[mrsorcerer:32930] ဒီလိုဆိုမကောင်းဘူးလား

ဒီလိုဆိုမကောင်းဘူးလား

လျှာတစ်ခုဟာ အရသာအစုံကိုခံစားနိုင်သလို ခံစားမှုအစုံကိုလဲ ပေးနိုင်ပါတယ်။ ဒါကြောင့် နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေဆိုတဲ့ စကားပုံပေါ်လာတယ် ထင်ပါရဲ့။ ဒီလျှာဖျားကထွက်တဲ့ နှုတ်စကားကြောင့် မိမိကို ချစ်ခင်သူတွေများလာတယ်။ မုန်းသူတွေလဲများလာတတ်တယ်။ ကူညီသူတွေများလာတတ်သလို ရန်လိုသူတွေလဲများလာတတ်ပါတယ်။ နှုတ်စကားကြောင့် ကြားရသူတွေကို စကားရဲ့ အနက်အဓိပ္ပါယ် အတိုင်းအတာပေါ်မူတည်ပြီး ချစ်သူ၊ မုန်းသူ၊ လိုသူ၊ မလိုသူ ကွဲပြားလာတတ်ပါတယ်။

တစ်ခါတစ်လေကိုယ်က ဒီလိုမရည်ရွယ်ပေမယ့် ဒီလိုဆိုဖြစ်ခဲ့လို့ မပြီးနိုင်တဲ့ရှင်းလင်းချက်တွေနဲ့ ရန်ငြှိုးတွေဖွဲ့၊ အာဃာတတွေဖြစ်ပြီး စိတ်မချမ်းမြေ့စရာတွေကြုံကြရတယ်။ ဒါကြောင့်လဲ ကြမ်းကျွံရင် နှုတ်လို့ရတယ်။ စကားကျွံရင်နှုတ်လို့မရဘူးဆိုတဲ့ ဆိုရိုးလဲ ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။

ချိုသာတဲ့စကားပြောရင် ပီတိဖြစ်တယ်။ မမှန်စေဦးတော့။ ကိုယ့်အကြောင်း တော်ကြောင်း၊လှကြောင်း စသဖြင့် ချီးမွမ်းရင် ပီတိဖြစ်တယ်။ ညံ့ကြောင်း၊ ရုပ်ဆိုးကြောင်းကြားရင်ဖြင့် ဒေါသထွက်တတ်ကြတယ်။

ကျွန်မလွယ်လွယ်တွေးမိသလောက်ကို ပြန်ပြောပြရရင်  စကားအမျိုးအစား(၄)မျိုး ရှိပါတယ်။

၁။    မိမိအကျိုးရှိပြီး သူတပါးအကျိုးမရှိသောစကား

၂။    သူတပါးအကျိုးရှိပြီး မိမိအကျိုးမရှိသောစကား

၃။    မိမိကော၊ သူတပါးကော အကျိုးမရှိသောစကား

၎။    မိမိကော၊ သူတပါးကော အကျိုးရှိသောစကား

မိမိကို မုန်းတဲ့သူအရေအတွက်၊ မိမိနှင့် မတည့်သည့်သူအရေအတွက်များနေလျှင် မိမိက နံပါတ်(၁)နှင့်(၃)ကို အမြဲလို ပြောနေမိလို့ ဖြစ်ပေလိမ့်မည်။ မိမိဘာသာ ပြန်သုံးသပ်၍ ဆင်ခြင်မိပါက ထိုသို့ပြောခြင်းကို ရှောင်ရှားခြင်းဖြင့် မုန်းတဲ့သူနည်းလာလိမ့်မည်။

မိမိကို ချစ်သူခင်သူများပါက မိမိသည် နံပါတ်(၂)နှင့် (၄)တို့ကို ပြောနေဖြစ်သောကြောင့် မိမိကိုယုံကြည်လေးစားသူ ပိုများခြင်းဖြစ်ကြောင်း ဆန်းစစ်မိကာ ထိုစကားကိုဆောင်ထားဖို့ မမေ့တော့ပေ။

ကျွန်မတို့ အများစု ပြောနေမိသော စကားများမှာ နံပါတ်(၁)၊ (၃) နှင့် (၄)တို့ ဖြစ်သည်။ နံပါတ်(၂)ကို တမင်ရည်ရွယ် ပြောဆိုလုပ်ကိုင်မည့်သူရှားပြီး နံပါတ်(၁)ကို တမင်ရည်ရွယ် ပြောဆိုလုပ်ကိုင်နေသူ များသည်။ မျှတသူများက နံပါတ်(၄)ကို ပြောကြပြီး အရည်မရ၊ အဖတ်မရစကားဆိုတာ နံပါတ်(၃)ကို ပြောခြင်းဖြစ်သည်။

သူမကောင်းတာ လုပ်တာမှန်တယ်။ သူမကောင်းတာလုပ်မှန်းလဲ လူတိုင်းသိတယ်။ ဒါပေမယ့် မကောင်းတာလုပ်တဲ့သူတစ်ယောက်ကို မင်းမကောင်းတာလုပ်နေတယ်လို့ တိုက်ရိုက်ကြီးသွားပြောရင် အသာတကြည်လက်ခံသူ၊ လက်ဆွဲနှုတ်ဆက်ပြီး အမှားထောက်ပြလို့ ကျေးဇူတင်သူ၊ ချက်ချင်းပြုပြင် ပြောင်းလဲလိုက်သူမျိုးဆိုတာ အတော်ရှားသည်။

မကောင်းတဲ့သူကို မကောင်းဘူးဟုသွားပြောလျှင် အများဆုံးကြားရသည့်စကားက မင်းကောဘယ်လောက်ကောင်းလို့လဲ။ ကိုယ့်ဘာသာကောင်းအောင်နေ စသဖြင့် အငေါ်တူးစကားတွေက ပိုများသည်။ ဒါဘာကြောင့်လဲဆိုလျှင် မကောင်းသူကို မကောင်းဘူးဟု တိုက်ရိုက်သွားပြောပါက မှန်နေပေမယ့် သူ့နားထဲကန့်လန့်ဝင်သွားပြီး သူ့စိတ်ထဲသွားစူးနေသဖြင့် နာလိုခံခက်ဖြစ်စေသည်။

ဆရာ တပည့်၊ မိဘနှင့်သားသမီး၊ မောင်နှမ၊ ညီအစ်မ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လင်မယား၊ သမီးရည်းစား၊ တစိမ်း ဘယ်လို ပတ်သက်နေပစေ။ ဘယ်လိုအဆင့်မြင့်သူက ဘယ်လိုအဆင့်နိမ့်သူကို ပြောပြော၊ ဘယ်လိုပုဂ္ဂိုလ်က ဘယ်လိုပုဂ္ဂိုလ်ကိုပြောပြော မှန်နေလဲ လက်ခံနားထောင်ချင်သူက ရှားပါသည်။ ပြောလွန်းပါက အရွဲ့တိုက်ရင်းဖြင့် မှားတဲ့ဘက်ကို ပိုပိုရောက်သွားတတ်သည်။ ထို့ကြောင့် ပြောတတ်ဖို့လိုပါသည်။

မှားတဲ့သူတစ်ဦးကို မှားတယ်လို့တိုက်ရိုက်မပြောဘဲ ဒီလိုလုပ်ရင်ပိုမှန်မလားလို့ သူ့မေးကြည့်သင့် မေးရင်းဖြင့် သူ့သဘောထားကို ဦးစားပေးလိုက်လျှင် ခုနက မှားတယ်ဟု တိုက်ရိုက်ပြောလိုက်တာထက်စာရင် ကိုယ့်အကြံဥာဏ်ကို ပိုနားထောင်လိုစိတ် ရှိလာမည်။ (ဒါက သဘောထားသိပ်မခက်ထန်သူ၊ အမှားကိုစလုပ်မိရင်း အမှန်ပြင်ဖို့လဲ အာသီသရှိသေးသူအတွက်ပါ။)

သူဒီလိုလုပ်လိုက်၊ ပြောလိုက်လို့ တပါးသူဘယ်လိုခံစားသွားရတယ်။ ဘယ်လိုဖြစ်သွားတယ်ဆိုတာ သက်သေ သာဓကတွေနဲ့ ပြောပြီး သူသာဒီလိုမလုပ်ခဲ့ရင်၊ မပြောခဲ့ရင်ဆိုတဲ့အသိ သူ့ဆီရောက်အောင်ထည့်ပေးရမှာပါ။ (ဒါက သဘောထားခက်ထန်ပေမယ့် သူများစကားကို နားထောင်နိုင်သေးသူ၊ စကားဝိုင်းက ကျောခိုင်းလှည့်ထွက်မသွားသူမျိုးအတွက်ပါ။)

သူများဘာပြောပြော နားပိတ်ထားပြီး ပြောခွင့်လဲမပေး၊ ဆွေးနွေးခွင့်လဲမပေးတဲ့သူမျိုးတွေကိုတော့ သူပြောချင်ရာသာ ပြောခွင့်ပေးထားလိုက်ပါ။ ဖက်ပြိုင်မပြောနေပါနဲ့။ သူတစ်ယောက်တည်း ပြောခွင့်ပေးထားလိုက်ခြင်းဖြင့် သူတစ်ယောက်တည်းပြောနေရပါလား၊ ထောက်ခံသူ၊ ရှုံ့ချသူမရှိပါလား လို့ သိလာတဲ့အချိန်မှာ ခဏတော့တိတ်သွားပါလိမ့်မယ်။ သင့်ကိုသူပြောတာဟုတ် မဟုတ်၊ သဘောတူ မတူ မေးခွန်းမေးပြီး သင့်နှုတ်ဖွင့်အောင် ပြောလာပါလိမ့်မယ်။ သူ့ကိုသာ ဆက်ပြောခိုင်းပါ။ ဘယ်လောက်တစ်ယောက်တည်း ပြောနိုင်မလဲ၊ ဘယ်လောက် တစ်ယောက်တည်း လုပ်နိုင်မလဲ သည်းခံလိုက်ပါ။(ဒါအခက်ဆုံးအလုပ်ပဲ။) ဒါပေမယ့် ဒီနည်းကလွဲပြီး သူနဲ့ဆက်ဆံရေးအဆင်ပြေမယ့်နည်း၊ သူ့ယုံကြည်ချက်ကို သူ့ဘာသာမှန် မမှန် သံသယဖြစ်အောင်လုပ်တဲ့နည်း မရှိသလောက်ရှားလို့ပါ။ သူများဘာပြောပြော လက်မခံတဲ့သူတစ်ယောက်ဟာ သူကိုယ်တိုင်က ဒါမှားနေသလားဆိုတဲ့အတွေး  မ၀င်လာသရွေ့ သူများကို ပြောခွင့်၊ အကြံပြုခွင့် မပေးပါဘူး။ ဒီလိုအမှားလုပ်နေတဲ့သူကို သူ့အမှားကိုလဲ မရှုံ့ချ၊ သူလုပ်နေတာကိုလဲ မထောက်ခံတဲ့သူအရေအတွက် များသထက်များအောင်၊ သူ့ကိုယ်သူ တစ်ယောက်တည်း တစ်ဘက် ဖြစ်နေပါလားလို့ ခံစားရအောင် ဖယ်ထားလိုက်ခြင်းက သူများတွေ အနာအသက်သာဆုံးနဲ့ အလွယ်ဆုံးနည်းဖြစ်နေပါတယ်။ သူကိုယ်တိုင်က တစ်ယောက်တည်း ပြောနေရ၊ လုပ်နေရတာကို ငြီးငွေ့လာတဲ့တစ်နေ့ သင်ပြောခွင့်၊ ရှင်းပြခွင့်၊ အကြံပေးခွင့် ရလာမှာပါ။ အဲဒီလို သင်ပြောခွင့်၊ ရှင်းပြခွင့်၊ အကြံပေးခွင့်ရလာချိန်မှာ အခွင့်အရေးကို ကောင်းကောင်းအသုံးချပါ။း နံပါတ်(၄) စကားမျိုးကို ဦးစားပေးပြောပြီး အကြောင်းအကျိုးတွေကို ထိထိမိမိ သက်သေ၊ သာဓကတွေနဲ့ပြောပါ။ ထိုသူနှင့် သင်တကယ်အဆင်ပြေလိုလျှင် အဲဒီအချိန်မှာ သူဟာ နံပတ်(၁)နှင့်(၃) စကားတွေချည်းပြောသူဟု မစွပ်စွဲမိပါစေနှင့်။

လျှာဖျားက ထွက်လာသောစကားဖြင့် အချင်းချင်းအမုန်းကင်းပြီး သူရော၊ ကိုယ်ရော အကျိုး ဆထက်တပိုး တိုးတက်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း …….

