[mrsorcerer:34310] [Richard Aung] ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်

သာလွန်ဇောင်းထက်

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း မဖြစ်မနေ ပြုလုပ်ရသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင် ပြရခြင်းအဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက် တာ မောင် မောင်သိမ်းက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရပ်ခြား သွားမည့်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကိုရယူ တင် ပြရကြောင်း၊ ယင်းသို့ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပြုလုပ်ရာတွင် ပြည်သူအများစု အခက်အခဲများ ကြုံတွေ့နေရသည်ကို ကြားသိနေ ရကြောင်း၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ တင်ပြခိုင်းခြင်းကြောင့် နိုင်ငံတော် အခွန်ဝင်ငွေ တိုးပွားလာခြင်းလည်းမရှိ ကြောင်း၊ဥပဒေ အရ နိုင်ငံသားအခွန် ကင်းရှင်းကြောင်း ထောက်ခံစာများ တင်ပြရမည် ဖြစ်သော်လည်း ဥပဒေတွင်ပင် ကင်းလွတ်ခွင့် ပေး ခွင့်လည်း ရှိ ကြောင်း၊ ထို့ကြောင့် ပြည်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရ သည့် စနစ်ကို ပယ်ဖျက်သွားရန် ရှိကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြသည်။
"ပုံစံ ၁၇ ဆိုတာက မိမိနေထိုင်တဲ့ မြို့နယ်မှာ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ပုံစံ ၁၉ ဆို တာက ပြည်ပ ထွက်ခွာမယ့်သူတွေ အခွန် ကင်းရှင်းကြောင်း စိစစ်ထောက်ခံပေးတာ။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ မပါရင် နိုင်ငံကူး လက်မှတ် ထုတ်လို့မရဘူး။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ စနစ် ကြောင့် နိုင်ငံတော်မှာ အခွန် တိုးရတာသွားတာမျိုးလည်း မရှိဘူး။ ဥပဒေထဲမှာလည်း ကင်း လွတ် ခွင့် ပေးလို့ရတယ် ဆိုတာပါတယ်။ အဲဒီ တော့ သာမန်ပြည်သူတွေ အဆင်ပြေစေဖို့ ပုံစံ ၁၇ နဲ့ ၁၉ တင်ပြရတာကို ဖြေလျှော့ပေးဖို့ လုပ်နေပြီ" ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးနေခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေသည့် မရမ်းကုန်းမြို့နယ်မှ လူငယ်တဦးက ပုံစံ ၁၇ ရရန်အလွန်ခက်ခဲပြီးပြည် တွင်း အခွန်များ ဦးစီးဌာနရုံးသို့ အကြိမ်ကြိမ် သွားရောက်ရကြောင်း ပြောဆိုသည်။
"ကျနော်က မအူပင်ဇာတိ၊ မအူပင်ကနေ သန်းခေါင်စာရင်းကို မရမ်းကုန်းမြို့နယ်မှာ ပြောင်းပြီး လုပ် ထားတော့ အခွန် ကင်းရှင်းကြောင်း ထောက်ခံစာကို မရမ်းကုန်းမြို့နယ် အခွန်ရုံးမှာ သွားလုပ်တယ်။ ကျနော်က ဘာလုပ်ငန်းမှ မပိုင်ဆိုင် တာကိုလည်း၊ အခွန်ပေးစရာ မရှိ တာကို ထောက်ခံစာတွေအစုံနဲ့ တင်ပြတယ်။ သန်းခေါင်စာရင်းက အသစ်ဖြစ်နေလို့ နောက် ၆ လကြာ မှ အခွန်ကင်းရှင်းကြောင်း ထောက် ခံစာ ပုံစံ ၁၇ ပေးမယ်။ အခု မလေးရှားသွား အလုပ်လုပ်မယ့် အစီအစဉ် ပျက်ကုန်ပါတယ်" ဟု အဆိုပါလူငယ်က ဧရာဝတီသို့ ပြောသည်။
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေကြသည့် လူငယ်အများစုက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ပြုလုပ်ရာတွင် အခက်အခဲများ ရှိကြောင်း ပြောဆိုကြသည်။
"အခွန်ရုံးကိုသွားရ၊ အခွန် ဦးစီးမှူး အစည်းအဝေး တက်နေလို့ပါဆိုတော့ နာရီပေါင်းများစွာ ထိုင် စောင့်ရနဲ့ တနေ့လည်းမပြတ်၊ နှစ်ရက် သုံး ရက် အချိန်ကုန်တယ်။ နယ်မှာ သန်းခေါင်စာရင်း ၀င်ထားတဲ့သူတွေဆိုရင် နယ်နဲ့ ရန်ကုန်ကို သွားလိုက်၊ ပြန်လိုက် အခေါက်ခေါက်အ ခါခါ သွားရတယ်။ ခရီးစရိတ်နဲ့ အတော်ကို မစားသာပါဘူး" ဟု စစ်ကိုင်းမြို့မှ လူငယ် တဦးကဆိုသည်။
ဒေါက်တာ မောင်မောင်သိမ်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကြောင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေရသည်ကို သိရှိခြင်းကြောင့် ယင်းသို့ ဖြေလျှော့မှုများ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
ထို့အပြင် ပြည်သူများအကြား အခွန်နှင့်ပတ်သက်၍ မရှင်းလင်းမှုများ၊ မပြေလည်မှုများရှိပါက မေးမြန်းစေနိုင်ရန်၊ ကြုံတွေ့နေရသော အ ခက်အခဲများကို တင်ပြနိုင်ရန်အတွက် အများပြည်သူ ဆက်ဆံရေး ရုံးတရုံးကို ရန်ကုန်မြို့တွင်ယခုလ နှောင်းပိုင်းအတွင်း ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ရှင်းပြသည်။
"ပြည်တွင်းအခွန်နဲ့ ပတ်သက်လို့ မရှင်းလင်းတာ၊ မေးချင်တာ၊ မြန်းချင်တာ၊ နောက်ပြီး အခက်အခဲ တွေရှိရင် ဘယ်လို လုပ်ရမလဲဆိုတာ မေးနိုင်မြန်းနိုင်အောင် ဆက်ဆံရေး ရုံးတရုံးဖွင့်ဖို့ လုပ်နေတယ်။ လာမယ့်နှစ်ပတ်အတွင်း ရန်ကုန် မှာဖွင့်ဖို့ရှိတယ်" ဟု ဒေါက်တာ မောင် မောင်သိမ်းက ပြောသည်။
ယင်းဆက်ဆံရေးရုံးတွင် ငွေရေးကြေးရေး၊ ဘဏ်များဆိုင်ရာသတင်းများနှင့် ပတ်သက်၍လည်း စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရ သည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/18/2012 05:14:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[New post] လက်ပတောင်းတောင်တန်းက လယ်တီဆရာတော်ကြီး သမိုင်းနောက်ခံ အမွေအနှစ်

admin posted: " လက်ပတောင်းတောင်တန်းက လယ်တီဆရာတော်ကြီး သမိုင်းနောက်ခံ အမွေအနှစ် ဗုဒ္ဓောဝါဒဆရာတော်၊ ကင်တာကီ"

