မန္တလေး၊ အောက်တိုဘာ- ၁၄
မန္တလေးတိုင်းဒေသကြီး၊ သာသနာရေးဝန်ကြီးဦးသန်းစိုးမြင့်က OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည်မဟုတ်ကြောင်း၊ ထိုအချက်ကို ၄င်းအာမခံကြောင်း၊ထို့ကြောင့် OIC ရုံးမဖွင့်ရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများ မပြုလုပ်ရန် ယနေ့
ညနေ ၄ နာရီတွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၌ မန္တလေးတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအ၀င် သံဃာ့နာယကအဖွဲ့၊ ဆန္ဒဖော်ထုတ်မှုများကို ဦးဆောင်သော လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့တို့ကို လျှောက်ထားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီးက ထိုသို့လျှောက်ထားစဉ်တွင် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ငါးဖွဲ့မှ တာဝန်ရှိသူ ဘာသာရေးခေါင်းဆောင်များလည်း ပါဝင်သည်။
ဝန်ကြီးဦးသန်းစိုးမြင့်၏ လျှောက်ထားမှုကို လေးပြင်လေးရပ်ရှိ သံဃာ့ သမဂ္ဂီအဖွဲ့မှဆရာတော်ဦးဝီရသူက အချက် ၂ ချက်ကို တောင်းဆိုသည်။
OIC ရုံးမြန်မာနိုင်ငံတွင် ဖွင့်မည် မဟုတ်ကြောင်းကိုနိုင်ငံပိုင်မီဒီယာများမှ ထင်သာမြင်သာထုတ်ပြန်ပေးရန်၊ ယခင်တားမြစ်ခဲ့သော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြန်လည်ခွင့်ပြုရန်တောင်းဆိုသည်။
ဦးသန်းစိုးမြင့်က ယနေ့(အောက်တိုဘာ ၁၄)ညတွင် နိုင်ငံပိုင် ရုပ်သံအစီအစဉ်များ၌OIC ရုံးဖွင့်မည်မဟုတ်ကြောင်း ကြေညာလိမ့်မည်ဟု ပြောကြားခဲ့ကြောင်းမစိုးရိမ်တိုက်ဟောင်းတွေ့ဆုံပွဲသို့ သွားရောက်သတင်းရယူခဲ့သော 7Day News
သတင်းထောက်က သတင်းပေးပို့သည်။
OIC ရုံးမဖွင့်ရန် အောက်တိုဘာ (၁၅)ရက်တွင် နိုင်ငံတစ်ဝန်း၌ ဆန္ဒဖော်ထုတ်မည်ဟုယနေ့သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် မန္တလေးနည်းတူ ရန်ကုန်နှင့်ပခုက္ကူမြို့များရှိ နာမည်ကြီး ကျောင်းတိုက်များသို့ တာဝန်ရှိသူများက OIC ရုံးဖွင့်မည်
မဟုတ်ကြောင်း၊ထို့ကြောင့် မဖွင့်ရန် ဆန္ဒဖော်ထုတ်မှုများမပြုလုပ်ရန် ယနေ့ညနေတွင် လိုက်လံလျှောက်
ထားနေကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
7Day News
--
Posted By အောင်မျိုးကျော် to Richard Aung at 10/15/2012 05:24:00 AM --
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ













