[mrsorcerer:32697] မတူကွဲပြား လူမျိုးများအကြား အတူလက်တွဲနေထိုင်နိုင်ရေး

မတူကွဲပြား လူမျိုးများအကြား အတူလက်တွဲနေထိုင်နိုင်ရေး

           အရပ်ဒေသ၌ စုစည်းနေထိုင်ကြသောရုပ်ပိုင်းဆိုင်ရာစရိုက်လက္ခဏာတူညီသည့် လူ့အုပ်စုတို့ကျွိုခေန  လူမျိုးဟူ၍ခေါ်ဝေါ်ကြသည်။ လူမျိုးဟူသည် လူမျိုးတစ်မျိုးနှင့် တစ်မျိုးပေါင်းစပ်ယှက်နွယ် ၍သာ ပေါ်ထွန်းလာ ခဲ့ကြခြင်းဖြစ် သည်။ အမျိုးမရော၊ သွေးမနှောသောမျိုးကောင်းမျိုးသန့်သည့်လူမျိုးဟူ၍ ကမ္ဘာ ပေါ်၌မရှိတော့ပေ။ အမျိုးအနွယ်၊ လူမျိုးရေး ကွဲပြားမှု သည် လူမျိုးစွဲစိတ်ဖြင့် လူသားစိတ်ပျောက်လျက် အမျိုးဂုဏ်မောက် ရန်မဟုတ်ဘဲ၊ အမျိုးသားရေးစိတ်ဖြင့် အမျိုးသားရေး တာဝန်ကျေပွန်ကာ မိမိအမျိုးသား တို့အပေါ် ကောင်းကျိုး ဆောင်ကြဉ်းနိုင် ရေးသာဖြစ်၏။

                   လူမျိုးတို့သည် တူရာတူရာစု၍ မိမိတို့အစုအဝေးအတွက် ဂုဏ်ယူတတ်ကြသည့် ဘာသာတရား၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်ပုံ၊ စားသောက်နေထိုင်ပုံ၊ စိတ်နေသဘော ထားတူညီမှ မိမိတို့ အသိုက် အ၀န်း၊ မိမိတို့အစုအဝေးမှ ဖြစ်သည်ဟု ခံယူတတ်ကြသည်။ လူမျိုးတို့သည် ရှေးကျလေလေ၊ အဆိုပါ ခံယူချက် ကြီးလေလေဖြစ် သည်။ ရှေးကျသော လူမျိုးဖြစ်စေ၊ နှောင်းကျသောလူမျိုးဖြစ်စေ၊ လူမျိုးတိုင်းတွင် တူမှ တည့်သည့် သဘောအနည်းနှင့် အများရှိကြစမြဲဖြစ်၏။Sense of Identityသည် လူသားတိုင်း၌ ရှိကြ၏။ ယင်း သဘာဝစိတ်အခြေခံသည် လူမျိုးရေးစိတ်ဓာတ်တို့ကို ဖြစ်ပေါ်စေပြီး မိမိတို့ နိမ့်ကျချိန်တွင် အစွန်းရောက် အမျိုးသားရေး စိတ်ဓာတ်များဖြင့် တုံ့ပြန်တတ်ကြ၏။ လူမျိုးတို့ကွဲပြား မှုသည် သဘာဝတူမှ တည့်လိုသည့် ကလည်း သဘာဝ၊ မိမိနှင့် မတူသော မိမိအနား၌ရှိသူကို ရန်သူဟူ၍ ခံယူတတ်ကြ သည်က လည်း သဘာဝ၊ ထိုသဘာဝ တို့သည်ကောင်း ကျိုးဆောင်နိုင်သကဲ့သို့ တခါတရံတွင် အစွန်းထွက်၍ ဆိုးဘက် ပါနိုင် ၏။ ယင်းသဘာဝကို အသိပညာ၊ ဉာဏ်အမြော် အမြင်အားဖြင့် သာ လျော်ကန် သင့်မြတ် အောင်ပြုနိုင် စွမ်း ၏။

                   လူမျိုးစုတစ်စု၊ အုပ်စုတစ်စုအား မိမိတို့ကိုယ်ကျိုးအတွက် မိမိတို့လက်အောက်၌ အနှိမ်ခံဘ၀ဖြင့် ထိန်းချုပ် ထားနိုင်ဖို့ ရည်ရွယ်၍ ထိုလူမျိုး၏တိုးတက်ပွားများမှုအစုစုကို ပိတ်ပင်တားမြစ်ရန် ရည်ရွယ်ချက် ပါသော အရေးအသား၊ အပြောအဆို၊ ခံယူချက်တို့ကို လူမျိုးရေးဝါဒRacism)ဟုလည်းကောင်း၊ ထိုဝါဒကို လက်တွေ့ အသက်သွင်းသောစနစ်ကို လက်တွေ့အသုံးချလူမျိုးရေးဝါဒ (Racialism)ဟုလည်းကောင်း ခေါ်ဆို၏။ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူ့အုပ်စုတစ်စုကို ဖြစ်စေ၊ အခြားလူမျိုး၊အခြားအုပ်စုတို့နှင့် တူညီသော စံတန်ဖိုးများ မပေး၊ ညီမျှသောအခွင့်အရေးကို မပေးဘဲ၊ ၎င်းတို့၏ရပိုင်ခွင့်ကို ငြင်းဆန်ခြင်းနှင့် ထိုသို့ အခွင့်အရေး များပိတ်ဆို့ဖို့ ပေါ်လစီများ၊ ဥပဒေများချမှတ်လုပ်ဆောင်ခြင်းသည် လူမျိုးရေးလက်တွေ့ အသုံးချ လူမျိုးရေးဝါဒ(Racialism)ပင်ဖြစ်၏။ လူမျိုးစုတစ်စုအပေါ် အခြားတစ်စုက လွှမ်းမိုးဖို့၊ လူမျိုးစုများအလယ်၌ လူမျိုး တစ်မျိုးကို ပိုမိုအထင်ကြီးစေဖို့ မိမိတို့အသာရစေဖို့ ပြုလုပ်သောလုပ်ဆောင်ချက်အ၀၀သည်လည်း လူမျိုးရေးဝါဒ၌ အကျုံးဝင်၏။ မိမိတို့သည် ဘာမျိုးဘာနွယ်ဟူ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်ဆိုသော စိတ်ကြီး ၀င်မှုမျိုးကို လူအများ၏စိတ်အခြေ၌ တွန်းထိုးထည့်သွင်းပေးခြင်း၊ လူမျိုးရေးစိတ်အစွဲတို့ကို ဖြစ်ပေါ်စေတတ်၏။

      လူမျိုး တစ်မျိုးသည် အမျိုးအားဖြင့် မြတ်ခြင်းဆိုသည်ထက်၊ လက်တွေ့မျက်တွေ့အားဖြင့် တကယ်မြတ်သော စံနမူနာများ၊ ဂုဏ်သိက်္ခာရှိသောအကျင့်အမူများ၊ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက် များအားဖြင့် မိမိတို့ အမျိုးဂုဏ် ကို ဆောင်တတ်ေ၇း၊ မိမိတို့အမျိုးကို ဂုဏ်ယူတတ်ရေးအသိ အမြင်မျိုးသာဖြစ်ထွန်းစေသင့်သည်။ အစ္စလာမ် ဘာသာ ကိုးကွယ် သူမှန်သမျှ ""ကုလား""ဟူသောအခေါ်အဝေါ်သည် မြောက်အမေရိကတိုက်တွင် လူဖြူ၊ လူမဲခွဲခြား ရန် လူမဲများကို Nigger  ဟုခေါ်ခြင်းမျိုးပင်ဖြစ်သည်။ ဘူးသီးတောင် ၊မောင်တော ဒေသရှိ မွတ်စလင်မ် တို့အား ""ဘင်္ဂါလီများ""ဟုခေါ်ခြင်းသည် ကိုဆိုဗိုဒေသသားတို့အား အယ်လ်ဘေးနီးယန်းများဟု ခေါ်သကဲ့ သို့သာ ဖြစ်သည်။ လူမျိုးတစ်မျိုးအပေါ် သိက်္ခာချ လိုသောသဘောဖြင့် နှိမ့်ချလိုသော သဘောဖြင့် မဖွယ်မရာ အမည် တပ်ခြင်းသည် Racist Discourse လူမျိုးရေးအစွဲပါသော ပို့ချချက်များသာဖြစ်သည်။ မြန်မာနိုင်ငံ တွင်း၌ လူမျိုးရေး အစွဲတို့ကို စေ့ဆော်သည့် ""အမျိုးပျောက်မှာ စိုးကြောက်စရာ""၊ ""သိအောင်လုပ်ကြ၊ မညံ့ကြ နှင့်""၊ ""ကိုယ့်တော့်ဂရုဏာ""၊ ""ဗုဒ္ဓမြစ်ဖျားနှင့် သမိုင်းရှုထောင့်"" အစရှိသော စာအုပ် စာတမ်း များသည် Racist Discourseများပင်ဖြစ်သည်။ စာအုပ်ပါအချက်အလက်တို့သည် အမှန်တရား၊ အရှိတ၇ားနျင့် ဝေးကွာ လွန်းလှ၏။

      ""မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်""ဟူသော လ၀က ရုံးများရှိ ဆိုင်းဘုတ်များသည် ပြည်တွင်း နေဘာသာခြားတို့အပေါ် နာမ်နှိမ်ရန် ဟူသော လွဲမှား သောအမြင်များကို ဖြစ်ပေါ်စေသည်။ ကမ္ဘာ့ သမိုင်း၌ မြေမြို၍ လူမျိုးပြုတ်ဖူး၏။ ရေမြို၍လည်း လူမျိုးပြုတ်ဖူး၏။ လေမြို၍ လည်း လူမျိုးပြုတ်ဖူး၏။ ရောဂါကပ် ဘေးများ မြို၍လည်း လူမျိုးပြုတ်ဖူး၏။ ပျူ၊ သက်၊ ကမ်းယံလူမျိုး များသည် မည်သည့်လူမျိုးက ၀ါးမျို၍ အမျိုးပြုတ်ခဲ့ သည်ဟု ဆိုရန် အခိုင်အမာအထောက် အထားမရှိပေ၊ ကွဲပြား သောဘာသာ တရားအခံရှိသော၊ ကွဲပြားသော လူမျိုးများ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်နိုင်စေဖို့၊ အနှောင့် အယှက်ဖြစ် စေသောအကြောင်းတွင် Racist Discourseများသည် အဓိကအခန်းကဏ္ဍ၌ ပါဝင်၏။

          ကမ္ဘာ့သမိုင်းကို လေ့လာလျှင် လူမျိုးရေးဝါဒီတို့သည် မိမိတို့ဝါဒကိုJustify ပြုလုပ်ရန် အမျိုးမျိုးဆင်ခြင် ဆင်လက်များပေးကြသည်။ ကိုလိုနီအစိုးရများက မိမိတို့၏ကိုလိုနီနယ်မြေတို့ရှိ တိုင်းသူပြည်သားတို့သည် ယဉ်ကျေးမှုခေါင်းပါးသည်၊ ပညာမဲ့သည်၊ ထိုလူမျိုးများကို ယဉ်ကျေးစေဖို့ ထိုနယ်မြေကို ကိုလိုနီပြုရခြင်း ဖြစ်ကြောင်း အကြောင်းပြ၏။ ကိုလိုနီစနစ်၊ ကံကြွေးချကျွန်စနစ်တို့သည် လူမျိုးေ၇း ခွဲခြားမှု၊ မိမိတို့လူမျိုးသည် နောက်လူမျိုးတစ်မျိုးထက် မြတ်သည်ဟူသော လူမျိုးစွဲစိတ်ဓာတ်ကြောင့် ပေါ်ထွန်းခဲ့ ရသည်။ ကိုလိုနီလက်အောက်ခံတို့ကလည်း မခံချင်စိတ်ဖြင့် မိမိတို့ လူမျိုး၏ဂုဏ်ကို တန်ပြန်ထုတ် ဖော်တတ်ကြ ၏။ ထို့ကြောင့်ကိုလိုနီနိုင်ငံများတွင် အမျိုးသားနိုင်ငံ၊ အမျိုးသားရေးဝါဒ (Nationalism)များထွန်းကား လာခဲ့သည်။ (Nationalism)နှင့်Racialism သည် တူသယောင်နှင့်ကွဲပြာ၏။ အမျိုးသားေ၇း ၀ါဒမှာ လူ့အဖွဲ့ အစည်း အတွင်း ယဉ်ကျေးမှုနှင့် တန်ဖိုးစံများမတူကွဲပြားခြားနားမှုများကို လစ်လျူရှုကာ ဘုံတူရာကို စုပေါင်း လိုက်ပြီး အမျိုးသားနိုင်ငံအတွက်သာ ဦးတည်ချက်ထားကာ နာအတူခံ၊ သာအတူစံ စိတ်ဓာတ် မျိုးဖြစ်သည်။