အမှုန်

--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[New post] ?p=27817

Aung Htet posted: "ညောင်ရေလောင်းတယ်ဆိုတာ ကာတွန်း - လိုင်လုဏ် အောက်တိုဘာ ၂၊ ၂၀၁၂  "

[New post] ?p=27813

Aung Htet posted: "အာဇာနည်ခေါင်းဆောင်ကြီး၏ သမီးအတွက်ပေးဆပ်မှု နာရေးကူညီမှုအသင်း (ရန်ကုန်) အောက်တိုဘာ ၂၊ ၂၀၁၂   �"

[mrsorcerer:32924] သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း

သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း

ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။ 

တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။

 ဝမ်းသာလို့မဆုံးတဲ့ Anand ဟာ ဖခင်နဲ့ တိုင်ပင်ပါတယ်။ Anand တို့ မိသားစုဟာ ဆင်းရဲပါတယ်။ တက္ကသိုလ် ဆက်တက်ဖို့ ငွေမရှိဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ဆပွန်ဆာပေးမယ့် သူ တစ်ယောက်ယောက် များ တွေ့မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ လိုက်ရှာပါတယ်။ ကူညီမယ့်သူ မရှိပါဘူး။ နောက်ဆုံးတော့ တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်ကို အဆုံးရှုံးခံလိုက်ရပါတယ်။ အဖေဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် တက္ကသိုလ် ဆက်မတက်ဖြစ်ဖို့ ကြိမ်းသေသွားပါတယ်။ 

နောက်တော့ အမေနဲ့အတူ မုန့်ပြားသလပ် ရောင်းတဲ့ အလုပ်ပဲ လုပ်ကိုင် ပါတော့တယ်။ အပိုဝင်ငွေရရန်အတွက် လည်း ကလေးတွေကို သင်္ချာ သင်ပေးပါတယ်။ မုန့်ပြားသလပ် ရောင်းတဲ့ ရထားဘူတာဆီ ရောက်အောင် သွားရတဲ့ ခရီးက ၆ နာရီကြာပါတယ်။ သူ့မှာ သိပ်အချိန်မရပါဘူး။ လမ်းခရီးမှာ တက္ကသိုလ်စာကြည့်တိုက် တစ်ခုရှိပါတယ်။ တစ်ရက်ကို နာရီပိုင်းမျှအချိန်ပေးပြီး နေ့စဉ် ပုံမှန် သင်္ချာနဲ့ ဆိုင်တဲ့စာအုပ်တွေ ရှာဖတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့ သူနေတဲ့ မြို့ ငယ်တွင်းက စာကြည့်တိုက်တော်တော်များများကို သွားပြီး ရှာဖတ်ပါတယ်။ 

နောက်တော့ စိတ်ကူးတစ်ခု ရလာပြီး ရပ်ကွက်ထဲက အခန်းကျဉ်းတစ်ခုကို တစ်လ အိန္ဒိယရူပီ ၅၀၀ နဲ့ ငှားရမ်းပြီး ကိုယ်ပိုင် သိပ္ပံကျောင်းတစ်ခု ဖွင့်ပါတယ်။ ကျောင်းကို Ramanujam School of Mathematic (RSM) လို့ အမည် ပေးထားပါတယ်။ တစ်နှစ်အတွင်းမှာ ပဲ ကျောင်းသား နှစ်ယောက် ကနေ ၃၆ အထိတိုးလာပါတယ်။ သုံးနှစ်ကြာတဲ့အချိန်မှာတော့ ကျောင်းသား ဦးရေ ၅၀၀ အထိရှိလာပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်းရောက် တော့ ဆင်းရဲသားများအတွက် ကူညီဖို့ စိတ်ကူးရလာပါတယ်။ 

လခများများပေးမှ တက်နိုင်မယ့် သင်တန်းကျောင်း မတက်နိုင် တဲ့ ကျောင်းသားများကို ခေါ်ယူပြီး သင်ကြားပေးပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Super 30 ပရိုဂရမ် စတင်ပေးပါတယ်။ Super 30 ဆိုတာ ကျောင်းရဲ့  သင်္ချာအတော်ဆုံး ကျောင်းသား ၃၀ ဖြစ်ပါတယ်။ ယင်း ၃၀ထဲမှာ သူတောင်းစား၊ အိမ်ခြေမဲ့၊ အမှိုက်ကောက်သမား အစရှိသဖြင့် ဆင်းရဲနှုံချာတဲ့ ကလေးတွေတောင် ပါဝင်လာပါတယ်။ တစ်နှစ်အတွင်းမှာပဲ သူမွေးထုတ်ပေးတဲ့ စူပါ ၃၀ ဟာ အိန္ဒိယနိုင်ငံရဲ့  အတော်ဆုံး သင်္ချာကျောင်းသားများ ဖြစ်လာခဲ့ပါတယ်။ လူတန်းစားကွာဟပေမယ့် ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ အိန္ဒိယတို့ မြင့်မားတယ်ဆိုတာကို Anand မှ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ ယင်း စူပါ ၃၀ ဟာ ကမ္ဘာ့ သင်္ချာအတော်ဆုံး စာရင်းတွေ အထိတောင် ပါဝင်လာပါတယ်။ 

ဒါကြောင့် သူ စစ်ပေးတဲ့ စူပါ ၃၀ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဟာ ၅၀၀၀ နဲ့အထက်အထိ ရှိလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးအားလုံးကို အိန္ဒိယ နည်းပညာ တက္ကသိုလ်ဝင်ခွင့်ရအောင် ပို့ဆောင်ပေးပါတယ်။ စူပါ ၃၀ စာရင်းမပါလည်း သင်ပေးသမျှကျောင်းသားတိုင်းကို အိန္ဒိယရဲ့ အကောင်း ဆုံး တက္ကသိုလ်များသို့ အများစု ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒါကြောင့် အိန္ဒိယပြည်တွင်းရှိ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိက ကျောင်းများက သူ့ကို လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ သူ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ကျောင်းမှာပဲ ဆက်လက်သင်ကြားပါတယ်။ လူဦးရေတိုးလာတဲ့အတွက် အခန်းချဲ့ ရပြီး ဒီအတွက် အခြား အလုပ်တွေပိုလုပ်ခဲ့ပါတယ်။ ဆင်းရဲသားအများစုကို သင်ပေးရတဲ့အတွက် လခ မယူပါဘူး။ လူတန်းစားပေါင်းစုံတက်ရောက်လာတဲ့အတွက် အချို့ ကို အိန္ဒိယမှာ အသက်သာဆုံး လခနဲ့ သင်ကြားပေးပါတယ်။ 

သူ့ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များကြောင့် ကိန်းဘရိတ်ခ်ျတက္ကသိုလ် ဟာ ကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပေမယ့် Anand ငြင်းဆန်လိုက် ပါတယ်။ အခြား ဥရော နိုင်ငံကြီးမှ ပုဂ္ဂလိကအစိုးရကျောင်းများလည်း သူ့ကို ဖိတ်ခေါ်ပေမ့် ငြင်းဆန်ခဲ့ပါတယ်။ သူသင်ကြားပေးတဲ့ ကျောင်းဟာ အိန္ဒိယနိုင်ငံ က အခြေခံလူတန်းစား များအတွက်ကော အကျိုးဖြစ်ထွန်းစေ တာမို့ ဖြစ်ပါတယ်။ 

BBC, Newsweek , Time တို့မှ လာရောက်အင်တာဗျူးမှုများ ပြုလုပ်ပါ တယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် Anand ရဲ့ လုပ်ဆောင်ချက်ကို လေးစားပြီး သဝန်လွှာများပေးပို့ခဲ့ပါတယ်။ အကူအညီ လိုအပ်ရင် အချိန်မရွေးတောင်းနိုင်တယ်လို့ ဆိုထားပေမယ့် Anand မယူခဲ့ပါဘူး။ စူပါ ၃၀ စာရင်းဝင် ကျောင်းသားများထံလည်း သမ္မတအိုဘားမား မှ ဂုဏ်ပြု စာလွှာများ ပေးပို့ခဲ့ပါတယ်။ Discovery ရုပ်သံလှိုင်းမှလည်း Anand ရဲ့ ကျောင်းကို တစ်နာရီစာ ပရိုဂရမ်ရိုက်ကူးပြီး ထုတ်လွင့်ပြသခဲ့ပါတယ်။ 

သူဖွင့်လှစ်သင်ကြားပေးတဲ့ကျောင်းဟာလည်း ကမ္ဘာ့ ရှေ့ ဆောင် လမ်းပြ ကျောင်း ၄ခုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Time မဂ္ဂဇင်းမှာ ရှေ့ ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ ဧပြီလ ၂၀၁၁ မှာတော့ ဥရောပ Focus မဂ္ဂဇင်းက Anand ကို ကမ္ဘာ့ စံပြပုဂ္ဂိုလ်တစ်ဦးလို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပါတယ်။ အိန္ဒိယအဆိုးရ မှလည်း အမြင့်ဆုံး လူမူထူးချွန်ဆုများ ချီးမြင့်ခဲ့ပါတယ်။ 

ကိန်းဘရိတ်ခ်ျ တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခဲ့ရပြီး မုန့်ပြားသလပ် ရောင်း ရာကနေ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်ဖြစ်လာတဲ့ Anand kumar ဟာ သာမန် အရပ်သားတစ်ဦးဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာအရည်အချင်းကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ဖော်ထုတ်ပြသနိုင်တဲ့အတွက် ကမ္ဘာက စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။ စာဖတ်သူတို့လည်း ဒီလို ပုဂ္ဂိုလ် တို့အကြောင်းကို လေ့လာဖတ်ရှုပြီး အားတက်လာစေရန်ဆန္ဒနဲ့ ဘာသာပြန် ဖော်ပြပေးလိုက်ရပါတယ်။

အောင်ခမ်း (International news for myanmar)
Ref: Douknow

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:32923] စပ်မိစပ်ရာ

ဒီကနေ့ သတင်းစာထဲ မှာ ရန်ကုန် မန်းတလေး ကားလိုင်းတွေ ကားခ တွေ အပြိုင် အဆိုင်လျော့ချကြတဲ့ ကြော်ငြာတွေ ပါလာပါတယ် ၊ အရင် ၁ သောင်းကျော် က နေ အခု ရှစ်ထောင်ဘဲ ရှိပါတော့တယ် ၊ တာယာတွေ ဈေးကျ လို့လား ၊ ဒီဇယ်ဆီဈေးတွေ ကျ ကုန် လို့လား ဆိုတော့ မဟုတ်ရပါခင်ဗျာ။ မန်းတလေး အပြင် မုံရွာ မော်လမြိုင် ရေဦး တောင်ကြီး ကားခ တွေပါ ကျ ကုန်ကြပါတယ်။

ပြီးခဲ့တဲ့ တနှစ် က စ ပြီး ကားသွင်းတာတွေ ကို လွယ်လွယ် ကူကူ ဖြစ် လာတော့ ကား ကိုနောက်ကျ မှ သွင်းလေ ဈေးချို လေ၊့ ကားကမိုဒယ်ပိုမြင့်ပြီး တပ်ထားတဲ့ ပစ်စည်း ပိုကောင်းလေပါဘဲ ခင်ဗျာ ၊ နောက် မှ ပေါ်တဲ့ ကားလိုင်း တွေက ကားအမျိုး ပိုကောင်း တော့ ၊ အရင်ကားလိုင်းဟောင်းတွေ က လိုက် ဖိုက် ရ ပါ တော့ တယ် ၊

ပထမ ပိုင်း တုံး က ဈေး မချ ပေး ပါဘူး ၊ ကား ပေါ် က ခရီးသည် ကို ဧည့်ခံတာ ကို ပြိုင်ကြပါတယ် ၊ မျက်နှာ သုတ် ပုဝါ ကောင်းကောင်း ပေးတာ ၊ ကား ပေါ်မှာလဘက်ရည်တိုက်တာ ၊ အမျိုး သမီး ယဉ် အကူထားတာ ၊ ၁၁၅ မိုင် မှာ ကော်ဖီ အလကားတိုက် တာ ၊ ကား ပေါ်မှာ ၃၂ လက်မ အယ်စီဒီ ကံစမ်းမဲ ဖောက်တာ တွေ နဲ့ ပြိုင်ကြပါတယ်

အခု ကား လိုင်း တွေ ကား အရေ အတွက် တွေ က တအား များ တော့ ၊ ဘယ် ကို သွားသွား တနာရီ ၁ စီး တော့ အနဲလေး ရှိ ပါ တယ်။ လူ တွေ အတွက် ရွေးချယ် စရာ တွေအများကြီး ဖြစ် လာ တော့ ၊ ဟို ကား လိုင်း က သူ့ကားစီး ပါ ၊ ဒီ ကား လိုင်းက သူ့ကားစီးပါ ဖြစ်လာကြတာပါ။ အခု တော့ ခုန ပြောတဲ့ နည်း တွေ က လူ စိတ် ၀င်စား စရာမဟုတ်တော့ အခု လို အပြိုင် အဆိုင် ကား ခ တွေ လျော့ချ ပြိုင် ကုန် ကြ တာပါ။

