[mrsorcerer:34510] [Richard Aung] ကုလားကို နှစ်ပေါင်း -၂၀-ကူညီနေတဲ့  -AZG- ကို စစ်တွေသားတို့  ဆေးခန်းဖွင့်ဖို့  ခွင့်မပြု

၁၇.၁၀.၂၀၁၂ ရက် နေ့လည် ၂း ၀၀နာရီပတ်ဝန်ကျင်တွင်စစ်တွေမြို့ရှိမြို့မိ မြို့ဖများ၊ ရခိုင် လူမှုအဖွဲ့အစည်းအသီသီများနှင့် ရခိုင်လူငယ်များမှစုဝေးပြီးAZG/MSF အဖွဲ့နှင့် ပတ်သတ်ပြီး ဆွေးနွေးပွဲတခုကို
ပြုလုပ်ခဲ့ကြပါသည်။

ထိုဆွေးနွေးပွဲတွင် ၁၈.၁၀.၂၀၁၂ ရက် မနက် ၉း၀၀နာရီတွင် စစ်တွေမြို့ ၊ မိဇံရပ်ကွက် ၊ ကမ်းနားလမ်းတွင်ရှုခင်းသာအမည် ဖြင့် အခမဲ့ ဆေးခန်းတခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင့်မြို့ပေါ်ရှိအာဏာပိုင်အဖွဲ့အစည်းများ၊ မြို့ပေါ်ရှိ ဂုဏ်သရေရှိ လူပုဂ္ဂိုလ်များ၊ရဟန်သံင်္ဃာတော်များကို ဖိတ်ကြားထားပါသည်။

ထိုဆေးခန်းဖွင့်လှစ်ရန်ကိစ္စဖြင့် စစ်တွေမြို့ပေါ်ရှိ လူထုမှ သက်သေအထောက်အထားများကိုစုစည်းခဲ့ကြပါပြီး မသင်္ကာဖွယ်ရာ အချက်အလက်များကို တွေ့ရှိခဲ့ရသည်ဟုအစည်းအဝေးကို တက်ရောက်ခဲ့သော ခေါင်းဆောင် လူငယ်တယောက်မှ RSV ကိုပြောပြခဲ့ပါသည်။ "ဥပမာဗျာ - သူတို့က သဘောမရိုးဘူးဆိုတာကို အစကတည်းကကြည့်ရင်သိပါတယ်။

လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဘင်္ဂလီတွေအတွက်ပဲ သူတို့လုပ်ပေးလာတာပါ။ အခမဲ့ဆေးခန်းတွေဖွင့်တယ်။ ဘင်္ဂလီကုလားတွေကိုပဲအဓိကဆေးကုသပေးခဲ့တယ်။ ဖွင့်တဲ့နေရာတွေကလည်း ဘင်္ဂလီတွေနေတဲ့ နေရာတွေမှာပဲ
ဖွင့်ခဲ့တယ်။

အဲဒီကတည်းက ကျနော်တို့ စောင့်ကြည့်နေခဲ့တာပါ။ သူတို့ဒီဘင်္ဂလီကို ရိုဟင်ဂျာဖြစ်အောင် အဓိက ထောက်ပံ့ပေးခဲ့တဲ့အဓိက သူတို့က အဓိကနေရာက ပါဝင်ခဲ့ပါတယ်" လို့ပြောပြခဲ့ပါတယ်။

ယခုအခါ OIC ကိစ္စကိုအပြင်းအထန်ကန့်ကွက်နေချိန်တွင် AZG အဖွဲ့အစည်းသည် ကုလားတွေဆီမှအထောက်အပံ့များကို အဓိက ယူထားသဖြင့် OIC နှင့် ပတ်သတ်မှုရှိလိမ်မည်လို့မြို့လူထုမှ သံသယဖြစ်လျှက်ရှိပါသည်။ ဆက်လက်၍ "သူတို့ အခုလုပ်မယ်ဆေးခန်းကလည်း ပွင့်လင်းမှုမရှိဘူးဗျာ။

သူတို့ လုပ်မယ်ဆိုရင် ရခိုင်လူထုကိုတခုခုတော့ ချပြသင့်ပါတယ်။ ဒါက ယ်လိုဘာကြောင်းလုပ်ရပါတယ်ဆိုတာမျိုးပေါ့၊အခုက အာဏာပိုင်တွေနဲ့ ပေါင်းပြီးငါတို့ကြိုက်သလိုလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါက်နေတယ်"လို့ ခေါင်းဆောင်လူငယ် ပြောပြသွားပါတယ်။

ယခုအခါ AZGအဖွဲ့မှ ရခိုင်ပြည်တွင် HIV/AIDS ဝေဒနာရှင် ၂၀၀ မှ ၃၀၀ လောက်ထိရှိတယ်ဆိုပြီး သတင်းလွင့်ထားကာ ထိုဝေဒရှင်များအား ဆေးကုသနိုင်ရန်အတွက်ဒီဆေးခန်းကို ဖွင့်လှစ်ရတာပါ သတင်းလွင့်ထားပါသည်။

သို့သော်လည်းရခိုင်လူထုက ပြည်သူလူထုယုံကြည်သော ရခိုင်လူမှုအဖွဲ့အစည်း (သို့) အစိုးရအဖွဲ့အစည်းတခုခုမှ တဆင့်လှူလျှင် လက်ခံနိုင်ဖွယ်ရှိပြီး သူတို့ကိုယ်တိုင်ဆေးခန်းဖွင့်ခြင်းကိုမူ လက်မခံနိုင်ဟု သိရှိရပါသည်။

ထို့ကြောင့်၁၈.၁၀.၂၀၁၂ ရက် မနက် ၉း ၀၀ နာရီတွင် မိဇံရပ်ကွက် ၊ လေညှင်းသာတွင်လူစုဝေးလျှက် AZG ကန့်ကွက်ပွဲကို ပြုလုပ်သွားမည်ဟု ၄င်းခေါင်းဆောင်လူငယ်မှ RSV ကို ပြောပြသွားပါသည်။ ထိုလူငယ်မှပဲ သူတို့သည် AZG နှင့်
ပတ်သတ်ပြီး စာရွက် စာတမ်း အထောက်အထားများ စုဆောင်းရရှိထားပါသည်ဟု
လည်းသိရှိရပါသည်။
( ဆန္ဒပြကြမည့် သတင်းကို ဤအတိုင်း ဖေါ်ပြပေးလိုက်ခြင်းဖြစ်ပါသည် )
ဤသတင်းက စစ်တွေမှာ ကုလားကို နှစ်ပေါင်း-၂၀-ကျော် အကူအညီ ပေးခဲ့ သော-AZG- ကို ဆန္ဒပြကြမည့်သတင်းဖြစ်သည် ။ တိတိကျကျ ပြောရလျှင် သူတို့ တွေဆေးခန်း
ဖွင်လှစ်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရနှင့်ပြည်နယ်ကျန်းမာရေးဦးစီးဋ္ဌါနတို့ တွင် လုံးဝ တာဝန်ရှိသည် ။

ရခိုင်ပြည်နယ်အစိုးရ ကျန်းမာရေးဝန်ကြီးသည် ဤကဲ့ သို့ ဆေးခန်းဖွင့်လှစ်ရန် သင့်၏ မသင့်၏ကို ဘာကြောင့်များ မစဉ်းစားခဲ့ သနည်း ။ဝန်ကြီးချုပ်သည်လည်း ဘာကြောင့်များ မစဉ်းစား မတွေးခေါ်လေသနည်း ။နိုင်ငံတော် အစိုးရသည်လည်း ဘာကြောင့်များ ခွင့်ပြုချက်ပြုလုပ်ရလေသနည်း ။

ဤသို့  ဘင်္ဂလီကုလားများနှင့် ပါတ်သက်၍ နာမည်ကြီးနေသော ဤအဖွဲ့ သည်အတိတ်မကောင်းခဲ့ သည်ကို လူတိုင်းမျက်မြင်သိရှိကြပြီးဖြစ်သည် ။ AZG-မှရှေ့ နေ ဦးကျော်လှအောင်ကို ပြန်လည်၍ လွှတ်ပေးလိုက်ခြင်းသည် အပြစ်မရှိ၍
လွှတ်ပေးလိုက်ခြင်းမဟုတ် ။

AZG သည် ကုလားတို့ နှင့် ပါတ်သက်နေသောကြောင့်ဖမ်းဆီးလိုက်ခြင်းဖြစ်သည် ။ ယခုထိလည်း သံသယရှိနေရသော အဖွဲ့ အစည်းဖြစ်သည်။ သူတို့ အားစစ်တွေမြို့ တွင်အသိအမှတ် ပြုကာ ဆေးခန်းဖွင့်လှစ်ပေးမည်ကိုစစ်တွေမြို့ ခံလူထုနှင့်တိုင်ပင်ဆွေးနွေးကြည့်လျှင် စောစီးစွာသိရှိကြရမည်ဖြစ်သည် ။

ပြတ်ပြတ်သားသားပြောရလျှင် ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးချုပ် ဦးလှမောင်တင်သည် အနာဟောင်းများကိုဆွပြီးပြုလုပ်နေ သည့် အ လား ဖြစ်နေသည် ။ အစိုးရသည်လည်း ဤကဲ့ သို့ ပြုလုပ်နေခြင်းမှာ ရွံစရာကြီးဖြစ်နေသည် ။

အသုံးမကျလှသော အုပ်ချုပ်ရေးယန္တယားစနစ်ကို ကိုင်တွယ်ဆောင်ရွက်နေသည့်ရခိုင်ပြည်နယ် အစိုးရသည်၎င်း ။ နိုင်ငံတော်အစိုးးရသည်၎င်းမည်သည့်နည်းနှင့်မျှ ရခိုင်လူမျိုးတွေကို လမ်းပေါ်ထွက် ဆန္ဒပြစေရန်အကြောင်း မဖန်တီးသင့်ပေ ။

ယခုကဲ့ သို့  လမ်းပေါ်ထွက် ဆန္ဒပြစေခြင်းသည်အုပ်ချုပ်ရေးယန္တယား တခုလုံးကို ထိခိုက်စေသည်ဆိုခြင်းကိုားမလည်ကြသေးဟုထင်သည် ။ လမ်းပေါ်ထွက် ဆန္ဒပြကြလျှင် ကျောင်းသားကျောင်းသူ ၊အစိုးရအရာထမ်းအမှူထမ်း ၊ တောင်သူလယ်သမား များနှင့် လူထုလူတန်းစားပါဝင်ကြသည် ။

သူတို့ တွေ ပါဝင်မှုကြောင့် နိုင်ငံတော်၏ အရင်းအမြစ်များမည်မျှ ဆုံးရှုံးနစ်နာရသည်ကို တွက်ချက်ကြည့်နိုင်သည် ။နိုင်ငံတနိုင်ငံတွင် စစ်တပ်ရှိမှန်းမသိသော နိုင်ငံ ၊ ပုလိပ်ရှိမှန်းမသိသော နိုင်ငံဖြစ်အောင် ဒီမိုကရေစီနိုင်ငံတိုင်းမှာ ကြိုးစားနေကြသည် ။

ယခုကား နိုင်ငံတော်အစိုးရသည်၎င်း ၊ ရခိုင်ပြည်နယ် အစိုးရသည်၎င်းပြည်သူတရပ်လုံးအား လမ်းပေါ်ထွက် ဆန္ဒပြကြရအောင် ဆွဲခေါ်ပေးနေသူများဖြစ်နေသည်။

မြန်မာနိုင်ငံတွင် သမိုင်းလိမ်ဘင်္ဂလီကုလားများနှင့် ပါတ်သက်၍မည်သည့်အကြောင်းအရာကိုမျှ မပြုလုပ်ရန် အစိုးရက သတိပြုထားရမည်ဖြစ်သည် ။အနည်းဆုံး ရပ်ကွက်ကျေးရွာအတွင်းမှာပင် စတုဒီသာ မုန့်လက်ဆောင်းအလှူပွဲမျိုးတောင် မပြုမိလုပ်ဖို့  အရေးကြီးသည့်အချိန်ဖြစ်သည်။

ပြသနာ အဓိကရုဏ်းဖြစ်နေပြီး သွေးထွက်သံယိုဖြစ်နေသာ လူသတ်ပွဲကြီးဖြစ်ပွါးနေသည့် လူမျိုးတွေအကြားမှာ ချစ်စကိုရှည်စေ မုန်းစကိုတိုစေဖို့ ခပ်ခွါခွါလေး ရှိနေစေဖို့  ဆောင်ရွက်ပေးရန်လိုသည် ။ ရခိုင်ပြည်နယ်အစိုးရ၀န်ကြီးချုပ် ဦးလှမောင်တင်အနေ ဖြင့် မည်သည်နည်းနှင့်မျှ မပြုလုပ်စေဖိုယခုကဲ့ သို့ -AZG- ဆေးခန်းဖွင့်လှစ်ရန်ကိစ္စကို ချက်ချင်း ရပ်တန့်ပေးရန်တိုက် တွန်းလိုက်ပါသည် ။

