[mrsorcerer:31749] ဇနီးကိုသတ်ပြီး ပွက်ပွက်ဆူနေသော ဘွိုင်လာထဲထဲ့ အလောင်းဖျောက်ရန်ကြိုးစားခဲ့သူ ( ဘာသာပြန် အလေ့အကျင့် )

ဇနီးကိုသတ်ပြီး ပွက်ပွက်ဆူနေသော ဘွိုင်လာထဲထဲ့ အလောင်းဖျောက်ရန်ကြိုးစားခဲ့သူ
http://www.thebestenglish4you.com/chef-told-police-he-cooked-his-wifes-body-for-four-days.html

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


စိုင်းနော်ခမ်း နှင့်အဖွဲ့ ၆ ယောက်အား ရုံးတင်စစ်ဆေးမည်

Posted: 19 Sep 2012 02:53 AM PDT

တြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်းများက စက်တင်ဘာ ၂၀ ရက်နေ့ ၌ ရုံးတင်စစ်ဆေးမည်ဟု တရုတ်အစိုးရပိုင် စီစီတီဗီ က ထုတ်လွှင့်ထားပါသည်။
naw_khamတရုတ်နိုင်ငံရောက် စိုင်းနော်ခမ်း (photo: Xinhua)

"မြန်မာအစိုးရကနေ နိုင်ငံတော် သက်သေအဖြစ် မကြာခင်တုန်းက တရုတ်အစိုးရဆီကို ယာယီလွှဲပေးလိုက်တဲ့ စိုင်းအောင်မြတ်နဲ့ ဆို ကျနော်သိတဲ့သူတွေ ၄ ယောက်ဘဲရှိတယ်။ နောက်နှစ်ယောက်က ဘယ်သူမှန်းမသိဘူး" - ဟု တာချီလိတ် မြို့နေထိုင်သူ စိုင်းနော်ခမ်း၏ မိတ်ဆွေတဦးက ပြောပါသည်။

ယခင်နှစ် အောက်တိုဘာ ၅ ရက်က တရုတ်လူမျိုး ၁၃ ဦး မဲခေါင်မြစ်အတွင်းသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရ သည့် စိုင်းနော်ခမ်း၊ စိုင်းဆန်ခမ်း၊ စိုင်းယီလိုင် နှင့် စိုင်းအောင်မြတ်တို့အား ရုံးတင်စစ်ဆေးမည်မှာ သေချာကြောင်း၊ ကျန်နှစ်ဦးမှာ စိုင်းယီလိုင်၏သား တဦး နှင့် စိုင်းထွန်းကုလား (စိုင်းအောင်မြတ်နှင့်အတူ တရုတ်ထံယာယီလွှဲအပ် စာရင်းတွင်ပါဝင်ဖွယ်ရှိ) တို့ဖြစ်နိုင်ကြောင်း - စိုင်းအောင်မြတ်နှင့်နီးစပ်သူတဦးက ပြောပါသည်။

"စက်တင်္ဘာ ၁၈ ရက်နေ့က တရုတ် ထုတ်လွှင့်သွားတဲ့ တီဗီ သတင်းမှာ စိုင်းနော်ခမ်း သျှမ်းလိုပြောသွားတာက တရုတ် ၁၃ ဦးသတ်ဖြတ်မှုမှာ ကျနော့်ရဲ့လက်ချက်လို့စွပ်စွဲပြီး ဖမ်းတာ လို့ပြောသွားတယ်။ ဒါပေမယ့် သူတို့က အင်္ဂလိပ်လို - စိုင်းနော်ခမ်းက ဝန်ခံလိုက်ပြီ - လို့ ဘာသာပြန်ထားတာ။ " - ဟု တရုတ် စီစီတီဗီသတင်း ကြည့်ရသူ နယ်စပ်နေ သျှမ်းအမျိုးသားတဦးက မကျေမချမ်းဖြင့် ပြောပါသည်။
စိုင်းနော်ခမ်းအား ထိုင်းနိုင်ငံ အမှု ၁၇ မှု ၊ မြန်မာက ၁၅ မှု၊ လောဝ် (လာအို) က ၇ မှု ၊ တရုတ်က ၂၉ မှု ဖြင့် အလိုရှိနေ သော သူဖြစ် သည်။ ၎င်းနှင့်အတူ ရုံးတင်စစ်ဆေးမည့် လူငါး ၅ ဦးကလည်း ထိုအမှုများနှင့် ပတ်သက်ဆက်နွယ် နေသည်ဟု စွပ်စွဲခံထားရသူများသည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါဝင်ခဲ့၏။ ထို့နောက်ပိုင်း အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့ အဖြစ် ရပ်တည်ခဲ့၏။ ထိုချိန်မှစ၍ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူးယစ်ဆေးဝါးများသည် စိုင်းနော်ခမ်း၏ လက်ချက် ဟု စွပ်စွဲသောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင် ၎င်းနေထိုင်ရာ အိမ် နှင့် ပတ်သက်ဆက်နွယ်သည့် အသိုင်းအဝိုင်း အား ရှာဖွေမွှေနှောက်ခဲ့၏။ ၎င်းနောက် မဲခေါင်မြစ် ရွှေတြိဂံဒေသအတွင်း အဖွဲ့ဝင်အချို့နှင့်အတူ ပုန်းရှောင်နေထိုင်၏။ တရုတ် ၁၃ ဦးသတ်ခံရသည့်နောက်ပိုင်း လေးနိုင်ငံပူးပေါင်းကင်းလှည့်အဖွဲ့က စိုင်းနော်ခမ်းအား လောဝ်နိုင်ငံဘက်ခြမ်း ၌ ဧပြီ ၂၅ ရက် က ဖမ်းဆီးခြင်းခံခဲ့ရ၏။ မေ ၁၀ ရက် ၌ လောဝ် အစိုးရက စိုင်းနော်ခမ်းအား တရုတ်ထံလွှဲအပ်ခဲ့ခြင်း ဖြစ်ပါသည်။



RCSS/SSA တပ်သား ၂ဝ ဦးအား UWSA ပြန်လွှတ်ပေး

Posted: 19 Sep 2012 02:48 AM PDT




ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်၏ တပ်သား ၂၀ ကို ယခုအပတ် တနင်္လာနေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ်ကွက်ကဆိုပါသည်။
RCSS_UWSA_-1 RCSS/SSA မှ ဗိုလ်မှူးကြီးတင်းခေး UWSA မှယန်ကော်ကျုံး

" ၁၆ ရက်နေ့က ကျနော်တို့ဘက်က ဗိုလ်မှူးကြီးတင်းခေး၊ ဗိုလ်မှူးကြီးဝမ်းလီ၊ ဗိုလ်ကြီး စန္ဒာ၊ ဗိုလ်ကြီး ဓမ္မနဲ့ တပ်ကြပ်ကြီး စိုင်းပီး ၃ ယောက် ဟွေ့အော့ ဝ တပ်ဆီ သွားပြီးဆွေးနွေးတယ်။ ၁၇ ရက်နေ့မနက်ပိုင်းကျနော်တို့ရဲ့ တပ်သား ၂၀ ယောက် ကို ဖမ်းတဲ့နေရာမှာဘဲ ပြန်လာလွှတ်ပေး တယ်။ ကျန်တဲ့ ၂ ယောက်ကတော့ တယောက်က တန့်ယန်းမှာ နောက်တယောက် က ပန်ဆန်းမှာ။ သူတို့ လဲ လွတ်လာပြီ ပြောတယ်။ပြန်တော့မရောက်သေးဘူး" ဟု သျှမ်းပြည်တပ်မတော်မှ အရာရှိတဦး ကပြောသည်။

အဆိုပါတွေ့ဆုံပွဲ၌ ဝ တပ်ဖွဲ့ဘက်မှ တပ်မဟာ ၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံးဦးဆောင်သည့် တပ်မှူးများဖြစ်ကြသော တာ့နုန်း၊ တာ့ဆာမ်ဆွဲ၊ တာ့လွီး တို့ပါဝင်သည်ဟုဆိုပါသည်။

အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် နှစ်ဦးနှစ်ဖက်ကြား အပေးအယူ သဘောတူညီမှု အချက်အလက်ဖြင့် လက်မှတ်ရေးထိုးမှုများမရှိခဲ့သော်လည်း ရှေ့ဆက် ထိုကဲ့သို့ဖြစ်ရပ်များထပ်မဖြစ်ရန် လက်တွဲပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း - သျှမ်းပြည်တပ်မတော်၏ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

" ဒီတခေါက်ဖြစ်တဲ့ကိစ္စက နားလည်မှုလွဲမှားလို့ ဖြစ်သွားရတာပါ။ ဒီလိုပြဿနာမျိုးထပ်မဖြစ်အောင် ကျနော်တို့ နှစ်ဦး နှစ်ဖက် အကြောင်းကြားမယ် သတင်းပေးပို့မယ် ပြီးမှ လုပ်သွားမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ လှုပ်ရှားသွားလာတဲ့နယ်မြေ တွေက ထပ်နေတာ တွေရှိနေတယ်လေ။ ဒါကြောင့် ပြောဆိုညှိနှိုင်း ရမှာဖြစ်တယ်။ တမြေတည်းနေ တရေတည်းသောက်လာ တဲ့ ညီကိုမောင်နှမတွေဘက်ကို ကျနော်တို့ဘက်ကနေ စပြီးတော့ ပြဿနာရှာတာ စပြီးတော့ သေနတ်ပြောင်းဝ လှည့်တာ တော့ လုံးဝ မဖြစ်စေရပါဘူး။ ဒါကိုတော့ယုံကြည်စေချင်ပါတယ်။ ဘယ်ပြဿနာကိုမဆို ကျနော်တို့က ငြိမ်းချမ်းစွာနဲ့ ဆွေးနွေးဖြေရှင်းတာကိုဘဲ လိုချင်ပါတယ် " ဟု ဗိုလ်မှူးလောဝ်ဆိုင်က သျှမ်းသံတော်ဆင့်အား ပြောသည်။

ချင်းမိုင်ခရိုင် ဖှန်မြို့နယ်နှင့်မျက်နှာချင်းဆိုင် လွယ်ဆမ်ဆစ်ပ်တွင်အခြေစိုက်သော သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၂၇ က ၎င်းတို့ထံခိုလှုံနေသည့် ပြည်တွင်းစစ်ပြေးဒုက္ခသည်များအတွက် မိုင်းတုံမြို့နယ် ပုံတောင်းဘက်၌ စိုက်ပျိုးရေးလုပ်ရာမှ ၀ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်က ၎င်းတို့ ထိန်းချုပ်နယ်မြေအား ကျူးကျော်လာသည်ဟုဆိုကာ သျှမ်းပြည်တပ် မတော်၏ တပ်သား ၂၀ ယောက်အား ဂျူလိုင် ၃၀ ရက်က ဖမ်းဆီးထားခဲ့သည်။

အဖမ်းခံရသည့် သျှမ်းပြည်တပ်မတော်သားများ ပြန်လွှတ်ပေးရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ခေါင်းဆောင် ဦးပေါက်ယူချမ်း ထံလည်း စာရေးသားပို့ခဲ့သည်ဟုလည်း သတင်းထွက်ရှိပါသည်။

မူစယ်- နမ့်ခမ်းနယ်စပ် ကုန်သည်များအသင်း ပြင်ဆင်ဖွဲ့စည်းရန် လက်မှတ်ထိုးတောင်းဆို

Posted: 19 Sep 2012 02:47 AM PDT

နယ်စပ်နေကုန်သည်များ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသဖြင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ မူစယ် - နမ့်ခမ်း နယ်စပ် ကုန်သည်များအသင်း အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် ကုန်သည်များ ဦးဆောင်၍ လက်မှတ်ထိုး တောင်းဆို မှုကို ယခုလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည် ။

တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင်မြို့ အပါအဝင် မူစယ်မြို့နှင့် မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အတွင်းရှိ ကုန်သည် ၁၅၀ ကျော်ခန့် စုပေါင်းလက်မှတ်ထိုး တောင်းဆိုခဲ့ကြောင်း နယ်စပ်ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ကုန်သည်တွေ ဦးဆောင်ပြီး ကုန်သည်များ အသင်း အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေး အတွက် လက်မှတ်တွေ စုဆောင်းတာပေါ့ ၃ ရက်ဆက်တိုက်လုပ်တယ် " ဟု သူက ပြောသည် ။

လက်မှတ်ထိုး တောင်းဆိုရခြင်းမှာ အလုပ်အမှုဆောင်အဖွဲ့မှ ကုန်သည်များ တိုးတက်မှုအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အပြင် အခွင့်အရေး တစ်ပြေးညီ ခံစားရခြင်းမရှိသောကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည် ။

"အေးဂျင့်အသင်းဝင်ဖို့အတွက် ငွေတည့်ရတယ်။ ကုန်သည်အသင်းဝင်ဖို့လည်း ငွေထည့်ရတယ်။ လိုင်စင်အတွက်လည်း ငွေ ထည့်ရတယ်။ ရတဲ့ငွေတွေကို ကျတော့ စာရင်းဇယားနဲ့ မပြနိုင်ဘူး ။ ဂေါက်ပွဲတွေကျတော့ သိန်းရာချီ အကုန်အကျခံလုပ် တယ်။ လိုင်စင်လျှောက်တဲ့အခါဆိုလည်း သူတို့ဆီတင်ပြရတယ်။ သူတို့က ဆုံးဖြတ်ပေးမှ လိုင်စင်ရတယ်။ တချို့က လိုင်စင် ကျဖို့အတွက် ရက်ရှည်စောင့်ရတယ် အခွင့်အရေး တစ်ပြေးညီ မရှိဘူးပေါ့။ " ဟု သူက ဆိုသည် ။

လက်ရှိဖွဲ့စည်းထားသည့် မူစယ် - နမ့်ခမ်း ကုန်သည်များအသင်းတွင် အလုပ်အမှုဆောင် လူကြီးပိုင်း တချို့မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ ယနေ့အချိန်အထိ တာဝန်ယူနေသူများဖြစ်ပြီး အလုပ်အမှုဆောင် အဖွဲ့ဝင် ၆၀ ခန့်ရှိသည့်အနက် ၂၀ ကျော်မှာ လက်မှတ်ထိုးတောင်းဆိုကြောင်း သိရသည် ။

အစိုးရတပ်များ ဆုတ်သွားသည့်တိုင် လိုင်ဇာမြို့အား စစ်ရေးအရ ခြိမ်းခြောက်ဆဲ

Posted: 18 Sep 2012 07:11 PM PDT

တရုတ်နယ်စပ်အနီးရှိ KIA ဋ္ဌာနချုပ် လိုင်ဇာမြို့ အနီးတွင် KIA ၊ ABSDF ပူးပေါင်းတပ်များနှင့်အစိုးရ တပ်ဖွဲ့တို့ အကြား ယမန်နေ့နံနက်ပိုင်းကစ၍ယနေ့ နံနက် ၁ နာရီခန့်အထိ နှစ်ဘက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

လိုင်ဇာမြို့နှင့် ၅ မိုင်ဝန်းကျင်ခန့် အကွာရှိ မြို့အပြင်စည်း လုံခြုံရေးယူထားသော KIA နှင့် ABSDF တပ်စခန်း ကုန်းများအား နားလုံရွာဘက်မှ ချီတက်လာသော အစိုးရတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်အစောပိုင်းတွင် ၄င်း အစိုးရတပ်များ ပြန်လည် ဆုတ်ခွာသွားကြောင်း ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"ဒီမနက်တစ်နာရီလောက်အထိ ပစ်ခတ်မှုတွေဖြစ်တာပေါ့။ မနက်လင်းလောက်မှာပြန်ဆုတ်သွားတယ်။ ပြန့်ဆိုတော့ သူတို့ ဆုတ်သွားတာတွေ လှမ်းမြင်ရတယ် " ဟု သူက ဆိုသည် ။

လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်အကွာရှိ လဂျာယန်ရွာ အစိုးရတပ်စခန်းကုန်းသို့ အစိုးရတပ်များ အင်အားဖြည့်တင်း လာသည့် တစ် ပြိုင်နက်တည်းတွင် ထိုးစစ်အသွင်ဖြင့် တိုက်ခိုက်သောကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု သူက ဆိုသည် ။

"လဂျာယန်တပ်စခန်းမှာ အရင်က ခလရ ၄၀ ထိုင်တယ်။ မနေ့က ခလရ ၄၀ နေရာမှာ နောက်ထပ်တပ်ရင်း တစ်ရင်း အင် အား ၁၀၀ ကျော်လာထိုင်တယ်။ သူတို့က လိုင်ဇာနားမှာ ရိက္ခာနဲ့တပ်တွေကိုတိုးချလာတာပေါ့။ တစ်ပြိုင်နက်တည်းမှာ ထိုး စစ်ပုံစံမျိုး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လာတော့ တိုက်ပွဲတွေဖြစ်ပွားတယ် " ဟု ဆိုသည် ။

ယခုအခါ အစိုးရတပ်များ KIA ဋ္ဌာနချုပ်လိုင်ဇာမြို့အနီးမှ ဆုတ်ခွာသွားသော်လည်း အနီးအနားကျေးရွာများ တွင် စစ် ကြောင်းများ ဆက်လက်ရှိနေသေးကြောင်း လဂျားယန်တပ်စခန်းတွင်လည်း လက်နက်ရိက္ခာနှင့် တပ်အင်အားများ တိုးမြှင့် ချထား ကြောင်း ၁၀၅ မမ လက်နက်ကြီးများလည်း တုံဖုန်းယန်မြို့နယ်ခွဲအတွင်း ရောက်ရှိနေကြောင်း အရေးပေါ် ရိက္ခာချ မည့် ရဟတ်ယာဉ်ကွင်းများလည်း ပြင်ဆင်ထားသောကြောင့် လိုင်ဇာမြို့ အပေါ် စစ်ရေးအရ ခြိမ်းခြောက်မှု ရှိနေဆဲ ဖြစ်ကြောင်း သူက ဆက်ပြောသည် ။

ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ အကျအဆုံး မသိရသော်လည်း ကျောင်းသား တပ်မှ တပ်သား တစ်ဦး ကျဆုံးသွားကြောင်း သိရသည် ။

မြန်မာ့သတင်းများစုစည်းရာ

မြန်မာ့သတင်းများစုစည်းရာ


"ကာမ"လိမ်လည်ခံနေရမှုများသည့် အမျိုးသမီးများအတွက် သီးသန့်ဥပဒေလိုအပ်

Posted: 19 Sep 2012 08:39 AM PDT

မြန်မာအမျိုးသမီးများအနေဖြင့် အိမ် တွင်းအကြမ်းဖက်ခံရမှုနှင့် ကာမလိမ် လည်ခံရယူမှုများ အများဆုံးကြုံတွေ့ခံ စားနေရကြောင်း အမျိုးသမီးများလှုပ် ရှားရေးဥပဒေအဖွဲ့က သိရှိရသည်။  ''ကာမလိမ်လည်တဲ့အမှုတွေ အများဆုံးတွေ့ရတယ်။ ဒါပေမယ့် တရားရုံးကိုအဲ့ဒီအမှုတွေက မတက်လာဘူး။ လက်ရှိဥပဒေထဲမှာ လင်မယားကွာ၊မယားစရိတ်၊  ကလေးစရိတ်တွေကို တရားသေ သတ်မှတ်ထားတာတို့တွေဟာ မရှိသင့်တော့ပါဘူး''ဟု   ရှေ့နေများဖြင့်ဖွဲ့စည်းထားသော Youth

နူးယောက်ခ်မြို့ JFK လေဆိပ်ကြီး၌ ဗုံးလန့်မှု ဖြစ်ပွားခဲ့

Posted: 19 Sep 2012 08:57 AM PDT

Written by ရွှေလုံး အယ်ဒီတာ Wednesday, 19 September 2012 အမည်မဖော်သူ တစ်ဦး၏ တယ်လီဖုန်းခေါ်ဆို သတင်းပေးပို့မှုကြောင့် အမျိုးသား လေကြောင်းထိန်းချုပ်ရေးမှ လေဆိပ်သို့ ဆင်းသက် လာနေသည့် လေယာဉ် ၂ စီးအား ဟန့်တားခဲ့ပြီး အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့များ၊ ဗုံးရှာဖွေရေး တပ်ဖွဲ့များက ဝင်ရောက်ရှာဖွေခဲ့ရာ မည်သည့် အရာကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပေ။ အဆိုပါ သတင်းပေးပို့သူက အဆိုပါ လေယာဉ် ၂ စီးပေါ်၌ အြ

ကချင်အရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ပိတ်နေခြင်း မဟုတ်ကြောင်း ဦးဝင်းတင်ငြင်းဆို

Posted: 19 Sep 2012 08:10 AM PDT

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် ပတ်သက်သည့် အရေး နှုတ်ပိတ်နေသည်ဟူသော ပြောဆိုမှုများကို မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။ "ဒေါ်စု ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင်၊ ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် ဘာမှ နှုတ်ပိတ်တယ်လို့ မရှိဘူး။ ဒေါ်စု ပြောနေတဲ့ အကြောင်းက

""အသက်(၁၈) အရွယ် လူနာ အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့် သမားတော် ထောင်ပို့ခံရ ""

Posted: 19 Sep 2012 08:06 AM PDT

ဇော်ဇော်( ရွှေမြန်မာမီဒီယာ) ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ဆယ်ကျော်သက် လူနာအမျိုးသမီးငယ် တဦးအား မုဒိမ်းကျင့် ကျူးလွန်သူ သမားတော်တစ်ဦးမှာ ထောင်ဒဏ် ချမှတ်ခံရသည်ဟု သတင်းရရှိသည်။ ထောင်ပို့ခံရသော အဆိုပါ သမားတော်ကြီးမှာ ဒက္ကာမြို့ တောင်ပိုင်း ဘောရီးရှားမြို့နယ်မှ ဖြစ်သည်ဟု ဆိုသည်။ ဘောရီးရှားမြို့နယ် ကိုဝါတိုလီရဲဌာနမှ အရာရှိတဦးဖြစ်သူ Sharduzzaman က "သူမခင်ပွန်း  အာလန်ချို(ခ်)ဒါက အဲဒီအမှုကိစ္စနဲ့ တနင်္လာ နေ့ညက အမ

သွေးလေးဖက်နာ ………

Posted: 19 Sep 2012 07:59 AM PDT

အခုပြောမယ့် လေးဖက်နာကတော့ ပိုးကြောင့်ဖြစ်တဲ့ လေးဖက်နာမဟုတ်ပါဘူး။ သွေးကြောင့် ဖြစ်တာ၊ ပိုးသတ်ဆေးတွေ စားလို့ မပျောက်ပါဘူး။ သွေးကို ပြန်ပြီးသန့်ပေးတဲ့ ဆေးစားရပါမယ်။ သွေးလေးဖက်နာဟာ ကြာရင်၊ မကုသရင် အဆစ်အကောက် ကွေးသွားတက်ပါတယ်။ ခန္တာကိုယ်ထဲမှာ ပြေင်ကရောဂါပိုးမွှားတွေ ၀င်လာရင် ခုခံဓာတ်ရှိပါတယ်။ ဒီခုခံဓာတ်က တစ်ခါတလေမှာ မျက်စိလည်ပြီးတော့၊ ပိုးကိုမတိုက်ဘဲ ကိုယ့်ပစ္စည်း ကိုယ်ပြန်တိုက်တာရှိတယ်။ အဲဒီအခါမှာ ထ

ဖားကန့်စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူး တို့ကို ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများက သီးခြားစီတွေ့ဆုံ

Posted: 19 Sep 2012 07:55 AM PDT

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးခရီးစဉ် အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ရက်နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဖားကန့်ဒေသ စစ်ဗျူဟာမှူးနဲ့ KIAတပ်ရင်းမှူး တို့ကို သီးခြားစီ နှုတ်ဆက်တွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသားညီအစ်ကို အချင်းချင်းကြားထဲမှာ မတိုက်ချ

ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

Posted: 19 Sep 2012 07:54 AM PDT

ကိုကိုအောင် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၆ မိနစ် ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။ "ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါ

၁၈၉၀ ခုနှစ် ကျိုက်ထီးရိုး ဘုရားမြင်ကွင်း...