ဒီလိုဖြစ် လာတာ အမှန်တရားပါ ။ စ က တဲ က ဒီလိုဘဲ ဖြစ် ရ မှာ ပါ ၊ အင်္ဂလိပ် ခေတ်က မွန်သူဌေးကြီး ဦးနာအောက် နဲ့ ဧရာဝတီ ဖလုပ်တီလာ သင်္ဘော ကုန်ပဏီတို့ ပြိုင် ကြတာအခမဲ့ သင်္ဘောစီးခွင့် ပြုတဲ့ အပြင် ပုဝါတပိုင် နဲ့ ထမင်း ပါ အလကား ကျွေး ပါ သေးတယ် လက်ဝါးကြီး အုပ်တာ မရှိ ဘဲ ၊ တကယ် အပြိုင် အဆိုင်ရှိလာပီ ဆိုရင် ဒီလို အထိ ဖြစ်မှာပါ။

ကျွန်တော် ပြောချင် တာ က အရင် ရန်ကုန် မန်းတလေး ခရီး က တော် တော် စိတ်ပျက် စရာကောင်းပါတယ် ။ ရထား က တပါး ၊ မှ တပါး အခြား မရှိ ခေတ် မှာ ရထားခ ကို မှောင်ခိုမှာ ၃ ဆ ၄ ဆ ပေး ၀ယ်ခဲ့ရ ၊ သွားမဲ့ နေ့ ထက် ၃ ရက် ကြို ၊ မနက် မိုး မလင်း ခင်ရထား လက် မှတ် ရ မယ် ၊ မရ မယ် မသေချာ ဘဲ တန်း စီ တိုး ရ ၊ မီးရထား ဌာန က၀န်ထမ်းတွေ အကျင့် ပျက် ၊ တန်းစီ တိုး စား တဲ့ လူတန်းစား တရပ် ပေါ်လာ နဲ့ စိတ်ပျက်စရာကြီး ပါ။ အခု များ တော့ ရထား ဆို တာ မေ့ တောင် နေ ပါ ဘီ။

အရင် မီးရထားခေတ် တုံး က မှတပါး အခြား မရှိ ပုံစံမျိုး နဲ့ ခု ခေတ် မှာ ကား လိုင်း တွေကြိုက်တာ ရွေးစီး ခွင့် ၊ ကား မကောင်း ရင် မစီး ဘဲနေ နိုင်ခွင့် တို့ ကွာခြား လာ တာကို အဓိကပြောချင်တာပါ ခင် ဗျာ ။ ရန်ကုန် ထဲ ပြေးနေ တဲ့ ဘတ်ကား တွေ လဲ ဒီလိုပါဘဲ

လေယဉ် ခရီးတွေ လဲ ဒီလိုပါဘဲ ၊ လေယဉ် ဆိုတာ က ဇိမ်လုပ်ချင် လို့ ၊ ဂုဏ်ထုတ်ချင် လို့စီးကြတာ မဟုတ် ရ ပါ ခင် ဗျာ ၊ ရိုး ရိုး ကုန်းလမ်း ခရီး ထက် စရိတ် ပို မှန်း လူ တိုင်းသိပါ တယ် ၊ မ စီး ရင် မဖြစ် လို့ စီး ကြ ရ တာ ပါ ခင် ဗျာ ၊ စစ် တွေ က လူ တွေ တာချီလိတ် က လူ တွေ ၊ ပူ တာ အို ၊ မြစ်ကြီးနား က လူ တွေ ၊ ကျိုင်း တုံ က လူတွေ ၊ ကလေး ၊ ဂန့် ဂေါ ၊ ခန်းတီး က လူ တွေ ၊ ပလက် ၀ က လူ တွေ ၊ ထားဝယ် မြိတ် ကော့သောင်း က လူ တွေ ၊ ရန် ကုန် ကို လာ ချင်သပ ဆို ၊ လေယဉ် မှ မစီးဘယ် လို လုပ် ခရီး ရောက် မှာ လဲ ခင် ဗျာ။

အဲဒီ ဘက် က သာမန် ပြည်သူ ပြည် သား တွေ ဟာ အင် မတန် သနား စရာ ကောင်းပါ တယ်။ ဒီ လေယဉ် ခရီး တွေ ဟာ ၊ ၀န်ထမ်း ၊ စစ် တပ် နဲ့ ပါတ်သက် ရာ ကုန်သည်တွေ က သာ အမြဲ ဘွတ်ကင်တွေ ပြည့် နေဘို့ ၊ သာမန် အရပ်သားဆို ရင် အနည်း ဆုံးသုံး ပါတ် လောက် စောင့် ရ ပါ တယ် ။ အသွား အပြန် ဆို အနည်းဆုံး တလခွဲစောင့် ပေ ရော့ ပေါ့ ခင် ဗျာ။

အဲဒီ နေ ရာ က ပြည် သူ တွေ ကျန်းမာ ရေး ဆေး ကု ချင် လို့ ရန် ကုန် ကို လာ ရမယ် ဆို ရင် လူ နာ သာ နောက် ဘ၀ ကူး သွား မယ် ၊ လေယဉ် လက် မှတ် ကမသေချာ ပါ ခင် ဗျာ။ ပြီး တော့ ရန် ကုန် ရောက် လို့ ဘယ် ဆေး ရုံ တက် ရပ ဆို တာ က လည်း ၀ါး တား တား ။ ခု ခေတ် လူ တွေ က တော့ ဒါ တွေ ကို စိတ်ပျက် လွန်း လို့ ကျိုင်းတုံ တာချီလိတ် က လူ တွေ နေ မကောင်း ရင် ယောင် လို့ တောင်ရန် ကုန် မလာတော့ ပါဘူး ၊ ယိုးဒယား ကို သွား ကု ပါ တယ်။ သွား စရိတ် လဲသက် သာ ၊ ဆေး ကု ရ တာ လဲ ကောင်း မှ ကောင်း ။ စုစုပေါင်း စရိတ် က လဲရန် ကုန် လာ ကု တဲ့ စရိတ် တ၀က် တောင် မရှိ ပါဘူး ။

ဒီလို ပါ ဘဲ ၊ ချင်း ပြည် ၊ ရခိုင် ပြည် တွေ က လူ တွေ နေ မကောင်း ရင် အိန်ဒီယားက မှ တကဲ့ ကို အားထားရာ ဖြစ် လာ သလို ၊ ကချင် ပြည် ၊ ရှမ်းပြည် မြောက် ပိုင်း ကလူ တွေ ဆို ကျန်းမာရေး ကိတ်စ ရှိ ရင် တရုပ် ပြည် ကို ဆေး သွားကု ကြ ပါ တယ်။

အေး ပေါ့ ဗျာ ၊ မေး ခွန်း လဲမေး စ ရာ ဖြစ် လာ ပါတယ်။ ခင် ဗျား တို့ တွင် တွင်ပြော နေ တဲ့ ( ပြည် ထောင် စု စိတ် ဓါတ် ) ဆို တာ ဘယ် လို အဓိတ်ပါယ် ရ ပါသလဲ ဆို တာ ပါ ၊ လက် တွေ့ ဘ၀ နဲ့ ယှဉ် ပြီး ဖြေ ကြည့် ကြ ပါ ခင် ဗျာ။

အခုခေတ် ရန်ကုန်ထဲ စီတီးမတ် တို့ ၊ စိန်ဂေဟာ တို့ ၊ ဂျန်ရှင်း စကွဲယား တို့ လို ကုန်တိုက်ကြီး တွေ မှာ ဈေးဝယ်ရတာနဲ့ ကျွန်တော်တို့ ငယ်ငယ် က ပပက လို့ခေါ်တဲ့ ပြည်သူ့ဆိုင်တွေ မှာ ဈေး ၀ယ် ရ တာ နဲ့ တွေး ကြည့် ကြ ပါ ခင်ဗျာ ။ ဘာ လို ချင် ချင် တန်းစီရပါတယ် ၊ ပရုပ်ဆီ ၀ယ်ချင် တောင် ထောက်ခံစာ လို ပါ တယ်။ ဓါတ်ခဲ ၀ယ်ချင် ရင်တန်းစီ ရ ယုံ မက ၊ ရေဒီယို လိုင်စင် စာအုပ် ပါ ပြ ရ ပါ သေး တယ် ။ဘယ် လောက် တောင် လူ ဖြစ် ရှုံး ခဲ့ သလဲ ဆို တာ ကို ပါ ခင် ဗျာ။

အခု ကုန် တိုက် ကြီး တွေ မှယ ဟင်းသီး ဟင်း ရွက် အသား ၊ ငါး က အစ အီလက်ထရောနစ် ပစ်စည်း အမျိုးစုံ အ၀တ်အထည် အမျိုး စုံ ၊ ရေခဲသစ်တာ အ၀တ်လျော်စက် အမျိုး မျိုးပိုက်ဆံသာ ယူလာခဲ့ အကုန် ၀ယ်လို့ ရ ပါ တယ်။ ပစ်စည်း ကို တန်ဘိုး အမျိုးမျိုး ကုန်အမှတ် တံဆိပ် အမျိုး မျိုး ကို စု စည်း ပြီး သား ၊ စိတ် ကြိုက် နှိုင်း ယှဉ် ၀ယ် လို့ ရပါ တယ်။ အရင် ပြည်သူ့ဆိုင် စနစ် နဲ့ အခု ခေတ် ကုန် တိုက် ကြီး များ ဈေး ရောင်း တဲ့စနစ် ဘယ် လို ကွာ သလဲ ၊ ရောင်း တဲ့ဝန်ထမ်း ဆက် ဆံ ပုံ ၊ ဘာ ကွာ သလဲစဉ်း စား ကြည့် တော် မူ ကြ ပါ ခင် ဗျာ ။

ကျွန်တော် တို့အများ ပြည်သူ က လဲ စိတ်ကူး ကောင်း ဘို့ လို ပါ တယ်။ မန်းတလေးဈေး ချို ထဲ က ဆိုင် တွေဈေး ရောင်း သလို ၊ ဈေး ရောင်း ရင် ၊ ရောင်း ဈေး ကိုဝယ်သူ ရဲ့ အခြေ အနေ ကို ကြည့် ပြီး မဟုတ် တမ်း တယား မောင်ကြီးနှမ ကျား ကိုက်ပရစေ ဆို တာမျိုး ၊ အံတီ အတွက် ဆိုရင် သုံးထောင် နဲ့ ယူ ဆို ပြီး တစ် ထောင် တောင်မတန် တဲ့ ပစ် စည်း ကို ရောင်း ထွက် အောင် ပလီ တတ် တာ ကို ငါ တော် လှပြီ အဟုတ်ကြီး ထင် တတ် တဲ့ အလေ့ ဆိုး မျိုး ကို စွန့် လွှတ် တတ်ဘို့ လို လာ ပါ ပြီ

ဈေး ထဲ က ဈေး သည် တွေ ၊ ကုန်စုံ ဆိုင် သေးသေး လေး တွေ က ဈေး သည် တွေကုန် တိုက်ကြီး တွေ အပေါ် က ကောင်း တဲ့ စနစ် မျိုး ဆို အတု ယူ တတ် ဘို့ လိုပါ တယ်။ အစား အသောာက် ရောင်း တဲ့ ဈေး သည် တွေ လဲ ၊ ရွှေ ပုဇွန်ဆိုင် ကဘာ ဖြစ် လို့ လူ တွေ ကြိတ် ကြိတ် တိုး နေ သလဲ ၊ ရွှေပလင် လဘက်ရည်ဆိုင် ကငါ့ ဆိုင် နဲ့ ဘာ ကွာ နေ လဲ ၊ ၀ိုင် ကေကေ အို ဆိုင် က ဘာ ဖြစ် လို့ နာမည်ကြီးလဲ ကီးစတုန်းဆိုင် က နောက် မှ ပေါ်တဲ့ ဆိုင် ဖြစ် ပေ မဲ့ ဘာ ဖြစ် လို့ ပေါက် သွား တာလဲ အစ ရှိ သဖြင့် အတု ယူ မှန် ရင် ၊ ရောင်း တဲ့ ဆိုင် လဲ အကျိုး ရှိ ၊ စား တဲ့လူ လဲ ကြေ ကြေ နပ်နပ် နဲ့ အဲ 'ဒါ မှ ဒီ မို ကရေ စီ စစ် စစ် ပါ ခင် ဗျာ။

အခု သမတကြီး က ပြု ပြင် ပြောင်း လဲ ရေး တွေ လုပ် ဘို့ တအား တိုက် တွန်း နေ ပါတယ်။ ပြီး ခဲ့ တဲ့ သြဂုတ် လ က တဲ က ၀န် ကြီး ဌာ န အလိုက် ကိုယ့် လုပ် ငန်းတွေ ကို ဘယ် လို ပြု ပြင် ပြောင်း လဲ မလဲ ဆို တာ နည်း လမ်း ရှာ ဘို့ ၊ အောက်ချေ အဆင့်ဆင့် တွေ မှာ ဆွေးနွေးပွဲ တွေ လုပ် ၊ အစီရင်ခံစာ တွေ ထုတ် ၊ အခု အောက်တိုဘာလ အတွင်း ၀န်ကြီးဌာန အဆင့် အမျိုးသား အဆင့် ဆွေးနွေးပွဲ တွေ လုပ် ၊ နိုဝင်ဘာလ ကျ ရင် ပြု ပြင် ပြောင်း လဲ မဲ့ အမျိုးသားအဆင့် စီမံချက် တွေ ထုတ် ၊ အဲဒီဇင်ဘာ လ ရောက် ရင် ၊ နိုင်ငံတကာ ကို ကြေ ငြာချက် ထုတ် ပါ မယ် တဲ့ ခင် ဗျ

ဒီ သတင်း တွေ လဲ သတင်းစာ တွေ ထဲ နေ့ တိုင်း ပါ နေ ပါ တယ် ၊ ဆွေးနွေးပွဲရလာဒ်တွေ ကို ဖတ် ကြည့် မိ သမျှ တော့ တခု မှ မစွံပါ ခင် ဗျာ ၊ ၀န် ထမ်း တွေခေါက် ရိုး ကျိုး နေ ဆဲပါ ၊ ရေး ထား တာ တွေ က ဆိုရှယ် လစ် ခေတ် က စာလုံးတွေအရင် ကြံ့ ခိုင်ရေး အစည်း အဝေး တွေ မှာ ပြော နေ ကျ လေ သံ တွေ ။ ဒီ ပုံ ရိပ်တွေ ထဲ က ၊ အ ရင် လောင်း ရိပ် အောက် က မထွက် နိုင် ကြ သေး ပါ ခင် ဗျာ။ပညာရေး ဌာန ဆို အဆိုး ဆုံး ပေါ့ ခင် ဗျာ ၊ တနှစ် ကို မဟာဘွဲ့ က ဘယ်လောက် ပါရဂူ ဘွဲ့ က ဘယ်လောက် မွေး ထုတ် ပေး မယ် ဆို တာ ခု ထိ ပြော နေ တုံး ပါ ဘဲ

အရင် က သစ်ပင် တပင် ဘဲ စိုက် နိုင် တာ ၊ အခု အပင် တသောင်း စိုက် နိုင် တယ်ပြော နေ ခြင်း မှာ ၊ တပင် ထဲ စိုက် နိုင်တုံး က မြတလုံး သရက်ပင် ၊ နောက် ထပ်အပင် တသောင်း စိုက် နိုင် တယ် ဆို တာ က မြက် ပင် တွေ ဆို တာ မျိုး ကိုဂုဏ် လုပ် ပြော နေ မဲ့ အစား ၊ လဲ သေပြလိုက် တာက ပို ကြည့် ကောင်းပါတယ် ခင် ဗျာ

အထက် မှာ ကျွန်တော် ရေး ပြ ထား ပါ တယ် ခင် ဗျာ။ ဒါ တွေ က ကိုယ့် မျက်စေ့ ရှေ့တင် သိသာ ထင် ရှား မြင် နိုင် ပြီး သား ပါ။ အရင် က ပြည်သူ့ ဆိုင် နဲ့ အခု ကုန် တိုက်ကြီးတွေ ဘာ ကွာသလဲ၊ ဘာကြောင့် လဲ အရင် က မန်းတလေးသွားရတာ နဲ့ အခု ကားလိုင်းအသစ်တွေ ဘာ ကွာသလဲ၊ ဘာကြောင့် လဲ အရင် က လဘက်ရည်ဆိုင် နဲ့ အခု စားသောက်ဆိုင်တွေ ဘာ ကွာသလဲ၊ ဘာကြောင့် လဲ

အခုလဲ နေ့စဉ် နေ့တိုင်း သတင်းစာတွေ ထဲ ပါ နေ တဲ့ ပြုပြင်ပြောင်းလဲ ရေး အစည်းအဝေးတွေ ကို ဟော်တယ် ပေါင်းစုံ မှာ အစည်းအဝေးတွေ တခမ်းတနား လုပ်ပြီး ဆွေးနွေး နေ တဲ့ဆရာ သမား တို့ ခင် ဗျာ။ ဝေး ဝေး မကြည့် ပါ နဲ့ ၊သူ လို ကိုယ် လို ၊ ကမ်ဘောဒီးယား လာအို ၊ ဗီယက်နမ် ၊ သူများ နိုင် ငံ ၃ နိုင် ငံ ကို ဘဲ ၊ မြင် အောင် ကြည့် ပေးပါ ခင် ဗျာ

သူများနိုင်ငံ မှ မီ ဒီ ယာတွေ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊
သူများနိုင်ငံ မှာ ဆေးကုရ တာ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊
သူများနိုင်ငံ မှာ မီးလာ တာ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊
သူများနိုင်ငံ မှာ သွားရေးလာရေး နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊
သူများနိုင်ငံ မှာ စီးပွားရှာတာ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊
သူများနိုင်ငံ မှာ ၀န်ထမ်းခန့်ထားပုံ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊
သူများနိုင်ငံ မှာ တယ်လီဖုန်း ၀ယ်ရ တာ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊
သူများနိုင်ငံ မှ တက္ကသိုလ်တွေ နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊
သူများနိုင်ငံ မှာ ------------- နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊
သူများနိုင်ငံ မှာ -------------- နဲ့ ကိုယ့်နိုင်ငံ ဘာ ကွာသလဲ ၊ ဘာ ကြောင့် လဲ ၊

ကိုယ်နဲ့ဆိုင်တဲ့ လုပ်ငန်း တွေ ကို ဘဲ အဖြေ ထုတ် ပေး နိုင် ရင် ကျေနပ် နိုင် ပါ ဘီ။

ကျွန်တော် တို့ မြန်မာ တွေ က ကြံရည် ဖန်ရည် ကောင်း ကြ ပြီး သား ပါ ခင် ဗျာ ။ သို့သော် ကြံရည် ဆို တာ ချို ပြီး ၊ ဖန်ရည် ဆို တာ ခါး၏ ဆို တဲ့ တလွဲ တချော် အတွေး မျိုး နဲ့ က တော့ ခရီး မပေါက် နိုင် သေး ပါ ပ ဗျား ။

azawgyi
Credit to  MMCP (မြန်မာကျူးပစ်)

^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^ ^

အပေါ်ကစာအတွက်တစ်ခုတောင်းပန်ချင်တာက အရင်ကလောက်အချိန်မရလို့ စာလုံးသတ်ပုံအပါအဝင်အရေးအသား အဆင်မပြေမှုတွေကို ပြင်ဆင်မပေးလိုက်နိုင်ပါဘူး... အဲ့ဒီအတွက် သည်းခံပြီး ဖတ်ပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်...

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:32925] အရမ်းအခက်အခဲရောက် နေ လို့  ကူညီ နိုင် ရင် ကူညီ ကြ ပါ။

မအေးမြ မည်သည့်လမ်းကို ရွေးချယ်သည်ဖြစ်စေ အားလုံးအဆင်ပြေချောမွေ့အေးမြပါစေ။ 

2012/10/2 tha dasoe <thadasoe@gmail.com>
မအေးမြ သမီးရေ အန်တီအကြံပေးမယ်နော် ကိုယ်ကို ယုတ်မာခဲ့တဲ့သူကို မယူစေချင်ဘူး ဘာလို့လဲဆိုတော့ သမီးမှာ အ၇င်ကဝဠ်ကြွေးရှိလို့အခုတစ်ခါခံရပြီးဝဠ်ကြွေးဆပ်လိုက်တယ်လို့မှတ်ယူစေချင်တယ်လေ သမီးသူကိုသာယူလိုက်မယ်ဆိုရင်မသေမချင်းဝဠ်ကြွေးခံရသလိုဖြစ်နေမှာလေ ဘာလို့လဲဆိုတော့ မချစ်မနှစ်သက်တဲ့လူကိုပေါင်းသင်းရတာလဲ စိတ်ဆင်းရဲချင်းတစ်မျိုးပါဘဲ နောက်ပြီးမိဘဆိုတာ သားသမီးတွေရဲ့စိတ်ကိုအသိဆုံးပါ မိဘဖြစ်တဲ့အမေကို ကိုယ်ဝန်မရင့်ခင် ဖွင့်ဟတိုင်ပင်စေချင်ပါတယ် ကိုယ်ဝန်ရင့်မှအမေကို အသိပေးရင်ပိုရင်ကျိုးလိမ့်မယ် မိဘနဲ့သားသမီးဆိုတာ ရှေးကရေဆက်ရှိခဲ့လို့ဆုံကြတာပါ သမီးအမေက အဖြစ်မှန်ကိုသိရင် သမီးအပေါ်နားလည်ပေးမှာပါ သမီးအနေနဲ့လော်မာပြီးဖြစ်ခဲ့တာမှမဟုတ်တာ ပြီးတော့ဒီလို့ သစ္စာမရှိယုတ်မာတဲ့သူတွေကို အားပေးအားမြှောက်လုပ်သလိုမဖြစ်အောင်လို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်အရေးယူသင့်တယ်လို့ပြောချင်ပါတယ် ရဲစခန်းမှာတိုင်တန်းရင် သမီးအနေနဲ့ငွေကုန်စရာမလိုပါဘူး ရှေ့နေရှေ့ရပ်လဲ ငှားစရာမလိုပါဘူး ရဲစခန်းမှာအမူဖွင့်တိုင်ဖို့ဘဲလိုတာပါ ကျန်တာကို ရဲကဆက်လုပ်ပေးပြီး တရားရုံးရောက်ရင် သမီးဖက်ကနေပြီးဥပဒေအရာရှိက လိုက်ပါဆောင်ရွက်ပေးမှာပါ အန်တီကတော့ ကိုယ်ဝန်ကိုလဲမွေးစေချင်တယ် ဘာလို့လဲဆိုတော့ ကလေးကသမီးနဲ့ရေဆက်ရှိခဲ့လို့ ဒီဘဝမှာသားအမိတော်စပ်ရမှာလေ အဆိုးထဲကနေအကောင်းလို့မှတ်ပြီးသမီးအတွက်အဖေါ်တစ်ယောက်တိုးတယ်လို့ဘဲသဘောထားစေချင်တယ် အဲ့တာဆိုသမီးနေပျော်သွားမှာပါ အန်တီကမိန်းကလေးချင်းကိုယ်ချင်းမစာဘဲပြောတာမဟုတ်ဘူးနော် သမီး..ဖြစ်သင့်ဖြစ်ထိုက်တာကိုပြောပြတာပါ သမီးကို သားသမီးချင်းလဲကိုယ်ချင်းစာပါတယ် အန်တီနဲ့နေတဲ့မြို့တူရင်တော့အန်တီသမီးဖက်ကနေ အမူကိုလိုက်ပါကူညီဆောင်ရွက်ပေးနိုင်ပါတယ်  အခုကသမီးဘယ်မှာနေမှန်းမသိတော့ ဒီလောက်ဘဲပြောပြနိုင်တာပါ အမူနဲ့ပတ်သက်ပြီးသိချင်တာရှိရင် အန်တီကိုမေးနော် အန်တီပြောပြလမ်းညွှန်ပေးပါမယ် သမီးဘဝလေးေ၇ှ့ဆက်သာယာပါစေလို့ဆုတောင်းပေးလိုက်တယ်နော်

2012/10/2 Lynn Htet Swe <myatchitshin@gmail.com>
Mary Stope International (MSI) ဆိုတဲ့ အဖွဲ့ အစည်း တစ်ခု ရှိပါတယ်။
ဒီလို ပြဿနာ တွေ ကို ဆေးပညာ နည်း နဲ့ ဖြေရှင်းပေး နေတဲ့ အဖွဲ့ ပါ။
Children by choice, not by chance ဆိုတဲ့ ဆောင်ပုဒ် နဲ့ ပါ။
သန္ဓေဖျက်ခြင်း ကို ဘာသာတရားတွေ နဲ့ လူမှု ဥပဒေ တွေ က တားမြစ်ထားပေမဲ့ မရှုနိုင်မကယ်နိုင်လို့ ခိုးလုပ်ကြရတဲ့ အခါ မိခင် ပါ အသက် အန္တရာယ် ဖြစ်နိုင်လို့ ပါပဲ..။
သန္ဓေတည်တယ် ဆို တာ က သဘာဝ ကိစ္စ ပါ။ ရင်သွေး ကို ကိုယ်တိုင် လိုချင်တယ် မလိုချင်ဘူး ဆို တာ ကတော့ လူသား က ဆုံးဖြတ်ရမှာ ဖြစ်တယ်..။ အခြေအနေ အကြောင်းတရား နောက်ခံ အမျိုးမျိုး ရှိနိုင်လို့ ပါပဲ..။
ဒုတိယကမ္ဘာစစ် အပြီး ဘာလင်မြို့ကြီး ကျ တော့ ဂျာမန် အမျိုးသမီး ၅ သိန်း လောက် မုဒိန်းအကျင့်ခံ ရတယ်..တစ်သိန်းလောက် က ကိုယ်ဝန်ရတယ်..။ ဒီလို အခြေအနေ တွေ က မခက်လား..။ အထက်မှာ ပြောခဲ့ သလို သန္ဓေတည်တယ် ဆို တာ က သဘာဝ ကိစ္စ ပါ။ ရင်သွေး ကို ကိုယ်တိုင် လိုချင်တယ် မလိုချင်ဘူး ဆို တာ ကတော့ လူသား က ဆုံးဖြတ်ရမှာ ဖြစ်တယ်..။

ကိုယ့် ဆုံးဖြတ်ချက် ကို ကိုယ်ပဲ တာဝန်ယူရမှာ ဖြစ်တယ်။ ဘာသာရေး နဲ့ ဥပဒေရှုထောင့် က တစ်မျိုး ပြောမယ်။ လူမှုရေး နဲ့ ဘ၀ ခံစားချက်ရှုထောင့် က တစ်မျိုး ပြောမယ်။ ရှုထောင့် အမျိုးမျိုး ရှိမှာ ဖြစ်ပါတယ်။ ဒီတော့ မိန်း ကလေး အနေနဲ့ ဘာသာရေး အရ အသက်တစ်ချောင်း မပျောက် ကောင်းလို့ ယူဆရင် ဒီ ကလေး ကို ရဲရဲရင့်ရင့် မွေးလိုက် ပါ..။ ဟို လူယုတ်မာ ကို လက်ထပ်ယူစရာ မလို ပါ..။

ဒါမှမဟုတ်လို့ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးမယ် ဆုံးဖြတ်ရင် လဲ တတ်ကျွမ်းနားလည်တဲ့ အဖွဲ့ အစည်းတွေ ထံ ချဉ်းကပ် ပြီး အန္တရာယ် မဖြစ် အောင် လုပ် ပါလို့  ပဲ အကြံပေးလိုပါတယ်။

2012/10/2 528 <oursstorys528@gmail.com>
ဟုတ်ပါ့ လက်ထပ်မယ်ပြောတာဘဲကျေးဇူးတင်ရဦးမယ် တချို့ အဲဒီလိုဖျက်ဆီးပြီး လှည့်ကြည့်တာမဟုတ်ဘူး
ဒါပေမယ့်မူဆလင်ဆိုရင်တော့မယူနဲ့နော် အမျိုးသမီးရေးရာကိုလဲ တိုင်လို့ရတာဘဲ

2012/10/2 ရန်ကင်းသား <yankintharrr@gmail.com>
ကိုစစ်မုန်းသူပြောသလိုလုပ်တာကအကောင်းဆုံးနည်းလမ်းပဲ..
ခလေးဖျက်ချရင်လဲရာဇ၀တ်မှု.အကုသိုလ်ဖြစ်မယ်.
အခန့်မသင့်ရင်ကိုယ်ပါသေနိုင်တယ်
အဖေမပေါ်ပဲမွေးရင်လည်းခလေးအတွက်မကောင်းသလို
ကိုယ့်ပတ်ဝန်းကျင်မှာလဲအရှက်ရမယ်
ဟိုလူကလဲအသက်ငယ်သေးလို့ကိုယ်နဲ့အမေအတွက်လည်း
အားကိုးအားထားရတယ်..ယူပီးသွားရင်လည်းကြာရင်သံယောဇဉ်ရှိသွားမှာပဲ
ဟိုလူကလက်ထပ်ပါမယ်ပြောတာတောင်ကံကောင်းတယ်ဆို၇မယ်
ဝဋ်ကြွေးတွေကိုဒီဘ၀ဆပ်လိုက်ရင်နောက်ဘ၀တွေမှာမအေးမြအေးချမ်းမှာပါ...
ဒီလူကတော့ဒီဘ၀သူလုပ်တဲ့အပြစ်ကနောက်ဘ၀ကျရင်သူမိန်းမပြန်ဖြစ်ပီး
ဝဋ်ပြန်လည်မှာပါ..လက်စားချေဖို့လဲမလိုပါဘူး...

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:32922] သွေးနုသားနု ဒီမိုကရေစီနိုင်ငံသစ်အား သည်းခြေပျက်စေမည့် ဇာတ်လမ်း

ယခုရက်ပိုင်းလပိုင်းအတွင်း တိုင်းပြည်၏ အုပ်ချုပ် ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ၊ အာဏာ (၃)ရပ်တို့အကြား ကြီးမားလှသော ပဋိပက္ခ တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ နောက်ဆုံးတွင်မူ   ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအငြင်းပွားမှု ပြဿနာသည် ပြေလည်သော ဖြေရှင်းဆောင်ရွက်မှု တစ်စုံတစ်ရာ မပေါ်ထွက်ခဲ့ဘဲ အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင် (၉)ဦး နုတ်ထွက်သွားသည်အထိ ခရီးရောက်သွားခဲ့ကြပြီဖြစ်ပါ သည်။

ဤပြဿနာသည် အမှိုက်ကစ၍ ပြသာဒ် မီးလောင်သည့်ကိစ္စမဟုတ်ခဲ့ပါ၊ ရှင်ဘုရင်အိပ်ဆောင် မီးလောင်၍ တိုင်းပြည်ပြာကျရမည့်ကိန်းဖြစ်ပါသည်။အခြေပဲ့၍ တောင်ပြိုကျရခြင်းမျိုးမဟုတ်ပါ၊ တောင်မ ကြီး ကွဲပြို၍ မြက်မြေဇာ ပိပြားရသည့်ကိန်းဖြစ်ပါသည်။ အေးချမ်းစွာဖြေရှင်းနိုင်သည့်ကိစ္စကို ပြေလည်ရာပြေလည် ကြောင်းဖြေရှင်းရန် မကြိုးစားကြဘဲ တိုင်းပြည်အတွက် ' ဆိုးရွားလှသော စီရင်ထုံးတစ်ခု'  တိုးသွားစေရန် လုပ်ဆောင်ခဲ့ကြသည့် သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ရပ်ဟု ပင် ဆိုချင်ပါသည်။                                                                                 

သည်ပြဿနာက ဒီမှာတင်ပြီးဆုံးသွားပါပြီလား၊ သည်အားစမ်းပွဲမှာ မည်သည့်ဘက်က အနိုင်ရလိုက်ပါ သနည်း။ လွှတ်တော်က အနိုင်ရလိုက်သည်လား ၊ သမ္မတက အနိုင်ရလိုက်သည်လား ၊ ရေးရာကော်မတီ များက အနိုင်ရလိုက်သည်လား ၊ Win- Win  လား၊ Win - Lose လား Lose - Lose လားဆိုသည်ကိုတော့ ပြန်လည် သုံးသပ်ကြဖို့လိုမည်ထင်ပါသည်။ ထိုသို့ဆန်းစစ်နိုင်ရန်အ တွက်လည်း မေးခွန်းများစွာက အသင့်စောင့်ကြိုနေပါ သည် ။

  1. ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ နုတ်ထွက်သွားသည်နှင့် လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စု အဆင့်ဖြစ်သည်ဟု အလိုအလျောက်သဘောသက်ဝင်အတည်ပြုနိုင်ပါသလား ။
  2. အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် (၉)ဦး နုတ်ထွက်သွား တဲ့နေရာတွင် (တရားရေးမဏ္ဍိုင်လဲပြိုရာတွင်) မည်သူတို့ အား ပြန်လည်ခန့်ထားကြမည်နည်း၊  ထိုခန့်ထားသော အခြေခံဥပဒေခုံရုံးအဖွဲ့သစ်သည် ''လွှတ်တော်ရေးရာ ကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်ပါသည်'' ဆိုသည့်အချက်ကို (အခြေခံဥပဒေ တွင် ပြဌာန်းထားချက် တစ်စုံတစ်ရာကို ကိုးကားခြင်းမပြုနိုင်ဘဲ ၊ သမ္မတ၏ အမိန့်ကြောင့်ဖြစ်စေ လွှတ်တော်အားမလွန်ဆန်ရဲသော ကြောင့်ဖြစ်စေ ၊ ရှေ့ကဖြစ်ပွားခဲ့သော ဖြစ်ရပ်အပေါ်တွင် စိုးရိမ်မှုဖြင့် ဘယာဂတိလိုက်စား၍ဖြစ်စေ ) လက်ခံအ တည်ပြုပေးကြပါမည်လား။
  3. ထိုသို့ လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်သည် ဟူသော အချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မပါဝင်သောကြောင့် လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်မ ဟုတ်ဟူ၍ပင် ဆုံးဖြတ်ခဲ့ကြသည်ရှိသော် ထိုအခြေခံဥပဒေ ခုံရုံးအသစ်ကို နုတ်ထွက်စေရန် စွပ်စွဲပြစ်တင်မှုများပြု လုပ်၍ ဖိအားပေးကြရဦးမည်လား ။

 ပြဿနာ၏ အရင်းအမြစ်ကို ပြန်လှန်သုံးသပ်သော် ၂ဝဝ၈ခုနှစ်တွင်အတည်ပြုပြဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၂ဝ၁ဝတွင်ပြဌန်းခဲ့သော လွှတ်တော် ဥပဒေများအကြား ကွဲလွဲနေချက်ဖြစ်သည် (ဥပဒေ ၂ရပ်လုံးကို နဝတ/နအဖ  အစိုးရကပင် ရေးဆွဲစေခဲ့သည် ဆိုသည့်အချက်ကို အရင်ဦးစွာ လက်ခံသိရှိထားရန်လို သည်) အခြေခံဥပဒေ၏ နိဒါန်းတွင် ''  နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီက... အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု  မရှိမဖြစ်လိုအပ်သည့်အ တွက် ၁၉၉၃ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူ ကျင်းပပေးခဲ့ပြီး နိုင်ငံရေး ၊ လုံခြုံရေး ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသူများ မြို့နယ်အားလုံးမှ တိုင်းရင်း သားကိုယ်စားလှယ်များ ပါဝင်  ရေးဆွဲခဲ့ခြင်းဖြစ်ပြီး...'' ဟု တိကျစွာ ဖော်ပြထားသကဲ့သို့ လွှတ်တော်ဥပဒေများ ၏ နိဒါန်းတွင်လည်း ''...ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေးတွင် လိုအပ်သည့် လုပ်ငန်းများ ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က ဆောင်ရွက်ပေးရန် ပြဌာန်းထားသည့်အလျောက် နိုင်ငံ တော်၏ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးလုပ် ငန်းများကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဤဥပဒေကို ပြဌာန်းသည်၊  ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည် သည့်နေ့မတိုင်မီ ကြိုတင်ဆောင်ရွက်ရသည့် လုပ်ငန်းများ သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက် သည်ဟု မှတ်ယူရမည်'' ဟု အတိအလင်းဖော်ပြပါရှိ သည်။

ထိုသို့အားဖြင့် ဖော်ပြချက်များ အရ ၂ဝ၁၁ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့ တွင် စတင်အသက်ဝင်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထိုနေ့မတိုင်မီကပင် ပြဌာန်းခဲ့သော၊  ထို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများ လွယ်ကူ ချောမွေ့စေရန်၊ ပြဌာန်းခဲ့သော လွှတ်တော်ဥပဒေများ (၂ဝ၁ဝ) ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ခက်မများ (Parts of constitution)အဖြစ် လက်ခံအတည်ပြုပေးရမည်သာ ဖြစ်သည်။

ဤနေရာတွင် ရှင်းလင်းစွာ နားလည်ရန်လိုအပ် သည်မှာ ဥပဒေများကိုရေးဆွဲသည့် အဖွဲ့အစည်း မတူ ကွဲပြားခြင်းမဟုတ် ၊ ရေးဆွဲခဲ့သော အခြေခံသဘောတရား များ မတူကွဲပြားခြင်းမဟုတ်၊ လွှတ်တော်ဥပဒေများတွင် ဖော်ပြထားသော အချက်အလက်များ အဓိပ္ပာယ်ဖွင့်ဆို ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မတူခြားနား သော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့် ဖွင့်ဆိုဖော်ပြထားသည့် ကွဲလွဲခြင်းမျိုးမဟုတ်၊ လွှတ်တော်ဥပဒေများတွင် ပါဝင် သည့် အချက်များသည် အခြေခံဥပဒေတွင် မပါဝင်ခြင်း ဖြစ်သည်။ အခြေခံဥပဒေတွင် တိတိပပ ဖော်ပြမထား သည့် ဥပဒေအချက်အလက်များသည် လွှတ်တော်ဥပဒေ များတွင်ပါဝင်နေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရ လျှင် ကွဲလွဲချက်မဟုတ်၊ ခြားနားချက်မဟုတ်၊ ဆန့်ကျင် ချက်မဟုတ်၊ လစ်ဟာချက်သာလျှင်ဖြစ်သည်။

 ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟူသည်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒအရ ဖွဲ့စည်းထားသော
  1.  ပြည်ထောင်စု အစိုးရအဖွဲ့
  2.  အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ
  3.  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့
  4.  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
  5.  ပြည်ထောင်စု တရားသူကြီးချုပ်
  6.  ပြည်ထောင်စု တရားလွှတ်တော်ချုပ်
  7.  ပြည်ထောင်စု ရှေ့နေချုပ်
  8.  ပြည်ထောင်စု စာရင်းစစ်ချုပ်
  9.  ပြည်ထောင်စု ရာထူးဝန်အဖွဲ့
  10.  ပြည်ထောင်စုလွှတ်တော် ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်အဖွဲ့အစည်းများကို ဆိုလိုသည်ဟု ပြည်သူ့ လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ် တော် ၊ လွှတ်တော်(၃)ရပ် တို့၏ဥပဒေများတွင် အတိအ လင်းဖွင့်ဆိုထားပါသည်။ ထိုသို့ အခြေခံဥပဒေအရတည် ဆဲဖြစ်သော ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်ဥပဒေများမှာ လွှတ်တော်အ သီးသီးမှ ဖွဲ့စည်းတာဝန်ပေးအပ်သော ကော်မတီများ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များဖြစ်သည်ဟု ပြဌာန်းထားသည်မှာ အငြင်းထွက်ဖွယ် ရာ မရှိပါ။ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တွင်  ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဟူသည်မှာ မည်သို့သော အဖွဲ့အစည်းများကို ဆိုလိုသည်ဟု တိတိပပ ပြဌာန်းထားခြင်း လုံးဝ မပါရှိပါ ။ သို့ဖြစ်ရာ လွှတ်တော်က ဆွဲကိုင်သော လွှတ်တော်ဥပဒေများနှင့် ခုံရုံးမှ ဆွဲကိုင်ခဲ့သော ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတို့သည် ဆန့်ကျင်နေခြင်းမဟုတ်၊ မညီညွတ်ခြင်း မဟုတ် ၊ တစ်ခုတွင် အသေးစိတ်ဖော်ပြထားသည့် အချက် သည်အခြားတစ်ခုတွင် ဖော်ပြထားမှုမရှိခြင်းသာဖြစ် သည်။

ဤနေရာတွင်ခုံရုံး၏သုံးသပ်ချက်ကို  ကိုးကား  ၍ဖော်ပြရလျှင်လည်း ''လွှတ်တော် အသီးသီး၏ ဥပဒေများတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပဒေတွင် ပြည်ထောင်စုအဆင့်ဟူသော စကားရပ်နှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုထားမှုမရှိ'' ဟု ထည့်သွင်း သုံးသပ်ထားသည်ကို ထောက်ခြင်းအားဖြင့် အမှန်တကယ် ချွတ်ယွင်း အားနည်းချက်သည် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုယ်၌ပင်ဖြစ်ကြောင်း ရှင်းလင်းစွာ သိမြင် နိုင်ကြမည်ဖြစ်ပါသည်။ (''  နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ... အနာဂတ်နိုင်ငံတော် တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု  မရှိမဖြစ်လိုအပ်သည့်အ တွက် ၁၉၉၃ခုနှစ်မှ စ၍ အမျိုးသားညီလာခံကို ခေါ်ယူ ကျင်းပပေးခဲ့ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသူများ မြို့နယ်အားလုံးမှ တိုင်း ရင်းသားကိုယ်စားလှယ်များ ပါဝင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ဤပြဿနာတွင် ပါဝင်ပတ်သက်ကြသော အုပ်ချုပ် ရေးမဏ္ဍိုင် (သမ္မတ) ၊ ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော် ၃ရပ်) နှင့် တရားရေးမဏ္ဍိုင်( အခြေခံဥပဒေခုံရုံးအဖွဲ့) တို့သည် ပြဿနာ၏ အခြေခံအကြောင်းရင်းသည် မည် သည် ဖြစ်သနည်း ထိုအကြောင်းခြင်းရာကို မည်သို့ညှိ နှိုင်း၍ ဖြေရှင်းကြမည်နည်း ဆိုသည့်လမ်းကြောင်း ကို ဦးတည်ရန် မျက်ကွယ်ပြုခဲ့ ကြသည် ။ သမ္မတသည် ခုံရုံးနှင့်လွှတ်တော်ကြားပဋိပက္ခကို အရှိန်မလျှော့နိုင်ခဲ့၊ အခြေခံဥပဒေ ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုသည်ကို အကြောက်အကန်ကိုင်ဆွဲ၍ မိမိတို့သည် တရားစီရင်ရေး၏ အမြင့်မားဆုံးအဆင့် အဓိကမဏ္ဍိုင် ဖြစ်သည်ဟူသော ရပ်တည်ချက်ကို တရားသေဆုပ်ကိုင်ခဲ့ သည် ။ လွှတ်တော်များဘက်ကလည်း အခြေခံဥပဒေ၏ လိုအပ်ချက်ကြောင့်ဖြစ်ရသည့် ပြဿနာကိုဖြေရှင်းရန် အခြေခံဥပဒေကို ဖြည့်စွက်ပြင်ဆင်ရန် လုပ်ဆောင်ရမည် ဆိုသည့် အချက်ဆီသို့ ဦးတည်၍မသွားဘဲ ခုံရုံးအဖွဲ့ဝင် များ နုတ်ထွက်စေရေးနှင့် စွပ်စွဲပြစ်တင်ရေးလမ်းကြောင်း သို့ ဦးတည်၍ သွားခဲ့သည်။( ဤလွှတ်တော်သည်ပင် လျှင် ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အဆိုတင်သွင်းခဲ့သော 'ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရ' ဖြစ်ပေါ်စေ ရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ တိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာ ဝန်ပေးအပ်ခြင်း ခံရသူများ၏ ပြောင်းရွှေ့နိုင်သော ပစ္စည်း များ၊ မပြောင်းရွှေ့နိုင်သော ပစ္စည်းများစာရင်းနှင့် ၄င်းတို့ ၏ အကျိုးစီးပွားများစာရင်းကို ထုတ်ဖော်ကြေညာ၍ မှတ်တမ်းတင်ထားရန်အဆိုကို  မဲအများစုဖြင့် တစ်ခဲနက် ကန့်ကွက်ခဲ့ကြဘူးကြောင်း ဤနေရာတွင် ထောက်ပြလို ပါသည်။)

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ သမ္မတထံပေးပို့သော သဝဏ်လွှာတွင်ပါရှိသည့် ''သမ္မတ၏ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းပြီး ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက လည်း ဆန္ဒအလျောက်တာဝန်မှ အနားယူသွားစေရေး'' ဟူသော အချက်နှစ်ချက်အနက် ခုံရုံးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များကလည်း ဆန္ဒအလျောက် တာဝန်မှ အနားယူ သွားစေရေး ဟူသောအချက်မှာ ခုံရုံးအဖွဲ့၏ ဂုဏ်သိက္ခာ ကို တိုက်ရိုက်ထိပါးလိုက်ခြင်းသာဖြစ်ပါသည်။ ထို သဝဏ်လွှာသည် ညှိနှိုင်းဆောင်ရွက်ရေးကို လမ်းဖွင့် လိုက်သော ကမ်းလှမ်းမှုတစ်ခုမဟုတ်ခဲ့ပါ၊ မိမိတို့အမှား မပြုလုပ်သောကြောင့် လိုက်လျောခြင်း မပြုလုပ်နိုင် ဟူသော သဘောထားကို ခုံရုံးအဖွဲ့က နောက်ဆုံးအချိန်ထိ ဆွဲကိုင် သွားစေသည့် ရာဇသံပေးခြင်းမျိုး ဖြစ်သွား ခဲ့ပါသည်။ တစ်ဖန်တစ်လှည့်အားဖြင့် ခုံရုံးအဖွဲ့မှ လည်း ''တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ဥပဒေပြုအမတ် များက မဲခွဲဆုံးဖြတ်ခြင်းသည် ကမ္ဘာတွင် အစဉ်အလာမရှိ ကြောင်း အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို မျက် ကွယ်ပြုခြင်း ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း'' စသည်ဖြင့် ပြန်လည်တုံ့ ပြန်မှုများ ပြုလုပ်ခြင်းအားဖြင့် တိုက်ပွဲခေါ်သံပေးလိုက် သည်။

လွှတ်တော်က ခုံရုံးအဖွဲ့နုတ်ထွက်မည့်အချိန်ကို စောင့်ခဲ့သည်။ ခုံရုံးအဖွဲ့ကလည်း မနှုတ်ထွက်ခဲ့၊ သမ္မတ ကြီးက ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ရပ်တန့်မသွားစေ ရန်နှင့် ပြည်သူသန်း ၆ဝ ၏ မျက်နှာကိုထောက်ထား ၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား အခြေခံဥပဒေ အခန်း ၁၂ (ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ခြင်းအခန်း) ပါ အခွင့်အလမ်းများကို အသုံးပြု၍ ဆောင်ရွက်ပါက ပိုမိုသင့်လျော်ကောင်းမွန်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ သဝဏ်လွှာပြန်ပို့၍ လမ်းကြောင်းတစ်ခု ခင်းခဲ့သည်။ သို့သော် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ် ထားကြပြီဖြစ်သော 'ဘက်နှစ်ဘက်' အနေဖြင့် သမ္မတကြီးခင်းပေးသည့် လမ်းကို မည်သူမျှ မရွေးခဲ့ကြ တော့ပါ။

ထိုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အငြင်းပွားစရာပေါ် ပေါက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းရေးသည် အဓိကကျကြောင်း ထို့အပြင် ပြည်သူ့လွှတ်တော်အတွင်း ရှိသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များနှင့် အချင်းချင်းနားလည်မှုရအောင် ဆောင်ရွက်ကြရန် အရေး ကြီးကြောင်း ပြောဆိုခဲ့ပါသည်။ သို့သော် ခတ်ရန် စောင်မာန် အသင့်ဖြစ်နေသည့် သူများကတော့ မြေစာပင်များကို ထည့်မတွက်ခဲ့ကြတော့ပါ။

ထိုသို့အားဖြင့် ပြင်းထန်သည့် ပဋိပက္ခ၏ အထွဋ်အ ထိပ်တွင် ခုံရုံးအဖွဲ့ဝင်များအားလုံး နုတ်ထွက်သွားကြပါ သည်။ သည်နေရာတွင် ဒီဇာတ်လမ်း ပြည်ဖုံးကားကျပြီ လား၊ ဤမျှသာဟု စာတန်းထိုး၍ ရပြီလား ၊ ဘယ်သူ တွေနိုင်လိုက်ကြသနည်း ဘယ်သူတွေရှုံးကြသနည်း ၊ စဉ်းစားဆုံးဖြတ်စေချင်ပါသည်။

တကယ်တမ်း တင်ပြရလျှင် အားလုံးရှုံးကြပါ သည်၊ ယမ်းငွေ့များ ၊ မီးတောက်များ၊ ဟစ်ကြွေးသံများ ညည်းညူသံများ ပြီးဆုံးသွားသည့်နောက်တွင် မြို့ကြီး လည်း ညက်ညက်ကြေ၊ တပ်လည်းပြုတ်ပြုတ်ပြုန်း နှစ် ဦးနှစ်ဘက် အကျအဆုံး များလှသည့် တိုက်ပွဲတစ်ပွဲဟု ပင် တင်စားလိုပါသည်။ အုပ်ချုပ်ရေးမဏ္ဍိုင် ၊ ဥပဒေပြု ရေးမဏ္ဍိုင် ၊ တရားရေးမဏ္ဍိုင် ၊ မဏ္ဍိုင် (၃)ရပ်လုံး မည်သည့် အမြတ်မျှမထွက်သည့်အပြင် ၊ ပြည်သူများအဖို့ လည်း မည်သို့သော အကျိုးထူးရလဒ်မျှ ထွက်မလာခဲ့ ပါ။ အဘယ်ကြောင့်နည်း ဆိုပါလျှင် ဤစာ၏ နိဒါန်းပိုင်း မှ မေးခွန်း (၃)ခုမှ ထွက်ပေါ်လာဖွယ်ရှိသည့် အဖြေများ ကြောင့် ဖြစ်ပါသည်။ ထိုအဖြေများမှာ

  1. အခြေခံဥပဒေခုံရုံးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နုတ်ထွက်သွားရုံမျှဖြင့် ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်သည်ဟု အလိုအလျောက်သတ် မှတ်နိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်ပါသည်။
  2. အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် (၉)ဦး နုတ်ထွက် သွားတဲ့နေရာတွင် မည်သူတို့အား ပြန်လည်ခန့်ထားကြ သည်ဖြစ်စေ ၊  အခြေခံဥပဒေခုံရုံးအဖွဲ့သစ်သည် လွှတ် တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့် ဖြစ်ပါသည် ဆိုသည့်အချက်ကို (အခြေခံဥပဒေတွင် ထည့်သွင်းထားချက် တစ်စုံတစ်ရာကို ကိုးကားခြင်း မပြုနိုင်ဘဲ ၊ သမ္မတ၏ အမိန့်ကြောင့်ဖြစ်စေ လွှတ်တော် အားမလွန်ဆန်ရဲသောကြောင့်ဖြစ်စေ၊ ရှေ့က ဖြစ်ပွားခဲ့ သော ဖြစ်ရပ်အပေါ်တွင် ဘယာဂတိ လိုက်စား၍ဖြစ်စေ) လက်ခံအတည်ပြုပေးကြမည်မဟုတ်ပါ ။ အကယ်၍ ပြုခဲ့ သည်ရှိသော် ပင်မ မဏ္ဍိုင်(၃)ရပ်မှ တရားရေးမဏ္ဍိုင် ပြိုလဲခြင်းပင် ဖြစ်ပါသည် ။ ထိုသို့ဖြစ်လာပါက နိုင်ငံတော် သမ္မတအဆက်ဆက် ၊ လွှတ်တော်ဥက္ကဋ္ဌ အဆက်ဆက် နှင့် လွှတ်တော် ကိုယ်စားလှယ်များသည်  '' ...နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်...'' ဟု ကျမ်းသစ္စာဆို/ ကတိသစ္စာပြု ရမည့်အစား '' ... လွှတ်တော်ဥပဒေများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး ...'' ဟု ကျမ်း သစ္စာဆို/ကတိသစ္စာပြုရ မည်သာဖြစ်ပါလိမ့်မည်။
  3. လွှတ်တော်ရေးရာကော်မတီများသည် ပြည် ထောင်စုအဆင့်ဖြစ်သည် ဟူသော အချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်သောကြောင့် ပြည် ထောင်စုအဆင့်မဟုတ် ဟူ၍ပင် ဆုံးဖြတ်ခဲ့ကြသည်ရှိသော် အခြေခံဥပဒေခုံရုံးအသစ်ကို စွပ်စွဲပြစ်တင်မှုများပြုလုပ်၍ နုတ်ထွက်စေရန် ဖိအားပေးခြင်းမှာ ဖြစ်နိုင်တော့မည်မဟုတ်ပါ၊ သို့ဖြစ်ပါက ယခင် အခြေခံဥပဒေခုံရုံးအဖွဲ့အား နုတ်ထွက်စေရန် ဖိအားပေးခဲ့ခြင်းမှာ အဟောသိကံသာ ဖြစ်ပါလိမ့်မည်။

ဤသို့ဆိုလျှင် အဘယ်ကြောင့် ဒုတိယနည်းလမ်းဖြစ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) အရ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟူသော လမ်းကြောင်းကို မရွေးချယ်ခဲ့ကြပါသနည်း ။

  1. ဤအချက်ကို ပြင်ဆင်လျှင် နောက်ထပ်ပြင်ဆင်စရာ အချက်များအတွက် ပိတ်ထားသော တံခါးများ ပွင့်သွား မည်ကို စိုးရိမ်ကြသောကြောင့်လော ။
  2. အခြေခံဥပဒေ ၄၃၆(ခ)တွင် အခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်အားလုံး၏  ၇၅ ရာခိုင်နှုန်းကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရပါမည်ဆိုသည့်အချက်ကို ပြဌာန်းထားမှုကြောင့် (လက်ရှိလွှတ်တော်များ၏ အခြေအနေအရ ၇၅ ရာခိုင်နှုန်း မည်သို့မျှ ကျော်နိုင်မည်မဟုတ် ဟူသော ပုံသေနည်းကျ  စိုးရိမ်မှု များကြောင့်) ပင်လော ဟူသော မေးခွန်းများအား ထပ်မံမေးမြန်း ရမည်ဖြစ်ပါသည်။

ထိုအခန်း၁၂ ပါ ပုဒ်မ ၄၃၆(က)တွင် ပြဌာန်း ထားချက်အရ '' .... အခန်း(၄)ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊၁၆၁၊... တို့ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏  ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအား လုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရပါမည် ဆိုသည့်အချက်ကိုဖော်ပြထားပြီး ပုဒ်မခွဲ(ခ)တွင် ပုဒ်မခွဲ (က)ပါ ထိုပြဌာန်းချက် များမှအပ ကျန်ပြဌာန်းချက်များ ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်အားလုံး၏  ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် သာ ပြင်ဆင်နိုင်သည်ဟု ဖော်ပြထားရာ၊ ဤအချက်ကို ဆွဲကိုင်၍ ပြင်ဆင်ဖြည့်စွက်ချက် ဥပဒေမူကြမ်းကို တင် သွင်းခြင်းကို ပြုနိုင်သည် ။ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲခြင်းကို ပြုနိုင်သည်၊ ဤသို့ ဆောင်ရွက်ရာတွင် တပ်မ တော်သားကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်မှု များ ကို လုပ်ဆောင်နိုင်မည် ဖြစ်ပြီး အရေးကြုံလာလျှင် တပ်မတော်သည် လွှတ်တော်တွင် မည်သည့်သဘောထား ဖြင့် ရပ်တည်မည်ဆိုသည်ကို ပြည်သူများ မျက်ဝါးထင် ထင်မြင်တွေ့ကြရမည့် အခွင့်အရေး ဖြစ်သကဲ့သို့ တပ်မ တော်သား ကိုယ်စားလှယ်များသည်လည်း တိုင်းပြည်အ တွက် လိုအပ်သော အရေးပါသည့် ကဏ္ဍတစ်ရပ်အ လှည့်အပြောင်းတွင် မည်သို့ တော်တည့် မှန်ကန်စွာ ရပ် တည်ကြမည်၊ မည်သို့ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြမည်ဆို သည်ကို ပြည်သူတို့အား သက်သေပြနိုင်မည့် အခွင့်အ ရေးဖြစ်ပါသည် ။ ဤသို့အားဖြင့် လက်တွေ့တွင် ဖြစ်သင့် ဖြစ်ထိုက်သော အကျိုးကျေးဇူးတစ်စုံတစ်ရာ ထွက်ပေါ်နိုင်သော ဤလမ်းကို အဘယ်ကြောင့် မရွေးခဲ့ကြ ပါသနည်း။ မရွေးလိုခဲ့ကြပါသလား၊ မရွေးရဲခဲ့ ကြပါ သလား ။

အချုပ်ဆိုရသော် ဤပြဿနာတွင် ပါဝင်ပတ်သက် သူအားလုံး အနိုင်မရခဲ့ပါ။ အားလုံးရှုံးခဲ့ကြပါသည် Lose - Lose -Lose သာဖြစ်ခဲ့သည်။ သမ္မတနှင့် အုပ်ချုပ် ရေးမဏ္ဍိုင်သည်လည်း အနိုင်မရခဲ့ပါ ၊ တရားရေးမဏ္ဍိုင် သည် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ပါသည်၊ ဥပဒေပြု မဏ္ဍိုင်သည်ကော နိုင်ခဲ့ပါသလား။ အခြေခံဥပဒေ၏ ပြင်ဆင်ရန် ဖြည့်စွက်ရန် လိုအပ်ချက်များကို မြင်တွေ့နေ ပါလျက်နှင့် မည်သို့မျှ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ လုပ်ဆောင်ရန်လည်း အားမထုတ်ခဲ့ကြဘဲ ၊ ခုံရုံးအဖွဲ့ကို စွပ်စွဲပြစ်တင်လျက် နုတ်ထွက်စေခဲ့ခြင်းသည် ပြည်သူ များအားကိုယ်စားပြုသည့် လွှတ်တော်တစ်ရပ်အနေဖြင့် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုမဟုတ်ခဲ့ပါ ။

ဤနေရာတွင် ငယ်စဉ်က ဖတ်ဖူးသော စာတိုပေစ လေးများကို မျှဝေလိုပါသည်။ တိုင်ကိုဖက်၍ ငိုနေသော ကလေးအား အငိုတိတ်စေရန် ကလေးလက်ထဲသို့ ပဲလှော် ထည့်ပေးခဲ့သည်။ ကလေးက လက်ကိုဖြုတ်လျှင် ပဲလှော်များ လွတ်ကျမည်စိုး၍ ငိုပြန်သည်။ ထိုအခါ ညဏ်ကြီးရှင်က ပဲလှော်ကို ပြန်ယူ၍ ကလေးလက်ကို ဖြုတ်စေပြီးမှ လက်ခုပ်ထဲသို့ ပြန်ထည့်ပေးနိုင်သည်ကို မစဉ်းစားဘဲ တိုင်ကိုဖြတ်၍ ကလေးလက်ကို ဖြုတ်ယူစေခဲ့သည့် ပုံပြင်တစ်ပုဒ်ကို ဖတ်ဖူးခဲ့သည်။ တစ်ဖန် ဆိတ်တစ် ကောင် သည် အိုးထဲသို့ ခေါင်းထိုးလျှိုပြီး အစားစားရာ ခေါင်း တစ်ပြီး ပြန်မထွက်နိုင်ဖြစ်နေသည်ကို အိုးမကွဲစေရန်ဆို၍ ဆိတ်၏ ခေါင်းကို ဖြတ်စေပြီးမှ ခေါင်းထုတ်၍ မရပြန် သဖြင့် အိုးကိုခွဲရပြန်သော အကြောင်းကိုလည်း ဖတ်ခဲ့ရဖူး ပါသည် ။ လွှတ်တော်နှင့် ခုံရုံးပြဿနာတွင်လည်း တိုင် တစ်လုံး ဆုံးရုံမျှသာဆိုလျှင် တော်ရော့မည်။ ဆိတ်လည်း ခေါင်းပြတ် အိုးလည်းကွဲ ဆိုလျှင်တော့ တိုင်းပြည်မှာ မိအေးအခါခါ နာရော့မည်။

 နိုင်ငံတစ်နိုင်ငံတွင် ပြဿနာများစွာရှိပါသည်။ အထူးသဖြင့် ဒီမိုကရေစီသို့ကူးပြောင်းကာစ နိုင်ငံတစ် နိုင်ငံတွင် ပြဿနာများမှာ ပို၍ပင် များမြောင်လှပါသည်။ အဘက်ဘက်မှ ယိုယွင်းနေသော နိုင်ငံတော်အား ပြန် လည်တည် ဆောက်ခြင်း၊ ပျက်ပြားနေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအား ပြန်လည်တည်ဆောက် ခြင်း ၊ အမျိုးသား အကျိုးစီးပွားများကို မြှင့်တင် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို အင်တိုက် အားတိုက် အရှိန်မြှင့် လုပ်ဆောင် နိုင်ရန်မှာ နိုင်ငံတော် တည်ငြိမ်မှုရှိရန်လိုအပ်ပါသည်။ ပင်မ မဏ္ဍိုင် ၃ရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားရေး မဏ္ဍိုင်တို့သည် တစ်ခုကိုတစ်ခု အပြန်အ လှန်သဟဇာတဖြစ်လျက် အခြေ ၃ချောင်းထောက် (Tripod) သဖွယ် အမှီသဟဲပြု ထိန်းကျောင်း နေကြရပါ မည်။ သို့မှသာ နိုင်ငံတော်အား တည်ငြိမ်သော ထောက် တိုင်အဖြစ် အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။ အခြေ တစ်ချောင်းလဲကျလျှင် ကျန်အခြေနှစ်ချောင်းလည်း ထောင်မတ် ကျန်နေမည်မဟုတ်သကဲ့သို့ ထိုမဏ္ဍိုင်များ ပဋိပက္ခဖြစ်လျက် မညီမညွတ်ဖြစ်နေကြပါလျှင် နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားပါလိမ့်မည်။ နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားခဲ့လျှင် မလိုလားအပ်သော ပြဿနာများ နောက် ဆက်တွဲ ပေါ်ပေါက်လာနိုင်ပါသည် ။ ထိုအခါ နှစ်ပေါင်း များစွာ ဒုက္ခပင်လယ်ဝေခဲ့ရသည့် သန်း ၆ဝ သော ပြည်သူတို့၏ မျှော်လင့်ချက်များ ပျက်ပြားသွားရပါလိမ့် မည်။ နောက်ပြန် လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုတို့ကို ပြင်းထန်စွာ ကြုံတွေ့ကြရပါလိမ့်မည်။ ပြည်သူတို့က ယုံကြည်အားထား၍ ရွေးချယ်တင်မြှောက်ထားသော ပြည်သူတို့ကိုယ်စား တိုင်းပြည်၏ အဓိကမဏ္ဍိုင်ကြီးများ တွင် တာဝန်ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များသည် အမိနိုင်ငံတော်အား ထိုသို့သော ဖြစ်ရပ်ဆိုးများ ထပ်မံ မကြုံတွေ့ကြစေလိုသော စေတနာမှန်ကြပါလျှင်၊ ပြည်သူ သန်း ၆ဝ တို့၏ အနာဂတ် ဘဝကို တည်ငြိမ်စွာ ဦးဆောင်မှုပေးလိုသော စိတ်ရင်း မှန်ကြပါလျှင် မဏ္ဍိုင် ၃ ရပ်တို့အကြား စေ့စပ်ခြင်း ၊ ညှိနှိုင်းခြင်းများဖြင့် သဟ ဇာတဖြစ်စွာ အပြန်အလှန်ထိန်းကျောင်း၍ တိုင်းပြည်ကို ညီညီညွတ်ညွတ် ဦးဆောင်ကြစေလိုပါကြောင်း သုံးသပ် အကြံပြုလိုက်ရပါသည် ။

ထင်လင်းဦး (Wisdom Villa)

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

Re: [mrsorcerer:32925] Re: ၁၈၅၀ တုန်း က ဆူးလေဘုရားကြီးပါ

၁၈၅၀ တုန်း က ဆူးလေဘုရားကြီးပါ အင်မတန် ရှင်းလင်းနေတာပါ
အခုတော့........။

အဲလိုကြီးရေးထားတော့ မသိရင် အခုအချိန်မှာ ဆူးလေဘုရားက ကြည်ညိုစရာမကောင်းတော့လို့ များလားလို့ တွေးမိလို့ ပါဗျာ။
တမျိုးမထင်ကြပါနဲ့ ။

ကျနော် ရွဲ့ တာမဟုတ်ပါဘူး

Regards,
haroon1992

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:32921] Fwd: သစ်ထူးလွင်

---------- Forwarded message ----------
From: Thit Htoo Lwin
Date: Tuesday, October 2, 2012
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com

သစ်ထူးလွင်

________________________________

KIA ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လာ
အမှိုက်ကောက်သူများပင်ရှိလာသည့် ကချင်ဒုက္ခသည်စခန်းမှ ပြည်သူများ
မီကာဆာဟိုတယ်တွင် အမေရိကန် နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား
သုံးရက် အတွင်း ယာဉ်တိုက်မှု ယာဉ်ငါးစီး ပျက်စီးခဲ့ပြီး သေဆုံးသူ လေးယောက်နှင့် ဒဏ်ရာ ရရှိသူ ၃၁ ဦးရှိခဲ့
အင်းစိန် မိုးကောင်းကင်အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်ချိန် ၈နာရီထားရန်တောင်းဆို
အန်အယ်လ်ဒီ ရပ်ကျေးညီလာခံများ စတင်
ဒူးထောက်စေကာ ခြေဖြင့်ကန်သဖြင့် စက်ရုံတွင်း မကျေနပ်မှုများ ဖြစ်ပေါ်
စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို
အောက်တိုဘာလ ၁ ရက်နေ့ ထုတ် The Voice Weekly Vol.8/No.39
i-Phone 5 နာနို Sim Card များအတွက် ဖုန်းဆိုင်များက ၀န်ဆောင်မှုပေးမည်
ဧရာဝတီရေတပ်စခန်း အဆောက်အဦးများ ဆောက်လုပ်ရန် ဒလမြို့နယ်မှ လယ်သမားများအား အဓမ္မပြောင်းရွေ့ခိုင်း
စစ်ဘေးသင့် ပြည်သူများ အတွက် လှူဒါန်းသည့် ငြိမ်းချမ်းရေး အနုပညာ ပြပွဲ နှင့် ဈေးရောင်းပွဲတော်
ဒေါ်အောင်ဆန်းစုကြည် Los Angeles မြန်မာ များ နှင့် တွေ့မည်
အောက်တိုဘာ ၂ ရက်နေ့ထုတ် Venus News Weekly
အောက်တိုဘာ ၂ ရက်နေ့ထုတ် First Eleven Sports Journal
တာမွေမြို့ နယ် ကျားကွက်သစ်မှာ လူကြီးသား/သမီးများ မူးယစ်ရမ်းကားမှု
ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးတိုးချ
စိုက်ခင်းပေါ် ကြေးနီကုမ္ပဏီ မြေစာဆက်ပုံနေ
နိုင်ငံတော်စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိဖို့လို
ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်
သမ္မတဦးသိန်းစိန်ကို မြန်မာလူထု လိုက်လှဲစွာ ကြိုဆို
သမ္မတကြီးဦးသိန်းစိန် ကို ၀ိုင်းလိမ်ကြသူများ (အသံဖိုင်)
ကော့စ်ဘဇားမှာ ဘုန်းကြီးကျောင်း ထပ်အဖျက် ခံရ
ဘုန်းကြီးကျောင်းများ မီးရှို့မှု ရိုဟင်ဂျာ ပတ်သက်နေဟု ဘင်္ဂလားဒေ့ရှ် အစိုးရဆို

KIA ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်လာ

Posted: 02 Oct 2012 06:57 AM PDT

ယခုရက်ပိုင်းအတွင်း  KIA စစ်တပ် အနေဖြင့် ပြည်နယ် အတွင်း၌  လူ့ အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက် ပြုလုပ်လာကြောင်း ကချင်ဒေသခံ များထံက သိရှိရသည်။ အောက်တို ဘာလ(၁)ရက်နေ့ နေ့လည်(၁)နာရီက မော်ဝမ်းလေး ရပ်ကွက်နေ ကိုမင်းနိုင် အသက်(၄၂)မှ နေအိမ်၌ သတင်းစာဖတ်နေစဉ် KIAစစ်တပ်မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဖားကန့်မြို့ မော်ဝမ်းလေး ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

http://feeds.feedburner.com/thithtoolwin/yIWV

အမှိုက်ကောက်သူများပင်ရှိလာသည့် ကချင်ဒုက္ခသည်စခန်းမှ ပြည်သူများ

Posted: 02 Oct 2012 06:48 AM PDT

 ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည် စခန်းများတွင် လွန်ခဲ့သည့်(၂) လမှ စတင်၍  အလှူရှင်များ၏ ထောက်ပံ့မှု မရရှိုခြင်းကြောင့်  ဒုက္ခသည်များ၏  စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း စခန်း တာဝန်ခံများထံက သိရသည်။ `ကချင်တွေမှာ အမှိုက်ကောက်တာ မမြင်ဖူးပေမယ့်။ ခုမြင်ရပြီ။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

http://feeds.feedburner.com/thithtoolwin/yIWV

မီကာဆာဟိုတယ်တွင် အမေရိကန် နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား

Posted: 02 Oct 2012 06:08 AM PDT

ရန်ကုန်တိုင်း ဒေသကြီးရှိ မီကာဆာ ဟိုတယ်တွင် အမေရိကန် နိုင်ငံသားတစ်ဦး  အခန်းအတွင်း သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာလ ၃၀ ရက်နေ့  မွန်းလွဲ ၂နာရီ အချိန်တွင် ရန်ကင်းမြို့နယ်၊ ၇ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ မီကာဆာဟိုတယ်၊ သုံးလွှာ၊ အခန်းအမှတ်---တွင် သေ ဆုံးသူမှာ Mr. James Allen Hagler (အမေရိကန်နိုင်ငံသား)၊ ၅၉နှစ်၊---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

http://feeds.feedburner.com/thithtoolwin/yIWV

သုံးရက် အတွင်း ယာဉ်တိုက်မှု ယာဉ်ငါးစီး ပျက်စီးခဲ့ပြီး သေဆုံးသူ လေးယောက်နှင့် ဒဏ်ရာ ရရှိသူ ၃၁ ဦးရှိခဲ့

Posted: 02 Oct 2012 05:59 AM PDT

သုံးရက်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ် ၁၆မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုနှင့် အပြင်းအထန် ဒဏ်ရာရရှိသည့် ဖြစ်စဉ်အများစုမှ ကျူးလွန်သူများကို ဖမ်းဆီးရမိရန် စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း သုံးရက်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု ဖြစ်စဉ်အများစုမှာ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယနေ့ ညနေ ၅နာရီ ၃၀ မိနစ်အချိန်က ဗိုလ်ချုပ်လမ်းနှင့် အလံပြ ဘုရားလမ်းထောင့်၌ ယာဉ်တိုက်မှု ဖြစ်ပွားစဉ်။

ဖြစ်စဉ်မှာ သမ္မတရုံဘက်မှ ထွက်ခွာလာသည့် ၁၉၂ ယာဉ်လိုင်း ဘီအမ်ကားသည် မီးပွိုင့်ရောက်ခါနီး၌ ဘရိတ်ပေါက်ပြီး လမ်းလယ်ကျွန်းကို ကျော်ဖြတ်၍ တစ်ဖက်ယာဉ်ကြောမှ (ဗိုလ်ချုပ်လမ်းဖက်မှလာသော) ဟွန်ဒါ အမျိုးအစား ယာဉ်တစ်စီးကို ၀င်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (သတင်း ဓါတ်ပုံ Eleven Media Group)
http://feeds.feedburner.com/thithtoolwin/yIWV

အင်းစိန် မိုးကောင်းကင်အထည်ချုပ်စက်ရုံ အလုပ်သမားများ အလုပ်ချိန် ၈နာရီထားရန်တောင်းဆို

Posted: 02 Oct 2012 05:37 AM PDT

ရန်ကုန်၊အောက်တိုဘာ ၂

အင်းစိန် SKY APPAREL GROUP ကုမ္ပဏီ၏ မိုးကောင်းကင် အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၀၀၀ ကျော်တို့က ယနေ့နေ့လည်၂နာရီမှ ညနေ ရုံးဆင်းချိန် အထိ ဆန္ဒပြ၍ အခွင့် အရေးများ တောင်းဆိုခဲ့ကြောင်း စက်ရုံဝန်ထမ်း တစ်ဦးက ပြောသည်။

အလုပ်ချိန် ၈ နာရီသာ ထားရန်နှင့် အိုဗာတိုင် အချိန် ၂ နာရီ ထားရန်တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနမှမြို့နယ်ညှိုနှိုင်းရေး အဖွဲ့များ လာရောက် ညှိုနှိုင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

 ပြည်ဖြိုး - Popular Myanmar News Journal

http://feeds.feedburner.com/thithtoolwin/yIWV

အန်အယ်လ်ဒီ ရပ်ကျေးညီလာခံများ စတင်

Posted: 02 Oct 2012 06:18 AM PDT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ ရပ်ကွက်နဲ့ ကျေးရွာအဆင့် ညီလာခံတွေကို ပဲခူးတိုင်းမှာ စတင်ကျင်းပနေပြီလို့ ပါတီပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။ "ပဲခူးတိုင်းအတွင်း ကျေးရွာအုပ်စု ၁၀ အုပ်စုမှာ သောကြာနေ့က ရပ်ကျေးညီလာခံတွေ ကျင်းပါတယ်။ လုပ်ထုံး လုပ်နည်း အတိုင်း ကျေးရွာဥက္ကဋ္ဌတွေကို ဒီမိုကရေစီနည်းကျ ရွေးချယ်မယ်၊  ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

http://feeds.feedburner.com/thithtoolwin/yIWV

ဒူးထောက်စေကာ ခြေဖြင့်ကန်သဖြင့် စက်ရုံတွင်း မကျေနပ်မှုများ ဖြစ်ပေါ်

Posted: 02 Oct 2012 06:28 AM PDT

မကြာသေးမီ ကာလအတွင်း တင်ဒါ ခေါ်ယူခြင်း မရှိဘဲ ပုဂ္ဂလိ က ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်း လိုက်သည့်အတွက် စက်ရုံလုပ် သားများအကြား မကျေနပ်မှုများ ဖြစ်ခဲ့ရသော တညင်းကုန်းစက်ရုံ ရှိ ၀ါရင့်အသက်ကြီး လုပ်သားကြီး တစ်ဦးကို လွှဲပြောင်းရယူလုပ် ကိုင်လျက်ရှိသည့် Mother Industrial Co.Ltd ၏ အရာရှိတစ် ဦးက ဒူးထောက်ရှိခိုးစေ၍ ခြေဖြင့် ပြင်းထန်စွာ ကန်ခဲ့မှုနှင့်ပတ်သက်  ၍---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးထွန်းရွှေ
http://feeds.feedburner.com/thithtoolwin/yIWV

စနစ်တကျ စည်းကမ်းဖြင့် မလုပ်ဆောင်က ရှေ့လျှောက် NLD ပါတီအလားအလာမကောင်းနိုင်ဟုဆို

Posted: 02 Oct 2012 06:35 AM PDT

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှာ နာမည်ကြီး ပါတီဖြစ် နေပြီး ပါတီတွင်း ဖြစ်ပျက်နေ သည်များကို စနစ်တကျ စည်း ကမ်းဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိ ပါက နောင်လာမည့် ကာလများ တွင် NLD ပါတီမှာ အလား အလာမကောင်းနိုင်ဟု---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

http://feeds.feedburner.com/thithtoolwin/yIWV

အောက်တိုဘာလ ၁ ရက်နေ့ ထုတ်