အကြောင်းအရာတစ်ခုဟာ အပြည့်အစုံမှားနေရင် ပြဿနာမရှိဘူး ထောက်ပြရလွယ်တယ်... ဒီလိုပဲ အပြည့်အစုံမှန်နေရင်လည်း ထောက်ခံရလွယ်တယ်... ဒီလိုမဟုတ်ပဲ အမှားနဲ့အမှန် တွဲဆက်ပြီး လိုရာပုံသွင်းပြောကြားလာရင်တော့ ဖြေရှင်းရခက်ပါတယ်...
telos.purple@gmail.com ပြောတာ အားလုံးမှားသလားဆိုတော့ မဟုတ်ဘူး တစ်ချို့တစ်ဝက်မှန်တယ်... အကုန်မှန်သလားဆိုတော့လည်း မဟုတ်ပြန်ဘူး အချို့သောအချက်အလက်တွေဟာ မှားပါတယ်...
အလွယ်ဆုံးထောက်ပြပါရစေ... ဘယ်သူမှ အစ္စလာမ်ဘာသာ မုန်းတီးရေးမှိုင်းမိနေတာမဟုတ်ပါဘူး။ >> ဆိုတာတော့မှားပါတယ်... သမိုင်းအထောက်အထားအမှားတွေနဲ့ လိုရာဆွဲပုံသွင်းဖော်ပြနေကြတဲ့ အစ္စလာမ်ဘာသာ မုန်းတီးရေးသမားတွေ အမြောက်အများရှိသလို အဲ့ဒီမှိုင်းမိပြီး ဘာသာတရားတစ်ခုကို အထင်အမြင်လွဲနေတဲ့လူတွေမနည်းလှဘူးဆိုတာ FBI အထောက်အထားအရ USA မှာဖြစ်တဲ့အကြမ်းဖက်မှုတွေရဲ့ ၆%လောက်သာ ကျူးလွန်သူ အစ္စလာမ်ဘာသာရေးအစွန်းရောက်အချို့နဲ့ Europol လို့ခေါ်တဲ့ ဥရောပရဲတပ်ဖွဲ့ရဲ့အစီအရင်ခံစာအရ Europe မှာဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၀.၄%သာကျူးလွန်သူ အစ္စလာမ်ဘာသာရေးအစွန်းရောက်တွေသာရှိနေတာကိုမျက်ကွယ်ပြုပြီး အကြမ်းဖက်သမားဟေ့ဆိုတာနဲ့ အစ္စလာမ်ဘာသာဝင်သာဆိုတဲ့အမြင်ဖြစ်အောင် ဖန်တီးထားတာကို ဆင်ခြင်ကြည့်ရင်ပင်သိသာပါလိမ့်မယ်...
မွတ်စလင်တွေကိုယ်တိုင်က ကိုယ့်ဘာသာရဲ့ ဂုဏ်သတင်းကိုဖျက်ဆီးနေတာပါ။ >> ဒီအချက်ကတော့ ကျနော်အပြည့်အဝထောက်ခံတယ်... ဘာသာတရားတစ်ခုရဲ့ ဂုဏ်သတင်းကိုဖျက်ဆီးနိုင်သူဟာ အဲ့ဒီဘာသာဝင်တွေပဲဆိုတာ အားလုံးလွယ်လင့်တကူသဘောပေါက်နိုင်ပါတယ်... မွတ်စလင်တွေကြောင့် အစ္စလာမ်ဘာသာအထင်လွဲခံရတာအမှန်ပဲ... မွတ်စလင်တွေကိုယ်တိုင် ကိုယ့်ဘာသာတရားရဲ့ စစ်မှန်တဲ့အနှစ်သာရနဲ့ မိမိဘာသာတရားရဲ့ မှန်ကန်တဲ့ သင်ပြမှုတွေကို မျက်ကွယ်ပြုပြီး ဘာသာရေးဆိုင်ရာအချက်အလက်တွေကို မိမိစိတ်အလိုရှိသလို လိုရာသွင်းပုံဖျက်နေတာကြောင့်ပဲ အလ္လာဟ်ဟုအက်ဘားရ်ဆိုပြီး လူသတ်နေတာတွေ မြင်နေရတာပဲ... ဒီအပိုင်းမှာ ဘာသာရေးကိုတလွဲပုံဖျက်နေသူတွေကို မွတ်စလင်တွေကိုယ်တိုင် အသံမြှင့်ပြီး ကန့်ကွက်ရမယ် တွန်းလှန်ရမယ် တိုက်ဖျက်ရမယ်...