[mrsorcerer:34299] အဖေဆိုတဲ့မြစ် - ကဗျာ(မင်းအောင်သက်လွင်)

အဖေဆိုတဲ့မြစ် - ကဗျာ(မင်းအောင်သက်လွင်)

E-mail Print PDF







copied from http://thelordword.com
မှတ်ချက်။ အဖေကို အားမလိုအားမရ ဖြစ်နေသူများ၊ မြန်မာလူမျိုးဆရာဦးအေးမင်း အဖေနဲ့လိုက်မသွားတဲ့မိခင်ကြောင့်၊ ဖခင်မရှိပဲ၊ဖခင်ကိုနာကျည်းဖူးပါတယ်။ သားရဲ့ရုပ်ရည်က ဖခင်ရဲ့ဗီဇဥရောပရုပ်ရည်နဲ့မြန်မာပြည်မှာနှစ်ပေါင်းများစွာ ၀မ်းနည်းခဲ့မိသော်လည်း၊ ဖခင်ဟာ၊ ဖခင်ပါပဲ။ ဖခင်ရဲ့ဗီဇ၊အသားရည်၊ရုပ်ရည်၊စိတ်ဓါတ်များကို သားဖြစ်သူအမွေရပါတယ်။ လူသားဖြစ်တဲ့အလျှောက် မိမိဖခင်ရဲ့အားနည်းချက်များကိုခွင့်လွှတ်နိုင်ဖို့ဟာ မေတ္တာရှင်၊ဘုရားရှင် (Holy Spirit) ရဲ့ အဂ္ဂပေမေတ္တာရရှိမှသာလျှင် ဦးအေးမင်းတယောက်ခွင့်လွှတ်နိုင်ခဲ့ပါတယ်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[New post] ( ဖြစ်ရပ်မှန် ကော်ပီ ) – Naing Oo Nyo

admin posted: " ( ဖြစ်ရပ်မှန် ကော်ပီ )  နိုင်ဦးညို (ဖိုးဇီးရိုး)၊ အောက်တိုဘာ ၁၈၊ ၂၀၁၂ (ကာကွယ်ရေး) ရပ်ကွက်အတွင်း�"

[mrsorcerer:34310] [Richard Aung] မြန်မာအစိုးရ ကို OIC ဖြေရှင်းချက်တောင်း

မြန်မာအစိုးရ ကို OIC ဖြေရှင်းချက်တောင်း

ရန်ကုန်၊ အောက်တိုဘာ ၁၇

အစ္စလာမ် ဘာသာဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံဖြင့် ဖွဲ့စည်း ထားသော OIC (အစ္စလာမ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့) ၏ ယာယီ ဆက်ဆံရေး ရုံးဖွင့်လှစ်ရေး ကိစ္စကို မြန်မာ အစိုးရက တရားဝင် ငြင်းပယ် လိုက်သော်လည်း အကြောင်းကြားစာ တစ်စုံတစ်ရာ ပေးပို့ခြင်း မရှိ သဖြင့် ဖြေရှင်းချက် တောင်းခံစာ တစ်စောင် ပေးပို့ ထားကြောင်း OIC ပြန်ကြားရေးဌာန မှ မစ္စ မဟာရက်ခီး ၏ ပြောကြား ချက်ကို VOA သတင်းဌာန တွင် ဖော်ပြသည်။

OIC ကို ကန့်ကွက်သော အနေဖြင့် ဆန္ဒ ဖော်ထုတ်မှုများ တစ်နိုင်ငံလုံး အတိုင်း အတာထိ ဖြစ်ပေါ်ခဲ့ပြီး နောက် OIC ဆက်ဆံရေး ရုံး များ ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ ဆန္ဒနှင့် မကိုက်ညီ သဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံး က အောက်တိုဘာလ ၁၆ရက် နေ့ မွန်းလွဲ ၃နာရီ ၃ဝမိနစ်ခန့် တွင် ထုတ်ပြန်ခဲ့ခြင်း ကို ၄င်းက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

OIC ဆက်ဆံရေး ရုံးများကို ရန်ကုန်နှင့် စစ်တွေမြို့ တို့တွင် ရုံးခန်း ဖွင့်လှစ်ရန် မြန်မာ အစိုးရ နယ်စပ်ဝန်ကြီး နှင့် နားလည်မှု စာချွန်လွှာကို စက်တင်ဘာလ အတွင်းက သဘောတူ လက်မှတ်ရေး ထိုးခဲ့ပြီး ဖြစ်၍ ယခုကဲ့သို့ ဖျက်သိမ်းလိုက်ခြင်း ကို မြန်မာအစိုးရ အနေဖြင့် တရားဝင် ဖြေရှင်း သင့်ကြောင်း မစ္စမဟာ ရက်ခီးကဆိုသည်။

အဆိုပါ ကိစ္စရပ်များ နှင့်ပတ်သတ်၍ နယ်စပ်ဒေသ နှင့် တိုင်းရင်းသား လူမျိုးများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ညွန်ကြားရေးမှူးချုပ် ဦးထွေးလှ အပါအဝင် တာဝန်ရှိသူ များကို The Voice Weekly က ဆက်သွယ် မေးမြန်း ခဲ့ရာ ဦးထွေးလှ မှာ အစည်းအဝေး တွင်း သို့ ရောက်ရှိ နေသဖြင့် ပြန်လည်ဖြေကြား နိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပြီး ကျန် တာဝန်ရှိသူ များမှာလည်း ၄င်းတို့နေဖြင့် ဖြေဆိုပိုင်ခွင့် မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

OIC ဆက်ဆံရေး ရုံးစိုက်မည့် အရေးကို  ကန့်ကွက် သည့် အနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့၊ ပခုက္ကူမြို့၊ မုံရွှာ၊ ဖျာပုံမြို့၊ စစ်တွေမြို့ အပါအဝင် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒ ဖော်ထုတ်မှု တစ်ရပ်ကို အောက်တိုဘာလ ၁၅ရက် နေ့တွင် ပြုလုပ် ခဲ့ကြပြီး သံဃာတော်များ ပြည်သူလူထုများ ပူးပေါင်း ပါဝင်ခဲ့ကြသည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/18/2012 03:46:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34310] [Richard Aung] ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌသုံးဦးအထိ ထားရှိ

ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌသုံးဦးအထိ ထားရှိ

၂ဝ၁၂၊ အောက်တိုဘာ၊ ၁၇။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည် မဟုတ် သောကြောင့် ပါတီ ဒုဥက္ကဋ္ဌအား သုံးယောက်အထိ ရွေးချယ်ခြင်း ဖြစ် ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတမှ ပါတီဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသောလည်း ပါ တီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် မည်မဟုတ်ကြောင်း ပါတီဥက္ကဋ္ဌ အဖြစ် သူရဦးရွှေမန်းက ဆောင်ရွက် သွားမည်ဖြစ်ပြီး ဒုဥက္ကဋ္ဌအဖြစ် ဦး ဌေးဦး၊ သူရဦးအေးမြင့်တို့က ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

''အဓိကတော့ ပါတီကိစ္စတွေ ကော ပြည်သူကိစ္စတွေပါ ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ပါ။ ဒု ဥက္ကဋ္ဌက  စည်းရုံးရေးတို့ လယ်သမား ကိစ္စ၊ ကျန်းမာရေးကိစ္စတွေကို ကဏ္ဍ ခွဲပြီး ပြုလုပ်သွားမှာပါ။ ဒီရာထူး တွေကို အရင်တုန်းက ဗဟိုအလုပ် အမှုဆောင်က ရွေးချယ်တာပါ။ အခု ဒီမိုကရေစီနည်းကျကျ ရွေးချယ် ထားပါတယ်''ဟု ၄င်းက ပြော သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမဆုံးအကြိမ် ညီလာခံကို နေပြည်တော်တွင် လေး ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါတီ အတွင်း နေရာအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အသစ်ခန့်လိုက်သော ပါတီ ရာထူးများမှာ အထွေထွေအတွင်း ရေးမှူး ဦးမောင်မောင်သိန်း၊ တွဲဖက် အတွင်းရေးမှူး ဦးသိန်းဇော်၊ အတွင်း ရေးမှူးအဖွဲ့တွင် ဦးခင်အောင်မြင့်၊ ဦးသိန်းဆွေ၊ သူရဦးအောက်ကိုတို့ ဖြစ်ကြသည်။
အတိုင်ပင်ခံအဖွဲ့တွင် ဦးအောင် သောင်း၊ ဦးတင်ထွဋ်၊ ဦးစိုးသာတို့ ဖြစ်ကြပြီး အကြံပေးအဖွဲ့တွင် ဦး သောင်း၊ ဦးလွန်းသီ၊ ဒေါက်တာ မြဦး၊ ဒေါက်တာကျော်မြင့်၊ ဒေါက် တာချမ်းငြိမ်း တို့ဖြစ်ကြသည်။
ဗဟိုကော်မတီ အလုပ်အမှု ဆောင်အဖြစ် စုစုပေါင်း ၄၄ ဦး ထားရှိပြီး ဗဟိုကော်မတီက ၂၂၅ ယောက် အရန် ဗဟိုကော်မတီဝင် ၇၅ ဦးထားရှိကြောင်း သိရသည်။
ယင်းပါတီ ညီလာခံကို နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်လည်း တက်  ရောက်ခဲ့ပြီး၊ လွှတ်တော်ကိုယ်စား လှယ်များ လွှတ်တော်ကိုယ်စား လှယ် မဟုတ်သော ပါတီကိုယ်စား လှယ်များပါ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂ဝ၁ဝ ရွေး ကောက်ပွဲတွင် အာဏာရရှိခဲ့သော ပါတီကြီးတစ်ခုဖြစ်ပြီး ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၄၅ နေရာ ဝင်ပြိုင်ခဲ့ရာ တစ်နေရာ သာ အနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/18/2012 03:46:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ဟောင်ကောင်ရှေ့နေ မူးယစ်ရာဇာ စိုင်းနော်ခမ်းအတွက် အမှုလိုက်ပေးမည်

Posted: 17 Oct 2012 02:16 AM PDT

တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တရားရုံးရောက် ရွှေတြိဂံဒေသမူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း အတွက် မိသားစုဝင်များက ဟောင်ကောင်မှရှေ့နေတဦးအား အမှုလိုက်ပေးရန်ငှားရမ်းလိုက်ကြောင်း နီးစပ်သူတဦးကပြောသည်။
nawkham                           တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တရားရုံးရောက် စိုင်းနော်ခမ်း

" မိသားစုဝင်က ကြောက်လို့ထွက်ပြေးကြတယ်။ အဲတာကို ထွက်မပြေးဖို့၊ ရှေ့နေငှားပေးဖို့ နော်ခမ်းနဲ့ လုပ်ဖော်ကိုင်ဖက်တချို့ကပြောလာကြတယ်လေ။ ဒါကြောင့် ဒီလထဲမှာဘဲ ဟောင်ဟောင်က ရှေ့နေ တယောက်ကို ငှားပေးလိုက်ပြီ" ဟု မိသားစုနှင့်နီးစပ်သူတဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

စိုင်းနော်ခမ်းအားကူမင်းတရားရုံး၌ စက်တင်ဘာ ၂၀ ရက် မှ ၂၁ ရက်ထိ စစ်ဆေးမေးမြန်းပြီး နောက်  ပြစ်ဒဏ်စီရင်ချမှတ်ရန် တရုတ်အစိုးရက Collegiate Bench အထူးခုံရုံး ဖွဲ့ထားကြောင်း သိရှိရပါသည်။

"တရုတ်မှာ ဥပဒေ ဘယ်လိုရှိတယ်ဆိုတာ ကျနော်တို့ မသိရဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကြီးသောအမှု ငယ်စေ၊ ငယ်သောအမှု ပပျောက်စေ ဖြစ်သွားအောင် သူ့ရဲ့မိသားစုလည်း တရုတ်ရှေ့နေရှာပြီးတတ် နိုင်သလောက် ကူညီသင့်တယ်" - ဟု ထိုင်းရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောပြဖူးသည်။

မူးယစ်ရာဇာအမည်ရ ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော စိုင်းနော်ခမ်းအား ထိုင်းဒု-ဝန်ကြီးချုပ် က ဖမ်းမိန့်ကြေငြာပြီး မကြာခင် (ဧပြီ ၂၅ ရက် ၂၀၁၂ ) လောဝ်နိုင်ငံ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ တရုတ်နိုင်ငံသို့ လွဲအပ်ပေးပြီးနောက် စက်တင်္ဘာ ၂၀-၂၂ ရက်နေ့အထိ ခွန်းမင် တရားရုံး၌ ရုံးတင် စစ်ဆေးခြင်းခံရသည်။

ရွှေတြိဂံဒေသအတွင်း စိုင်းနော်ခမ်း မရှိသော်လည်း လက်ကျန် တပည့်တပန်း(ဟောင်း) တစုက လက် နက်ကိုင်ကာ ပြန်လည်လှုပ်ရှားလာနေကြောင်း ဒေသခံများက ပြောပြပါသည်။

ဂက်စ်ပိုက်လိုင်း မြေစာပုံကြောင့် ပျက်စီးဆုံးရှုံးမှု လယ်သမားများ လျော်ကြေးမရသေး

Posted: 17 Oct 2012 02:15 AM PDT

ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် သိမ်းယူထားသည့်မြေ ပေ ၁၀၀ ထက် ကျော်လွန် ၍ မြေစာပုံလာပါက မြေစာရှင်းလင်းရန်နှင့် ပျက်စီးသွားသည့် သီးနှံများအတွက် လျော်ကြေးပေးမည်ဟု ဆိုသော်လည်း ယနေ့တိုင် မရရှိသေးကြောင်း သိရှိရပါသည်။
EarthFarm
"မြေစာရှင်းဖို့ ၁ ဧကကို ၃ သိန်းပေးမယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ သီးနှံအတွက် သတ်သတ် နစ်နာကြေး တစ်သီးစာ ပေးမယ်လို့ ပြောတယ်။ ဘယ်လောက်လဲ အတိအကျတော့ မသိရသေးဘူး။ အခုထက်ထိ ဘာမှလာမပေးဘူး" ဟု နောင်အန်းဒေသခံတစ်ဦးက ပြောပါသည်။

ပိုက်လိုင်း ကုမ္ပဏီက ပိုက်ချရန် မြောင်းတူးဖော်ရာတွင် ပေ ၁၀၀ ကျော်ထက် မြေစာများ ပုံလာသည့် အတွက် လယ်အတွင်း မြေစာများ လွှမ်းမိုးကြောင်း၊ သီပေါမြို့နယ် နောင်အန်းအုပ်စု၌ လယ် ၁ ဧက ကျော်၊ နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စု၌ ၁ ဧကကျော်၊ မိုင်းဝီးအုပ်စု၌ ဧကဝက်  ပျက်စီးဆုံးရှုံးကြောင်း ဆို၏။

"လယ်ပိုင်ရှင်တွေ သက်ဆိုင်ရာကို သွားတိုင်သွားပြောမှ လျော်ကြေးပေးမယ်လို့ ပြောလာတာ" ဟု  အဆိုပါ လယ်သမားက ဆက်ပြောပါသည်။

သို့သော် နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုနှင့် မိုင်းဝီးအုပ်စုမှာမူ သီးနှံများပျက်စီးသွားသည်ကို သက်ဆိုင် ရာများက သွားရောက်ကြည့်ရှုသော်လည်း မည်သည်မျှ ပြောဆိုသွားခြင်း မရှိကြောင်း ဆို၏။

ပိုက်လိုင်းဖြတ်သွားသည့် ဒေသမှ လယ်သမားများအနေဖြင့် စီမံကိန်းကြောင့် ပျက်စီးသွားသည့် လယ်ယာများ၊ လမ်းများကို ပြန်လည်ပြုပြင်ပေးစေလိုကြောင်း၊ ပိတ်ဆို့သွားသည့် ရေချောင်းများကို လည်း ပြန်လည်တူးဖော်ပေးစေလိုကြောင်း ပြောပါသည်။


ဂက်စ်ပိုက်လိုင်း နှင့် စစ်ကြောင်းများကြောင့် တောင်သူများလုပ်ငန်းအခက်တွေ့

Posted: 17 Oct 2012 02:13 AM PDT

သျှမ်းပြည်မြောက်ပိုင်း ရေနံနှင့် ဂက်စ်ပိုက်လိုင်းဖြတ်သန်းရာ နမ္မတူမြို့နယ်အတွင်း စစ်ရေးမငြိမ်သက်မှုကြောင့် ဘိန်းခြံအပါအဝင် လယ်ယာခြံမြေ လုပ်ကိုင်မှု ခေတ္တရပ်ဆိုင်းထားရကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်း ရပ်ကွက်က ဆိုပါသည်။
Opium_firm
" ဘိန်းခြံရော၊ တခြားသီးနှံစိုက်ပျိုးရေးခြံတွေကိုရော ခဏရပ်ထားကြရတယ်။ စစ်မြေပြင်ဘက်က ခြံတွေဆိုရင်လဲ ဒေသခံတွေက ခြံမဆင်းရဲဘူး။ ဒီဖက် ပိုက်လိုင်းဖြတ်တဲ့ဘက်မှာကျတော့ မိုးရွာလို့ မြေစာပုံတွေ ပြိုတယ်။ ဒါလဲ သီးနှံတွေပျက်စီးတယ်။ လုပ်လို့မရဘူး။ ရပ်ထားကြရတယ်" ဟု နမ္မတူဒေသခံ စိုင်းနုက ပြောသည်။

ဒေသခံလူထု၏လယ်ယာမြေများအတွင်း ဂက်စ်ပိုက်လိုင်းသွယ်တန်းထားသဖြင့် မြေစာပုံများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန့်တုန့်မြို့နယ် နမ့်ဟိုင်းနှင့်မုံးဝီးကြား၊ နမ္မတူမြို့နယ်နှင့်သီပေါမြို့ နယ်ကြား၊ မန်တုံမြို့နယ် နှင့် သီပေါမြို့နယ်ကြား ရှိ လယ်ယာမြေစိုက်ပျိုးမှု ခေတ္တရပ်ဆိုင်းထားရကြောင်း၊  သီးနှံရင့်သီးပြီဖြစ်သဖြင့် အချို့ လယ်မြေများ၌ သီးနှံကောက်ရန်  အဆင်မပြေ   ဆုံးရှုံးမှုများလည်း များပြားကြောင်း၊ ထို့ပြင်ဂက်စ်ပိုက်လိုင်း လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပြိုင်စစ်ရေးလှုပ်ရှားမှုကြောင့် လုပ်ငန်းအခက်အခဲကြုံတွေ့ရသည်ဟုဆိုသည်။

" တချို့နေရာမှာလည်း လျော်ကြေးမရလို့ဗျာ။ ခြံတွေက ဆက်မလုပ်နိုင်သေးဘဲ ရပ်ထားရတယ်။ ပါးစပ်ကဘဲ ပေးမယ်ပြောတာလေ။ လက်က မလာဘူးဖြစ်နေတယ်" - ဟု ဒေသခံ စိုင်းခမ်းညိုကပြောသည်။
Numptu_gas_pipeline             နမ္မတူမြို့နယ် ဒေသခံများ၏စိုက်ပျိုးခြံမြေများအတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်း

အလားတူ တောင်ကြောတလျှောက်ရှိ ဘိန်းခြံအများစုမှာလည်း အစိုးရတပ် နှင့် တိုင်းရင်းသားတပ်ဖွဲ့တို့အကြား တိုက်ပွဲများ၊ လှုပ်ရှားစစ်ကြောင်းများကြောင့် ခြံလုပ်သားများအလုပ်မဆင်းရဲကြကြောင်း နမ္မတူဒေသခံ နောက် တဦးကပြောသည်။

