To: tinkozaw88@gmail.com
ကိုပဲလေး ဆိုဒ်မှကြိုဆိုပါသည်။ |
- ""မလေးသို့ တရားမ၀င် ထွက်ခွာသူဘင်္ဂလီလူမျိုး ၁၂၀ ဦးကို ထပ်မံဖမ်းမိပြန်ပြီ""
- ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်ခရီးစဉ် ဒေသခံ များ မကျေနပ်
- ပြေးထား မောင်လေးရေ
- ပုဂ္ဂလိက စက်သုံးဆီဆိုင်သစ် ၅၀၀ ကျော် ထပ်မံဖွင့်ခွင့်ပြု
- တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း
- Facebook ကို ပိုမိုကောင်းမွန်သည့် အတွေ့အကြုံဖြင့် အသုံးပြုနိုင်စေမည့် အချက်များ
- မြရည်နန္ဒာ ကျူးကျော်တဲများကို ဘူဒိုဇာနှင့် ထိုးကော်ဖျက်သိမ်း
- သတ္တ၀ါအစ၊ သံသရာအစ သိချင်သူများအတွက်
- တိရိစ္ဆာန်အဆီများအား ရှမ်းမြောက်ဈေးကွက်သို့ ပဲဆီအနေဖြင့် ရောက်ရှိ
- ((((((((((((((((((ငရဲခန်း))))))))))))))))))
- ရွှေဂုံတိုင် ကလေး ပြုစုရေး ဂေဟာသို့ စွန့်ပစ် မိဘမဲ့ ကလေးများ လာရောက် အပ်နှံမှု တွင်
- ♫★* ဓါတ်ပုံတွေကို ခေါင်းဖြတ်တဲ့မယ်၊မျက်နှာတွေပြောင်းမဲ့ဆော့ဝဲရမယ်★*
- အိပ်ရေးမ၀ခြင်းကြောင့် လေဖြတ်နိုင်
- ၂၁ ရာစု၏ carcinogen (ကင်ဆာဖြစ်စေသော (ဓာတ်ပစ္စည်း) များ
- အကျဉ်းသား ၅၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
- ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??
| ""မလေးသို့ တရားမ၀င် ထွက်ခွာသူဘင်္ဂလီလူမျိုး ၁၂၀ ဦးကို ထပ်မံဖမ်းမိပြန်ပြီ"" Posted: 17 Sep 2012 02:10 PM PDT ဇော်ဇော်( ရွှေမြန်မာမီဒီယာဂရု)ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒုတိယမြို့တော် စစ်တကောင်းကနေ မလေးရှားနိုင်ငံသို့ တရားမ၀င်ထွက်ခွာသူ လူပေါင်း ၁၂၀ကို ရဲတပ်ဖွဲ့မှ ယနေ့စက်တင်ဘာ ၁၇ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။ သူတို့သည် စစ်တကောင်းမြို့နယ် ဘင်္ဂခါးလီ ဒေသမှ ပင်လယ်ကိုဖြတ်ကျော်ကာ တရားမ၀င်လမ်းမှ တဆင့် ထွက်ခွာရန် ကြိုးစားသူရာ၌ ယခုလိုဖမ်းဆီး ခံ လိုက်ရသည်ဟု သိရသည်။ "သူတို့ကို မနက်အာရုဏ် ၃နာရီလောက်မှာ ဖမ်းဆီးတာဖြစ်ပါတယ်" ဟု ဘင်္ဂခါးလီ ရဲဌာနမှ အရာရှိတဦးဖြစ် သည့် Akter Hossain က bdnews24 သို့ပြောကြားသည်။ ယမန်နေ့ကလည်း မလေးရှားသို့ ထွက်ခွာရန် ကြိုးစားသူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ၁၇ဦးနှင့် မြန်မာနိုင်ငံသား ၈ဦးတို့အဖမ်းအခံခဲ့ရသည်။ ၄င်းတို့မှာ ဘင်္ဂခါးလီမြို့နယ် ရှာနူ ကမ်းခြေမှတဆင့် မလေးရှားသို့ ဘုတ်တစီးဖြင့် ထွက်ခွာရန် ကြိုးစားချိန်တွင် ရဲတပ် ဖွဲ့မှ သွားရောက် ဖမ်းဆီးခြင်းဖြစ် ဟု ဆိုသည်။ ရွှေမြန်မာမီဒီယာဂရု http://www.bdnews24.com/details.php?cid=2&id=232464 120 held for 'illegal' migration Mon, Sep 17th, 2012 11:53 am BdST Chittagong, Sep 17 (bdnews24.com) — Police have detained 120 people, who were trying to 'illegally' migrate to Malaysia crossing the Bay of Bengal through Chittagong's Banshkhali area. Officer-in-Charge of the Banshkhali Police Station Akter Hossain told bdnews24.com, "We arrested them around 3am on Monday with the assistance of the local Union Parishad Chairman." They were detained from the coastal area adjacent to Banshkhali upazila's Chhanua Union. He said the detainees were trying to migrate to Malaysia in an engine-run boat. The law enforcers are looking into the identity of the detainees. Legal actions would be taken against them if proof of illegal migration attempts were found, the police officer said. |
| ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်ခရီးစဉ် ဒေသခံ များ မကျေနပ် Posted: 17 Sep 2012 02:09 PM PDT ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် ယမန်နေ့ မွန်းလွဲပိုင်း သျှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ မူစယ်၊ နမ့်ခမ်းမြို့များနှင့် သျှမ်း ပြည် အရှေ့ပိုင်း ကျိုင်းတုံသို့ ခရီးလှည့်ရာတွင် ယာဉ်သွားလမ်း တားဆီး စစ်ဆေး ပိတ်ဆို့မှုများသောကြောင့် ဒေသခံများ စိတ်အနှောင့် အယှက် ဖြစ်ခဲ့ရကြောင်း ကြားသိရပါသည်။ "ကျနော့်တို့ လားရှိုးမှာတော့ဗျာ၊ မနေ့က တမနက်ခင်းလုံး လမ်းတွေပိတ်ကုန်တယ်။ ဘူတာလမ်း၊ နမ္မတူလမ်း ခွဲဘက်မှာမနက်ပိုင်းဂေါက်သွား ရိုက်တယ်။ မွန်းလွဲပိုင်းလောက်မှ လေဆိပ်ဆင်းတယ်။ နအဖ ခေတ်က မောင်အေးတို့ သန်း ရွှေတို့ လာတာနဲ့ အတူတူဘဲ။ ကျမတို့ အလုပ် ပျက်တယ်၊ ဝင်ငွေထိခိုက်တယ်။ ကျမတို့ က တနေ့လုပ် တနေ့စားတွေလေ" - ဟု လားရှိုးမြို့ ဈေးပတ် နန်းအိုင် က ပြောပါသည်။ စက်တင်္ဘာ ၁၄ ရက်ကတည်းက လားရှိုးသို့ ရောက်နေသော ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ရေဘေးဒုက္ခကြုံတွေ့ရ သည့် ဒေသခံလူထုအား ဆုံရပ်နှစ်နေရာတွင် အကူညီပေးခဲ့ကြောင်း၊ ထို့နောက် မူစယ်၊ နမ့်ခမ်းဘက် ကျန်းမာရေး ပညာရေး သာသနာ ရေးဆိုင်ရာ လှည့်လည်ကြည့်ရှုခဲ့ကြောင်း၊ စက်တင်္ဘာ ၁၆ ရက် လားရှိုးမှ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ အစိုး ရဝန်ထမ်းများ၊ အပစ်ရပ် ကိုယ်စား လှယ်များ၊ စာပေယဉ်ကျေးမှုကဲ့သို့ လူမှုအဖွဲ့အစည်းများက ကြိုဆိုကြကြောင်း ဒေသတွင်းလူထုထံမှ ကြားသိ ရသည်။ "ကြိုဆိုတာလည်း ဟိုးအရင် ခင်ညွန့်တို့ သန်းရွှေတို့ မောင်အေးတို့ ကြိုရသလိုဘဲ။ လမ်းတွေမှာလဲ မလာခင် ၄-၅ ရက်ကတည်းက ကင်းလှည့် နေပြီ။ သွားလာရတာ မလွတ်လပ်တော့ဘူး။ အရင် စစ်အစိုးရတုန်းက တောင်သူတို့ကို ဘယ်သူမှ ဘာမှမလုပ်ဘူး။ အခုဆို အရပ်သားအစိုး ရဘဲ။ တို့သျှမ်းအမျိုးသားလည်း ဖြစ် သေးတယ်။ သွားလာဖြတ်သန်းတုန်း လမ်းခ ဏ ပိတ်ရင် အကြောင်းမဟုတ်ဘူး။ အခုဟာက တနေကုန် နီးပါးလောက်ကို ပိတ်လိုက်တာဆိုတော့ အလုပ်ပျက်တယ်" -ဟု ကျိုင်း တုံ သားတဦးက ပြောပါသည်။ ထို့အတူ မူစယ်ရောက်စဉ် ဥပုသ်နေ့ဖြစ်သောကြောင့် ဥပုသ်သည်များ ဘုရားကျောင်းကန်သွားဖို့ အခက် အခဲဖြစ်ခဲ့ရကြောင်း၊ မူကြိုက လေး များ လည်း ကျောင်းမသွားရကြောင်း မူစယ်ဒေသခံ ကလေးမိဘတဦးက ပြောပါသည်။ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ လည်းဖြစ်သည့် ဒုတိယသမ္မတ ဒေါတ်တာ စိုင်းမောက် ခမ်းသည်ကျိုင်းတုံ၌ရောက် ရှိ စဉ် ယမန်နေ့ညနေပိုင်းက မိုင်းလားတပ်ဖွဲ့၏ ဒုဥက္ကဌ ခွန်ဆန်လူ၊ ဦးဆန်းပေ တို့နှင့်လည်း တွေ့ဆုံကာ မိုင်းလားရေဘေးဒုက္ခ သည် များအ တွက် ကျပ်သိန်း ၂၀၀ ကူညီထောက်ပံ့ခဲ့သေး သည်ဟု ဆိုသော်လည်း ငွေသားကိုကား မရသေးဟု နီးစပ်သည့် အသိုင်းအဝိုင်း ကပြော ပါ သည်။ |
| Posted: 17 Sep 2012 02:07 PM PDT |
