[mrsorcerer:34400] [Richard Aung] နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁-၂) အရှင်ဧသက

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁-၂) အရှင်ဧသက

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။
သူ့ဘ၀သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။ သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး သာယာတဲ့ ဘ၀ခရီးလျှောက် လှမ်းနိုင်ဖို့ ဆိုတဲ့ လူငယ်တို့သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့ မလိုက်ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။ သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။
သူအလုပ်လုပ်တဲ့ စားသောက်ဆိုင် ကလူသုံးရာကျော် စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ ရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။
ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူနေချိန်မှာ နိုက်ကလပ်သွားချင်
တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာ ပါသူမဟုတ်တော့လို့ သွားချင်တဲ့စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။
မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေ ဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွား မယ်ဆိုပြီး ဘယ်သူမှ မခေါ်ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။
နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။နေ့ခင်းမှာ စားသောက်ဆိုင် လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။ ဆိုင်ထဲရောက်သွားရင်ပဲ "ဘုရား-- ဘုရား--"လို့ ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။ တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။

 

ဆိုင်မှာ အလှအပ အဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး တော်မူနေရရှာတယ်။
လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့်အစွမ်း ကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့တည့်တည့် (၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်၊၊
ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင် စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင် ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။
ဆင်းတုကိုယ်တော်မြတ်ကြီးက"ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကိုလာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမ လေးတွေကညတိုင်းလာဖြားယောင်းနေပါလား "လို့ တွေးထင်တော်မူလေမလားမသိ။ ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။
အလား--လား-- ပိုဆိုး ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့အရက်ခွက်ကိုကိုင်လို့၊တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်ထား ပြန်တယ်။ ဒီထက်ဆိုးတာကမိန်းကလေးက ဘုရားကိုကျောမီနေပြီးသူ့တွဲဖက် ကောင်လေးက ဘုရားပေါ်လက် ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း ထွက်မိတယ် ၊ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့ အားလုံးကို မောင်းထုတ်ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊"ခါကျဉ်ကောင်မာန်ကြီး ပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်"ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကို ကြည့်ပြီးကြိတ် မနိုင်ခဲမရ ဖြစ်နေရတယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်း မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာတစ်ကိုယ် လုံးနီးပါးပေါ်နေတဲ့ ကခြေသည်မလေးတွေရဲ့ တုန်ကာလုပ်ကာ မြူဆွယ်ပြနေတဲ့အက၊ ဒီဝန်းကျင်မှာနေရရှာတဲ့ ဘုရားရုပ်ပွား တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင် နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင် နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကိုစိုက်ကြည့်မိ ရာက သူ့ရင်ထဲမှာ "ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ" လို့ မိန့်တော်မူနေသလို ခံစားမိပြန်တယ်။ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်းမှာ သာမန်ရောက် လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။
ဘုရားစောင့်နတ်တွေ ကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင် ဖြစ်စေအခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာ အတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန် ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး ငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူ လိုက်တော့တယ်။ "ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်"လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့ အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ၊၊
ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်၊၊
ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင် သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့် တယ်။ "သူဋ္ဌေးကို ပြောစရာရှိလို့ပါ"။ "အေး-ပြော"။ "ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်"။
ရန်မျိုးအောင်ဟာ သူ့ကြံ စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။
သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေ တာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက် ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။ ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊ ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ် နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့  မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း ဖြစ်တယ်။
ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့ မန်နေဂျာကိုပြောမိတယ် " ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့ ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ် မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့ မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ် နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။" လို့ မအောင့်ပဲခံစားမိတဲ့ အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း အမှန်တရားကို လက္ခံကြမည်သာ…။ ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့် မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို ၏လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။
ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည် ပေါ်မလာသေး။ "ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ" (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ)ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း ထဲသို့ ၀င်ခဲ့မိပြန်တယ်။ "သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ"၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း ဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာက လဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ "မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့ နဂါးကြီးတစ်ကောင်ရှာပေးပါ"။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ "ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်"လို့ ၀မ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။
စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ် "ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။" "တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ"လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။ နဂါးရှာရင်းငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်းအကြံ က မထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာ ရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။ ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင် ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး ဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်း လျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။ ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ် မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်း တဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်း က ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။ အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ် တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေး ထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်း လိုက်တော့ လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ် သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး"အောင်ပြီကွ" လို့ ကြွေးကြော်မိတယ်။
နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ် ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ "အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား"လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။ သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ် ၀င်ခဲ့ခြင်းပေါ့။ " ရန်- မင်းနဂါးတွေ့ပြီလား။" "ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။" "မင်း နဂါးက ဘယ်နှစ် ပေလောက်ရှိလဲ။" "၇-ပေရှိပါတယ် ခင်ဗျာ။" "ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်"။ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။ ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ဆိုင်ပေါင်းစုံရောက် ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ.. ။ ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ စဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ် "ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာ မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်"လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။
--------------------------------------------------------------------------
ရန်မျိုးအောင်တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား မသိ၊ တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတရံ အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့ အထိဖြစ်ခဲ့ရတယ်။ ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှ အခြားနှစ်ယောက် ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။ ရန်မျိုး အောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့ အလုပ်ထွက်တော့မယ်လို့စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို တစ်ပါ တည်းပင့်နိုင်မှ ငါထွက်တော့ မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကို သာအဖန်ဖန်ရွတ်ပွားနေတော့တယ်။ တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ ပင်ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာ ဂုဏ်တော်သာ ရွတ်နေဆဲပင်။ တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက် လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ်နေရာမှထွက်လာပြီး အဖိုးကြီးကို ရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့ တယ်၊ အဖိုးကြီး မပြန်မချင်း စူးစူး စိုက်စိုက်ပို့နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီးမဖြစ်ပါပေ။ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။လက်နက်ကောင်း တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။ နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင်ကိုစောစော လာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ် အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါ တယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိ လှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော် မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့  ရန်မျိုးအောင် ထင်နေမိတယ်.. ။ ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ငါ့များအလုပ်ဖြုတ်တော့ မှာလားဆိုတဲ့အတွေးက ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ဘုရားရုပ် ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ်တာ က ဘုရားကြီးကို ငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီးအကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။ ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာအပြစ်ရှိသူ တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့ သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ မျှော်လင့် ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။ သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ "ရန်-လာ၊ ထိုင်" လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာ ကြည့်ပြီး "ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။" "ဟာ-တကယ်လား" ရန်မျိုးအောင် အရမ်းဝမ်းသာသွား ကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။ သူဋ္ဌေး အားလက်အုပ်ချီကာ "ကျေးဇူးတင်လိုက်တာဗျာ"လို့ လှိုက်လှိုက်လှဲလှဲဆိုမိတယ်။ သူဋ္ဌေးကဆက်ပြောတယ် "ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။" လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။"အော်- ဟုတ် လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။" ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။ ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက် အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။ ၀မ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံဖုန်းဆက်ကာ ရည်မှန်းထားသည့်အတိုင်း ကားနှင့် ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။ ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေး ကသာ အဓိကမျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။ရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ် "ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား"။ ရန်မျိုးအောင် အားရပါးရရယ်လိုက် တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ"ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင် ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။" အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့် ကိုမိုးဝင်းအံ့သြသွားကာ "ကောင်းပါတယ်ကွာ၊ မင့် စိတ် ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။မင်းကို သနားလဲ သနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထား တယ်။ ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေး ပေးပါ့မယ်။" "ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ" ဟု ပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။ ဇနီးဖြစ်သူ မဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာလေး ထောင်ကိုထုတ်ပေးတဲ့အခါမှာတော့ "အဆင်ပြေချင်တော့လဲ ချောလို့ပါလား"လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။
ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊ "ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်" ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား ခြောက်ထောင်ပေးချေလိုက်တယ်။ "မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက် လောက်ပဲရှိပါတယ်။" "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်း ကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။" အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက် ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ် ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။ ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။ "နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှ မထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကို ပေးပါဗျာ။"သူဋ္ဌေးကပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။ ရန်မျိုးအောင်ရဲ့သဘောထားကို သူဋ္ဌေးသိနေပြီးဖြစ်ပေ လိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော် ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလို နောက်နောင် ဘုရားဆင်းတုတော်များအတွက်လည်း ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။
ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင် တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။
ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်းရပြန်သေး၊၊
လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြောင်းရွှေ့ လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။
ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။
အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်း နေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။
ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှပြန်ခွင့်ရခဲ့တယ်။ အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော် အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ၊၊
မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက ပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ် လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။ ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့် နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။ တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ ဒီအတွက် ရန်မျိုးအောင်စိတ်မကောင်းပေမယ့်၊ဘုရားကြီးကြည် ညိုစိတ်နဲ့ ဖြေသိမ့်နေရပေတော့မယ်…။ နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရ ကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။ ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြ တယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို ရေသပ္ပါယ်တယ်။"ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ်ခုမှလုပ်ရတော့တယ်" လို့ပြောလိုက်သေးတယ်။ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် "ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့ ရောက်လာတာပါဘုရား" တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။
မှန်တယ် တစ်ချိန်က သူဟာဆေးစွဲခဲ့ဖူးသူ၊၊
ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ၊၊
အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေက လဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကိုအလွဲသုံးစားလုပ်၊
နောက်ဆုံးတော့ ဆေးသ္မားဖြစ် ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှစာရေးသူထံရောက်လာခဲ့တယ်။
သူ့ကိုစောင့် ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊
လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလ ဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ၊၊
သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက် သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။
ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။
သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်၊၊
ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော် အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့ မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပါတယ်။ ကြေးညိုရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။
မာရ်နတ်ရဲ့ အသင်း အပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာ မြတ်ကို ခံစားတော်မူလေပြီ။
ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊အဓိပတိပစ္စည်းစွမ်းအားရှိသော ဆန္ဒ ၀ီရိယများနဲ့ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်း လောက်ပါပေစွ၊၊
သာဓုခေါ်လောက်ပါပေစွ၊၊
ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း တရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိ ဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။
အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင် လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။
တစ်ချို့ နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါ သေးတယ်။ ကမ္ဘာကျော်အပျော်အပါးမြို့ဖြစ်တဲ့ လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ စံနေတော် မူရကြောင်း ကြားရပါတယ်။
ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ ပပျောက် အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ၊၊
အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)
လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်
www.ashinayethaka.com (မြတ်ပဋ္ဌာန်း)



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:57:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34393] [Richard Aung] ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့်မိတ္ထီလာနယ်မြေများ၌ မြှုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစားလေယာဉ်အစီး ၆၀ အား ပြန်လည်ရှာဖွေတူးဖော်မည်