ထိုသဘောတရားကို အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းက ဒီးဒုတ်ဂျာနယ်၊ အတွဲ၊ စာမျက်နှာ(၄၁)၊ ၁၉၃၅၊ဇူလိုင်လ-၂၇၊ စာမျက်နှာ(၅-၆)တွင် ဤသို့ရေးသားဖော်ပြခဲ့၏။ ""သွေးတူခြင်းထက် စိတ်ကူး တူခြင်း၊ ရှေးဟောင်းနှောင်းခေတ်တွင် ဒိုးတူဘောင်ဘက်ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားေ၇းစိတ်ဓာတ်ကို ပိုမိုဖန်တီးလေသည်""၊ ထို့အပြင် ၁၉၄၆ခုနှစ်၊ ဇန်န၀ါရီလ(၂၆)ရက်နေ့၊ ရွှေတိဂုံ အလယ်ပစ်္စယံ၌ ကျင်းပသော ဖဆပလညီလာခံ၌လည်း ဤသို့မိန့်ခဲ့ပြန်သေးသည်- ""လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ဒ အတူခံစားကြ၍ နီးနီးစပ်စပ်အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစေ်္စဒရှည်လျားစွာတစ်မျိုးတစားတည်းဟု စိတ်ထား ရှိသူတို့ကို တစုတစည်းတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ် သည့် ဘာသာတရား၊ ပြောဆိုသည့်ဘာသာစကားတို့ကို အရေးထားရမည့်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူပူအမျှ၊ ကောင်း တူဆိုးဖက် ပူးပေါင်းလျက်နေလိုသောအစဉ်အလာဆန်္ဒပေါ်တွင် ၀ံသာနုရက်္ခိတတရားသည် တည် နေပေ သည်""။ လူမျိုးရေးစိတ်ဓာတ် ဆိုသည်မှာ မိမိလူမျိုး၏ အတ်္တအကျိုး စီးပွားကို ရှေ့တန်းတင်ပြီး၊ လူမျိုးရေး ကွဲပြားမှုကို အဓိကအာရုံပြုကာ အဆိုးဘက်ဆောင်၏။ အမျိုးသားေ၇းစိတ်ဓာတ်ကမူ ကွဲပြားမှုကို မျက်ကွယ်ပြု ၍ နိုင်ငံတော် အကျိုးကို သာ ရှေ့တန်းတင်သောကြောင့် အကောင်း ဘက်ဆောင်၏။

ငြိမ်းချမ်းရေး နှင့်ပဋိပက္ခ တင်းမာမှု ပြ ကမ္ဘာ့မြေပုံ

ငြိမ်းချမ်းရေး နှင့်ပဋိပက္ခ တင်းမာမှု ပြ ကမ္ဘာ့မြေပုံ

  လူ့အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအကြားက ပဋိပက်္ခများသည် ခွဲခြားဆက်ဆံခံရခြင်း၊ တရားမျှတမှုမရှိခြင်း၊ ဗိုလ်ကျစိုးမိုးလိုကြခြင်းတို့ကြောင့် ဖြစ်ရ၏။ (တရားမှု၊ မတရားမှုဆိုသည်မှာ မျှတမှု၊ မမျှတမှုကို အဓိကအားဖြင့် ရည်ညွှန်း၏) ပဋိပက်္ခများ၊ အကြမ်းဖက်မှုများကို အမျိုးအစားခွဲကြည့်လျှင် Political and Non-politaical, Criminal and Non-criminal?နိုင်ငံရေးနှင့်ပတ်သက်သောအကြမ်းဖက်မှု၊ နိုင်ငံရေးနှင့်မပတ်သက်သောအကြမ်းဖက်မှု၊ ရာဇ၀တ်မှုဟု မြင်သောအကြမ်းဖက်မှု၊ ရာဇ၀တ်မှုဟု မမြင်သောအကြမ်း ဖက်မှုဟူ၍ ရှိ၏။ မာဖီးယားတို့၏ အကြမ်းဖက်မှုသည် နိုင်ငံရေးနှင့်မပတ်သက်ပေ၊ လူသတ်မှု၊ ဒမြတိုက်မှု၊ မုဒိမ်းမှု၊ မျိုးဖြုတ်သတ်ဖြတ်မှု၊ သူတစ်ပါးမြေ၊ သူတစ်ပါးမြေ၊ သူတစ်ပါးနိုင်ငံ အား မတရားသိမ်းပိုက်မှုတို့သည် ရာဇ၀တ်မှုမြောက်သော အကြမ်းဖက်မှုများဖြစ်သည်။ ငွေကြေးဖောင်းပွအောင် ပြုလုပ်မှု၊ ဆင်းရဲတွင်းနက်နေအောင်ကြံစည်မှု၊ ပညာရေး အဆင့် အတန်းကို ချိုးနှိမ်ထားမှု၊ ကျေးလက်နေ ပြည်သူများ၏ မြေယာများကို အဓမ်္မသိမ်းယူ၍ အတင်းအကြပ်ရွှေ့ပြောင်းခိုင်းမှု၊ လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ဖိအားပေး စွန့်လွှတ်စေမှု၊ လူမျိုးတို့အား ဥပေက်္ခာပြုလစ်လျူရှုထားမှု၊ အကျင့်ပျက်ခြစားခြင်းအား အထိန်းအကွပ်မဲ့မှု စသောအမှုတို့မှာ နိုင်ငံရေးအရ ကျူးလွန်သော ရာဇ၀တ်မှု မမြောက်သော အကြမ်းဖက်မှု များဖြစ်သည်။

  နိုင်ငံေ၇းနှင့် မပတ်သက်သော၊ ရာဇ၀တ်မှုဆိုင်ရာအကြမ်းဖက်မှုတို့ သည်ေ၇တိုအကျိုးကို မျှော် ၍ ပြုလုပ်ကြခြင်းဖြစ်ပြီး နိုင်ငံရေးဆိုင် ရာအကြမ်းဖက်မှုတို့မှာ မူ ရေရှည်စီမံချက် များချမှတ်၍ ပြုလုပ်လေ့ ရှိ၏။ လူမျိုးတစ်မျိုး၏ ဘာသာရေးကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနောက်ခံအကြောင်းကို အခြေခံ၍ ထိုလူမျိုးစုတစ်ရပ်လုံး၏ တိုးတက်ကြီးပွားမှုကို ပိတ်ပင်ရန် စီမံချက်ချ၍ အစဉ်တစိုက်ပြုလုပ်သောအကြမ်းဖက်မှုသည် လူသတ်ခြင်းထက်ပင် ဆိုးရွားလှ၏။ လူသတ်ခြင်းသည် လူတစ်ဦး(သို့မဟုတ်) လူတစ်စုကို သာ သေဆုံး နိုင်သော် လည်း နိုင်ငံရေးအရ စည်းစနစ်တကျအကြမ်းဖက်မှုမှာမူ လူမျိုးစုလူ့အစုအဝေးတစ်ရပ်လုံးကို အညွန့်ချိုးသည့်လုပ်ရပ်၊ ရှင်လျက်နှင့်သေ  အောင် ညှင်းပန်းသည့် လုပ်ရပ်ဖြစ် သည်။ လူတစ်ဦးကို သတ်ခြင်းသည် လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ သိက်္ခာကို ထိပါးစော်ကားမှုဖြစ်သဖြင့် လူ့အဖွဲ့အစည်း တစ်ရပ် လုံးကို သတ်ဖြတ်ရာပင်မည်။

           လူမျိုးတစ်မျိုးက နောက်လူမျိုးတစ်မျိုးကို တညီတညွတ်တည်းမုန်းတီးမှုနှင့် အကြမ်းဖက်လိုမှုသည် နိုင်ငံရေးပေါ်လစီ၏ အကျိုးဆက်ကြောင့်သာဖြစ်နိုင်၏။ အမုန်းတရားကြောင့် လူသတ်မှုအထိဖြစ်ရခြင်းနှင့်ပတ်သက်၍ ကမ်္ဘာ့အကြမ်းမဖက် လုပ်ရှားမှု၏ ဖခင်""မဟတ်္တမဂန်္ဒီကြီးက ရေးသည်မှာ- to understand non-violence and its two distinct aspect-physical and passive, Passive violence in the form of discrimination, oppression, exploitation, hate, anger, and all the subtle ways on which it manifests itself, gives rise to physical violence in society. To rid society of this physical violence, we msut act now to eliminate passive violence. ""အကြမ်းမဖက်မှုသဘောကို စောကြောနိုင်၇န် အကြမ်းဖက်မှု၏ ထင်ရှားသောရှုထောင့်နှစ်သွယ်ကို နားလည်ရန်လိုအပ်၏၊ အကြမ်းဖက်မှုတွင် ရုပ်ပိုင်းအကြမ်းဖက်မှုနှင့် မထင်မရှားငြိမ်သက်စွာ အကြမ်းဖက်မှုဟူ၍ ရှိ၏။

       မထင်မရှားငြိမ်သက်စွာအကြမ်းဖက်မှုမှာ ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ဒေါသအမုန်းအာဃာတများထားရှိခြင်းတို့ဖြစ်ပြီး ယင်းသည် မီးခဲပြာ ဖုံးနေခြင်း မျိုးဖြစ်ရကား ယင်းကပင် လူ့အဖွဲ့အစည်းအတွင်း၌ ရုပ်ပိုင်းအကြမ်းဖက်မှုတို့ကို ဖြစ်ပေါ်စေ၏။ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုPhysical Violance)များကို ပယ်ရှင်းရန် အတွက် ကျွန်ုပ်တို့အနေဖြင့် ဏျေငလန ဠငသူနညခန များကို ဖယ်ရှားပစ်ရန် ယခုပင်အလုပ်လုပ်ရပေတော့မည်။"" (Passive Violence) များကို ဖယ်ရှားဖို့ အကြမ်းဖက် အုပ်စုများ အတွင်း၌ သဘောကြီးနိုင်ဖို့ သွန်သင်ချက်များလိုအပ်သည်။ ကွဲပြားသောလူမျိုးများ အကြား ဘာသာရေးခေါင်းဆောင်များ၊ လူမျိုးရေးခေါင်းဆောင်များ အချင်းချင်း ပထမ ဦးစွာနား လည် မှုတည်ဆောက်ရမည်။ မိမိတို့အုပ်စုများအား သဘောထားကြီးနိုင်ဖို့ ရေးသားဟောပြော သင်ကြားပို့ချပေးရမည်။ တစ်ဖက်နှင့်တစ်ဖက်မကြိုက်သော အခေါ်အဝေါ် များဖြင့် တစ်ဦးကိုတစ်ဦးခေါ်ခြင်းကို စွန့်လွှတ်ရပေမည်။ ရပ်ရွာအကျိုးများအတွက် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက် ရမည်။ လူမျိုးေ၇းနှင့်မဆိုင်သော ကြားနေ အဖွဲ့အစည်း များ၊ဥပမာ-ကြက်ခြေနီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအစရှိသော လူမှုရေးအသင်းအဖွဲ့များတွင် နှစ်ဦးနှစ်ဖက်လုံးပါဝင်ရမည်။

       အထူးသဖြင့်လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အလေ့အထဖြစ်ပေါ်ရေးကို စီမံဆောင်ရွက်ပေးရမည်ဖြစ်သည်။ လူမျိုးများကွဲပြားမှု၊ ဘာသာတရား များကွဲပြားမှု သည် သဘာဝဖြစ်ကြောင်း၊ ရှုထောင့်ကွာလျှင် အမှန်တရားအပေါ်မြင်သော အမြင်လည်း မတူနိုင်ကြောင်း၊ တရားမျှတမှုကို လက်ကိုင်ထား၍ တစ်ဦးနှင့် တစ်ဦးအပြန် အလှန်လေးစား တတ်ဖို့၊ တစ်ဦး၏အခွင့်အရေးကို တစ်ဦးက နားလည်လက်ခံပေးဖို့၊ လူသားဝါဒကို လက်ကိုင်ထား၍ အပြန်အလှန်ကောင်းကျိုးပြုတတ်ဖို့၊ အယူသီး အစွန်းရောက် အမြင်များနှင့် ၀ိဝါဒ ကွဲနိုင်သော အကြောင်းကိစ်္စများကို ရှောင်ကြဉ်နိုင်ဖို့၊ ဘုံတူညီချက်များကို ဂရုပြုတတ်ဖို့၊ ကိုယ့်တစ်ဘက်၌သာ အမှန်တရားရှိသည်ဟူသော တယူသန်အယူအစွဲများကို စွန့်လွှတ်ဖို့ စာအုပ် စာပေများ၊ တရားပွဲများ၊ သင်တန်းများ၊ အသိပေးဆွေးနွေးပွဲများဖြင့် ပညာပေးရန် လိုအပ်သည်။ နိုင်ငံတော်၏နိုင်ငံရေးအခြေအနေသည် တိုးတက်ပြောင်း လဲ လာနေပြီဖြစ်ပြီး၊ ခေတ်မီ တိုးတက်သောဒီမိုကရေစီ နိုင်ငံတော်သစ်သို့ ချီတက်နေပြီဖြစ်သဖြင့် နိုင်ငံတကာနှင့်ပွင့်လင်းမြင်သာစွာထိတွေ့ဆက်ဆံရတော့မည့်အချိန်တွင် နိုင်ငံရေး သိက်္ခာ ကို ထိပါးစေမည့်ကိစ်္စတို့ကို ရှောင်ကြဉ်ရတော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တိုးတက်ရေးအတွက် အနှောင့် အယှက် ဖြစ်စေ မည့်ကိစ်္စရပ် တို့ကို ပြည်သူ အများက လည်း ရှောင်ကြဉ် မှုဖြင့် ကူညီပေးဖို့လိုကြောင်း၊ အသိပေးဆွေးနွေးရန်လိုသည်။