| ပုဂ္ဂလိက စက်သုံးဆီဆိုင်သစ် ၅၀၀ ကျော် ထပ်မံဖွင့်ခွင့်ပြု Posted: 17 Sep 2012 02:03 PM PDT လျှောက်ထားသည့် စက်သုံးဆီ ဆိုင်သစ်ပေါင်း ၅၂၉ ဆိုင်ကို ဖွင့်ခွင့်ပြုရန်အတွက် အဆိုပါဌာနမှ စိစစ်နေကြောင်း သိရသည်။ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များကို ယခင်အစိုးရ လက်ထက်တွင် ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၅၉၉ ဆိုင် လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်သုံးဆီ ဆိုင်သစ်များအနက် အများစုသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖွင့်လှစ်ကြမည်ဖြစ်ကြောင်း သိရသည်။ စက်သုံးဆီဆိုင်သစ်များ၊ သိုလှောင်ဖြန့်ဖြူးရေး စခန်းသစ်များကို တည်ဆောက်လုပ်ကိုင်လိုသူများ အနေဖြင့် မြေပိုင်ဆိုင်မှု အထောက်အထား၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်၊ စက်သုံးဆီရရှိနိုင်မည့် ကုမ္ပဏီအဖွဲ့အစည်းများ၏ ထောက်ခံချက်၊ စက်ချုပ်စာတမ်း စသည့် အထောက်အထား သုံးချက်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။ "ဆိုင်သစ်တွေ ချပေးတဲ့အခါ နယ်တွေမှာ ဖြစ်ဖို့များတယ်။ နယ်တွေမှာ ဓာတ်ဆီအခက်အခဲ မဖြစ်တော့ဘူးပေါ့။ သက်ဆိုင်ရာ ဌာနကလဲ ဆီခွဲတမ်းကို ဆိုင်သစ်တွေ မျှပေးရတယ်။ ဒါကြောင့် ဆီဈေးနှုန်းကို အလိုအလျှောက် ထိန်းညှိပြီးသား ဖြစ်သွားတာပေါ့။ ဒီဇယ်နဲ့ အောက်တိန်းဈေးကတော့ ကမ္ဘာ့ဈေးအတိုင်းပဲ ဖြစ်မယ်" ဟု ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ကောင်းဇော်ဟိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လျှောက်လွှာများကို မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် သတ္တုတွင်းဦးစီးဌာနတို့မှ စိစစ်မည်ဖြစ်ကြောင်း လိုအပ်ချက်များ ကိုက်ညီပါက စက်သုံးဆီ အမျိုးအစားအလိုက် သိုလှောင်ဖြန့်ဖြူး ရောင်းချလိုင်စင်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ ဓာတ်ပုံ mmcybermedia.com |
| တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း Posted: 17 Sep 2012 02:02 PM PDT ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက် သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီ ကနေကြသည်။ ယင်းမြင်ကွင်းမှာ အားလပ်ရက် ဆူပါ ဆန်းဒေး မတိုင်မီ စနေနေ့ည စက်တင်ဘာလ ၉ ရက်နေ့ တွင် အင်းလျားလိတ်ဟိုတယ်ရှိ ဝင်ကြေးပေးစရာ မလိုသော နိုက်ကလပ် အခန်းတွင် ဖြစ်သည်။ ထိုနေ့ ထိုနေရာတွင် လာရောက် ကခုန်ကြ သည့် လူငယ်များ အထူး စည်ကားခဲ့ပြီး စီးလာ သည့် ကားများမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းခွင့် ရလာသော မော်ဒယ်လ်မြင့်ကားများ ကားပါကင်၌ ပြည့်နှက် နေခြင်းက လာရောက်ကြ သော လူငယ်တို့၏ လူနေမှုအသိုင်းအဝိုင်းကို ညွှန်း ဆိုပြ နေသည်။ နှလုံးကို ရိုက်ခတ်စေသည့် ရက်ပ်တီးလုံး သံ လွှမ်းနေသော ခန်းမပြင်ပတွင် ဆေးလိပ်ကိုယ်စီ ခဲ ထားသည့် ဆယ်ကျော်သက် လူငယ်များက မိန်းမ ပျို လေးများနှင့် ရယ်ရယ်မောမော စကားစမြည် ပြောနေသည်ကိုလည်း တွေ့ရသည်။ "ကျွန်တော်တို့က ညတိုင်း လာကကြတယ်။ ကောင်မလေးတွေလည်း ပါတယ်" ဟု အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦးက ဆိုသည်။ ယင်းလူငယ်များသည် အွန်လိုင်းမှ တစ်ဆင့် ချိန်းဆိုပြီး လူစုဖွဲ့ကာ လာရောက်ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပွင့်လင်းနေသည့် လူငယ် အသိုင်း အဝိုင်းနှင့် တိုးတက် လာသော အွန်လိုင်းခေတ်တွင် တွက်ခြေ ကိုက်နိုင်သော စီးပွားရေး လုပ်ငန်း လုပ်လို သူများက ဝန်ဆောင်မှုများ အတွက် ပုံစံသစ်များ ဖန်တီး လာကြသည်။ ထိုဝန်ဆောင်မှု လုပ်ငန်းတွင် မြန်မာ့ရိုးရာ ဓလေ့၌ စကားလုံး အဆန်းဖြစ်သော ဘဝကြင်ဖော် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းသည် ဈေးကွက် ဝေစုတစ်ခု ဖြစ်လာစေရန် တာစူ ပြင်ဆင်လုပ်ကိုင် လာသည်ကို တွေ့ရသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ 1 Section (3 hour) ခြောက်ထောင်ကျပ် နှုန်းဖြင့် စုံတွဲများ တည်းခို နိုင်သော တည်းခိုခန်းနှင့် မိုတယ်များကဲ့သို့ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ရုံးခန်း ဖွင့်လှစ်၍ လုပ်ကိုင်နေ သည့် စီးပွားရေး လုပ်ငန်းဟု ဆိုရမည် ဖြစ်သည်။ "အွန်လိုင်းမှာ Member ဝင်အချင်းချင်း ကိုယ်လိုချင်တဲ့ အိမ်ထောင်ဖက်၊ ကိုက်ညီနိုင်မယ့် လူကိုရွေးချယ်ပြီး Invite လုပ်နိုင်တယ်။ တစ်ဖက် က လက်မခံရင်တော့ မရဘူးပေါ့။ လက်ခံလို့ အဆင် ပြေသွားရင်တော့ အပြင်မှာ တွေ့ပြီး လေ့လာကြ ပေါ့"ဟု Skylark ဘဝကြင်ဖော်ရှာဖွေရေး ဝန်ဆောင်မှု လုပ်ဆောင် ပေးနေသော ဦးဇော်မင်းသန့်က ပြော ကြားသည်။ http://www.skylark-vivahaa.com ကို တည်ထောင်အပြီး လပိုင်း အတွင်းတွင်ပင် Member နှစ်ထောင် ကျော်လာပြီဖြစ်ပြီး ဝင်ရောက်ကြည့် ရှုသူပေါင်း ၂ သိန်း နီးပါး ရှိပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော ဝန်ဆောင်မှု ဝက်ဘ်ဆိုက်ဖြစ်ကြောင်း ယင်းဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ယင်းဝက်ဘ်ဆိုက်မျိုးသည် အိန္ဒိယနိုင်ငံတွင် စတင် လုပ်ဆောင်ခဲ့ပြီး www.vivahaa.com,www.shadi.com တို့တွင် အဖွဲ့ဝင် လူဦးရေမှာ သန်း ၃၀၀ ဝန်းကျင် ရှိနေသည်။ တရုတ်နှင့် ကိုရီးယား နိုင်ငံတို့ တွင်လည်း ဘဝကြင်ဖော် ရှာဖွေရေး အေဂျင်စီများ ကို တရားဝင် ဖွင့်လှစ်ကာ လုပ်ဆောင်လျက် ရှိသည်။မြန်မာနိုင်ငံ တွင်လည်း အွန်လိုင်း သုံးစွဲမှု တွင်ကျယ်လာသည့် ၂၀၀၉ ခုနှစ် ဝန်းကျင်ခန့်က မြားနတ်မောင် ဝက်ဘ်ဆိုက်သည်လည်း အထက်ပါ ကဲ့သို့ပင် ချိတ်ဆက် ပေးခဲ့ပြီး လူငယ်များ အကြား ပေါ်ပင် ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် ငုတ်လျှိုးသွားခဲ့ သည်။ "နိုင်ငံတကာ မှာတော့ ဒီလိုအွန်လိုင်း ဆိုက်တွေ ဟာ Single အမျိုးသား၊ အမျိုးသမီးတွေ အတွက် အဖော်မွန် ရှာရာ၊ Casual Romance or Love အတွက် စိတ်လှုပ်ရှားစရာ ပလက်ဖောင်း တစ်ခုပါ ပဲ။ အဓိကကတော့ အွန်လိုင်းကနေ အသက်၊ နေရာ (လိပ်စာ)၊ ကိုယ်ဟန် အနေအထား၊ လူမျိုးနဲ့ တွေ့မယ့် ဆုံရပ်ကို အဓိကထား ပြောဆိုပြီး ရှာကြတယ်။ မြန်မာပြည်မှာတော့ အခုမှ ခေတ်စမ်းစ ဆိုတော့ ယဉ်ကျေးမှု ဆိုတဲ့ တံတိုင်းကို ဘယ်သို့ ဘယ်ပုံ သွေးတိုး စမ်းမလဲမသိနိုင်ဘူး" ဟု အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့တွင် နေထိုင်သော မြန်မာနိုင်ငံသား ဘလော့ဂါ ဒူကဘာက မှတ်ချက် ပေးသည်။ ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင် ခြင်း မရှိသေးကြောင်း ၎င်းင်းတို့ထံမှ သိရသည်။ "တခြားနိုင်ငံမှာ ဒီလို လုပ်ငန်းတွေ ဖြစ်ထွန်း နေပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူငယ် တွေ ပွင့်လင်းလာတဲ့ ကာလမှာ အွန်လိုင်းကနေ လမ်းလွဲတွေ မမှားရအောင်လို့ တီထွင် ကြံဆပြီး လုပ်ဆောင်ထားတာပါ" ဟု ဦးဇော်မင်းသန့်က ယင်းဝက်ဘ်ဆိုက် တည်ထောင်ရခြင်းနှင့် ပတ်သက် ၍ ရှင်းပြသည်။ မြန်မာနိုင်ငံတွင် လုပ်ဆောင်သည့် http://www.skylark-vivahaa.com တွင် ဘဝ ကြင်ယာဖော် အဖြစ် ရွေးချယ် နိုင်သည့် အပြင် မင်္ဂလာ ခန်းမများ၊ ဝတ်စုံများကို ဈေးနှုန်း သက်သာစွာဖြင့် ရွေးချယ်နိုင် ရန် ဆိုင်နာမည်နှင့် လိပ်စာများကိုလည်း ထည့်သွင်း ထားကြောင်း ၎င်းက ဆိုသည်။ ယင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ချိတ်ဆက်တာ အဆင်ပြေ သွားခဲ့သည့် ပထမဦးဆုံး စုံတွဲမှာ မင်္ဂလာ ဆောင်ရန် စီစဉ်နေပြီ ဖြစ်ပြီး မင်္ဂလာဆောင်စီစဉ် ပေးရန်အတွက် သိန်း ၂၃၀ ဖြင့် ညှိနှိုင်း နေကြောင်း၊ ယင်းမင်္ဂလာဆောင်ကို ခန်းမတွင် ကျင်းပရန် မဟုတ်ဘဲ မြက်ခင်းပြင်၌ သတို့သားနှင့် သတို့သမီး တို့က ဟယ်လီကော်ပတာ ရဟတ်ယာဉ်ဖြင့် ဆင်း လာသည့် ပုံစံ စီစဉ်ထားပြီး အခမ်းအနား အပြင် အဆင်များကိုလည်း အမှောင်ချထားကာ ဆလိုက် မီးများနှင့် နတ်ပြည်ပုံစံ စီစဉ်ထားကာ ကားအပု လေးဖြင့် မင်္ဂလာစုံတွဲကို ခေါ်ဆောင်သွားသည့် သဏ္ဌာန် စီစဉ်ထားကြောင်း ၎င်းထံမှ သိရသည်။ "မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ဆန်းသစ် တဲ့ မင်္ဂလာ အခမ်းအနား ဖြစ်အောင်လုပ်ဖို့အတွက် စီစဉ်နေတာပါ။ မင်္ဂလာရက် မရွေးရသေးလို့ မကြေ ညာ သေးတာပါ" ဟု ဦးဇော်မင်းသန့်က ဆိုသည်။ သို့သော် ဘဝကြင်ဖော် ရွေးချယ်ရာတွင် အွန်လိုင်းပေါ်မှ တွေ့ဆုံ ဆွေးနွေးပြီး လူချင်း တွေ့ရ သည့် အလုပ်မှာ အွန်လိုင်း သုံးစွဲသူများ အတွက် အထူးအဆန်း မဟုတ်ပေ။ ယင်းဝက်ဘ်ဆိုက်တွင် တွေ့ဆုံပြီး ဖြစ်ပေါ်လာသည့် ပြဿနာများကို ယင်း ဝက်ဘ်ဆိုက် တည်ထောင်သူတို့က တာဝန်ယူမည် မဟုတ်ပေ။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း ကာလကပင် စီးပွားရေး မြို့တော် ရန်ကုန်မြို့တွင် တရုတ် လူမျိုး များအတွက် ကြင်ယာဖော် ရှာပေးသော အေဂျင်စီ ရှိခဲ့သည်။ ထိုအေဂျင်စီမှာ အွန်လိုင်းမှ မဟုတ်။ အမှန်တကယ် လူချင်း တွေ့ပေးပြီး ညှိနှိုင်းပေးကြ ခြင်းဖြစ်သည်။ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ဝန်ဆောင် မှု အခကြေးငွေ အတွက် မဟုတ်။ ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် မင်္ဂလာဆောင် အတွက် ကန်ထရိုက် ယူခြင်းသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်း လုပ်ဆောင်နေသူ တို့၏ အဆိုအရ သိရသည်။ "ဒီလုပ်ငန်းဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက် ညီဘူးလို့တော့ ပြောလို့မရဘူး။ အဓိကတော့ လူတစ်ယောက်ရဲ့ပင်ကိုယ်ဗီဇနဲ့ပဲ သက်ဆိုင်ပါလိမ့် မယ်" ဟု အသက် ၂၇ နှစ်အရွယ် အွန်လိုင်း သုံးစွဲသူ တစ်ဦးက ဆိုသည်။ မြန်မာလူမျိုးတို့တွင် အာဝါဟ ဝိဝါဟ ဟူသော ထိမ်းမြား လက်ထပ်ခြင်းသည် မင်္ဂလာ တစ်ပါးဟု ဆိုကြသည့် အတိုင်း အမျိုးမျိုး ပြောင်းလဲ လာသော လူမှု ဝန်းကျင်၌ တစ်သက်တွင် တစ်ခါ ဆောင်ကြ သော ဘဝကြင်ယာ ဖော်အတွက် ကိုယ်ပိုင်ဥာဏ် စွမ်းဖြင့် တွေးဆ ဆင်ခြင်ဆုံးဖြတ်ရမည် သာဖြစ် သည်။ ရောင်စုံ မီးရောင်အောက်တွင် ရက်ပ် သီချင်း၊ ဒစ်စကို တီးလုံးသည် နံနက် ၂ နာရီ ထိုးချိန် အထိ မြူးကြွ နေဆဲဖြစ်ပြီး ဆယ်ကျော်သက် လူငယ် ခြောက်ဦးမှာ ချွေးသံ တရွှဲရွှဲဖြင့် ထွက်လာသည်။ ထိုလူငယ်များထဲမှ အသက် ၂၁ နှစ်အရွယ် လူငယ် တစ်ဦး၏ ရင်ခွင်ထဲတွင် ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်သော အင်္ကျီအနက်၊ စကပ်တိုတို ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ရောက်ရှိနေပြီး မော်ဒယ်လ်မြင့် Probox Toyota ကားနှင့် ထွက်ခွာ သွားကြသည်။ By The Voice Weekly |
| Facebook ကို ပိုမိုကောင်းမွန်သည့် အတွေ့အကြုံဖြင့် အသုံးပြုနိုင်စေမည့် အချက်များ Posted: 17 Sep 2012 01:58 PM PDT Facebook ဟာ လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်တွေထဲမှာ လူသုံးအများဆုံးဖြစ်သလို ဆိုက်ရဲ့ဒီဇိုင်းအပါ အဝင် ပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ထားပါတယ်။ အခုဖော်ပြမယ့် အချက်များဟာ အသုံးပြုသူရဲ့ Facebook အတွေ့အကြုံကို နောက်တစ်ဆင့်တက်စေပြီး လူမှုရေးကွန်ရက်ကို အသုံးပြုတဲ့ အခါမှာလည်း ယခင်ကထက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံနဲ့ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ သူငယ်ချင်းအချို့ကို offline လုပ်ထားခြင်း Facebook chat window ကို ဖွင့်ပြီး စက်သွားပုံစံ option ခလုတ်ကို နှိပ်ပါ။ ထို့နောက် "Advanced Settings" သို့သွားပါ။ Pop-up window တစ်ခုပေါ်လာတဲ့အခါမှာ "Turn on chat for all friends except" အောက်မှာရှိတဲ့ box အတွင်း offline အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်းများကို ရွေးချယ် ထည့်သွင်းပါ။ သူငယ်ချင်းအချို့ကိုသာ online အဖြစ် မြင်တွေ့စေလိုရင်တော့ "Turn on chat for only some friends" အောက်မှာရှိတဲ့ box မှာ online အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်းအမည်များကို ထည့်ပါ။ ![]() Timeline ဓာတ်ပုံများကို နေရာချိန်ညှိခြင်း ဓာတ်ပုံတစ်ပုံကို Facebook တင်လိုက်တဲ့အခါမှာ Timeline မှာ ကိုယ်လိုချင်တဲ့အတိုင်း ဓာတ်ပုံမပေါ်တဲ့ အခက်အခဲနဲ့ ကြုံတွေ့နိုင်ပါတယ်။ အဲ့ဒီလို အခက်အခဲနဲ့ကြုံတွေ့တဲ့အခါမှာ Timeline စာမျက်နှာမှာရှိတဲ့ ပုံရဲ့ ညာဘက် အပေါ်ထောင့်က "Edit Photo" ကိုနှိပ်ပြီး "Reposition Photo" option ကို ရွေးပါ။ ထို့နောက် ဓာတ်ပုံကို နှိပ်ပြီး လိုချင်တဲ့ အနေအထားအတိုင်း ချိန်ညှိပါ။ ![]() ဓာတ်ပုံများတွင် ရိုက်ကူးခဲ့သည့် နေရာ ထည့်သွင်းဖော်ပြခြင်း Facebook မှာ ပါဝင်တဲ့ "Places" feature ဟာ ဓာတ်ပုံများကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာတစ်ဝန်းမှ နေရာများကို အလွယ်တကူ ဖော်ပြပေးနိုင်ပါတယ်။ Places စာမျက်နှာမှာရှိတဲ့ "Add Photos to Map" ကို နှိပ်ပြီး ဓာတ်ပုံများ ကို tag ပြုလုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ အကယ်၍ ဓာတ်ပုံတွေကို iPhone နဲ့ Android mobile app ကနေ Facebook profile ထံ တိုက်ရိုက်တင်လေ့ရှိတယ်ဆိုရင်တော့ map တစ်ပါတည်း ပါဝင်တာကို တွေ့ရပါမယ်။ App notification များကို အလွယ်တကူ hide လုပ်ခြင်း News feed ထဲကို ဝင်ရောက်လာတဲ့ သူငယ်ချင်းတွေရဲ့ app notification တွေကို hide ပြုလုပ်လိုတဲ့အခါမှာ Account Settings > Notifications tab သို့သွားပြီး သက်ဆိုင်ရာ app notification ကို uncheck ပြုလုပ်ပါ။ ဒီနည်းလမ်းဟာ ခင်မင်ရင်းနှီးမှုကို မပျက်စေဘဲ အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဓာတ်ပုံများကို high resolution ဖြင့် တင်ခြင်း တစ်ခါတစ်ရံမှာ အလွန်ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံကို သူငယ်ချင်းများထံ ဝေမျှလိုတဲ့အခါ Facebook profile မှာ အဆိုပါပုံကို တင်ပြီးတဲ့အခါ သေးငယ်ပြီး မှုန်ဝါးတဲ့ ဓာတ်ပုံအနေနဲ့ မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် Facebook album တွေမှာ ဓာတ်ပုံတစ်ပုံကို upload