ဒုတိယကမ္ဘာစစ်အတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလာနယ်မြေများ၌ မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေယာဉ်အစီး ၆၀ နှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ရှာဖွေတူးဖော်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယင်းသို့ ပြန်လည်ရှာဖွေတူးဖော်နိုင်ရန် အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလီမိတက်နှင့် ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ Mr. David J Cundall တို့သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် လေယာဉ်၊ လေယာဉ်နှင့်ဆက်စပ်သည့် ပစ္စည်းကိရိယာတန်ဆာပလာများ ပြန်လည်တူးဖော်၍ ပြုပြင်တပ်ဆင်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
ဒုတိယကမ္ဘာစစ်ကာလဖြစ်သည့် ၁၉၃၅ မှ ၁၉၄၅ အတွင်း မဟာမိတ်တပ်ဖွဲ့များ မြန်မာနိုင်ငံမှ ပြန်လည်ဆုတ်ခွာစဉ်က မြန်မာနိုင်ငံနေရာဒေသအများအပြားတွင် စစ်အရံပစ္စည်းများဖြစ်သည့် လေယာဉ်များအပါအ၀င် ယင်းနှင့် ဆက်စပ်ပစ္စည်းများကို မြုပ်နှံခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်းက မြုပ်နှံခဲ့သည့် လေယာဉ်များအနက် မြစ်ကြီးနားဒေသတွင် ၁၈ စီး၊ မင်္ဂလာဒုံနယ်မြေတွင် ၃၆ စီး၊ မိတ္ထီလာနယ်မြေ(သဲတော)တွင် ခြောက်စီး လေယာဉ်စုစုပေါင်း ၆၀ စီးအား ရှာဖွေတွေ့ရှိမည်ဟု ယုံကြည်သဖြင့် အမေရိကန်နိုင်ငံမှ (TSI) နှင့် မြန်မာနိုင်ငံမှ ရွှေတောင်ပေါ်ကုမ္ပဏီတို့ ပူးပေါင်း၍ နစ်မြုပ်နေသော လေယာဉ်များအား ပြန်လည်တူးဖော်ရှာဖွေခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှတစ်ဆင့် အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတူးဖော်ရန် သဘောတူစာချုပ်ချုပ်ဆိုရာတွင် လုပ်ငန်းဆောင်ရွက်မှုကာလ ၂နှစ် သတ်မှတ်ဆောင်ရွက်ရန် သတ်မှတ်ထားပြီး၊ ပိုင်ဆိုင်မှုခွဲဝေခြင်း အချိုးအနေဖြင့် မြန်မာနိုင်ငံအစိုးရမှ ၅၀ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ ၃၀ရာခိုင်နှုန်း နှင့် ရွှေတောင်ပေါ်ကုမ္ပဏီမှ ၂၀ရာခိုင်နှုန်းခွဲဝေယူရန် သဘောတူထားကြောင်း သိရသည်။
ယင်းကဲ့သို့ သဘောတူထားသော်လည်း တူးဖော်ရာတွင် အခြားသောပစ္စည်း(သို့)ဆက်စပ် အသုံးဆောင်ပစ္စည်း၊ လေယာဉ်နှင့် မသက်ဆိုင်သော ပစ္စည်းများ တူးဖော်တွေ့ရှိပါက နိုင်ငံတော်အစိုးရ၏ ပိုင်ဆိုင်မှုသာဖြစ်စေရန်နှင့် ၁၉၅၇ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ အက်ဥပဒေအရ လိုက်နာဆောင်ရွက်ရန် သဘောတူထားကြောင်းလည်း သိရှိရပါသည်။
''လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တူးဖော်တဲ့အခါ လေယာဉ်တွေ တွေ့ရှိလာခဲ့ရင် ပိုင်ဆိုင်မှုခွဲဝေခြင်းနဲ့ မသက်ဆိုင်ရဘဲ လေယာဉ် ၁ စီးကို နိုင်ငံတော်အစိုးရကို သီးခြားပေးလှူရမှာဖြစ်ပြီး ကျန် တဲ့ လေယာဉ်အရေအတွက်ပေါ်မှာသာ ပိုင်ဆိုင်မှုခွဲဝေဖို့ သဘောတူထားပြီး ဖြစ်ပါတယ်'' ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ယင်းသို့ လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတူးဖော်ရခြင်းနှင့် ပတ်သက်၍ ရွှေတောင်ပေါ်ကုမ္ပဏီလီမီတက်မှ ဦးထူးထူးဇော်က''ဒုတိကကမ္ဘာစစ်အတွင်းက လေယာဉ်တွေဖြစ်တဲ့အတွက် ပြန်ပြီးတူးဖော်တွေ့ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ဗြိတိန်နိုင်ငံက ပြည်သူ ပြည်သားတွေတင်မကဘဲ ကမ္ဘာပေါ်မှာ ရှိတဲ့ ပြည်သူပြည်သားတွေ အားလုံး ကြည့်ရှုနိုင်ဖို့အတွက် ပြန်လည်ရှာဖွေတူးဖော်ဖို့ စီစဉ်ခဲ့တာပါ'' ဟု အောက်တိုဘာလ ၁၇ရက်နေ့က ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို ပြန်လည်တူးဖော် ရှာဖွေနိုင်ရန် ၂၀၀၀ပြည့်နှစ်၌ အစ္စရေးနိုင်ငံမှလည်းကောင်း၊ ၂၀၀၄ခုနှစ်တွင် စင်ကာပူနိုင်ငံမှလည်းကောင်း မြန်မာနိုင်ငံအစိုးရနှင့် လုပ်ငန်းစာချုပ်များချုပ်ဆိုကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပိုင်နယ်မြေအတွင်းနှင့် အနီးဝန်းကျင်တွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော်လည်း ကျွမ်းကျင်မှုနှင့် နည်းပညာလိုအပ်ချက်များအရ သံထည်ပစ္စည်းအချို့ ရှာဖွေတွေ့ရှိခဲ့သည်မှလွဲ၍ လေယာဉ်နှင့်သက်ဆိုင်သည့် ပစ္စည်းတစ်စုံတစ်ရာတွေ့ရှိခြင်း မရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Eleven Media Group



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:56:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34393] [Richard Aung] Viber သတင်းနှင့် တာဝန်ယူမှု

Viber သတင်းနှင့် တာဝန်ယူမှု
==================
ယခုသီတင်းပါတ်ထုတ်ဝေတဲ့ ပေါ်ပြူလာဂျာနယ်မှာ Printed ဖော်ပြ ပါရှိတဲ့ Viber သတင်း ဖြစ်ပါတယ်။ သတင်းမှာ ဖော်ပြထားချက်အရ MPT က အင်ဂျင်နီယာချုပ်(၁)ဦးဆိုတဲ့ သတင်းရင်းမြစ် ဖော်ပြထားပါတယ်။
MPT က ပြန်ရှင်းတဲ့အခါ အမည်နာမ ဖော်ပြပါရှိတဲ့ အင်ဂျင်နီယာချုပ်တွေက မဟုတ်ကြောင်း ဖော်ပြတဲ့ သတင်းတွေကကို အခြားမီဒီယာတွေမှာ တွေ့ရှိရပါတယ်။
သေချာတာတစ်ခုကတော့ (၂)ဖက်(၂)မျိုး ဖြစ်နေတာပါ။ အခု ဖြစ်စဉ်မှာ တစ်ဖက်ဖက်ကတော့ မှားနေပြီ ဆိုတာကို တွေးသိနိုင်မှာ ဖြစ်ပ
ါတယ်။ မီဒီယာတွေမှာ သတင်းရင်းမြစ် ဖော်ပြလိုက ဖော်ပြနိုင်တယ်၊ မဖော်ပြဘဲလည်း ထားနိုင်တယ် ဆိုတာကိုလည်း အလိုအလျောက် နားလည် သဘောပေါက် ပြီး ဖြစ်ပါတယ်။
အခု Viber ကိစ္စမှာ Viber Revolution အထိ ပြောခဲ့တာတွေ ရှိလာခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ သတင်းလား၊ ကောလဟာလလား တိတိကျကျ မခွဲခြားနိုင်သော်လည်း ဒီနေ့ခေတ်မှာ ကောလဟလပြန့်နှံ့မှု အတော်ကို မြန်ဆန်တာကိုလည်း သိရှိကြပြီး ဖြစ်ပါတယ်။
သတင်းအစထွက်လာမှုနဲ့ သတင်းပြန်လည်ရှင်းလင်းမှု နှစ်ခုစလုံးမှာ တူညီနေတာကတော့ MPT က အင်ဂျင်နီယာချုပ် ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဒီတော့ အဖြေမှန်ကိုတော့ ကျွန်တော်တို့ မသိနိုင်ပါ။ သက်ဆိုင်ရာ မီဒီယာနဲ့ အစိုးရဌာနကသာ သိရှိနိုင်ပါလိမ့်မယ်။ တာဝန်ယူမှု အရေးကြီးမယ်လို့ပဲ ထင်မြင်ယူဆမိပါကြောင်း။
မူရင်းသတင်း---- Hmuu Zaw's



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:54:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34393] [Richard Aung] ပေါင် ၁၀ သန်းကျော်ဖိုး ပန်းချီကား ၇ ချပ် သူခိုး ခိုးခံရ

The Irrawaddy's Blog

ကမ္ဘာကျော်ပန်းချီကားတွေ သူခိုးခိုးလံလိုက်ရတဲ့ နယ်သာလန်နိုင်ငံကရိုတာဒမ်မှာ ရှိတဲ့ Kunsthal ပြတိုက်

ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူး၊ ကြားဖူးတယ် မမှတ်ပါနဲ့။ ကမ္ဘာကျော် တန်ကြေးကြီး ပန်းချီကားချပ်တွေ ခိုးခြင်း ခံရတာ အခု ကိစ္စက တကယ်ဖြစ်သွားပါတယ်။
နာမည်ကြီး ပန်းချီပြခန်း တခုကနေ စတာလင်ပေါင် သန်းနဲ့ချီတန်တဲ့ နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီ ကား ၇ ချပ်ဟာ သူခိုး ခိုး ခံလိုက်ရပါတယ်။

သူခိုးခိုးခြင်းခံရတဲ့ မိုးနေးရဲ့ ပန်းချီကားတချပ်

အောက်တိုဘာလ ၁၆ ရက်နေ့ သတင်းတခုမှာ ပီကာဆို၊ မိုနေတို့ရဲ့ လက်ရာတွေ ပါတဲ့ စတာလင် ပေါင် ၁၀ သန်းကျော် တန် တဲ့ ပန်းချီကားတွေကို နယ်သာလန်နိုင်ငံ၊ ရိုတာဒမ်မှာ ရှိတဲ့ Kunsthal ပြတိုက်ကနေ သူခိုးတွေက ခိုးသွားခဲ့တာပါ။
ခေတ်သစ် မော်ဒန် ပန်းချီဆရာကြီးတွေဖြစ်ကြတဲ့ Henri Matisse ၊ Paul Gaugin၊ Lucien Freud နဲ့ Meyer de Haan တို့ရဲ့ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေလည်း ပျေက်ဆုံးနေတဲ့ စာရင်းထဲမှာ ပါတယ်လို့ ရဲက ပြောပါတယ်။

သူခိုးဖောက်ထွင်းပြီး ပြတိုက်ကို ရဲက စစ်ဆေးနေပုံ

ရိုတာဒမ်ရဲ ပြောခွင့်ရ အမျိုးသမီး Patricia Wessels က ပြောတာက သူခိုးတွေက ညဖက်မှာ ဖောက်ဝင်ပြီး ပန်းချီကားတွေ ထဲက တချို့ကိုသာ ခိုးယူသွားတာဟာ တော်တော် စဉ်းစားစရာဖြစ်နေတယ်လို့ ဆိုပါ တယ်။
အထူး စုံစမ်းစစ်ဆေးမှုတွေလည်း သဲလွန်စတွေကို ကောက်ပြီး လုပ်ဆောင်နေပါတယ်လို့ သိရပါတယ်။
"သူတို့ ဘယ်လို ၀င်လာတယ်၊ ဘယ်အချိန်မှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေ လုပ်နေတယ်ဆိုတာ ကျမတို့ စုံစမ်း စစ်ဆေး နေဆဲပါ" လို့ သူက ဆိုပါတယ်။

သူခိုးဖောက်ထွင်းပြီး ပြတိုက်ကို ရဲက စစ်ဆေးနေပုံ

သူခိုးတွေဟာ အဲဒီနေ့ မနက် ၃ နာရီလောက်က ဖော်ထွင်းခဲ့နိုင်တယ်လို့ ရဲတွေက ယုံကြည်နေကြပါတယ်။
သူခိုး ခိုးခံလိုက်ရတဲ့ ပန်းချီးကားတွေထဲမှာ Pablo Picasso ရဲ့ 'Harlequin's Head'၊ Henri Matisse ရဲ့ 'La Liseuse en Blanc et Jaune' နဲ့ နောက်ထပ် ၂ ကားကတော့ မိုးနေးရဲ့ 'Waterloo Bridge, London' နဲ့ 'Charing Cross Bridge, London' အမည်ရတဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။
ကျန်တဲ့ ပန်းချီးကားတွေကတော့ Paul Gauguin ရဲ့ 'Femme Devant une Fenetre Ouverte, dite La Fiancee', Meyer de Haan ရဲ့ 'Self-portrait' နဲ့ Lucian Freud ရဲ့ 'Woman with Eyes Closed' အမည်ရတဲ့ပန်းချီကားတွေပဲ ဖြစ်ကြပါတယ်။
ရဲက အစောပိုင်း သူခိုး ခိုးခံရတာကို ထုတ်ပြန်ကြေညာဖို့ ငြင်းဆန်ခဲ့ပြီးမှနောက်ပိုင်း ရမ်းတာဒမ်းမှာ ရှိတဲ့ Kunsthal ပြတိုက်က ပန်းချီကား ၇ ခုကို အင်္ဂါနေ့က သူခိုးခိုးခံရတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သူခိုးတွေဟာ သေချာ စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်လို့ သုံးသပ်ကြပြီး အခုတော့ ပြတိုက်ကို လုံခြုံရေးတွေလည်း တိုးမြှင့်ထားလိုက်ရပါပြီ။ သူခိုးတွေဟာ သက်သေဖြစ်မယ့် လုံခြုံရေး ဗီဒီယို မှတ်တမ်း ရိုက်တဲ့ ကင်မရာကိုလည်း ဖြတ်တောက်ထား ပါတယ်တဲ့။
နောက် ညဖက် အချက်ပေး လုံခြုံရေး ခေါင်းလောင်း စနစ်ကလည်း အလုပ်မလုပ်ခဲ့ကြောင်း၊ သူခိုးတွေ ဟာ ပြတိုက် အရာရှိတွေ ပြတိုက်ကို ရောက်လာတဲ့အချိန်မှာ ထွက်သွားခဲ့တာဖြစ်ပါတယ်လို့ ရဲပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။
အခု သူခိုးဖောက်ထွင်းခံလိုက်ရတဲ့ ဒတ်ခ်ျက ပြတိုက် Kunsthal မှာ သူ့ကိုယ်ပိုင် စုဆောင်းထားတာတွေ ကို အမြဲပြထားတာမျိုး မဟုတ်ပါဘူး။ ဒီပြတိုက်က ဓာတ်ပုံတွေ၊ ပန်းချီ၊ ပန်းပုတွေ၊ ဒီဇိုင်း၊ ဖက်ရှင်တွေ စတဲ့ အနုပညာ လက်ရာတွေကို ပြပွဲတွေ လုပ်ပြီး ရောင်းချပေးလေ့ရှိတာပါ။
ကမ္ဘာကျော် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Van Gogh၊ Marcel Duchamp၊ Piet Mondriaan၊ Paul Cezanne၊ Salvador Dali၊ Roy Lichtenstein နဲ့ Andy Warhol တို့ရဲ့ လက်ရာတွေပါတဲ့ ထရီ တန် ဖောင်ဒေးရှင်းပိုင် ပန်းချီကားပေါင်း ၁၅၀ ကို ပြသနေတဲ့ အနှစ်၂၀ ပြည့် နှစ်ပတ်လည် ပြပွဲကို ဒီပြတိုက်က မကြာသေးခင်ရက်ပိုင်း ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:53:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34393] [Richard Aung] ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာ

ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံရောက် မလေးရှား ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။
သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချခဲ့သူ ဖြစ်ပါတယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေ
ပြီး စစချင်း iTune စတိုးမှာ ဒေါင်းလုခ်ဆွဲမှု အကြိမ်ပေါင်း ၈သိန်း၈သောင်း ကျော်လွန်ခဲ့ပါတယ်။ ယင်း App ကို စတင်ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်းကထုတ်တဲ့ Apple IIGS ကွန်ပျူတာနဲ့ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန်က CNN ရုပ်သံလိုင်းမှလည်း အင်တာဗျူးခဲ့ပြီး စင်္ကာပူမြို့ ရဲ့  ဂုဏ်ရှိန်ကြီးရတဲ့ အကြောင်းအရင်းမှာ ယင်းကလေးငယ် Lim Ding Weng ကို ထည့်သွင်းခဲ့ပါတယ်။
Doodle Kids အပြင် Invader War တို့လို နာမည်ကြီး app နဲ့ အခြား application ပေါင်းများစွာကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Invader War 2 ရေးဆွဲလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ သူဟသာ Objective-C, Java, JavaScript နဲ့ ActionScript တို့လို အခြား ဆော့ဖ်ဝဲ/ပရိုဂရမ်များကို ကောင်းကောင်းအသုံးချ၊ရေးဆွဲ တတ်သူ တစ်ဦး ဖြစ်နေပြီလို့ သိရပါတယ်။
မြန်မာပြည်မှာဆိုရင်လည်း အသက် ၁၀ နှစ်မပြည့်သေးပဲ ဒိုတာဂိမ်းကောင်းကောင်း ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ ဂျပန်ကာတွန်းထဲမှာ ဇာတ်ကောင်အားလုံး အလွတ်ရနေသူများ၊ ဂိမ်မာကြီးတို့နဲ့ ယှဉ်ပြိုင်ဆော့ကစားနိုင်တဲ့ ကလေးငယ်များ၊ PSP ဂိမ်းကို ဆရာတစ်ဆူလို ဆော့ကစားနိုင်တဲ့ ကလေးငယ်များ ရှိနေပါတယ်။

ယင်းကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုင်တီဆိုင်ရာ ကုန်ပစ္စည်းများကို စိတ်ဝင် စားပြီး ဝါသနာ ပါပါ ကိုင်တွယ်နေတတ်တဲ့ ကလေးငယ်များ ကို သေချာလေ့ ကျင့်သင်ကြားပေးရင်၊ အိုင်တီနဲ့ ဆက်စပ်ပညာများ သင်ကြားပေးရင် အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ စာဖတ်သူတို့ရဲ့  အသိုင်းအဝိုင်းထဲမှာ ယခုလို ထူးချွန်တဲ့ ကလေးငယ်များရှိရင် လမ်းမှားမရောက်အောင် နည်းပညာဆိုင်ရာ အသိနဲ့ ပညာများ သင်ကြား လေ့ကျင့်ပေးစေလိုပါတယ်။

By: မြန်မာ့ပာာသနှင့်သတင်းများ



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:52:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34393] [Richard Aung] ကွန်ပျူတာ မော်နီတာပေါ်မှာ Graffiti ရေးနည်း

TechSpace Journal

Graffiti ၀ါသနာရှင်တွေ အနေနဲ့ Graffiti ကို အဆောက်အဦး နံရံတွေ ၊ အုတ်တံတိုင်းတွေ ၊ ဂိုဒေါင်တွေ နောက်ဖေးလမ်းကြားတွေမှာ ရေးနေတာကနေ ကွန်ပျူတာ မော်နီတာပေါ်မှာ ရေးတာဆိုတော့ နည်းနည်းတော့ စဉ်းစားစရာဖြစ်သွားမှာပါ ။ ဟုတ်ပါတယ် ပြင်ပပတ်ဝန်းကျင်မှာ မှုတ်ဆေးတွေ ၊ Marker Pen တွေ ၊ အိုးမည်းခဲတွေ ၊ မြေဖြူတွေ အမျိုးမျိုးသုံးပြီးရေးတာထက် အခုတော့ ကွန်ပျုတာ မော်နီတာပေါ်မှာပဲ အင်တာနက်အသုံးပြုပြီး Graffiti ရေးတာကို ဆိုလိုတာဖြစ်ပါတယ် ။ အပြောင်းအလဲပေါ့ ။
အွန်လိုင်း Graffiti အတွက် ပထမဆုံး ကွန်ပျုတာတစ်လုံးတော့ လိုပါမယ် ။ ပြီးတော့ ထုံးစံအတိုင်း ကော်နက်ရှင်ကောင်းကောင်းနဲ့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှုလေး တစ်ခုလောက်တော့ရှိမှဖြစ်မှာပါ ။ အဲဒီ့ နှစ်ခု ရှိနေရင်တော့ အခြေခံလိုအပ်တွေ ပြီးပြည့်စုံပြီလို့ ဆိုနိုင်ပါတယ် ။ ရက်ကွက်ထဲက အုတ်တံတိုင်း အလွတ်မှာ ညဘက် ခိုးပြီး Graffiti ဆွဲတာထက်တော့ ပိုပြီး အဆင်ပြေလွယ်ကူမယ်လို့ထင်ပါတယ် ။
ကွန်ပျုတာလည်း ဖွင့်ပြီးပြီ အင်တာနက်လည်း ရနေပြီဆိုရင်တော့ www.graffiticreator.net ကို Browser ကနေ၀င်လိုက်ပါ ။ သင့် စိတ်ကြိုက် Graffiti ကို ဖန်တီးရေးဆွဲပေးမယ့် Flash Base Website တစ်ခုကို ကော်နက်ရှင်ပေါ်မူတည်ပြီး ရောက်ရှိသွားပါလိမ့်မယ် ။ အရမ်းကို လွယ်ကူ ပါတယ် ပြီးတော့ စိတ်ကူးညဏ်တွေနဲ့ ဖန်တီးပေါင်းစပ်ခွင့်ကိုပေးထားပါတယ် ။ ပထမဆုံး Website စာမျက်နှာကနေ ပေါ်လာမှာက Graffiti ရေးဆွဲသူ Mindgem ရဲ့ Style နဲ့ Font ပုံစံ အသုံးပြု Application တစ်ခုပါ ။ စာလုံးရေ အများဆုံး ၈ လုံးအထိ ရေးဆွဲလို့ရပါတယ် ။ အဲဒီ့မှာ အောက်ခံစာလုံးကို မိမိစိတ်ကြိုက် အရင်ဆုံး ရေးသွင်းပြီး Generate လုပ်ရပါမယ် ။ Nickname ၊ Group Name အစရှိသဖြင့် စာလုံးရေ ၈ လုံးထက်တော့ ပိုလို့ မရတာ နည်းနည်း သတိထားပါ ။ အခမဲ့ Website တွေရဲ့ ထုံးစံအတိုင်း ကန့်သတ်ချက်လေးတွေကတော့ ရှိပါတယ် ။

ပြီးတော့ ကာလာဖြည့်ရပါမယ် ။ ရိုးရိုးလေး ကာလာဖြည့်မယ်လို့ ဆိုလိုက်ပေမယ့် ဒီနေရာမှာ အဆင့်တွေ အများကြီး အခန်းဏ္ဍတွေ အများကြီး စိတ်ကူးတီထွင်ဆန်းသစ်မှုတွေ အများကြီးဆိုတာ Graffiti Crazy တွေ သိပြီးသားဖြစ်မှာပါ ။ နံရံပေါ်မှာ စာလုံးကောက်ကြောင်းတွေရေးဆွဲပြီး ကာလာသွင်းဖို့ လက်မှိုင်ချပြီး စဉ်းစားမရဖြစ်တာမျိုး ဒီနေရာမှာ ကြုံရပါလိမ့်မယ် ။ အပြင်မှာ ဆွဲတုန်းက ကာလာမသွင်းနိုင်ပဲ မပြီးသေးလို့ ပစ်ထားပြီး ထွက်ပြေးလို့ ရပေမယ့် အခုတော့ ကွန်ပျုတာပေါ်မှာပဲ ရေးဆွဲတာဆိုတော့ ထွက်ပြေးစရာတော့မလိုပါဘူး ။ နည်းနည်းလေး ဦးနှောက်ခြောက်ရုံတင်ပါ ။ အရောင်သွင်းခြင်း ပထမအဆင့် အနေနဲ့ စာလုံးတစ်ခုလုံးရဲ့ အဓိကအောက်ခံ အရောင်ကို ထည့်ရပါမယ် ။
အရောင်တွေထည့်တဲ့ နေရာမှာ ထည့်ချင်တဲ့အရောင်ကို စိတ်ကြိုက်စပ်ဟပ်ပြီးထည့်နိုင်ပါတယ် ။ အပြင်က နံရံမှာရေးတာလို အရောင်မကြိုက်လို့ ပြန်ဖျက်ရတာမျိုးမရှိတော့ဘူးပေါ့ ။ စိတ်ကြိုက်အရောင်ကို အနုအရင့် လိုသလို ဖန်တီးရေးဆွဲခွင့်ပေးထားပါတယ် ။ မှုတ်ဆေးဘူးတွေ အများကြီးမကုန်တော့သလို ပြန်ပြင်ပြန်ဖျက်လို့ရတော့ အချိန်ကုန် လူပန်းသက်သာပါတယ် ။
ဒုတိယ အဆင့်အနေနဲ့ Application ထဲမှာရေးထားသလို Sunset နဲ့ Sunrise ဆိုတဲ့ စာလုံးတစ်ခုချင်းစီရဲ့ အပေါ်နဲ့အောက်ဖက်က အောက်ခံအရောင်များကို ထပ်ပြီးချယ်မှုန်းရပါလိမ့်မယ် ။ မဖြစ်မနေတော့မဟုတ်ပါဘူး - အဆင့်တစ်ခုအနေနဲ့ပါ ။ မထည့်ချင်လို့ ကျော်သွားလည်း ပြဿနာမရှိပါဘူး ။
တတိယ အဆင့်အနေနဲ့တော့ Bubbles လို့ရေးထားတဲ့ စက်ဝိုင်းပုံ ဆေးစက်ကျတဲ့ စတိုင်လ်ကို ကိုယ့်စိတ်ကြိုက်အရောင်နဲ့အတူ ထည့်သွင်းရမှာပါ ။ ဒီအဆင့်က ဘာနဲ့တူလည်းဆိုတော့ နံရံတွေပေါ်မှာ Graffiti ရေးပြီးသွားတဲ့အခါ ပုံပေါ်ကို ကျန်နေသေးတဲ့ ဆေးတွေနဲ့ ဖြစ်ကတတ်စမ်း ပတ်လိုက်လို့ဖြစ်သွားတဲ့ ဆေးစက် အ၀ိုင်းလေးတွေနဲ့တူပါတယ် ။ အဲဒီ့ ဆေးစက်အ၀ိုင်းကိုပဲ ဒီဇိုင်း နေရာ ၂ မျိုးနဲ့ ထည့်သွင်းဖို့ စီစဉ်ပေးထားပါတယ် ။
နောက်ထပ် ထပ်ဖြည့်လို့ရမယ့် အဆင့် တစ်ခုကတော့ Stripes လို့ခေါ်တဲ့ Graffiti စာလုံးပေါ်မှာ အစင်းတွေထပ်ထည့်တာပါ ။ စိတ်ကူးကောင်းရင်ကောင်းသလို အဆင်ဒီဇိုင်း ၃ မျိုးလောက်နဲ့ ဆန်းသစ်တီထွင်ပြီး ခြယ်မှုန်းလို့ရပါမယ် ။

အဲ့ဒီ အဆင့်တွေအားလုံးပြီးရင်တော့ အခြေခံ စာလုံးဒီဇိုင်းရဲ့ Shadow ကို အရောင်အမျိုးမျိုးနဲ့ ထည့်သွင်းဖို့ ဖြစ်လာပါလိမ့်မယ် ။ Shadow ပြီးမှ အောက်လိုင်းတွေ အနားသတ်မျဉ်းတွေ Highlight ဘောင်အနားသတ်တွေ လိုသလိုစိတ်ကြိုက်ထပ်ထည့်ပေါ့ ။ ဒါက Graffiti ရေးဆွဲသူ Mindgem ရဲ့ ဒီဇိုင်း Font အမျိုးကွဲတွေထဲက တစ်ခုပါ ။ နောက်ထပ် Style ၁၀ မျိုးပေးထားပါသေးတယ် ။ Style တစ်မျိုးနဲ့ တစ်မျိုး အသုံးပြုပုံခြင်း သိပ်တော့ မကွာပေမယ့် အရောင်သွင်းတဲ့ အခါမှာ အဆင့်တွေ အနည်းငယ်ကွာခြားသွားပါတယ် ။ အမျိုးမျိုးသော Font Style တွေကိုလည်း စမ်းသပ်ပြီးသွားပြီ ကိုယ့်စိတ်ကြိုက် Graffiti ကိုလည်းရေးဆွဲပြီးသွားပြီ ဆိုရင်တော့ ဘာဆက်လုပ်မလဲ စဉ်းစားစရာဖြစ်လာပါလိမ့်မယ် ။ ကွန်ပျုတာကို မပိတ်ပဲ ဒီအတိုင်းထားပြီး Graffiti ကို ခံစားမနေမှာတော့ ကျိန်းသေပါတယ် ။ ဒါဆိုရင် အပြင်ထုတ်ဖို့ ကြိုးစားကြည့်ရအောင်ပါ ။ ပေးထားတဲ့ Font ၁၀ မျိုးထဲမှာ တချို့ Font တွေက ကွန်ပျုတာထဲမှာ ပြန်လည်သိမ်းထားဖို့ Save လုပ်ခွင့်ပေးထားပေမယ့် သိပ်ပြီး အဆင်မပြေပါဘူး ။ Resolution ကောင်းကောင်းမရပါဘူး ဖုန်းထဲမှာထည့်ပြီး သူငယ်ချင်းတွေကို ပြန်ကြွားဖို့ လောက်ပဲဖြစ်ပါလိမ့်မယ် ။ အဲ့ဒီတော့ Website ရေးဆွဲသူကိုယ်တိုင်က လိုလိုလားလားမပေးတာကို Print Screen တွေဘာတွေလုပ်ပြီးလည်း ယူမနေပါနဲ့ ။ ရှုပ်ပါတယ် ကိုယ့်အတွက်လည်း အသုံးဝင်မယ် အသုံးပြုဖို့လည်းလိုအပ်မယ် ဆိုရင်တော့ ပိုက်ဆံပေးပြီး ၀ယ်လိုက်တာကောင်းပါတယ် ။
http://www.customgraffiti.net/ ကိုထပ်ပြီးသွားရပါလိမ့်မယ် ။ နမူနာပုံတွေ အများကြီးဆွဲပြထားပါတယ် ။ အဲ့ဒီထဲကမှ ကိုယ်လိုချင်တဲ့ Theme ၊ ကိုယ်လိုချင်တဲ့ စကားလုံး နဲ့ ဒီဇိုင်းကို မေးလ်ပေးပို့ပြီးမှာယူရမှာပါ ။ $10 USD per letter! လို့ ပေါ်တင် ဈေးပြောထားပါတယ် ။ အော်ဒါအပ်မယ်ဆိုပြီး မေးလ်းပို့လိုက်ရင် ကိုယ်လိုချင်တဲ့ပုံစံအတိုင်းဆွဲထားတဲ့ Graffiti နမူနာကို Resolution ချထားတဲ့ File နဲ့ မေးလ်ပြန်လည်ပေးပို့ပါလိမ့်မယ် ။ အဲ့ဒါကို ကြိုက်မှ အွန်လိုင်းကနေငွေချေပြီးမှ Resolution ကောင်းကောင်းနဲ့ မူရင်း Photoshop ဖိုင်တွေကို မူပိုင်ခွင့်နဲ့တကွပြန်လည်ပေးပို့မယ်လို့ ဆိုထားပါတယ် ။