လွယ်မောတောင်၊ ခမောက်တောင်ကြောတလျှောက်၌ ဘိန်းခြံလုပ်သားတယောက်အတွက် ထမင်း ၃ နပ် နှင့် အတူ လုပ်အားခ တရက် ၃၀၀၀ ပေးကြောင်း၊ ဘိန်းခြစ်သည့်ရာသီတွင် ပိုက်ဆံမယူပါက ဘိန်းစိမ်း ၁ မတ်သား (တကျပ်သား၏ ၄ ပုံတပုံ) ပေးကြောင်း ဘိန်းခြံလုပ်ငန်းရှင်တရုတ်အမျိုးသားတဦးကပြောပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ချေးငွေပေးမှု လယ်သမားအားလုံး မရ

Posted: 17 Oct 2012 02:11 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လယ်သမားများအတွက် ချပေးသော ချေးငွေများကို လိုအပ်နေသော လယ်သမားများထံ ချမပေးဘဲ လယ်သမားအချို့သာ  ချေးပေးကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။

"တကယ့် စေတနာ အရင်းခံရှိရင်  တကယ်လိုအပ်တဲ့ ရွာတွေကို ချေးပေးရမှာပေါ့။ အခု သူတို့    ချေးပေးတဲ့ ရွာတွေက နဲနဲချောင်လည်တဲ့ရွာတွေ ဖြစ်နေတယ်။ နောက် ပြန်ဆပ်ရမဲ့ချိန်က နွေစပါး စိုက်ချိန်ဖြစ်နေတော့ တကယ်လို့ ပြန်မဆပ်နိုင်ရင် ပေါင်နှံထားတဲ့လယ်တွေလည်း ရှုံးမှာဘဲ" ဟု ဒေသခံ လယ်သမားတစ်ဦးက ပြောပါသည်။

စက်တင်ဘာ ၁၁ ရက် နှင့် ၁၂ ရက် နံနက် ၉ နာရီမှ ညနေပိုင်းအထိ နမ့်ခမ်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး က လယ်သမားများအား ၁ ဧက ကျပ် ၁ သိန်း ငွေများချေးပေးရာ တစ်ရာလျှင် အတိုး ၀.၆ ရာခိုင်နှုန်း ယူမည်ဟုပြောကြောင်း၊ အစိုးရက နမ့်ခမ်းမြို့နယ်အတွက် ကျပ်သိန်းပေါင်း ၁၀၀၀ ချပေးရာ လက်ဖက် စိုက်တောင်သူများအတွက် သိန်း ၅၀၀၊ လယ်သမားများအတွက် သိန်း ၅၀၀ ချေးပေးရန် ပြောဆိုလာ ကြောင်း မြို့နယ်အာဏာပိုင်များနှင့် နီးစပ်သူတဦးက ဆို၏။

"လက်ဖက်စိုက်တောင်သူတွေ မရဘူး။ အစည်းအဝေးလုပ်တုန်းကတော့ ရွာပေါင်း ၄၈ ရွာကို ငွေချေး ပေးမယ်လို့ သတ်မှတ်ထားပေမဲ့   ၇ ရွာလောက်ဘဲ ရတယ်။ တစ်ရွာတည်းတောင် အိမ်တိုင်းမရဘူး။ အပေါ်အိမ်က ရပြီး အောက်အိမ်က မရတော့ တယောက်နဲ့တယောက် မကျေနပ်ကြဘူးပေါ့။ တစ်ရွာ တည်းသားတွေ အချင်းချင်း အထင်လွဲအောင် လုပ်နေသလိုဘဲ" ဟု နမ့်ခမ်းဒေသခံ လူငယ်တစ်ဦးက ပြောပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လိုက်လံငွေချေးပေးသော ရွာများမှာ နမ့်မရွာ၊ နမ့်တီးရွာ၊ ကွန်လုံရွာ၊ နောင်ကောင်ရွာ၊ ဟောင်လုံရွာ၊ ကျယ်ဟိုင်းရွာ၊ ကောင်းဆာရွာနှင့် နမ့်ခမ်းမြို့ပေါ်မှ တန်မရပ်ကွက်၊ အောက်ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်တို့ ဖြစ်ကြောင်း၊ အဆိုပါရွာများမှ ရပ်ရွာသူကြီးတချို့မှာ လယ်သမားများထံမှ ပိုက်လိုင်းလျော်ကြေး ဖြတ်စားသည့် စာရင်း၌ ပါရှိကြောင်း ဒေသခံများမှ သိရှိရ ပါသည်။

[New post] တရားရုံးဟောင်း အဆောက်အဦများ ပုဂ္ဂလိက လုပ်ခွင့်မပြုရေး ဆန္ဒထုတ်ဖေါ်

MoeMaKa Rangoon posted: " တရားရုံးဟောင်း အဆောက်အဦများ ပုဂ္ဂလိက လုပ်ခွင့်မပြုရေး ဆန္ဒထုတ်ဖေါ် (မိုးမခဓာတ်ပုံသတင်း) တို"

မြန်မာ့သတင်းများစုစည်းရာ

မြန်မာ့သတင်းများစုစည်းရာ


၃၂ ခုမြှောက် NLD ရုံး ရခိုင်က ချင်းကျေးရွာတွင် ဖွင့်လှစ်

Posted: 17 Oct 2012 09:21 AM PDT

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ ၃၂ ခု မြှောက် ကျေးရွာ အဆင့် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကို ချင်းတိုင်းရင်းသား ကျေးရွာ တာရဲတွင် ယမန်နေ့ က ပြုလုပ်ခဲ့သည်။ တာရဲ ကျေးရွာသည်  အိမ်ခြေ ၃၅၀ ခန့်ရှိပြီး တောင်ကုတ်မြို့ အရှေ့ဖက် တောင်ကုတ် ချောင်းဖျားတွင် တည်ရှိသည်။  ယခုကဲ့သို့ ချင်းတိုင်းရင်းသား ကျေးရွာ တစ်ခုတွင် NLD ရုံးကို ပထမဆုံး အကြိမ် ဖွင့်လှစ်နို

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဥပဒေ ပြင်ဆင်မည်

Posted: 17 Oct 2012 09:17 AM PDT

ရန်ကုန်၊ အောက်တိုဘာ ၁၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ပေးအပ် ထားသော နိုင်ငံသားများ၏ ရပိုင်ခွင့် ကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန် ရည်ရွယ်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့် ဥပဒေပုဒ်မ(၃၅၄) ကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်မည်ဖြစ်ကြောင်း သင်္ကန်းကျွန်း မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ ဥပဒေအရ ခွင့်ပြုချက် တောင်းခံရာ တွင် မြို့နယ်