မပြုလုပ်မီ "High Quality" box ကို click လုပ်ရန် သတိပြုပါ။ "View As" option ကို အသုံးပြုခြင်း အသုံးပြုသူရဲ့ Facebook Timeline ကို သူငယ်ချင်းတွေက လာရောက်ကြည့်ရှုတဲ့အခါ ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမလဲ ဆိုတာကို "View As" option ကိုအသုံးပြုပြီး ကြည့်ရှုနိုင်ပါတယ်။ Timeline စာမျက်နှာရဲ့ "Activity Log" ဘေးမှာရှိတဲ့ setting icon ကိုနှိပ်ပါ။ ထို့နောက် "View As" ကို နှိပ်ပါ။ အသုံးပြုသူရဲ့ Facebook Timeline ကို သူငယ်ချင်းတွေက လာရောက်လည်ပတ်ကြည့်ရှုတဲ့အခါ မြင်ရမယ့် ပုံစံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Facebook history တစ်ခုလုံးကို download ပြုလုပ်ခြင်း Status update အပါအဝင် Facebook profile တစ်ခုလုံးကို ချက်ချင်းဆိုသလို download ပြုလုပ်နိုင်ဖို့အ တွက် Facebook က အလွယ်တကူ ပြုလုပ်ပေးထားပါတယ်။ Account Settings စာမျက်နှာရဲ့ အောက်ဘက် မှာရှိတဲ့ "Download a copy of your Facebook data" link ကိုနှိပ်ပြီး archive တစ်ခုလုံးကို download ပြုလုပ်နိုင်ပါတယ်။ Facebook conversations များကို forward ပြုလုပ်ခြင်း Facebook conversation များကို လူအများအပြားထံ ပေးပို့တဲ့အခါမှာ copy and paste နည်းလမ်းအစား Facebook message တိုင်းရဲ့ ထိပ်ဘက်မှာရှိတဲ့ "Actions" tab ကိုနှိပ်ပြီး forward လုပ်ခြင်းဖြင့် အခြားသူများ ထံ ပေးပို့နိုင်ပါတယ်။ Chat sign-in ပိတ်ခြင်းကို default ပြုလုပ်ထားခြင်း Status update ကို ရှာဖွေဖတ်ရှုနေချိန်အတွင်း chat ပြုလုပ်စိတ်မရှိပါက Facebook chat window မှာရှိတဲ့ Settings icon ကို နှိပ်ပြီး "Turn off chat" ကို နှိပ်ပါ။ ၎င်းကဲ့သို့ ပြုလုပ်ပြီးတဲ့အခါမှာ message များကို pop-up အနေနဲ့ မဖော်ပြတော့ဘဲ inbox ထံ ပေးပို့မှာဖြစ်ပါတယ်။ Facebook ကို business card အနေဖြင့် အသုံးပြုခြင်း Timeline စာမျက်နှာမှာ အသုံးပြုသူရဲ့အကြောင်းကို business card တစ်ခုအနေနဲ့ အတိအကျဖော်ပြလိုတဲ့ အခါမှာ အသုံးပြုသူရဲ့ Timeline နာမည်အောက်မှာရှိတဲ့ "About" link ကို နှိပ်ပါ။ Contact Info window ဘေးမှာရှိတဲ့ business card icon ကိုနှိပ်ပါ။ Moo.com ထံရောက်သွားပါလိမ့်မယ်။ အဲ့ဒီမှာ Facebook ပုံစံ business card ကို စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ Facebook update ကို Twitter နှင့် အသုံးပြုခြင်း လူမှုရေးကွန်ရက်အားလုံးကို အသုံးပြုဖို့ အချိန်မပေးနိုင်သူများအနေနဲ့ Facebook နဲ့ Twitter ကို ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။ Facebook ပေါ်က Twitter app စာမျက်နှာကိုသွားပါ။ ထို့နောက် Twitter ကနေ Facebook app ကို authorize လုပ်ပြီးတဲ့အခါမှာ tweet အားလုံးကို status update များအနေနဲ့ Facebook မှာ မြင်တွေ့နိုင်ပါပြီ။ PC ထံသို့ Facebook calendar ကို export လုပ်ခြင်း အရေးကြီးတဲ့ event တွေနဲ့ လွဲချော်မှုမရှိစေရန်အတွက် Facebook calendar ကို Microsoft Outlook နဲ့ Apple iCal တို့မှာ export လုပ်ထားနိုင်ပါတယ်။ "Events" tab အောက်မှာရှိတဲ့ Facebook calendar သို့ သွားပါ။ ထို့နောက် settings icon ကိုနှိပ်ပါ။ "Export" ကို နှိပ်ပါ။ ထို့နောက် Facebook မွေးနေ့စာရင်းနဲ့ event တွေကို ရွေးပါ။ Desktop ပေါ်မှာရှိတဲ့ calendar app ကိုဖွင့်ပြီး export လုပ်ပါ။ Facebook Photo zoom Facebook Photo zoom လို့ခေါ်တဲ့ chrome extension ဟာ news feed ပေါ်က ဓာတ်ပုံများကို နှိပ်စရာမလိုဘဲ full size အနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ Mouse cursor ကို image thumbnail ကို တင်လိုက်ရုံနဲ့ အရွယ်ကြီးမားတဲ့ ဓာတ်ပုံကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် zoom ကိုလည်း ချိန်ညှိနိုင်ပါတယ်။ Revert Facebook Photo viewer ဒီ chorme extension ကတော့ ယခင် Facebook ရဲ့ photo feature အတိုင်း ဓာတ်ပုံများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံများကို ယခင် feature အဟောင်းအတိုင်းတွေ့မြင်ရမှာဖြစ်သလို comment section နဲ့ Like option တို့ကိုလည်း ယခင်အတိုင်း တွေ့ရမှာဖြစ်ပါတယ်။ Facebook Chat notifications Facebook Chat notifications ကတော့ message ဝင်ရောက်လာတဲ့အခါမှာ desktop ပေါ်ကနေ pop-up window တစ်ခုနဲ့ အသိပေးမယ့် chrome extension ဖြစ်ပါတယ်။ Like the Page Like the Page ကတော့ Firefox အသုံးပြုသူများအနေနဲ့ built-in Facebook share ခလုတ်မပါတဲ့ ဆိုက်တွေနဲ့ မည်သည့် ဝက်ဘ်စာမျက်နှာကိုမဆို ချက်ချင်းဝေမျှနိုင်မယ့် Firefox add-on ဖြစ်ပါတယ်။ Browser window တိုင်းရဲ့ အောက်ခြေမှာ သေးငယ်တဲ့ "Like" icon ပေါ်လာမှာဖြစ်ပြီး ၎င်း ခလုတ်ကို နှိပ်ခြင်းဖြင့် ဝေမျှနိုင်ပါတယ်။ FB Purity ဒီ Firefox plug-in ကတော့ Facebook ပေါ်က မွေးနေ့များ၊ relationship update များ၊ tag တွဲထားတဲ့ ဓာတ်ပုံများ၊ link များ အပါအဝင် မည်သည့် notification ကိုမဆို hide ပြုလုပ်ထားနိုင်ပြီး Facebook ကို ရှင်းရှင်းလင်းလင်းနဲ့ အသုံးပြုနိုင်စေပါတယ်။ Facebook auto-logout Facebook auto-logout ကတော့ Facebook window အလုပ်မလုပ်တဲ့အချိန် ကြာမြင့်သွားတဲ့အခါမှာ အလိုအလျောက် sign-out ပြုလုပ်ပေးနိုင်တာကြောင့် အသုံးပြုသူအတွက် လုံခြုံမှုရှိစေမယ့် Firefox add-on ဖြစ်ပါတယ်။ |
| မြရည်နန္ဒာ ကျူးကျော်တဲများကို ဘူဒိုဇာနှင့် ထိုးကော်ဖျက်သိမ်း Posted: 17 Sep 2012 01:53 PM PDT မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၀၀ ကျော်ကို မန္တလေးစည်ပင်သာယာကယနေ့နံနက် ၇ နာရီမှ စတင် ကာ ဘူဒိုဇာများနှင့် ၀င်ရောက်ထိုးကော် ဖျက်သိမ်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယင်းမြေကွက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၄၀ ကျော်ရှိပြီး နေထိုင်သည့် လူဦးရေ တထောင်ကျော် ရှိသည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ယင်း မြေကွက် အတွင်းရှိကျူး ကျော်နေ ထိုင်သူများကို ရွှေ့ပြောင်းပေးရန် ထုတ်ပြန် ခဲ့သော်လည်း နေထိုင်သူများက ရွှေ့ပြောင်း မပေးသည့်အတွက် ယနေ့ စက်တင် ဘာ ၁၇ ရက်နေ့တွင် ရဲများနှင့် စည်ပင်သာယာအဖွဲ့တို့ ဦးဆောင်ပြီး ဘူဒိုဇာ ကားများနှင့် ၀င်ရောက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ရှင်းလင်းနေစဉ်အတွင်း အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ ရောက်လာကာ ဖျက်သိမ်းနေသည့် အိမ်များမှ သစ်သားများ၊ သွပ် များနှင့် မျှောတိုင်များကို အလုအယက် ၀င်ရောက် ယူဆောင်ခြင်းများ ပြုလုပ်လျှက် ရှိသည်။ ''ကျနော်တို့က လူတွေ မ၀င်ရ ဆိုပြီး ပိတ်ပြီး လုပ်ရင် အပြောခံရမှာစိုးလို့ ဖျက်သိမ်းနေချိန်မှာ ပစ္စည်း လိုချင်တဲ့ လူတွေ ၀င်ရောက်ယူဆောင် တာကို တစုံတရာ ဟန့်တားခြင်း မရှိပါဘူး" ဟု အိမ်ယာများ ဖျက်သိမ်းရေးကို တာဝန်ယူ လုပ်ဆောင်နေသည့် စည်ပင်သာယာ မြေယာ စီမံခန့်ခွဲရေး ဌာနမှ ဦးတင်ထွဋ်ကျော်က ဧရာဝတီကို ပြောသည်။ ကျူးကျော်တဲများကို တနေ့တည်းနှင့် နေ့မကူးမီ အပြီး ဖျက်သိမ်းသွားမည် ဖြစ်ပြီး ညပိုင်းတွင် ကွင်းအတွင်း လုံခြုံရေးများ ချထားမည် ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။ ကျူးကျော် နေထိုင်သူများ အနေဖြင့် အိမ်ခြေများကို မဖျက်သိမ်းရသည့် အကြောင်းရင်းမှာ သက် ဆိုင်ရာ အာဏာပိုင်များက ယခုကဲ့သို့ မစာ မနာ လုပ်ကိုင်လိမ့်မည်ဟု မထင်သောကြောင့် ဖြစ်ကြောင်း၊ ဖျက်သိမ်း လိုက်သည့် အိမ်များမှ ပစ္စည်းများ ကိုလည်း မည်သည့်နေရာသို့ပြောင်း ရွှေ့ သယ်ဆောင်ရမည်ကို မသိရှိ ရကြောင်း၊ သယ်ဆောင်ရန် အတွက် စားရိတ်မ တတ် နိုင်ခြင်းကြောင့် ပစ္စည်းများ မယူ တော့ဘဲ လူလွတ် ထွက်လာကြောင်း ယင်းကျူးကျော်တဲတွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြော သည်။ |
| သတ္တ၀ါအစ၊ သံသရာအစ သိချင်သူများအတွက် Posted: 17 Sep 2012 01:49 PM PDT |
| တိရိစ္ဆာန်အဆီများအား ရှမ်းမြောက်ဈေးကွက်သို့ ပဲဆီအနေဖြင့် ရောက်ရှိ Posted: 17 Sep 2012 01:42 PM PDT DETAIL NEWS တိရိစ္ဆာန်အဆီများအား ရှမ်းမြောက်ဈေးကွက်သို့ ပဲဆီအနေဖြင့် ရောက်ရှိ ငြိမ်းချမ်း(မြစ်မခ) by Myit Makha Mediagroup on 13 Sep, 2012 စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရုတ်ပြည်သူများပင် စားသုံးခြင်းမရှိသည့် စားသုံးဆီများအား ရှမ်းပြည်နယ်မြောက်ပိုင်း စားသုံး ဆီဈေးကွက်အတွင်းသို့ မြေပဲနံ့ထည့်သွင်းကာ မြေပဲဆီပုံစံမျိုးဖြင့် ဈေးနှုန်းလျှော့ချဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ တရုတ်ပြည်သူများပင် မသုံးစွဲသောတိရစ္ဆာန်တို့၏စွန့်ပစ်ပစ္စည်းများမှ ထုတ်လုပ်သည့် မသန့်ရှင်းသော စားသုံးဆီများကို ရှမ်းပြည်နယ်မြောက်ပိုင်း စားသုံးဆီဈေးကွက်သို့ ဖြန့်ဖြူးရောင်းချ ခြင်းများရှိနေသည်။ အဆိုပါဆီများအား ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှ တရုတ်ပြည်မှ မသန့်ရှင်းသောတိရစ္ဆာန် အဆီများကို ပေပါများအတွင်း ထည့်သွင်းကာ မူဆယ်မှတဆင့် ကားများဖြင့် တင်သွင်းပြီး ပလပ်စတစ်ဗူးးများဖြင့် မိမိ၏ကိုယ်ပိုင်တံဆိပ်ကပ်၍ အနံ့ထည့်သွင်းဗူးသွပ်ကာ မြေပဲဆီဈေးကွက်အတွင်းသို့ ထည့်သွင်းရောင်းချနေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။ "ကျွန်တော်တို့ နောင်ချိုမြို့ဈေးထဲမှာတော့ တရုတ်ပြည်လာတဲ့ဆီကို ဗူးထဲထည့်တံဆိပ်ကပ် ပြီး ရောင်းနေကြတာ၊ ဒီက ဈေးသည်တွေကတော့ ဒီဆီတွေပဲ ရောင်းနေကြတော့ ပြည်သူတွေ က ဒါပဲ စားနေကြတာ"ဟု နောင်ချိုမြို့မဈေးအတွင်းတွင် ဈေးရောင်းချသူတစ်ဦးကပြောသည်။ အဆိုပါ တရုတ်ဆီများမှာ ပြည်တွင်းမှထုတ်လုပ်သည့် ပဲဆီများနှင့်ဈေးနှုန်းချင်းယှဉ်ပါက ဈေးနှုန်းမှာ ထက်ဝက်ကျော် ကွာဟကြောင်းကိုလည်း သိရှိရသည်။ "ကျွန်တော့်ဆိုင်မှာ တင်ထားပေမဲ့ ကျွန်တော်ကအားနာလို့ သိပ်တောင်မရောင်းချင်ဘူး၊ နာမည်ကြီးတံဆိပ်မြေပဲဆီစစ်စစ် ငါးဆယ် သားတစ်ဘူးဆို နှစ်ထောင်ခုနှစ်ရာ ပေးရတယ်၊ တရုတ်ဆီ ငါးဆယ်သားတစ်ဘူးဆိုရင် တစ်ထောင်ငါးရာပဲပေးရတယ် "ဟု နောင်ချိုမြို့ခံ ကိုညီညီက ပြောသည်။ အဆိုပါ တရုတ်ပြည် မူဆယ်လမ်းမှ တင်သွင်းလာသောစားသုံးဆီများမှာ ဈေးကွက်အတွင်း သို့ရောက်ရှိချိန်တွင် ပုဇွန်ဆီ၊ အေသုံးလုံး၊ မင်းကြီးကြိုက်၊ ဟင်းသီးဟင်းရွက်ပုံနှင့်လာသော တံဆိပ်များဖြင့် ဖြန့်ချီလျှက်ရှိကြောင်း ဒေသခံပြည်သူများထံက သိရှိရသည်။ အဆိုပါစားသုံးဆီများမှာ နောင်ချိုမြို့နယ်အတွင်းသာမက ပြင်ဦးလွင်မြို့နယ်၊ ကျောက်မဲ မြို့နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ်များအထိပါ ပြန့်နှံ့လျှက်ရှိကြောင်း ဒေသခံကုန်သည်များထံက သိရှိရသည်။ "ဒီတရုတ်ဆီဈေးကွက်ကတော့ ကျောက်မဲမှာလည်းရောင်းနေကြသလို လားရှိုးဈေးထဲမှာလည်းရှိတာပဲ"ဟု ကျောက်မဲမြို့ခံတစ်ဦးဖြစ်သည့် ကိုမျိုးက ပြောသည်။ ထိုကဲ့သို့ မသန့်ရှင်းသောဆီများကို ကြော်ချက်စားသုံးပါက ဟင်းလျာများတွင် အနံ့တမျိုး ထွက်လာကြောင်း ကျောက်မဲမြို့ခံအိမ်ရှင်မတစ်ဦးက ဆိုသည်။ တရုတ်ပြည်မှ မသန့်ရှင်းသောစားသုံးဆီများ တင်သွင်းမှုကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပိတ်ပင်တားမြစ်သင့်ကြောင်းကိုလည်း နယ်ခံများက သုံးသပ်ပြောကြားကြသည်။ "မြေပဲဆီဆိုပြီး တံဆိပ်ကပ်ပြီး စားအုန်းဆီတွေ စားမိရင်တော့ အသည်းအဆီဖုံးနိုင်တယ်၊ အဆီဓါတ်ပိတ်မယ်၊ နှလုံးသွေးကြော ကျဉ်းမယ်၊ စတဲ့ ရောဂါတွေဖြစ်မယ် တိရစ္ဆာန် စွန့်ပစ် ပစ္စည်းတွေက ချက်ထားတဲ့အဆီဆိုရင်တော့ ရောဂါဖြစ်တာပိုဆိုးမယ် သွေးတိုးရောဂါရှိတဲ့လူတွေ လုံးဝမစားသင့်ဘူး" ဟု ရန်ကုန်ရှိ ကျန်းမာရေးဋ္ဌာနတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောသည်။ ယခင်လများအတွင်းကလည်း နိုင်ငံခြားမှသဘောင်္ဖြင့် တင်သွင်းသော စားသုံးဆီများကို စစ်ဆေးရာ ပင်လယ်ရေများရောနှောထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်တွင်းထုတ် ဂျာနယ်ပါ ဖော်ပြချက်များအရ သိရှိရသည်။ — at မြန် မာ့ စီး ပွါး ရေး ဆိုင် ရာ သ တင်း များ. |
| ((((((((((((((((((ငရဲခန်း)))))))))))))))))) Posted: 17 Sep 2012 01:39 PM PDT ကျွန်တော်သည် ထောင်ထဲစရောက်တုန်းက ယောင်လည်လည်ဖြစ်နေခဲ့ပါတယ် ဘယ်သူ့ကိုမှာမသိ ဘယ်သူနဲ့မှမခင် ဘယ်သူ့ကိုဘယ်လိုစကားမျိုးပြောရမယ်ဆိုတာလည်းမသိခဲ့ပါဘူး ထောင်ထဲရောက်ပြီ ဆယ်ရက်ဆယ့်ငါးရက်လောက်ကြာမှာ ထောင်ရဲ့အကြောင်းတွေကိုသိခဲ့ပါတယ် ထောင်ထဲမှာလူပေါင်းများစွာရှိနေပါတယ် အဲဒီထဲမှာ ကျွန်တော်လည်းပါဝင်ပါတယ် နေ့နဲ့ည ထောင်လုပ်ခိုင်းတဲ့ အလုပ်တွေကိုလုပ်ရပါတယ် ထောင်ထဲကလူတွေဟာ အလုပ်မျိုးစုံလုပ်ရပါတယ် အဲဒီထဲမှာ အရုပ်ညံ့ဆုံး အလုပ်ကတော့ ချီးဘုတ်ထန်းရတာပဲ လူတိုင်းလိုလိုလဲဖြစ်ပါတယ် တာဝန်ပေးတာလဲ လုပ်ရပါတယ် သူတို့ထားရာနေ စေရာသွားရပါတယ် ပုံမကြရင် ရိုက်ခံကြရပါတယ် ပုံကြအောင်ဆိုရင်လဲ တော်တော်ကိုလုပ်ယူရပါတယ် သူတို့ တန်းစီးခိုင်းတဲ့နေရာ မှာ တန်းစီးရပါတယ် မနက်မိုးလင်း လေးနာရီခွဲဆိုထရပါတယ် ခြောက်နာရီဆို အိမ်ဆောင်ဖွင့်တယ်လေ ဒါဆို အပြင်ထွက်ပြီ မျက်နှာသစ် ရတယ်လေ မျက်နှာသစ်ပြီးရင် ခဏနေ ဆန်ထမ်းတဲ့ ထောင်သားတွေက ဆန်ပြုတ်ထမ်းပြီး ဆန်ပြုတ်လာပို့တယ်လေ အဲဒီထမ်းတဲ့လူတွေက သနာဖို့ကောင်းတယ် နောက်ပြီထောင်ထဲက လူတွေ နွားလိုလုပ်ရကိုင်ရတယ်လေ ဒါတွေကို သူတို့က အကောင်းမြင်နေကြတဲ့လေ အစားအသောက်နဲ့ပတ်သက်လို့ကတော့ ဘာမှမကောင်းပါဘူး တာလပေါ့ဆိုရင်လဲ ရေတွေကြီးပဲ ဆားလေတောင်မှမပါဘူး ပဲဟင်းဆိုရင်လဲ ပဲအဖတ်လေးတောင်မမြင်ရဘူး ရေးလုံပြုတ်ပဲလေ တစ်ပတ်မှာတော့ အသားနှစ်နပ်ကျွေးပါတယ် ကြက်သားမဟုတ်ရင်အမဲသားပေါ့ ဒါကေမဲ့ ကျွေးတဲ့အသားတွေဟာ ပုတ်နေတာလေ အဲဒါတွေ စားနေရတဲ့ ထောင်သားတွေရဲ့ ဘ၀ကို စာနာနားလည်ကြည့်ကြပါဗျာ သူတို့ မဟုတ်တာ လုပ်လို့ရောက်တဲ့ လူတွေရှိသလို ဘာမှကိုမလုပ်ရပဲနဲ့ ထောင်ထဲကို ရောက်ရတာလဲရှိပါတယ် ဟိုလူက အနိုင်ကျင့် ဒီလူက အနိုင်ကျင့်တာကိုခံရတာပဲလေ လူတိုင်းပါပဲ ထောင်ထဲမှာ ထိုင်စားရတဲ့လူတွေလဲရှိပါတယ် အဲဒါကတော့ အိမ်က ထောင်ဝင်စာမလာတဲ့လူတွေလေ လာတဲ့လူတွေလဲရှိပါတယ် ပိုက်ဆံချမ်းသာတဲ့ လူတွေကတော့ ထောင်ကိုပိုက်ဆံပေးပြီ ထောင်ကျနေတဲ့အချိန်မှာ ဘာအလုပ်မှမလုပ်ရအောင်နေကြတယ်လေ မနက်ဆိုရင်လဲ အလုပ်ချိန်အလုပ်ရတယ်လေ ပင်ပန်းတာလဲရှိသလို မပင်ပန်းတာလဲရှိပါတယ် မပင်ပန်းတာတော့ ထောင်ကိုပိုက်ဆံပေးထားတဲ့လူတွေပဲလေ ပင်ပန်းတာကတော့ မပေးနိုင်တဲ့လူတွေပါပဲဗျာ မနက် ဆယ်နာရီခွဲလောက်ဆို ထမင်းလာပို့ရင် ထမင်းသွားယူပြီး ကိုယ်ရှိတာလေတွေနဲ့ စားရပါတယ် မရှိတဲ့သူတွေဆိုထောင်ကကျွေးတာလေးနဲ့စားကြပါတယ် ပြီရင် နေ့လည်ဆယ်တစ်နာရီခွဲလောက်ဆို အိမ်ဆောင်ပိတ်ပြီလေ ဒါဆို အိမ်ဆောင်ကိုဝင်ကြရပါတယ် ပြီးရင် တန်းစီးရပါတယ် ဆယ်နှစ်နာရီလောက်လို တန်းစီတာပြီးပါတယ် အဲဒီချိန်လေးတွေမှာ အိပ်ချင်ရင်အိပ်ရပါတယ် မအိပ်ချင်ရင်လဲ ကိုယ့်သဘောပါပဲ နှစ်နာရီထိုးရင် တန်းဖွင့်ပါတယ် ပြီးရင် အပြင်ထွင်ပြီ အလုပ်တွေများကို ပြန်လည်လုပ်ရပါတယ် ညနေ လေးနာရီလောက်ဆို အလုပ်တွေသိမ်းရပါတယ် နောက် လေးနာရီခွဲလောက်ဆို ရေးချိုးကျပါတယ် ရေးချိုးပြီရင် နောက် ထမင်းထမ်းသမားတွေက ဖိုးကြီးကထမင်းသွားယူရပါတယ် ယူပြီးပြန်လာရင် လာပို့တဲ့ထမင်းကို သွားတန်းစီပြီးယူရပါတယ် ပြီးရင်ရတဲ့ထမင်လေးကို စားစရာရှိတဲ့လူတွေကတော့စားနိုင်ကြပါတယ် မရှိတဲ့လူတွေကတော့ ထောင်ကကျွေးတာလေးနဲ့စားကြရပါတယ် ညနေ ငါးနာရီဆို အိမ်ဆောင်ပြန်ပိတ်ပါတယ် ပိတ်ခါနီး တန်းစီရပါတယ် ခြောက်နာရီလောက်ဆို ဘုရားရှိခိုးရပါတယ် ဘုရားရှိခိုးပြီးမှာ ကိုယ့်ဘာသာကိုယ် လွတ်လပ်စွာနေလိုရပါတယ် ည ကိုးနာရီထိုးတာနဲ့ အိမ်ချိန်ပေးပါတယ် ဒါလေးကတော့ တစ်နေ့စားအဖြစ်အပျက်လေးပါ ဒါပါပဲ ကျေးဇူးတင်ရှိရင် လူ့ ဘ၀ က ငရဲခန်းလေးဖြစ်ပါတယ် ဒီစာဖတ်သူတိုင်း ကိုယ်ကိုကိုယ့် ထောင်ထဲမရောက်အောင်နေကြပါလို့ ပြောကြားလိုပါတယ် ရွှေမြို.တော်သူ ရွှေမြို.သားတွေအကုန်လုံးကို ပြောပြချင်ပါတယ် ဒါပေမဲ့ သူငယ်ချင်းတို့ ဆက်လက်ရေးဖို့ ကျွန်တော်အနေနဲ့မဖြစ်နိုင်တော့လို့ ဒီလောက်နဲ့ပဲကျေနပ်ပါလို ပြောကြားလိုပါတယ် သူငယ်ချင်းတို့ရေးးးးးးးး ဒီလို မဖြစ်အောင်နေကြပါ လို ပြောကြားရင် ဆုတောင်းပေးလိုက်ပါတယ်နော် သာယာ ပျော်ရွှင် ချမ်းမြေ.ပါစေ လို ဆုတောင်းလိုက်ပါတယ်နော် ကျွန်တော်ရေးတာတွေ ဟာသတွေ ရီသရာတွေ ဖြစ်နေရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်နော် ပုံ သတိပေးရင် ၀င်းကျော်ကျော် /rapper 9 |
| ရွှေဂုံတိုင် ကလေး ပြုစုရေး ဂေဟာသို့ စွန့်ပစ် မိဘမဲ့ ကလေးများ လာရောက် အပ်နှံမှု တွင် Posted: 17 Sep 2012 01:37 PM PDT ရီရီမြင့် သြဂုတ်၊ ၂၅၊ ၂၀၁၂ ရွှေဂုံတိုင် ကလေး ပြုစုရေး ဂေဟာသို့ စွန့်ပစ် မိဘမဲ့ ကလေး များ လာရောက် အပ်နှံမှု တွင် ရန်ကုန်တိုင်း ဒေသကြီး သည် အများဆုံး ဖြစ်ကြောင်း ရွှေဂုံတိုင် ကလေး ပြုစုရေး ဌာနမှ ကျောင်းအုပ် ဆရာမ ဒေါ်ခင်မာအေး က ပြောသည်။ မွေးဖွား သူများသည် လိပ်စာ ကို အတည် တကျ မပေးခြင်း၊ စွန့်ပစ်သော မိဘများ၏ မဖြေ ရှင်းနိုင် သော အခက် အခဲများ ရှိခြင်းများ ကြောင့် ယခုကဲ့သို့ အများဆုံး ဖြစ်နေ ရကြောင်း ယင်း၏ ပြောပြ ချက်အရ သိရသည်။ ''ဒီလို စွန့်ပစ်တဲ့ မိဘ တွေက လည်း သူတို့ မှာ မဖြေရှင်း နိုင်တဲ့ အခက် အခဲတွေ ရှိလို့ နေမှာပေါ့။ကိုယ်ရဲ့ မဖြေရှင်း နိုင်တဲ့ အခက် အခဲ မှာ ကလေးက ကြားခံ ဖြစ်သွား တာ'' ဟု ဆရာမ ဒေါ်ခင်မာအေး မှ ပြောသည်။ မိမိ၏ ကလေး ကို ဆေးရုံတွင် စွန့်ပစ်ပြီး နောက်တွင် မည်သို့မှ သံယောဇဉ် မပြတ်နိုင် သဖြင့် လာရောက် ပြန်ယူ သောကြောင့် ခိုင်မာသော အ ထောက် အထားများ အရ ပြန်ယူခွင့် ပေးခဲ့သော အဖြစ် အပျက် လည်း ရှိ ကြောင်း ဆရာမ ဒေါ်ခင်မာအေး မှ ပြောသည်။ ကျွေးမွေး စရိတ် အတွက် ထမင်းကျွေး လျှင် တစ်နေ့ (၂)ကြိမ်ကိုကျပ် (၅၀၀၀၀) နှင့် မုန့်ကျွေး လျှင် တစ်နေ့ (၂)ကြိမ် ကို ကျပ် (၃၀၀၀၀) ဖြစ်ကြောင်း ... ထို ရွှေဂုံတိုင် ကလေး ပြုစုရေး ဌာနသို့ ၂၀၁၁ ခုနှစ်တွင် မိဘမဲ့ ကလေး လာရောက် အပ်နှံသည့် အရေ အတွက်မှာ (၃၁)ယောက် ဖြစ်ပြီး ယခု ၂၀၁၂ ခုနှစ် သြဂုတ်လ အထိတွင် (၂၃) ယောက် ရှိကြောင်း သိရသည်။ ထိုဌာ နတွင် အာဟာရ အလှူရှင် များ အနေဖြင့် သြဂုတ်လ အကုန် အထိ အပြည့် ရှိနေသော ကြောင့် ထပ်မံ အလှူရှင် ကို သြဂုတ်လ ကုန် မှသာ လက်ခံ မည်ဖြစ်သည်။ ကျွေး မွေး စရိတ် အတွက် ထမင်း ကျွေးလျှင် တစ်နေ့ (၂)ကြိမ်ကို ကျပ် (၅၀၀၀၀) နှင့် မုန့်ကျွေး လျှင် တစ်နေ့ (၂)ကြိမ် ကို ကျပ် (၃၀၀၀၀) ဖြစ်ကြောင်း သိရသည်။ ထိုဌာနတွင် သူငယ်တန်း မှ ဒုတိယတန်း အထိကို အ.မ.က (၁၂) တွင် ပညာ သင်ယူ ရပြီး အသက် (၈) နှစ်ကျော်လျှင် အမျိုး သမီး များကို မလိခ လမ်းရှိ အမျိုး သမီး ကျောင်းနှင့် အမျိုးသား များကို ကျိုက်ဝိုင်း လူငယ် သင်တန်း ကျောင်းသို့ အသီးသီး ပို့ဆောင် ပညာသင်ယူ စေကြောင်း သိရသည်။ ယခု လက်ရှိ တွင် ထိုဌာန ၌ ကလေး စုစုပေါင်း (၁၀၃) ယောက်ရှိ ၍ မသန် စွမ်းသူ ကလေး မှာ (၅) ယောက် ရှိကြောင်း သတင်း ရရှိသည်။ Source: http://www.messengernewsjournal.com/news/local/detail.php?id=479 |
| ♫★* ဓါတ်ပုံတွေကို ခေါင်းဖြတ်တဲ့မယ်၊မျက်နှာတွေပြောင်းမဲ့ဆော့ဝဲရမယ်★* Posted: 17 Sep 2012 01:35 PM PDT အခုတင်ပြမဲ့နည်းလေးကတော့ မိမိ ဓါတ်ပုံတွေ ခေါင်းဖြတ်ဆက်ခြင်သူတွေ မျက်နှာပြောင်ချင်တဲ့သူတွေ အတွက်တင်ပေးလိုက်ပါတယ်။ မသိသေးတဲ့သူတွေ အတွက်ပါ။ |
| အိပ်ရေးမ၀ခြင်းကြောင့် လေဖြတ်နိုင် Posted: 17 Sep 2012 09:20 AM PDT ![]() အိပ်ရေးမ၀ခြင်းကြောင့် လေဖြတ်နိုင် အိပ်ချိန်ခြောက်နာရီထက်လျော့နည်း၍ အိပ်စက်သူတို့သည် လေဖြတ်ဝေဒနာဘေးဥပဒက်ကို လေးဆတိုးပွားစေနိုင်သည်ဟု မကြာသေးမီက လေ့လာဆန်းစစ်မှုတွင် ဖော်ပြခဲ့သည်။ လေဖြတ်ဝေဒနာနှင့် ပတ်သက်သည့်အစဉ်အလာဘေးဥပဒ်ဆိုင်ရာ အချက်များမှာ အ၀လွန် ခြင်း၊ သွေးချိုခြင်း၊ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိသော အစားအစာ တို့ကြောင့် ဖြစ်သည်။ လေ့လာဆန်းစစ်သူတို့က အသက် ၄၅ နှစ်နှင့်အထက်ရှိသူ ၅၆၆၆ ဦးကိုသုံးနှစ်ကြာခန့် စစ် ဆေးမှုပြုခဲ့ခြင်းဖြစ်သည်။ သုတေသီတို့က ထိုသူတို့၏ အိပ်စက်သည့် အလေ့အကျင့်၊ အိပ်ချိန်ကြာမြင့်ချိန်နှင့် လေဖြတ်ရောဂါ လက္ခဏာတို့ကို ဆန်းစစ်မှုပြုခဲ့ကြခြင်းဖြစ်သည်။ အစောပိုင်းသုတေသနပြုမှုတွင် အိပ်စက်ခြင်းကင်းမဲ့ပါက ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတိုး ပွားလာစေမည်ဖြစ်ပြီး စိတ်ဖိစီးမှုကိုဖြစ်စေသည့် ဟော်မုန်းများကို ထွက်ပေါ်လာစေမည်ဖြစ်သည်။ ထိုဟော်မုန်း များက သွေးတိုးခြင်းကိုဖြစ်ပေါ်စေကာ နှလုံးရောဂါဖြစ်ပွားမှုကို တိုးပွားလာစေမည်ဟုသိရသည်။ အမျိုးသား အိပ်စက်ခြင်းဆိုင်ရာ ဖောင်ဒေးရှင်းမှ တွေ့ရှိရော အချက်အလက်များအရ အရွယ် ရောက်ပြီးသူ ၂၈ ရာခိုင်နှုန်းသည် တစ်ညလျှင် ရှစ်နာရီသို့မဟုတ် ရှစ်နာရီထက် ပိုမိုအိပ်စက်ပါက လေဖြတ်ဝေဒ နာဘေးဥပဒ်မှ ၃၈ ရာခိုင်နှုန်းကျဆင်းစေကြောင်း တွေ့ရှိရသည်။ တစ်ညလျှင် ခြောက်နာရီထက်လျော့နည်းစွာ အိပ်စက်သူများမှာမူ လေဖြတ်ဝေဒနာဘေးဥပဒ်ကို လေးဆခန့်တိုးပွားလာစေနိုင်ကြောင်း တွေ့ရှိရသည်။ လေဖြတ်ဝေဒနာ ဘေးဥပဒ်ကို လျှော့ချပေးနိုင်မည့်အရေးပါသော နည်းလမ်းများမှာ သွေးတိုး ခြင်းကိုထိန်းချုပ်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ရှားခြင်း၊ ဆေး လိပ်ရှောင်ကြည်ခြင်း၊ နည်းပါးသော ကယ်လိုရီစားသုံးခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။ MG MANDALAY |
| ၂၁ ရာစု၏ carcinogen (ကင်ဆာဖြစ်စေသော (ဓာတ်ပစ္စည်း) များ Posted: 17 Sep 2012 08:57 AM PDT ![]() ၂၁ ရာစု၏ carcinogen (ကင်ဆာဖြစ်စေသော (ဓာတ်ပစ္စည်း) များ ) ယနေ့ခေတ်တွင် ဆန်းကြယ်လှပ ဒီဇိုင်းဆန်းသစ်သော ခေတ်မှီ အသုံးအဆောင်များ၊ ထူးခြားသော အရသာများဖြင့် ပြည့်စုံသော အစားအစာများ နှင့် အရာမျိုးစုံတို့သည် ထွက်ပေါ်လျက်ရှိသည်။ ထိုအရာများနှင့်အတူ ထူးခြားဆန်ကြယ်စွာ ဖြစ်ပေါ်လာသောအရာများမှာ ရောဂါများပင်ဖြစ်သည်။ ရောဂါများ အနက်မှ အများနှင့်မတူ တစ်မူထူးခြားစွာ ဖြစ်ပေါ်လာသည်မှာ ကင်ဆာရောဂါများ ပင်ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်ကိုပြန်လည်ကြည့်လိုက်လျှင် မြန်မာနိုင်ငံတွင် အဖြစ်များသောကင်ဆာရောဂါများမှာ ဆယ်ဂဏန်းမျှသာရှိပေသည်။ ထို့အတူ ကင်ဆာရောဂါခံစားနေရသူ လူဦးရေမှာလည်း ရာဂဏန်းမျှသာရှိပေသည်။ ယနေ့ခေတ်တွင် ဆေးပညာရပ်များသည် တစ်ဟုန်ထိုးမြင့်မားလာသည်ကို တွေ့ရသည်။ သို့ရာတွင် ရောဂါကြောင့်သေဆုံးရသောလူဦးရေသည် ထူးခြား၍ မသွားခဲ့ပါချေ။ ကုသ၍ မရသောရောဂါများ နှင့် သေဆုံးသောလူများမှာ ရှိနေဆဲဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့်ပါနည်း။ ရောဂါသစ်များ ထပ်မံပေါ်ပေါက်လာခြင်းနှင့်ပတ်သတ်၍ စစ်တမ်းများ မှတ်တမ်းများ ပြုစုထားရှိရာ အဖြေအမျိုးမျိုးကိုတွေ့ရှိနေဆဲဖြစ်ပါသည်။ Carcinogen ဆိုသည်မှာ ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းများကိုဆိုလိုပါသည်။ ကင်ဆာရောဂါသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လျက်ရှိရာ ကင်ဆာဖြစ်စေသော ဓာတ်ပစ္စည်းများကိုရှောင်ကြည်ခြင်းအား ဖြင့် ကင်ဆာရောဂါ အန္တရာယ်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်မည်ဟု ထင်မြင်ယူဆမိပါသည်။ Carcinogen များတွင် ဓါတ်ရောင်ခြည်နှင့် အစားအစာများပါဝင်ပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ဓါတ်မှန်ရိုက်သည့် အဆောက်အဦးတစ်ခုတွင် ထိုဓါတ်မှန်ရိုက်သည့်အခန်း၏ အပေါ်ထပ် ရုံးခန်းမှ လူများအားလုံးနီးပါး ကင်ဆာဖြစ်ကြကြောင်း စစ်တမ်းကောက်ယူရရှိပါသည်။ ယနေ့ခေတ်၏ carcinogen များတွင် နံပါတ် ၁ နေရာယူထားသည်မှာ ဆေးလိပ် ဖြစ်ပါသည်။ ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းအပါအ၀င် ကာဗွန်များ မီးခိုးငွေ့များသည် အသက်ရှူလမ်းကြောင်း နှင့်ဆိုင်သောကင်ဆာများ၊ အဆုတ်နှင့်ဆိုင်သောကင်ဆာများကိုဖြစ်စေနိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကို တတ်စွမ်းသမျှရှောင်ကြည်ကြဖို့လိုပါသည်။ မိမိကဆေးလိပ်မသောက်ဘူး ဘာမှမဆိုင်ပါဘူးဟု ဆိုကာ ပေါ့ဆ၍လည်း မနေပါနှင့်။ ဆေးလိပ်အမှန်တကယ် သောက်သောသူ ထံမှ လေထဲသို့ရောက်ရှိလာသော အငွေ့သည်လည်း ကင်ဆာဖြစ်စေနိုင်ပါသည်။ ထိုသို့ခံရသောသူများ ကို Passive Smoker များဟု အမည်ပေးပါသည်။ အမှန်တကယ်သောက်သုံးသူများထက် passive smoker များက ကင်ဆာဖြစ်နိုင်ချေ တစ်ဆခွဲခန့် ပိုပါသည်။ Carcinogen များအနက် အသုံးများသော ပစ္စည်းတစ်ခုမှာ ဆိုးဆေးနှင့်မှိုစွဲခြင်း ဖြစ်ပါသည်။ အိမ်ရှင်မတိုင်း ဟင်းချက်ကြပြီဆိုလျှင် မပါမဖြစ်ပါသော၊ အရသာရော အရောင်အဆင်းပါ ရရန် ရည်ရွယ်၍ အိမ်တိုင်းလိုလိုပင် ငရုတ်သီးမှုန့် သုံးစွဲကြပါသည်။ အစားအသောက်မှတ်ပုံတင်ပြီးသော ငရုတ်သီးမှုန့်များကို မပြောလိုသော်လည်း ဈေးထဲမှ အလွယ်တကူ နှင့်ဈေးနှုန်းချိုသာသော ငရုတ်သီးမှုန့်များနှင့် ဟင်းခတ်လိုက်လျှင် အဆမတန် ရဲရဲတောက်သွားသော ငရုတ်သီးမှုန့်များ ၏ ဆိုးဆေးအန္တရာယ်ကိုတော့ကြိုတင်သတိပေးလိုပါသည်။ နောက်တစ်ချက် သတိပေးလိုသည်မှာ ငရုတ်သီးမှိုဖြစ်ပါသည်။ ငရုတ်သီးစိမ်းလတ်လတ်ဆတ်ဆတ်တွင် မှိုပါခဲသော်လည်း ခြောက်သွားသော ငရုတ်သီးများသည်မှိုစွဲတတ်ပါသည်။ အချို့အိမ်များတွင် ဆိုးဆေးကြောက်၍ ငရုတ်သီး အပု သို့မဟုတ် အတောင့်ရှည်ကို ၀ယ်ကာ သံပုံးထဲတွင်သိမ်း၍ လိုသောအခါမှ ထုတ်သုံးကြပါသည်။ အသုံးပြုရာတွင်လည်း ငရုတ်သီးကို ရေစိမ် ငရုတ်ဆုံထဲထည့်ထောင်း ပြီးလျှင်ဟင်းထဲထည့်ချက်တတ်ကြသည်။ ထိုအခါ မျက်စိဖြင့်မမြင်ရသော မှိုများပါရှိကာဟင်းထဲသို့ရောက်သွား တတ်ပါသည်။ အချို့မှိုများကြောင့်အစာအဆိပ်သင့်ခြင်းဖြစ်နိုင်သလို အချို့မှိုများကြောင့်ကင်ဆာဖြစ်စေနိုင်ပါသည်။ လူတချို့ကတော့ နေလှမ်းလိုက်လျှင် လှော်လိုက်လျှင် မှိုများပျက်စီးသွားမည်ဟု ထင်ကြပါသည်။ ဤအယူအဆသည် မှန်သင့်သလောက်မှန်ပါသည်။ လုံလောက်သောအပူချိန်ရောက်အောင် မီးအပူပေးလျှင်တော့ ပျက်စီးသွားပါလိမ့်မည်။ သို့သော် ဟင်းချက်သောသူများအသိပင်ဖြစ်ပါသည်။ ထင်းဖိုး မီးသွေးဖိုး ဂတ်စ်ဖိုးကုန်ကျသည်မှတစ်ကြောင်း အချိန်လု၍ ဟင်းချက်ရသည်ကတစ်ကြောင်း ငရုတ်သီးကိုလှော်ရာမှထွက်လာသော စူးရှမွှန်သော အနံ့အသက်များကြောင့်လည်းကောင်း မည်သူမျှလုံလောက်သောအပူချိန်အထိစောင့်လှော်ကြမည်မဟုတ်ပါချေ။ ထိုမှိုများဆိုးဆေးများကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်နိုင်ပါသည်။ ယုတ်ဆွအဆုံး လက်ဖက်ထဲ၌ ပင်လျှင်ဆိုးဆေးထည့်တတ်ပါသေးသည်။ နောက်ထပ် carcinogen တစ်ခုမှာ ယမ်းစိမ်း ဖြစ်ပါသည်။ မည်သူမျှတော့ ယမ်းစိမ်းကို အတောင့်လိုက် မစားကြသော်လည်း အမှတ်မထားမိဖြင့် အစာလမ်းကြောင်းမှ ကိုယ်တွင်းသို့ ၀င်ရောက်သွားသော ယမ်းစိမ်းများမှာ များပြားလှပါသည်။ ယနေ့ခေတ်တွင် နှစ်သက်စွာ စားသုံးနေကြသော ကိုးရီးယားကင်များကို မည်သို့ချက်ပြုတ်သည်ဟု သင်ထင်ပါနည်း…………………..