RFA Burmese Weekly News Letter September 7, 2012

        လွတ်လပ်တဲ့ အာရှအသံ RFA သတင်းလွှာ

၂၀၁၂ ခုနှစ် စက်တင်ဘာလ (၁) မှ စက်တင်ဘာလ (၇) ရက် အထိ

အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ တပတ်အတွင်း ဖော်ပြခဲ့သော သတင်းနှင့် အခြား ဖတ်စရာ မှတ်စရာများကို စုစည်းပြီး သတင်းလွှာအဖြစ် မှာကြားသူများထံ ပို့ပေးနေပါသည်။ မိမိ၏ အီးမေးလ်လိပ်စာပေးပို့၍ သတင်းလွှာ မှာကြားနိုင်ပါသည်။

သတင်းလွှာမှာကြားရန်

သတင်းလွှာကို ဆက်လက် အလိုမရှိတော့ပဲ ရပ်ဆိုင်းလိုလျှင်လည်း ရပ်ဆိုင်းနိုင်ပါသည်။

သတင်းလွှာရပ်ဆိုင်းရန်

[New post] ပြည်တွင်းဒီမိုကရေစီနှင့် ပြည်ပအကူအညီ (Reporter in exile)

admin posted: " အဝေးရောက် သတင်းထောက်တဦး ရေးသားသည်။  "သူစိတ်ပြောင်းသွားပြီ။ စစ်အစိုးရနဲ့ သူဆက်ဆွေးနွေးပြ�"

[New post] ဒေါ်အောင်ဆန်းစုကြည် Kentucky, Louisville မြို့သို့ လာရောက်မည်၊ မြန်မာတို့ ကြိုဆိုရေး ပြင်ဆင်ပြီ (23rd Sept 2012)

admin posted: " ဒေါ်အောင်ဆန်းစုကြည် Kentucky, Louisville  မြို့သို့ လာရောက်မည်၊ မြန်မာတို့ ကြိုဆိုရေး ပြင်ဆင်ပြီ မိုးမခအ"

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


မြန်မာ့သတင်းစာရေးသားသကဲ့သို့ အစိုးရ နှင့် PNLO ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်မထိုးရ

Posted: 07 Sep 2012 05:21 AM PDT

ပြီးခဲ့သည့်လက အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးစဉ် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ်က ပြည်ထောင်စုအဆင့်ဆွေးနွေးရန် အကြိုသဘောသာ ဆွေးနွေးခဲ့ရပြီး သဘောတူ လက်မှတ်ရေးထိုးသည့်အဆင့် မလုပ်ရကြောင်း PNLO ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
MMAL_about_PNLO မြန်မာ့အလင်းသတင်းစာပါအစိုးရ နှင့် PNLO ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်း(မြန်မာ့အလင်း)

"ကျနော်တို့ ဩဂတ်စ်လ ၂၅ ရက်တုန်းက အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်ငြိမ်းချမ်း ရေးဆွေးနွေးတာ ပြည်နယ်အဆင့်ဘဲဆွေးနွေးသဘောတူပါတယ်။ သို့ပေမယ့် မြန်မာ့အလင်းသတင်းစာမှာ ပြည်ထောင်စု အဆင့်ကိုပါ ဆွေးနွေးသဘောတူလက်မှတ်ထိုးကြပြီလို့ ထည့်သွင်းဖော်ပြထားတယ်။ တကယ်တော့ ကျနော်တို့ ပြည်ထောင် စုအဆင့်သဘောတူညီချက်လက်မှတ်ထိုးခဲ့တာမရှိဘူး၊ မြန်မာ့အလင်းက ဘာလို့အဲဒီလိုရေးလဲမသိဘူးဗျ" ဟု အမည်မဖော် လိုသည့် PNLO တာဝန်ရှိပုဂ္ဂိုလ်တဦးကပြောပါသည်။

ဩဂတ်စ်လ ၂၅ ရက်က PNLO မှ ခွန်မြင့်ထွန်း ဦးဆောင်သော အဖွဲ့နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းတို့ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တောင်ကြီးဟော်တယ်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရာ သဘောတူညီချက် ၅ ချက်အပြင် ညနေပိုင်းတွင် ပြည်ထောင်စုအဆင့်ဆွေးနွေး ရန်အတွက်ပါ အကြိုဆွေးနွေးခဲ့ရကြောင်း၊ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲအား လာမည့်အောက်တိုဘာ၌ ထပ်မံတွေ့ဆုံ ဖွယ်ရှိကြောင်း ထိုစဉ်က တောင်ကြီးရောက် ဗိုလ်မှူးကြီးခွန်သူရိန်က သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြဖူးပါသည်။

"နှစ်ဦးနှစ်ဘက်ယုံကြည်စိတ်ချမှုရှိဖို့ အချိန်ယူရမယ် ထို့အတွက် ဒုတိယအကြိမ်ပြုလုပ်မယ့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာလဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ ပိုမိုလိုအပ်တယ်" - ဟု ဗိုလ်မှူးကြီးခွန်သူရိန်က ဆို၏။

မြန်မာ့အလင်းသတင်းစာ၌ ထိုကဲ့သို့ထင် ယောင်ထင်မှားဖြစ်အောင်မှားယွင်းဖော်ပြထားမှုသည် ကြီးမားသော ပြဿနာ တခုမဟုတ်သည့်တိုင် အနာဂတ် မိမိတို့ကြား ယုံကြည်မှုတည်ဆောက်ရန် အတွက် အခက်အခဲဖြစ်စေကြောင်း အဆိုပါ အမည်မဖေါ်လို PNLO တာဝန်ရှိပုဂ္ဂိုလ်ကပြောသည်။

" အချင်းချင်း ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ အမှန်တရားနဲ့တည်ဆောက်ရမှာဖြစ်တယ်။ မမှန်ကန်မှုနဲ့တည်ဆောက် လို့မရပါဘူး။ အဲဒီလို မီဒီယာမှာ မှားယွင်းဖော်ပြလိုက်တာ ကြီးမားတဲ့ ပြဿနာတခုမဟုတ်ဘူးဆိုပေမယ့် အသေးအမွှား ကိစ္စမှာတောင်ယုံကြည်လို့မရရင် ကြီးမားပြီး အရေးကြီးတဲ့ကဏ္ဍမှာ ဘယ်လိုလုပ် ယုံကြည်နိုင်ပါတော့မလဲ ဆိုတာတွေးစရာ တခု ဖြစ်လာစေတယ်" - ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

လက်ရှိတွင် သမ္မတဦးသိန်းစိန် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးကိစ္စအား လက်ခံဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ရှိပြီးဖြစ်သည်။ အများအားဖြင့်လည်း ပြည်ထောင်စုအဆင့်သဘောတူညီမှု ရယူ နိုင်ခဲ့ကြသည်။

သို့သော် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံးနှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့်အပြင် ရပ်ရွာ လူထု လည်း စစ်ဘေးစစ်ဒဏ်အလူအလဲခံနေရဆဲ ဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရ တို့ကမူ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးသော်ငြားးလည်း အစိုးရက နိုင်ငံရေးကိစ္စ ဦးစားပေးဆွေးနွေးခြင်းမရှိသောကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ယနေ့တိုင် တိုက်ပွဲများလည်း ဖြစ်ပွားနေဆဲဖြစ်သည်။

ကျားဖြူ၊ ကျားခေါင်း ပူးပေါင်း၍ သမိုင်းဝင်ကျားဖြူစေတီတော်အားပြန်လည်ပြုပြင်

Posted: 07 Sep 2012 05:19 AM PDT

ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ကျားခေါင်းပါတီခေါ် သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ ပူးပေါင်း၍ နမ့်ခမ်းမြို့လည် ကျားဖြူစေတီ တော်မြတ် အား ပြန်လည်ပြု ပြင်မွမ်းမံနေ သည်ဟု ဒေသခံများက ပြောပါသည်။
-White_tiger_pagoda_middle_of_Numkhamနမ့်ခမ်းမြို့လယ် ကျားဖြူစေတီဘုရားအား ဆေးဖြူသုတ်ရန်ပြင်ဆင်ထားသည်ကိုတွေ့ရစဉ် (သျှမ်းသံတော်ဆင့်)

"ကျားဖြူ၊ ကျားခေါင်း ပေါင်းပြီး သာသနာ့နုဂ္ဂဟ ဆီကနေတဆင့် မြို့နယ်သာသနာရေးကို စာတင်တာ။ နအဖ အစိုးရ တုန်းက ကျားဖြူစေတီကို ရွှေဝါရောင် သုတ်ပစ်လိုက်လို့ အခုအဲဒါကို အဖြူရောင်ဆေးပြန်သုတ်မယ်။ အခုက ရွှေရောင် ခွါပြီး ပတ်တီးရိုက်ပြီး တဲ့အဆင့်ဖြစ်နေပြီ။ အဖြူပြန်သုတ်ဖို့ဘဲ ကျန်တော့ တယ်" - ကျားခေါင်း ခေါ် SNLD ပါတီဝင် လူငယ်တဦး ကပြောပါသည်။

ဩဂတ်စ် ၂၇ ရက်နေ့မှ စ၍ ကျားခေါင်း ခေါ် SNLD နှင့် ကျားဖြူ ခေါ် SNDP က ကမကထပြု၍ မြို့နယ် သာသနာ့ နုဂ္ဂဟ အသင်း၊ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ဒေသခံလူထုတို့ပူးပေါင်းကာ နအဖစစ်အစိုးရ ခေတ်က ရွှေဝါရောင်ဆေး သုတ်လိုက်သော နမ့်ခမ်းမြို့လယ် သမိုင်းဝင် ကျားဖြူစေတီတော်အား ကျပ်သိန်း ၃၀ ဆယ် အကုန်အကျခံကာ ဆေးဖြူပြန်သုတ် မည်ဖြစ်သည်။

"အလုပ်သမားက တရက် ၁၀ ယောက်လောက်ငှားထားတယ်။ နောက်ပြီး ဒေသခံလူထုတွေကနေ လုပ်အား ပေးလှူ ကြတာလဲရှိတယ်။ ၁၀ ရက်အတွင်း အဖြူရောင် အပြီး သုတ်ပြီးရင် ဘုရားအနေကဇာတင်၊ ရေစက် ချလှူဒါန်းမယ်" - ဟု သွားရောက်လုပ်အားပေးခဲ့သူ စိုင်းခမ်း ကပြောပါသည်။

စတင်တည်ထားကိုးကွယ်ကတည်းက အဖြူရောင်ဖြင့်သာရှိနေသော ကျားဖြူစေတီအား နအဖစစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်ကနမ့်ခမ်းမြို့နယ်၌ တာဝန်ကျသော ရဲမှူးကြီးလှဝင်း က ဦးဆောင်ပြီး ရွှေဝါရောင် ဆေးသုတ်လိုက်သည့် နောက်ပိုင်း နမ့်ခမ်းမြို့သည် တရက်တခြားအခြေအနေ ပိုမိုဆိုးရွား လာကြောင်း၊ စီးပွားရေးကျဆင်းရုံသာမက လူငယ် များ အကျင့်စာရိတ္တပျက်ပြားလာသည်ဟုဒေသခံများက ယူဆကြ၏။ ထို့အပြင် စစ်မက်ရေးရာဖြစ်ပွါးခြင်း၊ ဗုံးပေါက် ကွဲခြင်း၊ လုယက်သတ်ဖြတ်ခြင်း စသည့် ရာဇဝတ်မှုများလည်း နေ့စဉ်ရက်ဆက်ရင်ဆိုင်လာရသည်ဟု ဒေသခံ ရပ်မိ ရပ်ဖများကပြော၏။

နမ့်ခမ်းမြို့တွင် လွန်ခဲ့သောနှစ်ပေါင်း ရာချီက ကျားဖြူမင်းတကောင်ရှိခဲ့ကြောင်း ကျားဖြူမင်းက နမ့်ခမ်း လူထုအား အန္တရာယ်မပြုသည့်အပြင် ကာကွယ်စောင့်ရှောက်မှုပေးခဲ့သဖြင့် လူထုတို့၏ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းကာ ကျန်းမာချမ်းသာနေထိုင်လာခဲ့ရကြောင်း၊ ကျားဖြူမင်း မရှိတော့သည့်နောက်ပိုင်း နမ့်ခမ်းအား မြို့အဖြစ်စတင်တည် ထောင်သည့် အေဒီ ၁၇၇၇ ခန့်က မြို့သူမြို့သား များက ကျားဖြူမင်းအားရည်စူးပြီး နမ့်ခမ်းမြို့လယ်၌ ကျားဖြူ စေတီတော် တည်ဆောက်လှူဒါန်းခဲ့ကြောင်း၊ ဒုတိယ ကမ္ဘာစစ်က ဗုံးဒဏ်ထိမှန်သော်လည်း စေတီတော်၏ဘုန်းတန်ခိုး ကြောင့် မဟာမိတ်စစ်သည်များ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိ ဟုယူဆသဖြင့် ကျားဖြူစေတီတော်၏ ဘုန်းရောင်ပိုမို ထင်ရှားလာခဲ့ကြောင်း နမ့်ခမ်းမြို့ သာသာနာ့နုဂ္ဂဟအသင်းဝင်များက ပြောပြ ပါသည်။

အစိုးရသစ်လက်ထက် စစ်တပ်တွင်း နေရာ အပြောင်းအရွှေ့ပြုလုပ်

Posted: 07 Sep 2012 05:18 AM PDT

သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တက်လာပြီး ၂ နှစ်ခန့်အကြာတွင် မြန်မာ့တပ်မတော်အတွင်းရှိ စစ်အရာရှိ အတော်များများကို ယခုလဆန်းပိုင်းမှ စတင်၍ နေရာပြောင်းရွှေ့မှု ပြုလုပ်နေကြောင်း သိရသည် ။

ယခု စစ်ရာထူး အပြောင်းအလဲတွင် လက်ရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော နယ်မြေများဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မပခ စစ်တိုင်းမှူးနှင့် သျှမ်းပြည် (မြောက်ပိုင်း) လားရိုးမြို့ အခြေစိုက် ရမခ စစ်တိုင်းမှူးများ အပါ အဝင် အနည်းဆုံး စစ်တိုင်းမှူး ၅ ဦးခန့်၊ ကစထမှူးနှင့် တပ်မမှူးများ ပါ ရှိကြောင်း စစ်ရုံးချုပ်နှင့် နီးစပ် သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည် ။

မပခစစ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျာအောင်အား မီးရထားဝန်ကြီး အဖြစ် လည်းကောင်း၊ ရမခတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောအား တောင်ပိုင်းတိုင်း စစ်တိုင်းမှူးအဖြစ်လည်းကောင်း အသီးသီးပြောင်းရွှေ့လိုက်ကြောင်း သိရသည် ။

လစ်လပ်သွားသော မပခနှင့် ရမခ စစ်တိုင်းမှူး နေရာများသို့ ရလခတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်နှင့် တပ်မတော် နည်းပညာ ကျောင်းအုပ်ကြီး ဗမခ အောင်စိုးတို့ ပြောင်းရွှေ့ ရောက်ရှိလာကြောင်း သိရသည် ။

၎င်းအပြင် လပခ ၊ တပခ ၊ ရလခတိုင်းမှူး များ၏နေရာများသို့ ကစထမှူးနှင့် တပ်မမှူးများ ပြောင်းလဲရောက်လာ ကြောင်း သိရသည် ။

လက်ရှိစစ်တပ်အပြောင်းအလဲ အပေါ် တရုတ် - မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက -
"ဒီအပြောင်းအလဲမှာ ထူးခြားချက် ၃ ခုလောက်သွားတွေ့တယ် conflict ဖြစ်နေတဲ့ နယ်မြေတွေကို ရောက် လာတဲ့ ထွန်း ထွန်းနောင်ဆိုရင် တိုက်ရင်းနဲ့ရာထူးတက်လာတာ။ ကိုအောင်စိုး ကလည်း စစ်သားမိသားစုထဲက ကြီးပြင်းလာပြီး လက်ရှိ တပ်မ ၈၈ က တိုက်နေတဲ့ သူတစ် ယောက် ပတ်ကားစစ်သားမိသားစုတွေထဲက ဖြစ် တယ်။ ကိုအောင်စိုးဆိုရင် ၂၆ အပတ် စဉ်မှာ ပထမဆုံးတိုင်းမှူး ဖြစ်လာတယ်။ ဒါဟာစစ်ရပ်ချင်လို့ မဟုတ်ဘူး ဆိုတာကို ပြတယ် "

"နောက်တစ်ခုက ဇေယျာအောင်ကို မီးရထားဝန်ကြီးခန့်တဲ့ကိစ္စမှာ စစ်တပ်ကနေ ၀န်ကြီးနေရာကို တိုက်ရိုက် သွားတယ် ဆိုတာ အရင်နအဖစစ်အစိုးရလုပ်ထုံး လုပ်နည်းအတိုင်း လုပ်နေတုန်းပဲဆိုတာကို သွားတွေ့တယ်။ နောက်တစ်ခုက မင်းအောင်လှိုင် သူဟာ သူ့ရဲ့ကာကွယ်ရေးဦးစီးချုပ်ဘဝမှာ သူ့ထက်ဂျူနီယာ အများကြီးကျတဲ့ အပတ်စဉ်ခွာတဲ့သူတွေကို ဆွဲတင်နေတာဖြစ်တယ်။ သူနဲ့ ၁၉ အပတ်စဉ်တူတဲ့လူ အားလုံးဆိုရင် နိုင်ငံခြားရေး ဝန်ကြီးရုံးကို ရောက်သွားပြီ အခု တစ်ခေါက် အပြောင်းအလဲမှာ ပိုပြီးသိသာလာတယ်။ ဗိုလ်နေဝင်းတုန်းကလို ဗိုလ်သန်းရွှေတုန်းကလို လုပ်နည်းတွေက ဘာမှမပြောင်းဘူးဆိုတာကို တွေ့ရတယ် " ဟု သုံးသပ်ပြောဆိုသည် ။

[ZomiMessenger] စစ်အင်အားများကို စစ်ရဟတ်ယာဉ်များဖြင့် တိုးချ



မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အား ထိုးစစ်ဆင်ရန် ဖားကန့်ကျောက်စိမ်းမှော် ဒေသ သို့ စစ်အင်အားများကို စစ်ရဟတ်ယာဉ်များဖြင့် တိုးချတင်ပို့နေကြောင်း မျက်မြင်သက်သေများပြော သည်။
ဖါးကန့်သို့ သယ်ပို့ပေးသော မြန်မာစစ်တပ် ရဟတ်ယာဉ် တစင်း။
ဖါးကန့်သို့ သယ်ပို့ပေးသော မြန်မာစစ်တပ် ရဟတ်ယာဉ် တစင်း။

ပြီးခဲ့သည့်ပတ် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အစိုးရ ရဟတ်ယာဉ် ၂ စင်းဖြင့် တစ်ကြိမ်လျှင် လူအင်အား ၂၀ ကျော်နှုန်းဖြင့် ၇ ကြိမ်တိုင် အင်အား ၂၀၀ ကျော်နှင့် လက်နက်ကရိယာများပါ ပို့နေကြောင်း မျက်မြင်သက်သေတစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကျနော်တွေ့တာက နောက်ဆုံးပို့တာ တနင်္လာနေ့မှာ ဟုတ်တယ်။ ရဟတ်ယာဉ်က အစိမ်းရောင်၂ စင်းဟုတ် တယ်။ တစ်စင်းက ကြီးတယ်။ တစ်စင်းက နည်းနည်းသေးတယ်။ စစ်ဝတ်စုံ တွေနဲ့ သေနတ်လည်းကိုင်ပြီး ဆင်းလာကြတာ။ သေတ္တာအကြီးတွေလည်းပါတယ်။ အဲဒီသေတ္တာကို လူ ၅ ယောက် လောက်ပေါင်းပြီး မကြ တယ်။ သေနတ်အကြီးလိုလည်းတွေ့တယ်။ ကျနော်တို့လည်း ရဟတ်ယာဉ်နား တဲ့နေရာနဲ့ နည်းနည်းဝေးတဲ့ တောင်ကပဲ တွေ့ရတော့ ကောင်းကောင်းမမြင်ရဘူးလေနော်။ လေယာဉ်က ၁၀ မိနစ် လောက်ပဲနားပြီး ပြန်သွားတာ” ဟု အထက်ပါ မျက်မြင်တစ်ဦးကပြောသည်။

ထိုအစိုးရတပ်များသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အထိနာမှုဖြစ်ပွားပြီး နောက် ယခုလို ရဟတ်ယာဉ်များအသုံးပြုပြီး ဖားကန့်သို့ အင်အားဖြည့်နေခြင်းဖြစ်ကြောင်း ဒေသခံများ ပြောသည်။

ဖားကန့်ဖက်သို့ ကားများနှင့် စစ်အင်အားတိုးချဲ့ခြင်းကို KIA ဖက်မှ တိုက်ခိုက်ခံနေရခြင်းကြောင့်လည်း ရဟတ်ယာဉ်အသုံးပြုမှု များလာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

ထိုအစိုးရရဟတ်ယာဉ် ၂ စင်းသည် ဖားကန့်ရှိ အစိုးရစစ်တပ် အနီး ဘော်လုံးကွင်းမှတဆင့် ရပ်နား၍  ပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် သြဂုတ်လပိုင်းမှစကာ မြန်မာအစိုးရတပ်နှင့် ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဖားကန့်မြို့အနီးမှကျေးရွာဒေသခံ များသည် လုံခြုံရာ ဖားကန့်မြို့တွင်းရှိ မှော်ဝမ်း၊ မရှီကထောင်၊ မေသီလကျောင်း၊ ရခိုင်ရိုးရာယဉ်ကျေးမှု ကျောင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှုကျောင်း၊ ဗုဒ္ဓဘုန်းကြီးကျောင်း၊ ကက်သလိတ် RC ဘုရားကျောင်း၊ ခရစ်ယာန်နှစ်ခြင်းကျောင်း စသည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။

Re: [mrsorcerer:30973] May I help you

ဟုတ်ကဲ့ ကျွန်တော့် Printer က Espon T 11 ပါ ။ မသုံးတာကြာတော့
မှင်ထွက်မမှန်တာနဲ့ ပထမဆုံး Driver က Head Cleaning နဲ့ အရင်စမ်းကြည့်တယ် ။
သိပ်အဆင်မပြေတာနဲ့ ။ Head Cleaning Liquid ၀ယ်ပြီးတော့ ဆေးပါတယ် ။
ပထမ တစ်ကြိမ်စမ်းပြီးတုန်းကတော့ အနက်ရောင်တစ်မျိုးကတော့ ကောင်းကောင်းပြန်ထွက်လာတယ် ။
ကာလာတွေ တော့ ပြန်မထွက်သေးဘူး ခင်ဗျ ။ ဒါနဲ့ ကျွန်တော်လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး နောက်သုံးလေးကြိမ်လောက် ထပ်
ကြိုးစားကြည့်တယ် ။ အခုက Ink box ကိုလုံးဝ မတွေ့တော့တဲ့အထိကို ဖြစ်နေတယ်ခင်ဗျ ။ Head များထိသွားပြီလား
သံသယ ၀င်နေလို့ပါ ။ ဘယ်လိုစမ်းလို့သိနိုင်မလဲ ခင်ဗျ ?

တကယ်လို့ Head ထိသွားတာ သေချာတယ်ဆိုရင်ကော အပိုပစ္စည်းဝယ်လို့ လွယ်ပါသလား ?
ဈေးနှုန်းလေး သိချင်ပါတယ် ခင်ဗျ ။ ကျွန်တော်က Printer နဲ့တော့ နည်းနည်းအထိအတွေ့နည်းပါတယ် ။
ကူညီပေးနိုင်မယ်ဆိုရင်တော့ ကျေးဇူး ကမ္ဘာပေါ့ဗျာ :D

2012/9/6 Ma Ei (UPY) <metzo.191@googlemail.com>
ကြယ်စင်လင်းကော ကိုသူရအေးကော ကျေးဇူးတင်ပါတယ်။

2012/9/6 goodluck zaw <goodluckzaw@gmail.com>
Bro ကလည်း ဘယ်လိုတိုင်ပတ်တာလဲ ပြောပြဦးမှပေါ့။ အများအားဖြင့်တော့ ဒဖော့ပရင်တာလွတ်သွားတာလည်း ဖြစ်တတ်တယ်နော်။ ယူအက်ဘီကြိုးကို ဖြုတ်၊ ပြန်ထိုး၊ ပရင်တာမီးခလုတ် ပြန်ပိတ်ဖွင့်လုပ်လိုက်၊ Control Panel\Hardware and Sound\Devices and Printers မှာ ကိုယ့်ပရင်တာနံပါတ် ပေါ်လား။ ပေါ်ရင် ဒဖော့ပြန်လုပ်လိုက်ရင် ရပါပြီ။ အဲလိုမျိုးဖြစ်တာမဟုတ်ရင်တော့ ဆောရီး ။ အဆင်ပြေပါစေ။

2012/9/4 မိုးတဖစ္ဆ <khantzawygn@gmail.com>
Printer နဲ့ပတ်သက်ပြီး experience ရှိတယ် ဆိုရင်တော့ နည်းနည်းမေးချင်တာလေး ရှိတယ်ဗျ ။
ကျွန်တော့် Printer နည်းနည်းတိုင်ပတ်နေလို့ဗျာ ။ reply တစ်ချက်လောက်ပြန်ပေးပါနော် :)

--
မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့

မြန်မာ့အရုဏ်သစ် ပရဟိတအသင်း၏ စာမျက်နှာ

မြန်မာ့အရုဏ်သစ် ပရဟိတအဖွဲ့ မိတ်ဆက်

လူမှုရေးလုပ်ရန် စိတ်ဝင်စားသူများ ဆက်သွယ်ရန် (ဖောင်ဖြည့်ရန်)

`` အိမ်ထောင်ဟူသည် မသာယာလျှင် အကျဉ်းထောင်တစ်မျိုး၊ သာယာပြန်လျှင် သံသရာ အမှောင်တိုး ´´


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ




--

မိုးတစ္ဆေ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:30911] Re: [aurorageneration] Re: သမ္မတကို ထောက်ခံဆန္ဒပြသူများအား အစိုးရမှ ဖိအားပေးနေမှုအကြောင်း မီဒီယာသမားများ ဝေဖန် ဖော်ပြမှု အားနည်းနေ

မေးခွန်းထုတ် စရာဖြစ်လာပါသည်....
အခြားမဟုတ်ပါ " မြန်မာနိုင်ငံသားများသည် ပြည်တွင်းမှာ ပဲ
နေထိုင်ပြီးတခြားနိုင်ငံများသို. မသွားတော.ဘူးလား" ဖြစ်ပါသည်။
တခြားနိုင်ငံများနှင်.မဆက်ဆံတော.ဘူးလား"ဟူင်္ရျဖြစ်ပါသည်။


2012/9/7 si thu soe moe <sithusoe.moe@gmail.com>:
> တစ်ခုတွေးမိတာရှိလာပါသည်....ရိုဟင်ဂျာကြောင့်
> မြန်မာတွေအနုမြူဗုံးများဆောင်ကြတော့မည်လားဟု
>
> .ကြားရဖတ်ရသမျှ..အမျိုးဖြုတ်ရမည်..ကိစ္စတုံး
> စာရင်းရှင်းရမည်ဟုဆိုနေကြရာ..လက်စတုံးရန်မှာဒီတစ်နည်းသာရှိပါသည်..
> ဒါဆို..စစ်ရေးအမြင်အရ..ဘယ်နေရာကိုဆော်မှာလည်း...ဘူးသီးတောင်လား..မဖြစ်သေး.....ရေဒီယို
> သတ္တိတွေကြွပြီး မတော်...စစ်တွေ...ငပလီဖက်လွင့်လာလျှင်..မခက်ပါလော...။
> ပိုဆိုးသည်မှာ ဘင်္ဂလားဒေ့ရှ် ဖက်ဒီ RADIATION တွေလွင့်ကုန်မှ အားလုံးက
> မြန်မာကိုဝိုင်းဆော်မှာ..တရုပ်ကြီးကလည်း အိန္ဒိယကိုထိန်းထားဖို့
> ဘင်္ဂလားဒေ့ရှ်ကိုအပိုင်ပေါင်းထားလေရာ..မြန်မာကို ကာကွယ်ပေးမည်မထင်...။
>
> ဘင်္ဂလားဒေ့ရှ် ကိုချမှာလား....ဒါဆိုမြောက်ကိုရီးယားက
> တာလတ်ပစ်ဒုံးပျံတွေဝယ်ထားမှ...ဒါတောင် ဂျပန်..အမေရိကန်..တရုပ်တို့က
> မျက်စေ့ဒေါက်ထောက်ကြည့်နေကြဦးမှာ..အမေရိကန်ရေတပ်ကို ကျော်ပြီးဒုံးပျံ
> ကြီးတွေမြန်မာနိုင်ငံထဲသယ်ရဦးမည်....။ဟိုကရောပို့မှာလား..ဒုံးလက်နက်ဆိုတာဝယ်ချင်တိုင်း-ယ်လို့မရပါ..ပြည်တွင်းမှာထုတ်သည်ပဲထားဦး..ထိုင်းက
> သိသည်နှင့် မတော်..သူ့ကိုဆော်မှာစိုးပြီး
> ကန့်ကွက်မှာပါပဲ...မထူးပါဘူး...ထိုင်းပါဆော်ပစ်ကွာ...အောင်ဇေယျမျိုးဟေ့..ဒို့မြန်မာပေါ့...။
> ပတ်လည်ရမ်းပြီးချသာချ..မထူးဇတ်ခင်းကြတာပေါ့...။
>
> ကဲ..သယ်လို့ရပြီ..ဒီကောင်တွေနယ်မရှောင်ပဲချကွ..ဆိုလျှင် ..OIC က
> သူ့အဖွဲ့ဝင် တစ်နိုင်ငံဒုက္ခေ၇ာက်နေသည်ကို ကြည့်မနေပါ..မြန်မာကို
> ဆော်ဖို့..အနည်းဆုံးတင်းကြပ်သည့် SANCTION
> တွေချဖို့..လာမှာပါပဲ...သူ့ဖိအားကို
> UN..USA..CHINA..JAPAN..ဘယ်သူမှရင်ဆိုင်မည်မဟုတ်ပါ...လက်ရှောင်ကြမှာပါ...။
>
> ဂျပန်ကလည်း သူ့ကိုအမေရိကန်က အနုမြူဗုံးနှစ်လုံးကြဲထားလို့
> သူ့လိုဘ၀တူမည်သူကိုမဆို..(ဒီမှာတော့..ရိုဟင်ဂျာပေါ့)
> သနားမှာ..စာနာမှာ..အကူအညီတွေပေးမှာ...။
>
> ကဲ..ကဲ..နောက်ဆုံးဒီမြန်မာ့မြေကို တိုင်းရင်းသားအားလုံးအသေခံ
> ကာကွယ်ပါပြီတဲ့....(ဟိုဖက်ကလည်းလူမျိုးတုန်းလက်နက်တွေပြန်သုံးချင်သုံးမှာပါ).......အကုန်လုံးမီးပါးသေပြီးကွက်ကွက်လေးကျန်သောလူနည်းစု၏ဘ၀ကားမတွေးရဲစရာပါ...အနုမြူလက်နက်စသုံးသော
> အရိုင်းအစိုင်းလူမျိုးများအဖြစ်ကမ္ဘာက
> ၀ိုင်းနှိမ်မှာပါ..ဒီအခ့..ပွပေါက်တိုးမည့်သူက
> ပေါက်ဖော်ကြီးပါ..သနားလို့စောင်မကြည့်ရှုလိုက်တာ..ကျန်ရစ်သူမြန်မာတွေလည်းတရုပ်ကပြားလေးတွေဖြစ်ကုန်နိုင်ပါသည်...။(အမေရိကန်လည်းဂျပန်ကိုဒါသုံး
> တာပဲဟုဆိုလို့မရပါ..၀ိတ်ခြင်းမတူပါ...)
>
> ဆော်မည်..ချမည်..ပြည်တွင်းညီရင်ပြီးရော..ဒီကောင်တွေကိုသုတ်သင်ပစ်ရမည်..ဆိုနေကြသဖြင့်
> ပကတိအခြေအနေတွေကိုစဉ်းစားကြည့်ခြင်းပါ....။
>
> အချက်အလက်ကျကျ ထောက်ပြဝေဘန်နိုင်ပါသည်.....
>
> ကျေးဇူးတင်ပါသည်..
> ST
>
>
>
>
>
> ၀ဘန်နိုင်ပါသည်
>
>
>
>
>
>
>
> On 9/7/12, Lynn Htet Swe <myatchitshin@gmail.com> wrote:
>> မျက်စိရှေ့  မှာ တည့်တည့်ကြီး မြင် လွယ် ထင်လွယ် တာ ကို ပြောလိုက်တာ ပ။ ၀ီရသူ
>> ဦးဆောင် တဲ့ ဆန္ဒပြပွဲ ဟာ မြန်မာ ဗုဒ္ဓဘာသာ တစ်ခု လုံး ကို ကိုယ်စားမပြု ပါ။
>> ရှက်တတ်တဲ့ အသိ ရှိသူ များ ရှက် ကြပါလိမ့်မယ် ညီမောင်။
>>
>> 2012/9/7 SOE HTUT <soehtut1@gmail.com>
>>
>>> အကျင့်ပျက်ခြစား နေ တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ဘုန်းကြီးတစ်ချို့ ကို ကြည့် ပြီး
>>> ထေရ၀ါဒဗုဒ္ဓဘာသာ တစ်ခု လုံး ကို ရှုတ်ချ လို့ မရ သလို ပဲ.....
>>>
>>> အင်းခက်တယ်.... နှိုင်းစရာရှားလို့.... ပညာရှိ များခက်ပါ့......ဟဲဟဲ...
>>> အတတ်ကြူးလေသော အခါ....:P
>>>
>>>
>>> 2012/9/7 Lynn Htet Swe <myatchitshin@gmail.com>
>>>
>>>> ယူအန် နဲ့ အိုင်အင်ဂျီအို အဖွဲ့ အစည်း တွေ ဟာ လူဘောင်လောက ရဲ့ အမွန်မြတ်ဆုံး
>>>> ဗြဟ္မစိုရ် တရား လောကပါလ တရား တွေ ရဲ့ ဖေါ်ကျူးမှု ပဲ ဖြစ်တယ်။ ဂျီနီဗာ
>>>> ကွန်ဗန်းရှင်း နဲ့ လူ့ အခွင့်အရေးကြေညာစာတမ်း ပါ ပဋိညာဉ်တွေ ကို အကောင်အထည်
>>>> ဖေါ် နေ တဲ့ အဖွဲ့ အစည်း တွေ ဖြစ်တယ်။
>>>>
>>>> အကျင့်ပျက်ခြစား နေ တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင် ဘုန်းကြီးတစ်ချို့ ကို ကြည့် ပြီး
>>>> ထေရ၀ါဒဗုဒ္ဓဘာသာ တစ်ခု လုံး ကို ရှုတ်ချ လို့ မရ သလို ပဲ.....
>>>>
>>>> အကျင့်ပျက်ခြစား နေ တဲ့ ယူအန် နဲ့ အိုင်အင်ဂျီအို အဖွဲ့ အစည်း ၀န်ထမ်း တွေ
>>>> ရှိ နိုင်ပေမဲ့ ယူအန် နဲ့ အိုင်အင်ဂျီအို အဖွဲ့ အစည်း အားလုံး ကို
>>>> ဆန့်ကျင်တဲ့