           လူမျိုး တစ်မျိုးသည် နောက်လူမျိုး တစ်မျိုးနှင့် ထိတွေ့ဆက်ဆံရာတွင် ထိုလူမျိုး၏ဓလေ့စရိုက်၊ အမူအကျင့် များအားဖြင့် လူမျိုးတစ်မျိုး၏အနှစ်သာရ(Racial Essence)ကို အဓိပ်္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြ မည်ဖြစ်ပေ သည်။ အကောင်းမြင်စိတ်ဖြင့် ဖွင့်ဆိုချက်တို့သည် အကောင်းဘက်သို့ ဦးတည်ပြီး အကျိုးကို ရယူနိုင် မည်ဖြစ်ပြီး၊ အဆိုးမြင်စိတ်ဖြင့် ဖွင့်ဆိုချက် တို့သည် အဆိုးဘက်သို့သာ ဦးတည်စေပြီး ပဋိပက္ခ အသွင် ဆောင်စေမည်ဖြစ်သည်။ ၁၉၄၀-ခုနှစ်ခန့်အခါတွင် နာဇီဂျာမန်တို့က ဂျူးလူမျိုးတို့သည် ဉာဏ်များသည်၊ မိမိတို့ တိုင်းပြည်မှ ရသမျှ ယူနေသည်၊ အမျိုးသိစိတ်ကြီးပြီး ဘာသာရေး အစွန်းရောက်သည်ဟူ၍ မြင်ခဲ့ကြသဖြင့် ဘာသာရေး၊ စီးပွားရေးအကြောင်းပြချက်များဖြင့် လူမဆန်သော လူမျိုးရေးမျိုးသုဉ်း သတ်ဖြတ်မှုများကို ယုတ်မာကြမ်းတမ်း စွာဖြင့် ပြုလုပ်ခဲ့ကြသည်။

        အမေ၇ိကန်တို့အမြင်ကမူ ထိုသို့မဟုတ်၊ လူမျိုးရေးအနှစ်သာရ သည် ကာလံ၊ ဒေသံအပေါ်မူတည်သည်ဟု မြင်၏။ ပတ်ဝန်းကျင်အသစ်ပြောင်းစလဲလျှင် လူမျိုးတို့၏ ဓလေ့စရိုက် သဘာဝတို့ ပြောင်းလဲနိုင်သည်ဟုမြင်၏။ ဟစ်တလာကို ကလုန်းနည်းပညာဖြင့် ပွားယူရုံဖြင့် ဟစ်တလာ နှစ်ဦးဖြစ်လာရုံဖြင့် ဟစ်တလာ အသစ်သည် ဟစ်တလာအဟောင်းကဲ့သို့ ဆိုးသွမ်းမည်မဟုတ်ပေ။ ဗီဇထက် Environmental Effectပတ်ဝန်းကျင်၏ သြဇာအကျိုးသက်ရောက်မှုကို ပိုမိုလက်ခံ၏။ ဂျူးတို့သည် အသိဉာဏ်ကြီးမားသည်။ ဇွဲနပဲရှိသည်။ စိတ်ဓာတ်ကြံ့ခိုင် သည်။ စွန့်ဦးတီထွင်စိတ်ရှိသည်။ သေချာစေ့စပ်သည်ဟူ၍ အမေရိကန်တို့က မြင်၏။ အကောင်းမြင်စိတ်မြင့် ရှုကာ ၎င်းင်းတို့ထံမှ မိမိတို့မည်သို့ အကျိုးခံစားနိုင် သည်တို့ ကို လေ့လာ သည်။ ထို့ကြောင့်ယနေ့အခါတွင် အမေ၇ိကန်တို့၏စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့်အရှေ့အလယ်ပိုင်းဒေသ၌ အမေ၇ိကန်တို့သြဇာ လွှမ်းမိုးနိုင်ရေးကို ဂျူးတို့ က ဆောင်ကြဉ်းပေး ခဲ့သည်။ တနပ်စားဉာဏ်ဖြင့် ဂျူးတို့ပိုင်ဆိုင်မှုများကို ရမ်္မက်ပွားခဲ့သောကြောင့် အိုင်းစတိုင်းကဲ့သို့သောပညာရှင်များကို ဂျာမန်တို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ကမ်္ဘာ့သမိုင်း စာမျက်နှာ များပေါ်က သမိုင်းသင်ခန်းစာ ယူစရာများသာဖြစ်ပါသည်။

           နိုင်ငံတော်အစိုးရအနေဖြင့် လူမျိုးေ၇းအနှစ်သာရများကို မှန်ကန်စွာအဓိပ်္ပါယ်ဖွင့်ဆိုနိုင်ဖို့လိုအပ်ပါသည်။ လူမျိုးတို့၏ယုံကြည်လက်ခံ၇ာဘာသာတရားဟူသည် လူမျိုးတို့၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟုလည်း မမြင်သင့်ပေ။ ဘာသာတရားဟူသည် လူ့ဘ၀၌ လူအများငြိမ်းချမ်းစွာနေထိုင်သွားနိုင်ဖို့ ဘ၀တည်ဆောက်မှုလမ်းညွှန်ချက်များ သာဖြစ် သည်။ ဘာသာရေးအပါ် မှန်ကန်တည့်မတ်စွာနားလည်းမှုမရှိလျှင်သာ တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေမည် ဖြစ်သည်။ ဘာသာရေးအဆောက်အဦးများ၊ ဘာသာရေး စာပေများ ကို ပိတ်ပင်ရုံဖြင့် ဘာသာရေးယုံကြည်ချက်ကို လျော်ကန် သင့်မြတ်အောင် ပြုနိုင်မဟုတ်ဘဲ ဘာသာရေးကို လွဲမှားစွာသဘောပေါက်မှုများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ ကမ်္ဘာ့ မွတ်စလင်မ်နိုင်ငံများ၌ နိုင်ငံတစ်နိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့်ရှိ၊မရှိကိစ်္စတွင် (၁)ဗလီများဆောက်လုပ်ခွင့်၊ (၂)ဗလီများ၌ အာဇန်ကို ကျယ်လောင်စွာပေးခွင့်၊ (၃)တိုင်းပြည် အုပ်ချုပ်မှု အခန်းကဏ္ဍတွင် မွတ်စလင်တို့၏ ပါဝင်ခွင့်တို့ကို ကြည့်ကြသည်ကိုလည်း သတိပြုရန်လိုအပ်သည်။ အထူးသဖြင့်စွန်္နီ(ဟနဖီ)တို့၌ ယင်းအချက်အလက်များကို စံထား၏။ ထို့ကြောင့် လည်း ထိုင်း၊ စင်္ကာပူနိုင်ငံ များတွင် မွတ်စလင်ဘာသာရေးဝန်ကြီးများထားရှိ၏။ ဘာသာရေးအဆောက်အဦး များပြားလျှင် အရက်ဆိုင်၊ လောင်းကစားဝိုင်းများ နည်းပါးမည်ဖြစ်ပြီး၊ မကောင်းမှုများနည်းပါးကာ ငြိမ်းချမ်းရေးပိုမိုဖြစ်ပေမည်ဟု မြင်အပ်သည်။ ဘာသာရေးအမြင်ကို လျော်ကန်တည့်မတ်စေဖို့သာ ဘာသာရေး အဖွဲ့အစည်းကြီးများ ၏အကူအညီဖြင့် ဆောင်ရွက်သင့်သည်။

           ရခိုင်ဒေသမှ မွတ်စလင်များအား ရန်ကုန်၊ မန်္တလေးအစရှိသောမြို့ကြီးများသို့ သွားလာခွင့်မပေးဘဲ ပိတ်ပင်ထားပြီး တဘက်ပိတ်ဘောင်အတွင် အကျဉ်းချထားခြင်းမျိုးကို ပယ်ဖျက်ပေးဖို့ အချိန်တန်ပြီဖြစ်သည်။ မျက်စိဖွင့်ပေးဖို့ လိုအပ်ပြီဖြစ်သည်။ မွတ်စလင်ဝန်ထမ်းများအား ထိုဒေသ၌ တာဝန်ထမ်းဆောင်မှုကို ပိတ်ပင်ထားခြင်းမျိုးလည်း မပြုသင့်တော့ပါ။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းများအား ဘာသာရေးနှင့် နိုင်ငံတော်အရေးကို ခွဲခြားသိမြင်တတ်ဖို့ လမ်းညွှန်ပေးရန်လိုအပ်ပါသည်။

         မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ၊ သာသနာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့တာဝန်ဝတ်္တရားများနှင့် အဆင့်အတန်းအမှန်ကို သဘောပေါက်ပြီး၊ မိမိတာဝန်ဝတ်္တရားကိုသာ ဦးတည်ချက် ထား၍ တာဝန်ထမ်းဆောင်ဖို့၊ လူမျိုးရေး၊ဘာသာရေးကိစ်္စများကို ရှေ့တန်းတင်ခြင်းမျိုးမရှိဖို့၊ လမ်းညွှန်ချက်များ၊ အသိပေး ဆွေးနွေး မှုများပြု ၇န်နှင့် လူမျိုးရေးပဋိပက်္ခများ၊ အဓိကရုန်းများတွင် ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်းများကို အခါအားလျော်စွာ သင်တန်းများပေးရန် လိုအပ်သည်။ ၁၉၇၃-ခုနှစ်၊ သန်းခေါင် စာရင်းပါ လူမျိုး(၁၄၃)မျိုးနှင့် ၁၉၈၄-ခုနှစ်၊ သန်းခေါင်စာရင်း ပါ လူမျိုးတစ်မျိုး၊ စုစုပေါင်း(၁၄၄)မျိုးကို အသိအမှတ်ပြုပေးရန်လည်း လိုအပ်ပါသည်။

           ရခိုင်ဒေသရှိ မွတ်စလင်များအား ဘာသာရေးအဖွဲ့အစည်းကြီး၏အကူအညီဖြင့် မှန်ကန်သောဘာသာရေးအသိ အမြင်များ သွန်သင်ပေးနိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှု၏ စံတန်ဖိုးများ ကို နားလည်လာစေရန် သင်တန်းများပြုလုပ်ပေးသင့်သည်။ အမျိုးသမီးများသည် လူငယ်များအား အဓိကထိတွေ့သွန်သင်သူများဖြစ်သဖြင့် အမျိုးသမီးများကို အပြည့်အ၀ ပညာ သင်ကြား ပေးနိုင်ရေးကို ထိန်ကျောင်းပေးရန် လိုအပ်သည်။ ရခိုင်ဒေသတွင် လူတိုင်းပညာသင်ကြားနိုင်ရေးကို အထောက်အပံ့များ အထူးပေးအပ် သွားရန်လိုအပ်ပါသည်။

           နိဂုံးချုပ်အားဖြင့် အိန်္ဒိယနိုင်ငံ၏ သမ်္မတအဖြစ် အဆိုပြုခံရသောပညာရေးပါရဂူကြီး"ဇာကိရ်ဟူစိန်"၏ မိန့်ကြားချက်သည် အလွန်လျော်ကန်သင့်မြတ်လှပါသည်။ သူက ပြောသည်မှာ-  ယဉ်ကျေးမှုတို့ထိပ်တိုက် တွေ့ကြည်သည်မဟုတ်၊ အရိုင်းစိတ်တို့သာ ထိပ်တိုက်တွေ့ကြ၏။ လူမျိုးနှစ်မျိုး၏လူ့အဖွဲ့အစည်းတို့သည် မိမိတို့၏ ရိုင်းစိုင်း ရမ်းကားလိုစိတ်ကို အောင်နိုင်မှုယူထားနိုင်သမျှ တစ်ဦးနှင့်တစ်ဦးထွေးရောယှက်တင်နေထိုင်နေသမျှ ယဉ်ကျေးမှုတန်ဖိုးများ အပြန်အလှန် ဖလှယ်နေသမျှကာလပတ်လုံး ပဋိပက်္ခဟူ၍မရှိနိုင်ပေ။

ဒေါက်တာဆောင်းလွင်အောင်

( BDS , အဆ်ဒီယာ , အလ်အဇ်ဟရ် (ကိုင်ရို) ၊ အီမာမသ် (နိုင်ငံတကာ အစ္စလာမ့် တက္ကသိုလ် ပါကစ္စတန် )

SOURCE: မွတ်ဆလင် သတင်းစဉ်


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:32697] မြန်မာပြည်တွင်းဖြစ် မဟာဗန္ဓုလ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ကြီး

Frigate

Class Builder Serial Number Year Entered Service Armament Note
Aung Zeya Class[15] Naval Dockyard
(Myanmar) Burma
F11 - Aung Zeya
F22 - Kyansittha (under construction)
2008 2 x 4-cell Kh-35E anti-ship missiles
Oto Melara 76 mm Super Rapid Canons
4 x AK-630 6-barrel 30 mm CIWS guns
Triple 324 mm YU-7 ASW torpedoes
Rocket Launchers, possibly ASW rockets or decoy rockets

Jianghu-II Class
Type 053H1
Hudong Shipyard
(People's Republic of China) China
F21 - Mahar Bandula
F23 - Mahar Thiha Thura
2012 C802 anti ship Missile
2 x Type 81 (RBU-1200) 5-tube ASW RL (30 rockets), or 2 x Type 3200 6-tube ASW RL (36 rockets)
2 x Type 62 5-tube A/S mortar launchers
2 x depth charge (DC) racks & projector
4 x dual 37 mm AA guns
2 x 100 mm gun

Corvette

Class Builder Serial Number Year Entered Service Armament Note
Anawratha Class Naval Dockyard (Myanmar) Burma 771 - UMS Anawratha
772 - UMS Bayinnaung
1996–2007[15] 1 × Oto Melara 76 mm Super Rapid Canons
2 × Type 58/ZPU 2 Anti-aircraft Gun
1 × Type 69/AK-230 twin-barrel 30 mm CIWS gun
4 × C-802 Surface-to-Surface Missile
2 × RBU-1200 or Type 81 ASW rocket launchers
1 helipad

Mine Sweeper

Class Builder Serial Number Year Entered Service Armament Note
Creddok(AM-356) United States 42 - Yan Gyi Aung 1967 1x76mm Cannon
2x 40mm Bofer Anti Aircraft Gun
4xAuliGun
Hedgehog Anti Submarine Destroyer
Ex US Navy[16]
Farminton PCE-894 United States 41 - Yan Taing Aung 1965 1x76mm Cannon
2x 40mm Bofer Anti Aircraft Gun
4xAuliGun
Hedgehog Anti Submarine Destroyer
Ex US Navy[16]

Submarine Chaser Fast Attack

Class Builder Serial Number Year Entered Service Armament Note
Hainan[17] Dalian, Qiuxin and Huangpu Shipyard, China 442-Yan Htet Aung
443-Yan Nyein Aung
444-Yan Khwinn Aung
445-Yan Min Aung
446-Yan Ye Aung
447-Yan Pang Aung
448-Yan Win Aung
449-Yan Aye Aung
450-Yan Zwe Aung
1991,1993 2 × Type 66 - 57mm twin guns
2 × Type 87 - 25 mm twin guns
2 × Type 69 14.5 mm twin Anti-Aircraft Guns
RBU
441, Yan Sit Aung was sunk by cyclone Nargis[18]
1991, Six Crafts and 1993, four crafts

Fast Attack Missile Craft

Class Builder Serial Number Year Entered Service Armament Note
Houxin class[19] Qiuxin Shipyards, Shanghai, China 471 - Maga
472 - Saittra
473 - Duwa
474 - Zeyda
475
476
1995,1996,1997 4 × C-802 Surface-to-Surface Missile
2 × 30 mm AK 230
2 × Type 69 14.5 mm twin Anti-Aircraft Guns

5-Series class[16][20] Naval Dorckyard (Myanmar) Burma 556
557
558
559
560
2004 4 × C-802 Surface-to-Surface Missile
2 × 30 mm AK 230
2 × Type 69 14.5 mm twin Anti-Aircraft Guns

Fast Attack Gun Craft

Class Builder Serial Number Year Entered Service Armament Note
5-Series class[16][20] Naval Dorckyard (Myanmar) Burma 561
562
563
564
565
567
568
569
570
2008
2 × 30 mm AK 230
2 × Type 69 14.5 mm twin Anti-Aircraft Guns

5-Series class[16][20] Naval Dorckyard (Myanmar) Burma 551
552
553
554
555
1996 1 × 37 mm AA gun
2 × Type 87 - 25 mm twin guns
2 × Type 69 14.5 mm twin Anti-Aircraft Guns

Large Patrol Combatants

Class Builder Serial Number Year Entered Service Armament Note
Osprey Class-50[16][20][21] Danyard A/S, Frederikshavn,  Denmark 55 (Indaw)
57 (Inya)
1982 1 / 40mm 60-cal. Bofors AA
2 / 20mm 70-cal. Oerlikon AA

Coastal Patrol Craft

Class Builder Serial Number Year Entered Service Armament Note
412 class[16][17][21] Burma Naval Dockyard, Rangoon Burma 412
413
414
416
1983–1984 2x40mm AA, 2x12.7mm machine gun 415 was sunk
PB-90 [16][17][21] Yugoslavia Socialist Federal Republic of Yugoslavia 424
425
426
1990 M-75 AA, Radar, 2x quadruplet 20mm cal
PGM 43 class [16][17][21] Marinette Marine, Wisconsin; last two by Peterson Builders, Sturgeon Bay, WI,  United States 401
402
403
404
405
406
1959–1961 1x40mm Bofor, 2 dual 20mm OA, 2x12.7mm MG

Cruiser Patrol Craft

Class Builder Serial Number Year Entered Service Armament Note
Swift class[16][17][21] Swiftships, Morgan City, LA / Vosper, Singapore 422
423
1980 2 40 mm, 2 20 mm, 2 12.7 mm machine gun, Pathfinder Radar 421 lost in the sea

Patrol Craft

Class Builder Serial Number Year Entered Service Armament Note
Carpentaria class[16][17][21] Australia Australia 112
113
114
115
116
117
[16]
1978–1980 MK10 AA, radar, 20mm 70cal

Coastal Survey Ship

Class Builder Serial Number Year Entered Service Armament Note
Survey ship [16][17] Tito SY, Belgrade, Yugoslavia Socialist Federal Republic of Yugoslavia 801 Thutaythi 1965 helipad
2 x40 mm, 2x 20 mm machine gun[22]

Coastal Logistics and tanker Ship

Class Builder Serial Number Year Entered Service Armament Note
coastal tanker[16][17][21] Watenabe Zosen K.K., Hakata, Japan  Japan 608 1991 None
coastal tanker[16][17][21] Shimoda Dockyard, Shimoda, Japan  Japan 609 class 1986 None
coastal logistics ship[16][17][21]  Germany 601 Pyi Daw Aye (1) 1975 None
coastal logistics ship[16][17][21]  Japan 602 Pyi Daw Aye (2) 2002 None
coastal logistics ship[16][17][21] A/S Nordsovaerftet, Ringkobing,  Norway Ayidawaya 1991 None
coastal transport[16][17][21]  Myanmar 613'
618
1990 none
Yadanabon[16][17][21]  Myanmar VIP Transport 1990

Coastal Land Craft Utility

Class Builder Serial Number Year Entered Service Armament Note
LCU Naval Dock Burma 605[16] 1984

LCU United States 603[16] 1963–1968

Coastal Land Craft Medium

Class Builder Serial Number Year Entered Service Armament Note
LCM Naval Engineering Depot Burma[16] 709
710
1967

LCM Naval Engineering Depot Burma[16] 1611 1990

River Patrol Craft

Class Builder Serial Number Year Entered Service Armament Note
PBR class  United States[16] 211
212
213
214
215
216
1978–1982 1 × twin M2HB .50 caliber (12.7 mm) machine guns (forward in a rotating tub)
1 × single M2HB (rear)
1 or 2 × M60 7.62 mm machine gun(s) (side-mounted)
1 × 40 mm Mk 19 grenade launcher

Yan Naing class[16] Doone Htay,Burma 501
510
502
503
504
505
506
507
508
509
510
1970 Machine Gun, OA
Y311 class - modified Y301[16][17][21] Sinmalaik, Burma Burma Y311 1967 2x40mm Bofor, 2X20mm OA Y-312 was reported sunk by cyclone Nargis[18])
Y Series class[16][17][21] Uljanik SY, Pola, Yugoslavia Socialist Federal Republic of Yugoslavia 301
302
303
304
305
306
307
308
309
310
1957–1960 2x40mm Bofor
Michao Class[16] Yugoslavia Socialist Federal Republic of Yugoslavia 001
002
003
004
005
006
007
008
009
010
011
012
013
014
015
016
017
018
019
020
021
022
023
024
025
1963–1968 2x20mm OA
PCE Class[17] Naval Dockyard, Burma 217
218
219
220
1989 machine gun, Bofor, AA Number of Built 4 crafts

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:32697] မြန်မာပြည်တွင်းဖြစ် မဟာဗန္ဓုလ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ကြီး

မြန်မာ့ရေပြင်အား ကျုးကျော်လာသည့် မည်သည့်ရန်သူကိုမဆို တိုက်ခိုက်ချေမှုန်း အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ရပါတယ်....

အဟွတ် အဟွတ် အဟွတ် အဟွတ်....

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:32675] Fwd: [လူဗိုလ်ဟူသည် ...] ဒေါ်စု မိန့်ခွန်း ( အမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှ )



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/29
Subject: [လူဗိုလ်ဟူသည် ...] ဒေါ်စု မိန့်ခွန်း ( အမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှ )
To: lubo601@gmail.com



by Spring Flowers on Friday, September 28, 2012 at 11:04pm ·

  •                     ဒီနေ့ ကျမပြောချင်တဲ့ အကြောင်းအရာကတော့ တရာဥပဒေစိုးမိုးရေး  '' Rule of Law ''  ပါဘဲ ။ ဒါပေမယ့် စာသင်ခန်းထဲမှာ ဆရာတွေ သင်လေ့ရှိတဲ့ Rule of Law  မျိုး မဟုတ်ပါဘူး ။ ဆရာတွေက ကျမထက်သာအောင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြမှာပါ ။ အခု ကျမက အဲဒီ  Rule of Law  ဆိုတာကို ကျမမြင်တဲ့ ၊  မြန်မာပြည်သူပြည်သားတွေမြင်တဲ့ ပုံစံရယ် ၊ ဘာကြောင့် အဲဒါဟာ ကျမတို့အတွက် အရေးကြီးသလဲဆိုတာကို ပြောချင်တာပါ ။

  •                    ပြောရရင်တော့ ကျမဘ၀မှာ (၁၉၈၈) ထိ ဥပေဒနဲ့ ပတ်သက်စရာ မလိုခဲ့သလောက်ပါဘဲ ။  ( ၁၉၈၈) ထိ ဥပဒေနဲ့ နီးနီးစပ်စပ်ဖြစ်သွားဖူးတာ ၂ ခါဘဲ ရှိဖူးခဲ့တယ်လို့ ဆိုရမယ် ။  ပထမတစ်ကြိမ်တုန်းက အောက်စဖို့ဒ်ကျောင်းသူဘ၀တုန်းကပါ ။ တလမ်းသွားလမ်းပေါ်မှာ စက်ဘီးစီးလာရင်း ကင်းလှည့်လာတဲ့ ရဲကားကို တန်းကို ၀င်တိုက်မိတာဘဲ ( ရယ်သံများ  ) ။ ရဲက သည်းငြီးခံပြီး ကျမကို မေးပါတယ် ''  ဒါတလမ်းသွားလမ်းဆိုတာ သိလား ''  တဲ့ ။ ကျမလည်း သိပါတယ်ပေါ့ ။ အဲဒီနောက် သူလည်း ကိုယ့်လမ်းကိုယ်သွား ၊ ကျမလည်း စက်ဘီးပေါ်ခုန်တက်ပြီး ကျမလမ်းကို ကျမ ပြန်ထွက်လာခဲ့တာဘဲ ။
                        နောက်တကြိမ်ကလည်း အောက်စ်ဖို့ဒ်မှာပါဘဲ ။ အချိန်က လမ်းမှာ လူရှင်းပြီး မှောင်ရီပျိုးစအချိန်မှာ စက်ဘီးစီလာရင်း မီးနီကို အမှတ်တမဲ့ ဖြတ်ကူးမိတယ် ။ လမ်းတွေက ရှင်းနေပေမယ့် ကျမနောက်တည့်တည့်မှာ ကင်းလှည့်ရဲကားတစ်စီးတော့ ရှိနေပြန်ရော ( ရယ်သံများ ) ။ ဒီတော့ ကျမအဲဒီအချိန်ကတည်းက သိခဲ့ သင့်ပါတယ်......ကျမရဲ့ ရှေ့လာမယ့်အနာဂတ်မှာ ဥပဒေနဲ့ ပတ်သက်ရမှုဟာ ထူးတော့ထူးခြားရမယ်ဆိုတာကိုလေ ။ ( ရယ်သံများ )
  •                   တကယ်တမ်းထဲထဲဝင်ဝင် ဥပဒေနဲ့ ပတ်သက်ရမှုကတော့ ပထမဆုံးအကြိမ် အကျယ်ချုပ် ကျတုန်းကပါ ။  ( ၁၉၈၉ )  ဂျူလိုင်လ ( ၂၀ ) ရက်နေ့မှာ ရုတ်တရက် ယူနီဖောင်းဝတ်ရဲတွေ ၊  စစ်သားတွေတပြုံကြီး ကျမခြံထဲ ရောက်ချလာပြီး ရှိသမျလူတွေကို ၀ိုင်းထားတော့တာဘဲ ။ အစတုန်းက ကျမတွေးမိတာက ကျမကို ထောင်ကိုခေါ်သွားမယ်ဘဲ ထင်တာပါ ။ ဒါပေမယ့် ကျမကို အိမ်အကျယ်ချုပ်ချလိုက်ပြီး ကျန်တဲ့လူတွေကိုတော့ ထောင်ကို ခေါ်သွားပါတယ် ။
                     သူတို့လာဖမ်းတုန်းက ဖမ်းမိန့်ပါ တခါတည်း ယူလာပြီး ကျမကို ဖတ်ပြပါတယ် ။ အဲဒီဖမ်းမိန့်မှာပါတာက ကျမကို သူတို့ အိမ်အကျယ်ချုပ်ထားမယ် တဲ့ ၊ ''နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများမှ ကာကွယ်ဖို့ ''  ဥပေဒအရ ကျမကို ဖမ်းရတာလို့ ဆိုပါတယ် ။ ကျမဟာ သူတို့အလိုအရ အဖျက်သမား ပါတဲ့  ။ အဲဒီဥပဒေပုဒ်မ  Section 10  အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်ထဲမှာ ဖမ်းချုပ်ထားလို့ ရပါတယ် ။
  •                 အဲဒီ  Section 10 ဆိုတဲ့ ဥပဒေမှာ အပိုင်း နှစ်ပိုင်းပါပါတယ် ၊ 10 A   နဲ့  10 B ပါ ။ 10 A  အရ လူတစ်ယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ချလို့ ရပါတယ်။ 10 B အရကတော့ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ အိမ်အကျယ်ချုပ်ချလို့ ရပါတယ် ။ ဒီတော့ ကျမက 10 B  အရ အိမ်မှာ အကျယ်ချုပ်ကျခဲ့တာပါ ။ အဲဒီ 10 B  ဥပဒေအရ ဖမ်းမိန့်ကို ခြောက်လတစ်ကြိမ် ထပ်တိုးရတယ် ......အဲဒီလိုဆက်ပြီး သုံးနှစ်တိတိ ထပ်ထပ်တိုးသွားလို့ ရပါတယ် ။
                     ထပ်တိုး မတိုး ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ သူတို့ အခေါ် ''  ဗဟိုဝန်ကြီးများကော်မတီ ''  က ချမှတ်တာပါ ။ အဲဒီအဖွဲ့မှာ ပြည်ထဲရေး ၀န်ကြီးအပါအ၀င် ၀န်ကြီး သုံးလေးဦးပါပါတယ် ။
 
  •                       အဲဒီအချိန်တုန်းက ကျမမှာ ဥပဒေနဲ့ ပတ်သက်ဖူးတာ မရှိခဲ့သလောက်ဆိုတော့ ကျမထင်မိတာက ကျမကို အကျယ်ချုပ်ချတာဟာ ဥပဒေနဲ့ အညီလုပ်တာဘဲလို့ ထင်မိခဲ့တယ် ။ အဲဒီတုန်းက အိမ်ထဲမှာ ကျမ တစ်ယောက်တည်းပါ ၊ အစကတော့ ကျမသားနှစ်ယောက် ခဏတဖြုတ် ရှိပါတယ် ။ ဒါပေမယ့် နောက်တော့ သူတို့လည်း အင်္ဂလန်ကို ပြန်သွားကြတယ် ။
                          ဒီလိုနဲ့ ကျမအကျယ်ချုပ်ကျပြီးနောက် ခြံထဲမှာ အစောင့်စစ်သားတွေ လာနေပါလေရော.........အဲဒီအထိလည်း ဒါသူတို့ လုပ်ပိုင်ခွင့်ရှိလို့ လုပ်တာဘဲလို့ ထင်ခဲ့မိတယ်  ။ နှစ်အတော်ကြာမှ ကျမနားလည်သွားတာက ကျမခြံထဲမှာ ဒီလို လာပြီး အခြေချနေထိုင်ခွင့် သူတို့မှာ လုံးဝမရှိဘူး ဆိုတာပါဘဲ ။ အဲဒီတော့မှဘဲ  ငါ့ တိုင်းပြည်က ဥပဒေအကြောင်း ငါ အတော်မသိပါလား ဆိုတာကို စပြီး သဘောပေါက်သွားခဲ့ရတယ် ။ ဒီဥပဒေတွေကို တကယ်လေးစားလိုက်နာမှု ရှိမရှိ ဆိုတာလည်း အတော်လေး မသိခဲ့တာဘဲ ဆိုတာကိုပါ နားလည်သွားခဲ့တယ် ။

  •                     အကျယ်ချုပ်အတွင်းမှာ လှိုင်းတိုရေဒီယို နားထောင်ခွင့်ရခဲ့ပါတယ်။ ဒီရေဒီယိုကဘဲ ကျမကို ပြင်ပကမ္ဘာမှာ ဘာတွေဖြစ်နေလဲဆိုတာ သိအောင် လုပ်ပေးခဲ့တာပါ  ။ရေဒီယိုကတဆင့် ကျမပါတီဝင်ပေါင်းများစွာ အဖမ်းခံရနေတယ်ဆိုတာကို သိခဲ့ပါတယ် ။ များသောအားဖြင့် သူတို့ကို Section 5  နဲ့ ဖမ်းတာများတယ် ။ Section 5  ဆိုတာက  ( ၁၉၅၀ ) မှာ သူတို့အခေါ်   '' အရေးပေါ်အခြေအနေ ''  တွေဖြစ်ရင် သုံးဖို့ ထုတ်ခဲ့တဲ့ ဥပဒေပါ.......... အဲဒီကာလမှာတုန်းက ပုန်ကန်မှုအရှုပ်အထွေးတွေအများကြီး ရှိခဲ့တာကိုး ။ 
                       အဲဒီဥပဒေကို နောက်ပိုင်းမှာ ကျမတို့နိုင်ငံရေးသမားတွေက '' အမြင်ကတ်ပုဒ်မ ''  လို့ ခေါ်ကြတယ် ။ သူတို့ သည်းမခံနိုင်ရင် အမြင်ကတ်ရင် လူတစ်ယောက်ကို အဲဒီပုဒ်မနဲ့ ငါးနှစ်လောက် ထောင်ချလိုက်လို့ ရတယ် ၊ ပြီးရင် ပုဒ်မအမျိုးမျိုးတပ်ပြီး အနှစ် ( ၂၀ ) လောက်ထိ ချလိုက်လို့ ရပါတယ် ။ ဒီပုဒ်မနဲ့ ထောင်ထဲမှာ ကာလ အရှည်ဆုံး (၁၈) နှစ်နဲ့ ( ၃ ) လလောက် တောက်လျှောက်နေလိုက်ရတဲ့ ကျမတို့ ပါတီဝင်တစ်ယောက် ရှိဖူးပါတယ် ။ အစတုန်းက သူ့ကို ( ၅ ) နှစ်ဘဲ ချထားတာပါ ။
 
  •                    ဒီတော့ ကျမကိုယ်တိုင်ကြုံရတဲ့ အတွေ့အကြုံက မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာကို နားလည်သွားစေခဲ့ပါတယ် ။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ပေးဖို့ ထားတာမဟုတ်ဘဲ   အာဏာရှိသူတွေက သူ့တို့အကျိုးအတွက် အသုံးချနေခဲ့ကြတာပါ ။ ။ Section 5  တို့ ၊ Section 10  တို့၊ နောက်ပြီး တခြား Section  တွေ ရှိပါသေးတယ် ။ အဲဒီထဲမှာ တရားမ၀င် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေ  Section 17  နဲ့လည်း ကျမအတော့်ကို ရင်းနှီးလာရသေးတယ် ။  ဒါတွေဟာ NLD ပါတီဝင်တွေကို သူတို့ ကြိုက်တဲ့ အချိန်မှာ ကြိုက်သလောက် ထောင်ချလို့ ရအောင် စစ်အစိုးရက သုံးခဲ့တဲ့ Section တွေပါဘဲ ။

  •                    အကျယ်ချုပ်မှာ သုံးနှစ်ကြာလို့ ကျမလွတ်ခါနီးလည်းကျရော ကျမကို နောက်ထပ် အကျယ်ချုပ်မှာ ဆက်ထားလို့ရအောင် Section 10 ကို  ပြင်ဆင်လိုက်ကြပါတယ် ။ ဒီလိုနဲ့ တကယ်လည်း ကျမအထဲမှာ ( ၆ ) နှစ်ကြာသွားပါတယ် ။ လူတစ်ယောက်တည်းကို ထောင်ထဲမှာ ပိုကြာကြာထည့်ထားဖို့ အတွက် ပြင်လိုက်တယ်ဆိုတဲ့ ဥပဒေမျိုး လူကြီးမင်းတို့ ကြားဖူးကြပါသလား ။ ဒါကဘဲ ဥပဒေစိုးမိုးမှုအောက်မှာ မရှိဘူးဆိုတာဘာကို ပြောတာလဲဆိုတာကို နားလည်စေတာပါဘဲ ။
 
  •                    အိမ်အကျယ်ချုပ်မှာတုန်းက NLD ပါတီဝင်တွေ အများကြီး အဖမ်းခံရတာကို ရေဒီယိုကနေ  ကြားရတယ် ။ ဒီတော့ ကျမတို့မှာ ''  ဥပဒေအကူအဖွဲ့ Legal Aid Committee ''  ဆိုတာ လိုမယ်လို့ ကျမဆုံးဖြတ်ခဲ့တယ် ။ ကျမတို့ နိုင်ငံမှာ အဲလို အဖွဲ့အစည်းမျိုး မရှိပါဘူး ၊ ဟိုးအရင်ကလည်း ရှိခဲ့မယ် မထင်ပါဘူး ။ ဒီလိုနဲ့ ( ၁၉၉၅ ) မှာ ကျမလွတ်လွတ်ချင်းဘဲ ငါတို့တော့ ဥပဒေအကူအဖွဲ့ဆိုတာ ရှိမှဖြစ်မယ်လို့ ကျမပါတီကို ရှင်းပြခဲ့တယ် ။
                       အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ကျမရွေးလိုက်တဲ့လူက အဲဒီတုန်းက ပါတီ ဥက္ကဖြစ်တဲ့ ဦးတင်ဦးပါဘဲ ။ သူက ဟိုးအရင်က စစ်တပ်မှာ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့ဖူးပြီး ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်လည်း ဖြစ်တယ် ။ စစ်တပ်က အထုတ်ခံလိုက်ရပြီးနောက် ဥပဒေဘက်ကို လိုက်စားခဲ့တာပါ  ။ အဲဒီလိုနဲ့ ကျမက ဥပဒေအကူအဖွဲ့ကို ဖွဲ့ဖို့ သူ့ကိုပြောတယ် ။ ဒါမှလည့်း ကျမတို့ ပါတီဝင်တွေ Section တစ်ခုခုနဲ့ အစွဲခံရရင် ကာကွယ်ပေးလို့ရအောင်ပါ  ။  ဒီ Section တွေအားလုံးဟာ အတိုက်အခံနိုင်ငံရေးသမားတွေကို နိုင်ငံရေးကနေ ဆွဲထုတ်လိုက်ဖို့ရာအတွက် ထောင်ချဖို့ ဆင်ခြေတွေချည်းပါဘဲ ။
 
  •                    ကျမရဲ့ အကြံကို ဦးတင်ဦးက လိုက်လျောပါတယ် ။ သူက အင်မတန် ကျွမ်းကျင်ပြီးအတွေ့အကြုံများတဲ့ စစ်သားတစ်ယောက်ပါ ။ အမိန့်ကိုလည်း တသွေမတိမ်းလိုက်နာတတ်တဲ့သူပါဘဲ ။ သူက ကျမကို  commender လို့ ခေါ်လေ့ရှိတယ် ။ အဲဒီလိုနဲ့ ကျမအကြံပေးတော့ သူက အဲဒီအဖွဲ့ကို ဖွဲ့ပါတယ် ။ ဒါပေမယ့် လအတော်ကြာတော့ သူက အဲဒီအဖွဲ့ရဲ့ ထိရောက်မှုကို  သူအယုံအကြည်မရှိဘူးလို့ ဆိုလာတယ် ။ ကျမပြောလို့သာ လုပ်ရတာ ၊ ဘာမှ အရာရောက်မယ်မထင်ဘူး တဲ့ ။ Section အမျိုးမျိုးနဲ့ တရားစွဲခံရတဲ့ ကျမတို့လူတွေကို ကာကွယ်ဖို့ကြိုးစားပေမယ့် ဘယ်တစ်မှုမှ နိုင်မှာ  မဟုတ်ဘူးလို့ သူက ဆိုတယ် ။

  •                    ဒါပေမယ့် ကျမက သူ့ကို ရှင်းပြပါတယ်.......ကျမတို့လူတွေအဖမ်းခံရရင် ဒီအဖွဲ့လေးနဲ့ သူတို့ကို လွတ်အောင် ကူညီချင်နိုင်မှ ကူညီနိုင်မယ် ။ ဒါပေမယ့် ပထမဆုံးအနေနဲ့တော့ ကျမတို့ လူတွေကို '' ပစ်ထားမခံရဘူး ''  ဆိုတဲ့ ယုံကြည်ချက် ရစေချင်တယ် ။ တိုင်းပြည်မှာ ရှိတဲ့ ဥပဒေနဲ့ သူတို့ကို ကျမတို့က အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့ ကြိုးစားတယ်ဆိုတာ နားလည်စေချင်တယ် ။ ဒုတိယအချက်အနေနဲ့  တရားဥပဒေစိုမိုးမှုမရှိလို့ ဖြစ်ခဲ့တဲ့ ဒီအမှုတွေဟာ မှတ်တမ်းအဖြစ်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျန်ခဲ့မယ် ။ ဒါမှလည်း နောင်လာနောက်သားတွေက ဒါမျိုးကို ရှောင်လို့ရမယ်လေ ။

  •                 ဦးတင်ဦးက ကျမပြောတာကို လက်ခံပေမယ့် ထိရောက်မယ့် အကြံတစ်ခုဆိုတာယုံကြည်ကြောင်း  မပြပါဘူး ။ ဒါပေမယ့် နောက်ပိုင်းတော့ သူမှားကြောင်း ၀န်ခံခဲ့တယ် ။ ကျမတို့ ပါတီဝင်တွေအတွက်ထားတဲ့ ကျမတို့ရဲ့ စေတနာတွေ.............ဆိုလိုတာက သူတို့ မလွတ်နိုင်ဘူးဆိုတာ သူတို့ သိတာပါဘဲ ၊ ဒါပေမယ့် တရားရုံးမှာ သူတို့အတွက် တစ်ယောက်ယောက်ကလာပြီး ကာကွယ်ပြောဆိုပေးတယ်ဆိုတာ သိရတာ သူတို့ ကျေနပ်တယ် ။ ဥပဒေအကူအဖွဲ့ကို မဖွဲ့ခင်တုန်းက အဲဒါမျိုး မရှိခဲ့ပါဘူး ။ ဒီလိုနဲ့  ကျမတို့ဘက်က သတ္တိကောင်းတဲ့ ရှေ့နေတွေ နည်းနည်းလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို  ကာကွယ်ပေးခဲ့တယ် ။
                   ကျမတို့ဘက်က တစ်မှုမှတော့ မနိုင်သလောက်ပါဘဲ ။ ဥပဒေအကူအဖွဲ့က ကိုင်ခဲ့တဲ့ ထောင်ပေါင်းများစွာသော အမှုတွေထဲမှာ ကျမတို့နိုင်ဖူးတာဆိုလို့ တကယ့်ကို တစ်ခုတည်း ရှိပါတယ် ။ ။ အဲဒီအမှုမှာ တရားသူကြီးက အမျိုးသမီးပါ.....အမျိုးသမီးဖြစ်နေလို့ဘဲ ထူးသွားတာလား မသိပါဘူး ။ ဒါပေမယ့် ကျမတို့လူကို လွှတ်လိုက်ပြီးတော့ သူလည်း နယ်ကို အရွှေ့ခံရတာပါဘဲ ....ကျမတို့အတွက် တရားမျှတမှုဆောင်ကျဉ်းပေးတဲ့ အတွက် အပြစ်ပေးခံရတဲ့သဘောပေါ့ ။
  •                           ဒီလိုနဲ့ ရှေ့ဆက်သွားရင်း ကျမတို့ သိလာရတာက တရားဥပဒေစိုးမိုးမှုမရှိဘဲ ကျမတို့တိုင်းသူပြည်သားတွေဟာ ဘယ်တော့မှာ အကြောက်တရားက လွတ်မှာ မဟုတ်ဘူးဆိုတာပါဘဲ  ။ သူတို့ဘာအမှားမှ မလုပ်ရင်တောင် သူတို့ကို '' တိုင်းပြည်ရဲ့ ဥပဒေ ''  ဆိုတာတွေနဲ့ ချုပ်နှောင်လို့ ရနေတာကြောင့် အမြဲတမ်းကြောက်နေရမှာပါဘဲ ။ ဒီလိုနဲ့ဘဲ တရားဥပဒေ စိုးမိုးမှုရဲ့ အရေးကြီးပုံကို ကျမတို့ဟာ နေ့စဉ်ဘ၀ကနေ သိခဲ့ရတယ် ။
                                ကျမတို့လူတွေမြောက်များစွာဟာ အဲဒီအချိန်တုန်းက သေးငယ်လွန်းတဲ့ အမှုတွေအတွက် အဖမ်းခံခဲ့ရတယ် ၊  ဥပမာ  စစ်အစိုးရက အန္တရာယ်များတယ်လို့ သတ်မှတ်ထားတဲ့  ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ဖြန့်ဝေတာမျိုးနဲ့ပေါ့ ။ တကယ်တော့ ကျမတို့ NLD က လူ့အခွင့်အရေးဆိုတာဘာလဲဆိုတာကို ပြည်သူတွေ သိအောင်လုပ်ပေးခဲ့တာပါ ။ ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်ဟာ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းပြည်တစ်ခုဖြစ်တယ် ။ တကယ်လည်း အဲဒီအချိန်တုန်းက စစ်အစိုးရက ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို တတ်နိုင်သလောက် ဖြန့်ဝေပေးဖို့ ကုလသမ္မဂနဲ့ သဘောတူညီထားခဲ့တယ် ။
 
  •                       ဒီတော့ ကျမတို့ လုပ်နေတာတွေဟာ စစ်အစိုးရက သဘောတူလုပ်ဆောင်နေတဲ့ အရာတွေပါဘဲ ....ဒါပေမယ့် အဲဒီ ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းကို ကော်ပီကူးပြီး ဖြန့်ဝေရုံလေးနဲ့ ကျမတို့လူတချို့အဖမ်းခံခဲ့ရတယ်။ ဒါကြောင့် ကျမတို့အတွက်တော့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဒွန်တွဲနေပါတယ် ။ ကမ္ဘာ့ကုလသမ္မဂကြေငြာစာတမ်းအဖွင့်မှာလည်း ပါပါတယ် ....... လူ့အခွင့်အရေးတွေကို တရားဥပဒေစိုးမိုးမှုနဲ့ ကာကွယ်ပေးရမယ် လို့ပါ ။ ကျမတို့အနေနဲ့လည်း ဒါဟာ တကယ်လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိရင် လူ့အခွင့်အရေးဆိုတာ မရှိပါဘူး ။


  •                      NLD က ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်လို့ ပြီးခဲ့တဲ့ ဧပြီလက ဆုံးဖြတ်ပြီး ရွေးကောက်ပွဲ ဦးတည်ချက်တစ်ခုအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ထည့်သွင်း သတ်မှတ်ခဲ့တယ် ။ တကယ်တော့ရွေးကောက်ပွဲ ဦးတည်ချက်က  တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသား ပဋိပက္ခတွေ ငြိမ်းချမ်းသွားဖို့ရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ဖို့ရယ်ဆိုပြီး သုံးချက်ရှိပါတယ် ။
                          တချို့ကလည်း မေးကြတယ် ......တရားဥပဒေစိုးမိုးရေးကို တိုင်းရင်းသားကိစ္စရှေ့က ထားလို့ ကောင်းပါ့မလားတဲ့ ။ အဲဒါကို လက်တွေ့ကျကျပြောရရင် တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ တိုင်းရင်းသားပဋိပက္ခကို ငြိမ်းသွားအောင် လုပ်လို့မရပါဘူး။ တရားဥပဒေအတိုင်း ဖြစ်ရရုံမကဘဲ အဲလိုဖြစ်တာကိုပါ  သိသာမြင်သာစေပါ့မယ်ဆိုတာကို တိုင်းရင်းသားတွေကို ကတိမပေးနိုင်သရွေ့ကတော့ သူတို့ဘက်ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိတ်ချလက်ချ ယုံကြည်မှုရှိရှိ ပါဝင်နိုင်မှာ မဟုတ်ပါဘူး ။ ဒီတော့ တရားဥပဒေစိုးမိုးမှုဟာ မြန်မာပြည်ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို သွားရာမှာ ပထမဆုံးခြေလှမ်းပါဘဲ ။ ကျမတို့ရဲ့ နေ့စဉ်ဘ၀ကို အုပ်ချုပ်နေတာဟာ တရားဥပဒေစိုးမိုးရေးဆိုတာ   ကျမတို့ ခံရဖူးတဲ့ အတွေ့အကြုံအရ သိပါတယ် .....။
  •                     အဲဒီမှာမှ မရားတဲ့ဥပဒေတွေ ဖြစ်နေပြန်ရင်လည်း ကျမတို့ဟာ နေ့စဉ်နှင့်အမျှ မတရားသဖြင့် အအုပ်ချုပ်ခံဖြစ်ရဦးမှာပါဘဲ ။ အခုပြောခဲ့တဲ့ Section 5 တို့  Section 10 တို့ ဆိုတာ အစကတည်းက ကျင့်သုံးခဲ့ဖို့ မကောင်းတဲ့ ဥပဒေတွေပါ ။ အဲဒီ ဥပဒေတွေကို ဥပဒေကိုယ်ထည်ကြီးတစ်ခုလုံးကကို အပြီးအပိုင် ထုတ်ပစ်တာမျိုးကိုဘဲ ကျမတို့လိုလားပါတယ် ။ ခုထိတော့ ဖြစ်မလာသေးပါဘူး ။ လွှတ်တော်အတွင်းကနေ ကျမတို့ အပြင်းအထန်ကြိုးစားနေပါတယ် ။ ဒါပေမယ့် ကျမတို့ဟာ လွှတ်တော်ထဲမှာ လူနည်းစုဘဲ ရှိသေးတယ် ဆိုတာကိုတော့ မမေ့စေချင်ပါဘူး ။ ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို မရစေတဲ့ ၊ အာဏာပိုင်တွေက လိုသလို အလွဲသုံးစားလုပ်တဲ့ ဒီဥပဒေတွေကို ဖယ်ပစ်မှ ရပါမယ် ။ ဒီဥပဒေတွေနဲ့ ဘယ်သူ့ကို မဆို စွဲချက်တင်လို့ ရပါတယ် ။  လူတစ်ယောက်ဟာ အဖျက်သမား ဆိုတာ ဘာကို အတိအကျဆိုလိုတာလဲ ။ ကျမဟာ အဖျက်သမားဟုတ်၊ မဟုတ်ဆိုတာ ဘယ်လို သက်သေပြမှာလဲ ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ကျမဟာ အဖျက်သမား ၊ ကျမဟာ တိုင်းပြည်အေးချမ်းတည်ငြိမ်နေမှုကို နှောင့်ယှက်သူ ဆိုပြီး ပြီး သူတို့ဟာသူတို့ ဆုံးဖြတ်တယ် ၊ ကျမကို နှစ်ပေါင်းများစွာကြာအောင် အကျယ်ချုပ်ထားနိုင်တယ်ဆိုတာကိုလည်း သူတို့ဘဲ ဆုံးဖြတ်တယ် ။ ဒီလိုနဲ့ဘဲ ပထမအကြိမ်က ၆  နှစ် ၊ ဒုတိယအကြိမ်က ၂  နှစ် ၊ နောက်ဆုံးအကြိမ်ကတခါ  ၆  နှစ် အကျယ်ချုပ်မှာ နေလိုက်ရပါတယ် ။
 
  •                       ထောင်ထဲက ကျမ လုပ်ဖော်ကိုင်ဖက်ပါတီဝင်တွေထက်စာရင် ကျမရဲ့ အိမ်အကျယ်ချုပ်က အများကြီးသက်သာပါသေးတယ် ။ သူတို့ကို ထောင်ထည့်ပို့လိုက်တဲ့ Section 5 ဆိုတဲ့ ဥပဒေကလည်း လူ့အခွင့်အရေးချိုးဖောက်ရာမှာ အတူတူပါဘဲ ။ အဲဒီ Section 5 မှာ ခပ်ဆန်းဆန်း အပိုင်းလေးတစ်ပိုင်းကလည်း ပါသေးတယ် .....အဲဒါကတော့ နိုင်ငံတော်အစိုးရကို အကြည်ညိုအချစ်ခင်ပျက်စေသူကို Section 5 နဲ့ ချလို့ ရသတဲ့ ။ ( ရယ်သံများ ) ဒီတော့ ကျမမေးချင်တာက တစ်စုံတရာအပေါ်  လူတစ်ယောက်ရဲ့  ချစ်ခင်မှု လျော့သွားစေတယ်ဆိုတာကို ဘယ်လို တိုင်းတာဆုံးဖြတ်ပါသလဲ ။ အင်မတန် မသေချာ မရေရာတဲ့ ဥပေဒဆိုတော့ ဘယ်သူ့ကိုမဆို အဲဒီအောက်မှာ ဆွဲထည့်ပစ်လို့်ရနေတယ် ။ ဒါကြောင့်ဘဲ ကျမတို့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ Rule of Law ဆိုတာကို ရှေ့ဆုံးက တင်ပြီး ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပါဘဲ ။