ဘာသာရေးခေါင်းဆောင်တွေကလဲ ထစ်ကနဲဆို ဂျီဟတ် လို့ပြောပြီး နောက်လိုက်တွေကို သွေးထိုးပေးကြပါတယ်။ >> ဘာသာရေးခေါင်းဆောင်ဆိုတဲ့ အသုံးအနှုံးက အင်မတန်မှ ယေဘုယျဆန်ပါတယ်... ဒီလိုမျိုးပြောလိုက်တော့ တွေးကြည့်လိုက်ရင် ဘာသာရေးခေါင်းဆောင်ဆိုသူတိုင်း ဂျီဟတ်လို့ပြောပြီး နောက်လိုက်တွေကိုသွေးထိုးပေးကြသူအဖြစ်မြင်သွားစေနိုင်တယ်... ဒါကတော့ မဟုတ်ပါဘူး... စစ်မှန်တဲ့ အစ္စလာမ်ဘာသာရဲ့အနှစ်သာရကို တင်ပြနေတဲ့ ဘာသာရေးခေါင်းဆောင်တွေလည်းအများကြီးပါ... ထစ်ကနဲဆိုရင် ဂျီဟတ်လို့မပြောပဲ ဂျီဟတ်ရဲ့အနှစ်သာရအစစ်အမှန်နဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ရပ်တွေကို လမ်းညွှန်နေတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေလည်း မနည်းဘူးတကယ်လို့သာပြောချင်ပါတယ်... အထူးသဖြင့် Globalization ခေတ်နဲ့အညီ ဖြစ်ရပ်တိုင်းကို စံနစ်တကျနဲ့ နည်းမှန်လမ်းမှန်နဲ့ တုံ့ပြန်ဖို့ ထုတ်ဖော်ရေးသားထားတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်ကောင်းတွေရဲ့ စာပေတွေ ဟောပြောချက်တွေလည်း ရှိနေပါတယ်... ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက မီဒီယာတွေမှာ ဟိုက်လိုက်ဖောက်ပြရင် သွေးထိုးတဲ့ ဘာသာရေးသမားအမည်ခံတွေကသာ ရှေ့တန်းတင်ထုတ်ပြပြီး တကယ်တမ်း အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ထုတ်ဖော်ပြောဆိုသူတွေ ဘာသာရေးခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်တွေကို World Wide Media တွေမှာ သတင်းထိန်ချန်မှုတွေက အခြေအနေကို ပိုပြီးဆိုးရွားစေတာဆို ပိုမှန်ပါမယ်...