ဒီအပေါ်က Graffiti Creator Application က အခမဲ့လို့ပြောထားတဲ့အတိုင်းပဲ Graffiti ကို မြည်းစမ်းကြည့်ရုံ ၊ စမ်းသပ်ရေးဆွဲကြည့်ရုံနဲ့ ကာလာစပ်တာတွေကို လက်တည့်စမ်းရုံသက်သက်လောက်ပဲ အသုံးဝင်ပါမယ် ။ အဲ့ဒီတော့ Creator နဲ့ Graffiti ရေးဆွဲရတာဟာ ပြင်ပမှာရေးဆွဲဖို့ အတွက် အများကြီးအထောက်အကူပြုပါလိမ့်မယ် ။ တကယ်တမ်း Graffiti ရဲ့ အနှစ်သာရကိုလည်း ပြင်ပကမ္ဘာမှာ ရေးဆွဲမှ ရတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ ။ အဲ့ဒီတော့ Graffiti Tutorial လို့ ပဲသဘောထားပြီး အခမဲ့ပေးထားတဲ့ Application ကို အသုံးပြုစေလိုပါတယ် ။ လွတ်လပ်မှု ခံစားမှု ဖန်တီးမှု နဲ့ ပေါက်ကွဲမှုရသတွေကိုတော့ ပြင်ပလောက နံရံများပေါ်မှာပဲ ရှာဖွေတွေ့နိုင်ပါလိမ့်မယ် ။
Cyra ( TSJ Tech Team )



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:52:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34401] [Richard Aung] ကိုမင်းကိုနိုင်မွေးနေ့ နှင့် ထိန်လင်း(အခမဲ့)ဆေးခန်း ဖွင့်ပွဲ

ကိုမင်းကိုနိုင်မွေးနေ့ နှင့် ထိန်လင်း(အခမဲ့)ဆေးခန်း ဖွင့်ပွဲ

၈၈ မျိုးဆက်ကျောင်သား ကိုမင်းကိုနိုင် ၏ အသက် ၅၀ ပြည့်မွေးနေ့အထိမ်းအမှတ် " ထိန်လင်း " ( အခမဲ့ ) ကုသိုလ်ဖြစ်ဆေးခန်းဆိုင်းဘုတ်တင်ပွဲ နှင့် ကိုမင်းကိုနိုင်မွေးနေ့အမှတ်တရ ကွန်ပျုတာ သင်တန်း ဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာ ၁၈ ရက်နေ့ မနက် ၉ နာရီက ယုဇနဥယျာဉ်မြို့တော် ပိတောက်လမ်းရှိ ထိန်လင်း (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက်ကျောင်းသားများနှင့်အတူ အနုပညာရှင်များတက်ရောက်ခဲ့ကြသည်။

Popular Myanmar News Journal



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:51:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34393] [Richard Aung] iPhone 5 မှာ မြန်မာစာအဆင်ပြေ

iPhone 5 မှာ မြန်မာစာအဆင်ပြေနေတာတွေ့တယ်မလား ။
MyanChat လို့ခေါ်တဲ့ Gtalk ဆော့ဝဲလေးသုံးထားတာပါ။ MyanChat ဆော့ဝဲလေးက Built-in မြန်မာစာကီးဘုတ်ပါဝင်ပြီးသားပါ။ မြန်မာလိုရေးနိင်ဖတ်နိုင်ပါတယ်။ iPhone 5 မှာ အဆင်ပြေပြေနဲ့ ဂျီတော့ကိုမြန်မာလိုသုံးလို့ရပါပြီ။ MyanChat for iPhone ကို iTunes Store မှာ 1.99 ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပါတယ်။ အောက်ကလင့်မှာ ရရှိနိုင်ပါတယ်။
https://itunes.apple.com/us/app/myanchat/id541922141?mt=8

Myanmar Mobile App Store



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:50:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34393] [Richard Aung] ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့အခမ်းအနား သတင်းများ

The Voice Weekly

လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် မိမိတို့၏မဲဆန္ဒနယ်မှပြည်သူများနှင့် ကင်းကွာခြင်းမရှိစေရန် လွှတ်တော်ပုံမှန်အစည်းအဝေးများကို တစ်နှစ်လျှင် ခြောက်လထက်မပိုသော ကာလသာကျင်းပရန် လွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို ပုသိမ်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းသည်။

Popular Myanmar News Journal

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ထီးချိုင့် မဲဆန္ဒနယ်မှ ဦးစိုးစိုး က ထီးချိုင့် - မြတောင် ဧရာဝတီ မြစ်ကူးတံတား တည်ဆောက်ရန်အစီစဉ် ရှိ မရှိ မေးမြန်းရာ ဆောက်လုပ်ရေး ၀န်ကြီးဌာန မှ လောလောဆယ် အစီစဉ် မရှိသေးကြောင်း နှင့် ဦးတင်မောင် (ချမ်းမြသာစည်) က ကော်ဖီစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအား နစ်နာမှု မရှိစေရေး အတွက် ကမ္ဘာ့ပေါက်ဈေး အတိုင်းထားရှိပေး ရန် စပ်လျဉ်းသည့် မေးခွန်းအား လယ်/ဆည် ၀န်ကြီးဌာန မှ တစ်ဧက
တွင် ထုတ်ပေးသော ချေးငွေ အား ထပ်မံတိုးပေးနိုင်မည့် အစိစဉ် မရှိသေးသည့် အပြင် ပြုလုပ်ရန် အစီစဉ် ရှိပါက ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြေကြားပြီး အစည်းအဝေးကို ခေတ္တရပ် နားလိုက်သည်။

Messenger News Journal

နယ်မြေတည်ငြိမ်အေးချမ်းမှ ဒီမိုကရေစီစနစ်ရှင်သန်မည်ဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်များအား လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ယနေ့ပြောကြားလိုက်သည်။
"နယ်မြေတည်ငြိမ်အေးချမ်းမှ ဒီမိုကရေစီရှင်သန်မှာဖြစ်ပါတယ် တရားဥပဒေစိုးမိုးရေးဆိုတာလည်းရှိလာမှာပါ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြဖို့လိုပါတယ် စည်းကမ်းပျက်ကွက်သူကိုလည်း ထိရောက်စွာအရေးယူဖို့ လိုပါတယ် "ဟု သူရဦးရွှေမန်က ပြောသည်။
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးပထမနေ့တွင် တပ်မတော်သားကိုယ်စားလှယ် ၁၅ ဦး ကိုအစားထိုးခဲ့ပြီး ယင်းကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

Eleven Media Group

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပထမနေ့ (အောက်တိုဘာလ ၁၈ ရက်) တွင် တပ်မတော်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့သည်။ လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်းနှင့်ပတ်သက်၍ - - အချို့သောလွှတ်တော် ကိုယ်စားလှယ်များသည် မေးခွန်းများအား ခြောက်ကြိမ်၊ ခုနစ်ကြိမ်၊ ရှစ်အထိ မေးမြန်းခွင့် အဘယ်ကြောင့်ရရှိကြောင်း ၊ - ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ နစ်နာမှုမရှိစေရေးအတွက် ကမ္ဘာ့ပေါက်ဈေးအတိုင်း ရရှိရန်အတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ - ထီးချိုင့်-မြတောင် ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ရန် အစီအစဉ်ရှိ၊ မရှိ၊ - မင်းတပ်မြို့တွင် ရှေးဟောင်းပစ္စည်းပြတိုက် အဆောက်အဦ ဆောက်လုပ်ပေးနိုင်ရန် အခွင့်အလမ်းရှိ၊ မရှိ၊ ရှိပါက မည်သို့ ဆက်သွယ်ဆောင်ရွက်ရန်၊ - နာဂဒေသများတွင် ဘိန်းစိုက်ပျိုးနေမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ - ရန်ကုန်မြို့တော်တွင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နေ့စဉ်တိုးရေးချိုးဖောက်နေမှုများ၊ ဟွန်းမတီးရ အမိန့်များကြောင့် ယာဉ်အန္တရာယ်ပို၍ဖြစ်နေခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းများကို မေးမြန်းကြမည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့မဲဆန္ဒနယ်နှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေမှု မရှိစေရေး၊ နယ်မြေဖွံ့ဖြိုးရေး လုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ရေး အတွက် တစ်နှစ်လျှင် ခြောက်လထက် မပိုသော ကာလအထိသာ လွှတ်တော်ပုံမှန် အစည်းအဝေးများ ကျင်းပရန် လွှတ်တော်များသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းမည်ဖြစ်သည်။

Popular Myanmar News Journal

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးကို ယနေ့ (အောက်တိုဘာ ၁၈ ရက်နေ့)
နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ၌ စတင် ကျင်းပနေပြီဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်သူ့ကိုယ်စားလှယ် ၄၂၉
ဦး ရှိသည့် အနက် ၃၈၈ ဦးတက်ရောက် ကြောင်း သိရသည်။ယင်းအစည်းအဝေးတွင် ယခင်
တပ်မတော်သားဟောင်း ကိုယ်စားလှယ် ၁၅ ဦးနေရာတွင် တပ်မတော် သားကိုယ်စားလှယ်
အသစ်တို့ က ကတိသစ္စာ ပြုလက်မှတ်ရေးထိုးကာအစားထိုးလိုက်ကြောင်းတွေ့ရသည်။အစည်းအဝေး အစီစဉ်
အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်
ဥက္ကဌ တို့ အပါအ၀င် ကိုယ်စားလှယ် များ၏ နိုင်ငံခြားခရီးစဉ်များအား မှတ်တမ်းတင် နေ
ပြီး အမျိုးသားလွှတ်တော်အစည်းအဝေးကိုပါ ကျင်းပနေကြောင်းသိရသည်။

Eleven Media Group

ယနေ့(အောက်တိုဘာလ ၁၈ ရက်နေ့) တွင် ကျင်းပမည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် ၁) အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာခြင်းကို အသိပေး တင်ပြခြင်း၊ ၂) နိုင်ငံတော် အစိုးရမှ ဝေးလံခက်ခဲ၍ ၀န်ထမ်းလစာ နှစ်ဆ ခံစားခွင့် ပြုသင့်သော ဒေသ မြို့နယ်များ မကျန်ရှိအောင် ထပ်မံ လေ့လာစိစစ်၍ အမှန်တကယ် ပေးသင့်သည့် မြို့နယ်များကို ဆက်လက် ခွင့်ပြုသင့်ကြောင်း အဆိုတင်သွင်းခြင်း၊ ၃) နိုင်ငံ့ဝန်ထမ်းများအား အရေးယူ အပြစ်ပေးရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းနှင့် အညီ စစ်ဆေးခြင်းမပြုဘဲ တိုက်ရိုက်ထုတ်ပယ်မှုကြောင့် ၀န်ထမ်းများမှာ ထုချေဖြေရှင်းခွင့် မရသဖြင့် နစ်နာမှုများ ရှိနေပါ၍ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ စစ်ဆေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းခြင်း အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:49:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34380] [Richard Aung] ကင်ဆာ ကောလာဟလကြောင့် မိုဘိုင်း အင်တာနာ တပ်ဆင်ရေး အခက်ကြုံ

တင်ဇာအောင်
မိုဘိုင်းဖုန်း အသုံးပြုလိုမှု ပိုမိုများပြားလာသည်နှင့်အမျှ မိုဘိုင်း ဖုန်းလိုင်းများအတွက် ဆက်သွယ်ရေး တာဝါတိုင်များနှင့် အင်တာနာများ တပ် ဆင် ရန် စီစဉ်နေချိန်တွင် ခေါင်မိုးပေါ်တွင် တပ်ဆင်သည့် အင်တာနာများမှ ထွက်ရှိသော ရေဒီယိုလှိုင်းများသည်ကင်ဆာဖြစ်စေ သည်ဆို သော ကောလာဟလ က လုပ်ငန်း အတွက် အတားအဆီးတခု ဖြစ်နေသည်။
လက်ရှိစာရင်းများအရ ရန်ကုန်မြို့မှာ မိုဘိုင်းဖုန်းသုံးတဲ့သူ ၉ သိန်းခွဲကျော် ရှိနေပြီ ဖြစ်သည်။ တချိန်တည်းတွင် ဖုန်းလိုင်းအသံများ ကြည် လင် ပြတ်သားမှု မရှိခြင်း၊ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေခြင်းများက နိစ္စဓူဝ ကြုံနေကြရသည်။
နေရာနှင့် ကုန်ကျစားရိတ်ကြောင့် တာဝါတိုင်များအစား ရန်ကုန်နှင့် မြို့ကြီးများတွင် အဆောက်အဦများ ခေါင်မိုးပေါ် တွင် တပ်ဆင်သော မို ဘိုင်း Roof Top Antenna ကို တပ်ဆင်ပြီး ဖုန်းလိုင်းကွန်ယက်များ ပိုမိုကောင်းမွန်လာစေရန် ဆက်သွယ်ရေးက အိမ်ရှင်များနှင့် ညှိနှိုင်း ဆွေး နွေးလျက်ရှိသည်။
ဆက်သွယ်ရေးမှ ကျွမ်းကျင်သူများနှင့် ဆေးပညာရှင်များက မိုဘိုင်း Roof Top Antenna များမှ ထွက်သော လှိုင်းများသည်ဘေးဥပဒ် မ ပေး ကြောင်း ရှင်းပြထားသော်လည်း စိုးရိမ်မှုက လူအချို့တွင် ရှိနေဆဲ ဖြစ်သည်ဟု အင်တာနာများ တပ်ဆင်မှုအတွက် ဆက်သွယ်ရေးမှ လွှဲ အပ် ခြင်းခံထားရသော ခိုင်သစ္စာ ကုမ္ပဏီ၏ တာဝန်ရှိသူ တဦးက ပြောသည်။
မိုဘိုင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြီးခဲ့သည့် သြဂုတ် လအတွင်းက ကျင်းပခဲ့သည့် ဆက်သွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ခေါင်မိုးပေါ် အင်တာနာများမှာ လူများကို ဘေးဥပဒ် မရှိစေကြောင်း ပြောကြားခဲ့ဖူး သည်။
ထို့အပြင် မိုဘိုင်းဖုန်းများအတွက် ခေါင်မိုးပေါ် အင်တာနာများ တပ်ဆင်ခြင်းနှင့် ပတ်သက်၍လည်း ဆေးပညာဆောင်းပါးများကို ပြည် တွင်း ဂျာနယ်များတွင် ရေးသားသူ ဒေါက်တာ မြင့်ဦး (ဂျီပီ) ကလည်း "ကျနော်တို့ လေ့လာထား သလောက်၊ ရှာဖွေ ဖတ်ရှုထားသလောက် ပြော ရမယ်ဆိုရင် အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်တဲ့ Roof Top Antenna တွေ က ရေဒီယိုလှိုင်း ထွက်တာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလို မိုဘိုင်းဖုန်း တာဝါတိုင်တွေကြောင့် ကင်ဆာ ဖြစ်တယ် လို့တော့ မကြားဖူးသေးပါဘူး။ သူ ကချက်ပြုတ်တဲ့ oven (ဖို)တွေက ထွက်တဲ့ ရေဒီယို လှိုင်းနဲ့တူပါတယ်။ ပြီးတော့ခေါင်မိုးပေါ်က တာဝါတိုင်က လွှင့်တာက လူနဲ့ တိုက်ရိုက် ထိတွေ့မှာ မဟုတ်ပါဘူး။ ဆေးပညာ လောကမှာ အခု ချိန်ထိတော့ ဒါကြောင့် ကင်ဆာဖြစ်တယ် ဆိုတာ မကြားမိသေးပါဘူး" ဟု ပြောသည်။
ရန်ကုန်မြို့ ၁၆ နေရာခန့်တွင် ခေါင်မိုးပေါ် အင်တာနာများ တပ်ဆင်ရန် လိုအပ်နေသည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး အရာရှိတဦးက ပြော သည်။
ခေါင်မိုး အင်တာနာများ တပ်ဆင်ရန် နေရာရှာရခြင်းနှင့် ညှိနှိုင်းရများသည် ရန်ကုန်တွင် အခက်ခဲဆုံးဖြစ်သည်ဟု မိုဘိုင်းတာဝါတိုင်တပ် ဆင် ခြင်း လုပ်ကိုင်နေသည့် Elite Tech ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းခင်မောင်အေး က ပြောသည်။
"နေရာက တပ်ဖို့ လိုအပ်ပေမယ့် အခန်းရှင်နဲ့ ညှိမရလို့ တပ်လို့ မရတာလည်း ရှိပါတယ်။ ရေဒီယို လှိုင်း လွှင့်တဲ့ ပြဿနာ ကို စိုးရိမ်ကြတာ ပါ။ ကျနော်တို့ကတော့ အိမ်ရှင်က လက်မခံဘူးဆိုရင်လည်း အဲဒီ Network (ကွန်ယက်)ထဲမှာ ရှိတဲ့နောက်တနေရာ ကြိုးစားရပါတယ်" ဟု ဆို သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းလိုင်း ချဲ့ထွင်တပ်ဆင်မည့် စီမံကိန်းအရ မိုဘိုင်းဖုန်းများ လိုင်းမိရေးကိုလည်း ဦးစားပေးလုပ် ကိုင် ရမှာ ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း ဖုန်းကိုင်လာနိုင်မည်ဟု မှန်းဆထားကြသည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:48:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34380] [Richard Aung] ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ပြောဆိုလာရတဲ့ သတင်းမီဒီယာ လောက

DVB

အခုတလော ပြည်တွင်းမီဒီယာလောကမှာ ထူးခြားတာ တခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက မက်ဆင်ဂျာ ဂျာနယ်နဲ့ ပြည်မြန်မာဂျာနယ် ၂ စောင်ကို တရားစွဲဆိုဖို့အတွက် မန္တလေးခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထားလိုက်တဲ့ သတင်းပါ။

တဆက်တည်း အမေရိကန် ခရီးစဉ်က ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီကိစ္စ မေးမြန်းခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မပြောစဖူး မီဒီယာ ကိစ္စတွေ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ပြည်တွင်း သတင်းဂျာနယ်တွေ အပါအ၀င် မီဒီယာတွေကို တရားစွဲတာဟာ သင့်တော်တဲ့ ကိစ္စ တခု ဖြစ်ပါသလား။ မသင့်တော်ဘူးဆိုရင်၊ မီဒီယာတွေ မမှန်မကန် ရေးသားဖော်ပြရင်၊ ဘာနဲ့ ထိန်းညှိလို့ရမလဲ၊ စတာတွေကို ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးဥာဏ်ဝင်းက ဂျာနယ် ၂ စောင်ကို တရားစွဲတဲ့ သတင်း ထွက်လာတယ်ဆိုရင်ပဲ ဘာကြောင့်စွဲတယ်၊ ဘယ်လို ဖြစ်တယ် ဆွေးနွေးတာထက် တရားမစွဲသင့်ဘူး ဆိုတဲ့ ပြောဆိုမှုတွေ မီဒီယာလောကမှာ လျှံထွက်လာပါတယ်။ အဲဒီလူတွေ ပြောတာကတော့ အန်အယ်လ်ဒီ ပါတီကို အရင်ကရော အခုရော တလျှောက်လုံး မီဒီယာတွေက ပံ့ပိုးပေးခဲ့တယ်။ သတင်းတွေ ရေးပေးခဲ့တယ်၊ ဒါကြောင့် အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုအနေနဲ့ ဂျာနယ်တွေကို တရားမစွဲသင့်ဘူး ဆိုတာပဲဖြစ်ပါတယ်။ လက်ရှိ သည်ဗွိုက်စ် ဂျာနယ်နဲ့ လျှပ်တပြက်ဂျာနယ်ကိုလည်း ၀န်ကြီးဌာန တခုနဲ့ တိုင်းအစိုးရအဖွဲ့ တရားစွဲထားတာ ရှိနေတယ်။ ဒါကြောင့် အန်အယ်လ်ဒီရဲ့ လုပ်ပုံဟာ အဲဒီ အစိုးရဌာနတွေရဲ့ လုပ်ပုံတွေနဲ့ မကွာခြားဘူးလို့လည်း ဝေဖန်ကြပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီတရားစွဲမှုဟာ သတင်းထောက်ကို၊ သတင်းစာကို တိုက်ခိုက်တာ မဟုတ်ဘူး၊ တရားဥပဒေ စိုးမိုးမှုကို အထောက်အကူပြုချင်လို့ ဖြစ်တယ် ဆိုပြီး ရှင်းခဲ့ပါတယ်။ ဒါတင်မက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတိုးတက်ရေးအတွက် မှန်ကန်တဲ့ သတင်းဖြန့်ချိရေးဟာ အင်မတန်မှ အရေးကြီးတယ်၊ မှန်ကန်တဲ့ သတင်းကို ပျံ့သင့်တဲ့ အတိုင်းအတာ တခုအထိ ပျံ့အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က တချို့ ဩဇာ ရသွားပြီဆိုရင် ဒီဩဇာကို အလွဲသုံးစား လုပ်လာကြတဲ့အကြောင်း၊ ဒါဟာ အစိုးရအဖွဲ့ထဲမှာတင် မဟုတ်ဘဲ မီဒီယာလောကမှလည်း ရှိတတ်ကြောင်း ဒါကြောင့် ကိုယ့်ဩဇာကို တလွဲမသုံးဖို့ ပြောပါတယ်။ ဒါတင်မက မှန်မှန်ကန်ကန်ပြောရရင် တချို့မီဒီယာတွေဟာ အတော်ထောင်လွှားကြောင်း၊ ငါတို့က ရေးလိုက်ရင် ဒီလူကို ဂုဏ်သိက္ခာတက်အောင်လည်း လုပ်နိုင်တယ်၊ သိက္ခာကျအောင်လည်း လုပ်နိုင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်တတ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်သွားတာ ကြားကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပါပဲ။ လက်ရှိအချိန်ဟာ မီဒီယာသမားတွေ အားလုံး မီဒီယာလောကကို စတုတ္ထမဏ္ဍိုင် ပီပီပြင်ပြင် ဖြစ်လာအောင်ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ မီဒီယာကို စတုတ္ထမဏ္ဍိုင်လို့ ခေါ်ဝေါ်ပြီဆိုကတည်းက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေလိုပဲ အခြားသော မဏ္ဍိုင်တွေရဲ့ ထိန်းကျောင်းမှုကို အပြန်အလှန် လက်ခံရမှာဖြစ်ပါတယ်။ အထူးသဖြင့် တရားစီရင်ရေးမဏ္ဍိုင်ရဲ့ ထိန်းကျောင်းမှုကို လက်ခံရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မီဒီယာသမားတချို့က အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ မသမာတဲ့ စီးပွားရေးသမားတွေဟာ အင်အားတောင့်တင်းကြတယ်။ ဒါကြောင့် အဲဒီ ဌာနဆိုင်ရာတွေ စီးပွားရေး လုပ်ငန်းတွေက မီဒီယာတွေကို တချိန်ချိန် တရားစွဲနေရင် မခက်ပေဘူးလားလို့ စောဒကတက်တာမျိုးတွေလည်း ရှိပါတယ်။

တကယ်တော့ တရားစွဲတယ်ဆိုတာ စွဲချင်တိုင်းစွဲလို့ရတာ မဟုတ်သလို၊ အပြစ်ပေးချင်တိုင်း ပေးလို့ရတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် တရားစီရင်ရေး မဏ္ဍိုင် ယိမ်းယိုင်ပျက်စီးနေရင်တော့ စိုးရိမ်စရာ ကောင်းပါတယ်။ ဒါနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ပါတီရဲ့ အနှစ် ၂၀ ကျော် သမိုင်းကို အတုယူစရာကောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ ခေါင်းဆောင်နဲ့ ပါတီဝင် အများအပြားဟာ စစ်အစိုးရအဆက်ဆက်ရဲ့ မတရား ဖမ်းဆီး၊ တရားရုံးတင် ထောင်ချတာ ခံခဲ့ကြရပါတယ်။ အမှုပေါင်း ထောင်ချီပြီး သောင်းဂဏန်းတောင် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီလို မတရားဖမ်းဆီး ရုံးတင်တာတွေကို အန်အယ်လ်ဒီ ဘက်ကနေ တရားနည်းလမ်းကျကျပဲ ဥပဒေ အထောက်အကူပြု အဖွဲ့တွေရဲ့ အကူအညီနဲ့ တရားရုံးကနေ တတ်နိုင်သမျှ ရင်ဆိုင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီဟာ တရားစွဲဆိုမှုတွေကို တရားဥပဒေ လမ်းကြောင်းက ရင်မဆိုင်သင့်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ အာဏာပိုင်တွေ ၀င်ရောက်စွက်ဖက်မှုကြောင့် တရားဥပဒေ စိုးမိုးမှု မရှိတာကိုပဲ တလျှောက်လုံး ထောက်ပြခဲ့တာဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု ရှိလာအောင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီနေ့အချိန်ထိ ကျားကုတ်ကျားခဲ ကြိုးစားနေဆဲလည်း ဖြစ်ပါတယ်။

ခြုံပြီးပြောရရင် တနေ့တခြား ဩဇာကြီးမားလာတဲ့ မီဒီယာလောကဟာ စတုတ္တမဏ္ဍိုင် ပီပီသသ ဖြစ်လာဖို့ ဆိုရင် တရားစီရင်ရေး အပါအ၀င် အခြား မဏ္ဍိုင်တွေရဲ့ ထိန်းကျောင်းမှုကိုလည်း မလွဲမသွေ လက်ခံသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:48:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34380] [Richard Aung] အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေး

အမေရိကန် နိုင်ငံခြားရေးဌာန ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာနလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်
ကယ်ပို့စ်နာ (Michael Posner) နဲ့ အဖွဲ့ဟာ
ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ပထမဆုံးအကြိမ် လူ့အခွင့်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးမှုတွေဟာ အတော် အပြု သဘောဆောင်သလို အမေရိကန်ဘက်က အခုလို လူ့အခွင့် အရေးဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ဖို့ အတွက် လမ်းဖွင့်ထားကြောင်းလည်းပြောပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်ဆိုင်းစေဖို့ အရေးယူဒဏ်ခတ်မှုတွေ နှစ်ပေါင်း များစွာ ချမှတ်ခဲ့တဲ့ အမေရိကန်နိုင်ငံက ဒီမိုကရေစီရေး အပြောင်းအလဲတွေ လုပ်လာတဲ့ မြန်မာနိုင်ငံ အပေါ် မကြာသေးခင်ပဲ ပစ်ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးခဲ့ရာကနေ အခု ပထမဆုံးအကြိမ်အဖြစ် အမေရိကန်-မြန်မာလူ့အခွင့်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာနပြောခွင့်ရ Victoria Nuland ကပြောပါတယ်။
"အမေရိကန်အစိုးရရဲ့ မြန်မာအစိုးရနဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ တွေ့ ဆုံဆွေးနွေးမှု ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းက နေပြည်တော်မှာ လုပ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပို့စ်နာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန် ပြည်ထောင်စု အစိုးရဌာန အသီးသီးက အဖွဲ့ဝင် ၂၂ ဦး ပါဝင်တဲ့အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါတယ်။ ဒီအဖွဲ့ထဲမှာ သမ္မတ အိမ်ဖြူတော်၊ အမျိုးသား လုံခြုံရေး ဌာနကနေ ဒုသမ္မတရုံး၊ အမိမြေလုံခြုံရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အထောက်အကူပေးမှု ဆိုင်ရာအဖွဲ့တွေအထိ ပါပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက် လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရတရပ်လုံးရဲ့ ချဉ်းကပ် ဆောင်ရွက်မှု ဖြစ်ပါ တယ်။"
အခုပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ်ဆွေးနွေးပွဲရလာဒ်နဲ့ ပတ်သက်ပြီး အတော်အပြုသဘောဆောင် တာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။ အခုသွားရောက်ခဲ့တဲ့ အမေရိကန်ကိုယ်စားလှယ် အဖွဲ့ထဲမှာ လူ့အခွင့်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ထောင့်စုံက ဆွေးနွေးမယ့် ကျွမ်းကျင်သူတွေ ပါဝင်ပြီး မြန်မာ အစိုးရဘက်ကလည်း သူတို့နဲ့ လိုလိုလားလားဆွေးနွေးခဲ့တာကို သိရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လူ့အခွင့်ရေး ဆိုင်ရာ စံချိန်မီတဲ့ အစိုးရတရပ် ဖြစ်လာအောင်ကူညီဖို့ အမေရိကန်အစိုးရဘက်က လမ်းဖွင့်ထားတယ်လို့ လည်းပြောပါတယ်။
"အမေရိကန်အစိုးရဘက်က အခုအခါမှာ လူ့အခွင့်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ လမ်းဖွင့် ထားသလို မြန်မာနိုင်ငံအတွက် လူ့အခွင့်ရေးဆိုင်ရာ စံချိန်မီတဲ့ အစိုးရတရပ်ပေါ်လာရေးအတွက် ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။"
အမေရိကန်အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတယောက်မကျန် ပြန်လွှတ်ပေးဖို့ ဆက်လက် တိုက်တွန်းနေမှာဖြစ်သလို မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာစေဖို့ ဆက်လက် ကူညီသွားမယ်လို့လည်း ပြောပါတယ်။
လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်ပိုစ့်နာနဲ့ အဖွဲ့ဟာ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့လွှတ်တော်ရေးရာ ကိုယ်စားလှယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်က VOA ကို ပြောပါတယ်။
VOA (မြန်မာပိုင်း)



--
Posted By အောင်မျိုးကျော် to Richard Aung at 10/19/2012 04:48:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သျှမ်းပြည်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစိုးရတပ်ဖမ်းဆီးရိုက်နှက်

Posted: 18 Oct 2012 03:52 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နှင့်  ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရဒေသအတွင်းမှ ကျေးရွာအုပ်စု နှင့် ကျေးရွာ ချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့နယ် မန့်စံတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမေးမြန်းရိုက်နှက်    ခဲ့ကြောင်းစုံစမ်းသိရှိရသည်။
Taarng_Village
အောက်တိုဘာ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံအခြေစိုက် တပ်မှူးတဦးဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး သိန်းလွင် မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေးဆင့်ခေါ်ကာ ၄င်းတပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွား သည်ဟု တအာင်းလူငယ်အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို ကပြောပြသည်။

ဖမ်းခံသည့်အုပ်ချုပ်ရေးမှူးများမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းက အထက်ပန်း တောင်းရွာ၊ အောက်ပန်းတောင်းရွာ၊ အထက်မန်ဝယ်ရွာ၊ အောက်မန် ၀ယ်ရွာ၊ အထက်မန်ငိုင်ရွာ၊ အောက်မန်ငိုင်ရွာ၊ မန်းလန်းရွာ၊ မန်ပိန်းရွာ၊ ခေးခင်ရွာ၊ အုမ်လောတ်ရွာနှင့် နမ့်လင်းရွာ တို့ဖြစ်ကြောင်းသိရသည်။

''အစည်းအဝေးခေါ်တယ်ဆိုလို့ အစည်းအဝေးလာတက်တာ အဲဒီမှာကျတော်တို့ အားလုံးကို ကြိုးနဲ့တုတ်ပြီး ဖမ်းသွား တော့တာပဲ၊ လမ်းတစ်လျှောက်မှာကော တပ်စခန်းရောက်တော့ကော ကျတော်တို့ကို ရိုက်နှက်ညှဉ်းပန်း တော့တာပဲ၊ တုတ်နဲ့လည်းရိုက်တယ်၊ ကန်တယ်၊ အားလုံးကို ဒိုက်ထိုးခိုင်းတယ်  သွေးထွက်သံယိုဖြစ်သွားတဲ့အထိဘဲ'' ဟုကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်ကပြောပြသည်။

ထိုအစိုးရစစ်တပ်၏ ဖမ်းဆီး နှိပ်စက်ခံရသော ရွာအုပ်ချုပ်ရေးမှူးများကိုဖမ်းဆီးသည့်နေ့ ညနေပိုင်းကပြန် လွတ်ပေးခဲ့ ပြီဖြစ်သော်လည်း ရပ်ရွာ အုပ်ချုပ် ရေးတာဝန် ဆက်မယူရဲ တော့ ပဲ   နှုတ် ထွက်ကြမည်ဟုပြောဆို နေကြကြောင်း ဒေသ တွင်း သတင်းအရသိရသည်။

အဆိုပါဒေသတွင် ပလောင်နှင့် သျှမ်းလက်နက်ကိုင်တပ်များလှုပ်ရှားနေသောနေရာများ ဖြစ်ကြပြီး ကချင် KIA တပ် မှာမူမရှိသလောက်ဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးမိုင်းဘုန်းကျော် ကပြောပြသည်။

"ဒါကတမင်သက်သက် လုပ်လိုက်တာပဲ ။ ဒီအစိုးရစစ်တပ်တွေက  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို လိုက် တိုက်နေတာ သူတို့ထဲမှာ ထိခိုက်ဆုံးရှုံးမှုများတယ်လေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်အပေါ် ထွက်လာတဲ့ဒေါသ ကို အပြစ်မဲ့ ရွာသား တွေအပေါ်ပုံချလိုက်တာဘဲ။ တိုင်းရင်းသားတပ်တွေကို မထောက်ခံ အောင် ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် နေတာဖြစ်မယ်" ဟု သူကဆိုသည်။

အစိုးတပ်နှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကာလကြာသည်နှင့် အမျှလူ့အခွင့် ရေးချိုးဖောက်မှုများလည်း အများအပြားရှိလာသည်ကိုတွေ့ရသည်။




ထိုင်း မှောင်ခိုဒီဇယ် လီတာသိန်းချီ အစိုးရတပ်ငွေကောက်၍ တင်သွင်းခွင့်ပြု

Posted: 18 Oct 2012 03:51 AM PDT

လွန်ခဲ့သည့်လမှစ၍ သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်းအခြေစိုက်သည့်အစိုးရတပ်က လက်နက်ကိုင် တပ်ဖွဲ့တခုမှ တင်သွင်းသည့် ထိုင်းဒီဇယ်များအား တလီတာ(ထိုင်းငွေ) နှစ်ဘတ်နှုန်းဖြင့်ကောက်ကာနေ့စဉ် တင်သွင်းခွင့်ပြုနေသည်ဟု စုံစမ်းသိရှိရပါသည်။

"စက်တင်ဘာလလယ်ကနေ ဒီနေ့အထိဘဲ။ ဆီဘောက်ဇာကား နဲ့ နေ့တိုင်း တင်သွင်းနေတယ် ။   ဝ တပ် ဌာနချုပ် ဟွေ့အော့်မှာ သိုလှောင်ထားတယ် ပြောတယ် " - ဟု ထိုင်းနယ်စပ်ရောက် မိုင်းဟန်ရွာသား တဦး ကပြောပါသည်။

သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာတခု၏ ဌာနချုပ် ဟွေအော့်သို့ ထိုင်းမှ ဒီဇယ်များတင်သွင်းနေကြောင်း၊ တစီး ဂါလံ ၁၆၀၀ ဆန့် တရုတ်လုပ် ဆီဘောက်ဇာကားဖြင့် တရက်နှစ်စီးသယ်ယူနေကြောင်း၊ ထိုင်းမှ ဒီဇယ်သယ်ယူ သို လှောင်နိုင်ရေးအတွက် ဂိတ်စောင့်အစိုးရတပ် ခလရ ၂၂၅ နှင့် ၆၅ တို့ထံ တဂါလံ ၂ ဘတ်  ပိုက်ဆံပေး  ရ ကြောင်း - ဝ တပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောပါသည်။

"ဒီလုပ်ရပ်က ဒေသခံလူထုအတွက်  အကျိုးမရှိဘူး။ သျှမ်းပြည်ဝင်ငွေလဲ  မဟုတ်ဘူး။ ဒီမှောင်ခို ပစ္စည်းကို အစိုး ရစစ်တပ်က လာဘ်စားပြီးခွင့်ပေးတယ်။ ဝ တပ်ဖွဲ့အကျိုးသက်သက်အတွက်ဘဲလေ။ သူတို့ရဲ့ရာဘာခြံ လုပ်ငန်း၊ မော်တော်ယာဉ်အတွက် သုံးဖို့ဘဲ။ ခလရ ၂၂၅ ပြောင်းသွားတော့ ဒီဟာတွေရပ်သွားပြီလို့ ထင်နေ တာ။ နားကောင်းမူးအခြေစိုက်တဲ့ ခလရ ၆၅ ရောက်လာတော့လဲ  ဆက်ရှိနေသေးတာဘဲ" - ဟု နိုင်ငံရေး ပါတီဝင် သျှမ်းပြည်အရှေ့ပိုင်းသားတဦးက ပြောပါသည်။

၎င်းနှင့်ပတ်သက်၍ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထံမှ အတည်ပြုချက်မရသေးပေ။

အလားတူသီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဩဂုတ်လက သျှမ်းပြည်တပ်မတော် (RCSS/SSA) စီးပွားရေး တာဝန်ခံအဖွဲ့က ထိုင်းမှ ဓါတ်ဆီ၊ ဒီဇယ်များအား သျှမ်းပြည်သို့ တရားဝင် တင်သွင်း ခွင့်ပါမစ်ကို နေပြည် တော်သို့သွားရောက်တောင်းခံခဲ့ကြောင်း၊ နေပြည်တော်အစိုးရက သျှမ်းပြည်အစိုးရထံမှ တောင်းခံရန် လွှဲချခဲ့ သည်ဟုဆို၏။

သျှမ်းပြည်နယ် အစိုးရထံတောင်းခံသော် ထိုင်းနိုင်ငံမယ်ဆိုင်မှတင်သွင်းမည်ဆိုပါက တာချီလိတ်ခရိုင်အာဏာ ပိုင်နှင့်သာဆိုင်ကြောင်း၊ တာချီလိတ်ခရိုင်ကလည်း ' ပေးပိုင်ခွင့် အာဏာ လုံးဝမရှိ  အဆိုပါကိစ္စများ နေပြည်တော်အစိုးရနှင့်သာ သက်ဆိုင်သည်' ဟု တုန့်ပြန်ပြောဆိုလိုက်သဖြင့် ထိုကိစ္စအပေါ် သျှမ်းပြည် တပ်မတော်မှ  စိတ်လက်မအီမသာဖြစ်ခဲ့ရကြောင်း နီးစပ်သူတဦးက ပြောပါသည်။

