[New post] ဇာဂနာနဲ့ Home အဖွဲ့ Motion Magazine ထုတ်မည်

admin posted: " မိုးမခ၊ အောက်တိုဘာ ၂၂၊ ၂၀၁၂ ယမန်နေ့က ရန်ကုန်မြို့မှာ အထူးပွဲပြပြီး Home Entertainment အဖွဲ့ရဲ့ မြန်မြာ�"

သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


မယ့်ဟောင်ဆောင် - ဟိုမိန်း နယ်စပ်ဈေးဖွင့် အာဆီယံကွန်မြူနတီအတွက်ဟု ထိုင်းခရိုင်မှူးပြော

Posted: 22 Oct 2012 02:53 AM PDT

တလ သုံးကြိမ်ခင်းမည့် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ နှင့် ထိုင်းနိုင်ငံမယ် ဟောင်ဆောင်မြို့အကြား နှစ်နိုင်ငံဒေသထွက်ကုန်များ ဖလှယ်ရောင်းချရန် တလတ်နတ် ခေါ် အလှည့်ကျဈေး ဖွင့်ပွဲ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
nang_na-lue-moon  မယ့်ဟောင့်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နရ်ုမွန်း ပန်ဝါ့တ်

" မယ့်ဟောင့်ဆောင်ခရိုင် ဟွေ့ဖင့် ရွာမှာပါ။ ဒီလ ၁၈ ရက်နေ့က ဖွင့်ပွဲလုပ်တာ။  ရွာနဲ့ တစ်ကီလိုမီတာ အကွာမှာရှိတဲ့ လောင့်ဟိုင့်ဈေးမှာ လုပ်တယ်လေ။ ကတ်နတ် (တလတ်နတ်)လို့ခေါ်တဲ့ ရက်ချိန်းဈေး ပေါ့။ ထိုင်းနိုင်ငံ အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒုတိယ နယ်စပ်ဈေးဖြစ်အောင်လုပ်သွားမယ်။ အာဆီယံ ကွန်မြူနတီ အတွက် ပြင်ဆင်ထားတဲ့သဘောလို့  ဖွင့်ပွဲတုန်းက ခရိုင်အုပ်ချုပ်ရေးမှူးက ပြောတာ" - ဟု ဖွင့်ပွဲသို့ သျှမ်းသီချင်း ထိုင်းသီချင်းများသွားရောက်ဖျော်ဖြေခဲ့သည့် အဆိုတော်စိုင်းလွမ့်ဝန်းက သျှမ်း သံတော်ဆင့်အားက ပြောပြသည်။

အဆိုပါ နှစ်နိုင်ငံ နယ်စပ်ဈေးကြီးအား တလလျင် ၃ ကြိမ်ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်စည် များ လွတ်လပ်စွာရောင်းချနိုင်သည့်နေရာဖြစ်လာနိုင်ကြောင်း မယ့်ဟောင့်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နရ်ုမွန်း ပန်ဝါ့တ် က ပြောသည်ဟုဆိုပါသည်။

"လာမယ့်နိုဝင်ဘာလ ၁ ရက်၊ ၈ ရက်နဲ့ ၁၅ ရက် ၃ ကြိမ်ထပ်ဖွင့်မယ်လို့ သူတို့ကြေငြာထားတယ်။ ဖွင့်ပွဲ တုန်းကဆိုရင် သျှမ်းပြည်ဘက်က ဟိုမိန်းမြို့နယ်၊ လင်းခေး၊ မိုင်းပန်၊ မိုးနဲမြို့နယ်က ကုန်သည်တွေ လာကြတယ်။ ရောင်းကြဝယ်ကြနဲ့ စည်ကားနေတာဘဲ။ ဒီလိုမျိုး ဈေးက ပိတ်ထားကြတာ ကြာပြီလေ။ ခုမှပြန်ဖွင့်တယ်ဆိုတော့ ကုန်သည်တွေက ဝမ်းသာကြတယ်" ဟု မယ်ဟောင်ဆောင်ရောက် လင်းခေး ဒေသခံတဦးက ပြောပါသည်။

အဆိုပါဈေးဖွင့်ပွဲသို့ ထိုင်းနိုင်ငံ ဌာနဆိုင်ရာအာဏာပိုင်များအပြင် မြန်မာနိုင်ငံဘက်မှ အာဏာပိုင်တချို့ နှင့် ဟိုမိန်းပြည်သူ့စစ်ဘက်မှ SSS အဖွဲ့ခေါင်းဆောင် စိုင်းနု၏လက်ထောက် နှင့် အဖွဲ့တို့တက်ရောက် ခဲ့သည်ဟုဆိုပါသည်။

ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်းမိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ရှိ ဘီဖီဝမ်း နယ် စပ် အမှတ် ၁ ဂိတ် အနီးဈေးနှင့် သျှမ်းပြည်တောင်ပိုင်း ဟိုမိန်း - မယ့်ဟောင့်ဆောင် (တပတ်တခါဈေး တွေအပြင်) နှစ်နိုင်ငံကြားနယ်စပ်ဂိတ်အားလည်း တရားဝင်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိနေကြောင်း ထိုင်းအာဏာ ပိုင်နှင့် နီးစပ်သူ သျှမ်းကုန်သည်တဦးကပြောပြသည်။

ဆိုင်ခန်းခ တိုးမြှင့်လိုက်သည့်အပေါ် မကျေနပ်၍ မူစယ်မြို့၌ စာရေးတိုင်ကြားမှုဖြစ်

Posted: 22 Oct 2012 02:52 AM PDT

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့အမှတ် ၂ ဈေးအတွင်းရှိ ဆိုင်ခန်းခများ ရုတ်တရက် တိုးမြှင့် ကောက်ခံ လိုက် သည့် အပေါ် မကျေနပ်သဖြင့် ဈေးသူဈေးသား ၃၀ ခန့်က မူစယ်မြို့ခရိုင်အုပ်ချုပ်ရေးရုံးနှင့် မြို့နယ် စည်ပင်ဋ္ဌာနများသို့ ယနေ့ စာ ရေး တိုင်ကြားလိုက်ကြောင်း သတင်းရရှိသည် ။

ဈေးဆိုင်ခန်းများအား နှင်းနှင်းခိုင်ကုမ္ပဏီမှ ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ၄င်းကုမ္ပဏီမှ အောက်တိုဘာလ အတွက် ဆိုင်ခန်း ခများကို  တရုတ်ငွေယွမ် ၄၀၀ မှ ယွမ် ၇၀၀ အထိ တိုးမြှင့်ကောက်ခံသဖြင့် စာရေးတိုင်ကြား ခြင်းဖြစ်ကြောင်း ဈေးအသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"ပထမတော့ ဆိုင်ခန်းတစ်ခန်း တစ်လ ယွမ် ၃၀၀ ပေါ့နော် နောက် ၄၀၀ အထိတက်လာတယ် အခုစာ ထွက်တာ ယွမ် ရ၀၀ အထိ တက်တောင်းတာပေါ့နော် ဈေးကဖွင့်တာမကြာသေးဘူး မစည်သေးဘူးပေါ့နော် အဲဒါကြောင့် ဈေးသူဈေးသား ၃၀ လောက်က ရှေ့နေငှားပြီးမှ စည်ပင်ရယ် ခရိုင်အုပ်ချုပ်ရေးရုံးရယ်ကို စာတင်လိုက်တယ် " ဟု ၄င်းဈေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။

