သျှမ်းသံတော်ဆင့် |
| ကာချုပ်၏ဆွေးနွေးချက်နှင့်ပတ်သက်၍ ၀ တပ်ဖွဲ့ ကြေငြာချက်ထုတ်မည် Posted: 24 Oct 2012 03:45 AM PDT မြန်မာအစိုးရ၏ ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံပြီးနောက် ဆွေးနွေးခဲ့သည့်အချက်နှင့် ပတ်သက် ၍ ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့မှ လာမည့်တနင်္လာနေ့၌ ကြေငြာချက်ထုတ်မည်ဖြစ်ကြောင်း နီးစပ်သည့်သတင်း ရပ်ကွက်က ဆိုပါသည်။ UWSA (ဝ)အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးရှောက်မီလျံ နှင့်ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ယခုလဆန်း ၆ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာ၌ UWSA (ဝ)အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦး ဆောင်သောအဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော အဖွဲ့တို့အားတွေ့ဆုံစဉ် ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ကို ၂၀၁၅ အပြီး ပြုလုပ်သွား ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံကာ ဥပဒေအောက်ဝင်ရောက်နေထိုင်ရန် ဟူသော အချက် ၂ ချက်ပါ ဆွေးနွေးခဲ့သည်ဟု ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။ " နိုင်ငံတခုမှာ အစိုးရ ၂ ခုနဲ့ တပ်မတော် ၂ ခု လုံးဝ ရှိလို့မရဘူးလို့ သူပြောသွားတယ်။ အရင်ကလဲ BGF ပြောင်းဖို့ ရော ပြည်သူ့စစ်ဖြစ်ဖို့ပါ ခင်ဗျား တို့ ငြင်းဆန်လာခဲ့တယ်။ အခုချိန်မှာတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ အချိန်တန်ပြီ - လို့ပြောတယ်။ အဲတာ ကြောင့် ၀ ဘက်ကနေ ကြေငြာချက်လုပ်မယ်လို့ပြောတယ်။" ဟု အမည်မဖော်လို သည့် နီးစပ်သူက ဆက်လက်ပြောပြ သည်။ ၎င်းနှင့်ပတ်သက်၍ အပစ်ရပ် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အထူးဒေသ ၂ နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS အထူးဒေသ ၄ တို့အပေါ် မြန်မာအစိုးရကစစ်ရေးဖြင့် ခြိမ်းခြောက် နေခြင်းဖြစ်ကြောင်း ထိုင်းနယ်စပ် စောင့်ကြည့်သူတဦးက သျှမ်းသံတော်ဆင့်အားပြောပါသည်။ သို့သော် မိုင်းလားဘက်ကမူ နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်၍ ကာချုပ်မှ ထည့်သွင်းပြောဆိုဆွေးနွေးခြင်းမရှိ၊ မူးယစ်ဆေး ဝါးတိုက်ဖျက်ရန်အတွက်သာ ပြောဆိုသွားသည်ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။ မြန်မာအစိုးရ၏ စစ်တပ်ပိုင် မြ၀တီဝက်ပ်ဆိုက်တွင်မူ " တိုင်းအစိုးရ အဖွဲ့များနှင့် ဦးစီး အဖွဲ့များ ရှိပြီး ၎င်းတို့၏ ဦးဆောင်မှု အောက်တွင် တိုင်းရင်းသားအားလုံး ဥပဒေနှင့် အညီ စနစ်တကျ နေထိုင်လုပ်ကိုင်လျက်ရှိပါကြောင်း၊ ဥပဒေနှင့်အညီ နေထိုင် ပါက မည်သည့် အရာမှ စိုးရိမ်ကြောင့်ကြဖွယ် မရှိပါကြောင်း၊ KIA အဖွဲ့နှင့် စပ်လျဉ်း၍ မိမိတို့ တပ်မတော် အနေဖြင့် စိတ်ရှည် သည်းခံ၍ မိမိကိုယ်ကို ခုခံကာကွယ်သည်မှ အပ ၎င်းတို့၏ စခန်းများ၊ ဌာနချုပ် များကို တိုက်ခိုက်ခြင်း မရှိပါကြောင်း" ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။ ဝ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့သည် ၁၉၈၉ ကတည်းက အပစ်ရပ်ခဲ့ပြီး ၂၀၀၉ တွင် နယ်ခြားစောင့်တပ်ပြောင်းရန် ငြင်းဆန်သဖြင့် အပစ်ရပ်မှုပျက်ပြယ်သွားခဲ့သည်။ သို့သော် KIA ၊ သျှမ်းပြည်တပ်မတော်တို့ နှင့် မတူ၊ အစိုးရစစ်တပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုမရှိ၊ ၂၀၁၀ ရွေးကောက်ပွဲမှ အာဏာရလာသည့် သမ္မတဦးသိန်းစိန်အစိုးရ နှင့် ၂၀၁၁ စက်တင်္ဘာက အသစ်တဖန် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်သည့် တပ်ဖွဲ့များဖြစ်သည်။ |
| နမ့်ခမ်းမြို့နယ်သျှမ်းစာပေယဉ်ကျေးမှုအတွက် ဒုတိယသမ္မတစိုင်းမောက်ခမ်း သိန်း(၁၀၀)ကျပ်ပေးအပ် Posted: 24 Oct 2012 03:17 AM PDT သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွက် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ကျပ်သိန်း (၁၀၀) ထောက်ပံ့ပေး ခဲ့ကြောင်း သျှမ်းသံတော်ဆင့် ကစုံစမ်း သိရှိရသည်။ ![]() ဒု-သမ္မတကြီး ဒေါက်တာ စိုင်းမောက်ခမ်း (ဓာတ်ပုံ-Reuters) "လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ဘဏ်ကနေကျပ်သိန်း (၁၀၀) လွှဲပေးလာတယ်၊ ဒီငွေကို သျှမ်းစာပေ ယဉ်ကျေးမှုရုံးတိုးချဲ့ဆောက်လုပ်ဖို့ အတွက် မနေ့ကအစည်းအဝေး ထိုင်ပြီး စိုင်းမောက်ခမ်းကိုပြန်တင်ပြလိုက်ပြီ" - ဟု နမ့်ခမ်းမြို့နယ် သျှမ်းစာပေယဉ်ကျေးမှုတာဝန်ရှိသူ တစ်ဦးကပြောပြသည်။ တောင်ကြီးမြို့ ဆို၊ က၊ ရေး၊ တီး ခရိုင်အဆင့် ပြိုင်ပွဲ၌ ပထမဆုရရှိသော နမ့်ခမ်းသျှမ်းစာပေ/ယဉ် အက ဖွဲ့အတွက် ဂုဏ်ပြု ဆုကို ရုံးဆောင် ဆောက်လုပ်ရေးအတွက် အသုံးပြုသွား မည် ဖြစ် ကြောင်း၊ အဆိုပါငွေသား များသည် ဒုသမ္မတ စိုင်းမောက်ခမ်း၏ ကိုယ်ပိုင်ငွေများဖြစ်ကြောင်း လည်း နမ့်ခမ်း သျှမ်းစာ /ယဉ် အဖွဲ့ကဆိုသည်။ ၂၀၀၄ ကတည်းကစတင်ဆောက်လုပ်ခဲ့သောနမ့်ခမ်းမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးအား မြေညီထပ် အဆင့် သာဆောက် လုပ်ပြီးစီးပြီး၊ ဒေါက်တာစိုင်းမောက်ခမ်း ထောက်ပံ့လာသော ငွေများဖြင့် ဒုတိယထပ်တိုးချဲ့ဆောက် လုပ်မည် ဖြစ် သည်ဟုလည်း ပြောပါသည်။ "နောက်တစ်ထပ်ဆောက်လုပ်ဖို့က သိန်း(၁၀၀) ကျပ်နဲ့ မလုံလောက်သေးဘူး၊ ထပ်လိုအပ်မယ့်ငွေကြေးကို ဒေသခံတွေဆီကနေ အကူအညီ တောင်းဖို့စီစဉ်နေပါတယ်" - ဟု နမ့်ခမ်းမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှု တာ ၀န်ခံက ပြောပါသည်။ ဒေါက်တာစိုင်းမောက်ခမ်းသည် ဒုသမ္မတ မဖြစ်မီ ၂၀၀၃ ခုနှစ်ကတည်းက နမ့်ခမ်းမြို့နယ် သျှမ်းစာပေ နှင့် ယဉ်ကျေးမှု အဖွဲ့၏ အသင်းဆိုင်ရာလှုပ်ရှားမှုအားသဘောကျ နှစ်သက် သည်ဟု ပြောခဲ့ဖူးကြောင်းလည်း နီးစပ် သည့်အသိုင်း အဝိုင်းကဆိုသည်။ သျှမ်းအမျိုးသားဖြစ်သော ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် တွင် ဗဟိုသျှမ်းစာပေနှင့်ယဉ် ကျေးမှုကော်မတီ ဥက္ကဌ တာဝန် ကိုထမ်းဆောင်ခဲ့ ဖူးသူဖြစ်ပြီး လားရှိုး "ယူလီခဆေးရုံ" အထူးကုဆေးခန်းပိုင်ရှင်လည်း ဖြစ်ပါသည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
UWSA (ဝ)အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးရှောက်မီလျံ နှင့်ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