  •                     ရွေးကောက်ပွဲမှာ ၄၄ နေရာမှာ ကျမတို့က ၄၃ နေရာနဲ့ နိုင်ခဲ့ပြီး လွှတ်တော်ထဲ ရောက်လာပါတယ် ။ အဲဒီထဲရောက်ပြီးကတည်းက ကျမကို လွှတ်တော်ဥက္ကဌက ''   တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ  ''  မှာ ဥက္ကဌလုပ်ခွင့်ပေးပါတယ် ။ ( ရယ်သံများ ) ။ ရှင်တို့ ရယ်ကြမယ်ဆိုတာ ကျမသိပါတယ် ။ ကျမအဲလို  Rule of Law and Tranquility Committee    လို့ ပြောရင် လူတိုင်း ပြုံးတတ်ကြတယ်။...........ဒါပေမယ့် ရှင်တို့ တွေးမိတာလေးက ကောင်းတဲ့အတွေးပါ  ( ရယ်သံများ ) ။
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ( ဓါတ်ပုံ-ကိုမောပြေ)
  •                         တိုင်းပြည်ထဲမှာ ဥပဒေစိုးမိုးရေးကို တကယ်ကျင့်သုံးစေဖို့ ခြေလှမ်းတစ်ရပ်အနေနဲ့ ကျမတို့ဟာ အငြိမ်းစားယူထားတဲ့ တရားသူကြီးတွေ ၊ အတွေ့အကြုံရင့်တဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးပွဲ လုပ်ခဲ့ကြတယ် ။ တိုင်းပြည်ထဲမှာ ဥပဒေပြန်စိုးမိုးလာစေဖို့ ဘာတွေလိုအပ်မလဲဆိုတာ သိအောင်ပါ ။
                           '' ပြန်စိုးမိုးလာဖို့ '' ဆိုတဲ့ စကားကို သုံးရတာက အရင်တုန်းက နိုင်ငံတွင်းမှာ ဥပဒေစိုးမိုးမှု ရှိခဲ့ပါတယ် ။ တရားသူကြီးဟောင်းတွေ ရှေ့နေဟောင်းတွေထဲက တစ်ယောက်က လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာပြည်သူတွေ ခံစားခွင့်ရဖူးတဲ့ လွတ်လပ်ညီမျှတဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို ပြောပြပါတယ်....။ အဲဒီတုန်းက ကျမတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး တရားရေးဘက်မှာ အတော်ကို လွတ်လွတ်လပ်လပ် ရှိပါတယ် ။
  •                       မြန်မာ့တရားရေးမဏ္ဍိုင်ရဲ့ သမိုင်းကို ဖတ်ချင်ရင် Yale တက္ကသိုလ် Law School မှာ တက်သွားတဲ့ ဒေါက်တာမောင်မောင်ရဲ့ စာအုပ်ကို ဖတ်လို့ပါတယ် ။ သူက မြန်မာပြည်မှာ ပထမဆုံးအာဏာသိမ်းမှုမတိုင်ခင်ကာလက Yale Foundation က  စကောလာရပြီး နှစ်နှစ်လောက်  ပညာသင်ခွင့်ရခဲ့သူပါ ။ သူက ၁၉၈၈ အရေးအခင်းနောက်ပိုင်းမှာ မြန်မာပြည်သမ္မတ ခဏလေး ဖြစ်လိုက်ပါသေးတယ် ။ ဒါပေမယ့် ရာထူးမှာတော့ မကြာခဲ့ပါဘူး ။ သူ့စာအုပ်မှာ တချိန်တခါက ရှိခဲ့ဖူးတဲ့  မြန်မာပြည်ရဲ့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်အကြောင်းကို တွေ့နိုင်ပါတယ် ။
ဒေါက်တာမောင်မောင် ( မြန်မာနိုင်ငံသမ္မတ 19 August 1988 – မှ 18 September 1988 ထိ )
  •                       ဒါပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တော့ ဒီလွတ်လပ်မျှတမှုလည်း ပျောက်သွားခဲ့ရတယ် ။ ရှေ့နေကြီးတွေ တရားသူကြီးဟောင်းတွေက ဒီလွတ်လပ်မျှတမှုကို ပြန်ရှင်သန်စေချင်ကြတယ် ။ တကယ်လည်း ဒါဟာ အရမ်းအရေးကြီးတဲ့ အချက်တစ်ခုပါဘဲ ။ ဘာကြောင့်လည်းဆိုတော့ စစ်အုပ်ချုပ်ရေးအောက်မှာ တရားရေးဌာနဟာ အစိုးရတွင်းအုပ်ချုပ်သူများလက်အောက်ကို လုံးဝကျရောက်နေခဲ့တယ် ။ နိုင်ငံရေးသမားတွေကို စစ်ဆေးတဲ့အခါမျိုးတွေမှာ တရားသူကြီးမင်းတွေဟာ စာအိတ်ကလေးတစ်ခုသူတို့ ရှေ့ကိုရောက်လာဖို့ ပေါ်တင်ဘဲ စောင့်ကြပါတယ် ......အဲဒီစာအိတ်ကလေးထဲမှာမှ တရားခံကို ဘယ်နှစ်နှစ်ချပါဆိုတဲ့ အမိန့်ပါတာကိုး ။ အဲဒီတော့မှ အဲဒီအမိန့်မှာ ပါတဲ့ နှစ်အတိုင်း တရားသူကြီးက ဘယ်နှစ်နှစ်ဆိုပြီး အမိန့်ချတာ ။

  •                     ကျမတို့ပါတီဝင်တွေကို ကျမတို့မှာ သင်တောင် သင်ထားရတယ်......လာဖမ်းတဲ့လူတွေကို ဘာအတွက်နဲ့ ဖမ်းတာလဲ ဆိုတာရယ် ၊ ဖမ်းမိန့်ပါရဲ့လား ဆိုတာရယ် မေးဖို့ ပါ ။ ကျမတို့ ပါတီဝင်တစ်ယောက်ဆိုရင် လာဖမ်းတော့ ဖမ်းတဲ့လူတွေကို မေးတယ် .........ဖမ်းဝရမ်းပါသလား ၊ ဘာအမှုနဲ့ ဖမ်းတာလဲ ပေါ့ ။  အဲဒီတော့ လာဖမ်းတဲ့လူကပြန်ဖြေတယ် '' ခင်ဗျား ဘာတွေ ရယ်စရာလာပြောနေတာလဲ ။ ခင်ဗျား ထောင်ဘယ်နှစ်ကျမယ်ဆိုတာတောင် ကျုပ်တို့ ဆုံးဖြတ်ပြီးပြီ ''  တဲ့ ။ ( ရယ်သံများ )
 
  •                       မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးမှုဆိုတာ ဒါပါဘဲ.... ။ အဲဒီလာဖမ်းတဲ့သူက ဒီလိုကိစ္စမျိုးဟာ သူတို့အတွက် လုပ်ဖို့ အခွင့်အရေးအပြည့်အ၀ရှိတယ်လို့ လုံးဝယူဆထားတယ် ။ သူပြန်ဖြေတာကလည်း တကယ်တော့ တရားဥပဒေအတိုင်းလုပ်ဖို့ဆိုတဲ့ မိုက်မိုက်မဲမဲ အလုပ်တွေကို လျှောက်လုပ်မနေနဲ့ ဆိုပြီး  ကျမတို့အဖွဲ့ဝင်သိအောင် ပြောပြရုံလေးဘဲ ....မြန်မာပြည်မှာ  ဥပဒေဆိုတာ အာဏာရှိသူအတွက်သာ အလုပ်လုပ်ပေးတာ မဟုတ်လား ။ အဲဒါကဘဲ ကျမတို့မြန်မာပြည်သူပြည်သားတွေအတွက် Rule of Law   မရှိမှု ဆိုတာ ဘာလဲလို့ ဖော်ပြနေတာဘဲ ။ ဥပဒေဆိုတာ အာဏာရှိသူအတွက်သာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်ဖို့ မဟုတ်ဘူး ။ ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ရှိမနေဘူး ။ စစ်အစိုးရကလည်း ဒီမိုကရေစီအခွင့်အရေးတွေဆိုတာကို ယုံတာမှ မဟုတ်တာလေ ။

  •                     ဒါပေမယ့် အခု ကျမအနေနဲ့ ဥပဒေစိုးမိုးရေးကော်မတီရဲ့ ဥက္ကဌဖြစ်လာပြီးဆိုတော့ ပြည်သူလူထုယုံကြည်မှုကို ရတဲ့ တရားရေးမဏ္ဍိုင်တစ်ခုကို ပြန်တည်ဆောက်ဖို့ လက်တွေ့လုပ်ဆောင်မှုတွေကို လုပ်ရပါမယ် ။ ကျမတို့ မြန်မာနိုင်ငံသားတွေက တရားဥပဒေကို ယုံမှ မယုံကြတော့တာလေ ။ ဒီမိုကရေစီဆိုတာ အစိုးရအာဏာပိုင်တွေရယ် ၊ လွှတ်တော်ရယ်နဲ့ တရားရေးမဏ္ဍိုင်ဆိုတဲ့ အကိုင်းအခက် ( ၃ ) ရပ်ကြားမှာ မျှအောင် ရပ်တည်ရတာပါ ။ အခုကျမတို့မှာ မယ်မယ်ရရပြောဖို့ တရားရေးမဏ္ဍိုင်ဆိုတာတောင် မရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ စစ်အစိုးရလက်အောက်မှာ တရားရေးမဏ္ဍိုင်ဟာ စိစိညက်ညက်ကြေအောင် အလုပ်ခံလိုက်ပြီလေ ။
 
  •                  ခုနကပြောတဲ့ အစည်းအဝေးမှာ ကျမတို့ရဲ့ အကြံပေးတချို့ ပြောတာက လွှတ်လပ်မျှတတဲ့ တရားရေးမဏ္ဍိုင်ကို ပြန်လည်တည်ဆောက်ယူဖို့ အကောင်းဆုံးနည်းလမ်းက တရားသူကြီးအလောင်းအလျာတွေကို သင်ကြားပေးဖို့ဘဲ တဲ့ ။ ရှေ့နေဟောင်းကြီးတစ်ယောက်ပြောတယ် ......မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုမရှိတာဟာ ဥပဒေရေးရာမှာ ကျွမ်းကျင်တဲ့ ပညာရှင် ရှေ့နေတွေ မရှိတော့လို့ဘဲ လို့ ဆိုပါတယ် ။ ဒါကြောင့်ဘဲ မြန်မာနိုင်ငံက တရားရုံးတွေမှာ လာဘ်စားမှုတွေ အကြီးအကျယ်ရှိနေတာပေါ့ လို့လည်း ပြောပါတယ် ။ ဒါကြောင့် ပညာတတ်ရှေ့နေတွေကို မွေးထုတ်ပေးမှဘဲ လက်ရှိအခြေအနေကို ကယ်တင်နိုင်မယ်လို့လည်း သူက ဆိုပါတယ် ။ ကျမကတော့ အဲဒီလို တွေးတာဟာ သိပ်ရိုးစင်းလွန်းတယ်လို့ ထင်ပါတယ် ။ နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုတွေကိုပျောက်အောင်လုပ်ဖို့ ဆိုတာ အဲလောက် မလွယ်ပါဘူး ။ အကျင့်ပျက်နေပြီးတဲ့ တရားသူကြီးတွေဟာ Yale တက္ကသိုလ်လိုနေရာက စပယ်ရှယ်သင်တန်းတွေ လာတက်ရုံနဲ့ အကျင့်ပြန်ကောင်းသွားမှာမှ မဟုတ်တာ ( ရယ်သံများ )
 
  •                   ဒီတော့ ဒါဟာ ပညာကောင်းကောင်းတတ်တာတစ်ခုတည်းနဲ့ မဆိုင်ပါဘူး ။  သဘောထား attitude ၊ စိတ်ထား mindset တွေနဲ့လည်း ဆိုင်တဲ့ ကိစ္စဖြစ်တယ် ။ နှစ်ပေါင်းများစွာကြာအောင် တရားသူကြီးတင်မကဘူး .....သာမန်ဝန်ထမ်းတွေကလည်း အရမ်းကို အကျင့်ပျက်ခြစားနေလာခဲ့ကြတယ် ။ အကျင့်ပျက်ရတဲ့ အကြောင်းကို စပြောရရင် လစာမလောက်တာက စတာဘဲ ။ ဒီတော့ လူလူသူသူနေနိုင်ဖို့ အရေး ၊ ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ အရေးတွေအတွက် လာဘ်ကို တောင်းကြတော့တာဘဲ ။ ရလည်း ရကြတယ်လေ ။ ဒီတော့ အဲလို အကျင့်ပျက်ခြစားတဲ့ ဘ၀နဲ့ ရင်းနှီးလာတဲ့လူဟာ သန့်ရှင်းတဲ့ လမ်းကြောင်းကို ပြန်လှည့်ဖို့ဆိုတာ မလွယ်တော့ဘူး။
 
