရရှိဖို့ ၎င်းတို့ရဲ့ စာဖတ်ခန်းထဲက စာပွဲပေါ်မှာ
ဗုဒ္ဓဆင်းတုတော် ကို သိမ်းဆည်းထားလေ့ရှိကြပါတယ်။ သူတို့အများစုဟာ
ဗုဒ္ဓ၀ါဒီတွေ မဟုတ်ပါဘူး။ ဗုဒ္ဓဆင်းတုနဲ့ ပတ်သက်လို့ အိန္ဒိယ၀န်ကြီးချုပ်
ဟောင်း ပဏ္ဍိတ် နေရူး ဆိုပုံက "မှိတ်ထားသော မျက်လုံးအစုံအတွင်းမှ
စိတ်ပိုင်းစွမ်းရည်အချို့ကို အထင်းသား တွေ့ရပြီး ကိုယ်အမူအရာတွင်
အသက်ဝိညာဉ်ရှိသည့်အလား စွမ်းအင်များ ပြည့်လျှံနေ၏။ ခေတ်ကာလို့
ပြောင်းရွေ့သွားသော်လည်း ဗုဒ္ဓရှင်တော်မြတ်မှာမူ ဝေးကွာ၍ မသွားသေး။
ဗုဒ္ဓ၏အသံ သည် ကျွန်ုပ်၏ နားတွင်းသို့ တိုးညှင်းစွာ ကြားယောင်လာပါ၏။
လွတ်လပ်ရေး လှုပ်ရှားမှုမှ နောက်ဆုတ်မသွားရန် တည်ငြိမ်သော စိတ်ထားဖြင့်
အန္တရာယ်ကို ရင်ဆိုင်ရန် ပြောပြနေသည့် အလားပင် ဖြစ်တော့၏။ ကျွန်ုပ်
ထောင်ကျနေစဉ် ဤဆင်းတုတော်မြတ်အား ဖူးမြင်နေရခြင်းမှာ ကျွန်ုပ်အား ပြင်း
ပြသည့် စိတ်ဓာတ်ခွန်အားကို ဖြစ်ပေါ်စေခဲ့ပါသည်"တဲ့။ ဒုတိယကမ္ဘာစစ်အတွင်းက
ဗိုလ်ချုပ် ဟန်မီလ်တန်ဟာ မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းပျက် တစ်ခုက
ဗုဒ္ဓဆင်းတုတစ်ဆူကို ရရှိသွားပါတယ်။ အဲဒီဆင်းတုတော်ကို အဲဒီအချိန်က
ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန်ချာချီထံ ပေးပို့ပြီး စာတိုလေး
ရေးပေးလိုက်ပုံက "ခင်းဗျား စိုးရိမ်ပူပန်သောကရောက်နေစဉ်မှာ ဟောဒီ
ငြိမ်းချမ်းတည်ငြိမ်တဲ့ ဆင်းတု တော်ရဲ့ ရုပ်သွင်ကို တစ်ချက်
ကြည့်လိုက်ပါ။ ပြီးတော့ ခင်းဗျားရဲ့ စိုးရိမ်ပူပန်မှုအပေါ်
ပြုံးပစ်လိုက်စမ်းပါ" တဲ့။ အာရှအလင်းရောင်ကဗျာမှာ ဖော်ပြပုံက "This is
that bloosom on our human tree Which opens once in many myriad years.
But opened, fills the world with Wisdom's scent And Love's dropped
honey. နှစ်ပေါင်း အသင်္ချေမှာ တစ်ခါသာ ပွင့်တဲ့ ပွင့်ပြီးရင် ကမ္ဘာကို
ပညာရနံ့ မေတ္တာ ပျားရည်တွေ ပြည့်လျှံစေတဲ့ လူသားသစ်ပင်က ပန်းပွင့်"တဲ့
.................ဆရာတော် ဦးကေလာသ................
ဓမ္မာစရိယ၊ B.A. (Philo), M.A. (Buddhism)
--
[image: Inline image 1]http://www.facebook.com/groups/Myanma.ArunThit.Org/
*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
Burma News International 5 September 2012
| ||||||||||||||||
|