>>>> အလုပ် ဟာ မိုက်မဲ တဲ့ လုပ် ရပ် နားမလည် ပါးမလည် လုပ်ရပ် သာ ဖြစ် တယ်။
>>>>
>>>>
>>>> 2012/9/7 SOE HTUT <soehtut1@gmail.com>
>>>>
>>>>> (၄) ယူအန် အိုင်အန်ဂျီအို ဆန့်ကျင်မုန်းတီးရေး ကို ပါ အသစ်လုပ်ဆောင်လာ တာ
>>>>> ကိုလဲ တွေ့ရတယ်။
>>>>>
>>>>> ဒီအချက်ကို နာတင်းတယ်တွာ............. ဟီးးးးးးးးးးးးး
>>>>>
>>>>>
>>>>> 2012/9/7 Lynn Htet Swe <myatchitshin@gmail.com>
>>>>>
>>>>>> ၀ီရသူ (မစိုးရိမ်) ရဲ့ လုပ်ချက်တွေ က တော့
>>>>>>
>>>>>> (၁) ရိုဟင်ဂျာ ရခိုင် အရေး ကို ပါးပါးအုပ်ပြီးတော့ သူ့ရဲ့ မူလ အစ္စလာမ်
>>>>>> မုန်းတီးရေး နဲ့ တိုက်ဖျက်ရေး အစီအစဉ်တွေ ကို ဆက် အကောင်အထည် ဖေါ်တာပဲ
>>>>>> ဖြစ်တယ်။
>>>>>> (၂) အစိုးရ ကို နိုင်ငံတကာ နဲ့ မြန်မာပြည်သူတွေ အကြား ဘေးကြပ်နံကြပ်
>>>>>> ဖြစ်အောင် လုပ်တာဖြစ်တယ်။
>>>>>> (၃) မျိုးချစ် လှိုင်း ကို စီးလို့ နိုင်ငံရေး အမြတ်ထုတ် ကာ
>>>>>> နာမည်တည်ဆောက်ဖို့ ကြိုးစား လာတာ ဖြစ်တယ်။
>>>>>> (၄) ယူအန် အိုင်အန်ဂျီအို ဆန့်ကျင်မုန်းတီးရေး ကို ပါ အသစ်လုပ်ဆောင်လာ တာ
>>>>>> ကိုလဲ တွေ့ရတယ်။
>>>>>> (၅) ဘာသာရေးခွဲခြားမှု ကို အခြေခံတဲ့ အာဏာရှင်စနစ်တရပ် ကို
>>>>>> အသက်သွင်းချင်ပုံ ရပါတယ်။
>>>>>>
>>>>>> တစ်ချိန်ချိန် မှာ ဒီ မီးပွားတွေ က မီးတောက်တွေ ဖြစ်လာ ပြီး ပြည်မ မှာ ပါ
>>>>>> လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်လာ လို့ လူသတ်ပွဲ မီးရှို့ ပွဲတွေ
>>>>>> ဖြစ်လာခဲ့ ရင် ၀ီရသူ (မစိုးရိမ်) လဲ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေ ထဲ တစ်ဦး
>>>>>> အပါအ၀င် ဖြစ်မှာ အသေအချာ ပါပဲ။ ဆင်မြန်းထား တဲ့ အရဟတ္တဓဇ သင်္ကန်း နဲ့
>>>>>> မတန်တဲ့
>>>>>> မလျှော် တဲ့ လုပ်ရပ်တွေ အတွက် ဘုရားရှင် ကိုယ်စား ၀မ်းနည်း မိပါတယ်။
>>>>>>
>>>>>>
>>>>>> 2012/9/6 လင်းမြတ်သော်တာ <linmyatthawtar@gmail.com>
>>>>>>
>>>>>>> ပြည်သူသာအမိ ပြည်သူသာ အဖ။ သမ္မတကြီး ဦးသိန်းစိန် အစ၊ ဗိုလ်ချုပ်
>>>>>>> မင်းအောင်လှိုင်အဆုံး - ဒီ ပုဂ္ဂိုလ်တွေကိုလည်း ပြည်သူက မွေးထားတာပါ။
>>>>>>> ပြည်သူသာ
>>>>>>> မိခင် ဖခင်ပါပဲ။
>>>>>>>
>>>>>>> 2012/9/5 kdar kdar <kdar600@gmail.com>
>>>>>>>
>>>>>>>> နောက်ဆို....ရခိုင်ဘ၈်လိီကိစ္စကို....နိင်ငံတကာက
>>>>>>>> ၀င်ရောက်စွပ်ဖက်နေမယ်ဆိုရင်....
>>>>>>>> လူထု ဆန္ဒဖော်ထုတ်ပွဲတွေ နေရာအနှံ.ပြု လုပ်ပြီး ကမ္ဘာသိအောင်
>>>>>>>> လူထုရဲ.သဘောထားဆန္ဒအမှန်ထုတ်ဖော်ပြသပြီး..ကုလားကိစ္စကို
>>>>>>>> အပြီးတိုင်ချေမှုန်းပစ်သင်.ပါတယ်...
>>>>>>>> လူထုအားကိုယုံပါတယ်...လူထုပါလာ၇င်...အတားအစည်းအားလုံးကို
>>>>>>>> အောင်မြင်စွာကျော်လွှားနိင်မယ်လို.မုချယုံကြည်ပါတယ်
>>>>>>>>
>>>>>>>> 2012/9/4 Tin Naing Linn <tinnainglinn@gmail.com>
>>>>>>>>
>>>>>>>>>
>>>>>>>>> 13:07 Myanmar Express Group
>>>>>>>>> <http://www.myanmarexpress.net/2012/09/blog-post_7298.html#comment-form>
>>>>>>>>>
>>>>>>>>> <https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5TuTPcDtU8d7O6U2jZ905CgC7STFYHY2uwqgdgrJGo9GFcK3LZRWdx8QzL6G30ZhmG57_RZghapcAFVVlFKIrvDXwqpCJaOaiOsESg4ZSzVxU2j71GrfBcOl8af_BHBuN0h9PRFprXi1R/s1600/www.myanmarexpress.net+%252865%2529.jpg>
>>>>>>>>> သမ္မတကို ထောက်ခံဆန္ဒပြသူများအား အစိုးရမှ ဖိအားပေးနေမှုအကြောင်း
>>>>>>>>> မီဒီယာသမားများ ဝေဖန် ဖော်ပြမှု အားနည်းနေကြောင်း မြန်မာ့အရေး
>>>>>>>>> ကျွမ်းကျင်သူ
>>>>>>>>> တစ်ဦးကပြောသည်။ အကယ်၍သာ သမ္မတကို ထောက်ခံသည့် ဆန္ဒပြပွဲမဟုတ်ပဲ
>>>>>>>>> အတိုက်အခံ
>>>>>>>>> တစ်ဦးဦးကို ထောက်ခံသည့် ဆန္ဒပြပွဲကို အာဏာပိုင်များက ဖိအားပေးပါက
>>>>>>>>> မီဒီယာများတွင် တွင်တွင်ကျယ်ကျယ်ဖော်ပြကြမည်ဖြစ်သလို အမျိုးမျိုါ် ဝေဖန်
>>>>>>>>> လေကန်ကြမည်ဟုလည်း ၎င်း က ဆိုသည်။
>>>>>>>>>
>>>>>>>>> မန္တလေးမြို တော်တွင် ယနေ့ ဆက်လက်ပြုလုပ်မည့် နိုင်ငံတော် သမ္မတကြီး၏
>>>>>>>>> ရိုဟင်ဂျာအရေးနှင့်ပတ်သတ်သော ရပ်တည်ချက်ကို ထောက်ခံသည့်အနေဖြင့်
>>>>>>>>> အရှင်ဝီရသူ
>>>>>>>>> ဦးဆောင်သည့် သံဃာတော်များနှင့် မန္တလေးမြို့ ခံများ၏ ငြိမ်းချမ်းစွာ
>>>>>>>>> ဆန္ဒဖော်ထုတ်မှု ခွင့်ပြုမိန့်အား ပြန်လည် ရုပ်သိမ်းခံခဲ့ရသည်ဟု
>>>>>>>>> အရှင်ဝီရသူ မှ
>>>>>>>>> မီဒီယာသမားများကို မိန့်ကြားသည်။
>>>>>>>>>
>>>>>>>>> ဒုတိယ မြောက်နေ့အဖြစ် ဆက်လက် ပြုလုပ်မည့် အဆိုပါ အစီအစဉ်အား
>>>>>>>>> ချမ်းအေးသာစံမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာလ ၂ ရက်နေ့
>>>>>>>>> ရက်စွဲဖြင့်
>>>>>>>>> ခွင့်ပြုမိန့်ရုပ်သိမ်းကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း
>>>>>>>>> ဖြစ်ကြောင်း
>>>>>>>>> ဆရာတော်က ဆက်လက် မိန့်ကြားသည်။
>>>>>>>>>
>>>>>>>>> သမ္မတ ဦးသိန်းစိန်၏ ရခိုင်အရေး ရပ်တည်ချက်ကို ထောက်ခံသည့်
>>>>>>>>> ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့နယ် ၂ မြို့နယ်သာ
>>>>>>>>> လုပ်ခွင့်ပေးမည်ဖြစ်ပြီး
>>>>>>>>> ကျန်သည့် ၄ မြို့နယ် လုပ်ခွင့်မပေးတော့ကြောင်း သိရသည်။
>>>>>>>>>
>>>>>>>>> သြဂုတ်လ ၂၈ ရက်နေ့က မြို့နယ် ၆ မြို့နယ်တွင် ငြိမ်းချမ်းစွာ
>>>>>>>>> စီတန်းလှည့်လည်ခွင့် တရားဝင်စာတင်ထားပြီး စက်တင်ဘာလ ၂ ရက်နေ့မှစတင်၍
>>>>>>>>> ဆန္ဒပြခွင့်ကို တမြို့နယ်လျှင် တနေရာနှင့် တရက် တချိန်သတ်မှတ်ကာ
>>>>>>>>> စီတန်းလှည့်လည်ခွင့် ပြုမိန့်ရခဲ့သည်။ မြို့နယ် ၆ မြို့နယ်
>>>>>>>>> ဖြစ်သည့်အတွက် ၃
>>>>>>>>> ရက် တရားဝင် ဆန္ဒပြခွင့် ရရှိထားပြီး ဖြစ်သည်။
>>>>>>>>>
>>>>>>>>> စက်တင်ဘာလ ၂ ရက်နေ့ နံနက်၁၀နာရီ အချိန်တွင် မဟာအောင်မြေမြို့နယ်မှ
>>>>>>>>> ပထမဆုံးအချိန် လှည့်လည် လမ်းလျှောက်ခဲ့သည်။ မန္တလေးမြို့ ၈၄ လမ်းနှင့်
>>>>>>>>> ၃၅
>>>>>>>>> လမ်းထောင့်မှ စတင်ပြီး လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။ ရဟန်းရှင်လူ
>>>>>>>>> အင်အား ၁
>>>>>>>>> သောင်းကျော် ပါဝင်ပြီး နံနက် ၁၀ နာရီမှ ၁၁ နာရီထိသာ
>>>>>>>>> စီတန်းလှည့်လည်ခဲ့သည်။
>>>>>>>>>
>>>>>>>>> နေ့လည် ၁ နာရီတွင် အောင်မြေသာစံမြို့နယ်ရှိ ရဟန်းရှင်လူပေါင်း ၁
>>>>>>>>> သောင်းကျော်တို့ကလည်း လမ်း ၈၀ နှင့် ၁၂ လမ်း စတင်ပြီး စနစ်တကျ
>>>>>>>>> စီတန်းလှည့်လည်
>>>>>>>>> ဆန္ဒပြခဲ့သေးသည်။
>>>>>>>>>
>>>>>>>>> ဆန္ဒပြသည့်အချိန်တွင် ပြဿနာ တစုံတရာ ပေါ်ပေါက်လာခြင်း မရှိသော်လည်း
>>>>>>>>> စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁ နာရီတွင် ကျန်မြို့နယ် ၄ မြို့နယ်ကို
>>>>>>>>> ဆန္ဒပြခွင့်မပေးတော့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက င်းဆန္ဒပြပွဲကို
>>>>>>>>> ဦးဆောင်သည့် ဆရာတော် ဦးဝီရသူထံ ဖုန်းဆက် အကြောင်းကြားလာသည်ဟု သိရသည်။
>>>>>>>>>
>>>>>>>>> ထို့နောက် စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းတွင်ပင် ဆန္ဒပြခွင့်ကို
>>>>>>>>> ပြန်လည်ရုတ်သိမ်းသည့်စာ ထုတ်ပြီး ပိတ်ပင်ခဲ့သည်။
>>>>>>>>>
>>>>>>>>> ''သူတို့ ချထားတဲ့ ဥပဒေကို သူတို့ပဲ ပြန်ပြီးချိုးဖောက်သွားတာပါ။
>>>>>>>>> ဦးဇင်းကတော့ တရားဝင်နည်းလမ်းတကျ လုပ်ဆောင်ခဲ့တာပဲ။ ပြန်လည်
>>>>>>>>> ရုတ်သိမ်းခွင့်ရှိတဲ့ အနေထားက သဘာဝဘေးအန္တရာယ် ကျရောက်မှပဲ
>>>>>>>>> ဒီလိုလုပ်ခွင့်ရှိတယ်ဆိုတာ သူတို့စည်းကမ်းချက်မှာလည်း ပါတာပဲ။ ခုဟာက
>>>>>>>>> ဘာမှ
>>>>>>>>> မဖြစ်ဘဲ ခွင့်ပြုထားတဲ့ ဥပဒေကို ချက်ခြင်း ရုတ်သိမ်းသွားတာပါ။ သိပ်ပြီး
>>>>>>>>> ကြောက်အားကြီးနေသေးတယ်။ ဒီလိုလုပ်တာ လုံးဝမှ ဒီမိုကရေစီ
>>>>>>>>> နည်းလမ်းမကျပါဘူး" ဟု
>>>>>>>>> ဦးဝီရသူက မိန့်သည်။
>>>>>>>>>
>>>>>>>>> ဆန္ဒပြခွင့်မရရှိသော မြို့နယ်များမှာ ပြည်ကြီးတံခွန်မြို့နယ်၊
>>>>>>>>> ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့
>>>>>>>>> ဖြစ်သည်။
>>>>>>>>>
>>>>>>>>> ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၌
>>>>>>>>> ပြုလုပ်မည့် ဆန္ဒပြပွဲကိုလည်း ရုတ်သိမ်းခိုင်းခဲ့ကြောင်း၊ ရန်ကုန်-
>>>>>>>>> မန္တလေး
>>>>>>>>> အဝေးပြေးကားလမ်းမပေါ်ရှိ ပြည်ကျောင်းတိုက်တွင် စုစည်းနေသည့် ရဟန်းနှင့်
>>>>>>>>> လူအများကို စုရပ်တွင် ဆက်လက် မစုရုံးကြရန် ရဲအရာရှိများက
>>>>>>>>> ဆော်သြခဲ့ကြောင်း
>>>>>>>>> တွေ့ရသည်။
>>>>>>>>>
>>>>>>>>> သို့သော်လည်း နေ့လည် ၁ နာရီတွင် ချမ်းအေးသာစံမြို့နယ်မှ ဆန္ဒပြပွဲကို
>>>>>>>>> သက်ဆိုင်ရာ အာဏာပိုင်များက မတားဆီးနိုင်ခဲ့ကြောင်း၊ သံဃာများ
>>>>>>>>> ဦးဆောင်သည့်
>>>>>>>>> ရာနှင့်ချီသောသူများသည် ၄၂ လမ်းမှတဆင့် မြတောင်တိုက်သို့ လမ်းလျှောက်
>>>>>>>>> ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
>>>>>>>>>
>>>>>>>>> စက်တင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်မည့် ကျန်မြို့နယ် ၂ မြို့နယ်သည်လည်း
>>>>>>>>> ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိုသည်။
>>>>>>>>>