။ ကျော်ချက်သည်/ပြုတ်ပြီးကျော်သည် /ဟော့ပေါ့ထဲထည့်စားသည် ဟုသင်ပြောပါလိမ့်မည်။ ကျွန်တော်ကလည်းပြန်ပြောပါမည်။ စနစ်တကျချက်ပြုတ်သော ဈေးကြီးပေးရသည့်ဆိုင် အချို့မှလွဲ၍ လမ်းဘေးဆိုင် အတော်များများသည် ပူနေသောဆီအိုးထဲသို့ ရောင်းမည့် အသားလုံးများကို အထုတ်ထဲမှ ဖောက်ထည်လိုက်ပါသည်။ ဤသည်မှာ သင်စားသုံး နေသည့် တုတ်ထိုးထားသော ကိုးရီုးယားကင်ခေါ် ကိုးရီးယားအသားလုံးကြော်များဖြစ်ပါသည်။ ဟုတ်ပါပြီ။ ဤသို့ဆိုလျှင် ဆက်ပြောပါမည်။ ကိုးရီးယားကင်များ ကို မည်သည့်အချိန်တွင်စားသုံးမည်ကို မသိသဖြင့် တာရှည်ခံအောင် ပြုလုပ်ရပါသည်။ ထိုအသားလုံးများထဲတွင်ယမ်းစိမ်းပါသွားပါသည်။ အသားလုံးသည် စက်ရုံမှ ထုတ်လိုက်ခြင်းဖြစ်သည်။ အခုချက်ခြင်းသတ်လိုက်သော ကြက်ကိုပင်လျှင်ရေဆေးရသေးသည်။ ထိုအသားလုံးများကို အဘယ်ကြောင့် ရေမဆေးဘဲ ကျော်ချက်ရပါသနည်း။ အချို့ကတော့ ရေဆေးလျှင် အရသာပေါ့သွားသည်ဟုပြောကြသည်။ အင်း စားလိုက်ပေအုံးတော့ ယမ်းစိမ်းတွေကို။ လျှာအလိုလိုက်ရင်တော့ အူမကြီးကင်ဆာ၊ အသည်းကင်ဆာ ကျောက်ကပ်ကင်ဆာနဲ့ အမျိုးမျိုးသောကင်ဆာများကို ခံစားရမည်ဖြစ်သည်။ အစာလဲဆေး ဆေးလဲအစာ မဟုတ်တော့ဘဲ အစာလည်းဘေး ဘေးလည်းအစာ ဟုဆိုရလောက်အောင် ဘေးအန္တရာယ်ဖြစ်စေသောအစာများဖြစ်လာပေလိမ့်မည်။ တာရှည်ခံစေသော ဓာတုပစ္စည်းများနှင့် ၎င်းတို့၏ အန္တရာယ်။ ။ ယနေ့ခေတ်တွင် အစားအစာအတော်များများကို လွယ်ကူစွာစားသုံးနိုင်ရန်နှင့် လိုအပ်သောအချိန်တွင် ရရှိနိုင်ရန်ရည်ရွယ်၍ တာရှည်ခံအောင်ပြုလုပ်ရာတွင် ဓာတုဆေးဝါးအများအပြားကို အသုံးပြုနေကြပါသည်။ readymade ခေါက်ဆွဲထုပ်များ၊ ဘီစကစ်မုန့်များ၊ အချိုရည်များ စသည်ဖြင့် နေ့စဉ်လူတို့စားသုံးနေသော အစားအစာအတော်များများတွင် တာရှည်ခံစေသော ဓါတုဆေးဝါးများကိုသုံးစွဲထားကြောင်းတွေ့ရသည်။ အသီးအနှံများကိုလည်း ရာသီချိန်မဟုတ်ဘဲ စားသုံးစေနိုင်ရန် လှပစေရန်အတွက် ရည်ရွယ်၍ ဓါတုဆေးဝါးများကိုသုံးနေကြကြောင်းတွေ့ရသည်။ ငှက်ပျောသီးကို တစ်ဖီးလုံးတစ်ပြိုင်နက်မှည့်စေရန်အတွက် ဆေးဖြန်းထားကြသည်။ ပန်းသီးကို တောက်ပလှပစေရန်အတွက် ဖယောင်းအုပ်ကြသည်။ ထိုအခါ ပါရှိသော ပုံမှန်မဟုတ်သည့် ထိုဆေးဝါးများက စားသုံးသူတို့၏ ကျန်းမာရေးကို အန္တရာယ်ပေးတော့သည်။ ဈေးဝယ်လျှင်ပင်ပိုးသတ်ဆေးကိုရှောင်ကြရသည် ယနေ့အခါတွင် Organic food ဟုခေါ်သော အစားအစာများကို SuperMarket ကြီးများတွင် မေးမြန်းဝယ်ယူနိုင်ပါသည်။ တွင်ကျယ်စွာမသုံးစွဲသေးသော်လည်း ကျန်းမာရေးအရ ကိုက်ညီသော Organic foods အကြောင်းကိုတင်ပြလိုပါသည်။ Organic food ဆိုသည်မှာ စတင်စိုက်ပျိုးကတည်းက ဓာတ်မြေသြဇာမသုံးပဲ သဘာဝမြေသြဇာကိုသာ အသုံးပြုသည်။ စိုက်ပျိုးသောမြေသည်လည်း ယခင်က ဓာတ်မြေသြဇာသုံးထားသော မြေမျိုးမဟုတ်ဘဲ မြေလွတ်မြေရိုင်းမျိုးကို အသုံးပြုရသည်။ လေထဲမှ ဓါတုပစ္စည်းများ ရောက်ရှိမလာအောင်လည်း လေကာပင်များစိုက်ရသည်။ နောက်ဆုံး အပင်များကိုပိုးကျပြီဆိုလျှင်ပင် ဓါတုပိုးသတ်ဆေးများမသုံးစွဲဘဲ ငရုတ်သီး နှင့် ကြက်သွန်ဖြူတို့ကို သုံးစွဲ၍ နှိမ်နင်းရသည်။ ထို့ကြောင့် Organic food များသည် အခြားအသီးအနှံ အစားအစာများထက် ပို၍ဈေးကြီးပါသည်။ နောက်အနာဂါတ်တွင် Organic food များသည် လူနေမှုအဆင့်အတန်းနှင့် လူတို့၏ကျန်းမာရေးအပေါ် များစွာအထောက်အကူပြုတော့မည်ဖြစ်ကြောင်း ကို ကျွမ်းကျင်သူများက လေ့လာခန့်မှန်ကြသည်။ နောက်ထပ်တစ်မျိုးမှာ ပလတ်စတစ်အိတ် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယခင်က အင်ဖက်၊ ကျွန်းဖက်တို့နှင့် ထုပ်ပိုးရန်အသုံးပြုကြပါသည်။ လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ ပလတ်စတစ်အိတ်များကို အသုံးပြုကြရပါသည်။ ထိုပလတ်စတစ်အိတ်များသည် နောင်နှစ်ပေါင်း ရာချီတိုင်သည့်တိုင် မပျက်စီးနုင်သော ကမ္ဘာ့မြေထုကိုညစ်ညမ်းစေသည့် ပစ္စည်းများဖြစ်ကြပါသည်။ ထိုပစ္စည်းများသည် လူတို့ကို ကင်ဆာ ဖြစ်စေပါသည်။ မည်သို့ဖြစ်စေပါသနည်း။ ပလတ်စတစ်အိတ်ဖြင့် အစားအစာများကို ထုတ်ပိုး၍ထားပြီးနောက် နေရောင်ခြည်တိုက်ရိုက်ထိတွေ့စေသောအခါ သို့မဟုတ် ပူလွန်းသောအစားအစာများ (လတ်တလော အိုးထဲမှ ဆယ်ယူလိုက်ပြီးထည့်လိုက်သောအစားအစာများ) ကိုထည့်လိုက်သောအခါ ပလတ်စတစ်အိတ်ထဲမှ ကင်ဆာဖြစ်စေသောပစ္စည်းများသည့် အစားအစာအတွင်းသို့ စိမ့်ဝင်သွားပြီးနောက်လူကို အန္တရာယ် ဖြစ်စေပါသည်။ ယခုအခါ နိုင်ငံတော်မှ ပလတ်စတစ်အိတ်အပါးများကို ထပ်မံမထုတ်လုပ်စေတော့ဘဲ တစ်ခါအသုံးပြုပြီးနောက် ပြန်လည်သုံးစွဲရန်လွယ်ကူသော အိတ်အထူများကို ပြောင်းလဲ သုံးစွဲနေခဲ့ပြီ ဖြစ်ပါသည်။ သို့ပါသော်လည်း အိတ်အပါး အသုံးပြုနေမှုများကို အချို့နေရာများ၌ ဆက်လက်မြင်တွေ့နေရဆဲ ဖြစ်ပါသည်။ အဘယ်မျှဆိုးရွားပါသနည်းဆိုလျှင် အသင့်စားသုံးနိုင်သော ခေါက်ဆွဲစားသည့်အခါ ထည့်စရာခွက်မရှာတော့ဘဲ ရေနွေးပူပူကျက်ကျက်ကို ခေါက်ဆွဲထုပ်ထဲလောင်းထည့်၍ စားသုံးနေမှုများကိုလည်း မကြာခဏတွေ့မြင်နေရပါသည်။ အမှန်ဆိုလျှင် ခေါက်ဆွဲ၌ ပါရှိနိုင်သော တာရှည်ခံပစ္စည်းများအန္တရာယ်ကို ကာကွယ်သောအားဖြင့် ပထမ စပြုတ်သောရေကို သွန်သင့်ပါသည်။ နောက်ထပ်ရေနွေးထပ်မံထည့်ပြီးမှ သုံးဆောင်သင့်ပါသည်။ ဤသို့မပြုလုပ်မိပါက ကြာလာလျှင် ခန္ဓာကိုယ်အတွင်း၌ ဓာတ်တိုးဖြစ်စဉ်များလွန်ကဲလာပြီး လျှင်မြန်စွာ အိုမင်းရင့်ရော်မှုမြန် လာခြင်း၊ ဆံပင်များကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း တို့ဖြစ်တတ်ပါသည်။ ဤသို့ဆိုလျှင် ၂၁ ရာစုတွင် သုံးစွဲမြဲသုံးစွဲနေသော ကင်ဆာဖြစ်စေသော ဓါတ်ပစ္စည်းများကြောင့် ဆေးပညာတိုးတက်သလောက် လိုက်၍တိုးတက်နေသော ကင်ဆာရောဂါဖြစ်ပွားမှုများအကြောင်းကို သိသင့်သလောက်သိရှိပြီးဖြစ်လိမ့်မည် ဟုထင်ပါသည်။ Prevention is better than Cure ဟုဆိုသကဲ့သို့ လူတိုင်းမဖြစ်ခင်ကပင် ကြိုတင်ကာကွယ်ကြဖို့ နှင့် မသိသေးသော မိဘဆွေမျိုး မိတ်ဆွေများအား လက်တို့ပြောကြားရင်း ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကိုလျှော့ချဖို့ တိုက်တွန်း အသိပေးလိုက်ရပါသည်။ ပျော်ရွှင်ချမ်းမြေ့ သာယာလှပသော ဘ၀များကို မိမိစိတ်ကြိုက်မွမ်းမံနိုင်ကြပါစေဟု ဆန္ဒပြုလျက်………… လင်းမိုး |
| အကျဉ်းသား ၅၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု Posted: 17 Sep 2012 08:47 AM PDT ရန်ကုန်၊ စက်တင်ဘာ - ၁၇ Popular Myanmar News Journal |
| ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ?? Posted: 17 Sep 2012 08:18 AM PDT Root ဆိုတာ ဘာလဲ ။ ဖုန်းတစ်လုံးရဲ့ အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ game တွေကလဲ အစုံပဲ။ စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။ Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ - Z Root - Gingerbreak - Easy Root Tookit - Eric Root - CF Root - Super one Click - Revolutionary (HTC) - S2 Root (Samxung Galaxy) စသည်ဖြင့် အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။ Nyo Lynn Htet in Myanmar Mobile Users Group (Files)မှကူးယူဖေါ်ပြပါသည်။ |
| You are subscribed to email updates from ကိုပဲလေး ဘလော့မှ ကြိုဆိုပါဧ။် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ














