[mrsorcerer:32696] Leonid Rogozov

Leonid Rogozov

Leonid Rogozov သည် ရုရှားနိုင်ငံသား ဆရာဝန်တစ်ဦး ဖြစ်ပါသည်။ ၁၉၃၄
ခုနှစ်၊ မတ်လ ၁၄ -ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၆၀-၁၉၆၁ ရုရှနိုင်ငံမှ
သိပ္ပံပညာရှင်များနှင့်အတူ အတ္တလန္တိတ်တိုက်ရှိ သုတေသနစခန်းသို့ သွားရောက်
တာဝန်ထမ်းဆောင်ခဲ့သည်။

အတ္တလန္တိတ်တိုက်ရှိ ရုရှားသုတေသနစခန်း Novolazare- vskaya Station တွင်
တာဝန်ထမ်းဆောင်နေသော ကာလ ၁၉၆၁ မတ်လတွင်၊ အတ္တလန္တိတ်တွင်
ဆောင်းရာသီဆီနှင်းများ ထူထပ်စွာကျဆင်းပြီး၊ ရာသီဥတု ဆိုးဝါးသောကြောင့်
နိုင်ငံနှင့် အဆက်သွယ်ပြတ်သွားခဲ့သည်။ စုစုပေါင်း သုတေသနပညာရှင် ၁၂ –
ဦးသည် ခက်ခဲပင်ပန်းစွာ ရပ်တည် ခဲ့ရသည်။ ဧပြီ လတွင် Leonid Rogozov သည်
အူအတက်ရောင်ရမ်းခြင်းကြောင့်၊ ဝေဒနာပြင်းစွာ ခံစားခဲ့ရသည်။

ဆရာဝန် တစ်ဦးတည်းရှိသောနေရာတွင် ဆရာဝန် ကိုယ်တိုင် အူအတက်ရောင်ခြင်း
ဝေဒနာ ခံစားနေရသည်။
အူအတက်ရောင်သည်ဖြစ်ကြောင်း ကိုယ်တိုင် ရောဂါသတ်မှတ်ပြီး၊ ဧပြီ ၃၀ ရက်
၁၉၆၁ ခုနှစ်တွင် မိမိရောဂါ ဝေဒနာကို ကိုယ်တိုင်ခွဲစိတ်ကုသခဲ့သည်။
ခွဲစိတ်မှုကို ည ၁၀ နာရီတွင် စတင်ခဲ့သည်။ ကားမောင်းသမားနှင့်
မိုးလေ၀သပညာရှင်တစ်ဦးတို့မှ အကူညီပေးသော ခွဲစိတ်ကုသမှုသည်
ကမ္ဘာဆေးပညာသမိုင်းတွင်ခဲ့သည်။

သူတို့သည် Rogozov ၏ ခွဲစိတ်မှု လွယ်ကူစေရန်အတွက် မှန်ထောင်ပြခြင်း၊
ခွဲစိတ်ကိရိယာများ ကူညီကမ်းပေးခြင်းများဖြင့် ကူညီကြသည်။
ခန္ဓာကိုယ်ကို အပြည့်မလှဲဘဲ အနည်းငယ် ဘယ်ဘက်သို့ စောင်း၍ Rogozov သည်
ထုံဆေး 0.5% Novocaine ကို ၀မ်းဗိုက် ခွဲစိတ်ရန်အတွက် ထိုးလိုက်သည်။

ထို့နောက် အူအတက် နေရာအပေါ်တွင် ၁၀-၁၂ စင်တီမီတာ ခွဲစိတ်လိုက်သည်။ ထို့
နောက် အူ အတက်ကို တွေ့ရသည်။ ခွဲစိတ်မှု စတင်ပြီး မိနစ် ၄၀ ကြာသော အခါ
တစ်ကိုယ်လုံး နွမ်းလျခြင်း၊ ပျို့အန်လိုခြင်း ဝေဒနာများကို ခံစားရသဖြင့်
ခေတ္တနားပြီး၊ ဆက်လက် ခွဲစိတ်ခဲ့သည်။

သူနည်းနည်း နောက်ကျသွားသည်။ အချိန် အနည်းငယ်လေး နောက်ကျ သွားသော်လည်း၊
အသက်အန္တရာယ် ဖြစ်လောက်အောင် နောက်မကျပါ။ အူအတက် ပေါက်နေပြီဖြစ်သည်။
အပေါက်သည် 2×2 စင်တီမီတာ ရှိသည်။

သို့အတွက် ၀မ်းဗိုက်အတွင်း Antibiotics များနှင့် လျင်မြန်စွာ
ဆေးကြောရသည်။ ညသန်းခေါင်အချိန်တွင် ခွဲစိတ်မှု အောင်မြင်စွာ
ပြီးဆုံးခဲ့သည်။
ခွဲစိတ်ပြီး အားနည်း နာကျင်မှုများ ခံစားရသော်လည်း အူအ တက်ရောင်ခြင်း
ဝေဒနာနှင့် အသက်အန္တရာယ်မှာ ကင်းဝေးသွားခဲ့သည်။

၅ -ရက်ကြာ သောအခါ သက်သာခဲ့ပြီး၊ ၇ -ရက် အကြာတွင် ချုပ်ရိုးဖြည်ခဲ့သည်။
ပုံမှန် လုပ်ငန်းတာဝန်ကို နှစ်ပတ်အကြာတွင် ပြန်လည် ထမ်းဆောင်ခဲ့သည်။
၁၉၆၂ တွင် Rogozov သည် ပါရဂူဘွဲ့အတွက် Leningrad သို့ ပြန်ရောက်ခဲ့သည်။
၁၉၆၆ တွင် အစာမျိုပြွန် ကင်ဆာရောဂါ ဆိုင်ရာ ပါရဂူ ကျမ်း ပြုစုပြီး၊
ဆေးပညာ ပါရဂူဘွဲ့ ဆွတ်ခူးခဲ့သည်။

ဆေးရုံများစွာတို့တွင် ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ မှ
၂၀၀၀ ထိ Saint Petersburg Research Institute for Tubercular Pulmonology
တွင် ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့
တွင် အဆုတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။

NKT
Ref: wikipedia.org, theatlantic.com
Photo: theatlantic.com

မှတ်ချက်။ ။ FB/ General Knowledge မှ Share သည်။

--

[image: Inline image 1]http://www.facebook.com/groups/Myanma.ArunThit.Org/

*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:32695] Fwd: [လူဗိုလ်ဟူသည် ...] မိုင်ပိုမောင်းမိတဲ့နေ့



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/29
Subject: [လူဗိုလ်ဟူသည် ...] မိုင်ပိုမောင်းမိတဲ့နေ့
To: lubo601@gmail.com



by Augustine Nge on Saturday, September 29, 2012 at 5:04am 


စားသောက်ဆိုင်ကြီးတခုမှာ သူ အလုပ်လုပ်သည်။ ထိုဆိုင်က အကြီးကြီးဖြစ်ပြီး ကမ္ဘာအရပ်ရပ်က အစားအသောက်မျိုးစုံကို တည်ခင်းရောင်းချသည်ဆိုတော့ မီးဖိုချောင်ထဲမှာကိုက အစားအသောက်တွေကို လိုက်လို့ တာဝန်ခံတွေက အများကြီး ရှိသည်လေ။ သူကတော့ အဲသည် စားသောက်ဆိုင်ကြီးရဲ့ အာရှအစားအသောက်ပိုင်းမှာ တာဝန်ခံ။


သည်နေ့တော့ အလုပ်သွားဖို့ သူ့အိမ်က ကားမောင်း ထွက်လာပြီးလို့မှ သိပ်မကြာသေး မိုးက ရုတ်တရက်ကြီး ရွာချလာလေသည်။ ရွာသည်မှ အတော့်ကို သည်းသည်းထန်ထန်။ အမြင့်ဆုံးသို့ တင်ထားသည့်တိုင်အောင် ၀င်းဒ်ရှီးလ်ဒ်ပေါ်က မိုးရေတွေကို သူ့ကားဝိုက်ပါက အကုန်လုံး မသုတ်ပေးနိုင်ချေ။ ဒါကြောင့် မိုးရေတွေ ရှုပ်ရှက်ခပ်အောင် တွန့်လိမ် စီးကျနေသည့် ၀င်းဒ်ရှီးလ်ဒ်မှတဆင့် ကားလမ်းကို ၀ိုးတ၀ါးသာ သူ မြင်နေရတော့သည်။ သည်လိုနဲ့ သူလည်း မောင်းနေသည့် အရှိန်ကို လျှော့ချလိုက်ရပြီး အရှေ့က လမ်းကိုသာ အသည်းအသန် ကြည့်နေရတော့သည်လေ။ သူ့ အရှေ့က ကားတွေလည်း ထို့အတူ။ သည်လိုနဲ့ လမ်းပေါ်မှာ ရှိသမျှ ကားတွေအားလုံး ဖြေးဖြေးချင်းသာ မောင်းနေကြရတော့သည်။ သည်အချိန်မှာ အဓိကက အန္တရာယ် မဖြစ်ဖို့ မဟုတ်လား။ ခရီးဖင့်သွားတာကတော့ ကိစ္စသိပ်မရှိ၊ ဘေးကင်းဖို့သာ လိုရင်း ဖြစ်သည်လေ။ သည်လိုနဲ့ သူ့ကားကို အန္တရာယ် မဖြစ်အောင် ဖြေးဖြေး ဂရုစိုက် မောင်းနေရင်းမှ - အား .... ငါတော့ ဒီနေ့ အလုပ် နောက်ကျပြီ။ အိုး ဘာပဲ ဖြစ်ဖြစ်လေ ဘ၀မှာလည်း တခါတခါ သည်လိုပဲ အရှိန်တွေ လျှော့ရတာပဲဟာ - လို့ သူ တွေးနေမိလိုက်သေးသည်။

သည် အခါမဲ့ မိုးကြောင့် အလုပ်ကို သူရောက်တော့ ဆယ်မိနစ်လောက် နောက်ကျသွားလေသည်။ သို့သော်လည်း သူ ကံကောင်းလေသည်လားတော့ မသိ၊ အလုပ်ရှင်ကလည်း ရောက်မလာသေးချေ။ သူ့လို အလုပ်သမားတွေချည်းသာ အလုပ်ထဲမှာ ရှိနေသည်။ ဒါပေသည့် သူ တာဝန်ယူရသည့် နေရာမှာတော့ သူ့အောက်က လူတွေအားလုံးက ရောက်နှင့် နေကြပြီးပြီ။ နာရီကို သူ လှမ်းကြည့်လိုက်တော့ ၃ နာရီ ၁၂ မိနစ်။ သူ ၁၂ မိနစ် နောက်ကျနေပြီ။ အမှန်ဆို သူက သည်မှာ တာဝန်ခံ ဖြစ်သူဆိုတော့ အရင် ရောက်ကိုနေရမည် ဖြစ်လေသည်။ ယနေ့အဖို့တော့ သူ မတတ်နိုင်တော့။ မျက်နှာ ပူပူနဲ့ပဲ သူ့ လက်ထောက် တယောက်ကို - ဟေး ဘယ်လိုလဲ- ဟု လှမ်းနှုတ်ဆက်လိုက်ရသည်။ ထိုသူကတော့ သူ့ကို ပြန်ပြုံးပြရင်း - ဒီလိုပါပဲ ဆရာရေ့၊ ဆရာလည်း မိုးမိသွားတယ်ထင်တယ်၊ ကျနော်တို့အားလုံးလည်း အခုလေးတင်ပဲ ရောက်လာကြတာ။ ဆရာ့ထက် တမိနစ်လောက်ပဲ စောမယ် - ဟု ပြန်ပြောလေသည်။ သည်စကားကို ကြားတော့မှပဲ သူ သက်ပြင်း ချနိုင်သွားသည်။ - အို တခါခါတော့လည်း ဘ၀မှာ ဒီလိုပါပဲ။ တယောက်နဲ့ တယောက်ကလည်း သိပ်ကွာကြတာ မဟုတ်ပါဘူး - ဟု သူ့ဘာသာသူ စိတ်သက်သာရာရသွားရင်း ဖြေတွေး တွေးလိုက်မိသေးသည်။

သည်လိုနဲ့ လုပ်စရာရှိသည်များကို ဆက်တိုက် လုပ်နေရင်းက - အင်း ဒီနေ့ကတော့ သောကြာနေ့ဆိုပေမယ့် မိုး အသည်းအသန် ရွာနေတာဆိုတော့ သိပ် အလုပ်ရှုပ်မယ်တော့ မထင်ဘူး။ စောစော ပြန်ရရင် မနေ့က ရေးလက်စ စာကို အဆုံးသပ်ရဦးမယ်။ ဒီညတော့ အင်တာနက်ပေါ် အပြီး တင်နိုင်မယ်ထင်တယ် - လို့ သူ့ဘာသာ တွေးနေမိလိုက်သေးသည်။

သို့ပေမယ့် ဘယ်အရာတခုကိုမျှ ပုံသေကားချ ပြောလို့ မရနိုင်သည့် သည်ကမ္ဘာကြီးမှာ အရာအားလုံးက သူ ထင်ထားခဲ့ သမျှနှင့် တက်တက်စင်အောင် လွဲသည်လေ။ မိုးတွေ ရွာနေသည့် ကြားက လူတွေကလည်း ၀င်လာမစဲ တသဲသဲ ဖြစ်နေသည်။ စားသောက်ဆိုင်က ခုံတွေလည်း အားလုံး အပြည့်၊ သူတို့တွေ အားလုံးလည်း ရှုပ်ရှက်ခပ်အောင် အလုပ်တွေ အပြည့်။ ဖြစ်နိုင်တာကတော့ အများစုက စနေနဲ့ တနင်္ဂနွေ အလုပ် နားကြသည်ဆိုတော့ သောကြာနေ့ညမှာ ဘာဖြစ်ဖြစ် ရာသီဥတု ဆိုးဆိုး၊ မိုးပဲရွာရွာ ညဥ့်နက် သန်းကောင်တိုင်သည်အထိ နေပြီး အပန်းဖြေလေ့ ရှိကြသည်လေ။ ညဥ့်နက်လေ ဆိုင်တွင်းသို့ဝင်လာသူက ပိုများလေ ဖြစ်နေလေသည်။

သူအလုပ်လုပ်သည့် ဆိုင်က အရက်ဘားလည်း ရှိလေသည်ဆိုတော့ ညဥ့်နက်လေ အရက်ဘားမှာ လူပိုများလေ ဖြစ်လာပြီး သူတို့ အာရှ အစားအသာက်တွေက ပိုပြီး အရောင်း သွက်နေလေတော့သည်။ အရက်နဲ့ အာရှ အစားအသောက်တွေကပဲ ပိုပြီး လိုက်ဖက်နေလေသည်လားတော့ သူလည်း မသိ။ ဘားမှာ လူပိုများလေ သူ တာဝန် ယူထားရသည့် နေရာက လူအားလုံး အလုပ် ပိုရှုပ်လေ ဖြစ်နေလေတော့သည်။ သူကတော့ ညဥ့်နက်မှ ၀င်လာသည့် သကောင့်သား သကောင့်သားမများကို ကျိန်ဆဲနေမိလေတော့သည်။ - ဘာအလုပ်မှ မရှိတဲ့ဟာတွေပဲ ဖြစ်မယ်။ သူများ သားသမီး အိပ်တဲ့အချိန်မှာ ဒင်းတို့က မအိပ်ပဲ အရက် လာသောက်နေကြပုံ ထောက်တော့ တယောက်မှ သောက်ဖိုးတန်ပုံမရဘူး။

ဘာပဲဖြစ်ဖြစ် ကိုယ့် အလုပ်ကိုယ်လုပ်ရမှာဆိုတော့ အော်ဒါတွေလာသမျှကို သူကပဲ ကြီးကြပ်ပြီး စီမံခန့်ခွဲ ပေးနေရသည်လေ။ သည်လိုနဲ့ ဆိုင်ပိတ်သည့် ည ၁၂ နာရီ ထိုးသွားသည့်တိုင်အောင် သူတို့အားလုံး တချက်မျှ မနားလိုက်ရပေ။ ဆိုင်က ၁၂ နာရီ ပိတ်သည်ဆိုသော်လည်း လက်တွေ့မှာက ပစ္စည်းပစ္စယများကို ပြန်လည် ထားသိုရ၊ နောက်နေ့အတွက် လိုအပ်သည်များကို ပြင်ဆင်ရ၊ သန့်ရှင်းရေးလုပ်ရ၊ ကြမ်းပြင်ကအစ ဆေးကြော သန့်ရှင်းရ-ဆိုတော့ အလုပ်အားလုံး ပြီးသည့်အချိန်မှာ ည ၁ နာရီ ထိုးလုနီးနီး ဖြစ်နေလေပြီ။ သူကတော့ ဘီယာ တလုံးကို ဆွဲယူ ဖောက်သောက်ရင်း သူ့လက်ထောက်များကို နောက်နေ့အတွက် အသင့် ထုတ်ထားဖို့လိုသည်များကို ပြောပြီး သူ့ကားရပ်ထားရာ ပတ်ကင်းလော့တ်ဆီသို့ ထွက်လာခဲ့သည်။ ပတ်ကင်းလော့တ်မှ လမ်းပေါ်သို့ မောင်းတက်လိုက်ရင်း သူ့ဘာသာသူ အရမ်းပင်ပန်းနေသည်ကို သိလိုက်သည်။ လူက အရမ်းအိပ်ငိုက်နေပြီ။

သည်လိုနဲ့ စားသောက်ဆိုင်ရှိရာ ရှော့ပင်းစဲင်တာကွန်ပေါင်းဒ်ထဲမှ သူထွက်လာတော့ ည တနာရီ ကျော်နေခဲ့ပြီ။ အိမ်ပြန်လမ်းပေါ်ကို သူဦးတည်လိုက်သည်။ လမ်းမီးများက မလင်းတလင်း။ သည်လိုနဲ့ မောင်းလာရင်း သူ အိပ်ပျော်သလို ဖြစ်သွားသေးသည်ဟု သူထင်လိုက်သည်။ သေတော့မသေချာ။ ဒါနဲ့ လမ်းဘေးက မိုင်နှုန်းသတ်မှတ်ချက် ဆိုင်းဘုတ်ကို သူ လှမ်းကြည့်မိလိုက်သည်။ သူတွေ့ လိုက်သည်က ၃၅။ - What the ----? ၃၅ နဲ့ ငါ ဘယ်အချိန် အိမ် ပြန်ရောက်မလဲ - သူ့ဘာသာ တွေးမိလိုက်သည်။ သည်လိုနဲ့ ဘေးဘီ ၀ဲယာ အရှေ့အနောက် တောင်မြောက် အားလုံးကို သူ စူးစိုက် ကြည့်လိုက်သည်။ ရဲကားနဲ့တူတာဆိုလို့ ဘာတခုမျှ မရှိ။ - အိုကေ- Here we go. - လီဗာကို သူစပြီး ဖိနင်းလိုက်သည်။ သူ့ရှေ့တည့်တည့်မှ မိုင်နှုန်းပြမီတာက ၃၅ မှ ၄၀၊ ၄၅၊ ၅၀၊ ၅၅၊ ၆၀၊ ၆၅၊ ၇၀ တထစ်ပြီးတထစ် တဖြည်းဖြည်းချင်း တက်သွားနေခဲ့သည်။ သည်လိုနဲ့ တနာရီ မိုင် ၇၀ နှုန်းနဲ့ အနက်ရောင် ကတ္တရာလမ်းမမှာ သူစီးမျောသွားခဲ့တော့သည်။

သည်လိုနဲ့ မိုင် ၇၀ နှုန်းနဲ့ သူ စီးမျောနေသည်မှာ ဘယ်လောက်ကြာသွားခဲ့သည်လဲ သူ့ဘာသာ သူမသိချေ။ သူ သတိ ထားမိလိုက်ချိန်မှာတော့ သူ့နောက်ကြည့်မှန်ထဲက မြင်နေရသည့် အ၀ါရောင် ကားမီးလေး ၂ လုံး။ ပထမတော့ ဒါ တခြားကား တစီးစီးရဲ့ ရှေ့မီးလုံးပဲ ဖြစ်မည်လို့ သူ တွေးလိုက်မိသေးသည်။ ဒါပေသည့် သည် မီးဝါ၂ လုံးက သူ့လိုပဲ မိုင် ၇၀ နှုန်းနဲ့ သူ့နောက်က အရှိန်အတူတူ စီးမျောနေတာဆိုတော့ - ဟိုက် ….. ဒါ ရဲကားလား။ သူ့ နောက်ကြည့်မှန်ထဲက တဆင့် သူ့နောက်က ကားကို သူ အသေအချာ ကြည့်လိုက် မိသေးသည်။ ကားခေါင်မိုးပေါ်မှာ ရဲကားတွေလို မီးတန်း ပါသလားပေါ့။ သည်လိုကျတော့လည်း မီးတန်းကို သူမတွေ့ရ။ သူ့စိတ်ထဲမှာ ဇဝေဇ၀ါတော့ ဖြစ်သွားသည်။ ဒါဆို ရဲကား မဟုတ်ဘူး၊ ဒါပေမယ့် အမှတ်အသား မပါတဲ့ ရဲကားလည်း ဖြစ်နေနိုင်သေးသည်။ သည်လိုနဲ့ လီဗာကို ပုံသေနင်းထားရာက သူ စပြီး လွှတ်ပေး လိုက်တော့သည်။ မိုင်နှုန်းပြမီတာက တဖြည်းဖြည်းနဲ့ ကျသွားနေသည်။ ၆၅၊ ၆၀၊ ၅၅၊ ၅၀၊ ၄၅၊။ လမ်းဘေးကို သူ ကြည့်လိုက်တော့ သတ်မှတ်မိုင်နှုန်းက ၄၀။ မီတာက ၄၀ ရောက်သွားတော့မှ လီဗာကို သူ ပြန်ထိမ်းလိုက်သည်။ ကားက ၄၀ နဲ့ သွားနေသည်။ သူ့နောက်က မီးဝါ ၂လုံးကလည်း သူ့လိုပင် သူ့ အနောက်က ၄၀ နဲ့ လိုက်လာ နေသည်။ သည်မှာ သူ သိလိုက်သည် - ကြိမ်းသေတယ် ဒါ ရဲကားပဲ၊ အမှတ်အသား မပါတဲ့ ရဲကား။ သူ ဘာလုပ်ရမှန်း မသိတော့။ သည်အချိန်မှာပဲ နောက်ကားဆီမှ အနီရောင်နဲ့ အပြာရောင် မီးမျိုးစုံက တဖြတ်ဖြတ် လင်းလက်လာသည်လေ။ အဓိပ္ပါယ်ကတော့ နောက်ကားက ရဲကားဖြစ်ပြီး သူ့ကို ရပ်ခိုင်း (Pull Over) နေခြင်းပင်။

သည်လိုနဲ့ ကားလမ်းရဲ့ညာဖက်ခြမ်းရှိ ကွက်လပ်တခုဘေးမှာ ကားကို သူရပ်ပေးလိုက်သည်။ အရေးပေါ် ကားရပ်လျင် ပြရသည့် မီးကိုလည်း သူဖွင့်လိုက်သည်။ ပြီးတော့ သူ့ ဒရိုင်ဘာလိုင်စင်၊ ကားအင်းရှူးရဲင့်စ်၊ ရက်ဂျစ်စ်တြေးရှင်း စသည်များကို သူ ရှာဖွေ ထုတ်ထားလိုက်သည်။ ပြီးတော့ ရောက်လာမည့် ရဲ အရာရှိကို သူ စောင့်နေလိုက်သည်။

နောက် တမိနစ်လောက်ကြာတော့ အသက် ခပ်လတ်လတ်အရွယ် ရဲအရာရှိကို သူ့ ဒရိုက်ဘာဆိုဒ် ၀င်းဒိုးမှာ သူတွေ့ လိုက်ရသည်။ Do you know why I stop you, sir? သူကတော့ ဘာမှ ပြောမနေတော့ပဲ ကားတံခါးကိုဖွင့်ကာ သူရှာဖွေထုတ်ယူထားသည့် စာရွက်စာတမ်းအားလုံးကို ထို ရဲအရာရှိအား ကမ်းပေးလိုက်သည်။ ရဲအရာရှိက သူပေးလိုက်သမျှတွေထဲက ဒရိုင်ဘာလိုင်စင်ကဒ်ပြားကိုသာ ယူသွားပြီး ကျန်သည်များကို သူ့ကို ပြန်ပေးလေသည်။ ထို့နောက် ထုံးစံအတိုင်း ရဲကားဆီသို့ပြန်သွားပြီး သူ့လိုင်စင်နံပတ်ကို ကွန်ပြူတာထဲ ရိုက်ထည့်ပြီး Background Check လုပ်နေလေသည်။ ထို့နောက် သူ့ကားဆီသို့ ပြန်လာပြီး သူ့ကို မေးလေတော့သည်။ Do you have any reason for speeding, Sir? You go 70 in 35-mile-zone. I just watch you passing me 70 and I just follow you. And you kept going 70. What is the reason? သူ ခဏတော့ ဆွံ့အနေလေသည်။ သို့သော်လည်း သူ့ ပါးစပ်က စကားတွေ အလိုအလျောက် သူမရည်ရွယ်ပဲ ထွက်သွားလေသည်။ - I am so sorry, Officer. I don't mean to do this. But I had a long tired day and I felt so sleepy that's why I didn't want to fall asleep on my wheel. I want to be home right away and take a rest. That's all. When I realize I am going over the speed limit I started reducing my speed as you see, right? သူ ပြောသမျှကို ထိုရဲအရာရှိက ခေါင်းငြိမ့်ရင်း နားထောင် နေခဲ့သည်။ ထို့နောက် သူ့ကို ပြန်ပြောသည် - You already have a traffic ticket for speeding last year. I just ran a check. And I like to know why you get that ticket.

သည်မှာ သူပြန်စဉ်းစားလိုက်မိသည်။ မနှစ်က သည်လိုအချိန်ပေ။ သူက အလုပ်ထဲမှာ။ သူ့အမျိုးသမီးက သားလေး၂ယောက်နဲ့ ဘုရားကျောင်း သွားတက်သည်။ သူက အလုပ်ထဲက သွားပြန်မကြိုနိုင်တော့ ဘုရားကျောင်းကလူတွေက သူတို့ သားအမိကို အိမ်ရှေ့မှာ ချထားပေးခဲ့သည်။ သည်မှာ အိမ်သော့ကို အမျိုးသမီးက အိမ်ထဲမှာ မေ့ထားခဲ့သည်။ သည်လိုနဲ့ အိမ်ထဲကို သူတို့ သားအမိတွေ ပြန်ဝင်လို့ မရတော့။ သည်တော့ သူ့ကို ဖုန်းခေါ်ပြီး ပြောတော့ သူကလည်း စားသောက်ဆိုင်ကနေ ကမန်းကတမ်း ကားမောင်းပြန်ခဲ့ရသည်လေ။ သည်မှာ လမ်းပေါ်မှာ သူ့ရှေ့တည့်တည့်ကနေ သူ့ကို ပိတ်ပြီးမောင်းနေသော လိပ်ကား ၃ စီးကို သူ့နောက်တည့်တည့်မှာ ရောက်နေသော ရဲကားကိုတောင် သတိမထားမိပဲ ယာဉ်ကြော ထဲမှာ ဇစ်ဇက် (Zig-Zag) လုပ်ခဲ့သော သူ့ကို ရဲမေ ၂ ဦးက လမ်းပေါ်မှ ဆွဲချခဲ့ဖူးသည်လေ။ သည် အဖြစ်အပျက်ကိုတော့ ကျော်ဟိန်းဆိုခဲ့ဖူးသော သီချင်းတပုဒ်ထဲလိုပဲ - ဘယ်တော့မှ မမေ့ဘူး… ဘယ်တော့မှ မမေ့ဘူး … - ဟု သူ့မဟေသီက သူ့ကို နောက်ခဲ့သည်လေ။

ဒါနဲ့ အဲသည် အဖြစ်အပျက်ကို Honestly အစချီပြီး ရဲအရာရှိကို သူက ရှင်းပြခဲ့လေသည်။ ရဲအရာရှိကလည်း သူပြောတာကိုနားထောင်ပြီး Anyway do you drink alcohol tonight? ဟု မေးလေသည်။ သူ ဘီယာတလုံး သောက်ထားခဲ့သည်။ ဒါပဲ၊ သူမမူးခြေ။ Yes, I just drink a can of beer. သူ အမှန်အတိုင်းပဲ ပြောလိုက်သည်။ ရဲအရာရှိက Where do you work, Sir? ဟု သူ့ကိုမေးလေသည်။ I work at the downtown park that you might know. ဟု သူပြန်ဖြေလိုက်လေသည်။ ရဲအရာရှိကလည်း I see, I know where it is. ဟု ပြောလေသည်။

သည်လိုနဲ့ သူ ရိုးရိုးသားသားပြောသည်ကို ယုံကြည်သွားလေသည်လားမသိ ထို ရဲအရာရှိက - OK! Drive safely and slow down! ဟု သူ့ကိုပြောပြီး သူ့ ဒရိုင်ဘာလိုင်စင်ကို သူ့လက်ထဲသို့ ပြန်ထည့်ပေးသွား သည်လေ။ သူက မယုံနိုင်အောင် ဖြစ်မိသွားရင်း Unbelievable! No ticket! No nothing! သူ့ဘာသာသူ ပြန်မေးနေမိသည်။

----------

သူ မိုင်ပိုမောင်းမိတာတောင် ဘာပြသနာမှ မဖြစ်သည်ကို တကယ်တော့ သူ ဂုဏ်မယူပါ။

တကယ်ကလည်း ဘ၀ဆိုသည်မှာ လမ်းတခုလိုပဲ ဖြစ်လေသည်။ လမ်းခြေအနေကိုလိုက်ပြီး သည်လမ်းမှာ သည်မိုင်နှုန်း။ ဟိုလမ်းမှာ ဟိုမိုင်နှုန်း၊ စသည်ဖြင့် သတ်မှတ်ထားကြရသည်။ ဒါကလည်း အလကားနေရင်း သတ်မှတ်ထားခဲ့သည်မဟုတ်။ သည်လမ်းမှာ သည့်ထက်ပိုမောင်းခဲ့လျင် ဖြစ်ပေါ်လာမည့် အန္တရာယ်များမှ အားလုံး လွတ်ကင်းအောင် သတ်မှတ်ထားခြင်းသာဖြစ်သည်လေ။

ဆိုတော့ ပြောရရင် ဘ၀ထဲမှာလည်း မိုင်နှုန်း ပိုမမောင်းသင့်ချေ။ ပိုမောင်းလျင်တော့ ...

ဒါပေသည့် သူကတော့ နှစ်ကြိမ်တိုင်တိုင် မိုင်ပိုမောင်းခဲ့မိသည်။

ဘ၀ထဲမှာ မိုင်ပိုမောင်းခဲ့မိသည့်သူ့အား ခွင့်လွှတ်နိုင်သူများက ခွင့်လွှတ်စေချင်ပါသည်။

- အောင်သာငယ် -


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/30/2012 02:11:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:32693] Fwd: [လူဗိုလ်ဟူသည် ...] အဆိပ်ရှိဆုံးသော လု့အသုံးဆောင်ပစ္စည်း ထိပ်တန်းသုံးမျိုး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/29
Subject: [လူဗိုလ်ဟူသည် ...] အဆိပ်ရှိဆုံးသော လု့အသုံးဆောင်ပစ္စည်း ထိပ်တန်းသုံးမျိုး
To: lubo601@gmail.com



နေ့တိုင်း သုံးစွဲနေသောလူ သုံးကုန်ပစ္စည်းထဲမှာ ဘယ်အရာကက အဆိပ်အရှိဆုံးလဲ ????
အဆိပ်ရှိဆုံးသော လု့အသုံးဆောင်ပစ္စည်း ထိပ်တန်းသုံးမျိုး

(၁) တစ်ခါသုံး တု
(၂) ရေနွေးဖြင့် ပြုတ်ပြီး ပြန်လည်အသုံးပြုသော တူ
(၃) စားသောက်ဆိုင်များတွင် အမြဲသုံးနေကြ အပုခံ ပလစ်စတိတ် အိတ်များ ဖြစ်ပါတယ် ။
လေ့လာစမ်းသပ်နည်းက .........
ပထမဦးဆုံး တစ်ခါသုံးတုကို (500 cc) ရေအေးထဲမှာ ခဏစိမ်ထားလိုက်ပါ
ထို့နောက် 80'C ရေကို အပုပေးလိုက်ပီးနောက် အအေးခံထားလိုက်ပါ
(ထို့နည်းအတိုင်း ဆယ်ခါ လောက် လုပ်လိုက်ပါ ။)

ထိုရေကို ပုဇွန်ထည့်မွေးထားသော ကန်သေး (ငါးကန်)ထဲထည့် လိုက်ပါ နှစ်နာရီကြာပီးနောက် ပုဇွန်က ဆန့်တငင်ဖြစ်လာပီး တစ်တရက်အတွင်း သေဆုံးသွား၏ ။ ငါးရက်ကြာသော် ထိုပြုတ်ထားသော ရေက နေက်ကျိနေပီး အနံ့ဆိုးများ ထွက်လာ၏ ကန်ထဲမှ ပုဇွန်များ၏ အရိပ်အရောင်ကို လုံးဝမတွေ့ရပါ ။ပဲပင်ပေါက်ဖေါက် (ရေစိမ်ပီး ပေါက်တဲ့ အသီးအရွက်)တဲ့ထဲသို့ တုပြုတ်ပီးသား ရေကိုထည့်လိုက်ပါ နောက်ဆုံး ရလဒ်က သိပ်မကွာခြားပါဘုး ငါးရက်အတွင်း အပင်က ခြောက်ကပ်ပီး သေဆုံးသွား၏ ။

ရေနဲ့ပြုတ်ပီးသား တု ကအဆိပ် ရှိတုန်းပါပဲ .........
ရေနဲ့ပြုတ်ပီးသား တုကိုထပ်ပီး ရေအသစ်နဲ့ ပြန်စိမ် နောက်ပထမနည်းအတိုင်း ဆယ်ခါလုပ်ပီး စိမ်ထားတဲ့ ရေအေးကို ပုဇွန်မွေးထားတဲ့ ကန်ထဲကိုထည့်လိုက်ပါ နှစ်ရက်အတွင်း သေသွားတာကိုတွေ့ရ၏ အဲဒါက တုကိုဆယ်ခါလောက် ပြုတ်ပီးသားရေက အဆိပ်ရှိနေသေးတာကို တွေ့ရတယ် ။ဆယ်ခါလောက် အထပ်ထပ် အခါခါ ရေစိမ်ထားပီးတဲ့ တုထဲမှ (sulfur dioxide ) ဆာလဖါဒိုင်အောက်ဆိုက် ကို ထွက်လာစေတယ် ။

ဆာလဖါဒိုင်အောက်ဆိုက်က အစွန်ချွတ်ဆေး ပိုးသတ်ဆေး အဖြစ်သုံးကြတယ် ။ အကောင်းဆုံးကတော့တစ်ခါသုံးတုကို မသုံးလျှင် ပိုကောင်းပါတယ်။ မသုံးမဖြစ် သုံးရရင်လဲရေနှင့် ပြုတ်ပီးမှ သုံးစေချင်တယ်။ဒါမှလဲအဆိပ်က နည်းပါးနိင်ပါတယ်။
အဆိပ်မှာ တတိယ ရနေတာက အပုခံ ပလစ်စတိတ်ပါပဲ ။အပုနဲ့ထိတွေ့တဲ့အခါမှာ ပလစ်စတိတ်ထဲမှ bisphenol A,နှင့်plasticizers ဆိုတဲ့ ဓါတ်ပေါင်းတွေ ထွက်လာတယ် (ကင်ဆာဖြစ်စေ၏)သုံးရက်အတွင်း ပုဇွန်တွေ သေနေတာကို တွေ့ရတယ် ။

"တုနှင့် lymphadenoma (လင်ပါးသွေးကြောကြီးကင်ဆာ) "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(အပြင်စာ စားသုံးသူများ အထုးသတိပြု)
လုတစ်ယောက်ရှိတယ် ဆေးလိပ်မသောက် အရက်မသောက် ကွမ်းမစားပဲ oral cancer (ခံတွင်းပါးစပ် ကင်ဆာ) နဲ့ ဆုံးသွားတယ် သူက နေ့လည် ထမင်းစားပီးတိုင်း သွားကြားထိုးတံကို ပါးစပ်ထဲမှာ အမြဲခဲထားလေ့ရှိတယ်။ ကြာကြာ ခဲထားတတ်၏ တော်တော်နဲ့ ထွေးမထုတ်ဘုး ။ တစ်နေ့ ပါးစပ်မှာ အပုဖုပေါက်နေသလို ပေါက်နေပီး ပြည်တယ်နေတာကို တွေ့ရပီး သွားတိုင်ရာ ဆေးခန်းမှာ သွားပြတယ်။ဆရာဝန်က ကိစ္စမရှိပါဘုး ဆေးလိမ်းလိုက်ရင် ပျောက်သွားမယ်လို့ ပြောပါတယ်။ရက်တစ်ပတ် ပီးတစ်ပတ် ကောင်းမလာတော့ဆရာဝန်က သေချာစစ်ဆေးကြည့်တော့ ကင်ဆာနောက်ဆုံးအဆင့်ကို ရောက်နေတာကို တွေ့ရတော့ ဆေးရုံကြီးကို ညွှန်းလိုက်တယ် ။ နှစ်ကြိမ် ခွဲစိတ်ခံရပီး ကင်ဆာ အမြစ်ဖြတ်ဆေး (ဓါတ်ကင်) လုပ်ခဲ့သော်လည်း နောက်ဆုံး ကုမရပဲ ဆုံးသွားတယ်။ သွားကြားထိုးတံနှင့်တစ်ခါသုံး တူများကိုကြာရှည်ပြီး ပါးစပ်မှာ ထိတွေ့နေသောကြောင့် မတော်တဆ ပါးစပ်မှာအနာလေးရှိ ခဲ့ရင် အန္တရယ်များပါတယ် လူတွေအတော်များများက လစ်လျှုရူ့ သတိမထားမိတာပါ တစ်ချို့သူတွေက အကျင့် ဖြစ်နေတာလဲ ပါတယ်အကောင်းဆူံးက မသုံးလျှင်ပိုကောင်းပါတယ် အစားစားပီးတိုင်း ပါးလုပ်ကျင်း သွားတိုက်ခြင်းဖြင့်လဲ ခံတွင်းကို သန့်ရှင်းစေတယ်။ ဘဝမှာ မမြင်နိင်တဲ့ လုသတ်သမားက အများကြီးပါ တတ်နိင်သလောက် ကာကွယ်နိင်ရင်တော့ ကောင်းပါတယ် ။ ဘာကြောင့် ငါဖြစ်နေရတာလဲလို့  နောင်တမရစေနဲ့ ။ တူကို သုံးခါနီးမှာ ရေနွေးဖြင့် သုံးမိနစ်လောက် ရေစိမ်ကြည်လိုက်ပါ့အစွန်းချွတ်ဆေးတွေကို တွေ့မြင်ရပါလိမ့်မယ်...

သင့်ရဲ့ ကျန်းမာရေးအတွက် ကိုယ်တိုင်အသုံးပြုဖို့ စတီးတူကို အမြဲဆောင်ထားပါ။ ငွေမကုန် ကျန်းမာရေးအတွက် အသင့်တယ်ဆုံးပါ ။ များသောအားဖြင့် တစ်ခါသုံးတူများက တရုတ် (Made in China) ဖြစ်ပါတယ် ။

တူတွေမှာ အများပြားဆုံးက မှိုတက်(ဖားဥ )နေတာကို တွေ့ရတယ် .။ တူလုပ်နေတဲ့ ပထမ အဆင့်က မပုတ်သိုးတဲ့ ဆေးတစ်ထပ် ဒုတိယက အရောင်ချွတ်ဆေး (လှအောင် များများ ထည့်သုံးထား၏)အားလုံးက ကင်ဆာဖြစ်စေတဲ့ (carcinogen) ကာဆီနိဂျင်ဖြစ်၏ ။ ဒါကြောင့်မို့ တစ်ခါသုံးတုနှင့် အပုခံပလက်စတိတ် သွားကြားထိုးတံများ သုံးခြင်းမှရှောင်စေချင်တယ် ................... ***** တကယ့်အဖြစ်တွေမို့ သူငယ်ချင်းတို့ကို သိစေချင်တယ် သယ်ချင်းတို့ အားလုံး ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေ ။

Copy from - satekuupuyar.blogspot


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/30/2012 02:09:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:32693] Fwd: [လူဗိုလ်ဟူသည် ...] မယ်မြ (အမျိုးသားပညာဝန် ဦးဖိုးကျား)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/29
Subject: [လူဗိုလ်ဟူသည် ...] မယ်မြ (အမျိုးသားပညာဝန် ဦးဖိုးကျား)
To: lubo601@gmail.com



by Myanmar Literature on Saturday, September 29, 2012 at 8:15am ·

Kochan Tha facebook မှ ကူးယူဖော်ပြပါသည်...

  
လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသား ကျောင်း တစ်ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက် သွားရသည်။


ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။

ကျွန်ုပ် သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တော် တစ်ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်က ထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။

သဘောင်္စီးသူတို့သည် ကုန်းပတ်သို့ ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညို့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့် ရှု၍ ငေးမော နေသူနေ၊ တွေးတော နေသူနေ ရှိကြကုန်၏။

ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယား နှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထို ကုလားမသည် ဖြူစင် သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ၄င်း၏ ယောင်္ကျားကုလားက...

"ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ" ဟု မြန်မာရေ လည်ပတ်စွာနှင့် နှုက်ဆက်လေရာ။

"အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော် ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကား တတ်ရဲ့လား"

ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ "တတ်လား၊ မတတ်လား ခင်ဗျားဘဲ မေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက် ကွဲ့၊ စကားများ ပြောပါအုံး" ဟု ဖော်ရွေစွာပြော၏။

မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့် ဆိုသည်ကား--

"ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ"
"ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွားမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ"
"ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲ ရှိပါသေးတယ်။"
"အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……"
"ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-"
"ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ" ဆို၍ မျက်နှာကို စိုက်ကြည့်မိရာ သိသလိုလိုရှိ၏။

၂ ယောက်သား စိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း- "နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ..။ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ ငါ-မောင်ကျားရယ်လေ"

"ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။ ကတဲ့ဟယ်။ ငယ်ငယ်ကရုပ် တစက်ကမှ မရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာ အဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။"
"အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်း စကားပြောကြအုံး" ဟုဆို၍ထသွား၏။

ဇာတ်ရင်းကို လှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြားတွင် လောကဓာတ်ဘုန်းကြီးကျောင်း ရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ်က နေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊ ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့ တစ်တွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆို သလိုနေကြ၏။ ၄င်းကျောင်း ၆-တန်းတွင် အတူနေကြ၏။

ကျွန်ုပ်တို့ လူစုတွင် မယ်မြနှင့် ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦးမည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သလောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန် သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား၏။ သူ့လက်အောက် ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြက စားစရာရှိလျှင် မိမိက နဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။

ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။ ၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလား မယား အဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြဖွယ်ကောင်း၏။

"မယ်မြရယ်၊ နင် ဘယ်အဖြစ် ရောက်လာတာလဲ၊ နင်ဟာ တော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော"

"မင့်လူ ဖိုးအေးကြီးလား၊ မင်းက လူဟုတ်ကြီး ထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့ သာနုံသေးတယ်၊ သူ့ကို မချစ်လို့တော့ မဟုတ်ပါ ဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်"

"နင့် ကုလားကကော၊ ဘယ်လောက်များ လူစ ကောင်းလို့လဲဟဲ့။"

(မခံချင်၍ ဒေါသနှင့်မေးသည်။) "ဟာ မင်းမသိဘူး။ ငါ့ ကုလားကလေ၊ ခိုဒါ စူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူ အရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာဘူး မောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္ဗာန်ဘက်က နွားသတ်ရုံကို သူလေလံဆွဲ နိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ် မမှတ်နဲ့"

"ဟင်- နို့ နင်ကိုယ်တိုင်လဲ နွားသတ်သလား"
"ဟာ-နင်ရူးသလားဟဲ့၊ ငါကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေ ပြောချင်လို့ လား။ ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်း သင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ - သေတဲ့ အသားစားရင် ရောဂါ ဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စားမှ သန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေ မင်းတို့ အင်္ဂလိပ် စာတွေ သင်ရတာ မပါဘူးလား"

"ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ"

ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍ "ဟေ့- မင်းကငါ့ကို တရားဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကို ဟောမှာ၊ အဘိဓမ္မာ တွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့ မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကို လာပြီး လက်တို့ တတ်သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာ လဲကွယ့် ပြောစမ်းပါဦး။ ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရားနဲ့ ပြည့်စုံရင်၊ ၀တ္တရား မလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခု ငါ့ယောက်ျား အဒူလမြစ်ဟာ ရွှေနဲ့ ငွေနဲ့ အခန့်စား မောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန် ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူ ကတောင် လာပို့တယ်၊ ဘယ်လောက် တော်သလဲ"

"ဟဲ့- အဲဒါက ဒါနပြုတာ မဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊ အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီး နင့်ကိုယူတာ မဟုတ်လား"

"ဒါက နောက်မှ ဖြစ်တာ၊ ငါ့ကို မရခင်ကလည်း ပေးတယ်၊ ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ ရတော့ တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုး ၀ိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ် လာကြရတယ်၊ မင်းတို့ မြန်မာများ ဘယ်လောက် ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ ငွေနဲ့ဆိုတော့ ငါ့ကို အရပ်က အခု မမမြတဲ့၊ တချို့က ဘီဘီမြ တဲ့၊ အဲဒါသာ ကြည့်တော့၊ ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာ အခု ကုလားခေတ် ထနေတယ်၊ ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူ နေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ ရတယ်။ အခုသူတို့က မြန်မာလင် တွေ ကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ် မောင်ရေ့ ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။ မကျသေး ရင် ကုလားလို ၀တ်လာခဲ့၊ မင့်ကို အရင်က စခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ် မဟုတ်လား၊ အခု ရစေ့မယ် လာခဲ့။ ငါ အာမခံမယ်"

မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့ မြန်မာတွေရဲ့ အကျိုးယုတ်ရတယ်။ ဒီမှာကြည့်၊ ငါပြောမယ်"

"ဟေ့၊ တော်၊ မင်းတို့က ကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးက လာပြီး ငွေအား ကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ ရှိလို့ မင်းတို့ လယ်လုပ်ဖို့ အရင်း ရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ ဆိုလို့ အရင်းအနှီး ရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူးလား"

"သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား၊ နို့ - နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခု ဘယ်သူ့လက်ထဲ ရောက်ကုန်ပြီလဲ"

"ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင် နည်းသေးတယ်၊ မင်းက ကုလားကို အပြစ်တင် ချင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကို တော်လိမ့်မလား အောက်မေ့ မိတယ်၊ မင်းလည်း ခပ်ချာချာ ပါကလား၊ ဟေ့- မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အလုပ် မလုပ်လို့၊ ကောက်ချင် လိမ်ချင်လို့၊ အမြော်အမြင် မရှိလို့၊ ချွေတာခြင်း မရှိလို့၊ ကိုယ့် ရှိတာထက် ကြွားချင်လို့ သိရဲ့လား၊ လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။ ကိုယ့်အပြစ်နဲ့ ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ်မှာ မတရား ချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါ သိပါတယ်ကွယ်၊ အခု တို့နယ်က လယ်တွေ မြေတွေ ကုလားလက်ထဲ ကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့် - မင့် မြန်မာတွေ၊ ရှေ့ကို သာပြီး ကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှား လုပ်စေတယ်။ အဲ့ဒါကို ကျေးဇူးမတင်ဘူး။ လယ်ငှားခ ပေးခါနီးကျရင် စပါးကို ကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလားက စိတ်နဲ့ မာန်နဲ့ တောင်းရင် မင့် မြန်မာတွေက ဆဲတယ်။ ရိုက်ရိုက် လွှတ်တယ်။ အဲ့ဒါ ကောင်း သလား။ ဒီလို မရိုးဖြောင့်တဲ့ သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခု မြန်မာတွေ ဒီလို ညစ်လို့ ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆို လယ်ငှားမှာ မဟုတ်ဘူး။ အခု ငါမလာခင်ကတင်ပဲ ကုလားတွေကို ရွေးပြီး ငှားနေတယ်သိရဲ့လား။ ရှေ့ကို ကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလား အများအပြား ခေါ်ပြီး ရွာတည်ပေး လိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့။ အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေ ရနိုင်သမျှ မြန်မာပြည်မှာ ခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်း မယားခန်း မြောက်အောင် ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေးတွေကို ကုလားဇာတ်သွင်း၊ နောက် အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည် ဘာဖြစ်မလဲ။ မင်း တွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခု ကုလားဇာတ် သွင်းပြီးပြီ။ အခု စစ်တကောင်းမှာ အတော်ကြာ နေပြီးရင် ဟို အနောက် မကာမြို့ကို အရောက်သွားမယ်။ ပြန်လာတော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်"

"မယ်မြ နင့်ဟာ လွန်ကုန်ပြီ၊ ငါ- နင့်အဖြစ် မြင်ရတာ အင်မတန် သနားတယ်။ ငါ ပြောပါရစေဦးဟဲ့"

"ဘာ-မင်းက ငါ့ကို သနားတယ် ဟုတ်တယ် ဟုတ်လှသေး။ ငါက မင်းကို သနားတာ။ မင်းအခု ပညာဝန် လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ် ပျက်မှာပဲ။ မင်းတို့ မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာ လာဖြစ်တာ တွေးမိတိုင်း ရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင် အမယ်လေးဟယ်။ ငါ ကလီဇာတုန်လှတယ်၊ မပြောချင်ပါဘူး။"

"ကိုင်း-မယ်မြ၊ ငါလည်း ဘာမှ မပြောရဘူး။ နင်ချည်း ပြောတာပဲ။ ခု ငါပြောလို့လည်း ရမယ် မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလို ဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာ လွဲမှာနိုင်မှာ မဟုတ်ဘူး ဆိုတာ ငါယုံကြည်တယ်။ တစ်နေ့နေ့တော့ နင်သိမယ်။ ကိုင်း- ဒါပဲ၊ ငါသွားမယ်။ နောက်မှ လာဦးမယ်" ဟု ဆို၍ ကျွန်ုပ် ထခဲ့၏။

ထိုနေ့ညနေ ကျွန်ုပ် ထမင်း မစားနိုင်တော့ပါ။ ကော်ဖီ တစ်ခွက်သာ သောက်၍ အိပ်ရာသို့ ၀င်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား " သြော်- ဒီလို ဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ ဖြစ်ရတာ။ သူတို့ကို အပြစ် တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့ အပြစ် မဟုတ်ဘူး။ သူတို့ ဒီလို စည်းမရှိ ကမ်းမရှိ လာချင်တိုင်း လာနေတာဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ်တင်ဖို့မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုး ဖျင်းလို့ပဲ။ "ဥစ္စာရင်းလို ဥစ္စာရင်းခဲ" ဆိုသလို ကိုယ့်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင် သင့်တာပဲ။

နေဦး၊ တို့လူတွေ ခမျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။ အားကိုးစရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်း မရှိရှာကြ ဘူး။ ဒီတော့ ပိုမို သိကျွမ်းတဲ့ မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန် သိမြင်တဲ့ လူတွေ ၀တ္တရား ပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်း ပါဝင်သင့်တယ် ထင်တယ်။ မိမိ သိကျွမ်း သိမြင်သမျှကို တတ်နိုင်သမျှ လူများ နားလည်အောင် ပြုလုပ်ဖို့ရှိတယ်။ ငါ ပြုသင့်သလောက် မပြုရသေးဘူး။ ဒါဖြင့် တရားခံ လက်သည်အစစ်က ငါ ဖြစ်နေပါကော လား။

ကိုင်း-ဒါဖြင့် ဇာတ်ကြော မရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေကို အပြစ်ဆိုမယ့်အစား ကိုယ့်ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသ တစ်ခုလည်း လုပ်ကြစို့။

"ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။
ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။"
ဤဥပဒေသကိုရမှ အိပ်ပျော်သွားလေသတည်း။

နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယား မောင်နှံအား ဆလံများများ ပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ ဆင်းခါနီး၌ "မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကို ၀င်ထွက်သွား၊ ရော့လိပ်စာယူထား" ဆို၍ ပေးခဲ့၏။

စစ်တွေတွင် ၇-ရက် တစ်ပတ်မျှ နေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော် ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။

တစ်နေ့တွင် မိန်းမ စုတ်ချာချာ တစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။

သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်း ၀ဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များ ခြောက်သွေ့၍ မသပ်မရပ် ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေတကား။

"မောင်ကျားရယ်၊ ငါ့အဖြစ် မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့် ပြောသည်) ငါတော့ ခွေးဖြစ်တာပဲ၊ စစ်တကောင်းကို ရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့ မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့ လက်ထပ်စေတယ်။ ငါ့ကို ကျွန်လို ထားတယ်။ ငါ့ကို မော်မကြည့်ဝံ့တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကို ခြေနဲ့တောင် ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေး သတ်မယ်လို့ ကြံတယ်။ နောက် ကိုယ့်စိတ်ကိုယ် ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကို ဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့်မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက် သမားကို ငွေပေးပြီး သင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာ တာပဲ"

"အေး- နင့်လို မိန်းမမျိုး ကြာကြာ လွဲမှား မနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ် မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရတာပေါ့၊ အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့"

မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လ ကိုးသီတင်း နေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင် နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှ ကျန်သေးသဖြင့် တောအရပ်တွင် ကောင်းစွာ ရင်းနှီး စားနေနိုင်ကြောင်း ပြောသည်နှင့် ကျွန်ုပ် ပို့လိုက်ပါ၏။

လွန်ခဲ့သော ၂- နှစ်ခန့်က နေ့စဉ် သတင်းစာကြီး တစ်စောင်၏ ခေါင်းကြီးပိုင်းတွင် ပါလာသည်ကား-
"ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများ ရောက်ရှိ --- နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံ များထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှာလပတ်ရည်၊ ကွမ်းဆေး၊ လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင်စကား ပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိ မစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း၊ ၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့ သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြောနေကြကြောင်း။

ထို့ပြင် မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထ ပြု၍ အရပ်နှင့်စုပြီးလျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံ အမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း" ပါလေသည်။

"အင်း- တို့မယ်မြကြီး တယ်ဟုတ်နေပါကလား" ဟု ကျွန်ုပ်သည် ဆိုမြည်လျက် သဘောကျ ၀မ်းမြောက်ကျေးဇူးတင်ကာ ပြုံးလိုက် မိလေ၏။

နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍ အိမ်ထောင်မပြုဘဲ ဇွဲနှင့် နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြက ငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲ ခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ကြလေပြီ ဟူသတည်း။

                                                                          အမျိုးသားပညာဝန်ဦးဖိုးကျား
                                                    ၁၂၉၄ ခု (ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ် တင်ပြပါသည်။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/30/2012 02:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:32692] Fwd: [လူဗိုလ်ဟူသည် ...] ကျော်ကွန့် နှင့် လှထုံ (ဇာတ်သိမ်း)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/29
Subject: [လူဗိုလ်ဟူသည် ...] ကျော်ကွန့် နှင့် လှထုံ (ဇာတ်သိမ်း)
To: lubo601@gmail.com



by မင်းလူ၏ ၀တ္တုတိုများ on Friday, September 28, 2012 at 6:59pm ·


ဒီလောက်နဲ့ပြီးလို့ ရရိုးလား။ မပြီးသေး။ ရှိသေးသည်။
တစ်နေ့ လှထုံ ဈေးသွားခါနီး ကျော်ကွန့်မှာသည်။
"ငါ့ဖိနပ် ပြတ်ခါနီးနေပြီကွ။ ဖိနပ်တစ်ရန်လောက် ၀ယ်ခဲ့စမ်းပါ" သူ့မိန်းမက မတော်မတည့်လုပ်လာမည်မှန်း သိသည်။

တော်ကြာ ကိုမင်းညွန့်ပြောသလို ကိုကျော်ကွန့်အတွက် ဖိနပ်တစ်ရန် ပေးစမ်းပါ ဆိုတာမျိုး သွားလုပ်ချင် လုပ်လိမ့်မည်။
ထို့ကြောင့် သူ့ဖိနပ်ဟောင်းတစ်ဖက်ကို ယူ၍ စာရွက်လွတ်ပေါ်မှာချ။ အနားသတ်မျဉ်းကို ဘောပင်နှင့်ဆွဲပြီး အတိုင်းယူ၍..
"ကဲ..ဟောဒီစာရွက်ယူသွား။ ဒေါ်လာဖိနပ်လို့ပြော။ ပြီးတော့ ဒီပေါ်မှာ သေသေချာချာချပြီး ထပ်ကြည့်။ တစ်တိုင်းတည်း ကွက်တိဖြစ်တဲ့ဟာကို ယူခဲ့" ဟု စနစ်တကျမှာလိုက်ရသည်။

လှထုံသည် သူ့အသိမူမူတို့ ဖိနပ်ဆိုင်သို့သွားသည်။
"ဟော၊ မမလှထုံပါလား၊ ဖိနပ်လိုချင်လို့လား" မူမူက မေးသည်။
"ဟုတ်တယ်။ ကိုကျော်ကွန့်အတွက်လေ"
"ကိုကျော်ကွန့်အတွက်ဆို ဒေါ်လာ စီးနေကျပဲ" ဆိုပြီး ဖိနပ်အစည်းလိုက် ချပေးသည်။
လှထုံသည် ဖိနပ်စည်းထဲက တစ်ဖက်ချင်းယူပြီး ကျော်ကွန့်ပေးလိုက်သည့် ဖိနပ်အတိုင်း စာရွက်ပေါ်မှာ သေသေချာချာချ၍ ထပ်ကြည့်သည်။
တစ်ခုမှ အံကျမဖြစ်။ အကြောင်းမှာ ကျော်ကွန့်ပေးလိုက်သည့် ဖိနပ်ပုံစံက ညာဘက်ဖြစ်ပြီး သူ ယူထပ်ကြည့်သည့်ဖိနပ်များမှာ အားလုံး ဘယ်ဘက်တွေချည်းဖြစ်သောကြောင့်ပင်။ မူမူကလည်း တခြားဝယ်သူတစ်ယောက်နှင့် စကားပြောနေရသဖြင့် သူ လုပ်နေပုံကိုမမြင်။ လှထုံလည်း ဖိနပ်အတိုင်းနဲ့မကိုက်ဘူးဆိုပြီး ထွက်လာခဲ့၏။
မူမူက အလုပ်များနေသည့်ကြားမှ အံ့သြပြီး ကျန်ခဲ့သည်။
"ဖိနပ်တွေကလည်း တစ်ခုမှ အံမကိုက်ဘူး" ဟု လှထုံက ပြောသောအခါ သူ့မိန်းမ တစ်ခုခုတော့ မတော်မတည့်လုပ်လာပြီဖြစ်ကြောင်း ကျော်ကွန့်သိသည်။
ထို့ကြောင့် ထွေထွေထူးထူးပြောမနေတော့ဘဲ.. "အေး အေး၊ ငါ့ဘာသာပဲ သွားဝယ်လိုက်ပါ့မယ်" ကျော်ကွန့်သည် ဈေးဘက်သို့ ထွက်လာခဲ့သည်။ ရပ်ကွက်ထိပ်နားအရောက်တွင် နောက်မှခေါ်သံကြားသဖြင့် လှည့်ကြည့်သည်။
လှထုံသည် ခပ်သုတ်သုတ် လျှောက်လာနေ၏။
"ဘာဖြစ်လို့လဲ"
ကျော်ကွန့်က ဆီးမေးသည်။
လှထုံက သရော်တော်တော်မျက်နှာထားဖြင့်...
"ဟင် ရှင်က ကျွန်မကျတော့ ထုံသလေး အ သလေးပြောတယ်။ ရှင်ရော ဘာထူးသလဲ"
"ဟ၊ ငါက ဘာလုပ်လို့လဲ" "ဒီမှာလေ မတွေ့ဘူးလား။ ရှင် ဖိနပ်သွားဝယ်မယ်ဆိုပြီး ဟန်နဲ့ပန်နဲ့ထွက်သွားလိုက်တာ ဖိနပ်အတိုင်း မေ့ကျန်ခဲ့ပြီမဟုတ်လား" ဆိုပြီး စောစောက ကျော်ကွန့်၏ဖိနပ်ပုံစံဆွဲထားသောစာရွက်ကို လှမ်းပေးလေသည်။
ကျော်ကွန့်လည်း ထုံးစံအတိုင်း..
"လောကကြီးမှာလေ၊ လောလောသာ က လိုက်ချင်တော့တာပဲ လှထုံရယ်" ဟု ညည်းလိုက်ရပြန်သည်။

"ဧရာဝတီမြစ်ကြီးကတော့ စီးမြဲစီးလျက်ပင်"ဟူ၍ ၀တ္ထုရေးဆရာတို့ ရေးလေ့ရှိသည်။
လှထုံသည်လည်း ထုံမြဲထုံလျက် ပင်တည်း။ သို့ရာတွင် ထုံသောသူ ကိုယ်ဝန်မဆောင်ရသောဟူသော ဥပဒေမရှိရကား တစ်နေ့သ၌ လှထုံတွင် သန္ဓေခလေတော့သည်။ လှထုံက ကျော်ကွန့်ကို ၀မ်းသာအားရပြောပြသည်။ ကျော်ကွန့်က မယုံသေး။

"ဟုတ်မှလည်း လုပ်ပါကွာ။ မင်း ဘယ်သူပြောလဲ"
"ကျွန်မလည်း ရှင့်ကိုပြောရင် မယုံမှာစိုးလို့ ဒေါ်အေးကြွယ်နဲ့တောင် ပြကြည့်ပြီးပြီ"
ဒေါ်အေးကြွယ်သည် အရပ်ဝမ်းဆွဲသည်ကြီးဖြစ်သည်။
"အင်း..ဒါဆိုရင်တော့ ဟုတ်နိုင်တယ်။ ဆေးရုံ သွားပြကြည့်မယ်" ကျော်ကွန့်က ပြောရာ..
"အို ... ဆေးရုံမသွားပါဘူး။ ဒေါ်အေးကြွယ်နဲ့ပဲ မွေးမယ်"
"ဘယ်ဖြစ်မလဲ။ ဆေးရုံမှာမှ စိတ်ချရတာ။ ဒေါ်အေးကြွယ်က အရေးအကြောင်းဆို ဘာမှတတ်နိုင်မှာမဟုတ်ဘူး"
"ရှင်က တော်တော်ကျေးဇူးကန်းတယ်နော်။ ရှင်ရော၊ ကျွန်မရော ဒေါ်အေးကြွယ်ပဲ မွေးပေးခဲ့ရလို့ လူဖြစ်လာကြတာ မဟုတ်လား"
"ဒါတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဟိုတုန်းက ဆေးရုံတို့ ဘာတို့ သိပ်သိကြသေးတာမဟုတ်လို့ပေါ့။ အခုအချိန်ကတော့ ဆေးရုံမှာပဲ မွေးကြတာပဲ"
"ကဲပါ၊ မွေးဖို့က လိုပါသေးတယ်။ ရှင်က အရေးမကြီးတာတွေတော့ လျှောက်ပြောနေတယ်။ တကယ်အရေးကြီးတာတော့ မေ့နေတယ်မဟုတ်လား"
"ဘာမေ့လို့လဲ"
"ရှင် ၀မ်းမသာဘူးလား"
"၀မ်းသာတာပေါ့ဟ"
"၀မ်းသာတယ်လည်း ဆိုသေး"
"အေးလေ၊ ဘာဖြစ်လဲ"
"ရုပ်ရှင်တွေထဲမှာ မကြည့်ဖူးဘူးလား၊ ခုလို ကလေးရှိပြီဆိုရင် ၀မ်းသာလို့ ထခုန်တာ။ ရှင်ကတော့ အေးတိအေးစက်နဲ့"
"ဒုက္ခပါပဲ၊ ဟိုဟာက ရုပ်ရှင်ဟ"
လှထုံက မကျေနပ်။
ကျော်ကွန့်က..
"ငါ ၀မ်းသာပေမယ့် ထခုန်လို့မဖြစ်ဘူးလေ။ ငါတို့အိမ်ကလေး ပြိုကျသွားမှာပေါ့"

* * *

ကိုယ်ဝန် လေး ငါးလ ရသောအခါတွင် ကလေးက လှုပ်လာ၏။
"ကလေးက လှုပ်တယ် ကိုကျော်ကွန့်ရဲ့" ကျော်ကွန့်က လှထုံကို စချင်လာသဖြင့်
"အဲဒါ ကလေးမျက်စိကြောင်ပြီး အိပ်မပျော်တာ၊ သီချင်းဆို သိပ်လိုက်"
"ဟုတ်ရဲ့လား၊ ကလေးက ကြားပါ့မလား"
"ကြားတာပေါ့"

ထိုအခါမှစ၍ လှထုံသည် ကလေးလှုပ်သည့်အခါတိုင်း သူ့ဗိုက်ကလေးကိုပွတ်၍ သီချင်းတအေးအေးလုပ်နေတတ်သည်။ တစ်ခါတလေကျတော့..
"ကိုကျော်ကွန့်၊ ကလေးက သိပ်လှုပ်တာပဲ။ မျက်စိကြောင်နေပြန်ပြီထင်တယ်။ ကျွန်မလည်း အရမ်းအိပ်ချင်နေပြီ။ အဲဒါ ရှင်ပဲ သီချင်းဆို သိပ်လိုက်ပါတော့နော်"
ကျော်ကွန့် မငြင်းနိုင်။
သူ့စကားနှင့်သူမို့ သီချင်းညည်းပြရတော့သည်။
"ပုဝါပါးကို ကြက်သားထုပ်တော့ စွန်းတတ်ပါတယ်။ တစ်ရွာသားကို ရည်းစားလုပ်တော့ လွမ်းရတယ် ဆိုတဲ့စကားရယ်"
လှထုံသည် ပြုံးပြုံးကလေး အိပ်ပျော်သွားရှာ၏။

* * *

လှထုံ သားယောက်ျားလေးမွေးသည်။ ကလေးက ဖြူဖြူဖွေးဖွေး ချစ်စရာကလေး။ ထွားလည်းထွားသည်။ ကျော်ကွန့်က ဆေးရုံမှာ မွေးစေမည်ဟု စီစဉ်ထားခဲ့သော်လည်း လှထုံ ဗိုက်နာသည့်အချိန်က ညနှစ်နာရီ။ သူတို့အရပ်သည် ကားငှားဖို့မလွယ်။ ထို့ကြောင့် ဆေးရုံမသွားဖြစ်တော့ဘဲ ဒေါ်အေးကြွယ်ကိုပင် ပြေးခေါ်ရသည်။ ဒေါ်အေးကြွယ်လုပ်ပုံကိုင်ပုံမှာ သပ်သပ်ရပ်ရပ်ရှိသည်။ သန့်ရှင်းသည်။ လက်ကို တံတောင်ဆစ်လောက်မှစ၍ ဆပ်ပြာနှင့် နှစ်ခါ၊ သုံးခါ ပွတ်တိုက်ဆေးကြောသည်။
ကျော်ကွန့် ကြားဖူးသလို လက်သည်းရှည်ကြီးနှင့်ထိုးခွဲတာတို့၊ နှီးပြားနှင့်ဖြတ်တာတို့မလုပ်။ ကလေးချက်ကိုလည်း နနွင်းမထည့်။ ဆေးရုံတွေမှာလို ခရမ်းရောင်ဆေး ထည့်ပေးသည်။ နောက်မှသိရတာက ဒေါ်အေးကြွယ်သည် မြို့နယ်ကဖွင့်သော အရပ်ဝမ်းဆွဲရက်တိုသင်တန်း တက်ထားတာတဲ့။ ကလေးကို ချောချောမောမောမွေးနိုင်သည်။ ကျော်ကွန့်က ဒေါ်အေးကြွယ်ကို ဘယ်လောက်ပေးရမှန်းမသိ။
နောက်တော့ ဘယ်လောက်ပေးရမလဲဟု ဖွင့်မေးလိုက်သည်။ ဒေါ်အေးကြွယ်က..
"ကိုယ့်တူကိုယ့်သား ကိုယ့်သမီးလိုဖြစ်နေတာပဲကွယ်။ ဘယ်ရွေ့ဘယ်မျှ မပြောလိုပါဘူး။ ဖြစ်နိုင်ရင်တော့ ထဘီအဟောင်း ကလေး တစ်ထည်လောက်သာပေးပါ" ကလေးတစ်ယောက်လုံးမွေးပေးရသည့် အဖိုးအခက ထဘီအဟောင်းလေးတစ်ထည် ဆိုပါကလား။
"မဟုတ်တာပဲ အဒေါ်ရယ်၊ ကဲ..ဒီလိုလုပ်လေ။ အဒေါ့်ဘာသာပဲ ထဘီဝယ်ဝတ်ပေါ့"ဆိုပြီး ငွေငါးဆယ်ပေးလိုက်သည်။
လှထုံသည် ပင်ပန်းသွားသဖြင့် ခဏမှေးနေသည်။ ပြီးတော့ ကျော်ကွန့်ကိုခေါ်သည်။

"ကိုကျော်ကွန့်၊ သားလေးက ချောရဲ့လား"
"သိပ်ချောတာပဲ၊ မင်းနဲ့တူတာကွ"
လှထုံ သဘောကျသွားသည်။
"နာမည် ဘယ်လိုပေးမလဲဟင်"
"သြော်..နာမည်စဉ်းစားဖို့ အချိန်တွေအများကြီးရှိပါသေးတယ်။ မင်းလည်း သိပ်ပင်ပန်းနေပြီ။ အိပ်လိုက်ဦး"
"နာမည်မပေးရသေးရင် အိပ်လို့ပျော်မှာ မဟုတ်ဘူး"
"ကဲ၊ ဒါဆိုလည်းပြော၊ မင်း ဘယ်လိုစဉ်းစားထားလို့လဲ"
"သားလေးက ဘာနေ့သားလဲဟင်"
"အခု တနင်္လာနေ့မနက်လေ၊ တနင်္လာသားပေါ့"
"တနင်္လာဆိုတော့ ဘာလဲ က လ သ ဖ လား"
"ဟာ..ဘယ်ကလာ၊ က ခ ဂ ဃ င"
လှထုံ ခဏစဉ်းစား၍...
"ဟုတ်ပြီ၊ ရှင့်နာမည်ရော ကျွန်မနာမည်ပါ ပါအောင် ကျော်ထုံလို့မှည့်မယ်"

ကျော်ကွန့် စိတ်ဓာတ်ကျသွားသည်။
ထုံဆိုသော စကားလုံးကို သူမကြိုက်။ မကြိုက်ဘူးလို့ ပြောလို့လည်းမဖြစ်။ လှထုံ စိတ်ဆိုးလိမ့်မည်။ ထို့ကြောင့်...
"ဒီလိုရှိတယ် လှထုံရဲ့။ သားလေးက စနေနံနဲ့မတည့်ဘူး။ ဒါကြောင့် ထုံဆိုတာ ပါလို့မရဘူး"
"ကျော်လှ ဆိုရင်ရော"
"အင်း..အဲဒါကောင်းတယ်။ သူများတွေထက် ကျော်ပြီးတော့ လှတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့"
လှထုံ ကျေနပ်သွား၏။
ကျော်ကွန့်ကတော့ ကွန့်ထုံလို့မမှည့်တာကံကောင်းဟု စိတ်ထဲက မှတ်သည်။ လှထုံက ဆက်ပြောသေးသည်။
"ကျွန်မက မိန်းကလေးမွေးရင် မေထုံလို့ နာမည်ပေးမယ် စိတ်ကူးထားတာ"

*****************

လှထုံသည် သူ့သားကလေးကို အလွန်ဂရုစိုက်သည်။
ညအိပ်နေတုန်းက ကလေးက အဲ့ခနဲ တစ်ချက်လှုပ်လိုက်သည်နှင့် သူ နိုးပြီးသားဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာ လက်ကလည်း သေးစိုသလား စမ်းပြီးသားဖြစ်သည်။ မွေးခါစကလေးမို့ အသားမကျသေး၍ တစ်စုံတစ်ခု အပြောင်းအလဲဖြစ်တိုင်း ငိုတတ်သည်။
ထိုအခါမျိုးတွင် လှထုံသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်သည်။ ပါးစပ်ကလည်း
"လေထိုးတာလား မသိဘူး၊ ပုရွက်ဆိတ်ကိုက်တာဖြစ်ရမယ်။ ချက်ကိုက်လို့လားပဲ၊ အေးအေး...သားရေ.. သားရေ" ဟူ၍ တတွတ်တွတ်မြည်ဆိုတတ်၏။
တခြား ဘာပဲဂရုစိုက်စိုက် တစ်ခုတော့ သူ မတတ်နိုင်ချေ။
သူက နို့မထွက်ခြင်းပင်ဖြစ်၏။ မွေးခါစ တစ်ရက်နှစ်ရက်မှာတော့ နည်းနည်းထွက်သေးသည်။ နောက် လုံးဝရပ်သွား၏။

ကလေးက နို့ဆာသည့်အခါတိုင်း လှထုံလည်း ငိုရသည်။ နို့ထွက်လိုထွက်ငြား တိုက်ကြည့်သည်။ ကလေးက အငမ်းမရစို့ကြည့်ပြီး နို့မရသဖြင့် ပိုပြီးငိုသည်။
လှထုံလည်း ငိုပြန်သည်။ ကလေးကို နို့ဘူး တိုက်ရတော့သည်။ ဤနေရာတွင် ပြဿနာတက်လာ၏။ နို့မှုန့်က အပြင်မှာ တစ်ဘူးနှစ်ရာကျော်။
သူတို့ ၀င်ငွေအရ ဘယ်လိုမှမ၀ယ်နိုင်။ ဈေးထဲမှာ အထုပ်ကလေးတွေ ခွဲပြီးရောင်းတာတော့ရှိသည်။ တစ်ထုပ်တစ်ဆယ်။ ဒါကိုပင် ၀ယ်တိုက်ရသည်။ ကလေးက စားလုံး၊ သောက်လုံးကြီးသဖြင့် တစ်ဆယ်ဖိုးက နှစ်ရက်တောင် မခံချင်။ ဒီတော့လည်း မတတ်နိုင်ဘဲ ဖြစ်လာပြန်သည်။ တချို့က ထမင်းရည်တိုက်ဖို့ အကြံပေးသည်။
လှထုံက မတိုက်ချင်။ ထမင်းရည်က အားရှိသည် ဆိုသည့်တိုင် နို့လောက်တော့ အားရှိသည်ဟု သူမထင်ချေ။ သူ့သားကလေး ပိန်သွားမှာစိုးသည်။
နွားနို့ဝယ်တိုက်ဖို့ဆိုတာကလည်း တစ်ခါတလေ ပိုးလောက်လန်းတွေပင် ပါလာတတ်သေးသည်။
ဈေးကလည်း ကြီးသဖြင့် နို့မှုန့်ဝယ်ရတာနှင့် သိပ်မကွာခြားလှ။ မတတ်သာသဖြင့် ချက်နို့ဆီဝယ်ပြီး ထမင်းရည်နှင့်ရောတိုက်ရသည်။
စိတ်ထဲမှာတော့ မကောင်းလှချေ။

ထိုကာလအတွင်း သူ နို့ထွက်အောင် နည်းမျိုးစုံနှင့်ကြိုးစားသည်။
ဒေါ်အေးကြွယ်က ရေနွေးပုလင်းဖြင့်လှိမ့်၊ ကျပ်ထုပ်ထိုး၊ အကျိတ်တွေ နှိပ်ချေ စသည်ဖြင့် ပြုလုပ်ပေး၏။ လှထုံသည် နာလွန်းသဖြင့် မျက်ရည်ပေါက်ပေါက်ကျသော်လည်း ကျိတ်ခံသည်။
"ဦးပုည၏ နွားတစ်ကောင်လုံး အသုံးချနည်း"တွင် မီးတွင်းမိန်းမ၊ နို့မရ၍ သားက တစာစာ၊ မာတာကြုံလှီ၊ ရှိသည်အခိုက်၊ ညွှန်လိုက်မည်အပြီး၊ သည်နွားမြီးကို၊ မီးဖုတ်ချက်ချင်း၊ တောက်တောက်စင်း၍၊ ဟင်းခါးလည်းချက်၊ ကြောင်ပန်းရွက်နှင့်၊ နို့မျက်မိန်းမ၊ သောက်လိုက်ရလျှင် နို့လုံးရွှင်သည်၊ သူ့လင်စို့တော့ မကုန်တည်း ဟု ဆိုထားသဖြင့် ကျော်ကွန့်သည် နွားမြီးကို အားကြိုးမာန်တက်ရှာဖွေသည်။
နွားသတ်ရုံအထိ သွားဝယ်ရသည်။ နွားမြီးနှင့် ကြောင်ပန်းရွက်၊ ပြည်ပန်းညို၊ ကန့်ချုပ်နီ၊ ပေါက်ပန်းဖြူတို့ကို ဟင်းခါးချက်ပြီး သောက်ခိုင်းလိုက်သည်။
ဦးပုညလည်း မကယ်နိုင်။ နို့ကား မထွက်ချေ။ ဆရာဝန်ကိုသွားပြသည်။ ဆရာဝန်က နို့ညှစ်ကိရိယာဖြင့် ညှစ်ခိုင်းသည်။ သောက်ဆေးတွေ ပေးသည်။ ဘာမှမထူးခြား။ တစ်နေ့ကျတော့ လှထုံက ကျော်ကွန့်ကို ပြောလ၏။

"ကိုကျော်ကွန့်၊ ရှင် မပွေးကို သိတယ်မဟုတ်လား"
"သိတာပေါ့ဟ၊ မပွေးက ငါတို့နဲ့ ငယ်ငယ်က ကစားဖက်ပဲ"
"သူလည်း လွန်ခဲ့တဲ့တစ်လလောက်က ကလေးမွေးတာရော သိလား"
"အေးပါ၊ သိပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ"
"မပွေးက နို့သိပ်ကောင်းတာပဲ ကိုကျော်ကွန့်ရယ်"
ကျော်ကွန့် စိတ်မကောင်းဖြစ်သွားရ၏။
လှထုံသည် သူ နို့မထွက်သည့်အတွက် စိတ္တဇလိုဖြစ်နေဟန်တူသည်။ မပွေးကို အားကျနေလိမ့်မည်။
"ဒီလိုပဲပေါ့ကွာ" ဟု ဖြေသိမ့်သည့်လေသံဖြင့်ပြောလိုက်သည်။
"ကျွန်မ စိတ်ကူးတစ်ခုရလို့ သိလား"
တစ်ခုခုတော့ ပေါက်ကရတွေးတော့မည်ဆိုတာ သိသော်လည်း လှထုံ စိတ်မကောင်းဖြစ်နေချိန်မို့
"ဘာစိတ်ကူးလဲ ပြောလေကွာ" ဟူ၍သာ ထောက်ပေးလိုက်၏။

"ဒီလို ကိုကျော်ကွန့်ရဲ့၊ သားလေးကို မပွေးဆီ ခေါ်ခေါ်သွားပြီး သူ နို့တိုက်ခိုင်းရရင် မကောင်းဘူးလား"
"ဟင်.." ကျော်ကွန့် တွေသွား၏။
"ဖြစ်ပါ့မလား၊ သူ့မှာလည်း.."
"ဖြစ်ပါတယ်၊ သူ့နို့တွေက သူ့ကလေးမစို့နိုင်လို့ တစ်ခါတစ်ခါ တင်းလာရင် ညှစ်ပစ်ရသေးတယ်။ သူက သားလေးကို ခေါ်ခဲ့ပါတဲ့။ သူ နို့တိုက်ပေးပါ့မယ်တဲ့။
တစ်ခုတော့ရှိတယ်။ ဒီအတိုင်း တိုက်ခိုင်းရတာတော့ အားနာစရာကောင်းတာပေါ့။ ဒီတော့ ကျွန်မက သူလည်းအဆင်ပြေအောင် တစ်လသုံးဆယ်ပေးမယ်လို့ ပြောလိုက်တယ်။ သူကလည်း သဘောတူတယ်"

ကျော်ကွန့်သည် အလွန်အင်မတန် အံ့သြသွားရ၏။
သူ့မိန်းမသည် တစ်သက်လုံးထုံလာသမျှ ဒီတစ်ချက်တည်းဖြင့် ကျေလောက်သည်။ သူ့စိတ်ကူးသည် ကမ္ဘာကျော်လောက်သည်ဟု ချီးကျူးရလေတော့သည်။

* * *

သမ၀ါယမဆိုင်မှာ နို့မှုန့်ဘူးတွေရောက်လာပြီဟု သတင်းကြားရသည်။ လူတိုင်းကိုတော့ ပေးမည်မဟုတ်။
ဝန်ထမ်း မိခင်များကို ဦးစားပေးမည်။ တခြားသူများကတော့ အမှန်တကယ် နို့မထွက်ကြောင်း စစ်ဆေးပြီးမှ ပေးမည်။
တစ်ဦးလျှင် ဘူး တစ်ဝက် (နှစ်ယောက်ပေါင်းတစ်ဘူးနှုန်း)ရောင်းချပေးမည်ဟု ဆိုသည်။ လှထုံက လျှောက်လွှာတင်ပြီး အစစ်ဆေးခံမည်။
ကိုယ်က တကယ်အမှန်အကန်ပဲ။
ဘယ်လိုစစ်စစ် အောင်မှာပဲဟု ပြောသည်။ ကျော်ကွန့်ကတော့ လက်မခံ။
"မင်းနှယ်ကွာ၊ အဓိပ္ပာယ်မရှိတာ။ နို့မှုန့်ဘူးတစ်ဝက်ရဖို့အတွက် ကိုယ့်ပစ္စည်းကို လူရှေ့သူရှေ့ ဖွင့်ပြရမယ်လို့"
"ဘူးတစ်ဝက်ဆိုတာ နည်းလားတော့်။ အပြင်မှာ တစ်ရာလောက်တန်တယ်။ သမဈေးက ဆယ့်ခုနစ်ကျပ် ဆယ့်ရှစ်ကျပ် လောက်ပဲ ကျတာ။ အများကြီးကွာတယ်။
နောက်ပြီး စစ်ဆေးတယ် ဆိုတာကလည်း တခြားလူတွေမဟုတ်ဘူး။ သမဆိုင်က စာရေးမတွေပဲ။ ယောက်ျားတစ်ယောက်မှ မပါပါဘူး"
လှထုံက အထွန့်တက်သည်။

"ဟာ၊ လုပ်မနေပါနဲ့ကွာ။ ရှုပ်တယ်။ အခုလည်း မပွေးတိုက်ပေးလို့ ကလေးနို့စို့ရနေပြီပဲ"
"မပွေးက နေ့လယ်ပဲ တိုက်နိုင်တာ။ ညကျလို့ ကလေးထငိုတော့ သကြားလေးရေဖျော်ဖျော်ပြီး တိုက်နေရတာ မဟုတ်လား"
"ဒါဆိုလည်း မင်းသဘောကွာ။ နောက်တော့မှသာ မတော်တရော်ဖြစ်မလာစေနဲ့" ဤသို့ဖြင့် လှထုံ လျှောက်လွှာတင်လိုက်သည်။

ချိန်းဆိုထားသည့်နေ့တွင် သမ၀ါယမဆိုင်သို့ သွားသည်။ စစ်ဆေးမည့် နေရာက သမ၀ါယမဆိုင်ရှိ အမှုဆောင်အဖွဲ့ရုံးခန်းမှာဖြစ်သည်။
သူရောက်သွားတော့ ဆိုင်ရှေ့မှာ စုရုံးစုရုံးဖြစ်နေကြပြီ။ တကယ်နို့မထွက်သည့်အမှန်အကန်တွေရော၊ အကြံအဖန်လုပ်လို့ရလိုရငြား လာကြည့်ကြသူတွေရော။ တချို့က နှစ်ယောက်သုံးယောက် အုပ်စုဖွဲ့ပြီး စကားပြောနေကြသည်။ တစ်ယောက်က နို့ရည်များကို ကုန်အောင် ညှစ်ထုတ်နေသည်။ တစ်ယောက်ကပြောသည်။

"ကျွန်မကတော့ အိမ်မှာကတည်းက ကလေးကို နို့အ၀တိုက်လာခဲ့တယ်"
"အိမ်မှာတိုက်လာပေမယ့် ပြန်တင်းချင်တင်းလာမှာ။ အခုဟာက ကိုယ့်အလှည့်ကျအောင် ဘယ်လောက်စောင့်ရမယ် မပြောနိုင်ဘူး။
ကျွန်မကတော့ မနေ့ညကတည်းက ရေလုံးဝမသောက်ဘဲနေခဲ့တာ။ ရေသောက်လျှင် နို့လိုက်နေမှာစိုးလို့။ မသောက်ပါဘူးဆိုမှ ရေက ငတ်လိုက်တာ လွန်ပါရော။ မနည်းအောင့်ထားရတယ်"
အခြားတစ်ယောက်ကလည်း..
"ရေမသောက်ရုံနဲ့ စိတ်မချရသေးဘူးလေ။ ကျုပ်ကတော့ လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက ငန်းဆေးတွေ ဖိသောက်ထားတာပဲ။
ဆေးပူတွေသောက်ရင် နို့ခန်းတယ်ဆိုလို့"
ခပ်လှမ်းလှမ်းရှိ ပိတောက်ပင်ရိပ်အောက်တွင် မိန်းမတစ်သိုက်ဝိုင်းထိုင်နေကြသည်။ သူတို့အလယ်မှာထိုင်နေသော မိန်းမ တစ်ယောက်က အာပေါင်အာရင်းသန်သန်ပြောနေသည်ကို စိတ်ဝင်စားစွာ နားထောင်နေကြသည်။ လှထုံ သူတို့ဆီလျှောက်ခဲ့ရာ အလယ်မှာထိုင်နေသော မိန်းမသည် မပွေးဖြစ်နေကြောင်း တွေ့ရသဖြင့် အံ့သြသွားရ၏။

"ဟင်.. အစ်မပွေးက ဘာလာလုပ်နေတာလဲ" ` ဟု သူက နှုတ်ဆက်ရင်း မေးလိုက်သည်။
မပွေးက..
"အံမယ်... ညည်းကတော့ အိုကေမှာပါ။ ဒီကောင်မတွေသာ အကြံအဖန်လုပ်လို့ရအောင် သင်တန်းပေးနေရတာ"
လှထုံက သူတို့ကြားမှာ ၀င်ထိုင်ပြီး..
"အစ်မပွေးက ဒီလောက်နို့ကောင်းနေတာ။ အင်တာဗျူးဝင်လို့ ဘယ်ရမလဲ။ ဟိုကျတော့ အလိမ်ပေါ်မှာပဲ" လှ
ထုံက ပြောရာ မပွေးက..
"ညည်းက ထင်သလား၊ ဒီမှာကြည့်နော်"
မပွေး ညှစ်ပြသည်။ နို့ရည်တွေ ပန်းထွက်လာသည်။
"ကဲ... သေသေချာချာကြည့်ထားကြ။ ဟောဒီ နို့သီးခေါင်းရဲ့အရင်းနားကို လက်ညှိုးနဲ့လက်မညှပ်ပြီး မသိမသာ လိမ်ထားလိုက်။
နို့ကြောင်းကို ပိတ်ပစ်လိုက်တဲ့သဘော။ နောက်ပြီးတော့ ဟောဒီနေရာကို လက်ခလယ်နဲ့ ခပ်နာနာလေး ထောက်ပြီးဖိထား။ နည်းနည်းတော့နာတာပေါ့အေ။
ဒါပေမယ့် ကြည့်ကြစမ်း၊ ဘယ်လောက်ညှစ်ညှစ် နို့တစ်စက်မှ မထွက်တော့ဘူး။ တွေ့လား"
"ဟယ်..ဟုတ်ပါရဲ့၊ ဟန်ကျလိုက်တာ" အံ့သြစွာ၊ အားကျစွာ ရေရွတ်သံတွေ ထွက်ပေါ်လာသည်။
ပြီးတော့ အသီးသီးလက်တွေ့စမ်းသပ်လုပ်ကိုင်ကြည့်ကြသည်။ မပွေးက အကိုင်အတွယ်အသားမကျသူတွေကို လိုက်ပြီ ပြုပြင်ပေးသည်။
အောင်မြင်သူလည်းရှိ၊ မအောင်မြင်သူလည်းရှိ။ ထိုစဉ်မှာပင် လူတွေ့စစ်ဆေးမှု စတင်သည်။ တစ်ယောက်ပြီးတစ်ယောက်ဝင်ကြသည်။
တကယ်နို့မထွက်သူတွေက အလျင် ၀င်ကြသည်။ အကြံဖန်သမားတွေကတော့ မ၀င်ရဲကြသေး။ လှထုံသည် မပွေးအခြေအနေကို သိချင်သဖြင့် မ၀င်သေးဘဲ စောင့်နေလိုက်သည်။

"ကဲ...ငါ အရင် စပြီးဝင်မယ်"
မပွေးက စစ်ဆေးမည့်အခန်းထဲသို့ ကော့ကော့ ကော့ကော့နှင့်ဝင်သွားသည်။
အပြင်မှာကျန်ခဲ့သူတွေ ရင်တထိတ်ထိတ်နှင့် စောင့်နေကြသည်။ လှထုံပင်လျှင် စိတ်ဝင်စားမှုဖြင့် ရင်ခုန်နေမိ၏။
ခဏကြာတော့ မပွေး ပြန်ထွက်လာသည်။ သူ့မျက်နှာထားကို အကဲဖမ်းလို့မရသေး။
"ဘယ်လိုလဲ၊ ဘယ်လိုလဲ" ၀ိုင်းမေးကြသည်။
မပွေးက မျက်နှာရှုံ့မဲ့သွားပြီး..