အဆိုပါဈေးမှာ စည်ပင်သာယာဋ္ဌာန ကြီးကြတ်မှုအောက်မှ ကင်းလွတ်နေသဖြင့် ဈေးအတွင်း အမှိုက်သရိုက် များ သိမ်း ဆည်းမည့်သူ မရှိခြင်း ၊ ရေနူတ်မြောင်းများ ပျက်စီးခြင်းများ ဖြစ်ပေါ်နေကာ လျှပ်စစ်မီးခမှာ တစ် ယူနစ် တရုတ်ငွေ ၂ ယွမ် နှုန်း ပေးဆောင်ရကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမပေါ်က တံတားတခု မကြာခဏပျက် ခရီးသွားများအခက်တွေ့

Posted: 22 Oct 2012 12:56 AM PDT

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့နယ်၊ ပန်ခမ်းရွာအနီး ပြည်ထောင်စုလမ်းမရှိ နမ့်ပေါ့တံတားယမန်နေ့ မနက်ပိုင်းကပျက်သွား ပြီး ၁၀ နာရီခန့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ခဲ့ရကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါ သည်။
001-
"မနက် ၈ နာရီခွဲ လောက်ကပျက်တယ်။ ညနေ ၃နာရီခွဲလောက်မှ ပြင်ပြီးတာ၊ ကားတွေပြည့်နေတာဘဲ။ ဆိုင်ကယ် တွေဆိုရင်တော့ တံတားအောက်ကနေ စက်လှေနဲ့ကူးရတယ်၊ ကူးခ ဆိုင်ကယ်နဲ့လူဆိုရင် ကျပ်တစ်ထောင်၊ လူဘဲ ဆိုရင်တော့ တယောက်  ငါးရာပေါ့" - ဟု နမ့်ခမ်းက ဈေးသည် စိုင်းကွမ်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တရုတ်ပြည်ဘက်မှ မှောင်ခိုကုန် တင်သွင်းသော (over weight) တန်ချိန်ပိုကားကြီးများ ပန်ခမ်းရွာကူးတို့ဆိပ်မှ ၀င် လာပြီး နမ့်ပေါ့တံတားဖြတ်သန်းကာ  မူစယ်မြို့သို့ပို့ကြောင်း၊ နမ့်ခမ်းမြို့ ၁၆ မိုင်ခန့် အကွာ မူစယ်မြို့နယ်အတွင်းရှိ အဆိုပါနမ့်ပေါ့ တံတားထိပ်ရှိ ဓါတ်ဆီဆိုင်ရှေ့တွင်စောင့်နေသော  ပြည့်သူ့ရဲတပ်ဖွဲ့ထံ ဂိတ်ကြေးပေးခဲ့ရသေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။

" ဒီတံတား ခဏခဏပျက်တတ်တယ်။ တစ်ပတ်နှစ်ခါလောက် ပုံမှန်ပျက်တယ်၊ တံတားက သက်တမ်းလွန်နေပြီ၊ တရုတ်တွေကတော့ တံတားပျက်မှာ ဘယ်ဂရုစိုက်မလဲ။

သူတို့တိုင်းပြည်မှမဟုတ်တာ။ သူတို့စီးပွါးဖြစ်ဖို့ဘဲ အရေးကြီးတယ်လေ။ မြန်မာဘက်ကရဲတွေကလဲ ပိုက်ဆံရရင်ပြီးရော လွတ်ပေးလိုက်တာပဲ ။ ဒါကြောင့်တံတား ခဏခဏ ပျက်ရတာ၊ တံတားပျက်ရင် ကျနော်တို့ကားသမားပဲဒုက္ခရောက်ရတယ်" ဟု မူစယ်က ကားသမားတစ်ဦး ပြောပြသည်။

နမ့်ပေါ့တံတားအသစ်ဆောက်လုပ်ရန်စီမံကိန်းမှာ ယခုနှစ်ဆန်းပိုင်းက စတင်ပြီး ယခုချိန်အထိ ရေလယ်တိုင် နှစ်တိုင်သာ ဆောက်လုပ်ပြီးစီး နေသေးကြောင်းတွေ့ရသည်။
002-
"တံတားပေါ်မှာ ကုန်တင်ကားတစ်စီးဖြတ်သွားတာနဲ့ တံတားတခုလုံး ခါရမ်းသွားတာပဲ။ တံတား အခင်း သစ်သား တွေလည်း ဆွေးကုန်ပြီ၊ ပြင်ပြင် သုံးသုံး ပျက်ပျက်နဲ့ နစ်ပေါင်းကြာလည်း ကြာနေပြီ"ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်း ကပြောပြသည်။

လွန်ခဲ့သောနှစ်ပေါင်း ရာကျော်ကတည်းက မူစယ်နှင့်နမ့်ခမ်းမြို့ ကြား၌ အင်္ဂလိပ်အစိုးရမှ (ယာယီ) စစ်သုံးတံတား (၃) စင်း ရှိသည်။

၎င်းတို့မှာ နမ့်ခမ်းမြို့ရွှေလီကြိုးတံတား၊ နမ့်ခမ်းရေပူစမ်းအနီး နမ့်မချောင်းတံတား နှင့် မူစယ် နမ့်ပေါ့တံ တားတို့ဖြစ် သည်။  တံတား အသစ်ဆောက်လို့ပြီးစီးပြီဖြစ်သဖြင့် ရွှေလီကြိုးတံတား ကိုမူ အသုံးမပြုတော့ပေ။ သို့သော်ကျန်တံ တားနှစ်စင်းမှာ ခုချိန်ထိအန္တရာယ်ကြားမှ အသုံးပြုနေရသေးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

[New post] ကနေဒါနိုင်ငံမှာ ရွှေညဝါဆရာတော်ရဲ့ တရားပွဲ ကျင်းပရန် စီစဉ်နေ

admin posted: " ကျော်ဟုန်း၊ အောက်တိုဘာ - ၂၂ -၂၀၁၂ အရှင်ပညာသီဟ-ရွှေညဝါဆရာတော်ဟာ အမေရိကန်အတွင်း ဓမ္မဒါန၊ ဓမ္မပူဇာ"

[New post] အရှင်ဝီရသူ၏ စာအုပ်မိတ်ဆက်ပွဲ ကျင်းပမည်

admin posted: " အရှင်ဝီရသူ၏ စာအုပ်မိတ်ဆက်ပွဲ ကျင်းပမည် မိုးမခမိတ်ဆွေ (မန္တလေး) အောက်တိုဘာ ၂၂၊ ၂၀၁၂           မန္တ"

[aurorageneration] ဘာသာတရား ( ၂ )

ဘာသာတရား ( ၂ )

အဲယားကွန်းကိုပိတ်ပြစ်လိုက်
အေးစက်စက်လေဟာ အထိအတွေ့မဲ့တယ်
ဒါဟာ သဘာဝမှ မဟုတ်ပဲကွယ် . . .

သဘာဝဆိုတဲ့စကားလုံးကို နုတ်ထက်အက္ခရာတင်ကြစို့ရဲ့
စက်တွေ မရှိနဲ့ . . . အလိုအလျှောက်တွေမရှိနဲ့
ပက်စီ မရှိနဲ့ . . . ကိုလာမရှိနဲ့ . . . ဂရမ်း မရှိနဲ့
ဘာသာမရှိနဲ့ . . . တရားမရှိနဲ့ . . . ဓမ္မမရှိနဲ့
လူမျိုးမရှိနဲ့ . . . နိုင်ငံမရှိနဲ့ . . . အသားအယောင်မရှိနဲ့
နောက်ဆုံး အတုမရှိနဲ့ . . . အစ အစစ်မရှိနဲ့  . . .
ဟိုဟာ တွေ မရှိနဲ့ . . . ဒီဟာတွေမရှိနဲ့
မရှိနဲ့ . . . မရှိနဲ့ . . . ဘာမှမရှိနဲ့ . . .

လေးခုမှာ . . . သုံးခုက အတုအယောင်ဖြစ်တယ်
တစ်ခုကတော့ အစစ်ဖြစ်တယ်
အဟက် . . . ခဗျားမှန်တယ် . . . ကျနော်နဲ့အနီးစပ်ဆုံးသာ အစစ်ဖြစ်မယ်
ဆိုတော့ကာ . . . ကျန်တာတွေက အတုဖြစ်တယ်
အတုဟာ ကြောက်စရာမကောင်းဘူး
အစစ်ကတော့ ကြောက်စရာကောင်းတယ်
ကြောက်စရာကောင်းတဲ့ အစစ်ဟာ ကျနော့် ဘာသာသာသနာဖြစ်လာတယ်
ယုံကြည်ခြင်းဟာ . . . ရှေ့တန်းမှာ မားမားမတ်မတ်ရပ်နေ
နောက်ကွယ်မှာတော့ . . . တိုးတိုးတိတ်တိတ် သံသယတွေ
အမှန်စစ်စစ် မယုံကြည်ခြင်းဆိုတာကို ကြောက်စိတ်က ဖိနှိပ်ထားတယ်
ဒါပေမယ့် မသေခင်အထိ အဖြေသိစရာမလိုဆိုတော့ အေးအေးဆေးဆေး . . .

ဦးနှောက်လား . . . အလကား
အသိညဏ်လား . . . အာပလာ
တွေးခေါ်စိတ်လား . . . အဖြစ်မရှိ
ဆင်ခြင်တုံတရား . . . အဝေးကြီး
မှတ်ချက် . . . ကိုယ့်လူ  မှတ်ချက်
ကဗျာဆရာဟာ ကဗျာရေးနေချိန်အတွင်းမှာသာ ဘာသာမဲ့ပါ . . .

 မာဃသစ္စာ

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
 
 

Re: [mrsorcerer:34707] Fwd: [လူဗိုလ်ဟူသည် ...] ခရစ်တော်၏ ဒိုင်ယာရီ (၁)

သန့်ဇင်ဖြိုးတင်ခဲ့ပိုစ့်တွေမှန်သမျှဟာ ကိုသန့်ဇင်ဖြိုး သိလို့ ၊ နားလည်လို့ ၊ တတ်လို့ ၊ ကျွမ်းကျင်လို့ ၊ အမှန်တရားမှန်းအသေအချာသိလို့တင်ခဲ့တာချည်းပဲလား ဆိုတာ ကျနော်တော်တော်ဝေခွဲမရဖြစ်မိတယ် ။ >> ဝေခွဲမရဖြစ်ရင်လည်း ဝေခွဲနိုင်အောင်ကြိုးစားပါခင်ဗျာ... :]

ပြီးတော့ အမှန်ကဒီကိစ္စဟာ သန့်ဇင်ဖြိုးဘက်က စေတနာမှန်ရင် အရင်တခါကလိုပဲ ( သန့်ဇင်ဖြိုးပြောစကားအရ ) အက်ဒမင်တွေနဲ့ ကိုလူဘိုကိုပဲ ထပ်ပြီး အသိပေးသင့်တာပေါ့ဗျာ ။ အခုတော့ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ ဆိုသလိုဖြစ်နေပြီ :)။ >> ကျနော့ဘက်က ဘာ့ကြောင့်နောက်ကွယ်ကပဲ အသိမပေးသလဲဆိုရင် အရင်တစ်ခါတုန်းကကျနော်က နောက်ကွယ်ကအသိပေးတာကို ကိုလူဘိုကိုယ်တိုင်ပဲ ဂရုပ်ပေါ်တင်ရှင်းလာတော့ ကျနော့အနေနဲ့ ဒုတိယအကြိမ်အလုပ်ရှုပ်မခံတော့ပါဘူး... တစ်ခါတည်းပဲ ဂရုပ်ပေါ်ကနေရှင်းဖို့ပြောတာပါ... နောက်ထပ်အကြောင်းတစ်ခုက ဒီကိစ္စက မှော်ဆရာဂရုပ်မှာ စည်းကမ်းသတ်မှတ်ထုတ်ပြန်ထားတဲ့ ဘာသာရေးစော်ကားမှုနဲ့သက်ဆိုင်တာ တစ်ကြောင်းပါ... ကိုမာဃရဲ့အထင်တွေတော့ စိတ်ကြိုက်သာထင်ပါ လူတစ်ယောက်က ကျနော့ကိုဟိုလိုထင်လိုက် နောက်လူတစ်ယောက်က ဒီလိုထင်လိုက်ထင်နေကြတာ ကျနော့အတွက်တော့ စိတ်ဝင်စားလောက်ဖွယ် ပြန်လည်ဖြေရှင်းရမဲ့အပိုင်းမဟုတ်လို့ပါ... :]

ကိုသန့်ဇင်ဖြိုးက အက်ဒမင်တွေ အလုပ်ရှုပ်မှာကို စိတ်ပူပေးနေတာလား ၊ မပူပါနဲ့ဗျာ ။ မှော်ဆရာအဖွဲ့ရဲ့ အက်ဒမင်အဖွဲ့မှာ ချုချုချာချာ ၊ နုံနုံနဲ့နဲ့ တစ်ယောက်မှ မပါဘူးဗျ ။ လူတိုင်း ကိုယ့်လယ်ဗယ်နဲ့ကို ပြည့်ဝပြီးသားလူတွေနဲ့ပဲ ဖွဲ့ထားတာပါ ။ ကိုသန့်ဇင်ဖြိုးရဲ့ဟိုက်ဂရုလ်ကိုပဲ ၊ မှော်ဆရာအဖွဲ့ကို ဂရုစိုက်သလို ဂရုစိုက်လိုက်ပါ ။ >> အကြံပေးမှုကိုကျေးဇူးတင်ပါတယ်ခင်ဗျာ... ကျနော်လည်း ခပ်ချာချာလူတွေ အဒ်မင်လုပ်ပြီး ခပ်နုံနုံနဲ့နဲ့နဲ့ ကြီးကြပ်ကိုင်တွယ်နေတဲ့ ဂရုပ်လို့ထင်ရင် ဒီဂရုပ်ထဲမှာတောင်ရှိနေမှာမဟုတ်ပါဘူး... စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ဆောင်ဖို့ အားသန်သူတွေနဲ့ စည်းမျဉ်းစည်းကမ်းကို အလေးထားသူတွေ အဒ်မင်လုပ်နေတယ်လို့ လက်ခံနေဆဲဖြစ်ပါတယ်... ဒါ့ကြောင့်လည်း သူတို့မလိုအပ်ပဲ အလုပ်ရှုပ်မှာကို လွတ်လပ်စွာစိတ်ပူပါတယ်ခင်ဗျာ... :]

အဲ့ . . . ပွင့်လင်းစွာ အကြံပေးမယ်ဆိုလည်း . . . ပွင့်လင်းစွာပဲ အကြံပေးပေါ့ဗျာ . . . တောင်းပန်ရတယ်ဆိုတာ လူ့သိက္ခာအညိုှးနွမ်းဆုံးအလုပ်ဗျ ၊ မှားရင်တောင်းပန်ရမှာပေါ့ဆိုတဲ့ အပြောပြောရင်တော့ ၊ ကိုလူဘို ပိုစ့်ကို မှန်တယ်လို့မထောက်ခံရင်တောင် ၊ မှားတယ်လို့လည်းဝေဖန်လို့မရဘူးဗျ ၊ ဒါတွေက ကျနော်တို့ မမွေးခင်နှစ်ထောင်ချီက ဖြစ်ခဲ့တာ ။ ဆိုတော့ . . . ဆိုတော့ကာ ။ ဆိုတော့ပေါ့ဗျာ ။ >> ကျနော်ရေးတာကို သေသေချာချာထပ်ဖတ်စေချင်ပါတယ်... ကျနော်က ကိုလူဘိုကို ဒီပို့စ်အတွက် မဖြစ်မနေတောင်းပန်ပါလို့ တစ်ခွန်းမှမပြောပါဘူး... သူ့မှာရွေးချယ်ပိုင်ခွင့်ရှိပါတယ်... တောင်းပန်တယ်ဆိုတာ လူ့သိက္ခာအညှိုးနွမ်းဆုံးအလုပ်လို့ခံယူထားရင်တော့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပါလို့သာပြောချင်ပါတယ်... ကျနော့ခံယူချက်ကတော့ လူဆိုတာမှားနိုင်တယ်... လူပီသဖို့အတွက် မိမိမှားယွင်းတာကို ရိုးသားစွာဝန်ခံပြီး တောင်းပန်တယ်ဆိုတာ လူ့ယဉ်ကျေးမှုတစ်ခုလို့ ခံယူပါတယ်ခင်ဗျာ... 