Posted: 19 Sep 2012 07:53 AM PDT

၁၈၉၀ ခုနှစ် ကျိုက်ထီးရိုး ဘုရားမြင်ကွင်း(ဘာမှကို မရှိသလောက်အောင် ပြောင်ရှင်းနေတာပါလား။ လူစုစုရပ်နေသော နေရာမှာ ရင်ပြင်တော် မုဒ်ဦး နားမရောက်ခင် ဈေးတန်း အနောက်နားမှ ရသေ့တောင်သို့ ဆင်းသော လမ်းတနေရာဖြစ်သည်ဟု မှန်းဆမိပါသည်။) —

ဂူ ထဲမှာပဲ ရှိနေသေးတယ်လို့ ပြောလိုက်တဲ့ ဘဘဦးဝင်းတင် .......

Posted: 19 Sep 2012 08:18 AM PDT

အားနည်းချက်ဆိုရင်တော့ ကျွန်တော်တို့ ဟာ ဒီနေ့ ဒီအချိန်အထိ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူး။ စစ်အစိုးရတစ်ဖြစ်လဲ ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်တဲ့လူတစ်စုရဲ့ အုပ်ချုပ်မှုကိုခံနေရပြီး ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။ NLD ရွေးကောက်ပွဲနိုင်တယ်ဆိုတာကလည်း ဒီလောက်ကလေး (လက်ဟန် ခြေဟန်ဖြင့်ပြသည်)။ ၂၀၁၅ မှာ ဘာဖြစ်မယ်ဆိုတာလည်း ဘယ်သူမှ မပြောနိုင်ဘူး။ ကျွန်တော်တို့ မှာ အတွေ့ အကြုံတွေ ရှိတယ်။ ၉၀ တုန်းကလည်း

ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းနေတာဖြစ်၊ လုံးဝပယ်ဖျက်တာ မဟုတ်ဟုပြော

Posted: 19 Sep 2012 07:48 AM PDT

"မြန်မာအစိုးရက ပြောပါတယ်။ ဆည်ကိစ္စ ရပ်ဆိုင်းနေတာပါ။ ပယ်ဖျက်တာ မဟုတ် ပါဘူး"မြစ်ဆုံဆည်စီမံကိန်း ရင်းနှီးမြှုပ်နှံ သည့် တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီတစ် ခုဖြစ်သော CPI ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌမစ္စတာ Xia Zhong နှင့် CPI လက်အောက်ခံ ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ Li Guanghua တို့နှင့် 7Day News က ဘေဂျင်းမြို့ CPI ရုံးချုပ်တွင် စက်တင်ဘာ ပထမပတ်အတွင်းက တွေ့

မန္တလေးမြို့ရှိ လမ်းမကြီး အချို့တွင် ကွမ်းယာဆိုင်များ ရောင်းချခွင့် ပိတ်""

Posted: 19 Sep 2012 07:44 AM PDT

မန္တလေးမြို့ရှိ အချို့သော လမ်းမကြီးတွေမှာ ကွမ်းယာ ဆိုင်ဖွင့်လှစ် ရောင်းချမှု များကို ခွင့်ပြုမပေး တော့ဘူးလို့ မန္တလေး မြို့တော် စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။  ဒီလို ကွမ်းယာဆိုင် ဖွင့်လှစ် ရောင်းချခွင့် မပြုမှုကို မန္တလေးမြို့ရှိ အဓိက လမ်းမကြီး တွေနဲ့ လမ်းဆုံ လမ်းခွ နေရာများမှာ ဖွင့်လှစ်မှုကို တားမြစ် ထားတာ ဖြစ်ပါတယ်။ အခုလို အဓိက လမ်းမကြီးတွေနဲ့

ကလေးငယ် ဖမ်းခေါ်သူကို ရဲစခန်းတွင် အမှုဖွင့်ထား

Posted: 19 Sep 2012 07:41 AM PDT

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်လျှင် လူပျောက်မှု (၃၀၀) မှ (၄၀၀) ကြားရှိနေပြီး တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်နေ ရန်ကုန်၊စက်တင်ဘာ-၁၆ မြောက်ဥက္ကလာပမြို့နယ်(၅) ရပ်ကွက်တွင် နေထိုင်သော အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား စက်တင်ဘာလ ၂ ရက်က လိမ်လည်၍ ဖမ်းဆီးခေါ်ဆောင်သွားသူတစ်ဦးကို မိဘများက ရဲစခန်းတွင် အမှုဖွင့်ထားသည်။ အသက်ခုနစ်နှစ်အရွယ် မဇူလိုင်မိုးကျော် သည် ထိုနေ့မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က

လိင်အင်္ဂါနှစ်ခုပါရှိသည့် ကလေးငယ် ဆေးဝါးစရိတ် အခက်အခဲရှိနေ

Posted: 19 Sep 2012 07:39 AM PDT

လှိုင်သာယာမြို့နယ်၊ ရပ်ကွက်  (၂၀) တွင် နေထိုင်သည့်  ဦးမင်း အောင်နှင့် ဒေါ်တင်တင်လှတို့၏ သား အသက် ၉ နှစ်ခန့်အရွယ်ရှိ မောင်ဟန်မင်းအောင် မှာလိင်အင်္ဂါ တစ်ခုကို ခွဲစိတ်ကုသနိုင်ရန် ပထမအဆင့်အနေဖြင့် အောင်မြင် ခဲ့သော်လည်း ဒုတိယအဆင့်ကုသ  နိုင်ရန် ငွေကြေးအခက်အခဲရှိနေ ကြောင်း သိရသည်။ အဆိုပါကလေးငယ်ကို တာဝန်ယူကုသပေးနေသည့် မြတ်စေတနာအခမဲ့ဆေးကုခန်းမှ တာဝန်ခံ ဦးမြတ်ဆွေက "ကလေး  ရဲ့ဆီလမ်းကြောင်းနဲ့ ကိုယ်တွင်း အင်္ဂါ

တရုတ်ဖရဲစိုက်သူများကို မြေငှားရမ်းပြီးနောက်ဝယ်

Posted: 19 Sep 2012 07:36 AM PDT

တရုတ်လယ်သမားများကို မြေငှား၍ ဖရဲစိုက်ခွင့်ပြုပြီးနောက် မြေဆီလွှာထိခိုက်မှုကြောင့် စိုက်ပျိုးရန် ခက်ခဲလာမှုကို ယခုအထိ သူတို့ မဖြေရှင်းနိုင်သေးပါ။ "တရုတ်တွေကိုငှားပြီး နောက်နှစ်တစ်ရွာလုံး အထွက်လျော့တာပဲ"ဟု ဖရဲစိုက်ပျိုးရန် မြေငှားရမ်းခဲ့သော မိတ္ထီလာမြို့နယ် ကွက်ငယ်အုပ်စု ဒဟတ္တန်းကျေးရွာရှိ မြေပိုင်ရှင် မမိုးနိုင်က သူ မတို့ ကြုံတွေ့ခဲ့ပုံကို ပြန်လည်ပြောပြသည်။ လွန်ခဲ့သော သုံးနှစ်ခန့်က မမိုးနိုင်သည် တ

""ဘင်္ဂလီတစ်ဦး၏ သွေးဆောင်ဖျားယောင်မှုကို ခံရသော မန္တလေးသူ"