  •                    ဟိုးအရင်က လခမဆိုးတဲ့ ၀န်ထမ်းတစ်ယောက်ဟာ လူတန်းစေ့နေနိုင်တယ် ။ သူ့မှာ နေဖို့ အိမ်ရှိတယ် ၊ စီးဖို့ကားရှိတယ် ။ ကလေးတွေကို ကျောင်းကောင်းကောင်း ထားနိုင်ခဲ့တယ် .။ သူနေတဲ့ ပတ်ဝန်းကျင်မှာ လေးစားခံရတယ် ။ ဟိုအရင်ခေတ်က ၀န်ထမ်းရဲ့ ဘ၀ဟာ ဒီလောက်ပါဘဲ  ။ လာဘ်ပေးလာဘ်ယူခေတ်အတွင်းကျတော့ တချို့သော အစိုးရ၀န်ထမ်းတွေဟာ သိပ်ချမ်းသာလာကြတယ် ၊ အိမ်တွေများစွာပိုင်လာတယ် ။ ကားတွေတစ်စီးထက်မက ရှိလာတယ် ။ ကလေးတွေဆိုလည်း သူများမရတဲ့ အခွင့်အရေးမျိုးမျိုးကို ခံစားရတယ် ။ ဒီတော့ ဒီလူတွေကို လမ်းဟောင်းကို ပြန်သွားဖို့ မျှော်လင့်ရမှာ  သိပ်မလွယ်ပါဘူး ။ အခုနေအခါ သူတို့ကို လုံလောက်တဲ့ လခတစ်ခုပေးရင်တောင်မှ....လခဆိုတာ လူတန်းစေ့နေနိုင်မယ့် လခမျိုးပေါ့လေ .....သူဌေးလခမျိုးတော့ မဟုတ်ဘူးပေါ့ ......အဲလို လူလူသူသူနေနိုင်မယ့် လခမျိုးပေးရင်တောင်မှ သူတို့ ကျေနပ်မှာ မဟုတ်ဘူး ။ ဘာကြောင့်လည်းဆိုတော့ အကျင့်ပါသွားပြီလေ ။
 
  •                      ဒီတော့ သူတို့ကို  reeducation လုပ်ပေးရမယ်ဆိုတာ ပြန်လည် ပညာသင်ပေးခြင်းတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘူး ။ သဘောထား attitude တွေ ၊ စိတ်ထား mindset တွေကိုလည်း reeducation လုပ်ပေးရမယ် ( ပြန်လည်လေ့ကျင့်ပျိုးထောင်ပေးရမယ် ) ။ ဒီလို ဇိမ်ကျနေတဲ့ ဘ၀တွေနဲ့ အကျင့်ပါနေတဲ့သူတွေကို သင့်တော်တဲ့ စားဝတ်နေရေးတစ်ခုနဲ့ လူရိုသေ ရှင်ရိုသေပြီး သန့်ရှင်းတဲ့ ဘ၀တစ်ခုကို နေတတ်ဖို့ ဘယ်လို သင်ပေးကြမလဲ ...... ဒါဟာ တကယ်ခက်တဲ့ အလုပ်ပါဘဲ ။
                        အဲဒီမှာတခါ Rule of Law ဆိုတာ ပါလာပြန်ပါတယ် ။ သင့်တော်တဲ့ အရေးယူမှုတွေဆိုတာ လုပ်ကို လုပ်ရမယ် ။ '' မင်းတို့ကို အခု သင့်တော်တဲ့ လခတစ်ခုပေးမယ် ၊ ဒါနဲ့ မျှတအောင်နေ '' လို့ ဆိုရုံနဲ့ မလုံလောက်တော့ပါဘူး ။ အကျင့်ပျက် ၀န်ထမ်းတွေ ၊ အကျင့်ပျက်တရားသူကြီးတွေကို အရေးယူမယ့် ဥပဒေတွေ ကျမတို့မှာ ရှိရပါမယ် ။ ဒီတော့ တရားဥပဒေစိုးမိုးမှုကနေ နောက်ထပ်တရားဥပဒေစိုးမိုးမှုတစ်ခုကို မွေးဖွားသွားပေးပါလိမ့်မယ် ။ ကျမတို့ဟာ တရားရေးဘက်ကလူတွေကို ဥပဒေကို လိုက်စားလေးနာစေခြင်းအားဖြင့် ဒီလုပ်ငန်းကို စတင်ရမှာဖြစ်တယ် ။ ဒါသိပ်တော့ လွယ်မယ့် ကိစ္စမဟုတ်ပါဘူး ။ တရားရေးဘက်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကျမတို့မှာ အကူအညီလိုပါတယ် ။
 
  •                           ကျမတို့ ကော်မတီက ပထမခြေလှမ်းအနေနဲ့ တရားရုံးမှာ တကယ်ကျင့်သုံးနေတာတွေဟာ ဘာတွေလဲဆိုတာကို သိဖို့ အမှုသုံးခုကို လေ့လာကြည့်ခဲ့ပါတယ် ။ တရားသူကြီးက ဘယ်လို ကျင့်ကြံသလဲ ၊ အစိုးရရှေ့နေက ဘယ်လို ပြုမူသလဲ ၊ အမှုသည်တွေက ဘယ်လို တရားမျှတမှုမျိုးကို မျှော်လင့်သလဲ စသည်ဖြင့်ပေါ့ ။ ဒီလို လက်တွေ့အလုပ်တွေကို ကျမတို့ လုပ်မှလည်း နောက်ပိုင်းမှာ သက်ဆိုင်ရာဌာနတွေကို အကြံပေးလို့ရမှာပါ ။ ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ အစိုးရရှေ့နေရုံး ၊ ပြည်ကြားရေးဌာန ....ဒါတွေအကုန်လုံးဟာ မြန်မာပြည်မှာ ကျမတို့ Rule of Law ကို တည်ဆောက်ဖို့အတွက် အင်အားစိုက်ထုတ်ရမှာပါ ။
                             ဒါကိုသာလုပ်နိုင်ရင် ကျမတို့တိုင်းပြည်အတွက် အကြီးအကျယ်အောင်မြင်မှုတစ်ခုကို ရမှပါဘဲ ။ ဥပဒေစိုးမိုးမှု တိုင်းပြည်တွင်းမှာ ရှိပြီလို့ ပြောလာနိုင်တဲ့တစ်နေ့ကျရင်  ဒီမိုကရေစီလမ်းစဉ်ဟာလည်း အောင်မြင်ပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ် ။ အဲဒီမရောက်သေးသရွေ့ကတော့ အောင်မြင်ပြီလို့ ပြောလို့ မရနိုင်ပါဘူး ။ ကျမတို့ အခု လွှတ်တော်ထဲမှာ ဥပဒေတွေကို ပြုနေရုံနဲ့ မပြီးသေးပါဘူး ။ ဒီဥပဒေတွေဟာ မှန်ကန်မျှတမှု ရှိရမယ် ၊ မှန်ကန်မျှတမှု ရှိနေရုံနဲ့လည်း မပြီးသေးဘဲ လေးစားလိုက်နာမှု ရှိရဦးမှာ ဖြစ်တယ် ။ သင့်တော်တဲ့ လမ်းစဉ်ရှိရမှာ ဖြစ်သလို မျှတတဲ့ ဥပဒေတွေလည်း ရှိရမယ် ။
 
  •                             အဲဒီအချိန်ထိ မရောက်သေးသရွေ့ကတော့ ကျမတို့ဟာ စိတ်ချရတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ပြီလို့ ပြောလို့ မရသေးပါဘူး ။ လူတွေက ကျမကို မေးလေ့ရှိကြတယ် ၊   '' နောက်ပြန်မလှည့်မယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလား ''  တဲ့ ။ ကျမကတော့ မရောက်သေးဘူး လို့ဘဲ ဖြေပါတယ် ။
                              ဘာကြောင့်လည်းဆိုတော့ အရင်ဆုံးပြောရရင် အခြေခံဥပဒေက ကြားထဲ ခံနေတယ် ။ အခြေခံဥပဒေက စစ်တပ်ကို လွန်လွန်ကဲကဲ အာဏာတွေ အပ်နှင်းထားတယ် ။ စစ်တပ်က ဒီအာဏာတွေ ပိုင်ဆိုင်နေသမျှ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်လို့ ကျမတို့ပြောလို့ မရပါဘူး ။
                                ဒါကြောင့်ဘဲ ကျမတို့က တရားဥပဒေစိုးမိုးရေးရယ် ၊ တိုင်းရင်းသားပဋိပက္ခတွေ အဆုံးသတ်ရေးရယ် ၊ အခြေခံဥပဒေကို ပြင်ဆင်ရေးရယ် သုံးချက်ကို ဒွန်တွဲထားတာပါ ။ ဒါတွေအားလုံးဟာ ဆက်စပ်နေပါတယ် ။ ဒီမိုကရေစီကို ပြန်လည်ရချင်တယ်ဆိုရင် ဒီသုံးခုကို ရကို ရမှဖြစ်မယ် ။ ဒီသုံးခုမှာ တစ်ခုမရှိရင် နောက်နှစ်ခုလည်း အလုပ်မဖြစ်ပါဘူး ။ အခြေခံဥပဒေကို မပြင်ဘဲ ဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသားငြိမ်းချမ်းရေးဆိုတာမရနိုင်သလို ဥပဒေစိုးမိုးမှုမရှိဘဲနဲ့ တခြားနှစ်ခုကိုလည်း မရနိုင်ပါဘူး ။ ဒီလို ဆက်စပ်နေတာကြောင့်လည်း ကျမတို့ဟာ ဥပဒေစိုးမိုးရေးကို ပြန်ရဖို့ဆိုတာကို အရမ်းကို အလေးထားဆောင်ရွက်နေကြတာပါဘဲ ။ ဒါဟာ ဘာကိုဆိုလိုတာလည်းဆိုတော့ ကျမတို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ ဥပဒေဘောင်အတွင်းမှာ ဒီထက်ပိုပြီး လုံခြုံစိတ်ချစွာနေလို့ရရပါမယ် ။

                               ''  တရားဥပဒေစိုးမိုးမှု Rule of Law ''  ဆိုတာ '' ဥပဒေနဲ့ အုပ်ချုပ်ခြင်း Rule by Law ''   ဆိုတာနဲ့ မတူမှန်း ဒီက ဥပဒေကျောင်းသားတွေကို ရှင်းပြနေစရာမလိုဘူးလို့ ကျမထင်ပါတယ် ။ ဥပဒေတွေချည်းရှိရုံနဲ့ မရဘဲ မျှတတဲ့ ဥပဒေ  Just Laws တွေလည်း ရှိဦးမှ ဖြစ်မှာပါ ။
  •                            ဒီတော့ မြန်မာပြည်ဟာ လမ်းအစမှာဘဲ ရှိပါသေးတယ် ။ ပြီးတော့ ဒီလမ်းဟာ ကျမတို့ သွားရမယ့် အခက်ခဲဆုံးလမ်းတစ်လမ်းဆိုတာကိုလည်း ကျမ မကြာခဏ သတိပေးပါတယ် ။ လူတော်တော်များများက တကယ့်အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့ပြီ လို့ ထင်ကြပါတယ် ။ ကျမကတော့ အဲဒီလို ပြောလို့ ရမယ်မထင်ပါဘူး ။ အဲဒီ အပြောင်းအလဲကောင်း  breakthrough  ကြီးကို  ရဖို့ အခွင့်အရေးပေးခံရတာပါ ။ ဒါကြောင့်  ကျမကတော့ အဲဒီ အပြောင်းအလဲကောင်းကြီးကို  '' ရနိုင်တယ် ''  လို့ဘဲ ပြောပါတယ် ။ ရသေးတာမဟုတ်သေးပါဘူး ။ ရအောင်လုပ်ဖို့ အခွင့်အရေးရတာဘဲ ရှိပါသေးတယ် ။
 (  နိဂုံးပိုင်း ကိုပါ publish လုပ်ထားပြီး ဖြစ်ပါသည် ။ သိပ်မရှည်ပါဘူး..........ဒီပဲရင်းအရေးအခင်းရယ် ၊ နောက်ပြီး မြန်မာတွေ ဒီမိုကရေစီလမ်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်လို စိတ်ထားသင့်တယ်ဆိုတဲ့အကြောင်းတွေပါတယ် ။ သိထားရန် သင့်သော မိန့်ခွန်းမို့လို့  ဖတ်ဖြစ်အောင်  ဖတ်ကြပါ သူငယ်ချင်းတို့ ။ Link ကို အောက်က comment မှာ ထည့်ပေးထားတယ် ။  )


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/30/2012 12:24:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