>>>>>>>>> ''သူတို့က ဆက်မလုပ်နဲ့လို့ အမိန့်ထုတ်တော့ ဦးဇင်းတို့ကတော့
>>>>>>>>> ဆက်မလုပ်ဘူး။ ဒါပေမယ့် စိတ်အားထက်သန်တဲ့ လူတွေနဲ့ ရဟန်းတွေ
>>>>>>>>> ဆက်လုပ်တာကတော့
>>>>>>>>> ဦးဇင်းတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဦးဇင်းတို့ တာဝန်မယူဘူး။ အဲလို
>>>>>>>>> ဖြစ်လာရင် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တာဝန်ပဲလို့ ပြောခဲ့တယ်။
>>>>>>>>> အစောကြီးကတည်းက
>>>>>>>>> ဒီလူအုပ်ကြီးကို ထိန်းသိမ်းဖို့နဲ့ ပွဲမဆူဖို့ သံဃာတွေ
>>>>>>>>> လိုက်ပါစောင့်ရှောက်ခွင့် ပြုထားတာ" ဟု ဦးဝီရသူက မိန့်သည်။
>>>>>>>>>
>>>>>>>>> ဆန္ဒဖော်ထုတ်ပွဲသည် ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး သမ္မတ
>>>>>>>>> ဦးသိန်းစိန်က UNHCR နှင့် နေပြည်တော်တွင် ဇူလိုင် ၁၁ ရက်နေ့က
>>>>>>>>> တွေ့ဆုံစဉ်
>>>>>>>>> ပြောဆိုခဲ့သည့် သမ္မတ၏ ရပ်တည်ချက်ကို ထောက်ခံခြင်းဖြစ်ကြောင်း၊
>>>>>>>>> မိမိတို့အနေဖြင့် မည်သည့်အဖွဲ့စည်းကိုမဆို အကြမ်းဖက်သည့်ဝါဒကို
>>>>>>>>> မကျင့်သုံးပါက
>>>>>>>>> ဘာသာပေါင်းစုံ လက်ခံနိုင်ကြောင်း ဆရာတော်က ဆက်လက် မိန့်သည်။
>>>>>>>>>
>>>>>>>>> ရန်ကုန်မြို့ UNHCR ရုံးရှေ့တွင် သမ္မတကြီးကို ထောက်ခံသည့် ဆန္ဒပြပွဲ
>>>>>>>>> ကျင်းပစဉ်တုန်းကလည်း အာဏာပိုင်များက ဖိအားပေးကာ ဖမ်းဆီးမှုများ
>>>>>>>>> ပြုလုပ်ခဲ့ပေမယ့် မီဒီယာ သမားများက ၎င်း တို့ ဆန္ဒပြမှု သတင်းလောက်
>>>>>>>>> အကျယ်တဝင့်
>>>>>>>>> ဖော်ပြခြင်းမရှိခဲ့ပေ။
>>>>>>>>>
>>>>>>>>
>>>>>>>> --
>>>>>>>> Computer နည်းပညာများ
>>>>>>>> http://groups.google.com/group/auroracomputerservice?hl=en_US
>>>>>>>>
>>>>>>>> ဂြိုဟ်တုနှင့်အာကာသ
>>>>>>>> http://sites.google.com/site/9spacestudy/
>>>>>>>>
>>>>>>>> Entertainment (game)
>>>>>>>> www.vaperida.com
>>>>>>>>
>>>>>>>> Aurorageneration အတွက် facebook link ပါ။
>>>>>>>> http://www.facebook.com/groups/186830348042417
>>>>>>>>
>>>>>>>> Aurorageneration facebook page
>>>>>>>> https://www.facebook.com/Aurorageneration (Still fixing)
>>>>>>>>
>>>>>>>> --
>>>>>>>> သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု
>>>>>>>> mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကို
>>>>>>>> http://groups.google.com/group/aurorageneration/topics?start=10&sa=Nမှာကြည့်နိုင်ပါသည်။
>>>>>>>> သင်ဧ။် mail များကိုဖြန့်ဝေချင်ပါက
>>>>>>>> aurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group
>>>>>>>> ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail
>>>>>>>> ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက
>>>>>>>> aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
>>>>>>>>
>>>>>>>> group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက
>>>>>>>> aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
>>>>>>>>
>>>>>>>>
>>>>>>>>
>>>>>>>
>>>>>>>
>>>>>>
>>>>>
>>>>
>>>
>>
>> --
>> မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>> http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး
>> မန်ဘာဝင်နိုင်ပါသည် ။
>> မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက
>> mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
>> မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com
>> ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
>> စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
>> http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
>> မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
>> http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en
>> တွင် ဖတ်ရှုနိုင်ပါသည် ။
>>
>> Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင်
>> mrsorcerer2@groups.facebook.com
>> FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
>> http://www.facebook.com/home.php?sk=group_173571176006981&ap=1
>>
>> မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
>> ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
>> ပေးပို.နိုင်ပါသည် ။
>>
>> ခင်မင်စွာဖြင့်
>> ဦးဦး မှော်ဆရာ
>>

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။