Posted: 19 Sep 2012 07:31 AM PDT

မန္တလေးမြို့ ဇာတိဖြစ်သော ညီအစ်မနှစ် ယောက် မလွင်လွင်ထွေးနှင့် .............(အမည် မဖေါ်လိုပါ -လုံခြုံရေးအရ) တို့ မဲဆောက်ဈေး၌  ဈေးရောင်းနေရာကနေ စက်တင်ဘာလ (၁၃) ရက်နေ့က ယင်းညီအစ်မနှစ်ယောက်မှာ စကားများ၍ ညီမဖြစ်သူ မလွင်လွင်ထွေးက အပြင်ထွက်သွားပြီး ဘင်္ဂလီတစ်ဦးဖြစ်သူ  စူဖူးက သွေးဆောင်ဖျားပြီး လိမ်လည်ခေါ်ယူ၍ သားမယားအဖြစ်ပြုကျင့် လိုက်ကြောင်း သိရသည်။ " ကျမတို့ညီအစ်မနှစ်ယောက်က မဲဆောက်ဈေးမှာ ဈေးရောင်းပြီးနေ

ခွင့်ပြုမိန့် မရသော်လည်း ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင် မည်

Posted: 19 Sep 2012 07:25 AM PDT

ရန်ကုန်၊ စက်တင်ဘာ ၁၉ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြုလုပ်မည့် မြန်မာ နိုင်ငံ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် ကချင် ဒေသတွင် ဖြစ်ပွား လျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းရေး တို့အတွက် စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ရန် ရန်ကုန်မြို့တွင်း ၈မြို့နယ်ရှိ ရဲစခန်းများတွင် လျောက်ထားခဲ့ရာ ခွင့်ပြုမိန့် မရရှိသော်လည်း စီတန်း လမ်းလျောက်ခြင်း လှုပ်ရှားမှုများကို ဆက်လက်

၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးရဲ့နိုင်ငံကူးလက်မှတ်တွေရရှိ

Posted: 19 Sep 2012 05:02 AM PDT

ဒီကနေ့နေ့လည်မှာ နိုင်ငံကူးလက်မှတ်ရုံးက ကိုမြအေးဆီဖုန်းဆက်ပြီး နိုင်ငံကူးလက်မှတ်တွေရရှိပြီဖြစ် ကြောင်း အကြောင်းကြားလာတာဖြစ်တယ် လို့ ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ကိုစိုးထွန်းက RFA ကိုပြောပါတယ်။ အခုလိုပထမအသုတ်အနေနဲ့ ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးကို နိုင်ငံကူးလက်မှတ်ချပေးလိုက်တဲ့အပေါ် ၀မ်းသာကြိုဆိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးက RFA ကိုပြောပါတယ်။ ဒီကနေ့ နိုင်ငံကူးလက်မှတ်ရရှိတဲ့

သမိုင်းဝင် ရှား ပါး ရေနွေးငွေ့ စက်ခေါင်း တွဲ နှစ်ခု ကို တရုတ် သို့ လက်ဆောင်ပေး ၍ ပြည်သူ တွေ ဒေါသ ထွက် နေ

Posted: 19 Sep 2012 04:55 AM PDT

တရုတ်နိုင်ငံ ကူမင်းပြည်နယ်ရှိ မီးရထားဥယျာဉ်နှစ်ခုတွင် ထားရှိရန်အတွက် မြန်မာနိုင်ငံမှ ရှေးဟောင်းရေနွေးငွေ့ စက်ခေါင်းနှစ်ခေါင်း၊ ၀န်ချီစက်တွဲတစ်တွဲ၊ ရေတိုင်ကီတွဲတစ်တွဲနှင့်ရိုးရိုးပက်လက်တွဲတစ်တွဲတို့အားချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်လိုက် ခြင်း ကြောင့် ပြည်သူ များ ဒေါသထွက်နေ သည်ဟု FNG မှ သတင်း ရရှိသည်။ ၀၀၆ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း အင်္ဂလန်နိုင်ငံလုပ် ၁၉ ရာစု မီတာဂိတ် ရေနွေးငွေ့ စက်ခေါင်းနှ

ပန်းသီးလုစားရာမှ လူသတ်မှုဖြစ်

Posted: 19 Sep 2012 04:44 AM PDT

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရန်ကုန် တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို မြို့နယ်၊ ဆမားဒူးဝါး ရပ်ကွက်တွင် စိတ်မနှံ့သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၇ ရက်နေ့တွင်အသက်၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးစားနေသောပန်းသီးကို လုစား ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါသေဆုံးသူမှာ ဦးလှစိုးဖြစ်ပြီး ၊ ကျပန်း လုပ်ကိုင်သူ ဦးသန်းစိုးက ပန်းသီးစားနေစဉ် ဦးလှစိုးက

"အမေရိကန်အစိုးရနှင့် ပြည်ပမီဒီယာများ၏ ရခိုင်အရေး သုံးသပ်ချက် ရာနှုန်းပြည့်မမှန်ဟု ဆို"

Posted: 19 Sep 2012 04:11 AM PDT

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ အမေရိကန် သံရုံး၏ ထုတ်ပြန်ကြေညာ ချက်နှင့် ပြည်ပမီဒီယာများ၏ ဖော်ပြချက်များမှာ တကယ့်ဖြစ် ရပ်နှင့် လုံးဝကွာခြားကာ မှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇာဂနာက ပြောသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ သော ရခိုင်ပြည်နယ် အတွင်း ဖြစ် ပွားခဲ့သောအြေ

ကျူးကျော် ဘုန်းတော်ကြီးကျောင်း ဖျက်ဆီးခံရ

Posted: 19 Sep 2012 04:02 AM PDT

တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ထင်းရှုးမြိုင်တောရ ဘုန်းတော်ကြီးကျောင်းအား ကျူးကျော် အဖြစ် သတ်မှတ်၍ မြို့နယ် သံဃနာယကအဖွဲ့ဝင်များ နှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက စက်တင်ဘာ ၁၃ ရက်နေ့ နေ့လည်၁၂ နာရီကျော်က ဖယ်ရှား ဖြိုဖျက်ခဲ့ကြသည်။ ကျောင်းတိုက်အား ၂၀၀၀ ခုနှစ် ၀န်းကျင်က စတင်တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်၍ ယခုကဲ့သို့ မဖယ်ရှားမီ သက်ဆိုင်ရာမှ အကြိမ်ကြိမ် သတိပေးစာ ပေးပို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အျ

ပတ်စ်ပို့အတု နှင့် မြန်မာနိုင်ငံမှ ဘင်္ဂါလီများ ဒါကာတွင် ဖမ်းမိ

Posted: 19 Sep 2012 03:55 AM PDT

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နယ်အတွင်းရှိ ဟိုတယ်များနှင့် ဒါကာ နိုင်ငံတကာလေဆိပ်၌ ပတ်စ်ပို့ အတုနှင့် မှတ်ပုံတင်ကတ် အတု ကိုင်ဆောင်သူများကို အာဏာပိုင်များက ဖမ်းဆီးရမိမှုတွင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီများ ပါဝင်နေကြောင်း သိရသည်။ ယခုလ ၁၇ ရက်နေ့က ဒါကာမြို့  ဖိုကီယာပူလ် ဟိုတယ်တွင် တည်းခိုနေထိုင်သူ Mohammad Sanaullah၂၅ နှစ်၊ Abdul Hamid ၂၀ နှစ်၊ Harunur Rashid ၁၈ နှစ်၊ Nur Mohammad ၁၈ နှစ်၊ Deen

‎"တန်ဖိုးနည်းအိမ်ရာ အစိုးရမြေပေး၍ နှစ်ရှည် အရစ်ကျရောင်းမှ ရန်ကုန်သားအများစု ပိုင်မည်"

Posted: 19 Sep 2012 03:50 AM PDT

အစိုးရမြေနေရာပေး၍ ရောင်းချသူများက နှစ်ရှည်ပုံစံဖြင့် ရောင်းချမှသာ ရန်ကုန်မြို့နေ ၈၅ ရာခိုင်နှုန်းရှိ အခြေခံလူတန်းစားများ အိမ်ရာပိုင် ဆိုင်နိုင်မည်ဟု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်နေသော ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။ ''တန်ဖိုးနည်း ဆိုပေမဲ့ မြေ ဈေးက ကြီးတာကြောင့် တိုက်ခန်းဈေးတွေက သိန်း ၁ဝဝ အနည်းဆုံးရှိလို့ တကယ်လိုအပ်တဲ့ သူတွေမရကြဘူး။ အရစ်ကျဆိုပေမဲ့လည်း ငါးနှစ်လို့ သတ်မှတ်တော့

ရဲမေနှစ်ဦးကို ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမား

Posted: 19 Sep 2012 03:44 AM PDT

ဗြိတိန်နိုင်ငံ၊ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့မှ ရဲမေနှစ်ဦးကို အကောက်ကြံ ဖြားယောင်းခေါ်ယူပြီး သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမားကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်နေပြီ ဖြစ်သည်။ အသက်(၃၂)နှစ်ရှိ ဖီယိုနာဘုန်းနှင့် အသက်(၂၃)နှစ်အရွယ် နီကိုလာဟုဂ်ျတို့မှာ ဖောက်ထွင်းမှု တစ်ခုအတွက် သတင်းပို့ တို င်ကြားသဖြင့် သွားရောက်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခင်ကတည်းက သားအဖနှစ်ဦးကို သတ်ဖြတ်မှုအတွက် သံသယတရားခံ

‎"မိုဘိုင်းဖုန်း လျှောက်ထားသုံးစွဲမှု နယ်မြေကန့်သတ်ချက် ပယ်ဖျက်တော့မည်"

Posted: 19 Sep 2012 03:39 AM PDT

နယ်မြေကန့်သတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရသည့် မိုဘိုင်းဖုန်း လျှောက် ထားသုံးစွဲမှုများအား ပယ်ဖျက်တော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယခင်က မိုဘိုင်းဖုန်းများ လျှောက်ထားခြင်း၊ သုံးစွဲခြင်း၊ကတ် ပျက်စီးခြင်း၊ ကတ်ပျောက်ဆုံးခြင်း များနှင့် အင်တာနက်လျှောက်ထား သည့်ကိစ္စများကို သက်ဆိုင်ရာပြည် နယ်သို့မဟုတ် တိုင်းဒေသကြီးများ အတွင်းသာ လုပ် ကိုင် ဆောင်ရွက်ရပြီး နယ်ကျော်လျှောက်ထားမှုများအား ခွင့်မ

Burma News International 19 September 2012

Burma News International

Burma News International
September 19, 2012

UNFC holds conference on ethnic peace process

The United Nationalities Federal Council (UNFC) held an ethnic conference in Thailand from 14 to 16 September to draw up a political strategy for the peace process between armed ethnic groups and the Myanmar government.

37 Rohingyas pushed back into Burma

The Border Guard Bangladesh (BGB) arrested 37 Rohingyas on the Burma-Bangladesh border on 18 September and drove them back into Burma later the same day, according to BGB officials.

Kachin group boycotts Suu Kyi award ceremony

A Kachin group in the US said it would boycott Aung San Suu Kyi’s Congressional award ceremony on Wednesday, while asking her to speak out and use her influence to help solve the Kachin conflict with the Burmese government.

Burmese reforms are not ‘irreversible’: Suu Kyi

Aung San Suu Kyi said she doesn't fear the Burmese army taking over the government “too much,” but the reforms over the past year are not yet “irreversible.”

Suu Kyi prepares to receive highest US award

On her first full day in Washington, D.C., on Tuesday, Aung San Suu Kyi said she supported easing the remaining US economic sanctions on her country, as lawmakers reportedly are planning to rescind import sanctions sometimes after the US elections.

Shan troops released by Wa

After more than six weeks under custody, the United Wa State Army (UWSA) released the 20 Shan State Army (SSA) ‘South’ fighters, according to Shan and Thai sources.

Arakanese Welcome Well Known Historian Dr. Aye Chan at Yangon Airport

Around 100 Arakanese people welcomed and received the well-known historian Dr. Aye Chan at Yangon airport on the 15th of September when he returned to Burma to attend a conference in Yangon entitled “National Identity and Citizenship in 21st Century Myanmar”.

US business team expected to visit Arakan state

A business team that is now in Bangladesh is expected to visit Arakan state, Burma next Friday, according to a report from Cox’sbazar net.

ချင်းတွေ ဦးနှောက်ထဲမှာ ချေး ညိနေသည် ဟု ပြည်နယ်လ၀ကမှူး ပြော

ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးသန်းလွင်က ရုံးရှေ့မှ ကားဖြတ်မောင်းသူ တဦးအား ချင်းတွေ ဦးနှောက်ထဲမှာ ချေး ညိနေသည်ဟု ဆဲဆိုပြီး ပါး ရိုက်လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် KNO-Thailand ဖွဲ့စည်း

ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) သည် ကချင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ရေးဆက် လက်ကြိုး ပမ်းနိုင်ရန် KNO (ထိုင်းနိုင်ငံ) အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

၁၈ကြိမ်မြောက် ဘီအန်အိုင်အစည်းအဝေး သတင်းထုတ်ပြန်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ မြန်မာ့သတင်း (BNI)အစည်းအဝေးမှ မြန်မာနိုင်ငံတွင် တိုင်းရင်းမီဒီယာများ ဖွံ့ဖြိုးရေးဦးတည် ကြိုးပမ်းသွားရန် သဘောတူဆုံး ဖြတ်ချက်ချမှတ်ပြီး ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေး ရန် တောင်းဆိုလိုက်သည်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့်ကျောက်မဲမြို့ တို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ်ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြောသည်။

ငြိမ်းချမ်းရေးနေ့ ဂုဏ်ပြု ‘Peace One Day’ မှတ်တမ်းရုပ်ရှင် ပြသမည်

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် ‘Peace One Day’ မှတ်တမ်း ရုပ်ရှင်ကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန် နိုင်ငံရေး သိပ္ပံ ကျောင်း၌ ပြသမည်ဟု သိရသည်။

ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်း ကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန်ပြည်သူများ နှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန်တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။

Last Updated on ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 19 ရက် 2012 ခုနှစ်

စိုင်းနော်ခမ်း နှင့်အဖွဲ့ ၆ ယောက်အား ရုံးတင်စစ်ဆေးမည်

တြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်းများက စက်တင်ဘာ ၂၀ ရက်နေ့ ၌ ရုံးတင်စစ်ဆေးမည်ဟု တရုတ်အစိုးရပိုင် စီစီတီဗီ က ထုတ်လွှင့်ထားပါသည်။

မူစယ်- နမ့်ခမ်းနယ်စပ် ကုန်သည်များအသင်း ပြင်ဆင်ဖွဲ့စည်းရန် လက်မှတ်ထိုးတောင်းဆို

နယ်စပ်နေကုန်သည်များ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသဖြင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ မူစယ် - နမ့်ခမ်း နယ်စပ် ကုန်သည်များအသင်း အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန် ကုန်သည်များ ဦးဆောင်၍ လက်မှတ်ထိုး တောင်းဆို မှုကို ယခုလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည် ။

RCSS/SSA တပ်သား ၂ဝ ဦးအား UWSA ပြန်လွှတ်ပေး

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှဖမ်းဆီး ထားသော  သျှမ်းပြည်တပ်မတော်၏ တပ်သား ၂၀  ကို ယခုအပတ် တနင်္လာနေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ် ကွက်ကဆိုပါ သည်။

အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခဲ့မှုအပေါ် မယ်တော်ဆေးခန်းမှ ရှင်းလင်းချက်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်း-MTC သည် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ် စားနှင့် တွေ့ဆုံခဲ့ကြပြီးနောက် ၎င်းတို့ဆေးခန်းကို မြန်မာပြည်တွင်းသို့ ပြန်လည်နေရာချရေး၊ မချရေး သတင်း အမျိုးမျိုးထွက်ပေါ်လာသည့်အပေါ် ယမန်နေ့က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်ခံရသည့် မောင်တောမြို့နယ် ကျေးရွာများမှ ကျောင်းသားများ ပညာရေး ကော်မီတီ ကျပ် ၇၉ သိန်းဖြင့် မတည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူ အကြမ်းဖက်မှုကြောင့် ယခုတိုင် ကျောင်းမတက်ရောက်နိုင်သေးသည့် အထက်တန်း အလယ်တန်း ကျောင်းသား ကျောင်းသူ များ လုံခြုံစိတ်ချစွာ ပညာ သင်ကြားနိုင်ရေး အတွက် ရခိုင်အမျိုးသား ကွန်ယက်မှ ဦးဆောင် ဖွဲ့စည်းခဲ့သည့် ပညာရေး ကော်မီတီ ကျပ် ၇၉ သိန်းဖြင့် မတည် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

နိုင်ငံခြား စီမံကိန်းမှ စွန့်ပစ် အညစ်အကြေးများကြောင့် လယ်မြေများ ပျက်စီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားစက်ရုံများနှင့် အလုပ်ရုံများမှ စွန့်ပစ်သော အညစ် အကြေး များကြောင့် အနီးအနား ဘေးပတ်ဝန်းကျင်ရှိ လယ်မြေများမှာ ထွန်ယက် စိုက်ပျိုး၍ မရအောင်ထိပျက်စီးနေ ကြောင်း သတင်း ရရှိသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · P.O box - 76 · Chiang Mai University · Chiang Mai, Muang 50202
Email Marketing Powered by MailChimp
 

[mrsorcerer:31748] Fwd: [လူဗိုလ်ဟူသည် ...] မြန်မာတွေ မညံ့ပါဘူး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/19
Subject: [လူဗိုလ်ဟူသည် ...] မြန်မာတွေ မညံ့ပါဘူး
To: lubo601@gmail.com




ကျနော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားလူငယ်များရဲ့ မှတ်ဉာဏ် ဉာဏ်ရည် ဉာဏ်သွေးဟာ မနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား သပ်သပ်ပြောမယ်ဆိုရင် အာရှတိုတ်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှ ကြောက်စရာမလိုပါဘူး။ လူမျိုးတစ်မျိုးလုံးကို ခြုံပြောတာပါ။

တစ်ဦးချင်ယှဉ်လို့ သူ့တို့ကသာတာမျိုးတွေတော့ ရှိတာပေါ့၊ မြန်မာလူငယ်တွေ အသံထွက်မှန်အောင် သင်လို့ မရဘူးဆိုတာ မရှိပါဘူ။ မြန်မာစကားမပီတဲ့ ရှမ်းပအို့ ဦးပဉ္ဇင်လေးတွေတောင် အင်္ဂလိပ် စကားပြောကျတော့ ပီပီသသပြောနိုင်ရွတ်နိုင်ကြတာပါ။ အင်္ဂလိပ်စာသိပ်ကောင်းတဲ့ အိန္ဒိယသားတွေကလည်း "၀ဲရီဂွတ်" ကိုပျောက်အောင် မဖျောက်နိုင်ကြပါဖူး။ အင်္ဂလိပ်စာနဲ့ဘွဲ့ယူထားတဲ့ ဂျပန်တစ်ယောက်ကို Thank you ကို Thirty လို့ အသံမျိုးပီသအောင် ရွတ်ဆိုခိုင်းဖို့အတော်ခက်ပါတယ်။ ဆရာရှေ့မှာ ပီနေပေမယ့် ကွယ်ရာရောက်သွားတာနဲ့" ဆိုင်းကျူး" "ဆာတီး" လို့အသံထွက်လာတာပါပဲ။

အင်္ဂလိပ်စာတတ်တယ်လို့ ၀င့်ဝါမောက် မာတတ်တဲ့ စင်ကာပူ၊ တရုတ်တွေရဲ့"စင်ဂလိတ်" စကားကို အင်္ဂလိပ်တွေ၊ အမေရိကန်တွေ နားမလည်လို့ အင်္ဂလိပ်စကား စစ်စစ်ပြောတတ်အောင် ကြိုးစား ရမယ်လို့ တောင် သတိပေးခဲ့သေးတာလေ၊ မြန်မာတွေ မညံ့ပါဘူး၊ အင်္ဂလိပ်စကားပြောတဲ့ အလေ့ကျင့် မရှိလို့သာ နှုတ်ဆွံ့နေတာပါ။

မပြောမဖြစ်ပြောကို ပြောရမယ့်အခြေအနေးမျိုး ကြုံရင် တစ်ဖက်သား ကောင်းကောင်းနားလည်အောင် ပြောနိုင်စွမ်းကြပါတယ်၊ နှုတ်ဆွံ့တာပျောက်သွားရင် ပြောတတ်ဆိုတတ် ဖြစ်လာကြတာပါပဲ။ ပြီးတော့နိုင်ငံခြားသားရှေ့မှာ သိမ်ငယ်စိတ်ဖြစ်တာကို ဖျောက်ပစ်ရမယ်၊ နိုင်ငံခြားသားတစ်ယောက် မြန်မာစကား မပီကလာ ပီကလာပြောနေတာတွေ့ရင်ပျက်ရယ်ပြုရှုတ်ချပစ်လိုက်ပါသလာ၊ မပြုတဲ့အပြင် မြန်မာစကား ကြိုးစားပြောနေတာကို သဘောတောင် ကျမိတယ်မဟုတ်လား။

နိုင်ငံခြားသားတွေလည်း အလာတူးပါပဲ၊ နိုင်ငံခြားသားတစ်ယောက်က သူတို့ဘာသာစကားကို ကြိုးစားပြောနေတာတွေ့ရင် သဘော ကျကျေနပ်ကြတာပါပဲ၊ ကိုယ့်ဘာသာစကားမှ မဟုတ်တာပဲ။ မိခင်ဘာသာ စကားလို ဘယ်သူပီးပါ့မလဲ။ ကုလသမဂ္ဂအတွင်းရေးမှူး ချူပ်ကြီး တွေတောင် အင်္ဂလိပ်စကားကို ပီ အောင်မပြောနိုင်တဲ့ သူတွေရှိပါတယ်၊ ဥပမာ ကိုဖီအာနန်မိန့်ခွန်းပြောတာ ကြားဖူးကြမှာပါ၊ စကားလုံးအသုံးအနှုန်းတွေက ခံညားလှပပြီး အဆင့်မြင့်ပါပေတယ်။


ဒါပေမယ့်လို့ "အဖရို" လေ သံပါပဲ။ အမေရိကန်လေသံမပေါက်ဖူး "အဖရို" လေသံ ပေါက်လို့ နာမလည်ဘူးမရှိပါဖူး၊ အမေရိကန်သမ္မတရော အင်္ဂလိပ်ဝန်းကြီးချူပ်ရော ပြင်သစ်သမ္မတနဲ့ ရုရှားခေါင်းဆောင်ကြီး ရောနာ လည်းကြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချူပ်လုပ်ပြီး အင်္ဂလိပ်စကားကို "အဖရို"သံနဲ့ပြောရ ကောင်းလားလို့ အပြစ်မ တင်ပါဖူး။ အာဖရိကသားက "အဖရို" လေသံပဲထွက်မှာပေါ့လို့ နာလည်းကြပါတယ်။

ဂျာမနီဝန်ကြီးချူပ်ပြောတဲ့ အင်္ဂလိပ်စကားသံက ဂျာမန် သံသြသြကြီးထွက်တာပဲ။ အဲဒီတော့ ငါးပိစားတဲ့ မြန်မာဟာ ငါးပိအင်္ဂလိပ်စကားပြောတာ ဘာ ရှက်စရာရှိသလဲ။ အသံမှန်မှန်ထွက်တယ်လို့ သူတပါး နာလည်း ရင်ပြီးရော မဟုတ်လာ။ ဘိုသံပေါက်ချင်လွန်းလို့ ဇွတ်အတင်းကြီး လိုက်တုနေတာမှ တကယ်ကို ရှက်စရာကောင်းတာပါ။

တုတာက တုတာပါပဲ။ဘယ်တော့မှအစစ်ဖြစ်မလာပါဘူး။အင်္ဂလိပ်စကားကို အမေရိကန်က အမေရိကန် "လေသံ" နဲ့ပြောမှာ ပဲ။ ဂျာမန်ကလည်း အင်္ဂလိပ်စကားကို ဂျာမန် "လေသံ" နဲ့ ပြောမှာပဲ။ အင်္ဂလိပ်ဘုရင်မရဲ့ ထီးတော်ရိပ် အောက်မှာ နေတဲ့ စကော့လူမျိုးကလည် အင်္ဂလိပ်စကားကို စကော့တို့ ရဲ့တောင်ပေါ် "လေ"နဲ့ ပြောမှာပါပဲ။ ဒါကဲ့ရဲ့စရာလား။

လန်ဒန်က အင်္ဂလိပ်စကားနဲ့ မန်ချက်စတာက အင်္ဂလိပ်စကားတောင်မှ လေယူလေသိမ်းတူကြတာမှ မဟုတ်တာ။ မြန်မာ့ပါးစပ် က မြန်မာလေသံပဲထွက်မှာပေါ့။ ဒါကိုဘယ် အင်္ဂလိပ်လူမျိုးမကမှ သရော်လှောင် ပြောင်လုပ်လိမ့်မယ်မဟုတ်ပါဘူး။ ရဲရဲသာပြောစမ်းပါ ။ လေးငါးဆယ်ရက်အတွင်း နှုတ်သွတ်လျှာသွတ် ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါကျရင်သိမ်ငယ်စိတ်တွေ ပျောက်ပြီး နှုတ်ဆွံ့နေ တာလည်းလုံးဝ ပျောက်သွားမှာပါ။

မြန်မာတို့ဟာ အင်္ဂလိပ်လက်အောက်မှာ နှစ်ရာနဲ့ချီပြီးနေခဲ့ကြရတာ ဖြစ်လေတော့၊ ဒီနေ့အထိ မျက်နှာဖြူမြင် ရင်ဘယ်လို မျက်ဖြူပဲဖြစ်ဖြစ် ခေါင်းကလေးငုံ့ပြီး စကားပြောနေကြဆဲဖြစ်ပါတယ်။ ကိုယ်တွေ့နေရတဲ့ မျက်နှာဖြူဟာ ပညာတတ်လား။ အမှိုက်ကျုံးတဲ့ မြူနီစီပယ် အလုပ်သမားလား။ နွားသက်တဲ့ အမဲသားသည် လာဆိုတာ ဆန်းစစ်ကြည့်လေ့မရှိကြပါဘူး။

ဒီနေ့လခသိန်းနဲ့ချီယူတဲ့ နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့ကျောင်းကြီးတွေမှာ ကိုယ့်သားသမီးကိုထားပြီး ဂုဏ်ယူဝင့်ကြွားနေ တဲ့ မြန်မာမိဘတွေသိဖို့ ပြောပြချင်တဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒီအချက်က ဘာလဲဆိုတော့ တချို့ကျောင်းတွေမှာ လာသင်တဲ့ နိုင်ငံခြားသားတိုင်းဟာ စာသင်တတ်တဲ့ ကျောင်းဆရာ၊ ဆရာမများ မဟုတ်ကြဘူးဆိုတာပါ။

တခြားအကြောင်းကိစ္စမျိုးနဲ့ မြန်မာပြည်မှာ ကြာကြာလေနေချင်တဲ့ အတွက် နေထိုင်ခွင့်ရအောင် အလုပ်တခုခု ၀င်လုပ်နေတဲ့ သဘောမျိုးနဲ့လုပ်နေကြတာပါ။ တချို့ဆိုစာလုံးဝ မသင်တတ်ကြပါဘူး ၊ကိုယ်တိုင် အင်္ဂလိပ် စကားပြောသင်တန်းဖွင့် ထားတာဖြစ်လေတော့ အဲဒီလိုဝင်လုပ်ချင်လို့ အလုပ်ခန့်ပေး ပါ။ ခန့် စာရေးပေးပါ ဆိုပြီး လာပြောတာတွေ အများကြီး ကြုံဖူးလို့သိနေတာပါ။

အသားဖြူဖြူ အသားဝါ၀ါမြင်တိုင်း အောက်ကျို့ချင်တဲ့ သိမ်ငယ် စိတ်တွေသာ ဖျောက်ပစ် လိုက်စမ်းပါ။ မြန်မာတွေမညံ့ပါဘူး၊ ဆိုက်ကားဆရာတောင် နိုင်ငံခြားသား ဧည့်သည်တွေနဲ့ အလုပ်ဖြစ်အောင်တော့ ဆက်ဆံနိုင်ကြတာပဲ မဟုတ်လာ၊ ဒါဂျပန်တွေထက်၊ ယိုးဒယားတွေထက် ကိုးဆယ်ဆသာတယ်လို့ ဆိုနိုင် တာပေါ့။ မြန်မာတွေမှာ ခက်နေတာက သိမ်ငယ်စိတ်ပဲ။

သိမ်ငယ်စိတ်ဆိုတာ"အငုံ့စိတ်"ပဲ။ အားတော့နာပါတယ်။ ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။ ဒါပေမယ့် အဲဒီစကားကို သုံးပြောမှ ပိုပြီး ထိရောက် ပိုပြီးသဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။ စေတနာနဲ့ဒေါမနဿကြောင့် ရင့်ရင့်သီးသီးပြောမိတာလို့ လက်ခံပေးပါ။ အငုံ့စိတ်၊ သိမ်ငယ် စိတ်ဆိုတာ "ကျွန်စိတ်" ကို ယဉ်အောင်ပြော တာပါ။

လွတ်လပ်ရေးရခဲ့တာပဲ နှစ်ပေါင်း(၆၀)နီးပါပြီး၊ ကျွန်စိတ်တွေပျောက်ဖို့ ကောင်းပါပြီ။ကိုဖီအာနန်လို့ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချူပ်ကြီတစ်ယောက်တောင် မှ အင်္ဂလိပ်စကားကို "အဖရို" သံနဲ့ ပြောနေသေ တာပဲ။ မြန်မာ လူမျိုးတစ်ယောက်က "ငါးပိအင်္ဂလိပ်" ပြောတာ ဘာရှက်စရာရှိသလဲ။ အသံထွက်မှန်မှန်နဲ့ တစ်ဖက်သာ နားလည်အောင်ပြောတတ်ဖို့ လိုရင်းပဲမဟုတ်လာ။ မြန်မာတွေ ပညာရည်မနိမ့်ပါဖူး။ လူစွမ်းလူစမနုံနဲ့ပါဘူး။ ပင်ကိုယ်ဗီဇမဖျင်းပါဘူး။

ကျွန်စိတ်ပျောက်ဖို့ ကလေး တစ်ခုသာလိုတာပါ။

လူထုစိန်ဝင်း အဆိုပါစာများမှာ နှစ်ပေါင်းအတော်ကြားနေပါပြီး စတိုင်သစ် မဂ္ဂဇင်းကပဲ အမှတ် ဘယ်လောက်ဆိုတာ ကျနော်လည် သေချာမမှတ်မိတော့ဘူး ဒါပေမယ့် မျှဝေမယ်ဆို ကောင်းမယ်ထင်လို့ ဗဟူသုတ အလိုငှာပြန်ဖော်ပြတာပါ။

Post ပို့ရေးပေးတဲ့ ကိုလင်း(သလ္လာဝတီ) ကို ကျေးဇူးတင်ပါတယ်
Admin: Myanmar Volunteer


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/19/2012 10:29:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