ပြီးတော့ သံသယဖြစ်မိတာလေးတွေလည်းရှိတယ်ဗျ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့မှော်ဂရုလ်က ဗုဒ္ဓဘာသာတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကြားထဲမှာ ဆူးလေးတွေစူးအောင် ခင်းပေးနေသလားတောင်ထင်ရတယ်။ ဘာကြောင့်လဲဆိုတော့ . . . ဒီလိုသာ ဘာသာရေးစော်ကားတယ်ထင်ရုံနဲ့ ပြောကြေးဆို . . . အခုနောက်ပိုင်းမှော်ဆရာမှာ ဒီထက်ဆိုးတာတွေတပုံကြီးဗျာ ။ သန့်ဇင်ဖြိုး မှော်ဆရာမေးလ်တွေ အသေအချာ မဖတ်မိဘူးထင်တယ် ။ အဲ့ဒါတွေကို သန့်ဇင်ဖြိုး သိပ်ဝင်မပြောပဲ ဒီ ခရစ်ယာန်အကြောင်းကျမှ လစ်ဗရယ်ဆန်တာ စဉ်းစားစရာတွေပဲဗျာ ။ >> ကိုမာဃလည်းအရမ်းထင်တတ်တာပဲကိုး... ထင်ပါ ထင်ပါ... ကျနော်ကတော့ လက်တွေ့ဆန်ဆန်ပဲအလုပ်လုပ်တတ်ပြီး မိမိရဲ့ အထင်နဲ့ သူတပါးကို စွတ်စွဲပြောဆိုမှုကို မလုပ်တတ်သလို လူတစ်ယောက်ရဲ့ အထင်နဲ့စွတ်စွဲချက်ကို အရေးတယူဖြေရှင်းဖို့ သိပ်ပြီးစိတ်မဝင်စားလှဘူးဗျ... ဒီတော့ ထင်ပါ ... ထင်တဲ့အတိုင်း လွတ်လွတ်လပ်လပ်သာစွတ်စွဲပါခင်ဗျာ... စွတ်စွဲမှုဆိုတာ အထောက်အထားနဲ့တိတိကျကျမပြောတတ်သူတွေ အထင်နဲ့ရမ်းပြောတတ်သူတွေပြောနေကြမို့လို့ ကျနော်မရှင်းပြတော့ဘူးဗျ... ဒီထက်ဆိုးတဲ့ဘာသာရေးစော်ကားမှုတွေ ဖတ်မိပါတယ်... သိသာထင်ရှားစွာစော်ကားမှုတွေကို မှော်ဆရာရဲ့အဒ်မင်တွေက တိတိကျကျကိုင်တွယ်နိုင်မယ်ဆိုတာ ကျနော်ကအပြည့်အဝယုံကြည်ပါတယ်... သို့သော် မှန်သယောင်ယောင်နဲ့ မသိနိုးနားစော်ကားမှုတွေကို လက်လွတ်မသွားစေချင်တာပါ... နောက်တစ်ချက်က လူတစ်ယောက်က မိမိရရှိထားတဲ့အခွင့်အရေးထဲကနေပြီး အဒ်မင်တွေကို လက်တစ်လုံးခြားလုပ်တာမျိုး အဖြစ်မခံနိုင်တာပါ... ပိုဆိုးတာက ဘာသာရေးနဲ့ပတ်သက်ပြီး တိတိကျကျစည်းကမ်းချမှတ်ထားတာကြောင့် ထောက်ပြတာပါ... :]

သန့်ဇင်ဖြိုးရဲ့ဟိုက်ဂရုလ်နဲ့ အဆက်အဆံမရှိတာလည်းကြာပါပြီ ။ ဟိုက်ဂရုလ် က ဟိုက်ဂရုလ်ပဲဗျ ၊ မှော်ဆရာဂရုလ်က မှော်ဆရာဂရုလ်ပဲဗျ ။ သာမန်လူဆို ကျနော်မပြောလိုတော့ပါဘူး ။ ဟိုက်အုံနာ ဒါမှမဟုတ် အက်ဒမင်တစ်ယောက်အနေနဲ့ ၊ မှော်ဆရာဂရုလ်မှာ ဝေဖန်ရုံမကပဲ တောင်းပန်ခိုင်းတယ်ဆိုတော့ လွန်လွန်ကျူးကျုး စော်ကားတယ်လို့ ကျနော်မြင်တယ် ။ >> သေချာတာတော့ ကျနော်က ဒီဂရုပ်ရဲ့စည်းကမ်းကိုချိုးဖောက်တာ မဟုတ်ပါဘူး... ကျနော်က Hyde Group ရဲ့တစ်ဦးတည်းသော Owner နဲ့ Admin ပါပဲ... ဒါ့ကြောင့် မှော်ဆရာဂရုပ်မှာ ဝေဖန်တာ တစ်စုံတစ်ဦးကိုထောက်ပြပြောဆိုတာကို လွန်လွန်ကျူးကျူးစော်ကားတယ်လို့ မြင်ရင်တော့လည်း အထင်တွေအမြင်တွေကို သီးသီးသန့်သန့်ရှင်းပြဖို့စိတ်မဝင်စားလို့ Sorry ပါ... တစ်ခုပဲရှင်းချင်တာက ကျနော့စာတွေထဲမှာ ကိုလူဘိုကို ဒီမေးလ်အတွက်မဖြစ်မနေတောင်းပန်ဖို့မပြောပဲ သူ့ကိုရွေးချယ်ခွင့်ပေးထားပါတယ်... သေသေချာချာစာကိုဖတ်ပါလို့သာ ထပ်ပြောချင်ပါတယ်... :]

တချိန်က ကျနော် သဘောကျခဲ့တဲ့ သန့်ဇင်ဖြိုးတောင်ဟုတ်ရဲ့လားလို့ ဇဝေဇ၀ါဖြစ်မိတယ် ။ ကျနော် သန့်ဇင်ဖြိုးကို အကြံပေးချင်ပါတယ် ၊ ကိုယ့်နေရာနဲ့ကိုယ်နေပါ ၊ အကြံပေးနိုင်ပါတယ် ၀င်စွက်ဖက်မယ်ဆိုရင်တော့ အိုဗာတင်းဖြစ်ပါလိမ့်မယ် ။>> ဇဝေဇဝါမဖြစ်ပါနဲ့... သန့်စင်ဖြိုးပါ... တစ်ယောက်တည်းရှိပါတယ်... တလေးတစားနဲ့ အကြံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်... ကျနော့နေရာကျနော်နေပါတယ်... အခုအထိဘယ်မှမရွှေ့ပါဘူးခင်ဗျာ... အခုအထိလည်း ဘောင်ထဲကပဲပြောနေပါတယ်ခင်ဗျာ... ကျနော့မှာဝင်စွက်ဖက်ရလောက်အောင်လည်း ဘာမှအခွင့်အရေးထူးမရှိပါဘူး... :]

 မှော်ဆရာအက်ဒမင်တွေကိုလည်း အလုပ်ပေးလိုက်ပါဦး ၊ အလုပ်အများကြီးပဲဗျာ ၊ လုလုပ်စရာမလိုပါဘူး ။ >> ဒီမြန်မာစာအရေးအသားလေးတော့ မှတ်သားသွားပါတယ်... ဘာရေးထားမှန်းနားမလည်ပါဘူး... :]

2012/10/23 demonprince13 <demonprince13@gmail.com>

သန့်ဇင်ဖြိုးပြောစကားလေးတွေက အတော်လှသဗျာ ။ ကျနော်ကတော့ အဲ့လိုလှအောင်မပြောတတ်ဘူး ၊ ဒါပေသိ ဆိုလိုရင်းကိုဒဲ့တော့ပြော
တတ်တယ် ။ နာခံလိုခက်ရင်လည်း သည်းခံပါဗျာ ။ ဒါပေမယ့် ကျနော်လည်းမရှင်းတာလေးတွေ များသထက်များလာတယ်ဗျာ ။ ကလိလိဖြစ်နေ
တော့ ရေငုံနုတ်ပိတ်နေလို့လည်းမဖြစ် :) ။

သန့်ဇင်ဖြိုးတင်ခဲ့ပိုစ့်တွေမှန်သမျှဟာ ကိုသန့်ဇင်ဖြိုး သိလို့ ၊ နားလည်လို့ ၊ တတ်လို့ ၊ ကျွမ်းကျင်လို့ ၊ အမှန်တရားမှန်းအသေအချာသိလို့
တင်ခဲ့တာချည်းပဲလား ဆိုတာ ကျနော်တော်တော်ဝေခွဲမရဖြစ်မိတယ် ။

ပြီးတော့ အမှန်ကဒီကိစ္စဟာ သန့်ဇင်ဖြိုးဘက်က စေတနာမှန်ရင် အရင်တခါကလိုပဲ ( သန့်ဇင်ဖြိုးပြောစကားအရ ) အက်ဒမင်တွေနဲ့ ကိုလူဘို
ကိုပဲ ထပ်ပြီး အသိပေးသင့်တာပေါ့ဗျာ ။ အခုတော့ ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ ဆိုသလိုဖြစ်နေပြီ :) ။ ကိုသန့်ဇင်ဖြိုးက အက်
ဒမင်တွေ အလုပ်ရှုပ်မှာကို စိတ်ပူပေးနေတာလား ၊ မပူပါနဲ့ဗျာ ။ မှော်ဆရာအဖွဲ့ရဲ့ အက်ဒမင်အဖွဲ့မှာ ချုချုချာချာ ၊ နုံနုံနဲ့နဲ့ တစ်ယောက်မှ မပါဘူး
ဗျ ။ လူတိုင်း ကိုယ့်လယ်ဗယ်နဲ့ကို ပြည့်ဝပြီးသားလူတွေနဲ့ပဲ ဖွဲ့ထားတာပါ ။ ကိုသန့်ဇင်ဖြိုးရဲ့ဟိုက်ဂရုလ်ကိုပဲ ၊ မှော်ဆရာအဖွဲ့ကို ဂရုစိုက်သလို
ဂရုစိုက်လိုက်ပါ ။ အဲ့ . . . ပွင့်လင်းစွာ အကြံပေးမယ်ဆိုလည်း . . . ပွင့်လင်းစွာပဲ အကြံပေးပေါ့ဗျာ . . . တောင်းပန်ရတယ်ဆိုတာ လူ့သိက္ခာအညိုး
ှနွမ်းဆုံးအလုပ်ဗျ ၊ မှားရင်တောင်းပန်ရမှာပေါ့ဆိုတဲ့ အပြောပြောရင်တော့ ၊ ကိုလူဘို ပိုစ့်ကို မှန်တယ်လို့မထောက်ခံရင်တောင် ၊ မှားတယ်လို့လည်း
ဝေဖန်လို့မရဘူးဗျ ၊ ဒါတွေက ကျနော်တို့ မမွေးခင်နှစ်ထောင်ချီက ဖြစ်ခဲ့တာ ။ ဆိုတော့ . . . ဆိုတော့ကာ ။ ဆိုတော့ပေါ့ဗျာ ။

ပြီးတော့ သံသယဖြစ်မိတာလေးတွေလည်းရှိတယ်ဗျ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့မှော်ဂရုလ်က ဗုဒ္ဓဘာသာတွေနဲ့ ခရစ်ယာန်ဘာသာဝင်
တွေကြားထဲမှာ ဆူးလေးတွေစူးအောင် ခင်းပေးနေသလားတောင်ထင်ရတယ် ။ ဘာကြောင့်လဲဆိုတော့ . . . ဒီလိုသာ ဘာသာရေးစော်ကားတယ်
ထင်ရုံနဲ့ ပြောကြေးဆို . . . အခုနောက်ပိုင်းမှော်ဆရာမှာ ဒီထက်ဆိုးတာတွေတပုံကြီးဗျာ ။ သန့်ဇင်ဖြိုး မှော်ဆရာမေးလ်တွေ အသေအချာ မဖတ်မိ
ဘူးထင်တယ် ။ အဲ့ဒါတွေကို သန့်ဇင်ဖြိုး သိပ်ဝင်မပြောပဲ ဒီ ခရစ်ယာန်အကြောင်းကျမှ လစ်ဗရယ်ဆန်တာ စဉ်းစားစရာတွေပဲဗျာ ။

သန့်ဇင်ဖြိုးရဲ့ဟိုက်ဂရုလ်နဲ့ အဆက်အဆံမရှိတာလည်းကြာပါပြီ ။ ဟိုက်ဂရုလ် က ဟိုက်ဂရုလ်ပဲဗျ ၊ မှော်ဆရာဂရုလ်က မှော်ဆရာဂရုလ်ပဲဗျ ။
သာမန်လူဆို ကျနော်မပြောလိုတော့ပါဘူး ။ ဟိုက်အုံနာ ဒါမှမဟုတ် အက်ဒမင်တစ်ယောက်အနေနဲ့ ၊ မှော်ဆရာဂရုလ်မှာ ဝေဖန်ရုံမကပဲ
တောင်းပန်ခိုင်းတယ်ဆိုတော့ လွန်လွန်ကျူးကျုး စော်ကားတယ်လို့ ကျနော်မြင်တယ် ။ တချိန်က ကျနော် သဘောကျခဲ့တဲ့ သန့်ဇင်ဖြိုး
တောင်ဟုတ်ရဲ့လားလို့ ဇဝေဇ၀ါဖြစ်မိတယ် ။ ကျနော် သန့်ဇင်ဖြိုးကို အကြံပေးချင်ပါတယ် ၊ ကိုယ့်နေရာနဲ့ကိုယ်နေပါ ၊ အကြံပေးနိုင်ပါတယ်
ဝင်စွက်ဖက်မယ်ဆိုရင်တော့ အိုဗာတင်းဖြစ်ပါလိမ့်မယ် ။ မှော်ဆရာအက်ဒမင်တွေကိုလည်း အလုပ်ပေးလိုက်ပါဦး ၊ အလုပ်အများကြီးပဲဗျာ ၊
လုလုပ်စရာမလိုပါဘူး ။

ကဲ . . . အမှားအယွင်းပါခဲ့ရင် . . . သည်းခံ ( ထောက်ပြ ) နိုင်ပါတယ် ။ ကျနော်ကတော့ ဆရာ့ဆရာကြီးမဟုတ်တဲ့အတွက် ကိုယ်မြင်သမျှကို
ပြောပြရုံမျှ သာ ။