နေပြည်တော်မှာ လယ်သိမ်းခံ လယ်သမားတွေကို ရဲကဖမ်း

Posted: 17 Oct 2012 08:10 AM PDT

နေပြည်တော်ခရိုင် ဒက္ခိဏ သီရိနဲ့ လယ်ဝေး မြို့နယ် အစပ်မှာ စည်ပင်သာယာဌာနက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒေသခံ မူလပိုင်ရှင် လယ်သမားတွေက သူတို့သာ ပိုင်ရှင်ဖြစ်ကြောင်း ဆိုင်းဘုတ်တွေ စိုက်ထူခဲ့လို့ ဦးဆောင်သူ လယ်သမား နှစ်ဦးကို ရဲက အင်္ဂါနေ့ည အထိ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။ --- သစ်ထူးလွင်

သမ္မတ ဦးသိန်းစိန် ပါတီဥက္ကဋ္ဌ ပြန်ဖြစ်သည့်အပေါ် အငြင်းပွား

Posted: 17 Oct 2012 03:53 AM PDT

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံမှ လက်ရှိ သမ္မတတာဝန်ထမ်း ဆောင်နေသော ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုက်ညီမှု ရှိ မရှိ အငြင်းပွားဖွယ်ရှိနေကြောင်း သိရသည်။ ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံကို နေပြည်တော်တွင် ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး

ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား

Posted: 17 Oct 2012 03:42 AM PDT

ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူမှုများ ပြုလုပ်ရန်မရှိကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။ အင်တာနက်နှင့်ပြည် တွင်း မီဒီယာအချို့တွင်ဖော်ပြနေသကဲ့သို့ မိုဘိုင်းဖုန်းများတွင် Viber စနစ်ထည့်သွင်း၍ ပြည်တွင်း၊ ပြည်ပသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါက ဖုန်းလိုင်းဖြတ်တောက်ခြင်းနှ

အရေးယူမှုအားနည်း၍ ဗြောက်သမားများ သောင်းကျန်းနေ

Posted: 17 Oct 2012 03:14 AM PDT

အောက်တိုဘာ(၁၇)ရက်၊၂၀၁၂ခုနှစ်။ ရုပ်မြင် သံကြား ၊ရေဒီယိုနှင့် သတင်းစာများမှ ဗြောက် မဖောက်ရနှင့် ဗြောက်ဖောက်ပါက မည်သို့ အရေးယူမည်ဟု ကြေငြာထား သော်လည်း အရေးယူမှု အားနည်းပြီး ဗြောက်ဖောက် နေသူများကြောင့် သက်ကြီး ရွယ်အိုများနှင့် (၁)နှစ်အောက် ကလေးငယ်များမှာ ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း ပြည်သူ များထံက သိရသည်။ "နေ့လည် နေ့ခင်းတော့ အသံမကြားရဘူး၊ ညအိပ်ချိန်ဆို ဗြောက်သံတွေ ကြားရတော့ အိပ်ရတာ စိတ်မြေ

‎"ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဖြစ်နေခြင်းကြောင့် အခြေခံ ဥပဒေ ပုဒ်မ ၆၄ လိုအပ်မည် မဟုတ်တော့"

Posted: 17 Oct 2012 02:55 AM PDT

ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌရာထူးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရှိနေခြင်းကြောင့် အခြေခံဥဥပဒေပုဒ်မ ၆၄ သည်လည်း လိုအပ်မည် မ ဟုတ်ကြောင်း မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် အဖွဲ့ဝင်အချို့ က ပြော သည်။ "ဥက္ကဋ္ဌ ဆိုတဲ့ တာဝန်ကို Mention (ဖော်ပြ) လုပ်နေတယ် ဆိုကတည်းက ဥက္ကဋ္ဌတာဝန်ကို သူယူ ထားတာပဲလေ။ ဘာအလုပ်မှ မလုပ် ရဘူးဆိုရင် ဒီတာဝန်ကို ယူထားဖို့ လိုအပ်သလား။ မေးစရာ မေးခွန်း တွေရှိတာပေါ့" ဟု မြန်မာနိုင်ငံ ရှေ့နေမျ

၂၀၁၂ ခုနှစ် နိုဘယ်ဆုကြီး ရရှိသူများ မှတ်သားစရာ

Posted: 17 Oct 2012 02:31 AM PDT

ကမ္ဘာ့ ကျော်ကြားလှသော နိုဘယ်ဆုကြီးကို နှစ်စဉ် ဆွီဒင်နိုင်ငံမှ ချီးမြှင့်လေ့ရှိသည်။ ယခု ၂ဝ၁၂ ၏ နိုဘယ်ဆုရရှိသူများ စာရင်း တင်သွင်းသူများထဲတွင် မြန်မာ သမ္မတ ကြီး ဦးသိန်းစိန်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုခန့်မှန်းသည့် အဖွဲ့က တစ်ကြိုပေးခဲ့ကြသည့် သတင်းမှာ အောက်တိုဘာလ ပထမပတ်အတွင်း ထွက်ပေါ်လာခဲ့သည်။   မြန်မာ ပြည်သူပြည် သားများ ရွှင်လန်း ဝမ်းမြောက်စွာ စောင့်ကြည့် နားထောင်ခဲ့ကြသည်။ သို့သော် လွဲခဲ့ရသည်။ သို့

ဖားကန့် (၅)မိုင်စခန်း၌ မိုင်းဗုံးပေါက်၍ သားအဖနှစ်ဦး ညာခြေထောက်ကိုယ်စီ ပြတ်တောက်

Posted: 17 Oct 2012 02:26 AM PDT

ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်-ကားမိုင်းလမ်း ငါးမိုင်စခန်းတွင် ထောင်ထားသော မိုင်းဗုံးပေါက်ကွဲ၍ တာမခံရွာမှ န၀မတန်းကျောင်းသူနှင့် ၄င်း၏ ဖခင်နှစ်ဦးစလုံး ညာဘက်ခြေထောက်ပြတ်သွားကြောင်း သိရှိရသည်။ အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်လင်းအားကြီး (၅)နာရီ (၃၀)မိနစ်က တာမခံရွာမှ ဦးဝင်းမြင့်ထွန်းနှင့် န၀မတန်းကျောင်းသူ မမေဇွန်လှိုင်တို့သည် မိခင်နာရေးကိစ္စအတွက်အိမ်သို့ ဆိုင်ကယ်ဖြင့်အပြန် (၅)မိုင် စခန်းအနီးတွင်ြ

မြန်မာဆိုတာ ...ဒါမျိုး

Posted: 17 Oct 2012 01:40 AM PDT

တွေးကြည့်တိုင်း ပြုံးစရာကောင်းသော အဖြစ်အပျက်လေး ပြောပြချင်သည်။ စိတ်ကြည်နူးစရာကောင်းသလို အံ့သြစရာလည်းကောင်းသည်။ ပြီးတော့ ဒီအဖြစ်အပျက်က Update လည်းဖြစ်သည်။ နန်းခင်ဇေယျာနှင့် ပတ်သတ်လေသည်။ ကျွန်တော့်တွင် ကိုယ်ပိုင်အလုပ်ရှိပါသည်။ သို့သော် အလုပ်ပါးရက် နားရက် ညများတွင် မိတ်ဆွေတစ်ယောက်၏ အလုပ်အား အချိန်ပိုင်းအဖြစ်သွားလုပ်ပေးတတ်၏။ အပိုဝင်ငွေရသလို ပညာလည်း ရသောကြောင့်ဖြစ်သည်။ ဘယ်ရွှေ့ဘယ်မျှဟု အချိန်နှင့်

NLD အများအပြား ပြည်ခိုင်ဖြိုးဘက် ပါသွားပြီ

Posted: 17 Oct 2012 01:33 AM PDT

မကွေးမြို့၊ ဒေါင်းနေကျေးရွာမှ NLD ပါတီဝင် ၁၅ ဦး ခန့်  ပြည်ခိုင်ဖြိုး ပါတီသို့ မကြာသေးခင် ရက်ပိုင်းက ကူးပြောင်းသွားကြောင်း သိရသည်။ နိုင်ငံအနှံ့အပြား  NLD ညီလာခံများ ပြုလုပ်နေချိန်တွင် ဤသို့ အလုံးအရင်းနှင့် ကူးပြောင်းမှု ဖြစ်ပွားခြင်း ဖြစ်သည်။ မကွေး ခရိုင် NLD ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင်  ဦးရဲတင့်ကို ဧရာဝတီကဆက်သွယ်မေးမြန်းရာ ဤသတင်း မှန်ကန်သည်ဟု သူက ဆိုသည်။ "ဒေါင်းနေကျေးရွာမှာ ၁၂ နှ

စစ်ဗိုလ်များ အရေခွံထူဖို့ လိုသေးသည်

Posted: 17 Oct 2012 01:02 AM PDT

လွှတ်တော်တွေမှာ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း အပိုင်ယူထားတဲ့အပြင်  မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ဆောင်ရွက်နေတဲ့အတွက် စစ်ဗိုလ်တွေလည်း နိုင်ငံရေးသမား ဖြစ်လာပါပြီ။ နိုင်ငံရေးသမား ဖြစ်လာရင်  အရေထူဖို့လိုအပ်တာ အသေအချာပါပဲ။ မကြာသေးခင်က မြန်မာတိုင်းမ်ဂျာနယ်ကာတွန်းတကွက်ကြည့်ပြီး  စစ်အရာရှိနိုင်ငံရေးသမားတို့က မကျေမနပ်ဖြစ်နေကြတယ်လို့ ဆိုတယ်။ စစ်တပ်အာဘော်သတင်းစာကနေလည်း ဂျ

ရှေ့နေများ ဆန္ဒထုတ်ဖော်

Posted: 17 Oct 2012 12:29 AM PDT

တရားရုံးချုပ်အဆောက်အဦကို ဟိုတယ် ဖွင့်လှစ်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြတိုက်အဖြစ်ပြုလုပ်ရန် ပုဂ္ဂလိကသို့ ငှားရမ်းခြင်းတို့အား မကျေနပ်သဖြင့် ရှေ့နေများကွန်ရက်ဦးဆောင်၍ ရှေ့နေအင်အား ၂၀၀ နီးပါးက အောက်တိုဘာ ၁၇ ရက်တွင် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ကာ ကန့်ကွက်ဆန္ဒပြခဲ့သည်။ "ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦများ ဥပဒေနှ

အဆုံးစီရင်သွားသည့် မိန်းကလေးအား အင်တာနက်အနိုင်ကျင့်မှုပြုခဲ့သူကို Anonymous ဖော်ထုတ်

Posted: 17 Oct 2012 12:07 AM PDT

Wednesday, October 17, 2012 အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု တစ်ခုကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့် (၁၅)နှစ်အရွယ် မိန်းကလေး အမန်ဒါတော့ဒ်ကို အဓိက နှိပ်စက် အနိုင်ကျင့်ခဲ့သူ၏ အချက်အလက် အချို့ကို Anonymous Hackers အဖွဲ့က ဖော်ထုတ် ပြောကြားလိုက်သည်။ အမန်ဒါသည် သူမတစ်ချိန်က စိတ်ရူးပေါက်ကာ ပြသခဲ့ဖူးသည့် အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများ ဖြန့်ဝေခြင်း ခံရသည့်နောက် အောက်တိုဘာ (၁၀)ရက်နေ့က သတ်သေသွားခဲ့သည်။

အကျင့်ပျက်ခြစားသော ယာဉ်ထိန်းရဲ တည်ဆဲဥပဒေအပြင် ရဲကျင့် ဝတ်ဖောက်ဖျက်မှုနှင့်ပါ အရေးယူမည်

Posted: 16 Oct 2012 11:59 PM PDT

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်း သူများထံမှ ဥပဒေမဲ့ အခကြေးငွေများ တောင်းခံနေသည့် အကျင့်ပျက်ခြ စားနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ စုံစမ်းဖော်ထုတ်အရေးယူသွားရန်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ထိုသို့ အကျင့်ပျက်ယာဉ်ထိန်း ရဲဝန်ထမ်းများအား စုံစမ်းဖော် ထုတ် အရေးယူရန်အတွက်

မေတ္တာတရားကိုသာ အရင်းတည်၍

Posted: 16 Oct 2012 11:52 PM PDT

တိုင်းပြည်၏ အဆင်းရဲဆုံးလူတန်းစားအတွက် အားထားရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အစိုးရက ကူညီပံ့ပိုးမှု နည်းပါးလွန်းပြီး နိုင်ငံ၏ အချမ်းသာဆုံးသူဌေးကြီးများကလည်း လှူဒါန်းလေ့မရှိပါ။ "ပညာရေးဆိုသည်မှာ ကမ္ဘာကိုပင် ပြောင်းလဲရန် အသုံးပြုနိုင်သော စွမ်းအားအကြီးဆုံး လက်နက်ဖြစ်ပေသည်" -နယ်လ်ဆင်မင်ဒဲလား စီးပွားရေးမြို့တော် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ တစ်ဧကကျော် မြေကွက်ပေါ်ရှိ

လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး

Posted: 16 Oct 2012 11:22 PM PDT

ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ဘောလုံးအကယ်ဒမီ ကျောင်းအနီး ၇၂လမ်းနှင့် ငုဝါလမ်းထောင့်တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။ အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော ၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာ လမ်းလုပ်ငန်းဆောင်ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့ ရောက်သွားခဲ့သည်။ မျက်နှာကို လမ်ြး

‎"OIC ရုံးခွဲဖွင့်ခွင့်မပြုဟုမြန်မာအစိုးရတရားဝင်အကြောင်းကြားခြင်း မ ရှိသေး"