နောက်လိုက်အကြမ်းဖက်သမားတွေကလဲ မကောင်းတာလုပ်မယ်ဆိုရင် ဂျီဟတ်လို့ ခေါင်းစဉ်တင်လိုက်တာနဲ့ ဘာသာရေးအတွက်ပဲ လုပ်သလိုလို၊ အလ္လာအရှင် အတွက်ပဲလုပ်သလိုလိုထင်ယောင်ထင်မှားလုပ်ကြပါတယ်။ >>
ဒီအနေအထားကလည်း အပေါ်ကအတိုင်းပါပဲ... ဂျီဟတ်ကပြဿနာမဟုတ်ပါ... ပြဿနာက ဖြေရှင်းနည်းမမှန်တာပါပဲ... နောက်လိုက်တွေမှာလည်း စစ်မှန်တဲ့နည်းလမ်းကိုသိရှိပြီး ထောက်ပြပြောဆိုသူတွေ ထုတ်ဖော်ပြောဆိုသူတွေ အများကြီးပါ... အောက်က Youtube link လေး၂ခုကိုကြည့်ရင် ပိုပြီးသိသာပါလိမ့်မယ်... လက်ရှိပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ INNOCENCE OF MUSLIMS ဆိုတဲ့ ဇာတ်လမ်းနဲ့ပတ်သက်ပြီး တင်ပြထားတဲ့ သာမန်လူငယ်တစ်ဦးရဲ့ ထောက်ပြပြောဆိုချက် >> http://www.youtube.com/watch?v=sDqnRqTVtCo နဲ့
နောက်တစ်ခုကတော့ အဆိုပါဇာတ်လမ်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့ နော်ဝေးက "Innocence of Muslims" ရုပ်ရှင်အတွက် ဆန္ဒပြမှုတွေမလို နှင်းဆီပန်းသာ လို၏ ဆိုတဲ့ ဆန္ဒထုတ်ဖော်ပုံလေးပါ... >> http://www.youtube.com/watch?v=FbrJXIGPoeo
အကြမ်းဖက်မှုတွေမှာ ဗလီတွေက ဘာသာရေးခေါင်းဆောင်ရဲ့အခန်းကဏ္ဏကလဲမသေးပါဘူး။ လူစုမယ် လူတွေကိုသွေးကြွအောင်လုပ်ပေးမယ် ပြီးရင်ဘာတွေကိုလုပ်ရမယ်ဆိုတာညွှန်ကြားမယ်။ အကြမ်းဖက်သမားတွေအတွက် ဘုရားဝတ်ပြုရာနေရာတစ်ခုထက် ဗလီကို ခြေကုပ်စခန်းအနေနဲ့အသုံးပြုနေကြပါတယ်။ >> ဒီနေရာမှာလည်း ယေဘုယျဆန်ဆန် ဗလီတွေက ဘာသာရေးခေါင်းဆောင်နဲ့ ဗလီတွေကို အသုံးပြုတယ်ဆိုတာ အပြည့်အဝမမှန်ပြန်ဘူး... ပိုပြီးတိတိကျကျထောက်ပြရရင် ဗလီတွေကို အကြမ်းဖက်သမားတွေအနေနဲ့ ခြေကုပ်စခန်းအနေနဲ့အသုံးပြုတာမျိုးလုံးဝမရှိဘူးလို့ မပြောနိုင်ပေမဲ့ ဗလီရဲ့ Purpose သော်လည်းကောင်း ဗလီထိုင်ဆရာခေါ် ဗလီတွေကဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍသော်လည်းကောင်း လူထုကိုလှုံ့ဆော်မှု အကြမ်းဖက်မှုအတွက် ခြေကုပ်ယူမှုဆိုတာ နည်းပါးတဲ့ ပမာဏဖြစ်ပါတယ်... တစ်ခုသတိပြုမိတာက အစ္စလာမ်ဘာသာဝင်ဆိုရင် ဖြစ်နိုင်သမျှ ဗလီမှာစုပေါင်းဝတ်ပြုဖို့ ကြိုးစားကြတာကြောင့် သတိတော့ထားသင့်ပါတယ်... တကယ်တော့ ပတ်ဝန်းကျင်ရဲ့ Impact ကလည်းအရေးကြီးပါတယ်... သံသယမျက်ဝန်းနဲ့ မမှန်ကန်တဲ့နည်းလမ်းနဲ့ ဗလီတွေကိုချဉ်းကပ်ပြီး ပြဿနာရှာရင် ပျားအုံကိုတုတ်နဲ့ထိုးတာပါပဲ... ဒါ့ကြောင့် ဒီအပိုင်းမှာအရေးကြီးတာက သဘောထားပြည့်ဝတဲ့ လူထုနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းပါ...
ဘာမဟုတ်တာလေးတွေကို အကြောင်းပြပြီး ဘုန်းကြီးကျောင်းတွေမီးရှို့မယ် ဆင်းတုတော်တွေဖျက်ဆီးမယ်။ ရှေးဟောင်းရုပ်ပွားတော်တွေကို လုပြီး ပြန်ရောင်းစားမယ်။ >> ဒီအရေးအသားက လက်တလော ဘင်္ဂလားဒေ့ရှ်ကအရေးအခင်းကို တိုက်ရိုက်ရည်ညွှန်းတယ်လို့ ယူဆရပါတယ်... ဒီဖြစ်ရပ်ကိုရည်ညွှန်းပြီးပြောတာဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်က ဒီဖြစ်ရပ်အပေါ်မှာ အစိုးရ အတိုက်အခံ မီဒီယာ တရားစီရင်ရေးဆိုတဲ့ ကဏ္ဍတွေရဲ့ သတင်းတွေကို များများဖတ်စေချင်ပါတယ်... ဒါ့အပြင် လက်တလော ဘင်္ဂလားဒေ့ရှ်ကအရေးအခင်းဟာ ဖျာခင်းတဲ့အရေးအခင်းတစ်ခုထက်မပိုပဲ စစ်မှန်တဲ့ မွတ်စလင်တွေက သူ့နိုင်ငံသားလူနည်းစုဗုဒ္ဓဘာသာဝင်တွေကို ဘယ်လိုမျိုး ထိထိရောက်ရောက်အကာအကွယ်ပေးနေတယ်ဆိုတာကို ကြည့်သင့်ပါတယ်... ပြောရရင် ဘုန်းကြီးကျောင်းတွေမီးရှို့တာ ဆင်းတုတော်တွေဖျက်ဆီးတာ စတဲ့လုပ်ရပ်တွေကိုလုပ်သွားသူတွေဟာ မွတ်စလင်တွေပါလို့ ထောက်ပြသလိုမျိုး ဒီအဖြစ်အပျက်ရဲ့ ဓားစာခံဗုဒ္ဓဘာသာလူထုအပေါ် အကာအကွယ်ပေးတာ မှန်မှန်ကန်ကန်ထုတ်ဖော်အရေးယူတာ အခြေအနေကိုအမြန်ဆုံးပုံမှန်အတိုင်းဖြစ်အောင်ကြိုးစားနေသူတွေ လုပ်ဆောင်နေသူတွေကလည်း မွတ်စလင်တွေဆိုတာမြင်သင့်ပါတယ်...
ဗုဒ္ဓဘာသာဝင်တွေက တရားရှိလို့သာပေါ့။ မွတ်စလင်တွေလုပ်ခဲ့သလိုသာ လက်တုန့်ပြန်ရင် မြန်မာနိုင်ငံမှာ ဗလီတွေမရှိတော့ပါဘူး။ >> စိတ်ရင်းအမှန်နဲ့ ဒီစကားကိုပြောတာဆိုရင် စစ်မှန်တဲ့အတွေးအမြင်ရှိတဲ့ ဗုဒ္ဓဘာသာဝင်များဟာလေးစားစရာပါ... ဒါဟာအမှန်တရားပါ... ဒါပေမဲ့ အခြေအနေအမှန်ကိုသုံးသပ်မှုမလုပ်ပဲ လက်တုန့်ပြန်ရင် ဘယ်သူ့အတွက်မှကောင်းတဲ့ ရလဒ်ထွက်လာမှာမဟုတ်ပါဘူး... ကျနော်တို့တတွေဟာ ငြိမ်းချမ်းစွာနေနိုင်လိုတဲ့ဆန္ဒရှိရင် အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုကို ရိုင်းပင်းတည်ဆောက်ရမှာဖြစ်ပါတယ်...
တခြားဘာသာဝင်တွေကို မိစ္ဆာ ၀ါဒီလို့မြင်အောင်မုန်းတီးအောင် ဘာသာရေးဆရာတွေက လှုံ့ဆော်ကြတယ်။ >> ဘာသာရေးဆရာဆိုတာမှာ ဘယ်ဘာသာရေးရဲ့ဆရာမဆို တခြားဘာသာဝင်တွေကို အယူလွဲမှားသူ ဒိဋ္ဌိ အမြင်မမှန်သူ မိစ္ဆာဝါဒီ ဆိုပြီး ပြောဆိုကြသူတွေ မနည်းပါဘူး... ဒါဟာ အစ္စလာမ်ဘာသာမှာမှမဟုတ်ပဲ မည်သည့်ဘာသာမှာမဆို တခြားဘာသာဝင်တွေကို အဆိုပါအမြင်မျိုးရှိသူတွေကို ထုတ်ဖော်ရှုံ့ချရမှာအမှန်ပဲ... သို့သော် ဘာသာတရားတစ်ခုထဲကို လက်ညှိုးထိုးပြီး ပြောဆိုမယ်ဆိုရင်တော့ စစ်မှန်တဲ့အမြင်တဲ့ မျှတတဲ့တင်ပြမှုဖြစ်တော့မှာမဟုတ်ပါဘူး...
ဒါပေမယ့် မိစ္ဆာ လုပ်ရပ်တွေလုပ်နေသူတွေကိုယ်တိုင်က မွတ်ဆလင်တွေပါပဲ။ >> ယေဘုယျပြုပြီးရေးထားတာတွေကတော့ မဖြစ်သင့်ဘူးလို့ ထင်မြင်မိတယ်... မိစ္ဆာလုပ်ရပ်လုပ်တဲ့လူတွေဟာ မွတ်ဆလင်တွေသီးသန့်မဟုတ်သလို လူထဲကလူတွေပဲ... ဒီလူတွေကိုထုတ်ဖော်ရမယ် ပြုပြင်နိုင်ရင်ပြုပြင်ပေးရမှာဖြစ်သလို အပြစ်ပေးသင့်တဲ့လူတွေကို အပြစ်ပေးအရေးယူရမှာပဲ... မိစ္ဆာလုပ်ရပ်လို့ပြောရမဲ့ အဖျက်အမှောင့်လုပ်ရပ်ကိုလုပ်သူကို ထုတ်ဖော်ပြောဆိုရာမှာ ဘာသာ လူမျိုး ထည့်သွင်းပြောဆိုမှုဟာ အင်မတန်မှ ထိခိုက်လွယ်တဲ့ လုပ်ရပ်ဖြစ်ပြီး မိုက်မဲတဲ့ပြောဆိုမှုမျိုးလို့တောင်ဆိုရမှာဖြစ်တယ်...
ဘယ်သူမှ အစ္စလာမ်ဘာသာကိုနာမည်မဖျက်ပါဘူး။ မွတ်ဆလင်တွေကပဲလုပ်နေကြတာပါ။ ဒီလိုတွေသာတရားလက်လွတ်တွေ လုပ်နေရင်တော့ လူတွေက မွတ်ဆလင်ဆိုရင် နှာခေါင်းရှုံ့ကြမှာပါပဲ။ >> ဒီတင်ပြချက်တွေဟာ အမှန်ပဲ... အပေါ်မှာတင်ပြခဲ့တဲ့ "မွတ်စလင်တွေကိုယ်တိုင်က ကိုယ့်ဘာသာရဲ့ ဂုဏ်သတင်းကိုဖျက်ဆီးနေတာပါ။" ဒီစာသားရဲ့ သဘောတရားတွေပဲ... ဒီတော့ မွတ်ဆလင်လို့ ကိုယ့်ကိုယ်ကိုခံယူထားသူတွေအနေနဲ့လည်း မိမိရဲ့လုပ်ရပ်တိုင်းကို ဆင်ခြင်ရမှာဖြစ်တယ်... သူတပါးမဆင်မခြင်ပြောဆိုနေလို့ ရိုင်းစိုင်းရင့်သီးစွာတုန့်ပြန်ပြောဆိုတာမျိုးတွေ မပြုလုပ်သင့်သလို တစ်စုံတစ်ဦးက မှားယွင်းစွာပုံဖော်တင်ပြတာကို မိမိအနေနဲ့ ပြန်လည်ချေပပြောဆိုလိုတယ်ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တာကတော့ အကျိုးသင့်အကြောင်းသင့်ရှင်းလင်းပြတာမျိုးနဲ့ အထောက်အထားအကိုးအကားနဲ့ ဆင်ဆင်ခြင်ခြင်ပြောဆိုသင့်ပါတယ်... မိမိကိုယ်ကို မိမိ အစ္စလာမ်ဘာသာဝင်ပါလို့ ခံယူထားကြရင် မိမိလုပ်ရပ်အတွက် မိမိကိုးကွယ်ရာ အရောင်တွေညစ်ပေစွန်းထင်းပြီး သူတပါးအမြင်မှားမှာကို ရှောင်ကြဉ်ဖို့ရာ မိမိတာဝန်ဆိုတာ သိနားလည်ကြဖို့ပဲ ပြောချင်ပါတယ်...
2012/10/10 telos2
<telos.purple@gmail.com> ဘယ်သူမှ အစ္စလာမ်ဘာသာ မုန်းတီးရေးမှိုင်းမိနေတာမဟုတ်ပါဘူး။
မွတ်စလင်တွေကိုယ်တိုင်က ကိုယ့်ဘာသာရဲ့ ဂုဏ်သတင်းကိုဖျက်ဆီးနေတာပါ။
ဘာသာရေးခေါင်းဆောင်တွေကလဲ ထစ်ကနဲဆို ဂျီဟတ် လို့ပြောပြီး နောက်လိုက်တွေကို သွေးထိုးပေးကြပါတယ်။
နောက်လိုက်အကြမ်းဖက်သမားတွေကလဲ မကောင်းတာလုပ်မယ်ဆိုရင် ဂျီဟတ်လို့ ခေါင်းစဉ်တင်လိုက်တာနဲ့ ဘာသာရေးအတွက်ပဲ လုပ်သလိုလို၊ အလ္လာအရှင် အတွက်ပဲလုပ်သလိုလိုထင်ယောင်ထင်မှားလုပ်ကြပါတယ်။
အကြမ်းဖက်မှုတွေမှာ ဗလီတွေက ဘာသာရေးခေါင်းဆောင်ရဲ့အခန်းကဏ္ဏကလဲမသေးပါဘူး။ လူစုမယ် လူတွေကိုသွေးကြွအောင်လုပ်ပေးမယ် ပြီးရင်ဘာတွေကိုလုပ်ရမယ်ဆိုတာညွှန်ကြားမယ်။
အကြမ်းဖက်သမားတွေအတွက် ဘုရားဝတ်ပြုရာနေရာတစ်ခုထက် ဗလီကို ခြေကုပ်စခန်းအနေနဲ့အသုံးပြုနေကြပါတယ်။
ဘာမဟုတ်တာလေးတွေကို အကြောင်းပြပြီး ဘုန်းကြီးကျောင်းတွေမီးရှို့မယ် ဆင်းတုတော်တွေဖျက်ဆီးမယ်။ ရှေးဟောင်းရုပ်ပွားတော်တွေကို လုပြီး ပြန်ရောင်းစားမယ်။
ဗုဒ္ဓဘာသာဝင်တွေက တရားရှိလို့သာပေါ့။ မွတ်စလင်တွေလုပ်ခဲ့သလိုသာ လက်တုန့်ပြန်ရင် မြန်မာနိုင်ငံမှာ ဗလီတွေမရှိတော့ပါဘူး။
တခြားဘာသာဝင်တွေကို မိစ္ဆာ ၀ါဒီလို့မြင်အောင်မုန်းတီးအောင် ဘာသာရေးဆရာတွေက လှုံ့ဆော်ကြတယ်။
ဒါပေမယ့် မိစ္ဆာ လုပ်ရပ်တွေလုပ်နေသူတွေကိုယ်တိုင်က မွတ်ဆလင်တွေပါပဲ။
ဘယ်သူမှ အစ္စလာမ်ဘာသာကိုနာမည်မဖျက်ပါဘူး။ မွတ်ဆလင်တွေကပဲလုပ်နေကြတာပါ။
ဒီလိုတွေသာတရားလက်လွတ်တွေ လုပ်နေရင်တော့ လူတွေက မွတ်ဆလင်ဆိုရင် နှာခေါင်းရှုံ့ကြမှာပါပဲ။
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
http://www.facebook.com/home.php?sk=group_173571176006981&ap=1 မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