ကျော်ခဏ်းနွယ်

ရွှေမြန်မာမီဒီယာဂရု

" ဓါက်ပုံ Coral Arakan News Agency ကူးယူဖော်ပြသည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/20/2012 04:34:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34510] [Richard Aung] သျှမ်းပြည်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစိုးရတပ်ဖမ်းဆီးရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ နယ် နှင့် ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ
အတွင်းမှ ကျေးရွာအုပ်စု နှင့် ကျေးရွာချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့ နယ်
မန့် စံတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမေးမြန်းရိုက်နှက် ခဲ့ကြောင်းစုံစမ်းသိရှိရသည်။
အောက်တိုဘာ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံအခြေစိုက် တပ်မှူးတဦးဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး သိန်းလွင် မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေးဆင့်ခေါ်ကာ ၄င်းတပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွား သည်ဟု တအာင်းလူငယ်အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို ကပြောပြသည်။
ဖမ်းခံသည့်အုပ်ချုပ်ရေးမှူးများမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ နယ်အတွင်းက အထက်ပန်း တောင်းရွာ၊ အောက်ပန်းတောင်းရွာ၊ အထက်မန်ဝယ်ရွာ၊အောက်မန် ဝယ်ရွာ၊ အထက်မန်ငိုင်ရွာ၊ အောက်မန်ငိုင်ရွာ၊ မန်းလန်းရွာ၊ မန်ပိန်းရွာ၊
ခေးခင်ရွာ၊ အုမ်လောတ်ရွာနှင့် နမ့်လင်းရွာ တို့ဖြစ်ကြောင်းသိရသည်။
''အစည်းအဝေးခေါ်တယ်ဆိုလို့ အစည်းအဝေးလာတက်တာ အဲဒီမှာကျတော်တို့အားလုံးကို ကြိုးနဲ့တုတ်ပြီး ဖမ်းသွား တော့တာပဲ၊ လမ်းတစ်လျှောက်မှာကောတပ်စခန်းရောက်တော့ကော ကျတော်တို့ကို ရိုက်နှက်ညှဉ်းပန်း တော့တာပဲ၊
တုတ်နဲ့လည်းရိုက်တယ်၊ ကန်တယ်၊ အားလုံးကို ဒိုက်ထိုးခိုင်းတယ် သွေးထွက်သံယိုဖြစ်သွားတဲ့အထိဘဲ'' ဟုကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်ကပြောပြသည်။
ထိုအစိုးရစစ်တပ်၏ ဖမ်းဆီး နှိပ်စက်ခံရသော ရွာအုပ်ချူပ်ရေးမှူးများကိုဖမ်းဆီးသည့်နေ့ညနေပိုင်းကပြန် လွတ်ပေးခဲ့ ပြီဖြစ်သော်လည်း ရပ်ရွာ အုပ်ချုပ် ရေးတာဝန် ဆက်မယူရဲ တော့ ပဲ နှုတ် ထွက်ကြမည်ဟုပြောဆို နေကြကြောင်း ဒေသ တွင်း
သတင်းအရသိရသည်။
အဆိုပါဒေသတွင် ပလောင်နှင့် သျှမ်းလက်နက်ကိုင်တပ်များလှုပ်ရှားနေသောနေရာများ ဖြစ်ကြပြီး ကချင် KIA တပ် မှာမူမရှိသလောက်ဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးမိုင်းဘုန်းကျော် ကပြောပြသည်။"ဒါကတမင်သက်သက်
လုပ်လိုက်တာပဲ ။
ဒီအစိုးရစစ်တပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကို လိုက် တိုက်နေတာသူတို့ထဲမှာ ထိခိုက်ဆုံးရှုံးမှုများတယ်လေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်အပေါ်ထွက်လာတဲ့ဒေါသ ကို အပြစ်မဲ့ ရွာသား တွေအပေါ်ပုံချလိုက်တာဘဲ။ တိုင်းရင်း
သားတပ်တွေကို မထောက်ခံ အောင် ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် နေတာဖြစ်မယ်" ဟု သူကဆိုသည်။
အစိုးတပ်နှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကာလကြာသည်နှင့် အမျှလူ့ အခွင့် ရေးချိုးဖောက်မှုများလည်း အများအပြားရှိလာသည်ကိုတွေ့ ရသည်။
သျှမ်းသံတော်ဆင့်



--
Posted By အောင်မျိုးကျော် to Richard Aung at 10/20/2012 04:30:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34510] [Richard Aung] စစ်တွေတွင် AZG ဆေးခန်းဖွင့်လှစ်မည်ကို မြို့ခံများက ကန့်ကွက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့နံနက် (၉) နာရီက AZG ဆေးခန်းဖွင့်
လှစ်မည်ကို စစ်တွေမြို့ခံလူထု (၁၃၀)ကျော်က ဆန္ဒထုတ်ဖော်၊
ကန့်ကွက်ခဲ့ခြင်းကြောင့် ဆေးခန်းဖွင့်လှစ်ခြင်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
" သူ့တို့က ART ဆေးအသုံးပြုခွင့်ရမည့် လူနာသုံးရာကျော်ကို အကြောင်းပြပြီး" AZG" က ရခိုင်လူမျိုးတွေကို ဆေးကုပေးမယ်ဆိုပြီး ချဉ်းကပ်တယ်။ ယင်းလူ(၃၀၀)ကျော်နှင့် ရခိုင်တစ်မျိုးသားလုံးကို လှဲလို့မရပါ။ သူတို့ ဆေးဗူးတွေမှာ
ရခိုင်လူမျိုးလို့ အမည်ခံပြီး သူတို့ရဲ့ လူသတ်လက်နက်တွေက အာမခံချက်မရှိတဲ့အတွက် ကန့်ကွက်လိုက်ရတာဖြစ်တယ်။ စစ်တွေနှင့် ကျန်တဲ့မြို့တွေမှာပါ AZG ကို ဆေးခန်းမဖွင့်စေချင်ပါ။ " ဟု ဒေါ်ညိုအေးက ပြောသည်။
AZG ဆေးခန်းဖွင့်မည်ကို အမျိုးသမီးများ၊ ကျောင်းသားများ၊ မြို့မိမြိုဖများ၊ လူငယ်များ၊ လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းမှ စိတ်ပါဝင်စားသူများက Get Out AZG ဆောင်ပုဒ်များ ကိုင်ဆောင်ကာ ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
AZG သည် ရခိုင်ပြည်နယ်တွင် ဇွန်လက အရေးအခင်းဖြစ်ပေါ်ပြီး နောက်ပိုင်း အခြေချနိုင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးပန်းနေခဲ့ပြီး ယခုအကြိမ်တွင် ရခိုင်လူ့အဖွဲ့အစည်းအား အကြောင်းရင်း တစ်စုံတစ်ရာ မချပြပဲ ဧစေတီဘုရားအနီး၊ ကမ်းနားလမ်းတွင် ဆေးခန်းဖွင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
Arakan Times



--
Posted By အောင်မျိုးကျော် to Richard Aung at 10/20/2012 04:29:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[New post] ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်မိန့်ခွန်းပေါင်းချုပ် သြစတြေးလျမှာ ဖြန့်ချိ

admin posted: " မိုးမခစာအုပ်စင်အညွှန်း၊ အောက်တိုဘာ ၂၀၊ ၂၀၁၂ ဒေါ်စု မိန့်ခွန်းပေါင်းချုပ်စာမူကို  ထိုင်းနို"

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


ရန်ကုန်၌ကျင်းပမည့် ‘ဧဟိ ပဿိကော’ ညီလာခံဖြစ်မြောက်ရေး Oxford မှ သျှမ်းဆရာတော်ပါဝင်မည်

Posted: 19 Oct 2012 02:58 AM PDT

ဝိပဿနာတရားနှင့်စိတ္တဗေဒဆိုင်ရာ ဗုဒ္ဓမြတ်စွာဘုရား၏ အမှာစကား ဖြစ်သည့် " ဧဟိ ပဿိ ကော" ခေါ်  ဗုဒ္ဓဝါဒဆိုင်ရာ ညီလာခံကြီးတရပ်အား ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာ့ တက္ကသိုလ်၌ လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရန် အောက်စဖို့ဒ် တက္ကသိုလ်မှ သျှမ်းဆရာတော် Dr. ဓမ္မသာမိ ကိုယ်တိုင်  ပါဝင်အကျိုးဆောင်ပေးမည်ဖြစ်ကြောင်းကြားသိရပါသည်။
Sao_KhuDr. ဓမ္မသာမိ
 
ဗုဒ္ဓဝါဒဆိုင်ရာ ညီလာခံကြီးဖြစ်မြောက်ရေးအတွက် အောက်စဖို့ဒ် တက္ကသိုလ်မှ သျှမ်းဆရာတော် Dr. ခမ်းမိုင် ဓမ္မသာမိ ကိုယ်တိုင် အင်တိုက်အားတိုက်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆရာတော်မှာ နိုဝင်ဘာ ၃၀ ရက်နေ့မှစ၍ ဗြိတိန်နိုင်ငံမှထွက်ခွါလာပြီး မြန်မာနိုင်ငံသို့ ကြွမည်ဖြစ်ကြောင်း  ဆရာတော်၏ ဒကာတဦးကလည်း ပြောပါသည်။

"ဧဟိပဿိကော" လာ၍ကြည့်လှည့်ပါ အဓိပ္ပါယ်ရ ညီလာခံကြီးအား ဒီဇင်ဘာလ ၂၁ - ၂၂ ရက်အထိ ကျင်းပမည်ဟုဆိုသည်။

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ဇာတိ သျှမ်းဆရာတော် အရှင် ဓမ္မသာမိ ခမ်းမိုင်သည် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ တဦးတည်း နှင့် ပထမဆုံးသော ဗုဒ္ဓဘာသာဆိုင်ရာ ဒေါက်တာဘွဲ့ရ ရဟန်း တော်တပါးဖြစ်သည်။ အဆိုပါဆရာတော်သည် အောက်စဖို့ဒ် တက္ကသိုလ်၌ ဗုဒ္ဓဘာသာဆိုင်ရာ လေ့လာ မှုဌာနမှအဖွဲ့ဝင်၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဝါဒတက္ကသိုလ်များအသင်း၏ အထွေထွေ အတွင်းရေးမှူး တာဝန်များ ထမ်းရွက်နေသည့် ဆရာတော်တပါးဖြစ်သည်။

မျက်စိမှိတ်ကာ ကြိတ်မှိတ်ယုံပါ ဟု မဆိုပါ " လာကြည့်ပြီးမှ ဆုံးဖြတ်ပါ" ဟု ဗုဒ္ဓက ဖိတ်မန္တကပြုမှုသည် ဗုဒ္ဓဝါဒီများ၏ ဗုဒ္ဓဝါအပေါ် အကြီးမားဆုံးသော ဂုဏ်ယူမှုတရပ်ဖြစ်သည်။

KIO နှင့် တွေ့ဆုံဆွေးနွေးမည့် အချိန်နှင့်နေရာ အစိုးရ အကြောင်းမပြန်သေး

Posted: 19 Oct 2012 02:57 AM PDT

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်မှ ယခုလ ၁၀ ရက်နေ့က KIO ထံစာရေးသား ကမ်းလှမ်းထားသော်လည်း နှစ်ဘက်တွေ့ဆုံဆွေးနွေးမည့်နေရာနှင့် အချိန်အတိအကျကိုမူ ထပ်မံအကြောင်းကြားလာခြင်းမရှိသေးကြောင်း KIO သတင်းရပ်ကွက်က ပြောသည်။

အစိုးရဘက်မှ KIO ထံပေးပို့သည့် စာတွင် နှစ်ဘက်တွေ့ဆုံမည့် နေရာမှာ တရုတ် - မြန်မာနယ်စပ်မြို့များဖြစ်သည့် ရွေလီ သို့မဟုတ် မူစယ် တစ်နေရာရာ ဖြစ်နိုင်ပြီး နောက်ဆက်တွဲတွင် အစိုးရ ကိုယ်စားလှယ်များ ယခုလ ၁၆ ရက်နေ့အထိ အားလပ်မှုမရှိသေးကြောင်းဖေါ်ပြထား သည်။

KIOဘက်မှ အဆိုပါစာ လက်ခံရရှိကြောင်း ပြန်လည်အကြောင်းကြားထားရာ ၄င်းနောက်ပိုင်း အစိုးရဘက်မှ တွေ့ဆုံဆွေးနွေးမည့်ကိစ္စ ထပ်မံ အကြောင်းကြားခြင်း မရှိသေးကြောင်း အမည်မဖေါ်လိုသူ KIO အရာရှိကြီး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"ဒီလ ၁၀ ရက်နေ့က သူတို့ဆီကနေ တွေ့ဆုံဆွေးနွေးဖို့ စာရေးအကြောင်းကြားလာတယ် ကျနှော်တို့ဘက်ကလည်း စာရရှိကြောင်းပြန်အ ကြောင်း ပြန်ထားတယ် ဒီနောက်ပိုင်းတော့ ဘာမှအကြောင်းကြားလာတာ မရှိသေးပါဘူး ဒီလ ၁၆ ရက်နေ့ အထိတော့ သူတို့ဘက်ကမအား သေးတဲ့အကြောင်း အကြောင်းကြားထားပါတယ်" ဟု ၄င်းအရာရှိက ပြောသည်။

နှစ်ဘက်ကိုယ်စားလှယ်များ အဆင်သင့်ဖြစ်သည့် အချိန်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲစတင်မည့် နေရာနှင့် နေ့ရက်ကို သတ်မှတ်နိုင်မည် ဖြစ်ပြီး ယခင်က နှစ်ဘက်တွေ့ဆုံမည့် နေရာရွေးချယ်ရာတွင် KIO ဘက်မှ တရုတ်နိုင်ငံ ရွေလီမြို့တွင် တွေ့ဆုံလိုကြောင်း အစိုးရထံတောင်း ဆိုမှုရှိခဲ့ဖူးကြောင်း သူက ဆက်ပြောသည်။

ယခုအခါ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် KIO ဋ္ဌာနချုပ်လိုင်ဇာမြို့တွင် ဗဟို ကော်မတီတွင်း ဆွေးနွေး ပွဲများ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

၁၉၉၄ ခုနှစ်မှစ၍ KIO နှင့် အစိုးရစစ်တပ်တို့ ၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားရာမှ ၂၀၁၁ ခုနှစ် ဂျွန်လ ၉ ရက်နေ့ မှ စ၍ နှစ်ဘက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး  ယခုရက်ပိုင်းအတွင်း KIO ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့အနီး နှင့် ဖားကန့် ဒေသတို့တွင် တိုက်ပွဲများ ဆက်ဖြစ်နေရာ အရပ်သား သေဆုံးမှုများ ရှိကြောင်း သိရသည်။

နှစ်ဘက်တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) တို့တွင် သောင်းချီရှိသည့် စစ်ပြေးဒုက္ခသည်များ ယနေ့အထိ စစ်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

KIO ၏ဒုနိုင်ငံခြားရေးမှူး ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်ဒေါင်ကမူ တွေ့ဆုံမည့်နေရာအတွက် ရွှေလီကို သဘောတူထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရွှေလီသည် နှစ်ဘက်စလုံးအတွက် သြဇာခံမဟုတ်သည့် နေရာဖြစ်သောကြောင့် ဟု ဧရာဝတီသတင်းဌာနကိုပြောပြခဲ့ကြောင်း သတင်းပို့ထားပါသည်။