"မအိုကေဘူးဟေ့"
"ဟင်..ဘာဖြစ်လို့လဲ။ ဟိုကျမှ နို့တွေ ထွက်လာလို့လား"
"ဘယ်ဟုတ်မလဲ၊ ငါကိုက ပေါ့လျော့လွန်းလို့ဖြစ်သွားရတာပါအေ"
"ဘာဖြစ်သွားတာလဲ" "ဟိုမှာ ညှစ်ပြတာ အားလုံးအဆင်ပြေလို့ နို့တစ်စက်တောင် မထွက်ဘူး။ ဒါပေမယ့် ဟောဒါကြောင့်ပေါ့"
သူက နို့ကောင်းသူဖြစ်သဖြင့် မညှစ်ဘဲ အလိုလိုစိမ့်ထွက်တတ်သည်။
ထိုနို့ရည်များက သူ့အင်္ကျီကိုစွန်းပေပြီး အကွက်လိုက် မြင်နေရသောကြောင့်ပင်ဖြစ်လေသည်။

လှထုံအလှည့်ရောက်ပြီ။
သူကတော့ စိတ်ချလက်ချပင် ခပ်အေးအေးဝင်သွားသည်။ အခန်းထဲမှာ အမျိုးသမီးသုံးယောက် ထိုင်နေသည်။ ညာဘက်အစွန်မှာထိုင်နေသူက သူနှင့်မျက်မှန်းတန်းမိပြီးသားဖြစ်သည်။ ထိုအမျိုးသမီးက
"မလှထုံ နို့မထွက်ဘူးဆိုတာ သိပြီးသားပါ။ ဒါပေမယ့် စည်းကမ်းအတိုင်းတော့ ပြလိုက်ဦးပေါ့"
"ဟုတ်ကဲ့ ရပါတယ်" လှထုံက အင်္ကျီနှင့်ဘော်လီကိုလှန်ပြီး အားရပါးရ ညှစ်ပြလိုက်၏။
ဘယ်လိုဘာတွေဖြစ်ကုန်သည်မသိ။ ရက်ပေါင်းများစွာ ဆို့ပိတ်နေသော နို့ကြောင်းသည် ရုတ်တရက်ပွင့်ကန်ထွက်ပြီး
နို့ရည်များက သင်္ကြန်ရေသေနတ်နှင့်ပက်လိုက်သလို အရှိန်နှင့် ပန်းထွက်လာသည်။
သေချာစွာစူးစိုက်ကြည့်နေသော အလယ်မှအမျိုးသမီး၏မျက်နှာတည့်တည့်ကို ထိမှန်သည်။
ထိုအမျိုးသမီးမှာ လန့်ပြီး အမလေး သောက်ပလုတ်တုတ်ဟု အော်လိုက်သည်။
လှထုံသည်လည်း အလွန်အံ့သြပြီး သူ့ဟာသူ ငုံကြည့်ရင်း ကြက်သေ သေနေသည်။
ဘေးမှအမျိုးသမီးနှစ်ယောက်က ရယ်ကြသည်။
နို့အစင်ခံရသော အမျိုးသမီးမှာ ရှက်လည်းရှက်၊ ဒေါသလည်းဖြစ်ပြီး..
"ဟင်..ဒါ သက်သက်လာလိမ်တာပေါ့လေ။ ဒီကလည်း မသင်္ကာလို့ သေသေချာချာကြည့်နေတာ...ဟင်း... အခုတော့" စသည်ဖြင့် ရန်တွေ့သလိုပြောနေသည်။

လှထုံကတော့ သူပြောတာတွေ မကြားနိုင်။ အံ့သြကြီးစွာဖြစ်နေရာက တဖြည်းဖြည်း ပြုံးလာသည်။

"မရောင်းဘူး၊ လုံးဝမရောင်းဘူး" ဟိုအမျိုးသမီးက ဆက်ပြောနေသည်။
ထိုအခါ လှထုံကလည်း..
"မ၀ယ်ဘူး၊ မ၀ယ်ဘူး၊ ဘူးတစ်ဝက်မကလို့ ဘူးတစ်ရာရောင်းလည်း မ၀ယ်ဘူး။ ကျွန်မ နို့ထွက်လာပြီ။ ကျွန်မသားလေးကို ကျွန်မဘာသာနို့တိုက်နိုင်ပြီ။ နို့ထွက်လာပြီ" ဟု တတွတ်တွတ်ရေရွတ်ရင်း ထွက်သွားသည်။
အပြင်ရောက်သောအခါ ဣနြေ္ဒပင် မဆောင်နိုင်တော့ဘဲ သူ့သားလေးရှိရာ အိမ်သို့ အမြန်သုတ်ခြေတင် ပြေးတော့သတည်း။

*********************************
မင်းလူ
ရယ်မောခြင်းလက်ရွေးစင်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/30/2012 12:45:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:32691] Fwd: [လူဗိုလ်ဟူသည် ...] ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/9/29
Subject: [လူဗိုလ်ဟူသည် ...] ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်
To: lubo601@gmail.com



by Lu Cifer on Saturday, September 29, 2012 at 9:17am ·

 ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်ကို (Student-centered Learning) ဟုခေါ်ဆိုပါသည်။ သင်ကြားမှု သင်ယူမှုဖြစ်စဉ်တွင် ကျောင်းသား၏ အတွေ့အကြုံကို ဗဟိုပြုသည့်သင်ယူမှုဟု ဆိုနိုင်သည်။ အပြောဖြင့် သင်ကြားနည်းမဟုတ်၊ အလုပ်ဖြင့် သင်ကြားသည့်စနစ်ဟူ၍လည်း ဆိုနိုင်ပါသည်။

ကလေးဗဟိုပြု ချဉ်းကပ်မှု (Child-centered Approach) ဖြင့် အော်ခဲ့ပြီး ဆရာ၏ ထိန်းကြောင်းညွှန်ပြ သွန်သင်မှုကို ခံခဲ့ကြရသော ပညာရေးကိုသာ အစဉ်အလာအနေဖြင့် လက်ခံကျင့်သုံးနေကြဆဲဖြစ်သည်။ ကျောင်းသား သို့မဟုတ် ကလေးကို ဗဟိုမပြုနိုင်သေးသည့် အကြောင်းတရားများစွာ ရှိပါသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကျောင်းသား၊ ဆရာ၊ စာသင်ခန်းပြဿနာ များကြောင့် အချိုးအစားမမျှသဖြင့် အကောင်အထည် မဖော်နိုင်ခြင်းကများသည်။ အထူးသဖြင့် ဆရာများကလည်း သင်ကြားမှုဗဟိုပြုရာတွင် မပြောင်းလဲချင်သေးသည့် သဘောထားများကိုလည်း တွေ့ရသည်။ ကလေး သို့မဟုတ် ကျောင်းသားကို ဗဟိုပြုလိုက်လျှင် ဆရာ၏အလုပ်၊ စွမ်းဆောင်ရမှု၊ အားထုတ်ရမှုပိုသွားသည်။ တစ်နည်းအားဖြင့် အပင်ပန်းမခံချင်ကြသောကြောင့်သာ ဆရာကိုဗဟိုပြုစေပြီး သင်ကြား နေကြခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

 ဆရာဗဟိုပြု ချဉ်းကပ်မှု
  • ဆရာသည် ဗဟုသုတ ဟင်းလေးအိုးကြီး ဖြစ်နေသည်။ သူသိ၊ သူတတ်၊ သူနားလည် ဖြစ်နေပြီး ပညာရယူနိုင်မှုတွင် ဆရာကသာ လမ်းညွှန်ခြင်း၊ ထိန်းချုပ်ခြင်းများကို ပြုလုပ်သည်။ ဘာကိုလေ့လာရမည်ဆိုခြင်းကို ဆရာကသာ အဆုံးအဖြတ်ပေးသည်။
  • ကျောင်းသားဆိုသည်မှာ "မပြည့်အိုး" အသွင် သဘောထားခြင်းခံရသည်။ ထို့ ကြောင့် ဖြည့်မှပြည့်၊ ပေးမှရ၊ သင်မှတတ် ဆိုသည့်သဘော သတ်မှတ်ခြင်းခံနေရသည်။
  • ကျောင်းသား ယခင်က သင်ယူခဲ့မှု၊ ကျွမ်းကျင်တတ်မြောက်မှု၊ အတွေ့အကြုံ ဗဟုသုတများကို လုံးဝလျစ်လျူရှုထားသည်။ ထို့ကြောင့် သင်တိုင်း တတ်မြောက်ရမည်ဟု မှတ်ယူထားသည်။ ကျောင်းသား၏ အားနည်းချက် နှင့် အမှားကို လက်မခံ။ "ဒါလေးတောင် မတတ်ဘူးလား" ဆိုသည့် မမျှမတ ပိုင်းဖြတ်မှုကို ခံနေရသည်။ "ဒီအတန်း ရောက်လျှင် ဒီစာကို သိကိုသိရမည်" ဆိုသည့် သတ်မှတ်ခြင်းကိုခံရသည်။
  • သင်ကြားခြင်းသည် အရှိန်မြှင့်ခြင်းဟု သဘောထားနေသဖြင့် သာမန်ကျောင်းသားလည်း တော်သည့်ကျောင်းသားနည်းတူ တစ်တန်းတစ်စားတည်း သတ်မှတ်ကာ မောင်းနှင်ခြင်းခံရသည်။
  • - ကျောင်းသား၏ တတ်မြောက်မှုကို အစဉ်အလာနည်းဖြစ်သည့် "စာမေးပွဲ" ဖြင့်သာ ပိုင်းဖြတ်သည်။ ကျောင်းသား၏ ခံယူနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းကို အလေးမထားသဖြင့် တစ်မျိုးတစ်စားတည်းမေးခွန်းထုတ်ကာ တစ်တန်းတည်းသတ်မှတ်ပြီး ပိုင်းဖြတ် ခြင်းခံရသည်။ ကျောင်းသား၏ နောက်ခံကို ပစ်ပယ်ကာ အမှတ်ဖြင့် ပိုင်း ဖြတ်ခြင်းဖြစ်သည်။
  • သင်ရိုးမာတိကာနှင့် သင်ရိုးညွှန်းတမ်းများသည် စည်းကမ်းနှင့် ရလဒ်ကိုအခြေခံသည့် ပြဋ္ဌာန်းသတ်မှတ်ချက်များ ဖြစ်နေသည်။ အသိဉာဏ်ဆိုသည်မှာ အဆင့်ဆင့် မြင့်တက်လာသည့်သဘောဟု လက်ခံထားကြသည်။ ထို့ကြောင့် အမှားအယွင်း အတိမ်း အစောင်းကို လက်မခံခြင်းဖြစ်သည်။ ကျောင်းသား၏ အချက်အလက် ရယူစုဆောင်းမှုကို ဆရာက "အသိပညာ" ဟု လွဲမှားစွာ ကောက်ချက်ချခြင်း ခံရသည်။
 ဆရာဗဟိုပြုခြင်းကြောင့် ရလာသည့်အကျိုးတရား
  • စည်းကမ်းတင်းကြပ် ချုပ်ကိုင်မှုကို ခံရပြီး နှုတ်တိုက်အာဂုံဆောင်ကာ ရွတ်ဆိုပြ၊ ရေးသားပြနိုင်မှ လူတော်အဖြစ် သတ်မှတ်ခြင်း ခံရသည်။
  • တွေးတောဆင်ခြင်မှုကို ဦးစားမပေးသည့် သင်ကြားမှုကို ခံရသဖြင့် ကျောင်းသားသည် ကိုယ်ပိုင်အစွမ်းအစဖြင့် ဖော်ထုတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖွင့်ဆိုနိုင်ခြင်းမရှိတော့။  ပါဝင်သည့်အချက်အပေါ်တွင် အမှတ်ပေးကာ များများရ များများပေး၊ လူတော်ရွေး အအောင်ပေးခြင်းခံရသည်။
  • အချက်အလက်များကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ များများမှတ်မိလေ အောင်မြင်လေဖြစ်သည်။
ဆရာဗဟိုပြုသင်ကြားရာတွင် ဗျူဟာနှစ်ခုကိုသာ အဓိကကျင့်သုံးကြောင်းတွေ့ရသည်။
  • အုပ်စုလိုက်သင်ကြားခြင်း၊ အုပ်စုထဲမှ ပျမ်းမျှကိုသာ ရွေးထုတ်ခြင်း
  • အချက်အလက်များကို စုဆောင်းခြင်း၊ သင်ပြခြင်းသည် ဆရာ့အလုပ်ဟုသာ ခံယူထားသည်။ ထို့ကြောင့် ဆရာက သင်ကြား၊ ကျောင်းသားက နားထောင်၊ စာအုပ်ထဲ ပါတာဖတ်စနစ်ဖြစ်သည်။
 ဆရာဆိုသည်မှာ
  • ကျောင်းသားအစုအဝေးတစ်ခုကို မိမိသိ ထားသမျှ ပြောဆိုညွှန်ပြ သွန်သင်ပြသူ။
  •  အသိဉာဏ်ဂိတ်တံခါးတွင် တံခါးစောင့်။ သူဖွင့်မှဝင်နိုင်၊ သူခွင့်ပြုမှ ရနိုင်သည်။
  •  ငါမပါ ပညာရေးသည် မပြည့်စုံဟုထင်နေသည်။
 ကျောင်းသားဆိုသည်မှာ
  • ဆရာပေးမှ ရ၊ ဆရာသင်ပြမှ တတ်၊ ဆရာမသင် မအောင်မြင်ဆိုသည့် အတွေး ဝင်လာသည်။
  • ပညာကို ဆရာကသင်မှသာရမည်ထင်လာသဖြင့် ကိုယ်ပိုင်အစွမ်းအစများနည်းလာသည်။
  • နားလည်သည်ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ မှတ်ထားသမျှ ဖော်ထုတ်ပြနိုင်မှသာ အောင်မြင်မှုရမည်ဟု ထင်မှတ်နေကြသည်။
 သင်ယူမှုဝန်းကျင်
  • စာသင်ခန်းအတွင်း အတန်းလိုက် ထိုင်ရသည်။
  • ဆရာဟောပြောပို့ချချက်များကို နားထောင်ကြရသည်။ ဆရာဖတ်ခိုင်းသည့် စာအုပ်ကိုပဲဖတ်ရသည်။ ကန့်သတ်ချက်၊ တားမြစ်ချက်များဖြင့် နေထိုင်ကြရသည်။
 ကျောင်းသားဗဟိုပြူချဉ်းကပ်မှု
  • ကျောင်းသားကို မပြည့်သည့်အိုးတစ်လုံး အဖြစ် မည်သည့်အခါမျှ မသတ်မှတ်ပေ။ သူတို့သည် သူတို့ဘဝ၊၊ သူတို့အမြင်၊ သူတို့ ခံယူချက်၊ သူတို့ အတွေးအမြင်များဖြင့် ကြီးပြင်းလာခဲ့ကြသည်ဟု လက်ခံထားသည်။
  • ဘာကိုသင်ရမည်ဟု အလေးအနက်မထား၊ ဘယ်လိုထိရောက်အောင်သင်ရမည်ကို အဓိကထားပြီး သင်ယူမှု ဖြစ်စဉ်ကို တိုးတက် မြင့်မား သွားစေရန် ရည်ရွယ်ထားသည်။
  • ကျောင်းသား၏လေ့လာသင်ယူနေမှု အပေါ် ဆရာကစိတ်ပါဝင်စားပြီး ဘာထပ်လုပ်ပေးလျှင်ကောင်းမည်နည်းဟု အစဉ် တွေးပေးနေရမည်။ ဆရာဆိုသည်မှာ သူတို့ အတွက် စိတ်ဖိစီးစရာတစ်ရပ်အနေဖြင့် ရှိမနေစေရန် သတိပြုရမည်။ ကျောင်းသားကို အသင့်စားသုံးနိုင်ရန် မစီစဉ်ပေးရ။ လမ်းညွှန်ပြသသူသာဖြစ်ရမည်။
  • ကျောင်းသားကို ဆရာကြိုက်သည့်နည်းလမ်း၊ သတ်မှတ်ပြဋ္ဌာန်းချက်နည်းလမ်း အတိုင်းလေ့လာသင်ယူနေစေ ခြင်းထက် ကျောင်းသားကြိုက်သည့်နည်းလမ်းကိုလည်း ရွေးချယ်ခွင့်ပေးရမည်။ တစ်ဦးချင်း ဖြစ်စေ၊ အုပ်စုလိုက် ဖြစ်စေ ဖော်ထုတ်ဝေဖန် သုံးသပ်နိုင်ခွင့်ကို ဦးစားပေးရမည်။ ဤ နည်းမှာကျောင်းသား၏ တီထွင်ဖန်တီးချင်စိတ်ကို အားပေးအားမြှောက် ပြုရာရောက်သည်။
  • သင်ယူမှုဖြစ်စဉ်သည် လှုပ်ရှားတက်ကြွ စိတ်ထက်သန်ပြင်းပြနေရမည်။ အချက်အလက်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံ၊ အတွေးပေါင်းစုံ၊ ချဉ်းကပ်မှုနည်းမျိုးစုံဖြင့် သက်ဝင်နေရမည်။ တစ်ခုမအောင်မြင်လျှင် အခြားတစ်ခုဖြင့် ချဉ်းကပ်နိုင်စေရန် အားပေးအားမြှောက်ပြုနေရမည်။ ကျောင်းသား နှင့်ဆရာ အပြန်အလှန် ဆွေးနွေး ခြင်း၊ ကျောင်းသားအချင်းချင်း အပြန်အလှန်ဆွေးနွေးခြင်း၊ တစ်ဦးချင်း၊ အုပ်စုလိုက် အပြန်အလှန် ဝေဖန်ဆန်းစစ် ငြင်းခုန်ဆွေးနွေး ဝေဖန်မှုများကို အားပေးရမည်။ ဤနည်းသည် ကျောင်းသားဗဟိုပြုသင်ယူမှုကို အရှိန်မြင့် စေပါလိမ့်မည်။ အစဉ်အလာပညာရေးသည် ကျောင်းသားကို ဝေဖန်ဆွေးနွေးခွင့် မပေးထားသဖြင့် အကြံတုံး၊ ဉာဏ်တုံး များဖြစ်ခဲ့ရသည်။ ဆရာသည် ကျောင်းသားကို အမြင်အယူအဆ မတူလျှင် အပြစ်မြင်မည့်အစား၊ အားပေးအားမြှောက်ပြုနိုင်ရမည်။
  • ကျောင်းသားသည် ပြောဆိုခြင်း၊ နားထောင်ခြင်း၊ ရေးသားခြင်း၊ ဖတ်မှတ်ခြင်းတို့တွင် ကိုယ့်စိတ်တိုင်းကျ စိတ်ပါမှလေ့လာ၊ စိတ်ပါမှသင်ယူ၊ စိတ်ပါသည်ကိုလုပ်ဆောင် နိုင်ရန် အားပေးရမည်။ "ကျောင်းသားမသိ ချင် လျှင် ဘာကိုမျှ သင်၍မရနိုင်" ဆိုသည့် သဘောတရားကို နားလည်ထားရမည်။
  • ယခင် ကျောင်းသားကို ပိုင်းဖြတ်ရာတွင် အမှတ်အရေအတွက်သာဖြစ်သည်။ အမှတ်ဖြင့် ပိုင်းဖြတ်ခြင်းထက် ပြဿနာကို ဖြေရှင်းပုံ ဖြေရှင်းနည်းအား ဦးစားပေးသင့်ပါသည်။ ဆရာနှင့်ကျောင်းသားဆိုသည်မှာ တစ်လှေ တည်းစီး၊ တစ်ခရီးတည်းသွားနေသည့် သဘောမျိုး သက်ရောက်နေရမည်။ ဆရာသည် ပဲ့ကိုင်၊ ကျောင်းသားကို လှေဝမ်းထဲ ထိုင်ခိုင်းထားရုံဖြင့် ဘာမျှတတ်ကျွမ်းလာမည် မဟုတ်ပါ။
  • သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများသည် တစ်သမတ်တည်း ပြဋ္ဌာန်းချက်များ မဖြစ်စေရ။ အကြောင်းအရာ အချက် အလက်များသည် အမြဲရှင်သန် ပြုပြင် ပြောင်းလဲနိုင်ရမည်။ ဖတ်စာဆိုသည်မှာ ကျောင်းသားတစ်ဦးတည်းဖတ်ရန်မဟုတ်၊ ကျောင်းသားနှင့်ဆရာ ပူးပေါင်းဖတ်ပြီး အဖြေရှာနိုင်မည့် နည်းလမ်း များကို စုပေါင်း ဆောင်ရွက်မှုမျိုးသာဖြစ်ရမည်။
 ကျောင်းသားဗဟိုပြုခြင်းကြောင့် ရလာသည့် အကျိုးတရား
  • နယ်ပယ်တစ်ခုအတွက်သာမက ပညာရပ် နယ်ပယ်ပေါင်းစုံကို အလေးအနက်ထားလာသည်။
  •  ကျောင်းသားသည် သင်ယူမှုတွင် စိတ် ဓာတ်အမြဲတက်ကြွနေမည်။ တွေးခေါ်မှုနှင့် စွမ်းဆောင်ရည်များ မြင့်မားလာမည်။ ဥပမာ ပြဿနာများကို အဖြေရှာတတ်မည်။ ပိုင်းခြားဝေဖန် သုံးသပ်တတ်မည်။ စုစည်း လုပ်ဆောင် အကောင်အထည်ဖော်တတ်လာမည်။ ဆက်သွယ်ပူးပေါင်း အဖြေ ကောင်းမည်ဟု နားလည်သဘောပေါက် လာလိမ့်မည်။
ကျောင်းသားဗဟိုပြုရာတွင် အသုံးပြုသည့် ဗျူဟာများမှာ
  • မည်သို့လေ့လာသင်ယူရမည်ကို ကျောင်းသားနှင့်ဆရာ ပူးပေါင်းအဖြေရှာကြသည်။
  • ကျောင်းသားတစ်ဦးချင်း၏ လိုအပ်ချက်ကို  ဗျူဟာပြောင်းလဲ ကျင့်သုံးနိုင်သည်။
  • အသိပညာကို နယ်ပယ်စုံမှ ရယူပိုင်ခွင့်ရှိသည်။ ဥပမာ စာအုပ်၊ အွန်လိုင်း၊ လူ့ဘောင် အဖွဲ့အစည်းများမှ၊ လူမှုကွန်ရက်များမှရနိုင်သည်။ ရရှိလာသည့် အချက်အလက်များဖြင့် မိမိတို့ပြဿနာများကို ဖြေရှင်းမှုပြုတတ်လာသည်။
 ဆရာဆိုသည်မှာ

ကူညီပံ့ပိုးအကျိုးဆောင်သူဖြစ်သွားသည်။ ကျောင်းသားကို အချက်အလက်များ၊ ဗဟုသုတများ၊ အကြောင်းအရာများ ရရှိနိုင်စေရန် လမ်းညွှန်ပြသူ ဖြစ်သွားသည်။ ဆရာ၏ အလုပ်ကိုနည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်ရမည်။ ကျောင်းသားသည် ပြဿနာတစ်ရပ်ကို ကိုယ်တိုင်ဖြေရှင်းနိုင်ရမည်။ ကိုယ်တိုင်မအောင်မြင်လျှင် ပူးပေါင်း ကြံဆဖော်ထုတ်တတ်ရမည်။ အလုပ်ကို ကျောင်းထက် ပြင်ပတွင် အချိန်ယူကာ လုပ်ဆောင်နိုင်ရမည်။ ကျောင်းဆိုသည်မှာ စာလာသင်ရန်မဟုတ်။ ကျောင်းသားကို ပိုင်းဖြတ်ရမည့် နေရာတစ်နေရာဖြစ်လာသည်။

 ကျောင်းသားဆိုသည်မှာ
  • သင်ယူမှုဖြစ်စဉ်ကို တာဝန်ယူတတ်သူတွေ ဖြစ်လာမည်
  • လှုပ်ရှားတတ်ကြွ ဖော်ထုတ်တတ်သူတွေ ဖြစ်လာမည်
  • ဆရာနှင့်ပူးပေါင်း၊ အခြားရနိုင်သမျှ စုဆောင်း၊ အဖြေကောင်းထုတ်နိုင်သူတွေ ဖြစ်လာသည်။
 သင်ယူမှုဝန်းကျင်
  • ကျောင်းသားသည် သင်ယူနိုင်မည့် ရင်းမြစ် အများဆုံးရှိသည့်နေရာတွင် သင်ယူခွင့်ရှိရမည်။ ဥပမာ စာကြည့်တိုက်၊ အင်တာနက်တို့ဖြစ်သည်။
  •  ကျောင်းသားတစ်ဦးချင်း လေ့လာနိုင်မှု ရှိမည်။ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုရှိ လာမည်။ ဆရာက လေ့လာသင်ယူမှုကို ကြီးကြပ်သည့်သဘောသာဖြစ်သည်။
ဗဟိုပြုမှုနှစ်ခုနှိုင်းယှဉ်ချက်

တင်ညွန့်
မောက္ခပညာရေးမဂ္ဂဇင်း
2012-09-28



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 9/30/2012 12:36:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:32182] Re: [aurorageneration] သွေး

သစ္စာတစ်ရားရှာတဲ့သူတွေကိုတော့ခွက်နဲ့မနှိုင်းကြပါနဲ့ကွာ။ ခွက်ဆိုတာပျောက်တတ်တယ်ကွ။ ခွက်ပျောက်ရင် ငါတို့အတွက်ဘာမှမထူးခြားပေမယ့် သူတောင်းစားတွေအတွက်တော့ ဘ၀ပျက်တာပဲကွ။ သူတောင်းစားက ဘယ်သူတွေလဲဆိုတာကိုတော့ ကိုယ်တိုင်သိကြမှာပါ။

2012/9/28 Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း <cybernautical@gmail.com>
အို့ အို့  ဟာဂျီလေး ဟာရွန်း
အရမ်းဟောင်လွန်းနေပါလား...စာမေးပွဲလည်းနီးနေပြီ....အင်း ဒီနှစ် ဒုတိယနှစ်
မအောင်လို့ တော်ကြာ ဖေစ့်ဘုတ်မှာ ကြွားလို့ မရဖြစ်နေပါဦးမယ်.....

ကဲကဲ ဘောပွဲတွေချည်းလောင်းနေရလို
့ပျင်းလာပြီး....ဒိုင်ကိုင်မယ်...ဟာရွန်းလေး ဒုတိယနှစ်
အဝေးသင်စာမေးပွဲလေး အောင်မအောင်....ရူပဗေဒ အဝေးသင် ဒုနှစ် ဟာရွန်း
စာမေးပွဲ ကျ မယ်ဆို ၂လေး၁ လေး...


On 9/27/12, Pao Wyne <eniweniw@googlemail.com> wrote:
> ကိုင်း ... ကြားကြဘီမှုတ်လား ။ အမေစုကို ပြန်ပေးဆွဲပြီး ရွှေတိဂုံ
> ဗုံးခွဲမဲ့ကိစ္စတောင် တစ်ကြောင်းဆွဲ အစီအစဉ်ပဲရှိသေးတယ်တဲ့ ။ ၂ ကြောင်း ၃
> ကြောင်း ထပ်ဆွဲဦးမှာတဲ့ ။ အမလေး ..ဖျားဖျား ။ အီရန်နဲ့ ပါကစ္စတန် ကနေ
> နျူကလီးယား လက်နှက်ယူပြီး  မြန်မာပြည်ကို ထုကြတော့မလား မသိဘူး ။
> အဲ့တာကြောငါ့ ပေါင် မပြောဘူးလား မဟန်နီ ။ ပေါင် ကြောက်ပါတယ်လို့ ။
> သူတို့က အစ်နဲ့တိုင်း နွားသတ်နေတာ ။ ကလေးက အစ မိန်းမက အစ လက်ရဲဇတ်ရဲတွေ ။
> ပေါင်ကတော့ သွေးနံ့ ရတာနဲ့ ... မူးချင်သလို ..မော်ချင်သလို ဖြစ်တတ်တာ .။
> အခု ၂ ကြောင်း ၃ ကြောင်း ထပ်ဆွဲဦးမယ်လို့ ပြောကုန်ပြီ ။ ပေါင်တို့တော့
> ကိုယ်ကျိုးနဲပြီထင်ပါရဲ့ ။
> ဒါကြောင့် အစထဲက ကိုမိုးသီးဇွန်တို့ .. ကိုမြအေးတို့ .. ဟန်ညောင်ဝေ တို့
> .. ဘီဘီစီ ဒေါ်ငြိမ်းရွှေတို့  .. ကိုလင်းထက်ဆွေတို့  အတန်တန်
> နားချတဲ့အတိုင်း ပေါင်တို့  အရှုံး ပေးလိုက်သင့်တာ ။
> ပေါင့်အမှားပါ ..။ ပေါင်မှား မိတာပါ ။ ဟော့ဒီက ပေါင်ပေါင် .. မိုက်မိ တာပါ ။
> မ မင်းမင်းချစ်တို့ .. ဟာရွန်း ဘေတား တို့ လဲ ပေါင် ကျေနပ်အောင်
> တောင်းပန်ပြီးပြီပဲ ။ အလိုတော်ပြည့်ဆရာတော်ကြီး အမိန့်ရှိသလို  လူသတ်တဲ့
> NGO က ကုလား တရားခံတွေ ကိုတော့ အပြစ်က လွတ်စေ ..
> မြန်မာတိုင်းရင်းသားတွေကိုတော့ ခံချင်သလောက်ခံစေ ဆိုပြီး
> လွှတ်ပေးထားမှတော့ ပေါင်တို့လို နုနယ်တဲ့ အသဲနှလုံး ပိုင်ရှင်
> မျိုးဆက်သစ် ကလေးငယ်များအဖို့  ဘ၀ အာမခံချက်တွေ ၊ လူ သားတန်ဖိုးတွေ ၊
> အခြေခံ လုံခြုံမှုတွေ ဆိုတာလဲ ပြိုလဲခဲ့တာ ကြာပါပြီ ။
> ဟာရွန်းတို့  နောက်ဆို ဗလီတွေ ဆောက်ချင်တဲ့ နေရာမှာ ဆောက်တော့နော် ။
> ပေါင် တို့ ဘာမှ မပြောတော့ပါဘူး ။ ပေါင်တို့ မေမေစု နဲ့
> ပေါင့်အသဲကျော်လေး ရဲတိုက် အိုပါး ကိုတော့ ချမ်းသာပေးပါနော် ။ နော်
> ....နော် ...။
> ပုံ
> သနားစဖွယ် ထိတ်လန့် တုန်လှုပ်နေရှာသူ
> ကရုဏာ ပေါင်ငယ်လေး ။
>
>
> --
> ( .. ထိတ်စရာ လိပ်ပြာလှုပ် ..ပြိတ္တာရုပ်သဖွယ် ..။
> မဲချက်က ကဲတက်ကြွယ်သည် .. ကျွဲနက်ဝယ်အလား ..။
> ဂျီး သူဌေး .. မီးသွေးငိုသည် .. ကျီးမွှေးကိုရှုံးရတကား ..။
> ညစ်ထေးလို့ .. ပျစ်ထွေးမှောင်သည် .သစ်စေးရောင်အလား .။
> အနက်တွင်. မက်လင်သားပါပဲ .. မျက်မြင်အား အမှန် .။
> အမူမှာ ငါးခူရှုံးရ .. လဒူမုန့်  ကျွမ်းသည့် သဏ္ဍန် ..။
> သပိတ်နှင့် ငချိတ်ဆန်လို .. မနှိပ်ဟန် ဆင်ကွဲပါ့ ..မှင်ခဲနှင့် ပုလင်းဖင်လို
> ...။
> မဲမှောင်လို့ ညို ..။
> မီးလောင်သည့်  တုံးငုတ်တို မှာ .. ပုံးစုတ်ကို စွတ်ထားသို့  လေး ...။ ) ..
> www.facebook.com/paowyne
>

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N  မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့   mail ပို့ ခြင်းဖြင့်  ၀င်နိုင်ပါတယ်။  group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။





--
*I am just a person.*



--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
 
 

[mrsorcerer:32690] ဂရုဓမ္မ ( ကုရုဓမ္မ ) အခါတော်နေ့ သမိုင်းကြောင်း

ဂရုဓမ္မ ( ကုရုဓမ္မ ) အခါတော်နေ့ သမိုင်းကြောင်း

တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့အကြောင်းကို မေးထားတာ ကြာပါပြီ၊
အကြောင်းကြောင်းတွေ ကြောင့် လပြည့် နေ့ကို ကျော်လွန်သွားမှပဲ
ရေးဖြစ်တော့တယ်၊ ငယ်စဉ်ကတော့ ဂရုဓမ္မအခါတော်နေ့ဆိုတာ သိပ်ပြီး ထူးခြားတဲ့
နေ့လို့ မခံ စားခဲ့ဖူးဘူး၊ သို့သော် သူ့သမိုင်းကြောင်းကို
လိုက်ပြီးခြေရာခံလိုက်တော့မှ အစဉ်အလာကောင်းခဲ့တဲ့ နေ့ထူးနေ့မြတ် တနေ့
ဆိုတာကို သိခဲ့ရတယ်။

ဂရုဓမ္မ အခါတော်နေ့ဆိုတာ ယနေ့ခေတ်မှာ ငါးပါးသီလကို မလုံခြုံပဲ
အစဆုံးသိက္ခာပုဒ်ကို ချိုးဖျက်လိုက်၊ အလယ် က ဖောက် ဖျက် လိုက်၊ နောက်ဆုံးက
တခုကို လွှတ်ထားလိုက် လုပ်နေကြတဲ့ လူသားများ အတွက် တော်သ လင်း လပြည့်ေ န့
ရော က်တိုင်း သတိရစရာ၊ အတုယူစရာ၊ လိုက်နာစရာတွေနဲ့ ပြည့်နှက်လို့
နေပါတယ်။

ကုရုဓမ္မဇာတ်တော် ဟောရကြောင်း

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါ ရဟန်းတော် နှစ်ပါး ဟင်္သာတကောင်ကို
အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား ကြရင်း ကောင်းကင်ပျံဝဲနေတဲ့ ဟင်္သာကို
ကျောက်ခဲဖြင့် လှမ်းပြစ်လေရာ ကျောက်ခဲမှန်သော ဟင်္သာသည် အော်ဟစ်မြည်
တမ်းရင်း မြေပြင်ကျပြီး သေဆုံးခဲ့ရတယ်။

ဒီအကြောင်းကို မြတ်ဘုရား သိတော်မူတော့ ချစ်သားရဟန်း သင်ဟာ သာသနာတော်မှာ
နေပြီး ရဟန်းဝတ်နေ ပါလျက် ပါဏာတိပါတအမှုကို လုပ်တာ လက်ဆော့
ခြေဆော့ရှိလှပါလား၊ ဟိုရှေးရှေးတုံးက ပညာရှိတွေ က သာသနာပကာလမှာ သတ်ဖို
့နေနေသာသာသီလတရားတွေကို အသက်တမျှ တန်ဖိုး ထား စောင့်ရှောက် ခဲ့ကြတယ်
ဆိုပြီး ကုရုဓမ္မ ဇာတ်တော် ကို ဟောေ တာ် မူခဲ့ပါတယ်။

ယနေ့အချိန် မှာတော့ ကုရုတိုင်း ဆိုတာ အိန္ဒိယနိုင်ငံ နယူးဒေလီ New
Delhiမြို့တော် ၀န်းကျင်လို့ မှတ်တမ်းများအရ သိရတယ်၊ ဒါဆိုရင်တော့
ကုရုတိုင်းသားတွေဟာ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ တရားစောင့်ခဲ့ကြ
တယ်၊လို့ ဆိုရမ လိုပါ၊ မြတ်ဘုရား မပွင့်ခင်ကလဲ သာသနာပကာလမှာ ငါးပါးသီလ
မြဲခဲ့ကြသလို မြတ်ဘုရား လက်ထက်တော်မှာလဲ ကုရုတိုင်းသားတွေဟာ အဆင့်ြ မင့်
လာပြီး သမထ၊ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို လက်ကိုင် ထား ကျင့်သုံးခဲ့ကြတာမို့
ဘုရားရှင် က ကုရုတိုင်းကို ကြွတော်မူပြီး ခက်ခဲ နက်နဲလှတဲ့ မဟာသတိပဋ္ဌာန
သုတ်တော် ကို ဟောတော်မူခဲ့ဖူးတယ်၊

စာရေးသူတို့ ဘုံဘေ ( Mumbai ) မြို့ကတော့ သီရိဓမ္မာသောက မင်းကြီးရဲ့
ကိုးတိုင်းကိုးဋ္ဌာဋ္ဌ သာသနာပြု အစီအ စဉ် မှာ ရှေးယခင်က မဟာရဋ္ဌတိုင်း လို့
အမည်တွင်ခဲ့ပြီး အရှင်မဟာ ဓမ္မရက္ခိတမထေရ် ဦးဆောင်သော သံဃာ ငါးပါး
ကြွရောက် လာကာ မဟာနာရဒဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့ပြီး
သာသနာမျိုးစေ့ ချခဲ့တယ်လို့ ဆိုတယ်၊ ယနေ့ခေတ် မှာတော့ Maharashatra
မဟာရရှ်ထရ ပြည်နယ်ပေါ့၊ ဘုံဘေမြို့ပုနေး Pune
မြို့တို့ဟာပြည်နယ်အလယ်ပိုင်းမှာ တည်ရှိပြီး သီပေါ မင်းနေထိုင်ခဲ့ရာ
ရတနာဂီရိ Ratnagiri မြို့ကတော့ မဟာရရှ်ထရ ပြည်နယ်ရဲ့ အနောက်တောင်ပိုင်း
အစွန်အဖျားမှာ တည်ရှိတယ် လို့ မြေပုံအနေအထားများအရ သိရပါတယ်။

ကုရုဓမ္မ ဇာတ်တော်

ဂေါတမ ဘုရားအလောင်း ပါရမီတော်များကို ဖြည့်ကျင့်စဉ် နုစဉ်အခါတုံးက
ကုရုတိုင်း ဣန္ဒပတ္တမြို့တော် မှာ မင်းကျင့် တရားဆယ်ပါးနှင့်အညီ
မင်းပြုတော်မူတဲ့ ရှင်ဘုရင်အဖြစ် ထီးနန်းစိုးစံချိန်မှာ ကုရုဓမ္မ (
ကုရုတိုင်းသားတွေ စောင့်ထိန်းကြ လို့ ကုရု ဓမ္မ ) တရားဆိုတာ ဖြစ်ပေါ်လာရ
တယ် လို့ ဆိုတယ်၊

ကုရုဓမ္မ ဆိုတာ တခြားမဟုတ်ပါ၊ ယနေ့လူတိုင်းစောင့်ထိန်းနေကြတဲ့
ငါးပါးသီလကိုပဲ ကုရုဓမ္မ ( တနည်းအားဖြင့် အချိန် ကာလတွေ ကြာလာသည်နှင့်
အမျှ ) ဂရုဓမ္မ ( ဂရု - လူတိုင်း တလေးတစား စောင့်ထိန်းသင့်သော၊ ဓမ္မ -
ငါးပါးသီလ တရားများ ) လို့ အဓိပ္ပါယ် ခေါ်ဆိုရပါမယ်။

အတိတ်တချိန်က ဘုရားလောင်း မင်းပြုနေချိန် မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ
အုပ်ချုပ်လေ တော့ တိုင်းပြည် မှာ စည်ပင် ၀ပြောပြီးအေးအေးချမ်းချမ်း
ရှိနေခဲ့တယ်၊ အဲဒါတင်မကပဲ ဘုရားအလောင်း ရှင်ဘုရင်ကြီး ဟာ မြို့ရဲ့
အရပ်လေးမျက်နှာ၊မြို့လယ်ခေါင်နေရာ နဲ့ မိမိနန်းတော်တခါးဝ ဆိုတဲ့ နေရာ( ၆
) ခုမှာအလှူဒါနကို စိတ်ကြိုက်လှူဒါန်းပေးကမ်းလေ့ရှိခဲ့တယ်၊
တစ်တိုင်းပြည်လုံးလဲ ငါးပါးသီလကို စောင့်ထိန်း ကြတယ်၊
တတိုင်းပြည်လုံးထဲမှာမှအောက်ပါ ( ၁၁ ) ယောက်ကတော့ သီလကို အသက်နှင့်
လဲပြီးကို ထိန်း သိမ်းကြပါသတဲ့။ အဲဒီပုဂ္ဂိုလ်တွေကတော့ …

၁။ ဘုရားလောင်း ဘုရင်၊

၂။ အိမ်ရှေ့မင်းသား၊

၃။မယ်တော်ကြီး၊

၎။မိဖုရားခေါင်၊

၅။ မင်းအတိုင်ပင်ခံ ပုရောဟိတ် ပုဏ္ဏားကြီး

၆။ မြေတိုင်းအမတ်ကြီး၊

၇။ ရှင်ဘုရင်၏ ရထားထိန်းတော်၊

၈။ တိုင်းပြည်၏ အကြီးဆုံး ကုန်သည်ကြီး၊

၉။ နန်းတော် တံခါးမှုး

၁၀။တိုင်းပြည် ကျက်သရေဆောင် သူဋ္ဌေးကြီး

၁၁။ ပြည့်တန်ဆာမ

အထက်ပါလူတွေကတော့ သီလ၀န္တတွေလို့ ဆိုရမှာပါ၊ဘာဖြစ်လို့လဲဆို တော့
ဘုရားအလောင်း ကုရုမင်းကြီး ဟာ ပါဏာ တိပါတသိက္ခာပုဒ်နဲ့ ပက်သက်ပြီး တနေ့မှာ
ရေကန်ထဲကို ခဲလုံးတစ်လုံး ပစ်ချရင်း ငါးလေးတကောင် ကို ထိမှန်သွားတာ
သေသလား ရှင်သလား မသိရဘူး၊ အဲဒီအကြောင်းကို တွေးပြီး သူ့သီလကို သံသယ
ဖြစ်မိပါသတဲ့။

ပြည့်တန်ဆာမ၏ သီလစောင့်ထိန်းပုံ

ပြည့်တန်ဆာမ၏ သီလကို စမ်းသပ်လိုတဲ့သိကြားမင်းဟာ တနေ့မှာတော့
လုလင်တယောက်အသွင် ဖန်ဆင်းပြီး အသပြာ ငွေ တစ်ထောင်ထုပ်ကို ပေးကာ နတ်ပြည်
ပြန်သွားခဲ့တယ်၊ စရံသတ်ထားတယ် ဆိုတဲ့သဘော ထင်ပါရဲ့၊ သိကြားလုလင် လာမယ့်
ရက်ကို မျှော်ရင်းမျှော်ရင်းနဲ့ စောင့်ထိန်းနေခဲ့တယ်၊ ဘယ်သူက
လာခေါ်သည်ဖြစ်စေ မလိုက်ပါဘူး တဲ့၊ ၃ နှစ်တိတိ ကြာတဲ့ အခါမှာတော့
အသပြာ၁ထောင်လဲ ကုန်ပြီ၊ စားစရာလဲမရှိ ဆင်းရဲလာတဲ့အ ခါမှာ တရားသူကြီးဆီ
သွားပြီး အကျိုး အကြောင်း ပြောပြတော့ ၃ နှစ်အတိုင်းအတာဆိုရင်
လုံလောက်ပါပြီ၊ စောင့်မနေပါနဲ့တော့ လို့ ဆုံးဖြတ်ပေးလိုက်တယ်၊

ဒီတော့ နောက်လူ အသစ်ကို လက်ခံမယ် လို့ဝန်ခံလိုက်တဲ့ အချိန်မှာပဲ
တိုက်တိုက်ဆိုင်ဆိုင် သိကြားမင်းက ပေါ်လာပြီး သီလကို စမ်းသပ်လိုတာကြောင့်
ဒီလို လုပ်ခဲ့ရတဲ့အကြောင်း တတိုင်းပြည်လုံးကို တရားဟောပြီး ပြည့်တန်ဆာမ
အိမ်ကိုလဲ ရွှေငွေ စတဲ့ ရတနာ ၇ ပါးနဲ့ ဖြည့်ဆည်းပေးခဲ့ပြီး
နတ်ပြည်ပြန်သွားခဲ့တယ်၊ ဒီနေရာမှာ အဲဒီအမျိုးသမီးလေးက သူ့သီလကို
သံသယဖြစ်မိ တာက စောစောက လူသစ်ကို လက်ခံမိတာ ကို စိတ်ထဲမှာ
တနုံ့နုံ့နဲ့မပျော်ရွှင်ပါဘူး တဲ့။ ကုရုဓမ္မအကြောင်းကို ပြောရင်းနဲ့
လိုရင်း ကို မရောက်နိုင် ဖြစ်နေမိပါတယ်၊ ဖော်ပြချင်တာက သူတို့ရဲ့ငါးပါး
သီလကို အလေးထားပုံတွေကို ရိပ်မိစေလိုတာကြောင့် တင်ပြ လိုက်တာပါ၊
ရှိစေတော့ …

တိုက်တိုက်ဆိုင်ဆိုင် ကုရုတိုင်းနဲ့ မနီးမဝေး က ကာလိင်္ဂတိုင်း ဒန္တပုရ
မြို့မှာလည်းပဲ ကာလိင်္ဂရှင်ဘုရင်ကြီး အုပ်ချုပ်နေတဲ့ အချိန်၊ သူတို့
တိုင်းပြည်မှာတော့ မိုးခေါင်တဲ့ ဘေး ဆိုးကြီး ကျနေတာ နှစ်ပေါင်းများစွာ
ကြာနေပြီ၊ မိုးခေါင်လေတော့ သီးနှံ တွေလဲ မဖြစ်ထွန်းပဲ တိုင်းသူပြည်သားတွေ
စားရမဲ့ သောက်ရမဲ့ အငတ်ဘေး ဆိုက်လာပြန်တယ်၊ အငတ်ဘေး ဆိုက်ရုံ မကပဲ လူတွေ
မသန့်မရှင်းဖြစ်ပြီး အနာရောဂါတွေ ထူပြောလာပြီး ကူးစက်တတ်တဲ့
ရောဂါကပ်ဆိုးကြီး ရောက်လာပြန်ရော ..

ဒီတော့ တိုင်းသူပြည်သားတွေက ကာလိင်္ဂဘုရင်ကြီးဆီ အကျိုးအကြောင်းပြောပြပြီး ..

ဒီလို တတိုင်းပြည်လုံး ကပ်ဆိုက်နေချိန်မှာ အရှင်မင်းကြီး ဒါန သီလတွေ
များများပြုပြီး (၇) ရက်တိတိ ဥပုသ်စောင့်ပါက မိုးရွာပါလိမ့်မယ် လို့
လျောက်ကြတယ်၊

အဲဒီလို စောင့်သော်လည်း မိုးမရွာလေတော့ နောက်တဖန် ကုရုတိုင်းမှာ အဉ္ဇန၀ဏ္ဏ
မင်္ဂလာဆင်တော်ကြီး ရှိတယ်၊ သူတို့ ဆီကို ဆင်တော်အလှူခံပြီး သယ်လာခဲ့ရင်
မိုးရွာနိုင်ပါတယ် လို့ ဆိုပြန်တယ်၊ဒီလို လုပ်ပေမယ့် အဆင်မပြေပြန်ဘူး၊

ဇာတ်တော်ကို အကျဉ်းချုံးရလျင် နောက်ဆုံးမှာ ကုရုတိုင်းသားတွေ
စောင့်ထိန်းကြတဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးယူ စေကာ ကာလိင်္ဂတိုင်းသူ
ပြည်သားတွေ အားလုံး စောင့်ထိန်းကြမှ မိုးလေ၀သတွေ မှန်လာပြီး
တတိုင်းပြည်လုံးသာယာဝပြောစည်ပင် လာခဲ့ တယ်၊ တတိုင်းပြည်လုံး
အသက်ချမ်းသာရာ ရခဲ့ကြတယ် လို့ ဆိုပါတယ်။

ဇာတ်တော် နှင့် သဘာဝဘေးဒဏ်များ သုံးသပ်ချက်

ဤနေရာတွင် ယခုလို ဆုတ်ကပ်ကာလကြီးထဲမှာမိုးလေ၀သ မမှန်တာ၊ ကောက်ပဲ
သီးနှံများ မအောင်မြင်တာ၊ လေမုန် တိုင်း နာဂစ်မုန်တိုင်း၊ ဆူနာမီ စတဲ့
သဘာဝဘေးဒဏ်တွေဟာ လူတွေ တရားပျက် အကျင့်သီလ ပျက်စီးနေတာနဲ့ လည်း
သက်ဆိုင်နေတယ် လို့ ကောက်ချက်ဆွဲနိုင်ပါတယ်၊စာပေများမှာတော့ လူတွေ
တရားပျက်လာပြီ ဆိုရင် ကောင်းကင်က ပုံမှန် သွားလာနေကြတဲ့ ဂြိုလ် နက္ခတ်
ကြယ် တာရာ စတာတွေလဲ လမ်းကြောင်း မမှန်တော့ဘူး၊ သူတို့ လမ်းကြောင်း
ပြောင်းသွာတော့ လေမတိုက်သင့်ပဲ တိုက်တယ်၊ မိုးမရွာသင့်ပဲ ရွာချပြီး
ရေကြီးတဲ့ဒုက္ခ၊စတာတွေ ကြုံရတယ်၊ မိုးက ရွာသင့်တဲ့ အချိန်မှာ မရွာပြန်တော့
ကမ္ဘာကြီး ပူနွေးလာတာမျိုး၊ အိုဇုန်းလွှာ ပါးလာတယ်၊ ပေါက်လာတယ် ဆိုတာမျိုး၊
နောက်ဆုံးမှာ သဘာဝမီး တောင်ကြီးတွေ မကြာခဏ ပေါက်ကွဲလာတာမျိုးတွေကို
လူသားတွေမှာ နေရာတိုင်း ခံနေ ကြရတယ်။

ဘာသာရေး ရှုထောင့် တခုတည်းကနေ သုံးသပ်ရမည်ဆိုလျင် လူတွေ တရားပျက်၊
အကျင့်သီလပျက်စီးကာ အကုသိုလ် တွေ များများ လုပ်လေလေ၊ အဲဒီဒေသ နေရာ
တိုင်းပြည်တွေမှာသဘာဝဘေးဒဏ်တွေကို မကြာခဏ ခံရလေလေလို့ ဆိုရ မလို ဖြစ်ေ န
တယ်၊ အခုလဲ ကာလိင်္ဂတိုင်းသားတွေ သီလမြဲကာတရားစောင့်ကြတော့
ချက်ချင်းမိုးလေ၀သ မှန်လာတာ ဟာ သက်ရှိလူသားများနဲ့ သက်မဲ့ကမ္ဘာကြီးတို့
ဆက်စပ်မှုရှိနေတယ်ဆိုတာ သက်သေပါပဲ၊ ဒါဟာ ဗုဒ္ဓစာပေများကို ထောက် ပြီး
ကိုယ့်ဘာသာ သုံးသပ်ကြည့် မိတာ သက်သက်ပါ၊ အခြား မမြင်နိုင်သော သဘာဝ
ရေမြေအနေအထား စတဲ့ အချက် တွေလဲ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်၊ ( ဥပမာ-
ဂျပန်နိုင်ငံတခုလုံး သဘာဝငလျင်ကြောပေါ်မှာ တည်ရှိနေတယ် ဆိုတာက တော့
ယနေ့ခေတ် ပစ္စုပ္ပန်အနေအထားတွေလဲ အများကြီး သက်ဆိုင်တယ်လို့ ဆိုရပါမယ် )

ဇာတ်တော် ပေါင်းခန်းမှာတော့ …

ဂါထာ ။။ ဂဏိကာ ဥပ္ပလ၀ဏ္ဏာ၊ ပုဏ္ဏော ဒေါဝါရိကော တဒါ၊

ရဇ္ဇုဂါဟော ကစ္စာယနော၊မောဂ္ဂလာနော ဒေါဏမာပကော၊

သာရိပုတ္တော တဒါ သေဋ္ဌိ၊ အနုရုဒ္ဓေါ စ သာရထိ၊

ဗြဟ္မဏော ကဿပေါ ထေရော၊ ဥပရာဇာ နန္ဒပဏ္ဍိတော၊

မဟေသီ ရာဟုလမာတာ၊ မာယာဒေ၀ီ ဇနေတ္တိယာ၊

ကုရုရာဇာ ဗောဓိသတ္တော၊ ဧ၀ံ ဓာရေထ ဇာတကံ။

အထက်ပါ ကုရုဓမ္မဇာတ်တော်၌ပါသော ပြည့်တန်ဆာမသည် ဘုရားရှင်သာသနာတော်၌
တန်ခိုးအရာတွင် ဧတဒဂ် ရာထူးရရှိသော ဥပ္ပလ၀ဏ္ဏာ ဘိက္ခုနီမ ဖြစ်လာသည် ( သံသရာ
ကြောက်စရာ ကောင်းပုံက ပြည့်တန်ဆာမတောင် ဖြစ်ခဲ့ဖူး သတဲ့ )

အရှင်ပုဏ္ဏ ရဟန္တာ မထေရ်သည် ထိုအခါက တံခါးမှုး၊

အရှင်မဟာကစ္စည်းမထေရ်သည် ထိုအခါက မြေတိုင်းအမတ်ကြီး၊

အရှင်မောဂ္ဂလာန်မထေရ်သည် ထိုအခါကအကြီးဆုံး ကုန်သည်ကြီး၊

အရှင်သာရိပုတ္တရာသည် ထိုအခါက သူဋ္ဌေးကြီး၊

အရှင်အနုရုဒ္ဓါသည် ထိုအခါက ရထားထိန်း၊

အရှင်မဟာကဿပမထေရ်ကြီးသည် ထိုအခါက ပုရောဟိတ်ပုဏ္ဏားကြီး၊

အရှင်နန္ဒ မထေရ်သည် ထိုအခါက အိမ်ရှေ့မင်းသား၊

ယသော်ဓရာ သည် ထိုအခါက မိဖုရားခေါင်ကြီး၊

မယ်တော်မာယာ တဖြစ်လဲ သန္တုဿိတနတ်သားသည် ထိုအခါက ကုရုမင်းကြီး၏ မယ်တော်၊

ဂေါတမဘုရားရှင်သည် ထိုအခါက ကုရုမင်းကြီး အဖြစ်ဖြင့် သံသရာကျင်လည်ခဲ့ဖူးသည်။

ဤဖြစ်စဉ်နှင့် ဆက်စပ်တွေးမိသည်ကား ကုရုဓမ္မအကြောင်းဖော်ပြသော ဤဇာတ်တော်ကို
ဘုရားရှင်သည် တော်သလင်း လပြည့်နေ့ တွင် ဟောခဲ့သောကြောင့် ယင်းနေ့ကို
ဂရုဓမ္မ အခါတော်နေ့ဟု သတ်မှတ်ခဲ့လေသလား၊ နောက်တချက်အ နေဖြင့်
ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလ ကို ရွှေပေလွှာတွင် ရေးကူးစေကာ
တော်သလင်းလပြည့်နေ့တွင် ပေးခဲ့လေ သောကြောင့် ကုရုဓမ္မ အခါတော်နေ့
ဂရုဓမ္မအခါတော် နေ့ဟု သတ်မှတ် ခေါ်ဆိုခဲ့လေသလား တွေးတောစရာပင်။

အဘယ့်ကြောင့် ဆိုသော် ဇာတ်တော်ထဲတွင် ဘုရားအလောင်း ကုရုမင်းကြီးသည်
လပြည့်နေ့ ( ၁၅ ) ရက်ခေါ် ပန္နရသီ ဥပုသ်နေ့၌ကိုယ်တော်တိုင် အလှူပေးရန်
ပရိသတ်အကြား လာရောက်စဉ် ကာလိင်္ဂတိုင်းမှ ပုဏ္ဏားများအား ငါးပါးသီလ ကို
ရွှေပေလွှာ မှာ ရေးကူးစေသည် ဟု ဆိုသောကြောင့် ဒုတိယအချက်ကို
ထောက်သောအားဖြင့် ဂရုဓမ္မ အခါတော်နေ့ဟု သတ်မှတ်ခဲ့ တာ သေချာသလောက်
ရှိပေသည်။

အချုပ်ဆိုရသော် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့သည် ကိုယ်ကျင့်သီလ
moralityများ၊ ဂုဏ်သိက္ခာ characters ပိုင်း ဆိုင်ရာများ ပျက်ရွင်းနေသော
ယနေ့ခေတ် အခါကြီးတွင် တော်သလင်း လပြည့်နေ့ ကို ရောက်တိုင်း လူသားများအား
အကျင့်သီလများ အားကောင်းစေဖို့၊ ငါးပါးသီလ၊ ရှစ်ပါးသီလ စတာတွေကို
တလေးတစား စောင့်ထိန်း ကြစေဖို့ ဘုရား အလောင်း ကုရုမင်းကြီးက သတိပေးနေသည်
သတိပေးခဲ့သည် ဟုပင် ဆိုချင်ပါတော့သည်။

မေတ္တာဖြင့်

အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

Date .15.Sep.2011

စာညွှန်း။။ ကုရုဓမ္မဇာတက၊ ဒုကနိပါတ်၊

ဇာတကအဋ္ဌကထာ ဒုတိယအုပ်။
--

[image: Inline image 1]http://www.facebook.com/groups/Myanma.ArunThit.Org/

*★* 。 • ˚ ˚ ˛ ˚ ˛ •*
*•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚*
**

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