 မာဃသစ္စာ



--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ

မြန်မာ့သတင်းများစုစည်းရာ

မြန်မာ့သတင်းများစုစည်းရာ


Favourite Journal ၏ မေးမြန်းချက်မှာ သမ္မတကြီး မျက်ရည်ကျ

Posted: 22 Oct 2012 08:19 AM PDT

ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွ

ပါတီနိုင်ငံရေးမလုပ် အမျိုးသားနိုင်ငံရေးသာပြုလုပ်သွားမည်ဟု ဦးခင်ညွန့်ပြော

Posted: 22 Oct 2012 07:47 AM PDT

မန်းလေး၊ အောက်တိုဘာ ၂၂ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်သည် အောက်တိုဘာ ၂၀ရက်နေ့ ရန်ကုန်မြို့၊ ဒဂုန်မြို့သစ်တောင် ပိုင်း၊ သီရိမင်္ဂလာမဟာစည်ရိပ် သာကျောင်းတိုက်၊ ဓမ္မကထိက တွံတေးဆရာတော် အရှင်ဧန္ဒက၏ရွှေရတု မွေးနေ့၌ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံစဉ် ပါတီနိုင်ငံရေးမလုပ်ဘဲ အမျိုးသားနိုင်ငံရေးစစ်ကိုသာ လုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဆရာတော်မှ ပေါ်ပြူလာနယူးစ်သို့ မိန့်ကြားသည်။ ဓမ္မကထိက တွံ

အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ

Posted: 22 Oct 2012 07:17 AM PDT

အသက် ၇၅နှစ်အရွယ် အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရမှုကြောင့် ရွှေပြည်သာရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၂၀ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ ၂၃ရပ်ကွက်၌ နေထိုင်သည့် ဒေါ်---၇၅နှစ်ဖြစ်သူမှာ နေအိမ်တွင် သမီးဖြစ်သူ မခင်ရွှေတို့ လင်မယား စကားများရန်ဖြစ်နေမှုကြောင့် သာကေတမြို့နယ်ရှိ သူငယ်ချင်းဖြစ်သူ ဒေါ်စိန်သန်း၏နေအိမ်သို့ ညအိပ် ရန် သွားရောက်ခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့

ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန်သဘောမတူသဖြင့် အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွား

Posted: 22 Oct 2012 06:44 AM PDT

ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန် သဘောမတူသဖြင့် စိတ်ညစ်ပြီး အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး  မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်ထပ်ရန် သဘောမတူသဖြင့် အသက် ၂၂ ရွယ်အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါအမျိုးသားမှာ သင်္ကန်းတိုက်တစ်ခုတွင် အလုပ်သမားအဖြစ် လုပ်နေသူဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသားမှာ ၀ါ

ထိုင်းနှင့် မြန်မာ အလုပ်သမားများ ခိုက်ရန်ဖြစ်၊ ၃ ဦး ဒဏ်ရာ ပြင်းထန်

Posted: 22 Oct 2012 03:54 AM PDT

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်(Phachi)ဖားချီမြို့နယ်တွင် စီနိုထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ ထိုင်း အလုပ်သမားနှင့် မြန်မာအလုပ်သမားများ ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ရာ မြန်မာ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး ဒဏ်ရာ ပြင်းထန် စွာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ပြီးခဲ့သည့်အပတ် စနေနေ့က အလုပ်သမားများ နေထိုင်သည့် အဆောင်အနီး တွင် မြန်မာ အလုပ်သမားများ ဖုန်းပြောနေစဉ် ထိုင်း နိုင်ငံသားများက လာရောက် ပြောဆိုရာကနေ

ရှေးဟောင်းဇုန်အတွင်း စီးပွားရေး လုပ်ငန်းများကို ကန့်ကွက်

Posted: 22 Oct 2012 02:54 AM PDT

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တခုအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးစားနေသည့် ပုဂံရှေးဟောင်းဇုန်အတွင်း၌ ဟိုတယ်များနှင့် စားသောက်ဆိုင်များ တည်ဆောက်လာခြင်းကို ပုဂံဒေသခံ ၂၀၀ ခန့် ယနေ့နံနက် ၉ နာရီခန့်က ဆန္ဒပြကြသည်။ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာခြင်းကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများက ဟိုတယ်များနှင့် စားသောက်ဆိုင်များကို စီးပွားရေး အချက်အချာကျပြီး လည်ပတ်မှုများသည့် ရှေးဟောင်း

နိုင်ငံခြားသားများကိုလည်း PR ပေးမည်

Posted: 22 Oct 2012 02:16 AM PDT

အစိုးရက ခွင့်ပြုရန်ရှိသည့် အမြဲတမ်းနေထိုင်ခွင့် (Permanent Resident-PR) အား ပြည်ပနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံ သားများအပြင် မြန်မာပြည် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုသော နိုင်ငံခြားသားများကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက ပြောဆိုလိုက်သည်။ "ရင်းနှီးမြုပ်နှံမယ့် နိုင်ငံခြားသားတွေ၊ ပါမောက္ခတွေ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုနိုင်မယ့် သူတေ

မိုင်းပျဉ်းမြို့က ထူးဆန်းရော ရောဂါဝေဒနာရှင်လေး

Posted: 22 Oct 2012 01:50 AM PDT

မိုင်းပျဉ်းက ခလေးမလေး တစ်ယောက် ရဲ့  ကံကြွေး ဝဋ်ကြွေး လို့ ပြောရမဲ့  သနားစရာ အလွန် ကောင်းတဲ့ အဖြစ်ပါ။ ခြေထောက်မှာ အဆူးတွေလို ဝေဒနာခံ စားနေရ တာပါ။ကူညီနိုင်မယ့်သူကို မျှော် လင့် နေပါတယ်။ ထပ်ပြီး မျှဝေပေးကြဖို့  နိုးဆော်လိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားတယောက်လဲ ဒီရောဂါနဲ့ ခပ်ဆင်ဆင် ဖြစ်ဖူးပါတယ်။ သူကတော့ ကြွက်နို့လို အရေပြားရောဂါ က တဆင့် ဖြစ်တာပါ။ ကုသလို့ ရပါတယ်။ ဗီတာမင် အေ ချို့တဲ့မှုနဲ့ human

နေပြည်တော်ရှိ အလုပ်သမားများလစာမရမှုများရှိနေ

Posted: 22 Oct 2012 01:10 AM PDT

အသက်ရှင်ရပ်တည်ဖို့နှင့် တစ်ဝမ်းတစ်ခါးအတွက် အမြို့မြို့ အနယ်နယ်မှလာရောက်ခါ အလုပ် လုပ်ကိုင်နေကျပါသော်လည်း လစာမရသည့်ဖြစ်ရပ်များ နေပြည် တော်ရှိလုပ်ငန်းခွင်တော်တော်များ များတွင် ဖြစ်ပေါ်နေကြောင်းသိရသည်။ အဆိုပါကဲ့သို့ လစာမရရှိမှု များကြောင့် နေပြည်တော်ဒက်္ခိဏ သီရိမြို့ရှိ NLD ရုံးသို့တိုင်ကြား ထားကာ NLD ရုံး မှတာဝန်ခံ ဦးမြင့်ဝေမှပြောကြားရာတွင် ""ဦး တို့ ဒိက္ခိဏသီရိမြို့က မြို့သစ်ဖြစ်တယ်မြို့သစ်ြ

မင်းပြားမြို့ မီးရှို့တိုက်ခိုက်မူနှင့် နောက်ဆုံး အခြေအနေ

Posted: 22 Oct 2012 12:43 AM PDT

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး မတည်ငြိမ်မူ ဖြစ်ပွားရာ အိမ်မီးရှို့မူများ ပေါ်ပေါက်ခဲ့ကြောင်း သတင်း ရရှိသည်။ စုစုပေါင်း ပိုက်သည်ရွာမှ မွတ်ဆလင် အိမ် ၁၈ ဆောင် မီးထဲပါသွားသည်ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးသာကျော်က ပြောသည်။ " ပိုက်သည်ရွာက အိမ် ၁၈ ဆောင် မီးထဲပါသွားပါတယ်။ ဖြစ်တာက ညနေ ၉ နာရီခန့်မှာ ဖြစ်ပါတယ်။ သူတို့အချင်းချင်း အရက်သောက် ရန်ဖြစ်ရာကနေ ရခိုင်

ဆု ၂ ခု ရရှိခဲ့တဲ့ မြန်မာအလှမယ်နှင့် မေးမြန်းချက်

Posted: 22 Oct 2012 12:28 AM PDT

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ နန်းခင်ဇေယျာက People Choice Award ဆုနဲ့ Miss Internet ဆု ၂ ဆုကို ဆွတ်ခူးသွားပါတယ်။ Miss International 2012 သရဖူကိုတော့ အိမ်ရှင် ဂျပန်နိုင်ငံက ရရှိသွား ပါတယ်။ Miss International အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံက နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အလှမယ်

လစ်ဗျားဆန္ဒပြသူများက ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနကို စီးနင်းတိုက်ခိုက်

Posted: 22 Oct 2012 12:14 AM PDT

လစ်ဗျားနိုင်ငံတွင် ဆန္ဒပြသူများက ဘင်ဂါဇီမြို့ရှိ ပုဂ္ဂလိက ရုပ်မြင်သံကြား ဌာနတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အာဏာရှင်ဟောင်း မူအမ်မာ ကဒါဖီ၏ သားဖြစ်သူ အဖမ်းခံရသော သတင်းကို ထုတ်လွှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေသည်ဟု ယူဆရသော ဆန္ဒပြသူများသည် အယ်လ်ဟာရာ ရုပ်မြင်သံကြား ဌာနသို့ အင်အားသုံး ဝင်ရောက်ကာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အဆောက်အအုံကို မီးတင်ရှို့ခဲ့သလို

ဗီဒီယိုမဂ္ဂဇင်း ဖြန့်တော့မည်

Posted: 22 Oct 2012 12:09 AM PDT

House of Media and Entertainment (Home) က စီစဉ်ပြီး ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဟာသ စတာတွေကို ရုပ်သံအဖြစ် တင်ဆက်ထားတဲ့ ဗီဒီယိုမဂ္ဂဇင်း (Motion Magazine) ကို မကြာခင် ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ အဲဒီ ဗီဒီယို မဂ္ဂဇင်း မိတ်ဆက်ပြသပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန် ဗိုလ်အောင်ကျော် လမ်းက Home ခန်းမမှာ ကျင်းပရာမှာ Home ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဇာဂနာက ဒီမဂ္ဂ

ပြည်ပ တပ်များနှင့် မြန်မာစစ်တပ် ထိတွေ့ရန် လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Posted: 22 Oct 2012 12:03 AM PDT

အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ပြည်ထောင်စုအနေဖြင့် Cobra Gold စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားလာပါက ကန့်ကွက်ရန် မရှိကြောင်းနှင့် အမေရိကန်၏ စစ်ရေးနည်းပညာ အကူအညီမှာ ဒီမိုကရေစီစနစ် ပီပြင်စွာ ဖြစ်ပေါ်မှုနှင့်ချိန်ဆ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး

ငွေကျပ် ၃၁ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ

Posted: 21 Oct 2012 11:27 PM PDT

မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချ သူများအား ကချင်ပြည်နယ် အတွင်း နှိမ်နင်းမှုများ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ ၁၆ ရက်က မိုးကောင်း မြို့၌ ငွေကျပ် ၃၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူ မှုန့်များ ဖမ်းဆီး ရမိခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ခွဲခန့် မိုးကောင်းမြို့တွင် မူးယစ် ဆေးဝါးများ ရောင်းချ နေကြောင်း သတင်း အရ မြစ်ကြီးနား မူးယစ် (အထူး) မိုးကောင်းလှုပ်ရှား အဖွဲ့မှ တပ်ဖွဲ့ ဝင်များသည်

စင်္ကာပူ သင်ခန်းစာ

Posted: 21 Oct 2012 11:23 PM PDT

မြန်မာ့ အုပ်ချုပ်ရေး ယန္တရား အရည်အသွေး မြှင့်တင်ရေး အတွက် သမ္မတ ဦးသိန်းစိန် ခရီးစဉ် တွင် စင်ကာပူ နှင့် မြန်မာတို့ သဘော တူညီခဲ့ကြ ပြီး မြန်မာအစိုးရ အရာရှိကြီး များ စင်ကာပူ နိုင်ငံတွင် သင်တန်းများ တက်ရောက်လျက် ရှိကြပြီ။ စင်ကာပူမှ ရရှိခဲ့သော အကြံဥာဏ် များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကို တစ်နည်းနည်းဖြင့် သြဇာ သက်ရောက်တော့မည် ဖြစ်သည့် အတွက် စင်ကာပူ ပုံစံနိုင်ငံ တည်ဆောက်ရေး (Singapore Model) မြန်မာ

ပုသိမ် NLD ပါတီဝင် ၅၀၀ နှုတ်ထွက်မည်

Posted: 21 Oct 2012 11:06 PM PDT

ပါတီတွင်း မကျေနပ်မှုများကြောင့် ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၅၀၀ ကျော်က ယခုလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့၊ စကားဝါလမ်းရှိ မြို့နယ်ရုံးတွင် နှုတ်ထွက်ပွဲ အခမ်းအနားပြုလုပ်၍ ပါတီမှ နှုတ်ထွက်ကြမည်ဖြစ်ကြောင်း သိရသည်။ ပါတီအောက်ခြေတွင် ဖြစ်ပွားနေသည့် အခြေအနေမှန်များအား ဗဟိုက မသိရှိဘဲ ဗဟိုနှင့် နီးစပ်သူများ၏ စကားကို နားယောင်၍ ဆုံးဖြတ်ချက်များ ချမှတ်နေခြင်းနှင့် စကားဝါလမ်းရှိ မြို

ကျူးကျော်သူ

Posted: 21 Oct 2012 10:58 PM PDT

ခရိုနီတွေရဲ့ မလိမ့် တပတ် ကျူးကျော်မှု တွေကျ တော့ နှာစေးပြီး၊ ရူးချင်ယောင် ဆောင်ကာ အကာအကွယ် ပေးနေကြတယ်။ ပြည်တွင်းကလာတဲ့ သတင်းတွေနဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ ဆင်းရဲသားပြည်သူတွေနဲ့ တောင်သူလယ်သမား တွေကို ရဲ၊စစ်တပ်နဲ့  စည်ပင်သာယာတို့က ကျူးကျော်သူတွေလို့  သတ်မှတ်ပြီး အတင်း မောင်းထုတ်နေတဲ့ သတင်းတွေ ဘူဒိုဇာတွေနဲ့ သူတို့ရဲ့ အိမ်လေးတွေကို ကော်ထိုး ဖျက်ဆီးနေတာတွေ၊ ခပ်စပ်စိပ် ဖတ်ရှုလာရ၊ ကြားနေရတယ်။

အိုကီနာဝါ ကျွန်းအနီး မီးလောင်မှု ဖြစ်ပွားခဲ့သော တရုတ်သင်္ဘောမှ သင်္ဘောသား ၆၄ ဦးကို ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့ ကယ်တင်

Posted: 21 Oct 2012 10:39 PM PDT

Monday, 22 October 2012 03:04 ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အလွန်ရှိ ပင်လယ် အတွင်း၌ အောက်တိုဘာ ၂ဝ ရက်ညနေ ပိုင်းက တရုတ် ကုန်တင် သင်္ဘော တစ်စင်းမီးလောင် မှု ဖြစ်ပွားခဲ့ ရာအဆိုပါ သင်္ဘောမှ သင်္ဘောသား ၆၄ ဦးအား ဂျပန် ကမ်း ခြေစောင့် တပ်ဖွဲ့ဝင် များက ကယ်တင် နိုင်ခဲ့ကြောင်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးမှ တာဝန်ရှိသူ တစ် ဦးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြား ခဲ့သည်။ မီးလောင်မှု ဖြစ်ပွားခဲ့သော ကုန်တင် သင်္ဘော

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ အိန္ဒိယ ကုမ္ပဏီ လစာ မပေး၍ အလုပ်သမားများ အလုပ်မဆင်း

Posted: 21 Oct 2012 10:35 PM PDT

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းတွင် ၀င်ရောက် အလုပ် လုပ်ကိုင်နေသော PunjLloyd ကုမ္ပဏီသည် အလုပ်သမားများ၏ လစာကို မပေးဘဲ ထားသဖြင့် အလုပ်သမားများ အနေဖြင့် အလုပ်မဆင်းဘဲ ဖြစ်နေကြသည်ဟု သတင်း ရရှိသည်။ အိန္ဒိယ ကုမ္ပဏီ PunjLioyd သည် တရုတ် ကုမ္ပဏီ စီအန်အန်ပီ၏ ဆောက် လုပ်ရေး လုပ်ငန်းများကို ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် လာရောက် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြား ကုမ္ပဏီ တစ်ခု  ဖြစ်သည်။

ခုနှစ်ရက်သားသမီးများအတွက် ( ၂၂.၁၀.၁၂) မှ (၂၈.၁၀.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

Posted: 21 Oct 2012 10:19 PM PDT

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ အလုပ်အကိုင်ကောင်းနေခြင်း၊ စီးပွားတက်နေခြင်း၊ ရွှေဝင်ခြင်း၊ ကားဝင်ခြင်း၊ ပျော်ပွဲရွှင်ပွဲများ မကြာခဏပြုလုပ်ပေးခြင်း၊ ပျော်ရွှင်သောခရီးသွားခြင်းများပြုလုပ်ပါ။ရွှေလက်ကောက်ဝင်ခြင်း၊ နာရီဝင်ခြင်း၊ လက်အောက်ငယ်သားကောင်းများရောက်လာခြင်း၊ ငွေများစွာဝင်ခြင်း၊ လုပ်ငန်း တိုးချဲ့ရတတ်ခြင်း၊ အလုပ်နေရာပြောင်း ရတတ်ခြင်း၊ ကောင်းသောပြောင်းခြင်းဖြစ်သည်။ ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ သွားဒုက

Apple နဲ့ Google တို့ရဲ့ ဖန်သားပြင် ရန်စောင်ပွဲ

Posted: 21 Oct 2012 10:06 PM PDT

အရင်က လည်ပင်းဖက် ပေါင်းလာခဲ့သည့် သူငယ်ချင်းကောင်းတွေလေ။ ယခုတော့ ရန်စောင်နေကြပြီ။ တရားရုံးတွေမှာ၊ လူသုံးပစ္စည်း ဈေးကွက်တွေမှာ မီးခိုးမဆုံး၊ မိုးမဆုံး တိုက်ပွဲတွေ ဆင်ကြသည်။ ပြီးခဲ့သော သီတင်းပတ် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်) တွင်မတော့ ထိုရန်ဆူးရန်ညှောင့်က ပုံစံတမျိုးတစ်ဖုံ ဖြစ်သွားပြန်သည်။ သူတို့နှစ်ယောက် စမတ်ဖုန်း ဖန်သားပြင်ထက်မှာ ထိပ်တိုက် သွားတွေ့ခြင်းပါတည်း။ ထိုနှစ်ယောက်က Google နှင့် Apple

ကားထားရန် နေရာ ဖယ်ခိုင်းရာမှ စကားများ ကားကို မီးရှို့

Posted: 21 Oct 2012 09:43 PM PDT

ရွှေဘိုမြို့ သခွတ္တော ရပ်ကွက်နေ ဒေါ်တူး(ခ)ေ ဒ်ါခင်မာ၏ နေအိမ်သို့ အောက်တိုဘာ ၁၃ ရက် ည ၈ နာရီက သားမက် ဖြစ်သူ ကိုသန်းထွန်းအောင် သည် သမီးနှင့် အတူ ၃ဂ/---- ပါဂျဲရိုး ယာဉ်ဖြင့် ရောက်ရှိ လာပြီး ယင်းရပ်ကွက်နေ နိုင်မင်းထက် (ခ)ဖိုးထိုက် ၂၂ နှစ် (ဘ) ဦးကျော် ထွန်း၏ ဆိုင်ကယ်ကို ကားထားရန် အတွက် ဖယ်ခိုင်းရာမှ စကားများ ရန်ဖြစ် ခဲ့ကြသည်။ ထို့နောက် နိုင်မင်းထက်(ခ) ဖိုးထိုက်သည် ရေသန့်ဘူး အတွင်း ဓာတ်ဆီထည့် မီးရှို့ကာ

မတူတဲ့ ဘ၀ ၂ ခု အတူ တွေ့ရ

Posted: 21 Oct 2012 09:11 PM PDT

ဦးခင်ညွန့်တယောက် လူမြင်ကွင်းကို တဖြည်းဖြည်း ပြန်ထွက်လာပါပြီ အခုဆို နိုင်ငံရေး အကျဉ်းသား   ဟောင်း အရှင် ၀ိရသူနဲ့ တွေ့နေတဲ့ ဓာတ်ပုံကို အရှင် ၀ိရသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ   ဖော်ပြထား ပါတယ်။ ဒါဟာ တမျိုးဆန်းကျယ်နေပါတယ်။ တချို့ ဝေဖန်ရေးသားထားတာတွေကလည်း စိတ်ဝင်စားစရာပါ။ ဦးခင်ညွန့်ရော အရှင် ၀ီရသူရော ၂ ဦးလုံးဟာ လောကဓံကို အကျဉ်းသား ဘ၀တွေနဲ့ ရင်ဆိုင်ခဲ့ ရဘူး တာတော့ တူ ပါတယ်။ မတူတာကတော့ အာဏာ အရှိဆုံး

၉ နှစ် သမီးလေးရဲ့ ရင်နင့်ဖွယ်အဖြစ်

Posted: 21 Oct 2012 08:53 PM PDT

အမေရိကန် ပြည်ထောင်စုရဲ့ အနာက် ပင်ဆဲလ်ဗေးနီယားပြည်နယ်၊ New Sewickley မြို့က ဟော်လိုဝင်း ပါတီပွဲ ကျင်းပတဲ့ နေရာတခုမှာ ၀မ်းနည်းဖွယ်အဖြစ်တခု ဖြစ်သွားခဲ့ပါတယ်။ အသက် ၉ နှစ်အရွယ် မိန်းကလေးတဦးဟာ သူ့ရဲ့ ဆွေမျိုး တော်စပ်သူ အမျိုးသား တဦးက အဆိုပါ မိန်းကလေးကို တော တိရိစ္ဆာန်ထင်မှတ်ပြီး လွန်ခဲ့တဲ့ စနေနေ့ညက  သေနတ်နဲ့ ရုပ်တရက် ပစ်ခတ် ခဲ့ပါတယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့ သတင်းတွေမှာ ဆိုပါတယ်။ မြောက် အမေရိကတိုက်မှာ