သျှမ်းတမျိုးသားလုံးစုပေါင်း၍ ကျိုင်းတုံ၌ အထူးနှစ်သစ်ကူးပွဲကျင်းပမည်

Posted: 19 Oct 2012 02:56 AM PDT

ဒီဇင်ဘာ ၁၄ ရက် ကျရောက်မည့် ၂၁၀၇ ခုနှစ် သျှမ်းနှစ်သစ်ကြိုဆိုပွဲတော်အား သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌တမျိုး သားလုံးစုပေါင်း၍ အထူးအစီအစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ် မြောက်ရေးကော်မတီများကပြောသည်။
KT                                                       ကျိုင်းတုံမြို့တွင်းတနေရာ

ယခုလ ၉ ရက် ဗဟိုသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ဦးစီးကျင်းပသည့် ရန်ကုန်မြို့ ကိုးမိုင်သျှမ်းကျောင်း အစည်းအဝေးမှ ထို ကဲ့သို့ ကျင်းပရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး စိုင်းလာ ကပြောသည်။

"ဗဟိုသျှမ်းစာပေ ယဉ်ကျေးမှုကနေ ဦးဆောင်ပြီးလုပ်မယ်။ ဘာလို့လဲဆိုတော့ သံလွင်အရှေ့ခြမ်း ကျိုင်းတုံမှာက ရှေးထုံး မပျက်ပြယ်သေးတဲ့ အဆောင်အယောင် တွေအများကြီးရှိနေသေးတယ်။ ဗမာစကားနဲ့ မရောသေးတဲ့ သျှမ်းစကား စစ်စစ် တွေ အများကြီးပြောနေကြသေးတယ်။ ပြောရင်တော့ သျှမ်းရိုးရာယဉ်ကျေးမှုစစ်စစ်ဆိုတာ အများကြီးရှိနေသေးတယ်  " ဟု စိုင်းလာကပြောသည်။

ဒီဇင်ဘာ ၁၃ ရက် မှ ၁၅ ရက်နေ့အထိ ပြည်တွင်းပြည်ပ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပမည့် ၂၁၀၇ ခုနှစ် သျှမ်းနှစ်သစ် ကူးပွဲတော်အား ကျိုင်းတုံမြို့လယ် ကျွဲခတ်ကွင်း၌ ပျော်ပွဲရွင်ပွဲ၊ ကျွဲခတ်ကွင်းအရှေ့ မိုင်းပြင်းကျောင်းတိုက်၌ အလှူအဒါန်းပွဲ၊ လေယာဉ်ကွင်းအနီး လိသျှမ်းဟောခန်းမ၌ စာတမ်းဖတ်ပွဲဆိုကာ သုံးပိုင်းခွဲလုပ်သွားမည်ဖြစ်ကြောင်း၊ သျှမ်းလူမျိုးစု အတွင်း ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များကိုလည်းဖိတ်ကြားထားကြောင်း ကြားသိရပါသည်။

ပွဲကျင်းပရခြင်းအဓိကရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ်များ သျှမ်းစာပေယဉ်ကျေးမှုနှင့် သမိုင်းအစစ်အမှန် သိရှိနား လည်စေရန် နှင့် မပပျောက်အောင်ထိန်းသိမ်းကြရန်၊ အနာဂတ်တွင် သျှမ်းပြည်အမျိုးသားရေးအတွက် မှန်မှန်ကန်ကန် ဦး ဆောင် ထမ်းရွက်ကြရန် ဖြစ်သဖြင့် ရှေးပညာရှင်များ ပြုစုမှတ်တမ်းတင်ထားသော သမိုင်းမှန်ကို ဖော်ထုတ်သွားမည်ဖြစ် ကြောင်း စိုင်းလာက ပြောသည်။

" အရွယ်သုံးပါးလုံးသာမက လူ့ဘောင်၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ အကျိုးဖြစ်အောင် ကျင်းပမယ့် ပွဲဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ စာအောင် ဘွဲ့ရတဲ့ သျှမ်းသံဃာတော်တွေကိုဂုဏ်ပြုလွှာချီးမြင့်မယ်။ သျှမ်းထုံးမပယ်တဲ့ သက်ကြီးရွယ်အို တွေကို ဂုဏ်ပြုဆုပေးအပ်မယ်။ ပွဲလာတဲ့ပရိသတ်တွေကိုအတွက် ကံစမ်းမဲတွေဖေါက်ပေးမယ်" ဟု ဆိုပါသည်။

လာမည်နှစ်များအတွက် မည်သည့်နေရာတွင်ဆက်လက်ကျင်းပသွားမည်ကိုမူ ဗဟိုသျှမ်းစာပေယဉ်ကျေးမှုအသင်းမှ အစည်း အဝေးခေါ်ယူသွားမည်ဖြစ်ကြောင်းပြောပါသည်။

ယခုနှစ် ကျိုင်းတုံ၌ ကျင်းပမည့် သျှမ်းနှစ်သစ်ကူး အထူးပွဲတော်၏ ကော်မတီအဖွဲ့ကိုလည်း ရွေးချယ်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

သျှမ်းသက္ကရာဇ် ၂၁၀၆ ခုနှစ်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့၌ ကုန်ဆုံးမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်သည် သျှမ်းနှစ်သစ် ၂၁၀၇ ခုနှစ်ဖြစ်ပါသည်။ သျှမ်းပြည်တွင်းမြို့နယ်အသီးသီး၌ နှစ်သစ်ကူးပွဲ ကျင်းပသကဲ့သို့ ပြည်ပအသီးသီးရောက် သျှမ်း မိသားစုများကလည်း သျှမ်းနှစ်သစ်ကူးပွဲကို နှစ်စဉ်ကျင်းပခဲ့ကြသည်။


[New post] ရွှေည၀ါဆရာတော် အရှင်ပညာသီဟ တရားပွဲ။ အောက်တိုဘာ ၂၈၊ ဆန်းဒေး၊ ဖရီးမောင့်

admin posted: " အမေရိကန်ဓမ္မခရီးစဉ်အပြီး မြန်မာပြည်ပြန်မကြွမီ နောက်ဆုံးတရားပွဲတော်၊ ရွှေည၀ါဆရာတော် အရှင်ပ"

မြန်မာ့သတင်းများစုစည်းရာ

မြန်မာ့သတင်းများစုစည်းရာ


ပုဂံရှေးဟောင်း နယ်မြေအတွင်း ဟိုတယ်နှင့်ဆိုင်များ တည်ဆောက်မှု ဆန္ဒပြမည်

Posted: 19 Oct 2012 07:45 AM PDT

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ တည်ဆောက် နေတာကို မြို့ခံတွေ စုပေါင်းကန့်ကွက် ဆန္ဒပြကြမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်း ထန်းဥယာဉ် ဟိုတယ်ခေါ် Treasure Resort ကနေ စတင် ဆန္ဒပြကြမယ်လို့ ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုမင်းနိုင်က ပြောပါတယ်။  -- သစ်ထူးလွင်

ကားတိုက်သေဆုံးသည့် ရွှေ့ပြောင်းမြန်မာကျောင်းသူ လျော်ကြေးရရေး လုပ်ဆောင်မည်

Posted: 19 Oct 2012 05:56 AM PDT

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အသက် ၁၇ နှစ်အရွယ် မြန်မာ ကျောင်းသူတဦး ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ အမှု နစ်နာကြေး အပြည့်အ၀ မရရတဲ့ အတွက် ရသင့်ရထိုက်တဲ့ လျော်ကြေး ငွေရရေး ဆောင်ရွက် သွားမယ်လို့ မြန်မာပြည်သားများ အရေး ဆောင်ရွက် ပေးသူတွေက ပြောပါတယ်။ --- သစ်ထူးလွင်

အရပ်သားထိန်းချုပ်သည့် စစ်တပ် ဖြစ်ရေး အမေရိကန်နှင့် မြန်မာ ဆွေးနွေး

Posted: 19 Oct 2012 05:22 AM PDT

အမေရိကန် ကာကွယ်ရေး လက်ထောက် ၀န်ကြီးနှင့် အမေရိကန်စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အရပ်သား ထိန်းချုပ်သည့် စစ်တပ်၏ အခန်းကဏ္ဍ အပါအ၀င် အမေရိကန် စစ်တပ် အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောဆိုလိုက်သည်။ ယနေ့ ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒဲရစ်မစ်ချယ်က

နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ

Posted: 19 Oct 2012 04:59 AM PDT

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက မနန်းခင်ဇေယျာဟာ အွန်လိုင်း ကနေ မဲပေးတဲ့ ပရိသတ် အကြိုက်ဆုံးမဲ(People Choice Award) ရဲ့ ထိပ်ဆုံးမှာရှိတယ်လို့ နိုင်ငံတကာအလှမယ် (Miss International) ပြိုင်ပွဲဝင်သူတွေအကြောင်း သတင်း ဖော်ပြတဲ့ မစ်ဆိုဆိုလိုဂျီ (Missosology) ၀က်ဘ်ဆိုက်က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံက အလှမယ် တဦးအနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတကာ အလှမယ်ပြို

အဖျားအနာ များပြားနေ သဖြင့် ပိတ်ထားတဲ့ ကျောင်း အခုထိ ပြန်မဖွင့်နိုင်

Posted: 19 Oct 2012 04:34 AM PDT

မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထု မြို့နယ်ခွဲ၊ ကျောက်လိပ် ကျေးရွာတွင် အဖျားအနာများပြားနေပါသဖြင့် (၉-၁၀-၂၀၁၂)၇က်နေ့မှစပြီး ကျောက်လိပ်ကျေရွာ မူလတန်းကျောင်းမှာ ပိတ်ထားရပါသည်။  (၁၁-၁၀-၂၀၁၂) ရက်နေ့ တွင် ကျောက်လိပ်ကျေးရွာမှ (၁၁)မိုင်ခန့်ဝေးသော တပြင်းဆေးမှူး ဦးအွမ်ရှိန်း ကိုခေါ်ပြီး ဆေးကုသမှု ပြုလုပ်ရပါသည်။ ဖျားနာသည့် ကျေးရွာသူ/  ကျေးရွာ သား ၁၁၀ဦးခန့် ရှိပြီး ... သစ်ထူးလွ

 လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျလာသဖြင့် တစ်ဦးသေဆုံး

Posted: 19 Oct 2012 04:24 AM PDT

လားရှိုးမြို့၊ ရပ်ကွက်(၂)၊ ပြည်ထောင်စုလမ်းမကြီးပေါ်၊ ရေပန်းလမ်းဆုံအနီးတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်က သီပေါဖက်မှ မောင်းနှင်လာသော (၁၂)ဘီးကုန်တင်ယာဉ်တစ်စီးသည် ဘရိတ်ပေါက်ကာ လမ်းဘေးသို့ထိုးကျခဲ့ပြီး လမ်းဘေးလေထိုးကျွတ်ဖာဆိုင်မှ အလုပ်လုပ်နေသူတစ်ဦးအား တိုက်ကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သီပေါဖက်မှ ယာဉ်မောင်း အောင်မျိုး၊ အသက်(၂၆)နှစ် (ဘ)ဦးဘသန်း၊ နမ့်ဆန်မြို့နယ်နေသူ မောင်း

၈ မိနစ်အတွင်း ဒေါ်လာ ၂၄ ဘီလျံ Google ဆုံးရှုံးနစ်နာ

Posted: 19 Oct 2012 03:58 AM PDT

စတော့ဈေးကွက်တွင် Google၏ ဆိုးဆိုး ရွားရွား ယိမ်းယိုင်ထိခိုက်သွားမှုက ရင်းနှီးမြှုပ်နှံသူများကို အလေးထား စိုး ရိမ်စေသည့် အခြေအနေတစ်ခု ဖြစ် လာခဲ့သည်။ Googleသည် ၎င်းတို့၏ နှစ်စဉ်အမြတ်ငွေ ကျဆင်းမှုကို အချိန်စော ကြေညာလိုက် သည့်နောက် ရှယ်ယာဈေးများ ထိုးကျကုန်ကာ (၈)မိနစ်အတွင်း ဒေါ်လာ (၂၄) ဘီလျံ နစ်နာသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ စတော့ဈေးကွက်တွင် Google၏ ဆိုးဆိုးရွားရွား ယိမ်းယိုင်ထိခိုက်သွားမှုက

ဘန်ကောက်ကို တရားမ၀င်သွားမယ့် ၄၂ ဦး နယ်စပ်မှာမိ

Posted: 19 Oct 2012 03:27 AM PDT

ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကနေ တဆင့် သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၄၂ ယောက်ကို ဒီကနေ့ ဖမ်းမိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုကို သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင် အင်အား ၂၀ လောက်က မဲဆောက်မြို့ပြင် တနေရာမှာသွားရောက် ဖမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဖမ်းခံရတဲ့သူအထဲမှာ အမျိုးသားက ၃၃ ယောက် ပါဝင်ပြီးတော့ ၉ ဦး ကတော့ အမျိုးသမီးတွေပါ၊ ထိုင်း

မြန်မာကို အမေရိကန် အခိုင်အမာ ထောက်ခံမည်

Posted: 19 Oct 2012 03:04 AM PDT

အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို အကူအညီ ပေးတဲ့အပေါ် ထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။ ဒီလိုပြောလိုက်တာဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့လိုမျိုး အဖွဲ့ အစည်းတွေထံက ဘဏ္ဍာရေးအထောက်အပံ့တွေ ပေးနိုင်ဖို့ လမ်းခင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ "နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူ

ကမ္ဘာ့အကြီးဆုံး နိုင်ငံစုံပါဝင်သည့် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို လေ့လာရန် အမေရိကန်က မြန်မာကို ဖိတ်ခေါ်

Posted: 19 Oct 2012 01:51 AM PDT

ဘန်ကောက်၊အောက်တိုဘာ-၁၈ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အကြီးမားဆုံး နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုတစ်ဖြစ်သည့် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို လာရောက်လေ့လာရန် မြန်မာအား ဖိတ်ခေါ်လိုက်သည်။ ထိုစစ်ရေးလေ့ကျင့်မှုတွင် အခြားအာရှနိုင်ငံများ၊ ထိုင်းနှင့် အမေရိကန်မှ စစ်သားပေါင်း ၁၀၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်။ မြန်မာ့စစ်ဘက်ရေးရာ ကျွမ်းကျင်သူဖြစ်ပြီး စင်ကာပူရှိ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျု့မှ ပညာရှင် ဒေါ

၈၈ များ ပါတီထောင်တော့မည်

Posted: 19 Oct 2012 01:49 AM PDT

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ မှ အချို့ မကြာမီ နိုင်ငံရေး ပါတီ တစ်ရပ် ထူထောင်ကာ ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်ရန် ပြင်ဆင်တော့မည်ဟု ခိုင်လုံသော အတွင်း သတင်း တစ်ရပ်အရ သိရသည်။ ယင်း နိုင်ငံရေး ပါတီတွင် လူထုနှင့် ထိတွေ့ မှုများသော--- သစ်ထူးလွင်

ကွန်ဂိုနိုင်ငံ မတည်ငြိမ်မှုကြောင့် တနှစ်အတွင်း အမျိုးသမီး "၅၀၀၀" မုဒိမ်းပြုကျင့်ခံရ

Posted: 19 Oct 2012 01:46 AM PDT

ကွန်ဂိုနိုင်ငံ အရှေ့ဘက် ကီဗူဒေသ အတွင်း သူပုန်တို့၏ တိုက်ခိုက်မှုကြောင့် မတည်ငြိမ်မှုဖြစ်၍ ယင်းဒေသ၌ တနှစ်အ တွင်း အမျိုးသမီး ၅၀၀၀ မုဒိမ်းပြုကျင့် ခံရသည်ဟု ဒေသဆိုင်ရာ ဆေးရုံတာဝန်ရှိသူ တဦးကပြောပြ ကြောင်း Newage သတင်းမှာ ဖေါ်ပြထားသည်။ "အစီစဉ်တကျနဲ့ ပြုကျင့်ခံရသူ အရေအတွက်များပါတယ်။ ဒီနှစ် နှစ်စကတည်းကကီဗူမြောက်ဘက်မှာ တရား ၀င်စရင်းအရ မုဒိမ်းပြုကျင့်ခံရသူ ၅၀၀၀ ရှိပါပြီ" ဟု ဒေသဆိုင်ရာ မြို့တော် ဂိုမာတွင်ရ

ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေရဲ့  လျှို့ဝှက်ချက်…

Posted: 19 Oct 2012 01:34 AM PDT

အဘိုးအို သူ့ မိန်းမနှင့် ကလေး နှစ်ယောက် အိန္ဒိယ မြောက်ဘက်ပိုင်း ဒေသက  အသက် (၉၆) နှစ်အရွယ် လယ်သမားအဘိုးအိုတစ်ဦးက သူ့ရဲ့  ချစ်လှစွာသော ဇနီး ( အသက်၅၂ နှစ်)နဲ့ ပထမဦးဆုံး သားလေးကို ၂၀၁၀ မှာ မွေးဖွားခဲ့ပါတယ်… ဒုတိယမြောက် သား ရတနာကိုတော့ ဒီလ  (၅) ရက်နေ့မှာ ကျန်းမာစွာ ဖွားမြင်နိုင်ခဲ့ပါတယ်… ကလေး မွေးဖွားပေးသော ဆရာဝန်များက ကလေးအဖေ မည်သူလဲလို့ မေးတော့ လယ်သမား အဖိုးကြီးက ဆရာဝန်တွေဆီ လမ်းလျှောက်သွားပြီး

စပွန်ဆာတဲ့လား

Posted: 19 Oct 2012 01:05 AM PDT

နားထဲမှာမကြာခဏကြားနေ တဲ့စကားလုံးလေးဖြစ်နေလို့ တော်တော်နားရည်ဝနေပြီ။ခု လည်း ဆရာမကြီး ဒေါ်ရွှေကူမေ နှင်းရဲ့ ဆောင်းပါးဖတ်ရတော့ ကျွန်တော်သိတဲ့စပွန်ဆာတွေပြန် စဉ်းစားမိလာတယ်။ပြည်သူတွေ ကြားမှာ ဒီစကားလုံးလေးဟာ ၂၀၀၆ခုနှစ် နောက်ပိုင်းများမှ ပို မိုကျယ်လောင်လာတယ်လို့ထင် တယ်။ဒါမှမဟုတ် ရန်ကုန်နဲ့ဝေး တဲ့နေရာမှာ နေလို့မကြားမိတာဖြစ် ချင်ဖြစ်မယ်၊ကျွန်တော်က ၁၉၉၆ ကနေပြီး ၂၀၀၉အထိ အထက် မြန်မာပြည်မှာ တာဝန်ထမ်းဆောင်

ရပ်/ကျေး အုပ်ချုပ်သူများ တိုင်ကြားခံရလျှင် ထိရောက်စွာ အရေးယူမည်

Posted: 19 Oct 2012 12:37 AM PDT

ရပ်ကွက်နှင့် ကျေးရွာ (ရပ်/ ကျေး) အုပ်ချုပ်ရေးမှူးများ၏ အလွဲသုံးစားမှုများကို တိုင်ကြားလာပါက စိစစ်ပြီး ထိရောက်စွာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ကျော်စိုးက ပြောသည်။ ရပ်ကွက်နှင့် ကျေးရွာများတွင် ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးများသည် ပေးထားသည့် အာဏာကို အလွဲသုံးစားလုပ်ကာ ရပ်ကွက်ပိုင် မြေနေရာမျ

OIC ရုံးကိစ္စ မြန်မာအစိုးရ တရားဝင် အကြောင်းမကြားသေး

Posted: 19 Oct 2012 12:30 AM PDT

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation – OIC) အထွေထွေအတွင်းရေးမှူး အက်မဲလက်ဒင် အစ်စန်နိုးလူ (Ekmeleddin Ihsanoglu) က မြန်မာနိုင်ငံမှာ OIC ရဲ့ လူသား ချင်းဆိုင်ရာ ရုံးဖွင့်ခွင့် မရတော့တဲ့ကိစ္စအပေါ် မြန်မာအစိုးရဆီက တရားဝင် အကြောင်းကြားမှု တစုံတရာ မရရှိသေးဘူး လို့ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါး (Jeddah) မြို့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ တရားဝင် အကြောင်ြး

အသက်ကြီးမှအိမ်ထောင်ကျလို့ သားသမီးမရနိုင်တော့ဘူးလား???

Posted: 19 Oct 2012 12:07 AM PDT

အမျိုးသမီးတွေ ၄၀ နှစ်ဝန်းကျင်ရောက်လာတဲ့အချိန်ကို သွေးမဆုံးခင်အစောပိုင်အချိန်တွေလို့  ဆိုလို ပါတယ်။ ဒီအချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့သားဥတွေဟာလည်း အသက်ကြီးလာပြီး သားဥကြွေရာမှာ အကူအညီပေးနေတဲ့ အီစထရိုဂျင် ဟော်မုန်း ပမာဏကလည်းစတင်ပြီး နည်းစပြုလာပါပြီ။ ဓမ္မတာ သွေးဆင်းတဲ့ဖြစ်စဉ်ကလည်း အရင်လိုပုံမှန်မဟုတ်တော့ဘဲ ရက်စောတာ၊ နောက်ကျတာ၊ ရာသီသွေးနည်းတာ၊ များတာတွေ ကြုံတွေ့ လာရပါတယ်။ ဒါ့အပြင်

နဲသမိန် စံပြကျေးရွာ ပညာရေး ၀န်ထမ်းများ မတရား လုပ်ဆောင်နေ

Posted: 18 Oct 2012 11:22 PM PDT

ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နဲသမိန် စံပြကျေးရွာ၊ အထက (ခွဲ) စာသင်ကျောင်းရှိ ပညာရေး ၀န်ထမ်း များဖြစ်သော အတန်းပိုင် ဆရာမများသည် ကျောင်းသား နှင့် ကျောင်းသား မိဘ၊ အုပ်ထိန်းသူများအား မတရား လုပ်ဆောင်နေမှု့များမှာ အောက်ဖေါ်ပြပါအတိုင်း ဖြစ်ပါသည်။ ၁။ ကျောင်းသားများအား အတန်းတိုင်း ကျောင်းတွင် ကောင်းစွာ စာသင်ကြားမှု့ မရှိဘဲ မသင်မနေရ သူငယ်တန်းမှ စတုတ္တတန်းအထိ တစ်လလျှင် ငွေကျပ် (၂,၀၀၀) ၊ ပဉ္စ

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်သံအမတ်ပြောကြား

Posted: 18 Oct 2012 11:03 PM PDT

ရန်ကုန်၊အောက်တိုဘာ-၁၅ တရုတ်နိုင်ငံအစိုးရအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ရန်အတွက် ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံသံအမတ်ကြီးက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။ "ဒေါ်စုနဲ့ ကျွန်တော် ခြောက်ခါတွေ့ပြီးပါပြီ။ သံတမန်စကားနဲ့ပြောရင် အဆင်ပြေတဲ့တစ်ချိန်မှာ တရုတ်ပြည်ကိုသွားဖို့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်"ဟု သံအမတ်

သံတွဲမြို့တွင် ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင် များကို က.ည.န အဖွဲ့က မတရားငွေတိုး ကောက်ခံနေ(ပေးစာ)

Posted: 18 Oct 2012 10:50 PM PDT

ရွှေမြန်မာမီဒီယာမှ တာဝန်ရှိသူများခင် ဗျာ .. ပြည်သူများအမှန်တစ်ကယ်ခံ စားနေရသည့် အကျင့်ပျက်ခြစား ၀န်ထမ်း တို့၏ လုပ်ရပ်များကို တာဝန်ရှိသူများ သိရှိစေလိုပါသဖြင့် ယခုပို့ပေးသောသတင်းကို ရွှေမြန်မာ မီဒီယာတွင် တင်ပေးစေလိုပါသည်ခင်ဗျား .. `ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ကား၊ ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင် တွေကို ဒီလ ၁၆ ရက်နေ့က စတင်ပြီး လုပ်ပေးနေတယ်။ က.ည.န အဖွဲ့က လိုင်စဉ်သက်တမ်း တိုးမြှင့်တဲ့အခါ

ဥပဒေသည် လူတစု ကောင်းကျိုးအတွက်မဟုတ် .. လူထုကောင်းကျိုးအတွက်သာ ဖြစ်နေရမည်။

Posted: 18 Oct 2012 09:50 PM PDT

"တောင်းမှာ အကွပ်" ဆိုတဲ့အတိုင်း ရက်ထားတဲ့ အစတွေကို ပရမ်းပတာ မဖြစ်စေရအောင် အနားသတ်တွေကို ကွပ်ပေးထားရပါတယ်။ လူမှာလည်း သဘာဝအလျောက် စိတ်ရိုင်းဝင်လာတတ်တာကို မပြုမိစေဖို့ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ ထိန်းကွပ်ထားရပါတယ်။ မိသားစုထဲမှာ မိသားစု စည်းကမ်း ထားရှိကြသလို ကျောင်းတွေ၊ အလုပ်ရုံတွေ၊ ရုံးတွေ၊ ဆေးရုံတွေမှာလည်း စည်းကမ်း ထားရှိရပါတယ်။ အစည်းအဝေးတွေ၊ အသင်းအဖွဲ့တွေမှာလည်း စည်းကမ်း ထားရှိပါတယ်။ လူမျို

တပ်မတော် ပြုပြင်ပြောင်းလဲရေး စဖို့လိုပြီ

Posted: 18 Oct 2012 09:12 PM PDT

အမေရိကန်အစိုးရ ဌာနပေါင်းစုံမှ အကြီးတန်းအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို လာရောက်ခဲ့ပြိး ဒု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလီယံ ဘန်းစ် လည်း အောက်တိုဘာ ၁၈ ရက်နေ့တွင် ရောက်လာကာ မြန်မာသမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမည်မှာ အမေရိကန်သမ္မတ အိုးဘားမားအစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို နောက်ထပ် အဆင့်မြှင့် အကောင်အထည်ဖော်သည့်

Forum 2000 အကြံပေးအဖွဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ပုံနှိပ်ရန်

Posted: 18 Oct 2012 09:01 PM PDT

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား တို့ဟာ  Forum 2000 အဖွဲ့ရဲ့ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့ထဲမှာ ပါဝင်လာကြပြီလို့  Forum 2000 အဖွဲ့က ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီမိုကရေစီရေးကျိုးပမ်းမှုကြောင့် ကမ္ဘာကချစ်ခင်လေးစားမှုခံရသူ ၂ဦးပါ  အခုလို  ပါဝင်လာတာမို့ ဒီအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေ ပိုမိုအားကောင်း လာမှာ ဖြစ်တဲ့အပြင် ကမ္ဘာအနှံ့က လူတွေအတွက်

ဆေးမြီးတို မကျွေးသင့်တော့တဲ့ နာတာရှည် မြန်မာ့ပညာရေး

Posted: 18 Oct 2012 08:27 PM PDT

မြန်မာ့ပညာရေး အဆင့်အတန်း၏ လက်ရှိအနေအထားအပေါ် ထောက်ပြမှု၊ ဝေဖန်မှုနှင့် အကြံပြုမှုတို့က အစိုးရသစ်လက်ထက် တစ်နှစ်ခွဲအတွင်းမှာပင် ကျယ် ကျယ် လောင်လောင် ထွက်ပေါ်လာခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အသီးသီးကပင် မြန်မာ့ပညာရေး၏ အဆင့်အတန်း အင်မတန်နိမ့်ကျနေပါကြောင်း ထောက်ပြခြင်း၊ ဝေဖန်မှု တို့က နောက်ပိုင်းတွင် ပိုမိုပြင်း ထန်လာသည်။ ပုဂ္ဂလိက ဗစ်တိုးရီးယား တက္ကသိုလ်ကောလိပ် ဦးဆောင်ဖွ

မြန်မာပညာရှင်များ ရေးဆွဲသော “ငတက်ပြား” မိုဘိုင်းဂိမ်းကစားသူ များပြား

Posted: 18 Oct 2012 07:54 PM PDT

မြန်မာ ကွန်ပျူတာပညာရှင်များ ရေးဆွဲထားသည့် "ငတက်ပြား" အမည်ရ မြန်မာဂိမ်း အမျိုးအစားသည် ကမ္ဘာကျော် အွန်လိုင်းစတိုး တစ်ခုဖြစ်သော Apple Store ပေါ်တွင် စတင် Download ရယူနိုင်သည့် နေ့မှ ရက်သတ္တပတ်ခန့်အတွင်း အသုံးပြုသူ တစ်သောင်းကျော်သွားပြီ ဖြစ်ကြောင်း ယင်းဂိမ်းကို ရေးဆွဲသည့် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်စည်သူကျော်က ပြောသည်။ Android Platform စနစ်ရှိ မိုဘိုင်းဖုန်းများအတွက် ဦးဆုံးထွက်ရှိလာသည့် အဆိုပ