ပျောက်ကျားဝတ်စုံ နှင့် ဓါတ်ပုံကြောင့် ကျေးလက်ရွာသားတဦးထိန်းသိမ်းခံရ

Posted: 18 Oct 2012 03:51 AM PDT

နံရံ၌ ချိတ်ဆွဲထားသော ဓါတ်ပုံ ကြောင့် သျှမ်းပြည်အလယ်ပိုင်း ကျေးလက်ဒေသခံ တဦးအား ခလရ ၁၃၁ ကဖမ်းဆီး ပြီး ကျေးသီးမြို့အချုပ်ခန်း၌ လဝက်ကျော်ချုပ်နှောင်ထားကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။

"လူထုဆိုတာ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ ရှောင်လို့မရဘူး။ RCSS/SSA စစ်ဝတ်စုံနဲ့ဆင်တူတဲ့ ပျောက်ကျားဝတ်စုံ ဝတ်ထားတဲ့လူနဲ့ တွဲပြီးဓါတ်ပုံရိုက်ထားတယ်။ ခလရ ၁၃၁ တူးအိုင်စီ ဗိုလ်မှူးထွန်းနောင်က အဲဒီဓါတ်ပုံကိုတွေ့တော့ သူတို့ကို ဧည့်ခံ နေတဲ့ အိမ်ရှင် စိုင်းလျဲန်းကို ဖမ်းလိုက်တာ။ လဝက်ကျော်သွားပြီ ခုထိပြန်မလွတ်ပေးသေးဘူး။" - ဟု မိုင်းကိုင်မြို့ ရောက် မိုင်းနောင်သားတဦးက ပြောပါသည်။

ယခုလ ၅ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်း ကျေးရွာအုပ်စုဝင် နော်ဆိုင်ရွာသား စိုင်းလျဲန်း၏ အိမ်အား အမှတ် ၂ တပ်ခွဲ ခလရ ၁၃၁ မှ ဗိုလ်မှူးထွန်းနောင် နှင့် အဖွဲ့ရောက်ရှိစဉ်   ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဂျွန်လဆန်းပိုင်းက တပ်မှထွက်ပြေးသော တပ်သားနှစ်ဦးကလည်း သျှမ်းပြည်တပ်မတော် RCSS/SSA ထံရောက် ရှိစဉ် အပြင်းဖျားသောကြောင့် ၎င်းတို့အား သျှမ်းတပ်တွင်း ဆေးမှူးဖြစ်သည့် အိမ်ရှင် စိုင်းလျဲန်းက ဆေးကုပေးခဲ့ဖူးကြောင်း ၎င်းတို့တပ်မှူးထံပြောကြားခဲ့သည်ဟု နီးစပ်သူတဦးက ပြောပါသည်။

" ဗမာစစ်တပ်ကို ယုံကြည်မှုမထားဖို့ သင်္ခန်းစာတခု ရတာပေါ့ဗျာ။ သူ့ကိုနေကောင်းအောင်ပြုစု ပေးတဲ့သူကိုတောင် သူက ပြန်ဖမ်းတယ်ဆိုတော့ လွန်တာပေါ့ဗျာ။  စိုင်းလျဲန်းက သူကိုယ်တိုင်ကလဲ သျှမ်းတပ်ဖွဲ့ ဝင်မဟုတ်လို့ ဒီစစ်ကြောင်း လှည့် လာတဲ့ အဖွဲ့ကို ဧည့်ခံကြိုဆိုရဲတာပေါ့။ သူသာသျှမ်းတပ်ဖွဲ့ဝင် တယောက် တကယ်ဖြစ်ခဲ့ရင် သူရှောင်ပုန်းနေရောပေါ့။ နောက်ပြီး သျှမ်းတပ်ဘက်ကလဲ သူတို့လူမဟုတ်လို့ တစုံတရာလာပြောပြီး အာမခံထုတ်ပေးတာ ဘယ်လုပ်မလဲ" ဟု ဆိုပါသည်။

ဂျွန်လဆန်းက သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ဟိုခိုင်းမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး  ဗိုလ်စံဖှထံရောက်သွားသော အဆို ပါ မြန်မာစစ်တပ်၏ တပ်ပြေး ၂ ဦးနှင့် မြို့နယ်ရဲတပ်ပြေး မှာ  SSA ထံရောက်သွားပြီးမကြာခင် အဆိုပါ ရဲတပ်ပြေးက SSA ၏ M 79 တလက်နှင့် တရုတ်ဆိုင်ကယ်တစီးခိုးယူပြီး ၎င်း၏ စခန်းထံ ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ ခလရ ၁၃၁ ကလည်း အဆိုပါ လက်နက်များဖြင့် ၎င်းတို့လူအား ပြန်လည်လဲလှယ်ယူခဲ့ ကြောင်းထိုစဉ်က သျှမ်းပြည်တပ်မတော်နှင့်နီးစပ်သည့် ဒေသခံများက သျှမ်းသံတော်ဆင့်အားပြောပြခဲ့ဖူးသည်။

ယခု အဖမ်းခံထားရသော ဟမ်းငိုင်းသား စိုင်းလျဲန်းအား မိသားစုမှတွေ့ခွင့်ရရန် အမျိုးမျိုးကြိုးစားနေသော်လည်း အချည်း အနှီးသာဖြစ်နေသဖြင့် စိုးရိမ်ပူပန်နေကြကြောင်း သူငယ်ချင်းဖြစ်သူက ပြောပါသည်။

သျှမ်းသံတော်ဆင့်မှတဆင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုသမ္မတကြီးနှင့် သမ္မတကြီးသို့သိစေရန်

Posted: 18 Oct 2012 01:50 AM PDT

လားရှိုးမြို့မှာ ဗီဒီယိုဖြန့်ချိရေးလုပ်ငန်းဆိုင် ဖွင့်လှစ်ထားရှိပြီး ရှမ်းမြောက်မှာရှိတဲ့ ဗီဒီယိုလောက သားများအားလုံးကို ရိုင်းပျစွာ စော်ကားနေတဲ့ `ဦးဝမ်လီချန်း´ကို သက်ဆိုင်ရာမှ အရေးယူပေးပါခင်ဗျား။

က။ တိုင်းရင်းသားမဟုတ်သူ က တိုင်းရင်းသားများကို စော်ကားနေပါတယ်။

ခ။ အေးချမ်းစွာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ရှမ်း(မြောက်) က ဗီဒီယိုလုပ်ငန်းရှင်များကို ဦးဝမ်လီချန်း ဟာ နာမည်လိမ် (လှစိန်) နဲ့ မှတ်ပုံတင် မှာ (ပြု) နေရာမှာ (နိုင်) ကို လိမ်လည်ဖြည့်စွက်ပြီး အမှုဆင်၊တရားစွဲ၊ငွေညှစ် လုပ်နေခဲ့တာ နှစ်အတော်ကြာနေပါပြီ။

ဂ။ ဒုသမ္မတကြီးလည်း အလိမ်ခံခဲ့ရပါပြီ။ နိုင်ငံတော်တရားရုံးအသီးသီးကိုလည်း ဦးဝမ်လီချန်း လိမ်ခဲ့ပါပြီ။ ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ အမေအို၊အဘအိုများဆီကလည်း ရိုင်းပြစွာ ငွေညှစ်ပြီး ငွေမရရင် ထောင်ထဲ ပို့ခဲ့ ပြီးပါပြီ။

ဃ။ ဒီလိုလူစားမျိုးကို ဘယ်တပ်ဖွဲ့ကမှ ဖမ်းဆီးအပြစ်ပေးခြင်းမရှိသေးတဲ့အတွက် ကျန်လူတွေအားလုံးမှာ လူ့အခွင့် အရေး၊ လုပ်ငန်းရှင်အခွင့်အရေး များဆုံးရှုံးရပါတယ်။

`ဦးဝမ်လီချန်း´ (၄၈-နှစ်) ဟာ သီပေါ ကပါ။ သီပေါမြို့၊ အနောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း မှာ `စိန်´ဗီဒီယို ဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင် ခဲ့ဖူးပါတယ်။ သီပေါမြို့သူမြို့သားများကို အားရကျေနပ်အောင် ဒုက္ခပေးပြီးတဲ့နောက် အခု `လားရှိုးမြို့´ ကို ရောက် ရှိလို့လာပါပြီ။ လားရှိုးမြို့မှာ ခေတ် အဆက်ဆက် ဗီဒီယိုလုပ်ငန်းကို လုပ်ကိုင်နေခဲ့ကြတဲ့ သူ့ထက် သက်ကြီး၊၀ါကြီးပြီး မြို့မိမြို့ဖ စာရင်းဝင်တဲ့ ဗီဒီယို လုပ်ငန်းလောကသားများကို `ဦးလှိုင်ဖြိုး´ဆိုသူနဲ့ ပူးပေါင်းပြီး ဒူးနဲ့မျက်ရည်သုတ်ရလောက်တဲ့အထိ ဒုက္ခပေး၊ ငွေညှစ်၊ လီဆည်တရားစွဲ တာတွေကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ပါတယ်။

အခုဆိုရင် သူ့ရဲ့ ထမင်းရှင်ဖြစ်တဲ့ ဦးလှိုင်ဖြိုးကိုပါ ပြန်ဒုက္ခပေးနေပါပြီ။ ထမင်းကျွေးသောလက်ကို ပြန်ကိုက်နေပါပြီ။ ဦးဝမ်လီချန်း ဒုက္ခပေးပုံတွေကို အောက်မှာ ဖတ်ကြည့်ပါခင်ဗျာ။
(၁) ဦးဝမ်လီချန်းဟာ နာမည်လိမ်ဖြစ်တဲ့ (လှစိန်) အမည်နဲ့ လှုပ်ရှားနေပါတယ်။                                            ဦးဝမ်လီချန်း ဟာ (၁၃/သပန(ပြု)၀၀၀၁၉၇) ကိုင်ဆောင်ထားသူဖြစ်ပါတယ်။ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထား သူ မဟုတ်ပါဘူး။ မှတ်ပုံတင်ရော၊ အိမ်ထောင်စုမှာပါ သူ့နာမည်ကို `၀မ်လီချန်း´ လို့ပဲ ဖော်ပြထားပါတယ်။ သူ့ အနေနဲ့ အဲဒီ နိုင်ငံသားပြုခွင့်လက်မှတ်ကို အခြားနာမည်နဲ့ ကိုင်ဆောင်ခွင့်မရှိပါဘူး ဆိုတာကို ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ပြည်နယ်လဝက ကနေ အတည်ပြု စာထွက်ထားတာ ရှိပါတယ်။

(၂) နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရဲ့ လားရှိုးမြို့၊တွေ့ဆုံပွဲမှာ `ဦးဝမ်လီချန်း´ ဟာ သမ္မတကြီးထံ တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီတိုင်ကြားစာမှာ သူ့ရဲ့နာမည်ကို `ဦးလှစိန်(ခ)၀မ်လီချန်း´လို့ မမှန် မကန် ဖော်ပြခဲ့ပြီး မှတ်ပုံတင်နံပါတ်မှာလည်း (၁၃/သပန(နိုင်)၀၀၀၁၉၇) လို့ လိမ်လည်တင်ပြခဲ့ပါတယ်။ အဲဒီကိစ္စ ကို ရှမ်း(မြောက်) ပြည်နယ် လဝက က ဦးဝမ်လီချန်းသည် (ပြု)မှတ်ပုံတင်အား အခြားအမည်ဖြင့် အသုံးပြုခြင်းသည် တရားဥပဒေနှင့် မညီညွှတ်  ဆိုပြီးတော့ တရားဝင် စာထုတ်ပြန်ခဲ့ပါတယ်။

(၃) သို့သော် ဦးဝမ်လီချန်းကို ဘယ်လိုအပြစ်မှ မပေးခဲ့ပါဘူး။ နိုင်ငံတော် ဒုတိယသမ္မတကြီးထံ အမည် နှင့် မှတ်ပုံတင် လိမ်လည်တိုင်တန်းသူ ဦးဝမ်လီချန်း ဟာ တရားဥပဒေအရ မည်သို့မှ အရေးယူခြင်း မခံခဲ့ရတာဟာ အံ့သြဖွယ် ကောင်းနေသလို နိုင်ငံတော်အဆင့် အကြီးအကဲတစ်ဦးကို လက်လွတ်စပယ် စော်ကားပြီး အရေးယူခြင်း မခံခဲ့ရ တဲ့အတွက် ပိုမို အတင့်ရဲလာပါတယ်။

ဦးဝမ်လီချန်းကို `တွဲဘက်ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့၊လားရှိုးမြို့ မှာ အတွင်းရေးမှူးတာဝန် ပေးအပ်လိုက်တဲ့ အခါ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းများနဲ့ လုပ်ငန်းရှင်များက ဒုသမ္မတကြီးထံ လိပ်မူပြီး `ဦးဝမ်လီချန်း´ အား အတွင်းရေးမှူးတာဝန် ပေးအပ်ရန် မသင့်လျော်ကြောင်း ကန့်ကွက် အသနားခံလွှာပေးပို့ခဲ့ကြပါတယ်။ ထူးဆန်းစွာ ပဲ ဦးဝမ်လီချန်း ဟာ လဝက က မသုံးရလို့ စာထွက်တားမြစ်ထားတဲ့ `ဦးလှစိန်´အမည်နဲ့ အခုဒီစာရေးတဲ့အချိန် အထိ `အတွင်းရေးမှူးရာထူး´ကို စံစားနေပါတယ်။

(၄) (၂၁-၇-၂၀၀၉) လကွယ်နေ့တွင် ဦးဝမ်လီချန်း သည် မူပိုင် အာရ်စီတွဲကိစ္စနှင့် ရက်ချိတ်အစည်းအဝေး ပြုလုပ်စဉ် မသက်ဆိုင်သော ကိစ္စနှင့် ရက်ချိတ်အစည်းအဝေးပြုလုပ်နေစဉ် မသက်ဆိုင်သော ကိစ္စဖြစ်သော သူ့အား နေပြည်တော်သို့ တိုင်ကြားသော (၇)ကောင်ကို ဖော်ထုတ်ပေးပါဟု ရိုင်းပြစွာ ပြောသည့်ကိစ္စအတွက် အမှုဆောင် ဦးမောင်စန်းနှင့် ဦးဝမ်လီချန်း တို့ စကားများရာ ဦးဝမ်လီချန်းမှ ဦးမောင်စန်းအား ထိုးကြိတ်ရန်အထိ ကြိုးပမ်းခဲ့ ပါသည်။

(၅) ဦးဝမ်လီချန်း သည် မြန်မာဇာတ်ကားမူပိုင်များကို အကြောင်းပြအမှုဆင်ပြီး ခြိမ်းခြောက်လျော်ကြေး တောင်းခံခြင်း များ ပြုလုပ်သည့်အတွက် လုပ်ငန်းရှင်များသည် မတရားငွေပေးလျော်ရခြင်း၊ အမှုအခင်းများ တိုင်ကြားခြင်း ခံရ သည့် အတွက် ဂုဏ်သိက္ခာကျဆင်းစေခြင်းများ ခံစားနေရပါသည်။

(၆) (၅-၄-၂၀၁၁)နေ့တွင် မူဆယ်မြို့ ဒေါ်ဝင်းဝင်းနု၊ တော်ဝင်နှင်းဆီခွေငှားဆိုင်သို့ သတင်းရရှိ၍ ၀င်ရောက်ရှာဖွေရာ ဂီရိမုန်တိုင်း အမည်ရှိ အခွေ (၁၄)ခွေ တွေ့ရှိကာ ဗီဒီယိုအခြေခံပြည်နယ်ဥက္ကဌ ဦးမောင်မြင့်ဌေးမှ အဖွဲ့အနေဖြင့် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ဥက္ကဌဦးမောင်မြင့်ဌေးမှ အမှုပိတ်သည့်အတွက် (၁၃-၆-၂၀၁၁) နေ့တွင် ဒေါ်ဝင်းဝင်း နုအား တရားရုံးမှ တရားရှင်လွတ်လိုက်ပါသည်။ သို့သော် ၄င်းကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ ကြားသိရသည် မှာ ဒေါ်ဝင်းဝင်းနု မှ ဦးဝမ်လီချန်း အား နစ်နာကြေး နှင့် အခွေတန်ဘိုး (၅၅)သိန်း ပေးလိုက်ရကြောင်း ဖြစ်ပါသည်။

(၇) (၂၀-၃-၂၀၁၁) နေ့တွင် ဦးဝမ်လီချန်း သည် သီပေါမြို့နယ် ဗီဒီယိုအခြေခံ ဥက္ကဌ ဦးလှမြင့်အား အမှုတည်ဆောက်မှု မခိုင်မာပဲ ပုဒ်မ-၅၀၀ ဖြင့် တရားစွဲဆိုထားရာ ယနေ့အထိ မပြီးပြတ်သေးပါ။
(၈) (၂၁-၂-၂၀၁၂) နေ့၊လားရှိုးမြို့၊မြို့တော်ခန်းမတွင် နိုင်ငံတော် ဒုသမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်း၏ တွေ့ဆုံပွဲတွင် ၄င်းအား ဗီဒီယိုကိစ္စများတိုင်ကြားထားခြင်းကို မဆောင်ရွက်ပေး၊ ၄င်းဆိုင်တွင် စည်ပင်ရေ မရရှိကြောင်း၊ တို့ကို တိုင်တန်းခဲ့ပါသည်။ လက်မှတ်တွင် လဝက မှ ခွင့်မပြုသော (လှစိန်) ကို ဦးဝမ်လီချန်း နှင့် တွဲလျက် ထိုးထားပြီး (ပြု)မှတ်ပုံတင်နေရာတွင် (နိုင်) ဟု လိမ်လည်ဖြည့်စွက် တိုင်တန်းခဲ့ရာ သက်ဆိုင်ရာ သတင်း တပ်ဖွဲ့များမှ အမှုမှန် ဖော်ထုတ်နိုင်ခဲ့သော်လည်း တရားဥပဒေအရ အရေးယူခြင်းမခံခဲ့ရပါ။

(၉) (၂၅-၃-၂၀၁၂) နေ့တွင် လားရှိုးမြို့နယ်၊ခါးသျှိကျေးရွာ၊ဦးဗျာဝူး၊ သံယောဇဉ်ပြသရေးရုံသို့ ည (၈) နာရီအချိန် တွင် အခြားသတ်မှတ်အဖွဲ့များမပါဘဲ ဦးဝမ်လီချန်းကိုယ်တိုင် ၀င်ရောက်စစ်ဆေးခဲ့ပါသည်။ ဦးဗျာဝူး၏ အိမ်အတွင်းမှ လွန်ခဲ့သော ၂-နှစ်ခန့်က `သူထူးစံ ပါဝင်သော မမမောင်´၊ `မိုးအောင်ရင် ပါဝင်သော ဇောင်း´ ဇာတ်ကား ၂-ကား တွေ့ရှိရာ ဦးဝမ်လီချန်းမှ သူ၏ မူပိုင်ဇာတ်ကားဖြစ်၍ သက်သေအဖြစ် သိမ်းသွားပါသည်။ CD အိတ်ပေါ်တွင် `နှင်းဗီဒီယို အခွေငှား´ အမှတ်တံဆိပ်ပါသဖြင့်ဟုဆိုကာ `နှင်းဗီဒီယိုဖြန့်ချိရေး´လိုစင်ကိုင်ဆောင်ထားသူ ဦးကျော်လှိုင် အား အငြိုးထား တရားစွဲဆိုထားပါသည်။ ဦးကျော်လှိုင်သည် `နှင်းဗီဒီယိုဖြန့်ချိရေး´ လိုင်စင် ကိုင်ဆောင်ထားသူဖြစ်ပြီး `နှင်းဗီဒီယိုအခွေငှား´လိုင်စင် ကိုင်ဆောင်ထားသူမဟုတ်ပါ။ သို့ဖြစ်ပါ၍ ဦးကျော်လှိုင် အား မသက်ဆိုင်ပဲ အငြိုးထားအမှုဖွင့်ထားခြင်းကြောင့် အသက် ရ၂နှစ်အရွယ် မြို့မိမြို့ဖလည်းဖြစ်သူ၊ ဘုရားဂေါ ပကလည်းဖြစ်သူ ဦးကျော်လှိုင်သည် ကြီးစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပါသည်။

(၁၀) (၂၅-၃-၂၀၁၂) နေ့တွင် ဦးဝမ်လီချန်း သည် သူ၏မူပိုင်ခွေများ မဝယ်ယူသဖြင့် သီပေါမြို့နယ်၊ မန်ဆန်ကျေးရွာနေ ဒေါ်ခင်မာဝေ (ရှမ်းတောင်တန်း ခွေအငှားဆိုင်) သို့ ရှာဖွေပုံစံမပါ၊ အခြားအဖွဲ့များမပါ၊သတင်းမပို့ဘဲ မိမိသဘော ဖြင့် ၀င်ရောက်စစ်ဆေး ခြိမ်းခြောက်ကာ မြန်မာဇာတ်ကားများကို သိမ်းဆည်းသွားပြီး ငွေ ၁၈-သိန်း တောင်းခံခဲ့ရာ ဒေါ်ခင်မာဝေမှ ၁၀-သိန်းသာပေးနိုင်သဖြင့် မကျေမနပ်ဖြစ်ကာ အမှုဖွင့်ရာ လေဖြန်းနေသော ဒေါ်ခင်မာဝေမှာ ထောင် ၃-လ ကျခဲ့ရပါသည်။ ကျေးရွာတွင် နေထိုင်ပြီး ရိုးသားစွာ လုပ်ကိုင်စားသောက်နေသော၊ နာမကျန်း လည်း ဖြစ်နေသော အမယ်အိုကြီးအား တောင်းသလောက်ငွေမရသဖြင့် အမှုဆင်ထောင်ချခြင်းသည် အင်မတန် လူသား မဆန်ရာ ရောက်နေပါသည်။

(၁၁) (၂၂-၄-၂၀၁၂) တွင် ဦးဝမ်လီချန်း သည် နန့်လန်ကျေးရွာမှ ကိုမျိုးဝင်း (ခ) ဖိုးတလုပ်အား ဗီဒီယိုလုပ်ငန်း လိုင်စင် လုပ်ပေးမည်ဟု ပြောဆိုကာ စာရွက်လွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းပါသည်။ ထိုစာရွက်ပေါ်တွင် မြို့နယ်ဥက္ကဌ ဦးလှမြင့်အား တိုင်ကြားစာ ဖြည့်စွက် ရေးသားကာ ဖိုးတလုပ် က တိုင်သည်ဟု ဖန်တီးခဲ့ပါသည်။

(၁၂) (၂၉-၁၂-၂၀၁၁) တွင် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်မြင့် မှ ဦးဝမ်လီချန်း အား အကျိုးဆောင်ခ (၁၀) သိန်း နှင့် နစ်နာကြေး (၁၀)သိန်း၊ ပေါင်း (၂၀)သိန်း ရရှိလိုမှုဖြင့် လားရှိုးမြို့နယ်တရားရုံးသို့ တရားစွဲဆိုထားပါသည်။

စိုင်းလားရှိုး

သို့ အယ်ဒီတာ

Posted: 18 Oct 2012 01:49 AM PDT

လဲချားမြို့နယ်တွင် ယခုအခါ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများနှင့် အိမ်ထောင်စုဇယားများကို ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူးမှ ဦးစီးဆောင်ရွက်လျှက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလွှဲသုံးစားမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ခံရာတွင် ရွာသူရွာသားများအား သဘောပေါက် နားလည်စေရန် ရှင်းလင်းပြောဆိုရမည့် တာဝန်များကို လစ်ဟင်းပြစ်ပယ်၍ အမိန့်ပေး ငေါက်ငမ်းခြင်းများ၊ မာမာထန်ထန် ဆက်ဆံခြင်းများဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေမှုမရှိသည့် အာဏာရှင်ဆန်ဆန် အပြုအမှု အပြောအဆိုများဖြင့်ဆောင်ရွက်နေသည့်အပြင် အိမ်ထောင်စုဇယား တစ်စောင်လျှင် အချို့ရွာများတွင် ၄၀၀၀ိ/-ကျပ်(လေးထောင်ကျပ်) ပေးရပြီး အချို့ရွာများတွင် ၃၀၀၀ိ/- ပေးဆောင်ခဲ့ရပါသည်။

ထိုငွေများ အမှန်တကယ်ကောက်ခံခဲ့ကြောင်းကို သက်ဆိုင်ရာကျေးရွာများသို့ ကွင်းဆင်းမေးမြန်းပါက အလုံးစုံသိမြင်နိုင်ပါကြောင်း၊ ထိုသို့ တစ်အိမ်ထောင်လျှင် ၃၀၀၀ိ/- / ၄၀၀၀ိ/- ကျပ်စီ ကောက်ခံသော အဆိုပါငွေများသည် အစိုးရ၏ မည်သည့် ငွေစာရင်းခေါင်းစဉ်အတွင်းတွင် ပေးသွင်းထည့်ဝင်ရမည့်ငွေ ဖြစ်သည့်အပြင် မည်သည့်နည်းလမ်းဖြင့် ပေးသွင်းသွား သည်နှင့် ကောက်ခံရရှိသော ငွေများအား ပေးသွင်းပြီးမပြီးနှင့် အိမ်ထောင်စုဇယားတစ်စောင်၏ ကောညက်ခံသင့်သောနှုန်းထား မှန်/မမှန်၊ အဆိုပါကောက်ခံသောငွေများသည် ငွေတောင်းခံကြောင်း ပြေစာနှင့် ငွေလက်ခံရရှိကြောင်းပြေစာများ မရှိသည့်အတွက် တရားဝင် ကောက်ခံသည့်သည့် အခွန်အခ ဖြစ် / မဖြစ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်စေလိုပါသည်။

ထို့အပြင် ယခင်အသုံးပြုခဲ့ကြသော နည်းထုံးဟောင်းအတိုင်း မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကဒ်များကို သောင်းဂဏန်း သိန်းဂဏန်း ငွေများဖြင့် ပြုလုပ်ပေးနေသည်ကို တွေ့ရှိရပါသည်။ ပြီးခဲ့သည့်လတွင် တစ်ဦးထံမှ ငွေတစ်သိန်းကျော် ပေးထားပြီးယခုအချိန်အထိ မှတ်ပုံတင်မရသေးကြောင်း ကြားသိရပါသည်။

သို့ဖြစ်ပါ၍ အထက်ပါကိစ္စရပ်များအား ပြည်သူတစ်ဦးတစ်ယောက်အနေဖြင့် မှားယွင်းနေသော လုပ်ဆောင်ချက် ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်အတူ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွင် အကြုံးဝင်နေသည်ဟု နားလည်မိသည့်အလျောက် မှန်ကန်သော လုပ်ငန်းဆောင်ရွက်မှုများ ထွန်းကားစေရေးအတွက် သက်ဆိုင်ရာဌာနမှ လူကြီးမင်းများ မှ စိစစ်အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြပါသည်။