ပြည်တွင်း ဒီမိုကရေစီနှင့် ပြည်ပအကူအညီ (၄) 

 အဝေးရောက် သတင်းထောက်တဦး 

၂၀၁၁ ခုနှစ် ပဲခူးခရီးစဉ်တုန်းက တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

v\:* {behavior:url(#default#VML);}
o\:* {behavior:url(#default#VML);}
w\:* {behavior:url(#default#VML);}
.shape {behavior:url(#default#VML);}

/* Style Definitions */
table.MsoNormalTable
{mso-style-name:"Table Normal";
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:"";
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:Zawgyi-One;
mso-bidi-font-family:"Times New Roman";
mso-bidi-theme-font:minor-bidi;}


အမေရိကန်ပြည်ထောင်စုရောက်စင်ပြိုင်အစိုးရ

     ကျွန်တော်တို့၏ ပြည်ပဒီမိုကရေစီကျိုးပမ်းမှုများဖေါ်ပြလျှင် ပြင်ဦးလွင်နယ်မြေမှ ပြည်သူ့ကိုယ်စားလှယ် ဦးပီတာလင်းပင်နှင့် ဆက် သွယ်မိပုံကိုလည်းတင်ပြရန်လိုပါလိမ့်မည်။

ယိုးဒယားမြန်မာနယ်စပ်၌ဖွဲ့စည်းခဲ့သောစင်ပြိုင်အစိုးရအဖွဲ့တွင်၊ ဦးပီတာလင်းပင်က နိုင်ငံခြား ရေးဝန်ကြီးဖြစ်လာခဲ့သည်။ ၁၉၉၁ခုနှစ်လည်ပိုင်းတွင် ထိုအစိုးရအဖွဲ့ဝင်များအနက်မှပထမဆုံး ဦးပီတာလင်းပင် နယူးယောက်သို့ရောက်ရှိ လာသည်။

     ဦးပီတာလင်းပင်ခေါင်းဆောင်သောအဖွဲ့တွင်၊ ယခင်ဝန်ကြီးဟောင်း သခင်သာခင်၏သားမက် ကွယ်လွန်သူဒေါက်တာခင်မောင်ကြွယ်၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသူ ယိုးဒယားအခြေစိုက် (ဦး)စိုင်းထွန်းတို့ပါဝင်၏။ စိုင်းထွန်းမှာ ကျွန်တော်အတွင်းရေးမှူးအဖြစ်ဆောင်ရွက် နေသော၊ မြန်မာပြည်တွင်ဒီမိုကရေစီထွန်းကားရေး နိုင်ငံတကာ ပူးပေါင်းလက်တွဲဆောင်ရွက်မှု အဖွဲ့  (International Network for Democracy in Burma) ၏ အရှေ့တောင်အာရှဆိုင်ရာခေါင်းဆောင်ဖြစ်သည်။ ယင်းအဆက်အသွယ်အရ၊ ကျွန်တော်က သူတို့ အဖွဲ့ကိုနေ့လည်စာဖြင့်ဧည့်ခံခဲ့သည်။ ရံပုံငွေအခက်အခဲရှိနေခဲ့သော စင်ပြိုင်အစိုးရအတွက်လည်း ဆက်သွယ်ရေးလွယ်ကူစေရန်၊ ဒေါ်လာ ၈၀၀ တန် ဖက်က်စ် (Fax) စက်တလုံးလှူဒါန်းခဲ့ပါသေးသည်။

     ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရရှိရေးအတွက် အမေရိကန်ကွန်ဂရက်နှင့် လူ့အခွင့်အရေးအဖွဲ့ပေါင်းစုံ၏ ထောက်ခံ အားပေးမှုရရှိရန်၊ အစွမ်းကုန်ကြိုးပမ်းနေချိန်လည်းဖြစ်၏။ ကုလသမဂ္ဂရုံးချုပ်သို့ လာရောက်တာဝန်ထမ်းဆောင်နေသည့် ဥရောပမှ သံတမာန်များကိုလည်း၊ ဤဆုမှာ မြန်မာလူမျိုးများအတွက်မည်မျှအရေးကြီးလှသည်ကို၊ ရှင်းလင်းတင်ပြနေရချိန်ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရလျှင်၊ နိုဘဲလ်ဆုပေးရန် အဆိုတင်ခြင်းခံရသူများအနက်၊ ဒေါ်အောင်ဆန်းစုကြည်မှာ လူသိအနည်းဆုံးဖြစ်နှိုင်၏။ ဒေါက်တာ မိုက်ကယ်လ်အေးရစ်စ်နှင့်အဖွဲ့က၊ ချက်နိုင်ငံသမတ မစ္စတာဗားစလပ်ဗ်ဟားဖဲလ်၏ ထောက်ခံကူညီမှုရရှိရန်ကြိုးပမ်းနှိုင်ခဲ့ခြင်းမှာ၊ ဆုရ ရေး မရရေးအတွက်၊ အရေးကြီးသောအခြေခံအချက်ဖြစ်သည်ဟုယူဆမိသည်။

     ယင်းနှစ် စက်တင်ဘာလခန့်၌၊ စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းကိုယ်တိုင် သူ၏ဘဏ္ဏာရေးဝန်ကြီး ဦးဝင်းကိုနှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိလာ၏။

    ဒေါက်တာစိန်ဝင်းတို့အဖွဲ့သည်၊ သူနှင့်ဆွေမျိုးတော်စပ်သော မေရီလင်းဒ်ပြည်နယ်ရှိ ဒေါက်တာမျိုးသန့်အိမ်တွင်တည်းခိုကြ၏။ ဒေါက်တာမျိုးသန့်မှာ ကျွန်တော်တို့နှင့် လက်တွဲလုပ်ကိုင်နေသူဖြစ်ပြီး၊ ကျွန်တော်တို့စာစောင်အတွက် အကူအညီများပေးနေသူလည်း ဖြစ်ပါသည်၊ ထို့ကြောင့် ကျွန်တော့အခြေအနေကိုလည်းသိ၏။ သူက ကျွန်တော့ကို၊ ဒေါက်တာစိန်ဝင်းနှင့် တွေ့ဆုံဆွေနွေးစေလိုဟန် ရှိသည်။ ခရီးသွားရန်မတတ်နှိုင်သော ကျွန်တော့ကို၊ မေရီလင်းဒ်ပြည်နယ်ရှိသူ့အိမ်သို့လာရောက်နှိုင်စေရန် ခရီးစားရိပ်ထုတ်ပေး၏။

     ကျွန်တော်သည် မည်သည့်အလုပ်အကိုင်ကိုမျှ အတည်တကျမယူနှိုင်၊ မယူခဲ့ဘဲ၊ ပါလာသမျှစုဆောင်းထားငွေနှင့်၊ ရံဖန်ရံခါ တရားရုံးများတွင် စကားပြန်အဖြစ် အလုပ်လုပ်လျှက်ရသောဝင်ငွေအနည်းငယ်ကိုသုံးလျှက် ချိုးချိုးခြံခြံစားသောက်ပြီး၊ ဒီမိုကရေစီအရေး ကြိုးပမ်းနေခဲ့ခြင်းဖြစ်၏။

အများအားဖြင့် ချမ်းသာသူများသာရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံး၍ ငွေဒလဟောသုံးပြီးနိုင်ငံရေးလုပ်တတ် ကြသောအမေရိကန်နိုင်ငံ၌၊ ကျွန်တော်လုပ်ကိုင်နေပုံမှာ သံသယရှိစရာပင်ဖြစ်လာနေ၏။ နိုင်ငံရေးခိုလှုံခွင့်အတွက် တရားရုံးတွင် လူဝင်မှု ကြီးကြပ်ရေးဌာနမှ ရှေ့နေနှင့်ပင်ရင်ဆိုင်ခဲ့ရ၏။ ထိုရှေ့နေက ကျွန်တော်၏စေတနာ့ဝန်ထမ်းရှေ့နေ မစ္စလော်ရာဘရက်ဒ်ကို၊ ကျွန်တော် တယောက် တရားမဝင်အလုပ်များ လုပ်ကိုင်စားသောက်နေဟန်ရှိသည်ဟု စွပ်စွဲပြောဆိုကြောင်းကြားရ၏။ ထိုရှေ့နေကပင် သူ့အနေဖြင့် ကျွန်တော့အား မယုံကြည်နှိုင်ဟန် သေးသိမ်သောစကားများဖြင့်စွပ်စွဲပြောဆိုလာ၍၊ တရားသူကြီးက တားမြစ်ဟန့်တား သတိပေးရသည် အထိ ဖြစ်လာခဲ့သည်။

    ပြည်ပမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအကြောင်းရေးလျှင်၊ ဒဲလားဝဲယားပြည်နယ် (Delaware) မှ၊ အလွန်တက်ကြွ စိတ်အား ထက်သန်လှသော၊ ဦးထင်လတ်နှင့် ဒေါ်ဖလော်ရီတို့ဇနီးမောင်နှံကို ချန်ထား၍မဖြစ်နှိုင်ပါ။ သူတို့သည် နိုင်ငံရေးစိတ်ဓါတ်သာမက၊ လူမှု ရေးရာတွင်လည်း အထူးစိတ်ဝင်စားကြ၏။ ယိုးဒယားနယ်စပ်ရောက်ကျောင်းသားများကို အလီလီသွားရောက်လည်ပါတ်ပြီး နေထိုင်စား သောက်ရေးမှအစ၊ အမေရိကန်နိုင်ငံသို့ လာရောက်ပညာသင်ယူနှိုင်ရေးအထိ၊ လုံးပမ်းကူညီနေသူများဖြစ်သည်။

   သူတို့ဇနီးမောင်နှံက ကျွန်တော့ကို စင်ပြိုင်အစိုးရနှင့်တွဲဖက်လုပ်ကိုင်စေလိုကြ၏။ သူတို့သာမက ကွန်ဂရက်မှ တာဝန်ရှိပုဂ္ဂိုလ် တဦးစ နှစ်ဦးစကလည်း၊ ကျွန်တော်သာ စင်ပြိုင်အစိုးရနှင့် တွဲဖက်လုပ်ကိုင်မည်ဆိုလျှင်၊ ရုံးတလုံး၊ ဓါးတစင်း၊ ဝင်ငွေ နှစ်စဉ် ဂဏန်းခြောက်လုံးရှိ ဒေါ်လာငွေထောက်ပံ့မည်ဟု ကမ်းလှမ်းလာသည်။

Read more of this post