[mrsorcerer:34527] [Richard Aung] ကားတင်သွင်းခွင့် Policy၊ လိုင်စင်မဲ့ကားနှင့် ရန်ကုန်မြို့ ယဉ်ကြောရှုပ်ထွေးမှုပြဿနာ

ကားတင်သွင်းခွင့် Policy၊ လိုင်စင်မဲ့ကားနှင့် ရန်ကုန်မြို့ ယဉ်ကြောရှုပ်ထွေးမှုပြဿနာ

အစိုးရသစ်လက်ထက်တွင် ဖောင်းပွနေသောကားဈေးကွက် ကို ထိန်းချုပ်ရန်အတွက် ကားတင်သွင်းခွင် ပေါ်လစီများကို တစ်နှစ်အတွင် ၇ ကြိမ်ခန့်အထိ ပြောင်းလဲကာ ကားဈေးကွက်ကို ထိန်းချုပ်ခဲ့သည်။

ထိုထိန်းချုပ်မှု အောင်မြင်ခဲ့သော်လည်း နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများမှာ မြို့ပြနေထိုင်သွားလာမှုပုံစံကို အများဆုံး ဆိုးကျိုးသက်ရောက်မှုများရှိခဲ့သည်။ အစိုးရ၏ ကားဟောင်းအပ်၊ ကားသစ်လဲ အစီအစဉ်မှာ ထိရောက်မှုရှိခဲ့သော်လည်း ကညန၏ အဂတိလိုက်စားမှုများကြောင့် အ၀င်ကားများပိုမိုများပြားလာပြီး ရန်ကုန်မြို့ရှိ ကားလမ်းများ ကျပ်ပြည့်သိပ်သည်အထိ သိသိသာသာ တိုးတက်များပြားလာခဲ့သည်။
...

စုစုပေါင်း ကားအစင်းရေ ၆ သောင်းကျော် ၀င်ရောက်လာသည်ဆိုသော်လည်း လေးပုံသုံးပုံခန့်မှာ ယခင်ပြေးဆွဲနေသော ကားများကို အပ်နှံပြီး ကားသစ်လဲထားခြင်းဖြစ်၍ ထူးခြားစွာ ကားလမ်းပိတ်ဆို့မှု ဖြစ်စေနိုင်မည်မဟုတ်ပေ။ ပဲခူး၊ ကျိုက်ထိ၊ ဘားအံ လမ်းကြောင်းများတွင် နေ့စဉ်နှင့် အမျှလိုလို Without(လိုင်စင်မဲ့) ကားများ ဖမ်းဆီးရမိနေခြင်းမှာလည်း ရန်ကုန်မြို့ကားလမ်းပိတ်ဆို့ခြင့်၏ အဓိကပြဿနာ တစ်ရပ်ဖြစ်နေနိုင်သည်။ ယဉ်ထိန်းရဲများအနေဖြင့် ကားမော်ဒယ်နှင့် ကားနံပါတ်၊ လိုင်စင်၊ ၀ီးတက် မှန်မမှန် စစ်ဆေးနိုင်ရန် အားနည်းခြင်း၊ ယခင် သီလ၀ါဆိပ်ကမ်း နှင့် အခြားဆိပ်ကမ်းများ ရှိ မော်ဒယ်မြင့်ကားများ မသိမသာနည်းလမ်းဖြင့် ပြည်ဝင်ခွင့်ရရှိသွားခြင်းတို့မှာလည်း ရန်ကုန်မြို့တော်ကို ကားပေါစေပါတယ်။

တစ်ကယ်တမ်း တင်သွင်းထားသော ကားများမှာလည်း လူထုပို့ဆောင်ရေးလမ်းကြောင်းကို အထောက်အကူမဖြစ်စေနိုင်သော ဇိမ်ခံကားများဖြစ်နေခြင်း၊ ၄င်းကားများသည် လူဦးရေ ၅ ဦးထက်မပိုသော အရေအတွက်ကို သာ ပို့ဆောင်ပေးနိုင်ခြင်း၊ ယဉ်မောင်းများ၏ စွမ်းရည်နိမ့်ကျနေခြင်း၊ တိုးတက်လာသော ကားစီးရေနှင့် အညီ ကားရပ်နားရာနေရာများ လုံလောက်စွာ မဖန်တီးပေးနိုင်မှုကြောင့် ကားများ အဓိကမိန်းလမ်းများတွင် ပိတ်ဆို့စွာ ရပ်နားထားခြင်း၊ တစ်ဦးချင်းစီ၏ ယဉ်စည်းကမ်းလိုက်နာမှုအားနည်းခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းများကြောင့် ကားလမ်းပိတ်ဆို့မှုများဖြစ်ပေါ်ပြီး သာမန်ပြည်သူလူထု၏ အလုပ်သွား အလုပ်ပြန်အချိန်ကို ပိုမိုရှည်လျားစေခြင်း လေထုညစ်ညမ်းမှုနှင့် စွမ်းအင်ပမာဏအတွက် နိုင်ငံခြားငွေပိုမိုသုံးစွဲရမှုများရှိလာပါသည်။

အဓိကအချက်အနေဖြင့် နေ့စဉ်ဝန်ထမ်းများ၊ အလုပ်သမားများ၏ အလုပ်သွား၊ အလုပ်ပြန် အချိန်ကို ပိုမိုကြန့်ကြာစေခြင်းမှာ ရည်ရှည် ထိုဝန်ထမ်းများ၏ အလုပ်လုပ်နိုင်စွမ်းရည်ကို ထိခိုက်စေပြီး စိတ်ပင်ပန်းနွမ်းနယ်မှု လုံလောက်သော အနားယူချိန်မရှိမှု၊ လေထုဆိုင်ရာကျန်းမာရေးထိခိုက်မှုများကို ခံစားနေရပြီး တိုင်းပြည်၏ရည်ရှည်အကျိုးအတွက် စိုးရိမ်စရာအနေအထားတစ်ရပ်ကို ရောက်ရှိနေကြောင်း ဝေဖန်ရေးသားအပ်ပါသည်။

People Development For Knowledge

Tun Wai မှကူးယူဖော်ပြပါသည်



--
Posted By အောင်မျိုးကျော် to Richard Aung at 10/21/2012 05:16:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34527] [Richard Aung] နိုင်ငံကြီးသားများ အတွက် ပြည်သူ့ နီတိ

[ Editorial ]

နိုင်ငံကြီးသားများ အတွက် ပြည်သူ့ နီတိ

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အားလုံးနှင့် နှိုင်းယှဉ်လျှင်  အကျယ်အဝန်း အရ သော်လည်းကောင်း၊ လူဦးရေ အရ သော်လည်းကောင်း၊ နိုင်ငံငယ်ကလေး တစ်ခု မဟုတ်ကြောင်း၊  မြန်မာနိုင်ငံထက် အရွယ်အစား အားဖြင့် ကြီးသော နိုင်ငံများမှာ ၃၉ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံ ထက် သေးသော နိုင်ငံမှာ ၂ဝ၉ နိုင်ငံ ရှိကြောင်းနှင့်  လူဦးရေအားဖြင့် ဆိုလျှင်လည်း မြန်မာနိုင်ငံထက် များသော နိုင်ငံမှာ ၂၅ နိုင်ငံသာ ရှိပြီး မြန်မာနိုင်ငံထက် လူဦးရေ နည်းသောနိုင်ငံ စုစုပေါင်း ၂၁၆ နိုင်ငံ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသားများ အနေနှင့် မိမိတို့ ကိုယ်ကို မိမိနိုင်ငံငယ်ကလေး တစ်ခုက နိုင်ငံသားများ အဖြစ် မမှတ်ယူ စေလို ဘဲ နိုင်ငံကြီးသားများ အဖြစ် မှတ်ယူကာ နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ထိုက်တန်သူများ အဖြစ် မိမိတို့ဘာသာ တည်ဆောက်မြှင့်တင် ထားသင့်ကြောင်း  အွန်လိုင်း ဆောင်းပါး တစ်ပုဒ်တွင် ဖော်ပြထားပါသည်။

မှန်ပါသည်။ မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရ သော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော် လည်းကောင်း နိုင်ငံတကာ တွင် အောက် တန်း နောက်တန်း က ရှိခဲ့သော နိုင်ငံတစ်ခု မဟုတ်ခဲ့ပေ။ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းသောကြောင့် မဟုတ်ဘဲ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျင့်သုံး အုပ်ချုပ်ခဲ့သော စနစ်ဆိုးကြောင့် အများ အထင်သေးခံ ရသည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့ရခြင်း ဖြစ်ပါသည်။

မျက်မှောက် မြင်တွေ့နေရသည့် စည်းကမ်းမဲ့မှုများ၊ အပြစ်တင်စိတ်ကဲသော ရှုမြင် သုံးသပ်မှုများ၊ ပုဂ္ဂိုလ်ရေး သက်သက် ချိုးနှိမ် တိုက်ခိုက်မှုများ၊ ကိုယ်ကျိုးသက်သက် ကြည့်ကာ အများအကျိုး လျစ်လျူရှုမှုများ၊ အချောင်စီးပွားဖြစ် လိုသူများ၊ အပြောင်းအလဲ ကို မသိသူများ၊ အပြောင်းအလဲကို အခုအခံ ကြီးကြီးဖြင့် ကာဆီး လိုသူများ၊ အာဏာ ဖက်တွယ်လိုသူများ စသည့် နိုင်ငံကြီးသားများ၏ ဂုဏ်အင်္ဂါနှင့် ဆန့်ကျင်ဘက် ဖြစ်နေမှု များသည် နှစ် ၅၀ ကာလ ကျင့်သုံးခဲ့သော စနစ်ဆိုး၏ အလွဲသြဇာ သက်ရောက်မှုများ ဖြစ်ပါသည်။

ကုန်ခဲ့သည့် နှစ်ငါးဆယ် မတိုင်ခင်ကမူ မြန်မာနိုင်ငံသည် ဒေသတွင်းတွင်ရော ကမ္ဘာပေါ်တွင်ပါ အများက လေးစား ခံ့ညားရသည့် နိုင်ငံကြီး တစ်ခု ဖြစ်ခဲ့ပါသည်။ ထိုသို့ ဖြစ်စေရန်လည်း လွတ်လပ်ရေး ရပြီး အချုပ်အခြာ ပိုင်နိုင်ငံ အဖြစ် ရပ်တည်ချိန်မှ စကာ နိုင်ငံသားတို့၏ အသိပညာ ရေချိန်ကို ထိုခေတ် ပညာရေး စနစ်က မြှင့်တင် ပေးခဲ့ ခြင်းဖြစ်ပါသည်။ နိုင်ငံသားတို့၏ အသိပညာ ရေချိန်နှင့် နိုင်ငံကြီးသားများ အဖြစ် လေ့ကျင့် မြှင့်တင် ပေးရေး အတွက် အဓိက အရေးကြီးသည်မှာ Civic Education ခေါ် ပြည်သူ့ နီတိ ဖြစ်ပါသည်။ ထိုခေတ်က ပညာရေး စနစ်အရ အခြေခံပညာ မူလတန်းမှ စကာ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ် အဆင့်အထိ သူ့အဆင့်နှင့်သူ လိုက်လျောညီထွေ ရှိမည့် ပြည်သူ့နီတိကို သင်ကြားပေးပါသည်။ ထိုပညာရေး စနစ်ကြောင့်ပင်လျှင် မြန်မာနိုင်ငံနှင့် နိုင်ငံ သား များ နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာ ရှိရှိ အဆင့်တန်း မြင့်မြင့် ရှိခဲ့ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးတွင် နိုင်ငံတော်၏ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်မှုအပြင်        စိတ်ပိုင်း ပါ ဖွံ့ဖြိုးစေရန် အလို့ငှာ အာဏာသုံးရပ် အပါအဝင်၊ စတုတ္ထ မဏ္ဍိုင်နှင့် ပဉ္စမမဏ္ဍိုင်တို့တွင် ရှိနေသူ အားလုံး ပြည်သူ့နီတိကို လေ့လာ သင်ယူကြရမည် ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့လွှတ်တော်အတွင်း ရောက် ရှိနေကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့အတွင်း သက်ဆိုင်ရာ နယ်ပယ် အလိုက် ဝန်ကြီး အဖြစ် တာဝန် ယူထားသူများ၊ တရားရေး မဏ္ဍိုင်မှ တာဝန်ရှိသူများ ပြည်သူ့နီတိကို အခြေခံမှ စကာ ယခုပင် လေ့လာသင်ယူ သင့်လှပါသည်။ သို့မှသာ ပြည်သူ့နီတိသည် နိုင်ငံ တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတို့တွင် မည်ရွေ့မည်မျှ အရေးကြီးကြောင်း ကောင်းစွာ သဘောပေါက်လာမည် ဖြစ်ပါသည်။ 

လက်ရှိ နိုင်ငံ့တာဝန်ကို ထမ်းဆောင် နေကြသူ အဓိက ခေါင်းဆောင်များ၊ Stakeholder များ အနေနှင့် နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်မှသည် အနှစ်ငါးဆယ် တစ်ရာ တိုင်သည် အထိ မျိုးဆက်သစ် များစွာတို့ ဆင့်ပွား အမွေ ခံကြရမည့် ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီး တစ်ခု အဖြစ် ကမ္ဘာ့အလယ်တွင် ခေါင်းမော့ ရင်ကော့နိုင်သည် အထိ မျှော်တွေး စဉ်းစား ကြပါမည့်အကြောင်း အထူး တိုက်တွန်း အပ်ပါသည်။

အယ်ဒီတာ (၁၈-၁၀-၂၀၁၂)

The Voice



--
Posted By အောင်မျိုးကျော် to Richard Aung at 10/21/2012 05:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34527] [Richard Aung] အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ

အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ

(The Financial Times မှ 17 Oct 2012 ရက်စွဲပါ "Unrest grows in Myanmar's ruling party" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

တစ်ချိန်က တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွားလာခြင်းကြောင့် သမ္မတ ကို ထောက်ခံကြသူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှု များသည် ဒေါ်အောင်ဆန်းစုကြည်အား စင်ပေါ်ရောက်လာစေသည်ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲသမားများအ...ကြား ပါတီတွင်း အကွဲအပြဲဖြစ်နေပြီဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ယင်းကဲ့သို့ ပါတီတွင်း မကျေမနပ် ပြောဆိုကန့်ကွက်မှုများကို ပါတီဥက္ကဌအဖြစ် ဦးသိန်းစိန် ပြည်လည်အရွေးခံရသည့် ကိစ္စကအစပျိုးပေးလိုက်ပုံ ရသည်။

ယခင်နှစ် မတ်လ အာဏာရယူချိန်တွင် ပါတီဥက္ကဌတာဝန်ကို စွန့်လွှတ်ခဲ့သော သမ္မတ ဦးသိန်းစိန်အား အင်္ဂါနေ့က ဥက္ကဌ အဖြစ် ပြန်လည်ရွေးချယ်ခဲ့ခြင်းအပေါ် ၎င်းပါတီအတွင်းမှ လူများစုပင် အံအားသင့် သွားခဲ့ကြသည်။

ပါတီဥက္ကဌနေရာကို ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် အလားအလာကောင်းသူ အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရရှိလိမ့်မည်ဟု အများစုက မျှော်လင့်ထားကြသည်။

သို့ရာတွင် ရန်ကုန်မှ အကဲခတ်လေ့လာသူများကမူ "ယခုကဲ့သို့ ဦးသိန်းစိန် ကို ပြန်လည်ရွေးချယ်ခဲ့ခြင်းသည် အာဏာရှင်စစ်အုပ်ချုပ်ရေး စနစ်ဟောင်း၏ လက်ကျန်နိုင်ငံရေးယန္တရားကို နောက်ဆုံး ထပ်မံ ပြင်ဆင်လိုက်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်" ဟု ရှုမြင်ကြသည်။

အာဏာရှင် အသိုင်းအဝိုင်းနှင့် တပ်မတော်ကို ကိုယ်စားပြုသူအဖြစ် သတ်မှတ်ခြင်းခံထားရသော ပြည်ခိုင်ဖြိုးပါတီသည် တစ်ချိန်က ပါတီဝင် ၁၅ သန်းကျော်ရှိခဲ့ပြီး၊ လွှတ်တော်တွင်း၌လည်း တပ်မတော်သား အမတ်များမှအပ ကျန်နေရာအများစုကို ထိန်းချုပ်ထားဆဲပင်ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်လက်ထက် သိသာသော အပြောင်းအလဲများက ပါတီကို ယိမ်းယိုင်သွားစေခဲ့သည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် နောက်ကောက်ကျ ရှုံးနိမ့်မှုအပေါ် ပါတီဝင် အများစုမှာ ယခုတိုင် တုန်လှုပ်နေဆဲဖြစ်သည်။

ထို့အပြင် ယခင် ခရိုနီသူဌေးကြီးများက NLD ပါတီနှင့် အခြားအဖွဲ့အစည်းများထံ ပြောင်းလဲလှူဒါန်းနေကြသောကြောင့် ပြည်ခိုင်ဖြိုး ပါတီ၏ ရန်ပုံငွေရလမ်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။ အကြီးတန်းပါတီဝင်များသည်လည်း နိုင်ငံရေးရာထူး၊ အစိုးရ ကန်ထရိုက်နှင့် စီးပွားရေးခွင်များကို နောက်ထပ်မရနိုင် ကြတော့ပါ။

၃ရက်ကြာ ပါတီညီလာခံတွင် ရွေးကောက်ပွဲ မဟာဗျူဟာကို ဆွေးနွေးကြခြင်းသည် တစ်ချိန်က တန်ခိုးထွား ပါတီအတွင်း တစ်ငွေ့ငွေ့ လောင်နေသော ပြဿနာ ဖွဲ့မီးရှိကြောင်း ထင်ဟပ်နေသည်ဟု အတွင်းသတင်းများက ဆိုသည်။

ညီလာခံ ကျင်းပရာနေရာ အဝန်းအဝိုင်းတွင် တီးတိုးပြောဆိုကြသော အကြောင်းအရာများထဲတွင် အချို့က ခွဲထွက်၍ ပါတီထောင်ချင်ကြသော ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

"ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံးစုဝေးတဲ့ ညီလာခံဟာ များသောအားဖြင့် အခက်တွေ့တတ်ပါတယ်။ အဆင်မပြေတာမျိုးတောင် ရှိတတ်တယ်။ ဒါပေမယ့် ဒီလိုအဖြေရလာဒ်မျိုးကို မျှော်လင့်ထားသူ အနည်းငယ်ပဲရှိပါတယ်" ဟု ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက ပြောကြားသည်။