Posted: 16 Oct 2012 10:51 PM PDT

မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ခွင့်မပြုကြောင်း ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ တရားဝင်အကြောင်းကြားစာအနေဖြင့် မရရှိသေးကြောင်း OIC ပြန်ကြားရေးဌာနအရာရှိ Ms. Mahar က အောက်တိုဘာလ ၁၆ ရက်က ဗွီ အိုအေသို့ပြောကြားခဲ့ကြောင်း သတင်းဖော်ပြထားချက်အရ သိရသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့်ရခိုင်ပြည် နယ်စစ်တွေတို့တွင် OIC ရုံးခွဲလာ ရောက် ဖွင့် လှစ်မည့်ကိစ္စအပေါ် ကန့်ကွက်မှုများ ပေါ်ပေါက်ခြဲ့

"ပြည်ပသို့ Viber စနစ်ဖြင့် မိုဘိုင်းဖုန်းသုံးခြင်း တရားမဝင်၍ လိုင်းဖြတ်မည်"

Posted: 16 Oct 2012 10:38 PM PDT

မိုဘိုင်းဖုန်းမှတစ်ဆင့် နည်းပညာအသုံးပြု၍ တရားမဝင်ဖုန်းခေါ်ဆိုမှုများကို ဖုန်းလိုင်းဖြတ်တောက်သွားတော့ မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ယင်းသို့ လိုင်းဖြတ်တောက်ရာတွင် မိုဘိုင်းဖုန်းများ အပြင် လက် ရှိ ကျေးလက်ဒေသများသို့ အရစ်ကျ ရောင်းချပေးနေသည့် ဂျီဖုန်းများကိုပါ သုံးစွဲသည်ဟုယူဆပါက လိုင်းဖြတ် တောက်ခံရမည်ဟု ထုတ်ပြန်သည်။ ''နိုင်ငံတော်ရဲ့ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ထိခိုက်ပါတယ်၊

အငှားယာဉ်များကို ထိန်းသိမ်းကြပ်မတ်တော့မည်

Posted: 16 Oct 2012 10:35 PM PDT

ရန်ကုန်မြို့အတွင်း ပြေးဆွဲသွားလာနေသော အငှားယာဉ် (Taxi)များအား စည်းကမ်းထိန်းသိမ်း ကြပ်မတ်နိုင်ရန်အတွက် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလှအောင်ကပြောသည်။ "အငှားယာဉ်တွေ စည်းကမ်းဖောက်မှု လျော့နည်းလာအောင် အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး ဆောင်ရွက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ြ

မြန်မာအစိုးရကို OIC ပြစ်တင်ဝေဖန်

Posted: 16 Oct 2012 10:25 PM PDT

မြန်မာပြည်မှာ  OIC  ရုံးဖွင့်ခွင့် မပြုတော့ဘူးဆိုတဲ့ နေပြည်တော်ရဲ့ ဆုံးဖြတ်ချက်ကို  OIC က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဖွင့်ဖို့ပြင်ထားတဲ့ရုံးက လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို စီမံခန့်ခွဲဖို့သက်သက်ဖြစ်တယ် ဆိုပြီး OIC လို့ ခေါ်တဲ့ အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့  (The Organization of Islamic Cooperation) က  ဧရာဝတီကို မနေ့က ပြောပါတယ်။ "သဘောတူညီချက်ကိုတောင် ကျနော်တို

အမေရိကန် လက်ထောက် ဝန်ကြီး ၈၈ ခေါင်းဆောင်တွေနဲ့တွေ့

Posted: 16 Oct 2012 10:08 PM PDT

မြန်မာ လူ့အခွင့်အရေးကိစ္စတွေအပါအ၀င် ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်နေ တဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးကြဖို့အတွက် မြန်မာနိုင်ငံကို ရောက်နေ တဲ့ အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပေါ့စ်နာ (Michael Posner) နဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဝင် တချို့ဟာ မနေ့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ တွေ့ဆုံခြဲ့

လယ်မြေအသိမ်းခံရခြင်း၏ အဓိကအကြောင်းရင်းပေါ်ပေါက်

Posted: 16 Oct 2012 10:02 PM PDT

လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်အရ ကုမ္ပဏီများအပြင် တပ်မတော်နှင့် ဒေသအာဏာပိုင်တို့က စီမံကိန်းများအတွက် လယ်မြေအများဆုံး သိမ်းယူဟုဆို ရန်ကုန်၊ အောက်တိုဘာ-၁၂ လယ်ယာမြေစုံစမ်းရေးကော်မရှင် အဖွဲ့ခွဲများ၏ ကွင်းဆင်းတွေ့ရှိချက်များအရ ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် တပ်မတော်စီမံကိန်းများနှင့် ဒေသအာဏာပိုင်တို့၏ လယ်မြေသိမ်းဆည်းခြင်းများမှာ အများဆုံးဖြစ်ပွားခဲ့ြေ

ရမည်းသင်းမြို့ရန်ပွဲ လူအသေအပျောက်မရှိဘဲ ထိန်းချုပ်နိုင်ဟုဆို

Posted: 16 Oct 2012 09:28 PM PDT

နေပြည်တော်၊ အောက်တိုဘာ-၁၅ အောက်တိုဘာ ၁၂ ရက် ရပ်ကွက်ဘောလုံးပွဲတွင် ဖြစ်ပွားသော ရန်ပွဲမှစတင်၍ လူမျိုးရေးပဋိပက္ခအသွင် သတင်းများ ပျံ့နှံ့ခဲ့သော ရမည်းသင်းမြို့မှ ရန်ပွဲအခြေအနေကို အသေအပျောက်မရှိ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရမည်းသင်းမြို့ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့ခံများကပြောသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့သို့ အောက်တိုဘာ ၁၅ ရက် နံနက်ဆယ်နာရီခန့်က ဆက်သွယ်စုံစမ်းရာ တာဝန်က

ယာဉ်ထိန်းရဲများ၏ စီမံချက်အကြောင်းပြ မှတ်သားဖမ်းဆီးနေမှုများကြောင့် ယာဉ်ပိုင်ရှင်များအခက်အခဲဖြစ်လျက်ရှိ

Posted: 16 Oct 2012 08:55 PM PDT

ရန်ကုန်မြို့တွင် ပြေးဆွဲလျက် ရှိနေသော ယာဉ်လိုင်းအသီးသီးမှ လိုင်းကားများအား ယာဉ်ထိန်းရဲ များက စီမံချက်ဟုအကြောင်းပြ ချက်ပေး၍ မီးပွိုင့်နောက်ကွယ်မှ ယာဉ်များအားမှတ်သားဖမ်းဆီးမှု၊ ဒဏ်ငွေရိုက်မှုများပြုလုပ်လျက်ရှိ နေသည့်အတွက် ယာဉ်ပိုင်ရှင်များ အနေဖြင့် အခက်အခဲဖြစ်လျက်ရှိ နေသည်။ ယင်းအခက်အခဲများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အောက်တိုဘာ (၁၀) ရက် ရက်စွဲ ဖြင့် တင်ပြခဲ့ကြောင်း