လုပ်ငန်းများကို ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် တာဝန်ပေးသည်။ အောက်လွှတ်တော် ဥက္ကဋ္ဌသည် ပါတီဒုတိယ ဥက္ကဋ္ဌ ၃ဦး ထဲမှ တစ်ဦးအဖြစ် ပြန်လည်အရွေးခံရသည်။

အကဲခတ် လေ့လာသူများ၏ အဆိုအရ ပါတီ၏ ယိမ်းယိုင်မှု မှန်သမျှသည် ဦးသိန်းစိန်အပေါ် ဖိအားပိုမိုကျရောက်စေခြင်းဖြင့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ရှုတ်ထွေးစေနိုင်သည်ဟု သိရှိရသည်။

ရန်ကုန်မှ အကဲခတ်လေ့လာသူ တစ်ဦးက "ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုး ပါတီထဲမှာ အာဏာတည်ဆောက်နေတုန်းလို့ ထုတ်ဖော်ပြသနေပေမယ့် ပါတီသစ်ခွဲထောင်မယ့် လှုပ်ရှားမှု မှန်သမျှဟာ လွှတ်တော်မှာကော ရွေးကောက်ပွဲမှာပါ ဆန္ဒမဲအင်အား ပြန့်ကျဲသွားစေနိုင်ပါတယ်" ဟု ပြောကြားသည်။

အချို့ကမူ ပါတီနှစ်ခြမ်းကွဲစေမည့် ကိစ္စသည် ပုဂ္ဂိုလ်ရေး အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။
ဦးသိန်းစိန် ကဲ့သို့သော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သူရဦးရွှေမန်းကို သစ္စာခံသူ နောက်လိုက်များဟူ၍ ရှိကြသည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံးသည်လည်း အာဏာရှင် အကြီးအကဲဟောင်း၏ သစ္စာခံများ ဖြစ်ကြသည်။

ဖိနှိပ်သောအဏာရှင် တပ်မတော်အစိုးရအဖွဲ့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြပြီးအချိန်တွင် ၎င်းတို့နှစ်ဦးသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြနေကြသည်။

ဝန်ထမ်းလစာ ကိစ္စအပါအဝင် မူဝါဒနှင့် ဥပဒေပြုရေးတွင် ဝိရောဓိများ ရှိနေသော်လည်း အပေါ်ယံဆက်ဆံရေး ချောမွေ့အောင် ထိန်းသိမ်းနေကြခြင်းက ပြိုင်ဆိုင်မှု ကြီးထွားနေကြောင်း ထင်မြင်ယူဆချက်ကို ဖြစ်ပေါ်စေသည်။

"ဦးသိန်းစိန်က ဦးရွှေမန်းအား ပါတီယာယီ ဥက္ကဋ္ဌနေရာပေးခဲ့သော အကြောင်းအရင်းမှာ အိမ်ထဲမှ ထွက်မသွားအောင် ထိန်းသိမ်းရန် ဖြစ်သည်။ လောလောဆယ် တစ်ဦးကိုတစ်ဦး အပြန်အလှန် လိုအပ်နေကြသည်" ဟု သံတမန်တစ်ဦးက မှတ်ချက်ပေးသည်။

မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုးပါတီအပေါ် အဓိက ခြိမ်းခြောက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဖြစ်သည်ဟု ဆိုကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းတို့မှာ ပြည်ပနိုင်ငံသားများဖြစ်သောကြောင့် အခြေခံဥပဒေအရ သမ္မတလမ်းကြောင်းတွင် အတားအဆီး ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများ ၂၀၁၅ မတိုင်ခင် မအောင်မြင်သည့်တိုင်အောင် သူမ၏ NLD ပါတီမှာမူ အင်အားကြီးပါတီ ဖြစ်သွားပါလိမ့်မည်။

လွှတ်တော်အမတ် တစ်ဦးက "ခင်ဗျား ဘာတွေတွေ့လာနိုင်သလဲ ဆိုတော့ ပြည်ခိုင်ဖြိုးပါတီထဲက အခွင့်အလမ်းတွေ လက်မလွှတ်ချင်သူတွေရဲ့ အံ့သြဖွယ် အယူအဆတွေ၊ အခွင့်အလမ်း မဆုံးရှုံးအောင် ကြိုးပမ်းမှုတွေပေါ့။ ဒါမှမဟုတ် ဦးရွှေမန်းက ကိုယ်ပိုင်ပါတီ ထောင်တာမျိုးပေါ့။ ဘာမဆို ဖြစ်လာနိုင်ပါတယ်" ဟု သုံးသပ်ပြောကြားသည်။

Tun Wai | Yangon chronicle
General Knowledge



--
Posted By အောင်မျိုးကျော် to Richard Aung at 10/21/2012 05:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34527] [Richard Aung] အမေရိကန် သံအမတ်ရဲ့ သတင်းစာရှင်းလင်းပွဲ

အမေရိကန် သံအမတ်ရဲ့ သတင်းစာရှင်းလင်းပွဲ

ဗွီအိုအေ (မြန်မာပိုင်း)
19.10.2012

ပြီးခဲ့တဲ့ ရက်ပိုင်း မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စု နဲ့ မြန်မာနိုင်ငံကြား လူ့အခွင့်အရေးဆွေးနွေးပွဲမှာ အရပ်သား အုပ်ချုပ်ရေး နဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေအတွင်းက စစ်တပ်ရဲ့ အခန်းကဏ္ဍကို အမေရိကန် စစ်တပ်အရာရှိတွေ ဆွေးနွေးခဲ့ကြပြီး ထူးခြားတဲ့ သမိုင်းဝင်ဆွေးနွေးပွဲဖြစ်တဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေ ကူညီရေးအတွက် အမေရိကန် ဒေါ်လာ ၂သန်းနဲ့ ၇သိန်း တိုးပြီးတော့ ကူညီသွားမယ်လို့  ဒီနေ့ နေ့ခင်းပိုင်း အမေရိကန်သံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

နေပြည်တော်မှာ ဒီတပတ်တွင်း ကျင်းပခဲ့တဲ့ အမေရိကန်အရာရှိတွေ နဲ့ မြန်မာအစိုးရ အဖွဲ့ခေါင်းဆောင်တွေကြား လူ့အခွင့်အရေးဆွေးနွေးပွဲတွေအကြောင်း သံအမတ်ကြီး Derek Mitchellက သတင်းစာရှင်းလင်းပွဲမှာ အဓိက ပြောဆိုသွားပါတယ်။ ဒီလိုလူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲမျိုးကို ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ဖြစ်နိုင်မယ်လို့ မမျှော်လင့်တဲ့အကြောင်း သံအမတ်ကြီး ပြောဆိုသွားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတအိမ်ဖြူတော်၊ အမျိုးသားလုံခြုံရေးဌာန၊ ဒုသမ္မတရုံး အမိမြေလုံခြုံရေး၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အထောက်အကူပေးမှု ဆိုင်ရာအဖွဲ့ဝင်တွေ စစ်ဘက်ဆိုင်ရာအရာရှိတွေ မြန်မာအစိုးရဝန်ကြီးတွေ အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲမှာ အလုပ်သမားအခွင့်အရေးကိစ္စ၊ ဘာသာရေးလွတ်လပ်ခွင့်၊ ဥပဒေစိုးမိုးရေး၊ တရားရေးစနစ်နဲ့ အတည်ပြုပြီး ပြဌာန်းတဲ့ ဥပဒေတွေကို လေးစားလိုက်နာ အကောင်အထည်ဖော်ရေး ကိစ္စတွေကို ဆွေးနွေးကြပါတယ်။ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအကြား ချိန်ခွင်လျှာ ထိန်းသိမ်းရေးကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့လည်း သံအမတ်ကြီး Derek Mitchellက ပြောဆိုသွားခဲ့တာပါ။

အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့ အရပ်သားအုပ်ချုပ်ရေးနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေအတွင်းက စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ အမေရိကန်စစ်တပ်ရဲ့ ရပ်တည်မှုနဲ့ တန်ဖိုးထားမှုတွေအကြောင်းကိုလည်း အဓိကပြောဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲ မကျင်းပခင်မှာပဲ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်ဆောင်ရွက်မယ်ဆိုတဲ့သတင်းတွေ နဲ့ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Copra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကို ဖိတ်ကြားမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သတ်လို့ သံအမတ်ကြီး Derek Mitchellက အတည်ပြုဖို့ ငြင်းဆိုခဲ့သလို အသေးစိတ်ဖြေကြားဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်လာတဲ့ အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး William Burns ရဲ့ ခရီးစဉ် အဓိက ရည်ရွယ်ချက်ဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေရဲ့ အရှိန်အဟုန်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ ဖြစ်တယ်လို့လည်း သံအမတ်ကြီး Derek Mitchellကပြောပါတယ်။

ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေအကြား ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြ တာဖြစ်သလို ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ မြင်နေရတဲ့အနေအထားတွေအပေါ် မစ္စတာ William Burnsအနေနဲ့ ကျေနပ်အားရမှုရှိတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ အတည်ပြုမယ့် နိုင်ငံခြားရင်းနှီးမြုတ်နှံမှု ဥပဒေကို အနီးကပ်စောင့်ကြည့်လေ့လာနေသလို ရင်းနှီးမြုတ်နှံမယ့် အထူးသဖြင့် မြန်မာနိုင်ငံတွင်းက သယံဇာတတွေကို တူးဖော်ထုတ်လုပ်မယ့် ရင်းနှီးမြုတ်နှံရေးလုပ်ငန်းတွေ လုပ်ကိုင်မယ့် အမေရိကန်ကုမ္မဏီတွေအနေနဲ့ ထင်သာမြင်သာရှိဖို့ ၊ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို အဓိက ထားဖို့နဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြုတ်နှံမှုတွေ ဖြစ်စေရေး စတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကိုလည်း သံအမတ်ကြီး Derek Mitchellက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုရှင်းလင်းသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၂.၇ သန်း ထောက်ပံ့မှာဖြစ်တဲ့ အကြောင်းကိုလည်း သံအမတ်ကြီး Derek Mitchellက ဒီနေ့သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေ အပေါ် စောင့်ကြည့်လေ့လာချက်တွေ အရ နောက်ထပ် အကူအညီတွေ ကို ပေးအပ်လိုက်တာဖြစ်ပြီး ပေးအပ်လိုက်တဲ့ အကူအညီတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကတဆင့် ဒေါ်လာ ၂သန်းနဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ကတဆင့် ဒေါ်လာ ၇သိန်း ၃သောင်း ပေးအပ်လိုက်တဲ့အကြောင်း သံအမတ်ကြီး Derek Mitchellက ပြောဆိုသွားပါတယ်။

ဒီအကူအညီတွေကို ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာ လူ့အသိုင်းအဝိုင်းနှစ်ခု စလုံးအတွက် ထောက်ပံ့ပေးမှာဖြစ်ပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူတွေအပေါ် ခွဲခြားဆက်ဆံမှုမရှိစေရ မူအပါအဝင် လူသားချင်း စာနာထောက်ထားရေး လမ်းညွန်တွေ အတိုင်း ပေးအပ်မှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။ ဒီအကူအညီတွေဟာ ရခိုင်နဲ့ ရိုဟင်ဂျာ လူ့အသိုင်းအဝိုင်းကြား ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အထောက်အကူပြုစေမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း သံအမတ်ကြီး Derek Mitchellက ပြောဆိုသွားပါတယ်။

အမေရိကန်သံအမတ်ကြီး Derek Mitchell ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်



--
Posted By အောင်မျိုးကျော် to Richard Aung at 10/21/2012 05:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[mrsorcerer:34527] [Richard Aung] ရွှေတိဂုံ စေတီတော်တွင် ထီးဖြင့် ချိတ်၍ အလှူခံငွေ ခိုးယူဟုဆို

ရွှေတိဂုံ စေတီတော်တွင် ထီးဖြင့် ချိတ်၍ အလှူခံငွေ ခိုးယူဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၀

ကမ္ဘာလှည့် ခရီးသွားများ အဓိက လေ့လာ ဖူးမျှော်ရာ မြန်မာနိုင်ငံ ၏ အထင်ကရ စေတီတော် တစ်ဆူ ဖြစ်သော ရွှေတိဂုံ စေတီတော် တွင် အောက်တိုဘာ လ ၉ ရက်နေ့ က အဆိုပါ စေတီတော် တနင်္ဂနွေ ထောင့် ရှိ ဘိုးဘိုးအောင် ဘုရား သံတံခါး အတွင်းရှိ အလှူငွေများ ကို ထီးနှင့် ချိတ်ဆက်၍ ခိုးယူမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ရွှေတိဂုံ စေတီ ဂေါပကရုံး အဖွဲ့မှူး ဦးဝင်းကြိုင် က ပြောကြားသည်။

အဆိုပါ အလှူငွေ ခိုးယူခံရမှု ဖြစ်စဉ်သည် သုံးနှစ် အတွင်း ပထမဆုံး အကြိမ် ခိုးယူ ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း က ဖြည့်စွက် ပြောကြားသည်။

ရွှေတိဂုံ စေတီတော် တနင်္ဂနွေထောင့် ရှိ သံဘာဂျာ တံခါးပိတ် ထားသော ဘိုးဘိုးအောင် ဘုရား အတွင်းရှိ အလှူငွေ များကို ထီးနှင့် ချိတ်ဆွဲ ယူငင် နေသည် ကို ဘုရားဖူး များက တွေ့ရှိတိုင်ကြား ရာမှ ဘုရား လုံခြုံရေးများ က ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ပြီး ခိုးယူသူ ကို ဒဂုံမြိုနယ် ရဲစခန်းသို့ အပ်နှံ ခဲ့ကြောင်း အသက် လေးဆယ် ကျော် အရွယ် ရွှေတိဂုံ စေတီ လုံခြုံရေး က ရှင်းပြသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က အဆိုပါ စေတီရှိ အလှူငွေများကို တုတ်တံ နှင့် ထိုးကလော်ခြင်း၊ ပီကေ ကပ် ၍ ခိုးယူခြင်း များရှိခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကဝင် တစ်ဦး က ပြောကြားသည်။

"ဒီမှာတော့ ဘူးရားဖူး တွေဆီက ခါးပိုက်နှိုက်တာ၊ လုယက်တာ၊ ဘုရားက ရွှေခွာ ခိုး တာတွေတော့ ကြားဖူး တယ်။ အဲလို ဘုရားထဲ က ငွေကို ထီးနဲ့ ဆွဲယူတာတော့ မကြားဖူးဘူး" ဟု ရွှေတိဂုံ ဘုရား တောင် ဘက် စောင်းတန်း ရှိ ဈေးသည် တစ်ဦး ဖြစ်သူ ဦးမြင့်စိုးကThe Voice Weekly သို့  ပြောကြားသည်။

ရွှေတိဂုံ စေတီတော်သို့ တစ်ရက်လျှင် ပျမ်းမျှ ဘုရားဖူး ခရီးသည် နှစ်သောင်း ခွဲကျော် လာရောက် လေ့ရှိပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ တွင် လေးသောင်းခွဲ ကျော်ခန့် လာ ရောက် ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကရုံး၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရှိရသည်။



--
Posted By အောင်မျိုးကျော် to Richard Aung at 10/21/2012 05:07:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

[MM Daily Mail:3549] သိရှိထားဖို. လိုအပ်တယ် ။ (သတင်းလျှောက်ဖတ်ရင်းတွေ.ရှိမျှဝေပါသည် )

RFA သတင်းထောက်ဟောင်း (ကိုညို)

မူလလမ်းကြောင်းနဲ့သွေဖီနေပြီ

RFAမြန်မာပိုင်းမှာ၁၄နှစ်ကျော်ဆက်တိုက်သတင်းလုပ်လာတဲ့ကျနော့ကို၊ဒီနှစ်အောက်တိုဘာမှာဘာမပြောညာမပြောထုတ်ပစ်လိုက်တဲ့အတွက်မိတ်ဆွေတွေ၊သောတရှင်တွေကဖုန်းနဲ့ရော၊ချပ်တင်တွေရော၊FaceBookစာမျက်နှာတွေကပါနှစ်သိမ့်အားပေးတာ၊စာဆက်ရေးနေဘို့တိုက်တွန်းတာတွေအပြင်၊ဘာကြောင့်အလုပ်ထုတ်ခံရတာလဲ?

အာအက်အေကမြန်မာ့ဒီမိုကရေစီအရေးအားပေးတာဘဲမို့လား?..နောက်ထပ်လူတွေထုတ်အုံးမယ်ဆို..?ဘာညာသတင်းတွေမေးကြတယ်။အလုပ်ကထုတ်ခံရတဲ့ဒီလိုကာလမှာကျနော်အာအက်ဖ်အေအကြောင်းသိတ်မရေးချင်ဘူး။ဆန္ဒဇောတွေပါမှာစိုးလို့ပါ။ တဘက်ကလည်းကိုယ့်စာဖတ်ပရိသတ်သိသင့်တာ၊သိချင်တာကိုအသိမပေးဘဲထိန်ချန်ထားရင်သတင်းသမားအာပတ်သင့်တာမို့အတော်လေးစဉ်းစားပြီးရေးလိုက်ပါပြီ။

ဟိုးတုန်းက..အာအက်ဖ်အေမြန်မာပိုင်းဋ္ဌာနဟာမြန်မာပြည်ဒီမိုကရေစီရေးအတွက်ရောပြည်သူတွေအတွက်ရောလာခြင်းကောင်းခဲ့တယ်။ သတင်းလွတ်လပ်ခွင့်ပျက်သုန်းနေတဲ့တိုင်းပြည်အတွက်အားကောင်းမောင်းသန်ဖြစ်ခဲ့တယ်။သတင်းမှန်တွေနဲ့အများပြည်သူသိသင့်သိထိုက်တဲ့သတင်းတွေကို အတိုက်အခံ တွေသံကွန်ခြာအထပ်ထပ်ကာ၊ပြည်သူတွေကိုပါးစပ်ပိတ်၊နားပိတ်ပြီးဓားမိုးခြိမ်းခြောက်တဲ့ကြားကဖောက်ထုတ်နှိုက်ယူခဲ့ကြတယ်။

သတင်းထောက်တွေနဲ့အဖိနှိပ်ခံပြည်သူတွေ၊ပြည်သူ့ရှေ့ဆောင်နိုင်ငံရေးသမားတွေ၊စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့လူ့အခွင့်အရေးကိုအားပေးတဲ့နိုင်ငံအရေးလှုပ်ရှားတက်ကြွသူတွေအတူလက်တွဲပြီဲးအချိတ်အဆက်မိမိနဲ့သတင်းတွေဖော်ထုတ်နိုင်ခဲ့တယ်။ပြည်တွင်းပြည်ပသာမက၊နိုင်ငံတကာသတင်းလောကမှာပါအသိအမှတ်ပြုမှု၊ကိုးကားတင်ပြမှုတွေရခဲ့သလို၊အာဏာရှင်တွေဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့တဲ့မီဒီယာတခုအဖြစ်ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ခဲ့တာအားလုံးသိကြတယ်။

ဒါပေမဲ့..ဒီကနေ့အာအက်ဖ်အေ(မြန်မာပိုင်း)ဟာအရင်ကလျှောက်ခဲ့တဲ့လမ်းနဲ့ပြောင်းပြန်လျှောက်နေတာကိုမြင်နေရပြီ။အဖိနှိပ်ခံပြည်သူတွေဘက်ကသတင်းတွေမထုတ်နိုင်ဘဲ၊ ဖိနှိပ်အုပ်ချုပ်နေသူတွေရဲ့ဝါဒဖြန့်တာတွေကိုဦးစားပေးလာတယ်။ပြည်သူတွေသိသင့်သိထိုက်တဲ့သတင်းတွေ၊ဘယ်လောက်ပိတ်ဆို့ထားထားကြိုးစားဖော်ထုတ်ရမဲ့အစား၊ပြည်တွင်းအပတ်စဉ်ထုတ်သတင်းစာနဲ့မဂ္ဂဇင်း၊ဂျာနယ်တွေမှာဖော်ပြနေတဲ့ထူးမခြားနားသတင်းတွေကိုပဲအချိန်ကုန်၊ငွေကုန်ခံအသံလွှင့်နေတယ်။တနည်းပြောရရင်ပြည်တွင်းမှာအာအက်ဖ်အေရုံးလေးတရားမ၀င်(နားလည်မှုလေးနဲ့)ဖွင့်နိုင်ဘို့အတွက်ကိုပ၊ဲအစိုးရအသားပေးသတင်းတွေလွှင့်ထုတ်ပြီးအာအက်ဖ်အေရဲ့ဂုဏ်သိက္ခာကိုရောင်းစားနေတယ်။

သတင်းအချက်အလက်မှန်တွေ၊ပြည်သူတွေရဲ့အသံစစ်စစ်တွေကိုပြည်သူတွေလွတ်လွတ်လပ်လပ်ရွေးကောက်ထားတာမဟုတ်တဲ့၊တရားဝင်အစိုးရမဟုတ်တဲ့ဝါဒဖြန့်အသံတွေနဲ့ဖုံးအုပ်နေတယ်။ပြောချင်တာကအာအက်ဖ်အေလမ်းလွဲကိုဦးတည်နေတယ်။မူလဦးတည်ထားတဲ့လမ်းကြောင်းမှန်ကနေသွေဖီနေတယ်။လမ်းမှားကိုသွားနေတယ်ဆိုတာပဲ။

အာအက်ဖ်အေဘယ်ကလာတာလဲ

ဒုတိယကမ္ဘာစစ်အပြီးစစ်အေးခေတ်ကာလမှာကိုလိုနီလက်အောက်ကလွတ်မြောက်စနိုင်ငံတွေပေါ်လာတာကြောင့်ဝါဒရေးရာအားပြိုင်မှုတွေကရှေ့တန်းရောက်လာတယ်။အားလုံးသိတဲ့အတိုင်းအမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုကဆိုဗီယက်ဦးဆောင်တဲ့ကွန်မြူနစ်အတွေးအခေါ်ကရှေ့ဆောင်တဲ့အရှေ့ဥရောပနိုင်ငံတွေ၊အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့အာရှအလယ်ပိုင်းနိုင်ငံတွေကိုဒီမိုကရေစီအတွေးအခေါ်နဲ့ဝါဒဖြန့်ဘို့ကျိုးပမ်းတယ်။ဒီလိုနည်းနဲ့၁၉၅၀လောက်မှာRFE(RadioFreeEurop)ဆိုတာပေါ်လာတယ်။ရေဒီယိုတွေကနေအဲဒီနိုင်ငံတွေကသတင်းတွေ၊ဒီမိုကရေစီနိုင်ငံတွေရဲ့အောင်မြင်ဖွံ့ဖြိုးမှုတွေကိုသတင်းဆောင်းပါးတွေ၊တေးသီချင်းတွေနဲ့ဝါဒဖြန့်တယ်။အဲဒီ အတွေးအခေါ်တိုက်ပွဲမှာအမေရိကန်ကအကြီးအကျယ်အောင်မြင်တယ်။ကွန်မြူနစ်ဝါဒကိုဆင်းရဲသားဝါဒလိုမြင်သွားကြတယ်။နောက်ပိုင်းနှစ်တွေမှာနိုင်ငံတော်တော်များများကွန်မြူနစ်ဆန့်ကျင်ရေးတွေကြွေးကြော်လာတဲ့အထိဖြစ်လာတယ်။အနှစ်၄၀နီးပါးကြာတော့အရှေ့ဥရောပတခုလုံးဒီမိုကရေစီနိုင်ငံတွေဖြစ်ကုန်တယ်။

ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားတယ်။RFEရေဒီယိုရဲ့အောင်မြင်မှုဟာအဲဒီမှာတင်မရပ်သွားဘူး။အာရှတိုက်ကနဂါးတကောင်ရဲ့အန္တရာယ်ကလည်းရှိနေပြန်တော့လေလှိုင်းစစ်ပွဲကိုအဲဒီဘက်ဦးတည်ဖို့အမေရိကန်ကပြင်ဆင်တယ်။

ဒါနဲ့ဘဲ(၁၉၉၆)မှာRFAလွတ်လပ်သောအာရှအသံပေါ်လာတယ်။RFAရဲ့မဟာဗျူဟာကတရုတ်ကွန်မြူနစ်ဝါဒဖြစ်တယ်။ မန်ဒရင်း၊ ကန်တုန်၊ ဝီဂေါ်..ဆိုတဲ့တရုတ်ဘာသာချည်း(၃)မျိုးနဲ့၂၄နာရီအသံလွှင့်ပြီးဝါရှင်တန်ဒီစီမှာတင်တရုတ်ဝန်ထမ်းပေါင်း (၁၀၀)ကျော်လောက်ရှိတယ်။အကြီးဆုံးဘဲ။သိတ်လည်းအောင်မြင်နေတယ်။တရုတ်အစိုးရကRFAအင်တာနက်လိုင်းကိုပိတ်ထားတယ်။ဒါပေမဲ့တရုတ်တခုထဲရည်ရွယ်ပြီးရေဒီယိုဋ္ဌာနကြီးထောင်ထားတာဆိုရင်လည်းRFAပေါ်လစီနဲ့မညီတော့တခြားအာရှကကွန်မြူနစ်သြဇာခံတွေနဲ့အာဏာရှင်နိုင်ငံတွေကိုဦးနှောက်ဆေးကြောဖို့ဖြစ်လာတယ်။

ဒါကြောင့်တိဘက်၊မြန်မာ၊လာအို၊ကမ္ဘောရီးယား၊ဗီယက်နမ်၊မြောက်ကိုးရီးယားနိုင်ငံတွေရော..ဘာသာစကား(၉)မျိုးနဲ့လွှင့်ပါတယ်။

မြန်မာပိုင်းဌာနအဦးအစ

မြန်မာဌာနက(၁၉၉၇)အစောပိုင်းမှာစထူထောင်ဖြစ်တယ်။ပထမဆုံး(၄)ဦးနဲ့စတယ်။ညွှန်ကြားရေးမှုးဦးစိုးသင်း(မြန်မာသံတမန်ဟောင်း)၊ဦးဝင်းဖေ(စာရေးဆရာ၊ရုပ်ရှင်ဒါရိုက်တာ)ဦးသိန်းထိုက်ဦး(ယခုVOA)ဦးမြင့်သိန်း(ယခင်မြန်မာ့အလင်း)တို့ဖြစ်တယ်။နောက်ပိုင်းမှာဒေါ်ငြိမ်းရွှေ(လက်ရှိမြန်မာပိုင်းဌာနမှုး)ဒေါ်ခင်မျိုးထွေး(ခေတ်ပြိုင်သတင်းစာအယ်ဒီတာဟောင်း)တို့နဲ့အားဖြည့်ပြီးမြန်မာနိုင်ငံနဲ့ဆိုင်တဲ့နိုင်ငံခြားသတင်းတွေ၊အာရှသတင်းတွေဘာသာပြန်လွှင့်တယ်။နောက်တော့ကိုအောင်ဇော်(ဧရာဝတီမဂ္ဂဇင်း)ဦးတင့်ဇော်(စာရေးဆရာ၊တကသခေါင်းဆောင်ဟောင်း)တို့လိုထိုင်းနိုင်ငံကသတင်းထောက်တွေနဲ့အားဖြေ့ပြီးပြည်တွင်းနဲ့၊နယ်စပ်သတင်းတွေအတိုက်အခံလှုပ်ရှားမှုသတင်းတွေဖော်ပြလာတယ်။

အဲဒီနောက်ပိုင်းဦးခင်မောင်ငြိမ်း(ယခင်မြန်မာ့အသံရုပ်မြင်သံကြား)ဒေါ်တင်ထားဆွေ(ယခုဘီဘီစီဌာနမှုး)တို့ဝင်လာသလို၁၉၉၈ထဲမှာ ကျနော်လည်းအိန္ဒိယနဲ့မြန်မာပြည်အနောက်ဘက်ခြမ်းသတင်းထောက်အဖြစ်တာဝန်ထမ်းခဲ့တယ်။

(ဒါပေမဲ့ကျနော်ဟာအာအက်ဖ်ရဲ့ပုံမှန်လခစားဝန်ထမ်းမဟုတ်သလို၊အာအက်ဖ်အေ၀ိုင်းတော်သားလည်းမဟုတ်ခဲ့ပါ၊ အာအက်ဖ်အေကတနှစ်တခါစာချုပ်ချုပ်ဌားရမ်းတဲ့အကြီးတန်းသတင်းထောက်တယောက်သာဖြစ်တယ်)နောက်ပိုင်းတော့ ၀န်ထမ်းတွေတဖြေးဖြေးတိုးချဲ့လာတာအခုဆိုဝါရှင်တန်ဒီစီရုံးချုပ်မှာတင်ဝန်ထမ်းဦးရေ(၂၀)လောက်ရှိတယ်။

အာအက်ဖ်အေရေဒီယိုဟာ၊အသံလှိုင်းကြည်လင်ပြီးမြန်မာနိုင်ငံဆိုင်ရာသတင်းတွေချည်းပဲမနက်တခါညတခါတနာရီစီအသံလွှင့်တာမို့ မြန်မာပြည်ထဲကသောတရှင်တွေရဲ့အားပေးထောက်ခံမှုတွေရခဲ့တယ်။ထားပါတော့.

.ပြည်တွင်းသတင်းတွေကိုအဲဒီကာလကဘယ်လိုနှိုက်ထုတ်ခဲ့ရတယ်ဆိုတာကိုနောက်ကြုံမှပြောတော့မယ်။အခုပြောချင်တာကRFAဘယ်ကလာပြီးဘယ်သွားနေလဲဆိုတာပါ။

အာအက်ဖ်အေရဲ့မူလလမ်းကြောင်းမှန်

အရင်ကရော၊ဒီကနေ့အထိအာအက်ဖ်အေရဲ့မပြောင်းမလဲချထားတဲ့မူဝါဒကဘာလဲ၊ဘယ်လိုရည်ရွယ်ချက်နဲ့ဘယ်ကိုဦးတည်မလဲဆိုတာအာအက်ဖ်အေမြန်မာပိုင်းအင်တာနက်ဝက်ပ်ဆိုဒ်ထဲမှာအခုလိုအတိအကျဖော်ပြထားပါတယ်။

"လွတ်လပ်သောအာရှအသံ၊အာအက်ဖ်အေရဲ့တာဝန်နဲ့ရည်ရွယ်ချက်မှာ..သက်ဆိုင်ရာ အစိုးရများ၏ ပိတ်ပင်ဟန့်တားမှုများကြောင့်၊ သတင်းလွတ်လပ်ခွင့် မရှိသော အာရှနိုင်ငံများမှသောတရှင်များထံ၊ တိကျမှန်ကန်ပြီး၊အချိန်ကိုက်ဖြစ်သော သတင်းနှင့် သတင်းအချက်အလက်များအား ထုတ်လွှင့်ပေးရန် ဖြစ်သည်။လွတ်လပ်သောအာရှအသံသည်၊လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ချမှတ်ထားသည့်၊

ပဓာနကျသည့် ကျင့်ဝတ်စည်းကမ်းများအား တစိုက်မတ်မတ်လိုက်နာကျင့်သုံးသွားမည်။ ကိစ္စများ ဆုံးဖြတ်ဆောင်ရွက်ရာ၌ မရှိမဖြစ် လိုအပ်သော သတင်းအချက်အလက်များအား၊သောတရှင်များ အကြားအမြင်များစေရန်အတွက်၊ လွတ်လပ်သောအာရှအသံက ထုတ်လွှင့်ပေးနေပါသည်။

ကျွန်ုပ်တို့၏တာဝန်မှာတိကျမှန်ကန်သော၊အချိန်ကိုက်လည်း ဖြစ်သောသတင်း၊သတင်းအချက်အလက်များနှင့် ဝေဖန်သုံးသပ်ချက်များကိုထုတ်လွှင့်ပေးရန်၊ အာရှနိုင်ငံများက ပြည်သူများအနေဖြင့်၊ မိမိတို့၏အမြင်အယူအဆအမျိုးမျိုးကို လွတ်လပ်သောအာရှအသံမှတဆင့်ထုတ်ဖော်ပြောဆိုနိုင်ရန် ဖြစ်သည်"ဒီနေရာမှာစာဖတ်ပရိသတ်တွေနှိုင်းယှဉ်နိုင်ဘို့တချိန်ကRFAရဲ့မူဝါဒမှန်နဲ့အညီဘယ်လိုလှုပ်ရှားခဲ့လို့ဘယ်လိုအကျိုးသက်ရောက်လာခဲ့တယ်ဆိုတာနည်းနည်းပြောပြဖို့လိုမယ်။

ကျနော်တို့အားလုံးနားလည်ခံယူထားတာကRFAဟာသတင်းအမှောင်ချခံနေရတဲ့လူ့အဖွဲ့အစည်းထဲကပြည်သူတွေသတင်းအချက်အလက်မှန်တွေရရှိစေဘို့၊ပြီးတော့ဒီမိုကရေစီရဲ့အခြေခံရေသောက်မြစ်လည်းဖြစ်၊အရေးကြီးတဲ့အစိတ်အပိုင်းတခုလည်းဖြစ်တဲ့လွတ်လပ်စွာပြောရဲဆိုရဲချင်တဲ့စိတ်တွေပေါ်လာအောင်မြှင့်တင်ပေးဘို့၊အကြောက်အလန့်ကင်းကင်းနဲ့မိမိတို့လိုအင်ဆန္ဒကိုထုတ်ဖော်ဘို့၊အထူးသဖြင့်ပြောခွင့်ဆိုခွင့်မရတဲ့အသံတွေ၊အဖိနှိပ်ခံအသံဖော်ထုတ်ပေးဘို့ဆိုတာRFAရဲ့အဓိကရည်မှန်းချက်ဖြစ်တယ်။

အာအက်ဖ်အေဘာတွေလုပ်နိုင်ခဲ့လဲ?

အာအက်ဖ်အေထူထောင်လာတာအခုဆို၁၆နှစ်ရှိသွားပြီ။အောင်မြင်တယ်လို့ပြောရမယ်။မြန်မာအပါအ၀င်၊အာအက်ဖ်အေအသံလွှင့်တဲ့အရှေ့တောင်အာရှနိုင်ငံတွေ(မြောက်ကိုးရီးယားနဲ့တရုတ်ကလွဲလို့)ထိရောက်တဲ့အပြောင်းအလဲတွေဖြစ်သွားပြီ။

တရုတ်နဲ့မြောက်ကိုးရီးယားလည်းဒီမိုကရေစီမုန်တိုင်းဒါဏ်ကိုအလူးအလဲခံနေရတာပါ။မြန်မာပြည်မှာဆို..ကျနော်တို့သတင်းထောက်လုပ်ခါစကအခုလိုလက်ကိုင်ဖုန်းတွေဝေေ၀ဆာဆာပေါ်နေတာမဟုတ်ဘူး၊လမ်းဘေးဖုံးနဲ့ချိန်းဆက်ပြောရတာ။ဖုန်းလိုင်းဖျက်တာ၊ဆူညံတာ၊အသံခိုးနားထောင်တာ၊ပြည်ပရေဒီယိုနဲ့စကားပြောရင်ဖုံးလိုင်းဖြတ်တောက်တာ...ဒုက္ခပေးတာအစုံအစုံ..။

ပြည်သူတွေသတင်းပေးချင်၊ပြောချင်ပေမဲ့ကြောက်ရတယ်၊ကိုယ်သိတာတောင်မပြော၊မဆိုရဲတဲ့ဘ၀။ပြည်တွင်းထဲလူလွှတ်ပြီးတနည်း၊လူမွေးပြီးတသွယ်သတင်းတွေယူရတယ်။ကိုယ်မိသားစုနဲ့ကိုယ်ပါဒုက္ခရောက်ပြီးလူ့အခွင့်အရေးချိုးဖောက်ခံနေရတာတောင်ပြည်ပရေဒီယိုကမေးရင်ရေလုံနှုတ်ပိတ်နေနေကြတဲ့ဘ၀။ရေဒီယိုသတင်းတောင်ကျယ်ကျယ်နားမထောင်ရဲတဲ့ဘ၀၊သတင်းမေးတာတောင်ကြိမ်းမောင်းပြစ်တင်ခံရတဲ့ဘ၀တွေကနေ

လူ့အခြေခံအခွင့်အရေးကိုသဘောပေါက်လာတာ၊ဒီမိုကရေစီလိုလားစိတ်ပိုမိုပြင်းထန်လာတာဟာရေဒီယိုတွေရဲ့မှန်ကန်တဲ့လမ်းစဉ်နဲ့စေတနာတွေ၊အားထုတ်မှုတွေကြောင့်ပါ။

အာအက်ဖ်အေမြန်မာပိုင်းပေါ်လာပြီးတဲ့နောက်ထင်ရှားကြီးမားတဲ့သမိုင်းဖြစ်စဉ်တွေကိုအများပြည်သူသိအောင်သတင်းဖော်ထုတ်နိုင်ခဲ့တယ်။

အဲလိုသတင်းတွေဖော်ပြနိုင်ဘို့ကျနော်တို့နယ်သတင်းထောက်တွေဟာတယ်လီဖုန်းခတွေအိတ်ဆိုက်အကုန်ခံ၊အန္တရာယ်ရှိမှန်းသိရက်နယ်စွန်နယ်ဖျား၊သူပုန်စခန်းတွေ၊စစ်ပွဲတွေရှိရာသွားပြီးသတင်းယူရတယ်။ပြည်တွင်းထဲခိုးဝင်ရတယ်။အသက်အန္တရာယ်တွေကြုံခဲ့တယ်။အဖမ်းဆီးခံခဲ့ရတယ်။အဲလိုစွန့်စွန့်စားစားလုပ်ကြတဲ့အရာတွေဟာဝါသနာတခုထဲကြောင့်မဟုတ်ဖူး၊ပြည်သူတွေသတင်းမှန်၊အဖြစ်အပျက်မှန်တွေသိစေချင်လို့၊မြန်မာပြည်သတင်းလွတ်လပ်ခွင့်ရချင်လို့၊ဒီမိုကရေစီရချင်လွန်းလို့ဆိုတဲ့တွန်းအားတွေလည်းပါတယ်။

ဒါပေမဲ့လွမ်းစရာပါပဲ။တချိန်တုန်းကကျနော်တို့တတွေယုံကြည်ချက်တွေနဲ့လုံ့လစိုက်ထုတ်တည်ဆောက်ခဲ့ကြတဲ့အာအက်ဖ်အေရဲ့အနှစ်သာရနဲ့Imageဟာတဖြေးဖြေးမှေးမှိန်လာနေပါပြီ။

ဒီနေ့အာအက်ဖ်အေဘယ်သွားနေလဲ?

ဆရာဗန်းမော်တင်အောင်ရဲ့"ကျနော်"ဆိုတဲ့ဝတ္တုလေးကျောင်းသားဘ၀ကဖတ်ဖူးတယ်။သတင်းစာသမားတယောက်ကကိုယ့်အတ္တကိုကိုယ်ပြန်စစ်ဆေးတဲ့ဝတ္တုလို့မှတ်မိတယ်။ပြည်သူ့ဘက်ကရပ်တဲ့သတင်းစာလို့ကြော်ငြာကောင်းပြီးမှ၊အစိုးရမင်းစိုးရာဇာတွေရဲ့ စားသောက်ဧည့်ခံပွဲတွေတက်၊၀န်ကြီးတွေ၊သာပေါင်းညာစားကုမ္မဏီပိုင်ရှင်တွေနဲ့ပေါင်း (ဒီခေတ်အခေါ်ခရိုနီပေါ့) ၊သူတို့ကောင်းကြောင်းနဲ့စီးပွားရေးသတင်း၊ရေပေါ်ဆီသတင်းတွေကိုအမည်ခံပြည်သူ့သတင်းစာမှာလှိုင်လှိုင်ကြီးဖော်ပြ၊ပြည်သူ့အာဘော်တွေမေ့နေတဲ့သတင်းစာဆရာကြီးဟာညစဉ်သံတမန်တွေနဲ့ဝန်မင်းတွေ၊ခရိုနီတွေရဲ့ဧည့်ခံပွဲကအပြန်အင်းယားကန်ဘောင်ဘက်လေညှင်းခံတယ်။အဲဒီအချိန်သူ့ရဲ့ကိုယ်ပွား(သူ့နာမည်တူနဲ့နာမ်ဝိဥာဉ်)ကသူ့လုပ်ရပ်တွေအားလုံးကိုတခုချင်းစီဝေဖန်တိုက်ချွတ်တဲ့အကြောင်းပါကျနော်မှတ်မိနေတာလေးက..အဲဒီသတင်းစာဆရာကြီးရဲ့ကိုယ်ပွားကြီးမလာခင်အမြဲတမ်းအင်္ဂလိပ်တေးသွားလေးတပုဒ်ကိုလေချွန်ပြီးပေါ်လာတာလေးဘဲ။သူလေချွန်တဲ့တေးသွားရဲ့စာသားက
"ဂျောက်ကမ္ဘားတွေထူပေါတဲ့လမ်းပေါ်မှာမျက်မမြင်ကလမ်းပြနေတာအဓိပ္ပါယ်ရှိပါ့မလားကွယ်"ဆိုတဲ့အပိုဒ်တဲ့။

အခုလည်းဆရာဗန်းမော်တင်အောင်ဝတ္တုထဲကသီချင်းလို...မီဒီယာမျက်ကန်းတွေလမ်းပြတာကြောင့်ပြည်သူတွေ ဂျောက်ကမ္ဘားထဲဒလိမ့်ခေါက်ကွေးကျတော့မဲ့ပုံစံမျိုးမြင်နေရလို့ပါ။သတိထားမြင်ကြည့်ရင်အတော်လေးအန္တရာယ်ကြီးတာတွေ့ရမယ်။ တချိန်တုံးကအာဏာရှင်တဖြစ်လဲအစိုးရနဲ့ဝန်ကြီးတွေခရိုနီတွေကိုပြောချင်ရာပြောဆိုပြီးမိုက်ကရိုဖုံးပါးစပ်ထဲတေ့လွှတ်နေတဲ့ကိစ္စဘဲ။

စဉ်းစားကြည့်လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀)လောက်ကတည်းကမီဒီယာလောကကြီးတခုလုံးကိုထင်သလိုကြဲအနိုင်ယူဘိုကျခဲ့သလို၊ ရှိတဲ့သတင်းစာ၊ရေဒီယို၊ရုပ်မြင်သံကြားကိုလည်းအပိုင်စီးလိုက်ရုံနဲ့အားမရ၊စာပေကင်ပေတိုင်တွေဖွဲ့ပြီးစာနယ်ဇင်းလောကကိုအမျိုးမျိုးချယ်လှယ်ဒုက္ခပေးခဲ့ကြတယ်ဒါနဲ့တောင်…ပြည်ပကရေဒီယို(၄)လေးလုံးကိုမယှဉ်နိုင်ခဲ့ဘူး။နောက်ဆုံးအဲဒီရေဒီယိုတွေကို အထဲခန၀င်ခွင့်ပေး၊တရားမ၀င်အခန်းလေးငှားနေခိုင်းပြီးသူတို့အာဘော်တွေထဲ့ဝါဒဖြန့်ဘို့ကျိုးစားတယ်။(ကိုယ်ကအနိုင်ကနေရှုံးရအုံးမယ်)၊ကိုယ့်ရေဒီယိုတွေကလည်းကိုယ့်သောတရှင်တွေကိုရော၊ပြည်သူတွေကိုရော၊တိုင်းပြည်ကိုရော၊ကိုယ့်ရေဒီယိုမူဝါဒနဲ့ရပ်တည်ချက်ကိုရောသစ္စာမဲ့လိုက်တယ်။ဒါနဲ့တောင်မကြေနပ်ဘူးကိုယ့်အသားတောင်ကိုယ်လှီးထုတ်လိုက်သေးတယ်။သတင်းဌာနရုံးဖွင့်ခွင့်တရားဝင်သဘောတူညီချက်နဲ့ရပြီဆိုလဲတော်သေးရဲ့၊အခုတော့အစိုးရကသိသာသိစေ၊မမြင်စေနဲ့ပုံစံမျိုး(သူခိုးဂျပိုးပုံစံ)ကုမ္မဏီလိမိတက်လိုလိုဘာလိုလိုနာမည်ခံခိုင်းပြီးတရားမ၀င်ရုံးခန်းဖွင့်ရတာမျိုး။ဒါပေမဲ့ကိုယ်ပေးလိုက်ရတာကအချီကြီး။အစိုးရသဘောမတွေ့တဲ့သတင်း၊ စစ်တပ်မလိုလားတဲ့သတင်းဆိုသတင်းမလုပ်ရဘူး။ပါးစပ်ပိတ်နေရတယ်။ကချင်စစ်ဒေသကိုသတင်းသွားယူခွင့်မပေးဘူး။ ခလေးစစ်သားသတင်းရှိနေတာတောင်မလုပ်ကြဘူးတကယ်တော့ခလေးစစ်သားတွေရှိနေတုံး။ပြည်သူတွေအတွက်အကျိုးရှိပြီးလုပ်သင့်လုပ်ထိုက်တဲ့သတင်းတွေကအများကြီး၊သတင်းလွတ်လပ်ခွင့်ရှိနေပြီလို့ပြောနေတဲ့အသံကအကျယ်ကြီး၊လုပ်ကြပါတော့လား..။အထဲမှာပိုတောင်သိနိုင်၊ပိုတောင်လုပ်နိုင်သေးတယ်။

အစိုးရ၀န်ကြီးတွေနဲ့ခရိုနီတွေအပါအ၀င်နိုင်ငံခြားကုမ္မဏီတွေရဲ့ပြည်သူ့အကျိုးစီးပွားမျက်ကွယ်ပြုစီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေပွင့်လင်းမြင်သာမှုမရှိတာတွေကိုဖော်ထုတ်ရအုံးမယ်။ဦးပိုင်လိမိတက်ရဲ့လဂ်စားမှု၊ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီးဦးမြင့်လှိုင်နဲ့အရင်ဝန်ကြီးဟောင်းဦးဋ္ဌေးဦးတို့လဂ်စားမှုနဲ့ဓနအင်အားတွေ၊ လွတ်တော်ကိုယ်စားလှယ်တွေနဲ့အရင်စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ပိုင်ဆိုင်မှု မပြရဲတာတွေဘာကြောင့်လဲဆိုတာတွေ။ရန်ကုန်မြို့လည်၊လူကုံတန်ရပ်ကွက်က၅လောင်းပြိုင်လူသတ်မှု၊ဘိန်းဘုရင်တွေ၊ခရိုနီတွေနဲ့စစ်ရေး၊နိုင်ငံရေးခေါင်းဆောင်ကြီးတွေရဲ့ပုလင်းတူဗူးဆို့စီးပွားရေးတွေ၊ဒီနေ့အမေရိကန်စီးပွားဖွင့်လိုက်လို့ငွေမဲကိုငွေဖြူဖြစ်အောင်လုပ်နေတာတွေ၊နိုင်ငံခြားထွက်တဲ့ခေါင်းဆောင်တွေနဲ့ကပ်လိုက်သွားတဲ့စီးပွားရေးသမားခရိုနီတွေအကြောင်း။မီဒီယာလွတ်လပ်တယ်ဆိုရင်ဒါတွေ ဖော်ထုတ်ရမယ်။

မဖော်ထုတ်ရင်မီဒီယာသမားတာဝန်မဲ့တာဘဲ။နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ခြိမ်းခြောက်မှုကိုထိတ်လန့်ပြီးငြိမ်ငြိမ်လေးနေမယ်ဆို၊မီဒီယာအလုပ်ကိုစွန့်လွှတ်ဖို့ဘဲရှိတော့တယ်။ကဲ..ဟုတ်ပြီ၊ဒါတွေဒီအချိန်လုပ်လို့မရဘူး၊အခြေအနေကသိတ်မကောင်းဘူး။ အန္တရာယ်ရှိတဲ့သတင်း၊အငြိုအငြင်ခံရမဲ့သတင်းမျိုးမို့မလုပ်ရဲဘူးဆိုတာသဘာဝကျတယ်။သဘာဝမကျတာကအဲလိုအန္တရာယ်ရှိတယ်၊အငြိုအငြင်ခံတယ်ဆိုရင်သတင်းမှနှ်ပေါ်ထွက်ပါ့မလား?သတင်းမှန်တွေဖော်ထုတ်လို့မရမှတော့အထဲမှာရုံးဖွင့်ပြီးသတင်းထောက်တွေရာနဲ့ချီခန့်၊သတင်းပို့လည်း၊ဘာထူးမှာလဲ?

အာအက်ဖ်အေရဲ့မူဝါဒကိုပြန်ကြည့်၊ထိတ်ဆုံးမှာရေးထားတာကိုက.."သက်ဆိုင်ရာ အစိုးရများ၏ ပိတ်ပင်ဟန့်တားမှုများကြောင့်၊ သတင်းလွတ်လပ်ခွင့် မရှိသော အာရှနိုင်ငံများမှ သောတရှင်များထံ၊တိကျမှန်ကန်ပြီး၊ အချိန်ကိုက်ဖြစ်သော သတင်းနှင့် သတင်းအချက်အလက်များအား ထုတ်လွှင့်ပေးရန် ဖြစ်သည်"..တဲ့။

အဲလိုသတင်းအချက်အလက်မှန်တွေအသိပေးလို့ မရတော့ဘူးဆိုရင်..ဘာအကျိုးရှိမှာလဲ`?

ရန်ကုန်မြို့လည်ခေါင်မကလို့ကာကွယ်ရေးဦးစီးချုပ်အိမ်ခေါင်မိုးပေါ်မှာဘဲအသံလွှင့်ရုံးခန်းကြီးဖွင့်နိုင်စေအုံးတော့.. သူတို့ရဲ့မတရားခြစားမှု၊ပြည်သူနဲ့နိုင်ငံအပေါ်တာဝန်မကြေမှု၊သစ္စာဖောက်မှုတွေကိုရေငုံနှုတ်ပိတ်နေရင်..ဘာမှအကျိုးမရှိဘူး။ တချိန်တုံးကစစ်ခေါင်းဆောင်တွေ၊လူ့အခွင့်ရေးချိုးဖောက်မှုအကျင့်ပျက်ခြစားမှု၊မူးယစ်မှောင်ခိုမှု၊ဘိန်းစိုက်မှု၊တပ်တွင်းလှို့ဝှက်ညွှန်ကြားမှုတွေ၊ကိုတောင်အပြင်ကနေတယ်လီဖုန်းနဲ့ (ဖုန်းဖျက်ခံရတဲ့ကြားက)အချိန်ယူပြီး Investicateလုပ်၊စုံစမ်းစစ်ဆေးလေ့လာတဲ့ သတင်းမျိုးတောင်ကြိုးစားလုပ်ခဲ့ကြတယ်။

အခုလိုကာလမှာအဲဒါတွေမလုပ်နိုင်ဘူးဆိုရင် အာအက်ဖ်အေရဲ့နဂိုမူလရည်မှန်းချက်နဲ့လွဲချော်သွားပါပြီ။ အာအက်အေရဲ့မူဝါဒကိုအသစ်ပြောင်းလဲရပါတော့မယ်။အရင်ကလိုပြည်သူတွေရဲ့လွတ်လပ်စွာပြောဆိုခွင့်တွေမြှင့်တင်ပေးတာပါဆိုတဲ့နေရာမှာအစိုးရအာဏာရတွေနဲ့ခရိုနီတွေရဲ့လွတ်လပ်စွာပြောဆိုလုပ်စားပိုင်ခွင့်ကိုမြှင့်တင်ပေးလိုတဲ့ရည်ရွယ်ချက်လို့ပြောင်းလဲပေးရမှာဖြစ်တယ်။

မီဒီယာဟာအစိုးရလက်ကိုင်တုတ်မဟုတ်။

အခုလအစောပိုင်းသမတဦးသိန်းစိန်ရဲ့အမေရိကားခရီးစဉ်မှာဘီဘီစီHardTalkအင်တာဗျူးအစီအစဉ်လေးတော်တော်များများကြည့်လိုက်ရမယ်ထင်တယ်။

တချိန်ကကျနော်တို့ဟာဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ NLDပါတီနဲ့အတိုက်အခံနိုင်ငံရေးသမားတွေကိုအင်တာဗျူးရင်တောင်ဝါဒဖြန့်မခိုင်းဘူး။

သတင်းကျင့်ဝတ်နဲ့အညီမေးကြတယ်။ချောင်ပိတ်မေးတယ်။NLDပြောခွင့်ရဦးလွင်ဆိုကျနော်တို့ကိုဒေါသထွက်တယ်။မဖြေဘူး။ တချို့နိုင်ငံရေးသမားတွေ(နာမည်မပြောလို)ကျိန်းမောင်းဆူပူပြီးဖုန်းတောင်ချသွားတယ်။ကျနော်တို့တတွေနိုင်ငံရေးသမားတွေနဲု့တောင်မိတ်ပျက်ခဲ့တယ်။

ဒါပေမဲ့ပြည်သူအများသိချင်တဲ့စိတ်ဝင်စားတဲ့မေးခွန်းဘဲမေးခဲ့ပါတယ်။ပြည်သူ့ ဆန္ဒသာမျက်နှာမူခဲ့တယ်။အရင်ကNLDကိုအင်တာဗျူးရင် တခြားNLDမဟုတ်သူတွေကိုလည်းBalanceဖြစ်အောင်(အချက်လက်အားပိုကောင်းပြီး၊သောတရှင်တွေဒေါင့်စုံကတွေးမြင်သိရှိအောင်) မေးမြန်းရတယ်။အစိုးရအရာရှိကိုမေးပြီးရင်အတိုက်အခံဘက်မေးရတယ်။အာအက်ဖ်အေမှာ..အရည်အချင်းမရှိရင်ရေရှည်မှာကျဆုံးမယ်။ သတင်းသမားအတွက်အရည်အချင်းဟာသက်လုံဖြစ်တယ်။အရည်အချင်းရှိရင်တာဝေးပြေးရလည်းခံနိုင်ရည်ရှိတယ်။တာတိုပြေုးလည်းအားမာန်ပါတယ်။

အာအက်ဖ်အေ..ဘယ်ဘက်ရွှေမလဲ?

ဘယ်ဘက်ရပ်မလဲ?ခုတလောအာအက်ဖ်အေမြန်မာပိုင်းကသတင်းဆိုးတွေထွက်တယ်။ အယ်ဒီတာကျင့်ဝတ်နဲ့မညီတာ၊သတင်းသမားကျင့်ဝတ်မရှိကြတာ၊ဇာတ်တူသားစားတာ၊လူကြီးလုပ်ပြီးမျက်နှာလိုက်တာ၊လူမွေး၊မျောက်မွေး၊အုပ်စုမွေးလုပ်တာ၊ကိုယ့်လူမဟုတ်ရင်ရာထူးတိုးမပေးတာ၊ကိုယ့်လူဆိုရင်ခုန်ပျံကျော်လွှားရာထူးတိုးပေးတာ၊

အလုပ်ဖြုတ်မယ်ဆိုပြီးခြိမ်းခြောက်ထားတာ၊အာဏာပါဝါပြတာ….စုံလို့စုံလို့..။ဗမာတွေရှိတဲ့နေရာတိုင်းမတဲ့တာတို့၊အုပ်စုကွဲတာတို့ဆိုတာမြန်မာ့ယဉ်ကျေးမှုတခုလိုဖြစ်နေပြီမို့ရှိပါစေတော့..စိတ်မကောင်းစရာကအဲလိုအုပ်စုတွေ၊အတိုက်အခိုက်တွေ၊ မမျမတမှုတွေနဲ့ဘက်လိုက်မှုတွေရှိနေရင်ဝန်ထမ်းတွေလုပ်ငန်းခွင်မှာစိတ်ပျက်နေမှာဘဲ။သတင်းအလုပ်ဆိုတာ ဦးနှောက်ရှင်းရှင်း၊စိတ်ဓာတ်ကြည်ကြည်၊တက်တက်ကြွကြွရှိမှအလုပ်တွင်ကျယ်တယ်။

စိတ်ညစ်ပြီးသမာဓိအားမကောင်းရင်ကိုယ်ရေးတဲ့စာကလည်းသိတ်ကောင်းလာမှာမဟုတ်ဖူး။လူတိုင်း..သူ့နေရာနဲ့သူအရည်အချင်းတွေတော့ရှိကြမှာဘဲ..အဓိကမျက်ခြေမပြတ်သင့်တာကကိုယ်သွားနေတဲ့ခရီးနဲ့ပန်းတိုင်ဖြစ်တယ်။ကိုယ့်ပန်းတိုင်ကကိုယ့်အလုပ်ဌာနကချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်ရမယ်။ဒါဆိုကိုယ့်အလုပ်ရော၊ဌာနအလုပ်ရောအောင်မြင်မယ်။တာဝန်ကျေတယ်။ ဒီလိုမှမဟုတ်ဘဲကိုယ့်ရာထူးအာဏာတက်ရေး၊ကိုယ့်ကုလားထိုင်မြဲရေးဆိုတာကပန်းတိုင်ဖြစ်သွားရင်၊အဲဒီလုပ်ငန်းတခုလုံးတိုးတက်သင့်သလောက်ဖွှံဖြိုးတိုးတက်မလာသလို၊ပဋိပက္ခတွေအတိုက်အခံတွေနဲ့ကြုံရမှာဘဲ။

ဒီကနေ့ကျနော်တို့မြန်မာ့လူ့အဖွဲ့အစည်းကြီးတခုလုံးမှာအဲဒီပြဿနာတွေကြုံနေရတယ်။ကိုယ့်အလုပ်နဲ့တာဝန်ကိုမျက်ခြေပြတ်မခံဘဲ ဖိဖိစီးစီးလုပ်ရမဲ့အစား၊အဲဒီအလုပ်ကနေကိုယ့်အကျိုးစီးပွားသာ၊အတ္တကိုဗဟိုပြုပြီး၊တွက်ချက်နေတတ်တယ်။အများပြည်သူအားလုံးရဲ့အကျိုးစီးပွားကိုတန်ဘိုးမထားတတ်ဘူးဆိုရင်အဲဒီအလုပ်ရဲ့ဦးတည်ချက်နဲ့ဟန်ချက်တွေပါလွဲပြီးပဋိပက္ခတွေ ဆုံးရှုံးမှုတွေဘဲတွေ့ရမှာဘဲ။၂ဘက်စလုံးမှာဆုံးရှုံးတာပါ။ကိုယ့်ဘက်ကတော့ဂုဏ်သိက္ခာဆုံးရှုံးတယ်။အများပြည်သူမှာတော့ရလဒ်ကောင်းဆုံးရှုံးတယ်။

သတင်းမီဒီယာအလုပ်ဟာအများအကျိုးရည်မျော်ပြီးလုပ်ရတဲ့အလုပ်ပါ။ဂုဏ်သိက္ခာရှိတဲ့သတင်းဌာနတခုရဲ့အသက်ဟာ သူဘယ်ပေါ်မှာရပ်သလဲဆိုတဲ့အပေါ်မှာမူတည်တယ်။ပြည်သူအများစုရဲ့မျက်နှာကိုထောက်ထားသလား၊ ဘယ်လောက်ထိမှန်ကန်ပြီးဘယ်လောက်သမာသမတ်ရှိသလဲဆိုတဲ့အရာတွေဟာသတင်းဌာနတွေကိုတိုင်းတာတဲ့ပေတံပဲ။ သတင်းသမားဆိုတာပြည်သူအများစုမျက်နှာကလွဲပြီးဘယ်ပုဂ္ဂိုလ်၊ဘယ်အုပ်စုဘက်မှမရပ်ရဘူး။ ပြည်သူတွေကိုဘဲမျက်နှာမူရမယ်၊ပြည်သူဘက်ဘဲရပ်ရမယ်လို့သတင်းသမားတိုင်းသိထားကြပါတယ်။ပြည်သူတွေကလည်းတနေ့နေ့တချိန်ချိန်မှာဘယ်သတင်းဌာနကတော့၊ဘယ်သူတွေကတော့သူတို့ဘက်ရပ်တယ်၊မရပ်ဘူးဆိုတာကွဲကွဲပြားပြားသိလာပါလိမ့်မယ်။ဒီနေ့အထိတော့တချိန်ကလာခြင်းကောင်းတဲ့အောင်မြင်မှုရဲ့နာမည်အရှိန်အ၀ါကြောင့်ယုံထင်ကြောင်ထင်ဖြစ်နေလိမ့်မယ်။ပြည်သူတွေကိုဟုတ်နိုးနိုးမျော်လင့်ချက်တွေမပေးစေချင်ဘူး။

အာအက်ဖ်အေမြန်မာပိုင်းအနေနဲ့ကိုယ့်ခြေလှမ်းကိုကိုယ်သတိပြုပြီးအမြန်ဆုံးလမ်းကြောင်းမှန်ကိုလျှောက်စေချင်တယ်။ကိုယ့်ဘက်ကလည်းအရွှေ့ကောင်းဘို့လိုပါတယ်။

ကိုယ့်အကျိုးစီးပွားသက်သက်နဲ့ပြည်သူကလေးစားယုံကြည်တဲ့မီဒီယာကြီးကိုအသုံးချပြီးဂျောက်ကမ်းပါးတွေထူပြောတဲ့လမ်းတွေမှာ မျက်မမြင်တယောက်လမ်းပြတဲ့ပုံစံမျိုးဖြစ်မလာအောင်ဘဲဆုတောင်းရမယ်ထင်တယ်။

 
Myanmar Express

--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။ ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။
 
ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။
 
Myanmar Daily Mail Group တွင် Member ဝင်လိုပါက mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။

[Real Family: 24810] ကာလာမ သုတ်

(ဒီနေ့တော့ ဆရာတော် ဦးဇောတိကရဲ့ ဘာကိုတန်ဖိုးထားရမလဲ စာအုပ်ထဲက ကာလမ သုတ်ကို ဝေမျှလိုက်ပါတယ်။)

 

ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။ အဲဒီလို မဟုတ်ပဲနဲ့ မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘ၀ ကိုယ်နေသွားမယ် ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။ အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက်နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသားတစ်ယောက်အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။

 

အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ်ကိုယ်တိုင်က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင် အဲဒါ ကိုယ့်အတွက်တော့ အမှန်တရား အဖြစ်ကို မရောက်သေးဘူး။ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ မှနတယ်လို့ သိလိုက်တဲ့ အချိန်ကျမှသာ အဲဒါ ကိုယ့်အတွက် အမှန်တရား ဖြစ်လာတယ်။

 

ဒီအကြောင်းကို ပြောရင်းနဲ့ မြတ်စွာဘုရားဟောတဲ့ ကာလာမသုတ်ဆိုတာကို သွားသတိရတယ်။ ကာလာမသုတ်မှာ မြတ်စွာ ဘုရားက

 

"မာ အနုဿဝေန" ကြားပါများတာနဲ့ပဲ မှန်ပြီ (သို့) မှားပြီ၊ တစ်ခုခုကို မှားတယ်၊ မှန်တယ်လို့ မဆုံဖြတ်ပါနဲ့တဲ့။

 

"မာ ပရမ္ပရာယ" ဘိုးဘွား စဉ်ဆက် လက်ခံခဲ့တဲ့ အယူအဆဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့တဲ့။

 

"မာ တက္ကဟေတု" တက္ကနည်းတွေနဲ့ အကျိုးကြောင်း ဆင်ခြင်ကြည့်လိုက်ပြီးတော့ မှန်တယ်လို့ မယူဆပါနဲ့။

 

"မာ နယဟေတု" နည်းမှီပြီးတော့ ကြံဆတွေးတောပြီးတော့ ရလာတဲ့ အဖြေနဲ့လည်း အမှန်တယ်လို့ မယူဆပါနဲ့တဲ့။

 

"မာ ဘဗ္ဗရူပတာယ" ပုဂ္ဂိုလ်တစ်ယောက်ကို ကိုယ်က အထင်ကြီးတယ်၊ ကြည်ညိုတယ်၊ လေးစားတယ်၊ ဒါကြောင့်မို့လို့ သူပြောတာ မှန်တယ်လို့လည်း မယူဆပါနဲ့တဲ့။

 

"မာ ပိဋကသမ္ပဒါဒေန" ပိဋကစာပေနဲ့ ကိုက်ညီနေလို့လည်း မှန်တယ်လို့ မယူဆပါနဲ့တဲ့။

 

"မာ သာမဏော နောဂရူတိ" ဒီရဟန်းဟာ တို့ရဲ့ ဆရာပဲ၊ ဒါကြောင့် သူပြောတာ မှန်တယ် လို့ပဲ လက်ခံရမှာပဲ လို့ဆိုပြီး မှန်တယ်လို့ လက်ခံပါနဲ့။

 

ဒီနေရာမှာ သာမဏော ဆိုတဲ့ ပုဒ်ထဲမှာ မြတ်စွာဘုရားပါ အကျုံးဝင်တယ်။

 

ဒါကြောင့် အဲဒီသုတ်ထဲမှာပဲ မြတ်စွာဘုရားက ကိုယ်ကိုယ်တိုင် ကျင့်သုံးကြည့်ပြီးတော့ အကျိုးရှိရင် လုပ်ပါတဲ့။ ကိုယ်တွေ့ ကိုယ်ပိုင်ဉာဏ်နဲ့ သိတာကို အင်မတန် ဦးစားပေးတဲ့ မြတ်စွာဘုရားဖြစ်တယ်။ ဘာလို့တုန်းဆိုတော့ ကိုယ်ပိုင်ဉာဏ်နဲ့ မသိပဲ ယုံကြည်နေရုံ သက်သက်ဟာ သိပ်ခရီးမရောက်ဘူး၊ မနက်နဲဘူး။ ဒါကြောင့် ကိုယ်ပိုင်ဉာဏ်နဲ့ သိဖို့၊ ကိုယ်တိုင် ဆုံးဖြတ်ဖို့၊ ကိုယ်တိုင် ရွေးချယ်ဖို့ ဆိုတာဟာ ဒီမြတ်စွာဘုရားရဲ့ အဆုံးအမထဲမှာ အင်မတန် အရေးကြီးတဲ့ အဆုံးအမဖြစ်နေတယ်။

 

Credit: http://ywetwar.multiply.com/journal/item/261/261?&show_interstitial=1&u=%2Fjournal%2Fitem

by Lu Zein on Wednesday, 1 February 2012 at 09:53 ·in Lu Zein's Notes

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[Real Family: 24809] နိဗ္ဗာန် ကို ဘယ်လိုသွားရင် ရောက်နိုင်ပါသလဲ - အရှင်ဝရသာမိ (မုံရွာ)

ပုဏ္ဏားကြီး အမေး၊ မြတ်ဗုဒ္ဓဖြေ

 

အရှင်ဂေါတမ၊ နိဗ္ဗာန်ဆိုတာရှိသလား

 

ရှိပါတယ်-ပုဏ္ဏားကြီး

 

အရှင်က နိဗ္ဗာန်ရှိတဲ့နေရာကို သိပါသလား

 

သိပါတယ်

 

နိဗ္ဗာန်ရောက်ကြောင်း အကျင့်မြတ်ဆိုတာ ရှိပါသလား

 

ရှိပါတယ်-ပုဏ္ဏားကြီး

 

အဲဒါကို အရှင်ဂေါတမက ဟောနိုင်ပါသလား

 

ဟောနိုင်ပါတယ်

 

အရှင်ဂေါတမ ဟောပြပေးတာကို နာရသူတိုင်း အဲဒီနိဗ္ဗာန်ဆီ

ရောက်ပါသလား

 

ရောက်တဲ့သူတွေလဲ ရှိပါတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်

 

ဘယ်လိုဖြစ်လို့လဲ-အရှင်ဂေါတမ မရောက်တဲ့သူတွေက ဘာဖြစ်လို့

မရောက်ကြတာလဲ

 

မြတ်ဗုဒ္ဓအမေး ပုဏ္ဏားကြီး အဖြေ

 

ပုဏ္ဏားကြီး-သာဝတ္ထိမြို့ဆိုတာ ရှိပါသလား

 

ရှိပါတယ်၊ အရှင်ဂေါတမ

 

သာဝတ္ထိမြို့ရှိတဲ့နေရာကို သင်သိပါသလား

 

သိပါတယ်၊ အရှင်ဂေါတမ

 

သာဝတ္ထိမြို့သို့ ရောက်စေနိုင်တဲ့လမ်းကရော ရှိသလား

 

ရှိပါတယ်- အရှင်ဂေါတမ

 

အဲဒီလမ်းကို ပုဏ္ဏားကြီးက ပြောပြပေးနိုင်ပါသလား

 

ပြောပြပေးနိုင်ပါတယ်-အရှင်ဂေါတမ

 

ပုဏ္ဏားကြီးပြောပြတာကို သိတဲ့သူတိုင်း သာဝတ္ထိမြို့သို့ ရောက်ပါ

သလား

 

ရောက်တဲ့သူတွေလဲ ရှိတယ်၊ မရောက်တဲ့သူတွေလဲ ရှိပါတယ်

 

ဘယ်လိုဖြစ်လို့လဲ- ပုဏ္ဏားကြီး

 

တပည့်တော် နားလည်သွားပါပြီ အရှင်ဘုရား။ ပြောပြပေးထားတဲ့

အတိုင်း သေချာမှတ်သားပြီး သေချာလိုက်နာပြီး သွားသူတွေပဲ ရောက်ပါ

တယ် အရှင်ဘုရား


author: အရှင်ဝရသာမိ (မုံရွာ)

Oct 24, '09 11:45 AM

 

Source: http://dhammaanalysis.multiply.com/journal/item/53

http://www.sbay-student.org/

www.dhammaanalysis.multiply.com/


---------------------

by Lu Zein on Friday, 9 December 2011 at 10:33 in Lu Zein's Notes

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[Real Family: 24808] *မီးခိုးကိုကြည့်၍ မီးရှိမှန်းသိနိုင်ပုံ* by လင်္ကာ အရှင်

*မီးခိုးကိုကြည့်၍ မီးရှိမှန်းသိနိုင်ပုံ*

                   လူအချို့သည် ဗုဒ္ဓဘာသာအမည်ခံထားသော်လည်း ကမ္မဿကတ သမ္မာဒိဋ္ဌိပင် အမြင်ကြည်လင်မှုမရှိသေးချေ။ မိမိကံစီမံရာအတိုင်း ပုဆိုးကွဲကျောပြဲနှင့်နေရစေကာမူ မိမိ၏ရရှိခံစားရတဲ့အကျိုးတရားကိုသုံးသပ်ပြီး မိမိအတိတ်ကမည်သူမည်ဝါ မည်သည့်ကံတွေကိုမိမိဖန်တီးခဲ့ပါလိမ့်လို့ လှမ်းမျှော်မှန်းဆကာ မိမိမှာလိုအပ်ခဲ့မပြည့်စုံခဲ့တဲ့အရာတွေကို ဖြည့်ဆည်းပြုလုပ်လို့ရနိုင်ကြောင်းကို စူဠကမ္မ၀ိဘင်္ဂသုတ်တော်အရ သိမြင်နိုင်ပေ၏။
    ထို့ကြောင့် ယင်းစူဠကမ္မ၀ိဘင်္ဂသုတ်တော်ကို ဖတ်ရှုလေ့လာကြရင်း မိမိရရှိခံစားအပ်သော ကောင်းကျိုးဆိုးကျိုးအမျိုးမျိုးတို့အပေါ်မှာ မည်သည့်အတွက်ကြောင့် မည်သည့်ကံကြောင့် ယင်းသို့ရရှိခံစားခွင့်ရရှိသည်ကို သိရှိနားလည်ပြီး ကောင်းသထက်ကောင်းအောင် ပြင်ဆင်ဖြေ့ဆည်းနိုင်ကြပါစေသတည်း။
                                        .............................................
                                                   *စူဠကမ္မဝိဘင်္ဂသုတ်*

      အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

     အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ တောဒေယျပုဏ္ဏား၏သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-
     အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် ယုတ်ခြင်း, မြတ်ခြင်း တို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်းရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။ အသျှင်ဂေါတမ အသက်တိုသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အနာရောဂါကင်းသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အဆင်းလှ သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံအရံမရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အခြံ အရံများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ စည်းစိမ်ဥစ္စာနည်းသော လူတို့ကိုလည်း တွေ့မြင်ရပါ ကုန်၏၊ စည်းစိမ်ဥစ္စာများသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးယုတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အမျိုးမြတ်သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာမဲ့သော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ ပညာရှိသော လူတို့ကိုလည်း တွေ့မြင်ရပါကုန်၏၊ အသျှင်ဂေါတမ လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်းဖြစ်ကြကုန်လျက် ယုတ်ခြင်း မြတ်ခြင်းတို့ကို တွေ့မြင်ရပါကုန်၏။ ထိုအကြောင်း ရင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်ထား၏)။

      လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါ တို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမသည် အကျဉ်းချုပ် ဟောထားတော်မူ၍ အကျယ်အားဖြင့် အနက်ကို မဝေဖန်အပ်သော ဤတရားစကား၏ အနက်သဘောကို အကျယ်အားဖြင့် အကျွန်ုပ် မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် အကျဉ်းအားဖြင့် ဟောထား၍ အနက်သဘောအကျယ်အားဖြင့် မဝေဖန်အပ်သော ဤတရား၏ အနက်အဓိပ္ပါယ်ကို အကျွန်ုပ်သိနိုင်အောင် တရားဟောတော်မူပါဟု (လျှောက်ထားတောင်းပန်၏)။

    ၂၉ဝ။ လုလင် ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။ ''အသျှင် ကောင်းပါပြီ''ဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏-
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အသက်ကို သတ်လေ့ ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏၊ အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့၏၊ ထိုအသက်ကို သတ်လေ့ရှိသူသည် ဤသို့ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အသက်တိုရ၏၊ လုလင် ထိုအသက်ကိုသတ်ခြင်း ကြမ်းကြုတ် ခြင်း သွေးစွန်းသောလက်ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသောသတ္တဝါတို့၌ သနား ခြင်းကင်းမဲ့ခြင်းသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားခြင်းရှိ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ထို အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အသက်ရှည်ရ၏၊ လုလင် ထိုအသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း တုတ်ကို ချထားပြီးဖြစ်ခြင်း လက်နက်ကို ချထားပြီးဖြစ်ခြင်း အရှက်ရှိခြင်း အသနားရှိခြင်း အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

      ၂၉၁။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်း ကောင်း၊ ခဲဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိ၏။ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါ များ၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်း ကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ လက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့ရှိခြင်းသည် အနာ ရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိ။ ထိုသတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိသောသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ် ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အနာရောဂါကင်း၏၊ လုလင် လက်ဖြင့်လည်းကောင်း၊ တုတ်ဖြင့်လည်းကောင်း၊ ခဲဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင့်းသတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိခြင်းသည် အနာရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)

     ၂၉၂။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသ ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ်မျှပင် မနှစ်သက်ဖွယ်စကားကို ဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်၏၊ အမျက်ထွက်၏၊ ဖျက်ဆီး၏၊ ဆန့်ကျင်လျက် တည်၏၊ အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြု၏၊ ထိုဒေါသကြီးသူ သည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အရုပ်ဆိုး၏၊ လုလင် အမျက်ဒေါသထွက်ခြင်း ပြင်းစွာပင်ပန်းမှုများခြင်း အနည်းငယ်မျှလည်း မနှစ်သက်ဖွယ်စကားကိုဆိုသည်ရှိ သော် လွန်စွာ စွဲမြဲငြိကပ်ခြင်း အမျက်ထွက်ခြင်း ဖျက်ဆီးခြင်း ရှေးရှုတည်ခြင်း အမျက်ထွက်ခြင်းကိုလည်း ကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာပြုခြင်းသည် အရုပ်ဆိုးခြင်း ကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် အမျက်ဒေါသထွက်လေ့ မရှိ၊ ပြင်းစွာ ပင်ပန်းခြင်းများလေ့မရှိ၊ များစွာလည်း မနှစ်သက်ဖွယ်စကားကို ဆိုသော်လည်း လွန်စွာ စွဲစွဲမြဲမဲ မငြိကပ်၊ အမျက်မထွက်၊ မဖျက်ဆီး၊ ရှေးရှုမတည်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီး ခြင်းကိုလည်းကောင်း၊ မယုံကြည်ခြင်းကိုလည်းကောင်း ထင်စွာမပြု၊ ထိုဒေါသမကြီးသူသည် ဤသို့ ပြည့်စုံ သော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာအမျိုး၌ လှပသောအဆင်းရှိ၏၊ လုလင် အမျက်ထွက်လေ့မရှိခြင်း ပြင်းစွာပင်ပန်းမှုမများ ခြင်း မနှစ်သက်ဖွယ်စကားကို များစွာဆိုသော်လည်း လွန်စွာ စွဲစွဲမြဲမြဲ မငြိကပ်ခြင်း အမျက်မထွက်ခြင်း မဖျက်ဆီးခြင်း ရှေးရှုမတည်ခြင်း အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ဖျက်ဆီးခြင်းကိုလည်းကောင်း၊ မနှစ် သက်ခြင်းကိုလည်းကောင်း ထင်စွာမပြုခြင်းသည် လှပသောအဆင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

        ၂၉၃။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူသည် ငြူစူခြင်းနှင့်ယှဉ် သော စိတ်ရှိ၏၊ သူတစ်ပါးတို့ လာဘ်များခြင်း သူတစ်ပါးတို့လာဘ်ရခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူ၏၊ ငြူစူခြင်း၏အစွမ်းဖြင့် ဆဲရေးပြစ်မှား၏၊ ငြူစူခြင်းကို ဖွဲ့နှောင်၏၊ ထိုငြူစူ မနာလိုသူသည် ဤသို့ ပြည့်စုံသော ဤသို မှားယွင်းစွာဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံနည်း၏၊ လုလင် ငြူစူခြင်းနှင့် ယှဉ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ ငြူစူခြင်း ငြူစူခြင်းအစွမ်းဖြင့် ဆဲရေးပြစ်မှားခြင်း ငြူစူခြင်းကို ဖွဲ့နှောင်ခြင်းသည် အခြံအရံမရှိခြင်းကို ဖြစ်စေတတ် သော အကျင့်တည်း။ (၄)
လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သော သူသည် ငြူစူခြင်းနှင့် မယှဉ်သော စိတ်ရှိ၏၊ သူတစ်ပါးတို့၏ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင့်းပူဇော်ခံရခြင်းတို့၌ မငြူစူ၊ ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေး မပြစ်မှား၊ ငြူစူခြင်းကို မဖွဲ့နှောင်၊ ထိုငြူစူခြင်း မနာလိုခြင်းကင်းသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာဆောက်တည်သော ထိုကံ ကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အခြံအရံများ၏၊ လုလင် မငြူစူ ခြင်းနှင့်ယှဉ်သော စိတ်ရှိခြင်း သူတစ်ပါးတို့ လာဘ်များခြင်း အရိုအသေအလေးပြုခံရခြင်း မြတ်နိုးခံရခြင်း ရှိခိုးခံရခြင်း ပူဇော်ခံရခြင်းတို့၌ မငြူစူခြင်း ငြူစူခြင်း၏အစွမ်းဖြင့် မဆဲရေးမပြစ်မှားခြင်း ငြူစူခြင်းကို မဖွဲ့ နှောင်ခြင်းသည် အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၄)

     ၂၉၄။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို မပေးလှူ၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့ လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာနည်း၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏ အားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို မပေးလှူခြင်းသည် စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သော သူသည် သမဏအားလည်း ကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည် သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ စည်းစိမ်ဥစ္စာ ပေါများ၏၊ လုလင် သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ကျောင်း ဆီမီးကို ပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ ပေါများ ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

     ၂၉၅။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သော သူသည် ခက်ထန်၏၊ ထောင်လွှားတက်ကြွ၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို။ နေရာပေးထိုက် သူကို နေရာမပေး၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေပြုထိုက်သူကို အရိုအသေမပြု၊ အလေးပြုထိုက်သူကို အလေးမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး သည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရောက်ရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုးယုတ်၏၊ လုလင် ထိုခက်ထန်ခြင်း ထောင်လွှားတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိမခိုးခြင်း ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာမပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေမပြုခြင်း အလေးပြုထိုက်သူကို အလေးမပြုခြင်း မြတ်နိုးထိုက်သူကို မမြတ်နိုးခြင်း ပူဇော်ထိုက်သူကို့မပူဇော်ခြင်းသည် ယုတ်နိမ့်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့် တည်း။ (၆)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သော သူသည် မခက်ထန် မထောင်လွှား မတက်ကြွ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆို၏၊ နေရာပေးထိုက်သူကို နေရာပေး၏၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေး၏။ အရိုအသေပြုထိုက်သူကို အရိုအသေပြု၏၊ အလေးပြုထိုက်သူကို အလေးပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက်သူကို ပူဇော်၏၊ ထိုသူ သည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ အမျိုး မြတ်၏၊ လုလင် ထိုမခက်ထန်ခြင်း မထောင်လွှားခြင်း မတက်ကြွခြင်း ရှိခိုးထိုက်သူကို ရှိခိုးခြင်း ခရီးဦးကြိုဆို ထိုက်သူကို ခရီးဦးကြိုဆိုခြင်း နေရာပေးထိုက်သူကို နေရာပေးခြင်း လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေပြုခြင်း အလေးပြုထိုက်သူကို အလေးပြုခြင်း မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း။ (၆)

       ၂၉၆။ လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ် ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရား သည် အပြစ်ကင်းပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါ သနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု အဖန်ဖန် မေးမြန်းခြင်းကိုမပြု၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်း သောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာ ကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာ အမျိုး၌ ပညာမဲ့၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရား သည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်းပါ သနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ် သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)

      လုလင် ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ အချို့သောသူသည် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ် တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်း ပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်သောတရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု အဖန်ဖန် မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်စုံသော ဤသို့ ကောင်းစွာ ဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီး၍့သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုး၌ ပညာကြီး၏၊ လုလင် သမဏကိုလည်းကောင်း၊ ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် ''အသျှင် ဘုရား အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်မရှိပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် အကျွန်ုပ်မှာ ရှည်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု အဖန်ဖန် မေးမြန်းမှုပြုခြင်းသည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)

       ၂၉၇။ လုလင် ဤသို့လျှင် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်တိုခြင်းသို့ ဆောင်တတ်၏၊ အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်ရှည်ခြင်းသို့ ဆောင်တတ်၏၊ အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါများခြင်းသို့ ဆောင်တတ်၏၊ အနာ ရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါကင်းခြင်းသို့ ဆောင်တတ်၏၊ အဆင်းမလှ ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်းမလှခြင်းသို့ ဆောင်တတ်၏၊ အဆင်းလှခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် အဆင်းလှခြင်းသို့ ဆောင်တတ်၏၊ အခြံအရံမရှိခြင်းကို ဖြစ်စေတတ်သော အကျင့် သည် အခြံအရံမရှိခြင်းသို့ ဆောင်တတ်၏၊ အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံ များခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာနည်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာ နည်းခြင်းသို့ ဆောင်တတ်၏၊ စည်းစိမ်ဥစ္စာများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာများ ခြင်းသို့ ဆောင်တတ်၏၊ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင် တတ်၏၊ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏၊ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏၊ ပညာကြီးခြင်းကို ဖြစ်စေ တတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏၊ လုလင် သတ္တဝါတို့သည် ကံသာလျှင် မိမိဥစ္စာ ရှိကုန်၏၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏၊ ကံသာလျှင် အကြောင်းရှိကုန်၏၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏၊ ကံသာလျှင် မှီခိုရာရှိကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်အမြတ်ဖြစ်ခြင်းငှါ ခွဲခြမ်းဝေဖန်၏ဟု မိန့်တော်မူ၏ )

      ဤသို့မိန့်တော်မူသော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ ''အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာအားဖြင့် မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ လမ်းမှားသောသူ အား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း 'မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင် ဂေါတမ) ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသောအကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ (အသျှင်ဂေါတမ) ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော် ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ် သော ဥပါသကာဟု မှတ်တော်မူပါ''ဟု (လျှောက်၏)။

                            ငါးခုမြောက် စူဠကမ္မဝိဘင်္ဂသုတ် ပြီး၏။
                      by လင်္ကာ အရှင် on Tuesday, January 31, 2012 at 10:21am ·

ဆက်စပ်ကွန်းမန့်များ

လင်္ကာ အရှင်

ဥပမာဆိုကြပါစို့ အစားအစာအာဟာရပြည့်မှီတာစားရရင် ရုပ်အဆင်းလှတယ် အသက်ရှည်စေတယ် ကျန်းမာစေတယ် ဒါဟာမျက်မှောက်အာဟာရကဖြစ်စေတဲ့ရုပ်ပါပဲ သို့သော် ဒီအာဟာရသပ္ပါယဖြစ်အောင်ထောက်ပံ့ပေးနေတာ ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့အာဟာရကိုသုံးဆောင်စားသောက်နေရတာကလည်း မိမိအတိတ...See More

လင်္ကာ အရှင်

ဘုရားရှင်အလိုကျ ကမ္မဿကတ သမ္မာဒိဋ္ဌိ မဟုတ်ပဲ အဘိဓမ္မာစာပေ က ဖန်ဆင်းထားတဲ့ ပုဗ္ဗေကတဟေတုကံဝါဒ ကြီးဖြစ်နေပါတယ် လို့တကာမောင်အောင်ကျော်မိုးကယူဆပြောဆိုသွားတာလည်းတွေ့ရပါတယ် ဒီတော့ကား- ဘုရားဟောတွေနဲ့ လွဲနေတဲ့ အဘိဓမ္မာဆိုတာရှိပါသလား ဘုရားဟောကတရား အဘိဓမ္မာပိဋကတ်ဆိုတဲ့ လက်ရှိအဘိဓမ္မာကတခြားလားဆိုတာလည်း ပြန်လည်မေးခွန်းထုတ်ချင်ပါတယ်။ မိမိရရှိခံစားနေရတဲ့ ကောင်းကျိုးဆိုးကျိုးအမျိုးမျိုးတွေဟာ ဘ၀ခြားပြီးဖြစ်သာ ဥပပဇ္ဇဝေဒနိယ/အပရာပရိယဝေဒနိယ ကံ သို့မဟုတ် မျက်မှောက်ဘ၀ပြုလုပ်အားထုတ်လိုက်တဲ့ ဒိဋ္ဌဓမ္မဝေဒနိယကံကြောင့်ဆိုတာလည်း သဘောပေါက်ဖို့လိုပါလိမ့်မယ် ။ သို့သော် ဖြစ်တဲ့အဟောင်းကောင်းကျိုးမကောင်းကျိုးအပေါ်မှာပဲ ခါးစည်းခံနေရမှာမဟုတ်ပါဘူး မကောင်းဘူးဆိုတာသိရင် ဒီမကောင်းကံကိုတွန်းလှန်နိုင်ဖို့ ကံညာဏ်နဲ့ဝီရိယအားစိုက်ထုတ်ဖြတ်သန်းရမှာ မိမိဘ၀အနာဂါတ်ကိုတည်ဆောက်ကြရမှာပါ အတိတ်ကံကိုရှောင်လွဲမရပေမယ့် အနာဂါတ်ကိုကော့ကောင်းအောင်ဖန်တီးလို့ရနိုင်ခွင့်ရှိနေလို့ပါပဲ ။ စူဠကမ္မ၀ိဘင်္ဂသုတ်ရဲ့အနှစ်ချုပ်ကလည်း ကံကိုလက်ညှိးထိုးစွပ်စွဲနေရုံမဟုတ်ပဲ မိမိအနာဂတ်မိမိဖန်တီးနိုင်ခွင့်ရှိတယ်လို့ပြဆိုနေတာဖြစ်ပါတယ် ။ လက်ရှိဖန်တီးလိုက်တဲ့ကံရဲ့ ပယမဇောတွေက မျက်မှောက်ဘ၀ကောင်းဖို့ မကောင်းကျိုးတွေကို အားနည်းစေဖို့ အပြီးပယ်သတ်ဖို့ အကျိုးပြုသွားမှာဖြစ်လို့ မျက်မှောက်ဘ၀မှာပဲ မိမိကံရဲ့အသီးအပွင့်ကို မိမီရရှိခံစားနိုင်တဲ့အခွင့်အရေးလည်းရှိပြီးဖြစ်ပါတယ် ။ဒါဟာ ဘုရားအလိုတော်ကျ ကမ္မ၀ါဒပဲဖြစ်ပါတယ်

လင်္ကာ အရှင်

ကံညာဏ်ဝီရိယဆိုလို့လည်း ကံချည်းပဲလည်းမဟုတ်ပါဘူးဘုရား ညာဏ်နဲ့ဝီရိယလည်းပါပါရဲ့လို့လည်း အရမ်းကားရောမတွေးလိုက်ပါနဲ့ဦး အဲဒီညာဏ်နဲ့ ၀ီရိယဆိုတာကလည်း ကုသိုလ်ကံနဲ့ယှဉ်တဲ့ ညာဏ်နဲ့ ၀ီရိယဆိုတဲ့ စေတသိက်တွေဖြစ်လို့ ကုသိုလ်ကံပဲဖြစ်နေပါတယ် ဒါ့ကြောင့် ကံပါပဲလို့ပြောပါရစေ (ရှေးကဆိုးလို့ အခုဆိုးပါသည် အခုဆိုး နောင်ဆိုးပါလိမ့်မည် ။ ရှေးကကောင်းလို့ အခုကောင်းပါသည် အခုကောင်း နောင်ကောင်းပါလိမ့်မည် )။ ဆိုးပင်ပျိုးက ဆိုးကျိုးရ လောကဓမ္မတာ (မစိုးရိမ်နာယကချုပ်ဆရာတော် ဦးရာဇာဘိဝံသ)

လင်္ကာ အရှင်

မိမိတ်ထဲမှာ ကံနှင့်ကံ၏အကျိုးတရားတွေကို စိတ်ထဲမရှင်းပါက ၀တ္ထုတွေဇာတ်တော်တွေအားလုံးကိုဖတ်ရှုလေ့လာပါ နားလည်လာပါလိမ့်မယ် ဥပမာ သာမာဝတီတို့ကို မာဂဏ္ဍီက မီးလောင်တိုက်သွင်းပစ်လိုက်တာ ။ ကာဠဥပါသကာကို ခိုးသားတွေဝိုင်းသတ်ပစ်လိုက်တာ အရှင်မောဂ္ဂလာန်မထေရ်ကြီ...See More

Aung Kyaw Moe

‎((ကျန်းမာရေးနဲ့ညီညွှတ်စေတဲ့အာဟာရကိုသုံးဆောင်စားသောက်နေရတာကလည်း မိမိအတိတ်ကကံတရားကနောက်ကွယ်ကနေ ကြိုးကိုင်စီမံပေးနေလို့ပါပဲ ။)) ဆိုတာ ကို ဘယ်လိုများ အခိုင်အမာ သက်သေထူနိုင်မှာလဲ။ ဘုရားသခင်တန်ခိုးတော် ကို ယုံကြည်သူတွေ က ဒီလို အာဟာရကိုသုံးဆောင်စားသောက်နေရတာ ထာ)ရ ဘုရား ရဲ့ ဂုဏ်ကျေးဇူး လို့ ပြောတဲ့ အချိန်မှာ အတိတ်ကံ ကို ယုံသူတွေ က ဒါတွေဟာ အတိတ်ကံ ကနေ နောက်ကွယ်ကနေ ကြိုးကိုင်စီမံပေးနေလို့ပါပဲ လို့ ဆို ပြန်တယ်။

ဒီ နှစ်ခုစလုံး က အရမ်းတော့ မထူးလှဘူး။ ကျမ်းဂန်စာပေလာ စကားကို မှန်းမျှော် ယုံကြည်ရတာမျိုး ပဲ ဖြစ်တယ်။ အတိအကျ ဘယ်သူမှမသိတဲ့ ကိစ္စမျိုး ကို ရမ်းတုတ် ရတဲ့ သဘောတွေ ပါပဲ။ အတိတ် ကံ ကို ယုံတဲ့ နိဂဏ္ဍ တွေ ကို ဘုရားရှင် က မေးခွန်းထုတ်ခဲ့ ဖူးတာ တွေ့ ရတယ်။ သင်တို့ အတိတ်ကံဟောင်းတွေ ဘယ်လောက် ကုန်ခဲ့ပြီလဲ ဘယ်လောက်ကျန်သေးသလဲ စတာတွေ မေးတော့ တို့ ဆရာ က ဒီလိုပဲ ပြောတယ် ဆိုတာ နဲ့ ပြီးရရှာတယ်။ ကိုယ်မသိတဲ့ အရပ် က မတွေ့ဘူးတဲ့ မိန်းမ တစ်ယောက် အကြောင်း ပြောနေ ရတာ နဲ့ တူပုံ ကို ဟောပြခဲ့ပါတယ်။

Aung Kyaw Moe

ဗုဒ္ဓ၀င်စာပေ အပါဒါန်စာပေ ဇာတကစာပေတွေ ခေတ်စားလာတဲ့ အခါ ဒီလို အရာရာအတိတ်ကံပုံဝါဒ က ဗုဒ္ဓဘာသာထဲ ကို တစ်စိမ့်စိမ့်ဝင်ရောက်လာ ပုံ ရပါတယ်။ ဒီလို ဇာတ်လမ်း အဖြစ်အပျက်တွေ ကို ကြည့် ရင် အဖြစ်အပျက်တွေ အားလုံး ကို အတိတ် အကြောင်းရှာ ပြန်တည်ဆောက်လို့ အဆက်အစပ် ရှိအောင် ရေးသားရတာတွေ တွေ့ ရပါတယ်။ ရှိစေတော့ ဒါတွေက အတိတ်ကံကြောင့်လို့ပဲ ဆို ကြစေတော့ အရာရာဟာ ကံကြောင့် ဆိုတဲ့ ၀ါဒ ကို ဘုရားရှင် အားမပေးပဲ လက်ရှိပစ္စုပ္ပန်ဘ၀ အခွင့်အရေး ကိုပဲ အကောင်းဆုံး အကျိုးရှိရှိ အသုံးချဖို့ ကို ပဲ ညွန်ပြတော်မူပါတယ်။

လင်္ကာ အရှင်

နောက်တစ်ခုဗဟုသုတပြောပြဦးမယ်နော် သစ်ကိုင်းချင်းပွတ်ပြီး မီးခိုးတွေအူနေတာမြင်တော့ ဘုရားလောင်းကျီးမင်းကပြောတယ် မီးလောင်နိုင်တယ်နေရာပြောင်းကြစို့ ဒေ၀ဒတ်အလောင်းကျီးမင်းကပြောတယ် ရေအိုးထဲမိချောင်းရှာတွေ့တဲ့သူပဲ ငါတို့တစ်သက်တစ်ခါမှမီးမလောင်ဖူးဘူး မလောင်နိုင်ဘူး အေးဆေးနေကြ ဘယ်မှအသိုက်မပြောင်းနဲ့ တဲ့ ညအိပ်မောကျနေတဲ့အချိန်ကျမှ သစ်ကိုင်းချင်းပွတ်လို့ဖြစ်တဲ့မီးကသစ်ရွက်ခြောက်တွေပေါ်ကျလို့ မီးထတောက်လာတယ် တောမီးအကျီးကျယ်လောင်တော့တာပဲ အသိုက်မပြောင်းတဲ့ငှက်တွေ အားလုံးသေကုန်ကြတယ် ။ ဒီနေရာမှပြောချင်တာက မီးမရှိပဲ ထွက်တဲ့အခိုးဆိုရင် မီးခိုးလို့ခေါ်ချင်မှခေါ်လို့ရမှာ ။ မီးဆိုတာက ဥဏှတေဇောလို့ခေါ်တယ် ။ အဲဒီတေဇောဓာတ်က ရေထဲမှာတောင်ရှိတယ် ဒါ့ကြောင့် ဗုဒ္ဓအဘိဓမ္မာမှာ စာမေးပွဲကျင်းပတဲ့အခါ "ရေထဲမှာ မီးရှိနိုင်မရှိနု ... message clipped... >.<

Credit: http://lankarashin-monywa.blogspot.com/2012/03/blog-post_6262.html

by Lu Zein on Wednesday, 1 February 2012 at 15:25 ·

in Lu Zein's Notes

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[Real Family: 24807] နိဗ္ဗာန်ဟူသည် အဘယ်နည်း ?

'ထိုမေးခွန်းအတွက်
တစ်ခုတည်းသော
ကြောင်းကျိုးခိုင်လုံသည့် အဖြေမှာ
"ယင်းမေးခွန်းကို စကားလုံးများဖြင့်
အပြည့်အစုံ ကျေနပ်သွားလောက်အောင်
လုံးဝမဖြေနိုင်ပါ"ဟု ဖြစ်၏။

အကြောင်းမူ လူသားတို့
ဘာသာစကားသည် နိဗ္ဗာန်ဟူသော
အန္တိမသစ္စာ သို့မဟုတ် ပရမတ္ထသစ္စာတရား
သဘာဝအမှန်ကို မဖွင့်ဆိုနိုင်လောက်အောင်
(ဝေါဟာရ) နည်းပါးသောကြောင့်ဖြစ်သည်'

ref: Rahula, Walpola. What the Buddha Taught (1959; reprint, London: The Gordon Fraser Gallery Ltd., 1978)

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[Real Family: 24806] နှုတ်ခမ်းမွေးဆရာတော်

by အောင်ချစ်စိုး(လသာ)

  • လုပ်ငန်းရယ်ပို
  • နှုတ်ခမ်းကို သူကြည်ညိုသတဲ့
  • သီဟိုဠ်ပြန်ဘုန်း၊
  • စဉ်ရှေးဟို
  • ...မွေးကို ဘယ်လိုဆိုပေါ့
  • သီဟိုဠ်ပြန်ဆရာဥာဏ်ရဲ့
  • အပါဒါန်ရွှေစာတမ်းလို့ရယ်
  • ကျမ်းပြုပါဦး။

 

ရန်ကုန်မြို့၊ စွယ်တော်ဘုရားဝင်းအတွင်းရှိ၊ လက္ခဏာဝေဒပညာရှင်''ရဲနေအောင်''၏အ

လုပ်ခန်းသို့ ရောက်နေကျအတိုင်း (၁၃-၈-၂၀၀၂)ညနေပိုင်း၊ ၀င်အသွားတွင် ဖေါ်ပြပါကဗျာ

လေးဖြင့် ခရီးရောက်မဆိုက် ကြိုဆိုနှုတ်ဆက်ခြင်း ခံရပါသည်။

 

''ဘယ့်နှယ် ကဗျာတွေ ဘာတွေရွတ်လို့၊ ဘာစိတ်ကူးပေါက်လို့လဲ ဆရာရဲ့''

''ဩော်...ဆရာ့မြင်တာနဲ့ ဒီကဗျာလေးအကြောင်း ဂဃနဏ သိချင်လို့''

 

''ခင်ဗျားလည်း လက္ခဏာဝေဒပညာရှင်ဆိုပေမယ့် စာပေလည်း ၀ါသနာပါသူပဲလေ၊ ဒါ

ကြောင့်လည်း ခုလို ရှာရှာဖွေဖွေရတာပေါ့၊ အဲဒါဘယ်သူ့ကဗျာလဲ သိသလား''

''လယ်တီလိုလို၊ မန်လည်လိုလိုပဲ၊ ကျကျနနတော့ မသိဘူးဆရာ၊ ဘုရားမှာ နှုတ်ခမ်းမွေး

ပါသင့်၊ မပါသင့် ပြဿနာပဲ ဆရာရဲ့၊ ဆရာလည်း ၂၀၀၁-ခုနှစ်က သီရိလင်္ကာပြန်ဆိုတော့ ဒီ

အကြောင်း သိမလားလို့ပါ''

''ဒါက သီရိလင်္ကာပြန်ခြင်း၊ မပြန်ခြင်းနဲ့မဆိုင်ပါဘူးဗျာ၊ သာသနာရေးစိတ်ဝင်စားသူတိုင်း

သိနိုင်တဲ့အထင်ကရ ပြဿနာတစ်ခုပါ''

''ကဲ...ဆရာသိသမျှ ရာဇ၀င် လှန်ပြပါဦးဆရာ''

''ကျွန်တော်တို့ သာသနာ့သမိုင်းမှာ ကျေးဇူးတော်ရှင်မန်လည်ဆရာတော်ြ

ကီးတို့၊ လယ်တီ

ဆရာတော်ကြီးတို့ ပညာဆီမီး၊ ထိန်ထိန်ညီးနေတဲ့ကာလကပေါ့ဗျာ...

။ သက္ကရာဇ် ၁၂၀၀-

ကျော်ခန့်ကပေါ့၊ ဟင်္သာတမြို့အပိုင်၊ ဓနုဖြူမြို့အနီး ညောင်ချောင်းကျေးရွာမှာ ဆရာတော်

ဦးဥာဏ၀ံသ ဆိုတာ သီတင်းသုံးနေတယ်''

 

''ဆရာတော်ဟာ သီရိလင်္ကာမှာသွားပြီး သက္ကတစာပေ၊ သီဟိုဠ်စာပေ၊ အင်္ဂလိပ်စာပေတွေ

သင်ကြားတတ်မြောက်ထားတော့ ပတ်ဝန်းကျင်မှာ ကြည်ညိုသူ ဒကာ ဒကာမတွေ ပေါတာပေါ့

ဗျာ၊ အဲဒီဆရာတော်ကြီးက သီရိလင်္ကာပြန်စာတတ်ပုဂ္ဂိုလ်တစ်ဦး

အနေနဲ့ အယူအဆသစ်တစ်ခု

ဖေါ်ထုတ်ခဲ့တယ်ဆရာရဲရေ...''

 

''ဘယ်လို အယူအဆသစ်လဲ ဆရာ...''

 

 

''ဗုဒ္ဓဟာ အနောက်မဇ္ဈိမဒေသ ခတ္တိယအနွယ်ဖွား၊ ဇာတ်မြင့်၊ အိန္ဒိယနိုင်ငံသားဖြစ်တယ်၊

သိဒ္ဓတ္ထမင်းသားဘ၀က အနောမာသောင်ခုံမှာ ဆံတော်ကို ကိုယ်တိုင်ဖြတ်လို့ လက်နှစ်သစ်ခန့်

ကြွင်းတယ်လို့ ဗုဒ္ဓ၀င်မှာ ဆိုတယ်၊ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးတွေကို ပယ်တယ်လို့ ဘယ်ကျမ်း

ဂန်မှာမှ ဖေါ်ပြမထားဘူး။ မဟာပုရိသယောကျာ်းကောင်း၊ ယောကျာ်းမြတ်တို့ရဲ့ရုပ်လက္ခဏာ

မှာ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးပါမှ ခန့်ညားမယ်၊ တင့်တယ် သပ္ပါယ်မယ်၊ ဒါကြောင့်

ဗုဒ္ဓရဲ့မျက်

နှာတော်မှာ နှုတ်ခမ်းမွေးနဲ့ပန်းချီပန်းပုထုလုပ် ကိုးကွယ်သင့်တယ်တဲ့''

 

''စာတတ်လာတဲ့ မာန်နဲ့အတွေးးသစ်ကို တွေးမိလာတာနဲ့တူပါတယ် ဆရာ''

 

 

''အဲဒီ ညောင်ချောင်းဆရာတော်ဟာ သူ့အယူအဆကို ကိုင်စွဲပြီး မဟာပုရိသလက္ခဏာ

တော်ဘုရားရှိခိုးနဲ့ နှုတ်ခမ်းမွေးတပ်ထားတဲ့ဘုရားပုံတော်ပါစာအုပ်ကိုပါ ရေးသားဖြန့်ဝေခဲ့သတဲ့''

 

''ဟာ...အတော် အူကြောင်ကြောင်နိုင်တဲ့ အယူအဆပါလားနော်''

 

 

''အင်း...ခင်ဗျားလိုပဲ၊ မဟုတ်တာဆို နည်းနည်းမျှ လက်မခံတဲ့ မန်လည်ဆရာတော်

ဘုရားကြီးကလည်း အဲဒီဆရာတော်ရဲ့ မဟုတ်မဟတ်အယူအဆကို ဘ၀င်မတွေ့လို့ အစောက

ခင်ဗျားရွတ်လိုက်တဲ့ဒွေးချိုးေ

လး ရေးလိုက်တာတဲ့''

''သာဓုခေါ်စရာပါပဲ ဆရာ၊ သာသနာမှာ အဲဒီလို မတူမူမူမတဲ့တွေကို မတစ်လုံးကျေမန်

လည်ဆရာတော်ကြီးတို့လို ဆရာတော်ဘုရားများက ရဲရဲဝံ့ဝံ့ မဟုတ်ရင် မဟုတ်ကြောင်း၊ မမှန်

ရင်မမှန်ကြောင်း ထောက်ပြတာ ကြည်ညိုစရာကောင်းတဲ့ လုပ်ရပ်ပါပဲဆရာ၊ တိုင်းကျော်ပြည်

ကျော်ဖြစ်ရော့ပေါ့''

''ဖြစ်ပြီလား ဆရာရဲရေ၊ ဒီဇာတ်လမ်း သိကြတဲ့သူတိုင်းဟာ ကဗျာလေးကို ဖတ်မိတိုင်း

တ၀ါးဝါးပွဲကျသွားသတဲ့၊ အဲဒီကဗျာဟာလည်း ခုတိုင် အမှတ်တရ သမိုင်းဝင်ကဗျာလေး ဖြစ်နေ

တာပေါ့''

''ညောင်ချောင်းဆရာတော် ဆရာတော်ဦးÓဏ၀ံသက ငြိမ်ခံနေသလားဆရာ''

''ဘယ်ငြိမ်ခံမလဲဗျာ၊ ငါလည်း စာတတ်ပဲဆိုပြီး မန်လည်ဆရာတော်ကြီးအပေါ် မှိုချိုးမျှစ်

ချိုး ချေပရေးသားခဲ့သတဲ့''

''ဟာ...ပွဲကြီးပွဲကောင်းဖြစ်မှာ

ပဲ ဆရာ''

''နှုတ်ခမ်းမွေးအရေးတော်ပုံကြီး

အဖြစ် ကြီးထွားလာလိုက်တာ၊ ကာယကံရှင်တွေသာမက

ဘေးကဆရာတော်ကြီးတွေအထိ ကူးစက်ကုန်တာပေါ့''

''ဘယ်လိုကူးစက်လဲ ဆရာ၊ စိတ်ဝင်စားဖို့ ကောင်းသထက်ကောင်းလာပါလား၊ အဲဒီအ

ချိန်က မန်လည်ဆရာတော်ဘုရားကြီးနဲ့လယ်တီ

ဆရာတော်ဘုရားကြီးတို့ဟာ ရင်းရင်းနှီးနှီးကျွမ်း

ဝင်ချစ်ခင်ကြတာကိုး၊ အဲဒီအချိန်မှာ ဟင်္သာတြိမို့က ဒကာ ဒကာမတွေက လယ်တီဆရာတော်

ဘုရားကြီးကို တရားဟောဖို့ ပင့်လျှောက်လာသတဲ့၊ မန်လည်ဆရာတော်ပေါ်ထားတဲ့ အငြိုးနဲ့

လယ်တီဆရာတော်ကြီးကို ညောင်ချောင်းဆရာတော်နဲ့တပည့်

တပန်းတွေက ပဋိပက္ခရန်ရှာမှာ

စိုးတဲ့ဓနုဖြူမြို့က ဒကာ ဒကာမတွေက ဟင်္သာတမြို့ကို မကြွရောက်သင့်ကြောင်း

လယ်တီဆရာ

တော်ကြီးကို ၀ိုင်းလျှောက်ကြသတဲ့''

 

''လယ်တီဆရာတော်ကြီးက ဘာပြန်ပြောသလဲဆရာ''

 

 

''မစိုးရိမ်ကြနဲ့ကွာ၊ ဟင်္သာတပွဲကို လက်ခံလိုက်တာဟာ ညောင်ချောင်းဘုန်းကြီးကိုပါ

တရားဟောချင်လို့ပါ၊ ငါတို့မေတ္တာကို ငါတို့ယုံကြည်ပါတယ်၊ စိတ်အေးအေးထားပြန်ကြ''လို့မိန့်

တော်မူခဲ့တယ်။

''လယ်တီဆရာတော်ဘုရားကြီးရဲ့ ဟင်္သာတတရားပွဲမှာ ဘာတွေဖြစ်သေးလဲဆရာ''

''အင်း...ဓနုဖြူဒကာ ဒကာမတွေ စိုးရိမ်နေတဲ့အတိုင်းပဲ၊ လယ်တီဆရာတော်ဘုရား

ကြီးဟင်္သာတအရောက်မှာ ညောင်ချောင်းဆရာတော်နဲ့သူ့ဒကာေ

တွ ရောက်လာကြတယ်။ အဲ

ဒီဆရာတော်ကြီးနဲ့သူ့လူတွေရဲ့အမူ

အရာကလည်း ခပ်တင်းတင်းပဲတဲ့''

''ပွဲကြမ်းပြီနဲ့တူတယ် ဆရာရေ''

''ဆန္ဒမစောပါနဲ့ဦး၊ လူရိပ်လူခြေကြည့်ပြီး ညောင်ချောင်းဆရာတော်ဦးÓဏ၀ံသ ဖြစ်မှာ

ပဲလို့ ဆရာတော်ကြီးက ရိပ်မိလိုက်သတဲ့''

''တပည့်တော် ညောင်ချောင်းဘုန်းကြီး ဦးÓဏ၀ံသပါဘုရားလို့ လျှောက်လိုက်တာနဲ့

လယ်တီဆရာတော်ဘုရားကြီးက ခုလို ပြောလိုက်သတဲ့''

''ခုလို တွေ့ရတာ ၀မ်းသာလိုက်တာ ဆရာတော်ရယ်၊ ဆရာတော်ရဲ့ကျေးဇူး တပည့်တော်

ပေါ်တင်ရှိနေပါတယ်လို့ ပြောရင်းက သူ့ရဲ့ခရီးဆောင်သေတ္တာထဲက စာအုပ်တစ်အုပ်ကို ထုတ်

ယူပြလိုက်တယ်''

''ဘာစာအုပ်ပါလိမ့်ဆရာ''

''ဆရာတော်ဦးဥာဏ၀ံသရေးတဲ့ မဟာပုရိသလက္ခဏာတော်ဘုရားရှိခိုး

နဲ့နှုတ်ခမ်းမွေးတပ်

ဘုရားပုံတော်စာအုပ်ပေါ့''

''ညောင်ချောင်းဆရာတော်အဖို့ ဘာဖြစ်သွားသလဲဆရာ''

''လယ်တီဆရာတော်ဘုရားကြီးရဲ့နှုတ်

တော်က ဆရာတော်ရဲ့ကျေးဇူး တပည့်တော်အပေါ်

တင်ရှိနေပါတယ်လို့ နားနဲ့ဆတ်ဆတ်ကြားရလို့ အံ့အားသင့်နေတုန်း သူရေးတဲ့စာအုပ်ကိုပါ

ကိုယ်နဲ့မကွာ ယူလာတာလည်း မြင်ရတော့ ထပ်ဆင့်အံ့ဩပြန်ရော၊ တစ်ခါ လယ်တီဆရာတော်

ကြီးက သူရေးတဲ့ မဟာပုရိသလက္ခဏာတော်ဘုရားရှိခိုး

ကိုရွတ်ဆိုပြပြန်တော့ ညောင်ချောင်း

ဆရာတော်ခမျာ အံ့ဩကုန်နိုင်ဖွယ် ဖြစ်ရတာပေါ့၊ ညောင်ချောင်းဆရာတော်ဦးÓဏ၀ံသဟာ

သူမထင်ထားတဲ့လယ်တီဆရာတော်ဘုရာြး

ကီးရဲ့အပြုအမူတွေကို ဆက်တိုက်တွေ့ရလို့ ဘာပြော

လို့ပြောရမှန်း မသိဖြစ်သွားသတဲ့''

''အင်း...လယ်တီဆရာတော်ရဲ့ပဋိပက္ခ

ဖြေရှင်းနည်းလေးက အတော်ပိုင်ပါလားဆရာ''

''နားထောင်ဦးကိုယ့်လူရဲ့၊ ခုမှ ပညာခန်းတွေ့ရမှာ၊ လယ်တီဆရာတော်ဘုရားက လေ

အေးအေးနဲ့ခုလို ဆက်မိန့်တော်မူခဲ့တယ်ဗျ''

''ဗုဒ္ဓဟာ အိန္ဒိယလူမျိုးဆိုတာ ငြင်းစရာမလိုကြောင်း၊ အိန္ဒိယနိုင်ငံရဲ့ဘုရင်တွေ၊ မဟာ

ရာဇာတွေမှာ နှုတ်ခမ်းမွေးကျင်စွယ်တွေ သူတို့လူမျိုးအလိုက် ထားမှာသေချာကြောင်း၊ ဘုရား

လောင်းဟာ သက်တော်(၂၉)မှာ တောထွက်ခဲ့လို့ အဲဒီအချိန်မှာ မုတ်ဆိတ်တွေ ကျင်စွယ်တွေ

ရှိနိုင်ကြောင်း၊ ရှိခဲ့လျှင်လည်း ကြည်ညိုစရာဖြစ်နိုင်ကြောင်း၊ ဆံတော်သာပယ်ပြီး မုတ်ဆိတ်ကျင်

စွယ်မရိတ်မပယ်ထားခဲ့ရင် အဲဒီခေတ်ရဟန္တာအသီးသီးတွေမှာ အိန္ဒိယသားအများအပြားပါလို့

နှုတ်ခမ်းမွေးနဲ့ရဟန္တာတွေပါရှိသင့်ကြောင်း၊ ဒီလိုနှုတ်ခမ်းမွေးနဲ့ပုံတော်တွေ

ကို အရှင်ဘုရားနဲ့

တပည့်တော်တို့က ဥာဏသမ္ပယုတ်နဲ့ယှဉ်ကြည်ညိုပေမယ့် မိရိုးဖလာကြည်ညိုကိုးကွယ်လာကြ

တဲ့ဒကာ ဒကာမတွေ အများစုအတွက် အမြင်ဆန်းလွန်းနေမှာဖြစ်ကြောင်း

၊ ဘုရားကို ကြည်ညို

ကြတဲ့ မြန်မာတွေအနေနဲ့မြန်မာမင်းသားေ

လးလိုသာ မြင်ချင်တွေ့ချင် ကြည်ညိုချင်ကြကြောင်း

ဇာတ်ကြီး(၁၀)ဘွဲ့၊ (၅၅၀)ဇာတ်နိပါတ်တော်ပန်းချီကား

များ ရေးရာမှာ မြန်မာဘုရင်ကုန်းဘောင်

ခေတ်ဆင်ယင်ပုံမျိုးနဲ့သာ မြင်လိုကြောင်း၊ ဒါကြောင့် အရှင်ဘုရားရဲ့မဟာပုရိသလက္ခဏာတော်

ကြီးနဲ့ဘုရားပုံတော်ကိုပင် တစ်တိုင်းပြည်လုံးနဲ့မဆန့်ကျင်

ဝံ့လို့ တပည့်တော်မှာ ပုန်းလျှိုးကွယ်လျှိုး

အခုလိုသေတ္တာထဲထည့် ကိုးကွယ်နေရပါကြောင်း''

 

 

''ကြောင်းကျိုးယုတ္တိကျကျ သာယာညှင်းပျောင်းစွာ ပြောတဲ့လယ်တီဆရာတော်ရဲ့အဆုံး

အမစကားလည်းကြားရော၊ ညောင်ချောင်းဆရာတော်ဦးဥာဏ၀ံသဟာ စိတ်ထဲ ထိထိခိုက်ခိုက်

ခံစားလိုက်ရတယ်တဲ့''

 

 

''သီလ၊ သမာဓိ၊ ပညာကြီးသူရဲ့ဆုံးမစကားဆိုတော့ ဘ၀င်ကျသွားမှာပေါ့နော်''

''ကျပြီလား ဆရာရဲနေအောင်ရယ်၊ လယ်တီဆရာတော်ဘုရားရဲ့စကားတွေမှာ မေတ္တာ

ပါတယ်၊ စေတနာပါတယ်၊ အသာစီးနဲ့အနိုင်ယူမှုမရှိ၊ တစ်ဖက်သူကို နိမ့်ကျသိမ်ငယ်လိုစိတ် လုံး

ဝမထားမှန်း ဆရာတော်ဦးဥာဏ၀ံသ ခံစားသိရှိလိုက်တယ်လေ''

 

 

''အင်း...ကျွန်တော်တို့အဖို့ အတုယူစရာကြီးပါလားဆရာ၊ တစ်ယောက်နဲ့တစ်ယောက်

မသင့်ရင်၊ အယူအဆကွဲပြားရင်၊ နင်ပဲ ငဆနဲ့ကာယကံကြမ်းကြမ်း၊ မနောကံကြမ်းကြမ်းနဲ့အနိုင်

ရပြီးစတမ်းဆိုတဲ့ ကျွန်တော်တို့ လူသာမန်ပုထုဇဉ်တွေနဲ့ ကွာလိုက်တာ ဆရာ''

 

 

''စိတ်ကြမ်း မာန်လျော့၊ ကျွန်ကန်တော့၏ဆိုသလို ပြောမဟဲ့၊ ဆိုမဟဲ့၊ မာန်တင်းလာခဲ့တဲ့

ဆရာတော်ဦးဥာဏ၀ံသဟာ ခြေသုတ်ပုဆိုးြွေမစွယ်ကျိုးဆိုတဲ့အတိုင်း သူတော်ကောင်းပီသစွာ

ရဲရဲဝံ့ဝံ့နဲ့လက်ခံလို့ တပည့်တော်ရေးသားပြောဆိုမှားခဲ့

သမျှ ၀န်ချတောင်းပန်ပါတယ်ဘုရား''ဆို

ပြီး ပြန်လည်လျှောက်ထားလိုက်သတဲ့။

''အောင်ခြင်း(၈)ပါးလိုပဲ၊ လယ်တီဆရာတော်ဘုရားရဲ့ခန္တီပါရမီ

နဲ့အမှန်တရားကို အောင်

နိုင်ခဲ့တာပေါ့နော်''

 

 

''ရိုးရိုးအောင်နိုင်ရုံ သက်သက် မဟုတ်ဘူးဗျ၊ လယ်တီဆရာတော်ဘုရားကြီးကို သူနေ

ထိုင်ရာ ဓနုဖြူကိုပင့်၊ သူကိုယ်တိုင်က ကမကထလုပ်ပြီး တရားပွဲတောင်ကျင်းပလိုက်သေးသဗျ''

 

 

''နှုတ်ခမ်းမွေးအရေးတော်ပုံ နိဂုံးသတ်လေးက ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ကြည်ညို

စရာ၊ သာဓုခေါ်စရာကြီးပါလားဆရာ''

 

 

''သာဓုခေါ်မယ်ဆိုရင် မင်းနန်(မော်ကျွန်း)ပါ၊ ပါသင့်တယ်ဗျ၊ သူရေးတဲ့ နတ်၌ဖြစ်သော

ရနံ့သင်းပျံ့သောဆရာတော်ကြီးများစာအုပ်က တစ်ဆင့်ဖောက်သည်ချပေးရတာဗျို့''

 

 

''ဟုတ်ကဲ့ဆရာ၊ ဆရာတော်ကြီးများရော၊ လူပုဂ္ဂိုလ်တွေရော၊ အားလုံးရဲ့ ဂုဏ်ကျေးဇူးကို

ရည်စူးပြီး ခေါ်ပါ့မယ်ဆရာ''

 

''သာဓု သာဓု သာဓု''

 

 

အောင်ချစ်စိုး(လသာ)

၁၃-၈-၂၀၀၂

 

 

မှတ်ချက်။၂၀၀၃-ဧပြီလထုတ် အပ္ပမာဒမဂ္ဂဇင်း၊ နှာ(၇၉-၈၁)၌လာရှိသော ဆောင်းပါးကို

ပြန်လည်၍ရိုက်နှိပ်သည်။

 

××××××××× ပြီးပါပြီ ×××××××××××××××××

www.shanyoma.org မှ ရယူ မျှဝေပါသည်။ 17 Feb 2012

by Lu Zein on Friday, 17 February 2012 at 07:02 ·

Source: Lu Zein's Notes

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[Real Family: 24805] သဒ္ဓါ ဟူသည်

သဒ္ဓါ ဟူသည်

ကောင်းသောအလုပ်၊ ကောင်းသော စေတနာ၊ ကောင်းသော ကံ သည် ကုသိုလ် ဖြစ်၍ မကောင်းသောအလုပ်၊ မကောင်းသော စေတနာ၊ မကောင်းသော ကံ သည် အကုသိုလ် ဖြစ် ပါသည်။


သို့ရာတွင် မိမိတို့သည် ငယ်စဉ်မှပင် ထို အသုံး၊အနှုန်း စကားလုံး များကို ကြားဖူးနေကြဖြစ်သော်လည်း ကုသိုလ်၊ အကုသိုလ် ဓါတ်သဘောတွေ ကို တကယ်ပင် သိပါသလားဟု မိမိ ကိုယ် မိမိ ဆန်းစစ်ဖို့လိုပါသည်။ မိမိ တို့အားလုံးသည် ကုသိုလ်၊ အကုသိုလ် ဓါတ်သဘောတွေ ကို တကယ်သိ သည့်အထဲတွင် မပါပါ။

 

ယော ဆရာတော်ဘုရားကြီး၏ ရှင်းပြချက်အရ သဒ္ဓါအဆင့်၊ ယုံကြည်မှု အဆင့်ဖြင့်သာ သိကြပါသည်။ ဆရာတော်ဘုရားကြီးက အားလုံးကို မေးပါသည်၊ မင်းတို့ ကမ္ဘာ့ မြေပုံကြီး ကိုယုံကြသလား? အားလုံးက ယုံပါတယ်ဘုရားဟု ဖြေကြပါသည်။ ဆရာတော်ဘုရားကြီးက ဆက်မေးပါသည်၊ ယုံရအောင် ကမ္ဘာအနှံ့ ကို ကိုယ် တိုင် ရောက်ဖူးသလား? အားလုံးက မရောက်ဖူးပါဘုရား ဟု ဖြေကြပါသည်၊ ရောက်ဖူးတာဝေး လို့ ကောင်းကင်ကြီးကနေ ကမ္ဘာအနှံ့ ကို ကိုယ်တိုင်မြင်ဖူးသလား ဟု ဆက်မေးပါသည်။ မမြင်ဖူးပါဘုရား ဟုအားလုံးကဖြေကြပါသည်၊ မမြင်ပဲနဲ့ ယုံကြည်နေတာ၊ သို့သော် အစိတ်အပိုင်း တစ်ခုတော့ ရောက်ဖူးကြတယ်၊ အဲဒီ အစိတ်အပိုင်း သည်မြေပုံထဲကအတိုင်း မှန်နေသောကြောင့် ကျန်သော အစိတ်အပိုင်းတွေသည်လည်း မှန်လိမ့်မည်ဟု မမြင်သော်

လည်း လက်ခံ ယုံကြည်ထားတာ ကို သဒ္ဓါ လို့ခေါ်တယ် လို့ရှင်းပြတော်မူခဲ့ပါသည်။

 

သဒ္ဓါ ဆိုသည်မှာ အကုန်လုံးကို ကိုယ်တိုင်သိခြင်းမဟုတ်၊ အစိတ်အပိုင်းတစ်ခု ကိုသိသောကြောင့် ယုံကြည်လောက်တဲ့ အခိုင်အမာ သက်သေဖြစ်သောကြောင့် ကိုယ်တိုင် မသိသော်လည်း ယုံကြည်တာကိုခေါ်ပါသည်။

ပြုစုသူ ဒေါ်စီစီချိုသန်း

by Lu Zein on Friday, 17 February 2012 at 16:29 ·

Lu Zein's Note

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
 
 
 

[Real Family: 24804] သီလယူခြင်းနဲ့ပတ်သတ်ပြီး

by ဆရာတော်အရှင်ကောမလ(ခ)ဆန်နီနေမင်း

  သီလရှင်ဆရာလေးများဟာ ကိုးပါးသီလဆောက်တည်သူများ ဖြစ်ကြတဲ့အတွက် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ ယူချင်တဲ့လူများကို သီလပေးနိုင်ပါတယ်။ မြတ်ဗုဒ္ဓကလည်း အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ "ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ-ဥပုသ်သီလခံယူရာမှာ ရဟန်းထံဖြစ်စေ၊ ဘိက္ခုနီမထံဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံဖြစ်စေ သီလဆောက်တည်နိုင်ကြောင်း မိန့်ဆိုခဲ့ပါတယ်။ 

ဒါကြောင့် သီလရှိသူထံမှသာ သီလယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကိုသိသူ၊ သီလကိုအစဉ်မှန်မှန် အရှေ့ကတိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကိုအစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် အိမ်ရှေ့ဘုရားစင်မှာဖြစ်စေ၊ သွားရင်းလာရင်းလမ်းကြုံလို့ စေတီပုထိုးများရှေ့မှာဖြစ်စေ သီလဆောက်တည်လို့ ရပါတယ်။ သီလယူတဲ့အခါ မိမိဆောက်တည်ထားတဲ့သီလကို မကျိုးမပေါက်အောင် စောင့်ထိန်းမယ်ဆိုတဲ့ သန္ဒိဋ္ဌာန်ပြတ်သားဖို့သာ အဓိကကျပါတယ်။

များသောအားဖြင့် သီလယူတဲ့အခါမှာ ဘာ့ကြောင့်ရဟန်းသံဃာများထံ သီလယူရသလဲဆိုရင် မိမိသီလဆောက်တည်ထားတာကို ဆရာတော်များ၊ နဘေးလာရောက် သီလယူသူများ သိရှိကြတဲ့အတွက် မိမိသီလကျိုးပေါက်မဲ့ဟာကို မလုပ်ဖြစ်အောင်လို့ပါ။ တကယ်လို့များ မိမိက သီလတစ်ပါးပါးကို ကျုးလွန်ချင်စိတ်ဖြစ်လာရင် "အော်-ငါသီလကျိုးရင် ငါ့ကိုအပြစ်ပြောမဲ့လူတွေ၊ ငါသီလကျိုးရင် ငါ့ကိုလူမိုက်လို့ ထင်မြင်မဲ့လူတွေ အများကြီးရှိပါလား"လို့တွေးမိပြီး မိမိသိက္ခာမကျအောင်၊ မိမိအရှက်မရအောင်ထိန်းတဲ့အနေနဲ့ သီလမကျိုးအောင် ထိန်းနိုင်ဖို့ရန် ဖြစ်ပါတယ်။ အဲဒီလိုတွေးမိပြီး သီလမကျိုးအောင် စောင့်ထိန်းနိုင်တာဟာ လူသူပရိသတ်များတဲ့ နေရာမှာဝိုင်းစုပြီး ဆရာတော်များထံ သီလယူခြင်းရဲ့ အကျိုးကျေးဇူးပါ။ ဒါပြင် မိမိသီလယူတဲ့အခါ ကျောင်းကန်ဘုရားတို့မှာနေခြင်းကြောင့် အကုသိုလ်အမှုများကို တွေးတောကြံစည်ခြင်းနဲ့ အချိန်ကုန်မဲ့အစား တရားဘာဝနာပွားလို့ဖြစ်စေ၊ တရားနာလို့ဖြစ်စေ၊ တရားစာအုပ်ဖတ်လို့ဖြစ်စေ၊ အချင်းချင်း တရားစကားဆွေးနွေးလို့ဖြစ်စေ အချိန်ကုန်လွန်စေအောင်လို့ ဘုန်းတော်ကြီး ကျောင်းများမှာသွားပြီး သီလဆောက်တည်ခိုင်းခြင်း ဖြစ်ပါတယ်။

 

Excerpt from  http://zmo999.blogspot.com/2011/10/blog-post_28.html   

 

ဆရာတော်အရှင်ကောမလ(ခ)ဆန်နီနေမင်း

.......................................

 http://zmo999.blogspot.com/2011/10/blog-post_28.html  

မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

 

Credit: http://www.worldofwisdom.asia/2012/01/blog-post_27.html

Credit: http://zmo999.blogspot.com/2011/10/blog-post_28.html 

by Lu Zein on Monday, 20 February 2012 at 12:29 ·

Source: Lu Zein's Notes

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။